လမ်းညွှန်ဗီဒီယိုများ....
Vol. 15 Ch. 238
VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင်။
လင်းယွမ်နှင့် ဖန်ချင်းတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" လျှောက်လုပ်မနေနဲ့ အရင်အတိုင်းပဲပြော..." လင်းယွမ်က ဖန်ချင်း၏ စိုးရိမ်မှုကို သတိပြုမိပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
ဖန်ချင်းက သူနှင့် ရင်းနှီးပြီး ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှု၏ အချက်အလက်များကို သူ့အား ပြောပြခဲ့သည်။ နောက်ပိုင်း ဟေးယုမျိုးနွယ်က လင်းယွမ်ကို ဖိနှိပ်သောကြောင့် နိုင်ငံသားများစွာ၏ ကဲ့ရဲ့မှုကို ခံနေရချိန်တွင် ဖန်ချင်းက သူ့ဘက်တွင် ရပ်တည်ပြီး ကန်လန်ကြယ်၏ ကုန်သွယ်မှုကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။
ဟေးယုမျိုးနွယ်၏ လုပ်ရပ်က လင်းယွမ်ကို လုံးဝမထိခိုက်စေခဲ့သော်လည်း ဖန်ချင်းက သူ့ကို အမှန်တကယ် ကူညီချင်ခဲ့လေသည်။
" အကိုလင်းက အရင်လို ပေါ့ပေါ့ပါးပါးပဲ။ " ဖန်ချင်းက အနည်းငယ် သက်သာသွားပြီး ပြုံးလိုက်သည်။ " ဒါပေမယ့် အခု မင်းက ချီခွန်မျိုးနွယ်ရဲ့ တောင်ထိပ်သခင် ဖြစ်နေပြီ။ "
ဖန်ချင်းက ထိုသို့ပြောလိုက်သော်လည်း သူ၏ စိတ်က အနည်းငယ် တည်ငြိမ်သွားပြီဖြစ်သည်။ ယခင်က လင်းယွမ်အား ကူညီခဲ့သည်များကို အမှန်တကယ် ကျေနပ်မိလေသည်။ မဟုတ်လျှင် လင်းယွမ်၏ လက်ရှိအခြေအနေအရ ဖန်ချင်းက သူ့ကို မြင်ရမည်ပင် မဟုတ်ပေ။ သူသိသလောက် လင်းယွမ်က ချီခွန်ပင်မကြယ်သို့ ရောက်ကတည်းက ဘယ်သူနှင့်မှ မတွေ့ခဲ့ပေ။
" မင်းအခြေအနေ ဘယ်လိုလဲ။ " လင်းယွမ်က ပြုံး၍ မေးလိုက်သည်။
" မဆိုးပါဘူး။ " ဖန်ချင်းက တိုးညှင်းစွာ ပြောလိုက်သည်။ " လူတွေက အကိုလင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးကို သိတော့ ငါနဲ့ ရင်းနှီးချင်နေကြတယ်။ ငါ့ကို အသုံးချပြီး အကိုလင်းနဲ့ ဆက်သွယ်ဖို့ပေါ့။ "
ကန်လန်ကြယ်က ဟေးယုမျိုးနွယ်၏ ဖိနှိပ်မှုကို ခံရချိန်တွင် ဖန်ချင်းက သူ၏ သူငယ်ချင်းဘက်တွင် ရပ်တည်ခဲ့သည်။ နောက်ပိုင်း ထိုသူငယ်ချင်းက ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ဖြစ်နေခဲ့သည်။
လင်းယွမ်နှင့် သူ၏ မိသားစုမှလွဲ၍ အဆင့်အတန်းပြောင်းလဲသူမှာ ဖန်ချင်းပင် ဖြစ်သည်။
ဖန်ချင်းက ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်အတွက် ရှေ့ထွက်ခဲ့လိမ့်မည်ဟု ဘယ်သူမှသိကြမည်မဟုတ်ပေ။
ချီခွန်မျိုးနွယ်တွင် ဖန်ချင်းက ရှစ်စန်းတောင်ထိပ်သခင်၏ လူဖြစ်နေပြီဟု ပြော၍ရလေသည်။ ချီခွန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များပင် ဖန်ချင်းကို လေးစားစွာ ဆက်ဆံကြလေသည်။
" ဟားဟားဟား..." လင်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လင်းယွမ်က သူ၏ အဆင့်အတန်းကို မထုတ်ဖော်မီ သူ့ကို အသုံးချပြီး ဖန်ချင်းနှင့် ဆက်သွယ်ချင်သူများ ရှိခဲ့လေသည်။ ယခုလည်း သူနှင့် ရင်းနှီးမှုရရှိရန် ဖန်ချင်းမှတစ်ဆင့် ကြိုးစားနေသူများ ပေါ်လာလေသည်။
" ရှစ်စန်းတောင်ထိပ်က တည်ထောင်ပြီးသွားပြီ။ မင်းငါ့ကို လာမကူညီချင်ဘူးလား။ " လင်းယွမ်က ဖန်ချင်းနှင့် စကားအနည်းငယ် ပြောပြီးနောက် ထိုစကားကို သာမန်အတိုင်း ပြောလိုက်သည်။
ယခု ရှစ်စန်းတောင်ထိပ်သို့ ဝင်ရောက်ခြင်းက ရှစ်စန်းတောင်ထိပ်၏ အဖွဲ့ဝင် ဖြစ်သွားပြီး အနာဂတ်တွင် စီနီယာအဖွဲ့ဝင်များအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
" ကျေးဇူးတင်ပါတယ် အကိုလင်း။ " ထိုစကားကို ကြားသောအခါ ဖန်ချင်းက ချက်ချင်း ထပြီး အရိုအသေပေးလိုက်သည်။
လင်းယွမ်၏ စကားတစ်ခွန်းက ဖန်ချင်းကို ချီခွန်မျိုးနွယ်အတွင်း ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့ ရောက်သွားစေနိုင်လေသည်။
လင်းယွမ်ကို နှုတ်ဆက်ပြီးနောက် ဖန်ချင်းက သူ၏ ကိုယ်ပိုင်နေရာသို့ ပြန်လာခဲ့သည်။
" ဖန်လေး အရင်က ငါမင်းကို မပြောခဲ့ဘူးလား။ မင်းရဲ့ အကိုလင်းမှာ အကန့်အသတ်မဲ့တဲ့ အလားအလာတွေ ရှိပါတယ်ဆို..." မုတ်ဆိတ်ဖြူအဘိုးကြီးက ဂုဏ်ယူစွာ ပြောလိုက်သည်။
သက်ရှိ AI တစ်ခုအနေဖြင့် လူအိုကြီးက ခွန်အားမရှိသော်လည်း ဉာဏ်ရည်အလွန်ထက်မြက်လေသည်။
" အခုကစပြီး မင်းရဲ့ အကိုလင်းနောက်ကို လိုက်ပြီး သစ္စာရှိရှိ အလုပ်လုပ်ပေး။ တခြားဘာမှလုပ်ဖို့ မတွေးနဲ့ နားလည်လား။ " လူအိုကြီးက သူ့ကို သတိပေးလိုက်သည်။
လင်းယွမ်ကဲ့သို့ ကျင့်ကြံခြင်းကို ရူးသွပ်သူများက အခြားအရာများ၏ အနှောက်အယှက်ကို ခံမည်မဟုတ်ပေ။ ဖန်ချင်းက တစ်စုံတစ်ခု ရရှိရန် အခွင့်ကောင်းယူခဲ့လျှင် ကြီးမားသော အမှားတစ်ခု ဖြစ်သွားပေလိမ့်မည်။
" ကျွန်တော် နားလည်ပါတယ်။ " ဖန်ချင်းက ခေါင်းငြိမ့်လိုက်သည်။
ရှစ်စန်းတောင်ထိပ်သို့ ပထမဆုံး ဝင်ရောက်ခဲ့သူအနေဖြင့် ဖန်ချင်းက အဓိကအဖွဲ့ဝင်အဖြစ် အဆင့်မြှင့်တင်ရန် မခက်ခဲတော့ပေ။
ဖန်ချင်းက ကြီးမားသော အခွင့်အရေးနှင့် အကျိုးအမြတ်များကို တွေးနေလျှင် သူက အကိုလင်း၏ ယုံကြည်မှုနှင့် မထိုက်တန်သူ ဖြစ်သွားပေလိမ့်မည်။
" ကောင်းကောင်းလေ့ကျင့်။ လက်ရှိမင်းရဲ့ ဦးတည်ချက်က သခင်ဟောင်းထက် အများကြီး သာနေပြီ။ " မုတ်ဆိတ်ဖြူအဘိုးကြီး၏ လေးနက်စွာ ပြောလိုက်သည်။
ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးသူဖြစ်သော သူ၏ သခင်ဟောင်းက ချီခွန်ကြယ်နယ်မြေအပြင် အခြားကြယ်နယ်မြေများအထိ ကျော်ကြားလေသည်။ သို့သော် ယခု ဖန်ချင်းနှင့် ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အမြတ်ခွဲဝေမှု..." လင်းယွမ်က နောက်မှ ပမာဏကို ကြည့်လိုက်သည်။
" ၂၈၉ ထရီလီယံ ၆၉၀ သန်း "
" အဲ့လောက်တောင်လား။ " လင်းယွမ်က အံ့ဩသွားသည်။ ထိုပမာဏက ၃၀၀ ထရီလီယံနီးပါး ဖြစ်လေသည်။
" အဲ့ဒါ ဆဋ္ဌမအလွှာကဏ္ဍကြောင့် ဖြစ်မယ်။ " လင်းယွမ်က အလွှာအသီးသီး၏ အရောင်းစာရင်းကို ကြည့်လိုက်သည်။
ဆဋ္ဌမအလွှာ ဝယ်ယူသူအရေအတွက်က တစ်ထောင်ကျော် ရှိလေသည်။ ဆဋ္ဌမအလွှာအတွက် လင်းယွမ် သတ်မှတ်ထားသော စျေးနှုန်း သန်ငါးဆယ်ဖြစ်လေသည်။ သန်းငါးဆယ်ဖြင့် လူတစ်ထောင်ဝယ်လျှင် ငါးဆယ်ထရီလီယံ ဖြစ်နေပြီဖြစ်သည်။
" ဆဋ္ဌမအလွှာကို ဝယ်တဲ့ တစ်ထောင်က လေ့လာချင်ကြလို့ပဲ။ ပဉ္စမအလွှာကို ရောက်လို့ ဆဋ္ဌမအလွှာကဏ္ဍကို ဝယ်တဲ့သူက တစ်ယောက်မှမရှိဘူး။ " လင်းယွမ်က အကြောင်းရင်းကို သိလေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် ခုန်ပျံတက်သွားသောကြောင့် အများစုက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်၏ လက်ရာဟု ထင်ကြပေလိမ့်မည်။ ၎င်းက အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေလေသည်။
" ဒါက စောသေးတယ်။ နှစ်တတစ်ရာကြာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ စတုတ္ထနဲ့ ပဉ္စမအလွှာကို ကောက်သွားရင် ဆဋ္ဌမအလွှာကဏ္ဍက အဓိကနေရာရောက်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
စူးစမ်းလိုစိတ်က ဝင်ငွေအမြဲတမ်းရနေမည်မဟုတ်ပေ။ သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ပို၍ ကျယ်ပြန့်လာသည်နှင့် လေ့ကျင့်များလာပြီး တကယ်ရွှေတောင်ဖြသ်လာပေလိမ့်မည်။
" သုံးဆယ်ထရီလီယံ။ " လင်းယွမ်က သူ၏ လက်ကျန်ငွေကို ကြည့်ပြီး ကျေနပ်သွား၏။
" ငါတွန်းအားပေးဖို့ လိုသေးတယ်။ " လင်းယွမ်က ခနတွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
သိုင်းတာအိုကျင့်ကြံသူများ၏ ဆင့်ကဲပြောင်းလဲခြင်းက လမ်းညွှန်မှုမရှိသောကြောင့် အလွန်နှေးကွေးနေသည်။
" ဒီလိုဆိုမှာတော့ ငါလည်း အချိန်ရတုန်းက သိုင်းတာအိုအတွက် လမ်းညွှန်ဗီဒီယိုနည်းနည်း လုပ်ထားရမယ်။ " အတွေးတစ်ချက်နှင့်အတူ လင်းယွမ်၏ ကိုယ်ပိုင်နေရာက ပြောင်းလဲသွားသည်။
သူ၏ ခန္ဓာကိုယ်အသွင်အပြင်များက စတင်ပြောင်းလဲသွားပြီး ပိန်ပိန်နှင့် လူတစ်ယောက်ပုံပေါ်လာသည်။
" ဒါဆို အဆင်ပြေသွားပြီ။ "
ထို့နောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာကို စတင်ရှင်းပြလိုက်သည်။ ပထမအလွှာကဏ္ဍကို ရှန်ထျန်းအဆင့်၊ ဆရာသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်ဟူ၍ ခွဲခြားထားသည်။ လက်ရှိသိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အများစုက ပထပအလွှာကဏ္ဍတွင် ရှိကြလေသည်။
အချိန်များ တဖြည်းဖြည်း ကုန်လာပြီး နေ့တစ်ဝက်အတွင်း လင်းယွမ်က ဗီဒီယိုဆယ်ပုဒ်မှတ်တမ်းတင်ပြီးသွားပြီဖြစ်သည်။ အားလုံးက ပထမအလွှာ၊ ဒုတိယအလွှာနှင့် တတိယအလွှာတို့အတွက် ဖြစ်သည်။
" ဒီလောက်ဆို လုံလောက်ပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ပထမအလွှာကဏ္ဍ၊ ဒုတိယအလွှာကဏ္ဍနှင့် တတိယအလွှာကဏ္ဍတို့ကို ပြန်ကြည့်ခြင်းက လင်းယွမ်အတွက်လည်း အထောက်အကူ ဖြစ်စေလေသည်။
" အားလုံးကို VR ကမ္ဘာမှာ တင်လိုက်မယ်။ "
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူ၏ ယွမ်ဟူသော အကောင့်ကို ဝင်ပြီး လမ်းညွှန်ဗီဒီယိုများကို တင်ရန်ပြင်လိုက်သည်။
" ဖော်လိုဝါတွေ အများကြီးပါလား။ " လင်းယွမ်က ယွမ် အကောင့်၏ ဖော်လိုဝါအရေအတွက်ကို ကြည့်လိုက်ပြွး သန်းတစ်ရာကျော်သည်ကို တွေ့လိုက်ရသည်။
ထိုသန်းတစ်ရာမှာ သာမန်နိုင်ငံသားများမဟုတ်ဘဲ VR ကမ္ဘာသို့ ဝင်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများ ဖြစ်ကြလေသည်။
" ပြီးပြီ။ " လင်းယွမ်က ယွမ်အကောင့်မှ လမ်းညွှန်ဗီဒီယိုဆယ်ခုကျော်ကို တင်လိုက်သည်။
" မင်းတို့ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သူများလာသည်နှင့် လင်းယွမ်အတွက် အကျိုးအမြတ်များ ရရှိနိုင်လေသည်။
ဗီဒီယိုများ တင်ပြီးနောက် လင်းယွမ်က ၎င်းတို့ကို အာရုံမစိုက်တော့ဘဲ လေဟာနယ်ပုံစံများကို လေ့လာဆင်ခြင်နေခဲ့သည်။ လေဟာနယ်နိယာမပုံစံ ၉၆၅ ခုတွင် လင်းယွမ်က ငါးပုံလေးပုံကို နားလည်ထားပြီဖြစ်သည်။
ကျန်ရှိသော ပုံစံများကို ချီခွန်ကြယ်သခင်က ပြသခဲ့ပြီး လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၎င်းတို့ကို နားလည်ရန် အချိန်တစ်ခုသာ လိုလေသည်။
" လေဟာနယ်ပုံစံ ၉၆၅မျိုးကို ဆုပ်ကိုင်ပြီး လေဟာနယ်နိယာမထဲဝင်ရောက်တာက်ု သတ္တမအလွှာကဏ္ဍကို ဖန်တီးဖို့ အသုံးပြုသင့်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
လေဟာနယ်၏ စဦးအဆင့် နားလည်မှုကို ထိုက်ကျိတာအိုနှင့် ရောနှောပြီး သတ္တမအလွှာသို့ ချိုးဖျက်နိုင်ခဲ့လျှင် သူ၏ ခွန်အားက ခုန်ပျံတက်သွားမည်ကို လင်းယွမ်က ခံစားမိလေသည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." လင်းယွမ်က လေဟာနယ်နခယာမကို တွေးတောရန် ငြီးငွေ့လာသောအချိန်တွင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုလည်း စဉ်းစားခဲ့သည်။ တစ်ခါတစ်ရံ လေဟာနယ်နှင့် ပက်သက်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခြင်းကလည်း အထောက်အကူဖြစ်စေလေသည်။
လင်းယွမ်က အချိန်ရလျှင် ထိုက်ယင်၊ ထိုက်ယန်တို့နှင့်အတူ ချီခွန်ကြယ်သခင်ပေးသော နိယာမသလင်ကျောက်ကိုလည်း လေ့လာခဲ့လေသည်။ လင်းယွမ်က ၎င်းကို အပြည့်အဝ မဖမ်းဆုပ်နိုင်သေးသော်လည်း လေ့လာမှုတိုင်းက ကွဲပြားသော ခံစားချက်ကို ပေးစွမ်းခဲ့လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း