အခန်း (၁၁-၂၀)
Vol. 6 Ch. 11-20
Vol 6, အခန်း ၁၁။ လူဦးရေ
လမ်ပူရီတိုင်းပြည်၏ လွှတ်တော်မှ ဤဥပဒေကို ရုတ်သိမ်းလိုက်ချိန်တွင် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံများ၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ဥပဒေက အင်မတန်ရိုးရှင်းပါ၏၊ ၎င်းက ကျွဲနွားတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းမှတားမြစ်ထားကာ ကျူးလွန်လျှင် ဒဏ်ကြေးများစွာ ပေးဆောင်ရခြင်းပင်။
ဤဥပဒေကို ရုတ်သိမ်းခြင်းကြောင့် ကျွဲနွားတိရိစ္ဆာန်တို့မှာ ကာကွယ်ခြင်းမခံရတော့ဘဲ လူတစ်ဦး၌ နွားရှိလျှင် ၎င်းတို့စားလိုချိန်၌ သတ်ဖြတ်နိုင်သည်။
ကျွဲနွားများကို မှီခိုအားထားရသော စပါးအထွက်နှုန်းနည်းသည့် စိုင်စ်နယ်မြေကြီးမှလူများအတွက် နွားများကို မြင့်မြတ်သောအရာဟု သတ်မှတ်ကြသည်။
သတ်ဖြတ်ခြင်း သို့မဟုတ် စားသောက်ခြင်းမှာပင် စိတ်ကူးမယဉ်နိုင်ပေ။
မျိုးရိုးမြင့်အချို့သည် ၎င်းတို့အချို့ကို လျှို့ဝှက်စွာသတ်ခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤအရာသည် လူတိုင်းကို ရှုံ့ချစေမည်ဖြစ်သောကြောင့် လူအများရှေ့တွင် မည်သူမျှ မလုပ်ရဲကြပေ။
ယခုမူ လမ်ပူရီတိုင်းပြည်သည် ဤဥပဒေကို ဖျက်သိမ်းလိုက်သောကြောင့် မည်သူကမျှ ၎င်းကိုမျှော်လင့်ထားခြင်းမရှိပေ။
ဤဥပဒေကို ဖျက်သိမ်းလိုက်သည်နှင့် တပြိုင်နက် လမ်ပူရီတိုင်းပြည်၌ ကျွဲနွားများကို နှမြောခြင်းမရှိပဲ သတ်ဖြတ်ခံရမည်ကို လူအများက စိုးရိမ်ခဲ့ကြပါသည်။
အဖြစ်မှန်တွေက လူတွေရဲ့စိုးရိမ်မှုကို သက်သေပြခဲ့သည်။
ထိုဥပဒေကို ဖျက်သိမ်းလိုက်သည့် သတင်းတွေ ပြန့်နှံ့လာခြင်းအတွက် လမ်ပူရီတိုင်းပြည်၏ သတင်းစာများထံ၊ နွားသတ်သည့်လူများကို သတင်းပို့လာကြသည်။ လမ်ပူရီနိုင်ငံရှိ ကျွဲနွားများအားလုံး ပျောက်ကွယ်သွားတော့မည်ဟု လူအများက ထိုအချိန်က အထင်လွဲခဲ့ကြသည်။
၎င်းကို လူတော်တော်များများက စိုးရိမ်ကြ၏။
နွားမရှိရင် ဘယ်လိုသီးနှံစိုက်မှာလဲ။
သို့သော် နှစ်လအကြာတွင် ဆောင်းရာသီ ရိတ်သိမ်းချိန်ရောက်သောအခါတွင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများအား မလိုအပ်ကြောင်း လူများက တွေ့ရှိခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ်တစ်ခုလုံးတွင် နွားများအသုံးပြုခြင်းမရှိသည်တော့ မဟုတ်သော်လည်း အလွန်နည်းပါးပါသည်။
အကြောင်းပြချက်က အရမ်းရိုးရှင်းပါ၏။ နွားများ၏လုပ်ငန်းကို Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးမှော်စက်များဖြင့် လုံးဝအစားထိုးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အကျိုးသက်ရောက်မှုရှိလည်းပိုရှိလာရာ လူများက နားလည်လာပါ၏။
ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုနေပြီဖြစ်သောကြောင့် နွားများကို အဘယ်ကြောင့် လိုအပ်နေဦးမည်နည်း။
ဤဥပဒေကို ဖျက်သိမ်းလိုက်ခြင်းကြောင့် လူအချို့က ရှုပ်ထွေးနေကြသော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။
အဆုံးမှာတော့ အမဲသားကဲ့သို့စားချင်စရာကောင်းသည့် တစ်ခုခုကို ရနိုင်ရင် ဒီအခွင့်အရေးကို မည်သူကလက်လွှတ်မည်နည်း။
ရှုယီက ဤဥပဒေကို ဖျက်သိမ်းရန် နွားတစ်ကောင်ကို ချက်ချင်းစားပြီး လမ်ပူရီတိုင်းပြည်ကို တွန်းအားပေးခဲ့သည်ကို လူတွေသိလျှင် သူတို့မှာ ဘယ်လိုအတွေးမျိုးရှိမည်ဆိုတာကို တွေးကြည့်ဖို့ပင်ခက်ပါ၏။
ဟုတ်ပါ၏၊ ၎င်းက ရှုယီ၏ လုပ်ဆောင်ချက်တွေအနက် အရေးမပါသည့်အရာတစ်ခုပင်။ အကြီးမားဆုံးအပိုင်းကတော့ သူထိန်းချုပ်ထားသည့် စတက်တိန်းနယ်မြေ၌ ဖြစ်သည်။
ဗစ်ကောင့်ထ် ကွန်စတက်တိန်းနှင့် ဆွေးနွေးခဲ့သည့် စတက်တိန်းနယ်မြေ၏ စိုက်ပျိုးရေးစက်မှုလုပ်ငန်းကို အဆင့်မြှင့်တင်ရန် အစီအစဉ်တွင် အဓိကအချက်မှာ စတက်တိန်းနယ်မြေ၏ စိုက်ပျိုးရေးလုပ်ငန်း ဖွဲ့စည်းပုံကို ပြောင်းလဲခြင်းဖြစ်သည်။ ၎င်းက စပါး၊ ဆန်နှင့် အခြားသီးနှံများကိုသာ စိုက်ပျိုးတော့မည်မဟုတ်ပေ။
သို့မဟုတ် ပို၍ တိုက်ရိုက်ပြောရလျှင်၊ စတက်တိန်းနယ်မြေလူများကို အလိုအလျောက်အသားစားခွင့်ပြုရန်ဖြစ်သည်။
ယင်းအတွက်၊ ရှုယီသည် စတက်တိန်းနယ်မြေတွင် တိရစ္ဆာန်မွေးမြူရန် ရည်စူးထားသည့် လယ်ယာအများအပြားကို ရယူခဲ့သည်။
ဤတိရစ္ဆာန်များကို ချောချောမွေ့မွေ့ မွေးမြူနိုင်ရန်နှင့် ၎င်းတို့၏ အစာကျွေးခြင်းကို အာမခံခြင်းအပြင် ၎င်းတို့အတွက် စီမံဆောင်ရွက်ခြင်း၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားအရာများကိုပါ ဂရုစိုက်ခဲ့သည်။
ဤအရာများကို Frestech ကုန်သည်ကြီးများအနေဖြင့် အစီရင်ခံထားသောကြောင့် ၎င်းတို့သည် ၎င်းအတွက် မှော်စက်များကို ဆက်တိုက်တီထွင်ခဲ့ရသည်။
မှော်မြက်ရိတ်စက်အပြင် နတ်သူငယ်များနှင့်အတူ အစာကျွေးရန် အသုံးပြုသည့် အခြားသော မှော်စက်များကိုပါ တီထွင်ရန် လိုအပ်ချက်များကို မြင်လိုက်ရသဖြင့် ရှုယီက သူ့သဘောတူချက်ကို ပြသရန် ခေါင်းညိတ်ပြခဲ့သည်။
"နတ်သူငယ်တွေနဲ့ ပြဿနာက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဒါကို ကျုပ် အကြီးအကဲ လီဆန်းယာ နဲ့ ဆွေးနွေးနိုင်ပါတယ်၊ ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေကို လွှတ်တော်က ဂရုစိုက်နိုင်မယ်လို့ မျှော်လင့်ပြီး ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ဝင်စွက်ဖက်စရာမလိုပါဘူး။” ရှုယီက ပြောသည်။
"သဘောပေါက်ပြီ။"
“ မှော်မြက်ရိတ်စက်နဲ့ အခြား မှော်စက်တွေအတွက်တော့ တီထွင်ဖို့ အချိန်အနည်းငယ်ယူရမှာမို့ အဲဒါတွေကို လူအင်အားနဲ့ အစားထိုးလိုက်ပါ။ ဒါပေမယ့် အခုလောလောဆယ်မှာ စမ်းသပ်စိုက်ခင်းတစ်ခုပဲ ထူထောင်ဦးမှာဆိုတော့ လူအင်အားက လုံလောက်ပါပြီ” ဟု ပြောလိုက်၏။
ထိုသို့ပြောပြီးနောက် ရှုယီက ခေတ္တရပ်တန့်ကာ မေးသည်။"လူအင်အားအကြောင်းပြောရင်းနဲ့...... နယ်မြေရဲ့ မွေးဖွားနှုန်းစာရင်းတွေ ထွက်လာသေးလား"
ဗစ်ကောင့်ထ် ကွန်စတက်တိန်းက ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းသည် "မွေးဖွားစမှာ လူတွေက ဆေးရုံကို သွားလေ့မရှိလို့ ဒီအတွက် တိကျတဲ့ အချက်အလက်ရဖို့ ခက်ပါတယ်။"
“အသစ်ထုတ်ပြန်ထားတဲ့ ဥပဒေတွေမှာ ထည့်သွင်းပြီးတော့ ဒါကို အကောင်အထည်ဖော်ရမှာပဲ။” ရှုယီက လေးနက်သော ဟန်ဖြင့် ပြောသည် ။ "လူ့စွမ်းအားအရင်းအမြစ်က လာမယ့်ဆယ်နှစ်အတွင်း အရေးကြီးဆုံးအရာဖြစ်လာလိမ့်မယ်၊ ဒါ့ကြောင့်သူနဲ့သက်ဆိုင်တဲ့ အချက်အလက်အားလုံးကို သင်ယူဖို့ သတိရပါ"
"နားလည်ပါပြီ။" ဗစ်ကောင့်ထ် ကွန်စတက်တိန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်ကာဆိုသည်။ “ဒါပေမယ့် တိကျတဲ့အချက်အလက်မရှိရင်တောင်မှ အရင်နှစ်မှာ မွေးဖွားမှုတိုးလာတယ်ဆိုတဲ့ အကြမ်းဖျင်းအချက်အလက်တွေအပေါ် အခြေခံရရင် သုံးသောင်းတော့ ကျော်သွားပါပြီ။ ဒါဟာ နိုင်ငံရဲ့ သမိုင်းမှာ အမြင့်ဆုံး မွေးဖွားနှုန်းပါ !”
"သုံးသောင်း?"
ဗစ်ကောင့်ထ် ကွန်စတက်တိန်း၏စိတ်လှုပ်ရှားနေသောဟန်ကိုမြင်လိုက်ရသော ရှုယီသည် မထီမဲ့မြင်ပြုဟန်ဖြင့် နှုတ်ခမ်းများကို ကော့ကာထားချင်သော်လည်း စတက်တိန်းနယ်မြေတွင် လူဦးရေ တစ်သန်းအောက်သာရှိကြောင်း သတိရမိသည်။ တစ်နှစ်လျှင် သုံးသောင်းမွေးနိုင်ကာ၊ တစ်သန်းလျှင် သုံးသောင်းမွေးနှုန်းသည် စတက်တိန်းနယ်မြေအတွက် အလွန်မြင့်မားနေပြီဖြစ်သည်။
လယ်ယာအထွက်နှုန်းနည်းသောနိုင်ငံများတွင် သာမာန်အစာခေါင်းပါးမှုဖြစ်လေ့ရှိကြောင်း သိရှိရပေသည်။ လူဦးရေ တည်ငြိမ်အောင် ထိန်းထားနိုင်သည်က တော်တော်ကောင်းနေပြီဖြစ်ရာ ၎င်းတို့အနေနှင့် ကောင်းကောင်း မွေးဖွားနှုန်းကို မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။
ရှုယီသည် လူဦးရေပြဿနာက ချက်ချင်းဖြေရှင်းနိုင်သည့်အရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိနေသောကြောင့် ၎င်းကို ဘေးသို့ချိတ်လိုက်သည်။
မွေးမြူရေးခြံများနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများကမူ စမ်းသပ်ဆဲအဆင့်တွင် ရှိနေဆဲဖြစ်သောကြောင့် ယခုအချိန်တွင် ဆွေးနွေးရန် များစွာမရှိပေ။
ရှုယီသည် အစီအစဉ်ကို သေချာသုံးသပ်ကြည့်သောအခါ ဗစ်ကောင့်ထ် ကွန်စတက်တိန်းသည် ဖြစ်နိုင်ချေရှိသော ပြဿနာအားလုံးကို စဉ်းစားထားပြီးသားဖြစ်ကြောင်း တွေ့ရှိသဖြင့် ကျေနပ်သောအပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းကောင်းတယ်၊ ကွန်စတက်တိန်း၊ ခင်ဗျားကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ရွေးချယ်လိုက်တာက တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ"
ဗစ်ကောင့်ထ် ကွန်စတက်တိန်းက ရှုယီကို ဦးညွှတ်ပေးလိုက်ကာ "ဒါက ကျုပ်ရဲ့ဂုဏ်ယူစရာပါ။ ဟုတ်ပါတယ်၊ ဥက္ကဌ ရှု ဦးဆောင်တဲ့ Frestech ကုန်သည်ကြီး များအသင်းသာ မဟုတ်ရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ အပြောင်းအလဲတွေကို နယ်မြေကို ယူဆောင်လာနိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့် ဘယ်လောက်ဖြစ်ဖြစ် အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး”
ရှုယီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တစ်ယောက်ကိုတစ်ယောက် အမွှမ်းတင်ခြင်းမှ တားဆီးလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် သူ့အမူအရာက လေးနက်လာကာ အေးစက်စက် နှာမှုတ်သံဖြင့် ပြောသည် ။ “ကွန်စတက်တိန်း၊ ဒီလူတွေကို ရိုးသားဖို့ ကူညီပြောပေးပါ။ နယ်မြေက အရမ်းအရေးကြီးတဲ့ အကူးအပြောင်းအခြေအနေတွင် ရှိနေတာကြောင့် ဘယ်သူ့ကိုမျှ အရှုပ်အထွေး မလုပ်စေချင်ဘူး။ သူတို့သာ ရဲရဲတင်းတင်း ဖက်တွယ်ထားရင် သူတို့ကို ကူညီပေးဖို့ ကုမ္ပဏီ အစောင့်တွေကို လွှတ်လိုက်ဖို့ဝန်မလေးဘူးလို့။”
ဗစ်ကောင့်ထ် ကွန်စတက်တိန်း၏ မျက်လုံးများ အေးခဲသွားပြီး လျှင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒီနေ့ ဒီမှာပဲ ထားလိုက်ရအောင်၊ ခင်ဗျားပြန်ပြီး ကိုယ့်ဘာသာကိုယ် လုပ်လို့ရပြီ"
“ဟုတ်ကဲ့။”
ဗစ်ကောင့်ထ် ကွန်စတက်တိန်း ထွက်သွားတာကို ကြည့်ပြီး ရှုယီက မျက်မှောင်ကုပ်၍ လေးလေးနက်နက် တွေးလိုက်သည်။
ယခုအချိန်တွင်၊ ဤ ဗစ်ကောင့်ထ် ကွန်စတက်တိန်းသည် သူလုပ်ရန်ပြောသမျှကို အလွန်နာခံသည်။
သို့သော် ရှုယီသည် ၎င်းက သြဇာအာဏာကြောင့် ပြောင်းလဲသွားသော အန်ကလိုကဲ့သို့ ဖြစ်လာမည်လားကို မသေချာပေ။
ထို့ကြောင့် လက်ရှိ စတက်တိန်းနယ်မြေကွန်ဂရက်ဟာ အလွတ်ပွဲတစ်ခုလိုပါပင်။ သူတို့မှာ နာမည်အရသာ အာဏာရှိကြပြီး ထိုအစီအမံတွေကို အကောင်အထည်ဖော်သည့်အခါတွင် Frestech ကုန်သည်ကြီးများအသင်းထံတဆင့် ရောက်လာပါ၏။
သို့ပေမယ့် တစ်နှစ်လောက် စောင့်ကြည့်လေ့လာကြည့်ခြင်းအားဖြင့် ဤ ဗစ်ကောင့်ထ် ကွန်စတက်တိန်းဟာ သူ့ရ၏ပြည်တွင်းရေးဆိုင်ရာ အစွမ်းအစတွေကို ပြသခဲ့ပြီးဖြစ်လို့ ရှုယီက သူ့ကို အာဏာနည်းနည်းပေးပြီး ယလေ့ကျင့်ပေးမလားဆိုကာ အလေးအနက် စဉ်းစားနေခဲ့ပါ၏။
တစ်ခုတည်းသော စိတ်ပူရသည်က သူဟာနောက်ထပ် အန်ကလို ဖြစ်လာမည်ကိုပင်။
"ဟေ့ ရှုယီ ရှင်ဘာတွေတွေးနေတာလဲ။ မျက်မှောင်ကုပ်တာက မကောင်းဘူးနော်။"
သူ့ဘေးနားရှိ လေထုထဲတွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး အက်ဂ်နက်စ် က လေထုထဲမှ ထွက်ပေါ်လာသည်။
ရှုယီက ကုပ်ထားသော မျက်ခုံးများကို ဖြေလျှော့ပြီး အက်ဂ်နက်စ် ကို အပြုံးဖြင့် ကြည့်လိုက်သည်။
"အက်ဂ်နက်စ်၊ မင်းဘာလို့ အိမ်မှာနေတာကို ဟင်းလင်းပြင်မှော်စွမ်းအင်တွေလုပ်နေတာလဲ။ မင်း ဝင်လို့ရပါတယ်။"
"ကျွန်မက ကျင့်သားရနေလို့ပါ။" အက်ဂ်နက်စ် က တခစ်ခစ်ရယ်ပြီး ရှုယီကို ထိုင်ခိုင်းသည် "ရှုယီ နောက်ရက်အနည်းငယ်မှာ ရှင် အားပါ့မလား"
"အန်? ဘာလို့လဲ? မင်းတစ်ခုခုလိုအပ်လို့လား?" ရှုယီက အံ့သြသောအသံဖြင့် ပြန်မေးလိုက်သည်။
“ဒါက.....” အက်ဂ်နက်စ် ၏ မျက်နှာပေါ်တွင် ရုတ်တရက် ရှက်သွေးဖြန်းကာ နီရဲလာပြီး “ပြီးခဲ့တဲ့ အပတ်က ယ မျိုးနွယ်စုဆီ ပြန်သွားတော့ အကြီးအကဲက ကျွန်မကို စကားပြောဖို့ လာခဲ့တယ်။ ကိုယ်ဝန်မဆောင်ရသေးတဲ့အတွက် ပြဿနာရှိနေတယ်လို့ သူမကပြောတယ်။ သူမက ရှင့်ကို ကျွန်မနဲ့အတူ မျိုးနွယ်စုဆီလာပြီး လျှို့ဝှက်စာတွေကို ဖတ်စေချင်နေတာ။”
အက်ဂ်နက်စ် ၏ မျက်နှာပေါ်ရျှ ရှက်ရွံ့သောဟန်ကို မြင်လိုက်ရရာ သူမနှင့် အိမ်ထောင်ကျပြီး အချိန်အတော်ကြာအောင် သူမသည် လူသားမိန်းကလေးနှင့် ပိုတူလာသည်ဟု သူထင်မိသည်။
သို့ပေမယ့် ရှုယီက အကြီးအကဲ အီလူရှာ ရဲ့ ဖိတ်ကြားချက်ကြောင့် အကူအညီမဲ့သလို ခံစားရ၏။
အကြီးအကဲအီလူရှာ ပဲဖြစ်ဖြစ် အကြီးအကဲလီဆန်းယာပဲဖြစ်ဖြစ်၊ အားလုံးဟာ အက်ဂ်နက်စ် နှင့် သူ့အိမ်ထောင်ရေးကို အရေးထာူပြီး သူတို့အကြောင်း တစ်ချိန်လုံး မေးကြသည်။
အက်ဂ်နက်စ် ကိုယ်ဝန်မဆောင်သေးသည့်အချက်ကို အကြီးအကဲများသည် အလွန်စိတ်မရှည်ကြချေ။
ရှုယီမှာ ကလေးများစွာရှိထားပြီးဖြစ်သည့်အတွက် သူ့ဘက်တွင် ပြဿနာမရှိသည့်အတွက်ကြောင့် အက်ဂ်နက်စ် ကိုသာ သံသယရှိနိုင်သည်။
သို့ပေမယ့် သူတို့ဟာ ၎င်းကို သက်သေမပြနိုင်ရာအကြီးအကဲတွေဟာ စိုးရိမ်ပူပန်မှုသာ ခံစားရနိုင်ပါ၏။
ဤပြဿနာကို ဖြေရှင်းရန်အတွက် အကြီးအကဲနှစ်ဦးသည် နည်းလမ်းများစွာကို အသုံးပြုခဲ့ကြသော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသေးပါ။
ဤတစ်ကြိမ်တွင်၊ ရှုယီသည် အကြီးအကဲ အီလူရှာက သူ့အား ကြိုးစားရန် မည်သို့သောနည်းလမ်းကို တွေးထားသည်ကို မသိခဲ့ပေ။
"ကိုယ်တို့သွားရမှာလား" ရှုယီကထိုအကြောင်းကို စဉ်းစားကာမေးလိုက်သည်၊ “နောက်ကာလတွေမှာ ကိုယ်အရမ်းအလုပ်များနေမှာ၊ ဒီခရီးစဉ်ကို သွားဖို့ အချိန်မပေးနိုင်ဘူး။ အကြီးအကဲ အီလူရှာ ကိုလာခိုင်းလို့ ရမလား။ ကိုယ် သူမနဲ့ ဆွေးနွေးချင်တာတစ်ခုရှိတယ်။"
"ဒီကိစ္စကို ကျွန်မ မရှင်းဘူး၊ အကြီးအကဲလီဆန်းယာကိုမေးရင်ရော" အက်ဂ်နက်စ် က ခေါင်းခါပြီး ပြောလိုက်သည်။
“ကောင်းပြီလေ အကြီးအကဲ လီဆန်းယာကိုလည်း ဖိတ်မယ်။ ဒီလယ်ယာလုပ်ငန်း အဆင့်မြှင့်တင်မှု အစီအစဉ်မှာ နတ်သူငယ်တွေရဲ့ ပံ့ပိုးကူညီမှု လိုအပ်လိမ့်မယ်။”
“အင်း!” အက်ဂ်နက်စ် က ကျယ်လောင်စွာ ပြန်ပြော၏ “အကြီးအကဲတွေသာ ဒီအကြောင်းကို သိရင် ပျော်ယမှာ သေချာတယ်။ မျိုးနွယ်စုက ကောင်းတယ်......"
အက်ဂ်နက်စ် ရုတ်တရက် စကားရပ်သွား၏။
ရှုယီသည် တင်းကြပ်စွာ တွန့်ချိုးထား မျက်ခုံးနှင့် ခါးသီးသော မျက်နှာဖြင့် အက်ဂ်နက်စ် ကို မြင်လိုက်ရသဖြင့် အံ့အားသင့်စွာ ကြည့်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂။ အန္တရာယ်ကို ခံစားမိခြင်း
ရှုယီမှာ လေပြင်းတိုက်ခတ်သွားသည့်နှယ် ရှုပ်ပွနေသော အိပ်ခန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
လွန်ခဲ့သည့် တစ်နာရီက အကြီးအကဲလီဆန်းယာမှာ သတင်းရပြီးနောက် အလောတကြီးရောက်လာကာ အက်ဂ်နက်စ်ကိုစစ်ဆေး၍ ရှုယီကို အဓိပ္ပာယ်ပါပါကြည့်လာကာ အက်ဂ်နက်စ်အား သူမ၏ မျိုးနွယ်စုဆီ ပြန်ခေါ်သွားရတော့မည်ဟု ဆိုလာခဲ့သည်။
ရှုယီက အကြောင်းအရင်းကို မေးသော်လည်း အက်ဂ်နက်စ်အတွက် အရေးကြီးသည့် အချိန်ဖြစ်သောကြောင့် သူမ၏ မျိုးနွယ်စု၌ လုံလုံခြုံခြုံရှိဖို့ လိုသည်ဟု ပြောခဲ့သည်။ ထို့အပြင် ရှုယီအား ၎င်းက နတ်သူငယ်တို့၏ လျှို့ဝှက်ချက်ဖြစ်သဖြင့် ဝင်မစွက်ဖက်ဖို့ တောင်းဆိုထား၏။
ရှုယီသည် ဤကိစ္စအတွက် အနည်းငယ် စိတ်ရှုပ်သွားသည်။
အကြီးအကဲလီဆန်းယာ နှင့် လရိပ်မျိုးနွယ်စုသည် သူနှင့် ပုံမှန်ဆက်ဆံရေးမရှိခဲ့သော်လည်း အက်ဂ်နက်စ် က သူ၏ဇနီးဖြစ်နေပြီဖြစ်သည်။ သို့ပေမယ့် ယခု အကြီးအကဲလီဆန်းယာက လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနေ၏။ ၎င်းက တကယ့်ကို နည်းနည်းတော့ ထူးဆန်းပါသည်။
သို့သော် အကြီးအကဲလီဆန်းယာက ၎င်းသည် နတ်သူငယ် များ၏လျှို့ဝှက်ချက်များနှင့် သက်ဆိုင်သည်ဟု ပြောထားပြီးဖြစ်သောကြောင့် ရှုယီက ၎င်းအကြောင်းကို မမေးနိုင်ပေ။
သတင်းကို လက်ခံရရှိသော အကြီးအကဲ အီလူရှာသည် အကြီးအကဲလီဆန်းယာကို လရိပ်မျိုးနွယ်စုသို့ ခေါ်ဆောင်ရန် သဘောတူကြောင်းပြောကြားခဲ့သည်က ကောင်းသောအချက်ဖြစ်သည်။ ထိုအချိန်တွင် ရှုယီ သည် အကြီးအကဲလီဆန်းယာကို အက်ဂ်နက်စ် အားခေါ်ဆောင်သွားရန် ခွင့်ပြုလိုက်လေသည်။
အက်ဂ်နက်စ် သည် ဤအရာဖြစ်လာရန် မျှော်လင့်ထားပြီးသားကဲ့သို့ပင် အလွန်ငြိမ်သက်နေပါသည်။
ရှုယီသည် သူမ၏အမူအရာမှ ကျေနပ်စရာကောင်းသော အံ့သြမှုအနည်းငယ်ရှိနေသည်ကိုမြင်ရသည်။
"တကယ်တော့ အက်ဂ်နက်စ် က ဘာဖြစ်တာလဲ။" ရှုယီက မျက်မှောင်ကုပ်ပြီး စဉ်းစား၏။ ထို့နောက် သူ့မျက်ခုံးများ ရုတ်တရက် မြင်ပတက်လာပြီး "ဒါဟာ တိုက်ဆိုင်မှုကြီးတော့ မဟုတ်ဘူးပဲ......"
"တိုက်ဆိုင်မှုဆိုတာ ဘာလဲ" စတေးလ်၏ အသံသည် သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ရှုယီအား သူ့အတွေးထဲမှ ထွက်လာစေသည်။
ရှုယီလှည့်ကြည့်လိုက်တော့ အသက်တစ်နှစ်ခွဲအရွယ်ကလေးငယ်ကို နို့တိုက် ကျွေးဖို့ စတေးလ်က ရင်ဘတ်က အဝတ်အစားတွေဖွင့်ထားသည်ကို တွေ့လိုက်ရသည်။
စတေးလ် ထံမှ တစ်ကိုယ်ရေ နို့တိုက်ကျွေးခြင်းကို ခံယူနိုင်ခဲ့ခြင်းမှာ သဘာဝအတိုင်းပင် ၎င်းတို့နှစ်ဦးမှ ယခုနှစ်အစပိုင်း၌ မွေးဖွားခဲ့သော ဒုတိယမြောက် ကလေးဖြစ်သည်။
ထိုကလေးက ယောက်ျားလေးပင်၊ စတေးလ် ခုချိန်ထိ လိုချင်လာသည့် အတိုင်းပါပင်။ သူမ ဖရီးယာကိုမွေးပြီးနောက် အထူးဂရုစိုက်မှုကို ရရှိခဲ့သော်လည်း ရှုယီသည် သူ့အပေါ် ဘက်လိုက်သည်ဟုပင် ထင်ခဲ့သည်။
ဥပမာအားဖြင့်၊ သူမဖရီးယာကိုမွေးတုန်းက ကိုယ်တိုင်ကိုယ်ကျ နို့တိုက်ခဲ့သော်လည်း မိခင်နို့အလုံအလောက်မရရှိတာကြောင့် ထိုမျှလောက်မလုပ်ခဲ့ပါပေ။
သို့ပေမယ့် သူတို့သားလေးမွေးပြီးချိန်မှာတော့ အလုပ်တွေများနေသေးလျှင်တောင် အခွင့်အရေးရသရွေ့ သူ့အား နို့တိုက်ကျွေးသည်။
စတေးလ်၏မျက်နှာပေါ်ရှိ ချစ်ရည်ရွှန်းသောအကြည့်ကို မြင်လိုက်ရတော့ ရှုယီသည် သူ့ရင်တွင်း၌ မရေရွတ်ဘဲ မနေနိုင်တော့ပေ။
ဖရီးယာဟာ ငယ်ရွယ်သေးပြီး သူမနောက်ကို လိုက်ပါဖို့ လူများစွာရှိတာကြောင့် ကံကောင်းစွာပဲ သူမအနေနှင့် ဤအသေးအမွှားလေးကို သတိမထားမိခဲ့ပါပေ။ မဟုတ်ပါက သူမ၏ေမာင်လေးကို မနာလိုဖြစ်နေလောက်ပြီပင်။
"ဘာမှမဟုတ်ပါဘူး၊ ဒီကိစ္စက အကြီးအကဲလီဆန်းယာအတွက် လေးနက်တဲ့ကိစ္စဆိုလို ကိုယ် အံ့သြမိနေတာ။ အက်ဂ်နက်စ် အတွက်ကျ ဒီလောက်ကြီးတဲ့ ကိစ္စမျိုးတော့ မဟုတ်သလိုပဲ....." ရှုယီ သူဒီလိုပြောရင်း ခေါင်းယမ်းလိုက်သည်။
စတေးလ်က ရှုယီအနားမှာထိုင်ကာ “ရှင်ကတော့၊ အက်ဂ်နက်စ် က နတ်သူငယ်ဆိုပေမယ့် သူက မိန်းမပဲ မဟုတ်လား။ မိန်းမတွေရဲ့ ကိစ္စကို ဘယ်လိုနည်းနဲ့ သေးနိုင်မှာလဲ”
ရှုယီက ပြုံးပြကာ ၎င်းကို စတေးလ်နှင့် ဆွေးနွေးဖို့ အစီအစဉ် မရှိပါပေ။ သူဟာ သားငယ်ကို ပွေ့ချီ၍ မေးလိုက်သည် “ဒီအချိန်ရော ဘယ်လောက်ကြာအောင်နေမှာလဲ”
“သုံးလေးရက်လောက်ပေါ့။ လမ်ပူရီတိုင်းပြည် ဖျော်ဖြေရေးဈေးကွက်က အရေးကြီးကာလမှာ ရောက်နေလို့၊ အကြာကြီးခွာနေလို့မရဘူး။ မှော်စက်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေကို ပြုပြင်မွမ်းမံဖို့ အဓိကထားတဲ့အနေနဲ့ ဒီတစ်ခေါက်ပြန်လာတာ။”
"သုံးလေးရက်?" ရှုယီက မျက်မှောင်ကုပ်သည် "မင်း ချက်ချင်း ထွက်သွားရမှာ မဟုတ်ဘူးလား? မင်း ဒီကို ပြန်ရောက်ကတည်းက ဖရီးယာ၊ ဆန်ဒီ နဲ့ ဟာဗီးတို့နဲ့အတူ လဇ် နဲ့ လင်ဒါ ကိုပါ ခေါ်ခဲ့မယ်လို့တောင် ကိုယ် ပြောခဲ့တယ်။ ကိုယ် ဖရီးယာကို ကတိပေးပြီးပြီ၊ အခု မင်းက ဒီမှာရက်အနည်းငယ်ပဲနေမှာဆိုတော့ ဘယ်လိုလုပ်မှာလဲ"
စတေးလ်က သက်ပြင်းတစ်ချက်ချသည် “အခြားနည်းလမ်းမရှိဘူး၊ ကျွန်မက ဒီအချိန်မှာ အလုပ်အများဆုံးပဲ၊ အချိန်အများကြီးမပေးနိုင်ဘူး။ ပြောချင်တာက ရှင်ရော ဒီလောက် အားလပ်ချိန်တွေ ရနေလို့လား။ ကျွန်မထက် ရှင့်လုပ်စရာတွေ အများကြီးပိုရှိသေးတယ် မဟုတ်လား"
ရှုယီက ပခုံးတွန့်သည် "ဒီအတောအတွင်းမှာ ငါ အထူးအချိန်လုပ်ထားတာ။ နောက်ပြီး၊ အဆင်မပြေရင်၊ ဂရုစိုက်ဖို့ ခမ်နက်ဒ် ကို အချို့ကိစ္စတွေကို ပေးလို့ရတယ်။ ဒါပေမယ့် စတေးလ် မင်းကို အကူအညီပေးဖို့ လူအချို့ကို လေ့ကျင့်ပေးရအောင် စဉ်းစားသင့်တယ်။ အရာရာတိုင်းကို အမြဲဂရုစိုက်နေရင် မကောင်းဘူး။”
“ကျွန်မလည်း လုပ်ချင်ပေမယ့် ဖျော်ဖြေရေးတွေကို နားလည်နိုင်တဲ့ ကျွန်မတို့ရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက လူနည်းနည်းပဲရှိတယ်။ ဘယ်သူက ကျွန်မကိုကူညီနိုင်မှာလည်း ရှင်လား?"
"ဒါက....." ရှုယီက ဘယ်လိုပြန်ဖြေရမလဲ မသိပေ။
ကမ္ဘာပေါ်ရှိ တီဗီရုပ်ရှင်များနှင့် အခြားဖျော်ဖြေမှုများကို တုပရန် စိတ်ကူးယဉ်မှော်ပရိုဂျက်တာများကို သုတေသနနှင့် တီထွင်ဖန်တီး၍ စိုင်စ်နယ်မြေကြီးတွင် ပြီးပြည့်စုံသော မှော်ဆန်သည့် စိတ်ကူးယဉ် ဖျော်ဖြေရေး မော်ဒယ်လ်ကို တည်ဆောက်ဖို့ရာ မူလက ရှုယီစိတ်ကူး၍ ပြီးနောက် စတေးလ်ထံသို့ အဆိုပြုခဲ့သည်။
စိတ်ကူးယဉ် မှော်ပုံရိပ်ယောင် ပရိုဂျက်တာကို အသုံးပြု၍ ကမ္ဘာမြေကြီးမှကဲ့သို့ စိုင်စ်နယ်မြေကြီးတွင် ဖျော်ဖြေရေး လုပ်ငန်းကို ပြီးပြည့်စုံအောင် တည်ဆောက်ရန်မှာ ရှုယီလုပ်ချင်သည့်အရာဖြစ်ပြီး သူသည် စတေးလ်အား ပေးခဲ့လိုက်သည်။
ရှုယီနှင့် မကြာခဏ အတူရှိနေကြသည့် စတေးလ်မှလွဲအပြင် ဤအရာကို အမှန်တကယ် နားလည်သူ တစ်ယောက်မျှ မရှိခဲ့ပေ။ ကူညီပေးသူတောင် ရှာမတွေ့သေးချေ။
ရှုယီက မျက်မှောင်ကုပ်ကာ စဉ်းစားနေသည်၊ "ဒါဆိုရင်ရော ဘယ်လိုလဲ၊ Frestechမှော်စက်မှုကျောင်းတော်မှာ ဖျော်ဖြေရေးကဏ္ဍတစ်ခု ဖွင့်လိုက်မယ်။ မှော်ပုံရိပ်ယောင် လေ့လာဖို့ အထူးပြုပြီး တစ်ချိန်တည်းမှာပဲ၊ မှော်သုတေသနဌာနကနေ စိတ်ပါဝင်စားတဲ့ မှော်ပညာရှင်အချို့ကို အချိန်ပိုင်းဆရာတွေအဖြစ်နဲ့ ဒီစွမ်းရည်တွေကို ပြုစုပျိုးထောင်ဖို့ ကူညီပေးခိုင်းမယ်။ မင်းဘယ်လိုထင်လဲ?"
စတေးလ်၏ မျက်လုံးများ တောက်ပသွားသည် “အဲဒါဆို ကောင်းတာပေါ့။ ဒီကဏ္ဍမှာ ထူးချွန်တဲ့သူတွေရှိရင်၊ ကျွန်မအတွက် ပိုလွယ်လိမ့်မယ်။ ရှုယီ ဒီ မှော်ပုံရိပ်ယောင်ဖျော်ဖြေရေးလုပ်ငန်းက စိုင်စ်နယ်မြေကြီး မှာ အရမ်းနာမည်ကြီးလာမယ်ဆိုတာ ကျွန်မသေချာတယ်။ မြို့ငယ်လေးတွေမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာ အကြီးစားတွေကို တပ်ဆင်ပြီး ရုပ်ရှင်တွေစပြတုန်းက မြို့နေပြည်သူတွေကြားမှာ ဘယ်လောက်ထိ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရလဲ သိလား။ ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို တစ်ခါမှ မမြင်ဖူးဘူးလို့ တော်တော်များများကပြောကြပြီး ကျွန်မတို့ရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းကို ရုပ်ရှင်တွေ ပိုရိုက်စေချင်ကြတယ်”
"အိုး? လူကြိုက်များတာ ကောင်းပါတယ်။”ရှုယီက ပြုံးပြီးပြောသည် "ဒါဆို ကိုယ်အရင်ကပြောခဲ့တဲ့ ကြော်ငြာရော ဘယ်လိုနေလဲ"
စတေးလ်က လက်နှစ်ချောင်းထောင်ကာ ပြုံးသည်။
“အရမ်းအဆင်ပြေတယ်။ အခုအချိန်မှာ ကုမ္ပဏီပေါင်း ၃၇ ခုထံက ကြော်ငြာတောင်းဆိုမှုတွေကို လက်ခံရရှိထားပြီးပြီ။ ကျွန်မတို့ ရွှေဒင်္ဂါးသုံးသောင်း ရခဲ့တယ်။ ဟုတ်ပါပြီ...ရှင်ဘာရယ်တာလဲ"
"အင်း...... မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး" ရှုယီက လက်ကို ဝှေ့ယမ်းပြီး မျက်နှာပေါ်က အပြုံးကို ဖယ်ရှားလိုက်သည်၊ "သုံးသောင်းဈေးက နည်းနည်းသက်သာတယ်လို့ ခံစားရတယ်၊ ဒီလိုမျိုးက ပိုက်ဆံရှာဖို့ ခက်နေတာမဟုတ်ဘူးလား။"
"ဒါကအစပဲ၊ ကျွန်မတို့အရှုံးမခံရတာပဲ ကောင်းနေပြီ" စတေးလ်က ခေါင်းခါသည် “နောက်ပြီး၊ ကျွန်မတို့မှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေကို မြို့ဆယ့်သုံးမြို့မှာ တပ်ဆင်ထားတယ်၊ ဒါပေမယ့် ကျွန်မတို့အနေနဲ့ လမ်ပူရီတိုင်းပြည် တစ်ခုလုံးကို လွှမ်းခြုံဖို့ ဝေးနေတယ်။ လမ်ပူရီတိုင်းပြည်က မြို့တိုင်းကို ရောက်တဲ့အခါ၊ ကျေးရွာတစ်ခုစီမှာ မှော်ပုံရိပ်မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေဆင်ပြီး လမ်ပူရီတိုင်းပြည်ရဲ့ လက်မတိုင်းကို လွှမ်းခြုံထားတဲ့အခါမှ ဈေးနှုန်းမြှင့်ရင်လည်း အချိန်မနှောင်းသေးပါဘူး။"
"ကောင်းပါပြီ၊ မင်းမှာ အစီအစဉ်ရှိပြီးသားဆိုတော့ ကိုယ်ဘာမှ မပြောတော့ဘူး။ သွားရအောင်၊ အားနက်စ် အိပ်ပျော်နေပြီ၊ သူ့ကို ဂရုစိုက်ဖို့ ကာရိုးလ်ကို ပေးပြီးတော့ ခရီးထွက်ရအောင်။" ရှုယီမတ်တပ်ရပ်လိုက်သည်။
စတေးလ် တအံ့တသြ ငုံ့ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲက ကလေးငယ်က မျက်လုံးမှိတ်ထားပြီးသား ဖြစ်နေသည် ။ သူ၏နို့စို့ ခြင်းကိုလည်း ရပ်တန့်နေပြီဖြစ်သည်။
"ဘယ်သွားမလို့လဲ?"
"လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို မြန်မြန် ဖုံးလွှမ်းဖို့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို လိုချင်တယ်လို့ မင်းပြောတာမဟုတ်ဘူးလား။ ရွာတိုင်းမှာ တစ်လုံးဆင်ရုံနဲ့ မလုံလောက်ဘူးလို့ ကိုယ်ခံစားရတယ်၊ မိသားစုတိုင်းအတွက် ထားပေးရင် အကောင်းဆုံးဖြစ်မှာပါ။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......”စတေးလ်က မျက်မှောင်ကုပ်လိုက်သည်။
"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။" ရှုယီကပြောငည်။ "နေ့စဉ်အိမ်မှုကိစ္စအများစုနဲ့ အိမ်မှုကိစ္စတွေကို မှော်စက်တွေနဲ့ အစားထိုးမယ်လို့ ကိုယ်မင်းကို အရင်ကပြောခဲ့မယ်ဆိုရင် ယုံမှာလား။"
နံရံပေါ်က မှော်လေပေးစက်၊ ပြတင်းပေါက်နားက မှော်လေသန့်စင်စက်နှင့် သူ့အပေါ်က မှော်မီးအိမ်တွေကို ကြည့်ရင်း စတေးလ်မှာ ရှုယီ မနေနိုင်စွာ ပြုံးပြလာသည်။
"ဟုတ်တယ်၊ အမြဲတမ်း အံ့သြစရာတွေ လုပ်တတ်တဲ့ ဥက္ကဌ ရှု၊ ဒီတစ်ခါ ရှင် ကျွန်မကို ဘယ်လို အံ့အားသင့်စေမှာလဲ"
"မြင်ပြီးရင် သိလိမ့်မယ်"
ဆယ်မိနစ်အကြာတွင် စတေးလ် နှင့် ရှုယီသည် မှော်သုတေသနဌာနသို့ မှော်ဆလွန်းကို ယူကာသွားခဲ့သည်။
သူတို့နှစ်ယောက် အတူတူ ပေါ်လာသည်ကို မြင်တော့ မှော်သုတေသနဌာနက အားလုံး အံ့သြသွားကြ၏။
"အယ်?စတေးလ် နင်က ဒီနေ့ ဥက္ကဌနဲ့အတူ လာခဲ့တာပဲ ဒါမျိုးက တကယ်ရှားတယ်” အာကာလီ ရောက်လာပြီး တိုက်သစ်တစ်ခုလုံးကို တွေ့သလို စတေးလ်နှင့် ရှုယီ လှည့်ပတ်ကြည့်သွားခဲ့သည်။
"ဟုတ်တယ် ဥက္ကဌနဲ့ဘယ်လိုရောက်လာတာလဲ?" ထိုသတင်းကိုလက်ခံရရှိသည့် အီဗီတာ ဟာ အံ့သြသည့်ဟန်ဖြင့် ရောက်လာပါ၏။
စတေးလ်က သူတို့နှစ်ယောက်ကို အားကိုးတကြီးကြည့်နေသည် “ဒီမေးခွန်းက သိပ်ထူးဆန်းတယ်လို့ မထင်ဘူးလား။ ငါက ရှုယီရဲ့ မိန်းမလေ၊ ငါတို့ အတူတူ ပေါင်းလာရင် ထူးဆန်းနေမှာလား။"
"တခြားနေရာတွေကို အတူတူသွားလည်ရင် မထူးဆန်းပါဘူး ဒါပေမယ့် ဒီကို အတူတူလာလည်ရင် ထူးဆန်းတယ်" အာကာလီကဆိုသည် "နင့်ရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းကို စလုပ်ကတည်းက နင် ဒီကို တစ်ခါမှ မရောက်ဖူးဘူးလေ"
သူမ ခပ်တိုးတိုးလေး နှာမှုတ်လိုက်ပြီး အီဗီတာ ဘက်ကို လှည့်ပြောသည် "အီဗီတာ၊ ငါချိန်းထားပြီးသား ဟုတ်တယ်မလား"
အီဗီတာ က ခပ်ဖျော့ဖျော့ပြုံးပြသည် “ဟုတ်တယ်၊ နင် မှော်ပုံရိပ်ယောင်ပရိုဂျက်တာနဲ့ပတ်သက်တဲ့ ပြဿနာအကြောင်း ဆွေးနွေးဖို့ ချိန်းထားတာ။ ဥက္ကဌ နဲ့ လာမယ်လို့ မထင်ခဲ့ဘူး” ထိုသို့ပြောပြီးနောက် သူမက ရှုယီ ဘက်လှည့်လာသည် "ဥက္ကဌ၊ ရှင် စတေးလ် နဲ့လာတာက မှော်ပုံရိပ်ယောင်ပရိုဂျက်တာအတွက် အထူးတောင်းဆိုမှုတွေ ဒါမှမဟုတ် ညွှန်ကြားချက်တွေရှိလို့လား"
“ညွှန်ကြားချက်မရှိပါဘူး၊ ဒါပေမယ့် တောင်းဆိုချက်နည်းနည်းတော့ရှိပါတယ်၊ ဒါပေမယ့် ကျုပ် တောင်းဆိုချက်တွေက စတေးလ် နဲ့ နည်းနည်းငယ်ကွာခြားတယ်။ မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေအတွက် အလုပ်လုပ်တဲ့ သုတေသီများကို သွားပြီး စုလိုက်ပါ၊ သူတို့နဲ့ တွေ့ရမယ်။"
“ကောင်းပါပြီ။”
အီဗီတာ ထွက်သွားသည်ကိုမြင်တော့ အာကာလီ က စတေးလ်၏လက်ကောက်ဝတ်ကို လျှို့ဝှက်ဆွဲယူပြီး ထောင့်တစ်နေရာကို ဆွဲခေါ်လာသည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်သောဟန်ဖြင့် စတေးလ်ကို မကြည့်မီ အဝေးမှ အခြားသုတေသီများနှင့် စကားပြောနေသည့် ရှုယီကို ဦးစွာကြည့်လိုက်သည်။
သူမ၏အမူအရာက ပုံမှန်မဟုတ်တာကို မြင်လိုက်တာကြောင့် စတေးလ်က သူမ နဖူးကို တို့ပြီး မေးလိုက်၏ “ဒါက ဘာလဲ”
"စတေးလ်......နင်.....နောက်ဆုံးမှာ အန္တရာယ်ကို ခံစားမိပြီလား" ထိုသို့မမေးခင် အာကာလီ ခဏရပ်လိုက်၏။
***
မှော်စက်မှုအင်ပါယာ
• February 22 at 02:37
Vol 6, အခန်း ၁၃။ ၎င်းတို့နှင့် ကစားဖို့အချိန်မရှိ
ဖရီးယာထံ၌ မည်သို့သော မကျေနပ်ဟန်ရှိရှိ သုံးရက်ကြာပြီးနောက် စတေးလ်မှာ စတက်တိန်းနယ်မြေမှ ထွက်ခွာကာ လမ်ပူရီတိုင်းပြည်ထံ ပြန်လည်ဦးတည်လာခဲ့သည်။
ဤသုံးရက်အတွင်း သူမဟာ မှော်သုတေသနဌာန၌ ရှုယီနှင့် အစည်းအဝေးများစွာ ရှိခဲ့ပြီး မျိုးဆက်သစ် မှော်ပုံရိပ်ယောင် ပရိုဂျက်တာများအတွက် လိုအပ်သည်များ ပြင်ဆင်နေခဲ့သည်။
ရှုယီ၏ အကြံပြုချက်ရပြီးနောက် မျိုးဆက်သစ်မှော်ပုံရိပ်ယောင်ပရိုဂျက်တာ၌ အမျိုးကွဲနှစ်ခု ရှိလာလောက်သည်။
တစ်ခုက ရုပ်ရှင်ရုံကြီးများတွင် ပရောဂျက်အတွက် အသုံးပြုမည့် ကြီးမားသော မှော်ပုံရိပ်ယောင်ပရိုဂျက်တာဖြစ်သည်။
နောက်တစ်မျိုးကတော့ အိမ်တွေမှာသုံးမည့် သေးငယ်သည့်ပုံစံပင်။
ရှုယီ၏ စိတ်ကူးအရ၊ ၎င်းက ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအကြားက ကွာခြားချက်ပါပင်။
တောင်းဆိုမှုတွေလည်း အများကြီးရှိပါသေး၏။ ဥပမာအားဖြင့်၊ ရုပ်ရှင်များကိုပြသသည့်အခါတွင်၎င်းတို့သည်မည်သည့်အရာမှလွှမ်းမိုးမှုမခံရစေရန်တောင်းဆိုခဲ့သည်။
ဥပမာအားဖြင့်၊ လမ်ပူရီတိုင်းပြည်၏မြို့ကြီးတစ်မြို့၌ ရုပ်ရှင်ကိုပြသသောအခါတွင် မုန်တိုင်းတစ်ခုနှင့် ကြုံခဲ့ရသည်။
မုန်တိုင်းကြောင့် ပရိုဂျက်တာ မှုန်ဝါးဝါးဖြစ်ရုံ
သာမက မိုးရွာသဖြင့် ပြဿနာများ ကြုံခဲ့ရသည်။
သို့မဟုတ် ဥပမာအားဖြင့်၊ သူမသည် အလိုအလျောက်ဖွင့်ထားသည့် ရုပ်ရှင်များကို အပြန်ပြန်အလှန်လှန် ဖွင့်ချင်သည် သို့မှသာ ၎င်းတို့ကို ရပ်တန့်နိုင် ပြောင်းလဲနိုင်ကာ လူများကို သက်သာစေနိုင်သည်။
သို့မှမဟုတ် ဥပမာ ......
.....
ဟုတ်ပါ၏၊ ထိုတောင်းဆိုချက်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါချေ၊ ထို့ကြောင့် စတေးလ်က သူမရဲ့ တောင်းဆိုချက်တွေကို မြှင့်တင်ခဲ့ရာ မကြာခင် ဖြေရှင်းနိုင်လိမ့်မယ်ဟု မမျှော်လင့်ထားပါပေ။
ယင်းနှင့် နှိုင်းယှဉ်ပါက၊ သူမအတွက် အရေးကြီးဆုံး အလုပ်မှာ ဤ ပုံရိပ်ယောင် ရုပ်ရှင်များအား အနီးနားရှိ နိုင်ငံများမှ လူများ သိစေရန် ဖြစ်သည်။
ထို့ကြောင့် သူမသည် လွန်ခဲ့သော နှစ်ဝက်တွင် တစ်လကျော်ကြာအောင်ပင် အလုပ်များနေခဲ့သည်။
ရှုယီသည် ဤအခြေအနေအတွက် အလွန်အကူအညီမဲ့နေခဲ့သည်။
သူသည် သူမနှင့်သက်ဆိုင်သည့်အလုပ်ရှာဖွေရာတွင် ပံ့ပိုးကူညီခဲ့သူဖြစ်ပြီး၊ ယခုသူမနှစ်သက်သောအလုပ်ကို နောက်ဆုံးတွင်တွေ့ရှိခဲ့ရာ၊ ၎င်းကိုမလုပ်တော့ရန် မည်သို့ပြောနိုင်မည်နည်း။
စတေးလ်နှင့် ယှဉ်လျှင် သူက အဆပေါင်းများစွာ အလုပ်ရှုပ်သည်ဟု မဆိုလိုပါချေ။
စတေးလ်ထွက်သွားပြီးနောက် နောက်ဆုံးတွင် ရှုယီ သည် ဖရီးယာ၊ လဇ်၊ လင်ဒါ နှင့် သူတို့၏ကလေးများဖြစ်ကြသည့် ဆန်ဒီ နှင့် ဟာဗီးတို့ကို သူနှင့်အတူ ခေါ်ဆောင်ရန် အားလပ်ရက်ရှာသည်။ ကာရိုးလ် နှင့် Betty တို့ကလည်း ကမ်းခြေကို အတူတူသွားကြပါ၏။ နောက်နေ့မနက်၌ သူ့အိမ်တံခါးဝကို ရောက်လာသည့် ကိစ္စတွေ များလှသည်။
“ဥက္ကဌ၊ စတက်တိန်းနယ်မြေရဲ့ မှော်ဆက်သွယ်ရေးကွန်ရက်က တစ်ဝက်ပြီးသွားပြီ။ အချက်ပြမှုမရှိတဲ့ တစ်ခုတည်းသောနေရာတွေက ဒီနေရာနဲ့ ဒီနေရာပဲ......"
အာကာလီ ဦးဆောင်သောအဖွဲ့သည် မှော်ဆက်သွယ်ရေးကွန်ရက်တာဝန်ခံဖြစ်သော်လည်း အမှန်တကယ်တွင် မှော်အချက်ပြတာဝါတိုင်များ တည်ဆောက်ခြင်းနှင့် မှော်အချက်ပြမှုများကို ဖန်တီးခြင်းတို့ကို Frestech ကုန်သည်ကြီးများအသင်း နှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းတို့က လုပ်ဆောင်ခဲ့ကြသည်။
ထိုပရောဂျက်အတွက် မန်နေဂျာမှာ ဆောက်လုပ်ရေးနှင့် အတွေ့အကြုံကြွယ်ဝသော အမ်ရစ် ကုန်သည်ကြီးများအသင်းမှ အကြီးတန်းမန်နေဂျာ ဒရာဂိုအွမ်ပက်စ် က စတက်တိန်းနယ်မြေ ရှိ မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်မည့် ပရောဂျက်အတွက် တာဝန်ယူခဲ့သည်။
မြေပုံပေါ်တွင် ဒရာဂိုအွမ်ပက်စ် ညွှန်ပြသည့်နေရာများကို မြင်လိုက်ရသဖြင့် ရှုယီက မျက်မှောင်ကုပ်လိုက်သည်။
“ဒီကောင်တွေ ထပ်ဖြစ်ပြန်ပြီ..... ခင်ဗျား မှော်အချက်ပြတာဝါတိုင်တွေ ဆောက်ဖို့ သွားတုန်းက ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ” ရှုယီက မေးသည်။
“ဒီမျိုးရိုးမြင့်တွေက အပေါ်ယံမှာ ယဉ်ကျေးပုံရတယ်။ ဒီနေရာတွေက သူတို့ရဲ့ သီးသန့်နယ်မြေမဟုတ်တော့ဘဲ ကွန်ဂရက်လွှတ်တော်က မှော်အချက်ပြတာဝါတိုင်တွေကို စွက်ဖက်ခြင်းမပြုဖို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်လို့ ပြောခဲ့ကြတယ်၊ ဒါပေမယ့် .....”
၎င်းကိုပြောပြီးနောက် ဒရာဂိုအွမ်ပက်စ် က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းယမ်းလိုက်၏။ သူ့မျက်လုံးများသည် မကျေနပ်မှုများနှင့် ပြည့်နှက်နေပြီး ပို၍ပင် အကူအညီမဲ့နေပါသည်။
“ကျုပ်တို့ မှော်အချက်ပြတာဝါတိုင်တွေ ဆောက်ဖို့ ကြိုးစားတဲ့အခါ ပြဿနာအမျိုးမျိုးရှိခဲ့တယ်။ ဥပမာအားဖြင့်၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်မှာ ရပ်တန့်သွားတာမျိုး ဒါမှမဟုတ် နေထိုင်သူတွေကို ဒုက္ခရောက်စေတာမျိုးပေါ့။တိုတိုပြောရရင် အမျိုးမျိုးသော အရာတွေက ကျုပ်တို့ရဲ့ တိုးတက်မှုကို နှေးကွေးစေပါတယ်။ မှော်အချက်ပြတာဝါတွေအတွက် အရေးကြီးဆုံး အခြေခံအုတ်မြစ်ကိုတောင် မပြီးသေးပါဘူး။”
"နောက်ကွယ်က ကြိုးကိုင်နေတဲ့ မျိုးရိုးမြင့်တွေက သူတို့ဆိုတာ သေချာရဲ့လား" ရှုယီက မေးသည်။
“အဲဒါ.....သေချာပေမယ့် အထောက်အထားတော့ ရှာမတွေ့ဘူး။ နောက်ပြီး အထောက်အထားတွေ ရှာတွေ့ရင်တောင်မှ သူတို့က ဝန်ခံမှာ မဟုတ်ဘူး။” မန်နေဂျာ အွမ်ပက်စ် က ပိုလို့တောင် အကူအညီမဲ့သွား၏၊ "အရင်က မျိုးရိုးမြင့်တွေကို ရှာပြီး ဒီပြဿနာတွေကို ဖြေရှင်းပေးစေချင်ပေမယ့် အဲဒီနေရာတွေက သူတို့နယ်မြေမဟုတ်လို့ စီမံလို့မရဘူး"
"ဒီကောင်တွေ တကယ်ကို စက်ဆုပ်စရာကောင်းတယ်။" ရှုယီက ပြုံးလိုက်သည်။ စဉ်းစားပြီးသည်နှင့် သူက မန်နေဂျာ အွမ်ပက်စ် စောစောက သုံးခဲ့သည့် မြေပုံပေါ်က နေရာတော်တော်များများကို ညွှန်ပြလိုက်၏၊ "သွားပြီး ခမ်နက်ဒ်ကိုရှာ၊ ပြီးရင် သူ့ကို ခေါင်းဆောင် ဟတ်ဆီ ခေါ်လာခိုင်းပြီး လူဘယ်နှစ်ယောက် ခေါ်လာမလဲဆိုတာ ဆွေးနွေးလိုက်။"
"ခေါင်းဆောင် ဟတ်?" မန်နေဂျာ အွမ်ပက်စ်က အံ့အားသင့်သွားသည် " ဥက္ကဌ၊ အစောင့်တွေကို ခုထိ ရွှေ့ဖို့ မလိုသေးပါဘူး......"
“ဒီအဆင့်ကို မရောက်သေးပေမယ့် သူတို့နဲ့ ကစားဖို့ ကျုပ်တို့မှာ အချိန်မရှိဘူး။ မှော်ဆက်သွယ်ရေးကွန်ရက်နဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်က ကျုပ်အတွက် အရမ်းအရေးကြီးတာမို့၊ သူတို့ရဲ့ တိုးတက်မှုကို ဘယ်သူ့ကိုမှ နှောင့်နှေးဖို့ ခွင့်မပြုဘူး။” ရှုယီသည် အလွန်တည်ငြိမ်သောဟန်ရှိသော်လည်း သူ့အသံမှာ လူသတ်ချင်စိတ်နှင့် ပြည့်နေ၏၊ “အဲဒီလူတွေ နောက်တစ်ကြိမ် ထပ်ပြီးဒုက္ခပေးဝံ့ရင် နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုပေးပါလို့ ဟာ့ထ်ကို ပြောလိုက်ပါ”
ရှုယီ၏ အဓိပ္ပါယ်ကို ကြားတော့ မန်နေဂျာ အွမ်ပက်စ် က မနေနိုင်စွာ တုန်လှုပ်လို့သွားသည်။
ဥက္ကဌက သူတို့ကိုသတ်ဖို့ စီစဉ်နေတာလား။
ရှုယီသည် မန်နေဂျာ အွမ်ပက်စ်၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ မြေပုံကို ကြည့်ပြီးနောက် မေးသည်။ "ကျုပ်ကိုပြောပါ၊ အတားအဆီးမရှိရင်၊ စတက်တိန်းနယ်မြေမှာရှိတဲ့ မှော်ဆက်သွယ်ရေးကွန်ရက်ကို အပြီးသတ်ဖို့ ဘယ်လောက်ကြာမလဲ။"
မန်နေဂျာ အွမ်ပက်စ် က အေးအေးဆေးဆေး စဉ်းစားပြီး ပြန်ဖြေသည် “ဒီလိုမျိုး မမျှော်လင့်ထားတာ ဖြစ်မလာဘူးဆိုရင်တော့ ဒီနှစ်ကုန်မှာ နောက်ဆုံး ပြီးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မှော်ဆက်သွယ်ရေးကွန်ရက်ကို အပြီးသတ်ဖို့ ပြောနေတာဆိုရင် မှော်သုတေသနဌာနအပေါ် မူတည်ပါလိမ့်မယ်။”
"အင်း၊ ခင်ဗျား ဒီကိစ္စကို စိတ်ပူနေဖို့ မလိုပါဘူး။ လမ်ပူရီတိုင်းပြည် ဘက်ကရော ဘယ်လိုလဲ။”
ရှုယီက လမ်ပူရီတိုင်းပြည်အကြောင်းမေးသည်ကိုကြားတော့ မန်နေဂျာ အွမ်ပက်စ် ၏အမူအရာမှာ အနည်းငယ်ထူးဆန်းလာသည်။
“လမ်ပူရီ တိုင်းပြည်ဘက်က တော်ဝင်မိသားစုပဲဖြစ်ဖြစ် ပါလီမန်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ဒီမှော်ဆက်သွယ်ရေးကွန်ရက်ကို ထောက်ခံတဲ့အတွက်ကြောင့် ပိုပြီးတော့ ချောမွေ့ပါတယ်။ နိုင်ငံရဲ့ မျိုးရိုးမြင့်တွေကလည်းဒါကိုအကောင်းမြင်ကြပြီး ကျုပ်တို့ကိုလိုက်ရှာကြတဲ့မျိုးရိုးမြင့် အတော်များများရှိကြတယ်။
"အင်း၊ အဲဒီလူတွေက စတက်တိန်းနယ်မြေရဲ့ အမှိုက်တွေထက် အများကြီး ဉာဏ်ကောင်းတယ်။" ရှုယီသည် မျက်လုံးများတွင် အားကိုးရာမဲ့ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းသည် လက်ရှိတွင်စတက်တိန်းနယ်မြေ၌တည်ရှိသောကြောင့်၊ သူသည်စတက်တိန်းနယ်မြေကို သူတို့အတွက် အုတ်မြစ်အခြေခံအဖြစ်သဘောထားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၊ စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များသည် သူ့အား အနည်းငယ် ဒုက္ခပေးလာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ဒုခ် Wein အကြောင်းကို မပြောနှင့် စတက်တိန်းနယ်မြေမှ မျိုးရိုးမြင့်များအားလုံးသည် ၎င်းတို့၏ အလုပ်များကို နှောင့်နှေးစေကာ နေရာအမျိုးမျိုးတွင် အတားအဆီးများ ဖန်တီးခဲ့ကြသည်။
အန်ကလိုသည် နောက်ဆုံးအကြိမ်က မှော်အချက်ပြတာဝါတိုင်များကို ဆန့်ကျင်ရန် သခင်များစွာကို လျှို့ဝှက်စွာ စုစည်းထားခဲ့သည်။ ရှုယီကိုစော်ကားပြီးနောက်၊ အန်ကလို သည် ၎င်း၏ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ နုတ်ထွက်ခဲ့သည်သာမက စတက်တိန်းနယ်မြေရှိ ကိုယ်ပိုင်နယ်မြေများကိုပင် ဖျက်သိမ်းခဲ့ရသည်။
ယင်းက စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များကို အလွန်စိတ်မချမ်းသာစေခဲ့သလို တော်လှန်ပုန်ကန်ရန်လည်း မဝံ့မရဲဖြစ်သဖြင့် လျှို့ဝှက်စွာသာ ညည်းညူကြဆဲဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ခြင်းကို ပိတ်ဆို့ခြင်းအား လေဝင်လေထွက်အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ရှုယီသည် သူတို့၏ အတွေးအမြင်များကြောင့် လွန်စွာရှုပ်ထွေးနေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း စတက်တိန်းနယ်မြေသို့လာရောက်ခြင်းသည် စတက်တိန်းနယ်မြေ အတွက် အကျိုးကျေးဇူးများစွာရရှိစေသည်။
မျိုးရိုးမြင့်များမှာ ရော်ဘာစက်ရုံများ၊ စည်သွပ်သီးစက်ရုံများနှင့် ၎င်းတို့၏ အကြီးစား လယ်ယာလုပ်ငန်းခွင်များမှ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူတွဲ လုပ်ဆောင်ခြင်းဖြင် အကျိုးကျေးဇူးများစွာ ရရှိနေပြီးသားဖြစ်သည်။
သို့သော်လည်း သူတို့သည် အဓိပ္ပါယ်မရှိသော Frestech ကုန်သည်ကြီးများအသင်းအား မကျေနပ်ကြသေးပေ။
ရှုယီသည် တစ်ခုတည်းသော ရှင်းလင်းချက်အဖြစ် ဒေသခံများ၏ ငြင်းပယ်ခြင်းကိုသာ အသုံးချနိုင်သည် ။
"ဒါဆို ရူဒ်ဆန် တိုင်းပြည်ဘက်ကရော ဘယ်လိုလဲ။" ရှုယီက မန်နေဂျာ အွမ်ပက်စ် ကို မေးသည်။
“ကျုပ်တို့က ရူဒ်ဆန်တိုင်းပြည်ရဲ့ အနောက်ဘက်ဒေသကို စတင်စူးစမ်းနေပြီဆိုတော့ မှော်သုတေသနဌာနက အရာအားလုံးကို ပြင်ဆင်ထားသရွေ့၊ ရူဒ်ဆန် တိုင်းပြည်လွှတ်တော်က အတည်ပြုချက်ရရှိပြီးတာနဲ့ ကျုပ်တို့ရဲ့လုပ်ငန်းကို စတင်နိုင်မှာပဲ။” မန်နေဂျာ အွမ်ပက်စ် က ပြန်ပြောသည်။
“အင်း၊ ဒါက ချောမွေ့တယ်လို့ ယူဆနိုင်ပေမယ့် လူအင်အားကရော ဘယ်လိုလဲ။ ခင်ဗျားမှာ လူအလုံအလောက်ရှိလား"
“လူအင်အား” ဟူသော စကားကိုကြားတော့ မန်နေဂျာ အွမ်ပက်စ် က ခါးသီးစွာ ရယ်မောကာ လက်များကို ဖြန့်သည်၊ “အရှင် ဥက္ကဌ၊ လုံလောက်ပြီ ထင်လား”
ရှုယီသည်လည်း ပြောစရာမဲ့သွား၏။
လူအင်အားပြဿနာကို Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်များထုတ်လုပ်ခြင်းအပေါ် အာရုံစိုက်ထားခြင်းကြောင့် အတွေ့အကြုံရှိရုံမျှမက၊ Frestech ကုန်သည်ကြီးများအသင်းတွင်ပါ၀င်သော ထွန်းသစ်စစက်မှုလုပ်ငန်းအားလုံးသည် ထိုပြဿနာကို အဓိကကြုံတွေ့ခဲ့ရသည်ဟု ဆိုရမည်။
သို့ပေမယ့် လူတွေကို လေ့ကျင့်ဖို့ အချိန်ယူရသည့် အတွက် ဘာပဲဖြစ်ဖြစ် အလျင်စလို မလုပ်နိုင်ကြပေ။
“ကောင်းပြီလေ၊ ဒါဆိုရင် ဦးစားပေး ထားလိုက်ပါ။ စတက်တိန်းနယ်မြေရဲ့ မှော်ဆက်သွယ်ရေးကွန်ရက်က ထိပ်တန်းဦးစားပေးဖြစ်ပြီး ပြီးရင် လမ်ပူရီတိုင်းပြည်နဲ့ ရူဒ်ဆန် တိုင်းပြည်ပဲ။ ခင်ဗျားစတက်တိန်းနယ်မြေမှာ လုပ်ပြီးသွားရင် ဒါကို ထပ်ပြီး ဆွေးနွေးကြမယ်။" ရှုယီကဆို၏။
“နားလည်ပါတယ်၊ ဒါက ကျုပ်ရဲ့ လက်ရှိအစီအစဉ်တစ်ခုလည်း ဖြစ်တယ်။”
“အင်း၊ အချိန်က အဖိုးတန်တာမို့ အဲဒီလူမိုက်တွေဆီမှာ ဖြုန်းတီးလို့ မရဘူး။ အွန်ပက်စ်၊ ဒီတစ်ခါတော့ ခင်ဗျားကို နောက်တစ်ခါ နှောင့်နှေးနေတာ မတွေ့ချင်ဘူးမို့ ဟာ့ထ် ကို ဦးဆောင်ခွင့်ပေးလိုက်တာပဲ ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား"
"နားလည်ပါတယ်။"
ရှုယီသည် သူ့မျက်လုံးများကို မြေပုံထံ အနည်းငယ်ကြာအောင် ပို့ထားပြီး တောင်ဘက်သို့ကြည့်လိုက်၏။
ထိုခေါင်းမာသော လူမိုက်များကို ရှင်းလင်းရေးလုပ်ရန်မှာ အလွန်ခက်ခဲသော်လည်း ထိုသူများသည် စတက်တိန်းနယ်မြေရှိ မှော်စက်လုပ်ငန်းကို အကောင်အထည်ဖော်ရန် ၎င်း၏အစီအစဉ်ကို အမှန်တကယ် ဆက်လက် ဟန့်တားလိုလျှင် ၎င်းတို့ကို သင်ခန်းစာပေးရန် စိတ်ကွက်မနေပေ။
ထို သင်ခန်းစာက သွေးနဲ့ ပေးရတဲ့ တန်ဖိုးတစ်ခု ဖြစ်ခဲ့ရင်တောင်မှပေါ့......
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၄။ နေပူပူအောက်က ဆောက်လုပ်ရေးဆိုက်
တစ်ရက်ပြီးတစ်ရက် အချိန်ကုန်ဆုံးသွားရာ ၎င်းတို့ ဆန္ဒမရှိလျှင်တောင် ရာသီဥတုက နွေလယ်သို့ ရောက်လာပြီဖြစ်သည်။
စိုင်စ်နယ်မြေကြီး၏ တောင်ပိုင်းနိုင်ငံများရှိ လူများအတွက် နွေရာသီမှာ ချွင်းချက်ရှိရှိ နွေးထွေးနေလိမ့်မည်။ မည်သူကမှ နာကျင်ခံစားမှုလေးသာရှိခြင်းကြောင့် နေရောင်အောက်၌ ချွေးမထွက်လိုကြချေ။
သို့သော် ၎င်းတို့သာ ချွေးသံများအတွက် ရွှေဒင်္ဂါးပြားများရနိုင်ပါလျှင် ထိုနာကျင်ခံစားရခြင်းက များစွာပိုမိုသက်သာလာလိမ့်မည်။
Frestech မှော်စက်မှုကျောင်းတော်၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အမ်ရစ် ကုန်သည်ကြီးများအသင်း အလုပ်သမားများသည် ဤအတွေးကို တွေးတောမိပါသည်။ သူတို့ခန္ဓာကိုယ်ကို အပူတွေ စိမ့်ဝင်နေပေမယ့်လည်း သူတို့လက်ကလုပ်နေသည့် အလုပ်တွေကို ရပ်တန့်မသွားပါချေ။
တကယ်တော့ အမ်ရစ် ကုန်သည်ကြီးများအသင်းဟာ အလုပ်သမားတွေကို တွန့်တိုသည့် ကုမ္ပဏီတစ်ခု မဟုတ်ပါချေ။ လမ်ပူရီတိုင်းပြည် နှင့် ပတ်ဝန်းကျင်နိုင်ငံများရှိ ကုမ္ပဏီအားလုံးကြားတွင် အမ်ရစ် ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ဝန်ထမ်းများအား ဆက်ဆံပုံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်ခဲ့သည်။
သို့သော် ယခုအကြိမ် Frestech ကုန်သည်ကြီးများအသင်းသည် အလျင်စလိုဖြစ်နေသောကြောင့် အမ်ရစ် ကုန်သည်ကြီးများအသင်းကို ယခုနှစ်ကုန်တွင် အပြီးသတ်ရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ပူပြင်းသော နေရောင်အောက်တွင် အလုပ်ခိုင်းစေခဲ့သည်။
ထို့အပြင် ယခုအကြိမ် စေလွှတ်သည့် အလုပ်သမားများကို နှစ်ဆိုင်းခွဲ၍ ပို့ဆောင်ပေးခဲ့သည်။ ညဘက်တွင်ပင် မှော်မီးအိမ်များအောက်၌ တစ်မိနစ်မျှ မရပ်မနား အလုပ်ဆက်လုပ်နေသည့် အလုပ်သမားများ ရှိနေသည်။
Frestech မှော်စက်မှုကျောင်းတော်အား အရေးတကြီးခံစားချက်ကြောင့် အမြန်တည်ဆောက်ခဲ့သည်။
ဆောက်လုပ်ပြီး တစ်လအတွင်းမှာပင် အကျယ်အဝန်း ၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ကျောင်းဝင်းအတွင်းရှိ အဆောက်အဦအများစုကို တည်ဆောက်ပြီးဖြစ်ကာ ပုံသဏ္ဍာန်အတိုင်း ဆက်လက်လုပ်ဆောင်နေပါသည်။
ဤဆောက်လုပ်ရေးတာဝန်ခံ ရီလိုင်း၏အဆိုအရ၊ သူတို့သာ ဤအရှိန်ကိုထိန်းထားမည်ဆိုလျှင် ဤနှစ်ကုန်အထိ စောင့်ဆိုင်းနေစရာတောင် မလိုပါပေ။
Frestech ကုန်သည်ကြီးများအသင်းမှ ဆောက်လုပ်ရေးမှော်စက် အများအပြားကြောင့် ၎င်းတို့သည် ဤအရှိန်ကို ထိန်းထားနိုင်ခဲ့သည်။
ဥပမာအားဖြင့်၊ Frestech ကုန်သည်ကြီးများအသင်း၏ အသစ်တီထွင်ထားသော မှော်ဘိလပ်မြေဖျော်စက်များသည် အလုပ်သမားများမှ ဘိလပ်မြေကို သဲထဲ ပစ်ထည့်လိုက်ရုံနှင့် မြန်မြန်ဆန်ဆန် ရောသွားနိုင်ပါ၏။ ၎င်းက အသုံးပြုရန် ကွန်ကရစ် ထောက်ပံ့ပေးသည်။
ဖြတ်ရလွယ်ကူသော အသစ်တီထွင်ထားသည့် သံမဏိတုံးများကို ဖြတ်နိုင်သော မှော်ဖြတ်စက်များကိုလည်း အသုံးပြုသည်။
ဤနည်းဖြင့်ပင် ၎င်းတို့၏ အုတ်မြစ်တည်ဆောက်မှု အရှိန်သည် ယခင်ကထက် များစွာ မြန်ဆန်လာခဲ့သည်။
ဆောက်လုပ်ရေးမှော်စက်တွေကို အသုံးမပြုသေးသည့် တခြားကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ကြည့်သည့်အခါ .....
နှိုင်းယှဉ်စရာ လုံးဝမရှိခဲ့ပါ။
အမ်ရစ် ကုန်သည်ကြီးများအသင်းသည် ယခင်က ဘန်တာမြို့တော်၏ ကောင်းမွန်သော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဟုသာ ယူဆနိုင်သည်၊ Frestech ကုန်သည်ကြီးများအသင်းနှင့် စတင်လုပ်ကိုင်ကတည်းက ၎င်းတို့သည် ယခုအခါ ပတ်ဝန်းကျင်နိုင်ငံများတွင် သြဇာအရှိဆုံး ဆောက်လုပ်ရေးကုမ္ပဏီများထဲမှတစ်ခုဖြစ်လာသည်။
၎င်းတို့၏ မြန်နှုန်း သို့မဟုတ် အရည်အသွေး၊ သို့မဟုတ် ၎င်းတို့၏ပုံစံပင်ဖြစ်စေ အခြားကုမ္ပဏီများကို အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် တူညီသောအဆင့်တွင် မထားရှိနိုင်ပါ။
ဥပမာအားဖြင့်၊ ပြီးခဲ့သောလက ဘန်တာမြို့တော်ခရိုင်အသစ်တွင်တည်ဆောက်ခဲ့သော ဆယ့်သုံးထပ် ဘန်တာဟိုတယ်သည် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်ဆုံးဆောက်လုပ်ရေးနည်းပညာကိုကိုယ်စားပြုသည်။
တူညီသောဟိုတယ်ကို အခြားကုမ္ပဏီများက ဆောက်နိုင်သည်ဟု မပြောနှင့် လေထဲသို့ မီတာငါးဆယ်အထိရှိသည့် ဆယ့်သုံးထပ်ရှိသော အဆောက်အအုံကို ဆောက်ရန် မဖြစ်နိုင်သေးပါ။
ဤဟိုတယ်ဖြင့်သာ ဆောက်လုပ်ရေးလုပ်ငန်းတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကို ပြသရန် လုံလောက်ပါသည်။
ဒါတွေအားလုံးဟာ Frestech ကုန်သည်ကြီးများအသင်းနဲ့ သူတို့ရဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါ၏။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဆောက်လုပ်ရေးပရောဂျက်တစ်ခုခုရှိတဲ့အခါ အမ်ရစ်ကုန်သည်ကြီးများအသင်းက အမြဲတမ်း ဦးစားပေးလုပ်၏။ ပေါ့ဆမှုပင် မပြဝံ့ဘဲ ၎င်းတို့၏ အကောင်းဆုံးမန်နေဂျာများနှင့် ဆောက်လုပ်ရေးအဖွဲ့များကို စေလွှတ်မည်ဖြစ်သည်။
ဤ Frestech မှော်စက်မှုကျောင်းတော်သည် ရှုယီ အတွက် အရေးကြီးသော အရာဖြစ်သောကြောင့် ရှုယီ၏တောင်းဆိုမှုကို လက်ခံရရှိသောအခါ၊ ဥက္ကဌ ခရုစ်သည် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ ထိပ်တန်း ဆောက်လုပ်ရေး အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ အဆောက်အဦး၏ အရည်အသွေး ပြီးပြည့်စုံကြောင်း သေချာစေရန် ဤအရာကို ကိုယ်တိုင်ကြီးကြပ်ရန် ရာထူးတိုးပြီးသား ဒုဥက္ကဌ ရီလိုင်း ကိုပင် စေလွှတ်ခဲ့သည်။
ဒုဥက္ကဌအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်၊ ရီလိုင်းမှာ ကိုယ်ပိုင် ဆောက်လုပ်ရေးဆိုက်တစ်ခုကို ညွှန်ကြားနေရပြီဖြစ်သည်။
၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးသောပရောဂျက်တစ်ခုဖြစ်သည့်အတွက်ကြောင့်မဟုတ်ပါက ရီလိုင်း သည် ဤနေရာတွင်ရှိနေရန်မဖြစ်နိုင်ပါ။
ဟုတ်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်းတွင်အလုပ်လုပ်ရန် ရီလိုင်းသည်အလွန်ဆန္ဒရှိခဲ့သည်။
နောက်ဆုံးတွင်၊ သူသည် အမ်ရစ် ကုန်သည်ကြီးများအသင်းနှင့် Frestech ကုန်သည်ကြီးများအသင်းအကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု၏ ပရောဂျက်မန်နေဂျာဖြစ်သောကြောင့် ၎င်း၏ဒုဥက္ကဌရာထူးကို ရယူနိုင်ခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့ နှင့်သမိုင်းကြောင်းကိုပြောရလျှင် အမ်ရစ် ကုန်သည်ကြီးများအသင်း၌ သူနှင့်မည်သူမျှ မနှိုင်းယှဉ်နိုင်ပေ။ ဥက္ကဌ ခရုစ်တောင်မှ သူ့ထက် နည်းနည်းနိမ့်ပါ၏။
သို့ပေမယ့် ဘယ်လောက်ပဲ ဆန္ဒရှိပါစေ အမှန်တရားကို ရင်ဆိုင်နိုင်ရမည်။
ရီလိုင်း က သူတို့ခေါင်းပေါ်မှာ အချိန်အတော်ကြာအောင် ဖုံးအုပ်ထားသည့် နေကို ကြည့်ပြီး အပူဒဏ်ကို ခံစားနေရသည်။
မနေ့က အလုပ်မနားဘဲ အလုပ်ဆက်လုပ်ခိုင်းခဲ့သဖြင့် အပူဒဏ်ကြောင့် မူးလဲပြီး တိုးတက်မှု နှောင့်နှေးစေခဲ့သူ နှစ်ယောက်ရှိသည်။
သူဟာ ယခင်က ဒီအမှားမျိုး မလုပ်မိမှာ သေချာသော်လည်း Frestech ကုန်သည်ကြီးများအသင်းအတွက် ဤပရောဂျက်ကို အပြီးသတ်ဖို့ အလျင်စလိုနေတာကြောင့် ပေါ့လျော့လွန်းနေခဲ့ပါ၏။
အလုပ်သမားများကို မည်မျှကြာအောင် အနားယူရမည်ကို သူ တွက်ချက်နေချိန်တွင် ရီလိုင်း ၏ နောက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ ကြီးမားသော မှော်ကုန်ကားအသစ်များဖြစ်ကြောင်း သိရန် လှည့်ကြည့်ရန် မလိုအပ်ပါ။
မျှော်လင့်ထားသည့်အတိုင်း၊ ၎င်းနောက်တွင် အမှိုက်ပုံးကြီးတစ်ပုံးကို လူများဆွဲယူနိုင်သည့်ထက် နှစ်ဆပိုမြင့်သည့် ဧရာမ မှော်ကားငါးစီး တန်းစီနေသည်။
ဤမှော်ကားငါးစီးသည် လွန်ခဲ့သည့်နှစ်လကထွက်ရှိခဲ့သော Frestech ကုန်သည်ကြီးများအသင်း၏ ကြီးမားသော ဆောက်လုပ်ရေးဆိုင်ရာသယ်ယူပို့ဆောင်ရေး မှော်ကားများဖြစ်သည်။
ဤ မှော်ကားသည် ကြီးမားသော သယ်ယူပို့ဆောင်ရေး မှော်ကားများနှင့် နှိုင်းယှဉ်ပါက သိုလှောင်ရန်နေရာ ပိုမများသော်လည်း တန်တစ်ရာကျော်ပင် ဝန်တင်ဆောင်နိုင်မှုက ပိုမိုများပြားပါသည်။
ထိုသို့ ကြောက်စရာကောင်းသည် ဝန်'ထမ်းစွမ်းရည်နှင့် မိုင်းတွင်းလို လုပ်ငန်းခွင်တွေအတွက် အလွန်သင့်တော်သည်မို့ ထုတ်ပြပြီးသည်နှင့် လမ်ပူရီတိုင်းပြည်၏ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်၏ သတ္တုတူးဖော်ရေးကုမ္ပဏီများကဲ့သို့သောကုမ္ပဏီများမှ ကြိုဆိုခဲ့ကြသည်။
ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းက စုစုပေါင်း ရွှေဒင်္ဂါး ခုနစ်သိန်းဖြင့် အစီးတစ်ရာကို မှာထားပြီးသားပင်။
မှန်ပါ၏၊ မှော်ကုန်တင်ကားကြီးတစ်စီးက အံ့သြစရာကောင်းလောက်အောင် ရွှေဒင်္ဂါးခုနစ်ထောင်တန်သည်။
သို့သော် ဤအံ့သြဖွယ်စျေးနှုန်းဖြင့်ပင် လူများက ၎င်းတို့ကို လုယူခဲ့ကြသည်။ အချို့ကိုဝယ်လိုသော အမ်ရစ် ကုန်သည်ကြီးများအသင်းပင်လျှင် ဥက္ကဌ ခရုစ် နှင့် ရှုယီ၏ ကိုယ်ရေးကိုယ်တာဆက်ဆံရေးကို အားကိုးခဲ့ရသည်။
ထို့အပြင်၊ ဤကဲ့သို့ပင် Frestech ကုန်သည်ကြီးများအသင်းသည် အမှာစာပေါင်း တစ်ရာ့ငါးဆယ်ကို နှစ်ကုန်မှသာ အပြီးသတ်နိုင်မည်ဖြစ်သည်။
အခြားနည်းလမ်းမရှိပါ၊ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိသည်၊ ၎င်းသည် ရှုယီကိုပင် အကူအညီမဲ့သွားသလို ခံစားရစေသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ ခရုစ်ထံပေးခဲ့သော အဆိုပါ မှော်ကုန်တင်ကားကြီးငါးစီးကို ထုတ်ပေးခဲ့ခြင်းဖြစ်ရာ ဤပရောဂျက်သည် သူ့အတွက် မည်မျှအရေးကြီးသည်ကို တွေ့မြင်နိုင်ပါသည်။
သူတို့၏ တိုးတက်မှုကို ချောမွေ့စေခဲ့သည့် ဤ မှော်ကုန်တင်ကားငါးစီးကို ပိုင်ဆိုင်ခွင့်ရတာ ကံကောင်းပါ၏။
ခဏအကြာတွင် မှော်ထရပ်ကားငါးစီးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အပြင်ဘက်တွင် ဖြည်းညှင်းစွာရပ်သွားသည်။ မှော်ကုန်တင်ကားတစ်စီး၏ခရီးသည်တံခါးပွင့်လာကာ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းမှ မန်နေဂျာဖြစ်သည်။
ရီလိုင်း က သူ့ကိုတွေ့တော့ အံ့သြသွားပြီး သူ့ကို နှုတ်ဆက်ဖို့ လာခဲ့သည်။
"မန်နေဂျာ ဗီတို၊ မင်းဘာလို့ဒီကိုရောက်နေတာလဲ။ အခုက နေပူနေပြီ....."
မန်နေဂျာ ဗီတို သည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် ဖြစ်နေသော နေကို မျှော်ကြည့်သည်။ ထို့နောက် ခေါင်းယမ်းပြီး သက်ပြင်းချရင်း ပြောလာ၏ “ဒီရာသီဥတုက ခင်ဗျားတို့အားလုံး အလုပ်ဖြစ်ဖို့ ခက်တယ်။"
မန်နေဂျာ ဗီတို သည် ကုန်တင်ကားကို ဖြတ်သွားပြီး သူ့နောက်သို့ ဝှေ့ယမ်းလိုက်ရာ၊ Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် လူငယ်အများအပြားသည် ပစ္စည်းများစွာကို ချရန် နောက်ဆုံး မှော်ကုန်တင်ကားထဲမှ ထွက်လာကြသည်။
"ဒါက....." ရီလိုင်း အံ့သြသွားသည်။
“မန်နေဂျာ ရီလိုင်း၊ ခင်ဗျားနဲ့ ခင်ဗျားတို့ ညီအစ်ကိုတွေက ဒီလိုပူတဲ့နေ့မျိုးမှာ အလုပ်လုပ်နေတာ၊ ခင်ဗျားတို့အတွက် တကယ်ကို ခက်တယ်။ ဒါကြောင့် ဥက္ကဌက ခင်ဗျားတို့အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုအချို့ကို ဆောင်ရွက်ပေးတာပါ။ ကြည့်ပါဦး ညီအစ်ကိုတို့ ရေငတ်တာကို ပြေပျောက်စေပြီး သက်သာလာစေဖို့ လရိပ်ဖျော်ရည်ကုမ္ပဏီကလာတဲ့ ဗင်နီလာ အအေးဖျော်ရည်အသစ်ကို ကျုပ်ယူလာပေးတယ်။"
ရီလိုင်း က ထိုအိုးကြီးကျလာသည်ကိုတွေ့တော့ အံ့သြသွားကာ မနေနိုင်စွာ သူ့လက်ကို ဝှေ့ယမ်းပြသည်၊ "ဒါက ဥက္ကဌ ရှုက သိပ်ယဉ်ကျေးနေတာမဟုတ်ဘူးလား။ လရိပ်တံဆိပ်ရဲ့ အအေးဖျော်ရည်က အရမ်းစျေးကြီးတာလေ၊ တစ်ပုလင်းကို ရွှေဒင်္ဂါးဆယ်ပြားကျော် ကုန်ကျတယ် မဟုတ်ဘူးလား။"
“မများပါဘူး၊ ပေါက်ဈေးအရ ရွှေဒင်္ဂါးဆယ့်ရှစ်ပြားပဲရှိတယ်။ ပြီးတော့ လရိပ်မျိုးနွယ်စုနဲ့ ကျုပ်တို့၏ကုမ္ပဏီ၏ဆက်ဆံရေးကြောင့် လျှော့စျေးရပါတယ်။ ကောင်းပါပြီ၊ မန်နေဂျာ ရီလိုင်း၊ ခဏရပ်ပြီး အနားယူဖို့ အချိုရည်နည်းနည်းသောက်ပါဦး။ ရာသီဥတုက အရမ်းပူနေတယ်၊ ဂရုမစိုက်ရင် လူတွေက အပူဒဏ်ကနေ လဲကျရင် မကောင်းဘူးပေါ့။” ဗီတိုက ပြောသည်။
ရီလိုင်းသည် နေရခက်ဟန်ကို ထုတ်ပြရင်း အနည်းငယ် အံ့သြသွားသည်။
ဗီတို သည် မနေ့က အပူဒဏ်ကြောင့် မူးလဲသွားသည့် အလုပ်သမားများကြောင့် ရုတ်တရက် ထိုအရာများကို ယူဆောင်လာပုံရသည်မှာ သေချာပါသည်။
ဤကိစ္စသည် သူ့အမှားဖြစ်ပြီး ယခု ဗီတို က ၎င်းကိုပြောနေခြင်းဖြစ်ပြီး သဘာဝအတိုင်း အဆင်မပြေဖြစ်နေသည်။
ဗီတို က သူ့အတွေးတွေကို မြင်လိုက်ရသလိုပင်၊ သူ့ပခုံးကို ပုတ်ပြီး အသံကို လျှော့လိုက်၏။ “တကယ်တော့ ခင်ဗျား ဒီလောက် အလျင်လိုနေဖို့ မလိုပါဘူး။ ဥက္ကဌက ဒီနှစ်မကုန်ခင် ဒီကျောင်းတော်ကို ပြီးစေချင်ပေမယ့်၊ လူက ဘယ်အချိန်မဆို အရေးကြီးဆုံးဖြစ်တယ်လို့လည်း ပြောတယ်။ ဒါ့ကြောင့် အချိန်ဇယားကို မထိန်းထားနိုင်တာက ပြဿနာမဟုတ်ပေမယ့်လည်း ဆုံးရှုံးမှုနဲ့ မညီမျှတဲ့ အမြတ်ကိုရရင် ဘာမှ လုပ်လို့မရဘူး။ ဒါ့ထက်..... ရိုးရိုးသားသားပြောရရင် ဒီသင်တန်းကျောင်းက ဆက်သွားနိုင်ပါ့မလားဆိုတာ ပြောဖို့ခက်ပါတယ်။
"ဟမ်?"
ရီလိုင်း သည် စိတ်ရှုပ်နေကာ အံ့သြသောအကြည့်ဖြင့် ဗီတို ကိုကြည့်လိုက်သည်။
ဤသင်တန်းကျောင်းသည် ဥက္ကဌ ရှုက အလွန်အရေးပါသော နေရာဖြစ်သဖြင့် ၎င်းအတွက် ရွှေဒင်္ဂါးခြောက်သိန်းကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။
အကယ်၍ သူသာ ဒီပရောဂျက်ကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံထားသမျှ ဆုံးရှုံးမှာ မဟုတ်ဘူးလား?
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၅။ အတည်မပြုရသေးဘူးလား?
ဗီတိုမှာ ရီလိုင်းစိတ်ထဲရှိ မေးခွန်းကို ပြန်လည်ရှင်းပြခြင်းမပြုချေ။
သို့သော် ဗီတိုအတွက် အလုပ်သမားများကို အနားယူခွင့်ပေးခြင်းကို ရီလိုင်း စဉ်းစားပြီးနောက် ကောက်ချက်ဆွဲလိုက်သည်။
အလုပ်သမားများအတွက် နေအမြင့်ဆုံးအချိန်၌ အလုပ်လုပ်ဖို့မလိုချေ။ ရီလိုင်းက ၎င်းတို့ကို နေ့လည်စာအချိန်အပါအဝင် အနားယူရန် နောက်ထပ် နားချိန် အပိုနှစ်နာရီပေးကာ အနားယူစေပြီး အပူဆုံးရာသီဥတုကို ရှောင်ရှားစေသည်။
သို့သော် ယင်းသည် အလုပ်သမားများက မျှော်လင့်ထားသည့်အတိုင်း ကြိုဆိုခြင်းမရှိဘဲ လူအနည်းငယ်ကပင် ယင်းကို ကန့်ကွက်ခဲ့ကြသည်။
အလုပ်သမားများ၏ ကျိုးကြောင်းဆင်ခြင်မှုသည် အလွန်ရိုးရှင်းပါသည်။
အဘယ်ကြောင့်ဆိုသော် ဓလေ့ထုံးတမ်းအရ အလုပ်ချိန်နည်းသောကြောင့် ၎င်းတို့၏လုပ်အားခများ လျော့ကျသွားကြောင်း ထင်ရှားသည်။
အလုပ်သမားတွေ ဒီမှာအလုပ်လုပ်ရသည်က အရမ်းပင်ပန်းသော်လည်း တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားအထိ မြင့်မားသည့်လုပ်အားခတွေ ရနိုင်သည်။ ၎င်းသည် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ အခြားအလုပ်သမားများနှင့် နှိုင်းယှဉ်ပါက များစွာမြင့်မားသည်။
အဘယ်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းသည် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ ဘတ်ဂျက်ကို တိုးမြင့်စေပြီး လုပ်ငန်းများ အရှိန်မြှင့်ရန်အတွက် မြင့်မားသော လုပ်ခလစာ ပေးဆောင်မှုကို ပံ့ပိုးပေးခဲ့သောကြောင့် ဖြစ်သည်။
ဒုတိယအချက်၊ ဤ အလုပ်က အရမ်းခက်ခဲသဖြင့် အလုပ်သမားတွေကို လုံလောက်သည့် လစာမပေးဘူးဆိုပါလျှင် ဤအလုပ်ကို လက်ခံချင်သည့်လူတွေ ရှိမှာမဟုတ်ပေ။
သို့ပေမယ့် သူတို့ ဒီအလုပ်ကို လက်ခံပြီးကတည်းက ဒီလစာတွေ ကြီးကြီးမားမားကြောင့် လာကြခြင်းပင်။ သူတို့ အနားယူချိန် ပိုရသော်လည်း လစာတွေ လျော့သွားလျှင်တော့ အဓိပ္ပါယ်မရှိပါချေ။
သို့သော် ရီလိုင်း ၏တောင်းဆိုချက်ကြောင့် အလုပ်သမားများသည် နောက်ဆုံးတွင် ဆက်လက်ကန့်ကွက်ခြင်းမပြုနိုင်ဘဲ ဤအစီအစဉ်များကိုသာ လက်ခံနိုင်ခဲ့သည်။
ကောင်းသည့်အချက်မှာ နေ့လယ် နှစ်နာရီလောက် အနားယူပြီး လုပ်အားခက ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြကနေ ရွှေဒင်္ဂါးနှစ်ဆယ်နှစ်ပြားအထိ ကျသွားသော်လည်း လစာ မြင့်နေသေးတဲ့အတွက် အလုပ်သမားများက မကန့်ကွက်တော့ပေ။
သို့ပေမယ့် အလုပ်သမားတွေ ငြိမ်သက်သွားသည့်အခါ ရီလိုင်းက ပိုသံသယဝင်လာ၏။
ဗီတိုပြောသည့်စကားများသည် သူ့စိတ်ထဲမှာ စွဲမြဲနေခဲ့သည်။
ဒီကျောင်းတော်က ဆက်နေနိုင်ယ်လို့ ပြောဖို့ခက်တယ်။
ဒါဆို ဘာဖြစ်နေတာများလဲ။
ဗီတို ထွက်သွားပြီး တစ်ပတ်အကြာတွင် ဤသံသယကို နောက်ဆုံးတွင် ရှင်းလင်းနိုင်ခဲ့သည်။
ဤသည်မှာ ပူလောင်သော နေ့တစ်နေ့ဖြစ်ပြီး နေ့လည်ရောက်သောအခါ ရီလိုင်း သည် အလုပ်သမားများကို ခါတိုင်းကဲ့သို့ ရပ်တန့်ခိုင်းသည်။ စီစဉ်မှုအချို့ပြုလုပ်ပြီးနောက် အေးအေးဆေးဆေး စားသောက်ပြီး အိပ်ရန်နေရာတစ်ခုကို ရှာဖွေခဲ့သည်။
လှဲလျောင်းလိုက်သောအခါတွင်မူ အနားမရမီ ကျောက်စရစ်ပေါ်မှ တာယာသံများ ထွက်ပေါ်လာသည်။
လှည့်ကြည့်လိုက်တော့ မှော်ဆလွန်းသုံးစီးအား အမြန်မောင်းလာသည်ကို တွေ့လိုက်ရ၏။
၎င်းကိုမြင်သည့်အခါ ရီလိုင်းက မျက်မှောင်ကုပ်မိသွားသည်။
သူ့အထင်မမှားရင် ရှေ့က အဖြူရောင်ဆွတ်ဆွတ် မှော်ဆလွန်းက ရှုယီ၏ ကိုယ်ပိုင် မှော်ဆလွန်း ဖြစ်လောက်သည်။ ဒါက ရှုယီကိုယ်တိုင်လာခဲ့တာလို့ ဆိုလိုတာလား။
ရီလိုင်း က သူတို့ကို ကြိုဆိုဖို့ မတ်တပ်ထရပ်ရင်း စိတ်ရှုပ်သွားမိသည်။
ရှုယီက ဘာလို့ နေ့လယ်ခင်းမှာ ရုတ်တရက် ဒီကို ရောက်လာတာလဲ။
ထို့အပြင်၊ သူသည် မှော်ဆလွန်းသုံးစီးကို ယူဆောင်လာခဲ့ပြီး သူ့နောက်တွင် အလတ်စားခရီးသည်တင် မှော်ကားတစ်စီးပါရှိသောကြောင့် ဤအဖွဲ့သည် သေးငယ်သည်မဟုတ်ပေ။
ခဏအကြာတွင် ကားလေးစီးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အပြင်ဘက်တွင် ရပ်လိုက်ပြီး ရှုယီသည် မျှော်လင့်ထားသည့်အတိုင်း ပထမဆုံး မှော်ဆလွန်းမှထွက်လာခဲ့သည်။
သူထွက်လာသည့် တူညီသော မှော်ဆလွန်းထဲတွင်၊ ဤမျှပူလောင်သည့်ရာသီဥတုမှာတောင် ခရမ်းရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသော အသက်ကြီးပြီး ပိုလေးနက်သည့် နောက်ထပ်လူတစ်ယောက် ရှိသေး၏။
ဝတ်ရုံကို အခြေခံရလျှင် ဤပုဂ္ဂိုလ်မှာ မှော်ပညာရှင်ဖြစ်လောက်သည်။
မတိုင်ခင်က အလည်လာဖူးသည့် ဗီတို ကလည်း ပထမဆုံး မှော်ဆလွန်းထဲက ထွက်လာပြီး အခြား မှော်ပညာရှင်ကို ခေါ်လာပါ၏။
ထို့နောက် မှော်ကားနှစ်စီးကနေ တူညီသည့် ၀တ်စုံနှင့် မှော်ပညာရှင်များစွာမှာ Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းအချို့ နှင့်အတူ ထွက်လာခဲ့ကြ၏။
"ဥက္ကဌ ရှု၊ ဒါက....." ရီလိုင်းက သံသယအကြည့်နှင့် ရောက်လာသည်။
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ သူ့အနားရှိ မှော်ပညာရှင်အိုကြီးကို မိတ်ဆက်ပေးသည်။
“မဟာမှော်ပညာရှင် ဖာဂူဆန်၊ ဒါက ဒီပရောဂျက်ကို တာဝန်ယူနေတဲ့ အမ်ရစ် ကုန်သည်ကြီးများအသင်းက မန်နေဂျာ ရီလိုင်း ပါ။ အမ်ရစ် ကုန်သည်ကြီးများအသင်းက ပေးခဲ့တဲ့ ဒီမြေကွက်ကြီးကတော့ ပုံစံပေါ်နေပါပြီ"
မဟာမှော်ပညာရှင် ဖာဂူဆန်ဟုခေါ်သော မှော်ပညာရှင်အိုကြီးသည် မျက်လုံးများတွင် အံ့အားသင့်စရာ အရိပ်အယောင်များ ပေါ်ထွက်နေသဖြင့် ခေါင်းမညိတ်မီ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ဒီလောက်ကြီးတဲ့ မြေကွက်ကြီးက နှစ်လတိုအတွင်းမှာ ဒီလိုမျိုး ဖြစ်သွားနိုင်တယ်။ မန်နေဂျာ ရီလိုင်း၊ မင်းရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက တကယ်ကို အံ့သြစရာကောင်းတယ်။”
ရှုယီသည် ဤမှော်ပညာရှင်အား မဟာမှော်ပညာရှင်ဟု ခေါ်သံကြားတော့ ရီလိုင်း အံ့သြသွားသည်။ ချီးမွှမ်းသံကိုကြားတော့ ဦးညွှတ်ကာ အလျင်အမြန် လေးလေးနက်နက် ပြုံးပြပြီး ပြောလိုက်သည် ။ “ထူးချွန်တဲ့ မဟာမှော်ပညာရှင်ရဲ့ ချီးမွမ်းခြင်းကို ခံရတာဟာ ကျွန်တော်တို့ အမ်ရစ် ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်ယူစရာပါပဲ။”
မဟာမှော်ပညာရှင် ဖာဂူဆန်သည် Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများ ဦးဆောင်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလည်အပတ်ရောက်ရှိနေသော အခြားမှော်ပညာရှင်များကို လှည့်မကြည့်မီ “အင်း”ဟု အသံပြုလာခဲ့သည်။ ထို့နောက် ရှုယီက ဆို၏ "ဥက္ကဌ ရှု၊ ဒီမှော်စက်မှုကျောင်းတော် ဆောက်ပြီးရင် ကျောင်းသားဘယ်နှစ်ယောက်လောက် စုဆောင်းနိုင်မှာလဲ"
“ပထမအသုတ်ကို သုံးထောင် သတ်မှတ်ထားပြီး အချိန်အတော်ကြာရင်တော့ ကျောင်းက ကျောင်းသား တစ်သောင်းကျော်လောက် လက်ခံနိုင်မယ်လို့ ထင်ပါတယ်”
"အိုး? တစ်သောင်း? အဲဒါက တကယ့်ကို ပမာဏအများကြီးပဲ။” မဟာမှော်ပညာရှင် ဖာဂူဆန်က ဆိုသည့် “ဒါပေမယ့် ဥက္ကဌ ရှု..... ဒီသင်တန်းကျောင်းမဆောက်ခင်မှာ ဒီအကြောင်းကို မင်းငါ့ကို ဘာ့ကြောင့် အရင်မပြောတာလဲ။”
မဟာမှော်ပညာရှင် ဖာဂူဆန်ကို အံ့အားသင့်စွာ ကြည့်ရင်း မန်နေဂျာ ရီလိုင်း ၏ မျက်ခုံးများ မြင့်တက်လာသည်။
သူအရမ်းစိတ်ရှုပ်သွား၏၊ Frestech ကုန်သည်ကြီးများအသင်းက သူ့ကို ဘာလို့ ဒီကျောင်းအကြောင်း ပြောပြရတာလဲ။
သူက မဟာမှော်ပညာရှင်ဖြစ်နေရင်တောင်မှ ရှုယီကလည်း ဘယ်သူ့ထက်နိမ့်ကျတဲ့ မှော်ပညာရှင်တစ်ယောက်လည်း မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းတွင် မဟာမှော်ပညာရှင်နှစ်ယောက်ရှိသည်ကို မပြောနှင့်၊ နယ်မြေကြီးရှိ မှော်ပညာရှင်များ အားလုံး၏ ထိပ်တန်းတွင်ရှိသော ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာလည်း ရှိသည်။ သူတို့ကို ဘာကြောင့် စဉ်းစားရမှာလဲ။
သို့ပေမယ့် မဟာမှော်ပညာရှင် ဖာဂူဆန်က သဘာဝအတိုင်း ပြုမူနေတာကို မြင်တော့ ရှုယီက ၎င်းကို မျှော်လင့်ထားသကဲ့သို့ ငြင်းဆန်ခြင်း မရှိပါပေ။ သူက ပြုံးပြုံးလေးပဲပြော၏ "ဒါက ကျုပ်အမှားပါ၊ ဒါပေမယ့် အချိန်မရွေး မဆုံးရှုံးရအောင် ကျုပ်ကြိုတင်ပြင်ဆင်ချင်တယ်။ အမှန်တော့၊ ဌာနချုပ်က ကျုပ်အစီအစဉ်ကို သဘောတူတယ်ဆိုရင် နောက်မှာ လုပ်စရာတွေ အများကြီးရှိလို့ ကြိုတင် ပြင်ဆင်ထားတာ ကောင်းပါတယ်"
မဟာမှော်ပညာရှင် ဖာဂူဆန်က ပြောလာ၏၊ “ဒါပေမယ့် ဥက္ကဌ ရှုက ဌာနချုပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ်တိုင်လုပ်နေတာ၊ ဒါက နည်းနည်းလွန်တယ်လို့ မထင်ဘူးလား”
မန်နေဂျာ ရီလိုင်း က ပိုလို့တောင် အံ့သြသွားသည်။ ဤမဟာမှော်ပညာရှင် ဖာဂူဆန်သည် ဘယ်ကလာသနည်း၊ သူသည် ဥက္ကဌ ရှု နှင့် အမှန်တကယ် စကားပြောဝံ့သူဖြစ်သည် ။
သို့သော် ရှုယီသည် မဟာမှော်ပညာရှင် ဖာဂူဆန်၏ လေသံကို လုံးဝစိတ်မ၀င်စားဘဲ စိတ်ရှည်စွာ တူညီသော အပြုံးဖြင့် ဆိုလာသည်“ဒါဆို ကျုပ် ခင်ဗျားကို တတ်နိုင်သမျှ အမြန်ဆုံး ခေါ်လာခဲ့တာ မဟုတ်ဘူးလား? ဒီကျောင်းကို ဆောက်ထားသရွေ့တော့ အဆင့်နိမ့်မှော်ပညာရှင်ပေါင်း သုံးထောင်လောက် ယူလို့ရပါတယ်။ ဒါပေမယ့် အနည်းဆုံး နှစ်ပေါင်း လေးငါးနှစ်လောက် လေ့လာပြီးမှ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း (ဒါမှမဟုတ်) တခြားမှော်စက်ကုမ္ပဏီတွေကို အလုပ်ဝင်မယ်။ ဒါမှ သူတို့ရဲ့ စားဝတ်နေရေး ပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းနိုင်လိမ့်မယ်”
"ဒါကို ကျုပ် မငြင်းပါဘူး၊ ဒါပေမယ့် ဥက္ကဌ ရှု၊ ဌာနချုပ်ရဲ့ ခွင့်ပြုချက်မရဘဲ မင်းက ဒီကျောင်းကို ဆောက်ခဲ့တာ သေချာပေါက် အလုပ်မဖြစ်ဘူးလို့ ပြောနေတာပါ။ ကောင်စီက မင်းရဲ့အကြံပြုချက်ကို ခွင့်မပြုရင် ဘယ်လိုလုပ်မလဲ။
ရှုယီက တူညီတဲ့အပြုံးနဲ့ပြောသည် "ဌာနချုပ်က အကြီးအကဲတွေက ကျုပ်အကြံဥာဏ်ကို နားလည်လောက်တယ်လို့ ကျုပ်ထင်တယ်၊ မဟုတ်ရင် ခင်ဗျား ကျုပ်ကို ရည်ရွယ်ပြီး ခက်ခက်ခဲခဲ လုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား"
“အဲဒါတော့ မသေချာဘူး။” မဟာမှော်ပညာရှင် ဖာဂူဆန်သည် အေးစက်စွာ နှာမှုတ်လာသည်။ သူက သူ့လက်ကို လှုပ်ပြီး ရှုယီတစ်ယောက်တည်းကို ချန်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်နေတဲ့ တခြားမှော်ပညာရှင်တွေဆီ ဦးတည်သွားသည်။
သူထွက်သွားသည်ကိုမြင်တော့ မန်နေဂျာ ရီလိုင်းက ရှုယီနားတိုးလာသည်။
"ဥက္ကဌ ရှု၊ ဘာဖြစ်နေတာလဲ။ ဒီ မဟာမှော်ပညာရှင် ဖာဂူဆန်န်က ဘယ်သူလဲ။ ဗီတို က ဒီကျောင်းက မတည်မြဲနိုင်ဘူးလို့ အရင်ကပြောခဲ့တယ်၊ အဲဒါက ခင်ဗျားနဲ့ သူပြောနေတဲ့ ဌာနချုပ်နဲ့ ဆက်စပ်နေလို့လား။”
ရှုယီသည် ထွက်ခွာသွားသော မဟာမှော်ပညာရှင် ဖာဂူဆန်ကို မျက်မှောင်ကျုံ့ ကြည့်ရင်း လေးနက်စွာပြောလာသည်၊ "သူတို့က မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ကိုယ်စားလှယ်တွေပါ။ ကျောင်းတော်ကို သီအိုရီအရ မစီမံခန့်ခွဲနိုင်ပေမယ့် ဌာနချုပ် ဒါကို သဘောမတူရင် တည်ဆောက်ရာမှာ ပြဿနာတချို့ ရှိပါလိမ့်မယ်။”
" မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်” မန်နေဂျာ ရီလိုင်း သည် မဟာမှော်ပညာရှင် ဖာဂူဆန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤမဟာမှော်ပညာရှင် ဖာဂူဆန်သည် ဤမျှမြင့်မားသောရာထူးရှိသည်မှာ အံ့သြစရာမဟုတ်ဟု သူထင်သည်။
မန်နေဂျာ ရီလိုင်း က စဉ်းစားပြီး နည်းနည်းတော့ မကျေမနပ်ဖြစ်သွား၏။ သူက အေးစက်စက် နှာမှုတ်ကာ “ဥက္ကဌ ရှု၊ သူက မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ကိုယ်စားလှယ်ဖြစ်ရင်တောင်မှ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့လာရှုပ်ဖို့ အရည်အချင်းမပြည့်မီပါဘူး။ ခင်ဗျားမှာ ကိုယ်ပိုင်ပစ္စည်းရှိတယ်၊ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က အဲဒါကို ရပ်တန့်ဖို့ ဒီကို တလျှောက်လုံးရောက်လာတာလား။"
“သူတို့က ကျုပ်တို့ကို မတားနိုင်ပေမယ့် မှော်ပညာရှင်တွေအားလုံးကို ကျုပ်တို့ကျောင်းထဲမ၀င်ဖို့ တားမြစ်ဖို့ မှော်ပညာရှင်များအဖွဲ့အစည်းတဆင့် အမိန့်ပို့နိုင်တယ်။ ဒီလိုဖြစ်လာရင် ကျောင်းဆောက်ရင်တောင် ဘွဲ့ရသူတွေ စုဆောင်းလို့ မရဘူး။"
“ဒီအရာတွေကိုတော့ သူတို့ လုံးဝလုပ်မှာမဟုတ်ပါဘူး ဟုတ်တယ်မလား” ရီလိုင်း ၏မျက်လုံးများ အံ့သြစွာပွင့်လာသည် "ဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင် မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်တွေကို အလုပ်မလုပ်တော့ဖို့ အမိန့်ပေးလာမှာလား။ အဲဒါက ပိုတောင် အားကောင်းလာလိမ့်မယ်။”
“မဟုတ်ပါဘူး၊ သူတို့က မိုက်မဲတဲ့ အရာကို လုပ်မှာမဟုတ်ဘူး။မှော်ပညာရှင်တွေကို ကျုပ်တို့ကျောင်းတော်ဆီ ဝင်ခွင့်မပြုတာတောင် ပွင့်ပွင့်လင်းလင်း လုပ်မယ့် ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် မှော်ပညာရှင်များအဖွဲ့အစည်းက နယ်မြေကြီးရဲ့ မှော်ပညာရှင်တွေအပေါ် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိတယ်၊ ဒါကြောင့် ကျုပ် ခေါင်းကိုက်နေရတာ။” ၎င်းကိုရှင်းပြရင်း ရှုယီက ခေါင်းယမ်းလိုက်သည်။
“အင်း.....အဲဒါမှန်တယ်" မန်နေဂျာ ရီလိုင်း သည် ခေါင်းကိုက်ခြင်းကို ခံစားရင်း ငြိမ်သက်နေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များကို အခြေခံထားရာ ကုမ္ပဏီ၏ အဓိကအချက်မှာ ဤမှော်ပညာရှင်များဖြစ်သည်။
သူတို့သည် မှော်ပညာရှင်များအဖွဲ့အစည်းကို အမှန်တကယ် စော်ကားပြီး ၎င်းတို့နှင့် ဆက်ဆံပါက အကျိုးဆက်များသည် ကောင်းမွန်မည်မဟုတ်ပေ။
“ဒါဆို......ဥက္ကဌ ရှု မင်းဘာလုပ်ဖို့စီစဉ်နေတာလဲ။ မဟာမှော်ပညာရှင် ဖာဂူဆန်ပြောနေတာကို ခဏလောက် ကြားခဲ့ရပေမယ့် သူ့တောင်းဆိုချက် တစ်စုံတစ်ရာကို ပြောတာမျိုးတော့ မကြားဘူး။”
ရှုယီက လှောင်ပြောင်ဟန် အပြုံးကို ထုတ်ပြသည် " အင်း၊ သူတို့က သူတို့ရဲ့ ပန်းတိုင်တွေကို အလျင်စလို ထုတ်ဖော်ဖို့ ဆန္ဒရှိနေရင် ကျုပ် စိတ်ပူမှာ မဟုတ်ဘူး။ ဟုတ်ပါတယ် သူတို့မှ မပြောရင် သူတို့ဘာတွေ တွေးနေမှန်းမသိဘူး ထင်တယ်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၆။ လိုအပ်တာကို ယူလိုက်ပါ
မှော်ပညာရှင်များအဖွဲ့အစည်းက ဘာလုပ်ချင်နေတာလဲ?
အကျိုးအမြတ်အတွက် လောကကြီးက ပြောင်းလဲသွားသည်။
မဟာမှော်ပညာရှင် ဖာဂူဆန် ယခင်တစ်ခေါက်လာစဉ်က သူ၏ အပြုအမူကို ပုံမှန်ဟု ယူဆ၍ရသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အဆင့်နိမ့်မှော်ပညာရှင်များအား စားဝတ်နေရေးပြဿနာများ ဖြေရှင်းရာ၌ ကူညီပေးရန်မျှော်လင့်ရန် မှော်ပညာရှင်အဖွဲ့အစည်းကို ကိုယ်စားပြုထားသဖြင့် သူဟာ အတော်အတန် ယဉ်ကျေးပျူငှာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် မှော်ပညာရှင်များအဖွဲ့အစည်းကိုကိုယ်စားပြုသောအခါ၊ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း အတွက် ရုတ်တရက် ခက်ခဲသွားသောကြောင့် သူ့ရည်မှန်းချက်မှာ သဘာဝအတိုင်းဖြစ်သည်။
ကျောင်းတော်ကို လည်ပတ်ပြီးနောက်၊ ရှုယီသည် မဟာမှော်ပညာရှင် ဖာဂူဆန်အား ရက်အနည်းငယ်ကြာ တမင်တကာ ချန်ထားခဲ့လေသည်။ ထိုမှသာလျှင် မဟာမှော်ပညာရှင် ဖာဂူဆန်သည် ဌာနချုပ်မှ အတည်ပြုရန် ဆန္ဒရှိကြောင်းကို ပြသလာခဲ့သည်။
ထို့ကြောင့် မဟာမှော်ပညာရှင် ဖာဂူဆန်က သူ့၏အမူအရာကို ပြောင်းလဲပြီး မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ဆုံးဖြတ်ထားသော အစီအစဉ်ကို ချပြခဲ့၏။
ဤနည်းလမ်းသည် ယခင်က ရှုယီအဆိုပြုခဲ့သောနည်းလမ်းနှင့် တူကာအတိအကျပြောရလျှင် ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းကို ပူးပေါင်းလုပ်ဆောင်သည့်ကုမ္ပဏီတစ်ခုအဖြစ် ဦးစွာအတည်ပြုပြီးနောက် ၎င်းတို့သည် အစီအစဉ်များကို လုပ်ဆောင်မည်ဖြစ်သည်။
၎င်းသည် ယခင်က ဆွေးနွေးခဲ့သည့်အတိုင်း အလားတူဖြစ်သော်လည်း အစီအစဉ်တွင် ကွဲလွဲမှုများရှိသည်။
ဤအစီအစဥ်တွင်၊ မှော်ပညာရှင်များအဖွဲ့အစည်းမှ Frestech ကုန်သည်ကြီးများအသင်းမှာ အဆင့်နိမ့်မှော်ပညာရှင်များကိုကူရန် မှော်စက်ထုတ်လုပ်ရေးကိုအသုံးပြုနေသောကြောင့်၊ ၎င်းတို့အတွက် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာကို နားလည်မှုအချို့ရှိရမည်ဖြစ်သည်။
အပေါ်ယံ၏တွင် အတော်လေး မွန်မြတ်ပုံရသော်လည်း ၎င်းတို့သည် မှော်ပညာရှင်များအဖွဲ့အစည်းမှ လေ့လာခွင့်ပြုရန် ၎င်းတို့၏ လက်ရှိ မှော်စက်နည်းပညာအားလုံးကို မျှဝေရန် Frestech ကုန်သည်ကြီးများအသင်းအား တောင်းဆိုခဲ့သည်။ သူတို့က အဆင့်နိမ့်မှော်ပညာရှင်တွေအတွက် အန္တရာယ်မဖြစ်ဘူးဆိုတာကို သေချာစေချင်နေသည်။
"ဒါဆို ရှင်သဘောတူလား" ဆယ်ဗီနီက ရှုယီကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မဟာမှော်ပညာရှင် ဖာဂူဆန် စတက်တိန်းနယ်မြေမှ ထွက်ခွာသွားပြီး မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်သို့ ပြန်လာသည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။ ရှုယီ သည် ဆယ်ဗီနီ နှင့် ကိစ္စများ ဆွေးနွေးရန် အန်ဗီမာမြို့တော်သို့လာရောက်ခဲ့ကာ သူဒီမှာရှိစဉ်က ကိစ္စကို ပြောပြခဲ့၏။
"ဘယ်လိုသဘောတူရမှာလဲ?"ရှုယီက ခေါင်းခါကာ အေးစက်စက်ရယ်သည်၊ "တကယ်တမ်း မှော်ပညာရှင်များအဖွဲ့အစည်းက မှော်စက်နည်းပညာအားလုံးကို လက်လွှဲပေးစေချင်တာလေ ကျုပ်သာ သဘောတူလိုက်ရင် ရူးနေလို့ဖြစ်မှာပေါ့။"
"ရှင်သဘောမတူဘူးလား? မထင်မှတ်ထားတာ ဘာမှဖြစ်လာရင် မှော်ပညာရှင်များအဖွဲ့အစည်းက ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ နောက်လမှာ ပူးပေါင်းလုပ်ဆောင်ဖြစ်မယ်ဆိုတာကို ကျွန်မဘာလို့ကြားနေရတာလဲ။" ဆယ်ဗီနီက ရှုပ်ထွေးစွာ မေးလာသည်။
“ဒါကတော့ ညှိနှိုင်းမှုပေါ့။ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က စျေးပေးတယ်၊ ဒါကြောင့် ကျုပ် သူတို့နဲ့ ညှိနှိုင်းလို့မရဘူး။" ရှုယီက သူ့လက်တွေကို ဖြန့်ပြီး ပြုံးကာပြောသည်၊ "သူတို့က မှော်စက်နည်းပညာအားလုံးကို လိုချင်တယ်၊ ဒါကြောင့် အရာအားလုံးရဲ့ ကနဦးစျေးနှုန်းကို ပေးခဲ့တာ သေချာပါတယ်။ ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ သူတို့သိတယ်။ ဒါကြောင့် သူတို့ကို နောက်တန်ကြေးတစ်မျိုးပြောလိုက်တော့ သဘောတူလာတယ်။"
"အိုး? ဒါဆို ရှင် သူတို့ရဲ့ ကမ်းလှမ်းမှုကို ဘယ်လို ငြင်းဆန်ခဲ့တာလဲ။" ဆယ်ဗီနီ က စိတ်ဝင်တစားကြည့်လာသည်။
“ဘာမှမဟုတ်ပါဘူး၊ ကျုပ်တို့ကုမ္ပဏီရဲ့ မှော်စက်နည်းပညာအားလုံးကို မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်နဲ့ မျှဝေဖို့ သဘောတူပေမယ့်..... အချိန်ကန့်သတ်ချက်ကိုတော့ မသတ်မှတ်ထားဘူး။"
ဆယ်ဗီနီက ရယ်မောရင်း အံ့သြသွားသည်။
"ကောင်းပြီရှုယီ၊ မင်းတကယ် ပါးနပ်တယ်။ ဒါပေမယ့် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က လူတွေက ရှင့်အချိန်တွေ ရပ်တန့်ခွင့်ပြုမယ်ဆိုတာ ကျွန်နမယုံဘူး။”
“ဒါကို သူတို့သိတာတော့ သေချာပါတယ်၊ ဒါပေမယ့် ကျုပ်တို့ ကုမ္ပဏီက မှော်ပညာရှင်များအဖွဲ့အစည်းကို နှစ်စဉ် အနည်းဆုံး ပရောဂျက်တစ်ခု ပေးမယ်လို့ သူတို့ကို ကတိပေးခဲ့တယ်။ ဒါ့အပြင်၊ သူတို့ကို ရွေးချယ်ခွင့်ပေးဖို့အတွက် ကျုပ်တို့ ကုမ္ပဏီမှာ အခုရှိနေတဲ့ ပရောဂျက်တွေအားလုံးကို စာရင်းပေးခဲ့တယ်၊ ဒါကြောင့် သူတို့က ဒါကို မဆိုင်းမတွ လက်ခံခဲ့တယ်။”
“တစ်နှစ်မှာ တစ်ခုလား?" ဆယ်ဗီနီ၏စိတ်သည် လျင်မြန်စွာ လှည့်ထွက်သွား၏ "အင်း, ရှုယီ ကျွန်မ ခန့်မှန်းချက်တွေသာ မှန်ရင် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ အနည်းဆုံး ပရောဂျက်ပေါင်း နှစ်ရာလောက် ရှိနေမှာ မဟုတ်ဘူးလား။ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ဒါတွေအားလုံးကို ရှင့်ဆီကနေ ရအောင်ယူဖို့ နှစ်ပေါင်းနှစ်ရာကျော်လောက် အချိန်ယူရမှာလား။
“မဟုတ်ဘူး၊ လေးရာကျော်နေပြီ၊ ဒါကြောင့် နှစ်လေးရာကျော်လို့ ပြောရင် ပိုမှန်လိမ့်မယ်။” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
“ထူးဆန်းတာက ဒီလိုဖြစ်တာ၊ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ဒါကို ဘာလို့သဘောတူတာလဲ။" ဆယ်ဗီနီက စပ်စုလိုသော အသံဖြင့် မေးသည်။
“ပထမ၊ မှော်စက်လုပ်ငန်းက ဘာလဲဆိုတာ သူတို့ လုံးဝမသိဘူး။ ဒုတိယ၊ မှော်စက်လုပ်ငန်းရဲ့ အရှိန်အဟုန်ကို သူတို့ မသိကြဘူး။ အနှစ်လေးရာ? ကျုပ်တို့ကုမ္ပဏီက အခုလက်ရှိရရှိထားတဲ့ နည်းပညာတွေကို ပြတိုက်တွေမှာ သိမ်းထားပြီး အသုံးမပြုရသေးတဲ့အတွက် ဘယ်လိုသုံးရမလဲဆိုတာ မသိရသေးဘူး။”
ဆယ်ဗီနီက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းခါလိုက်သည် "တကယ်တော့ ရှင် သူတို့ကို အပြစ်ပြောလို့ မရဘူး။ ကျွန်မသာ ရှင့်ကို မသိခဲ့ရင် မှော်စက်လုပ်ငန်းက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမယ်ဆိုတာ ကျွန်မ သိမှာ မဟုတ်ဘူး။ ကြည့်လေ၊ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်း ပေါ်ပေါက်လာတာ ရှစ်နှစ်ပဲရှိသေးပြီး ကျွန်မတို့ လမ်ပူရီတိုင်းပြည်ဆီကို ဒီထိတ်လန့်စရာပြောင်းလဲမှုတွေ ယူဆောင်လာခဲ့တယ်။ မှော်စက်မှုလုပ်ငန်းက နယ်မြေကြီးတစ်ခုလုံးကို ပြောင်းလဲစေနိုင်တယ်လို့ ရှင်ပြောတုန်းက ကျွန်မမယုံခဲ့ဘူး၊ ဒါပေမယ့် အခု ကျွန်မ အခိုင်အမာ ယုံကြည်တယ်။"
"ဒါက ကျုပ်အမြင်နဲ့ ဝေးနေသေးတယ်။" ရှုယီက လေးနက်သောဟန်ဖြင့် “အခုလောလောဆယ်မှာ ပြီးပြည့်စုံတဲ့ မှော်စက်မှုလုပ်ငန်းစနစ်ကို မဖွဲ့စည်းရသေးဘူး၊ အရေးကြီးတဲ့ ချိတ်ဆက်မှုတွေ အများကြီး ကျန်နေပါသေးတယ်။ ဥပမာအားဖြင့်၊ ကျုပ်တို့က လေ့ကျင့်ရေးစွမ်းရည်ရဲ့ အရေးကြီးဆုံးပြဿနာကို မဖြေရှင်းနိုင်သေးဘဲ အရင်းအမြစ်များကို လုံလောက်အောင် ပြောင်းလဲမရသေးဘူး။”
"ကျွန်မတို့ ဒါကို အလျင်စလို လုပ်လို့ မလုပ်နိုင်ဘူးလို့လည်း ရှင်ပြောခဲ့တယ် မဟုတ်လား" ဆယ်ဗီနီက ဆိုသည် "ဒါကိုပြောရရင် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က တောင်းတဲ့ ပထမဆုံးနည်းပညာက ဘာလဲ။ အဲဒါ မှော်လေသင်္ဘောပဲလား။ ဒီအရာက ရှင်တို့ကုမ္ပဏီမှာ အတိုးတက်ဆုံးနည်းပညာလို့ ကျွန်မထင်တယ်၊ ဒါကြောင့် သူတို့က အဲဒါကို အလေးထားသင့်တယ်။”
“မဟုတ်ဘူး၊ ခင်ဗျားမှားတယ်။ သူတို့ပထမဆုံးရွေးချယ်ခဲ့တာကတော့ မှော်လေပေးစက်ပါ။”
"မှော်လေပေးစက်?" ဆယ်ဗီနီက အံ့အားသင့်သွားပြီး “ဒီနည်းပညာက သိပ်အဆင့်မမြင့်ပါဘူး၊ ဘာကြောင့် သူတို့စိတ်အဝင်စားဆုံးဖြစ်တာလဲ။
"ခင်ဗျားသတိမထားမိသေးဘူးလား? သူတို့က မှော်စက်နည်းပညာကို သိပ်စိတ်မဝင်စားသလို အဆင့်နိမ့်မှော်ပညာရှင်တွေ နည်းပညာကို လွယ်လွယ်ကူကူ နားလည်အောင် ကူညီပေးဖို့လုပ်တာကို ဂရုမစိုက်ကြဘူး၊ ပထမဆုံး တစ်ခုအတွက် မှော်လေပေးစက်ကို ရွေးချယ်ခဲ့တယ်။"
ဆယ်ဗီနီ အံ့သြသွားကာ ခဏလောက်တွေးပြီး ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ကျွန်မနားလည်ပါတယ်။ အစွမ်းထက်မှော်ပညာရှင်တွေတောင် အကျိုးအမြတ်နှောင်ကြိုးကနေ မလွတ်ကင်းနိုင်ပုံရတယ်။”
“ဒါက မထူးဆန်းပါဘူး။” ရှုယီက ပခုံးတွန့်လိုက်သည် "သူတို့က တကယ်မြင့်မြတ်တော့ အဆင့်နိမ့် မှော်ပညာရှင်တွေကိုပဲ ဂရုစိုက်နေမယ်ဆိုရင် ကျုပ်အတွက် ပိုကိုက်လိမ့်မယ်။ ဒါပေမယ့် သူတို့က အကျိုးအမြတ်ကိုပဲ လိုချင်တဲ့အတွက် အဲဒါကို ပေးပြီးတော့ သူတို့ဆီက ကျုပ်လိုအပ်တာကို ယူမယ်။ လူတိုင်းက သူတို့လိုချင်တာကို ရလိမ့်မယ်၊ မကောင်းဘူးလား။”
ဆယ်ဗီနီက ရှုယီကို မျက်လုံးလှိမ့်ပြကာ "ရှင် ကျွန်မသိတဲ့ အကြီးဆုံး အမြတ်အစွန်းရသူပါ အဲဒါကို ဘယ်တုန်းကမှ သံသယမ၀င်ခဲ့ဘူး။ နောက်ပြီး၊ ဒီတစ်ကြိမ် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကနေ ဘာအကျိုးကျေးဇူးတွေ ရခဲ့လဲ။ မှော်ပညာရှင်များအဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခုဆိုတဲ့ အမည်ပေးရုံ အကျိုးကျေးဇူးပဲ ရရှိနိုင်မှာတော့ မဟုတ်လောက်ပါဘူး။"
“ဟေး၊ ခင်ဗျား အဲဒီခေါင်းစဉ်ကို အထင်သေးလို့ မရဘူး။ ဒီခေါင်းစဉ်နဲ့၊ ကျုပ်တို့ကုမ္ပဏီက အနာဂတ်မှာ မှော်ပညာရှင်တွေကို စုဆောင်းဖို့ ပိုမိုလွယ်ကူလာမှာပဲ။ စဉ်းစားကြည့် ကျုပ်က မှော်ပညာရှင်များအဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ပေးထားသည့် ကုမ္ပဏီတစ်ခုဖြစ်တာက အရမ်းကောင်းမွန်တဲ့ကိစ္စပဲ။ဂုဏ်ယူစရာကောင်းတဲ့ မှော်ပညာရှင်တွေက ကျုပ်တို့ကုမ္ပဏီအတွက် အလုပ်လုပ်တာကို ဆန့်ကျင်မှာမဟုတ်တော့ဘူး။"
"ဒီမှော်ပညာရှင်တွေက ရှင့်ရဲ့ကုမ္ပဏီအတွက် အလုပ်လုပ်တာကို ဆန့်ကျင်နေပုံရတယ်....." ဆယ်ဗီနီက မကျေမနပ်ဖြစ်ကာ "ကျွန်မတို့ လမ်ပူရီတိုင်းပြည်မှာရှိတဲ့ မှော်ပညာရှင်တစ်ဝက်ကျော်က ရှင့်ရဲ့ကုမ္ပဏီအတွက် အလုပ်လုပ်ဖို့ မစောင့်နိုင်တော့ဘူး။
“အဲဒါက လမ်ပူရီ တိုင်းပြည်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာပဲ ရှိတာ၊ ကျုပ်ရဲ့ ရည်မှန်းချက်က စိုင်စ်နယ်မြေကြီးတစ်ခုလုံးကမှော်ပညာရှင်တွေပဲ.. ကြည့်လေ၊ အခုတစ်ကြိမ်မှာ ကျုပ်တို့ကုမ္ပဏီက မားလိုအင်ပါယာမှာရှိတဲ့ စက်ရုံမှာ ရင်းနှီးမြုပ်နှံခဲ့ပြီး အခုဆို သုံးလကျော်ရှိပြီဖြစ်ပေမယ့်လည်း ပြည်တွင်းမှော်ပညာရှင်တစ်ဦးကိုတောင် မခေါ်ယူနိုင်ဘူး။ ဒါက ကျုပ်အတွက် ခေါင်းကိုက်စရာ အရင်းအမြစ်တစ်ခုပဲ။တကယ်လို့ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ကျုပ်တို့က ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်ကြောင်း ကြေညာရင်၊ ဒီလက္ခဏာကြီးကြီးကို အသုံးပြုနိုင်ပြီး ဒီပြဿနာကို ဖြေရှင်းနိုင်မှာပဲ"
"ဒီလိုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။" ဆယ်ဗီနီက ရှုယီကိုကြည့်ရင်း ခေတ္တရပ်လိုက်ပြီး ဆိုလာသည်၊ "မားလိုအင်ပါယာအကြောင်းပဲပြောနေတာ.....ရှုယီ၊ ကျွန်မကိုပြောစရာမရှိဘူးလား?"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ သူ့ရင်ဘတ်ထဲက စာရွက်ကိုယူ၍ လက်နှစ်ဖက်ဖြင့် လွှဲပေးလိုက်သည်။
“ဒီမှာပါ ဘုရင်မကြီး ဒီကုမ္ပဏီရဲ့ မားလိုအင်ပါယာမှာ ရင်းနှီးမြှုပ်နှံဖို့ လမ်ပူရီတိုင်းပြည်နဲ့ အလုပ်တွဲလုပ်မယ့် အစီအစဉ်။"
"ဒီလိုမှပေါ့"
ဆယ်ဗီနီက နူးညံ့စွာ ရယ်မောပြီး ထိုစာရွက်စာတမ်းကို သေချာပြန်ကြည့်သည်။
ပြီးသွားတော့ သူမက မျက်မှောင်ကုပ်ကာ “ပြဿနာရှိတယ်။ ရှင့်ရဲ့အစီအစဉ်မှာ ကျွန်မတို့ရဲ့ လမ်ပူရီတိုင်းပြည်ကို တရားဝင်ကိုယ်စားပြုတဲ့ကုမ္ပဏီက မားလိုအင်ပါယာမှာ ရင်းနှီးမြှုပ်နှံမယ်တဲ့။ ဒါပေမယ့် ကျွန်မတို့ရဲ့ လမ်ပူရီနိုင်ငံနဲ့ မားလိုအင်ပါယာက အရင်ကတည်းက မနီးစပ်ခဲ့ဘူးလေ။ မားလိုအင်ပါယာဖက်က ဒါကိုလက်ခံမယ်ဆိုတာ သေချာရဲ့လား"
“ဒါက မားကွစ္စ် ဆော့သ်ဂိတ် နဲ့ ကျုပ်ရဲ့ ဆွေးနွေးမှုရလဒ်ပါ။ မားကွစ္စ် ဆော့သ်ဂိတ်က မားလိုအင်ပါယာရဲ့ အစိုးရကိုကိုယ်စားမပြုနိုင်ပေမယ့်လည်း သူဦးဆောင်တဲ့ မားလိုအင်ပါယာရဲ့ မျိုးရိုးမြင့်ေတွကိုကိုယ်စားပြုနိုင်တယ်။ မားကွစ္စ် ဆော့သ်ဂိတ် က ဒီအစီအစဥ်ကို အရမ်းသဘောတူတာကြောင့် ခင်ဗျားစိုးရိမ်နေဖို့ မလိုအပ်ပါဘူး။”
ရှုယီက ပြုံးပြီး ဆက်မပြောခင် ခဏလောက် စဉ်းစားလိုက်၏၊ “တကယ်တော့ ဒီစကားလုံးတွေကို ခင်ဗျားမကြိုက်လောက်ဘူး။ မားလိုအင်ပါယာနဲ့ နှိုင်းယှဉ်ရင် လမ်ပူရီတိုင်းပြည်က အရမ်းသေးငယ်ပြီး အားနည်းတာကြောင့် မားလိုအင်ပါယာရဲ့ အစိုးရက လမ်ပူရီ တိုင်းပြည်ကို သူတို့မျက်လုံးထဲ မထည့်ထားဘူး။ သဘာဝအားဖြင့် သူတို့က ခင်ဗျားရင်းနှီးမြှုပ်နှံခြင်း ရှိ၊ မရှိကို ဂရုမစိုက်ဘူး။ ဒါကြောင့် သူတို့အတွက် သက်ရောက်မှု လုံးဝမရှိပါဘူး။”
ဆယ်ဗီနီက လုံးဝစိတ်မဆိုးဘဲ ပြုံးပြုံးရွှင်ရွှင်ပြောလာသည် “ဒါက ကျွန်မတို့ လမ်ပူရီတိုင်းပြည် နဲ့ မားကွစ္စ် ဆော့သ်ဂိတ် တို့ကြားက ပုဂ္ဂိုလ်ရေး ပူးပေါင်းဆောင်ရွက်မှုလို့ ဆိုလိုတာလား။ မားလိုအင်ပါယာကိုရော ရှင်ဘယ်လိုသေချာသလဲ။"
“ဒါက အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်တယ်။ ဥပမာတစ်ခုပေးရရင် ဆယ်ဗီနီ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည် ကနေ အခု မောင်းထုတ်ရမယ်ဆိုရင် ဒီလိုပဲလုပ်မှာလား။ ရှုယီက ဆယ်ဗီနီကို လေးနက်သော ဟန်ဖြင့် မေးသည်။
ဆယ်ဗီနီက ရှုယီကို ခါးသီးသည့် အပြုံးဖြင့် ခေါင်းခါပြကာ “ဟုတ်ပါတယ်။ ကျွန်မဆန္ဒရှိရှိ မရှိရှိ အရေးမကြီးပေမယ့်..... ကျွန်မ မဝံ့ရဲပါဘူး"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၇။ စွန့်စားမှု
မန်ဒီ့စ်က လရိပ် ဘလူးဘယ်ရီဖျော်ရည်တစ်ခွက်ကို ရေခဲသေတ္တာထဲမှထုတ်ကာ သူ၏ဆိုင်တံခါးကိုဖွင့်၍ ထွက်သွားသည်။
သူထွက်လာချိန်၌ မှော်လေပေးစက်အောက်ရှိ မှန်ကန်သော အပူချိန်ကြောင့် အေးမြနေခဲ့သော သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရုတ်တရတ် ချွေးများဖုံးလွှမ်းသွားစေသည်။
"ဒီသောက်ရာသီဥတုကတော့...." မန်ဒီ့စ်မှာ မနေနိုင်စွာ ရေရွတ်လိုက်သည်။ သူဟာ ခြေလှမ်းများစွာ အမြန်လှမ်းလျက် လမ်းနံဘေးရှိ သစ်ပင်ရိပ်အောက် လာလိုက်သည်။ ထို့နောက် သစ်ပင်များရှိသည့် လမ်းကြောင်းအတိုင်းလျှောက်လာကာ သိပ်မဝေးသည့် နောက်တစ်ဆိုင်ဆီသွားလိုက်၏။
နေ့လယ်ပိုင်း နေက အရမ်းပူပြီး လမ်းပေါ်မှာ ဘယ်သူမှ မရှိချေ။ ပုစဉ်းရင်ကွဲများ တေးဆိုသံမှလွဲ၍ ပုံမှန်ဆိုလျှင် အသက်ဝင်တက်ကြွနေသောလမ်းသည် ယခုအချိန်တွင် ထူးထူးခြားခြား တိတ်ဆိတ်နေပါ၏။
မန်ဒီ့စ်သည် ဆိုင်တံခါးဝသို့ သွားနေချိန်တွင် အတွင်းမှ အသံများကြားလိုက်ရသည်။
မန်ဒီ့စ်ဖြတ်လျှောက်ပြီး အထဲကို လှမ်းကြည့်လိုက်ပြီး ကျယ်လောင်သည့် အသံနှင့်ပြောကာ ခေါင်းယမ်းလိုက်သည် "ငါပြောပါတယ်၊ ရမ်၊ မင်း အခုလို ပူပြင်းတဲ့ နေ့လည်ခင်းမှာ တစ်ရေးတစ်မော မအိပ်ရင် ရပါတယ်၊ ဒါပေမယ့် ဒီအဟောင်းတွေကို ဘာလို့ ထပ်သုံးနေတာလဲ။"
ဆိုင်ပိုင်ရှင် ရမ်က ဒါကိုကြားတော့ မန်ဒီ့စ်ကို လှည့်ကြည့်ပြီး ရယ်မောရင်း သူ့လက်ထဲက သံတုံးအနီကို အအေးခံရန်အတွက် အသုံးပြုသည့် ဖျော်ရည်ထဲသို့ ပစ်ချလိုက်သည်။
ရမ် နှင့် မန်ဒီ့စ်တို့သည် ယခင်က ခရာမာမြို့တွင် ပန်းပဲဆရာများဖြစ်ကြပြီး ၎င်းတို့၏ ဘဝတစ်ခုလုံး သံထည်ပစ္စည်းများကို တည်ဆောက်ခဲ့ကြသည်။
သူတို့ဘဝတွေ ဒီလိုပဲ ဆက်သွားနေမယ်ဟု ထင်ခဲ့ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ပေါ်ထွက်လာမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ကြပါပေ။ ၎င်းက ပန်းပဲဆရာအားလုံးကို အလုပ်ပြုတ်စေကာ ထုတ်လုပ်ရေးမှော်စက်များဖြင့် အစားထိုးခဲ့သည်။
သူတို့နှစ်ယောက် ဉာဏ်ကောင်းလို့သာတော်သေးသည်။ Frestech ကုန်သည်ကြီးများအသင်းသည် ဘန်တာမြို့၌ ကုမ္ပဏီငယ်များ၏ ပံ့ပိုးကူညီမှုအစီအစဉ်ကို စတင်ခဲ့ကြောင်း သိရှိပြီးနောက်တွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ခဲ့ကြသည်။ Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးကူညီမှုကြောင့် ၎င်းတို့ထံမှ ထုတ်လုပ်ရေးမှော်စက်များစွာကို ဝယ်ယူကာ ခရာမာမြို့တွင် အသေးစား အစိတ်အပိုင်းထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ဖွင့်လှစ်ခဲ့သည်။
နှစ်အတော်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက်၊ ၎င်းတို့၏ စက်ရုံနှစ်ရုံသည် ခရာမာမြို့အစိတ်အပိုင်းစျေးကွက်၏ 40% ကျော်ကို ထိန်းချုပ်ထားသည့် မှော်စက်အစိတ်အပိုင်းများကို ထိပ်တန်းပေးသွင်းသူဖြစ်လာခဲ့သည်။
ပန်းပဲဆရာတွေမှာ ၎င်းတို့၏ ဝင်ငွေကို အဆတစ်ရာကျော် တိုးလာရန်အတွက် အရမ်းကြိုးစားလုပ်ရသည့် အရင်ကထက်စာရင် သူတို့အလုပ်က ပိုလွယ်လာပါသည်။
ရမ် လက်ရှိလုပ်နေသည့် နေ့လယ်ခင်း၌ မီးအပူပေးသည်က ၎င်းတို့ရဲ့ ကာလကြာရှည် ပျောက်ဆုံးသွားပြီးသား အမှတ်တရတွေထဲမှာကျန်ရှိခဲ့သည့် အရာတစ်ခုပါပင်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ ပန်းပဲလုပ်ငန်းကို ဆုံးရှုံးစေသည့်အတွက် မကျေမနပ် မဖြစ်ရုံသာမက Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ကြသည်။
"ငါ ပျင်းလို့ ငါ့ရဲ့ အရည်အချင်းတွေ ကျသွားလားဆိုတာ သိချင်နေလို့ပါကွာ" ရမ်သည် သူ့အနီးရှိ မှော်ရေခဲသေတ္တာကိုဖွင့်ကာ မန်ဒီ့စ်ကို အအေးတစ်ပုလင်းထုတ်ပေးလိုက်သည်။
မန်ဒီ့စ်က သူ့လက်ကို ဝှေ့ယမ်းပြီး အအေးဘူးကို လက်မြှောက်ကာ ယူလိုက်သည်။
ရမ်သည် သူ့သူငယ်ချင်းဟောင်း၏ အလေ့အထကို သိသောကြောင့် ဘာမှမပြောဘဲ မှော်ရေခဲသေတ္တာတံခါးကို ပိတ်လိုက်သည်။သူ့နောက်က အဝေးထိန်းခလုတ်ကို ယူပြီး ဖိလိုက်တာကြောင့် နံရံပေါ်က မှော်လေပေးစက်က အသံတိုးတိုးလေး ထွက်လာ၏။ အေးမြသောလေညင်းများ ထွက်လာပြီး မကြာမီပင် ပန်းပဲဖိုထားသည့် အပူရှိန်က ပျယ်သွားသည်။
မန်ဒီ့စ်က နံရံမှာ ချိတ်ဆွဲထားသည့် မှော်လေပေးစက်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏ " မင်းရဲ့ Frestech တံဆိပ်မှော်လေပေးစက်က ပိုကောင်းပါတယ်။ ငါ့ဆိုင်ရဲ့ အမ်ဖီလ်မှော်လေပေးစက်က မင်းဟာလောက်မအေးဘူး"
“ငါ့ရဲ့အကြံဉာဏ်ကို နားမထောင်ဖို့ ဘယ်သူကပြောခဲ့လို့လဲ၊ အမ်ဖီလ်မှော်လေပေးစက်ကို ဝယ်ဖို့ တွန်းအားပေးခဲ့လို့လား။ စျေးပိုသက်သာပေမယ့် အသုံးမဝင် ဘာအရေးကြီးမှာလဲ" ရမ် က နှာမှုတ်ကာပြောသည်။
"အဲဒါကို ငါမသုံးနိုင်တာတော့မဟုတ်ပါဘူး၊ Frestech တံဆိပ်မှော်လေပေးစက်လောက် မကောင်းတာ။" မန်ဒီ့စ်က ခါးသီးစွာ ရယ်မောလိုက်၏၊ "အမ်ဖီလ်မှော်လေပေးစက်အတွက် အဖုံးကို ငါတို့ ဆိုင်တွေက လုပ်ထားလို့ အဲဒီတုန်းက ဝယ်ခဲ့တာက သူတို့အတွက် ငါ့ရဲ့ ပံ့ပိုးမှုကို ပြချင်လို့ပါ"
"ကျစ် မင်းက ကိုယ့်ကိုယ်တိုင်သုံးတဲ့ အရာပဲကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေတာလဲ။ ငါတို့ဆိုင်က မှော်ရေနွေးအိုးအတွက် Sorns ကုန်သည်ကြီးများအသင်းဆီက အမှာစာအနည်းငယ် ရထားပေမယ့်လည်း ငါသုံးတာကို မြင်လို့လား။"
"ဒီကောင်ကတော့၊ မင်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ အရူးအမူးထောက်ခံသူလေ၊ ငါမသိဘူးလို့ ထင်နေတာလား။" မန်ဒီ့စ်သည် ရမ်ကို မျက်စောင်းထိုးလိုက်ကာ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ထလာကာ ရမ် နား တိုးကပ်လာသည် ။ "ငါပြောပါတယ် ရမ် မင်းက Frestech ကုန်သည်ကြီးများအသင်းကို အများကြီးထောက်ခံတယ်၊ မားလိုအင်ပါယာမှာ ရင်းနှီးမြှုပ်နှံဖို့ တခြားကုမ္ပဏီတွေကို ဖိတ်ခေါ်တုန်းက မင်း ဘာလို့ သူတို့နဲ့ မလိုက်သွားတာလဲ။"
ရမ်က မန်ဒီ့စ်ကို အံ့အားသင့်စွာကြည့်ကာ "မင်းနောက်နေတာလား။ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ဘယ်လို လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်ဆိုတာကို မင်းမမြင်ဘူးလား။ သူတို့အထဲမှာ အပျော့ဆုံးကတောင် ငါတို့လို ကုန်သည်လေးတွေထက် အဆမရေမတွက်နိုင်အောင် ခွန်အားကြီးတယ်၊ သူတို့နောက်ကို ငါ ဘာအတွက် လိုက်ရမလဲ။ သူတို့ရဲ့အကျန်ကိုစားဖို့လား?"
"ကျစ် …… ငါဆိုလိုတာ ဒါမဟုတ်ဘူး ဒါပေမယ့်……" မန်ဒီ့စ်က တံခါးကိုကြည့်လိုက်ပြီး အသံကိုတိုးလိုက်သည် "ဘုရင်မကြီးနဲ့ လွှတ်တော်က မားလိုအင်ပါယာရဲ့ မားကွစ္စ် ဆော့သ်ဂိတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားတယ်။ သူတို့က ငါတို့ လမ်ပူရီတိုင်းပြည်ရဲ့ ကုမ္ပဏီကြီးတွေကို ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး မားလိုအင်ပါယာထဲကို ရင်းနှီးမြုပ်နှံစေဖို့ လိုလားနေတာလေ ၊ မင်းစိတ်ဝင်စားလား"
“မင်းရူးနေလား?" ရမ်က မန်ဒီ့စ်ရဲ့နဖူးပေါ်သို့ လက်တစ်ဖက်တင်လိုက်သည်၊ "အဖျားမရှိဘဲနဲ့ မင်းဘာတွေပြောနေတာလဲ။ ဘုရင်မကြီးနဲ့ လွှတ်တော်က ကုမ္ပဏီကြီးတွေကို ခေါ်ယူနေတာလေ၊ ငါတို့လို ကဏ္ဍအသေးလေးမှာပဲ ပါဝင်နိုင်တဲ့လူတွေနဲ့ ဘယ်လိုဆက်စပ်မှာလဲ။"
မန်ဒီ့စ်သည် ရမ်၏လက်ကို ပြတ်ပြတ်သားသား ရိုက်ချလိုက်သည် “ငါ မရူးပါဘူး! ငါတို့က သေးငယ်တဲ့ အခန်းကဏ္ဍမှာပဲ ပါဝင်နေပေမယ့် ဒါက မားလိုအင်ပါယာမှာ ရင်းနှီးမြုပ်နှံတာနဲ့ မသက်ဆိုင်ပါဘူး။ လမ်ပူရီ အပတ်စဉ်ကို ဖတ်ပြီးပြီလား?? Frestech ကုန်သည်ကြီးများအသင်းနဲ့ ပါ၀င်တဲ့ ပထမဆုံးကုမ္ပဏီများအုပ်စုက မားကွစ္စ်ဆော့သ်ဂိတ်ရဲ့ နယ်မြေမှာ ထုတ်လုပ်မှုအခြေခံကို စတင်နေပြီ။ အခုသွားနေသရွေ့တော့ ထုတ်ကုန်ကို စတင်နိုင်မှာပဲ။"
ခဏကြာ မျက်မှောင်ကုပ်ထားသည့် ရမ်က မန်ဒီ့စ်ကို အံ့ဩစွာကြည့်လာသည်။
"တကယ်လား"
"အဓိပ္ပာယ်မရှိတာ၊ မဟုတ်ရင် ငါက ဘာလို့ အိမ်မှာ တစ်ရေးတစ်မော အိပ်မနေဘဲ မင်းကို တွေ့ဖို့ လာရမှာလဲ?"
“ဒါက……”
မန်ဒီ့စ်လေးနက်နေတာကိုမြင်တော့ ရမ်က သူ့လက်ထဲကအရက်ကို ချလိုက်ပြီး အတွေးတစ်ခုဝင်သွားသည်။
ခဏအကြာတွင် သူက ခေါင်းညိတ်ပြလာကာ "မန်ဒီ့စ်ဒါက အရမ်းကောင်းတဲ့ အကြံတစ်ခုလို့ ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် ဒါက အရမ်းစွန့်စားရာကျတယ်လို့ မထင်ဘူးလား။ ငါတို့က အဲဒီနေရာ ဒါမှမဟုတ် အဲဒီကလူတွေနဲ့ မရင်းနှီးဘူး၊ ဒါကြောင့် မတော်တဆမှုတိုင်းကို ရင်ဆိုင်ဖို့ ခက်လိမ့်မယ်။ ဒါ့အပြင် Frestech ကုန်သည်ကြီးများအသင်းနဲ့ မယှဉ်နဲ့ဦး ငါတို့က အဲ့ကကုမ္ပဏီတွေထက် အဆပေါင်း မရေမတွက်နိုင်အောင် အားနည်းနေတယ်၊ ဒါကြောင့် ငါတို့ ဘယ်လိုသွားရမှာလဲ?"
"စွန့်စားတယ်?" မန်ဒီ့စ်က ရယ်မောရင်း “ရမ် ၊ နှစ်အတော်ကြာ ငြိမ်ငြိမ်နေပြီးနောက်မှာမင်းက လုံးဝ ပြောင်းလဲသွားတာလား ? စွန့်စားမှုအကြောင်း ပြောချင်ရင် ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းကို ပြေးလိုက်တုန်းက စွန့်စားရာကျတာ မဟုတ်ဘူးလား။ ဒါပေမယ့် အခု ငါတို့ ဘယ်လိုနေထိုင်နေတယ်ဆိုတာ မင်းမမြင်ဘူးလား။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက မင်းကို ပြောရမယ်ဆိုရင်၊ လုံးဝ မမှားဘူး ဒီကမ္ဘာကြီးက ဆက်တိုက်ပြောင်းလဲနေပြီး စွန့်စားမှုကို သင်ယူမယ်ဆိုရင် အထုတ်ပယ်ခံရလိမ့်မယ်။"
သူသည် မန်ဒီ့စ်နှင့် သူငယ်ချင်းဟောင်းများဖြစ်ခဲ့သော်လည်း သူတို့တွင် မတူညီသော အကျင့်စရိုက်များရှိသည်။
မန်ဒီ့စ်သည် အသစ်အဆန်းများကို သတ္တိရှိရှိ ကြိုးစားလိုစိတ်ရှိပြီး စွန့်စားခြင်းကို နှစ်သက်ကြောင်း လူသိများသည်။ သူကတော့ အေးဆေးတည်ငြိမ်ကာ တည်ရှိနေပြီးသား လမ်းကြောင်း၌ လုံခြုံစွာ လျှောက်လမ်းရသည်ကို သဘောကျတဲ့သူတစ်ယောက်ပင်။
သူတို့နှစ်ဦးသည် အသေးစားကုမ္ပဏီ ထောက်ပံ့ရေးအစီအစဉ်တွင် ပါဝင်ရန် ဆုံးဖြတ်လိုက်စဉ်က မန်ဒီ့စ်က သူ့ကို တိုက်တွန်းခဲ့ခြင်းပင်။
အခုတော့ မန်ဒီ့စ်က သူ့ကို မားလိုအင်ပါယာမှာ အတူတူ ရင်းနှီးမြုပ်နှံဖို့ တောင်းဆိုလာတာကြောင့် ၎င်းက အင်မတန်စွန့်စားရာကျသည်ဟု သူခံစားလိုက်ရသည်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒါဟာ တကယ့်ကို ကောင်းမွန်သည့် အကြံဥာဏ်တစ်ခုဟု ခံစားရသည်။
မားလိုအင်ပါယာသည် လမ်ပူရီတိုင်းပြည်နှင့် နှိုင်းယှဉ်ပါက ပိုမိုကြီးမားကာ စျေးကွက်နှင့် အခွင့်အလမ်း နှစ်ခုစလုံးတွင် ၎င်းတို့ထက်သာလွန်သည်။ အကယ်၍ ၎င်းတို့သည် ဤအခွင့်အရေးများကို ဆုပ်ကိုင်နိုင်လျှင် ခရာမာမြို့ငယ်လေးတွင် နေထိုင်ခြင်းထက် ၎င်းတို့၏ အနာဂတ်အလားအလာသည် အဆပေါင်းများစွာ ကြီးမားမည်ဖြစ်သည်။
ရမ်၏မျက်နှာထက်ရှိ အမူအရာပြောင်းလဲသွားသည်ကိုမြင်လျှင် မန်ဒီ့စ်သည် အနည်းငယ်စိတ်လှုပ်ရှားနေမှန်းသိရာ သူ့ကို ပို၍ပင်ဆွဲဆောင်လာခဲ့သည်။
“ကြည့်လေ၊ ကုမ္ပဏီတွေရဲ့ ပထမအသုတ်က မားလိုအင်ပါယာထဲကို ဝင်သွားပြီ၊ သူတို့အားလုံးက စိုက်ပျိုးရေးမှော်စက်တွေနဲ့ အလုပ်လုပ်တဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းလိုမျိုး အထူးပြုကုမ္ပဏီတွေပဲ။ သွားခဲ့တဲ့အထဲ တစ်ခုတည်းသော အစိတ်အပိုင်း ကုမ္ပဏီက အိုင်ရီလန်ကုန်သည်ကြီးများ အသင်းပဲရှိတယ်။ အိုင်ရီလန်ကုန်သည်ကြီးများအသင်းတစ်ခုတည်းက ဒီကုမ္ပဏီအားလုံးကို အစိတ်အပိုင်းတွေ ပံ့ပိုးပေးနိုင်မယ်လို့ မင်းထင်လား။ ပြီးတော့ ဒီကုမ္ပဏီတွေက အစိတ်အပိုင်းတွေဝယ်ဖို့ ဒီကို တလမ်းလုံးလာဖို့ကလည်း အဓိပ္ပါယ်မရှိဘူး မဟုတ်လား။”
“အင်း……” ရမ်က မနေနိုင်စွာ ခေါင်းညိတ်ပြလာကာ “ဒါဆို မင်းဆိုလိုတာက… ငါတို့အဲဒီကို သွားမယ်ဆိုရင် အိုင်ယာလန်ကုန်သည်ကြီးများအသင်းက မထောက်ပံ့နိုင်တဲ့ ကုမ္ပဏီတွေကို အစိတ်အပိုင်းတွေ ပံ့ပိုးပေးနိုင်ရမှာပေါ့? ဒါပေမယ့် ငါတို့အခုလောလောဆယ်တော့ ဒီလောက် အစိတ်အပိုင်းတွေနဲ့ မအောင်မြင်နိုင်သေးဘူး....."
“ဒါက ပြဿနာကြီး မဟုတ်ဘူး။ ပထမခြေလှမ်းကိုလှမ်းပြီး ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ပါတယ်။ ဒီမှော်စက်ကုမ္ပဏီတွေက ငါတို့ဆီက အစိတ်အပိုင်းတွေကို အသုံးပြုလေ့ရှိတော့ တခြားကုမ္ပဏီများတွေဆီက အစိတ်အပိုင်းတွေကို ဝယ်ယူမှာမဟုတ်ဘူး။ နောက်ပြီး၊ ငါတို့က အဲ့လောက်မဆိုးဘူး။ Frestech ကုန်သည်ကြီးများအသင်းက အင်ဂျင်နီယာက ငါတို့ရဲ့ အစိတ်အပိုင်းတွေကို ဒုတိယတန်းအကဲဖြတ်ခြင်းအဆင့် ပေးခဲ့တာပဲ မဟုတ်လား?"
“အင်း…ငါ စဉ်းစားပါရစေ……” ရမ် ခေါင်းညိမ့်ကာ ပြန်တွေးလိုက်သည်။
မန်ဒီ့စ်သည် သူ့အား မျှော်လင့်ချက်အပြည့်ဖြင့် တိတ်တဆိတ်ကြည့်နေခဲ့သည်။
ရမ် ၏ တည်ငြိမ်သော အကျင့်စရိုက်သည် သူ့အတွက် အလွန်ကောင်းမွန်သော ဖြည့်စွက်စာဖြစ်သည်၊ ၎င်းတို့နှစ်ဦးသည် ကောင်းစွာ အတူတကွ လုပ်ဆောင်ခဲ့ကြပြီး နှစ်များတစ်လျှောက် ပြဿနာများစွာကို ကျော်ဖြတ်ခဲ့ကြသည်။
မားလိုအင်ပါယာတွင် ရင်းနှီးမြုပ်နှံရန် ဤဆုံးဖြတ်ချက်သည် မန်ဒီ့စ်အတွက် ကြီးမားသော စွန့်စားမှုတစ်ခုဖြစ်သောကြောင့် ရမ်သည် သူနှင့်အတူ လိုက်မည်ဟု အလွန်မျှော်လင့်ခဲ့သည်။
သူ့သူငယ်ချင်းဟောင်းကို ခေါ်လာဖို့ မျှော်လင့်တာအပြင် ရမ်က ပြဿနာများစွာကို ဖြေရှင်းပေးနိုင်တာကြောင့်ပင်။
မန်ဒီ့စ်က ရမ်ကို ဆုံးဖြတ်ချက်ချဖို့ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေချိန်တွင် ကားရပ်သည့်အသံ ထွက်ပေါ်လာပါ၏။
နှစ်ယောက်သား အံ့သြပြီး အပြင်ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။
သူတို့မမှားဘူးဆိုလျှင်၊ ၎င်းက မှော်ဆလွန်းရပ်နေသည့်အသံဖြစ်လောက်သည်။ ၎င်းက သယ်ယူပို့ဆောင်ရေး မှော်ကားနှင့် လုံးဝကွဲပြား၏။
မှော်ဆလွန်းများ ပြည့်နေသည့် လမ်ပူရီတိုင်းပြည်၌ပင် မှော်ဆလွန်းကို စီးနိုင်သည့်သူဟာ သာမန်လူတစ်ယောက်တော့ မဟုတ်ပါပေ။
နေ့လယ်ခင်းမှာ ဘယ်သူလာတာများလဲ။
ခပ်ပိန်ပိန်လူတစ်ယောက်က ၎င်းတို့၏အမြင်အာရုံကိုဝင်လာရန် အိမ်ရှေ့တံခါးဝသို့ဝင်လိုက်ကာ ပြုံးပြသည်။
သူက ၎င်းတို့နှစ်ယောက်ကိုကြည့်လိုက်ကာ သူ့လက်ကို ကမ်းပေးလာ၏၊ “ကျုပ်က အိုင်ရီလန်ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌပါ။"
မန်ဒီ့စ်နှင့် ရမ် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားကြ၏။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၈။ ကျုပ်တို့ကို အရည်အချင်းအောင်လက်မှတ်ပေးပါ
"ခင်ဗျားက ပြိုင်ဘက်နယ်ပယ်ကို ပြန်လည်ဖွဲ့စည်းချင်တာလား?" ရှုယီက သူ့ရှေ့ရှိ ဖရီးမန်းကို တအံ့တဩမေးလိုက်သည်။ စဉ်းစားကြည့်လိုက်ပြီးနောက် အနည်းငယ် ရယ်ရွှင်ဖွယ်ခံစားလိုက်ရ၏၊ "ဟေး ဖရီးမန်း ဒါက သေချာပေါက် ခင်ဗျား တွေးထားတဲ့ အရာမဟုတ်ဘူးမို့လား?"
ဖရီးမန်းက ခေါင်းကုတ်ကာ ပြုံးလိုက်သည်။
“ဒါက တကယ်ပဲ ခိုဗက်ခ်က ကျုပ်ကို ပြောခဲ့တာပါ၊ ဒါပေမယ့် သူက မင်းနောက်ဆုံးထုတ်ဝေခဲ့တဲ့ “မှော်စက်မှုအခြေခံများ” ဆီကနေ လေ့လာခဲ့တယ်။ ဟုတ်ပါတယ်၊ ဒီအကြံက ကျုပ်ဆီကနေ လာခဲ့တာပါ၊ ကျန်တဲ့သူတွေနဲ့က ဆွေးနွေးထားတာပါပဲ။"
"အိုး?" ရှုယီသည် ရိုးသားသော လယ်သမားတစ်ဦးအဖြစ်ပြီး ပထမဆုံးတွေ့ခဲ့ဖူးသော ဤလူကို ကြည့်လိုက်သည်။ ယခု သူသည် "စက်မှုလုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်း" အကြောင်းကိုပင် သိနေခဲ့ပြီး၊ ၎င်းသည် အမှန်တကယ်ပင် အထင်ကြီးလောက်သော အပြောင်းအလဲတစ်ခုဖြစ်ပါ၏၊ "ဒါဆို၊ ကျုပ်ကို ပြောပြပါ။"
ဖရီးမန်းက ရှုယီကို ထိုင်ခိုင်းကာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေပြီးနောက် “ဒါက ဥက္ကဋ္ဌ ရှု၊ မင်း Frestech ကုန်သည်ကြီးများအသင်းအတွက် အဲဒီဝက်အူတုံးတွေကို ကျုပ်တို့ ကုမ္ပဏီက ပေးခဲ့တဲ့ အချိန်ကို မှတ်မိသေးလား။
ရှုယီက ဖြေသည်"ဒါကို ကျုပ်တကယ်မမှတ်မိတော့ဘူး၊ ဒီလို အသေးအမွှားကိစ္စတွေမှာ ကျုပ်မပါဝင်တော့ဘူးလေ။ အဲဒါဘာလို့လဲ? ပြဿနာရှိလို့လား?"
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပြဿနာမရှိပါဘူး၊ အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် တူညီတဲ့ ကုန်ပစ္စည်းတွေကို တခြားကုမ္ပဏီကို ပေးတဲ့အခါမှာတော့ ပြဿနာတစ်ခု ရှိခဲ့တယ်။”
"ဘာပြဿနာများလဲ?"
"ဒါက......ဥက္ကဌရှု၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဝက်အူတွေအတွက် စံနှုန်းတွေ သတ်မှတ်ထားတယ်မဟုတ်လား။ မတူညီတဲ့ မှော်စက်တွေအတွက် မတူညီတဲ့ မော်ဒယ် ဆယ့်သုံးမျိုးရှိတယ်။ ကျုပ်တို့အိုင်ယာလန်ကုန်သည်ကြီးများအသင်းက ဝက်အူတုံးတွေက ဒီစံနှုန်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာခဲ့ပြီး အရင်က ကုန်ပစ္စည်းအသုတ်တွေနဲ့လည်း အတူတူပါပဲ။ Frestech ကုန်သည်ကြီးများအသင်းဆီ ကုန်ပစ္စည်းတွေ ပေးပို့တဲ့ အခါမှာလည်း ဒါကို စစ်ဆေးအတည်ပြုတယ်။"
“အင်း၊ ဒါက ဖြစ်သင့်ပါတယ်။ ပြီးတော့ရော? အဲဒီကုမ္ပဏီအတွက် ကုန်ပစ္စည်းအသုတ်နဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား။” ဖရီးမန်းသည် စကားပြောရာတွင် အဓိက အချက်ကို မရောက်သောကြောင့် ရှုယီက မနေနိုင်စွာ မေးလိုက်သည်။
ဖရီးမန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကူကယ်ရာမဲ့စွာ လက်ကိုဖြန့်ကာ "ဟုတ်ပါတယ်၊ ဝက်အူတုံးတွေကို အဲဒီကုမ္ပဏီကို ပေးတုန်းက သူတို့ထုတ်တဲ့ မှော်ပန်ကာနဲ့ မှော်လေပေးစက်တွေမှာ သုံးလို့မရကြဘူး။နောက်ဆုံးတော့ သူတို့က ငါတို့ဆီ ပစ္စည်းတွေ ပြန်အပ်လာတာနဲ့ ရွှေဒင်္ဂါးထောင်ပေါင်းများစွာ ဆုံးရှုံးသွားတယ်”
"ဘာလို့ အသုံးမပြုနိုင်တာလဲ" ရှုယီက နည်းနည်းတော့ သိလိုသွားသည်။
"ဘာလို့လဲဆိုတော့..... သူတို့ရဲ့ မှော်ပန်ကာနဲ့ မှော်လေပေးစက်တွေက ကျုပ်တို့လုပ်ထားတဲ့ ဝက်အူတွေနဲ့ မတူညီတဲ့ ဝက်အူတွေကို အသုံးပြုထားလို့ အဆင်မပြေနိုင်တာပဲ။"
“ဒါက မမှန်ဘူး။” ရှုယီက မျက်မှောင်ကုပ်လိုက်သည် "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကုမ္ပဏီအားလုံးကို မှော်ပန်ကာနဲ့ မှော်လေပေးစက်တွေအတွက် ရှင်းလင်းပြတ်သားတဲ့ စံနှုန်းတွေကို ပေးထားခဲ့ပြီးသားကို ဘာလို့ ဒီကုမ္ပဏီက ကွဲပြားနေရတာလဲ?"
“အင်း၊ အဲဒီကုမ္ပဏီက လူတွေကို လျှို့ဝှက်မေးကြည့်လိုက်တယ်။ အကြောင်းရင်းကတော့ သူတို့ကုမ္ပဏီက မှော်ပန်ကာတွေကို စလုပ်တုန်းက တခြားကုမ္ပဏီတစ်ခုရဲ့ ဝက်အူတွေကို အသုံးပြုခဲ့ကြတာလေ။ အဲ့ကုမ္ပဏီရဲ့ ဝက်အူတုံးတွေက စံနှုန်းကို မလိုက်နာပေမယ့်လည်း ကျုပ်တို့ ကုမ္ပဏီထက် စျေးသက်သာတယ်။ ဒါကြောင့် သူတို့က ကုမ္ပဏီရဲ့ ဝက်အူတုံးတွေနဲ့ လိုက်ဖက်ဖို့အတွက် သူတို့ မှော်ပန်ကာတွေရဲ့ ဒီဇိုင်းကို ပြောင်းလဲခဲ့တာကြောင့် အဲဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ ဝက်အူတုံးတွေကို အသုံးမပြုနိုင်ဖြစ်သွားတဲ့ အဓိပ္ပာယ်ပဲ။"
“ဆိုလိုတာက.....အဲဒါက ကွင်းဆက်တုံ့ပြန်မှုလား?" ရှုယီ သူ့ခေါင်းကို မနေနိုင်ဘဲ ခါယမ်းလိုက်သည် "မှော်စက်တစ်ခုစီအတွက် တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေကို ကျုပ်လုပ်ခဲ့တာက ဒါမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ပါပဲ။ အဆုံးစွန်ထိ ရှောင်လွှဲလို့ မရဘူးလို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။”
"အဲဒီဝက်အူတုံးတွေလုပ်တဲ့ကုမ္ပဏီကို ကျုပ်စုံစမ်းကြည့်တော့ အစတည်းက မှော်ချည်လုံးနဲ့ ပတ်သက်ပြီး သူတို့ရဲ့လေ့ကျင့်ရေးမှာ အဆင်မပြေတာတွေ့ခဲ့ရတယ်။ ပိုက်စက်တွေ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေလည်း မကောင်းဘူး။ အရေးကြီးဆုံးအချက်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စံနှုန်းကို နားလည်မှု မရှိတာပဲ။ဒါကြောင့် သူတို့ရဲ့ဝက်အူတုံးတွေဟာ စံနှုန်းတွေကို မလိုက်နာဘူးဆိုတာကို သူတို့မသိခဲ့ကြဘူး။” ဖရီးမန်းက ပြောပါ၏။
“ဆိုလိုတာက ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက စံနှုန်းကို လုံလောက်အောင် မမြှင့်တင်တဲ့ ပြဿနာတစ်ခုပါပဲ။ အွန်း.....ဒီပြဿနာကို အာရုံစိုက်ရမယ့် ပုံပါပဲ။" ရှုယီက ဆင်ခြင်တုံတရားရှိသော အသံဖြင့် ပြောသည်။
ဖရီးမန်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ကာ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဥက္ကဋ္ဌ ရှု၊ ငါမင်းကို ဒါမှမဟုတ် မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းကို အပြစ်တင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒီပြဿနာရှိကတည်းက အစိတ်အပိုင်းကုမ္ပဏီတွေကို ပေါင်းစည်းဖို့ နည်းလမ်းတစ်ခုခုသုံးသင့်တယ်လို့ တွေးနေမိတယ်။ လူတိုင်းက စံနှုန်းတစ်ခုတည်းကို သုံးရင် ဆုံးရှုံးမှုနည်းမှာပဲ။”
“အဲဒီအကြံက အရမ်းကောင်းပါတယ်။ ဖရီးမန်း ဒါကို ရှားရှားပါးပါး စဉ်းစားမိတာ ကျုပ် ခင်ဗျားကို အရမ်း လေးစားတယ် ” ရှုယီက ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်သည် "ဒါဆို ဒါကို ဘယ်လိုလုပ်ဖို့ ဘယ်လိုစီစဉ်ထားလဲ"
ဖရီးမန်းက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ပြီး “အဲဒါကြောင့် မင်းရဲ့အကူအညီကို ကျုပ်ဒီမှာလာတောင်းနေတာ မဟုတ်လား”
"ဒါဆို ကျုပ်ကူညီနိုင်မလား စဉ်းစားကြည့်မယ်"
"အင်း......ဥက္ကဌ ရှု၊ မင်းတကယ်အချိန်ရရင် အစိတ်အပိုင်းအမျိုးမျိုးရဲ့ စံချိန်စံညွှန်းတွေအတွက် စာအုပ်တစ်အုပ်ဖန်တီးနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ ဒါက ဆက်စပ် စံနှုန်းအားလုံးကို ရှင်းရှင်းလင်းရှင်း မှတ်တမ်းတင်ထားဖို့ အရေးကြီးဆုံးပဲ။"
“ဒါက ပြဿနာမဟုတ်ပါဘူး၊ တကယ်တော့ ကျုပ်လည်း ဒါကို စလုပ်နေပါပြီ။ ဒါပေမယ့် စံသတ်မှတ်ဖို့ လူတော်တော်များများရဲ့ ခွင့်ပြုချက်လိုတယ်၊ ဒါကြောင့် ဒါကို အလျင်စလို မလုပ်နိုင်ဘူး။”
“တကယ်တော့ မင်း ဒီလောက်ကြီး စိတ်ပူနေဖို့ မလိုပါဘူး။ မင်းနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တခြားတွေကို အတည်ပြုခိုင်းဖို့ ဘယ်လိုလုပ် လိုအပ်မှာလဲ။ စံနှုန်းသတ်မှတ်ထားသရွေ့တော့ ဘယ်သူကမှ ဆန့်ကျင်ရဲ မဟုတ်ဘူးလို့ အာမခံရဲတယ်။ ဥပမာအားဖြင့်၊ ခုနကပြောခဲ့တဲ့ကိစ္စ၊ စောစောက အဲဒီစံနှုန်း စာရွက်စာတမ်းတွေရှိခဲ့ရင် ယူသွားပြီး အဲဒီကုမ္ပဏီကို ဒုက္ခပေးလို့ရတယ်။ သူတို့က စံနှုန်းကို မလိုက်နာသူဖြစ်တာကြောင့် ငါတို့ရဲ့ အိုင်ယာလန်ကုန်သည်ကြီးများအသင်းနဲ့ မသက်ဆိုင်ဘူးလေ။”
ရှုယီက ရယ်မောလိုက်သည်။ ဖရီးမန်းက ဤအရာအားလုံးကို ပြောကြားခဲ့သော်လည်း အဆုံးတွင် ၎င်း၏ကိုယ်ပိုင် အိုင်ရီလန်ကုန်သည်ကြီးများအသင်းအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။
ဟုတ်ပါ၏၊ ၎င်းကို ငြင်းခုံခြင်း မရှိခဲ့ရာ ဒါဟာ အလွန် ကျိုးကြောင်းဆီလျော်ပါသည်။
ရှုယီသည် စံနှုန်းကို လိုက်နာရန် လူတိုင်းကို တိတ်တဆိတ်သာ လွှမ်းမိုးလိုသောကြောင့် စံနှုန်းကို အတင်းအကြပ် သတ်မှတ်ရန် ဆန္ဒမရှိခဲ့ပေ။
သို့ပေမယ့် အခုကြည့်လိုက်တော့ ဒါက ရှုယီတွေးထားသလောက် မကောင်းပေ။
ဖရီးမန်း ပြောသည့်အတိုင်းလုပ်ပြီး အတင်းအကြပ်လုပ်ရင်၊ အားထုတ်မှုအနည်းငယ်ကို သက်သာစေနိုင်ပါတယ်။
“ဒါဆို ခင်ဗျားပြောခဲ့တဲ့ စက်မှုလုပ်ငန်း ပြန်လည်ဖွဲ့စည်းပုံက အစိတ်အပိုင်းစက်မှုလုပ်ငန်းကို စံသတ်မှတ်တဲ့နေရာမှာ ကူညီဖို့ပဲလား။ ရှုယီက မေးသည်။
“မဟုတ်ပါဘူး၊ ဒါတင်မဟုတ်ဘူး။ အဲဒါကို ကျုပ်စဉ်းစားပြီးပါပြီ၊ ကျုပ်တို့ရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းဟာ လက်ရှိမှာ အကြီးမားဆုံး အစိတ်အပိုင်းကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် လူတိုင်း စံနမူနာယူသင့်တယ်။”
ဖရီးမန်းသည် သူ့ကိုယ်သူ အားပေးနေသလိုမျိုး ခေတ္တရပ်တန့်ကာ လက်သီးလက်မောင်းတန်းလိုက်၏။
“ဒါကြောင့် တခြား အစိတ်အပိုင်း ကုမ္ပဏီတွေကို တာဝန်ယူသင့်တယ်လို့ ကျုပ် ဆုံးဖြတ်ခဲ့တယ်။ ဥပမာအားဖြင့်၊ ကျုပ်ဖော်ပြခဲ့တဲ့ ဝက်အူတုံးကုမ္ပဏီ။ ကျုပ်သူတို့နဲ့ စကားပြောပြီးပါပြီ၊ သူတို့ကို မကူညီခင်လေ့လာရေးအတွက် မှော်ချည်လုံးစက်နဲ့ လေ့လာရေးလုပ်ပေးဖို့ ကျုပ်တို့ ကုမ္ပဏီက အလုပ်သမား အတော်များများကို စေလွှတ်ထားတယ်၊ ဒါကြောင့် သူတို့အနေနဲ့ ဝက်အူတုံး စံနှုန်းတွေကို လိုက်နာနိုင်လိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သူတို့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးမှာပါ”
"အိုး?" ရှုယီသည် ဤတစ်ကြိမ်တွင် အနည်းငယ် အံ့အားသင့်သွားကာ "ဖရီးမန်း ကျုပ် ခင်ဗျားကို မတွေ့ရတာ ကြာတော့ ဒီလို ရက်ရောတဲ့သူ ဖြစ်လာမယ်လို့ မထင်ထားဘူး၊ တကယ်ကို အံ့သြစရာပဲ"
"ဒါက ဥက္ကဌ ရှုရဲ့ သွန်သင်မှုပါ" ဖရီးမန်း က ရယ်မောရင်း ဆိုသည်၊ “ဒါပေမယ့် ကုမ္ပဏီတစ်ခုအတွက် ပြဿနာမဟုတ်ပါဘူး၊ တခြားကုမ္ပဏီတွေနဲ့ဆို ပိုဒုက္ခများတယ်။ ဒါကြောင့် ဥက္ကဌ ရှု ..... မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းကို အရည်အချင်းပြည့်မီတဲ့ အထူးအသိအမှတ်ပြုလက်မှတ်ကို ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ တခြားကုမ္ပဏီတွေက ကျုပ်တို့ကို လက်ခံပြီး သူတို့နဲ့ ဆွေးနွေးရတာ ပိုလွယ်လာမယ်။”
"တကယ် ဒီအတွက်ပဲလား?"
ရှုယီသည် ဖရီးမန်းကို မျက်လုံးများ မှေးစင်းကာ ကြည့်မိသည်။ ဒီလူဟာ အရင်က ဒီလောက် ရိုးသားသည့် အပေါင်းအသင်း တစ်ယောက် ဖြစ်ခဲ့သော်လည်း သူ့ရဲ့ ရည်မှန်းချက်က သေးသေးလေး မဟုတ်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။
အကယ်၍ သူသည် ၎င်း၏တောင်းဆိုမှုကို အမှန်တကယ် သဘောတူပါက၊ အိုင်ယာလန်ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ အသိအမှတ်ပြုထားသော အစိတ်အပိုင်းကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။ ယခု Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်လုပ်ငန်းတွင် တစ်ခုတည်းသော အခွင့်အာဏာပိုင်ဖြစ်သောကြောင့်၊ ၎င်းသည် အိုင်ယာလန်ကုန်သည်များကို အစိတ်အပိုင်းလုပ်ငန်း တွင် အမြင့်ဆုံးရာထူးကို ပေးအပ်ခြင်းနှင့် ညီမျှမည်ဖြစ်သည်။
၎င်းအကျိုးကျေးဇူးတွေမှာ အိုင်ယာလန်ကုန်သည်ကြီးများအသင်းအတွက်ဆိုသည်က ထင်ရှားပါ၏။
ဒါပေမယ့် ရှုယီကတော့ ဖရီးမန်း၏ရည်မှန်းချက်ကို မကြိုက်ပါချေ။
သူသည် ဖရီးမန်း၏ အစိတ်အပိုင်းစက်မှုလုပ်ငန်းကို ပေါင်းစည်းရန် စိတ်ကူးကို အတည်ပြုပြီး ၎င်းကို အလွန်ထောက်ခံခဲ့သည်။
ဖရီးမန်း အကိုးအကားအဖြစ် အသုံးပြုခဲ့သော အခြေအနေကြောင့်၊ ၎င်းတို့သည် စံနှုန်းကို ပေါင်းစည်းပြီး လုပ်ငန်းတွင် အခွင့်အာဏာရှိလာပါက၊ ၎င်းသည် ကြိုးပမ်းအားထုတ်မှုနှင့် အရင်းအမြစ်များကို အနည်းငယ် ဖြုန်းတီးခြင်းမှ သက်သာစေမည်ဖြစ်သည်။ ၎င်းသည် အစိတ်အပိုင်းစက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် များစွာအထောက်အကူဖြစ်စေမည်သာ။
ယခုအခါ မှော်စက်လုပ်ငန်းသည် Frestech ကုန်သည်ကြီးများအသင်းတွင်သာ အကန့်အသတ်ရှိခြင်း မဟုတ်တော့ဘဲ တဖြည်းဖြည်း စနစ်တစ်ခုလုံးဖြစ်လာသည်။
Frestech ကုန်သည်ကြီးများအသင်းသည် အရာအားလုံးအတွက် တာဝန်မယူနိုင်သောကြောင့် အချို့သောကဏ္ဍများကို အခြားသူများ သို့မဟုတ် အခြားကုမ္ပဏီများက တာဝန်ယူရန် မလွဲမသွေမဖြစ်နိုင်သည်တော့မဟုတ်ပေ။
ယခု ဖရီးမန်းသည် အိုင်ရီလန်ကုန်သည်ကြီးများအသင်းကိုယ်စား ဤအကြံကို အဆိုပြုနေသောကြောင့် ရှုယီ၏မျှော်လင့်ချက်နှင့် ကိုက်ညီပါသည်။
ခဏလောက်စဉ်းစားပြီးနောက်၊ ရှုယီ က ခေါင်းညိတ်ပြီး "ကောင်းပါပြီ ဖရီးမန်း၊ ခင်ဗျားရဲ့အကြံအစည်ကို ကျုပ်သဘောတူတယ်၊ ဒါပေမယ့် အတိအကျကိုတော့ သဘောမတူပါဘူး။ ခင်ဗျားတို့ကုမ္ပဏီကို ဦးစွာစစ်ဆေးဖို့ ကျုပ်တို့ကုမ္ပဏီကို အရင်စောင့်ဆိုင်းဖို့ လိုအပ်တယ်၊ ဒါမှ ကျုပ်တို့ စံနှုန်းတွေနဲ့ တိုင်းတာမှာမို့ ပြင်ဆင်ထားဖို့ လိုအပ်တယ်။ အကယ်၍ ခင်ဗျားရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းက ကျုပ်ရဲ့ တောင်းဆိုချက်တွေနဲ့ မကိုက်ညီရင်၊ ကျုပ်တို့ရဲ့ဆက်ဆံရေးက ကောင်းနေတယ်ဆိုရင်တောင် ဆွေးနွေးစရာရှိမှာမဟုတ်ဘူး။”
ရှုယီ၏အဖြေကိုကြားတော့ ဖရီးမန်သည် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ကာ ရင်ဘတ်ကို ရိုက်လိုက်သည်။ သူက ရှုယီကို တစ်ချက်ဦးညွှတ်လိုက်ပြီး “ဥက္ကဌ ရှု ကျေးဇူးပြုပြီး စိတ်ချပါ။ ကျုပ်တို့အိုင်ယာလန်ကုန်သည်ကြီးများအသင်းတစ်ခုလုံးကို ပြင်ဆင်ထားပြီး၊ ခင်ဗျားတို့စစ်ဆေးမှုအတွက် ကျုပ်တို့က အချိန်မရွေးအဆင်သင့်ရှိနေမှာပါ”
ရှုယီက မနေနိုင်စွာပြုံး၏။
ဖရီးမန်း၏ရပ်တည်ချက်က အလုပ်အတွက် သတင်းပို့သည့်သူတစ်ဦးနှင့်တူပါ၏။
သို့ပေမယ့် သူ့စကားများအရ သူဟာ ဤအကြံဉာဏ်ကို တစ်ရက်နှစ်ရက်လောက်နဲ့ ရခဲ့ခြင်းမဟုတ်ပေ။ အိုင်ရီလန်ကုန်သည်ကြီးများအသင်းသည် ဤတစ်ချိန်လုံး အမှန်တကယ် ပြင်ဆင်ထားခြင်းပင်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၉။ အေးစက်သော ခီမဲရာကုန်သည်ကြီးများအသင်း
ဆယ်မိနစ်ကြာပြီးနောက် စိတ်တိုင်းကျသွားသော ဖရီးမန်းက Frestech ကုန်သည်ကြီးများအသင်း ရုံးချုပ်ရှိ ရှုယီ၏ ရုံးခန်းမှထွက်သွားသည်။
ပြတင်းမှတဆင့် ဖရီးမန်းမှာ သူ၏ရွှေရောင်မှော်ဆလွန်းထဲဝင်ကာ အပြုံးဖြင့် အမြန်မောင်းထွက်သွားသည်အား ကြည့်ရင်း ရှုယီသည်လည်း ပြုံးမိသွားသည်။ သူဟာလည်း ပြန်လှည့်ရင်း အတွေးထဲမျောသွား၏။
လုပ်ငန်းကို ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြောရလျှင် ၎င်းသည် ဖရီးမန်း စဉ်းစားသင့်သည့်အရာမဟုတ်ပါ။ ရှုယီ နှင့် Frestech ကုန်သည်ကြီးများအသင်းမှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး အလေးအနက်ထားသင့်သည့် ပြဿနာတစ်ခုလည်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းကို စတင်တည်ထောင်ခဲ့သည်မှာ ရှစ်နှစ်ကြာပြီဖြစ်ပြီး ဘန်တာမြို့တွင် ကုမ္ပဏီငယ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ရာ ယခုအခါ ၎င်းတို့သည် အနောက်တောင်ဘက်နိုင်ငံများ၏ ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့သည်။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်းသည် လုပ်ငန်းများစွာတွင် ပါဝင်ခဲ့၏။ မှော်စက်လုပ်ငန်းကို အဓိကထား လုပ်ကိုင်ခဲ့ကြသော်လည်း လယ်ယာလုပ်ငန်းတွင်လည်း ပါဝင်လုပ်ကိုင်ခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေး လုပ်ငန်းနှင့် အခြားစက်မှုလုပ်ငန်းများကိုလည်း ပါဝင်လုပ်ကိုင်ထားသည်။ ၎င်းတို့ကို ဧရာမဟုပင် ယူဆနိုင်၏။
လုပ်ငန်းနယ်ကယ်များစွာတွင် ပါဝင်ခဲ့ကြသော်လည်း ၎င်းတို့၏ အမြတ်အစွန်းသည် ထူးထူးခြားခြား မြင့်မားနေခြင်းမှာ ကောင်းမွန်သောအရာဖြစ်သည်။ သို့သော်၊ ၎င်းတို့သည် လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်သောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ စီမံခန့်ခွဲမှုသည် ရှုပ်ပွသွားခဲ့သည်။
စီအီးအိုအဖြစ် ခမ်နက်ဒ်သည် Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ စက်မှုလုပ်ငန်းများကို စံသတ်မှတ်ရန် လိုအပ်ကြောင်း လွန်ခဲ့သည့် နှစ်နှစ်က ရှုယီအား အဆိုပြုခဲ့သည်။ နှစ်လကြာ ဆွေးနွေးပြီးနောက် ပဏာမအဆင့် သတ်မှတ်ခဲ့၏။
စံချိန်စံညွှန်းသတ်မှတ်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းအား နှစ်ပိုင်းခွဲလိုက်သည်။ တစ်ပိုင်းက မှော်စက်လုပ်ငန်းကို အာရုံစိုက်မည့် အပိုင်းဖြစ်ပြီး နောက်တစ်ပိုင်းကတော့ အခြားလုပ်ငန်းအားလုံးကို အာရုံစိုက်မည်ဖြစ်ပါ၏။
မှော်စက်လုပ်ငန်းတွင် အိမ်သုံးမှော်စက်များ၊ စိုက်ပျိုးရေးမှော်စက်များ၊ ဆောက်လုပ်ရေးမှော်စက်များ၊ အခြေခံစက်မှုလုပ်ငန်းများနှင့် စစ်တပ်သုံးမှော်စက်ငါးမျိုးတို့ ပါဝင်ပါသည်။
သူတို့အထဲမှ အမြတ်အစွန်းကို ဆွေးနွေးကြမည်ဆိုပါလျှင် ကျန်သည်ကို ဦးဆောင်သည်မှာ အိမ်သုံးမှော်စက်ဌာနဖြစ်သည်က သိသာသည်။
ယခုနှစ်တွင် ဇူလိုင်လသာရှိသေးပြီး Frestech ကုန်သည်ကြီးများအသင်းသည် အိမ်သုံးမှော်စက်အမျိုးမျိုးကို ရောင်းချရုံဖြင့် ရွှေဒင်္ဂါးလေးသန်း အမြတ်အစွန်းရနိုင်ခဲ့သည်။
ထို့အပြင် ယခုနွေရာသီရောက်လာပြီဖြစ်သည့်အတွက် မှော်ပန်ကာများ၊ မှော်လေပေးစက်များ၊ မှော် ရေခဲသေတ္တာများနှင့် အခြားသော ရာသီအလိုက် အိမ်သုံး မှော်စက်များ စတင်ရောင်းချမည်ဖြစ်၏။ နွေရာသီပြီးတာနှင့် သူတို့၏ အမြတ်အစွန်းမှာ ငါးသန်းကျော်သွားရန် လွယ်လွယ်လေးပင်။
စိုက်ပျိုးရေးမှော်စက်များအတွက်မူ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည် နှင့် အခြားကုမ္ပဏီများက ၎င်းတို့ကို အမြောက်အမြားဝယ်ယူထားပြီး စျေးက ပြည့်နေသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ၎င်းတို့၏ စုစုပေါင်းအမြတ်ငွေသည် ရွှေဒင်္ဂါးနှစ်သန်းအထိ ရှိခဲ့သည်။
လာမည့်နှစ်ဝက်တွင်၊ ၎င်းသည် မားလိုအင်ပါယာပေါ်တွင်မူတည်လိမ့်မည်။ အရာအားလုံး ချောမွေ့သွားပါက မားကွစ္စ်ဆော့သ်ဂိတ်နှင့် အခြားသော မျိုးရိုးမြင့်များထံမှ စိုက်ပျိုးရေးမှော်စက်များအတွက် ကြီးမားသော အမှာစာရရှိရန် အခွင့်အလမ်းများစွာ ရှိ၏။
ဆောက်လုပ်ရေးမှော်စက်အများစုကို အမ်ရစ်ကုန်သည်ကြီးများအသင်းမှအသုံးပြုနေသောကြောင့် ဆောက်လုပ်ရေးမှော်စက်များသက ငြိမ်သက်နေပါသည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဝယ်ထားပြီးသားမို့ ထပ်ဝယ်ရန်မလိုပေ။
သို့သော် မကြာသေးမီက ဆောက်လုပ်ရေးကုမ္ပဏီများနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများသည် ဆောက်လုပ်ရေးမှော်စက်များ ၀ယ်လိုအား စတင်လာသောကြောင့် အချို့သော မျှော်လင့်ချက်များ ရှိလာခဲ့သည်။
အခြေခံစက်မှုလုပ်ငန်းအတွက်မူ သံမဏိစက်ရုံနှင့် သံမဏိမဟုတ်သော သတ္တုအရည်ကျိုစက်ရုံများကို အဓိကအခြေခံထားသည်။
အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ အထူးသဖြင့် ယခုနှစ်တွင် လမ်ပူရီတိုင်းပြည် နှင့်အတူ သံမဏိစက်ရုံသုံးရုံနှင့် သတ္တုပျော့အရည်ကျိုစက်ရုံတစ်ရုံကို တည်ဆောက်ခဲ့သည်။Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိအရည်ကျိုမှုပမာဏသည် တန်ချိန်တစ်သန်းခွဲခန့် ရောက်ခဲ့ပြီး သတ္တုပျော့ကျိုထုတ်နိုင်မှုမှာ တန်ချိန် သုံးသိန်းအထိ ချိုးဖျက်နိုင်ခဲ့သည်။
ကမ္ဘာပေါ်ရှိ တန်ချိန်သန်းပေါင်းများစွာနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ဖော်ပြရန်မထိုက်တန်သော်လည်း ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအတွက် ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်သည်။
သံမဏိနှင့် သတ္တုပျော့ထုတ်ကုန်အမျိုးမျိုး၏ သုံးပုံနှစ်ပုံကို Frestech ကုန်သည်ကြီးများအသင်းကိုယ်တိုင်က အသုံးပြုခဲ့သည်။ ကျန်သုံးပုံတစ်ပုံကို အခြားကုမ္ပဏီများထံ ရောင်းစားကာ အမြတ်များစွာ ရရှိခဲ့သည်။
အကယ်၍ ဤဌာနအားလုံးကို ပေါင်းစည်းကာ စစ်ဘက်သုံးမှော်စက်များကို ဘေးဖယ်ထားလိုက်လျှင်ပင် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ မှော်စက်မှုလုပ်ငန်းမှ ရွှေဒင်္ဂါးတစ်သန်းရှိ အံ့အားသင့်ဖွယ် အမြတ်ငွေ ရရှိမည်ဖြစ်သည်။
ဓာတ်မြေသြဇာ၊ အချိုရည်များ သို့မဟုတ် ပင်လယ်သယ်ယူပို့ဆောင်ရေးကဲ့သို့သော ဤဌာန၏ပြင်ပအခြားအမြတ်ငွေများအတွက်မူ Frestech ကုန်သည်ကြီးများအသင်းသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမြတ်ငွေများ အလွယ်တကူရရှိမည်ဖြစ်သည်။
မမျှော်လင့်ထားသည့်အရာများ ဖြစ်မလာပါက၊ Frestech ကုန်သည်ကြီးများအသင်း၏ ယခုနှစ်အမြတ်ငွေသည် မနှစ်ကထက် မြင့်မားမှုအသစ်တစ်ခုကို ဖန်တီးပေးကာ သန်းသုံးဆယ်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။
တစ်ခုတည်းသောပြောင်းလဲမှုမှာ စစ်တပ်မှော်စက်များဖြစ်သည်။
၎င်းကို ရှုယီစဉ်းစားနေတုန်း တံခါးခေါက်သံက နိုးကြားသွားစေသည်။
"အထဲဝင်ခဲ့ပါ"
ရုံးခန်းတံခါးများ ပွင့်လာပြီး လှပသော နတ်သူငယ်မလေး ဝင်လာသည်။
" ဥက္ကဌ၊ ကန်ဒရာအင်ပါယာက ဧည့်သည်တွေ ဒီကို ရောက်နေပါပြီ။"
သူ့မျက်နှာပေါ်ရှိ ရိုသေလေးစားသောဟန်ဖြင့် ဦးညွှတ်လာသော ဤနတ်သူငယ်မလေးအား မြင်လိုက်ရသောအခါတွင် ရှုယီသည် မနေနိုင်စွာ ခါးသက်သက်ရယ်မောမိ၏။
တီဗစ်စတီ သည် ဤနေရာတွင် တစ်လကြာနေခဲ့သော်လည်း သူသည် သူမကို အသုံးမချသေးပေ။
တီဗစ်စတီ လို့အမည်ရသည့် ဤနတ်သူငယ်မလေးမှာ အက်ဂ်နက်စ် ထွက်သွားချိန်၌ ကျန်ရစ်ခဲ့ရခြင်းဖြစ်ကာ သူ့အား အကြီးအကဲ လီဆန်းယာက ကိုယ်တိုင်စေလွှတ်ခဲ့ခြင်းပင်။
အကြီးအကဲ လီဆန်းယာက သူမကို ဒီနေရာကို ပို့လိုက်သည့်အခါ တီဗစ်စတီ က ရှုယီနှင့် အတူနေမည်ဟု ပြောခဲ့ပြီး သူ့ဆီကနေ လူသားလုပ်ငန်းစီမံခန့်ခွဲမှုအကြောင်း လေ့လာခဲ့ပါ၏။ သူမသည် လရိပ်မျိုးနွယ်စုကို စီမံခန့်ခွဲရန် အရည်အချင်းရှိသူ ဖြစ်လာမည်ဖြစ်သည်။
သို့သော် တီဗစ်စတီသည် ယခုနှစ်တွင် အသက်ခုနစ်ဆယ်သာရှိသေးပြီး လူ့သက်တမ်းအရ ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်သာရှိသေးသည်။ သူမသည် အသက်မပြည့်သေးသော မိန်းကလေးတစ်ဦးမျှသာဖြစ်သည်။
အကြီးအကဲ လီဆန်းယာသည် သူ့မျိုးနွယ်အတွက် စီမံခန့်ခွဲမှုစွမ်းရည်ကို အမှန်တကယ်ဖန်တီးလိုလျှင် ဤအသက်မပြည့်သေးသော မိန်းကလေးကို သူမည်သို့ စေလွှတ်နိုင်မည်နည်း။
သို့သော် ရှုယီသည် ယင်း၏နောက်ကွယ်မှ အကြောင်းရင်းကို မစဉ်းစားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် တီဗစ်စတီ က ဤနေရာ၌ တစ်လလောက်နေခဲ့ရာ ရှုယီ၏အမိန့်ကို နားထောင်ပြီး အစွမ်းကုန်ကြိုးစားခဲ့ပါ၏။သူမသည် ဤအရာမှ သင်ယူရန် ကြိုးစားခဲ့ပြီး ရှုယီ၏ အတွင်းရေးမှူးကဲ့သို့ ဖြစ်လာခဲ့သည်။
“အဲဒါက တော်တော်မြန်တာပဲ။ လာ၊ သွားကြည့်ရအောင်။"
တီဗစ်စတီက သဘောတူပြီး ရှုယီနောက်ကနေ နာခံစွာ လိုက်ကာ ရုံးမှ ထွက်သွားသည်။
နှစ်ယောက်သား မြေညီထပ်သို့ ဆင်းလာပြီး ရုံးခန်းအဆောက်အအုံရှိ ဧည့်ကြိုခန်းသို့ရောက်သောအခါ ရူဆဲလ်သည် ဤအဖွဲ့တွင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ရူဆဲလ်သည် ရှုယီဝင်လာသည်ကိုမြင်သောအခါ ချက်ချင်းထရပ်၍ ပြုံးကာ ရှေ့သို့ ထွက်လာခဲ့သည်။
"ဥက္ကဌ ရှု မတွေ့တာကြာပြီ။"
"မင်္ဂလာပါ ဆရာ ရူဆဲလ်၊ ဒီလူတွေက....." ရှုယီသည် ရူဆဲလ်၏နောက်တွင် ရပ်နေသော အခြားဆယ်ယောက်ကို သံသယဝင်ကာ ကြည့်နေလေသည်။
"အိုး၊ သူတို့က ကျုပ်အရင်ပြောဖူးတဲ့သူတွေလေ လာချင်တဲ့သူတွေနဲ့ ကုမ္ပဏီများ ကိုယ်စားလှယ်အချို့ပါ။ လာပါ မိတ်ဆက်ပေးပါဦးမယ်။" ရူဆဲလ်သည် သာမာန်ပုံပေါက်သည့်သော်လည်း မည်သူမျှ မကြည့်ဝံ့သောမျက်လုံးများတွင် ထက်မြက်စူးရှဟန်ရှိသည့် လူလတ်ပိုင်းတစ်ဦးကို ညွှန်ပြလာသည်၊ “ဒါကတော့ ပုံပေမြို့တော်က ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ ဌာနခွဲမန်နေဂျာ တိုယာ အော်တိုဖ် ပါ။"
ရူဆဲလ်၏ မိတ်ဆက်ကိုကြားတော့ ရှုယီအံ့သြသွားသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်အတွက် ရေတပ်အခြေစိုက်စခန်းများအနီးရှိ ကုမ္ပဏီများမှ ကိုယ်စားလှယ်အချို့ကို ရူဆဲလ်က ခေါ်ယူမည်ဟု ပြောကြားခဲ့သော်လည်း ၎င်းတို့အကြောင်း ရူဆဲလ်သည် မည်သည့်အခါမျှ မပြောခဲ့ဖူးပါ။
ပထမဆုံးပေါ်လာသူသည် ခီမဲရာကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်ဖြစ်မည်ဟု မထင်ခဲ့ပေ။
ခီမဲရာကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးပေါ်တွင် အကြီးမားဆုံးကုမ္ပဏီဖြစ်ပြီး၊ ၎င်းသည် ကုန်သည်များစွာ၏ စံပြဖြစ်သည်။
ရှုယီသည် အော်တိုဖ်၏လက်ကို ဆွဲကာနှုတ်ဆက်ရန် အံ့အားသင့်စွာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းလေးက ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ မျက်စိထဲကိုဝင်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါက ကျုပ်ကို စိတ်လှုပ်ရှားစေတယ်။"
အော်တိုဖ်က ခပ်တည်တည်ပြုံးပြပြီး ရှုယီရဲ့လက်ကို ဆွဲကာ နှုတ်ဆက်ရန်ဘလက်ကို ဆန့်ထုတ်လိုက်၏။ ခေါင်းညိတ်ပြပြီးနောက် သူဟာဘာမှပြန်မပြောချေ။
သူ့တုံ့ပြန်မှုကိုမြင်တော့ ရှုယီအံ့သြသွားကာ မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသည်။
ရူဆဲလ်က ဘာမှ မမြင်သလို ပြုမူကာ လူများကို ရှုယီနှင့် မိတ်ဆက်ပေးခဲ့၏။
ရှုယီက စိတ်ရှုပ်ထွေးနေသော်လည်း အခုလောလောဆယ်၌ သံသယတွေကို ဘေးဖယ်ထားကာ သူ့မျက်နှာ၌ အပြုံးများပန်ဆင်လျက် အခြားသူများကိုပါ နှုတ်ဆက်လိုက်၏။
ခီမဲရာကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်မှလွဲ၍ ကျန်အားလုံးမှာ ကန်ဒရာအင်ပါယာရေတပ်မှ အရာရှိများ သို့မဟုတ် ပုံပေမြို့တော်အနီးရှိ ကုမ္ပဏီများမှ အရာရှိများဖြစ်သည်။
သူတို့သည် အော်တိုဖ်နှင့် ကွဲပြားသည်၊ ဤကုမ္ပဏီများ၏ ကိုယ်စားလှယ်များသည် ရှုယီအပေါ် အလွန်ယဉ်ကျေးကြသည်။ Frestech ကုန်သည်ကြီးများအသင်းအပေါ် နားလည်မှုအချို့ကိုပင် ၎င်းတို့၏စကားများဖြင့် ပြသခဲ့သည်။ မှော်စက်များနှင့်ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်း နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းကိုလည်း ညွှန်ပြသည်။
ရှုယီသည် ဤအချက်ကို အလွန်ကြိုဆိုခဲ့ရာ ပဏာမ ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။
မားကွစ္စ်ဆော့သ်ဂိတ်နှင့်သူ၏ဆက်ဆံရေးမှတဆင့် Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာတွင်အခြေခံအုတ်မြစ်ကိုတည်ထောင်ခဲ့သည်။ ယခု ပုံပေမြို့တော်၏ကုန်သည်များနှင့် ရူဆဲလ်၏ဆက်ဆံရေးမှတဆင့် ကန်ဒရာအင်ပါယာတွင်အုတ်မြစ်ချရလိမ့်မည်။ ၎င်းက ရှုယီ၏ မှော်စက်အား နယ်မြေကြီးအတွင်း ဖြန့်ကျက်ဖို့ အစီအစဉ်ကို အများကြီး အထောက်အကူ ဖြစ်စေမည်ပင်။
ထို့ကြောင့် ရှုယီက ၎င်းတို့နှင့် မိတ်ဆက်ပေးသည့်အခါ အရမ်းပျော်နေပြီး ထိုကုမ္ပဏီများ၏ ကိုယ်စားလှယ်တွေကမူ ရှင်းရှင်းလင်းလင်း ပြင်ဆင်ထားပါ၏။ နှစ်ဘက်စလုံးက ကောင်းမွန်သည့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ပဏာမ နှုတ်အားဖြင့် သဘောတူညီမှုတွေ ရရှိခဲ့သည်။
သို့ပေမယ့် ဒီဖြစ်စဉ်တစ်ခုလုံးမှာ အော်တိုဖ်က စကားတစ်ခွန်းမှ မပြောခဲ့ပါချေ။ သူသည် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သောကြောင့် ရှုယီသည် အလွန်သိချင်နေခဲ့သည်။
ဒီကောင်က ဘာအတွက် လာတာလဲ။
ခီမဲရာကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်းကို လုံးဝဂရုမစိုက်ပါက ကောင်းပါသည်။ ကုမ္ပဏီနှစ်ခုကြားတွင် ကြီးမားသောကွာခြားချက်ရှိသောကြောင့် ရှုယီအံ့သြမည်မဟုတ်ပါ။
သို့သော် ခီမဲရာကုန်သည်ကြီးများအသင်းမှတစ်စုံတစ်ဦးကိုစေလွှတ်လိုက်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် အနည်းဆုံးသူတို့၏မျက်စိထဲသို့ဝင်ခဲ့သည်ဟုဆိုလိုသည်။ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်မရှိရင် ဘာကြောင့်ဖြစ်မလဲ။
သို့ပေမယ့် အခုချိန်မှာတော့ ဒီလူက စကားတစ်ခွန်းမှ မပြောဘဲ အေးစက်သည့် သဘောထား ရှိနေသည်။ သူက ရူဆဲလ်ကို မျက်နှာသာပေးချင်ရုံနှင်ပ သူဆန္ဒမရှိဘဲ ဒီကိုရောက်လာတာ များလား။
ဤဆွေးနွေးမှုအတွင်း ရှုယီသည် သူ့စိတ်ထဲရှိ သံသယများကို မဖော်ထုတ်နိုင်ခဲ့သောကြောင့် စူးစမ်းချင်စိတ်ကို ထိန်းမနိုင်တော့ပေ။
သို့သော် ဆွေးနွေးမှုတွေပြီးသွားတော့ အဖွဲ့ဟာ နေ့လည်စာစားဖို့ ထွက်လာပြီးနောက် အော်တိုဖ်က ရှုယီကို အံ့အားသင့်ဖွယ်ကောင်းစွာ လာတွေ့ခဲ့ပါ၏။
သို့ပေမယ့် သူပြောပြီးတာနှင့် ရှုယီ ချက်ချင်း ထိတ်လန့်သွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၂၀။ ကမ်းလှမ်းမှု
"ဥက္ကဌရှု ကျုပ်တို့ ခီမဲရာကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ရွှေဒင်္ဂါး၆၆သန်းနဲ့ ကမ်းလှမ်းချင်ပါတယ်။ ဒါက စာချုပ်ပါ ကြည့်ပါဦး"
အော်တိုဖ်က စာချုပ်ပါးပါးတစ်ခုထုတ်လာသည်ကိုမြင်သော် ရှုယီ အံ့ဩသွားသည်။ သူဟာအရင်ဆုံး ရူဆဲလ်ကိုကြည့်လိုက်သော် သူဟာ တည်ငြိမ်ဟန်ရှိနေသည်။ ထို့နောက် အော်တိုဖ်ကိုကြည့်လိုက်ရာ လေးနက်ဟန်ရှိနေသည်ကိုမြင်သော် ၎င်းတို့က နောက်နေခြင်းမဟုတ်ကြောင်း နားလည်သွား၏။
သို့သော် အော်တိုဖ်၏ စာချုပ်မှတဆင့် မြင်ပြီးနောက် ရှုယီမှာ ၎င်းက အင်မတန် မဖြစ်နိုင်စရာကောင်းလှသည်ဟု ခံစားလိုက်မိသည်။
အဆုံးတွင် ထိုအစည်းအဝေး၌ အော်တိုဖ်စကားမပြောရသည့် အကြောင်းရင်းမှာ သူဆန္ဒမရှိသောကြောင့်မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးစရာတစ်စုံတစ်ရာမရှိခြင်းကြောင့်ပင်။
သူက မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဝယ်ချင်တယ်၊ ဆွေးနွေးဖို့ဘာရှိမှာလဲ?
ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး အနည်းငယ် ခေတ္တရပ်ပြီးနောက် စာချုပ်ကို ပြန်တွန်းလိုက်သည်။
“တောင်းပန်ပါတယ် မန်နေဂျာ အော်တိုဖ်၊ ကျုပ် အခုလောလောဆယ် Frestech ကုန်သည်ကြီးများအသင်းကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။”
အော်တိုဖ်၏အသုံးအနှုန်းသည် ပြောင်းလဲခြင်းမရှိခဲ့ဘဲ စာချုပ်ကို ပြန်လည်တွန်းပေးခဲ့သည်။
“ဥက္ကဋ္ဌ ရှု၊ မင်းအတွက် ဆုံးရှုံးမှုမရှိဘူးဆိုတာကို ကျေးဇူးပြုပြီး ကြည့်ပေးပါ။ အခြေအနေတွေကို မကျေနပ်ရင် ကျုပ်တို့ ဆွေးနွေးလို့ရတယ်။”
"မလိုပါဘူး၊ ကျုပ်မှာ အစီအစဉ်မရှိပါဘူး၊ ဒါကြောင့် ဆွေးနွေးစရာလည်းမရှိဘူး" ရှုယီ၏ လေသံသည် အလွန်ခိုင်မာသော်လည်း သူ့မျက်နှာတွင် တူညီသော အပြုံးတစ်ခု ရှိနေသေးသည်။
ခီမဲရာကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးပေါ်ရှိ နံပါတ်တစ်လုပ်ငန်းစုဖြစ်သည်။ ဖြစ်နိုင်ရင် ရှုယီက သူတို့နှင့်လက်တွဲချင်သေးသည့်အတွက် သူတတ်နိုင်ရင် သူတို့ကို မစော်ကားမိချင်ပေ။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းကို ဝယ်ယူရန် ၎င်းတို့၏ အစီအစဉ်များမှတစ်ဆင့် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့ မထီမဲ့မြင်ပြုခြင်း မရှိသည်ကို တွေ့ရှိရမည်ဖြစ်၏။ ၎င်းကို သူတို့ အရမ်းဂရုစိုက်သည်, မဟုတ်ပါက သူတို့ဝယ်ဖို့ စိတ်ကူးရှိမှာမဟုတ်ပေ။
"ဥက္ကဋ္ဌ ရှု၊ မင်းဒါကိုစဉ်းစားကြည့်ဖို့ ကျုပ်အကြံပြုတယ်၊ အဲဒါက မင်းအတွက် တော်တော်အကျိုးရှိတယ်။" အော်တိုဖ်က မပြောဘဲ၊ ပြောလာသည်မှာ ရူဆဲလ်ဖြစ်သည်။
ရှုယီသည် ရပ်ဆဲလ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းကိုဝယ်ယူရာတွင် ခီမဲရာကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာရေတပ်၏ဒုကပ္ပတိန်အဖြစ် သူနှင့် မည်သို့သက်ဆိုင်သနည်း။
သို့သော် ခီမဲရာကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးတွင် နံပါတ်တစ်ကုမ္ပဏီဖြစ်ခဲ့ပုံနှင့် ကန်ဒရာအင်ပါယာတွင် နံပါတ်တစ်ကုမ္ပဏီဖြစ်ခဲ့ပုံကို စဉ်းစားကြည့်ပါက... ၎င်းတို့သည် ကန်ဒရာအင်ပါယာရှိ အာဏာအမျိုးမျိုးနှင့် ဆက်စပ်နေခြင်း ဖြစ်ရမည်။ ရူဆဲလ်သည် ခီမဲရာကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်သည်မှာ လုံးဝ မထူးဆန်းပါပေ။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ရှုယီသည် စာချုပ်ကို ယူလိုက်သည်။
ရူဆဲလ်နှင့် အော်တိုဖ်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်၏။ သူတို့က ထိုင်ပြီး ရှုယီ၏ တုံ့ပြန်မှုကို စိတ်ရှည်စွာ စောင့်နေကြသည်။
ရှုယီသည် စာချုပ်ကိုဖတ်သောအခါ လေးနက်သောပုံပေါက်နေသော်လည်း အမှန်တကယ်တော့ သူဟာ ၎င်းကို ဂရုမစိုက်ပေ။
Frestech ကုန်သည်ကြီးများအသင်းသည် သူ၏ကြိုးစားအားထုတ်မှုဖြစ်ရာ၊ ၎င်းကို မည်သို့ရောင်းချနိုင်မည်နည်း။
သူသည် အခြားအရာများကို မပြောသော်လည်း၊ ခီမဲရာကုန်သည်ကြီးများအသင်းက ကမ်းလှမ်းထားသည့် ရွှေဒင်္ဂါး ခုနစ်ဆယ့်ခြောက်သန်း၏ စျေးနှုန်းကို ရှုယီက သဘောတူရန် မဖြစ်နိုင်ပေ။
Frestech ကုန်သည်ကြီးများအသင်းသည် တစ်နှစ်လျှင် ရွှေဒင်္ဂါး သန်းသုံးဆယ်ကျော် ဝင်ငွေရှိပြီး မထင်မှတ်တာ ဘာမှမဖြစ်ခဲ့ပါလျှင် ဆက်လက်တိုးလာမည်ဖြစ်သည်။
ခုနစ်ဆယ့်ခြောက်သန်းသည် အလွန်များပြားပုံပေါက်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်ငွေအရ နှစ်နှစ် သို့မဟုတ် သုံးနှစ်စာမျှသာဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းကိုဝယ်ဖို့ ဒီငွေနည်းနည်းလေးသုံးချင်နေတာလား။
ရှုယီ ပြောနိုင်သည်မှာ ခီမဲရာကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ အလားအလာကို မြင်နိုင်သော်လည်း၊ လျှော့တွက်လွန်းသည်ဟုပင်။
စာချုပ်ပါအကြောင်းအရာများသည် ရှုယီအတွက် အံ့သြစရာမဟုတ်ပေ။ အဓိကရည်ရွယ်ချက်မှာ ခီမဲရာကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်းကို ခုနစ်ဆယ့်ခြောက်သန်းဖြင့် အပြီးအပိုင်ဝယ်ယူလိုခြင်းဖြစ်သည်။
ဤဝယ်ယူမှုတွင် Frestech ကုန်သည်ကြီးများအသင်းတွင်ရှိသောအရာအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။ သူတို့ရဲ့ စက်ရုံတွေ၊ သူတို့ရဲ့ သုတေသန အဆောက်အအုံတွေ၊ သူတို့ရဲ့ ဝန်ထမ်းတွေ၊ မှော်စက်နည်းပညာတွေလည်း ပါ၀င်ပါ၏။
ရိုးရိုးရှင်းရှင်းပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းကို ခီမဲရာကုန်သည်ကြီးများအသင်းမှဝယ်ယူမည်ဖြစ်ပြီး ရှုယီသည် စတက်တိန်းနယ်တွင် ၎င်း၏ကိုယ်ပိုင်နယ်မြေသာရှိမည်ဖြစ်သည်။
စာချုပ်ကိုကြည့်ပြီးနောက် ရှုယီသည် စိတ်ထဲတွင် အေးစက်စွာရယ်မောရုံသာတတ်နိုင်သည်။
ဤ ခီမဲရာကုန်သည်ကြီးများအသင်းသည် အမှန်တကယ် ကြီးမားသော အစာစားချင်စိတ်ရှိပြီး သူ့အတွက် ဘာမှ မချန်ထားခဲ့ပေ။ Frestech ကုန်သည်ကြီးများအသင်း အကြောင်းကို သူတို့ နားလည်မှု တစ်ချို့ ရှိပုံရတယ်၊ ဒါပေမယ့် သူတို့ တကယ် နားလည်ဖို့ ဝေးကွာသေးတာပဲ။
ရှုယီက စာချုပ်ကိုပိတ်လိုက်သည်နှင့် နောက်ဆုံးမှာတော့ အော်တိုဖ်က ပထမဆုံးအကြိမ် ပြုံးပြလိုက်ပါ၏။
"ပြီးပြီလား? ဥက္ကဋ္ဌ ရှု၊ မင်းမှာ ပြဿနာမရှိဘူးလို့ ခံစားရရင်၊ ငါတို့ အခုလက်မှတ်ထိုးလို့ရတယ်။"
"ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ ရည်ရွယ်ချက်တွေအတွက် အများကြီးကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောရတာ စိတ်မကောင်းပါဘူး။" ရှုယီက ခေါင်းခါပြီး ပြောလိုက်သည်။, “မန်နေဂျာ အော်တိုဖ်၊ ခင်ဗျားသာ ခီမဲရာကုန်သည်ကြီးများအသင်း ကိုယ်စား ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ ဒီနေရာကို ရောက်လာတယ်ဆိုရင် ခင်ဗျားကို အရမ်းကြိုဆိုပါတယ်၊ ဒါပေမယ့် အကယ်လို့ ခင်ဗျားက ကျုပ်တို့ကုမ္ပဏီကို ဝယ်ယူဖို့ ဆွေးနွေးဖို့နဲ့ ဒီနေရာမှာ ရှိနေတာဆိုရင်တော့ ......ဆွေးနွေးစရာမရှိပါဘူး”
ထိုသို့ပြောပြီးနောက် ရှုယီက သူ့ကို ထွက်သွားခိုင်းဟန် ပြလိုက်သည်။
အော်တိုဖ်၏မျက်နှာမှာ ပျက်သွားပြီး "ဥက္ကဌ ရှု၊ မင်းတကယ်စဉ်းစားရမှာမဟုတ်ဘူးလား။ ကျုပ်တို့ရဲ့ ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ လိုချင်တဲ့အရာဖြစ်ဖို့က စိုင်စ်နယ်မြေကြီးမှာရှိတဲ့ မရေတွက်နိုင်သောကုမ္ပဏီတွေရဲ့ အိပ်မက်တွေဖြစ်တာကို မင်းနားလည်ထားရမယ်။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် အခွင့်အရေးဆိုတာ ထပ်ရှိမှာမဟုတ်ဘူး။"
ရှုယီက လက်ဖက်ရည်သောက်ပြီး ပြန်မဖြေဘဲ ပြုံးလိုက်သည်။
ရှုယီ၏ သဘောထားကို မြင်လိုက်ရသည်နှင့် ရူဆဲလ်ကို လှည့်ကြည့်လိုက်သောအခါ အော်တိုဖ်၏ အမူအရာမှာ ပိုမိုပျက်သွားခဲ့သည်။
ရူဆဲလ်က နေရခက်စွာ ပြုံး၍ ရှုယီအားပြောလာသည် "ဥက္ကဌ ရှု၊ မန်နေဂျာ အော်တိုဖ်ပြောတာ မှန်ပါတယ်။ ခီမဲရာကုန်သည်ကြီးများအသင်းရဲပ အာရုံကိုဖမ်းစားနိုင်တာက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ကောင်းချီးပါပဲ။
ရှုယီသည် မောက်မာသော အော်တိုဖ်ကို အစကတည်းက မျက်နှာမပေးခဲ့သော်လည်းဘရပ်ဆဲကို မျက်နှာသာပေးရမည်။ ခေတ္တရပ်ကာ စဉ်းစားပြီးနောက် သူဟာခေါင်းကို ခါလိုက်ဆဲပင်။
“ဒါကို ထည့်သွင်းစဉ်းစားဖို့ မလိုပါဘူး။ ဆရာရူဆဲလ်၊ ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ ကိုယ်စားလှယ်ကို ဒီနေရာဆီ ခေါ်ဆောင်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းကို ရောင်းချဖို့ စိတ်ကူးက ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး ဒါကြောင့် ဆွေးနွေးစရာမရှိပါဘူး။"
ရှုယီ၏ ခိုင်မာသော သဘောထားကို မြင်လိုက်ရသဖြင့် ရူဆဲလ်သည် အော်တိုဖ်ထံသို့ ကူကယ်ရာမဲ့စွာသာ လှည့်သွားနိုင်သည်။
အော်တိုဖ်က အေးစက်စက် နှာမှုတ်လိုက်သည် "ဥက္ကဌ ရှု၊ ဒီအကျိုးဆက်တွေကို မင်းနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ် မင်းကို တစ်လအချိန် ပေးမယ်။”
သူဟာ ရှုယီ၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူပြောပြီးသည်နှင့် ထွက်သွားသည်။
အခန်းထဲမှာ ရှုယီနှင့် ရူဆဲလ်တို့ပဲ ကျန်တော့သည်။ ရူဆဲလ်က၏ အနည်းငယ် တုံ့ဆိုင်းသွားပြီး အော်တိုဖ်နှင့် လိုက်၍ ထွက်ခွာမသွားခဲ့။ ထိုအစား၊ ရှုယီကို ခါးသက်သက်ပြုံးပြသည်။
“ဥက္ကဋ္ဌ ရှု၊ ခီမဲရာကုန်သည်ကြီးများအသင်းက မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းချင်တယ်လို့ပဲ ထင်ခဲ့တာ၊ ငါဘယ်တုန်းကမှဒီလို မတွေးခဲ့မိဘူး......"
ရူဆဲလ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်းနည်းမှုအနည်းငယ်ဖြင့် ခေါင်းခါလိုက်သည်။
ရှုယီ၏နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။ အော်တိုဖ်က သူ့တောင်းဆိုချက်ကို ပြောစဉ်က ခင်ဗျားအံ့အားသင့်ပုံတောင် မပြခဲ့ဘဲ အခု ဒီတာဝန်ကို ရှောင်ဖို့ ကြိုးစားနေတာ ဘယ်သူက ယုံမှာလဲ?"
သို့ပေမယ့် ၎င်းကိုကြည့်ဖို့ မလိုအပ်ပါချေ၊ ထို့ကြောင့် ရှုယီက ခေါင်းစဉ်မပြောင်းခင် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည် "ဆာ ရူဆဲလ်၊ လုပ်ငန်းတစ်ခု ဆွေးနွေးကြည့်ရအောင်။ ဒီတစ်ခါ ဘာပြောချင်တာလဲ"
ရှုယီ၏ စီးပွားရေးစကားပြောသံကိုကြားတော့ ရူဆဲလ်က အသက်ပြင်းပြင်းရှူကာ သူ့စိတ်ကို အာရုံစိုက်လိုက်သည်။ သူက ခေါင်းတညိတ်ညိတ်နှင့် ပြန်ပြော၏ "ဒါက ကျုပ်တို့ဖွဲ့ထားတဲ့ ရေတပ်နဲ့ ဆက်နွယ်နေသေးတယ်။ ဥက္ကဋ္ဌ ရှု ၊ ခင်ဗျား နောက်ဆုံးအကြိမ် ပေးခဲ့တဲ့ အစောင့်သင်္ဘောသုံးစင်းက ရေတပ်မှာ တာဝန်ထမ်းဆောင်နေပြီမို့လို့ ခင်ဗျားပေးထားတဲ့ နည်းပညာဆိုင်ရာဝန်ထမ်းတွေရဲ့ ပံ့ပိုးကူညီမှုကြောင့် ကောင်းမွန်စွာလည်ပတ်နေတယ်။ ဒါကို ကျုပ်တို့ အရမ်းကျေနပ်ပါတယ်.. ဒါပေမယ့် ပြဿနာရှိနေသေးတယ်”
“ကျေးဇူးပြု၍ ပြောပါ။”
“မှော်အမြောက်စာတွေအပြင် အစောင့်သင်္ဘောသုံးစင်းမှာ မင်းတို့ကုမ္ပဏီရဲ့ အစောင့်သင်္ဘောတွေနဲ့ တူညီတဲ့ စစ်ဘက်သုံးမှော်စက်တွေ တပ်ဆင်မထားဘူးလေ။ ဒါကြောင့် ပစ်အားနဲ့ ပတ်သက်ရင် သူတို့က နည်းနည်း အားနည်းတယ်။ သူတို့က အရင်က ကျုပ်တို့အသုံးပြုခဲ့တဲ့ သင်္ဘောတွေထက် များစွာပိုမိုအားကောင်းပေမယ့်လည်း၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောတွေနဲ့ နှိုင်းယှဉ်လို့မရဘူး။. ဒါကြောင့် ဒီအစောင့်သင်္ဘောသုံးစင်းရဲ့ စွမ်းအားကို ပြသဖို့အတွက် တူညီတဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တွေ တပ်ဆင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“ဆရာ ရူဆဲလ်၊ ကျုပ် မှတ်မိတာ မှန်တယ်ဆိုရင် အဲဒီ အစောင့်သင်္ဘောသုံးစင်းကို ကျုပ် ခင်ဗျားကို ပြန်ရောင်းတုန်းက ပြောထားပြီးသားပါ။ ခင်ဗျားတို့ဘက်က ငြင်းခဲ့လို့ တခြားစစ်တပ်သုံးမှော်စက်တွေ တပ်ဆင်မထားတာလေ၊ ဒါက ကျုပ်တို့နဲ့ ဘယ်လိုဆိုင်မှာလဲ" ရှုယီက ပြန်ငြင်း၏။
“ဒါက......” ရူဆဲလ်က အနေရခက်သည့် အပြုံးကို ထုတ်ဖော်ပြောရင်း “မင်းပေးခဲ့တဲ့ ကနဦးဈေးက သင်္ဘောတစ်စင်းကို ရွှေဒင်္ဂါးနှစ်သန်းရှိပြီး တခြားစစ်တပ်မှော်စက်တွေမပါတဲ့ သင်္ဘောတွေအတွက်ကျ တစ်သန်းခွဲပဲ၊ ဒါက ဈေးနှုန်းအရ အရမ်းကွာနေတယ်။"
“ခင်ဗျားက ဆင်းရဲတယ်လို့ပဲ ဘာလို့မပြောရတာလဲ......" ရှုယီက သူ့စိတ်ထဲ၌ရေရွတ်လိုက်သည်။ ထို့နောက် “ဒါဆို စျေးနှုန်းကွာခြားချက်ကို အခုလက်ခံဖို့ ဆန္ဒရှိလား” ဟု မမေးခင် ခေါင်းညိတ်လိုက်ပါ၏။
“သင်္ဘောတစ်စင်းမှာ စစ်ဘက်ဆိုင်ရာမှော်စက်တချို့ တပ်ဆင်ဖို့ ငါးသိန်းဆိုတော့ လုံးလုံးလက်ခံနိုင်တယ်လို့ မပြောနိုင်ပါဘူး။ ဒီသင်္ဘောတစ်စင်းကို နှစ်သိန်းဆိုရင်ရော ဘယ်လိုလဲ။"
"ရွှေဒင်္ဂါးနှစ်သိန်း?" ရှုယီ၏ မျက်လုံးများ ပြူးကျယ်သွားကာ "သခင်ရူဆဲလ်နောက်နေတာလား။ နှစ်သိန်းက ကျုပ်တို့ကုန်ကျစရိတ်ကို ကာမိဖို့တောင် မလုံလောက်ဘူး!"
"ဥက္ကဌ ရှု ၊ မင်း သိပ်ရိုးသားနေတာမဟုတ်ဘူးလား " ရူဆဲလ်က ခေါင်းခါလိုက်ကာ "ဒါဟာရိုးရှင်းတဲ့ စစ်မှော်စက်အနည်းငယ်အတွက်ပါပဲ၊ ရွှေဒင်္ဂါးနှစ်သိန်းက ဘယ်လိုဆုံးရှုံးနိုင်မလဲ"
ရှုယီက အေးစက်စက် နှာမှုတ်လိုက်ကာ "ကျုပ်တို့ အရှုံးမရှိဘူးလို့ ထင်တာလား။ ကောင်းပြီ၊ ခင်ဗျားဘာသာ ဂရုစိုက်ပါတော့"
ရူဆဲလ်သည် မျက်ခုံးများကို နက်နက်ရှိုင်းရှိုင်း တွန့်ချိုးလိုက်သော်လည်း၊ သူသည် ရှုယီနှင့် ငြင်းခုံခြင်း သို့မဟုတ် စျေးနှုန်းအရ ညှိနှိုင်းရန် မကြိုးစားသည်က အံ့သြစရာပင်။ သူဟာ တွေးကြည့်ပြီးနောက် ထရပ်လိုက်သည်။
“ကောင်းပြီ၊ ဥက္ကဋ္ဌ ရှု၊ ကျုပ်တို့ ဈေးနှုန်းကို သဘောမတူနိုင်တာကြောင့် ဒီကိစ္စကို နောက်တစ်ကြိမ်မှ ဆွေးနွေးကြတာပေါ့။ တခြား စစ်ဘက်ဆိုင်ရာ မှော်စက်တပ်ဆင်ခြင်းကိစ္စ ဆွေးနွေးခြင်းကလွဲပြီူ ကျန်ရှိနေသေးပါတယ်။ သင်္ဘောကျင်းကို သွားကြည့်ဖို့ ခေါ်သွားလို့ရလား။ လမ်းမှာ စကားပြောလို့ရတာပေါ့။”
ရှုယီ စိတ်ရှုပ်သွားသည်။
ဒီ ရူဆဲလ်က လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူဖြစ်ပြီး စစ်ဘက်သုံးမှော်စက်တွေ ထပ်မံတပ်ဆင်ခြင်းကိစ္စက ကန်ဒရာအင်ပါယာရေတပ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်သင့်ရာ ဘာကြောင့် သူက ဒီအစီအစဉ်ကို ဆက်မဆွေးနွေးတာလဲ?
အော်တိုဖ်နဲ့ အခုလေးတင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ရူဆဲလ်ရဲ့အဖွဲ့ဟာ သူ့အတွက် ထူးဆန်းသည့် ခံစားချက်ကို ပေါက်ပွားလာစေသည်။
ကန်ဒရာအင်ပါယာ၊ သူတို့ဘာတွေစီစဉ်နေတာလဲ။