← Chapters

တောင်ရွေ့လျားခြင်းနတ်စွမ်းရည်....

Vol. 15 Ch. 239

တောင်ရွေ့လျားခြင်းနတ်စွမ်းရည်....

Vol. 15 Ch. 239

မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားခဲ့သည်။ လင်းယွမ်က သူ၏ သွေးမျိုးဆက်ထဲရှိ အနက်ရှိုင်းဆုံး နေရာမှာ လှိုင်းတစ်ခုထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

" ငါ့ရဲ့ ဒုတိယ ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာတော့မှာလား။ " လင်းယွမ်က လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။

သူ၏ ရုပ်ခန္ဓာနတ်စွမ်းရည်နိုးထခြင်းကို ပထမအကြိမ် ကြုံတွေ့ထားပြီးဖြစ်သောကြောင့် သူက ထိုထူးဆန်းသော စွမ်းအားကို သေချာအာရုံစိုက်နေသည်။

လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအားက ပို၍ ထင်ရှားလာသည်။

" ဒီရုပ်ခန္ဓာနတ်စွမ်းရည်က တိုက်ခိုက်ခြင်းဘက်ကို ဦးတည်နေတာလား။ "

ရုပ်ခန္ဓာနတ်စွမ်းရည်များကလည်း အမျိုးမျိုး ကွဲပြားကြလေသည်။ အချို့က ကာကွယ်ခြင်း၊ အချို့က အသက်ကယ်ခြင်း၊ အချို့က တိုက်ခိုက်ခြင်း။ အားလုံးက သွေးမျိုးဆက်အတွင်း နိုးထလာသော စွမ်းအားအပေါ်တွင် မူတည်လေသည်။

လင်းယွမ်က ၎င်းကို ဂရုတစိုက် အာရုံခံနေစဉ် ထူးဆန်းသော စွမ်းအားက သူ၏ သွေးကြောများအတွင်းမှ နိုးထလာသည်။ ချက်ချင်း လင်းယွမ်၏ စိတ်ထဲသို့ ထူးဆန်းသော စွမ်းအားနှင့် ပက်သက်သည့် အချက်အလက်များ ရောက်လာသည်။

" ရုပ်ခန္ဓာနတ်စွမ်းရည် တောင်ရွေ့လျားခြင်း။." လင်းယွမ်က တောင်ရွေ့လျားခြင်းနှင့် ပက်သက်သော အကြောင်းအရာများကို နားလည်လိုက်သည်။

တောင်ရွေ့လျားခြင်းနတ်စွမ်းရည်က တောင်များကို ရွေ့လျားစေခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ပို၍ လေးနက်လေသည်။

" ငါနိုးထလာတဲ့ နတ်စွမ်းရည်က ခွန်အားနိယာမနဲ့ ဆက်စပ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

တောင်ရွေ့လျားခြင်းနတ်စွမ်းရည်က ခွန်အားနတ်စွမ်းရည်တစ်ခုဖြစ်ပြီး ခွန်အားနိယာမနှင့် ဆက်စပ်နေသည်။

အခြားစကြာဝဠာနိယာမများနှင့်ယှဉ်လျှင် ခွန်အားနိယာမက သာမန်အရှိဆုံး ဖြစ်ပြီး သက်ရှိတိုင်း ခွန်အားကို ပိုင်ဆိုင်ကြလေသည်။ ထို့ကြောင့် ခွန်အားနိယာမကို စတင်ရန် မခက်ခဲပေ။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုမှ လူထွားကြီးပင် စတုတ္ထအလွှာနှင့် ခွန်အားနိယာမကို ပိုင်ဆိုင်ထားခဲ့သည်။ မှန်၏ ထိုမခက်ခဲဘူးဟူသော စကားက ပါရမီရှင်များနှင့်သာ သက်ဆိုင်လေသည်။

သာမန်ဆင့်ရဲပြောင်းလဲသူများကတော့ ခွန်အားနိယာမကို နားလည်ရန် ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာပင် ရှိရန် လိုအပ်လေသည်။

" ခွန်အားနိယာမက စတင်ဖို့ လွယ်ကူပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားရင် လှုပ်ရှားမှုတိုင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ သန့်စင်တဲ့လမ်းစဉ်ပဲ။ " လင်းယွမ်က တွေးလိုက်သည်။

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုက ဆင့်ကဲပြောင်းလဲခြင်း၏ အထွတ်အထိပ်ကို ကိုယ်စားပြုလေသည်။

ထိုမျှော်စင်များထဲမှ တစ်ခုမှာ ခွန်အားမျှော်စင်ဖြစ်ပြီး ထိုမျှော်စင်မှ ကြီးမြတ်သူက ခွန်အားနိယာမလမ်းစဉ်​နောက်ကို လိုက်လေသည်။

" ဟမ် "

တောင်ရွေ့လျားခြင်းနတ်စွမ်းရည်၏ စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်း လျို့ဝှက်ပုံစံများ ဖြစ်ပေါ်နေသည်ကို လင်းယွမ်က ခံစားလိုက်ရသည်။

ထိုလျို့ဝှက်ပုံစံများက ပြင်ပရှိ ခွန်အားနိယာမနှင့် သိမ်မွေ့စွာ ပဲ့တင်ထပ်နေသည်။ လင်းယွမ်၏ ရုတ်တရက် တိုက်ခိုက်မှုက ခွန်အားနိယာမကို ဆွဲဆောင်ပြီး သူ၏ ခွန်အားက ဆယ်ဆအထိ တိုးတက်လာပေလိမ့်မည်။

" ဒါတွေက..." လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ လျို့ဝှက်ပုံစံများကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ခွန်အားနိယာမ၏ လျို့ဝှက်ပုံစံများကို လေ့လာပြီး ခွန်အားနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ခွန်အားနိယာမ၏ လျို့ဝှက်ပုံစံများကို လေ့လာပြီး ခွန်အားနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]

ခနကြာသောအခါ လင်းယွမ်က အာရုံပြန်ရလာသည်။

" ငါက တကယ် ခွန်အားနိယာမထဲကို ဝင်ရောက်သွားတာလား။ " လင်းယွမ်က ထိတ်လန့်သွား၏။ ယခင် သူက ခွန်အားနိယာမကို နားလည်ခြင်းမရှိသေးပေ။

ကမ္ဘာပေါ်တွင် နိယာမများစွာရှိပြီး လူတစ်ယောက်က ၎င်းတို့အပေါ်တွင် အားစိုက်မှသာ နားလည်နိုင်လေသည်။ ထိုက်ကျိတာအိုက တာအိုတစ်ထောင်ကို ထိန်းချုပ်နိုင်သော်လည်း အားလုံးကို နားလည်ခြင်းမျိုးမဟုတ်ဘဲ ထိုက်ကျိတာအိုက တာအိုတစ်ထောင်ကို အမိန့်ပေးခြင်းသာ ဖြစ်သည်။

ဓားကို ကိုင်၍ အသုံးပြုနိုင်သော်လည်း ဓား၏ တည်ဆောက်ပုံနှင့် အနှစ်သာရကို နားလည်မည်မဟုတ်ပေ။

ခွန်အားနိယာမက လင်းယွမ်၏ ခန့်မှန်းချက်အရ ဝင်ရောက်ရန် မခက်ခဲသော်လည်း သူက ထိုနိယာမကို အပြည့်အဝ အာရုံစိုက်လျှင်တောင် ဆယ်ရက်ကျော် ကြယပေလိမ့်မည်။ ယခုတော့ ခနလေးသာ ကြာခဲ့သည်။

" ဒီလျို့ဝှက်ပုံစံတွေကြောင့်လား။ ဒီလျို့ဝှက်ပုံစံတွေက တောင်ရွေ့လျားခြင်းနတ်စွမ်းရည်ရဲ့ အနှစ်သာရတွေပဲ။ ဒီပုံစံတွေကို နားလည်သွားလို့ ငါ ခွန်အားနိယာမကိုလည်း နားလည်သွားတာလား။ " လင်းယွမ်က စဉ်းစားနေသည်။

" ဒီရုပ်ခန္ဓာနတ်စွမ်းရည်က ဒီလိုအသုံးဝင်လိမ့်မယ်လို့ ငါမမျှော်လင့်မိဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။

တောင်ရွေ့လျားခြင်းနတ်စွမ်းရည်က လင်းယွမ်၏ တိုက်ခိုကိရေးစွမ်းအားကို တိုးတက်စေသည့်အပြင် ခွန်အားနိယာမကိုလည်း နားလည်စေခဲ့သည်။

" သွေးပြန်လည်မွေးဖွားခြင်း... " လင်းယွမ်က သွေးပြန်လည်မွေးဖွားခြင်း နတ်စွမ်းရည်ကို တွေးလိုက်သည်။

အင်မော်တယ်တာအိုကမ္ဘာတွင် လင်းယွမ်က သွေးပြန်လည်မွေးဖွားခြင်းကို နားလည်ခဲ့ပြီး ထိုနတ်စွမ်းရည်က မည်သည့်နိယာမနှင့်မျှ ပဲ့တင်ထပ်သည်ဟု မခံစားခဲ့ရပေ။

"နတ်စွမ်းရည်တွေက တစ်ခုနဲ့တစ်ခု မတူကြဘူး။

ချီခွန်ကြယ် VR ကမ္ဘာ အလယ်ပိုင်းဧရိယာတွင်.....

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မွေးရာပါသန်မာတဲ့ ခန္ဓာကိုယ်၊ သန်မာတဲ့ စိတ်ဝိညာဉ်တို့လို အထူးအခြေအနေတွေ မလိုအပ်ဘူး။ "

" ဘယ်သူမဆို ကျင့်ကြံနိုင်ပေမယ့် တိုးတက်ဖို့ကတော့ ကိုယ့်အပေါ်ပဲ မူတည်တယ်။ " ထွားကျိုင်းသော အမျိုးသားတစ်ယောက်က အဝေးရှိ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်များကို ကြည့်ပြီး သူ၏ ဘေးမှ လူငယ်များကို ပြောလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အနည်းဆုံး လူတိုင်းကို ကြိုးစားရန် အခွင့်အရေးတစ်ခုပေးပြီး အခြေအနေများ မကိုက်ညီလျှင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ပြောင်းလဲနိုင်လေသည်။

" မစ္စတာချန် ကျွန်တော်က ရှန်ထျန်းအဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေပေမယ့် အဲ့ထဲမှာပြောထားတဲ့ အတွင်းအားချီဆိုတာ ဘာလဲ။ " လူငယ်တစ်ယောက်က မေးလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာက ရှန်ထျန်းအဆင့်နှင့် စတင်လေသည်။

" အတွင်းအားချီ..." လူကြီးက ခနတိတ်ဆိတ်သွားသည်။ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူတစ်ယောက်မဟုတ်ဘဲ ဘယ်လိုလုပ် အတွင်းအားချီကို သိမှာလဲ။

" အဲ့ဒါက လူတစ်ယောက်ရဲ့ ဉာဏ်အလင်းပေါ် မူတည်တယ်။ " လူကြီးက ခနတွေးပြီး ရှင်းပြရန် ပြင်လိုက်သည်။

ထိုအချိန်တွင် အလယ်ပိုင်းဧရိယာမှ ဆင့်ကဲပြောင်းလဲသူများက စိတ်လှုပ်ရှားစွာဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

" ဘာဖြစ်တာလဲ။ " လူကြီးက အနီးမှ ဆင့်ကဲပြောင်းလဲသူဆီမှ အကြောင်းအရာအစုံအလင်ကို သိလိုက်ရသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆန်းကျယ်သော ဖန်တီးသူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လမ်းညွှန်ဗီဒီယိုများကို တင်ခဲ့လေသည်။

" လမ်းညွှန်ဗီဒီယိုလား။ " လူကြီးက အံ့ဩသွားသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရေပန်းစားနေသောကြောင့် ထိုလမ်းစဉ်နှင့် ပက်သက်သော ဗီဒီယိုများစွာ ရှိလေသည်။ ဒုတိယအလွှာနှင့် တတိယအလွှာသို့ ရောက်သွားသူများကပင် သူတို့၏ အတွေ့အကြုံများကို မျှဝေထားကြသည်။

" မြန်မြန် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူရဲ့ အကောင့်ထဲ ဝင်ကြည့်လိုက်။ " ထွားကျိုင်းသော လူကြီးက သူ၏ ဘေးရှိ လူငယ်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။ သူတို့အားလုံးက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်နေသူများ ဖြစ်ကြလေသည်။

" ဟုတ်ကဲ့။ " လူငယ်များက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူကို ဆင့်ကဲပြောင်းလဲခြင်းပညာရှင်အဖြစ် သတ်မှတ်ထားကြသောကြောင့် စိတ်လှုပ်ရှားသွားကြသည်။

" ငါလည်း ကြည့်ရမယ်။ " ထိုလူကြီးကလည်း ဗီဒီယိုကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

ခနကြာသောအခါ VR ကမ္ဘာတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။

" အဲ့ဒါကြောင့်ကိုး။ သိုင်းတာအိုရဲ့ ဒုတိယအလွှာကို တက်ဖို့ လူတစ်ယောက်က စွမ်းအားတစ်ခုကို ကျွမ်းကျင်ပြီး ပြည့်စုံအောင်ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ "

" ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဆိုတဲ့အတိုင်းပဲ ဗီဒီယိုတွေက မိနစ် နှစ်ဆယ် သုံးဆယ်ပဲရှိပေမယ့် စကားလုံးတိုင်းက အဓိကအချက်ကို ရောက်အောင် ပြောနိုင်တယ်။ "

မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက စကားများ ပြောဆိုဆွေးနွေးနေကြပြီး သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ကြည့်ရှုသူများကလည်း ပို၍ များပြားလာခဲ့သည်။

" ငါ အခုနားလည်ပြီ။ "

" မဟုတ်ဘူး။ တတိယအလွှာက တစ်ဝက်ပဲရှိတယ် ကျန်တာက ဘယ်မှာလဲ။ "

" ဒါဆို ဒါက သိုင်းတာအိုရဲ့ အနှစ်သာရလား။ ငါဆုံးဖြတ်ပြီးပြီ။ ငါ့သားကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခိုင်းရမယ်။ "

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူတစ်ယောက် ရောက်လာလေ လင်းယွမ်၏ လမ်းညွှန်ဗီဒီယိုများက မည်မျှထိရောက်သည်ကို ပို၍ သိလာကြလေဖြစ်သည်။

သူတို့မည်မျှ စဉ်းစားသည်ဖြစ်စေ နားမလည်နိုင်သော မေးခွန်းများနှင့် စိတ်ရှုပ်ထွေးမှုများက ဗီဒီယိုများကို ကြည့်လိုက်သည်နှင့် ချက်ချင်း ရှင်းလင်းသွားကြလေသည်။

မှားယွင်းစွာ လေ့ကျင့်နေကြသော ဆင့်ကဲပြောင်းလဲသူများကလည်း လမ်းညွှန်ဗီဒီယိုများအတိုင်း ချက်ချင်း ပြင်ဆင်လေ့ကျင့်ခဲ့ကြလေသည်။ လူများစွာက စိတ်လှုပ်ရှားနေကြပြီး အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ လူများပင် အသိအမြင်များ ရရှိကြလေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters