လေဟာနယ်ပုံစံ ၉၆၅မျိုး...
Vol. 15 Ch. 235
ထိုအချိန်တွင် နံနက်ခင်းသို့ ရောက်လာပြီး ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တစ်ရာကလည်း စတင်ဝေဝါးလာသည်။ ထို့နောက် လျင်မြန်စွာ ပြန်လည်ကြည်လင်လာသည်။
" ဘုရားရေ..." ဆင့်ကဲပြောင်းလဲသူတစ်ယောက်က သူ၏ ခံစားချက်များကို မထိန်းနိုင်ဖြစ်သွား၏။
အခြားဆင့်ကဲပြောင်းလဲသူများကလည်း မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်းများ၊ တုန်လှုပ်ခြင်းများ၊ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။
အကြောင်းမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၁၂ နေရာမှ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။ ၎င်းက အဆင့်တစ်ဆယ်ထဲသို့ ဝင်သွားပြီး အဆင့် ၆ နေရာတွင် ရှိနေသည်။
" အဆင့်တစ်ဆယ်ထဲ ဝင်သွားတာလား။ "
" ပြီးတော့ အဆင့် ၆ လား။ "
" အဲ့ဒါ အရမ်းမြန်တယ်။ "
" ဆဋ္ဌမအလွှာကဏ္ဍတင်လိုက်ပြီလား။ "
ဆင့်ကဲပြောင်းလဲသူများစွာက တိုးတိုးနှင့် ပြောနေကြသည်။
ဆင့်ကဲပြောင်းလဲသူအများစုက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်ခုန်တက်သွားခြင်းကို အတွေ့အကြုံရှိသောကြောင့် အနည်းငယ်သာ မှင်သက်သွားကြသည်။
သို့သော် ဆင့်ကဲပြောင်းလဲသူများကြားတွင် အသစ်ဝင်လာသူများ ရှိသောကြောင့် ချီခွန်ဆင့်ကဲပြောင်းလဲခြင်း အဆင့်တစ်ဆယ်က ပြောင်းလဲသွားသောကြောင့် သူတို့၏ မျက်နှာများတွင် တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်သွားသည်။
" ပညာရှိယွမ်ရဲ့ ဆဋ္ဌမအလွှာကဏ္ဍမှာ အရည်အသွေးပြောင်းလဲမှုတွေ ပါဝင်လားကြည့်ရအောင်။ "
ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဆဋ္ဌမအလွှာကဏ္ဍကို ချက်ချင်း ဝယ်ယူခဲ့သည်။
ဆဋ္ဌမအလွှာ ကဏ္ဍက သန်းငါးဆယ်ဖြစ်လေသည်။ သို့သော် သန်မာသော ဆင့်ကဲပြောင်းလဲသူများအတွက် သန်းငါးဆယ်က အသေးအဖွဲသာဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာ အလွန်ကောင်းသော ဆဋ္ဌမအလွှာကဏ္ဍကို ဝယ်ယူခြင်းက လုံးဝ ထိုက်တန်လေသည်။
ထိုဆဋ္ဌမအလွှာကဏ္ဍတွင် ငွေဖြင့် ဝယ်၍ မရသော အသိအမြင်များ ပါရှိပြီး သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက်လည်း များစွာ အထောက်အကူဖြစ်လေသည်။
" ဆဋ္ဌမအလွှာကဏ္ဍမှာ အသက်ပြောင်းလဲခြင်းနဲ့ ရုပ်ခန္ဓာ၊ မူလစိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်တို့ကို တိုးတက်စေနိုင်တယ်။ ရုပ်ခန္ဓာကို ပိုပြီး မြှင့်တင်နိုင်ရင် ရုပ်ခန္ဓာနတ်စွမ်းရည်ကို မွေးဖွားပေးနိုင်တာလား။ "
" ရုပ်ခန္ဓာနတ်စွမ်းရည်လား။ ငါတို့လူသားမျိုးနွယ်မှာလည်း မျိုးနွယ်ခြားတွေလို စွမ်းရည်တွေ ရှိတာလား။ "
" ဒါဆို အဲ့လိုကိုး။ ငါတို့ လူသားသွေးမျိုးဆက်တွေထဲမှ အချက်အလက်တွေနဲ့ စွမ်းရည်အပိုင်းအစတွေရှိတယ်။ "
" အဲ့ဒီစွမ်းရည်တွေက အရမ်းရှားပြီးတော့ ထွက်ပေါ်လာနိုင်စွမ်းမရှိဘူး။ "
" ဒါပေမယ့် သိုင်းတာအိုရဲ့ ဆဋ္ဌမအလွှာက သွေးမျိုးဆက်ထဲက စွမ်းရည်တွေကို နိုးထနိုင်ဖို့ အထူးနည်းလမ်းအချို့ ထည့်သွင်းထားတယ်။ "
" ဒါက မယုံကြည်နိုင်စရာပဲ။ "
" လူသားသွေးမျိုးဆက်တွေ အမွေဆက်ခံတဲ့ စွမ်းအားတွေကို လေ့လာတဲ့ ဆင့်ကဲပြာင်းလဲခြင်းပညာရှင်တွေရှိတာ ငါမှတ်မိပြီ။ "
"အဲ့ဒီတုန်းက သွေးမျိုးဆက်အတွင်းက စွမ်းအားကို လှုံ့ဆော်ဖို့ ဆေးတွေကို အသုံးပြုနိုင်ပေမယ့် အန္တရာများလို့ ဘယ်သူမှမလေ့ကျင့်ကြဘူး။
" ဒါပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဆဋ္ဌမအလွှာကဏ္ဍကတော့..."
ဆင့်ကဲပြောင်းလဲသူအများအပြားက အံ့ဩစွာ ဆွေးနွေးနေကြသည်။ သူတို့က ရုပ်ခန္ဓာနတ်စွမ်းရည်ကို အလွန်စိတ်ဝင်စားနေကြသည်။ ထိုစွမ်းအားက ရုပ်ခန္ဓာ၏ သွေးမျိုးဆက်ထဲမှ လာခြင်းဖြစ်သည်။ လူတိုင်း၏ ရုပ်ခန္ဓာနတ်စွမ်းရည်များက လူတစ်ယောက်အပေါ် မူတည်၍ ကွဲပြားသွားပေလိမ့်မည်။
" ငါဆုံးဖြတ်လိုက်ပြီယ ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတော့မယ်။ ဘာအတွက်မှမဟုတ်ဘူး။ အဲ့ဒီ ရုပ်ခန္ဓာနတ်စွမ်းရည်အတွက်ပဲ။ " ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မတ်တပ်ရပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဆဋ္ဌမအလွှာသို့ မရောက်မီ သူတို့က ထိုက်တန်သော တန်ဖိုးနှင့် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လဲလှယ်နိုင်လေသည်။ သို့သော် ကုန်ကျစရိတ်ကတော့ များပြားလွန်းပေသည်။ စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများ နှစ်ရာချီ သို့မဟုတ် ထောင်ချီ စုဆောင်းထားသော ကြွယ်ဝမှုများ ဆုံးရှုံးသွားနိုင်လေသည်။
သို့သော် ဆင့်ကဲပြောင်းလဲသူအများအပြားက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာများကို ကြည့်ခြင်းဖြင့် အမှားအယွင်းမရှိသည်မှာ သေချာလေသည်။
လင်းယွမ်က တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် သူ၏ ခွန်အားကို ပြန်လည်ရရှိရန် အနီရောင်စိတ်ဝိညာဉ်အရည်ကို လျှောက်ထားခဲ့သည်။
လင်းယွမ်က သတ္တမအလွှာသို့ တက်ရောက်ရန် သံသယဝင်နေဆဲ ဖြစ်သော်လည်း ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိပြီး ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထနိုင်လေသည်။
" ရှစ်စန်းတောင်ထိပ်သခင် အနီရောင်စိတ်ဝိညာဉ်အရည်က တစ်နာရီအတွင်း ရောက်ပါလိမ့်မယ်။ "
" တပည့်လေး လေးလတံခါးပိတ်ကျင့်ကြံပြီးတော့ မင်းရဲ့ ဆဋ္ဌမအလွှာက တည်ငြိမ်သွားလောက်ပြီ။ မင်းကျင့်ကြံနေတုန်းက ပြဿနာတစ်ခုခုကြုံရင် ဆရာကို လာပြောလှည့် ဆရာ အဖြေတချို့တော့ ပေးနိုင်လိမ့်မယ်။ "
ချီခွန်ကြယ်သခင်က လင်းယွမ်ဆီသို့ စာတစ်စောင်ပို့လိုက်သည်။
လင်းယွမ်က ဆင်းသက်နေချိန်အတွင်း သူက ရှစ်စန်းတောင်ထိပ်ရှိ နန်းတော်ထဲတွင် တံခါးပိတ်ကျင့်ကြံနေခြင်းက လျို့ဝှက်ချက်တစ်ခု မဟုတ်သောကြောင့် ချီခွန်ကြယ်သခင်သိသည်မှာ မထူးဆန်းပေ။
ယခု လင်းယွမ်က တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်ကိုလည်း သူ၏ စီနီယာအကိုများနှင့် ချီခွန်ကြယ်သခင်လည်း သိလေသည်။
" ဟုတ်ကဲ့ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
လင်းယွမ်က ချီခွန်ကြယ်သခင်အပေါ် အလွန်လေးစားလေသည်။ ချီခွန်ကြယ်သခင်၏ ခွန်အားကြောင့်သာမက သူက လင်းယွမ်ကို ကောင်းကောင်းဆက်ဆံသောကြောင့်လည်း ဖြစ်သည်။
မကြာမီ လင်းယွမ်က ချီခွန်ကြယ်သခင်နေထိုင်ရာ အနီရောင်နန်းတော်သို့ ရောက်သွားခဲ့သည်။ ချီခွန်ကြယ်သခင်က ပလ္လင်ပေါ်တွင် ထိုင်ပြီး လင်းယွမ်ကို ကျေနပ်စွာ ကြည့်နေသည်။
လင်းယွမ်က ချီခွန်ပင်မကြယ်သို့ ရောက်ရှိပြီးနောက် နှစ်ဝက်ကြာ တံခါးပိတ်ကျင့်ကြံရုံကလွဲ၍ ဘာမှမလုပ်ခဲ့ပေ။ ကြိုးစားအားထုတ်၍ ကျင့်ကြံခြင်းကို ချီခွန်ကြယ်သခင်က အလွန်သဘောကျလေသည်။
" ဆရာ " လင်းယွမ်က ချီခွန်ကြယ်သခင်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။
" ထ ထ...." ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
" ကျင့်ကြံတာမှာ ပြဿနာတစ်ခုခု ကြုံသေးလား။ " ချီခွန်ကြယ်သခင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။
" ကျင့်ကြံခြင်းပြဿနာတွေ..." လင်းယွမ်က အနည်းငယ် တုန်လှုပ်သွား၏။
သူက လေဟာနယ်နိယာမ၏ နားလည်မှုတွင် တစ်ဆို့နေခဲ့သည်။ ထိုကိစ္စနှင့် ပက်သက်၍ သူက ချီခွန်ကြယ်သခင်ဆီမှ အကြံဉာဏ်ရယူနိုင်လေသည်။
ချီခွန်ကြယ်သခင်၏ အစစ်အမှန်ပုံသဏ္ဍန်မှာ ကြယ်ပင်လယ်ခွန်ဖြစ်လေသည်။ ခွန်များက စကြာဝဠာထဲတွင် လှည့်ပတ်သွားလာနေပြီး လေဟာနယ်နိယာမများ၏ နှစ်သက်ခြင်းကို ခံရလေသည်။ သူတို့က လေဟာနယ်နိယာမအပေါ် နားလည်မှု အလွန်မြင့်ကြလေသည်။
ထို့ကြောင့် ချီခွန်ကြယ်သခင်လည်း လေဟာနယ်နိယာမကို နက်နဲစွာ နားလည်ထားသည်မှာ သေချာလေသည်။
" ဆရာ ကျွန်တော် ကျင့်ကြံရာမှာ ပြဿနာတစ်ခု တကယ်ကြုံတွေ့နေရတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" ကောင်းတယ် တပည့် ပြောပါ။ " ချီခွန်ကြယ်သခင်က ဝမ်းသာသွား၏။
လင်းယွမ်က အလွန်ထူးချွန်ပြီး သူ၏ တပည့်ဖြစ်လာကတည်းက လေးနက်စွာ လမ်းညွှန်ပေးသည်ဟူ၍ မရှိခဲ့ပေ။ နောက်ဆုံးတွင် အခွင့်အရေးရောက်လာပြီဖြစ်သည်။
" ဒီလိုပါ..." လင်းယွမ်က ခနတွေးလိုက်သည်။ " အခု ကျွန်တော်က လေဟာနယ်နိယာမရဲ့ ပုံစံ ၉၆၅ မျိုးကို တွေးမိပါတယ်။ "
လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များတွင် လေဟာနယ်စွမ်းအားများ စုစည်းလာသကဲ့သို့ ပုံစံအမျိုးမျိုး ဖြစ်ပေါ်လသည်။ ကုဗတုံးပုံစံများ၊ နှစ်ဖက်မြင်ပုံစံများ၊ အနက်ရောင်တွင်းပေါက်ပုံစံများ၊ စက္ကူပုံစံများ။
လင်းယွမ်၏ ရှေ့တွင် လေဟာနယ်စီးကြောင်းများက ရောနှောသွားပြီး ၈၇၆ခုမြောက်ကို ဖန်တီးပြီးနောက် ရပ်တန့်သွားသည်။
" ဆရာ လေဟာနယ်နိယာမရဲ့ ပုံစံ ၈၇၆ခုမြောက်မှာ ကျွန်တော် နည်းနည်းရှုပ်နေတုန်းပဲ။ "လင်းယွမ်က ချီခွန်ကြယ်သခင်ကို မော့ကြည့်လိုက်သည်။
" လေဟာနယ်နိယာမပုံစံ ၉၆၅မျိုး..." ချီခွန်ကြယ်သခင်၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်သွား၏။
အဲ့ဒါက သတ္တမအလွှာရောက်မှ စဉ်းစားတာမဟုတ်ဘူးလား။ ဆဋ္ဌမအလွှာသို့ ဝင်ရောက်ခဲ့သော လင်းယွမ်က ၎င်းတို့ကို စတင်စဉ်းစားနေပြီလား။
ထို့အပြင် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုက ပထမ ပုံစံရှစ်ရာမှ ရှေ့မတက်နိုင်ကြတော့ပေ။
ချီခွန်ကြယ်သခင်က လင်းယွမ်၏ ရှေ့မှ လေဟာနယ်စီးကြောင်းများကို ကြည့်လိုက် လင်းယွမ်ကို ကြည့်လိုက် လုပ်နေသည်။
" ကောင်းပြီ တပည့်လေး။ မင်းရဲ့ ရှုပ်ထွေးမှုက..." ချီခွန်ကြယ်သခင်က ခနစဉ်းစားပြီးနောက် စကားပြောရန် တုန့်ဆိုင်းသွားသည်။
လေဟာနယ်နိယာမများက ခိုင်မာသော ပုံသဏ္ဍန်မရှိသောကြောင့် သာမန်ဆင့်ကဲပြောင်းလဲသူများ ၎င်းကို နားလည်ရန် အလွန်ခက်ခဲလေသည်။ လေဟာနယ်က အပူကို ထုတ်လွှတ်နိုင်သော မီးတောင်မဟုတ်သကဲ့သို့ ထိတွေ့နိုင်သော မြေကြီးလည်း မဟုတ်ပေ။
ကြယ်ပင်လယ်ခေတ်၏ နှစ်ခြောက်သိန်းသမိုင်းတွင် လူသားမျိုးနွယ်မှ လေဟာနယ်တာအိုတွင် ကျွမ်းကျင်သော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရှိခဲ့ပြီး သူ၏ နားလည်မှုအပေါ် အခြေခံ၍ လေဟာနယ်ပုံစံ ၉၆၅ မျိုးကို ဖော်ထုတ်ခဲ့သည်။
ထိုပုံစံ ၉၆၅ မျိုးက စစ်မှန်သော လေဟာနယ်နိယာမနှင့် ဝေးကွာနေဆဲ ဖြစ်သော်လည်း အခြားဆင့်ကဲပြောင်းလဲသူများအား လမ်းကြောင်းမှန်သို့ ညွှန်ပြပေးနိုင်လေသည်။ သူတို့က ပုံသေနည်းများနှင့် တူညီလေသည်။
သာမန်အားဖြင့် ထိုပုံစံ ၉၆၅မျိုးကို နားလည်ခြင်းက လေဟာနယ်နိယာမကို အခြေခံအားဖြင့် မိတ်ဆက်ပေးခြင်းသာ ဖြစ်သည်။ ၎င်းကို အောင်မြင်ရန် လူတစ်ယောက်က သတ္တမအလွှာသို့ ရောက်ရန်လိုအပ်လေသည်။
အမှန်တော့ သတ္တမအလွှာများသာ လေဟာနယ်နိယာမများကို စတင်နားလည်နိုင်ပြီး ၉၆၅ မျိုးလုံးကို နားလည်ရန် သတ္တမအလွှာ၏ အမတ်အဆင့် သို့မဟုတ် ဘုရင်အဆင့်ကိုလိုအပ်လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း