← Chapters

ကန်ချင်းအင်မော်တယ်.....

Vol. 15 Ch. 228

ကန်ချင်းအင်မော်တယ်.....

Vol. 15 Ch. 228

တက်လှမ်းခြင်းစင်မြင့်ရှေ့တွင် တာအိုဝတ်ရုံနှင့် လူတစ်ယောက်က ဖြည်းညင်းစွာ ပေါ်လာသည်။

" ငါက ကန်ချင်းအင်မော်တယ်ပဲ။ ငါနဲ့တွေ့ချင်တာ မင်းလား။ " ထိုလူက လင်းယွမ်ကို ပြုံး၍ ပြောလိုက်သည်။

" တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်ရဲ့ ပုံရိပ်တစ်ခုလား။ " လင်းယွမ်ကလည်း တစ်ဖက်လူကို လေ့လာနေသည်။

စိတ်ဝိညာဉ်ဘုံနှင့် အလယ်ပိုင်းနတ်ဘုရားကုန်းမြေတို့က ဘုံနှစ်ခုခွဲခြားထားခြင်းဖြစ်သည်။ အထက်ဘုံမှ စွမ်းအားအကောင်းဆုံး တည်ရှိမှုများပင် သူတို့၏ အစစ်အမှန်ပုံစံနှင့် အောက်ဘုံသို့ မဆင်းသက်နိုင်ကြဘဲ ပုံရိပ်တစ်ခုကိုသာ ပို့ပေးနိုင်ကြသည်။

ထိုပုံရိပ်ကလည်း တက်လှမ်းခြင်းစင်မြင့်မှ အလွန်ဝေးသွား၍ မရပေ။ မဟုတ်လျှင် အထက်ဘုံမှ မူလခန္ဓာကိုယ်နှင့် ဆက်သွယ်မှုပြတ်တောက်သွားပြီး ပျက်ဆီးသွားပေလိမ့်မည်။

" ဟမ် " ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို ကြည့်ပြီး တုန်လှုပ်သွားသည်။

ရှင်းရှင်းလျိုက လင်းယွမ်၏ အကြောင်းများကို သူ့အား ပြောပြထားခဲ့သည်။ နှစ်တစ်ရာအတွင်း အင်မော်တယ်လမ်းစဉ်အောက် နိမ့်ကျခြင်းမရှိသော ကျင့်ကြံခြင်းစနစ်တစ်ခုကို ဖန်တီးပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့သည်။

ကန်ချင်းအင်မော်တယ်က တာအိုအင်မော်တယ်ဂိုဏ်း၏ အခြားဘိုးဘေးများနှင့် ထိုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ သူတို့အားလုံးက လင်းယွမ်မှ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စွမ်းအားကြီးသူတစ်ယောက် ပြန်လည်မွေးဖွားခြင်း သို့မဟုတ် ခန္ဓာသိမ်းပိုက်ခြင်းဖြစ်လိမ့်မည်ဟု တညီတညွှတ်တည်း ခန့်မှန်းခဲ့ကြသည်။

မဟုတ်လျှင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် တာအိုအင်မော်တယ်ဂိုဏ်း၏ အထောက်အပံ့မပါဘဲ ထိုအဆင့်ထိ ကျင့်ကြံနိုင်ခြင်းမှာ မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

အထူးသဖြင့် အင်မော်တယ်လမ်းစဉ်အောက် မနိမ့်ကျသော သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ရာစုနှစ်အနည်းငယ်အတွင်း ဘယ်လိုလုပ်ဖန်တီးနိုင်မှာလဲ။

နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ပြီး ပြန်လည်မွေးဖွားလာသော စွမ်းအားကြီးသူတစ်ယောက်သာ ခေတ်များစွာ အတွေ့အကြုံများနှင့် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖန်တီးခဲ့ပြီး ယခုမှ အလယ်ပိုင်းနတ်ဘုရားကုန်မြေတွင် စတင်ဖြန့်ကျက်ခြင်း ဖြစ်နိုင်လေသည်။

၎င်းမှာ စိတ်ဝိညာဉ်ဘုံမှ တာအိုအင်မော်တယ်ဂိုဏ်၏ ဘိုးဘေးများ ခန့်မှန်းထားသော အမှန်တရားဖြစ်လေသည်။

ယခုအကြိမ်တွင် ကန်ချင်းအင်မော်တယ်က အောက်ဘုံသို့ ဆင်းသက်လာသည့်အကြောင်းရင်းမှာ တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများကြားတွင် သူက သက်တမ်းအကြာဆုံးနှင့် ခေတ်အဆက်ဆက် စွမ်းအားကြီးသူများကို သိရှိပြီး လင်းယွမ်သာ စွမ်းအားကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လျှင် သူက လင်းယွမ်ကို ခန့်မှန်းနိုင်ပေလိမ့်မည်။

သို့သော် ယခု ကန်ချင်းအင်မော်တယ်က မှင်သက်နေသည်။ သူ၏ လေ့လာမှုများအရ လင်းယွမ်၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ပြည့်စုံစွာ ပေါင်းစပ်နေသည်။

သူက ခန္ဓာသိမ်းပိုက်ထားခြင်းမဟုတ်ပေ။ အစစ်အမှန်အင်မော်တယ် တစ်ယောက်က ခန္ဓာသိမ်းပိုက်လျှင်တောင် မူလခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကြားတွင် အနည်းငယ် ကွဲပြားမှုတော့ ရှိလေသည်။ ထိုကွဲပြားမှုအရ သိမ်းပိုက်သူကို ဖော်ထုတ်ရန် လွယ်ကူလေသည်။

သို့သော် ယခု လင်းယွမ်တွင် ထိုသို့သော ကွဲပြားမှုလည်း မရှိပေ။ ဖြစ်နိုင်ချေနှစ်ခု ရှိလေသည်။

တစ်ခုမှာ သူဆင်းသက်လာသော ပုံရိပ်က အားနည်းသောကြောင့် သိမ်းပိုက်သူ၏ စိတ်ဝိညာဉ်နှင့် မူလခန္ဓာကိုယ်ကြားမှ ကွဲပြားမှုကို မမြင်နိုင်ခြင်းဖြစ်သည်။

ဒုတိယတစ်ခုမှာ လင်းယွမ်က ခန္ဓာသိမ်းပိုက်ထားခြင်းမဟုတ်ပေ။

ကန်ချင်းအင်မော်တယ်က ပထမတစ်ခုမှာ ဖြစ်နိုင်ချေမရှိဟု ခံစားနေရသည်။ သူဆင်းသက်လာသော ပုံရိပ်က အားနည်းလျှင်တောင် တာအိုပေါင်းစည်းခြင်းအဆင့်တွင် ရှိနေလေသည်။ သူ၏ အသိအမြင်များနှင့် လင်းယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်သို့ မရောက်သေးသည်ကို မြင်နိုင်လေသည်။

ထိုအဆင့်ကွာခြားမှုအရ ကန်ချင်းအင်မော်တယ်က သိမ်းပိုက်သူ၏ ကွဲပြားမှုအား မမြင်နိုင်သည်ကို မယုံကြည်ပေ။

ပထမဖြစ်နိုင်ချေကို ပယ်ချပြီးနောက် ဒုတိယဖြစ်နိုင်ချေသာ ရှိတော့လေသည်။

လင်းယွမ်က ရာစုနှစ်အနည်းငယ်အတွင်း အင်မော်တယ်လမ်းစဉ်ထက် မနိမ့်ကျသော ကျင့်ကြံခြင်းစနစ်ကို ဖန်တီးပြီး ယနေ့အခြေအနေထိ ရောက်ရှိခဲ့သည်။

" ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်က အောက်ဘုံမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ "

ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ " စိတ်ဝိညာဉ်ဘုံမှာတောင် ဒီလိုပါရမီမျိုးက အင်မော်တယ်ဘုရင်အဆင့် အင်အားစုတွေရဲ့ ပင်မတပည့်တွေမှာသာ တွေ့နိုင်တယ်။ အင်မော်တယ်လမ်းစဉ်နဲ့ ကွဲပြားတဲ့ လမ်းစဉ်တစ်ခုကိုတောင် ဖန်တီးနိုင်ခဲ့တယ်။ ဒီလိုအရည်အချင်းမျိုးက..."

ကန်ချင်းအင်မော်တယ်၏ အတွေးများက တုန်လှုပ်နေသည်။

သူမြင်တွေ့ဖူးသမျှထဲတွင် လင်းယွမ်၏ အလားအလာက ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး အင်မော်တယ်မင်းသားများ သို့မဟုတ် အင်မော်တယ်ဘုရင်များ ငယ်စဉ်ကထက်ပင် သာလွန်နေခဲ့သည်။

ထို့အပြင် လင်းယွမ်က ထိုအဆင့်ကို အောက်ဘုံတွင် ကျင့်ကြံ၍ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အင်မော်တယ်မင်းသားများနှင့် အင်မော်တယ်ဘုရင်များက စိတ်ဝိညာဉ်ဘုံတွင် ကျင့်ကြံကြခြင်းဖြစ်သည်။ ထိုနှစ်ခုက နှိုင်းယှဉ်၍ မရပေ။

" ဒါဆို မင်းက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ ဖြန်ကျက်ချင်တာပေါ့။ " ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

ဘေးမှ မုရှင်းလျိုက ဘိုးဘေး၏ စကားများကြားချိန်တွင် သူ၏ စိတ်ကတင်းကျပ်သွား၏။ သူက လင်းယွမ်နှင့် ပက်သက်သည့် အချက်အလက်များနှင့် ရည်ရွယ်ချက်ကို ဘိုးဘေးများအား တင်ပြချိန်တွင် ဘိုးဘေးများ၏ တု့န်ပြန်မှုကို သတိရသွား၏။

" ဘယ်လောက်တောင်ရဲရင့်လဲ။ "

" ငါ့ရဲ့ အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ အခြားကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ဖို့ အိပ်မက်မက်နေတယ်။ "

" အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ အင်မော်တယ်လမ်းစဉ်တစ်ခုပဲ တည်ရှိနိုင်တယ်။ အခြားကျင့်ကြံခြင်းစနစ်တွေက ရှင်သန်ဖို့ ရုန်းကန်နိုင်ပေမယ့် ပင်မရေစီးကြောင်းကို ဆန့်ကျင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ "

ထိုစကားများက ဘိုးဘေးများ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခဲ့သည်။ ဤတစ်ကြိမ်တွင် ကန်ချင်းအင်မော်တယ်က အောက်ဘုံသို့ ဆင်းသက်လာသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူက အသန်မာဆုံး ဖြစ်သောကြောင့်ဖြစ်သည်။ ပုံရိပ်တစ်ခုဖြစ်လျှင်တောင် တာအိုပေါင်းစည်းခြင်းအဆင့်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။

" သူတို့တိုက်ခိုက်ကြမှာလား။ ဝူကျိက ဘိုးဘေးကို ယှဉ်နိုင်ပါ့မလား။ " မုရှင်းလျိုက အခြေအနေကို မြင်ပြီး မသိစိတ်နှင့် နောက်ဆုတ်သွားသည်။

သို့သော် ကန်ချင်းအင်မော်တယ်၏ နောက်ထပ်စကားများက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

" မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ " ကန်ချင်းအင်မော်တယ်က ခနစဉ်းစားပြီး လေးနက်စွာ ပြောလိုက်သည်။

" မိတ်ဆွေလေးက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ချင်တာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ " ကန်ချင်းအင်မော်တယ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

ကန်ချင်းအင်မော်တယ်က တာအိုပေါင်းစည်းခြင်း နှောင်းပိုင်အဆင့် အာရုံဖြင့် လင်းယွမ်၏ အလားအလာကို မြင်နိုင်သည်မှာ သဘာဝကျလေသည်။ လင်းယွမ်လို လူမျိုးက စိတ်ဝိညာဉ်ဘုံသို့ ရောက်သည်နှင့် တာအိုပေါင်းစည်းခြင်းအဆင့်သို့ အလွယ်တကူ ချိုးဖျက်သွားနိုင်လေသည်။

သူက တာအိုပေါင်းစည်းခြင်းအဆင့်၏ အထက််ဆင့်ကိုပင် ရောက်ရန် မျှော်လင့်နိုင်ပြီး စိတ်ဝိညာဉ်ဘုံမှ အင်မော်တယ်ဘုရင်များကို ငုံ့ကြည့်နိုင်ပေလိမ့်မည်။

ထိုကဲ့သို့ အင်မော်တယ်ဘုရင်မျိုးစေ့ကို ဖိနှိပ်ရန် သို့မဟုတ် သတ်ဖြတ်ရန် ကြိုးစားခြင်းက အရူးသွပ်ဆုံး ရွေးချယ်မှုဖြစ်လေသည်။ အောင်မြင်လျှင် ကြီးမားသော အကျိုးအမြတ်များ မရရှိဘဲ ကျရှုံးလျှင် တကယ့်ကပ်ဘေးတစ်ခု ဖြစ်သည်။

ထို့ကြောင့် မိတ်ဆွေဖွဲ့ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်လေသည်။ မိတ်ဆွေများ မဖြစ်နိုင်လျှင်တောင် ရန်သူတော့ ဖြစ်၍မရပေ။

လင်းယွမ်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် ဖြန့်ကျက်ချင်လေသည်။

၎င်းက အင်မော်တယ်ကျင့်ကြံခြင်းစနစ်အပေါ်တွင် မလွှဲမသွေ သက်ရောက်မှုရှိမည်ဖြစ်ရာ မုရှင်းလျိုက လက်မခံရဲပေ။ သူလက်ခံခဲ့လျှင် တက်လှမ်းခြင်းစင်မြင့်မှ စိတ်ဝိညာဉ်ဘုံသို့ တက်လှမ်းသောအခါ တာအိုအင်မော်တယ်ဂိုဏ်၏ ဘိုးဘေးများကို မည်သို့ရှင်းပြရမည်နည်း။

သို့သော် စိတ်ဝိညာဉ်ဘုံမှ အသန်မာဆုံးဖြစ်သော ကန်ချင်းအင်မော်တယ်သာ ဤဆုံးဖြတ်ချက်ကို ချရန် အခွင့်အာဏာရှိလေသည်။

" ဟမ် သိုင်းတာအိုကို ဖြန့်ဖို့လား။ " လင်းယွမ်က ကန်ချင်းအင်မော်တယ်၏ စကားကို ကြားသောအခါ အနည်းငယ် အံ့ဩသွား၏။

အစတွင် သူက သူ၏ ခွန်အားကို ပြသရန် အနည်းဆုံး တိုက်ခိုက်ရန် လိုအပ်ပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှ တာအိုအင်မော်တယ်ဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်နိုင်သည့် ခြိမ်းခြောက်မှုဖြင့် နောက်ဆုံးတွင် သဘောတူညီချက်တစ်ခု ရရှိရန် မျှော်လင့်ထားခဲ့သည်။

တာအိုအင်မော်တယ်ဂိုဏ်းက ဆုတ်ခွာသွားလျှင် လင်းယွမ်က စိတ်ဝိညာဉ်ဘုံကို မတက်သရွေ့ အန္တရာယ်ရှိမည်မဟုတ်ပေ။ သွေးနတ်ဆိုးသခင်တောင် နှစ်ပေါင်းထောင်သောင်းမက အသက်ရှင်နိုင်သောကြောင့် လင်းယွမ်သာဆိုလျှင် နှစ်သိန်းပေါင်း သန်းပေါင်းများစွာ အသက်ရှင်နိုင်ပေလိမ့်မည်။

အမှန်တော့ ၎င်းက ပြင်ပကမ္ဘာ၏ အမြင်သာဖြစ်သည်။ လင်းယွမ်က နှစ်နှစ်ရာပြည့်ပြီးလျှင် မူလကမ္ဘာသို့ ပြန်ရမည်ဖြစ်သည်။ သို့သော် ၎င်းကို လင်းယွမ်တစ်ယောက်သာ သိပြီး ဤကမ္ဘာမှ ဘယ်သူမှ သိနိုင်မည်မဟုတ်ပေ။

လင်းယွမ်ပျောက်ကွယ်သွားလျှင်တောင် သူက ပုန်းကွယ်ပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ အခြေအနေကို စောင့်ကြည့်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။

လင်းယွမ်က ဤကမ္ဘာကြီးမှ ထွက်ခွာပြီးနောက် အချိန်မရွေးပြန်လာနိုင်လေသည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆုံမှတ်များနှင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အသုံးပြုနေသရွေ့ ဤကမ္ဘာသို့ ပြန်လာနိုင်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters