← Chapters

အခန်း (၂၁-၃၀)

Vol. 6 Ch. 21-30

အခန်း (၂၁-၃၀)

Vol. 6 Ch. 21-30

Vol 6, အခန်း ၂၁။ အမြင်ဆိုး

ကန်ဒရာအင်ပါယာ၏ သဘောထားမှာ ရှုယီအတွက် ထူးဆန်းသော်လည်း အော်တိုဖ်ကို ဘေးဖယ်ထားလိုက်သော် ပွန်ဖီးမြို့‌မှ ရူဆဲလ်ခေါ်ဆောင်လာခဲ့သော ကျန်သည့် ကုန်သည်တို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းကို အလေးအနက်ထားကြသည်။

ယခင်က ရူဒ်ဆန်တိုင်းပြည်၏ နီရှီမြို့တော်ထံ သွားခဲ့သော ကုန်သည်များစွာမှာ နီရှီဆိပ်ကမ်း၏ ကြွယ်ဝမှုကို မြင်ခဲ့ရသဖြင့် တူညီသည့်အရာကို တောင့်တကြသည်။

ပွန်ဖီးမြို့သည် ကန်ဒရာအင်ပါယာ၏အရေးကြီးသော ရေတပ်အခြေစိုက်စခန်းများထဲမှတစ်ခုဖြစ်ပြီးပင်လယ်ကမ်းစပ်မြို့ဖြစ်သောကြောင့် ကန်ဒရာအင်ပါယာရေတပ်အောက်တွင် စစ်တပ်ဆိပ်ကမ်းတစ်ခုအပြင် ပွန်ဖီးမြို့တော် အတွက် ပြည်သူ့ဆိပ်ကမ်းတစ်ခုလည်းရှိခဲ့သည်။ ၎င်းသည် နီရှီ ဆိပ်ကမ်းနှင့်တူပြီး ပွန်ဖီးဆိပ်ကမ်းဟုခေါ်တွင်ရန် မြို့ကိုအမည်ပေးထားသည်။

ဤကုန်သည်များသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ၎င်းတို့လိုချင်သော ပထမဆုံးအရာမှာ ပြည်သူများအတွက် မှော်စက်များဖြစ်သည်။ ထို့ကြောင့် ရှုယီနှင့် ဆွေးနွေးရာတွင် ပထမအဆင့်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပွန်ဖီးဆိပ်ကမ်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။

၎င်းတို့သည် ဤကိစ္စရပ်တွင် အလွန်တက်ကြွစွာ ပါဝင်ခဲ့ကြပြီး၊ ဤနေရာသို့ မရောက်မီကပင် ဆိပ်ကမ်းကို ရင်းနှီးမြုပ်နှံရန်နှင့် ချဲ့ထွင်ရန်အတွက် ခွင့်ပြုချက်ကို ရရှိရန် ပွန်ဖီးမြို့တော် ၏ မြို့စားကို စည်းရုံးရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။

ဟုတ်ပါ၏, ပွန်ဖီးမြို့တော်၏ မြို့စားသည်ဤနေရာကြေးနီဒင်္ဂါးတစ်ပြားကိုမျှပင် ရင်းနှီမြှုပ်နှံရန်မလိုအပ်ပေ။ ကုန်သည်များသည် ယင်းကို အမှီအခိုကင်းစွာ ရင်းနှီးမြုပ်နှံကြမည်ဖြစ်သောကြောင့် မြို့စားအနေနှင့် ဆန့်ကျင်ရန် အကြောင်းပြချက်မရှိပေ။

ရှုယီသည် ပွန်ဖီးဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရန် ၎င်းတို့၏ အဆိုပြုချက်ကို သဘာဝအတိုင်း ကြိုဆိုခဲ့သော်လည်း ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ရင်းနှီးမြှုပ်နှံရန် သူ၏ အဆိုပြုချက်ကို လက်မခံပေ၊ ထိုမှသာ ဆိပ်ကမ်းတွင် လူတိုင်း ၎င်းတို့၏ ရှယ်ယာအားလုံးကို ပိုင်ဆိုင်ရမည်ပင်။

ပွန်ဖီးဆိပ်ကမ်းကို သူတို့ ဘယ်လို ဖန်တီးခဲ့ပါစေ ၎င်းက ကန်ဒရာအင်ပါယာအောက်မှာ ရှိနေဆဲပင်။ ပွန်ဖီးမြို့တော်မှ လာသော ကုမ္ပဏီများအတွက်က ပြဿနာမဟုတ်ပေ။ သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာမှမဟုတ်သောကြောင့် ကြီးမားသောပြဿနာတစ်ခုရှိခဲ့သည်။

အကယ်၍ ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအင်အားဖြင့် ပြဿနာဖြစ်စေလိုပါက ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပါ။

သို့သော် ၎င်းကို ဆွေးနွေးပြီးနောက်၊ ရှုယီသည် ပွန်ဖီးဆိပ်ကမ်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရွှေဒင်္ဂါးယတစ်သန်းထုတ်ပေးဖို့ သဘောတူခဲ့ပြီး ဆိပ်ကမ်းတွင် 10% မျှသာ ပိုင်ဆိုင်မှုကို သင်္ကေတအဖြစ် ရယူခဲ့သည်။

စိတ်မချရသော ထိန်းချုပ်မှုအခွင့်အရေးများနှင့် နှိုင်းယှဉ်ပါက ရှုယီက ပို၍ယုံကြည်စိတ်ချရသော အသုံးပြုပိုင်ခွင့်များကို ဂရုပိုစိုက်သည်။

ဤ ပွန်ဖီးဆိပ်ကမ်းကိုတည်ဆောက်ပြီးသည်နှင့် ၎င်းသည် ကန်ဒရာအင်ပါယာ၏ တောင်ဘက်ရှိ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးသောပြတင်းပေါက်တစ်ခုဖြစ်လာလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းသည် မရေမတွက်နိုင်သော သယ်ယူပို့ဆောင်ရေးသင်္ဘောများကို ပွန်ဖီးဆိပ်ကမ်းသို့ စေလွှတ်မည်ဖြစ်ပြီး၊ ဆိပ်ကမ်းကိုအသုံးပြုရန် ဦးစားပေးအခွင့်အရေးများရရှိဖို့က အရေးကြီးပါသည်။

ကန်ဒရာအင်ပါယာသည် ကြီးမားသောတည်ရှိမှုဖြစ်သောကြောင့် အသုံးပြုမှုအခွင့်အရေးများသည် ယုံကြည်စိတ်ချရခြင်းမရှိသော်လည်း ၎င်းနှင့်နှိုင်းယှဉ်ပါက၊ အသုံးပြုမှုအခွင့်အရေးများသည် ကန်ဒရာအင်ပါယာ၏စီမံခန့်ခွဲမှုအပေါ် မထိခဲ့သဖြင့် ပိုမိုဖြစ်နိုင်ချေရှိသည်။

ပွန်ဖီးမြို့တော် ကုမ္ပဏီများနှင့် ဆွေးနွေးမှုတွင် ရှုယီသည် သူ့အား အလွန်စိတ်လှုပ်ရှားစေသည့်အချက်ကို တွေ့ရှိခဲ့သည်။

ကန်ဒရာအင်ပါယာသည် အမှန်တကယ်ပင် နယ်မြေကြီး၏ အင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ဤကုမ္ပဏီများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ သာမန်မြို့များတွင်သာမန်ကုမ္ပဏီများသာဖြစ်သော်လည်း၊ ၎င်းတို့ကို လျှော့တွက်၍မရနိုင်ပါချေ။

ပွန်ဖီးဆိပ်ကမ်းအစီအစဉ်တွင် ၎င်းတို့သည် ကနဦးရွှေဒင်္ဂါးခုနစ်သန်းကို ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။

၏

ရွှေဒင်္ဂါးသုံးသန်းသာ ရင်းနှီးမြှုပ်နှံထားသည့် ရူဒ်ဆန် တိုင်းပြည်၏ နီရှီဆိပ်ကမ်းနှင့် နှိုင်းယှဉ်ပါက ၎င်းသည် နှစ်ဆဖြစ်သည်။

ထို့အပြင်၊ နီရှီဆိပ်ကမ်းသည် ရူဒ်ဆန်တိုင်းပြည်မှ အလွန်အလေးထားပြီး ဘုရင်ကြီးတဲရုစ် အာရုံစိုက်မှုကို ရရှိထားသောကြောင့် ရူဒ်ဆန် တိုင်းပြည်သည် ၎င်းအား ဤမျှကြီးမားသောပမာဏကို ပေးခဲ့ခြင်းဖြစ်သည်။

ကန်ဒရာအင်ပါယာကဲ့သို့ အင်အားကြီးနိုင်ငံအတွက်၊ ရူဒ်ဆန်တိုင်းပြည်ကဲ့သို့သော တိုင်းပြည်ငယ်လေးသည် နှိုင်းယှဉ်ရန် ဝေးလှသည်ကို တွေ့မြင်နိုင်သည်။

၎င်းက ရှုယီသည် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာ၏ စျေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမြဲတမ်း အရေးထားရသည့် အကြောင်းရင်းဖြစ်သည်။

သို့ပေမယ့် ရှုယီအား စိတ်ဓာတ်ကျစေခဲ့သည်ကတော့ Frestech ကုန်သည်ကြီးများအသင်းဟာ မားလိုအင်ပါယာမှာ ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ကန်ဒရာအင်ပါယာရဲ့ တံတိုင်းကို ထိမှန်သွားခြင်းပဲဖြစ်ပါ၏။

သံတမန် ဟာကာနင် နှင့် ပူးပေါင်းပြီးနောက်၊ ၎င်းသည် အိမ်သုံးမှော်စက်များကို ကန်ဒရာအင်ပါယာ၏ မြို့တော် ဝင်ဘဲလ်ဒန်မြို့တော်တွင် အလွန်နာမည်ကြီးလာစေသည်။

သို့သော် ယခု နှစ်နှစ်အကြာတွင်၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းမှ ကန်ဒရာအင်ပါယာဈေးကွက်သို့ တရားဝင် ဝင်ရောက်ခွင့်ရရန် သံအမတ် ဟာကာနင်မှတဆင့်တောင်းဆိုမှ အမြဲငြင်းခံခဲ့ရသည်။

ရှုယီသည် အကြောင်းအရင်းအတိအကျကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း ရလဒ်အပေါ်အခြေခံ၍ ကန်ဒရာအင်ပါယာဘက်မှလည်း ဂရုမစိုက်ရာ သံတမန်ဟာကာနင်က အတားအဆီးဖြစ်နေလောက်သည်။

နောက်တော့ အနောက်တောင်ဘက်ပြည်နယ်တွင် အမ်ရစ်ကုန်သည်ကြီးများအသင်းက လမ်းဖောက်လုပ်ပါ၏။

ဆောက်နေသည်က တစ်နှစ်ကျော်ရှိနေပြီဖြစ်သော်လည်း လမ်းက မပြီးသေးချေ။

ဤလမ်းသည် ကီလိုမီတာငါးရာအောက်သာရှိသော လမ်းဖြစ်ပြီး အမ်ရစ်ကုန်သည်ကြီးများအသင်း၏ စွမ်းရည်ဖြင့်သာ အရာအားလုံး အဆင်ပြေပြေဖြစ်နေပါက တစ်နှစ်ခွဲအတွင်း လမ်းခင်းနိုင်မည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏အရှိန်ကို နှေးကွေးစေသည့် အတားအဆီးများကို ဆက်တိုက်တွေ့ဆုံခဲ့သည်။

ဥက္ကဋ္ဌ ခရုစ်သည် ယင်းကြောင့် ရှုယီအား အကြိမ်များစွာ တိုင်တန်းခဲ့ပြီး ၎င်း၏ တိုင်ကြားချက်အများစုမှာ တောင်ပိုင်းခရိုင်ရှိ အရာရှိများအကြောင်း ဖြစ်သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်းသည် အဆိုပါ လုပ်ဖော်ကိုင်ဖက်များအား လာဘ်ငွေ တစ်သိန်းကျော် ပေးဆောင်ထားပြီးဖြစ်သော်လည်း လမ်းတွင် အတားအဆီးများစွာ ရှိနေသေးသည်။ ၎င်းသည် ဥက္ကဋ္ဌ ခရုစ် ကို ဒေါသထွက်လုနီးပါး ဖြစ်စေခဲ့ပြီး လမ်းခင်းခြင်းအပေါ် စွန့်လွှတ်လိုခြင်းပင် ဖြစ်လာစေသည်။

မည်သို့ ဖြစ်ဖြစ်၊ လမ်း၏အားသာချက်တွေကို အလွယ်တကူမြင်ရရာ ကန်ဒရာအင်ပါယာက ဆန္ဒမရှိရင်၊ နစ်နာရသည်က ၎င်းတို့သာ ဖြစ်မည်။

ဝင်ဘဲလ်ဒန်မြို့တော်ရှိ ဘယ်လီ၏ မှော်ကားဆိုင်သည်လည်း ချောမွေ့စွာ လည်ပတ်နေခြင်းမရှိသည့်အတွက် ရှုယီသည် ကန်ဒရာအင်ပါယာကို ဆိုးဝါးသည့်အမြင်ဖြစ်လာသည်။

သို့သော်၊ ရှုယီသည် ကန်ဒရာအင်ပါယာကို အဆိုးမြင်သည်က အရေးမကြီးပေ၊ ၎င်းသည် ကန်ဒရာအင်ပါယာ၌ စျေးကွက်ဖွင့်ရန် သူ၏ဆုံးဖြတ်ချက်ကို မထိခိုက်စေပါ။

ထို့ကြောင့် ရူဆဲလ်၏အဖွဲ့ ဤနေရာမှ ထွက်ခွာပြီး တစ်ပတ်အကြာတွင် ဘယ်လီ သည် စတက်တိန်းနယ်မြေထံ ပြန်လာ၍ သူ၏ရည်ရွယ်ချက်ကို ပြောပြသောအခါတွင် ရှုယီ တစ်ဖန် စိတ်လှုပ်ရှားလာသည်။

"မင်းသား ဖရန့်ခ်က စိတ်ပြောင်းသွားပြီလား။" ရှုယီသည် ဘယ်လီ ကိုကြည့်ရင်း အံ့အားသင့်သွားကာ "အရှင်မင်းသားက ဘာပြောလဲ"

ဘယ်လီ သည် ခေါင်းကို စောင်းပြီး ဤအချိန်အတွင်း တွေ့ဆုံမှုများအတွင်း မင်းသားဖရန့်ခ်ပြောခဲ့သည့် အကြောင်းအရာများကို အကျဉ်းချုံး၍ စီစဉ်၍ ပြောလာသည် “မင်းသားဖရန့်ခ်က ပြိုင်ကားတွေရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ပေမယ့် သူက မင်းသားတစ်ပါးဖြစ်လို့ ကျုပ်နဲ့ တခြားမျိုးရိုးမြင့်ငယ်တွေလို လျှို့ဝှက်ပြိုင်ပွဲအသေးစားတွေကို မစီစဉ်နိုင်ဘူး။ ဒါကြောင့် သူက ဒါကို ပုံမှန်အားကစားပွဲတစ်ခုဖြစ်အောင် လုပ်ချင်ပြီး အင်ပါယာမှာရှိတဲ့ လူတော်တော်များများက ဒါကို လက်ခံနိုင်ပြီးင်း ပါဝင်ခွင့်ရစေချင်နေတယ်၊ ဒါမှ ပွင့်ပွင့်လင်းလင်း ကျင်းပနိုင်မှာလေ။"

"ဒါဆို သူက ငါတို့ကုမ္ပဏီနဲ့ သင့်တော်တဲ့ ပြိုင်ပွဲတစ်ခု ကျင်းပချင်နေတာလား။" ရှုယီက အံ့သြစွာ ဆိုသည် "မင်းသား ဖရန့်ခ်က ဒီပွဲကို လက်ခံကျင်းပချင်တာ ဘယ်သူ့နာမည်နဲ့လဲ"

“အင်း..... အတိအကျပြောရရင်၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ပြိုင်ပွဲတွေကို လက်ခံကျင်းပရာမှာ အတွေ့အကြုံရှိတယ်လို့ မင်းသားက ခံစားရပြီး ခင်ဗျား ပြိုင်ကားတွေကို ဖန်တီးပေးတယ်‌ေလ။ ဒါ့ကြောင့် ခင်ဗျားနဲ့ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းက အတွေ့အကြုံရှိပြိုင်ပွဲကို ကန်ဒရာအင်ပါယာသို့ယူဆောင်လာမှာမို့ ကန်ဒရာအင်ပါယာမှာရှိတဲ့ သူ့ရဲ့ဆက်ဆံရေးကိုအသုံးပြုချင်တာ။ သူက နာမည်ခံပြီး ကျန်တဲ့အရာအားလုံးကို ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ ထားရှိမှာ။"

"ရှင်းရှင်းပြောရရင်၊ အရာအားလုံးကို ကျုပ်တို့က ကိုင်တွယ်ပြီး အရှင်မင်းသားက နည်းနည်း ပိုချောမွေ့စေလိမ့်မယ်"

“ဟုတ်ပြီ။”

“အင်း……ဒါက ကျုပ်သုံးချင်တဲ့ နည်းလမ်းပဲ၊ ဒါပေမယ့် မင်းသားက ဒါကို အရင်က သဘောမတူခဲ့ဘူး။ အခုကျတော့ အဆိုပြုဖို့ကို သူက အစပြုလာမယ်လို့ မထင်ခဲ့ဘူး။ ဘယ်လီ ဘာလို့များလဲ" ရှုယီက မေးသည်။

ဘယ်လီ သည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ရှုယီကို ပြောရန် အနည်းငယ် တုံ့ဆိုင်းသွားသည် ။

ရှုယီက ပိုလို့တောင် စိတ်ရှုပ်ထွေးသွား၏။

၎င်းက ဖြေရခက်သည့် အရာမဟုတ်ပေ၊ ဘာကြောင့် ဘယ်လီက တုံ့ဆိုင်းနေရတာလဲ။

"ဒါက.....တကယ်တော့.....ကားပြိုင်ပွဲတွေအပြင် ဖရန့်က ခင်ဗျားကို ပေးခိုင်းစေချင်တဲ့ ပိုအရေးကြီးတဲ့အရာတစ်ခုရှိသေးတယ်......"

ဘယ်လီ ၏ ချီတုံချတုံ အမူအရာ ကို မြင်လိုက်ရတော့ ရှုယီက မျက်မှောင်ကုပ်လိုက်သည်။ ဤကိစ္စသည် သူ့အတွက် အလွန်ခက်ခဲမည်ဟု သူထင်သည် သို့မဟုတ်ပါက ဘယ်လီ သည် ဤသို့သောအသုံးအနှုန်းမျိုးကို ဖော်ပြမည်မဟုတ်ပေ။

“ကောင်းပြီ၊ ပြောပါ။ သူ့မှာ ဘယ်လိုအခြေအနေမျိုးပဲရှိရှိ ငါတို့ ဆွေးနွေးလို့ရပါတယ်။” ရှုယီက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဘယ်လီ က ခေါင်းကုတ်ကာ ရယ်မောလိုက်၏ ။ "ကောင်းပြီ၊ မင်းသားဖရန့်ခ်က ကားပြိုင်ပွဲတွေကို စိတ်ဝင်စားရုံတင်မကဘဲ မှော်ကားတွေကိုပါ စိတ်ဝင်စားတယ်၊ ဒါကြောင့် မျှော်လင့်ထားတာက.....အဟမ်း၊ မှော်ကားစက်ရုံတည်ဆောက်ဖို့ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ လက်တွဲချင်တာ။"

ဘယ်လီ ၏ ပထမပိုင်း စကားကိုကြားတော့ ရှုယီသည် သူပြောချင်ရာကို မှန်းဆထားပြီးဖြစ်သောကြောင့် နောက်ပိုင်းတစ်ဝက်ကို မအံ့သြမိပေ။

ဒါကိုစဉ်းစားပြီးနောက် ရှုယီက မေးလိုက်သည် "အရှင်မင်းသားက ဘယ်လိုပူးပေါင်းဆောင်ရွက်ချင်တာလဲ"

“မင်းသားဖရန့်ခ်က ...... သူနှစ်သက်တဲ့ မှော်ပြိုင်ကားတွေကို လေ့လာနိုင်မယ်လို့ မျှော်လင့်နေတယ်၊ ဒါကြောင့်.....သူက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ သူ့ကို မှော်ကားနည်းပညာနဲ့ သုတေသီအချို့က ပံ့ပိုးပေးစေချင်တယ်၊ ဒါ‌ဆို သူ မှော်ပြိုင်ကားကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်မှာမို့လို့....."

စကားများများပြောလေ၊ ဘယ်လီ ၏အသံက ပိုပျော့လာဖြစ်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် နေရခက်ဟန်ဖြစ်လာပြီး မင်းသားဖရန့်ခိ၏တောင်းဆိုမှုများသည် အနည်းငယ်လွန်ကဲသည်ဟု သူထင်ထင်ရှားရှားပြသနေသည်။

သို့သော်လည်း ရှုယီ၏အမူအရာမှာ မပြောင်းလဲဘဲ ၎င်းကို အလေးအနက်ထား စဉ်းစားနေသကဲ့သို့ အတွေးနက်ထဲ ရောက်သွားခဲ့သည်။

ရှုယီက ပြန်မဖြေတာကိုတွေ့တော့ ဘယ်လီ က မေးလိုက်၏ "ဥက္ကဌ ရှု ခင်ဗျားဘယ်လိုထင်လဲ?

ရှုယီသည် သူ့လက်ကို ဘယ်လီ ထံသို့ လက်လှမ်းလိုက်သည်။

"အသေးစိတ် အဆိုပြုချက်ရှိလား"

ဘယ်လီ အံ့သြသွားကာ "ခင်ဗျား သဘောတူတာလား"

ရှုယီက သူ့ခေါင်းကို ခါယမ်းလိုက်ကာ "အခု အတိအကျ အဖြေမပေးနိုင်သေးဘူး၊ မဆုံးဖြတ်ခင်မှာ မင်းသားဖရန့်ခ်ရဲ့ အစီအစဉ်ကို ကြည့်ရမယ်။ ဒါဆို မင်းမှာ အဆိုပြုချက်ရှိလား"

ဘယ်လီ က နေရခက်စွာ ခေါင်းခါလိုက်၏၊ "ဖရန့်ခ် က မင်းကို ဒါ ပြောပြချင်ရုံမို့ တိကျတဲ့ အစီအစဉ်ကို မပေးခဲ့ဘူး....."

ရှုယီက သက်ပြင်းတစ်ချက်ချလိုက်သည်၊ "ကန်ဒရာအင်ပါယာထဲက လူတွေအားလုံးက ဒီလို စိတ်မချရတာပဲလား။ ကောင်းပြီ၊ ဘယ်လီ၊ ရက်နည်းနည်းစောင့်ဦး ငါအစီအစဥ်တစ်ခုဆွဲမယ်၊ ပြီးရင် မင်းသားဖရန့်ခ်ဆီကိုပြန်ယူသွားနိုင်တယ်။ သူသဘောတူရင် ဒီတခေါက် ပူးပေါင်းဆောင်ရွက်တာ ပြဿနာရှိမှာမဟုတ်ပါဘူး။”

"ဒါဆိုရင် မင်းသားဖရန့်ခ်က မင်းရဲ့အကြံကို မကျေနပ်ရင်ရော ဘယ်လိုလုပ်မလဲ။"

ရှုယီက မျက်လုံးများ မှေးစင်းထားပြီး နှာမှုတ်လိုက်ရင်းပြောသည်၊ "ငါ နောက်ပြန်ဆုတ်ဖို့ ဆန္ဒရှိတဲ့အချိန် သူကလည်း သဘောမတူသေးရင် ပူးပေါင်းဖို့ လိုအပ်ဦးမှာလား။"

ဘယ်လီ သည် တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။ သူသည် ရှုယီကို စည်းရုံးချင်သော်လည်း ရှုယီ မျက်နှာပေါ်ရှိ အေးစက်သောအကြည့်ကို မြင်လိုက်ရသဖြင့် သူ့ပါးစပ်ထဲရှိ စကားလုံးများကို မျိုချလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၂။ စိုင်စ် အချစ်နှင့် အမုန်း

ပူလောင်သော နေက မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်ကာ အမှောင်ထုက ကောင်းကင်၌ တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး လေပြေအေးအေးများ ယူဆောင်လာလျက် ပူနွေးခြောက်သွေ့သည့် လာဝူကာမြို့တော်ကို များစွာပို၍ သက်တောင့်သက်သာဖြစ်လာစေသည်။

ကောင်းကင်အမှောင် ရာသီဥတုအေးမြမြကြောင့် လူတို့လည်း အိမ်ထဲမှ ထွက်လာကြသော်လည်း ယခင်ကမူ ၎င်းတို့အိမ်များအနီးရှိ သစ်ပင်များအောက်၌သာ အုပ်စုဖွဲ့ထိုင်နေကြသည်။ သို့သော်လည်း ဤည၌ လာဝူကာမြို့တော်သားများမှာ အရှေ့ဂိတ်နားမှ လမ်းဆုံလေးတစ်ခု၌ စုဝေးကာ တစ်စုံတရာကို စောင့်‌ဆိုင်းနေကြသည်။

"ဟေး ရှုနီ, နင်လည်းရောက်နေတာလား?"

“ဟုတ်ပါတယ်၊ ဒီနေ့က အရေးကြီးဆုံး အပိုင်း၃လေ။ နတ်သူငယ်မင်းသားလေး ဆုံးပါးသွားမလားဆိုတာ စောင့်ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ လင်ကာ၊ သူသေလိမ့်မယ်ထင်လား"

"ပီ! ဒီကျီးကန်းပါးစပ်ကတော့ သူက ဘယ်လိုလုပ် သေသွားရမှာလဲ။ ဒီလောက်ချောတာကို!"

......

"အို အကြီးအကဲ ကိုဒို မင်းက မင်းရဲ့ မှော်လေပေးစက်ကြောင့် အပြင်မထွက်ချင်ဘူးမို့လား၊ ဘာလို့ ဒီကို လာချင်နေတာလဲ"

"ဘာလဲ? လာလို့မရနိုင်ဘူးလား ဒီနေ့က တတိယအပိုင်းဆိုတော့ လာမကြည့်ရင် ဘာဖြစ်သွားလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒါကိုပြောရင်းနဲ့ ရစ်ဇ်.... ဗိုလ်ချုပ် လိုကဖ် ဟာ ငတုံးလို့ထင်လား။ ထောင်ချောက်ဆိုတာ ရှင်းနေတာကို၊ ဒါပေမယ့် သူက သူ့လူတွေကို ခေါ်သွားတုန်းပဲ။ ငါတို့ နတ်သူငယ်တွေနဲ့ စစ်ပွဲမှာ ခံစားခဲ့ရတုန်းက ဒီငတုံးတွေကြောင့်ပဲလား......"

......

"အိုး အချစ်ကလေး ကာဒါရှီယန်၊ ငါ အချိန်အကြာကြီး စောင့်ခဲ့တာ နောက်ဆုံးတော့ နင်ဒီကို ရောက်နေပြီ။ လာထိုင်ပါဦး၊ နောက်ဆုံးတစ်ခေါက် တို့တွေ ဘယ်မှာ ရပ်လိုက်တာလဲ”

"ဟေး အချစ်လေး ဆယ်ဖိုရာ၊ နင့်ကို ပြန်တွေ့ရတာ အရမ်းပျော်တယ်။ နောက်ဆုံးတစ်ခေါက်က? နတ်သူငယ်မင်းသားလေးရဲ့အပေါ် ကလည်ဆွဲက ဒဏ္ဍာရီလာ လနတ်ဘုရားရဲ ကောင်းချီဟုတ်မဟုတ် ဆွေးနွေးနေတဲ့အခန်းဆိုတာ မှတ်မိပြီ။ ဒဏ္ဍာရီတွေနဲ့ ယှဉ်ရင် ကွာခြားတယ်လို့ နင်ပြောခဲ့ပေမယ့် အဲဒါက အရေးကြီးတယ်လို့တော့ မထင်ဘူး။

.....

လာဝူကာမြို့သည် လမ်ပူရီတိုင်းပြည်အရှေ့ပိုင်းရှိ မြို့ငယ်လေးဖြစ်သည်။ ဤမြို့၌ လူဦးရေ နှစ်သောင်းအောက်သာ ရှိပြီး လက်ရှိ ဤရင်ပြင်ငယ်လေးတွင် လူလေးထောင် စုဝေးနေ၏။ လမ်းဆုံဟာ နေရာ တစ်ချက်မှမကျန်ဘဲ လုံးလုံးပြည့်နေသည်။

ရင်ပြင်၏ အနားက လူငယ်တွေပင် မြို့တံတိုင်းဘေးက လွတ်နေသည့် နေရာများကို စိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ရင်ပြင်ရှိလူများနှင့် အတူတူပင်၊ အပြင်းအထန် ဆွေးနွေးကြပြီး အငြင်းအခုံများပင် ထွက်လာကြသည်။

လူစုလူဝေးတိုင်းတွင် ဆွေးနွေးမှု ကွဲပြားသော်လည်း ၎င်းတို့အားလုံး တစ်ချိန်တည်းတွင် အာရုံစိုက်ခဲ့ကြသည်မှာ "စိုင်စ် အချစ်နှင့် အမုန်း" ၏ တတိယမြောက်အပိုင်းဖြစ်သည်။

ဤ “စိုင်စ် အချစ်နှင့် အမုန်း” သည် လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်မှ လူမျိုးရေးစစ်ပွဲများကို အဓိကထား,ထားသည့် ဆန်းသစ်လကုန်သည်ကြီးများအသင်းထုတ် နောက်ဆုံးစီးရီးဖြစ်သည်။

ဇာတ်လမ်းဇာတ်ကွက်သည် လူသားများနှင့် နတ်သူငယ် များကြားစစ်ပွဲအတွင်း အဖြစ်အပျက်များအကြောင်းဖြစ်ပြီး အဓိကအားဖြင့် လူသားမိန်းကလေးတစ်ဦးနှင့် နတ်သူငယ်မင်းသားတစ်ဦး၏ အချစ်ဇာတ်လမ်းကို အာရုံစိုက်ထားသည်။

အဓိက ဇာတ်ကြောင်းကတော့ ထိုနတ်သူငယ်မင်းသားနှင့် လူသားမိန်းကလေးကြားက ချစ်ဇာတ်လမ်းဖြစ်ပြီး လူသားမိန်းကလေးက နတ်သူငယ်မင်းသားကို ချစ်မိသွားပုံအား ဖော်ပြထားသည့် ဇာတ်လမ်းဖြစ်သော်ငြား လူမျိုးစုနှစ်ခုကြားက ပဋိပက္ခတွေကြောင့် သူတို့နှစ်ယောက်အတူတကွမဖြစ်ဖို့ တားဆီးထားသည့်အရာများ ရှိခဲ့ပါ၏။

ထိုဇာတ်လမ်းတွဲဟာ အပိုင်းနှစ်ပိုင်းသာထွက်ရှိထားပေမယ့် လူတွေကြားရတာနှစ်သက်ကြတဲ့ နတ်သူငယ်နှင့်လူသားတွေကြားက အချစ်ဇာတ်လမ်းကို ပြောပြသည့် ခမ်းနားသောဇာတ်လမ်းကြောင့် ထွက်ရှိလာသောအခါတွင် မရေမတွက်နိုင်သော လူများက ချစ်ခင်ကြသည်။

ထို့အပြင်၊ ပုံရိပ်ယောင် ရုပ်ရှင်သည် သူ့ဘာသာသူဆိုလျှင်ပင် ရှားပါးသောအရာဖြစ်သည်။ ဆန်းသစ်လကုန်ည်ကြီးများအသင်း ထွက်ပေါ်မလာခင်က၊ စိုင်စ်နယ်မြေမှလူများသည် ဤဝတ္ထုကို တစ်ခါမျှ မကြားဖူးချေ။ ဒါကြောင့် ဆန်းသစ်လကုန်ည်ကြီးများအသင်းမှာ ပြသတဲ့ အခါတိုင်း လာဝူကာ မြို့တော် က လူတွေ အားလုံး ထွက်လာပြီး အရမ်းကို ပေါ့ပါးသွားခဲ့ပါ၏။

စတေးလ်မှာ မြို့တော် ၏ တံတိုင်းမှ ရင်ပြင်ထဲရှိ လူအုပ်ကို ငုံ့ကြည့်ရင်း သူ့ဘေးနားက လက်အောက်ငယ်သားကို “ပြင်ဆင်မှုတွေ ဘယ်လိုလဲ”ဟုမေးသည်။

"အားလုံး အဆင်သင့်ဖြစ်နေပါပြီ ဥက္ကဌရယ်" လက်အောက်ငယ်သားက ဆိုလာ၏ “မထုတ်လွှင့်ခင် ဆယ်မိနစ်ရှိသေးတယ်၊ ဥက္ကဌ……”

“သွားလို့ရပြီ" စတေးလ် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာလက်အောက်ငယ်သားက နားလည်သည်။ ဘေးနားက စောင့်နေတဲ့ လူတော်တော်များများက နံရံကနေ ခေါင်းငုံ့ပြီး ရင်ပြင်ထဲကို ဝင်သွားတယ်။

" စိုင်စ် အချစ်နှင့် အမုန်း " ၏ တတိယမြောက်အပိုင်းကို ဆန်းသစ်လကုန်သည်ကြီးများအသင်းမှ ပြသမည့်အချိန်သည် ဆယ်မိနစ်အတွင်း ရှစ်နာရီကြာမည်ဖြစ်သည်။

စတေးလ်မှာ အချိန်မှန် ထုတ်လွှင့်ခြင်းအား အမြဲတမ်းအာရုံစိုက်နေသည်။

ယခုအချိန်အထိ ဆန်းသစ်လကုန်သည်ကြီးများအသင်း မှာ လမ်ပူရီတိုင်းပြည်၊ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့ရှိ မြို့ပေါင်းငါးဆယ့်ခုနစ်မြို့တွင် အများသူငှာ အသံလွှင့်ရုံ ခုနစ်ဆယ့်သုံးရုံ ဖွင့်လှစ်ထားသည်။ နေရာတစ်ခုစီသည် ပြသမည့်အချိန်ကို ကြိုတင်သတ်မှတ်ထားပြီး နေရာခုနစ်ဆယ့်သုံးနေရာလုံးကို တစ်ပြိုင်နက်ထုတ်လွှင့်မည်ဖြစ်သည်။

လာဝူကာမြို့သည် ဆန်းသစ်လကုန်သည်ကြီးများအသင်းအတွက် နောက်ဆုံးပေါ်မြို့ဖြစ်သောကြောင့်၊ ဤနေရာတွင် လုပ်ဆောင်ခဲ့သော အလုပ်များကို ကိုယ်တိုင်လာရောက်စစ်ဆေးရန် လာခဲ့သေးသည်။

အခုချိန်မှာတော့ ဒီမှာ ဝန်ထမ်းတွေ ကောင်းကောင်းလုပ်ရာ၊ အမှားအယွင်း လုံးဝမရှိတာကို သူမြင်၏။

"ဟေး၊ ချစ်လှစွာသော ဥက္ကဋ္ဌ၊ ထုတ်လွှင့်တော့မယ်၊ ဆင်းပြီး မကြည့်သေးဘူးလား" သိမ်မွေ့စွာရယ်မောနေသည့် အသံက သူမနောက်မှ ထွက်ပေါ်လာသည်။

သူမက ခပ်မြန်မြန်လေးမျက်မှောင်ကုပ်ထားသည်ကို ဖျက်၍ လှည့်ကြည့်ကာ ပြုံးလိုက်သည်၊ “ကျွန်မရဲ့ လက်အောက်ငယ်သားတွေက အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့် ကျွန်မ ကိုယ်တိုင်သွားစရာမလိုပါဘူး။ သခင်မ ဝယ်လူချီ၊ ရှင်ဘာလို့ ဆင်းမကြည့်တာလဲ။ ဒီဇာတ်ကားကို စိတ်မဝင်စားလို့လား"

သခင်မ ဝယ်လူချီ ဟုခေါ်သော ဤလူသည် အသက်လေးဆယ်မပြည့်သေးသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် အနီရောင် စကတ်ရှည်ကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် တောက်ပနေသော ပန်းပွင့်လေးနှင့် အလွန်လှပနေပါသည်။ လမ်းလျှောက်ရင်လည်း သွက်သွက်လက်လက် ခုန်ဆင်းတက်ကာ အလွန်ချစ်စရာကောင်းသော အသွင်အပြင်ကို ထုတ်ပေးသည်။

စတေးလ်၏မေးခွန်းကိုကြားတော့ သူမသည် သူမပါးစပ်ကိုဖုံးရန် လက်ထဲတွင်ရှိသော ယပ်တောင်လေးကို အသုံးပြုကာ ရယ်မော၍ ပြောသည်၊ “အဲဒီမှာ လူတွေအများကြီးစုပြီး မီးလောင် သေတဲ့အထိတောင် ငါ ဆင်းကြည့်ဖို့ ဆန္ဒမရှိဘူး”

စတေးလ်၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ သူမဟာ လှည့်ထွက်သွားချင်ကာ သူမရှေ့ရှိ ထိုအမျိုးသမီးအား တစ်ချက်ပင် မကြည့်ချင်ပေ။

ဤ သခင်မ ဝယ်လူချီသည် မြို့စား၏ဇနီးအဖြစ် သူမ၏အဆင့်အတန်းကိုအမြဲတမ်းမှီခိုအားထားသောကြောင့် သူမသည်အခြားသူများကို စက်ဆုပ်ရွံရှာစေသည့်မာနကြီးသောအသွင်အပြင်အမြဲရှိသည်။

စတေးလ် ရှေ့မှာ ဒါကို သူမ မပြတာ ကောင်းသေး၏၊ ဒါကြောင့် စတေးလ်ဟာ ဒါကို လက်ခံဖို့ ခက်ပါ၏။

“တတိယအပိုင်းက ဇာတ်လမ်းရဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး မကြည့်ဘူးဆိုရင် ရှေ့လျှောက်ရဲ့ တိုးတက်မှုကို နားလည်နိုင်မှာ မဟုတ်ဘူး။ သနားစရာလို့ မထင်ဘူးလား" စတေးလ် သူမ ဒေါသကို ထိန်းထားသည်။

"ဟုတ်ပါတယ်၊ ငါဒါကိုကြည့်မှာပ၊ ဒါပေမယ့် ဒီလူတွေအားလုံး အထူးသဖြင့် ညစ်ညမ်းတဲ့ယောက်ျားတွေဖြစ်တဲ့ သာမန်လူတွေနဲ့ အတူရှိခွင့်ရဖို့ ငါကတော့လက်မခံနိုင်ဘူး။" သခင်မ ဝယ်လူချီ သည် ရင်ပြင်ရှိလူများအတွက် သူမ၏ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားပေ၊ "ဒါနဲ့ ဥက္ကဌ၊ ငါတို့နဲ့ တခြားမျိုးရိုးမြင့်တွေအတွက် စောင့်ကြည့်ရေးနေရာကို ရအောင်ယူဖို့ နည်းလမ်းကို မစဉ်းစားနိုင်ဘူးလား"

စတေးလ် သူမကို ကြည့်ပြီး ခေါင်းခါနေလိုက်သည်၊ "တောင်းပန်ပါတယ်၊ ကျွန်မတို့ ကုမ္ပဏီဟာ လက်ရှိမှာ ကြည့်ရှုစရာနေရာတွေ အများကြီးကို ပြင်ဆင်နိုင်စွမ်းမရှိတာကြောင့် ရှင့်ရဲ့တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်သေးဘူး။ ဒါပေမယ့် ရှင် တခြားသူတွေနဲ့အတူ မကြည့်ချင်ဘူးဆိုရင် ကျွန်မမှာ ဖြေရှင်းချက်ရှိတယ်။"

"အိုး? ဘာဖြေရှင်းချက်လဲ" သခင်မ ဝယ်လူချီ က စိတ်လှုပ်ရှားသည့် အသံနဲ့ မေး၏။

"ကျွန်မတို့ကုမ္ပဏီရဲ့ ကြည့်ရှုမှုဧရိယာတွေကို Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ပုံရိပ်‌ယောင်ပရိုဂျက်တာတွေအပေါ်မှာ အခြေခံထားပေမယ့်လည်း ပိုမို ကြီးမားတဲ့အတိုင်းအတာတစ်ခုရှိတယ်။ ဆန္ဒရှိရင် Frestech ကုန်သည်ကြီးများအသင်းဆီက ကိုယ်ပိုင် မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ဝယ်ယူနိုင်ပြီး ရှင့်အိမ်မှာပဲ ဒီရုပ်ရှင်‌တွေကို ကြည့်ဖို့ ကျွန်မတို့ဆီကနေ အခွေတွေ ဝယ်လို့ရတယ်။"

ထိုသို့ပြောပြီးနောက် စတေးလ်က ကိုယ့်ကိုယ်ကို သရော်ဟန်‌ပြုံးလိုက်သည်။

ပြီးခဲ့သည့် တစ်နှစ်ခွဲတွင် သူမသည် အိမ်သုံး မှော်ပုံရိပ်‌ယောင် ပရိုဂျက်တာကို အရောင်းမြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ သူမသည် မှော်ပုံရိပ်‌ယောင် ပရိုဂျက်တာ နှင့်အတူ အလုပ်လုပ်သော မှတ်ဉာဏ်သေတ္တာကိုတီထွင်ရန်အတွက် အဇ်ရှာရာမျိုးနွယ်စု နှင့်ပင်အလုပ်လုပ်ခဲ့သည်။ ဤစကားကို အကြိမ်များစွာပြောပြီး အရမ်းချောမွေ့လာကာ မစဉ်းစားဘဲ မရပ်ဘဲ ပြောနိုင်တဲ့အထိ ဖြစ်သွား၏။

"အိမ်သုံး မှော်ပုံရိပ်‌ယောင် ပရိုဂျက်တာ?" သခင်မ ဝယ်လူချီ ၏ မျက်လုံးများ ကျယ်ကျယ်ပွင့်လာပြီး မေးလေ၏၊ “ဒါကိုကြားရတာ ပထမဆုံးအကြိမ်ပဲ။ ဥက္ကဋ္ဌ ကျွန်မ ဝယ်ရင် ကျွန်မက လာဝူကာမြို့တော်မှာ ပထမဆုံးပဲလား။"

စတေးလ် ဖျော့တော့သော အပြုံးကို ထုတ်ဖော်နေသော်လည်း သခင်မ ဝယ်လူချီ တွေးနေပုံ ကို သူမ မည်သို့ သိနိုင်မည်နည်း။ သူမက ခေါင်းညိတ်ပြီး ဆိုသည်၊ “ဟုတ်ပါတယ်”

"အဲဒါအရမ်းကောင်းတာပဲ။" သခင်မ ဝယ်လူချီ က နောက်ထပ် ဟန်ဆောင်ရယ်လိုက်သည်“ဒါဆို သခင်မ စတေးလ် ကျွန်မ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီ အဲ့ဒီ အိမ်သုံးမှော်...မှော်...."

"မှော်ပုံရိပ်‌ယောင် ပရိုဂျက်တာနဲ့ ပူးတွဲပါရှိတဲ့ မှတ်ဉာဏ်သေတ္တာ" စတေးလ်က သူမကို သတိပေးလိုက်သည်။

“မှန်တယ်၊ မှန်တယ်၊ မှန်တယ်။ ဥက္ကဋ္ဌစတေးလ် ပိုက်ဆံက ပြဿနာမဟုတ်ဘူး၊ အဲဒီပစ္စည်းကို ငါ့ကိုယ်ပိုင်အိမ်ကြီးဆီ အမြန်ဆုံးပို့ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။ ငါ့အိမ်မှာ ကိုယ်ပိုင်ပစ္စည်းကိုပြချင်လို့ အိုး ဟို၊ "

စတေးလ်က သူမနားကို ဖုံးထားရန် တိုက်တွန်းမှုကို တောင့်ခံထားသည် “သခင်မ ဝယ်လူချီ၊ ဒါက အများပြည်သူပြသမှုကို အရင်အာမခံထားတာမို့ မှတ်ဉာဏ်သေတ္တာတွေက စိုင်စ် အချစ်နဲ့ အမုန်းကို နောက်ဆက်တွဲလုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း သတိပေးချင်ပါတယ်။ ဒါကြောင့် တတိယအပိုင်းကို အမြန်ဆုံးကြည့်ချင်တယ်ဆိုရင်တော့ ရင်ပြင်မှာကြည့်ဖို့က အကောင်းဆုံးရွေးချယ်မှုပါပဲ၊ တခြားရွေးချယ်စရာမရှိပါဘူး။”

သခင်မ ဝယ်လူချီ ၏အမူအရာမှာ အေးခဲသွားကာ၊ "ဘာကိုအခြေခံတာလဲ! ဒီငွေတွေ အကုန်ကုန်ပြီးတာတောင် နိမ့်ပါးတဲ့ တောသူတွေကြည့်ပြီး နောက်မှ ကြည့်ရမှာလား။ ဥက္ကဋ္ဌ စတေးလ်၊ ဒါက ယုတ္တိမတန်ဘူးလို့ မထင်ဘူးလား။”

“နိမ့်ပါးသော တောသူများ” ဟူသော စကားကိုကြားတော့ စတေးလ်၏အမူအရာသည် ချက်ချင်းပင် အေးခဲသွားသည်။ စတေးလ်မှာ သူမကို ကျိန်ဆဲချင်သော်လည်း သည်းခံနေဆဲဖြစ်၏ “ကျွန်မ စိတ်မကောင်းပါဘူး၊ နည်းပညာကြောင့်၊ ရှင့်ရဲ့တောင်းဆိုမှုတွေကို ဖြည့်ဆည်းရခက်တယ်။ ဒါပေမဲ့ ဒီဇာတ်ကားတွေကို တတ်နိုင်သမျှ မြန်မြန်ကြည့်ခွင့်မပြုနိုင်ပေမယ့်၊ ပိုပြီးတော့ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ကြည့်ရှုနိုင်မှာ မဟုတ်ဘူးလား။”

သခင်မ ဝယ်လူချီ၏အမူအရာသည် လေးနက်လာကာ နှာမှုတ်ပြီးနောက် မည်းမှောင်သောအကြည့်ဖြင့် ပြောခြင်းမပြုမီ အမူအရာက အကြိမ်များစွာ ပြောင်းလဲသွားခဲ့သည်။ “ကောင်းပြီ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရှင် ပြောနေတဲ့ ပရိုဂျက်တာတွေကို ငါ့အိမ်ကြီးဆီ အမြန်ဆုံး ပို့ပေးသင့်တယ်။ ငါတို့ဒီလိုလုပ်မယ်။"

ထိုစကားတွေကို ပြောပြီးနောက်၊ သခင်မ ဝယ်လူချီက စတေးလ်ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့၏။

သခင်မ ဝယ်လူချီ သည် တံတိုင်းမှ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် စတေးလ်မှာ သက်ပြင်းတစ်ချက်ချမိသေးသည်။ ရွှေဒင်္ဂါးအနည်းငယ်သည် အမှန်တကယ် ရဖို့ခဲယဉ်းသည်။

ယင်းကို သူမယခင်က မကြုံဖူးဘူးရာ ရှုယီအတွက် ခက်ခဲမည်ဆိုတာ သူမ သိသော်လည်း ဆန်းသစ်လ ကုန်သည်ကြီးများအသင်း၏ဥက္ကဌ ဖြစ်လာပြီး ဆန်းသစ်လ ကုန်သည်ကြီးများအသင်း ဖွံ့ဖြိုးတိုးတက်ဖို့ နည်းလမ်းကို စဉ်းစားဖို့ သူမ၏ ဦးနှောက်ကို တွန်းအားပေးရင်း၊ Frestech ကုန်သည်ကြီးများအသင်းကို ဘာမှမရှိဘဲ တည်ဆောက်ဖို့ ရှုယီအတွက် ဘယ်လောက် ခက်ခဲလဲဆိုတာ သူမ နားလည်လိုက်သည်။

သို့သော် ဤလမ်းသည် သူမရွေးချယ်ခဲ့သောလမ်းဖြစ်သည်။ ရှုယီက ၎င်းကို ဆန့်ကျင်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း သူမ စိတ်မပြောင်းနိုင်ခဲ့တဲ့အတွက် ဒီအခက်အခဲအားလုံးကို သူမ ရင်ဆိုင်ခဲ့ရပါ၏။

သက်ပြင်းတစ်ချက်ချပြီး တံတိုင်းအောက်က လမ်းဆုံကို လှည့်ကြည့်လိုက်၏။ ဖခင်၏လည်ပင်းပေါ်တွင် နှစ်နှစ်မှ သုံးနှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ထိုင်နေသည့် ငယ်ရွယ်သော စုံတွဲတစ်တွဲအား သူမ၏မျက်လုံးများက ငုံ့ကြည့်ရင်း မှော်သုတေသနဌာနသို့ သူမ သွားစဉ်က အာကာလီက သူမအား ပြောခဲ့သည့်အရာကို လျင်မြန်စွာ တွေးလိုက်မိသည်။

"စွန့်စားတယ်?" စတေးလ် ခေါင်းယမ်းလိုက်၏။

သူမသည် ရှုယီကို ရှစ်နှစ်ကျော် ရင်းနှီးခဲ့ပြီး ခုနစ်နှစ်နီးပါး လက်တွဲလာခဲ့သည်။ ရှုယီက ဘယ်လိုလူလဲဆိုတာ သူမသိပြီး အာကာလီစိတ်ပူနေတဲ့ ပြဿနာတွေကို စိတ်မပူပါချေ။

သို့ပေမယ့် ထိုလူနှစ်ယောက်လို အတူတူနေဖို့က တကယ်ကို ပြဿနာပင်။

စတေးလ်သည် ရင်ပြင်၌ ကလေးများနှင့် ဆော့ကစားနေသည့် မိဘများကိုကြည့်ရင်း မျက်ခုံးများ တွန့်ချိုးကာ တဖြည်းဖြည်းစဉ်းစားမှု ထောင်ချောက်ထဲဝင်သွား၏။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၃။ အာကာလီကို ဖမ်းသွားပြီ!

အလုပ်နှင့် အိမ် အကြား မည်သို့ မျှခြေရယူရမည်ဟူသည်မှာ ကမ္ဘာမြေရှိ လူမှုရေးသိပ္ပံပညာရှင်များပင် ဖြေရှင်းရန်ခက်ခဲသည့်အရာဖြစ်သဖြင့် စတေးလ်အတွက် အဖြေလွယ်လွယ်ရရန် မဖြစ်နိုင်ပေ။

သို့သော် အီဗီတာနှင့် အာကာလီတို့ကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်မိသားစုလေးတစ်ခုပင်မရှိ‌သူတို့အဖို့ ၎င်းက လုံးဝပြဿနာမဟုတ်ပေ။

ထို့အပြင် အနှီနှစ်ဦးက တစ်နေကုန် သုတေသန၌သာ အာရုံစိုက်ထားသဖြင့် မည်သို့များ ၎င်းကို တွေးတောရန် အချိန်ရှိပါမည်နည်း?

Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် ၎င်းတို့သည် မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေတွင် လုပ်ဆောင်ရမည့် အလုပ်များကို အလွန်အလေးထားသည်။

Frestech ကုန်သည်ကြီးများအသင်း၏နည်းပညာပိုင်း အဓိကဖြစ်သော မှော်သုတေသနဌာနအနေဖြင့်၊ ၎င်းတို့သည် ယင်းအတွက် ပံ့ပိုးမှုပေးရမည်ဖြစ်သည်။

ဥပမာအားဖြင့်၊ ရှုယီသည် မားကွစ္စ်ဆော့သ်ဂိတ်၏ပိုင်နက်တွင် နည်းပညာစင်တာတစ်ခု တည်ထောင်ရန် လိုအပ်ကြောင်း အီဗီတာအား ညွှန်ပြခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် ထိုနေရာတွင် စက်ရုံများစွာကို တည်ထောင်ခြင်းကြောင့် စက်ရုံများသည် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ လိုအပ်မည်ဖြစ်သည်။

အီဗီတာသည် ဤအချိန်အတောအတွင်း ဝန်ထမ်းများကို ခွဲဝေပေးရန်နှင့် ချိန်ညှိမှုများ ပြုလုပ်ရန် တာဝန်ရှိသောကြောင့် သူမသည် မယုံနိုင်လောက်အောင် အလုပ်များနေသည်။

ပဲ့တင်ထပ်ခြင်းနည်းပညာကို အာရုံစိုက်ထားသည့် အာကာလီ၏အဖွဲ့သည် မှော်အချက်ပြမျှော်စင်များတည်ဆောက်ရန်နှင့် မှော်ဆက်သွယ်ရေးကွန်ရက်ကိုတည်ဆောက်ရန်အတွက် အီဗီတာထက်ပင် အလုပ်များနေ၏။

အီဗီတာသည် အာကာလီကို နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်လခန့်က သူမ၏လက်အောက်ငယ်သားများ၏အကူအညီဖြင့် သူမလွတ်မြောက်လာချိန်ဖြစ်သည်။ ထိုအချိန်တွင်၊ အာကာလီ၏ အသားအရေသည် သိသိသာသာ ညိုမဲနေပြီး အပြင်ဘက်တွင် အလုပ်လုပ်နေရသောကြောင့် မည်းမှောင်နေလေသည်။

သို့ပေမယ့် အာကာလီ၏ စိတ်ဓာတ်က တော်တော်ကောင်းပါ၏။ သူမသည် ခါတိုင်းလိုပင် စိတ်ဓာတ်မကျရုံသာမက သူမ၏မျက်လုံးများက ပို၍ပင်တောက်ပလာခဲ့သည်။ သူမသည် သူမ၏အလုပ်တွင် ရင်းနှီးမြုပ်နှံပြီး ပျော်ရွှင်မှုများစွာကို ပြုလုပ်နေသည်မှာ ထင်ရှားသည်။

အီဗီတာနှင့် အာကာလီတို့သည် အချိန်အတော်ကြာ သူငယ်ချင်းများဖြစ်ကြပြီး ဤသည်မှာ သူမအတွက် ရင်းနှီးမြုပ်နှံထားသည့် အရာတစ်ခုကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းဖြစ်ရာ သဘာဝအတိုင်း သူမအတွက် ပျော်ရွှင်မိပါသည်။

သူမနှင့် အာကာလီတို့သည် လမ်ပူရီတိုင်းပြည်၏ သာမာန်မိသားစုများတွင် မွေးဖွားခဲ့ကြသောကြောင့် လူတို့က ၎င်းတို့၏ မှော်ပညာအရည်အချင်းကို မနာလိုကြသော်လည်း၊ မှော်ပညာရှင်များဖြစ်လာသည့်လမ်းကို လျှောက်လှမ်းပြီးနောက်တွင် အရည်အချင်းရှိရုံနှင့် မလုံလောက်ကြောင်း သိရှိလာကြသည်။ သူတို့ကို ထောက်ပံ့ဖို့ ပိုအရေးကြီးသည့် ငွေတွေ လိုအပ်နေပါသေး၏။

၎င်းတို့နှစ်ဦးသည် သာမန်မိသားစုမှ ဆင်းသက်လာသူများဖြစ်ပြီး ၎င်းတို့၏ တန်ဖိုးကြီးသော မှော်ပညာသုတေသနကို ပံ့ပိုးရန် ငွေကြေးမရှိကြပေ။ သူတို့ကို လမ်ပူရီတော်ဝင်ကျောင်းတော်ကို တက်ရောက်ခွင့် ရတာတင် အတော်လေးကို အကျိုးရှိနေပြီပင်။

ပဉ္စမတန်းအဆင့် မှော်ပညာရှင် အများဆုံး ဖြစ်လျှင် လုံလောက်နေပြီဟု သူတို့ နှစ်ယောက် စဉ်းစားခဲ့ပြီး မှော်ပညာရှင်များအဖြစ် ပုံမှန်နေထိုင် သွားလိုခဲ့ပါ၏။

သို့ပေမယ့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့်တွေ့ဆုံပြီးကတည်းက သူတို့ရဲ့ဘဝတွေဟာ ဒီလောက်ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပါပေ။

အခု သူတို့နှစ်ယောက်မှာ ပိုက်ဆံအလုံအလောက်ရှိရုံတင်မကဘဲ သဘောကျသည့်အလုပ်များလည်းလုပ်နေရ၏။

အထူးသဖြင့် အာကာလီသည် ပဲ့တင်ထပ်ခြင်းနည်းပညာကို အာရုံစိုက်သည်။ သူမဟာ၏ လမ်ပူရီတိုင်းပြည် မှော်သုတေသနဌာန၏ အကြီးအကဲဖြစ်လာစေရန် ရှုယီ၏ ဖိတ်ကြားချက်ကိုပင် ငြင်းပယ်ခဲ့ကာ သူမအလုပ်ကို သူမဘယ်လောက်ချစ်ကြောင်း ပြသခဲ့သည်။

သူငယ်ချင်း၏ရွေးချယ်မှုနှင့် ပတ်သက်၍ အီဗီတာက ၎င်းကို ထောက်ခံခဲ့ပြီး မှော်ဆက်သွယ်ရေးနည်းပညာဖြင့် ရှုယီဖော်ပြခဲ့သော လှပသောမြင်ကွင်းကို သူမလက်ခံခဲ့သည်။ အာကာလီသည် ဤပရောဂျက်ကို အာရုံစိုက်ရန် ရွေးချယ်ခြင်းသည် သူမ၏ ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။

ထို့ကြောင့် အာကာလီကို ဖမ်းမိတဲ့သတင်း ရုတ်တရက်ထွက်လာတဲ့အခါ အီဗီတာက မတုံ့ပြန်ခင် ငါးမိနစ်လောက် အံ့အားသင့်သွား၏။ သူမပထမဆုံးလုပ်ခဲ့သည်မှာတော့ ရှုယီကိုရှာလိုက်တာပါပင်။

"ဥက္ကဌ၊ အခု အာကာလီဘယ်လိုနေသေးလဲ"

ရှုယီသည် အသက်ပြင်းပြင်းရှူကာ အီဗီတာ၏ ပုခုံးကို လက်နဲ့ပုတ်၍ ပြော၏ "စိတ်လျှော့ပါ၊ အခု ပြဿနာမဖြစ်လောက်ဘူး"

"ဒါပေမယ့် သူမကိုဘာလို့ ဖမ်းရမှာလဲ" အီဗီတာ၏ စိုးရိမ်သောက အသံသည် ငိုချင်သည့် အရိပ်အယောင်များ ရှိနေ၏ "သူမက သတ္တမအဆင့် မှော်ဆရာ ဖြစ်နေပြီမို့လို့ဈ သူမကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဖမ်းမိနိုင်မှာလဲ။ သူ့ကိုဖမ်းတဲ့လူတွေက အာဏာကြီးတယ်မဟုတ်လား။ သူမ အန္တရာယ်ရှိနိုင်လား"

ရှုယီသည် ရေကဲ့သို့ ငြိမ်သက်နေသော မျက်နှာဖြင့် ပြောရင်း နှာမှုတ်လိုက်သည် ။ "ဟာသပဲ၊ ဘာအာဏာလဲ" ခေတ္တရပ်ပြီးနောက် သူသည် အသက်ပြင်းပြင်းရှူ၍ အီဗီတာကိုကြည့်ကာ ပြောရန် အသံကို နှေးကွေးလိုက်သည်။ “အီဗီတာ၊ မင်းစိတ်ပူစရာမလိုပါဘူး၊ အာကာလီအန္တရာယ်ရှိမှာမဟုတ်ဘူး။ ငါ သူ့ကို တတ်နိုင်သမျှ မြန်မြန် ကယ်လိုက်မယ်....."

"မဟုတ်ဘူး ကျွန်မလည်းလိုက်မယ်!" အီဗီတာရုတ်တရက် ရှုယီကို ဖြတ်ပြောလိုက်သည်။

ရှုယီက အီဗီတာကိုကြည့်ရန် မျက်မှောင်ကုပ်ကြည့်လိုက်ရင်း အမူအရာက အေးခဲသွားသည်။ သို့သော် သူမက အလွန်စိတ်ပိုင်းဖြတ်ထားသော အကြည့်ဖြင့် သူ့ကိုကြည့်ပုံကြောင့် ကျောခိုင်းရန် အခွင့်မရှိပေ။

ရှုယီသည် အီဗီတာကို နှစ်ပေါင်းများစွာ သိခဲ့ပြီး သူမသည် အလွန်နူးညံ့သော်လည်း အတွင်းပိုင်းက မာရေကြောရေ ရှိသော မိန်းကလေးဖြစ်ကြောင်း သိထားသည်။

နှစ်တွေကြာလာပြီးနောက်မှာတော့ သူမကို ဒီလိုစိတ်ထားရှိသည့်ပုံစံကိုမြင်ရသည်မှာ ဒါပထမဆုံးအကြိမ်ပင်၊ ထို့ကြောင့် သူမစိတ်ပြင်ဆင်ထားပြီးသားဆိုတာ သဘာဝကျကျသိပါ၏။

တုံ့ဆိုင်းသွားပြီးနောက်၊ ရှုယီက အနည်းငယ် ခေါင်းညိတ်ပြလာကာ "ကောင်းပြီ၊ မင်း အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ရမယ်။ မှော်လေသင်္ဘောအားလုံးကို ထုတ်လိုက် ငါတို့ ချက်ချင်း ထွက်ခွာကြမယ်။"

တစ်နာရီကြာပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ ကိုယ်ရံတော်ခေါင်းဆောင် ဟာ့ထ်သည် လူသားအစောင့်အကြပ်နှစ်ရာ၊ နတ်သူငယ် အစောင့်တစ်ရာ၊ လူပုလေးအစောင့်တစ်ရာနှင့် သားရဲလူမျိုးအစောင့်တစ်ရာတို့ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သည်။ မှော်လေ‌သင်္ဘောပေါ်တွင် ထိုအစောင့်စုစုပေါင်း ငါးရာက လိုက်ပါကြသည်။

စုစုပေါင်း မှော်လေသင်္ဘောဆယ်စင်းက ကောင်းကင်မှာ တိမ်တိုက်တစ်ခုကို ဖန်တီးပြီး ဖြတ်သွားကာ အောက်ဖက်‌ေမြပြင်မှာ အရိပ်ကြီးတစ်ခု ဖန်တီးခဲ့ပါ၏။

Frestech ကုန်သည်ကြီးများအသင်း မှ ဤ မှော်လေသင်္ဘော အားလုံးကိုတစ်ပြိုင်တည်း လွှတ်ခြင်းမှာ ၎င်းတို့တီထွင်ပြီးကတည်းက ယခု ပထမဆုံးအကြိမ် စေလွှတ်ခြင်းဖြစ်ရာ လူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိခဲ့သည်။

သို့သော်လည်း ဤ မှော်လေသင်္ဘောများသည် အလွန်လျင်မြန်စွာ ပျံသန်းခဲ့ပြီး ကောင်းကင်တွင် ခေတ္တရပ်ပြီးနောက် တောင်ဘက်သို့ ဦးတည်ထွက်ခွာကာ မိုးကုတ်စက်ဝိုင်း၌ ပျောက်ကွယ်သွားခဲ့သည်။

"ဥက္ကဌ ဘာဖြစ်သွားတာလဲ ပြောပြပေးပါဦး။ အာကာလီကို တစ်ယောက်ယောက်က ဘာကြောင့် ရုတ်တရက် ဖမ်းသွားတာလဲ။ သူ့ကိုဖမ်းတဲ့သူတွေက ဘာကြောင့်များဖမ်းတာလဲ”

အာကာလီအဖမ်းခံရကြောင်း အီဗီတာကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို သူမ မသိခဲ့ပါ။ ရှုယီအား ဤအကြောင်းကို မေးရန် လေသင်္ဘောပေါ်ရှိ ခရီးကို အခွင့်ကောင်းယူခဲ့သည်။

ရှုယီက ခါးသီးစွာ ရယ်မောလိုက်ပြီး ဆိုလာ၏"ဒါ ငါ့အမှားပဲ......"

အာကာလီ၏ တည်နေရာသည် အလွန်ရှင်းရှင်းလင်းလင်းရှိပြီး သူမသည် စတက်တိန်းနယ်မြေ၏ တောင်ဘက်ရှိ ကောင့်ထ် ဒိုးလ်၏လက်ထဲတွင် ရှိနေလောက်သည်။

အကြောင်းပြချက်ကတော့ သူမဟာ မှော်ဆက်သွယ်ရေးကွန်ရက်ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေတာကြောင့်ပင်။

ယင်းမတိုင်မီက ဒရာဂိုအွမ်ပက်စ်က ရှုယီအား နယ်မြေ၏တောင်ဘက်သို့ မှော်အချက်ပြတာဝါကို လျှို့ဝှက်ဝင်ရောက်စွက်ဖက်သည့် မျိုးရိုးမြင့်များရှိကြောင်း ရှုယီအား ပြောခဲ့သော်လည်း ရှုယီသည် ယင်းကို ဂရုမစိုက်ပေ။

နောက်ဆုံးတွင်၊ စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များသည် သူ နှိမ်နှင်းထားပြီးဖြစ်ပြီး ၎င်းတို့အားလုံးမှာ အစွယ်မရှိသော ကျားများဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဝံ့မည်မဟုတ်ပေ။

နောက်ဆုံးအကြိမ်တွင် ဒရာဂိုအွမ်ပက်စ်သည် ထိုမျိုးရိုးမြင့်များကို ခြိမ်းခြောက်ရန် တောင်ဘက်ဆင်းတပ်များကို ဦးဆောင်စေကာ မှော်ဆက်သွယ်ရေးကွန်ရက်၏ တိုးတက်မှုအား အတားအဆီးမရှိဘဲ လုပ်ဆောင်နေသောကြောင့် အလွန်ချောမွေ့သွားခဲ့သည်။

ဤတစ်ကြိမ်တွင်၊ အာကာလသည် ဒေသတစ်ခုစီရှိ မှော်အချက်ပြတာဝါတိုင်များ ပြီးသွားသောကြောင့် ထိုနေရာကို သွားခဲ့သည်။ သူမသည် မှော်ဆက်သွယ်ရေးကွန်ရက်ကို အသက်သွင်းရန်အတွက် သူမ၏အဖွဲ့ငယ်ကို ထိုနေရာတွင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

သို့ပေမယ့် ဒီအဖြစ်အပျက်က ရုတ်တရက် ဖြစ်သွားလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

မှော်ဆက်သွယ်ရေးကွန်ရက်ကို အသက်သွင်းတော့မည် ဖြစ်ပြီး အလုပ်က ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်ရာ ထိုဒေသတွင် သြဇာအရှိဆုံး အမွန်မြတ်ဆုံး ဖြစ်သည့် ကောင့်ထ်ဒိုးလ်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ သူသည် Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ဆိုက်ကိုဝန်းရံရန် သူ၏အစောင့်များကိုဦးဆောင်ခဲ့ပြီး အာကာလီအပါအဝင်နည်းပညာဆိုင်ရာဝန်ထမ်းများအားလုံးကိုခေါ်သွားခဲ့သည်။

ရှုယီ၏ရှင်းပြချက်ကိုကြားပြီးနောက် အီဗီတာသည် သက်ပြင်းတစ်ချက်ချကာ ငြိမ်သက်သွားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးအဖွဲ့တစ်ခုလုံးကို ခေါ်ယူထားသောကြောင့် အာကာလီသည် လတ်တလောတော့ များစွာအန္တရာယ်ရှိမည်မဟုတ်ပေ။

ထိုကိစ္စကို ဖြေရှင်းဖို့ Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းရမည်ဆိုသည်ကို ကောင့်ထ်ဒိုးလ် က သိထားသည်။

စေ့စပ်ညှိနှိုင်းမှုရလဒ်များ မထွက်ပေါ်လာမီတွင် ကောင့်ထ်ဒိုးလ် သည် မလိုအပ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားရသည်။

"အာကာလီက သူ့လက်အောက်ငယ်သားတွေကို ချန်ထားပြီး တစ်ယောက်တည်း ထွက်ပြေးဖို့ ဆန္ဒမရှိဘူးလို့ ထင်နေတာ၊ ဒါကြောင့် သူတို့ကို ဖမ်းဆီးလိုက်တာလား။ မဟုတ်ရင် သူမရဲ့ လက်ရှိ မှော်စွမ်းအားနဲ့ မျိုးရိုးမြင့် အစောင့်အကြပ်တွေဆီက လွတ်ကင်းဖို့က ပြဿနာမဖြစ်သင့်ဘူး။” အီဗီတာက ပြောသည်။

သို့သော်လည်း ရှုယီက မျက်မှောင်ကုပ်၍ ခေါင်းယမ်းလိုက်သည်။

"အချက်အလက်တွေအရမဟုတ်ဘူး၊ အာကာလီနဲ့ လူတွေအားလုံးက ခုခံမှုမရှိဘဲ ဖမ်းဆီးခံခဲ့ရတာပဲ။"

အီဗီတာအံ့သြသွားပြီး "မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား? ကောင့်ထ်ဒိုးလ်ရဲ့ အစောင့်တွေက အာကာလီကိုဘယ်လိုလွယ်လွယ်ဖမ်းနိုင်မှာလဲ။ သူက သာမန်လူတစ်ယောက်ပဲလေ"

ဤ ကောင့်ထ်ဒိုးလ်မှည အမည်တွင်သော ကောင့်ထ်ဖြစ်သော်လည်း၊ သူသည် စတက်တိန်းနယ်မြေရှိကောင့်ထ်သာဖြစ်သည်။ ကန်ဒရာ သို့မဟုတ် မားလိုအင်ပါယာများနှင့် နှိုင်းယှဥ်ပြောခြင်းမဆိုထားနှင့်၊ ၎င်းသည် လမ်ပူရီတိုင်းပြည် ထက်ပင် ဆိုးရွားသည်။

အစောင့်အကြပ်တွေ ရှိနိုင်တဲ့ မျိုးရိုးမြင့်ဖြစ်တာကတင် ကောင်းလွန်းနေပြီ။ ၎င်းတို့သည် အစွမ်းထက်သော သတ္တမအဆင့် မှော်ပညာရှင် အာကာလီကို တိုက်ခိုက်လျှင် သူမမှာ တွန်းလှန်ရန် ဆန္ဒမရှိဖို့၊ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

“ငါလည်း မသိဘူး၊ အချက်အလက်တွေ နည်းလွန်းတော့ သွားကြည့်ရုံပဲ” ရှုယီက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ အီဗီတာသည် သူမ၏ မျက်မှောင်ကုပ်နေသည် ကို မြင်လိုက်ရသောကြောင့် ကျေးဇူးတင်သော အပြုံးနှင့် နှစ်သိမ့် ပေးလိုက်သည်။ “စိတ်မပူပါနဲ့၊ ကောင့်ထ်ဒိုးလ် ဆီမှာ အာကာလီနဲ့ တခြားသူတွေကို ဒုက္ခပေးဖို့ သတ္တိမရှိဘူး။ သူက ငါ့ကို ခြိမ်းခြောက်ပြီး စေ့စပ်ဆွေးနွေးဖို့ သူတို့ကို သုံးချင်တာလို့ ထင်တယ်။”

"အင်း ကျွန်မသိတယ်။" အီဗီတာက ခေါင်းညိတ်ပြသော်လည်း သူမ၏ မျက်ခုံးများက ပိုတွန့်ချိုးလာကာ “ဒါပေမယ့် ဥက္ကဌ၊ ကျွန်မ နားမလည်နိုင်သေးဘူး။ ဒါကိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းကို လုံးလုံးလျားလျား စော်ကားသွားသလိုဖြစ်လိမ့်မယ်ဆိုတာ ကောင့်ထ်ဒိုးလ် က မသိလို့ဖြစ်မလား။ အကျိုးဆက်ကို မစဉ်းစားဘူးလား။”

"ကျုပ်ယုံတယ် သူကဒီလောက်မမိုက်မဲဘူး" ရှုယီက ဆိုသည်"ဒါပေမယ့် သူက မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာ၊ ဒါကြောင့် သူ့ကို ယုံကြည်မှု ပေးနိုင်တဲ့ အရာတစ်ခု ရှိလောက်တယ် ဆိုတာက တစ်ခုတည်းသော ရှင်းပြချက်ပါပဲ။

ရှုယီသည် အေးစက်စက် နှာမှုတ်လိုက်ပြီး မျက်လုံးအနည်းငယ်မှေးကာ တောင်ဘက်သို့ ကြည့်လိုက်သည်။

"မင်းကိုဘယ်သူက ဒီလိုယုံကြည်မှုပေးခဲ့ပါစေ ဒီတစ်ခါတော့ မင်းကိုနောင်တရစေမှာသေချာတယ်"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၄။ နယ်စားကတော် ဝင်းဒ်ဆာ

၂နာရီခွဲကြာပြီးနောက် မှော်လေသင်္ဘောဆယ်စီးမှာ ကောင့်ထ် ဒိုးလ်၏အိမ်တော်သို့ ကီလိုမီတာ သုံးရာကို အမြန် လည်ပတ်လာခဲ့သည်။

အာကာလီက ကောင့်ထ် ဒိုးလ်၏ လက်ထဲ၌ ရှိနေသေးသဖြင့် ရှုယီမှာ ဂရုမစိုက် ပြုမှုခြင်းမပြုနိုင်ပေ။ သူဟာ မှော်လေသင်္ဘောဆယ်စင်းအား အိမ်တော်ရှေ့ရှိ မြေပြင်၌ သက်ဆင်းဖို့ အမိန့်ပေးလိုက်၏။

မှော်လေသင်္ဘောထဲမှ သူထွက်လာချိန်တွင် အိမ်တော်၏ ဖွင့်ထားသော ဂိတ်များမှ တဆင့် ကြည့်လိုက်ရာ တောက်ပသော ချပ်ဝတ်များဝတ်ဆင်ထားသည့် စစ်သည်များက ဇိမ်ခံမြင်းလှည်းသုံးစီးကို ဝိုင်းရံရင်း ထွက်လာကြသည်ကို မြင်လိုက်ရသည်။

ရှုယီက သူ့ခန့်မှန်းချက် မှန်တယ်ထင်သဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။

ဤ ကောင့်ထ် ဒိုးလ်သည် အထောက်အပံ့တစ်ဦးကိုတွေ့ရှိခဲ့ပြီး ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏အလုပ်သမားများကိုဆန့်ကျင်ရန် သူ့အားယုံကြည်မှုပေးခဲ့သည်။

စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များအားလုံးတွင် ၎င်းတို့၏မြင်းလှည်းများကို အစားထိုးရန်အတွက် မှော်ဆလွန်း အများအပြားရှိကြပြီး၊ ယခင်က ကောင့်ထ် ဒိုးလ် စီးနင်းခဲ့သော မြင်းလှည်းကိုလည်း သူဘေးဖယ်ထားပြီးဖြစ်သည်။ ယခု ဤဇိမ်ခံမြင်းရထားများ ထွက်လာသည်နှင့် ၎င်းတို့သည် အခြားနိုင်ငံမှ ဆင်းသက်လာကြောင်း ထင်ရှားသည်။

ရှုယီနှင့် အီဗီတာတို့သည် မှော်လေသင်္ဘောမှ အစောင့်ဆယ်ယောက်ကို ခေါ်ဆောင်လာပြီး ထိုမြင်းဆီသို့ ဦးတည်သွားကြသည်။

ထိုမြင်းလှည်းများသည် ကားအတွင်းခန်းအပြင်ဘက်တွင် ချောမွေ့သော အင်္ဂတေလမ်းကို ဖြတ်ကာ မှော်လေသင်္ဘောမှ မီတာငါးဆယ်အကွာတွင် ရပ်သွားကြသည်။

ပထမဆုံးမြင်းလှည်းကိုဖွင့်ပြီး ကောင့်ထ် ဒိုးလ် ဖြည်းညှင်းစွာထွက်လာ၏။

ရှုယီကိုမြင်ပြီးနောက် ကောင့်ထ် ဒိုးလ်သည် ထူးဆန်းပြီး ဂုဏ်ယူသော အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်တွင် ရှိနေသည်။ သူဟာ လက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ကာ တစ်စုံတစ်ယောက်ကို ထောက်ထားရန် ပြင်ဆင်ထားသကဲ့သို့ အနည်းငယ်ကွေးသွားသည်။

ထိုလုပ်ရပ်ကိုမြင်တော့ ရှုယီ၏ သူ့ကိုယ်သူ မှန်းဆချက် မှာပိုသေချာသွားသည်။

ကောင့်ထ် ဒိုးလ်သည် နယ်မြေ၏တောင်ဘက်ရှိ မျိုးရိုးမြင့်များကြားတွင် မာနထောင်လွှားခြင်းအတွက် ကျော်ကြားခဲ့သော်လည်း ယခုအခါတွင် ၎င်းအား ရိုကျိုးစွာပြုမူလျက်ရှိသည်။ မြင်းလှည်းပေါ်ရှိလူသည် သူ့ထက်ပိုဝေးသည့်လူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

ရှုယီမထင်မှတ်ထားသည့်အရာမှာ မြင်းလှည်းမှ ထွက်လာသည်က နူးညံ့သိမ်မွေ့သော လက်တစ်စုံဖြစ်နေခြင်းပင်။

ဤလက်ပေါ်လာသည်နှင့် နွေရာသီရောက်သော်လည်း ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လားသည်။

သူတို့ရဲ့ မျက်နှာသွင်ပြင်ကို အခြေခံရသော် ဒီအမျိုးသမီးဟာ အသက်သုံးဆယ်ကျော်လောက်သာရှိပုံရပါ၏။

သို့ပေမယ့် သူမ၏မျက်လုံးထောင့်မှာရှိသည့် အရေးအကြောင်းတွေနဲ့ တခြားအသေးစိတ်အချက်လေးတွေကို အခြေခံရသော် သူမရဲ့အသက်က သုံးဆယ်ပဲမဟုတ်တာကို သိနိုင်ပါ၏။

သူမသည် မျိုးရိုးမြငခမိသားစုမှ ဆင်းသက်လာကာ ငယ်စဉ်ကပင် သူမကိုယ်သူမ ဂရုစိုက်လာသောကြောင့် မျက်နှာက နုပျိုနေပုံရသည်မှာ ထင်ရှားသည်။

သူမရဲ့ မျက်နှာနှင့် ယှဉ်လျှင် သူမ၏ အဆင့်အတန်းကို ပိုပြသခဲ့သည်က သူမရဲ့ အရောင်အဝါပါပင်။

သူမထွက်လာသောအချိန်တွင သဘာဝအတိုင်း ရပ်တည်နေခဲ့သည်။

ဤရပ်တည်ချက်သည် ချမ်းသာခါစက မောက်မာမှု နှင့် မတူဘဲ သဘာဝအတိုင်း မွေးဖွားလာသူ ဖြစ်သည် ။

ဒီလို အသွင်အပြင်မျိုးက သာမန်ပြည်သူတွေ ရှိရမည့်အရာ မဟုတ်သည်ကတော့ သေချာ၏။

ထိုအမျိုးသမီးကိုမြင်တော့ ရှုယီက မျက်မှောင်ကုပ်လိုက်၏။

ကောင့်ထ် ဒိုးလ် ဖိတ်ခေါ်ထားသည်က ဤသို့သော အမျိုးသမီး ဖြစ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။

စိုင်စ်နယ်မြေကြီး၏ကျင့်ဝတ်ကိုအခြေခံ၍ ရှုယီသည် ကောင့်ထ် ဒိုးလ်ထံသို့ လှည့်၍ လေးလေးနက်နက်မပြောခင် ထိုအမျိုးသမီးကို ဦးညွှတ်လိုက်သည်၊ “ကောင့်ထ် ဒိုးလ်၊ ကျုပ်တို့ကုမ္ပဏီက အလုပ်သမားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ခင်ဗျားကို ငါတောင်းဆိုတယ်။ သူတို့ လုံးဝမထိခိုက်ရင် ဒီကိစ္စ ဘယ်တုန်းကမှ မကြုံဖူးခဲ့သလို ဆက်ဆံလို့ရတယ်။”

ကောင့်ထ် ဒိုးလ်က ရှုယီကိုကြည့်ပြီး အံ့သြတကြီးနှင့် ဆိုလာသည်၊ "ဥက္ကဌ ရှု ၊ မင်းကုမ္ပဏီကလူတွေကို ဆုံးရှုံးသွားတာ၊ ဘာလို့ငါ့ကိုလာရှာတာလဲ။ သူတို့ ဘယ်ရောက်သွားလဲ မသိဘူး။ အလုပ်လုပ်ရတာ ငြီးငွေ့ပြီး ပင်လယ်ထဲ ဆော့ကစားကြတာလည်း ဖြစ်နိုင်တယ်။”

“ရှင်......”

ရှုယီက သူမကိုတားဖို့ သူ့လက်ကို မြှောက်လိုက်ချိန်မှာတော့ အီဗီတာက ဒေါသတကြီး အသံထွက်လာသည်။

"ကောင့်ထ် ဒိုးလ် ဖြစ်ပျက်ခဲ့တာကို ကျုပ်တို့အားလုံးသိတယ်၊ ဒါကြောင့် အချိန်မဖြုန်းပါနဲ့။ ကျုပ်တို့ကုမ္ပဏီက အလုပ်သမားတွေကို ပြန်လွှတ်ပေးဖို့ မင်းကို တစ်နာရီလောက် အချိန်ပေးမယ်၊ မဟုတ်ရင် မင်း ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လို့ရတယ်။" ရှုယီက လျစ်လျူရှုကာ ပြောလိုက်သည်။

ကောင့်ထ် ဒိုးလ်က မျက်ခုံးပင့်လိုက်ပြီး "ဥက္ကဌ ရှု၊ ကျုပ်ဆီမှာ အဲဒါတွေမရှိဘူးလို့ ငါပြောပြီးပြီ၊ မင်း ငါ့ကို အတင်းအကျပ်၏ခိုင်းဖို့ စီစဉ်နေတာလား။ ရှိနေရင်တောင်......"

ဒီတစ်ကြိမ်မှာတော့ ကောင့်ထ် ဒိုးလ်အနားက တိတ်ဆိတ်နေခဲ့သည့်တဲ့အမျိုးသမီးက သူ့ကိုဖြတ်ပြောရန် သူ့လက်ကို မြှောက်ပြခဲ့ပါ၏။

"စူရက်ခ် မင်းဘာကိုကြောက်နေတာလဲ" မျိုးရိုးမြင့်အမျိုးသမီးသည် ကောင့်ထ် ဒိုးလ်နှင့် ကုန်သည်ကြီးများအသင်းကိုတွဲဖက်ကြည့်ရှုစဉ်တွင် သူမ၏မျက်ခုံးကို တွန့်ချိုးထားသည်ပင်။ “မင်းက ဒီလက်အောက်ငယ်သားတွေကို ဖမ်းတဲ့လူတွေ မဟုတ်ဘူးလား? မင်းသူတို့ကို ဖမ်းမိကတည်းက ဘာကို ဖုံးကွယ်ထားတာလဲ။ ဒါ ရှက်စရာပဲ”

ဒါကို မျိုးရိုးမြင့်အမျိုးသမီးက ထုတ်ဖော်ပြသလိုက်တာနှင့် ကောင့်ထ် ဒိုးလ်က နေရခက်သည့် အပြုံးကို ထုတ်ပြကာ "ဒါက.....အဒေါ်၊ ကျွန်တော် သူ့ကို လှည့်စားနေတာပါ"

မျိုးရိုးမြင့်အမျိုးသမီးက ဆိုလာ၏ “ဒီသေးနုပ်တဲ့လူကို လှည့်စားတာ ဘာပျော်စရာကောင်းလို့လဲ၊ ငါက သူတို့နဲ့ ကစားဖို့ အချိန်မရှိဘူး။ သူ့ကို အခုချက်ချင်း ပြေးပြီး ပြောလိုက် ဒီကို ခြေတစ်လှမ်းတောင် မတက်လာရဘူး မဟုတ်ရင် သူ့ခြေထောက်တွေ ရိုက်ချိုးပစ်လိမ့်မယ်လို့။"

ရှုယီ၊ အီဗီတာနှင့် ဟာ့ထ် ဦးဆောင်သော အစောင့်များသည် အံ့သြသွားကြသည်။

ဤမျိုးရိုးမြင့်မိန်းမသည် မာနကြီးလွန်းသည်မဟုတ်လော။

ရှုယီက ဘယ်သူလဲဆိုတာ သူမ မသိဘူးလား။

သို့သော်၊ ကောင့်ထ် ဒိုးလ်သည် ကောင်းကင်ဘုံ၏အမိန့်ကို ခံယူထားပုံရပြီး ရှုယီအား ဂုဏ်ယူသောအကြည့်ဖြင့် လက်ကိုဝှေ့ယမ်းကာ ပြောလာသည် “ဟေး ရှုယီ၊ ဒါကိုကြားလား? အဒေါ်က မင်းကို ထွက်သွားစေချင်တယ်၊ ဒါကြောင့် မင်းရဲ့ကန့်သတ်ချက်တွေကို သိအောင်လုပ်ပြီးလစ်တော့"

ရှုယီသည် ဒေါသကြောင့် ပြုံးကာ သူ့ဆက်ဆံရေးကို အားကိုးသော ကောင့်ထ် ဒိုးလ်ကို ကြည့်လိုက်ပြီးနောက် မျိုးရိုးမြင့် မိန်းမကိုကြည့်ရင်း အလေးအနက်ဖြင့် ပြောလိုက်သည်၊ “ဒီက သခင်မ ကျုပ်က စကားလုံးတွေနဲ့ အချိန်ဖြုန်းရတာကို မကြိုက်ဘူး၊ ဒါကြောင့် ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်ကိုပြောပြီး ခင်ဗျားကို စော်ကားရဲလား မစော်ကားရဲဘူးလားကြည့်ရ‌အောင်။ ခင်ဗျား ဘယ်သူလဲဆိုတာသိပြီး ခင်ဗျားကိုမစော်ကားရဲဘူးဆိုရင် ကျုပ်ချက်ချင်းထွက်သွားလိုက်မယ်။"

မျိုးရိုးမြင့်မိန်းမသည် ရှုယီထံ ချီးမွမ်းမှုအနည်းငယ်ဖြင့် ကြည့်၍ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

“မဆိုးပါဘူး မဆိုးပါဘူး၊ မင်းက ကုန်သည်တစ်ယောက်ဖြစ်တဲ့အတွက် မင်းစကားတွေ ဖြုန်းတီးပစ်မယ်လို့ ငါထင်ခဲ့ပေမဲ့ မင်းဟာ ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ကောင်းပြီ စူရက်ခ်၊ ငါဘယ်သူလဲဆိုတာ သူ့ကိုပြောပြပါ။"

ကောင့်ထ် ဒိုးလ်သည် ချက်ချင်းပင် ရင်ဘတ်ကို ထုကာ ဆိုသည် “ရှုယီ နားထောင်။ ဒါက ကန်ဒရာအင်ပါယာတောင်ပိုင်းပြည်နယ်ရဲ့ ထင်ရှားကျော်ကြားတဲ့ နယ်စား ဝင်းဒ်ဆာရဲ့ ဇနီးဖြစ်တဲ့ ငါ့အဒေါ်ပဲ။ ဘယ်လိုလဲ? မင်း သူ့ကို စော်ကားနိုင်မယ်လို့ မင်းထင်လား"

ထိုတုံ့ပြန်မှုကိုကြားတော့ ရှုယီက မျက်မှောင်ကုပ်လိုက်၏။

သူတို့က ကန်ဒရာအင်ပါယာစျေးကွက်သို့ချဲ့ထွင်လိုသောကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် ကန်ဒရာအင်ပါယာနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်အချို့ရှိသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာ၏အရေးကြီးသော လူများနှင့်ပတ်သက်သည့်အချက်အလက်အနည်းငယ်ကိုစုဆောင်းထားသည်၊ ၎င်းတို့သည်အနာဂတ်တွင် ၎င်းကိုအသုံးပြုပြီးအခွင့်အရေးရှိမရှိကြည့်ရှုရန်ဖြစ်သည်။

ဥက္ကဌအဖြစ် ရှုယီအတွက်၊ သူဟာဒီအကြောင်းတွေအားလုံးကို သိဖို့မဖြစ်နိုင်သော်လည်း အရေးကြီးသည့် အလုပ်တစ်ခုမို့ သူအနည်းငယ်သိပါ၏။"

ကန်ဒရာအင်ပါယာတွင် သူသိခဲ့သော အရေးကြီးသည့်အရာများထဲမှတစ်ခု၌ နယ်စား ဝင်းဒ်ဆာလည်း ပါဝင်သည်။

၎င်းသည် ကန်ဒရာအင်ပါယာ၏တောင်ပိုင်းပြည်နယ်အစိုးရဖြစ်သည်။ သူသည် တောင်ပိုင်းပြည်နယ်ရှိ စစ်တပ်အားလုံးကို ထိန်းချုပ်ထားပြီး တောင်ပိုင်းပြည်နယ်၏ ထိပ်တန်းလူများထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။

ဤမျှကြီးမားသော ကန်ဒရာအင်ပါယာတွင်ပင် လျစ်လျူရှု၍မရသောသူတစ်ယောက်ဖြစ်သည်။

ရှုယီ၏အချက်အလက်များကိုနားလည်ခြင်းဖြင့် သူသည် ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းပြည်နယ်သို့ဝင်ရောက်လိုပါက၊ ၎င်းတို့သည် ဤလူကိုရှောင်လွှဲ၍မရနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

ရှုယီသည် သူ့မိန်းမကို ဤနေရာတွင် ပြေးဆုံမိမည်ဟု မထင်ခဲ့ပေ။

ကောင့်ထ် ဒိုးလ်က သူ့ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာကို အခြေခံရသော် သူမဟာ ကောင့်ထ် ဒိုးလ်၏အဒေါ်ဖြစ်‌လောက်၏။

သူမ ကောင့်ထ် ဒိုးလ်နှင့် မည်မျှရင်းနှီးသည်ကို သူမသိခဲ့သလို သူမ ဖြတ်သွားတာလား သို့မဟုတ် ကောင့်ထ် ဒိုးလ်က သူမကို ဖိတ်ခဲ့လားဆိုတာလည်း သူမသိပါ။

ရှုယီသည် ဇိမ်ခံမြင်းလှည်းများ ထိုအကျိုးဆက်များကို ခံနိုင်ရည်မရှိသောကြောင့် ၎င်းကို မလိမ်သင့်ကြောင်း တွေ့ရှိခဲ့သည်။

ဆိုလိုသည်မှာ ၎င်းသည် နယ်စား ဝင်းဒ်ဆာ၏ဇနီးဖြစ်နိုင်သည်ဟု ဆိုလိုသည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ရှုယီငြိမ်သက်သွားကာ မျိုးရိုးမြင့်မိန်းမအား ဦးညွှတ်ပေးလိုက်သည်။

"ဒါဆို နယ်စားကတော်ပဲ၊ ကျုပ်ရိုင်းပြမိသွားတယ်။"

နယ်စားကတော် ဝင်းဒ်ဆာက ခေါင်းတညိတ်ညိတ်နဲ့ပြောလာသည် "ဥက္ကဌရှု အခု မင်းငါ့ကို စော်ကားဖို့ တတ်နိုင်မယ် ထင်လား"

ရှုယီသည် ခဏတိတ်ဆိတ်နေပြီး မထွက်ခွာမီ ထိုအမျိုးသမီးကို ဦးညွှတ်အရိုအသေပေးကာ လှည့်ထွက်သွားသည်။

ကောင့်ထ် ဒိုးလ်၏ မာနကြီးသော ရယ်သံက နောက်ကွယ်မှ ထွက်ပေါ်လာသော်လည်းရှုယီသည် မှော်‌လေသင်္ဘော ဦးတည်သွားသောအခါ လုံးဝလှည့်မကြည့်ပေ။

အီဗီတာ၊ ဟာ့ထ် နဲ့ သူတို့နောက်က အစောင့်တွေက မယုံနိုင်စရာတွေ ပြည့်နေတဲ့ ဟန်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။

ဥက္ကဌက ဒီ နယ်စားကတော်ကို ကြောက်ပြီး မစွန့်စားဖို့ ရွေးချယ်ခဲ့တာလား။

“မဟုတ်ဘူး! မဖြစ်နိုင်ဘူး! ဥက္ကဌက ဒီလိုလူမဟုတ်တာ သေချာတယ်” အီဗီတာသည် ဤအကြံအစည်ကို ခေါင်းညိတ်လိုက်ပြီး မှော်လေသင်္ဘောထဲသို့ပြန်သွားကာ ရှုယီ၏နောက်သို့ လိုက်သွားခဲ့သည်။

ဟာ့ထ် သည် အစောင့်များကို လက်ဝှေ့ယမ်းကာ ထွက်ခွာမသွားမီ အနည်းငယ် ထိတ်လန့်သွားသည်။

ခဏအကြာတွင် မှော်လေသင်္ဘောများသည် ၎င်း၏တံခါးများကိုပိတ်ပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားကာ အတူတကွ ပျံသန်းသွားခဲ့သည်။

ကောင့်ထ် ဒိုးလ်သည် ကောင်းကင်ကို မျှော်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း သူ့ဘေးနားရှိ နယ်စားကတော် ဝင်းဒ်ဆာအား ပြောလိုက်သည်“အဒေါ် ဒီ ရှုယီက ဒီအတိုင်း ပြေးထွက်သွားတာဗျ။ ကျုပ်တို့ အခုဘာလုပ်ကြမလဲ"

သူဟာအရင်ကလို မာနကြီးပြီး မာနကြီးသည့်အကြည့်မျိုး မရှိတော့ပေချေ။။

နယ်စားကတော် ဝင်းဒ်ဆာက ကောင်းကင်ထက်ရှိ တိမ်ဖြူဖြူတွေကို ကြည့်ပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမပြောလာသည်၊ "စူရက်ခ်၊ ဒီ ရှုယီက ငါ့ကို အံ့သြစေတယ်။ သူတော်တော်သတိထားရမယ့်ပုံပဲ၊ မင်းသတိထားရမယ်။”

ကောင့်ထ် ဒိုးလ်က ဂရုမစိုက်ဘဲ ပြုံးပြသည်။

"ဘာကိုကြောက်စရာရှိလို့လဲ။ ဒီမှာ အဒေါ်နဲ့ဆိုတော့ သူဘာမှ လုပ်ဝံ့မယ်လို့ မထင်ဘူး။ ကျွန်တော်ထင်တာကို အခြေခံရရင် အဒေါ်ရဲ့ နောက်ခံကြောင့် သူကြောက်နေခဲ့တာဖြစ်မယ်။ ဟေး၊ သူယူလာတဲ့ လူဘယ်နှစ်ယောက်ကို ကြည့်ကြည့်၊ သူတကယ် လှုပ်ရှားလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် သူက ဒီလောက် လူယုတ်မားလို့ တစ်ခါမှ မတွေးဖူးဘူး။"

နယ်စားကတော် ဝင်းဒ်ဆာက ပြုံးပြပြီး “မှန်တယ်၊ သူက နိုင်ငံငယ်လေးက ကုန်သည်လေးတစ်ယောက်ပဲ၊ သူငါ့ကို ဘယ်လို သတ္တိရှိရှိ ဆန့်ကျင်နိုင်မှာလဲ။ ဒါပေမယ့် သူခေါ်လာတဲ့လူတွေက မဆိုးပါဘူး၊ မင်းအခွင့်အရေးရရင် သူတို့ကို ခေါ်လာပေးရမယ်။”

ကောင့်ထ် ဒိုးလ်က ရယ်မောရင်း ဆိုသည် “အဒေါ်စိတ်မပူပါနဲ့။ အဲဒါကို လိုချင်ရင် စကားနည်းနည်းပြောလောက်ရုံမှ၏ အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ရှုယီက သူတို့ကို နာခံပြီး ပို့လိုက်တာကလွဲလို့ သူ့မှာ တခြားသူ မရှိဘူးလို့ အာမခံရဲသည်။

နယ်စားကတော် ဝင်းဒ်ဆာသည် သူမ၏ မျက်လုံးများတွင် လေးနက်မှု အနည်းငယ် မှိန်ဖျော့သွားပြီး အပြုံးမပျက် ခေါင်းညိတ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၅။ ညှိနှိုင်းမှုများ

"ဥက္ကဌ အခု ကျွန်မတို့ ဘာလုပ်ကြမလဲ?" မှော်လေသင်္ဘောထဲတွင် အီဗီတာက ရှုယီကို ဆက်တိုက်စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ မေးလာသည်၊ "ကျွန်မတို့သာ အာကာလီကို သူတို့လက်ထဲ ဆက်နေခွင့်ပေးထားရင်၊ ကျွန်မ... ကျွန်မ စိတ်ပူနေရလိမ့်မယ်။

"ဘာလဲ? ကျုပ်ကလည်း နယ်စားကတော် ဝင်းဒ်ဆာကို ကြောက်ပြီး ပြန်ဆုတ်လာတယ်လို့ ထင်နေတာလား?" ရှုယီက ရည်ရွယ်ချက်ရှိရှိ အံ့ဩဟန်ဖြင့် မေးလိုက်သည်။

"ဥက္ကဌ အခြေအနေက ဒီလို‌ဖြစ်နေပြီကို မနောက်နေပါနဲ့တော့?" အီဗီတာက ရှုယီကို အံ့ဩစွာကြည့်လိုက်ကာ၊ "ကျွန်မက ရှင်ဘယ်လိုလူမှန်းမသိဘူး ထင်နေလား? ရှင်က သေချာပေါက် အာကာလီကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူးလေ။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “ကောင်းပြီ၊ နောက်နေတာ ရပ်လိုက်ရအောင်။ ဟုတ်ပါတယ်၊ အာကာလီနဲ့ တခြားသူတွေကို စွန့်လွှတ်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါကိုနားမလည်ရင် ငါ ဥက္ကဌအဖြစ် ဘယ်လိုဆက်ရှိနေရမလဲ။ အင်း...... အဲ့ဒီ နယ်စားကတော် ဝင်းဒ်ဆာကို ငါမကြောက်ပါဘူး၊ အခုပဲ ကောင့်ထ်ဒိုးလ်ရဲ့ လုပ်ရပ်အပေါ် အခြေခံရရင် အခု သူ့လက်ထဲမှာ ငါ့လူတွေကို ကိုင်ထားတော့ သူက ခြိမ်းခြောက်မှုကို လက်ခံ မှာ မဟုတ်ဘူး၊ သူ့ကို အဝေးကြီး တွန်းပို့ရင် အာကာလီနဲ့ တခြားသူတွေ အတွက် မကောင်းဘူး”

"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ" အီဗီတာက မေးသည်၊ "ဒီ ကောင့်ထ်ဒိုးလ်က နောက်မဆုတ်ဘူး၊ ကျွန်မတို့ သူတို့ကို ဘယ်လို ကယ်တင်ရမှာလဲ"

"စိတ်ပူစရာမလိုပါဘူး။ ကောင့်ထ်ဒိုးလ်က အာကာလီနဲ့ တခြားသူတွေကို ဖမ်းမိပြီးကတည်းက သူက ငါနဲ့ ညှိနှိုင်းချင်နေတာတော့ သေချာတယ်။ မဟုတ်ရင် ဒီလိုလုပ်ရတာ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူး။ ဒါကို မဆွေးနွေးခင်မှာ သူက အာကာလီနဲ့ တခြားသူတွေကို ဘာမှလုပ်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားဖို့ အချိန်အလုံအလောက်ရှိပါတယ်။”

ရှုယီ ငြိမ်သက်သွားကာ စာရွက်ထုတ်၍ စကားလုံးအနည်းငယ်ကို ရေးလိုက်သည်။ ပြီးသွားသောအခါတွင်၊ သူသည် သူ၏ မှော်စွမ်းအင်ကိုသုံးပြီး စာရွက်တစ်ရွက်ပေါ်တွင် သူရေးထားသည့် မှော်အစီအရင်ကို အသက်သွင်းလိုက်သည်။

မှော်အစီအရင်နှစ်ခုဖြင့် အစီအရင်ဖွင့်နည်းကိုသိသော မှော်ပညာရှင်မဟုတ်ပါက၊ စာရွက်ပေါ်ရှိ မှော်အစီအရင်သည် အခြားမည်သူမဆိုရှိပါက စာရွက်ကို အလိုအလျောက် ဖျက်ဆီးမည်ဖြစ်သည်။

ရှုယီက အလုံပိတ်စာရွက်ကို အီဗီတာအား ပေးလိုက်သည်။

“ဒါကိုယူပြီး ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာကိုသွားကြည့်လိုက်ပြီး၊ ဒီကအခြေအနေအကြောင်းပြောပြလိုက်ပါ။ တစ်ချိန်တည်းမှာပဲ၊ ခမ်နက်ဒ်နဲ့ ဆွေးနွေးပြီး နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေအတွက် သူ့ကိုပြင်ဆင်ခိုင်းပါ။ ဒီတစ်ခါတော့ ဒီလူတွေကို ငါ လေးလေးနက်နက်သတိပေးရမယ်၊ သူက တခြားဘာကိုမှ ဂရုမစိုက်ဘူးဆိုတဲ့အကြောင်း မင်းသူ့ကိုပြောဖို့ပဲလိုတယ်။ ငါဆိုလိုတာကို မင်းနားလည်လား"

အီဗီတာက ဒီစာရွက်ကို အိတ်ကပ်ထဲထည့်ကာ ခေါင်းညိတ်ပြပြီး "နားလည်ပါပြီ ဥက္ကဌ၊ ရှင်မပြန်ဘူးလား"

“ကျုပ် မပြန်ဘူး။ ကောင့်ထ်ဒိုးလ်က လူနာတစ်ဦးမဟုတ်တော့ သူကျွန်ုပ်တို့ကို အချိန်အများကြီးပေးမည်မဟုတ်သောကြောင့် အရာအားလုံးကိုပြင်ဆင်ရန် အလျင်စလိုလုပ်ရမည်ဖြစ်ပါသည်။"

၎င်းကိုပြောပြီးနောက် ရှုယီက နောက်ထပ်အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါ၏။ သူက အီဗီတာ၏ ပုခုံးကို ပွတ်သပ်ပြီး နူးညံ့တဲ့ အသံနဲ့ ပြောသည်"အီဗီတာ၊ မင်းတကယ် စိတ်ပူနေဖို့ မလိုပါဘူး။ ကောင့်ထ်ဒိုးလ်ရဲ့ကျောထောက်နောက်ခံက ကန်ဒရာအင်ပါယာကနေ လာတယ်လို့ မမျှော်လင့်ထားပေမယ့်၊ သူ့အတွက် ပြိုင်ဘက်ကင်းတဲ့ ဒီအကာအရံက ကျုပ်အတွက် ဘာတစ်ခုမှ မဟုတ်ဘူး။ ယုံရဲ့လား?"

အီဗီတာနှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“အန်! ဥက္ကဌကြီး၊ ကျွန်မ ရှင့်ကို အမြဲယုံကြည်နေမယ်။ အာကာလီနဲ့ အတူတူပါပဲ။”

“ကောင်းပြီ၊ ဒါဆိုရင် မင်း မှော်လေသင်္ဘောသုံးစင်း ပြန်ယူသွားသင့်တယ်။ မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်။" ရှုယီက ခပ်ဖျော့ဖျော့ အပြုံးလေးနှင့်ပြော၏ "ဟုတ်ပါတယ်၊ မင်းပြန်လာတဲ့အခါ အာကာလီကို ကယ်တင်ပြီးလောက်ပါပြီ"

အီဗီတာခေါင်းညိတ်လိုက်ပြီး အမြန်ထရပ်လိုက်သည်။

"ဒါကို နှောင့်နှေးလို့ မရပါဘူး ဥက္ကဌ၊ စလိုက်ကြရအောင်။"

“ကောင်းပြီ။”

ခဏအကြာတွင် အီဗီတာနှင့် အစောင့်တစ်ရာ့ငါးဆယ်ကို တင်ဆောင်လာသော မှော်လေသင်္ဘောများသည် ပင်မအခြေစိုက်စခန်းသို့ ပြန်သွားခဲ့သည်။ ကျန်ရှိသော မှော်လေသင်္ဘော ခုနစ်စင်းသည် ကောင့်ထ်ဒိုးလ်၏ ကိုယ်ပိုင်အိမ်မှ ကီလိုမီတာ သုံးဆယ်ခန့်အကွာရှိ တောင်ကုန်းတစ်ခုသို့ ဆင်းသက်ပြီး အနောက်တောင်ဘက်သို့ ဆင်းသက်ခဲ့သည်။

တစ်ညတော့ ကုန်သွား၏။

နောက်တစ်နေ့နံနက်တွင် အရှေ့ဘက်မှ ချောမွေ့သောလမ်းပေါ်၌ နေထွက်လာသည်။ ကောင့်ထ်ဒိုးလ်၏ အိမ်ကြီးအား လိမ္မော်ရောင်ဖြင့် ဖုံးလွှမ်းသွားသောအခါ၊ ရှုယီသည် ပင်မတံခါးဆီသို့ ဦးတည်သွားခဲ့သည်။

ဂိတ်ဝမှ ကောင့်ထ်ဒိုးလ်၏ အစောင့်တွေက ရှုယီကို အံ့အားသင့်စွာ ကြည့်ပြီး ချက်ချင်း မှတ်မိသွားကြသည်။ ၎င်းတို့က သူ့ကိုကြိုဆိုဖို့တောင် အမြန်လာကြ၏။

အစောင့်နှစ်ယောက်က လက်နက်တွေကိုင်ပြီး သူ့ကို ချိန်ရွယ်ဖို့ တွန့်ဆုတ်‌နေသည်ကို မြင်တော့ ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ သူက ၎င်းတို့ထဲက တစ်ယောက်ကို ခေါင်းညိတ်ပြကာ၊ “ Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌ ရှုက ဒီကိုလာရောက်လည်ပတ်တယ်လို့ ကောင့်ထ်ဒိုးလ်ကိုသွားပြောပေးပါ။ အဆင်ပြေရင် ထိုင်ပြီး သင့်တော်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်လို့။"

အစောင့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ အစောင့်တစ်ဦးသည် ရှုယီ မဝံ့မရဲကြည့်၍ ခေါင်းညိတ်ကာ အိမ်ထဲသို့ လှည့်သွားခဲ့သည်။

ခြံထဲသို့ ပြေးဝင်သွားသည်ကို မြင်တော့ ရှုယီက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

ဤမှော်ဆက်သွယ်ရေးကွန်ရက်ကိုဆန့်ကျင်သည့် ကောင့်ထ်ဒိုးလ်ကြောင့်သာမဟုတ်ပါက၊ ဤအစောင့်သည် မှော်ဆက်သွယ်ရေးကိရိယာနှင့်သာ ဆက်သွယ်လိုက်ရုံဖြစ်ပြီး ကိုယ်တိုင်သတင်းပြေးပို့ဖို့ မလိုပါပေ။

ရှုယီသည် အခြားအစောင့်ကိုကြည့်လိုက်သော် မည်မျှထိတ်လန့်နေသည်ကို မြင်လိုက်ရသဖြင့် ပြုံးပြလိုက်သည်။ သူသည် တံခါးဘက်ကို လှည့်၍ မရွေ့ဘဲ ထိုနေရာတွင် ရပ်နေလိုက်သည်။

မနေ့က အီဗီတာနှင့်အတူ ခွဲခြမ်းစိတ်ဖြာခဲ့သလိုမျိုး ကောင့်ထ်ဒိုးလ်ဟာ ရူးမိုက်သူမဟုတ်တာကြောင့် သူနဲ့တွေ့ဆုံဖို့ ငြင်းဆိုမှာကို မစိုးရိမ်ပါချေ။ သူ့မှာ ရည်မှန်းချက်တွေရှိလို့သာ မဟုတ်ရင် အာကာလီကိုဖမ်းပြီး Frestech ကုန်သည်ကြီးများအသင်းကို ရုတ်တရက် စော်ကားလိမ့်မည်မဟုတ်ပါ။

ဒီလိုလုပ်ရခြင်း၏ အကျိုးဆက်က ဘာလဲဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း သိပါ၏။ ကန်ဒရာအင်ပါယာ၏ အားကောင်းသော ပံ့ပိုးကူညီမှုဖြင့်ပင် Frestech ကုန်သည်ကြီးများအသင်းအား ထိခိုက်စေမည့် အကျိုးကျေးဇူးများ မရှိချေ။

မျှော်လင့်ထားသည့်အတိုင်း ဆယ်မိနစ်ခန့်အကြာတွင် ထွက်သွားခဲ့သည့် အစောင့်က ပျက်စီးနေသည့် မြင်းလှည်းထဲမှ ဖြည်းညှင်းစွာထွက်လာသည်။

"ဥက္ကဋ္ဌ ရှု၊ သခင် ကောင့်ထ်က ခင်ဗျားကို ဝင်ခွင့်ပြုတယ်။" အစောင့်က သူ့အား စူးစမ်းလိုစွာကြည့်ရင်း ကောင့်ထ်ဒိုးလ်၏ အမိန့်ကို ပေးခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌ ရှု သည် စတက်တိန်းနယ်မြေသားများ၏ စိတ်တွင် ဒဏ္ဍာရီလာလူတစ်ဦးဖြစ်ရာ ယခုသူနှင့်တွေ့ဆုံရန် လုံလောက်အောင်ကံကောင်းနေသောကြောင့် သူ နောက်တစ်‌ခေါက်ကြည့်ရှုရမည်။

ရှုယီသည် မြင်းလှည်း၏ ပျက်စီးနေသောဘီးများကို ကြည့်လိုက်ရာ ၎င်းတို့မှာညအချိန်မရွေး ကျိုးတော့မည့်ပုံရသည်။ အလှဆင်ထားသည့်တစ်ခုခု မပြောနှင့် အမိုးတစ်ခုတောင် မရှိပေ၊ မြင်းလှည်းကို ဆွဲသည်မှာလည်း မြင်းအိုကြီးဖြစ်သည်။သူလည်း မနေနိုင်အောင် ပြုံးမိ၏။

အနှီကောင့်ထ်ဒိုးလ်ဟာ သူ ခက်ခဲစေဖို့အတွက် ၎င်းမြင်းလှည်းကို အထူးထုတ်လာခဲ့သည်။

သို့ပေမယ့် ထိုလူက အမြင်ကျဉ်းလှရာ ရှုယီမှာ သူတို့ကြားက စေ့စပ်ညှိနှိုင်းမှု မထင်မှတ်ဘဲ အလုပ်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့၏။

“သွား။”

ရှုယီသည် မြင်းလှည်းပေါ်တွင် စိတ်ချလက်ချ ထိုင်နေသော်လည်း သူသည် အခန်းထဲသို့ မဝင်ခဲ့ပေ။ သူသည် မောင်းသူ၏ ထိုင်ခုံသို့သာသွားကာ မောင်းရန် တာဝန်ရှိသော အစောင့်အကြပ်ဘေးတွင် ဝင်ထိုင်၍ သာမန်လူတစ်ဦးလို ပေါ့ပေါ့ပါးပါးဖြင့် ရှိနေသည်။

ထိုအစောင့်သည် ရှုယီကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူဟာ ကောင့်ထ်ဒိုးလ်၏ အမိန့်ကို တွေးကာ ကြာပွတ်ကို မြှောက်၍ မြင်းလှည်းကို အိမ်ကြီးဆီသို့ မောင်းသွားခဲ့သည်။

ဆယ်မိနစ်ခန့် မောင်းလာပြီးနောက်၊ ရှုယီသည် သူ့ရှေ့တွင် ဘိလပ်မြေလမ်းကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။

ပျောက်ကျန်နေခဲ့သော အိမ်တော်ဂိတ်တံခါးကို လှည့်ကြည့်လိုက်တော့ ရှုယီက မျက်မှောင်ကုပ်လိုက်ရသည်။

စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များမှာ ရှုယီ ပြဌာန်းပြီးတဲ့ နောက်မှာ ကိုယ်ပိုင်နယ်မြေ မရှိကြတော့ပေ။

ဤမျိုးရိုးမြင့်များသည် ၎င်းတို့၏နယ်မြေကို လွှဲပြောင်းပေးသောအခါတွင် လှည့်ကွက်အချို့ကို ကစားခဲ့ကြသည်။

ဥပမာအားဖြင့် ကောင့်ထ်ဒိုးလ်၏အိမ်ဖြစ်သည်။

ရှုယီ ကွန်ဂရက်ကနေတစ်ဆင့် ကိုယ်ပိုင်နယ်မြေကို သိမ်းသွားတဲ့အခါ၊ မျိုးရိုးမြင့်များအား ၎င်းတို့၏ ကိုယ်ပိုင်အိမ်များကို စောင့်ရှောက်ရန် ဤဥပဒေများဖြင့် မကန့်သတ်ထားပေ၊ ၎င်းမှာ ထိုလူတို့၏ သာမန်ပုဂ္ဂလိကပိုင်ဆိုင်မှုများသာဖြစ်သောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ကောင့်ထ်ဒိုးလ်သည် သူ၏အိမ်ကြီးကို ဆယ်ဆထက်မနည်း ချဲ့ထွင်ခဲ့ပြီးဖြစ်သောကြောင့် သူ၏အိမ်ဝန်းဧရိယာသည် ဤမျှကျယ်ဝန်းသည်။

ကောင့်ထ်ဒိုးလ်နှင့် အလားတူလုပ်ဆောင်သော မျိုးရိုးမြင့်များစွာရှိသော်လည်း ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများထက် များစွာသေးငယ်နေသေးသောကြောင့် ရှုယီလည်း တုံးအလွန်းသည်မဟုတ်သဖြင့် ထိုအိမ်ကြီးများကို တိတ်တဆိတ် လက်ခံခဲ့သည်။ ၎င်းက သူနှင့် ဤသခင်များကြား သေးငယ်သော ညှိနှိုင်းမှုဟု ယူဆနိုင်သည်။

ထိုပြဿနာများကို တွေးတောရင်း မြင်းလှည်းသည် အဆောက်အဦတစ်ခုရှေ့သို့ ရောက်နေပြီဖြစ်သည်။

ရှုယီသည် ယာဉ်မောင်းထိုင်ခုံမှ ခုန်ဆင်းပြီး မြင်းလှည်းပေါ်တွင် ထိုင်ရာမှ နာကျင်နေသော သူ၏ တင်ပါးကို ပွတ်သပ်လိုက်သည်။ ထို့နောက် မည်သူ့ကိုမျှ မနှုတ်ဆက်ဘဲ ခန်းမဆောင်ဆီသို့ လျှောက်သွားသည်။

သူ့ကို တားဖို့ လက်ကို ဆန့်ထုတ်ချင်သည့် အစောင့်တချို့ကလွဲလို့ ရှုယီ ရှေ့‌ရောက်လာသော် တကယ်တမ်းသူ့ကို မတားခဲ့ပါချေ။ ထို့ကြောင့် ရှုယီသည် အိမ်ကြီးအတွင်းသို့ ချောမွေ့စွာ လျှောက်လှမ်းနိုင်ခဲ့သည်။

ခန်းမထဲသို့ရောက်သောအခါတွင် ကောင့်ထ်ဒိုးလ်သည် ဆိုဖာပေါ်တွင် ကျောမှီပြီး အရူးတစ်ယောက်လို ပြုံးနေသည်ကို သူတွေ့လိုက်ရသည်။ သူဘာတွေတွေးနေမှန်းမသိချေ။

ရှုယီ ဝင်လာတာကို ရုတ်တရက်မြင်လိုက်ရတော့ ကောင့်ထ်ဒိုးလ်အံ့သြသွား၏။ "မင်းကဘာလို့ဝင်လာတာလဲ" ဟုအော်ရင်း ထခုန်ကာ ရှုယီကို မနေနိုင်အောင် လက်ညှိုးထိုး၍ ပြောလာသည်။

ရှုယီက မနေနိုင်စွာ ပြုံးကာ "ခင်ဗျားပဲ ကျုပ်ကို ဆက်သွယ်ခဲ့တာမဟုတ်ဘူးလား"

ကောင့်ထ်ဒိုးလ်က မတုံ့ပြန်ခင် အံ့သြသွား၏။ သူ့တုံ့ပြန်မှုက ရှက်စရာကောင်းကြောင်း သူသဘောပေါက်ပြီး လိုက်လာသည့် အစောင့်နှစ်ယောက်ကို စိုက်ကြည့်နေ၏။

"ဘာလို့ တံခါးဖွင့်ပေးလိုက်တာလဲ။ မင်းတို့ သူ့ကို ဒီအတိုင်း ဝင်လာခွင့်ပေးလိုက်တာလား။ မင်းတို့ဒီမှာနေချင်သေးလား"

အစောင့်နှစ်ယောက်က ခေါင်းငုံ့မပြီး ဒါကို ငြင်းဆိုဖို့ မဝံ့ရဲကြချေ။

“ကောင်းပြီ၊ အခုထွက်သွား......” ကောင့်ထ်ဒိုးလ်က သူတို့အပေါ် ဒေါသပြေသွားပြီးနောက် သူလက်ကို ဝှေ့ယမ်းပြီး ထွက်သွားခိုင်းသည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူသည် စကားလုံးများကို ပြန်ရုတ်သိမ်းကာ နှာမှုတ်၍ ပြန်ထိုင်ချလိုက်သည်။

ရှုယီက သူ့ကို အပေါ်က ငုံ့ကြည့်နေသည်ကို မြင်တော့ သူက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလာ၏၊ "ကောင့်ထ်ဒိုးလ် နယ်စားကတော်ဘယ်မှာလဲ?"

ကောင့်ထ်ဒိုးလ် သည် ရှုယီကိုကြည့်ကာ အထင်အမြင်သေးသောအသံဖြင့် ပြောလာသည် "မင်းဘယ်လိုထင်လဲ? ငါ့အဒေါ်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရမလား"

ရှုယီက ပခုံးတွန့်ပြီး ၎င်းကို ဆက်မပြောတော့ပေ။ သူက ခေါင်းညိတ်ပြကာ ဆိုလာသည် "ဒါဆို ကောင့်ထ်ဒိုးလ်၊ မင်း ဒီမှာ တာဝန်ယူနိုင်လား"

"ပေါက်ကရ! ငါက ဒီမှာ သခင်ပဲ၊ ငါ့မဟုတ်ရင် ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ။” ကောင့်ထ်ဒိုးလ်က ဒေါသတကြီးပြောသည်။

"ဟုတ်လား?" ရှုယီက ကဲ့ရဲ့လှောင်ပြောင်သော အပြုံးကို ထုတ်ပြသည် "ကောင်းပြီ၊ ကောင့်ထ်ဒိုးလ် ဒါဆို အချိန်မဖြုန်းဘဲ ကိစ္စတွေကို ဆွေးနွေးကြည့်ရအောင်။ စဉ်းစားကြည့်လိုက်တော့ ကျုပ်ကုမ္ပဏီရဲ့ လက်အောက်ငယ်သားတွေကို လက်မလျှော့နိုင်သေးဘူးလို့ ခံစားရတယ်၊ ဒါကြောင့် အလည်လာပြီး ဆွေး‌ေနွးနိုင်မျှော်လင့်ပါတယ်။ ကျုပ်ကိုပြောပါ၊ သူတို့ကိုလွှတ်ပေးဖို့ ခင်ဗျားကိုဘာလုပ်ပေးရမှာလဲ"

ကောင့်ထ်ဒိုးလ်သည် ဤအရာကို မျှော်လင့်ထားပြီးသားဖြစ်ဟန် ရယ်မောကာ ပြောသည် ။ "ဥက္ကဌ ရှု, အာ, ဥက္ကဌ ရှု, မင်းသာ မနေ့က ဒီလိုထက်မြက်တယ်ဆိုရင် မင်းရဲ့လက်အောက်ငယ်သားတွေဟာ ဒုက္ခဆင်းရဲခံရတဲ့နေ့ကို လွတ်သွားလိမ့်မယ်။ သူတို့ ဥက္ကဌ ထွက်ပြေးသွားပြီဆိုတာ သိရင် သူတို့ ဘယ်လိုဖြစ်သွားမယ် ထင်လဲ။"

ရှုယီက ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပြောလာသည် "သူတို့ လိုချင်တာကို တွေးနိုင်တယ်၊ ကျုပ်သိချင်တာက၊ ခင်ဗျား သူတို့ကို လွှတ်ပေးဖို့ ဘာကိုလိုချင်တာလဲ?"

ကောင့်ထ်ဒိုးလ်သည် အေးစက်စက် နှာမှုတ်လိုက်ပြီး ဆိုဖာပေါ် မှီကာ ရှုယီကို ဂုဏ်ယူသော အကြည့်ဖြင့် ကြည့်သည်။

"ငါက သူတို့ကို ဘယ်လိုလုပ် လွှတ်ပေးချင်မှာလဲ။ ငါ့အခြေအနေတွေကို မင်းသဘောတူသရွေ့ သူတို့ကို ချက်ချင်းလွှတ်ပေးနိုင်တယ်။"

"ကောင်းပြီ ခင်ဗျားရဲ့အခြေအနေတွေကို ပြောပြပါ"

“ကောင်းပြီ နားထောင်။ ပထမဦးစွာ ငါ့ကို ငါ့ရဲ့နယ်မြေ ပြန်လည်ပေးအပ်ရမယ်။ ဒုတိယက......"

“မဖြစ်နိုင်ဘူး။”

ရှုယီသည် ကောင့်ထ်ဒိုးလ်ကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၆။ ညှိနှိုင်းမှုကျရှုံးခြင်း

ကောင့်ထ် ဒိုးလ်၏ ပါးစပ်က သူစဉ်းစားထားပြီးသား အခြေအနေများကို ပြောဖို့ ပြင်လိုက်ချိန်၌ ပွင့်လာသော်လည်း သူ၏ စကားလုံးများကို ရှုယီက ထိုသို့ ရပ်တန့်လိုက်မည်ဟု မထင်ခဲ့ပေ။ သူဟာ မနေနိုင်ဘဲ ချောင်းတစ်ချက်ဟန့်၍ ရှုယီကို တအံ့တဩကြည့်လိုက်ပါ၏။

"ဥက္ကဌရှု ခင်ဗျား ဘာပြောချင်တာလဲ?" ကောင့်ထ်ဒိုးလ်၏ မျက်လုံးများ ပြူးကျယ်လာရင်း မယုံကြည်နိုင်ဟန် ရှိနေသည်၊ "ဒါက မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာလား? ကျုပ်က ပထမအခြေအနေကိုပဲ ပေးရသေးတာကို ခင်ဗျားက မ‌ဖြစ်နိုင်ဘူးပြောတယ်ဆိုတော့? ဒီကို ညှိနှိုင်းဖို့ လာတာရောဟုတ်ရဲ့လား?"

"ကျုပ်က ခင်ဗျားရဲ့ ပထမဆုံး အခြေအနေအကြောင်း ပြောနေတာ။" ရှုယီက ပြောသည် "မျိုးရိုးမြင့်တွေရဲ့ နယ်မြေကို ဖယ်ထားပြီး၊ ပြန်လည်ထူထောင်ဖို့ အလားအလာ မရှိဘူး။ ဒါကို ကျုပ် သေချာပေါက် သဘောမတူနိုင်ပါဘူး။”

ကောင့်ထ်ဒိုးလ်က ဒေါသတကြီးဖြင့် ပြောသည် "မင်းက ညှိနှိုင်းချင်သေးလား"

"ဟုတ်ပယတယ်။" ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး "ခင်ဗျားရဲ့ တခြားအခြေအနေတွေကို ပြောပြပါ၊ ကျုပ်တို့ ဆွေးနွေးဖို့ နေရာရှိသင့်တယ်"

ကောင့်ထ်ဒိုးလ်က ဒေါသတကြီး လက်ဝှေ့ယမ်းလိုက်သည် "ပထမအခြေအနေက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး အခြေအနေပဲ။ သဘောမတူရင် ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး။”

"အိုး?" ရှုယီက ပြုံးကာ မတ်တပ်ထရပ်ပြီး ကောင့်ထ်ဒိုးလ်ကို ဦးညွှတ်လိုက်သည် "ဒါဆို ဒီနေ့ ဒီမှာ ရပ်လိုက်ရအောင်။ ဒါကို ကောင့်ထ်ဒိုးလ်စဉ်းစားပြီးရင် ညှိနှိုင်းမှုတွေ ဆက်လုပ်နိုင်ပါတယ်။”

ကောင့်ထ်ဒိုးလ်ည် ရှုယီက ဦးညွှတ်ပြီးနောက် မဆိုင်းမတွ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသော် အံ့အားသင့်သွားသည်။

"ဥက္ကဋ္ဌ ရှု၊ မင်းတကယ်ပဲ ဒီအတိုင်း ထွက်သွားတာလား။ မင်းရဲ့လက်အောက်ငယ်သားတွေကို ကယ်တင်ဖို့ မစီစဉ်ဘူးလား"

ရှုယီက ကောင့်ထ်ဒိုးလ်ကို လှည့်ကြည့်၍ ပြောသည် "ဟုတ်ပါတယ် ကျုပ်လက်အောက်ငယ်သားတွေကို ကယ်တင်ချင်ပေမယ့် ခင်ဗျားရဲ့အခြေအနေကို ကျုပ်သေချာပေါက်သဘောမတူဘူး။ ကောင့်ထ်ဒိုးလ် ခင်ဗျားစိတ်အေးလက်အေးနဲ့ ဒါကိုစဉ်းစားပြီးတဲ့အခါ၊ ကျုပ်တို့ဆွေးနွေးနိုင်တယ်။

ထိုစကားများကို ပြောလိုက်ပြီးနောက် ရှုယီသည် လှည့်ထွက်သွားကာ ပြန်လှည့်မလာတော့ပေ။

ကောင့်ထ်ဒိုးလ်သည် သူ့လက်များကို မသိစိတ်က မြှောက်လိုက်ပြီး ရှုယီကို ပြန်ဆွဲခေါ်ချင်သော်လည်း အဆုံးတွင် သူ သည်းခံလိုက်သည်။

ရှုယီခန်းမထဲမှ ထွက်သွားသောအခါ နယ်စားကတော်ဝင်းဒ်ဆာ သည် အနောက်ရှိ တံခါးငယ်တစ်ခုမှ ထွက်လာသည်။

ကောင့်ထ်ဒိုးလ်သည် သူ့ကယ်တင်ရှင်ကို မြင်လိုက်ရသလို ချက်ခြင်းပင် အပြေးအလွှားသွားပြီး သူ့မျက်နှာကို ကြည့်၍ တောင်းပန်စကားဆိုသည် ။ "ဒေါ်လေး ဒီ ရှုယီက ဘယ်လို အပြုအမူမျိုး လုပ်ရတာလဲ။ သူ့လက်အောက်ငယ်သားတွေကို ကယ်တင်ဖို့ တကယ်မစဉ်းစားထားဘူးလား?"

နယ်စားကတော်ဝင်းဒ်ဆာသည် အနည်းငယ်ကြာပြီးနောက် ရှုယီ ထွက်သွားသည့်လမ်းကြောင်းကို လှမ်းကြည့်ရင်း မျက်မှောင်ကုပ်လိုက်သည်။“ ဒီဥက္ကဌ ရှု က တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်ပဲ။ ဒါပေမယ့် ငါအရမ်းသိချင်နေတယ်၊ သူ မင်းနဲ့ ညှိနှိုင်းဖို့ ယုံကြည်မှုကို ဘယ်ကရတာလဲ။ သူ့ရဲ့ Frestech ကုန်သည်ကြီးများအသင်းဆိုတဲ့ လုပ်ငန်းစုသေးသေးလေးကြောင့်လား။"

“ဒါက......” ကောင့်ထ်ဒိုးလ်၏ အမူအရာမှာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားကာ “သူ့ကုမ္ပဏီရဲ့ အစောင့်တွေက တကယ်ကို သန်မာပါတယ် ......”

နယ်စားကတော်ဝင်းဒ်ဆာက ကောင့်ထ်ဒိုးလ်ကို အေးစက်စွာ နှာမှုတ်၍ ပြောသည် "ဒါက မင်းရဲ့ ပျော့ညံ့တဲ့ လက်အောက်ငယ်သားတွေရဲ့ရှေ့မှာပဲလေ၊ ငါနဲ့အတူ ခေါ်လာတဲ့ အထက်တန်းစားတွေနဲ့ ယှဉ်နိုင်ပါ့မလား။ ပြီးတော့ သူ့မှာ သတ္တိရှိရင်တောင် သူက ငါ့ကို တကယ် ဆန့်ကျင်မယ်လို့ မယုံဘူး။”

ကောင့်ထ်ဒိုးလ်က ဖြေသည် "ဟုတ်ပါတယ် ဒေါ်လေး ဒေါ်လေးက ကန်ဒရာအင်ပါယာထဲက အရေးကြီးတဲ့သူတစ်ယောက်ပါ။ ဒီ Frestech ကုန်သည်ကြီးများအသင်းက လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကန်ဒရာအင်ပါယာကို ဝင်ရောက်ဖို့ အခွင့်အရေးကို ရှာဖွေခဲ့ပြီး အခု ဒေါ်လေး ရောက်တာမို့ ဒေါ်လေးကို မြှောက်ပင့်ပေးဖို့ မစောင့်နိုင်တော့တာလေ ဒါကြောင့် ဒေါ်လေးကို ဆန့်ကျင်ပြီး လုပ်ရှားမှာ မဟုတ်ပါဘူး။"

“မင်းသိတာကောင်းတယ်” နယ်စားကတော်ဝင်းဒ်ဆာက စကားမဆက်ခင် ခဏလောက် နှုတ်ဆိတ်နေခဲ့သည်၊ “ဒီလိုလုပ်ရအောင်၊ အဲဒီလူက ဘာပဲပြောပြော မင်းရဲ့အခြေအနေတွေကို တွန်းအားပေးရုံပဲ။ သူသဘောမတူရင် သူ့လူတွေကို လွှတ်ပေးမှာမဟုတ်ဘူး။"

"ဒါဆို သူတကယ်သဘောမတူရင်ရော ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့က သူ့လက်အောက်ငယ်သားတွေကို သတ်လို့မရနိုင်ဘူး....."

"အရူး!" နယ်စားကတော်ဝင်းဒ်ဆာက ဒေါသတကြီး ပြစ်တင်ရှုတ်ချလာသည်၊ “သူ့ရဲ့ လက်အောက်ငယ်သားတွေက ငါတို့လက်ထဲမှာရှိတယ်၊ သူက ဥက္ကဋ္ဌအနေနဲ့ သူတို့ကို မကယ်တင်နိုင်ဘဲ ဒီသတင်းက ပြန့်သွားတယ်ဆိုရင် သူ့ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ ဒီမှာ သတင်းစာလို့ ခေါ်တဲ့ အရာမရှိဘူးလား။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သတင်းပို့ဖို့ သတင်းစာတော်တော်များများကို ရှာကြည့်တော့ သူက ဒီကိစ္စကို ရပ်တန့်ဖို့ သတ္တိရှိမယ် မထင်ဘူး။”

ကောင့်ထ်ဒိုးလ်၏ မျက်လုံးများ တောက်ပလာသည် “ဉာဏ်ကောင်းလိုက်တာ! ဒေါ်လေး ဒေါ်လေးရဲ့အကြံအစည်က ထက်မြက်တယ်။ ကျွန်တော်တို့ရဲ့ တောင်ပိုင်းသတင်းစာတွေမှာ လူတချို့ရှိတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို တင်ပြခိုင်းလိုက်မယ်။”

၎င်းကိုပြောပြီးနောက် ကောင့်ထ်ဒိုးလ် တစ်ဖန်တုန့်ဆိုင်းသွားပြန်သည် “ဒါပေမယ့် ဒီကိစ္စက ကျွန်တော်တို့အတွက် မကောင်းပါဘူး။ တကယ်လို့ ဒါကို ပြောလိုက်ရင် ကျွန်တော်တိုကိုပ့နောက်ထပ် နောက်ထပ် လာ ကဲ့ရဲ့ နေကြလိမ့်မယ်....."

"အရူး!" နယ်စားကတော်ဝင်းဒ်ဆာက ဒေါသတကြီးဖြင့် အော်ဟစ်လာသည်"အနက်ရောင်ကို အဖြူဖြစ်အောင် ဘယ်လိုပြောင်းရမှန်းတောင် မသိတော့ဘူးလား၊ မင်း မျိုးရိုးမြင့် တစ်ယောက်အနေနဲ့ ဘယ်လောက်ကြာကြာ ရပ်တည်ခဲ့တာလဲ။"

ကောင့်ထ်ဒိုးလ်က ဇက်ပုကာ နေရခက်သည့် အပြုံးကို ထုတ်ပြလာသည် "ကောင်းပါပြီ၊ ကျွန်တော် ဘာလုပ်ရမှန်းသိပြီ။ ဒေါ်လေး စိတ်ပူစရာ မလိုတော့ဘူး။"

"ဟမ်! မင်းကို စိတ်ပူရမယ့်အစား မင်းဖမ်းထားတဲ့ Frestech ကုန်သည်ကြီးများအသင်း လက်အောက်ငယ်သားတွေအတွက် ငါပိုစိတ်ပူတယ်။ ဒီ ရှုယီက သူ့လက်အောက်ငယ်သားတွေကို လုံးဝလက်မလွှတ်ဘူးလို့ ခံစားနေရတယ်။ ဒါကြောင့် သူတို့ကို ကယ်တင်ဖို့ တခြားနည်းလမ်းကို မသုံးမိအောင် သတိထားရမယ်။” နယ်စားကတော်ဝင်းဒ်ဆာက သတိပေးသည်။

"အင်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ဒေါ်လေး၊ စိတ်ပူစရာ မလိုဘူးထင်တယ်။ ဒေါ်လေးနဲ့အတူ ခေါ်လာတဲ့ လက်ရွေးစင်တွေနဲ့ မဟာမှော်ပညာရှင် ရန်ဒီရှိတယ်။ ရှုယီက သူ့လက်အောက်ငယ်သားတွေကို ကယ်တင်နိုင်တာကို မပြောနဲ့ဦး လှုပ်ရှားဖို့တောင် ဝံ့ရဲမှာ မဟုတ်ဘူး။” ကောင့်ထ်ဒိုးလ်က ရယ်မောရင်း ပြောသည်။

"ဟမ့်! မဝံ့ရဲဘူးလို့ မျှော်လင့်ပါတယ်။"

ရှုယီသည် ကောင့်ထ်ဒိုးလ်၏ အိမ်တံခါးဝမှ ထွက်လာပြီးနောက် အဝေးသို့ မသွားတော့ပေ။ အစောင့်နှစ်ယောက်ရှေ့၌ နေရာရွှေ့ပြောင်းဖို့ သူ့၏ မှော်ပညာကို အသုံးပြုခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုယီ သည် တောအုပ်လေးတစ်ခုတွင် ပေါ်လာသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အကြပ်ငါးဆယ်သည် ဤသစ်တောတွင်သတိထားနေကြရာ တစ်စုံတစ်ယောက်ပေါ်လာသည်ကို ရုတ်တရက်တွေ့လိုက်ကြပြီး အားလုံးက ရှုယီကို ချိန်ရွယ်ရန် လက်နက်များထုတ်ကြသည်။

"အခြေအနေဘယ်လိုရှိလဲ" ၎င်းကိုမမေးခင် ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

ရှုယီဖြစ်သည်ကို မြင်လိုက်ရသဖြင့် အစောင့်များက သက်ပြင်းတစ်ချက်ချလိုက်သည်။

ဤအဖွဲ့ကို ခြုံခိုတိုက်ခိုက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သော ဟာ့ထ် သည် မဝေးလှသောနေရာရှိ သစ်သားခြံစည်းရိုးကို ညွှန်ပြလာသည် "သုတေသနပညာရှင် အာကာလီဆီက အချက်အလက်ကို ကျုပ်တို့ လက်ခံရရှိထားပြီးပါပြီ၊ ဒါပေမယ့် မပြည့်စုံသေးဘူး။"

"သူမကို စောင့်ကြပ်နေတဲ့ အဆင့်မြင့်မှော်ဆရာတစ်ယောက်ရှိရမယ်၊ ဒါကြောင့် တာဝေး မှော်အချက်ပြမှုကို ပေးပို့ဖို့ မဖြစ်နိုင်ဘူး။" ရှုယီက ခေါင်းညိတ်လိုက်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဝတ်စုံ ၀တ်ဆင်ထားသည့် လူငယ် သုံးဦးထံသို့ သူရောက်လာသည်။“အာကာလီဘက်က အချက်အလက်က ဘာပြောလဲ။”

ယမန်နေ့က Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းမှ ထွက်ခွာသွားချိန်တွင် သုတေသီသုံးဦးကို ရှုယီ ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့သည် အာကာလီအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ၎င်းတို့သည် အခြားအလုပ်များတွင် ပါဝင်နေသောကြောင့် ကောင့်ထ်ဒိုးလ်၏ ဖမ်းဆီးခြင်းကို ရှောင်ရှားရန် ကံကောင်းခဲ့သည်။

၎င်းတို့မှာ ဒူးလောက်သာမြင့်သည် တူရိယာလေးကို စောင့်ကြည့်နေသည်။

ဤကိရိယာသည် ရံဖန်ရံခါ တောက်ပြောင်နေသော အပြာနုရောင် အလင်းတန်းများကို လွှတ်နေသည်။ ၎င်းကို တောအုပ်လေးထဲမှာ ထည့်ထားသည်က နည်းနည်းတော့ ထူးဆန်း၏။

ဤကိရိယာသည် အာကာလီအဖွဲ့မှ ပဲ့တင်ထပ်ခြင်းနည်းပညာဖြင့် ပြုလုပ်ထားသည့် ဆက်သွယ်ရေးလက်ခံကိရိယာဖြစ်သည်။ ၎င်းသည် အခြားသူများ နားမလည်နိုင်သော အချက်အလက်များကို ပေးဆောင်ရန် မမှန်ဟု ထင်ရသည့် အထူးမှော်လှိုင်းကြိမ်နှုန်းကို အသုံးပြုရသည်။

သို့သော် ဤသတင်းသည် အာကာလီ၏အဖွဲ့လက်ထဲသို့ ရောက်သွားပါက ၎င်းတို့တီထွင်ခဲ့သော အထူးခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းဖြင့် အချက်အလက်ကို ကုဒ်လုပ်နိုင်သည်။

ဤအရာအား မှော်ဆက်သွယ်ရေးကိရိယာများ အသုံးမပြုနိုင်သည့်နေရာများတွင် သုံးရန် အာကာလီမှတီထွင်ထားသောကြောင့် ၎င်းအတွက်အသုံးပြုမှုများစွာမရှိပါချေ။

သို့သော် ယခုအသုံးပြုခြင်းဖြင့် ၎င်းတို့သည် အလွန်အသုံးဝင်ကာ ကောင့်ထ်ဒိုးလ်၏အိမ်အတွင်းရှိ အာကာလီထံမှ အချက်အလက်အချို့ကို ရရှိနိုင်သည်။

သုတေသီတစ်ဦးက ရှုယီအား စာတစ်ရွက်ပေးခဲ့သည်။

ရှုယီ ၎င်းကို ကြည့်လိုက်ရာ မှတ်တမ်းများက ပြန့်ကျဲနေပြီး သတင်းအပိုင်းအစတွေသာဖြစ်သည်ကို တွေ့ရ၏။

သို့ပေမယ့် ထိုစာတွေကတဆင့် သူတို့ဟာ အသုံးဝင်တဲ့ အချက်အလက်တချို့ကို ရရှိခဲ့ပါသည်။

အာကာလီ၏သတင်းစကားအရ သူမနှင့် Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများအား အတူတကွ စုစည်းထားသည်။ ၎င်းတို့သည် ကောင့်ထ်ဒိုးလ်အိမ်တော်ရှိ လှိုဏ်ဂူထဲတွင် ပိတ်လှောင်ခံထားရပြီး ၎င်းတို့၏အခြေအနေမှာ မကောင်းသော်လည်း ဆိုးရွားခြင်းမရှိပေ။ အနည်းဆုံးတော့ ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှ မရှိခဲ့ပါချေ။

၎င်းကိုမြင်တော့ ရှုယီက ပိုစိတ်အေးသွားသည်။

သူ၏ တစ်ခုတည်းသော စိတ်ပူပင်မှုမှာ ကောင့်ထ်ဒိုးလ်သည် ဤလူများကို အရေးပါသည်ဟု မစဉ်းစားဘဲ ပထမဦးစွာ ဒုက္ခရောက်စေမည်ကိုဖြစ်သည်။

သို့ပေမယ့် အခုတော့ ကောင့်ထ်ဒိုးလ်ဟာ ရှုယီ မှန်းဆထားသလိုပဲပင်၊ စေ့စပ်ညှိနှိုင်းမှုမပြီးခင်မှာ ၎င်းက ဒီလူတွေကို ချုပ်နှောင်ထားလိမ့်မည်။

ဤသည်ကိုမြင်ပြီးနောက် ရှုယီက ဟာ့ထ်ကို လှည့်မေးလိုက်၏ "အိမ်ရဲ့အပြင်အဆင်နဲ့ ပတ်သက်ပြီး မင်းမှာအချက်အလက်တွေရှိလား"

ဟာ့ထ် က ရယ်မောလိုက်ပြီး ရှုယီရှေ့တွင် သူ့ရင်ဘတ်ထဲက မြေပုံကို ထုတ်ယူကာ ဖြန့်ချလိုက်သည်။

“ကျုပ်တို့ရဲ့ မှော်လေသင်္ဘောဟာ ဒီအိမ်ကြီးကို အကြိမ်ပေါင်းများစွာ ဝေဟင်ကနေ လည်ပတ်နေခဲ့ပေမယ့် သူတို့ လုံးဝမတုံ့ပြန်ပါဘူး။ သူတို့က တကယ်ကို ပေါ့ဆလွန်းတယ်။”

ရှုယီက မျက်လုံးလှန်မိသွားသည်။ ဤကမ္ဘာမှလူများသည် မှော်လေသင်္ဘောကို မကြုံဖူးကြရာ လေထဲရှိရန်သူများကို မည်သူကာကွယ်မည်နည်း။

မြေပုံကို ငုံ့ကြည့်လိုက်တော့ အလွန်အသေးစိတ်ကျသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ကောင့်ထ်ဒိုးလ် အိမ်ကြီး၏အစိတ်အပိုင်းတိုင်းကို ကျောက်တုံးတစ်ပင် သို့မဟုတ် သစ်ပင်တစ်ပင်မှပင် မစွန့်ပစ်ဘဲ အမှတ်အသားပြုထားသည်။

“ဥက္ကဋ္ဌကြီး၊ ကြည့်ပါဦး။ သုတေသီ အာကာလီရဲ့ အချက်အလက်အရ သူမနဲ့ တခြား‌သူတွေက ဒီနေရာမှာ ရှိနေလောက်တယ်လို့ ကျုပ်တို့ ယူဆတယ်။” ဟာ့ထ်သည် အိမ်ကြီး၏မြောက်ဘက်ရှိ နေရာကို ညွှန်ပြသည်။

မြေပုံကိုအခြေခံ၍ ထိုနေရာတွင် တောင်အတုငယ်တစ်ခုနှင့် တောအုပ်ငယ်တစ်ခု ရှိသည်၊ ၎င်းသည် လူများကို ထိန်းထားနိုင်သော နေရာတစ်ခုဟု မထင်ရချေ။

“ဒီမှာ မြေအောက် ဂူကြီးတစ်ခု ရှိလောက်တယ်။ အပေါ်စီးကနေ စုံစမ်းကြည့်တော့ ဒီနေရာက တောင်အတုထဲကို လူတချို့ ဝင်လာတာ တွေ့ပြီး အချိန်အတော်ကြာမှ ထွက်လာတာပဲ” ဟာ့ထ်က ဆက်ပြောသည်။

"ဒါဆို ဒီမှာ ဝင်ပေါက်ရှိရမယ်။" ရှုယီက ခေါင်းညိတ်လိုက်ပြီး မေးသည်၊ "ဒါဆို အဲဒီ့ပတ်ဝန်းကျင်က ကာကွယ်ရေးတွေကော။ စုံစမ်းပြီးပြီလား။"

ဟာ့ထ်က သူ့ခေါင်းကို ခါလိုက်၏ “သူတို့ထဲက အများစုက မြေအောက်မှာဖြစ်နိုင်တယ်၊ အဲဒါကို အပေါ်ကနေ တင်းကြပ်စွာ ကြီးကြပ်ထားပုံမပေါ်ဘူး။ အစောင့်အကြပ် ငါးဆယ်လောက်ပဲ လှည့်ပတ်သွားလာနေတာကို မြင်ရတယ်။”

"ကောင်းပြီ၊ ကျုပ်တို့က အခြေအနေကို ယေဘူယျ နားလည်ထားပြီးပြီမို့ ချက်ချင်း လှုပ်ရှားလိုက်ကြရအောင်။" ရှုယီ မြေပုံကို ရိုက်လိုက်ပြီး သူ့ပတ်ဝန်းကျင်က အစောင့်တွေကို ကြည့်၍ လေးလံသည့် အသံနဲ့ ပြောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၇။ ရုတ်တရတ် တိုက်ခိုက်မှု

မာဂတ်ရန်ဒီက သူ့အပေါ်ရှိ တောက်လောင်နေသော နေကို မော့ကြည့်ကာ လေ‌ပြေဖန်တီးဖို့ လက်မြှောက်လိုက်သည်။ သူက အနီးနား သစ်ပင်တစ်ပင်၏ အရိပ်အောက်သို့ သူ၏တင်ပါးအောက်မှ ခုံကို ရွေ့ကာအရိပ်ထဲ တစ်ဖန်ဝင်လိုက်သည်။

"ဒီသောက်ရာသီဥတုကတော့။"

မာဂတ်ရန်ဒီလည်း အသံတိုးတိုးဖြင့် ဆဲရေးလိုက်ပြီးနောက် မနီးမဝေးရှိ လောင်ကျွမ်းနေသော နေရောင်အောက်တွင် ချပ်ဝတ်အပြည့်ဖြင့် ရပ်နေကြသည့် စစ်သားဆယ်ဦးကို ကြည့်လိုက်သည်။ အနှီစစ်သည်များက သူ့အား များစွာပို၍ ခံစားလို့ကောင်းလာစေ၏။

ဤသနားစရာကောင်းသော စစ်သားများနှင့် နှိုင်းယှဉ်ပါက၊ သူသည် မဟာမှော်ပညာအဖြစ် ဘယ်သွားသွား အဆပေါင်းများစွာ ပိုကောင်းအောင် ဆက်ဆံခဲ့ရသည်။

သေချာပါ၏၊ ဒါဟာ နယ်စားကတော်၏ အမိန့်ကြောင့်မဟုတ်ပါက, ဤနေရာကိုစောင့်ရှောက်လိမ့်မည်မဟုတ်ပေ။

သူသည် ဂုဏ်ယူစရာကောင်းသော မှော်ပညာရှင်တစ်ယောက်ဖြစ်သည်၊ သူဆန္ဒမရှိသရွေ့၊ သခင် နယ်စားက သူ့ကိုဘာမှလုပ်ခိုင်းနိုင်စွမ်းမရှိပေ။

သို့သော် သခင်နယ်စားက သူ့အား အကျိုးကျေးဇူးများစွာ ပေးသည့်အတွက်ကြောင့် သူသည် အလုပ်အတွက် အလွန်ပျော်ရွှင်ခဲ့သည်။

နောက်တဖန်၊ မှော်ပညာရှင်များ မည်မျှပင် အားကောင်းပါစေ၊ သူတို့သည် နောက်ဆုံးတွင် လူသားများအဖြစ် ရှိနေဆဲပင်။

သူသည် သူ၏ မှော်ပညာ သုတေသနအတွက် ရွှေအမြောက်အမြား လိုအပ်ပြီး မဟာမှော်ပညာရှင် ရန်ဒီတစ်ယောက်တည်းအနေနှင့် ထိုမျှ ရရန် အလွန်ခက်ခဲသည်။

၎င်းကို တွေးပြီး သူဟာ အေးစက်စက် နှာမှုတ်၍ မြေပြင်ကို ငုံ့ကြည့်လိုက်၏။

Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့ဖမ်းမိထားသော အလုပ်သမားများတွင် မှော်ပညာရှင်အချို့ရှိပြီး ၎င်းတို့မှာ အလွန်အားကောင်းသည်။

ထိုမှော်ပညာရှင် အမျိုးသမီးငယ်၏ အရည်အချင်းသည် သူ့အား ပို၍ပင် တုန်လှုပ်သွားစေခဲ့၏။ သူမသည် အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးပြီး သတ္တမအဆင့်မှော်ပညာရှင်ဖြစ်နေပြီဖြစ်ရာ၊ ၎င်းကို မဟာမှော်ပညာရှင် ရန်ဒီသည်ပင် ထူးချွန်သူဟု သတ်မှတ်ခဲ့ရသည်။

သို့သော် ထိုထက်မြက်သော မှော်ပညာရှင်သည် မှော်ပညာကို အာရုံမစိုက်ဘဲ Frestech ကုန်သည်ကြီးများအသင်းသို့ သွားခဲ့သည်။ သူမသည် ထိုထက်ပို၍ဆိုးရွားစွာ မှော်စက်များကို လေ့လာနေပါ၏။

မှော်စက်များ? ဒါမှော်ကိရိယာတွေရဲ့ အခြားအသုံးအနှုန်းပဲ မဟုတ်ဘူးလား။

ဤအရာများကို ခွန်အားမတိုးနိုင်သော မှော်ပညာရှင်များကသာ လေ့လာခဲ့ကြသည်။ မဟာမှော်ပညာရှင် ရန်ဒီကဲ့သို့သော မှော်ပညာရှင်တစ်ဦး၏အမြင်တွင် ၎င်းတို့သည် ကလေးကစားစရာများသာဖြစ်ပြီး မှော်ပညာရှင်များအတွက် အဓိပ္ပါယ်မရှိပေ။

သာမာန်လူတွေကို ထိုအရာတွေနဲ့ လှည့်စားနိုင်ပေမယ့် အစွမ်းထက်မှော်ပညာရှင်များရှေ့တွင် ၎င်းတို့က ဟာသသာဖြစ်သည်။

မဟာမှော်ပညာရှင် ရန်ဒီက ခေါင်းခါလိုက်သည်။ အာကာလီဟုခေါ်သော မှော်ပညာရှင် အမျိုးသမီးက သူမ၏ ကန့်သတ်ချက်များကို သိပါက သူမအား ဤမှားယွင်းသောလမ်းကြောင်းမှ လွတ်မြောက်အောင် ကူညီပေးနိုင်မည်ဟု သူထင်ခဲ့သည်။

သူမ၏ အရည်အချင်းဖြင့်၊ သူမသည် မဟာမှော်ပညာရှင်ရန်ဒီနှင့်အတူ နှစ်အတော်ကြာအောင် မှော်ပညာကို အာရုံစိုက်နိုင်သရွေ့ ကြီးမားသော အမြတ်အစွန်းများ ရရှိမည်မှာ သေချာ၏။

ဆယ်နှစ်အကြာတွင် သူမဟာ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာရန် အခွင့်အလမ်းရှိပေမည်။

ဒါ့ထက်..... ပိုအရေးကြီးသည်က ဒီအမျိုးသမီး မှော်ပညာရှင်က အတော်ရုပ်ရည်ချောမောတဲ့သူပင်။

မဟာမှော်ပညာရှင် ရန်ဒီသည် အာကာလီကိုဖမ်းမိသောအခါ စုတ်ပြဲနေသောအဝတ်အစားများမှတစ်ဆင့် ပေါ်ထွက်လာသော အဖြူရောင်အသားအရည်ကို တွေးကြည့်ရင်း၊ သူသည် တံတွေးတစ်လုပ်ကို မျိုချလိုက်ကာ သူ့ခန္ဓာကိုယ်က ပူလာသည်ဟု ခံစားရလေသည်။

အကယ်၍ ဤဓားစာခံများသည် အသုံးဝင်သည်ဟု ဖော်ပြသော နယ်စားကတော် ကြောင့်သာ မဟုတ်ပါက၊ မဟာမှော်ပညာရှင်ရန်ဒီသည် ယခင်ကတည်းက ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ ကြွယ်ဝသော အတွေ့အကြုံဖြင့် ဤအရည်အချင်းရှိပြီး လှပသော မှော်ပညာရှင်သည် အမှန်တကယ် အပျိုဖြစ်သည်ကို သူ သဘာဝကျကျ ပြောပြနိုင်သည်။

အနီးနားရှိ အားပြင်းသောခြေသံများစွာသည် မဟာမှော်ပညာရှင်ရန်ဒီ၏ စိတ်ကူးအိပ်မက်ကို ဖြတ်တောက်သွားခဲ့သည်။

မဟာမှော်ပညာရှင်ရန်ဒီသည် စိတ်ဆိုးသောဟန်ဖြင့် ဖြတ်ကြည့်လိုက်ရာ ကောင့်ထ်ဒိုးလ်၏ လက်အောက်ငယ်သား သုံးဦးက လူတစ်ယောက်လောက် မြင့်သည် လေးထောင့်ပုံသတ္ထုသေတ္တာကို သူ့ထံ ယူလာနေသည်အား တွေ့လိုက်ရသည်။

"ဒါကဘာလဲ" မဟာမှော်ပညာရှင် ရန်ဒီက မျက်မှောင်ကုပ်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေထုသည် လေဖြင့်ပြည့်သွားပြီး စတုဂံပုံသတ္ထုသေတ္တာကို မ'ကာ သူ့ဘေးတွင် ချလိုက်သည်။

"မဟာမှော်ပညာရှင်ကြီးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။" လက်အောက်ငယ်သားသုံးယောက်သည် ထောင့်မှန်စတုဂံသေတ္တာကြီး၏ အနီးတစ်ဝိုက်ထံ အမြန်မရွေ့မီ မဟာမှော်ပညာရှင် ရန်ဒီအား ကျေးဇူးတင်စကားဆို၏။

"ဟေ့ ဒီဟာက ဘာလဲ" မဟာမှော်ပညာရှင်က မနေနိုင်စွာ မေးလိုက်၏ "မင်းတို့ဘာအတွက်ယူလာတာလဲ"

“မဟာမှော်ပညာရှင်ဆီ အစီရင်ခံပါတယ် ဒါက ဒီနှစ်မှာ ထွက်ရှိခဲ့တဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မတ်တပ် မှော်လေပေးစက်ပါး။ အရှင်ကောင့်ထ်က အရှင့်ကို နှစ်နှစ်ခြိုက်ခြိုက် ခံစားခွင့်ပေးဖို့ ကျွန်တော်တို့ကို လာပေးခိုင်းလိုက်တာပါ။"

“မတ်တပ်မှော်လေပေးစက်? ဒါကဘာများလဲ?"မဟာမှော်ပညာရှင် ရန်ဒီက မျက်မှောင်ကုပ်သည်။ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း အကြောင်းပြောသောအခါ ဤ ကောင့်ထ်ဒိုးလ်သည် သူ့သွားများကို အမြဲတမ်း ကြိတ်နေခဲ့သည်။ သို့ပေမယ့် သူတို့ပစ္စည်းများကို ဆက်သုံးနေမယ်လို့ မထင်ခဲ့ပေ။

"ခဏနေရင် သိပါလိမ့်မယ်"

လက်အောက်ငယ်သားက တခြားနှစ်ယောက်နှင့်အတူ မလုပ်ခင် ပြန်ဖြေ၏။ မတ်တပ်မှော်လေပေးစက်သည် မဟာမှော်ပညာရှင်ရန်ဒီနှင့် နှစ်မီတာအကွာတွင် နေရာယူထားပြီး သူ့ကို ချိန်ရွယ်ထားသည်။

“မဟာမှော်ပညာရှင်ကြီး၊ ဒါက သင့်တော်လားဆိုတာ ကြည့်စမ်းပါဦး။” ငယ်သားတစ်ဦးက မှော်လေပေးစက်ကို နှိပ်လိုက်သည်။

မဟာမှော်ပညာရှင်ရန်ဒီသည် မှော်လေပေးစက်မှ ထွက်ပေါ်လာသော မှော်လှိုင်းနှင့်အတူ အေးမြလန်းဆန်းသော လေနုအေးကို မှုတ်ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အပူများကို ချက်ချင်း ဖယ်ပစ်လိုက်သည်ကို ခံစားလိုက်ရသည်။

"လေလှိုင်းမှော်အစီအရင်တစ်ခုလား? မဟုတ်ပါဘူး၊ ဒါက လေလှိုင်း‌ေမှာ်အစီအရင်မဟုတ်ဘူး။ ဒါက.... ရေခဲမှော်အစီအရင်လား?" မဟာမှော်ပညာရှင် ရန်ဒီသည် မှော်လေပေးစက်မှထွက်လာသော မှော်လှိုင်းများကို ခံစားလိုက်ရသဖြင့် သူ၏နှုတ်ခမ်းများကို အထင်အမြင်သေးစွာဖြင့် တွန့်ကွေးသည်၊ "ဟမ့်၊ လှည့်ကွက်လေးတစ်ခုပါပဲ"

ဤ မှော်လေပေးစက်အတွင်းရှိ မှော်အစီအရင်ကို အထင်အမြင်သေးသော်လည်း၊ မဟာမှော်ပညာရှင် ရန်ဒီသည် ဤအရာကြောင့် ပိုမိုသက်တောင့်သက်သာရှိပြီး အေးမြသောလေကို ခံစားနိုင်သည်ဟု ဝန်ခံရပါမည်။

မဟာမှော်ပညာရှင်တစ်ယောက်အနေဖြင့် သူ၏စွမ်းရည်ဖြင့် ရေခဲအစီအရင်ကဲ့သို့ တူညီသောအကျိုးသက်ရောက်မှုရှိ အစီအရင်ကို ခင်းကျင်းနိုင်သော်လည်း ဤ အစီအရင်ကိုချရန် မှော်ပစ္စည်းအများအပြားယူရမည်ဖြစ်ပြီး ၎င်းသည် အလွန်ဒုက္ခများမည်ဖြစ်သည်။ အပူနည်းနည်းရှိလို့ ခင်းကျင်းထားရတာ သဘာဝမကျပေ။

ယခု သူ့တွင် ဤ မတ်တပ်မှော်လေပေးစက်ရှိသဖြင့်၊ ၎င်းသည် သူ့အား အားထုတ်မှု အနည်းငယ် သက်သာစေသည်။

“ဒီအရုပ်သေးသေးလေးက ငါ့အတွက် အကျိုးရှိပါတယ်......” မှော်လေပေးစက်နှင့်အတူ မဟာမှော်ပညာရှင် ရန်ဒီသည် သူ့ထိုင်ခုံတွင် ပြန်အိပ်လိုက်ရာ အာကာလီ၏ရုပ်သွင်က သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။

သို့သော် ဤအချိန်တွင် မြေအောက်မှအားဖျော့သော မှော်အတက်အကျများ ဖြစ်ပေါ်လာသည်။

"ဟမ်! လက်မလျှော့သေးဘူးပဲ။” မဟာမှော်ပညာရှင် ရန်ဒီက အေးစက်စက် နှာမှုတ်လိုက်သည်။

ဤအားနည်းသော မှော်အတက်အကျများသည် ပြီးခဲ့သောနှစ်ရက်အတွင်းက ဆက်လက်ထွက်ပေါ်လာခဲ့သည်။ မှန်းဆစရာမလိုပါ၊ ၎င်းက မှော်ပညာရှင် အာကာလီဟု အမည်ရသည့် အမျိုးသမီးငယ်လေး ပြုလုပ်နေခြင်းပင်။

မဟာမှော်ပညာရှင် ရန်ဒီသည် မှော်ပညာရှင်များမှလွဲ၍ သာမာန်လူများမှာ ဤအရာကို သတိမပြုနိုင်ရာ သူမက အဘယ်ကြောင့် လုပ်နေရသည်ကို အမှန်တကယ် မသိပေ။

ထို့အပြင် သူမစေလွှတ်လိုက်သော စွမ်းအားများသည် အားနည်းနေပါ၏။ မဟာမှော်ပညာရှင် ရန်ဒီပင်လျှင် ၎င်းကို ခံစားရုံမျှသာ တတ်နိုင်သောကြောင့် ၎င်းကို ပေးပို့ရန် ပိုမိုခက်ခဲကြောင်း ထင်ရှားပါ၏။

မဟာမှော်ပညာရှင် ရန်ဒီသည် ဤမှော်အတက်အကျများကို အစပိုင်းတွင် ပေးပို့ခြင်းအတွက် သတိကြီးစွာထားခဲ့သော်လည်း ၎င်းကို တွေးကြည့်သောအခါတွင် လုံးဝ မထိခိုက်စေသောကြောင့် သူမကို လုပ်ခွင့်ပေးခဲ့သည်။

သူသည် အာကာလီမှပေးပို့သော မှော်အတက်အကျများကိုပင် ခံစားသိရှိခဲ့ပြီး အာကာလီ၏ မှော်အဆင့်သည် မည်သည့်အဆင့်ဖြစ်ကြောင်း ခန့်မှန်းရန် ကြိုးစားခဲ့သည်။

“အန်..... ထိန်းချုပ်မှု က မတည်မြဲဘူး ၊ ပြတ်တောင်းပြတ်တောင်းဖြစ်နေတယ် ၊ ဒါကြောင့် သူ့အခြေခံက နည်းနည်း အားနည်းနေပုံရတယ်။ ဒါကို ဘယ်သူက သင်ပေးလဲတော့ မသိဘူး။” မဟာမှော်ပညာရှင် ရန်ဒီက လေးနက်သော အသံဖြင့် ပြောသည် ။ “သူမကို ငါ့လက်ထဲဆွဲသွင်းတဲ့အခါ ကောင်းကောင်းလေ့ကျင့်ပေးရမယ်။ မဟုတ်ရင် သူ့အရည်အချင်းတွေ ဆုံးရှုံးသွားလိမ့်မယ်....."

အာကာလီကို လေ့ကျင့်နည်းကို တွေးနေစဉ်တွင် မဟာမှော်ပညာရှင် ရန်ဒီသည် ရုတ်တရက် အန္တရာယ်ကိင ခံစားလိုက်ရသည်။သူက ချက်ချင်း မျက်မှောင်ကုပ်၍ပျံသွားသည်။

"ဟုန်း!"

သူထိုင်နေသည့် ကုလားထိုင်က ပြာဖြစ်သွားကာ မှော်လေပေးစက်သည်ပင် အကြိမ်ပေါင်းများစွာ လှိမ့်ပြီး မြေပြင်ပေါ် လွင့်သွားခဲ့၏။

မဟာမှော်ပညာရှင် ရန်ဒီသည် ဒေါသတကြီးဖြင့် ခေါင်းငုံ့လိုက်ပြီးနောက် ဒေါသတကြီး ပြန်မော့ကြည့်လာ၏။ လေထဲတွင် လွင့်မျောနေသော အပြာနုရောင် ၀တ်ရုံနှင့် မှော်ပညာရှင်ကို ကြည့်ကာ အေးစက်သောလေသံဖြင့် ပြောလာသည် “မင်းက ဘယ်သူလဲ။ ဘာလို့ ရုတ်တရက် တိုက်ခိုက်တာလဲ။"

အပြာနုရောင် ၀တ်စုံကို ဝတ်ဆင်ထားသည့် မှော်ပညာရှင်က ထူးဆန်းစွာ ရယ်မောကာ ပြတ်သားသော အသံဖြင့် ပြောလာသည်“ ကန်ဒရာအင်ပါယာက မဟာ မှော်ပညာရှင်ရဲ့ အစွမ်းအစက ဆိုးမှာမဟုတ်တာကို သိပေမယ့် ခင်ဗျားရဲ့သတိထားမှုက ဒီလောက်မြင့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မဆိုးဘူး မဆိုးဘူး......"

မဟာမှော်ပညာရှင် ရန်ဒီသည် ပို၍ပင် ဒေါသထွက်လာသည်။

တစ်ဖက်က တိုက်ခိုက်လာသောအခါတွင် သူသည် ဒေါသထွက်လာပြီး အဋ္ဌမအဆင့် မီးတောက်ကျည်ဆန်ကို ချက်ချင်း ပစ်လွှတ်လိုက်သည်။

အကယ်၍သာ သူသည် မဟာမှော်ပညာရှင်တစ်ဦးဖြစ်ခဲ့လျှင်ပင် ၎င်းနှင့်ထိတွေ့ခဲ့ပါ သေချာပေါက်အလွယ်လေး သက်သာမည်မဟုတ်ပေ။

"ငါမမှားရင် မင်းလည်း မဟာမှော်ပညာရှင်ဖြစ်လောက်တယ်" မဟာမှော်ပညာရှင် ရန်ဒီကပြောသည် “မဟာမှော်ပညာရှင်တစ်ယောက်ဟာ တကယ်ပဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို မရှက်ဘူးလား”

အပြာရောင်ဝတ်ရုံမှော်ပညာရှင်က နှုတ်ခမ်းကို တွန့်ကွေးကာ ရယ်မောရင်း ပြောာလသည် “ဘာတွေရှက်နေရမှာလဲ။ စားလို့ရလို့လား ဒါပေမယ့် ခင်ဗျားစိတ်ပူစရာမလိုပါဘူး ကျုပ် ခင်ဗျားကိုသတိပေးနေတာပဲ၊ ခင်ဗျားနဲ့အတူတူထွက်ဖို့ မစီစဉ်ထားဘူး"

အပြာရောင်ဝတ်ရုံမှော်ပညာရှင်သည် လက်ဝှေ့ယမ်း၍ နှုတ်ဆက်ကာ မဟာမှော်ပညာရှင် ရန်ဒီစောင့်ကြပ်နေသော တောင်အတုတွင် ဝှက်ထားသော အပေါက်ဝသို့ ပျံသန်းသွားခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်း မင်းက Frestech ကုန်သည်ကြီးများအသင်းကပဲ။" မဟာမှော်ပညာရှင် ရန်ဒီသည် အသက်ပြင်းပြင်းရှူကာ အပြာရောင်ဝတ်ရုံမှော်ဆရာကို ရပ်တန့်ရန် ကြံစည်သည့်အနေဖြင့် သူ၏ မှော်ပညာကို စုဆောင်းလိုက်၏။

သို့ပေမယ့် သူ လှုပ်ရှားမည်အပြုမှာ ထိတ်လန့်စေသည့် ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရပြီး သူ့အား မှော်အတားအဆီးပေါ်သို့ အားအပြည့်ဖြင့် လွင့်ထွက်သွားစေသည်။

"ဝုန်း!"

လေထဲမှ စွမ်းအားကြီး ပေါက်ကွဲမှု ထွက်လာကာ ၎င်းက မှော်ပညာရှင် ရန်ဒီ၏ အတားအဆီးကို လှုပ်ခါသွားစေပြီး ဘယ်အချိန်မဆို ပျောက်ကွယ်သွားတော့မလိုပင်။

မဟာမှော်ပညာရှင် ရန်ဒီအံ့သြသွားသည်။

ဤရုတ်တရက်တိုက်ခိုက်မှုသည် တားမြစ်ထားသောမန္တာန်မဟုတ်သော်လည်း၊ ၎င်းသည် နဝမအဆင့်မန္တာန်ကဲ့သို့ပြင်းထန်နေပြီဖြစ်သည်။

အကယ်၍ သူသာ မဟာမှော်ပညာရှင်မဟုတ်ပဲ သာမန်အဆင့်မြင့်မှော်ပညာရှင်တစ်ယောက်သာဖြစ်ခဲ့လျှင် သူသည် ထိုနေရာတွင် ရှိနေလိမ့်မည်မဟုတ်ပေ ။

Frestech ကုန်သည်ကြီးများအသင်းမှ မဟာမှော်ပညာရှင်ကို စေလွှတ်လိုက်သည်ကတင် မဟာမှော်ပညာရှင် ရန်ဒီကို ထိတ်လန့်တုန်လှုပ်နေစေပြီဖြစ်သော်လည်း ယခုတွင် မဟာမှော်ပညာရှင်ထက် မပျော့ညံ့သော အခြားအဖော်တစ်ယောက် ရှိနေပြီဖြစ်သည်။ ဒါက သူ ရိုးရိုးရှင်းရှင်းပင် မမျှော်လင့်ထားတဲ့ အရာဖြစ်၏။

အပြာရောင်ဝတ်ရုံမှော်ဆရာကို ထောင်ထဲမ၀င်အောင် မတားနိုင်တော့ဘဲ မဟာမှော်ပညာရှင် ရန်ဒီက အေးစက်စက် နှာမှုတ်လိုက်သည်။ သူဟာ ဂရုမစိုက်တော့ဘဲ အခြား ထက်မြက်သည့် မှော်ပညာရှင်နှင့် ရင်ဆိုင်ဖို့ ပြင်လိုက်ပါ၏။

သို့သော် လေထဲသို့ လှမ်းကြည့်သောအခါတွင် လူကို မတွေ့ခဲ့ရပေ။

လေထဲတွင် ဘယ်မှညာသို့ လှည့်ပတ်နေသော သံမကောင်းဆိုးဝါး ဆယ်ကောင် တန်းစီလျက် မဟာမှော်ပညာရှင် ရန်ဒီကို ဝိုင်းထားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၈။ မှော်လေသင်္ဘော vs မဟာမှော်ပညာရှင်

"ကပ္ပတိန်၊ ဒီလူက ငတုံးလို့ ထင်လား? သူက တကယ်ပဲ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့ထားတော့ မဟာမှော်ပညာရှင်တစ်ယောက်က ပြိုင်ဘက်ကင်းလို့များ ထင်နေလားပဲ?"

မှော်လေသင်္ဘောများအနက် တစ်ခုတွင် Frestech ကုန်သည်ကြီးများအသင်း အစောင့်တစ်ဦးက လေထဲရှိ မဟာမှော်ပညာရှင် ရန်ဒီကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ထို မှော်လေသင်္ဘော၏ တာဝန်ခံ ဟာ့ထ် က ရယ်မောရင်း “ဒီလူက ငါတို့ခြေထောက်အောက်က အပေါင်းအပါတွေရဲ့ စွမ်းအားကို မသိတာ ရှင်းပါတယ်။ ကောင်းပြီ၊ လူတိုင်းကို မင်းရဲ့အမိန့်တွေကို လက်ခံခိုင်းပြီး ဆက်တိုက်ခိုက်နေလိုက်။ တစ်ဖက်ရဲ့ မဟာမှော်ပညာရှင်ကို လှုပ်ရှားခွင့် မပေးနဲ့၊ ငါတို့ ဥက္ကဌ နဲ့ မဟာမှော်ပညာရှင် ဂျူနာအတွက် အချိန်တွေ ရှာပေးရမယ်။"

“ဟုတ်ပါပြီ!”

မှော်လေသင်္ဘော၏ အခန်းရှိ မှော်ဆက်သွယ်ရေးကိရိယာဗားရှင်းအကြီးမှ သဘောတူညီချက်၏ အသံများ ထွက်ပေါ်လာခဲ့သည်။

ခဏအကြာတွင် မှော်လေသင်္ဘောဆယ်စီးရှေ့၌ အလားတူ အပြာနုရောင်အလင်းတန်းများ ပေါ်လာပြီး အပြာရင့်ရောင်ပြောင်းသွားသည်။ ၎င်းသည် အလင်းလုံးဆယ်လုံးကို ပေါင်းစပ်ထားသောကြောင့် ပိုမိုတောက်ပလာခဲ့သည်။

လေထဲမှာရှိသည့် မဟာမှော်ပညာရှင်ရန်ဒီက မျက်မှောင်ကုပ်လိုက်၏။

ဤအလင်းလုံးဆယ်လုံးမှ ပြင်းထန်သော မှော်အတက်အကျများကို သူခံစားနိုင်သည်။ ဤအလင်းလုံးဆယ်လုံးသည် တိုက်ခိုက်မှုတစ်မျိုးတည်းဖြစ်ကြောင်း ထင်ရှားသည်။

သို့ပေမယ့် သူလုံးဝ ဂရုမစိုက်ပေ။ သူ့ရှေ့က ဒီ မှော်လေသင်္ဘောဆယ်စင်းနဲ့ ယှဉ်ရင် သူပိုပြီး ဂရုစိုက်သင့်တဲ့ အရာက ထောင်ထဲကို ဝင်သွားသော မဟာမှော်ပညာရှင်ပင်။

“ဒီယင်ကောင်တွေကို ငါ မြန်မြန် ရှင်းရမယ်။ ဒီလူတွေကို ကယ်တင်နိုင်သွားကြရင် နယ်စားကတော်ကို ငါရှင်းပြနိုင်မှာ မဟုတ်ဘူး။”

မဟာမှော်ပညာရှင် ရန်ဒီသည် အလင်းလုံးဆယ်လုံးကို ဖြတ်လိုက်ရင်း သူ၏ ဆုံးဖြတ်ချက်ကို ချခဲ့သည်။

ဤအလင်းလုံးဆယ်လုံးသည် မယုံနိုင်လောက်အောင် လျင်မြန်သည်။ မှော်လေသင်္ဘောထံမှ ထွက်ခွာလာသည်နှင့် တပြိုင်နက် ၎င်းတို့သည် မဟာမှော်ပညာရှင် ရန်ဒီ၏ ရှေ့တွင် ရှိနေပြီဖြစ်သည်။

မဟာမှော်ပညာရှင်ရန်ဒီက သူ့အတားအဆီးကို ထုတ်လွှတ်လိုက်ခြင်းကြောင့် ကောင်းသွားသည်၊ ထို့ကြောင့် သူဟာလုံးဝမထိတ်လန့်ပါပေ။ သူသည် မှော်လေသင်္ဘော ဆယ်စင်းကို အေးစက်စွာကြည့်ကာ ညာလက်ကို မြှောက်၍ ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

"ဝုန်း!"

“ဝုန်း ဝုန်း ဝုန်း ဝုန်း……”

သို့သော်လည်း ပထမအလင်းလုံးက အတားအဆီးကို ထိသွားသောအခါ မဟာမှော်ပညာရှင်ရန်ဒီသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်းသတိပြုမိခဲ့သည်။

ဤအလင်းလုံး၏ စွမ်းအားသည် ယခင်က တိုက်ခိုက်မှုနှင့် အတူတူပင်ဖြစ်သည်၊ ၎င်းသည် နဝမအထွတ်အထိပ်အဆင့် မှော်ပညာရှင်၏ မန္တာန်နှင့် ညီမျှသည်။

ယခင် တစ်လုံးပဲရှိပြီး ယခုဆယ်ခုရှိသွားပြီပင်။

ဆက်တိုက်ပေါက်ကွဲသံများနှင့်အတူ၊ မဟာမှော်ပညာရှင် ရန်ဒီသည် သူ၏အတားအဆီးနောက်ကွယ်မှ ထိခိုက်မှုတစ်စုံတစ်ရာမရရှိခဲ့သော်လည်း သူ၏မျက်နှာမှာမူ အနည်းငယ်ဖျော့သွားခဲ့သည်။

သူသည် မဟာမှော်ပညာရှင်တစ်ဦးဖြစ်ခဲ့သော်ငြား၊ နဝမအဆင့်မှော်ပညာရှင်များ၏ တိုက်ခိုက်မှုဆယ်ခုကို တားဆီးရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

ဤတိုက်ခိုက်မှုဆယ်ခုကို တားဆီးရန်အတွက်၊ သူအသုံးပြုခဲ့သော မှော်ပညာသည် ပေါ့လျော့မှုမရှိသည်မှာ သေချာပါသည်။

ဤဆယ်ပါးသော တိုက်ခိုက်မှုကို တားဆီးရန်၊ သူဖြုန်းတီးခဲ့သော မှော်စွမ်းအားက လျစ်လျူရှု၍ မရနိုင်စရာပင်။

ထိုမှော်တိုက်ခိုက်မှုများ၏ အလင်းပျောက်ကွယ်သွားပြီးနောက် မဟာမှော်ပညာရှင် ရန်ဒီသည် ထိုမှော်လေသင်္ဘောဆယ်စင်းကို တစ်ဖန်ကြည့်ရှုသောအခါတွင် သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးမှု မရှိတော့ပေ။

ဤပျံသန်းနေသော သံမကောင်းဆိုးဝါး ၁၀ ကောင်သည် မည်ကဲ့သို့ဖြစ်သည်ကို သူ မသိသေးသော်လည်း၊ ၎င်းတို့သည် နတ်သူငယ် မျိုးနွယ်၏ ဒဏ္ဍာရီလာ မှော်စစ်သင်္ဘောများနှင့်တူသည်။ ၎င်းတို့သည် လေထဲတွင် ပျံဝဲပြီး တိုက်ခိုက်နိုင်သည်။

လူသား ခေါင်းဆောင်မှော်ပညာရှင်သည်ပင် နတ်သူငယ်မှော်စစ်သင်္ဘောကို တားဆီးနိုင်မည် မဟုတ်ကြောင်း မျိုးနွယ်စစ်ပွဲများမှ ဒဏ္ဍာရီများက ဆိုသောကြောင့် ၎င်းတို့သည် တူညီရန် မဖြစ်နိုင်ပေ။

သို့သော် ၎င်းတို့မှာ မှော်စစ်သင်္ဘော၏ ဆယ်ပုံတစ်ပုံမျှသာ ရှိသော်လည်း မှော်လေသင်္ဘောဆယ်စင်းကို ပေါင်းထည့်ထားသည်ကို လျှော့တွက်၍မရပေ။

မဟာမှော်ပညာရှင်ရန်ဒီက အသက်ပြင်းပြင်းရှူပြီး ၎င်းကို အလေးအနက်ထားလိုက်တော့၏။ သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားကို အသက်သွင်းပြီး သူဟာ ထိုနေရာကနေ ပျောက်ကွယ်သွား၏။

၎င်းက သာမာန်မှော်ပညာရှင်တွေထက် အားသာသောမဟာမှော်ပညာရှင်၏ အချက်ဖြစ်ပြီး၊ သူတို့ဟာ မဟာမှော်ပညာရှင်ဖြစ်လာတာနှင့် အာကာပြင်မှော်ပညာ ကို အသုံးပြုနိုင်ပါ၏။

အာကာပြင်မှော်ပညာကိုသုံးနိုင်ခြင်းကြောင့် အာကာသထဲရှိ မည်သည့်နေရာသို့မဆို ရွေ့လျားသွားနိုင်သည်ဟု ဆိုလိုရာ သံသယရှိဖို့မလိုအောင် စစ်မြေပြင်တွင် အကြီးကျယ်ဆုံး လက်ဦးမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

သို့သော်လည်း မဟာမှော်ပညာရှင် ရန်ဒီပျောက်ကွယ်သွားသောအခါတွင် မှော်လေသင်္ဘောဆယ်စင်းသည် တစ်ခုနှင့်တစ်ခု ကွဲကွာသွားတော့သည်။

"ဟေး ဒီလူက နေရာပြောင်းစနစ်သုံးနေတာ၊ ငါတို့က သူ့ကို ဂရုမစိုက်နိုင်ဘူးလို့ ထင်နေတာလား။" ဟာ့ထ်ဘေးနားက အစောင့်က အထင်အမြင်သေးပြီး ရယ်မောလိုက်၏၊ "ငါတို့ မဟာမှော်ပညာရှင် ဂျူနာနဲ့ အကြိမ်တစ်ရာကျော် တိုက်ခိုက်ခဲ့ပြီးပြီ၊ ငါတို့က သူ့ကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ ငါတို့ မသိနိုင်ဘူးထင်နေလား"

ဟာ့ထ်သည် ၎င်းကို လျစ်လျူရှု၍ သူ့အနားရှိ စင်္ကြန်ပေါ်ရှိ အနီစက်ကို လှမ်းကြည့်လိုက်၏ "နံပါတ် 4၊ ချက်ချင်းအ‌ေပါ်တက်လိုက်ပါ။ ကျန်တာ အားလုံးက ငါ့ရဲ့ ညွှန်ကြားချက်အတိုင်း ၃ နာရီ ချိန်ထားမယ် သုံး.....နှစ်.....တစ်! အားလုံးပစ်လွှတ်လိုက်!”

အခြားသော မှော်လေသင်္ဘောကိုးစင်းသည် အလင်းလုံးများကို တစ်ဖန်ပြန်လည်စုစည်းလိုက်သောကြောင့် မှော်လေသင်္ဘောသည် ရုတ်တရက် အပေါ်တက်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ သူတို့ကို မှော်လေသင်္ဘောအောက်ကို ပစ်ချလိုက်ကြ၏။

မတိုင်ခင်တုန်းက ဘာမှမရှိသော်လည်း အလင်းဘောလုံး ကိုးလုံးကျလာပြီးနောက် မဟာမှော်ပညာရှင် ရန်ဒီပေါ်လာသည်။

မဟာမှော်ပညာရှင်ရန်ဒီသည် အာကာပြင်ထဲမှ ပေါ်လာပြီး ထိုနေရာရှိ မှော်လေသင်္ဘောကို မတွေ့ခဲ့ရပေ။အလင်းတန်းကိုးလုံးသည် သူ့ထံ ရုတ်တရက် ပျံလာရာ သူ့အားတုန်လှုပ်သွားစေသည်။ သူသည် သူ၏ မှော်ပညာအားလုံးကို လျင်မြန်စွာ အသုံးပြုပြီး မှော်အတားအဆီးကို လွှတ်လိုက်၏။

"ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း......"

အလင်းတန်းများ လွင့်ပျံလာသဖြင့် မှော်အတားအဆီးအတွင်းမှ မဟာမှော်ပညာရှင်ရန်ဒီသည် မျက်နှာက ဖြူဖျော့လျက် ပါးစပ်ဘက်မှ သွေးများထွက်ကျနေသည်။

ဤအချိန်၌ သူသည် အလျင်စလိုဖြစ်နေကာ သူ့ကိုယ်သူ မပြင်ဆင်ထားသောကြောင့် သူ၏ မှော်အတားအဆီးကလည်း မပြည့်စုံပေ။

အလင်းကိုးလုံး၏ စွမ်းအားကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရမည်မဟုတ်သော်လည်း၊ သူ၏ အတားအဆီးသည် အလင်းကိုးလုံးအား လုံးလုံးလျားလျား မပိတ်ဆို့နိုင်သောကြောင့် သူ၏ အတွင်းအင်္ဂါများ တုန်လှုပ်သွားခဲ့သည်။

သို့သော်၊ သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည့်အရာနှင့် သူ နားမလည်နိုင်သည်မှာ၊ တစ်ဖက်က မည်သို့များ သူမည်သည့်နေရာတွင် ပေါ်လာပြီး ကြိုတင်တိုက်ခိုက်မည်ကို သိနိုင်သနည်း။

သိုါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒါကို စဉ်းစားဖို့ အချိန်မရပါချေ။ အလင်းလုံးကိုးလုံးကို ပိတ်ဆို့ပြီးနောက်၊ နံပါတ် 4 သင်္ဘောက လေထဲမှအလင်းလုံးကို ပစ်လွှတ်လိုက်ရာ မဟာမှော်ပညာရှင်ရန်ဒီပေါ်ကို ကျလာသည်။

မဟာမှော်ပညာရှင် ရန်ဒီ၏ အမူအရာ ပြောင်းသွား၏။ သူ ပျောက်ကွယ်သွားချိန်မှာတော့ အာကာပြင်မှော်ပညာကို အသုံးပြုပြီး တားဆီးဖို့ သူ၏ မှော်အတားအဆီးကို မသုံးတော့ပါချေ။

သို့ပေမယ့် ယခင်ကနှင့် မခြားပေ။ မဟာမှော်ပညာရှင် ရန်ဒီပေါ်လာသောအခါတွင် သူရည်ရွယ်ထားသည့် မှော်လေသင်္ဘောသည် ပျောက်ကွယ်သွားခဲ့ပြီး သူ့အား ပစ်လွှတ်လိုက်သော အလင်း ကိုးလုံးသာရှိသည်။

အချိန်မီ ကြိုတင်ပြင်ဆင်ထားပြီး သူပေါ်လာသည့်အခိုက်တွင် သူ၏ မှော်အတားအဆီးကို ထုတ်လွှတ်ခဲ့ခြင်းမှာ ကောင်းမွန်သောအရာဖြစ်သည်၊ ၎င်းကြောင့် ယခင်ကကဲ့သို့ မနာကျင်ခဲ့ပေ။

သို့သော်၊ အာကာပြင်မှော်ပညာနှစ်ကြိမ်သုံး၍ ဤအလင်းဘောလုံးများကို ပိတ်ဆို့ပြီးနောက်၊ သူသည် သူ၏ မှော်ပညာတစ်ဝက်ကို အသုံးပြုပြီးဖြစ်သည်။

မဟာမှော်ပညာရှင်ရန်ဒီသည် အဝေးမှ ပျံကျဲနေကြသော မှော်လေသင်္ဘောများကို မြင်တွေ့နေရသည်။

ဤအရာများကား အဘယ်နည်း။ နဝမအဆင့် မန္တာန်ရဲ့ စွမ်းအားနဲ့ တိုက်ခိုက်နိုင်တယ်ဆိုတဲ့အချက်ကို မေ့ထားလိုက်ဦး၊ သူဘယ်မှာ ပေါ်လာမယ်ဆိုတာကို ဘာကြောင့် သိနိုင်ရတာလဲ။

အလင်းဘောလုံးနှစ်ကျော့ပြီးနောက် မဟာမှော်ပညာရှင်ရန်ဒီတုံ့ဆိုင်းသွားသည်။ သူဟာ ခုခံနိုင်စွမ်းမရှိတော့ဘဲ ရှောင်ထွက်သွားသည်။

မဟာမှော်ပညာရှင်ရန်ဒီ၏ လှုပ်ရှားမှုများကို မြင်လိုက်ရသဖြင့် မှော်လေသင်္ဘောရှိ ဟာ့ထ် သည် ရုတ်တရက် ထကြွလာခဲ့သည်။

“အို၊ ဒီကောင် နောက်ဆုံးတော့ ရှောင်ဖို့ သိသွားပြီး။ အားလုံးနားထောင်ပါ၊ အခုကစပြီး၊ ဒုတိယတိုက်ခိုက်မှုအစီအစဉ်ကို အသုံးပြုမယ်။”

မဟာမှော်ပညာရှင်ရန်ဒီသည် သူ၏အရှိန်ဖြင့် အလင်းဘောလုံးများကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ့နှလုံးသားသည် အရှက်တရားများဖြင့် ပြည့်နှက်နေသည်။

သူသည် အစွမ်းထက်သော မဟာမှော်ပညာရှင်ဖြစ်သည်။ တူညီသောအဆင့်တွင် အခြားသော မဟာမှော်ပညာရှင်များနှင့် တွေ့ဆုံခြင်းမှလွဲ၍ သူသည် မည်သည့်အချိန်က ရှောင်ပြေးခဲ့ဖူးသနည်း။

အခု ဒီသံအရုပ်ဆယ်ရုပ်ကြောင့် သူ့အခြေအနေက ဆိုးရွားနေခဲ့တယ်၊ ဒါက သူ့ကို အရှက်ခွဲလိုက်တာပဲ။

မှော်လေသင်္ဘော ဆယ်စင်းကို စိုက်ကြည့်ပြီးနောက် မဟာမှော်ပညာရှင်ရန်ဒီသည် လျှို့ဝှက်စွာ ဆုံးဖြတ်ခဲ့သည်။ နယ်စားကတော်ဆီက ဘယ်လိုတုံ့ပြန်မှုပဲရလာလာ၊ သူက ဒီအရာတွေကို ဖျက်ဆီးပစ်မည်။

သို့သော်လည်း မဟာမှော်ပညာရှင် ရန်ဒီသည် သူ့လက်ကို မြှောက်ကာ သူကျွမ်းကျင်သော လေစွမ်းအားမှော်ပညာကို အသုံးပြုဖို့ မှော်ပညာကို စုဆောင်းလိုက်သောအခါ၊ အဝေးမှ မှော်လေသင်္ဘောဆယ်စင်းဆီမှ ရုတ်တရက် အနီရောင် အလင်းတန်းများ ထွက်လာသည်။

မဟာမှော်ပညာရှင်ရန်ဒီသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။

ဤမီးလုံးသည် မတိုင်ခင်က အလင်းဘောလုံးများထက် များစွာသေးငယ်သော်လည်း ၎င်းသည် သိပ်သည်းလှကာ ကောင်းကင်မှ လွင့်ပျံလာကြသည်။ သူ့ကြည့်လိုက်တော့ ၎င်းတို့မှာ အနည်းဆုံး တစ်ရာလောက် ရှိသည်ဟုပြောနိုင်၏။

ထို့အပြင် ဤမီးလုံးများသည် မတိုင်ခင်ကထက် ပိုမိုမြန်ဆန်သည်။ ၎င်းတို့သည် မဟာမှော်ပညာရှင် ရန်ဒီကို တုံ့ပြန်ရန်ပင် အချိန်မပေးခဲ့ပေ။

မဟာမှော်ပညာရှင်ရန်ဒီသည် သူရှောင်တိမ်းရန် လေစွမ်းအင်ကို အသုံးပြုထားပြီးဖြစ်သော်လည်း ကောင်းကင်ယံတွင် ပြည့်နေသော အလင်းဘောလုံးအားလုံးကို သူ မရှောင်နိုင်ပါချေ။ အဆုံးတွင်၊ သူသည် သူ၏ မှော်အတားအဆီးကို အသုံးပြုခဲ့ရသည်။

သူမျှော်လင့်ထားသည့်အတိုင်း ဤမီးလုံးများသည် သေးငယ်သွားသောကြောင့် ၎င်းတို့သည် ယခင်ကထက် အားနည်းသွားပြီး သတ္တမအဆင့်မန္တာန်အဆင့်တွင်သာ ရှိနေသည်။

သို့သော်လည်း များပြားလှရာ ဆယ်ကြိမ်တိုင်တိုင် ထိပြီးနောက်၊ သူ၏ မှော်စွမ်းအားများကို ယူဆောင်သွားကြသည်။

မဟာမှော်ပညာရှင်ရန်ဒီကို ပိုအံ့သြစေခဲ့သည်မှာ မှော်လေသင်္ဘောဆယ်စင်းက ထိုတိုက်ခိုက်မှုလှိုင်းကို စတင်လိုက်ပြီးနောက်မှာ အလင်းလုံးတစ်ရာကို မရပ်နားဘဲ ပစ်လွှတ်လိုက်တာကြောင့် ရပ်တန့်သွားခြင်းမရှိပါပေ။

“ဝုန်း ဝုန်း ဝုန်း ဝုန်း……”

မရေမတွက်နိုင်သော ပေါက်ကွဲသံများက လေထုကို ပြည့်လျှံစေခဲ့သည်။ မဟာမှော်ပညာရှင် ရန်ဒီသည် လေထဲတွင် ပြည့်နေသော အလင်းတန်းများကို ရှောင်တိမ်းရင်း သူ၏ မှော်အတားအဆီးကို ထိန်းထားခဲ့ရသည်။ ပြန်တိုက်ခိုက်ဖို့ မပြောနှင့် သူ့အသက်ရှူဖို့ အခွင့်အရေးတောင် မရှိပေ။

သူ၏ မှော်ပညာသည် အဆက်မပြတ် ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရသဖြင့် မဟာမှော်ပညာရှင် ရန်ဒီသည် စိုးရိမ်စပြုလာသည်။

ဤအခြေအနေတွင်၊ သူလုံးဝပြန်မခုခံနိုင်ဘဲ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ပြန်လည်တိုက်ခိုက်ရန်အတွက် အာကာပြင်မှော်ပညာ ကိုအသုံးပြုထားသော်လည်း အမှန်တရားက ၎င်းကိုမလုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့သည်။

ဆိုလိုတာက သူပြန်တိုက်ခိုက်ဖို့ အခွင့်အလမ်းမရှိရာ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိဖို့သာလို၏။

၎င်းကို စဉ်းစားပြီးသည့်အခါ မဟာမှော်ပညာရှင်ရန်ဒီ၏ နှလုံးသားဟာ ရှက်ရွံ့မှုနှင့် ပြည့်နှက် သွားသော်ငြား ဒီလိုနေနေရတာက အသုံးမဝင်ဘူးဆိုတာကိုလည်း သူသိ၏။

နောက်တစ်ချက်က အလင်းလုံးတွေကို ရှောင်ရင်း ရှောင်လွှဲလို့မရနိုင်သည့် အလင်းလုံးတွေကို ပိတ်ဆို့ဖို့ သူ၏ မှော်အတားအဆီးကို အသုံးပြုရရာ၊ မဟာမှော်ပညာရှင် ရန်ဒီသည် သူ၏ မှော်စွမ်းအားကို ထပ်မံမစုဆောင်းမီတွင် နောက်ထပ် အသက်ပြင်းပြင်းရှူကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာတွင် သူ၏ရုပ်သွင်သည် လေထဲတွင် တစ်ဖန်ပေါ်လာသော်လည်း သူသည် ယခင်နေရာနှင့် တစ်ကီလိုမီတာကျော်ဝေးကွာနေပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် အာကာပြင်မှော်ပညာ ကို အသုံးပြု၍ မှော်လေသင်္ဘောဆယ်စင်းကို တိုက်ခိုက်ရန် မသုံးခဲ့ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၂၉။ အေးဆေးသော ကယ်ဆယ်ခြင်း

မြေပြင်မှ ဖြတ်လာသော ပေါက်ကွဲသံများရှိနေပြီး ထိုမျှ ထိတ်လန့်ဖွယ်မကောင်းပုံရသော အသံများကို ချန်ထားခဲ့သည်။

မဟာမှော်ပညာရှင်ဂျူနာက ၎င်းတို့အထက်ရှိ ကျောက်တုံးကြီးကို မော့ကြည့်ကာ သူ၏ နားများကို ပုံမှန်လို ကလော်လျက် ရှုယီကို လှည့်မေးလာလေသည်၊ "ဥက္ကဌ ကျုပ်တို့ မကြာခင် ထွက်ခွာသင့်လား? အသံအရဆို ဟာ့ထ်နဲ့ တခြားလူတွေလည်း အဲ့လူတွေကို တိုက်ခိုက်နေလောက်ပြီ။ ဒါကသာ ဒီနေရာကို သက်ရောက်လာစေရင် ကျုပ်အနေနဲ့ လူတိုင်းကိုကာကွယ်ဖို့ ယုံကြည်ချက်မရှိဘူး။"

"အင်း၊ မြန်မြန်သွားရအောင်။" ရှုယီသည် အကျဉ်းခန်းထဲတွင် လဲလျောင်းနေသော စစ်သားများကို လှည့်မကြည့်မီ ခေါင်းညိတ်လိုက်သည်။ စဉ်းစားပြီးတာနှင့် အာကာလီနှင့်အတူ စုဝေးနေသည့် သူ့လက်အောက်ငယ်သားတွေကို လှည့်ပြီး ပြောလိုက်သည်။ “ဟေး အာကာလီမင်း ဂျူနာနဲ့ အရင်ထွက်သွား။ ဒီလူတွေကို ခေါ်ထုတ်ဖို့ ငါဒီမှာကျန်ခဲ့မယ်။"

ဂျူနာအံ့သြသွားပြီး "ဒီလူတွေကို ဘာအတွက်ထုတ်မှာလဲ"

"သူတို့ ဒီမှာနေပြီး မတော်တဆမှုဖြစ်ရင် သူတို့အားလုံး ဒီမှာသေသွားနိုင်တယ်။"

ဂျူနာက အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းကို တွန့်ကာ "ကျစ် ဒါဆို သူတို့သေရင်လည်း ဘာဖြစ်လဲ။ ဒီလူတွေက ကျုပ်တို့ကုမ္ပဏီက လူတွေကို အကြာကြီးပိတ်လှောင်ဖို့ သတ္တိရှိကြတယ်။ စောစောက သူတို့ကို မသတ်တာကတင် ကရုဏာပြပြီးသားဖြစ်‌နေပြီ ဘာလို့ သူတို့ကို ဒီလောက် ဂရုစိုက်နေတာလဲ။"

"ကျုပ်တို့ ဒီနေ့ လူတွေကို ကယ်တင်နေတာ၊ လူမသတ်ဘူး။" ရှုယီက ပြောသည်။

အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့၏။

ပထမဆုံး ဂျူနာက အပြင်မှာ မဟာမှော်ပညာရှင် ရန်ဒီ၏ အာရုံကို ဆွဲဆောင်ဖို့ ပေါ်လာပြီး ရှုယီက ထိုအခွင့်အရေးကို အသုံးပြုကာ ထောင်ထဲကို နေရာရွှေ့ပြောင်းလိုက်သည်။

ဂျူနာကိုလည်း ထောင်ထဲကို ဝင်ခွင့်ပြုဖို့အတွက် ဟာ့ထ်ဟာ မှော်လေသင်္ဘောဆယ်စီးနဲ့အတူ ပေါ်လာခဲ့ပါ၏။

ရှုယီနှင့် ဂျူနာတို့ကဲ့သို့ မဟာမှော်ပညာရှင်နှစ်ယောက်သည် ထောင်ထဲတွင် အစောင့်များစွာရှိသော်လည်း ၎င်းတို့မှည အချိန်မီမတုံ့ပြန်မလာနိုင်ရာ အားလုံးကို ဖယ်ရှားလိုက်ကြသည်။

ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းရင်းကတော့ အာကာလီနဲ့ တခြားသူတွေရဲ့ လုံခြုံရေးကို သေချာစေဖို့အတွက် ဖြစ်ပါ၏။

မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်းမှ ယူဆောင်လာသော အင်အားဖြင့် နယ်စားကတော် ဝင်းဒ်ဆာ၏ အထောက်အပံ့ရှိ ကောင့်ထ်ဒိုးလ်ကို ရပ်တန့်နိုင်မည် မဟုတ်ပါချေ။

တခြားဘာမှမဆိုထားနှင့် မဟာမှော်ပညာရှင် ရှုယီနှင့် ဂျူနာနှစ်ယောက်ဟာ ဘယ်သူမှ မခုခံနိုင်လောက်အောင် သန်မာကြ၏။

သို့ပေမယ့် ကိစ္စက အာကာလီနှင့် တခြားသူတွေကို ကယ်တင်ရုံနှင့် မရပ်ခဲ့ပါချေ။

လူတွေကို ကယ်တင်ခြင်းနှင့် ယှဉ်ရင် ရှုယီအစိုးရိမ်ဆုံးက သူတို့ကို ကယ်တင်ပြီးနောက် သူရင်ဆိုင်ရမယ့် ပြဿနာပါပင်။

မလိုအပ်ပါက၊ ရှုယီသည် နယ်စားကတော်ဝင်းဒ်ဆာကို လုံးဝစော်ကားလိုစိတ်မရှိပေ။

နယ်စားဝင်းဒ်ဆာသည် ကန်ဒရာအင်ပါယာတွင် အလွန်သြဇာရှိသူဖြစ်သည်။ သူ ဒေါသထွက်နေပါက၊ ၎င်းသည် ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် Frestech ကုန်သည်ကြီးများအသင်း၏ ကြီးမားသော အတားအဆီးတစ်ခုဖြစ်လိမ့်မည်။

ထို့ကြောင့် လူများကို ကယ်တင်နိုင်သော်လည်း လူကို မသတ်နိုင်ပေ။

ရှုယီ၏ ခိုင်မာသောလေသံကိုကြားတော့ ဂျူနာသည် သူ့နှုတ်ခမ်းများကိုသာတွန့်ကွေးထားနိုင်ခဲ့သည်။ သူသည် ဂူထဲမှ ခြေတစ်လှမ်းထွက်ပြီး အပြင်ဘက်တွင် အခြေအနေကို စောင့်ကြည့်လိုက်သည်။

အာကာလီနှင့် အခြားလူများသည် ရှုယီ၏ရှေ့တွင် စုစည်းနေကြ၏။

သူတို့ မထိခိုက်ထားသော်လည်း မြေအောက်ထဲမှာ ရက်အတော်ကြာ သော့ခတ်ခံထားရရာ အနည်းငယ်တော့ ငြီးငွေ့‌ေနသည်။ အာကာလီလည်း အနည်းငယ် ပင်ပန်းနေပုံရသော်ငြား သူမ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေသည့် အကြည့်တစ်ခု ရှိနေသည်။

"ဟေ့ ဥက္ကဌ၊ အပြင်မှာ ဘယ်လိုအခြေအနေရှိလဲ"

ရှုယီက သူမကို အံ့အားသင့်စွာကြည့်လိုက်သည် "ဘာကို ဂရုစိုက်နေတာလဲ။ အားလုံးကို အမြန်စုပြီး ထွက်ခွာဖို့ပြင်ဆင်တော့။ ရက်အတော်ကြာ သော့ခတ်ခံထားရပြီးနောက် မင်းဒီနေရာကို တွယ်တာလာတာ လား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!" အာကာလီက ချက်ချင်း ငြင်းဆိုခဲ့ပါ၏၊ “ကျွန်မ သိချင်နေခဲ့တာ ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့ မှော်လေသင်္ဘောတွေက မဟာမှော်ပညာရှင်နဲ့ ပထမဆုံး အကြိမ် ရင်ဆိုင်ရတာလေ၊ ဘယ်ဘက်က ပိုအား‌ကောင်းလဲသိချင်ရုံပါ။"

ယနေ့ကယ်ဆယ်ရေးနှင့်ပတ်သက်၍ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ဝန်ထမ်းများအား အချိန်မီပြင်ဆင်ပေးရန်အတွက် မှော်အတက်အကျများမှတစ်ဆင့် အာကာလီကို ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အာကာလီသည် ယနေ့အတွက် ကယ်ဆယ်ရေးအစီအစဥ်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းခဲ့ပြီး မဟာမှော်ပညာရှင်ကို စောင့်ကြပ်နေရာမှ ဆွဲထုတ်ရန် တာဝန်ရှိသော မှော်လေသင်္ဘောဆယ်စင်းရှိကြောင်း ရှင်းရှင်းလင်းလင်းသိရသည်။

"လေ့ကျင့်ခန်းကို အကြိမ်ပေါင်းများစွာ လုပ်ထားတာမဟုတ်ဘူးလား။ မဟာမှော်ပညာရှင်ဂျူနာက တစ်ချိန်လုံး ဟာ့ထ် နဲ့ အခြားသူတွေ ရိုက်နှက်တာကို ခံခဲ့ရတာ၊ မင်းကဘာကို သိချင်သေးတာလဲ။" ရှုယီက မေးသည်။

“မဟာမှော်ပညာရှင် တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ။ ဟာ့ထ် နဲ့ အခြားသူတွေက မဟာမှော်ပညာရှင်ဂျူနာကို အနိုင်ယူနိုင်ပေမယ့်လည်း ပြင်ပမဟာမှော်ပညာရှင်ကို အနိုင်ယူနိုင်မယ်လို့ မဆိုလိုဘူး။ ဒါကိုပြောရရင်..... ဥက္ကဌ ရှင့်ကို ကုမ္ပဏီအစောင့်တွေနဲ့ လေ့ကျင့်ခိုင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် ရှင်ကသဘောမတူဘူး။ သူတို့ ရှင့်ကိုတောင် အနိုင်ယူနိုင်ရင် ကျွန်မသူတို့ကို ပိုပြီး ယုံကြည်မှုရှိမှာ။"

ရှုယီက အာကာလီရဲ့ ခေါင်းကို ခပ်ဆတ်ဆတ်ခေါက်လိုက်၏ "အရိုက်ခံရတာ မြင်ချင်လို့လား။ ငါ့မှာ အချိန်မရှိတာကို မပြောနဲ့၊ လုပ်ခဲ့မယ်ဆိုရင်တောင် သူတို့က ငါ့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ ဒါကို ထည့်သွင်းစဉ်းစားလို့ ရမှာ မဟုတ်ဘူး။"

အာကာလီသည် ခေါင်းကို ပွတ်သပ်၍ ခေါင်းညိတ်ကာ စဉ်းစားသည် “အင်း၊ မှန်ပါတယ်။ ဒါဆို ဥက္ကဌ မြန်မြန်သွားကြရအောင်။ ဟာ့ထ်နဲ့ တခြားသူတွေ မနိုင်ရင် ကျွန်မတို့က သူတို့ကို အပြင်ထွက်ပြီး ကူညီရမှာ။”

ရှုယီက မျက်လုံးလှိမ့်လိုက်သည် "မဟာမှော်ပညာရှင်အဆင့်နဲ့ တိုက်ခိုက်တာပဲ၊ မင်းက ဘယ်လိုကူညီနိုင်မလဲ။ မဟာမှော်ပညာရှင် ဂျူနာထွက်သွားပြီမို့ စိတ်ပူစရာမလိုပါဘူး။ လူတိုင်းကိုစုပြီး ထွက်သွားလိုက်ရုံပဲ။ အပြင်မှာ မင်းကိုစောင့်နေတဲ့ မှော်လေသင်္ဘောရှိတယ်။ မှော်လေသင်္ဘောထဲရောက်ပြီးရင် မင်းဘေးကင်းလိမ့်မယ်။"

“အိုး။” အာကာလီက နာခံစွာ လှည့်မထွက်မီ ခေါင်းညိတ်ပြသည်။

အာကာလီနှင့် Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများ အားလုံး ဤထောင်မှ ထွက်ခွာသွားသောအခါ ရှုယီသည် မျက်လုံးများကိုမှေးစင်းထားပြီး သူ၏ မှော်ပညာကို အသက်သွင်းလိုက်သည်။ မှော်အတက်အကျများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အစဉ်အတိုင်း ပျံ့နှံ့သွားခဲ့သည်။

သူ၏ မှော်အတက်အကျ နယ်နမိတ်အတွင်း ရှိသမျှ သက်ရှိအားလုံးသည် သူ့အာရုံများကို မရှောင်လွှဲနိုင်ပါချေ

၎င်းသည် အကြီးအကဲ လီဆန်းယာထံမှ သူသင်ယူခဲ့ရသော သက်ရှိရှာဖွေရေးမန္တာန်ဖြစ်သည်၊ ၎င်းသည် ကယ်ဆယ်ရေးတွင် အလွန်အရေးပါသောအခန်းမှ ပါဝင်သည်။

သိပ်မကြာခင်မှာပင် ရှုယီက ဤထောင်ထဲ၌ သက်ရှိတွေ ပုန်းအောင်းမနေတော့ဘူးလို့ ခံစားလိုက်ရသည့်အတွက် သူ့လက်ဖြင့်‌ လေ လှိုင်းလုံးများ ဖန်တီးလိုက်သည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အစောင့်အကြပ်များအားလုံးကို ကောက်ယူပြီးသားဖြစ်ကာ ဂူထဲမှ ရှုယီနောက် လိုက်ပါလာကြသည်။

ရှုယီသည် တောက်ပသော နွေရာသီနေရောင်ဆီသို့ ထွက်လာသောအခါတွင် သူ့မျက်လုံးများကို အနည်းငယ်မှေးစဉ်းလျက် အခြေအနေကို မြင်လိုက်ရသည် ။

အာကာလီနှင့် အခြားအလုပ်သမားများ သွားပြီဖြစ်ကြောင်း ထင်ရှား၏။

ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ဖြူတွေနှင့် အပြာရောင် ကောင်းကင်ကြီးကို မြင်လိုက်ရသည်။ ဟာ့ထ် နှင့်အတူ မဟာမှော်ပညာရှင် ရန်ဒီကို တိုက်ခိုက်ခဲ့ကြသော မှော်လေသင်္ဘောများပင် ထွက်သွားကြပြီဖြစ်၏။

သူ အကျဉ်းထောင်ထဲက မထွက်လာခင်မှာ အသံတွေ ရပ်တန့်နေပြီမို့ အခု အောင်နိုင်သူက ဆုံးဖြတ်ထားသလိုပါပင်။

ဟာ့ထ် နှင့် အခြားသူတို့သည် အထူးသတင်းစကား မပို့သောကြောင့်၊ မဟာမှော်ပညာရှင်ကို အနိုင်ယူလျုက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အာကာလီနှင့် အခြားသူများကလည်း မှော်လေသင်္ဘောဖြင့် ဆုတ်ခွာသွားခဲ့သည်။

ရှုယီ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြေပြင်ပေါ်က လူတွေကလွဲလို့ လုံးဝ တိတ်ဆိတ်နေတာကို တွေ့လိုက်ရသည်။ ထောင်ထဲက သယ်လာတဲ့ သူတွေကို အရိပ်တချို့အောက်မှာ ထားခဲ့ပြီး သူဟာ ဖြည်းဖြည်းချင်း လျှောက်ထွက်သွားခဲ့၏။

ယခုအချိန်တွင် ကောင့်ထ်ဒိုးလ်၏အိမ်တော်၌ ပရမ်းပတာဖြစ်နေပြီဖြစ်သည်။

ကောင့်ထ်ဒိုးလ်သည် မည်းမှောင်သောဟန်ဖြင့် ထိုင်နေသော နယ်စားကတော်ဝင်းဒ်ဆာကို မကြာခဏ လှည့်ကြည့်လိုက်သည်။

နံဘေးတွင်ထိုင်နေသော မဟာမှော်ပညာရှင် ရန်ဒီသည် ဖျော့တော့သောမျက်နှာနှင့် အောက်ငုံ့ကြည့်နေသည်။ သူဟာ ပါးစပ်ကို အုပ်ထားသော်လည်း ချောင်းဆိုးသံကို ကြားနေရ၏။

သူ့လက်ချောင်းများကြားရှိ အဟများမှ ထွက်လာသော အနီရောင်တောက်တောက် သွေးကို မြင်လိုက်ရသဖြင့် ကောင့်ထ်ဒိုးလ်၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို မထိန်းထားနိုင်ပေ။ သူသည် နယ်စားကတော်ဝင်းဒ်ဆာဘက်သို့ အလျင်အမြန် တိုင်တောလိုက်သည်။

"ဒေါ်လေး! အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ရှုယီက သေချာပေါက် ကျွန်တော်ကို ခွင့်လွှတ်မှာမဟုတ်ဘူး၊ ဒေါ်လေး ကျွန်တော့်ကို ကယ်ရမယ်!"

နယ်စားကတော်ဝင်းဒ်ဆာ သည် သူမ၏ မျက်ခုံးများကို တွန့်ချိုးထားသည်။ သူမကလက်ကို မြှောက်လိုက်ပြီး ကောင့်ထ်ဒိုးလ်ကို ပါးရိုက်လိုက်သဖြင့် ကောင့်ထ်ဒိုးလ်မှာ လည်ထွက်သွားသည်။

"ဘာတွေကြောက်နေတာလဲ! ဒီ ရှုယီမှာ ဒီလောက်သတ္တိရှိလား ငါကြည့်ချင်တယ် ။ ငါဒီမှာထိုင်နေရင် သူငါ့ကို ရန်ပြုဝံ့မယ်လို့ မယုံဘူး!"

ကောင့်ထ်ဒိုးလ်သည် သူ၏ ပူထူသွားသော ပါးပြင်ကို ကိုင်ထားရင်း အံ့အားသင့်သွားသည် "ဒါပေမယ့်.....ဒါပေမယ့် သူက အဲဒီအစောင့်တွေကို ခေါ်လာဖို့ သတ္တိရှိတယ်လေ......"

ကောင့်ထ်ဒိုးလ်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလာသော မဟာမှော်ပညာရှင် ရန်ဒီကို လှည့်ကြည့်လိုက်သည်။

နယ်စားကတော်ဝင်းဒ်ဆာ ၏မျက်နှာမှာ ပျက်သွားပြီး သူမ၏မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ကြောက်ရွံ့မှုလည်း အနည်းငယ်ရှိနေသည်။

ယခုအချိန်အထိ ရှုယီသည် သူမအား ဘာမှမလုပ်ဝံ့ကြောင်း သူမသေချာနေသော်လည်း ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများက သူမကို သတိထားစေခဲ့သည်။

သူမသည် ကောင့်ထ်ဒိုးလ်ကိုထောက်ခံနေသည်ကို ရှုယီမြင်ပြီးကတည်းက သူသေချာပေါက် လှုပ်ရှားဝံ့မည်မဟုတ်ဟု သူမထင်ခဲ့သည် ။ လွန်ခဲ့သည့် နှစ်ရက်က ရှုယီ၏ လုပ်ရပ်များက ယင်းကို သက်သေထူခဲ့သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည်ယနေ့တွင်ရုတ်တရက်လှုပ်ရှားခဲ့သည်။ လှုပ်ရှားဝံ့ရုံသာမကဘဲ လက်ရွေးစင် အစောင့်များသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်မရှိလောက်အောင် လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။ Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ လက်အောက်ငယ်သားများကို အလွယ်တကူ ကယ်တင်ခဲ့သည်။

နယ်စားကတော်ဝင်းဒ်ဆာအား အံ့သြစေသည်မှာ မဟာမှော်ပညာရှင်ရန်ဒီဟာ Frestech ကုန်သည်ကြီးများအသင်းကို မရပ်တန့်နိုင်ခဲ့ဘဲ သူတို့ကြောင့် ဒဏ်ရာပင်ရခဲ့သည်။

မဟာမှော်ပညာရှင်ရန်ဒီက တိုက်ပွဲအသေးစိတ်နဲ့ သူဘယ်လိုဒဏ်ရာ ရသွားတယ်ဆိုတာကို သူမကို မပြောသော်လည်စ သူဆုတ်ခွာခိုင်းပုံပေါ်အခြေခံရသော် Frestech ကုန်သည်ကြီးများအသင်းသည် နယ်စားကတော်ဝင်းဒ်ဆာထင်ထားသလို မပျော့ညံ့ပါချေ။

အနည်းဆုံးတော့ သူတို့မှာ မဟာမှော်ပညာရှင် ရန်ဒီထက်သာလွန်သည့် စွမ်းအားတွေ ရှိ၏။

၎င်းကိုတွေးရင်း နယ်စားကတော်ဝင်းဒ်ဆာက ရုတ်တရက် မျက်မှောင်ကုပ်လိုက်ပြီး ကောင့်ထ်ဒိုးလ်ကိုကြည့်ကာ မေးသည်၊ "စူရက်ခ်၊ မင်းငါ့ကိုဘာဖုံးကွယ်ထားလဲ"

ကောင့်ထ်ဒိုးလ် အံ့သြသွားသည်။ နယ်စားကတော်ဝင်းဒ်ဆာ၏ စူးစူးရှရှ အကြည့်ကို မြင်လိုက်ရသဖြင့် မနေနိုင်စွာ ခေါင်းကိုလှည့်လိုက်၏။

၎င်း၏အသွင်အပြင်ကိုမြင်ရသောအခါ နယ်စားကတော်ဝင်းဒ်ဆာက သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း နားလည်ကာ အသံတိုးတိုးဖြင့်ပြောသည် "ငါ့ကိုပြောစမ်း! မင်းငါ့ကိုဘာမပြောခဲ့လဲ Frestech ကုန်သည်ကြီးများအသင်းမှာ မဟာမှော်ပညာရှင်ရှိတာလား?"

မဟာမှော်ပညာရှင်၏မေးခွန်းထုတ်ခြင်းကိုခံရသောအခါ ကောင့်ထ်ဒိုးလ်သည် ၎င်းအား ဖုံးကွယ်၍မရတော့ကြောင်း သိလိုက်သည် "ဟုတ်.....ဟုတ်ပါတယ်..... Frestech ကုန်သည်ကြီးများအသင်းမှာ မဟာမှော်ပညာရှင်တစ်ယောက်ပဲ ရှိတာမဟုတ်ပါဘူး..? အာ?"

"တစ်ယောက်တည်း မဟုတ်ဘူး!" နယ်စားကတော်ဝင်းဒ်ဆာသည် ဒေါသထွက်လာပြီး ကောင့်ထ်ဒိုးလ်ကို စူးစူးစိုက်စိုက်ကြည့်ကာ မတ်တပ်ရပ်လိုက်သည် “ဘာလို့ စောစောက ငါ့ကို မပြောတာလဲ။ ဟမ်?"

ကောင့်ထ်ဒိုးလ်သည် နယ်စားကတော်ဝင်းဒ်ဆာရှေ့မှာ လဲကျလာပြီး ခြေထောက်ကို ပွေ့ဖက်ရင်း တောင်းပန်သည် “ဒေါ်လေး အဲဒါ ကျွန်တော့်အမှားပါ၊ ကျွန်တော့်အမှားပါ။ ကျွန်တော် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာမဟုတ်ပါဘူး၊ သူက ဒေါ်လေးကို ရန်စဖို့ မဝံ့ရဲဘူးလို့ပဲ ခံစားရလို့ပါ။ ကျွန်တော်ကသေဖို့ထိုက်တန်ပါတယ်......ဒါပေမယ့်......အခုတော့......"

"မင်း ......" နယ်စားကတော်ဝင်းဒ်ဆာက သူ့လက်ကို ထပ်ခါထပ်ခါ မြှောက်လိုက်ပြီး သူ့ကို ပါးရိုက်ချင်ပေမယ့် ကောင့်ထ်ဒိုးလ်၏ ငိုနေသည့် မျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူမရဲ့ မျက်မှောင်ကုပ်လိုက်ပါ၏။ သူမ က သက်ပြင်းတစ်ချက်ချကာ သည်းခံလိုက်သည်။

၎င်းကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနေသည့် အချိန်မှာ ကောင့်ထ်ဒိုးလ်၏ အစောင့်တစ်ယောက်က ရုတ်တရက် တံခါးကို ဖြတ်ပြေးလာသည်။

"သခင်....အဲဒါ.....ရှု....ရှုယီရောက်နေတယ်!"

ကောင့်ထ်ဒိုးလ်သည် ထိတ်လန့်သွားပြီး ငိုရန်မေ့သွားကာ နယ်စားကတော်ဝင်းဒ်ဆာကို လှည့်ကြည့်လိုက်သည်။

နယ်စားကတော်ဝင်းဒ်ဆာသည် အသက်ပြင်းပြင်းရှူပြီး ကောင့်ထ်ဒိုးလ်အတွက် သူမ၏ အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။

"မင်းမျက်နှာကို သုတ်လိုက် အခု မင်းဘယ်လိုပုံစံဖြစ်‌နေလဲ"

ထိုစကားကိုပြောပြီးနောက် ပြန်ထိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်ရင်း အရင်ကလို ငြိမ်သက်သွားခဲ့သည်။ ထို့နောက် အစောင့်ကို ခေါင်းညိတ်ပြ၏။

"သူ့ကို ဝင်ခွင့်ပြုလိုက်"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၀။ အတင့်ရဲလိုက်တာ!

ရှုယီက ခန်းမထဲသို့ ခြေသံဖွဖွဖြင့် လျှောက်သွားလိုက်သည်။

ဤသည်က သူ၏ ဤနေရာသို့ ဒုတိယအကြိမ်ရောက်လာခြင်းပင်။

သို့သော်လည်း ပထမနေ့တစ်ဝက် ခန်းမထဲသို့ ရှုယီလာစဉ်က များစွာ ပိုမိုသက်တောင့်သက်သာရှိကာ မျက်နှာထက် အပြုံးရှိနေခဲ့၏။

နယ်စားကတော် ဝင်းဒ်ဆာက အလယ်၌ထိုင်ကာ ကောင့်ထ်ဒိုးလ်က ဘေး၌ ထိုင်နေပြီး မည်သည်ကိုမှ မဆိုကြဘဲ သူ့အားစောင့်ဆိုင်းနေလေသည်။ ရှုယီလည်း အသာပြုံးရင်း သူ၏ ဤတစ်ခေါက် ညှိနှိုင်းမှုရလာဒ်က မတိုင်ခင်ကနှင့် ခြားနားမည်ဟု တွေးတောလိုက်သည်။

"နယ်စားကတော်ကို နှုတ်ဆက်ပါတယ်။" ရှုယီသည် ထုံးစံအတိုင်း နယ်စားကတော်ဝင်းဒ်ဆာ အလေးပြုဦးညွှတ်လိုက်သည်။

ဒီတစ်ခါတွင် နယ်စားကတော်ဝင်းဒ်ဆာက သူ့ကို လျစ်လျူမရှုဘဲ ခဏလောက် ကြည့်နေပြီးနောက် သူမက ခေါင်းညိတ်ပြပြီး လက်ဟန်ပြလာသည်။

"ဥက္ကဌရှု ထိုင်ပါ"

သူမ၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူမ၏ အသံတွင် ယဉ်ကျေးသိမ်မွေ့မှု အနည်းငယ်ရှိသည်။

ရှုယီက နောက်မဆုတ်ဘဲ ကောင့်ထ်ဒိုးလ်ရှေ့မှာ ထိုင်လိုက်၏။

သို့သော် သူထိုင်သောအခါတွင် နယ်စားကတော်ဝင်းဒ်ဆာ၏ အမူအရာပြောင်းသွားပြီး ပြောလာ၏ "ဥက္ကဌ ရှု၊ မင်းက တကယ်အတင့်ရဲတယ်!"

"သခင်မက ဘာကိုဆိုလိုချင်တာလဲ" ဟုမေးသောအခါ ရှုယီ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။

"မင်းရဲ့လက်အောက်ငယ်သားတွေကို ဒီနေရာကိုကျူးကျော်ပြီး ငါ့လက်အောက်ငယ်သားတွေကို တိုက်ခိုက်ဖို့ မင်းအတင့်ရဲတယ်၊ မင်းရဲ့သတ္တိက ကောင်းကင်ဘုံကို ရောက်သွားပြီပဲ!"

ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြကာ "သခင်မ၊ ဘာကိုဆိုလိုတာလဲဆိုတာ ကျုပ်နားမလည်ပါဘူး။ ကျုပ်လက်အောက်ငယ်သားတွေကို ဒီနေရာကို ကျူးကျော်ပြီး သခင်မရဲ့လက်အောက်ငယ်သားတွေကို ဒဏ်ရာရအောင် ဦးဆောင်ခဲ့တယ်၊ ဒါပေမယ့် ဒါကဘယ်လောက်အတင့်ရဲတယ်ဆိုတာနဲ့ ဘယ်လိုဆိုင်လဲ။"

ကောင့်ထ်ဒိုးလ်သည် ရှုယီကို မကြည့်ရန် ခေါင်းငုံ့ထားသော်လည်း ထိုစကားများကို ကြားသောအခါ မနေနိုင်စွာ တအံ့တဩကြည့်မိသည်။

နယ်စားကတော်ဝင်းဒ်ဆာလည်း အံ့အားသင့်သွားကာ "ဥက္ကဌ ရှု၊ မင်းက ငါဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပြီး မင်းငါ့ကို ဒီလိုလုပ်ရဲသေးတာ။ ဒီကမူးကရှူးထိုးလုပ်တာကို မစဉ်းစားမိလို့ ဖြစ်ပါ့မလား။”

ရှုယီသည် သူ့မေးစေ့ကို အနည်းငယ် ပွတ်သပ်လိုက်သည်။

“သခင်မ ကျုပ် နားမလည်သေးဘူး။ ခင်ဗျားရဲ့နောက်ခံကို ကျုပ်သိပါတယ်၊ ဒါပေမယ့် ဒါက ကျုပ်ရဲတင်းတာနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။"

နယ်စားကတော်ဝင်းဒ်ဆာက ဒေါသတကြီးပြော၏ "ဥက္ကဌ ရှု၊ မင်း မနေ့က ငါ့ရဲ့အဆင့်အတန်းကို သိလိုက်ရတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားတာ။ မင်းငါ့ကို မစော်ကားနိုင်မှန်းသိရင် နောက်ပြန်ဆုတ်ဖို့ သိပေမယ့် မင်း ဒီလောက်မိုက်မဲတဲ့ကောင်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး!"

“မဟုတ်ဘူး သခင်မတို့ နားလည်မှုလွဲသွားပါပြီ။ မနေ့က မင်းကို မတိုက်ခိုက်ချင်ဘူးလို့ မပြောခဲ့ပါဘူး ။ ကျုပ် ထွက်ခွာဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ ခင်‌ဗျားရဲ့ အဆင့်အတန်းနဲ့ ဒီအိမ်ကြီးမှာ ကာကွယ်ရေးတွေ စီစဉ်ပေးထားလို့ပဲ၊ ဒါကြောင့် ကိုယ့်လက်အောက်ငယ်သားတွေကို ဘေးကင်းစွာ ကယ်တင်ဖို့ စိတ်မချရဘူး။ ဒါက ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ရော ကျုပ်သတ္တိနဲ့ရော မဆိုင်ပါဘူး။"

နယ်စားကတော်ဝင်းဒ်ဆာက ဒေါသတကြီးပြုံးကာ “ဒါက မင်းငါ့ကို တိုက်ခိုက်ချင်တာကို ဝန်ခံနေတာလား"

ရှုယီက စကားမပြောဘဲ ပြုံးလိုက်သည်။

သူဘာမှ မပြောပေမယ့်လည်း ဒီပုံစံက သူဘာတွေတွေးနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရစေသည်။

ရှုယီကိုကြည့်ရင်း နယ်စားကတော်ဝင်းဒ်ဆာ၏အမူအရာပျက်သွားပြီး သူမ၏အသံသည် တုန်ယင်သွားသည်။

"ဥက္ကဌ ရှု၊ မင်းတကယ်မကြောက်ဘူးလား။ ငါ့ရဲ့ အဆင့်အတန်းကို မင်းသိတဲ့အတွက် ငါ့နောက်မှာ ဘယ်သူရှိနေလဲ မင်းသိသင့်တယ်။ မင်းငါ့ကိုဒီလိုဆက်ဆံရင် ငါ့လက်တုံ့ပြန်မှာကို မင်းမကြောက်ဘူးလား။ ဒါမှမဟုတ် မင်းဟာ ရဲတင်းလွန်းနေတာပဲလား။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းခါလိုက်သည် "ကျုပ်တကယ်ကို မခံယူရဲပါဘူး။ သခင်မ ကျုပ် ဒီတခေါက် လူတယောက်ကိုမှ မသတ်ဘူး ဆိုတော့ ဒါက ကျုပ်ရဲ့ ရပ်တည်ချက်ကို သက်သေပြမယ် ထင်ပါတယ်။ ရိုးရိုးသားသားပြောရရင်၊ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားနောက်ကွယ်က နယ်စားသခင်ကို စော်ကားဖို့ ဆန္ဒမရှိပါဘူး၊ ဒါက ကျုပ်အတွက် ဘာအကျိုးကျေးဇူးမှ မရှိသလို Frestech ကုန်သည်ကြီးများအသင်းအတွက်လည်း အကျိုးမရှိပါဘူး။"

“မင်းသိတာ ကောင်းပါတယ်။” ရှုယီက ဒါကို ဝန်ခံတာကို ကြားတော့ နယ်စားကတော်ဝင်းဒ်ဆာက နည်းနည်း ပိုအဆင်ပြေလာသည်။ သူမ ဆက်မပြောခင နှာမှုတ်လိုက်၏ "ဒါပေမယ့် ဥက္ကဌ ရှု၊ မင်း ဒါကို လုပ်ထားပြီးသားဆိုတော့ မင်းသိသင့်တယ်ထင်တာကို ငါမင်းကိုပြောပါရစေ၊ ဒီကိစ္စကဒီမှာမပြီးသေးပါဘူး၊ မင်းကိုယ်တိုင်ပြင်ဆင်ထားသင့်တယ်"

နယ်စားကတော်ဝင်းဒ်ဆာက အခြေအနေအမှန်ကို နားမလည်နိုင်ဘူးလို့ ထင်နေသည့်ဘရှုယီအား ခေါင်းညိတ်ပြလိုက်၏။

“မှန်ပါတယ်၊ ဒီကိစ္စက မပြီးသေးပါဘူး။ ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ဒီဖြစ်ရပ်ရဲ့ အဓိကတရားခံကို မဖမ်းမိသေးသလို ပြစ်ဒဏ်လည်း မခံခိုင်းရသေးဘူး။"

ရှုယီက ကောင့်ထ်ဒိုးလ်ထံကို လှည့်လိုက်ရာ ကောင့်ထ်ဒိုးလ်က ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။ သို့ပေမယ့် သူက မတ်တတ်ထရပ်ပြီး အေးစက်သည့် အပြုံးနဲ့ ရှုယီကိုကြည့်ရင်း ပြောလာ၏ “ဘာလဲ? ဥက္ကဌ ရှု၊ မင်း ကငါ့ကို အခုထိ ဆန့်ကျင်ရဲသေးတာလား?"

နယ်စားကတော်ဝင်းဒ်ဆာကလည်း အေးစက်စွာရယ်မောရင်း "ဥက္ကဌ ရှု၊ မင်းဟာ ငါ့လက်အောက်ငယ်သားတွေကို မသတ်ခဲ့တဲ့အတွက် ဉာဏ်ကောင်းတယ်လို့ ငါထင်ခဲ့တယ်၊ ဆိုလိုချင်တာက မင်းကို ငါနည်းနည်းပဲ အပြစ်ပေးလို့ပေါ့။ မင်း စူရက်ခ် ကို ဆက်ပြီး ဒုက္ခပေးလိမ့်မယ် လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဘူး၊ မင်း ကိုယ့်ကိုကိုယ် သေဖို့ လမ်းရှာနေတာလား။"

နယ်စားကတော်ဝင်းဒ်ဆာ၏ပံ့ပိုးမှုဖြင့်၊ ကောင့်ထ်ဒိုးလ်သည် ပို၍ပင်ကြောက်ရွံ့ခြင်းမရှိတော့ပေ။ သူက ရင်ဘတ်ကို ကော့လိုက်ပြီး ရှုယီကို ညွှန်ပြရင်း 'မင်းတတ်နိုင်ရင် ငါ့ကိုလာခေါ်လေ' ဟု ပြောလိုက်၏။

ရှုယီ၏ မျက်လုံးများသည် နယ်စားကတော်ဝင်းဒ်ဆာထွမှ ကောင့်ထ်ဒိုးလ်ဆီသို့ ရွေ့သွားပြီး မှော်ပညာကို အသက်သွင်းရင်း ပြုံးလျက် လက်ကို မြှောက်လိုက်သည်။

“ကာ၊ ကာ၊ ကာ”

ပြတ်သားသောအသံအနည်းငယ်နှင့်အတူ၊ ယုံကြည်မှုရှိနေသည့် ကောင့်ထ်ဒိုးလ်သည် ရုတ်တရက် ရေခဲအလွှာထဲတွင် ဖုံးလွှမ်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရေခဲထဲမှာ လုံးလုံးလျားလျား ဖုံးလွှမ်းသွား၏။

အခုက နွေရာသီဖြစ်ပြီး အရမ်းပူသော်လည်း ဤခန်းမထဲ၌ ရေခဲတုံးကြီးတစ်ခုရှိနေ၏။ အထဲမှာ ထူးဆန်းသည့် အသွင်အပြင်နှင့် လုံးလုံးလျားလျား ချိတ်ပိတ်ခံထားရသော လူတစ်ယောက်ရှိသည်။ ရေခဲမှထွက်လာသော အအေးဒဏ်ကြောင့် ၎င်းဟာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

နယ်စားကတော်ဝင်းဒ်ဆာသည် ဤပြောင်းလဲမှုကိုမြင်ရသည့်အတွက် ထိတ်လန့်ကု မှင်တက်သွားပြီးနောက် ရုတ်တရက် စူးရှစွာအော်ဟစ်လာသည်။

ခဏအကြာတွင် အဖြူရောင် မှော်ပညာရှင်၀တ်ရုံကို ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အစောင့်အကြပ် ဆယ်ယောက်ကျော် ဝင်လာသည်။

၎င်းတို့ ပေါ်လာတာကို မြင်တော့ ရှုယီက မနေနိုင်စွာပြုံးလိုက်၏။

နယ်စားကတော်ဝင်းဒ်ဆာသည် သူမ၏ကိုယ်ပိုင်လုံခြုံရေးကို အမှန်တကယ် ဂရုစိုက်ပုံရသည်၊ သူမသည် ဤအစောင့်အကြပ်များစွာကို သူ့ဘေးတွင်ထားဆဲဖြစ်သည်။

အဖြူရောင် မှော်ပညာရှင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ကောင့်ထ်ဒိုးလ်ကို ရေခဲထဲမှာ အေးခဲနေသည်အား တွေ့လိုက်ရပါ၏။

"ဒါ......ဒါက ရေခဲအခေါင်းမန္တာန်ပဲ!"

"မင်းက သိပ်မဆိုးဘူးထင်တယ်" ရှုယီက သူ့ရင်ဘတ်ပေါ်က သင်္ကေတကို ကြည့်၍ ခေါင်းညိတ်ပြသည် "ဒါဆို မင်းက အဋ္ဌမအတင့် မှော်ပညာရှင်ပဲ၊ မင်း ဒါကို မှတ်မိနိုင်တာ မဆန်းပါဘူး။"

အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းမှော်ပညာရှင်သည် ကောင့်ထ်ဒိုးလ်ထံမှ ရှုယီကို ခက်ခက်ခဲခဲ လှည့်ကြည့်လာခဲ့သည်။ ခဏအကြာတွင် သူသည် ခက်ခဲသောအသံဖြင့် ဆိုလာ၏"ရေ... ရေခဲအခေါင်းမန္တာန်ကို အသုံးပြုနိုင်တာက မဟာမှော်ပညာရှင်တွေပဲရှိတာလေ..... မင်းက.... မဟုတ်ဘူး....ခင်ဗျားက မဟာမှော်ပညာရှင်တစ်ယောက်လား"

ရှုယီက ပခုံးတွန့်၍ ဖြေသည် "အမှန်ပဲ၊ ငါက မဟာမှော်ပညာရှင်။ ဒီမန္တာန်ကို မင်းမှတ်မိနိုင်တော့ ရေခဲအခေါင်းမန္တာန်ကို ဖယ်ဖို့ရော ငါ့ကို ရင်ဆိုင်ဖို့ရော အင်အားမရှိတာကို နားလည်မှာပါ... ဒီတော့ ဖယ်နေ"

"မဟာမှော်ပညာရှင်?" အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းမှော်ပညာရှင်သည် ရှုယီကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။

သူ့ရှေ့က လူငယ်သည် အသက်သုံးဆယ်ကျော်သာရှိသေးပြီး မဟာမှော်ပညာရှင်ဖြစ်နေသည်လား? မဖြစ်နိုင်တာကြီး!

မဟာမှော်ပညာရှင်များအဖွဲ့အစည်း၏ မှတ်တမ်းတွင် အသက်အငယ်ဆုံး မဟာမှော်ပညာရှင်သည် လေးဆယ့်သုံးယောက်သာရှိသေးသည်၊ ဤသူသည် ဤအရည်အချင်းမျိုး မည်သို့ရှိနိုင်မည်နည်း။

ရှုယီက မတ်တပ်ထရပ်ကာ သူ့ကို ဂရုစိုက်ဖို့ အရမ်းပျင်းနေခဲ့၏။

မတ်တပ်ရပ်လိုက်သောအခါ အစောင့်များ အားလုံး တန်းစီပြီး သူ့ကို အမြန်ဝိုင်းထားလိုက်ကြသည်။

"သူ့ကို မလွတ်စေနဲ့!" နယ်စားကတော်ဝင်းဒ်ဆာက အော်၏။

အစောင့်တွေက လှုပ်ရှားချင်သော်လည်း ခြေဖဝါးမှာ ထူထပ်သည့် ရေခဲအလွှာတစ်ခု ရှိနေတာကို သတိပြုမိသွားသည်၊ ၎င်းတို့ လှုပ်ရှားလို့မရပါပေ။

ရှုယီသည် အေးခဲနေသော ကောင့်ထ်ဒိုးလ်ကို ထိရန် ဖြတ်သွားစဉ် သူတို့ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ ထို့နောက် တွင်းနက်ကြီးတစ်ခုပေါ်လာကာ ကောင့်ထ်ဒိုးလ်နှင့် ရေခဲတွေကို ရုတ်တရက် မျိုချလိုက်သည်။

အံ့အားသင့်နေသော အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းမှော်ပညာရှင်သည် ၎င်းကိုမြင်သောအခါ သူ့တံတွေးကို မျိုချလိုက်သည်။

နယ်စားကတော်ဝင်းဒ်ဆာက သူ့အား အခုမှ မှတ်မိသလို ပြုမူပြီး ပြောလာဟည်"နိုနော့စ် မင်း ဘာလုပ်နေတာလဲ။ မင်းကဘာလို့ ဘာမှမလုပ်တာလဲ။"

အဖြူရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းမှော်ပညာရှင် နိုနော့စ်သည် နယ်စားကတော်ဝင်းဒ်ဆာကို မျက်ရည်ပြည့်နေသောဟန်ဖြင့် ကြည့်သည်။

"သခင်မ.....သူက......သူက မဟာမှော်ပညာရှင်လေ......"

" သူက မဟာမှော်ပညာရှင်ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူတကယ် လှုပ်ရှားမှာကို မင်းကြောက်နေတာလား။ သွား! ငါဒီမှာရှိနေတော့ သူ သေချာပေါက် မလုပ်ရဲဘူး!" နယ်စားကတော်ဝင်းဒ်ဆာက ဒေါသတကြီး ပြော၏။

နိုနော့စ်သည် မျက်ရည်ဝဲလျက်ဖြင့် ရှုယီကို လှည့်ကြည့်ရုံသာ တတ်နိုင်လိုက်၏၊ "ဒါက.....အရှင်...... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ၊ ကျွန်တော် ခင်ဗျားကို စော်ကားမိပြီ....."

ရှုယီက ခေါင်းညိတ်လိုက်ပြီး "ဒါက မင်းလုပ်လို့ရပါတယ်။

“ဆရာကြီး နားလည်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။”နိုနော့စ်သည် အသက်ပြင်းပြင်းရှူကာ လေးနက်သောဟန်ဖြင့် လက်ကိုမြှောက်၍ ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။

သူ့လက်ထဲတွင် စုစည်းထားသော အစွမ်းထက်သည့် မှော်စွမ်းအားကို ရှုယီ ခံစားလိုက်ရသည်။

အဋ္ဌမအဆင့် မှော်ပညာအတိုင်းအတာအရ၊ ဤနိုနော့စ်၏ မှော်စွမ်းအားနှင့် သန့်ရှင်းစင်ကြယ်မှုသည် အလွန်ကောင်းမွန်သည်ဟု ယူဆရသည်။ ထူးချွန်သော အဋ္ဌမအဆင့်မှော်ပညာရှင်တစ်ဦးဖြစ်သည်ကို တွေ့မြင်နိုင်ပြီး၊ သူသည် အဆင့်အတန်းမြင့်သော မှော်ပညာရှင်ကောင်းတစ်ဦးဟု ယူဆနိုင်သည်။

နိုနော့စ်က သူ့လက်ကို ခါလိုက်သည်နှင့် သူ့ရှေ့တွင် အဇူရာကွင်းကြီးတစ်ခုပေါ်လာသည်။

ထိုကွင်းကို မြင်လိုက်ရတော့ ရှုယီမျက်နှာမှာ အံ့အားသင့်ဟန် အရိပ်အယောင်တွေ ရှိနေပါ၏။

"ဟာရီကိန်းလက်စွပ်? မဆိုးပါဘူး၊ အဋ္ဌမအဆင့် မှော်ပညာရှင်တစ်ယောက်အနေနဲ့၊ မင်းက နဝမအဆင့် မန္တာန်ကို တကယ်သုံးနိုင်တယ်၊ မင်းက နဝမအဆင့် မှော်ပညာရှင်ဖြစ်ဖို့ မဝေးတော့ဘူးထင်တယ်"

နိုနော့စ်၏ မျက်နှာပေါ်တွင် နီရဲလာသည်။ ၎င်းက ရှုယီ၏ ချီးကျူးမှုကြောင့် မဟုတ်ဘဲ၊ ဤမန္တာန်ကို အသုံးပြုရန်အတွက် သူ၏ မှော်ပညာအားလုံးကို စုဆောင်းလိုက်ရခြင်းကြောင့်ပင်။

အသက်ပြင်းပြင်းရှူရင်း နိုနော့စ်က သူ့လက်ကို ရှေ့သို့ တွန်းလိုက်ကာ အဇူရာကွင်းမှာ ဆပေါင်းများစွာ ကြီးလာသည်။ အမြင့်ဆုံးအပိုင်းသည် ခေါင်မိုးသို့ရောက်ပြီး ခန်းမတစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားသည်။ ကွင်းထဲမှ အဇူရာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သာမန်မျက်စိနှင့် မြင်နိုင်သည့် မရေမတွက်နိုင်သော လေဓားများ ထွက်ပေါ်လာ၏

ရှုယီသည် ထိုနေရာတွင် မလှုပ်ဘဲ ရပ်နေကာ မိမိရှေ့ တွင် ရေစွမ်းအားမှော်အကာအရံကို ဖန်တီးလိုက်သည်။

လေဓားသွားများသည် မှော်အကာအရံပေါ်သို့ ပြုတ်ကျသော်လည်း ပင်လယ်ထဲသို့ ကျနေသော ရွှံ့နွံများနှင့်တူသည်။ ၎င်းသည် အတားအဆီး၏ မျက်နှာပြင်ပေါ်တွင် အနည်းငယ်သော လှိုင်းဂယက်များကို ဖန်တီးနိုင်သည်မှလွဲ အခြားတုံ့ပြန်မှုများ မရှိပေ။

လေဓားများက သုံးမိနစ်လောက်ထွက်လာပြီးနောက် အဇူရာကွင်းထဲမှ မည်သည့်လေဓားမှ ထွက်မလာတော့ပေ။ မပျောက်ကွယ်ခင်မှာ အဇူရာရောင်လက်စွပ်က နှစ်ကြိမ်ခန့် တောက်လောင်နေ၏။

ရှုယီသည် သွေးတစ်စက်မှမရှိတော့ဟန် ဖြူဖျော့သောမျက်နှာရှိသည့် ပြိုလဲတော့မည့်ဟန်နှင့် နိုနော့စ်ကိုကြည့်ကာ မေးလိုက်၏၊ "မင်း ကန့်သတ်ချက်ပြည့်သွားပြီလား?"

နိုနော့စ်က ဖင်ထိုင်ရက်လဲကျကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည် "အဲဒါ......ဒါက ကျွန်တော့်ရဲ့ကန့်သတ်ချက်ပဲ......"

“ကောင်းပြီ။” ရှုယီက သူ့အတားအဆီးကို ပြုံးပြုံးလေး လွှတ်ချလိုက်၏ "မင်းက လေစွမ်းအားမှော်ပညာကို ကောင်းကောင်းနားလည်ကြောင်း ပြသတဲ့ နဝမအဆင့် ဟာရီကိန်းလက်စွပ်ကို သုံးလိုက်တာပဲ။ မကြာခင် မင်း နဝမအဆင့်မှော်ပညာရှင်ဖြစ်လာမယ့် အခွင့်ကောင်း ရှိပါတယ်။ ပြီးတော့၊ ဒီမန္တာန်ကိုအသုံးပြုတာက မင်း အာကာပြအချို့ကို နားလည်ကြောင်းပြသနေတော့၊ မင်း မဟာမှော်ပညာရှင်ဖြစ်လာတဲ့အခါ ဒါက အရမ်းအသုံးဝင်လိမ့်မယ်။"

ရှုယီသည် နိုနော့စ် ထက် ဆယ်နှစ်ကျော်ငယ်သော်လည်း ရှုယီသည် စီနီယာတစ်ယောက်လို နိုနော့စ် နှင့် စကားပြောသောအခါတွင် ၎င်းက ဤသည်ကို လုံးဝငြင်းဆိုခြင်းမရှိဘဲ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြသည်။

"ဆရာကြီးရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ အဲဒါတွေကို စိတ်ထဲမှာ မြဲမြဲမှတ်ထားပါ့မယ်။"

ရှုယီက သူ့ကို ဂရုမစိုက်တော့ဘဲ ပြုံးပြကာ အလွန်ရုပ်ဆိုးသောဟန်ရှိနေသည့် နယ်စားကတော်ဝင်းဒ်ဆာကို လှည့်ကြည့်လိုက်သည်။

“သခင်မ၊ ကောင့်ထ်ဒိုးလ်ဟာ နယ်မြေရဲ့ ဥပဒေတွေကို ဆန့်ကျင်ထားလို့ တရားရင်ဆိုင်ရလိမ့်မယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေအတွက် ခင်ဗျား တတ်နိုင်သလောက် မြန်မြန်ထွက်သွားဖို့ မျှော်လင့်ပါတယ်။ နယ်မြေရဲ့ဥပဒေကြောင့်၊ ဒီနေရာက ကောင့်ထ်ဒိုးလ်နဲ့ မသက်ဆိုင်တော့ဘူး။ ခင်ဗျားနှင့် ခင်ဗျားလက်အောက်ငယ်သားတွေက စတက်တိန်းနယ်မြေရဲ့ နိုင်ငံသားတွေမဟုတ်တော့လို့ ဒီနေရာမှာ ဆက်နေဖို့ အခွင့်အရေးမရှိတော့ပါဘူး။”

နယ်စားကတော်ဝင်းဒ်ဆာ၏အမူအရာမှာ အေးစက်သွားသည် “ဘာဖြစ်မလဲ။ မင်းငါ့ကို မောင်းထုတ်ဖို့ သတ္တိရှိလား"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြန်မဖြေပေ။ သူက မြေပြင်ပေါ်ရှိ နိုနော့စ်၏ ပခုံးကို ပုတ်ကာ ပြောသည် "မင်းသာ စိတ်ဝင်စားတယ်ဆိုရင် Frestech ကုန်သည်ကြီးများအသင်းက မင်းကို အချိန်မရွေး ကြိုဆိုပါတယ်"

နိုနော့စ် အံ့သြစွာကြည့်လိုက်သော်လည်း ရှုယီ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို သူတွေ့ရှိလိုက်ရသည်။

All Chapters