အခန်း (၅၁-၆၀)
Vol. 6 Ch. 51-60
Vol 6 အခန်း ၅၁။ သဘောထားပြောင်းလဲမှု
စစ်မြေပြင်၌ ရူဒ်ဆန်တိုင်းပြည်၏ စစ်တပ်မှာ ကန်ဒရာအင်ပါယာ၏ စစ်တပ်ကို အနိုင်ယူ၍ ပြန်မတိုက်ခိုက်နိုင်တော့အောင်လုပ်ဆောင်ခဲ့လျှင်သော်မှ ဗိုလ်ကြီး မက်ဟေးလ်၏ စစ်သည်များက ကန်ဒရာအင်ပါယာထဲသို့ ကီလိုမီတာသုံးရာဝင်ရောက်လာသည့်နောက် ရူဒ်ဆန်တိုင်းပြည်၏ စစ်တပ်မှာ နောက်ပြန်ဆုတ်ရန် ရွေးချယ်ခဲ့ပြီး လိုက်ဖမ်းမည့် မည်သည့်လက္ခဏာကိုမျှ မပြခဲ့ချေ။
ကန်ဒရာအင်ပါယာ၏နယ်မြေမှ ဆုတ်ခွာလာပြီးနောက် ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့၏ နယ်စပ် ခံတပ်များကို အားဖြည့်ပြီး အခြားမည်သည့် လှုပ်ရှားမှုကိုမှ မပြုခဲ့ကြပေ။
ထို့အပြင် ကန်ဒရာအင်ပါယာမှာ ဆုံးရှုံးမှုနှစ်ခုကိုခံစားခဲ့ရပြီးနောက် ၎င်းတို့လည်း တိတ်ဆိတ်သွားကြသည်။
နှစ်နိုင်ငံ၏ နယ်စပ်များက စစ်မဖြစ်ခင်ကကဲ့သို့ပင် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားကြ၏။
သို့သော် ထိုတည်ငြိမ်မှုက အတုအယောင်မျှသာဖြစ်ကြောင်း လူတိုင်းသိပါ၏။
ကန်ဒရာအင်ပါယာမှာ နယ်မြေကြီး၏ အင်ပါယာနှစ်ခုအနက် တစ်ခုအနေဖြင့် ယခုတွင် ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးတစ်ခု၏ လက်၌ ပိုးစက်ပက်စက်ရှုံးခဲ့ရာ ၎င်းတို့၏ ဂုဏ်သတင်းကို ပြန်ထိန်းသိမ်းရန် နည်းလမ်းမရှာပါလျှင် ၎င်းက နယ်မြေတစ်ခုလုံးတွင် ကန်ဒရာအင်ပါယာ၏ ဂုဏ်သတင်းအပေါ် ရိုက်ခတ်မှုကြီးဖြစ်လိမ့်မည်။
ထို့ကြောင့် ကန်ဒရာအင်ပါယာမှာ သေချာပေါက် အခြားလှုပ်ရှားမှု လုပ်ဦးမည်ပင်။ ၎င်းတို့ လုပ်ဆောင်ချိန်၌ ယခင်ကကဲ့သို့ ရူဒ်ဆန်တိုင်းပြည်ကို လျှော့တွက်ထားတော့မည်မဟုတ်ပေ။
လူတိုင်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့်ယှဉ်လျှင် ကန်ဒရာအင်ပါယာ၏ နိုင်ငံအင်အားမှာ များစွာသာလွန်သည်ကို ယုံကြည်ကြသဖြင့် ၎င်းတို့အနေနှင့် ရူဒ်ဆန်တိုင်းပြည်ကြောင့် ဆုံးရှုံးမှုတစ်ခု နှစ်ခုကြုံရပါလျှင်တောင် အဆုံးသတ်၌ ၎င်းတို့ကို အနိုင်ယူဖို့ ပြဿနာရှိမည်မဟုတ်ပေ။
မှန်ပါ၏ ၎င်းတို့မှာ ပြင်ဆင်ဖို့ အချိန်အနည်းငယ်တော့လိုအပ်ပေသည်။
နှစ်နိုင်ငံကြား ပဋိပက္ခ အဆုံးသတ်သွားပြီးနောက် သက္ကရာဇ် ၃၇၈၉ခုနစ်၏ ဆောင်းရာသီသို့ ဝင်ရောက်လာသည်။
နယ်မြေကြီးရှိ အခြားနေရာများ၏ ရာသီဥတုမှာ စတင်အေးလာသည်။ မြောက်ပိုင်းရှိ မားလိုအင်ပါယာမှာ အင်မတန်ကြီးမားသော်လည်း ၎င်းတို့၏နယ်မြေအများစုက ဆောင်းရာသီ၏ အေးစက်မှု လက္ခဏာရပ်များကို ဖော်ကျူးနေ၏။
မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေမှာ မားလိုအင်ပါယာ၏ အနောက်တောင်ပိုင်း၌ တည်ရှိပြီး နယ်မြေကြီး၏ အလယ်ပိုင်းနှင့် နီးသဖြင့် မအေးသေးပါချေ။
သို့သော် ပူပြင်းသည့် ဆောင်းရာသီရှိ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့၌ နေထိုင်သူများအတွက် မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေမှာ ၎င်းတို့ကို အတော်အတန် အေးမြစေသည်။
အေးစက်သည့်လေညင်းနှင့်အတူ ဥက္ကဌ ကန်တိုနာမှာ မတုန်ယင်နေဘဲ မနေနိုင်ပေ။ သူဟာ သူ ဝတ်ဆင်ထားသည့် သားရေအဝတ်များကို တင်းကြပ်စေလိုက်ပြီးမှ အနည်းငယ် ပိုနွေးသလိုခံစားရသည်။
မိမိနံဘေးရှိ ဘာရွန် ဖရန့်ခ်လင်းကို လှည့်ကြည့်လိုက်သော် ၎င်းဟာ ပေါ့ပါးသည့် အဝတ်များဝတ်ထားသည်ကိုမြင်လိုက်ရသည်။ သူဟာ ၎င်းတို့ လုံးဝဇစ်ဆွဲထားသည်မဟုတ်ဘဲ ဖွင့်ထားသော်လည်း အေးနေသည့်ပုံ လုံးဝမပေါ်ချေ။
ဥက္ကဌ ကန်တိုနာမှာ မနေနိုင်စွာ သက်ပြင်းချလိုက်မိသည်။ လူငယ်များမှာ ကွဲပြားပါ၏၊ ၎င်းတို့မှာ သူကဲ့သို့ အသက်လေးဆယ်အရွယ် လူအိုကြီးတစ်ဦးထက်စာလျှင် အအေးဒဏ်ကို အဆပေါင်းများစွာ ပိုမို ခုခံနိုင်ပါ၏။
"ဟေး ဘာရွန်ဖရန့်ခ်လင်း၊ သခင်မားကွစ္စ်က ဘယ်အချိန်ပြန်လာမှာလဲ?" ဥက္ကဌ ကန်တိုနာက မေး၏။
ဘာရွန်ဖရန့်ခ်လင်းမှာ အဝေးကိုကြည့်နေရာမှ ပြန်လှည့်လာကာ အပြုံးဖြင့် ပြန်ဖြေလိုက်သည်၊ "အဘိုးက ညစာမတိုင်ခင်ပြန်လာမယ်လို့ပြောထားတယ် ဒါကြောင့် မကြာခင် ပြန်လာမယ်ထင်တယ်။"
"အာ ဒါက ကောင်းတာပေါ့" ဥက္ကဌ ကန်တိုနာက ခေါင်းတစ်ချက်ငြိမ့်လိုက်သည်၊ "ပထမဆုံး ကွင်းကိုပြန်ပြင်တာက ဒီနေ့ ပြီးမှာဆိုတော့ သခင် မားကွစ္စ်ကို ပြန်လာပြီး ဒါကို အတည်ပြုခိုင်းဖို့လိုတယ်။ တစ်ခုခုသာမှားရင် တတ်နိုင်သမျှ မြန်မြန် ဖော်ပြဖို့ကောင်းတယ်။ နှစ်သစ်တောင်ရောက်ခါနီးနေပြီ ကုမ္ပဏီက လူတွေအနေနဲ့ နှစ်သစ်ကူးအတွက် အိမ်မပြန်နိုင်မှာကို စိုးရိမ်နေလောက်တယ်။"
"တကယ်တော့ အတည်ပြုပေးရုံဆိုရင် ကျုပ်က အဘိုးကိုယ်စား လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကန်တိုနာကုန်သည်ကြီးများအသင်းက ဒီတစ်ခေါက် ကျုပ်တို့နယ်မြေကို တကယ်အကူညီပေးခဲ့ပြီး ရှေ့လျှောက် အချိန်ကြာ ပူးပေါင်းမယ်လို့ ပြောထားတော့ ကျုပ်တို့ဆက်ဆံရေးကို ပိုနက်ရှိုင်းစေဖို့ အားလုံးကို ဒီမှာ ရက်နည်းနည်းလောက်ပိုပြီး ထိန်းထားရဦးမယ်။" ဘာရွန်ဖရန့်ခ်လင်းက အပြုံးဖျော့ဖျော့ဖြင့်ဆိုသည်ာ
"အိုး?" ဥက္ကဌ ကန်တိုနာက ဘာရွန် ဖရန့်ခ်လင်းကို တအံ့တဩကြည့်လိုက်ပါ၏။
ဆောင်းဦးကောက်ရိတ်သိမ်းကတည်း သူဦးဆောင်ခဲ့သည့် ကန်တိုနာကုန်သည်ကြီးများအသင်း လက်အောက်ငယ်သားများ ဤနေရာ၌ ရှိနေသည်မှာ သုံးလနီးနီးရှိနေပြီပင်။
အလုပ်၌ သူ့အား ကြီးကြပ်ရန် ကိုယ်စားပြုထားသော မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဘာရွန်ဖရန့်ခ်လင်းတို့မှာ သတိထားနေသော်လည်း ဥက္ကဌကန်တိုနာမှာ ၎င်းတို့က မျိုးရိုးမြင့်များ၏ လေ့ကျင့်မှုအတိုင်း ယဉ်ကျေးနေရုံသာဖြစ်သည်ကို ပြောနိုင်သည်။ ၎င်းက သူတို့အပေါ် အရေးထားသည်ဟု မဆိုလိုပေ။
မှန်ပါ၏ တစ်ဘက်မှာ စိုင်စ်နယ်မြေတစ်ခုလုံး၌ ထိပ်တန်းဖြစ်သည့် မားလိုအင်ပါယာ၏ မားကွစ္စ် ဖြစ်နေကတည်းက ပုံမှန်အရာပင်။ သူဟာ ဤတို့လုပ်ငန်းစုလေးထက် အဆပေါင်းများစွာ ပိုမြင့်မားပါ၏။ ယဉ်ကျေးပြူငှာဟန်ပြလာခြင်းက ၎င်းတို့၏ အလေ့အကျင့်ကြောင့်ဖြစ်သော်လည်း အများစုမှာ Frestech ကုန်သည်ကြီးများအသင်းကြောင့်ပင်။
သို့ရာတွင် ဥက္ကဌကန်တိုနာမှာ ဘာရွန်ဖရန့်ခ်လင်း၏ စကားလုံးများက စိတ်ရင်းနဲ့ပြည့်နေသည်အား ခံစားမိသည်၊ ၎င်းက သာမန် ဝတ်ကျေတန်းကျေမျိုးမဟုတ်ပေ။
ဘာရွန်ဖရန့်ခ်လင်း၏ မျက်နှာထက်ရှိ ရိုးစင်းသော အပြုံးကို မြင်လိုက်သောအခါ ဥက္ကဌ ကန်တိုနာမှာ အနည်းငယ် သံသယဖြစ်သွားသည်။
သူ့ရဲ့သဘောထားမှာ ဒီလိုပြောင်းလဲမှုကြီးတစ်ခုအတွက် ဘာ အကြောင်းအရင်းများရှိနေတာလဲ?
သို့သော် ၎င်းကို စဉ်းစားကြည့်သော် အရေးမပါ ပါချေ။
အဘယ့်ကြောင့်ဆိုသော် ကန်တိုနာသည်လည်း မားလိုအင်ပါယာ၌ ကန်တိုနာကုန်သည်ကြီးများအသင်း ဈေးကွက်ဖွင့်လှစ်ရာတွင် အကူအညီကြီးကြီးမားမားဖြစ်စေမည့် မားကွစ္စ် ဆော့သ်ဂိတ်နှင့် ရေရှည်ပူးပေါင်းမှုကို ထိန်းသိမ်းချင်ပါ၏။
ဥပမာ ဤနှစ် ဆောင်းဦးကောက်ရိတ်သိမ်းချိန်အတွင်း ကန်တိုနာကုန်သည်ကြီးများအသင်းမှာ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေတွင် ဆောင်းဦးကောက်ရိတ်သိမ်းချိန်အတွင်း ကန်တိုနာကုန်သည်ကြီးများအသင်းကို လာရှာသည့် မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဆက်နွယ်နေသော မားလိုအင်ပါယာ၏အခြား မျိုးရိုးမြင့်များစွာ လာရောက်ခြင်းပင်။ ၎င်းတို့မှာ ၎င်းတို့၏ နယ်မြေများ၌လည်း ကောက်ရိတ်သိမ်းရာတွင် ကူညီစေလိုနေကြ၏။
ဆောင်းဦးကောက်ရိတ်သိမ်းပွဲ၏ ကာလ တစ်လခွဲတွင် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ လယ်မြေ ဟက်တာငါးသောင်းကို ကောက်ရိတ်သိမ်းရာ တစ်ရက်ကို ဟက်တာ တစ်ရာပတ်လည် ပျမ်းမျှရှိသည်။ ၎င်းတို့မှာ မျိုးရိုးမြင့် ဆယ့်သုံးဦးကို ၎င်းတို့နယ်မြေရှိ လယ်ကွင်းများအားလုံးအပြည့်အဝ ကောက်ရိတ်ရာ၌ ကူညီခဲ့၏။
ဤသို့သော အံ့ဖွယ် အကျိုးရလာဒ်မှာ မားလိုအင်ပါယာ၏ မျိုးရိုးမြင့် အသိုင်းအဝိုင်း၌ ရုတ်ရုတ်သဲသဲဖြစ်ပွားသွားချေသည်။ ဆောင်းဦးကောက်ရိတ်သိမ်းချိန်အဆုံးမသတ်ခင်တွင် မားကွစ္စ် ဆော့သ်ဂိတ်သို့မဟုတ် ကန်တိုနာကုန်သည်ကြီးများအသင်းကို တိုက်ရိုက်ဆက်သွယ်လာသည့် မားလိုအင်ပါယာ မျိုးရိုးမြင့်များစွာရှိကာ ၎င်းတို့မှာ ကန်တိုနာကုန်သည်ကြီးများအနေနှင့် နောက်နှစ် နွေဦးကောက်ရိတ်ပွဲ၌ ကူညီဖြစ်မည်ဟု မျှော်လင့်ထားသည်။
၎င်းမျိုးရိုးမြင့်များအတွက် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ အခကြေးငွေတစ်ချို့ တိုးလိုက်သည်ဖြစ်သော်လည်း ၎င်းတို့ သိမ်းထားသည့် အလုပ်သမားပမာဏကြောင့် ၎င်းတို့ပေးသည်ထက် တကယ်တမ်းပိုရသည်။
ထို့အပြင် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ ကောက်ရိတ်သိမ်းရာ၌ အင်မတန်ကျွမ်းကျင်သည်။ ဆန်စပါး စွန့်ပစ်ရသည့်နှုန်းမှာ မယုံကြည်နိုင်ဖွယ် နည်းပါးလှသဖြင့် ၎င်းက မည်သို့စဉ်းစားသည်ဖြစ်စေ ၎င်းတို့ကိုယ်တိုင် ရိတ်သိမ်းရသည်ထက် များစွာပိုမို ထိရောက်မှုရှိသည်။
လက်ရှိ ကန်တိုနာကုန်သည်ကြီးများအသင်းအား မားလိုအင်ပါယာ၌ ကျော်ကြားမှုအနည်းငယ်ရှိသည်ဟု ယူဆနိုင်သည်။ ၎င်းတို့မှာ မားကွစ္စ် ဆော့သ်ဂိတ်နှင့် မဆက်နွယ်နေလျှင်တောင် မားလိုအင်ပါယာရှိ ဈေးကွက်ကို ဖွင့်လှစ်နိုင်မည်ပင်။
မှန်ပါ၏ ဥက္ကဌကန်တိုနာမှာ အမြင်ကျဉ်းနေသည်မဟုတ်ပေ။ သူဟာ မားကွစ္စ် ဆော့သ်ဂိတ်ကို အများဆုံးထောက်ပံ့မှုပေး၍ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေ၌ ပထမဆုံး လယ်မြေ ပြုပြင်ရေးကို ပြုလုပ်ကာ မားကွစ္စ် ဆော့သ်ဂိတ်အား ဟက်တာသုံးရာပတ်လည် လယ်မြေကို ဖွင့်လှစ်ဖို့ ကူညီခဲ့သည်။
ထိုသို့ဖြင့် နွေဦးစိုက်ပျိုးရေးအတွင်း ဟက်တာသုံးရာကို စိုက်ပျိုးလိုက်သရွေ့ နောက်နှစ် ဆောင်းဦးကောက်ရိတ်သိမ်းချိန်ရောက်သောအခါ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေ ဆန်စပါး အထွက်နှုန်းမှာ အနည်းဆုံး 50ရာခိုင်နှုန်း တိုးလာပေလိမ့်မည်။
"ကျုပ်တို့ရဲ့ ရလာဒ်ကို အရမ်း စိတ်တိုင်းကျလို့ သဘောထားပြောင်းလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်မို့လား?" ဥက္ကဌ ကန်တိုနာမှာ စိတ်ပြောင်းကာ သုံးသပ်ကြည့်ပြီးနောက် ဘာရွန်ဖရန့်ခ်လင်းကို ခေါင်းငြိမ့်၍ပြောသည်၊ "ကောင်းပြီလေ ဒါဆို သခင် မားကွစ္စ်က ဒီဖိတ်ကြားချက်ကို ပေးမှတော့ ဘယ်လိုလုပ် ကျုပ်က ငြင်းပယ်နိုင်မှာလဲ? သခင် မားကွစ္စ် နဲ့အတူ ဆွေးနွေးချင်တဲ့ လယ်မြေပြုပြင်ရေးကိစ္စတချို့လည်းရှိသေးတာ။ ဒီရက်အနည်းငယ်အတွင်းမှာ သခင် မားကွစ္စ် နဲ့ စကားနည်းနည်းပိုပြောနိုင်ဖို့ မျှော်လင့်ပါတယ်။"
"အဘိုးက သေချာပေါက် ခင်ဗျားနဲ့ ပြောဖို့ ဝမ်းသာနေမှာပါ။" ဘာရွန်ဖရန့်ခ်လင်းက အပြုံးဖြင့်ဆိုသည်။
နှစ်ဦးသား ခဏတာ စကားပြောပြီးနောက် ဘာရွန်ဖရန့်ခ်လင်းမှာ နောက်ကိစ္စအတွက် ထွက်ခွာသွားသည်။ ဥက္ကဌ ကန်တိုနာမှာ ကွင်းထဲ၌ အလုပ်ကို နည်းနည်းကြာအောင် ကြီးကြပ်နေပြီးနောက် ပို့ဆောင်ရေးမှော်ကားတစ်စီးထဲသို့ ဝင်ကာ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေရှိ မှော်စက်မှုအခြေစိုက်ရုံးရှိရာ အနောက်ဘက်သို့ ဦးတည်သွားတော့သည်။
ဆောက်လုပ်ရေး နှစ်တစ်ဝက်နီးနီးကြာပြီးနောက် အခြေစိုက်ရုံးမှာ ပုံစံ စတင်ပေါ်လာပြီဖြစ်သည်။ အပြီးသတ်ကာနီး စက်ရုံများစွာလည်းရှိသလို နောက်နှစ်၌ ထုတ်လုပ်ရေးစလိမ့်မည်ဖြစ်သည်။
ယခုတွင် အနှီစက်ရုံများ၏ လုပ်ငန်းစုများမှာ မားကွစ္စ် ဆော့သ်ဂိတ်မှတဆင့် အလုပ်သမားအရေအတွက်များစွာကို စုဆောင်းရင်းနောက်နှစ်အတွက် ပြင်ဆင်နေကြသည်။
ရှုယီနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့၏ သဘောတူညီမှုအရ အနှီစက်ရုံများ၏ အလုပ်သမားများမှာ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေမှ အဓိကလာကြသည်။ သို့သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေ၌ အလုပ်သမား အလုံအလောက်မရှိသောကြောင့် ၎င်းတို့မှာ အပြင်မှ စုဆောင်းဖို့ လိုအပ်နေဆဲပင်။
မားကွစ္စ် ဆော့သ်ဂိတ်မှာ အပိုဝေစုနှင့် ပတ်သက်လာလျှင် သူ၏ သူငယ်ချင်းကောင်း ဒုခ် မာကာရိုစ် ကို ဦးစားပေးသည်။ သူ၏ နယ်မြေမှ လာသည့် အလုပ်သမားမှာ သူံးထောင်မှ လေးထောင်အထိရှိမည်ဟု ခန့်မှန်းရ၏။
ထို့အပြင် ၎င်းမှာ ဒုခ် မာကာရိုစ် ၏ နယ်မြေရှိ အလုပ်အားကို သက်ရောက်မည်ဖြစ်သောကြောင့် ဒုခ် မာကာရိုစ် မှာ မားကွစ္စ် ဆော့သ်ဂိတ်ထံမှတဆင့် ကန်တိုနာကုန်သည်ကြီးများအသင်းကို တောင်းဆိုမှုတစ်ခု ပြုခဲ့သည်။ သူဟာ ကန်တိုနာကုန်သည်ကြီးများအသင်းအား မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေ၌ ပြုလုပ်ခဲ့သလို သူ၏နယ်မြေရှိ လယ်ကိုလည်း လုံးဝပြောင်းလဲပေးစေချင်သည်။
တစ်ချိန်တည်းမှာပင် မားကွစ္စ် ဆော့သ်ဂိတ်ကလည်း ဒုခ် မာကာရိုစ် ကို Frestech ကုန်သည်ကြီးများအသင်း သဘောတူထားသည့် Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးသုံးမှော်စက်များ မှာယူဖို့လည်း အကြံပေးထား၏။
မျှော်လင့်မထားသည်များ ဖြစ်မလာပါလျှင် သူံးနှစ်တာအတွင်း၌ ၎င်းတို့၏ နယ်မြေများမှာ လမ်ပူရီတိုင်းပြည်ကဲ့သို့ ဖြစ်လာပြီး စက်မှုလယ်ယာစနစ်ကို ကျင့်သုံးကြလိမ့်မည်။
ဤရလာဒ်က ကန်တိုနာကုန်သည်ကြီးများအသင်း၏ ဝင်ငွေကို သက်ရောက်စေမည်ဖြစ်သော်လည်း ဥက္ကဌ ကန်တိုနာကမူ မအံ့ဩချေ။
လမ်ပူရီတိုင်းပြည်မှ စက်မှုလယ်ယာစနစ် စတင်ကျင့်သုံးချိန်တွင် ၎င်းက ကန်တိုနာကုန်သည်ကြီးများအသင်းကို ရိုက်ခတ်ခဲ့သော်လည်း ၎င်းတို့မှာ ၎င်းတို့ဈေးကွက်ကို ရှာနိုင်ဆဲဖြစ်၏။
မားလိုအင်ပါယာမှာ လမ်ပူရီတိုင်းပြည်နှင့် အခြားနိုင်ငံများထက် အဆများစွာ ပိုမိုကြီးမားသဖြင့် ၎င်းတို့ရှင်ကျန်ရန် နေရာရှိမည်ဟု ယုံကြည်သည်။
ဥက္ကဌကန်တိုနာ၏ ရည်ရွယ်ချက်က ထိုနေရာ၌ ရပ်တန့်နေမည်မဟုတ်သည်ကို မဆိုထားနှင့်။
အခြေစိုက်ရုံးကို ရောက်လာပြီးနောက် ဥက္ကဌကန်တိုနာမှာ ဤနေရာ၏ ဆောက်လုပ်ရေးတာဝန်ခံဖြစ်ခဲ့သော အမ်ရစ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ရီလိုင်းကို တိုက်ရိုက်ရှာကာ စိတ်ထဲရှိ သံသယဖြင့် ဖုံးကွယ်ထားသော မေးခွန်းကို မေးလိုက်သည်။
အဘယ့်ကြောင့် မားကွစ္စ် ဆော့သ်ဂိတ်က ရုတ်တရတ် အပြုသဘောဆောင်သည့် သဘောထားမျိုးရှိလာရသနည်း?
သို့သော်လည်း ရီလိုင်းမှ ဥက္ကဌ ကန်တိုနာထံပေးလာသည့်အဖြေကို သူတစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။
"ရှင်းပါတယ် ဘာလို့လဲဆိုတော့ ရူဒ်ဆန်တိုင်းပြည်က ကန်ဒရာအင်ပါယာကို အနိုင်ယူလိုက်လို့လေ။"
ဥက္ကဌ ကန်တိုနာမှာ ထိုနေရာ၌ တွေဝေဟန်ဖြင့် ရပ်နေ၏။
ဘယ်လိုလုပ်... ဒါတွေက ဆက်စပ်နေတာလဲ?
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၅၂။ ကျော်ကြားမှုအား ဖန်တီးခြင်း
ကန်တိုနာမှာ အရွယ်အသင့်အတင့်ရှိ လုပ်ငန်းစုတစ်ခု၏ ဥက္ကဌဖြစ်သော်လည်း သူဟာ ဘန်တာမြို့တော်ရှိ သာမန်မိသားစုတစ်ခုမှ မွေးဖွားလာခဲ့သဖြင့် သူ၏အတွေ့အကြုံများမှာ အကန့်အသတ်ရှိရာ ကန့်သတ်သတင်းများသာရနိုင်သည်။ထို့ကြောင့် ရူဒ်ဆန်တိုင်းပြည်မှ ကန်ဒရာအင်ပါယာကို အနိုင်ရခဲ့ခြင်းမှာ မားကွစ္စ် ဆော့သ်ဂိတ်ကို မည်သို့သဘောထား ပြောင်းစေခဲ့မှန်းနားမလည်ပေ။
သို့သော် မားကွစ္စ် ဆော့သ်ဂိတ်မှာ သဘာဝကျကျပင် သူ၏ ကိုယ်ပိုင် သတိတရားရှိသူ ဖြစ်သည်။
ဥက္ကဌ ကန်တိုနာက ရီလိုင်းကို သွားရှာချိန်တွင် မားကွစ္စ် ဆော့သ်ဂိတ်မှာ လက်ရှိ၌ ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့အကြားရှိ စစ်အကြောင်းကို ကျန်လူနှစ်ဦးနှင့်ဆွေးနွေးနေသည်။
"အစီအရင်ခံစာတွေအရ ကန်ဒရာအင်ပါယာက စစ်မြေပြင်မှာ ဆုံးရှုံးမှု အတော်များများခံစားခဲ့ရတယ်။ ဒီအတွက် သော့ချက်က ရူဒ်ဆန်တိုင်းပြည်စစ်တပ်မှာ စစ်ဘက်သုံးမှော်စက်များစွာ တပ်ဆင်ထားပြီး သူတို့ရဲ့ တိုက်ပွဲအင်အားကို များစွာ တိုးမြင့်လာစေတယ်။ ဒါ့အပြင် အရက်စက်ဆုံးကဏ္ဍမှာ ပါဝင်တဲ့ စစ်ဘက်သုံးမှော်စက်ကလည်း အစီရင်ခံစာတွေအရ စတက်တိန်းနယ်မြေမှာရှိတဲ့ အမည်မသိ လုပ်ငန်းစုလေးတစ်ခုကနေလာတယ်။"
ထိုသို့ပြောလာသူမှာ အင်မတန် ဂုဏ်သရေရှိဟန်ပေါ်သည့် လေးနက်ဟန်နှင့် သက်လတ်ပိုင်း လူတစ်ဦးဖြစ်သည်။
ထိုသို့ပြောပြီးနောက် သူဟာ မားကွစ္စ် ဆော့သ်ဂိတ်ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။
"မားကွစ္စ် ဆော့သ်ဂိတ်ဒီလုပ်ငန်းစုလေးက ကျုပ်တို့ မားလိုအင်ပါယာမှာ မကျော်ကြားပေမယ့် ခင်ဗျား နည်းနည်းတော့ နားလည်လောက်မယ်ထင်ပါတယ်။"
"ဒုခ် ရိုဇယ်ဗက် ခင်ဗျား Frestech ကုန်သည်ကြီးများအသင်း အကြောင်း ပြောနေတာဖြစ်ရမယ်။" မားကွစ္စ် ဆော့သ်ဂိတ်က အသာပြုံးလိုက်သည်။ သူဟာ မားလိုအင်ပါယာစစ်တပ်ကို ကြီးကြီးမားမားထိန်းချုပ်ထားသည့် ဒုခ် ရိုဇယ်ဗက်က သူ့ထံ ထိုခေါင်းစဉ်ပြောလာသည်အားမအံ့ဩချေ။
ဒုခ် ရိုဇယ်ဗက်က မျက်မှောင်ကုပ်လိုက်၏။ " ဒါပေမယ့် ခင်ဗျားက စတက်တိန်းနယ်မြေကို နှစ်ခေါက် ကိုယ်ရေးကိစ္စနဲ့ သွားခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကို ခင်ဗျားတို့ ကိုယ်ပိုင်နယ်မြေဆီခေါ်သွားခဲ့တယ်လို့ ကြားတယ်။ ဒါက ကြည့်ရတာ ခင်ဗျားနဲ့ နိုင်ငံလေးတစ်နိုင်ငံကနေ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ စက်ရုံတချို့ဖွင့်ဖို့ ခေါ်ယူလာတဲ့ လုပ်ငန်းစုလေးတွေတချို့နဲ့ ပူးပေါင်းဖို့ရှိပုံပဲ?"
"အမှန်ပါပဲ" မားကွစ္စ် ဆော့သ်ဂိတ်က ခေါင်းငြိမ့်သည်။
"ဒါဆို... မားကွစ္စ် ဆော့သ်ဂိတ်ခင်ဗျား Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေအကြောင်း ဘယ်လောက်သိလဲ?" ဒုခ် ရိုဇယ်ဗက်က ဆက်မေးလာသည်။
"စစ်ဘက်သုံးမှော်စက်တွေအကြောင်း တစ်ခုမှ နားမလည်ဘူးပြောရင် ခင်ဗျားယုံမှာလား?" မားကွစ္စ် ဆော့သ်ဂိတ်က သူ၏ လက်များကို ဖြန့်လိုက်သည်။ သူက ခေါင်းခါ၍ သက်ပြင်းချ၏၊ "ကျုပ်ရဲ့ Frestech ကုန်သည်ကြီးများအသင်းအပေါ် စိတ်ဝင်စားမှုက Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားတဲ့ အိမ်သုံးမှော်စက်တွေနဲ့ ထိတွေ့ခဲ့တာကြောင့်ပါပဲ။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်လုပ်ဖို့ သွားတုန်းက ကျုပ်ရဲ့နယ်မြေထဲကို အဲ့ဒီ အိမ်သုံးမှော်စက်တွေကြောင့်ပဲ ခေါ်သွားတာ စစ်ဘက်သုံးမှော်စက်တွေနဲ့ လုံးဝ သက်ဆိုင်မနေပါဘူး။"
"တကယ်လား?" ဒုခ် ရိုဇယ်ဗက်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။
မားကွစ္စ် ဆော့သ်ဂိတ်မှာ ကြင်နာဟန်ရှိသည့် အခြားသက်လတ်ပိုင်းလူကြီးကို လှည့်ကြည့်လာ၏။
"Frestech ကုန်သည်ကြီးများအသင်းရယ် တခြားလုပ်ငန်းစုတွေရယ်နဲ့ ဆက်စပ်တဲ့ ကိစ္စအတွက်ကတော့ အင်ပါယာရဲ့ ကုန်သွယ်ရေးဌာနနဲ့ တော်ဝင်လွှတ်တော်မျိုးရိုးမြင့်မြေကွက်စီမံခန့်ခွဲရေးဌာနတို့ကို အစီရင်တင်ပြီးသွားပါပြီ။ ကောင့်ထ် ဒျူလိုက ဒါကိုသိလောက်တယ်။"
ကြင်နာပုံရှိသည့် သက်လတ်ပိုင်းလူကြီးမှာ အသာပြုံး၍ ခေါင်းငြိမ့်လာသည်၊ "ဟုတ်ပါတယ် မားကွစ္စ် ဆော့သ်ဂိတ်က ကုန်သွယ်ရေးဌာနကို လျှောက်လွှာတင်ခဲ့ပြီး အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြထားပါတယ်။ Frestech ကုန်သည်ကြီးများအသင်း အပါအဝင် မားကွစ္စ် ဆော့သ်ဂိတ်ရဲ့ နယ်မြေမှာ စတက်တိန်းနယ်မြေနဲ့ လမ်ပူရီတိုင်းပြည်ဆီက တခြားလုပ်ငန်းစုတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြဿနာမှမရှိပါဘူး။"
ဒုခ် ရိုဇယ်ဗက်က ကောင့်ထ် ဒျူလိုကို ကြည့်၍ အသာမျက်မှောင်ကုပ်ကာ အနည်းငယ် မကျေမချမ်းဖြစ်သွားမိသည်။
သူဟာ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေရှိ အနှီလုပ်ငန်းစုများနှင့် ပတ်သက်သော လုပ်ငန်းစုများကို ဂရုစိုက်မနေဘဲ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမှုအကြောင်းသာ ဂရုထားသည်။
သို့မဟုတ် ပို၍ တိကျရလျှင် စစ်ဘက်သုံးမှော်စက်များနှင့် ပတ်သက်သည့် ပူးပေါင်းမှုရှိလားကို ဖြစ်ပါ၏။
ကန်ဒရာအင်ပါယာမှာ ရူဒ်ဆန်တိုင်းပြည်ကို ဆန့်ကျင်တိုက်ခိုက်သည့် နှစ်ကြိမ်တွင် နစ်နာမှုကြီးများကို ခံစားခဲ့ရသဖြင့် ယခုတွင် ရူဒ်ဆန်တိုင်းပြည် သုံးခဲ့သည့် စစ်ဘက်သုံးမှော်စက်များမှ ကန်ဒရာအင်ပါယာကို တော်လှန်နိုင်ခဲ့ခြင်းမှာ နယ်မြေကြီးရှိ အခြားသောနိုင်ငံများ ဂရုစိုက်လာသောအရာပင်။
နယ်မြေကြီး၌ ကန်ဒရာအင်ပါယာ၏ တစ်ဦးတည်းသော ရန်သူအနေနှင့် မားလိုအင်ပါယာမှာ ၎င်းကို ပို၍ပင် ဂရုစိုက်သေးသည်။
သူဟာ မားကွစ္စ် ဆော့သ်ဂိတ်အား စကားဆိုရန် စစ်ဌာနချုပ်ကို ကိုယ်စားပြုထားကာ ၎င်းထံမှ စစ်ဘက်သုံးမှော်စက်များနှင့် ပတ်သက်သော သတင်းအချို့ ရယူရန် မျှော်လင့်နေခြင်းဖြစ်၏။
သို့သော် မားကွစ္စ် ဆော့သ်ဂိတ်မှာ မပူးပေါင်းချင်ကြောင်းပြနေရာ သူ့အား အတန်ငယ်မကျေမချမ်းဖြစ်စေ၏။
စဉ်းစားပြီးနောက် သူဟာ စိတ်ကိုငြိမ်ကာ အမူအရာကို ပို၍ လေးနက်စေပြီး မားကွစ္စ် ဆော့သ်ဂိတ်ကို ကြည့်လာ၏။
"မားကွစ္စ် ဆော့သ်ဂိတ်, စစ်ဘက်သုံးမှော်စက်တွေက စစ်တပ်အတွက် အရမ်းကို အရေးပါတာမို့လို့ ခင်ဗျားတို့အနေနဲ့ စစ်ဌာနချုပ်နဲ့ အတူ အလုပ်လုပ်ပြီး တိကျတဲ့ အချက်အလက်တွေကို ဖြစ်နိုင်သလောက် ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"
မားကွစ္စ် ဆော့သ်ဂိတ်က နံဘေးရှိ ကောင့်ထ် ဒျူလိုကိုကြည့်လာကာ ခေါင်းငြိမ့်ပြသည်ကို မြင်သော် နားလည်လိုက်သည်။ ရည်ရွယ်ချက်ရှိရှိ ခေတ္တရပ်တန့်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာဆို၏၊ "ကောင်းပါပြီ အင်ပါယာရဲ့ ပြည်သူတစ်ဦးအနေနဲ့ ကျုပ်က အင်ပါယာကို ထောက်ကူသင့်ပါတယ်။ ဒါပေမယ့်လည်း ကျုပ်တကယ်ပဲ စစ်ဘက်သုံးမှော်စက်များအကြောင်း များများစားစားနားမလည်လို့ အချက်အလက်များများစားစား မဝေမျှပေးနိုင်ဘူး။"
၎င်းကို ကြားသော် ဒုခ် ရိုဇယ်ဗက်၏ မျက်နှာပျက်သွား၏။
သို့သော်ငြား မားကွစ္စ် ဆော့သ်ဂိတ်မှာ ခေါင်းစဉ်ကို တကယ်ကြီး ပြောင်းလိုက်ပါ၏။
"ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းဆီ စစ်ဌာနချုပ်ကို မိတ်ဆက်ပေးဖို့ ကြားခံအဖြစ်ခံနိုင်ပါတယ် ဘယ်လိုသဘောရလဲ?"
ဒုခ် ရိုဇယ်ဗက်၏ မျက်နှာထားက ပျော့ပျောင်းသွားကာ ရယ်လျက် ဆိုလာသည်၊ "ဒီလိုဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အင်း... ဒါက စစ်ဌာနချုပ်အတွက် အရမ်းကိုအရေးပါတာမို့ ခင်ဗျားအနေနဲ့ တတ်နိုင်သလောက်မြန်မြန် Frestech ကုန်သည်ကြီးများအသင်းကို ဆက်သွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။"
"ပြဿနာ မရှိပါဘူး။"
မားကွစ္စ် ဆော့သ်ဂိတ်က သဘောတူသည်ကို မြင်သော် ဒုခ် ရိုဇယ်ဗက်မှာ အခြားမည်သည့်စကားမှ ထပ်မဖြုန်းတီးတော့ဘဲ မားကွစ္စ် ဆော့သ်ဂိတ်ကို နှုတ်ဆက်လိုက်သည်။
မားကွစ္စ် ဆော့သ်ဂိတ်နှင့် ကောင့်ထ် ဒျူလိုမှာ အခန်းထဲ၌ ကျန်ရစ်ခဲ့ကြ၏။ မားကွစ္စ် ဆော့သ်ဂိတ်မှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် မျက်မှောင်ကုပ်၍ ကောင့်ထ် ဒျူလိုကို မေးလာသည်၊ "ခင်ဗျားတို့ ကုန်သွယ်ရေးဌာနက ဒီတစ်ခေါက်တော့ တကယ်ကို ပူးပေါင်းဆောင်ရွက်ပေးတာပဲ။"
ကောင့်ထ် ဒျူလိုက တစ်ချက်ရယ်ကာ၊ "ဒါက ဧကရာဇ်ဆီက အမိန့်လေ ဘယ်သူက လျစ်လျူရှုနိုင်မှာလဲ?"
မားကွစ္စ် ဆော့သ်ဂိတ်မှာ အံ့ဩသွားကာ၊ "ဧကရာဇ်ကတောင် သတိထားနေတာလား?"
"အမှန်ပဲ။" ကောင့်ထ် ဒျူလိုက မားကွစ္စ် ဆော့သ်ဂိတ်ကို ကြည့်၍ လေးနက်ဟန်ပြလာသည်၊ "သခင် မားကွစ္စ်, ကန်ဒရာအင်ပါယာကို နယ်မြေကြီးမှာ ကျုပ်တို့ရဲ့ တစ်ခုတည်းသော ရန်သူလို့ သတ်မှတ်နိုင်တာ သိမှာပါ။ ဒါပေမယ့် ကျုပ်တို့ အသိအမှတ်ပြုထားတဲ့ ဒီအင်အားကြီးစစ်တပ်က စစ်ဘက်သုံးမှော်စက်တွေကြောင့်နဲ့ ရူဒ်ဆန်တိုင်းပြည်လို နိုင်ငံငယ်လေးတစ်နိုင်ငံကိုတောင် ရှုံးခဲ့တယ်ဆိုတော့ ဧကရာဇ်က .... ဒီလောက်အရေးမထားဘူးလို့ထင်သေးလို့လား?"
မားကွစ္စ် ဆော့သ်ဂိတ်မှာ ခဏတာ တိတ်ဆိတ်သွားသော်လည်း ခေါင်းမငြိမ့်ဘဲ မနေနိုင်တော့ပေ။
"အင်း ဒါက မှန်ပါတယ်။ ဒါက တကယ်ကို မယုံနိုင်စရာကြီးလေ။ ကန်ဒရာအင်ပါယာရဲ့ တတိယတပ်ရင်းကို သူတို့ရဲ့ လက်ရွေးစင်တွေလို့ ယူဆနိုင်ပေမယ့် ရူဒ်ဆန်တိုင်းပြည်ရဲ့ စစ်တပ်ရှေ့မှာ ပြန်တောင်မတိုက်ခိုက်နိုင်ခဲ့တော့ တကယ်ကို ယုံဖို့ခက်ခဲတဲ့အထိပဲ။"
ထိုသို့ပြောလိုက်ချိန်၌ မားကွစ္စ် ဆော့သ်ဂိတ်၏ အမူအရာမှာ ထူးဆန်းလို့လာသည်။
"ဒါကို ပြောရရင်... ကျုပ် သူတို့ကို Frestech ကုန်သည်ကြီးများအသင်း ထုတ် အသုံးဝင်တဲ့ အိမ်သုံးမှော်စက်တွေကြောင့်ပဲ ခေါ်လာချင်ခဲ့တာဆိုပေမယ့် ဒီလိုငါးကြီးကြီးကို မိသွားမယ်လို့ထင်တောင်မထင်ထားဘူး...."
ကောင့်ထ် ဒျူလိုက တစ်ချက်ရယ်၍ လက်ယမ်းလိုက်သည်၊ "စစ်ဘက်သုံးမှော်စက်တွေက စစ်ဌာနချုပ် စိုးရိမ်သင့်တဲ့အရာပါပဲ၊ ဒါနဲ့ယှဉ်ရင် ကျုပ်က ခင်ဗျားပြောတဲ့ အိမ်သုံးမှော်စက်တွေအကြောင်း ပိုဂရုစိုက်တယ်။ သခင် မားကွစ္စ် ခင်ဗျားက ဒါကို အသိဆုံးလူပဲ ဒါတွေက အင်ပါယာမှာ အလားအလာရှိမယ်ထင်လား?"
"သေချာတာပေါ့!" မားကွစ္စ် ဆော့သ်ဂိတ်၏ အမူအရာက လေးနက်လာသည်၊ "ဒီအိမ်သုံးမှော်စက်တွေရဲ့ အကျိုးအမြတ်တွေနဲ့ အင်ပါယာက လူတိုင်းဆီကနေ အကြိုဆိုခံရမယ်ဆိုတာ ကျုပ် ၁၀၀ရာခိုင်နှုန်းသေချာတယ်။ ကျုပ်အနေနဲ့ နှစ်အနည်းငယ်အတွင်း ဒီအိမ်သုံးမှော်စက်တွေက အင်ပါယာမှာ တဟုန်ထိုးဖြစ်လာမယ်လို့လည်း ယုံတယ်။"
"ဒီလိုလား?" ကောင့်ထ် ဒျူလိုက တွေးဆဆဖြင့် မေးကိုသပ်လိုက်သည်။ ထို့နောက် သူဟာ မားကွစ္စ် ဆော့သ်ဂိတ်ထံ တိုးလာကာ လေးနက်ဟန်ဖြင့် ဆို၏၊ "ဒါဆို သခင် မားကွစ္စ်, ကျုပ်က ကုန်သွယ်ရေးဌာနကို ကိုယ်စားပြုပြီး တရားဝင်တောင်းဆိုချက်တစ်ခုလုပ်ချင်တယ်။ ခင်ဗျားအနေနဲ့ ကြားခံအဖြစ် လုပ်ဆောင်ပေးဖြိ့မျှော်လင့်ပါတယ် ဒါဆို ကျုပ် Frestech ကုန်သည်ကြီးများအသင်းနဲ့ စပြီး ဆက်သွယ်လို့ရပြီ။"
"ပြဿနာမရှိပါဘူး။"
ဒုခ် ရိုဇယ်ဗက်နှင့် ယှဉ်လျှင် ဤတစ်ခေါက်၌ မားကွစ္စ် ဆော့သ်ဂိတ်က တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်၏။
ရှုယီမှာ သူ့ရှေ့၌ တီဗစ်စတီ ချပေးလာသည့် ဖိတ်စာ အပုံမြင့်ကြီးကိုကြည့်လိုက်ပြီးနောက် အဝေးရှိ အမှိုက်ပုံးကိုညွှန်ပြလိုက်သည်။
"အားလုံးပစ်လိုက်တော့"
"အားလုံး?" တီဗစ်စတီက တအံ့တဩမေးလေ၏။
"အင်း အားလုံး" ရှုယီက ခေါင်းငြိမ့်ပြီးနောက် ထပ်ပေါင်းပြောသည်၊ "ရှေ့လျှောက် ဒါမျိုးတွေရှိလာဦးမယ်ဆိုရင် ငါ့ကိုမပေးဘဲ အကုန်လွှင့်သာပစ်လိုက်။"
"အိုး"
တီဗစ်စတီမှာ ဖိတ်စာများကို ကောက်ယူပြီးနောက် အမှိုက်ပုံးထဲပစ်လိုက်သည်။
သူမ၏ အမူအရာကိုမြင်သော် ရှုယီက စိတ်တိုင်းကျစွာ ပြုံး၏။
ဤသည်မှာ နတ်သူငယ်မလေး တီဗစ်စတီဖြစ်သည်။ လူသားလက်ထောက်များနှင့်စာလျှင် သူမက ပို၍နာခံကာ မေးခွန်းများထုတ်ရင်း အချိန်မဖြုန်းပေ။
၎င်းကသာ ခမ်နက်ဒ် ဆိုလျှင် သေချာပေါက် ရှုယီကို ထိုသို့လုပ်သည့် အကြောင်းအရင်းအားမေးလာလိမ့်မည်။
တကယ်တမ်း ၎င်းအတွက် အကြောင်းအရင်းမှာ အင်မတန်ရိုးရှင်းပါ၏ ရှုယီအနေနှင့် ဂရုစိုက်ရမည်ကို ပျင်းရိလွန်း၍သာ။
ဤအတောအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့် အဖွဲ့ဝင်များမှာ ဖိတ်စာအစုံရပြီး ရှုယီက ဥက္ကဌအနေနှင့် အများဆုံးရသည်။
အနှီဖိတ်စာများပို့သည့် အရေးကြီးပုဂ္ဂိုလ်များစွာ ရှိသော်လည်း ၎င်းတို့အများစုက ကန်ဒရာအင်ပါယာ သို့မဟုတ် မားလိုအင်ပါယာမှဖြစ်ပြီး ရှုယီက ၎င်းတို့ကို ဂရုမစိုက် ဖြစ်နေဆဲပင်။
သူက ၎င်းကို မျှော်မှန်းထားပြီးသားပင်။ ရူဒ်ဆန်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာ၏ ကျူးကျော်မှုနှစ်ကြိမ်ကို ခုခံခဲ့ကတည်းက အလုပ်အများခဲ့ရဆုံး စစ်ဘက်သုံးမှော်စက်များမှာ လူများစွာ၏ အာရုံစိုက်မှုကို ရပေလိမ့်မည်။
ယုတ္တိကျကျဆိုရသော် စစ်ဘက်သုံးမှော်စက်များ ထုတ်လုပ်သည့် Frestech ကုန်သည်ကြီးများအသင်းက လူတိုင်း၏ အာရုံစိုက်ရာဗဟိုချက်ဖြစ်လာ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာအကြား စစ်ပွဲမှတဆင့် ၎င်းတို့၏ အောင်မြင်ကျော်ကြားမှုကို ပြည့်စုံစွာ တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား နယ်မြေကြီးရှိ အမည်ကျော်လုပ်ငန်းစုတစ်ခု ဖြစ်စေကာ ရှုယီ၏ ရည်ရွယ်ချက်ကို ရောက်ခဲ့သည်။
သို့သော် ရှုယီက ၎င်းကြောင့် ရှုပ်ထွေးမသွားခဲ့ပေ။
Frestech ကုန်သည်ကြီးများအသင်းက နယ်မြေကြီး၌ ကျော်ကြားလာမည်မှာ အင်မတန်ကောင်းမွန်လှသော်လည်း ရှုယီ၏ ရည်ရွယ်ချက်မှာ စစ်ဘက်သုံးမှော်စက်များ ရောင်းချရန်မဟုတ်ပေ။ ထိုအစား သူဟာ Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို စစ်ဘက်သုံးမှော်စက်များမှ တဆင့်သိလာစေချင်ရုံသာဖြစ်ပြီး နောက်မှ Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များအကြောင်းလေ့လာစေမည်ပင်။
သို့သော် ရှုယီယခု ကြုံဆုံနေရသည့် ပြဿနာမှာ လူများအား စစ်ဘက်သုံးမှော်စက်မှ အိမ်သုံးမှော်စက်များကို အာရုံပြောင်းစိုက်ရန် မည်သို့လုပ်ဆောင်ရန်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၅၃။ အများပြည်သူအတွက် အလုပ်လုပ်ဟန်ပြခြင်းအောက်ရှိ ကိုယ်ကျိုး ရရှိခြင်း
တီဗစ်စတီမှာ ဖိတ်စာများအား ပစ်ပြီးနောက် ပြန်လှည့်လာသည်ကိုမြင်သော် ရှုယီမှာ အစီစဉ်တချို့ရှိနေပြီဖြစ်သည်။
"ဆာဘက်စ် မင်းကို ပေးထားတဲ့ နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာကို ပေးပါဦး" ရှုယီက ဆို၏။
တီဗစ်စတီမှာ ကြည့်စရာပင်မလိုဘဲ နံဘေးရှိ စာရွက်စာတမ်းအပုံကြီးထဲမှ ဆွဲထုတ်ကာ ရှုယီထံ လွှဲပေးလိုက်သည်။
၎င်းမှာ တီဗစ်စတီ အား နတ်သူငယ်အနေဖြင့် ရထားသည့် အခြားသော အားသာချက်လည်းဖြစ်သည်၊ သူမထံ၌ ချွင်းချက်မှတ်ဉာဏ်ရှိကာ သူမရှေ့၌ ထား,ထားခဲ့သည့် အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။ ရှုယီက ၎င်းကို တောင်းဆိုလိုက်သရွေ့ သူမက ချက်ချင်းပင် ရှုယီရှာနေသည့်အရာကို ရှာပေးနိုင်မည်ဖြစ်သည်။
ထို့အပြင် သူမဟာ စာရွက်စာတမ်းများအားလုံးကို သပ်သပ်ရပ်ရပ် နေရချထားသဖြင့် ရှုယီရှာလျှင်တောင် သူလိုချင်သည့် စာတမ်းကို ရှာရန် အချိန်များများ အားစိုက်ထုတ် များများမလိုအပ်ပေ။
သူမ၏ နာခံပုံနှင့် များများစားစားမပြောပုံတို့ကြောင့် သူမဟာ အတွင်းရေးမှူးတစ်ဦး၏ မရှိမဖြစ်လိုအပ်သော အရည်အချင်းများရှိသည်ဟု ဆိုနိုင်သည်။
သူမဟာ အင်မတန်လှပပြီး ကြည့်ကောင်းသည်ကို မဆိုထားနှင့်။ ၎င်းကသာ ကမ္ဘာမြေဆိုလျှင် သူဌေးများအားလုံး၏ စိတ်ထဲ၌ ပြီးပြည့်စုံဆုံး အတွင်းရေးမှူးဖြစ်ပေလိမ့်မည်။
ရှုယီမှာ တီဗစ်စတီက အကြီးအကဲလီဆန်းယာ စီစဉ်ပေးထားခဲ့သောသူဖြစ်သဖြင့် ထိုမျှ မရင်းနှီးခဲ့ပေ။
သို့သော် နှစ်တစ်ဝက်လောက်ကြာပြီးနောက် ရှုယီမှာ တဖြည်းဖြည်းဖြင့် သူမကို ကျင့်သားရလာသည်။
ယခုတွင် တီဗစ်စတီ ထွက်သွားပါက သူ့အနေနှင့် အသားကျရန် အချိန်တချို့လိုမည်ဟုပင် ရှုယီစဉ်းစားမိသည်။
သူဟာ ထို ရောက်တတ်ရာရာအတွေးများကို ဖယ်ရှားရန် ခေါင်းခါရင်း သူ့လက်ထဲရှိ နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာကို အာရုံစိုက်လိုက်သည်။
၎င်းက အစောပိုင်းဒီဇင်ဘာလသာရှိသေးသော်လည်း အတိတ်ကာလမှ ၎င်းတို့၏ အစဉ်အလာအရ ဆာဘက်စ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမန်နေဂျာအနေဖြင့် လုပ်ငန်းစုအတွက် နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာကို ဖန်တီးရပေမည်။
ဤအစီအရင်ခံစာအား နောက်ဆုံးနှစ်စဉ် အစီရင်ခံစာဟု မယူဆနိုင်ပေ။ ၎င်းမှာ ဆာဘက်စ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ယခုနှစ် ဘဏ္ဍာရေးအခြေအနေအတွက် ပြုလပ်ပေးထားသည့် အခြေခံအကဲဖြတ်ချက်ဖြစ်သည်။ ၎င်းက ဤနှစ်၏ ဘဏ္ဍာရေးစာရင်းအင်းများပါဝင်ရုံသာမက နောက်နှစ်၏ ကုန်ကျစရိတ်လည်းပါဝင်၏။
၎င်းက ယေဘုယျခန့်မှန်းချက်မျှသာဖြစ်သော်လည်း နောက်နှစ်အတွက် လုပ်ငန်းစု၏ ဦးတည်ရာကို သတ်မှတ်မည့် ရှုယီအတွက် အင်မတန်အရေးပါသဖြင့် သူဟာအမြဲလိုလို ဤအစီရင်ခံစာကို ဖတ်တတ်သည်။
အစီရင်ခံစာအရ Frestech ကုန်သည်ကြီးများအသင်း၏ ဆယ့်တစ်လစာ အမြတ်အစွန်းမှာ ရွှေဒင်္ဂါး ဆယ့်သုံးသန်းကို ရောက်နေပြီးသားဖြစ်သည်။
ထို့အပြင် ဒီဇင်ဘာမှာ ဆောင်းရာသီအစဦးဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များအတွက် အလုပ်များသော အရောင်းကာလဖြစ်သည်။ ထို့ကြောင့် ဤလ၏ အမြတ်အစွန်းမှာ နွေရာသီနှင့်ယှဉ်လျှင် ဒုတိယသာဖြစ်ပြီး ခန့်မှန်းခြေမှာ ရွှေဒင်္ဂါးသုံးသန်းဖြစ်သည်။
၎င်းတို့အားလုံးနှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ ဤနှစ် အမြတ်အစွန်းများမှာ ရွှေဒင်္ဂါး သန်းသုံးဆယ်ကျော်သည်။ ၎င်းက ယခင်နှစ်ကနှင့်ယှဉ်လျှင် ၃၀ရာခိုင်နှုန်း တိုးသွားခြင်းဖြစ်လေရာ ၎င်းတို့၏ တိုးတက်မှုက ချောချောမွေ့မွေ့ဖြစ်နေသည်ဟု ဆိုနိုင်သည်။
သို့သော် အချက်အလက်များ စိတ်ဖြာမှုကို ကြည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်အစွန်းတိုးတက်မှုမှာ စစ်ဘက်သုံးမှော်စက်များကို အဓိက မူတည်နေကြောင်း တွေ့ရမည်ပင်။
ယခင်နှစ်ကနှင့်ယှဉ်သော် စစ်ဘက်သုံးမှော်စက်များ၏ အမြတ်အစွန်းမှာ ရွှေဒင်္ဂါးလေးသန်းတိုးလာပြီး ဤနှစ်၏ အမြတ်အစွန်းတိုးတက်မှုထက် တစ်ဝက်ကျော်ပိုသည်။
ထို့အပြင် လက်ရှိ ခန့်မှန်းခြေအရ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်လိုက်သရွေ့ စစ်ဘက်သုံးမှော်စက်များ၏ အမြတ်အစွန်းမှာ နောက်နှစ်၌ ဆက်လက်တိုးတက်နေလိမ့်မည်။
ထို့ကြောင့် ခမ်နက်ဒ် အပါအဝင် Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့် အဖွဲ့ဝင်များအကြား ဆွေးနွေးပွဲတွင် ၎င်းတို့အားလုံးမှာ လုပ်ငန်းစုက စစ်ဘက်သုံးမှော်စက်များကို ပို၍ အာရုံစိုက်မည်ဖြစ်ကြောင်း အဆိုပြုထားသည်။ ၎င်းတို့အလုံးမှာ ထုတ်လုပ်နိုင်စွမ်းကို တတ်နိုင်သလောက်များများ တိုးမည်ဖြစ်ပြီး လုပ်ငန်းစု၏ အမြတ်အစွန်းကို တိုးလာစေမည်ပင်။
သို့သော်လည်း ရှုယီမှာ ၎င်း အဆိုပြုချက်ကို ငြင်းပယ်ခဲ့သည်။
ရှုယီမှာ ၎င်းတို့ အနေနှင့် စစ်ဘက်သုံးမှော်စက်များ၌ ရင်းနှီးမြှုပ်နှံမည်က မလွဲဧကန်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အာရုံစိုက်ရာမှာ အိမ်သုံးမှော်စက်များဖြစ်ပြီး ပြောင်းလဲမည်လည်း မဟုတ်ပေ။
ရှုယီ၏ ခန့်မှန်းခြေအရ Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာ၏ ဈေးကွက်များကို နောက်နှစ်၌ တရားဝင်ဖွင့်လှစ်ကာ အိမ်သုံးမှော်စက်များအမျိုးမျိုးကို ၎င်းဈေးကွက်များထံသို့ ပို့ဆောင်မည်ပင်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ဝယ်လိုအားကြီးအတွက် ကြိုတင်ပြင်ဆင်ရန် အနှီအိမ်သုံးမှော်စက်များအပေါ် အာရုံစိုက်ရမည်ပင်။
အခြားလူများမှာ ရှုယီ၏ သုံးသပ်မှုကို သံသယမဝင်ပါလျှင်တောင် စစ်ဘက်သုံးမှော်စက်များ၏ အကျိုးအမြတ်ကြီးများရှေ့မှောက်၌ လုပ်ငန်းစု၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး စိတ်လှုပ်ရှားနေကြဆဲပင်။
ရှုယီမှာ အခြားလူများ၏ အာရုံကို စစ်ဘက်သုံးမှော်စက်များထံမှ အိမ်သုံးမှော်စက်များသို့ ပြောင်းချင်သဖြင့် ပထမဆုံး သူလုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ လုပ်ငန်းစုရှိ လူများ၏ အတွေးများအား ပြောင်းလဲရန်ဖြစ်သည်။
"တီဗစ်စတီ မင်း ဆာဘက်စ်ဆီကို မတိုင်ခင်က ဘဏ္ဍာရေးအကြောင်းပြောခဲ့တယ်မို့လား မင်းရဲ့ လေ့လာမှုက ဘယ်လိုနေလဲ?" ရှုယီက မေး၏။
တီဗစ်စတီမှာ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် အနည်းငယ် ရှက်ရွံ့လာသည်။
"ကျွန်မ အခြေခံအသိပညာလောက်ပဲ လေ့လာခဲ့ရတယ် တခြားအရာအတော်များများမှာတော့ လိုအပ်နေတုန်းပါပဲ။"
"ဒီအစီရင်ခံစာကို နားလည်နိုင်လား?" ရှုယီက မေးသည်။
"အင်း ပြဿနာမရှိပါဘူး။" တီဗစ်စတီက ခေါင်းငြိမ့်သည်၊ "မန်နေဂျာ ဆာဘက်စ်က အဲဒီ့ ဘဏ္ဍာရေးအစီရင်ခံစာတွေအကြောင်း ကျွန်မကို စသင်ပေးနေပါပြီ"
"ကောင်းသားပဲ ဒါဆို ဒီကိုလာပါဦး" ရှုယီက တီဗစ်စတီကို လက်ယမ်းပြကာ သူ၏ နံဘေး၌ ရပ်ခိုင်းလိုက်ပြီးနောက် ဘဏ္ဍာရေးအစီရင်ခံစာရှိ စာမျက်နှာတစ်ခုကို ညွှန်ပြလာသည်၊ "ဒါက ဘာကို ဆိုလိုတယ်ဆိုတာ နားလည်လား?"
တီဗစ်စတီက ရှုယီကို တအံ့တဩကြည့်လိုက်ပြီးနောက် ပြန်ဖြေလာသည်၊ "ဒါက ဇူလိုင်လကနေ နိုဝင်ဘာလအထိ ဘဏ္ဍာငွေ အပြောင်းအလဲကို ဖော်ပြထားတာ။
အချက်အလက်ဇယားအရဆို ဩဂုတ်လနဲ့ စက်တင်ဘာလမှာ တိုးတက်မှုရှင်းရှင်းလင်းလင်းရှိပေမယ့် အောက်တိုဘာမှာ သိသာတဲ့ ကျဆင်းမှုရှိတယ်။ မန်နေဂျာ ဆာဘက်စ်ရဲ့ စိစစ်သုံးသပ်မှု ဒီလိုဖြစ်နေတာ ဘာကြောင့်လဲဆိုတော့ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း ရူဒ်ဆန်တိုင်းပြည်ကနေ စစ်ဘက်သုံးမှော်စက်နဲ့ တခြားသက်ဆိုင်ရာထုတ်ကုန်တွေရဲ့ မှာယူမှုကြီးကြောင့်ပါပဲ။"
"အင်း ဒီလိုကိုး" ရှုယီက ခေါင်းငြိမ့်ကာ၊ "ဒါပေမယ့် မင်းပြဿနာတစ်ခုကို သတိမထားမိဘူးလား? ဒီအချက်အလက်ပြဇယားက ကျိုးကြောင်း ညီညွတ်တဲ့ပုံမရဘူးမို့လား?"
"အင်း... မန်နေဂျာ ဆာဘက်စ်က ဒါကို ရူဒ်ဆန်တိုင်းပြည်နဲ့ ကန်ဒရာအင်ပါယာကြားက စစ်ပွဲ လွှမ်းမိုးမှုကြောင့် စံသတ်မှတ်ချက်အဖြစ်ယူလို့မရဘူးလို့ ပြောတယ်။"
"မှန်ပါတယ်။ တီဗစ်စတီ, မင်းအနေနဲ့ တခြားအစီရင်ခံစာနှစ်ခုကို ဒီအစီရင်ခံစာရဲ့ ပုံစံတူအတိုင်း လိုက်လုပ်စေချင်တယ်။ သူတို့က စစ်ဘက်သုံးမှော်စက်ဌာနနဲ့ အိမ်သုံးမှော်စက်ဌာန နှစ်ခုစလုံးအတွက် အကျိုးအမြတ်စိစစ်ရေးအစီရင်ခံစာတွေဖြစ်ရမယ်။ မင်းလုပ်နိုင်မလား?" ရှုယီက မေးသည်။
တီဗစ်စတီမှာ ရှုယီကို တအံ့တဩကြည့်လိုက်သော်လည်း သူမဟာ အဘယ့်ကြောင့်မှန်း မမေးပေ။ ခဏတာ စဉ်းစားကြည့်ပြီးနောက် သူမက ခေါင်းခါလိုက်သည်၊ "ကျွန်မအနေနဲ့ မန်နေဂျာ ဆာဘက်စ်လုပ်နိုင်သလို အသေးစိတ်အစီရင်ခံစာမလုပ်နိုင်ပါဘူး။"
"မင်းကို တိကျတဲ့ အစီရင်ခံစာလုပ်ခိုင်းတာမဟုတ်ပါဘူး အခြေခံအကျဆုံး အချက်အလက်တွေ ပြစေချင်ရုံလောက်ပဲ။ လုပ်နိုင်မလား?"
တီဗစ်စတီက မျက်မှောင်ကုပ်၍ စဉ်းစားကြည့်ပြီးနောက် ခေါင်းတစ်ချက်ငြိမ့်သည်၊ "ပြဿနာ မရှိလောက်ပါဘူး။"
"အရမ်းကောင်းတယ်။" ရှုယီက တီဗစ်စတီ၏ လက်ထဲသို့ဘဏ္ဍာရေးအစီရင်ခံစာကို ထည့်ပေးလိုက်သည်၊ "ဒါက မင်းရဲ့ ဘဏ္ဍာငွေကြေး ကျွမ်းကျင်မှုကို စမ်းသပ်တာပဲ။ မင်း တစ်လအတွင်း လရိပ်မျိုးနွယ်စုကို ပြန်လာတဲ့အခါကျရင် အကြီးအကဲ လီဆန်းယာက သေချာပေါက် မင်းကို အဲ့အပိုင်းမှာ တာဝန်တချို့ယူခိုင်းမှာမို့ မင်းအနေနဲ့ စောစောတည်းက အလေ့အကျင့်ရနိုင်ရင် ကောင်းမယ်။"
"ဟုတ်ကဲ့ပါ ဥက္ကဌ" တီဗစ်စတီက ခေါင်းငြိမ့်၍ ဖြေသည်။
"ကောင်းတယ် မင်းရဲ့ လရိပ်မျိုးနွယ်စုဆီ ပြန်မယ့်အကြောင်းပြောရင်း ရုတ်တရတ် တစ်ခုခုစဉ်းစားမိသွားတယ်။ အက်ဂ်နက်စ်က ဘယ်တော့ ပြန်လာမှာလဲ?" ရှုယီက ရုတ်တရတ် မေးသည်။
တီဗစ်စတီက ငေးကြောင်ကြောင်ဖြင့် မျက်တောင်ခတ်ရုံခတ်လိုက်မိသည်၊ "ဒါက... ကျွန်မလည်း မသိဘူး။"
"ဒါဆို အကြီးအကဲလီဆန်းယာကို ကူပြီး ဆက်သွယ်ပေးပါဦး။ အက်ဂ်နက်စ်ကို သတိရနေတယ်လို့ သူမနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုမရှိရင် သူမကို ပြန်လာခိုင်းဖို့ ပြောလိုက်ပါ။"
တီဗစ်စတီက ရှုယီကို ခဏတာ တိတ်တဆိတ်ကြည့်နေပြီးနောက် တွေဝေစွာ ဆိုလာသည်၊ "ဥက္ကဌ ကျွန်မ တကယ်ပဲ ရှင့်ကိုမေးချင်နေတာ။ ရှင်... တကယ်ပဲ အက်ဂ်နက်စ်ကို ချစ်လား?"
"ဘာလို့ ဒီလိုမေးရတာလဲ?" ရှုယီက အတန်ငယ် အံ့အားသင့်စွာ ပြန်မေးသည်။
"ကျွန်မက ဒါကို နည်းနည်းထူးဆန်းတယ်ထင်လို့ပါ။" တီဗစ်စတီက ရိုးသားစွာ ပြန်ဖြေသည်၊ "ကျွန်မတို့ ငယ်ငယ်တည်းက လူသားနဲ့ နတ်သူငယ်ဆိုတာ မတူညီတဲ့ မျိုးနွယ်စုလို့ သင်ခဲ့ရတာလေ။ လူသားတွေက အမြဲတမ်း ကျွန်မတို့ နတ်သူငယ်တွေကို ရန်လိုနေတော့ ကျွန်မတို့လည်း လူသားတွေနဲ့ တတ်နိုင်သမျှ အဆက်အသွယ်နည်းပြီး သူတို့ရှေ့ ပေါ်မလာအောင်ပါ လုပ်ရတာပေါ့။ ဒါပေမယ့် ကျွန်မ ခံစားရတာက... အက်ဂ်နက်စ်က ဥက္ကဌကို တကယ်ကြီး ချစ်မိနေတာလေ။ ဒီတော့ ဥက္ကဌကရော အက်ဂ်နက်စ်ကိုချစ်လားလို့ သိချင်တာပါ။"
"မင်းအရင်က ရခဲ့တဲ့ ပညာရေးက ခေတ်နောက်ကျနေပြီ။ ဒါသာမဟုတ်ရင် တခြားလူတွေမပြောနဲ့ အကြီးအကဲ လီဆန်ူယာကတောင် လူသားတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ ပြောလိုက်ရုံပဲ မဟုတ်လား?"
"အင်း အကြီးအကဲက ကျွန်မတို့ကို လူသားတွေနဲ့ တတ်နိုင်သမျှ များများ ဆက်သွယ်ပြီး သူတို့ဆီကနေ နတ်သူငယ်တွေရဲ့ ပြစ်ချက်တွေကို တိုးတက်ဖို့ သင်ကြားစေချင်တယ်လေ။ သူမက ဥက္ကဌဆီကနေလည်း ကောင်းတာအတော်များများ သင်ဖို့လွှတ်လိုက်သေးတာ။"
" သူကြည့်ရတာ အကြီးအကဲ လီဆန်းယာက ကျုပ်ကိုအတော်လေး မြင့်မြင့်တွေးထားပုံပဲ" ရှုယီက ပြုံးပြီးနောက် ဆက်ပြောသည်၊ "အခုနက မေးခွန်းကို ဖြေရလျှင် ငါ အက်ဂ်နက်စ်ကို ချစ်မချစ်က... လူသားနဲ့ နတ်သူငယ်တွေရဲ့ အချစ်အပေါ် အဓိပ္ပာယ် ဖွင့်ပုံခြင်းမတူလို့ ဖြေလို့မလွယ်ဘူး။ အက်ဂ်နက်စ်က အရမ်းအရေးပါပြီး တစ်ယောက်ယောက်က သူမကို ထိခိုက်စေချင်ရင် သေချာပေါက် အဲ့လူတွေကို အလွတ်ပေးမှာမဟုတ်ဘူး။ ကျုပ်က ဒီဘဝအတွက် သူမနဲ့ အတူရှိဖို့ ဆန္ဒရှိသလို သူမက ကျုပ်ရဲ့ အရေးပါဆုံးမိသားစုဝင်တစ်ဦးဖြစ်နေပြီးသားပဲ။ ကျုပ်ဒီလိုပြောရင် နားလည်မှာလား?"
"အများစုကိုနားလည်ပါတယ်။" တီဗစ်စတီက ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် ဥက္ကဌ ရှင့်မှာ စတေးလ်ကို ဇနီးအနေနဲ့ ရထားတယ်မဟုတ်လား? ပြီးတော့ ရှင့်ရဲ့ နှလုံးသားထဲမှာ စတေးလ်က အရေးပါဆုံးလူလို့ အမြဲပြောခဲ့တယ်မဟုတ်ဘူးလား?"
ရှုယီမှာ အနည်းငယ် နေရခက်ကာ ချောင်းဟန့်လိုက်သည်၊ "ဒါက ... စတေးလ်က တကယ်ကို ကျုပ်အတွက် အရေးပါဆုံးပေမယ့် အက်ဂ်နက်စ်ကလည်း အရမ်းအရေးပါ ပါတယ်။"
"ဒီလိုလား?" တီဗစ်စတီက အနည်းငယ် သံသယဖြစ်နေကာ၊ "ကျွန်မတို့ နတ်သူငယ်တွေမှာ ဘဝကို အတူမျှဝေဖို့ လက်တွဲဖော်တစ်ယောက်ပဲ ထားကြပေမယ့် ရှင်တို့ လူသားတွေက အများကြီး ထားလို့ရနိုင်တာလား?"
ရှုယီမှာ ပိုလို့ပင် နေရခက်သွားသည်၊ "ဒီလိုတော့မဟုတ်ပါဘူး၊ လူတွေကြားမှာ ခြားနားချက်တွေရှိသေးတယ်လေ။"
"အိုး..." တီဗစ်စတီက နားလည်သွားဟန်ဖြင့် တစ်ချိန်တည်း သဘောပေါက်လိုက်သည်။ ခဏမျှစဉ်းစားပြီးနောက် သူမက အပြုံးဖြင့် ဆိုလာသည်၊ "ဟုတ်ပြီ ဥက္ကဌ ရှင့်ရဲ့ မေးခွန်းကို ဖြေဖို့ဆို အက်ဂ်နက်စ်က အခု အရေးကြီးတဲ့ကာလထဲရောက်နေလို့ အကြီးအကဲကအခု သူမကို ပြန်ခိုင်းလောက်မှာ မဟုတ်သေးဘူး။"
"ဘာ အရေးကြီးကာလလဲ?" ရှုယီက အင်မတန်ရှုပ်ထွေးသွားသည်၊ "အကြီးအကဲလီဆန်းယာကို ဒီအကြောင်း အကြိမ်များစွာ မေးခဲ့ပေမယ့် သူမက ဘယ်တုန်းကမှ ကျုပ်ကို ပြောပြဖို့ ဆန္ဒမရှိခဲ့ဘူး။ ဒါက တကယ်ကို ထူးဆန်းတာပဲ ဘာလို့ ဒီလောက် ပဟေဠိဖွက်စရာလိုနေတာလဲ?"
တီဗစ်စတီက ညစ်ကျယ်ကျယ်ပြုံးလိုက်သည်၊ "ဥက္ကဌ အလျင်လိုစရာမလိုပါဘူး။ မျှော်လင့်မထားတာတွေသာ ဖြစ်မလာရင် နှစ်ဝက်အတွင်းမှာ သိလာလိမ့်မယ်။"
တီဗစ်စတီကလည်း သူ့အား မည်သည်မျှ ပြောလိုခြင်းမရှိကြောင်းကို မြင်သော် ရှုယီမှာ ကူရာမဲ့စွာ မျက်လုံးများလှိမ့်လိုက်သည်။
"ကောင်းပြီလေ ဒါဆို ကျုပ်ကိုကူပြီး အကြီးအကဲလီဆန်းယာကို ပြောပေးပါဦး၊ သူမသာ အက်ဂ်နက်စ်ကို ဘာကြောင့်ပြန်မလာစေချင်ကြောင်း ပြောဖို့ ဆန္ဒမရျှရင် စခ်တိုင်းပြည် အနောက်တောင်ပိုင်းက ခင်ဗျားတို့ရဲ့ နယ်မြေခွဲကို ထောက်ပံ့မှာ မဟုတ်ဘူးလို့။"
တီဗစ်စတီ၏ မျက်လုံးများ ပြူးကျယ်ကာ မျက်နှာထက် ဒေါသရိပ်တို့ ပေါ်လာသည်။
"ဥက္ကဌ၊ ရှင်... ရှင်က အများပြည်သူအတွက် အလုပ်လုပ်ဟန်ပြခြင်းအောက်ကနေ ကိုယ်ကျိုး ရရှိနေတာပဲ!"
ရှုယီက ဒီတော့ဘာဖြစ်လဲဆိုကာ စဉ်းစားရင်း ရယ်လိုက်သည်?
***
မှော်စက်မှု အင်ပါယာ
Vol 6, အခန်း ၅၄။ ကျွမ်းကျင်သူ စတေးလ်အား ကြော်ငြာခြင်း
စခ်တိုင်းပြည်ရှိ လရိပ်မျိုးနွယ်စု၏ မြေကွက်ကို မထောက်ခံခြင်းမှာ ဟာသသာဖြစ်သည်။ ၎င်းမှာ အဘယ့်ကြောင့်ဆိုသော် လရိပ်မျိုးနွယ်စုက ထိုမြေကို ယူလိုက်ကတည်းက တစ်လတာအတွင်း၌ အပင်များဖြင့် ပြည့်လာသည့် နေရာဖြစ်သောကြောင့်ပင်။
လရိပ်မျိုးနွယ်စုမှာ အပင်ပေါင်းစုံ စိုက်ပျိုးရန် နတ်သူငယ်များ၏ အထူး အသိပညာကို အသုံးပြုကာ လရိပ်မျိုးနွယ်စု၏ မြေဩဇာပြုလုပ်ရန်လိုအပ်သော အရေးအကြီးဆုံး ကုန်ကြမ်းပစ္စည်းအဖြစ် ပြုလုပ်ခဲ့၏။
မြေဩဇာမှာ လရိပ်မျိုးနွယ်စုအတွက် အရေးအကြီးဆုံးဝင်ငွေ ရင်းမြစ်ဖြစ်ရုံသာမက အနီးဝန်းကျင်နိုင်ငံများအတွက် အင်မတန်အရေးပါသည့် စိုက်ပျိုးရေးရင်းမြစ်ဖြစ်လာသည်။ Frestech ကုန်သည်ကြီးများအသင်းသာ ရုတ်တရတ် ထိုမြေကိုထောက်ပံ့ခြင်းအား ရပ်တန့်လိုက်ပါလျှင် လရိပ်မျိုးနွယ်စုက မပျော်မရွှင်ဖြစ်ရုံမက အနီးဝန်းကျင်နိုင်ငံများကပါ Frestech ကုန်သည်ကြီးများအသင်းကို ဦးဆုံး အထွန့်တက်ကြပေလိမ့်မည်။
၎င်းက မြေဩဇာသည် အရေးအကြီးဆုံး အသုံးများသော ထုတ်ကုန်များထဲမှ တစ်ခုဖြစ်ကြောင်း မဆိုထားနှင့် ထို့ကြောင့် စစ်တပ်မှော်စက်များနှင့် နှိုင်းယှဉ်ပါက ဤဌာနကို အမြဲပိုအာရုံစိုက်ခဲ့သော ရှုယီအတွက်၊ ၎င်းက အလွန်အရေးကြီးပါ၏။ ပြဿနာဖြစ်ခွင့်ကို သူဘယ်လိုလွယ်လွယ် ထားနိုင်မည်လဲ။
ငွေရေးကြေးရေး အစီရင်ခံချက် နှစ်ခုကို မည်သို့ပြုလုပ်ရမည်ကို တီဗစ်စတီ အား အသေးစိတ်ပြောပြပြီးနောက်၊ ရှုယီဟာ ရုံးမှထွက်ကာ မှော်သုတေသနဌာနသို့သွားရန် စီစဉ်ခဲ့သည်။
အိမ်သုံး မှော်စက်များ ပိုမိုကျော်ကြားစေရန်၊ လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မည့် အရာတစ်ခု လိုအပ်၏။
လွန်ခဲ့သည့် နှစ်,နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းသည် အိမ်သုံးမှော်စက်များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အာရုံစိုက်ခဲ့သော်လည်း၊ လူတွေ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည့် အရာတစ်ခုမှ မရှိပါပေ။
ယခု ရှုယီသည် ၎င်းတို့၏ အာရုံကို ဆွဲဆောင်လိုသောကြောင့် အားထုတ်မှု အနည်းငယ် လိုအပ်လာသည်။
ရုံးအဆောက်အအုံမှ ထွက်လာသည်နှင့် တပြိုင်နက် ရှုယီသည် သူ၏ မှော်ဆလွန်းထဲ ဝင်မည်အပြု၌ ရင်းနှီးသော အဖြူရောင် မှော်ဆလွန်း အမြန် ဦးတည်လာသည်ကို လှမ်းတွေ့လိုက်ရသည်။
အဖြူရောင် သန့်သန့်မှော်ဆလွန်းသည် ရှုယီ၏ တံခါးပွင့်နေဆဲ မှော်ဆလွန်းနံဘေးသို့ ရောက်ရှိလာ၏။
“ဟေး စတေးလ်ဘာလို့ပြန်လာတာလဲ" ရှုယီက အံ့သြတဲ့အသံဖြင့်မေးသည်၊ "မင်း ဖော့ခ်တိုင်းပြည်မှာ အလုပ်လုပ်နေတာမဟုတ်လား"
“ဘာလဲ? ရှင်က ကျွန်မကိုပြန်မကြိုဆိုဘူးလား"စတေးလ်က ရှည်လျားသောဆံပင်ကို နောက်သို့ပို့လိုက်ပြီး ရှုယီ၏ နံဘေးသို့ အပြုံးမပျက် ဝင်လာခဲ့သည်။ ထို့နောက်လက်ကို ဆန့်လာပြီး သူ့မျက်နှာကို ထိလိုက်ကာ ကျွန်မဒီမှာမရှိရင် ရှင်တစ်ယောက်တည်းနေဖို့ အချိန်ပိုရလို့လား"
“မင်းဘာတွေ မိုက်မဲနေတာလဲ" ရှုယီက မျက်လုံးကို မှေးစင်းလိုက်ပြီး "ပြောပါဦး၊ တစ်ခုခုအတွက် မင်း ရုတ်တရက် ပြန်လာတာလား"
“ဟုတ်တယ်၊ တစ်ခုခုရှိတယ်၊ ဥက္ကဋ္ဌ ရှုအနေနဲ့ ရှင့်ကို ပြောစရာလိုတယ်။"
“ကိုယ်နဲ့ သက်ဆိုင်နေတာလား အဲဒါဘာများလဲ?"ရှုယီက ပိုလို့တောင် စူးစမ်းချင်လာ၏။
စတေးလ်က ဘေးဘီကိုလှည့်ကြည့်ကာ ပြောသည်၊ “ထိုင်စကားပြောရအောင်”
“ကောင်းပြီလေ”
မိနစ်နှစ်ဆယ်အကြာတွင်၊ သူတို့နှစ်ဦးသည် ရှုယီ၏အိမ်ရှိ ချောက်ကမ်းပါးကို အပေါ်စီးမှမြင်နေရသော ရှုခင်းသာပေါ်တွင် ထိုင်နေကြသည်။
စတေးလ်က လက်ဖက်ရည်ပူပူလေး တငုံသောက်၍ သက်ပြင်းချသည်။
“စတက်တိန်းနယ်မြေ ပြန်ရတာပဲ ကောင်းတယ်၊ ဆောင်းရာသီက လုံးဝ မအေးဘူးလေ။ ဖော့ခ်တိုင်းပြည်မှာတုန်းကတော့ အရမ်းအေးလွန်းလို့ သေလုမြောပါးပါပဲ။”
ရှုယီက ရယ်မောကာ“အဲဒီနေရာက တိုက်ကြီးရဲ့ မြောက်ဘက်ပိုင်းမှာ ရှိတာဆိုတော့ စတက်တိန်းနယ်မြေထက် ပိုအေးတယ်။ အရင်က မားလိုအင်ပါယာကနေ ပြန်လာတုန်းက တွေ့တယ်မို့လား။ ကိုယ်နည်းနည်းကြာမှပြန်လာရင် မားလိုအင်ပါယာမှာ အေးခဲပြီးသေသွားမှာသေချာတယ်။”
“ရှင်က တော်တော်ရက်စက်တယ်၊ ကိုယ့်ဘာသာကိုယ် ပြန်လာပြီး တခြားသူတွေကို မားလိုအင်ပါယာမှာ ထားခဲ့တာပဲ။" စတေးလ်က ရှုယီကို ကြည့်ရင်း ချစ်စရာကောင်းဟန်ကို ထုတ်ဖော်လိုက်၏။
စတေးလ်သည် ကလေးနှစ်ယောက်မိခင်ဖြစ်နေပြီဖြစ်ကာ သူမသည် အသက်သုံးဆယ်ပြည့်ခါနီးနေပြီဆို သော်လည်း သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းကနှင့် ယှဉ်ပါက အခုချိန်တွင် ယခင်ကလို နုပျိုနေသေးတာမဟုတ်သော်လည်း ရင့်ကျက်သည့် ဆွဲဆောင်မှုတစ်ခုက သူမကို ပိုလှပစေ၏။
ရှုယီက ရယ်မောလိုက်ပြီး “ဒါက သူတို့ရွေးချယ်မှုပဲ။ ကိုယ်သာ သူတို့ကို ပြန်လာခိုင်းခဲ့ရင် သူတို့သေချာပေါက် ဆန္ဒရှိမှာ မဟုတ်ဘူး။”
“ဟုတ်ပါတယ်။ သူတို့က မားလိုအင်ပါယာမှာ အမြစ်တွယ်နိုင်ရင် သူတို့ရဲ့ ကုမ္ပဏီတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူဖြစ်လိမ့်မယ်၊ ဒါကြောင့် နည်းနည်းအေးနေတာကြောင့်နဲ့ ဒီအခွင့်အရေးကို လက်လွှတ်မခံကြဘူး။”
ဤသို့ပြောပြီးနောက် စတေးလ်က ပင်လယ်ပြင်တွင် ကျရောက်နေသော နေကို လှည့်ကြည့်လိုက်သည်။ သူမက ခဏလောက် စိုက်ကြည့်ပြီးမှ ပြောလာ၏၊ “ကျွန်မ ဒီတစ်ခေါက် ဖော့ခ်တိုင်းပြည်ကနေ ပြန်ရောက်လာတာက ဘယ်လောက်အေးတယ်ဆိုတာ မကြိုက်လို့ မဟုတ်ပါဘူး”
ရှုယီက သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အလုပ်ထဲနစ်ဝင်တော့မည်ကို သိလျက် စတေးလ်ကို ကြည့်လိုက်သည်။
သူမဟာ ဖော့ခ်တိုင်းပြည်ရှိ မှော်ပုံရိပ်ယောင်ပရိုဂျက်တာပရိုမိုးရှင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ကိုရှာဖို့ စတက်တိန်းနယ်မြေထံ ပြန်လာခဲ့သဖြင့် အရေးကြီးသည်မှာ ထင်ရှားပါသည်။
“ပြောပါ။ ကိုယ့်အကူအညီလိုရင် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကိုယ်တို့ကို လင်မယားဖြစ်နေပြီလေ။” ရှုယီက ပြုံးပြီးပြောသည် ။
စတေးလ်က ရှုယီပြုံးပြုံးရွှင်ရွှင်နှင့် လှည့်ကြည့်လိုက်ပြီး မျက်လုံးထဲ၌ တောင်းပန်မှု အရိပ်အယောင်တွေ ရှိနေ၏။
“အမှန်တော့ ရှင်အရင်က ဒီလိုပြောတာကို ကျွန်မ မကြိုက်ဘူး"
ရှုယီနားမလည်ခင် အံ့ဩသွားသည်။ သူက ပခုံးတွန့်ပြီး ပြော၏၊ “နားလည်ပါတယ်၊ မင်းက သန်မာတဲ့အမျိုးသမီးဖြစ်ပြီး ဆန်းသစ်လကုန်သည်ကြီးများအသင်း ဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ့်အပေါ် မှီခိုလိုစိတ်မရှိဘူးဆိုတာ နားလည်ပါတယ်။ ဒါကို ကိုယါနားလည်တယ်၊ ဒါကြောင့် မင်းမတောင်းဘဲနဲ့ မင်းကို ကူညီခဲ့တယ် မဟုတ်လား။”
"ရှုယီကျွန်မရဲ့ ဆန္ဒက ရှင့်ကို ခေါင်းကိုက်စေခဲ့တာလား" စတေးလ်က မေးလိုက်ရင ရှုယီကို ကြည့်နေသည်။
ရှုယီက ပြုံး၍ ခေါင်းခါလိုက်သည် "ဟုတ်တယ်။. ကိုယ့်ကိုယ်ကို မှီခိုနေရတာက မင်းရဲ့ ကောင်းချီးမို့လို့ ကိုယ်လေးစားတယ်။ မင်းစိတ်ကြိုက်ရွေးချယ်ပြီးပြီမို့ ကိုယ် မင်းကိုပဲ ပံ့ပိုးပေးနိုင်တယ်၊ ဘယ်လိုလုပ်ခေါင်းကိုက်နိုင်မှာလဲ"
“ကျွန်မက အခုပြောင်းလဲချင်နေတယ် ဆိုရင်ရော....အဲဒါကို ဘယ်လိုခေါ်လဲ? ဟိုအရင်တုန်းက ရှင်ပြောခဲ့တဲ့စကားလေ?"
“အဲဒါဘာများလဲ?" ရှုယီအနည်းငယ် စိတ်ရှုပ်သွားသည်။
"စဉ်းစားမိပြီ ခြေထောက်ကြီးကြီးကို ဖက်ထားဆိုတာ!" စတေးလ် လက်ခုပ်တီးပြီး စိတ်လှုပ်ရှားဟန်ဖြင့် ပြောလာသည်၊ "ရှုယီကျွန်မအတွေးတွေပြောင်းပြီး ရှင့်ခြေထောက်ကြီးကြီးကို ပွေ့ဖက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ရှင်ပျော်လား?"
ရှုယီသည် သူ၏ညာဖက်ခြေထောက်ကို ဆန့်ထုတ်လိုက်ကာ မနေနိုင်စွာ ပြုံးလိုက်၏။
“လာ၊ ပြီးရင် ဖက်ထား။"
စတေးလ်က ရှုယီ၏ပေါင်ကို ခပ်သွက်သွက် ရိုက်လိုက်သည်၊ "ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်း ခြေထောက်ကို ပွေ့ဖက်ချင်နေတာလေ!"
ရှုယီက ရယ်မောလိုက်ပြီး သူ့ခြေထောက်ကို ပြန်ယူလိုက်သည်။ စဉ်းစားပြီးသောအခါ လေးနက်သောအကြည့်ဖြင့် ပြောသည် ။ “မင်းရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ တိုးချဲ့လုပ်ကိုင်ချင်တယ်လို့ ဆိုလိုတာလား။"
“များသွားပြီ။ ရှုယီရှင် လူတွေကို စစ်တပ်သုံးမှော်စက်တွေထက် အိမ်သုံး မှော်စက်တွေကို ပိုအာရုံစိုက်စေချင်ခဲ့တာ မဟုတ်ဘူးလား" စတေးလ်က ပြောလိုက်သည်။
“အင်း၊ အဲဒါကော။ မင်းမှာ အကြံဥာဏ်ကောင်းတွေ ရှိလို့လား"
"ဟုတ်တယ်၊ ဖော့ခ်တိုင်းပြည်မှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ပရိုမိုးရှင်းလုပ်တုန်းက ပြဿနာတစ်ခုတွေ့ခဲ့တယ်။ ဖော့ခ်တိုင်းပြည်က လူအနည်းစုအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းနာမည်ကို ကြားဖူးပြီး မှော်စက်တွေ ရှိတာကို သိပေမယ့်လည်း၊ မှော်စက်အမျိုးမျိုးအကြောင်း ရှင်သူတို့ကို မေးရင် လူအများစုက သိမှာမဟုတ်ဘူး။”
“ဒါက အရမ်းပုံမှန်ပါပဲ။” ရှုယီက ဆိုသည် "ကိုယ်တို့ကုမ္ပဏီက ဖော့ခ်တိုင်းပြည်ထဲကို မှော်စက်တွေကို မိတ်ဆက်ပေးလိုက်ရုံပဲဆိုတော့ သာမာန်နိုင်ငံသားတွေက သူတို့အကြောင်း မသိကြတာ သဘာဝကျပါတယ်"
“အဲဒါကို စဉ်းစားပြီးတော့ Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ ကြော်ငြာကို ဒီထဲမှာ တိုးသင့်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကြော်ငြာအကြောင်း ပြောရရင်, သတင်းစာပုံတွေအနေနဲ့ ဖော်ပြတာက တိုက်ရိုက်ပြဖို့မလုံလောက်ဘူး။ မှော်စက်တွေ ဘာတွေ လုပ်နိုင်တယ်ဆိုတာ လူတွေကို တကယ် နားလည်ခွင့် မပေးဘူး......"
“အဲဒါကို မှော်ပုံရိပ်ယောင်ရုပ်ရှင်တွေနဲ့ မိတ်ဆက်ပေးဖို့ စိတ်ကူးရှိတာလား။" ရှုယီဖြတ်ေပြာလိုက်သည်။
စတေးလ်က ရှုယီကို ညှိုးငယ်သောအကြည့်ဖြင့် မကြည့်မီ အံ့အားသင့်သွားသည် "ရှင် ဒီလောက် မထက်မြက်ဘဲ မနေနိုင်ဘူးလား"
ရှုယီသည် ပြောစရာမဲ့သွား၏။ ဤရုပ်မြင်သံကြားကြော်ငြာမျိုးသည် ကမ္ဘာပေါ်တွင် အလွန်အသုံးများခဲ့ရာ၊ သူ မည်သို့မျှ မတွေးဘဲ မနေနိုင်တော့ပေ။
သို့သော် မှော်ပုံရိပ်ယောင်ပရိုဂျက်တာသည် ပတ်ဝန်းကျင်နိုင်ငံများတွင် မပျံ့နှံ့သေးသောကြောင့်၊ အထူးသဖြင့် မှော်စက်များ အသစ်အဆန်းဖြစ်နေဆဲ နိုင်ငံများတွင်၊ ရှုယီသည် ထိုဇာတ်ကားများကို ကြော်ငြာများအဖြစ် အသုံးပြုလိုသော်လည်း အခြေအနေအရ ကန့်သတ်ထားဆဲဖြစ်သည်။
ထို့အပြင် အလွန်အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိခယသည်။ စတေးလ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးမှုမပါဘဲ သူမ၏ ဆန်းသစ်လကုန်သည်ကြီးများအသင်းကို ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိနေခြင်းကြောင့်ပင်။
ဆန်းသစ်လ ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ပုံရိပ်ယောင် ပရိုဂျက်တာအမြောက်အမြားကို ဝယ်ယူခဲ့လျှင်ပင် ၎င်းတို့ကို လျှော့စျေးတစ်ခုတည်းဖြင့် စျေးကွက်ပေါက်ဈေးဖြင့် လဲလှယ်ပေးခဲ့သည်။
ထို့ကြောင့် ရှုယီသည် ဤကိစ္စရပ်ကို စတင်ရန် မလိုလားခဲ့ပေ။ အချိန်တန်လျှင် ၎င်းကိုအဆိုပြုချက်တင်ဖို့ ဆုံးဖြတ်ချက်ချမည်ဟုယ သူမျှော်လင့်ပါ၏။
အခုလည်း စတေးလ်က ထိုအတွေးကို တွေးလာသဘ်က တကယ့်ကို ဝမ်းသာစရာ ကိစ္စပါပင်။
"ကျွန်မတို့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက အဲ့လောက်ကျော်ကြားတာ မဟုတ်တော့ တခြားနိုင်ငံတွေမှာ ဒီ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို တပ်ဆင်ဖို့ အရမ်းခက်ခဲပြီး အချိန်ကုန်မယ်လို့ ထင်ခဲ့တယ်။. ဒါကြောင့် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ လက်တွဲပြီး တခြား အိမ်သုံး မှော်စက်တွေနဲ့အတူ သူတို့ကို မြှင့်တင်ချင်တယ်။ အိုး တစ်ချိန်တည်းမှာပဲ၊ ကျွန်မတို့ရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက ရှင်တို့ကုမ္ပဏီရဲ့ အိမ်သုံး မှော်စက်အမျိုးမျိုးကို အရောင်း မြှင့်တင်ဖို့အတွက် မှော်ပုံရိပ်ယောင်ရုပ်ရှင်တချို့ကိုလည်း ရိုက်ကူးမယ်။"
ရှုယီက စတေးလ်ထံမှ “ရှင်” နှင့် “ကျွန်မတို့” ဟူသည့် စကားကို ကြားရသည်အား အနည်းငယ် တစ်မျိုးဖြစ်နေသော်လည်း စတေးလ်သည် သူမ၏ ကုမ္ပဏီ အကျိုးစီးပွားနှင့် သူမ၏ ပုဂ္ဂလိက အကျိုးစီးပွားများကြားတွင် ကွဲပြားနေစေလိုသည်အား ရှင်းရှင်းလင်းလင်း သိသောကြောင့် ပြဿနာ တစ်စုံတစ်ရာ မရှိပါချေ။
“ဟုတ်တယ် ဘာပြဿနာမှ မရှိပါဘူး။ ဒီလိုဆိုရင်ရော ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမလား။ ကိုယ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အိမ်သုံးမှော်စက်တွေကို ဘယ်နေရာမှာမဆို မြှင့်တင်နေပါစေ၊ ကိုယ်တို့က မှော်ပုံရိပ်ယောင်ပရိုဂျက်ကို အဓိကအာရုံစိုက်လုပ်ဆောင်ပါမယ်။ ပြီးတော့ မင်းတို့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက ကိုယ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း ထုတ်ကုန်အချို့ကို ကြော်ငြာရိုက်ကူးဖို့အတွက် ယူမယ်။ အဲဒါက နှစ်ဖက်စလုံးအတွက် အကျိုးရှိမှာပါ”
“ဒါက ကျွန်မအကြံပဲ။” “ဒါကလွဲရင် ကျွန်မတို့ရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက ခေတ်မီ ဒါမှမဟုတ် အနာဂတ်ရုပ်ရှင်တွေ ရိုက်ကူးဖို့ ကြိုးစားနေတယ်။ အိမ်သုံး မှော်စက်တွေကို ရုပ်ရှင်တွေထဲမှာ ထည့်ထားနိုင်ပြီး ရုပ်ရှင်ထဲက အိမ်သုံး မှော်စက်တွေရဲ့ အသုံးပြုမှုကို လူတွေကို နားလည်စေနိုင်တယ်။”
"အိုး?" ဒီတစ်ခါတော့ ရှုယီတကယ်ကို အံ့သြသွား၏။
စတေးလ်က ကုန်ပစ္စည်းနေရာချထားခြင်းကြော်ငြာကို အသုံးပြုသည့်တိုင် ကမ္ဘာပေါ်ရှိ ကြော်ငြာနည်းအတိုင်းပင် မည်ကဲ့သို့ပင် ကြော်ငြာမည်ကို တွေးမိခဲ့မည်မဟုတ်ပေ။
၎င်းကို အခြေခံပြီး စတေးလ်ဟာ ကြော်ငြာမှာ ထူးချွန်သူလို့ ပြောလို့ရပါ၏။
၎င်းကိုတွေးလိုက်တော့ ရှုယီရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
"ဘယ်လိုလဲ၊ မင်းရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်မှုကို အဆိုပြုဖို့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်က ကိုယ်စားပြုမယ်။ မင်းရဲ့ ဆန်းသစ်လကုန်သည်ကြီးများအသင်းက ကိုယ်တို့Frestech ကုန်သည်ကြီးများအသင်းအတွက် ...... "The Frestech ကုန်သည်ကြီးများအသင်းရဲ့ လမ်းဖောက်လုပ်မှူ" လို့ ခေါ်တဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်လေးရိုက်ပေးရမယ်။ မင်းဘယ်လိုထင်လဲ?"
စတေးလ် မျက်လုံးများ လင်းထိန်သွားကာ "ဒါက တကယ်ကောင်းတဲ့ အကြံပဲ!"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၅၅။ မူပိုင်ခွင့်တွေအကြောင်းသိလား?
စတေးလ်မှာ လူပေါင်းများစွာက Frestech ကုန်သည်ကြီးများအသင်းကို အာရုံစိုက်လာကြသောကြောင့် ရှုယီ၏ အကြံက ကောင်းသည်ဟု ဆိုခဲ့သည်။ ထိုမှတ်တမ်းရုပ်ရှင်များကိုသာ ထုတ်ပြလိုက်လျှင် သေချာပေါက် ထိုလူများ၏ အာရုံကို ဆွဲဆောင်လိမ့်မည်ပင်။
လူတိုင်းက လျစ်လျူရှုထားလောက်အောင် သေးငယ်သည့်နိုင်ငံဖြစ်သော စတက်တိန်းနယ်မြေရှိ အမည်မသိကုမ္ပဏီငယ်လေးအကြောင်း လူတိုင်းသိချင်ကြပါ၏။ စစ်ဘက်သုံးမှော်စက်များကား မည်သို့ရှိသည်ကို သိချင်ကြပြီး ကန်ဒရာအင်ပါယာ၏ ကျူးကျော်မှုကို နှစ်ကြိမ်ချေမှုန်းရန် ၎င်းတို့၏ ပံ့ပိုးမှုအပေါ် ရူဒ်ဆန်တိုင်းပြည်က မည်သို့အားကိုးခဲ့ကြောင်း သိချင်ကြသည်။
ဂရုမစိုက်သောသူများသည် သဘာဝအတိုင်း နှစ်ကြိမ် ရှုံးနိမ့်ခဲ့သော ကန်ဒရာအင်ပါယာဖြစ်သည်။
နှစ်သစ်မတိုင်မီ တစ်ပတ်အလိုတွင် လူအများစုသည် နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။ ကန်ဒရာအင်ပါယာမှ ကိုယ်စားလှယ်အဖွဲ့သည် နော်တွန်နယ်မြေနှင့် မီရန်ဒိုနယ်မြေတို့ကိုဖြတ်၍ လမ်ပူရီတိုင်းပြည်၏မြို့တော် အန်ဗီမာမြို့တော်သို့ရောက်ရှိခဲ့သည်။
ကန်ဒရာအင်ပါယာ၏သံတမန်က ၎င်းတို့အား အကြံပြုထားသောကြောင့် ဤကိုယ်စားလှယ်အဖွဲ့သည် ဘုရင်မကြီးဆယ်ဗီနီနှင့် ပရိသတ်ကို ချောမွေ့စွာလက်ခံရရှိခဲ့သည်။
အပြင်ပန်း မစ်ရှင်မှာ ကန်ဒရာအင်ပါယာ၏ ဧကရာဇ် ကိုယ်စား ဘုရင်မကြီးဆယ်ဗီနီကို နှစ်သစ်ဆုတောင်းရန်ဖြစ်ပြီး ကန်ဒရာအင်ပါယာမှ လမ်ပူရီတိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်မှုပရောဂျက်အချို့ကို ယူဆောင်လာခဲ့သည်။
အပေါ်ယံအရဆိုလျှင် ကန်ဒရာအင်ပါယာသည် ဤကိုယ်စားလှယ်အဖွဲ့ကို နှစ်စဉ်နှစ်တိုင်း စေလွှတ်မည်ဖြစ်သောကြောင့် မထူးဆန်းပါချေ။
လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့သည် ၎င်းတို့ကြားတွင် အဆက်အသွယ်ရှိသောကြောင့် ၎င်းတို့သည် အတော်လေး ရင်းနှီးခဲ့ကြသည်။ နှစ်ဖက်ကြား အဆက်အသွယ် မပြတ်စေရန်နှင့် နိုင်ငံများကြား ကုန်သွယ်မှု ပြုလုပ်ရန် ကိုယ်စားလှယ် စေလွှတ်ခြင်းသည် ပုံမှန်ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ကန်ဒရာအင်ပါယာမှ စေလွှတ်သောကိုယ်စားလှယ်များတွင် ကန်ဒရာအင်ပါယာကုမ္ပဏီများရှိလိမ့်မည်။ ၎င်းတို့သည် နှစ်ဖက်စလုံးကို အားကောင်းစေမည့် လမ်ပူရီတိုင်းပြည် ကုမ္ပဏီများနှင့် ကုန်သွယ်မှုသဘောတူညီချက်အချို့ကို ဖန်တီးရန် လာခဲ့ကြသည်။
သို့သော် ယင်းမတိုင်မီက ကန်ဒရာအင်ပါယာသည် လမ်ပူရီတိုင်းပြည်ထက် အလွန်အားကောင်းခဲ့သည်။, ထို့ကြောင့် ၎င်းတို့၏ သဘောထားကို ပြသရန်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် ကိုယ်စားလှယ်အား စေလွှတ်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင် နှစ်ဘက်ကြား သဘောတူညီချက်များနှင့်ပတ်သက်သည့် တစ်စုံတစ်ရာ မရှိခဲ့ပါချေ။ ကိုယ်စားလှယ်တွေနှင့်အတူ လိုက်ပါလာသော ကုမ္ပဏီတွေဟာ ကန်ဒရာအင်ပါယာမှာ နာမည်ကျော်ကြားမှုမရှိသည့် ကုမ္ပဏီတွေပင် ဖြစ်ပါ၏။
သို့ပေမယ့် ဒီနှစ်က မတူပေ။
ယခုတစ်ကြိမ်၊ ကန်ဒရာအင်ပါယာ၏ကိုယ်စားလှယ်သည် ယခင်ကထက် ပိုမိုအဆင့်မြင့်ရုံသာမက၊ ရောက်လာသူများမှာလည်း အဆင့်အတန်းမြင့်သူများဖြစ်သည်။
ယခင်က ကန်ဒရာအင်ပါယာသည် သာမန်အရာရှိတစ်ဦးနှင့် ကုမ္ပဏီငယ် ကိုယ်စားလှယ် ၁၀ ဦးထက် မပိုစေဘဲ စေလွှတ်ခဲ့သည်။ ၎င်းတို့သည် လမ်ပူရီတိုင်းပြည်နှင့် အပေါ်ယံ ကုန်သွယ်ရေး သဘောတူညီချက်များ ဖန်တီးရန်သာ လာမည်ဖြစ်သည်။
သို့သော် ဤတစ်ကြိမ် ကိုယ်စားလှယ်မှာ ကန်ဒရာအင်ပါယာ၏ ကူးသန်းရောင်းဝယ်ရေးဌာ အကြီးအကဲ မားကွစ္စ် ဒီကတ်စ် ဦးဆောင်သော ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် ကန်ဒရာအင်ပါယာ၏ ကျော်ကြားသော ကုမ္ပဏီကြီးများမှ ဖြစ်သည်။ ယင်းတွင် နယ်မြေကြီးရှိ အကြီးဆုံးကုမ္ပဏီဖြစ်သည့် ခီမဲရာ ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်တစ်ဦးပင် ပါဝင်ခဲ့သည်။ ဤသည်မှာ မကြုံစဖူးအတိုင်းအတာတစ်ခုဖြစ်သည်။
ကိုယ်စားလှယ်မရောက်လာမီတွင်၊ လမ်ပူရီ တိုင်းပြည်ဆိုင်ရာ ကန်ဒရာအင်ပါယာ၏သံတမန်က ယင်းကိုပြောပြီးပြီဖြစ်သောကြောင့် ဆယ်ဗီနီ သည် အနည်းငယ်အံ့အားသင့်ပြီး ပြင်ဆင်ထားပြီးဖြစ်သည်။ ဤကိုယ်စားလှယ်ကို ကြိုဆိုဖို့ရန် နန်းတော်၌ ဧည့်ခံပွဲတစ်ခု ပြင်ဆင်ထားပါ၏။
ဤပွဲသည် ပျော်ရွှင်ဖွယ်ခံစားချက်ရှိသော်လည်း ပွဲအပြီးတွင် ကန်ဒရာအင်ပါယာ၏ကိုယ်စားလှယ်ခေါင်းဆောင် မားကွစ္စ် ဒီကတ်စ် သည် ဆယ်ဗီနီ နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး မီးပွားများထွက်ပေါ်လာခဲ့သည်။
“ဘုရင်မကြီး၊ ဒါက ခင်ဗျားရဲ့နိုင်ငံအတွက် ကျုပ်တို့အင်ပါယာရဲ့ စေတနာပါ၊ ဘာလို့ ဒါကို လက်မခံချင်ရတာလဲ။" မားကွစ္စ် ဒီကတ်စ် က အသံနက်ကြီးဖြင့် ပြောသည်။
ဆယ်ဗီနီ သည် သူမ၏ မျက်လုံးများကို မှေးထားပြီး အေးအေးဆေးဆေးဖြင့် ရယ်ချင်နေမိသည်။
ဤ မားကွစ္စ် ဒီကတ်စ် သည် အစပိုင်းတွင် သူမအား ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတတ်သော်လည်း တိကျသေချာသည့်အရာသို့ ရောက်သောအခါ၊ သူသည် ကန်ဒရာအင်ပါယာမှဖြစ်ခြင်းကြောင့် သူ၏မြင့်မားသောရာထူးကို ချက်ချင်းထုတ်ဖော်ပြသခဲ့ပြီး သူ၏လေသံသည် အမိန့်ပေးသံဆန်လာသည်။ ၎င်းမှာ မလိုက်နာမဖြစ်လိုက်နာရမည့် ကောင်းကင်ဘုံက အမိန့်ပေးနေသလိုပါပင်။
အဆိုပြုချက်သည် လမ်ပူရီတိုင်းပြည်အတွက် အခွင့်သာပါက၊ ဆယ်ဗီနီသည် သူ၏လေသံကို ဂရုစိုက်ရန် အလွန်ပျင်းသော်လည်း၊ ဤသူသည် ကန်ဒရာအင်ပါယာ၏ ကူးသန်းရောင်းဝယ်ရေးဌာနကို ကိုယ်စားပြုကာ ဆယ်ဗီနီအနေနှင့် ကန်ဒရာအင်ပါယာအား ၎င်းတို့၏ လက်ရှိမှော်စက်နည်းပညာအားလုံးကို ပေးဆောင်ရန် ဆယ်ဗီနီ ကို တောင်းဆိုလာခဲ့သည်။
ကန်ဒရာအင်ပါယာက လမ်ပူရီတိုင်းပြည်ထံလျော်ကြေးပေးမယ်လို့ မားကွစ္စ် ဒီကတ်စ် ကပြောခဲ့ရင်တောင်၊ ဥပမာအားဖြင့် လမ်ပူရီတိုင်းပြည် နှင့် မဟာမိတ်ဖွဲ့ပြီး လမ်ပူရီတိုင်းပြည်အား နယ်မြေကြီး၏ အနောက်တောင်ဘက်စွန်းတွင် ဦးဆောင်နေသော နိုင်ငံဖြစ်မည်ဟု အာမခံပါလျှင်တောင်။
တစ်ချိန်တည်းမှာပင် သူက ဆယ်ဗီနီအတွက် အကျိုးခံစားခွင့်အချို့ကိုလည်း ကတိပေးခဲ့သည်။
ဥပမာအားဖြင့်၊ ကန်ဒရာအင်ပါယာသည် အထူးသဖြင့် လမ်ပူရီတိုင်းပြည်၏ထုတ်ကုန်များကို ကန်ဒရာအင်ပါယာအတွင်းသို့ ဝင်ရောက်ခွင့်ပေးကာ လမ်ပူရီတိုင်းပြည် အတွက် ကုန်သွယ်မှုလမ်းကြောင်းကို ဖွင့်ပေးမည်ဖြစ်သည်။ ထုတ်ကုန်အများစု အထူးသဖြင့် မှော်စက်နှင့်ပတ်သက်သည့် ထုတ်ကုန်များ အတွက် အခွန်အခတွေကို လျှော့ပေါ့ပေးမည်ဟုတောင် သူကပြောပါ၏။
သို့မဟုတ် ဥပမာအားဖြင့်၊ ကန်ဒရာအင်ပါယာသည် ၎င်းတို့၏ ထုတ်ကုန်အားလုံးကို လမ်ပူရီတိုင်းပြည်သို့ တင်ပို့ရန် ဖွင့်ပေးမည်ဖြစ်သည်။ ၎င်းတို့အနက် ထုတ်ကုန်များမှာ ကန်ဒရာအင်ပါယာတွင် ပေါများပြီး လမ်ပူရီ တိုင်းပြည်၌ချို့တဲ့သော ကုန်ပစ္စည်းများဖြစ်ပြီး ၎င်းတို့အား စျေးနှုန်းဖြတ်တောက်ကာ လမ်ပူရီတိုင်းပြည်က ပထမဆုံးဝယ်ယူပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သေချာစေ၏။
အကယ်၍သာ ယခင်ကဆိုလျှင်၊ လမ်ပူရီတိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးသည် နယ်မြေကြီးရှိ အင်ပါယာနှစ်ခုအနက်မှ တစ်ခုဖြစ်သည့် ကန်ဒရာအင်ပါယာထံမှ ဤအရေးပါမှုကို လက်ခံရရှိပါက
အထူးသဖြင့် လမ်ပူရီတိုင်းပြည်ကို စခ်တိုင်းပြည်ကက အမြဲနှိမ်နှင်းနေချိန်၌၊ အကယ်၍ ၎င်းတို့အား ကန်ဒရာအင်ပါယာက မဟာမိတ်အဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပါလျှင်၊ ၎င်းသည် စခ်တိုင်းပြည်ထံမှ အကောင်းဆုံး အကာအကွယ်ပေးနိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သို့သော် လက်ရှိ လမ်ပူရီ တိုင်းပြည်အတွက်..... ဤအခြေအနေများသည် လုံးဝစွဲမက်ဖွယ်မဟုတ်တော့ပေ၊ ဆယ်ဗီနီသည် ကန်ဒရာအင်ပါယာ၏ပန်းတိုင်က မှော်စက်နည်းပညာအားလုံးဖြစ်ကြောင်း အလွယ်တကူပြောနိုင်သည်။
၎င်းသည် ၎င်းတို့အတွက် အကျိုးမရှိသည့်အပြင် လမ်ပူရီတိုင်းပြည်တွင် ဖွဲ့စည်းနေသော အခြေခံမှော်စက်လုပ်ငန်းကိုပင် ထိခိုက်နိုင်သည်၊ ထို့ကြောင့် ဆယ်ဗီနီ က ၎င်းကို ဘယ်လိုသဘောတူနိုင်မည်နည်း။
မားကွစ္စ် ဒီကတ်စ် သည် သာမန်လူများ အိပ်မက်မက်ခဲ့သော ဤအခြေအနေများကို ဆယ်ဗီနီ အဘယ်ကြောင့် လက်မခံနိုင်သည်ကို သူနားမလည်သလိုမျိုး မယုံကြည်နိုင်ပုံစံကို ဖော်ပြခဲ့သည်။
ဆယ်ဗီနီက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်၏ "မားကွစ္စ် ဒီကတ်စ်၊ ကန်ဒရာအင်ပါယာက ကျွန်တို့ကို ပြသပေးမယ့် စေတနာအတွက် အရမ်းကျေးဇူးတင်ပါတယ်။, ဒါပေမယ့် ကျွန်မတို့အနေနဲ့ းမှော်စက်နည်းပညာအားလုံးကို ပေးစေချင်တာက ကန်ဒရာအင်ပါယာရဲ့ဆန္ဒနှင့် ဖြစ်နေတယ်။ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဒါကို လက်မခံနိုင်ဘူး။"
“ဘာလို့လဲ?" မားကွစ္စ် ဒီကတ်စ် က မေးသာ် “ဒါက ဘုရင်မကြီးအတွက် စကားနည်းနည်းပြောရုံပဲ မဟုတ်ဘူးလား? ဒါမှမဟုတ် ခင်ဗျားတို့ နိုင်ငံမှာရှိတဲ့ ကုမ္ပဏီငယ်လေးတွေကို မထိန်းချုပ်နိုင်လို့လား”
မားကွစ္စ် ဒီကတ်စ် ၏ စကားများသည် လမ်ပူရီတိုင်းပြည်ကို ဆယ်ဗီနီ ၏ ထိန်းချုပ်မှုအပေါ် သံသယရှိကြောင်း ဖော်ပြနေသကဲ့သို့ အလွန်ရိုင်းစိုင်းပါသည်။
“မားကွစ္စ် ဒီကတ်စ်, ကန်ဒရာအင်ပါယာ၏ကုန်သွယ်ရေးဌာနအကြီးအကဲအနေနဲ့ ရှင့်စကားတွေက ကန်ဒရာအင်ပါယာမှာရှိတဲ့ ကုမ္ပဏီအားလုံးကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။ "
မားကွစ္စ် ဒီကတ်စ် မှာ အံ့သြသွားသည်။ သူ့စကားကြောင့် အမှားလုပ်မိကြောင်း သူသိသော်လည်း ယင်းကြောင့် ဆုတ်ခွာရန် မကြံစည်ခဲ့ပေ။ သူက ဆယ်ဗီနီ ကို စိုက်ကြည့်ပြီး “ဘုရင်မကြီး ခင်ဗျားဆန္ဒရှိသရွေ့ ဒါက ပြဿနာမဟုတ်ဘူးလို့ ကျုပ်ယုံတယ်။"
“မဟုတ်ဘူး၊ ကျွန်မပြောခဲ့တယ်လေ ကျွန်မ ဆုံးဖြတ်လို့မရဘူး။" ဆယ်ဗီနီ က သူမလက်ကို ဝှေ့ယမ်းလိုက်သည်၊ "ရှင်အရင်ပြောခဲ့တဲ့ မှော်စက်နည်းပညာ၊ အဲဒီထဲက အဓိကအစိတ်အပိုင်းတွေကို Frestech ကုန်သည်ကြီးများအသင်းကပဲ ထိန်းချုပ်ထားတယ်။ ကျွန်မတို့နိုင်ငံက မှော်စက်ဆိုင်ရာ ကုမ္ပဏီတွေက Frestech ကုန်သည်ကြီးများအသင်းဆီကနေ ခွင့်ပြုချက်ယူထားတာပဲ။ အတိအကျပြောရရင် သူတို့မှာ နည်းပညာကို မျှဝေဖို့ လုပ်ပိုင်ခွင့်မရှိဘူး။"
မားကွစ္စ် ဒီကတ်စ် က မျက်ခုံးကို တွန့်ချိုးလိုက်သည် “ခင်ဗျားတို့ နည်းပညာကို ဆုပ်ကိုင်ထားကတည်းက ဘာလို့ အဲဒါတွေကို မလွှဲပေးနိုင်တာလဲ။ Frestech ကုန်သည်ကြီးများအသင်းက သူတို့ကုထ တစ်ခုခု လုပ်နိုင်လို့လား။”
ဆယ်ဗီနီ သည် နောက်ဆုံးတွင်မနေနိုင်စွာ နူးနူးညံ့ညံ့အေးစက်စက် ရယ်မောလာသည်၊ "မားကွစ္စ် ဒီကတ်စ်၊ မူပိုင်ခွင့်တွေအကြောင်း ကြားဖူးသလား။"
“မူပိုင်ခွင့်?" မားကွစ္စ် ဒီကတ်စ်က သူ့ခေါင်းကို ဖြည်းညင်းစွာခါလိုက်သည်၊ "ဒါက ဘာကိုဆိုလိုတာလဲ"
ဆယ်ဗီနီက မူပိုင်ခွင့်များအကြောင်း အကြမ်းဖျင်းရှင်းပြပေးလိုက်သည်၊"ဒီမူပိုင်ခွင့်တွေကို မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်က ခွင့်ပြုထားပြီး ကာကွယ်ပေးထားတယ်။ အကယ်၍ ဘယ်ကုမ္ပဏီမဆို အဲဒီ့မူပိုင်ခွင့်အသုံးပြုမှုအတွက် စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ရင်၊ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က အပြစ်ပေးမှာပဲ။”
ဤ "မူပိုင်ခွင့်များ" သည် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်နှင့် ဆက်စပ်နေကြောင်း ကြားသိရသဖြင့် မားကွစ္စ် ဒီကတ်စ် သည် သူ၏ မျက်ခုံးများကို မနေနိုင်စွာ တွန့်ချိုးမိရသည်။
ကန်ဒရာအင်ပါယာသည် နယ်မြေကြီးရှိ အင်ပါယာ နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး မားလိုအင်ပါယာနှင့် ပတ်သက်၍ ကွဲလွဲမှုများရှိခြင်းမှလွဲ၍ ၎င်းတို့ကို ကွဲလွဲစေမည့် အခြားနေရာတစ်ခုသာ ရှိသေးသည်။ ၎င်းသည် နယ်မြေကြီးတစ်ဝှမ်းတွင် ဖြန့်ကျက်ပြီး နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံးကို လွှမ်းမိုးထားသော မှော်ပညာရှင်များအဖွဲ့အစည်းဖြစ်သည်။
လုံးဝမလိုအပ်ပါက၊ ကန်ဒရာအင်ပါယာသည် ၎င်းတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှမရှိသည့် မှော်ပညာရှင်များအဖွဲ့အစည်း၏အခွင့်အာဏာကို စိန်ခေါ်မည်မဟုတ်ပေ။
မားကွစ္စ် ဒီကတ်စ် ၏မျက်နှာပေါ်ရှိ ခက်ခဲသောဟန်ကိုမြင်လိုက်ရတော့ ဆယ်ဗီနီက ဖျတ်ခနဲပြုံးကာဆိုသည်၊ “မားကွစ္စ် ဒီကတ်စ်၊ ရှင်တို့ရဲ့ ကန်ဒရာအင်ပါယာက မှော်စက်နည်းပညာကို တကယ်စိတ်တင်စားရင်၊ Frestech ကုန်သည်ကြီးများအသင်းနဲ့ တိုက်ရိုက်ဆွေးနွေးရင်ရော ဘယ်လိုလဲ?"
“ဒါက......”
မားကွစ္စ် ဒီကတ်စ် သည် ခါးသီးသော အပြုံးကို မနေနိုင်စွာ ထုတ်ဖော်လာသည်။
ဖြစ်နိုင်ပါက သူလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းလိုပါသည်။
သို့သော် ယခင်က သတင်းအချက်အလက်များအပေါ် အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်းမှ ရူဒ်ဆန်တိုင်းပြည်ကို စစ်ဘက်သုံး မှော်စက်များဖြင့် ထောက်ပံ့သောကြောင့် ကန်ဒရာအင်ပါယာ၏စစ်တပ် ကျရှုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာရှိလူများစွာ၏ စိတ်တွင်သေဒဏ်ချမှတ်ခံထားရသည်။
ကန်ဒရာအင်ပါယာသည် ဤဆိုးရွားသော Frestech ကုန်သည်ကြီးများအသင်းအား မည်သို့ထိန်းသိမ်းရမည်ကို ဆွေးနွေးနေသည်၊ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် မည်သို့ညှိနှိုင်းနိုင်မည်နည်း။
သူသည် လမ်ပူရီ တိုင်းပြည်နှင့် မှော်စက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် ဤကိုယ်စားလှယ်အဖွဲ့အားခေါ်ဆောင်လာပြီး လမ်ပူရီတိုင်းပြည်အတွက် အကျိုးရှိသော အခြေအနေများကို ပါလီမန်က အတည်ပြုပေးစေခဲ့သည်။ ၎င်းမှာ မှော်စက်များကို နားလည်မည့် အခြားနည်းလမ်းတစ်ခုရှိရန်သာဖြစ်သည်။
အနာဂတ်တွင် အင်ပါယာအတွက် ပိုမိုလွယ်ကူစေမည့် စစ်ဘက်သုံးမှော်စက်များအကြောင်း အချက်အလက်များ ရယူနိုင်ခဲ့ပါက အကောင်းဆုံးဖြစ်ပေမည်။
သို့သော် လမ်ပူရီတိုင်းပြည်သည် သူ့အတွက် ခက်ခဲစေကာ လုံး၀ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် လမ်ပူရီတိုင်းပြည်၏ရပ်တည်ချက်သည် သူ့အတွက် အံ့သြစရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လမ်ပူရီတိုင်းပြည်သည် ရူဒ်ဆန်တိုင်းပြည်သို့ ကုန်ပစ္စည်းတင်သွင်းခြင်းအား ရပ်တန့်ရန် ၎င်းတို့အပေါ် ကန်ဒရာအင်ပါယာ၏ တောင်းဆိုမှုကို ယခင်က ပယ်ချခဲ့ခြင်းကြောင့်ပင်။
မားကွစ္စ် ဒီကတ်စ် သည် ပြုံးနေသော ဘုရင်မ ဆယ်ဗီနီကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကြည့်ရတာ အရင်ကလို ဒုတိယအစီအစဉ်ကို သုံးလို့ရသေးတယ်ထင်တယ်......”
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၅၆။ ခင်ဗျားတို့ ကုမ္ပဏီကို ဝယ်ဖို့ ရောက်နေတာ
တံခါးထံမှ ရုတ်တရတ် လေအေးမှာ ချဉ်းနင်းဝင်ရောက်လာကာ တံခါးရှေ့ရှိ လူအိုကြီး လုဖ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ သူဟာ မနေနိုင်စွာ တုန်ယင်၍ လက်များလည်း တုန်ရီနေကာ ကိုင်ထားသည့် ခဲတံ အောက်ပြုတ်ကျလျက် ရေးသားနေလက်စစာရွက်ပေါ်၌မျဉ်းကြောင်းရှည်တစ်ခုဖန်တီးမိသွားသည်။
"သောက်ကျိုးနည်း!" လူအိုကြီး လုဖ်မှာ မနေနိုင်စွာ ဆဲရေးလိုက်မိသည်။ သူဟာ ထူးထူးဆန်းဆန်း လေတိုက်၍ ပွင့်သွားသော တံခါးကို ကြည့်ကာ မြန်မြန်ပိတ်ရန် ထရပ်လိုက်သည်။
"အဲ့စုန်းမအိုကြီးကတော့ အပြင်ထွက်သွားရင် တံခါးကို ဘယ်လိုသေချာပိတ်ရမယ်ဆိုတာတောင် နားမလည်ဘူးလား"
အဘိုးအို လုဖ် သည် သူ့စားပွဲဆီသို့ ပြန်မလာမီ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။
စာရွက်ပေါ်ရှိ မျဉ်းက အရာအားလုံးကို ဖုံးလွှမ်းထားသည်ကို မြင်လိုက်ရသဖြင့် သူထပ်၍ မနေနိုင်စွာ ကျိန်ဆဲလိုက်မိ၏။ သူဟာ စာရွက်ကို ခြစ်လိုက်ပြီး သူ့အနီးရှိ အမှိုက်ပုံးထဲသို့ ပစ်ချကာ အောက်ကိုငုံ့၍ အလုပ်ပြန်စလိုက်သည်။
တကယ်တမ်းတွင် ဤစာရင်းစာအုပ်ပြီးသွားသည့်အခါ ရံဖန်ရံခါကြည့်သော သူ့ဇနီးအန်ထီလာကလွဲ၍ ၎င်းကို အခြားဘယ်သူမှ မကြည့်ပေ။ မျဉ်းအနည်းငယ်ရှိခဲ့လျှင်တောင် အရေးမကြီးပါပေ။
သို့ပေမယ့် အဘိုးအို လုဖ် က ထိုအကောင့်စာအုပ်ကို စွဲလမ်းနေသောကြောင့် ဤသို့ ကြီးမားသော အမှားကြီးကို မမြင်လိုပေ။
ထို့အပြင်၊ သူသည် ဤအကောင့်စာအုပ်ကို ရံဖန်ရံခါသာ ကြည့်လျှင်ပင်၊ ၎င်းသည် သူ၏ လုဖ် ကုန်သည်ကြီးများအသင်း တစ်နှစ်တာ ၀င်ငွေ အကျဉ်းချုပ်လေးကို ကိုယ်စားပြုသည်။ သူ့အတွက် ဥက္ကဋ္ဌအနေနှင့် ဤစာအုပ်ရေးသော လုပ်ငန်းစဉ်က အရမ်းကောင်းသည့် ခံစားချက်ကို ပေးစွမ်းခြင်းအတွက် တတ်နိုင်သမျှ ပြီးပြည့်စုံမည်ဟု မျှော်လင့်ပါ၏။
စားပွဲပေါ်တွင် မိနစ်နှစ်ဆယ်ခန့် ထိုင်ပြီးနောက် အဘိုးအို လုဖ် သည် နောက်ဆုံး၌ မှတ်တမ်းကို အဆုံးသတ်ပြီး စာအုပ်အား အောင်အောင်မြင်မြင်ပြီးကြောင်း အတည်ပြုလိုက်သည်။
ထူထဲသော ဤစာအုပ်ကို ကောက်ယူ၍ သုံးကြိမ်ထက်မနည်းဖတ်လိုက်ပြီး အဖိုးအို လုဖ် က ကျေနပ်စွာ ခေါင်းညိတ်သည်။
ဤစာအုပ်ပါ ကိန်းဂဏန်းများကို အခြေခံ၍ သူ၏ လုဖ် ကုန်သည်ကြီးများအသင်းတွင် ယခုနှစ်အတွင်း ရွှေဒင်္ဂါး ၁၇၆၄၃၁ ပြားစာ ရောင်းချရပြီး အသားတင်အမြတ်ငွေ ၈၉၂၁၃ ပြား ရရှိခဲ့သည်။
၎င်းသည် အနည်းငယ်ချဲ့ကားထားသော အမြတ်အမြတ် ၅၀% ကို ဆိုလိုသည်။
ဟုတ်ပါ၏၊ ၎င်းက လုဖ် ကုန်သည်ကြီးများအသင်း ၏ အဓိကထုတ်ကုန်နှင့် သက်ဆိုင်နေသည်။
မှော်စက်များ၏ အမြတ်အစွန်းသည် အမြဲတမ်းမြင့်မားနေခဲ့ပြီး ၎င်းမှာ မှော်စက်လုပ်ငန်းတွင် ပုံမှန်သိထားရမည့်အချက်ဖြစ်သည်။
လုပ်ငန်းတွင် ပါဝင်သည့် ကုမ္ပဏီများ ပိုများလာကာ အမြတ်ငွေများ ကျဆင်းသွားသော်လည်း အခြားစက်မှုလုပ်ငန်းအားလုံးထက် 50%ပိုမို မြင့်မားစွာ ရောက်ရှိနိုင်သေးသည်။
နှစ်ကုန်တွင် အံ့အားသင့်ဖွယ်အမြတ်အစွန်းများ အမြဲရှိနေမည်ဖြစ်သည်၊ ထို့ကြောင့် အဖိုးအို လုဖ် သည် Frestech ကုန်သည်ကြီးများအသင်း ကို ရိုးသားစွာ ကျေးဇူးတင်လို၏။
အကယ်၍ ၎င်းသည် မှော်စက်လုပ်ငန်းကို စတင်ခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းကြောင့် မဟုတ်ပါက၊ သူသည် ဆော့တန် မြို့တော်ရှိ ကုန်သည်ငယ်တစ်ဦးသာဖြစ်နေမည်ဖြစ်သည်။ လုဖ် ကုန်သည်ကြီးများအသင်းသည် သေးငယ်သော ကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ၎င်းတို့သည် တစ်နှစ်လျှင် ရွှေဒင်္ဂါးထောင်ပေါင်းများစွာပင် ရရှိနိုင်ပါက မယုံနိုင်လောက်စရာဖြစ်မည်ပင်။
ယခုမူ သူ့လက်အောက်ရှိ လုဖ် ကုန်သည်ကြီးများအသင်း၌ မှော် ရေနွေးအိုးများနှင့် မှော်မီးဖိုများကို ရောင်းချခဲ့ပြီး တစ်နှစ်လျှင် ရွှေဒင်္ဂါးကိုးသောင်းကျော် ရရှိခဲ့သည်။ ၎င်းက ယခင်ကနှင့် ယှဉ်ရင် အများကြီး ပိုကောင်းပါ၏။
ဟုတ်ပါ၏၊ သူဟာ ထိုစဉ်တုန်းက သူ့ရဲ့ဆုံးဖြတ်ချက်အတွက် အရမ်းဝမ်းသာမိသည်။
Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်နည်းပညာကို လွှဲပြောင်းပေးရန် ဆန္ဒရှိကြောင်း ကြေညာသောအခါ ကောင်းသောအချက်မှာ၊ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ရေနွေးအိုးနည်းပညာကို ဝယ်ရန် သူ့ဟာအံကိုကြိတ်ကာ ရွှေဒင်္ဂါးတစ်သောင်းသုံးထောင်ကို အသုံးပြုခဲ့သည်။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ရေးမှော်စက်များစွာကို ဝယ်ယူခဲ့ပြီး ၎င်းတို့၏ နည်းပညာဆိုင်ရာဝန်ထမ်းများ၏အကူအညီဖြင့် မှော်ရေနွေးအိုးထုတ်လုပ်မှုလိုင်းကို တည်ဆောက်ခဲ့သည်။ အကြမ်းထည် မှော်ရေနွေးအိုးထုတ်လုပ်မှုလိုင်းဖြင့်ပင် လုဖ် ကုန်သည်ကြီးများအသင်းထံ အမြတ်အနည်းငယ်ကို ယူဆောင်လာခဲ့သည်။
သုံးနှစ်အတွင်း၌ မှော်ရေနွေးအိုးနည်းပညာအတွက် သူပေးခဲ့ရသည့် ပိုက်ဆံမှာ ကြေသွားပြီပင်။
ထို့နောက် သူသည် အံကြိတ်ကာ မှော်မီးဖိုအတွက် နည်းပညာနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ လိုအပ်သော ထုတ်လုပ်ရေးမှော်စက်များကို ဝယ်ယူရန် ပိုက်ဆံအနည်းငယ် သုံးစွဲခဲ့သည်။
မှော်ရေနွေးအိုးများနှင့် မှော်မီးဖိုများဖြင့် နှစ်,နှစ်အတွင်း လုဖ်ကုန်သည်ကြီးများအသင်း ၏ ယခုနှစ်အမြတ်ငွေသည် ရွှေဒင်္ဂါးကိုးသောင်းကျော်ရှိသည်။
ဤနည်းဖြင့် နှစ်,နှစ်အတွင်းတွင် သူသည် အကြွေးတင်သမျှကို ဆပ်နိုင်မည်ဖြစ်ပြီး နောက်နှစ်များတွင်လည်း အမြတ်အစွန်းကို ရရှိမည်ဖြစ်သည်။
၎င်းကို တွေးမိတိုင်း အဘိုးအို လုဖ်က အင်မတန်ပျော်မိသည်။
ဟုတ်ပါ၏၊ သူ့မှာ နောင်တရစရာတွေ ရှိခဲ့ပါသည်။
အကယ်၍ သူသာ ကောင်းမွန်နေပါက Frestech ကုန်သည်ကြီးများအသင်းမှ လမ်ပူရီတိုင်းပြည်၏ မှော်စက်ကုမ္ပဏီများကို မားလိုအင်ပါယာတွင် စက်ရုံများတည်ဆောက်ရန် ဖိတ်ခေါ်သောအခါ သူလည်း အတူ လိုက်ပါသွားမည်ဖြစ်သည်။
အဘိုးအို လုဖ် သည် ယခုအခါ Frestech ကုန်သည်ကြီးများအသင်း (သို့) ၎င်းတို့၏ ဥက္ကဌ ရှုကို မျက်စိကန်းလောက်အောင် ယုံနေပြီဖြစ်သည်။
ဥက္ကဌ ရှု၏ ဆုံးဖြတ်ချက်သာ ဖြစ်သရွေ့ ၎င်းဟာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဖြစ်လိမ့်မည်ဟု သူ့နှလုံးသားထဲက ယုံကြည်ခဲ့၏။
ဥက္ကဋ္ဌ ရှုကို လိုက်နာခြင်းဖြင့် ကြီးမားသော အကျိုးအမြတ်များရမည်ဖြစ်သည်။
သို့သော် မားလိုအင်ပါယာရှိ စက်ရုံတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် အနည်းဆုံး ရွှေဒင်္ဂါးနှစ်သိန်း လိုအပ်ပြီး အဖိုးအို လုဖ် သည် ထိုမျှလောက် မထုတ်ယူနိုင်ပါ။
သူဟာ အခွင့်အရေးကောင်းကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး ရင်းနှီးမြုပ်နှံရန် ငွေအလုံအလောက်ရှိသည့်အခါတွင် ပထမဆုံးရင်းနှီးမြုပ်နှံသူဖြစ်ရခြင်းလောက် မကောင်းမည်မဟုတ်ပေ။
“မေ့လိုက်ပါ၊ ဘယ်သူက အားနည်းနေသေးတယ်လို့ ပြောတာလဲ။” အဘိုးအို လုဖ် က ခေါင်းခါပြီး သူ့နောင်တတွေကိုသာ ဖယ်ထွက်သွားအောင် လုပ်ရုံသာ တတ်နိုင်ခဲ့၏။ ထို့နောက် စားပွဲပေါ်ရှိ ငွေစာရင်းစာအုပ်ကို ကြည့်ကာ ပြုံးမိပြန်သည်။
လုဖ် ကုန်သည်ကြီးများအသင်းတွင် ကြီးကြီးမားမား ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့သော် လည်း ယခုနှစ်တွင် အမြတ်ငွေ ကိုးသောင်းကျော်ရှိသော ရွှေဒင်္ဂါးပြားများ ဖြင့် ကောင်းမွန်သော ဘဝ၌နေထိုင်နိုင်ဆဲဖြစ်သည်။
အဘိုးအို လုဖ် က နောက်နှစ်,နှစ်လောက်မှာ လုဖ် ကုန်သည်ကြီးများအသင်း၏ အိမ်သုံး မှော်စက် ထုတ်လုပ်မှုလိုင်းကို ချဲ့ထွင်လိုက်ရန် စွန့်စားသင့်မစွန့်စားသင့် စဉ်းစားနေချိန်တွင် ရုတ်တရက် တံခါးတွန်းဖွင့်သံတစ်ခု ထွက်ပေါ်လာသည်။
လေပြင်းတိုက်ခတ်လာသော အအေးဓာတ်ကြောင့် အဘိုးအို လုဖ် သည် တုန်လှုပ်ခြင်းမှ မရပ်တန့်နိုင်တော့ပေ။
“ဘယ်သူလဲ......” အဘိုးအို လုဖ် က ကျိန်ဆဲမည်အပြု တံခါးကို လှမ်းကြည့်လိုက်ရင်း သူ့စကားတွေကို ချက်ချင်းမျိုချလိုက်၏။ သူက ဖော်ရွေသည့် အပြုံးကို ထုတ်ဖော်ပြီး ၎င်းတို့ကို နှုတ်ဆက်ဖို့ ထွက်လာလိုက်သည်။
“ဖောက်သည်တို့၊ အိမ်သုံး မှော်စက်တွေ ဝယ်ဖို့ စိတ်ဝင်စားလို့လား။ ကျုပ်တို့ လုဖ် ကုန်သည်ကြီးများအသင်းက မှော်ရေနွေးအိုးနဲ့ မှော်မီးဖိုတွေကို အဓိကရောင်းချတာပါ။ စိတ်ဝင်စားရင် ကျုပ်နဲ့လိုက်ခဲ့ပါ။"
ရုတ်တရက်ဝင်လာသော နှစ်ယောက်လုံးမှာ ငြိမ်သက်နေပုံရသည်။ ၎င်းတို့၏ ၀တ်စားဆင်ယင်ပုံက ရိုးရှင်းသော်လည်း ပုံမှန်မဟုတ်သည့် ကြွယ်ဝသော ပစ္စည်းများနှင့် ပြုလုပ်ထားသည်။
အဘိုးအို လုဖ် ၏ အတွေ့အကြုံရှိသော မျက်လုံးများဖြင့် ဤသူတို့နှစ်ဦးသည် သာမန်လူမဟုတ်ကြောင်း သူသေချာပေါက် ပြောပြနိုင်သည် ။
သူ၏အတိတ်အတွေ့အကြုံကိုအခြေခံ၍ ဤလူများသည် ကြီးမားသောအမှာစာများတင်ရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပေလိမ့်မည်၊ ၎င်းမှာ အဘိုးကြီး လုဖ် ကြိုဆိုချင်သည့် ကြီးမားသောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
အဘိုးအို လုဖ် သည် ၎င်းတို့အား လှည့်ပတ်ပြသနေစဉ်တွင် မှော်လေပေးစက်အတွက် အဝေးထိန်းခလုတ်ကို ကောက်ယူပြီး ယခင်က မဖွင့်လိုသော မှော်လေပေးစက်ကို ဖွင့်လိုက်သည်။
အခန်းတွင်းမှ ထွက်ကျလာသော လေနွေးနွေးများကို ခံစားလိုက်ပြီး အခန်းနွေးလာသောအခါ ဖောက်သည် နှစ်ဦးသည် နံရံပေါ်ရှိ မှော်လေပေးစက်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်၍ အဖိုးအို လုဖ် ကိုမေးသည်၊ “ဒါက မှော်လေပေးစက်လား"
အဘိုးအို လုဖ် သည် ဤသူတို့နှစ်ဦးက အခြားနိုင်ငံမှ ရောက်ရှိလာပြီး ဤနေရာနှင့် အတော်လေးဝေးသော နိုင်ငံတစ်ခုဖြစ်ကြောင်း သေချာလိုက်သည်။ မဟုတ်ပါက မှော်လေပေးစက်အကြောင်း မသိဖို့ မဖြစ်နိုင်ပေ။
“ဟုတ်ပါတယ်၊ ဒါက မှော်လေပေးစက်ပါ။ သူက Frestech တံဆိပ် ဖြစ်ပြီး အကောင်းဆုံး မှော်လေပေးစက်လေ။" အဘိုးအို လုဖ် က မှော်ရေနွေးအိုးနှင့် မှော်မီးဖိုတစ်ခုကို သူတို့နှစ်ဦးအား ပြသရန် ရယ်မောကာ ပြန်ဖြေသည်။ “ဒီနှစ်ခုက ကျုပ်တို့ကုမ္ပဏီက ရောင်းချတဲ့ မှော ရေနွေးအိုးနဲ့ မှော်မီးဖိုများတွေပါ။ ဒါတွေကို စိတ်ဝင်စားလို့လား"
နှစ်ယောက်သားမှာ လက်ထဲတွင်ရှိသော မှော်ရေနွေးအိုးနှင့် မှော်မီးဖိုကို ကြည့်ကာ စိတ်ဝင်စားဟန်ပေါ်လာသည်။
“ခင်ဗျား သူတို့ကို သရုပ်ပြနိုင်မလား" တယောက်က မေးလာ၏။
"ပြဿနာမရှိပါဘူး။"
အဘိုးအို လုဖ် သည် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သော အဆီအနှစ်ပြည့်မှော်သလင်းကျောက်များကို ကျွမ်းကျင်စွာထုတ်ယူပြီး မှော်ရေနွေးအိုးနှင့် မှော်မီးဖိုတွင်ထည့်လိုက်သည်။ ထို့နောက် သူသည် မှော်မီးဖိုကိုဖွင့်ကာ မီးတောက်ကို ဖန်တီးလိုက်သည်။
သူက မှော် ရေနွေးအိုးကို ရေဖြည့်ပြီး စားပွဲပေါ် တင်ကာ ဖွင့်လိုက်သည်။ သိပ်မကြာခင်မှာပင် အငွေ့တွေထွက်လာ၏။
၎င်းကိုမြင်တော့ ဖောက်သည်နှစ်ဦးက အံ့သြတကြီးနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အဘိုးအို လုဖ် က သူ့စိတ်ထဲ၌ ရယ်မောလိုက်သည်။ ၎င်းတို့နှစ်ယောက်၏ တုံ့ပြန်မှုအပေါ် အခြေခံရသော် ၎င်းတို့မှာ မှော်စက်များကို နားလည်မှု မရှိသည်ကို ရှင်းရှင်းလင်းလင်း သိခဲ့ပါ၏။ ထို့ကြောင့် သူတို့သည် မှော်စက်များကို ပထမဆုံးအကြိမ် မြင်ဖူးသူများဖြစ်ကြောင်း သူသေချာသည်။
မှော်စက်များ၏ လျှို့ဝှက်ဆန်းကြယ်သော အကျိုးသက်ရောက်မှုများကြောင့် လူများ ဆွဲဆောင်ခံရသည်မှာ ပုံမှန်ပင်ဖြစ်သည်။
ထိုနှစ်ဦးတို့ကို အခြေခံ၍ အားစိုက်ထုတ်လိုက်သရွေ့ သူဟာ ကြီးမားသော သဘောတူညီမှုကို ရနိုင်၏။
“မင်းတို့နှစ်ယောက် ဒီ မှော် ရေနွေးအိုးကို သုံးနေသရွေ့ ရေသန့်လေးသောက်ဖို့ ဘာအခက်အခဲမှ မရှိတော့ဘူး......"
အဘိုးအို လုဖ် သည် မှော်ရေနွေးအိုးနှင့် မှော်မီးဖို၏ အာနိသင်များကို ၎င်းတို့နှစ်ဦးအား မိတ်ဆက်ပေးတော့မည်ဖြစ်သော်လည်း ၎င်းတို့ထဲမှ တစ်ယောက်က ရုတ်တရက် လက်ကို မြှောက်လိုက်သည်။
“မလိုအပ်ပါဘူး၊ ဒီတစ်ကြိမ်လာတာက ဒီမှော်ရေနွေးအိုးတွေနဲ့ မှော်မီးဖိုတွေကို ဝယ်ဖို့မဟုတ်ပါဘူး။"
"အိုက်?" အဘိုးအို လုဖ် သည် အံ့ဩကာ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။
ထိုလူနှစ်ယောက်က အရမ်းစိတ်ဝင်စားနေသော်လည်း ဝယ်ဖို့မစီစဉ်ထားရာ ဤနေရာကိုဘာလာလုပ်နေကြသနည်း။ သူ့အချိန်တွေကို ဖြုန်းတီးဖို့ ဒီကိုလာခဲ့ကြတာများလား။
ကုန်သည်တစ်ယောက်အနေနှင့် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော အဘိုးအို လုဖ် က သူ့အပြုံးကို ဆက်ထိန်းပြီး ပြောလိုက်သည်၊ “ကောင်းပြီ၊ မင်းတို့နှစ်ယောက်က အဲဒါကို နည်းနည်းလောက်ကြည့်ပြီး နားလည်နိုင်တယ်။ ကျုပ်တို့ လုဖ် ကုန်သည်ကြီးများအသင်းရဲ့ မှော်ရေနွေးအိုးတွေနဲ့ မှော်မီးဖိုတွေက Frestech တံဆိပ်နဲ့ မနှိုင်းယှဉ်နိုင်ပေမယ့်လည်း၊ သေချာတာကတော့ တခြား တံဆိပ်တွေကြားမှာ အကောင်းဆုံးထဲပါပါတယ်။ မယုံရင် လိုက်မေးလို့ရတယ်။”
“မလိုအပ်ပါဘူး။” ထိုသူက ပြုံးပြီးပြော၏။ “လုဖ် ကုန်သည်ကြီးများအသင်းရဲ့ မှော်ရေနွေးအိုးနဲ့ မှော်မီးဖိုတွေက Frestech ကုန်သည်ကြီးများအသင်း အပြင် အားလုံးထဲမှာ အကောင်းဆုံးဖြစ်ကြောင်းကို ကျုပ်တို့ကြားခဲ့ရပြီးပါပြီ။"
“အိုး?" အဘိုးအို လုဖ် က ပိုလို့တောင် စိတ်ရှုပ်သွားသည်။
နှစ်ယောက်သား လိုက်မေးပြီး ဤနေရာကိုလာခဲ့ကြသော်လည်း မှော်ရေနွေးအိုးနှင့် မှော်မီးဖိုတွေ မဝယ်ဘဲ ဒီကိုလာရာ အချိန်ကို ဘာအတွက် ဖြုန်းနေကြတာသနည်း?
အဘိုးအို လုဖ် ၏ မျက်လုံးများရှိ သံသယကို မြင်လိုက်ရသဖြင့် ထိုလူက ပြုံးပြကာ အဘိုးအို လုဖ် အတွက် စာချုပ်ကို ထုတ်လိုက်သည်။
“ဥက္ကဋ္ဌ လုဖ်၊ ကျုပ်တို့လာတာက မှော်ရေနွေးအိုးနဲ့ မှော်မီးဖိုကို ဝယ်ယူဖို့ လာခဲ့တာမဟုတ်ဘဲ ခင်ဗျားတို့ လုဖ် ကုန်သည်ကြီးများအသင်းကို ဝယ်ယူဖို့လာတာပါ။ ဒါက အဝယ်စာချုပ်ပါ၊ ကျေးဇူးပြုပြီး ကြည့်ပါဦး။"
"ဟမ်?"
အဘိုးအို လုဖ် သည် ဤအရာကို လုံးဝအံ့အားသင့်သွားခဲ့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၅၉။ ပိုက်ဆံပေးဖို့အသင့်ဖြစ်နေ
(T/N: အခန်း ၅၇,၅၈က original မှာတည်းက မပါလာတာပါ.. E translator ပြောထားတာကတော့ အခန်းကျန်ခဲ့တာ မဟုတ်ဘဲ နံပါတ်မှားတပ်ထားတာမို့ နောက်အပိုင်းတွေမှာလဲ ဆက်မပြင်ဘဲ ဒီနံပါတ်အတိုင်းပဲ ဆက်သွားထားပါတယ်တဲ့။)
နှစ်ဦးသား နာရီဝက်ကြာထွက်လာပြီးနောက် လူအိုကြီး လုဖ်မှာ ငေးကြောင်နေရာမှ ပြန်နိုးလာသည်။
သူ့လက်ထဲရှိ ငွေရှင်းပြီး သဘောတူညီမှုကို မြင်သော် လူအိုကြီး လုဖ်က မယုံနိုင်ဖြစ်နေဆဲပင်။
ဤငွေရှင်းပြီး သဘောတူညီချက်မှာ ကန်ဒရာအင်ပါယာရှိ ကျော်ကြားသော လုပ်ငန်းစုကြီးတစ်ခုထံမှ ဖြစ်ရာ လူအိုကြီး လုဖ်ကို များစွာ အံ့အားသင့်စေပြီးသားဖြစ်၏။
သူ့အားပို၍ပင် အံ့အားသင့်စေသည်မှာ တစ်ဘက်က ရွှေဒင်္ဂါး ၈သိန်းကမ်းလှမ်းလာခြင်းပင်။
အဘိုးအို လုဖ် ၏ ခန့်မှန်းချက်များအရ သူပိုင်ဆိုင်သော လုဖ် ကုန်သည်ကြီးများအသင်းမှ စတိုးဆိုင်များနှင့် စက်ရုံများကို ပေါင်းထည့်ပါက စုစုပေါင်းတန်ဖိုးမှာ ရွှေဒင်္ဂါးနှစ်သိန်းခန့်သာ ရှိမည်ဖြစ်သည်။
လုဖ် ကုန်သည်ကြီးများအသင်းမှ မှော်ရေနွေးအိုးနှင့် မှော်မီးဖို နည်းပညာကိုပါ လိုချင်ကြောင်း တစ်ဖက်က ထောက်ပြခဲ့သော်လည်း ၎င်း၏ စုစုပေါင်းတန်ဖိုးမှာ ရွှေဒင်္ဂါးငါးသိန်းသာ ရှိသေးသည်။
ရွှေဒင်္ဂါး ရှစ်သိန်းနှင့် ရောင်းလျှင် အဖိုးအို လုဖ် က ရွှေဒင်္ဂါးသုံးသိန်း အမြတ် ရလိမ့်မည်။
ထို့အပြင် သူ့အကြွေးကို ချေပြီးလျှင် အဘိုးအို လုဖ် ၏ ရွှေဒင်္ဂါး ရှစ်သိန်းထဲက ခုနစ်သိန်းကျန်ဦးမည်ပင်။
ဤငွေများစွာဖြင့် သူသည် ဇိမ်ကျကျ နေထိုင်နိုင်ပြီး ဤငွေဖြင့် အလုပ်လုပ်ရန်ပင် မလိုအပ်တော့ပေ။ သူလိုချင်သည့် ဇိမ်အကျဆုံးဘဝကို ဖြတ်သန်းနိုင်ပြီး နှစ်အတော်ကြာကြာအောင် လုံလုံလောက်လောက်နေနိုင်သလို မသေခင်အထိပင် အကုန်မကုန်နိုင်လောက်တော့ပေ။
သူသာ ဆက်လက်လုပ်ဆောင်လိုပါက ရွှေဒင်္ဂါးခုနစ်သိန်းရှိသော အရင်းအနှီးအပြင် ဤလုပ်ငန်းတွင်ရှိ သူ၏ အတွေ့အကြုံများကြောင့် သူသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော အလားအလာရှိမည်မှာ သေချာပါသည်။
ဘယ်လိုပဲကြည့်ကြည့် ထိုစာချုပ်ကို လက်မှတ်ထိုးပြီး လုဖ်ကုန်သည်ကြီးများအသင်းအား ရောင်းချဖို့က အရမ်းကောင်းတဲ့ ရွေးချယ်မှုပင်။
သို့သော် အဘိုးအို လုဖ် သည် ၎င်းကို အသေအချာ စဉ်းစားပြီးနောက်တွင် အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်နေသည်။
လမ်ပူရီတိုင်းပြည်၏ကုန်သွယ်ရေးဌာနနှင့် ကန်ဒရာအင်ပါယာ၏ကုန်သွယ်မှုဌာန၏ တံဆိပ်ပါသောကြောင့်တစ်ဘက်တွင်လိမ်လည်မှုဖြစ်မည်ကို သူစိုးရိမ်ခြင်းမရှိပေ။ ယင်းက ၎င်းကို နှစ်နိုင်ငံလုံး အသိအမှတ်ပြုပြီး အတည်ပြုကြောင်း သက်သေပြသည်။
အဘိုးအို လုဖ် လက်မှတ်ထိုးသရွေ့တော့ ၎င်းတို့က ချက်ချင်း ပိုက်ဆံပေးပြီး တွန့်ဆုတ်နေမည်မဟုတ်ဟုတစ်ဖက်ကပြောခဲ့သည်ကို မဆိုထားနှင့်။
ခီမဲရာကုန်သည်ကြီးများအသင်း၏ သိန်းချီ ရွှေလက်မှတ်များကို ထုတ်ယူကြသည်ကိုမြင်တော့ အဖိုးအိုလုဖ်သည် ၎င်းတို့၏စကားများကို သံသယမရှိခဲ့ပေ။
သို့ပေမယ့် အဘိုးအိုလုဖ်က သူ့၏ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ ကောင်းကင်ကနေ ပြုတ်ကျလာသော ပိုင်မုန့်ကို စားဖို့ မလွယ်ဘူးဟု အဆိုရှိတဲ့အတွက် စိုးရိမ်ပူပန်နေခဲ့ပါ၏။
အဘိုးအိုလုဖ်၏ရှေ့တွင်ရှိသော မုန့်သည် ငြင်းရခက်လောက်အောင် ဆွဲဆောင်မှုရှိသည်။
အဘိုးအို လုဖ်က သူ့စိတ်ထဲ ရုန်းကန်နေချိန်တွင် သူ့ဆိုင်တံခါးကို ဝဖိုင့်ဖိုင့်လူတစ်ဦး တွန်းဖွင့်လိုက်ပြီး ရယ်မောရင်း ရောက်လာသည်။
“ဟေး လုဖ်၊ ငါ့အတွက် ပျော်ရွှင်ပေး၊ ငါ သဘောတူညီမှု ကြီးကြီးမားမားရခဲ့ပြီ!"
အဘိုးအို လုဖ် သည် ရုတ်တရက် ဝင်လာပြီး အံ့သြသော အသံဖြင့် ဆိုလာသော ဝဖိုင့်ဖိုင့်လူကို ကြည့်ကာ မေးလေသည်၊ "ဒိုရာ၊ ဘာသဘောတူညီမှုလဲ"
ဒိုရာက ရယ်မောပြီး အဘိုးအို လုဖ် အနားသို့ လျှို့ဝှက်ဆန်းကြယ်သော ဟန်ဖြင့် ရောက်လာကာ ပြောသည် “ ပြောပြမယ်၊ ဒါက တကယ်ကို ကြီးကျယ်ခမ်းနားလွန်းတယ်။ ငါ..... အိုက်လန်ကုန်သည်ကြီးများအသင်းကို ရောင်းလိုက်ပြီ။"
“အာ့?" အဘိုးအို လုဖ် ၏ မျက်လုံးများ ပြူးကျယ်သွားကာ "မင်း.....မင်း အိုက်လန်ကုန်သည်ကြီးများအသင်းကို တကယ်ရောင်းခဲ့တာလား။ ဘုရားရေ၊ မင်း ရူးနေလား"
“ငါမရူးပါဘူး။" ဒိုရာက သူ့လက်ကို ဝှေ့ယမ်းပြီး တူညီတဲ့ အပြုံးနဲ့ ပြော၏ "ငါ ဘယ်လောက်နဲ့ရောင်းခဲ့ရလဲ သိလား"
“ဘယ်လောက်လဲ?" အဘိုးအို လုဖ် က သူ့စိတ်နှလုံးထဲ၌ တွက်ချက်ပြီး မျက်မှောင်ကုပ်လိုက်သည်။
ဒိုရာသည် သူ၏ သူငယ်ချင်းဟောင်းဖြစ်ပြီး မှော်ရေနွေးအိုးကို ထုတ်လုပ်ရန် ဆုံးဖြတ်စဉ်က ဒိုရာမှာ သူ့အား မစွန့်စားရန် တိုက်တွန်းခဲ့သည်။
အဘိုးအို လုဖ် သည် အဆိုပါ မှော်ရေနွေးအိုးများမှ ကြီးမားသော အမြတ်ငွေကို ရရှိသောအခါ၊ ဒိုရာသည်လည်း အလားတူ အလိုရှိခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ မှော် ရေခဲသေတ္တာနည်းပညာကို ဝယ်ယူခဲ့သည်။ သူ၏ အိုက်လန်ကုန်သည်ကြီးများအသင်းတွင် မှော်ရေခဲသေတ္တာများထုတ်လုပ်ရန် အာရုံစိုက်ထားခဲ့သည်။
ယခု အိုက်လန်တံဆိပ် မှော်ရေခဲသေတ္တာများသည် ဆော့တန်မြို့တော်နှင့် ပတ်ဝန်းကျင်မြို့များတွင် နာမည်ကြီးလာသောကြောင့် ၎င်းတို့ထံမှ အနည်းငယ် ဝင်ငွေရခဲ့သည်။
အိုက်လန်ကုန်သည်ကြီးများအသင်း၏ အတိုင်းအတာနှင့် ကျော်ကြားမှုသည် လုဖ် ကုန်သည်ကြီးများအသင်းအောက် အနည်းငယ်သာ နိမ့်ပါသည်။ လုဖ် ကုန်သည်ကြီးများအသင်းသည် ငါးသိန်းတန်လျှင် အိုက်လန်ကုန်သည်ကြီးများအသင်းသည် ရွှေဒင်္ဂါး လေးသိန်းခန့် တန်ဖိုးရှိမည်ဖြစ်သည်။
“လေးသိန်း?" အဘိုးအို လုဖ် ၏အဖြေကိုကြားတော့ ဒိုရာက ရယ်ကာ ခေါင်းခါလိုက်သည်။ သူသည် အဘိုးအို လုဖ် ဆီသို့ လက်တစ်ချောင်းနှင့် အပိုလက်တစ်ချောင်းကို မြှောက်လိုက်ပြီး "မင်းကို ပြောပြမယ်၊ ရွှေဒင်္ဂါးခြောက်သိန်းပဲ။ ခြောက်သိန်းနဲ့ရောင်းခဲ့ရတယ် ဟား၊ ငါ အခု တကယ်ချမ်းသာနေပြီ!"
“ခြောက်သိန်း?" ဒိုရာသည် သူ့စိတ်ထဲတွင် ပေါက်ဈေးထက် နှစ်သိန်းမြင့်သော စျေးနှုန်းကို ပေးသည်ကိုကြားတော့ အဖိုးအို လုဖ် က စဉ်းစားရင်း မေးလိုက်မိသည်၊ “မင်းရဲ့ အိုက်လန်ကုန်သည်ကြီးများအသင်းကိုဝယ်တဲ့ သူက ကန်ဒရာအင်ပါယာကပဲလား။"
ဒိုရာအံ့သြသွားပြီး "မင်းဘယ်လိုသိတာလဲ"
အဘိုးအို လုဖ် သည် သူ့စိတ်ထဲရှိ မှန်းဆချက်ကို အတည်ပြုပြီး ဒိုရာအား ဝယ်ယူကြောင်း သဘောတူညီချက်ကို ထုတ်ပြခဲ့သည်။
ဒိုရာက ယူလိုက်ပြီး အံ့သြသည့်ဟန် ပြလာသည်။
"ဒါဆို ငါတို့ အိုက်လန်ကုန်သည်ကြီးများအသင်းတစ်ခုတည်းတင်မဟုတ်ဘူးပေါ့.....အဲဒီ ကန်ဒရာအင်ပါယာက လူတွေ ဘာလုပ်နေကြတာလဲ"
အဘိုးအို လုဖ် က ခေါင်းခါလိုက်ပြီး တွန့်ဆုတ်စွာဖြင့် "မသိဘူး၊ ဒီကိစ္စက ထူးဆန်းလွန်းတယ်၊ ဒါကြောင့် သဘောတူရမလား၊ မတူရဘူးလား စဉ်းစားနေတာ။"
အဘိုးအို လုဖ်ထံ စာချုပ်ကို ပြန်မပေးခင် ဒိုရာက အနည်းငယ် တုံ့ဆိုင်းနေပြီး "ချီး၊ ဘာကို ဆိုင်းငံ့ထားရမလဲ။ ဈေးကောင်းရင်ရောင်း၊ ဈေးမကောင်းရင် မရောင်းနဲ့။ ဘာပဲဖြစ်ဖြစ်၊ မင်းရဲ့ လုဖ် ကုန်သည်ကြီးများအသင်းက တစ်နှစ်ကို ရွှေဒင်္ဂါးပေါင်း ထောင်သောင်းချီပြီး ရနိုင်တယ်။ မရောင်းရင်တောင်မှ ကောင်းကောင်းလုပ်နိုင်ပါသေးတယ်။ ဟုတ်တယ်၊ ငါထင်တာကို အခြေခံပြီး ပြောရရင် ရွှေဒင်္ဂါးပြားတွေရှိတဲ့အခါ တခြားအရာတွေကို ပိုလုပ်နိုင်တာကြောင့် ရောင်းတာက ပိုကောင်းတယ်။ မင်းလုပ်နေတဲ့အရာထက် ပိုကောင်းနိုင်တဲ့အရာပေါ့"
"ငါလည်း ဒီလိုပဲထင်တယ်၊ ဒါပေမယ့် ဒီကိစ္စက ယုံကြည်လို့မရသလိုပဲ ထူးဆန်းလွန်းတယ်လို့ ခံစားရတယ်......" အဘိုးအို လုဖ် က မျက်ခုံးနှစ်ဖက်ကို ကျုံ့လိုက်သည်။
“ဘာထူးဆန်းလို့လဲ" ဒိုရာက သူ့လက်ကို ဝှေ့ယမ်းကာ “ဘာပဲဖြစ်ဖြစ် ငါ စာချုပ်ချုပ်ပြီးတော့ သူတို့က ငါ့ကို ရွှေဒင်္ဂါးခြောက်သိန်း ပေးတယ်။လုံးဝမနှောင့်နှေးဘူး၊ အရမ်းမြန်တယ်။”
“ဟုတ်လား?" အဘိုးအို လုဖ် က ပိုလို့တောင် စိတ်ရှုပ်သွား၏။
သာမာန်အားဖြင့်ပြောရလျှင်၊ ဤပမာဏကြီးမားသောဝယ်ယူမှုအတွက်၊ ငွေကြေးအလုံအလောက်ရှိသော ကန်ဒရာအင်ပါယာမှ ကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့လျှင်ပင် သတိထားရန်ပိုကောင်းပါသည်။ လပေါင်းများစွာ သို့မဟုတ် တစ်နှစ်ခွဲလောက်အထိ ငွေပေးချေမှုကို ဆွဲထားရသည်က မထူးဆန်းပါချေ၊ ၎င်းတို့ရ အဘာ့်ကြောင့် ဤမျှလောက် အဆင်သင့် ပေးချေနေရသနည်း။
"ငါပြောမယ် မင်းဘာလို့ဒီလောက်ဂရုစိုက်နေတာလဲ" ဒိုရာသည် အဘိုးအို လုဖ် ကို ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်သည်၊ “ပိုက်ဆံရနိုင်မလား မရဘူးဆိုတာကို ဂရုစိုက်ဖို့ပဲလိုတယ်။ အခုကြည့်လိုက်ရင် တစ်ဖက်က မင်းကို လွယ်လွယ်လေး ပေးနေတယ်ဆိုတော့ ဘာစဉ်းစားစရာရှိလဲ။ လုဖ်၊ မင်းရောင်းသင့်တယ်လို့ ငါတကယ်ခံစားရတယ်။ ပိုက်ဆံယူပြီးနောက်ကျရင် ငါတို့မှာ အခွင့်အရေးရှိမရှိကြည့်ဖို့ မားလိုအင်ပါယာကိုသွားလို့ရတယ်မဟုတ်လား။ ဆော့တန်မြို့တော် သေးသေးလေးမှာ နေရတာထက်စာရင် ပိုကောင်းတယ်ဟုတ်လား။”
နောက်ဆုံးစကားကြားတော့ အဘိုးအို လုဖ် ၏ စိတ်တွေ လှုပ်ရှားသွားသည်။
၎င်းက ဒီသဘောတူညီချက်အတွက် အကြီးမားဆုံး ဆွဲဆောင်မှုပါပင်။
သူသည် ငယ်စဉ်ကတည်းက လမ်ပူရီတိုင်းပြည်တွင် နေထိုင်ခဲ့ပြီး မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာကို ငယ်စဉ်ကတည်းက အံ့သြစွာ ကြည့်ရှုခဲ့ရာ ၎င်းတို့တွင် စွန့်စားရန် အမြဲတွေးတောနေခဲ့သည်။
အခု သူ့ရှေ့မှာ ဒီလို အခွင့်အရေးကောင်းတွေ ရှိနေတော့ ဘယ်လိုမှ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
ဝယ်ယူသူများသည် ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီနှစ်ခုမှ လာသည်မဟုတ်ပါလား? အဘိုးအို လုဖ် သည် အနာဂတ်တွင် ကန်ဒရာအင်ပါယာရှိ မှော်စက်, စက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုပါက ၎င်းတို့၏ကုမ္ပဏီများသည် သူတို့အား အနည်းငယ်အကူအညီပေးနိုင်သည်။
ထို့အပြင် ကန်ဒရာအင်ပါယာသည် ယခုအခါ မှော်စက်လုပ်ငန်းကိုလည်း ဂရုစိုက်နေသည်။ သူသွားလိုလျှင် ကန်ဒရာအင်ပါယာသည် ၎င်းတို့အား မူဝါဒအမျိုးမျိုးဖြင့် ပံ့ပိုးပေးမည်ဖြစ်သောကြောင့် ဤသည်မှာ အလွန်ကောင်းသောအခွင့်အရေးဟု ဆိုနိုင်သည်။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်၊ အဘိုးအို လုဖ် ၏စိတ်သည် စတင်လှုပ်ရှားလာပြီး ဒိုရာကို စမ်းသပ်သည့်ဟန် မေးလိုက်၏၊ “ဒါဆို.....သူတို့ရဲ့ စာချုပ်ကို ငါလက်မှတ်ထိုးရမလား”
“ကောင်းပြီ။” ဒိုရာသည် အဖိုးအို လုဖ် ၏ ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောရင်း “မင်းလိုချင်ရင် ရောင်းလိုက်။ အဲဒီရွှေဒင်္ဂါးတွေအကုန်ယူပြီးရင် ငါတို့လိုချင်တာ ဘာမဆိုလုပ်နိုင်တာမို့ ပြဿနာမရှိဘူး၊ အရင်ကထက် အများကြီး ပိုကောင်းလာလိမ့်မယ်။”
အဘိုးအို လုဖ် သည် ဒိုရာ၏ မျက်နှာပေါ်ရှိ တည်တည်ငြိမ်ငြိမ် အပြုံးကို မြင်ပြီး အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အင်း.....အဲဒါလည်းကောင်းပါတယ်......"
အဘိုးအို လုဖ် သည် ထိုကုမ္ပဏီများ၏ ဖြားယောင်းခြင်းကို ခံနေရချိန်တွင် ရှုယီသည်လည်း ဖြားယောင်းခြင်းကို ရင်ဆိုင်နေရသည်။
နှစ်သစ်ပြီးနောက်၊ ကန်ဒရာအင်ပါယာမှ သံတမန်တစ်ဦးသည် စတက်တိန်းနယ်မြေထံ ရောက်ရှိလာသည်။
ဤသံတမန်၏ ကိုယ်စားလှယ်မှာ မင်းသားဖရန့်ခ်၏ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ယခင်က ဆွေးနွေးခဲ့သော မှော်ကားပြိုင်ပွဲများကို ဆွေးနွေးရန် ရောက်ရှိလာခြင်းဖြစ်ပြီး မင်းသားဖရန့်ခ်ထံမှ နောက်ထပ် တောင်းဆိုမှုတစ်ခုကို ယူဆောင်လာခဲ့သည်။
“ကန်ဒရာအင်ပါယာမှာ ပြိုင်ပွဲကျင်းပမယ် ပြိုင်ကားတွေကို ပြင်ဖို့ စတက်တိန်းနယ်မြေဆီကို ပြန်လာဖို့ လိုအပ်တာကြောင့် ပြိုင်ပွဲကို ကျင်းပရုံနဲ့ မလုံလောက်ဘူးလို့ အရှင်မင်းသားက ပြောတယ်။ ပြုပြင်ထိန်းသိမ်းမှု လုပ်တာကလည်း တကယ့်ကို ဒုက္ခများတယ်။ ဒါကြောင့် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာမှာ မှော်ကားစက်ရုံကို တိုက်ရိုက်ဖွင့်နိုင်လိမ့်မယ်လို့ မင်းသားဖရန့်ခ်က မျှော်လင့်နေတယ်။"
ရှုယီသည် သူအရင်ကတွေ့ဖူးသည့် မင်းသားဖရန့်ခ်၏ လက်အောက်ခံမန်နေဂျာ မန်စီနီကို ကြည့်ကာ မည်သည်မှပြောဘဲ ပြုံးနေလိုက်သည်။
သူသည် မှော်ကားတွင် သူ၏ မင်းသားဖရန့်ခ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုစဉ်က မင်းသားဖရန့်ခ်မှာ ၎င်းကို ငြင်းဆိုခဲ့သည်။ တစ်နှစ်မပြည့်ခင်မှာ မင်းသားဖရန့်ခ်၏ သဘောထား ပြောင်းလဲလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိချေ။ ၎င်းက အရာခပ်သိမ်းသည် မည်မျှမတည်မြဲဟူသည့် စိတ်ခံစားမှုတစ်ခု ဖြစ်လာစေသည်။
သို့သော် သူ၏ မင်းသားဖရန့်ခ်ည် ယခင်က မှော်ကားပြိုင်ပွဲတွင် ပါဝင်ရန် လမ်ပူရီတိုင်းပြည်သို့ပင် သွားခဲ့ရာ ရှုယီသည် ဤပြောင်းလဲမှုကို လက်ခံနိုင်ခဲ့သည်။
မင်းသားဖရန့်ခ်၏ ယခုအကြိမ် ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ သူ့ကြောင့်မဟုတ်သော်လည်း ကန်ဒရာအင်ပါယာအတွက် သဘောထား ပြောင်းလဲမှုဟု မဆိုလိုသောကြောင့် ဤအရာကို သူ လုံးဝ မအံ့သြမိပါပေ။
ရှုယီက စကားမပြောသည်ကို မြင်လိုက်ရတော့ မန်နေဂျာ မန်စီနီက အနည်းငယ် စိတ်မရှည်တော့ပေ။
သို့သော် သူနောက်ဆုံးအကြိမ် ရှုယီနှင့်တွေ့စဉ်က နှိမ့်ချသောဟန်ကို ပြသနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မင်းသားဖရန့်ခ်က သူ့ကိုလာရန် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့ပြီး အကြောင်းပြချက်မှာ မရိုးရှင်းကြောင်း သူသိသည်။ ထို့ကြောင့် သူ့သဘောထားက မောက်မာမနေနိုင်ဘဲ အတတ်နိုင်ဆုံး ရိုးရိုးသားသားနေဖို့ လိုပါ၏။
သူ့စိတ်ထဲက မကျေနပ်မှုတွေကို တွန်းလှန်ပြီးနောက် မန်နေဂျာ မန်စီနီက ငိုသည်ထက် ပိုရုပ်ဆိုးသော အပြုံးကို ညှစ်ထုတ်ဖို့ တတ်နိုင်သမျှ ကြိုးစားပြီး မေးလိုက်သည် "ဥက္ကဌ ရှု၊ မင်း ဘယ်လိုထင်လဲ"
ရှုယီက စဉ်းစားပြီး ခေါင်းညိတ်ပြလာသည်၊ "ဒီအကြံပြုချက်က မဆိုးဘူးလို့ ခံစားရတယ်၊ ဒါပေမယ့် မန်နေဂျာ မန်စီနီက ဒီပူးတွဲရင်းနှီးမြုပ်နှံထားတဲ့ အချက်ကို ဘယ်သူက ထိန်းချုပ်နိုင်မလဲဆိုတာကို မင်းသားဖရန့်ခ်က ပြောခဲ့သေးလား"
မန်နေဂျာ မန်စီနီ၏ အမူအရာမှာ လေးနက်လာသည်၊ "မင်းသားဖရန့်ခ်ကနေ ထိန်းချုပ်ထားတာပေါ" နောက်တော့ သူ့လေသံက ရုတ်တရက်ပြောင်းသွားတာကို သူသတိသွားပြီး ဆက်ပြောရင်း ပြုံးပြလိုက်၏။ “ဟုတ်ပါတယ်၊ သူ့အရှင်မင်းသားဖရန့်ခ်က စက်ရုံရဲ့ ခိုင်မာတဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်ပါဘူး၊ ဒါကြောင့် အဲဒါကို မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကပဲ အဓိက ဂရုစိုက်မှာပါ။”
“အိုး?" ရှုယီသည် မနေနိုင်စွာ လှောင်ပြောင်ရယ်မောလိုက်မိ၏။
မန်နေဂျာ မန်စီနီက Frestech ကုန်သည်ကြီးများအသင်းသည် မင်းသားဖရန့်ခ်အတွက် လုပ်ဆောင်ပေးရမည်ဟု ပြောကြားခဲ့သည်။
မင်းသားဖရန့်ခ်သည် အခြေအနေကို အမှန်တကယ် နားမလည်နိုင်ပေ။
ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်၏၊ "ကျုပ်တို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းသာပါတယ်လို့ မင်းသားဖရန့်ခ်ကို ပြောလိုက်ပါ၊ ဒါပေမယ့် ထိန်းချုပ်ပိုင်ခွင့်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လက်ထဲမှာပဲ ရှိရမယ်လို့။ ဆွေးနွေးစရာ မရှိတော့ပါဘူး။"
မန်နေဂျာ မန်စီနီသည် ရှုယီက ဤကဲ့သို့ ခေါင်းမာလိမ့်မည်ဟု လုံးဝမထင်ထားသောကြောင့် မနေနိုင်စွာ အံ့ဩကာ မျက်နှာက အလွန်ရုပ်ဆိုးသွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၀။ ကန်ဒရာအင်ပါယာကို အမြန်တုံ့ပြန်ခြင်း
မန်နေဂျာမန်စီနီ၏ မျက်နှာထားက မည်မျှ ဆိုးဝါးနေပါစေ သူဟာ ရှုယီကို ပထမဆုံးတွေ့စဉ်ကကဲ့သို့ မည်သည်အရိုင်းစိုင်းမှတ်ချက်ကိုမှ မပြုဝံ့ချေ။
မင်းသားလေးဖရန့်ခ်က သူ့အား မထွက်သွားခင်က ပြောဖူးတာကို စဉ်းစားကြည့်မိလျှင် သူ့ရင်ထဲမှာ နှလုံးတွေအောင့်ပြီး ဒေါသထွက်သော်ငြား ရှုယီထံ စိတ်ရှည်ရှည်ရှင်းပြလာသည်။
သို့ပေမယ့် ဘာပဲပြောပြော ရှုယီက တာဝန်ခံဟာ Frestech ကုန်သည်ကြီးများအသင်းဖြစ်ရမယ် ဒါမှမဟုတ် ဆွေးနွေးစရာ ဘာမှမရှိဘူးလို့ အခိုင်အမာပြောနေခဲ့သည်။
“မန်နေဂျာ မန်စီနီ၊ တခြားပြောစရာ မလိုပါဘူး။ ဒါက ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အခြေခံအကျဆုံး အခြေအနေပဲ၊ ဒါကို အရှင်မင်းသားဆီ လက်ဆင့်ကမ်းပေးပါ။” ရှုယီက တင်းမာသောလေသံဖြင့် ပြောသည်။
မန်နေဂျာ မန်စီနီသည် မျက်မှောင်ကုပ်ကာ ရှုယီလေးနက်သော အကြည့်ဖြင့် ကြည့်သည်။ ခဏလောက်စဉ်းစားပြီးသောအခါ ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်၏။
“ဒါက သူ့ရဲ့ ဥက္ကဌ ရှု အတွက် အရမ်းခက်ခဲစေလိမ့်မယ်။ ရိုးရိုးသားသားပြောရရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပတ်သက်ပြီး အင်ပါယာရဲပအမြင်က မကောင်းတဲ့အတွက် အရှင်မင်းသားက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်လိုက်ရင် အရမ်းအန္တရာယ်များလိမ့်မယ်။ဒါပေမယ့် အရှင်မင်းသားက မင်းကို ဒီအခွင့်အရေးကို ပေးချင်ပေမယ့် မင်းအဲဒါကို တန်ဖိုးမထားဘူး......"
ရှုယီက ပြုံးပြသည်။ အကယ်၍ မင်းသားဖရန့်ခ်သည် မန်နေဂျာ မန်စီနီနှင့် တူညီ၍၊ မာနကြီးသူ ဖြစ်ပါက၊ ပူးပေါင်းဆောင်ရွက်မှုကို အမှန်တကယ် ဆွေးနွေးရန် မလိုအပ်ပါချေ။
သို့သော် ရှုယီသည် မင်းသားဖရန့်ခ်က ပူးပေါင်းဆောင်ရွက်ရာတွင် စိတ်ရင်းမှန်ဖြစ်ကြောင်း ယုံကြည်ခဲ့သည် မဟုတ်ပါက သူနှင့် ညှိနှိုင်းရန် ယုံကြည်ရသော လက်အောက်ငယ်သားကို တိတ်တဆိတ် စေလွှတ်ခဲ့မည်မဟုတ်ပေ။
ထို့အပြင်၊ ၎င်းသည် ကန်ဒရာအင်ပါယာရှိ အချို့သောလူများ၏ဆန္ဒကို ကိုယ်စားပြုကြောင်း သူသေချာသိခဲ့ရာ ၎င်းသည် သတိလက်လွတ်လုပ်ဆောင်မှုမဟုတ်သည်မှာ သေချာပါသည်။
ရှုယီက မတုန်လှုပ်သည်ကို မြင်လိုက်ရသဖြင့် မန်နေဂျာ မန်စီနီသည် မျက်ခုံးကို တွန့်ချိုးပြီး ခေါင်းယမ်းလိုက်သည်။
“ကောင်းပြီ၊ ဒါကို မင်းသားဖရန့်ခ်ဆီ လွှဲပေးလိုက်မယ်၊ ဒါပေမယ့် ဥက္ကဋ္ဌ ရှု၊ မင်းလည်း ဒါကို ပြန်စဉ်းစားသင့်တယ်။ အရှင်မင်းသားရဲ့ အာရုံစိုက်မှုကို ရတာက အင်ပါယာမှာ မင်းတို့Frestech ကုန်သည်ကြီးများအသင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းအကျိုးရှိတယ်။ မင်းလည်း ဒါကိုသိမယ်လို့ ငါယုံကြည်တယ်။"
"ဟုတ်ပါတယ် ကျုပ်သိပါတယ်၊ ဒါကြောင့် မင်းသားဖရန့်ခ်နဲ့ ပူးပေါင်းဆောင်ရွက်တာ အရမ်းရိုးသားဖို့လိုတယ် မထင်ဘူးလား" ရှုယီက ပြုံးပြီးပြောသည် ။
"မင်း ရိုးသားရင် ထူးဆန်းလိမ့်မယ်!" မန်နေဂျာ မန်စီနီသည် ရှုယီအား နှုတ်မဆက်မီ အေးစက်စက် နှာမှုတ်လိုက်သည်။
မန်နေဂျာ မန်စီနီ တံခါးမှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှုယီက ပြုံးလိုက်သည်။ ထို့နောက် သူ့ရုံးခန်းရှိ စားပွဲဆီသို့ ပြန်သွားကာ စာရွက်စာတမ်းတစ်ခုထုတ်ရန် အံဆွဲကိုဖွင့်လိုက်သည်။
၎င်းသည် လမ်ပူရီတိုင်းပြည်တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်း ပေးပို့ထားသော ဘာရွန်ဟားနက်စ်၏ နောက်ဆုံး ထောက်လှမ်းရေး အစီရင်ခံစာဖြစ်ပြီး ၎င်းသည် လမ်ပူရီတိုင်းပြည်၏ မှော်စက်ကုမ္ပဏီများနှင့် အဓိက သက်ဆိုင်ပါသည်။
အစီရင်ခံစာအရ၊ လွန်ခဲ့သည့်လဝက်တွင်၊ လမ်ပူရီတိုင်းပြည် မှော်စက်ကုမ္ပဏီများသည် ၎င်းတို့ကိုဝယ်ရန် မြင့်မားသောကမ်းလှမ်းမှုများကိုလက်ခံရရှိခဲ့ပြီး အများအပြားသည် အဆိုပါကမ်းလှမ်းချက်ကိုလက်ခံခဲ့သည်။
ဝယ်ယူသူများသည် အပြင်ပန်းတွင် ရှင်းလင်းပုံမပေါ်သော်လည်း အမှန်တကယ်တွင် ၎င်းတို့အားလုံးသည် ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီကြီးများမှဖြစ်သည်။
စိုင်စ်နယ်မြေကြီး တစ်ခုလုံးတွင် အကြီးမားဆုံးသောကုမ္ပဏီများအဖြစ် သတ်မှတ်ခံထားရသော အဆိုပါကုမ္ပဏီများကို ရင်ဆိုင်ရသည့်အခါ ကြီးကြီးမားမားမဟုတ်သော လမ်ပူရီတိုင်းပြည်ရှိ ဤမှော်စက်ကုမ္ပဏီများသည် ခုခံရန် ခက်ခဲလှသည်။ ၎င်းတို့သည် အလွန်မြင့်မားသောစျေးနှုန်းများကို ပေးဆောင်သည် ဟူသောအချက်ကို ပေါင်းထည့်ခြင်းဖြင့်၊ ဤသဘောတူညီချက်အများစုသည် ချောမွေ့စွာတိုးတက်နေသည်မှာ မထူးဆန်းပါပေ။
ဥပမာအားဖြင့်၊ ဆော့တန်မြို့တော်တွင် မှော်လေပေးစက်များပြုလုပ်ရာ၌ အထူးပြုထားသော အိုက်လန်ကုန်သည်ကြီးများအသင်းဟုခေါ်သည့် ကုမ္ပဏီငယ်တစ်ခုရှိသည်။ ၎င်းတို့အား ဝယ်ယူဈေးနှုန်းက ခြောက်သိန်းဖြစ်ပြီး ခန့်မှန်းချေထက် တစ်ဆခွဲလောက်ပိုများပါ၏။
ဝယ်ယူပြီးနောက်၊ အိုက်လန်ကုန်သည်ကြီးများအသင်းလက်အောက်ရှိ မှော်ထုတ်လုပ်ရေးစက်များအားလုံးကို ဖယ်ရှားခဲ့ပြီး မိသားစုနှင့်အတူ အလုပ်သမားများပင် ရွှေ့ပြောင်းခံခဲ့ရသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် အိုက်လန်ကုန်သည်ကြီးများအသင်းသည် ရှင်းလင်းသွားခဲ့ပြီး အိုက်လန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌတစ်ဦးတည်းနှင့် ရွှေဒင်္ဂါးခြောက်သိန်းသာ ကျန်ရှိသည်။
ထို့အပြင်၊ ၎င်းသည် အိုက်လန်ကုန်သည်ကြီးများအသင်းတစ်ခုတည်းသာမဟုတ်ပေ။ အစီရင်ခံစာအရ ဝယ်ယူခံခဲ့သည့် ကုမ္ပဏီများအားလုံးသည် ဤကဲ့သို့ လုပ်ဆောင်နေ၏။
လမ်ပူရီတိုင်းပြည်မှ ဤကုမ္ပဏီများရုတ်တရက်ထွက်လိုက်ခြင်းဖြင့် နိုင်ငံ၏ မှော်စက်လုပ်ငန်းတစ်ခုလုံးကို ထိခိုက်ခဲ့ပြီး နိုင်ငံတွင် အိမ်သုံးမှော်စက်များ ပြတ်လပ်သွားခဲ့သည်။
“အိုင်း၊ သူတို့ရဲ့ စားသောက်ပွဲအမူအကျင့်(manner)က တကယ်ကို ဆိုးတာပဲ” ထိုအစီရင်ခံစာကို ဖတ်ရင်း ရှုယီက ခေါင်းခါပြီး မနေနိုင်စွာ ရယ်မောမိသည်။
တကယ်တမ်းတော့၊ သူပဲဖြစ်ဖြစ် ဘာရွန်ဟားနက်စ်ပဲဖြစ်ဖြစ်၊ လမ်ပူရီတိုင်းပြည်မှာရှိသည့် မှော်စက်ကုမ္ပဏီများကို ဝယ်ယူခဲ့သည်မှာ ကန်ဒရာအင်ပါယာဖြစ်သည်ကို နှစ်ယောက်လုံး သိကြပါ၏။ ၎င်းတို့က လမ်ပူရီတိုင်းပြည်၏ မှော်စက်လုပ်ငန်းကို ခိုးယူရန် ကြိုးစားနေသည်မှာ ထင်ရှားပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုကမ်းလှမ်းချက်ဖြင့် Frestech ကုန်သည်ကြီးများအသင်းထံ မန်နေဂျာ မန်စီနီကို မင်းသားဖရန့်ခ်က စေလွှတ်လိုက်ခြင်းကြောင့် ရှုယီမှာ အချက်တစ်ချက်ကို သေချာသွားသည်။
ကန်ဒရာအင်ပါယာက သေချာပေါက် ကြောက်နေ၏။
ရူဒ်ဆန်တိုင်းပြည်ကို နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး ရူဒ်ဆန်တိုင်းပြည်စစ်တပ်ကို အပြင်းအထန် ခုခံကာကွယ်နိုင်ခဲ့ပြီးနောက် ကန်ဒရာအင်ပါယာဘက်တွင် နိုးကြားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကန်ဒရာအင်ပါယာ၏ အင်အားကြီးမားသော အမျိုးသားအင်အားဖြင့်၊ ၎င်းအတွက် အဓိကအကြောင်းရင်းမှာ စစ်တပ်မှော်စက်များဖြစ်ကြောင်း တွေ့ရှိရန်မှာ သေချာပေါက် မခဲယဉ်းပါချေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်းတစ်ဦးတည်းသာလျှင် စစ်ဘက်သုံးမှော်စက်များကို ထုတ်လုပ်နိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းသည် ရူဒ်ဆန်တိုင်းပြည်ကို ပြတ်ပြတ်သားသား ထောက်ခံအားပေးနေသည်။ထိုအရာသည် ကန်ဒရာအင်ပါယာအတွက် ရှုပ်ထွေးမှုများ ဖန်တီးခဲ့သည်။
ပုံမှန်အခြေအနေတွင်၊ Frestech ကုန်သည်ကြီးများအသင်း ကန်ဒရာအင်ပါယာကိုအနိုင်ယူရန် ရူဒ်ဆန်တိုင်းပြည်ကို ပံ့ပိုးပေးသောကြောင့် ကန်ဒရာအင်ပါယာနှင့်ပူးပေါင်းရန်သဘောတူမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ကန်ဒရာအင်ပါယာသည် ၎င်းတို့၏ပန်းတိုင်ရောက်ရန် ဤနည်းလမ်းနှစ်ခုကို အသုံးပြုဖို့ ရွေးချယ်ခဲ့သည်။ တစ်ဖက်မှာ ကန်ဒရာအင်ပါယာတွင် မှော်စက်လုပ်ငန်းအခြေခံအုတ်မြစ်ကို အမြန်ဖန်တီးရန်အတွက် လမ်ပူရီတိုင်းပြည်ထံမှ မှော်စက်ကုမ္ပဏီများကို ဝယ်ယူခြင်းဖြစ်ပြီး၊ နောက်တစ်ခုကတော့ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်မှုရှိသည့် မင်းသားဖရန့်ခ်ကို ၎င်းတို့မစစ်ဆေးခင် ရဖို့ဖြစ်သည်။
နောက်ဆုံးတွင်၊ Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီတစ်ခုသာဖြစ်ပြီး ကန်ဒရာအင်ပါယာနှင့် ပူးပေါင်းဆောင်ရွက်မှုကို လက်လွှတ်ခံမည်မဟုတ်ဘဲ အခွင့်အလမ်းကိုရယူကာ ငွေများများဖန်တီးမည်ပင်။
ထိုစစ်ဆေးမှု မအောင်မြင်ခဲ့ရင်တောင်၊ ကန်ဒရာအင်ပါယာအတွက် တန်ပြန်အစီအမံတွေ ပြင်ဆင်ဖို့ လွယ်ကူသွားလိမ့်မည်။
ကန်ဒရာအင်ပါယာသည် တိုတောင်းသောနှစ်လအတွင်း ရူဒ်ဆန်တိုင်းပြည်ကို ဆုံးရှုံးလိုက်ရခြင်း၏ အကြောင်းရင်းကို ရှာတွေ့နိုင်ခဲ့ပြီး ထိုလှုပ်ရှားမှုအားလုံးလုပ်လာသည်က ရှုယီကို ကွဲပြားစွာကြည့်စေခဲ့သည်ဟု ဆိုနိုင်သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာ၌ လမ်းများခင်းရန် ကြိုးပမ်းသောအခါက ဖြစ်ပေါ်ခဲ့သော ပြဿနာများနှင့် ယခင်က ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် ခက်ခဲသောကြောင့်၊,
ကန်ဒရာအင်ပါယာ၏လူများနှင့်အကြိမ်ပေါင်းများစွာအဆက်အသွယ်ပြုလုပ်ခဲ့သည့်အပြင် ရှုယီသည် ကန်ဒရာအင်ပါယာအပေါ် ဆိုးရွားသောအထင်အမြင်များရှိခဲ့သည်။
ရှုယီသည် ဤအင်ပါယာကြီးသည် အနည်းငယ်မာနကြီးလွန်းသည်၊ ဖြန့်ကျက်လွန်းသည်၊ တုံ့ပြန်မှုမှာ လုံလောက်အောင်မလျင်မြန်သောကြောင့် လူများကို နှေးကွေးပြီး မနှစ်မြို့ဖွယ်ခံစားချက်ကို ပေးဆောင်သည်ဟု အမြဲလိုလိုခံစားမိသည်။
နိုးနိုးကြားကြားဖြစ်လာပြီးနောက် သူတို့၏တုံ့ပြန်မှုသည် အလွန်လျင်မြန်လိမ့်မည်ဟု မတွေးခဲ့ရာ ၎င်းက ရှုယီကို အံ့အားသင့်စေသည်။
ကန်ဒရာအင်ပါယာသည် အနှစ်တစ်ထောင်သက်တမ်းရှိ အင်ပါယာဖြစ်ထိုက်ပုံရသည်၊ ၎င်းသည် အမှန်တကယ်ပင် အားကောင်းလှသည်။
ရှုယီ၏ မင်းသား ဖရန့်ခ်က ပို့ခဲ့သည့် မန်နေဂျာ မန်စီနီအပေါ် ခိုင်မာသော ရပ်တည်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုကို တိုက်ယူလိုခြင်းအပြင် အမှန်တကယ်မှာ ကန်ဒရာအင်ပါယာအပေါ် တန်ပြန်စုံစမ်းစစ်ဆေးမှုတစ်ခုလည်း ဖြစ်သည်။
ကန်ဒရာအင်ပါယာသည် မှော်စက်လုပ်ငန်းကို အရေးကြီးသည်ဟု အမှန်တကယ် ရှုမြင်ပါက၊ ၎င်းတို့သည် ကျိန်းသေသဘောတူပြီး ရှုယီသည်လည်း ကန်ဒရာအင်ပါယာနှင့် အမှန်တကယ် စတင်လုပ်ကိုင်မည်ဖြစ်သည်။
မင်းသားဖရန့်ခ်ကသာ နောက်ဆုံးမှာ သဘောမတူပါရင်......
ရှုယီသည် သူ့လက်ထဲရှိ အစီရင်ခံစာကို ချလိုက်ပြီး အံဆွဲထဲမှ နောက်ထပ်စာအိတ်ကို ဆွဲထုတ်လိုက်သည်။
ထိုစာရွက်စာတမ်းဖွင့်လိုက်သော် အထဲ၌ စာချုပ်နှစ်ခုနှင့် ဖိတ်စာတစ်စောင်ပါပါ၏။
ဤအရာသုံးမျိုးသည် မားလိုအင်ပါယာမှ ဆင်းသက်လာခြင်းဖြစ်သည်။ စာချုပ်နှစ်ခုအနက်တစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းမှ မားကွစ္စ် ဆော့သ်ဂိတ်နှင့်ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။
ဤစာချုပ်များတွင် မားကွစ္စ် ဆော့သ်ဂိတ်သည် Frestech ကုန်သည်ကြီးများအသင်းအတွက် နယ်မြေပိုမိုဖွင့်ပေးမည်ဟု ဖော်ပြထားသည်၊ သူ့ပိုင်နက်၌ စက်ရုံများ ပိုဆောက်ခွင့်ပေးပြီး သူတို့ကို အကျိုးရှိသည့် အခြေအနေတွေ အများကြီးပေးလိမ့်မည်။
အခြားစာချုပ်မှာ မားလိုအင်ပါယာ၏ ကူးသန်းရောင်းဝယ်ရေးဌာနမှ ဖြစ်သည်။
စာချုပ်၏အကြောင်းအရာမှာ Frestech ကုန်သည်ကြီးများအသင်းမှ မားလိုအင်ပါယာသို့ မှော်စက်အမြောက်အမြားကို မိတ်ဆက်ပေးလိမ့်မည်ဟု မားလိုအင်ပါယာ၏ ကူးသန်းရောင်းဝယ်ရေးဌာနက မျှော်လင့်ထားသောကြောင့်ဖြစ်သည်။ ၎င်းသည် အိမ်သုံးမှော်စက်များသာမက စိုက်ပျိုးရေးသုံးမှော်စက်များ၊ ဆောက်လုပ်ရေးမှော်စက်များနှင့် အခြားသော မှော်စက်အမျိုးအစားများလည်း ပါလိမ့်မည်။
စာချုပ်တွင် ရှုယီကိုင်ဆောင်ထားသည့် ဖိတ်ကြားချက်စာနှင့် ဆက်စပ်နေသောကြောင့် အဆိုပါစာချုပ်တွင် စစ်တပ်မှော်စက်များ မပါဝင်ချေ။
ဤဖိတ်ကြားချက်ကို မားလိုအင်ပါယာ၏ မားကွစ္စ် မှရေးသားထားပြီး အကြောင်းအရာကိုအခြေခံ၍ မားကွစ္စ် ဆော့သ်ဂိတ်မှတဆင့် ထို မားကွစ္စ် ပေးပို့သည့်အရာဖြစ်သည်။
သို့သော် လက်တွေ့တွင်၊ ဤမားကွစ္စ်သည် မားလိုအင်ပါယာတွင် အရေးကြီးသောရာထူးကို ထမ်းဆောင်နေသည်။ ဤတစ်ကြိမ် ဖိတ်ကြားချက်သည် မားလိုအင်ပါယာ၏စစ်တပ်ရှိ ၎င်း၏အထောက်အထားဖြင့် အမှန်တကယ်ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လက်တွေ့တွင်၊ ဤဖိတ်ကြားချက်သည် မားလိုအင်ပါယာ၏စစ်တပ်ဌာနချုပ်မှဖြစ်သည်။
မှန်းဆစရာမလိုပေ၊ မားလိုအင်ပါယာ၏စစ်တပ်ဌာနချုပ်မှ ရှုယီကို ရုတ်တရက်ဖိတ်ခေါ်ခြင်းသည် စစ်တပ်မှော်စက်များကို စိတ်ဝင်စားသောကြောင့် ဖြစ်သည်။
ရှုယီက သေချာပေါက် လိုက်သွားမည်မို့ ဒီအတွက် တုံ့ဆိုင်းမနေပါပေ။
စစ်ဘက်သုံးမှော်စက်များသည် ရူဒ်ဆန်တိုင်းပြည် နှင့် ကန်ဒရာအင်ပါယာကြားစစ်ပွဲတွင် နယ်မြေကြီးတစ်ခုလုံး၏ အာရုံကိုဖမ်းစားထားသောကြောင့်၊ ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့သည် နယ်မြေကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေမည့် ဤအရာအား လုံးဝလက်မလွှတ်နိုင်ပေ။
ကန်ဒရာအင်ပါယာက ဝေ့လည်ကြောင်ပတ်လုပ်နေသော်လည်း မားလိုအင်ပါယာသည် တိုက်ရိုက်ရောက်လာသည်။
ရှုယီသည် ကန်ဒရာအင်ပါယာကို တိုက်ခိုက်ရာတွင် ရူဒ်ဆန်တိုင်းပြည်ကို ထောက်ခံနေချိန်၌၊ သူသည် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာနှစ်ခုလုံးအတွက် စစ်ဘက်မှော်စက်များကို ရောင်းချရန် ပြင်ဆင်နေပြီဖြစ်သည်။
စစ်တပ်မှော်စက်များကို ရောင်းချခြင်းဖြင့် ငွေရှာနိုင်ရုံသာမက ထိုစစ်တပ်မှော်စက်များကို ရောင်းချခြင်းဖြင့် ပိုမိုရင်းနှီးလာနိုင်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်လုပ်ငန်းကို အင်ပါယာနှစ်ခုသို့ မိတ်ဆက်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ ရှုယီ၏ နောက်ဆုံးပန်းတိုင်ဖြစ်သော မှော်စက်လုပ်ငန်းကို နယ်မြေကြီးတစ်ခွင်သို့ ဖြန့်ကျက်ရောက်ရှိစေမည်ဖြစ်သည်။
ရှုယီ၏တစ်ခုတည်းသောပြဿနာမှာ ၎င်းကို မည်သို့ထိန်းချုပ်ရမည်နည်း။
ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့သည် စစ်ဘက်မှော်စက်အမြောက်အမြားဖြင့် လက်နက်ကိုင်ဆောင်ခဲ့မည်ဆိုလျှင်၊ အင်ပါယာနှစ်ခု၏ စွမ်းအားဖြင့် ၎င်းတို့သည် အခြားနိုင်ငံအားလုံးကို အလွယ်တကူ ကျူးကျော်ဝင်ရောက်ကာ စတက်တိန်းနယ်မြေနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကို ခြိမ်းခြောက်နိုင်သည်။
ရှုယီသည် တစ်ယောက်ထက် တစ်ယောက် မသန်မာကြောင်း သေချာစေရန်အတည်ပြုကာ တစ်ချိန်တည်းတွင် ၎င်းတို့အား စစ်ဘက်သုံးမှော်စက်များ ပေးနေခဲ့သည်။
"ဒီအခက်အခဲက စိုင်စ် နယ်မြေကြီးမှာရှိတဲ့ တခြားနိုင်ငံတွေအားလုံးကို ပေါင်းစည်းဖို့ထက် ပိုခက်ခဲတယ်....." ရှုယီက သက်ပြင်းချကာ ပြင်းထန်သော ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရသည်။