ပင်လယ်မျက်လုံး....
Vol. 15 Ch. 226
ပိုင်ယုကျွန်း၏ အပြင်ဘက်တွင် လင်းယွမ်က ပေါ်လာသည်။
" တာအိုအင်မော်တယ်ဂိုဏ်း..." လင်းယွမ်က တာအိုအင်မော်တယ်ဂိုဏ်း ရှိရာသို့ ကြည့်လိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းသို့ မသွားမီ လင်းယွမ်က နောက်တစ်နေရာသို့ သွားရပေဦးမည်။ ၎င်းမှာ ပိုင်ယုကျွန်း၏ အောက်မှ ပင်လယ်အောက်ခြေသို့ ဖြစ်သည်။
ပိုယုကျွန်းက အတည်တကျမရှိဘဲ နှစ်နှစ်ထောင်ကြာပြီးနောက် ပင်လယ်ထဲသို့ ပြန်လည်နစ်မြှုပ်သွားမည်ဖြစ်ပြီး နောက်ထပ် နှစ်နှစ်ထောင်ကြာပြီးလျှင် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ပေါ်လာပေလိမ့်မည်။
ယခု ပိုင်ယုကျွန်းက သိုင်းတာအိုကျင့်ကြံသူများ၏ တော်ဝင်နယ်မြေဖြစ်နေပြီဖြစ်သည်။ အနာဂတ်တွင် သိုင်းတာအိုကျင့်ကြံစနစ်၏ အဓိကနေရာက အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ပြောင်းရွေ့သွားလျှင်တောင် ပိုင်ယုကျွန်းက အစားထိုး၍ မရနိုင်တော့ပေ။
မူလကမ္ဘာမှ လူသားမျိုးနွယ်မဟာမိတ်၏ မိခင်ကြယ် ဘိုးဘေးကြယ်နှင့် အတူတူပင်ဖြစ်သည်။ လူသားမဟာမိတ်၏ နယ်မြေက ကျယ်ပြောလှပြီး မရေတွက်နိုင်သော အသက်ဂြိုလ်များ ရှိသော်လည်း ဘိုးဘေးကြယ်တစ်ခုတည်းကသာ မိခင်ကြယ်ဖြစ်လေသည်။ ထိုအမှတ်အသားက အားလုံးထက် သာလွန်လေသည်။
ထိုအခြေအနေတွင် ပိုင်ယုကျွန်းက နှစ်နှစ်ထောင်ကြာပြီးတိုင်း နစ်မြှုပ်နေခဲ့လျှင် အနည်းငယ် သင့်လျော်မည်မဟုတ်ပေ။
ပင်လယ်၏ အောက်ခြေတွင် အရာအားလုံးက မဲမှောင်လုနီးပါး ဖြစ်နေသည်။ ကြောက်မက်ဖွယ်ရာ ဖိအားက အဖက်ဖက်မှ ကျဆင်းနေသည်။ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်နှင့် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များပင် ထိုနေရာတွင် ကြာကြာနေဝံ့ကြမည်မဟုတ်ပေ။
သို့သော် ကြောက်စရာအကောင်းဆုံးမှ ပင်လယ်ပြင်၏ ဖိအားမဟုတ်ဘဲ နှစ်သိန်းချီ အသက်ရှင်နေကြသော ရက်စက်သည့် ရှေးဟောင်းသားရဲများပင် ဖြစ်သည်။
" ဟမ် " ပိုင်ယုကျွန်း၏ အောက်မှ လာပြီး လင်းယွမ်က ပင်လယ်အောက်ခြေသို့ ရောက်လာသည်။
" ဒီနေရာက ပင်လယ်နက်မျက်လုံးပဲ။ နှစ်နှစ်ထောင်ကြာတိုင်း ပင်လယ်ရေက လည်ပတ်ပြီး ကြောက်စရာကောင်းတဲ့ စုပ်အားတစ်ခုက ပင်လယ်ရေမျက်နှာပြင်ပေါ်က အရာတွေကို စုပ်ယူသွားခဲ့တာပဲ။ အဲ့ဒီစက်ဝန်းက နှစ်နှစ်ထောင်ကြာတိုင်း လည်ပတ်နေတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ပိုင်ယုကျွန်းက ပင်လယ်မျက်လုံးပေါ်တွင် ရှိနေသည်။ စုပ်အားတစ်ခု ထွက်ပေါ်လာသည့် အချိန်တိုင်း ကျွန်းက စုပ်ယူခံလိုက်ရပြီး ပင်လယ်မျက်လုံးကို ပိတ်သွားမှ ၎င်းက ရပ်တန့်သွားလေသည်။ စုပ်အားပျောက်ကွယ်သွားသည့်အချိန်မှ ပိုင်ယုကျွန်းက ပြန်ပေါ်လာခြင်း ဖြစ်သည်။
" အဲ့ဒီစုပ်အားက တားဆီးဖို့က မခက်ခဲဘူး။ ပင်လယ်မျက်လုံးကို ချိတ်ပိတ်ပစ်ဖို့ပဲ လိုတယ်။ " သူက ရေရွတ်လိုက်သည်။ " ရှေးဟောင်းသူတော်စင်မပြောနဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့် တစ်ယောက်တောင် အဲ့ဒါကို လုပ်နိုင်တယ်။ "
" ဒါပေမယ့်..." လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။
သူ၏ အာရုံထဲတွင် အနီးမှ ကြောက်စရာကောင်းသော အော်ရာများနှင့် ပင်လယ်သားရဲများကို ခံစားမိနေသည်။ သူက ပင်လယ်မျက်လုံးကို ချိန်ပိတ်လိုက်လျှင် ထိုပင်လယ်သားရဲများကို သတိပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ယခုက သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့် သူတို့၏ ပိုင်နက်အတွင်း ရှိနေခြင်းဖြစ်သည်။
ရှေးဟောင်းသူတော်စင်တစ်ယောက်ပင် ပင်လယ်သားရဲကြီးများ ဝိုင်းခံရလျှင် ဝမ်းနည်းစရာကောင်းသော အခြေအနေဖြင့်သာ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော် လင်းယွမ်အတွက် ပြဿနာမရှိပေ။
" ချိတ်ပိတ်စမ်း " လင်းယွမ်က ပင်လယ်မျက်လုံးကို ကြည့်ပြီး စွမ်းအားကြိုးမျှင်များဖြင့် စတင်ချိတ်ပိတ်လိုက်သည်။
ဝုန်း....
အဝေးမှ ပင်လယ်သားရဲများက ပြောင်းလဲမှုကို သတိထားမိကြသည်။ သူတို့က ချက်ချင်း ချဉ်းကပ်လာကြသည်။ သို့သော် ထိုခနတွင် ပင်လယ်သားရဲကြီးများက တစ်စုံတစ်ခုကို အာရုံခံမိသွားကြပြီး အလာတုန်းကထက် ဆယ်ဆပိုမြန်သော အမြန်နှုန်းဖြင့် ထွက်ပြေးသွားကြသည်။
" လိမ္မာတယ်။ " သူက ပြောလိုက်သည်။
လင်းယွမ်က အရူးအမူး ထွက်ပြေးသွားကြသော ပင်လယ်သားရဲများကို ကြည့်လိုက်သည်။ သူက ပင်လယ်သားရဲများ ကြောက်လန့်နိုင်သော သူ၏ အော်ရာမျှင်တစ်ခုကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ပင်လယ်သားရဲများက ဉာဏ်ရည်နိမ့်ကြသော်လည်း အရူးများမဟုတ်ကြပေ။ သူတို့ကို ဖိနှိပ်နိုင်သော အော်ရာကို ခံစားမိချိန်တွင် သူတို့က ဘယ်လိုလုပ်ရှေ့ဆက်တိုးရဲမှာလဲ။
တစ်နာရီကြာပြီးသောအခါ လင်းယွမ်က ပင်လယ်မျက်လုံးကို ချိတ်ပိတ်ပြီးသွားခဲ့သည်။ ထို့နောက် သူက ထွက်ခွာသွားပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ဦးတည်သွားခဲ့သည်။
အင်မော်တယ်တောင်တန်း။
လင်းယွမ်က တိတ်ဆိတ်စွာ ပေါ်လာသည်။ နှစ်တစ်ရာကြာပြီးသွားသော်လည်း အင်မော်တယ်တောင်တန်းက ပြောင်းလဲခြင်းမရှိပေ။
သို့သော် ဂိုဏ်း၏ တပည့်များက ပို၍ နိမ့်ချလာကြသည်။ သူတို့က အရေးကြီးကိစ္စမရှိလျှင် တာအိုအင်မော်တယ်ဂိုဏ်းမှ ထွက်သွားခြင်းမရှိပေ။
" မင်းတို့နှစ်ယောက် အပြင်မှာနေခဲ့။ "
လင်းယွမ်က တွေးလိုက်သကဲ့သို့ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က တစ်ဖက်ဆီတွင် ပေါ်လာပြီး ရပ်နေကြသည်။ လင်းယွမ်၏ လက်ရှိခွန်အားနှင့် တာအိုအင်မော်တယ်ဂိုဏ်းက စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများကို ဆင့်ခေါ်ခဲ့လျှင်တောင် လင်းယွမ်အတွက် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ သို့သော် သတိထားခြင်းက အကောင်းဆုံးဖြစ်သည်။
လုံခြုံမှုအတွက် လင်းယွမ်က ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို အပြင်တွင် ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်၊ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က သုံးခုပေါင်းစည်းနိုင်ကြပြီး တစ်ယောက်ရှိလျှင် အခြားနှစ်ယောက်က သေဆုံးသွားလျှင်တောင် ပြန်လည်မွေးဖွားနိုင်လေသည်။
ထိုက်ယင်မှ ထိုက်ယန်၊ ထိုက်ယန်မှ ထိုက်ယင်။ နောက်ဆုံး ထိုက်ကျိက အရာအားလုံးကို မွေးဖွားနိုင်ပြီး လင်းယွမ်၏ ရုပ်ခန္ဓာကို ပြောစရာပင်မလိုပေ။
"
" အပြင်မှာ သွေးအဆီအနှစ် တစ်စက်ချန်ခဲ့ရမယ်။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သွေးစက်တစ်စက်က ယန်စိတ်ဝိညာဉ်ဆီသို့ ရောက်သွားသည်။
ထိုက်ယင်နှင့်ထိုက်ယန်တို့က ထိုက်ကျိအဖြစ် ပေါင်းစည်းပြီး ရုပ်ခန္ဓာကို မွေးဖွားပေးနိုင်သော်လည်း ၎င်းက အချိန်ယူရပြီး အရင်းအမြစ်များလည်း ကုန်ပေလိမ့်မည်။ ထိုအစား သွေးအဆီအနှစ်ကို အသုံးပြုခြင်းက ပိုကောင်းလေသည်။
ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်း။ သွေးတစ်စက်သာ ကျန်တော့လျှင်တောင် ပြန်လည်မွေးဖွားနိုင်လေသည်။
" အခုအချိန်ကျပြီ။ " သူ၏ ပြင်ဆင်မှုများကို ကြည့်ပြီး လင်းယွမ်က ပြုံးလိုက်သည်။ ထိုပြင်ဆင်မှုများနှင့် အဆိုးဆုံးအခြေအနေဖြစ်လာလျှင်တောင် စိုးရိမ်စရာမရှိပေ။
" တာအိုအင်မော်တယ်ဂိုဏ်း..." လင်းယွမ်က မလှမ်းမကမ်းရှိ အင်မော်တယ်တောင်တန်းကို ကြည့်လိုက်သည်။
ဂိုဏ်းကာကွယ်ရေးအစီအရင်များက လင်းယွမ်၏ အမြင်တွင်ပေါ်လာသည်။ အကယ်၍ လွန်ခဲ့သော နှစ်တစ်ရာမှဖြစ်လျှင် သူက ဂိုဏ်းကာကွယ်ရေးအစီအရင်များကို အပြင်းအထန် ဖြတ်ကျော်ရပေလိမ့်မည်။
သို့သော် နှစ်တစ်ရာကျော်ကြာပြီးနောက် ကျင့်ကြံခြင်းအပြင် သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တာအိုအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်များကို နားလည်ခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ရာက ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုက မှော်အင်းကွက်၏ ဖွဲ့စည်းပုံကို လေ့လာရန်ပင် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
လင်းယွမ်၏ ကြောက်စရာကောင်းသော ဖိအားအောက်တွင် တာအိုအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေးမှော်အင်းကွက်များက သူတို့၏ လုပ်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီး လင်းယွမ်က အနှစ်သာရအချို့ကိုပင် မြင်နိုင်ခဲ့သည်။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ထိုမှော်အင်းကွက်အနှစ်သာရများကို လေ့လာခဲ့ပြီး လင်းယွမ်က ယခုမှော်အင်းကွက်သခင်ဟုပင် ခေါ်နိုင်ပေလိမ့်မည်။
အထူးသဖြင့် သူက တာအိုအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်များကို နားလည်သွားခဲ့ပြီး သူဆန္ဒရှိသလို ဝင်ထွက်နိုင်လေသည်။
အင်မော်တယ်တောင်တန်း။
မုရှင်းလျိုနှင့် မုမန်ထင်းတို့က မျက်နှာပျက်နေကြသည်။ မကြာသေးမီက အရှေ့ပင်လယ်မှ ထွက်ပေါ်လာသော အော်ရာက သူတို့နှစ်ယောက်ကို မငြိမ်မသက် ဖြစ်စေခဲ့သည်။
ယခုမုရှင်းလျိုက တာအိုအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေးမှော်အင်းကွက်များကို မည်သူမှမထိုးဖောက်နိုင်ဟု ယုံကြည်ခဲ့သော်လည်း လွန်ခဲ့သော နှစ်တစ်ရာက လင်းယွမ်မှာ ကိုယ်ပွားနှစ်ခုနှင့် အင်မော်တယ်တောင်တန်း၏ အခြေခံအုတ်မြစ်ကို လှုပ်ခါပြီးနောက် ၎င်းက ပြောင်းလဲသွားပြီလား။
မုရှင်းလျိုက သူ၏ ယုံကြည်မှုအချို့ကို ဆုံးရှုံးခဲ့ရလေသည်။ ထိုအချိန်တွင် အင်မော်တယ်တောင်တန်းက တိုက်ခိုက်မှုကြောင့် လှုပ်ခါနိုင်သည်ကို နားလည်သွားခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်တစ်ရာအတွင်း အရှေ့ပင်လယ်မှလာသော အဆင့်တက်ခြင်းအော်ရာကို သုံးကြိမ် အနည်းဆုံး ခံစားခဲ့ရလေသည်။
ယခု နှစ်တစ်ရာကြာပြီးနောက် ကျွင်းဝူကျိက နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့လျှင် အင်မော်တယ်တောင်တန်းက ခုခံနိုင်ပါ့မလား။
မုရှင်းလျို၏ မျက်နှာက ပို၍ လေးနက်လာသည်။ သူ၏ စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်သည်။ မခုခံနိုင်ပေ။
လွန်ခဲ့သော နှစ်တစ်ရာကပင် ကျွင်းဝူကျိက နေရန်ဆုံးဖြတ်ပြီး အင်မော်တယ်တောင်တန်းကို ဖိနှိပ်ခဲ့လျှင် သူ၏ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ခု၏ ခွန်အားအရ တာအိုအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်များကို တဖြည်းဖြည်း ဖျက်ဆီးနိုင်လေသည်။ နှစ်များစွာကြာလျှင် ကာကွယ်ရေးအစီအရင်များက တိုက်ခိုက်စရာပင် မလိုတော့ဘဲ ပျက်ဆီးသွားပေလိမ့်မည်။
" ဂိုဏ်ချုပ် စိတ်ဝိညာဉ်ဘုံက ဘိုးဘေးတွေ သူတို့ ဘာပြောလဲ။ " မုမန်ထင်းကလည်း စိတ်မသက်မသာခံစားနေရပြီး မုရှင်းလျိုနှင့်ယှဉ်လျှင် ပို၍ပင် ဖိအားများ ခံစားနေရသည်။ သူက ကျွင်းတုန်ကျင်းနှင့် ပြိုင်ဘက်ဖြစ်လေသည်။
သူက ကျွင်းတုန်ကျင်းကို သတ်ရန် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်နှင့် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များကိုပင် စေလွှတ်ခဲ့သည်။
ယခု ကျွင်းတုန်ကျင်း၏ သား ကျွင်းဝူကျိက အလွန်စွမ်းအားကြီးပြီး အင်မော်တယ်တောင်တန်းကိုသာ ထိုးဖောက်နိုင်ခဲ့လျှင် သူက ကောင်းမွန်စွာ အဆုံးသတ်နိုင်မလား မသေချာပေ။
" ငါဘိုးဘေးတွေကို ပြောပြီးပြီ။ ဘိုးဘေးတွေက ပြောတယ်။ ကျွင်းဝူကျိ အင်မော်တယ်တောင်တန်းကို နောက်တစ်ကြိမ် တိုက်ခိုက်ရင် သူတို့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်။ " မုရှင်းလျိုက ညင်သာစွာ ပြောလိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း