← Chapters

အခန်း (၁၀၁-၁၁၀)

Vol. 6 Ch. 101-110

အခန်း (၁၀၁-၁၁၀)

Vol. 6 Ch. 101-110

Vol 6, အခန်း ၁၀၁။ ထောက်ပံ့ခြင်း၏ အားကောင်းသော စုစည်းမှု

တစ်နာရီကြာပြီးနောက် ဧရာမသင်္ဘောကြီး ဆယ်စင်းမှာ လျှင်မြန်စွာဖြင့် ပင်လယ်ပြင်ကို ဖြတ်သန်း၍ အနောက်မြောက်ဘက်သို့ ရောက်လာကြသည်။

ဟိုဂန်မှာ ဂရုတစိုက်ရေတွက်နေလိုက်ရာ စုစုပေါင်း သင်္ဘောဆယ့်သုံးစီးရှိနေသည်ကိုမြင်ရသဖြင့် စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။

သူဟာ လမ်းတလျှောက် ပြဿနာကြီးမဟုတ်သည့် သတင်းများစွာရရှိခဲ့သော်လည်း ထိုသင်္ဘောဆယ့်သုံးစင်းလုံး လုံခြုံနေမှသာ စိတ်ချနိုင်တော့သည်။

သင်္ဘောစုက ဆိပ်ကမ်းဆီသို့ ရောက်လာသည်ကိုမြင်သော် စတာဆမ်ဆိပ်ကမ်းမှာ စတင် အလုပ်လုပ်ကြတော့သည်။

ပထမဆုံးသော ပို့ဆောင်ရေးမှော်သင်္ဘောကြီးက ဆိပ်ကမ်း၌ ကျောက်ချလိုက်ချိန်တွင် နာဗီမှာ ကုန်းပတ်ပေါ်မှ ဆင်းလာလိုက်သည်။ ဟိုဂန်နှင့် ဒီကာဒိုတို့ကို မြင်ချိန်၌ သူဟာ ထိုနှစ်ဦးကို ပွေ့ဖက်နှုတ်ဆက်လိုက်ပါ၏။

"နာဗီ ခင်ဗျား ကောင်းကောင်းလုပ်ခဲ့တာပဲ!" ဟိုဂန်က နာဗီ၏ ပခုံးကိုရိုက်ရင်း ချီးကျူးလိုက်၏၊ "ခင်ဗျား ပြန်သွားတဲ့အခါ ဥက္ကဌက သေချာပေါက် ခင်ဗျားအတွက် အထူးဆုတစ်ခု ပြင်ထားပေးမှာပဲ။"

နာဗီက ရယ်မောလိုက်ပါ၏၊ "ဆုက အရေးမကြီးပါဘူး၊ ဥက္ကဌဆီက တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်တာကတင် အရမ်းကောင်းနေပြီ။ ပြီးတော့ ငါတို့က နှစ်လနောက်ကျတော့ ဥက္ကဌ အပြစ်မပေးရင်တောင် တော်လှပြီ။ ဆုကို ပြောနေဖို့တောင် မလိုပါဘူး။"

"ပင်လယ်ပြင်က အခြေနေက ရှုပ်ထွေးတော့ အစီစဉ်ကို မလိုက်နာနိုင်တာ မထူးဆန်းပါဘူး၊ ဥက္ကဌလည်း ဒါကို နားလည်မှာပါ။" နံဘေးရှိ ဒီကာဒိုက ပြုံး၍ဆိုသည်၊ "ဒါပေမယ့် နာဗီ ဒီလူတွေက ဘာဖြစ်လို့လဲ?"

နာဗီမှာ ဒီကာဒို ညွှန်ပြသည့် နေရာကိုကြည့်လိုက်ရာ ထူးဆန်းကာ လုံးဝကွဲပြားသည့် အဝတ်အစားများနှင့် ပို့ဆောင်ရေးမှော်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်မှ ဆင်းလာသည့် လူများကို မြင်လိုက်ရသည်။

"အိုး ဒီလူတွေက လမ်းတလျှောက် နိုင်ငံတွေက ကိုယ်စားလှယ်တွေလေ။ သူတို့က Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ မြောင်ပိုင်းပင်လယ်ပြင်ကို စူးစမ်းဖို့ သင်္ဘောစုတစ်ခု လွှတ်မယ်ဆိုတာ ကြားလို့ လာကြည့်ချင်ကြတာ။ မထွက်ခွာခင်တုန်း ဥက္ကဌရဲ့ ညွှန်ကြားမှုကို စဉ်းစားမိပြီး ငါလည်း သဘောတူလိုက်တာ။"

"အိုး? သူတို့က သူတို့ နိုင်ငံတွေကို ကိုယ်စားပြုနိုင်တယ်ဆိုတာ ဘာကို ပြောချင်တာလဲ?" ဟိုဂန်က သိလိုစိတ်ဖြင့် မေးလာသည်။

"သူတို့က အပြည့်အဝကြီး ကိုယ်စားပြုနေတာတော့မဟုတ်ပေမယ့် အတူတူလောက်ပါပဲ" နာဗီက ဆိုသည်၊ "ဥက္ကဌက ငါ့ကို လမ်းတလျှောက်ဖြတ်သွားရတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးထူထောင်စေချင်တော့ ငါလည်း သူ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာခဲ့တာ။ ငါတို့ နှောင့်နှေးနေခဲ့တဲ့ နှစ်လတာက အဓိကအားဖြင့် ဒါကြောင့်ပဲလေ"

"ဒီလိုကိုး..." ဟိုဂန်နှင့် ဒီကာဒိုတို့က အချင်းချင်းကြည့်၍ ခေါင်းငြိမ့်ကာ ထိုအကြောင်းပြချက်က သင့်တင့်သည်ဟု တွေးလိုက်ကြသည်။

မည်သို့ဖြစ်ဖြစ် သင်္ဘောစုက ဘေးကင်းကင်းရောက်လာသဖြင့် နာဗီမှာ သူ၏တာဝန်ကို ပြည့်ပြည့်စုံစုံထမ်းဆောင်နိုင်ခဲ့သည်။

ယခုတွင် တာဝန်ယူဖို့က ဟိုဂန်နှင့် ဒီကာဒိုတို့၏ တာဝန်ဖြစ်သွားပြီပင်။

"အင်း... ဒါဆို ဒါကို အရင်လုပ်ကြတာပေါ့။ နာဗီ ခင်ဗျားနဲ့ သင်္ဘောသားတွေ ပင်ပန်းခဲ့ကြပြီဆိုတော့ ဒီကာဒိုနဲ့ ကျုပ်က စတာဆမ်မြို့တော်မှာ နေစရာအိမ်တွေ ပြင်ထားပေးတယ်။ ခင်ဗျားတို့ အရင်သွားနားလိုက်တော့၊ လူနည်းနည်းလောက်ကိုပဲ နေခဲ့ခိုင်းပြီး ကုန်စည်တွေ ရွှေ့ခိုင်းလို့ရတယ်။" ဟိုဂန်က ဆို၏။

၎င်းက မတိုင်ခင်က ၎င်းတို့ထံရှိ အစီစဉ်ဖြစ်ခဲ့သော်လည်း နာဗီက ၎င်းကိုကြားချိန်တွင် နေရခက်ဟန် ပေါ်သွားမည်ကို မည်သူကသိပါမည်နည်း။ သူက နေရခက်ဟန် ပြုံးလိုက်ပြီးနောက် တုံ့ဆိုင်းစွာ ပြောလာသည်၊ "ဒါက... ဒါက... ဟိုဂန် ငါ ဖုံးမထားတော့ပါဘူး၊ ဒါပေမယ့် သင်္ဘောက အခု ငါတို့ ကုမ္ပဏီက ကုန်စည်တွေ တစ်ခုမှ ပါမလာဘူး..."

ဟိုဂန်နှင့် ဒီကာဒိုတို့ အံ့ဩသွားကြ၏။

"ဘာမှ မပါဘူး? ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့... လမ်းတလျှောက်လုံး ရောင်းခဲ့လို့... ဒါကြောင့် အခု ဘာမှကို မကျန်တော့ဘူး..."

"အားလုံးကို ရောင်းခဲ့တယ်?"

ဟိုဂန်နှင့် ဒီကာဒိုတို့က နာဗီကို မယုံကြည်နိုင်ဟန်အပြည့် မျက်လုံးရွဲကြီးများဖြင့် ကြည့်လာပါ၏။

"ဘယ်လိုလုပ် အကုန်လုံးရောင်းခဲ့နိုင်တာလဲ?" ဒီကာဒိုက ဆက်တိုက်မေးနေပြီးနောက် ရုတ်တရတ် အတွေးတစ်ခုရသွားသည်။ သူဟာ သင်္ဘောမှ ဆင်းလာကာ စူးစမ်းနေကြသည့် အခြားနိုင်ငံသားများအား ညွှန်ပြလိုက်၏။ "အဲ့နိုင်ငံတွေဆီကို ရောင်းခဲ့တာလား?"

"အင်း..." နာဗီက ရိုးသားစွာ ခေါင်းငြိမ့်လိုက်၏၊ "ငါတို့ လမ်းမှာ နိုင်ငံတစ်နိုင်ငံကို တွေ့တော့ ဥက္ကဌရဲ့ ညွှန်ကြားချက်အတိုင်း ဆက်သွယ်ဖို့ ကမ်းပေါ်တက်ခဲ့တယ်။ ငါတို့ မဆက်သွယ်နိုင်ခဲ့တဲ့ နိုင်ငံနှစ်ခုတော့ ရှိခဲ့ပေမယ့်လည်း ကျန်တဲ့ ငါးခုစလုံးက ကြိုဆိုခဲ့ကြတယ်လေ။ ငါတို့ ယူသွားခဲ့တဲ့ မှော်စက်တွေအားလုံးကို အဲ့နိုင်ငံက လူတွေ အရမ်းကို ကြိုဆိုကြတော့ အတော်ကို လွယ်လွယ်နဲ့ ရောင်းထွက်သွားတာပဲ။ တကယ်တော့ ငါတို့သာ ရောင်းချတဲ့ ပမာဏကို မထိန်းချုပ်ထားခဲ့ရင် ပထမဆုံးနိုင်ငံမှာတင် အကုန်ရောင်းလိုက်ရလိမ့်မယ်.."

ဟိုဂန်နှင့် ဒီကာဒိုတို့မှာ တစ်ဦးကိုတစ်ဦး စိတ်ခံစားချက်မဲ့စွာ ကြည့်လိုက်မိကြသည်။

ဤသင်္ဘောစုထံ၌ ပို့ဆောင်ရေးမှော်သင်္ဘောကြီး နှစ်စင်းပါရှိပြီး ၎င်းထံ၌ တန်ပေါင်းတစ်သောင်းကျော် တင်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းထံ၌ တင်ဆောင်ခဲ့သည့် မှော်စက်ပေါင်း သိန်းချီကျော်အောင်ရှိခဲ့သည်။

ဤကုန်စည်များကို မြောက်ပိုင်းမားလိုအင်ပါယာရှိ ဈေးကွက်ကြီးအတွက် ပြင်ဆင်ခဲ့သော်လည်း လမ်းတလျှောက် အလွယ်လေးရောင်းချနိုင်ခဲ့သည်မှာ တကယ်ကို အံ့အားသင့်စရာပါပင်။

သို့သော် နာဗီက ထိုနိုင်ငံများနှင့် ဆက်သွယ်ကာ ဈေးကွက်များ ဖွင့်လှစ်ခဲ့ခြင်းမှာ ဥက္က‌ဌပေးခဲ့သည့် ညွှန်ကြားချက်ဖြစ်သဖြင့် အမှားလုပ်ခဲ့သည်ဟု မဆိုနိုင်ပါပေ။ နာဗီထိုသို့လုပ်ခြင်းကြောင့် ထိုနိုင်ငံငါးခုမှ လူများမှာ Frestech ကုန်သည်ကြီးများအသင်း၏ တည်ရှိမှုကို သိလာမည်ဖြစ်ပြီး ထိုနိုင်ငံငါးနိုင်ငံရှိ ဈေးကွက်ကို ဖွင့်လှစ်ခြင်းနှင့် ညီမျှပြီး ဝယ်လိုအားကို ဖန်တီးခြင်းပါပင်။

၎င်းနှင့်စာလျှင် မားလိုအင်ပါယာအား မှော်စက်များဖြင့် ဈေးကွက်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ဈေးကွက်အား ဖွင့်ရန် မလိုအပ်တော့ပေ။ ထိုအစား လမ်း‌တလျှောက်ရှိ နိုင်ငံများကို ဖွင့်လှစ်ဖို့က ပိုအရေးကြီးသည်။

ကြည့်ရသည်မှာ ဤတစ်ခေါက် တာဝန်နှင့် ပတ်သက်၍ နာဗီက ကောင်းစွာ ထမ်းဆောင်ခဲ့ပုံရသည်။

သူဟာ အနည်းငယ် ကြာခဲ့ပါလျှင်တောင် ဥက္ကဌက ၎င်းကိုသိပြီးနောက်တွင် အသေအချာကို အင်မတန်ကျေနပ်နေလောက်မည်သာ။

မှန်ပါ၏ ၎င်းက ဟိုဂန်နှင့် ဒီကာဒိုတို့အတွက် ပြဿနာကြီးပင်။

"ဒီကာဒို မြန်မြန် ဆက်သွယ်ရေးရုံကို ဆက်သွယ်ပြီး မားကွစ္စ်ဆော့သ်ဂိတ်ရဲ့ နယ်မြေကနေ အိမ်သုံးမှော်စက်တွေရဲ့ တူညီတဲ့ ပမာဏကို ဒီကိုပို့ဖို့ ပြင်ဆင်ခိုင်းလိုက်တော့။ ငါတို့ သင်္ဘောစုရောက်တာနဲ့ မှော်စက်တချို့ကို ထောက်ပံ့ပါမယ်လို့ မြို့စား ဟျု့စ်နဲ့ သဘောတူပြီးသွားပြီ။ အခု သင်္ဘောစုမှာ ဘာကုန်စည်မှ မရှိတော့ သူနဲ့ကတိကို ဖျက်သလိုဖြစ်ပြီး ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်။" ဟိုဂန်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချရင်း ဒီကာဒိုကိုပြောလိုက်သည်။

"ဟုတ်ပြီ ငါအခုပဲသွားလိုက်တော့မယ်" ဒီကာဒိုက မည်သည့်စကားမှ ဖြုန်းမနေတော့ဘဲ ချက်ချင်း လှည့်ထွက်သွားသည်။

၎င်းတို့မျက်နှာထက်ရှိ လေးနက်နေဟန်ကိုမြင်သော် နာဗီက နေရခက်စွာ ပြောလိုက်သည်၊ "ဟိုဂန် ငါမင်းတို့ကို ပြဿနာဖြစ်စေမိပြီ"

"ကိစ္စမရှိပါဘူး သဘာဝကျကျပဲ ဥက္ကဌရဲ့ ညွှန်ကြားချက်ကို ဦးစားပေးရမှာပေါ့။ ဒါပေမယ့်..." ဟိုဂန်က မျက်မှောင်ကုပ်လိုက်၏၊ "နာဗီ မင်းဘာလို့ ငါ့ကို ကြိုမပြောရတာလဲ? ငါတို့ လမ်းတလျှောက်လုံး အဆက်အသွယ်ပြတ်နေတာမျိုးမှ မဟုတ်တာ"

နာဗီက တောင်းပန်ဟန်ဖြင့် ချောင်းတစ်ချက်ဟန့်ကာ မျက်နှာက ပို၍ မှောင်သွားသည်၊ "ရိုးရိုးသားသား ပြောရရင် ငါတကယ်ပဲ စတာဆမ်မြို့ကို ငါ့မျက်လုံးထဲ လုံးဝထည့်မထားမိတာ...."

ဟိုဂန်က ကူရာမဲ့စွာသာ မျက်လုံးလှန်ပြမိသည်၊ "မင်းက ငါ့ကို ဒုက္ခ‌ဖြစ်စေခဲ့တာဆိုတော့ ငါ့ကိုရော မင်းမျက်လုံးထဲမှာတောင် မထားဘူးပေါ့?"

နာဗီက တစ်ဖန်တောင်းပန်လိုက်မည်အပြုတွင် ဟိုဂန်က လက်ယမ်းကာ တားလိုက်၏။

"ဟုတ်ပြီ ငါစိတ်ထဲမထားပါဘူး၊ ဒါပေမယ့် မင်းအခု နားလို့ မရတော့ဘူး။ မင်း ငါနဲ့အတူ မြို့စား ဟျု့စ်ကို လိုက်တွေ့ပြီး အခြေနေကို ရှင်းပြရင် အကောင်းဆုံးပဲ။ စတာဆမ်ဆိပ်ကမ်းက မြောက်ပိုင်းမားလိုအင်ပါယာမှာ ငါတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးအပါဆုံးမို့ မြို့စား ဟျု့စ်နဲ့ ဆက်ဆံရေးကောင်းဖို့ အရေးကြီးတယ်။"

"ဟုတ်ပြီလေ ငါ မင်းကို နားထောင်ပါ့မယ်"

နာဗီမှာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစု မန်နေဂျာဖြစ်ခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း သဘာဝကျကျပင် ပင်လယ်ပြင်၌သာဖြစ်ပြီး ပစ္စည်းများကို တင်ပို့ရန် တာဝန်ယူထားခြင်းဖြစ်သဖြင့် အခြားနိုင်ငံမှ လူများနှင့် ဆက်သွယ်ရနည်းသည်ပင်။ သူဟာ သဘာဝကျကျပင် ၎င်းကို ကိုင်တွယ်ရာ၌ ဟိုဂန်ကို မယှဉ်နိုင်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ယခင်ကကဲ့သို့ ကုမ္ပဏီ‌ငယ်လေးမဟုတ်တော့သည်က ကိစ္စကောင်းပင်။ ကုမ္ပဏီတိုးတက်လာသည်နှင့် ၎င်းတို့မှာ ပါရမီထူးသည့်လူများ ပိုမိုရရှိလာသည်၊ မဟုတ်ပါက ၎င်းတို့မှာ ချောမွေ့စွာ တိုးတက်နိုင်မည်မဟုတ်‌ပေ။

မည်သည့်ကုန်စည်ကိုမှ ချရန် မလိုအပ်သဖြင့် သင်္ဘောစုရောက်လာသည်နှင့် ကိစ္စများကို ကိုင်တွယ်ရန် လွယ်ကူသွားသည်။

ဟိုဂန်မှာ သူ၏ လက်အောက်ငယ်သားများအား သင်္ဘောသားများကို ဂရုစိုက်ခိုင်းလိုက်ပြီးနောက် နာဗီနှင့် နိုင်ငံအသီးသီးတို့မှ ကိုယ်စားလှယ်များကို စတာဆမ်မြို့တော်သို့ ခေါ်လာခဲ့ကြသည်။ စတာဆမ်မြို့တော်၏ မြို့စား ဟျု့စ်မှာ ၎င်းတို့အား ကိုယ်တိုင်လာရောက်ကြိုဆိုကာ ပွဲတော်တစ်ခုသို့ ခေါ်သွားလိုက်၏။

ပွဲတော်တွင် ဟိုဂန်မှာ သင်္ဘောစု၏ ကုန်စည်များအား ရောင်းချလိုက်ခြင်းအတွက် တောင်းပန်ကာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အခြားနေရာမှ ၎င်းကို ပြန်လည်ပြင်ဆင်ပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။

မြို့စား ဟျု့စ်မှာ အတန်ငယ် စိတ်ပျက်သွားသော်လည်း နားလည်ပေးနေဆဲဖြစ်၏။

တကယ်တမ်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစု ရောက်ရှိမှုနှင့် ယှဉ်သော် သူပိုပြီး ဂရုစိုက်သည်မှာ နိုင်ငံအသီးသီးတို့ထံမှ ကိုယ်စားလှယ်များဖြစ်သည်။

ထို့ကြောင့် ပွဲတော်ပြီးသည့်နောက် ထိုနိုင်ငံများထံမှ ကိုယ်စားများနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုတို့ စတာဆမ်မြို့တော်သို့ ရောက်ရှိလာသည့် သတင်းမှာ မြို့တော်ကို အမြန်ပျံ့သွားကာ တောင်ပိုင်းထိပင် ရောက်သွားသည်။

၎င်းတို့အကြားရှိ အမြန်ဆုံးမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ လာသည့် မှော်ဆလွန်းများဖြစ်ကြပြီး မားကွစ္စ်ဆော့သ်ဂိတ်၏ နယ်မြေကို ရောက်ရန် ကီလိုမီတာ နှစ်ထောင်သွားရကာ နှစ်ရက်သာကြာမည်ဖြစ်၏။

သတင်းရောက်သွားသည်နှင့် မားကွစ္စ်ဆော့သ်ဂိတ်၏ နယ်မြေရှိ မှော်စက်မှုထုတ်လုပ်ရေးအခြေစိုက်ဌာနမှာ အားအပြည့်ဖြင့် စတင် လုပ်ကိုင်ကြတော့သည်။

အိမ်သုံးမှော်စက် ပမာဏကြီးတစ်ခုကို Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားမှော်စက်ကုမ္ပဏီများ၏ စက်ရုံများ၌ ပြုလုပ်ကြကာ ပို့ဆောင်ရေးမှော်ကားကြီးများနှင့် အမြန်တင်ဆောင်၍ မြောက်ပိုင်းသို့ပို့ဆောင်ကြသည်။

ထိုသတင်းမှာ လမ်ပူရီတိုင်းပြည်ထံ တစ်ရက်ကြာပြီးမှ ရောက်ရှိကာ လမ်ပူရီတိုင်းပြည်၏ မှော်ဆက်သွယ်ရေးကွန်ရက်ကို ဖြတ်၍ တစ်မိနစ်အတွင်း စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ထံသို့ ပို့ဆောင်ခံလိုက်ရသည်။

နောက်ရက်အပြီးတွင် ပို့ဆောင်ရေးမှော်ကားကြီး အစင်းသုံးရာမှာ အိမ်သုံးမှော်စက်မျိုးစုံ အလုံးရေတစ်ထောင်ကျော်ကို တင်ဆောင်၍ မားလိုအင်ပါယာ၏ ဦးတည်ရာသို့ ဦးတည်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် လမ်ပူရီတိုင်းပြည်နှင့် ဆန်နက်မြေရိုင်းတို့ရှိ စက်ရုံအသီးသီးတို့မှာ အားအင်အပြည့်ဖြင့် လည်ပတ်ကြတော့၏။ ၎င်းတို့မှာ အိမ်သုံးမှော်စက်များကို တစ်ခုပြီးတစ်ခုလုပ်ကြပြီးနောက် မားလိုအင်ပါယာထံသို့ ပို့ဆောင်ကြသည်။

တစ်ယောက်ယောက်ကသာ အပေါ်စီးမှနေ၍ စိုင်စ်နယ်မြေကြီးကိုကြည့်လိုက်လျှင် ပို့ဆောင်ရေးမှော်ကားကြီးများမှာ တောင်ပိုင်းနိုင်ငံများမှ ထွက်လာပြီး လမ်းများကို ပုရွက်ဆိတ်များကဲ့သို့ ဦးတည်ဖြတ်သန်းသွားသည်အား မြင်ရလိမ့်မည်။ ၎င်းတို့အားလုံးမှာ မားလိုအင်ပါယာ၌ စုစည်းကြ၏။

တွက်ချက်လိုက်လျှင် သတင်းအား စတာဆမ်မြို့တော်ထံမှ ပို့လိုက်ပြီးနောက် ငါးရက်တာအတွင်း အိမ်သုံးမှော်စက်အသီးသီးတို့၏ အလုံးရေ တစ်သိန်းကျော်တို့က မားလိုအင်ပါယာသို့ ဝင်ရောက်လာခဲ့သည်။

ထို့အပြင် ၎င်းနောက် နေ့တိုင်း တူညီသည့် အိမ်သုံးမှော်စက် အရေအတွက်ကိုပို့နေကြ၏။

ထိုသို့ ကြောက်မက်ဖွယ် ကုန်စည်ထုတ်လုပ်မှုကြီးက စိုင်စ်နယ်မြေကြီး၏ သမိုင်း၌ ပေါ်ထွက်လာသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပါပင်။

ထိုအချိန်၌ စတာဆမ်မြို့တော်ရှိ မြို့စား ဟျု့စ်ထံမှ သတင်းပျံ့သွားစဉ်တွင် တောင်ပိုင်းကို ဦးတည်နေသည့် မြင်းလှည်းတစ်စင်းရှိနေဆဲပင်။

အရာအားလုံးသာ ချောချောမွေ့မွေ့ဖြစ်သွားပြီး လမ်းတလျှောက် မည်သည့်အဟန့်အတားမှ မရှိလျှင် ၎င်းမှာ မားလိုအင်ပါယာ၏ မြို့တော် အန်ဂျလိုသို့ ရက်နှစ်ဆယ်အတွင်း သက်ဆိုင်ရာ စာရွက်စာတမ်းများကို ပို့ဆောင်ရန် ရောက်နိုင်မည်ပင်။

***

Vol 6, အခန်း ၁၀၂။ ရူဒ်ဆန်တိုင်းပြည်ကို နားလန်ပြန်ထူစေခြင်း

တူညီသည့် ယာဉ်တန်းများက စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်အကြားရှိ လမ်းသုံးလမ်း၌ ပေါ်ထွက်လာသည်။

ရူဒ်ဆန်တိုင်းပြည်နှင့် အကူအညီ သဘောတူညီမှုသစ်ကို လက်မှတ်ရေးထိုးပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေမှ တဆင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်း အထောက်အပံ့မျိုးစုံကို ပို့ဆောင်နေခဲ့သည်။

တားဆီးပိတ်ဆို့မှုကြောင့် ရူဒ်ဆန်တိုင်းပြည်၏ နိုင်ငံသားများ မရရှိနိုင်သော ရင်းမြစ်အချို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်၏ စက်ရုံများကို အားဖြည့်ရန် ပို့လိုက်သည့် ဆောက်လုပ်ရေးပစ္စည်းများစွာလည်း ရှိ၏။

ရူဒ်ဆန်တိုင်းပြည်၏ လက်ရှိ အခြေနေကို သုံးသပ်ရသော် ၎င်းတို့အား နေ့စဉ်သုံးပစ္စည်းများသာ ထောက်ပံ့ပေးခြင်းက အဓိက ပြဿနာကို မဖြေရှင်းနိုင်သဖြင့် မလုံလောက်ပေ။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း အဆိုပြုထားသော စာချုပ်တွင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်ရှိ မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးရေး၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ရူဒ်ဆန်တိုင်းပြည် ပြည်သူပြည်သားများအတွက် လုပ်ငန်းပြဿနာကို ဖြေရှင်းရန် မှော်စက် စက်ရုံများစွာကို တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပြုခဲ့သည်။ ၎င်းတို့သည်လည်း နေထိုင်ရေးအခြေအနေများ ပြောင်းလဲရာ၌ ကူညီမည်ဖြစ်ပြီး ၎င်းတို့ထံရှိ ပြဿနာအားလုံးကို ဖြေရှင်းမည်ဖြစ်၏။

မှန်ပါ၏၊ ၎င်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့်အတူ စက်ရုံများကို ရင်းနှီးမြှုပ်နှံခြင်းနှင့် ကွဲပြားသည်။ တည်ထောင်မည့် ထိုစက်ရုံများအတွက် စီမံခန့်ခွဲခွင့်ဖြစ်စေ အခွင့်အရေးများဖြစ်စေ ထုတ်ကုန် တန်ဖိုးသတ်မှတ်ခြင်းဖြစ်စေ အားလုံးကို Frestech ကုန်သည်ကြီးများအသင်းနှင့်သာ ဆိုင်သည်။

ရူဒ်ဆန်တိုင်းပြည် လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ထိုစက်ရုံများအနေနှင့် ပုံမှန်အတိုင်း အခွန်များစုဆောင်းခွင့်ရှိခြင်းသာဖြစ်၏။

ဖြစ်နိုင်လျှင် ရူဒ်ဆန်တိုင်းပြည်မှာသေချာပေါက် ၎င်းက နိုင်ငံရှိ အရာအားလုံးကို ထုတ်ယူ၍ Frestech ကုန်သည်ကြီးများအသင်း သုံးဖို့ ပေးနေခြင်းဖြစ်သဖြင့် သဘောတူမည်မဟုတ်ပေ။ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းထံမှ အကျိုးအမြတ်များစွာရရှိပြီး ၎င်းတို့က စွပ်ပြုတ်တစ်ခွက်မျှသာ ရရှိမည်သာ။

ယခင်ကကဲ့သို့ စက်ရုံများ၌ ရင်းနှီးမြှုပ်နှံခြင်းနှင့်စာလျှင် ဤနည်းလမ်းက ရူဒ်ဆန်တိုင်းပြည်၏ ဝင်ငွေကို များစွာလျှော့ချပေး၏။

သို့သော် ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်ကို လုံးဝ ပိတ်ဆို့ထားသဖြင့် ၎င်းကို ဂရုမစိုက်ဘဲ ရူဒ်ဆန်တိုင်းပြည်ကို အမှန်တကယ်ကူညီရန် ကန်ဒရာအင်ပါယာကို ဒေါသထွက်စေဝံ့သည်မှာ Frestech ကုန်သည်ကြီးများအသင်းသာရှိသည်။

ထို့ကြောင့် ရူဒ်ဆန်တိုင်းပြည်အနေနှင့် ရွေးစရာမရှိဘဲ Frestech ကုန်သည်ကြီးများအသင်းမှ အဆိုပြုလာသည့် စာချုပ်ကို သဘောတူလိုက်ရသည်။

၎င်းတို့ ထိုစာချုပ်ချုပ်ဆိုပြီး နှစ်တစ်ဝက်ရှိသွားကာ နွေဦးလေပြေ တိုက်ခတ်လာသည်နှင့် ရူဒ်ဆန်တိုင်းပြည်မှာ ရောက်ရှိလာသည့် နွေဦးကဲ့သို့ပင် စတင်၍ သက်ဝင်လှုပ်ရှားမှု ပြည့်လာရတော့သည်။

သဘာဝ‌ဘေးအန္တရာယ်များကြောင့် ခံစားခဲ့ရသော ရူဒ်ဆန်တိုင်းပြည်သားများမှာ ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီကို ရရှိပြီးနောက် တည်ငြိမ်လာကြသည်။

အနှီ သဘာဝဘေးအန္တရယ်ကြောင့် ခံစားခဲ့ရသူ ငါးသိန်းကျော်ရှိခဲ့၏။ ၎င်းအား မည်သို့သောနိုင်ငံဖြစ်စေ စိုင်စ်နယ်မြေကြီး၌ ကြီးမားသည်ဟု ယူဆနိုင်ကာ ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးတစ်နိုင်ငံတွင် ပြင်းထန်သည့် အကျိုးဆက်များနှင့် သဘာဝဘေးအန္တရာယ်ဟု ယူဆ၍ရသည်။

သို့သော် ဤတစ်ကြိမ်တွင် ကန်ဒရာအင်ပါယာ၏ ပိတ်ဆို့မှုနှင့် သဘာဝဘေူအန္တရာယ်ရော နှစ်ခုစလုံးကို ရင်ဆိုင်ရသည့်အခါ ရူဒ်ဆန်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီကို ရယူပြီးနောက် ဒုက္ခသည်အချို့သာ ရှိခြင်းမှလွဲ နိုင်ငံ အခြေနေက ထိုမျှကမောက်ကမနိုင်မနေတော့။

ထို့အပြင် ဒုက္ခသည်အချို့နှင့်အတူဆိုပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ ရင်းနှီးမြှုပ်နှံမှုကြီးကြောင့် ပြန်လည်တည်နိုင်လာသော ဘဝများမှာ မည်သည့် ဖုံးကွယ်ထားသည့် အန္တရာယ်မှ မရှိတော့ပေ။

လွန်ခဲ့သည့် နှစ်တစ်ဝက်တာအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည် အပိုင်းများစွာရှိ စက်ရုံများမှာ မိုးရွာပြီးနောက် နွေဦးပေါက်လာသလိုပင်။

အစောပိုင်းနွေဦးတွင် ပန်းများပွင့်လန်းနေကြစဉ်၌ Frestech ကုန်သည်ကြီးများအသင်း မှာ ရူဒ်ဆန်တိုင်းပြည်တွင် စက်ရုံ နှစ်ဆယ့်သုံးရုံကို တရားကို တည်ထောင်ခဲ့ပြီးဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထိုစက်ရုံ နှစ်ဆယ့်သုံးရုံနှင့်တင် ရူဒ်ဆန်တိုင်းပြည်ထံမှ စုဆောင်းထားသည့် အလုပ်သမား ခုနှစ်သောင်း‌ရှိသည်။ ၎င်းမှာ စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်ဌာန၏ အလုပ်သမားအရေအတွက် စုစုပေါင်း နီးနီးရှိသည်။

ထိုစက်ရုံများ၏ အလုပ်သမားများထံပေးသော လစာများမှာ စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်းစက်ရုံများထက် နည်းပါသော်လည်း တစ်လလျှင် ရွှေဒင်္ဂါးဆယ်ပြားရနေဆဲဖြစ်၏။ ၎င်းမှာ သာမန်မိသားစုတစ်စုကို သက်တောင့်သက်သာဘဝ၌ နေရရန် လုံလောက်စေသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ဖွင့်လှစ်ထားသော စက်ရုံ နှစ်ဆယ့်သုံးရုံကြောင့် ၎င်းမှာ ရူဒ်ဆန်တိုင်းပြည်ရှိ လူပေါင်းသုံး‌သိန်း၏ ဘဝများအပေါ် သက်ရောက်စေခဲ့သည်။

ဤသည်မှာ သေချာပေါက် ခက်ခဲသည့်အခြေနေတွင် ရူဒ်ဆန်တိုင်းပြည်အတွက် အရေးပါသောအရာဖြစ်သည်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကြောင့် ကန်ဒရာအင်ပါယာ၏ပိတ်ဆို့မှုမှ ပိတ်ထားခဲ့သော မှော်စက်ကုမ္ပဏီများစွာမှာ တစ်ဖန်စတင်ကာ စီးပွားရှာလာကြပြီး အမြန်တိုးတက်လာတော့၏။

၎င်းက ရူဒ်ဆန်တိုင်းပြည်ရှိလူများကိုပို၍ပင် သက်ရောက်စေပြီး အလုပ်သမားအရေအတွက် ငါးသိန်းကျော်အထိ ရလာခဲ့သည်။

မှော်စက်မှုနယ်ပယ်၏ ဖွံ့ဖြိုးမှုကိုပါပေါင်းလိုက်သော် ရူဒ်ဆန်တိုင်းပြည်ရှိ အခြားနယ်ပယ်များမှာ ကြီးထွားလာခြင်းကို မရှောင်ရှားနိုင်တော့ပေ။

ထို့ကြောင့် ခြောက်လတာလေးအတွင်း ရူဒ်ဆန်တိုင်းပြည်အခြေနေမှာ လုံးဝပြောင်းလဲသွားတော့သည်။ ၎င်းကတစ်ဖန်သက်ဝင်လှုပ်ရှားမှုဖြင့်ပြည့်လာစေပြီး ယခင်ကကဲ့သို့ ထိုင်းမှိုင်းမနေတော့ပေ။

၎င်းသို့နှယ် ပြောင်းလဲမှုမှာ အင်မတန်သိသာလှပြီး ရူဒ်ဆန်တိုင်းပြည်ရှိ အထက်မှ အောက်ခြေရှိလူတိုင်း ခံစားနိုင်ကြသည်။

သာမန် ရူဒ်ဆန်တိုင်းပြည်သားများမှာ Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်နေကြပြီး ၎င်းတို့က ကယ်တင်သည်ဟုသာ ခံစားနေမိကြသည်။

သို့သော် အထက်ပိုင်းရှိလူများ၊ ဘုရင်ကြီးတဲရုစ်အတွက်ပင် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ ရှုပ်ထွေးသော ခံစားချက်များရှိနေ၏။

၎င်းကသာ နိုင်ငံသားများ၏ ဘဝများအပေါ်အခြေခံထားပါလျှင် ဘုရင်ကြီး တဲရုစ်မှာ သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်မိလိမ့်မည်၊ အဘယ့်ကြောင့်‌ဆိုသော် ရူဒ်ဆန်တိုင်းပြည်၏ အခြေအနေမှာ ကသောင်းကနင်းဖြစ်နေခဲ့ရာ ထို့နောက်တွင် တစ်ခုခုဖြစ်လာပါကလည်း မထူးဆန်းလှပေ။

ရူဒ်ဆန်တိုင်းပြည်အနေနှင့် ဆက်လက်မရပ်တည်နိုင်တော့ပါလျှင်တောင် ထူးဆန်းမည်မဟုတ်ချေ။

သို့သော် ဘုရင်တစ်ပါး၏ အမြင်မှ ရူဒ်ဆန်တိုင်းပြည်၏ အမြင်မှ ဘုရင်ကြီးတဲရုစ်မှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် စိုးရိမ်ကာ သတိထားနေမိသည်။

အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုမဟုတ်ဘဲ ဘုရင်ကြီးတဲရုစ်က ထိန်းချုပ်ထားခြင်း သို့မဟုတ် လွှမ်းမိုးထားခြင်းပါမ‌ရှိပေ။

Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည်အပေါ် လွှမ်းမိုးမှုက အင်မတန်နက်ရှိုင်းလှရာ ရူဒ်ဆန်တိုင်းပြည်တစ်ခုလုံးအတွက် ၎င်းက ကောင်းမွန်သည့်အရာတော့မဟုတ်ပါချေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့ လက်မှတ်ရေးထိုးထားသည့် စာချုပ်တွင် ရူဒ်ဆန်တိုင်းပြည်ထံမှ ၎င်းတို့လိုအပ်သည့် တွင်းထွက်ရင်းမြစ်များကို ရယူမည်ဟု ရှင်းလင်းစွာဖော်ပြထားသည်ကို မဆိုထားနှင့်။

Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည်၌ ရှိသည့် ငွေကြေးအင်အားနှင့် လွှမ်းမိုးမှုတို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်၏ တွင်းထွက်ရင်းမြစ်အားလုံးကို တူးထုတ်သွားလျှင်ပင် မထူးဆန်းပါချေ။

၎င်းကသာ အတိတ်ကဘုရင်ကြီးတဲရုစ်ဆိုလျှင် သူဟာ နယ်မြေကြီးရှိ သတ္တုတွင်းထွက်များအားလုံးကို ဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။ သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် အနည်းဆုံး ယခုတွင် ဘုရင်ကြီးတဲရုစ်မှာ အနှီသတ္တုတွင်းထွက်များ၏ အရေးပါမှုကို ရှင်းရှင်းလင်းလင်းသိပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ဤနှစ်တစ်လျှောက်လုံး တွင်းထွက်ရင်းမြစ်များကို စုဆောင်းနေခဲ့ရာ ၎င်းတို့ထံ၌ မည်သည့် ပန်းတိုင်ရှိနေသည်က သိသာသည်။

သို့သော်လည်း ဘုရင်ကြီးတဲရုစ်မှာ ဘာတစ်ခုမှ မတတ်နိုင်ပေ။

ရူဒ်ဆန်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာ၏ ကျူးကျော်မှုကို နှစ်ကြိမ်တိတိ အနိုင်ရ‌ခဲ့သော်လည်း နိုင်ငံအင်အား ကွာခြားမှုကြီးကြောင့် ကန်ဒရာအင်ပါယာကို တိုက်ခိုက်ရန်က မဖြစ်နိုင်ပေ။

ယခုတွင် ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်ကို လုံးဝ ပိတ်ဆို့ထားလေရာ ရူဒ်ဆန်တိုင်းပြည်မှာ ဤပိတ်ဆို့မှုကို ချိုးဖျက်ရန် နည်းလမ်းတစ်ခုမှ မရှိပေ။

Frestech ကုန်သည်ကြီးများအသင်းသည်သာ ရူဒ်ဆန်တိုင်းပြည်၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သဖြင့် ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့လုပ်ဆောင်ခဲ့သည့် မည်သည့်အချိန်အနေကိုမဆို လက်ခံနိုင်ရုံသာ ရှိသည်။

ထိုအကြောင်းစဉ်းစားမိချိန်တွင် ဘုရင်ကြီးတဲရုစ်မှာ ကျေးဇူးမတင်မိဘဲ မနေနိုင်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ တွင်းထွက်ရင်းမြစ်များကလွဲ မည်သည့်အရာကိုမှ စိတ်မဝင်စားပေ။ မဟုတ်ပါက ၎င်းတို့မှာ ဤအခွင့်အရေးကို ရယူ၍ ရူဒ်ဆန်တိုင်းပြည်ထံသို့ ပို၍ပင် ပိုသာသော အခြေအနေများကို တောင်းဆိုလာနိုင်ရာ ၎င်းတို့အနေနှင့် သဘောတူရုံသာ ရှိ၍ ရူဒ်ဆန်တိုင်းပြည်အပေါ် ပို၍ ခြိမ်းခြောက်လာနိုင်သည်။

၎င်းက ဆန့်ကျင်ဘက်ပါပင်။ Frestech ကုန်သည်ကြီးများအသင်းမှာ ပိုသာသောအခြေအနေများကို ပြုလုပ်ရန် ဤအခွင့်အရေးကို မယူရုံသာမက ၎င်းတို့တွေ့ဆုံချိန်၌ ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်အား ပြီးပြည့်စုံသည့် မှော်စက်မှုစနစ်တည်ဆောက်ရန် ကူညီမည်ဟု ပြောလာရာ ဘုရင်ကြီးတဲရုစ်ကို အံ့အားသင့်သွားစေသည်။

ထို့အပြင် ရှုယီမှာ စကားအရသာပြောခြင်းမဟုတ်ပေ။ သူဟာ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား စိုက်ပျိုးရေးသုံးမှော်စက်နည်းပညာအပိုင်းတစ်ခုကို လွှဲပြောင်းပေးရန် စာချုပ်တစ်ခုကို ဘုရင်ကြီးတဲရုစ်နှင့်အတူ လက်မှတ်ထိုးခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်အား စိုက်ပျိုးရေးသုံးမှော်စက် စက်ရုံ နှစ်ရုံတည်ထောင်ရန် ကူညီဖို့ရာ ကိုယ်စားပြုပြီး ရူဒ်ဆန်တိုင်းပြည်အား စိုက်ပျိုးရေးသုံးမှော်စက်များကို ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းရရှိလာစေရန် ကူညီမည်ဖြစ်၏။

၎င်း ရုတ်တရတ်ကောင်းချီးပေးမှုက ဘုရင်ကြီးတဲရုစ်အား သူ့နားကိုပင် သူမယုံနိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။

ဒါက ဘာဖြစ်လို့များလဲ?

Frestech ကုန်သည်ကြီးများအသင်းက ဘာလုပ်ချင်နေတာလဲ?

ရှုယီက ရူဒ်ဆန်တိုင်းပြည်ဆီကနေ ဘာရချင်လို့လဲ?

ဘုရင်ကြီးတဲရုစ်၏ စိတ်တွင် မေးခွန်းများစွာ ရှိနေသော်လည်း ၎င်းက Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ နည်းပညာလွှဲပြောင်းရေးစာချုပ်ကို လက်မှတ်ထိုးခြင်းအား မထိခိုက်စေခဲ့ပါပေ။

ပြောရလျှင် ဤစာချုပ်၌ မည်သည့် ပြဿနာမှမရှိဘဲ ရူဒ်ဆန်တိုင်းပြည်အတွက် အကျိုးအမြတ်ပဲ ရှိသည်သာ။

လက်မှတ်ထိုးပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ စွမ်းအားကြီး ဆော်ဩခြင်းက ပေါ်ထွက်လာ၏။

လတစ်ဝက်အတွင်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ စာချုပ်ထဲ၌ ဖော်ပြထားသည့် နည်းပညာအားလုံးကို ရူဒ်ဆန်တိုင်းပြည်ထံ လွှဲပြောင်းခဲ့သည်။ ရူဒ်ဆန်တိုင်းပြည်က ၎င်းတို့၏ ပြင်ဆင်မှုများကို အပြီးသတ်လိုက်သရွေ့ ၎င်းတို့လည်း အနှီစိုက်ပျိုးရေးမှော်စက် စက်ရုံများတွင် စတင်ထုတ်လုပ်နိုင်လိမ့်မည်။

မှန်ပါ၏၊ ဘုရင်ကြီးတဲရုစ်မှာ ၎င်းကို လွန်ခဲ့သည့်လက မသိခဲ့ရုံသာ၊ လမ်ပူရီတိုင်းပြည်မှာ ထုတ်လုပ်ရေးစနေပြီဖြစ်သည့် စိုက်ပျိုးရေးသုံးမှော်စက် စက်ရုံများကို ဆောက်လုပ်ပြီးသားဖြစ်၏။

တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့်လကတင် Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီမှော်စက်မှုကျောင်းတော်ကို လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုဌာနနှင့် သုတေသနစင်တာတို့နှင့်အတူ တည်ထောင်ခဲ့သည်။

ဘုရင်ကြီးတဲရုစ် အနားလည်ဆုံးမှာ ရူဒ်ဆန်တိုင်းပြည်လည်း Frestech ကုန်သည်ကြီးများအသင်းကို မခုခံနိုင်ဟုပေ။

ရူဒ်ဆန်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာ၏ လုံးဝပိတ်ဆို့မှုကို ခံနေရသောကြောင့် နယ်မြေကြီးရှိ အခြားနေရာများကို ပို့ဆောင်ဆက်သွယ်ရန် အဆုံးမဲ့ပင်လယ်ပြင်နှင့် နီရှီဆိပ်ကမ်းမှတဆင့်သာ ပြုလုပ်နိုင်သည်။

ဤပင်လယ်လမ်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုကြောင့် ဖွင့်လှစ်ထားခြင်းပင်။

Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုက ကန်ဒရာအင်ပါယာ၏ ရေတပ်ကို ဆုံးရှုံးမှုကြီး ခံစားစေခဲ့သော်လည်း ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုကို မပိတ်ထားတော့သည့်အတွက် ၎င်းမှာ ဘုရင်ကြီးတဲရုစ်နားမလည်နိုင်သည့်အရာပင်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၃။ မရေရာသောရပ်တည်ချက်

အဆုံးမဲ့ပင်လယ်ပြင်မှာ နွေဦးအစောပိုင်း၌ အတည်ငြိမ်ဆုံးရှိနေသည်။ ၎င်းမှာ ယနေ့ကဲ့သို့ပင် ပင်လယ်ပြင်က တည်ငြိမ်၍ ရာသီဥတုက ရွက်လွှင့်ရန် အင်မတန် သင့်လျော်နေသည်။

ပို့ဆောင်ရေးမှော်သင်္ဘောကြီး ခုနစ်စင်းနှင့် အစောင့်သင်္ဘောအစင်း နှစ်ဆယ်ရှိ သင်္ဘောစုကြီးတစ်ခုမှာ ရူဒ်ဆန်တိုင်းပြည်၏ တောင်ပိုင်းပင်လယ်ပြင်ကို ဖြတ်၍ အလျင်အမြန် ရွက်လွှင့်နေသည်။

ဤသင်္ဘောစုကြီးမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယပို့ဆောင်ရေးသင်္ဘောစုဖြစ်သည်။ နာဗီကိုယ်တိုင် အမိန့်ပေးသည့် ပထမသင်္ဘောစုအပြင် ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း ၏ အကြီးဆုံးသင်္ဘောစုဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်း၏ ကုန်စည်များကို နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသို့ ပို့ဆောင်ရန် အဓိက တာဝန်ယူထားသည်။

ဤတစ်ခေါက် ဒုတိယသင်္ဘောစု၏ ထွက်ခွာမှုမှာ ပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်ဆယ်ကို လွှတ်ခဲ့သည်။ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသို့ ကုန်စည်များပို့ဆောင်ခြင်းအပြင် ၎င်းတို့မှာ ဆောက်လုပ်ရေးပစ္စည်းပမာဏကြီးတစ်ခုကိုလည်း ပို့ဆောင်သလို အမ်ရစ်ကုန်သည်ကြီးများအသင်းထံမှ အလုပ်သမား သုံးရာ့လေးဆယ်ဦးလည်းပါသေးသည်။

Frestech ကုန်သည်ကြီးများအသင်း မှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနှင့် ယခင်နှစ်အကုန်ပိုင်းက စာချုပ်သစ်တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံရှိ မှော်စက်ထုတ်လုပ်ရေးအခြေစိုက်ရုံးတစ်ရုံးကို တည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်၏။

ဤမှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာန၏ အဓိက လုပ်ဆောင်ချက်မှာ စိုက်ပျိုးရေးသုံးမှော်စက်များနှင့် ဆောက်လုပ်ရေးမှော်စက်မျိုးစုံကို ဒေသတွင်း ထုတ်လုပ်ရန်ဖြစ်သည်။ ၎င်းတို့မှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနှင့် အနီးဝန်းကျင်ရှိ နိုင်ငံသုံးနိုင်ငံတို့နှင့်အတူ ၎င်းတို့၏ လယ်မြေကို ပြန်လည် အဆင့်မြှင့်ရန် အလုပ်အတူလုပ်မည်ဖြစ်သလို ဆည်မြောင်းသွယ်ခြင်းစနစ်ကို ပြန်လည်‌တည်ထောင်ရာ၌ ကူညီမည်ဖြစ်၏။

ထိုနေရာသို့ လွှတ်လိုက်သည့် အမ်ရစ်ကုန်သည်ကြီးများအသင်း အလုပ်သမား သုံးရာ့လေးဆယ့်မှာ ဤမှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနကို တည်ဆောက်ခြင်းအပြင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၌ လမ်းများကို ဆက်လက်ခင်းဖို့လည်းဖြစ်သည်။

နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ ယခင်က ၎င်းတို့နိုင်ငံရှိ လမ်းနှစ်လမ်းကို အပြီးသတ်ခဲ့ပြီး ထိုလမ်းများယူဆောင်လာသည့် အကျိုးအမြတ်များကို နားလည်လိုက်ချိန်တွင် ပိုမိုခင်းရန် ဆန္ဒပြင်းလာတော့သည်။ ထို့ကြောင့် ဤတစ်ခေါက်၌ ၎င်းတို့မှာ လမ်းကိုးလမ်းစာ တောင်းဆိုခဲ့ပြီး ၎င်းက ကီလိုမီတာ တစ်ထောင့်ရှစ်ရာကျော် စုစုပေါင်း ရှိမည်ပင်။

စတက်တိန်းနယ်မြေထက် နှစ်ဆသာ ပိုကြီးမားသည့် နိုင်ငံတစ်နိုင်ငံအတွက် ထိုလမ်းကိုးလမ်းခင်းနိုင်ပါလျှင် စတက်တိန်းနယ်မြေနှင့် လမ်ပူရီတိုင်းပြည်တို့ကဲ့သို့ မများလောက်သော်လည်း ၎င်းတို့၏ မြို့တော်အားလုံးကို ချိတ်ဆက်ဖို့ လုံလောက်ပါ၏။ ၎င်းက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံရှိ လမ်းကြောအခြေအနေကို များစွာ တိုးတက်လာစေလိမ့်မည်။

နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံရှိ လမ်းပန်းဆက်သွယ်ရေးမှာ ရှုပ်ထွေးပြီး ရွှံ့အိုင်များ ဖုံးလွှမ်းနေရာ လမ်းကိုးလမ်းကို စီစဉ်ဖို့တစ်ခုနှင့်တင် တစ်နှစ် အချိန်ယူရမည်ဖြစ်ပြီး ဖြည်းဖြည်းသာ တည်ဆောင်နိုင်သည်။

ထို့အပြင် ထိုလမ်းကိုးလမ်းမှာ လမ်ပူရီတိုင်းပြည် သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ မြက်ခင်းပြင်များ အဓိကရှိသည့် နေရာဖြစ်ပြီး ကီလိုမီတာ တစ်ထောင့်ရှစ်ရာကျော်လေရာ ရွှေဒင်္ဂါးနှစ်သန်းမှ နှစ်သန်းခွဲအထိ ကုန်ကျပေလိမ့်မည်။ သို့သော် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း မှာ ရွှေဒင်္ဂါးလေးသန်းတန်ဖိုး အမြင့်ကို ပေးထားသည်။

သို့ရာတွင် ထိုသို့သော တန်ဖိုးကြီးမားလျှင်တောင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ တုံ့ဆိုင်းမှုမရှိ သဘောတူညီခဲ့၏။ ၎င်းတို့မှာ ဤဈေးနှုန်း၌ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ဈေးပင်မစစ်ခဲ့ပေ။

နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံအနေနှင့် ကုမ္ပဏီဆယ့်သုံးခု ပူးပေါင်းရာမှ ဖြစ်လာသည့်နိုင်ငံဖြစ်ရာ တကယ်ကို ကြွယ်ဝကြပြီး ဆုံးဖြတ်ချက်ပြတ်သား၍ ရဲတင်းသည်ဟူသည့် အချက်က ရှုယီကို ခံစားချက် ပြင်းထန်သွားစေသည်။

နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသို့ သူသွား၍ ဥက္ကဌဂါဇာနှင့် စကားပြောခဲ့စဉ်အချိန်က ဥက္ကဌဂါဇာမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ ရည်မှန်းချက်သည် နယ်မြေကြီး၏ အရှေ့တောင်ထောင့်ရှိ အားနည်းသော နိုင်ငံများအားလုံးကို အတူတကွစုစည်းရန် ဖြစ်ကြောင်းဖော်ပြခဲ့၏။

ဤရည်မှန်းချက်က ကြီးမားလှသည်။

သို့သော် ရှုယီမှာ သူ အောင်မြင်သည်ကို မြင်ချင်ပါ၏။

ပြောရလျှင် ရည်မှန်းချက်ကြီးလေ လိုအပ်ချက်ကြီးလေဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းအတွက် ရောင်းအားရရှိရန် ပိုမိုလွယ်ကူစေလိမ့်မည်။

ဒုတိယပို့ဆောင်ရေးသင်္ဘောစု၏ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောများရှိ ကုန်စည်များမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ ရည်မှန်းချက်ကို အောင်မြင်စေမည့် မရှိမဖြစ်လိုအပ်သော ကုန်စည်များအနက်တစ်ခုဖြစ်သည်။

သို့သော် ဤတာဝန်ကို မအောင်မြင်ခင်တွင် ဒုတိယပို့ဆောင်ရေးသင်္ဘောစုထံ၌ အောင်မြင်ရန် အခြားအရေးကြီးတာဝန်ရှိပါ၏။

ဧရာမကျွန်းကြီးတစ်ကျွန်းက မိုးကုပ်စက်ဝိုင်း၌ ပေါ်ထွက်လာစဉ်တွင် ဒုတိယသင်္ဘောစုမှာ ဦးတည်ဘက်ပြောင်း၍ ထိုကျွန်းထံ ဦးတည်လိုက်သည်။

၎င်းကျွန်းမှာ အနည်းငယ်မျှသာ ကြီးမားပုံပေါ်သော်လည်း ထိုအဆုံးမဲ့ပင်လယ်ပြင်၌ ဘုံကျွန်းတစ်ခုဖြစ်နေဆဲပင်။ သို့ရာတွင် ၎င်းတို့ နီးကပ်လာသည်နှင့်တပြိုင်နက် ဤကျွန်း၏ မြောက်ဘက်ခြမ်း ဆိပ်ကမ်း၌ ဆိပ်ခံတံတားများရှိကာ ဘိလပ်မြေဖြင့် ပြုလုပ်ထားသော အဆောက်အဦများလည်းရှိနေသည်။ လူများက ထိုနေရာ၌ နေထိုင်သည်မှာ သိသာပါ၏။

၎င်းတို့ ပို၍ နီးကပ်လာချိန်တွင် ဆိပ်ကမ်း၌ ဖြစ်စေ ကျွန်းပေါ်ရှိ အဆောက်အဦများဖြစ်စေ တူညီသည့် အလံရှိနေသည်ကို မြင်ရသည်။

စိုင်စ်နယ်မြေကြီး၏ အနောက်တောင်ထောင့်မှ တစ်ယောက်ယောက်သာ ဆိုလျှင် အကြည့်တစ်ချက်နှင့်တင် ထိုအလံများထက်ရှိ ဒီဇိုင်းက Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုကြောင်းပြောနိုင်ပါ၏။

မှန်ပါ၏၊ ဤကျွန်းမှာ အဆုံးမဲ့ပင်လယ်ပြင်၌ Frestech ကုန်သည်ကြီးများအသင်း ဖွံ့ဖြိုးစေခဲ့ပြီးသော အခြေစိုက်ကျွန်းဆယ့်ခြောက်ကျွန်းအနက် တစ်ကျွန်းဖြစ်သည်။ ထိုကျွန်းထက်၌ ယခုတွင် Frestech ကုန်သည်ကြီးများအသင်းအခြေစိုက်ရုံးလေးတစ်ခုရှိပြီး ၎င်းတို့က အပြည့်အဝ ထိန်းချုပ်ထားသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောများသာ ရှိသင့်သော ဤဆိပ်ကမ်းတွင် ယခု ကန်ဒရာအင်ပါယာအလံနှင့် သစ်သားသင်္ဘောကြီးဆယ်စင်းရှိနေ၏။ ဆိပ်ကမ်းအပြင်ဘက်၌လည်း ကန်ဒရာအင်ပါယာ ရေတပ် စစ်သင်္ဘောအစင်း ငါးဆယ်ကျော်က စောင့်ဆိုင်းနေကြသည်။

သူသာ ၎င်းကိုမြင်ရန် မပြင်ဆင်ထားလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယသင်္ဘောစုကပ္ပတိန်တွမ်မာကင်မှာ ကန်ဒရာအင်ပါယာရေတပ်က Frestech ကုန်သည်ကြီးများအသင်း၏ ကျွန်းကို ဝိုင်းထားသည်ဟု ထင်မိလောက်သည်။

သို့သော် ၎င်းကိုမြင်ပြီးနောက် တွမ်မာကင်မှာ ပုံမှန်အတိုင်းပြုမူ၍ သူ၏ လက်အောက်ငယ်သားများကို ကမ်းကပ်ရန်သာ အမိန့်ပေးလိုက်သည်။

မိနစ်နှစ်ဆယ်ပတ်လည်လောက်ကြာပြီးနောက် ဒုတိယသင်္ဘောစုမှာ ကျွန်းအနီးသို့ ရောက်လာ၏။ ကမ်းကပ်ရန်သွားသည့် အကြီးစားပို့ဆောင်ရေး မှော်သင်္ဘောတစ်စီးမှလွဲ၍ အခြားသင်္ဘောများအားလုံး ပင်လယ်၌သာ ကန်ဒရာအင်ပါယာရေတပ်၏ စစ်သင်္ဘောများနှင့်အတူ မီတာတစ်ရာလောက်သာခြား၍ နေခဲ့ကြသည်။

တွမ်မာကင် အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောမှ ဆင်းလာချိန်တွင် ကန်ဒရာအင်ပါယာ၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူများစွာက သူ့ရှေ့၌ ရပ်နေကြသည်။

"ဗိုလ်ချုပ်ကြီးအော့စ်ဘွန်း ဒီနေရာကို လာခိုင်းမိတာ ပင်ပန်းခဲ့ရပါပြီ" တွမ်မာကင်က ချက်ချင်းပင် အပြုံးဖြင့် ရှေ့ကိုသွားလိုက်သည်။

အခြားလူများကို ဦးဆောင်နေသည့် စစ်အရာရှိမှာ ကန်ဒရာအင်ပါယာ၏ ဒုတိယသင်္ဘောစု ဒုကပ္ပတိန် ရီနို အော့စ်ဘွန်းဖြစ်သည်မှာ သိသာပါ၏။ တွမ်မာကင်က ရောက်လာသည်ကိုမြင်သော် သူလည်း လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်။

"မန်နေဂျာ မာကင် သင်္ဘောတွေရော?"

မာကင်မှာ အံ့ဩသွားပြီး၊ ဗိုလ်ချုပ်ကြီးအော့စ်ဘွန်းက နှုတ်ဆက်မှုကို ကျော်၍ အဓိကအကြောင်းအရာကို ပြောလာမည်ဟု ထင်မထားခဲ့ပါချေ။

သို့သော် သူ၏စစ်ယူနီဖောင်းကိုမြင်သော် မာကင် ချက်ချင်းနားလည်လိုက်သည်။

ဤသည်မှာ စစ်သားတစ်ဦး၌ ရှိမည့် တည့်တိုးဆန်သော သဘောထားပါပင်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာနှင့် သဘောတူညီပြီးသားဖြစ်သဖြင့် ၎င်းတို့နှစ်ဘက်အနေနှင့် အချိန်ဆွဲနေဖို့ မလိုချေ။

ထိုသို့စဉ်းစားရင်း မာကင်မှာ သူ့နောက်ရှိ ပင်လယ်ပြင်၌ထားခဲ့သော သင်္ဘောများရှိရာဘက် လှည့်လိုက်သည်။

"အဲ့မှာ ကျောက်ချထားခဲ့တယ်။ ဗိုလ်ချုပ်ကြီး အော့စ်ဘွန်း ခင်ဗျားရဲ့လူတွေကို သွားစစ်ကြည့်ခိုင်းလို့ရပါတယ်။ ပြဿနာမရှိရင် ရောက်ရှိကြောင်းအတည်ပြုပြီး ခင်ဗျားလူတွေကို ကုန်စည်တွေ သယ်ခိုင်းလို့ရပါတယ်။"

"ကောင်းတယ်" ဗိုလ်ချုပ်ကြီး အော့စ်ဘွန်းမှာ သူ့ဘေးရှိ လူများကို လက်ဝေ့ယမ်းပြလိုက်သည်၊ "သွားကြစို့"

သူ့ဘေးရှိ ကန်ဒရာအင်ပါယာရေတပ်အရာရှိ နှစ်ဦးက ဆိပ်ကမ်းသို့သွား၍ ကန်ဒရာအင်ပါယာ စစ်သင်္ဘောတစ်စီးပေါ် တက်လိုက်သည်။ ထိုစစ်သင်္ဘောမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယသင်္ဘောစု အစောင့်သင်္ဘောများထံ စတင်ရွေ့သွားတော့သည်။

၎င်းတို့ ဆက်သွယ်ပြီးသည်ကိုမြင်သော် မာကင်မှာ ပင်လယ်ပြင်မှ လှည့်ကာ ဗိုလ်ချုပ်ကြီး အော့စ်ဘွန်းထံ ဖိတ်ခေါ်ဟန်ပြလိုက်သည်။

"ဗိုလ်ချုပ်ကြီး အော့စ်ဘွန်း သူတို့အနေနဲ့ စစ်ဆေးဖို့ အချိန်နည်းနည်းယူရဦးမယ်ဆိုတော့ ထိုင်ပြီးစကားပြောကြရင် ဘယ်လိုလဲဗျ? ဥက္ကဌက ခင်ဗျားဆီကိုပြောခိုင်းလိုက်တဲ့စကား‌ရှိတယ်။"

"ဥက္ကဌရှုကလား?" ဗိုလ်ချုပ်ကြီး အော့စ်ဘွန်းမှာ မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။ စဉ်းစားပြီးနောက် သူဟာ ခေါင်းငြိမ့်၍ မာကင်နှင့်အတူ ဆိပ်ကမ်းနံဘေး အဆောက်အဦလေး၌ ထိုင်ချလိုက်၏။

"ပြောပါ ဥက္ကဌရှုက ဘာများ မှာလိုက်တာလဲ?" ၎င်းတို့ထိုင်လိုက်သည်နှင့် ဗိုလ်ချုပ်ကြီး အော့စ်ဘွန်းက မေးလာသည်။

မာကင်မှာ ဗိုလ်ချုပ်ကြီး အော့စ်ဘွန်းနှင့် အဆက်အသွယ်အ‌နည်းငယ်သာလုပ်ဖူးသော်လည်း သူ၏ စိတ်မရှည်မှုကို သိပြီးသားဖြစ်သဖြင့် ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲ ၎င်းကိုကြားပြီးနောက် တိုက်ရိုက်ဖြေလိုက်သည်၊ "ဥက္ကဌက ခင်ဗျားတို့ မျိုးရိုးမြင့်တွေဘက်ကို ကန်ဒရာအင်ပါယာတောင်ပိုင်းပင်လယ်မှာ အတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ဖို့ အဆိုပြုချက်ကို မှာလိုက်တာပဲ။ သူက ဒါကို သဘောတူဖို့ ဆန္ဒရှိပေမယ့် ခင်ဗျားတို့ဘက်က ကျုပ်တို့ ကုမ္ပဏီဘက်ကို မရေမရာဖြစ်နေတော့ ဒီပူးပေါင်းမှုကို ပိုနက်ရှိုင်းအောင်လုပ်ဖို့ အခွင့်မရှိဘူးဖြစ်နေတယ်။ ဥက္ကဌက ခင်ဗျားတို့အနေနဲ့ စိတ်ရင်းတချို့ကို ထုတ်ပြလာနိုင်ပြီး ဒီအခြေနေကို ပြောင်း‌လဲနိုင်ဖို့ မျှော်လင့်နေတယ်။"

"ခင်ဗျားတို့ ကုမ္ပဏီအပေါ် သဘောထားလား?" အော့စ်ဘွန်းက အသာမျက်မှောင်ကုပ်ကာ ခဏကြာပြီးနောက် ရုတ်တရတ် ခါးသက်သက်ရယ်လိုက်သည်။

ရှုယီမှ မာကင်ကို မှာလိုက်သည့် စကားများကို သူသေချာနားလည်ပြီး ‘မျိုးရိုးမြင့်ဘက်’ဟူသည်မှာ ကန်ဒရာအင်ပါယာ ရေတပ်ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ကန်ဒရာအင်ပါယာတစ်ခုလုံးကို ရည်ညွှန်းခြင်းပါပင်။

၎င်းက ရှုယီပြောသလိုပင်၊ ကန်ဒရာအင်ပါယာမှာ လက်ရှိ၌ Frestech ကုန်သည်ကြီးများအသင်း အပေါ် မရေမရာဖြစ်နေသည်။

တစ်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်ကို ရဲရဲတင်းတင်း ထောက်ပံ့ပေးကာ ပင်လယ်ပြင်ရှိ ကန်ဒရာအင်ပါယာရေတပ်ကိုပင် တိုက်ခိုက်၍ ကန်ဒရာအင်ပါယာရေတပ်ကို ဆုံးရှုံးမှုကြီးများ ဖြစ်စေခဲ့သောကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ရန်သူအဖြစ် သတ်မှတ်ထားသည့် လူများစွာရှိနေသည်။

ကန်ဒရာအင်ပါယာ၏ ကိစ္စများကို ကိုင်တွယ်သောနည်းလမ်းကြောင့် ရန်သူဖြစ်ရန် အဆုံးအဖြတ်ပေးမည့်အရာတိုင်းကို အညှာတာကင်းကင်းနှင့် ရင်ဆိုင်ကာ လုံးဝဖျက်ဆီးရမည်ပင်။

Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ကုမ္ပဏီငယ်လေးတစ်ခုကို မဆိုထားနှင့်။

၎င်းကို ထောက်ခံသည့်သူများမှာ အဓိကအားဖြင့် စစ်သားများနှင့်အင်ပါယာရှိ မျိုးရိုးမြင့်များဖြစ်ကြသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ ကန်ဒရာအင်ပါယာ၏ ဂုဏ်သတင်းကို မစွန်းထင်းစေလိုသောကြောင့်ပင်။

တစ်ဘက်တွင်မူ Frestech ကုန်သည်ကြီးများအသင်းထံ၌ တန်ဖိုးပိုရှိသည်ဟု ထင်နေသူများစွာလည်းရှိ၏။ ဤအံ့အားသင့်ဖွယ်အရာများကို သင့်တင့်စွာ အသုံးပြုလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပို၍ပင် သန်မာလာနိုင်သည်။

ထို့ကြောင့် အတိတ်က ရန်ငြိုးကို ချထား၍ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းကာ ကန်ဒရာအင်ပါယာကို ပိုသန်မာလာစေသည်က အကောင်းဆုံးဟု တွေးသူများလည်းရှိ၏။

၎င်းကို အဓိက ထောက်ခံသူများမှာ ဘဏ္ဍာရေးဌာနမှလာသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ သိသိသာသာပင် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းမှ အကျိုးအမြတ်များရသောကြောင့်ဖြစ်၏။

သို့သော် ထိုနှစ်ဘက်ကြားတွင် ပုန်ကန်သူ အချို့လည်းရှိသည်။

ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်သည့်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်းကို အမုန်းတီးဆုံးဖြစ်သင့်သည့်ရေတပ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရေးကို အထောက်ခံဆုံးဖြစ်နေသည်။

Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံသည့်ဘက်တွင်မူ ၎င်းတို့ကို မုန်းတီးပြီး တောင်ပိုင်းခရိုင်သို့ ၎င်းတို့ ပစ္စည်းများ ဝင်ရောက်ခြင်းကို ခွင့်မပြုသည်မှာ နယ်စားဝင်းဒ်ဆာဖြစ်ပါ၏။

အခြေနေကိုသုံးသပ်ရသော် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်သူများမှာ အဓိကအနေနှင့် စစ်တပ်နှင့်အင်ပါယာ၏ မျိုးရိုးမြင့်များမှဖြစ်သဖြင့် ပို၍ သန်မာကြသည်။

မှန်ပါ၏၊ နောက်ဆုံးအဆုံးအဖြတ်ပေးသူမှာ အလေးစားအခံရဆုံး ဧကရာဇ်ဖြစ်သည်။

ဧကရာဇ်သာ မည်သည်ကိုမှ မဆိုလျှင်အင်ပါယာရှိ မည်သူကမှာ ၎င်းတို့ဘာသာ မည်သည်ကိုမှ မလုပ်ဝံ့ပေ။

သို့သော် အရင်တစ်ခေါက် ခုံရုံးတွင် ဘဏ္ဍာရေးဌာန ခေါင်းဆောင် မားကွစ္စ်ဟက်စ်ထရီက ဧကရာဇ်ကို Frestech ကုန်သည်ကြီးများအသင်း၏ တောင်ပိုင်းရှိ အခွန်‌ငွေ လွှမ်းမိုးမှုအကြောင်းပြောခဲ့သဖြင့် ဧကရာဇ်၏ သဘောထားက သိသာစွာပင် ပြောင်းလဲသွားသည်။

အင်ပါယာ၏ အပြင်ပန်းတွင် ဧကရာဇ်က Frestech ကုန်သည်ကြီးများအသင်းကို ဘယ်တော့မှ ထောက်ခံမည်မဟုတ်သည်မှာ သေချာသော်လည်း ဤသည်ကို ပို၍သေးငယ်သော အသေးစိတ်များ၌ သေချာမြင်နိုင်သည်။

ဥပမာ ကန်ဒရာအင်ပါယာ၏ ရေတပ်မှ Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူခဲ့သော အစောင့်သင်္ဘောငါးစင်းမှာ ဧကရာဇ်၏ အသံတိတ်သဘောတူညီမှုမှမဟုတ်ပါလျှင် မဖြစ်နိုင်သည်မှာသေချာပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၄။ အစောင့်သင်္ဘောငါးစင်းအား ‘ရယူခြင်း’

အော့စ်ဘွန်းမှာ ခဏတာတိတ်ဆိတ်နေပြီးနောက် နှုတ်ခမ်းများက အတန်ငယ် တွန့်ကွေးသွား၍ အတင်းအကြပ်ပြုံးဟန် ပေါ်ကာ ဆိုလာသည်၊ "ဥက္ကဌရှုကို ပြောပေးပါဦး ကျုပ်တို့က Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ကို အရမ်း စိတ်အားထက်သန်နေတာပါလို့။ ဥက္ကဌရှု စိုးရိမ်နေတဲ့အင်ပါယာရဲ့ သဘောထားအတွက်... ကျုပ်အနေနဲ့ မကြာခင် သိသာတဲ့ ပြောင်းလဲမှုရှိလာမယ်လို့ ယုံကြည်ပါတယ် ဒီတော့ စိတ်အရမ်းပူဖို့ မလိုပါဘူး။"

အော့စ်ဘွန်းအနေနှင့် သဘာဝကျကျပင် ကန်ဒရာအင်ပါယာ၏ အခြေအနေအတိအကျကို မပြောနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် အကြိမ်များစွာ ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိမှော် စစ်သင်္ဘောအသစ်များကို အတွေ့အကြုံအရှိဆုံးဖြစ်သည့် ကန်ဒရာအင်ပါယာရေတပ်မှဖြစ်လေရာ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် အင်မတန် မျှော်လင့်မိပါ၏။

နိုင်ငံထံမှ ဖိအားကြောင့်မဟုတ်ပါလျှင် ကန်ဒရာအင်ပါယာရေတပ်မှာ အရှက်အားလုံးကို သိမ်းထုပ်၍ Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ အစောင့်သင်္ဘောအားလုံးကို ထုတ်ယူဖို့ တောင်းဆိုမည်ဖြစ်သည်။

၎င်းတို့အ‌တွက် ကန်ဒရာအင်ပါယာမှ ကီလိုမီတာတစ်ရာကျော်အဝေးကို ဤတိတ်တဆိတ်ကုန်သွယ်မှုလုပ်ဖို့အတွက် အပြေးလာရခြင်းမှာ အခြားမည်သည့်ရွေးချယ်စရာမှ မရှိအောင် တွန်းအားပေးခံရသောကြောင့်ဖြစ်၏။

မှန်ပါ၏ ကန်ဒရာအင်ပါယာ စစ်တပ်အနေနှင့် လူတိုင်းထံမှ အစောင့်သင်္ဘောအသစ်ငါးစင်း အကြောင်း ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။ ရေတပ်ကသာ ဧကရာဇ်၏ တိတ်တဆိတ်အတည်ပြုမှုကို ရရှိပြီးသားဖြစ်သဖြင့် လူများစွပ်စွဲလာမည်ကို စိုးရိမ်နေရန်မလိုပေ။

"ကောင်းပါပြီ ခင်ဗျားတို့ဘက်နဲ့ပတ်သက်ပြီး ပြောင်းလဲသွားတာတွေရှိရင် ကျုပ်တို့လည်း တုံ့ပြန်မှာပါ။" မာကင်က ဆိုသည်၊ "ဒါ့အပြင် ဥက္ကဌက ဒီအစောင့်သင်္ဘောတွေကို ရောင်းရရုံနဲ့ ခင်ဗျားတို့ဘက်ကို ပေးတာမဟုတ်ဘူးလို့ပါ ပြောလိုက်သေးတယ်။ သူတို့နဲ့စာရင် အစောတုန်းက ဒီအစောင့်သင်္ဘောတွေရှိတာရဲ့ အားသာချက်ရှိပြီး အသုံးချဖို့ အချိန်ရှိတာမို့ ဒီအားသာချက်ကို တန်ဖိုးထားဖို့လည်း မျှော်လင့်နေတယ်။"

ထိုစကားများကိုပြောချိန်တွင် အော့စ်ဘွန်း၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

ကန်ဒရာအင်ပါယာ၏ ရေတပ်အပြင် Frestech ကုန်သည်ကြီးများအသင်းထံမှ အစောင့်သင်္ဘောများ ဝယ်ယူရန် စိတ်ဝင်စားသောလူများ ရှိနေသေးသည်လား?

အော့စ်ဘွန်းမှာ သူ၏ ဖင်ကို သုံး၍ စဉ်းစားပါလျှင်တောင် ထို‘လူများ’မှာ သေချာပေါက်ကို မားလိုအင်ပါယာဖြစ်ကြောင်းသိမည်ပင်။

အဘယ့်ကြောင့်ဆိုသော် အစောင့်သင်္ဘောတစ်စင်း၏ တန်ကြေးမှာ ရွှေဒင်္ဂါးတစ်သန်းကျော်ရှိသည်ပင်။ မားလိုအင်ပါယာမှလွဲလျှင် မည်သည့်ဘဏ္ဍာ‌ငွေ နိုင်ငံက ၎င်းတို့၏ရေတပ်ကို ထိုမျှ အရေးပေးကာ ဝယ်ယူပါမည်နည်း?

ဤတစ်ကြိမ် ကန်ဒရာအင်ပါယာ ရေတပ်မှာ တစ်ကြိမ်တည်းနှင့် အစောင့်သင်္ဘောငါးစီးကို ဝယ်သည်ကပင် ဘဏ္ဍာရေးဌာနနှင့် အရှင်မင်းကြီးထံမှ အပိုငွေရရှိသောကြောင့်ဖြစ်သည်။ မဟုတ်ပါက ရေတပ်အနေနှင့် ထိုမျှ ငွေပမာဏကို စုဆောင်းရန် နှစ်များစွာကြာပေမည်။

"အင်း.. ဥက္ကဌရှုရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ် ကျုပ်တို့ ဒါကို ကောင်းကောင်းအသုံးချပါမယ်" အော့စ်ဘွန်းက ခေါင်းငြိမ့်လိုက်ပြီးနောက် အနည်းငယ် စိတ်မချမ်းမြေ့ဖြစ်သဖြင့် မေးလိုက်သည်၊ "ဒါပေမယ့် မန်နေဂျာ မာကင်၊ ဥက္ကဌရှုကို မေးပေးလို့ရမလား၊ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ ကန်ဒရာအင်ပါယာရေတပ်ကိုပဲ အသစ်ထုတ်လုပ်ထားတဲ့ မှော်‌စစ်သင်္ဘောတွေ ရောင်းချချင်လာအောင် ဘယ်လိုအခြေနေတွေ လိုအပ်သလဲလို့လေ?"

မာကင်က အော့စ်ဘွန်းကို အပြုံးဖြင့်ပြောလိုက်သည်၊ "ဗိုလ်ချုပ်ကြီး အော့စ်ဘွန်း ကျုပ်တို့က ကုမ္ပဏီလေးတစ်ခုပါပဲ"

အော့စ်ဘွန်းလည်း သက်ပြင်းချ၍ ခေါင်းခါကာ အတန်ငယ် ကူရာမဲ့သွားသည်။

တကယ်တမ်းတွင် Frestech ကုန်သည်ကြီးများအသင်းက ပင်လယ်ပြင်၌ ကန်ဒရာအင်ပါယာကို ဆုံးရှုံးမှုကြီးများ ခံစားစေခဲ့စဉ်က တော်ဝင်စစ်တပ်တွင် စတက်တိန်းနယ်မြေကို တိုက်ရိုက်တိုက်ခိုက်ပြီး ထို ဘဝင်လေဟပ်နေသည့် Frestech ကုန်သည်ကြီးများအသင်းကို သုတ်သင်ရန် အဆိုပြုသော လူများစွာရှိခဲ့သည်။

သို့သော် အရာရှိများက ဂရုတစိုက် စုံစမ်းပြီးနောက်၌ စတက်တိန်းနယ်မြေကို တိုက်ခိုက်ရန် အခြေခံအားဖြင့် မဖြစ်‌နိုင်ကြောင်း တွေ့ခဲ့ရ၏။

ပထမဆုံး ၎င်းတို့သာ ကုန်းကြောင်းတိုက်ခိုက်လျှင် ရူဒ်ဆန်တိုင်းပြည်က စတက်တိန်းနယ်မြေနှင့် ကန်ဒရာအင်ပါယာအကြားရှိသောကြောင့် တိုက်ခိုက်လိုပါက ပထမဦးစွာ ရူဒ်ဆန်တိုင်းပြည်ကို တိုက်ခိုက်ရပေမည်။

သိူ့သော် နှစ်ကြိမ်တိုင် ကျူးကျော်မှု ကျရှုံးခဲ့ပြီးနောက် စစ်ဌာနချုပ်မှာ ယခုတွင် ရူဒ်ဆန်တိုင်းပြည်မှာ ဖြူတစ်ကောင်နှယ်ဖြစ်ပြီး သေချာပေါက် သွားထိရန် မလွယ်ကူကြောင်း သိနေပြီဖြစ်၏။

ထို့အပြင် မီရန်ဒိုနယ်မြေနှင့် လမ်ပူရီတိုင်းပြည်မှ တဆင့် မြောက်ဘက်ကိုသွားကာ စတက်တိန်းနယ်မြေကို တိုက်ခိုက်ချင်ပါလျှင် မီရန်ဒိုနယ်မြေကိုလျစ်လျူရှုထားနိုင်သော်လည်း လမ်ပူရီတိုင်းပြည်က ၎င်းတို့ကို ဖြတ်ကျော်ခွင့်ပြုမည်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့် အင်မတန်ရင်းနှီးသဖြင့် လမ်ပူရီတိုင်းပြည်မှာ ကန်ဒရာအင်ပါယာအား စတက်တိန်းနယ်မြေကို တိုက်ခိုက်ရန် သွားခွင့်ပြုမည်မဟုတ်ချေ။

ကုန်းကြောင်းအပြင် တိုက်ခိုက်နိုင်သည့် ရွေးချယ်မှုက ပင်လယ်ပြင်ဖြစ်သည်။

သို့ရာတွင် Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိမှော်စစ်သင်္ဘောအသစ်များ ပေါ်ထွက်လာကတည်းက လက်တွေ့တွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုကို ဆန့်ကျင်တိုက်ခိုက်ရန်မှာ ကန်ဒရာအင်ပါယာအနေနှင့် ဆယ်ဆကျော်တိုက်ခိုက်ခဲ့လျှင်တောင် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။

၎င်းက ကန်ဒရာအင်ပါယာရေတပ်တစ်ခုလုံးအား ပင်လယ်ပြင်၌ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုကို ယှည်နိုင်သည့် သင်္ဘောစုမရှိကြောင်း သတိပြုမိစေသည်။

ထို့ကြောင့် ဤလမ်းကြောင်းက မတည်ရှိကြောင်းအင်မတန်သိသာလှသည်။

၎င်းမှာ စစ်ဌာနချုပ်က တကယ်ကို စတက်တိန်းနယ်မြေအား တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါလျှင်တောင် ၎င်းတို့အတွက် အင်မတန့် အင်မတန်ခက်ခဲပြီး အဆုံးပင် မသတ်နိုင်လောက်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်၊ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေအနီးတဝိုက်ရှိ နိုင်ငံအားလုံးမှာ ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကို အသာပေးထားလျှင်တောင် ကန်ဒရာအင်ပါယာအနေနှင့် စတက်တိန်းနယ်မြေကို အမှန်တကယ် ဖြုတ်ချနိုင်မည်လား?

အော့စ်ဘွန်းကသာ ၎င်းကို သံသယဖြစ်နေသည်မဟုတ်ဘဲ စစ်ဌာနချုပ်ရှိ မည်သူကမှ ၎င်းကို ယုံကြည်ချက်မရှိပါချေ။

ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အကူအညီအချို့ကိုသာ ရရှိထားရုံနှင့် စစ်ဌာနချုပ်အား နှစ်ကြိမ်တိုင် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်စေခဲ့သည်။ ၎င်းတို့သာ ပဏာမ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ပါလျှင် ၎င်းတို့ကြုံဆုံရမည့် တိုက်ခိုက်မှုက ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်နေလိမ့်မည်။

အနှစ်ချုပ်တွင် လူတိုင်းမှာ ကန်ဒရာအင်ပါယာအနေနှင့် နယ်မြေကြီးရှိ အကြီးဆုံးအင်ပါယာများအနက် တစ်ခုဖြစ်ပါလျှင်တောင် စတက်တိန်းနယ်မြေလေး သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းကို မည်သည်မှ မလုပ်နိုင်သည်အား အတင်းအကြပ်လက်ခံလိုက်ရသည်။

ထို့အပြင် ဘဏ္ဍာရေးဌာန၏ ခေါင်းဆောင် မားကွစ္စ်ဟက်စ်ထရီ ပြသခဲ့သော နိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံစာအရအင်ပါယာသာ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်တွဲလုပ်၍ ၎င်းတို့၏ မှော်စက်မှုနယ်ပယ်ကိုအင်ပါယာထံ ခေါ်သွင်းလာပါလျှင်အင်ပါယာမှာ အတော်များများ ငွေဝင်လိမ့်မည်။

တကယ်တမ်း ရှက်ရွံ့နေခြင်းကြောင့်မဟုတ်ပါလျှင် ဧကရာဇ်မှာ ထိုသို့လုပ်ပြီးနေလောက်ပြီဖြစ်သည်...

ထို့ကြောင့် အော့စ်ဘွန်းမှအင်ပါယာစစ်တပ်၏ အပြုအမူပေါ် ပေးသည့် အကြံပြုချက် သို့မဟုတ် သူပေးခဲ့သည့် သတိပေးချက်မှာ နယ်မြေကြီးရှိ မည်သည့် အခြားနိုင်ငံမဆို ၎င်းကို အာရုံစိုက်ထားရမည်ကို ဆိုလိုသည်၊ ထိုမှသာ Frestech ကုန်သည်ကြီးများအသင်းအပေါ် မည်သည့်ခြိမ်းခြောက်မှုမှ ဖြစ်မည်မဟုတ်ပေ။

ထိုသို့စဉ်းစားရင်း အော့စ်ဘွန်းမှာ အင်မတန် စိတ်ဆင်းရဲသွားပြီး မာကင်၏ အပြုံးကိုမြင်ချိန်၌ ပိုမို စိတ်ရှုပ်လို့ပင်လာလေသည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူဟာ တိုက်ရိုက်ထရပ်၍ ဤအဓိပ္ပာယ်မဲ့စကားဝိုင်းကို အဆုံးသတ်လိုက်၏။

"မန်နေဂျာ မာကင် ခင်ဗျား သယ်လာတဲ့ သင်္ဘောငါးစင်းကို သွားကြည့်တာပေါ့"

မာကင်က အော့စ်ဘွန်း၏ အမူအရာကိုကြည့်လိုက်ပြီးနောက် အသာပြုံး၍ ထရပ်လိုက်သည်။

"ကောင်းပါပြီ"

နှစ်ဦးသား ဆိပ်ခံတံတားထံသို့ ပြန်ရောက်လာချိန်တွင် ကမ်းကပ်ထားသည့် ပို့ဆောင်ရေးမှော်သင်္ဘောကြီးမှာ ကုန်စည်ချခြင်း ပြီးစီးသွားပြီဖြစ်၏။

ဆိပ်ခံတံတားထက်ရှိ ကုန်စည်အားလုံးနှင့် ကြမ်းတမ်းပုံရသော စစ်ဘက်သုံးမှော်စက်များကို မြင်သော် အော့စ်ဘွန်းက မျက်လုံးများမှေးကျဉ်း၍ မာကင်ကို မေးလိုက်လေသည်၊ "မန်နေဂျာမာကင်၊ ခင်ဗျားတို့ ကုမ္ပဏီက ဒီကျွန်းတွေအားလုံးကို ထောက်ပံ့ပေးနေရတာအတွက် ဘာ‌ဒဏ်မှ မခံစားရဘူးလား?"

မာကင်က ပခုံးတွန့်လိုက်သည်၊ "ငွေရှာဖို့က အမြဲခက်ခဲနေတာပဲလေ မဟုတ်ရင် ကျရှုံးဖို့ပဲရှိတယ်။ ကျုပ်ကို မကြည့်ပါနဲ့ အဲ့ဒါ ဥက္ကဌရဲ့ စကားတွေ"

"ငွေရှာတယ်?"

အော့စ်ဘွန်းက သူ့နောက်ရှိ စိမ်းလန်းသော သစ်တောတစ်ဝက်ဖြင့် ဖုံးအုပ်ထားသည့် ကျွန်းကိုကြည့်ရင်း အနည်းငယ် ရှုပ်ထွေးသွားသည်။

ဤသေးငယ်၍ ပုံမှန်ဆန်သော ကျွန်းထံမှ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မည်သို့ ငွေရှာမည်နည်း?

သို့ရာတွင် ဤပြဿနာက သူ့ကဲ့သို့ စစ်သားတစ်ဦးနားလည်နိုင်မည့်အရာမဟုတ်သဖြင့် ထိုအတွေးကို ချောင်ထိုးထားလိုက်တော့သည်။ ထို့နောက် မာကင်နှင့်အတူ မှော်စက်လှေထံသွားလိုက်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုထံမှ ခွဲထားပြီးဖြစ်သော အစောင့်သင်္ဘောငါးစီးထံ ရောက်လာသည်။

နီးကပ်လာပြီးနောက် ထိုအစောင့်သင်္ဘောငါးစင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အခြားအစောင့်သင်္ဘောဆယ်စင်းနှင့် အင်မတန်ကွဲပြားလှသည်ကို တွေ့လိုက်ရ၏။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများအားလုံးမှာ တံဆိပ်သစ်များဖြစ်ပုံရကာ သိပ်မကြာခင်ကမှ လုပ်ထားသည်ကို ပြောနိုင်သည်။

သို့သော် ကန်ဒရာအင်ပါယာရေတပ်သို့ ပေးလာသည့် အစောင့်သင်္ဘောငါးစင်းမှာမူ မီးလောင်အမှတ်များစွာ ရှိနေသဖြင့် အနည်းငယ် မည်းနက်နေသည်။

ထိုအထဲတွင် လက်ရန်းမှာ တစ်စုံတရာနှင့် တိုက်ခံထားရသလို ကွေးနေသည့် နှစ်စီးပင်ရှိသေးသည်။

အော့စ်ဘွန်းမှာ ၎င်းတို့ကိုကြည့်လိုက်ပြီးနောက် အတန်ငယ် စိုးရိမ်ဟန်ဖြင့် မေးလာသည်၊ "အရမ်းဆိုးတဲ့ပုံပေါ်နေတယ်နော် ပြဿနာများရှိနေတာလား?"

မာကင်က ရယ်လျက် ပြောသည်၊ "မရှိပါဘူးဗျာ။ စိတ်ချပါ ဒီဟာကို လုပ်တုန်းက ဒီလိုဒီဇိုင်းဖော်ထားရုံ၊ ဒါဆိုရင် ဘေးကကြည့်နေတဲ့သူတွေက တိုက်ခိုက်မှုကြီးရှိခဲ့တယ်လို့ ထင်ကြမှာလေ၊ ဒါပေမယ့် အထဲက အရာအားလုံးက အသစ်တွေချည်းပဲမို့ ဘာပြဿနာမှမရှိဘူး။"

"ဒါဆို ကောင်းပြီလေ"

ဤ‌အစောင့်သင်္ဘောငါးစင်းကို ထိုသို့ ပြုလုပ်ထားခြင်းမှာ ကန်ဒရာအင်ပါယာ၏ လူထုအပေါ် ဖိအားကြောင့်ဖြစ်ပါ၏။

၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းကို စွပ်စွဲမည့် ဆန့်ကျင်ဘက် ဘက်ခြမ်းအတွက် ကန်ဒရာအင်ပါယာရေတပ်မှာ ၎င်းကို Frestech ကုန်သည်ကြီးများအသင်းနှင့် ဆွေးနွေး၍ ပြဇာတ်လေးတစ်ခုကရန် ဆုံးဖြတ်ထားကြသည်။

ဤပြဇာတ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုနှင့် ကန်ဒရာအင်ပါယာရေတပ်တို့ ပင်လယ်ပြင်၌ တွေ့ကြသည့်အခါ ပြင်းထန်သည့်တိုက်ပွဲပြီးနောက် ကန်ဒရာအင်ပါယာရေတပ်က အောင်မြင်မှုရလာသည်ဟူ၍ ဖြစ်ပေမည်။

ထိုတိုက်ပွဲ၌ ကန်ဒရာအင်ပါယာရေတပ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောငါးစီးကို သုံ့ပန်းအဖြစ်ရရှိခဲ့ပြီး ၎င်းမှာ သူတို့ရှေ့ရှိ သင်္ဘောငါးစီးပင်။

အော့စ်ဘွန်းနှင့် မာကင်တို့မှာ သင်္ဘောတစ်စီးကို လှည့်ပတ်ကြည့်ရန် ကြိုးဖြင့် တွယ်တက်လိုက်ကြသည်။ အော့စ်ဘွန်းက ကန်ဒရာအင်ပါယာရေတပ်အရာရှိများထံ စကားပြောကာ ထိုသင်္ဘောငါးစင်းက မာကင်ပြောခဲ့သလို မည်သည့်အထိအခိုက်မှမရှိကြောင်း အတည်ပြုပြီးနောက် စိတ်ချသွားတော့၏။

"မန်နေဂျာမာကင် ဒါက ပူးပေါင်းမှုကောင်းဖြစ်ခဲ့ပါတယ်။" မထွက်ခွာခင်တွင် အော့စ်ဘွန်းက မာကင်ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ဦးမှုရယူလိုက်သည်။

မာကင်က ခေါင်းခါ၍ အပြုံးဖြင့်ပြောသည်၊ "ဗိုလ်ချုပ်ကြီးအော့စ်ဘွန်း ကျုပ်တို့ ပူးပေါင်းမှုက နောက်ဆုံးအကြိမ်ဖြစ်မယ်လို့ မထင်ဘူးဗျာ အနာဂတ်မှာ ပူးပေါင်းဖို့ အခွင့်အရေးတွေ များဦးမှာပါ။"

"မျှော်လင့်နေပါတယ်" အော့စ်ဘွန်းက မည်သည့်အမူအရာမှမပြဘဲ ပြန်ဖြေလိုက်၏။

စစ်ဆေးပြီးနောက် ကန်ဒရာအင်ပါယာရေတပ်မှာ ဤနေရာ၌ မနေတော့ဘဲ ချက်ချင်း လှည့်ပြန်သွားကြသည်။

၎င်းတို့ထွက်သွားပြီး နောက်နေ့မနက်၌ မာကင်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယ ပို့ဆောင်ရေးသင်္ဘောစုကို ဤကျွန်းငယ်လေးမှ ဦးဆောင်၍ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံထံသို့ ခရီးရှည်ဖြင့် ဦးတည်လိုက်သည်။

အပြင်ပန်း၌ ပင်လယ်ပြင်ရှိ ဤကျွန်းပေါ်မှ နှစ်ဘက်အကြား သဘောတူညီချက်မှာ တစ်ခါခုန်ထွက်ပြီး‌နောက် တိတ်ဆိတ်သွားသည့် လှိုင်းများထက်မှ ရေပွက်မျှသာဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၅။ သိသာသော ခြားနားချက်

ကန်ဒရာအင်ပါယာ ရေတပ်နှင့် Frestech ကုန်သည်ကြီးများအသင်းကြား၌ ဖုံးကွယ်ထားခြင်းနှင့် စာလျှင် စိုင်စ်နယ်မြေကြီးရှိ အခြားအင်ပါယာက များစွာပိုမို ပွင့်လင်းသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးသင်္ဘောစုမှာ စတာဆမ်ဆိပ်ကမ်းသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည်က စတက်တိန်းနယ်မြေနှင့် မားလိုအင်ပါယာကြား ပင်လယ်လမ်းကြောင်းတစ်ခုကို အောင်အောင်မြင်မြင် လမ်းပြနိုင်ခဲ့သော အဓိပ္ပာယ်ပင်။

နွေဦးရောက်လာသည်နှင့် မြောက်ပင်လယ်ပြင်မှာ စတင်၍ အရည်ပျော်လာတော့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ စတာဆမ်ဆိပ်ကမ်း၌ နှစ်လနီးနီးရှိနေခဲ့သော ပထမဆုံးသင်္ဘောစုမှာ အနီးဝန်းကျင်မြို့တော်များထံမှ ဝယ်ယူလာသော သတ္တုရိုင်းပမာဏကြီးတစ်ခုကို သယ်ဆောင်ရင်း စတက်တိန်းနယ်မြေသို့ ဦးတည်လာကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးသင်္ဘောစုထွက်ခွာသွားပြီးနောက်၌ အကြီးစားပို့ဆောင်ရေးမှော်ကားများနှင့် မြင်းလှည်းများစွာက မားလိုအင်ပါယာ၏မြောက်ပိုင်းသို့ ဦးတည်နေကြသည်။

ထိုကုန်သည်ယာဉ်တန်းရှိ ကုန်စည်အများစုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် မားလိုအင်ပါယာ၌ ရင်းနှီးမြှုပ်နှံထားသည့် မှော်စက်ကုမ္ပဏီများထံမှဖြစ်သည်။ မားလိုအင်ပါယာ၏ ပြည်တွင်း ကုမ္ပဏီကြီးများထံမှ လာသည်မှာ အနည်းစုသာရှိပြီး၊ အချို့မှာမူ မားကွစ္စ်ဆော့သ်ဂိတ်ဦးဆောင်သော မျိုးရိုးမြင့်အနည်းစုထံမှ ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစီစဉ်အရ ၎င်းတို့မှာ နောက်နှစ်အနည်းငယ်အကြာတွင် စတာဆမ်ဆိပ်ကမ်းအနီး၌ မှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနအသစ်တစ်ခု တည်ထောင်၍ ပင်လယ်လမ်းကြောင်းတစ်ခု ပြုလုပ်ပြီးနောက် စတာဆမ်ဆိပ်ကမ်းမှတဆင့် ကုန်စည်များ သယ်ယူပို့ဆောင်မည်ဖြစ်သည်။

မားကွစ္စ်ဆော့သ်ဂိတ်နှင့် အခြားသော မားလိုအင်ပါယာမျိုးရိုးမြင့်များမှာ ဤအစီစဉ်ကို အင်မတန် စိတ်ဝင်စားသဖြင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ဖိတ်ကြားမှုနှင့်အတူ ဝင်ရောက်လာခဲ့ကြသည်။

"မန်နေဂျာ ဟိုဂန်၊ ဒီနေရာက တကယ်ကို အရမ်းမြုံနေတာပဲ။ လူနည်းနည်းပဲ ရှိရုံတင်မကဘူး ရင်းမြစ်ကအရမ်းနည်းတော့ ဆောင်းရာသီရောက်တာနဲ့ ဘယ်သူကမှ မလာကြတာမို့ ဘာကြောင့် Frestech ကုန်သည်ကြီးများအသင်းက ဒီနေရာမှာ စိတ်ဝင်စားနေရတာလဲ?"

ဟိုဂန်မှာ သားမွေးကုတ်အထူကြီးထဲ နစ်ဝင်နေကာ မျက်နှာတစ်ဝက်သာ‌ဖော်ထားသည့် ဗစ်ကောင့်ထ်ဆီမောရ် မာကာရို့စ်ကို လှည့်ကြည့်လိုက်သည်။ သူဟာ ဥက္ကဌ၏ ဤလူကို အကဲဖြတ်ပုံက လုံးဝမမှားယွင်းဟု တွေးမိလိုက်လေ၏။

ဤလူမှာ တကယ်ကို ဘာမှ မကောင်းပါပေ။

သို့သော် ယခုမှာ နွေဦးရာသီဖြစ်ရာ စတာဆမ်မြို့တော်က နယ်မြေကြီး၏ မြောက်ဘက်အကျဆုံးအပိုင်း ဖြစ်ပါလျှင်တောင် ဆောင်းရာသီ၏ အအေးဆုံးအပိုင်းမှာ ကုန်လွန်သွားပြီးဖြစ်သည်။ ယခုတွင် နေသာသဖြင့် အနည်းငယ် ပိုမိုနွေးထွေးနေပြီပင်။ သို့သော် ဤလူကမူ အအေးကို ကြောက်ရွံ့ရာ တကယ်ကို အသုံးမကျလှပါပေ။

သူ့နံဘေး၌ မတ်မတ်ရပ်နေသော ဘာရွန်ဖရန်ကလင် ဆော့သ်ဂိတ်ကိုကြည့်လိုက်သော် သူဟာ ပေါ့ပေါ့ပါးပါးအပေါ်ထပ်တစ်ထည်နှင့် အတွင်း၌ သိုးမွေးဆွယ်တာအပါးတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး အအေးဒဏ်ကို မည်သည့် အကြောက်တရားမှမရှိဘဲ ရင်ဆိုင်နေသည်။ ထိုအစားသူဟာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ရှိနေပြီး ၎င်းတို့အပေါ်ကျရောက်မေသော် နေရောင်ထက် တောက်ပသောအပြုံးကိုပန်ဆင်ထား၏။

မားကွစ္စ်ဆော့သ်ဂိတ်နှင့် ဒုခ်မာကာရိုစ် တို့မှာ သူငယ်ချင်းကောင်းများဖြစ်သဖြင့် အဘယ့်ကြောင့် ၎င်းတို့၏ ဆက်ခံသူများအကြား ထိုမျှ သိသာသော ကွဲပြားမှုရှိနေရသနည်း?

၎င်းက ဒုခ်မာကာရိုစ်၏ မိသားစု၌ ပညာရေးနှင့် ပတ်သက်သော ပြဿနာတစ်ခုခုရှိသလားဟု သံသယဝင်စေလောက်သည်....

"အဟမ်း... အရှင် ဗစ်ကောင့်ထ် ဒီနယ်မြေက ကျက်တီးမြေပုံစံဖြစ်နေပေမယ့် ကျွန်တော်တို့ ကုမ္ပဏီရဲ့ လူပုလေးအသင်းက ဒီနေရာကို စစ်ဆေးထားပြီးသားပါ။ စတာဆမ်မြို့တော်ရဲ့ နယ်နိမိတ်မှာတင် သံသတ္တုကြောကြီးနှစ်ခုရှိပြီး ကြေးနီနဲ့ တခြား သတ္တုပျော့ကြော ကောင်းကောင်းတွေ အများကြီးရှိတယ်။ ဖုံးကွယ်ထားတဲ့ မှော်သလင်းကျောက်တွင်း နှစ်တွင်းကိုပါ ထည့်ပေါင်းလိုက်ရင် ဒီနေရာက သတ္တုတွင်းထွက်တွေနဲ့ပတ်သက်လာရင်တော့ လုံးဝ ကျက်‌တီးမြေဟုတ်မနေဘူး။"

ဆီမောရ်က နွေဦးလေပြည်ကြောင့် အနည်းငယ် ပွနေသည့်မြေကို ခြေဖြင့် ထိကြည့်ပြီးနောက် အတန်ငယ် မယုံနိုင်ဟန်ပြလာသည်။

"ဒီနေရာအစုတ်မှာ ဖုံးကွယ်ထားတဲ့ သတ္တု‌တွင်းထွက်တွေရှိနေတာလား? ဘယ်လိုလုပ် ကျုပ်က လုံးဝမတွေ့တာလဲ?"

ဟိုဂန်က ဆီမောရ်ကြောင့် စိတ်ထဲ မျက်လုံးလှိမ့်လိုက်မိသည်။ သူဟာ ‘မင်းက အဖြုန်းအတီးကြီးတဲ့ မျိုးရိုးမြင့်သခင်လေး‌တစ်ယောက်ပဲလေ၊ ဘယ်လိုလုပ် ဒီသတ္တုကြောတွေရှာဖို့ အထူးပြုထားတဲ့ လူပုလေးတွေထက် ပိုတော်နေမှာလဲ’ ဟု စဉ်းစားမိ၏။

သို့သော် သူဟာ အပြင်ပန်း၌ ပြုံးနေဆဲပင်၊ "မိုင်းတူးမှော်စက်တွေကို ရက်အနည်းငယ်အတွင်းပို့လိုက်မှာဆိုတော့ မိုင်းတွင်းဖော်တဲ့အခါ တွေ့ရမှာပါ။"

ဆီမောရ်က သမ်းဝေလိုက်ပြီးနောက် လက်ယမ်းလိုက်သည်၊ "မင်းတို့ရဲ့ မိုင်းတွင်းကို လာလည်ဖို့ စိတ်မဝင်စားပါဘူး။ စတာဆမ်မြို့တော်မှာ ရေသွယ်စနစ်ကို ဘယ်တော့ တည်ထောင်နိုင်မယ်ဆိုတာကိုပဲပြော။ ဖရန်ကလင် နဲ့ ငါက ဒီသောက်နေရာမှာ ၂နှစ်ကျော်နေရမှာဆိုတော့ ရေသွယ်စနစ်မရှိရင် ရူးသွားလိမ့်မယ်။"

ဆိပ်ကမ်းကို ကြည့်နေခဲ့သည့် ဖရန်ကလင်မှာ လှည့်လာပြီး ပြုံး၍ပြောလေသည်၊ "ဆီမောရ်, Frestech ကုန်သည်ကြီးများအသင်း မပေါ်လာခင်တုန်းက ငါတို့မှာ ရေသွယ်စနစ်မရှိခဲ့ဘူးလေ။ ပုံမှန်လည်း နေနိုင်ပါသေးတယ်ကွာ။"

"ကျစ်.. အဲဒါက အတိတ်လေ။ ငါအရင်ကဆို နွေရာသီမှာ အရမ်းပူတော့မှ တောင်ပေါ်ဗီလာမှာ ပုန်းနေနိုင်တာ၊ ဒါပေမယ့် အခု မှော်လေပေးစက်ရှိနေတော့ ငါသွားချင်တဲ့နေရာကို သွားလို့ရတယ်၊ ဆောင်းရာသီကိုတောင် မကြောက်တော့ဘူး။" ထိုသို့ ပြောပြီးနောက် ဆီမောရ်မှာ ခေတ္တရပ်တန့်သွားကာ ဟိုဂန်ကို လှည့်မေးလာသည်၊ "ဟုတ်သားပဲ ဟိုဂန် အခုတော့ အထူးပြု မိုင်းတူးစက်တွေအကြောင်း မပြောဘဲနေရအောင်။ အရင်ဆုံး ကျုပ်အတွက် မှော်လေပေးစက်တချို့ ပြင်ပေးရင်ရော? မဟုတ်လို့ ရာသီဥတုပိုပူလာရင် ကျုပ် မှော်လေပေးစက်မရှိဘဲ နေနိုင်မှာမဟုတ်ဘူး။"

"ဒါက ပြဿနာအသေးစားလေးပါ စိုးရိမ်ဖို့မလိုပါဘူး အရှင် ဗစ်ကောင့်ထ်။" ဟိုဂန်က အပြုံးဖြင့် ဆိုလိုက်၏၊ "တကယ်တော့ ဒီကိစ္စလေးက အခုနက ကျွန်တော့်ကို အရှင်မေးခဲ့တဲ့ မေးခွန်းနဲ့ ဆိုင်နေတယ်၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက အရာအားလုံး ပြင်ဆင်ထားပြီးပါပြီ"

"အိုး?" ဆီမောရ်တင်မဟုတ်ဘဲ ဖရန်ကလင်လည်း စိတ်ဝင်စားဟန်ဖြင့် ကြည့်လာသည်၊ "ဘယ်လိုဆိုင်နေတာများလဲ?"

"ဒီနေရာက ကျက်တီးမြေမဟုတ်ပေမယ့် ဆောင်းရာသီမှာ အရမ်းအေးတာကြောင့် လူတွေနေလို့မရဘူးလို့ ပြောခဲ့တယ်မို့လား?" ဟိုဂန်က အပြုံးဖြင့် မေးလိုက်၏။

"ဟုတ်တယ် ဒီတော့? မင်းတို့ ကုမ္ပဏီမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိနေတာလား?"

"ဟုတ်ပါတယ်။" ဟိုဂန်က ယုံကြည်ချက်ရှိရှိပြုံး၍ ပြောလိုက်သည်၊ "ဥက္ကဌက ဒီမှာ အရမ်းအေးတာမို့ ဆောင်းရာသီကျရင် စက်ရုံတွေရဲ့ အချိန်ဇယားကို ထိခိုက်စေလောက်မယ့်အချက်ကို တွေးထားပြီးသားဆိုတော့ ကြိုပြင်ထားပြီးသားပါ။ ကျွန်တော်တို့ ကုမ္ပဏီ ဒီမှာ တည်ဆောက်နေတဲ့ မှော်စက်ထုတ်‌လုပ်ရေးအခြေစိုက်ဌာနက ဒီက ပတ်ဝန်းကျင်နဲ့အတူ အလုပ်လုပ်ရင် ဆောင်းရာသီမှာ မှော်စက်ထုတ်လုပ်ရေးဌာနတစ်ခုလုံးကို အပူပေးဖို့အတွက် မှော်အပူပေးစနစ်ကို ကုမ္ပဏီမှာ ထည့်သွင်းမှာပါ။ ဒါက မှော်စက်ထုတ်လုပ်ရေးဌာနက လူတိုင်းကို အအေးသက်သာပြီး အလုပ်မှာ အာရုံစိုက်နိုင်ဖို့ စိတ်ချရစေမှာပါ။"

ဆီမောရ်နှင့် ဖရန်ကလင်တို့မှာ တစ်ဦးကိုတစ်ဦး ဒီတိုင်းကြည့်လိုက်မိကြသည်၊ "မှော်အပူပေးစနစ်? ဒါက ဘာများလဲ?"

"ဒါက... အသေးစိတ်ရှင်းပြဖို့က ခက်တယ်၊ ခင်ဗျားတို့ နှစ်ယောက်..."

"ဒါဆို ရှင်းရှင်းပဲ ပြော" ဆီမောရ်က စိတ်မရှည်စွာ လက်ယမ်းလိုက်သည်။

"ရှင်းရှင်းပြောရရင် ဒီအရာက မှော်လေပေးစက်နဲ့တူပါတယ်၊ အပူစွမ်းအင်ကို ထုတ်ဖို့ မှော်စွမ်းအင်ကို သုံးရပြီးတော့ အပူချိန်တိုးမြင့်လာဖို့ လိုအပ်တဲ့နေရာကို အပူစွမ်းအင်တွေခွဲပေးဖို့အတွက် စက်ကို သုံးရတာပါ။ ကြည့်ပါဦး၊ မှော်လေပေးစက်က တိုက်ရိုက်...."

"ဟုတ်ပြီ ဟုတ်ပြီ နားလည်ပြီ ကျန်တာ ပြောဖို့မလိုတော့ဘူး။" ဆီမောရ်မှာ ဟိုဂန်၏ ရှင်းပြချက်ကို ဖြတ်တောက်ရန် လက်ယမ်းလိုက်သည်။ သူဟာ နောက်တစ်ကြိမ် သမ်းဝေလိုက်ပြီးနောက် ဖရန်ကလင်ဘက်လှည့်လိုက်၏၊ "ငါ ဒီနေ့ ထတာ အရမ်းစောသွားတော့ အခုပင်ပန်းနေပြီ။ ဖရန်ကလင်, အခု မင်း ဒီမှာနေလိုက် ငါ တစ်ရေးအိပ်ပြီးရင် ပြန်လာခဲ့မယ်။"

ဖရန်ကလင်မှာ အသာပြုံး၍ ခေါင်းငြိမ့်လိုက်သည်၊ "ဟုတ်ပြီ ဒါဆို သွားလေ"

ဆီမောရ်က သူ၏ သဘောအကျဆုံး အနီရောင်မှော်ဆလွန်းကို မောင်းထွက်သွားရာ ဟိုဂန်မှာ မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ပေ။

ဆီမောရ်နှင့် ဖရန်ကလင်တို့ ဤနေရာ၌ ရှိနေသည်မှာ ၎င်းတို့က မားကွစ္စ်ဆော့သ်ဂိတ် နှင့် ဒုခ်မာကာရိုစ် တို့၏ ကိုယ်စားပြုများ ဖြစ်သောကြောင့်ပင်။

၎င်းတို့သာ မိမိတို့နှင့် အတူတွဲ လုပ်ကိုင်နိုင်လျှင် မားလိုအင်ပါယာရှိ ဆော့သ်ဂိတ် မိသားစုနှင့်မာကာရိုစ် မိသားစုတို့ထံရှိ စွမ်းအားကြီး လွှမ်းမိုးမှုကြောင့် ကိစ္စအတော်များများက များစွာပိုမို လွယ်ကူလာလိမ့်မည်။

သို့သော် ဆီမောရ်က မည်သို့ ပျင်းရိနေပြီး ဂရုမစိုက်လိုဟန်ရှိနေသည်ကိုမြင်သော် ၎င်းက ဟိုဂန်ကို ခေါင်းကိုက်စေသည်။

"မ‌န်နေဂျာဟိုဂန် ဆီမောရ်က သူငယ်ငယ်ကတည်းက ဒုက္ခများတာကို မုန်းတီးတာမို့ သူ့ကိုစိုးရိမ်ဖို့ မလိုပါဘူး။ ခင်ဗျား တစ်ခုခုအကူညီလိုရင် ကျုပ်ကို လာရှာလို့ရတယ်။" ဖရန်ကလင်က ရုတ်တရတ်ဆိုလာ၏။

ဟိုဂန်မှ ဖရန်ကလင်ဘက် လှည့်လာချိန်တွင် သူဟာ စိတ်ချမ်းမြေ့ဖွယ် ပြုံးပြလိုက်သည်။

ဆီမောရ်အပြင် ဖရန်ကလင်လည်း ဤနေရာ၌ ရှိနေလို့ တော်ပါသေး၏။

ဆီမောရ်နှင့်စာလျှင် ဖရန်ကလင်မှာလည်း မျိုးရိုးမြင့်သခင်လေးဖြစ်သော်ငြား အတွေ့အကြုံဖြစ်စေ၊ အမူအကျင့်ဖြစ်စေ၊ တာဝန်ယူမှု သို့မဟုတ် အခြားမည်သည့်အရာဖြစ်စေ သူဂာ ဆီမောရ်ထက် များစွာပိုကောင်းပါ၏။

Frestech ကုန်သည်ကြီးများအသင်းက မားကွစ္စ်ဆော့သ်ဂိတ် ၏ နယ်မြေ၌ မှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာန တည်ဆောက်စဉ်က ဖရန်ကလင်မှာ မားကွစ္စ်ဆော့သ်ဂိတ် ကိုယ်စား Frestech ကုန်သည်ကြီးများအသင်းထံ အလည်ရောက်လာခဲ့ပြီး အခြားကုမ္ပဏီများ၏ ကိုယ်စားလှယ်များအား ပြဿနာမျိုးစုံကို ဖြေရှင်းရာ၌ ကူညီပေးမည့်အကြောင်း ပြောခဲ့လေရာ ၎င်းကို လူတိုင်းက တန်ဖိုးထားကြသည်။

သူဟာ ထက်မြတ်လှသဖြင့် ဆော့သ်ဂိတ် မိသားစုမှာ သူ့အား မိသားစုခေါင်းဆောင်နေရာ၏ တစ်ဦးတည်းသောဆက်ခံသူအဖြစ် ရွေးချယ်ထားပြီးသားဖြစ်သည်ဟု ဆိုကြ၏။

ယခုတွင် မားကွစ္စ်ဆော့သ်ဂိတ်က သူ့အား ဤနေရာသို့ လွှတ်လိုက်ရာ ဤမှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနမှာ သူ့အတွက် မည်မျှအရေးပါကြောင်း မြင်နိုင်သည်။

မှန်ပါ၏၊ မားကွစ္စ်ဆော့သ်ဂိတ်မှာ ဤထုတ်‌လုပ်ရေးအခြေစိုက်ဌာန၌ ရွှေဒင်္ဂါးတစ်သန်းလေးသိန်း ရင်းနှီးမြှုပ်နှံထားသဖြင့် သူ့အတွက် အရေးပါလောက်ပါ၏။

"ဟုတ်ပြီ သခင်ဘာရွန်" ဟိုဂန်က ခဏရပ်တန့်လိုက်ပြီးနောက်၌ ထပ်ပေါင်းပြောလာသည်၊ "တကယ်တော့ သခင်ဘာရွန် ခင်ဗျားကိုင်တွယ်ဖို့အတွက် ထူးထူးခြားခြားအရာအများကြီးမရှိပါဘူး။ အချိန်အများစုမှာ ကြီးကြပ်ပေးဖို့ပဲလိုတာပါ။ စတာဆမ်မြို့တော်နဲ့ အနီးဝန်းကျင်ဧရိယာက မျိုးရိုးမြင့်တွေ အရာရှိတွေနဲ့ ဆုံမှသာ ကိုယ်တိုင် လုပ်ရမယ့်အချိန်နည်းနည်းရှိလာမှာ။"

"ကျုပ် နားလည်ပြီ" ဖရန်ကလင်က အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ခင်ဗျား တစ်ခုခုလိုတာရှိရင် တွန့်ဆုတ်မနေပါနဲ့"

"ကောင်းပါပြီ" ဟိုဂန်က ဖြေလိုက်သည်။ သူဟာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် တစ်ဖန် မျက်မှောင်ကုပ်လိုက်ပြန်၏။

"ဘာလဲ? ပြဿနာရှိလို့လား?" ဟိုဂန့်မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ဖရန်ကလင်မှာ ၎င်းကို ချက်ချင်းမေးလာသည်။

"အဟမ်း... သခင်ဘာရွန် ကျွန်တော်တို့ ကုမ္ပဏီက ဒီမှာ အစီစဉ်အပြည့်ရှိထားတာဆိုတော့ လုံးဝပြဿနာမရှိပါဘူး။ ကြည့်ပါဦး ဒီနေရာမှာက အရင်းမြစ်တွေကြွယ်ဝပြီး ဧရိယာကျယ်သလို ပို့ဆောင်ရေးအတွက် ဆိပ်ကမ်းတစ်ခုလည်းရှိတော့ ထုတ်လုပ်ရေးအခြေစိုက်ဖို့အတွက် နေရာကောင်းပါပဲ၊ ဒါပေမယ့်... အရမ်း အရေးကြီးတဲ့ ပြဿနာတစ်ခုခုရှိမယ်လို့ မထင်ဘူးလား?"

"အိုး?" ဖရန်ကလင်မှာ ဟိုဂန်ကို လက်ပြကာ တားလိုက်ပြီးနောက် ဆက်ပြောသည်၊ "ခန့်မှန်းကြည့်ပါရစေ"

သူဟာ ဘေးပတ်လည်ကိုလျှောက်လိုက်ပြီး ဟိုကြည့်သည်ကြည့် လုပ်နေပြီးနောက် မျက်မှောင်ကုပ် စဉ်းစားလိုက်သည်။ ထို့နောက် မျက်ခုံးများက ရုတ်တရတ်ပြေလျော့သွားပြီး မျက်လုံးများက တောက်ပလာရင်း ဟိုဂန်ကို အပြုံးဖြင့်မေးလေ၏၊ "ကျုပ်သာမှန်ရင် ခင်ဗျားပြောတဲ့ အရေးကြီးပြဿနာက လူမရှိတာ ဖြစ်ရမယ်၊ ဟုတ်ရဲ့လား?"

ဟိုဂန်၏ မျက်လုံးများက တအံ့တဩဖြင့် ပြူးကျယ်သွားကာ မနေနိုင်စွာဖြင့် ဖရန်ကလင်ကို ချီးကျူးဟန် ပြလိုက်မိသည်။

"သခင်ဘာရွန်က တကယ်ကို အမြင်ကောင်းကောင်းရှိတာပဲကိုး!"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၆။ ကျွန် အချို့အား ဖန်တီးခြင်း

ဖွံ့ဖြိုးပြီး ပို့ဆောင်ဆက်သွယ်ရေးစနစ်ရှိသည့် ကမ္ဘာမြေ၌ပင် တိကျသည့် လူဦးရေ စစ်တမ်းရရန် အင်မတန်ခက်ခဲသည်။

စိုင်စ်နယ်မြေကြီး၏ မြေပုံပေါ်ရှိ တိကျသော လူဦးရေကို ရဖို့ရန်က ပို၍ပင် မဖြစ်နိုင်ပေ။

သို့သော် ၎င်းတို့ထံ၌ တိကျသည့် အရေအတွက် မရှိပါလျှင်တောင် အပြန်ပြန်အလှန်လှန် ကြည့်ရှုထားရခြင်းကို သုံးသပ်ရသော် စတာဆမ်မြို့တော်နှင့် အနီးဝန်းကျင်မြို့မှ လူတကယ့်ကို နည်းနည်းပဲ‌လာပါလေ၏....

ထပ်ကြည့်လိုက်လျှင် မသိမနားလည်သူများသာရျှငည်။ အကယ်၍ လူများနေထိုင်ရာနေရာကိုရှာဖွေရန် စတာဆမ်မြို့တော်ကို ပိုမိုကြည့်ရှုပါက၊ စတာဆမ်မြို့တော်နှင့် သိပ်မဝေးသော ရွာငယ်နှစ်ရွာခန့်ကိုသာ တွေ့နိုင်သည်။

စတာဆမ်မြို့တော်၏ မြိုစား ကောင့်ထ်ဟျု့စ် မှပေးသောအချက်အလက်များအရ စတာဆမ်မြို့တော် လက်အောက်ရှိ မားလိုအင်ပါယာနိုင်ငံသားဦးရေမှာ ငါးသောင်းဝန်းကျင်သာရှိသည်။ ၎င်းက ယခင်တုန်းက ဘန်တာမြို့တော်ထက်ပင် နည်းသည်။

စတာဆမ်မြို့တော်သည် မားလိုအင်ပါယာ၏ မြောက်ဘက်ကမ်းရိုးတန်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေအများဆုံးဖြစ်သည်။

စတာဆမ်မြို့တော်မှာပင် လူဦးရေ ငါးသောင်းပဲရှိသဖြင့် အခြားနေရာများတွင် လူပိုနည်းပါ၏။

"ဆရာ ဘာရွန်၊ အစီအစဉ်အရ၊ ဒီအခြေစိုက်စခန်းကိုတည်ဆောက်ပြီးရင်လူပေါင်းနှစ်သိန်းကျော်လိုအပ်လိမ့်မယ်။ ဒါပေမယ့် စတာဆမ်မြို့တော်မှာ စုစုပေါင်း လူငါးသောင်းထက် မပိုတဲ့အပြင် လုံးဝ အလုပ်မလုပ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။” ဟိုဂန်သည် အလွန်အကူအညီမဲ့သော အသံဖြင့် ပြောလိုက်သည်။

“အင်း… ဒါက တကယ့်ကို လေးနက်တဲ့ ပြဿနာတစ်ခုပဲ။” ဖရန်ကလင် သည် သားမွေးနှင့်တူသော မုတ်ဆိတ်မွေးများ ဖုံးလွှမ်းထားသည့် သူ၏ မေးစေ့ကို သပ်လိုက်ကာ စကားမပြောမီ အနည်းငယ် စဉ်းစားမိသွားသည်။ “ဒါပေမယ့် ဒီပြဿနာက ဖြေရှင်းဖို့ မခက်ပါဘူး။ ကျုပ်တို့အင်ပါယာထဲမှာ ရွှေဒင်္ဂါးနည်းနည်းလောက် ရတဲ့ အလုပ်ကောင်းတွေ ရှိနေသရွေ့တော့ တော်တော်လေးကို ပွင့်ပွင့်လင်းလင်း စုဆောင်းနိုင် လိမ့်မယ်လို့ ကျုပ်ထင်တယ်။

“အဲဒါတော့ မဟုတ်ဘူး။” ဟိုဂန်က ခေါင်းခါလိုက်ပြီး “ဒီပတ်ဝန်းကျင်က ကုန်းတွင်းပိုင်းနဲ့ ယှဉ်ရင် တကယ်ကို ဆိုးရွားလွန်းတယ်၊ ဆောင်းရာသီမှာ လူတွေလက်ခံဖို့ ခက်ခဲတဲ့ရာသီဥတုကြောင့်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီက အရာအားလုံးကို ပြင်ဆင်ထားပေမယ့်လည်း လူတိုင်းအတွက် ဒီစိုးရိမ်မှုကို မဖယ်ရှားနိုင်ဘူး။ ဒါ့အပြင် အရေးကြီးဆုံးမေးခွန်းကတော့… သူတို့မွေးရပ်မြေကို စွန့်ခွာသွားရမှာကို လက်ခံမယ့်သူ များများစားစားမရှိဘူး”

ဖရန်ကလင်က သူ့မျက်ခုံးကိုတွန့်ချိုးပြီး ပြောလိုက်၏၊ “မှန်တယ်၊အင်ပါယာရဲ့နိုင်ငံသားတွေအတွက်၊ သူတို့ရဲ့မွေးရပ်မြေမှာနေဖို့က အရာအားလုံးထက် ပိုအရေးကြီးတယ်။ မလိုအပ်ရင် ဘယ်သူမှ အိမ်ကနေ မထွက်ရဲကြဘူး”

ဟိုဂန်က ချောင်းဟန့်လိုက်ပြီး “ဒါက…သခင် ဘားရွန်၊ အဲဒါက နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ သခင် မားကွစ္စ်က ဆုံးဖြတ်ချက်ချနိုင်မလား။”

ဖရန်ကလင်သည် သူဘာကိုဆိုလိုသည်ကို နားလည်ကာ ဟိုဂန်ကို အံ့သြစွာကြည့်လိုက်မိသည်။

"ဘာလဲ? ခင်ဗျားက ကျုပ်တို့ကိုအင်ပါယာထဲက လူတချို့ကို အတင်းအကျပ် ရွှေ့ခိုင်းချင်တာလား။ ဒါက တကယ်ကို ခက်လွန်းတယ်...."

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး… ကျွန်တော် ဒီအကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ သခင်ဘာရွန် နားလည်မှုမလွဲပါနဲ့။” ဟိုဂန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်၊ "ကျွန်တော်တို့ အလုပ်သမားအချို့ကို ဝယ်ဖို့ ခင်ဗျားတို့ ဆော့သ်ဂိတ် မိသားစုနဲ့မာကာရိုစ် မိသားစုတို့ရဲ့ ဆက်သွယ်မှုကို အသုံးပြုလို့ရမလား"

"ကျွန်?" ဖရန်ကလင်က အံ့အားသင့်သွားကာ "နိမ့်ကျတဲ့ သူတွေက ခင်ဗျားတို့ စက်ရုံတွေမှာ ရှုပ်ထွေးတဲ့ အလုပ်တွေကို လုပ်နိုင်တယ်လို့ ထင်နေတာလား။"

“အဲဒါက……တကယ်တော့ ကျွန်တော်တို့ ကုမ္ပဏီက အခုမှစဖွဲ့တာဆိုတော့ ကျွန်တော်တို့မှာ လူအလုံအလောက်မရှိလို့ ကျွန်တော်တို့ထဲက အနည်းစုကို အလုပ်သမားအဖြစ် ခေါ်သွားရတယ်။ ရှုပ်ထွေးတဲ့အလုပ်တွေကို မလုပ်နိုင်ကြပေမယ့် သာမန်နဲ့ လက်တို လက်တောင်းကျတဲ့ အလုပ်တွေအတွက်တော့ သူတို့ကို ပေးရတာ ပြဿနာမရှိပါဘူး။” ဟိုဂန်က ရှင်းပြသည်။

“ဒါပေမယ့် ကျွန်ဆိုတာက……” ဖရန်ကလင်က ခေါင်းမယမ်းခင် မျက်မှောင်ကုပ်၍ စဉ်းစားလိုက်သည်၊ “ဒါက အလုပ်မဖြစ်ပါဘူး။ နယ်မြေကြီးပေါ်မှာ နှစ်ပေါင်းများစွာတိုင် ကြီးမားတဲ့ စစ်ပွဲတွေ မရှိတာမို့ ယခင်ကနဲ့ နှိုင်းယှဉ်ရင် ကွာခြားတဲ့အတွက်ကြောင့် ကျွန်တွေ နည်းပါးလာကြတယ်။ ကျုပ်တို့မိသားစုမှာတောင် ကျွန်က တစ်ထောင်အောက်ပဲရှိသေးတယ်။ ခင်ဗျားပြောခဲ့တဲ့ နှစ်သိန်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ ကျုပ်တို့နဲ့ ဆက်ဆံရေးရှိတဲ့ မျိုးရိုးမြင့်မိသားစုတွေရဲ့ ကျွန်အားလုံးကို ခေါ်ရင်တောင်မှ မလုံလောက်ပါဘူး။”

"ဟုတ်လား?" ဒါက ဟိုဂန် တခါမှ မမျှော်လင့်ထားသည့်အရာပါပင်။

မားလိုအင်ပါယာသည် ၎င်း၏ရှည်လျားသောသမိုင်းကြောင်းနှင့် နယ်မြေကြီးရှိအင်ပါယာနှစ်ခုအနက်မှတစ်ခုဖြစ်ရာ ကျွန်စနစ် လုံးဝကင်းစင်အောင်လုပ်ခဲ့ပြီးသော စတက်တိန်းနယ်မြေနှင့် ကွဲပြားမည်ဟု သူထင်ခဲ့သည်။ သူတို့လက်ထဲတွင် ကျွန်များရှိမည်ဟု ထင်မထားခဲ့‌ပေ။

သို့ပေမယ့် မားလိုအင်ပါယာမှာတောင် ကျေးကျွန်အနည်းငယ်သာ ရှိလိမ့်မည်ဟု မထင်ထားခဲ့သလို၊ သူတို့ထဲက အယောက် နှစ်သိန်းရဖို့ပင် ခက်ခက်ခဲခဲ ရှိလိမ့်မည်ဟု မထင်ခဲ့ပါချေ။

ဟိုဂန်သည် မတတ်နိုင်စွာ မျက်မှောင်ကုပ်မိ၏။

အခြေစိုက်စခန်းကို တည်ဆောက်ရသည်မှာ မခက်သော်လည်း အရေးကြီးဆုံး ပြဿနာကတော့ လည်ပတ်ဖို့ လူအင်အား အလုံအလောက်ရှိခြင်းပါပင်။

လူအလုံအလောက်မရှိလျှင် တခြားဘာမှပြောစရာ မလိုပါချေ။

"ငါတို့ နောက်ထပ် ရင်းနှီးမြုပ်နှံဖို့ လိုသေးတာများလား" ဟိုဂန်က သူ့နှလုံးသားထဲ၌ ရေရွတ်လိုက်မိသည်။။

ဤမှော်စက်ထုတ်လုပ်ရေး အခြေစိုက်ဌာနအတွက် အစီအစဉ်ရေးဆွဲသည့်အခါ Frestech ကုန်သည်ကြီးများအသင်းသည် ဤနေရာတွင် ထုတ်လုပ်မှုအပေါ် သက်ရောက်သည့်အချက်အားလုံးကို ထည့်သွင်းစဉ်းစားခဲ့ပြီး ကျွန်များဝယ်ယူရန်လည်း စဉ်းစားခဲ့သည်။

သို့သော် ယခုတွင် ဖရန်ကလင်က မားလိုအင်ပါယာ၌ ကျွန်များစွာ မရှိသဖြင့် မျိုးရိုးမြင့်များအနေနှင့် ၎င်းတို့၏ ကျွန်များကို လွယ်လွယ်နှင့် လွှဲပြောင်းပေးရန် ခက်ခဲသည်ဟု ဆိုလာသည်။

အကယ်၍ ဤအစီအစဥ်သည် အလုပ်မဖြစ်ပါက၊ ၎င်းတို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အလုပ်သမားများ၏ လစာတိုးမြင့်ရန်နှင့် ဤနေရာတွင် အလုပ်လာလုပ်ဖို့ ဆွဲဆောင်ရန်အတွက် ဤနေရာရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန်ဖြစ်သည်။

သို့သော် ဤပတ်ဝန်းကျင်သည် အလွန်ဆိုးရွားပြီး ဤနေရာသို့ လူအလုံအလောက်လာရောက်ဖို့ ဆွဲဆောင်ရန်အတွက် ၎င်းတို့ပေးဆောင်ရမည့် လစာသည် အလွန်မြင့်မားနေရမည်မှာ ထင်ရှားသည်။

၎င်းတို့၏ ကနဦးအစီအစဥ်များတွင် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ စက်ရုံများမှ အလုပ်သမားများအား တစ်လလျှင် ရွှေဒင်္ဂါးဆယ်ပြားပေးရန်အတွက်သာ စီစဉ်ခဲ့ခြင်းဖြစ်သည်။

မားလိုအင်ပါယာရှိ နိုင်ငံသားအများစုအတွက် အလွန်ဆွဲဆောင်မှုရှိသည်ဟု ဆိုသင့်သော်လည်း လူများကို အေးခဲနေသော မြောက်ဘက်သို့ လိုက်လာကြစေရန် ရွှေဒင်္ဂါးဆယ်ပြားကို အားကိုးရသည်မှာ လွယ်ကူမည်မဟုတ်ပေ။

ဟိုဂန် က တွက်ချက်ပြီး ပျမ်းမျှ ရွှေဒင်္ဂါး ဆယ့်ငါးပြားလောက် ကျမည်ဟု တွေးမိသည်။

လူနှစ်သိန်းကို စုဆောင်းလိုပြီး၊ လူတစ်ဦးစီအား တစ်လကို ရွှေဒင်္ဂါးဆယ့်ငါးပြားပေးလျှင် တစ်နှစ်ကို လူနှစ်သိန်းအတွက် ရွှေဒင်္ဂါးတစ်သန်းလောက် ကုန်ကျလိမ့်မည်။

ယင်းက မှော်စက်ထုတ်လုပ်မှု အခြေစိုက်စခန်းတွင် ရင်းနှီးမြုပ်နှံရန် လိုအပ်မည့် ပမာဏကို များစွာ တိုးမြင့်စေမည်ဖြစ်သည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် အခြေစိုက်ဌာနတွင် ရင်းနှီးမြုပ်နှံဖူးသူတိုင်း မြင်လိုသည့်အရာမဟုတ်ပေ။

“ဟုတ်သားပဲ။” ဖရန်ကလင်က ရုတ်တရက် လက်ခုပ်တီးကာ "မန်နေဂျာ ဟိုဂန်၊ တကယ်တော့ ကျွန်တွေရဖို့ဆိုတာ မဖြစ်နိုင်ဆိုပေမယ့် ကျုပ်တို့ကိုယ်တိုင် လုပ်လို့ရတာရှိတယ်။"

ဟိုဂန်က သူ့ကို ရှုပ်ထွေးဟန်ဖြင့်ကြည့်လာ၏၊ "ကျွန်တော်တို့ ကိုယ်တိုင်လုပ်ရမှာလား? ဘယ်လိုများလဲ?"

"ကျွန်အများစုက စစ်ပွဲကနေလာတော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအ‌တွင်း စစ်ပွဲကြီးကြီးမားမားမဖြစ်သေးတာမို့ ကျွန်များနည်းသည်ထက်နည်းလာတာကိုမြင်ရတယ်......"

“ခဏ‌……” ဟိုဂန်က သူ့ကို ဖြတ်ပြောရန် မနေနိုင်စွာ လက်ကို မြှောက်ပြလိုက်သည် “သခင် ဘာရွန်၊ ကျွန်တော်တို့စစ်ပွဲတစ်ခု စသင့်တယ်လို့ အကြံပေးနေတာလား။ ......နောက်နေတာလား?"

ဖရန်ကလင်က ရယ်မောရင်း ခေါင်းယမ်းကာ "အဲဒါက အဲ့‌လောက် ပုံကြီးချဲ့စရာတော့ မလိုပါဘူး၊ ဒါပေမယ့် လူအင်အားက ပြဿနာအတွက် ကျွန်တချို့ကို သွားဖမ်းဖို့က ပြဿနာမဟုတ်လောက်ဘူး"

"ခင်ဗျားဘာကိုဆိုလိုမှန်း ကျွန်တော်မသိသေးဘူး။" ဟိုဂန်က မျက်ခုံးတွန့်ချိုးပြီး မေးလိုက်သည်၊ “ခင်ဗျားက ကျွန်တော်တို့ကို တခြားနိုင်ငံတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့လူတွေကို ကျွန်အဖြစ်ပြန်ခေါ်ခိုင်းတာလား”

“မဟုတ်ပါဘူး၊ ကျုပ်တို့က တခြားနိုင်ငံတွေကို တိုက်ခိုက်ရင် အဲဒါက တကယ်ပဲ စစ်ပွဲဖြစ်လိမ့်မယ်။ ကျုပ်တို့မားလိုအင်ပါယာက နယ်မြေကြီးက ဘယ်နိုင်ငံကိုမျှ မကြောက်ရွံ့ပေမယ့်လည်း၊ ကျုပ်တို့အနေနဲ့ နိုင်ငံတွေကို နိုင်ထက်စီးနင်းတိုက်ခိုက်ရင် အရှင်မင်းကြီးတောင် ကျုပ်တို့ကို ဘာမှကူလို့မရဘူး။"

“ဒါဆို ခင်ဗျားဆိုလိုတာက……”

"ကျုပ်တို့ တခြားနိုင်ငံတွေကို မတိုက်ခိုက်နိုင်ရင် တခြားမျိုးနွယ်စုကိုရော တိုက်ခိုက်လို့မရဘူးလို့ မဆိုလိုပါဘူး......" ဖရန်ကလင်က အဓိပ္ပါယ်နက်နဲသော အပြုံးကို ထုတ်ဖော်လာသည်။

"ဟာ? တခြားလူမျိုးလား?" ဟိုဂန် အနည်းငယ် အံ့ဩသွားသည်။

"မှန်တယ်။ အမှန်တော့၊အင်ပါယာရဲ့ မြောက်ဘက်မှာရှိတဲ့ ပတ်ဝန်းကျင်က ဆိုးရွားတာကြောင့် ဒီမှာနေချင်ကြတဲ့ နိုင်ငံသား နည်းနည်းပဲ ရှိတာကြောင့် ဒီမှာ လူနည်းတယ်။ ဒါပေမယ့် လူ့နယ်မြေမှာ မနေထိုင်နိုင်တဲ့ တခြားမျိုးနွယ်စုတွေအတွက်တော့ ဒါက နေရာကောင်းတစ်ခုပဲ။ ကျုပ်သိတာတစ်ခုက စတာဆမ်မြို့တော်အနီးမှာ သားရဲအနွယ်သုံးမျိုးရှိပြီး သူတို့မှာ သားရဲလူမျိုး အနည်းဆုံး လေးထောင်ကျော်ရှိတယ်။”

"သားရဲလူမျိုးလား?" ဟိုဂန်က အံ့သြသွားသည် “ဒီမှာ သားရဲလူမျိုးတွေရှိတာလား”

သူဟာထိုသို့ပြောရင်း မနေနိုင်စွာ ရယ်မောမိသည်။

၎င်းက တကယ်ပဲ အဓိပ္ပါယ်မရှိပေ။

နယ်မြေကြီးတွင် လူဦးရေအများဆုံးရှိသော လူမျိုးသည် လူသားများဖြစ်သည်ကို သံသယရှိဖို့မလိုပေ။

ဒုတိယလူဦးရေအများဆုံးရှိသည့် မျိုးနွယ်မှာ သားရဲလူမျိုးများဖြစ်သည်။

ပြန့်ကျဲနေသည့် လူပုလေးများ၊ ရှားရှားပါးပါးမြင်တွေ့ရခဲသည့် နတ်သူငယ်များ၊ ဒဏ္ဍာရီဆန်ဆန်ဖြစ်နေသည့် သွေးနှောများနှင့် နှိုင်းယှဉ်ပါက သားရဲလူမျိုးများဟာ နယ်မြေကြီး၌ အတွေ့ရအများဆုံး တခြားမျိုးနွယ်စုဖြစ်သည်။

အနည်းဆုံး နိုင်ငံများစွာတွင် သန်မာသော သားရဲလူမျိုးများ၏ သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို မဖြုတ်ချနိုင်သော်လည်း နယ်မြေတစ်ခုကို သိမ်းပိုက်ရန်ကမူ ပြဿနာမရှိပါချေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သိမ်းပိုက်ထားသည့်မြေဟာ လူသားတွေ မလိုလားသည့် ကျက်တီးမြေဖြစ်သည်ပင်။ သားရဲလူမျိုးများသည် မျှတသောစစ်အင်အားရှိ၍ ပြဿနာတစ်စုံတစ်ရာမဖြစ်စေသရွေ့ လူသားနိုင်ငံများသည် ၎င်းတို့ကို ဂရုမစိုက်ကြပေ။

လမ်ပူရီဘုရင့်န်ိုင်ငံတွင် ဤအရာသည် အလွန်ရှင်းလင်းသည်။

သီအိုရီအရ ဆန်နက်မြေရိုင်းသည် အဓိကအားဖြင့် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့မှ အစိတ်အပိုင်းငယ်တစ်ခုဖြစ်သည်။

သို့သော် ဆန်နက်မြေရိုင်းကို သိမ်းပိုက်ခဲ့သော သားရဲလူမျိုးအများအပြားကြောင့် လမ်ပူရီတိုင်းပြည် နှင့် စခ်တိုင်းပြည်တို့သည် ၎င်းတို့ကို လျစ်လျူရှုခဲ့ပြီး သားရဲလူမျိုးများကို ထိုနေရာတွင် နေထိုင်ခွင့်ပေးခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုး အနွယ်အများစုသည် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် အခြားသော လူသားကွန်ဖရင့်များနှင့် လက်တွဲခဲ့ကြသည်။၎င်းတို့သည် အနီးနားရှိ လူ့အသိုင်းအဝိုင်းတွင် ပေါင်းစည်းထားသောကြောင့် ဟိုဂန်သည် နယ်မြေကြီးတွင်ရှိနေသည့် ဤပြဿနာကို လုံးဝလျစ်လျူရှုထားပြီး ဖြစ်သည်။

မားလိုအင်ပါယာသည် ကြီးမားသောအင်ပါယာကြီး နှစ်ခုထဲမှ တစ်ခုဖြစ်ပြီး ၎င်းတို့၏ နယ်မြေတွင် သားရဲလူမျိုးများ ရှိနေပါက မထူးဆန်းပေ။

"ဟုတ်ပါတယ်၊ သူတို့တွေလည်း နည်းနည်းတော့ရှိတယ်။" ဖရန်ကလင်သည် ရိုးသားစွာ ခေါင်းညိတ်ကာ တုန့်ပြန်လာသည်၊ “အရေအတွက်အတိအကျကို ကျုပ်သိပေမယ့်အင်ပါယာရဲ့ မြောက်ဘက်မှာတော့ သားရဲလူမျိုးတွေ အများကြီးရှိတယ်။အင်ပါယာက လူတွေက ဒီနေရာမှာ သားရဲလူမျိုးတစ်သန်းကျော်ရှိသည်ဟုပင် ခန့်မှန်းကြပြီး၊ ယင်းမှာ အရေအတွက်များစွာရှိသည်။

"တစ်သန်းကျော်လား?" ဟိုဂန်က ထိုနံပါတ်ကို ကြောက်သွားသည်။

ဆန်နက်မြေရိုင်းတွင် သားရဲလူမျိုးများစွာရှိသော်လည်း ၎င်းတို့အနက် နှစ်သိန်းကျော်ရှိပြီး စုစုပေါင်း သုံးသိန်းထက်မပိုပေ။

မားလိုအင်ပါယာ၏ မြောက်ဘက်တွင် သားရဲတစ်သန်းကျော်ရှိမည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိချေ၊ ၎င်းက အလွန်ကြောက်စရာကောင်းသည်။

“အင်း၊ အကြီးဆုံးသားရဲမျိုးနွယ်မှာ လူတစ်သိန်းကျော်ရှိတယ်။ ကျုပ်တို့ သားရဲလူမျိုးအနွယ်တစ်ခုလုံးကို ဖမ်းမိရင် ဒါ ကျုပ်တို့ပြဿနာကို ဖြေရှင်းနိုင်ဖို့ မဟုတ်ဘူးပေါ့" ဖရန်ကလင်၏အသံတွင် စွဲဆောင်မှုတစ်ခုရှိသည်။

ဟိုဂန်သည် Frestech ကုန်သည်ကြီးများအသင်းတွင် သားရဲလူမျိုးလုပ်သားများစွာကိုတွေ့မြင်ခဲ့ပြီး ၎င်းတို့ကိုလုံးဝမကြောက်ရာ၊ ဤအရာသည် အကြံကောင်းတစ်ခုဖြစ်သည်ဟု သူထင်မှတ်မထားခဲ့ပေ။

သို့သော် ဖရန်ကလင်၏ မျှော်လင့်ဟန်အကြည့်ကို မြင်လိုက်ရသောအခါ သူ့အသိစိတ်ပြန်ဝင်လာပြီး စဉ်းစား၍ ပြောလိုက်သည်၊ “ဒီပြဿနာက အရမ်းအရေးကြီးတယ်၊ ဥက္ကဌကို အရင်မေးရမှာပေါ့”

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၇။ နတ်သူငယ် ကိုယ်စားပြု ပန်းခြံ

ဟိုဂန်၏ အစီရင်ခံမှုက ရှုယီ၏ လက်တွင်းသို့ ငါးရက်ကြာပြီးနောက် သက်ဆင်းသွားသည်။

ရှုယီမှာ သဘာဝကျကျပင် အစီရင်ခံစာကို ဖတ်ပြီး ချက်ချင်း မတုံ့ပြန်ခဲ့ပေ။

စတာဆမ်မြို့တော်ရှိ အခြေစိုက်ရုံး၌ ရင်းနှီးမြှုပ်နှံထားသည်မှာ Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်းမဟုတ်ဘဲ လမ်ပူရီတိုင်းပြည်ရှိ ကုမ္ပဏီများနှင့် မားကွစ္စ်ဆော့သ်ဂိတ် မှ သူနှင့် မိတ်ဆက်ပေးထားသော မားလိုအင်ပါယာ၏ မျိုးရိုးမြင့်များလည်းပါသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ချစဉ်တွင် ရှုယီတစ်ဦးတည်း ဆုံးဖြတ်၍ မရပေ။

ထို့အပြင် ဤကိစ္စသည် သားရဲလူမျိုးများနှင့် ပတ်သက်နေသည်။ သာမန်လူသားများအတွက် သားရဲလူမျိုးများကို စစ်ကြေညာသည့် ပြဿနာမျိုး မဖြစ်လောက်သည်ကသိသာသော်လည်း ရှုယီထံ၌ အခြားမျိုးနွယ်များနှင့် ပူးပေါင်းဖို့ အမြဲတမ်း စိတ်ကူးရှိသည်ပင်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းသည် ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးရှိထားပြီးဖြစ်သည်။ ထိုသားရဲလူမျိုးများသည် Frestech ကုန်သည်ကြီးများအသင်း၏ ဌာနအသီးသီးတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်၊ ထို့ကြောင့် ရှုယီသည် ၎င်းတို့အပေါ် မည်သည့်အစွဲမှ မထားဘဲ သဘာဝအတိုင်းသာ ခံစားရသည်။

ဖရန်ကလင်သည် မြောက်ပိုင်း မားလိုအင်ပါယာရှိ သားရဲလူမျိုးများကို တိုက်ခိုက်ပြီး ဖမ်းချုပ်၍ ကျွန်အဖြစ်သို့ ပြောင်းလဲရန် အဆိုပြုခဲ့သော်လည်း ရှုယီက လက်မခံခဲ့ပေ။

ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများနှင့် သူ၏ အတွေ့အကြုံအားဖြင့်၊ သားရဲလူမျိုးများသည် အကျိုးအမြတ်များကြောင့် လှုပ်ရှားနိုင်သော မျိုးနွယ်စုဖြစ်ပြီး ၎င်းတို့သည် လူသားများနှင့် များစွာကွာခြားခြင်းမရှိပေ။

မားလိုအင်ပါယာ မြောက်ပိုင်းရှိ သားရဲလူမျိုးများနှင့် အဆက်အသွယ်ပိုရနိုင်လျှင် ၎င်းတို့သည် ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများကဲ့သို့ဖြစ်လာရန်က မဖြစ်သည်တော့မဟုတ်ပေ။ ၎င်းတို့သည် ဤသားရဲလူမျိုးများကို စုဆောင်းပြီး မှော်စက်ထုတ်လုပ်ရေး အခြေစိုက်ဌာန၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်သည်။

ဤအစီရင်ခံစာတွင်၊ ရှုယီကို အစိုးရိမ်ဆုံးမှာ ဖရန်ကလင်၏ အကြံပြုချက်က သားရဲလူမျိုးစုများကို တိုက်ခိုက်ရန် ခိုင်းစေ၍ ကျွန်အဖြစ် ဖမ်းဆီးခြင်းပင် ဖြစ်သည်။

ရှုယီသည် ဖရန်ကလင်ကို ရုတ်တရက် ထိုသို့ အဆိုပြုခြင်းအပေါ် အလွန်သံသယဖြစ်မိသည်။

ရှုယီ၏ ခန့်မှန်းချက်များအရ၊ ဤအကြံသည် ဖရန်ကလင် ထံမှမဟုတ်လောက်ဘဲ မားကွစ္စ်ဆော့သ်ဂိတ် သို့မဟုတ် ၎င်း၏နောက်ကွယ်ရှိ မားလိုအင်ပါယာပင်ဖြစ်လောက်သည်။

ကန်ဒရာအင်ပါယာနှင့်မတူဘဲ မားလိုအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်း၏ ရှေ့တန်းတွင်အသုံးပြုနေသည့် စစ်ဘက်သုံးမှော်စက်များကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသောကြောင့် ၎င်းတို့အပေါ် သေချာ မသိပါချေ။

မားလိုအင်ပါယာ စစ်တပ်ဌာနချုပ်သည် စစ်ဘက်သုံး မှော်စက်အချို့ကို ဝယ်ယူခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းကို ဖြည်းဖြည်းချင်း ပေးပို့ခဲ့သော်လည်း၊ မားလိုအင်ပါယာ၏ စစ်တပ်ဌာနချုပ်၏ စစ်ဘက်သုံး မှော်စက်များအကြောင်း နားလည်မှုသည် ပဏာမအဆင့်တွင် ရှိနေဆဲဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းကို လှုံ့ဆော်ရန် ကြိုးပမ်းလိုက်လျှင် စစ်မြေပြင်တွင် စစ်တပ်သုံးမှော်စက်များကို မည်သို့အသုံးပြုရမည်ကို လေ့လာနိုင်သည်က ထူးဆန်းသည့်အရာမဟုတ်ပေ။

ဟုတ်ပါ၏၊ ၎င်းက ရှုယီ၏ ခန့်မှန်းချက်သာဖြစ်ပြီး ယခု မားလိုအင်ပါယာ စစ်တပ်ဌာနချုပ်၏ စိတ်ကူးဖြစ်နိုင်ပါ၏။

သို့ပေမယ့် ရှုယီက ၎င်းကို မဖြစ်နိုင်ဟုလည်း ခံစားရသည်။

မားလိုအင်ပါယာကို စစ်တပ်သုံးမှော်စက်များ၏ စွမ်းအားကို ပြသခြင်းအားဖြင့်၊ Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာသို့ စစ်ဘက်သုံးမှော်စက်များအား ဆက်လက်ရောင်းချနိုင်စေပြီး Frestech ကုန်သည်ကြီးများအသင်းကို ပိုမိုလေးနက်စွာဆက်ဆံနိုင်စေမည်ဖြစ်သည်။

ထို့ကြောင့် အတိုချုပ်ပြောရလျှင် မြောက်ပိုင်း မားလိုအင်ပါယာရှိ သားရဲလူမျိုးအနွယ်များကို မည်ကဲ့သို့ ဆက်ဆံကြသည်မှာ အရေးမကြီးပါပေ။

၎င်းကိုစဉ်းစားပြီးနောက် ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းမှ အဆင့်မြင့်အဖွဲ့ဝင်များကို စုကာ ဤကိစ္စကို အကျဉ်းချုံးဆွေးနွေးခဲ့သည်။ ထို့နောက်တွင် ဥက္ကဌရာထူးဖြင့် စတာဆမ်မြို့တော်ရှိ မှော်စက်ထုတ်လုပ်ရေး အခြေစိုက်ဌာနရှိ ရင်းနှီးမြှုပ်နှံသူအားလုံးထံ စာတစ်စောင်ရေးခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ အစီအစဉ်များကို ရှင်းပြရန် မားကွစ္စ်ဆော့သ်ဂိတ် သို့ ကိုယ်တိုင်ကိုယ်ကျ စာတစ်စောင် ရေးခဲ့သည်။

ဤအရာအားလုံးကိုလုပ်ဆောင်ပြီးနောက် ရှုယီသည် သူ၏နောက်ဆုံး ဆုံးဖြတ်ချက်ကို ဟိုဂန်ထံသို့ပေးပို့ခဲ့သည်။

ဟိုဂန်အတွက် ဤညွှန်ကြားချက်များ ဆက်လက်လုပ်ဆောင်နေချိန်တွင် ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း ပင်မအခြေစိုက်ဌာနမှ ထွက်ခွာခဲ့ပြီး ရူဒ်ဆန်တိုင်းပြည်သို့ ဦးတည်သွားခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် သူသည် ဘုရင်ကြီးတဲရုစ် သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်၏ အရေးပါသူများနှင့် တရားဝင်စီးပွားရေးအကြောင်း ဆွေးနွေးရန် သွားခြင်းမဟုတ်ပေ။

အကြောင်းမှာ၊ ဤအကြိမ်တွင် သူသည် လဇ်၊ လင်ဒါ၊ အက်ဂ်နက်စ်၊ တီဗစ်စတီ၊ ဖရီးယာ၊ ဆန်ဒီ နှင့် ဟာဗီး အပါအဝင် သူ့မိသားစုမှလူအားလုံးကို ရူဒ်ဆန်တိုင်းပြည်ရှိ အဇ်ရှာရာ မျိုးနွယ်စုသို့ခေါ်ဆောင်လာသောကြောင့်ဖြစ်သည်။

သူ၏အငယ်ဆုံးကလေးသည် ငယ်လွန်းသောကြောင့် သူ့ကို ဘက်တီ နှင့် ကာရိုးလ်တို့နှင့်အတူ စတက်တိန်းနယ်မြေတွင်ထားခဲ့သည်။

အဇ်ရှာရာ မျိုးနွယ်စုသို့ သွားရောက်လည်ပတ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ၊ အကြီးအကဲ အွန်ဒင်း ၏ ဖိတ်ကြားချက်အရ စတေးလ်သည် အဇ်ရှာရာ မျိုးနွယ်စု နှင့် နတ်သူငယ်များ၏ သမိုင်းကြောင်းဆိုင်ရာရုပ်ရှင်ကို ရိုက်ကူးနေခြင်း‌ကြောင့် ဖြစ်သည်။ စတေးလ်မှာ ပြန်မလာဘဲ ဤနေရာ၌ တစ်လခွဲကျော်လောက် နေခဲ့ရသည်။ ထို့ကြောင့် ရှုယီက ကလေးများကို ဆော့ကစားဖို့ ခေါ်လာစေပြီး သူမကို သူတို့နှင့် အတူတူ ဆုံစည်းခွင့်ရစေခဲ့ပါ၏။

၎င်းအပြင် အက်ဂ်နက်စ် နှင့် တီဗစ်စတီ တို့သည် ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့မှ လာခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ် အတူတကွ ရောက်ရှိလာခြင်းသည် ညတေးသံမျိုးနွယ်စု၊ လရိပ်မျိုးနွယ်စု နှင့် အဇ်ရှာရာ မျိုးနွယ်စုတို့ကြား ပထမဆုံး တရားဝင် ဆက်သွယ်မှုဟု ယူဆနိုင်သည်။ ထို့ကြောင့် အက်ဂ်နက်စ် နှင့် တီဗစ်စတီ သည် အဇ်ရှာရာ မျိုးနွယ်စုသို့ရောက်ရှိသောအခါ အကြီးအကဲ အွန်ဒင်း ထံမှ နွေးထွေးစွာ ကြိုဆိုမှုကို ရရှိခဲ့သည်။

အမှန်တော့၊ အကြီးအကဲ အွန်ဒင်း ထံမှ အနွေးထွေးဆုံး ကြိုဆိုမှုကို လက်ခံရရှိသူမှာ ရှုယီဖြစ်နေဆဲပင်။

တစ်ယောက်နှင့် တစ်ယောက်တွေ့ပြီးနောက်၊ ရှုယီနှင်် အကြီးအကဲအွန်ဒင်း တို့ဟာ နတ်သူငယ်မြို့ငယ်လေးအကြောင်း ခေါင်းစဉ်မပြောင်းခင် တစ်ခုခုအကြောင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြ၏။

"အကြီးအကဲ အွန်ဒင်း၊ ကျုပ် အဲဒီမြို့က လာတာဆိုတော့ အရင်ကနဲ့စာရင် အဲဒီမြို့က ကားအသွားအလာ နည်းပါးသွားတာကို တွေ့လိုက်ရတယ်။" ရှုယီက အနည်းငယ်စိုးရိမ်သော အသံဖြင့် ပြောသည်။

အကြီးအကဲ အွန်ဒင်း က ခပ်ဖျော့ဖျော့ပြုံးကာ “ဟုတ်တယ်၊ ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်ကို ကျူးကျော်ဖို့ ကြိုးစားတဲ့အတွက်၊ ငါတို့ရဲ့ နတ်သူငယ်မြို့လေးကို လည်ပတ်ဖို့ လူနည်းနည်းပဲ လာကြတော့တယ်။ အရင်တုန်းက ဧည့်သည်မရှိတာကတော့ တဖြည်းဖြည်း ပြန်ကောင်းလာပေမယ့် အခုကျ အရင်ကထက် ပိုဆိုးနေသေးတယ်။”

ရှုယီက ပခုံးတွန့်ကာ ကူကယ်ရာမဲ့ အသံဖြင့် ပြောလိုက်၏၊“အခြားနည်းလမ်း မရှိဘူး။ ခရီးသွားလုပ်ငန်းလို အရာတွေက ယေဘူယျအခြေအနေတွေကြောင့် ထိခိုက်လွယ်တယ်။ ရူဒ်ဆန်တိုင်းပြည်က မတည်ငြိမ်နေဘူး၊ ဒါကြောင့် လူတော်တော်များများက ဒီနေရာကို လည်ပတ်ကြဖို့ ဆန္ဒမရှိကြတာ သဘာဝပါပဲ။”

“မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်ကို ပေးခဲ့တဲ့ အကူအညီတွေ ရှိနေလို့ တော်သေးတယ် မဟုတ်ရင် ရူဒ်ဆန် ဘုရင့်နိင်ငံကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ငါတို့ နတ်သူငယ်မြို့လည်း အတူတူပဲဖြစ်မှာ။"

“ဒါက ကျေးဇူးတင်ဖို့မလိုပါဘူး။” ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊ "အကြီးအကဲ အွန်ဒင်း၊ ဒီထက်ပိုတဲ့ နတ်သူငယ် မြို့ငယ်လေးတွေကို ကွင်းဆက် ဥယျာဉ်အဖြစ် ပြောင်းလဲဖို့ အရင်က အဆိုပြုခဲ့တယ်လေ၊ အဲဒါကို ဘယ်လိုထင်လဲ။"

"ဒါက ကောင်းတဲ့ အကြံပြုချက်ပဲ၊ ဒါပေမယ့် အခြေအနေတွေက မမှန်ဘူးလို့ ခံစားရတယ်။" အကြီးအကဲ အွန်ဒင်း က ခေါင်းခါသည်။

"ဘာလို့လဲ?" ရှုယီအံ့သြသွားသည်။

"ဘာလို့လဲဆိုတော့ ဥက္ကဌ ရှုလိုမျိုး ကျွန်မတို့ နတ်သူငယ်တွေကို လွယ်လွယ်လေးလက်ခံနိုင်တဲ့ လူသားတွေ အများကြီးမရှိတော့ဘူး" အကြီးအကဲ အွန်ဒင်း သည် ရှုယီကို ညင်သာသော်လည်း လေးနက်သောအကြည့်ဖြင့် ကြည့်ကာ "ကျွန်မတို့ နတ်သူငယ်တွေသာ ဒီလိုပျံ့နှံ့နေရင်၊ လူသားတွေရဲ့ ခွင့်ပြုချက်ကိုရရှိဖို့ အတော်ခက်ခဲပြီး ကျရှုံးနိုင်ဖွယ်ရှိတယ်။"

"မကြိုးစားဘဲ ဘယ်လိုသိမှာလဲ" ရှုယီက မျက်မှောင်ကုပ်လိုက်သည်။

"စမ်းကြည့်ဖို့ ကျွန်မတို့မှာ အရင်းအနှီးမရှိဘူး" အကြီးအကဲ အွန်ဒင်း က သက်ပြင်းချ၍၊ "ဥက္ကဌ ရှု ၊ ရှင် ဒါကို အဆိုပြုပြီးတာနဲ့ ရှင်တို့ လူ့လောကကြီးမှာ စျေးနှုန်းတောင်းကြည့်လိုက်တော့ တခြား နတ်သူငယ်မြို့ကို ထပ်ပြီး ဆောက်ဖို့ အနည်းဆုံး ရွှေဒင်္ဂါး ခုနစ်သိန်းလောက် ကုန်ကျမယ်ဆိုတာ သိလိုက်ရတယ်။ ဒီအချိန်မှာ ကျွန်မတို့ မျိုးနွယ်စုက ပိုက်ဆံနည်းနည်းပါးပါး ရခဲ့ပေမယ့် ဒီအတွက် ရင်းနှီးမြုပ်နှံဖို့ကတော့ မလုံလောက်သေးဘူး”

“ငွေက ပြဿနာမဟုတ်ပါဘူး။” ရှုယီက ခေါင်းခါလိုက်ကာ "ခင်ဗျားဆန္ဒရှိသရွေ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကနေ ချေးငွေယူလို့ရတယ်။ ကျုပ်တို့က ခင်ဗျားကို အပြည့်အဝ ပံ့ပိုးပေးမယ်လို့ အာမခံတယ်။"

“မဟုတ်ဘူး” အကြီးအကဲ အွန်ဒင်း က သူမခေါင်းကို ခါယမ်းလိုက်သည်၊ "ကျွန်မတို့ နတ်သူငယ်တွေက တခြား‌လူတွေ အထူးသဖြင့် လူသားတွေကို အကြွေးမတင်ချင်ကြဘူး။"

ရှုယီက ကူကယ်ရာမဲ့ မျက်လုံးကို လှိမ့်လိုက်ပြီး "အကြီးအကဲ အွန်ဒင်း၊ ခင်ဗျားက ဉာဏ်ကောင်းတဲ့ နတ်သူငယ် အကြီးအကဲဖြစ်မယ်လို့ ထင်ခဲ့တာ၊ ခင်ဗျားမှာ ဒီလို အယူအဆဟောင်းတွေ ဘယ်လိုရှိနေတာလဲ။ အရင်တုန်းက ညတေးသံမျိုးနွယ်စုနဲ့ လရိပ်မျိုးနွယ်စုတို့က Frestech ကုန်သည်ကြီးများအသင်းဆီကနေ အကူအညီအများကြီးတောင်းတယ်ဆိုတာ သိထားရမယ်။ အကြီးအကဲ အီလူရှာ နဲ့ အကြီးအကဲ လီဆန်းယာတို့က ဒါကို တောင်းဆိုတော့ လုံးဝမတွန့်ဆုတ်ခဲ့ဘူး။”

"ဒါကြောင့် သူတို့က မင်းကို အက်ဂ်နက်စ် နဲ့ တီဗစ်စတီ ပေးခဲ့တာ မဟုတ်လား" အကြီးအကဲ အွန်ဒင်း က ခပ်ဖျော့ဖျော့ပြုံးကာ “ဒါကို ငြင်းခုံမနေပါနဲ့၊ အဲဒါမှမဟုတ်ရင် ကျွန်မတို့ နတ်သူငယ်တွေက ဒီလောက်လွယ်လွယ်နဲ့ လူတွေနဲ့ အတူရှိဖို့ လက်ခံမယ်လို့ ထင်နေတာလား။”

ရှုယီသည် ၎င်းကြောင့် ပြောစရာမဲ့သွားရသည်။

အကြီးအကဲ အွန်ဒင်း သည် အက်ဂ်နက်စ်နှင့် တီဗစ်စတီ ကိုလက်ထပ်ခြင်း၏ အဓိပ္ပါယ်ကို အလွန်အမင်းနားလည်မှုလွဲသွားပုံရသည်။

သို့ပေမယ့် အကြောင်းပြချက်မရှိဘဲနဲ့တော့ မနေပါချေ။

အက်ဂ်နက်စ်သည် သူနှင့် အချိန်အတော်ကြာအောင် အတူနေရန် ရွေးချယ်ပြီးနောက်တွင် ဖြည်းဖြည်းချင်း ချစ်မိသွားခဲ့ကြသည်။

သို့သော် တီဗစ်စတီ ကို အကြီးအကဲ လီဆန်းယာက သူ့အနားသို့ သိသိသာသာ စေလွှတ်ခဲ့သည်ပင်။ ထို့အပြင်၊ သူနှင့် လက်ထပ်ရန် ဆွေးနွေးသောအခါ အကြီးအကဲ လီဆန်းယာက သဘောတူရန် လုံးဝမတွန့်ဆုတ်နေသောကြောင့် သူမ၏မူလအတွေးမှာ တီဗစ်စတီ နှင့် ရှုယီကို ပေါင်းသင်းခွင့်ပေးခြင်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။

"ငွေကို စိတ်ပူတာကလွဲရင် အရေးကြီးဆုံးပြဿနာက မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းပဲ" အကြီးအကဲ အွန်ဒင်း က ဆက်ပြောသည်။

"အိုး? ကျုပ်တို့ကုမ္ပဏီမှာ ဘာပြဿနာရှိလို့လဲ။" ရှုယီက သိလိုသော အသံဖြင့် မေးသည်။

"မင်းတို့ကုမ္ပဏီမှာ ပြဿနာရှိနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့ကုမ္ပဏီက အခုထိ မခိုင်မာသေးဘူး။" အကြီးအကဲ အွန်ဒင်း က ရှင်းပြသည်၊ "ဥက္ကဌ ရှု၊ မင်းက အတိုင်းအတာတစ်ခုအထိ ငါယုံကြည်ရတဲ့ လူအနည်းငယ်ထဲက တစ်ယောက်မို့လို့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းပြီး ဒီ နတ်သူငယ်ပန်းခြံတွေ ဆောက်မှာပါ။ ဒါပေမယ့်၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ပတ်ဝန်းကျင်နိုင်ငံတွေကိုပဲ လွှမ်းမိုးနိုင်သေးပြီး အခြားနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးမှုက လုံလောက်မှုမရှိသေးဘူး။"

"ဒါဆို ဒီပန်းခြံတွေကို တခြားနေရာတွေမှာ ဖွင့်ဖို့ မလုံခြုံဘူးလို့ ထင်နေတာလား။" ရှုယီက မေးသည်။

“ဟုတ်တယ်။ မင်းတို့လူ့အသိုင်းအဝိုင်းက မတည်ငြိမ်ဘူး၊ ဒါကြောင့် တခြားနိုင်ငံတွေမှာ ဒီပန်းခြံတွေဖွင့်ရင် အချိန်မရွေး အန္တရာယ်ရှိလာနိုင်တယ်။"

ရှုယီသည် အကြီးအကဲ အွန်ဒင်း ၏ စကားကို မတုံ့ပြန်နိုင်ပေ။

အမှန်မှာ၊ လူသားများသည် အလွန်မတည်ငြိမ်သော လူမျိုးဖြစ်သည်။

ကမ္ဘာပေါ်တွင် ဤကဲ့သို့ဖြစ်ခဲ့ပြီး စိုင်စ်နယ်မြေကြီးတွင်လည်း အလားတူပင်ဖြစ်သည်။

ရှုယီသည် ဤအရာကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရသည်၊ ထို့ကြောင့် အကြီးအကဲ အွန်ဒင်း ၏ ဤအမြင်ကို သူ မငြင်းနိုင်ပေ။

ရှုယီက စကားတစ်ခွန်းမှ မပြောသည်ကိုမြင်တော့ အကြီးအကဲ အွန်ဒင်း က ထူးဆန်းသည့် အပြုံးကို ထုတ်ပြပြီး ရှုယီအတွက် ရင်ဝှက်ထဲမှ စာရွက်စာတမ်းကို ထုတ်ပြလာသည်။

"ဥက္ကဌ ရှု၊ ဒါက စတက်တိန်းနယ်မြေမှာ နတ်သူငယ် မြို့ဖွင့်ဖို့ ကျွန်မရေးဆွဲထားတဲ့ အစီအစဉ်ပဲ၊ ပြဿနာတစ်ခုခုရှိလားလို့ ကြည့်ပါဦး။ ဒါက မင်းတို့လူသားပုံစံနဲ့ အစီအစဉ်ကို ပထမဆုံးရေးဖြစ်တာဆိုတော့ ကျွန်မကိုနားလည်နိုင်မယ်လို့ မျှော်လင့်တယ်။"

ရှုယီသည် အကြီးအကဲ အွန်ဒင်း ကို အံ့အားသင့်စွာကြည့်လိုက်သည်၊ "တခြားနိုင်ငံတွေမှာဆို အန္တရာယ်ရှိလာမှာကို ခင်ဗျားမစိုးရိမ်ဘူးလား"

"စတက်တိန်းနယ်မြေကို မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက လုံးဝ ချုပ်ကိုင်ထားတာမို့ ဒါကို စိတ်မပူပါဘူး။" အကြီးအကဲ အွန်ဒင်း က ပြုံးပြုံးလေး ပြောသည် ။

"ဒါပေမဲ့ ပိုက်ဆံမရှိဘူးလို့ ခင်ဗျားပြောခဲ့တယ်...."

"ကျွန်မက လူသားတွေဆီက ပိုက်ဆံချေးတာကို အခုလက်မခံနိုင်ပေမယ့် ငွေနဲ့လဲလှယ်ဖို့ ပစ္စည်းတွေကို အသုံးပြုတာကိုတော့ လက်ခံနိုင်တုန်းပါပဲ။"

"အမ်?" ရှုယီက မျက်လုံးများကို မှေးစင်းလိုက်ကာ"အကြီးအကဲ၊ ခင်ဗျားက ကျုပ်ဆီ ပစ္စည်းတွေ ရောင်းချင်တာလား။"

“ဟုတ်တယ်။ ကျွန်မတို့မျိုးနွယ်စုမှာ ရှင်တို့လူသားတွေမသိတဲ့ လျှို့ဝှက်ချက်တချို့ရှိတယ်၊ ဥက္ကဌ ရှု က ဒါတွေကို အရမ်းစိတ်ဝင်စားလောက်မယ်ထင်တယ်"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၈။ မှတ်စုစာအုပ်

မှိန်ပျသော လရောင်က ပြတင်းအပြင်ဘက်ရှိ သစ်ရွက်များထက် ကျလာပြီးနောက် အခန်းတွင်းသို့ဝင်ကာ အိပ်ရာပေါ် ဖြန့်ကျက်သွားသည်။

ရှုယီ၏ လက်ထဲတွင် ဆဌဂံသလင်းကျောက်တစ်ခုရှိနေပြီး သူဟာ မျက်နှာထက်ရှိ သံသယဖြင့် လရောင်ကိုကြည့်လိုက်သည်။

"ဟေး ရှုယီဒါက ဘာကြီးလဲ?" ဘေးရှိစတေးလ်က သိလိုစိတ်ဖြင့် မေးလာသည်။

“ဒါက သာမန် မှော်သလင်းကျောက်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ မှော်စွမ်းအင်တွေ ပါ၀င်ပြီး အရမ်းထူးခြားတဲ့ မှော်သလင်းကျောက်လို့ အကြီးအကဲ အွန်ဒင်း က ပြောခဲ့တယ်။ ဒါကို ခဏလောက်ကိုင်ထားရုံနဲ့ ဒီ မှော်သလင်းကျောက်မှာပါရှိတဲ့ မှော်အစွမ်းက တကယ်ကို အားကောင်းတာကိုသိနိုင်တယ်၊ အဲဒါက ကိုယ်တို့ ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆီအနှစ်မြင့်မှော်သလင်းကျောက်တွေထက်တောင် ပိုအားကောင်းတာကို တွေ့လိုက်ရတယ်။” ရှုယီက ပြန်ပြောသည် ။

စတေးလ်က ဤ မှော်သလင်းကျောက်ကို ထိရန် လက်တစ်ချောင်းဆန့် ထုတ်လာသည်။ သူမသည် သူမ၏ မှော်ပညာကို ဤလက်ချောင်းမှတဆင့် ပေးပို့လိုက်ရာ မှော်သလင်းကျောက်သည် သာမာန် မှော်သလင်းကျောက်များနှင့် လုံးဝကွဲပြားသည့် မှော်စွမ်းအင်များဖြင့် ပြည့်နေကြောင်း တွေ့ရှိခဲ့သည်။

"ဒီအရာက အရမ်းထူးဆန်းပေမယ့် ရွှေဒင်္ဂါးသုံးသောင်းနဲ့မတန်ဘူးမဟုတ်လား" စတေးလ်က ရှုပ်ထွေးနေကာ၊ "ဒါက မှော်သလင်းကျောက်တစ်ခုလေးပဲမို့ သူ့မှာ မှော်စွမ်းအား ဘယ်လောက်ပဲ ပါဝင်နေပါစေ၊ ဘာ အသုံးဝင်မှာလဲ? ရှင့်အတွက် နဝမအဆင့် မန္တာန်ကို ထုတ်ဖော်နိုင်ရုံလောက်ပဲလေ။"

"နဝမအဆင့် မန္တာန်ကို ထုတ်ပေးဖို့ ကူညီရုံလောက်ပဲဆိုရင်၊ ဒီဟာကို အကြီးအကဲ အွန်ဒင်း ဆီက ဝယ်ဖို့ ရွှေဒင်္ဂါးသုံးသောင်းလောက် အကုန်ခံခဲ့မှာ မဟုတ်ဘူး။" ရှုယီက သူ့ခေါင်းကိုခါလိုက်ပြီး "ဒီ မှော်သလင်းကျောက်ထဲမှာပါတဲ့ မှော်စွမ်းအင်တွေက ဘာကြောင့် ဒီလောက်မြင့်မားရတာလဲဆိုတာကို ကိုယ် အရမ်းသိချင်နေခဲ့တာ။ ကိုယ် အီဗီတာကို လေ့လာဖို့ပေးလိုက်ရင်၊ ကိုယ်တို့ ကုမ္ပဏီရဲ့ မှော်သလင်းကျောက်သန့်စင်မှု နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်ဖို့ အဲဒါကို အတုယူလို့ရတယ်။”

"ရှင်က ကျွန်မထက် ပိုလောဘကြီးမှန်း သိတယ်......" စတေးလ်က ရှုယီကို မျက်လုံးလှန်ပြလိုက်သည်။ ရှုယီ၏ ကုတင်ပေါ်တွင် ပြန့်ကျဲနေသော အရာများကို ငုံ့ကြည့်ပြီးနောက် မျက်ခုံးအနည်းငယ်တွန့်လိုက်မိသည် ။ "ရှင် ဒီပစ္စည်းတွေကို အကြီးအကဲ အွန်ဒင်း ဆီက ဝယ်ဖို့ ရွှေဒင်္ဂါး ရှစ်သိန်းငါးသောင်း သုံးခဲ့တာလား။ ဒီပစ္စည်းတွေက ဒီစျေးနဲ့ တကယ်တန်လို့လား"

“အင်း…တကယ်တော့ ဒီအရာတွေရဲ့တန်ဖိုးကို ကိုယ်မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့်၊ ကိုယ့်လက်ထဲမှာရှိတဲ့ ဒီမှော်သလင်းကျောက်လိုမျိုး သူ့ရဲ့ဖွဲ့စည်းမှုကို အောင်မြင်စွာ လေ့လာပြီး အတုယူနိုင်ရင်၊ တန်ဖိုးအားဖြင့် ရွှေဒင်္ဂါး ရှစ်သိန်းငါးသောင်းကျော် ရှိလောက်တယ်။ အဲ့လို မလုပ်နိုင်ရင်တော့ ကြေးတစ်ပြားမှကို မတန်ဘူး။”

"ဒါဆို ရှင်က စွန့်စားလိုက်တာလား" စတေးလ်က မေးလိုက်သည်။

“တော်ပြီ။” ရှုယီက ခေါင်းညိတ်လိုက်ပြီး "မှော်သုတေသနက မသေချာတဲ့ အရာတစ်ခုဖြစ်ပြီး ရလဒ်တစ်ခုမှ မရှိဘူးဆိုရင် တန်ဖိုးကို ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူး မဟုတ်လား။"

စတေးလ်က နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်သည်၊ “ရှင် မသိတဲ့ အရာတွေကို ဝယ်ဖို့ ဒီငွေတွေ အများကြီး ကုန်သွားတယ်။ အကြီးအကဲ အွန်ဒင်း ဆီက မှော်ပုံရိပ်ယောင်အစီအရင်နဲ့ ပတ်သက်တဲ့ နောက်ထပ်အရာတွေကို ဝယ်ယူဖို့ ဒီငွေကို ရှင်အသုံးပြုခဲ့ရမှာ။”

"ဒီအကြံကို စွန့်လွှတ်ဖို့ တိုက်တွန်းချင်တယ်။" ရှုယီသည် စတေးလ်ကိုကြည့်၍ ကူကယ်ရာမဲ့ သူ့လက်များကို ဖြန့်လိုက်သည်၊ “အဲဒါကို အကြီးအကဲ အွန်ဒင်း နဲ့ ကိုယ် အရင်က ဆွေးနွေးဖူးပြီး ပုံရိပ်ယောင်မှော်ပညာဆိုတာ နတ်သူငယ်တွေရဲ့ ထူးခြားတဲ့ မှော်အတတ်ဖြစ်ပြီး လူတွေကို အလွယ်တကူ မကူးစက်နိုင်ဘူးလို့ သူမက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။”

"လူကို အလွယ်တကူ လွှဲပေးလို့မရဘူးလား" စတေးလ်က မျက်ခုံးကိုပင့်ကာ “အဲဒါက လူတွေကို လွှဲပေးဖို့ ဖြစ်နိုင်သေးတယ်လို့ ဆိုလိုလား”

“ဟုတ်တယ်။ ဒါပေမယ့် ပုံရိပ်ယောင်မှော်ပညာက နတ်သူငယ်တွေရဲ့ ထူးခြားတဲ့ မှော်ပညာဖြစ်တဲ့အတွက် ပုံရိပ်ယောင်မှော်ပညာနဲ့ ဘယ်လိုပဲ ပြုလုပ်ထားပါစေ သူတို့လည်း ပါဝင်ရမယ်လို့ အကြီးအကဲ အွန်ဒင်း က ပြောခဲ့တယ်။ ဒါဆို သူဘာကို ဆိုလိုတယ်ဆိုတာ မင်းနားလည်လား။"

"ဒါဆို ဒီလိုပေါ့..." စတေးလ်က အသာသက်ပြင်းချလိုက်ကာ ခဏကြာပြီးနောက် ရုတ်တရတ် ခါးသက်သက်ရယ်မောလိုက်သည်၊ "ကျွန်မအမြဲတမ်း အကြီးအကဲ အွန်ဒင်းက ကျက်သရေရှိ၊ မြင့်မြတ်ပြီး သိမ်မွေ့တဲ့ ဒဏ္ဍာရီလာ နတ်သူငယ်အကြီးအကဲလို့ ထင်ပြီး‌ လေးစားနေခဲ့တာ၊ ဒါပေမယ့် သူမလည်း ဒီလို အကျိုးအမြတ်တွေကို ဂရုစိုက်နေဦးမယ်လို့ ထင်မထားဘူး။"

"အဓိပ္ပာယ်မရှိတာ နတ်သူငယ်တွေလည်း စားဖို့လိုသေးတယ်လေ။ အဇ်ရှာရာ မျိုးနွယ်စုရဲ့ အကြီးအကဲအနေနဲ့ သူမက မျိုးနွယ်စုတစ်ခုလုံးရဲ့ အကျိုးအမြတ်ကို ဂရုစိုက်တာဟာ သဘာဝပဲလေ" ရှုယီက ငြင်းခုံလိုက်သည်။

"ကျွန်မနားလည်ပါတယ် ဒီတိုင်း... နည်းနည်း လက်ခံရခက်နေလို့ပါ" စတေးလ်က ခေါင်းခါ၍ အသက်ပြင်းပြင်းရှူကာ မိမိကိုယ်ကိုတည်ငြိမ်စေလိုက်သည်၊ "ဒီတော့ အကြီးအကဲ အွန်ဒင်းက ဒီရေရှည်စီမံကိန်းမှာ ကျွန်မတို့ New Moon ကုန်သည်ကြီးများအသင်းက ရှယ်ယာနည်းနည်းကို အကျိုးအမြတ်ရဖို့အတွက် လိုချင်တဲ့အဓိပ္ပာယ်ပေါ့?"

"သူမက ဒီလိုမပြောပေမယ့် မင်း နားလည်တာမှန်တယ်ထင်တာပဲ။" ရှုယီက ပခုံးတွန့်၏။

"အင်း... ဒါက လုံးဝပြဿနာမဟုတ်ပါဘူး။ တကယ်တော့ သူမက မပြောရင်တောင် ကျွန်မက သူ့ကို ဆွဲထည့်ဖို့ စဉ်းစားထားပြီးသား။" စတေးလ်က ပြောသည်၊ "ဘာပဲဖြစ်ဖြစ် ပုံရိပ်ယောင်ရုပ်ရှင်တွေကို ရိုက်ကူးနေတုန်းက ကျွန်မတို့အနေနဲ့ နတ်သူငယ်မှော်ပညာရှင်တစ်ယောက် လိုက်လာပေးဖို့ လိုခဲ့တာပဲလေ။ ကျွန်မတို့သာ သူမကို စတော့ခ်နည်းနည်းလောက်ပေးလိုက်ရင် ကူညီဖို့ သူတို့ အကောင်းဆုံးကြိုးစားကြမှာပါ။"

"မင်း ဒါကို နားလည်ရင် ကောင်းတယ်။" ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ခုတင်ထက်ရှိ ပစ္စည်းများကို ငုံ့ကြည့်ကာ ၎င်းတို့ကြားမှ စာအုပ်ပါးတစ်အုပ်ကို ယူလိုက်၏။

"ဘာများလဲ?" စတေးလ်က သိလိုစွာ မေးမြန်းလိုက်သည်။

ထိုနေရာ၌ မှော်သလင်းကျောက်များ၊ ထူးဆန်းသည့် မှော်ပစ္စည်းများနှင့် နတ်သူငယ်စတိုင်လ် အသုံးအဆောင်များရှိနေသဖြင့် ၎င်းတို့မှာ အပြင်ပန်း၌ ဈေးပေါဟန်ပေါ်မနေပေ။ ဤစာအုပ်ထံ၌သာ အတွေ့များသည့်အသွင်ရှိနေပြီး အတော်လေး စုတ်ပြတ်နေသဖြင့် လုံးဝ တန်ဖိုးရှိပုံမရချေ။

"ဒါက အဇ်ရှာရာ မျိုးနွယ်စုရဲ့ အကြီးအကဲတွေ ရေးသားခဲ့ကြတဲ့ သမိုင်းစာအုပ်ပဲ။ အကြီးအကဲ အွန်ဒင်းက ဒီမှာ နတ်သူငယ်တွေရေးသားခဲ့တဲ့ လျှို့ဝှက်ချက်အတော်များများရှိပြီး စိုင်စ်နယ်မြေကြီးရဲ့ သမိုင်းလျှို့ဝှက်ချက်တွေတောင်ရှိတယ်လို့ ပြောတယ်။" ရှုယီက ဆို၏။

စတေးလ်မှာ ချက်ချင်း စိတ်ပျက်သွား၏။

ရှုယီအနေနှင့် သမိုင်းကို အမြဲ စိတ်ဝင်စားသဖြင့် ပုံမှန်အားဖြင့် ဘာမှလုပ်စရာမရှိသည့် အချိန်တိုင်း စိုင်စ်နယ်မြေကြီး၏ သမိုင်းနှင့် ဆက်စပ်နေသည့် စာအုပ်အချို့ကို ဖတ်ကြောင်း သူမသိလေသည်။

သူ၏လက်ထဲရှိ ဤစာအုပ်မှာ အဇ်ရှာရာ မျိုးနွယ်စု အကြီးအကဲထံမှ ပထမဆုံးလက်စွဲပစ္စည်းဖြစ်သဖြင့် ရှုယီအတွက် အင်မတန်အရေးပါသော်လည်း စတေးလ်အတွက် မည်သည့် တန်ဖိုးမှမရှိချေ။

ရှုယီက ၎င်းကို စိတ်ဝင်တစားကြည့်နေသည်အား မြင်သော် စတေးလ်မှာ ခေါင်းခါ၍ ခုတင်နံဘေးမှ အလင်းရောင် တောက်တောက်ကို ထုတ်လွှတ်ပေးနေသည့် ထူးကဲသည့် အသွင်သဏ္ဍာရန်ရှိ မှော်မီးအိမ်တစ်လုံးကို ကောက်ယူလိုက်သည်။

ထို့နောက် သူမဟာ ရှုယီနံဘေးရှိ မှော်မီးအိမ်ကိုချထားလိုက်ပြီးနောက် ခုတင်ပေါ်ရှိ ပစ္စည်းများကို ရှင်းလင်းလိုက်သည်။ သူမ ပြီးသွားသည်နှင့် ရှုယီကို ပြောလိုက်လေ၏၊ "ဖတ်တာအရမ်းနောက်မကျစေနဲ့ စောစောအိပ်နော်။ ရှင် ဒီကလေးတွေကို မနက်ဖြန် ကစားဖို့ ပင်လယ်ဆီခေါ်သွားရဦးမယ်။"

"ဟုတ်ပါပြီ မင်းအရင်အိပ်ပါဦး"

စတေးလ်က ရှုယီ၏ မျက်နှာထက် အနမ်းတစ်ပွင့်ချန်ခဲ့ပြီးနောက် အိပ်ရန် လှဲလျောင်းလိုက်ပါ၏။

နှစ်ဦးသား လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်နီးနီးရှိခဲ့ပြီးဖြစ်သဖြင့် တစ်ဘက်လူ၏ နေထိုင်ပုံအလေ့အကျင့်ကို ကျင့်သားရနေကြပြီးသားဖြစ်သည်။

စတေးလ်မှာ ရှုယီ၏ ဝါသနာသေးသေးလေးများအကြောင်း မည်သည့်အခါမှ မပြောဘဲ ကျင့်သားရပြီးသားပင်။

သိပ်မကြာလိုက် စတေးလ်၏ အသက်ရှူနှုန်းက တည်ငြိမ်လာကာ အိပ်ပျော်သွားပါ၏။

ရှုယီမှာ အိပ်ပျော်နေသည့် စတေးလ်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ သူဟာ စတေးလ်အတွက် ဤအတောအတွင်း ပုံရိပ်ယောင်ရုပ်ရှင်များကို ရိုက်ကူးရာ ခက်ခဲခဲ့လောက်ကြောင်း စဉ်းစားမိ၏။

စတေးလ်အတွက် စောင်ကိုဆွဲပေးပြီးနောက် ရှုယီမှာ မိမိ၏ ခန္ဓာကိုယ်ကို ရွှေ့၍ ကိုယ်အပေါ်ပိုင်းနှင့် တတ်နိုင်သမျှ မှော်မီးအိမ်အလင်းကို ကွယ်ကာ စာအုပ်ကို အာရုံစိုက်ဖတ်လိုက်သည်။

ဤမှတ်စုစာအုပ်မှာ အကြီးအကဲ အွန်ဒင်းပြောခဲ့သည့်အတိုင်း မှတ်တမ်းအမျိုးမျိုးဖြင့် ပြည့်နေသလို အချို့ကမူ ကိုယ်ရေးမှတ်တမ်းများကဲ့သို့ဖြစ်နေသော်လည်း ကိုယ်ရေးမှတ်တမ်းများထက်တော့ ပိုမိုအသေးစိတ်ကျပါ၏။ သို့ရာတွင် အစီစဉ်တော့မကျပေ။

အစောဆုံးမှတ်တမ်းအား လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်ထောင်အကြာက ခြေရာကောက်ထားပြီး ထိုစဉ်က နတ်သူငယ်တို့ နယ်မြေကြီးကို အုပ်ချုပ်နေဆဲဖြစ်၏။

နောက်ဆုံးမှတ်တမ်းမှာ ယနေ့တွင် အကြီးအကဲ အွန်ဒင်းကိုယ်တိုင် ဖြည့်ထားခြင်းပင်။ ၎င်းက သူမအနေနှင့် အဇ်ရှာရာ မျိုးနွယ်စုရှိ အရေးမပါသည့် ပစ္စည်းအချို့ကို ရွှေဒင်္ဂါးရှစ်သိန်းငါးသောင်းဖြင့် ရှုယီထံမည်သို့ ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းကို အခြေခံရသော် ၎င်းမှာ အဇ်ရှာရာ မျိုးနွယ်စုကို သက်ရောက်စေမည့် အရေးကြီးပစ္စည်းများမှတ်တမ်းဖြစ်လှသည်။

ဤမှတ်စုမှ တဆင့် ရှုယီမှာ အဇ်ရှာရာ မျိုးနွယ်စုအတွက် နှစ်ထောင်ချီသမိုင်းကို အကြမ်းမျဉ်းသိလာနိုင်သည်။

ယခင်က ရှုယီလေ့လာခဲ့သည့် စိုင်စ်နယ်မြေကြီး၏ သမိုင်းကို အခြေခံရသော် ၎င်းမှာ စိုင်စ်နယ်ကြီး၏ သမိုင်းနှင့် ကိုက်ညီနေပြီး ဆန့်ကျင်နေသည့် နေရာများများစားစားမရှိပါချေ။

သို့သော် ဤမှတ်စုက နတ်သူငယ်များ၏ ရှုထောင့်မှ အရာများကို မှတ်တမ်းတင်ထားရာ ရှုယီယခင်က ဖတ်ဖူးသည့် လူသားတို့၏ ရှုထောင့်မှ မှတ်တမ်းတင်ထားသော စိုင်စ်နယ်မြေကြီး၏ သမိုင်းမှတ်တမ်းနှင့် အနည်းငယ် ကွဲပြားနေသည်။

ဥပမာ လူသားများက လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်က မျိုးနွယ်စုစစ်ပွဲများအကြောင်း ဖော်ပြချိန်တွင် လူသားများနှင့် နယ်မြေကြီး၏ အခြားမျိုးနွယ်စုများမှာ နတ်သူငယ်များ၏ မိမိ‌တို့အပေါ် ထိန်းချုပ်မှုကို မခံနိုင်သဖြင့် ပုန်ကန်ကြခြင်းဟု ဆိုထားသည်။

သို့သော် ဤစာအုပ်အရ အခြားမျိုးနွယ်စုများမှာ တဖြည်းဖြည်းသန်မာလာကြသဖြင့် နတ်သူငယ်များမှာ အစားထိုးခံလိုက်ရသည်ဟု ရေးထားသည်။ ၎င်းမှာ ပန်းပွင့်ပြီး မှေးမှိန်သွားသည့်နှယ်၊ သက်ရှိအားလုံးတို့၏ ဘဝသံသရာနှယ်ဖြစ်သည်။

၎င်းက မျိုးနွယ်စုစစ်ပွဲကို အသိအမှတ်ပြုထား၏။ လွန်လေပြီးသော အကြီးအကဲများအနက်တစ်ဦးမှာ နတ်သူငယ်တို့က အခြေအနေဆိုးရွားလာပြီး အဆင့်မြင့်လာသည့် လူသားတို့က နယ်မြေကြီး၏ သခင်အဖြစ် နတ်သူငယ်များနေရာကို အစားထိုးလိုက်သည်မှာ သဘာဝဖြစ်သောကြောင့် မထူးဆန်းဟု ရေးထားသည်။

သို့သော် ဤမှတ်စုမှာ ဤရလာဒ်အထိ နက်နက်နဲနဲဖြင့် အမှတ်တကယ် တွေးဆခံထားရသည်ပင်။

ဤမှတ်စုတွင် ၎င်းကိုရေးသားခဲ့သော အဇ်ရှာရာ မျိုးနွယ်စုအကြီးအကဲက နတ်သူငယ်များမှာ သဘာဝကြောင့် နုနယ်ကြသဖြင့် ဆိုးရွားလာခဲ့သည်ဟု ဆိုထားသည်။

နတ်သူငယ်များမှာ မွေးကတည်းက နယ်မြေကြီးရှိ အခြားမျိုးနွယ်စုများထက် ပိုမိုသန်မာသဖြင့် ယခင်နှစ်ထောင်ပေါင်းများစွာအကြာတုန်းက နယ်မြေကြီးကို အုပ်ချုပ်နိုင်ခဲ့သည်။

သို့သော် နတ်သူငယ်များမှာ တိုးတက်ဖို့ မစဉ်းစားခဲ့ကြသဖြင့် မျိုးနွယ်စုစစ်ပွဲများတွင် လွန်ခဲ့သည့် နှစ်ပေါင်းလေးထောင်အကြာ၌ ရှိနေစဉ်ကကဲ့သို့ ထိုနှစ်ပေါင်းလေးထောင်အကြာကအတိုင်းသာ သန်မာကြသည်။

နှိုင်းယှဉ်ရသော် လူသားများက မွေးဖွားလာချိန်တွင် နယ်မြေကြီးရှိ မျိုးနွယ်စုများအားလုံးအကြား အားအနည်းဆုံးဖြစ်ပါလျှင်တောင် လူသားများထံ၌ အားကောင်းသည့် အတွေးအကြံများရှိသဖြင့် လူသားများ နယ်မြေကြီး၌ ပေါ်ထွက်လာချိန်တွင် နတ်သူငယ်များကို အဆုံးသတ်၌ ကျော်လွန်သွားသည့်တိုင် ဆက်တိုက်ဆက်လက်၍ သန်မာနေကြပြီး နယ်မြေကြီး၌ အနိုင်ပင် ရယူခဲ့သည်။

ရှုယီမှာ ဤအကြီးအကဲ၏ မှတ်စုရှိ ဉာဏ်ကွန့်မြူးပုံကို အင်မတန် လေးစားမိသည်။ နတ်သူငယ်တစ်ဦးစီတိုင်းသာ ထိုအကြီးအကဲကဲ့သို့ တွေးတောပြီး အတွေးများကို ပြောင်းလဲလိုက်လျှင် လူသားများအတွက် နယ်မြေကြီးကို ထိန်းချုပ်ဖို့ ခက်ခဲလောက်ပေသည်။

သို့သော် ရှုယီ၏ အာရုံကို အဖမ်းစားနိုင်ဆုံးမှာ စကားလုံးအနည်းငယ်မျှသာဖြစ်၏။

၎င်းမှာ လူသားများက ပိုမိုသန်မာလာကာ နတ်သူငယ်များ၏ အနာဂတ်ကို စိုးရိမ်ခြင်းအကြောင်း အပိုဒ်ဖြစ်သည်။

"စိုင်စ်နယ်မြေကြီးက နတ်သူငယ်တွေရဲ့ အတွေးတွေသာ မပြောင်းလဲတော့ရင် အဆုံးမှာ လုံးဝ ညှိုးနွမ်းသွားကြမှာပဲ။ အဆုံးကျရင် အရင်က နတ်ဆိုးမျိုးနွယ်စုလို တခြားနယ်မြေကြီးကိုပဲ ထွက်ပြေးရုံရှိလိမ့်မယ်။"

တခြားနယ်မြေကြီး? နတ်ဆိုး မျိုးနွယ်စု?

ရှုယီမှာ ၎င်းကိုမြင်သော် အသာမျက်မှောင်ကုပ်၍ အတွေးထဲမျောသွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၀၉။ ဖွံ့ဖြိုးရေးအဆိုပြုချက်များကို လိုက်နာခြင်း

သုံးရက်ကြာပြီးနောက် အကြီးအကဲ အွန်ဒင်းမှာ အဇ်ရှာရာ မျိုးနွယ်စုမှ နတ်သူငယ်မှော်ပညာရှင်များကို ခေါ်လာပြီး ရှုယီနှင့် စတေးလ်တို့နှင့်အတူ စတက်တိန်းနယ်မြေသို့ လိုက်ခဲ့သည်။

လဇ်နှင့် လင်ဒါတို့မှာ ကလေးများကို Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးသို့ ခေါ်လာပြီး ရှုယီ၏ အဖွဲ့မှာ Frestech မြို့တော်သို့ ဦးတည်သွားသည်။

နှစ်များစွာ ဖွံ့ဖြိုးရေးများ ပြီးသည့်နောက် Frestech မြို့တော်မှာ မြေအနည်းငယ်မှ စတုရန်းတစ်ဆယ်ကီလိုမီတာကျော်အထိ နေရာယူလာခဲ့သည်။ ၎င်း၌ လူပေါင်း ငါးသောင်းကျော်ရှိပြီး မြို့ကိုဖြတ်သွားသည့် လူပေါင်းသုံးသိန်းကျော်ရှိ၏။

ဖြတ်သွားသူဦးရေက ထိုမျှ အထိမြင့်မားနေရခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းက ဤနေရာကို ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာအဖြစ် ဒီဇိုင်းဆွဲထားသောကြောင့်ပင်။

Frestech ကုန်သည်ကြီးများအသင်း ပို့လိုက်သည့် ကုန်စည်မှာ ဆိပ်ကမ်းမှတဆင့်ဖြတ်၍ ပင်လယ်မှ တင်ပို့လိုက်သည့် အပိုင်းကလွဲလျှင် ကျန်သည့် ကုန်စည်အားလုံးမှာ ပထမဆုံး Frestech မြို့တော်မှ ဖြတ်သွားကြရသည်။ ထို့နောက်မှသာ ဤနေရာရှိ Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ဆက်သွယ်ရေးစင်တာက ၎င်းတို့ကို ပို့လေသည်။

၎င်းကြောင့် Fersen ပို့ဆောင်ရေးကုမ္ပဏီမှာ ဤနေရာ၌ ၎င်းတို့၏ စတက်တိန်းနယ်မြေဌာနချုပ်ကို တည်ဆောင်ထားပြီး ၎င်းအား စတက်တိန်းနယ်မြေ၏ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်စင်တာအဖြစ် ပြောင်းလဲထားသည်။ စတက်တိန်းနယ်မြေ၏ အခြားကုမ္ပဏီများမှာလည်း ဤနေရာသို့ ၎င်းတို့၏ အခြားကုန်စည်များကို ပို့ပြီးနောက်မှ ထပ်၍ အဝေးသို့ ပို့ကြသည်။

ဤအားသာချက်‌ကြောင့် Frestech မြို့တော်အနီး ၎င်းတို့၏ စက်ရုံများကို ထားရှိသည့် စတက်တိန်းနယ်မြေ ကုမ္ပဏီများစွာ ရှိနေသည်။

ထို့ကြောင့် နှစ်အနည်းငယ် ကြာပြီးသည့်နောက် Frestech မြို့တော်ဝန်းကျင်တွင် လူဦးရေထူထပ်သော စက်ရုံအသိုင်းအဝိုင်းရှိလာသည်။ ဤသည်မှာ Frestech မြို့တော်၌ ရရှိနိုင်သည့် ထုတ်ကုန်မျိုးစုံရှိသဖြင့် လူများကို ပို၍ ဆွဲဆောင်နေလေသည်။

ဤအသိုင်းအဝိုင်းကြောင့် Frestech မြို့တော်မှာ ပို၍ပင် ကြွယ်ဝလာသည်။ ၎င်းအား ယခုတွင် စတက်တိန်းနယ်မြေ၌ အကြွယ်ဝဆုံးမြို့တော်ဟု ယူဆနိုင်၏။

နယ်မြေကြီး အနောက်တောင်ထောင့်ရှိ အခြားနိုင်ငံများ၌ပင် Frestech မြို့တော်အား အကြွယ်ဝဆုံးမြို့တော်များအနက် တစ်မြို့ဟု ယူဆနိုင်ပြီး အနီးဝန်းကျင်နိုင်ငံများ၏ မြို့တော်များထက် နိမ့်ကျမနေပါပေ။

ဤတစ်ခေါက် အကြီးအကဲ အွန်ဒင်းမှာ Frestech မြို့တော်၏ ကြွယ်ဝမှုကြောင့် နတ်သူငယ်မှော်ပညာရှင်များကို ခေါ်ဆောင်လာခဲ့ပြီး Frestech မြို့တော်အနီး၌ နတ်သူငယ်မြို့တည်ထောင်ရန် စီစဉ်ထားသည်။

စတက်တိန်းနယ်မြေအား Frestech ကုန်သည်ကြီးများအသင်းမှ အပြည့်အဝထိန်းချုပ်ထားပြီး Frestech မြို့တော်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် သက်ဆိုင်သဖြင့် အဇ်ရှာရာ မျိုးနွယ်စု ဤနေရာ၌ ဖွံ့ဖြိုးရန် ရွေးချယ်ခြင်းမှာ သဘာဝကျစွာပင် အကြီးအကဲ အွန်ဒင်း၏ တွေးဆမှုများကြောင့်ဖြစ်သည်။

၎င်းအပြင် ဤနေရာမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတော်လေးနီးကပ်သဖြင့် ၎င်းတို့ထံမှ အထောက်အပံ့ရရန် ပို၍ လွယ်ကူစေ၏။

အဇ်ရှာရာ မျိုးနွယ်စု နတ်သူငယ်မှော်ပညာရှင်များအား ခေါ်ဆောင်လာခြင်းမှာ ဤကိစ္စအတွက်တော့ မဟုတ်ပေ။ ၎င်းမှာ ဤနေရာ၌ တစ်စုံတရာထုတ်လုပ်ရန် New Moon ကုန်သည်ကြီးများအသင်းနှင့် လက်တွဲလုပ်ကိုင်စရာရှိသောကြောင့်ပင်။

Frestech ကုန်သည်ကြီးများအသင်းက မှော်ပုံရိပ်ယောင်ပရိုဂျက်တာ နည်းပညာကို ရရှိခဲ့ကတည်းက New Moon ကုန်သည်ကြီးများအသင်းမှာ ဤနည်းပညာအတွက် လုပ်ဆောင်ချက်များစွာ ဖွံ့ဖြိုးရန် အဇ်ရှာရာ မျိုးနွယ်စုနှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ရသည်။ ၎င်းက ပုံရိပ်ယောင်ရုပ်ရှင်များ ရိုက်ကူးရုံမျှနှင့် မကန့်သတ်ထားပါပေ။

ဤအကြိမ်၌ စတေးလ်မှာ Frestech ကုန်သည်ကြီးများအသင်းအား New Moon ကုန်သည်ကြီးများအသင်းအတွက် ဖျော်ဖြေရေး‌မြို့တော်တစ်ခု တည်ထောင်မည့် ပဲ့ကိုင်အဖြစ် အသုံးပြုရန် စီစဉ်ထားသည်။ ၎င်းက ပုံရိပ်ယောင်ရုပ်ရှင်များကို ထောက်ပံ့ရေးအဖွဲ့များနှင့်အတူ ဒုတိယအာရုံစိုက်ရာအဖြစ် အဓိက အာရုံစိုက်ပြသရန်စီစဉ်ထားပြီး ကုမ္ပဏီအမျိုးမျိုးတို့၏ ကြော်ငြာလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပုံရိပ်ယောင်ပရိုဂျက်တာနည်းပညာအပေါ် နားလည်မှု တိုးမြင့်လာသည်နှင့် အာကာလီ၏ မှော်ပဲ့တင်ထပ်ခြင်းကို လေ့လာသည့် အဖွဲ့မှာ ၎င်းကို မှော်ဆက်သွယ်ရေးကွန်ရက်နှင့် ပေါင်းစပ်ပြီး ၎င်းတို့အား အဝေးမှ ပုံရိပ်ယောင်ရုပ်ရှင်များကို ပြသရန် ခွင့်ပြုထားသည်။

ဤသည်မှာ ကမ္ဘာမြေရှိ ရုပ်မြင်သံကြား ရုပ်သံလွှင့်ခြင်းလိုပင် ခေတ်သတ်မှတ်ခြင်း တီထွင်မှုဟု ယူဆနိုင်သည်။

သို့သော် ဤလောကကြီးထံ၌ ဖျော်ဖြေရေးအသိပညာမရှိသဖြင့် ပါးစပ်စကားလေးတစ်ခုနှင့်တင် ရုတ်ရုတ်သဲသဲအဖြစ်ကို မဖန်တီးနိုင်ပါချေ။

ထို့ကြောင့် စတေးလ်မှာ Frestech မြို့တော်ရှိ ဂီတနှင့် ဗီဒီယိုဖျော်ဖြေရေးစင်တာ၌ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့သည်။ သူမဟာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာ ဝယ်ယူထားသူတိုင်းထံ အချိန်နှင့်တပြေးညီ ရုပ်သံလွှင့်ဖို့ရာ နည်းပညာအသစ်ကို အသုံးပြုမည်ဖြစ်၏။

၎င်းကသာ ချောချောမွေ့မွေ့ဖြစ်သွားခဲ့လျှင် ရှုယီအနေနှင့် New Moon ရုပ်ရှင်ဖျော်ဖြေရေးစင်တာမှာ နယ်မြေကြီး၌ ပထမဆုံးသော TV ရုပ်သံလွှင့်ရုံဖြစ်လာမည်ဟု ယုံကြည်သည်။

၎င်းက နယ်မြေကြီးရှိ ဖျော်ဖြေရေးနယ်ပယ်ကို လုံးဝ ပြောင်းလဲစေလိမ့်မည်ဟုဆိုလျှင်ပင် ချဲ့ကားရာကျမနေပေ။

မှန်ပါ၏ Frestech မြို့တော်၌ တည်ထောင်ရန် ရွေးချယ်ခြင်းမှာ Frestech မြို့တော်အနေနှင့် လက်ရှိတွင် မှော်ပုံရိပ်ယောင် ပရိုဂျက်တာများ အများဆုံးရှိသည့်နေရာ ဖြစ်သောကြောင့်ဖြစ်သည်။

စာရင်းများအရ Frestech မြို့တော်၌ ရောင်းချနေသည့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာ သုံးသောင်းကျော်ရှိသည်။ ၎င်းတို့သာ Frestech မြို့တော်၏ အမြဲတမ်းနေထိုင်သူဖြစ်နေသရွေ့ တစ်ခုတော့ ရှိမည်သာ။

၎င်းတို့ ဖြတ်သွားဖြတ်လာ လူဦးရေအပိုင်းက ဖြစ်ပါလျှင်တောင် ၎င်းတို့တတ်နိုင်သရွေ့ တစ်ခုတော့ ဝယ်ကြလိမ့်မည်။

New Moon ကုန်သည်ကြီးများအသင်းမှာ ပုံရိပ်ယောင်ရုပ်ရှင်ကို လွန်ခဲ့သည့်နှစ်က စမ်းသပ်မှုပြုလုပ်ခဲ့ကာ ၂နှစ်ကြာပြီးနောက် ၎င်းက Frestech မြို့တော်၌ အကြိုဆိုအခံရဆုံး နည်းလမ်းဖြစ်လာသည်။

New Moon ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာမှာ ၎င်းက ၎င်းတို့၏ ယခင်နှစ်ဝင်ငွေ လေးပုံတစ်ပုံဖြစ်ကြောင်း ပြသနေသည်။

၎င်းကို အခြေခံ၍ စတေးလ်မှာ ရှုယီ၏ အကြံပြုချက်ကို လက်ခံ၍ Frestech မြို့တော် ဖွံ့ဖြိုးရေး၌ အာရုံစိုက်ထားသည်။

ဤအကြိမ်တွင် အဇ်ရှာရာ မျိုးနွယ်စု နတ်သူငယ်မှော်ပညာရှင်များက ထိုအတွက် New Moon ကုန်သည်ကြီးများအသင်းကို ကူညီဖို့ ရောက်လာခဲ့သည်။ ၎င်းတို့မှာ ပထမဦးစွာ ပုံရိပ်ယောင်ရုပ်ရှင်အရေအတွက်ကို တိုးမြှင့်မည်ဖြစ်ပြီး နောက်တွင် ပုံရိပ်ယောင်ရုပ်ရှင်ငှားရမ်းခြင်းကို ပို၍ ကျော်ကြားအောင်လုပ်ကာ New Moon ရုပ်ရှင်ဖျော်ဖြေရေးစင်တာကို တည်ဆောက်ရာ၌ အာရုံစိုက်ထားမည်ဖြစ်၏။

မှန်ပါ၏ အဇ်ရှာရာ မျိုးနွယ်စု သို့မဟုတ် New Moon ကုန်သည်ကြီးများအသင်း၏ အစီစဉ်များမှာ ရှုယီကို ဆက်နွယ်နေသော်လည်း ရှုယီက ၎င်းကို အဓိက ဂရုမစိုက်ထားပေ။

ရှုယီလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် Frestech မြို့တော်တစ်ခုလုံးပင် ပါဝင်နေသော အခြားအစီစဉ်ရှိသောကြောင့် Frestech မြို့တော်ကို ရောက်လာခြင်းဖြစ်သည်။

"ဆရာက ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာကို ရွှေ့ချင်တာလား?" Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန် ဖြန့်ဖြူးရေးစင်တာ မန်နေဂျာ အိုဇီလ်က ရှုယီကို တအံ့တဩကြည့်၍ သူ့နားပင် သူမယုံနိုင်ဖြစ်နေသည်၊ "ဥက္ကဌ ဘာလို့... ဒီလိုလုပ်တာလဲ? ကျွန်တော်တို့ Frestech မြို့တော် ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာက အရမ်းကို ချောချောမွေ့မွေ့နဲ့ လည်ပတ်နေပြီး ဘာပြဿနာမှလည်း မရှိဘူးလေ။"

ရှုယီက ပြုံး၍ သူ့အား စိတ်ငြိမ်ငြိမ်ထားဖို့ အချက်ပြလိုက်သည်။ ထို့နောက် အခန်းတွင်း၌ စုစည်းနေကြသူများကိုကြည့်ကာ ပြော၏၊ "ခင်ဗျားတို့အလုပ်နဲ့ ပတ်သက်ပြီး ပြဿနာရှိတယ်လို့ မခံစားရဘဲ အရမ်းကို ထူးချွန်နေတယ်လို့တောင် ထင်ပါတယ်။ နှစ်တိုင်း ထုတ်ကုန်ပမာဏကြီးတစ်ခုကို ကုန်သွယ်ခဲ့ကြပေမယ့် ဘာကြီးကြီးမားမား ပြဿနာမှမရှိဘဲ ဆက်လုပ်နိုင်တာက တကယ်တော့ မလွယ်လှဘူးလေ။"

"ဒါဆို... ဥက္ကဌ ဘာလို့ ဒီလိုလုပ်တာလဲ?" အိုဇီလ်၏ မျက်စောင်းထိုး၌ ထိုင်နေသူ Frestech ကုန်သည်ကြီးများအသင်း၏ CEO လက်ထောက် ကန်နာဆိုဗာက ရှုပ်ထွေးစွာ မေးလာသည်။

ခမ်နက်ဒ်က အလုပ်များနေသောကြောင့် ဤအစည်းအဝေးကို ကန်နာဆိုဗာက သူ့အစားတက်ရောက်ခြင်းဖြစ်သည်။

သို့သော် ရှုယီရှေ့၌ တိုက်ရိုက်ဆန်သည့် ခမ်နက်ဒ်နှင့်စာလျှင် သူဟာ များစွာပိုမို ဂရုစိုက်ထားသည်။

"ရှင်းပါတယ်။ ဘာလို့ဆို Frestech မြို့တော်က လက်ရှိ ဝယ်လိုအားကို မမှီနိုင်လို့ပေါ့" ရှုယီက ဆို၏။

အခန်းရှိလူတိုင်းက အချင်းချင်းကြည့်လိုက်မိကြသည်။

အိုဇီလ်အနေနှင့် မပြောဘဲ မနေနိုင်တော့ပေ၊ "ဥက္ကဌ Frestech မြို့တော်က နှစ်တိုင်း အတော်ကို ချွင်းချက်မရှိ လုပ်ဆောင်နေတာကို ဘာလို့ မလုံလောက်ဘူးထင်ရတာလဲ?"

"ကျုပ် ပြောပြီးပြီပဲ ခင်ဗျားတို့နဲ့ ပြဿနာဖြစ်နေတာမဟုတ်ဘဲ Frestech မြို့တော်ကိုက မဟုတ်ဘူး Frestech မြို့တော်ရှိတဲ့ နေရာကိုက ပြဿနာရှိနေတာ။ ဒီအဓိပ္ပာယ်က ကျုပ်တို့ ကုမ္ပဏီရဲ့ လက်ရှိ ဖွံ့ဖြိုးရေးလိုအပ်ချက်တွေကို မှီနိုင်မှာမဟုတ်ဘူးဆိုတာပဲ။"

ထိုသို့ပြောပြီးနောက် ရှုယီမှာ နံရံထက် ချိတ်ဆွဲထားသော နယ်မြေကြီး၏ ဧရာမမြေပုံထံသွားလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၌ ရေးမထားသည့် စည်းမျဉ်းရှိရာ ၎င်းမှာ အစည်းဝေးခန်းအားလုံး၌ နယ်မြေကြီး၏ အကြီးဆုံးမြေပုံကို ချိတ်ဆွဲထားရန်ဖြစ်သည်။

၎င်းက မူလ၌ ရှုယီ၏ အလေ့အထဖြစ်သော်လည်း ၎င်းကို အကြိမ်များစွာ တောင်းဆိုပြီးနောက် အလေ့အထဖြစ်လာတော့သည်။

ဤအစည်းအဝေးခန်းမကို ပုံမှန်အားဖြင့် အသုံးရှားသော်လည်း ဤနေရာ၌ မြေပုံတစ်ခု ရှိဆဲပင်။

"ကြည့်လိုက်..." ရှုယီမှာ မြေပုံထက်ရှိ Frestech မြို့တော်ကို ညွှန်ပြလာ၏၊ "Frestech မြို့တော်က စတက်တိန်းနယ်မြေရဲ့ ဗဟိုတည့်တည့်မှာရှိပေမယ့်လည်း စတက်တိန်းနယ်မြေက နယ်မြေကြီးရဲ့ အနောက်တောင်ပိုင်းမှာရှိတာမို့ အဝေးလံဆုံးထဲက တစ်နေရာပဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လုပ်ငန်းက အနီးဝန်းကျင်နိုင်ငံတွေမှာ အာရုံထားခဲ့တော့ ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာက ဒီမှာဆို ပြဿနာမရှိခဲ့ပေမယ့် အခုဆိုရင်ရော?"

လူတိုင်းက မြေပုံကို ခဏမျှကြည့်လိုက်ကာ မနေနိုင်ဘဲ ခေါင်းငြိမ့်လိုက်ကြသည်။

ဥက္ကဌမှာ မှန်ပါ၏ စတက်တိန်းနယ်မြေမှာ တကယ်ကို ဝေးလံလွန်းလှသည်။ Frestech ကုန်သည်ကြီးများအသင်း၏ ပန်းတိုင်ကသာ အနီးဝန်းကျင်နိုင်ငံများပဲဆိုပါလျှင် ပြဿနာမဟုတ်ပေ။

သို့သော် ဥက္ကဌ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းတစ်ခုလုံး၏ ရည်မှန်းချက်က ၎င်းတင်မကပေ။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို နယ်မြေကြီးရှိ နိုင်ငံများထံပိုမို ဖြန့်ဖြူးလိုရာ ၎င်းက Frestech မြို့တော်၏ အားနည်းချက်ကို ပြနေ၏။

တကယ်တမ်းတွင် ရှုယီအတွက် ၎င်းတို့ ရှေ့ဆွဲထုတ်လာရန်ပင်မလို၊ ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာ၌ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူများက ၎င်းကိုသိပြီးသားပင်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းက ဘာမှ မဖြစ်ခဲ့သော်လည်း လွန်ခဲ့သော ၂နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းက ဖော့ခ်တိုင်းပြည်၊ မားလိုအင်ပါယာ၊ ကန်ဒရာအင်ပါယာနှင့် ပိုဝေးသောနေရာများအထိ တိုးချဲ့ထားသည်။

ရေကြောင်းပို့ဆောင်ရေးမဆိုနှင့် ကုန်ကြောင်းနှင့်ပင် ထိုနိုင်ငံများမှာ Frestech မြို့တော်မှ အင်မတန်ဝေးလံလှသည်။

၎င်းတို့သာ မပို့ခင် အရင်ဆုံး Frestech မြို့တော်၌ ကုန်စည်အားလုံးကို စုဆောင်းလျှင် အချိန်နှင့် အင်အားဖြုန်းတီးရာကျသည်။

ဥပမာ ဆန်နက်မြေရိုင်းမှာ စတက်တိန်းနယ်မြေ မြောက်ပိုင်းဖြစ်ရာ စက်ရုံများရှိ ထုတ်လုပ်ထားသော ထုတ်ကုန်များအား တောင်ဘက်ရှိ Frestech မြို့တော်သို့ ယူလာပြီးမှ မြောက်ပိုင်း ဖော့ခ်တိုင်းပြည်ထံ ပို့ရမည်၊ သို့မဟုတ် ၎င်းတို့သာ မားလိုအင်ပါယာကို သွားပါလျှင် စက်ဝိုင်းပုံစံသွားနေခြင်းဖြစ်ရာ တကယ်ကို အချိန်ဖြုန်းရာကျ၏။

"ဒါကြောင့် ကျုပ်တို့ကုမ္ပဏီရဲ့ လက်ရှိတိုးတက်ရေးကို တုံ့ပြန်ဖို့ ကျုပ်က ကုမ္ပဏီအတွင်းမှာ ပို့ဆောင်ဆက်သွယ်ရေးဌာနတစ်ခု တည်ဆောက်ပြီး Frestech မြို့တော်လေးမှာတင် ကန့်သတ်မထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီဌာနက အဓိကအနေနဲ့ ဝယ်လိုအားအပေါ်အခြေခံပြီး တတ်နိုင်သမျှ မြန်မြန် ကုန်စည်ပို့ဆောင်ရေးမှာ တာဝန်ယူပြီး ဝယ်သူဆီ အဆင်ပြေ ဈေးချိုချိုနဲ့ မြန်မြန်ပို့ပေးရမယ်။"

အခန်းထဲရှိ လူအားလုံး၏မျက်လုံးများက ၎င်းကိုကြားချိန်၌ တောက်ပသွားသည်။

ဥက္ကဌက ကုမ္ပဏီအနေနဲ့ ဖြန့်ဖြူးရေးစင်တာအပေါ် ပိုအရေးပေးတော့မယ်လို့ ပြောနေတာလား?

၎င်းမှာ ဤနေရာရှိလူများအတွက် သတင်းကောင်းဖြစ်သည်၊ အဘယ့်ကြောင့်‌ဆိုသော် ဤဌာနကို အရေးပိုပေးပါလျှင် ရံပုံငွေများပိုမို ရင်းနှီးမြှုပ်နှံလာမည်ဖြစ်ပြီး ၎င်းတို့၏ အနေအထားကလည်း ပိုမြင့်လာမည့် အဓိပ္ပာယ်ပင်။

ရှုယီက ဝေ့ဝိုက်ကြည့်၍ အသာပြုံးလိုက်၏။

သဘာဝကျကျပင် သူဟာ လူတိုင်း စဉ်းစားနေသည်ကို မြင်နိုင်ပါ၏။

သို့သော် သူ့အနေနှင့် ၎င်းကို ဂရုမစိုက်ပေ။

မျှော်လင့်ချက်နှင့် ရည်မှန်းချက်ရှိခြင်းက အားအင်အဖြစ် ပြောင်းလဲလွယ်လေရာ ဆိုးရွာနေသည်မဟုတ်ချေ။

Frestech ကုန်သည်ကြီးများအသင်းတိုးတက်လာသည်နှင့်အမျှ ၎င်းတို့မှာ ထောက်ပံ့ပို့ဆောင်ရေး၌ ပိုအရေးထားသင့်သဖြင့် ရှုယီမှာ ဤဌာန၏ လူများထံမှ လုပ်ချင်စိတ်ကို ပို၍ ပို၍ လိုအပ်သည်။

"တိကျတဲ့အစီစဉ်တွေအတွက်ကတော့ ကုမ္ပဏီက အရင်ဆုံး သုတေသနတချို့လုပ်ဖို့လိုမယ်..."

ရှုယီက ထိုစကားတစ်ဝက်လောက်ပြောလိုက်စဉ်တွက် အစည်းအဝေးခန်းတံခါးကို ရုတ်တရတ် တွန်းဖွင့်ခံလိုက်ရ၏။

အားလုံးလှည့်ကြည့်လိုက်သော် သက်လတ်ပိုင်းလူကြီးတစ်ဦးက ဟောဟဲဆိုက်လျက် အခန်းထဲ ရောက်လာသည်။

၎င်းက မည်သူဖြစ်သည်ကိုမြင်သော် လူတိုင်း အံ့အားသင့်သွားသည်။

တံခါးဖွင့်လာသူမှာ Frestech မြို့တော်ကို စီမံခန့်ခွဲပေးသူတဖြစ်လည်း Frestech မြို့တော်ရှိ ကိစ္စအကြီးအသေးအားလုံးကို တာဝန်ယူရသည့် ဆန်ဒီကိုဖြစ်သည်။ ပုံမှန်အားဖြင့် သူဟာ အင်မတန်တည်ငြိမ်သူဖြစ်ပြီး ဤအခန်းထဲရှိလူများအနေနှင့် ထိုလူ ယခင်က ကြောက်ရွံ့နေသည်ကို မြင်ရသည်မှာ ရှားပါးလှသည်။

ရှုယီမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသွား၏။

"ဆန်ဒီကို ဘာဖြစ်လို့လဲ?"

ဆန်ဒီကိုက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ရှုယီဘေးသို့ အမြန်ရောက်လာပြီး ရှုယီထံ အတန်ငယ် တွန့်ကြေနေသော စာရွက်တစ်ပိုင်းကို ထုတ်လိုက်သည်။

"ဥက္... ဥက္ကဌ တစ်ခုခု... ပြဿနာအကြီးကြီးတက်နေပြီ...."

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၁၀။ မင်းထင်သလို အရေးမကြီးဘူး

ဆန်ဒီကို၏ တုန်ရီနေသော အသံမှာ တိုးဖွသော်လည်း အခန်းတွင်း၌ တိတ်ဆိတ်လှသောကြောင့် လူတိုင်းမှာ ၎င်းကို ကြားပြီး တစ်ချိန်တည်း၌ မနေနိုင်အောင် အမူအရာအမျိုးမျိုးကို ထုတ်ပြလာသည်။

ရှုယီ၏ အမူအရာက တည်ငြိမ်နေပြီး သူ မသောက်ရသေးသည့် ရေခွက်ကို ယူပေးလိုက်သည်။

"စိတ်လျှော့ ဖြေးဖြေး ရှင်းပြပါ"

ဆန်ဒီကိုမှာ ရေတစ်ခွက်ယူကာ ချောင်းနှစ်ချက်ခန့်ဆိုးလိုက်ပြီးနောက် သောက်လိုက်လေသည်။ ထိုမှသာ သူဟာ အသက်ရှူနိုင်သွားကာ သူ့လက်ထဲရှိ စာရွက်အပိုင်းလေးကို ရှုယီလက်ထဲ လွှဲပေးလိုက်နိုင်၏။

"ဥက္ကဌ ဒါက စခ်တိုင်းပြည်ဘက်က လာတာပါ။"

"စခ်တိုင်းပြည်?" ရှုယီမှာ ဆန်ဒီကို,ကို တအံ့တဩကြည့်လိုက်ပြီး ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်၍ လက်ထဲရှိ စာရွက်အပိုင်းကို ဖွင့်ကြည့်လိုက်သည်။

စာရွက်အပေါ်၌ မျဉ်းနှစ်ကြောင်းသာ ရှိနေပြီး အင်မတန် ရိုးရှင်းသော်လည်း ရှုယီဖတ်ကြည့်ပြီးနောက်၌ မနေနိုင်ဘဲ အံ့အားသင့်ဟန် ပြလာလေသည်။

"စခ်တိုင်းပြည်မှော်သုတေသန ဌာနက မှော်အမြောက်ကို ထုတ်လုပ်ခဲ့ပြီး မကြာခင် အစုလိုက်အပြုံလိုက် ထုတ်လုပ်တော့မယ်လို့ ကြေငြာလိုက်ပြီ။"

၎င်းမှာ စကားလုံးအနည်းငယ်မျှသာဖြစ်သော်လည်း အဓိပ္ပာယ်ကတော့ ပြည့်ဝသည်ပင်။

ပထမဦးစွာ စခ်တိုင်းပြည်မှ မှော်အမြောက်ကိုတီထွင်ခြင်းသည် အံ့အားသင့်ဖွယ်သတင်းတစ်ပုဒ်ဖြစ်သည်မှာ သေချာပါသည်။

Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်းက စစ်တပ်သုံးမှော်စက်များကို အမြဲတမ်း ထိန်းချုပ်ထားခဲ့သည်။ လမ်ပူရီတိုင်းပြည် နှင့် ရူဒ်ဆန်တိုင်းပြည်တို့သည် Frestech ကုန်သည်ကြီးများအသင်း၌ အစိတ်အပိုင်းတစ်ခုရှိသောကြောင့် ၎င်းတို့တွင် စစ်တပ်မှော်စက်အချို့ကို ဆုပ်ကိုင်ထားသော်လည်း ၎င်းတို့ထံတွင် ပဏာမစစ်တပ်မှော်စက်များသာ ရှိသေးသည်။ ၎င်းတို့ တပ်များ၏ အင်အားကို တိုးမြှင့်ရန်က ပြဿနာမဟုတ်သော်လည်း ၎င်းတို့၏ မှော်စက်များသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ကိုက်ညီရန် ဝေးကွာနေသေးသည်။

Frestech ကုန်သည်ကြီးများအသင်းမှ ဆုပ်ကိုင်ထားသော အဆင့်မြင့် စစ်ဘက်မှော်စက်များထဲတွင် မှော်အမြောက်သည် ပိုအရေးကြီးသော စက်များထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင်၊ ရှုယီ၏ စစ်ဘက်သုံးမှော်စက်များ တီထွင်ထုတ်လုပ်ရန် အစီအစဉ်တွင် မှော်အမြောက်များသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ယခုအခါ စခ်တိုင်းပြည်သည် ၎င်းကို အမှန်တကယ် တီထွင်နိုင်ခဲ့သဖြင့် စစ်ဘက်သုံးမှော်စက်များပေါ်တွင် Frestech ကုန်သည်ကြီးများအသင်း၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ပစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ယင်းသည် Frestech ကုန်သည်ကြီးများအသင်းအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်ကြောင်း သံသယရှိစရာမလိုသော်လည်း အခြားနိုင်ငံများအတွက် လှုံ့ဆော်မှုသတင်းတစ်ခုဖြစ်သည်။

စခ်တိုင်းပြည်သည် မှော်အမြောက်ကို တီထွင်ခဲ့ခြင်းဖြစ်သောကြောင့် အခြားနိုင်ငံများက ၎င်းကို တီထွင်ရန် မျှော်လင့်ချက်ရှိပြီး Frestech ကုန်သည်ကြီးများအသင်းနှင့်တင် ကန့်သတ်ထားမည်မဟုတ်တော့သောကြောင့်ဖြစ်သည်။

ထို့အပြင်၊ ဤသတင်းကို ချဲ့ထွင်ခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းမပါဘဲ မှော်အမြောက်ကို တီထွင်နိုင်ခြင်းကြောင့်၊ ၎င်းတို့အနေဖြင့် အခြားသော စစ်ဘက်ဆိုင်ရာ မှော်စက်များကို ၎င်းတို့ကိုယ်တိုင် တီထွင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

၎င်းကိုတွေးကြည့်သော် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်တွေဟာ နေရာမှ ပြုတ်ကျမသွားသလို ၎င်းတို့ကလည်းတီထွင်ခဲ့ခြင်းပင်။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ဖွံ့ဖြိုးအောင်လုပ်နိုင်သည့်အတွက် အခြားသူများလည်း ထုတ်လုပ်လာနိုင်တယ်လို့ ဆိုလိုခြင်းမဟုတ်ပေဘူးလား။

စစ်တပ်သုံးမှော်စက်လုပ်ငန်းကို ဝင်ရောက်လိုသူများအတွက် ဤအရာသည် ၎င်းတို့၏ ယုံကြည်မှုအတွက် အကြီးမားဆုံး တွန်းအားတစ်ခုဖြစ်သည်။

အိမ်သုံး မှော်စက်များ တီထွင်လိုသူများအတွက်လည်း ၎င်းက ယုံကြည်မှု တိုးစေသည်။

စခ်တိုင်းပြည်မှ ဤသတင်းကို ကြေငြာခြင်းတွင် မည်သို့သော အကျိုးသက်ရောက်မှုရှိမည်ကို တွေးကြည့်နိုင်ပါသည်။

Frestech ကုန်သည်ကြီးများအသင်းကိုလည်း ထိခိုက်မည်မှာ သေချာသည်။

ရှုယီအံ့အားသင့်သွားပြီးနောက်တွင် ၎င်းကို တွေးတောပြီးနောက် တည်ငြိမ်သောအပြုံးကို ထုတ်ဖော်လိုက်သည်။ စာရွက်တစ်ရွက်ကို အိုဇီးလ်အား ဖတ်ခိုင်းပြီးသည်နှင့် အခန်းထဲရှိ အခြားသူများကို စာရွက်စာတမ်းများ တိတ်တဆိတ် ပေးလိုက်သည်။

ဤစာတမ်းကိုဖတ်ပြီးနောက် အခန်းတွင်းရှိလူတိုင်း တိတ်ဆိတ်သွားသော်လည်း သူတို့အားလုံး၏မျက်နှာပေါ်တွင် လေးနက်သောအကြည့်များ ရှိနေကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အလယ်အဆင့် မန်နေဂျာများအနေနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် ဤအရာ၏ ပြင်းထန်သော အကျိုးသက်ရောက်မှုအား ရှင်းရှင်းလင်းလင်း သိနေပါသည်။

Frestech ကုန်သည်ကြီးများအသင်းက အလျင်အမြန် တိုးတက်ခဲ့သည်။ ဤသို့အထူးအဆင့်အတန်းကို ရရှိရခြင်းအကြောင်းရင်းမှာ ၎င်းတို့၏ မှော်စက်များ၊ အထူးသဖြင့် စစ်တပ်သုံးမှော်စက်များပေါ်တွင် ၎င်းတို့၏ လက်ဝါးကြီးအုပ်ထားမှုကြောင့် ဖြစ်သည်။ ၎င်းသည် လူများစွာကို Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်စေခဲ့သည်။

ယခုမူ Frestech ကုန်သည်ကြီးများအသင်း၏ လက်ဝါးကြီးအုပ်မှုသည် ကြီးမားသော ထိုးနှက်ချက်တစ်ခု ကြုံတွေ့ခဲ့ရပြီး ၎င်းတို့သည် ယခင်ကဲ့သို့ အင်အားကြီးသော လက်ဝါးကြီးအုပ်မှုမျိုး ရှိတော့မည်မဟုတ်ပေ။ Frestech ကုန်သည်ကြီးများအသင်းကို မတူကွဲပြားစွာ ဆက်ဆံကြမည့်သူများစွာရှိခဲ့သည်။

ဤအရာ၏ သက်ရောက်မှုကို စကားလုံးအနည်းငယ်ဖြင့် ဖော်ပြ၍မရပါချေ။

"ဥက္ကဌ......" အိုဇီးလ် က သူ့ပါးစပ်ကိုဟပြီးနောက် ဘာပြောရမှန်းမသိဖြစ်နေသည်ကို တွေ့လိုက်ရ၏။

အစည်းအဝေးခန်းရှိ အခြားလူများက ရှုယီအား အလားတူ လေးနက်သော အမူအရာဖြင့် ကြည့်နေသော်လည်း ဤအချိန်တိုလေးအတွင်း မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိသောကြောင့် အားလုံးက စကားလာပြောရန် စောင့်ဆိုင်းနေသည့်နှယ် ရှုယီကို ကြည့်နေကြသည်။

ရှုယီက လူတိုင်းကို ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြော၏၊ "ဘာလဲ? ကျုပ်ကို ဘာလို့ကြည့်နေတာလဲ။ ကျုပ် မျက်နှာမှာ တစ်ခုခုရှိနေလို့လား"

အားလုံးက အချင်းချင်းကြည့်လိုက်ပြီးနောက် ဆန်ဒီကို က ရယ်ရမလား ငိုရမလား မသိသည့် အသံဖြင့် မေးလိုက်၏၊ "ဥက္ကဌ၊ အချိန်က ဘယ်နှနာရီရှိပြီလဲ၊ဟာသလုပ်နေတုန်းပဲလား"

"ဟုတ်ပါတယ် ဥက္ကဌ" အိုဇီးလ်က ပြော၏၊ " ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို အမြန်စဉ်းစားဖို့ လိုပါတယ် "

ရှုယီက သက်တောင့်သက်သာဟန်ဖြင့် ပခုံးတွန့်ကာ "ဘာကိစ္စရှိလို့လဲ။ ခင်ဗျားတို့အားလုံး ဘာလို့ ဒီလို လေးနက်နေတာလဲ။ ဒီကိစ္စက အရမ်းပြင်းထန်နေလိုအလား"

အားလုံးက ဘာပြန်ပြောရမှန်းမသိဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြ၏။

ထိုကိစ္စက ဘယ်လောက်အရေးကြီးတယ်ဆိုတာ လွယ်လွယ်ပြောနိုင်ရာ ဥက္ကဌက ၎င်းကို မမြင်သည်က မဖြစ်နိုင်ပေ။

သို့ပေမယ့် ဥက္ကဌက ဘယ်လို တုံ့ပြန်နိုင်မှာလဲ ။ ဒါက တကယ်မပြင်းထန်ဘူးလို့ သူခံစားမိလို့များလား။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!

“ဥက္ကဌ……”

ရှုယီသည် ဆန်ဒီကို ကိုဖြတ်ပြောရန် သူ့လက်ကို မြှောက်လိုက်သည်။

“ဒီကိစ္စက ဒီနေ့ ဆွေးနွေးနေတဲ့ အတိုင်းအတာထဲမှာ မဟုတ်ဘူး၊ အချိန်မဖြုန်းပါနဲ့” ထိုသို့ပြောပြီးနောက် အိုဇီးလ်ဘက်လှည့်ကာ၊ “ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာအသစ် ထူထောင်ဖို့ အဆင်သင့်ပြင်ဆင်ထားသင့်တယ်။ ကျုပ် ခင်ဗျားတို့အားလုံးဆီကနေ တစ်လအတွင်း ကနဦးအစီအစဉ်တစ်ခုလိုချင်ပြီး ထုတ်ကုန်အသစ်ဖြန့်ဖြူးရေးစင်တာအတွက် အစီအစဉ်ကို ကျုပ်ဆီတင်ပြပါ။ ဒီနှစ်အတွင်းမှာ ထုတ်ကုန်သစ်ဖြန့်ဖြူးရေးစင်တာကို စတင်လည်ပတ်စေချင်ပြီး နောက်နှစ်မှာ အသုံးပြုဖို့ရမယ် နားလည်ကြသလား”

အိုဇီးလ်နှင့် ဆန်ဒီကိုတို့သည် ခေါင်းညိတ်ပြခြင်းမပြုမီ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။

"ဟုတ်ကဲ့ပါ ဥက္ကဌ"

"ဒါဆို ကျုပ်တို့ ဒီအတိုင်းထားလိုက်မယ်" ရှုယီသည် ဆန်ဒီကို ၏ ပခုံးကို ပုတ်ကာ ခေါင်းညိတ်ပြသည်၊ "ဆန်ဒီကို၊ ထုတ်ကုန်ဖြန့်ဖြူးရေးစင်တာအသစ်ကိုတည်ဆောက်ပြီးနောက်ကျရင် Frestech မြို့တော် ကိုထိခိုက်လိမ့်မယ်၊ ဒီတော့ မြို့စားအနေနဲ့ ပြင်ဆင်ထားသင့်တယ်။ ငါမင်းကို အကြံဥာဏ်တစ်ခုပေးမယ်၊ New Moon ကုန်သည်ကြီးများအသင်းကိုပိုပြီးဆက်သွယ်လိုက်၊ New Moon ကုန်သည်ကြီးများအသင်းအစီအစဥ်က Frestech မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ်လို့ ထင်တယ်။”

"New Moonကုန်သည်ကြီးများအသင်း?" ဆန်ဒီကို သည် အနည်းငယ် တုံ့ဆိုင်းသွားသော ရှုယီကို ကြည့်လိုက်သည်။

“တုံ့ဆိုင်းမနေပါနဲ့။ ငါ့ဇနီးက စတေးလ်ဆိုပေမယ့် New Moon ကုန်သည်ကြီးများအသင်းကတော့ New Moon ကုန်သည်ကြီးများအသင်းဖြစ်ပြီး စတေးလ်က စတေးလ်ပဲ။ New Moon ကုန်သည်ကြီးများအသင်းရဲ့ အစီအစဥ်အသစ်က အရမ်းကိုအလားအလာကောင်းတာမို့ ဒီအကြံပြုချက်ကို ပေးတာပဲ။ ဒါက Frestech မြို့တော် ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းသစ်ကို ရရှိစေနိုင်တယ်။”

“ဟင့်အင်း ကျွန်တော်နားလည်ပါတယ်။” ဆန်ဒီကို က ခေါင်းတညိတ်ညိတ်ဖြင့်ဖြေသည်၊ "ကျွန်တော် New Moon ကုန်သည်ကြီးများအသင်းကို သွားပါမယ်။"

“ကောင်းပြီ၊ ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ ခုနက ပြောခဲ့တာတွေကို လေ့လာဖို့ အချိန်ယူသင့်တယ်။”

၎င်းကိုပြောပြီးနောက် ရှုယီသည် သူ့လက်ကို ဝှေ့ယမ်းပြီး အစည်းအဝေးခန်းမှ ထွက်လာခဲ့သည်။

စကားအနည်းငယ်ပြောပြီးနောက် ရှုယီ၏ မှော်ဆက်သွယ်ရေးကိရိယာမှ အသံထွက်လာ၏။

ရှုယီက လုံးဝမအံ့သြဘဲ ချက်ချင်းထလိုက်သည်။

"ဟေ့ မင်းက ခမ်နက်ဒ် လား"

မှော်ဆက်သွယ်ရေးကိရိယာမှ ခမ်နက်ဒ် ၏ အသံမှာ အနည်းငယ် အံ့အားသင့်သွားဟန်ရသည်။

"ဥက္ကဌ၊ ခင်ဗျားဘယ်လိုသိတာလဲ"

"မမှားပါဘူး၊ ငါသတင်းရထားပြီးသားဆိုတော့ မင်း က CEO အနေနဲ့ ဒါကို ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး။ ဒီသတင်းကိုရပြီးတော့ ငါ့ကိုမရှာဘူးဆိုရင် မင်းက CEO ဖြစ်ဖို့တောင် မလိုဘူး။"

“ဟား……” ခမ်နက်ဒ်က ရယ်မောရင်း မေးလိုက်၏၊ “ ဥက္ကဌ၊ စခ်တိုင်းပြည်ရဲ့ ကိစ္စ…….. ဘယ်လိုထင်လဲ”

"ငါဘယ်လိုထင်လဲ?" ရှုယီက ရယ်ပြီး "ငါ အရမ်းပျော်နေတယ်လို့ ပြောရင် ယုံမှာလား။"

ခမ်နက်ဒ် မှာ ကူကယ်ရာမဲ့စွာ သက်ပြင်းမချမီ မှော်ဆက်သွယ်ရေးကိရိယာမှာ အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။

"ဥက္ကဌ၊ နယ်မြေကြီးတစ်ခွင်မှာ မှော်စက်လုပ်ငန်းကို ဖြန့်ကျက်ဖို့ဆိုတဲ့ ခင်ဗျားရဲ့စံနမူနာအကြောင်း ကျွန်တော်အမြဲသိထားတယ်၊ ဒါကြောင့် လူတိုင်းက မှော်စက်တွေရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်မယ်ဆိုပေမယ့် ……ဒါက ကျွန်တော်တို့ ကုမ္ပဏီအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိသင့်တယ်။ စစ်ဘက်သုံး မှော်စက်တွေနဲ့ ပတ်သက်ပြီး အားသာချက်တွေ ဆုံးရှုံးရင်၊ ကျွန်တော်တို့ ကုမ္ပဏီက အကြီးအကျယ် ထိခိုက်မှာပဲ။ ခင်ဗျားအတွက် အရေးကြီးတဲ့ အိမ်သုံး မှော်စက်ဌာနမှာတောင် ကျွန်တော်တို့ကို ထိခိုက်စေနိုင်တယ်။”

“မင်းထင်သလောက်လည်း မပြင်းထန်ပါဘူး။ တကယ်တော့၊ စခ်တိုင်းပြည်က မှော်စက်လုပ်ငန်းမှာ လူတွေကို ရင်းနှီးမြှုပ်နှံဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့် ငါတို့ကို အများကြီး အထောက်အကူဖြစ်စေတဲ့အတွက် အရမ်းဝမ်းသာမိတယ်။” ရှုယီက ပြောသည်။

"ဒါပေမယ့် ဥက္ကဌ......"

"ခမ်နက်ဒ်၊ ငါတို့ကုမ္ပဏီရဲ့ရှုထောင့်ကိုအခြေခံရရင်၊ ဒါကမကောင်းတဲ့အရာလို့ငါမထင်ဘူး။" ရှုယီက ခမ်နက်ဒ်ကို စိတ်ရှည်ရှည်နဲ့ ဆက်ရှင်းပြသည် “လူတော်တော်များများက သူတို့ပစ္စည်း ကောင်းတာကိုပဲ သိတယ်။ ဥပမာ၊ အိမ်သုံး မှော်စက်တွေနဲ့ ပြောရရင်၊ တခြား ကုမ္ပဏီတွေ မရောက်ခင်၊ ငါတို့ကုမ္ပဏီရဲ့ မှော်စက်တွေက အလွန်ရေပန်းစားပေမယ့်လည်း၊ ငါတို့ ကုမ္ပဏီရဲ့ မှော်စက်တွေ ဘယ်လောက် အရည်အသွေးကောင်းတယ်ဆိုတာကို သိတဲ့သူအများကြီးရှိခဲ့တယ်။ တခြားမှော်စက်ကုမ္ပဏီတွေ ပေါ်လာပြီး အမှတ်တံဆိပ်တွေ ပိုများလာတဲ့အခါကျရင် လူတွေက Frestech တံဆိပ်ဟာ တခြား တံဆိပ်တွေထက် အများကြီး ပိုကောင်းတယ်ဆိုတာကို နှိုင်းယှဉ်ကြည့်ပြီး သူတို့က ကုမ္ပဏီရဲ့ ရောင်းအားကို တိုးမြင့်လာစေတယ်။”

“ဒါက မှန်ပါတယ်၊ ဒါပေမယ့် အိမ်သုံး မှော်စက်တွေက စစ်တပ်သုံးမှော်စက်တွေနဲ့ မတူဘူးလေ……” ခမ်နက်ဒ် ၏ အသံမှာ အနည်းငယ် စိုးရိမ်နေသေးသည်။

ရှုယီက ဆို၏၊ "ခမ်နက်ဒ်၊ မင်းရဲ့စိုးရိမ်မှုတွေကို ငါသိတယ်၊ ဒါပေမယ့် စိတ်ချပါ၊ ဒါက မတူဘူး"

"ဥက္ကဌ ခင်ဗျား......"

"ငါ့ကိုယုံ။ ဒါကိုဖြေရှင်းဖို့ နှစ်ရက်အချိန်ပေး၊ ငါ ရှင်းပြပေးပါ့မယ်။"

“ဒါက… ဥက္ကဌ၊ ကျွန်တော့်ကို ရှင်းပြစရာ မလိုပါဘူး၊ ဒါပေမယ့်… နည်းနည်းတော့ စိတ်ပူမိတယ်။ ခင်ဗျား အဆင်သင့်ဖြစ်နေပြီဆိုရင် ကျွန်တော်စိတ်ချနိုင်ပါတယ်"

“ဟုတ်ပြီ။”

ခမ်နက်ဒ် ဖုန်းကို ချလိုက်ပြီးနောက်၊ ရှုယီသည် ဆခတ္တရပ်တန့်ပြီးနောက် ခလုတ်အချို့ကို နှိပ်၍ မှော်ဆက်သွယ်ရေးကိရိယာကို ထပ်မံဖွင့်လိုက်သည်။

"ဟယ်လို၊ ဒါက ဥက္ကဌလား။" ခဏအကြာတွင်၊ အီဗီတာ၏အသံသည် မှော်ဆက်သွယ်ရေးကိရိယာထံမှထွက်လာသည်။

"ငါပါ။ အီဗီတာ၊ ငါ ပင်မအခြေစိုက်စခန်းကို ခဏလာမယ်၊ ထရီဇာကို မင်းရဲ့ရုံးခန်းကို ခေါ်ခဲ့၊ သူနဲ့တွေ့ချင်တယ်"

တစ်ဖက်မှ တိတ်ဆိတ်သွားပြီး အီဗီတာက အသက်ပြင်းပြင်းရှူလိုက်၏။

"ဥက္ကဌကြီးဖြစ်ပါ့မလား....."

“ဖြစ်တယ်၊ အချိန်ရောက်ပြီ။”

“ကောင်းပါပြီ……”

All Chapters