ချီခွန်ကြယ်သခင်၏ စိုးရိမ်မှု...
Vol. 15 Ch. 237
လင်းယွမ်ကဲ့သို့ အရည်အချင်းရှိသူတစ်ယောက်က စစ်မြေပြင်သို့ သွားခဲ့လျှက် မျိုးနွယ်ခြားများ၏ စားသောက်ပွဲတစ်ခုနှင့် တူပေလိမ့်မည်။ လင်းယွမ်က ချီခွန်ပင်မကြယ်တွင် ရှိနေလျှင် မျိုးနွယ်ခြားများက သူ့ကို လုပ်ကြံသတ်ဖြတ်လိုလျှင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။
သို့သော် မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် လင်းယွမ်၏ သတင်းအချက်အလက်များ ပေါက်ကြားသွားသည်နှင့် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မျိုးနွယ်ခြားမှ သတ္တမအလွှာနှင့် အဋ္ဌမအလွှာများပင် ချောင်းမြောင်းနေကြပေလိမ့်မည်။
စစ်မြေပြင်တွင် လင်းယွမ်ကို သတ်ဖြတ်နိုင်ခြင်းက နောက်ပိုင်းတွင် ပြန်လည်ရှင်သန်နိုင်သည်က အရေးမကြီးပေ။
" ကျွန်တော်နားလည်ပါပြီ။ "
သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အခြားကမ္ဘာသို့ ဆင်းသက်လျှင်တောင် စိတ်အသိဆင်းသက်ခြင်းကိုသာ အသုံးပြုခဲ့သည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်ဆို ပြောစရာပင် မလိုပေ။
" ခန်းမထဲမှာ ကိုယ်ပွားဖန်တီးတဲ့ နည်းစနစ် ဆယ်ခုကျော်ရှိတယ်။ အချိန်ကျရင် မင်းတစ်ခု ရွေးလို့ရတယ်။ မင်းက အခု ဆဋ္ဌမအလွှာ ရောက်နေပြီဆိုတော့ ကိုယ်ပွားတစ်ခု ဖန်တီးရာမှာ ပါဝင်နဲ့ စိတ်ဝိညာဉ်ခွဲထုတ်ခြင်းကို ခံနိုင်ရည်ရှိသွားပြီ။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
မူလကမ္ဘာတွင် ကိုယ်ပွားဖန်တီးခြင်းက အင်မော်တယ်တာအိုကမ္ဘာထက် ပိုမိုလွယ်ကူလေသည်။ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ခွဲထုတ်ပြီး ကိုယ်ပွားတစ်ခုထဲသို့ ထည့်သွင်းရုံသာ ဖြစ်သည်။ စိတ်ဝိညာဉ်မရှိလျှင် ကိုယ်ပွားတစ်ခုက ရုပ်သေးနှင့်ခြားမည်မဟုတ်ပေ။
စိတ်ဝိညာဉ်အပိုင်းအစတစ်ခုခွဲထုတ်ခြင်းက ဆဋ္ဌမအလွှာအောက်များ လုပ်နိုင်စွမ်းမရှိပေ။ သူတို့ လုပ်နိုင်ခဲ့လျှင်တောင် မူလအရင်းအမြစ်နှင့် အလားအလာများ ကြီးမားစွာ ဆုံးရှုံးရပေလိမ့်မည်။
" ငါ့ရဲ့သိုင်းတာအိုက မူလစိတ်ဝိညာဉ်၊ ယင်စိတ်ဝိညာဉ်နဲ့ ယန်စိတ်ဝိညာဉ်.." လင်းယွမ်က သူ၏ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို မူလကမ္ဘာမှ ကိုယ်ပွားနည်းစနစ်များနှင့် ယှဉ်ကြည့်လိုက်သည်။
အဆုံးတွင် သိုင်းတာအိုမူလစိတ်ဝိညာဉ်က ကိုယ်ပွားနည်းစနစ် အများစုထက် သာလွန်လေသည်။ အနည်းဆုံးတော့ လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ကိုခွဲထုတ်ရန် မလိုဘဲ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က လင်းယွမ်၏ စိတ်အသိနှင့် မျှဝေထားကြခြင်းဖြစ်သည်။
" စကြာဝဠာထဲမှာ ကိုယ်ပွားစွမ်းရည်ကို ပိုင်ဆိုင်တဲ့ ထူးခြားတဲ့သက်ရှိတွေ ရှိတယ်လို့ ပြောကြတယ်။ လူသားမျိုးနွယ်ရဲ့ ကိုယ်ပွားနည်းစနစ်အများစုက သူတို့ဆီက ဆင်းသက်လာတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ထိုကိုယ်ပွားစွမ်းရည်များက စိတ်ဝိညာဉ်ခွဲထုတ်ရန် မလိုအပ်ဘဲ စိတ်အသိမျှဝေထားသော သူ၏ မူလစိတ်ဝိညာဉ်များနှင့် ဆင်တူလေသည်။
ထို့နောက် ချီခွန်ကြယ်သခင်က လင်းယွမ်ကို အကြံဉာဏ်အချို့ ပေးခဲ့သည်။ သူက ကိုယ်ပွားတစ်ခု ဖန်တီးပြီး စစ်မြေပြင်သို့ သွားခြင်းအား လျို့ဝှက်ထားလျှင် အကောင်းဆုံးဖြစ်လေသည်။ မျိုးနွယ်ခြားများက သတင်းရပြီး သူ၏ ကိုယ်ပွားကို သတ်ပစ်ခဲ့လျှင် မူလခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လေသည်။
ချီခွန်ကြယ်သခင်က လင်းယွမ် ထွက်သွားသည်ကို ကြည့်နေသည်။
" လေဟာနယ်နိယာမအပေါ် နားလည်မှုက အကြီးဆုံးတပည့်ကလွဲပြီး သူ့ကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး။ " ချီခွန်ကြယ်သခင်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
လေဟာနယ်ပုံစံ ရှစ်ရာကျော်ကို နားလည်ထားသော အကြီးဆုံးတပည့်သာ သူ့ထက် သာလွန်နိုင်ပြီး ဒုတိယတပည့်နှင့် တတိယတပည့်တို့က တန်းတူ သို့မဟုတ် အနည်းငယ်ပင် အားနည်းနေကြသည်။ စတုတ္ထတပည့်နှင့် နောက်တပည့်များကတော့ သတ္တမအလွှာသို့ပင် မရောက်ကြသေးပေ။
" ဒီလိုပါရမီ..." ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်သည်။
လင်းယွမ်ကြောင့် ချီခွန်ကြယ်သခင်က အသက်ကြီးသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ အချိန်တိုအတွင်း လင်းယွမ်က စတုတ္ထအလွှာနှင့် ရှစ်စန်းတောင်ထိပ်သခင်က အားအနည်းဆုံးဖြစ်ခဲ့ပြီး ယခု မဟာတောင်ထိပ်သခင်ပြီးလျှင် ဒုတိယဖြစ်နေပြီဖြစ်သည်။
ချီခွန်ကြယ်သခင်၏ အမြင်တွင် လက်ရှိ လင်းယွမ်၏ ကျင့်ကြံခြင်းအရှိန်၊ နားလည်နိုင်စွမ်းနှင့် မဟာတောင်ထိပ်သခင်ကို ကျော်လွန်ရန် အချိန်တစ်ခုသာ လိုပေလိမ့်မည်။
မဟုတ်သေးဘူး....
ချီခွန်ကြယ်သခင်က စိတ်ထဲတွင် တင်းကျပ်သွား၏။
သူ့တပည့်က သူ့ကို ကျော်တက်သွားမှာတော့ မဟုတ်လောက်ဘူးမလား။
" ငါအတွေးလွန်နေတာဖြစ်ရမယ်။ "
" ငါတပည့်က လေဟာနယ်နိယာမကို ဖမ်းဆုပ်ပြီး သတ္တမအလွှာကို အလွယ်တကူ တက်လှမ်းနိုင်ပေမယ့် အဋ္ဌမအလွှာကို တက်ဖို့က သိပ်တော့ မလွယ်လှဘူး။ " ချီခွန်ကြယ်သခင်က သူ့ကိုသူ နှစ်သိမ့်လိုက်သည်။
သူက ကြယ်ပင်လယ်ခွန်ကို သိမ်းပိုက်သည့်တိုင် အဋ္ဌမအလွှာသို့ ချိုးဖျက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ လင်းယွမ်၏ အရည်အချင်းများက သူ့ထက် သာလွန်လျှင်တောင် အဋ္ဌမအလွှာကို ရင်ဆိုင်ရချိန်တွင် အချိန်တစ်ခုကြာအောင် ရပ်တန့်နေပေလိမ့်မည်။
" အာ တစ်ခါတစ်လေ အရမ်းတော်တဲ့ တပည့်တစ်ယောက်ရှိတာကလည်း ဆရာကို မသက်မသာခံစားရစေတာပဲ။ " ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်သည်။
ရှစ်စန်းတောင်ထိပ်၏ နန်းတော်ထဲတွင်...
" အနီရောင်စိတ်ဝိညာဉ်အရည် ရောက်ပြီ။ " လင်းယွမ်က သူ၏ ရှေ့ရှိ ဆေးပုလင်းလေးကို ကြည့်လိုက်သည်ယာ
ဆေးပုလင်းက သိုင်လှောင်ရတနာတစ်ခုဖြစ်သည်။ ၎င်းက လက်တစ်ဝါးအရွယ်သာ ရှိသော်လည်း အထဲတွင် အနီရောင်စိတ်ဝိညာဉ်အရည် ရေကန်ငယ်တစ်ခု ပါဝင်လေသည်။
" စကြတာပေါ့။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကို မဆုံးဖြတ်ရသေးသော်လည်း ဆဋ္ဌမအလွှာကဏ္ဍက ပြီးမြောက်သွားပြီဖြစ်သည်။ ဆေးပုလင်းထဲရှိ အနီရောင်စိတ်ဝိညာဉ်အရည်များဖြင့် လင်းယွမ်က ဆဋ္ဌမအလွှာအကန့်အသတ်သို့ ရောက်နိုင်မည်ဖြစ်သည်။
" ဒီတစ်ခါ ငါ ဘယ်လိုရုပ်ခန္ဓာနတ်စွမ်းရည် မွေးဖွားလာမလဲမသိဘူး။ "
အင်မော်တယ်တာအိုကမ္ဘာတွင် ရုပ်ခန္ဓာကျင့်ကြံခြင်း၏ ရုပ်ခန္ဓာနတ်စွမ်းရည်က လူတစ်ယောက်၏ သွေးထဲတွင် နစ်မြှုပ်နေသော စွမ်းရည်တစ်ခု ဖြစ်လေသည်။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကို ဖန်တီးချိန်တွင် ရုပ်ခန္ဓာကျင့်ကြံခြင်းမှ ခန္ဓာကိုယ်ကို နက်ရှိုင်းစွာ မြှင့်တင်ခြင်းကို ထည့်သွင်းထားခဲ့သည်။ ထို့ကြောင့် ဆဋ္ဌမအလွှာက ရုပ်ခန္ဓာနတ်စွမ်းရည်ကို မွေးဖွားပေးနိုင်လောက်ပေသည်။
လင်းယွမ်က မူလခန္ဓာကိုယ်နှင့် ဆဋ္ဌမအလွှာကို ယခုမှ ကျင့်ကြံမည်ဖြစ်သောကြောင့် ရုပ်ခန္ဓာနတ်စွမ်းရည်အသစ်တစ်ခု မွေးဖွားလာပေလိမ့်မည်။
လင်းယွမ်က ဆေးရည်ပုလင်းကို ယူပြီး ဆေးရည်များကို မော့သောက်လိုက်သည်။ သူ၏ လည်ချောင်းထဲသို့ ဆေးရည်များဝင်သွားသည်နှင့် သန့်စင်သော စွမ်းအားများအဖြစ် ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားကြသည်။
ရက်အတော်ကြာပြီးနောက် လင်းယွမ်က ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်။
" ဆဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်ပြီ။ " လင်းယွမ်က အဆင့်မချိုးဖျက်သေးပေ။
ယခု သူသာဆန္ဒရှိလျှင် သတ္တမအလွှာသို့ ချိုးဖျက်နိုင်ပြီဖြစ်သည်။ သို့သော် သူက သတ္တမအလွှာကို ကျေနပ်မှုမရှိသေးပေ။ ၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမ အလွှာငါးလွှာကို ကောင်းစွာ အားမဖြည့်ပေးနိုင်ပေ။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သတ္တမအလွှာက လေဟာနယ်နိယာမတွေကို လုံလောက်အောင် နားလည်ထားရမယ်။ အနည်းဆုံးတော့ စတင်သူတိုင်း ဖမ်းဆုပ်နိုင်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူက လေဟာနယ်ကို ပို၍ ဆင်ခြင်လာသည်နှင့် သူ၏ နားလည်မှုကလည်း ပို၍ နက်ရှိုင်းလာသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အနှစ်သာရမှာ ထိုင်ကျိတာအိုနှင့် တာအိုအားလုံးကို ချုပ်ကိုင်ရန် ထိန်းချုပ်ရန် ဖြစ်သည်။
တာအိုအပေါ် သူ၏ ကိုယ်ပိုင်အသိအမြင်များနှင့် ထိုက်ကျိတာအိုကို ပြည့်စုံစေပြီး တာအိုအားလုံးကို ထိန်းချုပ်ရန် အသုံးပြုရပေလိမ့်မည်။
လင်းယွမ်က သတ္တမအလွှာကဏ္ဍအတွက် အပြည့်စုံဆုံးမှာ လေဟာနယ်နိယာမများကို ပေါင်းစပ်ရန် ဖြစ်သည်။ ၎င်းက လင်းယွမ်အတွက်သာ ဖြစ်သည်။
အခြားဆင့်ကဲပြောင်းလဲသူများကတော့ လေဟာနယ်နိယာမတစ်ခုတည်းကို ပေါင်းစပ်ရန် မလိုအပ်ဘဲ အခြားနိယာများကိုလည်း ပေါင်းစပ်နိုင်လေသည်။
လူတစ်ဦးက မည်သည့်အရာအပေါ် ထူးချွန်သလဲအပေါ် မူတည်လေသည်။ လေဟာနယ်နိယာမများကို နာယလည်ရန် ခက်ခဲပြီး သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများသာ ၎င်းကို ကျွမ်းကျင်နိုင်လေသည်။
သို့သော် အခြားနိယာမများကို နားလည်ရန် ကန့်သတ်ချက်များက နိမ့်ကျလေသည်။ ဥပမာ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုတွင် အနျိရောင်သင်္ကေတပိုင်ရှင် လူထွားကြီးက ခွန်အားနိယာမကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။ စတုတ္ထအလွှာနှင့် နိယာမတစ်ခုကို ကျွမ်းကျင်ခြင်းက အမှန်တကယ် ပါရမီရှင်သာ ဖြစ်သည်။
အခြားသိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက သတ္တမအလွှာသို့ ချိုးဖျက်ရန် ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် သူတို့နှင့် ကိုက်ညီသည့် နိယာမတစ်ခုကို ဆုပ်ကိုင်ထားရန် လိုအပ်လေသည်။
" ရုပ်ခန္ဓာနတ်စွမ်းရည်ကို အားဖြည့်ပေးနေတယ်။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားမိလေသည်။
သူ၏ သွေးကြောထဲတွင် စွမ်းအားတစ်ခု နိုးထလာရန် ပြင်ဆင်နေသည်ကို သတိပြုမိလေသည်။ ၎င်းက အင်မော်တယ်တာအိုကမ္ဘာတွင် ရုပ်ခန္ဓာနတ်စွမ်းရည် ပထမဆုံး နိုးထလာသည်နှင့် ဆင်တူလေသည်။
" နောက်တစ်ရက်နှစ်ရက်လောက်တော့ ကြာဦးမှာပဲ။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
ရုပ်ခန္ဓာနတ်စွမ်းရည်နိုးထလာခြင်းက ချက်ချင်း မဖြစ်နိုင်ဘဲ အားဖြည့်ရန် အချိန်လိုအပ်လေသည်။ လက်ရှိ အားဖြည့်နှုန်းအရ တစ်ရက်နှစ်ရက်အတွင်း လင်းယွမ်။ ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာပေလိမ့်မည်။
" ဟမ် ဖန်ချင်းက ငါ့ကို ရှာနေတာလား။ " လင်းယွမ်က ဧည့်သည်စာရင်းကို ကြည့်ပြီး ဖန်ချင်းက သူ့အား ရှာနေသည်ကို တွေ့လိုက်ရသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း