← Chapters

အဆုံးစွန်မဲ့ စံပြ အပိုင်း(၃) - ထင်မှတ်မထားသည့် ဧည့်သည်

Vol. 103 Ch. 1440

အဆုံးစွန်မဲ့ စံပြ အပိုင်း(၃) - ထင်မှတ်မထားသည့် ဧည့်သည်

Vol. 103 Ch. 1440

ဝမ်ဝေ့က ဆက်လက်လျှောက်လှမ်းလိုက်၏။ သူ့စိတ်က စိတ်ခံစားချက်များကို ထိန်းသိမ်းထားဖို့ စက်ယန္တရားမှ ယာယီလွတ်မြောက်လာသည့်အတွက် ဘေးပတ်လည်ကို ကြည့်ကာ ဤစမ်းသပ်ချက်အကြောင်း စဉ်းစားလိုက်သည်။ သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်ချည်း ပေါ်ထွက်လာသော်လည်း ထိုအရာက မြန်ဆန်လွန်းသည့်အတွက် မဖမ်းဆုပ်မိခဲ့ပေ။ ဝမ်ဝေ့က အာရုံစိုက်ကာ ထိုလှုံ့ဆော်မှု မည်သည်မှ ရလာကြောင်း သဘောပေါက်တော့မည့်ဆဲဆဲတွင် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်ပျက်လာခဲ့၏။

“မင်းပဲ”

“မတွေ့ရတာကြာပြီ” ဝမ်ဝေ့နှင့် တူသည့် လူငယ်လေးတစ်ဦးက ပြောလာခဲ့သည်။ သူ့ဝန်းကျင်တွင် သဘာဝလှောင်ပြုံးနှင့် မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားလေ၏။

“ငါက နှလုံးသားနတ်ဆိုးအတွက် အသက်ကြီးလွန်းနေပြီ မဟုတ်ဘူးလား” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

“ငါလည်း အဲ့လိုခံစားမိတာပဲ။ဒါပေမဲ့ ငါ ဒီရောက်နေပြီလေ” နှလုံးသားနတ်ဆိုးက သက်ပြင်းချလိုက်၏။

ဝမ်ဝေ့က သူ့ကို ကြည့်ပြီးသည့်နောက်တွင် လျစ်လျူရှုလိုက်ပြီး ဆက်လက် လျှောက်လှမ်းသွားလေ၏။

“ဒီလိုမလုပ်စမ်းပါနဲ့။ ငါက ဒီရောက်နေတာဆိုတော့ ငါ့အလုပ် ငါ လုပ်ရမယ်” နှလုံးသားနတ်ဆိုးက ပြောလိုက်သည်။

“ဘယ်သူမှ မင်းကို မတားဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ နှလုံးသားနတ်ဆိုးက သူ့ဘေးနားမှ လျှောက်လှမ်းလာလေသည်။

“မင်းရဲ့ အကျင့်စရိုက်ကို တိုက်ခိုက်နေလို့ အကျိုးမရှိဘူး။ မင်းက ကောင်းတာရော ဆိုးတာရော ကောင်းကောင်းသိထားတယ်”

ဝမ်ဝေ့က ဘာမှပြန်မပြောပေ။

“ကြည့်ရတာ မင်းတို့ရဲ့ ဆက်ဆံရေးကနေ စရမယ်ထင်တယ်” ထိုအရာက ဆက်ပြောလိုက်၏။

“မင်းက မင်းရဲ့ ရွယ်တူအများစုကို မိတ်ဆွေအဖြစ် သတ်မှတ်ထားပေမဲ့ သူတို့ကို ကြိုးကိုင်ပြီးတော့ သူတို့ရဲ့ အင်အားစုတွေကို အမဲလိုက်ဖို့ တုံ့ဆိုင်းနေတာ  မရှိဘူး။ မင်းက သူတို့သာ မင်းလမ်းလာပိတ်တယ်ဆိုရင် သူတို့ကို သတ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့လည်း ထင်တယ်”

“ဒါက ကျင့်ကြံရေးလောကရဲ့ မိတ်ဆွေဆက်ဆံရေးပုံစံပဲလေ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“အင်အားစုတွေက အရာအားလုံးအထက်မှာ ရှိနေတာ။ ကိုယ်ပိုင်ဆက်ဆံရေးတွေလည်း အပါအဝင်ပဲ”

“အမှန်ပဲ။ မင်းရဲ့ ဘိုးဘေးကို နမူနာကြည့်လိုက်။ သူမက ဝူဟုန်နဲ့ ဆက်ဆံရေးကောင်းရှိတယ်ဆိုပေမဲ့ တာအိုအခွင့်အလမ်းဂိုဏ်းကို ကာကွယ်ဖို့ ပတ်သက်လာတဲ့အခါမှာ သူမကို ဖြတ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး” နှလုံးသားနတ်ဆိုးက ခေါင်းညိတ်လိုက်၏။

ဝမ်ဝေ့က ထိုသိသာလှသည့် ငါးစာကို မဟပ်ပေ။ သူက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ မင်း ပိုသိသင့်တယ် မဟုတ်ဘူးလား။ မင်းက အဲဒီလူတွေနဲ့ မတူဘူး။ မင်းက ကွဲပြားတဲ့ တန်ဖိုးရှိတဲ့ တခြားလူမှုအဖွဲ့အစည်းအကြောင်းကို သိထားပြီးသား။ မင်းက သူတို့ထက်ပိုပြီး မကောင်းသင့်ဘူးလား” နှလုံးသားနတ်ဆိုးက ဆက်ပြောလိုက်သည်။

“ငါက ဘာများပြောနိုင်ဦးမှာလဲ။ ငါကလည်း သူတို့နဲ့ သဟဇာတ ဖြစ်သွားပြီလေ” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်၏။

“အဲ့လိုလား။ မင်းက ဒီအားနည်းတဲ့ အကြောင်းပြချက်ကို သုံးပြီးတော့ မင်း ဖြစ်လာတဲ့ပုံစံအပေါ်  မျှတမှုရှာနေတာပဲ။ မင်းက အဲ့လိုလူပဲ”

“ငါ့အတွက် ဒီလိုဖြစ်လာတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ငါက လေလွင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကြီးပြင်းလာပြီး ဘဝမှာ အရာအားလုံးအတွက် ခက်ခဲရုန်းကန်နေရတယ်ဆိုရင် ကမ္ဘာမြေပေါ်က ငါ့ရဲ့ ကျင့်ဝတ်နဲ့ တန်ဖိုးကို ထိန်းသိမ်းကောင်း ထိန်းသိမ်းထားနိုင်မှာပေါ့။ ကျင့်ကြံရေးလောကကိုတောင် ပြောင်းလဲပစ်ဖို့ ကြိုးစားကြည့်လိမ့်မယ်။ ဒါပေမဲ့ ငါက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့သူ။ ကမ္ဘာကြီးနဲ့ ဒီစနစ်က ငါ့ကို အရေးသာချက်တွေ အများကြီး ပေးထားတယ်။ အဲဒါကြောင့် ငါက ကျင့်ကြံရေးလောကရဲ့ တန်ဖိုးနဲ့ ကျင့်ဝတ်တွေကို နေသားကျသွားတာက ပုံမှန်ပဲ မဟုတ်ဘူးလား”

“မဟုတ်ဘူး မင်းက ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိသလိုမျိုး ပြောနေတာပဲ။ အကြွင်းမဲ့လွတ်လပ်ခွင့်ကို ရယူလိုတဲ့ လူတစ်ယောက်အနေနဲ့ မင်းက အဲ့လို သဟဇာတဖြစ်သွားတာမျိုးကို ဆန့်ကျင်သင့်တယ် မဟုတ်ဘူးလား။ မင်းဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြည်းဖြည်းချင်း အချိန်ကြာလာတာနဲ့အမျှ တိုက်စားခံလိုက်ရတာကို စိတ်ဆိုးသင့်တာ မဟုတ်ဘူးလား”

“အဲဒါကြောင့် မင်းက အမှားလုပ်မိတာပဲ။ မင်းက ဒီနေရာမှာ ရွေးချယ်စရာ မရှိဘူးလို့ ယူဆနေတာ။ ငါက အဲဒီသဟဇာတဖြစ်မှုက ရှောင်လွဲလို့မရပဲနဲ့ တမင်လိုက်နာဖို့ ရွေးချယ်ခဲ့တာ။ ငါက ဒီစနစ်ကို ပြောင်းလဲဖို့ ကြိုးစားပြီးတော့ လွတ်လပ်ခွင့်ကို ရယူမဲ့ ငါ့ရည်မှန်းချက်ကို လုပ်ဖို့ဆိုရင် အဆရာချီ ပိုပြီးခက်ခဲသွားနိုင်တယ်။ အဲဒါကြောင့် စနစ်ထဲမှာ နေသားကျပြီးတော့ ငါ့အကျိုးအတွက် အသုံးချခဲ့တာ”

“မင်းက လွယ်လမ်းကို ရွေးချယ်ခဲ့တာပဲ”

“ငါက သက်ရောက်မှုအရှိဆုံး နည်းလမ်းကို ရွေးချယ်ခဲ့တာပါ။ ရနိုင်ခြေအမြင့်ဆုံးအရာကိုပေါ့”

“ဒါပေမဲ့ တန်ကြေးကရော။ မင်းက ရည်မှန်းချက်ကို ရတယ်ဆိုရင်တောင် မင်းက ကမ္ဘာမြေက မင်းနဲ့ တူတော့မှာ မဟုတ်ဘူး” နှလုံးသားနတ်ဆိုးက ဆက်ပြောလာသည်။

“ငါ့ကို ပြောစမ်းပါဦး။ ငါက ဘာမှမစတေးပဲနဲ့ ငါ့ရည်မှန်းချက်ကို ရနိုင်မယ်လို့ ထင်နေလား” ဝမ်ဝေ့က မေးလိုက်သည်။

“အဲဒါက ဖြစ်နိုင်ပါတယ်”

“လက်တွေ့ဆန်စမ်းပါ”

“ငါက ဒီစကားကို ရပ်တည်တယ်။ စိန်ခေါ်မှုရှိတယ်ဆိုပေမဲ့ ဖြစ်နိုင်ပါတယ်”

“ကောင်းပြီလေ။ ငါ့ရဲ့ အနေအထားကို ထပ်ပြီးပြောပြမယ်။ ငါက ကမ္ဘာမြေပေါ်ကလူကို ပြီးပြည့်စုံဆုံး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ဘယ်လိုဖြစ်မယ်လို့ ထင်လဲ။ ကျင့်ကြံရေးလောကရဲ့ အဓိကပုံစံက အာဏာဆိုတာက ကြမ်းတမ်းမှုကနေ ရယူရတာ။ အဲဒါက သေခြင်းတရားတွေ ပြည့်နှက်နေတဲ့ လမ်းစဉ်တစ်ခုပဲ။ ဆိုလိုတာက ငါ ပထမဦးဆုံးလူကို သတ်လိုက်ကတည်းက ကမ္ဘာမြေက အပြစ်ကင်းစင်တဲ့ လူငယ်လေးက မရှိတော့ဘူး”

ဝမ်ဝေ့က သူ့ပထမဦးဆုံး သတ်ဖြတ်မှုကို မမေ့သေးပေ။ ထိုအကျဉ်းသားများက ဤကြီးကျယ်လှသည့် ကိစ္စရပ်များထဲ သေးနုတ်သော်လည်း သူသည် သူတို့၏ နောက်ဆုံးထွက်သက် ဆုံးရှုံးသွားရသည့်အခါ သူတို့၏ မျက်ဝန်းမှ အလင်းရောင်မှေးမှိန်သွားသည်ကို အမှတ်ရနေဆဲ ဖြစ်၏။

“အဲဒါက မတူဘူး။ မင်းက ဒီကမ္ဘာနဲ့ နေသားကျအောင် ကြိုးစားနေရုံပဲ” နှလုံးသားနတ်ဆိုးက ပြန်လည်တုံ့ပြန်လိုက်သည်။

“ငါကလည်း အတူတူ ပြန်ငြင်းလို့ရတယ်။ ငါ့ရဲ့ ဆုံးဖြတ်ချက်က ငါ့ရဲ့ နဂိုပုံစံကို စွန့်ပစ်ဖို့ မဟုတ်ပဲနဲ့ ကမ္ဘာကြီးကို နေသားကျအောင် ပြောင်းလဲလိုက်တာပဲ။ အခု ငါ ရှိနေတဲ့ပုံစံက ငါ ဒီကမ္ဘာကြီးထဲမှာ စူးစမ်းရှာဖွေဖို့ ပုံစံအသစ်ပဲ”

နှလုံးသားနတ်ဆိုးက သက်ပြင်းချလိုက်သည်။

“ငါ မင်းနဲ့ ပြိုင်ပြီး မငြင်းနိုင်တော့ဘူး။ ဒါပေမဲ့…”

သူ့မျက်ဝန်းက ဉာဏ်များမှုဖြင့် တောက်ပလာလေသည်။

“မင်းက မင်းရဲ့ဂိုဏ်းနဲ့ စနစ်ကို ဒီလောက် တန်ဖိုးထားတယ်ဆိုမှတော့ တစ်ယောက်ယောက်က စွန့်ပယ်သွားရင် … ဥပမာ မင်းရဲ့ အကောင်းဆုံးသူငယ်ချင်း လီကျွင်းက စွန့်ပယ်သွားတယ်ဆိုရင် ဂိုဏ်းကို ထောက်ပံ့မှာလား .. သူ့ကို ထောက်ပံ့မှာလား”

“အဖြေက သိသာတယ်လေ။ ငါက လီကျွင်းကိုပဲ ရွေးမှာပေါ့”

“ငါကတော့ မဟုတ်ဘူး။ မင်းက အရာအားလုံးအတွက် ဂိုဏ်းရဲ့ အကျိုးကျေးဇူးကိုပဲ တန်ဖိုးထားမယ်လို့ ထင်နေတာ”

“ငါ အဲ့လိုပြောခဲ့တာ မဟုတ်ပါဘူး။ ငါက ဒါကို ရွေးချယ်လိုက်တာက ငါ့အတွက် အကျိုးကျေးဇူးရှိလို့လို့ ပြောခဲ့တာပါ”

“ဒါပေမဲ့ မင်းရဲ့ ရွေးချယ်မှုက အဲဒါနဲ့ ဆန့်ကျင်နေတယ်”

“ဘာပဲဖြစ်ဖြစ် ဂိုဏ်းက အဖွဲ့အစည်းတစ်ခုပဲလေ။ ဘေးကင်းမှုနဲ့ စည်ပင်ကြွယ်ဝမှု ခြိမ်းခြောက်ခံရရင် လူအားလုံးကို စတေးပစ်လိမ့်မယ်။ ပြီးတော့ ငါက လီကျွင်းကို သိတယ်။ သူက ဂိုဏ်းရဲ့ ဘေးကင်းမှု၊ စည်ပင်ကြွယ်ဝမှုကို အန္တရာယ်ရှိအောင် ဘာမှလုပ်မဲ့သူမျိုး မဟုတ်ဘူး။ ငါကလည်း အဲဒီအဖွဲ့အစည်းအထက်မှာ မရှိသေးဘူးဆိုတာကိုလည်း ကောင်းကောင်းနားလည်တယ်။ သူတို့က လီကျွင်းကို စတေးနိုင်တယ်ဆိုတော့ ငါ့ကိုလည်း အတူတူလုပ်နိုင်တယ်။ လီကျွင်းကတော့  သူ့အသက်၊ ချစ်ခြင်းမေတ္တာနဲ့ သစ္စာရှိမှုအပါအဝင် ငါ့အတွက် အရာအားလုံးကို ပေးအပ်လိမ့်မယ်”

“ရွေးချယ်မှုက သိသာပါတယ်”

နှလုံးသားနတ်ဆိုးက တိတ်ဆိတ်သွားပြီး ရယ်မောလိုက်သည်။

“မင်း ပြောတာ မှန်တယ်။ မင်းက အရင်ပုံစံဟောင်းကို ထိန်းသိမ်းထားနိုင်တာပဲ”

“မင်းက ဒါကို နားလည်ဖို့ ဒီလောက် ပြောနေဖို့ လိုလို့လား”

“ငါက ဘာများ ပြောနိုင်ဦးမှာလဲ။ မင်းက အရင် ငါတွေ့သလောက် အားမနည်းတော့ဘူးလေ။ အဲဒါဆိုတော့ ငါကစုဆောင်းနိုင်တဲ့ သတင်းအချက်အလက်က အရမ်းကြီး မကောင်းဘူး”

နှလုံးသားနတ်ဆိုးက ပုခုံးတွန့်ကာ ပြောလိုက်သည်။

“ပြီးတော့ ဒါက စမ်းသပ်ချက်ဆိုတော့ စစ်ဆေးကြည့်ဖို့ လိုအပ်တယ်လေ။”

“အဲဒါကြောင့် မင်းက အရင်ကလောက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူးလို့ ခံစားမိနေတာပဲ”

“မင်းရဲ့ စိတ်နဲ့ တာအိုနှလုံးသားက သူတို့ရှိခဲ့တဲ့ ပုံစံမျိုး မဟုတ်တော့ဘူး။ အဲဒါကြောင့် ငါ့ကို နည်းနည်း အခက်တွေ့သွားစေတာ။ ဒါပေမဲ့ ထားပါတော့။ ဝူဟုန်နဲ့ရော ကိစ္စတွေက ဘယ်လိုလဲ” နှလုံးသားနတ်ဆိုးက ထပ်ပြောလိုက်သည်။

“ကောင်းပါတယ်”

“မင်းတို့နှစ်ယောက် အတူတူရှိသွားပြီလား”

“ငါတို့က ငါတို့ရဲ့ ဟိုမရောက် ဒီမရောက်အခြေအနေကို အဖြေထုတ်နေတုန်းပဲ။ ဒါပေမဲ့ ကျန်တဲ့အရာအားလုံးကတော့ အဆင်ပြေပါတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ငါးစာ မဟပ်ဘူးပေါ့လေ။ ကောင်းပြီလေ နောက်တစ်ခု စဉ်းစားကြည့်တာပေါ့။ မင်းက စံပြဖြစ်လာတော့မှာဆိုတော့ အဲဒါက ဘာအဓိပ္ပာယ်လဲဆိုတာ သိလား” နှလုံးသားနတ်ဆိုးက သူ့ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

“ဘာလဲ”

“မင်းက သမိုင်းမတိုင်မီကမ္ဘာကို ပြန်သွားနိုင်ပြီ။ ပြောရမယ်ဆိုရင် မင်းက ကမ္ဘာမြေဆီ ပြန်သွားနိုင်ပြီ”

“အဲဒါဆိုတော့” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

“မင်းရဲ့ မိဘတွေ အသက်ရှင်နေတုန်းပဲလို့ ထင်လား။ ဂရုရော စိုက်ရဲ့လား”

“ကမ္ဘာနှစ်ခုကြားက အချိန်ခြားနားချက်က အရမ်းကြီး မကြီးမားသရွေ့ မင်းက ကမ္ဘာမြေဆီ ပြန်သွားနိုင်ပြီ။”

“အဲဒါဆိုတော့” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

“မင်းရဲ့ မိဘတွေ အသက်ရှင်နေဦးမယ်လို့ ထင်လား။ မင်း ဂရုရောစိုက်ရဲ့လား”

“ကမ္ဘာနှစ်ခုကြားက အချိန်ကွာဟချက်က အရမ်းကြီး မကြီးသရွေ့ သူတို့အသက်ရှင်နိုင်ခြေက အတော်လေး နည်းပါးတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အဲဒါဆိုတော့ မင်းက ဂရုမစိုက်တော့ဘူးလား”

ဝမ်ဝေ့က သူ့ကို ကြည့်လိုက်၏။

“မင်းကိုယ်တိုင် ပြောတာပဲလေ။ ငါက စံပြတစ်ယောက်။ အဲဒါဆိုတော့ သူတို့ရဲ့ အချိန်စက်ဝန်းဆီ သွားပြီးတော့ ကြည့်လို့ရတာပဲ။ ငါသာ သေချာဂရုစိုက်မယ်ဆိုရင် သူတို့က သေမျိုးတွေဆိုတော့ သူတို့ကို ကယ်တင်လိုက်တဲ့ အကျိုးဆက်က အသေးအဖွဲပါ”

“အဲဒါဆိုရင် ဟုန်ကျွင်းက မင်း အလိုရှိတိုင်း လုပ်ခွင့်ပေးမယ်လို့ ထင်နေလား”

“သူက ငါ့အပြုအမူတွေအပေါ်မှာ ဘယ်လိုလုပ်မလဲဆိုတာကြည့်ပြီးတော့ ငါတို့တွေရဲ့ ဆက်ဆံရေး ကို ဆုံးဖြတ်သွားလိမ့်မယ်။ ဒါမှ ငါက သူ့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာကိုရောပေါ့။ အဆိုးဆုံးအနေအထားဆိုရင် ငါက သူ့ထက်ပိုပြီး အားကောင်းတဲ့အခါမှ မိဘတွေကို ကယ်လို့ရတာပဲ”

“မင်းမှာ အရာအားလုံးအတွက် အဖြေရှိနေတာပဲ ဟုတ်တယ်မလား”

“ငါက ငယ်ငယ်လေးကတည်းက အားကောင်းတဲ့ ကျင့်ကြံရေးက ကမ္ဘာမြေဆီ ပြန်ဖို့ သော့ချက်ဆိုတာကို သဘောပေါက်ထားပြီးသား”

“မင်းရဲ့ စကားတွေက မင်း တကယ်ဂရုစိုက်တယ်ဆိုပြီး ငါ ယုံတော့မလို့ပဲ” နှလုံးသားနတ်ဆိုးက လှောင်ပြောင်လိုက်သည်။

“ငါက ဂရုမစိုက်ဘူးလို့ ဘာလို့များ ထင်ရတာလဲ”

“မင်းက မင်းကမ္ဘာမြေက မိဘတွေရဲ့ ကိစ္စတွေကို အမြဲတမ်း အကျိုးအကြောင်းသင့်သင့် ဆုံးဖြတ်ခဲ့တာ။ မင်းက သူတို့တွေကို အားကောင်းတာနဲ့ တစ်ရက် ပြန်တွေ့နိုင်မယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ခွင့်ပေးခဲ့တာ။ ဘယ်တော့မှ သံသယ မရှိခဲ့ဘူးမလား။”

“အဲ့လိုပါပဲ”

“ကောင်းပြီလေ။ မင်းက ငါနဲ့ မင်းကို သိထားတဲ့သူတွေကို အရူးလုပ်နိုင်တာပဲ”

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“လူကြီးတစ်ယောက်ရဲ့ စိတ်ရှိထားတဲ့ ကလေးတစ်ယောက်က ကမ္ဘာအသစ်မှာ ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ ဘယ်လိုအချိန်ကုန်ဆုံးရမယ်လို့ ထင်လဲ”

နှလုံးသားနတ်ဆိုးက ပြန်မဖြေပေ။

“ပထမဦးဆုံးတော့ ဒီမှော်ဆန်ဆန်ကမ္ဘာကြောင့် စိတ်လှုပ်ရှားမှု ရှိနေလိမ့်မယ်။ အဲဒီနောက်တော့ မင်းချစ်ရတဲ့ ဂရုစိုက်ရတဲ့သူတွေက နောက်ချန်ခဲ့ရတယ်ဆိုတာကို သိပြီးတဲ့နောက်မှာ အထီးကျန်မှုမျိုး ဖြစ်လာလိမ့်မယ်။ မင်းရဲ့ ဘဝက ဘယ်သောအခါမှ အတူတူမဖြစ်နိုင်တော့ဘူးဆိုတာကို သဘောပေါက်သွားတဲ့အခါမှာ ဖြစ်လာတဲ့ အကြောက်တရားကို နားလည်ရဲ့လား”

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ပြန်လည်ဝင်စားခြင်းက စိန်ခေါ်မှုများစွာဖြင့် ရှုပ်ထွေးသည့် ကိစ္စတစ်ခုဖြစ်စေသည်။ ဝမ်ဝေ့၏ အစောပိုင်းနေ့ရက်များက သူ့ချစ်မြတ်နိုးရသည့် မိဘများနှင့် သစ္စာရှိမိတ်ဆွေများဖြင့် ပတ်သက်နေသည့် ဇာတ်ကြောင်းတစ်ခုမျှသာ မကပေ။ သူသည် ကျော်လွန်ရမည့် နှလုံးသားနတ်ဆိုးများလည်း ရှိလေ၏။ သူသည် ပြန်လည်ဝင်စားမှုအကြောင်း ထုတ်ဖော်လိုက်မိမည်ကို အကျိုးဆက်ကိုလည်း ကြောက်ရွံ့နေရသည့်အတွက် တစ်ဦးတည်း ဖြေရှင်းခဲ့ရသည်။

“ငါက ကူးယူရေးစက်ယန္တရားကို ဖန်တီးခဲ့တာလား ဒါမှမဟုတ် အဲဒီကမ္ဘာရဲ့ စည်းမျဉ်းတွေကြောင့် ငါက နှလုံးသားနတ်ဆိုးကို ငယ်ငယ်လေးကတည်းက မွေးထုတ်ခဲ့မိတာပဲ” သူက ရှင်းပြလိုက်သည်။

“ငါ့ရဲ့ အနက်ရှိုင်းဆုံးနဲ့ အရင်းနှီးဆုံး ကိုယ်ပိုင်အခြေအနေအတွက် သူတို့နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားတယ်။ ငါသာ အကျိုးအကြောင်းသင့်သင့် စဉ်းစားကြည့်တယ်ဆိုရင်တော့ ငါ ရူးသွားလိမ့်မယ်။ ဒါပေမဲ့ အဲဒါက အထောက်အကူ ဖြစ်ပါတယ်”

ဝမ်ဝေ့က ပြန်လည်ဝင်စားမှု ဝန်ထုပ်ဝန်ပိုးကို ဆုံးရှုံးလိုက်ရသည့် ပထမဦးဆုံးအကြိမ်ကို မှတ်မိနေဆဲ ဖြစ်၏။ မိဘများက ပြန်လည်ဝင်စားမှုအကြောင်း ဘယ်သောအခါမှ လူသိရှင်ကြား မကြေညာခဲ့ပေ။ တစ်ခါက သူ့အဘွားယွင်ကျောက်ကျွင်းနှင့် စကားစမြည်ပြောခဲ့လေ၏။ ထိုစကားဝိုင်းက သူ့ဝန်ထုပ်ဝန်ပိုးကို လျော့ကျသွားစေရုံသာမကဘဲ ဂိုဏ်းအား အပြည့်အဝ လက်ခံကာ မိဘအသစ်များကိုပင် မိဘအဖြစ် အမှန်တကယ် လက်ခံနိုင်ခဲ့သည့် အခြေအနေလည်း ဖြစ်ပေသည်။

“ငါ မင်းကို ယုံချင်ပါတယ်။ ဒါပေမဲ့ မင်းက တစ်ခုခု စီစဉ်နေတယ်လို့ ပြောနေတယ်”

“ဘာလို့များ အဲ့လိုပြောရတာလဲ”

“မင်းက ပြန်လည်ဝင်စားခြင်း မတိုင်ခင်တုန်းက သူနဲ့ ဆက်ဆံရေးကောင်း မရှိခဲ့ဘူး” နှလုံးသားနတ်ဆိုးက ဆက်ပြောလိုက်သည်။

“အခု မင်းက မင်းတို့ဆက်ဆံရေးအကြောင်း တွေးတောဖို့ အချိန်အများကြီးရှိလာပြီးတော့ စိတ်ခံစားချက်တွေကို နားလည်လာနိုင်ပြီ”

“မင်းက ဘာတွေပြောနေတာလဲ” ဝမ်ဝေ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“မင်းက အဲဒီလူတွေကို စွန့်ပယ်ခဲ့တာလို့ ထင်တယ်။ မင်းက သူတို့ကို မိဘတွေအဖြစ် မမြင်တော့ဘူး။ မင်း သူတို့ကို ပြန်တွေ့တဲ့အခါမှာ ဘာမှခံစားရမှာ မဟုတ်တော့ဘူး။ မင်းက သူတို့ မင်းကို ပြုစုပျိုးထောင်ခဲ့တဲ့ ကံကြွေးကို ပြန်လည်ပေးဆပ်ချင်နေတာ ဖြစ်မယ်။ အဲ့ထက် ဘာမှမပိုသလို ဘာမှလည်း မနည်းဘူး”

“မင်း ပြောတာမှန်နိုင်ပါတယ်”

“အိုး”

“မင်းလည်း မှားနေနိုင်တယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ငါ သူတို့နဲ့ တွေ့ဆုံတဲ့အခါမှာ ဘယ်လိုတွေ့ဆုံရမလဲဆိုတာကို မသိဘူး။ ငါ့ဘဝရဲ့ အဲဒီကဏ္ဍက မရေးသားရသေးဘူး။ မင်းက ဘယ်လိုဖြစ်မလဲဆိုတာကို သိရမဲ့ နောက်ဆုံးသူပဲ”

“ဒါက…”

“ငါ သိသွားပြီ”

“ဘာကိုလဲ”

“ငါ့ဆီကနေ လွတ်မြောက်နေတဲ့ အတွေး … ငါ နောက်ဆုံးတော့ ဖမ်းမိသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

All Chapters