← Chapters

အခန်း (၉၁-၁၀၀)

Vol. 6 Ch. 91-100

အခန်း (၉၁-၁၀၀)

Vol. 6 Ch. 91-100

Vol 6, အခန်း ၉၁။ မြေယာဝင်ရောက်ဖွင့်လှစ်ခြင်း။

တကယ်တမ်းတွင် ၎င်းမှာ ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်၏ ပူပန်မှုများမှာ ၎င်းထက် ပိုဆိုးပါ၏။

မဟာမှော်ပညာရှင် မေဗီပြောခဲ့သည့် ထို မှော်အမြောက်အား ထုတ်လုပ်ရန် စစ်တပ်သုံးမှော်စက်ထုတ်လုပ်ရေးဌာန၏ လက်ရွေးစင်အားလုံးအား သုံးလတာ အလုပ်ကြိုးစားစေခဲ့ပြီး ရွှေဒင်္ဂါး သုံးသိန်းလေးသောင်း ကုန်ကျခဲ့ရာ တိုက်ခိုက်နိုင်စွမ်း၌ဖြစ်စေ တိကျမှု၌ ဖြစ်စေ မှော်အမြောက်အစစ်နှင့် မနှိုင်းယှဉ်နိုင်ပါချေ။

မနက်ခင်း စမ်းသပ်မှုအတွင်း ထိုမှော်အမြောက်၏ အကောင်းဆုံး ပစ်ကွင်းမှာ တစ်ထောင်မီတာအောက်သာ ရှိပြီး အမြောက်စာမှာ ပစ်မှတ်မီ ငါးဆယ်ကီလိုမီတာကျော်အဝေး၌ သက်ဆင်းသွားခဲ့သည်။

၎င်းအား Frestech ကုန်သည်ကြီးများအသင်း၏ မှော်အမြောက်နှင့် ယှဉ်ရန်ပင်မလိုချေ။ ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်၏ စိတ်ဝိဉာဉ်တပ်ရင်း၌ပင် ၎င်းကို လက်ခံရန် ခက်ခဲစေလိမ့်မည်။

ဤသို့သော် မယုံကြည်ရသည့် အရာမျိုးမှာ ရန်သူကို တိုက်ခိုက်ဖို့ မဆိုထားနှင့် ၎င်းတို့၏ ဘက်တော်သားများကိုပါ မတော်တဆတိုက်ခိုက်မိစေနိုင်သည်။

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်အား စိတ်အားလျော့မှုနှင့် ပြည့်နှက်သွားစေခဲ့သည်မှာ စမ်းသပ်ပစ်ခတ်မှုအတွင်း၌ မှော်အမြောက်က တကယ်ကြီး.. ပေါက်ကွဲသွားခဲ့ခြင်းပင်!

ဤစွမ်းအားကြီးစစ်ဘက်သုံးမှော်စက်က တကယ်ကြီး ပေါက်ကွဲသွားခဲ့သည်လေ!

စစ်ဘက်သုံး မှော်စက်ထုတ်လုပ်ရေးဌာနနှင့် ဝေးကွာနေခဲ့စဉ်တွင် ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ စိတ်ထဲ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

မဟာမှော်ပညာရှင် မေဗီက သူ့နံဘေး၌ရှိနေပြီး အားလုံးကို ကာကွယ်ရန် မှော်အကာအရံကို ပုံဖော်လိုက်ခြင်းကြောင့်သာ မဟုတ်ပါက မှော်အမြောက်၏ ပေါက်ကွဲမှုမှာ သူနှင့် အနီးဝန်းကျင်ရှိ လူများအားလုံးကို အရိုးတခြား အသားတခြားစီဖြစ်နေစေလောက်၏။

ထို့အပြင် မဟာမှော်ပညာရှင် မေဗီမှာ ထိုသို့သော ထိတ်လန့်ဖွယ်အရာမျိုးကို အင်မတန် တည်ငြိမ်နေခဲ့သည်။ သူဟာ ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်အား ၎င်းက ပုံမှန်သာ ဖြစ်သဖြင့် ဇာချဲ့နေရန် မလိုဟုပင် ဆိုခဲ့သည်။

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က ထိုအကြောင်းမေးသည့်အခါ စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးဌာနကို တည်ဆောက်ပြီးကတည်းက ဤသို့သော မတော်တဆမျိုး အခါနှစ်ဆယ်ကျော် ဖြစ်ခဲ့ဖူးသည်ကို သိလိုက်ရသည်။ ၎င်းကြောင့် မဟာမှော်ပညာရှင် မေဗီက အင်မတန်‌တည်ငြိမ်နေရခြင်းပင်။

"မှော်သုတေသနလုပ်ခဲ့အခါမှာ မတော်တဆတွေကို ကြုံရတာ ပုံမှန်ပါပဲ ဘာစိုးရိမ်စရာရှိမှာလဲ?"

မဟာမှော်ပညာရှင် မေဗီက ထိုသို့ပြောချိန်၌ အင်မတန်တည်ငြိမ်နေသည်ကို စဉ်းစားရင်း ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ ကူရာမဲ့စွာ ခါးခါးသီးသီးရယ်မောလိုက်မိသည်။

စစ်ဘက်သုံးမှော်စက်များကဲ့သို့ အန္တရာယ်ရှိသည့် အရာများကို လေ့လာနေစဉ်တွင် အန္တရာယ်များသည့် မတော်တဆများရှိလောက်မည်ကို သူလည်းသဘောတူသောကြောင့် မဟာမှော်ပညာရှင် မေဗီ၏စကားများကို မငြင်းဆန်နိုင်ပေ၊ သို့သော် ၎င်းက သူ့အား အရာတစ်ခုကို ရှင်းလင်းသွားစေသည်။ စခ်တိုင်းပြည်၏ စစ်ဘက်သုံးမှော်စက် လက်ရှိသုတေသနမှာ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်ရန် ဝေးကွာနေသေးသည်။

Frestech ကုန်သည်ကြီးများအသင်းကို လိုက်မှီရန် စစ်ဘက်သုံးမှော်စက် ထုတ်လုပ်ရေးဌာနကို မှီခိုခြင်းက အရူးအိပ်မက်လိုပင်။

၎င်းတို့သာ စစ်ဘက်သုံးမှော်စက်အပိုင်း၌ Frestech ကုန်သည်ကြီးများအသင်းကို လိုက်မမှီနိုင်လျှင် စခ်တိုင်းပြည်မှာ ဘယ်တော့မှ ပြန်လည် ဦးမော့နိုင်မည်မဟုတ်တော့ပေ။

ဤသည်မှာ ခေါင်းဆောင်အရာရှိ ဒဲရန့်ခ် အစိုးရိမ်မိဆုံးအရာပါပင်။

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ မျက်မှောင်တင်းတင်းကုပ်လျက်ဖြင့် မြင်းလှည်းကိုစီးကာ နော့ဒ်ဟမ်မြို့တော်သို့ ပြန်သွားလိုက်သည်။ မော့ကြည့်‌လိုက်သော နေ့လည်ပင်ရောက်နေပြီဖြစ်ရာ ဌာနချုပ်၌ အစီရင်ခံပြီး ထောက်လှမ်းရေးဌာနကို စစ်ဆေးရန် စီစဉ်ခဲ့ပါသော်လည်း ရုတ်တရတ် ရင်းနှီးနေသည့်အလံနှင့် မှော်ကားတန်းတစ်ခုက မြို့ထဲမှ ဖြည်းဖြည်းချင်းထွက်သွားသည်ကို မြင်လိုက်ရသည်။

လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့ သံတမန်ရေးဆက်နွယ်မှု ပြုခဲ့ပြီး စခ်တိုင်းပြည်နှင့်အတူ Frestech ကုန်သည်ကြီးများအသင်းတို့ စတင်အလုပ်တွဲလုပ်ခဲ့ကတည်းက နော့ဒ်ဟမ်မြို့တော်၌ မှော်ကားများကို မြင်ရသည်မှာ မထူးဆန်းပါချေ။

သို့သော်ဤမှော်ကားတန်းအနေနှင့် ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်၏ အာရုံကို ဖမ်းစားလိုက်သည်မှာ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုနေသော အလံကြောင့်ပါပင်!

"အဲ့ဒါတွေက Frestech ကုန်သည်ကြီးများအသင်းဆီက ကိုယ်စားလှယ်တွေလား? ဘယ်လိုလုပ် ရုတ်တရတ်ကြီး နော့ဒ်ဟမ်မြို့တော်ကို ရောက်လာတာပါလိမ့်?" ဤမေးခွန်းက ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်၏ စိတ်ထဲပြည့်သွားပြီးနောက် သူဟာ ရုတ်တရတ် တစ်ခုကို စဉ်းစားမိသွားသည်။

လရိပ်မျိုးနွယ်စုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူအလုပ်လုပ်ကာ လရိပ်မျိုးနွယ်စု၏ နယ်မြေရှိ စိတ်ဝိဉာဉ်တပ်ရင်း အတားအဆီးကို ဖယ်ထုတ်ခဲ့သည်။ ၎င်းအား အများပြည်သူရှေ့ မချပြခဲ့သလို စခ်တိုင်းပြည်၌ အုတ်အော်သောင်းတင်း ကြီးကြီးမားမားမဖြစ်ပွားခဲ့သော်လည်း စစ်ဌာနချုပ်၌ ဆွေးနွေးနေကြသည်ကို မဆိုထားနှင့်ထိုကိစ္စ၏ အကျိုးဆက် လုံးဝမရှိဖို့က မဖြစ်နိုင်ပါချေ။

လွန်ခဲ့သည့် သုံးရက်အကြာက ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ စခ်တိုင်းပြည်သို့ ကိုယ်စားလှယ်တစ်ဦးပို့ပေးမည်ဟု သတင်းရခဲ့ပြီး ၎င်းတို့ ဆွေးနွေးရမည့်အရာမှာ လရိပ်မျိုးနွယ်စု၏ နယ်မြေနှင့် စပ်ဆိုင်နေလိမ့်မည်။

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ ၎င်းကိုကြားသော် မယုံနိုင်အောင်ဖြစ်ခဲ့ရ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ စခ်တိုင်းပြည်၏ တပ်ရင်းကို တိုက်ခိုက်ရန် ၎င်းတို့၏ အစောင့်များ စေလွှတ်ခဲ့ဖူးပြီး ယခု၌ ၎င်းတို့က ကိုယ်စားလှယ်တစ်ဦးပေးပို့လိုက်ရာ ၎င်းတို့မှာ တကယ်ကို စခ်တိုင်းပြည်အား မျက်လုံးထဲ ထည့်မထားခြင်းပါပေ။

သို့သော် စဉ်းစားမိပြီးနောက် သူဟာ အဓိပ္ပာယ်ရှိသလို ခံစားခဲ့ရသည်။

လိုက်နာခြင်းမရှိပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ မည်သို့များ လှုပ်ရှားလိမ့်ပါမည်နည်း?

Frestech ကုန်သည်ကြီးများအသင်းမှာ နော့ဒ်ဟမ်မြို့တော်၌ ပေါ်ထွက်လာခဲ့ပြီး ထွက်ခွာဖို့ပြင်ဆင်နေလေရာ ဆွေးနွေးမှု ပြီးဆုံးသွားသည့် အဓိပ္ပာယ်လေလား?

ရလာဒ်ကရော ဘယ်လိုရှိလဲ?

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ စစ်ဌာနချုပ်သို့သွားမည့် သူ၏ အစီစဉ်ကို ပြောင်းကာ မြင်းလှည်းအား ဦးတည်ဘက်လဲ၍ နော့ဒ်ဟမ်မြို့တော်မြောက်ပိုင်းသို့ ဦးတည်လိုက်၏။

"Frestech ကုန်သည်ကြီးများအသင်းရဲ့ တောင်းဆိုမှုက ဘာတဲ့လဲ?" စခ်တိုင်းပြည်၏ ကုန်သွယ်ရေးဌာန ခေါင်းဆောင် ပေါလာအယ်ဗင်က ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်ကို တအံ့တဩကြည့်လိုက်၏၊ "ဟေး ဒဲရန့်ခ်.. တိုက်ခိုက်တာကို စိတ်ဝင်စားတဲ့လူက ဘယ်လိုလုပ် ဒါကို ရုတ်တရတ် စိတ်ဝင်စားလာရတာလဲ?"

"အဓိပ္ပာယ်မရှိတာ ကျုပ်တို့ အရင်ရက်လေးတွေကတင် Frestech ကုန်သည်ကြီးများအသင်းအစောင့်တွေနဲ့ တိုက်ခိုက်ခဲ့တာမို့ သူတို့ရဲ့ လှုပ်ရှား‌မှုတွေကို သဘာဝကျကျပဲ အာရုံစိုက်ရမှာပေါ့။" ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က မပျော်ရွှင်စွာဆိုလိုက်၏။

သူနှင့် ပေါလာအယ်ဗင်တို့မှာ အတန်းဖော်များဖြစ်ခဲ့ကြပြီး မိတ်ဆွေဟောင်းများဖြစ်လေရာ သဘာဝကျစွာပင် သူ ပြောလိုသည့်အရာကို ပြောနိုင်ပါ၏။

"ဒီလိုလား... ဒါပေမယ့် မင်းတို့ စိတ်ဝိဉာဉ်တပ်ရင်းက ထွက်ပြေးရတဲ့အထိကို ရှုံးခဲ့ပြီး လုံးဝ ပြန်မတိုက်နိုင်ခဲ့ဘူးဆို။" ခေါင်းဆောင်အယ်ဗင်က စနောက်‌လိုဟန်ပြုံးကာ ဆို၏။

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ မျက်လုံးများကို လှိမ့်၍ ကူရာမဲ့ဟန်သက်ပြင်းချလိုက်၏၊ "တခြားနည်းမရှိဘူးလေ အဲဒီ Frestech ကုန်သည်ကြီးများအသင်းက အရမ်းသန်မာလွန်းနေရုံပဲ။ ငါတို့ စိတ်ဝိဉာဉ်တပ်ရင်းမပြောနဲ့ မားလိုအင်ပါယာတို့ ကန်ဒရာအင်ပါယာတို့က လက်ရွေးစင်တွေတောင် သူတို့ကို ရပ်တန့်နိုင်မယ်မထင်ဘူး။"

"အဲ့လိုလား? မင်းက တိုက်ခိုက်တာကို လက်လျှော့လိုက်တာပဲ မဟုတ်ဘူးလား?"

"သေလေ!" ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က ဒေါသထွက်သွားသည်၊ "စစ်သည်တစ်ယောက်အနေနဲ့ လက်လျှော့ဖို့ကို ဘယ်လိုလုပ် အလွယ်လေးပြောရမှာလဲ! တော်ပြီ စကားတွေမဖြုန်းတီးတော့ဘူး။ ပြောစမ်းပါ Frestech ကုန်သည်ကြီးများအသင်းရဲ့ ကိုယ်စားလှယ်က ဘယ်လိုတောင်းဆိုမှုတွေလုပ်သွားတာလဲ? သူတို့က ငါတို့ကို သင်ခန်းစာတစ်ခု သင်ပေးခဲ့ရုံဆိုတော့ တောင်းဆိုမှုတွေပဲရှိတယ်မဟုတ်လား?"

"သူတို့ တောင်းဆိုမှုတော့ လုပ်ခဲ့ပေမယ့် အလွန်ကြီးလို့ပြောရင်တော့... မမှန်လောက်ဘူး။" ခေါင်းဆောင်အယ်ဗင်က ခေါင်းခါသည်၊ "အနည်းဆုံးတော့ ငါ့အတွက်က စခ်တိုင်းပြည်အတွက် အလွန်အကျွံဖြစ်မနေဘဲနဲ့ အများကြီးအကျိုးရှိစေမယ့်အရာပဲ။"

"အကျိုးရှိတယ်?" ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ အံ့ဩသွားပါ၏၊ "ဘယ်လိုဖြစ်နိုင်မှာလဲ?"

"မဖြစ်နိုင်တာ မရှိပါဘူး။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ကိုယ်စားလှယ်က ငါတို့စခ်တိုင်းပြည်ကို အနောက်ပိုင်းနယ်မြေဖွင့်စေချင်နေတယ်၊ နယ်မြေကြီးမြောက်ပိုင်းက ဆန်နက်မြေရိုင်းကနေ ဦးဆောင်နေတဲ့ လမ်းတစ်လမ်းဖောက်ဖို့လေ။ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေကနေ ဆန်နက်မြေရိုင်းကို ဦးတည်နေပြီး နောက်တော့ ငါတို့စခ်တိုင်းပြည်ကနေ အနောက်နိုင်ငံတွေရောက်တဲ့အထိ လမ်းတစ်လမ်းဖောက်ချင်နေတာ။ ဒါက သူတို့အတွက် မြောက်ပိုင်းကို ကုန်စည်တွေ ပို့ဖို့ ပိုလွယ်စေလိမ့်မယ်။"

"အိုး? Frestech ကုန်သည်ကြီးများအသင်းက ဒီလိုစီစဉ်ထားတာလား?" ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် မနေနိုင်စွာ အသာခေါင်းငြိမ့်လိုက်သည်၊ "ကြည့်ရတာ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပုံစံလိုပဲ နားထောင်ကောင်းပေမယ့် Frestech ကုန်သည်ကြီးများအသင်းက မြောက်ပိုင်းပင်လယ်ပြင်ကို လမ်းကြောင်းရှာဖို့ သင်္ဘောတစ်စုလွှတ်လိုက်တယ်ဆို? သူတို့ ဒီပင်လယ်လမ်းကြောင်းကို ဖွင့်ချင်ရင် ဘာလို့ ကုန်းလမ်းမှာ ဒီအားထုတ်မှုကို ဖြုန်းတီးနေတော့မှာလဲ?"

"ပင်လယ်လမ်းကြောင်းက မညီမျှဘူးလေ။ အရေးကြီးဆုံး ကွာခြားချက်က ဆောင်းရာသီရောက်လာရင် မြောက်ပိုင်းပင်လယ်က ခဲသွားပြီး Frestech ကုန်သည်ကြီးများအသင်းလည်း ပင်လယ်ပို့ဆောင်ရေးကို အားမကိုးနိုင်တော့ဘူး။ ဒီတော့ ငါသာ ရှုယီဆို ကုန်းကြောင်းပို့ဆောင်ရေးလမ်းကို ရှာမှာပဲ။" အယ်ဗင်က ရှင်းပြ၏။

"အိုး... ဒါဆို အဓိပ္ပာယ်က Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ လရိပ်မျိုးနွယ်စုနဲ့အတူ သူတို့အစောင့်တွေကို တိုက်ခိုက်ဖို့ ပို့လိုက်တာက ဒါအတွက် လေးနဲ့ပေါ့?"

"သူတို့ရဲ့ လက်ရှိ အပြုအမူအရဆို ဒီတိုင်းဖြစ်လောက်တယ်"

"ဒါဆို ဘာလို့ ဒီလိုလုပ်ရတာလဲ အစိုးရကို ပြောလိုက်ရုံပဲလေ။" ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က ရှုပ်ထွေးသွားသည်။

"မင်းအထင်... Frestech ကုန်သည်ကြီးများအသင်းကသာ ဘာမှမလုပ်ခဲ့ရင် အစိုးရက အလွယ်လေး သူတို့အတွက် ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ပေးမယ်ထင်လား?" ခေါင်းဆောင် အယ်ဗင်က မေးသည်။

"ဒါက..." ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်မှာ စဉ်းစားလိုက်ပြီးနောက် ခါးသက်သက်ပြုံး၍ ခေါင်းခါသည်။

စခ်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့နယ်မြေကို ဖွင့်လှစ်ပေးလျှင် လူများစွာက စိန်ခေါ်မှုတစ်ရပ်သဖွယ်ခံစားရပြီး အောင်မြင်မှသာ ထူးဆန်းနေလိမ့်မည်။

"အိုင်း ဘယ်တုန်းက ငါတို့စခ်တိုင်းပြည်က အားနည်းသူတွေကိုပဲ အနိုင်ကျင့်နိုင်တဲ့နေရာဖြစ်သွားရတာလဲ..." ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က စိတ်ထဲ ခါးသက်သက်ရယ်မောလိုက်သည်။ သူမော့ကြည့်စဉ်တွင် ခေါင်းဆောင်အယ်ဗင်၏ မျက်နှာထက် အပြုံးကိုမြင်နေရသဖြင့် မနေနိုင်ဘဲ သိလိုစွာ မေးမိသည်၊ "ဘာလို့ အရမ်းပျော်နေပုံပေါ်နေတာလဲ? မင်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ ကုန်သည်စု ငါတို့နယ်မြေကနေ ပြေးသွားတာကို မရှက်ဘူးလား?"

"ရှက်ရမယ်?" ခေါင်းဆောင်အယ်ဗင်မှာ နားမလည်ဟန် မျက်တောင်ခတ်လိုက်ပြီးနောက် တစ်ခါ ထပ်ပြုံး၏၊ "ဟုတ်ပြီလေ မင်းတို့စစ်သားတွေ ဘာ‌စဉ်းစားနေမှန်းနာလည်တယ် ဒါပေမယ့် ရိုးသားရရင် ကုန်သွယ်ရေးဌာနက ခေါင်းဆောင်အနေနဲ့ ငါ့အတွက် Frestech ကုန်သည်ကြီးများအသင်းက အကောင်းဆုံးပါတနာပဲ။ ငါတို့က သူတို့နဲ့အတူ အလုပ်လုပ်ဖို့ အစပျိုးချင်နေတာလေ၊ Frestech ကုန်သည်ကြီးများအသင်းကို လုံးဝ ရန်လိုချင်စိတ်မရှိဘူး။"

"ဘာလို့လဲ?"

"ဘာလို့လဲ? မင်း ဒဲရန့်ခ် မင်းတို့စစ်သားတွေက တစ်နေကုန် ရံပုံငွေကို ဘယ်လိုတောင်းရမလဲပဲ သိတာ၊ နိုင်ငံက စစ်ဌာနချုပ်ကိုပေးတဲ့ ရံပုံငွေတွေ ဘယ်ကရလဲ ဂရုစိုက်လား?"

ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်၏ မျက်နှာက နီသွားကာ ချောင်းဟန့်၏၊ "ဒါက... ငါနည်းနည်းတော့ ဂရုစိုက်ပါသေးတယ်။ နိုင်ငံဘဏ္ဍာက အခု သိပ်အခြေနေမကောင်းသလို ရံပုံငွေကလည်း ကြပ်တာကို ငါသိပါတယ်။"

"သိရင်ပြီးတာပဲလေ!" ခေါင်းဆောင်အယ်ဗင်က နှာမှုတ်၏၊ "ပြောပါရစေ ငါတို့ လွန်ခဲ့တဲ့ ၂နှစ် Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်စလုပ်ကတည်းက စခ်တိုင်းပြည်ရဲ့ စီးပွားခွန်က နှစ်တိုင်း တိုးလာတယ်။ အထူးသဖြင့် ဒီနှစ်မှာ လက်ရှိလမ်းကြောင်းကို လိုက်ကြည့်ရင် ဒီနှစ်အခွန်က လွန်ခဲ့တဲ့သုံးနှစ်အကြာကထက် လေးဆပိုကြီးလိမ့်မယ်! ဒါက ဘာအဓိပ္ပာယ်လဲသိရဲ့လား?"

"လေးဆ?" ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က အံ့ဩသွား၏၊ "အဲ့ဒါက အဲ့လောက်တောင်များတာလား?"

"အဲ့လောက်များတာပေါ့" ခေါင်းဆောင်အယ်ဗင်က အလေးအနက်ပြောလိုက်၏၊ "ဒဲရန့်ခ် Frestech ကုန်သည်ကြီးများအသင်းက ငါတို့နဲ့ အလုပ်အတူ တွဲလုပ်လာတာက ငါတို့အတွက် အခွင့်ကောင်းပဲ။ Frestech ကုန်သည်ကြီးများအသင်းက ငါတို့ စစ်ဘက်ကို လက်လျှော့‌ရအောင် တွန်းအားပေးဖို့ ဒီလိုလှုပ်ရှားမှုကြီးလုပ်ခဲ့တာက ဒီလိုမလုပ်ခဲ့ရင်တောင် ငါက သူတို့ကို လက်လျှော့အောင် ကုန်သွယ်ရေးဌာနကို ကိုယ်စားပြုပေးလိုက်မယ်!

ခေါင်းဆောင်အယ်ဗင်၏ မျက်နှာထက်ရှိ လေးနက်နေဟန်ကိုမြင်သော် ခေါင်းဆောင်အရာရှိ ဒဲရန့်ခ်က နှုတ်ခမ်းများတွန့်ကွေးကာ မည်သည်ကိုမှ မဆိုပေ။

အဘယ့်ကြောင့် သူဟာ နိုင်ငံကိုကာကွယ်သည့်စစ်သားများကို စဉ်းစားချိန်၌ အပြစ်သားတွေကဲ့သို့ ခံစားနေသနည်း?

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၂။ ရင်းမြစ်များစုဆောင်းခြင်း

အနီရောင်မျဉ်းမှာ စတက်တိန်းနယ်မြေမှ ထွက်ခွာသွားပြီး ဆန်နက်မြေရိုင်းကိုဖြတ်၍ မြောက်ဘက် စခ်တိုင်းပြည်ထံ ဦးတည်လာသည်။ ၎င်းက ကမ်းရိုးတန်းတောက်လျှောက် ဆက်သွားကာ မြောက်ဘက်သို့ ဦးတည်၍ စခ်တိုင်းပြည်၏ မြောက်ပိုင်းရှိ ဒိုရန်တိုင်းပြည်ကို ဖြတ်သန်းပြီးနောက် နောက်ထပ် မြောက်ဘက်ပိုကျသည့် ကာကီဒွန်တိုင်းပြည်ထဲ ဝင်လာသည်။ ထို့နောက် ၎င်းက အရှေ့ပိုင်းကို ဖြတ်တောက်၍ မြောက်ဘက်ရှိ နိုင်ငံငယ်များစွာကို ဖြတ်သန်းလာကာ မြေပုံ၏ အစိတ်ပိုင်းကြီးကြီးအား ယူထားသော မားလိုအင်ပါယာသို့ ရောက်ရှိလာ၏။

ရှုယီမှာ ထိုမျဉ်းအား ဆွဲနေသည့်လက်ကို ပြန်ရုတ်ကာ နောက်သို့ နှစ်လှမ်းဆုတ်ရင်း မျက်လုံးများက ထိုမျဉ်းအနီကို တစ်ဖန်ကြည့်ရှုလိုက်သည်။ နောက်ဆုံး၌ မားလိုအင်ပါယာ၏ မြို့တော် အန်ဂျလိုမြို့တော်ရှိရာ အဆုံးသို့ရောက်သွားရာ သူလည်း စိတ်တိုင်းကျဟန် ခေါင်းငြိမ့်လိုက်ပါ၏။

ဤမျဉ်းအနီမှာ Frestech ကုန်သည်ကြီးများအသင်းအား မြောက်ပိုင်းနိုင်ငံများနှင့် ဆက်သွယ်ပေးမည့် လမ်းဖြစ်သည်။ ၎င်းအားတည်ဆောက်ပြီးသည်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များအား ဤလမ်းမှတဆင့် မြောက်ပိုင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ရာ အနှီနိုင်ငံများ၌ မှော်စက်များကို ကျော်ကြားလာစေနိုင်သည်။

တစ်ချိန်တည်းမှာပင် ဤလမ်းမှာ Frestech ကုန်သည်ကြီးများအသင်းမှ မားလိုအင်ပါယာသို့ နောက်ထပ်လမ်းတစ်လမ်းဖြစ်သည်။ ၎င်းမှာ လမ်ပူရီတိုင်းပြည်၊ ဒရိတ်ခ်နယ်မြေနှင့် ဖော့ခ်တိုင်းပြည်တို့ကိုဖြန်ကျော်၍ လုပ်ဆောင်မည်ဖြစ်ပြီး အဆုံးမဲ့ပင်လယ်ပြင်ကို ဖြတ်သန်းသည့် ပင်လယ်လမ်းကြောင်းလိုပါပင်။ ဤလမ်းသုံးလမ်းအား တစ်ခုလည်း လုပ်ခြင်းဖြင့် Frestech ကုန်သည်ကြီးများအသင်းအား မားလိုအင်ပါယာနှင့် အခြားအနောက်နိုင်ငံများနှင့် ပို၍ နီးကပ်လာစေသည်။

စဉ်းစားပြီးနောက် ရှုယီမှာ မားလိုအင်ပါယာ၏ ညာဘက်ကို မျဉ်းအနီအား ဆက်လိုက်၏။ သူဟာ အရှေ့မြောက်ပိုင်းရှိ နိုင်ငံများစွာကို ဖြတ်ကျော်လျက် တိုက်ရိုက်မျဉ်းကြောင်းရေးဆွဲကာ အရှေ့တောင်ဘက်ရှိ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံထံ ရောက်လာခဲ့သည်။ ထို့နောက် မျဉ်းကို စတက်တိန်းနယ်မြေ တောင်ပိုင်းမှ ဆက်ကာ နောက်ဆုံးတွင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံရှိ ဆိပ်ကမ်း၌ အဆုံးသတ်လိုက်သည်။

၎င်းပြီးပြည့်စုံသည့် ကုန်သွယ်ရေးလမ်းကြောင်းက ပို၍ ဝေးလံသော အစီစဉ်ပါပင်။

သူသာ ဒါကို ပြီးမြောက်အောင် လုပ်နိုင်ရင် Frestech ကုန်သည်ကြီးများအသင်း ဟာ စိုင်စ်နယ်မြေကြီးရှိ နိုင်ငံအားလုံးမှာ မှော်စက်တွေကို အရောင်းမြှင့်တင်ရာမှာ အောင်မြင်လာမှာ ဖြစ်ပါတယ်။ ဆိုလိုတာက သူ့အိပ်မက်နဲ့ နီးတယ်။

သို့သော် သူသေသေချာချာကြည့်လျှင် ကန်ဒရာအင်ပါယာဖြစ်သည့် ဤကုန်သွယ်ရေးလမ်းကြောင်းတွင် ကွက်လပ်ကြီးတစ်ခု ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။

ယခုအချိန်အထိ ကန်ဒရာအင်ပါယာသည် ၎င်းတို့၏အနောက်တောင်ပိုင်းပြည်နယ်တွင် ကီလိုမီတာငါးရာထက်နည်းသောလမ်းကို တည်ဆောက်ခဲ့သည်။ လမ်းတစ်လျှောက်လုံးရှိ စတက်တိန်းနယ်မြေ နှင့် လမ်ပူရီတိုင်းပြည်တို့နှင့် နှိုင်းယှဥ်ပြောစရာမရှိသော်လည်း၊ ဒရိက်ခ်နယ်မြေ နှင့် မီရန်ဒိုနယ်မြေတို့နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် နှိုင်းယှဉ်ရန်အလှမ်းဝေးနေပါသည်။

ကန်ဒရာအင်ပါယာသည် လမ်းများဖောက်လုပ်ရန် စိတ်ဝင်စားခဲ့သော်လည်း လအတော်ကြာပြီးနောက် ယင်းကို အကောင်အထည်မဖော်နိုင်သေးပေ။

ဥက္ကဌ ခရုစ်သည် ကန်ဒရာအင်ပါယာအတွက် အလွန်စိတ်လှုပ်ရှားနေသော်လည်း အမ်ရစ်ကုန်သည်ကြီးများအသင်း သည် ဤလများအတွင်း ကန်ဒရာအင်ပါယာမှ လမ်းများဖောက်လုပ်ရန် အမိန့်ကို တစ်ခါမှ မရရှိခဲ့ပါ။

အမ်ရစ်ကုန်သည်ကြီးများအသင်း သည် မားလိုအင်ပါယာကို လုံးလုံးလျားလျား အာရုံစိုက်စေသည့် ကီလိုမီတာ နှစ်ထောင်ကျော်ရှိသော လမ်းသုံးလမ်းကို ပြီးစီးနေပြီဖြစ်သော မားလိုအင်ပါယာနှင့် နှိုင်းယှဉ်ခဲ့သည်။

ကန်ဒရာအင်ပါယာအတွက်ကတော့ သူတို့ စောင့်နေရုံပါပဲ။

သို့သော် ဤသည်မှာ ရှုယီ မြင်ချင်သောအရာမဟုတ်ပေ။

ကန်ဒရာအင်ပါယာ၏ နယ်မြေသည် အလွန်ကျယ်ဝန်းပြီး တောင်ပိုင်းတိုက်ကြီး၏ ထက်ဝက်ကျော်ကို နေရာယူထားသည်။ Frestech ကုန်သည်ကြီးများအသင်းတွင်ရှိနေသည့်စတက်တိန်းဒုချီသည် တောင်ပိုင်းထောင့်တွင်အခြားနိုင်ငံများသို့သွားလိုပါက ကန်ဒရာအင်ပါယာကိုဖြတ်သန်းရမည်ဖြစ်သည်။

သို့သော်လည်း ကန်ဒရာအင်ပါယာသည် ရှုယီ၏အကြံအစည်ကို ပိတ်ဆို့ထားသောကြောင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခဲ့သေးပေ။

ဤအကွက်ကြီးသည် ရှုယီ ၏လည်ချောင်းရှိ ငါးရိုးနှင့်တူသည်၊ သူမည်ကဲ့သို့ကြည့်သည်ဖြစ်စေ အဆင်မပြေပုံရသည်။

"ဒီကမ္ဘာမှာ ခေါင်းဆောင်မဟာမှော်ပညာရှင်လို ချိန်ခွင်လျှာကို ချိုးဖျက်နိုင်တဲ့ အရာတစ်ခုမှ မရှိခဲ့ရင်....." ရှုယီ တွေးမနေနိုင်။

ကန်ဒရာအင်ပါယာရှိ ခေါင်းဆောင်မဟာမှော်ပညာရှင် ကိုးယောက်အတွက် သူ စိတ်မပူခဲ့ပါက ရှုယီ သည် လက်ရှိ Frestech ကုန်သည်ကြီးများအသင်း အစောင့်များနှင့်အတူ ကန်ဒရာအင်ပါယာ၏စစ်တပ်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဖြစ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ယခုအချိန်တွင် မအောင်မြင်နိုင်သောကြောင့် ရှုယီ သည် အခြားနည်းလမ်းများကို စဉ်းစားရသောကြောင့် အစွမ်းထက်သော ခေါင်းဆောင်မဟာမှော်ပညာရှင် ကြောင့်ဖြစ်သည်။

“မေ့လိုက်ပါ၊ ကန်ဒရာအင်ပါယာက ဒီလိုမိုက်မဲမှုမျိုး မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။”

ရှုယီ သည် ကန်ဒရာအင်ပါယာမှ လှည့်ထွက်သွားပြီး မြေပုံပေါ်တွင် ထိုမျှလောက်ကြီးမဟုတ်သော အဆုံးမဲ့ပင်လယ်များဆီသို့ လှည့်သွားကာ လက်တွေ့တွင် စိုင်စ်နယ်မြေကြီးထက် အဆများစွာကြီးမားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းမှလာသော အပြာရောင်လိုင်းသုံးလိုင်းရှိသည်။ တစ်ခုက မားလိုအင်ပါယာ၏မြောက်ဘက်သို့ရောက်ရန် မြောက်ဘက်ကမ်းကိုဖြတ်၍ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

တစ်ခုက တောင်ဘက်သို့သွားကာ အရှေ့တောင်ဘက်ရှိ နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်တွင်အဆုံးသတ်ခြင်းမပြုမီ စတက်တိန်းနယ်မြေ ကိုဖြတ်ကာ တောင်ဘက်သို့သွားခဲ့သည်။

နောက်ဆုံးသူသည် အနောက်ဘက်သို့ တိုက်ရိုက်သွားကာ အဆုံးမဲ့ပင်လယ်ထဲသို့ ဝင်ကာ အနားတွင် ရပ်လိုက်သည်။

ဤလိုင်းသည် အနောက်ပင်လယ်ကိုစူးစမ်းလေ့လာရန် ရှုယီ စေလွှတ်ခဲ့သော Frestech ကုန်သည်ကြီးများအသင်းအစောင့်တပ်ကို ကိုယ်စားပြုသည်။

ဤရေယာဉ်စုသည် အနောက်ဘက်တွင် ကျွန်းတစ်ကျွန်းကို စူးစမ်းလေ့လာခဲ့သည်။ ယင်းက ၎င်းတို့သည် အလွန်နှေးကွေးစွာ ရွေ့လျားသည်ဟု အဓိပ္ပာယ်ရသော်လည်း ၎င်းသည် အလွန်တည်ငြိမ်သည်။ ယခုအချိန်အထိ ၎င်းတို့သည် ပင်လယ်ထဲသို့ ကီလိုမီတာခြောက်ရာကျော်သွားခဲ့ပြီး စတက်တိန်းဒုချိထက်ပင် ပိုကြီးမားသည့် ပင်လယ်၏အစိတ်အပိုင်းကြီးကို ထိန်းချုပ်ထားသည်။

ဒီရေတပ်က ပြန်ပို့တဲ့ အစီရင်ခံစာတွေအရ၊ ဒီကျွန်းစုတွေပေါ်မှာ သယံဇာတ အမျိုးမျိုးအပြင် တခြား ပင်လယ်ရေအရင်းအမြစ်တွေ ပေါများတယ်လို့ ဖော်ပြထားကြသည်။

အကယ်၍ ၎င်းတို့သည် ဤပင်လယ်များကို ထိန်းချုပ်နိုင်လျှင် Frestech ကုန်သည်ကြီးများအသင်းသည် ခိုင်မာသောကျောထောက်နောက်ခံရှိမည်ဖြစ်ပြီး အရင်းအမြစ်များနှင့်ပတ်သက်၍ အခြားသူများက ထိန်းချုပ်မည်မဟုတ်ပါ။

ဤအရင်းအမြစ်ပြဿနာကို တွေးတောရင်း ရှုယီ က မျက်ခုံးကို အနည်းငယ်ထိုးလိုက်သည်။

စတက်တိန်းနယ်မြေ သည် ကြီးကြီးမားမားမဟုတ်ပဲ အရင်းအမြစ်အနည်းငယ်သာရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်း မှ လိုအပ်သော အရင်းအမြစ်များနှင့် မှော်သလင်းကျောက် အများအပြားသည် ပတ်ဝန်းကျင်နိုင်ငံများမှ လာပါသည်။

လမ်ပူရီတိုင်းပြည်တွင် မှော်စက်လုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးနေပြီး ၎င်းတို့သည် သတ္တုအရင်းအမြစ်များနှင့် မှော်သလင်းကျောက် များ ပိုမိုလိုအပ်သောကြောင့်၊ Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်မှ ဤအရင်းအမြစ်များကို ရယူရန် ခက်ခဲသည်။

Frestech ကုန်သည်ကြီးများအသင်း မှ လိုအပ်သော အရင်းအမြစ်များ၊ ဆန်နက်နယ်မြေ မှ ဆင်းသက်ခြင်းမှလွဲ၍ ရူဒ်ဆန်တိုင်းပြည်၊ ဒရိက်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေ၊ နော်တန်နယ်မြေ နှင့် အခြားသော နိုင်ငံငယ်များမှ လာပါသည်။

မကြာသေးမီက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် စခ်တိုင်းပြည်မှ တွင်းထွက်သယံဇာတများကို စတင်ရယူခဲ့သည်။

သို့သော် အဆိုပါနိုင်ငံများသည် Frestech ကုန်သည်ကြီးများအသင်း ၏ လွှမ်းမိုးမှုခံရပြီး ၎င်းတို့၏ မှော်စက်စက်မှုလုပ်ငန်းများ ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့သည် မီးအိမ်ကဲ့သို့ အရင်းအမြစ်များ ပိုမိုလိုအပ်လာမည်ဟု ဆိုလိုပါသည်။Frestech ကုန်သည်ကြီးများအသင်းသည် အနာဂတ်တွင် ၎င်းတို့ထံမှ တွင်းထွက်သယံဇာတများ လိုအပ်နေပါက လက်တွေ့ဆန်မည်မဟုတ်ကြောင်း ရှုမြင်နိုင်သည်။

ရှုယီသည် ပင်လယ်ပြင်ကိုစူးစမ်းလေ့လာရန် Frestech ကုန်သည်ကြီးများအသင်း အစောင့်များကိုစေလွှတ်ရခြင်းအကြောင်းရင်းမှာ မိုးရွာသောနေ့အတွက် ကြိုတင်ပြင်ဆင်ရန်ဖြစ်သည်။

သို့သော် ၎င်းတို့၏နည်းပညာကန့်သတ်ချက်များကြောင့် လက်ရှိ Frestech ကုန်သည်ကြီးများအသင်းသည် ဤကျွန်းများရှိ အရင်းအမြစ်မျိုးစုံကို အလွယ်တကူ မတူးဖော်နိုင်ပေ။ ၎င်းတို့ကို မိုင်းခွဲလိုပါက ထိရောက်မှု မရှိသည့်အတွက် အနည်းငယ် ကုန်ကျမည်ဖြစ်သည်။

ထို့ကြောင့် ယခု Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးအကြီးဆုံးပြဿနာမှာ မတူညီသောအရင်းအမြစ်များကို ရှာဖွေရန်ဖြစ်သည်။

အနောက်တောင်ထောင့်ရှိ နိုင်ငံများကိုသာ အားကိုးနိုင်ကြသည်မှာ ရှင်းရှင်းလင်းလင်းပင်၊ ထို့ကြောင့် ရှုယီ သည် သူ့မျက်လုံးများကို ပို၍ပင် လှည့်ကြည့်လိုက်သည်။

လွန်ခဲ့သည့် ဆယ်ရက်က Frestech ကုန်သည်ကြီးများအသင်း နှင့် ဖော့လ်ခ်တိုင်းပြည်သည် သဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း သည် ဖော့လ်ခ်တိုင်းပြည်တွင် ရွှေဒင်္ဂါးနှစ်သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အိမ်သုံးမှော်စက် စက်ရုံ ၅ ရုံ တည်ဆောက်ကာ သုံးထောင်လေးရာ တည်ဆောက်ရန် ကူညီပေးမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် ၎င်းတို့သည် သံမိုင်းသုံးတွင်း၊ သံမဏိမဟုတ်သော သတ္တုတွင်းနှစ်တွင်းနှင့် မှော်သလင်းကျောက် သတ္တုတွင်းငါးတွင်းကို အနှစ်သုံးဆယ်အထိ ရရှိမည်ဖြစ်သည်။

လွန်ခဲ့သော ရှစ်ရက်က Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးရေယာဉ်သည် နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်မှ ကိုယ်စားလှယ်ကို ပြန်လည်ခေါ်ယူခဲ့သည်။ နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် Frestech ကုန်သည်ကြီးများအသင်း နှင့် စာချုပ်အသစ် ချုပ်ဆိုခဲ့သည်။

နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏နိုင်ငံ၌ တွင်းထွက်သယံဇာတစင်တာတစ်ခု ဖွင့်လှစ်ရန် ကူညီပေးမည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း သည် အရှေ့တောင်ဘက်နိုင်ငံများရှိ တွင်းထွက်သယံဇာတများနှင့် မှော်သလင်းကျောက် အမျိုးမျိုးကို စုဆောင်းရန် ကူညီပေးသည်။

Frestech ကုန်သည်ကြီးများအသင်း မှပေးသောစျေးနှုန်းမှာ နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်အား အိမ်သုံးမှော်စက်နည်းပညာအချို့ကို ပေးဆောင်ရန်ဖြစ်သည်။ အိမ်သုံး မှော်စက်ထုတ်လုပ်ရေး အခြေစိုက်စခန်းကို တည်ဆောက်ခဲ့သည်။ နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်ရှိ လမ်းအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် အမ်ရစ်ကုန်သည်ကြီးများအသင်း နှင့်လည်း လုပ်ဆောင်နေပါသည်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း သည် နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်သို့ စစ်ဘက်မှော်စက်များ တန်ဖိုးရှိ ရွှေဒင်္ဂါးငါးသိန်းကို ရောင်းချခဲ့သည်။ တပ်ခွဲ ၁၃ ၏ အစောင့်များကိုလည်း လေ့ကျင့်ပေးရင်း၊ ဤစစ်တပ်မှော်စက်များကို အသုံးပြုနိုင်ကြောင်း သေချာစေပါသည်။

နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်နှင့် တစ်နှစ်ကျော်ကုန်သွယ်ပြီးနောက်၊ နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်တွင် ကျော်ကြားမှုသာမက အရှေ့တောင်နိုင်ငံများအကြား ၎င်းတို့၏ကျော်ကြားမှုမှာလည်း ထိပ်တန်းဖြစ်သည် ။

အိမ်သုံး မှော်စက်များကိုမပြောနှင့် စိုက်ပျိုးရေးမှော်စက်များနှင့် ဆောက်လုပ်ရေး မှော်စက်အမျိုးမျိုးကိုလည်း အရှေ့တောင်ပိုင်းနိုင်ငံများတွင် ကြိုဆိုခဲ့ကြသည်။

ဒီနှစ်ဆယ်လအတွင်းမှာ၊ Frestech ကုန်သည်ကြီးများအသင်းမှ စိုက်ပျိုးရေးမှော်စက် ခုနစ်ထောင်ကျော်ကို နိုဇ်ဒိုမူစီးပွားရေးတိုင်းပြည်နှင့် ၎င်းတို့၏ ပတ်ဝန်းကျင်နိုင်ငံများသို့ ပို့ဆောင်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ရွှေဒင်္ဂါး ရှစ်သန်းကျော်ရှိသည်။

ဤမှော်စက်များကို ဤနိုင်ငံများက မည်မျှအလိုရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်း သည် အဆိုပါနိုင်ငံများမှ ဓာတ်သတ္တုဆိုင်ရာအခွင့်အရေးများကို အလွယ်တကူလဲလှယ်ခဲ့သည်။

ဤသတင်းကိုလက်ခံရရှိပြီးနောက် Frestech ကုန်သည်ကြီးများအသင်းထံ ဆက်သွယ်ရန် အစပြုခဲ့သော နိုင်ငံငယ်သုံးနိုင်ငံပင်ရှိခဲ့ပြီး ၎င်းတို့၏သတ္တုဆိုင်ရာအခွင့်အရေးများကို ၎င်းတို့အား ပေးဆောင်ခဲ့ကြသည်။ စိုက်ပျိုးရေးမှော်စက်များ၊ အသုံးပြုနည်းများနှင့် Frestech ကုန်သည်ကြီးများအသင်းမှ ဓာတ်မြေသြဇာများကို ရယူရန်ဖြစ်သည်။

အဆုံးတွင် အနောက်တောင်နိုင်ငံများမှလွဲ၍ အခြားနိုင်ငံများသည် ၎င်းတို့၏နိုင်ငံသားများ၏ ဝမ်းဗိုက်ကို မည်ကဲ့သို့ဖြည့်ရမည်ကို အမြဲစိုးရိမ်ကြသည်။

သူတို့နိုင်ငံရဲ့ စပါးအထွက်နှုန်းတိုးဖို့ နည်းလမ်းရှိတယ်ဆိုတာ အခုသူတို့ သိထားတော့ ရူးသွပ်သွားအောင် မကူညီနိုင်ကြဘူး။

ထို့ကြောင့် ရှုယီသည် တိုက်ကြီး၏အရှေ့တောင်ဘက်စွန်းရှိ နိုင်ငံများနှင့် ပတ်သက်၍ အလွန်စိတ်ချသွားခဲ့သည်။

ယင်းအစား၊ သူပို၍စိုးရိမ်ရသည့်အချက်မှာ စတက်တိန်းဒချိနှင့် အနီးစပ်ဆုံးနိုင်ငံဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၃။ ရူဒ်ဆန်တိုင်းပြည် အခြေအနေက အရမ်းဆိုးနေတယ်

နေ့လည်စာစားပြီးနောက် ရူဒ်ဆန်တိုင်းပြည်မှ သံတမန်တစ်ဦးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံးသို့ တိတ်တဆိတ်ရောက်လာ၏။

ပြီးနောက် ရူဒ်ဆန်တိုင်းပြည်လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူနှင့် ၎င်းတို့၏ ကိုယ်စားလှယ် ဒုခ် ဘိုရစ်နှင့် ဒုခေါင်းဆောင်နှစ်ဦးတို့သည်လည်း ရှုယီ၏ ကိုယ်ပိုင်အိမ်တော်သို့ ဧည့်သည်အဖြစ်ရောက်လာကြသည်။

"ဥက္ကဌရှု ဒါက ကျုပ်ရဲ့ စတက်တိန်းနယ်မြေကို ပထမဆုံး ရောက်လာတာပါ။ လမ်းတစ်လျှောက်လုံး ကောလဟာလတွေဟာ မယှဉ်နိုင်တဲ့ပုံပါပဲ ကျုပ် စိတ်ကူးထားတာထက်တောင် ပိုပြီး အံ့အားသင့်စရာကောင်းနေပါတယ်။" ဒုခ် ဘိုရစ်မှာ အပြုံးဖြင့် ချီးကျူးရင်း ထိုင်ချလိုက်၏။

ရှုယီမှာ အင်မတန် ယဉ်ကျေးကာ ပြုံးနေသည့် ဒုခ် ဘိုရစ်ကို ကြည့်၍ အနည်းငယ် ရယ်ရွှင်ဖွယ်ကောင်းသည့်နှယ် ခံစားလိုက်ရသည်။

သူဟာ ယခင်က ရူဒ်ဆန်တိုင်းပြည်သို့ သွားစဉ်အခါက ဤမျိုးရိုးမြင့်ဖြစ်ပြီး ခပ်ခွာခွာနေတတ်သူ ဒုခ်ကို နှစ်ကြိမ်မြင်ခဲ့ဖူးသော်လည်း ထိုနှစ်ကြိမ်စလုံး ဤ ဒုခ် ဘိုရစ်မှာ သူ့အား ဘယ်တုန်းကမှ အကောင်းမမြင်ခဲ့ဖူးပါချေ။

ယခုတွင် သူဟာ စတက်တိန်းနယ်မြေသို့ သံတမန်အဖြစ် ဦးစွာ လာရောက်ခဲ့ရုံသာမက ရှုယီကို ဤသို့ မြှောက်ပင့်ဖို့ ကြိုးစားနေရာ တကယ်ကို ခြားနားလွန်းနေသည်။

ထိုအပြောင်းအလဲအတွက် အကြောင်းအရင်းမှာ သူ၏ ဤတစ်ကြိမ် လာရောက်သော ရည်ရွယ်ချက်ကြောင့်ပါပင်။

ရူဒ်ဆန်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာကို တိုက်ထုတ်ခဲ့ကာ န‌ယ်မြေကြီး၏ အခြားနိုင်ငံများအား ၎င်းတို့အပေါ် ယုံကြည်မှုမြင့်မားခဲ့စေသော်လည်း ၎င်းက ရူဒ်ဆန်တိုင်းပြည်အနေနှင့် ကန်ဒရာအင်ပါယာကို အပြီးသတ် အနိုင်တိုက်ခိုက်နိုင်မည်ဟု မဆိုလိုပါချေ။

ကန်ဒရာအင်ပါယာမှာ ဂရုတစိုက်ရှိနေကာ တတိယကျူးကျော်မှုကို မပြုသေးသော်လည်း ၎င်းတို့မှာ ကန်ဒရာအင်ပါယာ နယ်စပ်ရှိ စစ်သည်များကို အားဖြည့်ထားပြီး အခိုင်အမာ ပိတ်ဆို့ထားကြသည်။ ၎င်းတို့မှာ ရူဒ်ဆန်တိုင်းပြည်အား ၎င်းတို့ နယ်နိမိတ်ထဲသို့ ဝင်လာနိုင်မည့် မည်သည့်လမ်းကြောင်းကို မဆို ပိတ်ဆို့ထားကြ၏။

တစ်ချိန်တည်းမှာပင် ကန်ဒရာအင်ပါယာမှာ ရူဒ်ဆန်တိုင်းပြည်အား ရန်သူ နိုင်ငံအဖြစ် တရားဝင်သတ်မှတ်ထားကာ နယ်မြေကြီး၏ အခြားနိုင်ငံများအားလည်း ရူဒ်ဆန်တိုင်းပြည်ကို ပိတ်ဆို့ထားရန် တောင်းဆိုထားကြသည်။

ကန်ဒရာအင်ပါယာ၏ ခြိမ်းခြောက်မှုကြောင့် မားလိုအင်ပါယာအနီးရှိ ၎င်းတို့ကို ထောက်ပံ့သည့် နိုင်ငံများမှလွဲ၍ ရူဒ်ဆန်တိုင်းပြည်အနီးရှိ နိုင်ငံအားလုံးမှာ ၎င်းကို သဘောတူထားကြသည်။

ယခင်က ကန်ဒရာအင်ပါယာနှင့် ဆက်ဆံရေးကောင်းရှိသည့် လမ်ပူရီတိုင်းပြည်သည်ပင် ကန်ဒရာအင်ပါယာကို တိုက်ခိုက်ရာ၌ ရူဒ်ဆန်တိုင်းပြည်အား တိတ်တဆိတ် ကူညီခဲ့သော်ငြား ၎င်းကို မဆန့်ကျင်ခဲ့ပါချေ။

မှန်ပါ၏၊ ၎င်းမှာ လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့မှာ ကုန်သွယ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားခြင်းကြောင့်ပင်။ ကန်ဒရာအင်ပါယာမှာ လမ်ပူရီတိုင်းပြည်အား မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ထားသဖြင့် သဘာဝကျကျပင် လမ်ပူရီတိုင်းပြည်မှာ ယခင်ကကဲ့သို့ ရူဒ်ဆန်တိုင်းပြည်ကို မနီးကပ်နိုင်တော့ပေ။

မားလိုအင်ပါယာကို ထောက်ခံသည့် နိုင်ငံများနှင့် ကန်ဒရာအင်ပါယာကို ဆန့်ကျင်သည့် နိုင်ငံများမှာ အနည်းဆုံး တစ်ထောင်ကီလိုမီတာ ဝေးကွာသောကြောင့် ရူဒ်ဆန်တိုင်းပြည်အား တစ်ကိုယ်ထီးတည်းဟု သတ်မှတ်နိုင်သည်။

ချွင်းချက်မှာမူ စတက်တိန်းနယ်မြေသာဖြစ်၏။

စတက်တိန်းနယ်မြေမှာ ကန်ဒရာအင်ပါယာ အဆိုပြုထားသည့် ရူဒ်ဆန်တိုင်းပြည်အား ပိတ်ဆို့ခြင်းအပေါ် တိကျသည့် တုံ့ပြန်ချက် မပေးထားရာ ၎င်းတို့မှာ ယခင်ကလိုပင် ရူဒ်ဆန်တိုင်းပြည်နှင့် ဆက်လက်ကုန်သွယ်နေပြီး ကန်ဒရာအင်ပါယာ၏ သတိပေးချက်နှင့် ခြိမ်းခြောက်မှုများကို ဂရုစိုက်နေခြင်း မရှိပေ။

ယခုတွင် ရူဒ်ဆန်တိုင်းပြည်က ရောက်လာရာ သဘာဝကျကျပင် ဤတို့အနေနှင့် စတက်တိန်းနယ်မြေထံမှ ကန်ဒရာအင်ပါယာအား ပိတ်ဆို့မှု သဘောတူညီချက်ကို ရယူရန်နှင့် အကူအညီတချို့ရဖို့ မျှော်လင့်နေခြင်းဖြစ်သည်။

၎င်းကြောင့်သာ ၎င်းသံတမန်အဖွဲ့၏ သတ်မှတ်ချက်များက အင်မတန်မြင့်မားနေခြင်းပင်။ ခေါင်းဆောင်ဖြစ်သူမှာ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ဒုခ် ဘိုရစ်ဖြစ်ပြီး သူဟာ ရှုယီနှင့် ဆုံပြီးနောက် အင်မတန်ယဉ်ကျေးနေပါ၏။

"အရှင် ဒုခ်က ချီးကျူးလွန်း အားကြီးနေပါပြီဗျာ" ရှုယီက အပြုံးဖြင့် ဆိုလိုက်သည်၊ "ရူဒ်ဆန်တိုင်းပြည်က ဒီတလော ဘယ်လိုနေလဲ သိချင်မိတယ်"

ထိုအမေးကို ကြားသော် ဒုခ် ဘိုရစ်နှင့် သူ့နံဘေးရှိ ဒုခေါင်းဆောင်နှစ်ဦး၏ မျက်နှာများမှာ အလွန် အရုပ်ဆိုးသွားကြသည်။

ဒုခ် ဘိုရစ်က ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီးနောက် ခေါင်းခါ၏၊ "အဲ့လောက် မကောင်းနေပါဘူး။ ဥက္ကဌရှု ကျုပ်အထင် ခင်ဗျားလည်း အခြေနေကို သေချာသိမှာပါ။ ကန်ဒရာအင်ပါယာရဲ့ ပိတ်ဆို့မှုကြောင့် ကျုပ်တို့နိုင်ငံက အတော်လေး ထိခိုက်နေပြီလေ။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျုပ်တို့ထုတ်ကုန် တင်ပို့မှုတွေမရှိလို့ မြို့တော်က ကုန်သည်များစွာလည်း ဒေဝါလီခံနေရပြီး အများစုဆို ကိုယ့်ကိုယ်ကို သတ်သေသွားကြပြီ"

"ဟုတ်ပါတယ်..." နံဘေးရှိ ရူဒ်ဆန်တိုင်းပြည်၏ ကုန်သွယ်ရေးဌာန အကြီးအကဲများအနက်တစ်ဦးဖြစ်သူ ဒုခေါင်းဆောင်ဖြစ်သည့် ကောင့်ထ် ဂန်ဒါလ်က သက်ပြင်းချသည်၊ "နိုင်ငံရဲ့ စီးပွားခွန်က အနည်းဆုံး ၆၀%အထိ ကျသွားပြီ။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒီနှစ်ရဲ့ စီးပွားခွန်ကို စိတ်ကူးကြည့်ဖို့တောင် ခက်လိမ့်မယ်။ နောက်နှစ်အတွက် သတ်မှတ်ထားတဲ့ အစီစဉ်တွေကလည်း ကျုပ်တို့နိုင်ငံအတွက် ဆိုးရွားသွားနိုင်လို့ ရပ်တန့်ထားရလိမ့်မယ်။"

"ဒါက စီးပွားခွန်လေးတင်မကဘူး လူတွေရဲ့ ဘဝအခြေအနေကိုပါ ထိခိုက်နေတာပဲ။ စိုက်ပျိုးရေးမှော်စက်တွေနဲ့ မြေဩဇာကိုရပြီး‌တဲ့နောက်မှာ နိုင်ငံရဲ့ ကောက်ပဲသီးနှံ အထွက်နှုန်းက တိုးလာပြီး အငတ်ဘေးကို စိုးရိမ်စရာတော့ မလိုပါဘူး၊ ဒါကလွဲရင် နိုင်ငံက ကျုပ်တို့ လိုအပ်‌တဲ့ အခြားထုတ်ကုန်တွေကို ပိတ်ဆို့ခံထားရတာကြောင့် ပြတ်‌လပ်နေပြီ။"

အခြား ဒုခေါင်းဆောင်ဖြစ်သူမှာ ရူဒ်ဆန်တိုင်းပြည်၏ ပြည်တွင်းလူမှုဖူလုံရေး ဌာန အကြီးအကဲ ကောင့်ထ် အန်ကဲဖြစ်သဖြင့် သဘာဝကျကျပင် သူဂရုစိုက်သည့်အရာများဟာ ကျန်သူများနှင့် ခြားနားပါ၏။

"အခုဆိုရင် အရေးကြီးဆုံး ပြဿနာက ဆေးဝါးပါပဲ။ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ ဆေးဝါးကို တခြားနိုင်ငံကနေ တင်သွင်းရပေမယ့် အခု ပိတ်ဆို့ခံထားရတာမို့ ကျုပ်တို့မဝယ်နိုင်တဲ့ မရှိမဖြစ် ဆေးဝါးတွေအတော်များနေပြီ။ နိုင်ငံမှာရှိတဲ့ ဆေးဝါးကိုပဲ မှီခိုရုံနဲ့ တင်မလုံလောက်ဘူးလေ ပြီးတော့..."

ထိုသို့ပြောပြီးနောက် ကောင့်ထ် အန်ကဲမှာ စိတ်ဓာတ်ကျဟန်ပေါ်လာပြီး မျက်လုံးများထဲ မျက်ရည်များဝေ့သီလာလေသည်။

"အရင်လက နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ ရေကြီးမှုဖြစ်သွားတော့ အထိအခိုက်များပြီး ပလိပ်ရောဂါတောင် ဖြစ်နေကြပြီ။ ကျုပ်တို့ နိုင်ငံကထွက်လာတုန်းက ပလိပ်ရောဂါကြောင့် သေဆုံးတဲ့သူ နှစ်ရာတောင် ရှိနေပြီလေ။ ကျုပ်တို့သာ ဒီဆေးဝါးပြဿနာကို အမြန် ဂရုမစိုက်ရင် သေဆုံးတဲ့သူတွေ ပိုပိုများလာတော့မှာပါပဲ..."

ဒုခ် ဘိုရစ်နှင့် ကောင့်ထ် ဂန်ဒါလ်တို့၌လည်း တူညီသည့် လေးလံသော အမူအရာများရှိရာ ကောင့်ထ် အန်ကဲ၏ အပြောက မမှားကြောင်း အတည်ပြုနေ၏။

ရှုယီမှာ အတန်ငယ် အံ့အားသင့်သွားမိလေသည်။

ရူဒ်ဆန်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာ၏ တားဆီးပိတ်ဆို့မှုကြောင့် များစွာ ထိခိုက်နေရသည်ကို သူသိပါသော်လည်း ဤမျှ ပြင်းထန်နေမည်ဟု ထင်မထားခဲ့သဖြင့် သူ့အား အတန်ငယ် အံ့အားသင့်စေသည်။

"ဥက္ကဌရှု...."

ဒုခ် ဘိုရစ်က တစ်ခုခုပြောတော့မည်အပြုတွင် ရှုယီက လက်တစ်ဖက်ထောင်ကာ ဖြတ်ပြောလိုက်သည်။

"ကျုပ် ခင်ဗျားတို့နိုင်ငံကို ဆေးဝါးတချို့ တင်ပို့ဖို့ တခြားကုမ္ပဏီတွေကို စီစဉ်ခိုင်းလိုက်ပါ့မယ်၊ ဒါက ခင်ဗျားတို့ နိုင်ငံမှာ ပလိပ်ရောဂါ ခံစားနေရတဲ့ ပြည်သူတွေကို ကူညီဖို့ပါ။"

၎င်းတို့ သုံးဦးမှာ အံ့ဩသွားပြီးနောက် ပျော်ရွှင်မှုတို့ဖြင့် ပြည့်သွားကြသည်။

ကောင့်ထ် အန်ကဲ မှာ ရှုယီ၏ လက်ကို စိတ်လှုပ်တရှား ဆွဲကိုင်မိသွားသည်၊ "တကယ်ပဲလား? ကောင်းလိုက်တာ! ဥက္ကဌရှုရယ် ဆေးဝါးအလုံအလောက်သာရှိရင် ကျုပ်တို့ လူများများပို‌ကယ်နိုင်မှာပဲ။"

ရှုယီမှာ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ သူဟာ ၎င်းတို့သုံးဦးက သရုပ်ဆောင်နေသည် ဟုတ်မဟုတ်ကို စဉ်းစားမိသော်လည်း ၎င်းတို့ ဖော်ပြလာသည့် ပလိပ်ရောဂါမှာ ဖုံးကွယ်ဖို့ မလွယ်သဖြင့် အတုအယောင်တော့ မဟုတ်နိုင်ပါပေ။ ရှုယီအနေနှင့် ၎င်းကို မေးချင်နေသရွေ့ အလွယ်လေး ရှာတွေ့နိုင်ပါ၏။

ဤပြင်းထန်သော ကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် ပြည်သူများကို ကယ်ဆယ်ခြင်းက ပို၍ အရေးကြီးသည်မှာ သိသာပါ၏။ အခြားပြဿနာများကိုမူ ဘေးချိတ်ထား၍ ရသည်။

သူ့အား သက်ပြင်းချစေသည့် အခြားအရာမှာ ရူဒ်ဆန်တိုင်းပြည်အနေနှင့် ကန်ဒရာအင်ပါယာကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့သော်လည်း နိုင်ငံအင်အားက ကန်ဒရာအင်ပါယာနှင့် စာလျှင် အင်မတန်လိုအပ်နေသေးသည်။ ယခုတွင် ကန်ဒရာအင်ပါယာမှာ ၎င်းတို့ကို ပစ်မှတ်ထားနေရာ ၎င်းတို့အား တားဆီးပိတ်ဆို့ပြီးနောက်၌ ထိုပြည်သူများ၏ နေထိုင်ရေးကို ထိန်းသိမ်းခြင်းကပင် ပြဿနာ ဖြစ်လာမည်ဖြစ်၏။

"ဒါက... ဥက္ကဌရှု... နိုင်ငံမှာ ရံပုံငွေ‌နဲ့ ပတ်သက်ပြီးတော့လည်း ပြဿနာ နည်းနည်းရှိနေတော့ ဒီဆေးတွေကို ဝယ်ဖို့ ငွေက... အဟမ်း၊ ကျုပ်တို့ ချက်ချင်း မပေးနိုင်လောက်ဘူးမို့လား? ဒါပေမယ့် စိတ်ချပါ ကျုပ်တို့ သုံး...." ကောင့်ဒန်ဂါလ်က နေရခက်စွာဖြင့် ထို့သိုပြောလာ၏။

ရှုယီက ခေါင်းခါသည်၊ "ဒါက ခင်ဗျားတို့နိုင်ငံရဲ့ ပြည်သူတွေကို ကူညီဖို့လို့ ကျုပ်ပြောတယ်၊ ဒါက အလကားပါ ဘာမှ ပေးဖို့မလိုဘူး။ ဒါ့အပြင် ကျုပ် တခြား နေ့စဉ်သုံးပစ္စည်းတွေကို ပို့လိုက်မှာမို့ ဒီလူတွေလည်း နည်းနည်းလောက်စီရဖို့ စီစဉ်လိုက်လို့ရတယ်။"

ထိုသုံးဦးမှာ အချင်းချင်းကြည့်လိုက်ကြပြီးနောက် အလေးအနက်‌ပြောသည်၊ "ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီက အကူအညီကို ကျုပ်တို့ ဘယ်တော့မှ မမေ့ပါဘူး။ ကျုပ်တို့...."

ရှုယီက လက်တစ်ခါ ထပ်ထောင်ကာ ဖြတ်ပြောလိုက်သည်။

"အရှင် ဒုခ်နဲ့ ခင်ဗျားတို့ နှစ်ယောက် ကျုပ် တစ်ခုတော့ ရှင်းရှင်းလင်းလင်းလုပ်ထားရလိမ့်မယ်။ ဒီအခမဲ့အကူအညီက ကျုပ်တစ်ဦးတည်းရဲ့ နာမည်နဲ့ပဲဆိုင်ပါတယ်၊ Frestech ကုန်သည်ကြီးများအသင်းနဲ့ မဆိုင်တာမို့ ဒါကိုနားလည်ဖို့ မျှော်လင့်ပါတယ်။"

ထိုသူံးဦးမှာမှင်တက်သွားပြီးနောက် အတန်ငယ် အရုပ်ဆိုးဟန်များပေါ်လာသည်။

ရှုယီ တစ်ဦးတည်းထံမှ အခမဲ့အကူအညီနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အခမဲ့အကူအညီတွင် အင်မတန်ခြားနားသော အဓိပ္ပာယ်များရှိပါ၏။

ရှုယီက မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ သူ၏ အကူအညီကို ပေးလာချိန်တွင် ၎င်းတို့မှာ ၎င်းတို့၏ ရည်မှန်းချက်ကို အလွယ်ရေးရနိုင်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် ရှုယီထံမှ စကားလေးတစ်ကြောင်းနှင့် ၎င်းတို့၏ တာဝန်က အင်မတန် ခက်ခဲလှကြောင်း နားလည်သွားကြပါ၏။

၎င်းကို စဉ်းစားရင်း ဒုခ် ဘိုရစ်မှာ အသက်ပြင်းပြင်းရှူကာ မိမိကိုယ်ကိုယ် တည်ငြိမ်စေလိုက်သည်။ ကောင့်ထ်ဒန်ဂါလ်နှင့် ကောင့်ထ် အန်ကဲတို့အား ခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက် သူဟာ ရှုယီဘက်ပြန်လှည့်၍ လေးနက်နေဟန်ဖြင့် ဆိုလာပါ၏၊ "ဥက္ကဌရှု ကျုပ်တို့ နိုင်ငံကနေ ဒီကို လာခဲ့တာဟာ ခင်ဗျားတို့ ကုမ္ပဏီနဲ့ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပါ"

ဒုခ် ဘိုရစ်မှာ ရည်ရွယ်ချက်ရှိရှိ "ခင်ဗျားတို့ ကုမ္ပဏီ"ဟူသည့် စကားကို ဖိပြောလာရာ သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပါသည်။

ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်၏၊ "ပြောပါ"

ရှုယီက ၎င်းတို့နှင့် ဆွေးနွေးလိုသည်ကို မြင်သော် ဒုခ် ဘိုရစ်တို့ အဖွဲ့မှာ သက်ပြင်းချလိုက်မိသည်။

"ဥက္ကဌရှု အရင်ဆုံး ကျုပ်က ရူဒ်ဆန်တိုင်းပြည်ကို ကိုယ်စားပြုပြီး ခင်ဗျားရဲ့ အခမဲ့ ကူညီမှုအတွက် ကျုပ်တို့ရဲ့ စိတ်ရင်းနဲ့ သဘောတူကြောင်း ပြချင်ပါတယ်။"

"ဒါက ကိစ္စမရှိပါဘူး ပုံမှန်လူတစ်ယောက် လုပ်မယ့်အရာပါပဲ"

ဒုခ် ဘိုရစ်က ခေါင်းငြိမ့်ပြီးနောက် ဆက်ပြောသည်၊ "ဒါပေမယ့် ဥက္ကဌရှု ခင်ဗျားအနေနဲ့ ကျုပ်တို့နိုင်ငံ အခြေနေကို နားလည်မှာပါ။ ကျုပ် ပြောချင်တာက ခင်ဗျားရဲ့ အခမဲ့ အကူအညီဟာ ဒီ ယာယီပြဿနာကို ဖြေရှင်းနိုင်ပေမယ့် ကျုပ်တို့ရဲ့ ပြဿနာအားလုံးကိုတော့ ဖြေရှင်းဖို့ နည်းမရှိပါဘူး။"

"ဟုတ်တာပေါ့ ကျုပ်က လူတစ်ဦးတည်းဖို့ အဆုံးကျတော့ အကန့်အသတ်ရှိပါတယ်။"

"ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက လူပုဂ္ဂိုလ်တစ်ဦးတည်းမဟုတ်ဘူးလေ။" ဒုခ် ဘိုရစ်က ရှုယီကို တည့်တည့်ကြည့်၍ အလေးအနက်ပြောသည်။

"ဒီတော့ ခင်ဗျားတို့တို့ ရူဒ်ဆန်တိုင်းပြည်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အကူအညီကို လိုချင်တာလား?" ရှုယီက တစ်ချက်ပြုံးလိုက်ပါ၏၊ "အရှင် ဒုခ်, ခင်ဗျား နောက်နေတာပဲဖြစ်ရမယ်။ ကျုပ်တို့က ပြောရရင် ကုမ္ပဏီလေးတစ်ခုပါပဲ ကျုပ်တို့ မှီခိုနေရတာကလည်း ဒီကနေ အကျိုးအမြတ် ရမရ ဆိုတာကိုပါပဲ။ ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ကို ကူညီနိုင်ပေမယ့် ဒါက ခင်ဗျားတို့ ရှေ့တန်းတင်မယ့် အခြေနေအပေါ် မူတည်သေးတယ်။"

ဒုခ် ဘိုရစ်က ရှုယီကို အသေအချာကြည့်လာပြီးနောက် သူ၏ အိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်၍ ရှုယီရှေ့ ချပေးလိုက်သည်။

"ဥက္ကဌရှု ဒါက အရှင်မင်းကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ပါ။ ခင်ဗျားသဘောတူသရွေ့ ချက်ချင်းလက်မှတ်ထိုးလိုက်လို့ရတယ်။"

နံဘေးရှိ ကောင့်ထ် ဒန်ဂါလ်နှင့် ကောင့်ထ် အန်ကဲတို့က စားပွဲပေါ်ရှိ စာချုပ်ကို တင်းမာနေသည့် ဟန်များဖြင့် ကြည့်နေသည်ကို မြင်သော် ထိုစာချုပ်ထဲရှိ အခြေနေများက မသေးလှသည်ကို ရှုယီ နားလည်လိုက်သည်။

မှန်ပါ၏ Frestech ကုန်သည်ကြီးများအသင်းအား ကန်ဒရာအင်ပါယာ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုစေပြီး ရူဒ်ဆန်တိုင်းပြည်ကို ကူညီလာစေရန် ကောင်းကောင်းလုံလောက်သည့် အခြေအနေများကို မပေးဘဲ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း?

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၄။ အကူအညီ

နိုဝင်ဘာလသို့ ဝင်လာပြီးနောက် ရူဒ်ဆန်တိုင်းပြည်မှာ စိုင်စ်နယ်မြေကြီး၏ တောင်ပိုင်း၌ ရှိနေပါလျှင်တောင် ၎င်း၏ ရာသီဥတုက ပိုမအေးလာဘဲ မနေချေ။

လေအေးအေးက မြောက်ဘက်မှာလာပြီး ပင်လယ်လေညင်းနှင့် ရောယှက်ကာ လေထဲ၌ အရိုးခိုက်လုအောင် အေးနေစေသည်။ ၎င်းက ဆိပ်ကမ်းအနီး နီရှီမြို့တော်သားများကို ခိုက်ခိုက်မတုန်ဘဲ မနေစေပေ။

ရော့ဒ်ဒစ်ခ်မှာ ဆိုင်တစ်ဆိုင်မှ ထွက်လာပြီး လူပေါင်းများစွာက လမ်းတလျှောက် စုတ်စုတ်ပဲ့ပဲ့ဖြင့် သွား‌လာနေကြသည်ကို ကြည့်လိုက်မိသည်။ သူဟာ မနေနိုင်စွာ ခေါင်းယမ်း၍ သက်ပြင်းချလိုက်ပါ၏။

"ကန်ဒရာအင်ပါယာရဲ့ ရူဒ်ဆန်တိုင်းပြည်ကို ပိတ်ဆို့မှုက အဲ့လောက်တောင် ဆိုးတယ်လား? နီရှီမြို့တော်မှာ ပုံမှန်ထက်တောင် သူတောင်းစားများနေသေးတယ်။"

သူ၏ အပေါင်းအဖော် စကုပ်က ထိုလူများကို ကြည့်ကာ တစ်ချက်ရယ်လိုက်ပြီးနောက် အထင်အမြင်သေးဟန်ဖြင့် နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။

"သူတို့က ငပျင်းလေးတွေပါပဲကွာ။ ရူဒ်ဆန်တိုင်းပြည်က ငါတို့ လမ်ပူရီတိုင်းပြည်တို့ စတက်တိန်းနယ်မြေတို့ကို မယှဉ်နိုင်ပေမယ့်လည်း အလုပ်နဲ့ ပတ်သက်လာရင် အရင်ကထက် ပိုကောင်းတယ် မဟုတ်ဘူးလား? ကျန်တာမပြောနဲ့ဦး ငါတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့တင် ရူဒ်ဆန်တိုင်းပြည်မှာ စက်ရုံ ဆယ်ရုံကျော်တယ်။ ဒီလူတွေသာ မပျင်းရင် ဘယ်လိုလုပ် အလုပ်မရှာဘဲ နေမှာလဲ?"

"ဒါတော့ မဟုတ်သေးဘူး။" ရော့ဒ်ဒစ်ခ်က စကုပ်၏ အမြင်နှင့် ပတ်သက်ပြီး သဘောမတူပါချေ။ " ရူဒ်ဆန်တိုင်းပြည်ကို ကန်ဒရာအင်ပါယာနဲ့ တခြားနိုင်ငံတွေက ပိတ်ဆို့ထားတာမို့လို့ သူတို့ရဲ့ ကုန်စည်တွေကို မရောင်းနိုင်ကြဘူးလေ။ ကာရာကာမြို့တော်မှာ ရှိတဲ့ ငါတို့ကုမ္ပဏီက ရူဒ်ဆန်တိုင်းပြည်မှာရှိတဲ့ မှော်စက်ကုမ္ပဏီတွေ အခု ပိတ်ကုန်ကြပြီး တခြားကုမ္ပဏီတွေ အများကြီးလည်း ပိတ်ကုန်ပြီလို့ ပြောတာ ကြားခဲ့တယ်။ ဒီတော့ ရူဒ်ဆန်တိုင်းပြည်က အရင်ကထက်စာရင် အလုပ်ပိုနည်းသွားတာမို့ သူတို့တွေ အလုပ်မရှာနိုင်တာကို ပျင်းနေတာကြောင့်လို့ ပြောလို့မရဘူး။"

"သူတို့ ပျင်းနေတာကြောင့်ပဲ မဟုတ်ဘူးလား?" စကုပ်၏ မျက်နှာ၌ အထင်အမြင်သေးဟန်ဖြင့် ပြည့်နေဆဲပင်၊ "ငါတို့ ကုမ္ပဏီရဲ့ အလုပ် ခေါ်စာက ဒီမှာ အခုဆို တစ်ပါတ်ကျော်အောင် ရှိနေပြီမဟုတ်ဘူးလား? လာတဲ့သူ ငါးရာအောက်ပဲရှိတာကို သူတို့ပျင်းနေတာကြောင့် မဟုတ်ဘူးလို့ ပြောနေ‌သေးတယ်ပေါ့? ဒါဆို ဘာလို့ ငါတို့ရဲ့ အလုပ်ခေါ်တာကို လာမလျှောက်ကြတာလဲ?"

"ဒါက... ဒီအလုပ်က သူတို့ အိမ်ကနေဆို အရမ်းဝေးပြီး စိုင်စ်နယ်မြေကနဲ့တောင် ဝေးနေတော့ တစ်နှစ်တောင် တစ်ခါ ပြန်လာနိုင်မှာ မဟုတ်ဘူးလေ။ သူတို့ မသွားချင်တာက နားလည်ပေးလို့ရပါတယ်..."

"ကျစ် သူတို့ရူဒ်ဆန်တိုင်းပြည်က လူတွေမှာတောင် မာနရှိကြတာပဲ။ ငါတို့ လမ်ပူရီတိုင်းပြည်နဲ့ စတက်တိန်းနယ်မြေက လူတွေဆို အများကြီး သွားကြတာပဲ။ အခုခေတ်မှာ ငွေရနေရင် ဘယ်ကို မသွားဘဲ နေမှာလဲ? ငွေရှိရင် ဘာကို စဉ်းစားဖို့ လိုသေးလို့လဲ?"

စကုပ်က တံတွေးများ စင်အောင် ပြောရင်း မျက်လုံးများ၌ အထင်အမြင်သေးဟန် ပြည့်နေသည်။ သူဟာ သူ၏ အသံကိုပင် မနှိမ့်ထားသည်က သူ့နံဘေးရှိ ရူဒ်ဆန်တိုင်းပြည်သားများက သူ့စကားအား ကြားသွားမည်ကို ဂရုမစိုက်သလိုပါပင်။

ရော့ဒ်ဒစ်ခ်မှာ ခါးသက်သက်ပြုံး၍ ခေါင်းခါသည်။ သူဟာ သူ၏ အပေါင်းအသင်းကို မပြောနိုင်မှန်းသိသဖြင့် ပြောရန် အင်မတန်ပျင်းရိနေတော့၏။

သို့သော် စိတ်ထဲတွင် သူဟာ စကုပ်၏ အပြောကို အဆင့်တစ်ခုအထိ သဘောတူပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်၌ ပွင့်ပွင့်လင်းလင်း လူစုဆောင်းက အဆုံးမဲ့ပင်လယ်ပြင်ရှိ အခြေစိုက်ဌာနများသို့ အလုပ်သမားငါးရာကို ပို့ဆောင်ခဲ့သည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ ရူဒ်ဆန်တိုင်းပြည်ကို ပေးခဲ့သော အကူအညီကြောင့်ပင်။

သို့သော် သူဟာ ရူဒ်ဆန်တိုင်းပြည်သားများက ထိုအလုပ်များကို လိုချင်မည်မဟုတ်ဟု မတွေးထားခဲ့ပေ။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ရမည့်အစား နွေးထွေးသော နီရှီမြို့တော်၌ သူတောင်းစားများကဲ့သို့သာ နေကြသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် အကြာက ရော့ဒ်ဒစ်ခ်သာဆိုလျှင် သူဟာ အလုပ်အတွက် အိမ်ကထွက်ခွာရန် သဘောမတူကောင်း မတူသည်လည်း ဖြစ်နိုင်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုထဲသို့ ဝင်ရောက်လိုက်ကတည်းက ရော့ဒ်ဒစ်ခ်မှာ ဤပို့ဆောင်ရေး သင်္ဘောစုနှင့်အတူ နေရာအနှံ့သွားခဲ့ရသည်။ သူဟာ ကီလိုမီတာ ထောင်ချီဝေးကွာသည့် နယ်မြေကြီး အရှေ့တောင်ထောင့်ကိုပင် သွားခဲ့ဖူး၏။ သူ၏ အတွေ့အကြုံကို ဖော်ပြ၍ မရနိုင်သလို သူဟာ သူ၏ အိမ်၌ ထာဝရမနေလိုဘဲ ပို၍ပင် လှည့်လည်သွားလာချင်သည်။

၎င်းမှာ စကုပ်ပြောသကဲ့သို့ ရွှေဒင်္ဂါးများ ရနေသရွေ့ ဘယ်သွားသွား ကိစ္စမရှိပါချေ။

လမ်း၏ မျက်နှာချင်းဆိုင်ဘက်ရှိ လူများကို ကြည့်လိုက်ရင်း ရော့ဒ်ဒစ်ခ်မှာ ခေါင်းခါကာ လှည့်ထွက်သွားသည်။

သူ ခြေနှစ်လှမ်းပင် မလှမ်းနိုင်ခင်တွင် လူတစ်ဦးက ရှေ့တိုးလာကာ ၎င်းတို့၏ လမ်းကို ပိတ်လိုက်သည်။

၎င်းတို့နှစ်ဦးမှာ ထိုလူကြောင့် လန့်သွား၏။ စကုပ်က ထိုလူကို ကြည့်လိုက်ပြီး ထိုလူ၏ အဝတ်များက မည်မျှ စုတ်ပြတ်နေကာ ဆံပင်များက မည်မျှ ဖွာလန်နေပြီး မျက်နှာက မည်မျှ ညစ်ပတ်နေသည်ကို မြင်လိုက်ရပါ၏။ သူလည်း မနေနိုင်ဘဲ ခပ်တိုးတိုးဆဲရေးလိုက်ပြီးနောက် ငွေဒင်္ဂါးနှစ်ပြား ထုတ်ကာ ထိုလူကို ပစ်ပေးလိုက်သည်။

"ဒီမှာ သွားပြီး ပေါက်စီနှစ်လုံးလောက် ဝယ်စားလိုက် လမ်းကို မပိတ်နဲ့တော့"

ထိုလူမှာ အံ့ဩသွားပြီးနောက် လက်ယမ်းလိုက်သည်။ ၎င်းမှာ တစ်ချက်ပြုံး၍ မေးလာပါ၏၊ "ခင်ဗျားတို့ နှစ်ယောက်၊ ပြောနေတာက... Frestech ကုန်သည်ကြီးများအသင်း လူစုနေတဲ့ အကြောင်းလား?"

၎င်းတို့နှစ်ဦးလည်း အံ့ဩကာ စကုပ်က ထိုလူကိုကြည့်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် နီရှီဆိပ်ကမ်းမှာ အလုပ်ခေါ်စာအကြီးကြီးရှိတာ မမြင်ရသေးဘူးလား?"

ထိုလူက နေရခက်စွာ ခေါင်းကုပ်လိုက်သည်၊ "ဒါက.. ကျုပ် စာဖတ်ဖို့ မသင်ဖူးတော့ စာတွေကို သတိမထားမိဘူးလေ..."

စကုပ်နှင့် ရော့ဒ်ဒစ်ခ်တို့မှာ တစ်ဖန်အံ့ဩသွားကြပြီးနောက် စကုပ်က လက်ခုပ်တီးလိုက်မိသည်။

"ဒီတော့ ဒါကြောင့်ပေါ့လေ! မအံ့ဩတော့ပါဘူး! ကျုပ်က ဒီလူတွေဟာ ငတုံးမဟုတ်ပါဘူးလို့ ပြောနေတာ။ သူတို့ စာတွေ မဖတ်နိုင်လို့ အလုပ်ခေါ်စာကို နားမလည်တာပေါ့" ထိုသို့ ပြောပြီးနောက် စကုပ်က ထိုလူကို ဆွဲကာ စိတ်လှုပ်တရှားမေးလိုက်သည်၊ "ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ချင်လို့လား?"

ထိုလူမှာ ငေးငိုင်ကာ ခေါင်းငြိမ့်လာသည်၊ "ဟုတ်ပါတယ် ကျုပ် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဂရုစိုက်ပေးမှုက အရမ်းကောင်းတယ်လို့ ကြားဖူးတယ်..."

"ဒါပေါ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဂရုစိုက်မှုသာ မကောင်းရင် ဘယ် တခြားကုမ္ပဏီကမှ တစ်ခုမှ ပြောရဲမှာမဟုတ်ဘူး! လာ ကျုပ်ခေါ်သွားပေးမယ်!"

စကုပ်မှာ ဆိပ်ကမ်းကို ဦးတည်ဖို့ ပြင်လိုက်ပါသော်လည်း ရော့ဒ်ဒစ်ခ်က သူ၏ လက်မောင်းကိုဆွဲ၍ ဘေးခေါ်သွားလိုက်သည်။

"ဟေး စကုပ်... မန်နေဂျာ အဲလ်ဒဲလ်က တမင်သပ်သပ် အနည်းဆုံးတော့ စာဖတ်တတ်သူတွေကို စုဆောင်းဖို့ ဒီကြေငြာစာကို ကပ်ခဲ့တာလေ ဒါက သူတို့ကို ပိုပြီး သင်ပေးရလွယ်မှာ။ ဒီလူက လုံးဝ စာမဖတ်တတ်တော့ သူ့ကို ဘာအတွက် ခေါ်သွားမှာလဲ?"

စကုပ်က ရော့ဒ်ဒစ်ခ်ကို မျက်လုံးများ လှန်ပြလိုက်သည်၊ "ဒါက မန်နေဂျာ အဲလ်ဒဲလ် အတွေးများနေတာပါ။ ရူဒ်ဆန်တိုင်းပြည် မပြောနဲ့ စတက်တိန်းနယ်မြေမှာတောင် စာဖတ်တတ်သူ နည်းနည်းပဲရှိတော့ စာတတ်တဲ့သူအများကြီးကို ဘယ်လိုစုဆောင်းနိုင်မှာလဲ? ပြီးတော့ ငါတို့သာ ဆက်နှောင့်နှေးနေရင် အစီစဉ်ကို ထိခိုက်လိမ့်မယ်။ ဥက္ကဌ ဒီအကြောင်းမေးလာရင် ဒါကို ဘယ်သူ တာဝန်ယူမှာတဲ့လဲ? ငါ မန်နေဂျာ အဲလ်ဒဲလ်ကို ခဏနေ သွားတွေ့ပြီး ဒီအကြောင်းပြောလိုက်မယ် သူကလည်း မနေနိုင်လောက်အောင် ဒီတိုင်း စဉ်းစားမှာပဲ။"

ရော့ဒ်ဒစ်ခ်က စဉ်းစားလိုက်ရာ စကုပ် မမှားကြောင်းနားလည်သွားသဖြင့် သွားခွင့်ပြုလိုက်သည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးမှာ ထိုလူကို နီရှီဆိပ်ကမ်းရှိ Frestech ကုန်သည်ကြီးများအသင်း ရုံးခန်းသို့ မန်နေဂျာ အဲလ်ဒဲလ်နှင့် ဆုံရန် ခေါ်သွားလိုက်သည်။

စကုပ်အပြောကို ကြားပြီးနောက် တတိယ ပို့ဆောင်ရေးသင်္ဘောစု၏ မန်နေဂျာဖြစ်သူက စဉ်းစားလိုက်ကာ ၎င်းက ကျိုးကြောင်းသင့်သဖြင့် သူ၏ ယခင်အစီစဉ်ကို ထပ်မံ၍ အခိုင်အမာလုပ်မနေတော့ပေ။

၎င်းတို့ခေါ်လာသည့် ဘာ့ဒ်အမည်ရ သက်လတ်ပိုင်းလူအား ရိုးစင်းသည့် စစ်ဆေးမှု အချို့ပြုလုပ်ပြီးနောက် မန်နေဂျာ အဲလ်ဒဲလ်မှာ သူဟာ Frestech ကုန်သည်ကြီးများအသင်းအတွက် ယာယီလုပ်သားဖြစ်မည်ဟု ဆိုခဲ့သည်။

ဤယာယီ အလုပ်သမားဆိုသည်မှာ သူဟာ မန်နေဂျာ အဲလ်ဒဲလ်၏ ယခင် လိုအပ်ချက်များကို စိတ်တိုင်းမကျသောကြောင့်ပင်။

ယာယီ အလုပ်စာချုပ်အရ ဘာ့ဒ်မှာ ပုံမှန်လစာ၏ ၈၀%ကိုသာ ရရှိမည်ဖြစ်ပြီး စစ်ဆေးမှု နှစ်လတာ ကြာမြင့်မည်ပင်။ သူဟာ ၎င်းတို့ သူ့ထံပေးလာသည့် အခြေအနေများစွာကို စိတ်တိုင်းကျအောင် လုပ်ဆောင်နောက် အလုပ်အချိန်ပြည့်ရပြီး အကျိုးအမြတ်အားလုံးကို ခံစားရမည်ဖြစ်သည်။

ဘာ့ဒ်မှာ ထိုမျှ များများစားစားမတွေးပါချေ။ သူဟာ မြောက်အလယ်ပိုင်း ရူဒ်ဆန်တိုင်းပြည်ရှိ သူ၏ မွေးရပ်မြေမှ လာခဲ့ပြီး အတော်ခက်ခဲသည့် ဘဝ၌ နေခဲ့ရသည်။ သူ့အတွက် သူ၏ အစာအိမ်ကို ဖြည့်ဖို့ နေရာရှာနိုင်သည်ကပင် လုံလောက်လေရာ မည်သို့များ ချေး(ဂျီး)များနေနိုင်ပါမည်နည်း?

ဘာ့ဒ်မှာ စံနမူနာ အဖြစ်ရှိနေရာ မန်‌နေဂျာ အဲလ်ဒဲလ်မှာ သူ၏ ယခင် အစီစဉ်ကို အတင်းအကြပ်မလုပ်တော့ဘဲ အခြေအနေများကို လျှော့ပေါ့ပေးလာသည်။

နောက်သုံးရက်တွင် နီရှီမြို့တော် မြို့စားအိမ်တော်၏ အကူအညီဖြင့် မန်‌နေဂျာ အဲလ်ဒဲလ်မှာ နီရှီမြို့တော်၌ ခိုလုံနေသူများထံမှ ယာယီအလုပ်သမား ငါးရာကို အလွယ်လေး စုဆောင်းနိုင်ခဲ့သည်။

ထို လူငါးရာကို စုဆောင်းပြီးနောက် နီရှီမြို့တော် မြို့စားက မန်‌နေဂျာ အဲလ်ဒဲလ်အား လာရောက်ကြသော ဒုက္ခသည်များကြောင့် နီရှီမြို့ တော်မှာ အားနည်းနေသောကြောင့် မြို့စားအနေနှင့် သူ့အတွက် ဖိအား‌များလှရာ အလုပ်သမား ထပ်၍ စုဆောင်းချင်လားဟု မေးလာသည်။

Frestech ကုန်သည်ကြီးများအသင်းသာ သူ့အား ဤပြဿနာကို ဖြေရှင်းဖို့ ကူညီလျှင် ဤက တကယ်ကို အကူအညီဖြစ်သည်။

မန်‌နေဂျာ အဲလ်ဒဲလ်မှာ အတိအကျ မဖြေလိုက်ဘဲ အရာအားလုံး အဆင်ပြေလျှင် Frestech ကုန်သည်ကြီးများအသင်းက ပင်လယ်ပြင်ရှိ အခြေစိုက်စခန်းအတွက် အလုပ်သမားများ ပိုစုဆောင်းကာ ၎င်းတို့ကို စုဆောင်းဖို့ နီရှီမြို့တော်ထံ လာလိမ့်မည်ဟုသာ ပြောထားသည်။

အရာအားလုံးကို ကိုင်တွယ်ပြီးနောက် နီရှီမြို့တော်၌ ဆယ်ရက်ကျော် သောင်တင်နေခဲ့သည့် Frestech ကုန်သည်ကြီးများအသင်း၏ တတိယပို့ဆောင်ရေး သင်္ဘောစုမှာ နောက်ဆုံး၌ ထွက်ခွာသွားတော့သည်။

စတက်တိန်းနယ်မြေကို ဦးတည်နေသည့် သံသတ္တု တန် တစ်သောင်း၊ အလုပ်သမားများနှင့် အခြေစိုက်ဌာနအဆောက်အဦ ပစ္စည်းတို့ဖြင့် ပြည့်နေသော အကြီးစား ပို့ဆောင်ရေးမှော်သင်္ဘောကြီး နှစ်စီး ရှိနေသလို နီရှီဆိပ်ကမ်းမှ အရှေ့ဘက်ကို ဦးတည်နေသော အစောင့်သင်္ဘောဆယ်စင်းလည်းရှိသည်။

ဤခရီးတွင် Frestech ကုန်သည်ကြီးများအသင်း၏ တတိယပို့ဆောင်ရေးသင်္ဘောစုမှာ ရူဒ်ဆန်တိုင်းပြည်ကြောင့် ယခင်က ၎င်းတို့ လက်မှတ်ထိုးခဲ့သည့် စာချုပ် ပထမပိုင်းကို ဖြည့်စွက်ရန် လိုအပ်သည့် ပစ္စည်းများကို ပထမဆုံး ယူဆောင်ခြင်းပင်။

၎င်းနောက် ၎င်းတို့မှာ စတက်တိန်းနယ်မြေထံမှ သတ္တုတွင်းထွက် ရင်းမြစ်ပမာဏကြီးတစ်ခုကို ယူဆောင်သွားမည်ဖြစ်၏။

သို့သော် ၎င်းကို ဂရုတစိုက် ကြည့်လိုက်လျှင် ၎င်းက စာချုပ်၏ တစ်စိတ်တပိုင်းလည်း ဖြစ်နေသည်။

စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်အား ဤအခက်အခဲကို ဖြတ်ကျော်ရန် အဘက်ဘက်၌ ကူညီရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့က ရူဒ်ဆန်တိုင်းပြည်နှင့် အတူ အလုပ်လုပ်မည်ဖြစ်ကာ ရူဒ်ဆန်တိုင်းပြည်ရှိ ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုကို တိုး၍ ရူဒ်ဆန်တိုင်းပြည်ရှိ အခြေနေကို မြှင့်တင်ရမည်။

ရူဒ်ဆန်တိုင်းပြည် ပေးခဲ့သည့် တန်ကြေးမှာ ၎င်းတို့၏ အတွင်းပိုင်း သတ္တုတွင်းထွက် ရင်းမြစ် ဈေးကွက်အားလုံးကို Frestech ကုန်သည်ကြီးများအသင်းအတွက် ဖွင့်ပေးပြီး ၎င်းတို့ လိုချင်သမျှ တွင်းထွက်ရင်းမြစ်ကို ဝယ်ယူခွင့်ပြုမည်ဖြစ်၏။

ဤလက်ရှိ အခြေနေကြောင့်သာ မဟုတ်ပါလျှင် ရူဒ်ဆန်တိုင်းပြည်မှာ သေချာပေါက် ၎င်းကို သဘောတူလိမ့်မည်။

သို့သော် ရူဒ်ဆန်တိုင်းပြည်၏ အခြေအနေမှာ လတ်တလော၌ ပြင်းထန်နေပြီး သဘာဝ ကပ်ဘေးမျိုးစုံရှိနေသဖြင့် နိုင်ငံ၏ အတွင်းပိုင်းအခြေအနေက အင်မတန် မငြိမ်မသက်ဖြစ်နေ၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အကူအညီတောင်းရန်ကလွဲ အခြားရွေးစရာမရှိတော့ပေ။

တတိယပို့ဆောင်ရေးသင်္ဘောစု၏ နောက်ဆုံးတာဝန်မှာ တောင်ပိုင်းပင်လယ်ပြင်ရှိ ကျွန်းများကို ဆက်လက် ဖွံ့ဖြိုးစေခြင်းပင်။

ကနဦးအစီစဉ်များအရ Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာ၏ တောင်ပင်လယ်ပြင်၌ ကျွန်းပေါင်း ဆယ့်ခုနစ်ကျွန်းကို အဆင့်မြှင့်မည်ဖြစ်သည်။ ၎င်းတို့မှာ ဤကျွန်းများ၌ သက်ဆိုင်ရာ အခြေစိုက်ဌာနနှင့် မှော် အချက်ပြတာဝါများကို တပ်ဆင်ကာ ဆက်သွယ်ရေးပြဿနာမရှိမည်ကို အာမခံ၍ ဤပင်လယ်အပိုင်းကို ထိန်းချုပ်ထားသည်။

တတိယ ပို့ဆောင်ရေးသင်္ဘောစုမှာ အလုပ်သမားငါးရာနှင့် ရင်းမြစ်ပမာဏများစွာကို ထိုကျွန်း ငါးကျွန်းထံ ဖြည့်ဆည်းဖို့ ယူဆောင်သွားသည်။ ထို့နောက် ၎င်းတို့မှာ တိုးတက်ဖို့ ကြည့်နေမည်ဖြစ်သည်။

သို့သော် ၎င်းတို့ နီရှီဆိပ်ကမ်းကို ခွာလာသည်နှင့် အရှေ့ဘက်သို့ သုံးရာကီလိုမီတာ အောက် ရောက်လာချိန်တွင် တတိယပို့ဆောင်ရေးသင်္ဘောစုမှာ ဒုက္ခတွေ့တော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၅။ သင်္ဘောကို ရှာဖွေခြင်း

အစောင့်သင်္ဘောများရှိနေသည့် နေရာနှင့် မနီးမဝေးတွင် ရေတန်းကြီးတစ်ခု ပေါ်လာပြီး လေထဲ၌ပြန့်ကျဲကာ ရေများကို ပြန်လည် စင်ကျလာစေသည်။

"အမိန့်ပေးလိုက် ချက်ချင်းရပ်လို့" မန်‌နေဂျာ အဲလ်ဒဲလ်က အဝေးရှိ အနက်ရောင်သင်္ဘောစုကိုကြည့်ကာ မျက်မှောင်တင်းတင်းကုပ်လိုက်၏၊ "ကန်ဒရာအင်ပါယာရဲ့ ရေတပ်က ဘာလုပ်ချင်နေတာလဲ?"

Frestech ကုန်သည်ကြီးများအသင်း၏ တတိယပို့ဆောင်ရေးသင်္ဘောစုအား နီရှီမြို့တော်မှ ခေါ်ထုတ်လာပြီးနောက် မန်‌နေဂျာ အဲလ်ဒဲလ်မှာ ကြည်လင်သောရာသီဥတု ငြိမ်သက်နေသော ပင်လယ်ပြင်တို့ကြောင့် မမှောင်ခင် ပင်လယ်ဧရိယာမှ ထွက်ခွာနိုင်ပြီး နောက်နေ့တွင် ပထမကျွန်း၌ ဆောက်လုပ်ရေးကို စတင်နိုင်မည်ဟု ထင်ခဲ့မိသည်။

ထိုသို့ သွားနေရင်းဖြင့် ကြည့်ရသည်မှာ အရာရာတိုင်းက အဆင်ပြေပြေဖြစ်နေပြီး သူ၏ တာဝန်ကို အပြည့်အဝ အပြီးသတ်နိုင်မည့်ပုံရနေ၏။

သို့သော နီရှီမြို့တော်မှ သုံးရာကီလိုမီတာအောက်တွင် သူဟာ ကန်ဒရာအင်ပါယာ၏ အလံနှင့် သင်္ဘောစုကြီးတစ်ခုအား ထိပ်တိုက်ဆုံမိလေသည်။

မန်‌နေဂျာ အဲလ်ဒဲလ်မှာ ကန်ဒရာအင်ပါယာရေတပ်က ဤနေရာ၌ တာဝန်ကျ၍ သို့မဟုတ် ရှေ့ပြေးစစ်ဆေးမှု လုပ်နေသဖြင့် မူလတွင် ၎င်းကို ထူးဆန်းသည်ဟု မထင်ခဲ့ရာ ၎င်းတို့၏ ဘေးပတ်လည်သို့ ကွေ့ဝိုက်၍ ခရီးဆက်လိုက်ကြသည်။

သို့သော် ၎င်းတို့ နီးကပ်လာစဉ်တွင် ကန်ဒရာအင်ပါယာ၏ ရေတပ်က ၎င်းတို့ရှေ့သို့ ကျောက်တုံးကြီးများစွာကို ပစ်လွှတ်ကာ သတိပေးချက်ပေးလာမည်ဟု မထင်ခဲ့ဖူးပါချေ။

၎င်းက မန်‌နေဂျာ အဲလ်ဒဲလ်ကို များစွာ အံ့အားသင့်သွားစေ၏။

ကန်ဒရာအင်ပါယာရေတပ်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အစောင့်သင်္ဘောသုံးစီး ဝယ်ယူခဲ့ကတည်းက ၎င်းတို့မှာ အနည်းငယ် ပူးပေါင်းခဲ့ကြရာ ၎င်းတို့၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်သည်ဟု ယူဆနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေး သင်္ဘောစုများနှင့် အစောင့်သင်္ဘောစုများမှာ ကန်ဒရာအင်ပါယာရေတပ်ကို တောင်ပိုင်း ပင်လယ်ပြင်၌ အကြိမ်များစွာ ဆုံတွေ့ခဲ့ဖူးပြီး မည်သည်မှလည်း မဖြစ်ခဲ့ဖူးဘဲ အတော်လေး လိုက်လျောညီထွေရှိခဲ့ပါ၏။

သို့ဖြစ်ရာ ကန်ဒရာအင်ပါယာရေတပ်က အဘယ့်ကြောင့် ရုတ်တရတ် တိုက်ခိုက်လာကြသနည်း?

မန်‌နေဂျာ အဲလ်ဒဲလ်လည်း မော့ကြည့်လိုက်သော် သူ၏ အကြီးစားပို့ဆောင်ရေး မှော်သင်္ဘောမှာ Frestech ကုန်သည်ကြီးများအသင်းအလံကို လွှင့်ထူထားသဖြင့် ကန်ဒရာအင်ပါယာရေတပ်ကလည်း ၎င်းကို မမြင်နိုင်ရန်လည်း မဖြစ်နိုင်ပေ။

သူ သံသယဖြစ်နေစဉ်တွင် မျက်နှာချင်းဆိုင်ရှိ ကန်ဒရာအင်ပါယာသင်္ဘောစုထံမှ အဖြူရောင် အစောင့်သင်္ဘောမှ တဖြည်းဖြည်းရောက်လာလေသည်။

တစ်အောင့်ကြာပြီးနောက် မန်‌နေဂျာ အဲလ်ဒဲလ်၏ အကြီးစားပို့ဆောင်ရေး မှော်သင်္ဘော ဆက်သွယ်မှုဆိုင်ရာ ဝန်ထမ်းမှာ သူ့အတွက် မှော်ဆက်သွယ်ရေးကိရိယာကို ယူလာခဲ့သည်။

"ဆရာ မန်နေဂျာ ကန်ဒရာအင်ပါယာရေတပ်ဆီက ဆက်သွယ်ရေးတောင်းဆိုချက်ရှိနေပါတယ်"

မန်‌နေဂျာ အဲလ်ဒဲလ်က မျက်မှောင်ကုပ်လိုက်ရင်း ၎င်းကို ယူကာ ခလုတ်ကို နှိပ်လိုက်သည်။

"ဟယ်လို Frestech ကုန်သည်ကြီးများအသင်းရဲ့ မန်‌နေဂျာ အဲလ်ဒဲလ်ပါ၊ ကန်ဒရာအင်ပါယာရေတပ်က ဘယ်ဆရာများလဲလို့ မေးပါရစေ?"

သက်လတ်ပိုင်း လူတစ်ဦး၏ ခပ်နိမ့်နိမ့်ဩဩအသံတစ်သံမှာ မှော်ဆက်သွယ်ရေးကိရိယာထံမှ ထွက်လာသည်။

"ကန်ဒရာအင်ပါယာရဲ့ ပထမရေတပ်မှူး မာ့ခ်လူးဝစ်ပါ။ မန်‌နေဂျာ အဲလ်ဒဲလ် ကျုပ်က ခင်ဗျားတို့ကို တရားဝင်သတိပေးချက်ပေးဖို့ ကန်ဒရာအင်ပါယာရေတပ်ကို ကိုယ်စား ပြုနေပါတယ်။ ရူဒ်ဆန်တိုင်းပြည်ရဲ့ တောင်ပိုင်းပင်လယ်ကို အင်ပါယာရဲ့ ရေတပ်က ပိတ်ဆို့ထားလိုက်ပြီမို့ အင်ပါယာရဲ့ ခွင့်ပြုချက်ရှိရင် ဘယ်သင်္ဘောမှ ဖြတ်သန်းခွင့်မရှိပါဘူး။ ခင်ဗျားတို့ သင်္ဘေညစုက ဒီအဟန့်အတားကို ကျူးကျော်နေပြီ ဆိုပေမယ့် ခင်ဗျားတို့ဟာ Frestech ကုန်သည်ကြီးများအသင်းက ဖြစ်နေတော့ ချွင်းချက်အနေနဲ့ ခင်ဗျားတို့ကို စတက်တိန်းနယ်မြေဆီ ပြန်ခွင့်ပြုနိုင်ပါတယ်။"

"ဘာဖြစ်တယ်?" ရူဒ်ဆန်တိုင်းပြည်မန်‌နေဂျာ အဲလ်ဒဲလ်မှာ ငေးကြောင်သွားကာ သူ့နားကိုပင် သူမယုံနိုင်ဖြစ်နေသည်၊ "ခင်ဗျားတို့က ရူဒ်ဆန်တိုင်းပြည်ရဲ တောင်ပိုင်းပင်လယ်ပြင်ကို ပိတ်ဆို့လိုက်ပြီလို့ ပြောနေတာလား? တကယ်ကြီးလား?"

"ဟုတ်ပါတယ်" တပ်မှူးလူးဝစ်၏ အသံက အင်မတန် လေးနက်လာသည်၊ "ဒါက စစ်ဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ ခင်ဗျားတို့မှာ ခုခံဖို့ အခွင့်အရေးမရှိပါဘူး။ ကျုပ်က ချက်ချင်း ဒီပင်လယ်ပြင်ကို ခွာဖို့ ဆယ်မိနစ်ပေးမယ် မဟုတ်ရင်တော့ အကျိုးဆက်ကို သတိထားသင့်တယ်"

"အကျိုးဆက်ကို သတိထားရမယ်?" မန်‌နေဂျာ အဲလ်ဒဲလ်မှာ မနေနိုင်စွာ စိတ်ထဲ၌ အေးစက်စက်ရယ်မိ၏။

ကန်ဒရာအင်ပါယာရေတပ်မှာ ဧရာမသင်္ဘောကြီး အစင်းတရာရှိသော်လည်း သူဟာ ၎င်းတို့ကို မျက်လုံးထဲ ထည့်မထားပါချေ။

ကန်ဒရာအင်ပါယာ၏ ရေတပ်သင်္ဘောစုမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အစောင့်သင်္ဘောသုံးစီးသာ ရသည်။ ၎င်းတို့ထံရှိ အစောင့်သင်္ဘောဆယ်စင်းနှင့် ယှဉ်ပါက တိုက်ပွဲအင်အားက တူညီသည့် အဆင့်၌ ရှိမနေပေ။

သူ စိုးရိမ်ဖို့ လိုအပ်သည်မှာ အခြား ပို့ဆောင်ရေးမှော်သင်္ဘောကြီးများက အစောင့်သင်္ဘောများထက် ပိုနှေးပြီး စစ်ဘက်သုံးမှော်စက်များမရှိသဖြင့် တိုက်ခိုက်နိုင်စွမ်းအနည်းငယ်သာရှိသည်။

၎င်းတို့သာ တိုက်ခိုက်ကြလျှင် ပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စင်းက ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်။

သို့သော် အဓိကပြဿနာမှာ တိုက်ပွဲအင်အားမဟုတ်ဘဲ သူ့အနေနှင့် ကန်ဒရာအင်ပါယာရေတပ်သင်္ဘောစုကို တကယ်ပဲ တိုက်ခိုက်ရန် မဖြစ်နိုင်ခြင်းပင်။

၎င်းတို့ အနိုင်ရလျှင်ပင် ဤသည်က Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ကန်ဒရာအင်ပါယာကို စစ်ကြေငြာခြင်းနှင့် ညီမျှသည်။

၎င်း၏ အကျိုးဆက်များက အင်မတန် ပြင်းထန်မည်ဖြစ်ပြီး မန်နေဂျာ အဲလ်ဒဲလ်အနေနှင့် ထိုသို့ မလုပ်ဝံ့ပေ။

စဉ်းစားလိုက်ပြီးနောက် မန်နေဂျာ အဲလ်ဒဲလ်က ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်၊ "တပ်မှူး လူးဝစ် ကျုပ်တို့က ကျုပ်တို့ ကုမ္ပဏီရဲ့ သာမန် ကုန်သွယ်ရေးလေး လုပ်နေရုံပါ ဒါက ခင်ဗျားတို့ရဲ့ အဟန့်အတားကို လုံးဝ မနှောင့်နှေးစေဘူးမို့လား?"

"မဟုတ်ဘူး!" တပ်မှူးလူးဝစ်က မှော်ဆက်သွယ်ရေးကိရိယာမှတဆင့် ခိုင်မာစွာ ဆိုလာသည် "ခင်ဗျား ဒီပင်လယ်ဧရိယာကို ဝင်လာတာကတင် ဒီအဟန့်အတားကို ချိုးဖောက်နေပြီ။ ခင်ဗျားတို့ ကုမ္ပဏီကြောင့်သာ မဟုတ်ရင် ကျုပ်တို့ တိုက်ခိုက်ပြီးနေလောက်ပြီ။ ကျုပ်သတိ‌ထပ်ပေးပါမယ် ဒီပင်လယ်ဧရိယာကနေ ချက်ချင်း ထွက်ခွာပါ!"

မန်နေဂျာ အဲလ်ဒဲလ်မှာ အနည်ူငယ် ဒေါသဖြစ်သွားသော်လည်း ကန်ဒရာအင်ပါယာရေဆပ် အလံနှင့် သင်္ဘောတစ်ရာကျော်ကိုမြင်သော် ခါးသက်သက်သာ ရယ်လိုက်နိုင်။ ထို့နောက် သူဟာ သက်ပြင်းချကာဆို၏၊ "ကောင်းပါပြီ ကျုပ်တို့ ဆုတ်ခွာပါ့မယ်။ တပ်မှူးလူးဝစ် ကျုပ် သေချာပေါက် ဒီနေ့ကိစ္စကို ဥက္ကဌဆီ အပြည့်အဝ အစီရင်ခံမှာပါ။"

၎င်းမှာ သူ၏ အနည်းငယ် ဆန္ဒမရှိသည့် ပြန်လည်တိုက်ခိုက်ခြင်းပါပင်။

သို့သော်လည်း တပ်မှူး လူးဝစ်မှာ မလှုပ်ရှားသွားဘဲ မှော်ဆက်သွယ်ရေးကိရိယာမှ တဆင့် အေးစက်စက်ရယ်မောလာသည်။

"ဥက္ကဌရှု ဒီနေ့ ဒီမှာ ရှိနေရင်တောင် သူက ခင်ဗျားနဲ့ တူညီတဲ့ ရွေးချယ်မှုကိုပဲ လုပ်နိုင်မှာပါ"

တပ်မှူး အဲလ်ဒဲလ်မှာ ကူရာမဲ့စွာ ခေါင်းယမ်း၍ သူ၏ လက်ထောက်ထံ လက်ယမ်းပြလိုက်သည်။

"အမိန့်ပေးလိုက် အရင်ဆုံး နီရှီမြို့တော်ကို ပြန်ဆုတ်မယ်"

Frestech ကုန်သည်ကြီးများအသင်း တတိယပို့ဆောင်ရေး သင်္ဘောစုကြီး၏ မှော်သင်္ဘောကြီးနှစ်စင်းနှင့် အစောင့်သင်္ဘောဆယ်စင်းတို့မှာ ပြန်လညှ့်ကာ နီရှီမြို့တော်သို့ ပြန်လည် ဦးတည်ဖို့ ပြင်ဆင်လိုက်ကြ၏။

၎င်းတို့ လှုပ်ရှားလိုက်ချိန်တွင် အနီးနားမှ အသံကျယ်ကြီးနှစ်သံထွက်လာသည်။

မန်နေဂျာ အဲလ်ဒဲလ်လည်း တအံ့တဩလှည့်ကြည့်လိုက်သော် ရေတန်းကြီး နှစ်တန်း ကျလာသည်ကို မြင်လိုက်ရသည်။

အံ့ဩနေပြီးနောက် သူဟာ တစ်ဖန် မှော်ဆက်သွယ်ရေးကိရိယာကိုယူ၍ စူးရှစွာ ပြောလိုက်၏၊ "တပ်မှူး လူးဝစ် ဒါက ဘာအဓိပ္ပာယ်လဲ?"

တပ်မှူး လူးဝစ်၏ အေးစက်စက်အသံက မှော်ဆက်သွယ်ရေးကိရိယာထံမှ ထွက်လာသည်။

"မန်နေဂျာ အဲလ်ဒဲလ် ခင်ဗျား အခုမှ ရူဒ်ဆန်တိုင်းပြည်ကနေ ထွက်လာတာ မဟုတ်ဘူးလား?"

"ဒီတော့?" မန်နေဂျာ အဲလ်ဒဲလ်မှာ သူ၏ စကားလုံးများကို အစာအိမ်ထဲသို့ မျိုချထားကာ မိမိကိုယ်ကို အတင်း တည်ငြိမ်စေပြီးမှ လေးနက်စွာမေးလိုက်သည်၊ "ဒါက ခင်ဗျားနဲ့ ဘာများသက်ဆိုင်နေလို့လဲ?"

"ခင်ဗျားအနေနဲ့ ကျုပ်တို့ ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်ကို အပြည့်အဝဟန့်တားဖို့ ထုတ်ပြန်ထားတာကို သိမှာပါ။ ခင်ဗျားသာ ရူဒ်ဆန်တိုင်းပြည်ကို ပြန်သွားလိုက်ရင် ဒီအဟန့်အတားကို ချိုးဖောက်လိုက်ပြီပဲ။ ကျာပ်က ခင်ဗျားတို့ သင်္ဘောမှာ ရူဒ်ဆန်တိုင်းပြည်က လူအင်အားနဲ့ ကုန်စည်‌တွေ ရှိတယ်လို့ သံသယရှိတယ်။ ခင်ဗျားတို့အနေနဲ့ ချက်ချင်းရပ်ပြီး ကျုပ်တို့ စစ်ဆေးမှုကို လက်ခံဖို့ တောင်းဆိုတယ်"

"ဒါက အရမ်းကို တရားလွန်နေပြီပဲ!"

မန်နေဂျာ အဲလ်ဒဲလ်၏ စိတ်ထဲ ဒေါသတို့ ပြည့်နှက်သွားရသော်လည်း ၎င်းကို ပြောလိုက်ခြင်းမှာသူဟာ ဒေါသမထွက်နိုင်ခြင်းကြောင့်ပင် မဟုတ်ပါက ၎င်းတို့အားလုံး အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မန်နေဂျာ အဲလ်ဒဲလ်က မိမိကိုယ်ကို ပြန်လည်တည်ငြိမ်စေပြီး အသံတိုးတိုးဖြင့်ဆိုသည်၊ "တပ်မှူး လူးဝစ် ခင်ဗျားရဲ့ သံသယအတွက် အခြေခံအကြောင်းရင်းမရှိဘူး။ ကျုပ်တို့က ခင်ဗျားရဲ့ တောင်းဆိုမှုကြောင့် ထွက်ခွာရပေမယ့်လည်း ခင်ဗျား ကျုပ်တို့ကိုစစ်ဆေးဖို့ မဖြစ်နိုင်ဘူး။"

"ဒီတောင်းဆိုချက်ကို ပယ်ဖျက်လိုက်ရင် ကျုပ်တို့က ခင်ဗျားတို့အနေနဲ့ တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ သတ်မှတ်ရလိမ့်မယ်။" တပ်မှူး လူးဝစ်က အေးစက်စက်ဆိုလိုက်သည်၊ "ခင်ဗျားတို့သာ ကျုပ်တို့နဲ့ မပူးပေါင်းရင် မယဉ်ကျေးဘူးလို့ အပြစ်မတင်ပါနဲ့"

"မန်နေဂျာ ကန်ဒရာအင်ပါယာရဲ့ သင်္ဘောတွေ လှုပ်ရှားနေကြပြီ" သူ၏ လက်ထောက်က သူ့အား အသံတိုးတိုးဖြင့် သတိပေးလာသည်။

မန်နေဂျာ အဲလ်ဒဲလ်လည်း ကြည့်လိုက်ရာ ကန်ဒရာအင်ပါယာ၏ သင်္ဘောစုက ၎င်းတို့ကို ဝိုင်းထားရန် ရွှေ့လာကြသည်ကို မြင်လိုက်ရသည်။

၎င်းကို သုံးသပ်ရသော် ၎င်းတို့မှာ မိမိတို့အား ဝိုင်းထားဖို့ ပြင်ဆင်နေကြပြီး လွတ်မြောက်ခွင့် ပေးမည်မဟုတ်ကြောင်း သိသာသည်။

"မန်နေဂျာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ?"

မန်နေဂျာ အဲလ်ဒဲလ်မှာ နီးကပ်‌လာနေသည့် ကန်ဒရာအင်ပါယာသင်္ဘောစုကို ကြည့်၍ အသက်ပြင်းပြင်း အကြိမ်များစွာ ရှိုက်လိုက်ပြီးနောက် သူ၏ လက်ထောက်ကို ဆွဲကာ အသံတိုးတိုးဖြင့် ဆိုလိုက်သည်၊ "တစ်ခုခုဖြစ်ရင် အစောင့်သင်္ဘောဆယ်စီးကို တုံ့ဆိုင်းမနေဘဲ အဟန့်အတားကို ဖြတ်ခိုင်းလိုက်"

လက်ထောက်က အံ့ဩသွား၏၊ "ပို့ဆောင်ရေးသင်္ဘောနှစ်စီးကရော?"

"ပို့ဆောင်ရေးသင်္ဘောနှစ်စီးက အရမ်းနှေးတယ်၊ ပြေးရမှာ ခက်တာမို့ ဒီမှာ ထားခဲ့ရမယ်" ထိုသို့ပြောပြီးနောက် မန်နေဂျာ အဲလ်ဒဲလ်မှာ အံကိုကြိတ်ရင်း နာကျင်မှုက ရင်ထဲ ပြည့်သွားရသည်။

သူဟာ တတိယပို့ဆောင်ရေးသင်္ဘောစု မန်နေဂျာရာထူးကို ယူထားစဉ်ကတည်းက သူ့လက်အောက်ရှိ သင်္ဘောများမှာ မည်သည့် ပြဿနာမှ မရှိခဲ့ချေ။ သူ့အနေနဲ့ ဈေးကြီးလှသည့် ပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စင်းကို ပစ်ခဲ့ခြင်းကို ပထမဆုံးအကြိမ် မစဉ်းစားခဲ့ဖူးချေ၊ ၎င်းက ဆုံးရှုံးမှု အတော်ကြီးမည်ပင်။

"ဒါပေမယ့်..."

"ဘာ ဒါပေမယ့်မှ မရှိဘူး" မန်နေဂျာ အဲလ်ဒဲလ်က သူ၏ လက်ထောက်ကို ဖြတ်ပြောလိုက်၏၊ "ငါတို့ ကန်ဒရာအင်ပါယာနဲ့ တိုက်ခိုက်လို့မရတာမို့ ထွက်ပြေးလို့ပဲရမယ်"

လက်ထောက်၏ အမူအရာက ပြောင်းလဲသွားပြီးနောက် ခေါင်းငြိမ့်က အမိန့်ကို လက်ခံလိုက်သည်။

"မြန်မြန် ပြင်ဆင်မှုလုပ်တော့ ငါ အချိန် နည်းနည်းဆွဲထားလိုက်မယ်" မန်နေဂျာ အဲလ်ဒဲလ်က သူ၏ လက်ထောက်ကို ပခုံးပုတ်လိုက်ပြီး ထွက်သွားဖို့ ညွှန်ပြလိုက်ပြီးနောက် မှော်ဆက်သွယ်ရေးကိရိယာထံ တစ်ဖန် လှည့်လာသည်၊ "တပ်မှူး လူးဝစ် ရပ်လိုက်ပါ ကျုပ် ခင်ဗျားတို့ တောင်းဆိုမှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်"

"အိုး?" တပ်မှူး လူးဝစ်က အနည်းငယ် အံ့ဩသွားသည်၊ "ခင်ဗျား ကျုပ်တို့ စစ်ဆေးမှုကို လက်ခံဖို့ ဆန္ဒရှိတယ်လား?"

"ဟုတ်ပါတယ်" မန်နေဂျာ အဲလ်ဒဲလ်က ဆိုသည်၊ "ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးတာမို့ ကျုပ် ဘာသာ ဆုံးဖြတ်ရင် ကုမ္ပဏီကို ပြန်ရောက်တဲ့အခါ အပြစ်ပေးခံရမှာပဲ။ ဒီတော့ တပ်မှူး လူးဝစ်အနေနဲ့ ဥက္ကဌ ဒါမှမဟုတ် CEOကို ဆက်သွယ်ပြီး ရှင်းပြဖို့ အချိန်နည်းနည်းပေးဖို့ မျှော်လင့်ပါတယ်"

"ဥက္ကဌရှုကို ဆက်သွယ်ဖို့?" တပ်မှူး လူးဝစ်၏ အသံ၌ မယုံကြည်နိုင်ဟန်ပြနေသည်၊ "စတက်တိန်းနယ်မြေကနေဆို ကီလိုမီတာ နှစ်ထောင်ကျော်ဝေးတာ ဘယ်လိုလုပ် ဥက္ကဌရှုကို ဆက်သွယ်မှာလဲ?"

"ကျုပ်တို့ ကုမ္ပဏီမှာ အချိန်တိုအတွင်း ဥက္ကဌကို ဆက်သွယ်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေရှိပါတယ်။ တပ်မှူး လူးဝစ်အနေနဲ့ နာရီဝက်အချိန်ပေးနိုင်မလား?"

"နာရီဝက်အတွင်းမှာ ဥက္ကဌရှုရဲ့ အဖြေကိုရမယ်ဆိုတာ သေချာလား?"

"သေချာပါတယ်"

မှော်ဆက်သွယ်ရေးကိရိယာထံမှ အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ကန်ဒရာအင်ပါယာ၏ သင်္ဘောစု ဖြည်းဖြည်းချင်း ချဉ်းကပ်လာခြင်းက ရပ်တန့်သွားသည်။

သို့သော် အနှီသင်္ဘောများက ပင်လယ်ပြင်၌ ပြန့်ကျဲနေဆဲဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ တတိယပို့ဆောင်ရေးသင်္ဘောစုကို အပြည့်အဝဝိုင်းထားသည်။

"နာရီဝက်ပေးမယ်။ နာရီဝက်ကြာပြီးနောက် ဘာအဖြေမှ မရှိရင် ကျုပ် စောင့်ပေးတော့မှာ မဟုတ်ဘူး။" တပ်မှူး လူးဝစ်၏ အေးစက်စက်အသံက မှော်ဆက်သွယ်ရေးကိရိယာထံမှ ထပ်ထွက်လာသည်။

"ကောင်းပြီ"

မန်နေဂျာ အဲလ်ဒဲလ်လည်း ဖြေလိုက်ပြီးနောက် တစ်အောင့်အကြာတွင် မှော်လေသင်္ဘောတစ်စင်းက ရုတ်တရတ် မန်နေဂျာ အဲလ်ဒဲလ်၏ ပို့ဆောင်ရေးမှော်သင်္ဘောထံမှ ကောင်းကင်သို့ ပျံတက်သွားပြီး ပင်လယ်ပြင်၌ အနောက်မြောက်အရပ်သို့ ပျံသန်းသွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၆။ ပြန်လည်တိုက်ခိုက်ခြင်း (သို့) ဆုတ်ခွာခြင်း

တပ်မှူး လူးဝစ်မှာ အဝေးသို့ ပျောက်ကွယ်သွားသည့် မှော်လေသင်္ဘောကို ကြည့်လိုက်ပြီးနောက် သူ၏ နံဘေးရှိ ကောင့်ထ်ရပ်ဆဲလ်ကို သံသယဖြင့် လှည့်ကြည့်လာသည်။

"ဆာ ရပ်ဆဲလ် ဒီနေရာက စတက်တိန်းနယ်မြေကနေဆို ကီလိုမီတာ နှစ်ထောင်ကျော်ဝေးတယ်။ မှော်လေသင်္ဘောတွေ မြန်ရင်တောင် ရှုယီဆီကနေ နာရီဝက်တည်းနဲ့ အဖြေရဖို့ မဖြစ်နိုင်ဘူး မဟုတ်လား? အဲ့ဒီ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေ ဘာကို စဉ်းစားနေကြတာလဲ?"

ကောင့်ထ်ရပ်ဆဲလ်သည်လည်း မှော်လေသင်္ဘောပျောက်ကွယ်သွားသည့် အရပ်ကိုကြည့်နေသည်မှာ သူဟာ ထိုမြင်ကွင်း၌ အမြဲတည်နေရှိနေချင်သလိုပါပင်။ တပ်မှူး လူးဝစ် အပြောကို ကြားပြီးနောက် သူက ခေါင်းခါ၍ အလေးအနက်ပြောလိုက်သည်၊ "Frestech ကုန်သည်ကြီးများအသင်းက အမြဲ ထူးထူးဆန်း‌ဆန်းတွေပဲ လုပ်ကြတာမို့ သူတို့က နာရီဝက်အတွင်း ရှုယီကို ဆက်သွယ်နိုင်တယ်လို့ ပြောကတည်းက အကွာအဝေးက အရေးမပါဘူးဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"

"ခင်ဗျားက တကယ်ပဲ Frestech ကုန်သည်ကြီးများအသင်းကို ယုံကြည်မှု မြင့်တာပဲ"

တပ်မှူး လူးဝစ်က ၎င်းကိုကြားစဉ်တွင် ပခုံးတွန့်လိုက်သည်။ သူဟာ ကန်ဒရာအင်ပါယာရေတပ်၌ ကျော်ကြားသည့် လက်ထောက်ခေါင်းဆောင်အရာရှိ ကောင့်ထ်ရပ်ဆဲလ်မှာ Frestech ကုန်သည်ကြီးများအသင်းကို ယုံကြည်ကိုးစားမှုမြင့်ပြီး ၎င်းက သူ၏ အမြင်တွင် Frestech ကုန်သည်ကြီးများအသင်းက မည်သည့်အရာကိုမဆို လုပ်‌နိုင်နေသလိုဖြစ်နေသည်ဟု တွေးမိသည်။

"ဒါက အမှန်ပဲလေ" ကောင့်ထ်ရပ်ဆဲလ်က တပ်မှူး လူးဝစ်ကို အမူအရာလေးနက်စွာဖြင့် လှည့်ကြည့်လိုက်ကာ၊ "ငါ ကိုယ်တိုင် Frestech ကုန်သည်ကြီးများအသင်း လုပ်ခဲ့တဲ့ ထူးထူးဆန်းဆန်းအရာတွေကို မြင်ခဲ့ဖူးတော့ မင်းသာ သူတို့ကို အရေးမထားရင် ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်"

တပ်မှူး လူးဝစ်က ၎င်းကိုရယ်မောလိုက်ရာ မယုံသည်မှာ ရှင်းလင်းပါ၏။

သို့သော် သူဟာ ရပ်ဆဲလ်ကဲ့သို့ စီနီယာအရာရှိကို ပြိုင်ငြင်းမနေပါချေ။ စဉ်းစားလိုက်ပြီးနောက် သူ မေးလိုက်၏၊ "ဆာ ရပ်ဆဲလ် ခင်ဗျားဘာလို့... စစ်ဌာနချုပ်က ဒီတစ်ခေါက် ဒီစစ်ဆင်ရေးကို စီစဉ်မယ်လို့ ထင်ခဲ့တာလဲ?"

ကောင့်ထ်ရပ်ဆဲလ်က သူ့ကိုကြည့်လိုက်သည်၊ "ဘာလို့ မေးတာလဲ?"

"ရူဒ်ဆန်တိုင်းပြည်မှာက ရေတပ်မရှိသလို ကုန်စည်ပို့ဆောင်ရေးအတွက်လည်း ဘာရေတပ်မှ မပိုင်ဘူးလေ။ ဒါကို လုပ်နိုင်တာက Frestech ကုန်သည်ကြီးများအသင်းပဲ ရှိတာ။ ကျုပ်တို့ရဲ့ ဒီတစ်ခေါက် စစ်ဆင်ရေးက Frestech ကုန်သည်ကြီးများအသင်းကိုပဲ ပစ်မှတ်ထားနေတာ မသိသာဘူးလား? ကျုပ် အရမ်းသိချင်နေတာ နိုင်ငံက Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမှုကတဆင့် စစ်ဘက်သုံးမှော်စက်တချို့ ရဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆွေးနွေးနေရုံပဲလေ၊ ဒါ‌ဆို ဘာလုပ် ရုတ်တရတ်ကြီး သူတို့ကို ပစ်မှတ်ထားရတာလဲ?"

"ငါလည်း အဲဒီ့ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ အတွေးတွေကို ဘယ်သိမှာလဲ?" ကောင့်ထ်ရပ်ဆဲလ်က သာမန်ကာလျှံကာပင် ပြန်ပြောလိုက်သည်။

ကောင့်ထ်ရပ်ဆဲလ်က ထိုမျှ အေးဆေးနေသည်ကိုမြင်သော် တပ်မှူး လူးဝစ်က အနည်းငယ် ပျင်းစရာကောင်းကြောင်း တွေ့လိုက်ရသည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်သင်္ဘောဆယ့်နှစ်စီး‌ပတ်လည်၌ ဝိုင်းထားသော သင်္ဘောများကို ကြည့်လိုက်ပြီး တပ်မှူး လူးဝစ်မှာ မနေနိုင်စွာ ပြုံးလာသည်။

Frestech ကုန်သည်ကြီးများအသင်းမှ ကန်ဒရာအင်ပါယာ၏ ရေတပ်ကို ရောင်းချခဲ့သော အစောင့်သင်္ဘောသုံးစင်းမှာ ရိုးရိုးသစ်သားသင်္ဘောများထက် များစွာ ကျော်လွန်နေပြီး ကန်ဒရာအင်ပါယာရေတပ်၌ ထိုအစောင့်သင်္ဘောများကို ဝယ်လိုအားမြင့်မားနေသည်။

သို့သော် ကန်ဒရာအင်ပါယာရေတပ်၏ ဘတ်ဂျက်မှာ အကန့်အသတ်ရှိလေရာ ၎င်းတို့ထံမှ အစောင့်သင်္ဘောပမာဏကြီးတစ်ခုကို မှာယူရန်မဖြစ်နိုင်ပေ၊ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အား ထိုမျှ အများကြီး ပေးမည်မဟုတ်သည်ကို မဆိုနှင့်။ ထို့ကြောင့် ယခုအချိန်ထိ ကန်ဒရာအင်ပါယာထံ၌ အစောင့်သင်္ဘောသုံးစင်းသာ ရှိပေသည်။

သို့သော် တပ်မှူး လူးဝစ်ရှေ့တွင် အစောင့်သင်္ဘောဆယ်စင်းနှင့် ပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စင်းရှိနေရာ လူများစွာကို မနာလိုအားကျမှုဖြင့် ကြည့်နေစေသည်။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အား စစ်ဆေးခွင့်ပြုလိုက်သရွေ့ ကန်ဒရာအင်ပါယာရေတပ်မှာ ၎င်းတို့ထံမှ အနှီမှော်သင်္ဘောများကို ရယူရန် နည်းလမ်းရှာဖို့ ကြိုးစားမည်ဖြစ်သည်။

ဤတာဝန်ကို ကြီးကြပ်သူမှာ ကန်ဒရာအင်ပါယာ၏ ပထမရေတပ်ဖြစ်ပြီး ၎င်းမှာ ကန်ဒရာအင်ပါယာ ရေတပ်၏ အဓိက အင်အားဖြစ်သည်။ မျှော်လင့်မထားသည့် အရာများဖြစ်မလာလျှင် သိမ်းယူလိုက်သည့် သင်္ဘောအားလုံးကို ပထမရေတပ်ထံ အပြည့်အဝ မပေးလျှင်တောင် အနည်းဆုံး တစ်ဝက်လောက်တော့ ရမည်သာ။

သူသာ အစောင့်သင်္ဘောငါးစီးနှင့် ပို့ဆောင်ရေးမှော်သင်္ဘောတစ်စီးရပါလျှင် တပ်မှူး လူးဝစ်မှာ ပထမရေတပ်၏ အင်အားက များစွာ တိုးလာမည်ကို သေချာသည်။

ကောင့်ထ်ရပ်ဆဲလ်မှာ တပ်မှူး လူးဝစ်အား Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေး သင်္ဘောစုမှာ ထိုမျှ လွယ်လွယ်လေး လက်လျှော့မည်မဟုတ်ကြောင်း သီးသန့် သတိပေးခဲ့သော်လည်း သူကတော့ ထိုအကြောင်းကို လုံးဝ စိုးရိမ်မနေပေ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက သန်မာပါလျှင်တောင် ၎င်းတို့ကို ဝိုင်းရံထားသည့် မိုးချုန်းသင်္ဘောတစ်ရာကို ရင်ဆိုင်ရချိန်တွင် ၎င်းတို့အတွက် ၎င်းကို ဖောက်ထွက်ဖို့ မဖြစ်နိုင်ချေ။

၎င်းတို့ထံ၌ ပို့ဆောင်ရေးမှော်သင်္ဘောနှစ်စင်းကလည်း ဝန်ထုပ်ဝန်ပိုးအဖြစ်ရှိနေရာ အတူတကွ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

တပ်မှူး လူးဝစ်၏ ယုံကြည်ချက်အတွက် အကြောင်းအရင်းမှာ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုက ပြန်တိုက်ခိုက်ဝံ့မည်မဟုတ်သည်ကို ယုံကြည်သောကြောင့်ပင်။

Frestech ကုန်သည်ကြီးများအသင်းက လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အမြန် တိုးတက်လာခဲ့ပါလျှင်တောင် အဆုံး၌ ၎င်းတို့က ကုမ္ပဏီတစ်ခုသာ ဖြစ်နေသေးသည်။ မည်သို့များ နယ်မြေကြီးရှိ အကြီးမားဆုံး အင်ပါယာကို ပြန်လည်တိုက်ခိုက်ဝံ့မည်နည်း?

၎င်းကိုစဉ်းစားရင်း တပ်မှူး လူးဝစ်မှာ နေရောင်အောက်၌ တောက်ပနေသော သံမဏိစစ်သင်္ဘော ဆယ်စင်းကိုကြည့်၍ မနေနိုင်စွာ ရတနာကို ရလိုက်သကဲ့သို့ အပြုံးဖြင့် လက်များကို ဖိပွတ်လိုက်သည်။

သူဟာ သေချာပေါက် ထိုသင်္ဘောများကို ယူရမည်ပင်!

...........

နာရီဝက်က မမြန်လှသော်လည်း နှေးနေသည်တော့လည်း မ‌ဟုတ်ပေ။

၎င်းတို့အပေါ်ရှိ နေက အနောက်ဘက်သို့ အနည်းငယ် ရွေ့သွားကာ အနောက်ဘက်မှ အနက်ရောင်ပုံရိပ်တစ်ခု အမြန်ချဉ်းကပ်လာသည်။

တစ်အောင့်ကြာပြီးနောက် ထိုအနက်ရောင်ပုံရိပ်က အမြန်ပျံနေသည့် မှော်လေသင်္ဘောအသွင်ပြောင်းသွားတော့သည်။

ထိုမှော်လေသင်္ဘောပေါ်လာသည်ကိုမြင်သော် ပင်လယ်ပြင်၌ အင်မတန် တိတ်ဆိတ်နေခဲ့ကြသည့် နှစ်ဘက်စလုံးက ရုတ်တရတ် သက်ဝင်လှုပ်ရှားလာသည်။

လူတိုင်း၏ မျက်လုံးများမှာ မှော်လေသင်္ဘောပေါ်‌၌ ရှိကာ ၎င်းက ပို့ဆောင်ရေးမှော်သင်္ဘောကြီးတစ်စင်းပေါ် သက်ဆင်းလိုက်သည်ကို ကြည့်နေကြသည်။

လက်ထောက်နှစ်ဦးနှင့် စောင့်နေခဲ့သည့် မန်နေဂျာအဲလ်ဒဲလ်က အမြန်သွားလိုက်သည်။ မှော်လေသင်္ဘောတံခါးပွင့်လာချိန်တွင် သူဟာ မနေနိုင်စွာ အထဲဝင်သွားလိုက်၏။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ယူနီဖောင်းဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ဦး ရုတ်တရတ် ထွက်လာရာ သတိမထားမိဘဲ နှစ်ယောက် တိုက်မိသွားကြသည်။

မန်နေဂျာအဲလ်ဒဲလ်လည်း အံ့ဩ၍ ဘေးကိုတိုးလိုက်ကာ ထိုလူက မှော်လေသင်္ဘော၏ တာဝန်ယူရှိသူ အူစလေ ဖြစ်သည်ကို မြင်လိုက်သည်။ သူဟာ ချက်ချင်းမေးလိုက်၏၊ "ဘယ်လိုလဲ? ဥက္ကဌ အဖြေပြန်ပေးလား?"

အူစလေက ခေါင်းငြိမ့်၏၊ "အင်း ကျုပ်တို့တွေ အနီးဆုံး ဆက်သွယ်ရေးနေရာကို သွားပြီး မှော်ဆက်သွယ်ရေးကွန်ရက်ကနေ ဥက္ကဌကို ဆက်သွယ်ခဲ့တယ်။ အခြေနေကို ဥက္ကဌဆီတင်ပြလိုက်တော့ ဥက္ကဌက အမိန့်ပေးလာတယ်။"

"ဘာအမိန့်လဲ?" မန်နေဂျာအဲလ်ဒဲလ်က အမြန်‌မေးလိုက်သည်။

အူစလေလည်း ဘေးဘီကိုကြည့်၍ မန်နေဂျာအဲလ်ဒဲလ်ကို မျက်လူံးများဖြင့် မှော်လေသင်္ဘောပေါ် တက်ဖို့ ပြောလာသည်။

မန်နေဂျာအဲလ်ဒဲလ်လည်း နားလည်ကာ အူစလေနောက်ကို လိုက်၍ မှော်လေသင်္ဘောထက်ရှိ ပိတ်ထားသည့် အခန်းထဲ သွားလိုက်ကြသည်။

အူစလေက မှော်ဆက်သွယ်ရေးကိရိယာကို ယူကာ မန်နေဂျာအဲလ်ဒဲလ်ရှေ့ ချပေးလာ၏။

"ကျုပ် ဥက္ကဌရဲ့ အမိန့်ကို မှတ်တမ်းတင်ထားတယ် ကိုယ့်ဘာသာ နားထောင်လိုက်လို့ရတယ်။"

မန်နေဂျာအဲလ်ဒဲလ်လည်း ခေါင်းငြိမ့်၍ မှော်ဆက်သွယ်ရေးကိရိယာကို ယူလိုက်ပြီး * 'ပြသသည်' ခလုတ်ကို နှိပ်လိုက်သည်။

(* ▶️ ဒါမျိုး play ခလုတ်ပါ)

Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေး သင်္ဘောစုမှာ တစ်နှစ်တာလုံး ရွက်‌လွှင့်နေသဖြင့် အထက်ပိုင်း စီမံခန့်ခွဲရေးထံမှ အမိန့်ရရန် ခဲယဉ်း‌သည်။

အာကာလီမှာ အကြံရသွားပြီး မှော်ဆက်သွယ်ရေးကွန်ရက်၏ မှော်အစီအရင်ကို အသုံးပြုရန်ပင်ဖြစ်သည်။ အနည်းငယ် အဆင့်မြှင့်ပြီးနောက် သူမဟာ မှတ်တမ်းတင်စနစ်နှင့် ပြန်လည်နားထောင်ခြင်း လုပ်ဆောင်ချက်တို့ကိုပါ မှော်ဆက်သွယ်ရေးကိရိယာ၌ ပေါင်းထည့်ခဲ့သည်။

၎င်းက သူတို့အား ရှင်းလင်းသည့် အမိန့်များရစေပြီး ကူးယူရန် ခက်ခဲစေသည်။ ၎င်းတို့အနေနှင့် မှော်ဆက်သွယ်ရေးကွန်ရက်ရှိရာ နေရာတစ်ခုကို သွားသည်နှင့် ၎င်းကို သုံးနိုင်လိမ့်မည်သာ။

၎င်းက ယခင်က Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အမိန့်မပေးနိုင်သလို မည်သည့်မှာတမ်းမှ မရစဉ်ကနှင့် ယှဉ်လျှင် များစွာ ပိုကောင်းလာသည်။

မန်နေဂျာအဲလ်ဒဲလ်လည်း ခလုတ်ကိုနှိပ်လိုက်ရာ ရှုယီ၏ ရင်းနှီးနေသည့်အသံက မှော်ဆက်သွယ်ရေးကိရိယာမှ ထွက်လာသည်။

"မန်နေဂျာအဲလ်ဒဲလ် ကျုပ်ရဲ့ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌ ခေါင်းစဉ်အရ ကျုပ် ခင်ဗျားကို တရားဝင် အမိန့်တစ်ခုပေးမယ်။"

၎င်းကို ကြားသော် မန်နေဂျာအဲလ်ဒဲလ်မှာ နားထောင်ရင်း မနေနိုင်အောင် ခါးမတ်သွားကာ အာရုံစိုက်လိုက်မိသည်။

"Frestech ကုန်သည်ကြီးများအသင်းရဲ့ ပို့ဆောင်ရေးသင်္ဘောစုနဲ့ အစောင့်သင်္ဘောစုတို့က Frestech ကုန်သည်ကြီးများအသင်းရဲ့ အရေးပါတဲ့ ပိုင်ဆိုင်မှုတွေပဲ၊ သူတို့က ကျုပ်တို့ ကုမ္ပဏီကို ကိုယ်စားပြုတာမို့ ဘယ်သူ ဘယ်အာဏာကမှ အလွယ်လေးထိလို့မရနိုင်ဘူး။ ကျုပ်က ခင်ဗျားအနေနဲ့ ကန်ဒရာအင်ပါယာရဲ့ ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုကို ငြင်းပယ်ဖို့ အမိန့်ပေးတယ်။ အင်ပါယာက အင်အားသုံးဖို့ ကြိုးစားလာရင် တိုက်ခိုက်ဖို့ ဖြစ်စေ ဆုတ်ခွာဖို့ဖြစ်စေ ဆုံးဖြတ်ဖို့ ခင်ဗျားကို အခွင့်ရေးပေးလိုက်ပြီ"

၎င်းကိုကြားသော် မန်နေဂျာအဲလ်ဒဲလ်မှာ အံ့ဩသွားသည်။

ဥက္ကဌရဲ့ အဓိပ္ပာယ်က... ကန်ဒရာအင်ပါယာရဲ့ တောင်းဆိုမှုကို ငြင်းပယ်ပြီးတော့ ပြန်တောင်... တိုက်ခိုက်ရဦးမှာပေါ့?

ဘုရားရေ! ဥက္ကဌ ရူးများသွားပြီလား? သူ တကယ်ကြီး ကန်ဒရာအင်ပါယာရဲ့ စစ်တပ်ကို တိုက်ခိုက်ချင်နေ‌တယ်ပေါ့!

မန်နေဂျာအဲလ်ဒဲလ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီးနောက် အူစလေကို ကြည့်လိုက်သော်လည်း သူ၏ အမူအရာက သူ့ထက် ပို၍ ပုံမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သိူ့သော် သူမျက်လုံးများထဲရှိ အရိပ်ကလည်း သူဟာ ဥက္ကဌကို နားမလည်ကြောင်း ပြနေ၏။

ခဏတာ စောင့်ဆိုင်းပြီးနောက် မန်နေဂျာအဲလ်ဒဲလ်မှာ မှတ်တမ်းတင်ထားသည်က ရပ်သွားပြီး ဥက္ကဌက မည်သည့် အခြားအမိန့် သို့မဟုတ် ညွှန်ကြားချက်ကိုမှ မပေးခဲ့ကြောင်း သိလိုက်ရသည်။

"ဒါက ... အူစလေ, မင်းရော ဘယ်လိုထင်လဲ?" မန်နေဂျာအဲလ်ဒဲလ်က မှော်ဆက်သွယ်ရေးကိရိယာကို ပိတ်ကာ တုံ့ဆိုင်းစွာဖြင့် အူစလေကို မေးလိုက်သည်။

"ကျုပ်ကို မမေးပါနဲ့ ခင်ဗျားက ဒီသင်္ဘောစုရဲ့ ကပ္ပတိန်လေ" အူစလေက ဆိုသည်။

မန်နေဂျာအဲလ်ဒဲလ်လည်း မနေနိုင်စွာ ဆဲရေးလိုက်ပြီးနောက် အူစလေ၏ ကော်လာကို ဆွဲကာ သူ့အား စိုက်ကြည့်၍ အနိမ့်သံဖြင့် ဟိန်းဟောက်လိုက်သည်၊ "-ီးကို ကပ္ပတိန်! ပြောလေ အခု ငါ ဘာလုပ်ရတော့မှာလဲ? ဥက္ကဌ ရူးသွားတာဖြစ်ရမယ်၊ သူတကယ်ပဲ ငါတို့နဲ့ ကန်ဒရာအင်ပါယာရေတပ်ကို တိုက်ခိုက်စေချင်တယ်ပေါ့! သူက ဒါဟာ ကန်ဒရာအင်ပါယာအပေါ် စစ်ကြေငြာသလို ဖြစ်မှာ မသိလို့လား?"

အူစလေလည်း သူ့ကိုကြည့်၍ အေးစက်စက်ပြောလာသည် "ဥက္ကဌက ခင်ဗျားထက် ကောင်းကောင်း ပိုသိတာပေါ့"

"ဒါဆို ဥက္ကဌက ဘာလုပ်ချင်နေတာလဲ? သူ တကယ်ပဲ ကန်ဒရာအင်ပါယာကို စစ်ကြေငြာဖို့ စီစဉ်နေတာလား?"

"ကျုပ်လည်း မသိဘူး။ ဥက္ကဌက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ချင်နေတာဆိုတာ ကျုပ်ဂရုမစိုက်ဘူး၊ ကျုပ်သိတာက ဥက္ကဌအနေနဲ့ ဒီအမိန့်ပေးပြီးပြီမို့ ကျုပ်တို့က ဒါကို ထမ်းဆောင်ဖို့ လိုတယ်ဆိုတာပဲ"

အူစလေ၏ အမူအရာမဲ့နေပုံကိုမြင်သော် မန်နေဂျာအဲလ်ဒဲလ်မှာ အံ့ဩသွားပြီးနောက် တံတွေး,ထွေးလိုက်သည်။

ဤ အူစလေမှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ တစ်စိတ်တပိုင်းဖြစ်ကာ အမြဲတမ်း ဥက္ကဌ၏ အမိန့်များကို ပထမဦးစားပေးသည့် သဘောသဘာဝရှိသည်။ သူသာ အူစလေကို ထိုအကြောင်းပြောနေလျှင် အဓိပ္ပာယ်မဲ့နေမည်သာ။

"ငါ..."

မန်နေဂျာအဲလ်ဒဲလ်မှာ တစ်ခုခုပြောလိုက်ချင်သော်လည်း ရုတ်တရတ် အခန်းငယ်လေးကို ခါယမ်းသွားစေသည့် အသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရသည်။

မန်နေဂျာအဲလ်ဒဲလ်၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပါ၏။

"သေစမ်း ကန်ဒရာအင်ပါယာက ကောင်တွေ တကယ်တိုက်ခိုက်နေပြီ! ဘာလို့ သူတို့ အရင်ဆုံး ဘာကိုမှ မပြောကြတာလဲ!"

မန်နေဂျာအဲလ်ဒဲလ်မှာ ပြေးထွက်တော့မည့်ဆဲဆဲ၌ အူစလေက သူ့အား ဆွဲလာသည်။

"ဘာလုပ်နေတာလဲ?"

"မန်နေဂျာအဲလ်ဒဲလ် ဆုံးဖြတ်ချက်ချလိုက်ပါ။ ကျုပ်တို့ ပြန်တိုက်မှာလား ဆုတ်ခွာမှာလား?"

မန်နေဂျာအဲလ်ဒဲလ်မှာ အံ့ဩသွားပြီးနောက် လက်ကို ရိုက်လိုက်သည်၊ "အဓိပ္ပာယ်မရှိတာ! အမြောက်တွေ အားလုံးကို ပစ်လိုက်တော့! ကန်ဒရာအင်ပါယာက ဒီသောက်ခွေးကောင်တွေကို ရှင်းကြ!"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၇။ အင်ပါယာရေတပ်၏ အဓိပ္ပာယ်

ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်သည် ဝင်မ်ဘယ်လစ်ဒန်မြို့တော်၏ မြောက်ပိုင်း၌ တည်ရှိကာ လွင်ပြင်များရှိ တောင်ကုန်းအချို့ထက် ပို၍ မြင့်မြင့်မားမားရပ်တည်နေသည်။

ဤတောင်ကုန်းမှာ အနီးဝန်းကျင်လွင်ပြင်များတွင် တစ်ခုတည်းသော ရှည်ထွက်နေသည့်နေရာဖြစ်ပြီး တော်ဝင်နန်းတော်မှာ ကြီးမားလှကာ ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို ဖုံးအုပ်နေသည်။ မြို့တော်သားများ မော့ကြည့်လိုက်သရွေ့ ၎င်းတို့မှာ ကြီးမား၍ ခမ်းနားလှသည့် အဝေးရှိ တော်ဝင်နန်းတော်ကြီးကို မြင်နိုင်မည်ဖြစ်သည်။

ကန်ဒရာအင်ပါယာ၏ ကြီးမြတ်သော ဧကရာဇ်မှာ တော်ဝင်နန်းတော်၏ အထူးခြားဆုံး အဆောက်အဦ၌ တရားရုံးဆွေးနွေးပွဲများကျင်းပမည်ဖြစ်ပြီး ၎င်းမှာ ကန်ဒရာအင်ပါယာအစိုးရ၏ မဏ္ဍိုင်ဖြစ်ကာ ဝန်ကြီးများစွာတို့၏ တင်ပြခံများကို နားထောင်ရမည်ဖြစ်သည်။

သဘာဝကျကျဆိုရသော် ဤတရားရုံးဆွေးနွေးပွဲမှာ ထုံးတမ်းအစဉ်အလာသာဖြစ်ပြီး ဧကရာဇ်ထံ တင်ပြချက်အတိုလေးတချို့ကိုသာ ပြုလုပ်ကြမည်ပင်။ ကျန်သည်များမှာ တရားရုံးဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲတစ်ခု၌ ဆွေးနွေးမည်ဖြစ်သည်။

ထို့ကြောင့် အချိန်အများစုတွင် ဧကရာဇ်မှာ ပလ္လင်ထက်၌ ထိုင်ကာသာ ဝန်ကြီးများစွာ‌တို့ကိုကြည့်၍ နားထောင်ရုံပင်။

သို့သော်လည်း ယနေ့တွင် ကန်ဒရာအင်ပါယာ၏ ဧကရာဇ်ဖြစ်သူ ဒီဘွား ဆယ့်ခုနစ်မှာ သူ၏ ပလ္လင်နန်းမြင့်ထက်မှ ထရပ်၍ ကန်ဒရာအင်ပါယာ ဗိုလ်ချုပ်တစ်ဦး၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူထံ ဒေါသတကြီး လက်ညှိုးထိုးနေသည်။

"စွမ်းအားကြီးအင်ပါယာရဲ့ ရေတပ်က ကုမ္ပဏီလေးတစ်ခုရဲ့ သင်္ဘောစုကိုတောင် မရှင်းနိုင်ဘဲ သူတို့ဆီက အနိုင်ယူခံရရုံနဲ့ သင်္ဘောစု ၇၀%ကျော်ကိုတောင် ဆုံးရှုံးခဲ့ရတယ်ပေါ့လေ! ဒုခ် ဝါနာ ဒါက ခင်ဗျား ကြီးကြပ်နေတဲ့ အင်ပါယာရေတပ်လား? ဒါက နှစ်တိုင်း ရွှေဒင်္ဂါး ဆယ်သန်းနဲ့ချီ အင်ပါယာက သုံးစွဲပေးနေနဲ့ ရေတပ်လား?"

သက်လတ်ပိုင်းလူမှာ ခေါင်းသာငုံ့၍ ပြန်မဖြေပေ။

သူက မည်သည်ကိုမှ မဆိုသည်ကိုမြင်သော် ဒီဘွား ဆယ့်ခုနစ်မှာ ပို၍ပင် ဒေါသဖြစ်လာ၏။

"အရမ်းကောင်းတယ်၊ အင်ပါယာအနေနဲ့ နှစ်တိုင်း အသုံးမဝင်တဲ့နေရာကို ရွှေဒင်္ဂါးဆယ်သန်းနဲ့ချီ သုံးနေမတာကို မင်းတို့ကို ဆက်ထားနေတော့ ဘာအသုံးဝင်မှာလဲ? ဒီနေ့ကစပြီး အင်ပါယာရေတပ်ကို ဖျက်သိမ်းတယ်! ငါကိုယ်တော်အနေနဲ့ မင်းတို့လို အမှိုက်တွေအတွက် ငွေထပ်အကုန်မခံတော့ဘူး!"

ဒီဘွား ဆယ့်ခုနစ်၏ စကားလုံးများကိုကြားသော် ဒုခ် ဝါနာ မှာ ရုတ်တရတ် မျက်လုံးများထဲ အထိတ်တလန့်ဟန်ဖြင့် မော့ကြည့်လိုက်မိသည်။

အင်ပါယာမှာ အင်ပါယာမှာ ရေတပ်တစ်ခု၏ လိုအပ်မှုကို ဆွေးနွေးခဲ့ပြီး စစ်ဌာနချုပ်က နှစ်စဉ် ဘတ်ဂျက်ကို လျှော့ပေးလာနေသော်လည်း ဧကရာဇ်က ရပ်တည်ချက်ကို ဘယ်တုန်းကမှ မလုပ်သဖြင့် ထိုအကြောင်းနှင့်စပ်လျဉ်း၍ ပြင်းပြင်းထန်ထန်မဖြစ်ဖူးချေ။

သို့သော် ဧကရာဇ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုထံမှ အနိုင်ယူခံခဲ့ရသော ယခင်ရေတပ်ကြောင့် ဒေါသဖြစ်သွားပြီး ၎င်းမှာ ရေတပ်ကို ဖျက်သိမ်းမည်ဟုပင် ဆိုလာရာ တစ်စုံတစ်ယောက်က ၎င်းကို အခွင့်အရေးယူလိုက်ပါလျှင် ဤသည်က ရေတပ်အပေါ် ပျက်စီးဖွယ်သက်ရောက်မှုလည်း ရှိလာမည်ပင်။

"အရှင်မင်းကြီး မဖြစ်ပါဘူး!" အော်ပြောလာသူမှာ ဒုခ် ဝါနာ မဟုတ်ဘဲ သူ၏ ညာဘက်၌ ရပ်နေသည့် ကန်ဒရာအင်ပါယာ၏ ဘဏ္ဍာရေးဝန်ကြီး မားကွစ္စ် ဟက်စ်ထရီဖြစ်သည်။

သူ ရှေ့ထွက်လာသည်ကိုမြင်သော် အခြားဝန်ကြီးများသာမက ဒီဘွား ဆယ့်ခုနစ်ပင် အံ့အားသင့်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ရေတပ်မှာ ရံပုံငွေပမာဏများစွာရယူထားပြီး မည်သို့သော အထောက်အကူမှ မဖြစ်ရာ ဘဏ္ဍာရေးဌာနမှာ နှစ်စဉ် ဤဝန်ထုပ်ဝန်ပိုးကို ထမ်းထားရပြီး ၎င်းတို့ကြောင့် အညည်းတွားသင့်ဆုံးပင် ဖြစ်သင့်သည်။

ယခုတွင် အင်ပါယာက ဒေါသတကြီးဖြင့် ရေတပ်ကို ဖျက်သိမ်းမည်ဟု ဆိုလာရင် အပျော်ရွှင်သင့်ဆုံးက ဘဏ္ဍာရေးဌာနဖြစ်သင့်သည်ပင်။

သို့ဖြစ်ရာ အဘယ့်ကြောင့် မားကွစ္စ် ဟက်စ်ထရီက ထိုသို့သော တုံ့ပြန်မှု ရှိနေသနည်း?

ဒီဘွား ဆယ့်ခုနစ်က သူ့ကို ရှုပ်ထွေးစွာ ကြည့်လာ၏၊ "မားကွစ္စ် ဟက်စ်ထရီ ဘာလို့ မလုပ်ရမှာလဲ? မောင်မင်းအနေနဲ့ ငါကိုယ်တော်ကို သင့်တင့်တဲ့ အကြောင်းပြချက်မပေးနိုင်ရင် မယဉ်ကျေးဘူးလို့ အပြစ်လာမတင်ပါနဲ့"

ဒီဘွား ဆယ့်ခုနစ်၏ အသံရှိ မှောင်မိုက်နေဟန်ကို ကြားသော် ဝန်ကြီးများ၏ ရင်ထဲ ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။

ကြည့်ရသည်မှာ အရှင်မင်းကြီးက တကယ်ကို ဤတစ်ကြိမ်၌ ဒေါသထွက်သွားပုံပင်။

တစ်ယောက်ယောက်က ဤအချိန်အတွင်း သူ့အား မပျော်မရွှင်ဖြစ်စေပါလျှင် တကယ်ကို ပျက်စီးရာ ပျက်စီးကြောင်းသာ ဖြစ်လိမ့်မည်။

မားကွစ္စ် ဟက်စ်ထရီက သူ၏ နဖူးထက်မှ ချွေးအေးများကို သုတ်လိုက်သည်မှာ ဖိအားများစွာကို ထမ်းပိုးထားရပုံပေါ်သည်။

သို့သော် မိမိကိုယ်ကို တည်ငြိမ်စေလိုက်ပြီးနောက်တွင် သူဟာ အားတင်း၍ တည်ငြိမ်ထားရသည့်အသံဖြင့် ဆိုလာ၏၊ "အရှင်မင်းကြီး ကျွန်တော့်အနေနဲ့ စစ်ပွဲအကြောင်းကိုဆို ဘာမှမသိတော့ ဒီအပိုင်းမှာ အကဲမဖြတ်နိုင်ပါဘူး၊ ဒါပေမယ့် ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ ကျွန်တော်ဟာ တော်ဝင်ရေတပ်ရဲ့ ဘဏ္ဍာရေးရည်ရွယ်ချက်ကို ဂရုစိုက်ပါတယ်။"

လူတိုင်းက သူ့အား တအံ့တဩကြည့်လာသည်။

တော်ဝင်ရေတပ်ရဲ့ ဘဏ္ဍာရေးရည်ရွယ်ချက်? တစ်နှစ်ကို ရွှေဒင်္ဂါးဆယ်သန်းသုံးတာအပြင် တခြား အဓိပ္ပာယ်ရှိသေးလို့လား?

"အိုး? ပြောစမ်းပါ" ဒီဘွား ဆယ့်ခုနစ်ကလည်း သိလိုစိတ်ဖြင့် အမြှားခံလိုက်ရသည်။

"အရှင်မင်းကြီး အင်ပါယာရေတပ်က တစ်နှစ်ကို ရွှေဒင်္ဂါးသန်းပေါင်းဆယ်နဲ့ချီပြီး ယူတာကမှန်ပါတယ် ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အနည်းဆုံး ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ နှစ်တွေအတွင်း သူတို့က ဘာအထောက်အကူမှ မရှိလို့ ရပ်တည်ဖို့ မလိုတော့ပါဘူး။"

၎င်းကို ကြားသော် အနီးဝန်းကျင်ရှိ ဝန်ကြီးများမှာ မနေနိုင်စွာ ခေါင်းငြိမ့်လာသည်။

ဤသည်မှာ လူတိုင်းက ရေတပ်ကို စဉ်းစားနေကြပုံပင်။

"ဒါပေမယ့်..." မားကွစ္စ် ဟက်စ်ထရီက ရုတ်တရတ် ခေါင်းစဉ်ကို ပြောင်းကာ အသံပင်ပိုကျယ်လာသည်၊ "ဒီအခြေနေက လွန်ခဲ့တဲ့ နှစ်,နှစ်အတွင်းမှာ ပိုကောင်းမွန်လာခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အရေအတွက် အတိအကျကို မပြောနိုင်ပေမယ့်လည်း တောင်ပိုင်းပင်လယ်ပြင်က ပင်လယ်ဓားပြတွေဟာ ရေတပ်ရဲ့ တိုက်ခိုက်မှုကနေ ပုန်းရှောင်နေတာမို့ တောင်ပိုင်းပင်လယ်ပြင်မှာ ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းကို များစွာ တိုးတက်စေခဲ့တယ်။ တောင်ပိုင်းက ရေတပ် ကာကွယ်ပေးထားတဲ့ ဆိပ်ကမ်းသုံးခုနဲ့တင် သူတို့ဆီကရတဲ့ အခွန်က ဒီနှစ်မှာ ရွှေဒင်္ဂါးခုနစ်သန်းကျော်နေပါပြီ"

"ရွှေဒင်္ဂါးခုနစ်သန်း?"

အနီးဝန်းကျင်ရှိ ဝန်ကြီးများမှာ ထိတ်လန့်သွားဟန် ပြလာသည်။

ဧရာမ ကန်ဒရာအင်ပါယာအတွက် ရွှေဒင်္ဂါးခုနစ်သန်းအား များသည်ဟု မယူဆနိုင်သော်လည်း....

သို့သော် ယင်းမတိုင်ခင်က ဘဏ္ဍာရေးဌာနမှာ တင်ပြစရာမရှိသဖြင့် တောင်ပိုင်း ဆိပ်ကမ်းများအကြောင်းကို အစီရင်ခံခြင်းမပြုလုပ်ခဲ့ပေ။

သို့သော် ဤနှစ်တွင် ၎င်းအရေအတွက်က သုညမှ ခုနစ်သန်းအထိ တိုးလာရာ တကယ်ကို လူများအား အံ့အားသင့်စေသည်။

"ရေကြောင်းပို့ဆောင်ရေးကရတဲ့ အခွန်သပ်သပ်ပဲလား?" ဒီဘွား ဆယ့်ခုနစ်က မေးလာ၏။

"ဟုတ်ပါတယ်" မားကွစ္စ် ဟက်စ်ထရီက ခေါင်းငြိမ့်သည်၊ "ဒီခုနစ်သန်းက ဆိပ်ကမ်းသုံးခုဆီက လာတဲ့ အခွန်တွေပါ။ ပြီးတော့ ဒါရဲ့ လွှမ်းမိုးမှုက ဒါလေးတင်မကပါဘူး၊ ဒါပေမယ့် ရေကြောင်း ပို့ဆောင်ရေးဖွံ့ဖြိုးမှုကြောင့် အင်ပါယာရဲ့ တောင်ပိုင်းကမ်းရိုးတန်း ကုန်သွယ်ရေးလုပ်ငန်းလည်း တိုးတက်လာတာပါ။ တောင်ပိုင်း မြို့တော်တွေရဲ့ အခွန်ပေးဆောင်မှုဟာ ဒီကနေ တိုးလာကြပါတယ်။ အရင်နှစ်ကထက်စာရင် အကြီးဆုံး တိုးလာတဲ့ မြို့တော်က ၃၀၀%အထိ ရှိပါပြီ!"

"၃၀၀%? မားကွစ္စ် ဟက်စ်ထရီ ခင်ဗျား ဟာသလုပ်နေတာလား?" ဝန်ကြီးတစ်ဦးက မနေနိုင်စွာ အသံကျယ်ဖြင့် မေးလာသည်။

ဒီဘွား ဆယ့်ခုနစ်က အသာမျက်မှောင်ကုပ်လိုက်၏၊ မားကွစ္စ် ဟက်စ်ထရီ မင်းအနေနဲ့ ဒီတွက်ချက်မှုကို ဟာသလုပ်လို့မရဘူးနော် သေချာရဲ့လား?"

"သေချာပါတယ် အရှင်မင်းမြတ်။ ဘဏ္ဍာရေးဌာနမှာ အသေးစိတ် တွက်ချက်မှုရှိပါတယ် ကြိုက်တဲ့အချိန် ကြည့်လို့ရပါတယ်။ ကျွန်တော့်အနေနဲ့ သေချာပေါက် နိုင်ငံရဲ့ ဘဏ္ဍာကို ဟာသမလုပ်ဝံ့ပါဘူး။" မားကွစ္စ် ဟက်စ်ထရီက အကြောက်အလန့်မရှိ ပြောလာသည်။

ဒီဘွား ဆယ့်ခုနစ်က ခေါင်းငြိမ့်၏။

မှန်ပါ၏ သူ့အနေနှင့် မားကွစ္စ် ဟက်စ်ထရီမှာ ၎င်းက အကျိုးအမြတ်မရှိသလို အလွယ်လေးမြင်နိုင်သဖြင့် လိမ်ညာမည်မဟုတ်သည်ကို ယုံကြည်ပါသည်။ သူဟာ လူတိုင်း၏ ရှေ့မှောက်၌ ဧကရာဇ်ကို လှည့်ဖျားရန် ထိုသို့ စွန့်စားမည်မဟုတ်ပေ။

"ဒါဆို အဓိပ္ပာယ်ပ... ရေတပ်အနေနဲ့ တောင်ပိုင်းပင်လယ်က ပင်လယ်ဓားပြတွေကို သုတ်သင်ခဲ့တာကြောင့် ရေကြောင်းပို့ဆောင်ရေးလည်း တိုးတက်လာပြီး တောင်ပိုင်းကမ်းရိုးတန်းရဲ့ ဘဏ္ဍာရေးအခြေအနေကလည်း အများကြီးတိုးလာတယ်ပေါ့။ မားကွစ္စ် ဟက်စ်ထရီ ဒါက မင်းပြောချင်တဲ့ အဓိပ္ပာယ်လား?" ဒီဘွား ဆယ့်ခုနစ်က မေးလိုက်သည်။

"ဟုတ်ပါတယ် အရှင်မင်းမြတ်" မားကွစ္စ် ဟက်စ်ထရီက အလေးအနက်ဟန်ပန်ဖြင့် ဆိုလာသည်၊ "ရေတပ်က အရင်တုန်းက ဘာအဓိပ္ပာယ်မှမရှိဘူးလို့ ပြောရရင် အခုတော့ ရေတပ်ရဲ့ တည်ရှိမှုကြောင့် ရေကြောင်းပို့ဆောင်ရေးနယ်ပယ်က အများကြီးတိုးတက်လာတာကို သေချာပါတယ်။ ကျွန်တော်တို့သာ ဒါကို တိုးတက်အောင်လုပ်နိုင်ရင် နိုင်ငံရဲ့ ဘဏ္ဍာရေးကို အများကြီး တိုးတက်လာစေမယ်လို့ ယုံကြည်တယ်။"

"ဒီလိုလား?" ဒီဘွား ဆယ့်ခုနစ်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဒုခ် ဝါနာ ကိုကြည့်ကာ ရုတ်တရတ် မေးလိုက်၏၊ "ဒါဆို ဒုခ် ဝါနာ, ငါကိုယ်တော်ကို ပြော ဘာလို့ ရေတပ်ဟာ အရင်က ပင်လယ်ဓားပြတွေကို မရှင်းထုတ်ခဲ့ဘဲ လွန်ခဲ့တဲ့ နှစ်,နှစ်ကမှ ရုတ်တရတ် လုပ်ရတာလဲ?"

"ဟုတ်သား...."

လူတိုင်းက ၎င်းကို တုံ့ပြန်ကာ ဒုခ် ဝါနာ ကို လှည့်ကြည့်လာကြသည်။

သို့သော်လည်း အရှင်မင်းကြီးက ၎င်းကို မေးချိန်တွင် လူတိုင်းမှာ ဒုခ် ဝါနာ မျက်နှာထက်၌ နေရခက်ဟန်ရှိနေသည်ကို တွေ့လိုက်ရ၏။

လူတိုင်း စူးစမ်းလိုသွားကြသည်။

ဒုခ် ဝါနာ မှာ ကန်ဒရာအင်ပါယာ၌ အင်မတန်မြင့်မားသည့် ရာထူးရှိရာ သူ့အားမည်သည်က နေရခက်သွားစေပါသနည်း?

"ပြောစမ်း!" ဒီဘွား ဆယ့်ခုနစ်က အနိမ့်သံဖြင့် အမိန့်ပေးလိုက်၏။

ဒုခ် ဝါနာက ခါးသက်သက်ရယ်လိုက်ပြီးနောက် ဒီဘွား ဆယ့်ခုနစ်ကို ဦးညွတ်ကာ သက်ပြင်းအသာချ၍ ဆိုသည်၊ "အရှင်မင်းကြီး ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်,နှစ်က တောင်ပိုင်းပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေကို ရှင်းနိုင်ခဲ့တာဟာ အဓိကအားဖြင့် Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောဆီက အကူအညီကြောင့်ပါ..."

"ဟမ်?" ထိုအဖြေကိုကြားသော် ဘေးပတ်လည်ရှိ ဝန်ကြီးများနှင့် ဒီဘွား ဆယ့်ခုနစ်တို့ အံ့ဩသွားကြသည်။

အဘယ့်ကြောင့် ၎င်းက Frestech ကုန်သည်ကြီးများအသင်းနှင့် ထပ်မံဆက်နွယ်နေရသနည်း?

ဒီဘွား ဆယ့်ခုနစ်မှာ အသာ မျက်မှောင်ကုပ်လိုက်မိသည်။

သူဟာ ယခင်က ရေတပ်မှာ အဓိပ္ပာယ်မရှိသဖြင့် ၎င်းတို့ကို ဂရုမစိုက်ခဲ့သောကြောင့် ရေတပ် ဘာတွေလုပ်နေသည်ကို သေချာမသိခဲ့ကြောင်း တွေ့လိုက်ရသည်။

ဒုခ် ဝါနာ ၏ အဖြေကို သုံးသပ်ရသော် ရေတပ်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတောိလေး ကောင်းမွန်သော ဆက်ဆံရေးရှိ‌ခဲ့ပုံပင်။ ဒုခ် ဝါနာ မှာ အဓိကအားဖြင့် Frestech ကုန်သည်ကြီးများအသင်း‌၏ အစောင့်သင်္ဘောစုကြောင့် ပင်လယ်ဓားပြများကို ရှင်းနိုင်ခဲ့သည်ဟုပင် ဆိုထား၏။

၎င်းကို သုံးသပ်ကြည့်သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှာ အင်ပါယာ၏ ရေတပ်ထက်ပို၍ အားကောင်းသည်ကို မြင်နိုင်သည်။ မဟုတ်ပါက မည်သို့‌များ ကန်ဒရာအင်ပါယာရေတပ်က Frestech ကုန်သည်ကြီးများအသင်း အစောင့်သင်္ဘောစု၏ အကူအညီကိုရပြီးမှ ပင်လယ်ဓားပြများကို ရှင်းထုတ်နိုင်ခဲ့ခြင်းဖြစ်ပါမည်နည်း?

ထို့နောက် Frestech ကုန်သည်ကြီးများအသင်း အစောင့်သင်္ဘောစုနှင့် ပတ်သက်၍ ရေတပ်၏ အစီရင်ခံစာကြောင့် ဤသည်က ပို၍ ၎င်းကို သက်သေပြနေသည်။

စဉ်းစားရင်း ဒီဘွား ဆယ့်ခုနစ်မှာ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ပြီး မိမိကိုယ်ကို တည်ငြိမ်စေလျက် ဒုခ် ဝါနာ ကို မေးသည်၊ "ဒုခ် ဝါနာ လာပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောစုအကြောင်း မိတ်ဆက်ပေးလှည့်။ ဘယ်လိုကြောင့် ဒီလိုမလောက်လေးမလောက်စား ကုမ္ပဏီအ‌စောင့်သင်္ဘောစုက ကိုယ်တော်တို့ အင်ပါယာရေတပ်ထက် ပိုအားကောင်းနေရတာလဲ?"

ဒုခ် ဝါနာ မှာ တစ်စုံတရာပြောလိုက်လိုသော်လည်း မားကွစ္စ် ဟက်စ်ထရီက ရုတ်တရတ် အရင် ဖြတ်ပြောလာသည်၊ "အရှင်မင်းကြီး ကျွန်တော်က အရင်ဆုံး Frestech ကုန်သည်ကြီးများအသင်းအကြောင်း အရ‌င်‌မိတ်ဆက်ပေးလို့ရမလား? ကျွန်တော့်အထင် ကျွန်‌တော် မိတ်ဆက်ပေးတာကို ကြားတာနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောစုက ဘာလို့ အရမ်းအားကောင်းနေရတယ်‌ဆိုတာကို အရှင် သိလာလောက်မယ်ထင်ပါတယ်"

ဒီဘွား ဆယ့်ခုနစ်မှာ ရုတ်တရတ် ထိုမေးခွန်းကြောင့် မားကွစ္စ် ဟက်စ်ထရီကို အနည်းငယ် မကျေနပ်ဖြစ်သွားကာ မျက်မှောင်ကုပ်လိုက်သော်လည်း Frestech ကုန်သည်ကြီးများအသင်းအ‌ပေါ် သိလိုစိတ်ကြောင့် ၎င်းကို လျစ်လျူရှုလိုက်သည်။

"ကောင်းပြီ ဒါဆို မင်းပဲ ဒီ Frestech ကုန်သည်ကြီးများအသင်းအကြောင်း မိတ်ဆက်ပေး။ ငါကိုယ်တော်အနေနဲ့ ငါကိုယ်တော်ရဲ့ အင်ပါယာက အရေးကြီး ဝန်ကြီးနှစ်ဦးကတောင် သူတို့အကြောင်း ပြောချင်ရအောင် ဒီကုမ္ပဏီက ဘယ်လိုထူးခြားတယ်ဆိုတာ သိချင်မိတယ်။"

မားကွစ္စ် ဟက်စ်ထရီမှာ ဒီဘွား ဆယ့်ခုနစ်ကို ဦးညွှတ်လိုက်ပြီးနောက် တစ်စက္ကန့်မျှ ရပ်တန့်ပြီးမှ ဆိုလာသည်၊ "အရှင်မင်းကြီး တကယ်တော့... ကျွန်တော် အမြဲတမ်း Frestech ကုန်သည်ကြီးများအသင်းအကြောင်း အရှင့်ကို မိတ်ဆက်ပေးဖို့ အခွင့်အရေးရှာချင်နေခဲ့တာပါ၊ ဘာလို့ဆို ဧကရာဇ်အနေနဲ့ ဒီကုမ္ပဏီကို အရေးထားမယ်လို့ ခံစားရတာမို့လို့ပါ..."

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၈။ အငြိမ်းစား

"ဟေး ဟိန့်ဇ် အရိုက်ခံထားရတဲ့ လူတွေက နောက်ပိုင်းမှာ အပြုံးနဲ့ ပူးပေါင်းဖို့ လာတောင်းဆိုတယ်ဆိုတာမျိုးကို ကြားဖူးလား?" ရှုယီမှာ သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ချ၍ နံဘေးရှိ ဟိန့်ဇ်ကိုမေးလိုက်သည်။

"အရင်က အဲ့လိုဈေးပေါတဲ့လူမျိုး မမြင်ဖူးပေမယ့် နိုင်ငံတစ်နိုင်ငံဆိုရင် လုံးဝ ထူးဆန်းတယ်မထင်ပါဘူး။" ဟိန့်ဇ်က စာရွက်စာတမ်းများကိုကြည့်၍ တစ်ချက်ရယ်လိုက်သည်၊ "ကြည့်ရတာ အရင်က မင်းမှန်ခဲ့ပုံပဲ၊ ကန်ဒရာအင်ပါယာက ဒီလောက် ဈေးပေါတာ သူတို့ကို အနိုင်မယူလိုက်ရင် မင်းကို ဂရုစိုက်မှာမဟုတ်ဘူးပဲ။"

"သူတို့ ဘယ်လိုတုံ့ပြန်မှုမျိုး ရှိမယ်ဆိုတာ ကျုပ် ခန့်မှန်းထားပြီးသားပါ၊ ဒါပေမယ့် ဒီလောက် မြန်မြန် တုံ့ပြန်မယ်လို့တော့ မထင်ခဲ့ဘူး။" ရှုယီက ခေါင်းခါ၏၊ "ကျုပ်အနေနဲ့ သူတို့မသိခင် အကြိမ်ပေါင်းများစွာ အနိုင်ယူရမယ်လို့ ထင်ခဲ့ပေမယ့် တစ်ခါ အနိုင်ယူခံရပြီးတာနဲ့ တုံ့ပြန်မယ်လို့ မထင်ထားခဲ့တော့ တကယ် အံ့ဩမိတယ်။"

"အဲ့လိုမဟုတ်ရင် ကန်ဒရာအင်ပါယာက နယ်မြေကြီးပေါ်မှာ နှစ်ပေါင်းတစ်ထောင်ကျော်လောက် ရပ်တည်နိုင်ခဲ့မယ်ထင်လို့လား?" ဟိန့်ဇ်က ရှုယီကို မျက်လုံးများ လှိမ့်ပြလိုက်၏၊ "ပြောပြမယ် ကန်ဒရာအင်ပါယာကြီးမားပြီး ထက်မြတ်တဲ့လူတွေများတယ်။ သူတို့ထဲက အများစုက ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလားအလာကို ရှာတွေ့သွားပြီး ငါတို့ကို အရေးထားရင်ထားမယ်၊ ဒါပေမယ့် သူတို့က ဒါကို အခွင့်အရေးအနေနဲ့ သုံးရုံပဲ။"

"ဟုတ်ပါတယ်။ ဒီတစ်ခေါက် စာရွက်စာတမ်းတွေက တကယ်တော့ ဧကရာဇ်ဆီကဖြစ်တာမို့လို့ ကျုပ်တို့ ကုမ္ပဏီလေးက နောက်ဆုံးမှာ ကြီးမြတ်တဲ့ ဧကရာဇ်အရှင်ရဲ့ မျက်လုံးထဲ ရောက်သွားတဲ့ အဓိပ္ပာယ်ပဲ။" ထိုသို့ပြောပြီးနောက် ရှုယီက ခေါင်းခါ၍ သက်ပြင်းချသည်၊ "ရိုးရိုးသားသားပြောရရင် ဒါက အကောင်းလားအဆိုးလားဆိုတာကို မသိတော့ဘူးပဲ။"

ဟိန့်ဇ်မှာ အကျောဆန့်လိုက်ပြီးနောက် ထရပ်ကာ သမ်းဝေလာသည်။

"ဟုတ်ပြီလေ အကောင်းလားအဆိုးလားဆိုတာက ငါ့အတွက် အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါက ဒီနေ့မှာ တရားဝင်ပင်စင်ရပြီဖို့ ငါစိတ်ပူစရာ ဘာမှကို မရှိတော့ဘူး။ မနက်ဖြန်ကစပြီး ငါ့ရဲ့ လွတ်လပ်တဲ့ ပင်စင်စားဘဝကိုပဲ နေတော့မှာ"

ဟိန့်ဇ်၏မျက်နှာထက်ရှိ အေးဆေးနေဟန်ကိုမြင်သော် ရှုယီမှာ နွေးထွေးစွာ ပြုံးလိုက်သည်။

ဟိန့်ဇ်မှာ သူနှင့်အတူ Frestech ကုန်သည်ကြီးများအသင်းကို တည်ဆောက်ခဲ့သော အရေးအကြီးဆုံး တွဲဖက်ဖြစ်ပြီး ယနေ့ အသက်ငါးဆယ့်ငါးနှစ်ပြည့်မွေးနေ့၌ ပင်စင်ယူတော့မည်ဖြစ်သည်။

ဤအသက်က ကမ္ဘာမြေပေါ်တွင် ငယ်ရွယ်သေးသည်ဟု ယူဆနိုင်ပြီး ပင်စင်ယူဖို့ လိုသေးသည်ပင်။

သို့သော် သက်တမ်းလေးဆယ်အောက် ပျမ်းမျှရှိသည့် စိုင်စ်နယ်မြေကြီးတွင်မူ ဟိန့်ဇ်မှာ ငါးဆယ့်ငါးနှစ်ရှိပြီဖြစ်ရာ အတော်လေး အိုနေပြီဟု ယူဆနိုင်၏။

တကယ်တမ်းတွင် ဟိန့်ဇ်မှာ ယမန်နှစ်ကတည်းက ပင်စင်ယူဖို့ စဉ်းစားထားပြီးသားဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ အလျင်အမြန်တိုးတက်နေသည့် အရေးကြီးကာလ၌ ရှိနေသဖြင့် သူဟာ ဤဆုံးဖြတ်ချက်ကို မပြုလုပ်နိုင်ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာ ဈေးကွက်ကြီးများကို ယခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး တိုးတက်မှုအတွက် ခြေလှမ်းကြီးတစ်လှမ်း လှမ်းနိုင်ခဲ့ခြင်းက သူ့အား စိတ်ချစေကာ ပင်စင်ယူဖို့ ဆုံးဖြတ်နိုင်သွားတော့သည်။

သူနှင့် ရှုယီ၏ သီးသန့်စကားဝိုင်းတွင် သူဟာ ရှုယီအား သူ၏ ပင်စင်ယူရန် ရွေးချယ်မှုအတွက် အခြားအရေးကြီး အကြောင်းအရင်းကိုလည်း ပြောပြခဲ့သေးသည်။

ဟိန့်ဇ်မှာ သူဟာ မြို့ငယ်လေးတစ်ခုရှိ အထွေထွေကုန်စုံဆိုင်လေးတစ်ခု၏ သူဌေးသာဖြစ်ခဲ့သည်ဟု ခံစားမိခဲ့သည်။ နှစ်များစွာ ကုန်လွန်သွားသော်လည်း အတွေ့အကြုံ၊ အမြင်နှင့် အခြားနေရာများတွင် သူဟာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်းကို မလိုက်‌နိုင်ပေ။ သူ့အတွက် ကုမ္ပဏီ၌နေရန် အသုံးလည်း မဝင်တော့ပါချေ။

သူ့အနေနှင့် အသုံးမဝင်သည့်လူအဖြစ် မနေချင်သလို ဝန်ထုပ်ဝန်ပိုးပင်ဖြစ်နေမည်စိုးသဖြင့် ပင်စင်ယူရန် ဆုံးဖြတ်လိုက်သည်ပင်။

ရှုယီက ၎င်းကို တိတိပပ ငြင်းဆိုခဲ့ပြီး သူဟာ ဒီတိုင်းနေ၍ မည်သည့်အရာမှ မလုပ်ပါလျှင်ဆောင် သူ၏ ကုမ္ပဏီရှိ အဆင့်အတန်းနှင့် အတွေ့အကြုံတို့အပြင် အခြားလူများနှင့် ဆက်ဆံရေးကြောင့် ကုမ္ပဏီကို အကူအညီဖြစ်နေဆဲဟု ပြောခဲ့သည်။ သူဟာ ကုမ္ပစီကို များစွာ အကူအညီဖြစ်နိုင်သည်ဟု ဆိုသော်လည်း ဟိန့်ဇ်က ၎င်းကို ငြင်းဆိုကာ ပင်စင်ယူဖို့ အခိုင်အမာဖြစ်နေခဲ့သည်။

ဟိန့်ဇ်က ၎င်းကို သေချာနေသောကြောင့် ရှုယီမှာ သူ့အား ဆက်လက်တွန်းအားမပေးနေတော့ဘဲ အဆုံး၌ ပင်စင်ယူရန် ဆုံးဖြတ်ချက်ကို သဘောတူလိုက်ရသည်။

မနက်ဖြန်မှ စတင်၍ ဟိန့်ဇ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌနေရာမှ ဆင်းပေး၍ Frestech ကုန်သည်ကြီးများအသင်း၌ မည်သည့်ရာထူးမှ ရှိတော့မည်မဟုတ်ပေ။ သူ့ထံ၌ ရှယ်ယာရှင်ဟူဟည့် အဆင့်အတန်းသာရှိတော့မည်ဖြစ်ပြီး ကုမ္ပဏီ၌ ဆုံးဖြတ်ချက်ချရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

ဤသည်မှာ ဟိန့်ဇ်အတွက်‌ကောင်းသည့်အရာပင်၊ အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးအနေနှင့် သူ၏ အထောက်အထားကြောင့် ဟိန့်ဇ်မှာ တစ်နှစ်လျှင် ရွှေဒင်္ဂါး သုံးသန်းဝင်နိုင်မည်ဖြစ်ရာ သူဟာ လမ်ပူရီတိုင်းပြည်ရှိ အချမ်းသာဆုံး လူများအနက် တစ်ဦးဖြစ်သည့် အဓိပ္ပာယ်ပါပင်။

သူ၏ လက်ရှိ ဘဏ္ဍာနှင့် သူဟာ ပင်စင်ယူပြီးနောက် နေချင်သလို နေနိုင်သည်။

ဥပမာ သူဟာ သူ၏ဇနီး ရီယာနှင့်အတူ အစီစဉ်များရေးဆွဲပြီးသားဖြစ်သည်။ ပင်စင် ယူပြီးနောက်တွင် သူဟာ စိုင်စ်နယ်မြေကြီးတလျှောက် အလည်အပတ်ထွက်ကာ သူ ယခင်က ကြားခဲ့ဖူးသည့် လှပသော မြင်ကွင်းများအားလုံးကို ကြည့်မည်ဖြစ်၏။

ထို့ကြောင့် သူဟာ Frestech ကုန်သည်ကြီးများအသင်းထံမှ သူ၏ ကိုယ်ပိုင်ငွေဖြင့် မှော်လေသင်္ဘောတစ်စင်းဝယ်ကာ မည်သို့ မောင်းနှင်ရမည်ကို လေ့လာပြီး ပို၍လွတ်လပ်စွာ လည်ပတ်နိုင်ရန် ဤမှော်လေသင်္ဘောကို သုံးမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏ တွဲဖက်ဟောင်းကို ကောင်းမွန်သည့်ခရီးရစေရန် အလို့ငှာ ရှုယီမှာ မှော် RVကို ကိုယ်တိုင် ဒီဇိုင်းဆွဲ၍ မှော်သုတေသနဌာနနှင့် မှော်စက်ဖွံ့ဖြိုးရေးဌာနတို့ကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်ခိုင်းခဲ့သည်။

ဤ မှော် RV အသစ်မှာ ကမ္ဘာမြေကြီးရှိ RVတို့နှင့် တူညီသော သဘောသဘာဝကို လိုက်နာပြီး ပို၍တန်ဖိုးကြီးနားလှသည်။ တစ်စင်းတည်းနှင့်တင် အနည်းဆုံး ရွှေဒင်္ဂါးကိုးသောင်းအထိ ရှိပါ၏။

ရှုယီ၏ အတွေးအရ မှော် RVကို ပြုလုပ်ကာ အစုလိုက်အပြုံလိုက် ထုတ်လုပ်လိုက်သည်နှင့် ၎င်းကို လိုချင်သည့် မျိုးရိုးမြင့်များစွာ ရှိမည်ဖြစ်သဖြင့် အလားအလာက မသေးလှချေ။

ထို့ကြောင့် ၎င်းကို ဟိန့်ဇ်အတွက်သာ ဒီဇိုင်းဆွဲထားခြင်းမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားဌာနအတွက် ထုတ်ကုန်သစ်တစ်ခုလည်း ဖြစ်သည်။

"အခု ငါ့မှာ မှော် RVရှိရင် တစ်ခါပြီးတစ်ခါ စားဖို့ သောက်ဖို့ ရပ်လို့ရတော့ အတော်လေးအဆင်ပြေမှာပဲ။" ရှုယီက မှော် RVကို ထပ်ပြောလာသည်အား ကြားသော် ဟိန့်ဇ်မှာ မနေနိုင်စွာ လွမ်းဆွတ်ဟန်ပြလာသည်။

ရှုယီက ပခုံးတွန့်လိုက်၏၊ "တခြားနည်းမရှိဘူးလေ ဒါက မှော်ကားတွေထက် ပိုပြီးရှုပ်ပြီး လူတွေကို အသက်ရှင်စေဖို့လည်း လိုသေးတာမို့ စဉ်းစားရမယ့်အရာတွေရှိသေးတော့ ထုတ်လုပ်ဖို့က အဲ့လောက်မလွယ်ဘူး။

"အင်း ငါသိပါတယ် ဒါပေမယ့် ငါ စိတ်ကူးယဉ်နေရုံပါ" ဟိန့်ဇ်က ခေါင်းငြိမ့်သည်၊ "ဘာပဲဖြစ်ဖြစ် ရီယာနဲ့ ငါလည်း ပထမဆုံး ၂နှစ်တော့ အရမ်းဝေးဝေးသွားဖို့ မစီစဉ်ထားပါဘူး၊ အနီးအနားနိုင်ငံတွေမှာပဲ လျှောက်သွားဦးမယ်။ အနီးအနားနိုင်ငံတွေမှာက လမ်းတွေရှိတော့ မှော်ဆလွန်းနဲ့တင် နေရာစုံသွားလို့ရတာမို့ လုံလောက်ပါတယ်။"

"ကောင်းတယ် ၂နှစ်လေးနဲ့တင် မဟုတ်ဘူး တစ်နှစ်နဲ့ မှော် RVကို ထုတ်လုပ်လိမ့်မယ်။ အချိန်ကျလာရင် ခင်ဗျားနဲ့ ရီယာတို့ သေချာပေါက် ပထမဆုံးတစ်ခုကို ရမှာပါ" ရှုယီက အပြုံးဖြင့်ဆိုသည်။

"ဟားဟား ကောင်းတယ် ငါ အရမ်းလမ်းဆိုးတဲ့နေရာတွေမှာ မှော်လေသင်္ဘောကိုပဲ သုံးလိုက်တော့မယ်။" ဟိန့်ဇ်က ၂ကြိမ်လောက်ရယ်လိုက်ပြီးနောက် ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူဟာ ပြတင်းသို့လျှောက်သွားကာ အပြင်ကိုကြည့်၍ အသက်ပြင်းပြင်းရှူလိုက်၏။ သူဟာ ရှုယီ၏ ပခုံးကို လာပုတ်လိုက်ပြီးနောက် အလေးအနက်ပြောလေသည်၊ "ဟုတ်သားပဲ ရှုယီ ငါသွားပြီးနောက်ကျရင် Frestech ကုန်သည်ကြီးများအသင်းက မင်းတစ်ယောက်တည်းအပေါ် မူတည်သွားပြီ။ မင်း.. တစ်ယောက်တည်း ပိုသတိထားသင့်တယ်။"

ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ထားပါ့မယ်"

ဟိန့်ဇ်က ရှုယီ၏ ပခုံးကို တစ်ဖန်ပုတ်လိုက်ပြီးနောက် ဘေးဘီကိုကြည့်ပြန်ကာ တံခါးမှ ထွက်သွားသည်။

တံခါးက တဖြည်းဖြည်းပိတ်သွားသည်ကိုကြည့်ရင်း ရှုယီမှာ သူ၏စိတ်ထဲအင်မတန် စိတ်ကူးယဉ်ဆန်နေသလို ခံစားလိုက်ရသည်။

သူ Frestech ကုန်သည်ကြီးများအသင်းကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့သည်မှာ လွန်ခဲ့သည့် ကိုးနှစ်အကြာကဖြစ်သည်။

လူအချို့မှာ ဆယ်နှစ်ဟူသည်က လူတစ်ဦး၏ဘဝ၌ ကြီးမားသော အပြောင်းအလဲကို ဖြစ်စေသည်ဟု ဆိုကြသည်။

ကုမ္ပဏီတစ်ခုအတွက်မူ ဆယ်နှစ်မကြာချေ။ ၎င်းမှာ ကိုးနှစ်လေးနှင့် သုညမှ တိုးတက်လာကာ အားနည်းရာမှာ အားကောင်းလာပြီး အားကောင်းရာမှ မတည်ရှိနိုင်တော့သည်အထိ အားနည်းသွားနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ကိုးနှစ်အတွင်း ဤသို့ဖြစ်လာပြီး ရှုယီမှာ အလုပ်အများစုက သူ၏အလုပ်ဟု ဝန်ခံနိုင်သော်လည်း အစပိုင်း၌ ဟိန့်ဇ်၏ ထောက်ပံ့မှုမရှိပါလျှင် Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်စဉ်က အတော်လေး ခံစားရလောက်သည်။

ဤနှစ်များအတွင်း ဟိန့်ဇ်၌ ကုမ္ပဏီ၌ အသုံးဝင်မှုက နည်းသည်ထက် နည်းလာကာ နောက်မှဝင်လာသည့် အဆင့်မြင့်အဖွဲ့ဝင်များက သူ့အား ဒုဥက္ကဌအနေနှင့် လေးလေးနက်နက်မထားကြချေ၊ ဟိန့်ဇ်မှာ သူ၏ အခန်းကဏ္ဍကို ပါဝင်ရန် အရာရာတိုင်းကို လုပ်ဆောင်ခဲ့ပြီး လုံးဝ ဒီတိုင်းထိုင်မနေခဲ့ပေ။

ယခုသူဟာ အငြိမ်းစားယူပြီး အေးဆေးနေရန် ဆုံးဖြတ်လိုက်ရာ ရှုယီမှာ သူ့အတွက် တကယ်ကို ပျော်ရွှင်မိသည်။

သို့သော် ဤတွဲဖက်အိုကြီး ထွက်သွားခြင်းကြောင့် ရှုယီအား မနှစ်မြို့မှုနှင့် ဆုံးရှုံးမှုကို ပြင်းပြင်းထန်ထန်ခံစားမိနေစေသည်။

ဟိန့်ဇ်က ဒီနေ့ထွက်သွားသည်ဆိုလျှင် နောက်နေ့၌ မည်သူထွက်သွားမည်နည်း?

ခဏတာ ငေးငိုင်နေပြီးနောက် ရှုယီမှာ သူ့စားပွဲထက်က ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

တစ်အောင့်ကြာပြီးနောက် တီဗစ်စတီဝင်လာ၏။

"ဥက္ကဌ ဘာများမှာစရာရှိလို့ပါလဲ?"

ရှုယီက သူမကို ပြုံးပြလိုက်သည်၊ "မင်း အခု ငါ့ရဲ့နာမည်ရှေ့မှာ 'အချစ်'လို့ ထည့်ခေါ်သင့်တာ မဟုတ်ဘူးလား?"

တီဗစ်စတီက ခဏမျှ မျက်တောင်ခတ်သွားပြီးနောက် အလေးအနက်ငြင်းလာသည်၊ "ဥက္ကဌ ကျွန်မတို့က အခု အလုပ်မှာလေ ဒီလိုထည့်ပြောရင် မမှန်ဘူး မဟုတ်လား?"

ရှုယီ မနေနိုင်အောင် မျက်လုံးလှန်လိုက်မိသည်။ အဆုံး၌ တီဗစ်စတီလည်း နတ်သူငယ်ဖြစ်ရာ သာမန်လူသားမိန်းကလေးတစ်ဦးကဲ့သို့ ထိုကိစ္စကို ရှက်ရွံ့ခြင်းမျိုး ဖြစ်မနေဟု တွေးမိသည်။

အကြီးအကဲ လီဆန်းယာမှာ တီဗစ်စတီနှင့် ရှုယီအကြား ဆက်ဆံရေးကိုသတိပြုမိပါလျှင်တောင် တီဗစ်စတီ သူ့အားဆက်ဆံသည့်နည်းက ယခင်ကနှင့် ထိုမျှ မကွာပါချေ။

ဤသည်မှာ လူသားများနှင့်ပိုရင်းနှီးလာသော အက်ဂ်နက်စ်နှင့် သိသိသာသာခြားနားပါ၏ ။

"ဟုတ်ပြီ အလုပ်ကိုရောက်နေမှတော့ မနောက်နေတော့ဘူး။ အဲလက်စ်ကို ခေါ်ပေးဦး"

"ဟုတ်ကဲ့ပါ"

မိနစ်နှစ်ဆယ်လောက်ကြာပြီးနောက် သံသယဟန်ဖြင့် အနည်းငယ်အံ့ဩနေပုံရသော အဲလက်စ်က ရှုယီရှေ့၌ ပေါ်လာသည်။

ရှုယီလည်း သူ့အားကြည့်လိုက်ရာ သူဟာ အလုပ်သမားယူနီဖောင်းဝတ်ထားသော်လည်း အတော်လေး သပ်ရပ်သန့်ရှင်းနေသည်ကို တွေ့ရ၏။ သူ၏ဆံပင်သည်ပင် သေသပ်လှပြီး အနည်းငယ်မျှပင် ရှုပ်ပွနေခြင်းမရှိပေ။

၎င်းကသာ တစ်ဦးဦးဆိုလျှင် ထိုလူအား အသွင်အပြင်ကို ဂရုစိုက်သောကြောင့် ချီးကျူးလောက်သည်။

သို့သော် ရှုယီက ထိုသို့ အဲလက်စ်ကို မြင်ချိန်၌ မနေနိုင်စွာ နှာမှုတ်လိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၉၉။ ပန်းတိုင်သစ်

ထိုအေးစက်စက်နှာမှုတ်သံကို ကြားသော် အဲလက်စ်မှာ ရုတ်တရတ် တစုံတရာကို စဉ်းစားမိသွားပြီး ချက်ချင်း ခါးကိုမတ်၍ရှေ့တည့်တည့်ကို ကြည့်ကာ မလှုပ်ဝံ့တော့ပေ။

ရှုယီမှာ အဲလက်စ်ထက် ငါးနှစ်သာ ကြီးသော်လည်း ရှုယီ၏ အဆင့်အတန်းနှင့် ဟိန့်ဇ်၏ မိတ်‌ဆွေဟူသောအချက်က အဲလက်စ်အား ရှုယီနှင့် ဆုံချိန်တွင် မိမိကိုယ်ကို နှိမ့်ချရစေသည်။

အဲလက်စ်မှာ ယခင်က ပြဿနာကြီးကြီးရှာထားသည့် အချက်ကိုပါထည့်လိုက်လျှင် ရှုယီက ဟိန့်ဇ်ကို မျက်နှာသာပေးခြင်းကြောင့်သာ မဟုတ်ပါက သူဟာ ထောင်နန်းစံနေရလောက်ပြီး ထွက်ဖို့ အခွင့်ရေး‌ပင်ရလောက်မည်မဟုတ်ပေ။

ထို့ကြောင့် ရှုယီနှင့် ဆုံချိန်တိုင်း အဲလက်စ်၏ နှလုံးသားထဲ အကြောက်တရားအမြဲရှိနေ၏။

ရှုယီမှာ ရုတ်တရတ် သူ့အား အကြောင်းအရင်းမရှိ ခေါ်လာသည်က အင်မတန် မလွယ်ကူသယောင် ခံစားရစေသည်။

"အဲလက်စ်" ရှုယီက ရုတ်တရတ် ဆို၏။

"အာ? အာ ရှိပါတယ်! ရှိပါတယ် ဥက္ကဌ ဘာအမိန့်ပေးချင်လို့လဲဗျ?" အဲလက်စ်မှာ ဂရုတစိုက်မေးလိုက်လေသည်။

ရှုယီမှာ သူ့ကိုကြည့်ကာ နှာမှုတ်လိုက်သည်၊ "မင်းမှာ တခြား ဘာမှ လုပ်စရာမရှိဘဲ ဌာနချုပ်မှာနေရတာက မှားနေတယ်လို့ခံစားရပြီး အရမ်းပျင်းနေတယ်လို့ ကြားတယ် ဟုတ်လား?"

အဲလက်စ်မှာ ကြောက်လန့်သွားရင်း လက်အမြန်ယမ်းကာ ခေါင်းခါလိုက်သည်၊ "မဟုတ်ပါဘူးဗျာ ဥက္ကဌ ကျွန်တော် လုံးဝမပျင်းပါဘူး တကယ်ပါ! ကျွန်တော့်မှာ နေ့တိုင်း လုပ်စရာတွေများနေတာကို ဘယ်လိုပျင်းရမှာလဲ?"

"ဒီလိုလား?" ရှုယီမှာ သူ၏ သန့်ရှင်းနေသော အဝတ်များကိုကြည့်ပြီး မနေနိုင်စွာ အေးစက်စက် နှာထပ်မှုတ်လိုက်ပြန်၏။

အဲလက်စ်သည် ယခင်က အမှားကြီးလုပ်ထားသောကြောင့် ရှုယီမှာ သူ့အား အန်ဗီမာမြို့တော်မှ ပြန်ခေါ်ကာ ပို့ဆောင်ရေးသင်္ဘောစုထဲသို့ ယာဉ်မောင်းအဖြစ်သွင်းခဲ့ပြီးနောက် အခြေအနေအလိုက် ရာထူးမြှင့်ပေးခဲ့သည်။

အဆုံးတွင် နှစ်လအတွင်း အဲလက်စ်မှာ နေ့စဉ် ယာဉ်မောင်းလုပ်ရခြင်းက အင်မတန်ပင်ပန်းပြီး ထပ်မလုပ်ချင်တော့ဟု ပြောခဲ့သည်။

အခြားရွေးချယ်စရာမရှိသောကြောင့် ရှုယီမှာ သူ့အား ဌာနချုပ်သို့ ပြန်ခေါ်၍ မည်သည့်အလုပ်မှမရှိသလို မည်သို့ လွှမ်းမိုးမှုမှ မရှိသည့် အလုပ်တစ်ခုကိုပေးကာ တစ်နေ့တာလုံး ဒီတိုင်းနေခွင့်ပေးထားခဲ့ရသည်။

အဲလက်စ်မှာ ထိုအလုပ်ကို အမြဲ စိတ်တိုင်းကျနေပြီး အလုပ်မရှိသဖြင့် သူနေ့စဉ် လုပ်ဖို့လိုအပ်သည့်အရာ အနည်းငယ်သာ ရှိသည်။ သူ၏ လစာမှာ မနည်းလှရာ မည်သည့်အာဏာမှ မရှိသည်ကလွဲ ဆိုးရွားသည့်အရာမရှိပေ။

ဟိန့်ဇ်မှာ အဲလက်စ်၏ အကျင့်ကို သေချာသိသဖြင့် သူဟာ ရှုယီ၏ သဘောတူညီမှုကို အင်မတန် လက်ခံခဲ့သည်။

မျှော်လင့်မထားသည့် အရာသာ ဖြစ်မလာလျှင် အဲလက်စ်မှာ အတက်အကျမရှိဘဲ ရှုယီလည်း ၎င်းကို စဉ်းစားမိမည်မဟုတ်ပေ။

သို့သော် ဟိန့်ဇ်မှာ ယနေ့ အငြိမ်းစားယူမည်ဟု ကြေငြာထားသောကြောင့် ရှုယီစိတ်ကူးယဉ်ဆန်သလို ခံစားနေရချိန်၌ အဲလက်စ်ကို သတိရသွားသည်။

ဟိန့်ဇ်က သူ့တူကို စိတ်တိုင်းမကျပါလျှင်တောင် သူဟာ သူ့အစ်မကြီးက သူ့အား ယုံကြည်၍ အပ်ထားသည့် သားဖြစ်သောကြောင့် အမြဲတစေ အဲလက်စ်အတွက် သူ့ကိုယ်သူ အကြပ်ရိုက်စေခဲ့သည်။ ၎င်းအား အလိုလိုက်ခြင်းဟု ယူဆနိုင်ပါ၏။

ဟိန့်ဇ်ဟာ ရှုယီနှင့်အတူ အဲလက်စ် အကြောင်းပြောချိန်တွင် အမြဲလိုလိုမိမိကိုယ်ကို အပြစ်တင်နေခဲ့သည်။ သူ့အနေနှင့် သူ့တူကို ကောင်းကောင်း မသွန်သင်နိုင်ခဲ့သဖြင့် ထူးချွန်သူမဖြစ်လာဟု ပြောပါ၏။

ရှုယီမှာ ယခင်က ဟိန့်ဇ်ကြောင့် မလှုပ်ရှားခဲ့သော်လည်း ဟိန့်ဇ် ယနေ့ ထွက်သွားပြီးနောက် ရုတ်တရတ် အဲလက်စ်ကို ကူညီသင့်ပြီး အငြိမ်းစားယူသွားသည့် ဟိန့်ဇ်ကို စိတ်သက်သာရာရစေရန် အခြားအခွင့်အရေး ပေးသင့်သည်ဟု ထင်မိသည်။

"အဲလက်စ် မင်းရဲ့ လက်ရှိအလုပ်ကို မင်းစိတ်တိုင်းကျလား?" ထိုသို့စဉ်းစားရင်း ရှုယီမှာ ၎င်းကို မေးလိုက်သည်။

အဲလက်စ်လည်း စဉ်းစားလိုက်ပြီးနောက်မှ ခေါင်းငြိမ့်လိုက်သည်၊ "စိတ်တိုင်းကျပါတယ် အရမ်းစိတ်တိုင်းကျတယ်! ဥက္ကဌ ကျွန်တော့်ရဲ့ လက်ရှိအလုပ်က တကယ်ကိုကောင်းပါတယ်!"

"ဒီလို တကယ် ထင်တယ်လား?" ရှုယီက တစ်ချက်ပြုံးလိုက်၏၊ "မင်းက ဒီရက်တွေအတွင်း ကောင်းကောင်းလုပ်နေခဲ့တော့ မင်းကို ပိုအလားအလာရှိတဲ့ အလုပ်တချို့ပေးမလို့ပေမယ့် မင်းက ဒီအလုပ်ကို အရမ်းစိတ်တိုင်းကျမှတော့ ကြည့်ရတာ မလိုတော့တဲ့ပုံပဲ။"

"အာ?" အဲလက်စ်မှာ အံ့ဩသွားပြီးနောက် မျက်လုံးများက တောက်ပသွားကာ လက်များကို ပွတ်လိုက်သည်။ သူက နေရခက်စွာပြုံး၍ ထိုင်၏၊ "ဒါက... ဥက္ကဌ ကျွန်တော် လက်ရှိ အလုပ်ကို အရမ်း စိတ်တိုင်းကျပေမယ့်လည်း... အဟမ်း ခင်ဗျားသိပါတယ် ပိုကောင်းတဲ့အလုပ်ရှိလာရင် ကျွန်တော် အရမ်းပျော်မှာပါ။ ဘာအလုပ်လဲ ပြောလို့ရမလား?"

ရှုယီက ပြုံး၍ သူ၏ ခုံပေါ်မှ စာတမ်းကို ထုတ်လိုက်၏။

"မင်းကိုယ်တိုင် ကြည့်,ကြည့်လိုက်"

အဲလက်စ်မှာ ထိုစာရွက်စာတမ်းကိုယူ၍ စိတ်မရှည်စွာ ဖွင့်လိုက်သည်။ သူ ပထမဆုံးအကြိမ်ကြည့်လိုက်ချိန်၌ မျက်လုံးများပြူးသွားကာ ဆက်ဖတ်လိုက်စဉ်တွင် သူ၏ အမူအရာက ပို၍ ပို၍ စိတ်လှုပ်ရှားဟန်ရှိနေသည်။

ဖတ်ပြီးနောက်တွင် အဲလက်စ်မှာ မနေနိုင်စွာ တစ်ဖန်ကြည့်လိုက်၍ ရှုယီကို မယုံနိုင်ဟန်ဖြင့် မေးလာသည်၊ "ဥ.. ဥက္ကဌ ၊ ခင်ဗျား... ခင်ဗျား တကယ်ပဲ ဒီရုံးကို စီမံခန့်ခွဲဖို့ ကျွန်တော့်ကို ပို့မှာလား? ဒါက ဝင်မ်ဘယ်လ်ဒန်မြို့တော်လေ! ဒါက ကန်ဒရာအင်ပါယာရဲ့ မြို့တော်လေ! တကယ်ကြီး ဒီလို အရေးကြီးတဲ့နေရာကို ပို့ဖို့ စိတ်ချတယ်လား?"

"စိတ်မချဘူးလို့ ပြောရင် မင်းက ယုံမှာလား?" ရှုယီက အပြုံးဖြင့် ပြန်မေးလိုက်သည်။

အဲလက်စ်၏ အပြုံးက ချက်ချင်းအေးခဲသွားပြီးနောက် သူဟာ နှစ်ချက်လောက် ရယ်မောလိုက်၏။

"ဒါက.. သူ သူ ဥက္ကဌ ခင်ဗျား ကျွန်တော့်ကို မယုံတာက... ဒါက ပုံမှန်ပါပဲ ကျွန်တော်က..."

"ရပြီ" ရှုယီက လက်ယမ်းကာ သူ့အား ဖြတ်ပြောလိုက်သည်၊ "ငါ ဆုံးဖြတ်ပြီးသား။ မင်းက ငါတို့ကုမ္ပဏီမှာ ရှားရှားပါးပါးအတွေ့အကြုံရှိတဲ့ထဲက တစ်ယောက်မို့လို့ ဒီမှာပဲ နေပြီး ဘာမှ မလုပ်ခိုင်းတာက ဘာမှမကောင်းဘူး၊ ဒီတော့ ဒီရာထူးကို ယူရလိမ့်မယ်။ ဒါပေါ့ ငါမင်းကို ရိုးရိုးသားသားပြောမယ် ဒါတွေအားလုံးက မင်း ဦး‌လေးကြောင့်ပဲ၊ မဟုတ်ရင် တခြားတစ်ယောက်ကို ရှာလိုက်ပြီ နားလည်လား?"

"သိတာပေါ့! နားလည်ပါပြီ!" အဲလက်စ်က ဆက်တိုက် ခေါင်းငြိမ့်လိုက်၏၊ "ဥက္ကဌ ကျွန်တော် ဒီတစ်ခေါက် အကောင်းဆုံးလုပ်မယ်လို့ ကတိပေးပါတယ် သေချာပေါက် ဝင်မ်ဘယ်လ်ဒန်မြို့တော်ဌာနခွဲကို ကောင်းကောင်းစီမံခန့်ခွဲပါမယ်! ကျွန်တော် ကန်ဒရာအင်ပါယာကို ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရင်းနှီးလာအောင် လုပ်ပေးချင်ပါတယ်"

"ဟုတ်ပြီ မင်းမှာ ယုံကြည်မှုရှိတာ ကောင်းတယ်။" ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ပြောလာသည်၊ "မင်းအရင်သွားပြီး ကနဦးပြင်ဆင်မှုတွေ လုပ်ထားလိုက်။ မျှော်လင့်မထားတာမျိုး ဘာမှ ဖြစ်မလာရင် နှစ်သစ်ကူးတဲ့အခါ ဒီဌာနခွဲက ဆောက်လုပ်ရေးစလိမ့်မယ်။ မင်းမှာ အရာအားလုံးကို ပြင်ဆင်ဖို့ နှစ်တစ်ဝက် အချိန်ရှိတယ်။"

"ဟုတ်ပါပြီ!" အဲလက်စ်က ခေါင်းငြိမ့်လိုက်၏။ သူဟာ ရှုယီကို ခဏကြာ ကြည့်ကာ သူက မည်သည့်မှ ပြောရန် မစီစဉ်ထားသည်ကို မြင်သော် တလေးတစား ဦးညွှတ်ပြီးနောက် ထွက်သွားတော့သည်။

အဲလက်စ် ထွက်သွားပြီးနောက် တီဗစ်စတီက ရုတ်တရတ် ဆိုလာ၏၊ "ဥက္ကဌ တီဗစ်စတီက အရင်တုန်းက ကုမ္ပဏီကို သစ္စာဖောက်ဖူးတယ် မဟုတ်ဘူးလား? ရှင်က သူ တူညီတဲ့အမှားလုပ်မှာကို မစိုးရိမ်ဘူးလား?"

"မှတ်ထား တီဗစ်စတီ, ကိုယ်တို့ လူသားတွေက လူတစ်ယောက်ကို အရင်က အမှားလုပ်ခဲ့ဖူးတာလေးနဲ့ လုံးဝအကဲမဖြတ်ဘဲ ဒါကို အမှန်ပြင်ဖို့ အခွင့်အရေးပေးတယ်။ အဲလက်စ်အနေနဲ့ အရင်က အမှားလုပ်ခဲ့ပေမယ့်လည်း ကိုယ်က နောက်ထပ် အခွင့်အရေးပေးချင်သေးတယ်။ ပြီးတော့ အဲ့အပိုင်းမှာ အဲလက်စ်ရဲ့ အရည်အချင်းက အတော်ကောင်းပြီး သူ ကောင်းကောင်းအလုပ်လုပ်သရွေ့ သေချာလုပ်နိုင်မယ်လို့ ယုံကြည်တယ်။"

တီဗစ်စတီမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရတ် ပြောလာသည်၊ "ဒါပေမယ့် အဓိက အကြောင်းအရင်းက ဒုဥက္ကဌ ဟိန့်ဇ်ကြောင့် မဟုတ်ဘူးလား?"

ရှုယီမှာ အံ့ဩသွားပြီးနောက် နေရခက်စွာ ပြုံးလိုက်သည်၊ "ဘာလဲ? မင်းက အခု ဒါကို သတိထားမိပြီပေါ့?"

"ကျွန်မတို့နတ်သူငယ်တွေက သင်ယူတဲ့နေရာမှာ အရမ်းတော်တယ်၊ ဒါကို မြင်နိုင်တာ လုံးဝ မထူးဆန်းပါဘူး။" တီဗစ်စတီက ခေါင်းခါ၏၊ "ဒါပေမယ့် ဥက္ကဌ ကျွန်မ ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေသေးတယ်။ ဒီအဲလက်စ်က... သူ့အပေါ် ခံစားချက် မကောင်းနေဘူး"

ရှုယီက ပခုံးတွန့်သည်၊ "ကန်ဒရာအင်ပါယာဈေးကွက်နဲ့ မားလိုအင်ပါယာဈေး‌ကွက်တို့ရဲ့ အရေးပါမှုမှာ မတူညီတဲ့ ဆိုလိုရင်း နှစ်ခုရှိတယ်လို့ ကိုယ်ပြောရင် ဘယ်လိုသဘောရလဲ?"

တီဗစ်စတီက ရှုပ်ထွေးသွားသည်၊ "ကျွန်မ... ကျွန်မ မသိဘူး...."

"ဟုတ်ပြီလေ မင်း နောက်ကျရင် သိလာလိမ့်မယ်၊ အချိန်ကျပြီ အစည်းဝေးခန်းထဲသွားရအောင် စောင့်နေလောက်ကြပြီ"

ရှုယီနှင့် တီဗစ်စတီတို့က အတော်လေး စည်ကားနေပြီဖြစ်သော Frestech ကုန်သည်ကြီးများအသင်းရှိ အကြီးဆုံး အစည်းဝေးခန်းမ၏ အဓိက အဆောက်အဦဆီဝင်သွားသည်။

အရှေ့၌ ထိုင်နေသည်မှာ စီအီးအို ခမ်နက်ဒ် ဖြစ်ပြီး သူ့နံဘေး၌ အဆင့်မြင့် မန်နေဂျာများရှိသည်။ လူတိုင်း၏ မျက်နှာထက် ပျော်ရွှင်ဟန်အပြုံးများရှိနေကာ အခန်းမှာ ဝမ်းမြောက်ဖွယ် လေထုခြုံလွှမ်းလျက် အင်မတန် သက်ဝင်လှုပ်ရှားနေ၏။

ရှုယီဝင်လာသည်ကိုမြင်သော် လူတိုင်း ဆွေးနွေးသည်ကို ရပ်၍ အားလုံးထရပ်ကာ ရှုယီကို ကြည့်လာသည်။ လူများစွာကမူ မျက်လုံးထဲရှိ လေးစားမှုနှင့် အံ့ဩမှုကို မဖုံးကွယ်နိုင်ကြပေ။

ရှုယီမှာ လူတိုင်း၏ အကြည့်အောက်တွင် အခန်း၏ အလယ်ရှိ ဥက္ကဌနေရာသို့ လျှောက်သွားကာ ထိုင်ချလိုက်ပါ၏။

"အားလုံး ထိုင်လို့ရပါပြီ" ရှုယီက ၎င်းတို့ကို ထိုင်ရန် လက်ဝေ့ယမ်းပြလိုက်ပြီးနောက် သူ့နံဘေးရှိ ခမ်နက်ဒ်ဘက် လှည့်ကာ အပြုံးဖြင့် ပြောလိုက်သည်၊ "ဟုတ်ပြီ ခမ်နက်ဒ် ဒီနှစ်ရဲ့ နှစ်ကုန် အနှစ်ချုပ်ဆွေးနွေးပွဲကို စလိုက်တော့"

ခမ်နက်ဒ်က မထိုင်ဘဲ လက်ထဲရှိ စာရွက်စာတမ်းများကို ကြည့်လိုက်ပြီးနောက် စားပွဲပေါ် ပစ်တင်လိုက်သည်။ သူဟာ ဘေးပတ်လည်ကိုကြည့်၍ အသံကျယ်ဖြင့်ဆိုလာ၏၊ "အရင်ဆုံး အားလုံးကို သတင်းကောင်းပြောချင်ပါတယ်။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမြတ်အစွန်းက အရင်နှစ်ကထက်စာရင် အများကြီးတက်လာပါတယ်! အချက်အလက်အတိအကျက မထွက်လာသေးပေမယ့်လည်း ရွှေဒင်္ဂါး သန်းငါးဆယ်ကို ကျော်မယ်လို့ သေချာပါတယ်!"

"ဝါး!"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဩဘာပေးသံများက အခန်းတွင်းပြည့်သွားသည်။

ခမ်နက်ဒ်မှာ ယခင်က ကုမ္ပဏီ၏ အမြတ်ငွေမှာ ဤနှစ်၌ တိုးလာမည်ဟု ပြောခဲ့ပြီးသားဖြစ်သော်လည်း ရွှေဒင်္ဂါးငါးဆယ်ကို ရုတ်တရတ် ရောက်လာမည်ဟု ထင်မထားခဲ့ပေ။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ယခင်နှစ် အမြတ်ငွေမှာ ရွှေဒင်္ဂါးသန်းသုံးဆယ်သာ ရှိခဲ့သည်! ၎င်းက တစ်နှစ်တည်းနှင့် ရွှေဒင်္ဂါးသန်းနှစ်ဆယ်ကျော်သွားခဲ့၏!

ဤတိုးတက်မှုက တကယ်ကို အံ့ဩဖွယ်ကောင်းကာ ယုံရပင်ခက်သည်။

ကုမ္ပဏီတစ်ခုတိုးတက်ခြင်းက အမြဲ တူညီသည့် စည်းမျဉ်းများရှိကာ ၎င်းမှာ ပထမ၌ အမြန်တိုးတက်ကာ သုညမှ တိုးတက်လာပြီး အင်မတန် ချဲ့ကားထားဟန် ရှိပေမည်။

သို့သော် တိုးတက်မှုက အဆင့်တစ်ခုရေညက်သည်နှင့် တည်ငြိမ်သွားတတ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ နှစ်စဉ် ဝင်ငွေမှာ ယခင်တည်းက တစ်နှစ်ကို သန်းပေါင်းများစွာ တိုးလာနေပြီး ယမန်နှစ်က သုံးသန်းကျော်သွားရာ လူတိုင်းအား ထိတ်လန့်စေသည့် နှုန်းကို ရောက်နေပြီးဖြစ်သည်။

သို့သော် ၎င်းက ရုတ်တရတ် ဤနှစ်၌ သန်းနှစ်ဆယ် ထပ်တိုးသွားရာ ဤသည်မှာ တကယ်ကို မယုံနိုင်ဖွယ်ရာပင်။

"ဘာလဲ? အားလုံး ဒီလောက် အံ့ဩသွားတယ်လား?" ရှုယီက အဆင့်မြင့်အဖွဲ့ဝင်များ၏ အံ့ဩနေသော မျက်နှာများကို ကြည့်ကာ ခဏရပ်လိုက်ပြီးနောက် ပြောလာ၏၊ "ခင်ဗျားတို့ သန်းငါးဆယ်လေးနဲ့ အံ့ဩနေရင် နောက်နှစ် ကုမ္ပဏီအမြတ်ငွေအတွက် ကျုပ်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ကြားတဲ့အခါ ခင်ဗျားတို့ မေးရိုးတွေတောင် အောက်ကျသွားလောက်မယ်ထင်တယ်။"

အားလုံး အချင်းချင်းတအံ့တဩကြည့်လိုက်ပြီးနောက် အိမ်သုံးမှော်စက်ဌာန၏ မန်နေဂျာ အန်ခ်တိုက ဂရုတစိုက်ဖြင့် တံတွေးမြိုချကာ‌ မေးလာသည်၊ "ဥက္ကဌ နောက်နှစ်..... အတွက် ခင်ဗျားရဲ့ ပန်းတိုင်က ဘယ်လောက်များလဲ?"

ရှုယီက အပြုံးဖြင့် လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်၊ "သန်းတစ်ရာ"

အခန်းတစ်ခုလုံး တိတ်ဆိတ်မှုဖြင့် ပြည့်သွားတော့၏။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၀။ ရေခဲနေသည့် မြောက်ပိုင်းဆိပ်ကမ်း

နှစ်သစ်ကူးပြီးနောက် ဆောင်းလေအေးက စိုင်စ်နယ်မြေတစ်ခွင်ကို ဖုံးအုပ်နေသည်။

မားလိုအင်ပါယာမှာ အဝေးရှိ မြောက်ပိုင်း၌ရှိသဖြင့် နှစ်စဉ် ဆောင်းရာသီတိုင်း တောင်ပိုင်းနိုင်ငံများထက် ပိုအေးသည်။

သို့သော် မားလိုအင်ပါယာရှိ မြောက်ဘက်အကျဆုံး‌သော စတာဆမ်မြို့တော်အတွက်မူအင်ပါယာ၏ ကျန်နေရာများထက် အနည်းကယ်ပိုအေးသည့် ပြဿနာရှိရုံသာမက ၎င်းက လုံးဝခြားနားသည့် ကမ္ဘာတစ်ခုလိုပါပင်။

အဆုံးမဲ့ပင်လယ်ပြင်မှ မြောက်ပိုင်းသို့ တိုက်ခတ်လာသည့် လေအေးအေးမှာ လေပြေတစ်ပွေ့စာသာပါဆိုပါလျှင်တောင် လူတစ်ဦးကို ခိုက်ခိုက်တုန်နေစေဖို့ လုံလောက်သည်။ ဤလေအေးကို ရင်ဆိုင်‌နေခဲ့ရသည့် စတာဆမ်မြို့တော်အတွက် ၎င်းတို့ မျက်နှာထက် လေဖြတ်သန်းသွားသည်နှင့် နာကျင်စွာ ဖြတ်တောက်သွားသည့် အေးစက်စက်ဓားသွားများနှယ်ပင်။

"ရှီး!"

အေးစက်စက်လေညှင်းနှင့်အတူ ဟိုဂန်နှင့် ဒီကာဒိုတို့မှာ မနေနိုင်စွာ လေအေးများရှူရှိုက်လိုက်ရပြီး မိမိတို့ကိုယ်ကို တင်းတင်းကြပ်ကြပ် လက်ပိုက်ရင်း ဇက်ပုလိုက်ကြသည်။ ၎င်းတို့်မှာ ကူရာမဲ့စွာပင် မျက်လုံးများ မှေးကျဉ်း၍ ခပ်ဟဟဖွင့်ထားသော မျက်လုံးဖြင့်သာ မြောက်ဘက်ကို ကြည့်နေကြ၏။

"ဟေး ဒီကာဒို ဒီလိုအေးတဲ့နေ့မှာ ငါတို့တွေ ဒီပို့ဆောင်ရေးသင်္ဘောစုနဲ့ ဆုံဖို့ လုပ်ထားရင်တောင် သူတို့က ဘာကုန်စည်တွေ ယူလာမှာမို့လဲ?" ဟိုဂန်၏ အသံမှာ နှာခေါင်းစည်းအောက်၌ ဝိုးတဝါးဖြစ်နေရာ ဒီကာဒိုအား အနည်းငယ် ထူးဆန်းနေစေသည်။

သို့သော် ၎င်းမှာ ယခုဒီကားဒိုဂရုစိုက်နေသည့်အရာမဟုတ်ပါချေ။ သူဟာအဝေးရှိပင်လယ်ပြင်ကိုကြည့်လိုက်ပြီး မည်သည်ကိုမှမမြင်သော် ခါးသက်သက် ပြုံး၍ ခေါင်းခါလိုက်ပါ၏။

"ငါတို့တွေတစ်ကြိမ်မှာ ခြေလှမ်းတစ်လမ်းပဲလှမ်းနိုင်တယ်။ ဘယ်သူက အဲဒီ ပို့ဆောင်ရေး သင်္ဘောစုကလူတွေကို အစီအစဉ်ကိုမလိုက်နာဘဲ နောက်နှစ်လနေမှလာရမယ်လို့ ပြောလို့လဲ။ သူတို့သာ အရင်နှစ်လတည်းက ရောက်နေမယ်ဆိုရင် ရာသီဥတုကောင်းမှာမဟုတ်တော့ ဒါက ကိုင်တွယ်ရပိုလွယ်မယ်။"

"ဟိုဂန်မှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်၏၊ "စတက်တိန်းနယ်မြေက အရမ်းဝေးတော့ သူတို့ကို အပြစ်တင်မရဘူးလေ။ သူတို့က နယ်မြေကြီးကို ပတ်ပြီးပြေးဆွဲလာရတာ ဒီလိူခရီးရှည်ကြီးအတွက် ပင်လယ်ပြင်မှာ မတူညီတဲ့ အရာအတော်များများရှိမှာပဲဆိုတော့ ကြားထဲမှာ တစ်ခုခု ဖြစ်လာမှာကို ရှောင်လို့မရဘူး။ ရိုးရိုးသားသားပြောရရင် သူတို့တွေ လုံးဝ လုံလုံခြုံခြုံ ရောက်လာနိုင်တာကတင် အရမ်းကို အင်အားကြီးရာကျနေပြီ။"

"အင်း.. မင်းမှန်တယ်။"

ဒီကာဒိုက ဖြေလိုက်ပြီးနောက် အဝေးရှိ စတာဆမ်ဆိပ်ကမ်းကို ကြည့်လိုက်သည်။

ထိုဆိပ်ကမ်းမှာ မားလိုအင်ပါယာ မြောက်ပိုင်း၌ အကြီးဆုံးဆိပ်ကမ်းဖြစ်သည်။ ယခင်နှစ်က Frestech ကုန်သည်ကြီးများအသင်းမှာ မားလိုအင်ပါယာနှင့် စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၎င်းကိုချဲ့ထွင်ရန် ရွှေဒင်္ဂါးသုံးသောင်းကိုရင်းနှီးမြှုပ်နှံခဲ့ပြီး၊ သင်္ဘောကြီးများကျောက်ချနိုင်သည့် ဆိပ်ကမ်းတစ်ခုကို ဖန်တီးခဲ့သည်။

နာဗီဦးဆောင်သည့် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘော,စုကို မြောက်ဘက်သို့စုံစမ်းရန်စေလွှတ်ခဲ့ပြီး ဤဆိပ်ကမ်းမှာ ၎င်းတို့၏ ပန်းတိုင်ဖြစ်သည်။

အစီအစဉ်အရ Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးသောနာဗီ ဦးဆောင်သည့်ပို့ဆောင်ရေးသင်္ဘောစုမှာ ယခင်နှစ်ကအောက်တိုဘာတွင်ရောက်ရှိခဲ့သင့်သည်။

ထိုစဉ်က မားလိုအင်ပါယာမှာ ဆောင်းရာသီ အစောပိုင်း၌ရှိဆဲဖြစ်ပြီး ရာသီဥတုကိုလည်း ပုံမှန်ဟုယူဆနိုင်သည်။

သို့ရာတွင် ပထမဆုံးသင်္ဘောစုကို ပင်လယ်ပြင်၌ နှစ်လကြာအချိန်ဆွဲထားခဲ့ပြီး တစ်စီးမှာအဆက်သွယ်ပင်လုံးဝပြတ်တောက်ခဲ့သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့ထံ၌ မတော်တဆတစ်ခုခုဖြစ်ခဲ့သည်ဟု အထင်ရောက်စေခဲ့ပြီး အဆုံးမဲ့ပင်လယ်ပြင်တွင် နစ်မြုပ်ခံလိုက်ရပြီဟုထင်မိစေခဲ့သည်။

ရှုယီမှ ၎င်းတို့ကိုပေးခဲ့သည့် မှော်လေသင်္ဘောနှစ်စီးမှာ အကူအညီဖြစ်ခဲ့သောကြောင့် တော်သေး၏။ ယခင်လလယ်ပိုင်းတွင် သင်္ဘောစုပျောက်ကွယ်သွားခဲ့သည်မှာ လတစ်ဝက်ကြာခဲ့ပြီး မှော်လေသင်္ဘောကမားကွစ္စ် ဆော့သ်ဂိတ်၏ ပိုင်နက်သို့ သင်္ဘောစုရှိသတင်းနှင့်အတူ ပျံသန်းလာခဲ့သည်။

ထိုသတင်းကိုရရှိပြီးနောက် မားလိုအင်ပါယာရှိ Frestech ကုန်သည်ကြီးများအသင်း၏ဌာနခွဲ ဒုမန်နေဂျာ ဟိုဂန် နှင့်ပို့ဆောင်ရေးအသင်း၏ ခေါင်းဆောင် ဒီကာဒိုတို့မှာ စတာဆမ်သို့လာခဲ့ကြသည်။

၎င်းတို့မှာ ယခုအချိန်အထိ နေ့စဉ် မှော်လေသင်္ဘော၊ သင်္ဘောစုတို့နှင့်အတူ နီးနီးကပ်ကပ် ဆက်သွယ်ခဲ့ရသည်။ နောက်ဆုံး၌ ၎င်းတို့မှာ လွန်ခဲ့သည့် သုံးရက်အကြာက သင်္ဘောစုသည် စတာဆိမ်သို့ ယနေ့၌ လုံခြုံစွာဆိုက်ရောက်မည်ဟု အတည်ပြုချက်ကိုရရှိခဲ့သည်။

ယနေ့လှကအေးစက်ကာ အပူချိန်က လူတစ်ဦးကိုခဲသေနိုင်လောက်သည်အထိ ရှိနေသော်လည်း ၎င်းတို့အနေဖြင့် မနက်ခင်းစောစောတွင် ဆိပ်ကမ်းသို့လာရောက်ဖို့အတွက် အိပ်ရာမှထခဲ့ကြရသည်။

ဒီကာဒိုမှာစတာဆမ်ဆိပ်ကမ်းရှိ မြင်ကွင်းကို ခဏကြည့်လိုက်ပြီးနောက် သက်ပြင်းချမိ၏။

"ရာသီဥတုက ပိုအေးလာတာနဲ့ ဆိပ်ကမ်းက ခဲသွားပြီး ကျောက်ချဖို့ နေရာမရှိတော့မှာကို အရင်က စိုးရိမ်ခဲ့မိလို့ တော်သေးတယ်။ အခုကြည့်လိုက်တော့ ရာသီဥတုပိုအေးလာရင်ဆောင် ဒီပင်လယ်ပြင်ကို အပြည့်အဝ ခဲလိုက်ဖို့က ဖြစ်နိုင်မှာမဟုတ်ဘူး။"

ဟိုဂန်မှာ ၎င်းကိုကြားသော် ပြုံးလိုက်မိသည်၊ "ငါတို့ အရင်က အဲဒီ့ မားလိုအင်ပါယာရဲ့ ကောလဟာလတွေကြောင့် ထိတ်လန့်ခဲ့ကြတာ။ သူတို့ပြောတာက ဆောင်းရာသီရောက်လာတာနဲ့ ပင်လယ်ပြင်က လုံးဝခဲသွားပြီး ထွက်လမ်းရှိမှာမဟုတ်ဘူး။ သူတို့က ပင်လယ်ပြင်က ရေခဲအလွှာကို ပြောတယ်လို့ ထင်ခဲ့ပေမယ့် အခုကြည့်တော့ အပိုင်းအပိုင်းဖြစ်နေပြီလေ။ ဒါက လုံးဝကို အံ့မခန်းအရာမျိုး ရှိမနေပါဘူး။"

“ဒီမှာ တံငါသည် လှေငယ်တွေပဲ ရှိလို့ သူတို့ လုံးဝမှားတယ်လို့ ပြောလို့ မရဘူး။ အဲဒီ လှေတွေက ရေခဲစိုင်တွေနဲ့ တိုက်မိရုံနဲ့တင် ကွဲသွားနိုင်တယ်။” ဒီကာဒိုက ရယ်မော၍ပြောသည်၊ "ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သံမဏိသင်္ဘောတွေကို မြင်ရင်၊ ဒီရေခဲတုံးတွေက ပြဿနာမဟုတ်တာကို သူတို့သိလာလိမ့်မယ်"

ဟိုဂန်က ပခုံးတွန့်ကာ “သူတို့ကို အတွေ့အကြုံမရှိဘူးလို့ ပြောဖို့ကလွဲ တခြားနည်းလမ်းမရှိဘူး။ ရေတပ်က ဒီကိုရောက်လာပြီး ငါတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ မှော်စက်တွေကို မြင်တဲ့အခါ ဘယ်လောက်အံ့သြသွားမလဲဆိုတာတောင် မသိတော့ဘူး။”

ဒီကာဒိုနှင့် ဟိုဂန်မှာ အချင်းချင်းကြည့်‌လိုက်ပြီးနောက် ရယ်မောလိုက်လေသည်။

၎င်းတို့နှစ်ဦး မားလိုအင်ပါယာသို့ ရောက်မလာခင်က ဤအင်ပါယာကြီးအပေါ် အားကျမှုကြီးရှိခဲ့သော်လည်း မားလိုအင်ပါယာသို့လာကာ နှစ်တစ်ဝက်အချိန်ကုန်ပြီးနောက်၌ မားလိုအင်ပါယာတွင် ပိုင်နက်နယ်မြေပိုရှိခြင်းမှလွဲ လမ်ပူရီတိုင်းပြည် သို့မဟုတ် စတက်တိန်းနယ်မြေတို့နှင့် ယှဉ်လျှင် များစွာ လိုအပ်နေသော နေရာများစွာရှိ၏။

ပုံမှန်အားဖြင့် ၎င်းတို့ ဆက်သွယ်ရသောလူတို့မှာ မားလိုအင်ပါယာ၏ မျိုးရိုးမြင့်များ ကုန်သည်ကြီးများဖြစ်သည်။ ထိုလူများမှာ မားလိုအင်ပါယာ၌ အမြင့်ဆုံးအဆင့်၌ ရှိသဖြင့် ၎င်းတို့၏ ဘဝများမှာ အတော်လေးဇိမ်ကျလှ၏။

သို့သော်လည်း ဒီကာဒိုနှင့် ဟိုဂန်တို့အတွက် ထိုလူများမှာ ဇိမ်ကျသည့် ဘဝများ၌ နေထိုင်ပါလျှင်တောင် အတော်လေး နောက်ပြန်ဆွဲနေသည့် နေရာများရှိသေးသည်။ ၎င်းတို့နေထိုင်မှုတွင် အင်မတန် အဆင်ပြေသည်ဟု ယူဆနိုင်သော အပိုင်းများစွာရှိသည်။

၎င်းတို့နှစ်ဦး ဤနေရာတွင် နှစ်တစ်ဝက်လောက်ရှိနေခဲ့ပြီးနောက် ဧရာမမားလိုအင်ပါယာ ပျောက်ကွယ်သွားခြင်းအတွက် ကြောက်ရွံ့ရိုသေခြင်းကို ခံစားရရုံသာမက ၎င်းတို့မှာ ကိန်းကြီးခန်းကြီးနိုင်သော ထူးထူးဆန်းဆန်းအမြင်ကိုလည်း ခံစားမိသည်။

မားကွစ္စ် ဆော့သ်ဂိတ်နှင့် သူ့နံဘေးရှိ ထိုမျိုးရိုးမြင့်များနှင့် ကုန်သည်များမှာ စတာဆမ်ကဲ့သို့ နေရာလေးတစ်နေရာမှဖြစ်သည်ကို မဆိုထားနှင့် ၎င်းတို့ကို ကိန်းကြီးခန်းကြီးနိုင်သလို ခံစားမိစေသည်။

၎င်းတို့မှာ စတာဆမ်၌ လဝက်လောက်ကြာအောင် ရှိနေခဲ့ကာ ဤနေရာရှိ မျိုးရိုးမြင့်များနှင့် ကုန်သည်များအားလုံးကို တွေ့ဆုံခဲ့ရာ အတွေ့အကြုံမရှိသော တောသားများထံမှ အမြင်ကောင်းကောင်းကို ရစေသည်။

မှန်ပါ၏၊ ထိုလူများမှာ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေ‌တို့၏ လယ်သမားအများစုထက် ပို၍ပင် ဆိုးဆိုးရွားရွားနေထိုင်ခဲ့ကြရသည်။

အနည်းဆုံး လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့၏ လယ်သမားများမှာ အသားအနည်းငယ်များစားရရုံနှင့်တင် အင်မတန်ပျော်ရွှင်နေကြပုံမရပေ...

၎င်းတို့မှာ အဝေးရှိ ကောင်းကင်ယံမှ ရင်းနှီးသည့်အသံတစ်သံ ထွက်မလာခင်အထိ နောက်ထပ် မိနစ်နှစ်ဆယ်ကြာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။

နှစ်ဦးသား မော့ကြည့်လိုက်သော် အနောက်မြောက်ဘက် ကောင်းကင်ယံ၌ အနက်ရောင်အစက်တစ်စက်ရှိနေကာ အလျင်အမြန်ချဉ်းကပ်လာသည်။ ၎င်းက စတာဆမ်ဆိပ်ကမ်းအပြင်ဘက် မြေပြင်တွင် သက်ဆင်းလိုက်ရာ မှော်လေသင်္ဘောအဖြစ်ပြောင်းလဲသွားသည်။

"ဟုတ်သားပဲ ဟိုဂန် ဒီနေ့ လေအရမ်းပြင်းတာကို ဒီမှော်လေသင်္ဘောက ကောင်းကင်မှာ အတော်လေး တည်တည်ငြိမ်ငြိမ် ပျံနိုင်ခဲ့သေးတာလား? ထူးဆန်းတယ်မထင်ဘူးလား?" ဒီကာဒိုက ရုတ်တရတ် မေးလာ၏။

ဟိုဂန်မှာ လျှောက်သွားဖို့ ပြင်လိုက်သော်လည်း ၎င်းကိုကြားပြီးနောက် အံ့ဩသွား၏။ ခေါင်းစောင်းကာ ခဏစဉ်းစားလိုက်ရင်း သူဟာ ခေါင်းခါလိုက်သည်၊ "ငါက မှော်သုတေသဌာနက မဟုတ်သလို ဖွံ့ဖြိုးရေးဌာနကလည်းမဟုတ်တော့ ဘယ်လိုလုပ်သိမှာလဲဟ?"

"ဟုတ်သားပဲ။" ဒီကာဒိုက ပခုံးတွန့်သည်၊ "ငါ ပြီးတော့မှ ကပ္ပတိန် ယင်းဆန်ကို မေးလိုက်မယ်။"

နှစ်ဦးသားမှာ တံခါးဖွင့်ထားပြီးသားမှော်လေသင်္ဘောထံ အမြန်လာလိုက်ကြပြီး ဒီကာဒို အစောတုန်းက ပြောလိုက်သော ယင်းဆန်အမည်ရ ကပ္ပတိန် ထွက်လာ၏။ သူဟာ ၎င်းတို့ထံ လျှောက်လာကာ ကျယ်လောင်စွာ ဆိုလေသည်၊ "မန်နေဂျာဟိုဂန် တစ်နာရီအတွင်း သင်္ဘောစုက ဒီကိုရောက်လိမ့်မယ်၊ ပြင်ဆင်မှုတွေ လုပ်ထားတော့!"

ဟိုဂန်လည်း ခေါင်းငြိမ့်လိုက်၏၊ "ကောင်းပါပြီ"

၎င်းတို့မှာ စကားပြောရင်းအချိန်ဖြုန်းမနေဘဲ အလုပ်သမားများကို လှည့်၍ ပြင်ဆင်ခိုင်းကာ ပို့ဆောင်ရေးသင်္ဘောစုကိုကြိုဆိုရန် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။

တကယ်တမ်းတွင် ၎င်းတို့မှာ လဝက်ကြာပြင်ဆင်ခဲ့သဖြင့် လိုအပ်မှ တစ်ခါပြန်သွားဖို့လိုအပ်သည်။

ကျန်ခဲ့သော ဒီကာဒိုနှင့် ယင်းဆန်တို့မှာ ကိစ္စအချို့အကြောင်း စပြောကြတော့၏။

၎င်းတို့အနေနှင့် သင်္ဘောစုက လိုအပ်သည့် ထူးထူးခြားခြားအရာများ၊ ရိက္ခာများ၊ ပြင်ဆင်မှုများ သို့မဟုတ် ထိုသို့သော အရာများအကြောင်း အဓိကပြောကြပြီး သင်္ဘောစုရောက်ရှိပြီးနောက် စီစဉ်မှုအမျိုးမျိုးတို့ကို အတည်ပြုနေကြသည်။

ဥပမာ အစီစဉ်အရ သင်္ဘောစုမှာ စတာဆမ်ဆိပ်ကမ်း၌ ၎င်းတို့ကုန်စည်အားလုံးကို ဦးဆုံးချပြီး စတာဆမ်မြို့နှင့် အနီးဝန်းကျင်မြို့များ၌ ဦးဆုံးရောင်းချမည်ပင်။ ထို့နောက် မားလိုအင်ပါယာထဲသို့ မည်မျှ ပို့ဆောင်မည်ကို ဆုံးဖြတ်ကြသည်။

ဤပြီးမြောက်ရန် လေးလကြာခဲ့သော ကုန်သွယ်ရေးလမ်းကြောင်းအတွက် ပင်လယ်ခရီးတွင် ဤတို့မှာ ပင်လယ်လမ်းကြောင်းတလျှောက် အခြားနိုင်ငံများအားလုံးနှင့်လည်း ဆက်သွယ်နိုင်မည်ဖြစ်သော်လည်း ဤတာဝန်၏ အဓိက တာဝန်မှာ Frestech ကုန်သည်ကြီးများအသင်းကို မားလိုအင်ပါယာနှင့် ချိတ်ဆက်ရန်ဖြစ်သည်။

နှစ်ဦးသား ခေတ္တစကားပြောကြပြီးနောက် ဒီကာဒိုမှာ ရုတ်တရတ် သူ အစောက စဉ်းစားမိသော မေးခွန်းကို တွေးမိကာ ကပ္ပတိန်ယင်းဆန်ကို မေးလိုက်လေသည်။

"လေထဲမှာ ဘယ်လိုတည်တည်ငြိမ်ငြိမ်နေနိုင်တာလဲ?" ကပ္ပတိန်ယင်းဆန်က ရယ်လိုက်ပြီးနောက်မှ လက်ယမ်းသည်၊ "မန်နေဂျာဒီကာဒို မှော်သုတေသနဌာနက မှော်ပညာရှင်တွေအနေနဲ့ ဒါကို စဉ်းစားနိုင်မှာမဟုတ်ဘူးလို့ မထင်ထားဘူးမို့လား?"

"ဟင့်အင်း ဟင့်အင်း သူတို့သိမှာကို သိပါတယ် ဒါပေမယ့် ဒါကို မစဉ်းစားနိုင်ဖြစ်နေလို့။ လေက အရမ်းအားကောင်းနေတာကို ဘယ်လိုလုပ် မှော်လေသင်္ဘောက တည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲလေ။"

"ဒါက... တကယ်တော့ မှော်လေသင်္ဘောပေါ်မှာ လေခွင်းအား မျှခြေစနစ်ရှိပေမယ့် ငါလည်းမသိတာမို့ ငါ့ကို လာမမေးနဲ့။ ငါက လေပြင်းတဲ့အခါမှာ ဒီစနစ်ကို ဖွင့်နိုင်ပြီး လေအများစုကို ပယ်ဖျက်ပေးနိုင်လို့ မှော်လေသင်္ဘောက လေထဲမှာ တည်ငြိမ်နေနိုင်တာကိုပဲသိတယ်။"

"ဒီလောက် အံ့ဩဖို့ကောင်းတယ်ပေါ့။ စဉ်းစားကြည့်ပြီးနောက် သူဟာ ခန့်မှန်းလိုက်သည်၊ "မှော်လေသင်္ဘောက လေစွမ်းအားမှော်ပညာနဲ့ လေထဲမှာ ပျံသန်းနေတာမို့ ဒီလေခွင်းအားမျှခြေစနစ်က လေစွမ်းအားမှော်ပညာပေါ်မှာလည်း မှီခိုနေလောက်မှာပေါ့ ဟုတ်လား?"

ကပ္ပတိန်ယင်းဆန်က မျက်လုံးများကို လှိမ့်လိုက်သည်၊ "ငါ့ကို မမေးနဲ့ ငါက ဘယ်လိုသုံးရမလဲပဲ သိတာ အဲ့နောက်က နိယာမကို သိဖို့ မလိုဘူး။"

ဒီကာဒိုမှာ ၎င်းကို ခဏမျှ စဉ်းစားပြီးနောက် မစဉ်းစားတော့ဘဲ မနေနိုင်ပေ။ သူဟာ ကူရာမဲ့သက်ပြင်းသာချလိုက်သည်၊ "ဟုတ်ပြီ ကုမ္ပဏီကလူတွေတောင် ငါတို့ကုမ္ပဏီက လုပ်တာကို နားမလည်နိုင်ဘူး။ တခြားနိုင်ငံက အဲ့လူတွေက ကူးချချင်နေတာ အိပ်မက်‌,မက်နေတာပဲ ဖြစ်ရမယ်!"

***

All Chapters