← Chapters

အဆုံးစွန်မဲ့စံပြ အပိုင်း(၄) - အတိုင်းအတာမဲ့ စမ်းသပ်ချက်

Vol. 103 Ch. 1441

အဆုံးစွန်မဲ့စံပြ အပိုင်း(၄) - အတိုင်းအတာမဲ့ စမ်းသပ်ချက်

Vol. 103 Ch. 1441

“လူသားတွေရဲ့ စိတ်က စိတ်ဝင်စားဖို့ ကောင်းတယ်မလား။ သေမျိုးတစ်ယောက်ရဲ့ စိတ်က ဘာမဆိုတွေးနိုင်တယ်။ အဲဒါက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို ဖန်တီးနိုင်သလို ကမ္ဘာတွေကိုလည်း ဖန်တီးနိုင်တယ်။ လက်တွေ့ကို ကြီးစိုးထားတဲ့ သဘောတရားတွေအပါအဝင် အရာအားလုံးကို စိတ်ကူးနိုင်စွမ်းရှိတယ်။ သေမျိုးတစ်ယောက်ရဲ့ စိတ်နဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ကြားက ကွာဟချက်က ရှေ့တစ်ခုက အဲဒီစိတ်ကို တကယ့်အသွင်ဖြစ်အောင် ပုံမဖော်နိုင်တာပဲ”

“မင်းက ဘာကိုပြောတာလဲ” နှလုံးသားနတ်ဆိုးက မေးလိုက်သည်။

“စံပြတစ်ယောက်ဖြစ်လာဖို့ သော့ချက်က အဆုံးမဲ့ဖြစ်နိုင်ခြေရှိတဲ့ အဆုံးမဲ့စိတ်တစ်ခုကို ဖန်တီးတာပဲ။ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး။ ဒီစမ်းသပ်ချက်က စံပြတွေကို သူတို့ရဲ့ အဆုံးမဲ့သက်တမ်းကြောင့် ပျင်းရိလာတာကို တားဆီးဖို့တင် မကဘူး ဒီစမ်းသပ်ချက်က သူတို့ကို သူတို့ရဲ့ အဆုံးမဲ့စိတ်ကို လှုံ့ဆော်ပြီးတော့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့လည်း သင်ကြားပေးတဲ့ နည်းလမ်းတစ်ခုပဲ။

 စံပြတစ်ယောက်က သူတို့ရဲ့ အဆုံးစွန်မဲ့စွမ်းအားတွေကို ထိန်းချုပ်ဖို့ရာ လိုအပ်တဲ့ စိတ်အနေအထားတစ်ခု လိုအပ်တယ်။ ဒီစမ်းသပ်ချက်ရဲ့ ရည်ရွယ်ချက်က အဲဒီသဘောထားကို ရရှိဖို့အတွက်ပဲ” ဝမ်ဝေ့က နှလုံးသားနတ်ဆိုးကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက မင်းရဲ့ ရည်ရွယ်ချက်ကတော့ ငါ့ကို တာအိုနှလုံးသား လေ့ကျင့်ပေးတယ်ဆိုတဲ့ အယောင်ဆောင်အောက်မှာ အာရုံထွေပြားအောင်လုပ်တာပဲ။ ဒါပေမဲ့ အမှန်တရားက ငါက မင်းနဲ့ ကြာကြာ စကားပြောလေလေ။ ငါက ဒီအမှန်တရားကို သဘောပေါက်ဖို့ အလှမ်းဝေးလာလေလေပဲ။ ငါ့အတွက် လွတ်မြောက်ဖို့ ပိုမိုခက်ခဲသွားလိမ့်မယ်”

နှလုံးသားနတ်ဆိုးက တိတ်ဆိတ်သွားပြီး ပြုံးလိုက်သည်။

“မင်းနဲ့ တွေ့ခွင့်ရတာ ကောင်းတယ်”

သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

“မင်းရောပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“မင်းကို ပြောရဦးမယ်။ အဲဒါက အယောင်ဆောင်မဟုတ်ဘူး။ ငါ့ရဲ့ တည်ရှိမှုက မင်းရဲ့ အာရုံကို လမ်းလွှဲပြီး လေ့ကျင့်ပေးဖို့အတွက်ပဲ”

“ကြားရတာ ကောင်းတာပေါ့” ဝမ်ဝေ့က ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် မနီးမဝေးတွင် ထွက်ပေါက်တစ်ခု ချက်ချင်းပေါ်ထွက်လာကာ သူက တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်လိုက်၏။ ဝမ်ဝေ့၏ စိတ်က ပိုမိုကြည်လင်ပြတ်သားလာသည်။ ယခင် သူရုန်းကန်ခဲ့ရသည့် စိတ်ခံစားချက် အများစုက ယခုအခါ စီမံဖို့ ပိုမိုလွယ်ကူလာပြီ ဖြစ်၏။ သူတို့က ပျောက်ကွယ်သွားခြင်းမဟုတ်သော်လည်း ခံနိုင်ရည်ရှိနိုင်ခဲ့သည်။

ငါ့ရဲ့ တာအိုနှလုံးသားနဲ့ စိတ်က ပြီးပြည့်စုံဆုံး သဟဇာတမဖြစ်သေးဘူး။ ငါ ဒီစမ်းသပ်ချက်ကို ကျော်ဖြတ်လိုက်တာနဲ့ ငါ့ရဲ့ တည်ရှိမှုက ပိုမိုမြင့်မားတဲ့ အနေအထားတစ်ခုကို ရောက်ရှိသွားလိမ့်မယ်။

ဝမ်ဝေ့က ခေါင်းကိုမော့ကာ လျှပ်စီးတိမ်တိုက်များ တလက်လက်တောက်ပနေသည့် မိုးကြိုးတိမ်တိုက်များကို လှမ်းကြည့်လိုက်သည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး တည်ရှိမှု ကုစားရေးဆေးလုံးတချို့ကို သောက်သုံးလိုက်၏။

အခု အစီအစဉ်အတွက် အချိန်ပဲ …

ထို့နောက် တိမ်တိုက်က ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလား ဝမ်ဝေ့သည် မငြှိမ်းသတ်ဖွယ် စံပြတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် လျှပ်စီးများက ပိုမိုနက်မှောင်လာ၏။

ဝုန်း

ထို့နောက် ကောင်းကင်ယံမှ လျှပ်စီးတန်း ကျရောက်လာသည်။ ဝမ်ဝေ့က ညာဖက်လက်ကိုမြှောက်ကာ တားဆီးလိုက်၏။ သူ့ညာဖက်လက်တစ်ခုလုံးက ပျောက်ကွယ်သွားသော်လည်း သူ တည်တည်ငြိမ်ငြိမ် ကျန်ရှိနေလေသည်။

ထင်ထားတဲ့အတိုင်းပဲ တိုက်ခိုက်ရေးအလားအလာက ပိုပြီးတော့ အားကောင်းလာတယ်။ ငါ့ရဲ့ စိတ်ဆန္ဒ မသေနိုင်စွမ်းကိုပါ လျစ်လျူရှုထားတာပဲ။

တခြားနည်းဖြင့် ပြောရလျှင် သူက တခြားသူများကဲ့သို့ ဤစမ်းသပ်ချက်တွင် သေဆုံးသွားနိုင်ခြေရှိသည်။ သူ့စိတ်စွမ်းအားက မသေနိုင်စွမ်းကို ထောက်ပံ့မထားနိုင်ပေ။

ဒါပေမဲ့ လုံလောက်တာနဲ့တော့ အလှမ်းဝေးနေတုန်းပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ အော်ဟစ်လိုက်၏။

“မဟာတာအို ဒါက ခင်ဗျား လုပ်နိုင်တာ အကောင်းဆုံးလား။ သနားဖို့ကောင်းလိုက်တာ”

အတိုင်းအတာမဲ့ စမ်းသပ်ချက်၏ ပထမစည်းမျဉ်းက စမ်းသပ်ချက်ကို ဘယ်သောအခါမှ ရန်မစမိစေဖို့ရာသာ ဖြစ်၏။ မဟာတာအိုသည် ထိုရန်စမှုများသည်  စံပြတစ်ယောက်၏ စံနှုန်းနှင့် မကိုက်ညီကြောင်း လက်ခံကာ သုတ်သင်ပစ်နိုင်ခြေ ရှိသည်။ ထိုသူအားလုံးက ထိုအရာကို သိထားကြ၏။ ထိပ်တန်းမျိုးနွယ်မှ ပါရမီရှင်များက နက်နက်နဲနဲ ပိုမိုသိထားကြသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့လေ၏။

သူက တုံးအနေခြင်းလား … ရူးသွပ်သွားခြင်းလား။

“လာလေ ခင်ဗျားက ကျုပ်ကို အမြဲတမ်း သတ်ချင်နေတာ မဟုတ်ဘူးလား။ ကောင်းပြီလေ ခင်ဗျားကို ပြီးပြည့်စုံတဲ့ အကြောင်းပြချက်တစ်ခု ပေးလိုက်မယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ သူ့စကားဖြင့် တိမ်တိုက်များက အနီရင့်ရင့် ပြောင်းလဲသွားလေသည်။

ဒုတိယမိုးကြိုးချက်က ကျဆင်းလာပြီး ကောင်းကင်၏ အမျက်ဒေါသကိုပါ ဆောင်ကြဉ်းလာသည်။

နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးချက်က ဒိုင်မေးရှင်းအနိမ့်တွင် ယေဘုယျဖြစ်သည့်အရာတစ်ခု ဖြစ်သော်လည်း ကောင်းကင်တာအိုက ဒိုင်မေးရှင်းအမြင့်တွင် များစွာ အသုံးပြုလေ့မရှိပေ။ သို့သော်လည်း ထိုအရာက မတည်ရှိဘူးဟု ဆိုလိုနေခြင်း မဟုတ်ပေ။ ဝမ်ဝေ့၏ စမ်းသပ်ချက်က သက်သေထက် ပိုပေ၏။

သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ထိုလျှပ်စီးချက်ကို တောင့်မခံနိုင်တော့ဘဲ ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလေသည်။ သို့သော်လည်း သူ့ပျောက်ကွယ်သွားမှုက သူ့နေရာမှ ထွက်ခွာသွားခြင်း မရှိပေ။ အနှစ်ချုပ်အားဖြင့် ဝမ်ဝေ့ ယခင်က ရပ်နေခဲ့သည့်နေရာ၌ အစက်အပြောက်များ၊ မျဉ်းကြောင်းများနှင့် ပုံသဏ္ဌာန်တချို့ရှိနေသည့် စာလိပ်တစ်ခု ရှိနေသည်။

ပထမအဆင့်က ပြီးမြောက်သွားပြီ။

ဝမ်ဝေ့က တွေးလိုက်၏။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်သုဉ်းသွားသော်လည်း သူ့အသိစိတ်က အကောင်းအတိုင်း ကျန်ရှိနေသည့်အတွက် အသေးစား လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် မှတ်ယူနိုင်လေသည်။

ဝုန်း

ကောင်းကင်က ပိုမိုဒေါသထွက်လာလေ၏။ ထိုတီကောင်လေးက အသက်ရှင်နေဆဲဖြစ်သည့်အတွက် မိုးကြိုးချက်များ တစ်ခုပြီးတစ်ခုဆိုသလို ထုတ်လွှတ်လာပြီး သူ့ကို သုတ်သင်ပစ်ဖို့ ကြိုးစားနေသည်။ သို့သော်လည်း ဝမ်ဝေ့က ကြိုတင်ပြင်ဆင်ထားလေ၏။ ပထမမိုးကြိုးချက် ကျဆင်းလာသည့်အခါ သူက ထိုအဖျက်စွမ်းအားကို သူ့တည်ရှိမှုထဲ ကံကြမ္မာမျိုးစေ့နေရာဆီ ညွှန်ပြနေသည့် နေရာ၌ ပို့ဆောင်လိုက်သည်။

ဝမ်ဝေ့က သူ့စွမ်းအားသည် သူ့ကိုယ်သူ လွတ်မြောက်ဖို့ရာ မလုံလောက်ကြောင်း သိထားလေ၏။ သူ ကြာကြာစောင့်ဆိုင်းလေလေ ထိုဖြစ်စဉ်က ပိုမိုခက်ခဲလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူသည် စွန့်စားမှုကို ယူကာ မဟာတာအို၏ စွမ်းအားကို အသုံးချပြီး သူ့အပေါ်တွင် ထားရှိထားသည့် အတားအဆီးများကို ဖယ်ရှားလိုခြင်း ဖြစ်၏။

ဝမ်ဝေ့အပေါ် မိုးကြိုးချက်များက တစ်ချက်ပြီးတစ်ချက်ဆိုသလို ကျရောက်လာကာ မျှော်စင်အခန်းအတွင်းက ကြောက်မက်ဖွယ်လေထုဖြင့် ပြည့်နှက်လာလေသည်။

မဟာတာအိုက စမ်းသပ်ချက်၏ စွမ်းအားကို မလျှော့ချလိုက်သလို မရပ်တန့်ပေ။

အဲဒါဆိုတော့ ငါ့ရဲ့ အလောင်းအစားက မှန်နေတာပဲ။ သူက စည်းမျဉ်းအတိုင်း လိုက်နာရတယ်

မဟာတာအိုက စည်းမျဉ်းများလိုက်နာရမည့် လုပ်ဆောင်ချက်တစ်ခု မဟုတ်ပါက ဝမ်ဝေ့အား မဟာတာအို ကိုယ်တိုင်ထားရှိထားသည့် အတားအဆီးကို ဖယ်ရှားခြင်းမှ ကြိုးစားနေမှုအား ရပ်တန့်လိမ့်မည်။

ဒါပေမဲ့ ဒီစမ်းသပ်ချက်က မလုံလောက်သေးဘူး

ဝမ်ဝေ့က မေးလိုက်သည်။ သူ့အလိုလိုသိစိတ်က ဝူဟုန်၏ ပုံရိပ်ယောင်တစ်ခု ဖွဲ့စည်းထားသည့် နည်းစနစ်တစ်ခုကို အသုံးပြုလိုက်၏။ ပုံရိပ်ယောင်က သူမ၏ အငွေ့အသက် ရှိလေသည်။ သို့သော် ထိုသူက ဒိုင်မေးရှင်းအမြင့်တွင်ရှိနေသည့် ဝူဟုန်မဟုတ်ဘဲ ဝမ်ဝေ့နှင့် လက်ထပ်ထားသည့်သူ ဖြစ်၏။

ထင်ထားသည့်အတိုင်း တိမ်တိုက်များက ထိုအရှိန်အဝါကို အာရုံခံမိသည့်အခါ မိုးကြိုးချက်ရာချီ ပစ်ခတ်လာသည်။

အတိုင်းအတာမဲ့ စမ်းသပ်ချက်၏ နောက်ထပ် မချိုးဖောက်နိုင်ဖွယ် စည်းမျဉ်းတစ်ခုက ပြင်ပအကူအညီကို ခွင့်မပြုထားခြင်း ဖြစ်၏။ ဝမ်ဝေ့က ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့ကာ ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၌ မူမမှန်မှုဟု ယူဆသည့်သူနှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျစ် ဒါ မလုပ်ခင် မိုးကြိုးတာအိုကို ပိုမိုမြင့်မားတဲ့အဆင့်ထိ ရောက်အောင် ပြုစုပျိုးထောင်ခဲ့သင့်တာ…

ဝမ်ဝေ့က ကျိန်ဆဲလိုက်ပြီး မိုးကြိုးအား သူ့တည်ရှိမှု၏ ထူးခြားသောနေရာဆီ ပို့ဆောင်လိုက်သည်။ ကံဆိုးစွာဖြင့် သဘာဝအားဖြင့် မိုးကြိုးက ထိန်းချုပ်လို့မရသည့် စွမ်းအား ဖြစ်၏။ သူ့ကြိုးပမ်းမှုများက အများစု အသုံးမဝင်ခဲ့ပေ။ ထိုစွမ်းအားပမာဏက သူ့တည်ရှိမှု တခြားသောအစိတ်အပိုင်းများဆီ ရောက်ရှိသွားလေ၏။ ကံကောင်းစွာဖြင့် ဆေးလုံးများက ဆက်တိုက်ဆိုသလို ကုစားပေးပြီး သူ့ကို ကာကွယ်ပေးနေသည်။

ဝမ်ဝေ့က အတားအဆီးကို ချိုးဖောက်ဖို့ အာရုံအပြည့်အဝ စိုက်ထားလေ၏။ သူက ယခု အပြီးတိုင် ရှင်းထုတ်ဖို့ မျှော်လင့်ချက်မရှိသော်လည်း အနည်းငယ် ချိုးဖောက်ဖို့ လိုအပ်နေသည်။ ထိုဖြစ်စဉ်က သူ ထင်ထားသည်ထက် ပိုမိုစိန်ခေါ်မှုဖြစ်နေပြီး သူ့အတွက် အချိန်မကျန်တော့ပေ။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက သူ့တည်ရှိမှုက အပြီးတိုင်ကြေမွသွားပြီး အစစ်အမှန် သေဆုံးသွားဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။

ဒီနှုန်းနဲ့ဆိုရင် ငါ သေဆုံးသွားနိုင်တယ်

ဝမ်ဝေ့က တွေးလိုက်၏။ သူက မဟာတာအိုသည် မည်မျှဒေါသထွက်နိုင်ကြောင်း ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် တခြားတစ်ခု လုပ်ဖို့ရာ လိုအပ်နေလေ၏။

ဘာတွေလုပ်နိုင်ဦးမလဲ။ အား စမ်းသပ်ချက်မျှော်စင် ရှိတယ်

မျှော်စင်က အခက်အခဲနှုန်းကို အနည်းငယ်တိုးမြှင့်ပြီး စမ်းသပ်ချက်၏ အရှိန်ကို မြှင့်တင်နိုင်သည်။ ဝမ်ဝေ့က ထိုမျှော်စင်ကို သူ့စမ်းသပ်ချက်အတွက် ငါးနှစ်အတွင်း အဆုံးသတ်ဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။ ဤသည်က ရူးသွပ်လောက်သည့် ပမာဏတစ်ခု ဖြစ်၏။ ထျန်းရွှမ်ပင် နှစ်နှစ်ရာခန့် ကြာမြင့်ခဲ့လေသည်။ ခုံကလည်း နှစ်ရာချီကာ ကြာမြင့်ခဲ့လေ၏။

ပြိုင်ပွဲဝင် ယင်ယန်မက်မွန်သူတော်စင်က ဒီစမ်းသပ်ချက်ကို ကန့်သတ်ချက်ထိ ရောက်အောင် တိုးမြှင့်ချင်တာ မှန်ကန်ရဲ့လား

“ဒါက စစ်ဆေးမှုရဲ့ စိတ်ဝိညာဉ်တစ်ခုလား။ ကောင်းပြီလေ အဲ့အတွက် ထားလိုက်တော့။ ငါ သေချာတယ်”

အဲဒီအကြောင်းကို နားလည်…

“အဲ့လိုသာ လုပ်လိုက်”

“သဘောပါ”

ဝမ်ဝေ့၏ အမှတ်အများစုက ပျောက်ကွယ်သွားကာ အမည်မသိစွမ်းအားတစ်ခု ထုတ်လွှတ်လာလေသည်။ ထို့နောက် အနက်ရောင်တိမ်တိုက်များက လျှပ်စီးမိုးကြိုးချက်သိန်းချီ ဆက်တိုက် ထုတ်လွှတ်လာလေ၏။

ဝမ်ဝေ့က ကျန်ရှိနေသည့် ကုစားရေးဆေးလုံး၊ တော်ဝင်နဂါးရေစင်ကို သောက်သုံးကာ ရှင်သန်ရေးမျှော်စင်နှင့် ဆက်သွယ်လိုက်သည်။ ထိုသုံးခုပေါင်းစည်းခြင်းက သူ့အား ချက်ချင်းဆိုသလို ပျက်သုဉ်းသွားမှုကို ကာကွယ်ပေးလေ၏။ ထို့ကြောင့် သူသည် ထိုအခွင့်အရေးကို ရယူကာ တာဝန်ကို အဆုံးသတ်လိုက်သည်။

ကျစ် ဒီအရာက ဘာလို့ ရွေ့လျားဖို့ ခက်နေရတာလဲ

ဝမ်ဝေ့က ကျိန်ဆဲလိုက်၏။ ယခုအခါ ဆက်တိုက် တိုက်ခိုက်နေသည်မှာ လေးနှစ်တာ ကြာမြင့်သွားပြီး ထိုအတားအဆီး၌ အက်ကြောင်းများ ပေါ်ထွက်လာလေသည်။ သို့သော်လည်း ကျန်ရှိနေသည့် နှစ်အတွင်း အောင်မြင်ပါ့မလား မပြောတတ်ပေ။

ငါ တခြားတစ်ခုလိုအပ်နေပြီ။ ဒါပေမဲ့ ဘာလဲ။ ဒီစစ်ဆေးမှုရဲ့ ထူးကဲတဲ့ စွမ်းအားလား..

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ အမှတ်များကို အသုံးပြုကာ ဤစစ်ဆေးမှုမှ အသန့်စင်ဆုံးစွမ်းအားကို ထုတ်ယူလိုက်သည်။ သူက ထိုအရာနှင့် ချက်ချင်းမပေါင်းစည်းသေးဘဲ သူ့စိတ်စွမ်းအားကို ထည့်ကာ ထိုစွမ်းအားတွင် ပြဿနာမရှိကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်၏။

ထို့နောက် ထိုအရာက သူ့ခန္ဓာကိုယ်နှင့် တည်ရှိမှုနှင့် သဟဇာတဖြစ်စွာ ပေါင်းစည်းသွားလေသည်။

ဒါက အလုပ်ဖြစ်တယ်။ ဒါပေမဲ့ ငါ့ဆီမှာ အမှတ်တွေ မလုံလောက်သေးဘူး

ဝမ်ဝေ့က ဖြစ်စဉ် အရှိန်မြင့်လာသည်ကို မြင်သည့်အခါ တွေးလိုက်သည်။

ထို့နောက် သူသည် အလျင်အမြန် တွက်ချက်ကာ ကျန်ရှိနေသည့် စမ်းသပ်ချက်အတွက် လုံလောက်သည့် အမှတ်များ မရှိကြောင်း နားလည်သွားလေ၏။

ငါ ဒါပဲ လုပ်ရတော့မယ်

စာလိပ်ပေါ်တွင် ကံကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး ဝမ်ဝေ့နှင့် ဆက်နွယ်နေသည့် ဤစစ်ဆေးမှုများမှ လူအားလုံးနှင့် ဆက်နွယ်သွားလေသည်။

“ငါ ဒါကို မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ငါက အခု အရေးကြီးနေတယ်ဆိုတော့ အကူအညီလိုတယ်။ ငါ့အပေါ် ကံကြွေးတင်ထားတဲ့သူတွေအားလုံး  မင်းတို့ဆီကနေ အမှတ်ချေးငှားပြီးတော့ ပြန်လည်ပေးဆပ်ဖို့ တောင်းဆိုတယ်” ဝမ်ဝေ့က ဆက်နွယ်မှုမှ တဆင့် ပြောလိုက်သည်။

All Chapters