← Chapters

ပြန်ရောက်လာခြင်း....

Vol. 15 Ch. 232

ပြန်ရောက်လာခြင်း....

Vol. 15 Ch. 232

" ဝူကျိ..." ကျွင်းတုန်ကျင်းက တစ်စုံတစ်ခုပြောရန်ပြင်လိုက်သော်လည်း တုန့်ဆိုင်းသွား၏။

သူ၏ သားအငယ်ဆုံးက သူ၏ နောက်ဆုံးကိစ္စများကို ပြင်ဆင်နေသကဲ့သို့ ခံစားရလေသည်။ သို့သော် ဝူကျိ၏ ခွန်အားနှင့် သူ့ကို ထိုသို့ပြင်ဆင်အောင် ဘယ်သူက လုပ်နိုင်မှာလဲ။

" ဝူကျိ မင်း စိတ်ဝိညာဉ်ဘုံကို တက်လှမ်းတော့မှာလား။ " ကျွင်းတုန်ကျင်းက မေးလိုက်သည်။

" အဲ့လိုပါပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

သို့သော် သူ၏ တက်လှမ်းခြင်းက စိတ်ဝိညာဉ်ဘုံသို့ မဟုတ်ဘဲ မူလကမ္ဘာသို့သာ ဖြစ်သည်။

အချိန်များကုန်လွန်သွားပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု ကြာသွားခဲ့သည်။

မြောက်ပိုင်းနယ်မြေအစွန်တွင် လင်းယွမ်က ထိုင်နေသည်။

" ငါနောက်ထပ် လျှောက်သွားပြီသွားပြီ။ ကြည့်စရာဘာမှမကျန်တော့ဘူး။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး သူ၏ ရှေ့မှ လေထဲသို့ ဝှေ့ရမ်းလိုက်သည်။

မီတာများစွာ ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ လင်းယွမ်က လေဟာနယ်အက်ကြောင်းကို စိုက်ကြည့်နေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲဟင်းလင်းပြင်ကို လေ့လာပြီး လေဟာနယ်အပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲဟင်းလင်းပြင်ကို လေ့လာပြီး လေဟာနယ်အပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

အင်မော်တယ်တာအိုကမ္ဘာ၏ အပြင်ဘက်တွင် လင်းယွမ်က ပေါ်လာသည်။ ကြောက်စရာကောင်းသော ဟင်းလင်းပြင်စီးကြောင်းများက လင်းယွမ်နှင့် မီတာအနည်းငယ်အဝေးတွင် ပျောက်ကွယ်သွားကြသည်။

" ဒါဆို ဒါက လေဟာနယ်ပေါ့။ အရာအားလုံးကို ဖျက်ဆီးနိုင်တာလား။ " လင်းယွမ်က တုန်လှုပ်မိသွား၏။

ကမ္ဘာထဲတွင် လေဟာနယ်က တည်ငြိမ်ပြီး သက်ရှိများကို အားဖြည့်ပေးလေသည်။ သို့သော် ကမ္ဘာအပြင်ဘက်တွင် လေဟာနယ်က ပြင်းထန်သော အဖျက်စွမ်းအားများနှင့် ပြည့်နှက်နေသည်။ လေဟာနယ်စွမ်းအားအပေါ် လင်းယွမ်၏ နားလည်မှုက ပို၍ နက်ရှိုင်းလာခဲ့သည်။

ထိုသို့ဖြင့် လင်းယွမ်က ကမ္ဘာအပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင် တစ်ယောက်တည်း နှစ်သုံးဆယ်ကြာသည်အထိ လွင့်မျောနေခဲ့သည်။

ဟမ်....

လင်းယွမ်၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက တောက်ပလာသည်။

ချီခွန်ပင်မကြယ်။

ရှစ်စန်းတောင်ထိပ်ရှိ နန်းတော်ထဲတွင် လင်းယွမ်က မျက်လုံးများ ဖွင့်လာသည်။

" နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ " ရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်ပြီး လင်းယွမ်က သက်ပြင်းချလိုက်သည်။

အင်မော်တယ်တာအိုကမ္ဘာတွင် နှစ်ငါးရာ နေထိုင်ခြင်းက လင်းယွမ်အပေါ် သက်ရောက်မှုရှိလေသည်။ အထူးသဖြင့် သတ္တမအလွှာသို့ ချိုးဖျက်သော အချိန်တွင် လင်းယွမ်လိုချင်သော သတ္တမအလွှာ မဟုတ်လျှင်တောင် သူ ယခင်က မမြင်ဖူးသော အရာများကို မြင်ခဲ့ရလေသည်။ ပို၍ မြင်သောနေရာတွင် ရပ်လျှင် ပို၍ မြင်နိုင်မည်ဖြစ်သည်။

" ဒီအရန်အစီအစဉ်ကို ဘယ်တော့မှမလိုအပ်ဖို့ မျှော်လင့်ရမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က ပြန်မရောက်မီ အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ပြန်လာပြီး သူ၏ ခန္ဓာကိုယ်ကို လုံခြုံသော နေရာတစ်ခုတွင် ထားခဲ့လေသည်။ ထို့နောက် သူ၏ စိတ်အသိက ပြန်ရောက်လာခြင်းဖြစ်သည်။

၎င်း၏ ရည်ရွယ်ချက်မှာ အကယ်၍ သူက အင်မော်တယ်တာအိုကမ္ဘာသို့ ပြန်လာခဲ့လျှင် သူချန်ထားခဲ့သော ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး အမြင့်ဆုံးစွမ်းအားကို လျင်မြန်စွာ ရရှိပေလိမ့်မည်။

ဆဋ္ဌမအလွှာသို့ ချိုးဖျက်ပြီးနောက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးတွင် လုပ်ဆောင်ချက်များ ပေါ်လာခဲ့ပြီး သူဆင်းသက်ခဲ့သော ကမ္ဘာများကို ပြန်သွားနိုင်သည့် စွမ်းရည်အပါအဝင်ဖြစ်သည်။

သို့သော် လင်းယွမ်က ပြန်သွားလျှင်တောင် စိတ်အသိဆင်းသက်ခြင်းကိုသာ အသုံးပြုမည်ဖြစ်ပြီး ရုပ်ခန္ဓာဆင်းသက်ခြင်းက စွန့်စားခြင်းအပြင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ ပိုကုန်သောကြောင့် ဖြစ်သည်။

စိတ်အသိဆင်းသက်ခြင်းက အစမှပြန်လည်ကျင့်ကြံရုံသာဖြစ်ပြီး နယ်ပယ်မည်မျှမြင့်သည်ဖြစ်စေ အချိန်သာ လိုအပ်လေသည်။

သို့သော် ခန္ဓာကိုယ် ချန်ထားခဲ့ခြင်းက ပို၍ ရိုးရှင်းလေသည်။ စိတ်အသိနှင့် ခန္ဓာသိမ်းပိုက်ရုံသာဖြစ်ပြီး အင်မော်တယ်တာအိုကမ္ဘာတွင် အသန်မာဆုံးစွမ်းအားကို ပြန်လည်ရရှိမည်ဖြစ်သည်။

ထိုအရန်အစီအစဉ်ကို သူချန်ထားခဲ့သော်လည်ယ လင်းယွမ်က ၎င်းကို အသုံးမပြုချင်ပေ။ အင်မော်တယ်တာအိုကမ္ဘာတွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ် ပျောက်ကွယ်သွားမည့်အန္တရာယ်လည်း ရှိနေသည်။ထို့အပြင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်လည်း လိုအပ်သောကြောင့် မလိုအပ်ဘဲ လင်းယွမ်က ၎င်းကို အသုံးပြုမည်မဟုတ်ပေ။

" စိတ်ဝိညာဉ်ဘုံ..." လင်းယွမ်က အတိတ်ကို ပြန်တွေးလိုက်သည်။

လင်းယွမ်က ကမ္ဘာအပြင်ဘက်ရှိ လေဟာနယ်အတွင်း နှစ်သုံးဆယ် ကျင်လည်နေစဉ် အဝေးတွင် ရှိနေသော ကြီးမားသည့် စိတ်ဝိညာဉ်ဘုံကို မြင်နိုင်ခဲ့သည်။ စိတ်ဝိညာဉ်ဘုံက ဆန်းကျယ်သော အော်ရာများစွာ ထွက်ပေါ်နေပြီး အင်မော်တယ်တာအိုကမ္ဘာကဲ့သို့ အောက်ဘုံသန်းချီကို ထိန်းချုပ်ထားသည်။

"စိတ်မကောင်းစရာပဲ။ စိတ်ဝိညာဉ်ဘုံကို တက်ဖို့က အရမ်းအန္တရာယ်များသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။

စိတ်ဝိညာဉ်ဘုံက အဆင့်မြင့်ကမ္ဘာတစ်ခုဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။ ပင်မကမ္ဘာမှ အဋ္ဌမအလွှာများသာ စိတ်ဝိညာဉ်ဘုံမှ အင်မော်တယ်ဘုရင်နှင့် ထိုအဆင့်ထက် ကျော်လွန်သော တည်ရှိမှုများကို ယှဉ်နိုင်ကြလေသည်။

လင်းယွမ်က တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်ရောက်ပြီးမှ စိတ်ဝိညာဉ်ဘုံထဲသို့ ဝင်ရောက်လျှင် အများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် လင်းယွမ်က စိတ်အသိဆင်းသက်ခြင်းဖြစ်ပြီး သေမှာမကြောက်လျှင်တောင် လုံခြုံကိုတော့ အာမခံနိုင်မည်မဟုတ်ပေ။ လင်းယွမ်က သေချင်လျှင်တောင် ထိုစွမ်းအားကြီးတည်ရှိမှုများက သူ့ကို စိတ်ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ပြီး မူလကမ္ဘာနှင့် ပက်သက်သော အချက်အလက်များ သိရှိသွားလျှင် အန္တရာယ်များနိုင်လေသည်။ လင်းယွမ်က ထိုအကြောင်းရင်းကြောင့်ပင် တက်လှမ်းခြင်းစင်မြင့်မှ စိတ်ဝိညာဉ်ဘုံသို့ မဝင်ခဲ့ခြင်းဖြစ်သည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ ကန်ချင်းအင်မော်တယ်က တာအိုကိုတိုင်တည်ထားသော်လည်း လင်းယွမ်က စိတ်ဝိညာဉ်ဘုံသို့ တက်ပြီး အခြားတာအိုပေါင်းစည်းခြင်း ကျင့်ကြံသူများ၏ လက်ထဲသို့ ကျရောက်သွားလျှင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။

လင်းယွမ်က သူ့ကိုသူ ရွေးချယ်စရာမရှိသည့်အခြေအနေမျိုး အဖြစ်ခံမည်မဟုတ်ပေ။

ထို့အပြင် သူက စိတ်ဝိညာဉ်ဘုံ၏ ဆုံမှတ်များနှင့် ဘယ်သူမှသတိမပြုမိခင် ဝင်ရောက်နိုင်လေသည်။ အနည်းဆုံး သူက တက်လှမ်းခြင်းစင်မြင့်မှ စိတ်ဝိညာဉ်ဘုံသို့ မဝင်သရွေ့ အင်မော်တယ်တာအိုကမ္ဘာတွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဖိနှိပ်ခံရနိုင်ဖွယ်မရှိပေ။ အထက်ဘုံမှ တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများ အောက်ဘုံတွင် လင်းယွမ်ရှိနေသေးသည်ဟုသာ ထင်ပြီး သတိထားနေကြပေလိမ့်မည်။

" အဲ့ဒါတွေ မေ့လိုက်တော့။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး အင်မော်တယ်တာအိုကမ္ဘာနှင့်ပက်သက်သော ကိစ္စများကို အာရုံမစိုက်တော့ပေ။

" ဒီဆင်းသက်ခြင်းက ရရှိလာတဲ့ အကျိုးအမြတ်တွေက...." လင်းယွမ်က ကျေနပ်သွား၏။

နှစ်ပေါင်းငါးရာအတွင်း သူက ဆဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်ရှိခဲ့ရုံသာမက သတ္တမအလွှာကိုလည်း လေ့လာနိုင်ခဲ့သည်။

ချီခွန်မျိုးနွယ်မှ ချီခွန်ကြယ်သခင်၏ လေးယောက်မြောက်မှ ဆယ့်နှစ်ယောက်မြောက်တပည့်အထိ အားလုံးက ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်များဖြစ်ကြပြီး ချီခွန်ကြယ်သခင်၏ လမ်းညွှန်မှုကို ရရှိခဲ့ကြသော်လည်း ဆဋ္ဌမအလွှာတွင် ရှိနေကြဆဲ ဖြစ်သည်။

အကြောင်းမှာ သူတို့က အရည်အချင်းမရှိသောကြောင့်မဟုတ်ဘဲ ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ တက်ခြင်းက ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။ ၎င်းက ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ ချိုးဖျက်ခြင်းထက် စိန်ခေါ်မှု ပို၍ ပြင်းထန်လေသည်။

လင်းယွမ်က ၎င်းကို နားလည်ခဲ့သည်။ သတ္တမအလွှာသို့ အတင်းအကျပ် ချိုးဖျက်ပြီးနောက် သူက နယ်ပယ်နှစ်ခုကြား ကွာခြားမှုကိုလည်း ခံစားခဲ့ရသည်။

" လေဟာနယ်.." လင်းယွမ်က ထိုင်နေသည်။

ပဉ္စမဆင်းသက်ခြင်း၏ နောက်ဆုံးဆယ်စုနှစ်အချို့တွင် လေဟာနယ်အပေါ် လင်းယွမ်၏ အသိအမြင်များက ပို၍ နက်ရှိုင်းလာခဲ့သည်။

အချိန်နှင့်လေဟာနယ်တွင် လင်းယွမ်က လေဟာနယ်၏ အဖျက်စွမ်းအားများပြည့်နှက်နေသော အခြားတစ်ဖက်ကို မြင်ခဲ့ရသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအောက်တွင် လင်းယွမ်က လေဟာနယ်၏ အနှစ်သာကို နားလည်ခဲ့သည်။

" ငါကျေနပ်နိုင်တဲ့ သိုင်းတာအိုရဲ့ သတ္တမအလွှာက လေဟာနယ်နိယာမနဲ့ ဆက်စပ်နေတယ်လို့ ခံစားရပေမယ့် လေဟာနယ်အပေါ် ငါ့ရဲ့ နားလည်မှုက စိတ်ကျေနပ်စရာမရှိသေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

လေဟာနယ်နိယာမက ကျယ်ပြောလှပြီး ကမ္ဘာကြီးကို ထောက်ပံ့ပေးထားသည့် စည်းမျဉ်းများဖြစ်လေသည်။ လင်းယွမ်က ပို၍ နားလည်လာသည်နှင့် လေဟာနယ်နိယာမ၏ အရေးပါမှုကို ပို၍ ခံစားမိလေဖြစ်သည်။

ယခင် လင်းယွမ်က ရေတွင်းထဲမှ ဖားသူငယ်ဖြစ်နေပြီး ယခု ရေတွင်းထဲမှ ထွက်ပြီး ပို၍ ကျယ်ပြောသော ကောင်းကင်ကြီးကို မြင်လိုက်ရလေသည်။

" ဖြည်းဖြည်းချင်း စဉ်းစားရမယ်။ ငါအလျင်မလိုဘူး။ " လင်းယွမ်က ရေရွတ်လိုက်သည်။

" ငါက သိုင်းတာအိုရဲ့ သတ္တမအလွှာကဏ္ဍကို အပြည့်အဝ နားမလည်သေးပေမယ့် ဆဋ္ဌမအလွှာကတော့ လုံးဝ အဆင်သင့်ဖြစ်နေပြီ။ ငါပြင်ဆင်ပြီးရင် ဉာဏ်ပညာနတ်ဘုရားဆီ တင်ပြလို့ရပြီ။ " လင်းယွမ်က သူ၏ နဖူးကို ပွတ်သပ်လိုက်သည်။

သိုင်းတာအို၏ ဆဋ္ဌမအလွှာတွင် ရုပ်ခန္ဓာကျင့်ကြံခြင်းမှ ပို၍ နက်ရှိုင်းသော အရာများကို ထည့်သွင်းထားသည်။ သီအိုရီအရ ဆဋ္ဌမအလွှာကို ကျင့်ကြံသူတိုင်း ရုပ်ခန္ဓာနတ်စွမ်းရည် မွေးဖွားလာရန် အလားအလာရှိလေသည်။

သို့သော် ရုပ်ခန္ဓာနတ်စွမ်းရည်ထွက်ပေါ်လာရန် လူတစ်ယောက်၏ သွေးမျိုးဆက်အပေါ်တွင်လည်း မူတည်လေသည်။ မည်သို့ပင်ဖြစ်စေ အရန် ရုပ်ခန္ဓာနတ်စွမ်းရည်ဖြစ်လျှင်တောင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် အလွန်အသုံးဝင်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters