ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြခြင်း....
Vol. 15 Ch. 233
လျို့ဝှက်နည်းစနစ်များနှင့် အတူဘဲ ရုပ်ခန္ဓာနတ်စွမ်းရည်များက အရေးကြီးသော အခြေအနေများ မလိုအပ်ဘဲ အတွေးတစ်ချက်နှင့် အသက်သွင်းနိုင်လေသည်။
" သွေးပြန်လည်မွေးဖွားခြင်း.... " လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ဝင်သက်ထွက်သက်က ပြောင်းလဲသွားသကဲ့သို့ သွေးများကလည်း ဆန်းကျယ်သော ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာတွင် နားလည်ခဲ့သော သွေးပြန်လည်မွေးဖွားခြင်းကို တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ပြီးနောက် မူလကမ္ဘာမှ ပင်မခန္ဓာကိုယ်က အသုံးပြုနိုင်သွားခဲ့သည်
ထိုနည်းစနစ်က လင်းယွမ်နှင့်သာ သက်ဆိုင်ပြီး အခြားသူတစ်ယောက်က ၎င်းကို ရရှိခဲ့လျှင်တောင် အသုံးပြုနိုင်မည်မဟုတ်ပေ။
" ဒါဆို ငါ့ရဲ့ ရုပ်ခန္ဓာက ရုပ်ခန္ဓာနတ်စွမ်းရည်အသစ်တစ်ခု ထွက်ပေါ်လာနိုင်သေးတာလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
အဆုံးတွင် သူ၏ လက်ရှိခန္ဓာကိုယ်က ဆဋ္ဌမအလွှာ စဦးအဆင့်တွင်သာ ရှိသေးပြီး ပြည့်စုံသော ဆဋ္ဌမအလွှာကဏ္ဍကို ကျင့်ကြံပြီးလျှင် ရုပ်ခန္ဓာနတ်စွမ်းရည်အသစ်တစ်ခု မွေးဖွားလာနိုင်လေသည်။
" ငါအဲ့ဒါကို နောက်မှ ကြိုးစားကြည့်လို့ရတယ်။ အခု ဆဋ္ဌမအလွှာကဏ္ဍကို တင်ရမယ်။ " လင်းယွမ်က အလျင်မလိုပေ။
တစ်ရက်နှစ်ရက်ကြာပြီးနောက် လင်းယွမ်က ပင်မကမ္ဘာရှိ လူသားမျိုးနွယ်နှင့် သင့်တော်သော သိုင်းတာအို ဆဋ္ဌမအလွှာကဏ္ဍကို ပြီးမြောက်သွားခဲ့သည်။ ထို့နောက် သူက ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။
" လေးစားရပါသော နိုင်ငံသား လင်းယွမ် ဘာအလိုရှိပါသလဲ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
" ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဆဋ္ဌမအလွှာကဏ္ဍကို တင်ချင်တယ်။ " ထိုသို့ပြောပြီး လင်းယွမ်က ဆဋ္ဌမအလွှာကဏ္ဍ၏ အချက်အလက်များကို ပေးပို့လိုက်သည်။
" နိုင်ငံသားလင်းယွမ် ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ။ " ဉာဏ်ပညာနတ်ဘုရားက ဆဋ္ဌမအလွှာကဏ္ဍကို ရသည်နှင့် ချက်ချင်း အကဲဖြတ်ခြင်းကို စတင်လေသည်။
" အင်မော်တယ်ကျင့်ကြံခြင်းစနစ်က မူလကမ္ဘာမှာ တစ်ခါမှ ပေါ်မလာခဲ့ဖူးဘူးပဲ။ " လင်းယွမ်က တစ်စုံတစ်ခုကို တွေးမိသွားသည်။
သူက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ဉာဏ်ပညာနတ်ဘုရားသို့ တင်ပြပြီး ဆုလာဒ်များ ရယူနိုင်လေသည်။ သို့သော် လင်းယွမ်က ခနစဉ်းစားပြီး ထိုအတွေးကို လက်လျှော့လိုက်သည်။
အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို အခြားအဖွဲ့အစည်းတစ်ခုက ဖန်တီးခဲ့ပြီး သူက ၎င်းကို ပင်မကမ္ဘာတွင် ဖြန့်ဝေလိုက်လျှင် ထိုအဖွဲ့အစည်းကို ကူညီသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် သို့မဟုတ် ကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ခြင်းက အန္တိမအသိအမြင်နှင့် ဆက်စပ်နေသည်။ ထိုကိစ္စနှင့် ပက်သက်၍ လင်းယွမ်က အချည်းနှီး မဖြစ်လိုပေ။
ထို့အပြင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်က အဋ္ဌမအလွှာ သို့မဟုတ် နဝမအလွှာသို့ ရောက်နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် စိတ်ဝိညာဉ်အမြစ် စသည့် ကြီးမားသော ကန့်သတ်ချက်များ ရှိနေလေသည်။
ပင်မကမ္ဘာ၏ ကြယ်စကြာဝဠာတွင် စွမ်းအားပုံစံအမျိုးမျိုး ရှိပြီး စိတ်ဝိညာဉ်စွမ်းအားနှင့် ဆင်တူသော စွမ်းအားများလည်း ရှိလေသည်။ အရေးကြီးဆုံးမှာ စိတ်ဝိညာဉ်အမြစ်ဖြစ်၏။ လင်းယွမ်၏ ဗဟုသုတအရ ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်အများစုတွင် ထိုအရာကို မပိုင်ဆိုင်ကြပေ။
လင်းယွမ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ချင်လျှင် အရင်ဆုံး သူက အင်မော်တယ်ကျင့်ကြံခြင်း စနစ်ကို လူသားမျိုးနွယ်နှင့် သင့်တော်အောင် ပြုပြင်ရပေလိမ့်မည်။ အထူးသဖြင့် စိတ်ဝိညာဉ်အမြစ် လိုအပ်ချက်ကို ပြောင်းလဲရပေလိမ့်မည်။
ဉာဏ်ပညာနတ်ဘုရား၏ အကဲဖြတ်မှုကို စောင့်နေစဉ် လင်းယွမ်က အခြားအချက်အလက်များကို စစ်ဆေးလိုက်သည်။ အင်မော်တယ်တာအိုကမ္ဘာတွင် နှစ်ပေါင်းငါးရာကြာသွားခဲ့သော်လည်း မူလကမ္ဘာတွင် လေးလအောက်သာ ကြာလေသည်။
လင်းယွမလက မှတ်တမ်းများကို စစ်ဆေးလိုက်သည်။ " ဝမ်ယန်တော်ဝင်သားတော်..."
ဝမ်ယန်တော်ဝင်သားတော်က လွန်ခဲ့သော တစ်လက သူ့ကို မက်ဆေ့ချ်တစ်စောင် ပို့ထားခဲ့သည်။ အကြောင်းမှာ သူက ဆဋ္ဌမအလွှာသို့ တက်ရောက်သွားပြီး လင်းယွမ်နှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်လိုသောကြောင့် ဖြစ်သည်။
ဝမ်ယန်တော်ဝင်သားတော်က ယန်ကိုးပါးနတ်သွေးကြောဖြင့် ရှားပါးသော ပါရမီရှင်ဖြစ်သကဲ့သို့ ကြယ်တစ်လုံးထဲတွင် ရာစုနှစ်တစ်ခုကြာအောင် အိပ်စက်ခဲ့ပြီး သူ၏ အခြေခံက အလွန်ခိုင်မာသကဲ့သို့ အစစ်အမှန် ဆဋ္ဌမအလွှာဟု ပြောရပေလိမ့်မည်။
ပဉ္စမအလွှာ အထွတ်အထိပ်တွင် ဝမ်ယန်တော်ဝင်သားတော်က လင်းယွမ်နှင့် တိုက်ခိုက်ခဲ့ပြီး အနိုင်ယူခြင်းခံခဲ့ရလေသည်။
ဝမ်ယန်တော်ဝင်သားတော်က ၎င်းကို မှတ်မိနေဆဲ ဖြစ်သည်။ သူက လင်းယွမ်၏ ဆင်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ ထူးခြားပြီး စိတ်ဝိညာဉ်ပေါင်းစပ်ခြင်း ပြည့်စုံခြင်းနှင့်အတူ သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြီးမားစွာ တိုးတက်လာခဲ့သည်။ သို့သော် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုတည်းမဟုတ်ဘဲ လူတစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အခြေခံပေါ်တွင်လည်း မူတည်လေသည်။
ဆဋ္ဌမအလွှာသို့ချိုးဖျက်ပြီးနောက် ဝမ်ယန်တော်ဝင်သားတော်က ယုံကြည်မှုရှိသွားပြီး သူ၏ အရှက်ရမှုအတွက် လင်းယွမ်ကို နောက်တစ်ကြိမ် စိန်ခေါ်ချင်လေသည်။ သူက လင်းယွမ်ကို အနိုင်မယူနိုင်လျှင်တောင် ယခင်ကဲ့သို့ လွှမ်းမိုးခံရမည်မဟုတ်တော့ပေ။
" ငါနဲ့ ယှဉ်ချင်တာလား။ " လင်းယွမ်က တိတ်ဆိတ်သွား၏။
ဝမ်ယန်တော်ဝင်သားတော်၏ မျက်လုံးထဲတွင် လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်သည်မှာ မကြာသေးသောကြောင့် သူ့ကို စိန်ခေါ်ရန် ယုံကြည်မှုရှိနေခြင်းဖြစ်သည်။
အမှန်တွင် လင်းယွမ်က ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီး သတ္တမအလွှာ၏ လမ်းကြောင်းတစ်ခုကိုပင် စတင်ခဲ့ပြီးဖြစ်သည်။
သူနှင့် ဝမ်ယန်တော်ဝင်သားတော်ကြား ကွာဟမှုက ပဉ္စမအလွှာ အထွတ်အထိပ်ကထက် များစွာ ကြီးမားသွားပြီဖြစ်သည်။ ပဉ္စမအလွှာ အထွတ်အထိပ်တွင် ဝမ်ယန်တော်ဝင်သားတော်က လင်းယွမ်၏ ရိုက်ချက်အနည်းငယ်ကို ခံနိုင်ခဲ့သည်။
သို့သော် ယခု...
" ထားလိုက်တော့ အချိန်ဖြုန်းနေဖို့ မလိုဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ သူ၏ လက်ရှိ ခွန်အားနှင့် ဝမ်ယန်တော်ဝင်သားတော်ကို အနိုင်ကျင့်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့အပြင် သူက ဝမ်ယန်တော်ဝင်သားတော်နှင့် တိုက်ခိုက်ပြီး အသိအမြင်များ ရရှိခဲ့ပြီဖြစ်သည်။
ဝမ်ယန်တော်ဝင်သားတော်ကို အချိန်မရှိဟု ပြန်ပြောပြီးသောအခါ လင်းယွမ်က နောက်ထပ်မက်ဆေ့များကို ကြည့်လိုက်သည်။
" ဝေးယုမျိုးနွယ် " လင်းယွမ်က သူ၏ စီနီယာအကိုများဆီမှ စာအချို့ကို တွေ့လိုက်ရသည်။ သူက တံခါးပိတ်ကျင့်ကြံနေသောကြောင့် သူ၏ စီနီယာအကိုများက ကိုယ်တိုင်လာမတွေ့ကြခြင်း ဖြစ်သည်။
" ဟေးယုမျိုးနွယ်က မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းခဲ့တာလား။ " လင်းယွမ်၏ အမူအရာက ထူးဆန်းသွား၏။
ရှစ်စန်းတောင်ထိပ်သခင်အဖြစ် ထုတ်မပြောမီ လင်းယွမ်က ဟေးယုမျိုးနွယ်မျိ ဟေးယုအိုနှင့် ပဋိပက္ခအချို့ ရှိခဲ့လေသည်။ နောက်ပိုင်းတွင် ဟေးယုအိုက ဟေးယုမျိုးနွယ်၏ အာဏာကို အသုံးပြုပြီး လင်းယွမ်ကို ဖိနှိပ်ခဲ့လေသည်။
လင်းယွမ်က ဆဋ္ဌမအလွှာသို့ ချိုးဖျက်ပြီး သူ၏ အဆင့်အတန်းကို ထုတ်ဖော်ပြီးနောက် ဟေးယုမျိုးနွယ်က ကြောက်လန့်ပြီး ဟေးယုမိုက ဟေးယုအိုကို ခေါ်ပြီး ချီခွန်ပင်မကြယ်သို့ တောင်းပန်ရန် ရောက်လာခဲ့သည်။
ထိုအချိန်တွင် လင်းယွမ်က သူ၏ အသက်တံဆိပ်ကို စကြာဝဠာထဲသို့ ပေါင်းစပ်နေသော အချိန်ဖြစ်ပြီး တွေ့ဆုံခြင်းမရှိခဲ့ပေ။
နောက်ပိုင်းတွင် သူ၏ စီနီယာအကိုများက လင်းယွမ်၏ သဘောထားကို မေးသောအခါ လင်းယွမ်က ဟေးယုမျိုးနွယ်ကို ပြောင်းလဲရန် ပြောခဲ့သည်။
လင်းယွမ်၏ စကားကြောင့် သူ၏ စီနီယာအကိုများက ဟေးယုမျိုးနွယ်ကို နည်းလမ်းအမျိုးမျိုးနှင့် ဖိနှိပ်ခဲ့သည်။ ၎င်းမှာ ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်ကို စော်ကားသည့် ကံကြမ္မာဖြစ်လေသည်။
ချီခွန်ပင်မကြယ်၏ အင်အားစုကြီးငါးခုက ချီခွန်မျိုးနွယ် မွေးမြူထားသော ခွေးများသာဖြစ်ပြီး အခြားအကြောင်းအရာများ ဆွေးနွေးနိုင်သော်လည်း သခင်ကို ပြန်ကိုက်ဝံ့လျှင် ဆက်လက်တည်ရှိစရာ အကြောင်းမရှိတော့ပေ။
ဒုတိယအကိုက ဟေးယုမျိုးနွယ်ကို စုံစမ်းစစ်ဆေးခြင်းနှင့် ဖိနှိပ်ခဲ့သည်။ နှစ်ပေါင်းတစ်သိန်းကျော် တည်ရှိလာသော ဟေးယုမျိုးနွယ်က အနီးကပ်စစ်ဆေးခြင်းကို ခံနိုင်ရည်မရှိပေ။ သူတို့က သဲလွန်စတစ်ခုကို အချိန်မရွေး ရှာတွေ့နိုင်လေသည်။
လင်းယွမ်ကြောင့် ဒုတိယအကိုက ဟေးယုမျိုးနွယ်ကို စုံစမ်းစစ်ဆေးရန် ကိုယ်တိုင် တာဝန်ယူခဲ့လေသည်။ သို့သော် စုံစမ်းမှုတွင် ဒုတိယအကိုက ပြဿနာတစ်ခု ရှာတွေ့ခဲ့သည်။
ဟေးယုမျိုးနွယ်က မျိုးနွယ်ခြားများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယဝင်ခဲ့သော်လည်း ခိုင်မာသော အထောက်အထားကို ရှာမတွေ့ခဲ့ပေ။ သို့သော် သူတို့အတွက် သက်သေမလိုပေ။ ဒုတိယအကိုက ၎င်းကို ရှာတွေ့ပြီးနောက် ဟေးယုမိုကို ထိန်းသိမ်းရန် ချက်ချင်း စီစဉ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူက ဟေးယုမျိုးနွယ်၏ အမြင့်ဆုံး အာဏာရှိသော ဟေးယုမိုကို အရင်ဆုံး ထိန်းချုပ်ရန် ရည်ရွယ်ခဲ့သည်။
ထို့နောက် ဒုတိယအကိုက ချီခွန်ကြယ်သခင်နှင့် လျို့ဝှက်စွာ ဆက်သွယ်ခဲ့သည်။
ချီခွန်ကြယ်သခင်၏ ခွန်အားအောက်တွင် ဟေးယုမိုက ခုခံနိုင်စွမ်းမရှိခဲ့ပေ။ ဖမ်းဆီးပြီးနောက် သူက လူသားမျိုးနွယ်၏ စိတ်ဝိညာဉ်စွမ်းရည်များရှိသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ စိတ်ဝိညာဉ်ရှာဖွေခြင်းကို ခံခဲ့ရသည်။
ဟေးယုမိုကဲ့သို့ သန်မာသော လူတဟစ်ယောက်အတွက် သူ၏ မှတ်ဉာဏ်များကို ထိန်းချုပ်နိုင်ပြီး သာမန်စိတ်ဝိညာဉ်ရှာဖွေခြင်းများက အသုံးမဝင်ပေ။ သို့သော် အဋ္ဌမအလွှာ စိတ်ဝိညာဉ်ဆင့်ကဲပြောင်းလဲသူများ၏ နည်းလမ်းများအောက်တွင် ဟေးယုမို၏ မှတ်ဉာဏ်များက ထွက်ပေါ်လာခဲ့သည်။
" ဟေးယုမျိုးနွယ်.... အဆုံးသတ်ပြီ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
သူတို့က သူ့ကို ဆန့်ကျင်ရုံမျှသာဖြစ်လျှင် ဟေးယုမျိုးနွယ်က အင်အားယုတ်လျော့သွားရုံလောက်သာ ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင် လူသားမဟာမိတ်၏ ဥပဒေများက တည်ရှိနေဆဲ ဖြစ်ပြီး ထိုသို့သော မျိုးနွယ်စုတစ်ခုကို အလွယ်တကူ မဖျက်ဆီးနိုင်ပေ။
လင်းယွမ်၏ စီနီယာအကိုများက ဟေးယုမျိုးနွယ်ကို ဖိနှိပ်ရာတွင် မဟာမိတ်၏ ဥပဒေဘောင်အတွင်းမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူခြင်းများကိုသာ ဆောင်ရွက်ခဲ့သည်။
သို့သော် မျိုးနွယ်ခြားများနှင့် ပူးပေါင်းခြင်းက လူသားမျိုးနွယ်ကို သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ မျိုးနွယ်မှအခြားသူများက ၎င်းကို သိသည်ဖြစ်စေ မသ်ိသည်ဖြစ်စေ ဟေးယုမျိုးနွယ်က အဆုံးသတ်ပြီဖြစ်သည်။
လင်းယွမ်က စဉ်းစားနေစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် ဆဋ္ဌမအလွှာကဏ္ဍ အကဲဖြတ်ခြင်း ပြီးဆုံးသွားပါပြီ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း