← Chapters

အဆုံးစွန်မဲ့စံပြ အပိုင်း(၁)

Vol. 103 Ch. 1438

အဆုံးစွန်မဲ့စံပြ အပိုင်း(၁)

Vol. 103 Ch. 1438

ကြောက်မက်ဖွယ်အသံတစ်သံက စမ်းသပ်ချက်မျှော်စင်မှ ထွက်ပေါ်လာပြီး ကောင်းချီးမင်္ဂလာတိမ်တိုက်များနှင့်အတူ ကောင်းကင်ဘုံတေးသံတို့ ထွက်ပေါ်လာသည်။ ထိုအမြင်ရုပ်လွှာကို မြင်သည့်သူတိုင်းက စံပြအသစ်တစ်ယောက် မွေးဖွားလာသည့်အတွက် အောင်ပွဲခံဖို့ဖြစ်ကြောင်း သိလိုက်ကြ၏။

ပြိုင်ပွဲတိုင်းက ထိုမျှော်စင်ကို ကြည့်နေစဉ် ပထမဦးဆုံးစံပြ မွေးဖွားလာသည်ကို ကိုယ်စားပြုသည့် အမြင်ရုပ်လွှာတို့ ပြသလာသည်။ သို့သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ပြိုင်ပွဲဝင်များကမူ ထိုသူ၏ အရှိန်အဝါသည် ဧကရာဇ်ခုံ ဖြစ်နေကြောင်း သတိထားမိသည့်အတွက် အံ့အားသင့်သွားမိသည်။

သူက ပထမဦးဆုံးဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး

ဝမ်ဝေ့က တွေးလိုက်သည်။ သူနှင့် တခြားသူများက ထျန်းရွှမ်သည် ပထမဦးဆုံးစံပြဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကံကြမ္မာက တခြားအစီအစဉ် ရှိနေဟန်ပေါ်သည်။ ဝမ်ဝေ့နှင့် တခြားသူများက စောင့်ဆိုင်းနေကြ၏။ နာရီပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဧကရာဇ်ခုံ မဟုတ်သေးဘူး … စံပြခုံက မျှော်စင်အပြင်ဘက်၌ ပေါ်ထွက်လာသည်။

ဝမ်ဝေ့က ခုံကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်အသာကြုတ်လိုက်၏။

သူက ဒဏ်ရာအပြင်းအထန်ရရှိထားတာပဲ။ သူက ပထမဦးဆုံးနေရာရဖို့အတွက် အတင်းအကြပ်လုပ်ခဲ့တာ။ သူက ပထမနေရာအတွက် ကံကြမ္မာကို လိုချင်နေတာလား။ ဒါက စွန့်စားဖို့ ထိုက်တန်ပါ့မလားတော့ မပြောတတ်ဘူး

ဝမ်ဝေ့၏ အာရုံခံမှုက ခုံသည် လင်းဖန်ကို ခေါ်ပြီး အမှတ်အသားပြားချင်း ထိတွေ့သည်ကို မြင်သည့်အခါ သူ့အမြင်က သေချာသွားခဲ့သည်။ သူတို့က အချင်းချင်း အမှတ်လဲလှယ်နေခြင်းသာ ဖြစ်၏။ ထို့နောက် ထိုသူသည် အလျင်စလိုဖြင့် ရှင်သန်ရေးမျှော်စင်အတွင်း ပြေးဝင်သွားလေသည်။

ဒီစစ်ဆေးမှုထဲမှာ မူမမှန်မှုတစ်ခုကတော့ ဖြစ်လာပြီ။

ဝမ်ဝေ့က တွေးလိုက်၏။

ဒါက တစ်ခုခုဖြစ်သွားတာလား

ဒါက အသုံးမဝင်တော့တာလား။ ဒါမှမဟုတ်ဘူးဆိုရင် ဒီစစ်ဆေးမှုထဲမှာ ထင်မှတ်မထားတဲ့အရာတွေအများကြီး ဖြစ်လာမှာဆိုတဲ့ အရိပ်အမြွက်လား။ စိတ်ဝင်စားစရာပဲ။ နောက်ထပ်ဘာဖြစ်မလဲ သိချင်နေပြီ။

ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးကို အာရုံစိုက်လိုက်၏။

“ငါတို့တွေ ပြောတာ ဘယ်ရောက်သွားပြီလဲ။ အော် ဒါနဲ့ ဟုတ်သားပဲ။ မင်း အဲဒီလူတွေကို အာရုံစိုက်ဖို့ မလိုတော့ဘူး။ သူတို့တွေက ဖြည်းဖြည်းချင်း ထွက်ပေါ်လာမှာပဲ။ အဲဒီအခါကျရင် ငါတို့တွေက သူတို့ရဲ့ အစီအစဉ်တွေကို ဝင်ရောက်စွက်ဖက်မလား။ ဘေးကနေ ရပ်ကြည့်နေမလားဆိုတာ ဆုံးဖြတ်လို့ရတယ်”

“ဟုတ်ကဲ့ပါ” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ နောက်တာဝန်က အမဲလိုက်ပေးဖို့ပဲ။ ငါ့ရဲ့ စမ်းသပ်ချက်ကာလအတွင်းမှာ နှောင့်ယှက်မခံချင်ဘူး။ အဲဒါဆိုတော့ ငါ မျှော်စင်နှစ်ခုကို ဆက်တိုက် အသုံးပြုဖို့လိုတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ခေါင်းဆောင် ကျွန်မ အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမဲ့ ကိစ္စအသေးလေးတချို့တော့ ရှိသေးတယ်”

“ယန်းကျဲရောက်လာပြီလား” ဝမ်ဝေ့က မေးလိုက်သည်။

“မဟုတ်ပါဘူး။ ကျွန်မ နောက်ဆုံး ကြားရသလောက်တော့ သူက သူ့တာဝန်ကို ဖြည့်ဆည်းနေတုန်းပါတဲ့”

“အော် သူက တာဝန်ပြီးမြောက်ဖို့ အလျင်မလိုဘူးပဲ”

“သူ့ကြည့်ရတာ ခေါင်းဆောင်ရဲ့ မှတ်ချက်ကို စိတ်ထဲလိုက်နာပြီးတော့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဖြတ်ကျော်နေပါတယ်”

“မဆိုးဘူးပဲ။ ဒါနဲ့ ပြဿနာအသေးအမွှားလေးဆိုတာ ဘာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒုတိယအဆင့် ကျိချန်းမင်က ခေါင်းဆောင်နဲ့ ထျန်းရွှမ်တို့ကို လူသိရှင်ကြား စိန်ခေါ်ထားပါတယ်။ သူက သူနဲ့ တိုက်ခိုက်ဖို့ မျှားခေါ်ဖို့အတွက် တမင် ရန်စထားတဲ့ စကားတွေတောင် ပြောထားပါသေးတယ်”

“အဲ့လိုလား” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး ကျိချန်းမင်က အဲ့လိုလုပ်ခြင်းအတွက် အံ့အားသင့်ခြင်း မရှိပေ။ သို့သော်လည်း ဤသည်က သူ့တကယ့်အကျင့်စရိုက်လား သို့မဟုတ် အယောင်ဆောင်မှုလား ဆုံးဖြတ်ဖို့ ခက်ခဲလှ၏။

“တကယ်တော့ မထင်မှတ်ထားတဲ့အရာ ဖြစ်မလာဘူးဆိုရင် ထျန်းရွှမ်က ဒုတိယမြောက်စံပြ ဖြစ်လာလိမ့်မယ်။ ကျိချန်းမင်ကတော့ တတိယမြောက်ပေါ့။ သူတို့ရဲ့ မာန်မာနနဲ့ အတ္တက အဆင့်တက်လှမ်းပြီးတဲ့နောက်မှာ အထွတ်အထိပ်ကို ရောက်နေမှာပဲ။ သူတို့ရဲ့ လက်ရှိစွမ်းအားကို စမ်းသပ်ဖို့ နည်းလမ်းရှာကြလိမ့်မယ်။ ဒါက အပြင်ထွက်နေရုံပဲ။ သူတို့အချင်းချင်းတိုက်ခိုက်ပလေ့စေ။ မင်းရဲ့တာဝန်က ငါ မရှိတုန်း သူတို့ရဲ့ တိုက်ပွဲကို မှတ်တမ်းတင်ထားဖို့” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

“မှတ်တမ်းမတင်ထားနဲ့ဦး။ ဒါကိုသုံး” သူက ရွှေရောင်မျက်လုံးကို ဖွဲ့စည်းကာ ပေးလိုက်သည်။ ထိုအရာဖြင့် ဝမ်ဝေ့သည် ထိုသူနှစ်ဦး၏ တည်ရှိမှုကို ချောင်းကြည့်နိုင်ဖို့ရာ မျှော်လင့်နေမိ၏။ ပြောရလျှင် တိုက်ပွဲတစ်ခုအတွင်း စွမ်းအားများ သို့မဟုတ် ဒဏ်ရာများကြောင့် ထိုသို့လုပ်ဖို့ရာ ပိုမိုလွယ်ကူလှသည်။

“ကိစ္စမရှိပါဘူး” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လာ၏။ ထို့နောက် နှစ်ဦးသားက ဒုတိယအမဲလိုက်ကွင်းဆီ သွားကာ အချင်းချင်းသတ်ဖြတ်လိုက်ကြသည်။

ဝမ်ဝေ့က အသားရုပ်သေးရုပ်များကို ဆက်လက်အသုံးပြုလိုက်၏။ အကယ်၍ သူသာ ဖန်ဆင်းမှုသက်ရှိများကို အသုံးပြု၍ အမဲမလိုက်နိုင်သည့်အချက်ကြောင့်သာ မဟုတ်လျှင် သူသည် နေရာတစ်လျှောက် နောက်ထပ်သတ်ဖြတ်မှုပွဲကြီးကို ထုတ်လွှတ်လိမ့်မည်။

နှစ်၁၃၀အတွင်း ဝမ်ဝေ့က ပထမနေရာ ပြန်လည်ရောက်ရှိသွားရုံသာမကဘဲ သူ့အမှတ်များက ထျန်းရွှမ်ထက် ၅ဆပိုများနေသည်။

ဝှစ်

အနီရောင်မျက်နှာဖုံးက တစ်နေရာမှ ပေါ်ထွက်လာကာ လုပ်ကြံသတ်ဖြတ်သူကို အပိုင်းပိုင်း အစစ ခုတ်ပစ်လိုက်၏။ ဝမ်ဝေ့က ထိုအရာကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။

“ငါ ဘယ်လောက်ပဲကြည့်ကြည့် အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်”

သူ့အမြင်တွင် ထိုအမျိုးသားက သေဆုံးသွားပြီဖြစ်ကာ သူ့စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် သူ့ လျှို့ဝှက်သေတ္တာ၏ တည်ရှိမှုပင် ပြိုလဲသွားရသည်။ ဤစစ်ဆေးမှုက ပြိုင်ပွဲဝင်များ၏ ထာဝရဂုဏ်သတ္တိကို ဖိနှိပ်ထားသည့်အတွက် အစစ်အမှန်သေဆုံးကြောင်း ဆိုလိုနေလေ၏။

ကြည့်ရတာ ထူးကဲသာလွန်မှုစွမ်းအား ဖြစ်လောက်တယ်။ တည်ရှိမှုအပေါ် တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်း ရှိတယ်။

ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက မဟာတာအိုအား အသေးစိတ်ဆုလာဘ်ကို တောင်းဆိုခဲ့မိသည့်အတွက် ဝမ်းသာနေမိသည်။

“လူကြီးမင်း ဒါက ဝင်ခွင့်အမှတ်အသားပြားပါ” အနီရောင်မျက်နှာဖုံးက ပြောလိုက်သည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ။ တကယ်လို့ ငါသာ ပထမနေရာရမယ်ဆိုရင် အမှတ်အသား ၆ခုရသွားလိမ့်မယ်။ မဆိုးဘူးပဲ” သူက အမဲလိုက်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အပိုသက်တမ်းနှစ်ငါးထောင်မျှသာ ရရှိသေး၏။

ထိုဝင်ခွင့်အမှတ်အသားများက သူသည် ဂိုဏ်း သို့မဟုတ် တခြားသူများနှင့် အလဲအလှယ်လုပ်စေကာမူ အင်မတန် အဖိုးတန်လာလိမ့်မည်။ ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိကာ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်၏။

“နောက်ဆုံးတော့ စပြီပဲ” သူက ရေရွတ်လိုက်သည်။ သူက ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရပြီး ထျန်းရွှမ်က သူ့အသွင်ပြောင်းမှု ပြီးမြောက်သွားလေသည်။ ယခု သူက ပထမအခန်းကို အသုံးပြုနိုင်ပြီ ဖြစ်၏။ သာမန်အခြေအနေအောက်တွင် ဝမ်ဝေ့က သူ့စံနှုန်းကို အနည်းငယ် လျှော့ချကာ ဒုတိယအခန်းသုံးဖို့ စိတ်ထဲမထားပေ။ သို့သော်လည်း ကျိချန်းမင်က ထို အခန်းကို ယူထားလေ၏။ ဝမ်ဝေ့က သူ့အစီအစဉ်အလုပ်ဖြစ်ဖို့ အားကောင်းသည့် စမ်းသပ်ချက်မျိုးကို လိုချင်မိသည်။ ထို့ကြောင့် သူသည် တတိယအခန်းကို လက်မခံနိုင်ပေ။

“သွားကြစို့” ဝမ်ဝေ့က ပြောပြီး ဘေးကင်းဇုန်ဆီ ပြန်လည်ဝင်ရောက်သွားလိုက်သည်။ ထျန်းရွှမ်၏ အရှိန်အဝါက သူ့အပေါ် ကျရောက်လာလေ၏။

ဒီလောက်တောင် သိသာတဲ့ ရန်လိုမှုမျိုးလား။ သူက အဆင့်တက်လှမ်းလာပြီးတဲ့နောက်မှာ အတော်လေးကို ယုံကြည်ချက်ရှိလာတာလား။

ဝမ်ဝေ့က တွေးလိုက်မိသည်။

ထျန်းရွှမ်က နောက်ခံကောင်းသော်လည်း ထိုသူသည် ဘေးကင်းဇုန်အတွင်း စည်းမျဉ်းများကို ချိုးဖောက်လားဟု သိချင်နေမိသည်။

 ဝမ်ဝေ့သည် စမ်းသပ်ချက်မျှော်စင်ထဲ ဝင်ရောက်ကာ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပထမခန်းကို ရယူလိုက်သည်။

စမ်းသပ်ချက်မျှော်စင်က စမ်းသပ်ချက်အတွင်း အရာအားလုံးကို ဖျက်ဆီးခံရမည်ဖြစ်သည့်အတွက် မည်သည့်ပစ္စည်းမှ မရှိပေ။ ထို့ကြောင့် လေဟာနယ်တွင် ထိုင်ခင်းတစ်ခုသာ မြောလွင့်နေလေ၏။ သူက ထိုင်ပြီးသည့်နောက်တွင် စမ်းသပ်ချက်ကို စတင်ဖို့ တွေးလိုက်စဉ် အားကောင်းသည့် စိတ်ဆန္ဒတစ်ခုက ထိုအခန်းအတွင်း ကျရောက်လာကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နေလေ၏။

ပထမဦးစွာ ထိုအရာက သူ့နားလည်နိုင်စွမ်းသည် ၉၀ ရာခိုင်နှုန်းရောက်ရှိတာ သေချာရဲ့လား စစ်ဆေးသွားလေ၏။ ထို့နောက် သူ့ဝိညာဉ်နှင့် ကံကောင်းမှုသည် လိုအပ်ချက်နှင့် ကိုက်ညီရဲ့လား စစ်ဆေးကြည့်သွားသည်။ ထို့နောက် ဝမ်ဝေ့၏ စိတ်က ရွှေရောင်အလင်းပြောက်များရှိနေသည့် အခန်းတစ်ခုအတွင်း ထည့်သွင်းခံလိုက်ရ၏။

အဆုံးမဲ့ထာဝရတည်မြဲမှု

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုအလင်းများက ထာဝရလမ်းစဉ် သို့မဟုတ် ထာဝရဂုဏ်သတ္တိ၏ အဖွဲ့ခွဲကို ကိုယ်စားပြုလေသည်။ ထိုအရာက ထာဝရကို နားလည်ပြီး အစစ်အမှန်ကို နောက်လိုက်ပါက အဆုံးမဲ့တည်မြဲခြင်းသဘောတရားအထိ လိုက်ပါလာလိမ့်မည်။

အဆုံးမဲ့ဆိုတာက သတ်မှတ်ချက်မရှိဘူး။ အဆုံးအစကင်းမဲ့တယ်။ စိတ်က အမြဲတမ်း အဆုံးမဲ့ဖြစ်ပြီးတော့ အစစ်အမှန်ကိုယ်ကို ပိုမိုမြင့်မားတဲ့အဆင့်အထိ တိုးတက်ပြောင်းလဲနိုင်လိမ့်မယ်။

တည်မြဲခြင်းဆိုတာက ဘယ်သောအခါမှ မပြောင်းလဲမှုပဲ။ ဒီစွမ်းအားနှစ်ခုနဲ့ဆိုရင် အဆုံးမဲ့က ငါ့တည်ရှိမှုထဲမှာ ထာဝရအားလုံးအတွက် မပြောင်းမလဲ ဆက်တိုက်ကျန်ရှိနေလိမ့်မယ်။ အဆုံးမဲ့စိတ်နဲ့ဆိုရင် ငါက အဆုံးမဲ့ဝိညာဉ်နဲ့ အဆုံးမဲ့ခန္ဓာရှိပြီးတော့ အဆုံးစွန်မဲ့ဖြစ်လာလိမ့်မယ်။

ဝမ်ဝေ့က ယခင် သူ့နောက်ခံနှင့် စစ်ဆေးမှု၏ စွမ်းအား အကူအညီဖြင့် မှတ်တမ်းတင်ထားသည့်အချိန်ဖြင့် အဆုံးမဲ့ တည်မြဲခြင်းသဘောတရားကို နားလည်လိုက်သည်။ သို့သော်လည်း သူက မပျော်ရွှင်ဘဲ သူ့အလိုလိုသိစိတ်က သူသည် ဤနားလည်မှုကို အဆင့်တက်ရောက်ဖို့ ကြိုးစားပါက အဆုံးစွန်မဲ့စံပြဖြစ်လာဖို့ အခွင့်အလမ်းသည် သိသိသာသာလျော့ကျသွားမည်ဖြစ်ကြောင်း ညွှန်ပြနေလေ၏။ အကယ်၍ သူအောင်မြင်သည်ဆိုလျှင်ပင် သူ့တွင် အလားအလာများစွာ ကျန်ရှိမည်မဟုတ်ပေ။

ငါ တစ်စုံတစ်ခုတော့ လွဲချော်နေပြီ။

ဝမ်ဝေ့က တွေးရင်းဖြင့် သူ့နားလည်နိုင်စွမ်းကို ဆက်လက်သုံးသပ်လိုက်သည်။ အချိန်က ဆက်လက်သွားနေသော်လည်း သူက အလျင်လိုနေခြင်းမရှိဘဲ သူ လိုအပ်နေသည့်အရာကို ဆက်လက်ရှာဖွေလိုက်၏။

ဒါက တကယ်လို့ ရိုးရှင်းတယ်ဆိုရင် အဆုံးမဲ့တာအိုကို ကျင့်ကြံတဲ့သူတွေက အဆုံးစွန်မဲ့စံပြဖြစ်လာဖို့ လွယ်ကူနေမှာပေါ့

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

အဲဒါဆိုတော့ အဆုံးမဲ့ဂုဏ်သတ္တိနဲ့ ပတ်သက်တာတစ်ခုတော့ ရှိရမယ်။

သူက ကောင်းကင်အလိုဆန္ဒကို ပထမဦးဆုံးစုပ်ယူသည့်အချိန်က မဟာတာအိုသည် အဆုံးမဲ့တည်မြဲခြင်းသဘောတရားကို ပြသခဲ့လေသည်။ ထို့ကြောင့် ဝမ်ဝေ့က ပြန်လည်အာရုံစိုက်လိုက်၏။

မိုးမြေကြားမှ ဆက်တိုက်တည်ရှိပြီး မပြောင်းလဲတဲ့အရာက ပြောင်းလဲမှုပဲ။ ငါ လိုအပ်နေတာက အဆုံးမဲ့သဘောတရားမဟုတ်ပဲနဲ့ အဆုံးမဲ့ပြောင်းလဲမှု၊ အဆုံးမဲ့အခွင့်အလမ်း၊ အဆုံးမဲ့ကြီးထွားမှုနဲ့ အဆုံးမဲ့အလားအလာပဲ။ အဲဒီအရာတွေက ငါ့ရဲ့ တည်ရှိမှုကို ရေးထွင်းနိုင်တာ။ ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းက တည်မြဲခြင်းကနေတဆင့် ထာဝရတည်ရှိနေလိမ့်မယ်။ အဲဒီအခါကျရင် ငါက အစစ်အမှန် အဆုံးစွန်မဲ့ ဖြစ်လာနိုင်တယ်

ဝမ်ဝေ့က သူ့စိတ်ထဲ တစ်စုံတစ်ခု ပေါ်ထွက်လာသလို ခံစားမိလိုက်ပြီး အသွင်ပြောင်းမှုမျိုး ထွက်ပေါ်လာသည်။ သူ့မျက်ဝန်းနည်းစနစ်က နောက်ထပ်အရာများသည် သူ့တည်ရှိမှုထဲ ထည့်ပေါင်းလိုက်သလို မြင်လိုက်ရသည်။ သို့သော်လည်း အသွင်ပြောင်းမှုကို ပြီးဆုံးဖို့ရာအတွက် စွမ်းအင်ကင်းမဲ့နေဟန်ပေါ်၏။

ဒါက စွမ်းအင်ကင်းမဲ့တာမဟုတ်ပဲနဲ့ တစ်စုံတစ်ခုက ပိတ်ဆို့ထားတာပဲ

ဝမ်ဝေ့က သူ့တည်ရှိမှုကို အနီးကပ်လေ့လာပြီးသည့်နောက်တွင် သဘောပေါက်သွားလေ၏။ သူက ထိုအရာသည် မည်သူ့ထံ တာဝန်ရှိကြောင်း တွေးကြည့်ပြီး သိပ်မကြာမြင့်လိုက်ပေ။ မဟာတာအိုသာ ဖြစ်၏။ ထိုသူက သူ့အား ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း မဟုတ်ပေ။ ပြိုင်ပွဲဝင်အားလုံးက ထိုဖြစ်စဉ်ကို တွေ့ကြုံခံစားရမည် ဖြစ်၏။ သူတို့က တခြားသော စမ်းသပ်ချက်များကို ကျော်လွန်ပြီး ထိုက်တန်ကြောင်း သက်သေမပြနိုင်ခင် မြင့်မားသည့် ဘဝကို အသွင်ကူးပြောင်းနိုင်မည် မဟုတ်ပေ။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။ သူသည် မျှော်စင်၏ စွမ်းရည်ကို အသက်သွင်းဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက အတိုင်းအတာမဲ့ စမ်းသပ်ချက်မျိုးကို တတ်နိုင်သမျှ အဖျက်စွမ်းအားဖြင့် လိုချင်မိ၏။

သူ့စိတ်ဝိညာဉ်က မှောင်မှောင်မဲမဲ လျှောက်လမ်းတစ်လျှောက်၌ ပေါ်ထွက်လာပြီး  သူ့မြင်ကွင်း၌ အဆုံးမရှိပေ။

“ဒီနေရာက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်က နှလုံးသားလမ်းစဉ်ကိုတောင် ပြန်ပြီးအမှတ်ရသွားစေတယ်။”

သူက မှတ်ချက် ပေးလိုက်သည်။ သူက တစ်စက္ကန့်မျှ အသက်ရှူကာ စတင်လျှောက်လှမ်းလိုက်၏။

All Chapters