မိသားစုကို နှုတ်ဆက်ခြင်း....
Vol. 15 Ch. 231
သို့သော် ယခုက ဘယ်နေရာလဲ။ အောက်ဘုံတစ်ခုသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်ထောင်းပေါင်းများစွာက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားသူများက ဤကမ္ဘာတွင် တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းရန် မဖြစ်နိုင်ဟု သတ်မှတ်ခဲ့ကြသည်။
" အဲ့ဒါ ကျွင်းဝူကျိလား..." ကျန်းယန်ဘိုးဘေးက မုရှင်းလျိုကို ကြည့်ပြီး မေးလိုက်သည်။
" သူပဲ ဖြစ်လောက်တယ်။ " မုရှင်းလျိုက ခေါင်းငြိမ့်လိုက်သည်။
ထိုရှေးဟောင်းအော်ရာထဲတွင် ကျွင်းဝူကျိ၏ အရိပ်အယောင်များ ပါဝင်နေသည်။ ထို့အပြင် ဤနယ်မြေတွင် ကျွင်းဝူကျိမှလွဲ၍ ဘယ်သူက ထိုကဲ့သို့ အော်ရာမျိုးကို ထုတ်လွှတ်နိုင်မှာလဲ။
" ကြောက်စရာကောင်းတယ်။ " ကျန်းယန်ဘိုးဘေးက တံတွေးများ မျိုချလိုက်သည်။
၎င်းက တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်နေတာလား။
သူက စိတ်ဝိညာဉ်ဘုံသို့ တက်လှမ်းပြီး တာအိုပေါင်းစည်းခြင်းအဆင့်သို့ ချိုးဖျက်ရာတွင် ပြင်းထန်စွာ ကြိုးစားခဲ့ရသော်လည်း နောက်ပိုင်းမျိုးဆက်တစ်ယောက်က ထိုကဲ့သို့ သက်သောင့်သက်သာဖြင့် အောင်မြင်ခဲ့တာလား။
ထို့အပြင် တာအိုပေါင်းစည်းခြင်းအဆင့်ကို မတက်လှမ်းနိုင်သော အောက်ဘုံတွင် ဖြစ်နေသေးသည်။
" ဒီလိုပါရမီ.... အဲ့ဒီလူအိုကြီးကန်ချင်းက သူ့ကို လျော့တွက်ခဲ့တာလား။ "
ကျန်းယန်ဘိုးဘေး၏ အတွေးများက ရှုပ်ထွေးနေသည်။ စိတ်ဝိညာဉ်ဘုံအောက်တွင် အင်မော်တယ်တာအိုကမ္ဘာကဲ့သို့ အောက်ဘုံတစ်သန်းနီးပါး ရှိလေသည်။ သို့သော် ရှေးခေတ်အချိန်ကတည်းက တာအိုပေါင်းစည်းခြင်းအဆင့် ထွက်ပေါ်လာသော အောက်ဘုံဟူ၍ မရှိပေ။
" ဘိုးဘေး အခုကျွန်တော်တို့ ဘာလုပ်သင့်လဲ။ " မုရှင်းလျိုက အသံတိုးတိုးနှင့် မေးလိုက်သည်။
" ငါတို့ဘာလုပ်မလဲ။ " ကျန်းယန်ဘိုးဘေးက မုရှင်းလျိုကို ကြည့်လိုက်သည်။ " ငါတို့ဘာလုပ်နိုင်မှာလဲ။ "
လင်းယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်သို့ မရောက်မီ ကျန်းယန်ဘိုးဘေးက တန်းတူစကားပြောရန် ယုံကြည်မှုရှိလေသည်။ သို့သော် တစ်ဖက်လူ၏ ခွန်အားက စိတ်ဝိညာဉ်ဘုံမှ သူ၏ မူလခန္ဓာကိုယ်နီးပါး ရှိနေပြီဖြစ်သည်။
" ဒါပေမယ့် တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်ရင် ဟင်းလင်းပြင်စီးကြောင်းတွေထဲမှာ ရှင်သန်နိုင်ဖို့လိုအပ်တယ်။ ပြီးတော့ ဒီအောက်ဘုံကနေ ထွက်သွားနိုင်ရမယ်။ တာအိုပေါင်းစည်းခြင်းအဆင့် ခွန်အားနဲ့ပဲ ဟင်းလင်းပြင်စီးကြောင်းတွေနောက်လိုက်ပြီး စိတ်ဝိညာဉ်ဘုံကို ဝင်ရောက်နိုင်လိမ့်မယ်။ " ကျန်းယန်ဘိုးဘေးက တိတ်ဆိတ်စွာ တွေးလိုက်သည််။
ရှေးဟောင်းသူတော်စင်များက ဟင်းလင်းပြင်စီးကြောင်းများထဲတွင် ရှင်သန်နိုင်စွမ်းမရှိသောကြောင့် သူတို့က စိတ်ဝိညာဉ်ဘုံသို့ ဝင်ရောက်ချင်လျှင် တက်လှမ်းခြင်းစင်မြင့်မှတစ်ဆင့် တည်ငြိမ်သော လေဟာနယ်လမ်းကြောင်းအတိုင်း ဝင်ရောက်နိုင်လေသည်။
သို့သော် တာအိုပေါင်းစည်းခြင်းအဆင့်များကတော့ မလိုအပ်ပေ။ အစစ်အမှန်အင်မော်တယ်၏ ခွန်အားဖြင့် စိတ်ဝိညာဉ်ဘုံသို့ တိုက်ရိုက်တက်လှမ်းနိုင်လေသည်။ စိတ်ဝိညာဉ်ဘုံက တာအိုအင်မော်တယ်ကမ္ဘာ၏ အထက်တွင် တည်ရှိပြီး တာအိုပေါင်းစည်းခြင်းအဆင့်များက စိတ်ဝိညာဉ်ဘုံ၏ အော်ရာကို အလွယ်တကူ ခံစားနိုင်လေသည်။
အရှေ့ပင်လယ်အစွန်ရှိ ပင်လယ်မျက်နှာပြင်ပေါ်တွင် လင်းယွမ်က ပြုံးနေသည်။ ထိုအချိန်တွင် သူ၏ အော်ရာက တည်ငြိမ်သွားသော်လည်း လေဟာနယ်ကို အလွယ်တကူ ဆုတ်ဖြဲနိုင်လေသည်။
" ကောင်းကင်နဲ့မြေကြီးရဲ့ ဖိနှိပ်မှုက ဒီလိုကိုး...." လင်းယွမ်က ကျေနပ်သွား၏။
ဤကမ္ဘာက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ချိုးဖျက်ခြင်းကို ဖိနှိပ်ထားသည်။ အသန်မာဆုံးလူများပင် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် အလွန် နီးကပ်ရုံသာ ရှိလေသည်။ သို့သော် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်သို့ ချိုးဖျက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။
၎င်းက သူ၏ မူလခန္ဓာကိုယ်မှ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို ခွဲထုတ်လိုက်ခြင်းဖြစ်သည်။ မူလခန္ဓာကိုယ်၊ ယင်စိတ်ဝိညာဉ်၊ ယန်စိတ်ဝိညာဉ်တို့က တာအိုပေါင်းစည်းခြင်းအဆင့်နှင့် အနီးကပ်ဆုံးဖြစ်အောင် ကျင့်ကြံခဲ့ကြသည်။
ထို့နောက် သူတို့သုံးယောက်ကို ပြန်လည်ပေါင်းစည်းခြင်းဖြင့် သူတို့၏ စွမ်းအားများလည်း ပေါင်းစည်းသွားကြသည်။ အရေအတွက်ပြောင်းလဲမှုက အရည်အသွေးပြောင်းလဲမှုကို ဖြစ်စေပြီး နောက်ဆုံးတွင် သတ္တမအလွှာသို့ အတင်းအကျပ် ထိုးဖောက်သွားခဲ့သည်။
" ဒီလိုအံ့ဩစရာကောင်းတဲ့ ခံစားချက်..." လင်းယွမ်က မျက်လုံးများ မှိတ်လိုက်ပြီး သူ၏ စိတ်ထဲသို့ နစ်မြှုပ်သွားသည်။
သတ္တမအလွှာသို့ ချိုးဖျက်ပြီးနောက် လင်းယွမ်၏ အမြင်က အရာအားလုံးအပေါ် ဆဋ္ဌမအလွှာထက် သာလွန်သွားခဲ့သည်။ ကောင်းကင်ကိုဆန့်ကျင်သောနားလည်နိုင်စွမ်းကလည်း လင်းယွမ်၏ ရပ်တည်မှုအပေါ် မူတည်လေသည်။
လင်းယွမ်က သာမန်လူတစ်ယောက်ဖြစ်လျှင် သူဖန်တီးနိုင်သော သိုင်းတာအိုက ပထမနှင့် ဒုတိယအလွှာလောက်သာ ရှိပေလိမ့်မည်။ ယခု သူက စိတ်ဝိညာဉ်ဘုံမှ အင်မော်တယ်များနှင့် တူညီသော အဆင့်တွင် ရှိပြီး ကမ္ဘာပေါ်ရှိ အရာအားလုံး၏ အနှစ်သာရက သူ၏ ရှေ့တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ " ဒီတစ်ခါ ငါက အင်မော်တယ်လမ်းစဉ်အတိုင်း သတ္တမအလွှာကို ချိုးဖျက်ခဲ့တယ်။ "
တာအိုအင်မော်တယ်ကျမ်းက သူ့အား ကြီးမားသော အကူအညီ ဖြစ်စေပြီး သတ္တမအလွှာသို့ ချမ်းဖျက်ရန် ဦးတည်ချက်လေးမျိုးကို ထုတ်ပေးနိုင်ခဲ့သည်။
" တကယ်ပဲ.... ဒါက ငါလိုချင်တဲ့ သတ္တမအလွှာမဟုတ်ဘူး။ "
သတ္တမအလွှာသို့ ချိုးဖျက်ပြီး များပြားသောအချက်အလက်များကို အာရုံခံပြီးနေုက် လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
အခြားလမ်းစဉ် ဖန်တီးသူများဆိုလျှင် အံကြိတ်ပြီး မကျေနပ်လျှင်တောင် ဆက်လက်ကျင့်ကြံရတော့မည်ဖြစ်သည်။ ထိုအဆင့်သို့ ဝင်လိုက်သည်နှင့် သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က ထိုလမ်းကြောင်းပေါ်သို့ ရောက်သွားပြီး နောက်ပြန်လှည့်၍ မရတော့ပေ။
သို့သော် လင်းယွမ်က မူလကမ္ဘာသို့ ပြန်သွားပြီး သူ၏ မူလခန္ဓာကိုယ်ကို ပြန်လည်ရရှိနိုင်လေသည်။ မှတ်ဉာဏ်နှင့် ဉာဏ်အလင်းများသာ ပါလာပေလိမ့်မည်။
သူဆင်းသက်သော ကမ္ဘာများတွင် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်များစွာ ကျင့်ကြံခြင်းက ဘာမှပြန်မရနိုင်ပေ။ သို့သော် ၎င်းမှာ လင်းယွမ်၏ သတ္တမအလွှာကို ရှာဖွေရန်အတွက် အကြီးမားဆုံး ယုံကြည်မှုဖြစ်လေသည်။
လမ်းစဉ်မှန်နေသရွေ့ ဦးတည်ချက်မှန်နေသရွေ့ စွမ်းအားက အရေးမကြီးပေ။ မူလကမ္ဘာတွင် စွမ်းအားကို မြှင့်တင်ပေးနိုင်သော ရတနာများ မရှားပေ။
" အခုတော့ သတ္တမအလွှာကို ဆက်မကျင့်ကြံသေးဘူး။ ဆဋ္ဌမအလွှာကနေ သတ္တမအလွှာကို ချိုးဖျက်တဲ့ လမ်းစဉ်တွေကို အပြည့်အဝ နားလည်ဖို့လိုတယ်။ " လင်းယွမ်က အာရုံခံခြင်းကို ရပ်တန့်လိုက်သည်။ ယခု သူ၏ ဦးတည်ချက်က သူလိုချင်သော အရာမဟုတ်သောကြောင့် ဆက်လက်ကျင့်ကြံလျှင် အဓိပ္ပါယ်မရှိပေ။
" ဒါပေမယ့်..." လင်းယွမ်က တစ်စုံတစ်ခုကို စဉ်းစားမိပြီး သူ၏ညာလက်ကို လေထဲသို့ ဝှေ့ရမ်းလိုက်သည်။
ခရက်...
အက်ကြောင်းတစ်ခုက ဆုတ်ပြဲသွားသည်။ မီးခိုးရောင် ဟင်းလင်းပြင်စီးကြောင်းများက အတွင်းတွင် ရှိနေသည်။
" ဟင်းလင်းပြင်ချိုးဖျက်ခြင်းလား။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ဟင်းလင်းပြင်စီးကြောင်းတွေထဲမှာ ရှင်သန်နိုင်တယ်။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် သူ၏ လက်ကို လေဟာနယ်အက်ကြောင်းထဲသို့ ဆန့်ထုတ်လိုက်သည်။
" စိတ်ဝိညာဉ်ဘုံရဲ့ အော်ရာ..." လင်းယွမ်က လေဟာနယ်အက်ကြောင်းထဲမှ အော်ရာတစ်ခုကို အာရုံခံမိလိုက်သည်။
လင်းယွမ်က တက်လှမ်းခြင်းစင်မြင့်မှ စိတ်ဝိညာဉ်ဘုံ၏ အော်ရာကို ခံစားဖူးသောကြောင့် ယခုအော်ရာနှင့် အတူတူပင် ဖြစ်သည်ကို သိလေသည်။
" နေထိုင်ချိန်က နှစ်လေးဆယ်ရှိသေးတယ်။ " လင်းယွမ်က ရှေ့သို့ ကြည့်လိုက်သည်။
နှစ်နှစ်ရာကြာသွားပြီးနောက် ပိုင်ယုခန်းမက ကျင့်ကြံခြင်းပတ်ဝန်းကျင် ပိုမိုကောင်းမွန်သော အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ပြောင်းရွေ့ခဲ့သည်။
ယခု ပိုင်ယုကျွန်းတွင် ကျန်ရှိနေသော တပည့်အရေအတွက်က သိပ်မများပေ။ ပိုင်ယုကျွန်းပေါ်တွင် လင်းယွမ်က ပေါ်လာသည်။
" ဝူကျိ သား ပြန်လာပြီလား။ " မုလျန်အာက ကျွင်းတုန်ကျင်းနဲ့ စကားပြောနေရင်း ကျွင်းဝူကျိကို မြင်လိုက်ရသောကြောင့် ချက်ချင်း ထရပ်လိုက်သည်။
" ဝူကျိ " ကျွင်းတုန်ကျင်းကလည်း ထရပ်လိုက်ပြီး ကျွင်းဝူကျိကို ကျေနပ်စွာ ကြည့်နေသည်။
သူ၏ သားက စိတ်ဝိညာဉ်ဘုံမှ တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများနှင့်ပင် ညှိနှိုင်းနိုင်သည့်အထိ စွမ်းအားကြီးလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
" ကျွန်တော် ပြန်လာကြည့်တာ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ယခုက သူ ပိုင်ယုကျွန်းသို့ နောက်ဆုံးအကြိမ် လာခြင်းဖြစ်သည်။
သူက နှစ်လေးဆယ်သာ နေရတော့မည်ဖြစ်သောကြောင့် ပထမ ဆယ်နှစ်ကို ကမ္ဘာအနှံ့ သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဘုံများအလွန်မှ ဟင်းလင်းပြင်ထဲသို့ လေ့လာရန် စီစဉ်ထားသည်။
နတ်လက်နက်ကမ္ဘာတွင် လင်းယွမ်က လေဟာနယ်အက်ကြောင်းကို ရှာတွေ့ခဲ့သော်လည်း သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် များစွာ နားမလည်နိုင်ခဲ့ပေ။
သို့သော် ယခု သူက သတ္တမအလွှာတွင် ရှိနေပြီး လေဟာနယ်အက်ကြောင်းအတွင်းမှ ဟင်းလင်းပြင်အပေါ် သူ၏ အမြင်က ပို၍ ရှင်းလင်းလာပြီဖြစ်သည်။
ထို့နောက် လင်းယွမ်က သူ၏ မိဘများနှင့် စကား ခနပြောလိုက်သည်။
" ဝူကျိ..." မုလျန်အာက ကျွင်းဝူကျိနှင့် တွေ့ဆုံချိန်မှာ အနည်းငယ်သာ ရှိသောကြောင့် ဝမ်းနည်းနေသည်။
" ဒါက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ အရင်းအမြစ်နှစ်ခုစာပါ။ " လင်းယွမ်၏ ရှေ့တွင် သိုလှောင်လက်စွပ်နှစ်ကွင်း ပေါ်လာသည်။
ဤနှစ်များတွင် လင်းယွမ်က လျှောက်သွားနေသောကြောင့် ရတနာအချို့ကို စုဆောင်းထားခဲ့သည်။ ထိုရတနာများနှင့် အရင်းအမြစ်များက လင်းယွမ်အတွက် အသုံးမဝင်သော်လည်း သူ၏ မိဘများအတွက် များစွာ အထောက်အကူဖြစ်လေသည်။
" ဒီအရင်းအမြစ်တွေနဲ့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ဖို့က ပြဿနာမရှိဘူး။ "
" ပြီးရင် အဖေနဲ့အမေက တာအိုအင်မော်တယ်ဂိုဏ်းရဲ့ တက်လှမ်းခြင်းစင်မြင့်ကို အသုံးပြုပြီး စိတ်ဝိညာဉ်ဘုံကို ဝင်ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
သူ၏ အကိုကြီး ကျွင်းရှောင်ယောင်က တာအိုအင်မော်တယ်ဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ်ဖြစ်သောကြောင့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ရန် ပြဿနာမရှိပေ။
လင်းယွမ်က သူ၏ အမ ကျွင်းကျိလန်အတွက်လည်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ တက်ရောက်နိုင်ရန် အရင်းအမြစ်များ ထားခဲ့လေသည်။
၎င်းမှာ နောက်ဆုံးအကြိမ် လင်းယွမ်လုပ်ပေးနိုင်သောအရာဖြစ်လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း