အခန်း (၁၂၁-၁၃၀)
Vol. 6 Ch. 121-130
Vol 6, အခန်း ၁၂၁။ ဧရာမသံလိုက်ကြီးနှစ်ခု
နယ်စားဝင်းဒ်ဆာ၏ ပိတ်ဆို့ထားမှုကြောင့် စွန့်ပစ်ခံထားရဟန်ပေါ်နေသော တောင်ပိုင်းခရိုင်နှင့်ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက် ထုတ်ကုန်များ၏ စီးဆင်းမှုရှိသော ကန်ဒရာအင်ပါယာ၏ အခြား အပိုင်းများမှာ မှော်စက်မှုနယ်ပယ်၏ ဒီရေမြင့်တက်လာခြင်းကို မရှောင်တိမ်းနိုင်ပေ။
လူများမှာ တူညီသည့် ထုတ်ကုန်အတွက် ၎င်းတို့ကို ပုံမှန်လက်သမားများက ပြုလုပ်ထားလျှင် ပိုမိုကြာညောင်းရုံသာမက အကုန်အကျပိုများသလို အရည်အသွေးကလည်း မတည်ငြိမ်ဘဲ လုပ်ဆောင်ချက်ကောင်းလည်းမရှိနိုင်သည်ကို တွေ့ရှိသွားကြသည်။
မှော်စက်ကုမ္ပဏီများ၏ မှော်ထုတ်လုပ်ရေးစက်များဖြင့်ဆိုလျှင် ၎င်းသည် လုံးဝခြားနားသော ကိစ္စတစ်ခုဖြစ်သည်။
ထုတ်ကုန်တစ်ခုစီအား ထုတ်လုက်သည့် အချိန်တိုတောင်းရုံသာမက အချိန်တိုအတွင်း ထုတ်ကုန်အများအပြားကို ဖန်တီးနိုင်စေခဲ့သည်။ ကုန်ကျစရိတ်သက်သာရုံသာမက ထုတ်ကုန်တိုင်းကို တူညီသည့် ပုံသွင်းထုလုပ်ထားသကဲ့သို့ အရည်အသွေးလည်း ပိုမိုတည်ငြိမ်သည်။
စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်သောအခါတွင် ထုတ်လုပ်ရေးမှော်စက်အသစ်များနှင့် Frestech ကုန်သည်ကြီးများအသင်း၏ပစ္စည်းများကို အသုံးပြုထားသည့် ထုတ်ကုန်များသည် ယခင်ကထက် များစွာပိုမိုကောင်းမွန်သည်။
သာမန်လူအများစု မကြာခဏအသုံးပြုသော ပေါက်တူးကိုပင် ဥပမာကြည့်နိုင်သည်။
ယခင်က ပေါက်တူးတစ်ချောင်းရဖို့ရန် ပန်းပဲဆရာမှာ ရက်အတော်ကြာအောင် လုပ်ရသည်။
အကောင်းဆုံးပန်းပဲဆရာဖြစ်ခဲ့ပါလျှင်တောင်100% အောင်မြင်မယ်ဟု အာမ,မခံနိုင်ပါချေ။
ထို့အပြင်၊ ဤပေါက်တူးကို သံသွန်းလုပ်သော ပန်းပဲဆရာက လွှမ်းမိုးထားသည်။ သံကိုအရည်ကျိုပုံမှားပါက၊ ပေါက်တူးသည် ကြွပ်ဆတ်ပြီး အနည်းငယ်အသုံးပြုပြီးနောက် ကွဲသွားခြင်း သို့မဟုတ် ပေါက်တူးသည် အလွန်ပျော့ပျောင်းပြီး ပေါက်တူးအလုပ်ကို လုပ်ဆောင်နိုင်ခြင်းရှိမည်မဟုတ်ပေ။
သို့ပေမယ့် လယ်ယာသုံးကိရိယာများကို အထူးပြုသည့် စတက်တိန်းနယ်မြေမှော်စက်ကုမ္ပဏီတစ်ခုကနေ တင်သွင်းလာသော ပေါက်တူးတွေဟာ တစ်ခုနှင့်တစ်ခု အတူတူဖြစ်နေသည်။ ထို့အပြင် ၎င်းတို့အားလုံးကို Frestech ကုန်သည်ကြီးများအသင်းမှ အထူးခိုင်ခံ့သောသတ္တုစပ်ဖြင့် ပြုလုပ်ထားသောကြောင့် ၎င်းသည် တာရှည်ခံသလို ရိုးရိုးပန်းပဲဆရာလုပ်ထားသည့် ပေါက်တူးထက်လည်း ပိုကောင်းပါသည်။
တိုရီယာ ခရိုင်ရှိ ထင်ရှားသောဓားသူရဲကောင်းတစ်ဦးသည် ဤပေါက်တူးကိုတွေ့မြင်ခဲ့ရာ ၎င်းသည် သူ အနှစ်,နှစ်ဆယ်ကြာ အသုံးပြုခဲ့သော ဓားထက် ပိုမိုမာကျောပြီး ထက်မြက်ကြောင်း တွေ့ရှိခဲ့ရသည်၊ သူ၏ဓားမှာ ကန်ဒရာအင်ပါယာ၏ နာမည်ကျော် ပန်းပဲဆရာက ဖန်တီးခဲ့သော ဓားဖြစ်သည်။
ပေါက်တူးကို စမ်းသပ်ကြည့်သော် ဂေါ်ပြားက သူ့ဓားနှင့် ယှဉ်လျှင် သုံးရတာ ပိုလွယ်သည်ကို တွေ့ခဲ့ရသည်။ သူ့ထံတွင် အသိ ပန်းပဲဆရာတစ်ယောက်ရှိရာ ဤဂေါ်ပြားကို ဓားပုံစံအဖြစ်သို့ ပြောင်းလဲခိုင်း၍ အနှစ်နှစ်ဆယ်ကြာ အသုံးပြုခဲ့သော ဓားဖြင့် လဲလှယ်ပစ်လိုက်သည်။
၎င်းဟာ ကောလဟာလတစ်ခုသာဖြစ်သော်လည်း ၎င်းကောလဟာလကနေ တစ်စုံတစ်ခုကို မြင်နိုင်ပါ၏။
အကယ်၍ သံတမန် ဟာကာနင်မှတဆင့် မှော်စက်များ တင်သွင်းသည့် Frestech ကုန်သည်ကြီးများအသင်းနှင့် ဘာရွန် ဘယ်လီ ဖွင့်လှစ်သော မှော်ကားအရောင်းဆိုင်မှတဆင့် မျိုးရိုးမြင့်များ၏ လူနေမှုဘဝများကိုသာ သက်ရောက်စေသည်ဟု ဆိုရလျှင်၊ ကန်ဒရာအင်ပါယာရေတပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စတက်တိန်းနယ်မြေထံမှ ကုန်ပစ္စည်းအမြောက်အမြား တင်သွင်းခြင်းကြောင့် ယခုအခါ နိုင်ငံသားများ၏ နေထိုင်မှုအပေါ်ကိုပါ သက်ရောက်စေခဲ့သည်။
ဤပစ္စည်းများကို နိုင်ငံသားများတွေ့သည့်အခါ၊ ဤသို့ စျေးချိုပြီး လှပသည့်အဝတ်အစားများ၊ စျေးချိုပြီး သုံးရလွယ်ကူသည့် ကိရိယာများစွာဟာ ဤကမ္ဘာကြီး၌ ရှိနေသည်ကို တွေ့ကြရလေသည်။
တသီးတသန့်ရှိသည့် အရေးပါသူများသာ ရရှိနိုင်သော ပစ္စည်းများသည် ယခုအခါ သာမန်လူများပင် ထိတွေ့နိုင်သော အရာများဖြစ်လာသည်။
နိုင်ငံသားများအတွက်၊ စတက်တိန်းနယ်မြေမှလာသော ဈေးချိုပြီး လှပသည့်အ၀တ်အထည်များကို ၀ယ်ယူခြင်းသည် ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက မျိုးရိုးမြင့်များဖြစ်လာကဲ့သို့ ခံစားရစေသည်။
ထို့ကြောင့် တန်တိုင်းနယ်မြေမှလာသော ကုန်စည်များသည် ကန်ဒရာအင်ပါယာ၏ ပြည်သူများမျှော်လင့်တောင့်တသောအရာဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ပထမအသုတ် ကုန်စည်သည် တောင်ဘက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ သယ်ယူပို့ဆောင်ရေး အကြီးစားမှော်သင်္ဘောခုနစ်စီးပါ ဤသယ်ယူပို့ဆောင်ရေး သင်္ဘောစုတွင် Frestech ကုန်သည်ကြီးများအသင်း၏ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့မှ ကုန်ပစ္စည်းများနှင့် အခြားကုမ္ပဏီ ၁၇ ခုမှ ကုန်စည်များ ပါဝင်ပြီး စုစုပေါင်း တန်ချိန်သုံးသောင်းကျော်ရှိသည်။
သို့သော်လည်း ဤကုန်စည်အသုတ်ကြီး ရောက်ရှိလာသောအခါ ပထမနေ့တွင် ကောလာဟလများကြားပြီးနောက် တောင်ပိုင်းခရိုင်သို့ ရောက်ရှိလာသော ကုန်သည်အသီးသီးမှ လုဝယ်သွားကြသည်။
ဤကုန်စည်မျုး ရောင်းချပြီးနောက်တွင်ပင် ကန်ဒရာအင်ပါယာကုမ္ပဏီများမှ ကုန်သည်ရာနှင့်ချီ ရောက်ရှိလာခဲ့သည်။
ပထမအသုတ်တွင် ကုန်ပစ္စည်းများ ရောင်းထွက်သွားကြောင်း သိပြီးနောက်၊ ဤလူများသည် Frestech ကုန်သည်ကြီးများအသင်းထံ မှာကြားရန် မတွန့်ဆုတ်ခဲ့ပေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယသယ်ယူပို့ဆောင်ရေးသင်္ဘောစုသည် စတက်တိန်းနယ်မြေ ဆိပ်ကမ်းမှ မထွက်ခွာမီတွင် ကုန်ပစ္စည်းအားလုံးကို ရောင်းချပြီးဖြစ်သည်။
စတက်တိန်းနယ်မြေမှ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်း ဆိပ်ကမ်းသုံးခုသို့ သယ်ယူပို့ဆောင်ရသည့် ကုန်စည်များအတွက် အတိုဆုံးခရီးမှာ ဆယ့်သုံးရက်ဖြစ်ပြီး အရှည်ဆုံးခရီးမှာ ဆယ့်ခြောက်ရက်ဖြစ်သည်။
ထို့ကြောင့် တစ်နှစ်ခွဲပြည့်သည်အထိ၊ Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးယာဉ်များသည် ထိုနေရာနှစ်ခုကြားတွင် အပြန်ပြန်အလှန်လှန် လည်ပတ်နေခဲ့သည်။
သယ်ယူပို့ဆောင်ရေး သင်္ဘောစုမှ အစီရင်ခံစာအရ လွန်ခဲ့သော ခုနစ်လက၊ သယ်ယူပို့ဆောင်ရေးသင်္ဘောစုသည် ရေတပ်ဆိပ်ကမ်းများသို့ အကြိမ်တစ်ရာ့တစ်ဆယ့်သုံး(၁၁၃)ကြိမ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ကုန်စည်တန်ချိန်ငါးသိန်းရှစ်သောင်းကိုးထောင်(၅၈၉၀၀၀)ကို သယ်ဆောင်ခဲ့သည်။
ဤကုန်စည်၏တန်ဖိုးနှင့် ပတ်သက်၍ …… Frestech ကုန်သည်ကြီးများအသင်း၏ ကုန်စည်များတွင် စုစုပေါင်းရွှေဒင်္ဂါးတစ်သန်းကျော်တန်ဖိုးရှိသည်။
အခြားကုမ္ပဏီများမှ ကုန်စည်များ၏ စုစုပေါင်းတန်ဖိုးသည် အနည်းဆုံး ရွှေဒင်္ဂါးသန်းသုံးဆယ်ကျော်ရှိမည်ဖြစ်သည်။
သို့သော်လည်း ကန်ဒရာအင်ပါယာအတွင်းသို့ ဝင်ရောက်လာသော ဤများပြားသည့် ကုန်စည်များသည်ပင် ရေပုံးတစ်ပုံးမှ ရေတစ်စက်မျှသာဖြစ်ပြီး ချက်ချင်းစုပ်ယူခံခဲ့ရသည်။
ဤဧရာမ "ရေပုံး" သည် ရပ်တန့်သွားခြင်းမရှိဘဲ ကုန်ပစ္စည်းအမျိုးမျိုးအတွက် မကုန်ခန်းနိုင်သော ဝယ်လိုအားရှိနေ၏။
ရှုယီသည် ဤကိစ္စအတွက် အားကိုးရာမဲ့စွာ ခံစားနေရသည် ။
ကန်ဒရာအင်ပါယာသည် စိုင်စ်နယ်မြေကြီးတွင် အကြီးဆုံး၊ ရှေးအကျဆုံးနှင့် လူဦးရေအများဆုံးအင်ပါယာဖြစ်ပြီး၊ ၎င်းသည် အနောက်တောင်နိုင်ငံများ၏ စုစုပေါင်းစျေးကွက်များကိုပင် ကျော်လွန်နေသော ပြည်တွင်းစျေးကွက်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးနှစ်သည် ကန်ဒရာအင်ပါယာစျေးကွက်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ၎င်းကို အပြည့်အဝမဖွင့်နိုင်သေးသော်လည်း၊ ၎င်းတို့ထံမှ အံ့အားသင့်စရာကောင်းသော ၀င်ငွေကို ရရှိနေပြီဖြစ်သည်။
အနာဂတ်တွင် ကန်ဒရာအင်ပါယာ၏စျေးကွက်ကို အပြည့်အဝ ဖွင့်နိုင်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ ၀င်ငွေသည် ပို၍ကြောက်စရာကောင်းလာမည်ဖြစ်သည်။
ကန်ဒရာ အင်ပါယာသို့ ကုန်ပစ္စည်းများ ပိုမို ပို့ဆောင်နိုင်ရန် Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ သင်္ဘောကျင်းများတွင် ဝန်ထမ်းအပြည့်အ၀ ထည့်ပေးခဲ့သည်။ ၎င်းတို့သည် အစောင့်သင်္ဘောများ ထုတ်လုပ်ခြင်းကိုပင် ရပ်တန့်ခဲ့ပြီး အကြီးစား သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောများကို တည်ဆောက်ရန်သာ အာရုံစိုက်ခဲ့သည်။
သို့သော် အကြီးစားသယ်ယူပို့ဆောင်ရေး မှော်သင်္ဘောဟာ အစောင့်သင်္ဘောနှင့် ယှဉ်လျှင် နှစ်ဆပိုကြာပါ၏။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိထုတ်လုပ်မှုစွမ်းရည်ဖြင့် ၎င်းတို့သည် အင်အားအပြည့်ဖြင့် လည်ပတ်နေသော်လည်း တစ်နှစ်လျှင် သင်္ဘောသုံးစင်းသာ အများဆုံးဖန်တီးနိုင်သည်။
အင်အားကြီးကုမ္ပဏီများသည် Frestech ကုန်သည်ကြီးများအသင်းထံမှ အကြီးစား သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောများကို မှာယူလိုသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်မှုစွမ်းရည်ပြဿနာကြောင့် ၎င်းတို့အား မဖြည့်ဆည်းနိုင်ပေ။
Frestech ကုန်သည်ကြီးများအသင်းက စောင့်ဆိုင်းနိုင်သော်လည်း အခြားကုမ္ပဏီများက မစောင့်နိုင်ပါ။
ကန်ဒရာအင်ပါယာနှင့် Frestech ကုန်သည်ကြီးများအသင်း၏ သိမ်မွေ့သောအခြေအနေကြောင့်၊ နှစ်ဘက်ကြား ဆက်ဆံရေးကို ပြောင်းလဲစေကာ Frestech ကုန်သည်ကြီးများအသင်းအပေါ် ဧကရာဇ်၏ သဘောထားသည် ပြေလျော့သွားသော်လည်း Frestech ကုန်သည်ကြီးများအသင်းအတွက် ခက်ခဲနေဆဲဖြစ်သည်။
သို့ပေမယ့် ၎င်းက အခြားကုမ္ပဏီများကို အနှောင့်အယှက်မပေးပါချေ။
ထို့ကြောင့် အခြားကုမ္ပဏီများတွင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများရှိပြီး ရှုယီသည် ယခုနှစ်အစမှသာ နွေရာသီ ပထမလ အနည်းငယ်အထိ ကြားခံအဖြစ်လုပ်ဆောင်ရန် အစပျိုးလာသောကြောင့် လမ်ပူရီတိုင်းပြည်၏ အကြီးစား၊ အသေးစား ကုမ္ပဏီ 37 ခုနှင့် စတက်တိန်းနယ်မြေမှ ကုမ္ပဏီတို့သည် ကန်ဒရာ အင်ပါယာသို့ ဝင်ရောက်လာကာ ကန်ဒရာ အင်ပါယာ၏ နေရာအသီးသီးတွင် စက်ရုံများဖြင့် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
အဆိုပါစက်ရုံများ၏ တစ်စိတ်တစ်ပိုင်းအား ရေတပ်ဆိပ်ကမ်းများရှိရာ တိုရီယာ ပြည်နယ်အနီးတွင် ဗဟိုချုပ်ကိုင်ထားပြီး ကျန်တစ်ဝက်အား ကန်ဒရာအင်ပါယာ၏ မြို့တော်၊ ဝင်မ်ဘယ်ဒန်မြို့တော်ဝန်းကျင်တွင် ဗဟိုချုပ်ကိုင်ထားသည်။
နယ်ပယ်နှစ်ခုကြားတွင် သေးငယ်သော်လည်း အရေးကြီးသော ခြားနားချက်တစ်ခု ရှိခဲ့သည်။
ဝင်မ်ဘယ်ဒန်မြို့တော်အနီးရှိ အမျိုးမျိုးသော မှော်စက်,စက်ရုံများကို လမ်ပူရီတိုင်းပြည်မှ ဦးဆောင်ပြီး လမ်ပူရီတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့က စာချုပ်ချုပ်ထားသောကြောင့်၊ ၎င်းတို့ကို "ပုံမှန်စစ်တပ်" အဖြစ် သတ်မှတ်နိုင်ပါ၏။
တိုရီယာ ခရိုင်တွင် စုစည်းထားသော ကုမ္ပဏီများသည် အဓိကအားဖြင့် ကိုယ်ပိုင်အခြေခံဖြင့် ရင်းနှီးမြုပ်နှံထားသည့် ကုမ္ပဏီများဖြစ်သောကြောင့် ၎င်းတို့တွင် တရားဝင်ကျောထောက်နောက်ခံမရှိပေ။
ဤကွာခြားချက်၏ ရလာဒ်မှာ ဝင်မ်ဘယ်ဒန်မြို့တော်အနီးရှိ မှော်စက်လုပ်ငန်းတွင် ပါ၀င်သည့် ကုမ္ပဏီအများစုသည် လမ်ပူရီတိုင်းပြည်မှ လာကာ၊ အဆင့်မြင့် အိမ်သုံး မှော်စက် ထုတ်လုပ်မှု နည်းလမ်းများနှင့် စိုက်ပျိုးရေးမှော်စက် ထုတ်လုပ်မှု နည်းလမ်းအချို့ကို ဆုပ်ကိုင်ထားသည်။
တိုရီယာ ခရိုင်တွင် စက်ရုံ အကြီးအသေးများရှိသည်။ အကြီးဆုံးမှာ ဘိလပ်မြေစက်ရုံ၊ ကွန်ကရစ် ပြုပြင်ရေး အလုပ်ရုံ၊ ဓာတ်သတ္တု သန့်စင်သည့် စက်ရုံနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းက တည်ဆောက်ခဲ့သည့် ကုန်တင်ကုန်ချ စင်တာတို့ဖြစ်ပြီး ၎င်းတို့က ဟက်တာ နှစ်သောင်းကျယ်ဝန်းသော နေရာကို သိမ်းပိုက်ထားခဲ့သည်။
အသေးဆုံးမှာ ကန်ဒရာအင်ပါယာကို မရောင်းချမီ စက်ရုံတွင် သစ်သီးစည်သွပ်ဘူးများ ထုတ်လုပ်မည့် တိုရီယာ ခရိုင်ရှိ သစ်သီးစည်သွတ်စက်ရုံငယ်တစ်ခုဖြစ်သည်။
ကန်ဒရာအင်ပါယာတွင် အဆိုပါ စက်ရုံများ ဖွင့်လှစ်ခြင်းနှင့်အတူ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေမှ ခေါ်ဆောင်လာသော အဓိက ဝန်ထမ်း အနည်းငယ်မှလွဲ၍ အခြား သာမန် အလုပ်သမား အများစုမှာ ဒေသခံများ ဖြစ်ကြသည် ။
ထို့ကြောင့် အဆိုပါကုမ္ပဏီများသည် စက်ရုံများဖွင့်သောအခါတွင် မြောက်ဘက်တွင်တစ်ခုနှင့် တောင်ဘက်တွင်တစ်ခုဖန်တီးပြီး ထုတ်လုပ်မှုအခြေခံနှစ်ခုရှိသည်။
ယခင်ကတော့ Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့တော်မှာ ပေါ်လာပြီး မှော်ထုတ်လုပ်ရေးအခြေစိုက်စခန်းတစ်ခုကို ဖန်တီးခဲ့ပါ၏။ လမ်ပူရီတိုင်းပြည်၏ မရေမတွက်နိုင်သော လူများကို Frestech ကုန်သည်ကြီးများအသင်းရှိ ၎င်းတို့၏ ဆွဲဆောင်မှုရှိသော လုပ်ခလစာကြောင့် ရေလွှမ်းမိုးစေခဲ့သည်။
အလားတူ အခြေအနေမျိုးသည် ယခု ကန်ဒရာအင်ပါယာတွင် ဖြစ်ပျက်နေပါ၏။
သို့ပေမယ့် ဘန်တာမြို့တော်၌ ဖြစ်ပျက်ခဲ့တုန်းကနဲ့ ယှဉ်လျှင် ကန်ဒရာအင်ပါယာ၏ ထုတ်လုပ်မှု အခြေစိုက်စခန်းနှစ်ခုက ဆယ်ဆကျော် ပိုကြီးတဲ့အတွက် သူတို့ဟာ လူအင်အား ဆယ်ဆကျော် စုဆောင်းထားရပါတယ်။
ထို့ကြောင့် ဤထုတ်လုပ်ရေးစခန်းနှစ်ခုအတွက်၊ ၎င်းတို့သည် ကန်ဒရာအင်ပါယာတစ်ဝှမ်းမှ လူမျိုးစုံတို့ကို ဆွဲဆောင်နိုင်သော ဧရာမသံလိုက်များကဲ့သို့ပင်။
သို့သော်၊ ၎င်းသည် ဝင်မ်ဘယ်ဒန် မှော်ထုတ်လုပ်ရေးအခြေစိုက်စခန်း ဖြစ်စေ တိုရီယာ ခရိုင်ရှိ မှော်ထုတ်လုပ်မှုအခြေစိုက်စခန်း၌ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်း၏ ခြေရာပင်မရှိခဲ့ရာ အဆိုပါကုမ္ပဏီများသည် တစ်စုံတစ်ခုလိုနေသည်ကို ခံစားခဲ့ရသည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် အကြောင်းအမျိုးမျိုးကြောင့် ကန်ဒရာ အင်ပါယာသို့ မဝင်ရောက်နိုင်ခဲ့သောကြောင့် ၎င်းတို့ကိုဘာလုပ်နိုင်မည်နည်း။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၂။ ရေရှည်စီမံကိန်း
Frestech ကုန်သည်ကြီးများအသင်းက သဘာဝကျကျပင် ဒီတိုင်းမနေပေ။
စတက်တိန်းနယ်မြေနှင့် ကန်ဒရာအင်ပါယာအကြားရှိ အဆုံးမဲ့ပင်လယ်ပြင်မှ ကုန်သွယ်ရေးလမ်းကြောင်းကို ဖောက်ခြင်းမှာ ၎င်းတို့၏ အနာဂတ်ဖွံ့ဖြိုးမှုအတွက် အင်မတန်အရေးပါသည့် အပိုင်းဖြစ်ပါသော်လည်း ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းလိုအပ်နေသည့် တစ်ခုတည်းသောအရာနှင့် ဝေးနေသေးသည်။
ရှုယီ၏ စိတ်ထဲရှိ ဖွံ့ဖြိုးရေးအစီစဉ်အရ ထိပ်ဆုံးနံပါတ်သုံးနေရာအတွင်းပင် မရှိဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော်အင်ပါယာနှစ်ခု၏ စျေးကွက်ဖွင့်ချိန်ကို နှိုင်းယှဉ်ကြည့်လျှင်၊ Frestech ကုန်သည်ကြီးများအသင်းနှင့် မည်သည့်ပဋိပက္ခမှမရှိသော မားလိုအင်ပါယာသည် ၎င်းဘက်ခြမ်းထက်အများကြီးပိုကောင်းသည် ။
ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးမှော်စက်များကို ဝယ်ယူသင့်မသင့်ကို အခြေအတင် ဆွေးနွေးနေဆဲဖြစ်ပြီး မားလိုအင်ပါယာကမူ ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်း ပဉ္စမအသုတ်အတွက် မှာကြားထားပြီးဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခွဲတွင်၊ မားလိုအင်ပါယာ၏ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးမှော်စက်အလုံးရေ ရှစ်သောင်းငါးထောင်ကျော်ကို မှာယူခဲ့သည်။ ၎င်းက စုစုပေါင်း ရွှေဒင်္ဂါးငါးသန်းနှင့် ခုနစ်သိန်းကျော်ကုန်ကျသည်။
တစ်ချိန်တည်းမှာပင် တိုင်းသူပြည်သားများနှင့် မျိုးရိုးမြင့်များထံမှ အမှာစာများစွာရှိခဲ့သည်။
စိုက်ပျိုးရေးဌာနလောက်တော့ ကြီးကြီးမားမားမဟုတ်သော်လည်း အရှိန်အဟုန်နှင့် တိုးတက်နေဆဲပင်။
မားကွစ္စ် ဆော့သ်ဂိတ် ၏ မျိုးရိုးမြင့်များ အပါအဝင် ယမန်နှစ် ဆောင်းဦးရာသီ မတိုင်မီက စိုက်ပျိုးရေးမှော်စက် နှစ်ထောင်သာ မှာယူခဲ့ကြသည်။ ယခုနှစ် နွေဦးရာသီ ကောက်ရိတ်သိမ်းပြီးနောက်တွင်မှ အလုံးရေ နှစ်သောင်းအထိ ရုတ်တရက် တိုးလာပြီး စုစုပေါင်း ရွှေဒင်္ဂါး နှစ်သန်းကျော်အထိ ရလာခဲ့သည်။
ထို့အပြင်၊ မားလိုအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးမှော်စက်များကို ပိုမိုလက်ခံလာသည်နှင့်အမျှ ၎င်းတို့ကို မှာယူသည့် မျိုးရိုးမြင့်များ ပိုများလာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဈေးကွက်ခန့်မှန်းချက်များအရ ယခုနှစ်ကုန်တွင် ရွှေဒင်္ဂါးပေါင်း လေးသန်းကျော်ရရှိခဲ့ပြီး ယင်းအရေအတွက်သည် မှော်စက် အလုံးရေ ငါးသောင်းကျော်အထိ ရှိလိမ့်မည်ဖြစ်သည်။
ဤသို့ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာ၌ စိုက်ပျိုးရေးမှော်စက်များကို ရောင်းချရုံဖြင့် ရွှေဒင်္ဂါးဆယ်သန်းကျော် ရရှိမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ အလုံးစုံကုန်ကျစရိတ်ထဲမှ သယ်ယူပို့ဆောင်ရေးစရိတ်၏ တစ်စိတ်တစ်ပိုင်းကို ဖယ်လိုက်လျှင်ပင် Frestech ကုန်သည်ကြီးများအသင်း၏ မြင့်မားသောအမြတ်အစွန်းများကြောင့် ၎င်းတို့သည် အနည်းဆုံး ရွှေဒင်္ဂါးလေးသန်းဝင်ငွေရရှိမည်ဖြစ်သည်။
စိုက်ပျိုးရေးမှော်စက်များအပြင် အခြားသော အိမ်သုံးမှော်စက်များသည် မားလိုအင်ပါယာတွင် လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။
ယခုနွေရာသီ ရောက်တော့မည်ဖြစ်ရာ ၊ မားလိုအင်ပါယာမှ မှော်လေပေးစက်များနှင့် မှော်ရေခဲသေတ္တာ များ မှာယူမှုမှာ အလုံးရေ ခုနစ်ထောင် ကျော်သွားပြီး ရွှေဒင်္ဂါး နှစ်သိန်း ကျော်အထိ ရှိလာပြီဖြစ်သည်။
ဤအရေအတွက်သည် စိုက်ပျိုးရေးမှော်စက်များမှ ရရှိသည့် သန်းနှင့်ချီသော ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသော်လည်း ဤမှာယူမှုဟာ မားကွစ္စ် ဆော့သ်ဂိတ် နှင့် Frestech ကုန်သည်ကြီးများအသင်းတို့နှင့် နီးစပ်သည့် အခြားမျိုးရိုးမြင့်များထံမှသာ လာခြင်းပင်။
ဤအတောအတွင်း၊ မားလိုအင်ပါယာရှိ Frestech ကုန်သည်ကြီးများအသင်း၏ ရုံးခန်းသည် နွေရာသီရောက်သည်နှင့် အမှာစာများ တဟုန်ထိုးတက်လာသည်ဟု သတင်းရရှိခဲ့သည်။
အခြားအိမ်သုံးမှော်စက်များကိုပါ ထည့်သွင်းပါက မားလိုအင်ပါယာမှ ရရှိသည့် အမှာစာများသည် အနည်းဆုံး ရွှေဒင်္ဂါးနှစ်သန်းစာ ဖြစ်သည်။
ဤကဲ့သို့ပင် Frestech ကုန်သည်ကြီးများအသင်းသည် ဒုတိယနှစ်ဝက်တွင် 2နှစ်ပင်မရှိသေးဘဲ မားလိုအင်ပါယာဈေးကွက်ကို စတင်ဖွံ့ဖြိုးလာစေခဲ့ရာ Frestech ကုန်သည်ကြီးများအသင်း၏ ဝင်ငွေမှာ ရွှေဒင်္ဂါးငါးသန်းကျော်အထိ ဖြစ်လာသည်။
၎င်းသည် မားလိုအင်ပါယာ၏ စျေးကွက်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် လမ်ပူရီဘုရင်နိုင်ငံကဲ့သို့ စျေးကွက်ကို တီထွင်ခဲ့မည်ဆိုလျှင်၊ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤကြီးမားသော စျေးကွက်မှ ရရှိစေမည့် ၀င်ငွေသည် အံ့အားသင့်စရာ ဖြစ်လိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်းတွင် မတူညီသော အခြေအနေများအတွက် မတူညီသော အစီအစဉ်များ ရှိသော်လည်း၊ ၎င်းတို့သည် စိုင်စ်နယ်မြေကြီးတွင် အရေးအကြီးဆုံးနိုင်ငံနှစ်ခုဖြစ်သောကြောင့် သဘာဝပင်ဖြစ်သည်။
သို့သော် ရှုယီ၏ မှော်စက်လုပ်ငန်းကို စိုင်စ်နယ်မေကြီးအနှံ့ ဖြန့်ကျက်ဖို့ ပန်းတိုင်အတွက် လုံလောက်ရန် လိုနေသေးပါ၏။
ထို့ကြောင့် ကြီးမားသောအင်ပါယာကြီးနှစ်ခုတွင် ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ်များအပြင် ရှုယီက နယ်မြေကြီးရှိ အခြားနိုင်ငံများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်ကို ပိုမိုအာရုံစိုက်ခဲ့သည်။
လွန်ခဲ့သောနှစ်အနည်းငယ်အကြာက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသည် ၎င်းတို့၏ တံခါးပေါက်သို့ ရောက်ရှိလာရာ Frestech ကုန်သည်ကြီးများအသင်းသည် တောင်ဘက်တွင် ပင်လယ်လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနှင့် ချိတ်ဆက်ခြင်းအပြင် ၎င်းတို့သည် နယ်မြေကြီး၏ အရှေ့တောင်ထောင့်ရှိ အခြားနိုင်ငံများနှင့်လည်း ချိတ်ဆက်ထားသည်။
ယခု နှစ်အတော်ကြာပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံတွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ချပြီးဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းထံမှ ယူဆောင်လာသော မှော်စက်လုပ်ငန်းသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနှင့် ပတ်ဝန်းကျင်နိုင်ငံများအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိနေပြီဖြစ်သည်။
ပြီးခဲ့သောနှစ်တွင်၊ နာဗီလ် သည် မားလိုအင်ပါယာရှိ မြောက်ပိုင်းဆိပ်ကမ်းများသို့ ရောက်ရှိရန် အဓိကရည်ရွယ်ချက်ဖြင့် စတက်တိန်းနယ်မြေမြောက်ဘက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးသယ်ယူပို့ဆောင်ရေးသင်္ဘောစုကို ဦးဆောင်ခဲ့ရသည်။ သို့သော်လည်း ၎င်းတို့သည် လမ်းတစ်လျှောက်ရှိ နိုင်ငံငယ်များစွာနှင့်လည်း ချိတ်ဆက်ခဲ့ပြီး ထိုနိုင်ငံများကို မှော်စက်များကို စိတ်ဝင်စားအောင် အောင်မြင်စွာ ပြုလုပ်ခဲ့သည်။
အစီအစဉ်အရ လာမည့်သီတင်းပတ်တွင် နာဗီလ် သည် မြောက်ဘက်ရှိ စတာဆမ် ဆိပ်ကမ်းသို့ ပထမဆုံး သယ်ယူပို့ဆောင်ရေးသင်္ဘောစုကို ထပ်မံဦးဆောင်မည်ဖြစ်သည်။
စတာဆမ်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းအချို့ကို ပို့ဆောင်ခြင်းအပြင် နာဗီလ် ၏ ပို၍ အရေးကြီးသော တာဝန်မှာ လမ်းတစ်လျှောက်ရှိ နိုင်ငံငယ်လေးများနှင့် ဆက်ဆံရေးကို ခိုင်မာစေရန်ဖြစ်သည်။
အရာအားလုံး ချောမွေ့သွားလျှင် ရှုယီသည် ထိုနိုင်ငံငယ်လေးများတွင် မှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနငယ်များစွာကို တည်ဆောက်လိုစိတ်ရှိခဲ့သည်။
ဤပင်လယ်လမ်းကြောင်းအပြင် Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်၏ အနောက်ဘက်ကမ်းခြေတွင် ကုန်းလမ်း လမ်းကြောင်းတစ်ခုဖွင့်လှစ်ရန် လျှို့ဝှက်သဘောတူညီချက်တစ်ခု ရရှိထားပြီးဖြစ်သည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအား စခ်တိုင်းပြည်၏ အနောက်ဘက်ကမ်းရိုးတန်းမှ ဆန်နက်မြေရိုင်းကိုဖြတ်၍ စခ်တိုင်းပြည်မြောက်ဘက်ရှိ အန်တယ်လာတိုင်းပြည်သို့ ဆက်လက်သွားနိုင်မည်ဖြစ်သည်။
ပင်လယ်လမ်းကြောင်းနှင့် ကုန်းလမ်း လမ်းကြောင်းဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီး၏ အနောက်မြောက်ထောင့်ရှိ နိုင်ငံများနှင့် အလွယ်တကူ ဆက်သွယ်နိုင်မည်ဖြစ်သည်။
ဤကဲ့သို့ပင်၊ မြေပုံပေါ်တွင် အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်းအလွယ်တကူ ဆက်သွယ်၍မရသည့် တစ်ခုတည်းသော အစိတ်အပိုင်းမှာ နယ်မြေကြီး အရှေ့မြောက်ပိုင်းနှင့် အရှေ့ဘက်ရှိ နိုင်ငံများဖြစ်သည်။
၎င်းက ရှုယီအတွက် တကယ်ကို ခက်ခဲတဲ့ ပြဿနာတစ်ခုပင်။
မြေပုံကို အခြေခံထားသောကြောင့် အဆိုပါနိုင်ငံများကို ကုန်းကြောင်းဖြင့် ဝင်ရောက်ရန် လွယ်ကူကြောင်း သံသယမရှိပေ။
သို့သော် ၎င်းတို့သည် ကန်ဒရာအင်ပါယာကို ဖြတ်သွားရန်လိုရာ Frestech ကုန်သည်ကြီးများအသင်း၏ ကန်ဒရာအင်ပါယာနှင့် လတ်တလောပဋိပက္ခများကြောင့် ၎င်းမှ ဖြတ်သန်းရမည်မှာ လက်တွေ့ဆန်သော ရွေးချယ်မှုမဟုတ်ပေ။
ကုန်းလမ်းမှမသွားနိုင်လျှင် ပင်လယ်လမ်းကိုသာ ရွေးနိုင်သည် ။
သို့သော် ပင်လယ်လမ်းကြောင်းကို ရွေးချယ်ခဲ့မည်ဆိုလျှင် စိုင်စ်နယ်မြေကြီးကို လည်ပတ်သည်နှင့် တူညီသောကြောင့် အချိန်နှင့် ကုန်ကျစရိတ်ကို များစေလိမ့်မည်။
၎င်းက ထိုမျှဝေးကွာပုံနှင့်၊ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းထံသို့ အချိန်မရွေး ကြီးမားသောအတားအဆီးတစ်ခုကို ဖန်တီးနိုင်သည်။
ကန်ဒရာအင်ပါယာနှင့် ပြဿနာကို ဖြေရှင်းရန် ခက်ခဲသလို ရေရှည်ကို ထည့်သွင်းစဉ်းစားခြင်း မရှိသောကြောင့်၊ စဉ်းစားပြီးနောက်တွင် ရှုယီသည် အကြံဥာဏ်တစ်ခု ရရှိခဲ့သည်။ သူသည် အနှီနေရာများတွင် Frestech ကုန်သည်ကြီးများအသင်းအတွက် အခြေစိုက်စခန်းများတည်ဆောက်၍ ကိုယ်ပွားကိုဖန်တီးကာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ဌာနမှ ကိုင်တွယ်ရန် ဝေးကွာလွန်းသည့်နေရာများကို ဂရုစိုက်ရမည်ဖြစ်သည်။
အတွေးပြောင်းကြည့်လျှင် ၎င်းက ဌာနခွဲတစ်ခုဖွင့်ခြင်းပင်...…
သို့သော် ပထမဆုံး ဌာနခွဲမှာ မိမိကိုယ်တိုင် ဂရုစိုက်နိုင်ကာ ဌာနခွဲနှင့် အဓိကအခြေစိုက်ဌာနအကြား ချိတ်ဆက်မှုကို ထိန်းသိမ်းနိုင်မှသာ ရှင်သန်၍ အားကောင်းလာပြီး တာဝန်ပိုယူနိုင်မည်လားကို သေချာနိုင်ရန် လိုအပ်သောကြောင့် ဌာနခွဲတစ်ခုဖွင့်ဖို့ မလွယ်ကူလှချေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအင်အားဖြင့်၊ ပင်မအခြေစိုက်ဌာနမှကီလိုမီတာငါးထောင်ကျော် ကွာဝေးသောဌာနခွဲတစ်ခုကို ထောက်ပံ့ရန်မလုံလောက်ပါ။
ထို့ကြောင့် ဤအရာသည် ရှုယီအတွက် နယ်မြေကြီးတွင် ပြောင်းလဲရန်လိုအပ်သော အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးအရာဖြစ်ပြီး ပထမဆုံးဖြေရှင်းရမည့်အရာလည်း ဖြစ်သည်။
ဤအရာကို ၎င်း၏ အမည် "အခြေခံအဆောက်အဦ" ဖြင့်သတ်မှတ်နိုင်သည်။
ရှုယီအတွက်တော့ နယ်မြေကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အဖြစ်ဆုံးနှင့် နယ်မြေကြီး၏ စက်မှုလုပ်ငန်း၌ သူ့ကို အထိခိုက်စေခဲ့ဆုံးမှာ နယ်မြေကြီး၌ အခြေခံအဆောက်အအုံမျုး ချို့တဲ့နေခြင်းပင်။
ရှုယီဤနေရာသို့ မကူးပြောင်းလာမီက နယ်မြေကြီးသည် ကမ္ဘာ့ကြီး၏ သမိုင်းထဲကကဲ့သို့ ပဒေသရာဇ်တဝက်နှင့် ကျွန်တဝက်စနစ်နှင့် တူသောကြောင့် နယ်မြေကြီးအား အပြစ်တင်၍မရပေ။ ကမ္ဘာပေါ်တွင် မတွေ့နိုင်သော မှော်ပညာရှိခြင်းမှလွဲ၍ ကျန်အရာအားလုံးသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသောကြောင့် သဘာဝအတိုင်း မည်သည့်အခြေခံအဆောက်အအုံမျှ ရှိမည်မဟုတ်ပါ။
ရှုယီနှစ်ပေါင်းများစွာ စီစဉ်ခဲ့ပြီးနောက် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ကြိုးစားအားထုတ်မှုအရ အနည်းဆုံး လမ်းပန်းဆက်သွယ်ရေးတွင်၊ လမ်ပူရီတိုင်းပြည်၊ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည် အပါအဝင် နိုင်ငံငယ်များသည် ယင်းနေရာ၌ တိုးတက်ကောင်းမွန်လာခဲ့သည်။
ပထမဆုံးမှာ လမ်းတွေ ခင်းခြင်းပင်။ လမ်ပူရီတိုင်းပြည်သည် ယခုနှစ်တွင် လမ်း ကီလိုမီတာငါးသောင်းကျော်ရှိနေပြီဖြစ်သောကြောင့် မြို့တစ်မြို့နှင့် တစ်မြို့ချင်း ဆက်စပ်နေရုံသာမက ရွာတိုင်းက ချိတ်ဆက်နေသည်မှာ ကောင်းကင်ကို လှုပ်ခါသွားစေသည့် ပြောင်းလဲမှုပင်။
နောက်တစ်ခုက သယ်ယူပို့ဆောင်ရေးဖြစ်သည်။
Fresteech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းများနှင့် အခြားသော မော်ဒယ်လ် မှော်ကားများသည် အနောက်တောင်နိုင်ငံများတွင် ရေပန်းစားလာသည်နှင့်အမျှ ၎င်းတို့အား ရိုးရိုးမြင်းလှည်းများနေရာ၌ အစားထိုးပြီးဖြစ်သည်။
ထိုနိုင်ငံများတွင် ဘယ်သွားသွား ကားလမ်းများလာသောကြောင့် ယခင်ကလို အချိန်ဖြုန်းစရာ မလိုတော့ဘဲ သွားလာရတာ ပိုအဆင်ပြေလာပါ၏။
လမ်းများမှာ အဆင်ပြေလှသောကြောင့် ထိုနိုင်ငံမှလူများသည် အိမ်မှထွက်ခွာ၍ ပိုမိုသွားလာလိုစိတ်ရှိလာသဖြင့် လူများမှာ ပိုမိုတက်ကြွလာကြသည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်လုပ်ငန်းသို့ဝင်ရောက်ရန် လူများပိုမိုစုဆောင်းခြင်းအား ပိုမိုလွယ်ကူစေသည်။
နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် အနောက်တောင်ထောင့်ရှိ နိုင်ငံများတွင် မှော်စက်လုပ်ငန်း၏ အချက်အချာနေရာများစွာ ရှိခဲ့သည်။
အင်ပါယာနှစ်ခုရှိ ဒေသအသစ်များနှင့် နှိုင်းယှဉ်ပါက ဤမှော်စက် စက်မှုဇုန်များသည် ပိုမိုပြီးပြည့်စုံပြီး ရင့်ကျက်သည်။
ရှုယီ၏အစီအစဉ်အရ၊ မှော်စက်လုပ်ငန်းသည် အနာဂတ်တွင် နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားမည်ဖြစ်ပြီး နယ်မြေကြီးတစ်ခုလုံးကို သက်ရောက်သွားမည်ဖြစ်သည်။
ယင်းကို အောင်မြင်စေမည့် အဓိကအချက်မှာ လမ်းပန်းဆက်သွယ်ရေးအပြင် ဆက်သွယ်ရေးလည်းဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၃။ ပထမဆုံး စိတ်သက်သာရာရဖွယ် သက်ပြင်းချခြင်း
နယ်မြေကြီးရှိ ဆက်သွယ်ရေးမှာ အော်ဟစ်ခြင်းကိုသာ မှီတည်နေသည်ဟုဆိုလျှင်... ၎င်းက အနည်းငယ် ချဲ့ကားရာကျသည်။
သို့သော် သင်သာ မဟာမှော်ပညာရှင်များသာ အသုံးပြုနိုင်သည့် အာကာပြင် မှော်စွမ်းအင်၏ အသုံးပြုမှုကို ဖယ်ထားလိုက်ပါလျှင် သာမန်လူများမှာ မှော်ပညာကို လုံးဝမထိတွေ့နိုင်သဖြင့် စိုင်စ်နယ်မြေကြီး၏ ဆက်သွယ်ရေးမှာ အခြေခံအားဖြင့် .....အော်ဟစ်ခြင်းသာဖြစ်ပါ၏။
စိုင်စ်နယ်မြေကြီးက စာပို့ခြင်းကို ပြုလုပ်ခဲ့သော်လည်း သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်ကြောင့် ကုန်ကျစရိတ်က အရမ်းကြီးလှသည်။
အတိအကျပြောရလျှင် အန်ဗီမာမြို့တော်မှ ကီလိုမီတာ တစ်ထောင့်သုံးရာကွာဝေးသော စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းသို့ ပေးပို့လိုပါက၊နှစ်နိုင်ငံကြား အတားအဆီးများ ရှိခြင်းကို ဘေးဖယ်ထား၍ စာပို့နိုင်လျှင်ပင် ရွှေဒင်္ဂါး ဆယ့်သုံးပြား ပေးရသည်။
မှန်ပါ၏၊ ကီလိုမီတာတစ်ရာကို ရွှေဒင်္ဂါးတစ်ပြား အနည်းဆုံးရှိ၏။
ဤမျှမြင့်မားလှသောစျေးနှုန်းမှာ၊ သာမန်လူအများစု တတ်နိုင်သည့်အရာမဟုတ်ပါချေ။
ယင်းကြောင့် စိုင်စ်နယ်မြေကြီးရှိ လူအများစုသည် ၎င်းတို့၏နေထိုင်မှု အဝန်းအဝိုင်းအပြင်ဘက်ရှိ လူများနှင့် ဆက်သွယ်မှု မရှိခဲ့ပေ။ ၎င်းတို့နေထိုင်ရာနေရာကို စွန့်ခွာဖို့ ခက်ခဲသည့်အချက်ကို ထပ်လောင်းပြောရရင် လူအများစုက ကြီးပြင်းလာပြီး တစ်သက်လုံး တစ်နေရာတည်းမှာပဲ နေထိုင်နိုင်ကြလိမ့်မည်။ အသက်ရှင်ခြင်း၊ မွေးဖွားခြင်း နှင့် နောက်ဆုံးတွင် အသက်ကြီး၍ သေဆုံးခြင်းထိတိုင် ပြင်ပလောကကို ဘယ်တော့မှ အဆက်အသွယ်မလုပ်နိုင်ဘဲ ၎င်းနှင့်ပတ်သက်သည့် ဘာကိုမှ နားမလည်တော့ပေ။
Frestech ကုန်သည်ကြီးများအသင်းသည် အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့်အတူ နယ်မြေကြီး၏ ကြီးမားသော အစိတ်အပိုင်းမှ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကို တိုးမြှင့်ခဲ့သော်လည်း၊ ပြင်ပကမ္ဘာကို ဆက်သွယ်ဖို့ ယခင်က ၎င်းတို့ရွာမှ တခါမှ ပင် မထွက်ခွာဖူးသည့် လူတွေမှာ ဆက်သွယ်ရေး၌ ကြီးမားသည့် ပြဿနာရှိနေတုန်းပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းအများအပြားကိုသာယူကြည့်ပါ၊ ၎င်းတို့သည် တစ်နှစ်လျှင် တစ်ကြိမ်သာ အိမ်ပြန်နိုင်ပြီး အိမ်ပြန်သူများနှင့် ဆက်သွယ်၍မရပေ။ ရှုယီအတွက်၊ ဤအရာသည် ခံနိုင်ရည်မရှိသလောက်ပင်။
အာကာလီ၏အဖွဲ့မှ တီထွင်ဖန်တီးခဲ့သော မှော်ပဲ့တင်ထပ်ခြင်းနည်းပညာသည် ပို၍ ရင့်ကျက်လာခြင်းကြောင့် ကောင်းသောအချက်ဖြစ်သည်။ ဤနည်းပညာဖြင့် ၎င်းတို့သည် ပြီးပြည့်စုံသော မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ပြီးခဲ့သောနှစ်နှစ်အတွင်း တည်ဆောက်ပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းသည် မှော်ဆက်သွယ်ရေးကွန်ရက်ဖြင့် စတက်တိန်းနယ်မြေတစ်ခုလုံးကို လုံးလုံးလျားလျားဖုံးအုပ်ရန် လုံလောက်သော မှော်အချက်ပြမျှော်စင်များကို တည်ဆောက်ခဲ့သည်။
သို့ဖြစ်ရာ ရှုယီသည် စတက်တိန်းနယ်မြေတွင်ရှိနေသရွေ့၊ မှော်ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် မည်သည့်လူကိုမဆို ဆက်သွယ်နိုင်မည်ဖြစ်သည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်မှ စာချုပ်ချုပ်ဆိုခဲ့သော မှော်ဆက်သွယ်ရေးကွန်ရက်သည် စတက်တိန်းနယ်မြေနှင့် ချိတ်ဆက်ထားသည်။
ယခု ရှုယီသည် ကီလိုမီတာ တစ်ထောင့်သုံးရာ ဝေးကွာသော ဆယ်ဗီနီနှင့် ဟိုဟိုသည်သည်ကိစ္စများအကြောင်း ဆွေးနွေးနိုင်သည်။
ရှုယီသည် ဆယ်ဗီနီကို ဆက်သွယ်လိုသော အချိန်တွင် စာတစ်စောင်သာ ရေး၍ရသော်လည်း သူမထံ ရောက်ရန် အနည်းဆုံး ငါးရက်ခန့် အချိန်ယူရသဖြင့် ဤသည်က အဆပေါင်းများစွာ ပိုအဆင်ပြေသည်မှာ သေချာပါသည်။
ဟုတ်ပါ၏၊ ဤဆက်သွယ်ရေးနည်းလမ်းသစ်မှာ ချို့ယွင်းချက် ရှိပါ၏။
ကိုယ်ပိုင် ရှုထောင့်ကို အခြေခံ၍ မရေမတွက်နိုင်သော လူများကို ဆက်သွယ်နိုင်သည့် ကမ္ဘာပေါ်ရှိ ဆဲလ်ဖုန်းများနှင့် နှိုင်းယှဉ်ပါက၊ ဤမှော်ဆက်သွယ်ရေးကွန်ရက်သည် မှော်ဆက်သွယ်ရေးကိရိယာ အနည်းငယ်ကိုသာ ချိတ်ဆက်နိုင်ပြီး အကြိမ်ကြိမ် စကားများများပြော၍မရပေ။
ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေးကွန်ရက်ကဲ့သို့ အခြားသောဝန်ဆောင်မှုများကို ပေးဆောင်ခြင်းများအား ၎င်း၌ စဉ်းစားရန်ပင်မလိုအပ်ချေ။
ပိုမိုကျယ်ပြန့်သော ရှုထောင့်တွင်၊ ဆက်သွယ်ရေးကွန်ရက်၏ အကြီးမားဆုံး ပြဿနာမှာ ကုန်ကျစရိတ် အလွန်အကျွံများခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ရန်အတွက် စတက်တိန်းနယ်မြေင် မှော်အချက်ပြတာဝါတိုင် ခုနစ်ရာကျော်ကို တပ်ဆင်ခဲ့ရပြီး၊ အနည်းအကျဉ်း ခဲယဉ်းသော တောင်များပေါ်တွင်လည်း တပ်ဆင်ထားသည်။ ၎င်း၏ စုစုပေါင်း ကုန်ကျငွေမှာ ရွှေဒင်္ဂါးသုံးသန်းကျော်ဖြစ်သည်။
၎င်းသည် လမ်ပူရီတိုင်းပြည် နယ်မြေ၏ ဆယ်ပုံတစ်ပုံအောက်သာရှိသည့် စတက်တိန်းနယ်မြေအတွက်သာဖြစ်သည်။ လမ်ပူရီတိုင်းပြည်ကို လုံးလုံးလျားလျား လွှမ်းခြုံနိုင်ရန်၊ ၎င်းသည် ဆယ်ဆကျော် ကုန်ကျမည်ဖြစ်သည်။
ဆယ်ဗီနီသည် ယခင်က ဤပရောဂျက်ကို အပြီးသတ်ချင်ခဲ့သော်လည်း ခန့်မှန်းခြေကုန်ကျစရိတ်မှာ သန်းသုံးဆယ်ကျော်ရှိမည်ဟု ရှုယီထံမှ ကြားသိရသောအခါတွင် သူမသည် ချက်ချင်းပင် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
ရှုယီသည် ဤကိစ္စအတွက် အလွန်ကူရာမဲ့နေခဲ့သည်။
သူ့အနေနှင့် ပြီးပြည့်စုံသော မှော်ဆက်သွယ်ရေးစနစ်တစ်ခုကို လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ စခ်တိုင်းပြည်၊ ဖော့ခ်တိုင်းပြည်၊ ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့၌လည်း တည်ဆောက်ချင်သည်မှာ သေချာပါသည်။ ဒါမှသာ ဆက်သွယ်ရေးနှင့်ပတ်သက်လျှင် သူ့၏အကြီးမားဆုံးပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်၏။
သို့ပေမယ့် ၎င်းကိုတွေးကြည့်သော် ဤဆန္ဒဟာ အခုအချိန်မှာ မဖြစ်နိုင်တာ သေချာပါ၏။
ဥပမာအားဖြင့်၊ လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးသည် မှော်စက်လုပ်ငန်း၏ မောင်းနှင်မှုအောက်တွင် နှစ်စဉ်တိုးလာခဲ့သည်။ ဆယ်ဗီနီမှ ယမန်နှစ်က ရှုယီကိုပေးခဲ့သော အချက်အလက်များအရ ရွှေဒင်္ဂါးပေါင်း တစ်ဆယ့်ခြောက်သန်းကိုပင် ကျော်သွားခဲ့ပြီး ယခင်က မဖြစ်နိုင်ဟု ယူဆသည့် အမှတ်သို့ ရောက်ရှိခဲ့သည်။ သို့သော် မှော်ဆက်သွယ်ရေးကွန်ရက်တစ်ခုတည်ဆောက်ရန် ရွှေဒင်္ဂါးသန်းသုံးဆယ်ကျော်ကို ဆယ်ဗီနီအနေဖြင့် မပံ့ပိုးနိုင်သေးချေ။
မှန်ပါသည်၊ မျှတသောရှုထောင့်မှကြည့်လျှင် ဆယ်ဗီနီ၏စိုးရိမ်မှုသည် ကျိုးကြောင်းမသင့်ခြင်းမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆက်သွယ်ရေးစနစ်က အလွန်အကန့်အသတ်ရှိသောကြောင့်သာဖြစ်သည်။
အရေးကြီးဆုံးမေးခွန်းမှာ မှော်အချက်ပြမှု၏ ပုံသေကြိမ်နှုန်းဖြစ်သည်၊ ထို့ကြောင့် ဤမှော်ဆက်သွယ်ရေးကွန်ရက်ကို တစ်ချိန်တည်းတွင် လူများစွာအသုံးပြုရန် အလွန်ခက်ခဲသည်။
ဒါကလည်း ရှုယီကို မကျေမနပ်ဖြစ်စေသည်။ အာကာလီ၏အဖွဲ့သည် မကြာသေးမီက အောင်မြင်မှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်မှာ ကောင်းသောအချက်ဖြစ်သည်။ ထို့ကြောင့် မှော်ဆက်သွယ်ရေးကိရိယာ တစ်ခုစီရှိ ဆက်သွယ်ရေး မှော်အစီအရင်ကို သေးငယ်သော အပြောင်းအလဲများ ပြုလုပ်နိုင်လိုက်ကာ ၎င်းတို့အား မတူညီသော ဆက်သွယ်ရေးအချက်ပြမှုများကို ပေးစွမ်းနိုင်လာမည်ဖြစ်သည်။
သို့သော် ကမ္ဘာမြေကြီးက ဆဲလ်ဖုန်းများနှင့် ယှဉ်လျှင် သိပ်အဆင်မပြေသေးချေ။
ထို့ကြောင့် ၎င်းကို ပေါင်းထည့်လိုက်ခြင်းဖြင့်၊ ဤမှော်ဆက်သွယ်ရေးစနစ်သည် ဆယ်ဗီနီအတွက် သက်ရောက်မှု မများနိုင်ပေ။
ဆယ်ဗီနီက ၎င်းကို လက်မခံနိုင်ပေ၊ ထို့ကြောင့် တခြားနိုင်ငံတွေက ၎င်းကို လက်ခံဖို့ အခွင့်အရေး မရှိပါချေ။
သို့ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းသည် မှော်အချက်ပြတာဝါများကို ဆက်လက်တည်ဆောက်နေသော်လည်း ၎င်းသည် အကွာအဝေးကို တိုးမြှင့်ရန်အတွက်သာဖြစ်ပြီး၊ စတက်တိန်းနယ်မြေ၏ မှော်ဆက်သွယ်ရေးကွန်ရက်ကို အပြင်သို့ တွန်းပို့ရန်သာဖြစ်သည်။
ဤအတွက် ရှင်းလင်းသည့် ဥပမာတစ်ခု ရှိပါ၏။ Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာ၏ ဆိပ်ကမ်းများနှင့် စတက်တိန်းနယ်မြေ၏ ဆိပ်ကမ်းများအကြား ရေလမ်းကြောင်းကိုဖွင့်ရန် ကန်ဒရာအင်ပါယာနှင့်အတူ အလုပ်လုပ်သောအခါ၌ဖြစ်သည်။
အပြင်ပန်းတွင်၊ မှော်ဆက်သွယ်ရေးကွန်ရက်သည် ပင်လယ်ပြင်ရှိ ကုန်သည်သင်္ဘောများအား အခက်အခဲအချက်ပြမှုတစ်ခု ပေးပို့ရန် ခွင့်ပြုထားခြင်းဖြစ်သော်လည်း ဤမှော်ဆက်သွယ်ရေးကွန်ရက်ကို Frestech ကုန်သည်ကြီးများအသင်းမှ အခိုင်အမာဆုပ်ကိုင်ထားသည်။ ၎င်းသည် ၎င်းတို့၏ကိုယ်ပိုင် သီးသန့်ဆက်သွယ်ရေးကွန်ရက်ဖြစ်သည်။
ရှုယီ၏အစီအစဉ်အတွက် နောက်ထပ်ခြေလှမ်းမှာ မြောက်ဘက်သို့မထွက်ခွာမီ ပင်လယ်ပြင်ရှိ မှော်ဆက်သွယ်ရေးကွန်ရက်ကို အရှေ့ဘက်သို့ ဆက်လက်တိုးချဲ့ရန်နှင့် နော့်ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံအထိ တိုးချဲ့၍ မြောက်ဘက်သို့ ဆက်သွားရန်ဖြစ်သည်။
ထိုနည်းအားဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် အခြေစိုက်ဌာနတစ်ခုစီရှိ အခြေအနေကို ဆုပ်ကိုင်နိုင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်မည်ဖြစ်သည်။
ဤအခြေခံအုတ်မြစ်ဖြင့် ဌာနခွဲရုံးများဖွင့်ခြင်းသည် သူတို့အတွက် ပို၍လက်တွေ့ကျသည်။
ဤသည်မှာ ဧရာမပရောဂျက်ကြီးဖြစ်သည်မှာ သံသယရှိစရာမလိုရာ ကုန်ကျမည့် ခန့်မှန်းခြေကုန်ကျစရိတ်ကို သန်းပေါင်း သောင်းနှင့်ချီ၍ တွက်ချက်ခဲ့ကြရသည်။
Frestech ကုန်သည်ကြီးများအသင်း၏ နှစ်စဉ်ဝင်ငွေသည် ထိတ်လန့်စရာကောင်းသော်လည်း၊ ဤမျှလောက်လွယ်ကူစွာ ရင်းနှီးမြှုပ်နှံရန် နည်းလမ်းမရှိပေ။
ထို့ကြောင့် ရှုယီသည် သူ့အစီအစဥ်များကို အကျဉ်းချုပ်မျှသာ ပြုလုပ်ခဲ့ရာ ၎င်းတို့ကြားရှိ အဓိကအချက်မှာ အချိန်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သူသည် သုတေသနတွင် အောင်မြင်မှုများရရှိရန် အချိန်လိုအပ်သည်၊ သူသည် အခြေခံအဆောက်အဦများကို ပြောင်းလဲရန် အချိန်လိုအပ်သည်၊ သူသည် နယ်မြေကြီးမှလူများကို မှော်စက်လုပ်ငန်းအား လက်ခံလာစေရန်အတွက် အချိန်လိုအပ်သည်၊ သူ့အနေနှင့် ပြောင်းလဲရန် အချိန်လိုအပ်သည်။
တိုတိုပြောရလျှင် သူ့ရည်မှန်းချက်တစ်ခုချင်းစီကို ပြီးမြောက်ဖို့ အချိန်အများကြီးလိုပါ၏။
၎င်းကိုစဉ်းစားပြီးနောက် ရှုယီမှာ မိမိခန္ဓာကိုယ်ဟာ ပိုပြီး ပေါ့ပါးလာသလို ခံစားလိုက်ရသည်။
ယခင်က သူ့နောက်ကျော၌ သားရေကြာပွတ်တစ်ချောင်းရှိနေသလိုပင်၊ သူ့စိတ်ထဲ၌ အမြဲအာရုံစိုက်နေခဲ့ရပြီး သူ့ရည်မှန်းချက်တွေကို အမြန်ဆုံးပြီးမြောက်ဖို့ အရာအားလုံးကို စဉ်းစားနေခဲ့ရသည်။
ဤအခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အချိန်များစွာလိုအပ်မည်ဟု တွေးမိသောကြောင့် ရှုယီသည် မစိုးရိမ်တော့ပါချေ။
သူဟာ ဦးစွာ စိတ်သက်သာရာရသည့်အနေနှင့် သက်ပြင်းချရန် ဆုံးဖြတ်လိုက်သည်။
…..
တောက်ပသော နေရောင်ခြည်သည် အရွက်များကို ဖြတ်သွားသည်နှင့်အမျှ ၎င်းတို့သည် မြေပြင်ပေါ်သို့ ကျရောက်ပြီး အလင်းရောင် အစက်အပြောက်များ ဖန်တီးပေးသည်။
ဖရီယာ သည် တောအုပ်အတွင်းရှိ နေရာလွတ်တွင် ခုန်ပေါက်ကာ အလင်းပြောက်တစ်နေရာမှတစ်နေရာသို့ ခုန်၍ ရံဖန်ရံခါ ရယ်မောနေသည်။
ရှုယီက သူမကို ခဏကြည့်ပြီးနောက် အကျော်ဆန့်ပြီး ထိုင်ခုံမှာ ထလိုက်သည်။
ဖရီယာ မည်မျှပျော်ရွှင်နေသည်ကိုမြင်တော့ ရှုယီသည် သူ့တစ်ကိုယ်လုံး ပြေလျော့သွားသလို ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်က သူ့ကိုယ်သူ အားလပ်ရက် ပေးခဲ့သည်။ နေ့တိုင်း သူ့ကလေးတွေနှင့် အိမ်မှာ ဆော့ကစားကာ အလုပ်များနေသေးသော်လည်း ၎င်းက သူ့အား လုံးဝကွဲပြားသည့် ခံစားချက်ကိုပေး၏။
ကလေးတွေနှင့် အချိန်အတော်ကြာ အတူရှိနေပြီးနောက် ရှုယီမှာ အနည်းငယ် ပျင်းရိလာကာ အေးချမ်းစွာနေထိုင်ခြင်းက အရမ်းကောင်းသော ရွေးချယ်မှုတစ်ခုဟု ခံစားလာရ၏။
"ဟေ့ ဖရီယာ၊ ဒီကိုလာဦး။" ရှုယီသည် ခဏစဉ်းစားပြီး ဖရီယာကို ရုတ်တရက် လက် ဝှေ့ယမ်း၍ ခေါ်လိုက်သည်။
ဖရီယာ သည် ရှုယီကို လှည့်ကြည့်ကာ အလွန်ပျော်ရွှင်စွာ ပြေးသွားပြီး ရှုယီ၏ရင်ခွင်ထဲသို့ ခုန်ဝင်ပြီးနောက် သူ့ကို ဆွဲလိုက်သည်။
"ဖေဖေ၊ အတူလာကစားပါ"
ရှုယီက ပြုံးကာ ခေါင်းခါလိုက်၏၊ “အလျင်စလို မလုပ်နဲ့ဦး။ ဖရီယာ၊ ဖေဖေက သမီးကိုမေးစရာရှိတယ်၊ စဉ်းစားပြီးရင် ဖေဖေ့ကိုဖြေပါ။"
"ဟမ်?" ဖရီယာ အံ့သြသွားသည်။ ထို့နောက် စိတ်အမြန်ပြောင်း၍ ပြုံးကာ မေးလိုက်သည် "ဖေဖေ၊ မေမေက ဖေဖေ့ကိုမေးခိုင်းဖို့ လွှတ်လိုက်တာလား"
ရှုယီက အံ့သြ၍ ပြုံးသွားမိသည် ။ သူက ဖရီယာ၏ နှာခေါင်းကို ဆွဲညှစ်ပြီး မေးလာ၏၊ "ဟုတ်တယ်၊ မင်းအမေက ဖေဖေ့ကိုမေးခိုင်းချင်တာ။ ဒါပေမယ့် ဖေဖေလည်း ဒါကို အရမ်းဂရုစိုက်တယ်။ ပြောပါဦး၊ သမီးဘာလုပ်ချင်လဲ ဆုံးဖြတ်ပြီးပြီလား"
ဖရီယာသည် နှာခေါင်းရှုံ့ကာ၊ “အနာဂတ်မှာ ဘာလုပ်ချင်လဲဆိုတာ သမီးကဘယ်လိုသိနိုင်မှာလဲ။ မေမေက ဆက်တိုက်မေးနေတော့ ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး ဟုတ်ပြီလား”
ဖရီယာ၏မျက်နှာထက်ရှိ မကျေမနပ်ဖြစ်နေသည့်ဟန်ကို မြင်လိုက်ရတော့ ရှုယီမှာ မနေနိုင်စွာ ရယ်မောမိသည်။
ဖရီယာသည် ယခုတွင် ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း သူမသည် အလွန်ဉာဏ်ကောင်းသည်။ သူမသည် မှော်ပညာနှင့် အခြားအရာများတွင် ထက်မြက်သူဖြစ်သောကြောင့် သူမအပေါ် မျှော်လင့်ချက်မြင့်မားပြီး သူမအပေါ် အလွန်တင်းကြပ်ထားကြသည်။
၎င်းကြောင့် ဖရီယာ က စတေးလ်ကို ပုန်ကန်လိုသည့်အတွက် ယခု ရှုယီက ၎င်းကို မေးရခြင်းပင်။
"ဒါဆို သမီးက ဘာကြိုက်တာလဲပြော" ရှုယီက မေးသည်။
"ကြိုက်တာလား? သမီး သဘောကျတဲ့အရာတွေ အများကြီးပါပဲ။ ဥပမာ မှော်ပညာ၊ စက်တွေ၊ သမိုင်းတွေ ……” ဖရီယာ က လေးလေးနက်နက် ပြန်ဖြေရင်း သူ့လက်ချောင်းတွေကို ရေတွက်နေသည်။
သို့ပေမယ့် ရှုယီက သူမကို ဖြတ်ပြောလာ၏။
"နေဦး! ဖရီယာ၊ နားထောင်၊ လူတစ်ယောက်က အရာအားလုံးမှာ အထွတ်အထိပ်ကို ရောက်ဖို့မဖြစ်နိုင်ဘူး၊ ဒါကြောင့် သမီးရွေးချယ်ရလိမ့်မယ်။ အခုမေးချင်တာက သမီးကြိုက်တဲ့အရာတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးလဲ"
"အများဆုံးကြိုက်တာလား?" ဖရီယာက ခဏလောက်စဉ်းစားဖို့ မျက်မှောင်ကုပ်ပြီးနောက် ခေါင်းခါသည်၊ “မသိဘူး ဖေဖေ၊ မေမေက ကျွန်မကို သင်ယူစရာတွေ အများကြီး သင်ပေးတော့ အားလုံးကို သဘောကျတယ်၊ ဒါပေမယ့် မေမေက မေမေသင်ပေးချင်တဲ့အရာတွေကို လေ့လာရမယ်လို့ ပြောတယ်။ ဒါကို မကြိုက်ဘူး၊ မေမေနဲ့ ပြောကူပေးပါလား?"
ရှုယီက ခါးသက်သက် အပြုံးကို ထုတ်ဖော်လိုက်သည်။
ဖရီးသည် ခုနစ်နှစ်သားအရွယ်တည်းက ဉာဏ်ကောင်းသူဖြစ်ပြီး ကြီးပြင်းလာသောအခါတွင် တစ်စုံတစ်ရာ ဖြစ်လာမည်ဖြစ်သည်။
သူ တစ်ခုခုပြောခါနီးတွင် ဖရီယာက ရုတ်တရက် လက်ခုပ်တီးပြီး စိတ်လှုပ်ရှားသည့် အကြည့်နှင့်ပြောလာ၏ "ဖေဖေ၊ သမီး ဘာလုပ်ရတာ အကြိုက်ဆုံးလဲဆိုတာ သိပြီ!"
"အိုး?" ရှုယီက အံ့သြသည့်အသံဖြင့် မေးလိုက်သည် "ဘာကိုအကြိုက်ဆုံးလဲ"
"ဖေဖေနဲ့တူတာကို ကြိုက်တယ်!" ဖရီယာ က ရှုယီကို လက်ညိုးထိုးပြကာ "သမီးကြီးလာရင် ဥက္ကဌလုပ်မယ်!"
ရှုယီက အံ့သြသွားကာ "ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ သမီးရဲ့ အမိန့်တွေကို တခြားလူတွေ နားထောင်အောင် လုပ်ပေးနိုင်လို့!" ဖရီယာ က လွှမ်းမိုးလိုသော အသံဖြင့် ပြောသည်။
ရှုယီသည် မိမိ နဖူးကို ကူရာမဲ့စွာ ရိုက်လိုက်မိသည်။
သူဟာ ဖရီယာ၏ပညာရေးအကြောင်း စတေးလ်နှင့်ပြောရန်လိုအပ်ပုံရသည်။
ဖရီယာ ၏ တုံ့ပြန်မှုအပေါ် အခြေခံ၍ သူမသည် ပုံမှန်အားဖြင့် သူမ၏ ကျောင်းတက်ချိန်၌ ဖိနှိပ်လွန်းသောကြောင့် သူမသည် ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ခုခံလိုသော အကြံအစည်များ ရှိနေသည်။
သို့သော် ထိုအကြောင်းကို တွေးပြီးနောက် ရှုယီ၏ မျက်လုံးများ တောက်ပလာသည်။ သူက ရယ်၍ ဖရီယာကို ပွေ့ဖက်ကာ “ဖရီယာ၊ နားထောင်၊ ဥက္ကဌဖြစ်ရတာ မလွယ်ဘူး၊ ပထမဆုံး သမီးအနေနဲ့……”
နွေရာသီ နေ့လည်ခင်းတစ်ခုတွင်၊ အနာဂတ်၏ နှစ်ပေါင်းများစွာ၌ နယ်မြေကြီးတစ်ခုလုံးတွင် သြဇာအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံရမည့် အမျိုးသမီးမှာ အထွတ်အထိပ်သို့ရောက်ရန် သူမ၏ ပထမဆုံးသင်ခန်းစာကို ရရှိခဲ့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၄။ အားကောင်းသည့် ဈေးကွက်တင်ရောင်းချခြင်း
“ကျလိ ကျလိ ကျလိ”
ပြတင်းအပြင်ဘက်ရှိ ပုစဉ်းရင်ကွဲများ၏ အသံက နေးလ်ဆန်၏ နားတွင်းသို့ရောက်လာရာ သူဟာ ပို၍ပင် စိတ်လှုပ်ရှားနေတော့သည်။
သူ့ရှေ့၌ အဆုံးမရှိ စကားများနေသည့် ထိုလူဝကြီးကို နားထောင်ရေး နေးလ်ဆန်မှာ တကယ်ကို သူ့လက်ထဲရှိ လက်ဖက်ရည်နှင့် ထိုသူ့မျက်နှာကို ပက်လိုက်ချင်မိသည်။
ဒီသောက်ဖက်တီးကတော့!
သူဟာ အခြားကုမ္ပဏီများ၏ မှော်စက်များမှာ သုံးရလွယ်၍ အရည်အသွေးမှာ Frestech ကုန်သည်ကြီးများအသင်း၏ စက်များနှင့်ယှဉ်လျှင်လည်း ထိုမျှမဆိုးသလို အဆများစွာ ဈေးချိုသည်ဟု ထပ်ခါထပ်ခါပြောနေလေသည်။ သူ မည်သို့ကြည့်ကြည့် ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များနှင့် ယှဉ်လျှင် များစွာပိုမို၍ ကုန်ကျစရိတ်နှင့် ပတ်သက်ပြီး အကျိုးရှိလေသည်ဟုပက်။
"သောက်ကျိုးနည်း! ဒီသောက်ကျိုးနည်းဖက်တီးက တကယ်ပဲ ဒီလိုစဉ်းစားနေတာ ငါ့ကို ဒီနေ့ မမြင်တာကျနေရော!" နေးလ်ဆန်မှာ စိတ်ထဲ၌ ဆဲရေးလိုက်သော်လည်း မျက်နှာထက်ရှိ အပြုံးက မပြောင်းလဲပေ။
သို့သော် ယခုတွင် သူ၏အပြုံးက အတန်ငယ်တောင့်တင်းနေပြီး သဘာဝမဆန်နေပေ။
မှန်ပါ၏၊ အာအိုဒါနယ်မြေ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဗစ်ကောင့်ထ် ဝေလ်ဘာမှာ နေးလ်ဆန်၏ အမူအရာကို ဂရုစိုက်မနေပေ။ Frestech တံဆိပ်အိမ်သုံးမှော်စက်များ၏ အခြားတံဆိပ်များနှင့် ယှဉ်ပြီးနောက် ဆိုးကျိုးများကို ပြောပြီးနောက်တွင် သူဟာ ရပ်တန့်၍ လက်ဖက်ရည်တစ်ငုံ့သောက်လိုက်ပြီး စကား တစ်ချိန်လုံးပြောသောကြောင့် ခြောက်သွေ့တော့မည့် လည်ချောင်းကို အစိုဓာတ်ပေးလိုက်သည်။
နေးလ်ဆန်က ဤအခွင့်အရေးကို ယူကာ စကားဆိုလိုက်၏။
"အရှင်ဗစ်ကောင့်ထ် ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေက တခြားတံဆိပ်တွေထက်ပိုပြီး ဈေးကြီးတာကို ဝန်ခံပါတယ်၊ ဒါပေမယ့် တခြားတံဆိပ်တွေရဲ့ လုပ်ဆောင်ချက်က ကျွန်တော်တို့ Frestech တံဆိပ်ထက် ပိုမဆိုးနေတာမဟုတ်ဘူးလေ... ဒါကို သဘောမတူနိုင်ပါဘူး"
"အိုး?" ဗစ်ကောင့်ထ် ဝေလ်ဘာမှာ နေးလ်ဆန်ကိုကြည့်လာသည်၊ "ဒီအရာတွေကြားမှာ ခြားနားချက်ဆိုတာရှိသေးလို့လား? အဆုံးကျတော့ အားလုံး လုပ်ဆောင်ချက်ကတူနေတာပဲလေ"
"ဒီအတွေ့အကြုံမရှိတဲ့ သောက်ဖက်တီးကတော့!" နေးလ်ဆန်မှာ မနေနိုင်စွာ စိတ်ထဲ ဆဲရေးလိုက်သည်။
"အဟမ်း... ခြားနားချက်က ရှိတာပေါ့။ သခင်ဗစ်ကောင့်ထ် ခင်ဗျား စိတ်အဝင်စားဆုံး မှော်လေပေးစက်ကို ဥပမာယူကြည့်ပါ။ ကျုပ်တို့ ကုမ္ပဏီရဲ့ Frestech တံဆိပ်က သက်ရောက်မှု အရှိဆုံး...."
ဗစ်ကောင့်ထ် ဝေလ်ဘာ၏ မျက်နှာထက်ရှိ အဆီခဲနှစ်ခဲကိုကြည့်ရင်း နေးလ်ဆန်မှာ သူပြောတော့မည့်အရာကို အမြန်ခေါင်းစဉ်ပြောင်းလိုက်ရသည်..
"စွမ်းအားအပြည့်မှာဆို သူက နှစ်မိနစ်တည်းနဲ့ သတ်မှတ်အပူချိန်ကို ရအောင်လုပ်ပေးနိုင်တယ်။ ဥပမာ၊ ဒီက...."
နေးလ်ဆန်မှာ ၎င်းတို့ရှိနေကြသည့် စတုရန်းနှစ်ဆယ်ကီလိုမီတာ အခန်း နံရံများထံ လက်ဟန်ခြေဟန်ပြသည့်အနေဖြင့် ဘယ်လက်မောင်းကို ဝေ့ယမ်းလိုက်သည်။
"ကြည့်လိုက်ပါဦး ဒီအခန်းရဲ့ လက်ရှိ အပူချိန်က အပြင်နဲ့ တူညီတဲ့ အပူချိန်ရှိပြီးတော့ လူတွေအတွက်ဆို အရမ်းပူပေမယ့် Frestech တံဆိပ်မှော်လေပေးစက်ကို ထည့်ထားလိုက်ရင် နှစ်မိနစ်အတွင်းမှာပဲ ဆောင်းဦးရာသီလို အေးမြလာလိမ့်မယ်။"
"ဒါဆိုရင် ဒါက ဘယ်လိုလုပ် တခြားတံဆိပ် မှော်လေပေးစက်တွေထက် ပိုကောင်းမှာလဲ?"
"တခြားတံဆိပ် မှော်လေပေးစက်တွေက ပထမဆုံးအနေနဲ့ ဒီလိုတူညီတဲ့ သက်ရောက်မှုကို ရဖို့ခဲယဉ်းပြီး အေးခဲနှုန်းက နှေးပြီး မတည်ငြိမ်ဘူး။ တခြားတံဆိပ်တွေက ကျုပ်တို့ Frestech တံဆိပ်မှော်လေပေးစက်ထက် ပါဝါပိုစားတယ်လေ။ ခင်ဗျားသာ Frestech တံဆိပ်မှော်လေပေးစက်ကို သုံးမယ်ဆို တစ်ညလုံးစာအတွက် မှော်စွမ်းအင် ၁.၂ ဒီဂရီပဲ ကုန်ပြီး ဒါက အဆီအနှစ်မြင့် မှော်သလင်းကျောက်တစ်လုံးစာနီးပါးပဲရှိတာ။ တခြားတံဆိပ် မှော်လေပေးစက်ကို သုံးမယ်ဆိုရင်တော့ ပါဝါအသုံးပြုမှုက နှစ်ဆ နှစ်ဆဖြစ်နေဦးမှာပဲ။ ဒါနဲ့တင် ကျုပ်တို့ Frestech တံဆိပ်မှော်လေပေးစက်ကို သုံးပြီး တစ်လ ရွှေဒင်္ဂါးတစ်ပြားနီးနီး ခြွေတာနိုင်မယ်။"
ဗစ်ကောင့်ထ် ဝေလ်ဘာက အထင်မြင်သေးဟန်ဖြင့် နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြန်ကာ၊ "ကျစ် ဒါက တစ်လမှ ရွှေဒင်္ဂါးတစ်ပြားအောက်ပဲ ခြွေတာနိုင်တာလေ ဘာဂရုစိုက်နေရဦးမှာလဲ။ မမေ့နဲ့ဦး ခင်ဗျားတို့ Frestech တံဆိပ်မှော်လေပေးစက်က တခြားတံဆိပ်တွေထက် ရွှေဒင်္ဂါးများစွာကိုကုန်ကျတယ်။ ကျုပ်သာ ဒါကို ဝယ်တာကနေရလာတဲ့ ငွေကို တွက်ကြည့်မယ်ဆို ဆယ်လစာ လုံလောက်နေပြီ။ ဒါကို တစ်နှစ်မှာ လနည်းနည်းလောက်ပဲ သုံးလို့ရတာမို့ ရွှေဒင်္ဂါးဆယ်ပြားက နှစ်ပေါင်းများစွာ အတွက် လုံလောက်တယ်။ ဒီအရာက သေချာပေါက် နှစ်များစွာကြာပြီးရင် ပျက်သွားမှာဆိုတော့ စိုးရိမ်နေစရာမလိုပါဘူး။"
နေးလ်ဆန်မှာ အံ့ဩသွားမိသည်။ သူ့အနေနှင့် ဗစ်ကောင့်ထ် ဝေလ်ဘာမှာ ထိုမျှ အထိတုံးအ'မည်ဟု မထင်ထားခဲ့သော်လည်း သူဟာ မှန်ကန်သည့် နားလည်မှုမရှိရုံသာမက သူစဉ်းစားသည်က လူများအားအပြစ်အနာဆာမရှိဟု တွေးစေသည်။
ဤသည်ကတင် သူ Frestech တံဆိပ်အိမ်သုံးမှော်စက်များ ရောင်းချခဲ့သော အခြားနိုင်ငံများနှင့် ကွဲပြားနေတော့၏။
ယခင်က နေးလ်ဆန်သွားခဲ့သည် နိုင်ငံများမှာ အနောက်တောင်ထောင့်နှင့် နီး၍ လမ်ပူရီတိုင်းပြည်နှင့် အတော်လေးနီးကပ်သဖြင့် သဘာဝကျစွာပင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် နားလည်မှုအချို့ရှိရာ နေးလ်ဆန်အနေနှင့် ရှင်းပြရန် ထိုမျှ အားများများစိုက်ထုတ်နေဖို့မလိုချေ။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များမှာ သံသယဝင်စရာပင်မလိုအောင် အနောက်တောင်ထောင့်၏ ထိပ်တန်းအကျော်ကြားဆုံး ပစ္စည်းများဖြစ်သဖြင့် မည်သူကမှ ၎င်းတို့ကို မေးခွန်းမထုတ်ခဲ့ပေ။
သို့သော် ယခုတွင် နေးလ်ဆန်က စတက်တိန်းနယ်မြေမှ ငါးထောင်ကီလိုမီတာ အဝေးမှလာပြီး အရှေ့ဘက်ခပ်ဝေးဝေးရှိ ဤ အာအိုဒါနယ်မြေသို့လာခဲ့ကာ သူဟာ ၎င်းကိုရောင်းချရန် မိမိကိုယ်ပိုင်နည်းလမ်းကို စဉ်းစားခဲ့သည်၊ သို့မှသာ လူများက Frestech တံဆိပ်နှင့် အခြားတံဆိပ်များက ကွာခြားသည်ကိုသိမည်ဖြစ်သည်။
ထိုသို့စဉ်းစားရင်း နေးလ်ဆန်မှာ မနေနိုင်ဘဲ ဥက္ကဌအကြောင်း တိတ်တဆိတ် ညည်းတွားလိုက်သည်။
ဥက္ကဌက အခြားမှော်စက်ကုမ္ပဏီများအားလည်း အနှီအရှေ့ဘက်နိုင်ငံများထံ ခေါ်ဆောင်လာဖို့ တင်းခံနေခဲ့ခြင်းကြောင့်သာ မဟုတ်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ဤနယ်ပယ်ကို ၎င်းတို့၏ ကိုယ်ပိုင်ထုတ်ကုန်များနှင့် လက်ဝါးကြီးအုပ်နိုင်ပြီး ဤထုတ်ကုန်များကို ရောင်းချရန် အားအကုန်ခံနေဖို့မလိုပါချေ။
သို့သော် ၎င်းက ဥက္ကဌ၏ ပုံစံနှင့်ကိုက်ညီရာ နေးလ်ဆန်ကဲ့သို့ လူအိုကြီးလည်း ကျင့်သားရပြီးသားဖြစ်သဖြင့် သူဟာ စိတ်ထဲ၌သာ ညည်းတွားနိုင်ခဲ့ပြီးနောက် Frestech တံဆိပ် အိမ်သုံးမှော်စက်များ၏ အကျိုးအမြတ်များကို ဗစ်ကောင့်ထ် ဝေလ်ဘာထံ ဆက်ရှင်းပြခဲ့သည်။
သို့ရာတွင် ဗစ်ကောင့်ထ် ဝေလ်ဘာမှာ ဆီနှင့်ရေကဲ့သို့ နေးလ်ဆန် ခဏကြာပြောပြီးနောက်တွင်ပင် မလှုပ်မယှက်ဖြစ်နေဆဲပင်။
"ဟ နေးလ်ဆန်.... အင်း.... မန်နေဂျာ? ခင်ဗျားရဲ့ရာထူးက Frestech ကုန်သည်ကြီးများအသင်းမှာ အရမ်းကို ထူးဆန်းတယ်လို့ ထင်မိတယ်။" ဗစ်ကောင့်ထ် ဝေလ်ဘာမှာ ခဏမျှရပ်တန့်လိုက်ပြီးနောက် အလေးအနက်ပြန်ပြောလေသည်၊ "ဒီလိုဆိုရင်ရော၊ ကျုပ်တို့ အာအိုဒါ နယ်မြေက Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်တွေကို ယူမယူဆိုတာ ကျုပ် တစ်ဦးတည်းဆုံးဖြတ်လို့ ရတာမျိုးမဟုတ်တော့ ဒါကို ပြန်ပြီးမှ နည်းနည်းလောက်လေ့လာပြီး စဉ်းစားကြည့်လို့ရမယ်။ ဘယ်လိုသဘောရလဲ?"
နေးလ်ဆန်၏ အမူအရာမှာ မနေနိုင်အောင် ပျက်သွားလေသည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် ရောင်းအားမြှင့်တင်ရာ၌ တာဝန်ယူထားသော အချိန်ပြည့် တာဝန်ရှိသူတစ်ဦးအနေနှင့် သူဟာ ထိုစကားလုံးများနောက်ကွယ်မှ မယဉ်ကျေးမှုကို မည်သို့ မမြင်နိုင်ဘဲ ရှိပါမည်နည်း?
ဗစ်ကောင့်ထ် ဝေလ်ဘာ၏ လုပ်ဆောင်ချက်ကို သုံးသပ်ရသော် သူဟာ ဆုံးဖြတ်ပြီးသားဖြစ်လောက်သည်။
သို့သော် သူဟာ မည်သို့များ တစ်ချိန်လုံး လေအကုန်ခံရသနည်း၊ ၎င်းက တကယ်ကို အဓိပ္ပာယ်ပယ်မရှိပါချေ။
စဉ်းစားပြီးသည့်နောက် နေးလ်ဆန်မှာ ကူရာမဲ့စွာ ခေါင်းတစ်ချက်ငြိမ့်၍ ဗစ်ကောင့်ထ် ဝေလ်ဘာထံ တစ်ချက်ပြုံးပြပြီး လက်ကမ်းလိုက်သည်။
"ကောင်းပါပြီ အရှင် ဗစ်ကောင့်ထ် ကျုပ် နောက်နှစ်ရက်နေရင် လာလည်ပါ့မယ်။"
ဗစ်ကောင့်ထ် ဝေလ်ဘာက သူ၏လက်ကို ဆွဲကာနှုတ်ဆက်၍ ရယ်မောလေသည်။
"နောက်ကျမှ ပြောကြတာပေါ့၊ ဟားဟား..."
ဗစ်ကောင့်ထ် ဝေလ်ဘာက ဤတိတ်ဆိတ်နေသော စားသောက်ဆိုင်မှ ထွက်ခွာသွားသည်ကိုမြင်သော် နေးလ်ဆန်မှာ မနေနိုင်စွာ သက်ပြင်းချ၍ ခေါင်းခါလိုက်မိသည်။
ဗစ်ကောင့်ထ် ဝေလ်ဘာ၏ တုံ့ပြန်မှုအရ သူ၏ အာအိုဒါ နယ်မြေ၌ Frestech တံဆိပ် အိမ်သုံးမှော်စက်များ ရောင်းချရန် ကြိုးစားမှုမှာ အချည်းနှီးဖြစ်သွားပုံပါပင်။
ထိုသို့ဖြင့် ၎င်းတို့မှာ အာအိုဒါ နယ်မြေအစိုးရ၏ အထောက်အပံ့ကို မရခဲ့သောကြောင့် သူဟာ မြို့သူမြိုသားများမှတဆင့်သာ ဖြည်းဖြည်းချင်းရောင်းချနိုင်တော့သည်။ သူဟာ အာအိုဒါနယ်မြေသားများအား Frestech တံဆိပ်မှော်စက်များကို အလွယ်လေးလက်ခံလာအောင် ပြုလုပ်မည်ဖြစ်၏။
ဤနယ်ပယ်၌ Frestech တံဆိပ် မှော်စက်တစ်ခုတည်းသာရှိပါလျှင် များစွာပို၍ လွယ်ကူမည်သာ။
သို့သော် ဥက္ကဌ၏ အစီစဉ်ကြောင့် ဤနယ်ပယ်၌ Frestech တံဆိပ်သာမက အခြားကုမ္ပဏီများ၏ တံဆိပ်များလည်း ရှိပေသည်။ လူတိုင်းမှာ ဤဈေးကွက်အသစ် အားလုံးကို ရယူရန် ကြိုးစားနေကြသည်။
နေးလ်ဆန်အနေနှင့် Frestech တံဆိပိ၏ အရည်အသွေး၊ လုပ်ဆောင်ချက်နှင့်၊ အခြားအပိုင်းများ၌ ယုံကြည်ချက်ရှိသော်လည်း ဤနေရာရှိ လူများမှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည့် အနောက်တောင်ပိုင်းနိုင်ငံများရှိ ပြည်သူများနှင့် မတူပါပေ။
ထို့ကြောင့် လက်တွေ့တွင် လူတိုင်းမှာ တူညီသည့် စမှတ်က စတင်ရသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ အရည်အသွေးနှင့် လုပ်ဆောင်ချက်အပိုင်း၌ အားသာချက်ရှိပါလျှင်တောင် ၎င်းတို့အနေနှင့် အားထုတ်မှုနှင့် အချိန်များစွာ ကုန်ဆုံးဖို့ လိုအပ်နေသေးသည်။
ထို့အပြင် နေးလ်ဆန်၏ အတွေ့အကြုံရှိ နှစ်များအရ နယ်ပယ်တစ်ခုကို တံဆိပ်တစ်ခုက ပိုငဆိုင်လိုက်သည်နှင့် ဤအဖြစ်ကို ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။
"ဒီတော့... ဥက္ကဌက အရမ်းကို သဘောထားကောင်းလွန်းနေတယ်၊ ဘယ်လိုလုပ် မှော်စက် ကုမ္ပဏီတွေဆီ ဒီလို အခွင့်ကောင်းမျိုး ပေးရတာလဲ?"
ထိုသို့စဉ်းစားရင်း နေးလ်ဆန်မှာ မနေနိုင်စွာ စိတ်ထဲ၌ ရှုယီအကြောင်း ညည်းတွားလိုက်မိပြန်၏။
ရှုယီအား မည်သို့ ပြုလုပ်ရမည်ကို စဉ်းစားနေစဉ်တွင် စားသောက်ဆိုင်တံခါးမှာ ရုတ်တရတ် တွန်းဖွင့်ခံလိုက်ရကာ နေးလ်ဆန်၏ လက်ထောက် မန်ဒီယာတာက အလျင်စလိုရောက်လာ၏။
ဘေးဘီကိုကြည့်လိုက်ရင်း မန်ဒီယာတာမှာ နေးလ်ဆန်နံဘေးသို့ အမြန်ရောက်လာကာ နား,နားကပ်၍ အသံတိုးတိုးဖြင့် ဆိုလေသည်၊ "ကျွန်တော် ခိုက်မေးကြီးတော့ Longley ကုန်သည်ကြီးများအသင်းက နေဒန်က မနေ့တုန်းက ဗစ်ကောင့်ထ် ဝေလ်ဘာနဲ့ ဆုံခဲ့ပြီး ဗစ်ကောင့်ထ် ဝေလ်ဘာကို လာဘ်ထိုးတဲ့အနေနဲ့ ရွှေဒင်္ဂါးသုံးထောင်ထက် မနည်းပေးခဲ့တယ်တဲ့"
နေးလ်ဆန်မှာ မနေနိုင်စွာ အေးစက်စက်ရယ်မောလေ၏။
"ရွှေဒင်္ဂါးသုံးထောင်... ဒီဗစ်ကောင့်ထ်က ငါတို့အပေါ် ဒီလောက်အေးစက်နေတာ မထူးဆန်းတော့ပါဘူး ဟမ့်!"
မန်ဒီယာတာမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အသံတိုးတိုးဖြင့် ဆက်ပြောသည်၊ "မန်နေဂျာ၊ ကြည့်ပါဦး... ကျွန်တော်တို့လည်း...."
"ပိတ်ထား!" နေးလ်ဆန်က မန်ဒီယာတာကို မည်သည့် ယဉ်ကျေးမှုမှမပြဘဲ ဖြတ်ပြောလိုက်သည်၊ "ဥက္ကဌဆီသာ မင်းရဲ့စကားတွေ ရောက်သွားရင် သူက မင်းကိုချက်ချင်း အလုပ်ထုတ်ပစ်လိုက်မယ်ဆိုတာယုံလား?"
မန်ဒီယာတာမှာ တုန်ယင်သွားပြီးနောက် ဆန္ဒမရှိသည့်အသံဖြင့်ပြောလေ၏၊ "ဒါပေမယ့် ဒီလိုမျိုး ဒီနေရာမှာပဲ လက်လျှော့လိုက်ဖို့က မဖြစ်သင့်ဘူးမဟုတ်လား?"
"အဓိပ္ပာယ်မရှိတာ၊ ငါတို့ လက်မလျှော့ပေမယ့် အဲ့ဖက်တီးကို ဘာပိုက်ဆံမှတော့ ပေးမှာ မဟုတ်ဘူး။ ဒီကောင်က Longley ကုန်သည်ကြီးများအသင်းဆီကနေ ပိုက်ဆံယူဖို့ ဆန္ဒရှိမှတော့ သူ့မှာ ကိုယ်ကျင့်တရားထိန်းထားပြီး Longley ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်နေပေးမှာပေါ့။ သူသာ သူ့စကားတွေကို တည်မယ်ဆို... ငါက သူ့ကို ပိုက်ဆံပေးရဲမယ်ထင်လို့လား?"
မန်ဒီယာတာမှာ စဉ်းစားလိုက်ပြီးနောက် ၎င်းက အတန်ငယ်ကျိုးကြောင်းသင့်သည်ကိုနားလည်ကာ တိတ်ဆိတ်သွားတော့သည်။
နေးလ်ဆန်လည်း တိတ်ဆိတ်သွားကာ မျက်မှောင်ကုပ်၏။ သူဟာ စားပွဲပေါ် လက်တင်၍ ဘာလုပ်ရမည်ကို စဉ်းစားနေလိုက်သည်။
ယခုတွင် အာအိုဒါ နယ်မြေ နိုင်ငံခြားရေးဌာန၏ ကြီးကြပ်သူ ဗစ်ကောင့်ထ် ဝေလ်ဘာမှာ Longley ကုန်သည်ကြီးများအသင်းထံမှ ပိုက်ဆံယူနေရာ သူ့အနေနှင့် ၎င်းတို့ကို အင်အားအပြည့်ဖြင့် ထောက်ခံထားသည် ဖြစ်နိုင်ပြီး ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် သေချာပေါက် ဆိုးရွားပေသည်။
သို့သော် ၎င်းက ၎င်းတို့ ပြန်မယူနိုင်သည့် အရာတော့မဟုတ်ပေ။ ၎င်းတို့သာ လိုအပ်လျှင် နေးလ်ဆန်အနေနှင့် ဌာနချုပ်ကို အထောက်အပံ့အတွက် တောင်းဆိုနိုင်ရာ ထိုနည်းဖြင့် Longley ကုန်သည်ကြီးများအသင်း သို့မဟုတ် အခြား ပြိုင်ဘက်များကို အလွယ်လေး ထုတ်ပယ်နိုင်ပါ၏။
သို့သော် ၎င်းက ဥက္ကဌ၏ အစီစဉ်ကို ဆန့်ကျင်နေရာ နေးလ်ဆန်အနေနှင့် မိမိ ကျရှုံးမှုကို ဝန်ခံနေသကဲ့သို့ ဖြစ်သဖြင့် သေချာပေါက် လက်မခံနိုင်ပေ။
ထို့ကြောင့် သူလုပ်ဆောင်ရန်လိုအပ်သည်မှာ အာအိုဒါနယ်မြေ၏ အခြားနေရာများသို့ စတင် ရွှေ့ပြောင်းရန်ဖြစ်၏။
နေးလ်ဆန်၏ စိတ်က လူပေါင်းများစွာကို စဉ်းစားနေစဉ်တွင် စားသောက်ဆိုင်တံခါးက တစ်ဖန်ပွင့်သွားပြန်သည်။
နေးလ်ဆန်နှင့် မန်ဒီယာတို့မှာ အံ့ဩစွာဖြင့် တံခါးဘက်ကို လှည့်ကြည့်လိုက်သော် ဗစ်ကောင့်ထ် ဝေလ်ဘာက သူ၏ အဆီပြည့်ခန္ဓာကိုယ်ကြီးကိုသုံး၍ တံခါးကိုဖျက်ကာ အမြန် ရှေ့တိုးလာသည်ကို မြင်ရသည်။
"မန်... မန်နေဂျာ နေးလ်ဆန်၊ ကျုပ်..." ဗစ်ကောင့်ထ် ဝေလ်ဘာက အင်မတန်စိုးရိမ်နေပုံဖြင့် ဟောဟဲဆိုက်နေသည်မှာ အရေးအကြီးဆုံးအရာတစ်ခုခုနှင့် ကြုံလာရသလိုပင်။
"ဘာများလဲ အရှင် ဗစ်ကောင့်?" နေးလ်ဆန်မှာ အနည်းငယ် ရှုပ်ထွေးကာဖြင့် ပြန်လာသည့် ဗစ်ကောင့်ထ် ဝေလ်ဘာကို ကြည့်လိုက်သည်။
"ကျုပ်... အဟမ်း အဟမ်း မန်နေဂျာ နေးလ်ဆန် အခုနက ကိစ္စအတွက် ကျုပ်တို့... ကျုပ်တို့... တခြားနေရာမှာ ပြောလို့ရမလား?"
နေးလ်ဆန်နှင့် မန်ဒီယာတာတို့မှာ တစ်ချိန်တည်း အံ့ဩသွားကြသည်။
ဗစ်ကောင့်ထ် ဝေလ်ဘာ၏ အသံကိုကြားသော် တစ်ခုခုဖြစ်ပွားခဲ့သည်ပုံပါပင်?
သို့သော် ပြဿနာမှာ ဤသို့သော အခြေနေက မည်သည့်နေရာမှ လာပါသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၅။ စစ်ကြေညာခြင်း
နောက်နေ့၌ သတင်းတစ်စ ရောက်လာချိန်တွင် ရှုပ်ထွေးနေသည့် နေးလ်ဆန်နှင့် မန်ဒီယာတာတို့မှာ ဤအခွင့်အရေးက မည်သည့်နေရာကလာသည်ကို နားလည်လိုက်ကြသည်။
သတင်းက အတော်လေးကိုရိုးရှင်းစွာ အနှစ်ချုပ်ထား၏။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ မြောက်ပိုင်းရှိ ကာကီနယ်မြေကို စစ်ကြေညာခဲ့ပြီး သုံးရက်အတွင်း ကာကီနယ်မြေစစ်တပ်အများစုကို ဖျက်ဆီး၍ နယ်စားကာကီနှင့် မိသားစုကို တိုက်ရိုက်ဖမ်းဆီးခဲ့သည်။
(*ကာကီနယ်မြေဟာ စတက်တိန်းနယ်မြေ၊ ဒရိတ်ခ်နယ်မြေတို့လို နိုင်ငံအသေးစားလေးဖြစ်ပါတယ်)
ကာကီနယ်မြေအား ၎င်းတို့၏နိုင်ငံကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ဤသတင်းသည် အရှေ့တောင်ထောင့်ရှိ နိုင်ငံများမှ ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။
ကာကီနယ်မြေသည် နယ်မြေဟု အမည်တွင်သော်လည်း ၎င်းတို့တွင်ရှိသော အာဏာပမာဏသည် ပုံမှန်နိုင်ငံတစ်ခုထက် မနိမ့်ကျနေပေ။
ထို့အပြင်၊ ဒုခ် ကာကီသည် သူ၏စစ်တပ်ကိုတည်ဆောက်ရာတွင် ငွေကြေးအမြဲသုံးစွဲနေသောကြောင့် ကာကီနယ်မြေသည် အခြားနိုင်ငံများတွင် အစွမ်းထက်ဆုံး တိုက်ပွဲအင်အားရှိသောကြောင့် အရှေ့တောင်နိုင်ငံများတွင် နာမည်ကြီးခဲ့သည်။
သို့သော်လည်း နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသည် ကာကီနယ်မြေကို စစ်ကြေညာခဲ့ပြီးနောက် ၎င်းတို့ကို ဖျက်ဆီးရန် သုံးရက်သာ အသုံးပြုခဲ့ရာ၊ ယင်းမှာ မည်သူမျှ မမျှော်လင့်ထားသည့်အရာပင်။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ ပေါ်ပေါက်လာသည်မှာ သုံးနှစ်ခန့်သာ ရှိသေးသည်။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသည် ၎င်းတို့၏ ကုမ္မဏီဆယ့်သုံးခုပါသည့် စီးပွားရေးအင်အားရှိကာ အလွန်ချမ်းသာသည်။
သို့ရာတွင် ငွေရှိခြင်းနှင့် ခွန်အားရှိခြင်းဆိုသည်မှာ မတူညီသည့် အရာနှစ်ခုဟု လူတိုင်းက ထင်နေကြ၏။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံတွင် ငွေကြေးအပြင် ယခင်က ကုမ္ပဏီ ၁၃ ခု၏ အစောင့်များရှိသော်လည်း၊ ၎င်းသည် နိုင်ငံစစ်တပ်တစ်ခုနှင့် နှိုင်းယှဉ်ရန် အလှမ်းဝေးနေသေးသည်။
သို့သော် ယခုတစ်ကြိမ်တွင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသည် ကာကီနယ်မြေကို တိုက်ရိုက်ထိန်းချုပ်လိုက်နိုင်သည့်တိုင် ကာကီနယ်မြေကို အလွယ်တကူအနိုင်ယူရန် ကုမ္ပဏီငါးခု၏ အစောင့်များအနက် အယောက်ငါးထောင်သာ စေလွှတ်ခဲ့သည်။
ဤရလဒ်မျိုးသည် အရှေ့တောင်ဘက်နိုင်ငံများရှိ လူတိုင်းကို ထိတ်လန့်စေသည်။
၎င်းအတွက် ထိတ်လန့်ပြီး အကြောက်ဆုံးမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများပါပင်။
အာအိုဒါ နယ်မြေသည် ထိုနိုင်ငံများထဲမှ တစ်ခုဖြစ်သည်။
" ဒုခ် အာအိုဒါ က ကျုပ်တို့ ကုမ္ပဏီဆီကနေ စစ်တပ်သုံးမှော်စက်တွေကို ၀ယ်ချင်တာလား။" နေးလ်ဆန်က ကုလားထိုင်ကို နောက်ပြန်မှီပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် နောက်ပြောင်ဟန်ဖြင့် ရှေ့က ဗစ်ကောင့်ထ်ဝေလ်ဘာ ကို ကြည့်လိုက်သည်။
ဤလူဟာ လွန်ခဲ့သည့် နှစ်ရက်က သူ့ရှေ့၌ မာနကြီးခဲ့သော်လည်း ယခုတွင် ရိုကျိုးစွာ ပြုမူနေရာ၊ သူ့ကိုကြည့်ရသည်မှာ တကယ်ကို စိတ်လှုပ်ရှားစရာပင်။
“မှန်ပါတယ်၊ မှန်ပါတယ်၊ ခင်ဗျားတို့ကုမ္ပဏီက စစ်ဘက်ဆိုင်ရာ မှော်စက်တွေ ဖန်တီးပြီး အဲဒါတွေကို အရမ်းဂရုစိုက်တယ်လို့ ဒုခ် က ကြားထားတယ်။ ဒုခ် အနေနဲ့ စစ်တပ်မှော်စက်တွေက ကျုပ်တို့ အာအိုဒါ နယ်မြေ အတွက် အရေးကြီးတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ခင်ဗျားတို့လို ခမ်းနားတဲ့ ကုမ္ပဏီဆီကနေ တချို့ကို ဝယ်ဖို့ မျှော်လင့်နေတာပါ။ မန်နေဂျာ နေးလ်ဆန်၊ ကျေးဇူးပြု ခင်ဗျားတို့ကုမ္ပဏီရုံးချုပ်ကို ချက်ချင်းဆက်သွယ်ပေးပါဦး။ နောက်လာမယ့် ပို့ဆောင်မှုမှာ ကျုပ်တို့လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တွေကို ယူဆောင်လာနိုင်ရင် အကောင်းဆုံးပါပဲ”
နေးလ်ဆန် တုံ့ဆိုင်းနေသည်ကိုမြင်သော် ဗစ်ကောင့်ထ်ဝေလ်ဘာ က အံကြိတ်ထားသော်လည် ပြုံး၍ ဆက်ပြောသည်။ "ဟုတ်တယ်၊ ခင်ဗျားတို့ ကုမ္ပဏီက စစ်တပ်သုံးမှော်စက်တွေကို ပေးချင်နေသရွေ့တော့ ကျုပ်တို့ စျေးနှုန်းကို ဆွေးနွေးလို့ရတယ်လေ...။"
နေးလ်ဆန်သည် ဗစ်ကောင့်ထ် ဝေလ်ဘာ၏ ရိုကျိုးပြနေသော အသွင်အပြင်ကို ကြည့်ကာ မနေနိုင်စွာ ကျီစားချင်လာသည်။ သူဟာ အဆင်မပြေဟန်ကို ထုတ်ဖော်ပြီး မျက်ခုံးတွန့်ချိုး၍ပြောလိုက်၏၊ "ဒါပေမယ့်……သခင် ဗစ်ကောင့်ထ်၊ ကျုပ်တို့ကုမ္ပဏီရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောတွေ ရောက်လာရင်တောင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံရဲ့ တောင်ပိုင်းဆိပ်ကမ်းမှာ ကျောက်ချရမယ်ဆိုတာ ခင်ဗျားသိထားလောက်ပါတယ်။ ဒါကို နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံဘက်မှာ ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူး။"
ဗစ်ကောင့်ထ် ဝေလ်ဘာ ၏ အမူအရာပြောင်းလဲသွားကာ ၎င်းကိုစဉ်းစားပြီးနောက်တွင် သူသည် နေးလ်ဆန်ထံသို့ အနည်းငယ်နီးကပ်လာပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည် ။ "မန်နေဂျာ နေးလ်ဆန်၊ ခင်ဗျားတို့ရဲ့ကုမ္ပဏီက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ကျုပ်သိပါတယ်။ ခင်ဗျားတို့ကုမ္ပဏီ ဆန္ဒရှိသရွေ့ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံက ဒါကို မတွေ့စေရပါဘူး"
နေးလ်ဆန်က ရယ်မောလိုက်၏၊ "သခင် ဗစ်ကောင့်ထ်၊ ဒါကိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံက ကျုပ်တို့ ကုမ္ပဏီရဲ့ အရေးအကြီးဆုံး ပါတနာတွေထဲက တစ်ဦးပါ။ ဒီကိစ္စကို အရေးကြီးတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဆီကနေ ဘာအကြောင်းကြောင့် ဖုံးကွယ်ထားရမှာလဲ”
ဗစ်ကောင့်ထ် ဝေလ်ဘာ သည် ချက်ချင်း တိတ်ဆိတ်သွားသည်။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသည် ကာကီနယ်မြေကို မဖျက်ဆီးဘဲ ပတ်ဝန်းကျင်နိုင်ငံများတွင် ၎င်းတို့၏ ကျော်ကြားမှုကို တိုးပွားစေမည်ဆိုလျှင်ပင်၊ ယခင်ကဆိုပါ ၎င်းတို့၏ အာအိုဒါ နယ်မြေအား နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနှင့် နှိုင်းယှဉ်၍ပင်မရနိုင်ပါချေ။
အကယ်၍ ၎င်းတို့ရွေးချယ်မှုတစ်ခုပြုလုပ်ရပါက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ အာအိုဒါ နယ်မြေထက် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံကို ရွေးချယ်မည်ဖြစ်သည်။
“ဟုတ်ပါတယ်……” နေးလ်ဆန်က ထပ်ပြောပြီး သူ့စကားကို ဆွဲထုတ်လာပြန်သည် “ဒုခ်က လုံလောက်တဲ့ စိတ်ရင်းကိုပြနိုင်ရင်၊ ကျုပ်တို့ စဉ်းစားလို့ရပါသေးတယ်……”
ဗစ်ကောင့်ထ် ဝေလ်ဘာ ၏ မျက်လုံးများ တောက်ပလာသည်။ စဉ်းစားပြီးသည်နှင့် သူက ခေါင်းညိတ်ပြပြီး “ကောင်းပါပြီ! မန်နေဂျာ နေးလ်ဆန်၊ ဒုခ် က ဒီအရာကို ခင်ဗျားနဲ့ ကိုယ်တိုင်ဆွေးနွေးချင်တာ သေချာပါတယ်။ ကျုပ်က ခင်ဗျားမှာ အချိန်ရှိပါ့မလားပဲ တွေးမိတယ်။"
"ရပါတယ်၊ ဘယ်လိုလုပ်လို့မရမှာလဲ" နေးလ်ဆန်က ပြုံးပြီး "ဒုခ်သာကျုပ်ကိုခေါ်ရင် အချိန်ရပါတယ်"
ဗစ်ကောင့်ထ် ဝေလ်ဘာ သည် ပျော်ရွှင်မှုဖြင့် ပြည့်သွားသည်။
“ကောင်းလိုက်တာ! မန်နေဂျာ နေးလ်ဆန်၊ ကျေးဇူးပြုပြီး ဒုခ်ကိုတွေ့ဖို့ အခု ကျုပ်နဲ့အတူ လိုက်ခဲ့ပါ။ ခင်ဗျား သူ့ဆီလာလည်တာကို သိသွားတဲ့အခါကျ သူပျော်သွားမှာသေချာတယ်!”
နေးလ်ဆန်မှာ စိတ်ထဲရယ်မောလိုက်သည်။
သူ အာအိုဒါ နယ်မြေကို ရောက်ကတည်းက ဒုခ် အာအိုဒါ ကိုတွေ့ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အမြဲတမ်း ငြင်းပယ်ခံခဲ့ရ၏။ သူနှင့်တွေ့ဆုံရန် အာအိုဒါ နယ်မြေတွင် အရေးမကြီးဟု ယူဆသော ဗစ်ကောင့်ထ် ဝေလ်ဘာ ကိုသယ ဆက်လက်စေလွှတ်ခဲ့သည်ပင်။
ယခု အာအိုဒါ နယ်မြေသည် ဤအန္တရာယ်ကို ခံစားလိုက်ရသောကြောင့် ဒုခ် အာအိုဒါ သည် သူ့အဆင့်အတန်းကို လျှော့ချလိုက်ပြီး သူနှင့်တွေ့ဆုံရန် တောင်းဆိုလာခဲ့သည်။
ဤသဘောထားကွဲလွဲမှုသည် ပြင်းထန်လွန်းလှသည်။
၎င်းကိုတွေးကြည့်ရင်း နေးလ်ဆန်က ခါးသီးစွာ မရယ်မောမိဘဲ မနေနိုင်တော့ပေ။
အာအိုဒါ နယ်မြေ၏ စျေးကွက်ကိုဖွင့်ရန် သူ၏ကိုယ်ပိုင်စွမ်းအားနှင့် Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်များ၏ အရည်အသွေးမြင့်မားမှုကိုသုံးနိုင်မည်ဟုထင်ခဲ့သည်။
သို့သော် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ လုပ်ဆောင်ချက်များကြောင့် ကုမ္ပဏီမှာ အကျိုးခံစားခွင့်များကို ခံစားနိုင်မည်ဟု မထင်ခဲ့မိပေ။
ဟုတ်ပါ၏၊ ၎င်းက ငြင်းပယ်ဖို့ထိုက်တန်တဲ့အရာမဟုတ်ပါချေ။
မည်သူကမှ ဂရုမစိုက်သည့် အာအိုဒါ နယ်မြေမှာ သူ့အဆင့်အတန်းကို မြှင့်တင်ဖို့ အချိန်နှင့် အားထုတ်မှု လျှော့ချနိုင်သည်မို့ သူဟာ ဘာကြောင့် မလုပ်ရမည်နည်း။
….
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံအနေနှင့် ကာကီနယ်မြေကို တိုက်ခိုက်သိမ်းပိုက်ခြင်းသည် နယ်မြေကြီးအတွက် အထူးအဆန်းမဟုတ်ပေ။
အမှန်မှာ၊ ဤကိစ္စဖြစ်ပွားပြီး တစ်လခွဲမပြည့်မီတွင်၊ နယ်မြေကြီး၏အနောက်ဘက်တွင် လူတိုင်း၏အာရုံကို စွဲဆောင်နိုင်သော ပိုကြီးမားသောစစ်ပွဲတစ်ခု ရှိခဲ့သည်။
စခ်တိုင်းပြည်သည် နယ်ခြားပဋိပက္ခများ၏ အကြောင်းပြချက်ကို အသုံးပြု၍ မြောက်ဘက်တွင် အန်ထီလာတိုင်းပြည်ကို စစ်ကြေညာခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေသည့် တစ်ပတ်အတွင်း စခ်တိုင်းပြည်၏ မြောက်ပိုင်း ပိုလာဝက်ဝံတပ်ရင်းသည် အန်ထီလာတိုင်းပြည်၏စစ်တပ်ကို ခုနစ်ကြိမ်တိုင်တိုင် ချေမှုန်းနိုင်ခဲ့ပြီး မရပ်တန့်နိုင်ခဲ့ဘဲ အန်ထီလာတိုင်းပြည်သို့ ကီလိုမီတာငါးရာ ကျူးကျော်ဝင်ရောက်ခဲ့သည်။
ဤတိုက်ပွဲ ခုနစ်ကြိမ်တွင်၊ စခ်တိုင်းပြည် ပိုလာဝက်ဝံတပ်ရင်း၏ တိုက်ပွဲအင်အားသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
အန်ထီလာတိုင်းပြည်၏ တိုက်ပွဲအင်အားသည် အနောက်နိုင်ငံ ဒါဇင်ကျော်တွင် မဆိုးဟု ယူဆနိုင်သည်။ စခ်တိုင်းပြည်သည် လမ်ပူရီ တိုင်းပြည်ကို ရာစုနှစ်များစွာအတွင်း အကြိမ်များစွာ တိုက်ခိုက်ခဲ့သော်လည်း အန်ထီလာတိုင်းပြည်ကို နှိုးဆွရန် တစ်ခါမျှ မဝံ့ရဲခဲ့ပေ။
သို့သော် ယခုတစ်ကြိမ်တွင်၊ ပိုလာဝက်ဝံတပ်ရင်းသည် အန်ထီလာတိုင်းပြည်၏စစ်တပ်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး ၎င်းတို့မှာ လုံးဝပြန်မတိုက်ခိုက်နိုင်တော့ပေ။ ဤသည်မှာ အင်မတန် ထိတ်လန့်စရာကောင်းသည့် အရာပင်။
သို့ပေမယ့် လူတွေနားလည်ဖို့က သိပ်မခက်ပါချေ။
အကြောင်းမှာ အမျိုးမျိုးသော သတင်းများအရ၊ စခ်တိုင်းပြည်သည် ပိုလာဝက်ဝံတပ်ရင်းကို စစ်ဘက်သုံးမှော်စက်အမြောက်အမြားဖြင့် လက်နက်တပ်ဆင်ထားကြောင်း လူသိရှင်ကြားကြေညာထားသောကြောင့်ဖြစ်သည်။
ဤစစ်တပ်မှော်စက်များ၏ အကူအညီဖြင့် ပိုလာဝက်ဝံတပ်ရင်း၏ တိုက်ပွဲစွမ်းအားသည် အလွန်တိုးမြင့်လာပြီး အန်ထီလာတိုင်းပြည်၏ စစ်တပ်ကို အလွယ်တကူအနိုင်ယူနိုင်စေခဲ့သည်။
ဤအချက်အလက်သည် စစ်ဘက်သုံးမှော်စက်များက စစ်တပ်တစ်ခု၏ တိုက်ပွဲစွမ်းအားကို များစွာတိုးတက်စေနိုင်ကြောင်း သက်သေပြခဲ့သည်။ အခြားတစ်ဖက်တွင်၊ ၎င်းသည် လူတိုင်းကို အံ့အားသင့်ဖွယ်သတင်းတစ်ခုလည်းပေးခဲ့ပြီး ယင်းမှာ …… စခ်တိုင်းပြည်သည် စစ်ဘက်ဆိုင်ရာမှော်စက်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ဤစစ်တပ်မှော်စက်များစွာကို စခ်တိုင်းပြည်သို့ ပံ့ပိုးပေးရန် မဖြစ်နိုင်ကြောင်း သိသာ၏။ ထို့အတူ၊ စခ်တိုင်းပြည်သည် မကြာသေးမီက စစ်ဘက်ဆိုင်ရာ မှော်စက်များကို အမြောက်အမြား ထုတ်လုပ်နိုင်မည်ဟု ကြေညာခဲ့သည်။
ဤနှစ်ခုပေါင်း၍ ပိုလာဝက်ဝံတပ်ရင်းကို တပ်ဆင်ရန် အသုံးပြုသော စစ်တပ်သုံးမှော်စက်များကို စခ်တိုင်းပြည် ကိုယ်တိုင်ထုတ်လုပ်သည်ဟု ဆိုလိုနိုင်သည်။
စခ်တိုင်းပြည်ကြေညာပြီးနောက် အခြေအနေအပေါ် အခြေခံ၍ ဤသည်မှာ အမှန်ပင်ဖြစ်၏။
ပိုလာဝက်ဝံတပ်ရင်းသည် စခ်တိုင်းပြည်၏ အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသော စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ထားသောကြောင့် အမှန်တကယ်ပင် ၎င်းတို့သည် ဤမျှပြင်းထန်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
အရာအားလုံးသည် Frestech ကုန်သည်ကြီးများအသင်းနှင့်မသက်ဆိုင်ပေ။
ဤသတင်းကို အတည်ပြုပြီးသည်နှင့် နယ်မြေကြီးပေါ်၌ တုန်လှုပ်ချောက်ချားသွားသည်ဟူ၍ဆိုလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။
စခ်တိုင်းပြည်က စစ်တပ်သုံးမှော်စက်တွေ အမြောက်အမြားထုတ်နိုင်မည်ဟု ကြေညာလိုက်စဉ်က လူတိုင်းမှာ တစ်ဝက်လောက်သာ ယုံကြည်ကြသေးခဲ့သော်လည်း အန်ထီလာတိုင်းပြည်ကို စစ်ကြေညာပြီးနောက် ဤသံသယများအားလုံး လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ဖြစ်ရပ်မှန်များထက် ပို၍ ဆွဲဆောင်သည့်အရာ မရှိပါချေ။
အမှန်မှာ စခ်တိုင်းပြည်သည် အန်ထီလာတိုင်းပြည်ကို အလွယ်တကူ အနိုင်ယူရန် ၎င်းတို့၏ ကိုယ်ပိုင်ထုတ်လုပ်ထားသော စစ်ဘက်သုံးမှော်စက်များကို အသုံးပြုကာ Frestech ကုန်သည်ကြီးများအသင်းထံမှ အကူအညီတစ်စုံတစ်ရာမရှိခဲ့ပေ။
ဤကဲ့သို့ ခိုင်မာသောအချက်ကို လူတိုင်းရှေ့တွင် ထားရှိထားသောကြောင့် ယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ထို့ကြောင့် စခ်တိုင်းပြည်နှင့် အန်ထီလာတိုင်းပြည် စစ်ပွဲသည် တောမီးကဲ့သို့ တောက်လောင်နေချိန်တွင် နယ်မြေကြီးပေါ်ရှိ နိုင်ငံများအားလုံးသည် တပြိုင်နက်တည်း လှုပ်ရှားခဲ့ကြသည်။
လူတိုင်း၏ပန်းတိုင်က ရိုးရှင်းပြီး ရှင်းလင်းပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့အား စစ်ဘက်သုံးမှော်စက်များဖြင့် ဖြည့်ဆည်း၍ မပေးနိုင်ပါလျှင် စခ်တိုင်းပြည်၌ အဘယ်ကြောင့် မကြိုးစားနိုင်ရမည်နည်း။
သို့သော်လည်း မရေမတွက်နိုင်သော လူများနှင့် နိုင်ငံများသည် စခ်တိုင်းပြည်သို့ ဦးတည်ရန် ပြင်ဆင်နေချိန်တွင် ၎င်းတို့ကို ရုတ်တရက် ရပ်တန့်သွားစေမည့် သတင်းတစ်ခု ထွက်ပေါ်လာသည်။
လမ်ပူရီနိုင်ငံသည် စခ်တိုင်းပြည်ကို စစ်ကြေညာလိုက်သည်ဟုပင်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၆။ ပထမဆုံးသော ခေတ်ပေါ်စစ်ပွဲ
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အကြား နှစ်ရာချီသမိုင်းကို သုံးသပ်ရလျှင် လမ်ပူရီတိုင်းပြည်အနေနှင့် စခ်တိုင်းပြည်ကို စစ်ကြေညာသည်က လုံးဝ မထူးဆန်းချေ။
အဘယ့်ကြောင့်ဆိုသော် နှစ်နိုင်ငံအား စတင်တည်ထောင်စဉ်ကတည်းက စခ်တိုင်းပြည်အနေနှင့် လမ်ပူရီတိုင်းပြည်ကို ထပ်ခါထပ်ခါကျူးကျော်ခဲ့သည်။ ၎င်းတို့အနေဖြင့် လမ်ပူရီတိုင်းပြည်ကို အပြည့်အဝ အနိုင်မယူခဲ့လျှင်ပင် လမ်ပူရီတိုင်းပြည်မှာ ၎င်းတို့လက်တွင်း၌ အရှက်တကွဲဖြစ်ခြင်းကို အကြိမ်များစွာ ခံစားခဲ့ရသည်။
ယခုအခါတွင်၊ လမ်ပူရီတိုင်းပြည်သည် နှစ်အတော်ကြာပြီးနောက် မှော်စက်လုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ၎င်းတို့၏ဘဏ္ဍာရေးအခြေအနေသည် များစွာကောင်းမွန်လာသောကြောင့် ၎င်းတို့၏အမျိုးသားရေးအင်အားသည် တိုးလာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းထံမှ ခိုင်မာသော ပံ့ပိုးကူညီမှုဖြင့် ၎င်းတို့၏ စစ်တပ်တွင် ၎င်းတို့၏ တိုက်ပွဲစွမ်းအားကို တိုးမြင့်စေသည့် စစ်ဘက်ဆိုင်ရာ မှော်စက်အမြောက်အမြား တပ်ဆင်ထားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံကြား ပဋိပက္ခများတွင် လမ်ပူရီတိုင်းပြည်သည် အမြဲတမ်းအနိုင်ရခဲ့ပြီး နှစ်နိုင်ငံကြား အခြေအနေများ ပြောင်းလဲခဲ့သည်။
ဤအခြေအနေတွင်၊ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ကို စစ်ကြေညာပြီး လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ခံစားခဲ့ရသော အရှက်တရားများကို ပြန်လည်ရယူရန်မှာ နားလည်ရလွယ်ကူသော အရာဖြစ်သည်။
သို့သော် လူအများက သံသယဖြစ်နေကြသည့်အရာမှာ ၎င်းတို့အား ပံ့ပိုးပေးခဲ့သည်မှာ လမ်ပူရီတိုင်းပြည်လား Frestech ကုန်သည်ကြီးများအသင်းလားဟူ၍ပင် ၊ ၎င်းတို့သည် စခ်တိုင်းပြည်ထံသို့ လက်ကမ်းခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သောသုံးနှစ်အတွင်း ကဏ္ဍများစွာသို့ ပျံ့နှံ့သွားခဲ့သည်ပင်။
ယင်းမှရရှိလာသောအချက်အလက်များကိုအခြေခံ၍ လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့သည် ပျော်ရွှင်စွာပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပြီး ၎င်းတို့သည် ဤပူးပေါင်းဆောင်ရွက်မှုကို တစ်ချိန်လုံး နက်ရှိုင်းစေခဲ့သည်။
၎င်းတို့ထံ၌ ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့လေရာ အဘယ်ကြောင့် ရုတ်တရက်သဘောထားက ပြောင်းလဲသွားရသနည်း။
လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ကို စစ်ကြေညာရန် မှန်ကန်သောအချိန်ကို ရွေးချယ်ခဲ့သည်အား မဆိုထားနှင့်။ ပိုလာဝက်ဝံတပ်ရင်းသည် အန်ထီလာတိုင်းပြည်၏နယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာသောအခါ စခ်တိုင်းပြည်သည် အန်ထီလာတိုင်းပြည်ကိုတိုက်ရာတွင် သိသိသာသာအသာစီးရခဲ့သည်ကို ကြေညာလိုက်သည်။
စခ်တိုင်းပြည်သည် ယခုအချိန်တွင် အန်ထီလာတိုင်းပြည်ကို လုံးလုံးလျားလျား အာရုံစိုက်နေသောကြောင့် ၎င်းကို ဗျူဟာမြောက်အမြင်သက်သက်ဖြင့် ကြည့်ပါက၊ ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။ အကယ်၍ လမ်ပူရီ တိုင်းပြည်သည် ဤအချိန်တွင် ရုတ်တရက် စစ်ကြေညာခဲ့လျှင် ၎င်းတို့အတွက် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့ဖြစ်ရာ၊စစ်ကြေညာသောအခါ လမ်ပူရီတိုင်းပြည်သည် ပြင်းထန်လှသည်ဟု ဆိုလိုသည်၊ စခ်တိုင်းပြည်ကို တိုက်ခိုက်ရန် သပ်သပ်လုပ်ဆောင်ခြင်းမဟုတ်ပေ။
ဤသို့ဖြစ်ရသည်မှာ နှိုးဆွရန်ဖြစ်သည်။
အန်ထီလာတိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်ကို စခ်တိုင်းပြည်မှ ခြားနားထားသောကြောင့် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အလွန်နည်းပါးပြီး မဟာမိတ်များအဖြစ် သေချာပေါက် မယူဆနိုင်ပေ။ ထို့ကြောင့် လမ်ပူရီတိုင်းပြည်မှ စခ်တိုင်းပြည်ကို စစ်ကြေညာခြင်းသည် အန်ထီလာတိုင်းပြည်ကို ထောက်ခံရန်မဟုတ်ကြောင်း သိသာသည်။
သို့သော် လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်နှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပြီး သက္ကရာဇ်အစတွင်ပင်၊ လမ်ပူရီတိုင်းပြည်၏ ခေါင်းဆောင်အနေနှင့် ဘုရင်မကြီးဆယ်ဗီနီသည်ပင် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်၏ ပူးပေါင်းဆောင်ရွက်မှုမှာ ကောင်းမွန်ကြောင်း လူသိရှင်ကြားကြေညာခဲ့သည်။ နှစ်ဦးနှစ်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။
သို့ပေမယ့် ယခု တစ်နှစ်ခွဲအကြာတွင် ဘုရင်မကြီးဆယ်ဗီနီက သူမစကားကိုသူမ ဆန့်ကျင်နေသည်လား။
ဘယ်လိုပဲကြည့်ကြည့်၊ လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို ရုတ်တရက် စစ်ကြေညာခြင်းမှာ ထူးဆန်းလှသည်။
သို့သော်၊ လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်ပြင်ပမှလူများကမူ အကြောင်းပြချက်ကို ဂရုမစိုက်ပေ။ ၎င်းတို့မှာ စစ်ပွဲ၏ ရလဒ်ကိုသာ တကယ် အလေးထားသည်။
လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း စတင်သည့်နေရာဖြစ်သည်ကို လူတိုင်းသိသည်။ Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်မှာ ပြည်တွင်းပဋိပက္ခကြောင့် ထွက်ခွာစေခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ လမ်ပူရီတိုင်းပြည်နှင့် ဆက်ဆံရေးသည် အမြဲတမ်း ကောင်းမွန်နေခဲ့သည်။
လမ်ပူရီတိုင်းပြည်၏ ဘုရင်မကြီးဆယ်ဗီနီသည် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီနှင့် အလွန်ရင်းနှီးသောပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်ကို အမြဲတမ်းထောက်ခံခဲ့သည်။
ဤအကြောင်းကြောင့်၊ လမ်ပူရီတိုင်းပြည်၏စစ်တပ်သည် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်အမြောက်အမြားကို ရရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအပြင် ၎င်းတို့သည် စစ်ဘက်ဆိုင်ရာ မှော်စက်များ အများဆုံးရှိသော စစ်တပ်များ ဖြစ်သည်ဟု ဆိုနိုင်သည်။
ရူဒ်ဆန်တိုင်းပြည်ထံ ကန်ဒရာအင်ပါယာ ကျူးကျော်ဝင်ရောက်မှု နှစ်ခုကတစ်ဆင့် လူတိုင်းဟာ စစ်တပ်မှော်စက်များစ စွမ်းအားကို သိကြပါ၏။ ရူဒ်ဆန်တိုင်းပြည် စစ်တပ်၏ စစ်ဘက်မှော်စက်အနည်းငယ်ဖြင့်ပင် ၎င်းတို့သည် ကန်ဒရာ အင်ပါယာစစ်တပ်ကို အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့သည်။ ထို့ကြောင့် လမ်ပူရီတိုင်းပြည်စစ်တပ်သည် ရူဒ်ဆန်တိုင်းပြည်ထက် ပိုမိုအားကောင်းလောက်သည်။
ထို့ကြောင့် မတိုက်ခိုက်ရသေးဘူးဆိုပါလျှင်တောင် လမ်ပူရီတိုင်းပြည်၏စစ်တပ်ဟာ အလွန်အားကောင်းလောက်သည်ဟု လူတိုင်းက ထင်နေကြ၏။
ဤတစ်ကြိမ်တွင် လမ်ပူရီတိုင်းပြည်မှ စခ်တိုင်းပြည်ကို စစ်ကြေညာခဲ့ရာ လမ်ပူရီတိုင်းပြည်သည် စစ်ဘက်ဆိုင်ရာမှော်စက်များနှင့်အတူ အပြည့်အ၀ စိတ်ကူးထားသည့်အတိုင်း အားကောင်းလာမည်ကို လူတိုင်းမြင်နိုင်မည်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်ကို ဘေးဖယ်ထားလိုက်လျှင် စခ်တိုင်းပြည်သည်လည်း လူတိုင်းအလေးထားသည့် အရာတစ်ခုဖြစ်သည်။
စခ်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းအပြင် စစ်ဘက်သုံးမှော်စက်များကို ထုတ်လုပ်နိုင်သည်ဟု ကြေညာထားသည့် တစ်ခုတည်းသော နိုင်ငံတစ်ခုဖြစ်သည်။ ထို့အပြင်၊ အန်ထီလာတိုင်းပြည်ကို တိုက်ခိုက်စဉ်တွင် ၎င်းတို့၏စစ်တပ်မှော်စက်များ မည်မျှပြင်းထန်ကြောင်းပြသခဲ့သည်။
ဤကဲ့သို့ပင်၊ လမ်ပူရီတိုင်းပြည်သည် ထို စခ်တိုင်းပြည်ကို တိုက်ခိုက်ပါက၊ စစ်ဘက်သုံးမှော်စက်အမြောက်အမြား ကိုင်ဆောင်ထားသော စစ်တပ်နှစ်ခုကြား စစ်ပွဲဖြစ်လိမ့်မည်။
၎င်းသည် စိုင်စ်နယ်မြေကြီးအတွက် ပထမဆုံးဖြစ်သောကြောင့် လူများမှာ သဘာဝအတိုင်း အာရုံစိုက်လာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ထားသော လမ်ပူရီတိုင်းပြည်စစ်တပ်က အားကောင်းလား သို့မဟုတ်ပါက စခ်တိုင်းပြည်စစ်တပ်မှ ၎င်းတို့၏ ကိုယ်ပိုင်ထုတ်လုပ်ထားသော မှော်စက်များက ပိုအားကောင်းလား လူတိုင်းသိချင်နေကြသည်။
နယ်မြေကြီးရှိ နိုင်ငံများနှင့် အင်အားကြီးနိုင်ငံများအတွက်၊ ၎င်းသည် ခေတ်မီစစ်ရေးနည်းလမ်းသစ်၏ အကဲဖြတ်ချက်တစ်ခုဖြစ်သည်။
လမ်ပူရီတိုင်းပြည်မှ စခ်တိုင်းပြည်ကို စစ်ကြေညာပြီးကတည်းက ၎င်းကို ပဉ္စမမြောက်နေ့တွင် တရားဝင် သရုပ်ပြမည်ဖြစ်သည်။
….
"ရှူး ရှူး ရှူး"
မရေမတွက်နိုင်သော မြှားများနှင့် ဒါဇင်များစွာသော မီးလုံးများသည် ခေါင်းပေါ်မှ ပျံတက်သွားကြသည်။
မော့ကြည့်လိုက်လျှင် ညကောင်းကင်ယံကို ဖြတ်ပျံလာသည့် တောက်ပသော မီးလုံးပေါင်းများစွာ ရှိနေပြီး အတော်လေးကို အားကောင်းနေပုံပါပင်။
လမ်ပူရီတိုင်းပြည်၏ တတိယတပ်ရင်း၊ စတုတ္ထတပ်မဟာ၊ ပထမပြောင်းရွှေ့ရေးအဖွဲ့၏ခေါင်းဆောင်, သံချပ်ကာမှော်ယာဉ်အဖွဲ့၏ တပ်မှူးလည်းဖြစ်သည့် ကပ္ပတိန် အီဖယ်သည် ထူထပ်သောမြှားများနှင့် ကောင်းကင်ယံတွင် ပြည့်နေသော ကြောက်မက်ဖွယ်ကောင်းသော မီးလုံးများကို ကြည့်ပြီး သက်ပြင်းချမိသည်။ သူသည် သူ့အောက်ရှိ သံချပ်ကာ မှော်ယာဉ်ထဲသို့ ပြန်ဝင်သွားပြီး အပေါ်မှ အမိုးပေါက်ကို ပိတ်လိုက်သည်။
ယာဉ်မောင်းဖြစ်သူ စခ်ကာမန်းသည် သူဝင်လာသည်ကိုမြင်ပြီး သံချပ်ကာမှော်ယာဉ်၏ထိန်းချုပ်မှုဘောင်ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
သံချပ်ကာ မှော်ယာဉ်အောက်မှ အပြာဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယာဉ်တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့၍ ဖုံးလွှမ်းသွားခဲ့သည်။
သံချပ်ကာမှော်ယာဉ်ရှိ လူငါးဦးသည် ၎င်းတို့အပေါ်မှ မရေမတွက်နိုင်သော အသံများကို ကြားရပြီး ရံဖန်ရံခါ ပေါက်ကွဲသံများကြားရလေရာ ပြင်းထန်သော စစ်မြေပြင်တွင် ရှိနေကြောင်း နားလည်မိလိုက်ကြသည်။
သို့သော် အသံများက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသော်လည်း ၎င်းတို့သည် အလွန်အားနည်းနေ၏။ ၎င်းတို့ကိုယ်တိုင် စစ်မြေပြင်၌ ရှိနေသကဲ့သို့ ပြင်းထန်သည့် ခံစားချက်ကို မပေးပါချေ။
သံချပ်ကာမှော်ယာဉ် နောက်ဘက်တွင် ထိုင်နေသည့် ထောက်လှမ်းရေးအရာရှိဖြစ်သော ပီတာသည် သူ့ထိုင်ခုံတွင် အခိုင်အမာထိုင်နေသည်။ သူသည် ရုတ်တရက် နားထဲတွင်ရှိသည့် နားကြပ်ကို ဖြုတ်လိုက်ပြီး ရေရွတ်လာ၏၊ “သောက်ကျိုးနည်း၊ ဒီကာကွယ်ရေးမှော်အစီရင်က ထိရောက်လွန်းနေတာမဟုတ်ဘူးလား။ ငါ့နားတွေ ကန်းသွားလောက်မယ်လို့ ထင်ခဲ့ပေမယ့် အခု ခြင်သံလောက်တောင် မကျယ်ဘူးထင်တယ်”
ကပ္ပတိန် အီဖယ်က ရယ်မောပြီး ပခုံးကို လက်ဖြင့်ပုတ်ကာ “မင်းက သနားစရာကောင်းတဲ့ ကလေးလေးလို့ ငါကြားဖူးတယ်။ ဘာလဲ? စစ်မြေပြင်က မင်းထင်ထားသလောက် ကြောက်စရာမကောင်းတော့ဘူးလား?"
မျက်နှာဖြူ ပီတာက ကပ္ပတိန် အီဖယ်ကို ကြည့်လာသည် "ကျွန်တော်ပြောချင်တာက ဗိုလ်ကြီး၊ သံချပ်ကာမှော်ယာဉ်က မနေ့ညက မြှားမိုးရွာကိုတောင် ကျော်ဖြတ်နိုင်ပါ့မလားလို့ တွေးနေတာက ဘယ်သူလဲလို့ စဉ်းစားနေမိတယ်။ "
ကပ္ပတိန် အီဖယ်က ရှက်ရွံ့မှုမရှိဘဲ ရယ်မောလိုက်သည်။
“နောက်ပြီး၊ ငါတို့ ဒီသံချပ်ကာ မှော်ယာဉ်ကို ရပြီးကတည်းက၊ ငါတို့ အမြဲတမ်း လေ့ကျင့်နေပေမယ့် တကယ့် တိုက်ပွဲမဖြစ်ခဲ့ဘူး။ စခ်တိုင်းပြည်မှာ အရမ်းအစွမ်းထက်တဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တချို့ကို တီထွင်ခဲ့တယ်လို့ ကြားသိရတော့၊ ငါတို့ရဲ့ယာဉ်က မခံနိုင်မှာကို စိုးရိမ်နေမိတာ မထူးဆန်းပါဘူး။”
ကပ္ပတိန် အီဖယ်က ၎င်းကိုပြောပြီးနောက် ခေါင်းကိုလှည့်ပြီး သံချပ်ကာမှော်ယာဉ်ထဲရှိ သိပ်ကြီးသည်ဟုမထင်ရသည့် နေရာကို လှည့်ကြည့်လိုက်၏။ သူဟာ မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချကာ ခေါင်းငြိမ့်လိုက်မိသည်။
“အခုကြည့်လိုက်ရင် Frestech ကုန်သည်ကြီးများအသင်းရဲ့အရာတွေက အရမ်းခိုင်မာလွန်းတယ်။ မြှားများစွာရဲ့ ထိမှန်မှုကို လုံးဝမတုံ့ပြန်တာကို ထားလိုက်ဦး၊ စခ်တိုင်းပြည်ရဲ့ မှော်အမြောက်ဆီက ပစ်ခတ်မှု နှစ်ကြိမ် လုပ်ခဲ့တာတောင် ခြစ်ရာလေးတောင် မထင်ခဲ့ဘူး။ ဒါက အရမ်းပြင်းထန်လွန်းတယ်၊ သဘောကျလိုက်တာကွာ။”
"ဟေး ကပ္ပတိန်၊ ဒါက သံချပ်ကာ မှော်ယာဉ်ကြောင့် မဟုတ်ဘူး၊ ခုခံရေး မှော်အစီအရင်က ကောင်းလွန်းနေလို့" ယာဉ်မောင်း စခ်ကာမန်းက သူတို့ကို နှောင့်ယှက်လိုက်၏။
“ဒီကာကွယ်ရေး မှော်အစီအရင်အကြောင်းပြောရင် ……” ကပ္ပတိန် အီဖယ်သည် သံချပ်ကာမှော်ယာဉ်၏အောက်ခြေရှိ အပြာရောင်အလင်းတန်းကို ငုံ့ကြည့်ကာ မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်သည်။ “တကယ်ကို ထူးဆန်းတယ်။ Frestech ကုန်သည်ကြီးများအသင်းက ဒီသံချပ်ကာ မှော်ယာဉ်ကို ဒီဇိုင်းဆွဲတာမို့ မှော်အစီအရင်ကို အကာအကွယ် အားကောင်းအောင် ပြုလုပ်တာက ပြဿနာမရှိဘူး၊ ဒီတော့ ဘာလို့ အသံကိုလည်း တိုးအောင်လုပ်ထားရတာလဲ။ငါတို့စစ်သားတွေက ကလေးပီတာလို နုနယ်တယ်လို့ သူတို့ထင်ကြလို့လား။”
ပီတာသည် ချက်ချင်းပင် ကျယ်လောင်သော အသံဖြင့် ဆန္ဒပြလိုက်သော်လည်း ကပ္ပတိန် အီဖယ်က သူ့ကို လက် ဝှေ့ယမ်း၍ ဖြတ်ပြောကာ စခ်ကာမန်းကို မေးလိုက်သည်။ “ဟေ့၊ ငါတို့ရဲ့ စွမ်းအင်သိုလှောင်မှုက ဘယ်လောက်ကြာဦးမှာလဲ။ အဆင်မပြေရင် အစီအရင်ကို ပိတ်ထားလိုက်၊ ငါတို့ ဒီနေရာမှာ အချိန်ဘယ်လောက်ကြာအောင် ရှိနေရဦးမယ်ဆိုတာကို မသိနိုင်သေးဘူး။"
စခ်ကာမန်းက ခေါင်းညိတ်ပြပြီး ထိန်းချုပ်ဘောင်ထက်ရှိ အရာတစ်ခုကို ကြည့်လိုက်ကာ သာမန်ကာလျှံကာပြုံးလိုက်သည်။
“စွမ်းအင်သိုလှောင်ခန်းရဲ့ ငါးပုံတစ်ပုံကိုပဲ သုံးစွဲနေတာပါ။ ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးနဲ့တောင် ပြဿနာမရှိဘဲ နာရီဝက်လောက် ခံနိုင်ပါသေးတယ်။”
"အရူး၊ ငါတို့က ဒီမှာ ပစ်မှတ်ဖြစ်နေဖို့ မဟုတ်ဘူး၊ ငါတို့စွမ်းအင်သိုလှောင်ခန်းတွေနဲ့ လုပ်စရာတွေ ကျန်သေးတယ်။ ငါ့ကိုစောင့်ကြည့်နေ အအကုန်မသုံးဘူး နားလည်လား" ကပ္ပတိန် အီဖယ်က ပီတာထံ ပြန်လှည့်သွားကာ “ကောင်းကင်က လူတွေဆီက သတင်းရသေးလား”
ပီတာရှေ့တွင် ထိန်းချုပ်ခလုတ်ငယ်တစ်ခုရှိသော်လည်း ၎င်းသည် စခ်ကာမန်း၏ရှေ့တွင်ရှိသော မောင်းနှင်မှုထိန်းချုပ်ဘောင်နှင့် လုံးဝကွဲပြားသည်။ ဤထိန်းချုပ်မှုဘောင်တွင် အခြားခြားနားချက်မရှိဘဲ ၎င်းပေါ်တွင် မီးနီဖျော့ဖျော့ရှိသော အပြားတစ်ခုသာရှိသည်။
ကပ္ပတိန် အီဖယ်၏မေးခွန်းကိုကြားတော့ ပီတာသည် ထိန်းချုပ်ဘောင်ကို ငုံ့ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“သတင်းမရှိပါဘူး။ သူတို့ စုံစမ်းမှု ပြီးဖို့ အချိန်လိုနေသေးတယ်လို့ ထင်ပါတယ်…”
လမ်းတစ်ဝက်တွင် ပီတာကိုင်ထားသည့် မှော်ဆက်သွယ်ရေးကိရိယာက ရုတ်တရက် အသံထွက်လာပြီး သူ့ရှေ့ရှိ ထိန်းချုပ်ဘောင်တွင် တောက်ပနေသည့် အပြာရောင်အစက်လေး ပေါ်လာပြီး သံချပ်ကာ မှော်ယာဉ်ကို ကြယ်တစ်ပွင့်လို လင်းလက်သွားစေသည်။
ပီတာ၏ မျက်လုံးများ ချက်ချင်း တောက်ပလာ၏။
"ဒီမှာပဲ!"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၇။ စစ်သည်တော်တွေလည်း စိတ်လှုပ်ရှားမှာပဲ
ကပ္ပတိန်အီဖယ်မှာ ချက်ချင်း ရှေ့တိုး၍ ထိန်းချုပ်panelကို ငုံ့ကြည့်လိုက်သည်။
သို့သော်လည်း ခဏမျှကြည့်ပြီးနောက် ရုတ်တရတ် ခေါင်းခါ၏၊ "နားမလည်နိုင်တော့ဘူး။ ဟေး ပီတာ ငါ့ကိုပြော ဘာဖြစ်နေတာလဲ?"
ပီတာမှာလည်း မနေနိုင်စွာ မျက်လုံးလှိမ့်လိုက်မိသည်။ သူဟာ မိမိရင်ဘတ်ထဲသို့ လက်နှိုက်၍ မြေပုံတစ်ခုထုတ်ယူလိုက်၏။
“ကြည့်ပါဦး၊ ကပ္ပတိန်၊ ဒါက ကင်းထောက်လေယာဉ်အဖွဲ့ က မနေ့တုန်းက ပေးခဲ့တဲ့ သေမင်းတောင်တန်း မြေပုံပါ။ ဒီအပေါ်က အပြာရောင်အစက်တွေကို ကြည့်ပြီး လေယသင်္ဘောအဖွဲ့က ပေးနေတဲ့ အချက်အလက်တွေကို မြင်နိုင်မှာပါ။”
"အိုး? ကြည့်ပါရစေဦး။" ကပ္ပတိန်အီဖယ်သည် မြေပုံကိုယူကာ ပီတာ၏လက်ထဲသို့ ပြန်မပေးခင် ခဏတာ ထိန်းချုပ်ဘောင်ပေါ်ရှိ အစက်များနှင့် နှိုင်းယှဉ်၍ မေးလိုက်သည်၊ "ရှင်းပြပါဦး"
ပီတာက အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် မြေပုံပေါ်ရှိ အစက်များနှင့် ထိန်းချုပ်ခလုတ်ကို ညွှန်ပြပြီး ၎င်းအပေါ် မြေပုံအား ထားလိုက်သည်။
သူသည် မြေပုံပေါ်ရှိ အစက်များကို ထိန်းချုပ်မှုဘောင်ပေါ်ရှိ အစက်များနှင့် နှိုင်းယှဉ်ပြခဲ့သည်။
“ဒီမှာ၊ ကပ္ပတိန် ကြည့်လိုက်၊ ဒီအစက်လေးတွေက လေသင်္ဘောအဖွဲ့ရှာတွေ့ထားတဲ့ စခ်တိုင်းပြည်ထဲက တိုက်ခိုက်ရေးအသင်းတွေပဲ။ ဥပမာ၊ ကျွန်တော်တို့နဲ့ အနီးဆုံးက ......" ပီတာသည် ခေါင်းမော့၍ တွက်ချက်ကာ သူတို့ရှေ့မှ ညာဘက်သို့ ညွှန်ပြခြင်းမပြုလာသည်၊ “ဒီလမ်းကြောင်းက မဝေးဘူး။ အစက်တွေအပေါ်အခြေခံရရင် လူတစ်ထောင်ခန့်ရှိလောက်တယ်။”
"ဒါဆို အရေးအကြီးဆုံး ထောက်ပံ့ရေးဌာနကရော?" ကပ္ပတိန်အီဖယ်က မေး၏။
ပီတာသည် မြေပုံကို အနည်းငယ်ကြည့်၍ အနောက်မြောက်ဘက်ရှိ အထူးတောက်ပနေသည့် အစက်တစ်စက်ကို ညွှန်ပြလာသည်။
"ဒါက ကီလိုမီတာ ခုနစ်ဆယ်ကနေ ရှစ်ဆယ်လောက်အကွာကဆိုတော့ ဒီမှာရှိလောက်တယ်။"
“ကောင်းပြီ!” ကပ္ပတိန်အီဖယ်က လက်ခုပ်တီးလိုက်ကာ "ဟိုဘက်က လူတွေနဲ့ ဂိုဒေါင်တွေ ဘယ်မှာရှိတယ်ဆိုတာ ငါတို့သိတဲ့အတွက် ငါတို့ လှုပ်ရှားမှုကို စလုပ်သင့်တယ်။
ထိုသို့ပြောပြီးနောက် ကပ္ပတိန် အီဖယ်ဟာ ရှေ့ရှိ စခ်ကာမန်း၏ ကားမောင်းခုံဆီ ပြန်သွားပြီး မှော်ဆက်သွယ်ရေးကိရိယာကို ယူလိုက်ပါ၏။ ခလုတ်ကို နှိပ်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်၊ "ညီအစ်ကိုတို့၊ ပြင်ဆင်ကြစို့၊ လှုပ်ရှားဖို့အချိန်ရောက်ပြီ။ ပီတာက မင်းတို့ကို အချက်အလက်တွေ ခဏနေရင် ပေးလိမ့်မယ်၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်ချင်တယ်နော်!”
"အမိန့်လက်ခံရရှိ!"
“လက်ခံရရှိ!”
"ကောင်းပါပြီ! ကပ္ပတိန်!"
……
မှော်ဆက်သွယ်ရေးကိရိယာထံမှ စုစည်းထားသော တုံ့ပြန်မှုတစ်ခု ရှိခဲ့သည်။
ကပ္ပတိန်အီဖယ်က ပီတာကို အမိန့်ပေးလိုက်သည် “ငါတို့ရဲ့ လမ်းကြောင်းကို ချက်ခြင်း တွက်ချက်ပြီး သူတို့ကို ပို့ပေးလိုက်”
“ဟုတ်ကဲ့။”
အလုပ်နှင့် ပတ်သက်လာလျှင် ပီတာသည် အပြုံးကို ဘေးချိတ်၍ ခေါင်းငုံ့ကာ မြေပုံနှင့် ဘောင်ပေါ်အခြေခံ၍ အကွာအဝေးကို ကောင်းစွာတွက်ချက်ရန် လိုက်သည်။
"စခ်ကာမန်း၊ စလှုပ်ရှားမယ်။ သူတို့ရဲ့တိုက်ခိုက်မှုတွေကိုခံယူပြီး ဒီမှာပဲနေမနေနဲ့၊ အဲဒီ စခ်တိုင်းပြည် ခွေးကောင်တွေရဲ့ တုံ့ပြန်မှုကို စမ်းသပ်ဖို့လိုတယ်။”
“ရော်ဘင်၊ ဘာမှမလုပ်ဘဲ အပြင်မှာ အခြေအနေကို စောင့်ကြည့်လိုက်။ စခ်တိုင်းပြည်ကကောင်တွေ ငါတို့ရှေ့မှာ ပေါ်လာဖို့ သတ္တိရှိရင် ယဉ်ကျေးမနေဘဲ သူတို့ကို ရိုက်ပစ်”
“မာ့ခ်၊ မင်းက ငါတို့ရဲ့ ထောက်ပံ့သူတွေကို စောင့်ကြည့်ရလိမ့်မယ်။ ဒီခရီးဝေး စီးနင်းတိုက်ခိုက်ခြင်းကို လုပ်ဆောင်ဖို့ လိုတယ်၊ ဒါကြောင့် လမ်းတစ်ဝက်မှာ ပြိုကွဲလို့မရဘူးဆိုတာ နားလည်လား။”
"ကောင်းပြီ၊ မင်းတို့အားလုံး လှုပ်ရှားကြတော့ ငေးမနေကြနဲ့။ ကောင်လေးတို့၊ ဒီနေ့က ပထမဆုံး တရားဝင် မစ်ရှင်မို့လို့ ငါတို့ ဒါကို ရှုပ်ထွေးလို့မရနိုင်ဘူး!”
လူတိုင်းကို အမိန့်ပေးပြီးနောက်တွင် ကပ္ပတိန် အီဖယ်သည် သူ့အပေါ်ရှိ အသံများကို နားထောင်လိုက်ရာ ယခင်ကထက်စာလျှင် ပို၍ တိတ်ဆိတ်သွားသည်ကို တွေ့ခဲ့ရသည်။ သူသည် အမိုးပေါက်ကိုဖွင့်၍ ခေါင်းကို ထပ်ထုတ်ကာကြည့်လိုက်သည်။
ထူထပ်သောမြှားများ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော မီးလုံးများ ပျံဝဲခြင်းမရှိတော့ဘဲ ပြင်းထန်သော နွေရာသီနေရောင်ခြည်သာ ရှိတော့သည်။
ပတ်ပတ်လည်ကို ကြည့်လိုက်သော် မြက်ပင်များ ထူထပ်စွာ ပေါက်နေသည့်နှယ် မြေပြင်ပေါ်၌ မြှားတွေ ရှိနေသည်ကို သူတွေ့လိုက်ရပါ၏။
၎င်းအပြင် အချင်းနှစ်မီတာမှ သုံးမီတာအထိရှိသည့် တွင်းများရှိနေသည်။ ၎င်းတို့မှာ နက်ရှိုင်းပုံမပေါ်သလို များများစားစားလည်း မရှိနေပါချေ။
“ကျစ်၊ အဲဒီ စခ်တိုင်းပြည်က သူတို့ပြည်တွင်းထုတ်စစ်ဘက်သုံးမှော်စက်တွေဟာ Frestech ကုန်သည်ကြီးများအသင်းထက် မဆိုးဘူးလို့ ကြွားလုံးထုတ်နေကြတယ်။ သူတို့ရဲ့ မှော်အမြောက်တွေက Frestech ကုန်သည်ကြီးများအသင်းထက်တောင် သာလွန်နေတယ်တဲ့။ ငါသာ တစ်ခုခုပြောရမယ် ဆိုရင် သူတို့ကို ဘယ်လိုလုပ် နှိုင်းလို့တောင်ရမှာလဲ”
ဂရုတစိုက် ဝေ့ဝိုက်ကြည့်၍ ခဏလောက် နားထောင်ပြီး ကပ္ပတိန် အီဖယ်ဟာ သံချပ်ကာ မှော်ယာဉ်ထဲက ရုတ်တရက် ခုန်ဆင်းသွား၏။ မပြည့်စုံသောပေါက်ကွဲမှုကြောင့် အခြားတွငများထက်သေးငယ်သော တွင်းများအတွင်းရှိ သံချပ်များစွာနှင့် မြှားပေါင်းများစွာကိုယူကာ သံချပ်ကာကာမှော်ယာဉ်ဆီသို့ ပြန်လာခဲ့ခဲ့သည်။
"ကပ္ပတိန်၊ ဘာလို့ ဒီအပျက်အစီးတွေကို ပြန်ယူလာတာလဲ။" ပီတာမှလွဲ၍ အခြားသုံးယောက်က သူ့အား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေကြသည်။
"အဲဒါက အထက်အမိန့်ပဲ။" ကပ္ပတိန်အီဖယ်က အပေါ်ကို ညွှန်ပြကာ "ဒါက စုံစမ်းစစ်ဆေးဖို့ စခ်တိုင်းပြည်ဆီက စစ်ဘက်ဆိုင်ရာ မှော်စက်တချို့ကို ပြန်ယူဆောင်ခိုင်းထားတဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တောင်းဆိုချက်ပဲ"
"ဒီပျက်စီးနေတဲ့အရာတွေကနေ ဘာတွေရနိုင်မှာလဲ" ပစ္စည်းများကို စစ်ဆေးပြီးသော မာ့ခ်သည် ကပ္ပတိန်အီဖယ်ထံမှ သံချပ်များကို ယူ၍ ကြည့်လိုက်သည်၊ “ဒါတွေက မှော်အမြောက်အခွံထဲက အကြွင်းအကျန်တွေဖြစ်လောက်တယ်မဟုတ်လား? ဘာလို့ ဒီလောက်ထိ ကြွပ်ဆတ်နေရတာလဲ။”
၎င်းကိုပြောပြီးသည်နှင့် မာ့ခ်က သံချပ်ကို ပုတ်လိုက်ပြီး အထင်အမြင်သေးဟန်နှင့် ခေါင်းကို ခါယမ်းလိုက်သည်။
“ဒီလို ပါးလွှာတဲ့ သံပြားက လုံးဝ အသုံးမ၀င်ဘူး။
ကပ္ပတိန်အီဖယ်က သူ့လက်ထဲက မြှားတွေကို ကြည့်လိုက်သော် ထိုမြှားတွေအားလုံးကို ကွဲပြားစွာ ပြုလုပ်ထားကြောင်း တွေ့လိုက်ရသည်။ အချို့မှာ သံဖြင့်ပြုလုပ်ထားပြီး အချို့မှာ သံဖြင့်ပြုလုပ်ထားသည်က မြှားခေါင်းသာရှိပြီး ကိုယ်ထည်ကိုမူ သစ်သားဖြင့်ပြုလုပ်ထားသည်။
"ဟေး၊ အဲဒီ စခ်တိုင်းပြည်မှာ အခြေခံအကျဆုံး သံမဏိမြှားတွေတောင် မရှိဘူး၊ စစ်တပ်သုံး မှော်စက်နည်းပညာကို နားလည်ထားတယ်လို့ ပြောနေကြတာလား။ ဟာသပဲ!"
မာ့ခ်က ကပ္ပတိန်အီဖယ်၏ လက်ထဲရှိ မြှားတွေကို ကြည့်ပြီး မနေနိုင်စွာ ရယ်မောလေသည်။
"ကပ္ပတိန် ခင်ဗျားမှားသွားပြီ။ စခ်တိုင်းပြည်မှာ သံမဏိစက်ရုံ မရှိတာကြောင့် သူတို့အနေနဲ့ အရည်အသွေးမြင့်သံမဏိကို မထုတ်လုပ်နိုင်သေးဘူး။ အများစုက သံမြှားတွေပဲ ပြုလုပ်နိုင်တာမို့ ၊ ဘယ်လိုလုပ် သံမဏိမြှားတွေလို့ ခေါ်နိုင်မှာလဲ?"
“မှန်တယ်……” ကပ္ပတိန် အီဖယ်က ခေါင်းညိတ်ပြသည်။ သူဟာ မြှားများကို ဘေးသို့ ပစ်ချလိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးလိုက်ကာ၊ “စစ်တပ်ဌာနချုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းတို့က စခ်တိုင်းပြည်ကို တကယ်ပဲ အရေးထားလွန်းတယ်။ ဒီအရာတွေ အစုတ်တွေပဲကို စိုးရိမ်နေစရာ မလိုပါဘူး။ ဟေ့ ပီတာ၊ မင်း……”
သူလှည့်ကြည့်လိုက်သော် ပီတာက “ပြီးပြီ” ဟု ရုတ်တရက် အော်လိုက်သည်။
"ပြီးပြီလား?" ကပ္ပတိန်အီဖယ် အံ့သြသွားသည်။
“အင်း! ပြီးပြီ။ ကပ္ပတိန်၊ ကျွန်တော် အကောင်းဆုံးလမ်းကြောင်းကို တွက်ချက်ပြီးပြီ၊ အဲဒါက စခ်တိုင်းပြည်မှာရှိတဲ့ ခြေကုပ်စခန်းအားလုံးကို ရှောင်ပြီး သူတို့ရဲ့ ထောက်ပံ့ရေးဌာနကို မြန်မြန်ရောက်နိုင်စေတယ်။” ပီတာသည် စိတ်လှုပ်ရှားသော အသံဖြင့် ပြောသည်။
"ကောင်းပြီ၊ ဒီလမ်းကို တခြားသူတွေဆီ ချက်ချင်းပို့လိုက်ပါ။"
ကပ္ပတိန်အီဖယ်က ဘောင်ပေါ်ရှိ မှော်ဆက်သွယ်ရေးကိရိယာကို ထပ်မံယူ၍ အမိန့်ပေးလိုက်သည်။
“အဖွဲ့အားလုံး၊ပီတာက မင်းတို့ဆီ လမ်းကြောင်းကို အခုပဲ ပို့ပေးမှာမို့ ပြင်ဆင်ဖို့ သုံးမိနစ်ပဲ လိုတော့တယ်။ ပြီးတော့ ငါ အမိန့်ပေးတာနဲ့ အတူတူ ထွက်ကြမယ်။"
မှော်ဆက်သွယ်ရေးကိရိယာထံမှ တုံ့ပြန်မှုလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ပီတာသည် သူ့ရှေ့ရှိ ထိန်းချုပ်ဘောင်ကို နှိပ်လိုက်ရာ မီးလုံးများစွာပွင့်လာကာ ရှည်လျားပြီး ကွေးနေသောမျဉ်းကြောင်းကို ဖန်တီးသည်။ ၎င်းသည် မြေပုံပေါ်ရှိ စခ်တိုင်းပြည်အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။
ထို့နောက် ပီတာသည် ဘောင်ပေါ်ရှိ တစ်ခုခုကို နှိပ်လိုက်ရာ ဤလမ်းကြောင်းရှိ အလင်းတန်းများ ရုတ်တရက် လင်းလက်သွားသည်။
"ကောင်းပြီ၊ လမ်းကြောင်းပို့ပြီးပြီ" ပီတာက ကပ္ပတိန်အီဖယ်ကို ပြောသည် ။
ကပ္ပတိန်အီဖယ်က ခေါင်းညိတ်၍ "ကောင်းပြီ၊ မင်းတို့ ပြင်ဆင်မှုတွေ လုပ်ပါ၊ ငါတို့ ငါးမိနစ်အတွင်း ထွက်ခွာမယ်"
ကပ္ပတိန်အီဖယ်က ထိုသို့ပြောသည့်အခါ၊ သံချပ်ကာမှော်ယာဉ်ထဲက လူတွေ တိတ်ဆိတ်သွားပြီး လေထုက ငြိမ်သက်သွားတော့၏။
သာမာန်အားဖြင့်ပြောရရင် ၎င်းတို့အားလုံးဟာ လမ်ပူရီတိုင်းပြည် မြောက်ပိုင်းစစ်တပ်၏ စစ်ပြန်တွေဖြစ်တာကြောင့် တိုက်ပွဲမဖြစ်ခင်မှာ ယခုလိုတင်းမာနေသင့်သည်။
သို့ပေမယ့် ယခု ၎င်းတို့ဟာ သံချပ်ကာမှော်ယာဉ်တွေနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ပြီး သူတို့၏အတိတ်ဗဟုသုတကို ကျော်လွန်နေသော စစ်မှော်စက်တွေကို အသုံးပြုထားသည့် ဤတိုက်ပွဲနည်းလမ်းသစ်နှင့် တိုက်ခိုက်ကြမည်ဖြစ်သည်။
ပုံမှန်လေ့ကျင့်ရေးတွင် ၎င်းတို့သည် ဤအရာများကို မည်ကဲ့သို့အသုံးပြုရမည်ကို သင်ယူခဲ့ကြသော်လည်း စစ်မှန်သောတိုက်ပွဲသည် လေ့ကျင့်မှုနှင့် ကွဲပြားသောကြောင့် ဤသည်မှာ ၎င်းတို့၏ပထမဆုံးအကြိမ်ဖြစ်သည်ဟုဆိုရလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါချေ။
လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို စစ်ကြေညာပြီးနောက် ၎င်းဟာ မိမိတို့၏ ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုဟု ဆိုလိုလျှင် မမှားပေ။ ၎င်းကို ထူးထူးခြားခြား အာရုံစိုက်နေသည့် အပြင်လူ များစွာရှိ၏။
ဆွေးနွေးမှုအားလုံးနီးပါးက နှစ်နိုင်ငံကြား တိုက်ပွဲသည် အနာဂတ်၏ တိုက်ပွဲနည်းလမ်းသစ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားသောကြောင့် မည်သည့်ဘက်တွင် ပိုမိုကောင်းမွန်သော စွမ်းဆောင်နိုင်မှု ရှိမည်ဆိုသည်က ပို၍ကျော်ကြားမည် ဖြစ်သည်။
သို့မဟုတ် တိုက်ရိုက်ပြောရလျှင် လမ်ပူရီတိုင်းပြည်သည် ဤစစ်ပွဲကိုအနိုင်ရပါက Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များသည် စခ်တိုင်းပြည်ထက် များစွာပိုမိုအားကောင်းနေမည်မှာ သေချာပါသည်။
လမ်ပူရီတိုင်းပြည်အတွက်၊ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ ပိုမိုအားကောင်းကြောင်း သက်သေပြခြင်းသည် Frestech ကုန်သည်ကြီးများအသင်းမှ ပံ့ပိုးထားသော နိုင်ငံအဖြစ် ၎င်းတို့၏ ရပ်တည်ချက်ကို တိုးမြင့်စေမည်ဖြစ်သည်။
ပိုမိုကြီးမားသောသြဇာလွှမ်းမိုးမှုမှာ လမ်ပူရီတိုင်းပြည်ရှိ မှော်စက်လုပ်ငန်းသည် မြင့်မားသောအကဲဖြတ်မှုတစ်ခုရရှိမည်ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းသည် လမ်ပူရီတိုင်းပြည်အတွက် ၀င်ငွေပိုမိုရရှိမည်ဖြစ်သည်။
၎င်းတို့အားလုံးကို သတင်းစာများ၌ ခွဲခြမ်းစိတ်ဖြာပြီးပြီဖြစ်ရာ အဆင့်နိမ့် မြောက်ပိုင်းစစ်တပ်အရာရှိတစ်ဦးဖြစ်သည့် ကပ္ပတိန်အီဖယ်ပင်လျှင် နားလည်သဘောပေါက်လောက်ပြီဖြစ်သည်။
၎င်းတို့သည် ဤတိုက်ပွဲနည်းသစ်၌ ယုံကြည်ချက်မရှိကြသည့်အပြင် ဤစစ်ပွဲအတွက် ကြီးမားသောအကျိုးသက်ရောက်မှုများရှိသောကြောင့် ဤစစ်ပြန်များပင်လျှင် အနည်းငယ် ကတုန်ကယင်မဖြစ်ဘဲ မနေနိုင်ပေ။
ငါးမိနစ်လောက် ငြိမ်သက်သွားပြီးနောက်၊ ကပ္ပတိန် အီဖယ်က အချိန်တန်နေပြီဆိုတာကို မြင်လိုက်ရရာ မှော်ဆက်သွယ်ရေးကိရိယာကို ကိုင်၍ ရုတ်တရက် ထရပ်လိုက်၏ "ထွက်ကြမယ်!"
စခ်ကာမန်းသည် အသက်ပြင်းပြင်းရှူပြီး စတင်ခလုတ်ကိုမနှိပ်မီ လက်နက်ထိန်းချုပ်မှုဘောင်တာဝန်ခံ ရော်ဘင်ကို ကြည့်လိုက်ပြီး ခလုတ်နှိပ်လိုက်သည်။
သံချပ်ကာမှော်ယာဉ်မှ ကိုယ်ထည်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးအုပ်လိုက်သည့် အပြာနုရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အဆိုပါယာဉ်သည် အလေးချိန် သုံးတန်ရှိပြီး ပါဝင်လာသည့် စစ်သည်ငါးဦးအပြင် စစ်ဘက်ဆိုင်ရာ မှော်စက်များနှင့် ထောက်ပံ့ရေးပစ္စည်းများအား သယ်ဆောင်လာသောကြောင့် စုစုပေါင်းအလေးချိန်မှာ ငါးတန်ကျော် ရှိသည်။ ၎င်းသည် သေမင်းတောင်တန်းများရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေခဲ့သော်လည်း အပြာရောင်အလင်းတန်းများ ပေါ်လာသည်နှင့် ၎င်းသည် ပုန်းခိုရာနေရာမှ ရုတ်တရက် ခုန်ထွက်သွားသည့် ယုန်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ခဏအကြာတွင် မူလနေရာနှင့် မီတာတစ်ရာ ကွာဝေးနေပြီဖြစ်သည်။
ကပ္ပတိန်အီဖယ်၏ သံချပ်ကာ မှော်ယာဉ် ထွက်ခွာပြီးနောက်၊ သစ်တောမှ ထွက်လာပြီး ဘယ်ဘက်သို့ ဦးတည်သွားသော နောက်ထပ်သံချပ်ကာမှော်ယာဉ် ဒါဇင်များစွာ ရှိသေးသည်။
သိပ်မကြာခင်မှာပင်၊ လမ်ပူရီတိုင်းပြည်၏ အထူးသံချပ်ကာ မှော်ယာဉ်အဖွဲ့ဟာ ဓားနှင့် တည့်တည့်ထိုးသကဲ့သို့ တိုက်ခိုက်နေသော စစ်တပ်နှစ်ခုကြား ဖြတ်ကာ စခ်တိုင်းပြည်၏နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၈။ လူများအား ခေါင်းကိုက်စေသည့် ရန်သူတော်
“ဟုန်း!”
ပေါက်ကွဲသံကျယ်ကျယ်တစ်ခု ထွက်လာကာ မီးတောက်များက ရုတ်တရတ် ကောင်းကင်ကို ပြည့်နှက်သွားစေသည်။ ရွာပြင်ဘက်၌ ဖုံးကွယ်ထားသည့် ဂိုထောင်တစ်ခုမှာ ရုတ်တရတ် မီးတောက်များထဲ နစ်မြုပ်နေတော့၏။
၎င်းက ပြီးသွားသည်ကိုမြင်သော် ကပ္ပတိန် အီဖယ်မှာ သံချပ်ကာမှော်ယာဉ်ထံ ပြန်ဝင်လိုက်ပြီး အမိန့်ပေးဖို့ရာ မှော်ဆက်သွယ်ရေးကိရိယာကိုယူလိုက်သည်၊ "ချက်ချင်းဘဲ အနောက်တောင်ဘက် (နာရီလက်တံရှိရာ) ရှစ်နာရီတိတိကို ပြန်ဆုတ်ကြ။ ပီတာက မင်းတို့ကို ခဏနေရင် လမ်းကြောင်းတစ်ခုပို့မှာမို့ ဒီလမ်းကို လိုက်လာခဲ့။ ညီအကိုတို့ နီးနီးကပ်ကပ်လိုက်လာကြပါ! ဒါက စခ်တိုင်းပြည်မို့လို့ နောက်ကျနေရင် ဘယ်သူကမှ စောင့်မှာမဟုတ်ဘူး!"
မှော်ဆက်သွယ်ရေးကိရိယာထံမှ ဤအမိန့်ကို လက်ခံပြီးနောက် ရယ်သံများပေါ်ထွက်လာခဲ့သည်။
"ကျွန်တော်ပြောမယ်၊ ကပ္ပတိန်၊ ကျွန်တော်တို့က ဒီလောက် အမြန်ပြေးတာဆိုတော့ လူတွေနောက်ကျ ကျန်ခဲ့ရင်တောင် စခ်တိုင်းပြည်က ကောင်တွေက သူတို့ကို ဖမ်းမိမှာ မဟုတ်ဘူး။ စိတ်ချပါ။"
ကပ္ပတိန်အီဖယ်က အေးစက်စက် နှာမှုတ်လိုက်သည် “စစ်မြင်းတွေတောင် ခြေထောက်တွေ ကျိုးသွားနိုင်တယ်။ သံချပ်ကာမှော်ယာဉ်တွေက ကောင်းပေမယ့် မပျက်စီးသွားဘူးဆိုတာ မင်းအာမခံနိုင်မလား။”
တုံ့ပြန်မှုမရှိဘဲ မှော်ဆက်သွယ်ရေးကိရိယာထံမှ နှုတ်ဆိတ်သွားခဲ့သည်။
"ကောင်းပြီ၊ စကားလုံးတွေ ဖြုန်းတီးတာ ရပ်လိုက်တော့၊ ငါတို့က စစ်တိုက်နေတာ၊ ပြဇာတ်ကနေတာ မဟုတ်ဘူး၊ တစ်ခုခုဖြစ်သွားရင် မင်းကို ဘယ်သူမှ အခွင့်အရေးပေးမှာမဟုတ်ဘူး။" ၎င်းကို ကပ္ပတိန်အီဖယ်က အလေးပေးပြောကြားခဲ့၏။ "ပျက်စီးဆုံးရှုံးမှုတာဝန်ခံအားလုံး ငါ့စကားကို နားထောင်၊ မင်းတို့ယာဉ်အခြေအနေကို အာရုံစိုက်ကြ၊ မတော်တဆမှုတစ်ခုမှ ဖြစ်ပွားလို့မရဘူးဆိုတာ နားလည်ကြလား။"
“နားလည်ပါတယ်!”
"သဘောပေါက်ပါတယ်!"
"စိတ်ချပါ ကပ္ပတိန်!"
……
ယခုတစ်ကြိမ်တွင် မှော်ဆက်သွယ်ရေးကိရိယာမှလာသော သံချပ်ကာမှော်ယာဉ်တစ်ခုစီအတွက် အမှန်တကယ် ပျက်စီးဆုံးရှုံးမှုအစီရင်ခံစာများ ရှိခဲ့သည်။
ကပ္ပတိန်အီဖယ်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ပီတာက OK ဟု အချက်ပြပေးလာသည်ကို တွေ့သောအခါ အမိန့်ပေးလိုက်၏၊ "အရှိန်အပြည့်တင်!"
လမ်ပူရီတိုင်းပြည်၏ ပထမဆုံးမိုဘိုင်းယူနစ်၏ သံချပ်ကာမှော်ယာဉ်နှစ်ဆယ့်ငါးစီးသည် လျင်မြန်စွာစုစည်းလာပြီး မြို့ငယ်၏လမ်းငယ်ကိုဖြတ်သွားသည်မှာ အားပြင်းသည့် သံမဏိလျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာထွက်ခွာသွားခဲ့သည်။
ဆယ်မိနစ်ခန့်အကြာတွင် သွေးဆာဝံပုလွေတပ်ရင်း၏ ယူနီဖောင်းဝတ်ဆင်ထားသော ခြေမြန်မြင်းတပ်တစ်ဖွဲ့သည် မြို့ထဲသို့ရောက်ရှိလာသည်။
မီးက ကောင်းကင်သို့ ပျံတက်သွားကာ စိတ်မကောင်းစရာ အခြေအနေများရှိသည်ကို မြင်လိုက်ရသော် ခြေမြန် မြင်းတပ်အဖွဲ့ခေါင်းဆောင်မှာ တုန်လှုပ်သွားခဲ့သည်။
၎င်းတို့၏ ထောက်ပံ့ရေးဂိုဒေါင်ကို တိုက်ခိုက်ခံရကြောင်း သတင်းရရှိပြီးနောက် သူသည် ခြေမြန် မြင်းတပ်အား ဤနေရာသို့ ချက်ချင်း ဦးဆောင်လာခဲ့သည်။ ၎င်းတို့ဒီကိုရောက်ဖို့ မိနစ်နှစ်ဆယ်သာ အချိန်ကုန်ခဲ့သည်ကပင် အရမ်းမြန်နေပြီဟု ယူဆနိုင်၏။
သို့သော်လည်း အခြေအနေပေါ် သုံးသပ်ရသလောက် ဂိုဒေါင်သည် မီးပင်လယ်ထဲတွင် ရှိနေပြီဖြစ်ပြီး ရန်သူများသည် ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ခြေမြန်မြင်းတပ်အဖွဲ့၏ ခေါင်းဆောင်သည် သူ့မျက်လုံးများကိုပင် သူမယုံရဲပေ။
ဤထောက်ပံ့ရေးဂိုဒေါင်သည် လမ်ပူရီတိုင်းပြည်နှင့် စစ်ပွဲအတွက် သွေးဆာဝံပုလွေမှပြင်ဆင်ထားသည့် ပိုအရေးကြီးသောဂိုဒေါင်များထဲမှတစ်ခုဖြစ်ကြောင်းသိထားရခြင်းကြောင့် သူတို့သည်စနစ်တကျကာကွယ်မှု ပြုလုပ်ထားသည်။
သွေးဆာဝံပုလွေတပ်ရင်းသည် ဤနေရာကို စောင့်ရှောက်ရန် လက်ရွေးစင်နှစ်ထောင်နှင့်အတူ အဖွဲ့တစ်ခုလုံးကိုပင် စေလွှတ်ခဲ့သည်။
၎င်းတို့သည် ၎င်းတို့၏ခံစစ်စွမ်းရည်ကြောင့် ကျော်ကြားသော သွေးဆာဝံပုလွေတပ်ရင်း၏ ထိပ်တန်းအဆင့်ရှိ လက်ရွေးစင်များဖြစ်သည်။ အချိန်တိုလေးအတွင်းတွင် ၎င်းတို့၏ ခံစစ်ဟာ အမှန်တကယ် ကျိုးပျက်သွားပြီး ၎င်းတို့၏ အသက်နှင့်ရင်း၍ ကာကွယ်ရမည့် ဂိုဒေါင်လည်း ပျက်ဆီးသွားခဲ့သည်လား။
ဘယ်လိုဖြစ်နိုင်မှာလဲ။
မြင်းတပ်အဖွဲ့ခေါင်းဆောင်သည် ဂိုဒေါင်တစ်ဝိုက်တွင် သွေးဆာဝံပုလွေတပ်ရင်း ယူနီဖောင်းကို ဝတ်ဆင်ထားသည့် အလောင်းများကို လှည့်ပတ်ကြည့်ရှုခဲ့ရာတွင် လူသေအလောင်းများ ရှိနေသည်ကို တွေ့ရှိခဲ့သော်လည်း အသက်ရှင်နေသေးသူ တစ်ဦးမျှ မရှိခဲ့ပေ။ သူ့နှလုံးသား၌ ဒေါသတို့ ပြည့်နှက်သွားခဲ့၏။
“အဲဒီ ခွေးမသားတွေ ! တကယ်ပဲ စွန့်ခွါရဲခဲ့ကြတယ်!”
ဤနေရာတွင် လူနှစ်ထောင်ခန့် စခန်းချခဲ့ပြီး ယခုအခါ အလောင်းများစွာရှိသော်လည်း ရာဂဏန်းမျှသာ ရှိသေးသည်။ ဒါဆို ကျန်တဲ့သူတွေက ဘယ်ရောက်သွားတာလဲ?
မြင်းတပ်ခေါင်းဆောင်က လက်ဝှေ့ယမ်းကာ လက်အောက်ငယ်သားများအား အလောင်းများကို ကြည့်ရှုခိုင်းပြီး မိမိလည်း လက်အောက်ငယ်သားများနှင့် လှည့်ပတ်ကြည့်ရှုခဲ့သည်။
နောက်ဆုံးတွင် သတိလစ်နေခဲ့သဖြင့် သေခြင်းမှလွတ်မြောက်သွားပုံရသော စစ်သားတစ်ဦးကို တွေ့ရှိပြီးနောက်၊ မြင်းတပ်ခေါင်းဆောင်က သူ့ကိုနှိုးရန် တွန့်ဆုတ်မနေဘဲ ပါးရိုက်ချလိုက်သည်။
"နတ်ဆိုးတွေ! နတ်ဆိုးတွေ ရောက်နေပြီ !”
မြင်းတပ်ခေါင်းဆောင်အား အံ့အားသင့်စေသည်မှာ ထိုစစ်သားနိုးလာချိန်တွင် ကြောက်ရွံ့သည့်ဟန်နှင့် ကြောက်စရာကောင်းဖွယ် အရာ တစ်ခုခုကို ခံစားခဲ့ရသလို ချက်ခြင်း နောက်ပြန်ဆုတ်သွားသည်။
"ဘာနတ်ဆိုးလဲ မင်းရဲ့ခွေးမျက်လုံးကို ငါ့အတွက်ဖွင့်လိုက်!" ခေါင်းဆောင်က ဒေါသတကြီးအော်သည်။
စစ်သားသည် တုန်တုန်ယင်ယင်နှင့် အနည်းငယ် မှင်တက်သွားကာ သူ့အသိများ ဖြည်းညှင်းစွာ ပြန်ရလာသည်။
"ပြော၊ ဒီမှာ ဘာဖြစ်သွားတာလဲ။ ရန်သူလား? ဘယ်လမ်းကြောင်းကို ပြန်ပြေးသွားကြတာလဲ။” သူသည် တဖြည်းဖြည်း တည်ငြိမ်သွားသည်ကို မြင်လိုက်ရသဖြင့် ခေါင်းဆောင်က သူ့ကို ချက်ချင်းပင် မေးခွန်းထုတ်လာသည်။
“ရန်သူ” ဟူသော စကားကိုကြားသော် စစ်သား၏ မျက်နှာတွင် ကြောက်ရွံ့မှုက ပိုနက်ရှိုင်းလာပြန်သည်။
“ကျွန်တော်……..ဘာဖြစ်မှန်း မသိဘူး။ ကျွန်တော်တို့ …….. ကျွန်တော်တို့ အပြင်မှာ စောင့်နေတာကို ရုတ်တရက်……” စစ်သားက ဂိုဒေါင်တောင်ဘက်ရှိ တောအုပ်ကို ညွှန်ပြသည်၊ “အဲဒီကနေ သံဘီလူးတွေ ထွက်လာတယ်။ ကျွန်တော်တို့ မတုံ့ပြန်ခင်နိုင်မှာ နတ်ဆိုးတွေက မရေမတွက်နိုင်တဲ့ မီးလုံးတွေကို ပစ်လွှတ်လိုက်ကြပြီး အဲဒီမီးလုံးတွေကြောင့် ကျွန်တော် ပြုတ်ကျလာတာ......"
စစ်သား၏ အံ့အားသင့်နေသည့် ဟနခကို မြင်လိုက်ရသော် မြင်းတပ်အဖွဲ့ခေါင်းဆောင်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
သနားစရာကောင်းသည့် ဤလူက ရူးမတတ် ကြောက်နေပြီမို့ သူ့ကို မေးခြင်းကနေ ဘာတစ်ခုမှ မရလာပါချေ။
သို့ပေမယ့် သူ့စကားထဲက သဲလွန်စတွေကို အခြေခံရသော် တောင်ဘက်ကလာသည့် ရန်သူတွေ ရှိနေသည်ဆိုတာ ထင်ရှားပါ၏။ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းအစောင့်တပ်မှ ဤဂိုဒေါင်ကို တိုက်ခိုက်ရန် စေလွှတ်ထားသော အထူးအဖွဲ့ငယ်များဖြစ်သည်မှာ သံသယဖြစ်စရာမရှိချေ။
သို့ပေမယ့် သူနားမလည်နိုင်သည့် ပြဿနာနှစ်ခုရှိ၏။
လမ်ပူရီတိုင်းပြည်က ဒီဂိုဒေါင်ဘယ်မှာရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ?
ကင်းတပ်အဖွဲ့သည် ဤနေရာ၌ ထားရှိထားသော ထောင်ချောက်မျိုးစုံကို မည်သို့ကျော်ဖြတ်ပြီး ဤဂိုဒေါင်၏တည်နေရာကို အတိအကျတိုက်ခိုက်ရန် ဤမျှအဝေးကို မည်သို့ ရောက်လာခဲ့သနည်း။
သို့သော် ဤမေးခွန်းက ခေါင်းဆောင်၏ စိတ်ထဲတွင်ပေါ်လာသောအခါ၊ ခေါင်းထဲမှ ဖယ်ထုတ်လိုက်သည်။
အခုက ဒါကို စဉ်းစားရမယ့် အချိန်မဟုတ်သေးဘူး။ အရေးကြီးဆုံးအချက်မှာ ရန်သူများက ထိုးဖောက်ဝင်ရောက်ခဲ့ရာ ၎င်းတို့ကို ခုခံမည့်နည်အား မတွေ့ပါက ၎င်းတို့မှာ ပို၍ပင် အပျက်စီးများသွားနိုင်သည်။
စစ်သား ဖော်ပြလာသော သံဘီလူးကို အခြေခံရသော် မှော်ကားများဖြင့် ဖွဲ့စည်းထားသော လမ်ပူရီတိုင်းပြည်မှ အထူးကင်းတပ်တပ်ကို စေလွှတ်ခဲ့ကြောင်း မြင်းတပ်ခေါင်းဆောင်က ခန့်မှန်းခဲ့သည်။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများအား မြေပြင်ပေါ်ရှိ အမှတ်အသားများကို ဂရုတစိုက် ရှာဖွေခိုင်းသည်။
ခဏအကြာတွင် အနောက်ဘက်သို့ ဦးတည်နေသော မြို့၏တောင်ဘက်သို့ သွားသည့် ရှင်းလင်းသောလမ်းကို တွေ့ရှိခဲ့သည်။
ဤလမ်းကြောင်းများ ဦးတည့်နေသည့် လမ်းကြောင်းကို ကြည့်လိုက်ရင်း မြင်းတပ်အဖွဲ့ခေါင်းဆောင်၏ အမူအရာမှာ မနေနိုင်အောင် ပြောင်းလဲသွား၏။
ထိုလမ်းကြောင်းရှိ ဆယ်ကီလိုမီတာအကွာတွင် အခြားအရေးကြီးသော ထောက်ပံ့ရေးဂိုဒေါင်ရှိသည်။
သူ၏ ခန့်မှန်းချက် မှန်လျှင် လမ်ပူရီတိုင်းပြည်၏ ကင်းတပ်ငယ်လေးသည် ထိုဂိုဒေါင်သို့ ဦးတည်နေလောက်သည်။
"အားလုံး ငါ့နောက်ကို လိုက်ကြ! မြန်မြန်!" မြင်းတပ်ခေါင်းဆောင်က မြင်းပေါ်ကို ခုန်တက်ပြီး အနောက်ကို ဦးတည်နေသည့် လမ်းအတိုင်း လိုက်ဖို့ သူ့လက်အောက်ငယ်သားတွေကို လက်ဝှေ့ယမ်းပြလိုက်ပါ၏။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် မြင်းတပ်ခေါင်းဆောင်နှင့်အဖွဲ့သည် ၎င်း၏လက်အောက်ငယ်သားများနှင့် ဆယ်ကီလိုမီတာအကွာသို့ ရောက်လာခဲ့သည်။
သို့သော် ဂိုဒေါင်သို့ မရောက်ခင်ကပင် အဝေးရှိ ကောင်းကင်ယံ၌ မီးတောက်များ ပြည့်လျှံနေပြီး မီးခိုးများ ထူထပ်စွာ တက်လာသည်ကို သူတွေ့လိုက်ရသည်။
မြင်းတပ်ခေါင်းဆောင်၏ နှလုံးသားမှာ နာကျင်သွား၏။
မီးတောက်များနှင့် မီးခိုးများဆီသို့ ဒုန်းစိုင်းလိုက်ကြရာ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အစောင့်အကြပ် ထူထပ်စွာ ခံထားရသော ဤဂိုဒေါင်သည် လက်ရှိတွင် မီးပင်လယ်ထဲတွင် ရှိနေရာ လုံးဝ ပျက်စီးသွားပြီဟု ဆိုနိုင်သည်။
နီးကပ်လာသောအခါတွင် ထောက်ကူအဖြစ် လိုက်ပါလာသော ခြေလျင်မြင်းတပ်တစ်ဖွဲ့ကို ဆုံသွားသည်။
တစ်ဖက်က မီးတောက်၊ မီးခိုးများဖုံးနေသည့် ဂိုဒေါင်ကို လှမ်းကြည့်လိုက်ရင်း တုန်လှုပ်ခြောက်ခြားနေပုံရ၏။
နှစ်ဖက်တွေ့ဆုံပြီးနောက်တွင် ပထမမြင်းတပ်အဖွဲ့ခေါင်းဆောင်က အခြေအနေကို ရှေ့မှမြင်းတပ်အဖွဲ့ခေါင်းဆောင်အသစ်ထံ ပြောပြသည်။ နှစ်ယောက်သား စုစည်းပြီး ရန်သူချန်ထားခဲ့သော လမ်းအတိုင်း အရှေ့မြောက်ဘက်သို့ လိုက်လာရင်း နှစ်ယောက်သား ဘာမျှ မပြောကြချေ။
သို့သော်လည်း ၎င်းတို့ ဦးတည်သွားသော လမ်းကြောင်းတွင်လည်း ၎င်းတို့ကို စောင့်မျှော်နေသော အခြား ထောက်ပံ့ရေး ဂိုဒေါင်မှာ ပျက်စီးသွားခဲ့သည်။
ရန်သူကို ဖမ်းမမိနိုင်ရုံသာမက အချိန်ကြန့်ကြာနေသဖြင့် ရန်သူများနှင့် ပို၍ဝေးကွာလာသည်ကို တွေ့ရှိရသည်။
တစ္ဆေသရဲလို ပေါ်လာနိုင်ပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား သည့် ဤရန်သူမျိုးသည် ကြီးမားသော လျှို့ဝှက်ပြဿနာတစ်ခုဖြစ်သည်မှာ သံသယဝင်စရာပင်မလိုချေ။
သိပ်မကြာခင်မှာပင် ဒီသတင်းကိုလက်ခံရရှိသည့် သွေးဆာဝံပုလွေတပ်ရင်းက တုံ့ပြန်သည့်အနေနှင့် ၎င်းတို့၏ အနီးတစ်ဝိုက်ထောက်ပံ့ရေးစခန်းများကို ကာကွယ်ရေးတိုးမြှင့်ဖို့အတွက် နောက်တပ်ဖွဲ့များကို အမြန်စည်းရုံးခဲ့ပါ၏။ တစ်ချိန်တည်းမှာပင် ရန်သူတို့ ကျန်ရစ်ခဲ့သော ခြေရာများကို ခြေရာခံရန် ၎င်းတို့၏ တပ်ဖွဲ့များကို စုစည်းကာ ရဲတင်းစွာ စစ်ချီခဲ့သော ဤရန်သူများကို ဖမ်းရန် ကွန်ရက် ဖန်တီးခဲ့သည်။
သို့သော် အဖြစ်မှန်သည် ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။
သွေးဆာဝံပုလွေတပ်ရင်းသည် ထိုလူအားလုံးကို လိုက်ဖမ်း၍ ကွန်ရက်ချရန် စေလွှတ်လိုက်သော်လည်း ရန်သူသည် ၎င်းတို့၏ လှုပ်ရှားမှုများကို အမြဲကြိုတင်ခန့်မှန်းနိုင်ပုံရသည်။ ၎င်းတို့သည် သွေးဆာဝံပုလွေတပ်ရင်း၏စစ်တပ်ကို ရှောင်ရှားခဲ့ကြပြီး ၎င်းတို့ကို ဝိုင်းရံထားနိုင်ခြင်းမရှိခင် အမြဲတမ်း ထွက်ပြေးခဲ့ကြသည်။
ပိုဆိုးသည်က ၎င်းတို့ ပတ်၀န်းကျင်က လွတ်မြောက်ပြီးသည့် နောက်တွင် ၎င်းတို့မှာ ထွက်ပြေးဖို့ မရွေးချယ်ဘဲ သွေးဆာဝံပုလွေတပ်ရင်း၏ ရှေ့ နှင့်နောက်ဘက်ကို ညှပ်ကာ ဆက်လက် ချောင်းမြောင်း တိုက်ခိုက်ခဲ့ပါ၏။
တစ်ရက်တည်းမှာပင် ရန်သူသည် ထောက်ပံ့ရေးဂိုဒေါင် ၁၃ ခုနှင့် ကင်းစခန်း ၃၇ခုကို ဖျက်ဆီးခဲ့သည်။ ၎င်းက စစ်တပ်ကို လုံး၀ ကမောက်ကမဖြစ်အောင် တွန်းလှန်ခဲ့သည်ဟု ဆိုနိုင်သည်။
သွေးဆာဝံပုလွေတပ်ရင်းကို အကြီးမားဆုံး ခေါင်းကိုက်စေခဲ့သည်မှာ ယခင်က သေးငယ်သည့် တိုက်ပွဲတွေကို အခြေခံ၍၊ လမ်ပူရီတိုင်းပြည်၏ ခြုံခိုတပ်သည် ကြီးကျယ်သည်ဟု မယူဆသော်လည်း ၎င်းတို့တွင် ထိတ်လန့်စရာကောင်းသော တိုက်ပွဲအင်အားရှိသည်။ ၎င်းတို့သည် သွေးဆာဝံပုလွေတပ်ရင်းမှ စစ်သားတစ်ထောင်မှ နှစ်ထောင်အထိ ရှိသည့် အုပ်စုတစ်စုကို အလွယ်တကူ မောင်းထုတ်နိုင်ခဲ့သည်။
ထို့ကြောင့် သွေးဆာဝံပုလွေတပ်ရင်းက ထိုရန်သူတွေကို ဖမ်းချင်ပါလျှင်တောင် ၎င်းတို့ကို ကိုင်တွယ်ဖို့ လုံလောက်သည့် ခွန်အား မရှိနိုင်ပါချေ။
သွေးဆာဝံပုလွေတပ်ရင်းသည် ရှေ့တန်းတွင် ဒုက္ခရောက်နေပြီဖြစ်သောကြောင့် ဤတပ်ငယ်လေးကို ကိုင်တွယ်ရန် လူအလုံအလောက် မစေလွှတ်နိုင်ပါချေ။
သွေးဆာဝံပုလွေတပ်ရင်းသည် ကူကယ်ရာမဲ့သလို ခံစားရသဖြင့် ၎င်းတို့၏ ပြန့်ကျဲနေသော ထောက်ပံ့ရေးအစီအစဉ်ကို ယခင်ကတည်းက စွန့်လွှတ်လိုက်သည်။ ၎င်းတို့သည် အမျိုးမျိုးသော ထောက်ပံ့ရေးအချက်များအားလုံးကို ပြန်လည်ဖွဲ့စည်းပြီး ၎င်းတို့၏ ထောက်ပံ့ရေးပစ္စည်းများအားလုံးကို အကြီးဆုံးထောက်ပံ့ရေးစခန်း၌ စုဆောင်းခဲ့သည်။
အကြီးဆုံးထောက်ပံ့ရေးစခန်းသည် သွေးဆာဝံပုလွေတပ်ရင်း၏ အမာခံဖြစ်ပြီး၊ ၎င်းကိုစောင့်ကြပ်ထားရာတွင် အနည်းဆုံး လက်ရွေးစင်တပ်ဖွဲ့ဝင် ငါးထောင်အပြင် စခ်တိုင်းပြည်ထုတ် စစ်ဘက်ဆိုင်ရာမှော်စက်အများအပြားလည်းရှိသည်။
လမ်ပူရီတိုင်းပြည်၏ သေးငယ်သော ကင်းတပ်အဖွဲ့၏ အင်အားဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သေဆုံးမှုကို ရှာဖွေသလို ဖြစ်မည်ဖြစ်သောကြောင့် ဤထောက်ပံ့ရေးစခန်းကို မတိုက်ခိုက်နိုင်သည်မှာ သေချာပါသည်။
အောက်ပါအချက်များသည် သွေးဆာဝံပုလွေတပ်ရင်း၏ ခန့်မှန်းချက်များကို သက်သေပြခဲ့သည်။
ရိက္ခာအားလုံးကို စုစည်းပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောရန်သူ ထပ်မံပေါ်မလာတော့ပေ ။
သို့သော်၊ သွေးဆာဝံပုလွေတပ်ရင်းသည် ၎င်းတို့အတွက် ခေါင်းကိုက်စေသော လျှို့ဝှက်ဆန်းကြယ်သည့် ရန်သူမှာ စခ်တိုင်းပြည်မှ တိတ်တဆိတ် ထွက်ခွာသွားကာ လမ်ပူရီတိုင်းပြည် မြောက်ပိုင်းစစ်တပ်၏ ထိန်းချုပ်နယ်မြေအတွင်းရှိ သေမင်းတောင်တန်းများဆီသို့ ပြန်သွားပြီဟု ဘယ်သောအခါမှ မထင်ခဲ့မိပေ။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၂၉။ သက်တောင့်သက်သာရှိသည့် စစ်တပ်နေထိုင်မှု
ကပ္ပတိန်အီဖယ်မှာ သံချပ်ကာမှော်ယာဉ်မှ ခုန်ထွက်လိုက်ပြီး သူ့ခြေထောက် မြေပြင်နှင့် ထိချိန်တွင် Frestech ကုန်သည်ကြီးများအသင်း ယူနီဖောင်းဝတ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်လာသည်။
လူငယ်အမျိုးသားနှစ်ဦးအနက်တစ်ဦးမှာ ကပ္ပတိန် အီဖယ်ထံ လက်လှမ်းလာ၏။
"ကပ္ပတိန်အီဖယ် ဒီတစ်ခေါက် ခင်ဗျားရဲ့ တိုက်ခိုက်မှုအစီရင်ခံစာကို ပေးပါ။"
ကပ္ပတိန်အီဖယ်က သူ၏လက်မဖြင့် အနောက်ကို ညွှန်ပြ၍၊ "ဒါကို အဲ့လူဆီက သွားယူလိုက်၊ ငါ အရင်ဆုံး အထက်ကို တင်ပြဖို့သွားရမယ်"
သုံးယောက်သား ခေါင်းညိတ်ပြပြီး ပီတာ့ထံမှ တိုက်ခိုက်ရေးသတင်းကိုယူရန် လျှောက်သွားကြသည်။ ၎င်းကိုကြည့်ပြီးနောက် အမျိုးသမီးမှာ ပီတာ နှင့် စခ်ကာမန်းတို့နှင့်အတူ သံချပ်ကာမှော်ယာဉ်ထဲသို့ ပြန်ဝင်သွားကြသည်။ အမျိုးသားနှစ်ဦးကမူ ရော်ဘင်နှင့် မာ့ခ်တို့နှင့်အတူ သံချပ်ကာမှော်ယာဉ်ကို လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ထိုလူများ အလုပ်လုပ်နေသည်ကိုမြင်တော့ ကပ္ပတိန် အီဖယ်က ခေါင်းယမ်းလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် အမှန်တကယ် ဒုက္ခပေးသည်ဟု သူထင်သည်၊ သူသည် ၎င်းတို့နှင့် ဆက်ဆံရန် မလိုအပ်သည်က ကောင်းမွန်သောအရာဖြစ်သည် ။
၎င်းတို့သုံးဦးစလုံးသည် Frestech ကုန်သည်ကြီးများအသင်းမှ အင်ဂျင်နီယာများဖြစ်သည်။ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းမှ မြောက်ပိုင်းလက်ရုံးတပ်ကို ပြောင်းလဲနိုင်စေရန်အတွက် စေလွှတ်ခဲ့သည်ဟု ဆိုသည်။
၎င်းတို့ သုံးဦးသည် သံချပ်ကာမှော်ယာဉ်များအတွက် အဓိကတာဝန်ယူထားသောကြောင့် မစ်ရှင်ကပ္ပတိန်အီဖယ်၏ တာဝန်တစ်ခုပြီးတိုင်း တိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားသည့် တိုက်ပွဲအစီရင်ခံစာအား ပေးအပ်ရမည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ တိုက်ပွဲအတွင်း အမျိုးမျိုးသော အပြောင်းအလဲများက သံချပ်ကာမှော်ယာဉ်များကို မည်သို့အကျိုးသက်ရောက်စေခဲ့သနည်းဟူ၍ပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ရှင်းလင်းချက်မှာ သံချပ်ကာမှော်ယာဉ်ပေါ်ရှိ ဒေတာများကို စုဆောင်းပြီး စစ်မှန်သော တိုက်ပွဲများ၌ သံချပ်ကာမှော်ယာဉ်များကို အဆင့်မြှင့်တင်ရန် ဤဒေတာကို အသုံးပြုရန်ဖြစ်သည်။
ထိုရည်မှန်းချက်ကြောင့် ဤသံချပ်ကာ မှော်ယာဉ်တွေ၏ လည်ပတ်မှုအပေါ် စစ်သားများ၏ သဘောထားအမြင်ကို ထို အင်ဂျင်နီယာတွေက မေးခွန်းများ ဆက်မေး၏။
ပထမဆုံးသုံးရမည့် ပစ္စည်းများကို ရရှိရန်အတွက် ဤအင်ဂျင်နီယာများသည် ၎င်းတို့၏ စုံစမ်းမေးမြန်းမှုများကို အသေးစိတ်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့မှာ စစ်သားတွေအနေနှင့် တွေးပြီးလျှင်တောင်မှ မသိသည့် အသေးစိတ်အချက်အလက်တွေပါပင်။
ကပ္ပတိန်အီဖယ်နှင့် သူ့၏ လက်အောက်ငယ်သားတွေဟာ စစ်သားဖြစ်လာသည့် သန်မာသူတွေဖြစ်ရာ ဘယ်လိုလုပ် ၎င်းကြောင့် အနှောက်ယှက်ခံနိုင်မလဲ။
သို့သော်၊ အထက်လူကြီးများကို သတင်းပို့ရန် အကြောင်းပြချက်ရှိသောကြောင့် လွတ်မြောက်နိုင်သည့် ကပ္ပတိန် အီဖယ်မှလွဲ၍ အခြားသူများမှာ မလွတ်မြောက်နိုင်ပေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ခြင်းသည် ဌာနချုပ်မှ သေမိန့်ချသလိုသော်လည်း သာမန်စစ်သားများသည် အဆိုပါအမိန့်ကို နာခံကိုနာခံရမည်ဖြစ်သည်။
မေးခွန်းများမေးနေစဉ်တွင် အရေးမပါသော သံချပ်ကာမှော်ယာဉ်ရှိ ရော်ဘင်အား ဆွဲခေါ်ကာ မြောင်းငယ်လေးတစ်ခုထံ ညွှန်ပြနေသည့် အင်ဂျင်နီယာ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်၊ ကပ္ပတိန် အီဖယ်သည် စခန်း၏ အလယ်ဗဟိုရှိ အမိန့်ပေးဌာနသို့ လှည့်သွားစဉ် အားရကျေနပ်စိတ် အပြည့်နှင့် ရယ်မောလိုက်သည်။
ခြေလှမ်းအနည်းငယ်မလှမ်းမီတွင် သူ့အပေါ်မှ ဆူညံသံတစ်ခုထွက်ပေါ်လာသည်။ ကပ္ပတိန်အီဖယ် မော့ကြည့်လိုက်ရာ မှော်လေသင်္ဘောငါးစင်းသည် စခန်းထဲမှ ဖြည်းဖြည်းချင်း တက်လာသည်ကို တွေ့လိုက်ရသည်။
"အိုင်း အိုင်း စခ်တိုင်းပြည်က အရူးတွေ ငိုတော့မှာပဲ။"
ကပ္ပတိန်အီဖယ်သည် ကွပ်ကဲမှုစင်တာသို့ လျှောက်သွားစဉ် ခံစားချက် အလွန်ကောင်းမွန်နေသည်။
“အစီရင်ခံပါတယ်! ပထမဆုံး အထူးမိုဘိုင်းအဖွဲ့၏တပ်မှူး ရှရက်ခ် အီဖယ် က ဒီနေရာကို သတင်းပို့ဖို့ ရောက်လာပါပြီ။”
ဝင်လာသော် ကပ္ပတိန် အီဖယ်က ထိုသို့ အရင်အလေးပြုလိုက်သည်။
အဆင့်မြင့်ကပ္ပတိန်များနှင့် ကွပ်ကဲရေးဌာနမှ အရာရှိ အသီးသီးတို့သည် ခေါင်းငုံ့ကာ စားပွဲဝိုင်းတွင် စုရုံးနေကြသည်။ ကပ္ပတိန် အီဖယ် သတင်းပို့သည်ကို ကြားသောအခါ၊ မြောက်ပိုင်းတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရူဒေါ့ဖ် တူတွန် က သူ့အား လက်ပြနှုတ်ဆက်သည်။
“ကောင်းပြီ မြန်မြန်လာ။ အီဖယ်၊ မင်းရဲ့ ပထမဆုံးအဖွဲ့က သွေးဆာဝံပုလွေတပ်ရင်းရဲ့ အိမ်နောက်ဖေးမှာ လမ်းလျှောက်ထွက်ခဲ့သလိုမျိုးလုပ်ခဲ့တယ်ဆို၊ ဘယ်လိုဖြစ်သွားလဲ၊ ပြောပြပါဦး"
ကပ္ပတိန်အီဖယ်သည် ဂုဏ်ယူစွာပြုံးလျက် မော့ကြည့်၍ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်၊ "ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်၊ သူတို့ အိမ်နောက်ဖေးမှာ ကျွန်တော်တို့ အရမ်း အေးဆေးဖြစ်ခဲ့ပါတယ်။ ဒါက ပျော်ပွဲစားထွက်တာနဲ့တောင် မခြားပါဘူး။"
ဗိုလ်ချုပ်ကြီးတူတွန် သည် ရယ်မော၍ ကပ္ပတိန် အီဖယ်၏ ပခုံးကို ပုတ်ကာ သူ့ရှေ့ရှိ မြေပုံကို ညွှန်ပြပြီး ပြောလာသည်၊ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပါဦး"
ကပ္ပတိန်အီဖယ်ဟာ စွမ်းအင်တွေဖြင့် ပြည့်နေပါ၏။ လေယာဉ်အဖွဲ့မှ ပြုလုပ်ထားသည့် မြေပုံဖြင့်၊ လွန်ခဲ့သည့် နှစ်ရက်အတွင်း သွေးဆာဝံပုလွေတပ်ရင်း၏ နောက်တန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့သော သူဦးဆောင်သည့် ပထမဆုံးအဖွဲ့အကြောင်းအား ပတ်၀န်းကျင်ရှိလူတိုင်းအား ဖော်ပြလိုက်သည်။
အမှန်တွင်၊ လွန်ခဲ့သည့် နှစ်ရက်အတွင်း ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် ကင်းထောက်တာဝန်ယူထားသည့် မှော်လေသင်္ဘောများသည် ဌာနချုပ်သို့ အရာအားလုံးကို ပြန်လည်တင်ပြထားပြီးဖြစ်သည်။
ယခု ဤလူတွေ သိချင်သည်မှာ အသေးစိတ်အချက်လေးတွေပင်။
"အီဖယ်၊ မင်းပြောသေးတယ်... သွေးဆာဝံပုလွေတပ်ရင်းရဲ့ ခြေလျင်မြင်းတပ်က မင်းတို့ကို နှစ်ရက်လောက် လိုက်ဖမ်းတာတောင် ဖမ်းလို့မရဘူးဆို။ ဟိုမှာ ဘာဖြစ်ခဲ့တာလဲ?" ဗိုလ်ချုပ်ကြီးတူတွန် ရုတ်တရက် မေးလိုက်သည်။
ကပ္ပတိန် အီဖယ်က ရုတ်တရက် အနှောက်အယှက်ဖြစ်ပြီးနောက် ခေါင်းစောင်း၍ စဉ်းစားကာ ပြောလိုက်၏၊ “ဒါက သူတို့ လိုက်မမီနိုင်လို့ပါ။ သံချပ်ကာမှော်ယာဉ်တွေက သူတို့မြင်းတွေထက် ပိုမြန်နေတာဆိုတော့။ သူတို့ လိုက်ဖမ်းနေတာ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရပြီး လမ်းကြောင်းတစ်ခုတည်းကို ပြေးလိုက်မယ်ဆိုရင် သူတို့ ခြေရာတောင် မမြင်နိုင်တော့ပါဘူး။ ဒီအရှိန်နဲ့ သူတို့ရဲ့မြင်းတွေ အနားယူဖို့ လိုအပ်တယ်ဆိုတဲ့အချက်က ကျွန်တော်တို့ရဲ့ သံချပ်ကာ မှော်ယာဉ်တွေ မရှိရင်တောင်၊ သူတို့က ကျွန်တော်တို့ကို ဖမ်းဖို့ မဖြစ်နိုင်ပါဘူး။”
"မြေပြန့်မှာ မင်းသူတို့ကို အလွယ်တကူ ကျော်နိုင်မယ်လို့ ငါယုံကြည်တယ်၊ ဒါပေမယ့် ခက်ခဲတဲ့ပတ်ဝန်းကျင်မှာကော။ ဒီလို နယ်မြေတွေမှာ လိုက်လျောညီထွေဖြစ်တဲ့ မြင်းတွေရဲ့ စွမ်းရည်က သံချပ်ကာ မှော်ယာဉ်တွေထက် သာလွန်တယ်၊ ဒါကြောင့် သူတို့ကို မင်း ဘယ်လို ကိုင်တွယ်ခဲ့တာလဲ။" ဗိုလ်ချုပ်ကြီးတူတွန်က မေး၏။
ကပ္ပတိန်အီဖယ်က ရယ်မောကာ "ဗိုလ်ချုပ်ကြီး၊ ကျွန်တော်တို့က ကြမ်းတမ်းတဲ့ မြေပြင်မှာ သေချာပေါက် ကောင်းကောင်းမပြေးနိုင်တာမို့ ဘာလို့ ကြမ်းတမ်းတဲ့ မြေပြင်မှာ ပြေးရမှာလဲ။ အမှန်တော့ ကျွန်တော်တို့က သူတို့ကို မြေပြန့်မှာ ရက်အတော်ကြာ လှည့်ပတ်ပြေးခဲ့တော့ ကျွန်တော်တို့ကို ဖမ်းလို့မရခဲ့ဘူး။ ဌာနခွဲရုံးက ကျွန်တော်တို့ကို လေသင်္ဘောတွေကနေ ပေးခဲ့တဲ့ အချက်အလက်တွေ ရှိတာမို့ ဘာမှမထိခိုက်ခဲ့တာကို မပြောနဲ့ဦး"
"အိုး?" ဗိုလ်ချုပ်ကြီးတူတွန်က ခေါင်းညိတ်ပြ၍ တခြားအရာရှိတွေကို ကြည့်ကာ ပြောလေသည်၊ “အရမ်းကောင်းတယ်။ ဒီလိုမျိုးဆိုရင် ကျုပ်တို့ အရင်က ရခဲ့တဲ့ နည်းဗျူဟာအသစ်တွေကို စမ်းသပ်နိုင်သလိုပါပဲ။”
"စမ်းသပ်တယ်? နည်းဗျူဟာအသစ်?" ကပ္ပတိန်အီဖယ်သည် ဗိုလ်ချုပ်ကြီးတူတွန် ကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။
ဗိုလ်ချုပ်ကြီးတူတွန် က သူ့ကို ပြုံးပြပြီး လှည့်ကြည့်လာ၏။
"ကောင်းပြီ ကပ္ပတိန်အီဖယ် မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေက ဒီတာဝန်ကို ကောင်းကောင်းကြီး ပြီးသွားပြီမို့ အခု မင်းပြန်ပြီး အနားယူနိုင်ပြီ။ မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်မလာရင် နှစ်ရက်အတွင်း ပိုအရေးကြီးတဲ့ မစ်ရှင်တစ်ခုရလိမ့်မယ်၊ ဒါကြောင့် မင်းကိုယ်တိုင်ပြင်ဆင်ထားသင့်တယ်။”
"ဟုတ်ကဲ့ပါ! ဗိုလ်ချုပ်ကြီး!" ကပ္ပတိန်အီဖယ်သည် ကွပ်ကဲရေးဌာနမှ မထွက်ခွာမီ ကျယ်လောင်စွာ ပြောလိုက်သည်။
ဗိုလ်ချုပ်ကြီးတူတွန် ပြောတာကို သူ ဂရုမစိုက်သေးသော်လည်း ဗိုလ်ချုပ်ကြီးတူတွန် က သူ့ကို ယခုပြောပြဖို့ အစီအစဉ်မရှိတာကြောင့် ဤကိစ္စကို အခုချက်ချင်း မသိနိုင်ဘူးဟု ဆိုလိုသည်ပင်။
သူဟာ ကွပ်ကဲရေးဌာနမှ ထွက်ခွာပြီးနောက် တန်းလျားများသို့ ပြန်မအိပ်ဘဲ ရေချိုးရန် စခန်းရှိ ရိုးရိုးရေချိုးခန်းသို့ သွားခဲ့သည်။ ထို့နောက် ဖြည့်စွက်စာစားရန် ကော်ဖီဆိုင်သို့ ပြေးသွားကာ စိတ်ကျေနပ်သွားပြီးနောက် တန်းလျားသို့ ၍ အိပ်လိုက်လေသည်။
အေးမြသောလေနုအေးသည် တန်းလျားထောင့်တွင် ထားရှိသည့် အထူးမှော်ပန်ကာကြီးမှ ထွက်ပေါ်လာပြီး ကပ္ပတိန် အီဖယ် ကျေနပ်စွာ ညည်းညူသံကို မထွက်အောင် တားနိုင်ခဲ့သည်။
"ဒါက စစ်ပွဲ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက မျိုးရိုးမြင့်သခင်ငယ်တွေရဲ့ ပျော်ပွဲစားပွဲဖြစ်နေတာပဲကို။"
ကပ္ပတိန်အီဖယ်ထံ၌ ဤသို့ခံစားချက်မျိုး ရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပါချေ။
မြောက်ပိုင်းစစ်တပ်တွင် နှစ်များစွာကြာနေခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦးအနေဖြင့် ကပ္ပတိန်အီဖယ် သည် စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းကို အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးသည်။
လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း၊ လမ်ပူရီတိုင်းပြည်၏ ငွေကြေးအခက်အခဲကြောင့် မြောက်ပိုင်းစစ်တပ်၏ ထောက်ပံ့ရေးမှာ အလွန်တင်းကြပ်ခဲ့သည်။
သူတို့လိုအပ်နေသည့် တခြားပစ္စည်းတွေကို မပြောနှင့် အခြေခံလက်နက်တွေကိုပင် အာမ, မခံရလောက်အောင် ခက်ခဲနေခဲ့၏။
ယခင်တိုက်ပွဲတုန်းက မြောက်ပိုင်းတပ်သားအများစုဟာ တိုက်ပွဲဝင်ရင်း ဆာလောင်နေခဲ့၏။ ၎င်းတို့စားသည့် အရာတွေမှာ ဈေးအသက်သာဆုံး မန်တုံပြုတ်ဖြစ်ပြီး တခါတရံ ပိုကောင်းတဲ့ ဟင်းချက်ဖို့အတွက် ဂိမ်းတချို့ဖြင့် အမဲလိုက်ကြရသည်။
အသီးအရွက်ကရော? ၎င်းတို့ လုံးဝ ရှာမတွေ့နိုင်ပေ။
တစ်ချက်က ဆင်းရဲလို့ဖြစ်ပြီး နှစ်အချက်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေလို့ဖြစ်သည်။
အိပ်ဖို့ကိုမူ စဉ်းစားနေစရာပင် မလိုချေ။ အများစုမှာ ရိုးရိုးတဲလေးတစ်လုံးရှိရုံအတွက်ပင် ကျေးဇူးတင်ခဲ့ကြရရာ၊ နွေးထွေးသောစောင်တစ်ထည်အကြောင်း လုံးဝတွေးနေစရာမလိုပါချေ။
နှစ်စဉ်ဆောင်းရာသီရောက်သောအခါ မြောက်ပိုင်းစစ်တပ်တွင် လူတိုင်းအတွက် အနွေးအင်္ကျီအလုံအလောက်မရှိသည့်အပြင် အင်္ကျီများရှိသော်လည်း အများစုမှာ အရည်အသွေးအနိမ့်ဆုံးဖြစ်သည်။ ၎င်းတို့သည် အပူကိုထိန်းထားရန် လုပ်ဆောင်ချက်ကိုပင် မစွမ်းဆောင်နိုင်သော အင်္ကျီများဖြစ်သည်။
ဆောင်းရာသီရောက်သည်နှင့် အအေးဒဏ်ကြောင့် တိုက်ပွဲမဝင်ရဘဲ ဆုံးရှုံးခဲ့ရသော တပ်ဖွဲ့ဝင်များစွာ ရှိခဲ့သည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်း ပေါ်ပေါက်လာချိန်မှစ၍ မြောက်ပိုင်းတပ်၏ နေ့ရက်များသည် ဖြတ်သန်းလာသည်နှင့်အမျှ ပိုကောင်းလာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးမှုဖြင့် မြောက်ပိုင်းစစ်တပ်သည် စစ်တပ်မှော်စက်များ၏ ပံ့ပိုးမှုကို ရရှိခဲ့သည်။ သွေးဆာဝံပုလွေတပ်ရင်းကို နှိမ်နင်းပြီး စစ်မြေပြင်မှာ အသာစီးရခဲ့ခြင်းက ယခုမှာပထမဆုံးအကြိမ်ဖြစ်ပြီး မြောက်ပိုင်းစစ်တပ်က အရာရှိတွေအားလုံးကိုပင် ရွှင်မြူးကခုန်စေခဲ့ပါ၏။
ထို့နောက်တွင် လမ်ပူရီတိုင်းပြည်တော် ဘဏ္ဍာရေးအခြေအနေသည် တဖြည်းဖြည်းကောင်းမွန်လာပြီး၊ လမ်ပူရီတိုင်းပြည်ရှိ မှော်စက်လုပ်ငန်း ဖွံ့ဖြိုးလာသောအခါ၊ ထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်လိုက်ရာ မြောက်ပိုင်းအစောင့်တပ်မှ ရရှိသော ထောက်ပံ့ရေးပစ္စည်းများသည် ကောင်းကင်ယံကိုပင် လှုပ်ခါစေနိုင်ခဲ့သည်။
အထူးသဖြင့် အခြေခံအကျဆုံး အစားအစာနှင့် အဝတ်အစားများကို ဥပမာယူကြည့်ပါ။ ယခုအခါ မြောက်ပိုင်းတပ်သားများသည် မှော်မီးဖိုများ အများအပြား တပ်ဆင်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် နေရာတိုင်းတွင် အစားအသောက်များ ပြင်ဆင်နိုင်ပြီး မီးခိုးငွေ့များ ထွက်နေမည်ကိုလည်း စိုးရိမ်စရာမလိုပါချေ။
ထို့နောက် လမ်ပူရီတိုင်းပြည်၏ ခိုင်မာသော သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို ပေါင်းထည့်လိုက်ခြင်းဖြင့် မြောက်ပိုင်းတပ်သားများထံ လတ်ဆတ်သောအစားအစာများ ပို့ဆောင်ပေးနိုင်ကြောင်း အာမခံနိုင်ပြီး ၎င်းတို့ကို တစ်နေ့လျှင် ထမင်းသုံးနပ် စားသုံးနိုင်စေမည်ဖြစ်သည်။
ကပ္ပတိန်အီဖယ်နှင့် မြောက်ပိုင်းအစောင့်တပ်သားအများစုကို အပျော်ဆုံးဖြစ်စေခဲ့သည်မှာ ၎င်းတို့သည် ယခင်က တစ်ခါမှမရဖူးသော အသားအနည်းငယ်ကို ရနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် နတ်သူငယ် မျိုးနွယ်စုနှစ်ခုနှင့် လမ်ပူရီတိုင်းပြည်ကုမ္ပဏီများကို မွေးမြူရေးခြံတည်ထောင်ရန် ပေါင်းစည်းထားသောကြောင့် လမ်ပူရီတိုင်းပြည်သည် အသားမျိုးစုံ အထွက်နှုန်းတိုးလာခဲ့သည်။
ယခုအခါ လမ်ပူရီတိုင်းပြည်၏ သာမာန်နိုင်ငံသားများသည် အသားစားခြင်းအတွက် စိတ်ပူပင်စရာမလိုတော့ဘဲ စစ်သားများအနေဖြင့် သဘာဝအားဖြင့် အကြီးမားဆုံးသော အပိုင်းများကို ရရှိခဲ့ကြသည်။
အ၀တ်အထည်များနှင့်ပတ်သက်၍ တပ်မတော်ဌာနချုပ်သည် အာမန်နီကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ စစ်ဝတ်စုံ ပေးသွင်းသူအဖြစ် လက်ခံထားပြီးဖြစ်သည်။
အာမန်နီကုန်သည်ကြီးများအသင်း၏ အဝတ်အစားများထုတ်လုပ်နိုင်မှုစွမ်းရည်နှင့်အတူ စစ်တပ်ဌာနချုပ်အတွက် လိုအပ်သောယူနီဖောင်း မည်မျှပင်ရှိစေကာမူ အာမန်နီကုန်သည်ကြီးများအသင်းသည် ၎င်းတို့ကို ချက်ချင်း ထောက်ပံ့နိုင်သည်။
ကပ္ပတိန်အီဖယ် ခေါင်းမှ ခြေဖျားအထိ ၀တ်ထားသည့် အဝတ်အစားများနှင့် သူ၏ အတွင်းခံများသည်ပင်လျှင် အာမန်နီကုန်သည်ကြီးများအသင်းမှ ထွက်လာခြင်းဖြစ်သည်။
သူသည် ရာထူးနိမ့်သော စစ်အရာရှိတစ်ဦးဖြစ်သောကြောင့် သူ၏အဝတ်အစားများ၏ အရည်အသွေးသည် သာမန်စစ်သားများထက် ပိုကောင်းသည်။ သူ စစ်တပ်ထဲ မရှိချိန်၌ပင် သူဝတ်ထားသည့် အဝတ်အစားတွေက အရမ်းလှပြီး အရည်အသွေးကောင်းလှ၏။
ကပ္ပတိန်အီဖယ်သည် စစ်တပ်မှ အနားယူသောအခါ နှစ်စဉ်ရရှိသော အဝတ်အစားများကို ပြန်ယူမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုသို့ဆိုလျှင် နောင်တွင် မည်သည့်အဝတ်အစားမှ ဝယ်စရာမလိုတော့ဘဲ လုံလောက်ပေလိမ့်မည်။
ယခင်နှင့် နှိုင်းယှဉ်ကြည့်ပါက၊ မြောက်ပိုင်းတပ်သားများသည် ယခင်က သေမင်းတောင်တန်းများတွင် သွေးဆာဝံပုလွေတပ်ရင်းကို ခုခံတိုက်ခိုက်ရာ၌ နေ့စဉ်နှင့်အမျှ ခံစားနေကြရသည်ဟု ဆိုပါက၊ ဤနေရာသည် ယခုအခါ ကောင်းကင်ဘုံတမျှဖြစ်နေသည်မှာ သေချာပါသည်။
ကပ္ပတိန်အီဖယ်သည် မှော်ပန်ကာထံမှ အေးမြသောလေနုအေးကို ခံစားရင်း ဤအပြောင်းအလဲများကို တွေးတောလျက် အလွန်ကျေနပ်သွားခဲ့သည်။
ခဏအကြာတွင် သူဟာ ခေါင်းညိတ်လိုက်၏။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၀။ ထောက်ပံ့ပို့ဆောင်ရေးကွာခြားချက်
လူအချို့မှာ ပျော်ရွှင်နေပြီး အချို့ကမူ စိုးရိမ်နေကြ၏။
ကပ္ပတိန်အီဖယ်က ပျော်ရွှင်စွာ အိပ်ပျော်နေစဉ်တွင် သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူးအသစ် တိုဘီတဒ်မှာ မျက်နှာထက် မှောင်မိုက်ဟန်ရှိနေပြီး လက်ထဲရှိ တိုက်ပွဲအစီရင်ခံစာကို ကြည့်နေသည်။ အဆုံး၌သူဟာ နှလုံးသားထဲ ဆန်တက်လာသည့် ဒေါသကို မထိန်းနိုင်တော့ဘဲ တိုက်ပွဲအစီရင်ခံစာကို မိမိရှေ့ရှိ စားပွဲထက် ရိုက်ချလိုက်၏။
"ဘာတွေ ဖြစ်နေတာလဲ ပြောကြစမ်းပါ!" တပ်မှူးတဒ်၏ မျက်လုံးများက ဒေါသမီးဝင်းဝင်းတောက်နေတော့သည်။
သွေးဆာဝံပုလွေတပ်ရင်းမှ အရာရှိများသည် တစ်စုံတစ်ယောက်မျှ အဖြေမထုတ်နိုင်ဘဲ ခေါင်းငုံ့ထားကြရာ တဲအတွင်း၌ သေလုအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အခြားသူတွေက ထိုသို့တုံ့ပြန်သည်ကိုမြင်တော့ တပ်မှူး တဒ်က ပိုတောင် ဒေါသဖြစ်လာသော်လည်း ထောက်ပံ့ပို့ဆောင်ရေးစခန်းကို ဖျက်ဆီးနေသည်မှာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့အမှားမှ မဟုတ်တာကြောင့် ဒီဒေါသကို ဖြေဖျောက်ဖို့ နေရာရှာမတွေ့ခဲ့ပါချေ။၎င်းတို့သည် လမ်ပူရီတိုင်းပြည်၏တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမဟုတ်ဘဲ အချိန်မီမတုံ့ပြန်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
၎င်းတို့၏ နောက်ဆုံးနှင့် အရေးအကြီးဆုံး ထောက်ပံ့ရေးစခန်းတွင် လက်ရွေးစင်တပ်ဖွဲ့ဝင် တစ်သောင်းက ၎င်းကို စောင့်ကြပ်ထားပြီး ၎င်းပတ်ပတ်လည်တွင် အကာအရံများ အထပ်များစွာ စီစဉ်ပေးထားသည်။ ထို့ကြောင့် ၎င်းတို့အား လမ်ပူရီတိုင်းပြည်အဖွဲ့လေးမှ လာရောက် တိုက်ခိုက်ဖို့ အခွင့်အရေး မပေးခဲ့ပါချေ။
သို့ရာတွင်၊ လမ်ပူရီတိုင်းပြည် မြောက်ပိုင်းစစ်တပ်၏ တိုက်ခိုက်မှုသည် ကုန်းမြေမှမဟုတ်ဘဲ ကောင်းကင်မှလာမည်ဟု သူတို့ဘယ်သောအခါမှ တွေးထင်မထားခဲ့ပေ။
တိုက်ပွဲအစီရင်ခံစာအရ မှော်လေသင်္ဘော ငါးစင်းသည် ထောက်ပံ့ရေးစခန်း အထက်ကောင်းကင်ယံ၌ ယမန်နေ့မွန်းလွဲပိုင်းက ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော မှော်ဗုံးများကို ပစ်ချခဲ့ကြောင်း သိရသည်။ ငါးမိနစ်မပြည့်မီတွင်၊ ထောက်ပံ့ရေးစခန်းတစ်ခုလုံးသည် မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤရုတ်တရက် ပြင်းထန်သည့် တိုက်ခိုက်မှုကြောင့် အခြေစိုက်စခန်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ စစ်သားတွေက တုံ့ပြန်မှု လုံးဝမလုပ်နိုင်ခဲ့ပါချေ။
ဟုတ်ပါ၏၊ ၎င်းတို့က တုံ့ပြန်ခဲ့မယ်ဆိုရင်တောင် ကောင်းကင် အမြင့်ရှိ မှော်လေသင်္ဘောငါးစင်းကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိခဲ့ပါပေ။
ကာကွယ်ရေးစစ်တပ်က သတိထား၍ မှော်ပညာရှင်ဆယ်ယောက်ကို ချန်ထားခဲ့သော်လည်း မှော်လေသင်္ဘောငါးစင်း၏တိုက်ခိုက်မှုအောက်တွင် မှော်ဆရာဆယ်ယောက်တောင် မပျံသန်းနိုင်ခဲ့ပါချေ။
အဆုံးတွင်၊ ကာကွယ်ရေးစစ်တပ်သည် မှော်လေသင်္ဘောငါးစင်းက ထောက်ပံ့ရေးစခန်းအား မည်သည့်အရာနှင့် မကာကွယ်နိုင်ဘဲ အထက်မှနေ၍ စိုးရိမ်မှုမရှိဘဲ တိုက်ခိုက်နေသည်ကိုသာ စောင့်ကြည့်နေနိုင်ခဲ့သည်။
ထို့အပြင် မှော်လေသင်္ဘောများ၏ တိုက်ခိုက်မှုသည် ပြင်းထန်လွန်းသည်။ ကာကွယ်ရေးတပ်မတော်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်အများစုကို ဆုတ်ခွာရုံမျှသာဖြစ်ပြီး အဖိုးတန်ပစ္စည်းများကို ကာကွယ်ရန် စဉ်းစားရန် အချိန်မရှိခဲ့ပေ။
ထို့ကြောင့် သွေးဆာဝံပုလွေတပ်ရင်း၏ အရာရှိများအားလုံး၏ဒေါသများသည် အလွန်ပြင်းထန်လာသည်။
ဤစစ်တပ်ကို ပံ့ပိုးပေးသည့် ၎င်းတို့၏ အရေးအကြီးဆုံး ထောက်ပံ့ရေးပစ္စည်းများမှာ အားလုံးနီးပါး ပျောက်ကွယ်သွားကာ စစ်မြေပြင်တွင် လမ်ပူရီတိုင်းပြည်၏ ဖိအားများနှင့် ရင်ဆိုင်နေရသောကြောင့် ၎င်းတို့တွင် အသက်ရှူရန်ပင် အချိန်မရှိပေ။
သို့ပေမယ့် ပြန်ခုခံဖို့ရန် အထောက်အပံ့တွေ အများကြီးလိုပါ၏။
အခြားမည်သည့်အရာကိုမျှ မပြောနှင့်၊ သွေးဆာဝံပုလွေတပ်ရင်း၏ မှော်အမြောက်ပေါင်း တစ်ရာကျော်မျှကပင် ထောက်ပံ့ပေးရန်ကြီးမားသော မှော်အခွံများစွာ လိုအပ်သည်။
လုံလောက်သော ထောက်ပံ့မှုမရှိပါလျှင်၊ မှော်အမြောက်အမြောက်တစ်ရာကျော်သည် အလှဆင်ခြင်းထက် မပိုပေ။
ဤဒေါသကို ခံစားရပြီးနောက် တပ်မှူး တဒ်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားရသည်။
၎င်းတို့၏ ထောက်ပံ့ရေးပစ္စည်းများ အားလုံးကို ဖျက်ဆီးသွားပြီး ဖြစ်သောကြောင့် သွေးဆာဝံပုလွေတပ်ရင်းသည် လမ်ပူရီတိုင်းပြည်၏ တိုက်ခိုက်မှုများကို လုံးဝ မတားဆီးနိုင်ဘဲ ဆုတ်ခွာရုံသာတတ်နိုင်သည်။
သို့သော်လည်း ဤနေရာမှ ဆုတ်ခွာသွားသည်နှင့် အမျှ၊ စခ်တိုင်းပြည်၏ အရေးကြီးဆုံး တံခါးပေါက်ကို လမ်ပူရီတိုင်းပြည်မှ တပ်များအား ကျူးကျော်ဝင်ရောက်ခွင့်ပေးခြင်းနှင့် ညီမျှသည်။
ထို့ကြောင့် ဆုတ်ခွာသွားမည်ဆိုရင်တောင် သင့်တော်သည့် အစီအစဉ်ရှိရမည်။ ကျားဖြူ တပ်ရင်းမှ စစ်ကူများ ရောက်ရှိလာသည်အထိ အနည်းဆုံးတော့ စောင့်ကြရမည်ဖြစ်သည်။
ဟုတ်ပါ၏၊ ဌာနချုပ်က မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး နိုင်ငံတော်ကနေ နောက်ထပ် ထောက်ပံ့ရေးလှိုင်းကို ပို့မည်ဆိုပါရင် တိုက်ပွဲဝင်ဖို့ အခွင့်အရေး ရှိမည်မှာ သေချာပါတယ်။
တပ်မှူး တဒ်သာလျှင် ဤအရာမှာ မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့သည်။
ပထမအချက်အနေဖြင့် စစ်ကူပေးရန် တောင်းဆိုချက်ကို အတည်ပြုရန် ဌာနချုပ်က အချိန်ယူရမည်ဖြစ်ပြီး ၎င်းတို့အတွက် အကြီးမားဆုံး ခေါင်းကိုက်စရာမှာ သွေးဆာဝံပုလွေတပ်ရင်းသို့ ရိက္ခာများ ထပ်မံပေးပို့ရန် အနည်းဆုံး တစ်ပတ်ခန့် အချိန်ယူရပေမည်။
၎င်းကို တွေးကြည့်ရင်း တပ်မှူး တဒ်က သူ့နှလုံးသားထဲတွင် ကျိန်ဆဲရုံကလွဲ မတတ်နိုင်ခဲ့ပေ။
သူသည် သွေးဆာဝံပုလွေတပ်ရင်းကို သိမ်းပိုက်ပြီး နိုင်ငံ၏ တောင်ပိုင်းနယ်စပ်ကို ခုခံကာကွယ်ခြင်းမပြုမီတွင် သွေးဆာဝံပုလွေတပ်ရင်းမှ နိုင်ငံအတွင်းပိုင်းသို့ လမ်းတစ်ခု ဖောက်လုပ်သင့်ကြောင်း စစ်တပ်ဌာနချုပ်သို့ အကြံပြုခဲ့သည်။ ၎င်းကထောက်ပံ့ရေးပစ္စည်းများ သယ်ယူရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်သော်လည်း တပ်မတော်ဌာနချုပ်မှ တိုက်ရိုက်ပယ်ချခဲ့သည်။
ဤလမ်းကို ဖောက်လုပ်ခြင်းကို ပယ်ချရသည့် အကြောင်းရင်းကတော့ ရွှေဒင်္ဂါးငါးသိန်းကျော် ကုန်ကျသည့် အတွက်ကြောင့် ဤလမ်းအတွက် ငွေဖြုန်းမည့်အစား တစ်ခုခုကို များများစားစား သုံးစွဲကြမည် ဖြစ်ပါ၏။ ဥပမာအားဖြင့်၊ စစ်တပ်သုံးမှော်စက်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် မှော်အမြောက်များကို တီထွင်ထုတ်လုပ်ခြင်းပင်။
သို့ပေမယ့် ယခုအခြေအနေပေါ် မူတည်၍ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှုက ပို၍အရေးကြီး၏။
အကယ်၍ စခ်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်ကဲ့သို့ လမ်းများနှင့် ပြည့်နေပါက၊ မရေမတွက်နိုင်သော သယ်ယူပို့ဆောင်ရေး မှော်ကားများကို ပံ့ပိုးပေးခြင်းကြောင့်၊ သွေးဆာဝံပုလွေတပ်ရင်း၏ ထောက်ပံ့ရေးစခန်းသည် လွယ်ကူသောသယ်ယူပို့ဆောင်ရေးအခြေအနေများဖြင့် ထောက်ပံ့ရေးပစ္စည်းများကို အလွယ်တကူသယ်ယူနိုင်ရာ သွေးဆာဝံပုလွေတပ်ရင်း၏ ထောက်ပံ့ရေးစခန်းပျက်စီးသွားပါကလည်း အရေးမကြီးပေ။ ထို့ကြောင့် စိုးရိမ်စရာမရှိပေ။
တပ်မှူးတဒ်သည် တစ်ဖက်တွင် လမ်ပူရီတိုင်းပြည်တော်၏ မြောက်ပိုင်းစစ်တပ်၌ သူအိပ်မက်မက်ခဲ့သည့် ထောက်ပံ့ရေးအခြေအနေများ ရှိနေမည်ကို သေချာသိ၏။
လမ်ပူရီတိုင်းပြည်တွင် လမ်းများ အနှံ့အပြားရှိ၍ ၎င်းတို့၏ မြင်းလှည်းများကို မရေမတွက်နိုင်သော သယ်ယူပို့ဆောင်ရေး မှော်ကားများဖြင့် အစားထိုးထားသောကြောင့် ၎င်းတို့၏ ရိက္ခာများကို အမြန်ဆုံးရရှိနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ မှော်လေသင်္ဘောဖြစ်ပြီး မထိမခိုက်နိုင်ခြင်း၏ အားသာချက်ဖြစ်သည်။
၎င်းကိုတွေးပြီး တပ်မှူး တဒ်က တဲထိပ်ကို ခဏလောက် မော့ကြည့်လိုက်ပြီး ငြိမ်သက်သွားသည်။
"အန်တခ်တောင်တန်းတွေကို စွန့်လွှတ်ပြီး နော်မန်တောင်ကြားခြေရင်းကို ပြန်ဆုတ်မယ်လို့ အမိန့်ချလိုက်ပါ။"
တဲရှိလူအားလုံးသည် တပ်မှူး တဒ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"တပ်မှူး၊ ကျုပ်တို့ နောက်ဆုတ်ကြမှလား" အရာရှိတစ်ယောက်က မနေနိုင်ဘဲ မေးလာ၏။
"မှန်တယ်။" တပ်မှူး တဒ်သည် မည်သည့်အမူအရာမျှမရှိဘဲ ခေါင်းညိတ်လိုက်ပြီး "ထောက်ပံ့ရေးစခန်း ပျက်သွားတော့၊ ရန်သူကို တားဖို့ ငါတို့ ဒီမှာနေဖို့ နည်းလမ်းမရှိတော့ဘူး။ ရက်အနည်းငယ်အတွင်းမှာပဲ ရန်သူတွေ ရိုက်တာခံရမယ့်အစား အခုပြန်ဆုတ်တာက ပိုကောင်းတာပေါ့၊ အနည်းဆုံးတော့ ငါတို့ရဲ့ ခွန်အားကို ထိန်းထားနိုင်တယ်”
အားလုံးက သက်ပြင်းမချခင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
တချို့က မလိုလားသော်လည်း တပ်မှူးသည် လုံးလုံးမှန်ကြောင်း သူတို့စိတ်ထဲတွင် သိနေ၏။
သွေးဆာဝံပုလွေတပ်ရင်းသည် မြောက်ပိုင်းစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ရန် ခက်ခဲနေပြီဖြစ်ပြီး ယခုအခါ ၎င်းတို့၏ ထောက်ပံ့ရေးပစ္စည်းများသည် ဤပြင်းထန်သောတိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် ၎င်းတို့သည် ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။
“အဲဒါအပြင် …… အပ်တွန်, မင်းဌာနချုပ်ကို ပေးလိုက်တဲ့ တိုက်ပွဲအစီရင်ခံစာမှာ တစ်ဖက်ရဲ့ မှော်လေသင်္ဘောရဲ့ခြိမ်းခြောက်မှုကို အလေးပေးပြောရမယ်။ ဖြစ်နိုင်ရင် ဌာနချုပ်က မဟာမှော်ပညာရှင်ကို ရှေ့တန်းကို စေလွှတ်လိမ့်မယ်လို့ မျှော်လင့်တယ်။”
လူတိုင်း အံ့သြသွားကြသည်။
တပ်မှူး၏စိတ်တွင် မှော်လေသင်္ဘော၏ ခြိမ်းခြောက်မှုသည် ၎င်းကိုကိုင်တွယ်ဖြေရှင်းရန် မဟာမှော်ပညာရှင်အား လှုပ်ရှားခိုင်းဖို့ လိုအပ်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
သို့ပေမယ့် ၎င်းက မှန်သည်ဟု ထင်ကြသည်။
ထောက်ပံ့ရေးစခန်း ပျက်သွားသည့် ယမန်နေ့က တိုက်ပွဲတွင် သက်သေပြခဲ့သည်မှာ၊ သာမန်စစ်သားများသည် အမြင့်တွင်ရှိသော မှော်လေသင်္ဘောများကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။
မှော်ပညာရှင်များသာ ၎င်းတို့ကို တိုက်ခိုက်ရန် လုံလောက်အောင် မြင့်မားစွာ ပျံသန်းနိုင်သော်လည်း အဆင့်မမြင့်သော မှော်ပညာရှင်များသည် ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် မှော်လေသင်္ဘောများအနီးသို့ ချဉ်းကပ်နိုင်မည်မဟုတ်သောကြောင့် ၎င်းတို့လည်း မပါဝင်နိုင်ပေ။
မှော်လေသင်္ဘောကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော သူတွေမှာ မဟာမှော်ပညာရှင်တွေပင်။
သို့သော် စခ်တိုင်းပြည်တွင် မဟာမှော်ပညာရှင် ခုနစ်ယောက်သာ ရှိသောကြောင့် ၎င်းတို့ကို အလွယ်တကူ မပို့ဆောင်နိုင်ပေ။
၎င်းတို့သည် မဟာမှော်ပညာရှင်တစ်ဦးကို အမှန်တကယ် ပို့လိုက်သည်နှင့်၊ စခ်တိုင်းပြည်သည် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။
လမ်ပူရီတိုင်းပြည် မြောက်ပိုင်းစစ်တပ်က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြခဲ့သော ပြင်းထန်သောတိုက်ခိုက်မှုနှင့် သရဲတစ္ဆေများလို ပေါ်လာပြီး ပျောက်ကွယ်သွားသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့ကို တွေးမိသော် တဲရှိလူများ အားလုံး တိတ်ဆိတ်နေပြီး တပ်မှူး တဒ်ကို လုံးဝမေးခွန်းထုတ်မလာကြပေ။
သူ၏ အပေါင်းအဖော်များ မည်သို့တုံ့ပြန်ကြသည်ကို မြင်သောအခါ တပ်မှူး တဒ်က သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသည် ချာလွန်လီနီယာထံမှ သွေးဆာဝံပုလွေတပ်ရင်းကို တာဝန်ယူစဉ်အခါက၊ သူ၏ ကြွယ်ဝသော အတွေ့အကြုံနှင့် အလုံးစုံ ခံယူချက်ဖြင့်၊ နှစ်တွေကြာလာသည်နှင့်အမျှ စခ်တိုင်းပြည်၏ အင်အားတိုးလာမှုနှင့်အတူ မြောက်ပိုင်းစစ်တပ်က ဖိနှိပ်နေသည့် သွေးဆာဝံပုလွေတပ်ရင်း၏ အခြေအနေကို ပြောင်းပြန်လှန်ပြီး ၎င်းတို့ကို ယခင်အတိုင်း ဆန္ဒရှိသလို အနိုင်ကျင့်နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် ယခု သူဟာ ဤအနေအထားတွင် ရှိနေသဖြင့် ချာလွန်လီနီယာသည် ယခင်က သူ့ရှေ့တွင် မည်သို့ကူကယ်ရာမဲ့သော အကြည့်မျိုး ရှိနေသည်ကို သူသိသွားခဲ့သည်။
စစ်တပ်နှစ်တပ်အကြား ကြီးမားသော ကွာဟချက်အား ဖော်ပြထားခြင်းမရှိသော်လည်း ထောက်ပံ့ပို့ဆောင်ရေးနှင့် ပတ်သက်၍ နှစ်ဘက်ကြားတွင် မရေမတွက်နိုင်သော ကွာခြားမှုများ ရှိသည်။
လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းစစ်တပ်သည် ၎င်းတို့နောက်တွင် လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးမှုများရှိသောကြောင့် ၎င်းတို့သည် ဘာမှစိုးရိမ်နေစရာမလိုပေ။ သွေးဆာဝံပုလွေတပ်ရင်းသည်လည်း တူညီသောအကူအညီကိုရရှိရန်၊ အချို့သောလူများအပေါ်တွင်မူတည်သည်။
အရေးကြီးဆုံးအချက်မှာ နှစ်အတော်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက်၊ လမ်ပူရီတိုင်းပြည်၏ အမျိုးသားအင်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည် ။
စစ်မြေပြင်ကိုအခြေခံ၍ ကွဲပြားမှုများစွာကို သူသတိပြုမိခဲ့သည်ပင်။
ဥပမာအားဖြင့်၊ လူတို့ကို စိတ်ပျက်အားငယ်စေသော တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားနှင့် ထိန်းကျောင်းနိုင်သော မှော်လေသင်္ဘောငါးစင်း၊ မြောက်ပိုင်းတပ်၏ ထူးခြားသောစွမ်းရည်များအပြင် ၎င်းတို့ရရှိထားသော သတင်းအချက်အလက်များကို အသုံးချကာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်မှုတို့ ပါဝင်သည်။
၎င်းတို့တွေက သွေးဆာဝံပုလွေတပ်ရင်းကိုရောက်လာစဉ်က တပ်မှူး တဒ် ယုံကြည်မှုရှိခဲ့သည့် အရာတွေဖြစ်သော်လည်း စတင်တိုက်ခိုက်ပြီးနောက်၊ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းစစ်တပ်သည် သူထင်သည်ထက် ပိုမိုအားကောင်းလာကာ ၎င်းတို့၏စွမ်းဆောင်ရည်သည် ယခင်စစ်တပ်များနှင့် လုံးဝမတူကြောင်း သူတွေ့ရှိခဲ့သည်။
၎င်းသည် စခ်တိုင်းပြည် အတွင်းသို့ ပြီးခဲ့သည့် နှစ်က ဝင်လာသော "Frestechမှော်စက် အပတ်စဉ်" ကို တပ်မှူး တဒ်အား တွေးတောစေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီမှ စစ်ဘက်သုံးမှော်စက်များကို ဖော်ပြသည့် ဆောင်းပါးတိုလေးတစ်ပုဒ်ရှိသည်။
စစ်တပ်သုံးမှော်စက်များအကြောင်း သူတို့ကိုယ်သူတို့ပြောသည့်အပိုင်းကို ဘေးဖယ်ထားလျှင် တပ်မှူးတက်ဒ်အပေါ် အနက်ရှိုင်းဆုံးစိတ်စွဲ ကျန်ရစ်ခဲ့စေသည့်အရာမှာ ရှုယီ၏နောက်ဆုံးစကားဖြစ်သည်။
“စစ်တပ်သုံးမှော်စက်များ ပေါ်ပေါက်လာသဖြင့် စစ်သားများ၊ မြင်းများ၊ လေးများ၊ ဓားများ ပါ၀င်သော တိုက်ခိုက်ရေးနည်းလမ်းသည် သမိုင်းဖြစ်နေပြီဖြစ်သည်။ စစ်ဘက်သုံးမှော်စက်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခေတ်မီတိုက်ခိုက်ရေးနည်းလမ်းအသစ်သည် သတင်းအချက်အလက်များကို စုဆောင်းခြင်းနှင့် နေရာကို သိမ်းပိုက်ရန်အတွက် ပြင်းထန်သော လေ့ကျင့်မှုနှင့် မီးစွမ်းအားကို အသုံးပြုခြင်းတို့ကို အဓိကထားလုပ်ဆောင်မည်ဖြစ်သည်။ ဤနည်းသစ်နှင့်အတူ တိုက်ပွဲဝင်ခြင်းဖြင့် ရိုးရာနည်းလမ်းမှာ ပြန်လည်တိုက်ခိုက်၍မရနိုင်ဘဲ စစ်ပွဲမစတင်မီပင် အောင်ပွဲအား ဆုံးဖြတ်ရလိမ့်မည်”
၎င်းကို သူအရင်က မြင်စဉ်က တပ်မှုး တဒ်က မထီမဲ့မြင်ပြုခဲ့မိသည်။ ရှုယီမှာ သူ့ကုမ္ပဏီက ထုတ်လုပ်ထားသည့် စစ်ဘက်ဆိုင်ရာ မှော်စက်တွေအကြောင်း ကြွားဝါနေသည်ဟုသာ သူထင်ခဲ့၏။
ယခုမူ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းစစ်တပ်နှင့် ရက်အတော်ကြာ တိုက်ပွဲဝင်ခဲ့သော တပ်မှူး တဒ်သည် ထိုစကားကို သတိရသောအခါတွင် ရှုပ်ထွေးသောခံစားချက်များကို ခံစားခဲ့ရသည်။
ရှုယီသည် ဤစစ်တပ်မှော်စက်များ၏ ပေါ်ထွက်လာမှုကြောင့် ဓားနှင့်လေးများဖြင့် တိုက်ခိုက်ခြင်းနည်းလမ်းသည် ထာဝရပျောက်ကွယ်သွားလိမ့်မည်ဟု ပြောခြင်းမှာ မမှားပါချေ။