ချီခွန်ဆင့်ကဲပြောင်းလဲခြင်း အဆင့်ခြောက်....
Vol. 15 Ch. 234
" အကဲဖြတ်တာ ပြီးသွားပြီလား။ " လင်းယွမ်က ပြုံးလိုက်သည်။
သူပြန်ရောက်သည့်အကြိမ်တိုင်း လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကဏ္ဍအသစ်ကို ဉာဏ်ပညာနတ်ဘုရားဆီသို့ တင်ပြလေ့ရှိသည်။
ကောင်းမှုအမှတ်များနှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပိုမိုဖြန်ဝေခြင်းအပြင် ဉာဏ်ပညာနတ်ဘုရား၏ တွက်ချက်မှုစွမ်းအားဖြင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တိုးတက်လာသော အလားအလာများကို သိရှိရန်ဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ အလားအလာက ရှုထောင့်အမျိုးမျိုး ပါဝင်ပြီး ခန့်မှန်းရန် အလွန်ခက်ခဲလေသည်။ နတ်ဘုရားသုံးပါးသာလျှင် ၎င်းကို ခန့်မှန်းနိုင်ကြလေသည်။
စကြာဝဠာလူသားမဟာမိတ်တွင် ရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နတ်ဘုရားသုံးပါးက နောက်ဆုံးစီရင်ချက်ချခြင်း ဖြစ်သည်။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် သင့်ရဲ့ ဆဋ္ဌမအလွှာကဏ္ဍက ကောင်းမှုရမှတ် လေးသိန်းတန်ဖိုးရှိပါတယ်။ "
" ကောင်းမှုအမှတ် လေးသိန်း " လင်းယွမ်က စိတ်ထဲမှ ကျေနပ်သွား၏။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဒုတိယအလွှာ၊ တတိယအလွှာ၊ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာတို့ကို ပြည့်စုံအောင် ပြင်ဆင်ပြီးနောက် ကောင်းမှုရမှတ် ငါးသိန်းရရှိခဲ့လေသည်။ ယခု ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြခြင်းက လေးသိန်းရရှိသောကြောင့် အလွန်မြင့်မားနေပြီဖြစ်သည်။
ကောင်းမှုအမှတ် လေးသိန်းက အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်ကို သတ်ဖြတ်ခြင်း၏ တစ်ဝက်နှင့် ညီမျှလေသည်။ စစ်မြေပြင်တွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်ကို သတ်နိုင်လျှင် ကောင်းမှုအမှတ် တစ်သန်း ရရှိလေသည်။
သို့သော် အဋ္ဌမအလွှာတစ်ယောက်ကို အနိုင်ယူရန် ဖြစ်နိုင်သော်လည်း သတ်ဖြတ်ရန် ကောင်းကင်ကို တက်သကဲ့သို့ အလွန်ခက်ခဲလေသည်။
အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်က မျိုးနွယ်အမျိုးမျိုး၏ အခြေခံရှိပြီး အသက်ကယ်ဝှက်ဖဲများလည်း ပိုင်ဆိုင်လေသည်။ ချီခွန်ကြယ်သခင်ကဲ့သို့ သန်မာသောလူပင် စစ်မြေပြင်တွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်ကို သတ်ဖြတ်ရန် ရုန်းကန်ရပေလိမ့်မည်။
အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်ကေအရုးမဟုတ်ဘဲ သူတို့မနိုင်မှန်းသိလျှင် ထွက်ပြေးကြပေလိမ့်မည်။
" အဆင့်ခြောက်နိုင်ငံသားကနေ အဆင့်ခုနှစ်နိုင်ငံသားကို မြှင့်တင်ဖို့ ကောင်းမှုအမှတ် နှစ်သန်းလိုအပ်တယ်။ "
ကောင်းမှုအမှတ် နှစ်သန်း... အခြားသူများမပြောနှင့် လင်းယွမ်ပင် ဦးရေပြားများ ယားယံလာသည်။ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပင် စစ်မြေပြင်တွင် နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်း နေခဲ့လျှင်တောင် ထိုပမာဏကို ရှာရန် မဖြစ်နိုင်လောက်ပေ။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်က အလွန်အန္တရာယ်များပြီး လူသားမျိုးနွယ်၏ သန်မာသော လူများပင် သူတို့၏ အသက်ကို စွန့်ပြီး မျိုးနွယ်ခြားများနှင့် တိုက်ခိုက်ရခြင်း ဖြစ်သည်။
ဆဋ္ဌမအလွှာနှင့် အထက်အဆင့်များက ပြန်လည်ရှင်သန်နိုင်သော်လည်း အလားအလာမရှိလျှင် ဘယ်သူမှ ပြန်လည်အသက်သွင်းမည်မဟုတ်ပေ။ ထို့ကြောင့် ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက တစ်ခါသေလျှင် အစစ်အမှန် သေခြင်းဖြစ်ပေလိမ်မည်။
" ခနမေ့ထားရမယ်။ " လင်းယွမ်က အချိန်တိုအတွင်း အဆင့်ခုနှစ်နိုင်ငံသား ဖြစ်ဦးမည်မဟုတ်ပေ။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍကို တင်ပြီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။
" သိုင်းတာအိုရဲ့ နောက်ဆုံးအကဲဖြတ်မှုကို ကြည့်ရအောင်..." လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ကြည့်လိုက်သည်။
ဉာဏ်ပညာနတ်ဘုရားက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်အကဲဖြတ်သည့်အချိန်တိုင်း အချက်အလက်များကို လင်းယွမ်ဆီသို့ ပထမဆုံး ပေးပို့လေသည်။
" သတ္တမအလွှာကို ရောက်နိုင်ချေက ခြောက်ဆယ်ရာခိုင်နှုန်းရှိတယ်။ အဋ္ဌမအလွှာက နှစ်ဆယ်ရာခိုင်နှုန်း.... မဆိုးဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ဆဋ္ဌမအလွှာကဏ္ဍကို မတင်မီ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာသို့ ရောက်နိုင်ချေက သုံးဆယ်ရာခိုင်နှုန်းသာ ရှိပြီး အဋ္ဌမအလွှာသို့ ရောက်နိုင်ချေက ဆယ်ရာခိုင်နှုန်းသာ ရှိလေသည်။
ယခု နှစ်ခုလုံးက နှစ်ဆဖြစ်သွားခဲ့သည်။ အထူးသဖြင့် အဋ္ဌမအလွှာသို့ နှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးနိုင်သည်နှင့် လူသားမဟာမိတ်တွင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ယခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာသို့ ရောက်နိုင်ချေ နှစ်ဆယ်ရာခိုင်နှုန်းဖြစ်သောကြောင့် ၎င်း၏ အလားအလာမှာ အလွန်ကြီးမားနေပြီဖြစ်သည်။
" အခု ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ သိုင်းတာအိုက ဘယ်အဆင့် ရောက်သွားပြီလဲမသိဘူး။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်သတ်မှတ်ချက်များကို ကြည့်လိုက်သည်။
" ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ခြောက်..." လင်းယွမ်က တုန်လှုပ်သွားမိသည်။
သိုင်းတာအိုက ထိုက်ယင်နှင့် ထိုက်ယန်တို့တွင် ကန့်သတ်မထားတော့ဘဲ ပြည့်စုံသွားသောအခါ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ ၁၂ နေရာတွင် ရှိခဲ့သည်။ ယခုတင်ပြထားသော ဆဋ္ဌိအလွှာကဏ္ဍက အဆင့်ခြောက်နေရာသို့ တိုက်ရိုက် ထိုးတက်သွားစေခဲ့သည်။
ချီခွန်ဆင့်ကဲပြောင်းလဲခြင်း အဆင့်ဆယ်နေရာက အဋ္ဌမအလွှာကို ရောက်ရန် မျှော်လင့်ချက်ရှိကြသော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။ ထိပ်ဆုံးသုံးနေရာဆိုလျှင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြလေသည်။
ချီခွန်ကြယ်နယ်မြေ၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းတလျှောက်တွင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင် သုံးဦးသာ ထွက်ပေါ်ခဲ့လေသည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သုံးခုက ထိုပညာရှင်များ ဖန်တီးထားကြခြင်းဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်ကို ကြည့်ပြီးနောက် လင်းယွမ်က လေ့ကျင့်သူ အရေအတွက်ကို ကြည့်လိုက်သည်။
" ပထမအလွှာ ၉၇၃၂၃ "
" ဒုတိယအလွှာ ၃၂၆၀၀ "
" တတိယအလွှာ ၁၃၆ "
" စတုတ္ထအလွှာ ၀..."
" မဆိုးဘူး။ တစ်နှစ်ကျော်အတွင်းမှာ ပထမအလွှာနဲ့ ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူအရေအတွက်က နှစ်ဆသုံးဆလောက်တိုးလာတယ်။ ပြီးတော့ တတိယအလွှာကို ဆင့်ကဲပြောင်းလဲသူတစ်ရာကျော်က ကျင့်ကြံနေကြပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
အင်မော်တယ်တာအိုကမ္ဘာတွင် ရာစုနှစ်အချို့အတွင်း သူ၏ လမ်းညွှန်မှုဖြင့် သိုင်းတာအိုကျင့်ကြံသူများစွာ ရှိခဲ့လေသည်။ သို့သော် မူလကမ္ဘာတွင်း သူ၏ လမ်းညွှန်မှုမပါဘဲ နှစ်အနည်းငယ်အတွင်း ထိုပမာဏအထိ တိုးတက်လာသည်မှာ ကျေနပ်စရာပင် ဖြစ်သည်။ ထိုတိုးတက်မှုနှုန်းဖြင့် မူလကမ္ဘာက အင်မော်တယ်တာအိုကမ္ဘာထက် သာလေသည်။
လင်းယွမ်က ၎င်းကို မအံ့ဩပေ။ မူလကမ္ဘာက ပို၍ အဆင့်မြင့်သော ကမ္ဘာဖြစ်သည့်အပြင် နည်းပညာများကလည်း များစွာ တိုးတက်နေပြီဖြစ်သည်။
" နည်းသေးတယ်။ အရှိန်နည်းနည်းမြှင့်ရမယ်။ " အချိန်အတော်ကြာစဉ်းစားပြီးနောက် လင်းယွမ်က သိုင်းတာအိုကျင့်ကြံခြင်းအတွက် လမ်းညွှန်ဗီဒီယို ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ သူလုပ်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အချိန်မရခဲ့ပေ။
ယခု အခြားကမ္ဘာသို့ ဆင်းသက်ခြင်းပြီးသွားသောကြောင့် ၎င်းကို လုပ်နိုင်သွားပြီဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူအနေဖြင့် သိုင်းတာအိုအပေါ် လင်းယွမ်၏ နားလည်မှုက မူလကမ္ဘာတွင် အကောင်းဆုံး ဖြစ်လေသည်။ သူ၏ လမ်းညွှန်မှုဖြင့် အခြားသူများ ဉာဏ်အလင်းပွင့်နိုင်လေသည်။
ချီခွန်VR ကမ္ဘာ အလယ်ပိုင်းဧရိယာတွင်...
ဆင့်ကဲပြောင်းလဲသူများစွာက ထိုနေရာတွင် စုစည်းနေကြသည်။ လူသားမဟာမိတ်အတွင်း ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက အေးအေးဆေးဆေး နေထိုင်ကြလေသည်။
" ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၂... ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ အဆင့် ၁၂ကို ရောက်နေရင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆိုရင် ဘယ်ထိရောက်သွားမလဲ။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူများကြားတွင် ဆွေးနွေးစရာဖြစ်နေဆဲ ဖြစ်သည်။ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များဆိုလျှင် နှစ်များစွာ ကြာသည်အထိ နေရာမပြောဘဲ ရှိနေသော်လည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ခနအတွင်း အဆင့် ၁၂ သို့ ရောက်သွားခဲ့သည်။
" ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ အဲ့လောက်မလွယ်လောက်ဘူး။ ပညာရှိယွမ်ဆိုရင်တောင် လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဆဋ္ဌမအလွှာကို ဖန်တီးဖို့ တွေးခေါ်မှုတစ်ခု လိုလောက်မယ်မဟုတ်လား။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာမှာ အလွန်မြင့်မားနေပြီး ဆဋ္ဌမအလွှာကဏ္ဍကို ဖော်ထုတ်ရန်လည်း ခက်ခဲပေလိမ့်မည်။ အဆင့်ပို၍ မြင့်လေ ပို၍ ခက်ခဲလေဖြစ်သည်။
ပညာရှိယွမ်အတွက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရန် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။ သို့သော် ၎င်းက သာမန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဆိုလိုလေသည်။
လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အဖြစ် ယူဆနေဆဲလား။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကို စံနှုန်းများအတိုင်း ဖန်တီးခြင်းက သာမန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ သတ္တမအလွှာကို ဖန်တီးခြင်းထက် ပိုမိုခက်ခဲလေသည်။
" အဲ့ဒါမဟုတ်လောက်ဘူးထင်တယ်။ " နောက်ထပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဝင်ပြောလိုက်သည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဆင့်တိုးလာပုံကို ကြည့်ခဲ့လေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဆင့်မတက်မီအကြိမ်တိုင်း လူတိုင်းက မဖြစ်နိုင်ဘူးဟု အော်ဟစ်နေခဲ့ကြသည်။
သို့သော် အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။
သူတို့အားလုံး မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတယ်မဟုတ်လား။
" ဒါပေမယ့် မျှမျှတတ ပြောရင်တော့ ဆဋ္ဌမအလွှာကဏ္ဍကို ဖန်တီးဖို့က လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။ အခု သိုင်းတာအိုရဲ့ စမှတ်က အရမ်းမြင့်နေပြီ။ "
ဆင့်ကဲပြောင်းလဲသူများက မနေနိုင်ဘဲ စကားများပြောဆိုနေကြသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း