စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များ....
Vol. 15 Ch. 227
လွန်ခဲ့သော နှစ်တစ်ရာက တာအိုအင်မော်တယ်ဂိုဏ်းကို ခြိမ်းခြောက်နိုင်သော ကျွင်းဝူကျိ၏ စွမ်းရည်များကို မြင်တွေ့ပြီးနောက် မုရှင်းလျိုက စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများကို ဆက်သွယ်ခဲ့သည်။ ထိုအချိန်တွင် ဘိုးဘေးများကလည်း တုန့်ပြန်ခဲ့သည်။
လွန်ခဲ့သော ရာစုနှစ်အတွင်း လင်းယွမ်အဆင့်တက်သည့်အချိန်တိုင်း သူက ဘိုးဘေးများကို ဆက်သွယ်ခဲ့ပြီး တူညီသော အဖြေကို ရရှိခဲ့သည်။
" အဲ့ဒါကောင်းတယ်။ " မုမန်ထင်းက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။
ယခုအချိန်တွင် သူ့ကို လုံခြုံမှုပေးနိုင်သော အရာမှာ စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများသာ ဖြစ်သည်။ အမှန်တွင် မုမန်ထင်းက အလွန်စိတ်ပျက်နေသည်။ တာအိုအင်မော်တယ်ဂိုဏ်း၏ သမိုင်းတွင် ရှေးဟောင်းသူတော်စင်များက အရာအားလုံးကို လွှမ်းမိုးနိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို အမိန့်ပေးနိုင်ကြသည်။
နောက်ဆုံးဂိုဏ်းချုပ် အသက်ရှင်သေးလျှင်တောင် အနာဂတ်ဂိုဏ်းချုပ်များက သူတို့၏ ဂုဏ်သိက္ခာနှင့် အခွင့်အာဏာများကို ရရှိကြသည်။
သို့သော် သူကတော့ မတူပေ။ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ချိန်တွင် နှစ်ထောင်ပေါင်းများစွာအတွင်း တာအိုအင်မော်တယ်ဂိုဏ်းအတွက် အမှောင်ဆုံးခေတ်သို့ ရောက်လာသည်။
အင်မော်တယ်တောင်တန်း၏ ဂိတ်တံခါးက ပျက်ဆီးလုနီးပါး ဖြစ်သွားရုံသာမက တပည့်များအားလုံးလည်း ကြောက်လန့်နေကြပြီး သူကိုယ်တိုင်လည်း ကျွင်းဝူကျိ၏ သတ်ဖြတ်ခြင်းခံရမည်စိုးသောကြောင့် ဂိုဏ်းအပြင်သို့ပင် မထွက်ရဲခဲ့ပေ။
" စိတ်ဝိညာဉ်ဘုံက ဘိုးဘေးတွေ ရှိနေရင် အဲ့ဒီကျွင်းဝူကျိ..." မုမန်ထင်းက ကြမ်းတမ်းသော စကားများ ပြောရန် ပြင်လိုက်သည်။
ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်။
" ကျုပ်က ဘာဖြစ်လဲ။ "
မုမန်ထင်းက ခနမှင်သက်သွားပြီး စကားပြောလိုက်သည့်လူကို ကြည့်လိုက်သည်။
သို့သော် ချက်ချင်း မုမန်ထင်းက တုန်ယင်သွားသည်။ သူလှည့်ကြည့်လိုက်သောအချိန်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော လူတစ်ယောက်က ခန်းမ၏ တစ်ဖက်မှ ထိုင်ခုံတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူက တည်ငြိမ်သော အမူအရာနှင့် သန်မာသော အရိပ်အယောင်များမရှိသော်လည်း ထိုနေရာတွင် ထိုင်နေရုံဖြင့် မုမန်ထင်းက မွန်းကြပ်မှုကို ခံစားလိုက်ရလေသည်။
၎င်းက ကျွင်းဝူကျိပင် ဖြစ်သည်။ သူက ဘယ်လိုလုပ်ဝင်လာတာလဲ။
မရေတွက်နိုင်သော အတွေးများက မုမန်ထင်း၏ စိတ်ထဲတွင် ပေါ်လာသည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်ကလည်း သတိပေးခြင်းမရှိသောကြောင့် ချိုးဖျက်ခံရခြင်းလည်း မဟုတ်ပေ။
" ကျွင်းဝူကျိ " မုရှင်းလျိုကလည်း ကျွင်းဝူကျိကို မြင်လေသည်။ သူ၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။
သို့သော် မုရှင်းလျိုနှင့် မုမန်ထင်းတို့က မည်မျှထိတ်လန့်နေသည်ဖြစ်စေ ထွက်ပြေးရန် လုံးဝမစဉ်းစားပေ။
ပြေးရမှာလား။ သူတို့ဘယ်ကိုပြေးမှာလဲ။ ယခု တာအိုအင်မော်တယ်ဂိုဏ်းက အလုံခြုံဆုံးနေရာတစ်ခု ဖြစ်လေသည်။ ကျွင်းဝူကျိက ထိုနေရာသို့ လွတ်လပ်စွာ ဝင်နိုင်လျှင် ကမ္ဘာပေါ်တွင် ကျွင်းဝူကျိကို တားဆီးနိုင်သောနေရာမရှိတော့ပေ။
" ကဲ အလုပ်ကိစ္စလေး ပြောကြရအောင်။ " လင်းယွမ်က မုရှင်းလျိုကို ကြည့်လိုက်သည်။ " ကျွန်တော်ကို တက်လှမ်းခြင်းစင်မြင့်ဆီ ခေါ်သွားပေးပါ။ "
သိုင်းတာအိုဖြန့်ကျက်မည့်ကိစ္စကို တာအိုအင်မော်တယ်ဂိုဏ်းချုပ်က မဆုံးဖြတ်နိုင်ပေ။ အဓိကဆုံးဖြတ်နိုင်သူများမှာ စိတ်ဝိညာဉ်ဘုံမှ တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများ ဖြစ်ကြသည်။ ဤတစ်ကြိမ်တွင် လင်းယွမ်က တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများနှင့် ဆွေးနွေးရန် ရောက်လာခြင်း ဖြစ်သည်။
" ကောင်းပြီ။ " မုရှင်းလျိုက ခနစဉ်းစားပြီးနောက် သဘောတူလိုက်သည်။
လင်းယွမ်၏ ခွန်အားနှင့် ခန်းမထဲတွင် ပေါ်လာသည့်အချိန်တွင် သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိပါက သူတို့ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မုရှင်းလျိုက သူဘာလုပ်ရမည်ကို သိလေသည်။
" ငါ့နောက်လိုက်ခဲ့။ " မုရှင်းလျိုက တစ်ချိန်က သူ့မြေးဖြစ်သော လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။
" ဂိုဏ်းချုပ် တက်လှမ်းခြင်းစင်မြင့်က ကျွန်တော်တို့ရဲ့... " မုမန်ထင်းက ၎င်းကို မြင်သောအခါ ချက်ချင်း စိုးရိမ်သွားသည်။
တက်လှမ်းခြင်းစင်မြင့်က စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများနှင့် ဆက်သွယ်နိုင်သည့်အပြင် တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်ဆုံး ဝှက်ဖဲလည်း ဖြစ်သည်။ ယခု သူတို့က ကျွင်းဝူကျိကို ထိုနေရာသို့ ခေါ်သွားရမှာလား။
" တိတ်တိတ်နေ..." လင်းယွမ်က မုမန်ထင်းကို ကြည့်လိုက်သည်။
ခနအတွင်း မုမန်ထင်း၏ အကြည့်များက မှေးမှိန်သွားပြီး သူ၏ အသက်စွမ်းအားများက ပျောက်ကွယ်သွားသည်။
သေခြင်း....
" မန်ထင်း..." ၎င်းကို မြင်သောအခါ မုရှင်းလျိုက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
မုမန်ထင်းက ကျွင်းမိသားစုနှင့် ရန်ငြိုးဖွဲ့ထားပြီဖြစ်ပြီး ယခင် ကျွင်းတုန်ကျင်းနှင့် သူ၏ မိသားစုကို သတ်ဖြတ်ရန်ပင် လူများ စေလွှတ်ခဲ့သည်။ ယခုအခြေအနေမျိုးတွင် မုမန်ထင်းက ဘာမှဝင်မစွက်ဖက်ဘဲ နှိမ့်ချပြီးနေမှသာ အသက်ရှင်နိုင်ပေလိမ့်မည်။
သို့သော် ကံမကောင်းစွာဖြင့်....
မုရှင်းလျိုက ဘာပြောရမှန်းမသိပေ။ သူကိုယ်တိုင်တောင် သဘောတူခဲ့သည်ကို မုမန်ထင်းက တက်လှမ်းခြင်းစင်မြင့်ကို စိတ်ပူနေသေးသည်။
တာအိုအင်မော်တယ်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာတွင် မုရှင်းလျိုက ရပ်တန့်လိုက်သည်။
" အဲ့ဒါ တက်လှမ်းခြင်းစင်မြင့်ရှိတဲ့နေရာပဲ။ " မုရှင်းလျိုက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဖွင့်လိုက် " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
၎င်းက သူအာရုံခံမိသော လေဟာနယ်အက်ကြောင်း ရှိသောနေရာဖြစ်လေသည်။
မုရှင်းလျိုက ငြင်းဆိုခြင်းမရှိဘဲ လက်ခံလိုက်သည်။ " ကောင်းပြီ။ "
မုရှင်းလျိုမသိသည်မှာ သူက မကောင်းသော ရည်ရွယ်ချက်များရှိလျှင် လင်းယွမ်က ချက်ချင်း မြင်နိုင်ပေလိမ့်မည်။
လင်းယွမ်၏ လက်ရှိအဆင့်နှင့် လေဟာနယ်က စက္ကူတစ်ခုကဲ့သို့ ဖြစ်ပြီး သူက အတက်အကျတိုင်းက ကောင်းစွာ ခံစားမိလေသည်။
မုရှင်းလျို၏ ထိန်းချုပ်မှုနှင့်အတူ လျို့ဝှက်နယ်မြေက တဖြည်းဖြည်း ပွင့်သွားသည်။ အတွင်းမှ လေဟာနယ်က ထွက်ပေါ်လာသည်။
လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မီတာဝက်မြင့်သည့် ဝင်ပေါက်တစ်ခု ရှိနေသည်။
" အဲ့ဒါ တက်လှမ်းခြင်းစင်မြင့်လား။ " လင်းယွမ်၏ အကြည့်က ထိုနေရာသို့ ကျရောက်သွားသည်။
ထိုကျောက်တုံးဝင်ရောက်က ငွေရောင်ရှိပြီး လေဟာနယ်အတက်အကျများ ထွက်ပေါ်နေသည်။
လင်းယွမ်က ထိုဝင်ပေါက်ကို ကြည့်လိုက်ချိန်တွင် သူ၏ စိတ်ထဲရှိ အနက်ရှိုင်းဆုံးနေရာမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက စတင်တောက်ပလာသည်။
အဝေးရှိ တက်လှမ်းခြင်းစင်မြင့်မှ အတက်အကျများက လွင့်ပျယ်သွားသည်။
ခနကြာသောအခါ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ သတင်းအချက်အလက်များက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
" အို " လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီး ဘေးမှ မုရှင်းလျိုကို ကြည့်လိုက်သည်။ မုရှင်းလျိုက ယခုအပြောင်းအလဲကို သတိမထားမိသည်ကို သူသိလေသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ထွက်ပေါ်လာသော စွမ်းအားကို မည်သူမှသတိပြုမိနိုင်မည်မဟုတ်ပေ။
" စိတ်ဝိညာဉ်ဘုံရဲ့ ဆုံမှတ်တွေ..." လင်းယွမ်က သူ၏ မျက်ခုံးများကို ပွတ်လိုက်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပေးပို့သော အချက်အလက်များမှာ စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များသာဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်၏ အသိက သူ၏ စိတ်ထဲသို့ နစ်မြှုပ်သွားပြီး ကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကို ကြည့်လိုက်သည်။
သေချာကြည့်လျှင် အနန္တကမ္ဘာများ၏ ဂိတ်တံခါး အစွန်တွင် ချိပ်စည်းငါးခုရှိသည်ကို တွေ့ရပေလိမ့်မည်။ ထိုချိပ်စည်းငါးခုက သိုင်းကမ္ဘာ၊ လုံဟုကမ္ဘာ၊ နတ်လက်နက်ကမ္ဘာ၊ နယ်မြေငါးခုကမ္ဘာနှင့် ယခု အင်မော်တယ်ကမ္ဘာတို့၏ ဆုံမှတ်များဖြစ်သည်။
ထိုကမ္ဘာငါးခုက လင်းယွမ် ဆင်းသက်ခဲ့သော ကမ္ဘာများဖြစ်ပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ၎င်းတို့၏ ဆုံမှတ်များကို မှတ်သားထားခဲ့လေသည်။ ထိုဆုံမှတ်များနှင့် လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကို အသုံးပြုပြီး ထိုကမ္ဘာများသို့ ပြန်လည်ဆင်းသက်နိုင်လေသည်။
သို့သော် ယခု ထိုကမ္ဘာငါးခု၏ ဆုံမှတ်ချိပ်စည်းများအပြင် နောက်ထပ် ဆုံမှတ်ချိပ်စည်းတစ်ခုလည်း ရှိနေသည်။ ၎င်းက စိတ်ဝိညာဉ်ဘုံ ကမ္ဘာ၏ ဆုံမှတ်များပင် ဖြစ်သည်။
လင်းယွမ်က စိတ်ဝိညာဉ်ဘုံသို့ မဆင်းသက်ခဲ့သော်လည်း တက်လှမ်းခြင်းစင်မြင့်က စိတ်ဝိညာဉ်ဘုံနှင့် ဆက်သွယ်ထားပြီး သဘာဝအတိုင်း စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များ ပါဝင်နေသည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက တက်လှမ်းခြင်းစင်မြင့်ကို ဖြတ်သန်းပြီး ၎င်း၏ ဆုံမှတ်များကို မှတ်သားလိုက်ခြင်းဖြစ်သည်။
" စိတ်ဝိညာဉ်ဘုံ..." လင်းယွမ်၏ အမူအရာက အနည်းငယ် ထူးဆန်းသွား၏။
ထိုဆုံမှတ်များနှင့် လင်းယွမ်က မူလကမ္ဘာသို့ ပြန်ရောက်လျှင်တောင် စိတ်ဝိညာဉ်ဘုံသို့ ပြန်လည်ဆင်းသက်နိုင်ပေလိမ့်မည်။
လင်းယွမ်က တက်လှမ်းခြင်းစင်မြင့်အား ကြည့်နေသည်ကို မြင်ပြီး မုရှင်းလျိုကလည်း နှောက်ယှက်ခြင်းမရှိဘဲ စောင့်ဆိုင်းနေသည်။
" တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးတွေကို ဆင့်ခေါ်လိုက်ပါ။ "လင်းယွမ်က တက်လှမ်းခြင်းစင်မြင့်တွင် အခြားကမ္ဘာ၏ ဆုံမှတ်များ မရှိသည်ကို အတည်ပြုပြီးနောက် မုရှင်းလျိုကို ပြောလိုက်သည်။
" ဟမ် " ထိုစကားများကို ကြားသောအခါ မုရှင်းလျိုက အံ့ဩသွားသည်။
လင်းယွမ်က ပြတ်သားစွာဖြင့် သူ၏ ဘိုးဘေးကို ဆင့်ခေါ်ခွင့်ပေးလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
" ကောင်းပြီ။ " မုရှင်းလျိုက ခနတုန့်ဆိုင်းသွားပြီး သဘောတူလိုက်သည်။
အဆုံးတွင် အားလုံးက လင်းယွမ်လုပ်ခိုင်းသည်သာ ဖြစ်ပြီး နောက်ပိုင်း မည်သို့ပင်ဖြစ်စေ သူနှင့်သာ သက်ဆိုင်လေသဘ်။
မုရှင်းလျိုက လျို့ဝှက်နယ်မြေထဲသို့ ဝင်ပြီး တက်လှမ်းခြင်းစင်မြင့်အနီးသို့ သွားလိုက်သည်။ သူက ရိုသေလေးစားစွာဖြင့် နည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး ပါးစပ်မှလည်း စကားအချို့ကို ရေရွတ်နေသည်။
ခနကြာသောအခါ တက်လှမ်းခြင်းစင်မြင့်က တောက်ပလာသည်။ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ကမ္ဘာနှစ်ခု၏ အတားအဆီးကို ထိုးဖောက်ပြီး လေဟာနယ်လမ်းကြောင်းအတိုင်း ဆင်းသက်လာသကဲ့သို့ လေဟာနယ်အတက်အကျများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း