အခန်း (၇၁-၈၀)
Vol. 6 Ch. 71-80
Vol 6, အခန်း ၇၁။ အရှင်မင်းကြီးထံ နှုတ်ခွန်းဆက်သခြင်း
ကမ်းခြေရှိလူတိုင်းသည် ရုတ်တရက်ပေါ်လာသော စစ်သည်များရှေ့တွင် ရပ်နေသည့်လက်စ်လိုင်းကိုကြည့်နေကြသည်။
"မင်းဘယ်သူလဲ?" အသံကျယ်နှင့် အော်ခဲ့သည့်လူကလက်စ်လိုင်းကို မေးလာသည်။
လက်စ်လိုင်းသည် ၎င်းကို လျစ်လျူရှု၍ မြင်းလှည်းပေါ်ရှိ အသားတုံးကြီးထံသို့ လှည့်ကြည့်လိုက်သည်။
"ခင်ဗျားက အရှင်မင်းကြီး အန်တိုရီ များလား"
ထို“အသားတုံးကြီး” ထံ၌ မျက်လုံးများအတွက် အဟနှစ်ခုရှိပြီး ၎င်းတို့ကို သူ့မျက်နှာထက်ရှိ အဆီများနှင့် တွန်းဖွင့်ကာ သူ့ကိုကြည့်လာသည်။
"မင်းကရော?"
"မင်္ဂလာပါ အရှင်မင်းကြီး အန်တိုရီ ကျုပ် စိုင်စ်နယ်မြေကြီးအသင်းက ဒီသင်္ဘောစုရဲ့ ခေါင်းဆောင်ပါ။ ကောင်းကင်ကျွန်းမှာ နေထိုင်သူတွေနဲ့ စီးပွားရေးနည်းနည်းလုပ်ဖို့ ဒီတစ်ခါရောက်လာတာပါ။”
"ဒီတစ်ခါ?" အန်တိုရီ ဟုခေါ်သော အသားတု၌ရှင်ဘုရင်က မေးလာ၏၊
“ဒါက မင်းတို့ရဲ့ပထမဆုံးအကြိမ် မဟုတ်ဘူးလား”
လက်စ်လိုင်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားကာ အေးစက်စက်ပြုံးလိုက်သည်။
သူ့ရှေ့ရှိ ဤဘုရင် အန်တိုရီ မှာ ကောင်းကင်ကျွန်း၏ လက်ရှိအုပ်ချုပ်သူပါပင်။
ကျွန်းရှိနေထိုင်သူများထံမှ သတင်းအချက်အလက်များကို အခြေခံရလျှင် ၎င်းတို့သည် ယခင်တည်းက စိုင်စ်နယ်မြေကြီးများအသင်းမှ လာခြင်းဖြစ်သည်။ သူ့ရှေ့ရှိ ဘုရင်အန်တိုရီသည် ကောင်းကင်ကျွန်းကို လက်ရှိအုပ်စိုးသူဖြစ်သည်။၎င်းတို့သည် စိုင်စ်နယ်မြေရှိ အင်ပါယာတစ်ခု၏ တော်ဝင်မိသားစုများဖြစ်သည်ဟု ဆိုထားသောကြောင့် ၎င်းတို့သည် ဤနေရာသို့ ရောက်လာသောအခါတွင် အစောင့်အကြပ်အနည်းငယ်ကို ခေါ်ဆောင်လာခဲ့သည်။
ဤအာဏာဖြင့် အန်တိုရီ တော်ဝင်မိသားစုသည် ကောင်းကင်ကျွန်းတစ်ခုလုံးကို အချိန်ပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး ကျွန်းပေါ်ရှိအရင်းအမြစ်အားလုံးကို ၎င်းတို့၏လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
ဤကျွန်းသည် အလွန်ကြီးမားသော်လည်း အန်တိုရီ တော်ဝင်မိသားစုကို ခုခံရန် လုံလောက်သော စွမ်းအားမရှိပေ။ ထို့ကြောင့် ကျွန်းပေါ်တွင် နှစ်ပေါင်းတစ်ထောင်ကျော် အာဏာအလွဲသုံးစားလုပ်ခဲ့သော် လည်း ၎င်းတို့ကို ဆန့်ကျင်သူမရှိပေ။
သို့သော် ဤဘုရင်ကြီးကို သူ့မျက်လုံးနှင့်မြင်သော်လက်စ်လိုင်းက လှောင်ပြောင်ရုံသာ တတ်နိုင်ခဲ့၏။
သူ့ဖွဲ့စည်းပုံပေါ်အခြေခံ၍ မည်သူမျှ သူ့ကိုမလွန်ဆန်နိုင်သော်လည်း သူ၏အာဏာကို အလွဲသုံးစားလုပ်ခြင်းမှာ မှားယွင်းသောအချက်ဖြစ်သည်။
ဘုရင်ကြီးနှင့် မြင်းလှည်းကြမ်းကို အားနည်းစွာ ဆွဲလာကြသည့် မြင်းများအား စီးနင်းနေခြင်းကိုမြင်သော် သူ၏နေထိုင်မှုအခြေအနေသည် ထိုမျှလောက်မကောင်းမွန်သည်ကို တွေ့မြင်နိုင်သည်။
ဟုတ်ပါ၏၊ ကျွန်းမှာနေထိုင်သူဆင်းရဲသားတွေနှင့် နှိုင်းစာလျှင် ၎င်း ဘုရင်ကြီးဟာ ဆူဖြိုးပြီး သူ့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်သည်။
"ဒါက ပထမဆုံး အကြိမ်မဟုတ်ပါဘူး၊ ဘာလို့များလဲ။ အရှင်မင်းကြီးက ပြဿနာတစ်ခုခုရှိလို့လား"လက်စ်လိုင်းက မေးလိုက်သည်။
"ပြဿနာရှိလားလို့ မေးရဲသေးတာလား။" ဘုရင် အန်တိုရီ သည် အနည်းငယ်မောပန်းလာကာ နှာမှုတ်၍ အသက်ရှူဝအောင်ရှူလိုက်သည်။ သူဟာ သူ့အတွက် အော်ငေါက်ရန် တာဝန်ရှိသူကို ညွှန်ပြလိုက်၏။
ထိုလူက နားလည်ကာ အော်လာသည်၊ “မင်း နားမလည်ဘူးလား။ ဒါ ကောင်းကင်ကျွန်းပဲ၊ မင်းဒီကိုရောက်ကတည်းက ကောင်းကင်ကျွန်းရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။"
"ဒါဆို ကောင်းကင်ကျွန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုလဲဆိုတာ ပြောပြပေးလို့ရမလား"လက်စ်လိုင်းက ပြုံးပြီး မေး၏။
"အဓိပ္ပာယ်မရှိတာ၊ ကျွန်းရဲ့စည်းမျဉ်းတွေမှာ သဘာဝအားဖြင့် ရှင်ဘုရင်က အကြီးမြတ်ဆုံးပဲ။ မင်းတို့တွေက ကျွန်းကလူတွေနဲ့ စီးပွားရှာဖို့ ဒီကိုလာခဲ့တာမို့၊ အရှင်မင်းကြီးကို အရင်ဆက်သွယ်ပြီး ခွင့်ပြုချက်ယူရမှာ မဟုတ်ဘူးလား?"
"ကျုပ်တို့တကယ်မလုပ်ခဲ့မိတာပဲ။"လက်စ်လိုင်းသည် ဝန်ခံပြီးနောက် ဘုရင်အန်တိုရီထံသို့ လှည့်လိုက်သည် "ဒါဆို အရှင်မင်းကြီး၊ အရှင့်ရဲ့ခွင့်ပြုချက်ကို ကျုပ်တို့ဘယ်လိုလုပ်ရယူရမလဲ"
ဘုရင် အန်တိုရီ သည် ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ အသာ နှာမှုတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာလက်စ်လိုင်းကို ဂရုစိုက်ရန် ပျင်းလာသည်။
"မင်းက ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တော့ စိုင်စ်နယ်မြေကြီးက လာတဲ့အတွက် စိုင်စ်နယ်မြေမှာရှိတဲ့ နိုင်ငံတိုင်းရဲ့ ဓလေ့ထုံးစံတွေကို မသိဘူးလား။ အခွန်ပေးဆောင်ရမယ်။ ကျွန်းပေါ်မှာ စီးပွားရေးလုပ်ရတာ ပြဿနာမဟုတ်ပေမယ့် အခွန်မဆောင်ရင် လုပ်ဖို့ မစဉ်းစားနဲ့။”
လက်စ်လိုင်းက ရယ်ရင်း "ဒါဆို ကျုပ်က မပေးချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
“မပေးချင်ဘူးလား" ထိုလူက အေးစက်စက် နှာမှုတ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။
ဘုရင် အန်တိုရီ ပတ်လည်ရှိ လူနှစ်ရာကျော်သည် ၎င်းတို့၏လက်နက်များကို ကိုင်မြှောက်ကာလက်စ်လိုင်းကို ချိန်လာသည်။
လက်စ်လိုင်းက ၎င်းတို့ကိုကြည့်ရင်း အထင်အမြင်သေးဟန်ဖြင့် ခေါင်းခါပြလိုက်သည် “အရှင်မင်းကြီးက အခြေနေကို လုံးဝ နားမလည်ဘူးပဲ”
ထိုစကားတွေကို ပြောလိုက်ပြီးနောက်လက်စ်လိုင်းက သူ့၏ညာလက်ကို မြှောက်လိုက်ရာ ကမ်းခြေသို့ လူပေါင်းများစွာက ခုန်ထွက်လာကြပြီး ဘုရင် အန်တိုရီs နှင့် လူနှစ်ရာကို ဝိုင်းထားလိုက်ကြသည်။
ဝိုင်းထားခံရသောအခါ ဘုရင်အန်တိုရီမှာ အံ့အားသင့်သွားသည်။ သူဟာလက်စ်လိုင်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ ပြူးကျယ်လာကာ ပြောလာ၏၊ “မင်း ဘာလုပ်ချင်တာလဲ ? ပုန်ကန်ချင်တာလား"
"ပုန်ကန်တယ်?"လက်စ်လိုင်းက မနေနိုင်စွာ ပြုံးကာ "အရှင်မင်းကြီး ခင်ဗျားရဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ မလိုပေမယ့် နည်းနည်း လေ့လာဖို့တော့ လိုနေပုံရတယ်။ သူပုန်ဆိုတဲ့ စကားလုံးကို အခုလက်ရှိ အခြေအနေမှာ သုံးလို့မရပါဘူး။”
“မင်း......"
ဘုရင့် အန်တိုရီ က တခြားအရာတွေကို ပြောချင်သော်လည်း ပါးစပ်ကိုဖွင့်လိုက်သည်နှင့်လက်စ်လိုင်းက လက်ကိုရုတ်တရက် မြှောက်လိုက်ကာ အချက်ပေးလိုက်သည်။
“ရှူး!”
မြှားတစ်စင်းသည် လေထဲသို့ပျံသွားကာ ဘုရင် အန်တိုရီ ၏လည်ချောင်းမှတဆင့် တည့်တည့် ထိုးဖောက်သွားကာ မြှား၏အမြီးသာကျန်သည့်အထိ နက်နဲစွာနစ်မြုပ်သွားခဲ့သည်။
ဘုရင် အန်တိုရီ သည် သူ့အတွက် လှုပ်ရှားရန် ခက်ခဲသော သူ၏ အပေါ်ပိုင်း ခန္ဓာကိုယ်ကို ရွေ့လျားရန် ခဲယဉ်းသဖြင့် မြင်းလှည်းပေါ်မှ ပြုတ်ကျကာ ကျယ်လောင်သော အသံထွက်ပေါ်လာသည်။
ကမ်းခြေသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုအခါ ဘုရင်အန်တိုရီအစား အမိန့်ပေးသူသည် ထိတ်လန့်သောဟန်ဖြင့် အော်ဟစ်လိုက်သည်။
“ဘုရားရေ! သူတို့ မြန်မြန်သတ်......"
"ရှူး!"
နောက်ထပ်မြှားတစ်စင်းကလည်း သူ့လည်ချောင်းကို ဖောက်ဝင်သွားပြီး လည်ချောင်းထဲမှာ ကျန်နေသည့် စကားလုံးတွေကို ပိတ်ဆို့လိုက်သည်။
ထိုလူသည် ဘုရင် အန်တိုရီ ထက် အနည်းငယ် ပိုခံနိုင်သော်လည်း သူ၏ လည်ပင်းဆီသို့ သူ့လက်ကို ပို့ကာကာ အသံအနည်းငယ်သာထွက်ပြီး မြေပေါ်သို့ လဲကျသွားသည်။
လှုပ်ရှားရန်ပြင်နေသော ဘုရင် အန်တိုရီ ၏ လက်အောက်ငယ်သား အနည်းငယ်သည် ဘုရင် အန်တိုရီ နှင့် မြေပြင်ပေါ်ရှိ လဲကျနေသူကို ငေးမောကြည့်ရင်း ရပ်တန့်သွားကြသည်။ ခဏအကြာတွင် မည်သူက အရင်အော်သည်ကို မသိသော်လည်း ၎င်းတို့အားလုံး ပြန့်ကျဲသွားကြသည်။
သို့သော် ၎င်းတို့ခေါင်းထက်တွင် မီးနီများပေါ်လာကာ အဝေးသို့မပြေးနိုင်ခဲ့ကြပေ။
“ဟုန်း ဟုန်း ဟုန်း ဟုန်း"
ပေါက်ကွဲမှုများစွာကြောင့် ၎င်းတို့ရှေ့ရှိ မြေဆီလွှာများ များက ၎င်းတို့ကို တောင့်ခဲသွားစေကာ လှုပ်ရှားခွင့်မပြုပေ။
“ဒီကျွန်းက ထင်သလောက် မကြီးပါဘူး၊ ဒါကြောင့် ထွက်ပြေးဖို့ မစဉ်းစားနဲ့။ မင်းတို့အားလုံး ငါ့အမိန့်ကို နားထောင်၊ ဒါမှမဟုတ် ငါလည်း မင်းတို့ကို သတ်နိုင်တယ်။ မဟုတ်ရင်တော့လား......"
လက်စ်လိုင်း၏ အေးစက်သော အသံ ထွက်ပေါ်လာပြီးနောက် ဘုရင် အန်တိုရီ ၏ လက်အောက်ခံ များသည် တစ်ဦးကိုတစ်ဦးကြည့်၍လက်စ်လိုင်းဘက်သို့ လှည့်၍ ဒူးထောက်လာကြသည်။
“အရှင်မင်းကြီးကို ကြိုဆိုပါတယ်!”
ထိုသို့ အော်ဟစ်မှုကြောင့် အဖြစ်အပျက်ဟာ မည်မျှမြန်မြန်ပြောင်းလဲသွားသည်ကို အံ့အားသင့်ခဲ့ကြသည့် ဒေသခံတွေအားလုံးက နောက်ဆုံးမှာတော့လက်စ်လိုင်းကို ဒူးထောက်ပြီး တုံ့ပြန်လာခဲ့ကြသည်။
“အရှင်မင်းကြီးကိုကြိုဆိုပါတယ်”
သူ့ဘေးမှာ ဒူးထောက်နေသည့်လူတွေကို ကြည့်ရင်းလက်စ်လိုင်းက အနောက်မြောက်ဘက်ကို လှည့်ကြည့်လိုက်ရင်း ပြုံးလိုက်၏။
“ဒီပြဿနာကို အမြန်ဖြေရှင်းဖို့၊ တိုက်ရိုက်နည်းလမ်းတွေကို သုံးဖို့ လိုတယ်လို့ ငါ ပြောထားပြီးသားပဲ။ တကယ်လို့သာ အဲ့ကောင်ရှုယီဆိုရင် သူ့အထင်နဲ့သူ ဘယ်လောက်ကြာကြာ ကြာနေမယ်ဆိုတာ ဘယ်သူသိမလဲ။"
“ဟက်ချိုး။"
ရှုယီက ပြင်းပြင်းထန်ထန် နှာချေလိုက်သည်။ သူဟာနှာခေါင်းကို မနေနိုင်စွာ ပွတ်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
သူ မဟာမှော်ပညာရှင်ဖြစ်လာကတည်းက၊ ဤနှစ်များအတွင်း တစ်ကြိမ်မျှ နှာချေခြင်းမရှိပေ။ ဘာလို့ ရုတ်တရက် နှာချေတာများလဲ?
“ငါ စောစောက နေကို မော့ကြည့်မိလို့ များလား” ရှုယီသည် မျက်မှောင်ကုပ်၍ ခေါင်းကို မော့လိုက်ပြီး ကြည့်လိုက်သော် နွေဦးအစောပိုင်းနေရောင်သည် မွန်းတည့်နေသော်လည်း ထိုမျှမပြင်းထန်ကြောင်း ခံစားလိုက်ရသည်။ သူ့ကို ဒီလောက်က နှာချေစေဖို့ မလုံလောက်ပေ။
"ဥက္ကဌရှု၊ ကျုပ်တို့ရှေ့က ဒီ မှော်လေသင်္ဘောတွေက ကျုပ်တို့ ဒီကိုယူလာခဲ့တဲ့ မှော်လေသင်္ဘာနဲ့တူတူပဲလား?" အီထရိုသည် ရှုယီကို ရုတ်တရက် မော့ကြည့်လိုက်ရာ မှော်လေသင်္ဘောများစွာ ဖြတ်ကျော်ပျံသန်းနေသည်ကို တွေ့လိုက်ရသဖြင့် မေးလာသည်။
“အမ်? အင်း......ဟုတ်တယ်၊ ဒါတွေက ပထမမျိုးဆက် မှော်လေသင်္ဘောတွေပဲ၊ သူတို့က မော်ဒယ်(ဥပမာ)တွေပါပဲ" ရှုယီက ပြန်ပြောသည် ။
“ပထမမျိုးဆက်?" အီထရိုသည် မျက်လုံးများကို မှေးစဉ်းထားပြီး ကောင်းကင်ရှိ မှော်လေသင်္ဘောများကို လိုက်ကြည့်နေသည်။ ၎င်းတို့ မိုးကုပ်စက်ဝိုင်းတစ်လျှောက် ပျောက်ကွယ်သွားသောအခါ သူသည် ရှုယီထံသို့ ပြန်လှည့်ကာ လေးနက်စွာ မေးလိုက်သည်၊ “ဥက္ကဌရှု၊ ခင်ဗျား ဒီ မှော်လေသင်္ဘောတွေကိုရောင်းနေလား။"
"ဘာလဲ? ခင်ဗျားကရော ဝယ်ချင်တာလား။”
"ဟုတ်တယ်။" အီထရိုက ခေါင်းငြိမ့်သည်၊ “ဒီအရာတွေက အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားတွေထက် ပိုစျေးကြီးမယ်ဆိုတာ ကျုပ်သိပေမယ့် သူတို့မှာ တင်ဆောင်နိုင်မှု ပိုရှိမှာမဟုတ်ဘူးလား၊ ကောင်းကင်ကို ဖြတ်ပျံနိုင်တဲ့ သူတို့ရဲ့ စွမ်းရည်ကို အခြေခံကြည့်ရုံနဲ့ အချိန်အများစုမှာ တွေးကြည့်ရခက်မယ့် အခန်းကဏ္ဍတစ်ခုမှာပါဖို့ လုံလောက်တယ်။ ပြောပြပါ၊ ခင်ဗျားတို့ ကုမ္ပဏီက ဒါတွေကို ရောင်းဖို့ ဆန္ဒရှိလား"
“ဖြစ်နိုင်ရင် ကျုပ်သူတို့ကို ရောင်းချင်ပါတယ်” ရှုယီက သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ကိုဖြန့်သည် “ဒါပေမယ့် ဒီ မှော်လေသင်္ဘောအတွက် ကျုပ်တို့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုစွမ်းရည်က မမြင့်မားသေးဘူး။ ဒီအခြေအနေအထိ၊ တစ်နှစ်ကို မှော်လေသင်္ဘောအစင်းသုံးဆယ်အောက်ပဲ လုပ်နိုင်တဲ့အတွက်ကြောင့် ခင်ဗျားကို ပေးနိုင်တဲ့ အပိုမရှိဘူး”
"ဟုတ်လား? ဒါက နှမျောစရာကောင်းလွန်းတယ်။” အီထရိုသည် သူ့စိတ်ထဲတွင် မလိုလားသော ခံစားချက်တစ်ခုဖြင့် ပျောက်ကွယ်သွားသော မှော်လေသင်္ဘောများဆီသို့ ပြန်လှည့်ကြည့်ရင်း စိတ်ပျက်နေသောဟန်ရှိနေသည်။ ၎င်းကို စဉ်းစားပြီးနောက် သူက ထပ်မေး၏၊ "ဒါဆို ဥက္ကဌရှု၊ ကျုပ်ကို ဆယ်စီးလောက် အရင်ရောင်းပေးနိုင်မလား..... အိုး၊ မဟုတ်ဘူး ငါးစီး..ငါးစီးနဲ့ လုံလောက်ပါတယ်။ ခင်ဗျားတို့ကုမ္ပဏီက တစ်နှစ်ကို မှ သုံးဆယ် ထုတ်လုပ်နိုင်တယ်ဆိုရင် ငါးစီးလောက် ရောင်းဖို့က ပြဿနာမရှိလောက်ပါဘူး။ ကျုပ် ခင်ဗျားကျေနပ်မယ့်စျေးနှုန်းကို ကျိန်းသေပေးမယ်လို့ မားလိုအင်ပါယာစစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနကို ကိုယ်စားပြု ကတိပေးနိုင်ပါတယ်။"
“ခင်ဗျား တကယ်လိုချင်နေတာလား?" ရှုယီသည် အီထရို၏ ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့သြသွားသည်။
“ဟုတ်တယ်။” အီထရိုက ထူးဆန်းသည်မှာ သေချာသည် "ဘာပဲဖြစ်ဖြစ်၊ ကျုပ် သရုပ်ပြဗီဒီယိုတစ်ခုပေးဖို့ ဥက္ကဌရှုကို အနည်းဆုံး တောင်းဆိုရမယ်။ ဌာနချုပ်မှာ အထက်အရာရှိတွေကို စည်းရုံးဖို့ အဲဒါကို သုံးလို့ရတယ်။ ဒါဆို ကျုပ်အတွေးတွေကို သူတို့သဘောတူလိမ့်မယ်ဆိုတာ သေချာတယ်။"
ရှုယီက ခေါင်းညိတ်ပြပြီး ခဏလောက် ငြိမ်သွား၏။
“ကောင်းပြီ၊ ခင်ဗျားဘက်က တကယ်စိတ်ဝင်စားရင် မှော်လေသင်္ဘော တော်တော်များများကို ကိုးကားလို့ရပါတယ်။ ဒါပေမယ့် ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ အစီအစဉ်မှာ မပါဝင်တာကြောင့် ဈေးနှုန်းက ......"
“ဥက္ကဌရှု ဈေးနှုန်းအတွက် စိတ်ပူစရာမလိုပါဘူး ကျုပ်တို့ မားလိုအင်ပါယာစစ်တပ်မှာ ဘတ်ဂျက်အရမ်းကောင်းတယ်။ ဌာနချုပ်က အထက်လူကြီးတွေ သဘောကျသရွေ့တော့ ဒါက ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။”
ရှုယီက တစ်ချက်ရယ်သည် “ကောင်းပြီ၊ ဆုံးဖြတ်ပြီးပြီ။ ခင်ဗျားပြန်သွားရင် ခင်ဗျားပြန်ယူသွားဖို့ သရုပ်ပြဗီဒီယိုကို ပေးပါမယ်။ ဗစ်ကောင့်ထ်တို့ဘက်က တကယ်ဝယ်ဖို့ ဆုံးဖြတ်လိုက်ရင်၊ ကျုပ်တို့ ဒီဆွေးနွေးမှုကို ဆက်လုပ်နိုင်တယ်။ ဘယ်လိုထင်ပါလဲ?"
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး”
ထိုကဲ့သို့သော သဘောတူညီချက်တစ်ခုကို ရရှိခဲ့ပြီးနောက် ရှုယီသည် အလွန်ပျော်ရွှင်သွားခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ယခုအချိန်တွင် ထုတ်လုပ်မှုစွမ်းရည်ပြဿနာများရှိနေရာ၊ လမ်ပူရီတိုင်းပြည်ကို မှော်လေသင်္ဘော အစင်းတစ်ရာနှင့်ပင် မထောက်ပံ့ပေးနိုင်ခဲ့သော်လည်း စတေးလ် နှင့် သူ၏ဆက်ဆံရေးကြောင့် သူမနှင့် စကားပြောလိုက်လျှင်အင်ပါယာအတွက် အနည်းငယ် ညှစ်ထုတ်နိုင်လိမ့်မည်။
မားလိုအင်ပါယာသည် အဆင့်မြင့်မှော်စက် ကိုယ်စားပြုသည့် မှော်လေသင်္ဘောများကိုလက်လွှတ်မည်မဟုတ်ကြောင်းသူသေချာသည်။
ဌာနချုပ်ရှိ အထက်အရာရှိများသည် ဤသရုပ်ပြဗီဒီယိုကို မြင်သရွေ့ Frestech ကုန်သည်ကြီးများအသင်းသည် အနာဂတ်တွင် မားလိုအင်ပါယာထံမှ အမှာစာများ ပိုမိုရရှိလာမည်ဖြစ်သည်။
သူ အီထရိုကို သင်္ဘောကျင်းသို့ ပို့ဆောင်ခါနီး၌ Frestech ကုန်သည်ကြီးများအသင်း လက်အောက်ခံတစ်ဦး ရုတ်တရက် ရောက်လာခဲ့ပါ၏။ သူဟာ ရှုပ်ထွေးသောအကြည့်ဖြင့် အီထရိုကိုကြည့်ပြီးနောက် ရှုယီထံသို့ လှည့်ကြည့်လာသည်။
“ခွင့်ပြုပါဦး။” ရှုယီနားလည်ပြီး အီထရိုကို ခွင့်တောင်းကာ သူ့လက်အောက်ငယ်သားကို ခေါ်လိုက်၏။
“ဥက္ကဌ၊ တစ်ခုခုဖြစ်သွားပြီ” လက်အောက်ငယ်သားက ရှုယီ၏နား,နားကို ငုံ့ကိုင်း၍ စိုးရိမ်သော အသံဖြင့် ပြောလိုက်သည်။
"ဘာဖြစ်တာလဲ?" ရှုယီက အံ့ဩမနေဘဲ အေးဆေးတည်ငြိမ်သော အသံနှင့် မေးလိုက်၏။
လက်အောက်ငယ်သားက အဝေးမှ အီထရိုကို ကြည့်ကာ ပြောလာသည်၊ "မင်းသားဖရန့်ခ်စေလွှတ်လိုက်တဲ့လူတွေက အခုမှရောက်လာပြီး မားလိုအင်ပါယာရဲ့လူတွေနဲ့ ထိပ်တိုက်ဆုံသွားတယ်။ လောလောဆယ်တော့ သူတို့အခြေအနေက အဆင်မပြေဘူး။”
"ကန်ဒရာအင်ပါယာကလူတွေလည်း ဒီကိုရောက်နေကြပြီလား" ရှုယီက ၎င်းကို မမျှော်လင့်ထားရာ အံ့ဩမိသွားသည်။
ခဏလောက်စဉ်းစားပြီးမှ သူဟာ အီထရိုထံကို လျှောက်သွား၏။
“ဗစ်ကောင့်ထ်အီထရိုရောက်လာတဲ့ ဧည့်သည်တချို့ရှိတယ်။ အတူတူတွေ့ချင်လား"
အီထရိုက ရှုယီကို အံ့သြစွာကြည့်လာသည်။
Frestech ကုန်သည်ကြီးများအသင်းဆီ ဧည့်သည်လာတာကို ဘာလို့ရှုယီက သူ့ကို ခေါ်လာရတာလဲ။ သူတို့က သူနဲ့ ပတ်သက်နေလို့လား။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၂။ အင်ပါယာ နှစ်ခုထံမှ သတိပေးချက်
သူ၏ဦးဆောင်မှုအောက်တွင်၊ ရှုယီနှင့် အီထရိုတို့ သည် ပင်မအခြေစိုက်စခန်း၏အလယ်ဗဟိုရှိ ဧည့်ကြိုစင်တာသို့ ရောက်လာသည်။
၎င်းတို့ဝင်လာသောအခါတွင် ရှုယီသည် လေထဲရှိ တောင့်တင်းမှုကို ခံစားလိုက်ရသည်။ ဧည့်ခံခန်းမကျယ်ကြီးတွင် မယုံနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဧည့်သည်များကို ဧည့်ခံနေသော မိန်းကလေးနှစ်ယောက်၏ နူးညံ့သောအသံများကိုပင် သေချာကြားနေရသည်။။
ဧည့်ခံနေသည့် နှစ်ယောက်ကလွဲလျှင် ခန်းမထဲ၌ တခြား ကြီးမားသည့် လှုပ်ရှားမှု မရှိဘူး။ ၎င်းတို့ဘာပဲလုပ်လုပ် တိတ်ဆိတ်သည့် ပတ်ဝန်းကျင်ကို ဖောက်ဖျက်မိမည်အား ကြောက်ရွံ့သလိုမျိုး အားလုံး သတိထားနေကြရ၏။
လူတိုင်း၏မျက်လုံးများသည် သူတို့တစ်ဖက်မှလူများကို စိုက်ကြည့်နေပြီး ထိုအတန်းနှစ်တန်းမှာ တစ်ဖက်ကို တစ်ဖက် စိုက်ကြည့်နေကြသည်။ ဘာမှလုပ်စရာပင် မလိုအောင် လေထဲ၌ ယမ်းနံ့တွေကို အလွယ်တကူ ရနိုင်၏။
အီထရိုသည် ထိုအုပ်စုနှစ်စုကို ကြည့်ပြီးနောက် သူဘယ်ဘက်တွင် ဦးဆောင်သွားနေသည့် မားလိုအင်ပါယာစစ်တပ်မှ ကိုယ်စားလှယ်အဖွဲ့ကို ကြည့်လိုက်သည်။ သူက လျှောက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်ပြီးနောက် တခြားအဖွဲ့ထံ ထူးဆန်းသည့်အမူအရာနှင့် လှည်သည်။
ရှုယီပေါ်လာတာကို သတိမထားမိခင် ၎င်းတို့မှာ အီထရို၏လှုပ်ရှားမှုတွေကို ကြည့်ပြီး တစ်ယောက်က ရှုယီ ကို နှုတ်ဆက်ဖို့ လက်ကို မြှောက်လိုက်၏။
“ဥက္ကဌ ရှု ခင်ဗျားပြန်လာပြီ"
ရှုယီက သူ့ကို ပြုံး၍ ခေါင်းညိတ်ပြသည် "ဆာ ရပ်ဆဲလ်၊ မနက်ဖြန် သဘက်ခါမဗရောက်မယ်လို့ ပြောတာမဟုတ်ဘူးလား။ ဒီနေ့ဘာလို့ဒီရောက်နေတာလဲ"
ကန်ဒရာအင်ပါယာ ရေတပ်၏လက်ထောက်ဦးစီးအရာရှိသည် သူ့ရှေ့ရှိ မားလိုအင်ပါယာမှအဖွဲ့ကိုကြည့်ရှုပြီး “အချိန်ဇယားထက် နှစ်ရက်ကြိုမလာခဲ့ရင် ဘယ်လိုလုပ် ဒီ အံ့ဩစရာဧည့်သည်တွေကို ဘယ်လိုတွေ့မလဲ။"
သူ့လေသံက ထေ့ငေါ့နေဟန်ဖြင့် ပြည့်နှက်နေပြီး သူ့အမူအရာပေါ် အရ စိတ်ထဲ၌ မကျေနပ်မှုနှင့်ပြည့်ကာ ဒေါသတွေတောင် အတိုင်းအတာတစ်ခုအထိ ရှိတယ်ဟု ပြောနိုင်ပါ၏။
သို့သော်လည်း ရှုယီက သူ့စကားထဲရှိ အဓိပ္ပါယ်ကို လုံးဝမကြားရသလို ပြုံးကာ ဆက်၍ပြောသည်။ သူသည် ရှေ့နှစ်လှမ်းတိုးကာ မားလိုအင်ပါယာမှ အဖွဲ့အား ဘယ်ဘက်လက်ကို မြှောက်ပြီး ပြောလိုက်၏၊ “လာ၊ မိတ်ဆက်ပေးပါရစေ။ ဒါက မားလိုအင်ပါယာက ဧည့်သည်တွေပါ။”
ရပ်ဆဲလ်က ဆိုသည် "ဥက္ကဌ ရှု၊ မိတ်ဆက်ပေးစရာ မလိုပါဘူး။ သူတို့က မားလိုအင်ပါယာစစ်တပ်က လာတာပဲ၊ ကျုပ်က သူတို့ကို ဘယ်လိုလုပ် မသိဘဲ နေမလဲ”
"အိုး?" ရှုယီက အီထရို ဘက်လှည့်ပြီး မေးလိုက်သည်၊ "ဒါဆို ဒီဧည့်သည်တွေကို ခင်ဗျားတို့အားလုံးမှတ်မိကြလား"
အီထရိုက မျက်မှောင်ကုပ်ပြီး ရှုယီ ကြည့်၍ ခေါင်းညိတ်ပြသည်၊ “ဟုတ်တယ်၊ သူတို့က သူတို့ရဲ့ အထောက်အထားတွေကို မဖုံးကွယ်ထားဘူးမို့၊ ကျုပ်တို့က သူတို့ကို အသိအမှတ်မပြုရင် နည်းနည်းတော့ လွန်သွားလိမ့်မယ်။ ကန်ဒရာအင်ပါယာရဲ့ တောတွင်းမြေခွေး ဆာရပ်ဆဲလ် မဟုတ်လား"
“တောတွင်းမြေခွေး?" ရှုယီသည် ရပ်ဆဲလ် ကို အံ့သြသော ဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏ "ဆာ ရပ်ဆဲလ်၊ ခင်ဗျားမှာ ဒီလို နာမည်ပြောင်ရှိလိမ့်မယ်လို့ ကျုပ် ဘယ်တုန်းကမှ မထင်ခဲ့ဘူး"
ရပ်ဆဲလ်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည်၊ "ဒါက တခြားသူတွေပေးခဲ့တဲ့ နာမည်ပြောင်ပါ၊ အဲဒါက ဘာမှမဟုတ်ပါဘူး"
“ဆာရပ်ဆဲလ်၊ ဒီလို ကျိုးနွံတာ မမှန်ဘူးလေ။” အီထရို က ထုတ်ပြောလိုက်သည်၊ "ခင်ဗျား ကန်ဒရာအင်ပါယာရဲ့စစ်တပ်မှာရှိနေတုန်းက၊ ကျုပ်တို့ရဲ့ မားလိုအင်ပါယာဟာ ခင်ဗျားရဲ့လက်အောက်ငယ်သားတွေရဲ့လက်ထဲမှာ အကြိမ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့တယ်။ ခင်ဗျားကို နာမည်ပြောင်ပေးတာက ခင်ဗျားကို လေးစားလို့ပဲ။ ခင်ဗျားကဘာမှမဟုတ်ဘူးလို့တွေးရင် ဒါက ကျုပ်တို့ မားလိုအင်ပါယာကို အရှက်ခွဲတာမဟုတ်ဘူးလား။"
“မင်းရဲ့ မားလိုအင်ပါယာက ငါ့အတွက် ဘာအရေးကြီးလို့လဲ" ရပ်ဆဲလ်က မည်သည့်အမူအရာမှမရှိဘဲ ပြောသည်၊ “ငါက တော်ဝင်ရေတပ်ကို ပြောင်းရွှေ့ပြီးတာတင်မကဘူး။ တောတွင်းမြေခွေးဆိုတဲ့ ငါ့ရဲ့ နာမည်ပြောင်က ငါ့အတွက်လည်း ဘာမှ အဓိပ္ပာယ်မရှိဘူး။”
"အဲဒါ တကယ်နှမျောစရာပဲ" အီထရိုက ခေါင်းခါလိုက်သည်၊ "ကန်ဒရာအင်ပါယာရဲ့စစ်တပ်က မင်းလို သန်မာတဲ့ စစ်သည်ကို စွန့်လွှတ်ပြီး ရေတပ်ဆီ ရွှေ့လိုက်တာဟာ တကယ်ကို မိုက်မဲတာပဲ"
ရပ်ဆဲလ်က စကားတစ်ခွန်းမှ မဆိုဘဲ၊ ၎င်းက မှန်ကန်သည့်နှယ် မငြင်းဆန်ပါချေ။
၎င်း၏တုံ့ပြန်မှုအပေါ် အခြေခံ၍ အီထရိုပြောသည်ကို သဘောတူသော်လည်း ၎င်းကို သူ၏အဆင့်အတန်းနှင့် မဖော်ပြနိုင်ပေ။
“ကောင်းပြီ၊ ဆာ ရပ်ဆဲလ်၊ ခင်ဗျားအရင်က ဘာပဲလုပ်လုပ်၊ အခု ဒီမှာရှိနေပြီဆိုတော့ ကျုပ်ရဲ့ ခန့်မှန်းချက်တွေက မှန်တယ်ဆိုရင် Frestech ကုန်သည်ကြီးများအသင်း ရဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တွေအတွက် ဒီရောက်လာတာမဟုတ်လား" အီထရိုကမေးသည်။
"အဲဒါ မင်းနဲ့မဆိုင်ပါဘူး။" ရပ်စယ်က ပေါ့ပေါ့တန်တန် ပြန်ပြော၏။
"ဟုတ်တယ်၊ ဒါက ကျုပ်နဲ့ သက်ဆိုင်သလို ကျုပ်တို့ မားလိုအင်ပါယာတစ်ခုလုံးနဲ့လည်း ပတ်သက်တယ်။" ထိုသို့ပြောပြီးနောက် အီထရိုက ရှုယီကို သူ့မျက်လုံးတွေထဲ သံသယအရိပ်အယောင်နဲ့ လှည့်ပြီးကြည့်လာသည်၊ "ဥက္ကဌ ရှု၊ ဆာ ရပ်ဆဲလ်က စကားမပြောချင်ဘူး၊ ဒါဆို ခင်ဗျား ကျုပ်ကို ပြောဖို့ ဆန္ဒရှိလား"
ရှုယီက ပခုံးတွန့်သည်၊ "အားနာပါတယ်၊ ကျုပ်တို့ရဲ့ ဖောက်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်တာက ကျုပ်တို့ လုပ်ရမယ့် အရာပါ။ ဖောက်သည်ရဲ့ ခွင့်ပြုချက်မရှိဘဲ၊ ဒီအရာကို အခြားသူတွေဆီ ဖော်ပြလို့မရပါဘူး။"
အီထရိုက ခေါင်းညိတ်ပြသည်၊ “ကောင်းပြီ၊ ကျုပ်နားလည်ပါတယ်”
၎င်းကိုပြောပြီးနောက် အီထရိုဟာ ရပ်ဆဲလ်ကို လေးလေးနက်နက်ကြည့်ရင်း သူ့နောက်က မားလိုအင်ပါယာအုပ်စုကို ခေါ်၍ ရှုယီကိုနှုတ်ဆက်ပြီး ထွက်သွားသည်။
သူထွက်သွားပြီးနောက် ရပ်ဆဲလ်သည် ရှုယီကို မေးခွန်းထုတ်သောဟန်ဖြင့်ကြည့်ကာ "ဥက္ကဌ ရှု၊ ဒီမှာဘာတွေဖြစ်နေတာလဲ ကျုပ်ကိုပြောပြလို့ရမလား"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလာသည်"ခင်ဗျားမြင်တဲ့အတိုင်းပါပဲ"
ရပ်ဆဲလ်သည် မျက်လုံးများကို ကျဉ်းမြောင်းထားကာ ၎င်းတို့တွင် အန္တရာယ်ရှိသော တောက်ပမှုတစ်ခု ရှိနေသော်လည်း သူ ဆက်မမေးတော့ပေ။
နှစ်ရက်အကြာတွင် အီထရို ဦးဆောင်သော မားလိုအင်ပါယာ၏ ကိုယ်စားလှယ်အဖွဲ့သည် စတက်တိန်းနယ်မြေမှ ထွက်ခွာကာ မားလိုအင်ပါယာသို့ ပြန်လာခဲ့သည်။
ရှုယီနှင့် သူ၏နောက်ဆုံးဆွေးနွေးမှုအရ၊ မမျှော်လင့်သည့်အရာ ဘာမှမဖြစ်ခဲ့ပါက၊ မားလိုအင်ပါယာ၏စစ်တပ်သည် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်တပ်မှော်စက်အများအပြားကို မှာယူမည်ဖြစ်ကြောင်း ရှုယီအားပြောခဲ့သည်။ သူသည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ မှော်စက်ပစ္စည်းများကို ထိန်းသိမ်းရန်အတွက် ရေရှည်လုပ်ငန်းခွင်ဆက်ဆံရေးကို ထူထောင်လိုသည်။
တစ်ချိန်တည်းမှာပင် ရှုယီကိုလည်း အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာနှင့် အလုပ်လုပ်နေချိန်၌ ကန်ဒရာအင်ပါယာနှင့်လည်း လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။
သူဟာFrestech ကုန်သည်ကြီးများအသင်းအား ၎င်းက မိမိတို့၏ ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေပြီး မားလိုအင်ပါယာအား ၎င်းတို့အပေါ် အယုံအကြည်မရှိဖြစ်စေကြောင်း ရှုယီအား သတိပေးခဲ့သည်။
မားလိုအင်ပါယာ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာပြီး လေးရက်အကြာတွင် ရပ်ဆဲလ် ဦးဆောင်သော ကန်ဒရာအင်ပါယာရေတပ်၏ ကိုယ်စားလှယ်အဖွဲ့အား ရှုယီမှ လိုက်ပို့ခဲ့သည်။
ရပ်ဆဲလ်၏ ဤတစ်ကြိမ်ရည်မှန်းချက်သည် အလွန်ရိုးရှင်းပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်ဆိုင်ရာ မှော်စက်အမျိုးမျိုးနှင့်အတူ အစောင့်သင်္ဘောဆယ်စီးကို မှာယူလိုခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ကန်ဒရာအင်ပါယာရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းထံမှ ၎င်းတို့အား အစောင့်သင်္ဘောများအတွက် နည်းပညာဆိုင်ရာပစ္စည်းများ ပိုမိုပေးအပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ၎င်းက ၎င်းတို့ကို အနာဂတ်တွင် ထိန်းသိမ်းရန် ပိုမိုလွယ်ကူစေသည့်အပြင် လေ့ကျင့်ရေးအစီအစဉ်များကို ပိုမိုလုပ်ဆောင်စေနိုင်သည်။
သို့သော် မားလိုအင်ပါယာမှလူများကိုတွေ့ပြီးနောက် ရပ်ဆဲလ်သည် ရှုယီနှင့်စကားပြောရန်လျှို့ဝှက်စွာတွေ့ရှိခဲ့သည်။
ဤတွေ့ဆုံဆွေးနွေးမှုတွင်၊ ရပ်ဆဲလ်သည် မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာကြား ရန်လိုမှုများကြောင့် သူနှင့် ကန်ဒရာအင်ပါယာ၏ စစ်တပ်များသည် Frestech ကုန်သည်ကြီးများအသင်းကို မားလိုအင်ပါယာနှင့် မပူးပေါင်းစေချင်ကြောင်း ရှုယီအား အလေးအနက်ပြောပြခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ဤသို့လုပ်ဆောင်ရန် အခိုင်အမာဆိုပါက၊ ကန်ဒရာအင်ပါယာ၏စစ်တပ်သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေသည့် Frestech ကုန်သည်ကြီးများအသင်းတွင် ယုံကြည်မှုပျောက်ဆုံးသွားမည်ဖြစ်သည်။
အတိုချုပ်ပြောရလျှ ရပ်ဆဲလ်ကလည်း အီထရိုထပ်တူပါပင်။ Frestech ကုန်သည်ကြီးများအသင်းသည် အင်ပါယာ နှစ်ခုစလုံးနှင့်အလုပ်လုပ်ကာ လှေနံနှစ်ဘက်မနင်းဖို့ မျှော်လင့်မိသည်။
သို့သော် ရပ်ဆဲလ်၏သတိပေးချက်က ပို၍တိုက်ရိုက်ကျသည်။ Frestech ကုန်သည်ကြီးများအသင်း သည် မားလိုအင်ပါယာနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်ပါက၊ စစ်တပ်မှော်စက်များတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေရုံသာမက အိမ်သုံးမှော်စက်များတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်စေမည်ဖြစ်သည်။
အတိအကျပြောရလျှင် ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းအား ရန်သူအဖြစ် မှတ်ယူမည်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို ကန်ဒရာအင်ပါယာအတွင်းသို့ ဝင်ရောက်စေခြင်းမှ ရပ်တန့်သွားမည်ဖြစ်သည်။
"ကျုပ်တို့ ကန်ဒရာအင်ပါယာလို ကြီးမားတဲ့စျေးကွက်ကြီးကို ဆုံးရှုံးလိုက်ရရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်း အတွက် အရမ်းကိုဆိုးရွားတဲ့ ဆုံးရှုံးမှုဖြစ်လိမ့်မယ်ဆိုတာ ဥက္ကဌ ရှုက ရှင်းရှင်းလင်းလင်း သိမယ်လို့ယုံကြည်တယ်။ ဒီတော့ ဥက္ကဌ ရှုအနေနဲ့ အမှားမလုပ်ဘဲ သေချာစဉ်းစားဖို့ တောင်းဆိုပါတယ်"
ရပ်ဆဲလ်၏သတိပေးချက်သည် ရှုယီအတွက် ခြိမ်းခြောက်မှုဟုပင် ယူဆနိုင်သော်လည်း ရှုယီ၏ နားထဲသို့ ရောက်လာသောအခါတွင်မူ ......
"ဒီကောင်တွေ ဘာလို့ စကားတွေ ဖြုန်းတီးနေကြတာလဲ"
ရှုယီက သူ့နားကို ကလော်ရင်း ၎င်းတို့ကို လုံးဝ ဂရုမစိုက်သလိုပါပင်။
အင်ပါယာနှစ်ခုသည် စစ်တပ်မှော်စက်များ၏ အရေးပါမှုကို သိရှိကာ လျင်မြန်စွာ တုံ့ပြန်မှုများရှိခဲ့သော်လည်း အခြေအနေကို မသိဘဲ ၎င်းတို့သီးသန့်ရအောင် ကြိုးစားနေကြသည်။ Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ပေးသလိုမျိုး လုပ်ခဲ့၏။
ဒါပေမယ့် လက်တွေ့မှာရော?
“ရှေးစကားမှာ ဘာပြောလဲ။ သမိုင်းဘီးများ လှည့်နေပြီမို့ သူတို့ကို ရပ်တန့်ဖို့ ကြိုးစားသူတိုင်း ပြားသွားလိမ့်မယ်”
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် အီထရို နှင့် ရပ်ဆဲလ်၏သတိပေးချက်များနှင့် ခြိမ်းခြောက်မှုများကို သူ့စိတ်နောက်သို့ ပို့ထားလိုက်သည်။
လက်ရှိအခြေအနေမှာ Frestech ကုန်သည်ကြီးများအသင်း နှင့် ပူးပေါင်းဆောင်ရွက်လိုသည်မှာ အင်ပါယာနှစ်ခုသာဖြစ်ပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် Frestech ကုန်သည်ကြီးများအသင်း မှ တောင်းဆိုနေခြင်းမဟုတ်ပါချေ။ ၎င်းတို့ ဤသို့ မာနကြီးကြီး ထားသေးရင်လည်း အဓိပ္ပါယ်မရှိပေ။
အင်ပါယာနှစ်ခု၏တပ်များသည် Frestech ကုန်သည်ကြီးများအသင်းကို သတိထားပြီး မကျေနပ်လျှင်ပင်၊ ဤသည်က ၎င်းတို့ မလိုလားသောကြောင့် ရပ်တန့်သွားနိုင်သည့် အရာတစ်ခုလား?
အထူးသဖြင့် ရူဒ်ဆန် တိုင်းပြည်ကို နှစ်ကြိမ် ဆုံးရှုံးခဲ့သော ကန်ဒရာအင်ပါယာသည် ၎င်းတို့အား စစ်မှော်စက်များက ခြိမ်းခြောက်လာသည်ကို ခံစားခဲ့ရသည်။
၎င်းတို့ မျက်နှာကို ဂရုမစိုက်ပါလျှင်တောင်၊ မားလိုအင်ပါယာကဲ့သို့ စစ်ဘက်မှော်စက်များဝယ်ရန် တိုက်ရိုက်တောင်းဆိုလျှင်ရပြီး ဝေ့လည်ကြောင်ပတ်လုပ်ဖို့မလိုပေ။
မားလိုအင်ပါယာနှင့် ပတ်သက်လာလျှင် စိုးရိမ်စရာတောင် နည်းသွားသေးသည်။ ကန်ဒရာအင်ပါယာကဲ့သို့ နက်နဲသော အာဃာတမရှိကြသော်လည်း ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်း မှထုတ်လုပ်သော စစ်တပ်မှော်စက်များကို စိတ်ဝင်စားသလို မားလိုအင်ပါယာက နောက်ကောက်မကျန်နေပေ။
ရိုးရိုးရှင်းရှင်းပြောရလျှင် ရှုယီသည် အင်ပါယာနှစ်ခုကို စစ်တုရင်အပိုင်းအစများကဲ့သို့ ဆက်ဆံပြီး သူ့ကိုယ်ပိုင်စျေးနှုန်းကို တိုးမြှင့်ရန်အတွက် ၎င်းတို့၏ရန်လိုသောဆက်ဆံရေးကို အသုံးပြုခဲ့သည်။
ဤသည်မှာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့် ရှုယီနှစ်ယောက်လုံးအတွက် မီးနှင့်ကစားခြင်းဖြစ်ရာ၊ အလွန်အန္တရာယ်များသည်။
သို့သော် ရှုယီသည် လက်ရှိအခြေအနေအရ Frestech ကုန်သည်ကြီးများအသင်းကို မည်သည့်အင်ပါယာနှစ်ခုကမှ ခြိမ်းခြောက်မှုမပြုနိုင်သောကြောင့် ရလဒ်များကို ယုံကြည်သည်။
သို့ပေမယ့် စစ်ဘက်သုံးမှော်စက်တွေကို ဘေးဖယ်ထားလိုက်လျှင် ရှုယီကို အစိုးရိမ်စေဆုံးအရာက ရပ်ဆဲလ် ပြောခဲ့သည့် အိမ်သုံး မှော်စက်များဖြစ်ပြီး၊ ၎င်းကို နည်းနည်းတော့ စိတ်ပူစရာလိုသည်။
စစ်ဘက်သုံးမှော်စက်များသည် အင်ပါယာနှစ်ခု၏ စစ်တပ်များကြောင့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုပါက အိမ်သုံးမှော်စက်များသည် မည်သူမှ မရပ်တန့်ချင်သော မရပ်တန့်နိုင်သော လှိုင်းလုံးကြီးဖြစ်နေပြီဖြစ်သည်။
ရှုယီသည် ပြီးခဲ့သောလ၏ ဘဏ္ဍာရေးရှင်းတမ်းကို သူ့လက်ထဲတွင် ကိုင်ဆောင်ပြီး အချက်အလက်အတန်းလိုက်ကို ကြည့်ကာ တစ်စုံတစ်ခုကို ကြံစည်နေသော မြေခွေးတစ်ကောင်ကဲ့သို့ ပြုံး၍ မျက်လုံးများကို ကျဉ်းမြောင်းထားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၃။ ခေတ်နောက်ပြန်သော ကန်ဒရာအင်ပါယာ
ကြီးမားသောသယ်ယူပို့ဆောင်ရေး မှော်ကားတစ်စီးသည် ကန်ဒရာအင်ပါယာ၏တောင်ပိုင်းပြည်နယ်ရှိအကြီးဆုံးလမ်းကိုဖြတ်၍ လျင်မြန်စွာရွေ့လျားသွားသည်။
"ဘုန်း။"
တာယာသည် လမ်းမပေါ်ရှိ တွင်းတစ်ခုပေါ်သို့ လှိမ့်ဝင်ကာ ကားတစ်ခုလုံး ချက်ချင်း တုန်ခါသွား၏။
မှော်ကားတွင်ထိုင်နေသော နာ့ဆုသည် ထိုင်ခုံပေါ်မှ ဆောင့်တက်သွားပြီး နောက်သို့ လန်ကျသွားသည်။ သူဟာ တင်ပါးမှ နာကျင်မှုကို ခံစားရလိုက်ရရာ “ဒီ ကန်ဒရာအင်ပါယာမှာ ဘယ်လိုတောင် လမ်းတွေ ပျက်စီးနေတာလဲ၊ ကြမ်းတမ်းလွန်းတယ်။ ဒီခရီးကြောင့် တင်ပါး တစ်ဝက်လောက် ကွဲသွားတော့မယ်။”
ဘေးထိုင်ခုံမှာထိုင်နေတဲ့ ဟာဖရာက ၎င်းကို ကျင့်သားရနေရာ ထိုစကားကြားရတဲ့အခါ မနေနိုင်လောက်အောင် ပြုံးမိသွားသည်၊ “ကောင်လေး၊ မင်းရဲ့တင်ပါးက နှစ်ခြမ်းမဟုတ်ဘဲ၊ သုံးပိုင်းရှိတာလား။ ကောင်းပြီ၊ စောဒကတက်တာကို ရပ်လိုက်တော့။ အနာဂတ်မှာ မင်း ဒီကို ပိုလာရမှာမို့ ဒါကို ကျင့်သားရထားသင့်တယ်။"
“ဒီလမ်းက အမြဲပျက်နေမှာလား။” နာ့ဆုက မျက်မှောင်ကုပ်၍ ခေါင်းခါလိုက်သည်၊ "ဦးလေး၊ ကန်ဒရာအင်ပါယာက ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်ထက် ပိုက်ဆံပိုများတယ်လို့ အမြဲပြောနေတာမဟုတ်ဘူးလား။ ဘာကြောင့် လမ်းနည်းနည်းခင်းဖို့ ဆန္ဒမရှိတာလဲ။ ဒါမှ ဒီကိုလာရတာ ပိုအဆင်ပြေစေရုံမကဘူး ပိုမြန်လာဦးမယ်"
“ဒီဥစ္စာကို ငွေရှိတိုင်းလုပ်လို့ရတယ်ထင်လို့လား။" ဟာဖရာသည် သူ့တူလေးအား မျက်လုံးများ လှိမ့်ပြကာ သူ့ရှေ့က လမ်းကို ကြည့်လိုက်ပြီး ကူရာမဲ့ သက်ပြင်းချလိုက်သည်၊ “ကန်ဒရာအင်ပါယာမှာ ပိုက်ဆံရှိပေမယ့် လမ်းတွေဖောက်ဖို့ ဆန္ဒမရှိရင် တခြားနည်းလမ်းမရှိဘူး။”
“ဒါက မဟုတ်သေးဘူး။ ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်လို နိုင်ငံငယ်လေးမှာတောင် လမ်းတွေနဲ့ ပြည့်နေတာကို ကန်ဒရာအင်ပါယာလို နိုင်ငံကြီးတွေက လမ်းတွေရဲ့ အကျိုးကျေးဇူးကို ဘာလို့ နားမလည်ကြတာလဲ။ ဘာလို့ ခင်းဖို့ ဆန္ဒမရှိကြတာလဲ” နာ့ဆုက ရှုပ်ထွေးနေသည်။
"ငါကဘယ်လိုသိမှာလဲ" ဟာဖရာ ရယ်မောလိုက်သည် “ကန်ဒရာအင်ပါယာက မျိုးရိုးမြင့်တွေက သူတို့မြင်းလှည်းတွေပေါ်မှာ ဒီလမ်းတွေတစ်လျှောက် ယိမ်းနွဲ့နေရတာကို ကြိုက်လို့နေမှာပေါ့။
နာ့ဆုသည် အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားကိုရှေ့သို့ ဆက်မမောင်းမီ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
သူ မညည်းတွားတော့သည်ကိုမြင်တော့ ဟာဖရာလည်း တိတ်တိတ်ဆိတ်ဆိတ်နှင့် သူတို့၏ခရီးစဉ်ကို ဆက်လိုက်သည်။
ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့သည် ၎င်းတို့၏ စာချုပ်ကို ချုပ်ဆိုပြီးကတည်းက စျေးကွက်ကို ဖွင့်လှစ်ပြီးသည့်နောက် ယခုလဝက်တွင် ဧရာမကန်ဒရာအင်ပါယာသို့ ရောက်ရှိလာခြင်းမှာ ၎င်းတို့၏ စတုတ္ထအကြိမ်ဖြစ်သည်။
ခရီးစဉ်တိုင်းသည် ခက်ခဲသော်လည်း လမ်ပူရီတိုင်းပြည်မှ ကန်ဒရာအင်ပါယာသို့ သူသယ်ယူလာသမျှ ပစ္စည်းအားလုံးသည် ရောင်းရလွယ်ကူသည်။ လဝက်အတွင်း အတော်လေး ရောင်းရပြီးဖြစ်သည်။
သူ့တူလေး နာ့ဆုက Frestech ကုန်သည်ကြီးများအသင်း၌ ယာဉ်မောင်းစာမေးပွဲ အောင်မြင်ပြီး သယ်ယူပို့ဆောင်ရေး မှော်ကားကို မောင်းနိုင်သဖြင့် သူ့တူ နာ့ဆုကို ဒီတကြိမ် ခေါ်လာခဲ့ခြင်းပင်၊ သူက ၎င်းကို ကမ္ဘာကြီးအားကြည့်ဖို့ ခေါ်လာပြီး ဤနေရာ၌ စီးပွားရေးလုပ်နည်းကို သူကိုယ်တိုင် ရင်းနှီးအောင်လုပ်ပေးလိုခြင်းပင်။ သူသည် အနာဂတ်တွင် သူ့အတွက် အကူအညီဖြစ်မည့် လက်ထောက်တစ်ဦးကို လေ့ကျင့်ပေးချင်သည်။
ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့ကြားက ကိစ္စရပ်များနှင့်ပတ်သက်၍၊ သူ့ကဲ့သို့ ကုန်သည်ငယ်တစ်ဦးသည် မည်သည်ကိုမှ မသိနိုင်ပေ။ ကန်ဒရာအင်ပါယာသည် လမ်ပူရီတိုင်းပြည်ကို စျေးကွက်ဖွင့်ပြီးနောက် ကန်ဒရာအင်ပါယာတွင် သူရောင်းချနိုင်သည့် ကုန်ပစ္စည်းများစွာရှိကြောင်း သူသိခဲ့သည်။ ကုန်သွယ်ခွန်က ယခင်ကနှင့် ယှဉ်လျှင် အများကြီး နိမ့်လေရာ စီးပွားရေး အခွင့်အလမ်းက အင်မတန်ကောင်းပါ၏။
အကယ်၍ ကန်ဒရာအင်ပါယာ၏ လမ်ပူရီတိုင်းပြည်နှင့် သဘောတူညီချက် မပြောင်းလဲခဲ့ပါက၊ ဤကုန်သွယ်မှုသည် ပိုကောင်းလာမည်ဖြစ်ပြီး လမ်ပူရီတိုင်းပြည်တွင် သာမန်ကုန်သည်ငယ်တစ်ဦးဖြစ်ခြင်းထက် များစွာပိုကောင်းလာမည်မှာ သေချာပါသည်။
တစ်ခုတည်းသော အတားအဆီးမှာ ကန်ဒရာအင်ပါယာတွင် ဖြစ်ပျက်နေသည့်အရာဖြစ်သည်။
ဤအင်ပါယာကြီးမှာ ရှိနေသရွေ့တော့ သူ့လို ကုန်သည်လေးတစ်ယောက်ကို ခုခံဖို့ အခွင့်အရေး လုံးဝမပေးဘဲ လုံး၀ ဖျက်ဆီးပစ်လိုက်ဖို့ လုံလောက်သည်။
“ဘုရင်မကြီးက ကန်ဒရာအင်ပါယာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်.....” ၎င်းကိုတွေးပြီး ဟာဖရာက သူ့ရင်ထဲ၌ ဆုတောင်းနေခဲ့သည်။
“ဟေး ဦးလေး……” ထိုအချိန်၌ ခဏလောက် နှုတ်ဆိတ်နေခဲ့သည့် နာ့ဆုက ရုတ်တရက် စကားစလိုက်သည်။
"အန်? ဘာလဲ?"
“ကန်ဒရာအင်ပါယာကို တစ်ခါမှ မရောက်ဖူးတော့ ဒီလိုအင်ပါယာကြီးတစ်ခုဟာ ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်လို နိုင်ငံငယ်လေးထက် သာလွန်တဲ့အရာတွေ အများကြီးရှိမယ်လို့ ခံစားခဲ့မိတယ်။ ဒါပေမယ့် မြင်ပြီးတော့ ...... ကန်ဒရာအင်ပါယာက ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်နဲ့ ယှဉ်ရင် စိတ်ပျက်စရာကောင်းတယ်လို့ ခံစားမိတယ်။"
နာ့ဆု၏ မျက်နှာပေါ်တွင် ရှုပ်ယှက်ခတ်နေသော ဟန်ကို မြင်လိုက်ရတော့ ဟာဖရာ က မနေနိုင် ရယ်မောမိရသည်။ ဤကလေးက ကန်ဒရာအင်ပါယာကို ရောက်လာပြီး သူခံစားရထဲ့သည့် ခံစားချက်နှင့် ထပ်တူခံစားနေရသည်ကို သူနားလည်လိုက်သည်။
“မင်းထင်မြင်ချက်အရ ကန်ဒရာအင်ပါယာရဲ့ ဘယ်အပိုင်းတွေကို ငါတို့ လမ်ပူရီတိုင်းပြည်နဲ့ နှိုင်းယှဉ်လို့ မရဘူးထင်လဲ။” ဟာဖရာက တမင်မေးလိုက်၏။
“တခြားဘာမှပြောမနေနဲ့၊ အရှေ့ကလမ်းကိုပဲကြည့်” နာ့ဆုက ရှေ့ကလမ်းကို ညွှန်ပြသည်၊ “ဒါက ကန်ဒရာအင်ပါယာရဲ့ တတိယအကြီးဆုံးမြို့ကို ဦးတည်တဲ့ လမ်းတစ်လမ်းပဲ။ ဒီလိုလမ်းက ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်မှာဆိုရင် အရမ်းကျယ်တဲ့လမ်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ရှေ့က ဒီလမ်းကျ ဘယ်လောက်စုတ်ပဲ့နေတယ်ဆိုတာကို မပြောနဲ့ဦး၊ အရမ်းလည်းကျဉ်းတယ်။ ကျွန်တော့အထင် သယ်ယူပို့ ဆောင်ရေး မှော်ကားကြီးနှစ်စီးကို ဘေးချင်းကပ် ထားနိုင်လောက်အောင် ကျယ်တယ်၊ ဒါပေမယ့် တစ်စီးမှ ဖြတ်သွားလို့မရဘူး။”
“အမှန်တော့ ဒီလမ်းက အကြီးမားဆုံး ပြဿနာပဲလား။ တစ်ခြားဘာရှိဦးမလဲ? တခြား ရှိသေးလား?" ဟာဖရာက ထပ်မေး၏။
“တခြားရှိသေးတာလား? အိုင်ဗီမြို့တော်မှာ ရပ်နားတုန်းက မေ့သွားပြီလား။ မြို့ငယ်လေးတစ်ခုဆိုပေမယ့်လည်း တစ်မြို့လုံးမှာ စားသောက်ဆိုင်တစ်ဆိုင်ပဲရှိတယ်၊ လွန်လွန်းတာ။ ပြီးတော့ ၊ အဲ့နေရာမှာ ရောင်းနေတဲ့အထဲ ဘယ်အသားမှ လတ်ဆတ်မှုမရှိတဲ့အပြင် အရည်အသွေးကလည်း ဆိုးရွားလွန်းတယ်။ ဒါက ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်သာဖြစ်ခဲ့ရင် ခမာမြို့တော်မပြောနဲ့ မြို့ငယ်လေးမှာတောင် အသားစားလို့ရတဲ့ နေရာတစ်ခုရှိတယ်။”
“ဘာလဲ? အသားမစားနိုင်လို့ မကျေနပ်ဘူးလား။ အသားမစားရတာကို မပျော်ဘူးဆိုရင် ဒါက မင်းမိသားစုကို ပြိုကွဲစေမယ်လို့မထင်ဘူးလား" ဟာဖရာက မေး၏။
“ဘယ်လို အသားစားလို့ အဆင်မပြေနိုင်တာလဲ။ ဝက်သားတစ်ပေါင်တောင်မှ ငွေဒင်္ဂါးနှစ်ပြားပဲရှိတော့ တစ်နေ့ကို ဝက်သားတစ်ပေါင်စားရင်တောင် ကျွန်တော်တို့မိသားစုကို ပြိုကွဲအောင် မလုပ်နိုင်ဘူး။”
“ကောင်လေး မင်း ငယ်ငယ်က ဘယ်လို ဆာလောင်ခဲ့လဲဆိုတာကိုမေ့သွားပြီလား" ဟာဖရာက မျက်လုံးလှိမ့်ကာ “မမေ့နဲ့၊ ပြီးခဲ့သောနှစ်,နှစ်အတွင်း အသား စားနိုင်ခဲ့တာဟာ ဝက်မွေးဖို့ ကောက်ပဲသီးနှံ အပိုတချို့ကို လမ်ပူရီတိုင်းပြည်ရနိုင်ခဲ့လိုပဲ။ ကန်ဒရာအင်ပါယာက သူတို့လူတွေကို ကျွေးမွေးဖို့ စပါးအလုံအလောက်ရှိနေမှတော့ ဝက်မွေးမြူတဲ့နေရာမှာ အပိုသုံးဖို့ ဘယ်ရှိမှာလဲ?"
“ဟုတ်လား?" နာ့ဆုက သူ့ခေါင်းကို ကုတ်လိုက်သည် “ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်ထက် အများကြီး ပိုဆိုးတယ်။ ဒါ့အပြင် လက်ဆေးဖို့နဲ့ ကားအတွက် ရေယူဖို့ ဘုံပိုင်လိုက်ရှာတုန်းက အိုင်ဗီမြို့တော်မှာ လည်ပတ်ရေလုံးဝမရှိဘူး။ ရေသယ်ဖို့ ရေတွင်းဟောင်းကို သွားခဲ့ရတယ်...။”
"နည်းနည်းလောက် လေ့ကျင့်ခန်းလုပ်တာပဲ အဆင်မပြေဘူးလား" ဟာဖရာက ပြုံးကာ ခေါင်းခါလိုက်သည် ၊ "မင်းက ငါတို့ရဲ့ လမ်ပူရီတိုင်းပြည်မှာ ကောင်းမွန်တဲ့ ဘဝတွေကို လုံးလုံးလျားလျား ကျင့်သားရနေတော့ ခေတ်နောက်ကျတဲ့ ကန်ဒရာအင်ပါယာကို ကျင့်သားမရတော့ဘူး......"
ဟာဖရာ ရုတ်တရက် အံ့အားသင့်သွားသည်။
သူဘာပြောခဲ့မိတာလဲ။
ခေတ်နောက်ကျတယ်?
သူက ကန်ဒရာအင်ပါယာကို ဖော်ပြဖို့ သဘာဝကျကျ ပဲ“နောက်ပြန်” ဆိုတဲ့ စကားလုံးကို တကယ် အသုံးပြုခဲ့မိတာပဲ။
၎င်းက အင်ပါယာနှစ်ခုထဲက တစ်ခုပါပင်။
မားလိုအင်ပါယာမှလွဲ၍ ကျန်နိုင်ငံငယ် မနာလိုစိတ်ဖြင့်သာ ကြည့်နိုင်သော ကန်ဒရာအင်ပါယာဖြစ်သည်။
သို့ပေမယ့် တွေးကြည့်ရင်း ဟာဖရာ က မမှားဘူးဟု ခံစားရ၏။
လမ်ပူရီတိုင်းပြည်နှင့် နှိုင်းယှဉ်ပါက ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ပြီးနောက်တွင် အဆင်မပြေသည့်အရာများစွာရှိကြောင်း သူခံစားခဲ့ရသည်။
ဥပမာအားဖြင့်၊ နာ့ဆုအစောပိုင်းက ဖော်ပြခဲ့သော လူအင်အားအပေါ် မူတည်သည့် စုတ်ပြတ်နေသောလမ်းများ၊ အစားအသောက်များ ညံ့ဖျင်းခြင်းနှင့် ရေစနစ်၊ မှော်ဆက်သွယ်ရေးကိရိယာ မရှိခြင်း သို့မဟုတ် ခေတ်နောက်ကျနေသော အခြားအရာများဖြစ်သည်။
မှန်ပါ၏၊ ခေတ်နောက်ပြန်ဆွဲနေခဲ့သည်။
လမ်ပူရီတိုင်းပြည်နှင့် နှိုင်းယှဉ်ပါက နောက်ကျပုံပေါက်သည့် ကန်ဒရာအင်ပါယာ၏ အစိတ်အပိုင်းများစွာ ရှိသည်။
၎င်းဟာ အထင်အမြင်လွဲမှားမှုတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခုပါပင်။
"ဦးလေး ဘာဖြစ်နေတာလဲ။ ဘာလို့ ငေးနေတာလဲ" ဟာဖရာ ရုတ်တရက် စကားရပ်သွားတာကို ကြားတော့ နာ့ဆုက သူ့ကို ကြည့်လိုက်သော် သူ့ဦးလေး ပါးစပ်ဟနေသည်ကို တွေ့လိုက်ရသည်။
“အိုး......ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး......"
ဟာဖရာက ပြဿနာမရှိကြောင်း ပြရန် သူ့လက်ကို ဝှေ့ယမ်းပြသည်။
သို့သော် သူပြန်ပြီး ငြိမ်သက်သွားသောအခါတွင်မူ အဓိပ္ပါယ်မဲ့သောခံစားချက်ကို မခံစားမိဘဲ မနေနိုင်ပေ။
ကန်ဒရာအင်ပါယာသည် လမ်ပူရီတိုင်းပြည်နှင့် နှိုင်းယှဉ်ပါက နောက်ပြန်ဆွဲနေသည်လား။
ဤအတွေးကို နယ်မြေကြီးရှိ မည်သည့်နိုင်ငံကလူမဆို သိကြပါက လွန်ခဲ့သည့်နှစ်ပေါင်းများစွာက လမ်ပူရီတိုင်းပြည်သားများသည်ပင် သူ့ကို ရယ်ကြလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းက အခြေခံအားဖြင့် ဟာသကြီးလိုပင်။
ကန်ဒရာအင်ပါယာသည် အင်ပါယာ နှစ်ခုအနက်မှ တစ်ခုဖြစ်သောကြောင့် လမ်ပူရီတိုင်းပြည်ကဲ့သို့ နယ်မြေကြီး၏ အနောက်တောင်ဘက်စွန်းရှိ နိုင်ငံငယ်လေးနှင့် နှိုင်းယှဉ်ပါက နေရာများစွာတွင် ပိုမိုအားကောင်းသည်။
နောက်ပြန်ဆွဲခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကန်ဒရာအင်ပါယာတွင် အသုံးပြုရန် မဖြစ်နိုင်ပေ။
သို့သော် ဟာဖရာ ၏ ကန်ဒရာအင်ပါယာသို့ မကြာသေးမီက ခရီးစဉ်များမှတစ်ဆင့် နှစ်နိုင်ငံကြား ကွဲလွဲမှုများသည် ငြင်းမရသောအချက်ဖြစ်ကြောင်း သူပြောနိုင်သည်။
ကန်ဒရာအင်ပါယာသည် လမ်ပူရီတိုင်းပြည်နှင့် နှိုင်းယှဉ်ပါက နောက်ပြန်ဆွဲနေခဲ့သည်။
ဟာဖရာ၏ နှုတ်ခမ်းများ လှုပ်ခတ်ကာ ရွှင်လန်းမှုနှင့် ဂုဏ်ယူမှု အရိပ်အယောင်က ထူးဆန်းစွာဖြင့် သူ့နှလုံးသားကို ပြည့်နှက်စေခဲ့သည်။
မသိလိုက်ဘဲနဲ့၊ လမ်ပူရီတိုင်းပြည်က အင်အားကြီးနိုင်ငံ ဖြစ်လာပြီလား။
သူယခင်က ကန်ဒရာအင်ပါယာရှိ ကုန်သည်များနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ထဲ၌ နည်းနည်း ညံ့ဖျင်းသလို ခံစားရသည်။
သို့သော် ဤအရာကို တွေးကြည့်ပြီးနောက်တွင် သူ့စိတ်ထဲ၌ သာလွန်ကောင်းမွန်သည့် ခံစားချက်တစ်ခု ရှိနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ထို ကန်ဒရာအင်ပါယာ ကုန်သည်များသည် သူ့ကို နှိမ့်ချရန် အရည်အချင်းအဘယ်မှာပြည့်မီမည်နည်း၊ ၎င်းတို့သည် ကမ္ဘာကို မမြင်ဖူးသေးသော ပိုးမွှားလေးများသာဖြစ်ကြသည်။
ထိုအတွေးက ဟာဖရာကို ချက်ခြင်းဆိုသလို ခံစားချကိပိုကောင်းလာစေပြီး မနေနိုင်စွာ ရယ်မောသွားစေသည်။
ဟာဖရာထံမှ ရုတ်တရက် ရယ်မောသံကို ကြားလိုက်ရတော့ နာ့ဆုက သူ့ကိုကြည့်ရင်း စိတ်ရှုပ်သွားသည်။ သို့သော် သူ့မျက်နှာမှာ အလွန်ပျော်ရွှင်ဖွယ် အပြုံးနှင့် ရယ်မောနေသည်ကို တွေ့ရသောအတွက် သူဟာ စိတ်ကောင်းဝင်နေသည်မှာ ထင်ရှားပါ၏။
နာ့ဆုသည် စိတ်ထဲတွင် မနေနိုင်စွာ ရှုပ်ထွေးသွားရသည်။
ဦးလေးက ဘာဖြစ်နေတာလဲ။ ကန်ဒရာအင်ပါယာမှာ နေထိုင်ပုံက ဘယ်လိုနည်းနဲ့မှ အဆင်မပြေဘူးဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောနေတာကို ဦးလေးက ဘာကြောင့် ရုတ်တရက် ရယ်ရတာလဲ။
ဒါကို ဦးလေးက ထူးဆန်းတယ်လို့ ထင်နေတာများလား?
နာ့ဆုက စိတ်ကို ထိန်းထားသော်လည်း မစဉ်းစားမိဘဲ မနေနိုင်ပေ။
ထို့ကြောင့် သူသည် အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားကို အာရုံစိုက် မောင်းကာ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ၎င်းတို့မှာ မိုးကုပ်စက်ဝိုင်းပေါ်ရှိ မြို့တော်၏ အစပ်နားဆီသို့ လျင်မြန်စွာ ဦးတည်လာကြ၏။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၄။ အလည်အပတ်အတွက် အိမ်ပြန်ပါ
နာရီဝက်အကြာတွင် အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားသည် လာရုမြို့တော် အနောက်ဘက်တံခါးသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။
ဟာဖရာသည် ခရီးသည်ထိုင်ခုံမှ ခုန်ဆင်းကာ ဂိတ်စောင့်တပ်သားအများအပြား တာဝန်ရှိသည့်နေရာသို့ ပြေးသွားပြီး ထိုတပ်၏ခေါင်းဆောင်ထံကို ပြုံးပြုံးရွှင်ရွှင်နှင့် ဦးတည်သွားခဲ့သည်။
“ဟိုင်း ကပ္ပတိန် ဝိန်း၊ ကောင်းသောနေ့ခင်းပါ။ ဒီလိုပူတဲ့နေ့မျိုးမှာ မြို့တံခါးကိုစောင့်ဖို့ ခင်ဗျားမှာတာဝန်ရှိတာ ခင်ဗျားအတွက်က တကယ်ကိုခက်မှာပဲ။"
သူ ဤသို့ပြောနေစဉ်တွင် သူ၏လက်က ရွှေဒင်္ဂါးသုံးပြားကို ကပ္ပတိန်ဝိန်း၏လက်သို့ အလွယ်တကူလွှဲပေးမည်ဖြစ်သောကြောင့် သူ၏လက်အား သဘာဝအတိုင်း ဆန့်ထွက်ကာ ကပ္ပတိန်ဝိန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ကပ္ပတိန် ဝိန်းသည် သူ၏ လေးနက်သော မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးဖြင့် ရွှေဒင်္ဂါးသုံးပြားကို သိမ်းလိုက်သည်။
"ဟားဟား၊ ဒါက မြို့စားရဲ့ အလုပ်ပါပဲ၊ ကျုပ်က ဒါကို ဘယ်လို လျစ်လျူရှုထားရမှာလဲ" ကပ္ပတိန်ဝိန်းက သူ့နောက်က လက်အောက်ငယ်သားနှစ်ယောက်ကို လက်ဝှေ့ယမ်းပြကာ၊ “အထဲမှာ ဘာတွေပါလဲ ဆိုတာကို သွားကြည့်လိုက်ပါ။ မြန်မြန် လုပ်၊ နားလည်လား"
"ကပ္ပတိန်ကို သတင်းပို့ပါတယ်၊ အဲဒီမှာ သံသယဖြစ်စရာ ဘာမှမရှိပါဘူး"
“အင်း ကောင်းတယ်” ကပ္ပတိန်ဝိန်းက ဟာဖရာဘက်သို့ ခေါင်းတညိတ်ညိတ်ဖြင့် လှည့်လာသည် “အရာရာ အဆင်ပြေတဲ့အတွက် မြို့ဂိတ်ဖြတ်ခွန် ပေးဆောင်ပြီး သွားလိုက်ပါ”
ဟာဖရာ က ကျေးဇူးတင်၍ ကပ္ပတိန် ဝိန်း၏အတွက် ပိုက်ဆံအိတ်သေးသေးလေးကို ထုတ်ယူလိုက်ပါ၏။
ကပ္ပတိန်ဝိန်းသည် ၎င်းကိုယူ၍ ကြည့်ပင်မကြည့်ဘဲ ဂိတ်ခွန်မှတ်တမ်းတင်ရန် တာဝန်ရှိသော မြို့စားအိမ်တော်မှ စာရေးထံ တိုက်ရိုက်လွှင့်ပစ်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းကာ ဟာဖရာကို မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်၏။
ဟာဖရာ က သူ့ကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။ သူ၏ သယ်ယူပို့ဆောင်ရေး မှော်ကားထံကို ပြန်လှည့်မည်အပြုတွင် မြို့တံခါးဝ၌ လတ်ဆတ်သောပန်းပွင့်များ ချိတ်ထားသည်ကို တွေ့လိုက်ရသည်။ မြို့တံခါးနားက ရှင်းရှင်းလင်းလင်းရှိကာ သူနောက်ဆုံးရောက်ဖူးသည့် အကြိမ်တွေထက် ပိုသန့်ရှင်းနေသည်။
ပြီးခဲ့သော အကြိမ်အနည်းငယ်က မြို့တံခါးသည် အမြဲတမ်း ညံ့ဖျင်းပြီး ညစ်ပတ်သည်ဟု ထင်ရသော်လည်း ယခုတော့ လုံးဝမထင်ရတော့ပေ။
၎င်းကြောင့် ဟာဖရာ နည်းနည်း အံ့သြသွားသည် စဉ်းစားပြီးနောက် သူက ကပ္ပတိန်ဝိန်းကို အသံတိုးတိုးနှင့် မေး၏၊ "ကပ္ပတိန်ဝိန်း၊ အရေးကြီးတဲ့ တစ်စုံတစ်ယောက် ရောက်လာတော့မယ့်ပုံပဲနော်"
ကပ္ပတိန်ဝိန်းက “အုပ်ချုပ်ရေးမှူးရဲ့အိမ်ကလူတွေက နောက်ရက်အနည်းငယ်အတွင်း စစ်ဆေးဖို့ လာကြမှာမို့လို့ ငါတို့ရှင်းသင့်တာရှင်းထားတာပေါ့။ ဒါပေမယ့် ဒါက မင်းလို ကုန်သည်အသေးစားနဲ့ မသက်ဆိုင်ဘူး၊ ဒါကြောင့် ပြဿနာတစ်ခုခု မဖြစ်ဖို့ သတိရပါ။"
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။” ဟာဖရာ ခေါင်းညိတ်လိုက်သည်။ စဉ်းစားပြီးနောက် သူက နောက်ထပ် ရွှေဒင်္ဂါးနှစ်ပြားကို ထုတ်ပြီး ကပ္ပတိန်ဝိန်းကို လွှဲပေးလိုက်၏၊ “ကပ္ပတိန် ဝိန်း၊ နောက်ရက်အနည်းငယ်အတွင်း တစ်ခုခုဖြစ်ရင် ကျုပ်ကို ကူညီဖို့ တောင်းဆိုချင်ပါတယ်။"
ကပ္ပတိန်ဝိန်းသည် သူ့လက်ထဲရှိ တောက်ပြောင်နေသည့် ရွှေဒင်္ဂါးပြားများကို ကြည့်ကာ မျက်မှောင်ကုပ်၍ ခေါင်းယမ်းသည် "ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါမင်းကို တကယ်မကူညီနိုင်ဘူး"
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မှားနေပြီ။ ကျုပ်က တရားဝင်သတင်းတွေကို အချိန်မီ သိချင်တာပါပဲ။ ဒါက အသေးအမွှားလေးပဲ၊ ညီအကိုတွေ အတူတူ လက်ဖက်ရည်သောက်တာလို့ပဲ မှတ်ယူလိုက်ပါ။” ဟာဖရာက ၎င်းကို ယူထားဖို့ရန် တောင်းဆိုလိုက်သည်။
ကပ္ပတိန် ဝိန်းသည် ရွှေဒင်္ဂါးများကို လက်မခံမီ အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ကောင်းပြီ၊ မင်းဝင်သွားပါ။ မင်းတစ်ခုခုလိုရင် ငါ့ကိုလာရှာ"
အကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားထံသို့မပြန်မီ ဟာဖရာက သူ့ကို ပြုံးပြုံးရွှင်ရွှင် ကျေးဇူးတင်စကားဆိုလာသည်။
“ဟမ့်၊ ကန်ဒရာအင်ပါယာက ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်ထက် နိမ့်ကျတယ်လို့ပဲ ပြောထားရုံပါ။ ကြည့်ပါဦး အခြားဥပမာတစ်ခုရှိသေးတယ်။ ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်က မြို့တံခါးခွန်ကို ဖယ်ရှားပြီးပြီကို ကန်ဒရာအင်ပါယာကျတော့ ဒါကို ဆက်ကောက်ခံနေဆဲပဲ။” အကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားက မြို့တံခါးများကိုဖြတ်သွားသောအခါ၊ မောင်းနေသူ နာ့ဆုက ညည်းတွားလာပြန်၏။
“ဒီနေရာမှာ ဘာမှ စောဒကတက်စရာ မရှိဘူး၊ ငါတို့သွားရာနေရာရဲ့ ဓလေ့ကို လိုက်နာရုံပဲ။” ဟာဖရာ ခေါင်းခါလိုက်သည်။ နာ့ဆု၏ ညည်းတွားချက်ကို သူငြင်းဆိုခဲ့သော်လည်း သူဟာ နက်နက်နဲနဲ မကျေမနပ်ဖြစ်နေသည်။
လမ်ပူရီတိုင်းပြည်သည် လွန်ခဲ့သောသုံးနှစ်က မြို့တံခါးအခွန်စနစ်ကို ဖယ်ရှားခဲ့ပြီး အင်ပါယာနှစ်ခုအနက်မှ တစ်ခုသည် မြို့တံခါးခွန်ကို ဆက်လက်ကောက်ခံနေဆဲဖြစ်သည်။
ထို့အပြင်၊ ကန်ဒရာအင်ပါယာသည် မတူညီသောမြို့များအတွက် အခကြေးငွေ အမျိုးမျိုးတောင်းသော်လည်း ၎င်းတို့ထဲမှ တစ်ခုမှ ဈေးနည်းခြင်းမရှိပေ။
ကုန်တင်ကားတစ်စီးဖြင့် မြို့ထဲသို့ဝင်ရန် တစ်ကြိမ်လျှင် အနည်းဆုံး ရွှေဒင်္ဂါးငါးပြားပေးရသည်။
ငွေစုရန်အတွက် သူနှင့် နာ့ဆုတို့သည် ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းဖို့မလိုအပ်ပါက မည်သည့်မြို့ကိုမှ သွားမည်မဟုတ်ပေ။
သို့သော်လည်း ဤကဲ့သို့ပင် သူတို့သည် ရွှေဒင်္ဂါးပြားနှစ်ဆယ်ကျော်ကို လမ်းတစ်လျှောက် မြို့များအတွင်းသို့ ဝင်ရန် သုံးစွဲခဲ့ကြသည်။
ကန်ဒရာအင်ပါယာသို့ ပေးဆောင်ရမည့်ယာဉ်အသွားအလာ အကောက်ခွန်ဖြစ်သည့် ရွှေဒင်္ဂါးသုံးဆယ်ကို ပေါင်းထည့်လိုက်သောအခါ သူပေးဆောင်ခဲ့သော အခွန်မှာ ရွှေဒင်္ဂါးငါးဆယ်ကျော်ရှိနေပြီဖြစ်သည်။
သူ့ကုန်စည်အားလုံးကို မရောင်းနိုင်ရင် ဒီခရီးစဉ်မှာ အရှုံးပေါ်လိမ့်မည်ပင်။
သို့သော် အကြိမ်ပေါင်းများစွာ အတွေ့အကြုံက သူ့ကို စိတ်မပူစေပါချေ။ အနည်းဆုံး လာရုမြို့တော်မှလူများသည် ၎င်းတို့၏ထုတ်ကုန်များကို အလွန်ကြိုဆိုခဲ့ကြသောကြောင့် မရောင်းရမည်ကို စိတ်ပူစရာမလိုပါချေ။
“ရှေ့ကျဘယ်ဘက်ကွေ့လိုက်။" ဟာဖရာက သတိပေး ပေးလာခဲ့သည်။
အကြီးစားသယ်ယူပို့ဆောင်ရေး မှော်ကားသည် ထိုမျှမကျယ်လှသော လာရုမြို့တော်၏လမ်းများပေါ်တွင် ကွေ့ရန်အလွန်ခက်ခဲပါ၏။ လမ်းထောင့်ကို ကွေ့ပြီးနောက် ဆိုင်တန်းများရှိသော လမ်းတစ်ခုထဲသို့ ဝင်သွားကြသည်။
“ကောင်းပြီ၊ ဒီမှာပဲ ရပ်လိုက်တော့။ အရှေ့ကိုဆက်သွားလို့မရဘူး။" ဟာဖရာ က ဆက်ပြောသည်။
နာ့ဆုသည် အကြီးစား သယ်ယူပို့ဆောင်ရေး မှော်ကားကို ရပ်တန့်လိုက်ပြီး ဟာဖရာ လည်း ထွက်လာခဲ့သည်။ သူသည် လာရုမြို့တော် စီးပွားရေးလမ်းမ ဘယ်ဘက်ခြမ်းရှိ ဆိုင်တစ်ဆိုင်သို့ အလွယ်လေး သွားလိုက်သည်။
ခဏအကြာတွင် ဟာဖရာသည် လူထွားကြီးများနှင့် လူလတ်ပိုင်းတစ်ဦးတို့နှင့်အတူ ထွက်လာခဲ့သည်။
ဤလူထွားကြီးများသည် စကားတစ်ခွန်းမှမဆိုဘဲ မှော်ကားဆီသို့သွားကာ ကုန်တင်ကုန်ချပြုလာသည်။ ၎င်းတို့၏ အပြုအမူတွေက အင်မတန်ရင်းနှီးနေရာ ပထမဆုံးအကြိမ် မဟုတ်သည်မှာ ထင်ရှားပါ၏။
ကားပေါ်ရှိ နာ့ဆုသည် ဟာဖရာ အနားရှိ သက်လတ်ပိုင်းလူကိုတွေ့ပြီး ကားထဲမှ ခုန်ထွက်ကာ အပြေးသွားလိုက်ပြီးအော်လိုက်၏၊ "ဦးလေး!"
ဤလူလတ်ပိုင်းကြီးသည် နာ့ဆု၏ဦးလေးပရာဒိုတဖုစ်လဲ ဟာဖရာ ၏အစ်ကိုကြီးဖြစ်သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်၊ လမ်ပူရီတိုင်းပြည်၌ အငတ်ဘေးကြောင့် အသက်နှစ်ဆယ်ရှိနေပြီဖြစ်သော ပရာဒိုသည် သူ့မိသားစုအတွက် ပြဿနာမဖြစ်စေလိုခဲ့ချေ။ သူသည် လမ်ပူရီတိုင်းပြည်မှ ခရီးတလျှောက် အစာအတွက် တောင်းရမ်းပြီး နောက်ဆုံးတွင် ကန်ဒရာအင်ပါယာ၏လာရုမြို့တော်၌ မတော်တဆ အခြေချနေထိုင်ခဲ့သည်။ ဆယ်နှစ်လောက် အလုပ်ကြိုးစားပြီးနောက် ယခုဆို ဆိုင်လေးတစ်ဆိုင် ဖွင့်နိုင်ခဲ့ပြီဖြစ်သည်။
လွန်ခဲ့သည့် ခြောက်နှစ်က ဤနေရာ၌ အခြေချနေထိုင်ခဲ့သော ပရာဒိုသည် လမ်ပူရီတိုင်းပြည်ရှိ ၎င်း၏မိသားစုဝင်များကို စာဖြင့် ဆက်သွယ်ကာ ၎င်းတို့ကို ပြန်လည်တွေ့ရန် လမ်ပူရီတိုင်းပြည်သို့ ပြန်လာခဲ့သည်။
မကြာခဏ စာတွေပို့ခဲ့ကြသော်လည်း ဝေးလွန်းလှရာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ခဲ့ပါချေ။
လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့ ထိုသဘောတူညီချက်ကို လက်မှတ်ထိုးကာ ကန်ဒရာအင်ပါယာ၏ စျေးကွက်ကို ဖွင့်လှစ်ခဲ့သည်အထိပင်။ ဟာဖရာ သည် ကန်ဒရာအင်ပါယာတွင် လမ်ပူရီတိုင်းပြည်၏ထုတ်ကုန်များကို ရောင်းချရန် စိတ်ကူးရှိခဲ့ပြီး ၎င်းတို့ကြားရှိ ဆက်ဆံရေးကို ထပ်မံတည်ဆောက်ခဲ့သည်။
“အင်း၊ လိမ္မာတဲ့ကလေး။ ဟိုတစ်ခေါက်ပြန်သွားတုန်းက မင်းက ငါ့ရင်ဘတ်ကိုတောင် မမှီသေးပေမယ့် နှစ်အနည်းငယ်အတွင်းမှာ မင်းဒီလောက် အရပ်မြင့်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ မင်းက တော်တော်သန်မာလာတာပဲ၊ မဆိုးဘူး၊ မဆိုးဘူး......” နာ့ဆု၏ ကျန်းမာသောအသွင်အပြင်ကိုမြင်လျှင် ပရာဒိုက ခေါင်းညိတ်ပြသည်။
“အိုင်း အိုင်း ဦးလေး၊ ခြောက်နှစ်တောင်ရှိနေပြီပဲ ..။ ကျွန်တော်က ဆယ့်ရှစ်နှစ်ပြည့်ခါနီးနေပြီဆိုတော့ အရပ်ရှည်လာမှာပဲလေ" နာ့ဆုက အနည်းငယ် ညည်းတွားရင်း ခေါင်းကုတ်လိုက်သည်၊ "ပြီးတော့ ကျွန်တော်က နေ့တိုင်း တစ်နေ့လုံး အသားစားနေရတော့၊ မြန်မြန်ကြီးထွားတာပေါ့"
“တနေကုန် အသားစားတာလား" ပရာဒိုက နည်းနည်းတော့ အံ့သြသွားသည် "မင်းက နေ့တိုင်း အသားစားလို့ရတယ်ပေါ့"
“ဟုတ်ကဲ့။” နာ့ဆုက နှုတ်ခမ်းများကို စေ့လိုက်သည်၊ "လွန်ခဲ့တဲ့နှစ်ရက်က အသားမစားရသေးတော့ ပါးစပ်နည်းနည်းပြတ်နေပြီ"
ပရာဒိုသည် ထူးဆန်းသောအမူအရာဖြင့် နာ့ဆုကို ကြည့်ကာ ဟာဖရာဘက်သို့ လှည့်လာသည်။
"မိသားစုစီးပွားရေးက တကယ်ကောင်းနေတာလား"
ဟာဖရာက ပြုံးပြုံးလေး ခေါင်းညိတ်ပြသည်၊ “အင်း ကျွန်တော်တို့ရဲ့ လမ်ပူရီတိုင်းပြည်က ဘဝတွေ အရင်တုန်းကနှင့် နှိုင်းယှဉ်ရင် ကွဲပြားသွားပြီ။ အစ်ကိုကြီး၊ မင်းအချိန်ရရင် ပြန်လာကြည့်သင့်တယ်၊ မင်း စိတ်လှုပ်ရှားသွားမယ်ဆိုတာ သေချာတယ်။”
“ဟုတ်တယ်၊ ဦးလေး၊ လမ်ပူရီတိုင်းပြည်က လွန်ခဲ့တဲ့ ခြောက်နှစ်ကနဲ့ လုံးဝကို ကွဲပြားနေတယ်။ အဲဒါကြောင့် နှိုင်းယှဉ်ကြည့်လို့ မရနိုင်တဲ့ ကန်ဒရာအင်ပါယာရဲ့ အပိုင်းတွေတောင် ရှိတယ်လို့ ခံစားရတယ်။”
“အဟွတ်......” ဟာဖရာက ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး နာ့ဆုကို နှောင့်ယှက်လိုက်သည်၊ "အကိုကြီး၊ ကျွန်တော်ပြောခဲ့တာတွေက အမှန်ပဲ။ အချိန်ရရင် ပြန်သွားသင့်တယ်၊ အဖေနဲ့အမေက အသက်ကြီးပြီး ကြာကြာမနေနိုင်တော့ဘူး။ သူတို့နဲ့နောက်ထပ်ပြန်တွေ့နိုင်ရင် သူတို့ပျော်နေလိမ့်မယ်။ နောက်တစ်ခုက မှော်ကားနဲ့ဆိုရင် ခရီးထွက်ဖို့က သိပ်မကြာပါဘူး၊ ဒါကြောင့် အရမ်းအဆင်ပြေတယ်။”
“ဟုတ်တယ်၊ ဒီအချိန်မှာ လမ်ပူရီတိုင်းပြည်ကနေ ဒီကို လာဖို့ နှစ်နာရီပဲကြာတယ်။ အရင်ကလို တောက်လျှောက်ပြန်သွားဖို့ တစ်လလောက်အချိန်ယူရတာမျိုး မဟုတ်တော့ဘူး။" နာ့ဆုက ဖြတ်ပြောလိုက်ပြန်သည်။
"ဒါက....." ပရာဒို သည် ဟာဖရာ နှင့် နာ့ဆုထံမှ ကြားနေရသည်ကို လက်မခံနိုင်သကဲ့သို့ အနည်းငယ် မှင်တက်သွားသည်။
သို့သော် စဉ်းစားရင်း သူ့စိတ်ထဲ မိသားစုအချစ်ကိုသတိရသွားပုံရကာ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ၊ အဲဒါက ဒီလိုဆိုတော့၊ ဒီတစ်ခါတော့ ငါတို့ ဒီထုတ်ကုန်တွေ ရောင်းပြီးရင် အဖေနဲ့အမေကို တွေ့ဖို့ မင်းတိုနဲ့အတူ ပြန်လိုက်ခဲ့မယ်။ ဘာပဲဖြစ်ဖြစ်၊ လမ်ပူရီတိုင်းပြည်မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့ မင်းအမြဲပြောနေတော့ ငါ ပြန်သွားလည်ပြီး အဲဒီမှာ အခွင့်အရေးရှိမရှိ ကြည့်ရမယ်။"
ပရာဒိုက သဘောတူသည်ကိုမြင်တော့ ဟာဖရာ နှင့် နာ့ဆုနှစ်ယောက်စလုံး စိတ်လှုပ်ရှားစွာ ပြုံးပြလိုက်ကြသည်။
ပရာဒို သည် အိမ်မှထွက်သွားခဲ့သည်မှာ အနှစ်နှစ်ဆယ်ရှိပြီဖြစ်ပြီး လွန်ခဲ့သော ခြောက်နှစ်က တစ်ကြိမ်သာ ပြန်သွားသောကြောင့် အိမ်ရှိ မိဘအိုကြီးများက သူ့ကို အလွန်သတိရကြသည်။
ဤတစ်ခေါက် ပြန်သွားနိုင်ရင် လူကြီးတွေက အရမ်းပျော်ကြမှာ သေချာပါ၏။
"ဟား ဟား၊ ဒါဆို ငါတို့ ဒီပစ္စည်းတွေကို မြန်မြန်ရောင်းပြီး အိမ်ပြန်ဖို့ ကြိုးစားသင့်တယ်" ဟာဖရာက ဇဝေဇဝါဖြင့် ပြောသည်။
“ဒါက မင်း ဒီတစ်ခေါက် ယူလာခဲ့တဲ့ ပစ္စည်း အပေါ်မှာ မူတည်တယ်။ ကုန်ပစ္စည်းတွေ မကောင်းရင် ရောင်းရလွယ်မှာ မဟုတ်ဘူး။” ထိုသို့ပြောရင်း ပရာဒိုက ခေါင်းယမ်းလိုက်၏။
ဟာဖရာ က ယုံကြည်မှုအပြည့်ရှိသည့် အပြုံးနှင့် ဆိုသည်၊ "အေးဆေးပါ၊ မြန်မြန်ရောင်းထွက်မယ့် ပစ္စည်းကောင်းတွေကို ကျွန်တော်အမြဲယူလာပေးတာပဲ။ မယုံရင် ကြည့်နေလိုက်။"
ဟာဖရာ သည် ဤသို့ပြောပြီးနောက် ပရာဒိုကို ကားနောက်ဘက်သို့ ဆွဲခေါ်လာကာ ကုန်ပစ္စည်းများအတွင်းမှ တစ်ခုကိုထုတ်ပြရန် အလုပ်သမားများ တင်ဆောင်နေသော ကုန်တင်ကုန်ချထဲမှ တစ်ခုကို ယူလာခဲ့သည်။
ပရာဒိုက ၎င်းကိုကြည့်ပြီး ချက်ချင်းပင် လေအေးများရှူရှိုက်လိုက်ရ၏။
“ဘုရားရေ! ဟာဖရာ၊ ဒီထုတ်ကုန်ကောင်းတွေဝယ်ဖို့ ပိုက်ဆံဘယ်ကရတာလဲ။"
ဟာဖရာကရယ်မောကာ၊ “အကိုကြီး၊ ဒါတွေအားလုံးက ရွှေဒင်္ဂါးတစ်ထောင်တောင် မပေးရဘူးလို့ ပြောရင် ယုံမှာလား။”
ပရာဒိုသည် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၅။ အံ့ဖွယ်အဝတ်အစား
ကောင်းကင်ရှိ နေရောင်ခြည် အနည်းငယ်စောင်းသွားသည့်အချိန်တွင် လာရု မြို့တံခါးဝ၌ ဖြည်းညှင်းစွာဆွဲလာသည့် မြင်းခုနစ်ကောင်ဆွဲသည့် လှည်းများ ဝင်လာခဲ့သည်။
ဂိတ်ဝ၌ စောင့်နေသည့် မြို့စားကောင့်ထ် နာဆပ်က ချက်ချင်း ထွက်လာပြီး သူ့နောက်တွင် လာရုမြို့၏ အဆင့်အတန်းအချို့ရှိ မျိုးရိုးမြင့်များ ပါ၀င်သည်။
သို့သော် အများအားဖြင့် ခပ်ခွာခွာ ပြုမူတတ်သည့် ဤလူတွေအားလုံးမှာ ထိုယာဉ်တန်းရှေ့တွင် ၎င်းတို့၏ မောက်မာသည့် အသွင်အပြင်ကို ချိူးနှိမ်ကာ နှိမ့်ချသည့် အမူအရာတွေဖြင့် ညွှတ်ကိုင်းနေကြ၏ ။
ထိုသို့လုပ်ရသည့် အကြောင်းရင်းမှာတစ်ခုပဲရှိပါ၏။ အဘယ်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာ၏တောင်ပိုင်းပြည်နယ်ရှိ အကြီးဆုံးမိသားစုဖြစ်သည့် ဝင်းဒ်ဆာမိသားစုထံမှ ဆင်းသက်လာသော မြင်းခုနှစ်ကောင်ပေါ်ရှိ မိသားစုသင်္ကေတကြောင့်ဖြစ်သည်။
ယခုတစ်ကြိမ် လာရု မြို့သို့ ရောက်ရှိလာသူမှာ လက်ရှိ ဝင်းဒ်ဆာ မိသားစု၏ အကြီးအကဲ၊ ဘုရင်ခံ နယ်စားဝင်းဒ်ဆာ၏ လက်အောက်ခံ ဖြစ်ပြီး လာရုမြို့တော်ကို စစ်ဆေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ဤလက်အောက်ငယ်သား၏ အဆင့်အတန်းမှာ ဤနေရာရှိ လူများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ သူသည် နယ်စားဝင်းဒ်ဆာကို ကိုယ်စားပြုသောကြောင့်၊ ၎င်းတို့သည် သူ့ကို ရိုသေလေးစားမှုဖြင့် ဆက်ဆံကြရသည်။
ကောင့်ထ် နာဆပ်ရှေ့ရှိ ပထမဆုံးမြင်းလှည်းရပ်လိုက်သည့်အခါ တံခါးပွင့်လာပြီး အသက်လေးဆယ်ကျော် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာတယ်။
သူ့ကိုတွေ့ပြီးနောက် ကောင့်ထ် နာဆပ် မှာ မနေနိုင်အောင် အံ့သြသွားရသည်။
ဤသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဘုရင်ခံ၏ အိမ်တော်ထိန်း အမ်မာဒိုဖြစ်သည်။ သူ့တွင် အဆင့်အတန်းမြင့်မားခြင်းမရှိသော်လည်း၊ သူသည် နယ်စားဝင်းဒ်ဆာ၏ယုံကြည်စိတ်ချရသောလက်အောက်ခံဖြစ်ပြီး၊ သူ့ကိုအပြည့်အဝယုံကြည်သည်။
သို့သော် သူ့အခြေအနေက စစ်ဆေးမှုအတွက် ဤသို့ပို့ဖို့ မသင့်တော်ပါပေ။
အိမ်တော်ထိန်း အမ်မာဒို သည် ကောင့်ထ် နာဆပ်၏ နှလုံးသားထဲရှိ ထိုသံသယကို မြင်နိုင်သောကြောင့် အနားကပ်၍ ခပ် တိုးတိုးပြောသည် “သခင်ကောင့်ထ်၊ ဒီတစ်ခေါက်တော့ မြို့စားကတော်ပါလိုက်လာမှာမို့ အားလုံးကို ပြင်ခိုင်းထားပါဦး"
"ဟမ်?" ကောင့်ထ် နာဆပ်သည် ချက်ချင်းပင် အံ့အားသင့်သွားသည်။
ဒါက ပုံမှန်စစ်ဆေးခြင်းပဲဖြစ်မယ်လို့ ပြောထားတာမဟုတ်ဘူးလား။ နယ်စားကတော်က ဘာလို့ လိုက်ပါလာရတာလဲ။
ဤမေးခွန်းကို စိတ်ထဲ၌ တွေးတောနေချိန်တွင် တတိယမြင်းလှည်းတံခါးပွင့်လာသည်။ ပထမဆုံး ထွက်လာသည်မှာ အစေခံနှင့်တူသော မိန်းမငယ်လေးဖြစ်ပြီး နောက်တွင် အရည်အချင်းရှိကာ ကျက်သရေရှိသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။
တောင်ပိုင်းခရိုင်၏တတိယအကြီးဆုံးမြို့မှ မြို့စား အနေဖြင့် ကောင့်ထ် နာဆပ်သည် နယ်စားကတော် ဝင်းဒ်ဆာအား ဘုရင်ခံ၏အိမ်တော်ပွဲ၌ အကြိမ်များစွာတွေ့ဖူးသောကြောင့် သူမအား ချက်ချင်းမှတ်မိသည်။
သူသည် လျင်မြန်စွာ ရှေ့သို့ ထွက်လာကာ တွေးတောမနေတော့ဘဲ နယ်စားကတော်ဝင်းဒ်ဆာအား ယဉ်ကျေးစွာ ဦးညွှတ်ပြလာသည်၊ " နယ်စားကတော်ကိုယ်တိုင် ရောက်လာတာ ကျုပ်တို့ လာရုမြို့တော်အတွက် ဂုဏ်ယူစရာပါပဲ"
အခြားမျိုးရိုးမြင့်များမှာ နယ်စားကတော်ဝင်းဒ်ဆာကို မမှတ်မိကြသော်လည်း ကောင့်ထ် နာဆပ်နှင့် သူ၏စကားများကိုအခြေခံ၍ နားလည်နိုင်သည်။ ၎င်းတို့က ချက်ချင်းပဲ ရှေ့ကိုထွက်လာကာ အားလုံးက နယ်စားကတော်ဝင်းဒ်ဆာကို ဦးညွှတ်လိုက်ကြ၏။
နယ်စားကတော်ဝင်းဒ်ဆာက ၎င်းတို့ကို ပေါ့ပေါ့တန်တန် လက်ဝှေ့ယမ်းပြလာသည်၊ "ကောင်းပြီ၊ ငါ အပန်းဖြေဖို့ ထွက်လာတာပဲ၊ မင်းတို့ ငါ့ကို စိတ်ထဲထားနေစရာ မလိုဘူး။ မင်းတို့ရဲ့လုပ်ငန်းကိုသာ ဂရုစိုက်ပါ။"
သူမက ဒီလိုပြောသော်လည်း သူမရှိနေကတည်းက နာဆပ်နှင့် အခြားသူတွေက သူမကို မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
ထို့ကြောင့် နယ်စားကတော်ဝင်းဒ်ဆာကို မည်သို့ ဧည့်ခံရမည်ဆိုသည်ကို အာရုံစိုက်ထားသောကြောင့် ကောင့်ထ် နာဆပ်နှုတ်ဆက်ရန် စီစဉ်ထားသော စစ်ဆေးရေးအဖွဲ့သည် အရေးမကြီးတော့ပါချေ။
အချိန်က တင်းကျပ်နေခြင်းကြောင့် လာရုမြို့တော်ရှိ လူတိုင်းကို စိတ်ပူပန်စေသည်။
နယ်စားကတော်ဝင်းဒ်ဆာသည် ဖော်ရွေတတ်ပြီး ကောင့်ထ် နာဆပ်အား ဤထု့းတမ်းများကို ဖယ်ရှားခိုင်းကာ ၎င်းတို့၏အဖွဲ့သည် လာရုမြို့တော်သို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားသဖြင့် အဆင်ပြေသေးသည်။
“အရှင်မ အပန်းဖြေချင်တယ်ဆိုရင်တော့ မြို့ရဲ့အရှေ့ဘက် ကီလိုမီတာသုံးဆယ်အကွာက အဲလ်ပ်တောင်ကို အကြံပေးချင်ပါတယ်။ အခုအချိန်က နွေဦးနှောင်းပိုင်းဖြစ်တော့ ပွင့်လာတဲ့ပန်းတွေက လှပနေတယ်လေ။ အပူချိန်ကလည်း အတော်လေးလန်းဆန်း အေးမြပြီး လယ်ကွင်းပြင်ကျယ်တွေရှိတာမို့ မြင်းပေါ်တက်ပြီး သွားလို့ရပါတယ်။ အဲဒီ့မှာ သီးသန့်အိမ်လေးလည်း ပြင်ထားပြီးပြီမို့ အရှင်မ တက်ပြီးရင်....."
ကောင့်ထ် နာဆပ်က လာရုမြို့တော်အနီးရှိ ရှုခင်းသာနေရာကို အကြံပြုရန် ကြိုးစားစဉ်တွင် နယ်စားကတော်ဝင်းဒ်ဆာနှင့်အတူ မြို့စားအိမ်တော်ထံသို့ သွားရာ မြင်းလှည်းပေါ် အတူလိုက်ပါလာသည်။
နယ်စားကတော်ဝင်းဒ်ဆာလည်း ဂရုမစိုက်ဘဲ သူမ နားထောင်နေကြောင်းပြသရန် အခါအားလျော်စွာ ခေါင်းညိတ်ပြခဲ့သည်။
ယင်းကြောင့် ကောင့်ထ် နာဆပ်sအား အနည်းငယ် စိုးရိမ်မှု ဖြစ်စေသည်။
နယ်စားကတော်ဝင်းဒ်ဆာသည် ဤနေရာ၌ ရုတ်တရက် ပေါ်လာခဲ့ခြင်းမှာ ထူးဆန်းလွန်းသည်၊ သူမဟာ အဘယ်ကြောင့် ဤကဲ့သို့ ပြုမူနေရသနည်း။
သူမက တကယ်ပဲ ဒီကို အပန်းဖြေဖို့လာတာလား။
ကောင့်ထိ နာဆပ် က မယုံပါချေ။
သို့သော် နယ်စားကတော်ဝင်းဒ်ဆာသည် လမ်းတစ်လျှောက်လုံး စကားမပြောသောကြောင့် ဘာမှမတတ်နိုင်ပေ။
မြင်းလှည်းသည် လမ်းများစွာကို ဖြတ်သွားကာ မြို့စားအိမ်တော်၏ ဦးတည်ရာသို့ ကွေ့ခါနီးတွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော နယ်စားကတော်ဝင်းဒ်ဆာသည် မြင်းလှည်းမှ ပြတင်းအပြင်ကို ရုတ်တရက် ညွှန်ပြလာခဲ့သည်။
“ဒီမှာ ဘာဖြစ်နေတာလဲ?"
ကောင့်ထ် နာဆပ် သည် သူမ ညွှန်ပြနေသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ လမ်း၏ ဘယ်ဘက်ခြမ်းတွင် လူများ ပြည့်နှက်နေပြီး အလွန်အသက်ဝင်နေပုံ ကို တွေ့လိုက်ရသည်။
“သြော် ဒါက စီးပွားရေးလမ်းပါ။ ဒီရက်မှာ စီးပွားရေးလမ်းမှာ ပွဲတွေရှိနေတာများလား။ ဒီစီးပွားရေးလမ်းက အစည်ကားဆုံးမို့လို့ လူအများစုက ဒီကိုလာကြတာက ပုံမှန်ပါပဲ။"
“မဟုတ်ဘူး။" နယ်စားကတော်ဝင်းဒ်ဆာက ခေါင်းခါပြီး ကောင့်ထ် နာဆပ်ကို ဖြတ်ပြောသည်၊ "ဒါဟာ သာမန်ဖြစ်ရပ်တစ်ခုသာဆိုရင် ဒီလောက်အများကြီးရှိမှာမဟုတ်ဘူး။ ဒါ့အပြင် ဆိုင်ကထွက်လာတဲ့ လူတွေက သူတို့ဝယ်လာတဲ့ ပစ္စည်းဖြစ်လောက်တဲ့အရာတစ်ခုကို ကိုင်ဆောင်နေကြတာကို တွေ့ရတယ်”
ကောင့်ထ် နာဆပ်သည် လူအုပ်ထဲမှ လာသော လူများ အားလုံး၏ လက်ထဲ၌ တူညီသော အထည်ဆိုင်မှ ထွက်လာပုံရသည့် လှပသော ၀တ်စုံများ ရှိနေသည်ကို တွေ့လိုက်ရာ အံ့အားသင့်သွားသည်။
“သွားမေးကြည့်။" နယ်စားကတော်ဝင်းဒ်ဆာက ရုတ်တရက် ပြောလာသည်။
ကောင့်ထ် နာဆပ်သည် နယ်စားကတော်ဝင်းဒ်ဆာ၏ ထူးခြားသော စူးစမ်းမှုစွမ်းအားကို ထပ်မံကြားရပြီးနောက် အံ့သြသွားခဲ့သည်။
နယ်စားကတော်ကလည်း ဒီကိစ္စကို သိချင်နေတာလား? တကယ်တော့ သူလည်း နည်းနည်း သိချင်မိသည် ။
သို့သော် သူက နယ်စားကတော်ဝင်းဒ်ဆာကို ဆန့်ကျင်မှာ မဟုတ်တဲ့အတွက် အစောင့်နှစ်ယောက်ကို တွေ့ပြီး မေးခိုင်းလိုက်၏။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် အစောင့်တစ်ဦးမှ သတင်းပေးပို့လာသည်။
“အရှင်မြို့ စား၊ ကုန်ပစ္စည်းတစ်ခုစီကို ငွေဒင်္ဂါးငါးဆယ်အောက်နဲ့ ရောင်းချတဲ့ ပွဲကျင်းပနေတဲ့ အထည်ဆိုင်တစ်ဆိုင် ရှိတယ်လို့ ပြောတယ်။ သူတို့က သုံးရက်လောက် ကြော်ငြာမှာဖြစ်ပြီး အရမ်းစျေးသက်သာတာမို့ ဒီနေ့ စပြီးရောင်းတည်းက လူတော်တော်များများကို ဆွဲဆောင်ခဲ့ပါတယ်။”
“ငွေငါးဆယ်နဲ့ အဝတ်တစ်ထည်လား?" ကောင့်ထ် နာဆပ်နှင့် နယ်စားကတော်ဝင်းဒ်ဆာတို့သည် အချင်းချင်း အံ့အားသင့်နေသော မျက်လုံးများကို မြင်လိုက်ရသည် ။
၎င်းတို့နှစ်ဦးသည် သာမန်နိုင်ငံသားများနှင့် လုံးဝကွဲပြားသည့်အဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း နိုင်ငံသားများအတွက် အဝတ်အစားများ၏စျေးနှုန်းကို နားမလည်ဟု မဆိုလိုပါ။
ပုံမှန်အထည်တစ်ထည်အတွက် တောင်ပိုင်းခရိုင်၏ အထွေထွေဈေးကွက်ပေါက်ဈေးသည် အနည်းဆုံး ရွှေဒင်္ဂါးနှစ်ပြားဖြစ်သည်။
၎င်းက နိုင်ငံသားအများစုလက်မခံနိုင်တဲ့ဈေးမို့ ယခုအထည်ဝယ်ဖို့ ပိုက်ဆံသုံးကြသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ အထည်ဆိုင်အများစုသည် သာမန်နိုင်ငံသားများအတွက် အဝတ်အစားများရောင်းချခြင်းကို ရပ်တန့်ခဲ့ပြီး ချမ်းသာသော ကုန်သည်များ သို့မဟုတ် မျိုးရိုးမြင့်များအတွက်သာ အဝတ်အစားများ ပြုလုပ်လာကြသောကြောင့် ဈေးနှုန်းသည် သဘာဝအတိုင်း မြင့်မားလာသည်။
ယခုဆို ငွေဒင်္ဂါးငါးဆယ်ဈေးနဲ့ ရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိလာတော့ သွေးအထွက်လွန်မှာမကြောက်ကြတာလား။
"ငါကြည့်ဖို့ တစ်ခုခုဝယ်လိုက်ပါ" နယ်စားကတော်ဝင်းဒ်ဆာက အမိန့်ပေး၏။
ကောင့်ထ် နာဆပ် က အစောင့်တွေကို ကြည့်လိုက်သော် အစောင့်တွေက ထွက်သွား၏။
"ကောင့်ထ်နာဆပ် မင်းရဲ့ လာရုမြို့တော်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ကုမ္ပဏီတွေရှိတယ်၊ ဒါကိုဘတကယ်ကို မမျှော်လင့်ထားမိဘူး။" နယ်စားကတော်ဝင်းဒ်ဆာက ကောင့်ထ်နာဆပ်ကို ရုတ်တရက် ပြောလိုက်ပါ၏။
နယ်စားကတော်ဝင်းဒ်ဆာ၏မျက်နှာပေါ်ရှိ အပြုံးကိုမြင်ရသောအခါ ကောင့်ထ် နာဆပ်လည်း ပို၍စိတ်ရှုပ်ထွေးလာကာ ပြုံး၍သာ ပြောနိုင်၏၊ "ဒီကုန်သည်တွေမှာ ထူးဆန်းတဲ့အကြံအစည်တွေ အမြဲရှိကြတယ်လေ"
“ဟုတ်လား?" နယ်စားကတော်ဝင်းဒ်ဆာသည် ရှုပ်ထွေးသောအမူအရာဖြင့် အနောက်ဘက်သို့ ကြည့်လိုက်သည်။ သူမဘာတွေတွေးနေတယ်ဆိုသည်ကို သူ မရှင်းမလင်းဖြစ်နေပါ၏။
သူမ၏အမူအရာကိုကြည့်ရင်း ကောင့်ထ် နာဆပ်သည် စကားမပြောရမည်ကို လိမ္မာပါးနပ်စွာ သိပါ၏။
မြင်းလှည်းပေါ်၌ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် အစောင့်နှစ်ယောက် လက်ထဲတွင် အဝတ်တစ်ထည်နှင့် ပြန်ရောက်လာသည်။
နယ်စားကတော်ဝင်းဒ်ဆာ နှင့် ကောင့်ထ် နာဆပ်တို့သည် ဤအဝတ်အစားများကို ကြည့်ကာ တစ်ချိန်တည်းမှာပင် အံ့သြသွားကြသည်။
ထိုအဝတ်အစားတွေကို ချုပ်လုပ်ထားပုံ တော်တော်ကောင်းပြီး ပစ္စည်းက အရည်အသွေးမညံ့ဘဲ ပိတ်ချောထက် မနိမ့်သည့်အပြင် နိုင်ငံသားအများစုက ကြိုက်သည့်အထည်တွေပင်။ အဝတ်များတွင် အချိုးကျ ဆိုးဆေးထည့်ထားပုံကိုကြည့်ရသော် ဖြစ်သလိုလုပ်ထားခြင်း မဟုတ်ပါပေ။
၎င်းတို့နှစ်ဦးသည် အစောင့်များထံမှ အဝတ်အနည်းငယ်ကို ယူ၍ ၎င်းတို့၏လက်ထဲတွင်ရှိသည့် အဝတ်အထည်ပစ္စည်းများသည် ကောင်းမွန်ကြောင်း၊ ၎င်းသည် နိုင်ငံသားများ ကိုယ်တိုင် ချုပ်လုပ်ရန် သာမာန်အသုံးပြုသည့် ပစ္စည်းများနှင့် တူညီခြင်းမဟုတ်ကြောင်း ပြောနိုင်ခဲ့သည်။
ကောင့်ထ်နာဆပ်သည် အမှတ်တစ်ခုအထိ သက်သေပြရန် အစောင့်တပ်သားဝတ်ထားသည့် ချပ်ဝတ်တန်ဆာအောက်မှ အဝတ်ကို ပွတ်ကြည့်လိုက်သည်။. သူ့လက်ထဲရှိ အဝတ်တစ်ထည်၌ သုံးထားသည့် ပစ္စည်းဟာ အစောင့်ဝတ်ထားသည့် အဝတ်အစားထက်တောင် ပိုကောင်းကြောင်း အတည်ပြုနိုင်ခဲ့ပါ၏။
သူ့အစောင့်တွေ၏ လုပ်ခလစာက မနည်းဘူးဆိုတာ သိထားရသဖြင့် ၎င်းတို့၏အဝတ်အစားတွေက သာမန် လူအများစုဝတ်ထားတာထက် ပိုကောင်းပါသည်။
သို့ပေမယ့် ဤအဝတ်အထည်တစ်ထည်က ငွေဒင်္ဂါးငါးဆယ်အောက်သာကျသင့်ရာ ၎င်းက မယုံနိုင်ဖွယ်ပင်။
နယ်စားကတော်ဝင်းဒ်ဆာ အာရုံစိုက်ခဲ့သည့်အရာမှာ ကောင့်ထ် နာဆပ်နှင့် လုံးဝကွဲပြားသည်။
သူမသည် ၎င်းကို ထိလိုက်ရုံဖြင့် အဝတ်အစား၏ ပစ္စည်းကို အတည်ပြုခဲ့ပြီး ၎င်းသည် ပုံမှန်ထုတ်ကုန်မဟုတ်ကြောင်း သေချာသည်။
ဤအဝတ်အစားများကို လေးလေးနက်နက်ကြည့်ပြီးနောက် ဤအ၀တ်အထည်များအတွက် ချုပ်ရိုးများအားလုံးကို အလွန်ကောင်းမွန်စွာပြုလုပ်ထားပြီး ချုပ်ရိုးတစ်ခုစီမှာ မျဉ်းဖြောင့်အတိုင်းထား၍ အလွန်သပ်ရပ်သောပုံပေါ်သည်။
အခြားမည်သည့်အရာကိုမျှ မပြောနှင့်၊ ချုပ်လှယ်မှုကို အခြေခံရလျှင် တောင်ပိုင်းခရိုင်ရှိ မည်သည့်မြို့၌မဆို အကြီးတန်း အပ်ချုပ်သမားတစ်ဦးဖြစ်ရန် လုံလောက်ပြီး ၎င်းတို့ပြုလုပ်သော အထည်၏စျေးနှုန်းမှာ နိမ့်ကျမည်မဟုတ်ပေ။
ခေတ္တငြိမ်နေပြီးနောက် နယ်စားကတော်ဝင်းဒ်ဆာသည် သူမ၏လက်ထဲရှိ အဝတ်ကို ဖြန့်ဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ အံ့အားသင့်သွားပြန်သည်။
စကတ်ရှည်တစ်ထည်သည် ကောင်းမွန်သောပစ္စည်းများပါရှိရုံသာမက လှပသောဒီဇိုင်းတစ်ခုပါရှိခဲ့သည်။
ဒီဇိုင်းတစ်ခုလုံးသည် အလွန်ရိုးရှင်းသော်လည်း ဂရုတစိုက်ကြည့်ရှုပါက ပိုမိုအသေးစိတ်ကျသော ဖုံးကွယ်ထားသည့်ဇိမ်ခံမှုကို မြင်နိုင်မည်ဖြစ်သည်။
ဒီဇိုင်းကိုအခြေခံရသော် ရွှေဒင်္ဂါးရှစ်ရာကုန်ကျသော ကန်ဒရာအင်ပါယာ၏ထိပ်တန်းဒီဇိုင်နာမှပြုလုပ်ထားသော သူမ၏အဝတ်အစားမျာနှင့် မကွာလှပေ။
နယ်စားကတော်ဝင်းဒ်ဆာသည် ဤပြောင်မြောက်သော ဒီဇိုင်းနှင့်၊ ၎င်းသည် ပိုမိုကောင်းမွန်သော ပစ္စည်းကို အသုံးပြုပြီး ပိုမိုအသေးစိတ်ရှိလျှင် မည်သည့်အထည်မဆို ရွှေဒင်္ဂါးငါးရာထက်မနည်းဖြင့် ရောင်းရမည်အား သေချာပါ၏။
ယခုမူကား......
"ဒါက ဘယ်လောက်လဲ?" နယ်စားကတော်ဝင်းဒ်ဆာက အစောင့်နှစ်ယောက်ကို မေး၏။
အစောင့်နှစ်ယောက်က ခေါင်းကုတ်ကာ "ရှင်းရှင်းလင်းလင်း မမေးမိဘူး၊ ကျွန်တော်တို့က ရွှေဒင်္ဂါးဆယ်ပြားပဲ ပေးလိုက်ပြီး အဲ့ထဲက ဆယ်ပြားကို သူတို့ ဒီတိုင်းကောက်ယူခဲ့တာ....."
နယ်စားကတော်ဝင်းဒ်ဆာနှင့် ကောင့်ထ် နာဆပ်တို့သည် အံ့အားသင့်သွားသည် “ရွှေဒင်္ဂါးဆယ်ပြား? အဲ့ထဲက ဆယ်ပြား?"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာကြည့်လိုက်သည်။
ထိုကဲ့သို့ ကောင်းမွန်သောအဝတ်အစားသည် ရွှေတစ်ပြားဆိုသည့် ပျမ်းမျှစျေးနှုန်းရှိနေသည်လား။
တခြားဆိုင်တွေ ဘယ်လိုတောင် အသက်မွေးနိုင်တော့မှာလဲ။
***
မှော်စက်မှုအင်ပါယာ
Vol 6 အခန်း ၇၆။ တရားမဝင် ကုန်စည်များ
"ဟူး နောက်ဆုံးတော့ ပြီးပြီ"
ဟာဖရာမှာ သူ့မျက်နှာထက်ရှိ ချွေးကိုသုတ်၍ အသက်ပြင်းပြင်းရှူလိုက်သည်။
သူဟာ ဘေးရှိ Nasusဘက်လှည့်လိုက်သော် မြေပြင်ပေါ်၌ ရှိဆဲဖြစ်ကာ တံခါးဘေးရှိ နံရံကိုမှီလျက် လူသေကောင်လို မလှုပ်မရှားဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဟေး နာ့ဆု, မင်းက လူငယ်လေ ဘယ်လိုလုပ် ဒီလိုအသုံးမကျတဲ့ပုံစံ ပြုမူနိုင်ရတာလဲ! ထစမ်း!" ဟာဖရာက မနေနိုင်စွာ ဆူငေါက်လိုက်၏။
နာ့ဆုသည် ဟာဖရာ ကို အားပျော့စွာ မော့ကြည့်ကာ “ဦးလေး၊ ကျွန်တော် နေ့ခင်းတလျှောက်လုံး ပြေးနေပြီး လုံးဝမအနားယူရသေးဘူး၊ ခဏလောက် အနားယူခွင့် မပေးချင်ဘူးလား။ ကျွန်တော့်မှာ အား နည်းနည်းလေးတောင် မရှိတော့ဘူး။
ဟာဖရာ က သူ့ကို ထပ်ပြီး ကြိမ်းမောင်းချင်သော်လည်း ပရာဒိုက သူ့ကို တားဖို့ အနားကို လှမ်းဆွဲလိုက်ပါ၏။
“တော်ပြီ ညီလေးသုံးရာ အနားယူခိုင်းလိုက်ပါ။ သူ ဒီနေ့ အလုပ်ကြိုးစားခဲ့တာပဲ။” ပရာဒိုလည်း ပင့်သက်ရှိုက်ပြီး ခေါင်းယမ်းကာပြောသည် “သူ ပြေးရတာ မပြောနဲ့၊ ငါ ပိုက်ဆံတွက်ရတာတောင် ပင်ပန်းလိုက်တာ။ငါတကယ်အလုပ်ဝင်ဖို့ လူနှစ်ယောက်ရှာချင်တယ်။ တစ်ကယ်တော့ ဟာဖရာ၊ ငါ မနက်ခင်းတစ်ခုတည်းအတွက် ပိုက်ဆံကို ရေတွက်ခဲ့ရပေမယ့် တစ်နှစ်ခွဲအတွင်း အလုပ်,လုပ်ခဲ့တာတွေနဲ့တောင် ညီမျှဖို့ လုံလောက်နေပါပြီ။"
"ဟုတ်တယ်၊ ဒီနေ့လုပ်ငန်းက အရမ်းကောင်းခဲ့တယ်။" ဟာဖရာသည် ပရာဒိုဘက်သို့ လှည့်၍ ရယ်မောကာ မေးသည်၊ “ဘယ်လိုနေလဲ? တွက်လို့ပြီးပြီလား"
ပရာဒိုက သူ့ကို လက်ညှိုးထောင်ကာ တိုးတိုးနေခိုင်းလိုက်သော်လည်း နောက်ဆုံး၌ သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုတွေကို မထိန်းနိုင်တော့ပေ။ သူဟာ ဘေးဘီကိုကြည့်ပြီးနောက် ချောင်းဟန့်ကာ ဟာဖရာကို လက်လေးချောင်းထောင်ပြသည်။
ဟာဖရာ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာ၏။
လက်လေးချောင်းသည် ရွှေဒင်္ဂါးလေးထောင်ကို ဆိုလိုသည်။
ဆိုလိုသည်မှာ တစ်မနက်တည်းတွင်ပင် ၎င်းတို့သည် လမ်ပူရီတိုင်းပြည်မှ ယူဆောင်လာသော အထည်ငါးထောင်ကို ရွှေဒင်္ဂါးလေးထောင်ကျော်ဖြင့် ရောင်းချခဲ့ရသည်ဟု ဆိုလိုသည်။
အဝတ်အစားစရိတ်၊ လမ်းစရိတ်နှင့် အခြားစရိတ်စကများကို ဖယ်ထုတ်လိုက်လျှင် ၎င်းတို့၏ အမြတ်ငွေမှာ ရွှေဒင်္ဂါးနှစ်ထောင်ကျော်ဖြစ်သည်။
ဘုရားရေ၊ တစ်မနက်တည်းနဲ့ ရွှေဒင်္ဂါးနှစ်ထောင်ပေါ့။
၎င်းက ဟာဖရာ တစ်ခါမှ မမက်မောဝံ့ခဲ့သည့် အရာတစ်ခုပါပင်။
"အစ်ကိုကြီး... မင်းမမှားတာသေချာလား" ဟာဖရာသည် အနည်းငယ် မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
အရာအားလုံးကို တွက်ချက်ပြီးနောက် သူ့မျက်လုံးတွေကိုပင် သူ မယုံနိုင်ဖြစ်ခဲ့ရာ ပရာဒိုက သူဘာတွေတွေးနေသည် ဆိုသည်ကို နားလည်ပါ၏။
ဤဆိုင်ကို ခုနစ်နှစ်ကြာလည်ပတ်ပြီးနောက် သူတွေ့ဖူးသည့် ပမာဏ အကြီးဆုံးငွေက ရွှေဒင်္ဂါးတစ်သောင်းသာ ရှိခဲ့သည်။
ထို့အပြင် ၎င်းသည် ၎င်းတို့၏ တစ်နှစ်ပတ်လုံးမှ အမြတ်အစွန်းများ ပါ၀င်သည့် နှစ်ကုန် ပမာဏဖြစ်သည်။
သို့သော် သူကိုယ်တိုင် တွက်ချက်ထားသည့် စာရင်းထဲတွင်း တစ်ရက်တည်းသာ ပုံမှန်လည်ပတ်နေရုံနှင့် ရလဒ်က အံ့မခန်းပါပင်။
မှတ်တမ်းတွေအရ၊ သူတို့ဟာ မနက်ခင်းတစ်ခုတည်းနှင့် ရွှေဒင်္ဂါးနှစ်ထောင်ကျော် ရရှိခဲ့သည်။
အကယ်၍ ၎င်းတို့သာ တစ်နှစ် သုံးရာခြောက်ဆယ့်ငါးရက်ဖြင့် တွက်ကြည့်ပါက တစ်ရက်လျှင် ရွှေဒင်္ဂါးလေးထောင်ကျော်ရောင်းနိုင်လျှင် ထိုနှစ်တွင် ရွှေဒင်္ဂါးတစ်သန်းကျော်ရရှိလိမ့်မည်မဟုတ်ပါလော။
ဘုရားရေ!
ရွှေဒင်္ဂါးတစ်သန်းလေ!
ပရာဒိုသည် သူ့ရှေ့တွင်ရှိနေသည့် ရွှေရောင်အလင်းတန်းကို တွေးမိသွားသည်။
ငြိမ်သက်သွားပြီးနောက် ပရာဒိုသည် မိမိကိုယ်ကို ရောင့်ရဲစေရန် အပြုံးတစ်ခု ပေးခဲ့သည်။
ယခု သူ့တွင်ရှိနေသည့် စိတ်ကူးသည် စိတ်ကူးယဉ်ရုံမျှသာ ဖြစ်သည်။ ထုံးစံအတိုင်း နှစ်တစ်နှစ်လုံး နေ့ရက်တိုင်း ဤမျှလောက်အရိုင်းဆန်ဖို့ မဖြစ်နိုင်ပါချေ။
သုံးရာ့ခြောက်ဆယ့်ငါးရက်အတွင်း ၎င်းတို့ ဆယ်ပုံတစ်ပုံလောက်ပင် ဤသို့ကြီးကျယ်ခမ်းနားနိုင်ပါက အံ့သြလောက်စရာဖြစ်နေပြီပင်။
ဆယ်ပုံတစ်ပုံသာရှိလျှင်ပင် တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သိန်းကျော်ရှိသည်ဟု ဆိုလိုသည်။ ၎င်းသည် ထိတ်လန့်စရာကောင်းသော နံပါတ်တစ်ခုဖြစ်ပြီး ပရာဒိုသည် ဘယ်တုန်းကမှ ရရှိမည်ဟု မတွေးခဲ့မိသည့် အရေအတွက်တစ်ခုလည်းဖြစ်သည်။
"စိတ်ချပါ၊ အမှားတော့ရှိမှာ မဟုတ်ဘူး။" ပရာဒိုသည် ဟာဖရာ၏ ပုခုံးကို ပုတ်ကာ သူ့ကို စိတ်တည်ငြိမ်စေခဲ့သည်။
သို့သော်လည်း သူသည် သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
ပရာဒို၏ရယ်မောသံကိုကြားတော့ ဟာဖရာ လည်း မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။
နံရံကို မှီနေသော တစ်ဖက်မှ နာ့ဆုသည်လည်း သူတို့နှစ်ဦး ရယ်မောသည်ကို မြင်လိုက်ရပြီး သူလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
ဤခရီးစဉ်က သူ့ဦးလေးမှာ သူ့အား ကမ္ဘာကိုကြည့်ပြီး အတွေ့အကြုံကောင်းတွေယူဖို့ ခေါ်လာခြင်းဖြစ်ရာ ၊ ဝင်ငွေက သူ့အတွက် အများကြီး အဓိပ္ပါယ်မရှိပေ၊ ဤဝင်ငွေက တကယ်ကို အတွေ့အကြုံတော့ပေးသည်။ အနည်းဆုံး အင်ပါယာနှစ်ခု၏ ကန်ဒရာအင်ပါယာသည် ယခင်က သူထင်ထားသည့်အတိုင်း လက်လှမ်းမမီနိုင်ခြင်း မဟုတ်တော့ကြောင်း သူသိရှိခဲ့သည်။
ကန်ဒရာအင်ပါယာသည် ကြီးမားသည်ဟုယူဆနိုင်သော်လည်း၊ လမ်းတစ်လျှောက်အတွေ့အကြုံက ကန်ဒရာအင်ပါယာရှိဘဝသည် သူ့အား ဂုဏ်ယူမှုပေးသည့် လမ်ပူရီတိုင်းပြည်နှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း သိလာစေသည်။
၎င်းက သူပထမဆုံးထွက်လာစဉ်ကလို စိတ်လှုပ်မရှားစေတော့ဘဲ ယုံကြည်မှုအပြည့်ဖြစ်လာစေသည်။
သူ့အတွက် ဤပြောင်းလဲမှုက မည်သည့်ဝင်ငွေထက်မဆို ပိုအရေးကြီးတာမို့ ယခုအချိန်မှာတော့ သူတကယ်ကို စိတ်ကောင်းဝင်နေပါ၏။
၎င်းတို့သုံးယောက် ခဏလောက် ရယ်မောပြီးနောက် ပရာဒိုသည် တဖြည်းဖြည်း ရပ်သွားပြီး ဟာဖရာ ကို ကြည့်လိုက်သည်။
ဟာဖရာ က နားလည်ပြီး နာ့ဆုအား အနားယူပြီးလျှင် သယ်ယူပို့ဆောင်ရေး မှော်ကား စစ်ဆေးဖို့ ပြောခဲ့ကာ ဆိုင်ထဲ ဝင်သွားခဲ့သည်။
ဆိုင်က ရှုပ်ပွနေပြီး အဝတ်အစားတွေကို လုဝယ်ခဲ့သည့် ဖောက်သည်များ၏ အမှတ်အသားတွေ ကျန်နေခဲ့ရာ အတော်သပ်ရပ်သည့် ဆိုင်ကို ရှုပ်ထွေးသွားစေသည်။
ပရာဒိုက သူ့ဆိုင် အခင်းအကျင်းကို ကြည့်ပြီး ပြုံးကာ ခေါင်းခါသည်။
“လူတွေကို တစ်ခုခုဝယ်ရင်း ရူးသွပ်တာကိုတွေ့တာ ဒါပထမဆုံးအကြိမ်ပဲ။ ဒီလိုရူးသွပ်တဲ့မြင်ကွင်းကို ငါနောက်ဆုံးမြင်ခဲ့ရတာက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကြင်နာတတ်တဲ့ မျိုးရိုးမြင့်ရဲ့ အိမ်ရှေ့မှာ လူတစ်စုက ယာဂုပေးကမ်းမယ့် အချိန်ကို စောင့်မျှော်နေကြတုန်းကပဲ။” ၎င်းကိုပြောပြီးနောက် ပရာဒို က သက်ပြင်းချသည်၊ “အနှစ်နှစ်ဆယ်ကျော်ပြီးသွားပြီ၊ ငါ့ဗိုက်မပြည့်မှာကို စိတ်ပူစရာမလိုတော့ဘူး၊ နာ့ဆုလို ကောင်လေးတောင်မှ နေ့တိုင်း အစားအစာအလုံအလောက်ရနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ ဘဝက ပိုကောင်းလာပါပြီ”
ပရာဒို၏ သက်ပြင်းချသံကို ကြားလိုက်ရာ ဟာဖရာ သည် လေးနက်သော ဟန်ဖြင့် အနည်းငယ် တိတ်ဆိတ်သွားပြီးမှ ပြောလာသည် ။ “အစ်ကိုကြီး၊ မင်း မိသားစုဆီက ထွက်သွားခဲ့တာ အနှစ်နှစ်ဆယ်ရှိပေမယ့် နောက်ဆုံးတော့ မင်းဟာ ကျွန်တော့်အစ်ကိုကြီးပဲလေ။ လမ်ပူရီတိုင်းပြည်မှာရှိတဲ့ ကျွန်တော်တို့ မိသားစုက အစ်ကို့ကို အချိန်မရွေး ကြိုဆိုနေပါတယ်။ အဖေရော အမေရော ရှိနေတုန်းမို့ မင်း အိမ်ပြန်လာတာ တွေ့ရရင် ဝမ်းသာကြလိမ့်မယ်”
ပရာဒို၏မျက်နှာပေါ်ရှိ အပြုံးသည် ပို၍အဓိပ္ပါယ်ပါကာ ဟာဖရာကို ကြည့်လိုက်သည်။
"အင်း၊ ငါ ပြန်တော့မယ်လို့ပြောပြီးပြီ၊ ဒါပေမယ့် အဲဒီမတိုင်ခင်မှာ မင်းကို လမ်ပူရီတိုင်းပြည်အကြောင်း မေးခွန်းတွေ မေးချင်တယ်"
“အစ်ကိုကြီး၊ ဘာမဆိုမေးလို့ရပါတယ်။ အစ်ကို လမ်ပူရီတိုင်းပြည်ကနေ ထွက်သွားတာက ကြာနေပြီမို့ ဘယ်လောက်ပြောင်းလဲသွားတယ်ဆိုတာကို မသိလောက်ဘူးလေ။ ကြိုသိထားရတာ ကောင်းပါတယ်။” ဟာဖရာက ရိုးရိုးသားသားပြောသည်။
“ကောင်းပြီ။” ပရာဒိုက ခေါင်းတညိတ်ညိတ်နှင့် ချီတုံချတုံဖြစ်ပြီးနောက် မေးလာသည် “ပထမမေးခွန်း၊ ငါအသိချင်ဆုံးက ဟာဖရာ၊ ဒီတစ်ခါ မင်းနဲ့အတူ ယူလာတဲ့ ပစ္စည်းတွေ ဘယ်ကရလာတာလဲ။"
ပရာဒို၏ လေးနက်သော လေသံကို ကြားလိုက်ရသော် ဟာဖရာ အနည်းငယ် အံ့သြသွားသည်။ ထို့နောက် ပရာဒို၏မျက်နှာပေါ်တွင် စိုးရိမ်မှုအရိပ်အယောင်ဖြင့် လေးနက်သောဟန်ကိုမြင်လိုက်ရတော့ သူဘာကိုဆိုလိုသည်ကို တွေးကာ အနည်းငယ်နားလည်သွားသည်။
"ဟား အစ်ကိုကြီး၊ ဒီပစ္စည်းတွေက တရားမ၀င်ကုန်ပစ္စည်းတွေဖြစ်မှာကို စိုးရိမ်နေတာပဲ မဟုတ်လား"
ပရာဒိုက ခေါင်းညိတ်ပြပြီး ခဏလောက် ငြိမ်သွားတယ်။
"ဟုတ်တယ်၊ လမ်ပူရီတိုင်းပြည်မှာ မှော်စက်လို့ခေါ်တဲ့ ထူးဆန်းတဲ့အရာတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အများကြီးရှိနေတယ်လို့ မင်းပြောပြီးကတည်းက ပထမဆုံးအကြိမ်အနည်းငယ်ကို ထားလိုက်ပါ၊ ဒါကြောင့် မင်းအဲ့ဒါတွေကိုရနိုင်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် မင်းဒီတစ်ခါယူလာတဲ့အဝတ်အစားတွေကို ငါသေချာကြည့်တော့ အဝတ်အစားတွေက အရမ်းသပ်သပ်ရပ်ရပ်နဲ့ ဒီဇိုင်းထုတ်ထားတာတွေ့တယ်။ ပစ္စည်းနည်းနည်းမတူနေတာကလွဲရင် ဘယ်လိုကြည့်ကြည့် စျေးနည်းမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းငါ့ကို လမ်ပူရီတိုင်းပြည်မှာ ပျမ်းမျှ ငွေဒင်္ဂါးနှစ်ဆယ်အောက်နဲ့ ဝယ်ခဲ့တယ်လို့ပြောတာ တကယ်ကို ယုံရခက်လွန်းတယ်။"
ပရာဒို၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသဖြင့် ဟာဖရာ က မရယ်ဘဲ မနေနိုင်တော့ပေ။ သူက လျှောက်လာပြီး ပရာဒို၏ ပခုံးကို ပုတ်ကာ ပြုံး၍ပြောသည်၊ “အစ်ကိုကြီး၊ မင်း လမ်ပူရီတိုင်းပြည်ကထွက်သွားပြီး ကိစ္စတွေကို မသိတာ တော်တော်ကြာနေပြီလို့ ကျွန်တော်ပြောခဲ့တယ်။ ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်မှာ ဒီအဝတ်အစားတွေက ငွေဒင်္ဂါးနှစ်ဆယ်ပဲ တန်တယ်လို့ ပြောပါရစေ။ ကြေးဒင်္ဂါးတစ်ပြားလောက် ပိုကုန်ကျရင်တောင် ကျွန်တော် သူတို့ကို လိုချင်မှာ မဟုတ်ဘူး။”
"ဒါက ဘယ်လိုဖြစ်ရတာလဲ?" ပရာဒိုက ကောင်တာနောက်ကွယ်၌ သူ့သမီးအငယ်ဆုံးအတွက် ချန်ထားခဲ့သည့် ဂါဝန်ရှည်ကို လှည့်ကြည့်လိုက်၏။ သူက ၎င်းကောက်ကိုင်လိုက်ကာ ဖြန့်လိုက်ဩ်၊ “ကြည့်လိုက်၊ ဒီဝတ်စုံရဲ့ ပစ္စည်းအကြောင်း မပြောနဲ့ဦး၊ ဒီဝတ်စုံက မျိုးရိုးမြင့်တွေရဲ့ အဝတ်တွေနဲ့ မခြားသလို သူတို့ထက် ပိုကောင်းတယ်လို့တောင် ယူဆနိုင်တယ်။ ဒီအဝတ်အစားက ငွေဒင်္ဂါးနှစ်ဆယ် တန်ဖိုးပဲရှိနိုင်မတဲ့လား။"
“အဲဒါက ဒီဈေးပါပဲ” ဟာဖရာက ယုံကြည်မှုအပြည့်နှင့် ခေါင်းညိတ်ပြသည်၊ “သေချာပါတယ်၊ အစ်ကိုပိုကောင်းတဲ့ပစ္စည်းကိုလိုချင်ရင်၊ ပိုစျေးကြီးလိမ့်မယ်။ ငွေဒင်္ဂါးငါးဆယ်နဲ့ ခရမ်းဖျော့ ချည်ထုံးတချို့ကို ဝယ်လို့ရနိုင်တယ်လေ၊ ဒါက သာမန်ချည်မျှင်ထက် အများကြီးသာလွန်တယ်။ အဲဒါက ဘာမှ မကောင်းတဲ့အတွက် သိမ်းထားဖို့ မလိုဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ ဟုတ်ပါတယ် ဒီအကြောင်းပြောရင် ကျွန်တော်မှားသွားပြီ။ ဒီတစ်ခေါက် ကျွန်တော်အအရမ်းအလျှင်လိုနေတော့ ကျွန်တော့်တူမနဲ့တူလေးအတွက် လက်ဆောင်ယူလာဖို့ မေ့သွားတယ်။"
“အဲဒါ အရေးမကြီးဘူး။” ပရာဒိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည် "ငါ သိချင်တာက၊ ဒီအဝတ်အစားတွေက လမ်ပူရီတိုင်းပြည်မှာ ဘာလို့ ဒီလောက်စျေးပေါရတာလဲ။ တကယ်လို့ ဒီအဝတ်အစားတွေကို အချိန်နည်းနည်းလောက်ထားခဲ့ပြီး ရောင်းဖို့ အလျင်စလိုမလုပ်ခဲ့ဘူးဆိုရင်၊ ရွှေဒင်္ဂါးသုံးပြားနဲ့အထက်နဲ့ ရောင်းရတာတောင် ပြဿနာမရှိဘူးလို့ ငါအာမခံနိုင်တယ်။ဟုတ်ပြီး၊ မင်း အခုနကပြောခဲ့တဲ့ ခရမ်းဖျော့ ချည်သားက ဘာများလဲ။"
“အိုး၊ အဲဒါက ညတေးသံမျိုးနွယ်စု နတ်သူငယ်တွေ နဲ့ အာမန်နီကုန်သည်ကြီးများအသင်းတို့အတူ တီထွင်ထားတဲ့ ပစ္စည်းအသစ်ဖြစ်ပြီးတော့ အဓိကပါဝင်ပစ္စည်းက လီလက်ပန်းတွေရဲ့ ရိုးတံကနေ လာတာလေ။ ဒီပစ္စည်းနဲ့ လုပ်ထားတဲ့အဝတ်တွေက အရမ်းနူးညံ့ပြီး သက်တောင့်သက်သာရှိတော့ ပိုးထည်အဝတ်တွေထက်တောင် မနိမ့်ကျနေဘူး။”
"ဒါကအဲ့လို အံ့သြစရာကောင်းတာလား?" ပရာဒို၏မျက်လုံးများသည် မယုံကြည်နိုင်စွာကျယ်လာသည် “ပြီးတော့ မင်းဘာပြောလိုက်တာ။ နတ်သူငယ် မျိုးနွယ်စုနဲ့ လူသားကုမ္ပဏီတစ်ခုက ဒါကို ထုတ်လုပ်ဖို့ အတူ လုပ်ခဲ့တာလား။ ဒါက......”
“ဟေး အစ်ကိုကြီး၊ မင်း လမ်ပူရီတိုင်းပြည်ကို ပြန်ရောက်တဲ့အခါ မင်းကို ပိုပြီး ထိတ်လန့်စေမယ့် အရာတွေအများကြီးကို မင်းတွေ့လိမ့်မယ်။” ဟာဖရာက ရယ်မောရင်း ပြောသည်၊ "ဒီအဝတ်အစားတွေက ဘာလို့ ဒီလောက်စျေးပေါနေရတာလဲ..... ဆိုတဲ့ အကြောင်းပြချက်က အရမ်းရိုးရှင်းတယ်၊ အဲလိုအရာတွေ အများကြီးရှိလို့ပဲ။ ဒီအဆင့်နိမ့်ပစ္စည်းတွေနဲ့ပဲ အာမန်နီ ကုန်သည်ကြီးများအသင်းက အဲ့ဒါတွေကို တစ်နေ့ တစ်သောင်းကျော်လောက် လုပ်နိုင်တယ်၊ ဒါကြောင့် ဒီထက်ပိုပြီး ရောင်းနိုင်ရင်တောင် မထူးဆန်းဘူးလေ။”
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၇။ ရွေးချယ်မှု ပြုလုပ်ခြင်း
"တစ်နေ့ကို တစ်သောင်းကျော်?" ပရာဒို မနေနိုင်စွာ ပင့်သက်ရှိုက်မိသည်။
သူဟာ အထည်ဆိုင်ဖွင့်ထားသဖြင့် သာမန်လူများထက် ပိုနားလည်ပါ၏။
သူသိသလောက် လာရုမြို့တော်တွင် အပ်ချုပ်ဆိုင် နှစ်ဆယ့်သုံးဆိုင်ရှိပြီး ထိုဆိုင်များမှာ အပ်ချုပ်သမများ သုံးရာကျော် အတူစုစည်းထားသည်။ ၎င်းတို့သာ မရပ်မနားဘဲ နေ့စဉ်ညဆက် ချုပ်လုပ်လျှင် တစ်နေ့ကို အထည် ငါးရာထက် ပိုလုပ်နိုင်မည်မဟုတ်ပေ။
ဤ အာမန်နီ ကုန်သည်ကြီးများအသင်းသည် ဤကဲ့သို့သော လက်မှုပညာဖြင့် တစ်နေ့လျှင် အထည်ရေ တစ်သောင်းကျော် ထုတ်လုပ်နိုင်သည်မှာ မယုံနိုင်စရာပင်။
"ဒီ အာမန်နီ ကုန်သည်ကြီးများအသင်း.....သူတို့က ဘာမှော်ပညာကို သုံးနေကြတာလဲ" ပရာဒိုက မနေနိုင်ဘဲ မေးသည်။
“ဟား၊ သူတို့မှာ တကယ် မှော်အတတ်တွေ ရှိပေမယ့် အဲဒါက Frestech ကုန်သည်ကြီးများအသင်းက ရောင်းတဲ့ မှော်စက်တွေပါပဲ။ အဲဒါကြောင့် အဓိကကတော့ Frestech ကုန်သည်ကြီးများအသင်းကြောင့်လေ။”
“ဒါက Frestech ကုန်သည်ကြီးများအသင်းဖြစ်ပြန်ပြီလား” ပရာဒိုက မျက်မှောင်ကုပ်လိုက်သည်။
ဟာဖရာ က ထိုကုမ္ပဏီအကြောင်း ပြောသည်ကို အကြိမ်တစ်ရာကျော်ကြားဖူးပါ၏။ လမ်ပူရီတိုင်းပြည် အကြောင်းပြောသောအခါတိုင်း၊ လမ်ပူရီတိုင်းပြည်ရှိအရာအားလုံးသည် ဤကုမ္ပဏီနှင့် ဆက်စပ်နေသကဲ့သို့ ဟာဖရာ က ပြောသည်ကို သူကြားရသည်။
"ဟုတ်တယ်၊ Frestech ကုန်သည်ကြီးများအသင်းပဲ ...... "
ဟာဖရာ ပါးစပ်ဟလိုက်ပြီးနောက် ရပ်လိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း အကြောင်း ပရာဒိုကိုရှင်းပြရခြင်းမှာ အချိန်တိုအတွင်း သူလုပ်နိုင်သောအရာမဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
"ဒါက မှော်စက်တွေကို အစ်ကို့ကိုမပြဘဲ ကျွန်တော်ရှင်းပြလိုက်ရင် အစ်ကိုနားလည်မှာမဟုတ်ဘူး။ ဒီလိုဆိုရင်ရော......" ဟာဖရာသည် ဆိုင်ရှိကောင်တာသို့ သွားရောက် လှည့်ပတ်ကြည့်ကာ သောက်ရေခွက်ကို ကောက်ယူလိုက်သည်။ “အစ်ကိုကြီး၊ ဒီခွက်ကို ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ။ သံချေးတက်ဖို့ နီးစပ်နေပြီ မဟုတ်ဘူးလား”
ပရာဒိုက သူ့လက်ထဲက ခွက်ကို ကြည့်ပြီး အံ့အားသင့်စွာ ကြည့်ကာ နေရခက်ဟန်ပြလာသည်၊ “ဒီခွက်ကို လွန်ခဲ့တဲ့ ငါးနှစ်ကနေ ခြောက်နှစ်လောက်က ဝယ်ထားတာ။ ဘယ်တုန်းကမှ စွန့်ပစ်ဖို့ ဆန္ဒမရှိခဲ့ဘူး၊ ဒါကြောင့် ဆေးပြယ်သွားရင် ထပ်ခြယ်လိုက်တယ်။ ဒီတော့ ဆေးခြယ်ဖို့ကို ပူစရာမလိုပါဘူး။"
"ထပ်ပြီး ဆေးခြယ်ချင်လား" ဟာဖရာက မေးသည်၊ “အကိုကြီး၊ ဒါက တခြားအကြောင်းပြောတာမဟုတ်ဘူး၊ ဒါပေမယ့် သံချေးတက်တော့မယ့်ခွက်ကို သုံးနေတာက၊ အဲဒါက နောက်ပြန်ဆွဲလွန်းတယ်။ ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်က ဖန်ခွက် ဒါမှမဟုတ် ကြွေသောက်ရေခွက်တွေကို သုံးတာ။ သံခွက်တွေအတွက်တောင် သံမဏိ(stainless steel)နဲ့ ပြုလုပ်ထားတာတဲ့ ခွက်တွေကိုသုံးတယ်။ ဒါမှမဟုတ် သတ္တုစပ်ခွက် ဒါမှမဟုတ် ပလပ်စတစ်ခွက်ကို သုံးလို့ရတဲ့အတွက် ဆေးခြယ်ဖို့ စိတ်ပူစရာ မလိုဘူး။”
"ခဏလေး၊ မင်းပြောခဲ့တဲ့အရာတွေအားလုံးက ဘာလဲ။" ပရာဒိုက ရှုပ်ထွေးသွားသည်၊ "ဖန်နဲ့ ကြွေထည်တွေကိုတော့ ငါနားလည်နိုင်ပါတယ်၊ ဒါပေမယ့် မင်းပြောခဲ့တဲ့ အဲဒီသံမဏိ၊ သတ္တုစပ်နဲ့ ပလပ်စတစ်ခွက်တွေက ဘာလဲ။"
"အိုင်း အကိုကြီး၊ မင်းနားမလည်နိုင်တဲ့ အရာတွေအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ဖန်တီးခဲ့တာလို့ ကျွန်တော်ပြောရင် ဘယ်လိုထင်လဲ။"
"ဟမ်?" ပရာဒို၏ မျက်လုံးများ ပြူးကျယ်သွားကာ “မဖြစ်နိုင်ဘူး။ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုထူးဆန်းတဲ့အရာအားလုံးကို ဘယ်လို လုပ်နိုင်မှာလဲ။"
“ဒါတွေက အဖြစ်မှန်တွေပဲ။” ဟာဖရာက ပြောသည်"လမ်ပူရီတိုင်းပြည်ရဲ့ ကြီးမားတဲ့ပြောင်းလဲမှုတွေအားလုံး Frestech ကုန်သည်ကြီးများအသင်းကြောင့်လို့ ပြောရင် ချဲ့ကားပြောတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့လို လမ်ပူရီတိုင်းပြည်က သာမန်လူတစ်ယောက်အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ကြတယ်။ သူတို့ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ဘဝ ဘယ်လောက်ကောင်းပြီး နေ့တိုင်း အသားစားဖို့ကို မပြောနဲ့ ဖြည့်စွက်စာတောင် စားနိုင်မှာ မဟုတ်ဘူး။”
ဟာဖရာ ဟာ နောက်ပြောင်နေပုံမပေါ်တာကို မြင်လိုက်ရတော့ ပရာဒိုက စိတ်လှုပ်ရှားတဲ့အသံဖြင့် မနေနိုင်စွာ ပြောလာသည်။ " Frestech ကုန်သည်ကြီးများအသင်းက မင်းပြောသလို တကယ်ကောင်းတယ်ဆိုရင် အဲဒါက လူတွေ ချီးမွမ်းနိုင်တဲ့ အရာပဲ။"
ဟာဖရာသည် ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်ကာ ပရာဒို၏ပခုံးကိုပုတ်၍လက်ကို လှမ်းဆွဲကာ ပြုံးလျက်ပြောသည်၊ “ကောင်းပြီ၊ အစ်ကိုကြီး၊ Frestech ကုန်သည်ကြီးများအသင်းက အချိန်တိုအတွင်း ကျွန်တော် ရှင်းပြနိုင်တဲ့ အရာမဟုတ်ဘူး။ မွန်းတည့်ချိန်မို့ ပြင်ဆင်ပြီး နေ့လည်စာ စားရင်း စားပွဲမှာ ဆွေးနွေးလို့ရတယ်။" ဟာဖရာ က အကြံပေးလိုက်သည်။
ပရာဒိုက ဆိုင်အပြင်ဘက်သို့ ကြည့်လိုက်ရာ နေ့လယ်အချိန်ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ခေါင်းညိတ်သည် "ကောင်းပြီ၊ နာ့ဆုကို သွားခေါ်ရအောင်"
နှစ်ယောက်သား ဆိုင်ထဲက လမ်းလျှောက်ထွက်လာစဉ်တွင် လက်နက်အပြည့်အစုံနှင့် စစ်သည်တော် အများအပြား ဝိုင်းလာသည်ကို ခံလိုက်ရသည်။
နှစ်ယောက်သား အံ့ဩသွားကြ၏။ ပရာဒို လှမ်းကြည့်လိုက်တော့ ထိုအစောင့်တွေက မြို့စားအိမ်တော်၏ အမှတ်အသား ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်အား တွေ့လိုက်ရရာ ရှုပ်ထွေးနေသည့် အသံနှင့် မေးလေသည် “ဒီကလူကြီး၊ တစ်ခုခုလိုလို့လား”
ထိုခေါင်းဆောင်က ၎င်းတို့ နှစ်ဦးကိုကြည့်လိုက်ပြီးနောက် ပရာဒိုကို ကြည့်လာသည်။
"မင်းက ဒီဆိုင်ရဲ့ ပိုင်ရှင်ပရာဒိုလား"
ပရာဒိုက ပိုလို့တောင် ရှုပ်သွား၏ "ကျုပ်ပါပဲ။ ဆရာတို့.... တစ်ခုခုရှာနေတာလား"
"မင်းကိုရှာနေတာ ငါမဟုတ်ဘူး၊ မြို့စားပဲ။ ငါတို့နှင့်အတူ အမြန်လိုက်ခဲ့ မြို့စားက မင်းကိုတွေ့ချင်နေတယ်။
"မြို့စားက?" ပရာဒိုက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ထို့နောက် ဟာဖရာကို လှည့်ကြည့်လိုက်ရင်း နှစ်ယောက်လုံး စိတ်ရှုပ်သွားသည်။
ဝေးကွာလှသည့် မြို့စားက ပရာဒိုလိုမျိုး သာမန်ကုန်သည်ကို ဘာကြောင့် ရုတ်တရက် သတိထားမိရတာလဲ။
လာရုမြို့တော်၏ မြို့စားအိမ်တော်တွင် နယ်စားကတော်ဝင်းဒ်ဆာ နှင့် ကောင့်ထ် နာဆပ်တို့မှာ တစ်ဖက်တစ်ချက်စီ ထိုင်နေကြသည်။
အခန်းတွင်း လေထုက အနည်းငယ် လေးလံနေ၏။
နယ်စားကတော်ဝင်းဒ်ဆာသည် သူမ၏ လက်ဖက်ရည်ကို သောက်လိုက်ပြီး အမူအရာမှာ တည်ငြိမ်သွားသည်။ ကောင့်ထ် နာဆပ်သည် အနည်းငယ် တုံ့ဆိုင်းနေကာ ရုန်းကန်မှု အနည်းငယ်ဖြင့် ခေါင်းကို ငုံ့ထားသည်။
ခဏအကြာတွင် ကောင့်ထ် နာဆပ်သည် နယ်စားကတော်ဝင်းဒ်ဆာကို မော့ကြည့်ကာ စိတ်ထဲတွင် ခါးသီးစွာရယ်မောရင်း မျက်လုံးများကို မှေးကျဉ်းထားလိုက်သည်။
နယ်စားကတော်ဝင်းဒ်ဆာကိုယ်တိုင်လာရောက်ခြင်းသည် သူမပြောသည့်အတိုင်း အပန်းဖြေရန်သက်သက်မဟုတ်ပေ။
သို့သော် ကောင့်ထ် နာဆပ်သည် သူမရောက်ရှိချိန်၌ သူ့အတွက် ကြီးမားသောပြဿနာဖြစ်လာမည်ဟု ဘယ်သောအခါမှ မတွေးခဲ့မိဘဲ ပြင်ဆင်မထားခဲ့မိပေ။
နယ်စားကတော်ဝင်းဒ်ဆာသည် သူနှင့် မကြာခင်ကပင် ခဏတာသာ သီးသန့်စကားပြောဆိုခဲ့သော်လည်း သူမ၏ မရေမတွက်နိုင်သော နည်းလမ်းများက သူမကို ...... သို့မဟုတ် သူမကိုယ်စားပြုသည့် နယ်စားဝင်းဒ်ဆာ၏ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
နယ်စားဝင်းဒ်ဆာသည် လမ်ပူရီတိုင်းပြည်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် အင်ပါယာကို အလွန်ဆန့်ကျင်ခဲ့ပြီး အင်ပါယာ၏လွှတ်တောမတွင် လူတိုင်းရှေ့၌ ၎င်းကို ဆန့်ကျင်ခဲ့သည်။
သို့သော်၊ ဤဆုံးဖြတ်ချက်သည် နောက်ဆုံးတွင် အောင်မြင်ပြီး ဖြစ်ပေသည်။
လွှတ်တော်က ဤဆုံးဖြတ်ချက်ကို ချပြီးကတည်းက အင်ပါယာမှာရှိသည့် လူတိုင်းက ၎င်းကို လိုက်နာရမည်သာ။
သို့သော် ကန်ဒရာအင်ပါယာသည် အလွန်ကြီးမားပြီး လူတိုင်းလိုက်နာရန် မဖြစ်နိုင်ပေ။
ယခုတစ်ကြိမ်တွင် နယ်စားဝင်းဒ်ဆာသည် မတူညီသော အကြံအစည်တစ်ခုရှိပုံရသည်။
၎င်း၏ကန့်ကွက်မှုကို လွှတ်တော်က ပယ်ချခဲ့သော်လည်း ယင်းကို ကန့်ကွက်ရန် နည်းလမ်းမရှိဟု မဆိုလိုပါပေ။
ဤတစ်ကြိမ်မှာတော့ သူ၏နည်းလမ်းက အရမ်းပြင်းထန်သည်ဆိုသည်မှာ ထင်ရှားပါ၏။
နယ်စားဝင်းဒ်ဆာသည် တောင်ပိုင်းနယ်မြေကိုတလျှောက် လမ်ပူရီတိုင်းပြည်၏ကုန်တင်ကုန်ချများကိုတားမြစ်ရန်ဆုံးဖြတ်ခဲ့သည်။
ဆိုလိုသည်မှာ အင်ပါယာ၏လွှတ်တော်သည် လမ်ပူရီတိုင်းပြည်နှင့် ကုန်သွယ်မှုသဘောတူညီချက်တစ်ခုရရှိထားသော်လည်း တောင်ပိုင်းခရိုင်သည် ယင်းကိုလက်ခံရန် ငြင်းဆိုထားသည်။
ဟုတ်ပါ၏၊ ၎င်းက လွှတ်တော်ကို ဆန့်ကျင်တာနှင့် မတူသလို နယ်စားဝင်းဒ်ဆာဟာ မိုက်မဲသည့် အရာတွေကို လုပ်မှာ မဟုတ်ပါချေ။
ထို့ကြောင့် သူသည် တောင်ပိုင်းခရိုင် အသီးသီးသို့ သွားကာ မြို့စားများကို သူနှင့်အတူ လုပ်ဆောင်စေခဲ့သည်။
လာရုမြို့တော်သည် နယ်စားကတော်ဝင်းဒ်ဆာ၏ဒုတိယမြောက်မှတ်တိုင်ဖြစ်သည်၊ ထို့ကြောင့်သူမက သူ့ကို ၎င်းသာပြောပြနိုင်သည်။
ချမှတ်ရမယ့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကောင့်ထ် နာဆပ်အပေါ်မှာ မူတည်ပါ၏။
သို့သော်၊ ဤဆုံးဖြတ်ချက်သည် ကောင့်ထ် နာဆပ်အတွက် အလွန်ခက်ခဲသည်။
သူသည် နယ်စားဝင်းဒ်ဆာ၏ ဆုံးဖြတ်ချက်ကို လိုက်နာပါက လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့်အတွက် အပြစ်ပေးခံရခြင်း ဖြစ်နိုင်သည်။
မလိုက်နာပါလျှင်လည်း......
နယ်စားဝင်းဒ်ဆာသည် လွန်ခဲ့သော ဆယ့်ခုနစ်နှစ်ခန့်က တောင်ပိုင်းခရိုင်၏ ဘုရင်ခံ နေရာကို ရယူခဲ့ပြီး ဝင်းဒ်ဆာ မိသားစုသည် ဤနိုင်ငံများတွင် နက်ရှိုင်းသော သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ တော်ဝင်မိသားစုတွေပင် ၎င်းတို့အပေါ် ရန်လိုမှုတွေရှိကြ၏။
၎င်းကိုနှိုင်းယှဥ်ကြည့်လျှင် ကောင့်ထ် နာဆပ်သည် သာမန်မြို့စားတစ်ဦးသာဖြစ်ပြီး နယ်စားဝင်းဒ်ဆာ၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဝံ့ပါက နောက်နေ့တွင် မြို့စားအဖြစ် ရာထူးကို ဆုံးရှုံးနိုင်သည်။
“ကောင့်ထ်နာဆပ်နယ်စားက မင်းကိုအရမ်းအမြင်ရှိတာကြောင့် သီးသန့်စကားပြေားချင်နေတာ။ မင်းက အမြော်အမြင်ရှိတဲ့ တောင်ပိုင်းခရိုင်ရဲ့ အနည်းစုထဲက တစ်ယောက်ဖြစ်တယ်လို့ သူက ပြောတယ်။ မင်းကို ဒီလိုမြင်တာကိုစိတ်မပျက်စေနဲ့။" နယ်စားကတော်ဝင်းဒ်ဆာ ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလာသည်။
နယ်စားကတော်ဝင်းဒ်ဆာ၏စူးရှသောအသွင်အပြင်ကိုမြင်ရသောအခါ ကောင့်ထ် နာဆပ်သည် သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ရိုးရိုးသားသား ပြုံးပြပြီး နယ်စားကတော်ဝင်းဒ်ဆာကို ခေါင်းညိတ်ပြသည်။ “ကျွန်တော့်ကို ချီးမွမ်းတဲ့အတွက် အရှင့်ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်က နယ်စားကို ထာဝရ ထောက်ပံမယ်လို့ ပြောပေးဖို့ ခွင့်တောင်းပါတယ်။”
၎င်းကိုကြားတော့ နယ်စားကတော်ဝင်းဒ်ဆာက နောက်ဆုံးတွင် ဝမ်းသာအားရ ပြုံးကာ ခေါင်းညိတ်ပြလာသည်၊ "ကောင်းပြီ၊ မင်းရဲ့ တုံ့ပြန်မှုကို ကြားတဲ့အခါကျရင် နယ်စားက အရမ်းပျော်မယ်လို့ ငါထင်တယ်"
ကောင့်ထ် နာဆပ်သည် ခေါင်းညိတ်သဘောတူကာ တချိန်လုံး ပြုံးနေသော်လည်း သူ့နှလုံးသားထဲတွင် ခါးသီးသော ရယ်မောသံများ ရှိနေသည်။
တကယ်ဆို သူဟာ ဒီအခွင့်အရေးကို လွတ်သွားပြီးသားပင်။
အကယ်၍ သူသည် နယ်စားဝင်းဒ်ဆာ၏ဆုံးဖြတ်ချက်ကို လိုက်နာမည်ဆိုပါက၊ သူဟာ မတိုင်ခင်က တုံ့ဆိုင်းမနေသင့်ပေ။
ဤတုံ့ဆိုင်းမှုကြောင့် သူသည် နယ်စားဝင်းဒ်ဆာထံတွင် ၎င်း၏အနာဂတ်တိုးတက်မှုကို သက်ရောက်မှုရှိစေမည့် ဆိုးရွားသောအထင်အမြင်များကို ချန်ထားခဲ့မိမည်ဖြစ်သည်။
သူသည် နယ်စားဝင်းဒ်ဆာ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ဆုံးဖြတ်သောကြောင့် ၎င်းသည်လွှတ်တော်၏ အကျိုးသက်ရောက်မှုကိုခံရလိမ့်မည်ဟု ဆိုလိုသည်။
ယခုလုပ်ခဲ့သည့်အတိုင်း နှစ်ဘက်စလုံးကို စော်ကားမည့်အစား အစပိုင်း၌ ဆုံးဖြတ်ချက်ချထားသည်က ပိုကောင်းပါ၏။
သူ့နှလုံးသားထဲက အမှားတွေကို စဉ်းစားကြည့်နေစဉ်တွင် အခန်းအပြင်ဘက်က ခြေသံတွေကို ရုတ်တရက် ကြားလိုက်ရသည်။
ကောင့်ထ် နာဆပ်သည် နယ်စားကတော်ဝင်းဒ်ဆာကို မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“သူတို့ ဝင်ခွင့်ပြုလိုက်ပါ။” နယ်စားကတော်ဝင်းဒ်ဆာက နှေးကွေးစွာ ခေါင်းညိတ်ပြ၏။
ကောင့်ထ် နာဆပ် လည်း လက်ခုပ်တီးလိုက်သည်။
ခဏအကြာတွင် မြို့စားအိမ်တော်မှ အိမ်တော်ထိန်း Thorpe က ၎င်းတို့နှစ်ဦးအား အနည်းငယ် ဦးညွှတ်ပြကာ ဆိုလာသည် " နယ်စားကတော် ၊ အဝတ်စတိုးဆိုင်ရဲ့ သူဌေး ရောက်နေပါပြီ၊ သူ့ကို တွေ့ချင်ရဲ့လား "
နယ်စားကတော်ဝင်းဒ်ဆာက မတ်တပ်ထရပ်ပြီး ပျော်ရွှင်စာပြုံးလိုက်သည်။
"လာ၊ ငါ သူ့အကြောင်း သိချင်နေပြီ"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၈။ ပြင်းထန်သော ဆုံးရှုံးမှု
ဟာဖရာမှာ ဆိုင်အပြင်ဘက်ရှိ ကောင်းကင်ကိုကြည့်၍ စိုးရိမ်ဟန် ထုတ်ပြလာသည်။
ပရာဒိုအား နေ့လည်ဘက်တွင် မြို့စားက ဆင့်ခေါ်ထားသော်လည်း သူဟာ ပြန်မလာသေးရာ သိလိုစိတ်ဖြစ်စေသည်။
မြို့စားမှာ ပရာဒိုအား အထင်ကြီးလေးစားကာ နေ့လည်စာ အတွက်ဖိတ်သည်ဟု ဆိုကြလျှင်တောင် သူဟာ အစာစားချိန်ပြီးနောက်တွင်ပင် ပြန်မလာသေးချင်။
မြို့စားက သူ့ကို ညစာစားဖို့ ဆက်ခေါ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်။
"ဦးလေး၊ ကျွန်တော်တို့ အခု ဘာလုပ်ရမှာလဲ" ၎င်းကို ဟာဖရာ အားမေးရင်း ဘေးက နာ့ဆုက သမ်းဝေလိုက်သည်။
ဟာဖရာက သူ့ကိုကြည့်၍ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်၊ "မင်းဒီမှာနေစရာမလိုဘူး၊ မှော်ကားကိုသွားကြည့်။ အားလုံးအဆင်ပြေရင် မနက်ဖြန် ဒါမှမဟုတ် နောက်နေ့မှာ ထွက်သွားနိုင်တာမို့ မှော်ကားက ဘာမှဖြစ်လို့မရဘူး။"
နာ့ဆုက သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည် "ဘာတွေများ စစ်ဆေးဖို့ရှိလို့လဲ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပစ္စည်းတွေက အမြဲတမ်းကောင်းမွန်နေတာ၊ ဘာပြဿနာမျှရှိမှာမဟုတ်ဘူး။”
"ငါ မင်းကို သွားခိုင်းတယ်လေ သွားလိုက်!" ဟာဖရာ က သူ့ကို စိုက်ကြည့်ကာ ငေါက်လိုက်သည်။
နာ့ဆုသည် အပြင်ထွက်ရန် ထရင်း တစ်စုံတရာကို ရေရွတ်လိုက်သည်။
တံခါးဝသို့ရောက်သောအခါ၊ ဆိုင်တံခါးကို ပိတ်ဆို့နေသော ပုံရိပ်ကြီးများ အများအပြားရှိနေသည်။
နာ့ဆုသည် ၎င်းတို့ကိုကြည့်ရင်း အံ့အားသင့်သွားသည်။ ထိုလူများသည် မြို့စောင့်တပ်များ၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်ကို ရုတ်တရက် သတိပြုမိပြီး ကူရာမဲ့စွာ အံ့အားသင့်သွားမိသည်။
ထို့နောက် ဦးဆောင်သူကို မှတ်မိကာ အံ့ဩသွားသည်။ ၎င်းက မြို့ထဲကိုဝင်လာစဉ်က တွေ့ခဲ့ရသော ဂိတ်စောင့်တပ်မှူး ရီလိုင်း ဖြစ်သည်။
ကပ္ပတိန် ရီလိုင်း က နာ့ဆုကို ကြည့်လိုက်ပြီးနောက် ဆိုင်ထဲ၌ မတ်တပ်ရပ်နေသည့် ဟာဖရာ ကို ကြည့်လိုက်၏။
ဟာဖရာကိုကြည့်ပြီးနောက် သူက ခေါင်းတညိတ်ညိတ်ဖြင့် ဆိုလာသည် “အဲဒါက သူတို့ပဲ၊ ဖမ်းလိုက်”
ထိုအခါ သူ့နောက်က မြို့စောင့်တွေက ရုတ်တရက် ထွက်လာပြီး သူတို့နှစ်ယောက်ကို ဖမ်းလိုက်သည်။
"ဟေး မင်းတို့ဘာလုပ်နေလဲ? ငါတို့ဘာမှားခဲ့လို့လဲ။ မင်းတို့က ငါတို့ကို ဘာလို့ဖမ်းတာလဲ။ ရုန်းကန်ရင်းနှင့် နာ့ဆုက အော်လိုက်သည်။
သို့သော် သူသည် ဆယ်ကျော်သက်အရွယ်သာရှိသေးသောကြောင့် လေ့ကျင့်ထားသော မြို့စောင့်တပ်များကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။ အကြိမ်အနည်းငယ်သာ အော်နိုင်သော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။
ဟာဖရာ မှာ အံ့အားသင့်သွားသော်လည်း နာ့ဆုထက် အတွေ့အကြုံပိုရှိပြီး တည်ငြိမ်သည်။
သူက သူတို့ကို ဦးဆောင်လာသည့် ကပ္ပတိန် ရီလိုင်း ကိုကြည့်ပြီး မေးခွန်းထုတ်လိုက်၏။
ကပ္ပတိန် ရီလိုင်းသည် တချက်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
ဟာဖရာ နားလည်သွားပြီး နာ့ဆုကို တိတ်နေခိုင်းလိုက်သည်။
ကပ္ပတိန်ရီလိုင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မြို့စောင့်တွေက ထိုနှစ်ယောက်ကို သော့ခတ်လိုက်၏။
မြို့စောင့်တပ်မှာ မြင်းလှည်းနှစ်စင်းဖြင့် မြို့တောင်ဘက်ရှိ မြို့စောင့်တပ်တန်းလျားဆီသို့ ဦးတည်သွားကြသည်။
ထို့နောက် ၎င်းတို့ကို ထိုနေရာသို့ ပို့ဆောင်ပြီးနောက် ကို အချုပ်ခန်းထဲတွင် ပိတ်လှောင်ထားခဲ့သည်။
"ဦးလေး...ဘာဖြစ်နေတာလဲ" မြို့စောင့်များ အကျဉ်းခန်းမှ ထွက်သွားပြီးနောက်၊ နာ့ဆုသည် နောက်ဆုံးတွင် သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို သည်းမခံနိုင်တော့ပေ။
"စိတ်အေးအေးထားပါ။" ဟာဖရာသည် သူ့ပခုံးကို လက်ဖြင့်ပုတ်ကာ သူ့ရင်ဘတ်ထဲတွင် ဝှက်ထားသော နှမ်းစေ့ကိတ်မုန့်ကို ထုတ်၍ ပေးလိုက် "တစ်ခုခု အရင်စားပြီး စိတ်အေးအေးထား"
နာ့ဆုသည် နှမ်းစေ့ကိတ်မုန့်ကို ကြောင်တက်တက်ကြည့်နေသည်။ ကျွန်တော့်ကို ဘာလို့ဒီလိုအချိန်မျိုးမှာစားခိုင်းနေတာလဲ။ ဒါကို ဘယ်လိုစားရမှာလဲ။
“ဘာပဲဖြစ်ဖြစ် တည်ငြိမ်နေရမယ်ဆိုတာ သတိရ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ဗိုက်ပြည့်နေဖို့ လိုတယ်ဆိုတာ မှတ်
ထားရမယ်။ မင်းမှာ ခွန်အားရှိရင် အနည်းဆုံး မင်းလိုအပ်တဲ့အခါ တုံ့ပြန်နိုင်တယ်။"
ဟာဖရာ၏မျက်နှာပေါ်ရှိ လေးနက်သောအကြည့်ကိုမြင်လိုက်ရသော် နာ့ဆုသည် သူတကယ် နားလည်ပုံမရသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
စဉ်းစားပြီးနောက်၊ သူသည် ၎င်းကိုယူကာ ဟာဖရာအတွက် တစ်ဝက်ကို ပိုင်းပေးပြီး ကျန်တစ်ဝက်ကို စားလိုက်သည်။ သူဟာ လေးလေးနက်နက် တွေးနေရင်း ဝါးနေ၏။
နာ့ဆုငြိမ်သက်သွားသည်ကိုမြင်တော့ ဟာဖရာသည် သူ့လက်ထဲက နှမ်းစေ့ကိတ်တစ်ဝက်ကို ကြည့်ကာ ခေါင်းညိတ်၍ ချီးမွမ်းလိုက်သည်။
ဤတူလေးက သူ့စကားများကို နားထောင်ပြီး စိတ်အေးအေးထားရင်း နှမ်းစေ့ကိတ်တစ်ဝက်ကို ပေးလာရာ သူ့ အရမ်းကျေနပ်သွားခဲ့သည်။
အကယ်၍ သူတို့သည် ဤတစ်ကြိမ်တွင် ဘေးကင်းစွာ လွတ်မြောက်နိုင်ခဲ့ပါက၊ သူသည် သူ့ကို ဆက်ခံသူအဖြစ် အမှန်တကယ် လေ့ကျင့်ပေးနိုင်သည်။
ခေတ္တနားပြီးနောက် ဟာဖရာ သည် အခြားတစ်ဝက်ကို ပါးစပ်ထဲသို့ ထည့်ကာ တွေးရင်း ဝါးလိုက်သည်။
ကပ္ပတိန် ရီလိုင်း က သူ့အား စောစောက မပြောခဲ့သော်လည်း တစ်စုံတစ်ခုကို ရိပ်မိနေတုန်းပါပင်။
ပထမဆုံး ကပ္ပတိန် ရီလိုင်းက သူ့အား ယနေ့ ကိစ္စမှာ ကြီးမားနေခြင်းကြောင့် သူ့ကို အလောကြီးစွာ မလုပ်ဆောင်ခိုင်းသည့်အတွက် သတိထားရမည်ပင်။
ဤတုံ့ပြန်မှုသည် ဟာဖရာ ကို ပို၍ စိတ်ချစေသည်။
ကြီးလေးသောအကျိုးဆက်များ မကြုံတွေ့ရဟု ဆိုနိုင်သောကြောင့် လွတ်လမ်းအနည်းငယ်ရှိလောက်သည်။
မဟုတ်လျှင် ကပ္ပတိန်ရီလိုင်း၏ အမူအရာက ပိုလေးနက်သွားလိမ့်မည်။
နောက်ဆုံးတွင် ကပ္ပတိန် ရီလိုင်း က သူ့ကို ကူညီပေးဖို့ ဆန္ဒရှိပြီး ၎င်းကို ပြောပြဖို့ ဆန္ဒရှိခဲ့ပါ၏။
ဤကိစ္စတွင် သူ ဤမျှလောက်အထိ မကူညီနိုင်ခဲ့သော်လည်း ဤသဘောထားရှိဖို့က အရေးကြီးသည်။ ဤကိစ္စသည် ကြီးလေးသောကိစ္စမဟုတ်ဟု ဆိုလိုရင်းမဟုတ်ပါက ကပ္ပတိန် ရီလိုင်း လို မြို့စောင့်အဖွဲ့ငယ်လေး၏ ကပ္ပတိန်တစ်ယောက် ပါဝင်ဝံ့မည်မဟုတ်ပေ။
၎င်းကိုတွေးပြီး ဟာဖရာက ဖြည်းဖြည်းချင်း အသက်ရှုထုတ်ကာ စိတ်လျှော့လိုက်ပါ၏။ သူသည် အကျဉ်းခန်းနံရံကို မှီ၍ အနားယူရင်း မျက်လုံးမှိတ်လိုက်သည်။
နာ့ဆုသည် ဟာဖရာကို ကြည့်ကာ ခေါင်းစောင်းလိုက်ပြီးနောက် သူလည်း လဲလျောင်းလိုက်သည်။ သူလည်း တကယ်ကို ဒီအတိုင်း အိပ်ပျော်သွားခဲ့၏။
တစ်နာရီခန့်အကြာတွင် အချုပ်ခန်းအပြင်ဘက်မှ ခြေသံများထွက်လာသည်။
ဟာဖရာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သော် အပြင်၌ ကပ္ပတိန် ရီလိုင်းတစ်ယောက်သာ ရှိနေသည်ကို တွေ့လိုက်ရ၏။
သို့သော် ဤအချိန်၌ သူဟာ နည်းနည်းသတိထားနေပြီး ရံဖန်ရံခါ ဘေးဘီကို ကြည့်နေသည်။
ကပ္ပတိန် ရီလိုင်း ဤကဲ့သို့ ပြုမူသည်ကို မြင်လျှင် ဟာဖရာ ၏ မျက်လုံးများ တောက်ပလာသည်။ သူဟာ ချက်ချင်းထရပ်ပြီး အချုပ်ခန်းတံခါးဝကို ရောက်လာ၏။
ကပ္ပတိရီလိုင်း အချုပ်ခန်းအနားသို့ အမြန်ရောက်လာချိန်အထိ ဟာဖရာသည် ၎င်းအနားတွင် စောင့်နေပြီဖြစ်သည်။ သူဟာ မနေနိုင်ဘဲ ပြုံးရင်း ဤကုန်သည်က တော်တော် ဉာဏ်ကောင်းသည်ဟုတွေးမိသည်။
"ကပ္ပတိန် ဝ....."
ကပ္ပတိန်ရီလိုင်းက သူ့နှုတ်ခမ်းပေါ် လက်ညိုးတင်ပြီး ဟာဖရာကို တိတ်ဆိတ်နေဖို့ အရိပ်အယောင်ပြလာသည်။
ဟာဖရာလည်း ချက်ခြင်းပဲ ပါးစပ်ပိတ်ပြီး သူ့ကိုကြည့်လိုက်၏။
“နားထောင်ရုံနားထောင် ကျန်တာမမေးနဲ့။” ကပ္ပတိန် ရီလိုင်းသည် အနည်းငယ် နီးကပ်လာပြီး အသံကို လျှော့လိုက်သည်၊ “ငါသိသလောက် မင်းက အရမ်းအရေးကြီးတဲ့ တစ်စုံတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားထားတာကြောင့် ဒီရာဇ၀တ်မှုကို ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် မင်းဘဝအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ဒါမှမဟုတ် အန္တရာယ်တွေ မရှိတာကြောင့် စိုးရိမ်နေဖို့ မလိုပါဘူး။ မနက်ဖြန် မင်းခေါ်ခံရတဲ့အခါ၊ မငြင်းခုံဘဲ ရိုးရိုးသားသားဝန်ခံလိုက် အဲဒါက သူတို့လိုချင်တဲ့ ရလဒ်ပဲ။ မင်း သူတို့နဲ့ အတူမလုပ်ရင်... ငါပြောတာကို မင်းနားလည်တယ်မို့လား"
ကပ္ပတိန် ရီလိုင်းက မည်မျှလေးနက်သည်ကိုကြားတော့ ဟာဖရာ သည် လေးနက်သောဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက အချုပ်ခန်းအဝကို ကြည့်လိုက်ပြီး ကပ္ပတိန်ဝိန်းအတွက် ရင်ဝှက်ထဲမှ ပိုက်ဆံအိတ်သေးသေးလေးကို ထုတ်ယူလိုက်သည်။
“ကပ္ပတိန် ရီလိုင်းရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ်အစ်ကိုကြီးဖြစ်တဲ့ ပရာဒိုအကြောင်းကို မေးဖို့ ခင်ဗျားကို ဒုက္ခပေးရဦးမယ်။"
ကပ္ပတိန် ရီလိုင်းသည် ပိုက်ဆံအိတ်ကိုမယူမီ အနည်းငယ် တုံ့ဆိုင်းသွားသည်။
"မင်းအစ်ကိုကြီးအကြောင်း ငါမသိဘူး၊ ဒါပေမယ့် သူ့ကို မြို့စားက အခု ခေါ်ထားတယ်ဆိုတာ ငါကြားတော့ ဒီလောက်ကြီး ပြဿနာ မဖြစ်လောက်ဘူး။
“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်”
"ငါပြောခဲ့တာကို သတိရ၊ မင်းအသက်ကို ထိန်းချင်ရင် သူတို့နဲ့ ပူးပေါင်းပေးလိုက်" ထိုသို့ ပြောပြီးတဲ့နောက် ကပ္ပတိန် ဝိန်းက ရုတ်တရက်ထွက်သွား၏။
ကပ္ပတိန် ရီလိုင်း ပျောက်သွားသည်ကို ကြည့်ပြီး ဟာဖရာဟာ နာ့ဆုကို နှိုး၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သုံးရက်အကြာတွင် ဟာဖရာ၊ ပရာဒို နှင့် နာ့ဆုတို့သည် လာရုမြို့မှ ထွက်လာသော မြင်းလှည်းပေါ်တွင် ထိုင်နေကြသည်။
နာ့ဆုသည် သူ့နောက်ဘက်ရှိ မြင့်မားသော လာရု မြို့တံခါးများကို ကြည့်ရင်း မျက်နှာထက်၌ ဆန္ဒမရှိဟန်ပေါ်နေ၏၊“ဦးလေး၊ ကျွန်တော်တို့ ဒီအတိုင်း ပြန်သွားကြရမှာလား”
ဟာဖရာနှင့် ပရာဒိုသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် ဟာဖရာက သက်ပြင်းတစ်ချက်ချကာ ခေါင်းယမ်းသည် "ဟုတ်တယ်၊ အခု ငါတို့ရဲ့အခြေနေနဲ့ ထွက်သွားနိုင်တာကတင် လုံလောက်နေပြီ"
"ဒါပေမယ့် ...... ကျွန်တော်တို့ရထားတဲ့ ပိုက်ဆံတွေကို သူတို့ယူရုံတင်မကဘူး၊ ကျွန်တော်တို့ မှော်ကားတွေကိုတောင် ယူသွားကြတယ်၊ သူတို့ ဘယ်လိုလုပ်နိုင်ရတာလဲ!" နာ့ဆု၏မျက်နှာသည် ဒေါသနှင့်ပြည့်နှက်နေ၏ "ကန်ဒရာအင်ပါယာရဲ့လူတွေက ဥပဒေကို လိုက်နာဖို့ မလိုဘူးလား?"
ပရာဒို၏အမူအရာမှာ အနည်းငယ် နေရခက်နေပုံရသော်လည်း သူ့စိတ်ထဲတွင် ဒေါသနှင့် မကျေနပ်မှုများကြောင့် ၎င်းကို မချေပနိုင်ပေ။
လွန်ခဲ့သော သုံးရက်ခန့်က မြိုစားထံ ခေါ်ယူခြင်းခံရပြီးနောက်၊ မြို့စားနှင့် မျိုးရိုးမြင့်သခင်မတို့က သူရောင်းခဲ့သည့် အဝတ်အစားများအကြောင်း မေးမြန်းခဲ့သည်။
ဤအဝတ်အစားများသည် မြို့စားနှင့် ဤမျိုးရိုးမြင့်သခင်မတို့ကို ဆွဲဆောင်နိုင်သည်ဟု ပရာဒို ထင်ထားခဲ့သောကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။
သို့သော် ထိုအဝတ်အစားများသည် လမ်ပူရီတိုင်းပြည်မှ ဆင်းသက်လာကြောင်း ရှင်းပြသောအခါတွင် မျိုးရိုးမြင့်သခင်မ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မြိုစားက သူ့ကို သော့ခတ်ပိတ်ထားခိုင်းခဲ့သည်။
ထို့နောက် တရားရုံးတွင် ဆုံးဖြတ်ထားပြီးဖြစ်ကာ တရားရုံးတွင် အခွန်မဆောင်ဘဲ လိမ်လည်မှု ကျူးလွန်ကြောင်း စီရင်ချက်ချခဲ့သည်။ ၎င်းတို့၏ ၀င်ငွေအားလုံးကို သိမ်းယူခဲ့သည်သာမက၊ ဤနေရာတွင် ဟာဖရာ နှင့် နာ့ဆုမောင်းနှင်ခဲ့သော သယ်ယူပို့ဆောင်ရေး မှော်ကားကိုလည်း သိမ်းဆည်းခဲ့ကြသည်။
အဆိုပါစွဲချက်နှစ်ခုကြောင့် လာရုမြို့တော်ရှိ ပရာဒို ၏ဆိုင်ကိုလည်း ပိတ်ခဲ့ရာ ပရာဒိုသည် ကုန်သည်တစ်ဦးဖြစ်ခွင့်ကို ဆုံးရှုံးခဲ့သည်။
၎င်းတို့၏ ဆုံးရှုံးမှုက ရွှေဒင်္ဂါးငါးထောင်ကျော်ပါ၏။
နောက်တွင် ပရာဒိုက သူ့ဆိုင်နှင့် ကုန်သည်တစ်ယောက်၏ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားရာ ပိုဆိုးသွားသည်။
ပရာဒိုသည် လာရုမြို့တော်တွင် နေခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း ယခုတစ်ညတည်းတွင် အရာအားလုံးဆုံးရှုံးသွားသောကြောင့် သူ့အတွက် မည်သို့သောထိုးနှက်မှုမျိုးဖြစ်မည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ချုပ်လှောင်ခံထားရသော ဟာဖရာသည် သုံးရက်အကြာတွင် သူ့အား အားဖြစ်စေခဲ့သည်မှာ ကောင်းသောအချက်ဖြစ်သည်။
ပရာဒိုသည် သူတို့နှင့်အတူ လမ်ပူရီတိုင်းပြည်သို့ ပြန်သွားနိုင်သည်ဟု ဟာဖရာက ပြောသည်။
ဟာဖရာအတွက် ရွှေဒင်္ဂါးထောင်ပေါင်းများစွာ ဆုံးရှုံးရခြင်းသည် အလွန်ဆိုးရွားသော်လည်း လမ်ပူရီတိုင်းပြည်တွင် သူစတင်ခဲ့သော လုပ်ငန်းဖြင့် သူပြန်ပြီးနောက် ပြန်ရအောင် ဆက်လက်လုပ်ဆောင်နိုင်သေးသည်။
ထို့အပြင်၊ ဤတိုက်ခိုက်မှုသည် ၎င်းတို့အတွက် ကြီးမားသော်လည်း၊ ဟာဖရာနှင့် ပရာဒိုတို့သည် လမ်ပူရီတိုင်းပြည်၏ စျေးပေါသောကုန်ပစ္စည်းများဖြင့် ကန်ဒရာအင်ပါယာ၌ ရနိုင်ခဲ့သော တန်ဖိုးကို ပြန်ရဖို့ရန် ရောင်းချခြင်းအတွက် စိတ်ပူစရာမလိုကြောင်း သေချာပါသည်။
ဤသည်မှာ အလားအလာရှိကာ အလွန်ကျယ်ပြန့်သော စျေးကွက်ဖြစ်ပြီး ၎င်းကို ကောင်းစွာဆုပ်ကိုင်ထားသရွေ့ ၎င်းတို့သည် ရွှေဒင်္ဂါးထောင်ပေါင်းများစွာကို အလွယ်တကူ ပြန်ရနိုင်သည်။
တစ်ခုတည်းသောမေးခွန်းမှာ အဆုံးတွင် လာရုမြို့တော်၌ ဖြစ်ခဲ့သည့်အရာပင်။
၎င်းက လာရုမြို့တော်သာဖြစ်ခဲ့မယ်ဆိုလျှင် ၎င်းဟာ ပြဿနာမဟုတ်သည့် အရာတစ်ခုပါပင်။
သို့သော် ၎င်းက ကန်ဒရာအင်ပါယာကြီးတစ်ခုလုံး၏ ဆန္ဒအရသာဆိုပါလျှင် အင်မတန်ဆိုးရွားသည့်ပြဿနာတစ်ခုဖြစ်လိမ့်မည်......။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇၉။ အဖွဲ့လိုက် သွားခြင်း
အချက်အလက်များက ဟာဖရာ၏ အဖွဲ့မှာ လာရုမြို့တော်၌ ကြုံတွေခဲ့ရသည်မှာ ချွင်းချက်မဟုတ်ကြောင်း သက်သေပြနေသည်။
လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အခွင့်အလမ်းကို မြင်နိုင်ခဲ့သည်မှာ ဟာဖရာပဲ မဟုတ်ပါချေ။
လွန်ခဲ့သော လအနည်းငယ်က လမ်ပူရီတိုင်းပြည်၏များစွာသော ထုတ်ကုန် ပမာဏကြီးကို ကန်ဒရာအင်ပါယာသို့ ယူလာကြသော လမ်ပူရီတိုင်းပြည် ကုန်သည်များစွာ ရှိသည်။
လမ်ပူရီတိုင်းပြည်၏ စျေးချိုသောထုတ်ကုန်များဖြင့်၊ ဤကုန်သည်များသည် ကန်ဒရာအင်ပါယာတွင်အနည်းငယ်ဝင်ငွေရရှိခဲ့သည်။
ဤအခြေအနေသည် ဆက်လက်ရှိနေသင့်သော်လည်း မေလရောက်သည်နှင့်တစ်ပြိုင်နက်၊ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းခရိုင်တွင်ဖမ်းမိသော လမ်ပူရီတိုင်းပြည်ကုန်သည်ဆယ်ယောက်ကျော်ရှိသည်။ ၎င်းတို့၏ ကုန်တင်ကုန်ချအားလုံးကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ကို ပြည်နှင်ဒဏ်ပေးခဲ့ကာ လူအများ၏အာရုံစိုက်မှုကို ခံခဲ့ရသည်။
လမ်ပူရီတိုင်းပြည်မှ ကုန်သည်များသည် ကန်ဒရာအင်ပါယာ၏ ဥပဒေအချို့ကို ဆန့်ကျင်ခဲ့သည်ဟု တောင်ပိုင်းခရိုင်မှ ရှင်းလင်းချက်ပေးခဲ့ကာ ယင်းအတွက် သက်သေအချို့ကိုပင် ပေးခဲ့သည်။
တောင်ပိုင်းခရိုင်သည် လမ်ပူရီတိုင်းပြည်မှ ကုန်သည်များကို ပစ်မှတ်ထားနေကြောင်း ထက်မြက်သူအချို့က အလွယ်တကူ သိနိုင်သည်။
ကန်ဒရာအင်ပါယာ၏ အခြားအပိုင်းများတွင် လမ်ပူရီတိုင်းပြည် ကုန်သည်များကိုပစ်မှတ်ထားသော်လည်း၊ ၎င်းတို့သည်တောင်ပိုင်းခရိုင်ကဲ့သို့ သိပ်သည်းပြီးအဆက်မပြတ်ဖြစ်နေခြင်းမရှိပေ။
ထို့အပြင် ယင်းကိစ္စသည် တောင်ပိုင်းခရိုင်မှ အရာရှိများပါ ရှင်းရှင်းလင်းလင်း ပါဝင်ခဲ့ပြီး လူများက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု ထင်မြင်လာကြသည်။
သို့သော် ပြဿနာမှာ တောင်ပိုင်းခရိုင်သည် ဤလမ်ပူရီတိုင်းပြည်၏ကုန်သည်များကို အဘယ်ကြောင့် ပစ်မှတ်ထားသနည်း။
ဤသည်မှာ လမ်ပူရီတိုင်းပြည်မှ ရှင်းရှင်းလင်းလင်း သိလိုသော မေးခွန်းဖြစ်သည်။ ဘုရင်မကြီးဆယ်ဗီနီသည် ကန်ဒရာအင်ပါယာ၏ ဘဏ္ဍာရေးဌာနသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းတို့ကိုရှင်းပြရန်တောင်းဆိုခဲ့သည်။
သို့သော်လည်း ကန်ဒရာအင်ပါယာမှ ပေးလာသော တုံ့ပြန်မှုသည် ကန်ဒရာအင်ပါယာ၏ ကုန်သွယ်ရေးဌာန အကြီးအကဲ မားကွစ္စ် ဒီကတ်စ် ထံမှ စာတစ်စောင်သာဖြစ်သည်။
ထိုစာထဲတွင် မားကွစ္စ် ဒီကတ်စ် က တောင်ပိုင်းခရိုင်သည် နယ်နမြေတစ်ခုသာဖြစ်ပြီး ၎င်းသည် ကန်ဒရာအင်ပါယာတစ်ခုလုံးကို ကိုယ်စားမပြုသောကြောင့် လမ်ပူရီတိုင်းပြည်အနေနှင့် အလွန်စိုးရိမ်ဖို့ မလိုကြောင်း ၎င်းတို့က မျှော်လင့်ထားသည်။ ကန်ဒရာအင်ပါယာသည် လမ်ပူရီတိုင်းပြည်နှင့် ကုန်သွယ်မှုပြုရန် ဆန္ဒရှိနေဆဲဖြစ်သည်။
မားကွစ္စ် ဒီကတ်စ် ၏စာသည် ကောင်းသည်ဟုထင်ရသော်လည်း သူပြသထားသောလေသံသည် အမှန်တကယ် ဂရုမစိုက်ကြောင်း ရှင်းရှင်းလင်းလင်းပြသနေသည်။
အဆုံးတွင်၊ လမ်ပူရီတိုင်းပြည်မှ စာကို ဘုရင်မကြီးဆယ်ဗီနီမှ ရေးသားခဲ့သည်။ ဧကရာဇ်မင်း ကိုယ်တိုင်ကိုယ်ကျ ပြန်ရေးရန် မလိုအပ်သော်လည်း၊ အနည်းဆုံး အဆင့်အတန်းမြင့်သော သူတစ်ယောက်ဖြစ်သင့်သည်။
ထို့အပြင်၊ အနည်းဆုံး ကန်ဒရာအင်ပါယာဘက်မှ ရှင်းပြချက်ပေးလာသော်လည်း မားကွစ္စ် ဒီကတ်စ် က လုံးဝ ဂရုမစိုက်ပုံပြနေသည်။
၎င်းက ဤပြဿနာကို ဖြေရှင်းရာမှာ ရိုးသားမှုလုံးဝမပြနေပေ။
“ဟား၊ ကန်ဒရာအင်ပါယာက မင်းတို့ လမ်ပူရီတိုင်းပြည်ကို တန်းတူညီတူဆက်ဆံလိမ့်မယ်လို့ ထင်လား။ ဒီအချိန်မှာ ရန်သူတွေ ထပ်မလိုချင်ဘူးဆိုရုံပဲဆိုတာက ရှင်းပါတယ်။ ရူဒ်ဆန် တိုင်းပြည်က သူတို့ကို ဘာခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ကြောင်း တွေ့တဲ့အခါ၊ ဧရာမအင်ပါယာရဲ့ မောက်မာမှုက တစ်ဖန်ထွက်ပေါ်လာလိမ့်မယ်။”
“ရှင်ပြောတာက ရှင်နဲ့လုံးဝမဆိုင်သလိုပဲ။" ဆယ်ဗီနီ က ရှုယီကို စူးစူးရဲရဲ စိုက်ကြည့်ရင်းဆိုသည်၊ “ကန်ဒရာအင်ပါယာဘက်က ကျွန်မတို့ လမ်ပူရီတိုင်းပြည်ကုန်သည်တွေကို ပစ်မှတ်ထားနေတာကြောင့် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကိုလည်း သဘာဝအတိုင်း ပစ်မှတ်ထားမှာပဲ။ ဒါကို အေးအေးဆေးဆေး လုပ်နိုင်သေးတယ်လား"
"ဒါပေါ့ ဘာလို့မဖြစ်ရမှာလဲ" ရှုယီက ပခုံးတွန့်သည် “ရိုးရိုးသားသား ပြောရရင် ကန်ဒရာအင်ပါယာက လုံးဝ မမှားနေဘူး။ လမ်ပူရီတိုင်းပြည် ကုန်သည်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာက မျှော်လင့်ထားတဲ့အတိုင်း ဆိုရင် ကန်ဒရာအင်ပါယာရဲ့ တောင်ပိုင်းခရိုင်က လုပ်ဆောင်ချက်ဖြစ်လောက်ပြီး ကန်ဒရာအင်ပါယာတစ်ခုလုံး မဟုတ်ဘူး။"
"ဒါကို ရှင်ဘယ်လိုသေချာတာလဲ" ဆယ်ဗီနီက ရှုယီကို သံသယစိတ်နှင့် ကြည့်သည်။
"ဘာလို့လဲဆိုတော့.....အဟမ်း...... တောင်ပိုင်းခရိုင်ရဲ့ ဘုရင်ခံက နယ်စားဝင်းဒ်ဆာဖြစ်ပြီး သူက ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပတ်သက်ပြီး သီးသန့်အာဃာတတွေရှိနေတာလေ။ ဒါကြောင့် သူက မင်းတို့ လမ်ပူရီတိုင်းပြည် ကုန်သည်တွေကို ပစ်မှတ်ထားနေတာ မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ မင်းတို့ကုန်သည်တွေယူလာတဲ့အရာတွေက မှော်စက်တွေမို့ပဲ” ရှုယီက ပြန်ပြောသည် ။
"ရှင့်မှာ နယ်စားဝင်းဒ်ဆာနဲ့ ပြဿနာရှိတာလား" ဆယ်ဗီနီက မယုံနိုင်လောက်သည့်ဟန်ဖြင့် ဆိုလာသည်၊ "ရှင်တို့ကုမ္ပဏီက ကန်ဒရာအင်ပါယာထဲကို မဝင်ဖူးပါဘူး၊ တောင်ပိုင်းပြည်နယ်ရဲ့ ဘုရင်ခံက ရှင့်ကို ဘယ်လို ရန်ငြိုးထားနိုင်မှာလဲ"
"ဇာတ်လမ်းကတော့ရှည်တယ်......" ရှုယီက ကူရာမဲ့စွာ ပြုံးပြသည်။ ကျုပ်တို့က ရန်သူဖြစ်ချင်နေတာ မဟုတ်ဘူး၊ ဒါပေမယ့် တစ်ဖက်က ကျုပ်တို့နဲ့ ရန်သူတွေ ဖြစ်လာတာဆိုတော့ မင်း ကျုပ်တို့ကို အပြစ်မတင်နိုင်ဘူး။'
“ကောင်းပြီ၊ စီးပွားရေးအကြောင်းပြောရအောင်။ ဆယ်ဗီနီ၊ ကန်ဒရာမှာ စီးပွားရေးလုပ်ချင်တဲ့ လမ်ပူရီတိုင်းပြည်အစိုးရနဲ့ ကုန်သည်အားလုံးကိုစုစည်းဖို့ အကြံပြုခဲ့တယ်၊ ဒါဆို သူတို့အချင်းချင်း ကူညီဖို့ ပိုလွယ်ကူစေရုံတင်မကဘဲ မင်းတို့ လမ်ပူရီတိုင်းပြည်အတွက် အဲဒီကုန်သည်တွေကို စီမံခန့်ခွဲရာမှာ ကူညီပေးလိမ့်မယ်လို့လေ၊ ဒါပေမယ့် မင်းကငြင်းခဲ့တယ်။”
“အင်း...... ဒီကုန်သည်အများစုရဲ့ အနောက်မှာ မျိုးရိုးမြင့်တွေရဲ့ ပံ့ပိုးမှုတွေရှိမှာကို ကျွန်မစိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်မဒီလိုလုပ်ရင် မျိုးရိုးမြင့်တွေ သတိထားရမယ့် အလားအလာတွေ ဖြစ်လာနိုင်တယ်။ အခု ကြည့်လိုက်ရင် အဲဒီ မျိုးရိုးမြင့်တွေက ဒီရိုးရှင်းတဲ့ အရာတွေကိုတောင် ဂရုမစိုက်နိုင်တော့တဲ့အတွက် သူကျွန်မကို တကယ်စိတ်ပျက်သွားလောက်တယ်။” Seveniဆယ်ဗီနီ သက်ပြင်းချလိုက်သည်။
"ဒါအတွက် မင်း သူတို့ကို အပြစ်ပြောလို့ မရဘူး။" ရှုယီက ခေါင်းခါလိုက်၏ “လမ်ပူရီတိုင်းပြည်က မျိုးရိုးမြင့်တွေကို စီးပွားရေးမလုပ်အောင် တားမြစ်တဲ့ ဥပဒေတွေရှိလို့ သူတို့အင်အားကို တိုက်ရိုက်မသုံးနိုင်ဘူး။ ပြီးတော့ ဒါက မျိုးရိုးမြင့် အနည်းအကျဉ်းလေးပဲမို့ လမ်ပူရီတိုင်းပြည်ကို ကိုယ်စားမပြုနိုင်ဘူး။ ဒီလိုအခြေအနေမျိုးမှာ သူတို့က ကန်ဒရာအင်ပါယာကို ဆန့်ကျင်နိုင်မယ်လို့ ထင်လား။"
"မှန်တယ်.....ဒါ ကျွန်မအမှားပဲ" ဆယ်ဗီနီက ရိုးသားစွာ ခေါင်းညိတ်လိုက်သည် "ရှုယီ ရှင်ဆိုလိုတာက......"
"ကျုပ်တို့ ကုမ္ပဏီက မင်းသားဖရန့်ခ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားပြီးတော့ လာမယ့်လမှာ ကန်ဒရာအင်ပါယာကို စတင်ဝင်ရောက်တော့မယ်။ ကျုပ်တို့က မင်းသားဖရန့်ခ်ရဲ့ နယ်မြေမှာ မှော်ကားစက်ရုံကို ဖွင့်လှစ်မှာလေ။ ကျုပ်အနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လမ်ပူရီတိုင်းပြည်ရဲ့ ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်ဖို့ မားကွစ္စ် ဆော့သ်ဂိတ် ရဲ့ နယ်မြေမှာ သုံးခဲ့တဲ့ တူညီတဲ့နည်းလမ်းကို သုံးချင်တယ်။" ရှုယီက အလေးအနက်ထားဟန်ဖြင့် "ဒါပေမယ့် ကျုပ်တို့ကုမ္ပဏီနဲ့ လိုက်လို့ရတဲ့သူတွေကတော့ လမ်ပူရီတိုင်းပြည်အစိုးရက တရားဝင်ခွင့်ပြုပေးမယ့်သူတွေပဲ"
ရှုယီကိုကြည့်နေစဉ်တွင် ဆယ်ဗီနီ၏အမူအရာပြောင်းလဲသွားကာ နူးညံ့လာသည်။
"ရှုယီ ကျွန်မကူညီတာ ကျေးဇူးတင်ပါတယ်"
"အထင်လွဲမနေနဲ့ ကျုပ်မင်းကိုကူညီနေတာမဟုတ်ဘူး။ ကန်ဒရာအင်ပါယာရဲ့အခြေအနေက မားလိုအင်ပါယာထက်ပိုရှုပ်ထွေးတယ်၊ ဒါကြောင့်မညီညွတ်တဲ့ အုပ်စုက ကျုပ်အတွက်ဒုက္ခပဲဖြစ်စေလိမ့်မယ်" ရှုယီက သူ့လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"ဟုတ်လား?" ဆယ်ဗီနီက ခပ်ဖျော့ဖျော့ ပြုံးပြပြီးဆက်မမေးတော့ပေ။ “ကောင်းပြီ၊ ဒီကုမ္ပဏီတွေကို စုံစမ်းဖို့ ကျွန်မကူညီမယ်” ထို့နောက် သူမက စဉ်းစားကာ၊ "ဟုတ်သား၊ အရင်က ရွေးထားတဲ့ ကုမ္ပဏီ ၁၃ ခုက သူတို့ရဲ့ အစီအစဉ်တွေ ပြီးသွားပြီ၊ အဲဒါတွေကို ထည့်တွက်ချင်တာလား။ အမှန်တော့၊ ရှင်သူတို့ကို ထည့်တွက်ရရင်၊ သူတို့က ကန်ဒရာအင်ပါယာမှာ အခြေခံအုတ်မြစ်တချို့ရှိတယ်။"
“ဟုတ်တယ်၊ အဲဒီ့ကုမ္ပဏီတွေကို ကျုပ်ရဲ့ အစီအစဉ်မှာ အစက ထည့်ထားတော့ အဲဒီ့မှာ သူတို့လုပ်နိုင်တဲ့ အရာတွေက တခြားကုမ္ပဏီတွေထက် ပိုသာနိုင်တယ်။” ရှုယီသည် စဉ်းလဲဟန်ဖြင့် ပြုံးလိုက်သည်။
“ကောင်းပြီ၊ ဒီကိစ္စကို လောလောဆယ် ဆုံးဖြတ်ရလိမ့်မယ်။” ဆယ်ဗီနီက ခေတ္တရပ်လိုက်ပြီး ရုတ်တရက် မေးလာသည်၊၊ “ဒါကိုပြောရရင်.....ရှုယီ ရှင့်ရဲ့ကုမ္ပဏီက ကန်ဒရာအင်ပါယာရဲ့ တောင်ပိုင်းခရိုင် ဘုရင်ခံနဲ့ ရန်ငြိုးရှိတယ်လို့ ရှင်ပြောဖူးတယ်။ ရူဒ်ဆန် တိုင်းပြည် အရေးကြောင့် ကန်ဒရာအင်ပါယာက လူအတော်များများက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို မကျေနပ်ဘဲ ရန်လိုခြင်းတောင် ဖြစ်နိုင်ကြောင်းကိုလည်း ကျွန်မသေချာသိတယ်။ ရှင်ဒီလိုနဲ့ ကန်ဒရာအင်ပါယာကို ချောချောမွေ့မွေ့ဝင်နိုင်မယ်ဆိုတာ သေချာရဲ့လား"
"မင်း တစ်ခုတော့ နားလည်ပါတယ်။" ရှုယီ၏ အပြုံးသည် ယုံကြည်မှုအပြည့်နှင့် ဂုဏ်ယူမှု အရိပ်အယောင်များ ရှိနေသည်ပင်၊ "ဒီတစ်ခါတော့ ကန်ဒရာအင်ပါယာကို ကျုပ်တို့ကုမ္ပဏီဆီ လာခိုင်းပြီး ကျုပ်တို့က သူတို့ကို မတောင်းဆိုဘူး"
ထိုအကြောင်းပြောရင်း ရှုယီ ရုတ်တရက် ရယ်စရာတစ်ခုကို တွေးမိကာ ရယ်လိုက်သည် ။
"အိုင်း၊ ဆယ်ဗီနီ ကျုပ် မားလိုအင်ပါယာနဲ့ ကန်ဒရာအင်ပါယာကို နှိုင်းယှဉ်ကြည့်ရုံနဲ့ ကန်ဒရာအင်ပါယာဟာ တကယ်ကို မိုက်မဲတာတွေ့လိုက်ရတယ်။ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်နဲ့ လက်တွဲချင်တုန်းက သူတို့အတွက် ကောင်းမွန်တဲ့ လှုပ်ရှားမှုတစ်ခုလို့ ထင်ခဲ့ပေမယ့် လအနည်းငယ်အတွင်းမှာပဲ ခင်ဗျားရဲ့ လမ်ပူရီတိုင်းပြည်ကို နှိမ့်ချမယ်လို့ မထင်ခဲ့မိဘူး၊ ဒါကလေ ... မင်းမလုပ်ရင် သေမှာမဟုတ်ဘူး ဆိုလား အဲ့ဒဏ္ဍာရီကို စဉ်းစားမိစေတယ်။"
ဆယ်ဗီနီက ရှုယီကို ရှုပ်ထွေးစွာ ကြည့်သည်။ ကန်ဒရာအင်ပါယာကို ရင်ဆိုင်ရတဲ့အခါ ဒီလူက ဘာကြောင့် သာလွန်တယ်လို့ ခံစားရတာတောင်မှ အမြဲတမ်း ယုံကြည်မှုရှိပုံရတာလဲ။
ဤအင်ပါယာကြီးသည် သူ့မျက်လုံးထဲတွင် တန်ဖိုးရှိပုံမပေါ်ချေ။
တကယ်တော့ ၎င်းက အင်မတန်ထူးဆန်းသည်။
အင်ပါယာနှစ်ခုထဲက တစ်ခုဖြစ်သည့် မားလိုအင်ပါယာအပေါ်တွင် ရှုယီက ရှင်းရှင်းလင်းလင်း ကွဲပြားသည့် သဘောထားရှိ၏။
၎င်းကိုတွေးပြီး ဆယ်ဗီနီဟာ ရုတ်တရက် ပြဿနာတစ်ခုကို တွေးလိုက်မိသည်။
"ဟုတ်သား ရှုယီ... မားလိုအင်ပါယာနဲ့ ကန်ဒရာအင်ပါယာကလူတွေ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တစ်ကြိမ်က ပေါ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ခဲ့ပြီးတော့ ဘာဖြစ်သွားတာလဲ။"
“ဘာမှ မဖြစ်ခဲ့ဘူး။ ပြန်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြတယ်။”
"ဒီကိစ္စကို ကျွန်မ မမေးဘူးဆိုတာ ရှင် ရှင်းရှင်းလင်းလင်းသိပါတယ်။" ဆယ်ဗီနီက ရှုယီကို စိုက်ကြည့်ရင်း ရှားရှားပါးပါး ဒေါသထွက်ဟန်ကို ထုတ်ပြလာသည်၊ "ဒီကိစ္စကို နောက်မှ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ပြောနေတာလေ။"
“နောက်မှ ....... ကျုပ်တို့က မားလိုအင်ပါယာစစ်တပ်နဲ့ သဘောတူညီမှုရခဲ့ပြီး မှော်ထပ်ဆင့်လေး ငါးသောင်း၊ မှော်အမြောက် သုံးထောင်၊ သယ်ယူပို့ဆောင်ရေး မှော်ကား အစီးရေနှစ်ထောင်နဲ့ မှော်လေသင်္ဘောငါးစီးကို ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီ။ ကန်ဒရာအင်ပါယာဘက်ကတော့ ကျုပ် မင်းကို မတိုင်ခင်က ပြောထားတဲ့အတိုင်းပဲ။”
"မားလိုအင်ပါယာက တကယ်ကို လုံး၀ ကိစ္စ ဖြစ်သွားတာပဲ။" ဆယ်ဗီနီမှာ ရုတ်တရတ် တစ်စုံတစ်ခုကို သတိပြုမိကာ မနေနိုင်စွာ အံ့အားသင့်သွားမိသည်၊ “နေပါဦး။ မှော်လေသင်္ဘော ငါးစင်း? ရှုယီ ရှင် ကျွန်မကိုတောင် တစ်ရာလုံး ပြည့်အောင် မပို့ပေးရသေးဘူးနော်"
ရှုယီက ရယ်မောလိုက်ကာ "ဘာပဲဖြစ်ဖြစ် မင်းအတွက် အများကြီး လိုနေသေးတာဆိုတော့ မားလိုအင်ပါယာက မျက်လုံးဖွင့်ဖို့ သူတို့ထဲက ငါးစီးကို ယူသွားလို့ရပါတယ်......"
"ရှင်ကတော့!" ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ ဒေါသထွက်ချင်သော်လည်း ပြုံးပြလိုက်သည်၊ “ကောင်းပြီ ဒါဆို ရှင် ကျွန်မကို အရင်လျော်ကြေးပေးရမယ်!”
ရှုယီက မျက်လုံးလှိမ့်လိုက်သည်။ ဆယ်ဗီနီမှာ ထီးနန်းရယူပြီးကတည်းက ပို၍ပို၍မိုက်မဲလာသည်ဟု သူထင်မိသည်။
"ကောင်းပြီ၊ ဘုရင်မကြီး၊ ကျေးဇူးပြုပြီး တောင်းဆိုချင်တာကို ကျုပ်ဆီ ပြောပြပေးပါ။ ကျုပ်လုပ်နိုင်သရွေ့ ငြင်းမှာမဟုတ်ပါဘူး”
"ဒီလိုလား?" ဆယ်ဗီနီ၏ မျက်ဝန်းများမှာ မှိတ်ကျသွားကာ လခြမ်းသဖွယ် တွန့်ကွေးသွားခဲ့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၈၀။ မြောက်ပင်လယ်ပြင်သို့ ဦးတည်ခြင်း
သစ်ပင်ထက်ရှိ အရွက်များ ပို၍ စိမ်းလန်းလာသည်မှာ နွေရာသီသို့ ဝင်ရောက်ကာစဖြစ်သည်ဟူသော အဓိပ္ပာယ်ပင်။
ယခင်နှစ်ကကဲ့သို့ နွေရောက်လာချိန်တိုင်း အိမ်သုံးမှော်စက် ရောင်းအား တိုးလာမည်ပင်။
၎င်းတို့အကြားတွင် မှော်ပန်ကာ၊ မှော်ရေခဲသေတ္တာ၊ မှော်လေပေးစက်နှင့် နွေရာသီ၌ လူတို့ကို အေးမြစေသော အခြားအိမ်သုံးမှော်စက်များ ပါရှိသည်။
ယခင်နှစ်များနှင့် မတူဘဲ အိမ်သုံးမှော်စက်ထုတ်လုပ်သော နိုင်ငံများမှာ လမ်ပူရီတိုင်းပြည် ၎င်းတို့ပတ်ဝန်းကျင်ရှိ နိုင်ငံများနှင့် အနောက်တောင်ပိုင်းနိုင်ငံများတွင်သာ မဟုတ်တော့ဘဲ မားလိုအင်ပါယာ၊ ကန်ဒရာအင်ပါယာနှင့် အခြားနိုင်ငံများသို့ပါ ဦးတည်သွားခဲ့သည်။
ရူဒ်ဆန် တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာကြား စစ်ပွဲအပြီးတွင် နယ်မြေကြီးပေါ်ရှိ နိုင်ငံများအားလုံးသည် ထူးဆန်းသည့် စစ်ဘက်သုံး မှော်စက်အသစ်များအကြောင်းကို သိရှိခဲ့ကြသည်။
စစ်တပ်သုံးမှော်စက်များအကြောင်း လေ့လာခြင်းအပြင် အိမ်သုံးမှော်စက်များအကြောင်းလည်း လေ့လာခဲ့ကြရ၏သည်။
အိမ်သုံး မှော်စက် အမျိုးမျိုးတို့တွင် သာမန်လူများ အများစု အလေးထားသည့် အိမ်သုံး မှော်စက်များမှာ ၎င်းတို့၏ လူနေမှူဘဝ ကို မြှင့်တင်ပေးနိုင်သည်။
ထို့ကြောင့် ကန်ဒရာအင်ပါယာသည် လမ်ပူရီတိုင်းပြည်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ၎င်းတို့၏ဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။ ဤအိမ်သုံး မှော်စက်အမြောက်အမြားကို ဤအင်ပါယာကြီးအတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးထားခြင်းမရှိပေ။
မားလိုအင်ပါယာနှင့်ပတ်သက်၍ အစတည်းက အတားအဆီးမရှိခဲ့ပါချေ။
မားကွစ္စ် ဆော့သ်ဂိတ် သည် Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်မှကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်သောကြောင့်၊ မားလိုအင်ပါယာနိုင်ငံသားများအား ကန်ဒရာအင်ပါယာနိုင်ငံသားများထက် အိမ်သုံးမှော်စက်များကို အမြန်ရနိုင်စေခဲ့သည်။
ကန်ဒရာအင်ပါယာနှင့် နှိုင်းယှဉ်ပါက မားလိုအင်ပါယာ၏ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းတို့သည် မြောက်ဘက်စွန်းတွင် ရှိနေခြင်းဖြစ်သည်။ ဤသည်မှာ နယ်မြေကြီး၏ အနောက်တောင်ဘက်ထောင့်ရှိ အိမ်သုံးမှော်စက်ကုမ္ပဏီများ၏ ခြေကုပ်စခန်းများနှင့် အလွန်ဝေးကွာသည်။
မားလိုအင်ပါယာသည် ဤပြဿနာကို လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
မားလိုအင်ပါယာ၏ ကိုယ်စားလှယ်ပြန်လာပြီး တစ်လခွဲမပြည့်မီတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာထံမှ အဆိုပြုချက်ကို လက်ခံရရှိခဲ့သည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာသို့ ဝင်ရောက်နိုင်ပြီး မားလိုအင်ပါယာကို လမ်းများတည်ဆောက်ရာတွင် ကူညီနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် ဖော့ခ်တိုင်းပြည် လမ်းကွန်ရက်သို့ ချိတ်ဆက်ခြင်းဖြင့် မားလိုအင်ပါယာ၏ လမ်းကွန်ရက်ကို အနောက်တောင်နိုင်ငံများ၏ ကွန်ရက်နှင့် ချိတ်ဆက်ရန်လည်း အမ်ရစ်ကုန်သည်ကြီးများအသင်းကို အလိုရှိသည်။၎င်းသည် မားလိုအင်ပါယာနှင့် အနောက်တောင်နိုင်ငံများကြားတွင် ချောမွေ့သောလမ်းကြောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းက ၎င်းကို ကျေနပ်စွာ လက်ခံခဲ့၏။
မားလိုအင်ပါယာ၏မြေသည် အနောက်တောင်ဘက်ရှိ နိုင်ငံများထက်ပင် ကြီးမားသောကြောင့် ထိုလမ်းများအားလုံးကို ခင်းနိုင်လျှင် အကျိုးကျေးဇူးများမှာ မှန်းဆရခက်ပေလိမ့်မည်။
ပဏာမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် အမ်ရစ်ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာ၏မြေမျက်နှာသွင်ပြင်ကို စူးစမ်းလေ့လာရန် အဖွဲ့တစ်ဖွဲ့ကို ချက်ချင်းစေလွှတ်ကာ လမ်းများဖောက်လုပ်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။
ထို့အပြင်၊ မားလိုအင်ပါယာ၏ အနောက်တောင်ပိုင်းခရိုင်တွင် ၎င်းတို့တည်ဆောက်ခဲ့သောလမ်းကိုမူ၊ ဤသဘောတူညီချက်ကြောင့် ၎င်းကိုချဲ့ထွင်ရန်စတင်ကြမည်ဖြစ်သည်။
မမျှော်လင့်ထားသည့်အရာ ဘာမှမဖြစ်ခဲ့ပါလျှင်၊ ၎င်းတို့ဟာ နောက်နှစ်၌ မားလိုအင်ပါယာ၏မြို့တော် အန်ဂျလိုမြို့တော်ကိုသွားသည့်လမ်းအား တည်ဆောက်နိုင်မည်ပင်။
ထိုလမ်းဟာ ကီလိုမီတာ နှစ်ထောင်ကျော် ရှည်လျားပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းမှ ယနေ့အထိ ဖောက်လုပ်လာသည့်အထဲ အရှည်ဆုံးလမ်းဟု ယူဆနိုင်ပါ၏။
ဥက္ကဌ ခရုစ် ယခင်က ပြောခဲ့သည့်စကားအရ ၎င်းဟာ အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် အခွင့်အလမ်းတစ်ခုသာမကဘဲ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါ၏။
အကယ်၍ ၎င်းတို့သာ ရှည်လျားရှုပ်ထွေးသော ဤလမ်းကို တည်ဆောက်နိုင်ခဲ့ပါက အမ်ရစ်ကုန်သည်ကြီးများအသင်းတစ်ခုလုံးအတွက် အလွန်ကြီးမားသော တိုးတက်မှုတစ်ခုဟု ယူဆနိုင်မည်ဖြစ်သည်။
ရှုယီသည် ၎င်းကို ဤမျှအရေးကြီးသည်ဟု မထင်ပေ။ ကမ္ဘာမြေကြီးမှ ပြောင်းရွှေ့လာသူတစ်ဦးအနေဖြင့်၊ အမ်ရစ်ကုန်သည်ကြီးများအသင်းဖောက်လုပ်နေသော လက်ရှိလမ်းသည် သူ့အတွက် အနိမ့်ဆုံးလမ်းအဖြစ် သတ်မှတ်နိုင်သည်။
မြို့များကို ဖြတ်သန်းသွားသည့် အဝေးပြေးလမ်းမကြီးများမဆိုနှင့် သာမန်နိုင်ငံရှိ လမ်းဖြတ်တစ်ခုထက်တောင် ပိုနိမ့်ပါ၏။
အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လမ်းခင်းခြင်းနည်းပညာသည် ရင့်ကျက်ဖို့လိုနေသေးသည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် ပို၍ကြီးမားသောစိန်ခေါ်မှုကို ရင်ဆိုင်နေရသောကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ စိန်ခေါ်မှုများကို အာရုံစိုက်ရန် အချိန်မရှိပေ။
ရှုယီက ကောင်းကင်ကို မော့ကြည့်လိုက်သော် တောက်ပသည့် နေရောင်ခြည်က ကျဆင်းနေသည်ကို တွေ့လိုက်ရ၏။
အဝေးရှိ ပင်လယ်ပြင်ကို ငုံ့ကြည့်လိုက်သော် လှိုင်းလုံးတွေ မရှိသလောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၍ သာယာလွန်းသည်ဟု ယူဆနိုင်သည်။
"အင်း အရမ်းနေလို့ကောင်းတယ်" ရှုယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်၊ "ဒီနေ့ ရွက်လွှင့်ဖို့ ကောင်းတဲ့နေ့ဖြစ်ပုံပဲ"
Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေး သင်္ဘောစုမှ ကပ္ပတိန် နာဗီလ်က ရယ်မောကာ "အေးဆေးပဲ ဖြစ်မယ်ဆိုတာ ကျွန်တော်သိထားတာကြောင့် ဒီနေ့ကို ရွေးခဲ့တာ ကြာနေပြီလေ။"
"အိုး? ဒါဆို ပင်လယ်ပြင်မှာ နေ့တိုင်း ငြိမ်သက်နေမယ်ဆိုတာ မင်းအာမခံနိုင်လား" ရှုယီက ပြုံးပြီး မေးသည်။
နာဗီလ်က သူ့လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်၏ “ဥက္ကဌ၊ နောက်နေတာ ရပ်လိုက်ပါ။ ပင်လယ်ပြင်ရဲ့အခြေအနေက အရမ်းရှုပ်ထွေးတယ်၊ တစ်စက္ကန့်ငြိမ်သက်ပြီး နောက်တစ်ကြိမ်မှာ မုန်တိုင်းတစ်ခုပေါ်လာနိုင်တယ်။
"ဒါက တောင်ပိုင်းပင်လယ်မှာ မင်းတွေ့ခဲ့တာပဲ၊ မြောက်ဘက်ကို ဦးတည်ရင်ရော ဒီလိုပဲဖြစ်မယ်ထင်လား။" ရှုယီက မေးသည်။
“ဒါက.....” နာဗီလ်သည် ဆန်နက်ဆိပ်ကမ်း၏ မြောက်ဘက်ရှိ ပင်လယ်ပြင်ကို လှည့်ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်၊ “ကျွန်တော်မသေချာပေမယ့် ဥက္ကဌ၊ ကျွန်တော် ပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေရှိတော့ လမ်းကြောင်းသစ်ကို လျှောက်သွားရင်တောင် ပြဿနာတစ်စုံတစ်ရာ ရှိလာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဟုတ်ပါတယ်၊ ပိုအရေးကြီးတာက ကျွန်တော်တို့မှာ ကမ္ဘာပေါ်က အကောင်းဆုံးလှေရှိဖို့ပဲ။ ဒါတွေရှိသရွေ့ ကျွန်တော်တို့ စိတ်ပူစရာ မလိုဘူး!"
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး နာဗီလ်၏ ပုခုံးကို ပုတ်ကာ "ဒါက မင်းရဲ့ ယုံကြည်မှုအပေါ်မှာ မူတည်လိမ့်မယ်။ မားလိုအင်ပါယာကို ပထမဆုံးခရီးက မင်းအပေါ်မှာပဲ မူတည်တယ်။”
နာဗီလ်က ရှုယီကို အလေးပြုပြီး လေးလေးနက်နက် အကြည့်နှင့်ပြောသည် "ဥက္ကဌ၊ စိတ်ချပါ။ ဒီမစ်ရှင်ကို ကျွန်တော်သေချာပေါက် ပြီးအောင်လုပ်မယ်!"
သူ၏ လေးနက်သော အမူအရာကို ကြည့်ပြီး ရှုယီ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
“ဒီမစ်ရှင်အတွက် မင်းအသက်စွန့်ဖို့ မလိုအပ်ဘူး။ ဒီတစ်ကြိမ်က စူးစမ်းလေ့လာခြင်းဖို့ပဲလိုပြီး မင်းအောင်မြင်ရင် ရပြီဆိုတာပဲ သတိရ။ ဒါပေမယ့် ပြဿနာရှိရင် တွန်းအားပေးစရာ မလိုဘူး။ မင်းရဲ့ပထမဆုံးရွေးချယ်မှုက မင်းအသက်ကို အန္တရာယ်မဖြစ်စေဘဲ ဘေးကင်းစွာပြန်လာဖို့ပဲ... ငါဆိုလိုတာကို မင်းနားလည်လား"
နာဗီလ်အံ့သြသွားပြီး ရှုယီ၏အမူအရာကို အလေးအနက်ထားကြည့်လိုက်သည်။ သူက အလေးအနက်ထားသည်ကိုမြင်တော့ ချီတုံချတုံဖြင့် ပြောလာ၏၊ “ဒါဆို ဥက္ကဌ... တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ ကုန်စည်တွေကို လက်လျှော့လိုက်လို့ရလား”
"မိုက်မဲ့လိုက်တာ! ကုန်စည်က လူ့အသက်ထက် ပိုအရေးကြီးလို့လား။”ရှုယီက ဆူငေါက်လိုက်၏၊ “ဆုံးရှုံးသွားခဲ့ရင် ငါတို့ ကုန်ပစ္စည်းတွေ ထပ်ထုတ်လို့တယ်၊ ဒါပေမယ့် လူ့အသက်ကို ပြန်ယူလို့မရဘူး။ ကုန်စည်နဲ့ ယှဉ်ရင် လူတွေက ပိုအရေးကြီးတယ်။ ဒီတစ်ခါ မင်းကို ယ် မင်းသေမင်းဆီ မပို့ဘဲ ပင်လယ်လမ်းကြောင်းကို ဖွင့်စေချင်တယ်”
"အိုး......နားလည်ပါပြီ......" နာဗီလ်က ခေါင်းညိတ်ပြသည် "ကောင်းပါပြီ ဥက္ကဌ၊ မစ်ရှင်ကို ပြီးအောင်လုပ်ဖို့ သေချာပါတယ်၊ အားလုံးကို ဘေးကင်းဖို့ အခြေခံပြီးသွားပါမယ်။ ”
“မင်းနားလည်ရင် ကောင်းတယ်။” ရှုယီက ခေါင်းညိတ်လိုက်ပြီး "မင်းအတွက် ပိုချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် တစ်ခုခုဖြစ်ရင် မင်းနဲ့အတူသွားဖို့ မှော်လေသင်္ဘောနှစ်စင်းကို ငါစီစဉ်ထားတယ်၊ ဒါကြောင့် မင်းအနေနဲ့ ပိုပြီး လိုက်လျောညီထွေရှိတဲ့ ရွေးချယ်မှုတွေကို လုပ်နိုင်တယ်။ မတော်တဆမှု မဖြစ်စေဖို့ မှော်လေသင်္ဘော နှစ်စင်းရဲ့ တပ်မှူးတွေနဲ့ အဆက်အသွယ် မပြတ်စေနဲ့။"
"ကျွန်တော်နားလည်ပါတယ်။ ဥက္ကဌ စိတ်ချပါ"
"ကောင်းပြီ ဒါဆို သွားပြင်ဆင်တော့" ရှုယီက သူ့ကို ပခုံးပုတ်ကာ ထွက်သွားဖို့ အချက်ပြလိုက်သည်။
နာဗီလ်သည် ရှုယီအား အလေးပြုပြီး ဆန်နက်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောကြီးဆီသို့ ပြန်လှည့်သွားသည်။
လောလောဆယ် ဆန်နက်ဆိပ်ကမ်းတွင် အကြီးစား သယ်ယူပို့ဆောင်ရေး မှော် သင်္ဘောသုံးစင်းနှင့် အစောင့်သင်္ဘော ၁၀ စင်းတို့အား မှော်လေသင်္ဘောနှစ်စင်းနှင့်အတူ ဆိုက်ကပ်ထားသည်။
နာဗီလ်သည် ပြင်ဆင်မှုများပြုလုပ်ပြီးနောက် မှော်လေသင်္ဘောနှစ်စင်းသည် အကြီးစားသယ်ယူပို့ဆောင်ရေး မှော်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ပျံတက်ပြီး ထိုသင်္ဘောများနှင့် အတူ မြောက်ဘက်သို့လိုက်သွားခဲ့သည်။
ဤသင်္ဘောစု၏ ဦးတည်ရာမှာ မားလိုအင်ပါယာ၏ မြောက်ပိုင်းဆိပ်ကမ်းဖြစ်သည်။
ယခုတစ်ကြိမ် Frestech ကုန်သည်ကြီးများအသင်း သယ်ယူပို့ဆောင်ရေးသင်္ဘောစု၏ ရည်မှန်းချက်မှာ၊ မားလိုအင်ပါယာမှ မှာယူထားသော စစ်တပ်သုံးနှင့် အိမ်သုံးမှော်စက်များကို သယ်ယူခြင်းအပြင် လမ်းကြောင်းဖွင့်ရန်ဟူသည့် အရေးကြီးသော တာဝန်လည်း ပါရှိသည်။
ယခင်က ဤခရီးစဉ်ကို လိုက်ပါခဲ့သော သင်္ဘောတစ်စင်းမျှ မရှိခဲ့ပါချေ။
အဘယ့်ကြောင့်ဆိုသော် အရိုးရှင်းဆုံး နယ်မြေကြီးမြေပုံနှင့် ကြည့်ပါလျှင်တောင် အနောက်တောင်ဘက်မှာရှိ ဆန်နက်မြေရိုင်းနှင့် မားလိုအင်ပါယာ၏ မြောက်ပိုင်းဆိပ်ကမ်းကြား အကွာအဝေးက ကီလိုမီတာငါးထောင်ကျော် ရှိသည်။
ဤကြောက်စရာကောင်းသော အကွာအဝေးတွင် ထိုခရီးကို ဘေးကင်းစွာ လိုက်ပါနိုင်သော လှေတစ်စင်းမျှ မရှိခဲ့ပေ။
Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးသင်္ဘောစုသည် ယခင်က နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသို့ ကီလိုမီတာသုံးထောင်ခရီးကို ပျံသန်းခဲ့သော်ငြားလည်း ဤခရီးမျိုးနှင့် နှိုင်းယှဉ်၍မရပါချေ။
ကီလိုမီတာ နှစ်ထောင် ပိုရှည်လျားသည်မှလွဲ၍ ပိုအရေးကြီးသည်မှာ တောင်ဘက်နှင့် မြောက်ဘက်သို့ ခရီးထွက်ခြင်း မတူညီခြင်းပင်။
တောင်ပင်လယ်တွင် အပြောင်းအလဲများစွာရှိသည်ကို သိသော်လည်း မြောက်ပိုင်းပင်လယ်များ မည်သို့ပြောင်းလဲမည်ကို မည်သူမျှ မသိကြပေ။
ဤသည်က အတွေ့အကြုံမရှိလျှင် မသိနိုင်သော အန္တရာယ်ရှိရာသို့ ရွက်လွှင့်သွားသည်ဟု ဆိုလိုသည်။
ထို့အပြင် မားလိုအင်ပါယာမှ ပံ့ပိုးပေးသော ပစ္စည်းများအပေါ် အခြေခံ၍ မြောက်ပိုင်းပင်လယ်သည် နှစ်ဝက်နီးပါး အေးခဲသွားမည်ဖြစ်သည်။ ၎င်းတို့သည် နွေရာသီအစောပိုင်းကြား လေးလမှ ငါးလအတွင်းသာ သွားလာနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်း သယ်ယူပို့ဆောင်ရေးသင်္ဘော၏ အရှိန်အဟုန်ဖြင့်၊ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပါက ခရီးသည် လဝက်ကျော်သာ ကြာမည်ဖြစ်သည်။
ပြန်လည်ထောက်ပံ့ရန်အတွက် အလယ်ရှိ မှတ်တိုင်များတွင် ရပ်နားရခြင်းအပြင် ကုန်စည်တင်ရန် အချိန်ယူရသဖြင့် ဤခရီးစဉ်ကို ပြုလုပ်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရမည်ဖြစ်သည်။
မတော်တဆမှုဖြစ်ပါက အချိန်ကို မခန့်မှန်းနိုင်ပေ။
ဤခရီးစဉ်၏အလယ်တွင် ခန့်မှန်းမရသောအန္တရာယ်များစွာရှိမည်ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းမှ မားလိုအင်ပါယာနှင့် ဆက်သွယ်ထားပြီး ၎င်းတို့၏ပထမဆုံး ကုန်တင်ပို့ရေးလုပ်ငန်းဖြစ်လာမည်ဖြစ်သည်။
၎င်းကြောင့် အတွေ့အကြုံအရှိဆုံး သဘောင်္သားများကို ပြင်ဆင်ထားရုံသာမက မှော်လေသင်္ဘောနှစ်စင်းကိုလည်း ပံ့ပိုးကူညီမှုအဖြစ် ထည့်သွင်းခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အကြပ်သုံးရာနှင့် လက်နက်အပြည့်အစုံဖြင့် သဘာဝဘေးအန္တရာယ်မကြုံသရွေ့ ၎င်းတို့ကို ခြိမ်းခြောက်မည့်အန္တရာယ်များ မဖြစ်လောက်ပေ။
နာရီဝက်အကြာတွင် သင်္ဘောစုသည် ပြင်ဆင်မှုများ ပြီးဆုံးသွားခဲ့သည်။
ရှုယီသည် အကြီးစား သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောကုန်းပတ်တွင် မိန့်ခွန်းပြောပေးရန်ဟူသည့် နာဗီလ်၏ အကြံပြုချက်ကို နားမထောင်ခဲ့ပေ၊ မဟုတမပါက ဤခရီးစဉ်ကို အလွန်အမင်း လေးနက်စေကာ လူများကို ဖိအားများစေလိမ့်မည်။
သူမတိုင်ခင်က နာဗီလ်ကိုပြောခဲ့သလိုပင် အရည်အချင်းရှိတဲ့သူတွေက အရေးအကြီးဆုံးဖြစ်၏။
ခရီးစဉ်က မအောင်မြင်ခဲ့ပါလျှင်တောင် နောက်တစ်ကြိမ် ထပ်ကြိုးစားနိုင်ပါ၏။
သို့သော် ထိုလူတွေကို ဆုံးရှုံးလိုက်ရလျှင်၊ ရွက်လွှင့်အတွေ့အကြုံကြွယ်ဝသည့် ထိုလူတွေကို အစားထိုးဖို့ ခက်လိမ့်မည်။
အားလုံးပြင်ဆင်ပြီးသောအခါ၊ နာဗီလ်လိုက်ပါလာသည့် မှော်သင်္ဘောကြီးသည် ပင်လယ်ထဲသို့ မှော်အမြောက်သုံးချက်ပစ်လွှတ်ကာ ဖြည်းညှင်းစွာ ရှေ့သို့ ဦးတည်သွားခဲ့သည်။
အခြားသော သယ်ယူပို့ ဆောင်ရေး မှော်သင်္ဘောကြီး နှစ်စင်းနှင့် အစောင့်သင်္ဘော ဆယ်စီးတို့သည် နောက်မှ လိုက်ပါလာပြီး အဆိုပါ သင်္ဘော ၁၃ စင်းသည် ဖြည်းဖြည်းချင်း အရှိန်မြှင့်၍ ဆန်နက်ဆိပ်ကမ်းမှ ထွက်ခွာသွားကြသည်။ ၎င်းမှာ အချိန်အကြာကြီး မကြာလိုက်ပါချေ။
မိုးကုပ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားသည့် သင်္ဘောစုကို ကြည့်လိုက်ရင်း၊ ရှုယီသည် ၎င်းတို့၏ ရိက္ခာများက ရက်ပေါင်းများစွာ ကြာရှည်ခံနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ ထို့နောက် ရုတ်တရက် သူ့အင်္ကျီအစကို ဆွဲလိုက်သလို ခံစားလိုက်ရ၏။
အောက်ဘက်မှ ကြည်လင်သော ကလေးမလေး တစ်ယောက်၏ စကားသံ ထွက်ပေါ်လာသည်။
“ဟေ့ ဥက္ကဌ၊ ဘယ်အချိန်မှာ အဆုံးမဲ့ပင်လယ်ရဲ့ အနက်ပိုင်းကို စပြီး ရှာဖွေနိုင်မှာလဲ”