← Chapters

အခန်း (၃၁-၄၀)

Vol. 6 Ch. 31-40

အခန်း (၃၁-၄၀)

Vol. 6 Ch. 31-40

Vol 6, အခန်း ၃၁။ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပြောင်းလဲမှုများ

"ဥက္ကဌ ခင်ဗျားပဲ နယ်စားကတော်ဝင်းဒ်ဆာကို အပြည့်အဝတိုက်ခိုက်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား?"

"ငါပြောခဲ့ပါတယ် ဒါပေမယ့် သူမကို အပြည့်အဝမတိုက်ခိုက်ခဲ့ဘူးမို့လား?"

"ရှင် သူမရဲ့ လက်အောက်ငယ်သားတွေကို အနိုင်ယူပြီး သူမရှေ့တင် သူမကို အရှက်ခွဲတာလေးကို ဘယ်လိုလုပ် အပြည့်အဝ တိုက်ခိုက်တယ်လို့ သတ်မှတ်နိုင်မှာလဲ?"

"ငါ သူမရဲ့ လက်အောက်ငယ်သားတွေကို မသတ်ခဲ့သလို အရှက်ခွဲတာကတော့... အသားတစ်ပိုင်းလိုပဲ၊ ဘယ်လိုလုပ် သူမကို အပြည့်အဝတိုက်ခိုက်ရမှာလဲ?"

......

"ကောင်းပြီ ဥက္ကဌ၊ ရှင် သူ့ကို လုံးလုံးလျားလျား မစော်ကားခဲ့ဘူးဆိုရင်တောင် ဒီလိုလုပ်လို့ နယ်စားဝင်းဒ်ဆာ ကို စော်ကားမိမှာ မကြောက်ဘူးလား။ နယ်စားကတော်ဝင်းဒ်ဆာ ပြန်သွားပြီး နယ်စားဝင်းဒ်ဆာဆီ အဖြစ်အပျက်ကိုပြောပြပြီးတာနဲ့ နယ်စားဝင်းဒ်ဆာ ဒေါသထွက်သွားမှာကို မစိုးရိမ်ဘူးလား။"

"နယ်စားဝင်းဒ်ဆာသာ ထက်မြက်သူဖြစ်ရင် ငါလုပ်တာက သူ့ကို စော်ကားတယ်လို့ မယူဆနိုင်ဘူး၊ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိကပြဿနာကို သူမြင်နိုင်မှာအဲ။ ဒါပေမဲ့ နယ်စားဝင်းဒ်ဆာက ဉာဏ်မမီဘူးဆိုရင်တော့ ရပါတယ်၊ ဒါက ငါတို့နဲ့ ပူးပေါင်းဖို့ အရည်အချင်းမပြည့်မီဘူးလို့ ဆိုလိုတာမိုပ ငါတို့ သူ့ကို စော်ကားမိရင်တောင် အရေးမကြီးဘူး။”

" ဥက္ကဌ ...... ရှင်ပြောတာကို နားမလည်ပေမယ့် ပြောပုံက တော်တော်ရက်စက်တာပဲ။ ဒါပေမယ့် နယ်စားဝင်းဒ်ဆာ ကိုစော်ကားတာက ကန်ဒရာအင်ပါယာကို စော်ကားတာနဲ့ မတူသွားဘူးလား.. ဒါက ကန်ဒရာအင်ပါယာထဲကို ကျွန်မတို့ကုမ္ပဏီရဲ့ဝင်ရောက်မှုကို ထိခိုက်စေမှာကို မစိုးရိမ်ဘူးလား?"

“ရှင်းအောင်ပြောရရင် နယ်စားဝင်းဒ်ဆာ က နယ်စားဝင်းဒ်ဆာ ဖြစ်ပြီး ကန်ဒရာအင်ပါယာက ကန်ဒရာအင်ပါယာပါ။ နယ်စားဝင်းဒ်ဆာကို စော်ကားတာနဲ့ ကန်ဒရာအင်ပါယာကို စော်ကားတာက မတူညီတဲ့ ကိစ္စ နှစ်ခု ပဲ။ ဒီကိစ္စဖြစ်လာဖို့မျှော်လင့်ထားပုံအရ၊ နယ်စားဝင်းဒ်ဆာက ဒါကိုတကယ်စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်၊ အဲဒါက ကန်ဒရာအင်ပါယာထဲကို ငါတို့ကုမ္ပဏီဝင်ရောက်ဖို့အများကြီးအထောက်အကူဖြစ်နိုင်တယ်။”

" ဥက္ကဌ ၊ ရှင်ပြောတဲ့စကားကြောင့် ကျွန်မပိုရှုပ်သွားတယ်..... ရှင်ပြောနေတာက အရင်ပြောခဲ့တာနဲ့ သိသိသာသာ ကွဲပြားနေတယ်လို့ထင်တယ်"

"ဒါက.....အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်၊ ငါ့ဆုံးဖြတ်ချက် ပြောင်းသွားလို့......"

“......”

......

ရှုယီနှင့် အာကာလီ တို့သည် မှော်လေသင်္ဘော Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းသို့ ဆင်းသက်လာသည်အထိ စကားပြောနေခဲ့ကြသည်။

မှော်လေသင်္ဘောထဲမှထွက်လာပြီးနောက်၊ အာကာလီ နှင့် အခြားဖမ်းခံထားရသော Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများသည် လွန်ခဲ့သောသုံးရက်အတွင်း ၎င်းတို့၏အတွေ့အကြုံကြောင့် ဦးစွာအနားယူရန် စီစဉ်ခဲ့ကြသည်။

သူတို့ထွက်သွားသောအခါ၊ အာကာလီသည် သံသယများဖြင့် ပြည့်နှက်နေသော ရှုယီကို ကြည့်လိုက်သည်။

ရှုယီသည် မှော်လေသင်္ဘောထဲတွင် အာကာလီကို အမျိုးမျိုးသော အကြောင်းအရာများကို ပြောပြခဲ့သော်လည်း အာကာလီကအများစုကို နားမလည်ပါချေ။ သို့သော် ဘာကြောင့်မှန်းမသိဘဲ၊ အသံက အလွန်ပြင်းထန်သည်ဟု သူမခံစားလိုက်ရသောကြောင့် ရှုယီကို ယုံကြည်မှုအပြည့်ရှိခဲ့သည်။

ဟုတ်ပါ၏၊ ရှုယီလုပ်သည့်အရာတွေက လူအများနားလည်ဖို့ ခက်ခဲသော်လည်း မည်မျှအစွမ်းထက်သည်ကို သက်သေပြခဲ့ပြီးဖြစ်ရာ အာကာလီ၏ ယုံကြည်မှုက မျက်စိကန်းရာမကျနေပေ။

ကယ်ဆယ်ခံထားရသော အလုပ်သမားအားလုံးကို စီစဉ်ပေးပြီးနောက်၊ ရှုယီသည် ကောင့်ထ်ဒိုးလ်အား စတက်တိန်းနယ်မြေကွန်ဂရက်သို့ စေလွှတ်ရန် အစောင့်အကြပ်များစွာကို ဟာ့ထ်အား ရွေးချယ်ခိုင်းခဲ့သည်။

ရှုယီသည် ရေခဲအခေါင်းမန္တာန်ကို ဖယ်ရှားပြီးဖြစ်သော်လည်း ကောင့်ထ်ဒိုးလ်၏ ခန္ဓာကိုယ်သည် အေးခဲသွားယ လုံးဝမခုခံနိုင်တော့ပေ။

သူ ဘာဖြစ်သွားမည်လဲဆိုသည်ကိုတော့ ရှုယီက ဂရုမစိုက်ပါချေ။

ဤလူဟာ အသုံးမဝင်တော့သည့်အတွက် အနာဂတ်မှာ သူ့အတွက် ဘာဖြစ်လာမည်ဆိုသည်က အရေးမကြီးပါချေ။ အရေးကြီးဆုံးအချက်က မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိစေမည်ဟူသည့်အရာပင်။

ကောင့်ထ်ဒိုးလ်ကို စေလွှတ်ပြီးနောက်၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးကို ချက်ချင်းခေါ်ကာ အစည်းအဝေးတစ်ခုကျင်းပခဲ့သည်။

တစ်ပတ်အကြာတွင် Frestech ကုန်သည်ကြီးများအသင်းသည် လူတစ်ထောင်ခွဲတမ်းဖြင့် အစောင့်များ ထပ်မံခေါ်ယူခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်များသည် လူသစ်စုဆောင်းနေသော်လည်း၊ ယေဘူယျအားဖြင့် လူတစ်ရာဝန်းကျင်ရှိမည်ဖြစ်ပြီး အများဆုံး အယောက် သုံးရာထက်နည်းမည်ဖြစ်သဖြင့် ယခုအချိန်အထိ အစောင့်စုစုပေါင်း ငါးထောင်သာရှိသေးသည်။

ယခုတစ်ကြိမ်တွင် လူတစ်ထောင်ခန့် ခေါ်ယူခဲ့ရာ လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

Frestech ကုန်သည်ကြီးများအသင်း အစောင့်အကြပ်များ၏ဆက်ဆံမှုမှ သွေးဆောင်ခံထားရသော မရေမတွက်နိုင်သည့် စွန့်စားသူများသည် ယင်းကို အာရုံစိုက်ခဲ့ကြကာ စွန့်စားသူများအဖြစ် ၎င်းတို့၏ အန္တရာယ်ရှိသော ဘဝများကို စွန့်လွှတ်၍ Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ရန် စောင့်မျှော်နေကြသည်။

၎င်းတို့မှာ ပိုမိုလုံခြုံ ကောင်းမွန်၍ ၎င်းတို့ကိုယ်တိုင်အတွက် ပိုမို အားကောင်းချင်ကြသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းတွင် ၎င်းတို့၏ လူစုဆောင်းမှုအတွက် တင်းကျပ်သော အခြေအနေများ ရှိပြီး ၎င်းတို့ထဲတွင် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများအတွက် တင်းကြပ်သော အခြေအနေများ ရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ ကွာဟမှုအတွက် တင်းကြပ်သော အခြေအနေများလည်း ရှိသည်။

အရေးကြီးဆုံးတောင်းဆိုချက်မှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် လုံးဝသစ္စာစောင့်သိရန် ဖြစ်သောကြောင့် မှတ်တမ်းဆိုးရှိသော စွန့်စားသူများအတွက် ပါဝင်ရန် မဖြစ်နိုင်ပေ။

ထိုအပေါ်၌ အခြေခံပြီး ကိုယ်စားလှယ်လောင်း အများစုမှာ စစ်ဆေးခံရသည်။

ကျန်လူများ အားလုံးသည် စစ်ထုတ်ထားခံရသူများဖြစ်သည်။

၎င်းတို့၏ ကိုယ်ပိုဂ် အမြတ်အစွန်းအတွက် စုဆောင်းမှုကို ဂရုစိုက်သည့် စွန့်စားသူများနှင့် နှိုင်းစာပါက ပတ်ဝန်းကျင်နိုင်ငံများမှာ ၎င်းကို ပိုဂရုစိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းတွင် အစောင့်များသည် ပတ်ဝန်းကျင်နိုင်ငံများ၏ တပ်များထက် များစွာနည်းသော်လည်း တိုက်ပွဲအင်အားအရ ၎င်းတို့နှင့် တူညီသည်ဟု တစ်နိုင်ငံမှ မပြောဝံ့ပေ။

Frestech ကုန်သည်ကြီးများအသင်းအစောင့်များသည် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ထားသောကြောင့်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းမှ အများသူငှာထံ မပေးထားသော အမျိုးအစားများစွာရှိသောကြောင့် ၎င်းတို့ကိုမူ ဝယ်ယူရန်မဖြစ်နိုင်ပါ။

ထို့ကြောင့် တိုက်ပွဲအင်အားအရ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် လူတိုင်း၏သုံးသပ်မှုကို ကျော်လွန်နေရာ လျှော့တွက်၍မရပေ။

ယခုတစ်ကြိမ် Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်တစ်ထောင်ကို စုဆောင်းထားပြီး ၎င်းတို့အားလုံးသည် တူညီသောတိုက်ပွဲအင်အားရှိပါက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် တစ်ဖန်ပြန်လည်အားကောင်းလာမည်ဖြစ်သည်။

ပတ်ဝန်းကျင်နိုင်ငံများအတွက်တော့ ၎င်းဟာ လျှို့ဝှက်ခြိမ်းခြောက်မှုတစ်ခုပါပင်။

ဟုတ်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏ ပတ်ဝန်းကျင်နိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှုကြောင့် ၎င်းတို့ထဲက တစ်ယောက်မှ Frestech ကုန်သည်ကြီးများအသင်းကို ထိန်ချန်ထား၍မရပါချေ။ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အခွင့်အလမ်းမရှိပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် ဤကဏ္ဍတွင် ရည်မှန်းချက်တစ်စုံတစ်ရာမရှိခဲ့ဘဲ ရုတ်တရက်ဤလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်၊ ဆိုလိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏စိတ်ကူးများကို ရုတ်တရက်ပြောင်းလဲသွားသည်ပင်။

တစ်ချိန်တည်းမှာပင်၊ ကောင့်ထ်ဒိုးလ်ကိုစတက်တိန်းနယ်‌မြေ ကွန်ဂရက်တွင်တရားစီရင်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှ လက်အောက်ငယ်သားများအား ပြန်ပေးဆွဲကာ အခြားနိုင်ငံမှ တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စတက်တိန်းနယ်မြေကွန်ဂရက်၏ ဥပဒေအမျိုးမျိုးကို ဆန့်ကျင်ခြင်းကြောင့် တစ်သက်တစ်ကျွန်း ထောင်ကျခံရမည်ဖြစ်သည်။ မျိုးရိုးမြင့်အဖြစ် ခေါင်းစဉ်ကိုလည်း ဆုံးရှုံးခဲ့ရပြီး သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုအားလုံးကို ပြန်လည် သိမ်းဆည်းခဲ့သည်။

ကောင့်ထ်ဒိုးလ်အကျဉ်းချခံရပြီးနောက်၊ သူ့ကိစ္စသည် စတက်တိန်းနယ်‌မြေကို ပျံ့နှံ့သွားခဲ့သည်။ သူ့အား တရားစီရင်ရာတွင် Frestech ကုန်သည်ကြီးများအသင်းသည် အလွန်အမင်း သည်းမခံနိုင်ဟု လူအများက ထင်မြင်ခဲ့ကြသော်လည်း ၎င်းအား မည်သူမျှ ကန့်ကွက်ခြင်းမပြုဝံ့ကြပေ။

စတက်တိန်းနယ်မြေကွန်ဂရက်၏ မူဝါဒများကို တွန်းလှန်ရန် ကောင့်ထ်ဒိုးလ်င့် လက်တွဲလုပ်ဆောင်ခဲ့သော မျိုးရိုးမြင့်များသည် ကောင့်ထ်ဒိုးလ်၏ စီရင်မှုရလဒ်များကို သတင်းရရှိပြီးနောက် အားလုံး နာခံလာခဲ့သည်။

မှော်ဆက်သွယ်ရေးကွန်ရက်ရှိ အလုပ်သည် နယ်မြေကြီးတစ်ခုလုံး၌ ချောမွေ့လာပြီး အတားအဆီးများမရှိတော့ပါချေ။

တစ်လခွဲအတွင်း မှော်ဆက်သွယ်ရေးအတွက် မှော်အချက်ပြတာဝါတိုင်များ၏ ပထမဆုံးကိစ္စက ပြီးမြောက်သွားသည်။

ထို့နောက် ၎င်းတို့သည် ဧရိယာကို ဖုံးအုပ်ထားစေမည့် မှော်အချက်ပြအထိုင်ကို တပ်ဆင်ရတော့သည်။

ဆိုလိုသည်မှာ စတက်တိန်းနယ်မြေ၌ အချိန်ကျလာလျှင်၊ မှော်ဆက်သွယ်ရေးကိရိယာကို ကိုင်ပြီး စတက်တိန်းနယ်မြေရှိ အခြားမည်သူနှင့်မဆို ဆက်သွယ်နိုင်မည်ဟု ဆိုလိုသည်။

၎င်းတို့သည် ကမ္ဘာပေါ်ကကဲ့ မှော်ဆက်သွယ်ရေးနည်းပညာ၏ လက်ရှိကန့်သတ်ချက်ကြောင့် ကြိုးမဲ့ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသော်လည်း အကန့်အသတ်ရှိသော ဤလောကကြီးအတွက် ကြီးမားသော တိုးတက်မှုတစ်ခုဖြစ်သည်။

ဤအများပြည်သူဆိုင်ရာအရာနှစ်ခုအပြင် မျက်နှာပြင်အောက်တွင် Frestech ကုန်သည်ကြီးများအသင်းသည် ဆန်နက်မြေရိုင်းရှိ စတက်တိန်းနယ်မြေ နယ်နိမိတ်အနီးရှိ အလွတ်နေရာကို ရွေးချယ်ပြီး စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနကိုတည်ဆောက်ခဲ့သည်။

ယင်းမတိုင်မီက ရှုယီတောင်းဆိုမှုကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် စစ်ဘက်သုံးမှော်စက်များအတွက် စက်ရုံ ဆယ်ရုံသာရှိသဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်မှာ ဘယ်သောအခါမှ မမြင့်မားခဲ့ပေ။ ထို့အပြင်၊ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် ဒရိတ်ခ်နယ်မြေတို့ကို ထောက်ပံ့ပေးရုံဖြင့် ၎င်းတို့၏ ထောက်ပံ့ရေးမှာ အလွန်အကန့်အသတ်ရှိသည်။

ယခုမူ ၎င်းတို့၏ ကနဦးအစီအစဉ်အရ၊ ၎င်းတို့သည် ဤထုတ်လုပ်မှုအခြေစိုက်စခန်းတွင် နောက်ထပ် စစ်တပ်သုံးမှော်စက်,စက်ရုံပေါင်း နှစ်ဆယ်ကို တည်ဆောက်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ စစ်ဘက်သုံးမှော်စက်များ အတွက်သာ သုတေသန အဆောက်အအုံကို တည်ထောင်ပြီး အမျိုးမျိုးသော စစ်ဘက်သုံး မှော်စက်များ တီထွင်ရန် အာရုံစိုက်ခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းမှ လူများစွာသည် ဤပြောင်းလဲမှုအကြောင်းကို မသိခဲ့ကြသောကြောင့် လူများစွာက ၎င်းကို အာရုံစိုက်ခဲ့ခြင်းမရှိဘဲ အခြားသတင်းကြီးများဖြင့် ဖုံးဖိထားခံခဲ့ရသည်။

နစ်မြုပ်နေသည့်သတင်းနှင့်ပတ်သက်၍၊ စတက်တိန်းနယ်မြေသည် ကောင့်ထ်ဒိုးလ်ကို ခုံရုံးတင်ခဲ့သည့် သတင်းနှင့် Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်များ စုဆောင်းနေသည့် သတင်းများကိုပင် ကျော်လွန်သွားသည့် သတင်းတစ်ပုဒ်ရှိသည်။

ဤသတင်းသည် အခြားနိုင်ငံများမှ ပို၍အလေးထားသည့်အရာဖြစ်ပြီး ဧရာမ ကန်ဒရာအင်ပါယာတွင်ပင် အာရုံစိုက်ခံခဲ့ရသည်။

ကန်ဒရာအင်ပါယာ၏ဂုဏ်ထူးဆောင်တတိယမင်းသား၊ မင်းသား ဖရန့်ခ် ဒီဘော့ရ်သည် စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ မှော်ဆလွန်းပြိုင်ပွဲကိုကျင်းပရန်စိတ်ဝင်စားကာ စတက်တိန်းနယ်မြေ၊ လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့တွင် ကျင်းပမည်ဟု ကြေငြာခဲ့သည်။ ထို့ကြောင့် သူသည် ဤပြိုင်ပွဲကျင်းပဖို့ရာ ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် Frestech ကုန်သည်ကြီးများအသင်းအား ကြိုဆိုခဲ့သည်။

ထိုသတင်း ပြန့်နှံ့သွားသည့်အခါ အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့၏။

မင်းသားဖရန့်ခ် ဒီဘော့ရ် သည် ကန်ဒရာအင်ပါယာ၏ တတိယမြောက်မင်းသားသာဖြစ်သော်လည်း ကန်ဒရာအင်ပါယာသည် အိမ်ရှေ့မင်းသားအား မသတ်မှတ်ရသေးပေ။ မင်းသားဖရန့်ခ်သည် ကန်ဒရာအင်ပါယာတွင် ကျော်ကြားမှု ရှိသောကြောင့် သူသည် အိမ်ရှေ့မင်းသားဘွဲ့အတွက် ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးဖြစ်သည်။

ထိုကဲ့သို့သော အရေးပါသူတစ်ဦးသည် ကန်ဒရာအင်ပါယာတွင် ကြီးမြတ်သောကျော်ကြားမှုနှင့် သြဇာရှိသောကြောင့် သူသည် နယ်မြေကြီး၏အနောက်တောင်ဘက်ရှိ နိုင်ငံငယ်လေးနှင့် လုံးဝကွဲပြားသည်။

ယခုမူ သူသည် ဤရှင်းလင်းချက်ကို ထုတ်ပြန်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကို အမည်ဖြင့်ပင် ဖော်ပြခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းပြိုင်ပွဲကို သူစိတ်ဝင်စားသည်ဟုလည်း ပြောခဲ့သေးသည်။ ထိုကဲ့သို့သော အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး၏ အသိအမှတ်ပြုမှုကို ရရှိရန်၊ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအတွက် ကောင်းကင်ဘုံမှ အခွင့်အရေးတစ်ခုဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ကန်ဒရာအင်ပါယာသို့သွားရာလမ်းသည် ပြဿနာကင်းစင်မည်ဖြစ်ကြောင်း လူတိုင်းသေချာပေါက်သိလိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၂။ Frestech ကုန်သည်ကြီးများအသင်းကို ဝါးမြိုခြင်း

ဂူရတ်မြို့တော်မှာ ကန်ဒရာအင်ပါယာတောင်ပိုင်းခရိုင်၏ မြို့တော်ဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်း အဓိက အခြေစိုက်ဌာနမှ ကီလိုမီတာ နှစ်ထောင့်သုံးရာပတ်လည်ဝေးသည်။

ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းခရိုင်မြို့တော်မှာ သဘာဝကျကျကို တောင်ပိုင်းခရိုင် ဗဟိုအချက်အချာဖြစ်သည်။

တောင်ပိုင်းခရိုင် အစိုးရအိမ်တော်မှာ ဂူရတ်မြို့တော် မြောက်ပိုင်း၌ရှိသည်။ ၎င်းက ရှစ်ထောင်စတုရန်းမီတာ နေရာရှိသည့် မြေကိုယူထားသော အ‌ဆောက်အဦဖြစ်၏။

အုပ်ချုပ်ရေးမှူး၏အိမ်ရှေ့ခြံသည် သခင် နယ်စားအယ်လ်မန် ဝင်းဒ်ဆာ ၏လုပ်ငန်းဆောင်ရွက်ရာနေရာဖြစ်သည်။ ယခုအချိန်သည် နံနက်ခင်းဖြစ်သဖြင့် ဤအိမ်ရှိ အရာရှိကြီး ငယ်များ အားလုံး စုဝေးနေကြသည်။ နယ်စားဝင်းဒ်ဆာတစ်ဦးသာ သူ့ရုံးခန်းထဲမှာ ထိုင်နေ၏။

"ဘုန်း!"

ဤအခန်းမှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီး အနီးနားရှိလူများကို ထိတ်လန့်စေခဲ့သည်။

လူများက အသံလာရာကို အံ့သြတကြီး၊ စိုးရိမ်တကြီး မျက်နှာထားနှင့် ကြည့်လာကြ၏။

နယ်စားကို ဘယ်သူက အမျက်ထွက်စေတာလဲ။ သူတို့ သေချင်နေတာလား။

ကန်ဒရာအင်ပါယာ၏တောင်ပိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး နယ်စားအယ်လ်မန်ဝင်းဒ်ဆာသည် အသက်ပြင်းပြင်းရှူပြီး စားပွဲပေါ်တင်ထားသည့် ရုံးစာတစ်စောင်ကို ကြည့်ရှုလိုက်သည်။ ထို့နောက် ခေါင်းငုံ့ထားသည့် လက်အောက်ငယ်သားကို အေးစက်စက်မေးလိုက်သည် ။ "စတက်တိန်းနယ်မြေက ဒီရုံးစာကို ရေးတုန်းက တခြားတစ်ခုခု ပြောခဲ့သေးလား"

လက်အောက်ငယ်သားက ပို၍ပင် ခေါင်းငုံ့သွားသည်။

"ဟင့်အင်း ဒီရုံးစာပို့တာကလွဲလို့၊ စတက်တိန်းနယ်မြေက တခြားဘာမှ မပြောပါဘူး။"

နယ်စားဝင်းဒ်ဆာသည် ပြင်းထန်သော အေးစက်စွာ နှာစမှုတ်လိုက်ပြီး "သူတို့က ငါ့ကို အထင်သေးနေတာလား။ စတက်တိန်းနယ်မြေလေးက ရဲတင်းလိုက်လေ"

ဒေါသတကြီးအော်သံကိုကြားသော် လက်အောက်ငယ်သားက ခေါင်းငုံ့ပြီး ခါးက ကွေးလုမတတ် ဖြစ်နေသည်။

ခဏအကြာတွင် နယ်စားဝင်းဒ်ဆာသည် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

“ထားလိုက်ပါ။”

လက်အောက်ငယ်သားက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သလိုမျိုး ပြုမူပြီး မထွက်ခင် နယ်စားဝင်းဒ်ဆာလေးကို မြန်မြန်လေး ပေးကာ ထွက်သွားသည်။

သူ၏လက်အောက်ငယ်သား ထွက်သွားသောအခါ နယ်စားဝင်းဒ်ဆာသည် တရားဝင်တုံ့ပြန်မှုကို ကြည့်ကာ မတတ်နိုင်စွာ နှာမှုတ်လိုက်၏။

"နယ်စားကြီး၊ ကြည့်ရတာစတက်တိန်းနယ်မြေက ခင်ဗျားရဲ့တောင်းဆိုမှုကို လက်မခံခဲ့ပုံပဲ" အခန်းထောင့်မှ အနည်းငယ်၏ နက်ရှိုင်း အသံတစ်ခု ထွက်ပေါ်လာသည်။

နယ်စားဝင်းဒ်ဆာသည် ဤအသံကြောင့် လုံးဝ မအံ့သြပါချေ။ သူက လက်ညှိုးကို ကွေးလိုက်ပြီး တရားဝင် တုံ့ပြန်မှုကို မြှားကဲ့သို့ ထောင့်သို့ ပျံသွားစေ၏။

"ကိုယ့်ဟာကိုယ်ရှာ။"

လွတ်နေသည့် ထောင့်၌ ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာ၏။ ထိုသူသည် စာကို ပေါ့ပေါ့ဆဆ ဖမ်းရန် လက်ကို မြှောက်ကာ ဖွင့်ကြည့်လိုက်ပြီးနောက် ရယ်မောကာ ထွက်လာသည်။

“သူ၊ သူ၊ ဒီစတက်တိန်းနယ်မြေရ တကယ့်ကို ရဲတင်းတယ်။ နယ်စားသခင်ရဲ့တောင်းဆိုမှုကို လက်မခံတာကရပါတယ်၊ ဒါပေမယ့် ဒီလောက် မယဉ်မကျေးပြုမူခဲ့တာပဲ။ ကြည့်ရတာ အတော်ယုံကြည်မှုရှိပုံပါပဲ။"

ရုတ်တရက်ပေါ်လာသော ဤရုပ်ပုံသည် သာမန်ကြည့်ကောင်းနေသည့် မီးခိုးရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားပြီး သာမန်လူလတ်ပိုင်းလူရွယ်တစ်ဦးဖြစ်ပုံရသည်။ သူ့၏ဆံပင်ပုံစံနှင့် ပုံပန်းသဏ္ဍာန်က အင်မတန်ဆန်လှရာ သူ့ကို လူအုပ်ထဲ ပစ်ချလိုက်လျှင် ဘယ်သူကမှ ထပ်ကြည့်မှာ မဟုတ်ပါချေ။

သို့ပေမယ့် နယ်စားဝင်းဒ်ဆာရှေ့မှာရပ်နေသည့် ထိုသူ့အမူအရာက အင်မတန်သက်တောင့်သက်သာရှိပြီး ပုံမှန်မဟုတ်ပုံမရပေ။

သူ့စကားကြားသော် နယ်စားဝင်းဒ်ဆာက နောက်ထပ် အေးစက်စက် နှာမှုတ်သည်။

“ဒီစတက်တိန်းနယ်မြေက ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲမှုကို တကယ်မသိပါဘူး။ သူတို့က ငယ်ရွယ်သူလေးတွေဆိုတော့ တကယ်ပဲ ငါ့ကို ဆန့်ကျင်ဝံ့နေကြတာ။ ဒီ မဆင်မခြင်တဲ့ နိုင်ငံငယ်လေးက အခုအချိန်အထိ ဘယ်လို ရှင်သန်နေတယ်ဆိုတာ တကယ်မသိတော့ဘူး။”

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ နယ်စားကြီး၊ ခင်ဗျား တစ်ခုခုမှားနေပြီ။ ဒီယုံကြည်မှုရှိတဲ့လူက စတက်တိန်းနယ်မြေမဟုတ်ဘဲ သူတို့ကို ထောက်ပံ့နေတဲ့ Frestech ကုန်သည်ကြီးများအသင်းပဲ။" လူလတ်ပိုင်းအရွယ်က ပြုံးကာ ခေါင်းယမ်းပြသည်။

" Frestech ကုန်သည်ကြီးများအသင်း?" နယ်စားဝင်းဒ်ဆာသည် သူ၏ မျက်မှောင်ကုပ်ပြီး၊ " Frestech ကုန်သည်ကြီးများအသင်းက မဟာမှော်ပညာရှင်ရန်ဒီကိုအနိုင်ယူနိုင်ပေမယ့်လည်း၊ စတက်တိန်းနယ်မြေအနေနဲ့ ငါ့ရဲ့ တောင်းဆိုမှုကိုငြင်းဆိုဝံ့တဲ့အထိတော့ စတက်တိန်းနယ်မြေကို ဘယ်လိုထောက်ပံ့နိုင်မှာလဲ?"

“အကြောင်းပြချက်ကို ပြောရရင်.....” လူလတ်ပိုင်းအရွယ် အမျိုးသားသည် နယ်စားဝင်းဒ်ဆာဘေးရှိ နံရံတစ်ခုသို့ လှည့်၍ ညွှန်ပြသည် “နယ်စား ကြည့်လိုက်ပါ။”

နယ်စားဝင်းဒ်ဆာသည် သူညွှန်ပြနေသည့်နေရာကို ကြည့်လိုက်ရာ နံရံပေါ်တွင် ချိတ်ဆွဲထားသည့် သတ္တုလေးထောင့်တုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။

"နယ်စားကြီး၊ ဒါက ဘာလဲဆိုတာ သိလား"

နယ်စားဝင်းဒ်ဆာက မျက်ခုံးတွန့်ချိုးပြီး "ဒါဂ ပြီးခဲ့တဲ့လက လက်အောက်ငယ်သားတွေ ဝယ်ခဲ့တဲ့ အရာပဲ၊ အဲဒါ မှော်..? ဘာပါလိမ့်...ဟုတ်သား...လေပေးစက်လို့ခေါ်တာလေ...... ဒါက အတော်လေး အသုံးဝင်ပါတယ် ချိတ်ထားရုံနဲ့ အခန်းတစ်ခုလုံးကို အေးစေနိုင်တယ်။ ဒါကဘာလို့လဲ? ငါတို့ပြောနေတာနဲ့ ဘယ်လိုဆက်စပ်နေလို့လဲ။"

“ဟုတ်တယ် ဆက်စပ်နေပါတယ်။ ဒီ မှော်လေပေးစက်ကို ဘယ်ကုမ္ပဏီက လုပ်လဲ သိလား"

နယ်စားဝင်းဒ်ဆာအံ့အားသင့်သွားကာ "ဒါက Frestech ကုန်သည်ကြီးများအသင်းလား"

"မှန်တယ်။" လူလတ်ပိုင်းအရွယ်က သူ့လက်ကို မြှောက်ပြီး မျက်နှာကျက်ကို ညွှန်ပြရင်း ပြုံးကာ ခေါင်းညိတ်ပြသည်၊ “မှော်လေပေးစက်တွေတင်မကဘဲ၊ ခင်ဗျားခေါင်းပေါ်က မှော်မီးအိမ်ကလည်း Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်တစ်ခု ဖြစ်လောက်တယ်။ ပြီးတော့ ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်ရင် နယ်စားရဲ့ အိမ်တော်မှာ မှော်မီးဖို၊ မှော်ရေခဲသေတ္တာ၊ မှော်ပေါင်းအိုးနဲ့ တခြား မှော်စက်တွေ ရှိတယ် မဟုတ်လား။"

နယ်စားဝင်းဒ်ဆာ အံ့အားသင့်သွားသည်။ သူပြန်မဖြေခင်မှာ စဉ်းစားလိုက်၏ “ရှိတာတော့ရှိတယ်.....အဲ့လိုတွေဖြစ်ပုံပဲ.....ဒါပေမယ့် ငါဘယ်တော့မှ ဂရုမစိုက်ဘူးဆိုတော့ မသေချာဘူး။ အဲဒါကကော? ဒီအရာတွေအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ဖန်တီးခဲ့တာလို့ မင်းငါ့ကိုပြောနေတာလား။"

"မဟုတ်ဘူး၊ ဒါတွေအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ဖန်တီးထားပြီး တခြားကုမ္ပဏီတွေလည်း ဒီအရာတွေကို လုပ်တာတွေ အများကြီးရှိလို့ မသေချာဘူး။" လူလတ်ပိုင်းအရွယ်က အပြုံးဖြင့်ဆိုသည်၊ “ဒါပေမယ့် ဒီအရာတွေရဲ့ ပေါ်ထွက်လာမှုဟာ Frestech ကုန်သည်ကြီးများအသင်းနဲ့ အဆက်အသွယ်ဖြတ်လို့မရဘူးဆိုတာ သေချာပါတယ်။”

နယ်စားဝင်းဒ်ဆာက သူ၏ယုံကြည်ရဆုံး အကြံပေးကိုကြည့်ပြီး မေးလိုက်သည် "ချာလွန်၊ မင်းဘာပြောနေတာလဲ"

"သခင် နယ်စား၊ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေတစ်ခုလုံးကိုထိန်းချုပ်ထားပြီးတာကို သိစေချင်ပါတယ်။ ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းရဲ့ဆန္ဒက စတက်တိန်းနယ်မြေရဲ့ ဆန္ဒပါပဲ။ အခုအကြိမ် စတက်တိန်းနယ်မြေက ပြင်းပြင်းထန်ထန် ငြင်းဆိုက Frestech ကုန်သည်ကြီးများအသင်းရဲ့ ပါဝင်မှုလည်းဖြစ်တယ်။အဲဒါကို တိုက်ရိုက်ပြောရမယ်ဆိုရင် ဒါဟာ သူတို့ရဲ့ ဥက္ကဌ ရှုယီရဲ့ ရည်ရွယ်ချက်ပါပဲ။”

"ပြီးတော့ရော?" နယ်စားဝင်းဒ်ဆာက သူ့မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ပြီး ဆက်ပြောသည်၊ “ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ရည်ရွယ်ချက်ဖြစ်ရင်တောင် ဘာဖြစ်လို့လဲ။ စတက်တိန်းနယ်မြေမှာ မင်း ဖော်ပြတာရယ် ငါ့ဇနီးသည်ရဲ့ ခါးသီးတဲ့အတွေ့အကြုံကို အခြေခံရမယ်ဆို ဒီ Frestech ကုန်သည်ကြီးများအသင်းက ငါထင်တာထက် ပိုအားကောင်းတယ်၊ ဒါပေမယ့် ငါ့ကို စိုးရိမ်စေဖို့ မလုံလောက်သေးဘူး။"

"ဟုတ်ပါပြီ ခင်ဗျားသူတို့အတွက် စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်...... ဒီကိစ္စကို နည်းနည်းတော့အလေးအနက်ထားနိုင်မယ်လို့ပဲ မျှော်လင့်နေတာပါ။ ဒီအခွင့်အရေးကို အသုံးချပြီး ပိုကြီးတဲ့အားသာချက်ရဖို့တောင် လုပ်နိုင်တယ်.....” ဟု ချာလွန်က ပြောလိုက်သည်။

နယ်စားဝင်းဒ်ဆာက အတွေးတစ်ခုရသွားကာ "မင်းဆိုလိုတာက Frestech ကုန်သည်ကြီးများအသင်းကို ဝါးမြိုဖို့လား"

ချာလွန်သည် နယ်စားဝင်းဒ်ဆာအတွက် လက်ခုပ်သြဘာပေးလိုက်၏။

“သခင်ကြီး၊ ခင်ဗျားက တကယ်ဉာဏ်ကောင်းတယ်။ ဒါပေမယ့် ဒါတွေမဖြစ်ခင် တစ်ခု သတိထားဖို့ လိုတယ်။"

"အဲဒါဘာများလဲ?"

“ကြည့်လိုက်ပါ။”

ချာလွန်သည် နယ်စားဝင်းဒ်ဆာအတွက် သတင်းစာတစ်စောင် ထုတ်ပြလိုက်သည်။

နယ်စားဝင်းဒ်ဆာက ၎င်းကိုယူလိုက်ပြီး အမူအရာက အနည်းငယ်ပြောင်းသွား၏။

"မင်းသား ဖရန့်ခ်က Frestech ကုန်သည်ကြီးများအသင်းနဲ့ ဘယ်လိုဆက်စပ်မိသွားတာလဲ။"

“အဲဒါက အရေးမကြီးပါဘူး။” ချာလွန်က ပြုံးကာ ခေါင်းခါလိုက်သည် “အရေးကြီးတာက ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပဲ။ Frestech ကုန်သည်ကြီးများအသင်းက မင်းသားဖရန့်ခ် လိုချင်တာကို မလုပ်နိုင်သရွေ့တော့၊ မင်းသားနာရီယန်ကလည်း မင်းသားဖရန့်ခ်ရဲ့ အရှုံးသမားမျက်နှာကို မြင်ရရင် အရမ်းပျော်နေလိမ့်မယ် ထင်တယ်......"

နယ်စားဝင်းဒ်ဆာက စဉ်းစား၍ ရယ်မောလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒါက တကယ်ကောင်းတဲ့ အခွင့်အရေးပဲ။ အရင်အစီအစဉ်ကို ပြောင်းရမယ်။ ငါ့ဇနီးအတွက် စွန့်စားပြီး သူ့တူ စိတ်ချမ်းသာစေဖို့အတွက် Frestech ကုန်သည်ကြီးများအသင်းကို သင်ခန်းစာတစ်ခု သင်ပေးချင်ပေမယ့် အခုကတော့ ဒီလိုသွားတယ်.....အဲဒါကို ကောင်းကောင်းစီစဉ်ရတော့မှာပေါ့။"

နယ်စားဝင်းဒ်ဆာ၏ စကားကိုကြားတော့ ချာလွန် သည် နောက်ဆုံးတွင် ပြုံးမနေတော့ဘဲ သူ့မျက်လုံးများ အကြည့်များက ပြင်းထန်လာသည်။

“သခင်ကြီး၊ ကျွန်တော်စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ၊ လျှော့မတွက်သင့်ဘူးလို့ သတိပေးချင်ပါတယ်။ Frestech ကုန်သည်ကြီးများအသင်းမှာ အစောင့်အကြပ် ထောင်ဂဏန်းပဲ ရှိပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်း ဖန်တီးထားတဲ့ စစ်တပ်သုံးမှော်စက်များ တပ်ဆင်ထားတဲ့အတွက် သူတို့မှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ တိုက်ပွဲအင်အားရှိတယ်။ ဂရုတစိုက်နဲ့ မကိုင်တွယ်ရင် ကျွန်တော်တို့အတွက် အများကြီး ဒုက္ခဖြစ်စေနိုင်တယ်။”

နယ်စားဝင်းဒ်ဆာက အေးစက်စွာ ရယ်မောလိုက်ပြီး "သူတို့ကစတက်တိန်းနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့ လုံလောက်တဲ့ အင်အားရှိနေရင်တောင်မှ သေးငယ်တဲ့ ကုမ္ပဏီတစ်ခုက သေးငယ်ကုမ္ပဏီတစ်ခုပါပဲ၊ ဒီတော့ ဘာအရေးလဲ။ Frestech ကုန်သည်ကြီးများအသင်းကို မပြောနဲ့၊ စတက်တိန်းနယ်မြေတစ်ခုလုံးကိုတောင် ငါ့လက်နဲ့ ဖျက်ဆီးပစ်နိုင်တယ်၊ စိုးရိမ်စရာ မလိုပါဘူး။"

ချာလွန် သည် ၎င်းကိုဆက်လက်အကြံပေးလိုသော်လည်း နယ်စားဝင်းဒ်ဆာ၏မျက်နှာပေါ်ရှိအမူအရာကိုမြင်သောအခါတွင်သူသည်ဤအချိန်၌ သူ၏အကြံဉာဏ်ကိုနားမထောင်မည်ကိုသိသဖြင့် လက်လျှော့ရုံသာတတ်နိုင်သည်။

ခေတ္တရပ်ပြီးနောက် ချာလွန် က ဆက်လက်၍ ပြောသည် "သခင်နယ်စား၊ ဒီအကြိမ်မှာ မင်းသားဖရန့်ခ် ပါ၀င်နေတော့၊ ကျွန်တော်တို့လည်း နာရီယန် ကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ ထင်ပါတယ်။ သူ့အကူအညီကို ရနိုင်ရင် ဒီထက်ပိုပြီး ချောချောမွေ့မွေ့ဖြစ်မှာတင် မကဘဲ၊ ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကိုပစ်သလို ဖြစ်တော့ မင်းသားနာရီယန် နဲ့လည်း ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို နက်ရှိုင်းစေနိုင်ပါတယ်။"

နယ်စားဝင်းဒ်ဆာက စဉ်းစားကာ သူ့လက်ကို ဝှေ့ယမ်းသည်။

"မဟုတ်ဘူး၊ ငါတို့ကိုယ်တိုင်ပဲ လုပ်လို့ရပါတယ်။ အခြေအနေက အခုထိ မရှင်းသေးတော့ မင်းသား နာရီယန် ကို ပြသတာ ကောင်းပါတယ်၊ ဒါပေမယ့် ဒါက သူ့အတွက် တိုက်ရိုက်တားမြစ်ချက်တစ်ခုပဲ။ မင်းသားသာ မကျေနပ်ရင် အမြတ်က ဆုံးရှုံးမှုနဲ့ ညီမျှမှာ မဟုတ်ဘူး။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းက မင်းပြောသလို အသားတုံးကြီးကြီးဆိုရင် တခြားသူတွေကို ဘယ်လိုလုပ်ပေးရမှာလဲ။"

ချာလွန် ချက်ချင်း သဘောပေါက်သွားသည်။

မင်းသားများနှင့်ပတ်သက်၍ နယ်စားဝင်းဒ်ဆာသည် ကန်ဒရာအင်ပါယာ၏တောင်ပိုင်းပြည်နယ်အုပ်စိုးသူအဖြစ်သူ မင်းသားနာရီယန်ကိုထောက်ခံသော်လည်း၊ သူ၏လုပ်ဆောင်ချက်များသည်အလွန်သိသာသည်။ ထို့ကြောင့် သူသည် အလျင်စလို မလုပ်ဘဲ အချိန်မတန်မီတွင် မည်သူ့ကို မျက်နှာသာပေးမည်အား မပြသပါပေ။

"ကောင်းပါပြီ သခင်ကြီး၊ ဒီတစ်ကြိမ် အစီအစဉ်အတွက် ကျွန်တော့်ကို အခွင့်အာဏာ အပြည့်အဝပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

နယ်စားဝင်းဒ်ဆာ အနည်းငယ် အံ့သြသွားသည်။ သူက ချာလွန် ၏မျက်နှာရှိ လေးနက်သောဟန်ကိုကြည့်ပြီး မနေနိုင်စွာ ပြုံးလိုက်၏၊ " Frestech ကုန်သည်ကြီးများအသင်းက မင်းအတွက် တကယ်အရေးကြီးတာပဲ။ ကောင်းပြီ၊ မင်းဆန္ဒရှိတယ်ဆိုတော့ ဒီတာဝန်ကိုပေးရမှာပေါ့။"

"ဟုတ်ပါပြီ သခင်ကြီး၊ Frestech ကုန်သည်ကြီးများအသင်း တစ်ခုလုံးကို ခင်ဗျားဆီ ကျွန်တော်သေချာပေါက် လွှဲပေးပါ့မယ်။"

နယ်စားဝင်းဒ်ဆာက ဘာမှ မပြောဘဲ ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၃။ မားလိုအင်ပါယာ၏ ပထမဆုံး‌ကောက်ရိတ်သိမ်းစက်

Frestech ကုန်သည်ကြီးများအသင်းကို လက်ထဲ ယူဆောင်လိုသည်မှာ နယ်စားဝင်းဒ်ဆာတစ်ဦးတည်းမဟုတ်ဘဲ မားကွစ္စ် ဆော့သ်ဂိတ်ကလည်း ထိုအထဲမှ တစ်ဦးဖြစ်သည်။

နွေလလယ် ကုန်လွန်ကာ မားလိုအင်ပါယာ အနောက်တောင်အပိုင်းမှ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေရှိ ဂျုံများ ရင့်မှည့်လာကြသည်။ ယခုက ဆောင်းဦးကောက်ရိတ်သိမ်းချိန်ဖြစ်၏။

အတိတ်က မားကွစ္စ် ဆော့သ်ဂိတ်ထံ၌ လုပ်စရာအရေးကြီးကိစ္စမည်မျှရှိသည်ဖြစ်စေ သူဟာ ၎င်းတို့ကို ဘေးချိတ်ကာ ဆောင်းဦးကောက်ရိတ်ပွဲအတွက် ပြင်ဆင်ရန် သူ၏ နယ်မြေ၌ နေခဲ့သည်။

သူသည် ဆောင်းဦးရာသီတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် မလိုအပ်သော်လည်း ဤလုပ်ငန်းကို သခင်အနေနှင့် အရေးပေးအရမည်ဖြစ်သည့်အတွက် လုံးဝမလျှော့နိုင်ပါ။

အစားအစာသည် စိုင်စ်နယ်မြေကြီးရှိ နိုင်ငံတိုင်းအတွက် အခြေခံအကျဆုံးအရာဖြစ်ပြီး အရေးကြီးဆုံးအရာဖြစ်သည်။ မြင့်မြတ်သောဧကရာဇ်မှ အနိမ့်ဆုံးတောင်သူလယ်သမားအထိ ဆောင်းဦးကောက်ရိတ်သိမ်းချိန်ရောက်လျှင် တတ်နိုင်သမျှ အကုန်ကြိုးစားအားထုတ်ကြသည်။

အစာအိမ်ဖြည့်ခြင်းသည် လူသားတို့၏ အဓိကလိုအပ်ချက်ဖြစ်ပြီး ယင်းရှေ့တွင် အခြားဘာမှ အရေးမကြီးပါ။

မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေသည် ထိုအချိန်က အရေးပါမှန်း လူတိုင်းသိသောကြောင့် လွန်စွာတင်းမာနေပေလိမ့်မည်။ သူတို့သည် စက္ကန့်တိုင်းကို ဆုပ်ကိုင်ထားရမည် မဟုတ်ပါက ဤအခွင့်အရေးကို လက်လွတ်သွားနိုင်သည်။ ဆောင်းရာသီတွင် ရိတ်သိမ်းရာတွင် ပြဿနာရှိလျှင် ဆိုးရွားသော အကျိုးဆက်များ ရှိလိမ့်မည်။

ယခုနှစ်တွင်၊ မားကွစ္စ်ဆော့သ်ဂိတ်၏နယ်မြေသည် အနည်းငယ်တင်းမာနေသေးသော်လည်း ယခင်ကနှင့် လုံးဝမတူတော့ပေ။

ပြင်းထန်သည့်အလုပ်တွေကြောင့် ယခင်က စိတ်ပူခဲ့ကြရသော်လည်း ဒီနှစ်မှာတော့ အမည်မသိသည့်အရာကြောင့် စိတ်ပူနေကြသည်။

လယ်မြေအနှံ့ ရွေ့လျားနေသည့် Frestech အမှတ်တံဆိပ် စိုက်ပျိုးရေးမှော်စက်က ဂျုံစေ့များကို အပိုင်းပိုင်းဖြတ်လိုက်သည်ကို မြင်တွေ့ရသောအခါ မားကွစ္စ်ဆော့သ်ဂိတ်အပါအဝင် လူတိုင်းသည် ၎င်းတို့၏ နှလုံးသားကို ဆုပ်ကိုင်ထားကြသည်။

ဒီထူးဆန်းတဲ့စက်တွေက Frestech ကုန်သည်ကြီးများအသင်းပြောတဲ့အတိုင်း တကယ်ဖြစ်နိုင်မလား၊ သူတို့က လယ်ယာလုပ်ငန်းအားလုံးကို လုပ်နိုင်ပါ့မလား။

မားကွစ္စ်ဆော့သ်ဂိတ်သည် ဒရိတ်ခ်နယ်မြေ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့သို့သွားခဲ့သော်လည်း၊ စိုက်ပျိုးရေးမှော်စက်များသည် အရာအားလုံးကို ရိတ်သိမ်းသည်ကို မတွေ့ခဲ့ရသောကြောင့် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သို့ပေမယ့် သူ့နယ်မြေ၏ ရိတ်သိမ်းမှု ကြောင့် သူစိတ်မပူပါချေ။ ဆောင်းရာသီတွင် ရိတ်သိမ်းမှု မအောင်မြင်ခဲ့လျှင်တောင် လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်း တို့နှင့် သဘောတူညီမှု လက်မှတ် ရေးထိုးထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ကျရှုံးခဲ့ပါက လမ်ပူရီတိုင်းပြည်မှ ဂျုံတန်ချိန်သုံးထောင်နှင့် ဆန်တန်ချိန်တစ်ထောင်၊ Frestech ကုန်သည်ကြီးများအသင်းမှ ဂျုံတန်ချိန်တစ်ထောင် တင်သွင်းပေးမည်ဖြစ်သည်။

ဤကောက်ပဲသီးနှံများအားလုံးသည် သူ၏နယ်မြေရှိလူတိုင်းကို ငါးနှစ်ကြာကျွေးရန် လုံလောက်မည်ဖြစ်သဖြင့် ကောက်ပဲသီးနှံများအတွက် စိတ်ပူစရာမလိုပေ။

၎င်းနှင့်နှိုင်းယှဉ်လျှင် သူစိုးရိမ်နေသည့်အရာမှာ ၎င်းသည် မားလိုအင်ပါယာတွင် ပထမဆုံးအကြိမ်အဖြစ် Frestech တံဆိပ် စိုက်ပျိုးရေးမှော်စက်ဖြစ်သောကြောင့် ၎င်းသည် ကြီးမားသောအရေးပါမှုတစ်ခုဖြစ်သည်။

ဤတခေါက် စပါးအထွက်နှုန်း မကောင်းပါလျှင် စောင့်ကြည့်နေသည့် မျိုးရိုးမြင့်များ လျော့သွားလိမ့်မည်။ ၎င်းသည် သူနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အခြားမှော်စက်များကို ဖြန့်ကျက်ရန် အစီအစဉ်အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရ သူ့ဘေးနားရှိ ဥက္ကဋ္ဌ ကန်တိုနာ၏ တည်တည်ငြိမ်ငြိမ် အပြုံးကို အခြေခံရသော် အရာအားလုံး ချောမွေ့စွာ လည်ပတ်နေလောက်ပြီး မည်သည့်ပြဿနာမျှ မရှိပါချေ။

မားကွစ္စ်ဆော့သ်ဂိတ်က တချက်ကြည့်လာသည်ကို ခံစားမိသလိုဖြစ်နိုင်သည်၊ ဥက္ကဌ ကန်တိုနာက လယ်ကွင်းထဲက စိုက်ပျိုးရေးမှော်စက်များထံမှ ရယ်ရယ်မောမောနှင့် မားကွစ္စ်ဆော့သ်ဂိတ်ဘက်ကို လှည့်လာပါ၏။

"သခင် မားကွစ္စ်၊ စိတ်ချပါ။ ကျုပ်တို့ကုမ္ပဏီက နှစ်များစွာအတွင်း ဒါကို အကြိမ်များစွာပြုလုပ်ခဲ့ပြီးပြီမို့ ပြဿနာတစ်စုံတစ်ရာရှိမှာမဟုတ်ကြောင်း သေချာပါတယ်။"

မားကွစ္စ်ဆော့သ်ဂိတ်က ခေါင်းညိတ်ပြသ၏။ ရှုယီသည် ဤကန်တိုနာကုန်သည်ကြီးများအသင်းအား အပြင်းအထန် ကြော်ငြာထားသောကြောင့် ပြဿနာမဖြစ်လောက်ပါ။

သို့သော် ထိုအချိန်တွင်၊ ရုတ်တရက် အသံမြည်ပြီး ရပ်သွားသော မှော်ကောက်ရိတ်စက်တစ်ခုရှိသည်။

မားကွစ္စ်ဆော့သ်ဂိတ်အံ့သြသွား၏။ သူပြောခါနီးအချိန်တွင် ဥက္ကဌ ကန်တိုနာက မှော်ကောက်ရိတ်စက်ဆီသွားပြီး အလုပ်သမားငယ်၏ ခေါင်းနောက်ကို ခေါက်၍ ကြိမ်းမောင်းလိုက်သည်။ “ငတုံး! စက်ကိုစစ်ဆေးဖို့ ပြောထားပြီးသားတောင်မှ ချိန်းကြိုးကျနေတုန်းပဲ ငါ့အတွက် မြန်မြန်ပြင်ပေးရမယ် မင်းနားလည်လား!"

လူငယ်က သူ့လက်ကို ပွတ်သပ်ပြီး ရိုးသားစွာ ပြုံးပြသည်။ ထို့နောက် စစ်ဆေးရန် ငုံ့ကိုင်းလိုက်သည် "ဘာမှမဖြစ်ပါဘူး၊ ချိန်းက ညိသွားရုံပါ" ဟု ပေါ့ပေါ့လေး ပြောလိုက်၏။

ဥက္ကဋ္ဌ ကန်တိုနာက ၎င်း၏ တင်ပါးကို ကန်ကာ သူလည်း စစ်ရန် ငုံ့ကိုင်းလိုက်၏။

"ငါ့အတွက် မြန်မြန်ဖြေရှင်းပေး၊ စောင့်နေတဲ့လူတွေအများကြီးရှိတယ်။"

"အင်း ကျွန်တော်ချက်ချင်းပြင်လိုက်ပါ့မယ်"

ဥက္ကဋ္ဌ ကန်တိုနာ ဒေါသတကြီး ပြန်လာသော်လည်း မားကွစ္စ်ဆော့သ်ဂိတ်၏ ထူးဆန်းသည်ပ အကြည့်ကို မြင်သော် သူက နေရခက်ဟန်ပြုံးလိုက်သည် "ဒါက.....သခင် မားကွစ္စ်၊ ကျုပ်တို့က ရိုင်းစိုင်းသူတွေပဲ၊ အခုခင်ဗျားကို ဟာသမြင်စေမိပြီ"

မားကွစ္စ်ဆော့သ်ဂိတ်က ခေါင်းခါကာ သိလိုသောအသံဖြင့် ရုတ်တရက် မေးလာသည်၊ "ဥက္ကဌ ကန်တိုနာ၊ ဆောင်းရာသီ စပါးရိတ်သိမ်းချိန် စတင်နေပြီဆိုတော့ ဥက္ကဌအနေနဲ့ ဒီလူအားလုံးကို ကျုပ်ရဲ့ ဂျုံစပါးတွေ ရိတ်သိမ်းဖို့ ခေါ်ဆောင်လာခဲ့တယ်လေ။ လမ်ပူရီတိုင်းပြည်နဲ့ ဂျုံစပါးရိတ်သိမ်းဖို့ မင်းတို့ကိုလိုအပ်နေတဲ့ တခြားနိုင်ငံတွေ‌ကိုရော ဘယ်လိုလုပ်လဲ။"

“ဆောင်းရာသီမှာ ရိတ်သိမ်းဖို့ တစ်လကျော်ကျန်သေးတော့ အရမ်းရိုးရှင်းပါတယ်။ ကျွန်တော်တို့ဒီမှာ ရိတ်သိမ်းပြီးသွားရင် ဒီစက်တွေကို သယ်ယူပို့ ဆောင်ရေးမှော်ကားကြီးထဲ ထည့်ယူသွားပြီး အချိန်မီလုပ်ရမှာပေါ့။"

မားကွစ္စ်ဆော့သ်ဂိတ်သည် မြေပြန့်တစ်ခုပေါ်တွင် စောင့်ဆိုင်းနေသော သယ်ယူပို့ဆောင်ရေး မှော်ကားကြီးကို လှည့်ကြည့်လိုက်ပြီး ၎င်းသည် အမှန်တကယ် အဆင်ပြေသည်ဟု ခံစားမိသည်။

ကန်တိုနာကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏လူများနှင့် ၎င်းတို့၏ စိုက်ပျိုးရေးမှော်စက်များကို မားလိုအင်ပါယာသို့ပို့ဆောင်ရန် ဤသယ်ယူပို့ဆောင်ရေး မှော်ကားကိုအသုံးပြုခဲ့သည်။ မားလိုအင်ပါယာရှိ လမ်းများကြောင့် နှစ်ရက် နှောင့်နှေးခဲ့ရသော်လည်း ၎င်းတို့သည် လမ်းပေါ်တွင် တစ်ပတ်အောက်သာ ရှိခဲ့သည်။

ဤနေရာနှစ်နေရာသည် ကီလိုမီတာ နှစ်ထောင်ဝန်းကျင် ဝေးကွာသည်နှင့် နှိုင်းယှဉ်လျှင် ဤအချိန်သည် များလွန်းသည်ဟု စဉ်းစားစရာမဟုတ်ပေ။

ယခင်က မြင်းလှည်းတွေအသုံးပြုနေတုန်းကကဲ့သို့ အများပြည်သူလမ်းတွေမရှိခဲ့ပါလျှင် ကီလိုမီတာနှစ်ထောင်အကွာအဝေးဟာ မိုးကုပ်စက်ဝိုင်းလိုပါပင်၊ ဘယ်တော့မှ မရောက်နိုင်တော့ပါချေ။

၎င်းကိုတွေးရင်း မားကွစ္စ်ဆော့သ်ဂိတ်က မနေနိုင်စွာ ခံစားမိသွားရ၏။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အမျိုးမျိုးသည် လူတို့၏ဘဝကို အမှန်တကယ် ပြောင်းလဲစေခဲ့သည်။ မှော်ကားတစ်ခုတည်းဖြင့် လူများကြား အကွာအဝေးကို လျှော့ချနိုင်ခဲ့သည်။

မားလိုအင်ပါယာ၏အနောက်တောင်ဘက်ပြည်နယ်ရှိ လမ်းတစ်ဝက်ကို ဖောက်လုပ်ထားခြင်းသည် ကောင်းမွန်သောအရာဖြစ်သည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းက ၎င်းကို တစ်နှစ်အတွင်း အပြီးသတ်နိုင်မည်ဟု အာမခံထားသည်။

ဤလမ်းပြီးသောအခါတွင်၊ အနည်းဆုံး မားကွစ္စ်ဆော့သ်ဂိတ်၏နယ်မြေမှ နယ်မြေကြီး၏အနောက်တောင်ထောင့်ရှိ နိုင်ငံများသို့ အမြန်သွားနိုင်မည်။

ကန်တိုနာကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးမှော်စက်များဖြင့် အဖြစ်မှန်များကို သက်သေပြနိုင်သရွေ့ မားကွစ္စ် ဆော့သ်ဂိတ်သည် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ ဆောင်းဦး စပါးရိတ်သိမ်းမှု ထိရောက်မှုကို မြှင့်တင်နိုင်ကြောင်း ပြသပါလျှင် သူက လမ်းများကို အစုလိုက်အပြုံလိုက်ခင်းရန် လွှတ်တော်သို့ အဆိုတင်သွင်းမည်ဖြစ်သည်။

ရပ်တန့်သွားသော မှော်ကောက်ရိတ်စက်ကို လူငယ်အလုပ်သမားက အမြန်ပြင်ဆင်ပြီး ပြန်လှုပ်ရှားလာခဲ့သည်။ မှော်ကောက်ရိတ်စက် ဆယ်လုံးကျော် လက်တွဲလုပ်ကိုင်ပြီး၊ မားကွစ္စ်ဆော့သ်ဂိတ်၏ ပိုင်နက်ရှိ လယ်မြေကို ဖြတ်ကျော်ရိတ်သိမ်းရာ စပါးကျီများ လုံးလုံး မပြည့်မီ အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

လယ်ကွင်းဘေး၌ စောင့်ကြည့်နေသည့်လူများက မှော်ကောက်ရိတ်စက်များ ဖွင့်ပြီးသည်နှင့် နက်မှောင်သည့် ဂျုံစေ့တွေ ဖိတ်ကျနေသည်အား တွေ့လိုက်သောအခါ ၎င်းတို့ ပါးစပ်များ ကျယ်လောင်စွာ ပွင့်ဟလာ၏။

ဒါက......ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဂျုံစပါးများသည် လယ်ကွင်း၌ ကြီးထွားနေပြီ၊ ဤထူးဆန်းသော အရာ ဖြတ်သန်းသွားပြီးနောက် ဂျုံစေ့များအဖြစ်သို့ မည်သို့ပြောင်းလဲသွားသနည်း။

စပါးကို ရိတ်သိမ်းဖို့ လူတွေကို မလိုအပ်တော့ရာ ဖြစ်စဉ်က အတော်တိုတောင်းလှသည်။

ဒါက မှော်ပညာရဲ့ စွမ်းအားများလား။

၎င်းက အံ့သြစရာကောင်းလွန်း၏။

အသက်ခြောက်ဆယ်လောက်ရှိပုံရသည့် လယ်သမားအိုကြီးဟာ ရုတ်တရက် ခဏတာ မှင်တက်သွားကာ အော်ဟစ်လာသည်။"

“ဘုရား! ဂျုံရိုးတွေ ဘယ်ရောက်သွားတာလဲ။”

လူတိုင်း အံ့ဩသွားကြသည်။ စပါးရိတ်သိမ်းပြီးနောက်တွင် အရွက်အနည်းငယ်သာရှိကာ ရိုးတံလုံးဝမရှိတော့ကြောင်း သူတို့သဘောပေါက်ခဲ့သည်။

လူတိုင်း၏အမူအရာပြောင်းလဲသွားသည်။

ဤလယ်သမားအိုကြီးများအတွက် ကောက်ရိုးသည် အလွန်အရေးကြီးသည်၊ ၎င်းတို့မရှိလျှင် ဆုံးရှုံးမှုကြီးကြီးမားမား ခံစားကြရပေလိမ့်မည်။

မားကွစ္စ်ဆော့သ်ဂိတ်ထံမှ သံသယရှိသော ဟန်ပန်ကို မြင်လျှင် ဥက္ကဌ ကန်တိုနာသည် အထင်အမြင်သေးသည့် အသွင်အပြင်ကို ထုတ်ပြဖို့ မိမိကိုယ်ကို မတားဆီးနိုင်လိုက်ပေ။ ထို့နောက် သူက အပြုံးဖြင့် ရှင်းပြသည်၊ “ရိုးတံတွေကို မှော်ကောက်ရိတ်စက်က အပိုင်းပိုင်းဖြတ်ထားပါတယ်။ တကယ်သုံးချင်တယ်ဆိုရင်တော့ အခြောက်ခံပြီး မီးညှိဖို့သုံးလို့ရပါတယ်။”

မားကွစ္စ်ဆော့သ်ဂိတ်သည် ကွင်းပြင်ကို ကြည့်ရှုပြီး ၎င်း၏ သဘောတူညီချက်ကို ပြသရန် ခေါင်းညိတ်ပြလိုက်သည်။

အခြားလယ်သမားများကလည်း ၎င်းကို စဉ်းစားပြီး ဥက္ကဋ္ဌ ကန်တိုနာ၏ စကားကို လက်မခံနိုင်ပေ။

ဥက္ကဋ္ဌ ကန်တိုနာသည် လူအုပ်ကြီး၏ နှမျောတသနေဟန်ကို ကြည့်ပြီး မေးလိုက်၏ “သခင် မားကွစ္စ်၊ ခင်ဗျားရဲ့နယ်မြေက နေထိုင်သူတွေဟာ ကောက်ရိုးကိုသုံးပြီး မီးညှိတဲ့ အရင်က ပုံစံနဲ့ တကယ်ပဲ နေထိုင်နေကြတာလား?"

မားကွစ္စ်ဆော့သ်ဂိတ်နှင်ပ ပတ်ဝန်းကျင်က လူများက သူ့ကို အံ့သြတကြီး ကြည့်လာကြ၏။

ဥက္ကဌ ကန်တိုနာက ချောင်းဟန့်လိုက်ပြီး ဆက်ပြောသည် “သခင် မားကွစ္စ်၊ မှော်မီးဖိုက ရွှေဒင်္ဂါးလေးပြားအောက်ပဲ ကုန်ကျပါတယ်၊ ဒါကို အသုံးပြုတာက ပိုအဆင်ပြေပါတယ်။ ပြီးတော့ ဘာကိုမှ လောင်ကျွမ်းဖို့ မလိုအပ်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါဘူး။ ဘယ်လိုပဲကြည့်ကြည့် ကောက်ရိုးကို မီးရှို့တာထက် ပိုကောင်းတယ် မဟုတ်ဘူးလား”

"ရွှေဒင်္ဂါးလေးပြားအောက်ပဲ ကုန်ကျတာလား" မားကွစ္စ်ဆော့သ်ဂိတ်၏နှုတ်ခမ်းများသည် မနေနိုင်စွာ မဲ့ရွဲ့သွားပါ၏။

လမ်ပူရီ တိုင်းပြည်နှင့် အခြားနိုင်ငံများသို့ ရောက်ပြီးနောက်တွင် မိသားစုများစွာသည် ယခုအခါ မှော်မီးဖိုများကို အသုံးပြုနေကြကြောင်း သဘာဝကျကျ သိရှိခဲ့သည်။ တစ်ချို့အား သူနှင့်အတူ ဝယ်လာပြီး အိမ်တော်၌ အသုံးပြုနေပါ၏။

သို့သော် ဥက္ကဌ ကန်တိုနာက မည်မျှလွယ်ကူသည့် ပုံပေါက်အောင် ပြောနေသည်ကို မကြည့်လိုက်ပါနှင့်။ မှော်မီးဖိုတစ်ခုသည် ရွှေဒင်္ဂါးလေးပြားအောက်နည်းသော်လည်း သူ့နယ်မြေရှိ လူအများစုအတွက် ရွှေဒင်္ဂါးလေးပြားသည် သေးငယ်သောပမာဏမဟုတ်ပေ။

သူ့နယ်မြေရှိ လူများစွာပေါင်းထားသည့် နှစ်စဉ် ၀င်ငွေမှာ ရွှေဒင်္ဂါးဆယ်ပြားမျှသာ ဖြစ်သည်။

သူတို့ ဝမ်းကို ဖြည့်ရတာနှင့်တင် လုံလောက်နေပြီဖြစ်ရာ ၊ ၎င်းတို့ကို ဝယ်ဖို့ရန် ရွှေဒင်္ဂါး လေးပြားကို မည်သို့ ထုတ်နိုင်ပါမည်နည်း။

သို့ပေမယ့် Frestech ကုန်သည်ကြီးများအသင်းနှင့် တခြားကုမ္ပဏီများ တည်ထောင်ထားသည့် စက်ရုံများတွင် အလုပ်သမားတစ်ဦးစီက ရွှေဒင်္ဂါးငါးပြားထက်မနည်း မည်သို့ရနိုင်သည်ကို ရှုယီ ပြောခဲ့ပုံအား စဉ်းစားမိသည်။ မားကွစ္စ်ဆော့သ်ဂိတ်သည် ရွှေဒင်္ဂါးလေးပြားကို လက်ခံရန် အမှန်တကယ် မခဲယဉ်းကြောင်း တွေးခဲ့သည်။

သို့ပေမယ့် တွေးကြည့်တော့ ကန်တိုနာကုန်သည်ကြီးများအသင်း ဥက္ကဌ ကန်တိုနာက ပြောခဲ့ဖူးပါ၏။ ကျွမ်းကျင်လုပ်သားအများစုအတွက် လစဉ်လုပ်အားခမှာ တစ်လလျှင် ရွှေဒင်္ဂါးသုံးဆယ်ဖြစ်သောကြောင့် ကွာဟချက်မှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။

"ဒါက ပထမ တိုးတက်မှုနဲ့ နောက်မှ ဖွံ့ဖြိုးတိုးတက်မှုကြားက ကွာခြားချက်ပဲ......"

မားကွစ္စ်ဆော့သ်ဂိတ်သည် သက်ပြင်းချကာ သူ့နယ်မြေတွင် မှော်စက်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၄။ ဘဝင်မြင့်သော ကန်ဒရာအင်ပါယာ

မားလိုအင်ပါယာမှာ အင်ပါယာနှစ်ခုအနက်တစ်ခုဖြစ်ပြီး ကျယ်ပြောသော ပိုင်နက်များရှိသဖြင့် သဘာဝကျစွာ ၎င်းတို့မျိုးရိုးမြင့်များ၏ ကိုယ်ပိုင်နယ်မြေများမှာ လမ်ပူရီတိုင်းပြည်ကဲ့သို့ နိုင်ငံငယ်မှ မျိုးရိုးမြင့်များထက် ကြီးမားများပြားလှသည်။

မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေထံ၌ ဟက်တာ ငါးရာကျော်ရှိ လယ်မြေတစ်ခုရှိကာ ၎င်းက လမ်ပူရီတိုင်းပြည်မှ မည်သည့်မျိုးရိုးမြင့်ထက်မဆို ကျော်လွန်နေသည်။

သို့သော်လည်း တစ်ပတ်အကြာတွင် မားကွစ္စ်ဆော့သ်ဂိတ်၏နယ်မြေရှိ ဂျုံအားလုံးကို ရိတ်သိမ်းပြီးဖြစ်သည်။ ဂျုံ၏နောက်ဆုံးအထွက်နှုန်းမှာ တန်ချိန်ခြောက်ရာသာရှိပြီး ပျမ်းမျှအားဖြင့် တစ်ရာ့ငါးဆယ်ဝန်းကျင်သာရှိသည်။

တစ်မူလျှင် ပျမ်းမျှပေါင်ငါးရာထွက်ရှိသော လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့နှင့် နှိုင်းယှဉ်ပါက ၎င်းသည် ရိုးရိုးရှင်းရှင်းပြောရန်မထိုက်တန်ပါချေ။

ဤကြီးမားသောကွာဟချက်၏အကြောင်းရင်းမှာ မားကွစ္စ်ဆော့သ်ဂိတ်၏နယ်မြေအတွင်း စိုက်ပျိုးနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်လွန်းသောကြောင့် ၎င်းတို့၏ထုတ်လုပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။

သို့သော် ဤထုတ်လုပ်မှုစွမ်းရည်ဖြင့်ပင်၊ မားကွစ္စ်ဆော့သ်ဂိတ်နှင့် စပါးရိတ်သိမ်းခြင်းတွင်ပါဝင်သည့် ကျွန်များအပါအဝင် သူ၏နယ်မြေမှလူများသည် ၎င်းမှာ အကြွယ်ဝဆုံးဟက်တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြင့် ပျော်ရွှင်ခဲ့ကြသည်။

အရေးကြီးဆုံးအချက်မှာ တစ်နှစ်လျှင် ဟက်တာငါးရာကျော်ကို ရိတ်သိမ်းရန်၊ အားလုံးစုပေါင်းလုပ်ကိုင်ကြလျှင်ပင် တစ်လလုံး အလုပ်ကြိုးစားကြရမည်ဖြစ်သည်။

နည်းနည်းလေး အဟန့်အတားတွေ ရှိပါလျှင် သူတို့ အချိန်ပိုလိုလိမ့်မည်။

ယင်းမတိုင်မီက၊ မားကွစ္စ်ဆော့သ်ဂိတ်၏နယ်မြေသည် အရာရာတိုင်းကို မရိတ်သိမ်းနိုင်သော အခြေအနေတစ်ခုကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရသဖြင့် ဂျုံများ ဆုံးရှုံးခဲ့သည်။

ယခုအခါ ကန်တိုနာကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် ၎င်းတို့သည် တစ်ပတ်အတွင်း ပြီးစီးခဲ့သည်။ ဤမြေ ဟက်တာငါးရာကို လုံး၀ရိတ်သိမ်းပြီးရာ ယင်းသည် လူများ စားသုံးနိုင်သော အရာဖြစ်သည်။

ဤအချိန်တွင် ၎င်းတို့သည် လူအနည်းစုသာ စေလွှတ်ခဲ့သည်။

ယခင်စပါးရိတ်သိမ်းချိန်တိုင်းတွင် နယ်မြေရှိလူတိုင်းနီးပါးကို လွှတ်းကြရသည်။

သို့သော် ယခုတစ်ကြိမ်တွင် မားကွစ္စ်ဆော့သ်ဂိတ်သည် စပါးရိတ်သိမ်းရန် ကူညီရန် လူရှစ်ဆယ်သာ စေလွှတ်ခဲ့သည်။ ၎င်းတို့လုပ်ခဲ့တဲ့အလုပ်က အိတ်တွေကိုဆွဲဖွင့်ကာ မှော်ကောက်ရိတ်စက်ထဲကထွက်လာသည့် ဂျုံတွေကို အိတ်ထဲထည့်ရန် ဘေးနားမှာစောင့်နေသော မှော်ကားများထံ ပို့ပေးရသော ရိုးရှင်းသည့်အလုပ်ဖြစ်သည်။

ယခင်ကောက်ရိတ်သိမ်းခြင်းအတွက် သူတို့လုပ်ခဲ့သော ခါးကျိုးနိုင်သည့်အလုပ်များနှင့် နှိုင်းယှဉ်ပါက ဤအကြိမ်သည် သူတို့အတွက် လွယ်ကူလွန်းလှသည်။

မြေဟက်တာငါးရာ ရိတ်သိမ်းရာတွင် ပြဿနာမရှိဟု ဥက္ကဌ ကန်တိုနာက မားကွစ္စ်ဆော့သ်ဂိတ်ကိုပြောသောအခါ၊ မားကွစ္စ်ဆော့သ်ဂိတ်သည် အနည်းငယ် သံသယဖြစ်မိခဲ့သည်။

သို့ပေမယ့် တစ်ပတ်အတွင်းမှာပင်ညသူ့ရဲ့လယ်မြေတွေအားလုံးကို ရိတ်သိမ်းပြီးကာ သူ့ရဲ့ဂိုဒေါင်ထဲ၌ ကောက်နှံတန်ချိန်ရာပေါင်းများစွာ ချထားသည်ကို တွေ့လိုက်ရတော့ မားကွစ္စ်ဆော့သ်ဂိတ်ရင်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါ၏။

သူသည် ဒရိတ်ခ်နယ်မြေ၊ လမ်ပူရီတိုင်းပြည် နှင့် စတက်တိန်းနယ်မြေသို့သွားသောအခါ ၎င်းတို့၏ လယ်မြေအားလုံးကို ရိတ်သိမ်းခဲ့ပြီး၏ ကောက်ပဲသီးနှံများ စိုက်ပျိုးထားသည်က အံ့သြစရာမဟုတ်ပေ။

ဤသုံးနိုင်ငံလုံးတွင် ရိတ်သိမ်းရန်နှင့် စိုက်ပျိုးရန် လူအလုံအလောက်ရှိသည်ဟု မယုံကြည်သောကြောင့် ထိုစဉ်က ရှုပ်ထွေးခဲ့သည်။

ယခုမူ ကန်တိုနာကုန်သည်ကြီးများ ပို့ဆောင်ပေးသော စိုက်ပျိုးရေးမှော်စက်များ၏ စွမ်းအားကို သူမြင်လိုက်ရတော့ သံသယများ မရှိတော့ပါပေ။

ထို့ကြောင့် ရိတ်သိမ်းပြီးသည့်နေ့တွင်၊ မားကွစ္စ်ဆော့သ်ဂိတ်သည် ဆောင်းဦးရာသီ၏ကောက်ရိတ်ခြင်း ကို ဂုဏ်ပြုရန် အထူးပွဲတော် တစ်ခုကျင်းပခဲ့သည်။

ဤပွဲ၌ မားကွစ္စ်ဆော့သ်ဂိတ်သည် ဥက္ကဌ ကန်တိုနာ နှင့် စာချုပ်အသစ် ချုပ်ဆိုခဲ့သည်။

စာချုပ်၏အကြောင်းအရာသည် ယခင်က မားကွစ္စ်ဆော့သ်ဂိတ်သို့ ရှုယီပြောခဲ့သည့်စကားဖြစ်သည်။ ကန်တိုနာကုန်သည်ကြီးများအသင်းသည် မားကွစ္စ်ဆော့သ်ဂိတ်၏မြေပေါ်ရှိ အခြားမြေများကို ဖွံ့ဖြိုးတိုးတက်စေကာ၊ လယ်ယာမြေများ ပိုမိုဖန်တီးနိုင်စေရန် ဖွင့်လှစ်ထားပြီးဖြစ်သော လယ်မြေများကို ပြောင်းလဲပေးဖို့ဖြစ်သည်။

သို့သော် မားကွစ္စ်ဆော့သ်ဂိတ်ကိုယ်တိုင် ၎င်းကို မကြုံခင်က နည်းနည်း တုံ့ဆိုင်းနေပါသေး၏။

ယခုတစ်ကြိမ် ရိတ်သိမ်းပြီးနောက်တွင်မူ သံသယများ မရှိတော့ပါပေ။

ယခုတစ်ကြိမ်တွင် ကန်တိုနာ ကုန်သည်ကြီးများအသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ထိုငါးနှစ်အတွင်းတွင်၊ ကန်တိုနာကုန်သည်ကြီးများအသင်းသည် မားကွစ္စ်ဆော့သ်ဂိတ်၏နယ်မြေရှိ လယ်မြေအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးရုံသာမက၊ ၎င်းတို့၏နိုင်ငံသားအချို့အား စိုက်ပျိုးရေးလုပ်ငန်းကို လည်ပတ်ပုံအား လေ့ကျင့်ပေးမည်ဖြစ်သည်။

မှော်ကောက်ရိတ်စက်များသည် လယ်ကွင်းအတွင်းရှိ ဂျုံကို ကောက်ပဲသီးနှံများအဖြစ်သို့ အလွယ်တကူ ပြောင်းလဲသည်ကို မြင်တွေ့ပြီးနောက် မားကွစ္စ်ဆော့သ်ဂိတ်သည် သူ၏ ဆုံးဖြတ်ချက်ကို ချခဲ့ပြီးဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးမှော်စက်အချို့ကို ဝယ်ယူပြီး မိမိအတွက် အတတ်နိုင်ဆုံး လယ်ယာလုပ်ငန်းတွင် စက်များကို ထည့်သွင်းရန် ကြိုးစားမည်ဖြစ်သည်။

ယခုတစ်ကြိမ် ကန်တိုနာကုန်သည်ကြီးများအသင်းမှ မားကွစ္စ်ဆော့သ်ဂိတ်အား ၎င်း၏နယ်မြေကို ရိတ်သိမ်းရန် ကူညီပေးသောအခါ၊ မားကွစ္စ်ဆော့သ်ဂိတ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော အခြား မားလိုအင်ပါယာမျိုးရိုးမြင့်များသည်လည်း ၎င်းတို့၏ကိုယ်ပိုင်ကိုယ်စားလှယ်ကို စေလွှတ်ခဲ့ကြသည်။

ကန်တိုနာကုန်သည်ကြီးများအသင်း၏ ဆောင်းဦးကောက်ရိတ်ခြင်းတွင် အံ့သြဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ပြသပြီးနောက်၌ အဆိုပါ မျိုးရိုးမြင့်များ အားလုံးသည် ကန်တိုနာ ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ ကောက်ရိတ်စက်များ နှင့် ကူညီနိုင်မည်ဟု မျှော်လင့်ကာ ဖိတ်စာများ ပေးပို့ခဲ့ကြသည်။

ဥက္ကဋ္ဌ ကန်တိုနာက ၎င်းကို သဘာဝအတိုင်းပင် ကြိုဆိုခဲ့သော်လည်း ကန်တိုနာ ကုန်သည်ကြီးများအသင်း၏ လူအင်အားနှင့် စိုက်ပျိုးရေးမှော်စက်များ ကန့်သတ်ထားသောကြောင့် အဆိုပါကမ်းလှမ်းချက်အားလုံးကို လက်ခံရန် ခက်ခဲသည်။

နောက်ဆုံးတွင် သူသည် မားကွစ္စ်ဆော့သ်ဂိတ်နှင့် နီးစပ်သော မျိုးရိုးမြင့်များစွာ၏ ကမ်းလှမ်းမှုကို လက်ခံရန် ရွေးချယ်ခဲ့သည်။ တခြားသူတွေကိုမူ စိုက်ပျိုးရေးမှော်စက် မျိုးစုံကိုဝယ်ဖို့ နောက်ထပ်လမ်းကြောင်းတစ်ခုပေးလိုက်၏။

ထို့ကြောင့် ဤဆောင်းဦးရာသီ၏အစတွင်၊ မားလိုအင်ပါယာမှ ကီလိုမီတာထောင်ပေါင်းများစွာအကွာရှိ Frestech ကုန်သည်ကြီးများအသင်းထံသို့ မှာယူမှုများရှိခဲ့သည်။

" ဥက္ကဌ၊ မှာယူမှု အရေအတွက်က တကယ်ကို မမျှော်လင့်ထားဘူး။" ခမ်နက်ဒ်က အစီရင်ခံစာကို မြှောက်လိုက်ပြီး ရှုယီကို အံ့သြသည့်အသံဖြင့် ပြောလိုက်ပါ၏။ “ကြည့်ပါဦး၊ မားလိုအင်ပါယာက အမှာစာတွေကို အစီရင်ခံစာတစ်ခုတည်းမှာ ထားပြီးကြည့်ရင်မှော်ကောက်ရိတ်စက်နှုန်းနှင့်ပတ်သက်၍ အမှာစာခုနစ်ရာကျော်ရှိတယ်။ ဒီပမာဏက မှော်ကောက်ရိတ်စက်အရေအတွက်ထက်တောင် ပိုများနေသေးတယ်။"

“မားလိုအင်ပါယာက ငါတို့စတက်တိန်းနယ်မြေလို မြေပုံပေါ်မှာ လျစ်လျူရှုထားရနိုင်တဲ့ နိုင်ငံငယ်လေးမဟုတ်ဘူး၊ သူတို့က အင်ပါယာနှစ်ခုထဲကတစ်ခုပဲ။ အမှာစာခုနှစ်ရာက အစတစ်ခုပဲရှိသေးပြီး လက်ရှိအရှိန်အဟုန်နဲ့ဆို၊ မားလိုအင်ပါယာမှာ မှော်ကောက်ရိတ်စက် ခုနစ်ထောင် ဒါမှမဟုတ် အဲ့ထက်မက ရောင်းချနိုင်မယ်လို့ထင်တယ်။" ရှုယီက ပြုံးပြီးပြောသည်။

ခမ်နက်ဒ်က ခေါင်းတညိတ်ညိတ်ဖြင့် မနေနိုင်အောင် သက်ပြင်းချကာ “မားလိုအင်ပါယာထဲကို ဝင်ရတာက တကယ့်ကို ကောင်းပါတယ်။ အနီးအနားကနိုင်ငံတွေက သေးလွန်းတော့ စျေးကွက်တွေ ပြည့်နှက်ခါနီးနေပြီ။ ဥပမာ၊ စိုက်ပျိုးရေးမှော်စက်တွေနဲ့ပတ်သက်လာရဂ်၊ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကျွန်တော်တို့ရတဲ့ အမှာစာကအရမ်းနည်းလွန်းတယ်။ အခု မားလိုအင်ပါယာကလူတွေပူးပေါင်းပါဝင်လာတဲ့အခါ၊ ကျွန်တော်တို အခုလိုလုပ်လာနိုင်တာပဲ။"

ထိုသို့ပြောရင်း ခမ်နက်ဒ်က ရှုယီကို တွေးဆဆဖြင့်ကြည့်လာသည်။

“ဥက္ကဌ၊ ကျွန်တော်ပြောပါတယ်..... စိုက်ပျိုးရေးမှော်စက်တွေက ရှင်းရှင်းလင်းလင်းကို အဆင်ပြေတာမို့ ဒီစက်ကို ကန်ဒရာအင်ပါယာ တံ‌ခါးခေါက်ဖို့အတွက် ဘာကြောင့်မသုံးတာလဲ။စပါးအထွက်နှုန်းတိုးစေမယ့် နည်းလမ်းကို ငြင်းမယ့် ဘယ်နိုင်ငံမှ မရှိဘူးလို့ ကျွန်တော်ထင်တယ်။”

ရှုယီက ခေါင်းခါလိုက်ပြီး "ဒါက မတူဘူး။ မားကွစ္စ်ဆော့သ်ဂိတ်က ဉာဏ်ကောင်းတဲ့သူမို့ မားလိုအင်ပါယာမှာ ငါတို့ ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နိုင်တယ်။ သူက ငါတို့အတွက် အဆင်ပြေတာမို့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းကောင်းတယ်။"

ရှုယီက မျက်ခုံးကိုတွန့်ချိုးပြီး မကျေနပ်ဟန်ကို ဖော်ထုတ်လိုက်ပါ၏။

"ဒါက ငါ့ရဲ့ မလိုမုန်းထားမှုလားတော့ မသိပါဘူး၊ ဒါပေမယ့် အဲဒီတိုင်းပြည်က လူတိုင်းမှာ အတားအဆီး အမျိုးမျိုးကို ဖန်တီးပေးတဲ့ ပကတိ မောက်မာမှုတွေ ရှိတယ်လို့ ထင်မိတယ်။ ကန်ဒရာအင်ပါယာရဲ့ လူတွေရဲ့ သဘောထားကို ငါတကယ်မကြိုက်ဘူး၊ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ရိုးသားမှုကို မမြင်ရဘူး။”

ခမ်နက်ဒ်က ခေါင်းတညိတ်ညိတ်ဖြင့် ခါးသီးစွာ ရယ်မောကာ ပြောသည် “ ဥက္ကဌ၊ ဒီလိုမဟုတ်ဘူး၊အမှန်တော့၊ မာနဆိုတာ ကန်ဒရာအင်ပါယာရဲ့ လက္ခဏာပဲ။ ဒီအင်ပါယာက နယ်မြေကြီးတစ်ခုလုံးကို အုပ်စိုးသူအဖြစ် သူတို့ကိုယ်သူ အမြဲသဘောထားပြီး အခြားနိုင်ငံအားလုံးကို နှိမ့်ချတယ်။ ဒါက ကန်ဒရာအင်ပါယာရဲ့သမိုင်းနဲ့ နည်းနည်းသက်ဆိုင်တာမို့ ဥက္ကဌ အားလပ်ချိန်တွေရှိတဲ့အခါ နားလည်အောင်ကြည့်လို့ရပါတယ်။”

"သူတို့ရဲ့သမိုင်းကို ရှာဖို့ ငါ့မှာ အချိန်မရှိဘူး" ရှုယီက ပခုံးတွန့်လိုက်ပြီး "သူတို့က ဒီလို မာနကြီးဖို့ တွန်းအားပေးရင် အဆုံးမှာ ဒုက္ခရောက်မှာကသူတို့ပဲ။ ပြီးတော့ ငါက စီစဉ်နေပြီဆိုတာ မင်းသိပါတယ်။

"ကျွန်တော်နားလည်ပါတယ် ဥက္ကဌ...တကယ်လုပ်ဖို့စီစဉ်နေတာလား" ခမ်နက်ဒ်က သူ့မျက်ခုံးကို အနည်းငယ်တွန့်လိုက်ပြီး "ဒီလိုလုပ်ရင် အရမ်းအန္တရာယ်များလိမ့်မယ် လို့ ကျွန်တော် ခံစားနေမိတယ်။ သတိမထားရင် restech ကုန်သည်ကြီးများအသင်းတစ်ခုလုံး ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားရမှာနော်"

"မင်းက ကန်ဒရာအင်ပါယာကို အမြင့်ကြီးတွေးနေတာလား။" ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး ခမ်နက်ဒ်၏ ပုခုံးကို ပုတ်ကာ ဆိုသည် "မင်းလုပ်စရာရှိတာ လုပ်လိုက်ပါ၊ အစောင့်တပ်သားတွေရဲ့ လေ့ကျင့်မှု ဘယ်လိုသွားလဲဆိုတာ ငါသွားကြည့်ဦးမယ်။ ငါ့အစီအစဉ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သော့ချက်က သူတို့အပေါ်မှာ မူတည်နေမှာပဲ။"

“အင်း......”

ခမ်နက်ဒ်က ခေါင်းညိတ်ပြသော်လည်း ရှုယီထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင်များ ရှိနေသည်။

ရှုယီက စီအီးအိုရုံးခန်းမှ ထွက်သွားသောအခါ ခမ်နက်ဒ်သည် ပြန်ထိုင်ကာ အလုပ်ဆက်လုပ်ရန် ပြင်ဆင်နေလေသည်။

လက်ရှိ Frestech ကုန်သည်ကြီးများအသင်းသည် လုပ်ငန်းများစွာတွင် ပါဝင်နေသောကြောင့် သူဂရုစိုက်ရမည့်အရာများစွာရှိပါ၏။

ယခင်အချိန်က ပြန်လည်ဖွဲ့စည်းမှုအချို့ရှိခဲ့ပြီး၊ Frestech ကုန်သည်ကြီးများအသင်း အောက်ရှိ စက်မှုလုပ်ငန်းအမျိုးမျိုးကို ခွဲဝေပေးခဲ့ရာ ၎င်းတို့တစ်ဦးစီတွင် မန်နေဂျာတစ်ဦးရှိသဖြင့် စီအီးအို အနေဖြင့် သူ့အတွက် ပိုမိုလွယ်ကူစေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ကြီးမားသောအတိုင်းအတာကြောင့် စီအီးအိုအဖြစ် သူလုပ်ရမည့်အရာများစွာရှိပါသေးသည်။

မားလိုအင်ပါယာအမှာစာကို ကိုင်တွယ်ရန် ထုတ်လုပ်ရေးမှော်စက်ဌာနကို သတင်းပို့ဖို့ စီစဉ်နေချိန်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် သူ့ရုံးခန်းတံခါးကို လာခေါက်သည်။

အလောတလျင်ခေါက်သံကိုကြားတော့ ခမ်နက်ဒ်က မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်၏။

"အထဲဝင်ခဲ့ပါ။"

တံခါးက ရုတ်တရတ် ပွင့်သွား စာတစ်စောင် မြဲမြဲမြံမြံကိုင်ထားသော လူလတ်ပိုင်းတစ်ဦး စားပွဲထံသို့ ရောက်လာကာ ထိုစာကို ခမ်နက်ဒ်ထံလွှဲပေးလာသည်။

"ဆရာ... တစ်ခုခုတော့ အကြီးကြီးဖြစ်သွားပြီ!"

ဤလူလတ်ပိုင်းအရွယ်အမျိုးသားသည် Frestech ကုန်သည်ကြီးများအသင်း၏ ထောက်လှမ်းစုဆောင်းရေးဌာန၏ ဒါရိုက်တာဖြစ်သည်။ သူ့အမူအရာကိုမြင်တော့ ခမ်နက်ဒ်၏မျက်နှာမှာ ပျက်သွားသည်။

စာကိုကြည့်ပြီးနောက် ခမ်နက်ဒ်၏ မျက်လုံးများသည် အံ့သြထိတ်လန့်မှုများနှင့် ပြည့်နှက်နေပြီး .....စိုးရိမ်မှုအနည်းငယ်ကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။

မျှော်လင့်ထားသလို ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့ပါ၏ ......။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၅။ စတက်တိန်းနယ်မြေကို ကျူးကျော်ခြင်း

"ရှေ့က စတက်တိန်းနယ်မြေလား?" ချာလွန်က အဝေးရှိ ကမ်းရိုးတန်းကို မျက်လုံးများမှေးကျဉ်းကာ ကြည့်ရင်း မေးလိုက်သည်။

"ဟုတ်ပါတယ် အရှင် ချာလွန်, ကျွန်တော်တို့တွေ မကြာခင် ကောင့်ထ် ဒိုးလ်ရဲ့ နယ်မြေဆီရောက်ပါတော့မယ်။"သူ့ဘေး၌ ရပ်နေသည့် ကြင်နာတတ်ဟန်နှင့် ပါးဖောင်းဖောင်းရှိသော လူလတ်ပိုင်းမှာ ၎င်းကိုကြားသော် ၎င်းကို ကြားသော် တလေးတစားပြန်ဖြေလာသည်။

"ဒီနေရာက သူ့ပိုင်နက်ထပ်မဟုတ်တော့မှာတော့ နှမျောစရာပဲ။" ချာလွန်က အေးစက်စက်ဆိုသည်။

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကောင့်ထ် ဒိုးလ်က လက်ရှိအချိန်မှာ စတက်တိန်းနယ်မြေကျဉ်းထောင်ထဲမှာရှိနေပြီး သူ့ရဲ့ကိုယ်ပိုင်နယ်မြေကို စတက်တိန်းနယ်မြေကွန်ဂရက်က ပြန်လည်သိမ်းယူနေပြီ။" လူလတ်ပိုင်းအရွယ်က ပြုံးပြုံးလေး ပြော၏။

ချာလွန်သည် လေးနက်သောဟန်ဖြင့် လှည့်လာကာ "မင်းတို့ စတက်တိန်းနယ်မြေ မျိုးရိုးမြင့်တွေရဲ့ နယ်မြေအားလုံးကို ကွန်ဂရက်က ပြန်သိမ်းလိုက်ပြီဆိုတာ ငါကြားတယ်"

လူလတ်ပိုင်းက နေရခက်ဟန်ဖြင့်ဆိုသည် “ဟုတ်ပါတယ်၊ မနှစ်က အကုန်လုံး ပြန်သိမ်းလိုက်တယ်။ ဒါကြောင့် ကျုပ်တို့ရှေ့က နေရာကို ကောင့်ထ် ဒိုးလ်ရဲ့ နယ်မြေလို့ ခေါ်ပေမယ့် ဒါက အရင်က သူပိုင်ခဲ့တဲ့ နယ်မြေပဲဖြစ်သွားပြီ"

"ဘာလို့သဘောတူရတာလဲ" ချာလွန် က သူ့ကို စပ်စုသည့်ဟန်ဖြင့် မေးသည်“ကောင့်ထ် အန်ဒရေး၊ နယ်မြေတစ်ခုဆိုတာ မျိုးရိုးမြင့်တစ်ယောက်အတွက် အသက်ထက် ပိုအရေးကြီးတဲ့အရာတစ်ခုပဲ။ ဒါပေမယ့် စတက်တိန်းနယ်မြေ ကွန်ဂရက်က အဲဒါကို ပြန်သိမ်းတာကို သဘောတူခဲ့ကြတယ်ပေါ့

ကောင့်ထ် အန်ဒရေး အမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက ခါးသီးသော အပြုံးဖြင့် သက်ပြင်းချကာ ဆို၏ “သဘောမတူရင် ကျုပ်တို့ ဘာလုပ်နိုင်မှာတဲ့လဲ။ ဒီကောင်ရှုယီက ဒါကို အတင်းအကြပ်လုပ်ခဲ့တာ သဘောမတူရင် ကျုပ်တို့ကို စောင့်နေတဲ့အရာက Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေပဲ”

Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များအကြောင်း ကောင့်ထ်အန်ဒရေးမှပြောသည်ကိုကြားသောအခါ ချာလွန်၏အမူအရာသည် အနည်းငယ်ပိုလေးနက်လာသည်။ ခဏလောက်စဉ်းစားပြီးမှ သူက လေးအနက် မေး၏။ " Frestech ကုန်သည်ကြီးများအသင်းရဲ့အစောင့်တွေက အရမ်းသန်မာတယ်လား။"

ကောင့်ထ်အန်ဒရေး ရုတ်တရက် တုန်လှုပ်သွားသည်။ ခေါင်းတညိတ်ညိတ်နှင့် ပြောလာသည် သူ့မျက်လုံးတွေက ကြောက်ရွံ့မှု အနည်းငယ်ရှိနေ၏၊ “အရမ်းသန်မာတယ်၊ တကယ်ကို သန်မာတယ်။ အရှင်ချာလွန် ၊ ခင်ဗျား ခေါ်ယူလာတဲ့ လက်အောက်ငယ်သားတွေအားလုံးက လက်ရွေးစင်တွေဖြစ်ပေမဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေနဲ့ ရင်ဆိုင်ရရင် ကျေးဇူးပြုပြီး သတိထားပါ။"

ချာလွန် သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ ကုန်းပတ်ပေါ်တွင် စုဝေးနေသော လက်အောက်ငယ်သားများကို လှည့်ကြည့်လိုက်ရာ အနည်းငယ် မသေချာသလို ခံစားရသည်။

မစတင်မီတွင် Frestech ကုန်သည်ကြီးများအသင်း၏ အချက်အလက်များ အများအပြားရရှိခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် ပတ်သက်၍ ဆွေးနွေးသော အချက်အလက်အနည်းငယ်သာ ရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ တိုက်ပွဲအင်အားကိုပြသသည့် တစ်ခုတည်းသောအရာမှာ စတက်တိန်းနယ်‌မြေ၏ မျိုးရိုးမြင့်များကိုဆန့်ကျင်စဉ်ကဖြစ်သည်။

အချက်အလက်လုံလောက်စွာမရှိသောကြောင့် ချာလွန် သည်အခြေအနေကိုမသိပါ။

ရလာဒ်အရ၊ စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ခုခံနိုင်စွမ်းမရှိသဖြင့် ၎င်းတို့အား စတက်တိန်းနယ်မြေကို ထိန်းချုပ်ရန် အခွင့်အရေးကို လုံးဝခွင့်ပြုပေးခဲ့သည်။

သို့ပေမယ့် ချာလွန် အတွက် ဒီရလာဒ်က ဘာမှ မပြခဲ့ပါချေ။

အဘယ်ကြောင့်ဆိုသော် စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များသည် ချာလွန် အတွက် အသေးအမွှားမျှသာဖြစ်သည်။ ထိုမျိုးရိုးမြင့်များ၏ အစောင့်များသည် လေ့ကျင့်မှု သို့မဟုတ် ကိရိယာအစုံအလင်မပါသည့် သာမန်လူများထက် အနည်းငယ် ပိုသန်မာသော လူများသာဖြစ်သည်။ တိုက်ပွဲအင်အား မည်သို့ရှိနိုင်မည်နည်း။

ထို့ကြောင့် ဤအချက်ကို အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် စတက်တိန်းနယ်မြေမျိုးရိုးမြင့်များကို ချေမှုန်းနိုင်သော်လည်း မည်သည့်တိုက်ပွဲတွင်မျှ အင်အားမပြခဲ့ပါ။ ဤသည်က ၎င်းတို့ကို သာမာန်စစ်တပ်ဟု ယူဆနိုင်ကြောင်း ပြသနေသည်။

ထိုအကြောင်းကိုတွေးပြီးနောက် ချာလွန် သည် ခေါင်းယမ်းလိုက်သည်။

“သူတို့ ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူတို့ဟာ ကုမ္ပဏီငယ်လေးရဲ့ အစောင့်တွေပဲဆိုတာ မေ့ထားလို့မရဘူး။ သူတို့ ဒီလောက် ခိုင်ခံ့မနေနိုင်ပါဘူး။”

ချာလွန် သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ ပိုမိုလေးနက်စေရန် နယ်စားဝင်းဒ်ဆာကို ယခင်က သတိထားခိုင်းခဲ့သော်လည်း၊ တကယ်တမ်းသူက Frestech ကုန်သည်ကြီးများအသင်းကို အမှန်တကယ် အလေးအနက် မထားရှိခဲ့ပါ။

အဆုံးတွင်၊ Frestech ကုန်သည်ကြီးများအသင်းသည် ဤနယ်မြေလေးရှိ ကုမ္ပဏီငယ်လေးတစ်ခုသာဖြစ်သည်၊ ကန်ဒရာအင်ပါယာ တောင်ပိုင်းပြည်နယ် နယ်စား၏လက်အောက်ငယ်သားများကဲ့သို့ သူတို့သည်မည်ကဲ့သို့အစွမ်းထက်နိုင်မည်နည်း။

ချာလွန် သည် ချွန်ထက်သောလက်နက်များ ချပ်ဝတ်တန်ဆာအပြည့်ဖြင့် ဖုံးအုပ်ထားသော နယ်စားဝင်းဒ်ဆာ၏အစောင့်များကိုကြည့်ကာ အပြုံးမပျက်ဖြစ်နေသည်။

သခင်နယ်စားသည် သူ့အား ၎င်း၏ လက်ရွေးစင်လက်အောက်ငယ်သား သုံးထောင်ကို ပေးအပ်ခဲ့ရာ Frestech ကုန်သည်ကြီးများအသင်းလေး တစ်ခုအား မပြောနှင့် သူသည် စတက်တိန်းနယ်မြေတစ်ခုလုံးကိုပင် အလွယ်တကူ ဖြတ်ကျော်နိုင်သည်။

အရေးကြီးဆုံးအချက်မှာ Frestech ကုန်သည်ကြီးများအသင်းသည် သူ့အား ဆန့်ကျင်ရန် သတ္တိရှိမည်မဟုတ်ကြောင်း သူသေချာပေါက်သိနေခြင်းဖြစ်သည်။

ကောင့်ထ် ဒိုးလ် ကိစ္စတွင်၊ Frestech ကုန်သည်ကြီးများအသင်းက လှုပ်ရှားဆောင်ရွက်ခဲ့သော်လည်း နယ်စားကတော်၏ လက်အောက်ငယ်သားတစ်ဦးကိုမျ မသတ်ခဲ့ပါပေ။ Frestech ကုန်သည်ကြီးများအသင်းတွင် စိတ်ထဲတွင် စောင့်စည်းမှုအချို့ရှိသည်ဟု ဆိုလိုသည်။

"အင်း၊ ငါခေါ်လာတဲ့ လက်ရွေးစင်တွေအားလုံးကို မြင်တော့ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌ ရှု က ထက်မြက်တယ်ဆိုရင် သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ငါ့စကားကို နာခံစွာ နားထောင်ဖို့ပဲ"

ချာလွန် နှင့် နယ်စားဝင်းဒ်ဆာ၏ ထိပ်တန်းစစ်သည်သုံးထောင်တို့ကို သယ်ဆောင်လာသော သင်္ဘောဆယ်စင်းသည် ပင်လယ်လေနှင့်အတူ ကမ်းစပ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

၎င်းသည် ကောင့်ထ် အန်ဒရေး ၏ထိန်းချုပ်မှုအောက်ရှိ သေးငယ်သောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ၎င်းသည် အလွန်ဝေးကွာသောကြောင့် အဆိုပါသင်္ဘောဆယ်စင်းရောက်ရှိမှုသည် အာရုံစူးစိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။

ချာလွန် သည် ၎င်း၏ ထိပ်တန်းစစ်သည်သုံးထောင်ကို သင်္ဘောပေါ်မှ ခေါ်ဆောင်ကာ ချက်ချင်းထွက်ခွာခဲ့သည်။

အစီအစဉ်အရ သူသည် ကောင့်ထ် ဒိုးလ် ၏ ကိုယ်ပိုင်အိမ်ထဲသို့ လက်ရွေးစင်တပ်ဖွဲ့ဝင် သုံးထောင်ဖြင့် ဦးစွာဝင်ရောက်မည်ဖြစ်သည်။ ထိုနေရာမှာ အခြေချပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် ဖြည်းညှင်းစွာ ညှိနှိုင်းမည်။

သို့သော်လည်း ချောက်ကမ်းပါးနားက ဆိပ်ကမ်းကနေ ၎င်းတို့ထွက်လာသည်နှင့် လူသုံးရာလောက်ရှိသည့် အုပ်စုကို တွေ့လိုက်ရသည်။

ဤအဖွဲ့သည် စစ်သားများကဲ့သို့ ပြုမူကြပြီး လက်ထဲတွင် ထူးဆန်းသည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကိုသာ ၀တ်ဆင်ထားသည်ကို တွေ့လိုက်ရသဖြင့် ချာလွန်က ကောင့်ထိ အန်ဒရေးထံသို့ လှည့်ပြီး မေးသည် “ဒီအဖွဲ့တွေက ဘယ်သူတွေလဲ”

ကောင့်ထ် အန်ဒရေး က ဖြေလာ၏ “သူတို့က အနီးနားက မျိုးရိုးမြင့်ရဲ့ လက်အောက်ငယ်သားတွေပါ။ ထူးဆန်းလိုက်တာ၊ ဒီနေ့ဘာလို့ဒီကိုရောက်လာတာလဲ။ သတင်းအချက်အလက်တချို့ရခဲ့တာလား"

"ဒါက Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေ မဟုတ်ဘူးပေါ့......" ချာလွန် အနည်းငယ် စိတ်ပျက်သွားသည်။ လှည့်ကြည့်လိုက်ပြီး သူ့အနားရှိ တပ်ခေါင်းဆောင်ကို ခေါင်းညိတ်ပြသလိုက်သည်။ “သူတို့အားလုံးကို ဂရုစိုက်လိုက်ပါ၊ တစ်ယောက်မှ မထားခဲ့နဲ့"

ချာလွန် ၏အမိန့်ကိုကြားသောအခါ ကောင့်ထ် အန်ဒရေး အံ့သြသွားသည်။

"သခင် ချာလွန်၊ ခင်ဗျား......"

အဆုံးမသတ်ခင်မှာ ချာလွန် အနားက တပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်ဖို့ အချက်ပြဖို့ သူ့လက်ကို ဝှေ့ယမ်းလိုက်ပါ၏။

ချာလွန် သည် နယ်စား ဝင်းဒ်ဆာ၏ ထိပ်တန်းတပ်များကို ယူဆောင်လာသောကြောင့် ၎င်းတို့အား ကောင်းမွန်စွာ လေ့ကျင့်ပေးခဲ့သည်။ အမိန့်ကို ခံယူပြီးသည်နှင့် လူသုံးရာကို လူငါးရာက လေးမြှားများ ချိန်ကာ မြှားမိုးရွာစေသည်။

တစ်ဘက်မှာ ဤလူအုပ်ကြီးက သူတို့ကို တိုက်ခိုက်နေပြီး မရေမတွက်နိုင်သည် မြှားများ ကျလာသည်ကို တွေ့ရတော့ အံ့သြသွားကြ၏။

သတိထားပြီးနောက် မြှားများ ကျလာနေပြီဖြစ်သည်။

"ဒိန်း၊ ဒိန်း၊ ဒိန်း၊ ဒိန်း၊ ဒိန်း၊ ဒင်။"

မရေမတွက်နိုင်သော မြှားများသည် ၎င်းတို့လူသုံးရာဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာလွှာပေါ်သို့ ရိုက်ခတ်ကာ ပြတ်သားသောအသံများကို ထွက်ပေါ်လာစေသည်။

"ဟမ့်၊ အမှိုက်အုပ်စုပဲ။" ချာလွန် က နှုတ်ခမ်းကို အသာအယာ ကော့လိုက်သည်။

သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။

မြှားတွေက ၎င်းတို့ကို လုံးလုံးလျားလျား ဖုံးအုပ်ထားကား အကြားအလပ်ပင် မချန်ထားသော်လည်း မြှားမိုးရွာပြီးနောက် မြှားတွေအားလုံးဟာ ၎င်းတို့၏ ချပ်ဝတ်တန်ဆာကိုသာ ထိမှန်ခဲ့ပြီး လုံးဝမဒဏ်ရာရခဲ့ကြပေ။

ဤလူသုံးရာလုံးသည် ထိုနေရာတွင် ရပ်နေကြဆဲဖြစါသည်ကို မြင်လိုက်ရသဖြင့် ချာလွန် ၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ့မျက်လုံးများကိုပင် သူ မယုံရဲတော့ပေ။

ထိုလူများမှာ ထိုသို့သော ခပ်ပါးပါးချပ်ဝတ်သာ ရှိရာ၊ သူယူဆောင်လာသော လက်‌ေရွးစင်များ၏ ချွန်ထက်သောမြှားများအောက်တွင် မည်သို့ ဘေးကင်းနိုင်မည်နည်း။

ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သော် သူလည်း ထိတ်လန့်သွားပြီး မနေနိုင်အောင် တုန်လှုပ်နေသည်မှာ ထင်ရှားပါ၏။

ဤချုံခိုတိုက်ခိုက်မှုကြောင့် လူသုံးရာမှာ အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။

"ညီအစ်ကိုတို့ သူတို့က ငါတို့ကို သတ်ချင်နေကြပြီ၊ သူတို့ဘက်ကို ချီတက်ကြ!" လူသုံးရာကြားတွင် ဒေါသတကြီးဟိန်းဟစ်သံ ထွက်ပေါ်လာသည်။

၎င်းကိုကြားတော့ ချာလွန် က အေးစက်စက် နှာမှုတ်လိုက်သည်။ ထိုလူဝတ်ထားသည့် ချပ်ဝတ်တန်ဆာက နည်းနည်းထူးဆန်းသည်ဟု သူထင်သော်လည်း ၎င်းတို့က လူသုံးရာလောက်သာ ရှိပြီး လက်ရွေးစင်သုံးထောင်ကို တိုက်ခိုက်ရဲ၏။

သူတို့ တကယ်ကို အသက်မရှင်ချင်ဘူးပဲ!

“အင်း၊ သူတို့ကို ဂရုစိုက်လိုက်။ မသနားပြနဲ့။" ချာလွန် က သူ့ဘေးနားရှိ ခေါင်းဆောင်ကို အလေးအနက် ပြောလိုက်သည်။

"ဟုတ်ကဲ့ဆရာ။"

တပ်ဖွဲ့ခေါင်းဆောင် အီခယ်သည် တိုက်ခိုက်ရန် အမိန့်ပေးရန်အတွက် သူ့လက်ကို မြှောက်ချင်သော်လည်း တစ်ဖက်မှ ထူးဆန်းသောအရာများကို လက်ထဲတွင် ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည်။

"ရှူး ရှူး ရှူး ရှူး ရှူး"

မရေမတွက်နိုင်သောမြှားများ လေထဲ၌ ပြည့်သွားကာ နယ်စား ဝင်းဒ်ဆာ ၏ အစောင့်များအနက် ပထမတန်းမှာ လဲပြိုကျမလာမီ အသံပြုရန် အခွင့်အရေးပင် မရှိခဲ့ပေ။

ပထမအတန်းကနေစ၍ ဒုတိယအတန်း၊ တတိယအတန်းအထိပင်။

၎င်းက စပါးရိတ်သည်နှင့်ပင်တူသည်။ လူရာပေါင်းများစွာ ရုတ်တရက် လဲကျသွားသောကြောင့် ပြီးပြည့်စုံသော ဖွဲ့စည်းမှုမှာ ကြီးမားသော ကွာဟချက် ရုတ်တရက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်တော့ ချာလွန်က လေအေးများ ရှူရှိုက်မိလိုက်၏။

ထိုလူတွေဟာ ကျပန်းလှုပ်ရှားမှုတွေရှိကြပြီး တင်းကြပ်သည့် လေ့ကျင့်မှုကို လုံးဝခံယူထားပုံမပေါ်သော်လည်း ၎င်းတို့ လက်ထဲရှိ ထူးဆန်းသည့်အရာတွေနှင့်အတူ ပြင်းထန်တဲ့တိုက်ပွဲစွမ်းအားကို ထုတ်နိုင်ကြပါ၏။

"ဒါတွေက စစ်တပ်သုံးမှော်စက်တွေလား" ချာလွန်က သူ့ဘေးက ကောင့်ထ် အန်ဒရေးကို မေး၏။

ကောင့်ထ် အန်ဒရေး၏ အမူအရာသည် အလွန်ရုပ်ဆိုးပြီး ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်၊ "မဟုတ်ပါဘူး၊ ဒါတွေက မှော်ထပ်ဆင့်လေးတွေပဲ၊ စစ်မှန်တဲ့ စစ်ဘက်သုံး မှော်စက်တွေလို့ သတ်မှတ်လို့ မရဘူး။"

"ဒါတွေမဟုတ်ဘူးလား? ဒါဆို စစ်မှန်တဲ့ စစ်ဘက်သုံးမှော်စက်တွေက ပိုတောင် အစွမ်းထက်မှာ မဟုတ်ဘူးလား” ချာလွန် အံ့အားသင့်သွားသည်။ သူခေါ်လာသည့် လက်အောက်ငယ်သားတွေမှာ အသေအပျောက် တစ်ရာကျော်ရှိနေပြီဆိုတာ သိလိုက်ရ၏။

ခေါင်းဆောင် အီခယ်က တိုက်ခိုက်လိုကာ တစ်ဖက်တွင် လူသုံးရာသာရှိသော်လည်း တိုက်ခိုက်ရန် မဖြစ်နိုင်ဘဲ မြှားများထူထပ်စွာ ရှိနေသည်။

ချာလွန် သည် နယ်စား ဝင်းဒ်ဆာ၏ လက်ရွေးစင်များကိုခေါ်ဆောင်လာခြင်းသည်ကောင်းသောအရာဖြစ်သည်။ အနည်းငယ် အထိတ်တလန့်ဖြစ်ပြီးနောက် ၎င်းတို့သည် ဗုံးခိုကျင်းကို တူးကာ ဤတိုက်ခိုက်မှုကို သိမ်းပိုက်ခဲ့သည်။

ကောင့်ထ် အန်ဒရေး နှင့် ချာလွန် တို့သည် ကျောက်ဆောင်ကြီးတစ်ခု၏ နောက်ကွယ်တွင် ပုန်းနေခဲ့ကြသည်။ သူဟာ ချာလွန် ကိုမေးလိုက်၏၊ "သခင် ချာလွန်၊ ခင်ဗျား ချက်ချင်းပြန်ဆုတ်ဖို့ အကြံပေးတယ်။ ခင်ဗျား ကန်ဒရာအင်ပါယာကို ချက်ချင်းပြန်သွားလိုက်တာက အကောင်းဆုံးဖြစ်မယ်။"

ချာလွန် က မျက်ခုံးကို တွန့်ချိုး၏။ သူပြောချင်သည်မှာ သူ့မှာ စစ်သားသုံးထောင်ရှိပြီး တစ်ဖက်မှာ လူသုံးရာပဲရှိရာ မည်သို့ ပြေးရမည်နည်း။

ယခုမူကား ထိုလူသုံးရာသည် သူ၏တပ်သားသုံးထောင်ထက် အားကောင်းနေပြီး ၎င်းတို့ကို လုံးဝပြန်မတိုက်နိုင်ဘဲ ခုခံနေရခြင်းဖြစ်သည်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူ့အတွက် ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။

ချာလွန်သည် ခေါင်းဆောင် အီခယ် အား လက်အချက်ပြပြီး ရန်သူ၏တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ခြင်းမပြုမီ ရန်သူ၏တိုက်ခိုက်မှုရပ်သွားသည်အထိ စောင့်ရန်ပြောခဲ့သည်။

အီခယ်က သူနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။

ချာလွန် က ကောင့်ထ် အန်ဒရေး ကို မေးကြည့်လိုက်၏၊ “အန်ဒရေး၊ ဒါတွေက တကယ့် စစ်ဘက်သုံး မှော်စက်တွေမဟုတ်ဘူးလို့ မင်းပြောတော့။ ဒါဆို ပြောပါဦး၊ တကယ့် စစ်ဘက်သုံးမှော်စက်တွေက ပိုပြီးတောင် တုန်လှုပ်စရာကောင်းတယ်လား”

"မှန်ပါတယ်၊ စစ်မှန်တဲ့ စစ်ဘက်သုံး မှော်စက်တွေက ခင်ဗျားထင်ထားတာထက်တောင် ပိုအစွမ်းထက်တယ်......"

"ဟုန်း!"

၎င်းတို့နှစ်ယောက်၏ နောက်ကွယ်က ကျောက်တုံးကြီးဟာ ရုတ်တရက် ပေါက်ကွဲသွားရာ နောက်ကွယ်မှာ ပုန်းနေသည့် ၎င်းတို့ နှစ်ယောက်က တုံ့ပြန်မှု လုံးဝမလုပ်နိုင်ခဲ့ပါချေ။ ထို့ကြောင့် ပြန့်လွင့်လာသော ကျောက်တုံးများဖြင့် တိုက်မိပြီး လဲကျသွားကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၆။ ဘယ်သူက ကံကြမ္မာကို ဆုံးဖြတ်လဲ

"ဒါက မင်းပြောခဲ့တဲ့ အရေးကြီးကိစ္စလား?" ရှုယီက ခမ်နက်ဒ်ကိုကြည့်ကာ အနည်းငယ် ရယ်ရသလိုခံစားလိုက်ရသည်။

ရှုယီ၏ အေးဆေးနေပုံကိုမြင်သော် ခမ်နက်ဒ်အံ့ဩသွားပါ၏။

"ဥက္ကဌ ဒါက အရေးကြီးကိစ္စမဟုတ်လို့လား? ကောင့်ထ် အန်ဒရေးက အရာအားလုံးကို ထုတ်ဖော်လိုက်ပြီ၊ ကန်ဒရာအင်ပါယာက လူတွေက တောင်ပိုင်းခရိုင်အစိုးအရရဲ့ လက်အောက်ငယ်သားတွေပဲ။ အခု သူတို့ထဲက အယောက်ခြောက်ရာက ဒီမှာ သေသွားတော့ အစိုးရ က အလွယ်လေး အလွတ်ပေးမယ်ထင်လို့လား?"

ရှုယီက ပြုံးပြီး မေး၏ "ဒါဆို ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ"

ခမ်နက်ဒ်က ၎င်းကို ရှင်းရှင်းလင်းလင်း စဉ်းစားထားပြီးသားဖြစ်ရာ မဆိုင်းမတွဘဲ ပြန်ဖြေလိုက်သည်၊ “ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရပါဘူး၊ ဒါကြောင့် ကျွန်တော့်အမြင်အရတော့ စတက်တိန်းနယ်မြေကွန်ဂရက်ရဲ့ နာမည်အောက်မှာ ဘာရွန်ပရာဒိုရဲ့ တပ်သားသုံးရာကို ဖမ်းဆီးပြီး နယ်စား ဝင်းဒ်ဆာ ဆီကို လွှဲပြောင်းပေးသင့်တယ်။”

“အင်း..... ရည်ရွယ်ချက်အရ ခမ်နက်ဒ်၊ မင်းရဲ့အကြံအစည်က တော်တော်ကောင်းပါတယ်။" ရှုယီက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည် "ဒါပေမယ့်.....ခမ်နက်ဒ်မင်းက ပြဿနာတစ်ခုကို စဉ်းစားပြီးပြီလား။ နယ်စား ဝင်းဒ်ဆာ က သူ့ရဲ့လက်အောက်ငယ်သားတွေကို ငါတို့ရဲ့ စတက်တိန်းနယ်မြေဆီ ဘာကြောင့် ရုတ်တရက် လွှတ်လိုက်တာလဲဆိုတာ မင်းသိလား။ ဒါ့ပြင် သူက ဒါကို တိတ်တဆိတ် လုပ်ခဲ့တာမလား။”

"ဒါ..... နယ်စား ဝင်းဒ်ဆာရဲ့ လက်အောက်ခံတစ်ယောက်မှ မပြောဘူး ဆိုတော့ ကျွန်တော် သိပ်မရှင်းဘူး" ခမ်နက်ဒ်က မဝံ့မရဲပြောသည်။

ရှုယီက ခမ်နက်ဒ်ရဲ့ ပုခုံးကို ပုတ်ရင်း ရယ်မောလိုက်သည် ။ “မင်း၊ မင်း ကုမ္ပဏီကို စီမံခန့်ခွဲဖို့ အာရုံစိုက်သင့်တယ်၊ မင်း တခြားအရာတွေကို ဂရုမစိုက်ဖို့မလိုဘူး။ ကောင့်ထ် အန်ဒရေးနဲ့ နယ်စား ဝင်းဒ်ဆာရဲ့ လက်အောက်ခံတွေ ဘယ်မှာလဲ။ ငါ့ကို သူတို့ဆီ ခေါ်သွားပေး။"

ခမ်နက်ဒ်က ရှုယီကိုကြည့်ရင်း မျက်မှောင်ကုပ်လိုက်၏။ ရှုယီ၏စကားများကိုအခြေခံရလျှင် အဓိပ္ပါယ်အမျိုးမျိုးကိုကြားနိုင်သည်။

ဖြစ်နိုင်မလား.... ဥက္ကဌက ဒါကို ပြင်ဆင်ထားပြီးသားဆိုတော့ သူက အေးဆေးဖြစ်နေတာ။

Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းရှိ ဆေးရုံသို့ ရှုယီခေါ်ဆောင်လာစဉ် ခမ်နက်ဒ်သံသယဖြစ်မိသည်။

နယ်စား ဝင်းဒ်ဆာ ၏လက်အောက်ငယ်သားများသည် ဘာရွန်ပရာဒို၏လက်အောက်ခံများနှင့်တိုက်ခိုက်သောအခါ ဘာရွန်ပရာဒို၏ လူများသည်အယောက်သုံးရာသာရှိသည်။ နယ်စား ဝင်းဒ်ဆာ၏ လူခြောက်ရာလောက် သေဆုံးပြီး ကျန်နှစ်ထောင်လောက်ကတော့ အမျိုးမျိုးသော ဒဏ်ရာတွေ ရရှိခဲ့ပါ၏။ အကယ်၍ ၎င်းတို့ကို ချက်ခြင်း ကယ်တင်ခြင်း မပြုပါက အသေအပျောက် ခြောက်ရာမျှသာ ရှိလိမ့်မည် မဟုတ်ပေ။

ယခုသူတို့ကို ဤဆေးရုံသို့ ပို့လိုက်သည့်အတွက် ဤဆေးရုံကြီးမှာတောင် လူပြည့်ပြီး သင်္ဘောပေါ်တင်ထားရသေးသည်။

ဆောင်းဦး အစောပိုင်းဖြစ်၍ ရာသီဥတုက ပူနေသေးတာကြောင့် အပြင်မှာနေရတာ အဆင်ပြေပါ၏။

ရှုယီ နှင့် ခမ်နက်ဒ်တို့သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များဝန်းရံထားသော ဤဆေးရုံသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခြင်းမပြုရန် တားဆီးခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက် စခန်းသည် ဤအချက်ကြောင့် ထိခိုက်ခဲ့သော်လည်း၊ ၎င်းတို့သည် ဤကိစ္စအတွက် အခြားရွေးချယ်စရာ မရှိပေ။

ဆေးရုံသို့ ရောက်ရှိလာပြီးနောက် ရင်တွင်းစကားသံများ ထွက်ပေါ်လာသည်။

"မင်းတို့ရဲ့ ဥက္ကဌကို မြန်မြန်ခေါ်လိုက်။ မဟုတ်ရင် ငါတို့ ဒီနေရာကို အစိတ်စိတ်အမြွှာမြွှာ ဖြိုပစ်မယ်!”

"မင်းတို့ကို ခွင့်မလွှတ်ဘူး! မင်းတို့က ငါ့ကို သော့ခတ်ဖို့ အထိ သတ္တိရှိတယ်ပေါ့။ ငါတို့ဘယ်သူလဲဆိုတာ မင်းတို့သိလား"

"မင်းတို့ကွာ......"

......

ရှုယီသည် ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မီးလုံးငယ်တစ်ခု လွင့်ထွက်သွားပြီး ဆေးရုံတွင် ကျိန်ဆဲနေသော လူကို ထိမှန်သွားသည်။

ထိုလူဟာ ချပ်ဝတ်တန်ဆာ အပြည့်ရှိသော်လည်း ခုခံကာကွယ်မှု သိပ်မရှိပါပေ။ မီးလုံးနှင့် ထိမှန်ပြီးနောက် ပေါက်ကွဲသံ ထွက်ပေါ်လာကာ မြက်ခင်းပြင်ပေါ်သို့ ကျလာပြီး နောက်ထပ်အသံမထွက်တော့ပေ။

ဆူညံသံအားလုံး ချက်ချင်းပျောက်ကွယ်သွားပြီး အားလုံးက ရှုယီကို စိုက်ကြည့်နေကြသည်။

သို့ပေမယ့် ရှုယီက ၎င်းတို့ကိုမကြည့်ဘဲ ခမ်နက်ဒ်ကို လှည့်ကြည့်လိုက်၏။ “မင်းသူတို့ကို ဖမ်းပြီးကတည်းက ဘာလို့ သူတို့ရဲ့ပစ္စည်းတွေကို မယူခဲ့တာလဲ။ မင်းက အန္တရာယ်ကို တောင်းဆိုနေတာလား။"

ခမ်နက်ဒ်အံ့အားသင့်သွားကာ "ဥက္ကဌ၊ ဒါ.....သူတို့.....သူတို့က ကန်ဒရာအင်ပါယာကလေ....."

ရှုယီ ခေါင်းယမ်းကာ ခမ်နက်ဒ်ကို လျစ်လျူရှုပြီး Frestech ကုန်သည်ကြီးများအသင်း တာဝန်ခံခေါင်းဆောင်ဘက် လှည့်၍ လက်ဝှေ့ယမ်းလိုက်သည်။

ထိုလူရောက်လာပြီးနောက်၊ ရှုယီသည် ခြံဝင်းအတွင်းရှိ နယ်စား ဝင်းဒ်ဆာ ၏လက်အောက်ခံများအား လက်ညှိုးထိုးပြပြီး၊ “သူတို့ပစ္စည်းတွေအကုန်ယူ။ ငါတို့ရဥပ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒီလိုအရေးကြီးတဲ့နေရာမှာ သူတို့၏လက်နက်တွေကို ဆက်ထားရှိခွင့်ပြုထားရအောင်၊ မင်းရဲ့ခေါင်းကို ကန်ထုတ်ခံလိုက်ရပြီလား"

ရှုယီ၏ ကဲ့ရဲ့ခြင်းကို ခံရသော ခေါင်းဆောင်သည် အံ့အားသင့်သွားသည်။ သူက ခမ်နက်ဒ်ဘက်လှည့်ပြီး သူဘာမှ မပြောတာကိုမြင်တော့ နယ်စားဝင်းဒ်ဆာ တပ်သားများ၏ ပစ္စည်းများကို အစောင့်များအား အမြန်သိမ်းဖို့ ပြောပြီး ခေါင်းညိတ်ပြလိုက်၏။

ထိုလူတွေမှာ ခုခံချင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေထဲတွင် အင်အားကြီးသည့် အခြားမျိုးနွယ်စုများ ရှိပါ၏။ ၎င်းတို့တွင် တူညီသော ပစ္စည်းကိရိယာများ ရှိ၊ မရှိ ဖော်ပြခြင်း မရှိသော်လည်း ၎င်းတို့သည် တူညီသော အဆင့်တွင် ရှိပါလျှင်သော်မှ Frestech ကုန်သည်ကြီးများ အသင်း၏ အစောင့်များအတွက် ပြိုင်ဘက်မဟုတ်ပေ။ အများစုမှာ ဒဏ်ရာရသွားသည်ဟု မဆိုထားနှင့် လက်နက်များ သိမ်းသွားခြင်းကို ခိုကိုးရာမဲ့စွာသာ လက်ခံလိုက်ကြရသည်။

ခမ်နက်ဒ်သည် အတွေးတချို့ဖြင့် ၎င်းကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

အခြေအနေ ငြိမ်သက်သွားသည်ကိုမြင်တော့ ရှုယီသည် ခမ်နက်ဒ်နှင့်အတူ ဆေးရုံထဲသို့ဝင်သွားခဲ့သည်။

ရှုယီက ကောင့်ထ် အန်ဒရေး ကို လုံးဝမတွေ့ဘဲ ချာလွန်အတွက် ပြင်ဆင်ထားတဲ့ အခန်းကို သွားခဲ့၏။

ချာလွန် သည် ဘာရွန်ပရာဒို နှင့် တိုက်ခိုက်ပြီး သုံးရက်ကြာသွားသောကြောင့် နိုးနေပြီဖြစ်သည်။

ရှုယီင့် ခမ်နက်ဒ်ဝင်လာသောအခါ ချာလွန် သည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ရင်း အိပ်ယာပေါ်မှ ထထိုင်လိုက်သည်။ သူဘာတွေတွေးနေမှန်းမသိရပါချေ။

လူတွေဝင်လာသည်ကိုကြားတော့ ချာလွန် လှည့်ကြည့်လိုက်၏။ သူ၏ မျက်လုံးများကခမ်နက်ဒ်ထံ အရင်ရောက်ပြီးမှ ရှုယီပေါ်သို့ ရောက်လာကာ မျက်လုံးများအား ကျဉ်းမြောင်းပြီးနောက်ဖြေလျှော့၍ ပြုံးပြလာသည်။

"ကျုပ်ရဲ့ ခန့်မှန်းချက်တွေက မှန်တယ်ဆိုရင် မင်းက Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌ ရှုယီပဲ"

ရှုယီ အနည်းငယ်အံ့သြသွားပြီး "မင်းငါ့ကိုသိတာလား"

“မဟုတ်ဘူး၊ အဲဒါ ခန့်မှန်းချက်တစ်ခုပါပဲ။” ချာလွန် ခေါင်းယမ်းလိုက်သည်။

"ခန့်မှန်းချက်?"

ချာလွန် က ရှုယီ၏ နောက်ဘက်က ခမ်နက်ဒ်ကိုထောက်ပြလာကာ "ဥက္ကဌကလွဲလို့ ဘယ်သူမှ စီအီးအို ခမ်နက်ဒ်ကို သူ့နောက်မှာ ထားနိုင်မှာမဟုတ်ဘူးလို့ ကျုပ်ယုံကြည်တယ်"

ရှုယီသည် ခမ်နက်ဒ်ကိုကြည့်ကာ မပြုံးဘဲ မနေနိုင်စွာ ပြုံး၍ ပြန်လှည့်သွားသည်။

"ကောင်းပြီ၊ မင်းက ဉာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်လို့ ထင်ရတယ်၊ ဒီတော့စကားတွေကို ငါဖြုန်းတီးနေဖို့ မလိုဘူး။" ရှုယီ ကုတင်နား၌ ထိုင်ရန် ကုလားထိုင်ကိုဆွဲလိုက်ပြီး အခြားသူများကို ထွက်သွားခိုင်းရန် လက်ကို ဝှေ့ယမ်းလိုက်ကာ ခမ်နက်ဒ်တစ်ယောက်ကိုသာ ကျန်ခဲ့စေသည် "မင်းကို ဘာရွန် ချာလွန် လို့ ခေါ်ရင် ပြဿနာမရှိဘူး မဟုတ်လား"

ချာလွန် က ပြုံးသည် "ကျုပ်ကို ချာလွန် လို့ပဲ ခေါ်လိုက်ပါ။ ကျုပ်က ရှုံးနေပြီးသား ငါ့ကို ဘာရွန်ချာလွန် လို့ခေါ်တာ ဘာအဓိပ္ပာယ်ရှိမှာလဲ"

"အရှုံးလား? မင်းကိုအနိုင်ယူခဲ့တဲ့သူတွေက ဘာရွန်ပရာဒို ရဲ့လက်အောက်ခံတွေဖြစ်ပြီး ငါတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့မဆိုင်ပါဘူး။” ရှုယီက ချက်ချင်းငြင်းလိုက်၏။

ချာလွန် သည် ရှုယီကို လေးနက်စွာ အဓိပ္ပါယ်ရှိရှိ ကြည့်ကာ "ဥက္ကဌ ရှု၊ ဘာရွန်ပရာဒိုရဲ့ လက်အောက်ငယ်သားတွေ အသုံးပြုခဲ့တဲပ စစ်ဘက်သုံးမှော်စက်တွေက မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောရဲလား။

ရှုယီက ဘာမှ မပြောဘဲ ပြုံးလိုက်သည်။

ချာလွန် က ရုတ်တရက် သက်ပြင်းရှည်ကြီးချလိုက်၏ "ဥက္ကဌ ရှု၊ တကယ်တော့ ကျုပ် Frestech ကုန်သည်ကြီးများအသင်းကို အတော်လေးစုံစမ်းခဲ့ပေမယ့်၊ မင်းကို အထင်သေးနေခဲ့တုန်းပဲ။ ဒါပေမယ့်စတက်တိန်းနယ်မြေကို မရောက်ခင် ခေါင်းထိသွားမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး.."

ထိုစကားကိုပြောပြီးနောက် ချာလွန် ၏အမူအရာပြင်းထန်လာပြီး ရှုယီကိုမေးလိုက်သည်။ "ဥက္ကဌ ရှု ကျုပ်ကိုပြောပြပါ၊ ဘာရွန်ပရာဒိုရဲ့ လက်အောက်ငယ်သားတွေ အသုံးပြုခဲ့တဲ့စစ်တပ်သုံးမှော်စက်တွေက ခင်ဗျား Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားတဲ့စစ်ဘက်သုံးမှော်စက်တွေမဟုတ်လား?"

ရှုယီက ဘာမှ မပြောဘဲ ပြုံးပြပြန်သည်။

ချာလွန် က ရှုယီ၏ဆိုလိုရင်းကို ချက်ချင်းနားလည်ပြီး ခေါင်းညိတ်ပြ၏ “ဒီလိုဖြစ်ပုံရတယ်။ ကောင်းပြီ၊ ဥက္ကဌ ရှု၊ ကျုပ်နားလည်ပြီထင်တယ်၊ ဒါကြောင့် မင်းဒီကိုလာတဲ့ မင်းရဲ့ရည်ရွယ်ချက်ကို ပြောပြနိုင်တယ်။"

ရှုယီက မနေနိုင်စွာ ပြုံး၏။

ဤ ချာလွန်ဟာ သူမျှော်လင့်ထားသလို ထက်မြက်သသည့်သူတစ်ယောက်ပင်။

၎င်းက အရမ်းကောင်းပါ၏၊ သူ၏ အားထုတ်မှုကို နည်းနည်း သက်သာသွားစေသည်။

ထို့အပြင်၊ ဤ ချာလွန် သည်အတော်လေးအဆင်ပြေသည်၊ သူ့အစီအစဉ်ကိုပြောင်းလဲရန် ဖြစ်နိုင်သည်။

“အင်း..... ဘာရွန် ချာလွန် ကျုပ် မင်းကို တစ်ခု ကြေငြာဖို့ ဒီကို လာခဲ့တာပါ" ရှုယီ နောက်ဆုံး၌ ပြောလိုက်သည်။

"အဲဒါဘာများလဲ?"

ရှုယီက ချာလွန် ကို တရားဝင်စာရွက်စာတမ်းတစ်ခု ထုတ်ယူပေးလိုက်သည်။

“ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်တပ်သားသုံးထောင်ကို ကျုပ်တို့ရဲ့စတန်တိုင်နယ်‌မြေထဲကို ခေါ်ဆောင်လာတဲ့အတွက်ကြောင့် မင်းဟာ ဥပဒေမဲ့ ကျူးကျော်သူဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်က ကြေညာလိုက်တယ်။ စစ်အာဏာရှင်တွေရဲ့ ဥပဒေတွေအရ မင်းနဲ့ မင်းရဲ့လက်အောက်ငယ်သားတွေအားလုံး ထောင်ထဲမှာ ပိတ်လှောင်ခံထားရပြီး မင်းအတွက် တရားစီရင်မှုကို စောင့်မျှော်နေရလိမ့်မယ်။"

"ဟုတ်လား?" ချာလွန် ၏ အမူအရာမှာ ငြိမ်သက်သွားသည်။ သူက ရှုယီကိုကြည့်ရင်း တရားဝင်စာရွက်စာတမ်းကို လုံးဝမကြည့်ဘဲ မေးသည် "ဥက္ကဌ ရှု၊ ဒါကိုလုပ်ဖို့ တကယ်စီစဉ်နေတာလား။"

“ဒီလိုလုပ်တာ ကျုပ်မဟုတ်ပါဘူး၊ မင်း ကျုပ်တို့ရဲ့ နယ်မြေရဲ့ ဥပဒေကို ချိုးဖောက်လိုက်တာမို့ ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ပါပဲ” ရှုယီက ပြုံးပြီး ရှင်းပြသည်။

ချာလွန် က နှာမှုတ်လိုက်ကာ “ဥက္ကဌ ရှု၊ မင်းက စကားလုံးတွေ မဖြုန်းတီးချင်ဘူးလို့ ပြောပေမယ့် မင်း စကားလုံးတွေကို လုံးဝ ဖြုန်းတီးနေတာလို့ ထင်တယ်။ ငါတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်တာဟာ မင်းရဲ့စတက်တိန်းနယ်မြေနဲ့မဆိုင်ပါဘူး တကယ်က မင်းနဲ့ နယ်စားသခင်တို့ရဲ့ ဆုံးဖြတ်ချက်ပဲ မင်းလည်း သေချာသိမှာပေါ့။"

“မှန်တယ်၊ ကျုပ်အဲဒါကိုသေချာပါတယ်။ ဒါကြောင့် မင်းကို သော့ခတ်ထားဖို့ ဆုံးဖြတ်ပြီး သခင်နယ်စားက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြည့်မှာ။"

ရှုယီက မတ်တတ်ထရပ်ပြီး ပြုံးပြုံးလေး ပြန်ပြောသည် ။

ရှုယီက ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည့် အတွက် ချာလွန် က စိတ်ပူလာကာ အသံမြှင့်၍ ပြောသည် "ဥက္ကဌ ရှု၊ ငါတို့အားလုံးက အသိဉာဏ်ရှိတဲ့ လူတွေပါ၊ မင်းဘာလုပ်ချင်လဲ ငါသိတယ်။ အခု အခြေအနေတွေကို မြင်လိုက်ရတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရှိတယ်လို့ ခံစားရတယ်။ မင်းငါ့ကို လွှတ်ထားသရွေ့ အတိတ်ကို စွန့်လွှတ်ဖို့ သခင်ကို ငါသေချာပေါက် စည်းရုံးပါ့မယ်!"

"အတိတ်ကို စွန့်လွှတ်လိုက်ပြီလား" ရှုယီက ခပ်ဖျော့ဖျော့ပြုံးသည် "ကျုပ်က သဘာဝအတိုင်း ပူးပေါင်းချင်ပေမယ့် အဲဒါက မင်းသခင်အတွက် ဘယ်လောက်အရေးပါသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်မဟုတ်လား"

ချာလွန် သည် တုံ့ဆိုင်းမှုနှင့် ပြည့်နှက်နေသောကြောင့် ပြောစရာမဲ့နေ၏။

သူသည် သခင်နယ်စား၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်ကြောင်း သူယုံကြည်ခဲ့သော်လည်း၊ သခင်မြို့စားသည် သူဟာ လက်ရွေးစင်တပ်သားသုံးထောင်ကို ခေါ်ဆောင်ကာ သူ၏တာဝန်မပြီးခင်တွင် အားလုံးဖမ်းခံရပြီးနောက် သူ့ကို ယုံကြည်

ဦးမည်လားကို မသေချာပေ။

သူ့အသွင်အပြင်ကိုမြင်တော့ ရှုယီက ခေါင်းယမ်းလိုက်၏။ ခမ်နက်ဒ်ကို လက်ဝှေ့ယမ်းပြပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၇။ ဒါက ကျုပ်တို့ရဲ့ အင်အား

၎င်းတို့ ခမ်နက်ဒ်၏ စီအီးအို ရုံးခန်းထံ ပြန်ရောက်လာချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ခမ်နက်ဒ်က နောက်ဆုံး၌ ပြောလာ၏၊ "ဥက္ကဌ ဒီသဘောထားကို သုံးတော့ နယ်စား ဝင်းဒ်ဆာကို ဒေါသဖြစ်စေမှာ မစိုးရိမ်ဘူးလား?"

ရှုယီက သူ့အားကြည့်လိုက်သည်။ သူဟာ ၎င်းကို ခမ်နက်ဒ်ထံ တချိန်လုံးရှင်းပြခဲ့ပြီးဖြစ်ရာ သူ့အနေနှင့် နားမလည်သေးဆဲဖြစ်မည်ဟု ထင်မထားခဲ့ပေ။

ဤကမ္ဘာပေါ်ရှိလူများသည် ကန်ဒရာအင်ပါယာကဲ့သို့ကြီးမားသောနိုင်ငံကြီးကိုကြောက်လန့်နေပုံရပြီး လမ်ပူရီတိုင်းပြည်တွင် မျိုးရိုးမြင့်မိသားစုမှမွေးဖွားလာသူ ခမ်နက်ဒ်အတွက်ပြောင်းလဲရန်ပင်ခက်ခဲသည်။

သို့သော် ကန်ဒရာအင်ပါယာသည် စိုင်စ်နယ်မြေကြီး သမိုင်းတွင် လက်ရှိအကြီးဆုံးနှင့် အရှည်ကြာဆုံး အင်ပါယာဖြစ်သောကြောင့် ၎င်းတို့ကို အပြစ်မတင်နိုင်ဘဲ လူများ၏စိတ်ထဲတွင် မားလိုအင်ပါယာထက်ပင် မြင့်မားနေပါသည်။

စိုင်စ်နယ်မြေကြီးရှိ အခြားနိုင်ငံငယ်လေးမှ လူများသည် ကန်ဒရာအင်ပါယာကို ကြောက်ကြသည်မှာ ပုံမှန်ဖြစ်သည်။

သိုပပေမယ့် ရှုယီကတော့ မတူပါချေ။ သူသည် ကမ္ဘာမြေမှ ကူးပြောင်းလာဤလူများကဲ့သို့ လေးနက်သော ခံစားချက်မျိုး မရှိချေ။ သူသည် တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးတစ်ခုမှ ရောက်ရှိလာခြင်းဖြစ်ရာ နိုင်ငံငယ်လေးမှ တစ်စုံတစ်ဦးကဲ့သို့ ကြီးမားသောနိုင်ငံအပေါ် ခံစားရသည့် ကြောက်ရွံ့မှုကို မခံစားခဲ့ရပါချေ။

ကန်ဒရာအင်ပါယာသည် ခမ်နက်ဒ်အတွက် ကြောက်ရွံ့သင့်သည့် ကြီးမားသော အင်အားတစ်ခုဖြစ်သော်လည်း ရှုယီအတွက်မူ ၎င်းသည် ကြီးမားသော်လည်း ကြောက်ရမည်ဟု မဆိုလိုပါချေ။

ချာလွန် ဦးဆောင်သော လက်ရွေးစင် သုံးထောင်သည် ဘာရွန်ပရာဒို၏ တပ်သားသုံးရာကို လွယ်လွယ်ကူကူ ရှုံးနိမ့်သွားပုံကို တွေးလိုက်တိုင်း ရှုယီသည် ရယ်ချင်စိတ်ပင် မရှိတော့ပေ။

ဘာရွန်ပရာဒို၏လက်အောက်ငယ်သားများသည် မှော်ထပ်ဆင့်လေးများနှင့် မှော်အမြောက်အချို့ကိုသာ တပ်ဆင်ထားသော်လည်း လူသုံးရာသာရှိသောစစ်တပ်က လူသုံးထောင်ကိုအနိုင်ယူနိုင်သည်။ ၎င်းကြောင့် စစ်တပ်သုံးမှော်စက်များ တပ်ဆင်ထားသော စစ်သည်များသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို မြင်တွေ့နိုင်သည်။

ထို့အပြင်၊ ဘာရွန်ပရာဒို၏ လက်အောက်ငယ်သားများသည် လူရှုပ်အုပ်စုတစ်ခုမျှသာဖြစ်ပြီး ၎င်းတို့တွင် စစ်ရေးအောင်မြင်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။ သူတို့သည် စစ်တပ်မှော်စက်များကို မည်သို့အသုံးပြုရမည်ကို သိရုံမျှသာဖြစ်ပြီး မည်သည့်နည်းဗျူဟာကိုမျှ အသုံးမပြုခဲ့ကြပေ။

အဆင့်မြင့် စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ပြီး နေ့တိုင်းအသုံးပြုရန် လေ့ကျင့်ထားသော Frestech ကုန်သည်ကြီးများအသင်း အစောင့်များနှင့် နှိုင်းယှဉ်ပါက ဘာရွန်ပရာဒို၏ လက်အောက်ငယ်သားများသည် များစွာ အားနည်းပါ၏။

၎င်းတို့သည် နယ်စားဝင်းဒ်ဆာ၏လက်အောက်ငယ်သားများကိုပင်အလွယ်တကူအနိုင်ယူနိုင်သည်၊ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များသည်၎င်းတို့ကို ပူပန်စေနိုင်သည်။

လမ်ပူရီ တိုင်းပြည်ပြည်တွင်းစစ်အပြင် ကောင့်ထ်ဝိန်းနှင့် အခြားမျိုးရိုးမြင့်များကို တိုက်ခိုက်ခြင်းမှစ၍ ရှုယီသည် ဤကမ္ဘာ၏ ရိုးရာဓလေ့တိုက်ပွဲစွမ်းအားကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်ခဲ့သည်ဟု ဆိုရပေမည်။

သူ့အတွက်၊ စစ်ဘက်သုံးမှော်စက်များသည် ဤကမ္ဘာတွင် စစ်ပွဲများဆင်နွှဲပုံတို့ကို လုံးဝပြောင်းလဲစေမည်ဖြစ်သည်။ ယခင်တုန်းကနည်းအတိုင်း ကျင့်သုံးလျှင်၊ စစ်တပ်သုံးမှော်စက်များပါရှိသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် လုံးဝပြန်မတိုက်နိုင်ပေ။

၎င်းက ပတ်ဝန်းကျင်နိုင်ငံတွေကို ပူပန်လာစေသည်၊ ထို့ကြောင့် သူတို့နိုင်ငံများ၏ တိုက်ပွဲအင်အားကို မြှင့်တင်ရန်အတွက် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များကို အမြဲဝယ်လိုကြသည်။

တစ်ချိန်တည်းမှာပင်၊ ဤသည်မှာ ပတ်ဝန်းကျင်နိုင်ငံများသည် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်သည့် အကြောင်းရင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းထံမှ အဆက်ဖြတ်ခံရခြင်းအား ကြောက်ရွံ့သဖြင့် မစော်ကားလိုခြင်းအပြင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို အမှန်တကယ်ကြောက်ရွံ့ကြပါ၏။

ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ နားလည်မှုအနည်းငယ်သာရှိသောကြောင့် ၎င်းတို့သည် ထိုကဲ့သို့ သဘောထားကွဲလွဲပြီး Frestech ကုန်သည်ကြီးများအသင်းကို ၎င်းတို့၏မျက်လုံးများတွင် မထည့်ထားခဲ့ကြပေ။

သို့သော်လည်း ရှုယီအတွက်၊ ကန်ဒရာအင်ပါယာသည် အင်ပါယာနှစ်ခုအနက် တစ်ခုဖြစ်သော်လည်း၊ ၎င်းသည် စက္ကူကျားတစ်ကောင်သာဖြစ်သည်။

ခမ်နက်ဒ်သည် ကန်ဒရာအင်ပါယာကို ကြောက်ရွံ့သည်မှာ သူ့စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အကြောက်တရားများအပြင် Frestech ကုန်သည်ကြီးများအသင်း၏ စီးပွားရေးဘက်တွင်သာတာဝန်ယူရသောကြောင့်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်ဌာနအကြောင်း နားမလည်သောကြောင့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ စွမ်းအားကို နားမလည်ပါချေ။

၎င်းကိုတွေးပြီး ရှုယီဟာ အရင်က အမှားတချို့ လုပ်ခဲ့မိသည်ဟု ခံစားမိသည်။

ခမ်နက်ဒ်သည် Frestech ကုန်သည်ကြီးများအသင်း၏ စီအီးအို အဖြစ် မည်သို့ပင်ရှိစေကာမူ၊ သူ့ကို စစ်တပ်သုံးမှော်စက်နှင့် လုံးဝခွဲထုတ်ထားမိသည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှုယီသည် ခမ်နက်ဒ်ကို ဆက်မရှင်းပြတော့ဘဲ ရုံးမှပြန်ခေါ်လာခဲ့သည်။ သူတို့သည် ရှုယီ၏ ကိုယ်ပိုင် မှော်ဆလွန်းထဲသို့ ဝင်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ အနောက်မြောက်ဘက်သို့ မောင်းထွက်လာခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏အဓိကအခြေစိုက်စခန်းသည် စတက်တိန်းနယ်မြေ၏အနောက်မြောက်ထောင့်တွင်ရှိသည်။ အနောက်ဘက်တွင် ပင်လယ်နှင့် မြောက်ဘက်တွင် ဆန်နက်မြေရိုင်းနှင့် စတက်တိန်းနယ်မြေတို့ကြား နယ်နိမိတ်ရှိသည်။

သို့သော် ကျယ်ပြန့်သောအနောက်မြောက်ထောင့်တွင်၊ စစ်တပ်သုံးမှော်စက်ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များအတွက် လေ့ကျင့်ရန်အထူးအသုံးပြုထားသည့်နေရာတစ်ခုရှိသည်။

ရှုယီက သူ့ကို ဒီကို ခေါ်လာတာကို ခမ်နက်ဒ်က မြင်သော် နည်းနည်းတော့ မနေနိုင်စွာ အံ့သြသွားမိသည်။

ရှုယီသည် ယခင်က သူပအား စစ်တပ်သုံးမှော်စက်ဌာနနှင့် အဆက်အသွယ်မပြုလုပ်သလို သူကလည်းဤဌာနနှင့် အဆက်အသွယ်လုပ်ရန် အစပြုခဲ့ခြင်း မရှိခဲ့ပေ။

အခု ရှုယီက သူ့ကို ဒီကို ရုတ်တရက် ခေါ်လာခဲ့တာ ဘာကြောင့်လဲ။

သို့သော်၊ ရှုယီသည် ကားမောင်းဝင်ကာ မြောက်ဘက်ရှိ ပွင့်လင်းသောနေရာသို့ ဦးတည်သွားပြီးမှ ရပ်လိုက်သဖြင့် ဤမေးခွန်းကို မေးရန် အချိန်မရပေ။

ခမ်နက်ဒ်ထွက်လာပြီး သူ့ရှေ့ရှိ လေထုထဲက ကျယ်လောင်သည့် အသံတွေကို ကြားလိုက်ရ၏။

မော့ကြည့်လိုက်တော့ မှော်လေသင်္ဘောငါးစင်းက လေထဲမှာ လွင့်နေသည်ကို တွေ့လိုက်ရသည်။

မှော်လေသင်္ဘောများသည် အလင်းတန်းများကို ဆက်လက်ထုတ်လွှတ်နေသည်။

ဤအလင်းတန်းများ၏ အဟတွင်၊ အလင်းတန်းများကို လုံးဝမထိမိဘဲ ၎င်းတို့ကို ဖြတ်၍ လျင်မြန်စွာ ရွေ့လျားနေသော ပုံတစ်ခုရှိသည်။

"သူတို့ဘာလုပ်နေတာလဲ?" ခမ်နက်ဒ်အံ့သြသောအသံဖြင့် မေးလိုက်သည်။

"အစောင့်တွေက မှော်ပညာရှင် ဂျူနာ နဲ့ တကယ့် တိုက်ပွဲလေ့ကျင့်ရေး လုပ်နေတာ။" ရှုယီက မော့ကြည့်၍ ပြုံးကာ ပြန်ပြောသည် ။ “အစောင့်တွေက တိုးတက်နေပုံပဲ ဒီလိုမှော်ပညာရှင် ဂျူနာ ကို နှိမ်နင်းဖို့ မှော်လေသင်္ဘောငါးစင်းပဲ အသုံးပြုတယ်။ မဆိုးဘူး မဆိုးဘူး......"

"မဟာမှော်ပညာရှင် ဂျူနာ?" ခမ်နက်ဒ်က ပိုလို့တောင် အံ့ဩသွားသည်။

လေထဲကို မော့ကြည့်လိုက်တော့ လေထဲမှာ ပျံနေတဲ့ပုံမှာ တကယ်ပဲ လူဆိုတာကို တွေ့ရ၏။

ရှုယီအပြောအရ ဒါက မဟာမှော်ပညာရှင် ဂျူနာ လား?

သို့ပေမယ့် မဟာမှော်ပညာရှင် ဂျူနာ မှာ အစွမ်းထက်သည့် မဟာမှော်ပညာရှင်ပင်။

ခမ်နက်ဒ်အတွက်၊ မဟာမှော်ပညာရှင် ဖြစ်လာနိုင်သူတိုင်းသည် ပင်လယ်နှင့် တောင်များကို ရွေ့ပြောင်းနိုင်သည်။ ၎င်းတို့သည် ဒဏ္ဍာရီများမှ အနှိုင်းမဲ့ အစွမ်းထက်သော လူများ ဖြစ်ကြသည်၊ ၎င်းသည် သာမန်လူများ တိုက်ခိုက်နိုင်သည့် အရာမဟုတ်ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ မှော်လေသင်္ဘောငါးစင်းကို အသုံးပြု၍ အလွယ်တကူ အစောင့်အကြပ်များဖြင့် မဟာမှော်ပညာရှင် တစ်ဦးအား တွန်းအားပေးနေခြင်းကို မြင်တွေ့ရသောအခါ ခမ်နက်ဒ်၏ နှလုံးသားမှ အမြင်များကို လုံးဝ ဖျက်ပစ်လိုက်ရသည်။

ခဏလောက် စောင့်ကြည့်ပြီးနောက် ကောင်းကင်ရှိမှော်လေသင်္ဘောငါးစင်း တိုက်ခိုက်သည်က ရပ်သွားပြီး ပတ်ပတ်လည်မှာ ပျံသန်းနေသည့် ပုံရိပ်လည်း ရပ်သွားတယ်။

ခမ်နက်ဒ်က သေသေချာချာကြည့်လိုက်တော့ မဟာမှော်ပညာရှင် ဂျူနာ ကို တွေ့လိုက်ရသည်။

"ခမ်နက်ဒ်၊ ဒါကိုကြည့်ဖို့ မင်းကို ငါခေါ်လာတာ ဘာလို့လဲ မင်းသိလား" ဘေးက ရှုယီက ရုတ်တရက် မေးလိုက်သည်။

"ဒါက......" ခမ်နက်ဒ်သည် မှော်လေသင်္ဘောနှင့် မဟာမှော်ပညာရှင် ဂျူနာ ကို မကြည့်မီ း အနည်းငယ် ငြိမ်သက်နေခဲ့သည်။"ကျုပ်အထင်..... ဥက္ကဌက ဘာရွန်ချာလွန် ကို ဘာလို့ အဲ့လို ဆက်ဆံခဲ့သလဲ ဆိုတာကို အခြေခံရရင် ကျွန်တော်တို့ ကုမ္ပဏီဟာ နယ်စား ဝင်းဒ်ဆာ ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတာမို့ အင်အားကို နည်းနည်းလောက် ပြသနိုင်တယ်ဆိုတာ ပြောပြချင်နေတာလား။"

"အွန်း၊ ခမ်နက်ဒ်၊ မင်းက တကယ်ကို ထက်မြက်တဲ့သူပါပဲ။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်သည် "အရင်အစည်းအဝေးတုန်းက ကန်ဒရာအင်ပါယာကို အကျိုးအမြတ်နည်းနည်းပေးလိုက်ရင် ကန်ဒရာအင်ပါယာ စျေးကွက်ဖွင့်ပြီး ငါတို့ရဲ့ပန်းတိုင်ကို ရောက်ရှိစေဖို့ပြီး ကန်ဒရာအင်ပါယာသို့ဝင်ရောက်ဖို့ ကိုယ်စားလှယ်တစ်ဦးကို အလွယ်တကူရှာဖွေနိုင်တယ်လို့ မင်းအကြံပြုခဲ့တယ်။ ဒါပေမယ့် ဒါဒါကိငါက ငြင်းပယ်ခဲ့တယ်၊ အဲဒါကို မင်းမှတ်မိလား"

"မှတ်မိပါတယ်။" ခမ်နက်ဒ်က ခေါင်းညိတ်ပြကာ သူမြင်လိုက်ရသည်ကို တွေးပြီး ပြန်ပြော၏ "ဥက္ကဌ၊ ကျွန်တော်တို့ကုမ္ပဏီက ကန်ဒရာအင်ပါယာဈေးကွက်ထဲကို ကျိန်းသေပေါက်ဝင်ဖို့လိုပေမယ့် အဲဒီအချိန်တုန်းက ခင်ဗျားပြောခဲ့တယ်၊ ကျွန်တော်တို့ရဲ့ သီးခြားအဆင့်အတန်းကို ထိန်းသိမ်းထားသင့်ပြီး ကျွန်တော်တို့ရဲ့ ကံကြမ္မာက အခြားသူတွေလက်ထဲကို မကျရောက်စေရဖို့လေ။"

“ဟုတ်တယ်၊ ငါတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ ငါတို့မှာ လုံလောက်တဲ့ ခွန်အားရှိရမယ်၊ ဒါက ငါတို့ကုမ္ပဏီရဲ့ စစ်မှန်တဲ့ ခွန်အားဖြစ်တယ်ဆိုတာ မင်းပြောစရာလိုသေးလို့လား” ရှုယီက အပြုံးဖြင့် မေး၏။

ခမ်နက်ဒ်သည် လေထဲ တစ်ဖန်ပြန် ရွေ့လျားနေသည့် မှော်လေသင်္ဘောငါးစင်းနှင့် မဟာမှော်ပညာရှင် ဂျူနာ ကိုကြည့်ကာသက်ပြင်းမချမီ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ ခေါင်းတညိတ်ညိတ်ဖြင့်ပြော၏၊ "ဥက္ကဌ ဘာကိုဆိုလိုမှန်း ကျွန်တော်နားလည်ပါတယ်၊ ဒါပေမယ့် ဥက္ကဌ၊ ကန်ဒရာအင်ပါယာက အင်ပါယာနှစ်ခုထဲက တစ်ခုဖြစ်ပြီး သူတို့ရဲ့ နက်ရှိုင်းမှုက ခင်ဗျားထင်တာထက် ပိုနက်ရှိုင်းတယ်။ ၊ သူတို့က ကျွန်တော်တို့ ကုမ္ပဏီနဲ့ ဆက်ဆံနိုင်တဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်နေတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စုး ဝင်းဒ်ဆာ နဲ့ ပတ်သက်ဆက်ဆံနိုင်ပေမယ့်လည်း ကန်ဒရာအင်ပါယာကို သေချာပေါက်မကိုင်တွယ်နိုင်ပါဘူး။ ပြီး‌တော့...ကျွန်တော်တို့က နယ်စားဝင်းဒ်ဆာ ကို ဒေါသထွက်စေရင် ကျွန်တော်တို့အတွက် ဘယ်လိုအကျိုးကျေးဇူး ရမှာတဲ့လဲ"

“ဒါပေါ့ အရမ်းကောင်းတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ လက်ရှိအကျိုးခံစားခွင့်တွေအတွက်က ငါတို့ရဲ့သဘောထားကို လူတိုင်းကိုပြသဖို့ပဲ။ စတက်တိန်းနယ်မြေက ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နယ်မြေဖြစ်ကြောင်း လူတိုင်းကို ပြောပြဖို့ ဒီကိစ္စကို အသုံးပြုချင်တယ်။ အကယ်၍ တစ်ယောက်ယောက်က စတက်တိန်းနယ်မြေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားရင်၊ သူတို့က Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တာနဲ့ အတူတူပဲ။” ရှုယီက ပြောသည်။

ခမ်နက်ဒ်က ခါးသီးစွာ ရယ်မောလိုက်၏ "အဲဒါက ကန်ဒရာအင်ပါယာ ဖြစ်နေရင်တောင်မှလား?"

"ဘာကြောင့် ကန်ဒရာအင်ပါယာက ခြွင်းချက်ဖြစ်သင့်တာလဲ။" ရှုယီအံ့သြသွားသည် ။

ခမ်နက်ဒ်က အံ့ဩကာ နောက်ထပ် ခါးသီးသော အပြုံးတစ်ခု ပြလာသည်။

"ဥက္ကဌ ခင်ဗျားက နည်းနည်းတော့ ယုံကြည်ချက် ရှိလွန်းနေတာမဟုတ်ဘူးလား"

ရှုယီက ရယ်မောပြီး ခမ်နက်ဒ်၏ ပုခုံးကို ပုတ်လိုက်သော်လည်း သူရှင်းပြရန် မလိုလားပေ။

သူသည် ခမ်နက်ဒ်ကို ယနေ့ဤနေရာသို့ခေါ်ဆောင်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များ လေ့ကျင့်ရေးကိုသူနားလည်စေရန် ပြသခဲ့သည်။ သူ့အစီအစဉ်တွေကိုလည်း ပြောင်းလဲဖို့ မစီစဉ်ထားပါချေ။

"ကန်ဒရာအင်ပါယာက အသန်မာဆုံးဖြစ်သည်" ဟူသော နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အယူအဆကဲ့သို့ပင် ရှုယီသည် အချိန်တိုအတွင်း ပြောင်းလဲရန် မဖြစ်နိုင်ကြောင်း သိခဲ့သည်။

၎င်းကို ပြောင်းလဲရန် နောက်ထပ် အချက်အလက်များကို အသုံးပြုကာ ဖြေး‌ဖြေးချင်း ဖယ်ရှားရမည်ဖြစ်သည်။

သော့သည် ပစ္စုပ္ပန်၌ ရှိ၏။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၈။ မြေဩဇာ ဝယ်ယူရန် အလောကြီးခြင်း

နယ်စား ဝင်းဒ်ဆာ၏ လက်အောက်ငယ်သားများ စတက်တိန်းနယ်မြေသို့ တိတ်တဆိတ်ကျူးကျော်ခြင်းမှာ ခမ်နက်ဒ်အတွက် ကိစ္စကြီးဖြစ်သော်လည်း စိုင်စ်နယ်မြေကြီး၌ ၎င်းကိုသိသူ အနည်းအကျဉ်းမျှသာရှိသည်။ ထို့အပြင် ၎င်းက မည်သူမှ ဂရုမစိုက်သည့် ကိစ္စလေးတစ်ခုသာဖြစ်၏။

ယခုတွင် ဆောင်းဦးကာလအစောပိုင်းဖြစ်ရာ နယ်မြေကြီးရှိ နိုင်ငံအားလုံးအတွက် လူအားလုံးအတွက် အရေးကြီးဆုံးအရာမှာ ဆောင်းဦးကောက်ရိတ်သိမ်းပွဲပင်။

Frestech ကုန်သည်ကြီးများအသင်းမှ စိုက်ပျိုးရေးမှော်စက်များကို တီထွင်ပြီး ရှစ်နှစ်ကြာ အရောင်းမြှင့်တင်ခဲ့ချိန်မှစ၍ စိုင်စ်နယ်မြေကြီး၏ အနောက်တောင်နိုင်ငံများအားလုံးသည် ဤနည်းလမ်းအသစ်စက်စက်ကို လက်ခံကျင့်သုံးခဲ့ကြသည်။

တခြားနိုင်ငံတွေက ၎င်းတို့၏ ရိတ်သိမ်းမှုကို အားသွန်ခွန်စိုက် လုပ်ဆောင်နေချိန်တွင် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ မီရန်ဒိုနယ်မြေ၊ ဒရိတ်ခ်နယ်မြေ၊ နော်တွန်နယ်မြေနှင့် တခြားနိုင်ငံတွေမှာ ရိတ်သိမ်းပြီးသွားပြီဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း စိုက်ပျိုးရေးသုံးမှော်စက်များကို စတင်အသုံးပြုခဲ့သော ဖော့ခ်တိုင်းပြည်နှင့် စခ်တိုင်းပြည်တို့သည်ပင် ၎င်းတို့၏ ရိတ်သိမ်းခြင်း၏ ပထမပိုင်းကို ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

သို့သော် ၎င်းတို့သည် နှစ်အတော်ကြာအောင် ၎င်းတို့၏စနစ်အား တီထွင်ကျင့်သုံးခဲ့သော အခြားနိုင်ငံများနှင့် ကွဲပြားသည်။ ဖော့်ခ်တိုင်းပြည် နှင့် စခ်တိုင်းပြည် တို့သည် လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ ၎င်းတို့ကို စတင်အသုံးပြုခဲ့သည်၊ ထို့ကြောင့် စပါးရိတ်သိမ်းရုံမျှသာ ရှိသေးရာ စိုက်ပျိုးခြင်းနှင့် လယ်မြေများ ပြန်လည်ရယူခြင်းစနစ်မှာ လုံးဝ မပြည့်စုံသေးပေ။

အဆိုပါပြဿနာများကိုဖြေရှင်းရန်၊ အဆိုပါနှစ်နိုင်ငံ၏ခန့်မှန်းချက်အရ၊ ၎င်းတို့သည် မှော်ထွန်စက်များအပြင် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်မြေတူးစက်များနှင့် အခြားစိုက်ပျိုး‌ေရးသုံးစ္စည်းများကို တင်သွင်းခဲ့သည်။

စခ်တိုင်းပြည်၏ အမှာစာသည် ရွှေဒင်္ဂါး ခုနစ်သန်းကျော်ရှိသည်။ ဖော့်ခ်တိုင်းပြည်သည် စခ်တိုင်းပြည်ထက် နယ်မြေပိုကြီးပြီး စိုက်ပျိုးရန်မြေများ များပြားသောကြောင့် ၎င်းတို့၏ အစီအစဉ်မှာ ပိုကြီးသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်မှုစွမ်းရည်မှာ အမြဲပြဿနာရှိနေသည်။ ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုအလားအလာရှိသည့် မားလိုအင်ပါယာစျေးကွက်ကို ထပ်တိုးခြင်းဖြင့်၊ Frestech ကုန်သည်ကြီးများအသင်းသည် ဤနိုင်ငံနှစ်ခု၏ အမှာစာများကို ဖြည့်ဆည်းရန် အနည်းဆုံး ပြီးဆုံးရက်ကို အနည်းဆုံး နှစ်နှစ် ပေးထားသည်။

စခ်တိုင်းပြည်နှင့် စခ်တိုင်းပြည်တို့က အနည်းငယ် မကျေနပ်ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် လက်ရှိ၌ မှော်စက်များကို ဖန်တီးနိုင်သူ တစ်ဦးတည်းသာဖြစ်သောကြောင့် ရွေးချယ်စရာမရှိပေ။

ဤစိုက်ပျိုးရေးမှော်စက်များမှလွဲ၍ အခြားပတ်ဝန်းကျင်နိုင်ငံများက အလေးထားသည့်အရာမှာ မြေသြဇာဖြစ်သည်။

မြေသြဇာ ပေါ်လာပြီးကတည်းက စတက်တိန်းနယ်မြေတွင် ၎င်းကို ကြီးမားစွာအသုံးပြုခြင်းသည် ၎င်းတို့၏ စပါးအထွက်နှုန်းကို များစွာတိုးတက်စေသည်။ ထို့နောက် လမ်ပူရီတိုင်းပြည်သည်လည်း မြေသြဇာကို အသုံးပြုပြီး ၎င်းတို့၏ အထွက်နှုန်းကို အလွန်တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် ဤထုတ်ကုန်အသစ်ဟာ ပတ်ဝန်းကျင်နိုင်ငံတွေအားလုံး လိုချင်သည့် အရာဖြစ်လာခဲ့ပါ၏။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း၊ လရိပ်မျိုးနွယ်စုသည် တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်သန်းကျော် အမြတ်အစွန်းရရှိရန် မြေသြဇာတစ်ခုတည်းကိုသာ အားကိုးခဲ့ပြီး ညတေးသံမျိုးနွယ်စုကို ကျော်လွန်ခဲ့သည်။

ဟုတ်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏ ပူးပေါင်းဆောင်ရွက်မှုကို သူဘေးဖယ်ထားလို့မရပါချေ။ Frestech ကုန်သည်ကြီးများအသင်းမှ ပံ့ပိုးပေးသော ထုတ်လုပ်ရေး မှော်စက်များ၏ ပံ့ပိုးမှုဖြင့် လရိပ်မျိုးနွယ်စုသည် စက်ရုံ ၁၀ ရုံကျော် တည်ဆောက်နိုင်ခဲ့ပြီး ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်နှင့် အမြတ်ငွေများကို တိုးမြှင့်နိုင်ခဲ့သည်။

သို့ပေမယ့်.....၎င်းက မလုံလောက်သေးပေ။

ယနေ့သည် လရိပ်မျိုးနွယ်စု၏ လစဉ်သတ်မှတ်ရောင်းချသည့်နေ့ဖြစ်သည်။ Frestech မြို့တော် အပြင်ဘက်ရှိ လရိပ် ကုန်သည်ကြီးများအသင်း၏ အပြင်ဘက်တွင် နိုင်ငံအသီးသီးမှ လူအုပ်ကြီး ရှိနေသည်။

အဝေးဆုံးသည် ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာသော ဖော့်ခ်တိုင်းပြည်မှဖြစ်သည်။ ထို့အပြင် မြေသြဇာအချို့ရရှိရန်အတွက် အချို့သောလူများသည် ဂိုဒေါင်အပြင်ဘက်တွင် ညသန်းခေါင်တည်းက စုရုံးနေကြသည်၊ ဤသည်မှာ အခြားသူများ ခိုးယူခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

လရိပ် ကုန်သည်ကြီးများအသင်းက မနက် ရှစ်နာရီမှာ တံခါးဖွင့်လိုက်တာနှင့် လူအုပ်ကြီးက ချက်ချင်း ဝင်လာကြ၏။

တာဝန်ခံ အက်စ်တေးရှား သည် ဤမြင်ကွင်းကို ကျင့်သားရနေပြီးဖြစ်သည်။ သူမသည် အားကောင်းလှသောလူအုပ်ကို ကြည့်ပြီး စိတ်လှုပ်ရှားမှုမရှိဘဲ ကျယ်လောင်သောအသံဖြင့် အော်လိုက်၏“တန်းစီထား၊ တစ်ယောက်ပြီးမှတစ်ယောက် လာပါ။ တန်းမစီတဲ့သူတွေရမှာမဟုတ်ပါဘူး။"

သူမ အသံရပ်သွားသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးသည် အတန်းရှည်စီလိုက်ကြပြီး တစ်ဦးတစ်ယောက်မှ စကားမပြောရဲကြပေ။

တစ်စုံတစ်ယောက်သည် သူမ၏အမိန့်ကိုနားမထောင်ခဲ့ရာ လရိပ်မျိုးနွယ်စုမှ နာမည်ပျက်စာရင်းသွင်းခံခဲ့ရပြီး ထိုလူ ထွက်လာသည့်ကုမ္ပဏီအား မြေသြဇာ မပေးတော့ပါချေ။

ထို့ကြောင့် ထိုအချိန်မှစ၍ ဤနတ်သူငယ်မလေး အက်စ်တေးရှား မှပြောသောစကားများသည် ဘုရင်တစ်ပါး၏အမိန့်တော်ထက်ပင် ပို၍ထိရောက်သည်။ သူမကို ဘယ်သူမှ မလွန်ဆန်ရဲပေ။

သူမရှေ့တွင် ဆူညံနေသော လူအုပ်ကြီးကို မြင်လိုက်ရတော့ အက်စ်တေးရှား က ခေါင်းကို ခါယမ်းလိုက်၏။

လူသားများသည် ၎င်းတို့၏ သင်ခန်းစာကို မှတ်ထားရန် အဘယ်ကြောင့် မလိုလားကြသနည်း၊ သူမသည် အကြိမ်တိုင်း သူတို့ကို သတိပေးရသည်။

၎င်းက နတ်သူငယ်များဆိုပါလျှင် ပထမအကြိမ်သတိပေးဖို့သာလိုပြီး အကြိမ်တိုင်း စနစ်တကျ တန်းစီကြလိမ့်မည်။ အကြိမ်တိုင်း သတိပေးရန် သူမ၏ စွမ်းအင်ကို အသုံးပြုရန် မလိုအပ်ပါချေ။

သို့ပေမယ့် အချိန်ကို စဉ်းစားကြည့်သော် လူသားတွေဟာ ၎င်းတို့၏ ရိုးရာအယူအဆတွေကို ချိုးဖျက်ခြင်းကပင် သူတို့ကိုယ်သူတို့ ထပ်ခါထပ်ခါ အပြောင်းအလဲအသစ်တွေ ဖြစ်ခွင့်ပေးလာခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ ၎င်းတို့သည် နယ်မြေကြီးရှိ အခြားမျိုးနွယ်အားလုံးကို ကျော်လွန်ကာ နောက်ဆုံးတွင် နယ်မြေကြီး၏အုပ်စိုးသူများ ဖြစ်လာခဲ့သည်။

အကြီးအကဲက သူမနှင့် မျိုးနွယ်စုမှ အခြား နတ်သူငယ်များကို လူသားများနှင့် ထိတွေ့၍ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားလုပ်ဆောင်စေလိုသည်။ ၎င်းမှာ လူသားတို့၏ ကောင်းကျိုးတွေကို လေ့လာဖို့ ရည်ရွယ်ချက်အပြင် နတ်သူငယ်တွေဟာ ၎င်းတို့ကိုယ်၎င်းတို့ ကျော်လွန်ပြီး နယ်မြေကြီးမှာ ၎င်းတို့၏ကိုယ်ပိုင်ရပ်တည်ချက်ကို ရှာဖွေခွင့်ရဖို့ပါပင်။

ဟုတ်ပါ၏၊ ဒါတွေအားလုံးဟာ Frestech ကုန်သည်ကြီးများအသင်း၏ ကျေးဇူးကြောင့်ပင်။

“ကောင်းပြီ၊ ပထမတစ်ယောက်၊ Roosevelt ကုန်သည်ကြီးများအသင်း ဂျုံအာဟာရမြေဩဇာ နှစ်တန်နဲ့ ဂျုံကြီးထွားမြေသြဇာ တစ်တန်။ ရှင့်ကုန်ကျ‌ငွေကိုပေးဆောင်ပြီး ဂိုဒေါင်က ကုန်ပစ္စည်းကို လက်ခံပါ။"

အက်စ်တေးရှား ထံမှ ချိုသာသောခေါ်ဆိုမှုနှင့်အတူ အနည်းငယ်ထွားကြိုင်းသော ရှေ့ရှိကုန်သည်က သူ့လက်ထဲတွင်ရှိပြီးသား ငွေစက္ကူကို လွှဲပေးပြီး အခြား နတ်သူငယ် နှစ်ယောက်နှင့် စက်ရုံထဲသို့ လိုက်သွားခဲ့သည်။ လရိပ်မျိုးနွယ်စု နှင့် ပစ္စည်းများသယ်ရန် ငှားရမ်းထားသော လူသားများ၏အကူအညီဖြင့် မြေသြဇာကို အပြင်တွင်စောင့်ဆိုင်းနေပြီဖြစ်သော သယ်ယူပို့ဆောင်ရေး မှော်ကားထဲသို့ လျင်မြန်စွာ ရွှေ့ပြောင်းပေးခဲ့သည်။

ဤကုန်သည်,သည် ဤနေရာမှ ကီလိုမီတာ တစ်ထောင်နီးပါးဝေးသော ရူဒ်ဆန်တိုင်းပြည်၏မြို့တော် ကာရာကာမြို့တော်မှ လာပါ၏။ ယနေ့ ထွက်သွားလျှင်ပင် မနက်ဖြန်မှ ရောက်မည်ဖြစ်၏။

ရူဒ်ဆန်တိုင်းပြည်၏ ဆောင်းရာသီတွင် ရိတ်သိမ်းမှု ပြီးဆုံးသွားခဲ့ပြီး မြေသြဇာကို စောင့်ဆိုင်းနေသော လယ်မြေများစွာရှိသဖြင့် နှောင့်နှေး၍မရပါချေ။

ကုန်သည်များသည် ၎င်းတို့၏ ငွေစာရင်းများကို တစ်ဦးပြီးတစ်ဦး လွှဲပြောင်းပေးကာ ဂိုဒေါင်ထဲသို့ ဝင်သွားကြသည်။ ဂိုဒေါင်ထဲတွင် စုပုံထားသော မြေဩဇာများ လျင်မြန်စွာ လျော့နည်းလာပြီး နံနက်ခင်းတစ်ဝက်တွင်ပင် အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့သည်။

လရိပ်ကုန်သည်ကြီးများအသင်းတွင် ဆောင်းဦးရာသီသည် ဝယ်လိုအားအများဆုံးလဖြစ်သည်ကို လရိပ်ကုန်သည်ကြီးများအသင်း သိရှိခဲ့ခြင်းမှာ ကောင်းသောအချက်ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အတွက် ပြင်ဆင်ထားရာ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးခဲ့ကြ၏။

သို့သော်လည်း ဤကဲ့သို့ပင်၊ လူတိုင်း၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်မှာ ခက်ခဲလှသည်။

မြေသြဇာ နည်းသည်ထက် နည်းပါးသည်ကို အနောက်မှ ကုန်သည်များက မြင်သဖြင့် စိုးရိမ်မကင်း ဖြစ်နေကြသည်။

ထိုအချိန်တွင်၊ လူတစ်ဦးသည် အက်စ်တေးရှား နှင့် စကားဆက်ပြောနေသောကြောင့် ၎င်းတို့ကို ပို၍ပင်စိုးရိမ်စေသည်။

"မြေသြဇာက ဘာလုပ်ဖို့လဲလို့ မေးနေတာလား။" အက်စ်တေးရှားသည် ဆံပင်ဖြူတစ်ဝက်ခန့်နှင့် အသက်ငါးဆယ်ကျော်ရှိ လူလတ်ပိုင်းအရွယ်ကို ကြည့်လိုက်သည်။ သူမသည် ဓာတ်မြေသြဇာ ဂိုဒေါင်တွင် နှစ်နှစ်ကြာ တာဝန်ယူခဲ့ပြီး ယခုလို မေးခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဟုတ်ပါတယ်၊ ဒီလူတွေအားလုံးက ဝယ်ဖို့ အလျင်စလိုဖြစ်နေတာ မြင်ခဲ့ရတယ်၊ ဒါကြောင့် ဒီအရာက ကောင်းတဲ့အရာဖြစ်ရမယ်။ ဒီကလှပတဲ့ နတ်သူငယ်သခင်မလေး ဒါက ဘာအတွက်သုံးတာလဲ ပြောပြပေးပါဦး။" လူလတ်ပိုင်းအရွယ်သည် ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသားသည်။

အက်စ်တေးရှား ပြန်မဖြေခင်မှာ သူ့နောက်က ကုန်သည်တွေက စိတ်မရှည်စွာ အော်ငေါက်ကြ၏။

"ဟေး၊ ဓာတ်မြေသြဇာက ဘာတွေမှန်းတောင် မသိရင် မင်းဘာအတွက် တန်းစီနေတာလဲ"

"ဟုတ်တယ်၊ မင်းမဝယ်ရင် ဒုက္ခပေးပြီး အချိန်မဖြုန်းပါနဲ့"

“မြေသြဇာကို ဘာအတွက်သုံးမှန်း မသိတဲ့ လူတွေရှိသေးတာလား။ ဒီကောင်က ဘယ်တောက တက်လာတာလဲ။”

......

သူ့နောက်ကလူတွေ၏ စကားကိုကြားတော့ သက်လတ်ပိုင်းလူက နည်းနည်းတော့ လန့်သွားပုံရ၏၊ ဒါပေမယ့် သူ့အဖြေကို စောင့်နေကာ အက်စ်တေးရှားကို လေးလေးနက်နက် ကြည့်နေတုန်းပင်။

အက်စ်တေးရှား သည် Frestech ကုန်သည်ကြီးများအသင်းမှ သင်ခန်းစာကို မမှတ်မိမီ အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူမက ပြုံးပြပြီး စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်၏ ။ “ဒီမြေသြဇာကို လယ်မြေတွေမှာ အသုံးပြုရင် သီးနှံတွေ အထွက် ပိုမိုကောင်းမွန်ပြီး ရှင်သန်နိုင်ခြေ ပိုမိုကောင်းမွန်ပါတယ်။ သီးနှံမျိုးစုံရဲ့ သီးနှံအထွက်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်တယ်။”

“တကယ်လား" သက်လတ်ပိုင်းလူ၏ မျက်လုံးများ ကျယ်လာသည်။

သူပြောတာကိုကြားတော့ နောက်ကွယ်ကလူတွေက ပိုလို့တောင် စိတ်မရှည်တော့ပေ။

"အဲဒါက အံ့သြစရာမဟုတ်ရင် ငါတို့ဝယ်မယ်လို့ မင်းဘာလို့ထင်လဲ"

“ဟုတ်တယ်၊ ဒါက အံ့မခန်းမဟုတ်ရင် ငါတို့အားလုံး ဘာလို့ ဒီမှာ တန်းစီနေရမှာလဲ။”

"သခင်မလေး အက်စ်တေးရှား၊ ဒီလူက မင်းကို တကယ်သံသယဝင်ဖို့ သတ္တိရှိတယ်၊ ဒါက ဟာသတစ်ခုပဲ!"

......

အက်စ်တေးရှားက သူမရှင်းပြစဉ်ကအတိုင်း တူညီသော အပြုံးဖြင့် ဆို၏ "ဒါဟာ အံ့သြဖွယ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အဲဒါကို အသုံးပြုပြီးရင် ရှင်သိလိမ့်မယ်။ ဒါပေမယ့် ရှင့်ရဲ့မေးခွန်းကို အခြေခံရရင် ဒီကို လာလည်တာ ရှင့်ရဲ့ပထမဆုံးအကြိမ်လို့ ကျွန်မထင်တယ်။"

“ဟုတ်ပါတယ်။” လူလတ်ပိုင်းကြီးက ခေါင်းညိတ်ပြကာ “ကျုပ်က ကန်ဒရာအင်ပါယာက လာတာပါ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေအားလုံးကို ကြည့်ဖို့ ဒီကိုလာတာဆိုပေမယ့် ဒီလူတွေအားလုံး တန်းစီနေတာတွေ့တော့ လာခဲ့တာ။ Frestech ကုန်သည်ကြီးများအသင်းအပြင် ဒီနေရာမှာ မြေသြဇာလို အံ့ဩဖွယ် တစ်စုံတစ်ရာရှိမယ့် ကုမ္ပဏီတစ်ခု ရှိမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒါက ကျုပ်ကိုအမြင်ကျယ်စေတယ်။"

သူသည် ကန်ဒရာအင်ပါယာမှဖြစ်သည်ကိုကြားတော့ လူတိုင်း ချက်ချင်းတိတ်ဆိတ်သွားသည်။

ဤပတ်ဝန်းကျင်နိုင်ငံငယ်များအတွက် ကန်ဒရာအင်ပါယာသည် ဝေးကွာသောအင်ပါယာဖြစ်သည်။ ကန်ဒရာအင်ပါယာမှ ဆင်းသက်လာသော တစ်စုံတစ်ယောက်သည် ၎င်းတို့၏ စိတ်ထဲမှာ အခြားသူများထက် သဘာဝအားဖြင့် မြင့်မားသည်။

သို့ပေမယ့် တွေးကြည့်ရရင် ဒီလူဟာ ကန်ဒရာအင်ပါယာက လာတယ်ဆိုရင်တောင်၊ မှော်စက်တွေဆိုတာ ဘာမှန်းမသိဘဲ ယခုက မြေသြဇာအကြောင်း ပထမဆုံးကြားရခြင်းဖြစ်သည်။ တကယ်တမ်း သူက နည်းနည်းတော့ အတွေ့အကြုံမရှိသလိုပါပင်။

ဤကဲ့သို့တွေးကြည့်လျှင် သူသည် ကန်ဒရာအင်ပါယာမှ ဆင်းသက်လာသည်က ထိုမျှလည်း မကြီးကျယ်နေလောက်ပေ။

အက်စ်တေးရှား သည် ပတ်ဝန်းကျင်ရှိ လူသားများကဲ့သို့ ရှုပ်ထွေးသောအတွေးများမရှိပေ။ မိတ်ဆက်စကားကြားပြီးနောက် သူမသည် လေ့ကျင့်ရေးတုန်းက သင်ကြားခဲ့ရသော အရောင်းအရည်အချင်းကို အသုံးပြုလိုက်သည်။

"ဒီဖောက်သည်က မြေသြဇာနဲ့ ထိတွေ့ရတာ ပထမဆုံးအကြိမ်မို့ ကျေးဇူးပြုပြီး ဒီဖန်တီးထုတ်လုပ်ထားတဲ့ ထုတ်ကုန်ကို မိတ်ဆက်ပေးခွင့်ပြုပါဦး......"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၃၉။ နယ်စပ်တိုက်ပွဲ

နာရီဝက်ကြာပြီးနောက် လူအိုကြီး ဝဲလ်ဖော့ဒ် မှာ လူအုပ်ထဲမှ တိုးထွက်လာကာ လရိပ်ကုန်သည်ကြီးများအသင်း မြေဩဇာ ကုန်လောင်ရုံမှ ထွက်ခွာသွားသည်။

သူဟာ မြေဩဇာ အိတ်နှစ်ဆယ်ပါ လှည်းလေးတစ်ခုကို နောက်မှ ကျန်းမာသည့် ကျားသစ်လူမျိုးတစ်ဦးကို ဆွဲကာလိုက်လာစေပြီး Frestech မြို့တော်အပြင်ဘက်ရှိ အ‌ဆောက်အဦလေးတစ်ခုနားရှိ မှတ်တိုင်သို့ လာလိုက်သည်။

"ဟေး ဝဲလ်ဖော့ဒ်, ဒါက..." အဆောက်အဦအပြင်ဘက်၌ စောင့်‌ဆိုင်းနေသည့် သက်လတ်ပိုင်းလူတစ်ဦးက သူ့ကို လက်ယမ်းပြလာသော်လည်း သူ့နောက်ရှိ လှည်းလေးကိုမြင်သော် အံ့ဩသွားသည်၊ "ခင်ဗျား မြေဩဇာတွေဝယ်လာတာလား?"

“အင်း၊ အဲဒါ မြေသြဇာပဲ။ ဒီပစ္စည်းဝယ်တဲ့လူ တော်တော်များများကို တွေ့တော့ မေးကြည့်တာ တော်တော်ကောင်းတယ်လို့ ခံစားရတယ်။ ဝီလီစ်၊ မင်းက စတက်တိန်းနယ်မြေနဲ့ ပိုရင်းနှီးတာမို့၊ ငါ့ကိုပြောပါ၊ မြေသြဇာက တကယ်ပဲအသုံးဝင်လား။"

ဝီလီစ် ဟုခေါ်သော အမျိုးသားသည် ဝဲလ်ဖော့ဒ်ထက် ခုနစ်နှစ် ရှစ်နှစ်ငယ်သည်။ သူ့အမေးကို ကြားလိုက်သောအခါတွင် အတော်လေး ကျန်းမာသည်ဟု ယူဆရသည့် သူ့မျက်နှာသည် သံသယရိပ် ပေါ်လာကာ ခေါင်းယမ်းသည်။

"ဒါက အသုံးဝင်ပေမယ့် နည်းနည်းလေးကို ယူသွားရုံနဲ့တော့ အသုံးမဝင်ပါဘူး။ လရိပ်ကုန်သည်ကြီးများအသင်းက လူတွေက အိတ်နှစ်ဆယ်တည်းနဲ့ဆို မြေ နှစ်မူ သုံးမူလောက်ပဲသုံးနိုင်တယ်လို့ ခင်ဗျားကို မပြောခဲ့ဘူးလား?"

“နတ်သူငယ်သခင်မလေးက ဒါကို ပြောပြခဲ့ပါတယ်၊ ဒါပေမယ့် အဲဒါကို အရင်စမ်းကြည့်ချင်လို့လေ။ တကယ်အသုံးဝင်ရင် နောက်တစ်ကြိမ် ထပ်ဝယ်ရဦးမယ်။”

“အဲဒါကို စမ်းကြည့်ဖို့ မလိုပါဘူး၊ ကျွန်‌တော် အာမခံနိုင်ပါတယ်။ပတ်ဝန်းကျင်နိုင်ငံတွေကလည်း ဒါကို သုံးကြတယ်၊ လရိပ်ကုန်သည်ကြီးများအသင်းကို လာဝယ်တဲ့လူတွေ အကုန်လုံး မတွေ့ဘူးလား။ ဒါပေမယ့် မြေသြဇာသုံးရုံပဲ‌ဆိုရင်တော့ ပြဿနာတွေ ရှိတယ်။”

လူအိုကြီး ဝဲလ်ဖော့ဒ် အံ့သြသွားသည် “ပြဿနာ။ ဘာပြဿနာတွေလဲ?"

“မြေသြဇာက စပါးအထွက်နှုန်းကို တိုးစေနိုင်ပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးမှော်စက်တွေနဲ့ အသုံးမပြုရင် သက်ရောက်မှုက ကောင်းမှာမဟုတ်ဘူး။ ကြည့်လေ ကျွန်တော်တို့ Yir မြို့မှာရှိတဲ့ မြေကွက်တစ်ကွက်က ဂျုံပေါင်တစ်ရာ ပေးနိုင်ပြီး မြေသြဇာသုံး ပေါင်နှစ်ရာလောက်ရှိမယ်ထင်တယ်။ စတက်တိန်းနယ်မြေရဲ့ မူတစ်မူတည်းမြေကနေဆို ဂျုံဘယ်လောက်ရနိုင်တယ်ဆိုတာ ခင်ဗျားသိလား။

"ဘယ်လောက်လဲ?"

ဝီလီစ် လက်ကို ထောင်လိုက်သည်။

"ပေါင်ငါးရာ?" အဘိုးအို ဝဲလ်ဖော့ဒ်၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်လာ၏ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ! မူတစ်မူမြေက ဒီလောက် ကောက်ပဲသီးနှံကို ဘယ်လို ပေးနိုင်မှာလဲ။ ငါ အရင်က လယ်မလုပ်ဖူးဘူးထင်လို့လား"

"ခင်ဗျားအရင်က လယ်လုပ်ဖူးတာကို သိပါတယ်၊ ဒါပေမယ့် စိုက်ပျိုးရေးအတွက် မှော်စက်တွေကို တစ်ခါမှ မသုံးဖူးဘူးလေ" ဝီလီစ်က အထင်အမြင်သေးပုံပေါ်နေသည် ၊ "ခင်ဗျားကို ပြောပါရစေ၊ ဒီအရာကို မြင်ဖူးရင် ခင်ဗျားကိုယ်ခင်ဗျား သေတဲ့အထိ ပင်ပန်းစေချင်မှာမဟုတ်ဘူး"

"အဲလောက် အစွမ်းထက်တာလား?" လူအိုကြီး ဝဲလ်ဖော့ဒ်သည် ဝီလီစ်ကို သံသယဖြင့် ကြည့်နေခဲ့သည်။ နောက်တွင် စဉ်းစားပြီးမှ သူကပြော၏၊ “ဒါဆို အဲဒီ့ စိုက်ပျိုးရေး ...... စိုက်ပျိုးရေးသုံးမှော်စက်လို့ ခေါ်တာကို ဝယ်လို့ရမလား "

"အိပ်မက်မက်တာ ရပ်လိုက်ပါ။" ဝီလီစ် က သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းယမ်းလိုက်သည် ။ "အရင်က ကျွန်တော်လည်း ဒီစိတ်ကူးရှိပြီးသားပါ၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းဆီက စိုက်ပျိုးရေးသုံးမှော်စက်ကို ဝယ်တော့ ကန်ဒရာအင်ပါယာက စိုက်ပျိုးရေးသုံးမှော်စက်တွေ တင်သွင်းခွင့်ကို ခွင့်မပြုဘူးလို့ ပြောခဲ့တယ်။ ဝယ်ရင်တောင် ပြန်ယူသွားလို့ မရဘူး။”

လူအိုကြီး ဝဲလ်ဖော့ဒ် မှာ အံ့သြသွားပြန်သည် “ဘာကြောင့်လဲ၊ အသုံးဝင်တဲ့ဟာကို အင်ပါယာက ဘာကြောင့် တင်သွင်းခွင့်မပြုတာလဲ။”

ဝီလီစ်က ပခုံးတွန့်လိုက်ပြီး "ဒီလို မျိုးရိုးမြင့် သခင်တွေ ဘာတွေ တွေးနေတယ်ဆိုတာ ကျုပ်က ဘယ်လို သိနိုင်မှာလဲ"

လူအိုကြီး ဝဲလ်ဖော့ဒ် က ခေါင်းကုတ်ပြီး မြေသြဇာအိတ် နှစ်ဆယ်ကို ပြန်ကြည့်သည်။ သူက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းယမ်းလိုက် "ထားလိုက်ပါ၊ ငါဝယ်ပြီးပြီပဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာ အရင်ကြည့်ရမယ်"

ထိုသို့ပြောပြီးနောက် ကျားသစ်လူမျိုးထံသို့ ရွှေဒင်္ဂါးပြားကို ပစ်ချပေးလိုက်ရာ မြေဩဇာ အိတ်များချခိုင်းလိုက်၏။

ကျားသစ်လူမျိုးက လရိပ်ကုန်သည်ကြီးများအသင်း၏ ဂိုဒေါင်သို့ ပြန်သွားသည်ကိုကြည့်ရင်း၊ အဖိုးအို ဝဲလ်ဖော့ဒ် သည် စိတ်လှုပ်ရှားဖွယ်အသံဖြင့် မနေနိုင်စွာ ပြောလာ၏။ “ဒီစတက်တိန်းနယ်မြေက တကယ် ထူးဆန်းတယ်။ နတ်သူငယ်တွေ ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့တာတင်မက သားရဲလူမျိုးတွေတောင် ဒီနေရာမှာ အလုပ်လာလုပ်ကြတယ်။ ဒါကို တခြားသူတွေ ကပါ သုံးနေကြတာကို ငါမမြင်ရင် သူတို့ကို ငှားရဲမှာ မဟုတ်ဘူး။"

“ဟေး ခင်ဗျားက အတွေ့အကြုံနည်းလွန်းတယ်။ ခင်ဗျားဒီမှာကြာကြာနေမယ်ဆိုရင် နောက်ထပ်ဆန်းသစ်တဲ့အရာတွေကို မြင်နိုင်မှာပါ" ဝီလီစ် သည် လူအိုကြီး ဝဲလ်ဖော့ဒ် ၏ ပခုံးကို ပုတ်လိုက်၏၊ “ကောင်းပြီ၊ ဒီမှာ ခဏစောင့်ရအောင်၊ ကျွန်တော်ငှားထားတဲ့ သယ်ယူပို့ဆောင်ရေး မှော်ကားနှစ်စီးက ဒီကို မကြာခင် ရောက်လောက်တယ်။ ခင်‌ဗျားရဲ့မြေသြဇာကို ကျွန်တော့်ကားထဲထည့်ပြီး ပြန်ယူလာလို့ရတယ်"

“အင်း"လူအိုကြီး ဝဲလ်ဖော့ဒ် က ရုတ်တရက် မမေးခင် ခေါင်းညိတ်လိုက်၏ "ဟုတ်ပြီ ဝီလီစ်, Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးမှော်စက်တွေကို တင်သွင်းလို့မရဘူးလို့ မင်းပြောခဲ့တယ်၊ ဒါဆို မှော်ပန်ကာတွေ၊ မှော်လေပေးစက်တွေကိုကျတော့ အင်ပါယာမှာ ဘာလို့ မြင်နေရတာလဲ။ ဒီအရာတွေကိုလည်း Frestech ကုန်သည်ကြီးများအသင်းကလုပ်တာ‌လေ ဘာလို့ အင်ပါယာကသူတို့ကိုကျ တင်သွင်းခွင့်ပြုတာလဲ။"

“မှော်ပန်ကာ၊ မှော်လေပေးစက်နဲ့ တခြားအိမ်သုံး မှော်စက်တွေအကြောင်း ပြောရင် ဟာကာနင်က ပထမဆုံး ယူလာလို့ပဲ။ ဟာကာနင်ကို သိလား"

"ဧကရီရဲ့မောင်တော်လား?" လူအိုကြီး ဝဲလ်ဖော့ဒ်သည် မထီမဲ့မြင်ပြုသော ဟန်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။

“ဟေး၊ သူ့ကို အထင်သေးမနေနဲ့။ သူ့ကြောင့်သာ မဟုတ်ရင် မှော်ပန်ကာ၊ မှော်လေပေးစက်၊ မှော်ရေခဲသေတ္တာ နဲ့ တခြားကောင်းမွန်တဲ့ အရာတွေကို မြင်တွေ့နိုင်ရမယ်လို့ ခင်ဗျားယုံကြည်လား။ မှော်ဆလွန်းနဲ့ ပတ်သတ်ပြီးပြောရရင်တော့ ...... လူတွေက ဘယ်လီကုန်သည်ကြီးများအသင်းရဲ့ လျှို့ဝှက်သူဌေးက မင်းသားဖရန့်ခ် နဲ့ ပတ်သက်တယ်လို့ လူတွေပြောကြတာ ကြားဖူးတယ်....."

"ဖီ" လူအိုကြီး ဝဲလ်ဖော့ဒ် သည် မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်၏၊ “နောက်ဆုံးတော့ အရေးကြီးတဲ့လူတွေနဲ့ ဆက်ဆံရေးပေါ်မှာ မူတည်တာပေါ့။ ဒါပေမယ့် ပြောရရင် အရေးကြီးသော လူတွေ ဒါမှမဟုတ် သူတို့ရဲ့ ဆွေမျိုးတွေက စိုက်ပျိုးရေးမှော်စက်တွေကို ဘာလို့ နှစ်သက်မှု မရှိကြတာလဲ။ ဒီအရာက မင်းပြောသလိုပဲ သုံးရတာ လွယ်ရင် အင်ပါယာက ဘာလို့ ဝယ်ဖို့ ဆန္ဒမရှိတာလဲ။"

ဝီလီစ် က သူ့လက်တွေကို ဖြန့်လိုက်သည် "ကျွန်တော် ဒီအတိုင်းပဲ ပြောနေဦးမှာပဲ၊ အဲဒီ အရေးကြီးသူတွေ ဘာတွေ တွေးနေလဲ သိကိုမသိဘူး"

အဘိုးအို ဝဲလ်ဖော့ဒ် သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ သူသည် မြေပြင်ပေါ်ရှိ မြေသြဇာအိတ်နှစ်ဆယ်ကို ကြည့်ပြီး သက်ပြင်းချကာ စကားဆက်မပြောဘဲ နေလိုက်သည်။

မိနစ်နှစ်ဆယ်လောက်ကြာသော် ဝီလီစ် ငှားထားသည့် သယ်ယူပို့ ဆောင်ရေး မှော်ကားကြီးနှစ်စီး ရောက်လာ၏။ လူအိုကြီး ဝဲလ်ဖော့ဒ် ဝယ်ယူခဲ့သော မြေသြဇာ အိတ်နှစ်ဆယ်ကို ၎င်းတို့အနက်မှ တစ်စီးထဲသို့ ထည့်ကာ အရှေ့ဘက်သို့ သွား၍ တူညီသော ကားပေါ်သို့ တက်ခဲ့ကြသည်။

နှစ်ရက်အကြာတွင် ကြီးမားသောသယ်ယူပို့ဆောင်ရေး မှော်ကားများနှင့် ၎င်းတို့၏ကုန်တင်ကားများသည် ရူဒ်ဆန်တိုင်းပြည်၏အရှေ့ဘက်သို့သွားသောလမ်း၏အဆုံးတစ်ခုသို့ရောက်ရှိလာခဲ့သည်။

ဤနေရာသည် ရူဒ်ဆန်တိုင်းပြည် နှင့် ကန်ဒရာအင်ပါယာ နယ်နိမိတ်မှ ကီလိုမီတာ တစ်ရာခန့် ကွာဝေးသည်။ နှိုင်းယှဉ်ရသော်၊ ဤနေရာက နော်တွန်နယ်မြေထက် ကန်ဒရာအင်ပါယာနှင့် ပိုနီးစပ်သော်လည်း ဤနေရာတွင် လမ်းများမရှိသောကြောင့် သွားလာရပိုမိုခက်ခဲသည်။

လူအိုကြီး ဝဲလ်ဖော့ဒ် က ဝီလီစ် နှင့် ဤလမ်းကို ပထမဆုံးလာခဲ့ခြင်းဖြစ်ရာ အနည်းငယ် အံ့သြသွားသည်။

“ဘာမှ အံ့သြစရာမရှိပါဘူး။ နော်တွန်နယ်မြေကို ဖြတ်သွားရင် ကျွန်တော့်ပစ္စည်းတွေတင်မကဘူး၊ ခင်ဗျားရဲ့မြေသြဇာတွေကိုတောင် အင်ပါယာကို ပြန်မပို့နိုင်ဘူး။ သယ်ယူပို့ဆောင်ရေး မှော်ကားနှစ်စီးတောင် အင်ပါယာထဲကို မ၀င်ရောက်နိုင်ပါဘူး။" ဝီလီစ် က ရှင်းပြသည်။

"အိုး? ဘာလို့လဲ?"

"ကျွန်တော် ခင်ဗျားကိုအရင်မပြောဖူးဘူးလား? အင်ပါယာက မျိုးရိုးမြင့်‌တွေက ခွင့်မပြုဘူး။” ဝီလီစ် က ပတ်ပတ်လည်ကို မကြည့်ခင် ယာဉ်မောင်းကို လက်အချက်ပြပြီး ပြောလိုက်ပါ၏။

ဒရိုင်ဘာက ခေါင်းညိတ်ပြပြီး သူ့လက်ကို လှည့်လိုက်ရာ သယ်ယူပို့ ဆောင်ရေး မှော်ကားကြီးသည် ၎င်းရှေ့က တောထဲသို့ ဝင်သွားသည် ။

ဝဲလ်ဖော့ဒ်သည် သူ့ဘေးနားတွင် လှုပ်လှုပ်ရွရွဖြစ်နေပြီးနောက် မျက်မှောင်ကုပ်နေသည်ကိုမြင်တော့ ဝီလီစ် က ရယ်မောလိုက်၏၊ “ခဏလောက် သည်းခံလိုက်ပါ။ နောက်ထပ် ဆယ်ကီလိုမီတာအကွာမှာ နယ်စပ်နားက မြက်ခင်းပြင်ကြီးတစ်ခု ရှိနေမှာဆိုတော့ ပိုပြီးချောမွေ့သွားမှာပါ။"

လူအိုကြီး ဝဲလ်ဖော့ဒ် ၏အမူအရာမှာ ပျက်သွားသည် “ဝီလီစ်၊ ငါသာမမှားရင် ဒါကို မှောင်ခိုမှုလို့ ခေါ်တာမဟုတ်ဘူးလား။”

ဝီလီစ် က အေးစက်စက် နှာမှုတ်လိုက်၏ “ဒါက မှောင်ခိုပဲ။ မျိုးရိုးမြင့်သခင်တွေက သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်ကြတယ်၊ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အကျိုးကျေးဇူးတွေကို ဂရုမစိုက်ကြဘူး၊ ဒါကြောင့်မို့လို့ သူတို့အကြောင်း ဘာလို့ စဉ်းစားဖို့ လိုမှာလဲ။ မှောင်ခိုကူးရင်ရော ဘာဖြစ်လဲ။ ပြန်သယ်လာတဲ့ ကုန်ပစ္စည်းတွေကို ပြန်ရောင်းနိုင်သရွေ့ သူတို့ ခိုးသွင်းခံရမှန်း သိတဲ့လူရှိတော့ မဟုတ်ဘူး။”

လူအိုကြီး ဝဲလ်ဖော့ဒ် က ခေါင်းခါသည်။ ဒါကို သူသဘောမတူပေမယ့် တခြားဘာမှ မပြောပါချေ။

တကယ်တော့ သူ ငယ်ငယ်တုန်းက ခရီး တော်တော်များများ၌ တွေ့ဖူးတာမို့ မှောင်ခို ကူးခြင်းကို မုန်းတီးခြင်း မရှိပါပေ။

ဤသည်မှာ သူပထမဆုံးအကြိမ် ကြုံဖူးခြင်းသာဖြစ်ပြီး အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။

ကြီးမားသော သယ်ယူပို့ဆောင်ရေး မှော်ကားနှစ်စီးသည် ကျယ်ပြောလှသော နေရာကို ဖြတ်ကျော်ကာ တစ်နာရီလျှင် ကီလိုမီတာ လေးဆယ်ဝန်းကျင်နှုန်းဖြင့် မောင်းနှင်သွားခဲ့သည်။ အစကတော့ အရာရာ အဆင်ပြေသော်လည်း ၎င်းတို့ မြင်ကွင်းထဲ အစိမ်းရောင်ပေါ်လာကာ ဝီလီစ် ရှေ့မှာ ဖော်ပြထားသည့် မြက်ခင်းပြင်ထဲကို နီးလာသည်နှင့် ဝီလီစ် က ရုတ်တရက် သူတို့နောက်ကို လှမ်းကြည့်လိုက်သော် သူ့အမူအရာ ပြောင်းသွားသည်။

"သေတာပဲ! ရူဒ်ဆန်တိုင်းပြည်ရဲ့ နယ်ခြားစောင့်တပ်တွေပဲ။ မြန်မြန်!"

လူအိုကြီး ဝဲလ်ဖော့ဒ် လှည့်ကြည့်လိုက်သော် သူတို့နောက်ရှိ မိုးကုပ်စက်ဝိုင်းတွင် မြန်ဆန်လှသည့် ထူးဆန်းသော မှော်ကားငါးစီး ရှိနေသည်ကို တွေ့လိုက်ရသည်။

“ရူဒ်ဆန်တိုင်းပြည်ရဲ့ နယ်ခြားစောင့်တပ်တွေလား။ တကယ်ဆို သူတို့က မြင်းမစီးဘူးလား” လူအိုကြီးက ဝဲလ်ဖော့ဒ် အား ရှုပ်ထွေးနေဟန်ဖြင့် ကြည့်နေသည်။

“ကျွန်တော်တို့အင်ပါယာရဲ့ ခေတ်မမီတဲ့စစ်တပ်ကလွဲရင် ဒီနေ့ခေတ်မှာ ဘယ်သူမျှ မြင်းမစီးကြပါဘူး။ တကယ်ကိုပဲ......” ဝီလီစ်က ကားမောင်းသူ၏ ပခုံးကို ပုတ်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်ပါ၏။ “မြန်မြန်သွား။ ဒီကောင်တွေ မှီတော့မယ်။”

ဒရိုင်ဘာက ခက်ပြင်းပြင်းနင်းလိုက်ရာ သယ်ယူပို့ ဆောင်ရေး မှော်ကားကြီးသည် အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လာကာ လှုပ်ယမ်းမှုများလည်း ပိုပြင်းထန်လာသည်။

သို့သော် ကြီးမားသော သယ်ယူပို့ဆောင်ရေး မှော်ကား၏ အမြန်နှုန်းမှာ အကန့်အသတ်ရှိသည်။ နယ်ခြားစောင့်တပ်များ ပေးအပ်ထားသော သံချပ်ကာမှော်ကားများနှင့် နှိုင်းယှဉ်၍မရသည်မှာ ရှင်းနေသောကြောင့် ၎င်းတို့ကြားရှိ အကွာအဝေးသည် တဖြည်းဖြည်းနီးကပ်လာသည်။

"ဖမ်းမိရင် ငါတို့ ဘာလုပ်ကြမလဲ" ရူဒ်ဆန်တိုင်းပြည်၏ နယ်ခြားစောင့်တပ်များက ၎င်းတို့ကို ဖမ်းတော့မည်ကို မြင်လိုက်ရသဖြင့် လူအိုကြီး ဝဲလ်ဖော့ဒ်က စိုးရိမ်သောက အသံဖြင့် မနေနိုင်စွာ အော်ငေါက်လာသည်။

“ကောင်းပြီ၊ ဒီမြက်ခင်းပြင်တွေကို ဖြတ်ကျော်သွားသရွေ့ ကျွန်တော်တို့ အဆင်ပြေသွားမှာပါ။ အဲဒီမှာ ကျွန်တော်တို့အင်ပါယာထဲက နယ်ခြားစောင့်အဖွဲ့တစ်ဖွဲ့ရှိတယ်၊ ရူဒ်ဆန်တိုင်းပြည်ရဲ့ နယ်ခြားစောင့်တပ်တွေက ကျွန်တော်တို့ကို အဲဒီနေရကျရင် လိုက်ဝံ့မှာမဟုတ်ဘူး။ မြန်မြန်!"

ဝီလီစ် သည် အသည်းအသန် အော်ဟစ်လိုက်ပြီး သူတို့အောက်ရှိ သယ်ယူပို့ဆောင်ရေး မှော်ကားကြီးသည် ၎င်းတို့အား မီတာရာပေါင်းများစွာသော မြက်ခင်းပြင်ကို ဖြတ်ကျော်၍ အသဲအသန် မောင်းနှင်လာခဲ့သည်။

"မင်းတကယ်တမ်း အင်ပါယာရဲ့ နယ်ခြားစောင့်တပ်ကို ဝယ်ခဲ့တာလား။" လူအိုကြီူ ဝဲလ်ဖော့ဒ် သည် မြက်ခင်းပြင်ကို ထိတ်လန့်စွာကြည့်လိုက်ရာ မြင်းပေါ်မှ အုပ်စုငယ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူတို့မှာပါသည့် အလံကို အခြေခံရသော် ၎င်းတို့ဟာ ကန်ဒရာအင်ပါယာ၏ စစ်သားများ ဖြစ်သင့်ပါ၏။

ထိုအလံကိုမြင်တော့ လူအိုကြီး ဝဲလ်ဖော့ဒ်က သက်ပြင်းတစ်ချက်ချလိုက်ပါ၏။

ဝီလီစ် သည် အင်ပါယာ၏ နယ်ခြားစောင့်တပ်များကို လာဘ်ထိုးခဲ့သဖြင့် အရာအားလုံးသည် ပိုမိုလွယ်ကူလာခဲ့သည်။

ရူဒ်ဆန်တိုင်းပြည်၏နယ်ခြားစောင့်တပ်များသည် ကန်ဒရာအင်ပါယာ၏စစ်သားများကို မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် လူအိုကြီး ဝဲလ်ဖော့ဒ် သည် ၎င်းတို့နောက်မှ ထူးဆန်းသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သော် သူတို့အထက်၌ ပျံဝဲနေသော မီးလုံးတစ်လုံးကို မြင်လိုက်ရ၏။

"ဟုန်း!"

သယ်ယူပို့ ဆောင်ရေး မှော်ကားမှာ မြေပြင်ကို ထိမှန်သွား၍ မီးလုံးသည် အနည်းငယ် ပြတ်သွားသော်လည်း ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုက ကားတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"ဟင့်အင်း၊ သူတို့က ငါတို့ကို ဆန့်ကျင်ဖို့ သတ္တိရှိလိုက်တာ။ အမြန် အမြန် အမြန် မီတာ ရာဂဏန်း ရှိပါ သေးတယ်!”

ကြီးမားသော သယ်ယူပို့ဆောင်ရေး မှော်ကားသည်လည်း ရှေ့သို့ အသည်းအသန် အတင်းမောင်းနေစဉ် ဝီလီစ်က ကျယ်လောင်စွာ အော်လိုက်သည်။

ကန်ဒရာအင်ပါယာ၏နယ်ခြားစောင့်တပ်များသည်လည်း ၎င်းကိုမြင်ကာ အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် သူတို့ဘက်လှည့်ကာ ချီတက်လာခဲ့သည်။

ချီတက်လာနေစဉ်တွင် ၎င်းတို့၏အလံကို မြင့်တင်လိုက်ကြ၏။ ရူဒ်ဆန်တိုင်းပြည်၏ နယ်ခြားစောင့်တပ်များမှာ ကြောက်လန့်စေရန် ကန်ဒရာအင်ပါယာ၏ အမည်ကို အသုံးပြုလိုကြောင်း ထင်ရှားပါ၏။

ထိုအချိန်တွင်၊ ကောင်းကင်တွင် ရုတ်တရက် ပျံတက်သွားသော မီးလုံးကြီးတစ်ခုသည် သယ်ယူပို့ ဆောင်ရေး မှော်ကားကြီးနှစ်စင်းကို ကျော်ဖြတ်ကာ ကန်ဒရာအင်ပါယာ၏ နယ်နိမိတ်အတွင်း မီတာရာပေါင်းများစွာ အကွာအဝေးသို့ ပျံသန်းသွားခဲ့သည်။

"ဟုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကန်ဒရာအင်ပါယာ၏ နယ်ခြားစောင့်တပ်မှ လူအများအပြားမှာ မီးတောက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ဝီလီစ် သည် အော်ဟစ်၏သံများကို ရပ်လိုက်ပြီး လူအိုကြီး ဝဲလ်ဖော့ဒ်ကဲ့သို့ မယုံကြည်နိုင်လောက်သော ဟန်ဖြင့် သနားစရာကောင်းသော ကန်ဒရာအင်ပါယာ နယ်ခြားစောင့်တပ်များကို ကြည့်လိုက်သည်။

ရူဒ်ဆန်တိုင်းပြည်၏ နယ်ခြားစောင့်တပ်သားများ၊ ၎င်းတို့သည် အမှန်တကယ် လှုပ်ရှားရန် သတ္တိရှိကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၄၀။ လျော်ကြေး

ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့၏ နယ်စပ်၌ ဘာဖြစ်သွားကြောင်း မသိသော်လည်း ဆောင်းဦးပေါက်လာသည့်နောက် ရူဒ်ဆန်တိုင်းပြည်က ရုတ်တရတ် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက် ပမာဏကြီးတစ်ခု မှာယူလာလေရာ သူ့အား အနည်းငယ် နိုးကြားသွားစေသည်။

ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သူံးမှော်စက်ပမာဏများစွာ အမြဲမှာယူခဲ့ဖူးသော်လည်း Frestech ကုန်သည်ကြီးများအသင်း အနေနှင့် လမ်ပူရီတိုင်းပြည်နှင့် ပြုလုပ်သကဲ့သို့ တူညီသည့် စစ်ဘက်သုံးမှော်စက်ပမာဏကို မျှဝေနိုင်ရန်သာ မျှော်လင့်ခြင်းဖြစ်ပြီး ထိန်းချုပ်ထားကာ အောက်ခြေမျဉ်းကို ကျော်သည့် မည်သည့်တောင်းဆိုချက်ကိုမှ မလုပ်ခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်တွင်၊ ရူဒ်ဆန်တိုင်းပြည်သည် စစ်ဘက်သုံးမှော်စက်များ ၀ယ်လိုအား တိုးလာရုံသာမက၊ မှော်အမြောက်အနည်းငယ်နှင့် မှော်ထပ်ဆင့်လေးများ မှာယူရာမှ မှော်အမြောက်စာ အများအပြားနှင့် အခြားအဆင့်မြင့် စစ်ဘက်သုံး မှော်စက်များကို တောင်းဆိုခြင်းအထိရောက် သွားခဲ့သည်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းသည် ဤအမှာစာကို ဖြည့်ဆည်းပေးနိုင်ကြောင်း သေချာစေရန်အတွက်၊ ရူဒ်ဆန်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းကို ငြင်းမရအောင် အခြေအနေသုံးခုကို ပေးဆောင်ရန် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့သည်။

ပထမအချက်မှာ ရူဒ်ဆန်တိုင်းပြည်ရှိ ဒေသတွင်းတွင်းထွက်ပစ္စည်းစျေးကွက်ကို Frestech ကုန်သည်ကြီးများအသင်းထံသို့ လုံးလုံးလျားလျားဖွင့်လှစ်ခဲ့သည်။ ရူဒ်ဆန်တိုင်းပြည်၏ တွင်းထွက် အရင်းအမြစ်များ အတွက် အကန့်အသတ် မရှိနိုင်ပါ။

ဒုတိယ၊ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းကို ရူဒ်ဆန်တိုင်းပြည်ရှိ မိုင်းတွင်းများ၌ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး ထိုမိုင်းများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့်ပေးခဲ့ပါ၏။

တတိယအနေဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အမျိုးမျိုးတွင် ရူဒ်ဆန်တိုင်းပြည်မှ အခွန်အခများကို လျှော့ချပေးမည်ဖြစ်သည်။ စတက်တိန်းနယ်မြေ နှင့် ရူဒ်ဆန်တိုင်းပြည်တို့ကြား နယ်နိမိတ်ရှိ Azshara မျိုးနွယ်စု အနီးတွင် အကောက်ခွန်ကင်းမဲ့ဇုန်တစ်ခု ထူထောင်မည်ဖြစ်သည်။ ဤနေရာတွင်ရောင်းချသော Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ထုတ်ကုန်များသည် အခွန်အခပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

ဤအခြေအနေသုံးရပ်သည် Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးကျေးဇူးများစွာရှိသည်၊ ထို့ကြောင့် ရှုယီသည် မနေနိုင်စွာ လှုပ်ရှားသွားရ၏။

သို့ပေမယ့် ၎င်းကို သဘောမတူခင်မှာ ရှုယီက တစ်ခုခုကို အတည်ပြုဖို့ လိုသည်။

“ရူဒ်ဆန်တိုင်းပြည်က သူတို့ရဲ့စစ်တပ်ကို ထူထောင်ဖို့ ကြိုးစားနေတယ်။ ဆယ်ဗီနီ၊ မင်းရဲ့ လမ်ပူရီတိုင်းပြည်ကို စစ်ကြေညာဖို့ သူတို့မစီစဉ်ထားဘူးဆိုတာ သေချာရဲ့လား" ရှုယီသည် သူ့ရှေ့တွင်ထိုင်နေသော ဆယ်ဗီနီ အား သစ်သီးဖျော်ရည်သောက်ရင်း မေးကာ မျက်မှောင်ကုပ်လိုက်သည်။

"ကျွန်မ 100% မသေချာဘူး" ဆယ်ဗီနီက ဖျော်ရည်ကို ချလိုက်ပြီး ခေါင်းကို ယမ်း၍ ပြောလာသည် ၊ “ဒါပေမယ့် ကျွန်မတို့ကို စစ်ကြေညာချင်တာကြောင့် ရူဒ်ဆန်တိုင်းပြည်က သူတို့ရဲ့စစ်တပ်ကို ထူထောင်နေတယ်ဆို အကျိုးမရှိတာမို့ အဲ့လို မထင်ဘူး။ ပြီးခဲ့တဲ့လမှာ ကျွန်မတို့နှစ်နိုင်ငံင စိုက်ပျိုးရေးနှင့် မှော်စက်များဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့တယ်။ သူတို့က ကျွန်မတို့ကို စစ်ကြေညာချင်ရင် ဒီအားထုတ်မှုအားလုံးကို ဘာလို့ ဖြုန်းတီးကြမှာလဲ”

“အွန်း၊ ရူဒ်ဆန်တိုင်းပြည်က ရူးသွပ်မသွားဘူးဆိုရင် သူတို့က မင်းတို့ကို စစ်ကြေညာမှာမဟုတ်ဘူးလို့ ကျုပ်ခံစားရတယ်။ ဒါပေမယ့် သူတို့က ရုတ်တရက် ကျုပ်တို့ကို ဒီလို အံ့အားသင့်စရာ အခြေအနေတွေ ပေးလာတာက ကျုပ်ကို နည်းနည်းတော့ စိတ်မငြိမ်မသက် ဖြစ်စေတယ်။” ရှုယီက လေးနက်သော အသံဖြင့် ပြောသည် ။ “ဆယ်ဗီနီ မင်းရဲ့အမြင်ကိုအခြေခံပြီး သူတို့ဘာလုပ်နေတယ်လို့ထင်လဲ။ အကြောင်းပြချက်မရှိဘဲ သူတို့က ကုမ္ပဏီကို ဒီလောက်ကြီးကျယ်တဲ့ အကျိုးကျေးဇူးတွေ ပေးမယ်လို့ မထင်ဘူး။”

ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးပြ၏ "ရှုယီ ရူဒ်ဆန်တိုင်းပြည်က ကျွန်မတို့ လမ်ပူရီတိုင်းပြည်ကို စစ်ကြေငြာမှာ ရှင် စိတ်ပူနေတာပဲ။ ကျွန်မတို့ လမ်ပူရီတိုင်းပြည်က ရူဒ်ဆန်တိုင်းပြည်ကို စစ်ကြေညာမယ်လို့ တွေးဖူးလား။

ရှုယီအံ့ဩသွားကာ "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းသာ အရူးမဟုတ်ရင်ပေါ့"

“ကျွန်မ မရူးပါဘူး၊ ဒါက မဖြစ်နိုင်ဘူး။ ဒါပေမယ့် ရှုယီ၊ ရှင်သာ ရှင်နဲ့ အဆင့်တူတဲ့ နိုင်ငံတစ်ခု ရှိမယ်၊ ဒါပေမယ့် အဲ့နိုင်ငံမှာက ပိုအားကောင်းတဲ့ စစ်တပ်ရှိမယ်ဆိုရင် ရှင်သာ ဘုရငိ တဲရုစ်ဆို ရှင် စိတ်မငြိမ်ဘူးလို့ ခံစားရမှာလား။"

ရှုယီက မေး၏ "မင်းဆိုလိုတာက...... ရူဒ်ဆန်တိုင်းပြည်က မင်းတို့ရဲ့ လမ်ပူရီတိုင်းပြည်နဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တွေမှာ အမှီလိုက်ဖို့ ကြိုးစားနေတာလို့ပေါ့"

“ဒီလိုဖြစ်လောက်တယ်။” ဆယ်ဗီနီသည် အရှေ့တောင်ဘက်သို့ လှည့်ကြည့်လိုက်၏၊ "ရှင့်အနားမှာ အန္တရာယ်ရှိတဲ့သူ ရှိနေတော့ အဲဒါက ဘယ်သူ့ကိုမဆို စိတ်မငြိမ်မသက်ဖြစ်အောင် လုပ်မှာမဟုတ်ဘူးလား။"

ရှုယီက သူ့ခေါင်းကို ငုံ့ကာ မနေနိုင်တော့ဘဲ ပြောလာသည် "ဒီဘုရင်တွေ ဘာတွေ စဉ်းစားနေလဲ တကယ်မသိတော့ဘူး။ သူသာ တကယ်ချမ်းသာတယ်ဆိုရင် သူ့နိုင်ငံသားတွေရဲ့ဘဝတိုးတက်ဖို့ ဘာကြောင့်မသုံးတာလဲ။ အိမ်သုံး မှော်စက်များတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ရှင်းရှင်းလင်းလင်းသိရပေမယ့်လည်း ဘုရင်ကြီးတဲရုစ်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ဆန္ဒမရှိဘူး။ အခု သူက စစ်ဘက်သုံး မှော်စက်တချို့အတွက်ကျတော့ ကြီးကြီးကျယ်ကျယ် စျေးပေးလာတယ်။”

"ရှင် အကြောင်းပြချက်ကို တကယ်က သိတယ် မဟုတ်ဘူးလား? ရှင်က ဝန်ခံဖို့ ဆန္ဒမရှိရုံပါ” ဆယ်ဗီနီက ပြုံးပြီးပြော၏၊ “ရှင့်မှာ ကာကွယ်ဖို့ လုံလောက်တဲ့ ခွန်အားမရှိရင် ကလေးလက်ထဲက ရွှေဒင်္ဂါးပြားတစ်အိတ်လို အန္တရာယ်ရှိလိမ့်မယ်။”

ရှုယီက သက်ပြင်းတစ်ချက်ချလိုက်၏ "ကောင်းပြီကျုပ် ဒီယုတ္တိကို နားလည်ပါတယ်၊ ဒါပေမယ့် ကျုပ် လက်မခံချင်ဘူး။ မေ့လိုက်ပါ၊ ဘုရင်ကြီးတဲရုစ် တွေးနေပုံကိုလည်း ကျုပ် ဂရုမစိုက်ပါဘူး။ ဒါကြောင့် ဆယ်ဗီနီ၊ ခင်ဗျားရဲ့ အမြင်ကို သိချင်လို့ လာခဲ့တာ။"

"အဲဒါက အရေးကြီးတယ်ထင်လို့လား" ဆယ်ဗီနီသည် အနည်းငယ် ညစ်ကျယ်ကျယ်နိုင်သော အပြုအမူဖြင့် ရှုယီကို ကြည့်ရန် ခေါင်းစောင်းလိုက်သည်။

လမ်ပူရီတိုင်းပြည် ဘုရင်မသည် ကလေးမလေးပုံစံအတိုင်း ပြုမူလာသည်မှာ ရှုယီ၏ရှေ့တွင်သာ ဖြစ်နိုင်သည်။

“ဟုတ်တယ် အဲဒါ အရေးကြီးတယ်။ ရူဒ်ဆန်တိုင်းပြည်ရဲ့ စစ်ရေးအင်အား တိုးလာရင်၊ ဒါက မင်းတို့ လမ်ပူရီတိုင်းပြည်ကို ထိခိုက်စေလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းရဲ့ အတွေးအမြင်တွေကို နားထောင်ဖို့ ဒီတစ်ကြိမ် လာခဲ့တာ။" ရှုယီက အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်မအတွေးတွေက......အရေးမပါ ပါဘူး" ဆယ်ဗီနီက ဆိုသည်၊ “ဘာပဲဖြစ်ဖြစ် ရှင့်ကုမ္ပဏီက ရူဒ်ဆန်တိုင်းပြည်ရဲ့ တောင်းဆိုချက်ကို သဘောတူတယ်ဆိုရင်တောင် သူတို့ရဲ့ စစ်ဘက်သုံး မှော်စက်တွေက အထက်မှာ ရှိမှာ မဟုတ်ဘူး။ ဒီလိုမျိုးဆိုတော့ သူတို့က ကျွန်မတို့ကို ခြိမ်းခြောက်မှုဖြစ်မှာမဟုတ်ဘူး။ ကျွန်မတို့နှစ်နိုင်ငံအတွက် အကောင်းဆုံးအခြေအနေက ကျွန်မတို့ရဲ့အင်အား အတူတူဖြစ်ပြီး တစ်ယောက်ယောက်က ပိုမသန်မာဘူးဆိုရင် အဲဒါက ပိုအကျိုးရှိမှာပဲ။"

ရှုယီက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။

နောက်ဆုံးတော့ အားလုံးက ဟန်ချက်ညီဖို့သာဖြစ်သည်။

လမ်ပူရီတိုင်းပြည် သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်ဖြစ်စေ နိုင်ငံတစ်ခုသည် ပိုမိုအားကောင်းနေပါက မညီမျှခြင်းကြောင့် ဆိုးရွားသည့်အရာများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

သို့သော် ဤနိုင်ငံနှစ်ခုသည် မားလိုအင်ပါယာ သို့မဟုတ် ကန်ဒရာအင်ပါယာမဟုတ်သောကြောင့် ၎င်းတို့သည် အခြားအရာများကို ဂရုမစိုက်ဘဲ အချင်းချင်း၏ခြိမ်းခြောက်မှုကိုသာ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ရူဒ်ဆန်တိုင်းပြည်မှာ ဧရာမ ကန်ဒရာအင်ပါယာက၎င်းတို့ဘက်မှာ ရှိနေသည့်အတွက် ဂရုမစိုက်ဖို့ မဖြစ်နိုင်ပါချေ။

Frestech ကုန်သည်ကြီးများအသင်းမှ စစ်ဘက်မှော်စက်အမြောက်အမြားကို ဝယ်ယူခြင်းမှာ ၎င်းတို့ကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။

သို့ပေမယ့် အမှာစာက ရုတ်တရက်ကြီးဖြစ်ပြီး သူတို့ပေးခဲ့တဲ့ အခြေအနေတွေက ကောင်းလွန်းတာကြောင့် ရှုယီ အနည်းငယ် သံသယဝင်သွားမိသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းအတွက်၊ ရူဒ်ဆန်တိုင်းပြည်၏ အခြေအနေများသည် ၎င်းတို့အတွက်တောင့်ခံနိုင်စာမဟုတ်ပေ။ ရှုယီ သည် ဆယ်ဗီနီထံမှ ၎င်းတို့၏ အကြီးဆုံးလုပ်ဖော်ကိုင်ဖက်များဖြစ်သည့် လမ်ပူရီတိုင်းပြည်၏ ရပ်တည်ချက်ကို သင်ယူခဲ့ပြီးဖြစ်သောကြောင့် စိတ်ပူစရာမလိုပါ။ ရှုယီသည် ရူဒ်ဆန်တိုင်းပြည်၏အမှာစာကိုလက်ခံပြီး ၎င်းတို့အား စစ်ဘက်သုံးမှော်စက်များအားလုံးကိုပေးရန် ဆုံးဖြတ်လိုက်သည်။

ရူဒ်ဆန်တိုင်းပြည်အား အကျိုးခံစားခွင့်များကိုပေးနေစဉ်တွင်၊ သူသည် လမ်ပူရီတိုင်းပြည်ကိုဒုက္ခမပေးလိုပေ။

ရှုယီသည် ဆယ်ဗီနီအတွက် စာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်သည်။

"ဒီတစ်ခါ မင်းရဲ့ လမ်ပူရီတိုင်းပြည် ရပ်တည်ချက်ကို မေးတာအပြင် ကျုပ်ရဲ့ ခရီးစဉ်က သတင်းကောင်းလေးတစ်ခု ပြောပြချင်လို့ပါ" ရှုယီက ပြုံးပြီးပြောသည် ။

"ဘာသတင်းကောင်းလဲ" ဆယ်ဗီနီက ၎င်းကို ယူလိုက်ရင်း အံ့သြသွားသည်။

"ဒါကိုမြင်ရင် သိမှာပါ"

ဆယ်ဗီနီမှာ စာရွက်ကိုဖွင့်ပြီး ချက်ခြင်းထထိုင်လိုက်သည်။

“နောက်ဆုံးတော့ မှော်လေသင်္ဘော တွေ အမြောက်အမြား ထုတ်လုပ်နေပြီလား? အဲဒါအရမ်းကောင်းတယ်!" ဆယ်ဗီနီက စာရွက်ကို အမြန်ကြည့်လိုက်ပြီး မျက်မှောင်ကုပ်၍ ပြောလာ၏၊ "ဒီနှစ် မှော်လေသင်္ဘောငါးစီး ပေးနိုင်မယ်? အဲဒါက အရမ်းမနည်းဘူးလား?"

ဆယ်ဗီနီ၏ မကျေနပ်သည့်ပုံစံကို မြင်လိုက်ရသော် ရှုယီသည် ခါးသီးသောအပြုံးဖြင့် လက်မြှောက်လိုက်သည်။

"ကျုပ်ကို မကြည့်နဲ့ ကျုပ် ဘာမှ မလုပ်နိုင်ဘူး။ ထုတ်လုပ်မှု စွမ်းရည်က ဒီလောက်ပဲ မြင့်မားပြီး အစောင့်တွေကို ထောက်ပံ့ရမှာ။ ဒီနှစ် မင်းအတွက် ငါးစီးဖယ်ထားရတာတင် တော်တော်ခက်နေပြီ။”

ဆယ်ဗီနီက ရှုယီကို ညှိုးငယ်သောအကြည့်ဖြင့် ကြည့်သည်၊ “အဲဒီတုန်းက ရှင် ကျွန်မတို့ကို မှော်လေသင်္ဘော အစီးတစ်ရာ ပေးမယ်လို့ ကတိပေးခဲ့တာကို မမေ့ပါနဲ့၊ ကျွန်မရဲ့ သဘောတူညီချက်ကို မဆိုင်းမတွ လက်မှတ်ထိုးခဲ့တယ်။ အခု နှစ်တွေကုန်သွားတာတောင် ရှင်က ကျွန်မကို ငါးစီးပဲ ပေးတယ်......"

ရှုယီက ခါးသီးတဲ့ အပြုံးနဲ့ ပြောလိုက်၏၊ "လေထဲမှာ ပျံသန်းနိုင်တဲ့ အရာတွေဟာ လုံးဝ ဘေးကင်းလုံခြုံတဲ့ အရာ မဟုတ်ဘူးဆိုတာ မင်းနားလည်ထားရမယ်၊ ကျုပ် အဲဒါတွေကို လွယ်လွယ်နဲ့ ဘယ်လို ပေးရမလဲ။ ဒီအရာကို တိုးတက်စေဖို့အတွက်၊ ကျုပ်တို့ရဲ့ သုတေသီတွေက ဒီနှစ်တွေအတွင်း အားလပ်ရက်အကြာကြီးတောင် မယူထားတာကြောင့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို နားလည်သင့်တယ်။"

ဆယ်ဗီနီက ရုတ်တရက် ပြုံးပြလိုက်သည် "ရှင်တို့ အကြီးအကဲ အီဗီတာရဲ့ ကြိုးစားအားထုတ်မှုကို နားလည်ပေးရမယ့်သူက တကယ် ကျွန်မ၊ မဟုတ်ဘဲ၊ ရှင်က ဥက္ကဌအနေနဲ့ နားလည်ရမှာ မဟုတ်ဘူးလား"

ရှုယီသည် သူမ၏နောက်ပြောင်ခြင်းကို လျစ်လျူရှုပြီး စာရွက်စာတမ်းကို ထောက်ပြသည်။

“မင်းမှာ ပြဿနာမရှိရင် လက်မှတ်ထိုးလိုက်ပါ။ မှော်‌လေသင်္ဘောကိုယူဖို့နဲ့ အခြေခံသင်တန်းအချို့တက်ဖို့ နောက်လမှာ လူအချို့ကို ကျုပ်တို့ရဲ့ကုမ္ပဏီကို စေလွှတ်ပေး။ မဟုတ်ရင် မှော်လေသင်္ဘောကို ကျုပ်ပေးရင်တောင် မင်းသုံးနိုင်မှာ မဟုတ်ဘူး။"

"နားလည်ပါပြီ ဥက္ကဌကြီး ရှု" ဆယ်ဗီနီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး စာချုပ်မှာ သူ့နာမည်ကို လက်မှတ်ထိုးဖို့ တွန့်ဆုတ်မနေပါချေ။ ထို့နောက် သူမသည် ရှုယီအား ပေးထားသည့် စာရွက်တစ်ရွက်ကို ထုတ်ကာ ရုတ်တရက် ပြောလိုက်သည်။ “ဟုတ်သားပဲ ရှုယီ၊ ရူဒ်ဆန်တိုင်းပြည်က ကျွန်မတို့ကို ရန်လိုမယ်လို့ မယုံပေမယ့် သတိထားတာက ကောင်းတယ်၊ ဒါကြောင့် သတိထားသင့်တယ်မဟုတ်လား"

"ဥပမာအနေနဲ့?"

“ဥပမာ၊ ရှင်က ကျွန်မတို့ကို အဆင့်မြင့် စစ်ဘက်သုံးမှော်စက်တချို့ ရောင်းနိုင်လား။ ရှင်တို့ရဲ့ကုမ္ပဏီက မကြာသေးမီကမှ မှော်တင့်ကားတချို့ကို တီထွင်ခဲ့တယ်လို့ ကြားခဲ့ရတာ၊ ရှင် ကျွန်မတို့ကို နည်းနည်းလောက် ရောင်းပေးနိုင်မလား"

“မဖြစ်နိုင်ဘူး။” ရှုယီက ချက်ချင်း ငြင်းဆိုလိုက်၏ "မှော်တင့်ကားတွေကို တီထွင်နေတုန်းပဲမို့၊ လုံးဝရောင်းလို့မရဘူး။ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုမလုပ်နိုင်ခင် အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်။”

“ဒါဆို မှော်ဒုံးပျံတချို့နဲ့ မှော်အမြောက်တချို့ကရော ဘယ်လိုလဲ။”

"ဒါလည်းမဖြစ်နိုင်ဘူး၊ ကျုပ် အဲဒါတွေကို တခြားသူတွေဆီ ရောင်းချဖို့ လောလောဆယ် မစီစဉ်ထားဘူး။"

ဆယ်ဗီနီက ရှုယီကို မနေနိုင်စွာ စူးစူးရဲရဲစိုက်ကြည့်လိုက်၏၊"ဆိုလိုတာက ရှင် ကျွန်မကို မှော်လေသင်္ဘော ငါးစီးပဲပို့ဖို့ စီစဉ်ထားတာလား?"

ရှုယီက ရယ်‌မောကာ ဆယ်ဗီနီအတွက် နောက်ထပ်စာရွက်စာတမ်းထုတ်လာသည်။

“စစ်တပ်သုံးမှော်စက်တွေကိုပဲ အာရုံစိုက်မနေပါနဲ့။ ဒီမှာ မင်း ဒါကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ကျုပ်မယုံဘူး။”

ဆယ်ဗီနီသည် မျက်လုံးများ မှေးကျဉ်းကာ စာရွက်စာတမ်းကို အသေအချာ ယူလိုက်သည်။

All Chapters