လင်းယွမ်၏ လောဘ...
Vol. 15 Ch. 236
ချီခွန်ကြယ်သခင်က နားမလည်ပေ။ သူ၏ ရှည်ကြာသော သက်တမ်းအတွင်း ပါရမီရှင်နှင့် မွန်းစတားများစွာကို မြင်ဖူးသော်လည်း အများစုက သန်မာသော ရုပ်ခန္ဓာ၊ သန်မာသော သွေးမျိုးဆက်များ စသည်ဖြင့် ရှိခဲ့လေသည်။
လင်းယွမ်ကဲ့သို့ တစ်စုံတစ်ယောက်က ဆဋ္ဌမအလွှာသို့ ရောက်သည်မှာ နှစ်ဝက်မကြာသေးဘဲ သတ္တမအလွှာ အမတ်အဆင့် နှင့် ဘုရင်အဆင့်များသာ အောင်မြင်နိုင်သောအရာကို နားလည်နိုင်ခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
" ငါ့တပည့်ရဲ့ ပါရမီက လေဟာနယ်မှာ အားကောင်းတာလား။ " ချီခွန်ကြယ်သခင်က တွေးလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်း ငါးထောင် ခြောက်ထောင်အတွင်း ချီခွန်ကြယ်သခင်တွေ့ဖူးသည့် လူများထဲမှ လေဟာနယ်တွင် အရည်အချင်းရှိဆုံးသူမှာ ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှ ငွေရောင်ဆံပင်နှင့် ရင်လင်းပင်ဖြစ်၏။
ချီခွန်ကြယ်သခင်က ရင်လင်းကို အနီရောင်သင်္ကေတကိုပင် ချီမြှင့်ခဲ့လေသည်။ သို့သော် လင်းယွမ်နှင့် ယှဉ်လျှင် ရင်လင်းက ကလေးသာသာ ဖြစ်၏။
" ဆရာ..." ချီခွန်ကြယ်သခင်က သူ၏ ရှေ့မှ လေဟာနယ်ပုံစံများအား စိုက်ကြည့်နေသည်ကို မြင်ပြီး လင်းယွမ်က ခေါ်လိုက်သည်။
" အမ် ငါအခြားတစ်ခုကို သတိရသွားလို့
.." ချီခွန်ကြယ်သခင်က ချက်ချင်း ပြန်ပြောလိုက်သည်။
သူ၏ ခွန်အားနှင့် လေဟာနယ်ပုံစံ ကိုးရာကျော်ကို ယခင်ကတည်းက နားလည်ခဲ့ပြီးဖြစ်သည်။ ချီခွန်ကြယ်သခင် ပုံစံကိုးရာကျော်ကို နားလည်ချိန်တွင် သတ္တမအလွှာသို့ တက်လှမ်းတော့မည်ဖြစ်ပြီး သူ၏ မူလပုံစံက ကြယ်ပင်လယ်ခွန်ဖြစ်သောကြောင့် လေဟာနယ်တွင် မွေးရာပါ အားကောင်းလေသည်။
လင်းယွမ်က လူသားမျိုးနွယ်ဖြစ်သည်ကို အတည်မပြုနိုင်လျှင် ချီခွန်ကြယ်သခင်က သူ့ကို ကြယ်ပင်လယ်ခွန်ဟုပင် ထင်မိပေလိမ့်မည်။
" လေဟာနယ်ပုံစံ ၈၇၆ခု..." ချီခွန်ကြယ်သခင်က သူ၏ လက်ကို မြှောက်လိုက်သည်နှင့် လေဟာနယ်စွမ်းအားများ စုစည်းလာပြီး ထူးဆန်းသော ပုံစံတစ်ခုပေါ်လာသည်။
ထိုပုံစံက ပုံသေမဟုတ်ဘဲ လေဟာနယ်အတက်အကျများနှင့်အတူ တဖြည်းဖြည်း ပြောင်းလဲနေသည်။
" ၈၇၆ခုမြောက် လေဟာနယ်ပုံစံ..."
လင်းယွမ်က ဂရုတစိုက် ကြည့်လိုက်သည်။ ချီခွန်မျိုးနွယ်၏ ကျင့်စဉ်ခန်းမတွင် လေဟာနယ်ပုံစံ ၉၆၅ခု၏ ရှင်းပြချက်များရှိနေပြီး သရုပ်ပြမှုများလည်း ရှိနေသည်။
သို့သော် လေဟာနယ်က အတက်အကျများနှင့် အမြဲတမ်းပြောင်းလဲနေပြီး ယခင်လေဟာနယ်ပုံစံများက လက်ရှိလေဟာနယ်အတက်အကျများနှင့် ကိုက်ညီခြင်းမရှိတော့ပေ။
ထို့ကြောင့် ယခု ချီခွန်ကြယ်သခင် စုစည်းလိုက်သော လေဟာနယ်ပုံစံက လက်ရှိ စကြာဝဠာလေဟာနယ်နိယာမနှင့် ကိုက်ညီမှုရှိပြီး လင်းယွမ်အတွက် ပို၍ အထောက်အကူဖြစ်လေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိ လေဟာနယ်ပုံစံကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိ လေဟာနယ်ပုံစံကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိ လေဟာနယ်ပုံစံကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
လင်းယွမ်၏ စိတ်ထဲတွင် စိတ်ဝိညာဉ်အလင်းများ ထွက်ပေါ်လာပြီး အင်မော်တယ်တာအိုကမ္ဘာ၏ အပြင်ဘက် ဟင်းလင်းပြင်ကို ကြည့်ရင်း နားလည်ခဲ့သော ထိုးထွင်းသိမြင်မှုများက ထွက်ပေါ်လာသည်။
ဝုန်း....
လင်းယွမ်၏ ရှေ့မှ လေဟာနယ်ပုံစံရာချီက တပြိုင်နက်ပြိုကွဲသွားသည်။
လေဟာနယ်စွမ်းအားမျှင်များက လျင်မြန်စွာ ရောယှက်သွားပြီး လေဟာနယ်ပုံစံအသစ် ဖွဲ့တည်လာသည်။ ထိုလေဟာနယ်ပုံစံက လေဟာနယ်အတက်အကျများနှင့်အတူ ဖြည်းညင်းစွာ ပြောင်းလဲပြီး ချီခွန်ကြယ်သခင်၏ ရှေ့ရှိ လေဟာနယ်ပုံစံနှင့် ကိုက်ညီသွားသည်။
" ဒါက ဒီလိုပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ ထိုလေဟာနယ်ပုံစံက သူ့ကို တစ်လနီးပါး စိတ်ရှုပ်စေခဲ့သည်။
ယခု ချီခွန်ကြယ်သခင်၏ လမ်းညွှန်ပြသမှုဖြင့် သူက နောက်ဆုံးတွင် သေချာနားလည်သွားသည်။
" မင်း ဒီလိုပဲ နားလည်သွားတာလား။ " ပလ္လင်ထက်မှ ချီခွန်ကြယ်သခင်က အံ့ဩသွားသည်။
သူက တစ်ကြိမ်သာ ပြသခဲ့ပြီး လင်းယွမ်က သင်ယူနိုင်ခဲ့သည်။ ချီခွန်ကြယ်သခင် လေဟာနယ်ပုံစံနှင့် ပက်သက်သော အကြောင်းအရာများကို ရှင်းပြရန် ပြင်နေခဲ့သည်။
" ကျေးဇူးတင်ပါတယ် ဆရာ..." လင်းယွမ်က ကျေနပ်သွားပြီး ချီခွန်ကြယ်သခင်ကို ကျေးဇူးတင်လိုက်သည်။
ချီခွန်ကြယ်သခင်၏ အကူအညီမပါဘဲ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ၎င်းကို နားလည်နိုင်သော်လည်း အချိန်ယူရပေလိမ့်မည်။
" ကိစ္စမရှိဘူး။ " ချီခွန်ကြယ်သခင်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
လင်းယွမ်လို ပါရမီရှင်တစ်ယောက်က ကျေးဇူးတင်ခြင်းကြောင့် ချီခွန်ကြယ်သခင်က အောင့်သက်သက်ခံစားလိုက်ရသည်။
" ဆရာ.... ကျန်တဲ့ လေဟာနယ်ပုံစံတစ်ရာကိုလည်း ပြပေးပါလား။ " လင်းယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
" အားလုံးကို အတူတူပြရမှာလား။ " ချီခွန်ကြယ်သခင်က ခနတိတ်ဆိတ်သွားပြီး မေးလိုက်သည်။
လေဟာနယ်ပုံစံ ၉၆၅ခုတွင် လေဟာနယ်နိယာမ၏ အနှစ်သာရများ ပါဝင်ပြီး ဆင့်ကဲပြောင်းလဲသူများက ပုံစံတိုင်းကို နားလည်ရန် ကြိုးစားအားထုတ်မှုများ လိုအပ်လေသည်။
ယခု လင်းယွမ်က ကျန်သည့် လေဟာနယ်ပုံစံအားလုံးကို တစ်ခါတည်း ပြခိုင်းနေလေသည်။
" ပြသနာမရှိဘူး။ " ချီခွန်ကြယ်သခင်က ခေါင်းငြိမ့်လိုက်သည်။
အကယ်၍ အခြားတပည့်တစ်ယောက်ဖြစ်လျှင် ချီခွန်ကြယ်သခင်က သူတို့၏ မောက်မာမှုအတွက် ပြစ်တင်ဆုံးမပြီး တတ်မြောက်ထားသော အရာကို အရင်နားလည်အောင် လုပ်ခိုင်းပေလိမ့်မည်။
သို့သော် လင်းယွမ်ကတော့ ယခုလေးတင် ပြသခဲ့သော လေဟာနယ်ပုံစံကို နားလည်သွားသောကြောင့် ချီခွန်ကြယ်သခင်က သူပြောသည့်အတိုင်း လုပ်ပေးခြင်းက အကောင်းဆုံးဟု ခံစားရလေသည်။
ဝုန်း....
ချီခွန်ကြယ်သခင်၏ ရှေ့တွင် လေဟာနယ်ပုံစံများက တစ်ခုပြီးတစ်ခု စုစည်းသွားကြသည်။
လင်းယွမ်က လေဟာနယ်ပုံစံတိုင်းကို ဂရုတစိုက် လေ့လာနေသည်။ သူက ၎င်းတို့ကို ချက်ချင်း မဖမ်းဆုပ်နိုင်လျှင်တောင် ချီခွန်ကြယ်သခင်၏ ပြသမှုဖြင့် သူ၏ အနာဂတ် နားလည်မှုအရှိန်က ယခင်ထက် ပိုမြန်သွားပေလိမ့်မည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်၏ မျက်နှာတွင် ကျေနပ်သော အမူအရာ ပေါ်လာသည်။
တစ်ဖက်တွင် ချီခွန်ကြယ်သခင်က စိတ်ရှုပ်ထွေးသောအမူအရာနှင့် လေဟာနယ်ပုံစံများ ပြသနေခြင်းကို ရပ်တန့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ဆရာ။ တပည့် လေဟာနယ်ပုံစံတွေကို မှတ်သားထားပါပြီ။ " လင်းယွမ်က ကျေးဇူးတင်လိုက်သည်။
" အင်း " ချီခွန်ကြယ်သခင်က ခေါင်းငြိမ့်လိုက်သည်။
အမှန်တော့ နေ့တစ်ဝက်လုံး သူက စကားတစ်ခွန်းမှမပြောဘဲ လေဟာနယ်ပုံစံများကိုသာ တစ်ခုပြီးတစ်ခု ပြသနေခဲ့သည်။ သူက လုံးဝ စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြုမူနေရလေသည်။
လင်းယွမ်၏ ကျေနပ်သော အမူအရာကို မြင်သောအခါ ချီခွန်ကြယ်သခင်က စိတ်အေးသွား၏။
တပည့်တစ်ယောက်ကို သင်ပေးခြင်းက ဤမျှလွယ်ကူပါလား။ သူက တပည့်များကို လမ်းညွှန်ရာတွင် ကျွမ်းကျင်ပြီး အလွန်ခက်ခဲသည်ကိုလည်း ကောင်းစွာ သိလေသည်။
" ဆရာ နောက်ထပ် လေဟာနယ်ပုံစံ ၇၇၈၂ခုကရော..." လင်းယွမ်က ခနစဉ်းစားပြီး အခွင့်အရေးကို အပြည့်အဝ အသုံးချလိုက်သည်။
လင်းယွမ် ယခုနားလည်သွားသော လေဟာနယ်ပုံစံ ၉၆၅ခုက လေဟာနယ်နိယာမ၏ အပေါ်ယံ အနှစ်သာရသာ ဖြစ်၏။ ၎င်းတို့ကို နားလည်ခြင်းက လေဟာနယ်နိယာမထဲသို့ ဝင်ရုံသာဖြစ်သည်။ လေဟာနယ်ပုံစံ ၉၆၅ခု၏ နောက်တွင် ၇၇၈၂ခု ရှိနေသေးသည်။
" နောက်ဆက်တွဲ ပုံစံတွေကို အပြင်လူတွေ သင်ပေးဖို့ ခက်တယ်။ အဲ့ဒါက ကိုယ်ရဲ့ နားလည်မှုအပေါ် အားကိုးရလိမ့်မယ်။ " ချီခွန်ကြယ်သခင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ထို့အပြင် သူက လေဟာနယ်ပုံစံ ၇၇၈၂ခုကို နားလည်ထားလျှင်တောင် ပြသနိုင်ခြင်းမရှိပေ။ လေဟာနယ်နိယာမတွင် အပေါ်ယံအနှစ်သာရကို ပြသနိုင်သော်လည်း ပို၍ နက်ရှိုင်းသော အနှစ်သာရများကို ပြသနိုင်ခြင်းမရှိပေ။
" ကောင်းပြီလေ..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူက အနည်းငယ် စိတ်လောသွား၏။ မူလကမ္ဘာ၏ နိယာမများက ကျယ်ပြောလှသောကြောင့် အခြားသူများ နားလည်ထားသော လေဟာနယ်နိယာမများက သူနှင့် ကိုက်ညီမည်မဟုတ်ပေ။
" မင်း လေဟာနယ်နိယာမတွေကို တကယ်နားလည်ချင်ရင် မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ကို သွားကြည့်သင့်တယ်။ " ချီခွန်ကြယ်သခင်က အကြံပေးလိုက်သည်။
" မျိုးနွယ်ခြားတွေရဲ့စစ်မြေပြင်..." လင်းယွမ်က စကြာဝဠာထဲရှိ အခြားမျိုးနွယ်များနှင့် တိုက်ခိုက်နေသော နေရာများကို သိထားလေသည်။
" မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်မှာ ကြီးမြတ်သူတွေ တိုက်ခိုက်ကြရင် လေဟာနယ်ကို မတည်မငြိမ် ဖြစ်စေပြီးတော့ လေဟာနယ်အက်ကြောင်းတွေလည်း ပေါ်လာတတ်တယ်။ " ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်သည်။
" ကြီးမြတ်သူတွေ..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
စကြာဝဠာလူသားမဟာမိတ်တွင် ကြီးမြတ်သူကိုးယောက်ရှိပြီး တစ်ယောက်စီက ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တစ်ခုစီကို စောင့်ကြပ်ကြလေသည်။
ကြယ်စကြာဝဠာထဲတ်ခင် ကြီးမြတ်သူများက နှုင်းယှဉ်မရနိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ကြလေသည်။
ကြီးမြတ်သူများ တိုက်ခိုက်ကြလျှင် လေဟာနယ်အက်ကြောင်းများ ဖြစ်ပေါ်စေပြီး စကြာဝဠာ၏ အလိုအလျောက် ကုသခြင်းကပင် တဖြည်းဖြည်းသာ ကုသနိုင်လေသည်။
ကြယ်တာယာခေတ်၏ နှစ်ပေါင်းနှစ်သန်းအတွင်း လူသားမျိုးနွယ်က အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းမှာ ထိုကြီးမြတ်သူများကြောင့်သာ ဖြစ်သည်။
အင်ဆက်မျိုးနွယ်တွင် ကြီးမြတ်သူ ခြောက်ယောက်သာရှိပြီး အလယ်နှင့် အောက်အဆင့် စစ်မြေပြင်များတွင်သာ အာသာချက်ရှိနိုင်လေသည်။ သို့သော် ကြီးမြတ်သူများကြား တိုက်ပွဲဖြစ်လျှင် သူတို့က အားသာချက်ရှိမည်မဟုတ်ပေ။
" ငါတို့နေတဲ့ စကြာဝဠာထဲက လေဟာနယ်က တည်ငြိမ်ပြီး အတက်အကျတွေကို လျှော့ချနိုင်တဲ့အတွက် နားလည်ဖို့ အလွန်ခက်ခဲတယ်။ "
" ဒါပေမယ့် မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်မှာ လေဟာနယ်က မတည်ငြိမ်တဲ့အပြင် အထူးသဖြင့် အဲ့ဒီ ထာဝရလေဟာနယ်အက်ကွဲကြောင်းတွေပဲ။ အဲ့ဒီမှာ လေဟာနယ်စွမ်းအားက ထာဝရတည်ရှိနေတော့ လေဟာနယ်နိယာမကို လေ့လာရာမှာ အရမ်းအကျိုးရှိတယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်က အန္တရာယ်များနှင့် ပြည့်နှက်နေပြီး စကြာဝဠာ၏ မျိုးနွယ်များအတွက် အသားကြိတ်စက်ကဲ့သို့ပင် ဖြစ်သည်။
လေဟာနယ်နိယာမများကို နားလည်ရန် ပိုမိုလွယ်ကူသော်လည်း ၎င်းက ရှုထောင့်တစ်ခုသာ ဖြစ်သည်။ အခြားအရာများလည်း ရှိလေသည်။ ဥပမာ အမွေအနှစ်များ၊ ရတနာများ။
မျိုးနွယ်ခြားများ၏ သန်မာသူများက သေသည်အထိ တိုက်ခိုက်ကြပြီး သူတို့၏ ရတနာများကို လျို့ဝှက်နေရာများတွင် ချန်ထားသကဲ့သို့ သူတို့၏ အလောင်းများက မြေအောက်တွင် နစ်မြှုပ်နေကြသည်။ ထို့အပြင် သူတို့၏ အလောင်းများကလည်း အလွန်တန်ဖိုးရှိကြလေသည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကွဲကြောင်းများက အခွင့်အရေးကို ဆုပ်ကိုင်နိုင်လျှင် အကျိုးကျေးဇူးများစွာ ရနိုင်လေသည်။
" ဒါပေမယ့် ငါ့တပည့် မင်း မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ကို သွားချင်ရင် လူကိုယ်တိုင်မသွားနဲ့။ ကိုယ်ပွားတစ်ခုပဲ လွှတ်လိုက်။ " ချီခွန်ကြယ်သခင်က ညွှန်ကြားလိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း