← Chapters

အခန်း (၈၁-၉၀)

Vol. 6 Ch. 81-90

အခန်း (၈၁-၉၀)

Vol. 6 Ch. 81-90

Vol 6, အခန်း ၈၁။ နတ်သူငယ် စစ်သင်္ဘောမူကြမ်း

ရှုယီမှာ သူ့ရှေ့ရှိ မိန်းမငယ်‌လေး၏ မျက်လုံးနားအထိရောက်အောင် ထိုင်ချလိုက်သည်။

"ဟေး လုမီ မင်းအလျင်လိုနေတာလား?"

လူသားမိန်းမငယ်လေးနှင့်တူလှသော သွေးနှောမလေး လုမီက ပါးလေးအနည်းငယ်ဖောင်းလိုက်ရာ အင်မတန်ချစ်စဖွယ်ကောင်းလှသည်။

"ဒါပေါ့! ကျွန်မ တတ်နိုင်သမျှမြန်မြန် ကျွန်မ မျိုးနွယ်ဝင်တွေကို ရှာချင်တယ်!"

ရှုယီက တစ်ချက်ပြုံးပြလိုက်၏။ ၎င်းတို့မှာ ဤခရီးကို နားလည်ပြီး နယ်မြေကြီးအသစ်ကို ရှာတွေ့ပါလျှင်တောင် အတိတ်က ရွက်လွှင့်နည်းပညာမှာ အင်မတန် အကြမ်းထည်ဆန်လှသောကြောင့် ၎င်းတို့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ စိုင်စ်နယ်‌မြေကြီးမှ ထွက်ပြေးသွားကြသည့် သွေးနှောမျိုးနွယ်စုမှာအဆုံးမဲ့ပင်လယ် ကြမ်းပြင်၌ နစ်မြုပ်နေပြီးသားဖြစ်လောက်၏။

မှန်ပါသည်၊ ရှုယီအနေနှင့် ၎င်းကို ပြောဖို့ မဖြစ်နိုင်ပေ။

"ဒီအရာကို အလျင်လိုလို့မရတာကြောင့် မလောပါနဲ့" ရှုယီက ခေါင်းခါသည်၊ "ပင်လယ်ခရီးတွေမှာဆို ကျုပ်တို့ လုပ်ငန်းစုရဲ့ လက်ရှိနည်းပညာနဲ့ ကီလိုမီတာ ထောင်ချီကနေ သောင်းချီကို ပြဿနာမရှိနဲ့ ခရီးထွက်ဖို့ ကူနိုင်တယ် မဟုတ်ဘူးလား?"

လုမီမှာ တိတ်ဆိတ်သွားပြီး ခေါင်းငုံ့လျက် ငြင်းဆန်လိုဟန်ဖြင့် ခေါင်းခါသည်။

သူမ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်စဉ်ကတည်းက အမြဲတမ်း သင်္ဘောကျင်း၌ အလုပ်လုပ်နေခဲ့သဖြင့် သူမ၏ သဘောနည်းပညာ အသိမှာ ရှုယီထက် ပိုကောင်းပါ၏။

သူမဟာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာနှင့် ပို့ဆောင်ရေးအတွက် သင်္ဘောစုကို အသုံးပြုနိုင်သော်လည်း မားလိုအင်ပါယာသို့ ကီလိုမီတာ ထောင်ချီ အကွာအဝေးကို ထွက်ခွာခြင်းကပင် ၎င်းတို့အတွက် ပင်လယ်ပြင်နက်ပိုင်းသို့ စူးစမ်းရေးခရီးကို အထောက်အကူဖြစ်ရန်ခဲယဉ်းသည်။

ကွာခြားချက်မှာ ၎င်းတို့၏ လက်ရှိ ပင်လယ်ခရီးက ကမ်းရိုးတန်းခရီးများသာ ဖြစ်သော်လည်း စူးစမ်းခြင်းဟူသည်မှာ ပင်လယ်နက်ပိုင်းသို့ဝင်ကာ ပင်လယ်ပြင်၏ အနက်ကို စစ်မှန်စွာ စူးစမ်းခြင်းအဓိပ္ပာယ်ပင်။

တစ်ခုခုဖြစ်ပွားပါက ကမ်းရိုးတန်းသင်္ဘောများမှာ နယ်မြေကြီးသို့ အကူအညီအတွက် ပြန်လှည့်နိုင်ပြီး ပင်လယ်နက်ပိုင်း စူးစမ်းရေးက ကမ်းရိုးတန်းသို့ ပြန်မလှည့်နိုင်ပေ။ တစ်ခုခုဖြစ်လျှင် လူတိုင်းသေရလိမ့်မည်။

၎င်းကြောင့် ရှုယီမှာ နာဗီလ်၏ အဖွဲ့ကို လမ်းကြောင်းအသစ်အား အရဲစွန့်ဖွင့်ခိုင်းခဲ့ခြင်းဖြစ်သော်လည်း သူဟာ လုမီအား ပင်လယ်နက်ပိုင်းစူးစမ်းရေးကို လုပ်ခွင့်မပြုနိုင်ပါချေ။

လုမီမျက်နှာထက်ရှိ စိတ်ပျက်နေဟန်ကိုမြင်သော် ရှုယီက အပြုံးဖြင့်ပြောလိုက်သည်၊ "လုမီ တကယ်တော့ နယ်မြေကြီးအသစ်တစ်ခုကို ရှာဖွေရုံပဲဆိုရင် ပင်လယ်ပြင်ကို စူးစမ်းဖို့ မှော်သင်္ဘောတွေကို မလိုပါဘူး။ ဒီပန်းတိုင်ကိုရဖို့ နောက်နည်းလမ်းတစ်ခုရှိသေးတယ်။"

"ရှိသေးတယ်လား?" လုမီက ရှုယီကို တအံ့တဩကြည့်လိုက်ပါ၏။

"ဒါပေါ့" ရှုယီက ကောင်းကင်ကို ညွှန်ပြသည်၊ "ခန့်မှန်းလို့မရတဲ့ ပင်လယ်ပြင်မှာ ရွက်လွှင့်တာထက်စာရင် ကောင်းကင်ကနေ ပျံသွားဖို့က ပိုပြီး ယုံကြည်ရတယ်လို့ မထင်ဘူးလား?"

လုမီ အံ့အားသင့်သွား၏၊ "ဥက္ကဌ ရှင်က ရှာဖွေဖို့ မှော်လေသင်္ဘောတွေကို သုံးချင်တာလား? ဒါပေမယ့် မှောလေသင်္ဘောတွေက အများဆုံးမှာ တစ်ထောင်ကီလိုမီတာပဲ ပျံသန်းနိုင်တာလေ? ဘယ်လိုလုပ် နယ်မြေကြီးအသစ်ကို ပျံသန်းနိုင်မှာလဲ?"

"ဒါက လတ်တလောပါပဲ" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "မှော်လေသင်္ဘောတွေကို ပထမဆုံးထုတ်လုပ်တုန်းက အများဆုံး သုံးရာကီလိုမီတာပဲ ပျံသန်းနိုင်ခဲ့ပြီး တစ်နာရီကို ငါးဆယ်ကီလိုမီတာထက် ပိုမြန်အောင်တောင် မပျံသန်းနိုင်ခဲ့ပေမယ့် အခု သူတို့က တစ်ထောင်ကီလိုမီတာ ကျော်အောင် ပျံသန်းနိုင်နေပြီး တစ်နာရီမှာ တစ်ရာ့နှစ်ဆယ်ကီလိုမီတာ အမြန်နှုန်းကို ကျော်လွန်နေပြီလေ။ ဒီတိုးတက်မှုနှုန်းနဲ့ဆိုရင် ဒါက မကြာခင် မင်းတောင် စိတ်ကူးဖို့ခက်တဲ့ အဆင့်ထိရောက်လာလိမ့်မယ်။"

"ဒါပေမယ့် တစ်သောင်းကီလိုမီတာကို ကျော်ဖို့က မဖြစ်နိုင်ဘူးလေ..." လုမီမှာ ၎င်းကို မယုံကြည်သေးပေ။

ရှုယီက တစ်ချက်ပြုံးလိုက်သည်။ သူဟာ တစ်သောင်းကီလိုမီတာကျော်ပျံသန်းနိုင်သည့် ကမ္ဘာပေါ်ရှိ စီးပွားဖြစ်လေယာဉ်ပျံကြီးများကို စဉ်းစားမိ၏။

၎င်းတို့မှာ လေထဲ၌ ဆီပြန်ဖြည့်လိုက်လျှင် ပို၍ပင် ရှေ့ဆက်ပျံနိုင်သေးသည်။

မှန်ပါ၏၊ ၎င်းက ၎င်းတို့ ပြန်လည်ဖြည့်တင်းဖို့ အခြေစိုက်နေရာကိုလည်း လိုအပ်ပါ၏။

ရှုယီက ပင်လယ်ပြင်ကိုကြည့်လိုက်၏။ သူဟာ ဤနေရာသာ ကမ္ဘာမြေကလိုဖြစ်ပါလျှင် အဆုံးမဲ့ပင်လယ်ပြင်၌ ဆီပြန်ဖြည့်ရန်အတွက် မရေတွက်နိုင်သော အခြေစိုက်စခန်းများ တည်ဆောက်နိုင်ပြီး တစ်သောင်းကီလိုမီတာ မဆိုထားနှင့် ဤဂြိုဟ်၏ နေရာအစိတ်အပိုင်းတိုင်းကို သီအိုရီအရ ရောက်ရှိနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းအတွက် အလုပ်လုပ်ရန် စတင်နေပြီးဖြစ်သည်။

စခ်တိုင်းပြည်မှာ ယခင်က ပင်လယ်အနီးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်စခန်းကို ပိတ်ဆို့ခဲ့သောကြောင့် ရှုယီမှာ ၎င်းတို့၏ အကာအကွယ်ကို အားဖြည့်ကာ စတက်တိန်းနယ်မြေ၏ ပင်လယ်ဧရိယာရှိ ကျွန်းတစ်ကျွန်းစီတိုင်းတွင် စစ်သည်များကို တပ်ဖြန့်ထားသည်။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေမှ ငါးရာ ကီလိုမီတာအထိ ပင်လယ်ပြင်ကို ထိန်းချုပ်မှုရထားသည်။

မှော်လေသင်္ဘောကိုသာ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်စခန်းမှ ယူဆောင်သွားလိုက်ပါလျှင် ၎င်းတို့မှာ ကီလိုမီတာ ငါးရာနယ်နိမိတ်အတွင်းရှိ အနှီဘယ်ကျွန်းကို မဆိုရှာဖွေနိုင်ပြီး အကာအကွယ်ကို အပြည့်အဝချထားနိုင်ပေမည်။

၎င်းတို့သာ အဆုံးမဲ့ပင်လယ်ပြင်ရှိ ၎င်းတို့၏ ထိန်းချုပ်မှု ဧရိယာကို ဖြန့်ကျက်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းက ပင်လယ်ပြင်၌ တစ်ထောင်ကီလိုမီတာကျော် ထိန်းချုပ်နိုင်မည့် အဓိပ္ပာယ်ဖြစ်ကာ ယခင်က အီဗီတာအနေနှင့် မှော်လေသင်္ဘောများထက်မှ တွေ့ရှိခဲ့သော ကျွန်းပေါင်းအကြီးအငယ်များစွာကို ထိန်းချုပ်နိုင်မည်။

အနှီကျွန်းကြီးများတွင် လူသားအရိပ်အယောင်များပင်ရှိ၏။

၎င်းတို့ အနှီကျွန်းများကို ထိန်းချုပ်နိုင်သရွေ့ Frestech ကုန်သည်ကြီးများအသင်းမှာ ပင်လယ်နက်ပိုင်းကို သဘာဝကျကျပင် ထိုးဖောက်လာနိုင်မည်။

၎င်းတို့သာ အနည်းငယ် ထပ်မံဆန့်ထွက်လိုက်လျှင် ပင်လယ်ပြင်တစ်ခုလုံးကို ထိန်းချုပ်ရန် မဖြစ်နိုင်သည် မဟုတ်တော့ပေ။

ထိုအချိန်၌ ၎င်းတို့အနေနှင့် နယ်မြေအသစ်ကိုစူးစမ်းရှာဖွေရန် ခက်ခဲလိမ့်မည် မဟုတ်တော့ပေ။

"ဥက္ကဌ ဥက္ကဌ? ရှင် မှော်လေသင်္ဘောကို ပြောလာတော့ ကျွန်မတစ်ခုကို ရုတ်တရတ်စဉ်းစားမိသွားတယ်။" လုမီ၏ အသံက ရုတ်တရတ် ရှုယီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

"အင်း? ဘာများလဲ?"

"တကယ်တော့ ကျွန်မတို့မျိုးနွယ်စုက အရင်တုန်းက နတ်သူငယ်တွေအတွက် မှော်စစ်သင်္ဘောကြီးတွေကို ဒီဇိုင်း‌ဆွဲတဲ့နေရာမှာ ပါဝင်ခဲ့ပြီး ကျွန်မလည်း အဇ်ရှာရာမျိုးနွယ်စုမှာ မူကြမ်းကို ထားခဲ့တာ မေ့နေတယ်။ ခေါင်းဆောင်အီဗီတာသာ ဒီမူကြမ်းကို မြင်ရင် သေချာပေါက် မှော်လေသင်္ဘောအတွက် သုတေသနမှာ အထောက်အကူဖြစ်လောက်တယ်။" လုမီက ပြောသည်။

လုမီ၏ စိတ်လှုပ်ရှားနေပုံကိုမြင်သော် ရှုယီမှာ မျက်လုံးများ မှေးစင်း၍ မရယ်ဘဲ မနေနိုင်တော့ပေ။

လုမီမှာ လူသားမိန်းမငယ်လေးနှင့် မခြားပုံပေါ်သော်လည်း သူမမှာ နှစ်ရာချီ နေထိုင်လာခဲ့သော သွေးနှောဖြစ်ရာ သေချာပေါက် မည်သည်ကိုမှမသိသည့် မိန်းမငယ်လေးမဟုတ်ပါပေ။

သူမဟာ မှော်စစ်သင်္ဘောအကြောင်း ဘယ်တုန်းကမှ မပြောခဲ့ဖူးသော်လည်း ယခု ရုတ်တရတ် ပြောလာခြင်းမှာ နယ်မြေကြီးအသစ်ကို ရှာဖွေရာ၌ မှော်လေသင်္ဘောကို သုံးနိုင်ကြောင်း သူပြောလိုက်သောကြောင့်သာ ဖြစ်သည်။ သူမဟာ ထိုသို့လုပ်ပါက သူမ၏ မျိုးနွယ်ဝင်များကို ရှာဖွေရန် မျှော်လင့်ချက်ရှိမည်ဟု ခံစားမိနေခြင်းသာ။

မဟုတ်ပါက သူမဟာ ၎င်းကို ထာဝရဖုံးကွယ်ထားနိုင်သည်။

"ဒီလုမီ ဖုံးကွယ်ထားတဲ့အရာတွေ ဘယ်လောက်တောင်ရှိနေပါလိမ့်?" ရှုယီ မတွေးမိဘဲ မနေနိုင်တော့ပေ။

သို့သော် စဉ်းစားရင် ရှုယီမှာ ၎င်းက အရေးမကြီးဟု ခံစားမိသွားသည်။

သူဟာ ယခင်က ပြိုင်ဘက်ကင်း မှော်‌စစ်သင်္ဘော အကြောင်း စိတ်ဝင်စားခဲ့သည်ဟု ပြောရပါလျှင် ယခု Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များနှင့်ပတ်သက်၍ တိုးတက်မှုနှုန်းကြောင့် သူဟာ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီအကြာက မှော်စက်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖို့မလိုပေ။

သွေးနှော မျိုးနွယ်စုမှာ နတ်သူငယ်များအတွက် မှော်စစ်သင်္ဘောဆောက်တည်ရန် ဒီဇိုင်းဆွဲသည်ဟု သိရသော်လည်း ၎င်းက အကုန်အကျများသောကြောင့် လက်တွေ့မကျပါချေ။

ထို့အပြင် မှော်စစ်သင်္ဘောများ၏ အဓိက အသုံးဝင်ပုံအကြောင်းပြောရသော် ၎င်းတို့၏ စွမ်းအားကြီး တိုက်ခိုက်မှုများဖြစ်၏။

ရှုယီ၏ ခန့်မှန်းချက်သာ မှန်ပါလျှင် ၎င်းက မှော်စစ်သင်္ဘောထက်၌ ခင်းကျင်းထားသည့် စွမ်းအားကြီး မှော်အစီအရင်တစ်ခု ဖြစ်လောက်သည်။ ထို့နောက် နတ်သူငယ်များ၏ စွမ်းအားကြီးမှော်ပညာကို မှီခိုကာ ၎င်းက ပြိုင်ဘက်ကင်းသည့် စွမ်းအားကို ဖော်ထုတ်ပေးသည်။

၎င်းမှာ ရှုယီ၏ စစ်ဘက်သုံးမှော်စက်များနှင့် မှော်လေသင်္ဘောတို့နှင့် ဦးတည်ဘက်လုံးဝခြားနားရာ လေ့လာလျှင်လည်း အကျိုးသိပ်မရှိပေ။

မှန်ပါ၏ သူဟာ ၎င်းကို မငြင်းဆန်လိုက်ဘဲ ခေါင်းငြိမ့်ကာသာ ပြုံး၍ ပြောလိုက်သည်၊ "ကောင်းပြီ ကျုပ်တို့သာ ဒဏ္ဍာရီလာ စစ်သင်္ဘောတွေကို ကိုးကားနိုင်ရင် အီဗီတာက သေချာပေါက် သူတို့ဆီကနေ အကြံဉာဏ်ယူစရာများလိမ့်မယ်။"

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနနှင့် မသင့်လျော်ပါလျှင်တောင် ရှုယီမှာ ထိုအရာများကို သုံးနိုင်သည်ဟု ယုံကြည်သည်။ လုမီက ၎င်းကို ကမ်းလှမ်းလာသည်လည်းဖြစ်ရာ သူ့အနေနှင့် သူမ၏ ရည်ရွယ်ချက်ကောင်းကို မငြင်းဆန်နိုင်ပေ။

ရှုယီ၏ တုံ့ပြန်မှုက မကောင်းလှသည်ကို မြင်သော် လုမီမှာ အနည်းငယ် စိတ်ပျက်သွားရင်း နားလည်ကြောင်း ပြသရန် ခေါင်းငြိမ့်လိုက်၏။

လုမီနှင့် အတန်ငယ် စကားဆိုပြီးနောက် လုမီနှင့် Frestech ကုန်သည်ကြီးများအသင်းမှ နာဗီလ် လွှတ်လိုက်သည့် အခြားလူအချို့မှာ စတက်တိန်းနယ်မြေသို့ မှော်လေသင်္ဘောတစ်စီးယူကာ ပြန်သွားသည်။ ရှုယီလည်း မှော်ဆလွန်းကို မောင်း၍ ဆန်နက်ဆိပ်ကမ်းမှ ထွက်ခွာကာ ဆန်နက်မြေရိုင်း အရှေ့ပိုင်းကို ဖြတ်မောင်းကာ မြောက်ဘက်နယ်စပ်သို့ ဦးတည်လိုက်သာ်။

သူ့ရှေ့၌ အစိမ်းရောင်မြင်ကွင်းများပေါ်လာချိန်တွင် ရှုယီမှာ သူ၏ ပန်းတိုင်နှင့် နီးလာပြီကိုသိလိုက်သည်။

သူ့ရှေ့တွင်ရှိသည်မှာ စခ်တိုင်းပြည်ထံမှ လရိပ်မျိုးနွယ်စု တောင်းဆိုထားသော မြေနေရာပင်။

ဤနယ်မြေမှာ အဆုံးမဲ့ပင်လယ်၏ အနောက်ဘက် ဆန်နက်မြေရိုင်းနှင့် ချိတ်ဆက်ထားသည်။ ၎င်းမှာ စခ်တိုင်းပြည်၏ အနောက်တောင်ဘက်ထောင့်မှလာသော မြေနေရာဖြစ်ပြီး စခ်တိုင်းပြည်နှင့် ဆန်နက်မြေရိုင်း‌တို့အကြား တည်ရှိသည်။ ၎င်းက စခ်တိုင်းပြည်ကို ဆန်နက်မြေရိုင်းအပေါ် အလွယ်လေးကျူးကျော်ရန် ခက်ခဲစေပြီး ဆန်နက်မြေရိုင်းနှင့် တောင်ပိုင်းရှိ စတက်တိန်းနယ်မြေ နှစ်ခုစလုံးကို ခြိမ်းခြောက်မှုဖြစ်စေသည်။

စခ်တိုင်းပြည်မှာ လရိပ်မျိုးနွယ်စုနှင့် ဤ‌နယ်မြေကို လွန်ခဲ့သော နှစ်နှစ်က ကုန်သွယ်ခဲ့သဖြင့် ဤနေရာမှာ ဆန်နက်မြေရိုင်း၏ ကျန်နေရာများလို ကျက်တီးမြေမဟုတ်တော့ပေ။ ယခု နှစ်နှစ်ကုန်လွန်သွားပြီဖြစ်ရာ ဤနေရာမှာ နေရာအနှံ အစိမ်းရောင်သစ်တောများ ဖုံးအုပ်ထားသည်။

စိုင်စ်နယ်မြေကြီး၌ ရှေးစကားရှိသည်၊ ၎င်းမှာ နတ်သူငယ်များ ခြေဖျားအောက်ရှိ မြေမှာ အမြဲ စိမ်းလန်းနေသည်ဟုပင်။ ၎င်းဆိုရိုးမှာ တကယ်ကို ဤမြေ၌ သက်ရောက်နေပါ၏။

ရှုယီ၏ မှော်ဆလွန်းမှာ ဤတောအုပ်၏ နယ်နိမိတ်ကို ဖြတ်သန်းလိုက်ရုံရှိသေးသည် လရိပ်မျိုးနွယ်စုမှ အပြည့်အဝ လက်နက်တပ်ဆင်ထားကြသော နတ်သူငယ်များ ထွက်လာသည်။

မှန်ပါ၏ ၎င်းတို့မှာ ရှုယီကို လာရောက်ကြိုဆိုခြင်းသာဖြစ်၏။

အကြီးအကဲလီဆန်ယာမှာ မှော်ဆလွန်းများကို အင်မတန် စိတ်ဝင်စားသော်လည်း နတ်သူငယ်များ၏ ခေါင်းမာမှုကြောင့် အနည်းဆုံး ၎င်းတို့နယ်မြေတွင် နတ်သူငယ်များကဲ့သို့သာ ပြုမှုနေကြဆဲသာ။

တောအုပ်မှာ စတင်ကြီးထွားရုံသာ ရှိသေးသဖြင့် မည်သည့်လမ်းမှ မရှိပေ။ ရှုယီမှာ မှော်ဆလွန်းကို ချန်ခဲ့ကာ သူ့အား လာကြိုဆိုသည့် ဤနတ်သူငယ်အဖွဲ့နောက်သာ လိုက်သွားလိုက်ရသည်။

၎င်းက သူ့အား ဤတောအုပ်ကို ဖြတ်သန်းရန် တစ်နာရီကြာပြီးမှ မတွေ့ရကြာပြီဖြစ်သည့် အကြီးအကဲလီဆန်ယာကို တွေ့လိုက်ရသည်။

"ဥက္ကရှု ကျွန်မ မှတ်မိတာသာမှန်ရင် ကျွန်မတို့ ဒီနေရာကို တရားဝင်ရယူလိုက်ကတည်းက ရှင်ရောက်လာတာ ပထမဆုံးအကြိမ်မို့လား အခုက?" အကြီးအကဲလီဆန်ယာက အပြုံးဖြင့် မေးသည်။

"မှန်ပါတယ် ဒါက ကျုပ်ရဲ့ ပထမဆုံးအကြိမ်ပါ" ရှုယီက ခေါင်းငြိမ့်ကာ အကြီးအကဲ လီဆန်ယာနံဘေးရှိ အကြီးအကဲအီလူရှာကိုကြည့်လိုက်၏။" အကြီးအကဲအီလူရှာ အက်ဂ်နက်စ်ရော?"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၂။ ဒါက ငါ့ရဲ့ကလေး

အကြီးအကဲအီလူရှာက ရှုယီကို အပြုံးဖြင့်ကြည့်လိုက်ကာ ထိုအပြုံးက ယခင်ကနှင့်စာလျှင် ပို၍ ဖော်ရွေနေသည်။

"အက်ဂ်နက်စ်က ရှင့်ကိုစောင့်နေတာ လာတွေ့လိုက်ပါ"

"ကောင်းပါပြီ"

ရှုယီ ဖြေလိုက်၏။ သူဟာ အကြီးအကဲနှစ်ဦးကို ပြန်လည် နှုတ်ဆက်မနေတော့ဘဲ လရိပ်မျိုးနွယ်စုနတ်သူငယ်မ‌လေးနောက်လိုက်ကာ သစ်လုံးအိမ်ကြီးထဲဝင်သွားသည်။

အခန်းထဲတွင် မျက်လုံးပိတ်ထားသော အက်ဂ်နက်စ်မှာ ရုတ်တရတ် မျက်လုံးပွင့်လာ၏။ သူမဟာ ခြေသံများကို ကြားလိုက်ရရာ မျက်လုံးများ ကျယ်သွားပြီး မျှော်လင့်နေဟန်ဖြင့် တံခါးကို စိုက်ကြည့်လိုက်သည်။

ရှုယီ ဝင်လာသည်ကိုမြင်သော် အက်ဂ်နက်စ်မှာ အိပ်ရာမှ ခုန်ထကာ ရှုယီ၏ ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။

"ဥက္ကဌ ရှင် နောက်ဆုံးတော့ ကျွန်မကို တွေ့ဖို့ရောက်လာပြီပေါ့!"

ရှုယီမှာ မျက်လုံးများ လှိမ့်လိုက်ကာ၊ "ငါက မြန်မြန် တွေ့ချင်တာပါ ဒါပေမယ့် အကြီးအကဲလီဆန်ယာနဲ့ အကြီးအကဲအီလူရှာတို့က ခွင့်မှမပြုတာ။"

အက်ဂ်နက်စ်က တခစ်ခစ်ရယ်သည်၊ "အကြီးအကဲတွေကို အပြစ်မတင်ပါနဲ့ သူတို့က ကျွန်မကို လုံလုံခြုံခြုံနဲ့ ကလေးမွေးစေချင်ရုံပါ"

အက်ဂ်နက်စ်က ကလေးအကြောင်းပြောလာစဉ်တွင် ရှုယီမှာ ဘေးဘီကိုကြည့်လိုက်ရာ ဤနေရာ၌ မည်သူမှ မရှိသည်ကို တွေ့လိုက်ရ၏။

"ကလေးကရော?"

အကြီးအကဲပြောတာတော့ ကလေးရဲ့ အခြေနေက မတည်ငြိမ်သေးဘူးတဲ့ အဲ့ဒါကြောင့် လရေတွင်းမှာ လွန်ခဲ့တဲ့ရက်‌တွေတုန်းက လေ့လာမှုလုပ်ဖို့ ထား,ထားကြတယ်။" အက်ဂ်နက်စ်က ဖြေသည်။

"မတည်ငြိမ်ဘူး? ဘာဖြစ်တာလဲ?" ရှုယီမှာ အနည်းငယ် အံ့ဩကာ စိုးရိမ်သွားသည်။

ဤသည်က သူနှင့် အက်ဂ်နက်စ်၏ ပထမဆုံးကလေးဖြစ်သလို အင်မတန်ကြီးမားသည့် အချက်လည်းရှိသဖြင့် တစ်ခုခုဖြစ်လျှင် အကျိုးဆက်က အင်မတန်ပြင်းထန်ပေမည်။

ရှုယီက စိတ်လှုပ်ရှားပုံပေါ်နေသည်ကို မြင်သော် အက်ဂ်နက်စ်မှာ ပျော်ရွှင်စွာ ခေါင်းယမ်းလိုက်ပါ၏၊ "ဘာမှမဖြစ်ပါဘူး ဘာကြီးကြီးမားမားမှမဟုတ်ဘူး အကြီးအကဲ‌တွေက ဒါကို အရေးတကြီးလုပ်ပြီး သူ့ကို ဂရုတစိုက် ဆက်ဆံပေးနေရုံပါ။"

"သူ? ယောက်ျားလေးပေါ့?" ရှုယီမှာ ၎င်းကို ဖိပြောလိုက်သည်။

"အင်း ရှင်နဲ့အတော်ကိုတူတဲ့ အရမ်းလှတဲ့ကောင်လေး" အက်ဂ်နက်စ်က အပြုံးဖြင့်ဆိုသည်။

"သူက ငါနဲ့တူရင် ဘယ်လိုလှမှာလဲ မင်းနဲ့တူမှပဲ လှမှာပေါ့" ရှုယီက တစ်ချက်ရယ်မောလေ၏။

တကယ်တမ်း လွန်ခဲ့သည့် တစ်ပါတ်အကြာက အကြီးအကဲ လီဆန်ယာထံမှ သူနှင့် အက်ဂ်နက်စ်၏ က‌လေး မွေးပြီးကြောင်း သတိပေးစာရပြီးနောက် သူဟာ ၎င်းကို အခုထိပင် မယုံကြည်နိုင်သေးပေ။

အက်ဂ်နက်စ်မှာ တစ်နှစ်ခွဲလောက်ကြာအောင် သွားခဲ့ပြီး အက်ဂ်နက်စ်မှာ သူ၏ ကလေးကို လွယ်ထားရကြောင်း ခန့်မှန်းနိုင်သော်လည်း သူဟာ အက်ဂ်နက်စ်က မွေးဖွားပေးခဲ့ကြောင်း သိရပြီးနောက် အင်မတန်ထူးဆန်းသလို ခံစားမိနေဆဲပင်။

အကြီးအကဲလီဆန်ယာနှင့် အကြီးအကဲအီလူရှာတို့၏ အပြောအရ ၎င်းမှာ နှစ်ဘက်စလုံးမှ အသိအမှတ်ပြုခံထားရသော နတ်သူငယ်နှင့် လူသားတို့အကြား ထိမ်းမြားခြင်း ပထမဆုံးအကြိမ်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် တစ်ဘက်က ရှုယီဖြစ်နေသောကြောင့်ပင်။

"ကလေးကို အတူသွားကြည့်ရအောင်" ရှုယီက အကြံပြု၏။

"ကောင်းပြီလေ ဒါပေမယ့် အကြီးအကဲကို အရင်ပြောကြတာပေါ့"

အက်ဂ်နက်စ်မှာ ရှုယီကို ဆွဲခေါ်၍ အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲအီလူရှာ တို့ကို ထပ်ရှာလိုက်သည်။ ၎င်းတို့အနက် လေးဦးမှာ ဗဟိုအချက်အချာတည့်တည့်၌ ရှိနေသော မျိုးနွယ်စုအထဲသို့ ဝင်ရောက်သွားကြသည်။

ဤလရေတွင်းမှာ ကြယ်ရောင်လင်းလဲ့နေသည့် ရေပြင်ရှိပြီး ၎င်းထက်တွင် ရေပေါ်မျောနေသော အင်တုံလေးတစ်ခုရှိသည်။

အင်တုံထဲတွင် လူသားကလေးနှင့် ခြားနားပုံမရသည့် ကလေးတစ်ဦးရှိပြီး မျက်လုံးများပိတ်ကာ အေးအေးချမ်းချမ်း အိပ်ပျော်နေသည်။

"ဒါက ငါတို့ကလေးလား? ဘာလို့ နတ်သူငယ် လက္ခဏာမျိုးတွေမရှိရတာလဲ?" ရှုယီမှာ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲအီလူရှာတို့မှာ တစ်ဦးကို တစ်‌ဦး ကူရာမဲ့စွာသာကြည့်လိုက်ကြသည်။

"တခြားနည်းလမ်းမရှိဘူးလေ ရှင်တို့ လူသားတွေရဲ့ ဝိသေသလက္ခဏာတွေက အရမ်းကို သိသာလွန်းတယ်။ ကျွန်မတို့မျိုးနွယ်စု မှတ်တမ်းတွေအရ တခြားမျိုးနွယ်စုတွေအနေနဲ့ လူသားတွေနဲ့ အတူရှိဖြစ်သွားကြရင် ကလေးက လူသားနဲ့ အမြဲ ပိုတူကြတယ်။ ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုကလည်း လူသားတွေနဲ့ သိပ်မခြားတော့ လူသားနဲ့ အတူရလာတဲ့ နတ်သူငယ်တပိုင်းတွေက သေချာပေါက်လူသားနဲ့ ပိုတူကြတော့တာပေါ့။"

"အင်းပေါ့ ခြားနားချက်တချို့တော့ရှိပါတယ်" အကြီးအကဲအီလူရှာက လက်မြှောက်လိုက်ရာ လေပြေတစ်ပွေ့ရောက်လာပြီး အင်တုံကို ၎င်းတို့ရှိနေသည့်နေရာသို့ လွင့်လာစေသည်။

၎င်းရောက်လာချိန်တွင် အကြီးအကဲအီလူရှာက ကလေးကို ချီကာ ရှုယီရှေ့သို့ ယူလာ၏။

"ကြည့်လိုက် သူ့ရဲ့နားရွက်နဲ့ မျက်လုံးတွေက နတ်သူငယ်တွေရဲ့ လက္ခဏာရှိတယ်။ ရှင် သေချာကြည့်လိုက်ရင် လူသားတွေနဲ့ ခြားနားတာကို မြင်ရမှာပါ"

ရှုယီလည်း သေချာကြည့်လိုက်ရာ ကလေး၏ နားရွက်များမှာ လူသားတို့၏ နားများထက် ပို၍ ချွန်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက နတ်သူငယ် နားများကဲ့သို့ မချွန်မြနေသော်လည်း လူသားတို့နှင့်တော့ အင်မတန်ခြားနားနေသေးသည်။

ထို့အပြင် သူ၏ မျက်လုံးများကလည်း အင်မတန်တောက်ပနေပြီး သူငယ်အိမ်များမှာ ရှုယီကဲ့သို့ နက်မှောင်မနေဘဲ လူများ လှလွန်း၍ မနေနိုင်အောင် ချီးကျူးလောက်သည့် အပြာဖျော့ရောင်ရှိနေသည်။

မှန်ပါ၏၊ အသိသာဆုံးခြားနားမှုမှာ သူ၏ သူငယ်အိမ်များက သာမန်လူများကဲ့သို့ ဝိုင်းမနေဘဲ ဘဲဥပုံသဏ္ဍာန်နှင့် မျဉ်းကြောင်းလေးများပါရှိနေကာ လူသားတစ်ဦးထံရှိ ပုံစံနှင့် ခြားနားနေသည်။

ရှုယီလည်း အက်ဂ်နက်စ်၊ အကြီးအကဲအီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့ကို လှည့်ကြည့်လိုက်ပြီး ၎င်းတို့၏ သူငယ်အိမ်များက အပြားပုံစံဖြစ်နေသည်ကို သတိပြုမိသွား၏။

ကြည့်ရသည်မှာ အကြီးအကဲအီလူရှာ ယခုနက ဆိုခဲ့သည်က လုံးဝ မှားယွင်းမနေပေ။

အခြားမျိုးနွယ်စုများနှင့်ယှဉ်လျှင် လူသားများ၏ ဗီဇက ပို၍ အားကောင်းသည်။

လူသားများနှင့် တွဲစပ်လိုက်ချိန်တွင် အခြားမျိုးနွယ်စုများ၏ ဗီဇများမှာ အနည်းငယ်စီ ပေါင်းစပ်သွားပြီးနောက်၌ ပျောက်ကွယ်သွား၏။

"ဖြစ်ကောင်းဖြစ်နိုင်တာက ဒါကပဲ လူသားတွေအနေနဲ့ နောက်ဆုံးမှာ စိုင်စ်နယ်မြေကြီးကို အုပ်ချုပ်နိုင်ခဲ့တဲ့ အကြောင်းအရင်းများလား?"

"ခစ် ခစ်"

အိပ်ပျော်နေသည့် ကလေးငယ်မှာ ရုတ်တရတ် မျက်လုံးများ ပွင့်လာသော်လည်း မငိုခဲ့ပေ။ ထိုအစား ရှုယီကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ပျော်ပျော်ရွှင်ရွှင် ရယ်မောလျက် ရှုယီထံ လက်သေးသေးလေးကို လှမ်းလာသည်။

ရှုယီမှာ မနေနိုင်အောင် ပျော်ရွှင်သွားကာ သူ့အား ပွေ့ဖက်လိုက်ပါ၏။

"ကြည့်ရတာ သူ့အဖေသူသိတယ် ထင်ပါရဲ့"

"ကျွန်မတို့ နတ်သူငယ်တွေရဲ့ ကလေးတွေက ပတ်ဝန်းကျင်ကို အရမ်း ထိရှလွယ်တယ်၊ သူတို့ဘေးနားက လူတွေ‌ဆီကနေ ရင်းနှီးတဲ့ အရောင်အဝါကို အလွယ်ကူ ခံစားနိုင်ကြတယ်လေ။ ဖြစ်ကောင်းဖြစ်နိုင်တာက သူ့အနေနဲ့ ဒါကို အမွေဆက်ခံထားတော့ ရှင့်ဆီကလာတဲ့ ရင်းနှီးတဲ့အရောင်အဝါကို သတိထားမိတာနေမယ်။" အကြီးအကဲ လီဆန်ယာက ဆိုသည်။

"အိုး? ဒါက တကယ်ကောင်းတာပေါ့"

ရှုယီမှာ ကလေးနှင့် အနည်းငယ် ကစားလိုက်ပြီးနောက် အက်ဂ်နက်စ်ထံ‌ပြန်ပေးကာ အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲအီလူရှာတို့ဘက် လှည့်လာသည်။

အကြီးအကဲနှစ်ဦးမှာ တစ်ဦးကို တစ်ဦး ကြည့်လိုက်ပြီးနောက် ရှုယီကို ၎င်းတို့နောက် လိုက်ခဲ့ရန် ခေါင်းငြိမ့်ပြသည်။

သုံးဦးသားမှာ လရေတွင်းနံဘေးရှိ သစ်လုံးအိမ်တစ်အိမ်ထံ သွားပြီး ၎င်းတို့နောက်သို့ မည်သည့် နတ်သူငယ်မှ လိုက်ပါမလာကြပေ။

"ဥက္ကဌရှု ကျွန်မအထင် ရှင်လည်း ဒီကလေးအတွက် စီစဉ်မှုကို သိနေလောက်ပြီ မဟုတ်လား?" သုံးဦးသား ထိုင်ချလိုက်ပြီးနောက် အကြီးအကဲ လီဆန်ယာက ဦးဆုံးဆိုလာသည်။

"ဟုတ်ပါတယ် ဒါပေမယ့်... ဒါကို သဘောမတူပါဘူး။" ရှုယီက အလေးအနက်ပြော၏။

"ဘာလို့များလဲ?" အကြီးအကဲ လီဆန်ယာက တအံ့တဩ မေးသည်။

"ဘာလို့လဲဆိုတော့ သူက ကျုပ်သားမို့ ကျုပ်နဲ့အတူ နေသင့်တာပေါ့။ သူ့ကိုသာ ခင်ဗျားတို့ နတ်သူငယ်မျိုးနွယ်စုမှ ကြီးပြင်းဖို့ ချန်ထားခဲ့မယ်ဆိုရင် သူ့အဖေအနေနဲ့ အရမ်း တာဝန်မဲ့ရာ ကျမသွားဘူးလား?"

"ဒါက အရေးမကြီးပါဘူး။" အကြီးအကဲအီလူရှာက ပြောသည်၊ "ကလေးက ကျွန်မတို့ မျိုးနွယ်စုမှာ ကြီးပြင်းလာ‌မယ်ဆိုပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်းနဲ့လည်း အဲ့လောက်ဝေးကွာနေမှာမဟုတ်ဘူးလေ။ ရှင်ကြည့်ချင်တဲ့အချိန် လာကြည့်လို့ရတယ် ဒါက တစ်ခုခုကို သက်ရောက်စေမိလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။"

"ကျုပ် အခုပဲပြောပြီးပါပြီ သူက ကျုပ်ကလေးမို့လို့ ကျုပ်နဲ့ ရှိရလိမ့်မယ်။ ပြီးတော့ အက်ဂ်နက်စ်က ကျုပ်ဇနီးမို့ သူမကလည်း ကျွန်တော်နဲ့ နေရမှာပဲ"

ရှုယီက ခေတ္တရပ်တန့်ပြီးနောက် ဆက်ပြောသည်၊ "ခင်ဗျားတို့ အက်ဂ်နက်ရဲ့ ခန္ဓာကိုယ်က အားပြန်ပြည့်ဖို့ လိုအပ်တယ်လို့ ပြောတုန်းက ကျုပ်အနေနဲ့ နတ်သူငယ်တွေရဲ့ ဇီဝသဘောတရားကို နားမလည်လို့ သူမကို လွှဲပေးခဲ့တာ။ ဒါပေမယ့် သူမကို တစ်နှစ်ခွဲတောင် မတွေ့နိုင်ဘူးလို့ မထင်ခဲ့ဘူးလေ။ ကျုပ်အနေနဲ့ ဒါကို အရမ်း‌မကျေမနပ်ဖြစ်မိတယ်၊ ဒီတော့ ဘာဖြစ်ဖြစ် ကျုပ် ခင်ဗျားတို့ကို ဒီကလေးပေးမှာ မဟုတ်ဘူး။"

ရှုယီ မျက်နှာထက်ရှိ လေးနက်နေပုံကိုမြင်သော် အကြီးအကဲအီလူရှာနှင့် အကြီးအကဲလီဆန်ယာတို့မှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်မိကြသည်။

၎င်းတို့မှာ ရှုယီအား အတော်ကြာသိလာခဲ့ပြီး အကြိမ်များစွာ ဆုံခဲ့ဖူးရာ ရှုယီက ထိုသို့သော အမူအရာမျိုး ပြလာခြင်းက ရှားပါးလွန်းလှကြောင်း နားလည်သည်။ သူထိုသို့လုပ်လိုက်သည်နှင့် ပြောင်းလဲမည်မဟုတ်သည့် ဆုံးဖြတ်ချက်ကိုချထားသည်ဟု ဆိုလို၏။

အနည်းငယ်စဉ်းစားပြီးနောက် အကြီးအကဲ လီဆန်ယာက အလေးအနက်ဆိုလာသည်၊ "ဥက္ကဌရှု ကျွန်မအထင် ရှင့်အနေနဲ့ ကျွန်မတို့စီစဉ်မှာက နှစ်ဘက်စလုံးအတွက် အကျိုးရှိတယ်ဆိုတာကိုသိထားမယ် ထင်ခဲ့တာ ဒီတော့ ဘာလို့များ ဒီလောက်ခေါင်းမာနေရတာလဲ?"

"ကျုပ်တို့အတွက် အကျိုးရှိပေမယ့် ကလေးအတွက်ရော အက်ဂ်နက်စ်အတွက်ရော အဆင်မပြေတာမို့ ဒါကို လက်မခံနိုင်ဘူး။" ရှုယီက တူညီသည့် အေးဆေးဟန်ရှိနေသည်၊ "အကြီးအကဲ လီဆန်ယာနဲ့ အကြီးအကဲအီလူရှာ, ကျုပ်အနေနဲ့ ဒီအစီစဉ်အတွက် အ‌ကြောင်းအရင်း ကျုပ်တို့လူသားတွေနဲ့ နတ်သူငယ်တွေကြား ဆက်ဆံရေးကို အားကောင်းစေချင်တာအပြင် ကျုပ်တို့ နှစ်ဘက်ကြားက ပူးပေါင်းမှုကို နက်ရှိုင်း‌ေစချင်တာကြောင့်မှန်းသိပါတယ် ဟုတ်တယ်မို့လား?"

"အမှန်ပဲ။ ဒီကလေးက ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ ရှင်တို့လူသားတွေထဲ ဝင်ရောက်ခဲ့တဲ့ ပထမဆုံးခြေလှမ်းမို့ ကျွန်မတို့အတွက် အရမ်းကို အရေးပါတယ်။" အကြီးအကဲ လီဆန်ယာက အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ဒါက သူ့ကို ခင်ဗျားတို့ နတ်သူငယ်မျိုးနွယ်မှာ ထိန်းသိမ်းထားဖိုလိုတယ်လို့ မဆိုလိုဘူး‌လေ၊"ရှုယီက မေးသည်၊ "တကယ်တော့... အကြီးအကဲ လီဆန်ယာ ခင်ဗျားအနေနဲ့ နတ်သူငယ်တွေကို မယုံကြည်တဲ့အပြင် ကျုပ်တို့ လူသားတွေကိုလည်း ပိုတောင် ယုံကြည်မှု နည်းသေးတယ်မို့လား။ နှစ်ပေါင်းများစွာ အတူရှိပြီး‌တဲ့နောက်မှာ အနည်းဆုံး ခင်ဗျားတို့ မျိုးနွယ်စုတွေက လူသားအသိုင်းအဝိုင်းထဲကို အတော်လေး ချောချောမွေ့မွေ့လျှောက်တင်ခဲ့တယ်။"

အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲအီလူရှာတို့မှာ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ အနည်းငယ် တိတ်တဆိတ် တွေးတောပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။

"အင်း အနည်းဆုံးတော့ စတက်တိန်းနယ်မြေ၊ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နဲ့ အနီးဝန်းကျင်နိုင်ငံတွေမှာ လူသားတွေနဲ့ နတ်သူငယ်တွေက အတော်လေး ရင်းနှီးနေပြီးသားဖြစ်ပြီး အကာအရံတွေလည်း များများစားစားမရှိတာကို ဝန်ခံရမယ်။"

"ဒါ‌ဆို ဘာကြောင့်ဆိုတာ သိရဲ့လား?" ရှုယီက မေးသည်။

"ဘာလို့လဲ? သူတို့ ကျင့်သားရသွားလို့ပေါ့။"

"ဒါကလည်း အကြောင်းအရင်းထဲက တစ်ခုဆိုပေမယ့် အရေးအပါဆုံးတော့မဟုတ်နေဘူး။" ရှုယီက အကြီးအကဲအီလူရှာထံ လှည့်လာသည်၊ "အကြီးအကဲအီလူရှာ, အစတုန်းက ကျုပ်ပြောခဲ့တာကို မှတ်မိသေးလား? ကျုပ်တို့ လူသားတွေက အကျိုးအမြတ်ကို ဂရုစိုက်ဆုံး လူသားတွေလို့ ပြောခဲ့တယ်လေ။ တစ်ဘက်က အကျိုးအမြတ်ယူလာပေးသရွေ့ တစ်ဘက်က ဘယ်မျိုးနွယ်စုဆိုတာ ကိစ္စမရှိပါဘူးဆိုတာ။"

"အင်း ဒီလို တကယ်ပြောခဲ့ပါတယ်" အကြီးအကဲအီလူရှာက ခေါင်းငြိမ့်သည်။

"ကြည့်လိုက် အခုက ဒါကို ပြည့်ပြည့်စုံစုံကိုယ်စားပြုပေးနေတာပဲ။ အနီးဝန်းကျင်နယ်ပယ်က လူသားနိုင်ငံတွေက ခင်ဗျားတို့အနေနဲ့ အကျိုးအမြတ်တွေ ယူလာပေးတာကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ရှိနေနိုင်ကြတယ်။ ရှင်းရှင်းပြောရရက် တိုက်ရိုက်ကျဆုံးနည်းလမ်းက မြေဩဇာပဲ။ အကြီးအကဲ လီဆန်ယာ၊ မြေဩဇာနဲ့တင် ခင်ဗျားတို့ လရိပ်မျိုးနွယ်စုက ကျုပ်တို့ လူသားလောကမှာ အခိုင်အမာ ရပ်တည်နိုင်နေပြီ။"

အကြီးအကဲ လီဆန်ယာက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်လာသည်။

"ဥက္ကဌရှုက မှန်ပါတယ်။ မြေသြဇာကြောင့် ကျွန်မတို့တွေ မားလိုအင်ပါယာနဲ့ ကန်ဒရာအင်ပါယာတို့လို လူသားနိုင်ငံ‌ကြီးတွေနဲ့တောင် ဆက်သွယ်နိုင်ခဲ့တယ်။ ကျွန်မတို့ မြေဩဇာအကြောင်း ဆွေးနွေးနေချိန်မှာ လူသားတွေက ကျွန်မတို့ကို နတ်သူငယ်မို့လို့ဆိုပြီး ကွဲကွဲပြားပြား ကြည့်တာမျိုးမရှိဘူး။"

ထိုသို့ပြောချိန်တွင် အကြီးအကဲ လီဆန်ယာမှာ ရှုယီကို ကြည့်၍ ကိုယ့်ကိုယ်ကိုယ်သရော်တော်တော်ပြုံးလိုက်သည်။

"ဒါကြောင့် ဒီလိုလောဘကြီးလူသားကုန်သည်တွေနဲ့ စီးပွားရေးအ‌ကြောင်းဆွေးနွေးချိန်မှာ အတော်လေး ခံစားခဲ့ရတယ်.."

"ဒါက ကျုပ်နဲ့ ဆက်စပ်နေပါတယ်။" ရှုယီက လက်များကို ဖြန့်လိုက်သည်၊ "လိုရင်းပြောရရင် ကျုပ်ပြောချင်တာက ခင်ဗျားတို့ နတ်သူငယ်တွေအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်ပြသနိုင်သရွေ့ လူသားတွေထဲ ဝင်ဆန့်ဖို့ စိုးရိမ်နေစရာမလိုဘူး။ ခင်ဗျားတို့မှာ မြေဩဇာမရှိရင်တောင် ညတေးသံမျိုးနွယ်စုရဲ့ ပလက်စတစ်လုပ်ငန်းနဲ့ အရင်က အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့အတူ တစ်ခါလုပ်ခဲ့ဖူးတဲ့ သစ်တောအုပ်နယ်ပယ် ပြီးတော့ လရိပ်ကုန်သည်ကြီးများအသင်းနဲ့အတူ လုပ်ခဲ့တဲ့ အလှဆင်နယ်ပယ်နဲ့... ဒီလို ထူးကဲတဲ့အရာတွေနဲ့ဆို လူသားတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ကလေးတစ်ယောက်အပေါ်မှာ မှီခိုနေဖို့မလိုပါဘူး။"

အကြီးအကဲနှစ်ဦးမှာ ခဏတာတိတ်ဆိတ်သွားပြီးနောက် အကြီးအကဲအီလူရှာက သက်ပြင်းချ၍ ဆိုလာ၏၊ "ဥက္ကဌရှု ရှင်က ကျွန်မတို့ ပြောချင်တာကို နားမလည်သေးဘူးလား? ကျွန်မတို့ ဒီကလေးကို လိုအပ်တာက ရှင်နဲ့ ဆက်ဆံရေးကောင်းကို သီးသန့် ထိန်းသိမ်းချင်တာကြောင့်ပါပဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၃။ စေ့စပ်လက်ဆောင်

"ဒါက အကြောင်းအရင်းဆိုရင် ခင်ဗျား ပိုပြီးတောင် စိုးရိမ်ဖို့မလိုပါဘူး" ရှုယီက အသာပြုံးရင်း သူ့၏ ရင်ဝှက်ထဲမှ စာရွက်စာတမ်းထုတ်လိုက်သည်။

အကြီးအကဲလီဆန်ယာက စိတ်ရှုပ်ထွေးသွားပြီး ယူလိုက်သော်လည်း အကြီးအကဲအီလူရှာနှင့် အတူ ဖတ်ရှုပြီးနောက် လန့်သွားကြသည်။

"ဥက္ကဌရှု ရှင်တကယ်ပြောနေတာလား?" အကြီးအကဲလီဆန်ယာက မော့ကြည့်ကာ ရှုယီကို တအံ့တဩမေးသည် "ရှင်က တကယ်ပဲ ကျွန်မတို့ကို စစ်ဘက်သုံးနည်းပညာအပိုင်းတစ်ခု လွှဲပေးချင်တာလား?"

"ဒါပေါ့ တကယ်ပြောနေတာပါ" ရှုယီက ခေါင်းငြိမ့်သည်၊ "ကြည့်ပါဦး ဒီလွှဲပြောင်းရေးသဘောတူညီမှုမှာ ကျွန်တော့်ရဲ့ လက်မှတ်ရှိနေပြီးသားလေ။ အကြီးအကဲတို့ လက်မှတ်ထိုးလိုက်တာနဲ့ ဒီစာချုပ်က တရားဝင်ဖြစ်လာလိမ့်မယ်။ အကြီးအကဲလီဆန်ယာ၊ အကြီးအကဲအီလူရှာ, ဒီစာချုပ်ကို ကြည့်ပြီး လက်ခံနိုင်တယ်ဆိုရင် လက်မှတ်ထိုးလို့ရတယ်။"

အကြီးအကဲအီလူရှာနှင့် အကြီးအကဲလီဆန်ယာတို့မှာ အတန်ငယ် မယုံကြည်နိုင်အောင်ဖြစ်နေကြရင်း ၎င်း «စစ်ဘက်သုံးမှော်စက်လွှဲပြောင်းရေးသဘောတူညီမှု»ကို ယူကာ သေချာဖတ်ရှုလိုက်သည်။

နာရီဝက်ကြာပြီးနောက် ၎င်းတို့ ဖတ်၍ပြီးသွား၏။

စဉ်းစားပြီးနောက် အကြီးအကဲလီဆန်ယာက လည်ချောင်းရှင်း၍ မေးလာသည်၊ "ဥက္ကဌရှု ရှင်က Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျွန်မတို့ကို စစ်ဘက်သုံးမှော်စက်တချို့ပေးမယ်လို့ပဲ ဖော်ပြခဲ့တယ် ဒါပေမယ့် တန်ကြေးကို မပြောထားဘူး။ ကျွန်မကြောက်တာက... ဒါက အဆင်မပြေနေမှာပဲ"

"ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားတို့ကို ပေးစေချင်တဲ့ တန်ကြေးက စာချုပ်တစ်ခုမှာ ထည့်ရေးဖို့ မသင့်တော်လို့ပါ။"

ရှုယီက အသာပြုံးလိုက်သည်။ အကြီးအကဲနှစ်ဦး၏ ရှုပ်ထွေးနေသော အကြည့်များရှေ့၌ သူဟာ သစ်လုံးအိမ်မှာ ထွက်ခွာက လရေတွင်းဘေး၌ ကလေးကိုချီထားသည့် အက်ဂ်နက်စ်ကို ဆွဲ၍ ခေါ်လာလိုက်သည်။

"အကြီးအကဲအီလူရှာ ကျွန်တော်တို့ လူသားတွေရဲ့ ထုံးတမ်းအရ မိန်းမယူတဲ့အခါ ဇနီးဘက်ကမိသားစုကို စေ့စပ်လက်ဆောင်အနေနဲ့ ပိုင်ဆိုင်မှုတချို့ ပေးရတယ်။ အက်ဂ်နက်စ်ကိုလက်ထပ်ပြီး‌တဲ့နောက်မှာ ဒါကို မစဉ်းစားမိတာ ကျွန်တော့်အမှားပါ။ အခု ကျွန်တော် ဒီစာချုပ်ထဲက အရာကို စေ့စပ်လက်ဆောင်အဖြစ်သုံးချင်ပါတယ် ဘယ်လိုထင်လဲ?"

အကြီးအကဲအီလူရှာမှာ ရှုယီကို တအံ့တဩကြည့်လိုက်ပြီးနောက် အက်ဂ်နက်စ်ကိုကြည့်၍ သူမလက်ထဲရှိ စာချုပ်ကို ငုံ့ကြည့်သည်။ သူမဟာ အသက်မျှင်းမျှင်းရှူ၍ သက်ပြင်းချ၏၊ "ဥက္ကဌရှု ရှင်တို့ လူသားတွေရဲ့ ထုံးတမ်းက တကယ်ပဲ သက်တောင့်သက်သာ မ‌ဖြစ်‌ေးဘူး။ ဒါပေမယ့်... ကောင်းပြီလေ။ အက်ဂ်နက်စ်က ရှင့်ကို လက်ထပ်ပြီးပြီမို့ ရှင်နဲ့အတူ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို မျှဝေရင်း တချိန်လုံးအတူရှိခဲ့ပြီပဲ။ ရှင်က သူမအတွက် ဒီလိုလုပ်ပေးချင်မှတော့ ကျွန်မလက်ခံမှာပါ"

"အကြီးအကဲရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။" ရှုယီက အကြီးအကဲအီလူရှာကို အလေးအနက် ဂရဝပြုလိုက်သည်။

"ဥက္ကဌရှု ရှင်က ညတေးသံမျိုးနွယ်စုနဲ့ပဲ အလုပ်လုပ်ချင်တာများလား?" အကြီးအကဲလီဆန်ယာက နံဘေးမှနေ၍ အလေးအနက်အသံဖြင့် မေးလာသည်။

ရှုယီလည်း တစ်ချက်ပြုံးကာ အကြီးအကဲလီဆန်ယာကို ဦးညွှတ်လိုက်ပြီးနောက် လေးနက်စွာပြောလိုက်၏၊ "အကြီးအကဲလီဆန်ယာ အခု တီဗစ်စတီနဲ့ အချိန်တစ်ခုကြာအောင် အတူရှိရင်း သူမအတွက် ခိုင်မာတဲ့ ခံစားချက်တွေရှိနေပါပြီ။ ကျွန်တော်သူမနဲ့ ထာဝရအတူရှိချင်တာမို့ အကြီးအကဲအနေနဲ့ သူမနဲ့ ကျွန်တော့်ကို လက်ကျန်ဘဝလုံးစာအတွက် အတူရှိခွင့်ပေးဖို့ တောင်းဆိုပါတယ်။"

ရှုယီ၏ စကားများကိုကြားသော် အခန်းထဲရှိ နတ်သူငယ်သုံးဦးမှာ မှင်သေသွားကြသည်။

အကြီးအကဲလီဆန်ယာမှာ ခဏမျှ အံ့ဩနေပြီးနောက် မယုံကြည်နိုင်ဟန် အသံပြည့်ဖြင့်ဆိုလာ၏၊ "ဥက္ကဌရှု ရှင် ဆိုလိုတာက... ရှင်က တီဗစ်စတီကို လက်ထပ်ချင်တယ်ပေါ့?"

"အရမ်းကိုပါပဲ" ရှုယီက ခေါင်းငြိမ့်၍ ဖြေသည်။

"ဒါက..." အကြီးအကဲလီဆန်ယာမှာ ရှားရှားပါးပါးစိတ်လှုပ်ရှားသွားပြီးနောက်မှ တည်ငြိမ်သွားရင်း အင်မတန်ပျော်ရွှင်နေဟန်ပေါ်သည်။

သူမက တီဗစ်စတီကို ဒီအတွက်ကြောင့်သာ ရှုယီနံဘေးပို့ထားခဲ့ရခြင်းပင်။

"ဟုတ်ပြီလေ ကျွန်မသဘောတူတယ်"

အကြီးအကဲလီဆန်ယာမှာ အင်မတန်တဲ့တိုးဆန်ပြီး နတ်သူငယ်များ ပုံမှန် ကွေ့ဝိုက်နေသလို မလုပ်ပေ။ ရှုယီ၏ တောင်းဆိုမှုက သူမအတိုင်းအတာနှင့် ကိုက်ညီသည်ကို မြင်သော် ချက်ချင်းသဘောတူလိုက်၏။

"ဒီတော့ ဒီစာချုပ်ကလည်း ရှင့်ရဲ့ တီဗစ်စတီအတွက် စေ့စပ်လက်ဆောင်ပဲပေါ့?" အကြီးအကဲလီဆန်ယာက စစ်ဘက်သုံးမှော်စက်လွှဲပြောင်းရေးစာရွက်စာတမ်းကို ယမ်းပြသည်။

"ဟုတ်ပါတယ်"

အကြီးအကဲလီဆန်ယာမှာ အံ့အားသင့်နေသည့် အက်ဂ်နက်စ်ကိုကြည့်၍ မနေနိုင်စွာ ရယ်မောလိုက်ပါ၏။ ထို့နောက်တွင် ခေါင်းခါ၍ သက်ပြင်းချကာဆိုသည်၊ "ဥက္ကဌရှု ရှင်က တကယ်ပဲ အက်ဂ်နက်စ်‌အတွက် ပေးဆပ်ဖို့ ဆန္ဒရှိတာပဲ"

ရှုယီက ချက်ချင်းအလေးအနက်ဟန်ဖြင့် ဆိုသည်၊ "ကျုပ် ပြောခဲ့သလိုပဲ အက်ဂ်နက်စ်က ကျွန်တော့်ဇနီးဖြစ်ပြီး ကျွန်တော့်သားလည်းရှိနေတော့ သူတို့က ကျွန်တော်ချစ်ရတဲ့မိသားစုဝင်တွေပါ။ သူတို့အတွက် ဘယ်လောက်ပေးဆပ်ရမယ်ဆိုတာက အရေးမကြီးပါဘူး။ တီဗစ်စတီကတော့ သူမအပေါ် စိတ်ရင်းကြောင့်ပါ တခြားအကြောင်းအရင်းမရှိပါဘူး။"

"ဒီလိုလား?" အကြီးအကဲလီဆန်ယာက ရှုယီကို အဓိပ္ပာယ်ပါပါကြည့်လိုက်သော်လည်း မည်သည်ကိုမှ မပြောပေ။

အကြီးအကဲအီလူရှာမှာ ခဏတာတိတ်ဆိတ်နေပြီးနောက် အက်ဂ်နက်စ်ကိုဘေးသို့ဆွဲခေါ်သွားသည်။ သူမအနေနှင့် အက်ဂ်နက်စ်ထံတစ်စုံတရာပြောလိုသည်မှာ ရှင်းပါ၏။

အခန်းထဲ၌ အကြီးအကဲလီဆန်ယာနှင့် ရှုယီသာကျန်ခဲ့သည်။ အကြီးအကဲလီဆန်ယာမှာ တစ်ချက်ရယ်မော၍ စာချုပ်ကို လှမ်းထိလိုက်ရာ အနီရောင်စီးကြောင်းတစ်ခုက သူမ၏ လက်မှတ်ကို ကိုယ်စားပြုသည့် သင်္ကေတအား ရေးထိုးလိုက်သည်။

"ဥက္ကဌရှု ရှင့်အနေနဲ့ ကျွန်မတို့ နတ်သူငယ်တွေဆီ စွမ်းအားကြီးစစ်ဘက်သုံးမှော်စက်တွေ ပေးတာ တခြားလူသားတွေက ရှင့်ကို သစ္စာဖောက်လို့ ထင်မှာ မစိုးရိမ်ဘူးလား?" အကြီးအကဲလီဆန်ယာက ရုတ်တရတ်မေး၏။

"လူသားတွေရဲ့သမိုင်းမှာ ကျွန်တော်တို့က တခြားမျိုးနွယ်စုတွေနဲ့ ပဋိပက္ခဖြစ်တာထက် အချင်းချင်း သတ်ဖြတ်ခဲ့ကြတယ်။ အခုတောင် စိုင်စ်နယ်မြေကြီးရဲ့ နိုင်ငံတွေက အချင်းချင်း စစ်ဖြစ်နေကြတုန်းပဲ။ ဒီတော့ ကျွန်တော့်အတွက် လူသားနဲ့ တခြားမျိုးနွယ်အကြားမှာ ခြားနားမှုမရှိပါဘူး။ ကျွန်တော့် ဆုံးဖြတ်ချက်ကို ချစေခဲ့တာက သူတို့နဲ့ ဆက်ဆံရေးကြောင့်ပါပဲ။" ရှုယီက ဆို၏။

"ဒါဆို ကျွန်မတို့က အနာဂတ်မှာ တခြားလူသားတွေကို သုတ်သင်လိုက်ပြီး စစ်ဖြစ်ကြရင် ရှင်က ဘယ်သူ့ဘက်ကနေမှာလဲ?" အကြီးအကဲလီဆန်ယာက ဆက်မေး၏။

"ကျုပ်က ဘယ်ဘက်မှာ နေမယ်ဆိုပြီး ပြောလိုက်ရင်ရော ယုံမှာလား?" ရှုယီကမေး၏။

"ကျွန်မဆိုရင်တောင် ရှင်ယုံမှာလား?" အကြီးအကဲလီဆန်ယာက မပျော်ရွှင်စွာ ပြန်မေးသည်။

ရှုယီမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် ပြုံးကာ ပခုံးတွန့်လိုက်၏၊ "အချိန်ကျလာမှ ပြောကြတာပေါ့။ နတ်သူငယ်နဲ့ လူသားတွေကြား ပဋိပက္ခကိုပြောရရင် အကြီးအကဲလီဆန်ယာ စခ်တိုင်းပြည်ဆီက လှုပ်ရှားမှု တစ်ခုခုရှိလား?"

"အင်း အရင်လကပဲ။ စခ်တိုင်းပြည်ရဲ့ စိတ်ဝိဉာဉ်လိပ်တပ်ရင်းက ဒီမြေကို ကျူးကျော်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးမှာ ပြန်ဆုတ်ခွာခဲ့ရတယ်လေ။"

"အိုး? သူတို့ ထူးထူးခြားခြားလှုပ်ရှားတာမျိုးရှိခဲ့လား?" ရှုယီက ဆက်မေးသည်။

"ထူးထူးခြားခြားလှုပ်ရှားတာတော့ မရှိပါဘူး ဒါပေမယ့် မှတ်သားစရာတော့ရှိခဲ့တယ်" အကြီးအကဲလီဆန်ယာက ရှုယီကို ခဏစောင့်ခိုင်းပြီးနောက် ဤအခန်းထဲရှိ အံဆွဲတစ်ခုကို ရှာလျက် ရှုယီအတွက် စာရွက်အချို့ ထုတ်ပေးလာသည်။

ရှုယီ ယူလိုက်သော် အတော်လေးရင်းနှီးနေသည့် မူကြမ်းတချို့ကို မြင်လိုက်ရသည်။

"ဒါက အရမ်းရင်းနှီးနေတယ်လို့ မထင်ဘူးလား?"

"ဒါက စခ်တိုင်းပြည်က ထုတ်လုပ်တဲ့ စစ်ဘက်သုံးမှော်စက်လား?" ရှုယီက လက်ထဲရှိ မူကြမ်းများကို လှန်လှောကာ အေးစက်စက်ရယ်မောသည်၊ "အိုင်း အပြင်ပန်းက ဆင်တူပေမယ့် အတွင်းကတော့ တူ မတူ မသေချာပါဘူး။"

"စိတ်ဝိဉာဉ်လိပ်တပ်ရင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မျိုးနွယ်ဝင်တွေအရဆိုရင်တော့ စခ်တိုင်းပြည်ရဲ့ စစ်ဘက်သုံးမှော်စက်တွေက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကဟာတွေနဲ့ မယှဉ်နိုင်ဘူး သူတို့ကအနည်းဆုံးတော့ ရိုးရိုးလက်နက်တွေထက် နည်းနည်းပိုကောင်းရုံပဲ။ အနည်းဆုံးတော့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်တဲ့ စစ်ဘက်သုံးမှော်စက်တွေရဲ့ တစ်ဝက်လောက် အားကောင်းတာပေါ့။"

"တစ်ဝက်ပဲလား?" ရှုယီက မေးကိုသပ်လိုက်ပြီးနောက် အထင်အမြင်သေးစွာ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်၊ "ကျုပ် တမင် သူတို့ကို လျှို့ဝှက် သတင်းတွေပေးခဲ့တာ သူတို့က ဒီလိုအစုတ်အပဲ့တွေပဲ လုပ်နိုင်တယ်ပေါ့ တကယ် စိတ်ပျက်စရာပဲ။"

"ကျွန်မပြောမယ်...ဥက္ကဌရှု ကျွန်မ ဘယ်တုန်းကမှ နားမလည်ခဲ့တာ။ ရှင့်အနေနဲ့ စခ်တိုင်းပြည်က ရှင်တို့ ကုမ္ပဏီမှာ သူလျှိုထား,ထားမှန်း သေချာပေါက် သတိထားမိရဲ့နဲ့ ဒီလို အခြေနေကို ရှောင်ရှားနိုင်ရဲ့နဲ့ ဘာလို့ ဒီလိုလုပ်ပြီး နည်းပညာကို ပေးပစ်ရတာလဲ? ရှင်က သူတို့အစားကျွန်မတို့ကို ဒီလို တန်ဖိုးရှိတဲ့ နည်းပညာပေးရမှာ။" အကြီးအကဲလီဆန်ယာ၏ အသံထဲ၌ နှမျောရိပ်များပါနေသည်။

"ကျွန်တော်က စခ်တိုင်းပြည်အနေနဲ့ ဒါတွေကို ရပြီးရင် သူတို့ရဲ့ နိုင်ငံအင်အားအလုံးစုံကိုသုံး လေ့လာပြီး ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းတောင် မထုတ်လုပ်နိုင်တဲ့ အသစ်အဆန်းတွေကိုထုတ်လုပ်မလားလို့ ချိန်ဆနေတာပါ။ ဒါပေမယ့် အခုကြည့်တော့... သူတို့က အရမ်းကို လိုအပ်နေသေးတယ်။"

"အဲ့လောက်တော့ မဟုတ်ဘူးမို့လား?" အကြီးအကဲလီဆန်ယာက အံ့ဩသွားသည်၊ "ဥက္ကဌရှု ရှင့်အနေနဲ့ ပြီးပြည့်စုံတဲ့ စက်မှုစနစ်ကို ဖန်တီးဖို့ ရှုပ်ထွေးတဲ့အရာများစွာရှိတယ်လို့ ကျွန်မကို အကြိမ်များစွာ ပြောခဲ့တယ်လေ။ နည်းပညာ တိုးတက်မှုကို မြှင့်တင်ဖို့ လိုအပ်တာက ခိုင်မာတဲ့အခြေစိုက်ရာကိုလိုအပ်ပြီး လေထုပါးပါးကိုဖောက်ထွက်လို့ ဘာကိုမှ ထုတ်လုပ်လို့မရနိုင်ဘူးဆိုပြီးလေ။ ဒါပေမယ့် အခု စခ်တိုင်းပြည်က ဒီအခြေခံနဲ့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်း မထုတ်လုပ်ဖူးတဲ့ နည်းပညာအသစ်ကို လေ့လာနေတာက အတွေးခေါင်နေတာပဲ။"

ရှုယီက ခါးသက်သက်ပြုံး၍ဆို၏၊ "ဒါက ကျွန်တော့်အနေနဲ့ မှော်စက်မှုနယ်ပယ်က အသစ်အဆန်းဖြစ်ခဲ့တော့ ဘယ်လိုမှော်ပညာမျိုး တည်ရှိမှန်းမသိဘဲ နှစ်ပေါင်း များစွာ စိတ်ကူးယဉ်မှု‌လေးပါပဲ။ ကျွန်တော့်အနေနဲ့ တခြားသူတွေလည်း ကျွန်တော်တို့မှာ မရှိတဲ့ စိတ်ကူးစိတ်သန်းတွေရှိနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒါပေမယ့်လည်း အခု အချက်အလက်တွေက သက်သေပြနေတာ... အခြေခံဗဟုသုတရှိဖို့က အရေးကြီးဆုံးပဲလို့...."

"ဒါဆို ရှင့်အနေနဲ့ အခု ဘာလုပ်မှာလဲ? စခ်တိုင်းပြည်မှာ မျှော်လင့်ချက်ထားဦးမှာလား?"

"မလိုတော့ပါဘူး။" ရှုယီက ခေါင်းခါသည်၊ "ကျွန်တော့်အတွေးတွေက အရင်ကနဲ့မတူဘဲ တခြားလူတွေကို အားကိုးတာက မယုံကြည်ရသလို ပျင်းရိရာလည်းကျတယ်။ အယုံကြည်ရဆုံးအရာက တစ်လှမ်းချင်းရှေ့ဆက်ဖို့ပဲ။ ဒီတော့... အကြီးအကဲလီဆန်ယာ ကျွန်တော် ပြန်တဲ့အခါကျရင် စခ်တိုင်းပြည်ရဲ့ စိတ်ဝိဉာဉ်လိပ်တပ်ရင်းကို တိုက်ထုတ်ဖို့ ကုမ္ပဏီအစောင့် ငါးရာကို လွှတ်လိုက်မယ်။"

"ကောင်းတာပေါ့" အကြီးအကဲလီဆန်ယာက ပျော်ရွှင်စွာ ပြုံးလိုက်သည်၊ "ဒီစိတ်ဝိဉာဉ်လိပ်တပ်ရင်းက တစ်ချိန်လုံးရှိနေပြီး ကျွန်မတို့မျိုးနွယ်စုရဲ့ စိုက်ပျိုးရေးကို အရမ်းထိခိုက်စေသလို မြေဩဇာထုတ်လုပ်နှုန်းကိုလည်း ထိခိုက်စေတယ်။ ကျွန်မ သူတို့ကို မောင်းထုတ်ချင်နေပြီ"

"အင်း အကြီးအကဲသာ သူတို့ကို ဆန့်ကျင်ဖို့ မြေဩဇာကို ခြိမ်းခြောက်မှုအဖြစ် သုံးရင် စခ်တိုင်းပြည်လည်း နာနာခံခံနဲ့ စိတ်ဝိဉာဉ်လိပ်တပ်ရင်းကို ပြန်ခေါ်လိမ့်မယ်ထင်တယ်။" ရှုယီက ဆိုသည်။

"ကျွန်မ ဒီလိုမလုပ်ချင်ဘူး။ မြေဩဇာက ကျွန်မတို့ လရိပ်မျိုးနွယ်စုရဲ့ တစ်ခုတည်းသော ထုတ်ကုန်ဖြစ်ပြီး လူတွေကို ခြိမ်းခြောက်ဖို့အတွက် သုံးရမယ့်အရာမဟုတ်ဘူး။" အကြီးအကဲလီဆန်ယာက ခေါင်းခါ၏။

ရှုယီက မနေနိုင်စွာ မျက်လုံးများလှိမ့်လိုက်၏။ သူဟာ အကြိမ်များစွာ စဉ်းစားခဲ့သည်၊ မြေဩဇာမှာ လူများအတွက် အင်မတန်အရေးပါသော ထုတ်ကုန်ဖြစ်ရာ စစ်တပ်တစ်ခုထက်ပင် ခြိမ်းခြောက်နိုင်သည်။

မှန်ပါ၏၊ အကြောင်းအရင်းမှာ သင်ဟာ ၎င်းကို ကာကွယ်ဖို့ လုံလောက်သည့် အစွမ်းသတ္တိရှိသည်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၄။ နတ်သူငယ်မျိုးနွယ်စုနှစ်ခုအကြား ခြားနားချက်

လရိပ်မျိုးနွယ်စု၏ မဏ္ဍိုင်ထုတ်ကုန်အနေနှင့် ကောက်ပဲသီးနှံ အထွက်နှုန်းတိုးစေနိုင်သည့် မြေဩဇာအား အနီးဝန်းကျင်နိုင်ငံများက သဘာဝကျကျကျပင် ကြိုဆိုကြသည်။

လရိပ်မျိုးနွယ်စုအောက်ရှိ မြေဩဇာ စက်ရုံများအတွက်မူ ၎င်းတို့ စိုးရိမ်ကြသည်မှာ‌ရောင်းအားမဟုတ်ဘဲ ထုတ်လုပ်နိုင်စွမ်းဖြစ်ပါ၏။

နှစ်စဉ် စပါးရိတ်သိမ်းချိန်ရောက်သောအခါ နိုင်ငံအားလုံးသည် လရိပ်မျိုးနွယ်စု၏ မြေသြဇာကို မျက်စိကျလာကြသည်။ ၎င်းတို့အားလုံးက ကိုယ့်နိုင်ငံ၏ စပါးအထွက်နှုန်းတိုးဖို့ ပိုကြိုးစားလာကြ၏။

သို့သော် ဤနှစ်တွင် ၎င်းအတွက် တိုက်ခိုက်နေကြသော နိုင်ငံများအကြား၌ ဧရာမ မားလိုအင်ပါယာကြီးလည်း ပေါ်လာသည်။

မားလိုအင်ပါယာမှာ ၎င်းတို့၏ ဆောင်းဦးကောက်ရိတ်ပွဲအတွင်း ယမန်နှစ်ကမှ မြေဩဇာနှင့် ထိတွေ့လာရခြင်းဖြစ်သော်လည်း နွေဦးကောက်ရိတ်ပွဲမှ ရရှိထားသော အချက်အလက်များအရ မားလိုအင်ပါယာ၏ မျိုးရိုးမြင့်များမှာ ချက်ချင်းပင် ထိုအရာအတွက် အလေးအနက် ဆန္ဒရှိနေကြသည်။

ယခုတွင် အရေးကြီးသည့် ဆောင်းဦးကောက်ရိတ်ပွဲသို့ ဝင်ရောက်လာလုဆဲဆဲဖြစ်ရာ လမ်ပူရီတိုင်းပြည်ဦးဆောင်သည့် အနောက်တောင်ပိုင်းရှိ နိုင်ငံများမှာ ၎င်းတို့၏ ကောက်ရိတ်သီးနှံများအား ဂရုစိုက်ရန် လရိပ်မျိုးနွယ်စုထံမှ မြေဩဌာတချို့လည်း ပိုရဖို့ ပြင်ဆင်လာကြ၏။

မားလိုအင်ပါယာမှာလည်း ၎င်းအခွင့်အရေးကို လက်မလျှော့ပေ။ မားလိုအင်ပါယာ၏ မျိုးရိုးမြင့်အချို့မှာ မားကွစ္စ် ဆော့သ်ဂိတ်က ဦးဆောင်၍ လရိပ်မျိုးနွယ်စု၏ စက်ရုံသို့ မြေဩဇာ တန်ပေါင်း သုံးသောင်းကို မှာယူခဲ့သည်။

ဤမှာယူမှုကြီးက လမ်ပူရီတိုင်းပြည်၏ အမှာစာအားလုံးနှင့် ညီမျှပါ၏။

လရိပ်မျိုးနွယ်စုမှာ ဤနှစ်၌ ပြင်ဆင်ထားပါလျှင်တောင် ၎င်းတို့မှာ အများဆုံး တန်ပေါင်းတစ်သိန်း အမှာစာကိုသာ လက်ခံနိုင်သည်။ ထို့ကြောင့် ဤခွဲတမ်းကို စီစဉ်ရန်မှာ နတ်သူငယ်များအတွက် ခက်ခဲသည့်ပြဿနာပင်။

နတ်သူငယ်များက အမြဲခေါင်းမာနေ၍သာ တော်သေးသည်။ အကြီးအကဲလီဆန်ယာက လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့အတွက် မြေဩဇာကို ဦးစားပေးထောက်ပံ့မည်ဟု ကတိပေးထားပြီးဖြစ်သည်ဟူသော ဆင်ခြေကို အသုံးပြုခဲ့သည်။

အခြားနိုင်ငံများမှာမူ ယခင်နှစ်များကနှင့်ယှဉ်သော် ကျဆင်းသွားသည်။

မားလိုအင်ပါယာအတွက် ၎င်းတို့မှာ အဆုံး၌ တန်ပေါင်းတစ်သောင်းသာ ရရှိခဲ့ရာ အခြားနိုင်ငံများထံမှ အမှာစာတချို့ကို အတင်းယူလိုက်သည်။

လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့အပြင် အခြားနိုင်ငံများမှာ မပျော်မရွှင်ဖြစ်သွားသော်လည်း လရိပ်မျိုးနွယ်စုကသာ မြေဩဇာကိုထုတ်ပေးနေခြင်းကြောင့် ၎င်းတို့လုပ်နိုင်သည့်အရာ မရှိပါချေ။

မှန်ပါ၏၊ ထိုသို့တည်ရှိနေခြင်းကလည်း မ‌ကောင်းလှပေ။ ထို့ကြောင့် ရှုယီမှာ နှစ်ဘက်စလုံးကို ခေါ်ဆောင်လာပြီးနောက် မျိုးရိုးမြင့်များစွာမှာ လရိပ်မျိုးနွယ်စုနှင့်အတူ ကုန်ကြမ်းထောက်ပံ့ရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ကြသည်။ ၎င်းတို့မှာ အနှီမျိုးရိုးမြင့်များ၏ ပိုင်နက်မြေ၌ မြေဩဇာပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများကို စိုက်ပျိုးမည်ဖြစ်ရာ ၎င်းက ကုန်ကြမ်းထောက်ပံ့မှုကို များစွာ တိုးလာစေသည်။

တစ်ချိန်တည်းမှာပင် လရိပ်မျိုးနွယ်စုမှာ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့၌ မြေဩဇာ စက်ရုံ အခြားသုံးရုံလည်း တည်ဆောက်ထားသည်။

၎င်းတို့၏ ခန့်မှန်းခြေအရ အနှီစက်ရုံသုံးရုံမှ နောက်နှစ်၌ ထုတ်လုပ်ရေးစတင်သည်နှင့် လရိပ်မျိုးနွယ်စု၏ မြေဩဇာထုတ်လုပ်နိုင်စွမ်းမှာ နှစ်ဆဖြစ်လာလိမ့်မည်။ ၎င်းက အနီးဝန်းကျင်နိုင်ငံများ၏ လိုအပ်ချက်ကို ဖြည့်တင်းပေးရန် လုံလောက်ပြီး အခြားဝယ်သူများအတွက်လည်း အထောက်အပံ့အချို့ရမည်ပင်။

သို့သော် ရှုယီ၏ ခန့်မှန်းခြေအရ ၎င်းတို့မှာ လုံလောက်ရန် အလှမ်းကွာနေသေးသည်။

အခြားမည်သည်အရာကိုမှ မဆိုထားနှင့် မားလိုအင်ပါယာတစ်ခုနှင့်တင် မြေဩဇာ ဝယ်လိုအား ဧရာမရှိပေ၏။

အနောက်တောင်နိုင်ငံများ စုပေါင်းထားခြင်းထက်ပင် ပိုမိုကြီးမားသည့် မားလိုအင်ပါယာ၏ နယ်မြေကြောင့် ၎င်းတို့မှာ မြေဩဇာဝယ်လိုအား ပိုကြီးမည်မှာ သိသာပါ၏။

လရိပ်မျိုးနွယ်စုမှာ အနီးဝန်းကျင်နိုင်ငံများ၏ ဝယ်လိုအားကိုပင် ဖြည့်ဆည်းရန် လိုနေသေးရာ မားလိုအင်ပါယာ၏ ဝယ်လိုအားကို ရရန် ဖြစ်နိုင်မည်မဟုတ်ပေ။

အနာဂတ်၌ မြေဩဇာပမာဏကြီးတစ်ခု လိုအပ်မည့် ကန်ဒရာအင်ပါယာကိုပါ မဆိုထားနှင့် နယ်မြေကြီးရှိ အခြားနိုင်ငံများလည်း ရှိသေးသည်။

လရိပ်မျိုးနွယ်စု၏ လက်ရှိ ထုတ်လုပ်နိုင်စွမ်းကြောင့် အနာဂတ် မြေဩဇာ ဝယ်လိုအားမှာ အောက်ခြေမဲ့တွင်းတစ်တွင်းလိုပါပင်။

သို့သော် ရှုယီမှာ ၎င်းပြဿနာအတွက် အဖြေမရှိပေ။

လရိပ်မျိုးနွယ်စုမှာ သူနှင့် ဆက်သွယ်နေသည့် နတ်သူငယ်မျိုးနွယ်စု သုံးခုအနက် အကြီးဆုံးဖြစ်ပြီး လူဦးရေ လေးထောင်အောက်သာရှိပါ၏။

မြေဩဇာကုမ္ပဏီတစ်ခု၌ Frestech ကုန်သည်ကြီးများအသင်း၏ အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်များနှင့် ပြည့်နေလျှင်တောင် ၎င်းက လုပ်သားငါးရာကျော် လိုအပ်သေးသည်။

လရိပ်မျိုးနွယ်စု၏ နတ်သူငယ်များအားလုံးကိုတွက်ကြည့်လျှင် အများဆုံး မြေဩဇာစက်ရုံ ခြောက်ရုံကိုသာ ထောက်ပံ့နိုင်ပေမည်။ ၎င်းတို့၏ မိုင်ကုန်ထုတ်လုပ်နိုင်စွမ်းမှာ တစ်‌နှစ်ကို တန်ပေါင်းငါးသိန်းသာရှိမည်ဖြစ်၍ လုံလောက်ရန် ကွာဝေးသည်။

မှန်ပါ၏၊ ၎င်းကို ဖြေရှင်းရန် နည်းလမ်း လုံးဝမရှိဟုဆိုရလျှင်တော့ မမှန်ပေ။

သို့သော် ပြဿနာ၏ သော့ချက်ကရှိနေသည်။ အကြီးအကဲ လီဆန်ယာမှာ လရိပ်မျိုးနွယ်စု၏ နတ်သူငယ်များ ထိန်းချုပ်ရမည့် စက်ရုံကို အပြင်လူများအား လုံးဝဝင်ခွင့်မပြုရန် အခိုင်အမာဖြစ်နေသည်။

ရှုယီမှာ လရိပ်မျိုးနွယ်စုမှ နတ်သူငယ်အချို့ကို အလုပ်ပို လစ်လပ်စေပြီး ထုတ်လုပ်နိုင်စွမ်းကို တိုးစေရန် ၎င်းတို့အား မန်နေဂျာရာထူးထား၍ လူသားအလုပ်သမားအချို့ စုဆောင်းဖို့ရာ အကြီးအကဲ လီဆန်ယာကို အကြံပေးခဲ့သည်။ သို့သော်လည်း သူမက ၎င်းကို ငြင်းဆန်ခဲ့ပါ၏။

အကြီးအကဲ လီဆန်ယာမှာ ထိုအချိန်က အင်မတန်ပြတ်သားနေရာ ရှုယီလည်း သူမအား ဖျောင်းဖြမနေနိုင်တော့ဘဲ ထွက်သွားခဲ့သည်။

သို့သော် ရှုယီမှာ လရိပ်မျိုးနွယ်စုက မြေဩဇာဝယ်လိုအား ပိုပို များလာပြီး အကြီးအကဲ လီဆန်ယာကလည်း မကြာမီ၌ ဤကိစ္စကို အကောင်အထည်ဖော်လုလိမ့်မည်ကို ယုံကြည်သည်။

အဆုံး၌ အကျိုးအမြတ်ကြီးများရှေ့မှောက်တွင် ခေါင်းအမာဆုံးနတ်သူငယ်များသည်ပင် စိတ်လှုပ်ရှားရလိမ့်မည်။

အင်မတန်စံကျသော ဥပမာမှာ ညတေးသံမျိုးနွယ်စုဖြစ်ပါ၏။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ၎င်းတို့က ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ပိုစောစောတွေ့ခဲ့ခြင်းကြောင့် သို့မဟုတ် အကြီးအကဲအီလူရှာက အခြားနတ်သူငယ်များထက် ပို၍ နားလည်မှုရှိသော နတ်သူငယ်ဖြစ်ခြင်းကြောင့်ပင်။ မဟုတ်ပါက ၎င်းမှာ ညတေးသံမျိုးနွယ်စုအနေနှင့် လရိပ်မျိုးနွယ်စုကဲ့သို့ တူညီသည့် လူဦးရေမရှိဘဲ သေရေးရှင်ရေးပြဿနာကြီးကို ရင်ဆိုင်နေရသောကြောင့် အကြီးအကဲအီလူရှာ မှာ အခြားသူများကဲ့သို့ နိယာမတွေကို မစွဲလန်းခြင်းဖြစ်နိုင်သည်...

လိုရင်းဆိုရသော် ညတေးသံမျိုးနွယ်စုမှာ တူညီသည့် အကြပ်အတည်းရှိနေစဉ်တွင် အကြီးအကဲအီလူရှာမှာ ရှုယီ၏ လူသားများနှင့် အလုပ်တွဲလုပ်ရန် အကြံပြုချက်ကို လက်ခံရန် တုံ့ဆိုင်းမနေတော့ပေ။

ညတေးသံမျိုးနွယ်စု၏ အဓိကလုပ်ငန်းမှာ အမြဲတမ်း ပလက်စတစ်များနှင့် ဆက်စပ်နေသည်။

အစပိုင်းတွင် ညတေးသံမျိုးနွယ်စုမှာ မိုးသွန်းတောအုပ်ရှိ စက်ရုံလေးမှစကာ အလုပ်လုပ်ခဲ့သည်။ ၎င်းတို့၏ ပထမဆုံး အမှာစာမှာ Frestech ကုန်သည်ကြီးများအသင်းအပြင် ရွှေဒင်္ဂါးဆယ်ပြားအောက်သာ ကျသည့် အဝတ်ချိတ်နှစ်ရာရှိ အော်ဒါတစ်ခုမှာယူသည့် သာမန်အထည်ဆိုင်လေးတစ်ဆိုင်မှသာဖြစ်သည်။

ထို့နောက် ပလက်စတစ်ထုတ်ကုန်များ ပိုမိုကျော်ကြားလာချိန်တွင် ညတေးသံမျိုးနွယ်စုမှာ ၎င်းတို့၏ စက်ရုံ၌ ပလက်စတစ်ထုတ်ကုန်များအတွက် အော်ဒါများ ပိုပိုရလာခဲ့သည်။

များမကြာမီတွင် အကြီးအကဲအီလူရှာမှ ၎င်းဝယ်လိုအားက ညတေးသံမျိုးနွယ်စုရှိ လူအင်အားနှင့်တင် လိုက်မမှီနိုင်သည်ကို တွေ့လိုက်ရသဖြင့် ရှုယီ၏ အကြံကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါ၏။ သူမဟာ လမ်ပူရီတိုင်းပြည်၌ နတ်သူငယ်များအတွက် ညတေးသံ ကုန်သည်ကြီးများအသင်းကို တည်ထောင်ပြီး ညတေးသံမျိုးနွယ်စု၏ စက်ရုံများ၌ အလုပ်လုပ်ရန် လူသားများကို စတင်စုဆောင်းခဲ့သည်။

ညတေးသံကုန်သည်ကြီးများအသင်းမှာ ယခင်က လမ်ပူရီတိုင်းပြည်၏ မတည်ငြိမ်သော အခြေအနေမှ ရိုက်ခတ်ခံခဲ့ရသော်လည်း ယခုတွင် အတော်လေး အားကောင်းစွာ တိုးတက်နေသည်။

ဤရက်စွဲအထိ ညတေးသံမျိုးနွယ်မှာ လမ်ပူရီတိုင်းပြည်၌ စက်ရုံ ခုနှစ်ရုံရှိခဲ့ပြီး စီမံခန့်ခွဲရေး သို့မဟုတ် ဘဏ္ဍာရေးတို့ကဲ့သို့ အရေးအကြီးဆုံး ရာထူးများကို ညတေးသံမျိုးနွယ်စု၏ နတ်သူငယ်များက တာဝန်ယူထားကာ အခြားအလုပ်သမားများအားလုံးမှာ လူသားများဖြစ်ကြ၏။

ရူဒ်ဆန်တိုင်းပြည်နှင့် ဒရိတ်ခ်နယ်မြေတို့တွင် ညတေးသံမျိုးနွယ်စုဟာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ပလက်စတစ်ထုတ်လုပ်ရေးစက်ရုံသုံးရုံကို အသီးသီး တည်ဆောက်ခဲ့သည်။

ဒရိတ်ခ်နယ်မြေရှိ ပလက်စတစ်ထုတ်လုပ်ရေးစက်ရုံသည်ပင် အကြီးအကဲအီလူရှာမှာ ဘဏ္ဍာရေးကို ကိုင်တွယ်ရန် နတ်သူငယ်တစ်ဦးသာ စေလွှတ်ခဲ့ပြီး ကျန်သည့်အရာအားလုံးကို လူသားအလုပ်သမားများက ကိုင်တွယ်သည်။

ရဲတင်းသော နည်းစနစ်ကြောင့် ၎င်းတို့ကို လှည့်ဖျားဖို့ ကြိုးစားခဲ့ကြသော လူသားအလုပ်သမားများရှိပါသော်လည်း ညတေးသံမျိုးနွယ်စုအောက်ရှိ နယ်ပယ်မှာ မြန်ဆန်စွာ တိုးတက်နေသည်။

ညတေးသံမျိုးနွယ်စုရှိ ပလက်စတစ်ထုတ်လုပ်ရေးစက်ရုံမျိုးစုံတို့ကြောင့် ၎င်းတို့မှာ တစ်နှစ်လျှင် ရွှေဒင်္ဂါး နှစ်သန်းကျော် အသားတင်ဝင်ငွေကို ရရှိပြီး လရိပ်မျိုးနွယ်စု၏ အသားတင်ဝင်ငွေကိုပင် ကျော်‌လွန်သွားသည်။

လူသားအလုပ်သမားအချို့ကို ခန့်အပ်ခြင်းအပြင် အကြီးအကဲအီလူရှာမှာ လူသားလုပ်ငန်းများကို လေ့လာရန် ရှုယီအား လိုက်နာစေခဲ့သည့် ပထမဆုံးနတ်သူငယ်အမျိုးသမီးဖြစ်သူ ဒယ်လီမှာ လူသားစီးပွားရေးအသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့ပြီးဖြစ်သည်။ သူမဟာ သူမကိုယ်တိုင် လုပ်ငန်းအချို့ကိုပင် ကိုင်တွယ်နိုင်ပါ၏။

ဥပမာ Frestech ကုန်သည်ကြီးများအသင်းအား ကန်ဒရာအင်ပါယာ၏ မင်းသားဖရန့်ခ်က ကန်ဒရာအင်ပါယာ၌ မှော်ကားစက်ရုံတည်ထောင်ဖို့ ဖိတ်ခေါ်ချိန်တွင် သူဟာ အခြားလမ်ပူရီတိုင်းပြည် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံခြင်းမှ ရပ်တန့်ထားခဲ့သည်။ ရှုယီက ဒယ်လီထံ ထိုအကြောင်းမပြောခင် သူမက သူ့ကို လာရှာသည်။

"ဥက္ကဌရှု ကန်ဒရာအင်ပါယာဈေးကွက်က ကျွန်မတို့ ညတေးသံမျိုးနွယ်စုအတွက် အရမ်းအရေးကြီးတယ်။ ဖြစ်နိုင်ရင် ကျွန်မတို့လည်း ကန်‌ဒရာအင်ပါယာမှာ ပလက်စတစ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံကို ရင်းနှီးမြှုပ်နှံဖို့ ရှင်နဲ့အတူ လိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။" ဒယ်လီမှာ ရှုယီကို စိတ်ရင်းပါသည့်အသံဖြင့် တည့်တိုး ပြောလိုက်၏။

"မင်းမှာ ဒီအတွေးရှိတာတော့ ကောင်းပါတယ် ဒါပေမယ့်..." ရှုယီမှာ ဒယ်လီ၏ နဖူးကို ထိရန် လက်တစ်ချောင်းထုတ်လိုက်၏၊ "မင်းလို နတ်သူငယ်လေးတစ်ယောက်က ကန်ဒရာအင်ပါယာသားတွေရှေ့မှာ ရုတ်တရတ် ပေါ်လာရင် အရမ်းလွန်သွားမယ်လို့ မထင်ဘူးလား? ကန်ဒရာသားတွေကို နတ်သူငယ်တွေနဲ့ရင်းနှီးပြီးသား အနီးဝန်းကျင်နိုင်ငံတွေကနဲ့ မတူဘူး။"

"ဒါက ပြဿနာမဟုတ်ပါဘူး။" ဒယ်လီက အသာပြုံး၍ ဆိုသည်၊ "ဥက္ကဌရှု ရှင်က အမြဲ ကျွန်မတို့ နတ်သူငယ်တွေကို လူသားတွေရှေ့မှာ ရဲရဲတင်းတင်းပေါ်လာစေချင်တာလေ၊ ဒါက လူသားတွေအနေနဲ့ ကျွန်မတို့ကို လက်ခံဖို့ ပိုလွယ်စေတယ်ဆို။ ကျွန်မအထင် အနီးဝန်းကျင်နိုင်ငံတွေကလူတွေလည်း လက်ခံမှတော့ ကန်ဒရာအင်ပါယာကလူတွေလည်း လက်ခံမှာပါ"

ဒယ်လီ၏ မျက်နှာထက်ရှိ ယုံကြည်ချက်ရှိရှိအပြုံးကိုမြင်သော် ရှုယီ မနေနိုင်ဘဲ ချီးကျူးလိုက်မိပါ၏။

"ဟုတ်ပြီလေ မင်း ဒီလောက် ယုံကြည်ချက်ရှိနေမှတော့ မင်းကို ခေါ်သွားလို့ရပါတယ်။ ဒါပေမယ့် မင်းအနေနဲ့ ကန်ဒရာအင်ပါယာကို လက်ခံပြီး ညတေးသံမျိုးနွယ်စုကို စက်ရုံတစ်ရုံ ဆောက်ခွင့်ပေးအောင် ဘယ်လို ဖျောင်းဖြရမယ်ဆိုတာကတော့ မင်းရဲ့ ပြဿနာဖြစ်သွားပြီ"

"ဟုတ်ပြီလေ ပြဿနာမရှိပါဘူး"

ယုံကြည်မှုအပြည့် ဒယ်လီကိုမြင်သော် ရှုယီမီာ မပြုံးဘဲ မနေနိုင်ပေ။

ကြည့်ရသည်မှာ ဤမျိုးနွယ်စု၏ နတ်သူငယ်တစ်ဦးစီတိုင်း အကြီးအကဲထံမှ လွှမ်းမိုးခံထားရပုံပင်။ လရိပ်မျိုးနွယ်စုမှာလည်း ရှုယီကို အချို့အချိန်များ၌ လိုက်နာတတ်သော်လည်း တစ်ဦးမှ ရှုယီ အရေးကြီးသည်ဟု ထင်မိသည့် ဒယ်လီကဲ့သို့သော ယုံကြည်ချက်ရှိရှိ စိတ်ထားမျိုးကို မသင်ယူကြပေ။

မဟုတ်ပါက လရိပ်မျိုးနွယ်စုမှာ လူဦးရေပိုများပြီး မြေဩဇာ၌ ပိုခိုင်မာသည့် ထုတ်ကုန်ရှိသဖြင့် ညတေးသံမျိုးနွယ်စုထက်ပင် များစွာ တိုးတက်နေလောက်ပြီဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၅။ မှော်ပန်ကာဟောင်းတွေလည်း ရောင်းတယ်

တစ်ပါတ်ကြာပြီးနောက် နော်တွန်နယ်မြေနှင့် ကန်ဒရာအင်ပါယာကြား ဖြတ်သန်းသွားသော ယာဉ်တန်းကြီးတစ်ခုရှိလေသည်။

ကန်ဒရာအင်ပါယာ၏ အနောက်တောင်ပိုင်းခရိုင်တွင် တည်ဆောက်ထားပြီးသော ဤလမ်းကို သုံးနာရီကြာ ဖြတ်သွားပြီးနောက် ၎င်းတို့မှာ အနောက်တောင် ခရိုင်၏ မြို့တော် ဘုရင်ခံအိမ်တော်ရှိသည့် ကန်ဘာရာ မြို့တော်သို့ ရောက်လာ၏။

ယာဉ်တန်းမှာ ကန်ဘာရာမြို့တော်သို့ မဝင်ဘဲ မြို့အပြင်ဘက်ရှိ ကွင်းပြင်တစ်ခု၌ ရပ်တန့်လိုက်ကြသည်။

ထိုနေရမှာ တံတိုင်းအပြင်ဘက်ရှိ ဆင်ခြေဖုံးသာဖြစ်သော်လည်း ကန်ဘာရာမြို့တော်မှာ မြို့တော်ကြီးဖြစ်သောကြောင့် အင်မတန်စည်ကားကာ လူများဖြင့် ပြည့်နေ၏။ ဈေးအော်ရောင်းနေသော ပျံကျစေးသည်များရှိနေပြီး ပိုသေးသည့် မြို့များထက် များစွာ ပို၍ အသက်ဝင်နေပုံရသည်။

ရှုယီမှာ သူ၏မှော်ဆလွန်းကို ရပ်တန့်ကာ မောင်းသူခုံမှ ထွက်လိုက်ရာ အနီးဝန်းကျင်ရှိ လူများက သူရှိနေသည့် ယာဉ်တန်းကို ကြည့်နေသည်ကို တွေ့လိုက်ပြီးနောက် အဝေးကိုကြည့်လိုက်သည်။ ၎င်းတို့မှာ သိလိုစိတ်ရှိနေပုံမရဘဲ အသစ်အဆန်းကို မြင်နေသလို အံ့ဩသွားဟန်လည်းမပေါ်ချေ။

ကန်ဘာရာမြို့တော်ရဲ့လူတွေက အရင်က မှော်ကားတွေကို မြင်ဖူးနေတာ မထူးဆန်းပါဘူး။" ဥက္ကဌခရုစ်က နံဘေးမှ ရှင်းပြလာသည်၊ "တကယ်တော့ မှော်ကားတွေတင်မဟုတ်ဘူး ဒီကလူတော်တော်များများက အိမ်သုံးမှော်စက်တွေနဲ့ အကျွမ်းတဝင်ဖြစ်နေကြပြီ။ သူတို့က ပထမဆုံးမြင်ဖူးသလို အံ့ဩသွားလိမ့်မယ်လို့ စဉ်းစားဖို့ မလိုဘူး။"

"မဟုတ်ပါဘူး ကျုပ်က ဒါကို မျှော်လင့်နေတာ မဟုတ်ဘူး။ ကျုပ်က သိချင်ရုံပါ။ ကန်ဘာရာမြို့တော်ကလူတွေက မှော်စက်တွေကို ကြုံတွေ့ပြီးသားဖြစ်နေမှတော့ ဘာလို့ ဒီဟာတွေ ဝယ်လိုအားမမြင့်တာလဲ?" ရှုယီက မျက်မှောင်ကုပ်လိုက်သည်။

"ဝယ်လိုအားမမြင်ဘူးလို့ ဘယ်သူပြောလဲ?" ဥက္ကဌခရုစ်က မျက်လုံးများလှိမ့်လိုက်ပြီးနောင် ညာဘက်ကို ညွှန်ပြလာသည်၊ "အဲ့ဒါဘာလဲဆိုတာ ကြည့်ကြည့်လိုက်"

ရှုယီမှာ သူညွှန်ပြသည့်နေရာကိုကြည့်လိုက်သော် လမ်းဘေး၌ ဆိုင်ကြီးတစ်ဆိုင်ရှိနေပြီး လူများစွာ စုဝေးကု အင်မတန် စည်ကားနေသည်ကို တွေ့လိုက်ရသည်။

"သူတို့အဲ့မှာ ဘာလုပ်နေကြတာလဲ?"

ရှုယီ ရှုပ်ထွေးနေစဉ်တွင် လူအုပ်ထံမှ အားပေးသံထွက်လာ၏။ ၎င်းတို့မှာ တစ်စုံတရာကိုကိုင်၍ လှည့်ပြေးလာသူအား ဝိုင်းရံထားရာ ထိုသူမှာ အခြားသူများက သူ့ထံမှ ၎င်းကို လုယူသွားမည်ကို ကြောက်ရွံ့ဟန်ပြနေ၏။

ရှုယီ သေချာကြည့်လိုက်သော် ထိုလူ ရတနာလို ကိုင်ထားသည့်အရာကတကယ်တမ်း မှော်ပန်ကာဟောင်းတစ်လုံး‌ဖြစ်နေရာ အတန်ငယ် အံ့ဩသွားမိသည်။

"ဒါက မှော်ပန်ကာဟောင်းလေးပဲကို သူက ဒီလိုပြုမူနေတယ်ပေါ့..."

"ဒါက second handလေ အတော်လေးဈေးချိုတာပေါ့။ တစ်ခုလောက်ရ‌ဖို့တောင် မလွယ်ဘူး။" ဥက္ကဌခရုစ်က ပခုံးတွန့်လိုက်၏၊ "အခုက ပိုပြီးပူအိုက်လာပြီဆိုတော့ ဒီအရာတွေက အရမ်းကို နာမည်ကြီးနေတာ။ အဲ့လို သာမန်လူတစ်ယောက် မှော်ပန်ကာ တစ်လုံးရနိုင်ရင် သူတို့အသက်ကယ်တာနဲ့ ညီမျှတယ်။"

ရှုယီက မျက်မှောင်ကုပ်ကာ ရှုပ်ထွေးနေဆဲပင်။

"နောက်ဆုံးပေါ် Frestech တံဆိပ်မှော်ပန်ကာက ရွှေဒင်္ဂါးသုံးပြားနဲ့ ငွေဒင်္ဂါးငါးဆယ်လောက်နဲ့ ရောင်းနေတော့ အဲ့လောက်လည်းဈေးမကြီးပါဘူး။ ဘယ်လိုလုပ် သူတို့က ဒီလို အမှိုက်ဆန်ဆန် မှော်ပန်ကာဟောင်းတစ်လုံးကို လုဝယ်ဖို့လိုမှာလဲ?"

ဥက္ကဌခရုစ်က ရှုယီက ကြည့်လိုက်ပြီးနောက် သက်ပြင်းချ၍ ခေါင်းခါသည်၊ "ရှုယီ ငါ့အထင် မင်းက သာမန်လူတွေနဲ့ သီးခြားဖြစ်တာကြာသွားလို့ အရေးကြီးဆုံးပြဿနာက ဘာဆိုတာ မေ့သွားပြီထင်တယ်။ မင်းထင်လား.. သူတို့ကိုယ်တိုင်တောင် စားဖို့အနိုင်နိုင်ဖြစ်နေတဲ့ သာမန်လူတစ်ယောက်အတွက် ရွှေဒင်္ဂါးသုံးပြားနဲ့ ငွေဒင်္ဂါးငါးဆယ်က နည်းမယ်လို့လေ?"

ရှုယီ ပြောစရာမဲ့သွားသည်။

သူဟာ သာမန်လူများနှင့် အချိန်ကြာ သီးခြားဖြစ်နေခဲ့ခြင်းမဟုတ်ပါဘဲ “သာမန်လူများက မှော်ပန်ကာဝယ်ရန် မတတ်နိုင်” ဟူသည့် အတွေးကြောင့်ဖြစ်သည်။

စတက်တိန်းနယ်မြေဖြစ်စေ လမ်ပူရီတိုင်းပြည်ဖြစ်စေ ထိုနှစ်နိုင်ငံ၏ မြို့သူမြို့သားများမှာ အလုပ်လုပ်ရန်ဆန္ဒရှိနေသရွေ့ တစ်လကို ရွှေဒင်္ဂါးဆယ်ပြားအနည်းဆုံးရမည့် အလုပ်ကို အလွယ်တကူရှာနိုင်သည်။

၎င်းကသာ မိသားစုတစ်စု၏ လစာဆိုပါလျှင် အခြေခံနေထိုင်စရိတ်ကို ဘေးဖယ်ထားကာ မှော်ပန်ကာတစ်လုံးအတွက် ဒင်္ဂါးအချို့ထုတ်ယူသုံးစွဲဖို့ ဖိအားမရှိပေ။

သို့သော် ၎င်းက Frestech ကုန်သည်ကြီးများအသင်းဦးဆောင်သည့် မှော်စက်မှုနယ်ပယ်ကြောင့် စတက်တိန်းနယ်‌မြေနှင့် လမ်ပူရီတိုင်းပြည်တို့တွင် ကောင်းကောင်း ဖွံ့ဖြိုးနေသဖြင့် ၎င်းတို့၂နိုင်ငံဖြင့်သာ ကန့်သတ်ထားသည်။ ယခုတွင် အနှီ၂နိုင်ငံ၌ မှော်စက်ဆိုင်ရာ စက်ရုံများစွာ ရှိကာ လုပ်သားလိုအပ်မှုများပြားသောကြောင့် လူများဟာ ထိုသို့ကောင်းမွန်သော အလုပ်များကို အလွယ်တကူရှာဖွေနိုင်ပေသည်။

သို့သော် ၎င်းအပြင် ရူဒ်ဆန်တိုင်းပြည်နှင့် ဒရိတ်ခ်နယ်မြေတို့၌ မှော်စက်နယ်ပယ်များ ဖွံ့ဖြိုးနေပါလျှင်တောင် ၎င်းတို့နှင့်ယှဉ်လျှင် လိုအပ်နေဆဲပင်။

နှိုင်းယှဉ်ကြည့်ချိန်တွင် စခ်တိုင်းပြည်က ပို၍ပင် ဆိုးပါ၏။

၎င်းတို့မှာ လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့နှင့် ယခင်က တင်းမာသည့် ဆက်ဆံရေးရှိသောကြောင့် ၎င်းတို့၏ မှော်စက်မှုနယ်ပယ်မှာ ထိုမျှ တိုးတက်ခြင်းမရှိပေ။

သို့သော် ကန်ဒရာအင်ပါယာနှင့်ယှဉ်လျှင်... ၎င်းက တကယ်တမ်း ပို၍ကောင်းမွန်ပါ၏။

ကန်ဒရာအင်ပါယာမှာ နယ်မြေကြီး၏ အင်ပါယာကြီးနှစ်ခုအနက် တစ်ခုဖြစ်ပြီး စိုင်စ်နယ်မြေကြီး၌ နိုင်ငံအင်အားယှဉ်မရသော်လည်း သာမန်လူများ၏ နေထိုင်ရေးအခြေနေနှင့်ပတ်သက်လာလျှင်... ၎င်းက လွန်ခဲ့သည့် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က လမ်ပူရီတိုင်းပြည်ထက်ပင် ဆိုးသေးသည်။

ကန်ဒရာအင်ပါယာ၏ အနောက်တောင်ပိုင်းခရိုင်မြို့တော် ကန်ဘာရာမြို့တော်၌ နေထိုင်နေသည့် ဤသာမန်ပြည်သူများအနက် အများစုမှာ ရှင်သန်ဖို့ကိုပင် စိုးရိမ်နေရသည့်အဆင့်၌ နေ,နေရဆဲဖြစ်သဖြင့် ၎င်းတို့အတွက် မှော်ပန်ကာတစ်လုံးဝယ်ရန် ရွှေဒင်္ဂါးများစွာ ထုတ်ဖို့ မဖြစ်နိုင်ပေ။

"ဒါ‌ဆို ဒီမှော်ပန်ကာဟောင်းတွေက ဘာလဲ? သူတို့က ကျုပ်တို့ကုမ္ပဏီရဲ့ မှော်ပန်ကာတွေနဲ့ တူတဲ့ပုံ‌မပေါ်ပေမယ့်လည်း တစ်လုံးကို ရွှေဒင်္ဂါးတစ်ပြားကနေ နှစ်ပြားအထိနဲ့ ရောင်းတာပဲမဟုတ်လား?" ရှုယီက မေးသည်။

"ဒါကို အဲ့က ဥက္ကဌ ဒိုရာကို မေးရမှာ"

ရှုယီမှာ ယခုနကမှ ရောက်လာသည့် ဥက္ကဌ ဒိုရာကို ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

ဥက္ကဌ ဒိုရာမှာ ခြောက်ကပ်ကပ်ရယ်မောရင်း နေရခက်စွာ ခေါင်းကုပ်လိုက်သည်၊ "ဒါက... ကျုပ်တို့တွေ ကန်ဒရာအင်ပါယာကို ပြန်လာပြီးနောက်မှာ လူတော်တော်များများက ယခင်က မှော်စက်တွေကိုကြားဖူးပေမယ့် မှော်စက်အသစ်တွေက အရမ်းဈေးများကြတော့ ကျုပ်တို့လည်း ဒီမှော်စက်အဟောင်းတွေကို သူတို့ဆီ ရောင်းပေးတာပဲ။ အဟင်း ဘာပဲဖြစ်ဖြစ် သူတို့လည်းကျေနပ်တာမို့ ပြဿနာရှိတယ်လို့တော့ မထင်မိပါဘူး..."

ရှုယီ ချက်ချင်းနားလည်လိုက်သည်။

အဆုံးတွင် ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့မှာ ကုန်သွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် လမ်ပူရီတိုင်းပြည်မှ ကုန်သည်များမှာ လမ်ပူရီတိုင်းပြည်မှ မှော်စက်အဟောင်းများကို တိုက်ရိုက်ယူလာပြီး ကန်ဒရာအင်ပါယာ၌ ပြန်လည်ရောင်းချနေခြင်းပင်။

၎င်းမှာ သံသယပင်မလိုစွာ ရှုယီအတွက် လှည့်ဖျားခြင်းဖြစ်နေသော်ငြား ၎င်းက ကန်ဒရာအင်ပါယာ၏ လက်ရှိ အခြေနေနှင့် တကယ်ကို သင့်လျော်နေသည်က ရှုယီကို ပြောစရာမဲ့စေသည်။

"အဟင်း ဒါကလည်း ကန်‌ဒရာအင်ပါယာရဲ့ သာမန်လူတွေအတွက် အကျိုးရှိစေပါတယ်။" ဥက္ကဌ ဒိုရာက အသာပြုံး၍ဆိုသည်၊ "ဘာပဲဖြစ်ဖြစ် သူတို့လည်း ပစ္စည်းအသစ်ကို မတတ်နိုင်တော့ အဟောင်းက ပိုဈေးချိုတယ်လေ။ ဥပမာပြောရရင် လူတစ်ယောက်ဝယ်ခဲ့တဲ့ မှော်ပန်ကာက ရွှေဒင်္ဂါးတစ်ပြားအောက်နည်းနေမယ်ဆို သူတို့ဒါကို အရမ်းသဘောကျကြတယ်။"

"တစ်ခုကို ရွှေဒင်္ဂါးတစ်ပြား? မင်း လမ်ပူရီတိုင်းပြည်မှာဆို ဘယ်လောက်နဲ့ဝယ်ခဲ့တာလဲ?" ရှုယီ မေးသည်။

ဥက္ကဌ ဒိုရာ၏ အမူအရာက ပို၍ နေရခက်လာကာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် အသံတိုးတိုးဖြင့် အနားကပ်ကာ ဆိုလာသည်၊ "ကျုပ်တို့က ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်း ဆီကနေ လေ့လာပြီး ထုတ်ကုန်ဟောင်းတွေကို ထုန်ကုန်သစ်တွေနဲ့ ဖလှယ်ပေးလိုက်တာပဲ။ တကယ့်ကုန်ကျစရိတ်ကတော့... ငွေဒင်္ဂါးနှစ်ဆယ်... ပတ်လည်လောက်ရှိမယ်...."

ရှုယီမှာ မနေနိုင်စွာ မျက်လုံးလှန်မိသွားရသည်။

တစ်လုံးကို ငွေဒင်္ဂါးနှစ်ဆယ်အောက်? ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်ကြား ကုန်သွယ်ရေးသဘောတူညီမှာ အသစ်ကြောင့် မှော်စက်ထုတ်ကုန်များအတွက် အကောက်ခွန်မှာ အနည်းဆုံးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သာ မှော်ပန်ကာ‌ဟောင်းတစ်လုံးကို ရွှေဒင်္ဂါးတစ်ပြားနှင့် ရောင်းလျှင် ငွေဒင်္ဂါးဆယ်ပြားလောက်သာ အခွန်ပေးဖို့လိုမည်။

ပို့ဆောင်ခများပါ ထည့်ပေါင်းလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ မှော်ပန်ကာတစ်လုံးအတွက် ငွေဒင်္ဂါးလေးဆယ်ထက် မပိုပေ။

၎င်းတို့မှာ ယခု ၎င်းကို ရွှေဒင်္ဂါးတစ်ပြားဈေးနှင့် ရောင်းချနေရာ မှော်ပန်ကာတစ်လုံးကို ရွှေဒင်္ဂါးပြားတစ်ဝက်ထက်ပိုရသည်ပင်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး ဥက္ကဌရှု ကျုပ်တို့က ဒီဘက်က ကုန်သည်တွေအတွက် ထုတ်ကုန်တွေစုဆောင်းပေးရုံပဲမို့ ကျုပ်တို့ရောင်းချတဲ့ ပမာဏက ရွှေဒင်္ဂါးတစ်ပြားအောက်နည်းပါတယ်။" ဥက္ကဌ ဒိုရာက အမြန်လက်ယမ်းလာ၏။

"ဒါဆို မှော်ပန်ကာအဟောင်းနဲ့ ဖလှယ်ပြီးနောက်မှာ ရောင်းရတဲ့ ဝင်ငွေက ဘယ်လောက်ရှိလဲ?" ရှုယီက မျက်လုံးများ လှိမ့်လိုက်သည်။

"အိုင်း ဥက္ကဌရှု ကျုပ်တို့ ဒါကို ခင်ဗျားတို့ဆီကနေ သင်ထားတာပါ။" ဥက္ကဌ ဒိုရာက အပြုံးဖြင့်ပြောသည်။

ရှုယီက လက်ဝှေ့ယမ်းလိုက်ကာ၊ "ဟုတ်ပြီ ကျုပ် ဒါကို ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျုပ်အနေနဲ့ ဂုဏ်သတင်းတစ်ခုဆိုတာ ထူထောင်ဖို့ခက်သလို ချိုးဖျက်ဖို့ကလည်း အရမ်းလွယ်တယ်ဆိုတာ သတိပေးရမယ်။ အိမ်သုံးမှော်စက်တွေက ကန်ဒရာအင်ပါယာမှာ ရှိတာ မကြာသေးတာမို့ ခင်ဗျားအနေနဲ့ ဂုဏ်သတင်းကို ထူထောင်ပြီး ဒီလို အရေးကြီးကာလအတွင်းမှာ ကန်ဒရာအင်ပါယာသားတွေအပေါ် အမြင်ကောင်း ချန်ထားပေးရမှာ။ ဒီအချိန်မှာ လူတွေကို second hand ပစ္စည်းတွေနဲ့ မလှည့်ဖျားတာက ပိုကောင်းတယ်။ မဟုတ်ရင် ခင်ဗျားက အမြင်ဆိုးချန်ထားပြီးနောက်မှ ပြောင်းလဲချင်တဲ့အခါ ခင်ဗျား စိတ်ကူးထားတာထက်ပိုတဲ့ တန်ကျေးကို ပေးဆပ်ရလိမ့်မယ်။"

ဥက္ကဌ ဒိုရာက မျက်မှောင်ကုပ်ပြီး ရှုယီ၏ စကားများကို ယုံကြည်ပုံပေါ်မနေပေ။

သို့သော် သူဟာ ရှုယီကို မငြင်းဆန်နိုင်သဖြင့် ပြုံးကာသာ နှုတ်ဆက်လိုက်သည်။

"အိုင်း ရှုယီ လေမဖြုန်းစမ်းပါနဲ့။ ဒီလိုကုန်သည်လေးတွေက အဲ့လောက်အရှည်ကို ဘယ်မြင်ပါ့မလဲ သူတို့က ပမာဏဘယ်လောက်ရလဲပဲ ဂရုစိုက်ကြပြီး နယ်ပယ်တစ်ခုလုံးရဲ့ တိုးတက်မှုတွေ ဂုဏ်သတင်းဆိုတာတွေကို ဂရုမစိုက်တာ အသိသာကြီး။ မင်းလို မူမမှန်တဲ့ အတွေးရှိတဲ့လူတွေပဲ ဒီလိုအရာတွေကို ဂရုစိုက်ကြတာ။" ဥက္ကဌ ဒိုရာက လျှောက်ထွက်သွားပြီးနောက် ဥက္ကဌခရုစ်က ရယ်မောကာ ဆိုသည်။

ရှုယီက အေးစက်စက်နှာမှုတ်သည်၊ "ကျုပ်အနေနဲ့ ခင်ဗျား ဒီလို ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးဆိုတာ မယုံဘူး၊ မဟုတ်ရင် ခင်ဗျားရဲ့ ကုမ္ပဏီက ကန်ဘာရာ မြို့တော်အပြင်ဘက်မှာ တိုက်ခန်းတွေဆောက်ဖို့ကို ဘယ်လိုလုပ် အဲ့လောက် အရေးထားနေမှာလဲ?"

ဥက္ကဌခရုစ်က ပခုံးတွန့်သည်၊ "ငါက သူတို့လို အတွေ့အကြုံနဲ့ အမြင်မရှိတဲ့ ကုန်သည်လေးမှမဟုတ်တာ။"

"ဟ..." ရှုယီမှာ မနေနိုင်ဘဲ ရယ်မောကာ ဥက္ကဌခရုစ်၏ မျက်နှာက အရေပိုထူလာသည်ဟု တွေးလိုက်သည်။

သို့သော် သူမှန်ပါ၏။ ကုမ္ပဏီလေးတစ်ခုမှ ဥက္ကဌ ဒိုရာနှင့် ယှဉ်ပါလျှင် ဥက္ကဌခရုစ်မှာ စီးပွားရေးလောက၌ နှစ်များစွာ ရှိလာခဲ့ပြီး သာမန်ကုန်သည်များထက် သာလွန်သော အမြင်များရှိသူပင်။

ထို့အပြင် သူဟာ ရှုယီထံမှ တဖြည်းဖြည်း လွှမ်းမိုးခံလာရကာ ပိုတွေးပြီး အနာဂတ်ကို စဉ်းစားတတ်လာသည်။ သဘာဝကျကျပင် သူဟာ သူ၏ အနာဂတ်အကျိုးအမြတ်ကို နည်းနည်းလေးရယူဖို့အတွက် ဖျက်ဆီးမည့်လူမဟုတ်ပါချေ။

"အရေးကြီးတာကို ပြောရရင် တိုက်ခန်းတွေထက်စာရင် ငါက လမ်းတွေကို ပိုဂရုစိုက်တယ်။" ဥက္ကဌခရုစ်က ရှုယီဘက်လှည့်ကာ အလေးအနက် မေးလိုက်သည်၊ "မင်းထင်လား... မင်းအနေနဲ့ ကန်ဒရာအင်ပါယာမှာ လမ်းတွေခင်းဖို့ ဖျောင်းဖြနိုင်ဖို့ ဘယ်လောက် ယုံကြည်မှုရှိလဲ?"

ရှုယီ အံ့ဩသွား၏၊ "မင်းသားဖရန့်ခ်နဲ့ တောင်ပိုင်းခရိုင်ကို ဖြောင်းဖျဖို့က အနည်းဆုံး ၉၀%ပဲ၊ ဒါပေမယ့် ကန်ဒရာအင်ပါယာကို... ၃၀%အောက်"

ဥက္ကဌခရုစ် အံ့ဩသွားသည်၊ "ဘာလို့လဲ?"

ရှုယီက ခါးသက်သက်ရယ်မောလိုက်ပါ၏၊ "တခြားနည်းလမ်းမရှိဘူးလေ ကန်ဒရာအင်ပါယာက အရမ်းကြီးလွန်းတယ်..."

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၆။ အနောက်တောင်ခရိုင် ဘုရင်ခံ

ရှုယီနှင့် ဥက္ကဌခရုစ်တို့ စကားပြောနေကြစဉ်တွင် ၎င်းတို့နောက်ရှိ ကုန်သည်ယာဉ်တန်း၌ ပါလာကြသော လမ်ပူရီတိုင်းပြည် ကုန်သည်များမှာလည်း ဒီတိုင်းမနေကြပေ။

တကယ်တမ်းတွင် ကန်ဒရာအင်ပါယာ၌ စီးပွားရေးအခွင့်အလမ်းရှာလိုသည်မှာ လမ်ပူရီတိုင်းပြည်၏ အစိုးရဖြစ်သဖြင့် ၎င်းတို့မှာ ဤအတောအတွင်း အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။

လမ်ပူရီတိုင်းပြည်အတွက်၊ လမ်ပူရီတိုင်းပြည်ကို ဦးစွာဆက်သွယ်သော အနောက်တောင်ခရိုင်သည် ထိုကုမ္ပဏီများအတွက် အရင်းနှီးဆုံးဖြစ်လိမ့်မည်။

ကုမ္ပဏီများထဲတွင်၊ အများစုမှာ လမ်ပူရီတိုင်းပြည် ထုတ်ကုန်အမြောက်အမြားကို ဤနေရာတွင် ရောင်းချရန် ယူဆောင်လာကြသည်။

ကန်ဒရာအင်ပါယာတွင် အိမ်သုံး မှော်စက်များမှလွဲ၍ အများစုမှာ မှော်စက်လုပ်ငန်းမှ ထုတ်လုပ်သည့် အခြားပစ္စည်းများကိုပင် မကြားဖူးခဲ့ကြပေ။

ဥပမာအားဖြင့်၊ အာမန်နီကုန်သည်ကြီးများအသင်းမှပြုလုပ်သော တန်ဖိုးနည်းအဝတ်အစားအား ကန်ဒရာအင်ပါယာသို့ ပို့ဆောင်ရန် စိတ်ကူးထားသည်မှာ ဟာဖရာတစ်ဦးသာမဟုတ်ပေ။

အနောက်တောင်ပိုင်းခရိုင် ကန်ဘာရာမြို့တော်တွင်၊ လမ်ပူရီတိုင်းပြည်မှ အဝတ်အစားများသည် သာမန်ပြည်သူများအနှစ်သက်ဆုံးဖြစ်နေပြီဖြစ်သည်။

ဤဆင်ခြေဖုံးတွင် သေသေချာချာကြည့်လျှင် လူအများစုသည် အာမန်နီကုန်သည်ကြီးများအသင်းမှ အဝတ်အစားများ ၀တ်ဆင်ထားသည်ကို တွေ့ရလိမ့်မည်။

ဟုတ်ပါ၏၊ ဤအဝတ်အစားတွေက ဈေးမကြီးပါချေ။ ချည်သားသည် ပိုးသားထက် ပိုမကောင်းသော်လည်း ထိတွေ့ရအလွန်နူးညံ့ပြီး သက်တောင့်သက်သာရှိလှသည်။ မျိုးရိုးမြင့်များနှင့် ကုန်သည်ကြီးများ ဝတ်ဆင်သည့် တစ်ထည်ကို ရွှေဒင်္ဂါး ရာနဲ့ချီပြီး ကုန်ကျသော အဝတ်အစားများထက် နိမ့်ကျမနေပေ။

ပိုအရေးကြီးသည်က ဤအဝတ်အစားတွေမှာ ဈေးပေါသော်လည်း စတိုင်လ်ကျလေရာ လူများဝတ်သည့်အခါ စျေးသက်သက်သာခြင်းကို မကြည့်လျှင်တောင် သဘာဝကျကျပင် အင်မတန်နာမည်ကြီးပါ၏။

အထူးသဖြင့် ချောမောလှပချင်သည့် မိန်းကလေးများအကြား၌ပါပင်။ ယခင်က ဈေးကြီးသည့်အဝတ်အစားများ မဝတ်နိုင်ကြသော်လည်း ယခုမူ ဈေးလည်းသက်သာကာ လှပသည့်အဝတ်အစားတွေရှိသဖြင့် မည်သို့များ အလွတ်ပေးကြမည်နည်း။

ဤနေရာကိုမလာခင်မှာ ရှုယီဟာ အာမန်နီကုန်သည်ကြီးများအသင်းထံမှ အထွေထွေအနှစ်ချုပ်ကို ရခဲ့သည်။

အဆိုပါစျေးချိုသောအဝတ်အစားများကို ကန်ဒရာအင်ပါယာသို့ရောင်းချပြီး သုံးလအတွင်းတွင် အာမန်နီကုန်သည်ကြီးများအသင်းသည် ရွှေဒင်္ဂါးနှစ်သိန်းကျော်ရရှိခဲ့သည်ဟုဆိုသည်။

၎င်းတို့သည် ကန်ဒရာအင်ပါယာ၏စျေးကွက်ကို လုံးလုံးလျားလျား မဖွင့်မီကပင် ဖြစ်သည်။ ကန်ဒရာအင်ပါယာတစ်ခုလုံး၌ ဤစျေးချိုသည့် အဝတ်အစားတွေကို ရောင်းချနိုင်ပါလျှင် ၎င်းတို့၏အမြတ်ငွေ ဆယ်ဆရဖို့က ပြဿနာမဟုတ်ပါချေ။

ထို့အတွက်ကြောင့် အာမန်နီကုန်သည်ကြီးများအသင်းမှ ရှုယီနှင့်အတူ လာရောက်ရန် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

သဘောတူညီချက်တစ်ခုရနိုင်လျှင် အာမန်နီကုန်သည်ကြီးများအသင်းသည် စျေးချိုသောအဝတ်အစားများပြုလုပ်ရန် အဓိကအာရုံစိုက်ပြီး ကန်ဒရာအင်ပါယာ၏ အနောက်တောင်ဘက်ခရိုင်၌ အထည်စက်ရုံဖြင့် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

ဤသည်က အကောက်ခွန်အများစုကို ရှောင်လွှဲနိုင်ရုံသာမက သယ်ယူပို့ဆောင်ရေးစရိတ်စကများကိုလည်း သက်သာစေပြီး ၎င်းတို့၏ ၀င်ငွေကို များစွာတိုးစေမည်ဖြစ်သည်။

ဟုတ်ပါ၏၊၊ ဤတစ်ခါ ရှုယီနှင့် ပါလာသည့် ကုမ္ပဏီကိုယ်စားလှယ် အများစုမှာ ဤအတွေးမျိုး ရှိခဲ့ပါ၏။ ညတေးသံကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုသော ဒယ်လီ ၌ပင်လျှင် ထိုအတွေးမျိုးရှိခဲ့သည်။

နတ်သူငယ် တစ်ယောက်အနေနှင့် ဒယ်လီ ဟာ ကုန်သည်တွေဖြင့် ပြည့်နှက်နေသော ဤယာဉ်တန်းထဲ၌ ရှိနေသည်က အင်မတန်ထင်ရှားပါ၏။

ထို့အပြင်၊ သူမသည် ဤအရာကို လုံးဝရှောင်မနေချေ။ ယာဉ်တန်းရပ်ပြီးနောက် သူမသည် ကန်ဘာရာမြို့တော်ရှိ စျေးတစ်ဝိုက်တွင် လမ်းလျှောက်နေသော ဖောက်သည်အမျိုးမျိုးနှင့် စကားပြောဆိုခဲ့သည်။ သူမကို အံ့သြတကြီးကြည့်နေသော ထိုလူများကို သူမမြင်လိုက်ရသလိုပင်။

ကုန်သည်အချို့ ယူဆောင်လာသော ကုန်စည်အချို့ကို ချပြီးနောက်၊ ဒယ်လီ သည် စာအုပ်ထူထူတစ်အုပ်ကိုင်ကာ စိတ်လှုပ်ရှားနေသော အကြည့်ဖြင့် ရှုယီ၏ဘက်သို့ ပြန်လာသည်။

သူမလက်ထဲတွင် ပလပ်စတစ်ဇလုံနှင့် ရေဘူးတစ်ခုကို ကိုင်ထားသည်။ ရှုယီထံမှ သံသယရှိသော အကြည့်ကို မြင်လိုက်ရသော် သူမသည် ဂုဏ်ယူသောအကြည့်ဖြင့် ထိုအရာနှစ်ခုကို မြှောက်ပြလိုက်သည်။

“ဒါတွေက ကျွန်မတို့ ညတေးသံကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေလေ။”

“အဓိပ္ပာယ်မရှိတာ၊ ဒါတွေကို မင်းတို့ ညတေးသံကုန်သည်ကြီးများအသင်းက ထုတ်လုပ်တာကို ငါသိပါတယ်။ မင်းတို့ကုမ္ပဏီကလွဲရင် ဘယ်သူက ပလပ်စတစ်ပစ္စည်းတွေကို ထုတ်နိုင်လို့လဲ။” ရှုယီက ပြောလိုက်၏၊ “ငါမေးချင်တာက လမ်းလျှောက်ပြီး ဒီပစ္စည်းနှစ်ခုကို ဘယ်လိုလုပ်ပြန်ယူလာတာလဲ။ မင်းတို့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေက မလုံလောက်လို့လား"

“ကျွန်မက ဈေးကွက်ကို စူးစမ်းလေ့လာနေတာပါ။ လူအနည်းစုကို မေးကြည့်တော့ ဒီပလတ်စတစ်ပစ္စည်းတွေက သုံးရလွယ်ကူပြီး သံချေးမတက်ဘဲ၊ လက်ရှိသုံးနေတဲ့ သံထည်တွေထက် အများကြီး ပိုကောင်းတယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့တွေက ပြဿနာသေးသေးလေးတွေလည်း ရှိတယ်လို့ပြောတယ်လေ ။ ဒီတော့ ကျွန်မပြန်သွားပြီး ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ စဉ်းစားရမယ်။”

"အိုး? ဒယ်လီ၊ မဆိုးဘူး၊ မင်းတကယ်ပဲ စျေးကွက်သုတေသနလုပ်ဖို့ သင်ယူခဲ့ပြီး မင်းရဲ့ထုတ်ကုန်ကို တိုးတက်အောင် ဘယ်လိုလုပ်ရမလဲသိနေပြီ။ အရမ်းကောင်းတယ်၊ မင်း ဒီသဘောထားကို ထိန်းထားရင် မင်းတို့ရဲ့ ညတေးသံကုန်သည်ကြီးများအသင်းက ပိုအားကောင်းလာလိမ့်မယ်။" ရှုယီက သူမကို မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

ဒယ်လီ က ရယ်မောကာဖြင့် "ဥက္ကဌ ရှု ရဲ့ ချီးကျူးမှုကို ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်မတို့ သေချာပေါက် ကြိုးစားပါ့မယ်" ထိုသို့ ပြောပြီးနောက် သူမဟာ လက်ထဲက ပလတ်စတစ်ပစ္စည်းတွေကို ဝှေ့ယမ်းလိုက်သည်၊ “ကျွန်မတို့ မျိုးနွယ်စုက အခုချိန်မှာ ပိုကောင်းတဲ့ လူနေမှုအဆင့်အတန်းကို ပေးနိုင်ဖို့ဆို ဒီအရာပေါ်မှာပဲ မှီခိုနေတာမို့ အဲဒါတွေကို ပိုကောင်းအောင် မလုပ်ရင် အလုပ်မဖြစ်ဘူးလေ”

ရှုယီကလည်း ရယ်မောလိုက်သည်။ ညတေးသံမျိုးနွယ်စုနှင့် ယှဉ်လျှင် လရိပ်မျိုးနွယ်စု၏ အားနည်းချက်က နတ်သူငယ်တို့၏ ခေါင်းမာမှုကို စွန့်လွှတ်ပြီး သူ့အဆိုကို နားထောင်ဖို့ ဆန္ဒမရှိခြင်းဟု သူထင်မိသည်။

လရိပ်မျိုးနွယ်စုတွင်လည်း ဤသဘောထားရှိနိုင်ပါက၊ ၎င်းတို့၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုသည် ညတေးသံမျိုးနွယ်စုထက် များစွာသာလွန်ကောင်းမွန်မည်ဖြစ်သည်။

ဒယ်လီကို စကားအနည်းငယ် ပြောမည်အပြုတွင် အဝေးရှိ ကန်ဘာရာမြို့တံခါးကနေ မြင်းလှည်းတစ်စီး ထွက်လာပြီး ယာဉ်တန်းရှိရာ၌ ရပ်တန့်သွားသည်။

ထို့နောက် တံခါးပွင့်လာပြီး အသက်သုံးဆယ်လောက်ရှိပုံရသည့် လူငယ်တစ်ယောက် ခုန်ထွက်လာ၏။

၎င်းက ဘေးဘီကို ဝေ့ကြည့်ပြီးနောက် ရှုယီဘေးရှိ ဥက္ကဌ ခရုစ်ကို မြင်ကာ လျှောက်လာလေသည်။

"ဗစ်ကောင့်ထ် ကျူလာ၊ ခင်ဗျား ကျုပ်တို့ကို ကြိုဖို့ လာခဲ့တာလား။" သူမရောက်ခင်တွင် ဥက္ကဌ ခရုစ်က သူ့အား နှုတ်ဆက်ဖို့ လက်ကို ဝှေ့ယမ်းလိုက်၏။

ဗစ်ကောင့်ထ် ကျူရယ်ဟုခေါ်သော ဤလူငယ်သည် ဖော်ရွေသော အပြုံးကို ထုတ်ဖော်ပြသကာ ခေါင်းငြိမ့်၍ တုံ့ပြန်ပြီးနောက် ဥက္ကဌ ခရုစ်အနားတွင် ရပ်နေသော ရှုယီထံလှည့်လာသည်။

“ကျုပ်သာ မှန်ရင် ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ ရှု မဟုတ်လား"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ သူ့လက်ကို လှမ်းလိုက်သည်, "ဟယ်လို ဗစ်ကောင့်ထ် ကျူလာ၊ ကျုပ်က ရှုယီပါ"

ဗစ်ကောင့်ထ် ကျူလာက ရှုယီရဲ့လက်ကိုဆွဲပြီး နှုတ်ဆက်လိုက်သည်၊ "ဥက္ကဌ ရှု၊ ခင်ဗျား ဒီလောက်ထိရောက်လာတာ၊ ခင်ဗျားအတွက် ခက်ခဲခဲ့ရပြီ" ထိုစကားကို ပြောပြီးနောက် သူဟာ ဥက္ကဌ ခရုစ်ထံ ပြန်လှည့်သွားသည်၊ "ခင်ဗျားတို့ရဲ့ လမ်ပူရီတိုင်းပြည်က တခြားကိုယ်စားလှယ်တွေရော ဘယ်မှာများလဲ"

“သူတို့အားလုံး ဒီမှာရှိပြီးသားပါ။ ဗစ်ကောင့်ထ် ကျူလာ၊ ကျုပ်တို့ ဘုရင်ခံကိုသွားတွေ့ရမှာမို့လား။"ဥက္ကဋ္ဌ ခရုစ်က မေးသည်။

"ခင်ဗျားတို့အားလုံး ဒီကိုရောက်နေပြီဆိုတော့ ဘုရင်ခံကိုတွေ့ဖို့ အချိန်မဖြုန်းတော့ဘူး" ဗစ်ကောင့်ထ် ကျူရယ်က ခေါင်းညိတ်ပြသည်။

၎င်းတို့အဖွဲ့မှာ စုစည်းလိုက်ပြီး ၎င်းတို့၏မှော်ဆလွန်းများကို ယူ၍ ကန်ဘာရာမြို့တော်သို့ ဝင်သွားကြသည်။

ဗစ်ကောင့်ထ် ကျူရယ်သည် မြင်းလှည်းဖြင့် ထွက်လာခဲ့သော်လည်း ၎င်းတို့ ဝင်သောအခါတွင် သူသည် လမ်းပြအဖြစ် လိုက်ပါလာမည်ဟု ပြောသဖြင့် မှော်ဆလွန်းထဲ၌ ရှုယီနှင့် ဥက္ကဌ ခရုစ်တို့နှင့်အတူ ထိုင်နေသည်။

မှော်ဆလွမ်းသည် ကန်ဘာရာမြို့တော်၏ လမ်းများပေါ်တွင် ဖြတ်မောင်းလာသောအခါ ဗစ်ကောင့်ထ် ကျူရယ်သည် သူ့အောက်ရှိ ထိုင်ခုံကို လက်ဖြင့်ပုတ်ကာ သက်ပြင်းတစ်ချက်ချ၍ မနေနိုင်စွာ ပြော၏၊ “ကျုပ် ဝင်မ်ဘယ်ဒန်မြို့မှာရှိတုန်းက ကောင့်ထ် မားလော့ ဝယ်ခဲ့တဲ့ မှော်ဆလွန်းကို ကံကောင်းပြီး စီးခဲ့ရတယ်။ မှော်ဆလွန်းက အရင်ကမြင်းလှည်းတွေထက် ပိုကောင်းတယ်လို့ ခံစားမိတယ်။ ကန်ဘာရာမြို့တော်မှာ မှော်ဆလွန်းတွေ ရောင်းချဖို့ နေရာမရှိတဲ့အတွက် ဝင်မ်ဘယ်ဒန်မြို့တော်ကနေ တစ်စီးယူလာဖို့က အဆင်မပြေတာ နှမျောစရာပဲ"

ရှုယီ နှင့် ဥက္ကဌ ခရုစ် တို့က အပြုံးများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှုယီက ဆိုလိုက်သည် "ဘုရင်ခံက သဘောတူရင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကန်ဘာရာမြို့တော်မှာ မှော်ဆလွန်းဆိုင်ဖွင့်ဖို့ ဆန္ဒရှိပါတယ်။ ဗစ်ကောင့်ထ် ကျူရယ်ကို စိတ်ဝင်စားရင် ဆိုင်ကနေ တိုက်ရိုက်ဝယ်လို့ရတယ်လေ။”

“တကယ်လား?" ဗစ်ကောင့်ထ် ကျူရယ် က ရှုယီကို လှည့်ကြည့်ပြီး အပြုံးမပျက် ခေါင်းညိတ်ပြသည်၊ "တကယ်လို့ ဒီလိုမျိုးဆိုရင် ဒါက သဘာဝကျကျပဲ အရမ်းကောင်းတယ်။ ဒါပေမယ့် ကျုပ်သိသလောက်ဆို ဆိုင်တစ်ဆိုင်တည်းနဲ့ လုံလောက်ပါ့မလား။ မှော်ကားတွေကို ထိန်းသိမ်းထားဖို့က အရမ်းအရေးကြီးတာလေ။ ဥက္ကဋ္ဌ ရှု၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ ဒီကိစ္စအတွက် အစီအစဉ်ရှိလား။

“ဒါက ဘုရင်ခံနဲ့ ဆွေးနွေးမှုအပေါ်မှာ မူတည်လိမ့်မယ်။”ရှုယီက ပြောသည်။

ဗစ်ကောင့်ထ် ကျူရယ် က မမေးတော့ဘဲ အသံတစ်ခု ပေးလိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင် မှော်ဆလွန်းနှင့် အဖွဲ့သည် ကန်ဘာရာမြို့တော် မြောက်ဘက်ရှိ ဘုရင်ခံအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။

အနောက်တောင်ခရိုင် ဘုရင်ခံ၏ အိမ်တော် တည်နေရာ အနေဖြင့် ကန်ဘာရာမြို့သည် လမ်ပူရီတိုင်းပြည်၏ အန်‌ဗီမြို့တော်ကဲ့သို့ ကြီးမားသည်။ ဤဘုရင်ခံ စံအိမ်အပေါ်သုံးသပ်ရသော် ၎င်းသည် လမ်ပူရီတိုင်းပြည် တော်ဝင်နန်းတော်ထက်ပင် ကြီးမားသည်။

ဤအချက်ကိုအခြေခံ၍ ကန်ဒရာအင်ပါယာသည် အင်ပါယာနှစ်ခုအနက်မှတစ်ခုဖြစ်ထိုက်ကြောင်းပြသခဲ့သည်။ ၎င်းတို့၏ အလုံးစုံအင်အားသည် လမ်ပူရီတိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးကို ကျော်လွန်နေသည်။

အနောက်တောင်ခရိုင် ဘုရင်ခံဒုခ်မီဂူဒိုသည် လမ်ပူရီတိုင်းပြည်မှ ကုန်သည်အချို့ကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ရန် ၎င်း၏ အဆင့်အတန်းကို လျှော့ချမည်မဟုတ်ပေ။ ၎င်းအဖွဲ့ကို ဒုခ်မီဂူဒိုက ဆင့်ခေါ်လိုက်ခြင်းဖြစ်လျှင်သော်မှ ဥက္ကဌ ရှုယီ၊ ခရုစ်နှင့် လမ်ပူရီတိုင်းပြည်၏ ကုန်သွယ်ရေးဌာနအကြီးအကဲ ကောင့်ထ် အန်ဒီကိုးလ်တို့ကိုသာ ဝင်ခွင့်ပြုခဲ့ပါ၏။

သို့သော် ဤပူးပေါင်းဆောင်ရွက်မှုသည် လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာကြား ပူးပေါင်းဆောင်ရွက်မှု မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းနှင့် မင်းသားဖရန့်တို့ အကြားပူးပေါင်းဆောင်ရွက်မှုဖြစ်သဖြင့် ဒုခ်မီဂူဒိုသည် အလွန်ယဉ်ကျေးသည်ဟု ယူဆခဲ့သည်။ သူသည် ဘုရင်ခံအိမ်တော်တွင် ဧည့်ခံပွဲတစ်ခုကျင်းပ၍ ရှုယီ၏အဖွဲ့သုံးဖွဲ့ကို ဖိတ်ကြားခဲ့သည်။

ပွဲပြီးသည်နှင့် နေ့လည်စာစားပြီးနောက် ၎င်းတို့သုံးယောက်သည် ဒုခ်မီဂူဒိုနှင့် ခဏတာ စကားစမြည်ပြောကြသည်။

ဤစကားပြောဆိုမှုအတွင်း ဒုခ်မီဂူဒိုသည် ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

သူသည် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံပြီး လမ်ပူရီတိုင်းပြည်၏ ကုမ္ပဏီအမျိုးမျိုးကို ကြိုဆိုရန်အတွက် ကန်ဒရာအင်ပါယာ၏ အနောက်တောင်ပိုင်းခရိုင်ကို ကိုယ်စားပြုသည်။ အနောက်တောင်ပိုင်းခရိုင် ဘုရင်ခံအိမ်တော်က ၎င်းတို့အား ပံ့ပိုးပေးမည်ဖြစ်ပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ချောမွေ့စွာ လည်ပတ်နိုင်မည်ဟု အာမခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခြေအနေတွေတော့ ရှိခဲ့သည်ပင်။

ကန်ဒရာအင်ပါယာတွင် ရင်းနှီးမြှုပ်နှံမည့် လမ်ပူရီတိုင်းပြည်၏ ကုမ္ပဏီများမှာ ပြဿနာမရှိသော်လည်း ကန်ဒရာအင်ပါယာ၏ ဥပဒေများကို လိုက်နာရမည်ဖြစ်သည်။

တိုက်ရိုက်ပြောရလျှင် အခွန်ကို ရိုးရိုးသားသား ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းတို့ကို ရှောင်ရန် လုံးဝ မစဉ်းစားပါနှင့်။

ဥက္ကဌ ခရုစ်က ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ ပြဿနာမရှိပါချေ။ သူသည် လမ်ပူရီတိုင်းပြည် ကုမ္ပဏီများကို ကိုယ်စားပြုပြီး အနောက်တောင်ပိုင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရန် တတ်စွမ်းသမျှ ကူညီသွားမည်ဟု ကတိပြုခဲ့သည်။

ယေဘုယျအားဖြင့်၊ ၎င်းတို့၏ စကားဝိုင်း၏ လေထုသည် အေးအေးချမ်းချမ်းနှင့် သက်တောင့်သက်သာဖြစ်နေသောကြောင့် ယင်းမတိုင်မီက ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့သည် သဘောတူညီချက်တစ်ခုရရှိရန် အကြိမ်များစွာ ဆွေးနွေးခဲ့ပြီးဖြစ်ပုံရသည်။

လမ်ပူရီတိုင်းပြည်ကုမ္ပဏီများသည် ယခုတစ်ကြိမ်သာ ရောက်ရှိလာသည်မှာ ပိုမိုအသေးစိတ်စစ်ဆေးရန် ဖြစ်သည် ။

တစ်ခုတည်းသောခြွင်းချက်မှာ ရှုယီနှင့် သူကိုယ်စားပြုသည့် Frestech ကုန်သည်ကြီးများအသင်း ဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၇။ ဒါက အတုတွေဖန်တီးဖို့ မလွယ်နေဘူးလား?

ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြု၍ ကန်ဒရာအင်ပါယာသို့ ဝင်လာသည်။ အပြင်ပန်းတွင် မင်းသားဖရန့်ခ်က အနောက်တောင်ခရိုင်ရှိ သူ၏ ကိုယ်ပိုင်နယ်မြေ၌ မှော်ကားစက်ရုံတစ်ရုံတည်ထောင်ကာ ပြိုင်ကွင်းတစ်ခု တည်ဆောက်၍ ကန်ဒရာအင်ပါယာကို မှော်ဆလွန်းပြိုင်ပွဲများအား မိတ်ဆက်ပေးမည့် ဖိတ်ကြားချက်ဟု ထင်ရသည်။ ၎င်းမှာ မင်းသားဖရန့်ခ်အား သူ၏ ကားပြိုင်ခြင်း စိတ်အားထက်သန်မှုကို ဖြည့်ဆည်းရန်ပင်။

သို့သော် လက်တွေ့တွင်၊ ရှုယီဖြစ်စေ မင်းသားဖရန့်ခ်ဖြစ်စေ၊ ဤအရာသည် ကန်ဒရာအင်ပါယာမှ Frestech ကုန်သည်ကြီးများအသင်းဆီသို့ ဦးတည်လုပ်ဆောင်နေသည့် စုံစမ်းစစ်ဆေးမှုဖြစ်ကြောင်း ၎င်းတို့အားလုံး သိကြသည်။

ရူဒ်ဆန်တိုင်းပြည်ကို နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက် စစ်မြေပြင်တွင် စစ်တပ်မှော်စက်များ ပြသနိုင်သည့် စွမ်းအားကို ကန်ဒရာအင်ပါယာအား နားလည်စေခဲ့သည်။ အနောက်တောင်နိုင်ငံငယ်လေးမှ ဤကုမ္ပဏီငယ်လေးဖြစ်သော Frestech ကုန်သည်ကြီးများအသင်းကိုလည်း နောက်ဆုံးတွင် အာရုံစိုက်လာခဲ့သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာအား ရန်သူအဖြစ် သတ်မှတ်ခဲ့သည့် ရူဒ်ဆန်တိုင်းပြည်ကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သည်။ ထို့ကြောင့် ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် ခက်ခဲသည်။ ထို့ကြောင့် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်အသွယ်လုပ်ရန် ကန်ဒရာအင်ပါယာ၏ မင်းသားတစ်ဦးဖြစ်သည့် မင်းသားဖရန့်ခ်မှာ သူ၏အဆင့်အတန်းကိုအသုံးပြုခဲ့သည်။

ရှုယီအတွက်၊ ရူဒ်ဆန်တိုင်းပြည်ကို ထောက်ခံအားပေးခြင်းသည် ကန်ဒရာအင်ပါယာကို တွန်းလှန်၍၊ စတက်တိန်းနယ်မြေအတွက် အတားအဆီးတစ်ခု ဖန်တီးရန် လိုအပ်ခြင်းအပြင် ကန်ဒရာအင်ပါယာအား ၎င်းတို့အား အာရုံစိုက်လာစေရန် Frestech ကုန်သည်ကြီးများအသင်း၏ ကြော်ငြာတစ်ခုလည်းဖြစ်သည်။

ဤကြော်ငြာသည် အလွန်အောင်မြင်ကြောင်း သက်သေပြခဲ့သည်။

ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းကို အာရုံစိုက်ရုံသာမက အလေးလည်းထားသည်။

သို့သော်လည်း ပူးပေါင်းဆောင်ရွက်မှုတွင် သဘောထားကွဲလွဲမှုများမှာ ရှောင်လွှဲ၍မရပေ။

ကန်ဒရာအင်ပါယာ၏ ဦးစားပေးသည် သဘာဝအားဖြင့် ရူဒ်ဆန်တိုင်းပြည် နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ကျူးကျော်သိမ်းပိုက်ရာတွင် ၎င်းတို့ကို ကြေကွဲဖွယ်ရှုံးနိမ့်မှုဖြစ်စေခဲ့သော စစ်ဘက်မှော်စက်များဖြစ်သည်။ သို့မဟုတ် ရှုယီ၏ရည်မှန်းချက်မှာ ကန်ဒရာအင်ပါယာရှိ အိမ်သုံးမှော်စက်များကို လူကြိုက်များစေရန် ဦးစားပေးလုပ်ဆောင်ရန်ဖြစ်သည်။

အနောက်တောင်ပိုင်းခရိုင် ဘုရင်ခံ ဒုခ်မီဂူဒိုနှင့်တွေ့ဆုံပြီးနောက်၊ ရှုယီသည် မင်းသားဖရန့်ခ်စေလွှတ်လိုက်သော ကိုယ်စားလှယ်တစ်ဦးအား လျှို့ဝှက်တွေ့ဆုံရန် ဒုခ်မီဂူဒို၏အစီအစဉ်ကို လိုက်နာခဲ့သည်။

ပထမပိုင်း ဆွေးနွေးပွဲမှာ တော်တော် ချောမွေ့ခဲ့သည်။ မင်းသားဖရန့်ခ်သည် ၎င်း၏ ပိုင်နက်မြေ ဟက်တာတစ်ရာကို Frestech ကုန်သည်ကြီးများအသင်းထံ စျေးနှုန်းချိုသာစွာဖြင့် ငှားရမ်းခဲ့ပြီး မှော်ကားစက်ရုံနှင့် ထုတ်လုပ်မှု အခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ရန်ဖြစ်သည်။

ထို့အပြင်၊ မင်းသားဖရန့်ခ်သည် Frestech ကုန်သည်ကြီးများအသင်းအတွက် ပြိုင်ကွင်းတစ်ခုတည်ဆောက်ရန် နောက်ထပ် ဟက်တာငါးဆယ်ကိုလည်း ပေးလိမ့်မည်။

၎င်းပြိုင်ပွဲကသာ မင်းသားဖရန့်ခ်အမည်နှင့် ဖြစ်မည်ပင်။ Frestech ကုန်သည်ကြီးများအသင်းသည် မင်းသားဖရန့်ခ်အား ဤပြိုင်ကွင်းတွင် ပြိုင်ကွင်းကျင်းပရန် ကူညီပေးရမည်ဖြစ်သည်။

ဤအချက်နှစ်ချက်ကို ဆွေးနွေးပြီးပြီမို့ အံ့သြစရာမရှိပါချေ။

သို့သော် ဤပရောဂျက်နှစ်ခုကို သတ်မှတ်ပြီးနောက်၊ မင်းသားကို ကိုယ်စားပြုသည့် ဘာရွန်ဂျူလီယန်သည် တောင်းဆိုမှုအသစ်တစ်ခု ပြုလာခဲ့သည်။

“ဥက္ကဋ္ဌ ရှု၊ မင်းသားဖရန့်ခ်ရဲ့ ကိုယ်ပိုင်စစ်တပ်က သူတို့ရဲ လက်နက်တွေကို အစားထိုးဖို့ လိုအပ်ပြီး ခင်ဗျားတို့ကုမ္ပဏီရဲ့ စစ်ဘက်သုံး မှော်စက်တွေကို အရမ်းစိတ်ဝင်စားနေတယ်။ သူ့ရဲ့ ကိုယ်ပိုင်ကိုယ်ရံတော်တွေကို တပ်ဆင်ပေးဖို့ နည်းနည်း ဝယ်ချင်နေတယ်။ ဒါကို ဥက္ကဋ္ဌ ရှု ဘယ်လိုထင်လဲ။"

“အိုး?" ရှုယီက ပြုံးလိုက်၏။ ကန်ဒရာအင်ပါယာ၏ တတိယမြောက်မင်းသားအဖြစ် မင်းသားဖရန့်ခ်သည် ကိုယ်ပိုင် ကိုယ်ရံတော်များ၏ ကိရိယာတန်ဆာပလာများကို ပြောင်းလဲလိုသည်မှာ သေးငယ်သောကိစ္စမဟုတ်ပေ။

ကန်ဒရာအင်ပါယာ၏ တော်ဝင်လွှတ်တော်ထံမှ ခွင့်ပြုချက်မရပါက၊ ၎င်းကိုသူ့ဘာသာသူ လုပ်ခြင်းသည်ရာဇ၀တ်မှုကြီးတစ်ခုဖြစ်သည်။ ၎င်းအား နိုင်ငံတော်ပုန်ကန်မှု ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခံရနိုင်သည်။

မင်းသားဖရန့်ခ်သည် မိုက်မဲသူမဟုတ်ပါချေ၊ ဤတောင်းဆိုမှုမျိုးကို သူဟာ မည်သို့ အရူးအမူးတောင်းဆိုနိုင်မည်နည်း။

ထို့ကြောင့် ဤတောင်းဆိုမှုသည် မင်းသားဖရန့်ခ်ထံမှမဟုတ်ဘဲ ကန်ဒရာအင်ပါယာထံမှဖြစ်ကြောင်း သိသာသည်။

ဟုတ်ပါ၏၊ ရှုယီက ၎င်းကို မအံ့သြပါချေ။

ရူဒ်ဆန်တိုင်းပြည်ကို နှစ်ကြိမ်တိုင်တိုင် မကျူးကျော်နိုင်ခဲ့ဘဲ စစ်တပ်သုံးမှော်စက်များ၏ စွမ်းအားကို တွေ့ကြုံခဲ့ရပြီးနောက်၊ ကန်ဒရာအင်ပါယာသည် စစ်တပ်မှော်စက်များကို စိတ်မဝင်စားသေးပါက ထူးဆန်းပေလိမ့်မည်။

“မင်းသားဖရန့်ခ်က စစ်ဘက်ဆိုင်ရာ မှော်စက်တွေကို စိတ်ဝင်စားနေတာလား?" မမေးခင် ရှုယီက စဉ်းစားလိုက်သည်၊ “ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ လက်ရှိ စစ်တပ်သုံးမှော်စက် အဓိကအမျိုးအစားသုံးမျိုးနှင့် အမျိုးအစားခွဲ ဆယ့်ခုနစ်မျိုးရှိပြီး စုစုပေါင်းအမျိုးအစား သုံးဆယ့်ကိုးခုရှိတယ်။ သူတို့အားလုံးက မင်းသားဖရန့်ခ်ရဲ့ ကိုယ်ရံတော်တွေအတွက် မသင့်တော်ပါဘူး။”

"ဒီလောက်တောင်များလား?" ဘာရွန်ဂျူလီယန်သည် အံ့အားသင့်သွားပြီးနောက် စိတ်နှလုံး ရွှင်လန်းသွားသည်။

ရှုယီက ထိုသို့ပြောသည့်အတွက် စစ်တပ်သုံးမှော်စက်တွေဝယ်ဖို့ ဖြစ်နိုင်သည်ဟု ဆိုလိုသည်ပင်။

စဉ်းစားပြီးနောက်၊ ဘာရွန်ဂျူလီယန်သည် လေးနက်သောအကြည့်ဖြင့်ပြောသည်၊ “ဘယ်စစ်တပ်သုံးမှော်စက်မျိုးဖြစ်ပါစေ မင်းသားက အရမ်းစိတ်ဝင်စားနေတာ။ ဒါကြောင့် ဥက္ကဌ ရှု ကျေးဇူးပြုပြီး ဒီစစ်မှော်စက်သုံးဆယ့်ကိုးမျိုးအတွက် ကျုပ်ဆီကို စာရွက်စာတမ်းတချို့ ပြင်ဆင်ပြီး ထည့်ပေးလိုက်ပါ၊ ဖတ်ကြည့်ဖို့ မင်းသားဖရန့်ခ်ဆီ ပြန်လွှဲပေးပါ့မယ်။”

"ဒါကို ကျုပ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် မင်းသားဖရန့်ခ်က အမျိုးအစားသုံးဆယ့်ကိုးမျိုးလုံးကို ဝယ်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး။" ရှုယီက လေးနက်စွာဖြင့် ပြောသည်။

“ဘာလို့လဲ?" ဘာရွန်ဂျူလီယန် မျက်မှောင်ကုပ်သည်၊ "ဥက္ကဌ ရှု၊ မင်းသားဖရန့်ခ်က အခကြေးငွေမပေးနိုင်မှာကို စိုးရိမ်လို့လား။"

“ဘယ်ဟုတ်မလဲ။" ရှုယီက ခေါင်းခါလိုက်သည် “မင်းသားဖရန့်ခ်ရဲ့ ကိုယ်ပိုင် အစောင့်အကြပ်တွေအတွက် စစ်ဘက်သုံးမှော်စက် အမျိုးအစားပေါင်းအများကြီး သုံးတာ မသင့်တော်ပါဘူး။ ဥပမာအားဖြင့်၊ ရေတပ်သုံးမှော်စက်တွေပေါ့၊ မင်းသားဖရန့်ခ်ရဲ့ အစောင့်တွေက ဒါကို အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ် ၊ ပုံသေအမှတ် ရှိတဲ့ မှော်အမြောက်‌ဆိုရင်လည်း အကြီးစားတပ်တွေအတွက် အသုံးပြုရတာဖြစ်တဲ့အတွက် မင်းသားဖရန့်ခ်အနေနဲ့ မလိုအပ်ပါဘူး။ ရှိသေးတယ်......"

ရှုယီသည် ဘာရွန်ဂျူလီယန်က ၎င်းတို့ကို ချရေးနေစဉ်တွင် တစ်ခုပြီးတစ်ခု ဥပမာပေးခဲ့သည်။

ရှုယီပြောပြီးသွားသောအခါ၊ ဘာရွန်ဂျူလီယန်သည် မော့ပြီး စာရွက်ကိုကြည့်၍ ပြောလာသည်၊ “ဥက္ကဌ ရှု၊ ခင်ဗျားပြောခဲ့တာက စစ်တပ်သုံးမှော်စက် အမျိုးအစားပေါင်း သုံးဆယ့်ကိုးမျိုးရှိပြီး အဲ့ထဲမှာမှ မသင့်တော်တဲ့ အမျိုးအစား နှစ်ဆယ့်သုံးမျိုး ရှိတယ်လို့ ပြောခဲ့တယ်။ အဲဒါက တခြားဆယ့်ခြောက်မျိုးကို သင့်တော်လို့ ဆိုလိုတာမို့လား။ ဒီလိုဆိုရင် ဒီဆယ့်ခြောက်မျိုးလုံးအတွက် မင်းသားကိုယ်စား ကျုပ်မှာလို့ရမလား။ ဒါကိုတော့ ခင်ဗျား ငြင်းမှာ မဟုတ်ဘူး ဟုတ်တယ်မလား"

“ဒါပေါ့။" ရှုယီက ပခုံးတွန့်လိုက်၏၊ "ကျန်ဆယ့်ခြောက်မျိုးက တပ်ငယ်လေးအတွက် သင့်တော်တယ်။ မင်းသားဖရန့်ခ်က ဝယ်ဖို့ ဆန္ဒရှိနေရင် ကျုပ် ငြင်းပယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ်မှာ မေးစရာတစ်ခုရှိတယ်။"

“ကျေးဇူးပြုပြီး မေးပါ။”

“အကယ်၍ မင်းသားက ဒီစစ်တပ်မှော်စကအားလုံးကို ကျုပ်တို့ကုမ္ပဏီကနေ မှာမယ်ဆိုရင်၊ ကန်ဒရာအင်ပါယာရဲ့ တခြားလူတွေ အထူးသဖြင့် တခြားမင်းသားတွေက ထင်မြင်ချက်ပေးမှာလား။"

ဘာရွန်ဂျူလီယန်က သူ့ခေါင်းကို ယမ်း၍ သဘာဝမကျစွာ ပြုံး၍ဆိုလာသည်၊ "ဥက္ကဌ ရှု၊ ခင်ဗျား ဒီကိစ္စအတွက် စိတ်ပူနေဖို့ မလိုပါဘူး။"

“ကောင်းပြီ၊ ဒါပေမယ့် နောက်ပြဿနာတစ်ခုရှိသေးတယ်။ ကုန်ပစ္စည်းကို ဘယ်လိုလဲလှယ်မှာလဲ” ရှုယီက မေးသည်။

ဘာရွန်ဂျူလီယန်က ၎င်းတို့ လက်မှတ်ထိုးထားသည့် မှော်ကားစက်ရုံ စာချုပ်ကိုထိကာ ခပ်ဖျော့ဖျော့ ပြုံးပြ၍ ပြောလိုက်သည် ။ “ဒီစစ်တပ်သုံးမှော်စက်တွေကို အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ထားတာ မဟုတ်ဘူးလား။”

ရှုယီက ရယ်မောပြီး ဘာမှ မဆိုဘဲ ခေါင်းညိတ်သည်။

နောက်ထပ်အကြောင်းအရာအချို့ကို ဆွေးနွေးပြီးနောက် ဘာရွန်ဂျူလီယန်က မတ်တပ်ထရပ်လိုက်သည်။

“ဥက္ကဋ္ဌ ရှု၊ ဒါက ကျုပ်တို့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက် ခင်ဗျားမှာ သံသယတချို့ရှိနေတယ်ဆိုတာ ကျုပ်သိပါတယ်၊ ဒါကြောင့် အရှင်မင်းသားက တောင်းဆိုမှုတွေ အများကြီးလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း အချိန်ကြာပြီးနောက်ကျရင်၊ ခင်ဗျားတို့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အရှင်မင်းသားရဲ့ ရိုးသားမှုကို ခင်ဗျားနားလည်လာလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။ အဲဒီအချိန်ကျရင် တခြားစစ်တပ်သုံးမှော်စက် အမျိုးအစား နှစ်ဆယ့်သုံးမျိုးအကြောင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“ပြဿနာမရှိပါဘူး။" ရှုယီက အပြုံးမပျက် ခေါင်းညိတ်သည်။

ဘာရွန်ဂျူလီယန်ထွက်ခွာသွားသည်ကို ကြည့်နေချိန်တွင် ရှုယီဟာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ကန်ဒရာအင်ပါယာဘက်ခြမ်းက ဝေ့လည်ကြောင်ပတ်လုပ်နေတာပဲ။ စစ်တပ်သုံး မှော်စက်တွေ ဝယ်ရုံပဲ မဟုတ်လား၊ သူ့ကိုမေးရင် သူလည်း ရောင်းမှာပဲကို။

အဘယ်ကြောင့်ဆိုသော် ၎င်းမတိုင်မီက မားလို အင်ပါယာသို့ စစ်ဘက်မှော်စက်များရောင်းချရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ ၎င်းတို့အား စစ်ဘက်သုံးမှော်စက် အမျိုးပေါင်း နှစ်ဆယ်ကို ရောင်းချခဲ့သည်။ မျှ‌ခြေကို ထိန်းသိမ်းရန်၊ သူသည် ၎င်းတို့ကို ကန်ဒရာအင်ပါယာသို့လည်း ရောင်းချရမည်ဖြစ်သည်။

သို့သော် ကန်ဒရာအင်ပါယာသည် တိုက်ရိုက်မဟုတ်ပေ။ ၎င်းတို့သည် စစ်ဘက်သုံး မှော်စက်အမျိုးအစားအနည်းငယ်ကို ဝယ်ယူနိုင်သော်လည်း မားလို အင်ပါယာနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ချို့တဲ့နေသည်။

ဟုတ်ပါ၏၊ ဤအင်ပါယာကြီးများတွင် ကြီးမားသောတပ်များပါရှိသောကြောင့် စစ်ဘက်မှော်စက်အနည်းငယ်ဝယ်ယူခြင်းသည် ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်သည်။

မထင်မှတ်ထားသည့်အရာများ ဘာမှမဖြစ်ခဲ့ပါလျှင်တော့ အင်ပါယာနှစ်ခုက Frestech ကုန်သည်ကြီးများအသင်းထံမှဝယ်ယူထားသည့် စစ်ဘက်သုံး မှော်စက်တွေကို သုတေသနလုပ်ပြီး ထုတ်လုပ်ဖို့ ကြိုးစားမည်ပင်။

၎င်း အတွေးကို နားလည်ရန်လွယ်ကိုပါ၏၊ အင်ပါယာနှစ်ခုအတွက် Frestech ကုန်သည်ကြီးများအသင်းအား ထိုကဲ့သို့သော အရေးကြီးသောအရာကို ထိန်းချုပ်ခွင့်မပြုသည်မှာ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ကံကြမ္မာကို ပေးအပ်ခြင်းနှင့် ညီမျှသည်။

စစ်တပ်သုံးမှော်စက်များကို ကိုယ်တိုင်နားလည်ပြီး ထုတ်လုပ်နိုင်ခြင်းသည် အမှန်ပင် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

အင်ပါယာနှစ်ခုအတွက်၊ ဤသည်မှာ ၎င်းတို့၏တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးနှင့် ယှဉ်ပါလျှင် ၎င်းတို့ထံ၌ ကြီးမားသည့် ပိုင်ဆိုင်မှုတွေ ရှိ၏။ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ စစ်တပ်တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်ရင်တောင်မှ သူတို့တစ်ဦးတည်း လုပ်၍မဖြစ်နိုင်ပါချေ။

မည်သို့ပဲကြည့်ကြည့် အင်ပါယာနှစ်ခုမှာ ၎င်းတို့ကို ပံ့ပိုးပေးသော အင်အားကြီး နိုင်ငံအင်အားတွေ ရှိပါ၏။ အခြားမည်သည့်အရာကိုမျှ မပြောနှင့်၊ ၎င်းတို့၏ မှော်ပညာရှင် အရေအတွက်နှင့် အရည်အသွေးသည် Frestech ကုန်သည်ကြီးများအသင်းထက် သာလွန်နေသည်။ စစ်ဘက်သုံးမှော်စက်အချို့ကို နားလည်နိုင်သရွေ့ ၎င်းတို့ထံရှိ သဘောတရားကို အလွယ်တကူ ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။

အင်ပါယာနှစ်ခု၏ နက်ရှိုင်းသောအခြေခံအုတ်မြစ်များနှင့်ပင် ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်းထံ အမီလိုက်နိုင်သည် သို့မဟုတ် စစ်ဘက်သုံးမှော်စက်များ၌ ၎င်းတို့ကိုပင် ကျော်တက်သွားနိုင်သည်။

သို့ပေမယ့် အဖြစ်မှန်ကမူ......

"ပုံစံတူကို ပြောရတာ လွယ်ပေမယ့် လုပ်ရတာက ခက်တယ်။" ရှုယီက သူ့မျက်နှာထက်၌ လှောင်ပြောင်ဟန် အပြုံးဖြင့် ဆိုလာသည်၊ "နောက်ပြီး အုတ်မြစ်ချဖို့က ပိုခက်တယ်"

ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်းများသည် ရုတ်တရက် ပေါ်လာခြင်းမဟုတ်ပေ။ ၎င်းတို့အားလုံးသည် ခိုင်မာသော သုတေသနနှင့် စမ်းသပ်မှုများအပေါ် အခြေခံ၍ တစ်ဖြည်းဖြည်း ဖွံ့ဖြိုးလာကာ ဖြတ်လမ်းများ မရှိပေ။

လူများစွာ၏ အထင်အမြင်သေးခံရသော ကမ္ဘာမြေကြီးမှ တရုတ်နိုင်ငံ၏ “အတုများ” ပင်လျှင် လွယ်ကူစွာ ဖွံ့ဖြိုးလာခဲ့ခြင်းမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို တိကျသောအသေးစိတ်အချက်များ ရှိနေသောကြောင့်ဖြစ်သည်။ သင့်တွင် နမူနာအပြည့်အစုံရှိလျှင် သို့မဟုတ် သင့်ထံသို့ နည်းပညာအားလုံးကို ပေးအပ်ထားလျှင်ပင်၊ အလားတူအရာတစ်ခုကို ဖန်တီးရန်မှာ အလွန်ခက်ခဲနေသေးသည်။

မှော်စက်လုပ်ငန်းအား Frestech ကုန်သည်ကြီးများအသင်းမှ ဆုပ်ကိုင်ထားသော်လည်း ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်းများကဲ့သို့ မဖွံ့ဖြိုးသေးပေ။ စိုင်စ်နယ်မြေကြီးကဲ့ မပြည့်စုံသောအခြေခံအုတ်မြစ်ဖြင့်၊ "စက်မှုစနစ်" အယူအဆမရှိသောနိုင်ငံများအတွက် အတုများဖန်တီးရန်ကမူ အိပ်မက်တစ်ခုမျှသာဖြစ်သည်။

"ဒီလူတွေ ဆုံးရှုံးသွားပြီးရင် သူတို့ သဘာဝအတိုင်း ငါ့ဆီပြန်လာပြီး တောင်းပန်ကြလိမ့်မယ်....."

၎င်းကိုတွေးရင်း ရှုယီက ဂုဏ်ယူစွာ ပြုံးလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၈။ Frestech ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးရေး ဦးတည်ချက်

ကန်ဒရာအင်ပါယာသို့ ခရီးမှာ လမ်ပူရီတိုင်းပြည် ကုမ္ပဏီများအတွက် အကျိုးရသည်ဟု ယူဆနိုင်သည်။

၎င်းက ကန်ဘာရာမြို့တော်သို့ ယူလာကြသည့် ကုန်စည်အားလုံးကို ရောင်းထုတ်နိုင်ခဲ့စေရုံသာမက လုပ်ငန်းအသီးသီး၏ ကိုယ်စားလှယ်များမှာ ကန်ဒရာအင်ပါယာ အနောက်တောင်ခရိုင်၏ ဘုရင်ခံအိမ်တော်နှင့် သဘောတူညီ လက်မှတ်ပင်ရေးထိုးခဲ့သည်။

အစီအစဉ်အရ အဆိုပါကုမ္ပဏီများသည် စက်ရုံအလုပ်ရုံ အသီးသီးတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ခြင်းမပြုမီ လာမည့်နှစ်ဝက်အတွင်း အနောက်တောင်ခရိုင်တွင် သင့်လျော်သောတည်နေရာကို ရှာဖွေမည်ဖြစ်သည်။

၎င်းသည် လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာ၏ မှော်စက်လုပ်ငန်းနှင့် ပတ်သက်၍ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ အကယ်၍ ချောမွေ့စွာပြီးဆုံးသွားပါက ဒုခ်မီဂူဒိုသည် ကန်ဒရာအင်ပါယာကိုယ်စား ဤပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့သည် လမ်ပူရီတိုင်းပြည်မှ မှော်စက်ကုမ္ပဏီများကို ခေါ်ယူကာ အခြားကဏ္ဍများတွင်ပင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဤသည်မှာ လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာနှစ်ဘက်စလုံးက မြင်လိုသောရလဒ်ဖြစ်သည်။

ကန်ဒရာအင်ပါယာသည် မှော်စက်လုပ်ငန်းကို မိတ်ဆက်ခြင်းဖြင့် ၎င်းတို့သည် ဤစက်မှုလုပ်ငန်းသစ်ကို နားလည်နိုင်မည်ဖြစ်ပြီး စစ်ဘက်သုံးမှော်စက်များ၏ ထုတ်လုပ်မှုနည်းလမ်းများကို ဆုပ်ကိုင်ထားမည့် ၎င်းတို့၏ပန်းတိုင်ကို အရောက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

လမ်ပူရီတိုင်းပြည်အတွက်မူ၊ ဧရာမ ကန်ဒရာအင်ပါယာစျေးကွက်သို့ ဝင်ရောက်ခြင်းသည် ၎င်းတို့အိပ်မက်,မက်နေသောအရာဖြစ်သည်။

လမ်ပူရီတိုင်းပြည်သည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၎င်းတို့၏ပြည်တွင်းဈေးကွက်သည် ပြည့်နှက်လုနီးပါးဖြစ်နေသောကြောင့် ကြီးထွားရန်နေရာသစ်တစ်ခု လိုအပ်လာပြီဖြစ်သည်။

အကယ်၍ ၎င်းတို့သည် ယခုအချိန်တွင် ကန်ဒရာအင်ပါယာနှင့် မားလို အင်ပါယာ၏ စျေးကွက်များကို ဖွင့်လှစ်နိုင်ခဲ့ပါက၊ စိတ်ကူးရခက်စွာပင် လမ်ပူရီတိုင်းပြည်အတွက် အကျိုးကျေးဇူးများ သယ်ဆောင်လာမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ရှုယီကိုယ်စားပြုအနေဖြင့်၊ ဤခရီးစဉ်မှ ရရှိခဲ့သော အကျိုးကျေးဇူးများမှာ ကြီးမားပုံမပေါ်ပေ။

Frestech ကုန်သည်ကြီးများအသင်းသည် စတက်တိန်းနယ်မြေနှင့် သက်ဆိုင်သောကြောင့်၊ ၎င်းတို့ကို လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာ ရှုယီ အင်ပါယာကြား ပူးပေါင်းဆောင်ရွက်မှု ကုမ္ပဏီတစ်ခုဟု မယူဆနိုင်ပေ။ ရှုယီအား လမ်ပူရီတိုင်းပြည်ထံ ကန်ဒရာအင်ပါယာမှ ပေးဆောင်ခဲ့သော လျှော့စျေးအကောက်ခွန်များအပြင် ၎င်းတို့ ပေးဆောင်ခဲ့သော အခြားအကျိုးခံစားခွင့်များကိုလည်း ခံစားခွင့်မပြုနိုင်ပေ။

ရိုးရိုးသားသားပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းသည် မင်းသားဖရန့်ခ်ကြောင့် မှော်ကားစက်ရုံကို တည်ဆောက်နေခြင်းဖြစ်သည်။ ထို့အပြင်၊ ဤ မှော်ကားစက်ရုံသည် မင်းသားဖရန့်ခ်က အမည်ခံယူပြီး Frestech ကုန်သည်ကြီးများအသင်းမှသာလျှင် အကူအညီပေးမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်၊ ၎င်းတို့သည် မင်းသားဖရန့်ခ်၏ ကိုယ်ရံတော်များထံ စစ်ဘက်သုံးမှော်စက် ၁၆ မျိုးကို ရောင်းချခဲ့သော်လည်း များစွာ မှာယူမှု မရှိခဲ့ပေ။ ဤအမှာစာတစ်ခုလုံးတွင် ရွှေဒင်္ဂါးခြောက်သိန်းအထိ သာရှိ၏။

ရွှေဒင်္ဂါးပေါင်း သုံးသန်းရှစ်သိန်းအထိ ဝယ်ယူထားသည့် မားလို အင်ပါယာနှင့် ယှဉ်ပါက ၎င်းက ပိုနည်းသည်မှာ သေချာပါ၏။

သို့သော် ရှုယီနှင့် မင်းသားဖရန့်ခ်တို့သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာတို့အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမဆုံးကြိုးစားမှုသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရမည်။ ထို့ကြောင့် အနာဂတ်တွင် အတူတကွ လုပ်ဆောင်ရမည့် နေရာများစွာ ရှိလာမည်ပင်။

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးနည်းလမ်းများကို လေ့လာနိုင်သည်ဟု ကန်ဒရာအင်ပါယာက ယုံကြည်သော်လည်း ရှုယီက စိတ်မပူချေ။

ထို့အပြင်၊ စစ်ဘက်သုံးမှော်စက်များနှင့် နှိုင်းယှဉ်ပါက ရှုယီသည် လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့ကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ကောင်းမွန်တိုးတက်နေသော အိမ်သုံးမှော်စက်များဘက်ကို ပိုမိုဂရုစိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်နှင့် မသက်ဆိုင်သဖြင့် ဦးစားပေးမှုကို မခံယူခဲ့ပေ။ Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များသည် အကောင်းဆုံးအရည်အသွေးနှင့် အကောင်းဆုံးစွမ်းဆောင်ရည်များရှိရာ ၎င်းတို့၏စျေးနှုန်းက တခြားအမှတ်တံဆိပ်တွေထက် ပိုမြင့်တာကလည်း ပုံမှန်ပါပင်။

ဥပမာအားဖြင့်၊ ဝင်မ်ဘယ်လ်ဒန်မြို့တော်တွင် လူကြိုက်အများဆုံး ဖြစ်သည့် မှော်လေပေးစက်ပင်။ လမ်ပူရီတိုင်းပြည်မှလာသော အခြား မှော်လေပေးစက်များ၏ ပျမ်းမျှကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးပြားနှစ်ဆယ့်ငါးပြားရှိပြီး သံအမတ် ဟာကာနင်ထံမှလာသော Frestech တံဆိပ်မှာ အနည်းဆုံး ရွှေဒင်္ဂါးလေးဆယ်ရှိ၏။ သို့သော်လည်း ဝင်မ်ဘယ်လ်ဒန်မြို့တော်မှ မျိုးရိုးမြင့်များကြားတွင် ၎င်းတို့အတွက် ဝယ်လိုအား နည်းပါးမနေပေ။

၎င်းကိုအခြေခံပြီး ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ မျိုးရိုးမြင့်များဟာ မျက်စိကောင်းသည်ဟု ဝန်ခံရမည်။

ထို့ကြောင့် ရှုယီလုံးဝမစိုးရိမ်ပေ။

မည်သို့ပင်ဆိုစေကာမူ Frestech ကုန်သည်ကြီးများအသင်းတွင် ထုတ်လုပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိသောကြောင့် ၎င်းတို့၏ ရောင်းလိုအားသည် ၎င်းတို့၏ ဝယ်လိုအားထက် အမြဲနိမ့်နေသည်။ အကယ်၍ ကြီးမားသောစျေးကွက်တစ်ခု ရုတ်တရက်ပေါ်လာခဲ့ပါက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းကိုချေဖျက်နိုင်မည်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းအတွက် ရှုယီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ ပင်မအင်အားစုများကို တိုးမြှင့်စေပြီး ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်မည်ဖြစ်သည်။

ဤအမာခံအင်အားစုများသည် နည်းပညာပိုမိုတိုးတက်စေရုံသာမက Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များလည်း ပါ၀င်သည်။

ကန်ဒရာအင်ပါယာမှ ပြန်လာပြီးနောက်၊ ရှုယီနှင့် Frestech ကုန်သည်ကြီးများတို့မှာ တိတ်ဆိတ်သွားသော ကာလတစ်ခုသို့ ရောက်သွားခဲ့သည်။

ဟုတ်ပါ၏၊ ဤတိတ်ဆိတ်နေသည့်အချိန်က ဘာမှမလုပ်ဟု မဆိုလိုပါချေ။ ၎င်းတို့မှာ အစီအစဉ်အတိုင်း လိုက်နေရာ ရှုယီသည် ၎င်းတို့အား စီမံခန့်ခွဲရန် အလွန်အမင်း အားထုတ်နေရန် မလိုအပ်ပေ။

လောလောဆယ် Frestech ကုန်သည်ကြီးများအသင်း၌ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ဦးတည်ချက်လေးခုရှိသည်။

ပထမအချက်မှာ အိမ်သုံးမှော်စက်များကို ကန်ဒရာအင်ပါယာနှင့် မားလို အင်ပါယာသို့ မိတ်ဆက်ရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် အင်ပါယာနှစ်ခုထဲသို့ မှော်စက်ကုမ္ပဏီများကို ပိုမိုခေါ်ဆောင်လာကာ အိမ်သုံးမှော်စက်များကို လူကြိုက်များလာစေသည်။

ဒုတိယအချက်မှာ ပထမအချက်ကို အခြေခံ၍ အင်ပါယာနှစ်ခုမှ ပြည်သူများအား မှော်စက်များ၏ အယူအဆသစ်ကို လက်ခံစေခြင်း ၊ မှော်စက်များအသုံးပြု၍ ဖြန့်ကျက်စေခြင်းဖြစ်သည်။

မားကွစ္စ် ဆော့သ်ဂိတ် ကြောင့် ကန်ဒရာအင်ပါယာထက် ဤအယူအဆသည် မားလို အင်ပါယာတွင် ပိုမိုပျံ့နှံ့ခဲ့သည်။ မားလို အင်ပါယာ၌ စိုက်ပျိုးရေးမှော်စက်များကို အသုံးပြုနေပြီဖြစ်ပြီး ၎င်းတို့သည် လယ်၊ မြေကွက်များကို ပြန်လည်ပြုပြင်နေပြီဖြစ်သည်။

မားကွစ္စ် ဆော့သ်ဂိတ် နှင့် အခြားမျိုးရိုးမြင့်များသည် ဤအခွင့်အရေးကို လွတ်မြောက်ခွင့် မပေးခဲ့ကြပေ။ မားလို အင်ပါယာ၏ ကူးသန်းရောင်းဝယ်ရေးဌာနသည် Frestech ကုန်သည်ကြီးများအသင်းထံသို့ စိုက်ပျိုးရေးမှော်စက်များအတွက် ကြီးမားသောမှာယူမှုတစ်ခု ပြုလုပ်ခဲ့သည်။ ထို့အပြင် မားလို အင်ပါယာကို ပိုမို မြေယာပြန်လည်သိမ်းယူနိုင်စေရန် မျှော်လင့်ကြောင်း ကန်တိုနာ ကုန်သည်ကြီးများအသင်းနှင့်လည်း ဆွေးနွေးခဲ့သည်။

အားလုံးမျှော်လင့်ထားသည့်အတိုင်း ဖြစ်သွားခဲ့ပါက လာမည့်နှစ်အနည်းငယ်အတွင်း ကန်တိုနာ ကုန်သည်ကြီးများအသင်း၏ အာရုံစူးစိုက်မှုသည် မားလို အင်ပါယာကို ဦးတည်သွားမည်ဖြစ်သည်။

တတိယအချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်နယ်မြေကို တိုးချဲ့ရန်ဖြစ်သည်။

ဤမြေမှာ နိုင်ငံအသီးသီးထံ ခွဲထွက်နေ‌သောကြောင့် စိုင်စ်နယ်မြေကြီး၌ ၎င်းကိုပြုလုပ်ရန် အလွန်ခက်ခဲသည်။ Frestech ကုန်သည်ကြီးများအသင်းသည် အခြားနိုင်ငံများကို စစ်ကြေညာမှသာ မြေနေရာယူနိုင်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိစွမ်းအားဖြင့်၊ ဤသည်မှာ သဘာဝကျစွာပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှုယီ၏ပန်းတိုင်မှာ ပင်လယ်ဖြစ်သည်။

စတက်တိန်းနယ်မြေ၏ပင်လယ်ကိုသာမက စိုင်စ်နယ်မြေကြီး၏ တောင်ဘက်ပင်လယ်များကိုပါ ထိန်းချုပ်ရမည်ဖြစ်သည်။

ရှုယီသည် အဆုံးမဲ့ပင်လယ်ပြင်ရှိ ကျွန်းအများစုကို ထိန်းချုပ်ပြီး ၎င်းတို့ကို မှော်အချက်ပြတာဝါတိုင်များနှင့် မချိတ်ဆက်မီ ၎င်းတို့အပေါ်၌ အခြေစိုက်စခန်းများ ထူထောင်ကာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ကို ထိန်းချုပ်လိုခဲ့သည်။

လောလောဆယ် Frestech ကုန်သည်ကြီးများအသင်းသည် ဤနည်းလမ်း၏ ငါးပုံတစ်ပုံမျှသာပြီးမြောက်သေးသည်။

ဤအချိန်အထိ၊ Frestech ကုန်သည်ကြီးများအသင်းသည် ကျွန်းပေါင်းတစ်ရာကျော်ကို ထိန်းချုပ်ထားပြီး ၎င်းတို့အနက်တစ်ဝက်သည် စတက်တိန်းနယ်မြေ၏ပင်လယ်ဧရိယာတွင်ဖြစ်သည်။

တောင်ပိုင်းပင်လယ်များတွင် Frestech ကုန်သည်ကြီးများအသင်းက ပြန့်ကျဲနေသော ကျွန်းငါးဆယ်အောက်ကိုသာ ထိန်းချုပ်ထားသည်။ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုဖြင့်သာ ၎င်းတို့အား ထိန်းချုပ်နိုင်ရုံဖြစ်ရာ ၎င်းတို့အား အပြည့်အဝ မထိန်းချုပ်နိုင်ပေ။

ရှုယီသည် ဤထိန်းချုပ်မှုကို အားကောင်းစေရန် လာမည့် ငါးနှစ်အတွင်း ရွှေဒင်္ဂါးဆယ်သန်းထက်မနည်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

အရေးကြီးဆုံးဖြစ်သည့် နောက်ဆုံးအချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို အားကောင်းစေခြင်း ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် ရှုယီ၏ ကြီးမားသော ရန်ပုံငွေကြောင့် နှစ်များတစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ယခု ၎င်းတို့တွင် လူသားများ၊ နတ်သူငယ်များ၊ လူပုများနှင့် သားရဲလူမျိုးများ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ရှစ်ထောင်ရှိပြီး Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ် စစ်တပ်မှော်စက်များ တပ်ဆင်ထားသည်။

၎င်းတို့သည် တကယ့်တိုက်ပွဲများစွာကို မတွေ့ကြုံခဲ့ရသော်လည်း၊ ၎င်းတို့သည် လမ်ပူရီတိုင်းပြည်ဖြစ်စေ ရူဒ်ဆန်တိုင်းပြည်၏ စစ်ဘက်ကိုယ်စားလှယ်များဖြစ်စေ၊ ၎င်းတို့ထံ၌ တပ်ဖွဲ့ဝင် ရှစ်ထောင်သာ ရှိသော်လည်း တိုက်ပွဲအင်အားသည် ၎င်းတို့၏ နိုင်ငံများမှ တပ်သားငါးသောင်းနှင့် ညီမျှသည်ဟု ဆိုရန် တွန့်ဆုတ်နေဖို့ပင် မလိုပေ။

နယ်မြေကြီး၏ ရိုးရိုးစစ်တပ်များနှင့် ပတ်သက်လာလျှင် နှိုင်းယှဉ်စရာပင်မရှိပေ။

သို့သော်လည်း ရှုယီသည် ဝေးကွာနေသေးသည်ဟု ခံစားမိသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ တစ်နှစ်လျှင် အစောင့်များထံ မြှုပ်နှံထားသော ရွှေဒင်္ဂါးတစ်သန်းခွဲအား နှစ်ဆတိုးလိုက်ပြီး တစ်နှစ်လျှင် ရွှေဒင်္ဂါးသုံးသန်းအထိ ရှိလာသည်။

ဤဆုံးဖြတ်ချက်ကို Frestech ကုန်သည်ကြီးများအသင်းမှ အဆင့်မြင့်အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ပြီး လက်ရှိအစောင့်များ၏ အင်အားသည် လုံလောက်နေပြီဟု ယူဆသောကြောင့်၊ သည်ထက်ပိုပြီး ချဲ့ထွင်ဖို့ရန် မလိုအပ်တော့ဟု ဆိုကြသည်။

သို့သော်၊ ရှုယီသည် အစောင့်များအား Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းနှင့် စတက်တိန်းနယ်မြေတစ်ခုလုံးကိုပင် ခုခံကာကွယ်နိုင်ရုံသာမက လိုအပ်သည့်အခါတွင်လည်း တိုက်ခိုက်စေလိုသည်။

ထို့ကြောင့် အဆင့်‌မြင့်အဖွဲ့ဝင်တွေက ၎င်းကို ဆန့်ကျင်ခဲ့ပါလျှင်တောင်၊ ရှုယီက ဤဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် အတည်ပြုဖို့ရန် သူ၏ဥက္ကဌအဖြစ် အခွင့်အာဏာကို အသုံးပြုခဲ့ပါ၏။

တကယ်တမ်း အဆင့်မြင့်အဖွဲ့ဝင်တွေကို အပြစ်တင်၍ မရပါချေ။ Frestech ကုန်သည်ကြီးများအသင်း၏ တစ်သန်းခွဲ ရင်းနှီးမြုပ်နှံမှုမှာပင် အနည်းငယ်လွန်ကဲနေပြီဖြစ်သည်။

အနီးနားနိုင်ငံများတွင် ကန်ဒရာအင်ပါယာ၏ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့်တိုင် ၎င်းတို့၏ စစ်အသုံးစရိတ်ကို တိုးမြှင့်ထားသော ရူဒ်ဆန်တိုင်းပြည်တွင်ပင် ရွှေဒင်္ဂါးနှစ်သန်းသာ ဘတ်ဂျက်ရှိသည်ကို သိရှိထားရမည်ဖြစ်သည်။

၎င်းတို့၏ စီးပွားရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ စစ်ဘက်အသုံးစရိတ် တိုးလာခဲ့သည့် လမ်ပူရီတိုင်းပြည်အတွက်မူ တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သန်းခွဲခန့်သာ ရှိသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီတစ်ခုမျှသာဖြစ်သော်လည်း ၎င်းတို့သည် မယုံနိုင်စရာကောင်းလောက်အောင် ဤနိုင်ငံနှစ်ခုထက် ၎င်းတို့၏ အစောင့်များကို ရန်ပုံငွေပိုမိုပေးဆောင်နေသည်။

ယခုတွင် ရှုယီက တခြားလူတွေကို ရူးသွပ်စေလောက်အောင် ထို့ထက်မကပင် တိုးချင်လာ၏။

သို့ပေမယ့် ရှုယီဟာ လူတွေအား ရူးသွပ်နေသည်ဟု ထင်စေလောက်သည့် အရာများစွာကိုပြုလုပ်ခဲ့ရာ ၎င်းက အံ့အားသင့်စေတာမျိုး မဖြစ်စေခဲ့ပေ။

လူများက နားမလည်နိုင်ကြရုံသာ။

Frestech ကုန်သည်ကြီးများအသင်းသည် အဆုံးတွင် ကုမ္ပဏီတစ်ခုသာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံမဟုတ်ပေ၊ ဤငွေအားလုံးကို ၎င်းတို့၏ အစောင့်အကြပ်များထံ၌ မြှုပ်နှံထားလိုသည်မှာ အဘယ်ကြောင့်နည်း။

စက်တင်ဘာလအစတွင်၊ စခ်တိုင်းပြည်၏ အနောက်တောင်ဘက်နယ်စပ်၌ ပဋိပက္ခတစ်ခုဖြစ်ပွားခဲ့ခြင်းက လူတိုင်း၏ စိတ်နှလုံးထဲရှိ မေးခွန်းကို သွယ်ဝိုက်၍ အဖြေပေးခဲ့ပုံရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၈၉။ နိုင်ငံတစ်နိုင်ငံအပေါ်မှာ စစ်ကြေငြာသည့် ကုမ္ပဏီ

"ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း..."

မရေတွက်နိုင်သော အနီရောင်အလင်းများက ကောင်းကင်မှ ကျဆင်းလာပြီး စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ တည်နေရာကို ရိုက်ခတ်ကာ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ဖန်တီးနေသည်။

တပ်ရင်းမှူး သောမတ်စ်မှာ ကူရာမဲ့စွာသာ ၎င်းတို့၏ လဝက်တာ ကိုင်တွယ်ခဲ့ရသော တပ်ရင်း၏ အကာအကွယ်ပုံစံက ပျက်စီးနေသည်ကို ကြည့်နေရသည်။ သူ၏ နှလုံးသားမှာ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေတော့၏။

သူ၏ စိတ်ဝိဉာဉ်လိပ်တပ်ရင်းသည် စခ်တိုင်းပြည်၏ ကျော်ကြားသော ခံတပ်ဖြစ်ပြီး ၎င်းတို့၏ခံတပ်များကို တည်ဆောက်ရန် လွန်ခဲ့သော နှစ်ဝက်ခန့်က အကုန်ပုံအောခဲ့သော်လည်း ယခုအခါ ပထမဆုံးတိုက်ခိုက်မှုတွင်ပင် ပြိုလဲသွားခဲ့သည်။

ဤတိုက်ခိုက်မှုများသည် ခံတပ်များကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းနောက်ကွယ်တွင် ပုန်းအောင်းနေသည့် စိတ်ဝိညာဉ်လိပ်တပ်ရင်းကိုပါ ဦးတည်မည်ဆိုလျှင်၊ စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ ဆုံးရှုံးမှုသည် အလွန်ပြင်းထန်မည်ဖြစ်သည်။

သူတို့ရှေ့ရှိ မီးတောက်တွေကိုမြင်သော် တပ်ရင်းမှူး သောမတ်စ်က သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ့ဘေးနားက သူ့ကိုယ်ပိုင်အစောင့်အား ပြောလိုက်သည်၊ "အမိန့်ချလိုက် ပြန်ဆုတ်ကြမယ်"

ကိုယ်ပိုင် အစောင့်က အံ့အားသင့်သွားကာ "ဆရာ၊ ဒါက....."

"စကားလုံးတွေ ဖြုန်းတီးတာကို ရပ်လိုက်၊ အမိန့်ကို မြန်မြန်ချလိုက်စမ်းပါ။" တပ်ရင်းမှူး သောမတ်စ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကိုယ်ပိုင် အစောင့်သည် သံသယနှင့် မလိုလားသည့် ဟန်ရှိသော်လည်း ဆက်မမေးရဲပေ။ ဦးညွှတ်ပြီးလိုက်ပြီးသာ အမိန့်ချဖို့ ထွက်သွား၏။

"အိုင်း သောမတ်စ် ဒီ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေကို အခုချက်ချင်းရင်ဆိုင်ဖို့ အရည်အချင်းမပြည့်မီပုံပဲ။" စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က ဘေးမှလာ၍ သက်ပြင်းချကာပြောသည်။

တပ်ရင်းမှူး သောမတ်စ်က ခါးသီးစွာရယ်မောလိုက်၏၊ " Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေကို မပြောနဲ့၊ လမ်ပူရီတိုင်းပြည်ကိုတောင် ဦးဆောင် မျက်နှာမပြနိုင်တော့မှာကို ကြောက်မိတယ်"

ခေတ္တရပ်ပြီးနောက် တပ်ရင်းမှူး သောမတ်စ်သည် ရုတ်တရက် အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။

“သောက်ကျိုးနည်းနဲ့၊ အဲဒါက Frestech ကုန်သည်ကြီးများအသင်းကြောင့်ပဲ။ သူတို့က အဲဒီ့သောက်ကျိုးမည်း စစ်တပ်သုံးမှော်စက်တွေကို ဖန်တီးခဲ့ခဲ့ကြတာ၊ ဒါတွေက နတ်ဆိုးလက်နက်တွေပဲ။"

ခေါင်းဆောင်အရာရှိ ဒဲရက်ခ်သည် ခေါင်းယမ်းကာ သက်ပြင်းတစ်ချက်ချ၍ ဆို၏၊ “ကောင်းပြီ၊ ဒီအကြောင်းပြောရင် ဘာမှ အသုံးမဝင်ဘူး။ ဘာလုပ်ရမလဲဆိုတာ စဉ်းစားသင့်တယ်။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိရင် ငါတို့ရဲ့ စခ်တိုင်းပြည်က အန္တရာယ်ဖြစ်လာမှာ"

တပ်ရင်းမှူးသောမတ်စ်က မျက်မှောင်ကုပ်၍ ထပ်ပြီး ကျိန်ဆဲလေသည်၊ “ဒါကို ပြောရတာ တကယ့်ကို ထူးဆန်းပတယ်။ ငါတို့ တပ်တွေကို ဒီနေရာမှာ တပ်စွဲထားတာ ကြာနေပြီဖြစ်ပြီး လရိပ်ကုန်သည်ကြီးများအသင်း နတ်သူငယ်တွေက ဘယ်တုန်းကမှ မလှုပ်ရှားခဲ့တာကို ဘာလို့ ရုတ်တရက် ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာလဲ။ ထူးဆန်းတာက Frestech ကုန်သည်ကြီးများအသင်းပါ ရောနေတာပဲ၊ သူတို့က အစောင့်တွေကိုတောင် လွှတ်လိုက်သေးတယ်”

“Frestech ကုန်သည်ကြီးများအသင်းကို သွားမေးလို့ရတယ်။” ခေါင်းဆောင်အရာရှိ ဒဲရက်ခ်က မျက်လုံးလှန်လိုက်ပြီး " Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌ ရှုက ရူးသွပ်နေတာလေ၊ သူဘာတွေတွေးနေလဲဆိုတာကို ဘယ်သူသိမှာလဲ "

“သောက်ကျိုးနည်း၊ အဲ့အရူးပေါ်လာလို့ ငါတို့ရဲ့ စခ်တိုင်းပြည်က ငြိမ်းချမ်းမှု မရှိတော့ဘူး၊ ငါတို့မှာ သူ့ကို ထိန်းချုပ်ဖို့ တကယ်ပဲနည်းလမ်းမရှိတော့တာလား"

“အိပ်မက်မက်နေတာ ရပ်လိုက်။" ခေါင်းဆောင်အရာရှိ ဒဲရက်ခ်က ခေါင်းခါယမ်းလိုက်သည်၊ “ဒီလူက ကိုင်တွယ်ရမလွယ်တဲ့ မဟာမှော်ပညာရှင် ဖြစ်နေတာကိုမပြောနဲ့၊ သူ့ကို ရှင်းဖို့ အခွင့်ရှိရင်တောင် နိုင်ငံမှာရှိတဲ့ အဲဒီအရေးကြီးသူတွေက သဘောမတူဘူး။”

“အဲဒီလူတွေ ဘာတွေ တွေးနေလဲ မသိတော့ဘူး။ Frestech ကုန်သည်ကြီးများအသင်းဆီကနေ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရနိုင်တယ်လို့ သူတို့ တကယ် ထင်နေတာလား။"

မျက်နှာ၌ ဘာမှ ဖုံးကွယ်ထားပုံမရသည့် တပ်ရင်းမှူး သောမတ်စ်ကို ကြည့်လိုက်ရင်း ခေါင်းဆောင်အရာရှိ ဒဲရက်ခ်မှာ စိတ်ထဲ၌ ခေါင်းငြိမ့်လိုက်သည်။

မှန်ပါ၏၊ ထိုလူတွေတင်မကပေ၊ စခ်တိုင်းပြည် တစ်ခုလုံးက Frestech ကုန်သည်ကြီးများအသင်းဆီကနေ အကျိုးအမြတ်ရခဲ့သည်။

ထို့အပြင် ထိုအကျိုးကျေးဇူးက မနည်းပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုသည် လမ်ပူရီတိုင်းပြည်နှင့် ပတ်သက်၍ ၎င်းတို့၏အားသာချက်များကို ပျောက်ကွယ်သွားစေသောကြောင့် စခ်တိုင်းပြည်၏ စစ်တပ်သည် Frestech ကုန်သည်ကြီးများအသင်းကိုမုန်းတီးသော်လည်း၊ ၎င်းတို့အား လမ်ပူရီတိုင်းပြည်မှ အလိုအလျောက် နှိပ်ကွပ်သည့်တိုင် စခ်တိုင်းပြည်စစ်တပ်ပြင်ပရှိ အာဏာရှင်များမှာ Frestech ကုန်သည်ကြီးများအသင်းကို အများအားဖြင့် လက်ခံကြသည်။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းပါသည်၊ Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုသည် စခ်တိုင်းပြည်သို့ ကောင်းမွန်သောပြောင်းလဲမှုများစွာကို ယူဆောင်လာသောကြောင့်ဖြစ်သည်။

အရိုးရှင်းဆုံးဥပမာမှာ စခ်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးမှော်စက်အမြောက်အများကို ဝယ်ယူခဲ့သည့် လွန်ခဲ့သောသုံးနှစ်ကဖြစ်သည်။ ထို့နောက် လယ်ယာမြေကို ပြုပြင်ပြောင်းလဲကာ စိုက်ပျိုးရေးမှော်စက်များဖြင့် စိုက်ပျိုးပြီးနောက်၊ စခ်တိုင်းပြည်၏ စပါးအထွက်နှုန်းသည် နှစ်စဉ် စံချိန်သစ်တင်ခဲ့သည်။

ဤနွေဦးပေါက်ရာသီတွင် ရိတ်သိမ်းခြင်းဆိုင်ရာ အချက်အလက်များအပေါ် အခြေခံ၍ စခ်တိုင်းပြည်၏ ရိတ်သိမ်းမှုသည် တန်ချိန် သုံးသန်းအထိရောက်ခဲ့ပြီး အံ့ဩတုန်လှုပ်စရာဖြစ်ခဲ့သည်။

အခြားကောက်ပဲသီးနှံများနှင့်အတူ၊ ဤနွေဦးအထွက်နှုန်းသည် ယခင်က တစ်နှစ်ပတ်လုံးရိတ်သိမ်းချိန်နှင့် ကိုက်ညီရန် လုံလောက်သည်။

လာမည့် ဆောင်းဦးရာသီ၌ ရိတ်သိမ်းမည့် သတင်းအရ နွေဦးရာသီနှင့် ယှဉ်လျှင် စပါးရိတ်သိမ်းမှုမှာ မနည်းလှဘဲ ပိုများသည်။

အဆိုပါကိစ္စရပ်အတိုင်းပင် စခ်တိုင်းပြည်၏ ကောက်ပဲသီးနှံရိတ်သိမ်းမှုသည် ယခုနှစ်တွင် ဂျုံတန်ချိန်ခြောက်သန်းကျော်ရှိလာမည်ဖြစ်သည်။ ၎င်းက နိုင်ငံသားအားလုံးကို ကျွေးမွေးဖို့ လုံလောက်ပြီး အချို့ကို သိမ်းပင် သိမ်းထားနိုင်သည်။

စပါးထွက်ရှိမှု ပြဿနာ အမြဲရှိနေသည့် ခြောက်သွေ့၍ မိုးခေါင်သော စခ်တိုင်းပြည်တွက်တော့ ၎င်းက အံ့ဖွယ်ဆန်းကြယ်ဖြစ်ရပ်ပင်။

စခ်တိုင်းပြည်သည် ၎င်းတို့၏ ပြည်တွင်း စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် လမ်ပူရီတိုင်းပြည်နှင့် အခြားသော နိုင်ငံများသို့ တပ်ဖွဲ့ဝင်များ ဆက်လက် စေလွှတ်ခဲ့သည်။

မဟုတ်ပါက၊ ပတ်ဝန်းကျင်နိုင်ငံများထက် များစွာမမြင့်မားသော စခ်တိုင်းပြည်၏ နိုင်ငံအင်အားဖြင့်၊ အချိန်တိုင်း စစ်ပွဲများဖန်တီးရန် အကြောင်းမရှိပေ။

လမ်ပူရီတိုင်းပြည်၏ အင်အားများ မြင့်တက်လာပြီး စခ်တိုင်းပြည်ကို ရှုံးနိမ့်စေခဲ့ခြင်းက၊ စခ်တိုင်းပြည်ကို အထိတ်တလန့် ဖြစ်စေခဲ့သည်။ စခ်တိုင်းပြည်သည် အခြားနိုင်ငံမှ ဆန်စပါးအလုံအလောက်ကို လုယူနိုင်မည်မဟုတ်ရာ အစာခေါင်းပါးမှုဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြသည်။

သို့သော် လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်၊ ကောက်ပဲသီးနှံများကို ရောင်းချ၍ ဤအကျပ်အတည်းကို ရှောင်ရှားဖို့ ကူညီပေးမည်ဟု ၎င်းတို့က ဘယ်သောအခါမှ မထင်ခဲ့ဖူးကြပေ။

ထို့နောက်မှာတော့ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်၏ ကုမ္ပဏီများက စခ်တိုင်းပြည်၌ရှိသည့် စက်ရုံတွေတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ၎င်းတို့သည် စခ်တိုင်းပြည်သို့ ၎င်းတို့၏ စားနပ်ရိက္ခာ အကျပ်အတည်းကို အခြေခံကျကျ ဖြေရှင်းရန် ကူညီပေးမည့် အဆင့်မြင့် စိုက်ပျိုးရေးမှော်စက်များနှင့် လယ်ယာစိုက်ပျိုးရေးစနစ်ကို ယူဆောင်လာပေးခဲ့ရုံသာမက၊ စခ်တိုင်းပြည်၏တောင်ဘက်ရှိ လွတ်လပ်သော ကုန်သွယ်မှုဧရိယာတွင် မှော်စက်လုပ်ငန်းကိုပင် စတင်ခဲ့ကာ စခ်တိုင်းပြည်မှ နိုင်ငံသားများစွာကို အလုပ်အကိုင်ကောင်းများပေးခဲ့သည်။

၎င်းကိုအခြေခံပါက Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် စခ်တိုင်းပြည်ထံ များစွာသောအကျိုးကျေးဇူးများကို ယူဆောင်လာသည်။

စစ်ရေးအမြင်အရဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်၏ သေလောက်အောင် မျက်မုန်းကျိုးခံရသော ရန်သူဖြစ်သည်ကို သံသယရှိရန်ပင်မလိုပေ။

Frestech ကုန်သည်ကြီးများအသင်းမှ လမ်ပူရီတိုင်းပြည်ကို ပံ့ပိုးနေသရွေ့ စခ်တိုင်းပြည်သည် ၎င်းတို့၏ ခေါင်းကို မော့နိုင်သည့် နေ့ရှိလာမည်မဟုတ်ဟု စခ်တိုင်းပြည်၏ စစ်တပ်မှ သိရှိသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်း၏စိတ်ထဲတွင် မုန်းတီးနေသော တပ်ရင်းမှူး သောမတ်စ်အကြောင်းကို ခေါင်းဆောင်အရာရှိ ဒဲရက်ခ်က အလွန်နားလည်ခဲ့သည်။

အခြားမည်သည်ကိုမှ မဆိုနှင့်၊ Frestech ကုန်သည်ကြီးများအသင်းက လရိပ်မျိုးနွယ်စု၏ နတ်သူငယ်များကို ကူညီကာ စိတ်ဝိဉာဉ်တပ်ရင်းအား တွန်းလှန်ဖို့ ၎င်းတို့၏ အစောင့်တွေကိုပင် စေလွှတ်ခဲ့သည်။ တပ်ရင်းမှူး သောမတ်စ်သည် Frestech ကုန်သည်ကြီးများအသင်းအား သေလောက်အောင် မုန်းတီးသောရန်သူအဖြစ် သတ်မှတ်ရန် လုံလောက်သည်။

သို့သော်လည်း၊ တပ်ရင်းမှူး သောမတ်စ်၏ အတွေးများသည် အဓိပ္ပါယ်မရှိသောကြောင့်၊ အဖြစ်မှန်များရှေ့တွင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များသည် သူတို့ကောလဟာလများကဲ့သို့ အားကောင်းကာ၊ သူတို့ထင်ထားတာထက်ပင် ပိုကြောက်စရာကောင်းနေသည်။ စိတ်ဝိဉာဉ်တပ်ရင်းက လုံးဝ မခုခံနိုင်သည့်အတွက် တပ်ရင်းမှူး သောမတ်စ်မှာ ဆုတ်ခွာဖို့ အမိန့်ပေးရုံသာ တတ်နိုင်သည်။

“တစ်ဖက်က ငါတို့ကို လိုက်ဖမ်းမှာကို မင်း စိတ်ပူနေစရာ မလိုဘူးထင်တယ်"

ခေါင်းဆောင်အရာရှိ ဒဲရက်ခ်သည် တပ်မှူးသောမတ်စ်အား အဝေးကိုကြည့်ကာ ပြောလာသည်၊ “ဒီတိုက်ခိုက်မှုကို အခြေခံရရင် တစ်ဖက်က ငါတို့ကို မောင်းထုတ်ချင်ရုံပဲ ငါတို့နဲ့ မတိုက်ခိုက်ချင်ဘူး။”

တပ်ရင်းမှူး သောမတ်စ်က အေးစက်စွာ နှာမှုတ်လိုက်သည် "နောက်ဆုံးကျတော့ သူတို့က ကုမ္ပဏီတစ်ခုရဲ့ အစောင့်တွေပဲလေ၊ ငါတို့ရဲ့ စခ်တိုင်းပြည်တစ်ခုလုံးကို စစ်ကြေငြာဝံ့မှာလား။"

ခေါင်းဆောင်အရာရှိ ဒဲရက်ခ်သည် မျက်လုံးများထဲ စိုးရိမ်မှုအနည်းငယ်ဖြင့် သူ့ကိုကြည့်နေ၏။

ဤသည်မှာ စစ်တပ်ဌာနချုပ်မှ လူအတော်များများထင်မြင်ယူဆနေသည့် အချက်ဖြစ်သော်လည်း သူကတော့ အမှန်ဟုမထင်မိပေ။

သူ၏ခွဲခြမ်းစိတ်ဖြာမှုအရ Frestech ကုန်သည်ကြီးများအသင်းသည် မည်မျှပင် အားကောင်းနေပါစေ၊ ၎င်းတို့သည် နောက်ဆုံးတွင် ကုမ္ပဏီတစ်ခုသာ ဖြစ်သည့်အတွက် နိုင်ငံတစ်ခုလုံးကို မတိုက်နိုင်တော့သည်မှာ သေချာပါသည်။

သို့သော် ခေါင်းဆောင်အရာရှိ ဒဲရက်ခ်သည် လွန်ခဲ့သည့်နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏ လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ ၎င်းသည် အတွေးခေါင်လှသည်ဟု သူခံစားမိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ရှုယီ သည် မည်သူမျှ နားမလည်နိုင်သော အရူးအမူးလုပ်ရပ်များစွာကို ပြုလုပ်ခဲ့သည်။

သို့သော် ၎င်းတို့ကို ပြန်လည်သုံးသပ်ပြီးနောက် သူ၏နည်းလမ်းများအတွက် လေးနက်သောအဓိပ္ပာယ်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ၎င်းတို့အားလုံးသည် Frestech ကုန်သည်ကြီးများအသင်း၏နောက်ထပ်လှုပ်ရှားမှုကို ဖန်တီးခြင်းဖြစ်ပြီး အဓိပ္ပါယ်မရှိသည့်အရာ မည်သည်မှမရှိသလိုပါပင်။

ထို့အပြင် ဤတစ်ခေါက်၊ လရိပ်မျိုးနွယ်စု၏ နတ်သူငယ် များသည် စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ လရိပ်မျိုးနွယ်စု နယ်မြေအား ပိတ်ဆို့ထားမှုမှ မောင်းထုတ်ရာတွင် ကူညီရန် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ရုတ်တရက် စေလွှတ်ခြင်းက၊ စခ်တိုင်းပြည်အပေါ် အန္တရာယ်ရှိသည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေသောကြောင့် အပြင်ပန်းတွင် ရူးသွပ်သည့် လှုပ်ရှားမှုဖြစ်ပုံရသည်။ ၎င်းသည် စခ်တိုင်းပြည်ကိုပင် စစ်ကြေညာသလို ဖြစ်သွားနိုင်သော်လည်း လက်တွေ့တွင်မူ?

ခေါင်းဆောင်အရာရှိ ဒဲရက်ခ်သည် ရှုယီလုပ်နေသောအရာနှင့် ၎င်းထံမှရယူလိုသောအရာကို နားမလည်သောကြောင့် စိုးရိမ်မိသည်။

သူ့ကို ပို၍ စိတ်ပူစေသည်က အဆိုးဆုံး မြင်ကွင်းထိပင်။

Frestech ကုန်သည်ကြီးများအသင်းကသာ စခ်တိုင်းပြည်ကို တကယ်စစ်ကြေညာခဲ့မယ်ဆိုရင် ရလဒ်က ဘာများဖြစ်မလဲ။

အကယ်၍ ဤမေးခွန်းကို နယ်မြေကြီးရှိ သာမန်လူတစ်ဦးဦးထံ မေးကြည့်ပါက Frestech ကုန်သည်ကြီးများအသင်းသည် ရူးသွပ်နေခြင်းဟု ဖြေမည်မှာ သေချာပါ၏။

ကုမ္ပဏီတစ်ခုသည် စိုင်စ်နယ်မြေကြီး၏ လူလတ်တန်းစားများဟု သတ်မှတ်ခံထားရသော နိုင်ငံတစ်ခုအား စစ်ကြေငြာလိုခြင်းသည် သေခြင်းတရားကို ရှာဖွေနေခြင်းဖြစ်သည်။

သို့ပေမယ့် ခေါင်းဆောင်အရာရှိ ဒဲရက်ခ်မှာ ၎င်းကို စဉ်းစားပြီးနောက်တွင့် သူမတူသည့် ကောက်ချက်တစ်ခုကို ရခဲ့ပါ၏။

Frestech ကုန်သည်ကြီးများအသင်းသာ စခ်တိုင်းပြည်ကို စစ်ကြေညာပါက၊ စခ်တိုင်းပြည်၏ စစ်ရေးစွမ်းအားကို စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ ခေါင်းဆောင်အရာရှိအဖြစ် သူဟာ နားလည်မှု ရှိပါသည်။ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို တွန်းလှန်နိုင်သည့် တပ်ရင်းမှာ စခ်တိုင်းပြည်၌ တစ်ခုမျှ မရှိကြောင်း ခေါင်းဆောင်အရာရှိ ဒဲရက်ခ်က သေချာပါ၏။

စခ်တိုင်းပြည်၏ တပ်ရင်းများအားလုံးကို စုစည်းလိုက်လျှင်ပင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် အချိန်အနည်းငယ်ပိုကြာကြာ တိုက်ရမည်ပဲဖြစ်သည်။ အဆုံး၌ ၎င်းတို့ထံတွင် ခံနိုင်ရည်ရှိမှာ မဟုတ်ပါချေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းကက တူညီသည့် အတိုင်းအတာနှင့် တိုက်ခိုက်ခြင်း မဟုတ်သောကြောင့်ပင်။

၎င်းမှာ ခေါင်းဆောင်အရာရှိ ဒဲရက်ခ်၏ ရှေ့ရှိ ယခုအခြေအနေကဲ့သို့ ဖြစ်နေသည်။ စိတ်ဝိဉာဉ်လိပ်တပ်ရင်းမှ အဖွဲ့ဝင်များအားလုံးသည် ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခြင်းမပြုမီ ရန်သူ၏မျက်နှာကိုပင် မမြင်ခဲ့ကြရပေ။

စခ်တိုင်းပြည်၏ တပ်ရင်းများအားလုံးသည်လည်း တူညီမည်ဖြစ်ပြီး ခြွင်းချက်မရှိပေ။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ စခ်တိုင်းပြည်ကို စစ်ကြေငြာပါက စခ်တိုင်းပြည်သည် ကျိန်းသေပေါက် ကျရှုံးသွားမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်တစ်ခုလုံးကို မသိမ်းပိုက်နိုင်ခဲ့လျှင်ပင် စခ်တိုင်းပြည်၏စစ်တပ်သည် လုံးလုံးလျားလျား ရှုံးနိမ့်သွားမည်ဖြစ်ရာ ၎င်းတို့အနေနှင့် ရှင်သန်ရန် အခွင့်အလမ်းရှိပါမည်လား။

၎င်းကို တွေးလိုက်တိုင်း ခေါင်းဆောင်အရာရှိ ဒဲရက်ခ်ဟာ ပြင်းထန်သည့် စိတ်မသက်မသာ ဖြစ်မှုကို ခံစားရသည်ပင်။

ဘာလုပ်ရပါ့မလဲ?

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၀။ ထိတ်လန့်ဖွယ် ခြားနားချက်

ခေါင်းဆောင်အရာရှိမှာ ထိုမေးခွန်းကို ပြန်တွေးရင်း စိတ်ဝိဉာဉ်လိပ်တပ်ရင်းကို စခ်တိုင်းပြည်ထံ ဆုတ်ခွာလာခဲ့သည်။ ထို့နောက် သူ့အား စခ်တိုင်းပြည်၏ မြို့တော် နော့ဒ်ဟမ်မြို့တော်သို့ ပြန်အခေါ်ခံခဲ့ရသည်။

စိတ်ဝိဉာဉ်လိပ်တပ်ရင်းမှာ ရှုံးနိမ့်ကာ ပြန်လည်ဆုတ်ခွာဖို့ တွန်းအားပေးခံခဲ့ရသော်လည်း ၎င်းတို့ကို စစ်ဌာနချုပ်မှ အပြစ်မပေးခဲ့ပါချေ။

ပထမအကြောင်းရင်းမှာ စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ ခံတပ်များတည်ဆောက်သည့်နေရာသည် လရိပ်မျိုးနွယ်စုကို စခ်တိုင်းပြည်မှပေးသော နေရာ၌ဖြစ်သည်။ ၎င်းတို့က လရိပ်မျိုးနွယ်စုကို ပိတ်ဆို့ထားရာ ၎င်းကပင် မှားနေသည့် အဓိပ္ပာယ်ဖြစ်သည်။

ဤအကြိမ်တွင် လရိပ်မျိုးနွယ်စုသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့်အတူ ၎င်းတို့အား နှင်ထုတ်ရန် လုပ်ဆောင်ခဲ့ရာ၊ အနည်းဆုံး တရားမျှတမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာမရှိချေ။ စခ်တိုင်းပြည်သည် ယင်းကို မစွပ်စွဲနိုင်ဘဲ သဘာဝကျကျပင် ၎င်းတို့သည် ယင်းကြောင့် စိတ်ဝိဉာဉ်လိပ်တပ်ရင်းကို အပြစ်ပေးခြင်း မပြုနိုင်ပေ။

ဒုတိယအကြောင်းရင်းမှာ အရေးကြီးဆုံးအကြောင်းရင်းဖြစ်သည်။ စခ်တိုင်းပြည်၏ စစ်တပ်ဌာနချုပ်မှာ စိတ်ဝိဉာဉ်လိပ်တပ်ရင်းက လရိပ်မျိုးနွယ်စုကို ရပ်တန့်လိုက်သည့်အခါ၌၊ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံမှ တိုက်ခိုက်မှုကို စိတ်ဝိဉာဉ်လိပ်တပ်ရင်းအနေနှင်ါ ခုခံနိုင်မည်ဟု ၎င်းတို့တွင် မျှော်လင့်ချက်မရှိပါပေ။

နယ်မြေကြီး၏အနောက်တောင်ဘက်နိုင်ငံများတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို မတိုက်ခိုက်ရဟူသော သဘောတူချက်ရှိနှင့်ပြီးသားဖြစ်သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ အနိုင်ယူခဲ့သော စိတ်ဝိဉာဉ်လိပ်တပ်ရင်းအား အပြစ်ပေးသင့်သည့်အရာမဟုတ်ပေ၊ ၎င်းတို့မှာ ဤသည်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။

စစ်တပ်ဌာနချုပ်မှ ခေါင်းဆောင်အရာရှိဒဲရက်ခ်အား ဆင့်ခေါ်ရခြင်းအကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထံမှ သတင်းအချက်အလတ်ရယူရန်မှာ အဓိကဖြစ်သည်။.

ခေါင်းဆောင်အရာရှိဒဲရက်ခ်ကို နော့ဒ်ဟမ်မြို့တော်သို့ ပြန်ခေါ်သွားပြီးနောက် စစ်တပ်အစီရင်ခံစာများတင်ပြရခြင်းအပြင် အချိန်အများစု၌ စစ်တပ်ဌာနချုပ်နှင့် မြို့ပြင်တွင် စုစည်းထားသည့် မှော်သုတေသနဌာန၏ စစ်တပ်မှော်စက်ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားခဲ့သည်။ သူဟာ သူ၏ ရှေ့တန်းသတင်းအချက်အလတ်များကို ပေးဆောင်ရပြီးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်။

ယနေ့မှာ ခေါင်းဆောင်အရာရှိဒဲရက်ခ်သည် နော့ဒ်ဟမ်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ငါးရက်မြောက်နေ့ဖြစ်သည်။ သူ စောစောနိုး၍ မနက်စာစားပြီးသည်နှင့် ထုံးစံအတိုင်း သူ့၏မြင်းလှည်းနှင့် နော့်ဒ်ဟမ်မြို့တော်အပြင် အနောက်မြောက်ဘက် ကီလိုမီတာ သုံးဆယ်၌ရှိသည့် စစ်ဘက်သုံး မှော်စက်ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားလိုက်သည်။

ဤဖွံ့ဖြိုးတိုးတက်ရေးဌာနသည် တောင်ကြီးငါးတောင်ကြားရှိ ဧရာမချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိသည်။ အနီးပတ်ဝန်းကျင်ကို ခြံစည်းရိုးခတ်ထားပြီး အစောင့်အကြပ်များ ထူထပ်သည်။

ခေါင်းဆောင်အရာရှိဒဲရက်ခ်ဖြစ်ခဲ့ပါလျှင်တောင် ဝင်ခွင့်မရခင် စစ်ဆေးရေးဂိတ် များစွာကို ဖြတ်သန်းရသည်။

သို့ပေမယ့် ထို့နေရာကို တကယ်ဝင်ပြီးပါက အခြားကမ္ဘာ၌ ရှိနေသလိုပါပင်။

မရေမတွက်နိုင်သည့် ထူးဆန်းသော မှော်စက်များ သည် ဖွံ့ဖြိုးတိုးတက်ရေးဌာန အနီးတစ်ဝိုက်တွင် ရွေ့လျားနေပြီး လူများစွာကို ဝင်ရောက်သွားနိုင်ရန် ခဲယဉ်းစေသည်။

အဆိုပါ မှော်စက်များကို စစ်တပ်မှော်စက် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မှော်ပညာရှင်များ တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို Frestech ကုန်သည်ကြီးများအသင်း၏ အမျိုးမျိုးသော မှော်စက်များထံမှ ကိုးကားထားပြီး ၎င်းတို့မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

အထင်ရှားဆုံးမှာ လေးဘီးတပ် ပုံတူကူးထားသော မှော်ကားသည် အခြေစိုက်ရာပတ်ပတ်လည်တွင် လျင်မြန်စွာ ရွေ့လျားနေသည်။

အသွင်အပြင်အပေါ်အခြေခံ၍ ဤပုံတူကူးထားသော မှော်ကားသည် ပထမနေ့တွင် ခေါင်းဆောင်အရာရှိဒူရန် ကို မှားယွင်းစေခဲ့သော Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားနှင့် ကွာခြားပုံမပေါ်ပေ။

သို့သော် နောက်ရက်များတွင် ဤမှော်ကားကို မောင်းနိုင်ပုံရသော်လည်း ဘီးလေးဘီးထောက်ရုံသာ ဖြစ်သည်မှာ သိသာသည်။ ၎င်းက ဘာကိုမှမတင်ဆောင်နိုင်ဘဲ ပန်းအိုးအလွတ်တစ်ခုသာဖြစ်၏။

ထို့အပြင်၊ ဤပုံတူကူးယူထားသော မှော်ကား၏အဓိကအချက်ဖြစ်သော မှော်အင်ဂျင်ကို Frestech ကုန်သည်ကြီးများအသင်းထံမှဝယ်ယူခဲ့သည်။ အခြေခံအကျဆုံး ဘီးလေးဘီးကိုပင် Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူခဲ့သည်ပင်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ဤပုံတူကူးယူထားသော မှော်ကားရှိ အစိတ်အပိုင်းများအားလုံးက Frestech ကုန်သည်ကြီးများအသင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ စခ်တိုင်းပြည်၏ စစ်ဘက်သုံးမှော်စက် ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၎င်း၏အစိတ်အပိုင်းအများအပြားအတွက် တွက်ချက်ထားရုံသာရှိသည်။ တကယ်တမ်း ၎င်းက သံထည်လုပ်ငန်းကိုပင် နှိုင်းယှဉ်လို့ မရပါချေ။

ထို့အပြင် သံပြားတစ်ခုဆိုလျှင်ပင် ၎င်းကို ပုံမှန်သန့်စင်သော သံဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားများ၏ သံရှိ ပျော့ပြောင်းမှုနှင့် တောင့်တင်းမှုကို မနှိုင်းယှဉ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့နောက် ပန်းပဲဆရာများ၏ လက်ရာသည် အတိအကျမဟုတ်သည့်အတွက် ပေါင်းစည်းနိုင်သည့် အချောထည် မှာ ဆယ်ခုတွင် သုံးလေးခုသာ ရှိသေးသည်။

ယင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ကားအား ဝယ်ယူခြင်းထက် အဆများစွာ ပိုစျေးကြီးသည်။

စစ်တပ်မှ မှော်စက်ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ပထမတွင် အိမ်သုံးမှော်စက်အချို့ကို အာရုံစိုက်နေချိန်၌၊ နိုင်ငံတော်၏ ဘဏ္ဍာရေးဌာနထံမှ ရန်ပုံငွေမရှိသဖြင့် စစ်ဘက်သုံးမှော်စက်များ တီထွင်ထုတ်လုပ်ရန် သက်သက်အာရုံစိုက်ခဲ့ကြသည်။

သို့ပေမယ့် ၎င်းတို့၏ ရန်ပုံငွေနှင့် လူအင်အား,အားလုံးကို စစ်တပ်သုံးမှော်စက်တွေဆီ အာရုံစိုက်ထားပါလျှင်တောင် ၎င်းတို့လိုချင်သည့် ရလဒ်တွေမှာ......."

စစ်တပ်သုံးမှော်စက်ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမြင်ခဲ့ရသည့်အရာကို တွေးကြည့်သောအခါ ခေါင်းဆောင်အရာရှိဒဲရက်ခ်သည် ခေါင်းယမ်း၍ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ခေါင်းဆောင်အရာရှိဒဲရက်ခ် မင်္ဂလာနံနက်ခင်းပါ။ မဟာမှော်ပညာရှင် မေဗီက ခင်ဗျားကိုစောင့်နေတယ်။" မှော်ပညာရှင် ၀တ်စုံဝတ်ထားသော သုတေသီတစ်ဦးသည် ဖြတ်သွားရင်း ခေါင်းဆောင်အရာရှိဒဲရက်ခ်အား နှုတ်ဆက်လာသည်။

“အင်း၊ မင်္ဂလာနံနက်ခင်းပါ။ ကျုပ် သူ့ကို အခု သွားတွေ့လိုက်မယ်။" ခေါင်းဆောင်အရာရှိဒဲရက်ခ်က အခြေစိုက်စခန်းထဲကို မဆင်းခင် ပြန်ဖြေလိုက်၏။

ဧရာမချိုင့်ဝှမ်းတစ်ခုထဲသို့ ဝင်ရောက်ပြီးနောက်၊ ခေါင်းဆောင်အရာရှိဒဲရက်ခ်သည် ဤစစ်တပ်သုံးမှော်စက်ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ တာဝန်ခံ မဟာမှော်ပညာရှင်မေဗီကိုတွေ့လိုက်ရသည်။

မဟာမှော်ပညာရှင် မေဗီသည် စခ်တိုင်းပြည်၏ မဟာမှော်ပညာရှင် ခုနစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး တော်ဝင်မိသားစုပိုင် မှော်သင်တန်းကျောင်း၏ ဒုတိယကျောင်းအုပ်ဖြစ်ခဲ့သည်။ သို့သော် ဤစစ်တပ်သုံးမှော်စက် ဖွံ့ဖြိုးတိုးတက်ရေးဌာနကို တွေ့ချိန်၌ သူ့ဆန္ဒအလျောက် ပြောင်းလာခဲ့သည်။

ခေါင်းဆောင်အရာရှိဒဲရက်ခ် မြင်ဖူးသော ကူးယူထားသည့် မှော်ကားကို သူလုပ်ထားခြင်းဖြစ်သည်။

ခေါင်းဆောင်အရာရှိဒဲရက်ခ် ရောက်လာသည်ကိုမြင်တော့ မဟာမှော်ပညာရှင် မေဗီက သူ့ကို လက်ပြနှုတ်ဆက်လာသည်။

"ခေါင်းဆောင်အရာရှိဒဲရက်ခ်၊ မင်း အချိန်ကိုက်ရောက်လာတာပဲ။ မနေ့က မင်းပြောခဲ့တဲ့ Frestech ကုန်သည်ကြီးများအသင်းအစောင့်တွေ သုံးတဲ့ အဝေးပစ် မှော်အမြောက်အကြောင်း၊ မင်းအတွက် ငါ့မှာ မေးခွန်းတချို့ရှိတယ်။"

“မေးပါ။” လေးစားစရာကောင်းသော မဟာမှော်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့်တိုင် ဒဲရက်ခ်သည် စိတ်ဝိဉာဉ်လိပ်တပ်ရင်း၏ အရာရှိချုပ်ဖြစ်ပြီး သူသည် အလွန်ယဉ်ကျေးဆဲဖြစ်သည်။

“Frestech ကုန်သည်ကြီးများအသင်းက အစောင့်တွေ မင်းကိုတိုက်ခိုက်တုန်းက အနည်းဆုံး နှစ်ကီလိုမီတာကျော် အကွာမှာရှိခဲ့တဲ့အကြောင်း မင်းမနေ့ကပြောခဲ့တယ်။ ဒါပေမယ့် မနေ့က တွက်ချက်ပြီးနောက်မှာ သိထားပြီးသား မှော်ပညာကို အခြေခံရရင်တားမြစ်အဆင့် မန္တာန်ကပဲ ဒီလို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးရှိမှာဖြစ်လို့ ဒါဟာ လက်တွေ့မကျဘူးဆိုတာ တွေ့ရှိခဲ့တယ်။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေက တားမြစ်အဆင့်မန္တာန်ကို သေချာပေါက် ထုတ်နိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်မို့လား”

"ဟုတ်ပါတယ်။" ခေါင်းဆောင်အရာရှိဒဲရက်ခ်က ခေါင်းညိတ်ပြသည်၊ " အကယ်၍ Frestech ကုန်သည်ကြီးများအသင်းက အစောင့်တွေသာ တားမြစ်အဆင့် မန္တာန်တွေကို ရှောင်တခင်ထုတ်နိုင်ရင် Frestech ကုန်သည်ကြီးများအသင်းက စိုင်စ်နယ်မြေကြီးကိုအလွယ်တကူ အုပ်ချုပ်နိုင်မှာမို့ ကျုပ်တို့ကိုဒုက္ခပေးစရာမလိုဘူး။

“ခေါင်းဆောင်အရာရှိဒဲရက်ခ် ဒီဟာသက ရယ်စရာတော့ မဟုတ်ဘူး။” မဟာမှော်ပညာရှင် မေဗီသည် မျက်မှောင်ကုပ်ပြီး ခေါင်းယမ်းကာ ပြောသည်၊ “အဲဒါဟာ စွမ်းအားအရာမှာလိုနေသေး တားမြစ်မန္တာန်မဟုတ်တာတော့ သေချာတယ်။ ဒီလိုဆိုရင် ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်၊ ဆိုလိုတာက ဒါဟာ မှော်အမြောက်အသေးတုန်းကလိုတူညီတဲ့မူကို လိုက်နာနေတာပဲ။ ဒီတိုက်ခိုက်မှုကို အသုံးပြုဖို့ အစွမ်းထက် မှော်အမြောက်တစ်ချို့နဲ့ ပစ်ခတ်ခဲ့တာပဲဖြစ်မယ် သဘောတူရဲ့လား?"

“အင်း၊ ဒီလိုမျိုးဖြစ်လောက်တယ်။" ခေါင်းဆောင်အရာရှိဒဲရက်ခ်က ခေါင်းညိတ်ပြပြီးနောက် ဆိုသည်၊ "မဟာမှော်ပညာရှင် မေဗီ၊ ဒါကို ကျုပ်တို့ အတည်ပြုပြီးပြီ မဟုတ်ဘူးလား။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းမှာ ကျုပ်တို့ထားခဲ့တဲ့ သူလျှိုတွေရဲ့ အချက်အလက် အပေါ်အခြေခံရရင် ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်တပ်မှော်စက် အခြေခံအုတ်မြစ်ပဲ။ ဒါကို ခင်ဗျား ရုတ်တရတ်မေးတာက ......"

“ဒါကိုပဲ အတည်ပြုရုံပါ။” မဟာမှော်ပညာရှင် မေဗီက လေးနက်သောဟန်ဖြင့် ပြောသည်၊ “ဘာလို့လဲဆိုတော့ ဒီမှာ အရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခုပါ၀င်တယ်။ Frestech ကုန်သည်ကြီးများအသင်းက မှော်အမြောက်တွေနဲ့ ဒီလောက်အထိ တိုက်ခိုက်နိုင်ပြီး ခင်ဗျားတို့ ခံတပ်တွေကို တိတိကျကျ ထိမှန်နိုင်တယ်၊ ဒါကြောင့် ဒီခံတပ်နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ အရာအားလုံးကိုရော ဘာလို့ မတိုက်ခိုက်ရတာလဲ။"

ခေါင်းဆောင်အရာရှိဒဲရက်ခ် အနည်းငယ် အံ့သြသွားသည်။ တွေးကြည့်သော် ဤသို့မေးခွန်းရှိမှန်း နားလည်လိုက်၏။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံမှ တိုက်ခိုက်ခြင်းကိုခံခဲ့ရစဉ်က၊ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံ၌ အစွမ်းထက်သော စစ်ဘက်သုံးမှော်စက်များ ရှိလိမ့်မည် ဟုသာ သူခံစားမိသည်။

သို့သော် ယခု သူ့ကို မဟာမှော်ပညာရှင်မေဗီက သတိပေးလိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းက လုပ်ခဲ့သည့်အရာမှာ တကယ့်ကို ထိတ်လန့်စရာကောင်းသည်အား တွေ့ခဲ့ရသည်။

အကွာအဝေးကို မဆိုထားနှင်၊ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ တိုက်ခိုက်မှုဧရိယာ၌ မတော်တဆ ထိခိုက်ဒဏ်ရာများ မဖြစ်ပေါ်စေရန် မည်သို့ ထိန်းချုပ်ထားသနည်း။

မြှားများသညပင် အမှားလုပ်မိမည်ကို သိထားရမည်။ သို့သော် ၎င်းတို့အား တိုက်ခိုက်ခြင်းခံရသောအခါ၊ Frestech ကုန်သည်ကြီးများအသင်း၏ မှော်အမြောက်မှ ပစ်ခတ်မှုများသည် စိတ်ဝိဉာဉ်လိပ်တပ်ရင်းမှသတ်မှတ်ထားသော ပထမခံတပ်များ၏ တစ်ဝက်ထံကိုသာ ရောက်သွားခဲ့ပြီး စစ်သားများထံမရောက်နိုင်ခဲ့ပေ။

အဆုံးတွင်၊ စိတ်ဝိညာဉ်လိပ်တပ်ရင်းသည် ခြောက်လကြာထူထောင်ခဲ့သော ခံတပ်များပျက်စီးသွားသော်လည်း စိတ်ဝိဉာဉ်လိပ်တပ်ရင်း၌မူ အစမှအဆုံးထိ တစ်ကြိမ်မျှ အသေအပျောက်မရှိခဲ့ပေ။

ယခု စဉ်းစားကြည့်လျှင် ၎င်းက စိတ်ဝိဉာဉ်လိပ်တပ်ရင်းကို သုတ်သင်လိုက်ခြင်းထက် ပိုကြောက်စရာကောင်းသည်။

Frestech ကုန်သည်ကြီးများအသင်းသည် စစ်တပ်သုံးမှော်စက်များ၏ စွမ်းအားက လူတို့စိတ်ကူးနိုင်သည့်အဆင့်ကို ကျော်လွန်နေပြီဟု ဆိုလိုသောကြောင့်၊ ၎င်းသည် ခေါင်းဆောင်အရာရှိဒဲရက်ခ်၏ အထွေထွေအသိပညာကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ခေါင်းဆောင်အရာရှိဒဲရက်ခ်၏မျက်နှာထက်ရှိ အမူအရာပြောင်းလဲသွားသည်ကိုမြင်လျှင် မဟာမှော်ပညာရှင်မေဗီသည် သူနားလည်လိုသောအရာကို နောက်ဆုံးတွင် နားလည်သွားသည်။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူဟာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ခေါင်းဆောင်အရာရှိဒဲရက်ခ်သည် ကြောင်တက်တက်ဖြင့် သူ့နောက်သို့ လိုက်သွားကာ ၎င်းတို့နှစ်ဦးသည် ဤချိုင့်ဝှမ်းရှိ ဧရာမစမ်းသပ်ကွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤကွင်း၏အလယ်၌ ဧရာမသတ္တုပိုက်ကြီးတစ်ခု တည်ရှိနေ၏။

“ဒါက စစ်တပ်ဌာနချုပ်က ပေးခဲ့တဲ့ အချက်အလက်တွေနဲ့ တီထွင်ထားတဲ့ မှော်အမြောက်ပဲ၊ အဲဒါကို ကြည့်ပြီး မင်းတို့ တပ်ရင်းရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကြည့်,ကြည့်။" မဟာမှော်ပညာရှင်မေဗီက ပြောပါ၏။

“ကောင်းပြီ။” ခေါင်းဆောင်အရာရှိဒဲရက်ခ်က သဘောတူကြောင်း ခေါင်းညိတ်သည်။

သို့သော်၊ အားကောင်းပုံရသော်လည ကွင်းပြင်အလယ်တွင် အလွန်ရှုပ်ထွေးနေသော မှော်အမြောက်ကို မြင်သောအခါတွင်တော့ သူ့တွင် မျှော်လင့်ချက်လုံးဝမရှိတော့ပေ။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်အမြောက်များသည် တိကျသော အမှတ်တိုက်ခိုက်မှုများကိုပင် ပစ်ခတ်နိုင်သည်၊ ဤ မှော်အမြောက်က ၎င်း၏ ထက်ဝက်ခန့်ပင် ရှိနိုင်ပါမည်လား။

All Chapters