← Chapters

ထိပ်တန်း သုံးယောက်

Vol. 103 Ch. 1436

ထိပ်တန်း သုံးယောက်

Vol. 103 Ch. 1436

ဝမ်ဝေ့က ပထမနယ်မြေထဲ ဝင်ရောက်လာပြီး ပိုမိုမြင့်မားသည့် အမဲလိုက်ကွင်းဆီ ချက်ချင်း ပြေးမသွားသေးပေ။ သူက ထိုမကောင်းဆိုးဝါးများကို ကြည့်လိုက်၏။ အများစုက နတ်ဆိုးမျိုးနွယ်နှင့် ဆင်တူကြပြီး လူတချို့ကမူ လူသားအသွင်နှင့် ရှိနေသည်။

ထူးကဲတဲ့ဆုလာဘ်တွေက အဲဒီသက်ရှိတွေကြားမှာ ဖုံးကွယ်ထားလိမ့်မယ်လို့ ထင်နေတာ။ ဒါပေမဲ့ ငါ ထင်ထားတာ မှားသွားတဲ့ပုံပဲ

သူက ထိုသက်ရှိများကို လေ့လာစောင့်ကြည့်သော်လည်း ဝင်ခွင့်အမှတ်အသား သို့မဟုတ် သက်တမ်းတိုးမြှင့်နိုင်သည့် အခွင့်အရေးများကို မမြင်တွေ့ရပေ။ ဝမ်ဝေ့က မီးတောက်လောင်နေသည့် လက်ရှိထားသော မျောက်တစ်ကောင်ကို တစ်ချက်တည်းဖြင့် ပျက်သုဉ်းသည်အထိ ရိုက်လွှတ်လိုက်သည်။ သူ့အမှတ်အသားပြားကို စစ်ဆေးကြည့်လိုက်၏။

အားအနည်းဆုံး ကောင်းကင်ဘုံအဆင့်ကတောင် ၀.၁ အမှတ်ပဲ ပေးတာလား။ ဒါက နည်းနည်းလေး မရက်စက်လွန်းဘူးလား။

မျှော်စင်ကို အသုံးပြုဖို့က အနည်းဆုံး ကုန်ကျစရိတ်က အမှတ်တစ်ရာဖြစ်သည့်အတွက် ပြိုင်ပွဲဝင်တိုင်းက အနိမ့်ဆုံးအဆင့်တွင် ကောင်းကင်ဘုံအဆင့် တစ်သောင်းကို အနိုင်ယူရမည်ဟု ဆိုလိုနေလေသည်။ သို့သော်လည်း သူတို့က ရွေးချယ်ခံပြိုင်ပွဲဝင် မဟုတ်ပါက ထိုအရာကို အသုံးပြုဖို့ အခွင့်အရေးပင် ရကြမည် မဟုတ်ပေ။

ဝမ်ဝေ့က ထိပ်တန်းကောင်းကင်ဘုံအဆင့် အမြီး ၁၁ခုရှိထားသည့် အပြာရောင်မြေခွေး မကောင်းဆိုးဝါးကို ပစ်မှတ်ထားလိုက်သည်။ သူက အကြည့်တစ်ချက်ဖြင့် ထိုအရာကို သုတ်သင်ပစ်လိုက်ပြီး သူ့အမှတ်အသားပြားက ယခု တစ်မှတ်အဖြစ် တိုးမြင့်သွားသည်။

တကယ်ကို သနားစရာပဲ

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီး ဒုတိယ အမဲလိုက်ကွင်းဆီ ဦးတည်လိုက်၏။ သူက ခေတ္တမျှ လေ့လာအကဲခတ်ပြီးသည့်နောက်တွင် ဖုံးကွယ်နေသည့် ဆုလာဘ်များနှင့် သက်ရှိများရှိမလားဟု စစ်ဆေးကြည့်လိုက်သည်။

အဲဒါဆိုတော့ ကွဲပြားတဲ့ ဆုလာဘ်စက်ယန္တရားပုံစံပဲ။ ကြည့်ရတာ ကံကောင်းမှုနဲ့ သက်ဆိုင်နေတာတော့ မဟုတ်ဘူးပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ဤနေရာတွင်ရှိနေသည့်သူအားလုံးက မိုးမြေ၏ ချစ်မျက်ရှုလေးများ ဖြစ်သည်။ သူတို့သာ ကံကောင်းမှုကို ဆုလာဘ်စက်ယန္တရားအဖြစ် အသုံးပြုသည်ဆိုပါက ဤစစ်ဆေးမှုသည် အရင်းအမြစ်အမြောက်အများ ဆုံးရှုံးသွားရလိမ့်မည်။

ဝမ်ဝေ့က ဧရာမလင်းနို့တောင်ပံများရှိထားသည့် အပြာရောင်လူသားအသွင် သက်ရှိကို ကြည့်လိုက်သည်။ ထိုအရာကို တိုက်ခိုက်ပြီး  တိုက်ကွက်ဆယ်ကွက်ဖြင့် သတ်ဖြတ်ပစ်လိုက်၏။

သူတို့တွေက ပြိုင်ပွဲဝင်တွေကို သူတို့အဆင့်ထက် မြင့်မားတာကို အမဲလိုက်ဖို့ အားပေးနေတာလား

ထိုပါရမီရှင်များသည် သူတို့၏ စံပြအသုံးအဆောင်နှင့် အဆောင်များကို အသုံးပြုကာ ၉၀ ရာခိုင်နှုန်းအဆင့်ရှိထားသည့် စံပြမကောင်းဆိုးဝါးများကို အမဲလိုက်နိုင်ကြသည်။

သို့သော်လည်း အောင်မြင်နိုင်ခြေကမူ သိပ်မမြင့်မားပေ။ သူတို့က အဖွဲ့မဖွဲ့သရွေ့ဖြစ်သည်။ ထို့အပြင် စံပြအသုံးအဆောင်ပစ္စည်းများကို ကြာရှည်စွာ အသုံးပြုမှုက သူတို့၏ တာအိုကို တိုက်စားသွားနိုင်ခြေ ရှိသည်။ အားကောင်းသည့် အင်အားစုများမှ လူများကမူ စွန့်စားမှုနည်းပါးသည့် အထွတ်အထိပ် ဟွင်သွမ်းအသုံးအဆောင်ပစ္စည်းများ ရှိတတ်ကြ၏။ ထို့အပြင် တိုက်စားမှုနည်းပါးသည့် ကြားနေ စံပြအသုံးအဆောင်ပစ္စည်းများ သို့မဟုတ် ထိုကဲ့သို့သက်ရောက်မှုရှိသည့် ပစ္စည်းများ ကိုင်ဆောင်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုပစ္စည်းများကို အသုံးပြုခြင်းက စံပြစမ်းသပ်ချက်အပေါ် သက်ရောက်မှုရှိလာစေမည့် ဆိုးကျိုးမျိုး ရှိလာနိုင်သည်။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က ထိုပြဿနာမျိုး မရှိပေ။

သူက ဘေးပတ်လည်ကို ကြည့်ကာ နောက်ပစ်မှတ်ကို ရှာဖွေလိုက်၏။ သူ့တားမြစ်တိုက်ခိုက်ရေးအဆင့်က ၉၄ ရာခိုင်နှုန်းရှိထားပြီး ယာယီ ၉၅ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်သည်။ သို့သော် ဤနည်းစနစ်ကို ရယူပြီးသည့်နောက်တွင် သူက သူ့ကျင့်စဉ်များ၏ အသုံးပြုမှုကို ပြီးပြည့်စုံအောင် အသေးစားအဆင့်ထိ လေ့လာခဲ့ပြီးသည့်နောက်တွင် ပုံမှန်အားဖြင့် ၉၅ ရာခိုင်နှုန်းအထိ အင်အားပြနိုင်ပြီး နောက်ဆုံးသော မျှော်လင့်ချက်ကုန်ခမ်းဖွယ် အခြေအနေမျိုးတွင် ၉၆ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်သည်။

မကောင်းဆိုးဝါးတွေက အမှတ်တွေ ဘယ်လောက်ပေးလဲဆိုတာ နှိုင်းယှဉ်ကြည့်ရအောင်

 ဝမ်ဝေ့က စီစဉ်လိုက်သည်။ သူ့အနေဖြင့် နာရီပိုင်းခန့်ကြာမြင့်လိုက်ပြီး သူက အချက်အလက်များကို လက်ခံရရှိလိုက်၏။ ဒုတိယနှင့် တတိယကောင်းကင်ဘုံအဆင့်ကြားမှ သက်ရှိများကို အမဲလိုက်ခြင်းက ပဉ္စမနှင့် ဆဌမအဆင့်ရှိ သက်ရှိများကို အမဲလိုက်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း ရှာဖွေတွေ့ရှိသွား၏။ နောက်တစ်ခုက အမဲလိုက်ဖို့ရာ အချိန်ပိုကြာမြင့်လေ၏။

“အမဲလိုက်မှုကို စလိုက်ရအောင်” ဝမ်ဝေ့က ရေရွတ်ပြီး စတင်သတ်ဖြတ်လိုက်သည်။ သူက ငါးနှစ်ကြာ မရပ်မနားဘဲ အမှတ်များနှင့် အဆင့်ဇယားကို စစ်ဆေးကြည့်လိုက်သည်။

“ဟမ် ငါက ဒုတိယနေရာလား”

ဤထိပ်ဆုံးတွင်ရှိနေသည့် စာရင်းက မဲနက်နေအောင် ရေးသားထားလေ၏။

“ပထမနေရာ ထျန်းရွှမ်၊ အစစ်အမှန် မူလကမ္ဘာ၊ အမှတ် …”

ထျန်းရွှမ်လား။ ကောင်းကင်ကနေ ရွေးချယ်ခံတဲ့လား။ နာမည်က အတော်လေးကို တင်စီးနေတာပဲ။ ဒါက သူ့နာမည်လား ဒါမှမဟုတ် သူရွေးချယ်ထားတဲ့ ဂုဏ်ပုဒ်လားဆိုတာကိုတော့ သိချင်မိတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုအရာများက အမှန်တကယ် ကိစ္စမရှိပေ။ သူက ထိုနာမည်ကို များစွာ အာရုံမစိုက်ပေ။

သူက နည်းနည်းလောက်ပဲ အမှတ်ပိုနေတာ။ ငါသာ အရှိန်မြှင့်မယ်ဆိုရင် သူ့ကို ကျော်သွားနိုင်တယ်…

ဒါပေမဲ့ ငါ ဒီနေရာကနေ ထွက်သွားသရွေ့ သူက ငါ့ကို ကျော်သွားလိမ့်မယ်။ ငါ ဒီလိုလုပ်လို့မရသေးဘူး

ဝမ်ဝေ့က သူ့အသားရုပ်သေးရုပ်ရေကန်ထဲမှ ခန္ဓာကိုယ်များကို ဆင့်ခေါ်လိုက်သည်။ သူတို့အား သူ့စိတ်ဝိညာဉ်အမှုန် ထည့်သွင်းပြီးသည့်နောက်တွင် သူတို့တစ်ယောက်ချင်းစီအား စံပြအသုံးအဆောင်တစ်ခုချင်းစီကို ပေးအပ်လိုက်၏။

“သွားပြီး အမဲလိုက်ကြ”

သူက အမိန့်ပေးလိုက်သည်။ သူ့အမိန့်အောက်တွင် အဖွဲ့က ထွက်ခွာသွားပြီး ဝမ်ဝေ့ စုဆောင်းသည့် အမှတ်များက သိသိသာသာ တိုးမြင့်လာလေ၏။

ထျန်းရွှမ်က ထိုအပြောင်းအလဲကို ချက်ချင်း သတိထားမိကာ သူ့အရှိန်ကိုပါ မြှင့်တင်ခဲ့သည်။ ကံဆိုးစွာဖြင့် မည်သည့်နည်းလမ်းအသုံးပြုစေကာမူ ဝမ်ဝေ့၏ အသားရုပ်သေးရုပ်ထက် သက်ရောက်မှုမရှိပေ။ ၁၅နှစ်ကြာ အမဲလိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က လုံလောက်ပြီဟု ယူဆလိုက်၏။

………………………………

ဝမ်ဝေ့က ပထမအခန်းကို အသုံးပြုဖို့အတွက် အမှတ်တစ်သိန်း ပေးချေလိုက်၏။ ထို့နောက် ထိုနေရာထဲတွင် ရှိနေသည့်သူကို ကန်ထုတ်ဖို့ သူ့အာဏာကို အသုံးပြုခဲ့သည်။ သူက အပိုအမှတ်တစ်သန်းကို အသုံးပြုပြီး နောက်နှစ်တစ်ရာကြာ သူ့နေရာအတွက် အာမခံပေးခဲ့သည်။ တခြားနည်းဖြင့် ပြောရလျှင် ထျန်းရွှမ်က သူ့ကို ကျော်လွန်သွားလျှင်ပင် နောက်နှစ်တစ်ရာအတွင်း ဝမ်ဝေ့၏ ပထမအခန်းအသုံးပြုမှုကို အနှောင့်အယှက်ပေးနိုင်မည် မဟုတ်ပေ။

အခန်းရဲ့ အတွင်းပိုင်းက မြောလွင့်နေသည့် ထိုင်ခင်းတစ်ခုရှိသည့် လေဟာနယ် ဖြစ်ပေသည်။ သူက အရာအားလုံးကို စောင့်ကြည့်လေ့လာလိုက်ပြီး သဘောပေါက်သွားလေ၏။ ပြိုင်ပွဲဝင်တွေရဲ့ တည်ရှိမှုဆီကနေ စုပ်ယူထားတဲ့စွမ်းအားက တခြားရည်ရွယ်ချက်တွေထက် သုံးတာတော့ မဟုတ်ဘူး။ အဲဒါရဲ့ အဓိကရည်ရွက်ချက်က မျှော်စင်ကို အားဖြည့်ပေဖို့အတွက်ပဲ။

အဲဒါဆိုရင်တော့ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုက ဖြေရှင်းပြီးသားဖြစ်သွားပြီ။

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အတွေးတစ်ချက်ဖြင့် လေဟာနယ်က ခမ်းနားကြီးကျယ်ဖွယ် နေရာအဖြစ် ပြောင်းလဲသွားကာ ထိုင်ခင်းက သစ်ပင်ကြီးအောက် ရောက်ရှိသွားလေသည်။ သူက သူ့ဗောဓိသစ်ပင်နှင့် မသေမျိုးမက်မွန်သစ်ပင်တို့ကို ဆင့်ခေါ်လိုက်ပြီး သူ့နားလည်မှုကို မြှင့်တင်ဖို့ အသုံးပြုလိုက်သည်။

ဒါက အတော်လေးကို လွယ်လွန်းတယ်…

ဝမ်ဝေ့က ချက်ချင်းတွေးလိုက်မိ၏။ တာအိုနားလည် ရှုပ်ထွေးလှသည့်ဖြစ်စဉ်က အတော်လေး လျော့ကျသွားလေသည်။ သူ့ကျင့်ကြံဆင့်က ငါးနှစ်တာအတွင်း ၈၇ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။

အခု ဒါကို သုံးဖို့ နှမြောဖို့ကောင်းတယ်လို့ ထင်တယ်

ဝမ်ဝေ့က တွေးကာ မျိုချလိုက်၏။ သူ့စိတ်ဝိညာဉ်က ပိုမိုမြင့်မားသည့်အနေအထားသို့ ရောက်ရှိသွားကာ စက္ကန့်ပိုင်းလေးအတွင်း သူ့ကျင့်ကြံဆင့်က ၈၉.၉၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားလေသည်။

နောက်တစ်ခုက အတားအဆီးပဲ

သူက သူ့အသိစိတ်ပင်လယ်တွင် ထားရှိသည့် စည်းတံဆိပ်များကို ဖယ်ရှားခြင်းဖြင့် အတားအဆီးကို အလွယ်တကူ ချိုးဖောက်နိုင်လေ၏။ သို့သော် ယခုအခါ အသုံးပြုဖို့ နှမြောဖို့ ကောင်းလွန်းလှသည်။

ထိုင်ခင်းမှ ထွက်ပေါ်နေသည့် စွမ်းအားများက အသွင်ပြောင်းသွားကာ ဝမ်ဝေ့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အားဖြည့်ပေးနေပြီး မဟာတာအိုအရင်းအမြစ်ကို နားလည်နိုင်စွမ်းက ဂဏန်းများ ပေါင်းခြင်းနှုတ်ခြင်းထက်ပင် ပိုမိုလွယ်ကူလာစေသည်။

အချိန်က မြစ်ကြောင်းလိုမျိုး စီးဆင်းနေတာပဲ

ဝမ်ဝေ့က တာအိုမျှော်စင်အတွင်း ၉၇နှစ်မြောက်သို့ ရောက်ရှိလာလေသည်။ ထို့နောက် သူက အက်ကွဲသံကို ကြားလိုက်ရပြီး သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာလေ၏။ သူ့နားလည်နိုင်စွမ်းက ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေသည်။ သူက မျက်လုံးကို ဖွင့်ကာ ပျော်ရွှင်မှုကို ခံစားလိုက်၏။ သူ စံပြတစ်ယောက်မဟုတ်သေးသော်လည်း ထိုဦးတည်ရာသို့ ရောက်ရှိနေလေပြီ။

အခု ထွက်သွားရတော့မဲ့အချိန်ပဲ။ ငါ့အမှတ်တွေ ဘယ်လောက်ကျန်နေလဲ စစ်ဆေးကြည့်ဦးမှ…

ဝမ်ဝေ့က တွေးလိုက်ပြီး ကျိန်ဆဲမိသွားသည်။

“အဲဒီမျှော့လိုကောင်တွေ” သူက အံကြိတ်ကာ ရေရွတ်လိုက်သည်။ ထိုစဉ်က ဝင်ကြေးအနေဖြင့် အမှတ်များကို လိုအပ်ရုံသာမကဘဲ မိနစ်ပိုင်းနှင့်အမျှ အမှတ်များကို စုပ်ယူနေသည်။ ဝမ်ဝေ့က ၉၇နှစ်မျှ နေထိုင်ခဲ့သော်လည်း သူစုဆောင်းထားသည့် အမှတ်လေးပုံသုံးပုံက ကုန်ဆုံးသွားပြီဖြစ်၏။

“ဒါက နေ့ဖက်ဓားပြတိုက်နေတာပဲ” သူက ညည်းတွားလိုက်သည်။ ယခု သူက ထိုနေရာ၏ ကုန်ကျစရိတ်ကို နားလည်သွားပြီဖြစ်သည့်အတွက် တစ်စက္ကန့်မျှ မဖြုန်းတီးနိုင်တော့ပေ။ သုံးနှစ်တာက သိသာသည့် တိုးတက်မှုမျိုး ပြုလုပ်ဖို့ရာ မလုံလောက်သောကြောင့် ဝမ်ဝေ့က ဤစစ်ဆေးမှု၏ ထူးကဲစွမ်းအားကို လေ့လာဖို့ ရွေးချယ်လိုက်သည်။ သူက သူ့တည်ရှိမှုအပေါ် မည်သို့လွှမ်းမိုးနေကြောင်း လေ့လာလိုက်ပြီး ထိုအရာကို ပြန်လည်ဖန်တီးနိုင်ဖို့ မျှော်လင့်နေသည်။ ပြောရမည်ဆိုလျှင် သူက ထိုအရာ၏ လေးပုံတစ်ပုံ သက်ရောက်မှုဖြင့်ပင် ဖန်တီးနိုင်သည်ဆိုပါက ကျေနပ်နေပြီ ဖြစ်၏။

အချိန်က ကျော်လွန်သွားလေသည်။ နှစ်တစ်ရာသို့ ရောက်ရှိလာသည့်အခါ သူက နံပါတ်တစ် မဟုတ်တော့ဘဲ ပထမအခန်းမှ ဖယ်ရှားပေးရမည် ဖြစ်ကြောင်း သတိပေးချက် ရောက်ရှိလာလေ၏။ ဝမ်ဝေ့က မျှော်စင်မှ ထွက်ခွာသွားဖို့ ရွေးချယ်လိုက်သည်။ ဆိုလိုသည်မှာ သူက ထျန်းရွှမ်နှင့် မတွေ့ဆုံတော့ပေ။

သူ အပြင်ဘက်သို့ ရောက်လာသည့်အခါ ပထမဦးဆုံး လုပ်သည့်အရာက အသားရုပ်သေးရုပ်များကို ပိုမိုစေလွှတ်ပြီး အမဲလိုက်ဖို့ ဖြစ်၏။ ယခင်တစ်သုတ်ကမူ မရှိတော့လေပြီ။ သူက အနီရောင်မျက်နှာဖုံး သို့မဟုတ် ယန်းကျဲဆီမှ အသိပေးချက်များကို မရရှိသေးသည့်အတွက် အဆီအနှစ်မျှော်စင်ဆီ သွားကာ ပထမအခန်းကို ယူလိုက်သည်။

……………………………

“ကျစ် ငါက ဒီလောက် နှစ်တွေရာချီ အမဲလိုက်လာတာတောင် တတိယအဆင့်ပဲ ရှိသေးတယ်။” ကျိချန်းမင်က ကျိန်ဆဲလိုက်ပြီး လက်ကိုဝှေ့ကာ တောင်တန်းကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော်လည်း ထိုဖျက်ဆီးမှုက သူ့ဒေါသကို မပြေပျောက်စေပေ။ သူသည် အပြင်းအထန် ဆက်လက် တိုက်ခိုက်နေလေ၏။ သူ့အတွက် ကံဆိုးသွားသည်က ထိုစစ်ဆေးမှုသည် ထိပ်တန်းအဆုံးစွန်မဲ့စံပြများ၏ အဖျက်စွမ်းအားကိုပင် ကန့်သတ်ထားနိုင်ခြေရှိသည့်အတွက် သူ့ကို ဆိုထားဖွယ်မရှိတော့ပေ။

“အဲဒီခွေးကောင်တွေက ငါ ဘယ်သူလဲဆိုတာကိုမသိကြဘူးလား။” သူက အော်ပြောရင်းဖြင့် ဆက်လက်ဖျက်ဆီးနေလေသည်။ ကျိချန်းမင်က သူသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအကြောင်း သတင်းအချက်အလက်ရယူဖို့ တာဝန်ကို ကျဆုံးတော့မည်ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ အကြောင်းအရင်းကမူ ထိုသူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ်တွင်ထားရှိထားသည့် ကြောင်တောင်တောင် သော့ခလောက်များကြောင့် ဖြစ်၏။ သို့သော် ယခုတွင် သူက တတိယနေရာကြောင့် အရှက်ကွဲခံနေရသည်။

နန်းဆောင်သခင်ဆီ ကျရှုံးမှုကို ဘယ်လိုရှင်းပြရမှာလဲ…

သူ့မျိုးနွယ်ဝင်များနှင့် ပြိုင်ဖက်များဆီက လှောင်ပြောင်ကဲ့ရဲ့မှုမျိုးကို မည်သို့ လက်ခံယူရမည်နည်း။

သူက ထိုအရာကို လက်မခံနိုင်ပေ။ ပြောရမည်ဆိုလျှင် သူက ထိုအရာကို လက်ခံဖို့ ငြင်းဆန်လေ၏။

သူက လေဟာနယ်တွင် မြောလွင့်နေရင်း မျက်နှာက နီရဲနေလေသည်။ ကျိချန်းမင်က ရုတ်ချည်းဆိုသလို လက်ကိုဖွင့်ကာ အဆောင်တစ်ခုကို လက်ခံရရှိလိုက်၏။

“မက်မွန်သူတော်စင်က အဆီအနှစ်မျှော်စင်ထဲ ဝင်သွားပြီလား။ ကျစ် အဲ့အရူးတွေကို ငါ သေချာစောင့်ကြည့်ဖို့ ပြောထားရဲ့သားနဲ့။ သူတို့က ဒီအသုံးမဝင်တဲ့စကားမျိုး ဘာလို့ လှမ်းပို့တာလဲ”

သူက အဆောင်ကို ခြေမွလိုက်ပြီး သူ့လည်ပင်းမှ သွေးကြောများက ထင်းထွက်လာလေသည်။

“ငါ ဒီအရှက်ကွဲမှုမျိုးကို ခွင့်မပြုနိုင်ဘူး” ကျိချန်းမင်က အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူက တိုက်ပွဲမျှော်စင်ဆီ ဦးတည်လိုက်သည်။ ဤအရှက်ရမှုကို ဆေးကြောနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက မျှော်စင်တွင် ထိပ်ဆုံးနေရာကို ရယူပြီး ထိုသူနှစ်ဦးကို စိန်ခေါ်ဖို့ရာ ဖြစ်၏။ အကယ်၍ ဖြစ်နိုင်ပါက ထိုသူတို့အား သေခြင်းရှင်ခြင်းတိုက်ပွဲကို သဘောတူစေဖို့ရာ ဖြစ်သည်။ ထိုအခါ သူ့အနေဖြင့် သူတို့ကို သတ်နိုင်လိမ့်မည် ဖြစ်၏။

All Chapters