စစ်မြေပြင်သို့ သွားရန်ပြင်ဆင်ခြင်း....
Vol. 15 Ch. 240
မတူညီသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အခြေခံအားဖြင့် ကွဲပြားသော်လည်း ကျင့်ကြံခြင်း၏ အဓိကအချက်များက တူညီသောကြောင့် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာသို့ ကျင့်ကြံထားသူများပင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲလိုက်လျှင် သူတို့၏ ကျင့်ကြံခြင်းက ပို၍ မြန်လာနိုင်လေသည်။
" လက်ဆောင်ပေးရမယ်။ ပညာရှိယွမ်က ပိုက်ဆံကို ဂရုမစိုက်ရင်တောင် ငါတို့ပေးရမယ်။ "
" မှန်တယ်။ ဗီဒီယိုတွေက ငါတို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်။ "
မူလကမ္ဘာတွင် တစ်ဦးချင်း၏ အကောင့်များက အလှူငွေများ ပေးပို့နိုင်ပြီး ထိပ်တန်းဆင့်ကဲပြောင်းလဲသူများက နှစ်စဉ် သန်းချီသော အလှူငွေများကို ရရှိကြလေသည်။
ချီခွန်မျိုးနွယ် ရှစ်စန်းတောင်ထိပ်ရှိ နန်းတော်ထဲတွင်....
" ၈၇၇ခုမြောက် လေဟာနယ်ပုံစံ..." လင်းယွမ်က ထိုင်၍ သူ၏ လက်ကို မြှောက်ထားပြီး လေဟာနယ်စွမ်းအားများက ရေကဲ့သို့ စီးဆင်းနေကြသည်။
" နောက်ဆုံးတော့ပြီးသွားပြီ။ " ခနကြာတွင် လင်းယွမ်၏ ရှေ့၌ လေဟာနယ်ပုံစံတစ်ခု ပေါ်လာသည်။
ချီခွန်ကြယ်သခင်၏ သရုပ်ပြမှုနှင့်အတး လင်းယွမ်က နောက်ဆက်တွဲ လေဟာနယ်ပုံစံများကို လျင်မြန်စွာ နားလည်ခဲ့သည်။ သူက တစ်ရက်နှစ်ရက်အတွင်း လေဟာနယ်ပုံစံတစ်ခုကို နားလည်နိုင်ခဲ့သည်။
" အရမ်းနှေးနေသေးတယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်သွား၏။
" ဒီနှုန်းအတိုင်းဆို ကျန်တဲ့ လေဟာနယ်ပုံစံတစ်ရာကျော်ကို နားလည်ဖို့ တစ်နှစ်ခွဲလောက် အချိန်ယူရလိမ့်မယ်။ "
အခြားဆင့်ကဲပြောင်းလဲသူများအတွက် လေဟာနယ်ပုံစံတစ်ရာကျော်ကို တစ်နှစ် နှစ်နှစ်အတွင်း နားလည်ခြင်းက စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။
ငွေရောင်ဆံပင်နှင့် ရင်လင်းပင် သူမ၏ အလွန်မြင့်မားသော လေဟာနယ်စွမ်းရည်ဖြင့် လေဟာနယ်ပုံစံတစ်ရာကျော်ကို နားလည်ရန် နှစ်ထောင်ချီ၍ ကြိုးစားရပေလိမ့်မည်။
သို့သော် လင်းယွမ်က သူ့ကိုသူ တွန်းအားပေးနေလေသည်။ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍကို အမြန်ဆုံး ဖွင့်ချင်နေပြီဖြစ်သည်။
" ဆရာပြောတဲ့ နည်းလမ်းကို စမ်းကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် ထာဝရလေဟာနယ်အက်ကွဲကြောင်းများ တည်ရှိသဖြင့် လေဟာနယ်နိယာမကို နားလည်ရန် ဖြတ်လမ်းနည်းကို အသုံးပြုခြင်းနှင့် တူလေသည်။
" ငါ့ရဲ့ ယန်စိတ်ဝိညာဉ်ကို မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ကို ပို့လို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် အခွင့်အလမ်းများနှင့် ပြည့်နှက်နေပြီး လေဟာနယ်နိယာမကို လျင်မြန်စွာ သဘောပေါက်နိုင်သော်လည်း ကြီးမားသော အန္တရာယ်များလည်း ရှိနေလေသည်။
သို့သော် လင်းယွမ်၏ မူလစိတ်ဝိညာဉ်ဖြစ်သည့် ယန်စိတ်ဝိညာဉ်က ပြင်ပတွင် သေဆုံးသွားလျှင်တောင် ပြန်လည်မွေးဖွားနိုင်သောကြောင့် မည်သည့်ဆုံးရှုံးမှုမှ ရှိမည်မဟုတ်ပေ။
ယန်စိတ်ဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားက လင်းယွမ်ထက် အနည်းငယ်သာ အားနည်းပြီး ယင်စိတ်ဝိညာဉ်နှင့် ပေါင်းစည်း၍ ထိုက်ကျိမူလစိတ်ဝိညာဉ်ဖြစ်သွားလျှင် လင်းယွမ်အောက် နိမ့်ကျခြင်းမရှိတော့ပေ။
" အရင်ဆုံး ဘယ်စစ်မြေပြင်ကို သွားမယ်ဆိုတာ ဆုံးဖြတ်ရမယ်။ " လင်းယွမ်၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။
လူသားမျိုးနွယ်မဟာမိတ်က မရေတွက်နိုင်သော မျိုးနွယ်ခြားများနှင့် အရပ်ရပ်တွင် စစ်ပွဲများ ဆင်နွှဲနေပြီး စစ်မြေပြင်ပေါင်း ၂၆၀၃၄၆၂ ရှိလေသည်။
စစ်မြေပြင်ကြီးများက ၁၃၅ခု ရှိလေသည်။ အလယ်အဆင့် စစ်မြေပြင်များက ၈၆၅၁၁၁ ရှိလေသည်။ ကျန်သည်များက အသေးစား စစ်မြေပြင်များသာ ဖြစ်သည်။
စစ်မြေပြင်များ၏ အရွယ်အစားက စစ်မြေပြင်ရှိ သန်မာသူများ၏ အရေအတွက်နှင့် မျိုးနွယ်များအပေါ်တွင် မူတည်လေသည်။
စစ်မြေပြင်ငယ်များရှိ တိုက်ခိုက်ရေးစွမ်းအားမှာ သတ္တမအလွှာနှင့် အဋ္ဌမအလွှာ အနည်းငယ် ပါဝင်လေသည်။ အလယ်အဆင့်စစ်မြေပြင်များ၏ တိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာ၊ နဝမအလွှာနှင့် ထိုထက်မြင့်သော အဆင့်များ ပါဝင်လေသည်။
စစ်မြေပြင်ကြီး ၁၃၅ခုက လူသားမျိုးနွယ်၏ ကြီးမြတ်သူများ၏ မျက်စိအောက်တွင် ဖွင့်လှစ်ထားခဲ့သည်။ စစ်မြေပြင်ကြီးများတွင် ကြီးမြတ်သူများက အချိန်မရွေး တိုက်ခိုက်နိုင်ကြလေသည်။
စစ်မြေပြင်ကြီးများတွင် လူသားမျိုးနွယ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော မျိုးနွယ်များက အင်းဆက်မျိုးနွယ်ကဲ့သို့ ထိပ်တန်းမျိုးနွယ်များသာ ဖြစ်သည်။
စစ်ပွဲက ဆဋ္ဌမအလွှာများပင် အချိန်မရွေး သေဆုံးသွားနိုင်လေသည်။
" ငါ့ရဲ့ ပထမဆုံး သွားမယ့် စသ်မြေပြင်ကို စစ်မြေပြင်ငယ်တစ်ခု ရွေးချယ်တာ အကောင်းဆုံးပဲ။ " လင်းယွမ်က အလယ်အဆင့်နှင့် အဆင်မြင့် စစ်မြေပြင်များကို မကြည့်ပေ။
ယန်စိတ်ဝိညာဉ်၏ သေဆုံးမှုက လင်းယွမ်အတွက် ဆုံးရှုံးမှုမဖြစ်စေသော်လည်း ပြန်လည်ဖန်တီးရန် အချိန်ကုန်ပြီး ဖြစ်နိုင်လျှင် မသေတာက အကောင်းဆုံး ဖြစ်လေသည်။
လင်းယွမ်၏ မျိုးနွယ်ခြားစစ်မြေပြင်သို့ သွားသည့်ရည်ရွယ်ချက်မှာ အခြားသူများကဲ့သို့ မျိုးနွယ်ခြားများကို သတ်ပြီး ကောင်းမှုအမှတ်များ ရှာဖွေရန်မဟုတ်ဘဲ လေဟာနယ်နိယာမကို ပို၍ နားလည်ရန် ဖြစ်လေသည်။
" စစ်မြေပြင်ငယ်တွေက နှစ်သန်းနီးပါးရှိတယ်။ " လင်းယွမ်က ရွေးချယ်မှုကို စတင်လိုက်သည်။
စစ်မြေပြင်ငယ်များကလည်း အမျိုးအစား အမျိုးမျိုး ရှိပြီး အချို့နေရာများရှိ လေဟာနယ်အတက်အကျများက လူသားမျိုးနွယ်၏ ပိုင်နက်နှင့် ကွဲပြားခြင်းမရှိပေ။
လင်းယွမ်ရွေးချယ်မည့် စစ်မြေပြင်က ထင်ရှားသော လေဟာနယ်အတက်အကျများရှိရပေလိမ့်မည်။
နာရီဝက်ကြာပြီးနောက် လင်းယွမ်က ကြည့်ရှုပြီးသွားပြီး စစ်မြေပြင်တစ်ခုကို ရွေးချယ်လိုက်သည်။
" စစ်မြေပြင် C24763 " လင်းယွမ်က ထိုစစ်မြေပြင်နှင့် ပက်သက်သည့် အချက်အလက်များကို ကြည့်ရှုလိုက်သည်။
စစ်မြေပြင် C24763က ဟေးယွမ်မျိုးနွယ်နှင့် တိုက်ခိုက်ရန် လူသားမျိုးနွယ်က ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဟေးယွမ်မျိုးနွယ်က အမှောင်ချောက်နက်ဟုခေါ်သည့် စကြာဝဠာလျို့ဝှက်နယ်မြေတစ်ခုတွင် နေထိုင်ကြလေသည်။
အမှောင်ချောက်နက် စကြာဝဠာလျို့ဝှက်နယ်မြေကို ရှာတွေ့ပြီးနောက် ဟေးယွမ်မျိုးနွယ်က အင်းဆက်မျိုးနွယ်မဟာမိတ်နှင့် ပူးပေါင်းပြီး လူသားမျိုးနွယ်ကို ရင်ဆိုင်ခဲ့ကြလေသည်။
" ဟေးယွမ်မျိုးနွယ်က ပုံသဏ္ဍန်အမျိုးမျိုးရှိပြီး အမှောင်ချောက်နက်ထဲက ဟေးယွမ်စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံကြတယ်။ သူတို့က အင်းဆက်မျိုးနွယ်မဟာမိတ်ထဲက အင်အားကြီးမျိုးနွယ်တစ်ခုပဲ။ " လင်းယွမ်က တွေးလိုက်သည်။
မူလကမ္ဘာတွင် မျိုးနွယ်များ၏ အင်အားကို အထွတ်အထိပ်မျိုးနွယ်၊ အင်အားကြီးမျိုးနွယ်၊ သာမန်မျိုးနွယ်နှင့် အားနည်းမျိုးနွယ်ဟူ၍ ခွဲခြားထားလေသည်။
အင်ဆက်မျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ လက်အောက်တွင် အင်အားကြီးမျိုးနွယ်ရာချီ၊ သာမန်မျိုးနွယ်သိန်းချီနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်ရန် မဟာမိတ်ပြုထားကြလေသည်။
အင်းဆက်မျိုးနွယ်မဟာမိတ်အပြင် ၎င်းကဲ့သို့ မျိုးနွယ်မဟာမိတ်များ ခြောက်ခု ခုနှစ်ခုရှိပြီး အထွတ်အထိပ်မျိုးနွယ်တစ်ခုက ဦးဆောင်ထားလေသည်။
လူသားမျိုးနွယ်တွင်လည်း မျိုးနွယ်များစွာပါဝင်သောကြောင့် လူသားမျိုးနွယ်မဟာမိတ်ဟု ခေါ်ဆိုနေခြင်းဖြစ်သည်။
" စစ်မြေပြင် C24763 မှာ ထင်ရှားတဲ့ လေဟာနယ်အတက်အကျတွေ ရှိပြီး လွန်ခဲ့တဲ့နှစ်တစ်သန်းကျော်က အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူတစ်ယောက် နတ်လက်နက်တစ်ခုနဲ့ ဖန်တီးခဲ့တဲ့ ထာဝရလေဟာနယ်အက်ကွဲကြောင်းတစ်ခု ရှိတယ်။ "
လင်းယွမ်က စစ်မြေပြင်နှင့် ပက်သက်သော အချက်အလက်များကို စစ်ဆေးနေသည်။
အင်မော်တယ်တာအိုကမ္ဘာတွင် လင်းယွမ်က စိတ်ဝိညာဉ်ဘုံသို့ သူ၏ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို မလွှတ်ခြင်းမှာ ၎င်းနှင့် မရင်းနှီးသောကြောင့်ဖြစ်သည်။
၎င်းက လုံးဝ စွန့်စားခြင်းသာဖြစ်ပြီး စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များရှိနေလျှင် လင်းယွမ်က ထိုကဲ့သို့ စွန့်စားရန် မလိုအပ်ပေ။
အခြားကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများက စိတ်ဝိညာဉ်ဘုံသို့ မဖြစ်မနေ တက်ကြခြင်းမှာ ရွေးချယ်စရာမရှိသောကြောင့်ဖြစ်သည်။
သို့သော် လင်းယွမ်က မတူပေ။ သူ့တွင် ရွေးချယ်စရာများစွာ ရှိလေသည်။ စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များမရှိလျှင်တောင် ရွေးချယ်စရာများက ရှိနေဆဲ ဖြစ်သည်။
" ဒီစစ်မြေပြင်ကို သွားမယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။
ချီခွန်ပင်မကြယ်မှ စစ်မြေပြင် C24763သို့ သွားရန် တစ်လခွဲကြာပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က အလျင်လိုနေသည်။
" ဉာဏ်ပညာနတ်ဘုရား ငါ စစ်မြေပြင် C24763 ကို သွားချင်တယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်ပြီး တောင်းဆိုလိုက်သည်။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် သင့်ရဲ့အဆင့်အတန်းနဲ့ မျိုးနွယ်ခြားစစ်မြေပြင်မှာ တိုက်ခိုက်ဖို့ မလိုပါဘူး။ " ဉာဏ်ပညာနတ်ဘုးရား၏ တည်ငြိမ်သော အသံက လင်းယွမ်ကို တားဆီးလိုက်သည်။
ချီခွန်ကြယ်သခင်ကလည်း လင်းယွမ်ကို စစ်မြေပြင်သို့ ကိုယ်တိုင်သွားမည့်အစား ကိုယ်ပွားတစ်ခုလွှတ်ရန်သာ အကြံပေးခဲ့သည်။
" စိတ်မပူပါနဲ့။ ငါက လူကိုယ်တိုင်မသွားပါဘူး။ " လင်းယွမ်က ရှင်းပြလိုက်သည်။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် သင့်ရဲ့ တောင်းဆိုမှုတွေကို ပြောနိုင်ပါပြီ။ " ရုတ်တရက် သတ်ဖြတ်လိုသော အရိပ်အမြွက်အနည်းငယ်နှင့် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" လွတ်လပ်ခြင်းနတ်ဘုရား " အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
လူသားမျိုးနွယ်မဟာမိတ်ကို နတ်ဘုရားသုံးပါက အုပ်ချုပ်လေသည်။ သူတို့က ဉာဏ်ပညာနတ်ဘုရား၊ လွတ်လပ်ခြင်းနတ်ဘုရားနှင့် တရားမျှတမှုနတ်ဘုရားတို့ ဖြစ်ကြသည်။
နတ်ဘုရားသုံးပါးက အုပ်ချုပ်သော အပိုင်းများကလည်း ကွဲပြားလေသည်။ ဉာဏ်ပညာနတ်ဘုရားက လူသားမျိုးနွယ်၏ နယ်မြေအတွင်း ကိစ္စများကို စီမံခန့်ခွဲပြီး လင်းယွမ်နှင့် ဆက်ဆံမှုအများဆုံး ဖြစ်လေသည်။
လွတ်လပ်ခြင်းနတ်ဘုရားက စစ်ပွဲနှင့် ပက်သက်သော ကိစ္စများကို တာဝန်ယူထားသည်။ လူသားမျိုးနွယ်၏ စစ်မြေပြင်နှစ်သန်းကျော်ကို လွတ်လပ်ခြင်းနတ်ဘုရားက စီမံခန့်ခွဲပြီး ပို့ဆောင်ပေးလေသည်။
လင်းယွမ်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကို သွားလိုသောကြောင့် နောက်ဆက်တွဲကိစ္စများအတွက် လွတ်လပ်ခြင်းနတ်ဘုရားကို လိုအပ်လေသည်။