အဆုံးစွန်မဲ့ စံပြ အပိုင်း(၂)
Vol. 103 Ch. 1439
အချိန်ဆေးကြောရေးစမ်းသပ်ချက်
ဝမ်ဝေ့က ဤအဆုံးမဲ့လမ်းစဉ်ကို လျှောက်လှမ်းဖို့ တုံ့ဆိုင်းမနေပေ။ သူ သတိထားမိသည့် ပထမဦးဆုံးအရာက သူ့အမြင်အာရုံသည် အသုံးမဝင်ကြောင်း ဖြစ်၏။ သူသည် တည်ရှိမှုမြင်ကွင်းကို ဆိုလိုနေခြင်းသာ မကပေ။ သူ့သာမန်နှင့် ထူးကဲသည့်အာရုံအားလုံးက အသုံးမဝင်တော့ပေ။ သူသည် အဆုံးမဲ့အမှောင်ထုကိုသာ မြင်နေရပြီး မှိန်ဖျဖျ အလင်းရောင်က ဤလမ်းကြောင်းကို ပြထားဖို့ လုံလောက်ရုံမျှသာ ဖြစ်၏။
“အချိန်က ဒီနေရာမှာ အသုံးမဝင်ဘူးလား။ မဟုတ်သေးဘူး။ အသုံးမဝင်ဘူးဆိုပေမဲ့ နည်းနည်းတော့ ဖရိုဖရဲဖြစ်နေတယ်။ ဒီနေရာမှာ တစ်စက္ကန့်က ယွမ်ခေတ်ကာလသန်းထောင်ချီပြီး ကြာသွားနိုင်တယ်” ဝမ်ဝေ့က သူ့ကိုယ်သူ ပြောလိုက်သည်။
ဝမ်ဝေ့က ရှေ့ဆက်လျှောက်လှမ်းပြီး သူ့စိတ်ကို အာရုံလွဲရန် သူ့ကိုယ်သူ စကားပြောနေခဲ့သည်။ သူသည် အထီးကျန်ခြင်းကို စိတ်ထဲမထားသော်လည်း ဤချဉ်းကပ်မှုက သူ့စိတ်သည် ဤအချိန်ဆေးကြောရေး စမ်းသပ်ချက်တစ်လျှောက်လုံးတွင် စူးရှစွာ ကျန်ရှိနေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း သိပ်မကြာခင် ဝမ်ဝေ့က မူမမှန်မှုတစ်ခုကို သတိထားမိခဲ့၏။
“ငါ့ရဲ့ မှတ်ဉာဏ်တွေက တိုက်စားခံနေရပြီ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့မှတ်ဉာဏ်များက ပျောက်ကွယ်သွားခြင်း မရှိဘဲ ပျက်ပြယ်သွားလေ၏။ တခြားနည်းဖြင့်ပြောရလျှင် အကျင့်စရိုက်အပေါ် သက်ရောက်မှုက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။
“ငါ ဒီလိုဖြစ်ခွင့်ပေးထားရင် ငါ့ရဲ့ အကျင့်စရိုက်က ကောင်းကင်ဘုံပဲ သိတော့သည့် အနေအထားထိ ပြောင်းလဲသွားလိမ့်မယ်”
ယခု သူက ပြဿနာကို သိပြီဖြစ်သည့်အတွက် ဖြေရှင်းရလိမ့်မည်။ သူ့ကိုယ်သူ စကားများမည့်အစား သူသည် ကမ္ဘာမြေတွင်ရှိစဉ်အချိန်မှ ပြန်လည်ဝင်စားသည့် အချိန်အထိ မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်လိုက်သည်။ သူသည် မှတ်ဉာဏ်တစ်ခုမှ လွဲချော်ခြင်း မရှိစေပေ။ ထိုနည်းလမ်းက သက်ရောက်မှုရှိပြီး ဝမ်ဝေ့သည် လွင့်ပြယ်ခြင်းကို ဟန့်တားလိုက်နိုင်၏။ သို့သော်လည်း ဤသည်က ယာယီမျှသာ ဖြစ်ပေသည်။
အချိန်နှင့်ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းသည့်အရာက ဘာမဆိုပြောင်းလဲနိုင်ခြင်း ဖြစ်၏။ သူ့မှတ်ဉာဏ်များကို ထပ်ခါထပ်ခါ သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုဖြစ်စဉ်သည် အသုံးမဝင်တော့ကြောင်း ခံစားမိလာ၏။ သူ့ဇနီးလေးနှင့် ဆွဲဆောင်မှုရှိသည့်အချိန်များကို မည်မျှပင် ဖြတ်သန်းစေကာမူ ထိုဖြစ်စဉ်က တဖြည်းဖြည်း ငြီးငွေ့ဖွယ်ကောင်းလာခဲ့သည်။
“ငြီးငွေ့တယ်ဆိုရင်လည်း ကိစ္စမရှိဘူး။ ဒါကို ကမ္ဘာမြေတုန်းက အလုပ်တစ်ခုလိုမျိုး မှတ်ယူလိုက်လို့ရတယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူသည် ဤအလုပ်ကို ဆက်လက် လုပ်ဆောင်နေသည်။ နှစ်ပေါင်း ဘီလီယမ်၊ ထရီလီယမ် သို့မဟုတ် ကွန်တီလီယမ် ကြာလျှင်ပင် ကိစ္စမရှိပေ။ သူက မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ပြီး သူ့အကျင့်စရိုက်၊ ရည်မှန်းချက်၊ ချစ်ခြင်းမေတ္တာနှင့် သူ သဘောကျသည့် အရာအားလုံးကို ထိန်းသိမ်းထားခဲ့သည်။
ဤစမ်းသပ်ချက်မတိုင်ခင် ဝမ်ဝေ့က သူ့စိတ်သည် သံမဏိထက်ပင် မာကြောသည်ဟု ဂုဏ်ယူစွာ ပြောနိုင်လေ၏။ သူသည် အထီးကျန်ခြင်းဟု သိသည့် အဆိုးမြင်စိတ်ခံစားချက်များကို အနိုင်ယူထားသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး သူ့ကိုယ်သူတွန်းပို့ကာ မျှော်နန်းဆောင်စစ်ဆေးမှုကိုပင် ဖြတ်ကျော်ခဲ့သည်။ သို့သော်လည်း ဤစမ်းသပ်ချက်ကမူ အင်မတန် ကြောက်ဖို့ကောင်းသည့် အနေအထားတစ်ခုကို ပြသလာ၏။ ပျင်းရိမှုနှင့်အတူ အထီးကျန်ခြင်း ဖြစ်ပေသည်။
ထိုအရာက တူညီသည့် အလုပ်ကို အဆုံးမဲ့ မရပ်မနားဘဲ ဆက်တိုက်လုပ်ဆောင်ရခြင်း၏ နာကျင်မှုဟု ဖော်ညွှန်းဖို့ရာ ခက်ခဲလှ၏။ အချိန်များစွာတိုင် သူက ဤတာဝန်များကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိထားသည့် ရုပ်သေးရုပ်အလား ခံစားမိလာသည်။ သူ့လွတ်လပ်သည့် စိတ်ဆန္ဒတို့က မတည်ရှိလုနီးပါးပင် ယုံကြည်လာမိ၏။ ကမ္ဘာထဲတွင် သူ့တစ်ခုတည်းသော ရည်ရွယ်ချက်က ဤတာဝန်ကို လုပ်ဆောင်ဖို့ရာသာ ဖြစ်သည်။ ထိုသို့သော အတွေးမျိုးက အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ရယူလိုသူအတွက် ကြီးမားသည့်အကြောက်တရားမျိုး ဖြစ်လာစေသည်။
သတင်းကောင်းကမူ သူသည် အသက်ရှင်သန်ပြီး သူ့လူသားဆန်စိတ်ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ သူသည် မှတ်ဉာဏ်များ၊ အကျင့်စရိုက်နှင့် သူ့အိပ်မက်နှင့် ရည်မှန်းချက်အားလုံးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့အပြင် အပိုအကျိုးကျေးဇူးတစ်ခု ရှိလာခဲ့သည်။ သူသည် ဤနှိပ်စက်မှုအသွင်သစ်ကို လေ့လာခဲ့သည်။ နောင်အနာဂတ်တွင် သူတို့၏ အချိန်စက်ဝန်းကို ကောင်းမွန်စွာ ကာကွယ်ထားနိုင်သည့် အားကောင်းသော မငြှိမ်းသတ်နိုင်ဖွယ် စံပြများနှင့် တွေ့ဆုံလာပါက သူတို့အား ဤနှိပ်စက်မှုပုံစံဖြင့် စိတ်ဆန္ဒ ကျိုးပျက်အောင် နှိပ်စက်နိုင်လိမ့်မည်။
ဝမ်ဝေ့က ဆက်လက် လျှောက်လှမ်းလာပြီး လမ်း၏ အဆုံးသတ်တွင် အလင်းရောင်ကို မြင်နေမိ၏။ သူက သူ့ကိုယ်သူ အာရုံလွှဲမခံပေ။ သူ့ကို ဝါးမျိုခြင်းမှ တားဆီးထားရမည် ဖြစ်၏။ ထိုအရာအားလုံးကို ခေါင်းထဲထည့်ကာ သူသည် ထွက်လမ်းနှင့် နီးကပ်နေပြီလားဟု ရှေ့ကို လှမ်းကြည့်ဖို့ စွန့်ပယ်လိုက်မိသည်။
ကံကောင်းစွာဖြင့် ဤစမ်းသပ်ချက်က စတင်လာကာစသာ ဖြစ်၏။ အချိန်က သူ့မှတ်ဉာဏ်များကို တိုက်စားဖို့ ကျရှုံးသွားသည့်အခါ လက်မလျှော့ပေ။ ထိုအစား တစ်စုံတစ်ခုဖြစ်သည့် သူ့စိတ်ခံစားချက်များကို ပစ်မှတ်ထားလေ၏။ ဝမ်ဝေ့၏ ပင်မအကျင့်စရိုက်တစ်ခုက သူ့ဂိုဏ်းနှင့် သူ့လူများအပေါ် ချစ်မြတ်နိုးမှု ဖြစ်ပေသည်။ သူက သူတို့ကို သူ့လူအဖြစ် မှတ်ယူဖို့ အနိမ့်ဆုံးအစေခံများ အပါအဝင် လူအားလုံးအတွက် ရင်းနှီးမှုတို့ရှိ၏။
ထိုစမ်းသပ်ချက်က ထိုသူများနှင့် စတင်လာခဲ့သည်။ မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ရင်းဖြင့် ဝမ်ဝေ့က ထိုလူများအပေါ် မထူးမခြားနားဖြစ်လာပြီး သူပင် သတိမထားမိခဲ့ပေ။ သူ့စိတ်ထဲတွင် ထိုသူများက အကူအညီကလွဲ၍ ဘာမှမဟုတ်ပေ။ သူ့အတွက် သူတို့၏ အရေးပါမှု သို့မဟုတ် ကမ္ဘာကြီးအတွက် အရေးပါမှုက သေးငယ်လွန်းလှသည့်အတွက် သေးနုတ်သည်ဟုပင် မှတ်ယူနိုင်လေ၏။ သူက သူတို့၏ မျက်နှာနှင့် နာမည်များကို မှတ်မိသည်က လုံလောက်သည်ဟု အယုံသွင်းနေသည်။
သူသည် ထိုအသေးအဖွဲများဖြင့် မထူးမခြားနားဖြစ်လာသည်နှင့် အချိန်က ပိုမိုရဲတင်းကာ အားပြင်းလာပြီး သူ မုန်းတီးသည့်သူ မထူးမခြားနားဖြစ်သည့်သူတချို့ကို ပစ်မှတ်ထားလာသည်။ သူ့အဘိုးယုယုန်ကဲ့သို့ ဖြစ်၏။ ထို့နောက် ဝမ်ဝေ့က မသိလိုက်ပဲဖြင့် သူ့ဘဝအပေါ် ကြီးမားသည့်သက်ရောက်မှု မရှိသည့်သူ သို့မဟုတ် ရန်သူများကို ဂရုမစိုက်တော့ပေ။
နောက်ထပ်ပစ်မှတ်ကမူ သူချစ်မြတ်နိုးရမည့်သူများ တစ်ဖြစ်လဲ သူအလေးစားရဆုံးသူဖြစ်သည့် သူ့အကြီးအကဲများ ဖြစ်ပေသည်။ သူနှင့် ထိုသူများကြားတွင် ဝါစဉ်ရှိနေခဲ့ပြီး ဝမ်ဝေ့အား ထိုသူတို့နှင့် နက်နဲသော ဆက်နွယ်မှုမျိုးမရှိစေရန် ခွဲခြားထားလေ၏။ ထိုသူများထဲတွင် မူလအရှင်၊ ဓားအရှင်နှင့် သူ့ယခင်တာအိုကာကွယ်သူ ယန်းချန်တို့ ပါဝင်ပေသည်။
ဝမ်ဝေ့၏ ထိုလူများအပေါ် ကျေးဇူးတင်မှုနှင့် သူတို့၏ ဂရုစိုက်မှုများက သူတို့၏ တည်ရှိမှုကို မထူးမခြားနားဖြစ်သည့်အနေအထားထိ ပြောင်းလဲသွားခဲ့သည်။ သူ့စိတ်ထဲတွင် ထိုသူများက ကွဲပြားသည့်ကမ္ဘာမှ လူများ ဖြစ်၏။ သူသည် ထိုသူများကို ဘဝ၌ တစ်ခါမှ မတွေ့ဆုံခဲ့ဖူးပေ။ သူတို့ တွေ့ဆုံခဲ့လျှင်ပင် သူတို့ကြားတွင်ရှိသည့် ကွာဟချက်များက ကြီးမားလွန်းသည့်အတွက် အဓိပ္ပာယ်ရှိသည့် ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ရာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့၏ တည်ရှိမှုကို သံယောဇဉ်ဖြစ်ခြင်းက အသုံးမဝင်ပေ။
ဝမ်ဝေ့က ထူးဆန်းသည့် အနေအထားတစ်ခုသို့ ကျရောက်နေလေ၏။ သူ့မျက်ဝန်းက သူသည် တွေ့ကြုံခံစားခဲ့ရသည့်အရာအားလုံးနှင့် အတိတ်ဘဝကို ပြန်လည်လွမ်းဆွတ်နေကြောင်း ဖော်ပြနေသော်လည်း ဆက်တိုက်ဆိုသလို သူ့မျက်ဝန်းက ထိုမှတ်ဉာဏ်များအတွက် သံယောဇဉ်အရိပ်အယောင် မရှိနေပေ။ အနှစ်ချုပ်အားဖြင့် သူ့မျက်ဝန်းများက စက္ကန့်ပိုင်းနှင့်အမျှ ပိုမိုအေးစက်လာလေ၏။
နောက်ထပ် သူဆုံးရှုံးလိုက်ရသည့်အရာက သူ့ရန်သူများ မဟုတ်ဘဲ သူ့အနေဖြင့် အနည်းငယ်လေးစားရသည့် မိတ်ဆွေဆက်ဆံရေးမျိုး ရှိထားသည့်သူများဖြစ်သည်။ ပြောရမည်ဆိုလျှင် နောက်ပစ်မှတ်က သူ လေးစားရသည့်သူများဖြစ်ပြီး နက်နက်နဲနဲ ဆက်ဆံရေးမျိုးရှိထားသည့်သူမျိုး ဖြစ်သည်။ အတိအကျပြောရလျှင် သူက ဘိုးဘေး ဝမ်ဝူချန်အတွက် ခံစားချက်များ ဆုံးရှုံးသွားလေသည်။
ဝမ်ဝေ့က ဖုတ်ကောင်လိုမျိုး ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်လှမ်းနေပြီး ဝမ်ဝူချန်က သူ့ကို ကာကွယ်ဖို့ အသက်ကို စတေးခဲ့သည့်အချိန်ကို ပြန်လည်သုံးသပ်နေလေ၏။ သို့သော်လည်း သူက ဝမ်ဝူချန်သည် တာအိုကာကွယ်သူတစ်ယောက်အနေဖြင့် သူ့တာဝန်ကို လုပ်ဆောင်ခဲ့ခြင်းကလွဲ၍ ဘာမှမခံစားမိပေ။ သူ့စတေးမှုက ဂိုဏ်း၏ စည်ပင်ကြွယ်ဝမှု ခေတ်ကာလကို အာမခံပေးမည် ဖြစ်၏။
ဝမ်ဝေ့က ဆက်လက်ရှေ့တိုးတော့မည့်ဆဲဆဲတွင် ရပ်တန့်လိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ”
သူက အသံခပ်ဩဩဖြင့် ပြောလိုက်သည်။ သူ့အသံသည် စကားမပြောရသည်မှာ အချိန်တော်ကြာမြင့်နေသကဲ့သို့ ဖြစ်၏။ သူက မှတ်ဉာဏ်ကို ပြန်လည်ကြည့်ရှုလိုက်သော်လည်း ဘာမှားနေမှန်း မပြောတတ်တော့ပေ။
သို့သော်လည်း ဝမ်ဝေ့က လက်မလျှော့ဘဲ သူ့အလိုလိုသိစိတ်ကို နားထောင်ဖို့ ရွေးချယ်ခဲ့၏။ ဝမ်ဝူချန်က ဤမူမမှန်မှု၏ ဇစ်မြစ်ဖြစ်သည့်အတွက် သူနှင့်ပတ်သက်သည့် မှတ်ဉာဏ်အားလုံးကို ပြန်လည်သုံးသပ်ဖို့ ရွေးချယ်လိုက်သည်။ ထို့နောက် သူသည် ဘာမှားယွင်းနေကြောင်း သဘောပေါက်သွားလေ၏။
သူက ငါ သဘောကျရတဲ့ ဘိုးဘေးတစ်ယောက်ပဲ။ ငါက သူ့အတွက် ဘာခံစားချက်မှ မရှိနေဘူး။ အခု စဉ်းစားကြည့်လိုက်တော့မှ တခြားဘိုးဘေးတွေအတွက်လည်း ဘာခံစားချက်မှ ရှိမနေခဲ့ဘူး။ အဲဒီလူတွေက ငါ့ရဲ့ အောင်မြင်မှုအတွက် အရေးပါတယ်။ ငါက စကားနဲ့ဖော်ပြလို့မရနိုင်လောက်အောင် သူတို့အပေါ် ကျေးဇူးမသိတတ်မှုကို ဘာလို့ခံစားနေရတာလဲ။
ဤသည်အခါမှ သူသည် သဘောပေါက်သွားပြီး သူ့စိတ်ခံစားချက်များကို ဆုံးရှုံးနေရကြောင်း သဘောပေါက်သွားလေသည်။ ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ထိုင်ကာ ပြန်လည်သုံးသပ်လိုက်ပြီး သူ့မှတ်ဉာဏ်များကို နက်နက်နဲနဲ ပြန်လည်သုံးသပ်လိုက်သည်။ ယခု တစ်ခေါက်တွင် စိတ်ခံစားချက်များကိုပင် အဓိကထားလေ၏။ သူသည် သူ ဖြစ်လာသည့် အေးစက်မှုတို့ကမည်မျှပင် ကြောက်ဖို့ကောင်းကြောင်း ချက်ချင်း ကြောက်ရွံ့မိသွား၏။ အဆိုးဆုံးအပိုင်းမှာ သူ့စိတ်ထဲမှ အသံတစ်သံက ဤသို့ဖြစ်နေသည်က အဆင်ပြေကြောင်း ဆက်တိုက်ပြောပြနေသည်။
တကယ်လို့ ငါသာ ဘိုးဘေးဝမ်ဝူချန်းအပေါ်မှာ ခံစားချက် ဆုံးရှုံးသွားရမယ်ဆိုရင် ငါ့အမေ၊ ငါ့အဖေနဲ့ ဝူဟုန်အတွက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်…
ဝမ်ဝေ့က တိတ်ဆိတ်နေရာမှ တွေးလိုက်မိသည်။
ပြီးတော့ ဒီလိုစမ်းသပ်ချက်တစ်ခုက ငါ မလုပ်ချင်တဲ့ပုံစံကို ဘယ်လိုများ ငါ့ကို ပုံသွင်းရဲတာလဲ
ဝမ်ဝေ့၏ တော်လှန်လိုသည့်သဘာဝက လွတ်လပ်လိုသည့် အစွဲအလမ်းမှ ဆင်းသက်လာကာ ထိုသံသယနှင့် သူ့စိတ်ထဲ ဆက်တိုက်ရေရွတ်နေမှုများအား ချက်ချင်းဆိုသလို ရှင်းထုတ်ပစ်လိုက်သည်။ သူက အာရုံစိုက်ထားပြီး ဆုံးရှုံးသွားသည့် စိတ်ခံစားချက်များကို ပြန်လည်ရရှိပြီး တချို့ကို ပြန်လည်အားကောင်းလာစေသည်။ ဝမ်ဝေ့က ချီယွီလျှို့ချင်တာအိုကို ကျင့်ကြံထားခြင်း မရှိသော်လည်း စိတ်ခံစားချက် လှုံ့ဆော်ခြင်းပါဝင်သည့် ဝိညာဉ်တာအို ရှိလေသည်။
ဝမ်ဝေ့က မျက်လုံးပွင့်လာသည့်အခါ သူ့ပတ်ဝန်းကျင်သည် ယခင်ထက် ပိုမိုတောက်ပနေကြောင်း တွေ့ရှိသွားလေ၏။ ထို့အပြင် သူက အဝေးတစ်နေရာ၌ ပုံရိပ်ယောင်တံခါးတစ်ချပ်ကို မြင်လိုက်ရသည်။ သူက သတိကြီးကြီးထားရင်းဖြင့် ထိုနေရာသို့ လျှောက်လှမ်းသွားလေ၏။
သူက အချိန်ဆေးကြောရေးစမ်းသပ်ချက်အကြောင်း မှတ်တမ်းများစွာကို ဖတ်ရှုခဲ့ဖူးပြီး များစွာသိထားလေသည်။ လူအများစုက သူဖြစ်ခဲ့သလိုမျိုး တူညီသည့် စမ်းသပ်ချက်မျိုးကို တွေ့ကြုံခံစားရလေ့ရှိ၏။ အသေးအဖွဲအပြောင်းအလဲသာ ရှိလေသည်။ သို့သော်လည်း ကိစ္စများက ထိုထွက်ပေါက် ပေါ်ထွက်လာသည့်အခါ ကွဲပြားသွားလေ့ရှိ၏။ ဤစမ်းသပ်ချက်၏ တစ်စိတ်တစ်ပိုင်းက ပြောင်းလဲခြေများစွာ ရှိနိုင်ပြီး ဤသည်က ထင်မှတ်မထားနိုင်သည့်အရာ ဖြစ်လာနိုင်သည့်အချိန်လည်း ဖြစ်ပေသည်။
အရမ်းကြီး မဆိုးဖို့ပဲ မျှော်လင့်မိတယ်
ဝမ်ဝေ့က တွေးလိုက်သည်။ သူသည် သူ့ဘဝ၌ မမျှော်လင့်ထားသည်များကို မျှော်လင့်ထားတတ်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်ကာ ကိစ္စများ မှားယွင်းသွားနိုင်ခြေကို မျှော်လင့်ထားလေသည်။ ထို့ကြောင့် သူသည် နောက်ရောက်ရှိလာမည့်အရာက အရမ်း မဆိုးရွားဖို့ရာသာ မျှော်လင့်ချက် ထားထားလေ၏။