အခန်း (၆၁-၇၀)
Vol. 6 Ch. 61-70
Vol 6, အခန်း ၆၁။ အဲဒါလေးအတွက် တိုက်ခိုက်ချင်တာလား?
ကန်ဒရာအင်ပါယာ၏ လုပ်ငန်းစုကြီးများမှ လမ်ပူရီတိုင်းပြည်၏ မှော်စက်လုပ်ငမ်းစုများကို ဝယ်ယူခြင်းအပေါ် အစီအရင်ခံစာကိုလည်း ဆယ်ဗီနီရှေ့၌ ထားလိုက်၏။
သို့သော် ဘာရွန်ဟားနက်စ် ရှုယီကိုပို့ခဲ့သည့် အစီရင်ခံစာနှင့် ယှဉ်လျှင် ဆယ်ဗီနီထံရှိ တစ်ခုမှာ အကြောင်းအရာပိုများ၍ အဆပေါင်းများစွာ ပိုထူသည်။
ဆယ်ဗီနီမှာ ဂရုတစိုက် ထိုအစီရင်ခံစာကို ဖတ်လိုက်သော်လည်း အင်မတန်ဖြေးဆေးစွာသာ စာလုံးရေတိုင်းကို ဖတ်နေသလို ဖတ်နေသည်။
ဤကိစ္စသည် လမ်ပူရီတိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း သူမသိသောကြောင့် သူမသည် လုံးဝဂရုမစိုက်နိုင်ပေ။ ယင်းကြောင့် လမ်ပူရီတိုင်းပြည်သည် နှစ်များတစ်လျှောက် ဝင်ငွေရှာရန် ကြိုးပမ်းခဲ့သည့် အားသာချက်ကို လုံးဝပြိုကွဲသွားစေနိုင်သည်။
သူမသည် အနည်းငယ်သာ ဆန္ဒရှိနိုင်လျှင် ဤအရောင်းအဝယ်များကို ရပ်တန့်ရန် ဘုရင်မအဖြစ် သူမထံတွင်ရှိသော အကြွင်းမဲ့အာဏာကို အသုံးပြုလိုသည်၊ ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီကြီးများသည် လမ်ပူရီတိုင်းပြည်၌ တည်ဆောက်ရန် အလွန်ကြိုးစားခဲ့ကြရသည့် မှော်စက်လုပ်ငန်းကို ဝါးမျိုမသွားစေရန်ပင်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် လမ်ပူရီတိုင်းပြည်တွင် နောက်ဆုံး၌ ပုံသဏ္ဍာန်ပေါ်လာသော မှော်စက်လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်စေမည်ဖြစ်ပြီး၊ နိုင်ငံတော်တစ်ခုလုံးကို များစွာထိခိုက်စေသောကြောင့်ဖြစ်သည်။
ဥပမာအားဖြင့်၊ ကန်ဒရာအင်ပါယာမှ ကုမ္ပဏီကြီးများသည် မှော်စက်ကုမ္ပဏီ ၁၇ ခုကို သိမ်းပိုက်ထားရာ၊ လမ်ပူရီတိုင်းပြည်ရှိ ထိုကုမ္ပဏီများနှင့် ဆက်စပ်သော ထုတ်ကုန်များ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။
နန်းတော်တွင်းရှိ အစေခံများသည် ယမန်နေ့က ရေဆေးကန်အသစ်ဝယ်လိုသော်လည်း အန်ဗီမာမြို့တော်၌ ဤထုတ်ကုန်မှာ အမှန်တကယ် ပြတ်လပ်နေကြောင်း တွေ့ရှိခဲ့ရသည်။
Frestech ကုန်သည်ကြီးများအသင်းမှ အဆိုပါ ရေဆေးကန်များကို တွင်ခုံစက်များဖြင့် ပြုလုပ်ထားသောကြောင့် ယင်းသည် ပထမဆုံးအကြိမ် ဤသို့ ဖြစ်ခြင်းဖြစ်သည်။
ထိုကုမ္ပဏီ ၁၇ ခုကို ဝယ်ယူခြင်းသည် လမ်ပူရီတိုင်းပြည်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိသည်ကို တွေ့မြင်နိုင်သည်။
သို့သော် ဆယ်ဗီနီသည် ထိုအရောင်းအဝယ်များကို တွန်းအားပေးရပ်တန့်ရန် တော်ဝင်နန်းတော်၏ အာဏာကို အသုံးမပြုနိုင်ပေ။
ပထမအချက်မှာ ကန်ဒရာအင်ပါယာ၏ကုန်သွယ်ရေးဌာန အကြီးအကဲ မားကွစ္စ် ဒီကတ်စ် ကို ယခင်က ပြောဖူးသလိုပါပင်။ လွတ်လပ်သောကုန်သွယ်မှုကို ကာကွယ်ရန် နိုင်ငံတော်၏အစိုးရကို အသုံးပြုခြင်းမှာ ယင်းကုန်သွယ်မှုများ၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းပါပေ။
ဒုတိယအချက်အရ အရေးကြီးဆုံးအကြောင်းရင်းမှာ ကန်ဒရာအင်ပါယာ၏ မျက်နှာအားလုံးမပျက်စေချင်သောကြောင့်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်သည် ရူဒ်ဆန်တိုင်းပြည်ကို လျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့သောကြောင့် ၎င်းတို့ကြားတွင် အနည်းငယ် ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းတို့သည် မျက်နှာအားလုံးကို မပျက်စေနိုင်ခဲ့သောကြောင့် ယင်းသည် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
ကန်ဒရာအင်ပါယာသည် ၎င်းတို့၏ ကူးသန်းရောင်းဝယ်ရေးဌာနအကြီးအကဲအဖြစ် အရေးပါသူတစ်ဦးကို လမ်ပူရီတိုင်းပြည်ထံ စေလွှတ်ခဲ့ပြီး၊ ၎င်းတို့သည်လမ်ပူရီတိုင်းပြည်တွင် ကောင်းမွန်သော စည်းကမ်းချက်များဖြင့် ဆက်ရှိနေလိုကြောင်း ပြသခဲ့သည်။
ဆယ်ဗီနီသည် ယုတ္တိရှိကာ မှော်ပညာရှင်များ၏ အကာအရံရှိသောကြောင့် ကန်ဒရာအင်ပါယာမှ မားကွစ္စ် ဒီကတ်စ် ၏တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ပြီး လမ်ပူရီတိုင်းပြည်၏ မှော်စက်နည်းပညာအားလုံးကို ရယူခြင်းအား ငြင်းပယ်နိုင်သည်၊ ကန်ဒရာအင်ပါယာကဘာမှမပြောနိုင်မည်မဟုတ်ပေ။
သို့ပေမယ့် မားကွစ္စ် ဒီကတ်စ် နှင့် ပါလာသည့် ကုမ္ပဏီကြီးတွေက ဤလမ်ပူရီတိုင်းပြည် မှော်စက်ကုမ္မဏီများကို ဝယ်ယူခြင်းမှာ ဆယ်ဗီနီအား ရပ်တန့်ဖို့ ခက်ခဲစေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူမပြောခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုအမြင်များနှင့် ဆန့်ကျင်ပြီး ကန်ဒရာအင်ပါယာကို ဆန့်ကျင်ခြင်းမှ ကွာခြားမည်မဟုတ်သောကြောင့်ဖြစ်သည်။
ကန်ဒရာအင်ပါယာသည် ရူဒ်ဆန်တိုင်းပြည်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သော်ငြားလည်း ၎င်းတို့သည် နယ်မြေကြီး၏ အင်ပါယာနှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ ၎င်းတို့သည် လမ်ပူရီတိုင်းပြည်ထက် အဆမရေမတွက်နိုင်အောင် အင်အားကြီးမားပြီး လမ်ပူရီတိုင်းပြည်မှ ခုခံနိုင်သည့်အရာနှင့် ဝေးကွာသည်။
အကယ်၍ ၎င်းတို့အား မျက်နှာ ပျက်သွားစေပါက၊ လမ်ပူရီတိုင်းပြည်သည် ကြီးစွာသော အန္တရာယ် ကျရောက်လိမ့်မည်။
ကန်ဒရာအင်ပါယာသည် ၎င်းတို့၏ ရိုးသားမှုကို ပြသခဲ့သည်ဟု မဆိုလိုပါ။ ထိုကုမ္ပဏီကြီးများက စတင်ဝယ်ယူသောအခါ၊ မားကွစ္စ် ဒီကတ်စ် မှ ဆယ်ဗီနီ နှင့် တွေ့ဆုံခဲ့ပြီး လမ်ပူရီတိုင်းပြည်၏ အစိုးရသည် ဤဝယ်ယူမှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သူမအား တောင်းဆိုခဲ့သည်။
မားကွစ္စ် ဒီကတ်စ် သည် ကန်ဒရာအင်ပါယာ၏အစိုးရကို လျော်ကြေးအဖြစ် လမ်ပူရီတိုင်းပြည်အား အကျိုးရှိသော အရာများစွာ ပေးဆောင်ခဲ့သည်။
၎င်းတို့အနက်တွင် ကန်ဒရာအင်ပါယာ၏စျေးကွက်ကို လမ်ပူရီတိုင်းပြည်တွင်ဖွင့်လှစ်ထားပြီး လမ်ပူရီတိုင်းပြည်ပေးဆောင်ရမည့် အခွန်အခများကို လျှော့ချပေးမည်ဖြစ်သည်။
၎င်းသည် လမ်ပူရီတိုင်းပြည် ၎င်းတို့၏ မှော်စက်နည်းပညာအားလုံးကို ကန်ဒရာအင်ပါယာသို့ လွှဲပြောင်းပေးရန် မားကွစ္စ် ဒီကတ်စ် အဆိုပြုခဲ့သော အခြေအနေများထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် ဆယ်ဗီနီကိုအများဆုံးစိတ်လှုပ်ရှားစေသော အရာဖြစ်ခဲ့သည်။
ယခု မားကွစ္စ် ဒီကတ်စ် သည် အခြားသော ဦးစားပေး စည်းကမ်းချက်များနှင့်အတူ ၎င်းကို ထပ်မံထုတ်ယူလိုက်သောကြောင့် ဆယ်ဗီနီသည် မားကွစ္စ် ဒီကတ်စ် ၏ တောင်းဆိုမှုကို လုံးဝမငြင်းပယ်နိုင်ပါပေ။
ထို့ကြောင့် လမ်ပူရီတိုင်းပြည်မှ ကုမ္ပဏီကြီးများသည် အဆိုပါ မှော်စက်ကုမ္ပဏီများကို စတင်ဝယ်ယူသောအခါတွင်၊ လမ်ပူရီတိုင်းပြည်အစိုးရသည် လုံးဝဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
၎င်းတို့ပေးသော စွဲမက်ဖွယ်အခြေအနေများအပေါ် အခြေခံ၍ ဤဝယ်ယူမှုများသည် အလွန်ချောမွေ့သွားခဲ့သည်။
ဟုတ်ပါ၏, ဤသည်မှာ ကန်ဒရာအင်ပါယာကိုယ်စား မားကွစ္စ် ဒီကတ်စ် ကမ်းလှမ်းထားသောစည်းကမ်းချက်များကို ဆယ်ဗီနီ လက်ခံရခြင်း၏ အဓိကအကြောင်းရင်းမဟုတ်ပေ။
ကြိုတင်ပြင်ဆင်မှုမပြုလုပ်ဘဲ၊ ဆယ်ဗီနီ သည် လမ်ပူရီတိုင်းပြည်တွင် ရုန်းရင်းဆန်ခတ်ဖြစ်စေမည့် ဤကိစ္စကို ခွင့်မပြုနိုင်ချေ။
ဆယ်ဗီနီက စဉ်းစား၍ သူမလက်ထဲရှိ စာရွက်အထူကြီးကို ချလိုက်ပြီး စားပွဲပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ထိုအခါ အစေခံတစ်ယောက် တံခါးပေါက်မှ ရောက်လာသည်။
"အားလုံးကို စုပြီးပြီလား" ဆယ်ဗီနီက မေး၏။
အစေခံက ရိုသေစွာ ဖြေလာသည်၊ “သူတို့ ခန်းမထဲမှာ စောင့်နေကြပါပြီ”
“ကောင်းပြီ၊ သွားကြမယ်။"
ဆယ်ဗီနီက ထွက်သွားဖို့ မတ်တပ်ရပ်ပြီး ခေါင်းညိတ်ပြလိုက်၏။
အဘိုးအိုလုဖ်သည် ရွှေနှင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ခေါင်မိုးကို မျှော်ကြည့်ကာ မနေနိုင်ဘဲ တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။
တော်တင်နန်းတော်သည် ကောလဟာလများပြောသည့်အတိုင်း ဇိမ်ရှိလှရာ ဆော်တန်မြို့ငယ်လေးမှ သူကဲ့သို့ ပမွှားတစ်ကောင်၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ကို ပို၍ပင် စိတ်လှုပ်ရှားစေသည်။
“ဟေး ဒိုရာ၊ ဘုရင်မကြီးက ငါတို့အားလုံးကို ဘာလို့ဖိတ်ခေါ်တယ်ထင်လဲ။" အဘိုးအို လုဖ် သည် လှည့်ကြည့်နေသော ဒိုရာကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။
ဒိုရာသည် သူ၏တောင့်တသောအကြည့်ကို ပြန်ခွာကာ နှုတ်ခမ်းကို စေ့ရင်း ပြောသည်၊ “တော်ဝင်နန်းတော်က တကယ်လှတယ်။ ငါပြန်သွားရင် ငါ့အိမ်ကြီးကို ဒီပုံစံအတိုင်း အလှဆင်ရမယ်!”
အဘိုးအို လုဖ် က မျက်လုံးလှိမ့်ကာ "မင်းရဲ့ ကုမ္ပဏီကို ရောင်းလိုက်လို့ မင်းရထားတဲ့ ရွှေဒင်္ဂါးရာပေါင်းများစွာကို ဖြုန်းတီးပစ်မယ်ဆိုတာ မယုံဘူး"
ဒိုရာက ရယ်မောရင်း ပြော၏ “ငါ ဒါကို အတိအကျ လိုက်မမှီနိုင်ရင်တောင် အနီးစပ်ဆုံး ထားရမှာပေါ့။ ဆော့တန်မြို့တော်က ငါ့ကို လှောင်ရယ်နေတဲ့ သူတို့ကို သူဌေးတစ်ယောက်က ဘယ်လိုဆိုတာ မြင်အောင် ပြလိုက်မယ်။"
အဘိုးအို လုဖ် က သူ့မျက်လုံးများကို မှေးစင်းကာ ပြောသည်၊ “ကောင်းပြီ၊ ကောင်းပြီ၊ ဒီ အသုံးမကျတဲ့အရာတွေအကြောင်း မတွေးနဲ့ ပစ္စုပ္ပန်အကြောင်း တွေးစမ်းပါ။ ငါ့ကိုပြောပါဦး၊ ဘုရင်မကြီးက ငါတို့အားလုံးကို စုဝေးစေတယ်လို့ ထင်လဲ။"
ဒိုရာက ဂရုမစိုက်ဘဲ နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်၊ "ဒီတိုင်း ဆင့်ခေါ်တာ ဘာတွေ စိတ်ပူနေတာလဲ။ ဘုရင်မကြီးက အမြဲတမ်း ကြင်နာသနားတတ်တယ်၊ သူမက ငါတို့အားလုံးကို စားပစ်မလားကွ။"
“ဒါပေမယ့် ငါခံစားနေရတာ.....ဒါက ငါတို့ရဲ့ ကုမ္ပဏီတွေကို ရောင်းတာနဲ့ ဆက်နွယ်မယ်လို့။ ငါတို့ ကုမ္ပဏီတွေကို ကန်ဒရာအင်ပါယာကို ရောင်းစားလိုက်လို့ ငါတို့ကို အပြစ်ပေးနေမှာမို့လို့,လို့ မထင်ဘူးလား။" အဘိုးအို လုဖ် က စိုးရိမ်တကြီးဖြင့် မေးသည်။
ဒိုရာက ရယ်မောလိုက်ပြီး "ဟား၊ လုဖ် မင်း သိပ်တွေးလွန်းမနေဘူးလား။ ငါတို့ဘာလို့ဒီလိုလုပ်ခဲ့တာလဲ ဘုရင်မကြီးသိမှာမဟုတ်ဘူးလို့ မင်းတကယ်ထင်လား။ မင်းကိုပြောပါရစေ၊ ဘုရင်မကြီးက ငါတို့ကို မရောင်းစေချင်ဘူးဆိုရင် ငါတို့လည်း ရောင်းနိုင်မှာ မဟုတ်တာ မင်းယုံလား။"
“အင်း......အဲဒါအမှန်ပဲ......" အဘိုးအို လုဖ် က စဉ်းလဲသော အသံဖြင့် ပြောသည် ။ “ဒါပေမယ့် ဘုရင်မကြီးက ငါတို့အားလုံးကို ဘာလို့ခေါ်လာတာလဲ ငါနားမလည်သေးဘူး။ ဟိုဟိုဒီဒီမေးကြည့်တော့ ဒီလူတွေက ငါတို့နဲ့အတူတူပဲ၊ သူတို့ကုမ္ပဏီတွေ အကုန်လုံးကို ရောင်းစားထားတယ်။"
“အဲဒါက အရမ်းရိုးရှင်းတယ်၊ ဒါက ဆက်စပ်နေတယ်၊ ဒါပေမယ့် မကောင်းတာလို့တော့ မထင်ဘူး။ မဟုတ်ရင် ဘုရင်မကြီးက ငါတို့ကို ဒီကိုခေါ်လာဖို့ လူတွေကို တိုက်ရိုက်စေလွှတ်လိမ့်မယ်။” ဒိုရာက သိပ်ဂရုမစိုက်သေးပေ။
“ဒါအမှန်ပဲ......” အဘိုးအို လုဖ် ၏အမူအရာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း သူ အနည်းငယ် စိုးရိမ်နေသေးသည်။
ထပ်မေးချင်သောအခါတွင် တော်ဝင်အစေခံတစ်ဦးက အားလုံးရှိနေသည့် အခန်းထဲသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဘုရင်မကြီး ရောက်လာပါပြီ။”
အစေခံက လှမ်းအော်လိုက်သော် အခန်းထဲက လူတွေ အားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
လူတိုင်းသည် စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုများဖြင့် တံခါးကို ကြည့်လိုက်ကြသည်။
ဤလူများ အားလုံးသည် လမ်ပူရီတိုင်းပြည်၏ သာမန်ကုန်သည်များ ဖြစ်ကြသည်၊ ဤလူအများစုသည် ဘုရင်မကြီးဆယ်ဗီနီကို ယခင်က မမြင်ဖူးကြဟု ဆိုနိုင်သည်။
ယခု ၎င်းတို့သည် ဒဏ္ဍာရီလာ ဘုရင်မကို တွေ့နိုင်သဖြင့် ဤလူများသည် သဘာဝအတိုင်း စိတ်လှုပ်ရှားနေ၏။
ခဏအကြာတွင် သူမသည် ဇိမ်ကျကျ ဒီဇိုင်းဆင်ထားသည့် ရွှေရောင်ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး လေးနက်သော၊ နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ဝင်လာသည်။
လမ်ပူရီတိုင်းပြည်၏ အထင်ကရ သတင်းစာများသည် ယခင်က ဘုရင်မကြီးဆယ်ဗီနီ၏ ပုံတူကို ထုတ်ဝေခဲ့ကြသောကြောင့်၊ သူမမျက်နှာကို လူတိုင်းသိကြသော်လည်း ပုံတူပုံသည် တကယ့်အစစ်နှင့် ကွာခြားလွန်းလှသည်။ ယခု သူမကို မြင်လိုက်ရာ၊ ဤ လမ်ပူရီ ဘုရင်မသည် ကောလဟာလများထက်ပင် ပို၍ နူးညံ့သိမ်မွေ့ကြောင်း လူတိုင်း တွေ့ရှိခဲ့ကြသည်။
သူမတွင် ခိုင်မာသော ဂုဏ်ဒြပ်ရှိသော်လည်း၊ ယင်းအစား၊ သူမ ပေးသော ကြင်နာမှုကြောင့် လူများက သူမကို လေးစားချစ်ခင်လာစေသည်။
အားလုံးက သူမကိုကြည့်နေတာကိုမြင်တော့ ဆယ်ဗီနီ၏နှုတ်ခမ်းများက တွန့်ကွေးကာပြုံးသွားသည်။
ရိုးရိုးရှင်းရှင်း ပြုံးရုံဆိုသော်လည်း လူတိုင်း၏ နှလုံးသားထဲရှိ တုန်လှုပ်ခြောက်ခြားမှုတွေကို ဖယ်ရှားပေးမည့် နွေဦးလေပြေလေးကို ရှုရှိုက်မိသလို ခံစားလိုက်ရ၏။
“အားလုံးပဲမင်္ဂလာနေ့လည်ခင်းပါ။” ဆယ်ဗီနီက လူတိုင်းကို အပြုံးမပျက် နှုတ်ဆက်သည်။
ခန်းမထဲရှိ လူတိုင်းဟာ အိပ်မက်ကနေ နိုးလာသလို ခံစားလိုက်ရပြီး အားလုံးက ဆယ်ဗီနီကို ဦးညွှတ်လာကြပါ၏။
အားလုံးပြန်ထလာသောအခါ၊ ဆယ်ဗီနီက ခေါင်းညိတ်ပြပြီး စကားမဖြုန်းတီးတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်၊ “မင်းတို့ကို ဘာလို့ဒီကိုခေါ်လာတာလဲ တော်တော်များများက ရိပ်မိလောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ်၊ မင်းတို့ အားလုံးက ကန်ဒရာအင်ပါယာက ဝယ်ထားတဲ့ ကုမ္ပဏီတွေရဲ့ ဥက္ကဌ ဒါမှမဟုတ် ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့်ပါ။ ဒီကိစ္စအတွက် မင်းတို့အားလုံးကို ငါခေါ်လိုက်တာပါ"
ဆယ်ဗီနီ ပြောတာကိုကြားတော့ ခန်းမထဲကလူတွေအားလုံး သက်ပြင်းချကြ၏။
ဘုရင်မကြီးသည် ဤကိစ္စကို လုံးဝ ဖုံးကွယ်မထားသောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သူမသည် ၎င်းတို့ကို အရေးယူမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။
ဒိုရာသည်လည်း အဘိုးအို လုဖ် အား ပြုံးကာ သူ့အမြော်အမြင်ကို ပြသသည်။
သို့သော်၊ အဘိုးအို လုဖ် သည် တစ်ချိန်လုံး ဆယ်ဗီနီ ကို အာရုံစိုက်နေသောကြောင့် သူ့ကို လုံးဝမကြည့်ခဲ့ပေ။
“ပထမဆုံးအနေနဲ့ လူတိုင်း စိတ်အေးအေးထားကြပါ၊ ဒီကိစ္စကို အရေးမယူပါဘူး။ ဒုတိယအနေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ အားလုံးကို ဒီမှာ ဆင့်ခေါ်ထားပါတယ်။” ဆက်မပြောမီ ဆယ်ဗီနီက ခေတ္တရပ်လိုက်ကာ "မင်းတို့ရဲ့ ကုမ္ပဏီတွေကို ရောင်းလိုက်တဲ့အတွက် အဲဒီ ကန်ဒရာအင်ပါယာ ကုမ္ပဏီတွေဆီကနေ ရွှေဒင်္ဂါးပြားအမြောက်အမြား လက်ခံရရှိကြလောက်တယ်။ အဲဒီ့ရွှေဒင်္ဂါးပြားတွေကို ငြိမ်းချမ်းတဲ့ဘဝနေထိုင်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးချင်ပါတယ်။ ဒါမှမဟုတ် ထပ်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ကြပြီလား”
ခန်းမထဲကလူတွေအားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြ၏။ အဘိုးအို လုဖ် လည်း ဒိုရာကို ကြောင်တက်တက်နဲ့ ကြည့်လိုက်ကြသည်။
ဤသည်မှာ ၎င်းတို့အရင်က ဆွေးနွေးခဲ့ကြသည့်အရာဖြစ်ပြီး ဘုရင်မကြီးက ၎င်းကို ယခုဖော်ပြလာမည်ဟု မထင်ခဲ့ကြပေ။
ခန်းမထဲရှိ လူတစ်ယောက်က ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။
"ဥက္ကဋ္ဌ ဆိုရော့စ်၊ မင်းမှာ မေးစရာရှိလို့လား။" ဆယ်ဗီနီ က ထိုလူကို ခေါင်းညိတ်ပြလိုက်သည်။
လက်ကို မြှောက်လိုက်သော ဥက္ကဌ ဆိုရော့စ်သည် ဘုရင်မကြီးက သူ့နာမည်ကို သိလိမ့်မည်ဟု မထင်ခဲ့မိပေ။
"ဘုရင်မကြီး ကျုပ်မေးချင်တာက ငါတို့ ဆက်တိုက်ခိုက်ချင်ရင် ဘယ်လိုလုပ်ရမလဲ"
ဆယ်ဗီနီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး ပြောလိုက်သည်၊ "မင်းတို့ ဒီလိုလုပ်ချင်ရင် ငါ့မှာ မင်းတို့အတွက် အခွင့်အရေးကောင်းရှိတယ်။ ငါသိချင်တာက မင်းတို့ ဒါကို လက်ခံဖို့ ဆန္ဒရှိရဲ့လားဆိုတာပဲ"
[ဘုရင်မကြီးဖြစ်တာကြောင့် နာမ်စားကို 'မင်း' နဲ့ 'ငါ'လို့ပဲ သုံးထားပါတယ်နော်]
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၂။ တယောက်ကို တယောက် မျက်နှာသာပေးခြင်း
သုံးရက်ကြာပြီးနောက် လမ်ပူရီတိုင်းပြည်၏တော်ဝင်နန်းတော်မှ ရှုယီထံသို့ ပို့လိုက်သည့် စာရင်းတစ်ခုရှိနေ၏။
ထိုစာရင်း၌ အမည်ဆယ့်သုံးခုရှိနေပြီး ၎င်းတို့မှာ ဆယ်ဗီနီဆင့်ခေါ်ထားသည့် ကုမ္ပဏီကိုယ်စားလှယ် ဆယ့်သုံးခုတို့ဖြစ်သည်။
ထိုအမည်ဆယ့်သုံးခုစာရင်းနှင့် ၎င်းတို့ ကိုယ်စားပြုထားသည့် လုပ်ငန်းစုများကိုမြင်သော် ရှုယီမှာ ကျေနပ်ပြုံးဖြင့် ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။
ထိုလူတွေအားလုံးမှာ ယခင်က ကုမ္ပဏီအသေးစား သို့မဟုတ် စတိုးဆိုင်အသေးစားလေးသာဖြစ်သည်၊ သို့သော် ၎င်းတို့သည် မှော်စက်လုပ်ငန်းတွင်ပါဝင်ရန် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်နည်းပညာကို ဝယ်ယူရန် လုံလောက်သော သတ္တိနှင့် ဉာဏ်ပညာရှိခဲ့သည်။ နောက်ဆုံးတွင် အဆိုပါ ကုမ္ပဏီငယ်များနှင့် စတိုးဆိုင်များသည် လမ်ပူရီတိုင်းပြည် ဈေးကွက်အချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ကန်ဒရာအင်ပါယာကုမ္ပဏီများ၏အာရုံကိုဆွဲဆောင်ပြီးသူတို့ထံမှဝယ်ယူခြင်းမပြုမီ။ ၎င်းတို့သည် အလွန်ထူးခြားသည်ဟု မြင်နိုင်သည်။
သူတို့လေးဦးသည် ငြိမ်းချမ်းသောဘဝနေထိုင်ရန် ရွေးချယ်ခဲ့သော်လည်း ကျန်ဆယ့်သုံးဦးမှာ ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သဖြင့် ယင်းအချိုးအစားမှာ အလွန်မြင့်မားခဲ့သည်။
တကယ်တော့ ဆယ်ဗီနီက ထိုအခွင့်အရေးကောင်းကို ကုမ္ပဏီ ၁၇ ခုထံ ပေးလိုက်သည်မှာ ရှုယီပြောခဲ့သည့် အရာတစ်ခုကြောင့်ပါပင်။
ကန်ဒရာအင်ပါယာသည် အဆိုပါ ကုမ္ပဏီ ၁၇ ခုကို ဝယ်ယူရာမှ မှော်စက်နည်းပညာအချို့ကို ရရှိခဲ့ပြီး မှော်စက်လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ သို့ပေမယ့် အဆုံးမှာတော့ စစ်တပ်က မှော်စက်သုံးတွေကို လိုချင်သည့်အတွက် ၎င်းဟာ အလွန်အလှမ်းဝေးသည့် နည်းလမ်းဟု ယူဆနိုင်ပါ၏။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ဟာ နည်းပညာအမျိုးမျိုးကို ကျွမ်းကျင်သရွေ့ စစ်တပ်၏ မှော်စက်နည်းပညာကို ၎င်းတို့လက်ထဲ၌ ဆုပ်ကိုင်နိုင်ခွင့်ရှိမည်ပင်။
ကန်ဒရာအင်ပါယာကဲ့သို့ ဧရာမနိုင်ငံအတွက် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို အပြည့်အဝ ပံ့ပိုးပေးဖို့ ဆန္ဒရှိနေပါသည်ဆိုရင်တောင် ၎င်းတို့၏ လက်ရှိ ထုတ်လုပ်မှု စွမ်းရည်က လုံလောက်ဖို့ ဝေးသေးသည်။
ကန်ဒရာအင်ပါယာ၏သဘောထားကို မပြောနှင့်၊ အခြားသူတစ်ဦးဦး၏ ကံကြမ္မာကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
ထို့ကြောင့် ၎င်းတို့သုံးနေသည့်နည်းလမ်းကို တစ်ခုတည်းသောနည်းလမ်းလို့ မယူဆဘဲ အကောင်းဆုံးဟုယူဆနိုင်ပါ၏။
သို့ပေမယ့် ရှုယီအတွက်တော့ ၎င်းတို့ဟာ အလှမ်းဝေးနေသေးတာမို့ ၎င်းတို့ကို တွန်းအားပေးချင်ခဲ့သည်။
ဆယ်ဗီနီ မှတဆင့် ရှုယီပေးခဲ့သော အခွင့်အရေးကို လက်ခံလိုသော ကုမ္မဏီဆယ့်သုံးခုအား၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်နှင့်ပတ်သက်သည့် နည်းပညာအချို့ကို ဝယ်ယူရန် အခွင့်အရေးပေးမည်ဖြစ်သည်။
ထိုနည်းပညာက ယခင်က ၎င်းတို့ဝယ်ထားသည့် ပမာဏထက် ပိုမြင့်လာမည်ပင်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ပိုမိုမြင့်မားသော မှော်စက်များကို ထုတ်လုပ်နိုင်ပြီး နည်းပညာကို ပိုမိုနားလည်နိုင်မည်ဖြစ်သည်။
ဤကုမ္ပဏီ ၁၃ ခုသည် ၎င်းတို့၏ ပြောင်မြောက်သော စွမ်းရည်များဖြင့် ကြိုးစားလုပ်ကိုင်ရန် ဆန္ဒရှိနေသရွေ့၊ ၎င်းတို့သည် အဆိုပါနည်းပညာများကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ဖန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာပါသည်။
ရှုယီအနေနှင့် ကန်ဒရာအင်ပါယာက ထိုလူတွေကို စောင့်ကြည့်နေမည်ဆိုတာ သေချာပါ၏။ ကန်ဒရာအင်ပါယာက ထိုလူတွေလက်ထဲ၌ အဆင့်မြင့် မှော်စက်နည်းပညာ အသစ်တွေ ရှိနေသည်ကို သဘောပေါက်ရင် ၎င်းတို့ ဘာလုပ်ကြမည်နည်း။
၎င်းကိုတွေးရင်း ရှုယီက မနေနိုင်စွာ နည်းနည်းရယ်စရာကောင်းသည်ကို သိလိုက်ရသည်။
ကန်ဒရာအင်ပါယာမှ ထိုလူများသည် ထိုကုမ္ပဏီ ဆယ့်ခုနစ်ခုကို ဝယ်ယူခြင်းဖြင့် မှော်စက်နည်းပညာအများစုကို ဆုပ်ကိုင်နိုင်မည်ဟု တွေးထင်ခဲ့ပေမည်။ သို့ပေမယ့် ထိုလူတွေက အဆင့်မြင့်နည်းပညာကို ထုတ်ယူနိုင်သည်ဆိုသည်အား ၎င်းတို့တွေ့ရမည်။ ၎င်းတို့မှာ ထိုစဉ်တုန်းက ပိုက်ဆံကို အလဟဿ ဖြုန်းတီးခဲ့သည်ဟု မခံစားရဘူးလား။
သို့သော် ကန်ဒရာအင်ပါယာသည် မှော်စက်လုပ်ငန်းကို ဝင်ရောက်လိုသောကြောင့်၊ ရှုယီက ၎င်း ဖြုန်းတီးတယ်ဟု မခံစားမိချေ။ ဒါကို အသိအမှတ်ပြုပြီး ဤနည်းပညာတွေကို ပြန်ဝယ်ဖို့ နည်းလမ်းကို တွေးကောင်း တွေးဖြစ်နိုင်ပါ၏။
တကယ်တော့ ရှုယီက ပြောချင်သည်မှာ ကန်ဒရာအင်ပါယာကလူတွေ၊ မင်းတို့နည်းပညာကိုလိုချင်တာလား။ အရမ်းရိုးရှင်းပါတယ်၊ ငါ့ကိုလာရှာလိုက်။ ငါတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အပြည့်စုံဆုံးနည်းပညာရှိတယ်၊ ဒါကို ဘာလို့ ဝေ့လည်ကြောင်ပတ်လုပ်နေရတာလဲ?
သို့သော်၊ ကန်ဒရာအင်ပါယာသည် ၎င်းတို့၏ဂုဏ်သိက္ခာအတွက် စဉ်းစားနေပြီး Frestech ကုန်သည်ကြီးများအသင်းသို့ တိုက်ရိုက်လာရောက်ရန် မဖြစ်နိုင်ကြောင်း ရှုယီသိသည်။
ထို့အပြင် ကန်ဒရာအင်ပါယာ အမှန်တကယ် ရောက်ရှိလာသော်လည်း ဟန်ချက်ညီလာသောအခါတွင် ရှုယီသည် ၎င်းတို့လိုချင်သော နည်းပညာအားလုံးကို ပေးစွမ်းရန် မဖြစ်နိုင်ပေ။
မင်းသား ဖရန့်ခ်သည် သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ရာထူးကို လျှော့ချလိုက်လျှင်ပင်၊ ရှုယီသည် ဤမျှတမှုကို အာမခံရန် တူညီသည့် ခိုင်မာသော ရပ်တည်ချက် ရှိပေလိမ့်မည်။
၎င်းကိုစဉ်းစားရင်း ရှုယီက သူ့လက်ထဲရှိ စာရင်းကိုချပြီး နောက်ထပ်စာရင်းတစ်ခုကို ကောက်ယူလိုက်သည်။ စဉ်းစားပြီးနောက်၊ သူသည် ၎င်းပေါ်၌ "ထုတ်လုပ်မှုမှော်စက်ချိန်း"၊ "သံမဏိသတ္တုစပ်သန့်စင်ခြင်း" နှင့် "သီးသန့် မှော်အမြောက်သွန်းလုပ်ခြင်းနည်းပညာ" ကိုထည့်သွင်း ရေးသားခဲ့သည်။
ဤစာရင်းတွင် စာလုံး ဆယ့်ငါးတန်းပါရှိပြီး တစ်ခုစီသည် Frestech ကုန်သည်ကြီးများအသင်းမှ လက်ရှိကျွမ်းကျင်သည့် နည်းပညာပိုင်းတစ်ခုစီဖြစ်သည်။
ဤနည်းပညာအပိုင်းအစများသည် Frestech ကုန်သည်ကြီးများအသင်းမှ ယခုတစ်ကြိမ် လမ်ပူရီတိုင်းပြည်အား ပေးဆောင်မည့်အရာဖြစ်သည်။
အပြင်ပန်းကို အခြေခံရသော် Frestech ကုန်သည်ကြီးများအသင်းမှာ မိုင်းသုံးတွင်းကို နှစ်ပေါင်းငါးဆယ်ကြာ တူးဖော်ခွင့်နှင့် မှော်သလင်းကျောက်မိုင်းတွင်းငါးခုအား အမြဲတမ်းတူးဖော်ခွင့်အတွက် အဆိုပါနည်းပညာအပိုင်းများကို လဲလှယ်မည်ဖြစ်သည်။
သို့ပေမယ့် ရှုယီက ထိုသဘောတူညီချက်ကို ချမှတ်ရခြင်း အကြောင်းရင်းက ဟန်ချက်ညီဖို့ပင် ဖြစ်ပါ၏။
"သီးသန့်မှော်အမြောက်သွန်းလုပ်ခြင်း" အပါအဝင် အဆိုပါနည်းပညာဆယ့်ငါးခုစလုံးတွင် စစ်တပ်မှော်စက်များနှင့်ပတ်သက်သည့် နည်းပညာသုံးပိုင်းရှိသည်။
လမ်ပူရီတိုင်းပြည်က ဤသုံးခုကို ဆုပ်ကိုင်ထားနိုင်သရွေ့တော့ လမ်ပူရီတိုင်းပြည်ဟာ စစ်တပ်မှော်စက်တွေနှင့် ပတ်သက်လျှင် တခြားပတ်ဝန်းကျင်နိုင်ငံတွေအားလုံးထက် သာလွန်နေမည်ဖြစ်ပါ၏။
ထို့နောက်တွင် လမ်ပူရီတိုင်းပြည်၏ အင်အားတိုးလာမှုနှင့်အတူ၊ ၎င်းတို့သည် ကန်ဒရာအင်ပါယာ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမည်မဟုတ်ကြောင်း အာမခံရန် လုံလောက်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရှုယီကမ္ဘာမှ ကူးပြောင်းလာစဉ်တည်းက လမ်ပူရီတိုင်းပြည်တွင် အကြာကြီးနေထိုင်ခဲ့ပြီး ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်ရှိ သူ၏ အကြီးမားဆုံးသော မဟာမိတ်ဖြစ်သောကြောင့်ဖြစ်သည်။
ဤကဲ့သို့ပင်၊ လမ်ပူရီတိုင်းပြည်သည် ဆယ်ဗီနီကိုပင် ဧရာမ ကန်ဒရာအင်ပါယာနှင့် ရင်ဆိုင်ခွင့်ပြုရန် လုံလောက်သောယုံကြည်မှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အခြားအဆင့်မြင့်အဖွဲ့ဝင်များအနက် အများစုမှာ လမ်ပူရီတိုင်းပြည်၏ နိုင်ငံသားများဖြစ်သောကြောင့် ယင်းကိုကန့်ကွက်ခြင်းမရှိဘဲ မိမိတို့နိုင်ငံဖြစ်နေသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်မိကြသည်။
တစ်ဖက်တွင်၊ ရူဒ်ဆန်တိုင်းပြည်သည် ကန်ဒရာအင်ပါယာကို နှစ်ကြိမ်တိုင်တိုင် တွန်းလှန်ခဲ့သော်လည်း၊ ရူဒ်ဆန်တိုင်းပြည်ရှိ လူတိုင်းသည် စစ်ဘက်မှော်စက်များက ရူဒ်ဆန်တိုင်းပြည်စစ်တပ်၏ တိုက်ပွဲစွမ်းအားကို မည်မျှတိုးမြှင့်သည်ကို နားလည်ကြသည်။
ဘုရင်ကြီးတဲရုစ်သည် မှော်စက်နည်းပညာကို လဲလှယ်ရန်အတွက် ကောင်းမွန်သော အခြေအနေများစွာကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ရူဒ်ဆန်တိုင်းပြည်မှလူများစွာက ယင်းကို ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင်၊ ကျူးကျော်မှု နှစ်ခုကို တွေ့ကြုံပြီးနောက်၊ ရူဒ်ဆန်တိုင်းပြည်၏လူများသည် Frestech ကုန်သည်ကြီးများအသင်း နှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ မှော်စက်များအား ပံ့ပိုးကူညီမှု ပိုမိုရရှိဖို့ရန်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်မှ ပေးသော အခြေအနေများကို ရင်ဆိုင်ရင်း၊ ရှုယီသည် ၎င်းတို့အားလုံးကို ပျော်ရွှင်စွာ လက်ခံခဲ့သည်။
ပြီးခဲ့သည့်အပတ်က၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား ဘုရင်ကြီးတဲရုစ်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး ရူဒ်ဆန်တိုင်းပြည် သို့ ဧည့်သည်အဖြစ် သွားခဲ့သည်။ ရူဒ်ဆန်တိုင်းပြည် ၏စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် Frestech ကုန်သည်ကြီးများအသင်းအား ကိုယ်စားပြုထားခဲ့သည်။
အဆိုပါ စာချုပ်တွင် တပ်မတော်မှ မှော်စက်များနှင့်ပတ်သက်၍ ရွှေဒင်္ဂါး ခုနစ်သန်းကျော်ဖိုး ဝယ်ယူနေစဉ်တွင်၊ Frestech ရှိ စစ်တပ်သုံးမှော်စက်နည်းပညာ၏ အစိတ်အပိုင်းအနည်းငယ်ကို ရူဒ်ဆန်တိုင်းပြည်သို့ လွှဲပြောင်းပေးကာ ရူဒ်ဆန်တိုင်းပြည်သည် စစ်တပ်မှော်စက်များတွင် အခြေခံအုတ်မြစ်အချို့ရှိမည်ဟု အာမခံထားသည်။
၎င်းအပြင် Frestech ကုန်သည်ကြီးများအသင်းသည် စစ်ဘက်သုံး မှော်စက်သင်တန်းပို့ချသူများအဖြစ် ရူဒ်ဆန်တိုင်းပြည်သို့ ၎င်းတို့၏ အစောင့်တစ်စိတ်တပိုင်းကို စေလွှတ်မည်ဖြစ်သည်။ ၎င်းတို့သည် စစ်ဘက်သုံး မှော်စက်အသစ်များကို အသုံးပြုနည်းအတွက် ရူဒ်ဆန်တိုင်းပြည် စစ်သားများကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ရူဒ်ဆန်တိုင်းပြည်အား စစ်ဘက်မှော်စက်များဖြင့် တိုက်ပွဲစနစ်အသစ်ဖန်တီးရန် ကူညီပေးမည်ဖြစ်ရာ စစ်တပ်သုံးမှော်စက်များ၏ စွမ်းအားကို အပြည့်အ၀ပြသခွင့်ပေးနိုင်မည်ဖြစ်သည်။
ဤအတွက်သတ်မှတ်ထားသောစျေးနှုန်းမှာရွှေဒင်္ဂါးပြားရှစ်သိန်းသာရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ ရရှိသောအကျိုးကျေးဇူးများကိုတွက်ချက်ရန်ခက်ခဲသည်။
အရိုးရှင်းဆုံးအချက်မှာ ရူဒ်ဆန်တိုင်းပြည် စစ်တပ်သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံမှ သင်ယူနေသောကြောင့်၊ ရူဒ်ဆန်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်ဆိုင်ရာ မှော်ပညာသုံးတိုက်ခိုက်ရေး အသိပညာနှင့် ခွဲထွက်နိုင်မည်မဟုတ်ဟု ဆိုလိုသည်။
ဤကဲ့သို့ပင်၊ ရူဒ်ဆန်တိုင်းပြည်၏စစ်တပ်သည် အနာဂတ်တွင် Frestech ကုန်သည်ကြီးများအသင်းအပေါ် မှီခိုအားထားရမည်ဟု ယူဆနိုင်သည်။
ဤအရာက Frestech ကုန်သည်ကြီးများအသင်းအား အနာဂတ်တွင် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်မည်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်မှ Frestech ကုန်သည်ကြီးများအသင်းအား စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးနည်းပညာအချို့ကို လွှဲပြောင်းပေးရန် အဆိုပြုခဲ့သော်လည်း ရှုယီက အဆိုပါအဆိုပြုချက်ကို ငြင်းဆိုခဲ့သည်။
ရှုယီသည် အိမ်သုံး မှော်စက်များကို တတ်နိုင်သမျှ အမြန်ဆုံး ကျော်ကြားပြီး နယ်မြေကြီးရှိ နိုင်ငံများအားလုံးက ၎င်းတို့ကို ထုတ်လုပ်ကာ ပြီးပြည့်စုံသော မှော်စက်မှုလုပ်ငန်းစနစ်များ တည်ဆောက်နိုင်စေရန် လိုလားသည်။
သို့သော် စစ်တပ်သုံးမှော်စက်များနှင့် ပတ်သက်လာသောအခါ ရှုယီသည် အလွန်သတိထားမိသည်။
ရူဒ်ဆန်တိုင်းပြည်က သူ့အတွက် မိတ်ဖက်ဖြစ်ခဲ့ပါလျှင်တောင်မှ အဆင့်နိမ့် စစ်ဘက်ဆိုင်ရာ မှော်စက်နည်းပညာတွေကို သူတို့ဆီ လွှဲပြောင်းပေးနိုင်ပါ၏။ သို့သော် ရှုယီသည် ယခု Frestech ကုန်သည်ကြီးများအသင်းတွင်ရှိသော စစ်ဘက်သုံးမှော်စက်များ၏ နည်းပညာများစွာကို ပေးဆောင်ရန် အစီအစဉ်မရှိပေ။
ဟုတ်ပါ၏ ရှုယီက တစ်ခုကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
သူ မပေးဘူးဆိုပါရင်တောင် အခြားသူတွေက မလိုချင်ဟုမဆိုလိုပါချေ။
Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာကို မက်မောသူ မရေမတွက်နိုင်သော လူများစွာရှိပြီး ၎င်းတို့တွင် နည်းလမ်းများစွာရှိသည်။
Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်မေး သူတွေလည်း ရှိသလို၊ ကန်ဒရာအင်ပါယာကဲ့သို့ အခြား ကုမ္ပဏီတွေကို ၀ယ်တဲ့ သူတွေလည်း ရှိ၏။
သို့သော် ဤပွင့်လင်းသောနည်းများအပြင် အခြားအသုံးပြုသော လျှို့ဝှက်နည်းလမ်းများစွာ ရှိပါသေးသည်။
ဤနည်းလမ်းများသည် အမျိုးမျိုးရှိပြီး အချို့ကို ရှုယီခန့်မှန်းနိုင်သော်လည်း၊ အချို့မှာ ကမ္ဘာမြေကြီးမှလာသော သူကဲ့သို့လူသည်ပင် နားမလည်နိုင်စရာပေ။
သို့သော် ထိုအရာများထဲတွင် သူ့ကို ဒေါသဖြစ်ပြီး အမှန်တကယ် စိုးရိမ်စေသည်မှာ တစ်ဦးသာရှိသည်။
၎င်းက မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က အသုံးပြုခဲ့သည့် နည်းလမ်းပါပင်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၃။ ရက်လွန်သွားသော မူပိုင်ခွင့်များ
လွန်ခဲ့သည့်လကတင် မဟာမှော်ပညာရှင် ဖာဂူဆန်မှာ စတက်တိန်းနယ်မြေသို့ မှော်ပညာရှင်များအဖွဲ့အစည်းကိုယ်စားလာရောက်ကာ ရှုယီနှင့် တွေ့ဆုံခဲ့သည်။
ဤအကြိမ်တွင် မဟာမှော်ပညာရှင်ဖာဂူဆန်မှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ဆောင်ယူလာခဲ့သည်။
မဟာမှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်၏ ကောင်စီအရ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်နိမ့်မှော်ပညာရှင်များအား မှော်စက်အခြေခံဗဟုသုတရခွင့်ပြုမည့် အကြံကို ထောက်ခံမည်ဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်မှ စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များအဖွဲ့အစည်းအမည်ဖြင့်၊ မှော်ပညာရှင်များအားလုံးသည် မှော်စက်လုပ်ငန်း၏တည်ရှိမှုကို တရားဝင်အသိအမှတ်ပြုကြမည်ဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်၏ တရားဝင်ခွင့်ပြုချက်ရရှိပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်လုပ်ငန်းကို နယ်မြေကြီးရှိ အခြားစက်မှုလုပ်ငန်းအားလုံးနှင့် ရှင်းလင်းစွာ ပိုင်းခြားထားသည်။
နယ်မြေကြီးမှ မှော်ပညာရှင်များသည် ကုန်သည်များကို အထင်သေးသော်လည်း အသက်မွေးကြသောအခါ ကုန်သည်များနှင့် ဆက်ဆံရလေသည်။
ယခုအခါ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်သည် မှော်စက်လုပ်ငန်းကို အထူးမြှင့်တင်ပြီ အသိအမှတ်ပြုလိုက်ရာ၊ မှော်ပညာရှင်တွေကို မှော်စက်လုပ်ငန်းထဲကို တရားဝင် ဝင်ရောက်ဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခုဖြစ်လာခဲ့သည်။
ရှုယီအတွက်၊ ၎င်းက လုံလောက်နေပြီပင်။
Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များ စုဆောင်းခြင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့ရသောအခါတွင် နာမည်ပျက်ပြဿနာကြောင့်သာ ဖြစ်သည်။
အဆင့်မြင့်မှော်ပညာရှင်များအတွက်၊ ကုမ္ပဏီတစ်ခုသို့ဝင်ရောက်ခြင်းသည် ၎င်းတို့၏အဆင့်အတန်းကို နိမ့်ကျစေသည်ဟု ယူဆလိမ့်မည်။ ကုမ္ပဏီတစ်ခုထဲဝင်ပြီး သုတေသီရာထူးကိုသာ ကိုင်ထားရုံက လက်ခံရန် ပို၍ပင် ခက်ခဲသည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မှော်ပညာရှင်များစွာကို စုဆောင်းနိုင်ခဲ့ခြင်းမှာ ကောင်းကျိုးများစွာကို ပေးဆောင်ခြင်းအပြင် အရေးအကြီးဆုံးအကြောင်းရင်းမှာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ ကြော်ငြာကြောင့်ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် မှော်စက်လုပ်ငန်းကို မှော်ပညာရှင်များအဖွဲ့အစည်းမှ တရားဝင်အသိအမှတ်ပြုခဲ့ပြီး မှော်ပညာရှင်များအဖွဲ့အစည်းမှ Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများထဲမှ တစ်ခုအဖြစ် စာရင်းသွင်းခဲ့သည်။ ၎င်းကြောင့် မှော်ပညာရှင်များအတွက် မှော်စက်လုပ်ငန်းတွင် ပါဝင်ရန် စိတ်ပိုင်းဆိုင်ရာ အတားအဆီးမရှိတော့ပါချေ။
Frestech ကုန်သည်ကြီးများအသင်းမှ ဖွင့်လှစ်ထားသော မှော်စက်မှုလုပ်ငန်းသင်တန်းကျောင်းမှာ အတန်းနိမ့်မှော်ဆရာများအတွက် ကောင်းချီးတစ်ခုဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အဆိုအရ ကျောင်းလခပေးစရာမလိုအပ်ဘဲ ဘွဲ့ရပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းတွင်ပါဝင်ပြီး အလုပ်အကိုင်ကောင်းများရရှိရန် အခွင့်အလမ်းများစွာရှိခဲ့သည်။
၎င်းတို့၏ မှော်ပညာကို တတ်နိုင်သလောက် ပံ့ပိုးမပေးနိုင်သော ငွေကြေးအခြေအနေတွေ ဆိုးရွားသည့် မှော်ပညာရှင်အများစုအတွက်၊ ၎င်းက ကောင်းကင်ကနေ ပြုတ်ကျလာသည့် ပိုင်မုန့်လိုပါပင်။
Frestech ကုန်သည်ကြီးများအသင်းအတွက် မှော်ပညာရှင်များအဖွဲ့အစည်း၏ပံ့ပိုးမှုက မှော်ပညာရှင်တွေကို စုဆောင်းနိုင်စေရုံသာမက၊ ၎င်းတို့၏ မှော်စက်မှုလုပ်ငန်း အကယ်ဒမီကိုလည်း ပိုပြီး ထက်မြက်သည့် လူများကိုပင် ခေါ်ယူနိုင်စေခဲ့သည်။ ၎င်းသည် လက်ရှိနှင့် အနာဂတ် Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးရှိခဲ့သည်။
ထို့ကြောင့် အစပိုင်းမှာတော့ မဟာမှော်ပညာရှင်ဖာဂူဆန်နှင့် သူ့၏ ဆွေးနွေးမှုတွေက အဆင်ပြေခဲ့ပါ၏။ ရှုယီသည် မဟာမှော်ပညာရှင် ဖာဂူဆန်အတွက် အဆိုပြုချက်အသစ်တစ်ခုပြုလုပ်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားသည်။
ရှုယီသည် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်မှ Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်၌ ကျင်းပမည့် နှစ်စဉ် မှော်ပညာရှင်များအဖွဲ့အစည်း စာမေးပွဲအတွက် ခေါင်းစီးထောက်ပံ့သူများအဖြစ် ခွင့်ပြုပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်၏မှော်ပညာရှင်များအဖွဲ့အစည်းသို့ တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သိန်းကို ထောက်ပံ့ကြေးပေးဆောင်နိုင်သည်။
မဟာမှော်ပညာရှင်ဖာဂူဆန်သည် ရှုယီအဆိုပြုထားသော အသုံးအနှုန်းများကြောင့် ရှုပ်ထွေးနေသော်လည်း ရှုယီ၏ ရှင်းလင်းချက်ကြောင့် ၎င်းကို ဆိုလိုကြောင်း သူ အလွယ်တကူ နားလည်ခဲ့သည်။
မှော်ပညာရှင် ဖာဂူဆန်အတွက်တော့ ၎င်းဟာ သံသယဖြစ်စရာမလိုဘဲ ကောင်းသည့်အရာတစ်ခုပါပင်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံအသီးသီးရှိ မှော်ပညာရှင်များအဖွဲ့အစည်းများသည် ၀င်ငွေနည်းလမ်းမရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့ရရှိသော ရန်ပုံငွေများသည် မှော်ပညာရှင်များအဖွဲ့အစည်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများမှ ခွဲဝေပေးသည့် အထူးရန်ပုံငွေများ ဖြစ်သည်။
လမ်ပူရီတိုင်းပြည်သည် အတော်လေးအားနည်းသောနိုင်ငံဖြစ်ပြီး ငွေကြေးများစွာမရှိသောကြောင့် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်း၌ အမြဲတမ်းရန်ပုံငွေအနည်းငယ်သာရှိသည်။
လမ်ပူရီတိုင်းပြည်၏မှော်ပညာရှင်များအဖွဲ့အစည်း နှစ်ပတ်လည် အစီရင်ခံစာမှ မဟာမှော်ပညာရှင်ဖာဂူဆန် မှတ်မိသလောက်အရ ခွဲဝေပေးသည့် ရန်ပုံငွေမှာ ရွှေဒင်္ဂါးငါးသောင်းသာ ဖြစ်သောကြောင့် ၎င်းတို့တွင် ရန်ပုံငွေ အလွန်နည်းပါးသည်ဟု ဆိုသည်။
မှော်ပညာရှင်များအဖွဲ့အစည်းက ၎င်းတို့ကို တစ်နှစ်လျှင် နောက်ထပ် ရွှေဒင်္ဂါးသုံးသောင်း ပေးလျှင်တောင်မှ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်း ရန်ပုံငွေဟာ တစ်နှစ်ကို ရွှေဒင်္ဂါး ရှစ်သောင်းဝန်းကျင်သာ ရှိပါ၏။
ဤရန်ပုံငွေအနည်းငယ်ဖြင့်၊ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်း အခြေခံလုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်မှာ ပို၍ခက်ခဲပါသည်။ ၎င်းတို့အတွက် ပိုခက်ခဲစေသည့် အမျိုးမျိုးသော ပွဲများကို စီစဉ်ကျင်းပခြင်းအား မဆိုထားနှင့်
ယခု Frestech ကုန်သည်ကြီးများအသင်းသည် တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သိန်းဖြင့် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းကို ပံ့ပိုးကူညီရန် ဆန္ဒရှိနေသောကြောင့်၊ ယင်းက ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေအား များစွာတိုးတက်စေမည်မှာ သံသယမလိုဘဲ ကောင်းသည့် အရာတစ်ခုဖြစ်သည်။
သို့ပေမယ့် မဟာမှော်ပညာရှင် ဖာဂူဆန်က ချက်ချင်းသဘောမတူခဲ့ပါပေ။
ပထမအချက် ၎င်းသည် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းနှင့် သက်ဆိုင်သောကြောင့် ၎င်းကိုသူတစ်ယောက်တည်းဆုံးဖြတ်၍မရခြင်းကြောင့်ပင်။ ဒုတိယမှာ နိုင်ငံတစ်ခု၏ မှော်ပညာရှင်များအဖွဲ့အစည်း စာမေးပွဲ၏ “ခေါင်းစီးထောက်ပံ့သူ” ဖြစ်သည့် ကုမ္ပဏီတစ်ခုအဖြစ် ဤသည်မှာ အမှန်တကယ်ပင် ဆန်းသစ်လွန်းလှသည်။ သေချာတာကတော့ ၎င်းကို မခွင့်ပြုခင် မှန်ကန်သည့် ဆွေးနွေးမှုတွေ လုပ်ရမည်။
ဟုတ်ပါ၏၊ မဟာမှော်ပညာရှင်ဖာဂူဆန်က ရှုယီ၏ အကြံပြုချက်ကို ချီးကျူးခဲ့ပါသည်။ သူက ရှုယီမှာ မှော်ပညာရှင်တွေကို တကယ် ဂရုစိုက်ပြီး သူ့၏ ရောင်းရင်းမှော်ပညာရှင်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ အရမ်းဆန္ဒရှိသော ဥက္ကဌဟုခေါ်ပါ၏။ Frestech ကုန်သည်ကြီးများအသင်းကို ပူးပေါင်းလုပ်ဆောင်သည့်ကုမ္ပဏီအဖြစ် စာရင်းသွင်းရန် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်မှ ဆုံးဖြတ်ခြင်းသည် အမှန်တကယ် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုဖြစ်သည်။
သို့သော် ရှုယီသည် ဤအကြံပြုချက်ကို ထုတ်ပြပြီးနောက် လေထုက ရုတ်တရက် ပြောင်းလဲသွားသည်။
အကြောင်းရင်းမှာ မဟာမှော်ပညာရှင်ဖာဂူဆန်သည် မှော်ပညာရှင်များအဖွဲ့အစည်း ရုံးချုပ်ကိုယ်စား ဆောင်ယူလာသည့် တောင်းဆိုချက်ကြောင့် ဖြစ်သည်။
နောက်ဆုံးအကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်နှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့အား မှော်စက်လုပ်ငန်းနှင့် ပတ်သက်သည့် နည်းပညာအပိုင်းအစများကို နှစ်စဉ်နှစ်တိုင်း ပေးရမည်ဖြစ်ကာ၊ မှော်ပညာရှင်များအဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် လဲလှယ်ရမည်ဖြစ်သည်။
ရှုယီသည် မှော်ပညာရှင်များအဖွဲ့အစည်းကလည်း မှော်စက်လုပ်ငန်းမှ ငွေရှာလိုကြောင်း ရှင်းရှင်းလင်းလင်းသိထားရသောကြောင့် ၎င်းအား များများစားစားမစဉ်းစားပေ။
သို့သော် ယခုတစ်ကြိမ်တွင် ရှုယီသည် မဟာမှော်ပညာရှင် ဖာဂူဆန်က မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ကိုယ်စား တောင်းဆိုလာမှုကြောင့် အံ့အားသင့်သွားခဲ့သည်။
မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်မှ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်များအဖွဲ့အစည်းနှင့် မူပိုင်ခွင့်များ ပြောင်းလဲသွားသောကြောင့် ၎င်းတို့အား အသိအမှတ်ပြုခြင်းမပြုမီ ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တိတိပပတရားမျှတစေရန်အတွက် မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်းအား ဤမူပိုင်ခွင့်ဖြင့် ဆက်စပ်ပစ္စည်းအားလုံးကို ပိုင်ဆိုင်ရန် တောင်းဆိုခဲ့သည်။
မဟာမှော်ပညာရှင် ဖာဂူဆန်က ၎င်းကို တောင်းဆိုသည့်အခါ သူ့အမူအရာက တည်ငြိမ်ပြီး လေသံက သဘာဝကျ၍ ၎င်းဟာ လုံးဝတရားမျှတနေသလိုပင်။
သို့ပေမယ့် ရှုယီက ၎င်းကို ဒေါသအရမ်းထွက်ပြီး ကျိန်ဆဲလုနီးပါးပါပင်။
ဒီထက် ပိုပြီး အရှက်မဲ့နိုင်သေးလား!
ဒီမူပိုင်ခွင့်နဲ့သက်ဆိုင်တဲ့ အရာအားလုံးကို လွှဲပြောင်းပေးရမယ်!
မူပိုင်ခွင့်နဲ့သက်ဆိုင်တဲ့ အရာအားလုံးကို လွှဲပြောင်းပေးရတော့မှာ မဟုတ်ဘူးလား?!
မဟာမှော်ပညာရှင်ဖာဂူဆန်၏ ပေါ့ပေါ့ပါးပါး စကားလုံးများသည် အလွန်လေးလံသော အဓိပ္ပါယ်ရှိသည်။
ရှုယီသည် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းမှတဆင့် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်သို့ မူပိုင်ခွင့်တင်ပြခြင်းသည် ကမ္ဘာမြေမှ မူပိုင်ခွင့်ဥပဒေများကို အတုယူရန်၊ Frestech ကုန်သည်ကြီးများအသင်းသည် ဤမူပိုင်ခွင့်များကို အကာအကွယ်အနည်းငယ်အဖြစ် ပြောင်းလဲခွင့်ပေးရန် အဆိုပြုခဲ့သည်။
သို့သော် မှော်ပညာရှင်များအဖွဲ့အစည်းက ၎င်းကို အကျင့်ပျက်ခြစားမှုတွေအတွက် သုံးမည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
အကယ်၍ ရှုယီသည် အေးဆေးတည်ငြိမ်သော အကျင့်စရိုက်မရှိပါက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့မည်မဟုတ်သလို၊ သူသည် ဤကဲ့သို့ ငြိမ်သက်မနေဘဲ မဟာမှော်ပညာရှင်ဖာဂူဆန်နှင့် သူ ကိုယ်စားပြုသည့် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကို ဒေါသတကြီး ကျိန်ဆဲနေပေလိမ့်မည်။
သို့သော် ရှုယီ၏စိတ်ခံစားချက်ကို ခံစားသိရှိနိုင်သည့်နှယ် မဟာမှော်ပညာရှင်ဖာဂူဆန်က စကားအနည်းငယ်သာ အေးစက်စွာ ပြောလာ၏။
“Frestech ကုန်သည်ကြီးများအသင်းက ပစ္စည်းအပြည့်အစုံကို မလွှဲပေးနိုင်ရင်၊ ဒီမူပိုင်ခွင့်တွေက ငါတို့ ရုံးချုပ်ရဲ့ စိစစ်မှုကို ကျော်ဖြတ်နိုင်မှာ မဟုတ်လို့ ဌာနချုပ်က အကာအကွယ် မပေးတော့ဘဲ သက်တမ်းကုန်သွားမယ်။ ဥက္ကဋ္ဌ ရှု ကျေးဇူးပြုပြီး အကျိုးဆက်ကို ဆင်ခြင်ပါ။"
ရှုယီသည် ရှေ့သို့တိုးသွားရန် တိုက်တွန်းမှုကို ငြင်းဆန်ခဲ့ပြီး ကုမ္ပဏီသည် ၎င်းတို့ကြား တွေ့ဆုံမှုကို အဆုံးသတ်ခြင်းမပြုမီ စဉ်းစားရန် အချိန်အနည်းငယ် လိုအပ်ကြောင်း မဟာမှော်ပညာရှင်ဖာဂူဆန်အား ပြောကြားခဲ့သည်။
သို့သော်လည်း အစည်းအဝေးပြီးသည်မှာ တစ်ပတ်ရှိပြီဖြစ်ပြီး ရှုယီသည် ကုမ္ပဏီနှင့် တွေ့ဆုံခြင်းမပြုခဲ့ပေ။
သူ့အတွက် ဆွေးနွေးစရာဘာမှ မရှိဘူးဆိုတော့ သေချာပေါက် သဘောတူမှာ မဟုတ်ပေ။
သို့သော် ၎င်းကို ငြင်းဆိုခြင်း၏ အကျိုးဆက်အား မဟာမှော်ပညာရှင်ဖာဂူဆန်က ရှင်းရှင်းလင်းလင်း ပြောခဲ့ပါ၏။
မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်သည် ဤမူပိုင်ခွင့်များကို အကာအကွယ်မပေးတော့ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ ဒီဇိုင်းများကို မည်သူမဆို အပြစ်ဒဏ်မခံရဘဲ အသုံးပြုနိုင်ကြောင်း ဆိုလိုခြင်းပင်။
၎င်းကိုလုပ်ချင်သည့်သူတွေက မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ဖြစ်မှန်း ရှုယီက သေချာပါ၏။
ထို့ကြောင့် ရှုယီသည် အလွန်ဆိုးရွားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။
သူသည် မှော်ပညာရှင်များအဖွဲ့အစည်း၏ အကာအကွယ်ကိုဆုံးရှုံးခဲ့လျှင် ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနကိုအခြားမှော်ပညာရှင်များမှအသုံးပြုနိုင်သည်ဟုဆိုလိုသည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်း အသုံးပြုသည့် ဒီဇိုင်းများတွင် မှော်ပညာသည် အလွန်အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သော်လည်း မှော်စွမ်းအင်အဆင့်သည် အလွန်နိမ့်ပါးပြီး အဆင့်မြင့်သော မှော်ပညာကို အသုံးပြုခဲ'သည်။
အကယ်၍ အဆင့်မြင့်မှော်ပညာရှင်တစ်ဦးက ၎င်းကိုလေ့လာရန် အာရုံစိုက်ထားပါက မှော်စက်များ၌အသုံးပြုထားသော မှော်အစီအရင်၏လျှို့ဝှက်ချက်များကို ဖြတ်ကျော်ရန် မဖြစ်နိုင်သည် မဟုတ်ပေ။
ဤမှော်စက်များ၏ ဒီဇိုင်းသည် ထိုမျှရှုပ်ထွေးခြင်းမရှိသည့်အတွက် ကူးယူရန် ခက်ခဲသည်မဟုတ်ပေ။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ မူပိုင်ခွင့်များ ကုန်ဆုံးသွားကြောင်း မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်မှ ကြေညာထားသရွေ့ ရှုယီသည် ရှုံးနိမ့်မှုများ,များစွာ ထွက်ပေါ်လာမည်ကို သေချာပါသည်။
ရှုယီက ၎င်းဟာ အလွယ်တကူ အတုယူနိုင်တဲ့ အရာမဟုတ်ဘူးလို့ ယုံကြည်ထားသော်လည်း၊ အတုအပထုတ်ကုန်များစွာထွက်ပေါ်လာကာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များအား တည်ထောင်ရန် အလွန်ခက်ခဲစွာ လုပ်ဆောင်ခဲ့သော သစ်လွင်တိကျပြီး အသုံးပြုရလွယ်ကူသော ရုပ်ပုံသည် ပျက်စီးသွားမည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ မူပိုင်ခွင့်ကာကွယ်မှု ဆုံးရှုံးခြင်းသည် လုပ်ငန်းကို ပိုမို ဖရိုဖရဲဖြစ်စေသည်။
တရားဥပဒေစိုးမိုးရေး ဆုံးရှုံးခြင်းသည် မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ဆိုးရွားပါသည်။
ထို့ကြောင့် ရှုယီသည် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်၏ တောင်းဆိုမှုကို စိုးရိမ်နေခြင်းဖြစ်သည်။
ဘယ်လိုဖြေရှင်းရမလဲ..... ရှုယီမှာ အဖြေမရှိတာတော့ မဟုတ်ပေမယ့် ဆုံးဖြတ်ချက်မချနိုင်သည့်နည်းလမ်း၌ လျှို့ဝှက်အန္တရာယ်တစ်ခုတော့ ရှိနေပါ၏။
သို့သော်၊ ဆယ်ဗီနီထံမှ ထိုစာကိုလက်ခံရရှိပြီးနောက် လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်သည် မှော်စက်လုပ်ငန်းသို့ မည်သို့ဝင်ရောက်လာနေပြီသား ဖြစ်သည်ကို တွေးဆမိသည်။ ထို့နောက် မည်သို့မျှ မမျှော်လင့်ထားဘဲ ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့လည်း မှော်စက်လုပ်ငန်းသို့ ဝင်ရောက်လာမည်ဖြစ်ရာ ရှုယီသည် သူ မတွန့်ဆုတ်သင့်တော့ကြောင်း ခံစားခဲ့ရသည်။
ထိုအကြောင်းကိုတွေးပြီးနောက် ရှုယီလည်း ထရပ်ကာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ ကိုယ်ပိုင် ဓာတ်ခွဲခန်းဆီသို့ ဦးတည်သွားလိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၄။ အရှက်မဲ့မှု၏ အောက်ခြေမျဉ်း
"ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးကို ဘယ်လိုအနိုင်ယူရမလဲ?" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်၊ "ကောင်လေး၊ မင်းက ငါ့ကို ကြည့်ဖို့ စိတ်မသက်မသာဖြစ်နေတာလား? ဒီလိုမေးခွန်းတောင် မေးလာတယ်ဆိုတော့လေ။"
"မဟုတ်ပါဘူး မဟုတ်ပါဘူး မလုပ်ရဲပါဘူး။" ရှုယီက လက်ယမ်းလိုက်သည်၊ "ကျွန်တော်က ဒီမေးခွန်းကို အခုကျွန်တော့်အတွက် အရမ်းအရေးပါတယ်လို့ စဉ်းစားနေရုံပါ။ အဘိုး အခုဆိုရင် အစောင့်တွေကို အကြိမ်များစွာ လေ့ကျင့်ပေးခဲ့ပြီးပြီဆိုတော့ အစောင့်တွေက အဘိုးကို ခြိမ်းခြောက်ဖို့ ဟန်ပြနိုင်ပြီလို့ထင်လား?"
“ငါမင်းကိုနောက်ဆုံးတစ်ခါက ပြောခဲ့တယ်မဟုတ်လား" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီကိုကြည့်သည်၊ “ခြိမ်းခြောက်မှု လုံးဝမရှိဘူးလို့ ပြောရင် ဒါဟာ လိမ်ညာမှုတစ်ခုပဲ၊ ဒါပေမယ့် ငါအဲဒီမှာ ရပ်ပြီး သူတို့နဲ့ တိုက်ခိုက်မှပဲ ဖြစ်တယ်။ ငါတို့သာ သေချာ တိုက်ခိုက်မယ်ဆိုရင် သူတို့က ငါ့အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူးဆိုတာ ငါသေချာတယ်။”
“ဆိုလိုတာက..... အစောင့်တွေက ပိုနေသားကျရင် အလုပ်မဖြစ်သေးဘူးလား?" ရှုယီက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ယေဘူယျအားဖြင့်၊ ဒါဟာ နေသားကျမှုရဲ့ ပြဿနာတစ်ခုပဲ။"
"ဒါဆို ဒါက ဘာကို အတိအကျ ပြောတာလဲ။"
“အတိအကျပြောရရင် လက်ရှိစစ်တပ်သုံးမှော်စက်တွေက အာကာသကို အနှောင့်အယှက်မပြုနိုင်ဘူး၊ ဒါကြောင့် အာကာသကို လှည့်စားနိုင်တဲ့ ခေါင်းဆောင်မှော်ပညာရှင်တွေပေါ်ကို သက်ရောက်တိုက်ခိုက်ဖို့ အရမ်းခက်ခဲတယ်။ အဲ့ဒါအပြင်၊ မင်းအနေနဲ့ သာမန်နေရာတွေမှာ တိုက်ခိုက်နိုင်ပေမယ့်လည်း၊ သာမန် ခေါင်းဆောင်မှော်ပညာရှင်က မန္တာန်မျိုးမျိုးနဲ့ရှောင်တိမ်းနိုင်တာကြောင့် အန္တရာယ်အရှိဆုံးတိုက်ခိုက်မှုတွေကိုတောင် ရှောင်ရှားနိုင်မှာပဲ။"
“တိုတိုပြောရရင်၊ တကယ်ထိဖို့ အရမ်းခက်တယ်မဟုတ်လား” ရှုယီက မေးသည်။
“ဒါက တော်တော်ခက်တယ်။” ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ခေါင်းညိတ်ပြလိုက်သည်၊ “ဟုတ်တယ် လက်ရှိစစ်တပ်ရဲ့ စွမ်းအားတွေနဲ့ မှော်စက်တွေနဲ့ဆိုရတောင်၊ ငါဒီတိုင်း မတ်တပ်ရပ်နေရင်တောင်မှ သူတို့တွေ ငါ့ရဲ့ မှော်အတားအဆီးကို ကျော်ဖြတ်ဖို့ နာရီဝက်လောက် အချိန်ယူရလိမ့်မယ်။"
ရှုယီသည် မျက်လုံးများကိုသာ လှိမ့်လိုက်သည်။
ခေါင်းဆောင်မှော်ပညာရှင်များဟာ လူတွေထင်ထားတာထက် ပိုထူးခြားပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှပြုလုပ်သော ဤစစ်တပ်သုံးမှော်စက်များသည် ကမ္ဘာမြေမှလက်နက်များကဲ့သို့ အစွမ်းထက်ခြင်းမရှိသော်လည်း ၎င်းတို့သည် အလွန်အစွမ်းထက်သည်ဟု ယူဆနိုင်ဆဲဖြစ်သည်။
အနည်းဆုံး ရူဒ်ဆန်တိုင်းပြည်၏စစ်တပ်သည် အဆင့်နိမ့်စစ်မှော်စက်များတပ်ဆင်ပြီးနောက် ကန်ဒရာအင်ပါယာ၏စစ်တပ်ကို အလွယ်တကူအနိုင်ယူနိုင်ခဲ့သည်။
အဆင့်နိမ့်မှော်ဆရာများနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များသည် ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
အပြည့်အ၀ပြင်ဆင်ထားမယ်ဆိုလျှင် မဟာမှော်ပညာရှင် တိုက်ခိုက်ဖို့ကပင် ပြဿနာမဟုတ်ပါပေ။
သို့သော် ခေါင်းဆောင်မှော်ပညာရှင် အဆင့်မှာရှိသည့်သူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့ဟာ အနည်းငယ် အကူအညီမဲ့သွားကြသည်။
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာပြောခဲ့သလိုပင်၊ ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ တိကျသည့် ပြဿနာကို မဖြေရှင်းဘဲ ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးကို ခြိမ်းခြောက်မှုတစ်ခုမှ ပြုလုပ်နိုင်မည် မဟုတ်ပါချေ။
သို့သော် ရှုယီသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကာ ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာထံမှ အတည်ပြုချက်အချို့ကို ရရှိနေပြီဖြစ်သည်။
“ကောင်လေး၊ မင်းဒီကိစ္စကို အရမ်းဂရုစိုက်နေတာပဲ၊ မင်းတကယ်ပဲ ခေါင်းဆောင်မှော်ပညာရှင်ကို တိုက်ခိုက်ချင်နေတာလား" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက သံသယ အကြည့်နဲ့ မေးသည်။
"ကျွန်တော်မရူးသေးပါဘူး......" ရှုယီက ခေါင်းခါပြီး လက်ကို ဝှေ့ယမ်းကာ အားကိုးရာမဲ့ အသံဖြင့် ပြောသည်၊ “ဒါပေမယ့် ကန်ဒရာအင်ပါယာနဲ့ မားလိုအင်ပါယာမှာ သူတို့အတွက် အလုပ်လုပ်နေတဲ့ ခေါင်းဆောင်မှော်ပညာရှင်တွေရှိတယ်လေ။ ခေါင်းဆောင်မှော်ပညာရှင်တွေနဲ့ ရင်ဆိုင်ဖို့ နည်းလမ်း ရှာမတွေ့ရင်၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက အင်ပါယာနှစ်ခုအတွက် ကျွန်တော်တို့ရဲ့ အစီအမံတွေကို အလေးအနက်ထားစဉ်းစားဖို့ လိုအပ်တာမို့ အင်ပါယာနှစ်ခုရဲ့ ခေါင်းဆောင်မှော်ပညာရှင်တွေနဲ့ ပတ်သက်ပြီး ခေါင်းကိုက်ရလိမ့်မယ်။"
“ချီး.. မင်းဘာတွေတွေးနေတာလဲ ငါစဉ်းစားနေတာ။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်သည်၊ “မင်းကို ငါနောက်ဆုံးတစ်ကြိမ်တုန်းက ပြောခဲ့တယ်မဟုတ်လား၊ မှော်ပညာရှင်များအဖွဲ့အစည်းမှာ စည်းမျဉ်းတွေရှိပြီး မဟာမှော်ပညာရှင်နဲ့ ခေါင်းဆောင်မှော်ပညာရှင်အဆင့်ရှိတဲ့ မှော်ပညာရှင်တွေက နိုင်ငံအချင်းချင်း စစ်ပွဲတွေမှာ မပါဝင်နိုင်ဘူး။ ဘာကို စိတ်ပူနေတာလဲ။ ဒါမှမဟုတ် ကန်ဒရာအင်ပါယာနဲ့ မားလိုအင်ပါယာကို တိုက်ခိုက်ချင်လောက်အောင် မာနကြီးနေတာလား။"
“ဒါကို တကယ်စဉ်းစားနေတယ်လို့ ပြောရင် ယုံမှာလား။” ရှုယီက ပြန်မေးသည်။
“ဒါဆို မင်း ဒီအတွေးကို မေ့သွားအောင် ငါ မင်းကို အရင် အနိုင်ယူမယ်လို့ မင်းယုံလား" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာသည် သူ့ကို စိုက်ကြည့်ကာ လေးနက်သော ဟန်ဖြင့် ပြောသည် ။ “Frestech ကုန်သည်ကြီးများအသင်းက အစွမ်းထက်တဲ့ စစ်ဘက်သုံးမှော်စက်တွေကို ဖန်တီးထားပြီး ကုမ္ပဏီရဲ့ အစောင့်အကြပ်တွေက အရမ်းအားကောင်းပေမယ့်လည်း ကန်ဒရာအင်ပါယာနဲ့ မားလိုအင်ပါယာတို့က နယ်မြေကြီးပေါ်မှာ ရပ်တည်လာတာ နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီ၊ ဒါကြောင့် သူတို့ရဲ့ လျှို့ဝှက်စွမ်းအားက မင်းစိတ်ကူးထက် ကျော်လွန်နေတယ်။ စစ်တပ်သုံးမှော်စက်တွေနဲ့ပဲ သူတို့ကို ထိန်းနိုင်မှာမဟုတ်ဘူး၊ နားလည်လား”
“ကျွန်တော်နောက်နေတာပါ၊ အဘိုး ဘာအတွက်အရမ်းလေးနက်နေရတာလဲ" ရှုယီည် ကျီစယ်လိုဟန် အပြုံးဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည် ။ “စိတ်လျှော့ပါ၊ ကျွန်တော် မရူးပါဘူး၊ ကန်ဒရာအင်ပါယာနဲ့ မားလိုအင်ပါယာကို ကျွန်တော်က ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။ နောက်ပြီး အင်ပါယာနှစ်ခုက ကျွန်တော့်ရဲ့ အစီအစဉ်မှာ အရေးကြီးတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြပြီး ငွေရှာဖို့ သူတို့ကို လိုအပ်တယ်လေ။ သူတို့ကို သွားတိုက်ရင် ကျွန်တော် သူတို့ဆီက ပိုက်ဆံ ဘယ်လိုရှာရမှာလဲ"
“မင်းနားလည်ရင် ကောင်းတယ်။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာသည် အေးစက်စက် နှာမှုတ်လိုက်ကာ ခေတ္တရပ်ပြီးနောက် ဆိုလာသည်၊ “ကောင်းပြီ၊ မင်းစဉ်းစားနေတာတွေကို ငါနားလည်တယ်။ စိတ်လျှော့၊ မိုက်မဲတာ ဘာမှ မလုပ်ရင် ခေါင်းဆောင်မှော်ပညာရှင်ကို စော်ကားမိမှာ မဟုတ်ပါဘူး။ ကန်ဒရာအင်ပါယာ ဒါမှမဟုတ် မားလိုအင်ပါယာပဲဖြစ်ဖြစ် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်များ၏ စွမ်းအားတွေကြောင့်၊ သူတို့သက စတက်တိန်းနယ်မြေကို အပိုင်စီးပြီး Frestech ကုန်သည်ကြီးများအသင်းကို ဖျက်ဆီးဖို့ နည်းလမ်းမရှိဘူး။ ပြီးတော့ သူတို့နဲ့ စီးပွားရေးလုပ်ချင်တာ မင်း'တင်မဟုတ်ပါဘူး၊ သူတို့ကလည်း မင်းဆီက မှော်စက်အမျိုးမျိုးကို ရယူချင်နေတာပဲ၊ မင်းဘာကို စိတ်ပူနေတာလဲ။”
“ဒါပေမယ့် ကျွန်တော်တကယ် မိုက်မဲနေတာတစ်ခုလုပ်ချင်ေနတုန်းပဲ....." ရှုယီစိတ်ထဲတွင် ရေရွတ်လိုက်သည်။ ၎င်းကိုတွေးပြီးသည်နှင့် ဒီကိစ္စကို ခေတ္တဖယ်ထားဖို့ ဆုံးဖြတ်ပြီး ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာကို မေးလိုက်သည်။ “ဒါဆို.....အဘိုး ခေါင်းဆောင်မှော်ပညာရှင်တွေ..... ဒါမှမဟုတ် မဟာမှော်ပညာရှင်တွေ ဖြစ်နိုင်တယ်၊ မှော်ပညာရှင်များအဖွဲ့အစည်းနဲ့ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။ သူတို့က အဖွဲ့ဝင်တွေလား။”
“မင်းက မဟာမှော်ပညာရှင်ပဲ၊ မင်းက မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ အမိန့်ကို နာခံတယ်လို့ မင်းထင်လား။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ပြန်မေးသည်။
“ဒါက ပေါ့ပေါ့ပါးပါး တစ်ခုခုဆိုရင် ကျွန်တော် နားမထောင်ရတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါပေမယ့် ပိုအရေးကြီးတာကတော့.....သူက...သူက......"
“ဒါဆို မင်းဒီလိုမေးတာ မိုက်မဲတယ်လို့ မခံစားရဘူးလား" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီကို မျက်လုံးလှန်ပြလာသည်၊ “မှော်ပညာရှင်များအဖွဲ့အစည်းက နယ်မြေကြီးမှာရှိတဲ့ မှော်ပညာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလေးပဲ။ သီအိုရီအရ၊ သူတို့က နယ်မြေကြီးက မှော်ပညာရှင်အားလုံးကို စုစည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ဒါပေမယ့် သူတို့မှာ အမှန်တကယ် တန်ခိုးအာဏာမရှိပါဘူး။"
“ဟုတ်တယ်၊ မှော်ပညာရှင်များအဖွဲ့အစည်းက မှော်ပညာရှင်အများစု၊ အထူးသဖြင့် သူတို့ရဲ့အမိန့်ကို နားထောင်တဲ့ အဆင့်နိမ့်မှော်ပညာရှင်တွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဒါပေမယ့်လည်း မဟာမှော်ပညာရှင်တွေနဲ့ ခေါင်းဆောင်မှော်ပညာရှင်တွေ သာမန်လူတွေမဟုတ်ဘူးလေ။ မှော်ပညာရှင်များအဖွဲ့အစည်းက အများစုအနေနဲ့ အကြံပြုချက်တွေ၊ တောင်းဆိုမှုတွေ ပြုလုပ်နိုင်ပေမယ့်လည်း သူတို့အတွက် အမိန့်ပေးဖို့ မဖြစ်နိုင်ဘူး။"
“ဒီလိုမျိုးဆိုရင် အရမ်းကောင်းတယ်!” ရှုယီက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးသည်၊ “ဆိုလိုချင်တာက မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ တစ်ခုခုလုပ်ရင် ပြဿနာက သိပ်ကြီးမှာ မဟုတ်ဘူးပေါ့”
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက မျက်မှောင်ကုပ်လိုက်သည်၊ "မင်းဘာလုပ်ချင်လို့လဲ။ မင်းက မဟာမှော်ပညာရှင်ဖြစ်နေလို့ မှော်ပညာရှင်များအဖွဲ့အစည်းက တားလို့မရပေမယ့် မင်းကိုသတိမပေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့၊ မှော်ပညာရှင်များအဖွဲ့အစည်းမှာ သူတို့လွှမ်းမိုးမှုကို နာခံနေတဲ့ အဆင့်နိမ့် မှော်ပညာရှင်တွေ အများကြီးရှိနေသေးတာကို မမေ့နဲ့။ ကုမ္ပဏီက အဲဒီအဆင့်နိမ့် မှော်ပညာရှင်တွေအပေါ် မူတည်နေတယ်၊ ဒါကြောင့် မင်း မှော်ပညာရှင်များအဖွဲ့အစည်းကို တကယ်စော်ကားရင် ကုမ္ပဏီအတွက် အကျိုးရှိမှာ မဟုတ်ဘူး။”
“ကျွန်တော် ဒါကို နားလည်ပါတယ်။ အဖိုး၊ ဒီမေးခွန်းကို မစဉ်းစားခင် မှော်ပညာရှင်များအဖွဲ့အစည်းက ကျွန်တော်တို့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ အဘိုးလည်း နားထောင်ကောင်း နားထောင်လို့ ရပါတယ်။ ရှုယီက ပြောသည်။
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာအံ့သြသွားသည်၊ "ဘာလဲ။ မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အရှက်မဲ့တဲ့အရာကို ထပ်ပြီးလုပ်နေကြပြီလား"
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၏ စကားကိုကြားတော့ ရှုယီငြိမ်သက်သွားသည်။
မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ရှိ အပေါင်းအဖော်များသည် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာကို အထင်ကြီးခြင်းမရှိသလိုပင်၊ သူသည်လည်း ၎င်းတို့ကို ဆန့်ကျင်သည်ဟုပင် ဆိုနိုင်ပါသည်။
ဤကဲ့သို့ဖြစ်ခဲ့ပါက၊ သူသည် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလ၏နားလည်မှုနှင့် ပံ့ပိုးမှုကို ရရှိသင့်သည်။
ဆယ်မိနစ်ခန့်အကြာတွင် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၏မျက်နှာတွင် ဒေါသအရိပ်အယောင်တစ်ခုပေါ်လာသည်။
"အဲဒီလူတွေဟာ အရှက်ကင်းမဲ့သူတွေလို့ ငါအမြဲထင်ခဲ့တယ်၊ ဒါပေမယ့် သူတို့က ဒီလိုအထိကြီး အရှက်မရှိလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး!" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာသည် အနိမ့်ဖြင့် ပြောနေသည်မှာ ရှင်းလင်းစွာဖြင့် ဒေါသတကြီးထွက်ဟန်ပေါ်နေသည်၊ "မူပိုင်ခွင့်ကြေးကြီးကြီးမားမားကြောင့် သူတို့သက မူပိုင်ခွင့်ကို ပျော်ပျော်ရွှင်ရွှင် လက်ခံခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ မှော်စက်တွေက ပိုက်ဆံဘယ်လောက်ရတယ်ဆိုတာ သူတို့မြင်ပြီးတော့ မူပိုင်ခွင့်တွေကို အရှက်မရှိ ဖျက်သိမ်းလိုက်ကြတယ်။ အရမ်းကောင်းတယ်၊ သူတို့ ဘယ်လောက် အရှက်ကင်းမဲ့နေလဲဆိုတာ ငါမြင်ခဲ့ရပြန်ပြီ!"
ဒေါသထွက်နေသော ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာကို မြင်လိုက်ရတော့ ရှုယီအနည်းငယ်အံ့သြသွားသည်။
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက သူနှင့် လက်တွဲမည်ဆိုသည်ကို သေချာသော်လည်ူ၊ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက် မူပိုင်ခွင့်များကို ဖျက်သိမ်းလိုက်သော မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်အား မကျေနပ်သဖြင့် ဤမျှကြီးမားသော တုံ့ပြန်မှုမျိုးရမည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ပါချေ။
“သူတို့ရဲ့တောင်းဆိုချက်တွေကို တုံ့ပြန်ဖို့ ဘယ်လိုစီစဉ်ထားလဲ။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီကို ကြည့်ပြီး မေး၏။
“ကျွန်တော်တို့သဘောမတူနိုင်ဘူးပေါ့” ရှုယီက ပခုံးတွန့်လိုက်သည်၊ "ဒါပေမယ့် ပြဿနာက မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ကနေ မူပိုင်ခွင့်ကာကွယ်မှု ဆုံးရှုံးသွားရင်၊, အဲဒါက ကျွန်တော်တို့ ကုမ္ပဏီအတွက် ပြဿနာတွေ အများကြီး ဖြစ်စေတယ်။ ဒါကြောင့် ဒါကို ထိန်းဖို့ နည်းလမ်းတချို့ စဉ်းစားရမှာပေါ့။”
“မင်းဒီလိုလုပ်ချင်တယ်ဆိုရင် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်မှာ မင်းနဲ့ အရှုပ်အထွေးတွေ မရှိတော့ဘူး။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါ၏။
“ဒါပေမယ့် ကျွန်တော်သုံးချင်တဲ့ အတိုင်းအတာက မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တာကြောင့် သူတို့ စွက်ဖက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ရှုယီက ပြောသည်။
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက အေးစက်စွာ နှာမှုတ်လိုက်ကာ "ဒီကိစ္စက အဲဒီကောင်တွေကြောင့် ဖြစ်တာဆိုတော့ သူတို့က မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်နေကြတာ သူတို့ပဲလေ။ ဒါကိုသာ လူသိရင် မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ မျက်နှာက မြေပြင်ပေါ်ကို ကျသွားလိမ့်မယ်!”
“ဒါပေမယ့် အခုအချိန်မှာ မှော်ပညာရှင်များအဖွဲ့အစည်းနဲ့လည်း လုံးဝ ကွဲထွက်မနေချင်ဘူး။ ဒါကြောင့် အဖိုး၊ ဒီကိစ္စကို ကူစဉ်းစားဖို့ တောင်းဆိုချင်ပါတယ်။ အဘိုးက မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကို ကောင်းကောင်းနားလည်ပြီး ပိုအရေးကြီးတာက အဘိုးက ခေါင်းဆောင်မှော်ပညာရှင် ဖြစ်လို့ ကျွန်တော့်ထက် အများကြီးပိုသိတယ်လေ" ရှုယီက ရိုးသားသော အသံဖြင့် ပြောသည်။
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ခေါင်းတညိတ်ညိတ်ဖြင့် "ပြော၊ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"
ရှုယီသည် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာအတွက် သူ့ရင်ဝှက်ထဲမှ စာရွက်စာတမ်းတစ်ခုကို ယူလိုက်သည်။
“ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော်လုပ်ခဲ့တဲ့ အရာတစ်ခုပါ၊ မူပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် မှော်စက်လုပ်ငန်းမှာ ကော်မတီတစ်ခု ဖွဲ့စည်းဖို့ အစီအစဉ်တစ်ခုပါပဲ....."
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၅။ မားလိုအင်ပါယာ၏ နွေဦး
နွေဦးတွင် အရာအားလုံးကြီးထွားလာသည်။
မားကွစ္စ် ဆော့သ်ဂိတ်၏ ကိုယ်ပိုင်နယ်မြေ၌ လေထုကို အပြည့်ဖြည့်ထားသည့် အားကောင်းသော လေပွေတစ်ဝှေ့ရှိနေသည်။ တလျှောက်လုံးကြီးထွားခဲ့သည့် ပန်းရိုင်းများနှင့် ပေါင်းပင်များ၊ ဆန်စပါးအပြည့်ဖြင့် လယ်ကွင်းများအပြင် အဆောက်အဦများပြည့်နှက်နေသည့် အခြားနေရာလည်းရှိသည်။
ဤမှော်စက်မှုနယ်ပယ်အခြေစိုက်ရုံးမှာ လွန်ခဲ့သည့် နှစ်ကုန်၌ အများစု ပြီးစီးခဲ့ပြီး ဤနှစ်အစပိုင်း၌ ထုတ်လုပ်ရေးစရန် အချိန်ဇယားဆွဲထားသည်။
သို့သော် ၎င်းတို့သည် ဤအစီအစဥ်ကို ပြုလုပ်သောအခါတွင်၊ အမ်ရစ်ကုန်သည်ကြီးများအသင်း၌ ခန့်မှန်းတွက်ချက်ရန် အချက်အလက် လုံလောက်မှု မရှိခဲ့ပေ။ အခြားနိုင်ငံတွေထက် မြောက်ဘက်မှာရှိသည့် မားလိုအင်ပါယာကို စောစောစီးစီး ဆောင်းရာသီစောရောက်ထားဖို့ မျှော်လင့်ထားသော်လည်း၊ ဤမျှအစောကြီးရောက်လာပြီး လမ်ပူရီနိုင်ငံတော်ထက် အဆပေါင်းများစွာ ပိုအေးမည်ဟု သူတို့မထင်ထားခဲ့ပေ။ မားလိုအင်ပါယာ၏ ဆောင်းရာသီသည် ၎င်းတို့၏ ပရောဂျက်ကို ဤမျှအထိ သက်ရောက်မှုရှိမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားသောကြောင့် ယခုနှစ်တွင် အပြီးသတ်မည့် အစီအစဉ်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် မားလိုအင်ပါယာသို့ ရောက်လာသော အခြားမှော်စက်ကုမ္ပဏီများသည် ပထမနှစ်တွင် ထုတ်လုပ်ရန် မမျှော်လင့်သည်မှာ ကောင်းမွန်သောအရာဖြစ်သည်။ နည်းနည်း ကြန့်ကြာသော်လည်း ၎င်းက သူတို့ကို အများကြီး မထိခိုက်စေဘဲ ပြင်ဆင်ဖို့ အချိန်ပိုရစေသည်။
ယခုနှစ်နွေဦးပေါက်ရောက်ပြီးနောက်၊ မားကွစ္စ် ဆော့သ်ဂိတ်၏ ပိုင်နက်ထဲသို့ဝင်ရောက်လာသော ဤမှော်စက်ကုမ္ပဏီများ၏ ထုတ်ကုန်များနှင့်အတူ မှော်ကားများလည်း အများအပြားရှိသည်။ ထို့နောက် ဆောင်းရာသီကြောင့် ပိတ်ထားရသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သည်လည်း ပြန်လည်စတင်ခဲ့သည်။
ပြင်ဆင်မှု လုံလုံလောက်လောက်ရှိ၍ လုပ်ငန်းစပြီးသည်နှင့် မနှစ်ကထက် အဆများစွာ တိုးမြင့်လာခဲ့သည်။
လက်ရှိအရှိန်နှင့်ဆိုလျှင်၊ မထင်မှတ်ထားသည့်အရာ ဘာမှမဖြစ်ပါက ဇွန်လမတိုင်မီ၌ အခြေစိုက်စခန်းကို အပြီးသတ်နိုင်မည်ဖြစ်သည်။ ဤသည်က ၎င်းတို့၏ အစီအစဉ်ထက် တစ်လသာ နောက်ကျနေသည်မို့ သိပ်တော့မဆိုးပါချေ။
ဟုတ်ပါ၏၊ ဤစက်ရုံတွေကို ပြဿနာမရှိဘဲ တစ်လရွှေ့ဆိုင်းထားနိုင်သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်၏ ပိုင်နက်ထဲရှိ လယ်ကွင်းတွေကိုတော့ တစ်လကြာအောင် အချိန်ဆွဲထား၍မရပါချေ။ တစ်ပတ်လောက်ကြာ အချိန်ဆွဲထားလျှင်တောင် ပြဿနာရှိလိမ့်မည်။
ယမန်နှစ်က ကန်တိုနာကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် မားကွစ္စ် ဆော့သ်ဂိတ်သည် ၎င်း၏နယ်မြေတွင် နယ်ပယ်များကို နှစ်ကြိမ်တိုးချဲ့ခဲ့သည်။ မှော်မျိုးစေ့တူးစက်နှင့် အခြားစိုက်ပျိုးရေးမှော်စက်များ၏အကူအညီဖြင့် ဤလယ်မြေအားလုံးတွင် ဂျုံစိုက်ခဲ့သည်။
ယခု နွေဦးရာသီရောက်ပြီဖြစ်ရာ၊ မြေတူးဖော်ထားသော လယ်ကွင်းများသည် ချောမွေ့စွာ ကြီးထွားလာပြီး မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်သည်။
သို့သော် စိုက်ပျိုးရေးမှော်စက်၏ အကူအညီမရှိပါက မားကွစ္စ် ဆော့သ်ဂိတ်သည် ၎င်းတို့ အားလုံးကိုရိတ်သိမ်းရန် လူအင်အားအလုံအလောက်ရှိမည်မဟုတ်ကြောင်း သေချာပါသည်။
ဒီလိုနှင့် ပထမဆုံး နွေဦးလေညင်းများ တိုက်ခတ်လာချိန်တွင် ကန်တိုနာကုန်သည်ကြီးများအသင်းက တစ်ဖန်ပြန်လာဖို့ မျှော်လင့်ထားသည်။
ဧပြီလတစ်ရက်တွင်၊ ကန်တိုနာကုန်သည်ကြီးများအသင်းက နောက်ဆုံး၌ ရောက်လာသည်။
တစ်ချိန်တည်းမှာပင်၊ သူ့အနေနှင့် ပိုအလေးထားသော အခြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်းမှ မော်တော်ယာဉ်တန်းများ ရောက်လာသည်။
လမ်းကို ငုံ့ ကြည့်လိုက်သော် အနည်းဆုံး နှစ်ကီလိုမီတာ ရှည်လျားသည့် သယ်ယူပို့ ဆောင်ရေး မှော်ယာဉ်တန်းရှည်ကြီးကို မြင်ရပြီး မားကွစ္စ် ဆော့သ်ဂိတ်က စိတ်ခံစားမှုများ မထိန်းနိုင်တော့ပေ။
အင်ပါယာ၌ စစ်ပွဲအတွက် စည်းရုံးချိန်မှလွဲ၍ ပုံမှန်အားဖြင့် ထိုကဲ့သို့ ကြီးမားသော မော်တော်ယာဉ်တန်းကြီးကို လမ်းမပေါ်တွင် မြင်တွေ့ရန် အခွင့်အလမ်း အလွန်နည်းပါးသည်။
ထို့အပြင်၊ ဤမော်တော်ယာဉ်တန်းသည် ထိုရိုးရိုးမြင်းလှည့်များဖြင့် ပြည့်နှက်ခြင်းမရှိဘဲ၊ အဆင့်မြင့်ဆုံး သယ်ယူပို့ဆောင်ရေး မှော်ကားများဖြင့် ပြည့်နေ၏။
၎င်းက မြင်းလှည်းများ၏ တင်ဆောင်နိုင်မှုထက် ဆယ်ဆထက်မနည်း ရှိသည်ကို မဆိုထားနှင့်၊ ၎င်းတို့၏ အမြန်နှုန်းနှင့် ခံနိုင်ရည်သည် မြင်းလှည်းများထက် များစွာသာလွန်သည်။
ဤအကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားများပါရှိသော မော်တော်ယာဉ်တန်းတွင် အတွင်းမှ ထုတ်ကုန်များသည် တုန်လှုပ်ချောက်ချားစရာ ဖြစ်လောက်သည်။
မော်တော်ယာဉ်တန်းရှိ ပထမဆုံးကားအစီးနှစ်ဆယ်တွင် ကန်တိုနာကုန်သည်ကြီးများအသင်း၏ အမှတ်အသားပါရှိသည်။ မားကွစ္စ် ဆော့သ်ဂိတ်၏ ကိုယ်ပိုင်အိမ်သို့ရောက်သောအခါ၊ ဥက္ကဌ ကန်တိုနာသည် ရှေ့ရှိသယ်ယူပို့ဆောင်ရေး မှော်ကားခရီးသည်ထိုင်ခုံမှ ခုန်ထွက်လာခဲ့သည်။
“သခင် မားကွစ္စ်၊ ကျွန်တော်နောက်ကျနေပြီမဟုတ်လား" ထွက်လာသောအခါ ဥက္ကဌ ကန်တိုနာသည် မားကွစ္စ် ဆော့သ်ဂိတ်ကို ရယ်မောကာ လက်ကိုဝှေ့ယမ်းရင်း နှုတ်ဆက်လာသည်။
မားကွစ္စ် ဆော့သ်ဂိတ်က အသာပြုံးကာ မော်တော်ယာဉ်တန်းကို ကျော်ကြည့်၍ ဥက္ကဌ ကန်တိုနာကို ခေါင်းညိတ်ပြလာသည်။ “ဥက္ကဋ္ဌ ကန်တိုနာ၊ ခင်ဗျားအတွက် ပင်ပန်းသွားပြီ။ နောက်က Frestech ကုန်သည်ကြီးများအသင်းရဲ့ မော်တော်ယာဉ်တန်းလား”
“ဟုတ်ပါတယ်၊ Frestech ကုန်သည်ကြီးများအသင်းကလွဲပြီး တခြားကုမ္ပဏီတွေက ဒီလို ကြီးမားတဲ့ဖွဲ့စည်းမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။ ဒါပေမယ့် သယ်ယူပို့ဆောင်ရေး မှော်ကားတွေကို Frestech ကုန်သည်ကြီးများအသင်းက ပိုင်ဆိုင်တယ်လို့ ပြောရရင်၊ မမှန်ဘူး ဘာလို့ဆို ဖာဆန်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ဒါတွေကို ပိုင်ဆိုင်တယ်လေ အခုက Frestech ကုန်သည်ကြီးများအသင်းကို ကူညီနေတာပါ။" ဥက္ကဋ္ဌ ကန်တိုနာက ပြန်လည်ဖြေကြားခဲ့သည်။
မားကွစ္စ် ဆော့သ်ဂိတ်သည် အနည်းငယ် ရှုပ်သွားပုံရကာ မျက်မှောင်ကုပ်လိုက်၏။
“Frestech ကုန်သည်ကြီးများအသင်းက အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားတွေကို ပြုလုပ်ပေးတယ်၊ ဒါကြောင့် သူတို့က သူတို့ရဲ့ကိုယ်ပိုင် သယ်ယူပို့ဆောင်ရေးလိုင်းကို မဖန်တီးဘဲ တခြားသူကို သယ်ယူပို့ဆောင်ရေးမှာ ကူညီဆောင်ရွက်ပေးခိုင်းဖို့ ဘယ်လိုလုပ် ခွင့်ပြုရမှာလဲ?"
“ဒီအကြောင်းကို ကျွန်တော် အရင်က ဥက္ကဌ ရှု ကို မေးဖူးတယ်။ သူပြောတာတော့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက် သုတေသနပြုခြင်းနဲ့ ထုတ်လုပ်ခြင်းအပေါ် အဓိက အာရုံစိုက်ထားတာကြောင့်မို့တဲ့လေ။ ဒါကြောင့် တခြားကဏ္ဍတွေကို အခြားသူတွေနဲ့ အခြားကုမ္ပဏီတွေဆီမှာ ချန်ထားခဲ့သင့်တယ် Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ အဲဒါကြောင့် သူ့ကိုယ်ပိုင် သယ်ယူပို့ဆောင်ရေး အဖွဲ့ကို မဖွဲ့တာကို ဒီလိုမျိုး ထည့်သွင်းစဉ်းစားသင့်ပါတယ်။”
မားကွစ္စ် ဆော့သ်ဂိတ်သည် နားမလည်နိုင်စွာ ခေါင်းခါလိုက်သည်။
သို့ပေမယ့် ထိုအကြောင်းကို သူ သိပ်ဂရုမစိုက်ပေ။ ခေတ္တရပ်ပြီးနောက် သူဟာ မော်တော်ယာဉ်တန်းကို ပြန်ကြည့်သည်။
“Frestech ကုန်သည်ကြီးများအသင်းရဲ့ မော်တော်ယာဉ်တန်းက ဒီနေရာမှာ ရှိနေတယ်ဆိုရင် ဥက္ကဋ္ဌ ရှုကရော။ ကျုပ်သူ့ကိုဘာလို့မတွေ့တာလဲ"
“လမ်းမှာ လေးရက်လောက် နေခဲ့ရတာလေ။ ဥက္ကဌ ရှု က အရမ်းအလုပ်များနေတော့ လမ်းပေါ်မှာ အချိန်အများကြီးမဖြုန်းချင်ဘူး၊ ဒါကြောင့် ကျုပ်တို့နောက်ကနေ လိုက်ခဲ့တာ။ အချိန်ကို တွက်ကြည့်ရရင်....." ဥက္ကဌ ကန်တိုနာက အဝေးက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလာသည် “သူ မကြာခင် ရောက်လာလောက်တယ်”
မားကွစ္စ် ဆော့သ်ဂိတ်အံ့သြသွားသည်။ ရှုယီက မင်းထက်နောက်ကျပြီးမှ ရောက်လာတာကို မင်းရောက်လာတာနဲ့ သူက ဘယ်လိုလုပ်ဒီကို ရောက်လာနေနိုင်မှာလဲ?
ထိုအကြောင်းမေးတော့မည် အပြု၌ ဥက္ကဌ ကန်တိုနာက ၎င်းတို့အပေါ်ကို ရုတ်တရက် ညွှန်ပြလာသည်။
"ရောက်နေပြီ!"
မားကွစ္စ် ဆော့သ်ဂိတ်သည် ထိုလမ်းကြောင်းကို အံ့အားသင့်စွာ ကြည့်လိုက်ရာ ကောင်းကင်ယံ၌ အနက်ရောင်အစက်အပြောက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် ထိုအနက်ရောင်အစက်အပြောက်သည် အနက်ရောင်တိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းကင်မှာ လှည့်နေသော စက်သံကိုကြားတော့ မားကွစ္စ် ဆော့သ်ဂိတ်က ချက်ချင်း တုံ့ပြန်လိုက်မိသည်။
“မှော်လေသင်္ဘောလား? ဥက္ကဌ ရှုက မှော်လေသင်္ဘောနဲ့ လာတာလား?"
“ဟုတ်တယ် မဟုတ်ရင် သူ ဒီလောက်မြန်မြန် လာနိုင်မှာ မဟုတ်ဘူး။” ဥက္ကဋ္ဌ ကန်တိုနာက ပြုံးပြီး ပြန်လှည့်သွား၏။
မားကွစ္စ် ဆော့သ်ဂိတ်သည် လျင်မြန်စွာ ချဉ်းကပ်လာနေသော မှော်လေသင်္ဘောကိုကြည့်ကာ အနည်းငယ် အံ့သြသွားသည်။
လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေကို စစ်ဆေးခဲ့စဉ်က မှော်လေသင်္ဘောကို သူမြင်ဖူးသည်။ သူဟာအရင်က ရှုယီ၏ ဖိတ်ခေါ်မှုကိုတောင် ခံရဖူးသည်။
သူသည် မှော်လေသင်္ဘောကို စီးရသည့်ခံစားချက်ကြောင့် စိတ်လှုပ်ရှားသွားပြီး မားလိုအင်ပါယာသို့ပြန်သည့်အခါ အနည်းငယ်ဝယ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ရှုယီသည် ခေါင်းစဉ်ကို အမြဲပြောင်းခဲ့သည်။
ရှုယီသည် ယခုတစ်ကြိမ် မှော်လေသင်္ဘောဖြင့် ဤနေရာကို လာမည်ဟု မထင်ခဲ့ပေ။
ရှုယီသည် အဓိပ္ပါယ်မရှိသော အရာများကို လုပ်ဆောင်မည်မဟုတ်ဟု သူယုံကြည်ခဲ့သည်၊ ထို့ကြောင့် မှော်လေသင်္ဘောကို ဤနေရာသို့ ယူဆောင်လာခြင်းသည် မှော်လေသင်္ဘောကို ယခုရောင်းချရန် ဆန္ဒရှိနေသည်ဟု ဆိုလိုခြင်းလော။
ထိူသို့ဖြစ်ခဲ့ရင် တကယ့်ကို သတင်းကောင်းတစ်ခုပါပင်။
“သခင် မားကွစ္စ်၊ ခင်ဗျားနဲ့ ဥက္ကဌ ရှုက ဆွေးနွေးစရာတွေ အများကြီးရှိရမယ်၊ ဒါကြောင့် ခင်ဗျားကို အနှောင့်အယှက်မပေးဖို့ ကျွန်တော်ဒီမှာနေမှာမဟုတ်ဘူး။ လက်အောက်ငယ်သားတွေနဲ့ သွားပြီးတော့ ကိစ္စတွေ စီစဉ်လိုက်မယ်။ နွေဦးက ရက်အနည်းငယ်အတွင်းမှာ ရောက်လာတော့မှာမို့ ဒီအချိန်ကို ဆုပ်ကိုင်ထားဖို့ လိုအပ်တယ်လေ။” ကန်တိုနာသည် ကောင်းကင်ကို မော့ကြည့်ရာမှ ရုတ်တရက် ပြန်လှည့်လာပြီး ဤသို့ပြောလာသည်။
“အိုး? ဟုတ်သားပဲ။” မားကွစ္စ် ဆော့သ်ဂိတ်သည် အံ့အားသင့်ရာမှ အမြန်ပြန်လာကာ သူ့နောက်သို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဘေး၌စောင့်နေသည့် ဘားရွန်ဖရန်ကလင် ရောက်လာသည်။
“ဥက္ကဌ ကန်တိုနာ၊ ခင်ဗျား ဖရန်ကလင်နဲ့ အတော်လေး ရင်းနှီးေလာက်တယ်။ နောက်ရက်အနည်းငယ်အတွင်း ခင်ဗျားရဲ့အလုပ်အတွက် သူ့ကို ကူညီပေးဖို့ ကျုပ်တောင်းဆိုပါတယ်။ ဟုတ်တယ်၊ ဒီနေ့ သိပ်အလုပ်မရှုပ်ပါနဲ့၊ ခင်ဗျားပစ္စည်းတွေကို ချထားလိုက်ရုံပဲ။ ကျုပ်ဒီည ကျုပ်အိမ်မှာ ပွဲလုပ်မှာ၊ ဥက္ကဌ ကန်တိုနာကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လာပူးပေါင်းပါ”
ဥက္ကဌ ကန်တိုနာက ရယ်မောရင်း ပြောလိုက်သည်၊ “အရှင့်ရဲ့ပွဲကြီးကို ဘယ်လိုအလွဲခံနိုင်မလဲ။ ကောင်းပါပြီ၊ သခင် မားကွစ္စ်၊ ကျုပ်တို့တွေ ဒီည ပြန်တွေ့ကြမယ်။”
ထိုသို့ပြောပြီးနောက်မှာ ဥက္ကဌ ကန်တိုနာက စိတ်လှုပ်ရှားနေသည့်ဟန်နှင့် ကြည့်နေသော ဘာရွန်ဖရမ်ကလင်းကို ခေါ်ပြီး ကန်တိုနာကန်တိုနာကုန်သည်ကြီးများအသင်း၏ သင်္ကေတတွေပါသော အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားအစီးနှစ်ဆယ်ဆီကို သွားလိုက်သည်။
၎င်းတို့ ထွက်ခွာသွားပြီးနောက် ပြင်းထန်လွန်းသည့် စက်သံများ သူတို့အထက်မှ ထွက်ပေါ်လာသည်။
မှော်လေသင်္ဘောသည် မားကွစ္စ် ဆော့သ်ဂိတ်နှင့် မဝေးသော နေရာ၌ ဆင်းသက်ခဲ့ပြီး အခန်းတံခါးပွင့်လာသောအခါ ရှုယီထွက်လာခဲ့သည်။
မားကွစ္စ် ဆော့သ်ဂိတ်က အပြုံးကြီးကြီးဖြင့် ရှေ့သို့ ထွက်လာသည်။
"ဥက္ကဌ ရှု ပြန်လာတာကို ကြိုဆိုပါတယ်"
ရှုယီသည် မားကွစ္စ် ဆော့သ်ဂိတ်ကို တစ်ချက် ဦးညွှတ်လိုက်ပြီးနောက် လျင်မြန်စွာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာသည် "သခင် မားကွစ္စ်၊ ကျုပ် ခင်ဗျားကို စောင့်ခိုင်းထားမိပြီ"
“မဟုတ်ဘူး၊ ဒီလောက်မကြာပါဘူး။ အခုပဲ ဥက္ကဋ္ဌ ကန်တိုနာရောက်လာပြီးတော့ ဥက္ကဋ္ဌ ရှု ရောက်လာတာပဲ။ ဒါကို အစောတည်းက စီစဉ်ထားတာလား"
“ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။”ရှုယီမနီးမဝေးမှာ ရပ်ထားသည့် မော်တော်ယာဉ်တန်းကို လှည့်ကြည့်၍ မေးလာသည်၊ "သခင် မားကွစ္စ်၊ ဒီတစ်ကြိမ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုမြင်လဲ?"
“ကောင်းပြီ။” မားကွစ္စ် ဆော့သ်ဂိတ်က တုံ့ပြန်လာခဲ့ပြီး မဆိုင်းမတွဘဲ မော်တော်ကားတန်းသို့ စိတ်ပူပန်စွာ လှမ်းထွက်သွားသည်ဟုပင် ပြောနိုင်သည်။
သူမည်မျှမြန်မြန် လှုပ်ရှားသွားသည်ကို မြင်လိုက်ရသော် ရှုယီမှာ မနေနိုင်စွာ ပြုံး၍ လိုက်သွားသည်။
အဆိုပါကားအစီးနှစ်ဆယ်မှာ ကန်တိုနာကုန်သည်ကြီးများအသင်းမှဖြစ်ပြီး အခြားသော မှော်ကားခုနစ်ဆယ့်သုံးစီးလည်းရှိသည်။
ရှုယီသည် မားကွစ္စ် ဆော့သ်ဂိတ်ကို ပထမဆုံး သယ်ယူပို့ဆောင်ရေး မှော်ကားကြီး လေးဆယ်ကျော်ကို ကြည့်ရှုရန် ခေါ်ဆောင်လာရာ ၎င်းတို့၌ စိုက်ပျိုးရေးမှော်စက် အမျိုးမျိုးဖြင့် ပြည့်နှက်နေကြောင်း တွေ့ရှိခဲ့ရသည်။
မားလိုအင်ပါယာ၏ မျိုးရိုးမြင့်တို့သည် ဤစိုက်ပျိုးရေးမှော်စက်များကို Frestech ကုန်သည်ကြီးများအသင်းထံမှ မှာယူခဲ့ပြီး အနည်းငယ်ကိုသာ မားကွစ္စ် ဆော့သ်ဂိတ်မှပိုင်ဆိုင်သည်။ ၎င်းတို့အများစုမှာ မားကွစ္စ် ဆော့သ်ဂိတ်နှင့် ရင်းနှီးသော မျိုးရိူးမြင့်များ ဖြစ်ကြသော်လည်း ကန်တိုနာကုန်သည်ကြီးများအသင်း နှင့် တွဲလုပ်ရန် အခွင့်အလမ်းမရှိပေ။
အခြားသော သယ်ယူပို့ ဆောင်ရေး မှော်ကား သုံးဆယ့်သုံးစီးအနက် ပထမဆုံး နှစ်ဆယ့်သုံးစီးတွင် အိမ်သုံး မှော်စက်မျိုးစုံနှင့် အခြားစက်များဖြစ်သော မှော်စက်များဟု မယူဆနိုင်သည့် စက်ဘီးများအပြင် မှော်စက်များမှ ထုတ်လုပ်သည့် ထုတ်ကုန်များ ပါဝင်သည်။
ဤအရာများသည် 5% ထက်နည်းပြီး ၎င်းတို့ကို မားကွစ္စ် ဆော့သ်ဂိတ်အတွက် ယူဆောင်လာခြင်းမဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်အတွက်ဖြစ်သည်။
နောက်ဆုံး အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားဆယ်စီးတွင်မူ မားကွစ္စ် ဆော့သ်ဂိတ်အဂရုစိုက်ဆုံးအရာများနှင့် ပြည့်နေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၆။ လမ်းခရီးဝေး ယာဉ်များပိုလိုအပ်သည်
အကြီးစားပို့ဆောင်ရေးမှော်ကား၏ နောက်ကို ဖုံးထားသည့် မိုးကာကို ဖယ်လိုက်ကာ ကိုယ်ထည်အတွင်းရှိ အဖြူရောင်ပါကင်ပုံးများထွက်လာသည်။
မားကွစ္စ် ဆော့သ်ဂိတ်လည်း အသက်ပြင်းပြင်းရှူ၍ ၎င်းမှ ထူးကဲသော ရနံ့ကို ရှူရှိုက်လိုက်ရာ မျက်လုံးများ တောက်ပလျက် စိတ်လှုပ်တရှားဆိုပါ၏၊ "ဒါတွေအားလုံးက မြေဩဇာလား?"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ် သခင် မားကွစ္စ်။ ဒီကားအစီးနှစ်ဆယ်က လရိပ်မျိုးနွယ်စုဆီက မြေသြဇာ တန်ချိန်နှစ်ရာနဲ့ ပြည့်နေတာလေ။ လရိပ်မျိုးနွယ်စုရဲ့ အကြီးအကဲ လီဆန်းယာက အကောင်းဆုံး ပေးချင်နေတာ။”
“အဲဒီ နတ်သူငယ်အကြီးအကဲကလား?" မားကွစ္စ် ဆော့သ်ဂိတ်၏ နှုတ်ခမ်းများ လှုတ်ခတ်၍ အပြုံးကို ထုတ်ဖော်လိုက်သည်။
လမ်ပူရီ တိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့ထံ ရောက်သွားစဉ်က၊ Frestech ကုန်သည်ကြီးများအသင်းသည် နတ်သူငယ် များနှင့် ဆက်နွယ်မှုရှိပြီး နတ်သူငယ်များသည် ၎င်းတို့၏ကိုယ်ပိုင်ကုမ္ပဏီကိုပင် စတင်ခဲ့ကြောင်း သိရှိခဲ့သည်။ ထို့အတွက် သူ အရမ်းတုန်လှုပ်သွားခဲ့ရ၏။
စိုက်ပျိုးရေးအတွက် အရေးကြီးသည့် မြေသြဇာကို လရိပ်မျိုးနွယ်စု၏လက်တွင် လုံး၀ ဆုပ်ကိုင်ထားကြောင်း သူသိရှိပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်သည် ပို၍ပင် ထူးဆန်းလာခဲ့သည်။
သူက နတ်သူငယ်တွေတွေနဲ့ စာချုပ်ချုပ်တယ်လား။
ဒါက တကယ့်ကို အသစ်အဆန်းတစ်ခုပဲ။
သို့သော် မြေသြဇာကို မိတ်ဆက်ပေးသည့် လရိပ်မျိုးနွယ်စု နတ်သူငယ်ကိုယ်စားလှယ်နှင့် တွေ့သည့်အခါ၊ လူသားတွေနှင့် မတူသည့်ပုံသဏ္ဍာန်ကလွဲလျှင် ၎င်းတို့ဟာ သာမန်လူသားတွေနှင့် မခြားကြောင်း တွေ့ရှိခဲ့ရသည်။
၎င်းတို့ကို နှိုင်းယှဉ်ရလျှင် လရိပ်မျိုးနွယ်စုမှ နတ်သူငယ် များသည် ၎င်းတို့၏အလုပ်တွင် အမှားအယွင်းတစ်စုံတစ်ရာမရှိစေဘဲ လူသားကုန်သည်များထက် ပိုမိုအသေးစိတ်ကျသည်ကို တွေ့ခဲ့ရ၏။
မားကွစ္စ် ဆော့သ်ဂိတ်သည် လရိပ်မျိုးနွယ်စု၏အကြီးအကဲ လီဆန်းယာကို မတွေ့ခဲ့ရသော်လည်း ယခုတွင် ၎င်းတို့သဘောတူထားသောကြောင့် ရှုယီမှတဆင့် သူမ၏ လေးစားသမှုပြုခြင်းကို ပြသစေခဲ့သည်။ ၎င်းဟာ တကယ်ကို သာမာန်လူသားတွေ ဆက်ဆံရေးဖန်တီးသော နည်းလမ်းဖြစ်ပြီး ယခင်က ဂုဏ်မောက်နေသည့် နတ်သူငယ်များနှင့် နည်းနည်းကွာသွားသလို ခံစားရ၏။
“ဥက္ကဌ ရှု ဒါကို ပေါ့ပေါ့တန်တန်ပြောနေတာတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား....." မားကွစ္စ် ဆော့သ်ဂိတ်က ခေါင်းခါပြီး မထင်မှတ်ထားသည့် အတွေးတွေကို ဖယ်ရှားလိုက်ပါ၏။ ရှုယီနှင့်အတူ ကားများကို ကြည့်လိုက်ပြီး သူလိုအပ်သော ဓာတ်မြေသြဇာများ ပြည့်နေကြောင်း အတည်ပြုပြီးနောက်တွင် ဝမ်းသာအားရမှုများနှင့် ပြည့်သွားခဲ့သည်။
နွေဦးရာသီ စိုက်ပျိုးချိန်နီးလာပြီဖြစ်ပြီး ကန်တိုနာကုန်သည်ကြီးများအသင်း၏အကူအညီဖြင့် လယ်မြေဧကသုံးရာ ဖွင့်လှစ်နိုင်ရုံသာမက ဓာတ်မြေသြဇာအမြောက်အများပါ ရခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ အချက်အလက်များနှင့် လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့မှ မားကွစ္စ် ဆော့သ်ဂိတ်ရရှိထားသော အချက်အလက်များအရ ရိတ်သိမ်းချိန်ရောက်သောအခါ သူ့နယ်မြေတွင် ဂျုံအထွက်သည် တန်ချိန်တစ်ထောင်ကျော်သွားနိုင်သည်။
၎င်းဟာ အလွန်တုန်လှုပ်စရာကောင်းသည့် နံပါတ်တစ်ခုပါပင်။
ယခင်က စပါးရိတ်သိမ်းချိန်တွင် တန်ချိန်လေးရာခန့်သာ ရရှိခဲ့ကြောင်း သိထားခဲ့ရသော်လည်း ယခုအခါ ရုတ်ချည်း နှစ်ဆတိုးလာခြင်းက ထိတ်လန့်စရာ ကောင်းသည်။
အကယ်၍ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့၌ မားကွစ္စ် ဆော့သ်ဂိတ်ကိုယ်တိုင် တွေ့ခဲ့ခြင်းကြောင့် မဟုတ်ပါက၊ သူသည် ထိုကဲ့သို့သော ချဲ့ကားသည့်ကိစ္စရပ်ကို ယုံမည်မဟုတ်ပါပေ။
စစ်ဆေးပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်က သူ့လက်ကို ဝှေ့ယမ်းပြီး မော်တော်ယာဥ်တန်းရှိ လူများကို ကုန်တင်ဆောင်ရာ၌ ကူညီဖို့ စောင့်နေသည့် သူ့လက်အောက်ငယ်သားတွေကို ခိုင်းလိုက်ကာ ရှုယီအား သူ့အိမ်ဆီ ခေါ်ဆောင်လာခဲ့ပါ၏။
“ဥက္ကဌ ရှု ၊ စစ်တပ်ဌာနချုပ်ကလူတွေ မနေ့ကရောက်လာပြီး အထဲမှာ စောင့်နေကြတယ်။” ၎င်းတို့ဧည့်ခန်းထဲဝင်ခါနီး၌ မားကွစ္စ် ဆော့သ်ဂိတ်က ရှုယီကို ခပ်တိုးတိုးသတိပေးလာခဲ့သည်။
မားလိုအင်ပါယာ၏ စစ်တပ်မှလူများသည် အမှန်တကယ် တက်ကြွနေကြသည်ကို ရှုယီက အံ့သြသွားသည်။ တကယ်တမ်း ၎င်းတို့မှည သူ့ကို စောင့်ဖို့ တစ်ရက်စောပြီး လာခဲ့ကြသည်ပင်။
ကန်ဒရာအင်ပါယာ၏ မောက်မာမှုနှင့် လျစ်လျူရှုမှုနှင့် နှိုင်းယှဉ်ပါက မားလိုအင်ပါယာသည် အလွန်စိတ်ရင်းမှန်သည်။
ဧည့်ခန်းထဲသို့ ဝင်ပြီးနောက်၊ မားလိုအင်ပါယာစစ်တပ်၏ ယူနီဖောင်းဝတ် အမျိုးသား သုံးဦးသည် ထိုနေရာတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ ရှုယီနှင့် မားကွစ္စ် ဆော့သ်ဂိတ်ဝင်လာသည်ကို တွေ့လိုက်သောအခါ အားလုံးက ရှုယီကို အာရုံစိုက်နေကြသည်။
မားကွစ္စ် ဆော့သ်ဂိတ်က အချိန်တန်သော် ရယ်မောလိုက်သည် "လာပါ ဥက္ကဋ္ဌ ရှု၊ မိတ်ဆက်ပေးပါရစေ။ သူတို့သုံးဦးက တပ်မတော်ဌာနချုပ်ကဖြစ်ပြီး ထောက်လှမ်းရေးဌာန၊ ထောက်ပံ့ပို့ဆောင်ရေးဌာနနဲ့ စစ်ဆင်ရေးဌာနတို့မှာ ပါဝင်ကြသူတွေလေ။”
၎င်းကိုပြောပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်က ရှုယီအား သုံးယောက်၏ နာမည်တွေကို ပြော၍ မိတ်ဆက်ပေးခဲ့သည်။
“ဥက္ကဌ ရှု ၊ ခင်ဗျားအကြောင်းကို ကြားဖူးနေတာကြာပြီ၊ ဒါပေမယ့် ထင်ထားတာထက်တောင် ငယ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဒါက တကယ်ကို အံ့သြစရာပါပဲ။”
ရှုယီလက်ကမ်းလာသော ပထမဆုံးသူမှာ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဗစ်ကောင့်ထ် အီထရို ဖြစ်သည်။
သူ့ကို သေချာစစ်ဆေးနေသည့် အခြားနှစ်ယောက်နှင့် ယှဉ်လျှင် ဗစ်ကောင့်ထ် အီထရိုက ရှုယီကို ပို၍ ဖော်ရွေပါ၏။
ရှုယီက ပြုံးပြပြီး လက်ကမ်းလိုက်သည်၊ "ကျုပ်က ငယ်တာ မငယ်တာက အရေးမကြီးပါဘူး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပစ္စည်းတွေ သုံးရလွယ်ကူဖို့က၊ အရေးကြီးဆုံးပါပဲ"
ဗစ်ကောင့်ထ် အီထရိုက ခေါင်းတညိတ်ညိတ်ဖြင့် ရယ်မောရင်း ပြောသည်၊ "မှန်ပါတယ်၊ ဥက္ကဋ္ဌ ရှုက တကယ်ကို တည့်တိုးဆန်လူပါပဲ၊ ဒါကို သဘောကျတယ်။ ဥက္ကဋ္ဌ ရှုနဲ့အတူ၊ ချောမွေ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရှုယီက အပြုံးမပျက် ခေါင်းညိတ်သည်။
မိတ်ဆက်ပြီးနောက် လူတိုင်းက ထိုင်ပြီး မားကွစ္စ် ဆော့သ်ဂိတ်၏ ဦးဆောင်မှုကြောင့် ခဏလောက် စကားစမြည်ပြောပြီး စီးပွားရေးဆွေးနွေးလိုက်ကြသည်။
“ဥက္ကဋ္ဌ ရှု ၊ ကျုပ်တို့ သုံးယောက်က ထောက်ပံ့ပို့ဆောင်ရေးဌာန၊ စစ်ဆင်ရေးဌာနနဲ့ ထောက်လှမ်းရေးဌာနကပါ၊ ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းက စစ်တပ်ဌာနချုပ်အတွက် ဘယ်လောက်အရေးပါလဲဆိုတာ မြင်နိုင်မယ်ထင်တယ်။ ဥက္ကဌ ရှု လည်း ဒီနေ့ ရိုးသားမှုတချို့ကို ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဗစ်ကောင့်ထ် အီထရိုက ပြောသည်။
“စတက်တိန်းနယ်မြေက ဒီကနေကီလိုမီတာ နှစ်ထောင်ကျော် ဝေးပါတယ်၊ ကျုပ်မှာသာ စိတ်ရင်းမရှိရင် ဘာလို့ ဒီကို လာရမှာလဲဗျာ။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
"အင်း၊ အဲဒါ အရမ်းကောင်းပါတယ်။" ဗစ်ကောင့်ထ် အီထရိုက အသာ ခေါင်းညိတ်ပြ၏၊ "ဥက္ကဌ ရှု၊ အရင်ပြောရရင် ကျုပ်က ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုပါတယ်။"
ရှုယီက ဖိတ်ခေါ်သည့် အမူအရာ ပြလိုက်သည်။
ဗစ်ကောင့်ထ် အီထရိုက အနည်းငယ် ငြိမ်သက်နေခဲ့ပြီးမှ ဆက်ပြောသည်။“ကျုပ်တို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနက မှော်စက်တွေနဲ့ စာရင် တခြားဌာနတွေနဲ့ မတူဘဲ ပိုဂရုစိုက်တာက သယ်ယူပို့ဆောင်ရေးပစ္စည်းတွေကိုပါ။ ကျုပ် စိတ်ဝင်စားဆုံးအရာက အရှေ့မှာ ရပ်ထားတဲ့ အကြီးစားပို့ဆောင်ရေးမှော်ကားတွေပါပဲ"
ရှုယီက အံ့သြဟန်ဖြင့် ပြုံးလိုက်သည်။
ပုံမှန်မြင်းလှည်းများနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ရေး မှော်ကားများသည် သိသိသာသာ ကောင်းမွန်ပါသည်။
Frestech ကုန်သည်ကြီးများအသင်း မှော်ကားများကို ထုတ်လုပ်ခဲ့သည်မှာ သုံးနှစ်ကျော်သာရှိသေးသည်။ လမ်ပူရီတိုင်းပြည်၊ စတက်တိန်းနယ်မြေ၊ ရူဒ်ဆန်တိုင်းပြည် သို့မဟုတ် အခြားနိုင်ငံများတွင် မြင်းလှည်းတစ်စင်းမျှ မကျန်တော့ပေ။
ရှိသေးသော်ငြားလည်း အချို့သောလူများက သတိရအောက်မေ့ရန်သာ အသုံးပြုကြသည်။
မြင်းလှည်းများကို နှစ်သက်ခဲ့သော မျိုးရိုးမြင့်များအတွက်မူ ၎င်းတို့သည် ပိုမိုမြန်ဆန်ပြီး သက်တောင့်သက်သာရှိသော မှော်ဆလွန်းကို ပို၍နှစ်သက်လာကြသည်။
သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ မှော်ကားဖြင့်သယ်ယူပို့ဆောင်ရေးသို့ လုံးဝကူးပြောင်းခဲ့သော ဖာဆန်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ယခုအခါ ပတ်ဝန်းကျင်နိုင်ငံများတွင် အကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီဖြစ်လာခဲ့သည်။ သယ်ယူပို့ဆောင်ရေး မှော်ကားများဖြင့် ၎င်းတို့၏မြင်းလှည်းများကို လဲလှယ်ပေးနေသည့် အခြားသော သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေလည်း ရှိပါ၏။
ပြီးခဲ့သည့်နှစ်တွင် Frestech ကုန်သည်ကြီးများအသင်းသည် အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကား အစီးပေါင်း သုံးသောင်းခုနစ်ထောင်နှင့် အလတ်စားသယ်ယူပို့ဆောင်ရေး မှော်ကားငါးသောင်းနှစ်ထောင်ကို ရောင်းချခဲ့သည်။ မိသားစုသုံးဖို့ သင့်တော်သည့် သယ်ယူပို့ဆောင်ရေး မှော်ကားလေးတွေကိုမူ အစီးရေ တစ်သောင်းသာ ရောင်းချခဲ့ရပါ၏။
Frestech ကုန်သည်ကြီးများအသင်းသည် သယ်ယူပို့ဆောင်ရေး မှော်ကားများမှ ရွှေဒင်္ဂါးတစ်သန်းကျော် အမြတ်အစွန်းရခဲ့ပြီး ၎င်းတို့အား အရေးကြီးသော အမြတ်အစွန်းများထဲမှ တစ်ခုဟု ယူဆနိုင်သည်။
“ပြောရရင် သယ်ယူပို့ဆောင်ရေး မှော်ကားတွေ အများအပြားကို ပို့ဆောင်ချင်ပေမယ့်လည်း၊ ခင်ဗျားတို့နိုင်ငံရဲ့ လက်ရှိလမ်းအခြေအနေက သယ်ယူပို့ဆောင်ရေး မှော်ကား အမြောက်အမြားရှိခဲ့ရင်တောင် အသုံးပြုမှုကို ပြသဖို့ အရမ်းခက်ခဲလိမ့်မယ်။” ရှုယီက ပြောသည်။
မားကွစ္စ် ဆော့သ်ဂိတ်နှင့် အခြားသုံးဦးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နေရခက်နေဟန်များ ပေါ်လွင်နေသည်။
ရှုယီ၏ စကားများသည် မားလိုအင်ပါယာကို ရှုံ့ချနေခြင်းဖြစ်သော်လည်း သူတို့ ဘာမှ မပြောနိုင်ပေ။
ဗစ်ကောင့်ထ် အီထရို နှင့် အခြားနှစ်ဦးတို့သည် အနောက်တောင်ပိုင်းပြည်နယ်တွင် တည်ဆောက်ထားသော လမ်းကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ရှုခဲ့ကြပြီး မည်မျှချောမွေ့သည်ကို တွေ့ခဲ့ရသည်၊ ၎င်းတို့မှာ မားလိုအင်ပါယာရှိ ကြမ်းတမ်းသည့်လမ်းတွေကို ထပ်မလျှောက်ချင်ကြတော့ပေ။ ထို့ကြောင့် ရှုယီကို ချေပရန် ဘာမှမတတ်နိုင်ပေ။
မားကွစ္စ် ဆော့သ်ဂိတ်သည် ဒရိတ်ခ်နယ်မြေ၌ ရရှိထားသော လမ်း၏ အကျိုးကျေးဇူးများကို မြင်တွေ့ခဲ့ရသလို၊ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့ရှိ လမ်းကွန်ရက်ကို သူမြင်ခဲ့ရရာ သူသည် လေးနက်သော နားလည်မှုတစ်ခုရှိနေပြီဖြစ်သည်။
အင်ပါယာအား လမ်းများအမြန်ဖောက်လုပ်ရန်နှင့် အင်ပါယာ၏ လက်ရှိလမ်းတည်ဆောက်ပုံကို ပြောင်းလဲရန် တိုက်တွန်းထားပြီးဖြစ်သော်လည်း ယင်းကို မည်သည့်အခါမှ အာရုံစိုက်မှုမထားကြကြောင်း သိရသည်။
ယခု ရှုယီက ဤအရာကို ပြောလာသည်ကို အမှန်တကယ်ပင် နက်နက်ရှိုင်းရှိုင်း ထောက်ခံသော်လည်း မတတ်နိုင်ပေ။
“Ke..... လမ်းတွေဖောက်တာနဲ့ ပတ်သက်ပြီး အင်ပါယာက လောလောဆယ် အရမ်းစိုးရိမ်နေတာကြောင့် ဥက္ကဌ ရှု စိတ်ပူစရာမလိုပါဘူး။ ဒီကိစ္စက အခုကျုပ်တို့ ဆွေးနွေးနေတဲ့အရာနဲ့ မသက်ဆိုင်ဘူးလေ။ ဥက္ကဋ္ဌ ရှု၊ ကျုပ်တို့ ထောက်ပံ့ပို့ဆောင်ရေးဌာနက ဝယ်ယူထားတဲ့ သယ်ယူပို့ဆောင်ရေး မှော်ကားကြီးတွေကို ကျုပ်တို့အင်ပါယာရဲ့ ဒေသဆိုင်ရာတပ်တွေဆီ ရိက္ခာပို့ဆောင်ဖို့ အသုံးပြုမှာကို ခင်ဗျားသိမှာပါ။ ဒါကို စစ်တပ်က အသုံးပြုမှာမို့ အဲ့နေရာများတွေနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေ ရှိဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်တဲ့ သယ်ယူပို့ဆောင်ရေး မှော်ကားတွေက ဆိုးရွားတဲ့ မောင်းနှင်မှု အခြေအနေမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်သလားလို့ မေးချင်ပါတယ်။" ဗစ်ကောင့်ထ် အီထရိုက မေး၏။
“ဒီလို အကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားတွေအကြောင်း ပြောရရင် ......” ရှုယီက စူးစိုက်ကြည့်နေသည့် အကြည့်လေးခုကြောင့် ရပ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလာသည်၊ “ဒီ အကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားတွေက ညံ့ဖျင်းတဲ့လမ်းပေါ်မှာ ပုံမှန်အတိုင်းလည်ပတ်နိုင်ပေမယ့်လည်း၊ သူတို့မှာ ကြီးကြီးမားမားစွမ်းရည်မရှိဘူး။ ဒါကြောင့် ခင်ဗျားတို့တောင်းဆိုတာကို ဖြည့်ဆည်းဖို့ အရမ်းခက်လိမ့်မယ်။"
“ဒီလိုလား?" ဗစ်ကောင့်ထ် အီထရိုက စိတ်ပျက်အားငယ်စွာ သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး "ဒီလိုဆိုရင်၊ အကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားတွေ မလိုအပ်ပါဘူး။ နောက်ဆုံးကျရင်၊ အင်ပါယာရဲ့စစ်တပ်က လမ်းအခြေအနေဆိုးတဲ့နေရာမှာ ပေါ်လာနိုင်တာမို့၊ ဒါကြောင့် သူတို့ကို လမ်းတိုင်းနဲ့ ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းခါလိုက်၏ "မဟုတ်ဘူး၊ ဗစ်ကောင့်ထ် အီထရို၊ အပြင်က သယ်ယူပို့ဆောင်ရေး မှော်ကားတွေအကြောင်း ကျုပ်ပြောနေတာမဟုတ်ဘူး၊ ဒါပေမယ့် တခြား အဲ့လိုလုပ်နိုင်တဲ့ သယ်ယူပို့ဆောင်ရေး မှော်ကားမရှိဘူးလို့ မဆိုလိုဘူးလေ။"
ဗစ်ကောင့်ထ် အီထရို၏ မျက်လုံးများ တောက်ပလာပြီး "မင်းဆိုလိုတာက......"
ရှုယီက သူ့လွယ်အိတ်ထဲရှိ စာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်သည်၊ “ကျေးဇူးပြုပြီးကြည့်ပါဦး ဒီကားက ကျုပ်တို့ ကုမ္ပဏီက လက်ရှိထုတ်လုပ်နေတဲ့ လမ်းကြမ်းသွားကားလေ။ ဆိုးရွားတဲ့ လမ်းအခြေအနေတွေမှာ ခင်ဗျားရဲ့တောင်းဆိုမှုကို ကျေနပ်စေလိမ့်မယ်လို့ ကျုပ်ထင်တယ်......"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၇။ အခြေစိုက်ရုံးကို ဖွင့်လှစ်ခြင်း
အီထရိုသည် သယ်ယူပို့ဆောင်ရေး မှော်ကားများ၏ စာချုပ်ကို ဂရုတစိုက်ကြည့်ရှုနေစဉ်တွင် ကျန်နှစ်ယောက်သည် ရှုယီနှင့် စကားပြောလာကြသည်။
အီထရို၏ တောင်းဆိုချက်နှင့် ကွဲပြားစွာ ၎င်းတို့နှစ်ဦးသည် ထောက်လှမ်းရေးဌာနနှင့် စစ်ဆင်ရေးဌာနတို့မှ Frestech ကုန်သည်ကြီးများအသင်းနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိ၏၊ သို့သော် ၎င်းတို့သည် အသေးစိတ်အချက်အလက်များကို မဆုံးဖြတ်မီ Frestech ကုန်သည်ကြီးများအသင်းအား စစ်ဆေးရန် လိုအပ်သည်။
သို့သော် စစ်ဆင်ရေးဌာနမှ ဘာရွန်မော့ဖ်သည် စစ်တပ်ဌာနချုပ်၏ တိကျသောအကြံကို ပြောလာခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် စစ်တပ်သုံးမှော်စက်များနှင့် ပတ်သက်သည့် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရာ စစ်ဆင်ရေးဌာနမှ ၎င်းတို့အား ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်သည်။
“ရှင်းရှင်းပြောရရင် စစ်တပ်ဌာနချုပ်က ခင်ဗျားတို့ကုမ္ပဏီက စစ်ဘက်သုံး မှော်စက်အသုံးပြုပုံ အသေးစိတ်ကို သိချင်တာ။ ဘယ်လောက်ခိုင်ခံ့ပြီး၊ အသုံးပြုရလွယ်ကူတယ်ဆိုတာရယ်၊ ဘယ်လိုလုပ်ရင် ထိန်းသိမ်းရလွယ်ကူတယ်ဆိုတာမျိုးကို သိချင်ကြတယ် အ။ ဒါကို သိသရွေ့ တပ်မတော် ဌာနချုပ်က ဒီ စစ်ဘက်သုံး မှော်စက်တွေကို တရားဝင် ထုတ်မလား မထုတ်လုပ်ဘူးလားရယ် အရေအတွက် ဘယ်လောက် ထုတ်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာ၊ ဥက္ကဌရှု၊ ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်သည်၊ "ဟုတ်ပါတယ်၊ ပစ္စည်းတွေကို စစ်ဆေးဖို့လိုအပ်တာ ပုံမှန်ပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကျုပ်မှာ အကြံပြုချက် နှစ်ခုရှိတယ်။ တစ်ခုက ကျွမ်းကျင်ပညာရှင်တချို့ကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီ လာ စစ်ဆေးခိုင်းပြီး စစ်တပ်မှော်စက်တွေ ဘယ်လောက်အသုံးဝင်တယ်ဆိုတာကို သိဖို့။ နောက်ဆုံးတော့လည်း သုတေသနကိုဖတ်ကြည့်တာက အဲဒါတွေကို တိုက်ရိုက်သုံးတာလောက်တော့ မကောင်းဘူးမို့လား။”
“အင်း၊ အဲဒါက ကျုပ်တို့ရဲ့ ကနဦး အစီအစဉ်လည်း ဖြစ်တယ်။ တခြား အကြံပြုချက်ကရော ဘာများလဲ။”
“အခြားအကြံပြုချက်က ...... တော့ ခင်ဗျားတို့ ထင်မြင်ချက်ထက် ပိုပြီး တိုက်ရိုက်ဆန်တယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေထဲက အဖွဲ့တစ်ဖွဲ့ကို ဆွဲထုတ်ပြီး စစ်ဘက်သုံးမှော်စက်အချို့အသုံးပြုမှုကို တိုက်ရိုက်ပြသဖို့ပဲ။ ဒီပုံစံက ခင်ဗျားတို့ကို ပိုပြီး ခံစားမိစေမယ်လို့ ထင်တယ်"
ရှုယီ၏စကားကိုကြားသော် ဘာရွန်မော့ဖ်နှင့် ထောက်လှမ်းရေးဌာနမှလူက အံ့အားသင့်သွားကာ မနေနိုင်စွာ မျက်ခုံးပင့်လိုက်သည်။
ဤအကြံပြုချက်သည် အလွန်ကောင်းသော်လည်း၊ သူတို့နှစ်ဦးသည် ရှုယီ၏အသံရှိ အနည်းငယ် ကဲ့ရဲ့ရှုံ့ချမှုကို ကြားနိုင်သဖြင့် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
ဘာရွန်မော့ဖ်က ခဏရပ်တန့်ကာမေးလာ၏၊ "ဒါက ဘယ်လိုလဲ၊ ပထမ အကြံပြုချက်က စစ်တပ်ဌာနချုပ်ကလည်း ကြိုစဉ်းစားလာပြီး Frestech ကုန်သည်ကြီးများအသင်းလည်း အစပျိုးလာတဲ့အတွက်၊ ကျုပ်တို့ စဉ်းစားလို့ရတယ်။အသေးစိတ်ကို နောက်မှ ဆွေးနွေးပါမယ်။ ဒုတိယ အကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ လောလောဆယ် မဖြေနိုင်သေးပါဘူး။ အစီရင်ခံဖို့ ပြန်သွားတဲ့အခါ အထက်လူကြီးတွေကို ဆုံးဖြတ်ချက်ချခိုင်းရမယ်။ ဒါနဲ့ပတ်သက်ပြီး ဥက္ကဌရှုက ဘယ်လိုထင်လဲ။"
“ကျွန်တော့်မှာ ပြဿနာမရှိပါဘူး၊ ဒါက အကြံပြုချက်ပဲဖြစ်ပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်က ခင်ဗျားတို့လက်ထဲမှာပဲရှိပါတယ်။” ရှုယီက အေးအေးဆေးဆေး ဟန်ဖြင့် ပြောပြီး ပခုံးတွန့်ပြသည်။
ဘာရွန်မော့ဖ်သည်လည်း ရှုယီနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ထို့နောက် ထောက်လှမ်းရေးဌာနမှ အရာရှိများက ရှုယီနှင့် မဆွေးနွေးဘဲနေသဖြင့် အံ့သြမိသွားသည်။ ဘာရွန်မော့ဖ်သည် ရှုယီနှင့် စကားပြောပြီးသောအခါတွင် သူသည် မတ်တပ်ထရပ်ပြီး ထွက်သွားရန် လက်ဟန်ခြေဟန်ပြကာ ဘေးဘက်ရှိ ပစ္စည်းများကို လေ့လာနေသော ဗစ်ကောင့်ထ်အီထရိုကို ဆွဲထူလိုက်သည်။
ဗစ်ကောင့်ထ်အီထရိုက ထိုနေရာတွင် နှစ်မြှုပ်နေပြီး ရုတ်တရက် အနှောင့်အယှက်ဖြစ်သွားသဖြင့် အနည်းငယ် စိတ်မရှည်ပုံပေါ်လာသည်။
သို့သော် သူတုံ့ပြန်လိုက်သောအခါတွင်တော့ နှစ်ယောက်၏ လှုပ်ရှားမှုကို သတိပြုမိပြီး သူ့အာရုံများ ပြန်ရလာသည်။
သို့သော် ထွက်သွားဖို့ အလျင်စလိုမဖြစ်ဘဲ သူ့လက်ထဲရှိ ပစ္စည်းကို ညွှန်ပြပြီး ရှုယီကို ပြောလာသည်၊ "ဥက္ကဌရှု တောင်တွေကိုတောင် အလွယ်တကူတက်နိုင်တဲ့ ဒီမှော်ကားမျိုးကို မင်းဘယ်အချိန်ထုတ်လုပ်နိုင်မှာလဲ။"
“လက်ရှိ သုတေသန တိုးတက်မှုအရ အချိန်အတိအကျကို မပြောနိုင်ေသးဘူး။ ဒါပေမယ့် အရှင့်ဘက်က ဒီ မှော်ကားကို လိုအပ်နေတယ်ဆိုရင်၊ အဲဒါကို ကြိုပြီး တီထွင်ဖို့ အချိန်တစ်ခု ယူရလိမ့်မယ်။"
ရှုယီက ရှင်းရှင်းလင်းလင်း မပြောပေမယ့် သူ့စကား၏အဓိပ္ပါယ်က ရှင်းပါသည်။
Frestech ကုန်သည်ကြီးများအသင်းသည် ဤ မှော်ကားအမျိုးအစားကို တီထွင်နိုင်သော်လည်း ၎င်းသည် မြန်သည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ ၎င်းတို့က ၎င်းကို ငွေရှင်းသည် မရှင်းသည်အပေါ် မူတည်ပါသည်။
ဤအတွေးသည် ယုတ္တိမတန်ပေ။ အီထရိုက သူ့လက်ထဲက ပစ္စည်းကို ညွှန်ပြပြီး ရှုယီကိုကြည့်ရင်း နားလည်ကြောင်းပြဖို့ ခေါင်းညိတ်ပြလာသည်။
ရှုယီက ပြုံး၍ လက်နှစ်ဖက်ကို ဖြန့်ကာ "ဒီပစ္စည်းကို မျိုးရိုးမြင့်ကြီးအတွက် သဘာဝကျကျ ပြင်ဆင်ထားတာပါ"
အီထရိုသည် မားကွစ္စ် ဆော့သ်ဂိတ်အား နှုတ်ဆက်ရန်မလှည့်သွားမီ မဆိုင်းမတွဘဲ ပစ္စည်းကို ထားရစ်ခဲ့သည်။
“ဥက္ကဌရှု ၊ ခင်ဗျား ဒီအချိန် ဘယ်လောက်ကြာအောင်နေဖို့ စီစဉ်ထားလဲ။" မထွက်သွားခင်မှာ ဘာရွန်မော့ဖ်က ရှုယီကို မေးလာ၏။
"အင်း၊ တစ်ပတ်လောက်တော့ ရှိလောက်တယ်"
“ကောင်းပြီ၊ ကျုပ်တို့ခင်ဗျားကို မကြာခင်မှာလိုက်ရှာနိုင်လောက်တဲ့အတွက် သခဂ် မားကွစ္စ် က ခင်ဗျားကို အချိန်မရွေးဆက်သွယ်နိုင်မယ်လို့ ကျုပ်မျှော်လင့်တယ်။"
"အမြဲကြိုဆိုပါတယ်။" ရှုယီက ပြုံးပြီးပြောသည် ။
သုံးယောက်ထွက်သွားပြီးနောက်၊ မားကွစ္စ် ဆော့သ်ဂိတ်သည် ရှုယီနှင့် စစ်ဘက်မှော်စက်များကို လုံးဝမဆွေးနွေးဘဲ၊ သူ့နယ်မြေရှိ မှော်စက်လုပ်ငန်းအခြေစိုက်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုစခန်း၌ စက်ရုံ လေးရုံရှိပြီး၊ Frestech ကုန်သည်ကြီးများအသင်းမှ ပိုင်ဆိုင်ထားသည့် သံမဏိစက်ရုံဖြစ်ကာ အိုင်ယာလန်ကုန်သည်ကြီးများအသင်းပိုင် အစိတ်အပိုင်းစက်ရုံ၊ အမ်ရစ်ကုန်သည်ကြီးများအသင်းပိုင်ဘိလပ်မြေစက်ရုံ၊ လမ်ပူရီတိုင်းပြည်ရှိ ကုမ္ပဏီအချို့နှင့် သက်ဆိုင်သော အိမ်သုံးမှော်စက် တပ်ဆင်စက်ရုံတို့ဖြစ်ကြသည်။
ကုမ္ပဏီငယ်လေး၏ အိမ်သုံး မှော်စက် စက်ရုံမှလွဲ၍ အခြားစက်ရုံသုံးရုံသည် မားလိုအင်ပါယာဤ လမ်းများခင်းကျင်းထားသော အမ်ရစ်ကုန်သည်ကြီးများအသင်းထံ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးရန် တာဝန်ရှိသည်။
မားလိုအင်ပါယာသည် လမ်းအများအပြားကို ဖောက်လုပ်ရန် ကတိကဝတ်မထား,ထားသောကြောင့် စက်ရုံများ၏ ထုတ်ကုန်များထဲမှ တစ်စိတ်တစ်ပိုင်းကို အမ်ရစ်ကုန်သည်ကြီးများအသင်းမှ အထပ်မြင့်တိုက်ခန်းများ ဆောက်လုပ်ရန်အတွက် အသုံးပြုနေပါသည်။
မားကွစ္စ် ဆော့သ်ဂိတ်သည် လမ်ပူရီတိုင်းပြည်နှင့် စန်တိုင်းနယ်မြေတွင်ရှိစဉ်က မြို့များစွာတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း တည်ဆောက်ထားသောဤအထပ်မြင့်တိုက်ခန်းများကို တွေ့ခဲ့ပြီး ၎င်းတို့ကိုနှစ်သက်ခဲ့သည်။
ထို့ကြောင့် အနောက်တောင်ခရိုင်တွင် လမ်းဖောက်ရန် အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဖိတ်ခေါ်စဉ်၌ သူ့နယ်မြေတွင်လည်း တိုက်ခန်းအချို့ဆောက်ရန် ဖိတ်ကြားခဲ့သည်။
ဆောက်လုပ်ရေးသည် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အဓိကစီးပွားရေးဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး လမ်းများဖောက်လုပ်ခြင်းသည် သီးသန့်စီးပွားရေးဟု ယူဆရမည်ဖြစ်သည်။
ထို့ကြောင့် မားကွစ္စ် ဆော့သ်ဂိတ်၏ ပိုင်နက်တွင် တိုက်ခန်းများ ဆောက်လုပ်ရန် အော်ဒါကို လက်ခံပြီးနောက် တစ်နှစ်မပြည့်မီတွင် ၎င်းတို့သည် ခြောက်ထပ်ရှိ တိုက်ခန်းခြောက်ခန်းကို ပြီးစီးနေပြီဖြစ်သည်။
အစီအစဉ်အရ အဆိုပါ တိုက်ခန်း ခြောက်ခန်းသည် မိသားစု နှစ်ရာ့ဆယ်ရှစ်ခု နေထိုင်နိုင်သည်။
မားကွစ္စ် ဆော့သ်ဂိတ်သည် ဤတိုက်ခန်းများကို ၎င်း၏ သစ္စာရှိ လက်အောက်ငယ်သားများထံ ပေးအပ်ခဲ့ပြီး ၎င်းတို့အားလုံး ဝမ်းသာခဲ့ကြသည်။
ယခင်ရ သာမာန်သစ်သားအိမ်တွေမှာသာ နေထိုင်နိုင်သူတွေမှာ ယခုတော့ ဤလောက် ဇိမ်ကျကျနှင့် လှပသော အခန်းကြီးနှင့် မြင့်မားသည့် နေရာ၌ နေထိုင်နိုင်လာကြသော် တခြားကမ္ဘာမှာ နေထိုင်နေရသလိုပါပင်။
တိုက်ခန်းများကို ကောင်းကောင်းလက်ခံကြသောကြောင့် မားကွစ္စ် ဆော့သ်ဂိတ်သည် အမ်ရစ်ကုန်သည်ကြီးများအသင်းအား နောက်ထပ် အလုံးနှစ်ဆယ်ကို မှာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့ပိုင်နက်ရှိ မြစ်ကမ်းစပ်တွင် ဗီလာရပ်ကွက်တစ်ခု ဆောက်လုပ်ရန် အမ်ရစ်ကုန်သည်များ၏ အဆိုပြုချက်ကို လက်ခံခဲ့သည်။
ဘိလပ်မြေ၊ သတ္တုစပ်နှင့် အခြား စက်ရုံများမှ ထုတ်လုပ်သည့် ပစ္စည်းများအားလုံးကို အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုလျက်ရှိသည်။
နောက်ဆုံးဖြစ်သည့် အိမ်သုံး မှော်စက်တပ်ဆင်စက်ရုံအတွက်ကိုမူ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဟု ယူဆနိုင်ပါသည်။
ဤစက်ရုံသည် လမ်ပူရီတိုင်းပြည်မှ အမည်ရှိ မှော်စက်ကုမ္ပဏီငယ်တစ်ခုနှင့် သက်ဆိုင်သော်လည်း အမှန်တကယ်တွင် ဤစက်ရုံကို ဘုရင်မကြီးဆယ်ဗီနီက ထိန်းချုပ်ထားသည်။
ထိုစက်ရုံက လမ်ပူရီတိုင်းပြည်မှာရှိသည့် မှော်စက်ကုမ္မဏီများ ပြုလုပ်နိုင်သည့် မှော်စက်အားလုံးကို ဖန်တီးနိုင်သော်လည်း ၎င်းတို့ဖန်တီးသည့်အခါတွင် အစိတ်အပိုင်းများက လမ်ပူရီတိုင်းပြည်၏ ကုမ္ပဏီအသီးသီးကရောက်လာမည်ဖြစ်ပြီး နောက်ဆုံးထုတ်ကုန်၌ ၎င်းတို့၏ အမှတ်အသားသာ ပါပေမည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ထိုကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်လုပ်မှုလိုင်းကို ဤနေရာသို့ ရွှေ့ပြောင်းခဲ့ပြီး အိမ်သုံးမှော်စက်များအား တစ်ချိန်တည်းတွင် အမြောက်အမြား ထုတ်လုပ်နိုင်သည့် အစိတ်အပိုင်း တပ်ဆင်စက်ရုံကြီးတစ်ခုကို အတူတကွ ဖန်တီးခဲ့သည်။
ဤအရာ၏ ပထမအကျိုးကျေးဇူးမှာ အိမ်သုံးမှော်စက်အမျိုးမျိုးကို ဤနေရာ၌ လျင်မြန်စွာ စုစည်းနိုင်ခြင်းကြောင့်၊ လမ်ပူရီတိုင်းပြည် မှော်စက်ကုမ္ပဏီများအား မားလိုအင်ပါယာသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေသည်။
ဒုတိယ အကျိုးကျေးဇူးကတော့ ဤနေရာ၌ စုစည်းဖို့သာ လိုတော့သည်။ ၎င်းတို့မှာ လမ်ပူရီတိုင်းပြည် မှ အစိတ်အပိုင်းများကို ယူဆောင်လာရန်သာ လိုအပ်ခြင်းကြောင့် ၎င်းတို့သည် အကောက်ခွန်များ ပေးဆောင်သောအခါတွင် ၎င်းတို့ကို အနည်းငယ် သက်သာစေကာ အပြည့်စုံတပ်ဆင်ထားသော မှော်စက်များထက် များစွာ သက်သာမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သောအိမ်သုံးမှော်စက်များအတွက်မူ..
Frestech ကုန်သည်ကြီးများအသင်း ထုတ်ကုန်များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်သည် အခြားသော အမှတ်တံဆိပ်များထက် ပိုကောင်းနေသေးသောကြောင့် ရှုယီစိုးရိမ်ခြင်းမရှိပါ။ ထို့ကြောင့် ၎င်းတို့ပိုင်သည့် အဆင့်မြင့်ဈေးကွက်ကို ခိုးယူမှာ စိုးရိမ်စရာ မလိုပါပေ။
Frestech တံဆိပ် အိမ်သုံး မှော်စက်အလုံးရေ သုံးသိန်းတင်သွင်းရန် မားကွစ္စ် ဆော့သ်ဂိတ်နှင့် မားလိုအင်ပါယာရှိ အခြားသော မျိုးရိုးမြင့်ကြီးများ ဆယ်ဦးနှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း မပြောထားနှင့်။၎င်းတို့မှာ စုစုပေါင်း ရွှေဒင်္ဂါးပြား တစ်သန်းကျော် တန်ဖိုးရှိသည်။ ၎င်းက အခုထိ အကောင်အထည် ဖော်နေဆဲ စက်ရုံနှင့် နှိုင်းယှဉ်လို့ မရသေးပါချေ။
မားကွစ္စ် ဆော့သ်ဂိတ်သည် သူ့နယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်းပိုင် အိမ်သုံးမှော်စက် စက်ရုံတစ်ခုတည်ဆောက်ရန် သူ၏အဆိုပြုချက်ကို လက်ခံလိုက်ရန် မျှော်လင့်ချက်ဖြင့် ရှုယီကို ခေါ်ဆောင်လာခဲ့သည်။
ဤသည်မှာ Frestech အမှတ်တံဆိပ် အိမ်သုံး မှော်စက်များသည် မားလိုအင်ပါယာ၏ မျိုးရိုးမြင့်များကြားတွင် အလွန်ရေပန်းစားပြီး ရွှေဒင်္ဂါးပေါင်း တစ်သိန်းသုံးသောင်းကို ရရှိခဲ့သောကြောင့် ဖြစ်သည်။
မားကွစ္စ် ဆော့သ်ဂိတ်သည် ရှုယီမားလိုအင်ပါယာသို့ရောက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းက သူ့အား ၎င်းတို့အစား ဆက်လက်ကိုယ်စားပြုခွင့်ပြုမည်ကို သေချာသိသဖြင့် သူ၏မြေ၌ စက်ရုံ တစ်ခုတည်ဆောက်မည်ဟု သူမျှော်လင့်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မားလိုအင်ပါယာရှိ အခွန်ဥပဒေများအရ မျိုးရိုးမြင့်များ၏ နယ်မြေရှိ စီးပွားရေးလုပ်ငန်းအားလုံးသည် မျိူးရိုးမြင့်များကို အခွန်ပေးဆောင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ဤနေရာတွင် စက်ရုံတစ်ရုံကို ဆောက်လုပ်နိုင်ပါက မားကွစ္စ် ဆော့သ်ဂိတ်အတွက် အခွန်အမြောက်အများ ပေးဆောင်နိုင်မည်ဖြစ်သည်။
“ဥက္ကဌရှု၊ မင်းဒီမှာ စက်ရုံတစ်ရုံဆောက်ရင် အင်ပါယာက မင်းဆီက နောက်ထပ်အခွန်တွေ ယူမှာ မဟုတ်ဘူး၊ ငါက သခင်တစ်ပါးအနေနဲ့ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းဆီက အခွန်နည်းနည်းပဲ ယူမှာမို့လို့ ငါလည်း မင်းဆီကနေ အပိုအခွန်တွေ ယူမှာမဟုတ်ပါဘူး။ ဘယ်လိုထင်လဲ" မားကွစ္စ် ဆော့သ်ဂိတ်က သူ့ရှေ့ရှိ မြေကွက်လပ်ကို ဖိတ်ခေါ်သည့် လေသံနှင့် ညွှန်ပြလာသည်။
ရှုယီက ပြုံးသာပြပြီး ပြန်မဖြေချေ။
မားကွစ္စ် ဆော့သ်ဂိတ်က ဘာတွေတွေးနေလဲဆိုသည်ကို သူသိသည်၊ ဤနေရာ၌ စက်ရုံတစ်ခုတည်ထောင်ခြင်းက အခွန်နည်းနည်းသက်သာမယ်လို့ မားကွစ္စ် ဆော့သ်ဂိတ်က စဉ်းစားနေခြင်းပင်။
သို့ပေမယ့် သူ စိုးရိမ်နေရသည့် အကြောင်းအရင်းရှိ၏။
အကယ်၍ သူသည် ဤနေရာတွင် စက်ရုံတစ်ခုတည်ဆောက်ပါက Frestech ကုန်သည်ကြီးများအသင်းသည် မားကွစ္စ် ဆော့သ်ဂိတ်နှင့် အလွန်နီးကပ်သောဆက်ဆံရေးရှိမည်ဖြစ်သည်။
၎င်းသည် မားလိုအင်ပါယာသို့ စတင်ဝင်ရောက်စဉ်က Frestech ကုန်သည်ကြီးများအသင်းအတွက် ကောင်းမွန်သောအရာဖြစ်ခဲ့သော်လည်း လက်ရှိ Frestech ကုန်သည်ကြီးများအသင်းအတွက် ကောင်းသောအရာမဟုတ်ပါပေ။
အကြောင်းပြချက်သည် အလွန်ရိုးရှင်းသည်၊ မားကွစ္စ် ဆော့သ်ဂိတ်၏နယ်မြေသည် အဆုံးတွင် သေးငယ်လွန်းသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၈။ ခေါင်းဆောင်မှော်ပညာရှင်များအကြား မိတ်ဆက်ခြင်း
တစ်ပတ်အကြာတွင် ရှုယီသည် စီစဉ်ထားသည့်အတိုင်း မားလိုအင်ပါယာမှ ထွက်ခွာသွားသည်။
သူနှင့်အတူ ပါလာသော မားလိုအင်ပါယာစစ်တပ်မှ ကိုယ်စားလှယ်တစ်ဖွဲ့ရှိပြီး ၎င်းတွင် သူယခင်တွေ့ဖူးသော ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဗစ်ကောင့်ထ်အီထရိုလည်း ပါဝင်သည်။
ဤကိုယ်စားလှယ်သည် ရှုယီနှင့်အတူ စတက်တိန်းနယ်မြေသို့လိုက်သွားပြီး Frestech ကုန်သည်ကြီးများအသင်း၏ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာမှော်စက်များကို စစ်ဆေးပြီးနောက် ၎င်းတို့ကို ဝယ်၊ မဝယ် ဆုံးဖြတ်ချက်ချခဲ့သည်။
မှော်လေသင်္ဘော၏အမြန်နှုန်းဖြင့်၊ ဤအဖွဲ့သည် မားလိုအင်ပါယာနှင့် စတက်တိန်းနယ်မြေအကြား ကီလိုမီတာနှစ်ထောင်အကွာရှိ Frestech ကုန်သည်ကြီးများအသင်းသို့ရောက်ရှိရန် တစ်ရက်တည်းသာ အချိန်ယူခဲ့ရသည်။
မှော်လေသင်္ဘောပေါ်မှ ဆင်းလိုက်သောအခါ၊ ဤအဖွဲ့ကို တာဝန်ခံသော ဗစ်ကောင့်ထ်သည် တုန်လှုပ်ခြောက်ခြားမှုများ မျက်လုံးထဲ ပြည့်နှက်ကာ ပင့်သက်ရှိုက်လိုက်သည်။
မားလိုအင်ပါယာ၏စစ်တပ်ဌာနချုပ်မှလူများလည်းအတူတူပင်။ ၎င်းတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြတုန်လှုပ်သွားသလိုမျိုး အံ့အားသင့်ပုံကို ထုတ်ပြလာ၏။
ရှုယီ၎င်းကိုမြင်တော့ မအံ့သြပါချေ။ အခြားနိုင်ငံမှ လာသော လူများအားလုံးနီးပါးသည် စတက်တိန်းနယ်မြေသို့ ရောက်ရှိသောအခါတွင် ဤကဲ့သို့သောအမူအရာကို ပြသကြသောကြောင့် ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။
“အားလုံးပဲ ဒီခရီးရှည်ကြီးမှာ ပင်ပန်းနေလောက်တယ်။ ကျေးဇူးပြုပြီး လူတိုင်းအတွက် ကျွန်တော်တို့ ကုမ္ပဏီက ပြင်ဆင်ထားတဲ့ အိမ်မှာ အနားယူလိုက်ပါ၊ မနက်ဖြန်မှ လုပ်ငန်းကိစ္စ ဆွေးနွေးကြရအောင်။" ရှုယီက အကြံပြုသည်။
မားလိုအင်ပါယာ စစ်တပ်ဌာနချုပ်မှလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အားလုံးခေါင်းညိတ်ကြသည်။
၎င်းတို့ဟာ မှော်လေသင်္ဘောကို တချိန်လုံးစီးခဲ့ကြသော်လည်း ခရီးစဉ်က အတော်လေးကို သက်တောင့်သက်သာရှိပြီး အချိန်အတော်ကြာတာမို့ ၎င်းတို့လုံးဝမပင်ပန်းဘူးလို့ ပြောရင် မှားပါ၏။
ကိုယ်စားလှယ်၏ခေါင်းဆောင်ဖြစ်သည့် အီထရိုသည် ကန့်ကွက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ခေါင်းညိတ်သဘောတူခဲ့သည်။
သို့ပေမယ့် တခြားသူတွေ၏ အစီအစဉ်ကို ဂရုစိုက်ပြီးနောက်မှာတော့ သူက ရှုယီ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး စိတ်လှုပ်ရှားဟန်နှင့်ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားပြောခဲ့သလို လမ်းကြမ်းအတွက် မှော်ကား တွေကို ကြည့်ဖို့ အရင်ခေါ်သွားရင်ရော ဘယ်လိုလဲ။"
ရှုယီက သူ့ကို အံ့အားသင့်စွာ ကြည့်ပြီး "ဒီလို အလျင်လိုနေစရာ မလိုဘူး မဟုတ်လား။ ဒါ့အပြင် ဒီ မှော်ကားအမျိုးအစားသစ်ကို မတီထွင်ရသေးတဲ့အတွက် အခုအချိန်မှာ ဘာမှ မြင်ရမှာ မဟုတ်သေးပါဘူး။”
“အပြည့်အ၀ မဖွံ့ဖြိုးသေးရင်တောင် အစိတ်အပိုင်းတွေ ရှိတယ် မဟုတ်လား။” အီထရိုက လက်မလျှော့ပေ၊ "ကျုပ် တစ်ချက်ကြည့်ရအောင်။ ဒီအချက်အလက်ကိုမြင်ပြီးတာနဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနတစ်ခုလုံးက ဒီကိစ္စကို အရမ်းစိတ်ဝင်စားမှာပဲ။ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ် ကို အပြီးသတ်နိုင်သရွေ့ ကျုပ်အာမခံနိုင်တယ်။ ဒါဆို.....ဥက္ကဌရှု၊ ကျုပ်တို့လို အရေးကြီးတဲ့ ဧည့်သည်ကို ဦးစားပေး ဆက်ဆံပေးလို့ မရဘူးလား"
ရှုယီသည် အီထရိုကို စကားမဆိုဘဲ ကြည့်နေမိသည်၊ ဤလူသည် မော်တော်ကားများ၏ လျှို့ဝှက်ထားသော အမာခံပရိသတ်တစ်ယောက်ဖြစ်နိုင်သည်ဟု တွေးနေမိ၏။
စဉ်းစားပြီးနောက် ရှုယီက သိပ်အရေးမပါဘူးလို့ထင်သည့်အတွက် ခေါင်းညိတ် သဘောတူလိုက်ပါ၏။
၎င်းတို့နှစ်ယောက်သည် ရှုယီ၏ ကိုယ်ပိုင် မှော်ဆလွန်းကိုယူကာ အလင်းအလျင်ဖြင့် မြောက်ဘက်ရှိ မှော်ကားဖွံ့ဖြိုးတိုးတက်ရေးစင်တာသို့ ဦးတည်သွားကြသည်။
တံခါးမှထွက်လာသောအခါတွင် အနက်ရောင် မှော်ကားတစ်စီး လျင်မြန်စွာ ထွက်လာပြီး ရှုယီ၏ မှော်ဆလွန်းကို တွေ့လိုက်ရာမှ ရုတ်တရက် ဘရိတ်အုပ်လိုက်သည်ကို တွေ့လိုက်ရသည်။
ရပ်တန့်ပြီးနောက်၊ ကား၏အရှေ့ဘက်သည် ကြောက်မက်ဖွယ်ကောင်းစွာ ရှုယီ၏ မှော်ဆလွန်း နှင့် မီတာဝက်သာကွာဝေးသည်။
ခရီးသည်ထိုင်ခုံ၌ ထိုင်နေသည့် အီထရိုဟာ ကြောက်လန့်တကြား မျက်နှာဖြူဖျော့နေခဲ့၏။ သို့သော်လည်း ရှုယီသည် ဘာမှမဖြစ်ခဲ့သလို ငြိမ်သက်နေပြီး လုံးဝအံ့သြပုံမပေါ်ပေ။ မျက်လုံးကို မှေးကျဉ်းထားပြီး ပြတင်းပေါက်ကနေ ခေါင်းညိတ်ပြလိုက်၏။
ဆံပင်ဖြူနှင့် ဦးခေါင်းတစ်ခုသည် ဆန့်ကျင်ဘက် မှော်ကားမှထွက်လာကာ ရှုယီကိုကြည့်၍ အေးစက်စက် နှာမှုတ်လိုက်သည်၊ "ဘာကိုကြောက်နေတာလဲ။ ငါလူတွေကိုတိုက်မိမှာကြောက်လို့လား"
“အဘိုးလူတွေကို ထိမိမှာကို ကျွန်တော်မစိုးရိမ်ပါဘူး ဒါပေမယ့် အဘိုးကအသက်ကြီးနေပြီ၊ ဒါက အရမ်းကြောက်စရာကောင်းတယ်မဟုတ်လား။" ရှုယီက ခပ်တိုးတိုးပြောလိုက်သည်။
"ဟမ်? ကြောက်လန့်နေတာလား။ ဟာသပဲ။" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ခေါင်းကို ထုတ်ထားရင်း အထင်အမြင်သေးနေပုံပေါ်သည်။ ဘေးကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွေကရှုယီအနားသို့ရောက်သွားပြီး မေးလာ၏၊ “ဒါဆို ဧည့်သည်ရှိတယ်ပေါ့။ ဘာလဲ? သူတို့ဘယ်ကလာတာလဲ။”
“မားလိုအင်ပါယာက ဧည့်သည်တစ်ဦးပဲ။ ဒါပထမဆုံးအကြိမ်မို့ သူ့ကိုဒီလိုမကြောက်စေချင်ဘူး" ရှုယီက ရှင်းပြသည်။
“မားလိုအင်ပါယာက?" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရုတ်တရက် မပြောခင် အီထရိုကို နောက်တချက်ကြည့်လိုက်သည် "ဟေ့ ဒီကောင်လေး ရှုယီမင်းကို ဒီကို ခေါ်လာပေးလို့ရတယ်၊ မားလိုအင်ပါယာမှာ မင်းရဲ့အဆင့်အတန်းက နိမ့်ကျမနေဘူးမို့လား။ ခေါင်းဆောင်မှော်ပညာရှင်အလက်စတာကို သိလား။ သူ ဘယ်လိုနေလဲ?"
“ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ?" အီထရိုသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိကာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို အံ့သြစွာ ကြည့်လိုက်သည်။ သူ၏အမူအရာသည် ချက်ချင်းပင် ပို၍ရိုသေလာကာ "ခင်ဗျားက.....ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာများလား?"
“အင်း ငါက ကမ်မီလာပါ။ မင်းငါ့ကိုသိရင် ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ အကြောင်းလည်းသိသင့်တယ်။ ငါ့ကိုပြောပါဦး၊ သူဘယ်လိုနေသေးလဲ" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ဆက်မေး၏။
တစ်ဖက်မှာ စတက်တိန်းနယ်မြေ၏ အလေးစားဖွယ်အကောင်းဆုံး ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ ဖြစ်သည်ကို သိပြီးနောက် အီထရိုသည် ချက်ချင်း ကားပေါ်မှ ဆင်းလာပြီး ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို အရိုအသေပေးလာခဲ့သည်။ “ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ ကို သိဖို့ မလုံလောက်ပါဘူး၊ ဒါပေမယ့် ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ က မကြာသေးခင်ကပဲ သုတေသနအချို့အပေါ် အာရုံစိုက်ထားတာကြောင့် သတင်းတစ်စုံတစ်ရာ မကြားခဲ့ရပါဘူး။"
“အင်း......ဒီကောင်က အမြဲဒီလိုဖြစ်နေတာ မထူးဆန်းပါဘူး” ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် အီထရိုအား လက်ဝှေ့ယမ်းပြလိုက်သည်၊ "ကောင်းပြီ၊ မင်းနဲ့ ရှုယီရဲ့လုပ်ငန်းကို ဆွေးနွေးလို့ရပြီ၊ ငါ နှစ်ယောက်စလုံး ကို မနှောင့်ယှက်တော့ဘူး။"
၎င်းကိုပြောပြီးတာနှင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဟာ သူ့၏ မှော်ဆလွန်း ထဲကို ပြန်ဝင်သွားပြီး အဝေးသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
အီထရိုသည် တဖြည်းဖြာ်းပျောက်ကွယ်သွားသည့် မှော်ဆလွန်းကို ကြည့်နေသည်မှာ ရှုယီက မှော်ဆလွန်းကို သူ့အနားသို့မောင်းလာပြီး ကားထဲ ဝင်ခိုင်းသည်အထိ ဖြစ်သည်။
"ဥက္ကဌရှု၊ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက မှော်ဆလွန်းတွေကိုအရမ်းကြိုက်ပုံရတယ်နော်?" အီထရိုဝင်လာပြီးနောက် မေးလိုက်သည်။
ရှုယီက ရယ်ကာ၊ “သူက မှော်ဆလွန်းကို မောင်းရတာ ဝါသနာပါတာ မဟုတ်ဘဲ မှော်စက်လှေနဲ့နဲ့ မှော်လေသင်္ဘောကိုလည်း မောင်းရတာ ကြိုက်တယ်။ ဘာလို့လဲ? ထူးဆန်းတာတွေ့လို့လား"
“မဟုတ်ဘူး၊ မထူးဆန်းပါဘူး။ တစ်ခုတည်းပါပဲ...... သူ့လို လေးစားစရာ ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးက ဒီလိုအရာတွေကို သဘောကျတယ်ဆိုတာ မထင်မှတ်ထားစရာပဲ။"
ရှုယီက ရယ်မောလိုက်သည်။ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ပြိုင်ပွဲများတွင် ပါဝင်ရသည်ကို နှစ်သက်ကြောင်း သူသိခဲ့ပါက သူသည် ပို၍ပင် အံ့သြနေမည် မဟုတ်ပါလား။
သို့သော် အီထရို၏မေးခွန်းများနှင့် နှိုင်းယှဉ်လျှင် ရှုယီသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ အကြောင်းကို ဘာကြောင့်မေးမြန်းခဲ့သည်ကို ပို၍ ဂရုစိုက်မိသည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏လေသံကိုအခြေခံရသော် ခေါင်းဆောင်မှော်ပညာရှင်အလက်စတာနှင့် ကောင်းမွန်သောသီးသန့်ဆက်ဆံရေးရှိပုံရသည်၊ မဟုတ်ပါက အီထရို၏ရှေ့တွင်၎င်းကိုထိုကဲ့သို့ဖော်ပြမည်မဟုတ်ပါချေ။
"အဖိုးသာ ဒီ ခေါင်းဆောင်မှော်ပညာရှင် အလက်စတာ ကို ငါတို့ Frestech ကုန်သည်ကြီးများအသင်းဆီ ဆွဲခေါ်လာနိုင်ရင် ကောင်းမှာပဲ......"
ရှုယီသည် မိမိကိုယ်ကို လှောင်ပြောင်သော အပြုံးကို ထုတ်ပြ၍ ခေါင်းခါယမ်းလိုက်သည်။
ခေါင်းဆောင်မှော်ပညာရှင်များသည် မားလိုအင်ပါယာတွင် အရေးအပါဆုံးလူများဖြစ်သည်၊ Frestech ကုန်သည်ကြီးများအသင်းတွင် မည်သို့ အလုပ်, လုပ်ဆောင်နိုင်မည်နည်း။ ၎င်းက စိတ်ကူးယဉ်ဆန်တာထက် ဘာမှ မပိုပါပေ။
မှော်ဆလွန်းကို တစ်ဖန်စက်နှိုးပြီးနောက်၊ ရှုယီသည် အီထရိုကို မှော်ကားဖွံ့ဖြိုးတိုးတက်ရေးစင်တာသို့ ခေါ်ဆောင်ကာ မြောက်ဘက်ရှိ တောင်ကုန်းငယ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤတောင်ကုန်းငယ်လေးသည် ၎င်းတို့ကို အထူးပြုလုပ်ထားသကဲ့သို့ ဘေးပတ်ဝန်းကျင်နှင့် သိသိသာသာ ကွဲပြားမှုအချို့ရှိသည်။
တောင်ကုန်းလေးပေါ်တွင် သယ်ယူပို့ဆောင်ရေးမှော်ကားကြီးငါးစီးသည် တောင်ကုန်းတစ်လျှောက် ဖြည်းညှင်းစွာ မောင်းနှင်လျက်ရှိသည်။
တောင်ကုန်းများ၏ အမြင့်သည် ကွဲပြားပြီး မြေကျင်းများစွာရှိသည်။ အရွယ်အစားအမျိုးမျိုးရှိတဲ့ ကျောက်တုံးတွေပင် ပြန့်ကျဲနေနေခြင်းကြောင့် ဖြတ်သွားရတာ ခက်ပါ၏။
အီထရိုသည် ဤပတ်ဝန်းကျင်တွင် အထူးလမ်းခင်းထားခြင်းမရှိပါက သာမန်မြင်းလှည်းများသည် ၎င်းကို ဖြတ်ကျော်သွားနိုင်မည် မဟုတ်သဖြင့် အီထရိုက သေချာစွာကြည့်ရှုခဲ့မိသည်။
သို့သော် မှော်ကားငါးစီးသည် တောင်ကုန်းတစ်လျှောက် ဖြည်းညှင်းစွာ ရွေ့လျားနေသည်မှာ အနည်းငယ် ခက်ခက်ခဲခဲ ဖြစ်နေပုံရသော်လည်း ၎င်းတို့သည် ရှေ့သို့ တရွေ့ရွေ့ ရွေ့လျားနေဆဲဖြစ်သည်။
အီထရို၏ မျက်လုံးများ တောက်ပလာ၏ "ဥက္ကဌရှု၊ ဒါတွေက လမ်းကြမ်းမောင်းကားတွေလား။"
“အင်း.....သူတို့ကို စမ်းသပ်နေဆဲမို့ ခင်ဗျားမြင်ရတဲ့အရာက မပြည့်စုံသေးပါဘူး။ စတုတ္ထမျိုးဆက် မောင်းနှင်မှုစနစ် ပြီးတဲ့အခါ၊ သူတို့က ဒီလမ်းတွေပေါ်မှာ ပိုပြီးမြန်ဆန်စွာ မောင်းနှင်နိုင်လိမ့်မယ်” ရှုယီက ရှင်းပြသည်။
“မဟုတ်ဘူး၊ ဒါကတင် လုံလောက်နေပြီ!" အီထရိုက စိတ်လှုပ်ရှားတဲ့အသံနှင့် ပြောလာသည်၊ "ဥက္ကဌရှု၊ သူတို့က ကုန်ပစ္စည်းတင်လို့ရော မရသေးဘူးလား?"
"ကျုပ်တို့ စမ်းသပ်တဲ့အထဲ သယ်ဆောင်နိုင်မှု ကန့်သတ်စမ်းသပ်မှု မပါဝင်သေးဘူး၊ ဒါကြောင့် လောလောဆယ်တော့ မရသေးဘူး။"
“အဲဒါဆို ကုန်ပစ္စည်းတွေတင်ပြီး ရှေ့ကို ဆက်မသွားနိုင်တော့တဲ့အထိဖြစ်ဖို့ဆိုရင် ဘယ်လောက်ကြာမလဲ။" အီထရိုက မေးသည်။
“အချက်အလက်အရ၊ ကျုပ်တို့ရဲ့ အနိမ့်ဆုံးလိုအပ်ချက်က အနည်းဆုံး ငါးတန်နဲ့ဆို ထိခိုက်မှုမရှိသေးဘူး။” ရှုယီက ဖြေသည်၊ “ဟုတ်ပါတယ်၊ ဒီသယ်ယူပို့ ဆောင်ရေး မှော်ကားတွေရဲ့ ကန့်သတ်ချက်က မြေပြန့်ပေါ်မှာဆို တန်နှစ်ဆယ်ပဲရှိတာမို့ မပြီးပြည့်စုံသေးဘူး။"
“ငါးတန်ဆို မလုံလောက်သေးဘူး။” အီထရို၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကို လုံးဝမဖုံးကွယ်ထားပေ၊ “ဥက္ကဌရှု ကျုပ်ကို ဒီငါးတန်မှော်ကားတွေရောင်းပေးပါ။ ကျုပ် သူတို့ကို အင်ပါယာကို ချက်ချင်းပြန်ပို့ပြီး လူတချို့ရဲ့ ပါးစပ်ကိုပိတ်ဖို့ သုံးရမယ်။”
ဤ အီထရိုသည် အမှန်တကယ် တည့်တိုးဆန်ကြောင်းကို ရှုယီက မနေနိုင်စွာ စဉ်းစားမိသည်။
သူသည် မားလိုအင်ပါယာစစ်တပ်၏ သာမာန်အစိတ်အပိုင်းတစ်ခုသာဖြစ်သောကြောင့် များစွာမဆုံးဖြတ်နိုင်ခဲ့သည့်အတွက် နှမျောစရာဖြစ်သည်။
သို့သော် ၎င်းကို တွေးကြည့်ရလျှင်၊ သူဟာ အပြင်ပန်း၌ သာမန်ဝန်ကြီးတစ်ဦးကဲ့သို့ထင်ရသော်လည်း ၎င်းသည် ဤကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မားလိုအင်ပါယာစစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးဌာနအတွက် ဆုံးဖြတ်ချက်ချနိုင်သေးသည်။ သူ၏ အဆင့်အတန်းက ထိုမျှ မနိမ့်သည်မှာသိသာလှသည်။
သူနှင့် အဆက်အသွယ် ထူထောင်နိုင်လျှင် မားလိုအင်ပါယာစစ်တပ်ကို ရောင်းရတာ ပိုလွယ်မည်ဟု သူယုံကြည်ပါ၏။
သို့သော်၊ ရှုယီကအနည်းငယ် စဉ်းစားပြီးနောက် ခေတ္တရပ်၍ ခေါင်းခါလိုက်သည်၊ "စိတ်မကောင်းပါဘူး၊ ငါးတန်ရှိ မှော်ကားတွေက စမ်းသပ်နေတုန်းပဲမို့ အခုရောင်းဖို့ မစီစဉ်ထားပါဘူး"
"ဟုတ်လား?" အီထရိုသည် အနည်းငယ်စိတ်ပျက်သွားကာ "တကယ့် ဥပမာမရှိရင် သူတို့ကို ယုံကြည့်အောင်လုပ်ဖို့ နည်းနည်းခက်လိမ့်မယ်"
"သက်သေပြချင်ရင် ကုန်ပစ္စည်းရှိမှဖြစ်ရမယ်လို့ မဆိုလိုဘူး ဟုတ်တယ်မလား" ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး အီထရိုကို ဖိတ်ခေါ်တဲ့ အမူအရာပြလိုက်သည်၊ "ဗစ်ကောင့်ထိ အီထရိုခင်ဗျားစိတ်ဝင်စားရင် ကျုပ်နဲ့လိုက်ခဲ့ပါ။ လမ်းကြမ်းသယ်ယူပို့ဆောင်ရေး မှော်ကားအသစ်အတွက် သရုပ်ပြဗီဒီယိုကို ခင်ဗျား ပြပေးမယ်။ ဒီဗီဒီယိုကို ကြည့်ပြီးရင်တော့ သူတို့ရဲ့ စွမ်းရည်တွေကို ပိုနားလည်လာမယ်လို့ ယုံကြည်တယ်။”
"သရုပ်ပြဗီဒီယို?" အီထရိုအနည်းငယ် စိတ်ရှုပ်သွားသည်။
“ကောင်းပြီ၊ အဲဒါကို မှော်ပုံရိပ်ယောင်ရုပ်ရှင်အဖြစ် သတ်မှတ်ရမှာပေါ့။ ဒါကို နည်းနည်း ပိုနားလည်လာမှာပါ။” ရှုယီက ပြုံးပြီးပြောသည် ။
"မှော်ပုံရိပ်ယောင်ရုပ်ရှင်?" အီထရိုက ရှုပ်ထွေးနေတုန်းပင်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆၉။ အခြားခေါင်းဆောင်မှော်ပညာရှင်ကို အလိုရှိသည်
"ဧည့်သည်တွေကို ဧည့်ခံပြီးပြီလား" ရှုယီလှမ်းဝင်လာသည်ကိုကြားသော် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ၎င်းကိုမေးလာကာ မော့တောင်မကြည့်ပေ။
"အင်း၊ ပြီးသွားပါပြီ။" ရှုယီက ပြန်ပြောသည် ။ သူက ခေါင်းဆောင်မှော်ပညာရှင်၏ လက်ထဲရှိ ရှည်လျားသွယ်လျသည့် သတ္တုကိရိယာမှာ အပြာနုရောင် မှော်ရောင်ခြည်ကို ထုတ်ပေးနေစဉ်၊ စားပွဲပေါ်ရှိ သံမဏိပြားနှစ်ပြားကို အာရုံစိုက်နေသည်ကို တွေ့ကာယ ပါးစပ်ကို လိမ္မာပါးနပ်စွာ ပိတ်လိုက်သည်။
ကိရိယာမှ မှော်ရောင်ခြည်သည် သံမဏိပြားနှစ်ပြားနှင့် နီးကပ်လာပြီး ထိုအပြားနှစ်ချပ်ကြားရှိ အဟသည် ရုတ်တရက် အရည်ပျော်လာကာ စေ့ပိတ်ခံလိုက်ရသည်။
ခဏအကြာတွင်၊ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ သည် သံမဏိပြားနှစ်ချပ်ကို ကိရိယာဖြင့် ပြီးပြည့်စုံစွာ တွဲဆက်နိုင်ခဲ့သည်။ မျက်နှာပြင်ပေါ်တွင် အလွန်မသိသာလှသော သဲလွန်စမှလွဲ၍ ၎င်းသည် သံမဏိပြားတစ်ခုသာ ဖြစ်ပုံရသည်။
ရှုယီက အံ့သြသည့်အသံဖြင့် ပြောလိုက်၏ "အဘိုး၊ အဘိုးရဲ့ ဂဟေဆက်နည်းပညာက တိုးတက်နေပုံရတယ်။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် သူ့လက်ထဲမှ ကိရိယာကို ချလိုက်ပြီး ဂဟေဆော်ထားသော သံမဏိပြားကို ကောက်ယူလိုက်သည်။ သူဟာအရင်ဆုံး ၎င်းကို သေသေချာချာကြည့်ဖို့ မှော်မီးအိမ်အောက်မှာ ထားပြီးမှ သူ့လက်ဖြင့် ပုတ်၍ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။ သူက သံမဏိပြားကို စားပွဲပေါ်ပြန်တင်လိုက်ပြီး အေးစက်စက် နှာမှုတ်သံနှင့်ပြောလာသည် “အဓိပ္ပာယ်မရှိတာ၊ ဒီတစ်ချိန်လုံး ငါသာ ဒီသုတေသနမှာ တိုးတက်မှု တစ်စုံတစ်ရာမရှိရင် အဲဒါကို ဘယ်လိုလက်ခံနိုင်မှာလဲ”
ရှုယီက ရယ်ကာ သံမဏိပြားကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည် ။ ဤသံမဏိပြားကို ဂဟေဆက်ပြီးနောက်၊ ၎င်းသည် မျက်နှာပြင်ပေါ်တွင် ပူးကပ်နေပုံပေါ်ရုံသာမက အတွင်းဘက်တွင် အပေါက်တစ်ပေါက်မျှ မကျန်အောင် အပြည့်အ၀ ဆက်နေကြောင်း သူတွေ့ရှိခဲ့ရသည်။
ဤဂဟေဆက်ခြင်းမျိုးသည် အမှန်တကယ်အသုံးဝင်သော ဂဟေဆက်ခြင်းဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်ကြီးများပြုလုပ်ရန်အတွက် အလွန်လိုအပ်သော အဆင့်မြင့်နည်းပညာဖြစ်သည်။
“အဘိုး၊ ဒါက အဘိုးတီထွင်ထားတဲ့ မှော်ဂဟေဆက်နည်း အသစ်လား။ အသုံးပြုဖို့ အထူးလိုအပ်ချက်တွေရော ရှိလား။" ရှုယီက ၎င်းကိုမေးရင်း ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကိုင်ထားသည့် ရှည်လျားသော သတ္တုကိရိယာကို ကောက်ကိုင်လိုက်၏။
"ဘာအထူးလိုအပ်ချက်တွေရှိနိုင်မှာလဲ" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို မျက်လုံးလှန်ပြကာ “ဒီပစ္စည်းကို သာမန်လူတွေသုံးဖို့ တီထွင်ထားတာလေ၊ ဘာလို့သုံးဖို့ အထူးလိုအပ်ချက်ကို လိုအပ်ရမှာလဲ။ အေးဆေးပေါ့၊ ဒီအရာကို သင်ယူချင်စိတ်ရှိသရွေ့ သင်ယူနိုင်တယ်။ ဘယ်လို နားလည်ထားမလဲ ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ အရည်အချင်းနဲ့ နားလည်မှုပေါ်မှာ မူတည်တယ်။ အဲဒါကိုတော့ ငါ အာမမခံနိုင်ဘူး။”
“အင်း၊ သာမာန်လူတွေ သုံးနိုင်တာ ကောင်းပါတယ်။ ဂဟေဆက်သမားတွေကလည်း အဆင့်တွေရှိတယ်။” ရှုယီက ကျေနပ်စွာ ခေါင်းညိတ်သည်။
မှော်ဂဟေဆက်ခြင်းနည်းပညာသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာအတွက် သာမာန်ပုံပေါက်နေသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အများစုတွင် ၎င်းကို အသုံးပြုခဲ့ရသည်။
အကယ်၍ ၎င်းတို့ကို ကောင်းစွာ မဆက်နိုင်ခဲ့ပါက မှော်စက်ကြီးများကို ဖန်တီးရန် မဖြစ်နိုင်ပေ။ ဖြစ်နိုင်လျှင်ပင် ကန့်သတ်ချက်ရှိသေးသည်။
ထို့ကြောင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ မှော်ဂဟေဆက်ခြင်းနည်းပညာကို တီထွင်ခဲ့ပြီးကတည်းက Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ကြီးများ အမျိုးမျိုးကို ပြုလုပ်ခဲ့သည်။
ဤအခြေခံအုတ်မြစ်အကျဆုံးနည်းပညာဖြင့် စိုင်စ်နယ်မြေကြီးရှိ မှော်စက်လုပ်ငန်းအဆင့်ကို တိုးမြှင့်ခဲ့ရသည်ဟုဆိုရလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါပေ။
“ကောင်းပြီ ကောင်လေး၊ ဝေ့လည်ကြောင်ပတ်လုပ်နေတာရပ်လိုက်။ မင်းငါ့ကိုဘာလို့ရှာနေတာလဲ" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက မေးသည်။
“အဘိုးက ကျွန်တော့်ကို နားအလည်ဆုံးပဲ။” ရှုယီက ရယ်မောကာ “ဒီတစ်ခါတော့ အဘိုးအရင်က ပြောခဲ့တဲ့ ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ အကြောင်း အဓိကမေးချင်တာ။”
"ဘာလဲ? ကောင်လေး၊ မင်းသူ့ကို မင်းရဲ့ ကုမ္ပဏီထဲကို ဆွဲသွင်းချင်တာလား" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို ကြည့်ရင်း ၎င်းက နည်းနည်း ရယ်စရာကောင်းဟန်ဖြင့် သူ့မျက်လုံးထဲ၌ လှောင်ပြောင်ရိပ်သန်းနေသည်။
"ဒါက ဖြစ်နိုင်ပါ့မလား?" ရှုယီက မေးသည်။
"ပေါက်ကရာ၊ မဖြစ်နိုင်တာတော့ သေချာတယ်။" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက သူ့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့၏ "သူက မားလိုအင်ပါယာရဲ့ ခေါင်းဆောင်မှော်ပညာရှင်ကိုးယောက်ထဲက တစ်ယောက်လေ၊ မင်းရဲ့ ကုမ္ပဏီသေးသေးလေးမှာ အလုပ်လာလုပ်မယ်လို့ မင်းထင်နေတာလား။"
ရှုယီကပြောဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ကာ "အဘိုးလည်း ခေါင်းဆောင်မှော်ပညာရှင်ပဲလေ၊ ဒါပေမယ့် အဘိုးလည်း ကျွန်တော်တို့ ကုမ္ပဏီငယ်လေးအတွက် အလုပ်လုပ်နေတာမဟုတ်ဘူးလား"
"ပြီးတော့ ......အဘိုးက သူနဲ့ ဆက်ဆံရေးကောင်းပုံရတယ်၊ သူ့ကို ဆက်သွယ်ပြီး ကျွန်တော်တို့ကုမ္ပဏီနဲ့ မှော်ပညာဆိုင်ရာ သုတေသနတွေ ပူးပေါင်းလုပ်ဆောင်နိုင်လား" ရှုယီက မေးသည်။
“......” ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ တွေးတောပြီး မျက်ခုံးကို အနည်းငယ်တွန့်၏ပြီး "အရင်တုန်းကဆိုရင် သိပ်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် အခုတော့ ...... ငါမသေချာဘူး၊ ဒါပေမယ့် အဲဒီမှာ မျှော်လင့်ချက်တစ်ခုခုတော့ ရှိနိုင်တယ်။”
“ပြီးတော့ရော......”
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကိုကြည့်လာသည်၊ "မင်းအဲ့ဒါကိုပြောစရာမလိုပါဘူး၊ ငါက အလက်စတာ အကြောင်းကို ခုနကပြောခဲ့တာ ဘာကြောင့်လို့ မင်းထင်နေလဲ"
ရှုယီအနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ယခင်က မှော်စက်များကို ဆန့်ကျင်ခဲ့သော်ငြားလည်း သူ့ကို အပြည့်အဝ ထောက်ခံဆဲဖြစ်သည်။
ထို့နောက်တွင် သူသည် ထိုစိတ်ကွက်မှုများ ပြေပျောက်ပြီး Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ကာ မှော်စက်များကို လေ့လာသည့်အခါတွင် သူနှင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို ပို၍ပင် တွေးပေးလာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းသည် သူ့ကို ဆိုင်းဘုတ်အဖြစ် မှီခိုအားကိုးခဲ့သလို ပြဿနာများစွာနှင့် ရင်ဆိုင်စေခဲ့သည်။
၎င်းကိုတွေးပြီး ရှုယီက ချက်ချင်းပြော၏ "အဘိုး၊ ခေါင်းဆောင်မှော်ပညာရှင်အလက်စတာ ကို စည်းရုံးဖို့ မလိုအပ်ပါဘူး၊ ကျွန်တော် သူ့ကို စကားပြောဖို့ အခွင့်အရေးရှာပေးဖို့ပဲလိုတယ်။ သူ့ကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ဖို့ ဘယ်လို ဆွဲဆောင်နိုင်မလဲ ဆိုတာကို အဘိုး စိတ်ပူနေဖို့ မလိုပါဘူး။”
“ချီး၊ ငါဒါတွေအကုန်လုံးကို ဂရုစိုက်တယ်လို့ မင်းထင်နေတာလား။" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရယ်မော၍ သူ့နောက်က အံဆွဲတစ်ခုကို လှည့်ဖွင့်လိုက်ပြီး ရှုယီအတွက် စာတစ်စောင်ကို ဆွဲထုတ်လာသည်၊ “ယူထား၊ ဒါက ငါ့ရဲ့ ကိုယ်ပိုင်စာပဲ။ နောက်တစ်ကြိမ် မားလိုအင်ပါယာကို သွားကြည့်ဖို့ အချိန်ရရင် သူ့ကိုတွေ့ဖို့ ဒီစာကို သုံးလို့ရတယ်။ အလက်စတာ နဲ့ ငါက အတူတူကျောင်းမှာ ပညာသင်ခဲ့ပြီး အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် ငါ့စာကိုယူသွားရင် သူ့ကို အလွယ်တကူ တွေ့နိုင်မှာပါ။”
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက စာကိုပြင်ဆင်ထားပြီးသားကိုမြင်တော့ ရှုယီက ပိုလို့တောင်ခံစားမိသွားရသည်။ စာကိုယူပြီးနောက် ကျေးဇူးတင်စကားအချို့ကို ပြောချင်သော်လည်း လျှာဖျားရောက်သောအခါတွင် စိတ်ပြောင်းသွားသည်။
“အဘိုး၊ အဲဒီလူက မားလိုအင်ပါယာစစ်တပ်ဌာနချုပ်ကဖြစ်ပြီး လမ်းကြမ်းသုံးမှော်ကားတွေကို စိတ်ဝင်စားနေတယ်။ ကျွန်တော် စလေးလ်တို့ အဖွဲ့က လုပ်ထားတဲ့ သရုပ်ပြဗီဒီယိုကို ပြပြီးနောက်တော့၊ သူ အရမ်းကျေနပ်ပုံရတယ်။ မမျှော်လင့်ထားတဲ့အရာတွေဖြစ်မလာရင် မားလိုအင်ပါယာရဲ့စစ်တပ်ဌာနချုပ်က လမ်းကြမ်းသုံးမှော်ကား တွေအတွက် မှာယူဖို့ရာမှာ ပြဿနာရှိမှာမဟုတ်ဘူး။”
“အိုး? စတေးလ်က နောက်ဆုံးတော့ မင်းနဲ့ အလုပ်တွဲလုပ်နေပြီလား။ မင်းက ဒါကို ကောင်းကောင်းလုပ်ပြခဲ့တာပဲ ငါအရမ်းကျေနပ်တယ်။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာခေါင်းညိတ်ပြသည်၊ “သူမ အိမ်ထောင်ကျပြီးကတည်းက အိမ်မှာပဲနေသင့်တယ်ထင်ပေမယ့် သူ မလှည့်ပတ်သွား နေပြီး မင်းကသူ့ကို ပံ့ပိုးပေးမယ်ဆိုတော့ ငါဘာမှ မပြောနိုင်ခဲ့ဘူး။ အခု မင်းတို့ နှစ်ယောက်က စဉ်းစားပြီးပြီမို့ ၊ အဲဒါ အရမ်းကောင်းတယ် ”
ရှုယီက ရယ်မောလိုက်ပြီး သက်တောင့်သက်သာရှိသော နွေးထွေးမှုကို ခံစားလိုက်ရသည်။
“အဘိုး၊ နောက်ဆုံးတော့ ကျုပ်တို့က လက်ထပ်ထားတာလေ။ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတာ ကောင်းပါတယ်၊ ဒါပေမယ့် အတူတူ အချိန်ပိုရတာက ပိုကောင်းတယ်။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက နောက်ထပ် အေးစက်စက် နှာမှုတ်သံ တစ်ချက် ပေးရင်း ပြောလာသည် " အတူတူ အချိန်ပို ဖြုန်းတာ လို့ ပြောရင် မင်းက မားလိုအင်ပါယာ က ပြန်လာကာစမှာ သူမက ရူဒ်ဆန်တိုင်းပြည်ကို အပြေးသွားခဲ့တယ် ။ ဒီလမှာ တစ်ပတ်ကျော်လောက်တောင် အတူရှိခဲ့ရလို့လား”
ရှုယီက သူ့နှာခေါင်းကို ကုတ်ကာ ဖြေသည်၊ "လူတိုင်း အလုပ်ရှုပ်နေတော့ တခြားနည်းလမ်းမရှိတော့ဘူး"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို ခဏလောက်ကြည့်ပြီး သက်ပြင်းချကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လေသံက အနည်းငယ် ဝမ်းနည်းနေ၏။
“ထားလိုက်ပါ၊ ဒါက မင်းတို့နှစ်ယောက်ကြားက ကိစ္စပဲ၊ မင်းတို့အဆင်ပြေတယ်ထင်ရင် ပြီးရော ငါဂရုစိုက်ဖို့ အရမ်းပျင်းစရာကောင်းတယ်။ မင်းကို ဂရုစိုက်မယ့်အစား ဖရီယာ နဲ့ ကစားဖို့ အချိန်ပိုရှာသင့်တယ်။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ဖရီယာကိုပြောနေသည်ကိုကြားတော့ ရှုယီက မျက်လုံးတွေကို လှိမ့်မိသွားသည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် သူ၏မြေးမကြီး ဖရီယာကို လုံးဝ အလိုလိုက်နေခဲ့ပြီး၊ စတေးလ်မှာ ကြည့်ရန်ပင် အကြိမ်များစွာ ခက်ခဲနေသည်။
ဖရီယာကို ဆုံးမချင်သောအခါ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာထံမှ မောင်းထုတ်ခံခဲ့ရသည်။ ၎င်းဟာ ရှုယီအတွက် ကြီးမားသည့် ခေါင်းကိုက်မှုဖြစ်ပြီး ဖရီယာမှာ၎င်းကြောင့် ပျက်စီးသွားမှာကိုတောင် စိုးရိမ်ခဲ့ပါ၏။
သို့သော် ယခုအချိန်တွင် ဖရီယာဟာ ခြောက်နှစ်သားအရွယ်မှာ ကလေးလို ခပ်ဆိုးဆိုးဖြစ်နေသော်လည်း ချစ်စရာကောင်းပြီး နာခံမှုလည်း ရှိနေဆဲပါပင်။ သူမက လုံးဝပျက်စီးပုံမပေါ်ရာ ရှုယီကို ပိုစိတ်ချစေသည်။
ဟုတ်ပါ၏၊ သူနည်းနည်း ဂုဏ်ယူရမယ်ဆိုရင် ၎င်းက သူနှင့် စတေးလ်၏ တင်းကျပ်သည့် ထိန်းကျောင်းမှု ကြောင့်ပင်။
“ကောင်းပြီ၊ ဒီအကြောင်း မပြောပါရစေနဲ့။ ရှုယီ၊ မင်းက မားလိုအင်ပါယာရဲ့ စစ်တပ်ဌာနချုပ်ကနေ လူတွေကို ဒီကို ခေါ်လာတယ်၊ မင်း မားလိုအင်ပါယာကို စစ်တပ်သုံး မှော်စက်တွေ ရောင်းဖို့ စီစဉ်နေပြီလား။" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက မေးသည်။
"အင်း...... ကျွန်တော်ဒီလိုလုပ်ဖို့စီစဉ်နေတာ"
“ဒါဆို ကန်ဒရာအင်ပါယာကကော။ မင်းသူတို့ကို ရောင်းဖို့ မစီစဉ်ထားဘူးမို့လား"
ခေါင်းဆောင်မှော်ပညာရှင်က ကုန်သည်ကြီးများအသင်းကို အေးအေးဆေးဆေး အဖြေပေးလာသည်၊ “ဒါက ပုံမှန်အခြေအနေဆိုရင်၊ ကျွန်တော်တို့က သူတို့နဲ့ ရန်သူဖြစ်နေတာကြောင့် သူတို့ကို မရောင်းသင့်ပါဘူး။ ဒါပေမယ့် အဖိုး၊ ကျွန်တော် စစ်ဘက်သုံးမှော်စက်တွေကို မားလိုအင်ပါယာဆီ ရောင်းပြီးကတည်းက ကန်ဒရာအင်ပါယာကိုပါ ရောင်းရမယ်လို့ အဘိုးနားလည်ထားမှာပါ။”
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ခေါင်းညိတ်ပြရင်း ပြောလာသည်၊ “မင်းသိတာ ကောင်းပါတယ်။ ဒါပေမယ့် ရှုယီဒါကိုလုပ်ဖို့ရွေးချယ်တာက အရမ်းအန္တရာယ်များတယ်ဆိုတာ မင်းသိလား။ ကန်ဒရာအင်ပါယာနဲ့ မားလိုအင်ပါယာတို့နဲ့ နှိုင်းယှဉ်ရင် Frestech ကုန်သည်ကြီးများအသင်း ဒါမှမဟုတ် စတက်တိန်းနယ်မြေက အရမ်းသေးငယ်လွန်းတယ်။ အမှားတစ်ခုက မင်းအရင်လုပ်ခဲ့သမျှကို ပျက်စီးစေလိမ့်မယ်။"
ရှုယီက ယုံကြည်မှုအပြည့်ရှိဟန် အပြုံးကို ထုတ်ဖော်လိုက်ပါ၏။ “စိတ်ချပါ အဖိုး။ အရင်က ကျွန်တော်ကို ပိုပြီး တိုက်ရိုက်ကျဖို့ ပြောတယ်မဟုတ်လား။ ဒီလက်ရှိချဉ်းကပ်ပုံက မီးနဲ့ကစားနေသလိုထင်ရပေမယ့် တကယ်တမ်းကျတော့ ပြဿနာရှိမှာမဟုတ်ဘူး။ အဆုံးမှာတော့ အဓိကအရာတွေကို ကျွန်တော် ထိန်းချုပ်ထားတာမို့ အင်ပါယာနှစ်ခုက ကျွန်တော့်ရဲ့အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေမှာ မဟုတ်ဘူး။”
“ယုံကြည်မှုလွန်ကဲတာက မကောင်းဘူး။ နည်းနည်းသတိထားဖို့ သတိပေးချင်တယ်။ အကယ်၍ မင်းမအောင်မြင်ရင်က Frestech ကုန်သည်ကြီးများအသင်းပျက်စီးသွားတာက သေးငယ်တဲ့ကိစ္စလေးပဲ၊ ဒါပေမယ့် မင်းသား တစ်ခုခုဖြစ်ခဲ့ရင် ကိစ္စကြီးပြီပဲ။ စတေးလ် မုဆိုးမဖြစ်တာကို မမြင်ချင်ဘူး နားလည်လား"
ရှုယီက မနေနိုင်စွာ ပြုံး၏၊ "အဘိုး၊ အဘိုးက ကျွန်တော့်ကို အရမ်းကြီး အထင်သေးနေတာ မဟုတ်ဘူးလား? ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ ကျွန်တော်က မဟာမှော်ပညာရှင်တစ်ယောက်မို့လို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြဿနာမဖြစ်လောက်ဘူးလို့ ထင်တယ်။"
"မဟာမှော်ပညာရှင်တွေက တန်ခိုးရှင်လို့ ထင်နေလား" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို စိုက်ကြည့်နေသည်။
“ကျွန်တော်က အဘိုးရှေ့မှာ မစွမ်းဆောင်နိုင်ပေမယ့် အနည်းဆုံး နယ်မြေကြီးထဲက လူတော်တော်များများရှေ့မှာ မစွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး....." ရှုယီက ကူကယ်ရာမဲ့ ငြင်းခုံလိုက်သည်။ “ကျွန်တော် ပြေးပေါက်နည်းနည်းကို ပြင်ဆင်ထားတာကို မပြောနဲ့ဦး။ စိုင်စ်နယ်မြေကြီးတစ်ခုလုံး ပြိုလဲကျသွားရင်
တောင် Frestech ကုန်သည်ကြီးများအသင်းနဲ့ ကျွန်တော့်မှာ ဖုံးကွယ်စရာ နေရာမရှိဘူးလို့ မဆိုလိုပါဘူး။”
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၀။ ကောင်းကင်ဘုံကျွန်း
ပင်လယ်ပြင်ရှိ မိုးကုတ်စက်ဝိုင်းတွင် အနက်ရောင်မျဉ်းတစ်ကြောင်းရှိသည်။
"ဆာလက်စ်လိုင်း၊ ကျွန်တော်တို့ ကောင်းကင်ကျွန်းကို ရောက်တော့မယ်"
“ဆင်းဖို့ပြင်တော့။"လက်စ်လိုင်းက သူ့လက်ထဲရှိ မှန်ပြောင်းကို ချလိုက်ပြီး သူ့လက်အောက်ငယ်သားကို အမိန့်ပေးကာ ခေါင်းညိတ်လိုက်၏။
အစောင့်သင်္ဘောပေါ်က သင်္ဘောသားတွေက ချက်ချင်း ထွက်သွားကြသည်။
နာရီဝက်အကြာတွင် သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောကြီးနှစ်စင်းပါသော အစောင့်သင်္ဘော ၁၅ စင်းသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ကောင်းကင်ကျွန်းတွင် ဆောက်လုပ် ပြီးစီးခဲ့သော ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။
ကျွန်းပေါ်တွင်နေထိုင်သူများသည် ဤသင်္ဘောစုချဉ်းကပ်လာသည်ကို မြင်သော်လည်း ထိတ်လန့်တကြားဖြစ်နေသည့်ဟန်များကို ထုတ်ပြလာခြင်းမရှိပေ။ ယင်းအစား ၎င်းတို့အားလုံးသည် ၎င်းတို့အား ကြိုဆိုရန် ဤနေရာ၌ ရောက်ရှိနေပုံပေါ်ကာ မျက်နှာများပေါ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်လျှက် ၎င်းတို့ ဆိပ်ကမ်းသို့ ရောက်ရှိလာသောအခါတွင် အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။
ဤသင်္ဘောစုဟာ အဝေးရှိ စိုင်စ်နယ်မြေကြီးမှ ၎င်းတို့၏ ကောင်းကင်ကျွန်းကို ပထမဆုံး အကြိမ် ရောက်လာပြီး နောက်တွင် အကြိမ်ပေါင်းများစွာ ထပ်လာနေကျဖြစ်သဖြင့် ကျွန်းမှာ နေထိုင်သူတို့က ၎င်းကို မြင်ဖူးကြသည်။
ဤသင်္ဘောစုသည် အမြဲတမ်း အသစ်အဆန်းများစွာကို ယူဆောင်လာလေ့ရှိသည်၊ ဥပမာ၊ နယ်မြေကြီးမှ အထူးထုတ်ကုန်များ၊ ကျွန်း၌ ရှားပါးသည့်ပစ္စည်းများ၊ မှော်စက်များဟုခေါ်သော ထူးဆန်းပြီး အသုံးဝင်သောအရာများ...
ဒေသခံတို့က ဤပစ္စည်းတွေကို ဝယ်ရသည့်အခါ၌ အခြား နေရာတိုင်း၌သုံးသော ရွှေဒင်္ဂါးပြားတွေကို မသုံးဘဲ ကောင်းကင်ကျွန်းမှာ တွေ့နိုင်သည့် အလေ့ကျဆေးပင်များဖြင့် လဲလှယ်ကြသည်။
တစ်ချိန်တည်းမှာပင်၊ ဆိပ်ခံတံတားဆယ်စင်းကျော်ပါရှိသော ဤကျယ်ပြန့်သောဆိပ်ကမ်းကို တည်တည်ဆောက်ရန် Frestech ကုန်သည်ကြီးများအသင်းမှ လုံးလုံးလျားလျား ငွေကြေးထောက်ပံ့ခဲ့သည်။
ဤဆိပ်ကမ်းကို တည်ဆောက်သည့်အခါ Frestech ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ရေးအတွက် ကူညီရန် ကျွန်းနေထိုင်သူအများအပြားကို ငှားရမ်းခဲ့သည်။ ၎င်းတို့သည် အလုပ်သမားများအား တစ်လလျှင် ရွှေဒင်္ဂါးငါးပြားအထိ မြင့်မားသော လုပ်အားခကို ပေးခဲ့ရာ ယင်းကျွန်းတွင် နေထိုင်သူ အများအပြား ဝင်ငွေရရှိစေခဲ့သည်။
ထို့ကြောင့် ကျွန်းမှလူများအတွက် Frestech ကုန်သည်ကြီးများအသင်းနှင့် ဤသင်္ဘောများသည် ကောင်းကင်မှလာသော ကောင်းကင်တမန်များကဲ့သို့ပင်။ ၎င်းတို့ဟာ ကောင်းမွန်သည့် အရာတွေ အားလုံးကို ပေးစွမ်းတာမို့ အကြိမ်တိုင်း သူတို့ကို ကြိုဆိုကြသည်မှာ သဘာဝကျပါ၏။
သင်္ဘောစုသည် သင်္ဘောကျင်းတွင် ကျောက်ချရပ်နားလိုက်သောအခါ ကျွန်းသားကျွန်းသူ အများအပြား လာရောက်ခဲ့ကြသည်။
သို့သော်လည်း ပထမဆင်းလာသူများသည် ခံ့ညားထည်ဝါသော စစ်သည်ချပ်ဝတ်တန်ဆာ အပြည့်အစုံ ၀တ်ဆင်ထားသည်။
အဆုံးမဲ့ပင်လယ်ပြင်မှာ အန္တရာယ်တွေ ပြည့်နှက်နေသည်ဟု ရေတပ်သားတွေက ပြောသည့်အတွက်ကြောင့် ကျွန်းကလူတွေ မအံ့သြကြပေ။ ၎င်းတို့သည် ပင်လယ်ဓားပြများနှင့် မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိသောကြောင့် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန် လက်နက်ကိုင်ဆောင်ထားရသည်မှာ သဘာဝပင်။
သို့သော် ယခုတစ်ကြိမ်တွင် သင်္ဘောပေါ်မှ ဆင်းလာသော အစောင့်အကြပ်များစွာ ရှိနေသည်ကို ကျွန်းသားများ သတိပြုမိကြသည်။
ဤသင်္ဘောစု၌ ယခင်က အစောင့်အကြပ်တစ်ရာခန့်သာ ရှိသော်လည်း ယခုတစ်ကြိမ်တွင် အစောင့် လေးငါးရာခန့်ရှိခဲ့သည်။
၎င်းဆိပ်ကမ်းတွင် တန်းစီနေကြသောအခါတွင် အလွန်အားကောင်းသည့် အနက်ရောင်ထုကြီးပုံပေါ်နေသည်။
သေချာပါ၏၊ သိပ်မဝေးသည့်နေရာရှိ အလွန်ကြီးမားသော သံမဏိသင်္ဘောကြီးကို သတိပြုမိပြီးနောက်မှာ အားလုံး ငြိမ်သက်သွားကြသည်။
ဤတခေါက် ရောက်လာသည့် သင်္ဘောမှာ ပိုများလာသည့်အတွက် အစောင့်တွေ ပိုများလာသည်ဆိုသည်မှာ မထူးဆန်းပါချေ။
သို့သော် အားလုံးက သိချင်နေကြသည်မှာ၊ ဤတခေါက် သင်္ဘောစု၏ အတိုင်းအတာကို အဘယ့်ကြောင့် တိုးလာရသနည်း။ အချိန်အတော်ကြာ မတွေ့ဖူးသေးခဲ့တဲ့ ဒီသယ်ယူပို့ ဆောင်ရေး မှော်သင်္ဘောကြီးနှစ်စင်းကိုတောင် သူတို့ ယူလာခဲ့တာလား?
Frestech ကုန်သည်ကြီးများအသင်းက ဒီတစ်ခါ ကျွန်းပေါ်မှာ တစ်ခုခုလုပ်မှာများလား?
ထိုကဲ့သို့ သင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည့် နောက်ဆုံးအကြိမ်မှာ ၎င်းတို့ ဆိပ်ကမ်းတည်ဆောက်ရန် ဤနေရာသို့ ရောက်ရှိလာကြစဉ်ကဖြစ်သည်။ လူတိုင်းက ၎င်းကြောင့် မနေနိုင်စွာ စိတ်လှုပ်ရှားခဲ့ကြသည်။
ဤကဲ့သို့ဖြစ်နေပါက Frestech ကုန်သည်ကြီးများအသင်းတွင် ထပ်မံအလုပ်,လုပ်ကိုင်ပြီး ဝင်ငွေအချို့ရရှိရန် အခွင့်အလမ်းရှိနိုင်သည်ဟု ဆိုလိုသည်လား။
၎င်းကိုတွေးပြီး ကျွန်းသားတွေက ပိုလို့တောင် ရင်ခုန်လာကြသည်။ သင်္ဘောပေါ်မှ ဆင်းလာမည့်သူကို မစောင့်ဘဲ ရှေ့သို့ တိုးလာလိုက်ကြ၏။
ဆင်းလာပြီးသား အစောင့်တွေက ၎င်းတို့ကို ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်လျှင် ၎င်းတို့မှာ သင်္ဘောပေါ်ကို ရောက်နေလောက်ပြီဖြစ်သည်။
လက်စ်လိုင်းက ကုန်းပတ်ပေါ်မှ ဆင်းလာသည်ကို လူတိုင်းမြင်သောအခါ ချက်ချင်းပင် ဝမ်းသာသွားကြသည်။
လက်စ်လိုင်းသည် သင်္ဘောကျင်းပေါ်ရှိ ကျွန်းသားများကို နှုတ်ဆက်ရန် လက်ကို ဝှေ့ယမ်းလိုက်ရာ တုံ့ပြန်မှုက ပိုကြီးမားခဲ့သည်။
“အိုင်း ဒီလူတွေက တကယ်အပြစ်ကင်းတာပဲ”လက်စ်လိုင်းက ခပ်ဖျော့ဖျော့ပြုံးပြသည်။ သူသည် မြစ်ဆိပ်ပေါ်သို့ တက်လှမ်းကာ အစောင့်များ ပြင်ဆင်ထားသည့် သေတ္တာတစ်ခု၏ တစ်ဖက်ခြမ်းသို့ ခုန်တက်သွားခဲ့သည်။
သူဒီလိုပြုမူတာကိုမြင်သော် အနီးနားပတ်ဝန်းကျင်က လူတွေက ပိုစိတ်လှုပ်ရှားလာကြသည်။
Frestech ကုန်သည်ကြီးများအသင်းက ဆိပ်ကမ်းဆောက်ရန် ကျွန်းက အလုပ်သမားတွေ ခေါ်ယူမည်ဟု ကြေညာလိုက်ခဲ့စဉ်ကလက်စ်လိုင်းက ၎င်းကို ထိုနေရာကနေ ကြေညာခဲ့သည် ။
ယခုလည်း သူဤသို့ပြုလုပ်နေရာ တစ်ခုခုတော့ ထပ်ကြေညာနိုင်သည်။
ကျွန်းသားများသည် ရှေ့သို့တိုးလာကာလက်စ်လိုင်းကို လုံးလုံးလျားလျား ဝိုင်းထားကြသည်။
ဤလူများစုဝေးနေသည်ကိုမြင်တော့လက်စ်လိုင်းသည် သူ့လက်များကို မြှောက်လိုက်သည်နှင့် အားလုံးက သူ့ကိုအာရုံစိုက်လာကာ သူ့ပတ်ဝန်းကျင်ရှိ အသံများ လျင်မြန်စွာရပ်တန့်သွားခဲ့သည်။
“လူတိုင်းကို သတင်းကောင်းလေးတစ်ခု ကြေညာချင်ပါတယ်။ ဒီကျွန်းမှာ မှော်စက်အစိတ်အပိုင်း ပြုပြင်ရေး စက်ရုံဖွင့်ဖို့အပြင် သံမဏိစက်ရုံနဲ့ မိုင်းတွင်းတစ်ခုဖွင့်ဖို့ ပြင်ဆင်နေတဲ့အချိန် ရောက်လာပါပြီ။ လောလောဆယ်တော့ အလုပ်သမား နှစ်ထောင်လောက် ခေါ်ယူဖို့ လိုနေပါတယ်....."
ထိုစကားကိုကြားပြီးနောက် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။
အလုပ်သမားအယောက် နှစ်ထောင် ?
ဘုရားရေ၊ ဒီကောင်းကင်ကျွန်းမှာ စုစုပေါင်း လူနှစ်သောင်းကနေ သုံးသောင်းလောက်ပဲ ရှိတာလေ။ Frestech ကုန်သည်ကြီးများအသင်းက ဒီလူဦးရေရဲ့ ဆယ်ပုံတစ်ပုံကို ရုတ်တရက် ခေါ်ယူချင်နေတာပဲ။
အလုပ်မလုပ်နိုင်သော ကလေးများနှင့် သက်ကြီးရွယ်အိုများကို ဘေးဖယ်ထားလိုက်လျှင် ကျွန်းပေါ်၌ အရွယ်ရောက်သူ တစ်သောင်းရှိကာ၊ ၎င်းတို့ထဲက တော်တော်များများဟာ တစ်လကို ရွှေဒင်္ဂါးငါးပြား ရအောင်ရှာနိုင်သည် အလုပ်အကိုင်ကောင်းတွေ ရနိုင်ကြပါ၏။
ထို့အပြင်၊ ဤဆာလက်စ်လိုင်း၏လေသံကိုအခြေခံရလျှင် ဤစက်ရုံနှစ်ရုံနှင့် မိုင်းတွင်းသည် ဆိပ်ကမ်းကဲ့သို့ ကာလတိုစီမံကိန်းမဟုတ်ဘဲ ရေရှည်အတွက်ဖြစ်သည်။
ဆိုလိုသည်မှာ ကျွန်းရှိလူများသည် ရေရှည်နှင့် တည်ငြိမ်သော ၀င်ငွေရရှိရန် ထိုနေရာတွင် အလုပ်လုပ်ဖို့ အခွင့်အလမ်းရှိမည်ဖြစ်သည်။
ကျွန်း၏သယံဇာတများပေါ်တွင်သာ မှီခိုကာ ရှင်သန်နေထိုင်နိုင်သူများအတွက်၊ ဤသည်မှာ အကြီးမားဆုံးကောင်းချီးဖြစ်သည်။
ရွှေဒင်္ဂါးများသည် ကမ္ဘာနှင့် သီးသန့်ဖြစ်နေသော ကောင်းကင်ကျွန်းတွင် အဓိပ္ပါယ်များစွာမရှိသော်လည်း၊ ယခု Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုသည် စိုင်စ်နယ်မြေကြီး၏ထုတ်ကုန်များကို တို့နှင့်အတူယူဆောင်လာသောကြောင့်ရွှေဒင်္ဂါးပြားများအတွက် အသုံးဝင်လာခဲ့သည်။
ဥပမာအားဖြင့်၊ ပူပြင်းသည့်နွေရာသီ၌ လူတွေဆီသို့ အေးမြသောလေကိုယူဆောင်လာနိုင်သည့် မှော်ပန်ကာတစ်လုံးကို ရွှေဒင်္ဂါးသုံးပြားနှင့် ဝယ်လို့ရပါ၏။
ဟိုအရင်တုန်းကလိုဆိုပါလျှင် ကျွန်းသားတွေဟာ တစ်ခုကိုရရန် ဆေးပင်များစွာကိုပင် စုဆောင်းရလိမ့်မည်။ သို့သော် အခု ဤအလုပ်ကို လုပ်နိုင်ပါက တစ်လမှာ အလုပ်တစ်ခု ရနိုင်မည်ဖြစ်သည်။
“ဆာလက်စ်လိုင်း၊ ကျုပ် စာရင်းသွင်းချင်တယ်!" လူအုပ်ထဲမှ အသံတစ်ခု ထွက်လာသည်။
လူအုပ်ကြီးသည် တိတ်ဆိတ်နေသော်လည်း ဤခေါ်ဆိုမှုကြောင့်လက်စ်လိုင်း၏အာရုံစိုက်မှုကိုရရှိရန် ကြိုးပမ်းရင်း လူတိုင်းလက်ထောင်ပြလာကြသည်။
လက်စ်လိုင်းသည် လူအုပ်ကို ငြိမ်သက်စေရန် သူ့လက်ကို မြှောက်လိုက်သည်။
“အားလုံးပဲ နားထောင်ပေးကြပါ။ အလုပ်သမား ခေါ်ယူနည်းနဲ့ ပတ်သက်ပြီးကတော့ စက်ရုံတွေနဲ့ မိုင်းတွေ ဆောက်ပြီးရင် ဝန်ထမ်းခေါ်ယူမှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် ဒီမတိုင်ခင်မှာ စက်ရုံနှစ်ခုနဲ့ သတ္တုတွင်း နှစ်ခုကို အရင်တည်ဆောက်ဖို့ လူအင်အား များများလိုအပ်ပါတယ်။ စက်ရုံနှစ်ရုံနဲ့ မိုင်းတွင်းကို ဆောက်ဖို့ ကူညီပေးလိုတဲ့ သူတွေအတွက် ဝန်ထမ်းခေါ်ယူမှုကို ခဏတာ လုပ်ပါမယ်။ ကျုပ်တို့က ခင်ဗျားအထဲက အကောင်းဆုံးကို ရွေးမှာပါ၊ နားလည်ရဲ့လား"
လက်စ်လိုင်းက ထိုသို့ပြောလိုက်ရာ ယခင်က အတွေ့အကြုံတွေဖြင့် လူတို့က ဤအစီအစဉ်ကို အလွယ်တကူ လက်ခံနိုင်ခဲ့ကြသည်။
ထိုကြေညာချက်အပြီးမှာ ၎င်းတို့သတ်မှတ်ပြီးသား ငွေလဲဧရိယာကို သွားကြသည်။
လက်စ်လိုင်းသည် ဤတစ်ကြိမ်တွင် ကြီးမားသောသင်္ဘောစုကို ယူဆောင်လာသောကြောင့် ၎င်းတို့သည် သဘာဝအတိုင်း စိုင်စ်နယ်မြေကြီးမှ ကုန်ပစ္စည်းများစွာကို ယူဆောင်လာခဲ့သည်။ ကျွန်းမှလူများသည် Frestech ကုန်သည်ကြီးများအသင်း လိုအပ်သောဟင်းသီးဟင်းရွက်များနှင့် သတ္တုရိုင်းများကိုအသည်းအသန်စုဆောင်းထားပြီးဖြစ်သည်။
နှစ်ဖက်စလုံးက ဆိပ်ကမ်းမှာ အရောင်းအဝယ်ဖြစ်တာကြောင့် အတော်လေးကို အသက်ဝင်နေ၏။
လက်စ်လိုင်းက ၎င်းကို အဝေးကနေ ကြည့်နေခဲ့ပြီး မနေနိုင်စွာ ခေါင်းခါမိသည်။
ကောင်းကင်ကျွန်းသည် ပင်လယ်ဖြင့် သီးခြားခွဲထုတ်ခံထားရပြီး စိုင်စ်နယ်မြေမှ သီးသန့်ဖြစ်နေသည်မှာ ကြာလှပြီဖြစ်သောကြောင့် အခြေခံငွေကြေးစနစ်ပင်မရှိသည့်အပြင် ၎င်းတို့သည် ဤရှေးဟောင်း ငွေပေးငွေယူနည်းလမ်းကိုသာ အသုံးပြုနိုင်သည်။
ဤနေရာတွင် ယုံကြည်စိတ်ချရသော အခြေခံတစ်ခုကို ဖန်တီးရန်၊ အားထုတ်မှု အနည်းငယ် လိုအပ်မည်ထင်သည်။
လက်စ်လိုင်းသည် အနာဂတ်အကြောင်း စဉ်းစားနေချိန်တွင် လက်အောက်ငယ်သားတစ်ဦးမှ ရောက်ရှိလာသည်၊ "ဆရာ၊ ဟိုဘက်ကမ်းက လှုပ်ရှားမှုရှိတယ်"
“အိုး?"လက်စ်လိုင်းသည် မျက်ခုံးပင့်ကာ သူ့လက်အောက်ငယ်သားကို သင်္ကေတဖြင့် အချက်ပြလိုက်သည့် “ အစီအစဉ်အတိုင်း လိုက်နာကြဖို့ အမိန့်ပေးလိုက်”
“ဟုတ်ကဲ့။”
လက်အောက်ငယ်သားသည် အမိန့်ပေးရန်အတွက် ထွက်ခွာသွားသည်။
လက်စ်လိုင်းသည် မြစ်ဆိပ်ရှိ မှောင်ရိပ်များတွင် ဆက်လက် ပုန်းအောင်းနေပြီး ဆယ်မိနစ်ခန့် တိတ်တဆိတ် စောင့်ပြီးနောက်၊ မြေပြင်မှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
“သူတို့က ဒီမှာပဲ။"
လက်စ်လိုင်းသည် ကျွန်းထဲသို့ သေချာစွာ လှည့်ကြည့်လိုက်တော့ လူအုပ်ကြီး ဝင်လာနေသည်ကို တွေ့လိုက်ရသည်။
သင်္ဘောသားတွေနှင့် အရောင်းအဝယ်လုပ်ကြသည့် ကျွန်းသားတွေက ထိုအသံကိုကြားပြီး လှည့်ကြည့်လိုက်သော် ၎င်းတို့၏အမူအရာတွေ အားလုံးပြောင်းသွားသည်။
"ဒါ တော်ဝင်မိသားစုပဲ!"
“ဘုရားရေ! သူတို့ဘာလို့ဒီကိုရောက်နေတာလဲ။"
"သူတို့ ဒီကို ဘာအတွက်လာကြတာလဲ"
"မဟုတ်မှ သူတို့......"
......
ခဏကြာတော့ ထိုအဖွဲ့ က ကမ်းခြေကို ရောက်လာသည်။ အမျိုးမျိုးသောအဝတ်အစားများ ဝတ်ဆင်ထားသော လူတစ်စုသည် ၎င်းတို့၏လက်ထဲတွင် သံလက်နက်မျိုးစုံကို ကိုင်ဆောင်ထားသည်။ ၎င်းတို့၏ဖွဲ့စည်းပုံမှာ ပြန့်ကျဲနေပြီး ယူနီဖောင်းဝတ်ထားခြင်းမရှိသော်လည်း လေ့ကျင့်မှု အတိုင်းအတာတစ်ခုအထိရှိသောကြောင့် ၎င်းတို့အား လက်နက်ကိုင်တပ်ဖွဲ့ဟု သတ်မှတ်နိုင်သည်။
ထိုလူများကြားတွင် မြင်းနှစ်ကောင်ပါသော မြင်းလှည်းကြမ်းတစ်စီး ရှိပြီး မြင်းလှည်းထဲတွင် ခေါင်းပေါ်တွင် အထူးကြီးမားသော သရဖူဆောင်းထားကာ တောင်တစ်တောင်ကဲ့သို့ ဆူဖြိုးသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိသည်။ ထိုသရဖူက သူ့ဦးခေါင်းကို တစ်ခုလုံးနီးပါးကို ဖုံးထားပြီး သူ့မျက်နှာသွင်ပြင်ကို မမြင်နိုင်လောက်အောင်ပင်။
ထိုလူများ ရပ်သွားပြီးနောက်တွင် အမျိုးသားတစ်ဦး ထွက်လာပြီး ကမ်းခြေကို လှမ်းကြည့်ကာ ကျယ်လောင်စွာပြောလာသည်၊ “ဒီမှာ လူတွေ ဒီလောက်များနေတာ ဘာအတွက်ကြောင့်လဲ။ ဒုက္ခရှာချင်လို့လား"
ကမ်းခြေရှိ ကျွန်းသားများသည် လှုပ်လှုပ်ရှားရှားဖြစ်နေကြရာမှ ရပ်သွားကာ ကမ်းခြေပေါ်တွင် တစ်ချိန်လုံး မလှုပ်မရှား ထိုင်နေသောလက်စ်လိုင်းကို လှည့်ကြည့်လိုက်ကြသည်။
“ကြည့်ရတာ ငါ့အလှည့်ဖြစ်ပုံပဲ။"
လက်စ်လိုင်းသည် ခပ်ဖျော့ဖျော့ပြုံးကာ မတ်တပ်ထရပ်၍ မျက်နှာထက်တွင် တည်တည်ငြိမ်ငြိမ်ဟန်ဖြင့် ထိုအဖွဲ့ဆီသို့ လျှောက်သွားလိုက်သည်။