အောက်ဘုံတွင်အဆင့်တက်ခြင်း....
Vol. 15 Ch. 230
လင်းယွမ်က သတ္တမအလွှာကဏ္ဍ၏ ဦးတည်ချက် ၁၂မျိုးကို ကျေနပ်ခြင်းမရှိသော်လည်း အဆင့်တက်ရန် ရွေးချယ်ခဲ့သည်။ အကြောင်းမှာ သူ၏ မူလခန္ဓာကိုယ်ကို ထိခိုက်ခြင်းမရှိသောကြောင့် ဖြစ်သည်။
သို့သော် သာမန်သတ္တမအလွှာဖြစ်လျှင်တောင် သတ္တမအလွှာဖြစ်နေဆဲ ဖြစ်ပြီး သူ၏ အသိအမြင်နှင့် အတွေးအခေါ်များက ဆဋ္ဌမအလွှာထက် သာလွန်လေသည်။
လင်းယွမ်က သတ္တမအလွှာသို့ ရောက်လျှင် သူက အထက်မှ ကြည့်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ တိုက်တက်မှုကို ပြန်လည်ဆင်ခြင်နိုင်လေသည်။
မူလကမ္ဘာတွင် အဋ္ဌမအလွှာ သို့မဟုတ် နဝမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖန်တီးထားသည့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက အလားအလာ ရှိသော စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖန်တီးရန် မခက်ခဲပေ။
အချိန်များ ပြောင်းလဲလာပြီး နောက်ထပ် နှစ်တစ်ရာကုန်သွားပြန်သည်။
လင်းယွမ်က တာအိုအင်မော်တယ်ဂိုဏ်း၏ စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေး ကန်ချင်းအင်မော်တယ်နှင့် သဘောတူညီချက် ရထားခဲ့ပြီးဖြစ်သည်။ ပိုင်ယုခန်းမကလည်း များစွာတိုးတက်လာပြီး တာအိုအင်မော်တယ်ဂိုဏ်းနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့သည်။
တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုက ကျွင်းတုန်ကျင်း၊ မုလျန်အာတို့နှင့် ကိစ္စများဆွေးနွေးရန် ပိုင်ယုကျွန်းသို့ ကိုယ်တိုင်ရောက်လာခဲ့သည်။
မုရှင်းလျိုက တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်ထပ်ဂိုဏ်းချုပ်အဖြစ် ကျွင်းတုန်ကျင်းကို ဖိတ်ခေါ်လိုကြောင်း ပြောခဲ့သည်။
ကျွင်းတုန်ကျင်းက ၎င်းကို စိတ်မဝင်စားပေ။ မန်ရာတောင်တန်းတွင် ရာစုနှစ်ကြာအောင် နေထိုင်ပြီးနောက် သူက ရာထူးအာဏာများကို မက်မောခြင်းမရှိတော့ပေ။ ထို့အပြင် သူက ပိုင်ယုကျွန်း၏ ပတ်ဝန်းကျင်ကိုလည်း နှစ်သက်သောကြောင့် မုရှင်းလျို၏ ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့သည်။
နောက်ဆုံးဆွေးနွေးပြီးနောက် ကျွင်းရှောင်ယောင်ကို တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်ထပ်ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ခဲ့ကြသည်။
ကျွင်းရှောင်ယောင်က ကျွင်းဝူကျိ၏ အကိုကြီးဖြစ်ပြီး ကန်ချင်းအင်မော်တယ်၏ စကားများနှင့်လည်း ကိုက်ညီလေသည်။
အနောက်ဘက်နယ်မြေ အစွန်ဆုံးရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် လူတစ်ယောက် လဲလျောင်းနေသည်။
" သတ္တမအလွှာ..."
" ကမ္ဘာဖိနှိပ်မှု ရှိမယ်လို့ မမျှော်လင့်ခဲ့မိဘူး။ "
လင်းယွမ်က စိတ်ထဲမှ ကူကယ်ရာမဲ့သွား၏။ လွန်ခဲ့သော ဆယ်စုနှစ်အချို့တွင် သူက သတ္တမအလွှာနှင့် အလွန်နီးကပ်ခဲ့သော်လည်း သူအဆင့်ချိုးဖျက်ရန် ကြိုးစားသည့်အချိန်တိုင်း သဘာဝဖိနှိပ်မှုကို ခံစားခဲ့ရသည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကျော်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကန့်သတ်ချက်ထက် ကျော်လွန်တဲ့ တည်ရှိမှုတွေ အများကြီးရှိပြီး တာအိုပေါင်းစည်းခြင်းအဆင့် တစ်ယောက်မှမရှိတာ အံ့ဩစရာမရှိဘူးပဲ။ "
" တက်လှမ်းခြင်းစင်မြင့်ပေါ်လာမှသာ သူတို့က စိတ်ဝိညာဉ်ဘုံကို တက်လှမ်းပြီး တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်ခဲ့ကြတာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
" ဘယ်လိုလုပ်ရမလဲ။ ငါ တက်လှမ်းခြင်းစင်မြင့်ကနေ စိတ်ဝိညာဉ်ဘုံကို မဝင်ချင်ဘူး။ " လင်းယွမ်က အတွေးနက်နေသည်။
တက်လှမ်းခြင်းစင်မြင့်၏ တစ်ဘက်တွင် မည်သည့်အရာရှိနေသည်ကို မသိဘဲ လင်းယွမ်က အသက်ရင်း၍ မစွန့်စားလိုပေ။
ထို့အပြင် သူက စိတ်ဝိညာဉ်ဘုံသို့ သွားချင်လျှင်တောင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုပြီး စိတ်အသိဆင်းသက်ခြင်းဖြင့် စိတ်ဝိညာဉ်ဘုံသို့ ဝင်ရောက်နိုင်လေသည်။
" သတ္တမအလွှာကို ချိုးဖျက်ရင် ကမ္ဘာဖိနှိပ်မှုကို ကျော်လွှားလို့မရတာတော့ မဟုတ်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အချို့အတွင်း သူက ကမ္ဘာဖိနှိပ်မှုကို ရှောင်လွှဲရန် နည်းလမ်းတစ်ခုကို ရှာဖွေနေခဲ့ပြီး ယခု သဲလွန်စအချို့ ရှိနေပြီဖြစ်သည်။
" ဖြည်းဖြည်းပေါ့။ နှစ်တစ်ရာကျော်ကျန်ပါသေးတယ်။ "
လင်းယွမ်က အလျင်မလိုပေ။ သူ၏ နေထိုင်ချိန်မပြည့်မီ သတ္တမအလွှာသို့ ချိုးဖျက်နိုင်လျှင် လုံလောက်ပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ်ပေါင်းတစ်ရာကြာသွားခဲ့သည်။
အရှေ့ပင်လယ်၏ အစွန်တွင် ထိုနေရာက အဆုံးမဲ့သမုဒ္ဒရာအတွင်း ရှိနေဆဲ ဖြစ်သည်။ ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအားများ နည်းပါးသောကြောင့် ဘယ်သူမှ လာနိုင်ခြင်းမရှိပေ။ ထို့အပြင် ပင်လယ်ပြင်တွင် မုန်တိုင်းများ၊ သားရဲကြီးများနှင့် အခြားခြိမ်းခြောက်မှုများလည်း ရှိနေသည်။
သို့သော် ထိုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လှေငယ်တစ်စင်း လွင့်မျောနေသည်။
ဝုန်း....
နားမလည်နိုင်သော စွမ်းအားတစ်ခုက လှေအတွင်းမှ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
တာအိုအင်မော်တယ်ဂိုဏ်း။
ဂိုဏ်းချုပ်မုရှင်းလျိုက အထက်တွင် မတ်တပ်ရပ်နေသည်။
" လက်ရှိတာအိုအင်မော်တယ်ဂိုဏ်းက..."
မုရှင်းလျိုက အောက်ရှိ မရေတွက်နိုင်သော တပည့်များကို ကြည့်လိုက်သည်။
သိုင်းတာအိုကျင့်ကြံသူများကို လက်ခံလိုက်သောကြောင့် ဂိုဏ်း၏ တပည့်များကလည်း စိတ်သက်သာသွားခဲ့ကြသည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ အဖွဲ့အစည်းများက အလွန်ကြောက်စရာကောင်းပြီး လင်းယွမ်၏ လက်ရှိခွန်အားကို ဘယ်သူမှမသိကြပေ။
လွန်ခဲ့သော နှစ်သုံးရာကပင် လင်းယွမ်က သူ၏ ကိုယ်ပွားနှစ်ယောက်နှင့် အင်မော်တယ်တောင်တန်းကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့လေသည်။
ထိုကြောက်စရာမြင်ကွင်းများက ဂိုဏ်း၏ တပည့်များကို အချိန်အတော်ကြာအောင် ခြောက်လှန့်နေခဲ့သည်။
ယခု အင်မော်တယ်လမ်းစဉ်နှင့် သိုင်းတာအိုတို့က ရောယှက်နေကြပြီး ကျွင်းဝူကျိ၏ အကိုကြီးဖြစ်သာကလည်း အနာဂတ်ဂိုဏ်းချုပ်ဖြစ်လေသည်။
" ဒါပေမယ့်.... ဝူကျိက ဘာလို့မလာသေးတာလဲ။ တက်လှမ်းခြင်းစင်မြင့်က အမြဲတမ်းအဆင့်ပဲကို..." မုရှင်းလျိုက စိတ်ရှုပ်သွား၏။
ပြောရလျှင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ကတည်းက လင်းယွမ်၏ ခွန်အားမှာ ကမ္ဘာကန့်သတ်ချက်ကို ရောက်နေပြီဖြစ်သည်။ စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများ၏ ပြောကြားချက်အရ အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ ကမ္ဘာဖိနှိပ်မှုအောက်တွင် လူတစ်ယောက်က တာအိုပေါင်းစည်းခြင်းအဆင့်သို့ နီးကပ်ရုံသာ ရှိနိုင်လေသည်။
တာအိုပေါင်းစည်းခြင်းအဆင့်သို့ ချိုးဖျက်နိုင်ရန် အခြေခံအားဖြင့် အခွင့်အရေးမရှိပေ။ ၎င်းက ပါရမီနှင့် မဆိုင်ဘဲ ကောင်းကင်နှင့်မြေကြီး၏ ကန့်သတ်ချက်သာ ဖြစ်သည်။
မုရှင်းလျို စိတ်ရှုပ်နေစဉ် အရှေ့ပင်လယ်၏ အစွန်မှ နက်ရှိုင်းသော ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာသည်။
" ဟမ် အဲ့ဒါဘာလဲ။ " မုရှင်းလျို၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
ထိုအော်ရာကို ခံစားမိချိန်တွင် မုရှင်းလျိုက စိတ်ဝိညာဉ်မှ တုန်လှုပ်သွားသည်။ ထိုအော်ရာ၏ အရင်းအမြစ်က စကြာဝဠာကြီးနှင့် ယှဉ်ရပ်နိုင်သော တည်ရှိမှုတစ်ခုနှင့် တူလေသည်။
" အဲ့ဒါ ဝူကျိလား။ " မုရှင်းလျိုက သူ၏ စိတ်ကို တည်ငြိမ်စေပြီး ချက်ချင်း လျိုဝှက်နယ်မြေထဲရှိ တက်လှမ်းခြင်းစင်မြင့်ဆီသို့ ပြေးသွားသည်။
မုရှင်းလျိုက တုန့်ဆိုင်းခြင်းမရှိဘဲ တက်လှမ်းခြင်းစင်မြင့်ကို အသက်သွင်းပြီး စိတ်ဝိညာဉ်ဘုံမှ ဘိုးဘေးများနှင့် ဆက်သွယ်လိုက်သည်။
" ဘာဖြစ်တာလဲ။ ဒီလူအိုကြီးက ဒီကို လာဖို့ အရင်းအနှီးများတယ်။ " ယခင် ကန်ချင်းအင်မော်တယ်မဟုတ်သော လူတစ်ယောက်က အနည်းငယ် ဒေါသထွက်နေသော အသံနှင့် ပြောလိုက်သည်။
စိတ်ဝိညာဉ်ဘုံမှ ကန်ချင်းအင်မော်တယ်က တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်နှင့် အသန်မာဆုံး ဖြစ်သကဲ့သို့ သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့လေသည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ သေရေးရှင်ရေးအခြေအနေမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။
လင်းယွမ်နှင့် ဆွေးနွေးပြီးနောက် တာအိုအင်မော်တယ်ဂိုဏ်းက စိတ်ပူစရာမလိုသောကြောင့် ကန်ချင်းအင်မော်တယ်က တံခါးပိတ်ကျင့်ကြံနေလောက်ပြီဖြစ်သည်။
ကန်ချင်းအင်မော်တယ်၏ ညွန်ကြားမှုအရ ဝူကျိ စိတ်ဝိညာဉ်ဘုံကို တက်လှမ်းသောအချိန်မှ သူကို ဆက်သွယ်ရမည်ဖြစ်သည်။
" ကျန်းယန်ဘိုးဘေးပဲ။ " မုရှင်းလျို၏ စိတ်က တုန်ယင်သွား၏။
တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများထဲတွင် ကျန်းယန်အင်မော်တယ်က ဒေါသကြီးပြီး ဂိုဏ်းချုပ်များပင် သူနှင့် မပက်လိုကြပေ။
အမှားလေးတစ်ခုက ကျန်းယန်အင်မော်တယ်၏ အပစ်ပေးခြင်းခံရနိုင်လေသည်။ အပြင်ပေးခြင်းက အခြေခံကို မထိခိုက်နိုင်သောလည်း သူတို့အားလုံးက အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ၎င်းက ခါးသီးသော အတွေ့အကြုံဟု ပြောရပေလိမ့်မည်။
" ဘိုးဘေး အဲ့ဒါ ဝူကျိနဲ့ ပက်သက်နေပါတယ်။ " မုရှင်းလျိုက ချက်ချင်း ပြောလိုက်သည်။
" ဝူကျိလား။ " ကျန်းယန်အင်မော်တယ်က မျက်မှောင်ကြုတ်သွား၏။ " အဲ့ဒီဂျူနီယာက ကန်ချင်းသဘောကျတဲ့သူမဟုတ်လား။ "
ကျန်းယန်က ကန်ချင်းလောက် မသန်မာသော်လည်း နီးကပ်နေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ရာကျော်က ကန်ချင်းမှာ အားလုံးနှင့် ဝူကျိအကြောင်းကို တိုင်ပင်ခဲ့ပြီး တာအိုအပေါ်တွင် တိုင်တည်ခဲ့သည်အထိ ဖြစ်ခဲ့လေသည်။
အောက်ဘုံမှ ဂျူနီယာတစ်ယောက်က အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် အလားအလာရှိသည်ကို သူမယုံပေ။ ၎င်းက အင်မော်တယ်ဘုရင်ဖြစ်လေသည်။ သူက ကန်ချင်းအင်မော်တယ်မှာ တစ်သုံတစ်ခုကို လွဲချော်သွားခဲ့သည်ဟု သူထင်နေသည်။ ထိုကျွင်းဝူကျိက သူစိတ်ကူးယဉ်ထားသော ပါရမီရှင်တစ်ယောက်မဟုတ်ပဲ တာအိုပေါင်းစည်းခြင်းအဆင့်သို့ အလွယ်တကူဝင်ရောက်နိုင်သူတစ်ယောက်သာ ဖြစ်လေသည်။
အင်မော်တယ်ဘုရင်မပြောနှင့် စိတ်ဝိညာဉ်ဘုံတွင် တာအိုပေါင်းစည်းခြင်းအဆင့် အမော်တယ်အဆင့်သို့ တက်လှမ်းရန်ပင် မလွယ်ကူပေ။
ကျန်းယန်ဘိုးဘေးက သံသယဝင်မိလေသည်။
" ဟမ် " ကျန်းယန်ဘိုးဘေးက ဝူကျိအကြောင်းကို မေးရန်ပြင်လိုက်သော်လည်း အရှေ့ပင်လယ်မှ ရှေးဟောင်းအော်ရာတစ်ခုကိုသူလည်း ခံစားလိုက်ရသည်။
" ဒါ စကြာဝဠာနဲ့ပေါင်းစပ်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်လား။ " ကျန်းယန်ဘိုးဘေးက မျက်လုံးများပြူးသွားသည်။
တာအိုပေါင်းစည်းခြင်းအဆင့် အင်မော်တယ်များက စိတ်ဝိညာဉ်ဘုံတွင်ပင် စွမ်းအားကောင်းသော တည်ရှိမှုများဟု ဆိုနိုင်လေသည်။
ကျန်းယန်ဘိုးဘေးက တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနေသည့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များစွာ၏ အော်ရာများကို ခံစားဖူးပြီး ထိုအော်ရာနှင့် အလွန်ရင်းနှီးလေသည်။
အကယ်၍ ၎င်းက စိတ်ဝိညာဉ်ဘုံတွင်ရှိလျှင် ကျန်းယန်ဘိုးဘေးက ထူးခြားမှုကို ခံစားရမည်မဟုတ်ပေ။ စိတ်ဝိညာဉ်ဘုံက ကျယ်ပြောလှပြီး ကမ္ဘာကန့်သတ်ချက်က မြင့်မားသောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ထွက်ပေါ်လာခြင်းက ပုံမှန်သာဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း