အခန်း (၁၃၁-၁၄၀)
Vol. 6 Ch. 131-140
Vol 6, အခန်း ၁၃၁။ ငြိမ်းချမ်းရေးကို ကမ်းလှမ်းဖို့ရာ အစပျိုးခြင်း
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အကြား စစ်ပွဲက နယ်မြေကြီးရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားသည်။
စစ်ပွဲမစတင်ခင်က ဤစစ်ပွဲအဆုံးသတ်ကို ကြိုတင်ခန့်မှန်းထားသူများစွာရှိ၏။
လူအများစုအတွက် အဆုံးတွင် ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်ကို အတန်ငယ် ဘက်လိုက်ကြပြီး လမ်ပူရီတိုင်းပြည်က အနိုင်ရရန် အခွင့်အရေးပိုကောင်းသည်ဟု ခံစားကြရသည်။
နိုင်ငံနှစ်ခု အမှန်တကယ် တိုက်ပွဲစတင်သောအခါတွင် ၎င်းတို့၏ ခန့်မှန်းချက်များသည် မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ၎င်းမှာ အားသာချက်ရှိသည့် လမ်ပူရီတိုင်းပြည်ဖြစ်သည်။
သို့သော်၊ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ထက် သာလွန်ကောင်းမွန်မည်ဟု မည်သူမျှ မထင်ခဲ့မိကြပေ။
နှစ်နိုင်ငံနယ်စပ်ရှိ တောင်တန်းများပေါ်ရှိ တိုက်ပွဲ၌ အသန်မာဆုံးဟု ယူဆရသည့် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းစစ်တပ်သည် စစ်ဘက်သုံးမှော်စက်များစွာ တပ်ဆင်ထားသည့် စခ်တိုင်းပြည်၏ အသန်မာဆုံး သွေးဆာဝံပုလွေတပ်ရင်းကို ရင်ဆိုင်ခဲ့သည်။
နှစ်ဘက်စလုံး စစ်ဘက်သုံးမှော်စက်များတပ်ဆင်ထားသော တိုက်ပွဲမှာ စိုင်စ်နယ်မြေကြီးတွင် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် မရေမတွက်နိုင်သောလူများက ဤတိုက်ပွဲကို စိတ်ဝင်စားခဲ့ကြသောကြောင့် ကိုးကားရကျိုးနပ်ပါသည်။
ယင်းမတိုင်မီက၊ ရူဒ်ဆန်တိုင်းပြည်သည် ကန်ဒရာ အင်ပါယာကို Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များဖြင့် နှစ်ကြိမ်တိုင်တိုင် ချေမှုန်းခဲ့ပြီး၊ ၎င်းသည် နိုင်ငံများစွာအား ၎င်း၏ အရေးပါမှုကို အာရုံစိုက်စေခဲ့သည်။
ထို့နောက် စခ်တိုင်းပြည်မှ ၎င်းတို့မှာ စစ်ဘက်မှော်စက်များ ထုတ်လုပ်နိုင်သည်ဟု ကြေညာပြီး အန်ထီလာတိုင်းပြည်ကို ကျူးကျော်လာသောအခါတွင် ၎င်းတို့၏ စစ်တပ်သုံးမှော်စက်များ၏ အစွမ်းကို ပြသခဲ့သည်။
ထို့ကြောင့် ဤတိုက်ပွဲမှာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်တွေက ပိုကောင်းလား ဒါမှမဟုတ် စခ်တိုင်းပြည်ကထုတ်တဲ့ စက်တွေက ပိုကောင်းမလားဆိုသည်ကို လူတိုင်းက သိချင်ကြပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ အချိန်ပိုရင်းနှီးမြှုပ်နှံထားသောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များသည် အနည်းငယ် အားပိုကောင်းသည်ဟု လူအများစုက ထင်ကြသည်။
သို့ပေမယ့် နှစ်ဖက်တိုက်ပွဲတွေစဖြစ်သည့်အခါ ဖြစ်ရပ်မှန်တွေက လူတိုင်းကို ကြောက်လန့်စေခဲ့ပါ၏။
စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းသည် သေမင်းတောင်တန်းများတွင် လေးရက်အတွင်း မြောက်ပိုင်းစစ်တပ်၏ ပိတ်ဆို့ထားခြင်းကိုခံခဲ့ရသည်။ လမ်ပူရီတိုင်းပြည် မြောက်ပိုင်း စစ်တပ်က မရပ်တန့်နိုင်သော စွမ်းအားများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ၎င်းမှာ လုံး၀ အံ့သြစရာ မရှိခဲ့ပေ။
လဝက်အတွင်းတွင်၊ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းစစ်တပ်သည် စခ်တိုင်းပြည် မြို့တော် နော့ဒ်ဟမ်မြို့တော်သို့ မရပ်မနားချီတက်နေသော ရှေ့ပြေးတပ်နှယ် ချီတက်ခဲ့ကြသည်။
ရှေ့တန်းတပ်သည် စစ်သားရာနှင့်ချီရှိသော သေးငယ်သည့်တပ်ဖွဲ့ဖြစ်သော်လည်း ရန်သူတို့ကို ၎င်းတို့၏ မြို့တော်အထိ တွန်းထုတ်၍ ကြီးမားသောပျက်စီးဆုံးရှုံးမှုကြီး ဖြစ်ခဲ့သည်မှာ ယုံမှားသံသယပင် ရှိစရာမလိုဘဲ စခ်တိုင်းပြည်အတွက် မဟာရှက်ရွံ့ဖွယ်ရာဖြစ်သည်၊၊
သို့သော်လည်း၊ စခ်တိုင်းပြည်က ၎င်းကို ဆန့်ကျင်၍ မည်သည်မှ မလုပ်နိုင်ခဲ့ပေ။
တိုက်ရိုက်တိုက်ပွဲတစ်ခုတွင်၊ သွေးဆာဝံပုလွေတပ်ရင်းနှင့် ပိုလာဝက်ဝံတပ်ရင်းတို့သည် လမ်ပူရီတိုင်းပြည်မြောက်ပိုင်းစတပ်များကို လုံးဝမရပ်တန့်နိုင်ခဲ့ပေ။
၎င်းတို့ ခြေကုပ်ယူထားသည့် အနေအထားက မည်မျှပင် အားကောင်းစေကာမူ မြောက်ပိုင်းစောင့်တပ်များ၏ ပြင်းထန်သော မှော်အမြောက်များအား ထိန်းထားနိုင်သည်မှာ တစ်နာရီပင် မကြာလိုက်နိုင်ပေ။
စစ်ဖြစ်ခဲ့သည့် တစ်လခွဲအတွင်း စခ်တိုင်းပြည်သည် အသေအပျောက် သုံးသောင်းအထိ ရှိခဲ့သည်။ ၎င်းတို့ ဂုဏ်ယူခဲ့ကြသည့် စစ်ဘက်သုံးမှော်စက်အမြောက်အမြား တပ်ဆင်ထားသော်လည်း Frestech ကုန်သည်ကြီးများအသင်း အစောင့်များကိုပင် အပြိုင်အဆိုင်ဟု ဆိုထားသည့် ပိုလာဝက်ဝံတပ်ရင်းသည် တိုက်ပွဲအင်အား ကုန်သည်အထိ အရိုက်ခံခဲ့ရသည်။
မြောက်ပိုင်းအစောင့်တပ်ဖွဲ့ဝင်များသည် နော့်ဒ်ဟမ်မြို့သို့ သွားရာလမ်းတလျှောက်ကို သိမ်းယူနေသဖြင့် ခုခံနိုင်စွမ်းမရှိဘဲ၊ စစ်ပွဲနှစ်ဆယ့်ခြောက်ရက်မြောက်နေ့၌ စခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်ကို ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ ရွေးချယ်ခဲ့ပါ၏။ လမ်ပူရီတိုင်းပြည်သည် ၎င်းကို အံ့အားသင့်ဖွယ် သဘောတူခဲ့သည်။
၎င်းနောက် တစ်လခွဲကျော်ကြာ စေ့စပ်ညှိနှိုင်းရေးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့ပါ၏။
လူအများစုသည် အတိအကျမသိရသော်လည်း လမ်ပူရီတိုင်းပြည်မှ ထုတ်ပြန်လာသော “လမ်ပူရီ အပတ်စဉ်” ၏ အစီရင်ခံစာအရ လစခ်တိုင်းပြည်သည် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လမ်ပူရီတိုင်းပြည်မှ လက်မှတ်မထိုးမီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ကြီးကြီးမားမားပေးချေခဲ့ရသည်။
“လမ်ပူရီအပတ်စဉ်” သည် ဤစျေးနှုန်း၏အသေးစိတ်အချက်အလက်များကိုထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့ကြေညာခဲ့သည့်အရာ အနည်းငယ်အပေါ်အခြေခံ၍ ၎င်းသည် အလွန်တုန်လှုပ်ဖွယ်ဖြစ်နေပြီပင်။
ပထမဆုံး စခ်တိုင်းပြည်သည် ၎င်းတို့၏တောင်ပိုင်းခရိုင်နှင့် အရှေ့တောင်ဘက်ခရိုင်ရှိ မြို့ခုနစ်မြို့ကို လမ်ပူရီတိုင်းပြည်သို့ ပေးအပ်ရမည်ဖြစ်သည်။
ဤမြို့ ခုနစ်မြို့သည် နှစ်နိုင်ငံနယ်နိမိတ်နှင့် နီးကပ်ပြီး ဧရိယာစတုရန်းကီလိုမီတာ နှစ်သောင်းကျော်ကို တစ်ကြောင်းတည်း ဖွဲ့ထားသောကြောင့် သေးငယ်သည်ဟု မယူဆနိုင်ပေ။
နှစ်နိုင်ငံနယ်စပ်သည် သေမင်းတောင်တန်းများဖြစ်ပြီး နှစ်ဖက်စလုံးက အဆိုပါတောင်များကို သဘာဝကာကွယ်ရေးအဖြစ် မှီခိုအားထားခဲ့ကြသည်။ သို့သော်လည်း ယခုအခါ စခ်တိုင်းပြည်သည် အဆိုပါ *တောင်ပိုင်းမြို့ ခုနစ်မြို့ကို လမ်ပူရီတိုင်းပြည်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ စခ်တိုင်းပြည်သည် ၎င်းတို့၏ တောင်ပိုင်းသဘာဝ ကာကွယ်ရေးကို လုံးဝဆုံးရှုံးသွားခဲ့သည်။
(*လမ်ပူရီတိုင်းပြည်အတွက် မြောက်ပိုင်းဖြစ်ပြီး စခ်တိုင်းပြည်အတွက်တော့ တောင်ပိုင်းဖြစ်ပါတယ်)
၎င်းမှာ လမ်ပူရီတိုင်းပြည်၏ သရုပ်ပြခဲ့သော အင်အားဖြင့် စခ်တိုင်းပြည်ကို လုံးလုံးလျားလျား ဆုတ်ခွာစေပြီး ၎င်းတို့၏ နယ်မြေများကို လမ်ပူရီတိုင်းပြည်သို့ ခုခံခြင်းမရှိ ပေးဆောင်ခြင်းနှင့် ညီမျှသည် ။
ဒုတိယမှာ စခ်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်သို့ ရွှေဒင်္ဂါးသန်းနှစ်ဆယ်တန် လျော်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။
ဤသည်မှာ သဘာဝအားဖြင့် ငွေသားဖြစ်မည်မဟုတ်ပေ။ စခ်တိုင်းပြည် ပေးလျော်ရမည့် လျော်ကြေးတွင် သတ္တုများ၊ သစ်ခွဲသား အရင်းအမြစ်များ၊ ဟင်းသီးဟင်းရွက်များနှင့် လမ်ပူရီတိုင်းပြည်အတွက် ဖွင့်လှစ်ရမည့် အခြားအရင်းအမြစ်များ ပါဝင်သည်။
တတိယကမူ စခ်တိုင်းပြည်သည် ၎င်းတို့နိုင်ငံကို လမ်ပူရီတိုင်းပြည်ထံ လုံးဝဖွင့်ထားပေးရပေမည်။
ဤသည်မှာ လမ်ပူရီတိုင်းပြည်မှ မည်သူမဆို လမ်ပူရီတိုင်းပြည်သို့ ဝင်ရောက်နေသကဲ့သို့ စခ်တိုင်းပြည်သို့ ဝင်ရောက်သည့်အခါ စုံစမ်းစစ်ဆေးခြင်းခံရမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။
ဟုတ်ပါ၏၊ လမ်ပူရီတိုင်းပြည်က ၎င်းတို့မြို့တွေ၏ မြို့တံခါးအခွန်ကိုလည်း ဖယ်ရှားခဲ့ပြီးဖြစ်သဖြင့် စခ်တိုင်းပြည်၏ မြို့တွေက ဤဂိတ်ခွန်ကိုလည်း မကောက်ခံနိုင်ပါချေ။
ဤအခြေအနေတွင် ၎င်းအတွက် "လမ်ပူရီအပတ်စဉ်" ၌ အထူးစာကြောင်းတစ်ခုပါရှိခဲ့ပြီး ယင်းမှာ အဆိုပါ စခ်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်အတွက် လုံးလုံးလျားလျား တံခါးဖွင့်ထားသကဲ့သို့၊ Frestech ကုန်သည်ကြီးများအသင်းကိုလည်း ဖွင့်ထားပေးရမည်ပင်။
ဤအရာသည် အလွန်နားလည်လွယ်သော အရာဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်၏ အရေးအပါဆုံး ပံ့ပိုးသူဖြစ်ကြောင်း လူတိုင်းသိသောကြောင့်ဖြစ်သည်။ လမ်ပူရီတိုင်းပြည်သည် ဤစစ်ပွဲမှ အကျိုးကျေးဇူးများစွာရရှိခဲ့သည်၊ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည်လည်း ယဉ်ကျေးမည်မဟုတ်ပါ။
Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်ကို ၎င်းတို့အတွက် တံခါးဖွင့်ထားရန် တောင်းဆိုနေခြင်းက လူတိုင်းအတွက် အလွန်ပေါ့လျော့သည်ဟု ယူဆကြသည်။
နှစ်ဘက်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် မြောက်ပိုင်းတပ်များသည် စခ်တိုင်းပြည်၏ ဝမ်းဗိုက်မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့သည် လမ်ပူရီတိုင်းပြည်သို့ လုံးဝပြန်သွားခြင်းမဟုတ်ပေ။ ၎င်းတို့သည် လမ်ပူရီတိုင်းပြည်ကို အပ်နှင်းထားသော စခ်တိုင်းပြည်၏ မြို့ ခုနစ်မြို့၌ တပ်စွဲထားကြသည်။
၎င်းတို့သည် ဤမြို့ ခုနစ်မြို့ရှိ စခ်တိုင်းပြည်စီမံခန့်ခွဲရေး ထွက်ပေါက်ကို ကြီးကြပ်မည်ဖြစ်ပြီး လမ်ပူရီတိုင်းပြည်မှ လူများ ဤမြို့ခုနစ်မြို့ကို လာရောက် လွှဲယူရန် စောင့်ဆိုင်းနေချိန်ဖြစ်သည်။
ထို့အပြင် နောင်တွင် မြောက်ပိုင်းတပ်များကို ဤနေရာတွင် ထားရှိမည်ဖြစ်သည်။
အကြောင်းမှာ နှစ်နိုင်ငံ၏ နယ်နိမိတ်သည် သေမင်းတောင်တန်းများ မဟုတ်တော့ဘဲ ဤမြို့ ခုနစ်မြို့သာ ဖြစ်သည်။
တစ်လအကြာတွင်၊ လမ်ပူရီတိုင်းပြည်မှ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ဘက်သို့ထွက်သွားပြီး သုံးရက်အကြာတွင် စခ်တိုင်းပြည်၏ မြို့တော် နော့ဒ်ဟမ်မြို့တော်သို့ ဝင်ရောက်ခဲ့သည်။
၎င်းတို့သည် စခ်တိုင်းပြည်နှင့်အတူ ငြိမ်းချမ်းရေးစာချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးရန် ဘုရင်မကြီးဆယ်ဗီနီကို ကိုယ်စားပြုနေသည်။
၎င်းတို့သည် စာချုပ်ကို မချုပ်ဆိုမီ နောက်ဆုံးအသေးစိတ်အချက်အချို့ကို ဆွေးနွေးခဲ့ကြပြီး နော့ဒ်ဟမ်မြို့တော်တွင် တစ်လခွဲခန့် နေထိုင်ခဲ့ကြသည်။
နော့ဒ်ဟမ်မြို့တော်သို့ရောက်သောအခါ၊ အဖွဲ့ငယ်တစ်စုသည် ကိုယ်စားလှယ်အဖွဲ့မှထွက်ခွာပြီး နော့ဒ်ဟမ်မြို့တော် အနောက်ဘက်ရှိ စခ်တိုင်းပြည်၏ စစ်တပ်သုံးမှော်စက် ဖွံ့ဖြိုးတိုးတက်ရေးစင်တာသို့ ဦးတည်သွားကြသည်။
ဤအဖွဲ့ငယ်သည် လမ်ပူရီတိုင်းပြည်၏ ကိုယ်စားလှယ်တစိတ်တပိုင်းမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းမှ စေလွှတ်ထားသူများဖြစ်သည်။
၎င်းတို့၏ ရည်မှန်းချက်မှာ အလွန်ရှင်းလင်းပြတ်သားသည်၊ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှ စခ်တိုင်းပြည်ကို စစ်တပ်သုံးမှော်စက်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ သုတေသီများ၏ အစိတ်အပိုင်းတစ်ခုအား လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်၊ ထို့ကြောင့် ၎င်းတို့ကို စုဆောင်းရန် ဤနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ဤလူများကို မြင်လျှင် ဤဖွံ့ဖြိုးရေးစင်တာကို တာဝန်ခံသော မဟာမှော်ပညာရှင်မေဗီ ထံ၌ ကောင်းမွန်သောအမူအရာမရှိပေ။
"မင်းတို့ဆီ ငါတို့ လူတွေကို ပေးစေချင်တာလား။ မဖြစ်နိုင်ဘူး!" မေဗီ သည် ကြင်နာမှုမရှိဘဲ တစ်ဖက်သားကို တားဆီးလိုက်ပြီး သူ့လေသံမှာ မယဉ်ကျေးနေပေ။
"မဟာမှော်ပညာရှင် မေဗီ၊ ဒါက မင်းတို့နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ၊ ကျုပ်တို့ကို ခင်ဗျားမှာ တားပိုင်ခွင့်မရှိဘူး"
ဤအဖွဲ့၏ ခေါင်းဆောင်မှာ မှော်စက်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၏ မန်နေဂျာအဖြစ်မှ Frestech ကုန်သည်ကြီးများအသင်းရုံးချုပ်၏ ဒုမန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ခံရသော သခင်မလေးဖေးဝမ် ဖြစ်သည်။ မဟာမှော်ပညာရှင် မေဗီ က သူမကိုတားဆီးလာစဉ်တွင် မဟာမှော်ပညာရှင်မေဗီ အား အဖြစ်မှန်တွေကို အေးအေးဆေးဆေးပြောပြလိုက်ပြီး သူမအနေနှင့် လုံးဝစိုးရိမ်မနေပါချေ။
"အဲ့ ခွေးကောင်တွေက လွှတ်တော်မှာ လက်မှတ် ရေးထိုးထားတာပဲ၊ အဲဒါက ငါတို့နဲ့ လုံးဝ မသက်ဆိုင်ဘူး!" မဟာမှော်ပညာရှင်မေဗီ က ၎င်းတို့ကို လုံးဝ ၀င်ခွင့်မပေးချေ၊ "ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို လွှတ်တော်က စီမံခန့်ခွဲနေတာမဟုတ်ဘူး၊ သူတို့ကငါတို့အပေါ် ဘာအာဏာမှမရှိဘူး။"
တကယ်တမ်း မဟာမှော်ပညာရှင် မေဗီ ဒေါသထွက်ရသည့် အကြောင်းရင်းမှာ ယခင်က သူ၏ တုံ့ဆိုင်းမှုကြောင့်ပါပင်။
လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်နှင့် တိုက်ခိုက်သောအခါ စစ်တပ်ဌာနချုပ်သည် သူအပါအဝင် မဟာမှော်ပညာရှင် ခုနစ်ယောက်ကို သွားဖို့ရန် တောင်းဆိုခဲ့သည်။
မဟာမှော်ပညာရှင်မေဗီ သည် သူ၏ သုတေသနကို အာရုံစိုက်ထားသောကြောင့် ငြင်းပယ်ခဲ့သဖြင့် အကူအညီမဖြစ်ခဲ့ပါပေ။
ထို့နောက်တွင် အခြားသော မဟာမှော်ပညာရှင်ငါးဦးသည် လမ်ပူရီတိုင်းပြည်ကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ ရှေ့တန်းမှပြန်လာသော သတင်းကိုအခြေခံရသော် ဤမဟာမှော်ပညာရှင် ငါးဦးနှင့်ပင် ၎င်းတို့သည် လမ်ပူရီတိုင်းပြည် စစ်တပ်ကို ရင်ဆိုင်၍မရပေ။
တိုက်ပွဲတစ်ခုတွင် မဟာမှော်ပညာရှင်များသည် မှော်လေသင်္ဘောတစ်စီးကို ဖျက်ဆီးရန် ကြိုးပမ်းသောအခါ မှော်လေသင်္ဘောငါးစင်း၏ ဝိုင်းရံခံထားရပြီး နောက်ဆုံးတွင် ကောင်းကင်မှ ပြုတ်ကျခဲ့သည်။
ဤမဟာမှော်ပညာရှင် ကျရှုံးခြင်းကြောင့် စခ်တိုင်းပြည်၏ နောက်ဆုံးခုခံမှု ပျက်သုဉ်းသွားကာ ဘုရင်နှင့် လွှတ်တော်နှစ်ရပ်စလုံးက ငြိမ်းချမ်းရေးကို ကမ်းလှမ်းရန် သဘောတူခဲ့ကြသည်။
ထိုမဟာမှော်ပညာရှင် ကွယ်လွန်သွားကြောင်း သိလိုက်ရသောအခါတွင် မဟာမှော်ပညာရှင် မေဗီ သည် အနည်းငယ် ဝမ်းနည်းသွားပြီး နောက်မှ ဝမ်းသာသွားမိသည်။
သူပျော်ရခြင်းမှာ စစ်တိုက် မသွားရလို့ပင်၊ မဟုတ်ဘဲ သေသွားခဲ့ပါလျှင် ၎င်းဟာ တကယ်ကို ပြန်ယူလို့မရတဲ့ အရာတစ်ခုဖြစ်၏။
တစ်ချိန်တည်းမှာပင် သူသည် ဤအရာကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။
ထြိုကြောင့် ထိုမဟာမှော်ပညာရှင်ကို သတ်ခဲ့သည့် အဓိကတရားခံဖြစ်သော Frestech ကုန်သည်ကြီးများအသင်းကို ရင်ဆိုင်ရသည့်အခါ မဟာမှော်ပညာရှင်မေဗီ က အရမ်းဒေါသထွက်ခဲ့ခြင်းပင်။
သို့သော်လည်း ဖေးဝမ်က သူ့ကို ဂရုမစိုက်ဘဲ ခေါင်းယမ်း၍ အေးစက်စက် ပြောလိုက်သည် ။ "မဟာမှော်ပညာရှင် မေဗီ၊ စခ်တိုင်းပြည်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရှင်နားမထောင်လို့ရပေမယ့် တခြားသူတွေရဲ့ ရွေးချယ်မှုကို ရှင့်မှာ ရပ်တန့်ပိုင်ခွင့်မရှိဘူးဆိုတာကို ကျွန်မသတိပေးရမယ်။"
မဟာမှော်ပညာရှင်မေဗီက အံ့သြသွားကာ၊ "ဒါက ဘာကိုဆိုလိုတာလဲ။ ငါ့လက်အောက်ငယ်သားတွေက Frestech ကုန်သည်ကြီးများအသင်းကို သွားဖို့ ရွေးချယ်မယ်လို့ မင်းပြောနေတာလား။"
ဖေးဝမ်က သူ့နောက်ကို ညွှန်ပြလာကာ ပြောသည်၊ “သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို မေးလို့ရတယ်”
မဟာမှော်ပညာရှင် မေဗီက အံ့သြသွား၏။ သူ မှင်တက်စွာ လှည့်ကြည့်လိုက်တော့ သူ သတိမပြုမိစဉ်အချိတ်က သူ့နောက်မှာ သုတေသီတွေ ပေါ်လာတာကို တွေ့လိုက်ရ၏။
ဤလူများသည် ဖေးဝမ်ကိုကြည့်စဉ်၌ စိတ်လှုပ်ရှားနေကာ မျှော်လင့်ချက်ရှိသော အသွင်အပြင်ရှိပြီး၊ ရွံမုန်းခြင်း သို့မဟုတ် မုန်းတီးမှု လုံးဝမရှိပေ။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၂။ လိုအပ်တာကို ယူပါ
ဆယ်ဗီနီမှာ သူမလက်ထဲရှိ စာရွက်စာတမ်းကို ချ၍ သူမရှေ့၌ ထိုင်နေသည့် ရှုယီကို မော့ကြည့်ကာ ရုတ်တရတ် ရယ်မောလိုက်သည်။
ရှုယီမှာ အံ့ဩကာ မိမိမျက်နှာကို ပြန်ထိကြည့်မိ၏၊ "ဘာလဲ? ကျုပ်မျက်နှာပေါ်မှာ တစ်ခုခုပေနေလို့လား?"
"မဟုတ်ပါဘူး မဟုတ်ဘူး..." ဆယ်ဗီနီက လက်ယမ်း၍ စားပွဲထက်ရှိ စာရွက်စာတမ်းများကို ထိရင်း အပြုံးဖြင့် ပြောလာသည်၊ "ကျွန်မ ခံစားမိရုံပါပဲ... ဒီတစ်ခေါက် ရှင်က သုတေသနတစ်သုတ်ကြီးကို လုသွားရုံတင်မကဘူး သူတို့ရဲ့ အချက်အလက်တွေကိုလည်း ယူသွားသေးတယ်၊ ဒါက သူတို့ဆီကနေ ဓားပြတိုက်နေသလိုပဲ။ ကျွန်မသာ စခ်တိုင်းပြည်ရဲ့ ဘုရင်ဆိုရင် သေချာပေါက် ရှင့်ကို သေအောင်မုန်းမှာပဲ။"
ရှုယီက ရယ်လိုက်ပြီး ၎င်းကို ဂရုမစိုက်ပေ။
"သုတေသီတွေက သူတို့ဘာသာသူတို့ ရွေးချယ်လိုက်တာ၊ ကျုပ် သူတို့ကို ဘယ်လို ခိုးယူရမှာလဲ"
"သူတို့ဘာသာ ရွေးတယ်လား" ဆယ်ဗီနီ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုကြီးမားလာကာ "ရှင်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အဲဒီသုတေသီတွေကို သီးသန့်ဝယ်တာမဟုတ်ရင် ရှင့်ဆီလာဖို့ ဘယ်လိုရွေးချယ်နိုင်မှာလဲ။"
“အကယ်၍ သူတို့ကို ကျုပ်တို့ ကုမ္ပဏီက ဝယ်ယူနိုင်တယ်ဆိုရင်၊ သူတို့က စခ်တိုင်းပြည်ကို သစ္စာမရှိတာလို ဆိုလိုတာပဲ” ထိုအကြောင်းပြောရင်း ရှုယီက အေးအေးဆေးဆေး ရယ်မောကာ ဆက်ပြောသည်၊ "ဒါကြောင့် ဒီလုပ်ဖော်ကိုင်ဖက်တွေကို သာမာန်သုတေသနပရောဂျက်တွေကိုပဲ ပေးမှာဖြစ်ပြီး အဓိကအရာတွေကို ဘယ်တော့မှ မထိခိုင်းဘူး"
ဆယ်ဗီနီက ရှုယီကို မျက်လုံးပြူး၍ မနေနိုင်စွာ ပြောလိုက်သည်၊ "ရှင် သူတို့ကို မဝယ်ခင်မှာ အဲဒီအခြေအနေတွေအားလုံးကို ရှင်းရှင်းလင်းလင်း သိထားခဲ့ပြီး အခု သူတို့က သစ္စာမရှိဘူးလို့ ပြောနေတာလား......"
ရှုယီက ခေါင်းခါလိုက်ကာ "တကယ်တော့ သူတို့ သစ္စာရှိသလား မရှိသလားဆိုတာက အရေးမကြီးပါဘူး။ အဲဒီတုန်းက ထရီဇာကို စစ်ဘက်သုံး မှော်စက်တွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားဖို့ တမင်တကာ အသုံးချပြီး စခ်တိုင်းပြည်ကို စစ်တပ်မှော်စက်တွေ တီထွင်တဲ့နေရာမှာ အာရုံစိုက်ပြီး အသစ်အဆန်းတစ်ခုခု တီထွင်နိုင်မည်ဟု မျှော်လင့်ထားခဲ့တာ။ ကျုပ်တို့ရဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ကုမ္ပဏီကို အတုယူစရာတွေ ပေးခဲ့ကောင်း ပေးနိုင်မယ်လို့ပေါ့။”
"ဒါဆို အခုရလဒ်က ဘယ်လိုလဲ။ သူတို့က ရှင့်ကုမ္ပဏီရဲ့ သုတေသနအတွက် အထောက်အကူဖြစ်ရဲ့လား”
“အခုထိ မပြောနိုင်သေးဘူး။ ဒီသုတေသီတွေနဲ့ သုတေသနပစ္စည်းတွေကို လုံးလုံးနားလည်နိုင်တဲ့အထိ စောင့်ရမှာပဲ၊ ဒီလိုမှ အသုံးဝင် မဝင်ဘူး သေချာနိုင်တယ်။” ရှုယီက ပြောသည်။
ဆယ်ဗီနီသည် ရုတ်တရက် မမေးမီ အနည်းငယ် တုံ့ဆိုင်းသွားကာ “ဒါဆို ထရီဇာကော ဘယ်လိုလဲ။ ဒီကလေးမလေးကို ဘယ်လို ထိန်းမလဲ"
ရှုယီသည် ဆယ်ဗီနီကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူမဟာ ရုတ်တရက် ထရီဇာကို အဘယ့်ကြောင့် ဂရုစိုက်နေမှန်း နားမလည်တော့ပေ။
"ကလေးမလေး? သူမက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့လျှို့ဝှက်အချက်အလက်တွေကို ခိုးယူဖို့ စခ်တိုင်းပြည်က လွှတ်လိုက်တဲ့ သူလျှိုတစ်ဦးပဲ၊ သူမက ဘယ်လိုလုပ် ကလေးမလေးဖြစ်နိုင်မှာလဲ။ "
"ဒါပေမယ့် သူက အရမ်းလှတယ်မဟုတ်ဘူးလား? ပြီးတော့ သူမ အသက်က နှစ်ဆယ်ပဲရှိလောက်သေးတယ်။ ဘယ်လိုလဲ သူမက ကလေးမလေး မဟုတ်ဘူးလား" ဆယ်ဗီနီက လျှို့ဝှက်ဆန်းကြယ်သော ဟန်ဖြင့် မေးလာသည် " ရိုးရိုးသားသားပြောရရင် ရှုယီ၊ သူက ရှင့်ကို ရင်ခုန်စေခဲ့ဖူးလား "
ရှုယီက ဆယ်ဗီနီကို အံ့အားသင့်စွာကြည့်လိုက်သည်၊ "ကျုပ်ပြောနေတယ်လေ...သူက စခ်တိုင်းပြည်က စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ပဲ၊ ကျုပ်က သူ့ကို ဘယ်လိုနည်းနဲ့ ရင်ခုန်ရမှာလဲ"
"အဲ့ဒါက ရှရှင်သိလိုက်တဲ့နောက်မှလေ ရှင်မသိသေးခင် အချိန်ကကော။ ရှင်က သူ့ကို အတော်လေး ဂရုစိုက်တာ ကျွန်မမှတ်မိတယ်၊ စခ်တိုင်းပြည်မှာ သူပြောခဲ့တာတွေ တကယ်ဖြစ်နေလားဆိုတာ စစ်ဆေးဖို့တောင် တောင်းဆိုခဲ့သေးတာလေ။ ဆယ်ဗီနီသည် မျက်နှာပေါ်တွင် အလွန် စူးစမ်းလိုသော အကြည့်ဖြင့် မေးလေသည်၊ "ရှင် သူမကို ရင်မခုန်ဘဲ ဘယ်လိုလို့ ဒီလောက် ဂရုစိုက်ရတာလဲ"
ရှုယီက နှုတ်ဆိတ်နေကာ အချိန်အတော်ကြာပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်၏၊ "ကောင်းပြီ၊ သူက ပထမတုန်းကတော့ ကလေးမလေးဖြစ်ပြီး သနားစရာကောင်းတာမို့လို့၊ သူ့ကို ကူညီပေးချင်ခဲ့တာ။ ဒါပေမယ့်လည်း၊ သူမက စခ်တိုင်းပြည်က သူလျှိုတစ်ဦးဖြစ်တာကို သက်သေ လက္ခဏာ အမျိုးမျိုးနဲ့ ဆုံးဖြတ်ပြီးတော့၊ ကျုပ် သူ့ကို ရင်ခုန်မယ်လို့ မင်း တကယ် ထင်လား။"
“အဲဒါတော့ မသေချာဘူး။” ဆယ်ဗီနီက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလေသည် "ကျွန်မတို့အတည်ပြုနိုင်တဲ့အရာတွေအရ ထရီဇာက လုံးဝမလိမ်ဘူး၊ သူကြုံတွေ့ခဲ့ရတာတွေအားလုံးက အမှန်ပဲ။ တစ်ခုတည်းသော ခြားနားချက်က စခ်ဘုရင့်န်ိုင်ငံ စစ်တပ်က သူမအနေနဲ့ အရမ်းလှပတာကို မြင်တော့ သူမကို သူလျှိုဖြစ်နည်းကို သင်ပေးခဲ့တာ။ သူမရဲ့ နောက်ခံနဲ့ အတွေ့အကြုံက သနားစရာပဲလေ၊ ဒါကို သိသွားပြီးတော့ သူမကို စာနာမိလား။”
ရှုယီက မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ကာ "ခင်ဗျာပြောတာကို ကျုပ်နားမလည်ဘူး။ သူမကြုံတွေ့ခဲ့ရတာတွေကို ကိုယ်ချင်းစာပါတယ်၊ ဒါပေမယ့် သူမဟာ သူလျှိုတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ဘူး။ Frestech ကုန်သည်ကြီးများအသင်းရဲ ဥက္ကဌ အနေနဲ့ ကျုပ်က သူမကို ဘယ်လို ရင်ခုန်နိုင်မှာလဲ။"
"ဒါဆို ရှင်က သူ့ကို အကြင်နာကင်းကင်းနဲ့ စစ်ဘက်သုံးမှော်စက်တွေရဲ့ အချက်အလက်အတုတွေကို စခ်တိုင်းပြည်ဆီ ပို့ဖို့ အသုံးချပြီး ရလဒ်တွေမရခင် ရှင်အတွက် သုတေသနလုပ်ဖို့ အဲဒီလူတွေကို သုံးခဲ့တာလား။" ဆယ်ဗီနီက ရှုယီကိုကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ခေါင်းယမ်းရင်း ဆိုလေသည်, "ရှုယီ, ရှင့်ကို အရင်က ဒီလောက်ကောက်ကျစ်တဲ့လူလို့ ကျွန်မဘာလို့ မမြင်ခဲ့တာလဲ"
ရှုယီက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ၊ "ကျုပ်ပြောမယ် ဆယ်ဗီနီ၊ မင်းဘာဖြစ်နေတာလဲ။ ဒီအစီအစဥ်ကို အကောင်အထည်ဖော်တုန်းက မင်းလည်း တစ်ချိန်လုံးပါဝင်ခဲ့ပြီး အခုမှ ကျုပ်က ကောက်ကျစ်တယ်လို့ ပြောနေတာလား။"
ဆယ်ဗီနီက နှာခေါင်းရှုံ့ကာ ကျွန်မက ရှင်နဲ့နဲ့အလုပ်လုပ်နေရုံပဲ၊ ဒီအစီအစဉ်တစ်ခုလုံးက ရှင် အကြံရလာတာမို့ ကျွန်မနဲ့မဆိုင်ဘူး"
ဆယ်ဗီနီ၏ အထင်အမြင်သေးသည့်ဟန်ကြောင့် ရှုယီသည် ကူကယ်ရာမဲ့စွာ ခေါင်းခါ၍ ဆယ်ဗီနီ နှင့် ငြင်းခုံရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။
စခ်တိုင်းပြည်ကို ဆန့်ကျင်သည့် အစီအစဉ်မှာ ထရီဇာသည် စခ်တိုင်းပြည်မှ လွှတ်ထားသော သူလျှိုတစ်ဦးဖြစ်ကြောင်း သိလိုက်ရစဉ်က ရှုယီရေးဆွဲခဲ့သော ယာယီအစီအစဥ်တစ်ခုမျှသာဖြစ်သည်။
အစတုန်းကတော့ သူ ဒီလောက်မတွေးပါချေ။ သူသည် စခ်တိုင်းပြည်သို့ စစ်တပ်မှော်စက်များအကြောင်း မှားယွင်းသော အချက်အလက်အချို့ကို ပေးရန်အတွက် ထရီဇာကို အသုံးပြုလိုခဲ့သည်။ ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ်သုံးမှော်စက်များ ထုတ်လုပ်ရာ၌ ၎င်းတို့အားအသုံးပြုလိုစေရန်သာဖြစ်သော်လည်း ၎င်းတို့အနေဖြင့် စစ်တပ်သုံး မှော်စက်နည်းပညာကို အမှန်တကယ်နားလည်ထားစေရန်စိတ်ကူးမရှိခဲ့ပါချေ။
ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ စခ်တိုင်းပြည်ဟာ ထိုအပေါ်တွင် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးကို ဖြုန်းတီးဖို့သာ ဖြစ်ပါ၏။
စခ်တိုင်းပြည်သည် စစ်တပ်သုံးမှော်စက်များကို သုတေသနပြုရန် လူ့စွမ်းအားအရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံထားသောကြောင့် ရှုယီ၏ အတွေးအမြင်များက ပြောင်းလဲလာခဲ့ရသည်။
သူဟာ ထရီဇာ၏ လက်ထဲရောက်သွားသည့် နည်းပညာကို အီဗီတာအား ထိန်းချုပ်ထားစေပြီး တကယ့် ပင်မနည်းပညာအချို့ကို ပေးစွမ်းဖို့ ကြိုးစားခဲ့ပါ၏။ စခ်တိုင်းပြည်အား စစ်ဘက်သုံး မှော်စက်အနည်းငယ်ကို အမှန်တကယ် တီထွင်နိုင်စေရန် အံ့အားသင့်ဖွယ် လူအင်အားပမာဏကို ရင်းနှီးမြှုပ်နှံစေခဲ့သည်။
စခ်တိုင်းပြည်မှ၏ အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ရာ အနက်ရှိုင်းဆုံး သုတေသနမှာ မှော်အမြောက် ဖြစ်သည်။
မှော်ထပ်ဆင့်လေး၊ မှော်အမြောက်ငယ်များနှင့် အခြားသော စစ်ဘက်ဆိုင်ရာ မှော်စက်များကို ပေါင်းစပ်ထားသောကြောင့် စခ်တိုင်းပြည်သည် စစ်တပ်သုံးမှော်စက်များကို အမှန်တကယ် နားလည်နိုင်ခဲ့ပြီး စစ်မှန်သော စွမ်းအားကို ရရှိခဲ့သည်။
နှစ်အတော်ကြာပြီးနောက်၊ စခ်တိုင်းပြည်သည် စစ်ဘက်သုံး မှော်စက်အမျိုးအစားများစွာကို ပြုလုပ်ခဲ့ရာ ၎င်းတို့၏ ယုံကြည်ချက်ကို အလွန်တိုးစေခဲ့သည်။
၎င်းတို့၏ မြောက်ဘက်မှ အန်ထီလာတိုင်းပြည်အပေါ် လှုပ်ရှားမှုမှာ မည်မျှ ယုံကြည်ချက်ရှိကြောင်းပြသနေသည်။
ဟုတ်ပါ၏၊ ၎င်းတို့ထုတ်လုပ်ထားသည့် စစ်တပ်သုံးမှော်စက်များက ဘယ်လောက်ထိ အားကောင်းသည်ဆိုသည်ကို သက်သေပြနေသည်ဟုဆိုနိုင်သည်။
စခ်တိုင်းပြည်၏ စစ်ဘက်သုံးမှော်စက်များအကြောင်း သုတေသနပြုချက်များ ပြေလည်သွားပြီး အန်ထီလာတိုင်းပြည်၏စစ်တပ်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ကြောင်း သက်သေပြခဲ့သည်။
သို့သော်၊ စခ်တိုင်းပြည်သည် ဤအချိန်တွင် လမ်ပူရီ တိုင်းပြည်မှ ၎င်းတို့ကို စစ်ကြေညာမည်ဟု ဘယ်သောအခါမှ မထင်ခဲ့မိပေ။
လမ်ပူရီ တိုင်းပြည်က အလွယ်တကူ အောင်နိုင်သောကြောင့် ဤစစ်ပွဲတွင် သည်းထိတ်ရင်ဖိုစရာ မရှိပါ။
ထို့ကြောင့် စစ်တပ်သုံးမှော်စက်များတွင် အရာအားလုံးကို ရင်းနှီးမြုပ်နှံထားသည့် ဤ စခ်တိုင်းပြည်သည် ၎င်းတို့၏ ကြိုးစားအားထုတ်မှုကို အလဟသဖြစ်စေခဲ့သည်၊ Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ စစ်တပ်သုံးမှော်စက် သုတေသနမှ အကောင်းဆုံး အစိတ်အပိုင်းများနှင့် ၎င်းတို့၏ အကောင်းဆုံး သုတေသနပညာရှင်များအားလုံးကို ယူဆောင်ရန် တွန့်ဆုတ်မနေပေ။
ဤအစီအစဥ်တွင်၊ အထိခိုက်ဆုံးသောသူများသည် သဘာဝအတိုင်း စခ်တိုင်းပြည်နှင့် အကျိုးအရှိဆုံးမှာ လမ်ပူရီတိုင်းပြည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် စစ်တပ်မှော်စက်များနှင့် အချို့သော အမှုထမ်းများအကြောင်း သုတေသနပြုခြင်းအတွက်၊ ဆယ်ဗီနီ ၏ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် မည်သည့်အရာကိုမျှ ရရှိပုံမပေါ်ပေ။
"ဒီလိုပြောလို့ မရဘူး။" ရှုယီက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်၊ " အမြတ်တွေက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အချိုးကျတယ်၊ ကျုပ်တို့ ဒီတစ်ခါ ဒီလောက်အများကြီး မရင်းနှီးထားဘူး ၊ ဒါကြောင့် သဘာဝအတိုင်း ကျုပ်တို့က ဒီလောက်ပဲ ရခဲ့တာ။ မင်း လိုအပ်တဲ့ မြေယာနဲ့ လျော်ကြေးထက်စာရင် ဒီသုတေသနပညာရှင်တွေနဲ့ သုတေသနပစ္စည်းတွေကို ကျုပ် ပိုဂရုစိုက်တယ်။ ဟုတ်တယ်၊ စခ်တိုင်းပြည်က ကျုပ်တို့အတွက် သူတို့ကိုယ်တိုင် တံခါးဖွင့်ထားဖို့က ပိုအရေးကြီးတယ်။”
"ကောင်းပြီလေ၊ ကျွန်မတို့နှစ်ယောက် လိုချင်တာကို ပဲ စဉ်းစားကြတာပေါ့" ဆယ်ဗီနီက ဘယ်သူ့ကိုမှ သေချာပေါက် ပြမည်မဟုတ်သည့် ခပ်ဆိုးဆိုးအပြုံးကို ပြုံးလိုက်သည်။
စခ်တိုင်းပြည်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးကတည်းက လမ်ပူရီတိုင်းပြည်မှ စေလွှတ်သောလူများသည် စခ်တိုင်းပြည်၏ မြို့ခုနစ်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သောကြောင့် ဆယ်ဗီနီသည် ဤကာလအတွင်း စိတ်ကောင်းဝင်နေသည်။
ဘုရင်မတစ်ဦးအတွက်၊ မိမိတို့ထိန်းချုပ်ထားသော နယ်မြေပမာဏကို အောင်မြင်စွာ တိုးမြှင့်နိုင်ခြင်းသည် အကြီးမားဆုံးသော အောင်မြင်မှုဖြစ်သည်။
ဤသည်မှာ လမ်ပူရီတိုင်းပြည်၏ ဘုရင်များအားလုံး ယခင်က မလုပ်နိုင်ခဲ့သော အရာဖြစ်ကာ ဆယ်ဗီနီလျှင် ဤအရာကို လုပ်ဆောင်ခဲ့သည်။
ထို့အပြင်၊ သူမသည် လမ်ပူရီတိုင်းပြည်ကို နှစ်ရာပေါင်းများစွာ ဖိနှိပ်ခဲ့သော စခ်တိုင်းပြည်အား အနိုင်ယူပြီး ၎င်းတို့၏လက်မှ မြေများကို သိမ်းပိုက်နိုင်ခဲ့ရာ ယင်းအောင်မြင်မှုသည် ပို၍ထိတ်လန့်ဖွယ်ကောင်းစေခဲ့သည်။
ဤသတင်းကို လမ်ပူရီတိုင်းပြည် တစ်ခုလုံး သိပြီးသည့် နောက်တွင် သတင်းစာ အားလုံးက ဆယ်ဗီနီကို ချီးမွမ်းခဲ့ကြပါ၏။ ဆယ်ဗီနီအား သမိုင်းတွင် အကြီးမြတ်ဆုံး ဘုရင်မကြီးဟု ခေါ်သည့် လူများမှာ မရေမတွက်နိုင်အောင်ပင်ရှိခဲ့သည်။
ဤအောင်ပွဲကြောင့် လမ်ပူရီတိုင်းပြည်တွင် ဆယ်ဗီနီ၏ ဂုဏ်သိက္ခာသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ဆယ်ဗီနီက စကားတစ်ခွန်းပြောနေသရွေ့ လမ်ပူရီတိုင်းပြည်မှ လူအနည်းငယ်သာ သူမအား တစ်ဖန်ပြန်လည် ဆန့်ကျင်ဝံ့ကြ၏။
ရှုယီအတွက် အကျိုးကျေးဇူးများကို ဖော်ပြရလျှင် ၎င်းကလည်း ၎င်းတို့ထဲမှ တစ်ခုဟု ယူဆနိုင်သည်။
ဤအောင်ပွဲမှတစ်ဆင့်၊ ဆယ်ဗီနီသည် ယခု လမ်ပူရီတိုင်းပြည်ကို ပို၍ပင် ထိန်းချုပ်နိုင်ခဲ့သည်။ စခ်တိုင်းပြည်မှ ကြီးမားသောရပေါက်ကို ပေါင်းထည့်လိုက်သော် လမ်ပူရီတိုင်းပြည်တွင် ယခင်က သူမ အနေနှင့် မလုပ်နိုင်သောအရာများကို မတွန့်ဆုတ်ဘဲ လုပ်နိုင်လာသည်။
၎င်းတို့အထဲတွင် မှော်ဆက်သွယ်ရေးကွန်ရက်ကို အကောင်အထည်ဖော်ရန် အစီအစဉ်လည်းပါရှိသည်။
ရှုယီသည် ဤအစီအစဥ်ကို ဆွေးနွေးသည့်အနေနှင့် ဆယ်ဗီနီကိုတွေ့ရန် ယနေ့ အန်ဗီမာမြို့တော်သို့ လာခဲ့သည်။
သို့ပေမယ့် သူပြောခါနီးအချိန်တွင် ဆယ်ဗီနီက ရှုယီကို ရုတ်တရက်ပြုံးပြ၍ ပြောလာသည် "ရှုယီ.. ထရီဇာကို ကျွန်မဆီပေးနိုင်မလား?"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၃။ သံတမန်များ၏ တွေ့ဆုံမှု
လမ်ပူရီတိုင်းပြည် တော်ဝင်နန်းတော်မှ ထွက်ခွာလာချိန်တွင် ရှုယီမှာ မနေနိုင်ဘဲ လှည့်ကြည့်လိုက်ပြီးနောက် ကူရာမဲ့စွာ ခေါင်းခါမိသည်။
ဘာလို့ ဆယ်ဗီနီက ထရီဇာကို ခေါ်ချင်ရတာလဲ?
စခ်တိုင်းပြည်စစ်တပ်ထံမှ ထိုမိန်းမငယ်လေးသင်ကြားခဲ့သည့် သူလျှိုလေ့ကျင့်ရေးအနည်းငယ်မှလွဲ သူမထံရှိ တစ်ခုတည်းသော တန်ဖိုးမှာ သူမ၏ အသွင်ပြင်ဖြစ်ပြီး အချိန်အနည်းငယ်မျှ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရင်း မှော်စက်များနှင့် ထိတွေ့ခဲ့ခြင်းဖြစ်သည်။
ဆယ်ဗီနီက ၎င်းကို သူမဆီကနေ သင်ယူချင်တယ်ဆိုပါလျှင် မလိုအပ်ပါချေ။
ထရီဇာကို သံသယဝင်လာကတည်းက ရှုယီသည် အီဗီတာအား သူမကို အချိန်ပြည့်စောင့်ကြည့်ခ်ိုင်းထားပြီး သူမထိတွေ့နိုင်သည့်ပစ္စည်းပမာဏကို ထိန်းချုပ်ထားသည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးသော ပစ္စည်းအချို့ကို သူမ အမှန်တကယ် သိရှိခဲ့သော်လည်း သူမတစ်ယောက်တည်း ၎င်းကို အသုံးပြု၍မရချေ။ ရှုယီမှာ အီဗီတာကို အတုအပလေးတွေ ထည့်ခိုင်းထားသည်အား မဆိုထားနှင့် တစ်စုံတစ်ယောက်က ၎င်းကိုတကယ်ယူခဲ့ပါလျှင်တောင် ၎င်းတို့ ရင်းနှီးမြုပ်နှံထားသည့် အရာကို ပြန်မရဘဲ နောက်ဆုံးရလဒ်က စခ်တိုင်းပြည်နှင့် တူပါလိမ့်မည်။
ဟုတ်ပါ၏၊၊ စခ်တိုင်းပြည်က အန်ထီလာတိုင်းပြည်ကို တိုက်ခိုက်ရာတွင် ၎င်းတို့၏ တိုက်ပွဲအင်အားဟာ အခြားနိုင်ငံတွေအတွက် အလွန်အားကောင်းသည်ဟု ယူဆနိုင်သော်လည်း ရှုယီ၏ အမြင်မှာတော့ ၎င်းဟာ ဘာမှတန်ဖိုးမရှိပါချေ။
စခ်တိုင်းပြည်မှတီထွင်ထားသော စစ်ဘက်မှော်စက်များတွင် မည်မျှကြီးမားသော ချို့ယွင်းချက်ရှိသည်ကို သူရှင်းရှင်းလင်းလင်းသိသည်။ လမ်ပူရီတိုင်းပြည်သည် ဤမျှလောက် လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သောကြောင့်၊ ဤအပြစ်အနာအဆာများကို ဆယ်ဗီနီအား ပြောပြသော်လည်း လမ်ပူရီတိုင်းပြည် စစ်တပ်သည် ၎င်းတို့အား အမြတ်ထုတ်ရန် အခွင့်အရေးမရှိခဲ့ပေ။
ထို့ကြောင့် ထရီဇာသည် ရှုယီ၏မျက်လုံးထဲတွင် လုံးဝအရေးမကြီးပေ။ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ကို စစ်မကြေညာမီတွင် အီဗီတာသည် သူမအား ဖော်ထုတ်ပြီး ဖမ်းဆီးထားခဲ့သည်။
အတိအကျပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အရေးကြီးသောလျှို့ဝှက်ချက်များကို ခိုးယူသောသူလျှို အနေနှင့် သူမအား ရှုယီ အပြစ်ပေးသင့်သည်။ နိုင်ငံအများစုမှာဆိုလျှင် ထိုသို့သောလူမျိုးကို ကွပ်မျက်မည်ပင်။
သို့သော်လည်း ဗီဗီယန်သည် ထရီဇာကို သူငယ်ချင်းကောင်းတစ်ဦးအဖြစ် အမြဲသဘောထားပြီး သူမအတွက် ဆက်လက်တောင်းပန်နေသောကြောင့် ရှုယီအတွက် ခက်ခဲစေခဲ့သည်။
ယခု ဆယ်ဗီနီသည် ရှုယီထံမှ ထရီဇာကို တောင်းရန် အစပြုနေသောကြောင့် ရှုယီအား ဤပြဿနာကို သွယ်ဝိုက်ဖြေရှင်းရန် ကူညီပေးရာကျသည်။
“ကောင်းပါတယ်၊ သူမက ကုမ္ပဏီကို အမှန်တကယ် ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေခဲ့ဘဲ အမြဲတစေ တခြားသူတွေရဲ့အသုံးချတာကိုခံခဲ့ရတဲ့ သနားစရာကောင်းတဲ့သူတစ်ယောက်မို့ သူမကို ဆယ်ဗီနီ ကိုင်တွယ်ဖို့ ပေးလိုက်တာကလည်း ကောင်းပါတယ်။ ဒီနည်းနဲ့ဆို ဗီဗီယန်က ငါ့ကို အပြစ်မတင်လောက်ဘူး......"
ရှုယီက ခါးသီးစွာ ရယ်မောလိုက်ပြီး သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ သူသည် ဤမိန်းကလေးငယ်များ၏ အတွေးများကို စိတ်ထဲမှ ထုတ်ပစ်လိုက်ပြီး သူအာရုံစိုက်ရန် လိုအပ်သည့် အရေးကြီးသောအရာကိုသာ အာရုံစိုက်လိုက်သည်။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်အကြား စစ်ပွဲတွင် ဖြစ်ပျက်ခဲ့သည်မှာ သဘာဝအလျောက် အကြောင်းပြချက်များစွာရှိပြီး၊ ဤစစ်ပွဲကို ဂရုစိုက်သောသူများထံမှ ခွဲခြမ်းစိတ်ဖြာမှုများစွာရှိခဲ့သည်။
သို့သော် ရှုယီအတွက် အကြောင်းပြချက်တစ်ခုသာ ရှိပြီး ၎င်းမှာ စီးပွားရေးဖြစ်သည်။
ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော စကားစုတစ်ခုရှိခဲ့ပြီး ၎င်းမှာ စစ်ပွဲသည် အမြဲတစေ စီးပွားရေးကို ချဲ့ထွင်ခြင်းဖြစ်သည် ။
ရှုယီအတွက် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်စစ်ပွဲတွင် အရေးကြီးဆုံးမှာ ဤအရာဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ မြေယာလွှဲပြောင်းမှုနှင့် လျော်ကြေးငွေများကို လူများစွာ အာရုံစိုက်ခဲ့ကြသော်လည်း စခ်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်ကို လုံးလုံးလျားလျား တံခါးဖွင့်ပေးခဲ့ခြင်းအား အာရုံစိုက်သူ အလွန်နည်းပါးသည်။
ရှုယီအတွက်၊ ၎င်းက အရေးကြီးဆုံးပါပင်။
အရာအားလုံးကို ဖွင့်လှစ်လိုက်ခြင်းက စခ်တိုင်းပြည်၏ အတွင်းပိုင်းစျေးကွက်သည် လမ်ပူရီတိုင်းပြည်ကို လုံးဝစောင့်ကြည့်မထားရဟူ၍ ဆိုလိုခြင်းဖြစ်သည်။
လမ်ပူရီတိုင်းပြည်ရှိ ပြီးပြည့်စုံသောမှော်စက်မှုစနစ်ဖြင့်, ရှုယီသည် လမ်ပူရီတိုင်းပြည်မှ စျေးချိုပြီး လှပသော ထုတ်ကုန်များက စခ်တိုင်းပြည်အတွင်းသို့ ဝင်လာပြီး စခ်တိုင်းပြည်၏ ပြည်တွင်းဈေးကွက်ကို လုံးလုံးလျားလျား သိမ်းပိုက်ရန် သိပ်မကြာတော့ဟု တွေးမိသည်။
မမျှော်လင့်သည့်အရာ ဘာမှမဖြစ်ခဲ့ပါလျှင်၊ စခ်တိုင်းပြည်၏ စီးပွားရေးတစ်ခုလုံးကို လမ်ပူရီတိုင်းပြည်၏ လက်ထဲ၌ အခိုင်အမာဆုပ်ကိုင်ထားနိုင်တော့မည်ဖြစ်ရာ ၎င်းတို့အနေနှင့် ခံနိုင်ရည်ရှိနိုင်တော့မည်မဟုတ်ပေ။
စိုင်စ်နယ်မြေကြီးတွင်၊ လူတိုင်းအသုံးပြုခဲ့သည့်နည်းလမ်းမှာ မြေအားလုံးကိုသိမ်းယူခြင်းပင်ဖြစ်သည်။ လမ်ပူရီတိုင်းပြည်တော်၏ မြောက်ပိုင်းစစ်တပ်မှာ အဖန်ဖန်အနိုင်ရပြီးနောက်၊ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်မှ အရာအားလုံး သိမ်းယူရန် တောင်းဆိုမှုများရှိခဲ့ရာ ၎င်းအကြံက ဆယ်ဗီနီကိုပင် စိတ်လှုပ်ရှားစေခဲ့သည်။
သို့သော် ရှုယီ၏ ဖြားယောင်းမှုအောက်တွင်၊ ဆယ်ဗီနီသည် နောက်ဆုံးတွင် ဤအကြံအစည်ကို စွန့်လွှတ်ကာ ဤနှေးကွေးစွာ သိမ်းပိုက်နည်းကို လက်ခံကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်။
အကန့်အသတ်ရှိသော ဆက်သွယ်ရေးကြောင့် စိုင်စ်နယ်နြေကြီးမှ လူများသည် နိုင်ငံနှင့် ပတ်သက်၍ အလွန်ပေါ့ပါးသော အယူအဆများရှိသည်။ နိုင်ငံသားအများစုသည် ၎င်းတို့၏သခင်မည်သူ ဖြစ်သည်ကိုသာ သိကြပြီး တိုင်းပြည်ကို သိပ်ဂရုမစိုက်ကြပေ။
ယခုအခါ လမ်ပူရီတိုင်းပြည်သည် တောင်ပိုင်းမြို့ ခုနစ်မြို့ကို လက်ခံရရှိထားပြီး ဝါဒဖြန့်မှုကို အာရုံစိုက်နေသရွေ့၊ ထိုမြို့ ခုနစ်မြို့မှ နိုင်ငံသားများအား လမ်ပူရီတိုင်းပြည်၏ နိုင်ငံသားများ ဖြစ်လာရန် အချိန်များစွာ သုံးစွဲရန် မလိုအပ်ပေ။
လမ်ပူရီတိုင်းပြည်သည် ဤအစီအစဥ်အတိုင်း ဆက်လက်လုပ်ဆောင်နေသရွေ့ စခ်တိုင်းပြည်ကို လုံးလုံးလျားလျား ယိုယွင်းသွားစေရန် ပြဿနာပင်မရှိပေ။
Frestech ကုန်သည်ကြီးများအသင်းအတွက်၊ ယင်းမှရရှိသောအကျိုးကျေးဇူးများသည် ဤမျှသာမဟုတ်ချေ။
ရှုယီသည် စခ်တိုင်းပြည်၏ ပြည်တွင်းစျေးကွက်ကို စိတ်ဝင်စားခဲ့သည်၊ သို့သော် ၎င်းသည် အရေးအကြီးဆုံးအရာမဟုတ်ပေ။ စခ်တိုင်းပြည်ကို လုံးလုံးလျားလျားဖွင့်ပြီးနောက် သူပိုအလေးထားသောအရာမှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် စခ်တိုင်းပြည်မှတဆင့် မြောက်ဘက်သို့ ဆက်လက်ဖွံ့ဖြိုးလာစေရန်ဖြစ်သည်။
လက်တွေ့တွင်၊ လမ်ပူရီတိုင်းပြည်မှ စခ်တိုင်းပြည်ကို ရုတ်တရက် စစ်ကြေညာရခြင်း၏ အဓိကအကြောင်းရင်းမှာ စခ်တိုင်းပြည်မှ အန်ထီလာတိုင်းပြည်ကို စစ်ကြေညာခြင်းကြောင့် ဖြစ်သည်။
အန်ထီလာတိုင်းပြည်သည် မြောက်ဘက်ရှိ စခ်တိုင်းပြည်၏ အိမ်နီးချင်းဖြစ်ပြီး ရှုယီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ အန်ထီလာတိုင်းပြည်မှာ အလွန်အရေးကြီးသောနိုင်ငံဖြစ်သည်။
သူ့အစီအစဉ်ကို မစခင်မှာ စခ်တိုင်းပြည်က အန်ထီလာတိုင်းပြည်ကို ဆန့်ကျင်မည်ဟု မထင်ခဲ့ပါချေ။
ရှုယီသည် သူ့အစီအစဉ်အား စခ်တိုင်းပြည်ကြောင့် မပျက်စီးစေလိုသည်မှာ သဘာဝအလျောက်ဖြစ်ပြီး ဆယ်ဗီနီမှာလည်း ဤအကြံအစည်ရှိနေသဖြင့် နှစ်ဖက်စလုံးသည် Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည် တပ်များ၏ ပံ့ပိုးကူညီမှုဖြင့် စခ်တိုင်းပြည်၏ အစီအစဉ်အားလုံးကို ချေမှုန်းပစ်ခဲ့သည်။
ယခု စခ်တိုင်းပြည်သည် ရှုံးနိမ့်ပြီးနောက် ရိုးရှင်းစွာပင် ရှုယီ၏ အစီအစဉ် နောက်တဆင့်မှာ နယ်မြေကြီး မြောက်ပိုင်းတွင် မှော်စက်လုပ်ငန်းကို ဆက်လက်ဖန်တီးရန်ဖြစ်သည်။
သို့ပေမယ့် ဤစီမံချက်ကို အကောင်အထည်ဖော်သည့်နေရာတွင် သတိထားရမည်မှာ သယ်ယူပို့ဆောင်ရေး၏ အရေးကြီးဆုံး ပြဿနာဖြစ်သော ပြဿနာကို ဦးစွာဖြေရှင်းရန်ပင်။
ယခုဆိုလျှင် စခ်တိုင်းပြည်တွင် ကီလိုမီတာ တစ်ထောင်အောက်သာရှိသော လမ်းသုံးလမ်းမှလွဲ၍ မြောက်ဘက်သို့သွားသော နိုင်ငံများအတွက် သင့်လျော်သောလမ်းများ မရှိပေ။
ယခု စခ်တိုင်းပြည်တွင် အခြေခံလမ်းကွန်ရက်ကို ချထားသည်က ပြဿနာမဟုတ်သော်လည်း အန်ထီလာတိုင်းပြည်နှင့် အခြားမြောက်ဘက်ရှိ နိုင်ငံများအတွက် ဤလမ်းများကို မည်သို့ခင်းရမည်နည်း၊ ၎င်းက ဖြေရှင်းဖို့လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
၎င်းကိုတွေးရင်း ရှုယီက အန်ဗီမာမြို့တော်ရှိ အကောင်းဆုံးစားသောက်ဆိုင်ဖြစ်သည့် Chanel စားသောက်ဆိုင်ကို မှော်ဆလွန်းတစ်စီးဖြင့် မောင်းသွား၏။
မှော်ဆလွန်းက အဝင်ဝ၌ ရပ်သွားသောအခါ နိုင်ငံအသီးသီးမှ အဝတ်အစားများ ဝတ်ဆင်ထားသောလူတစ်စုသည် ရှုယီကို စားသောက်ဆိုင်ထဲသို့ဖိတ်ခေါ်လာကြသည်။
စားသောက်ဆိုင်ရှိ အကြီးဆုံးနှင့် ဇိမ်အကျဆုံးအခန်းကို ကြိုတင်စာရင်းသွင်းထားပြီး လမ်ပူရီတိုင်းပြည်နှင့် ဆက်ဆံရေးဖန်တီးလိုသော သံတမန်များအားလုံး ရှုယီကို စောင့်ဆိုင်းနေခဲ့ကြသည်။
၎င်းတို့နိုင်ငံတွင် လေးစားထိုက်သူများနှင့် အန်ဗီမာမြို့တော်ရှိ ထိုသို့သောလူအားလုံးမှာ ၎င်းတို့၏မျက်နှာပေါ်တွင် ဖုံးကွယ်ရခက်သည့် စိတ်လှုပ်ရှားနေဟန်များရှိသည်။
ဤညပွဲကို Frestech ကုန်သည်ကြီးများအသင်းမှ သံတမန်အားလုံးကို ဖိတ်ကြားပြီး ကျင်းပခဲ့ခြင်းပင်။
၎င်းတို့ ဤသတင်းကို လက်ခံရရှိပြီးနောက်မှာ ဖိတ်ကြားချက်ကို မည်သူကမှ မငြင်းပယ်ဘဲ အားလုံး ဒီနေရာကို ချက်ချင်း ပြေးလာကြသည်။
Frestech ကုန်သည်ကြီးများအသင်းမှ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှု တက်ရောက်မည်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည့်အပြင် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များအတွက် ရှင်းလင်းချက်များလုပ်ရန် စီစဉ်ထားပေသည်။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်အကြား စစ်ပွဲအပြီးတွင် လူတိုင်းသည် ဤစစ်ပွဲမှတဆင့် အမှန်တရားကို သိရှိလာခဲ့ကြသည်။ အနည်းဆုံး ဤအဆင့်တွင် Frestech ကုန်သည်ကြီးများအသင်းမှ စစ်ဘက်သုံးမှော်စက်များ၏ အားသာချက်ကို မည်သူမျှ မနှိုင်းယှဉ်နိုင်ချေ။
ထို့အပြင် စစ်ဘက်သုံးမှော်စက်များက သာမာန်တိုက်ခိုက်နည်းလမ်းတွေကို ဖိနှိပ်ထားသည်က လူတိုင်း အသိအမှတ်ပြုထားသည့်အရာပင်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် ဤစစ်တပ်သုံးမှော်စက်များအတွက် ၎င်းတို့၏အစီအစဉ်များကို ကြေညာမည်ဟုကြားသောအခါတွင် လူတိုင်းသည် ချက်ချင်းပင် စိုးရိမ်ပူပန်လာကြသည်။
Frestech ကုန်သည်ကြီးများအသင်းက အခြားနိုင်ငံကို ထောက်ပံ့ပြီး လမ်ပူရီတိုင်းပြည်ကဲ့သို့ စစ်ဘက်ဆိုင်ရာ မှော်စက်များကို ရောင်းချဖို့ ဆန္ဒရှိနေပါလျှင်၊ Frestech ကုန်သည်ကြီးများအသင်းက မည်သူကို ရွေးချယ်ခဲ့ပါစေ၊ ထိုနိုင်ငံဟာ ပိုမိုအားကောင်းသည့် စစ်အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာမည်ပင်။
ထို့ကြောင့် ရှုယီ အခန်းကျယ်ကြီးထဲသို့ ဝင်သွားသောအခါ၌ နိုင်ငံအသီးသီးမှ သံတမန်များ၏ မျက်လုံးများက သူ့ကို ဝိုင်းကြည့်နေကြသည်။
အားလုံးက မျှော်လင့်တောင့်တမှုတွေနှင့် ပြည့်နေသည့် မျက်လုံးများဖြင့် ရှုယီကို ကြည့်နေကြပြီး ၎င်းတို့၏ အမူအရာတွေက ညကလပ်က ဧည့်သည်များက ကောင်မလေးတွေ ရွေးနေကြသလိုပင်......
ရှုယီသည် ချောင်းဟန့်ပြီး ထူးဆန်းသော အတွေးကို လွှင့်ပစ်လိုက်သည်။ အခြားနေရာများထက် ပိုမြင့်သည့် စင်မြင့်တစ်ခုရှိသော အခန်း အလယ်ခေါင်ကို ရောက်သည့်အခါတွင် သူဟာ တုံ့ဆိုင်းမနေတော့ပေ။ ဟိုဟိုဒီဒီကြည့်ရင်း လက်ကို မြှောက်လိုက်သည်။
အားလုံးက ရှုယီကိုကြည့်ရင်း စကားပြောဖို့ စောင့်နေကြရာ အခန်းက ချက်ချင်း တိတ်ဆိတ်သွား၏။
ထိုလူများ၏ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ပေ။
ယခု ဤအခန်းတွင် ရှိသူများမှာ နိုင်ငံအသီးသီးမှ လမ်ပူရီတိုင်းပြည်သို့ စေလွှတ်ထားသော သံတမန်များဖြစ်သည်။
ယခု၎င်းတို့က သူ့ကို ထိုသို့လေးစားပြနေသဖြင့် ၎င်းတို့နိုင်ငံများ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ရပ်တည်ချက်ကို မြင်နိုင်လောက်သည်။
Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့တော်၌ ဖွံ့ဖြိုးဆဲကာလက ရှုယီသာ အဆိုပါလူများနှင့် တွေ့ဆုံလိုပါက ငြင်းပယ်ခံရမည်ဖြစ်သည်။ အခု သူဟာ ဖိတ်စာပို့ဖို့သာ လိုတော့၏။
ရှုယီသည် သူ့နှလုံးသားထဲတွင် ယုံကြည်မှုအနည်းငယ်ရှိပြီး ပျော်ရွှင်နေ၏။
သူနှင့် Frestech ကုန်သည်ကြီးများအသင်းမှ လူများစွာတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက်၊ မှော်စက်လုပ်ငန်းသည် ယခုအခါ စိုင်စ်နယ်မြေကြီးနိုင်ငံအားလုံးအတွက် အရေးပါလာခဲ့သည်။
ဤအရာအများစုသည် စစ်တပ်သုံးမှော်စက်များ၏ အစွမ်းကြောင့်ဖြစ်သော်လည်း ဤအချက်ကို မထိခိုက်စေပေ။
ယနေ့တွင် သူသည် Frestech ကုန်သည်ကြီးများအသင်းမှ မောင်းနှင်နေသော မှော်စက်လုပ်ငန်းကို ဤနိုင်ငံများတွင် ပိုမိုအာရုံစိုက်စေရန် ဤစစ်တပ်မှော်စက်များကို အသုံးပြုမည်ဖြစ်သည်။
ချောင်းဆိုးပြီးနောက် ရှုယီသည် အသံတိုးတိုးဖြင့်ပြောလိုက်၏၊"အားလုံးပဲ၊ ကျုပ်က စကားဖြုန်းတီးတာကို မကြိုက်ပါဘူး၊ ဒါကြောင့် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ပူးပေါင်းနိုင်ငံအားလုံးကို စစ်ဘက်ဆိုင်ရာမှော်စက်များကို ရောင်းချရန် ဆုံးဖြတ်ချက်ချလိုက်ပြီမို့လို့ အားလုံးကို ပြောပြဖို့ ဒီနေရာမှာ ရှိနေတဲ့ လူအားလုံးကို ဖိတ်ခေါ်ထားတာပါလို့ ပြောချင်ပါတယ်။"
သူ့အသံထွက်သွားသည်နှင့် အခန်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၄။ အမြောက်ဆံကလည်း ပိုက်ဆံပေးရတာပဲလား?
"ဥက္ကဌရှု ခင်ဗျားပြောချင်တာက... ခင်ဗျားအနေနဲ့ ကျုပ်တို့အတွက် Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေကို ပေါ်ပေါ်ထင်ထင် ရောင်းချတော့မယ်လို့လား?" သံတမန်တစ်ဦးက ကျယ်လောင်စွာ မေးလာသည်။
"ဟုတ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "ဒါပေါ့ အခြေနေတချို့တော့ ရှိပါတယ်။"
၎င်းကိုကြားသော် စိတ်လှုပ်ရှားနေခဲ့သည့် သံတမန်များမှာ ရုတ်တရတ် တည်ငြိမ်သွားသည်။
Frestech ကုန်သည်ကြီးများအသင်းသည် အခြေအနေမကန့်သတ်ဘဲ နယ်ေမြကြီးရှိ နိုင်ငံများအားလုံးသို့ စစ်ဘက်သုံးမှော်စက်များကို အမှန်တကယ် ရောင်းချလိုပါက ရှုယီမှ လက်ခံကျင်းပရန် မလိုအပ်ပေ။ Frestech ကုန်သည်ကြီးများအသင်းမှ ကြေညာချက် ထုတ်ပြန်နေသမျှ ကာလပတ်လုံး ၎င်းတို့ကို လာရှာမည့် နိုင်ငံများစွာ ရှိပေလိမ့်မည်။
"ဥက္ကဌ ရှု ကျေးဇူးပြုပြီး အခြေအနေတွေက ဘယ်လိုရှိလဲ ပြောပြပါဦး။" နောက်ထပ် သံတမန်တစ်ဦးက သံတမန်အားလုံးအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခုကို မေးလာ၏။
"ဒီအခြေအနေတွေအကြောင်း မပြောခင်၊ လူတိုင်းကို စစ်တပ်မှော်စက်တွေအကြောင်း အတိုချုံး မိတ်ဆက်ပေးချင်ပါတယ်။"
ရှုယီသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်ရာ Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းနှစ်ဦးသည် ပြင်ဆင်ထားသည့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွင် ပုံရိပ်ယောင်ရုပ်ရှင်အခွေကိုထည့်ကာ ထွက်သွားကြသည်။
သူတို့ထွက်သွားပြီးနောက် ရှုယီသည် လူတိုင်း၏ စူးစမ်းလိုစိတ်ရှိသော အကြည့်များကို အပြုံးဖြင့်ပြန်ကြည့်ကာ "အားလုံးပဲ၊ ကျုပ် ခင်ဗျားတို့ကို ပုံရိပ်ယောင်ရုပ်ရှင်ကလစ်ပ်(video clip)တစ်ခု အရင်ပြချင်ပါတယ်"
ထိုသို့ပြောပြီးနောက် ရှုယီသည် မှော်ပုံရိပ်ယောင်ပရိုဂျက်တာခလုတ်ကို နှိပ်လိုက်သဖြင့် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
“ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း……”
မရေမတွက်နိုင်သော ပြင်းထန်သည့် ပေါက်ကွဲသံများက အခန်းထဲကို ပြည့်လျှံသွားကာ လူတိုင်းကို ကြောက်လန့်သွားစေခဲ့သည်။
လူတိုင်း ငြိမ်သက်သွားကာ ပုံရိပ်ယောင် ရုပ်ရှင်ကို အာရုံစိုက်လိုက်သော် ပြသနေသည့် မြင်ကွင်းသည် မီးတောက်များဖုံးလွှမ်းနေသော စစ်မြေပြင်ဖြစ်ကြောင်း တွေ့ရှိလိုက်ကြသည်။
လင်းလက်နေသည့် ကောင်းကင်မှာ မရေမတွက်နိုင်သည့် မြှားတွေ၊ မီးလုံးတွေ ပျံဝဲနေ၏။ ရံဖန်ရံခါ မြေပြင်ပေါ်၌ မီးလုံးတစ်လုံးကျလာသောအခါ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာမည်ကို တွေ့ရသည်။
"အားလုံးပဲ ဒါက လမ်ပူရီတိုင်းပြည်ရဲ့ မြောက်ပိုင်းစစ်တပ်နဲ့ စခ်တိုင်းပြည်ရဲ့ သွေးဆာဝံပုလွေတပ်ရင်းတို့ကြား စစ်ပွဲကနေ မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းပါပဲ။" ရှုယီသည် ပုံရိပ်ယောင် ကောင်းကင်ယံတွင် ဖြတ်၍ပျံသန်းနေသော မီးလုံးများကို ညွှန်ပြကာ အတိုချုံးရှင်းပြခဲ့သည်။ “ဒီမြင်ကွင်းမှာ မိတ်ဆက်ပေးလိုက်တဲ့ ပင်မစစ်တပ်မှော်စက်က ဒီလိုအမျိုးအစားဖြစ်ပြီး၊ လမ်ပူရီတိုင်းပြည်မှာ အဓိကတပ်ဆင်ထားတဲ့ မှော်အမြောက်လို့အမည်ပေးထားတဲ့ စစ်တပ်မှော်စက်ကို လူတိုင်းတွေ့မြင်နိုင်ပါတယ်။"
"မှော်အမြောက်။" ရှုယီ၏ ရှင်းပြချက်ကို လူတိုင်းနားလည်ကြကာ သိပ်မရှည်သော်လည်း ထပ်ခါထပ်ခါပြသနေသည့် ပုံရိပ်ယောင်ရုပ်ရှင်ဘက်သို့ ပြန်လှည့်လိုက်ကြသည်။ အားလုံးက ခေါင်းညိတ်ပြပြီး ထိုနာမည်က တကယ်ကို သင့်လျော်သည်ဟု စဉ်းစားလိုက်ကြသည်။
ထိုဗွီဒီယိုက သိပ်မကြာသော်လည်း မှော်အမြောက်ကြီးများပြသသည့် စွမ်းအားက ၎င်းတို့ကို ထိတ်လန့်စေ၏။
ငယ်စဉ်က စစ်မြေပြင်ကို သွားခဲ့ကြသည့် သံတမန်များစွာရှိသော်လည်း ၎င်းတို့ တွေ့ကြုံခဲ့ရသည့် စစ်မြေပြင်တွင် အနီးကပ် တိုက်ခိုက်ဖို့ရန် ဓားနှင့် လှံများသာ အသုံးပြုခဲ့ကြသည်။ အဝေးပစ်လက်နက်အများစုမှာ လေးနှင့်မြှားများအစရှိသည့် ရိုးရှင်းသောလက်နက်များသာဖြစ်ရာ မှော်ပုံရိပ်ယောင်ရုပ်ရှင်ရှိ မှော်အမြောက်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ မည်သို့ရှိနိုင်မည်နည်း။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည် စစ်ပွဲအတွင်း နှစ်ဖက်စလုံးတွင် စစ်ဘက်သုံးမှော်စက်များ များစွာရှိသောကြောင့် စစ်မြေပြင်မှာ အလွန်ကြမ်းတမ်းခဲ့ကြောင်း ၎င်းတို့ သိရှိထားပြီးဖြစ်သည်။ သမားရိုးကျ စစ်ပွဲကို သာလွန်စေခဲ့သော ဤ ပုံရိပ်ယောင် ရုပ်ရှင်ကို ယနေ့ ၎င်းတို့၏ မျက်စိဖြင့် တပ်အပ် မြင်လိုက်ရသောအခါ၊ ဤစစ်မြေပြင်သည် ၎င်းတို့ စိတ်ကူးထားသည်ထက် အဆပေါင်း များစွာ ပိုမိုပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း အမှန်ပင် သိရှိခဲ့ရသည်။
"ဥက္ကဌ ရှု၊ ဒီ မှော်အမြောက်က တစ်ခုကို.... ဘယ်လောက်လဲ...... " သံတမန်တစ်ဦးသည် ပုံရိပ်ယောင်ရုပ်ရှင်ရှိ မှော်အမြောက်ကို ညွှန်ပြပြီး မေးမြန်းလာသည်။
ရွှား!
လူတိုင်း၏မျက်လုံးများသည် ပုံရိပ်ယောင် ရုပ်ရှင်ဆီမှ ရှုယီထံသို့ ရုတ်တရက်ပြောင်းသွားသည်။
“အဟမ်း…… မှော်အမြောက် အမျိုးအစားတွေ အများကြီးရှိပါတယ်။ လမ်ပူရီတိုင်းပြည်ရဲ့ မြောက်ပိုင်းစစ်တပ်အသုံးပြုထားတဲ့ ပုံရိပ်ယောင်ရုပ်ရှင်မှာ ပြထားတာတွေက ကျုပ်တို့ ကုမ္ပဏီက ဖန်တီးထားတဲ့ နောက်ဆုံးပေါ် ခုနစ်ဆယ့်ငါးမီလီမီတာ အရွယ်အစားရှိ မှော်အမြောက်တွေပါ။ လက်ရှိပေါက်ဈေးကတော့ တစ်ခုကို ရွှေဒင်္ဂါးနှစ်ထောင့်သုံးရာရှိပါတယ်” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
"ရွှေဒင်္ဂါးနှစ်ထောင့်သုံးရာ?" အခန်းတွင်းရှိလူတိုင်း လေပြင်းများရှူရှိုက်မိသွားကြသည်။
ဤသည်မှာ အမှန်ပင် အနည်းငယ်စျေးကြီးပါ၏။ ရွှေဒင်္ဂါးနှစ်ထောင့်သုံးရာဖြင့် တပ်သားငါးဆယ်ရှိ တပ်ဖွဲ့တစ်ခုလုံးကို လက်နက်တပ်ဆင်နိုင်သည်ဟု သိထားပေသည်။
သို့ပေမယ့် ပုံရိပ်ယောင်ရုပ်ရှင်ရှိ မှော်အမြောက်၏ စွမ်းအားကို လှည့်ကြည့်လိုက်လျှက်၊ ၎င်း၏ စွမ်းအားကို လုံးဝကို ခုခံနိုင်စရာမရှိနိုင်ရာ၊ ဤစျေးနှုန်းက အတော်တန်သည်ဟု လူတိုင်းက ထင်နေကြ၏။
လက်နက်အပြည့်အစုံဆင်ထားသည့် တပ်သားငါးဆယ်ရှိသော တပ်သည် အသုံးဝင်ပါမည်လား။
ဤ မှော်အမြောက်၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ၎င်းတို့ကို ရှင်းပစ်ရန် လုံလောက်မည်ဖြစ်သည်။
ထို့အပြင်၊ ပုံရိပ်ယောင်ရုပ်ရှင်မှ ဤ မှော်အမြောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအကွာအဝေးရှိကြောင်း ၎င်းတို့တွေ့မြင်နိုင်သည်။ အကြမ်းဖျင်းအားဖြင့် ခန့်မှန်းရသော် နှစ်ကီလိုမီတာကျော် ရှိသည်။
ရိုးရိုး လေး၊ မြှားများနှင့် နှိုင်းယှဉ်ပါက ဤတိုက်ခိုက်မှုအကွာအဝေးသည် ၎င်းအား လုံးလုံးလျားလျား ဖိနှိပ်ထားသည်။
ဤသည်ကို တွေးကြည့်ပါလျှင် ရိုးရိုးစစ်တပ်က ဤ မှော်အမြောက်တပ်နှင့် ရင်ဆိုင်ရသည့်အခါ ဤ မှော်အမြောက်ကြောင့် ပြန့်ကျဲမသွားခင် တစ်ဖက်၏အရိပ်ကိုတောင် မြင်လိုက်ရမည်မဟုတ်လောက်ပေ။ ၎င်းတို့မှာ မည်သည်ကိုအသုံးပြု၍ ခုခံကြမည်နည်း။
ရွှေဒင်္ဂါးနှစ်ထောင့်သုံးရာကို မပြောနှင့်၊ ဤဈေးနှုန်း၏ နှစ်ဆဖြစ်ပါလျှင်တောင် တန်နေသေးပါ၏။
"ဟုတ်ပါတယ်၊ ဥက္ကဋ္ဌ ရှု၊ ပြောခဲ့တာက မှော်အမြောက်ရဲ့ စျေးနှုန်းတစ်ခုပဲလို့ ပြောခဲ့တာမဟုတ်လား? မှော်အမြောက်တွေနဲ့ ပစ်ခတ်နေတဲ့ မီးလုံးတွေကရော ဒါနဲ့အတူ ပါ၀င်မှာလား။" သံတမန်တစ်ဦးက ရုတ်ချည်းမေးလာ၏။
ရှုယီက ခေါင်းခါလိုက်ကာ “မဟုတ်ပါဘူး၊ ဒီမီးလုံးဟာ တကယ်တော့ မှော်အမြောက်က လေထဲကို ပစ်လွှတ်လိုက်တဲ့ အမြောက်ဆံတစ်ခုဖြစ်ပြီး တကယ့်မီးလုံးတော့ မဟုတ်ပါဘူး။ ပြီးတော့ ကျုပ်တို့က လောလောဆယ်မှာ ဒီလို မှော်အမြောက်ဆံအမျိုးအစား စုစုပေါင်း ခုနစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။ ဒါက အခြေခံအကျဆုံး အမြောက်ဆံသက်သက် ဖြစ်ပြီး ကြီးမားတဲ့ဧရိယာကို ကျည်ဆံအနေနဲ့ တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဒါ့အပြင် တခြား မှော်အမြောက်ဆံအမျိုးအစားတွေလည်း ရှိသေးပါတယ်။ ဥပမာ၊ ရေခဲမှော်အမြောက်ဆံကို ဆဌမအဆင့်ရေခဲမန္တာန်ရဲ့ စွမ်းအားကို ထုတ်လွှတ်တဲ့နေရာမှာ အသုံးပြုနိုင်တာမို့ တချို့ အခြေအနေတွေမှာ ထိရောက်မှုရှိပါတယ်။"
လူတိုင်းက အံ့အားသင့်နေသည့်ဟန်ပန်ကို မနေနိုင်စွာ ထပ်မံထုတ်ဖော်လာကြသည်။
စစ်တပ်သုံးမှော်စက်များသည် ယခင်က အစွမ်းထက်ကြောင်း ၎င်းတို့သိခဲ့ကြသော်လည်း ထိုသို့သော အရာများရှိမည်ဟု မထင်ခဲ့ကြပေ။ တူညီသော မှော်အမြောက်အတွက်အသုံးပြုသည့် မှော်အမြောက်ဆံ အမျိုးမျိုးပင်ရှိသေးသည်၊ ၎င်းသည် တကယ်ကို အထင်ကြီးစရာကောင်းသည်။
"ဒါဆို ဥက္ကဌ ရှု၊ ဒီ မှော်အမြောက်ဆံက သီးသန့်ဝယ်ရမှာလား" မတိုင်ခင်က မေးခွန်းမေးခဲ့သည့် သံတမန်က နောက်မှထပ်မေးလာ၏။
"ဟုတ်ပါတယ်။ မှော်အမြောက်ဆံတစ်ခုစီကို ဂရုတစိုက်ပြုလုပ်ရမှာဖြစ်ပြီး၊ ဝယ်ယူဖို့က ငွေကုန်ကြေးကျများပါတယ်။" ရှုယီက အားနာမှုမရှိဘဲ ပြောလိုက်သည်။
အခန်းထဲ၌ တီးတိုးသံများပြည့်နှက်သွားကာ သံတမန်အများစုသည် မျက်ခုံးများတွန့်ချိုးလျက် ၎င်းတို့၏မကျေမနပ်ဖြစ်နေသောဟန်ပန်ကို ထုတ်ဖော်လိုက်ကြ၏။
ဤ Frestech ကုန်သည်ကြီးများအသင်းသည်လွန်လှ၏။ မှော်အမြောက်က ထိုမျှစျေးကြီးရင် တော်သေးသည်၊ သို့သော် မှော်အမြောက်ဆံများကိုလည်း သီးသန့်ဝယ်ရမည်တဲ့လား။
အမြတ်ကြီးစားတာပဲ!
ထိုသံတမန်သည် အရှုံးမပေးဘဲ ထိုအကြောင်းကို စဉ်းစားပြီးနောက် ရုတ်တရက် ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။ "ဥက္ကဋ္ဌ ရှု၊ ခင်ဗျားပြောသမျှဟာ ဒီ ပုံရိပ်ယောင် ရုပ်ရှင်ကို အခြေခံထားတာပဲ၊ ဒါပေမယ့် ဒီ ပုံရိယောင် ရုပ်ရှင်က အစစ်ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ ကြည့်ပါဦး၊ ဒီ ပုံရိပ်ယောင် ရုပ်ရှင်က အဆုံးမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရာတစ်ခုဆိုရင်ရော……”
ထိုသံတမန်၏ စကားထဲ၌ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်တွေရှိနေသော်လည်း ၎င်းတို့ဟာ အဓိပ္ပါယ်ရှိသဖြင့် အခန်းထဲရှိ သံတမန်အားလုံးဟာ ရှုယီကိုကြည့်ပြီး ရှင်းပြချက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် ၎င်းတို့မမျှော်လင့်ထားသည့်အရာမှာ ရှုယီက လုံးဝမရှင်းပြဘဲ၊ သူ့အား မေးလာသော သံတမန်ကို ပြုံးပြုံးလေးသာ ကြည့်လာသည်။
"မယုံရင် မဝယ်လို့ရပါတယ်"
ထိုသို့ပြောသည့်အခါ အခန်းထဲရှိ သံတမန်များ၏ စိတ်နှလုံးများဟာ မနေနိုင်စွာ တုန်လှုပ်ခြောက်ခြားသွားသည်။
ရှုယီမှာမှန်ပါ၏၊ မယုံလျှင် မဝယ်၍ရသည်။
သို့ပေမယ့်....၎င်းတို့မှာ ထိုသို့ရွေးချယ်ပိုင်ခွင့်ရှိရဲ့လား။
ရူဒ်ဆန်တိုင်းပြည်သည် ကန်ဒရာ အင်ပါယာ၏ ကျူးကျော်မှုကို နှစ်ကြိမ်တိုင်တိုင် တွန်းလှန်နိုင်ခဲ့ပြီးဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်ဆိုင်ရာမှော်စက်များသည် နယ်မြေကြီးရှိ ကုမ္ပဏီအားလုံး၏ အာရုံစိုက်မှုဗဟိုချက်ဖြစ်လာခဲ့သည်။
စခ်တိုင်းပြည်သည် အန်ထီလာတိုင်းပြည်ကိုကျူးကျော်ပြီးနောက် စခ်တိုင်းပြည် နှင့် လမ်ပူရီတိုင်းပြည်အကြားစစ်ပွဲအပြီး၊ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာမှော်စက်များ ကုန်သွယ်မှုအပေါ် ပိုမိုဆိုးရွားသောအကျိုးသက်ရောက်မှုကို ရရှိခဲ့သည်။
ယခုအခါ ဤစစ်ပွဲနည်းသစ်ဖြင့် ဓားနှင့်လေးများအသုံးပြုသည့် ရိုးရာနည်းလမ်းသည် ခုခံရန်နည်းလမ်းအားလုံးကို ဆုံးရှုံးနေပြီဖြစ်သည်ကို နိုင်ငံအားလုံးက ရှင်းရှင်းလင်းလင်း သိလာကြသည်။
အကယ်၍ မည်သည့်နိုင်ငံမှ စစ်တပ်မဆို စစ်ဘက်သုံးမှော်စက်များ၏ ပြင်းထန်သောတိုက်ခိုက်မှုကို မခုခံနိုင်ကြရာ မည်သည့်နိုင်ငံမဆို စစ်ဘက်ဆိုင်ရာမှော်စက်များကို တတ်နိုင်သမျှ များများစားစား လိုချင်သည်ဟူ၍ဆိုရလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
အခြားနိုင်ငံများကို ကျူးကျော်ရန် ၎င်း စစ်တပ်သုံး မှော်စက်များကို အသုံးပြုဖို့ မစီစဉ်ထားပါလျှင်တောင် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ဖို့ ဝယ်ရန် လိုအပ်ပါသေး၏။
ရှုယီက “မဝယ်လည်းရတယ်” ဟု ပြောနိုင်သော်လည်း ဝယ်ရန် အမှန်တကယ် မလိုအပ်ဘူးဟု မည်သည့် သံတမန်တစ်ဦးမှ မပြောရဲချေ။
ထိုသံတမန်၏ အမူအရာ ပြောင်းသွားပြီး ဇက်ကို ပုကာ ဘာမှ မပြောရဲဘဲ လူအုပ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
အခန်းထဲ တိတ်ဆိတ်သွားကာ ရှုယီက သူ့ကို တခြားဘယ်သူမှ မမေးတော့သည်အား တွေ့လိုက်ရသော် လည်ချောင်းကို ရှင်းပြီး ပြောလိုက်၏။ "အားလုံးပဲ တိုက်ပွဲအတွင်း မှော်အမြောက်ရဲ့ သရုပ်ပြမှုကို မြင်ပြီးကြပါပြီ၊ ဒါကြောင့် ခင်ဗျားတို့အရမ်းစိတ်ဝင်စားနေတာ သေချာပေမယ့်လည်း အရေးကြီးတဲ့ ပြဿနာကို လျစ်လျူရှုထားခဲ့မိတာ ဖြစ်နိုင်ပါတယ်။"
အားလုံးက ရှုယီကို သံသယစိတ်နှင့် ကြည့်နေကြသည်။ တခြား ဘာပြဿနာရှိနေသေးတာလဲ?
“ပြဿနာက ကျုပ်တို့ ကုမ္ပဏီကို အမြဲတမ်း ဒုက္ခပေးနေတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့် အကန့်အသတ်ရှိတဲ့ အခြေအနေတွေကြောင့် ကျုပ်တို့ ဖြေရှင်းလို့ မရသေးပါဘူး။ ဒီပြဿနာကြောင့် နိုင်ငံတိုင်းကို စစ်ဘက်ဆိုင်ရာ မှော်စက်တွေ ရောင်းချင်ပေမယ့် အဲဒါကို တကယ်မလုပ်နိုင်သေးဘူး။ ဒီပြဿနာက……” ရှုယီက ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည် “ကျုပ်တို့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုစွမ်းရည်က မလုံလောက်ပါဘူး။”
အားလုံးက အံ့ဩပြီးမှ နားလည်သွားကြသည်။
ဤသည်မှာ ယနေ့ပွဲအတွက် ဖိတ်စာလက်ခံရရှိတုန်းက လူတိုင်းတွေးခဲ့ကြသည့် ပြဿနာတစ်ခုပါပင်။
Frestech ကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေကြီးတွင် အလွန်ကျော်ကြားသော်လည်း အနောက်တောင်ဘက်ထောင့်ရှိ စတက်တိန်းနယ်မြေတွင်ရှိသောကုမ္ပဏီတစ်ခုသာဖြစ်သည်။
အတိုင်းအတာအရ၊ ၎င်းသည် နယ်မြေကြီးရှိ အခြားနာမည်ကြီးကုမ္ပဏီများနှင့် နှိုင်းယှဉ်၍မရပေ။
Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအတိုင်းအတာဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို မည်မျှပင် မတန်တဆ တွက်ဆပါစေ ၎င်းတို့အနေနှင့် ၎င်းတို့၏ အစောင့်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအပြင် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်ကို ထောက်ပံ့ပေးသည်ကပင် ၎င်းတို့အတွက် လုံလောက်နေပြီဖြစ်သည်။ နယ်မြေကြီးပေါ်ရှိ အခြားနိုင်ငံများအားလုံးကို ၎င်းတို့က မည်သို့ပံ့ပိုးပေးနိုင်မည်နည်း။
အကယ်၍ ရှုယီည် ဤအကြောင်းပြချက်ကြောင့် အခြေအနေအချို့ကန့်သတ်ခဲ့ပါက၊ ဤအရာသည် နားလည်နိုင်သည့်အရာပင်။
၎င်းတို့နားလည်သော်လည်း ရှုယီက မည်သို့သော အခြေအနေတွေပေးလာမည်နည်း။
၎င်းက လူတိုင်း ဂရုစိုက်သည့်အရာပင်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၅။ လူတစ်ဦးကို ငါးမြှားဖို့ သင်ပေးပါ
"ကျုပ်အနေနဲ့ အကြံပြုချင်တာက ဒီပြဿနာကို ဖြေရှင်းဖို့ မျှော်လင့်ချက်နဲ့ပါ"
ရှုယီက သူ့ဘာသာ ဆက်တိုက် ပြန်ပြနေသော ပုံရိပ်ယောင်ရုပ်ရှင်ကို လှည့်၍ ညွှန်ပြလာသည်။
"ဒီပုံရိပ်ယောင် ရုပ်ရှင်ဘက် ပြန်လှည့်ရအောင်။ အားလုံးပဲ ခင်ဗျားတို့အားလုံး လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို အနိုင်ယူနိုင်ခဲ့တာဟာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကြောင့် ဆိုတဲ့အကြောင်း သိမယ်လို့ ယုံပါတယ်၊ ဘာလို့ဆို သူတို့ကို စစ်ဘက်သုံးမှော်စက်အရေအတွက်ပမာဏကြီးတစ်ခုတပ်ဆင်ပေးခဲ့လို့ပါ။ ဒါက သူတို့အနေနဲ့ ကိုယ်ပိုင် စစ်ဘက်သုံးမှော်စက်ထုတ်လုပ်နေတဲ့ စခ်တိုင်းပြည်ကနေတဆင့် အလွယ်လေးလှိမ့်ထွက်လာစေနိုင်ပြီး စစ်မြေပြင်မှာ အားသာသွားတယ်။ ဒါပေမယ့် ဘာလို့ လမ်ပူရီတိုင်းပြည်ရဲ့ စစ်ဘက်သုံးမှော်စက်တွေက စခ်တိုင်းပြည်ထက်ပိုကောင်းတယ်ဆိုတာကို သိကြလား?"
"ဥက္ကဋ္ဌ ရှု၊ ကြွားနေစရာ မလိုဘူးဟုတ်လား။ စစ်တပ်သုံးမှော်စက်တွေအကြောင်း မပြောနဲ့ဦး၊ မှော်စက်တွေနဲ့ ပတ်သက်လာရင် Frestech ကုန်သည်ကြီးများအသင်းက သံသယဝင်စရာမလိုကြောင်း လူတိုင်းသိပါတယ်။ အားလုံးပဲ မှန်တယ်မဟုတ်လား?" သံတမန်တစ်ဦးက ရုတ်တရက် ရယ်မောပြီး ပြောလိုက်၏။
အနီးနားရှိလူများ အားလုံးကလည်း သဘောတူကြသည်။
တစ်ချို့လူတွေက ၎င်းကို သံသယဝင်တယ်လို့ ပြောပါလျှင်၊ စခ်တိုင်းပြည်က ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ်မှော်စက်များကို ထုတ်လုပ်လိုက်ကတည်း စစ်ဘက်သုံးမှော်စက်များသည် ထုတ်လုပ်ရန်အလွန်မခက်ခဲကြောင်း သက်သေပြနေခဲ့သည်။ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ မှော်စက်များသည် Frestech ကုန်သည်ကြီးများအသင်းထက် မဆိုးဟု ၎င်းတို့ ထင်ခဲ့ကြသည်။ သို့သော် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်စစ်ပွဲအပြီးတွင် Frestech ကုန်သည်ကြီးများအသင်းကို မည်သူမျှ သံသယမရှိကြတော့ပေ။
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ “အားလုံးကို အရင်စဉ်းစားစေချင်ပါတယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေက တခြားကုမ္ပဏီတွေထက် ပိုကောင်းတာတော့ မဟုတ်ပါဘူး။ ဒါကို လူတိုင်း အလေးအနက်ထား စဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာကပိုကောင်းတယ်ဆိုတာကိုပေါ့။"
လူတိုင်းက မျက်မှောင်ကုပ်ပြီး ခက်ခဲပုံပြလာကြသည်။
"ဥက္ကဋ္ဌ ရှု၊ ဒါက ကျုပ်တို့ကို ခက်ခဲအောင် လုပ်နေတာမဟုတ်ဘူးလား။ ကျုပ်တို့က မှော်စက်တွေအကြောင်း အပြင်ပန်းကို နားလည်ရုံသာရှိတဲ့လူတွေပါ၊ ဘယ်တစ်ခုကပိုကောင်းတယ်ဆိုတာကို ကျွန်တော်တို့ သိနိုင်မှာလဲ?"
"ဟုတ်ပါတယ်၊ ဥက္ကဌ ရှု၊ ကျုပ်တို့ကို မှန်းဆမခိုင်းနေပါနဲ့။ ခင်ဗျားပြောချင်တာကို တိုက်ရိုက်သာပြောပါ၊ ဟုတ်ပြီလား?"
"မှန်ပါတယ်၊ ဥက္ကဋ္ဌ ရှု၊ ခင်ဗျားရဲ့အခြေအနေတွေကို မြန်မြန်ပြောပြပါ။ ခင်ဗျား ပြောနေသရွေ့ လူတိုင်း ဆွေးနွေးလို့ရတယ်။"
……
ရှုယီက အားလုံးကို နှုတ်ဆိတ်နေစေရန် သူ့လက်ကို မြှောက်လိုက်သည်။
“လူတိုင်း နားမလည်တဲ့အတွက်ကြောင့် ဒီအတွက် အဓိက အကြောင်းရင်းကို ပြောပြပါမယ်။”
ရှုယီလှည့်၍ မှော်ပုံရိပ်ယောင်ပရိုဂျက်ကို နှိပ်ပြီး အခြား အခွေသို့ပြောင်းကာ ပြန်စတင်လိုက်သည်။
နောက်ထပ် ပုံရိပ်ယောင်ရုပ်ရှင်သည် လေထဲတွင် ပေါ်လာသဖြင့် အခန်းသည် မှိန်သွားပြီးမှ တောက်ပလာပြန်သည်။
"အားလုံးကြည့်ကြပါ၊ ဒါတွေက မှော်အမြောက် အမျိုးအစား နှစ်မျိုးပါပဲ" ရှုယီက ပုံရိပ်ယောင်ကို ထောက်ပြသည်။
လူတိုင်း ကြည့်လိုက်သော် မှော်အမြောက်နှစ်မျိုး ရှိနေသည်ကို တွေ့လိုက်ရ၏။
အလေးအနက်ထားကြည့်သောအခါတွင် ၎င်းသည် ပုံသဏ္ဍာန်နှင့် အရောင်ကွဲပြားရုံမျှမက အလုံးစုံဖွဲ့စည်းပုံတွင်ပင် ခြားနားမှုရှိသည်ကို တွေ့ရှိခဲ့ကြသည်။
"ညာဘက်မှာရှိတဲ့တစ်ခုက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ထားတဲ့ မှော်အမြောက်ဖြစ်ပြီး မတိုင်ခင်က မိတ်ဆက်ပေးခဲ့တဲ့ ခုနှစ်ဆယ့်ငါးမီလီမီတာ အကွာအဝေးပစ်အမြောက်ဖြစ်ပါတယ်။ နောက်ဆုံး ပုံရိပ်ယောင်ရုပ်ရှင်မှာတုန်းက ခင်ဗျားတို့ သူ့ရဲ့ စွမ်းအားကို မြင်ခဲ့ကြမယ်ထင်ပါတယ်။ ဘယ်ဘက်က မှော်အမြောက်အနေနဲ့ကတော့ စခ်တိုင်းပြည်က သီးသန့်ထုတ်လုပ်ထားတဲ့ တစ်ခုပါ။ ဒါကို စခ်တိုင်းပြည်မှာရှိတဲ့ လမ်ပူရီတိုင်းပြည်စစ်တပ်က ယူပြီး ကျုပ်က နှိုင်းယှဉ်တဲ့အနေနဲ့ သုံးပြထားပါတယ်။"
ရှုယီ၏ ရှင်းပြချက်ကိုကြားသော် လူတိုင်းမှာ ပုံရိပ်ယောင်ကို ခဏကြာအောင် သေချာကြည့်လိုက်မိကြသည်။ သံတမန်တစ်ဦးမှာ မနေနိုင်စွာ ရုတ်တရတ် ပြောလာ၏၊ "ဥက္ကဌရှု၊ ကျုပ်ဘာလို့.... စခ်တိုင်းပြည်ရဲ့ မှော်အမြောက်က အရုပ်ဆိုးတယ်လို့ ခံစားနေရတာပါလိမ့်? ပြီးတော့ အတော်လေးကို ရုပ်ပိုဆိုးနေတယ်...."
အခြားသူများမှာ ထိုလူကို မနေနိုင်စွာကြည့်လာကြပြီး ဤလူမှာ ရှုယီကို မြှောက်ပင့်နေသည်ဟု တွေးမိသည်၊ ဒီလောက်ထိ ပွင့်လင်းပြနေဖို့လိုလို့လား?
၎င်းတို့မှာ သံအပိုင်းအစနှစ်ခုသာဖြစ်ရာ ချောတယ် ရုပ်ဆိုးတယ် ဘယ်မှာရှိမည်နည်း?
၎င်းကိုကြားပြီးနောက် ၎င်းတို့မှာ ပုံရိပ်ယောင်ရှိ မှော်အမြောက်နှစ်ခုကို ပြန်ကြည့်လိုက်သော် စခ်တိုင်းပြည်၏ မှော်အမြောက်မှာ မျက်စိစပါးမွှေးစူးစရာဖြစ်နေသည်ဟု ခံစားမိကြသည်။
ရှုယီက အသာပြုံးလိုက်၏၊ "အတွင်းပိုင်း ဖွဲ့စည်းပုံကို တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်ထားကြောင်း ဂရုမစိုက်ဘဲ အပြင်ပန်းအရဆိုရင် ကျုပ်တို့ ကုမ္ပဏီမှာက ဒါကို တာဝန်ယူထားတဲ့ နတ်သူငယ်အင်ဂျင်နီယာတွေရှိတာမို့ သဘာဝကျကျပဲ ကျုပ်တို့လုပ်ထားတဲ့ မှော်အမြောက်တွေက နည်းနည်းလောက် ကြည့်လို့ပိုကောင်းနေတာဖြစ်မှာပါ"
"အိုး..." လူတိုင်းမှာ ရုတ်တရတ် နားလည်ဟန် ပြလိုက်ကြသည်။
လူတိုင်း၏ တုံ့ပြန်မှုကိုမြင်သော် ရှုယီမှာ မနေနိုင်အောင် ခေါင်းခါမိသည်။
ဤလူများထံ၌ စစ်ဘက်သုံးမှော်စက်များအပေါ် နားလည်နိုင်မှု အလွန်နည်းပါးလေသည်။
မှော်အမြောက်၏ အသွင်ပြင်မှာ ၎င်း၏စွမ်းအားနှင့် မဆက်စပ်ဟု မဆိုနိုင်ပါသော်လည်း ၎င်းတို့ အာရုံစိုက်သည့်နေရာမှာ ထိုနေရာမဖြစ်သင့်ချေ။
"အားလုံးပဲ ခင်ဗျားတို့ အသွင်ပြင်ကို ကြည့်လို့ပြီးရင် အသေးစိတ်တချို့ကို ယှဉ်ကြည့်ကြတာပေါ့။ ပထမဆုံး ဒီနေရာကို ကြည့်ရအောင်....."
ရှုယီမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာထံသွားကာ လက်ညှိုးဖြင့် ပုံရိပ်ယောင်ကိုညွှန်ပြကာ မှော်အမြောက်နှစ်ခု၏ ပြောင်းဝကို ညွှန်လိုက်သည်။
"တည်ဆောက်ပုံအားလုံးထဲမှာ အရေးအကြီးဆုံးအပိုင်းက ပြောင်းဝဖြစ်ပါတယ်။ လူတိုင်းပဲ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြောင်းဝက စခ်တိုင်းပြည်ရဲ့ တစ်ခုထက် အများကြီး ပိုချောမွေ့ပြီး ပိုရှင်းလင်းတာကို မြင်နိုင်ပါတယ်။"
လူတိုင်းမှာ ၎င်းကို အသေအချာကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်ကြ၏။
"အင်း ဒါက တကယ်ကို ဒီလိုပါပဲ။ ဥက္ကဌရှု ဒါက ဘာလို့လဲ ?"
"အကြောင်းရင်းက နှစ်မျိုးရှိပါတယ်။ တစ်ခုက ပစ္စည်းဖြစ်ပြီး ဒုတိယက လက်မှုပညာကြောင့်ပါ။"
ရှုယီမှာ ပြောင်းဝတစ်ခုစီကို ညွှန်ပြလေသည်။
"အားလုံးပဲကြည့်ပါ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်အမြောက်ပြောင်းဝကို မှော်အမြောက်ထုတ်လုပ်ဖို့ အထူးထုတ်ထားတဲ့ C-308 သံမဏိချောင်းနဲ့ လုပ်ထားပါတယ်။ ဒီသတ္တုက အပူ၊ ပွတ်တိုက်ခြင်းနဲ့ သံချေးတက်ခြင်းတို့ကို ခုခံနိုင်စွမ်းမြင့်တာကြောင့် မှော်အမြောက်ဆံပစ်လွှတ်ခြင်းကနေဖြစ်လာတဲ့ ပဲ့ကြွေပျက်စီးမှုအားကောင်းတာကို ခုခံနိုင်ပြီး ပြောင်းဝရဲ့ ခံနိုင်ရည်ကို တိုးစေပါတယ်။"
"စခ်တိုင်းပြည်ရဲ့ မှော်အမြောက်ကျတော့ သာမန်သံကိုပဲ သုံးပြီးထုတ်လုပ်ထားပါတယ်။ ဒါကို သုံးပြီး မှော်အမြောက်ဆံကိုပစ်လွှတ်နိုင်ပေမယ့်လည်း C-308 သံမဏိချောင်းရဲ့ အရည်အသွေးတွေကိုတော့ မယှဉ်နိုင်ပါဘူး။ အားလုံးပဲ ကြည့်ပါဦး၊ စခ်တိုင်းပြည်ရဲ့ မှော်အမြောက်ပြောင်းဝက ပဲ့ကြွေပျက်စီးခြင်း လက္ခဏာတွေကို သိသိသာသာပြသနေတာမို့ ပြောင်းရဲ့ အတွင်းပိုင်းမှာရော ပစ်လွှတ်လိုက်ချိန်ဆို ဘယ်လောက် ပျက်စီးနိုင်မလဲကို စိတ်ကူးလို့တောင်ရနိုင်ပါတယ်။ မျှော်လင့်မထားတဲ့အရာတွေ ဖြစ်မလာခဲ့ရင် ဒီမှော်အမြောက်က အများဆုံး အချက်တစ်ရာလောက်ပစ်ပြီးနောက်မှာ ပျက်စီးသွားလိမ့်မယ်။"
"မဖြစ်နိုင်တာ? ဒီလောက်အားနည်းတယ်လား?" လူတိုင်း အံ့အားသင့်သွားကြသည်။
"ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ အထူးပြုအင်ဂျင်နီယာတွေက ဒီမှော်အမြောက်ကိုစမ်းသပ်ပြီးရလာတဲ့ အကဲဖြတ်မှုဖြစ်တာမို့ မမှားပါဘူး" ရှုယီက အလေးအနက်ဟန်ဖြင့် ဆိုသည်။
လူတိုင်းမှာ အချင်းချင်းကြည့်၍ ၎င်းတို့၏ သံသယများကို ပြန်လည်ထိန်းထားကြသည်။
ရှုယီကသာ “မယုံလျှင် မဝယ်လို့ရတယ်”ဟု ထပ်ပြောလာလျှင် အင်မတန် နေရခက်မည်မဟုတ်ပါလား။
"ဒါက သတ္တုပိုင်း ကွာခြားချက်ပါ။ လက်မှုပညာအပိုင်းမှာဆို ပြောင်းဝရဲ့အပြင်နံရံကို သုံးသပ်ရုံနဲ့တင် စခ်တိုင်းပြည်ရဲ့ မှော်အမြောက် ပြောင်းဝက မညီမျှသလို ပုံမှန်မျက်လုံးနဲ့တောင် မြင်နိုင်ပြီး သိသာတဲ့ အဖုအထစ်တွေရှိနေပါတယ်။ ဒါကနေ စခ်တိုင်းပြည် မှော်အမြောက်ရဲ့ လက်မှုပညာက နှိုင်းယှဉ်ဖို့တောင် ဝေးလွန်းနေတာကို တွေ့နိုင်ပါတယ်။"
မည်သူကမှ ထိုစကားလုံးများကို လုံးဝ မေးခွန်းမထုတ်ကြပေ။
ရှုယီ၏ “လက်မှုပညာ”မှာ အစကတည်းက ၎င်းတို့နားလည်နေသည့် အရာမဟုတ်သောကြောင့်ဖြစ်သည်။
ရှုယီကသာ “လက်မှုပညာ”ကို ပြောမည်ဆိုလျှင် ၎င်းတို့ နားလည်နိုင်ပါသေးသော်လည်း ဤအရာမှာ လက်ဖြင့် လုပ်ထားသည့်အရာမဟုတ်သည်မှာသေချာ၏။
"ပြောင်းရဲ့ လက်မှုပညာချို့တဲ့မှုက မလုံလောက်သေးရင် ဒီနေရာကိုကြည့်လို့ရတယ်။"
ရှုယီက မှော်အမြောက်နှစ်ခု၏ အောက်ခြေများကို ညွှန်ပြလာသည်။
"ဒီနေရာကို ကြည့်,ကြည့်ပါ၊ ဒါက ပြောင်းနဲ့ အောက်ခြေနဲ့ ချိတ်ဆက်ထားတဲ့နေရာပါ။ သူတို့က လုံလောက်အောင်မကြပ်ထားရင် မှော်အမြောက်ဆန်ကို ပစ်လွှတ်တဲ့အချိန်မှာ တိကျမှုကို ပြင်းပြင်းထန်ထန်သက်ရောက်နိုင်ပြီး မှော်အမြောက်ဆန်ကို မပစ်နိုင်သလို ပစ်တဲ့အခါမှာ ပေါက်ကွဲတဲ့အထိပါ ဖြစ်စေနိုင်တယ်။"
လူတိုင်းဟာ ၎င်းကိုကြားသော် ရှုယီ ညွှန်ပြနေသည့် ဦးတည်ဘက်ကို လိုက်ကြည့်လိုက်ကြသည်။
၎င်းကို သေချာကြည့်ပြီးနောက်၌ လူတိုင်းမှာ ချက်ချင်းပင် Frestech ကုန်သည်ကြီးများအသင်း၏ အောက်ခြေကမူ အရာအားလုံးနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်နေပြီး နှစ်ဘက်စလုံးကို ကောင်းစွာထိန်းသိမ်းထားရာ ပြောင်း'အား မှော်အမြောက်၏ အောက်ခြေနှင့် အံဝင်ခွင်ကျဖြစ်နေစေသည်ကို တွေ့လိုက်ရ၏။
စခ်တိုင်းပြည် မှော်အမြောက်၏ အဆက်နေရာ၌မူ လက်ချောင်းများစွာ ထည့်နိုင်လောက်သည်အထိ နေရာလပ်ပင်ရှိနေသည်။ ၎င်းက တစ်ဘက်မှာ တစ်ဘက်ထက်ပိုမြင့်နေသည်အထိပင်။
ထိုအောက်ခြေရှိသည့်အခါ အနှီမှော်အမြောက်မှာ အတန်ငယ် ကွေးညွတ်နေသဖြင့် အနည်းငယ်အရုပ်ဆိုးသလိုခံစားနေရသည်က မထူးဆန်းပေ။
အရေးကြီးဆုံးအရာမှာ ဤသို့သော မှော်အမြောက်ကိုပစ်လွှတ်ချိန်တွင် သေချာပေါက် ခါယမ်းနေပြီး လူများအပေါ် အန္တရာယ်များစေပုံရသည်။
ခဏမျှကြည့်ပြီးနောက် သံတမန်တစ်ဦးက ရှုယီကို မျက်မှောင်ကုပ်၍ မေးလာ၏၊ "ဥက္ကဌရှု ကျုပ်အနေနဲ့ စခ်တိုင်းပြည် မှော်အမြောက်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်အမြောက်ထက် ဆိုးတာကို အကြမ်းဖျင်းနားလည်နိုင်ပါတယ်၊ ဒါပေမယ့် ဒါက ဘယ်လိုလုပ်... ခင်ဗျားဖော်ပြခဲ့တဲ့ အခြေနေတွေနဲ့ ဆက်စပ်နေတာများလဲ?"
အခြားလူများအားလုံး ရှုယီကိုကြည့်လာကြသည်။
ဟုတ်ပါ၏ ရှုယီမှာ တစ်ချိန်လုံး ထိုရောက်တတ်ရာရာများကို ပြောနေခဲ့သော်လည်း ၎င်းက သူ၏ အခြေနေများနှင့် ဆက်စပ်နေပုံမရဘူး မဟုတ်ပါလား?
"ဒါက အရေးကြီးတဲ့ဆက်နွယ်ချက်ရှိပါတယ်" ရှုယီက အလေးအနက်ပြောလိုက်သည်၊ "အားလုံးပဲ ကျုပ် ခင်ဗျားတို့ကို ဖုံးကွယ်မထားပါဘူး၊ စခ်တိုင်းပြည်က ဒီစစ်ဘက်သုံးမှော်စက်တွေကို ထုတ်လုပ်ခဲ့တာဟာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက သူတို့ဆီကို နည်းပညာတချို့ ထုတ်ပြခဲ့တာကြောင့်ပါ။ ဒါက သူတို့ကိုယ်တိုင် ဒီစစ်ဘက်သုံးမှော်စက်တွေ ထုတ်လုပ်တဲ့အထိ ဖြစ်သွားစေခဲ့တယ်။"
"ဟမ်?"
ဤသည်မှာ ၎င်းတို့ ဤအကြောင်းကို ကြားသိရသော ပထမဆုံးအကြိမ်ဖြစ်သဖြင့် မနေနိုင်အောင် အံ့အားသင့်သွားကြသည်။
သို့သော် စဉ်းစားပြီးနောက် ၎င်းမှာ အတော်လေး ကျိုးကြောင်းသင့်သည်ကို တွေ့လိုက်ရ၏။
ထိုသို့သာမဟုတ်လျှင် စခ်တိုင်းပြည်က မည်သို့များ ၎င်းတို့ကိုယ်တိုင် စစ်ဘက်သုံးမှော်စက်ကို ရုတ်တရတ်ကြီး ထုတ်လုပ်လာနိုင်မည်နည်း?
"ဒါပေမယ့် လူတိုင်း ဒီနည်းပညာရဲ့ တစ်စိတ်တစ်ပိုင်းတနဲ့တောင် စခ်တိုင်းပြည်က သူတို့ကိုယ်တိုင် စစ်ဘက်သုံးမှော်စက်တွေကို ဖန်တီးဖို့ အခက်အခဲပေါင်းများစွာနဲ့ ကြိုးစားခဲ့တာကို မြင်နိုင်ပါတယ်။ အဆုံးကျတော့ သူတို့အနေနဲ့ ဖော်ပြဖို့တောင် လုံးဝမထိုက်တန်တဲ့ ဒီလိုနိမ့်ကျတဲ့စစ်ဘက်သုံးမှော်စက်တွေကိုပဲ ထုတ်လုပ်နိုင်ခဲ့တယ်။"
သံတမန်များထံ၌ ထူးထူးဆန်းဆန်းအမူအရာများရှိနေ၏။
၎င်းတို့မှာ နိမ့်ကျသည့် စစ်ဘက်သုံးမှော်စက်များဖြစ်ပါလျှင် ၎င်းတို့နိုင်ငံများ၌ အသုံးဝင်သည်ဟု ယူဆနိုင်သေးသည်။
"ဒီကိစ္စကနေတဆင့် လူတိုင်းကို ပြောချင်တာက ကျုပ်အနေနဲ့ ခင်ဗျားတို့အားလုံးကို အခု စစ်ဘက်သုံးမှော်စက်နည်းပညာ ပေးလိုက်ရင်တောင် ခင်ဗျားတို့အနေနဲ့ ကိုယ်တိုင်ဖန်တီးပြီး ကောင်းမွန်တဲ့ စစ်ဘက်သုံးမှော်စက်ကိုထုတ်လုပ်ဖို့ မဖြစ်နိုင်သေးဘူး။" ရှုယီက ဆိုသည်။
လူအချို့၏ မျက်နှာထက်ရှိ မကျေနပ်သည့်ဟန်များကိုမြင်သော် ရှုယီက အပြုံးဖြင့် ဆက်ပြောသည်၊ "ဒါကို သံသယမဖြစ်ပါနဲ့။ စစ်ဘက်သုံးမှော်စက်ဆိုတာက မှော်စက်နယ်ပယ်ရဲ့ အစိတ်အပိုင်းအသေးစားလေးပဲဖြစ်ပြီး နေရာမှာ နယ်ပယ်ရဲ့စနစ်အပြည့်အဝမရှိဘဲ တိုက်ရိုက် ထုတ်လုပ်ချင်ရင် အဆုံးကျ စခ်တိုင်းပြည်လိုဖြစ်သွားမှာပဲ။ လူအင်အားပမာဏကြီးတစ်ခုကို ရင်းနှီးမြှုပ်နှံပြီး ဘာအသုံးဝင်တဲ့ စစ်ဘက်သုံးမှော်စက်မှမရခဲ့ဘူး။"
ထိုသို့ပြောပြီးနောက် ရှုယီမှာ ပုံရိပ်ယောင်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ မှော်အမြောက်ကို လှည့်ကာညွှန်ပြသည်။
"ဒီမှော်အမြောက်က အရမ်းကိုရိုးရှင်းတဲ့မှော်စက်ဖြစ်ပုံရပေမယ့်လည်း အထဲမှာရှိတဲ့ အစိတ်ပိုင်းအားလုံးက သံမဏိဖြစ်စေ အသေးဆုံးဝက်အူဖြစ်စေ အားလုံးက ပြီးပြည့်စုံတဲ့ စက်မှုစနစ်ကလာတယ်။ ဒီလိုအစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ စွမ်းရည်မရှိဘဲနဲ့ အရည်အသွေးမှီ စစ်ဘက်သုံးမှော်စက်ကို ထုတ်လုပ်တယ်ဆိုတာဟာ အရူးတစ်ယောက်ရဲ့ အိပ်မက်လိုပဲ!"
ရှုယီ၏ စကားလုံးများက ပြင်းထန်၍ တည့်တိုးဆန်သည်။
သံတမန်များမှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် တစ်ယောက်က မေးလာသည်၊ "ဥက္ကဌရှု ခင်ဗျားက... ကျုပ်တို့ကို အရင်ဆုံး ဒီ... ပြီးပြည့်စုံတဲ့ စက်မှုစနစ်ကို အရင်တည်ဆောက်စေချင်နေတာလား?"
"အမှန်ပဲ" ရှုယီက ခေါင်းငြိမ့်သည်။
သံတမန်အားလုံး အံ့ဩသွားကြ၏။
"ဒါပေမယ့်... ဘယ်လိုများ ဒီပြီးပြည့်စုံတဲ့ စက်မှုစနစ်ကို တည်ဆောက်မှာလဲ?"
"ရှင်းပါတယ်။" ရှုယီက အသာပြုံးပြသည်၊ "ခင်ဗျားတို့ ဆန္ဒရှိနေသရွေ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့နိုင်ငံတွေရဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အုတ်မြစ်မှော်စက်မှုစနစ်ကို တည်ထောင်ဖို့ ကူညီနိုင်တယ်။ ပြီးရင် ကျုပ်တို့အနေနဲ့ ဒီစနစ်ကို တည်ထောင်ဖို့ နည်းလမ်းလည်းပေးနိုင်တယ်။ ဒီအုတ်မြစ်ကို တည်ဆောက်ဖို့ ဆန္ဒရှိနေသရွေ့ ခဏေလာက်စောင့်ပြီးတာနဲ့ ကျုပ်တို့ ကုမ္ပဏီက စစ်ဘက်သုံးမှော်စက်တွေကို တည်ဆောက်တဲ့ နည်းလမ်းကို တိုက်ရိုက်ပေးပြီး စစ်ဘက်သုံးမှော်စက်တွေကို အမှီခိုကင်းကင်း တည်ထောင်ခွင့်ပြုမယ်!"
နောက်ဆုံးအပိုင်းကိုကြားသော် သံတမန်အားလုံးမှာ အသက်ပြင်းပြင်းရှူလျက် မျက်လုံးများတောက်ပသွားတော့သည်။
"ဥက္ကရှု ခင်ဗျား... ခင်ဗျားရဲ့ ဆိုလိုရင်းက ခင်ဗျားအနေနဲ့ ကျုပ်တို့ကို စစ်ဘက်သုံးမှော်စက်တွေ တည်ဆောက်နိုင်စေချင်တယ်ပေါ့?"
"ဟုတ်ပါတယ်" ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ကျုပ်တို့ ဇာတိမှာ ဆိုရိုးတစ်ခုရှိတယ်၊ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် သူက တစ်ရက်ပဲစားရမှာ ငါးမြားဖို့သင်ပေးရင် တစ်သက်လုံးစားရမှာတဲ့။ ဒီအဓိပ္ပာယ်က လူတွေကို ငါးပေးမယ့်အစား ဘယ်လိုငါးမြှားရမယ်ဆိုတာကို သင်ပေးဖို့က ပိုကောင်းတယ်တဲ့။ ကျုပ်တို့ ကုမ္ပဏီက ခင်ဗျားတို့ကို ငါးမပေးနိုင်တော့ အဲ့အစား ဘယ်လိုငါးမြှားရမယ်ဆိုတာ တိုက်ရိုက်ဘာလို့ မသင်ပေးရမှာလဲ?"
သံတမန်အားလုံးက ရှုယီကို ပို၍ စိတ်အားထက်သန်သော အကြည့်များဖြင့် ကြည့်လာကြပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၆။ မစောင့်နိုင်တော့ပါ
"ရှုယီ... ရှင့်ရဲ့ အတွေးတွေက တခြားလူတွေနဲ့ မတူတာကို အရင်က ကျွန်မသိပေမယ့်လည်း၊ ဒီတစ်ခေါက်က..." ဆယ်ဗီနီမှာ အသာ မျက်မှောင်ကုပ်ရင်း ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်သည်၊ "ဒါပေမယ့် ဒီတစ်ခေါက်က အရမ်းကွဲပြားလွန်းနေတာ မဟုတ်ဘူးလားလို့?"
"ကျုပ်ကို ဘာလို့ တခြားလူတွေလိုပဲ အရူးလို့ မခေါ်လိုက်တာလဲ?" ရှုယီက လက်ဖြန့်၍ စိတ်သက်သာစွာပြုံးလိုက်သည်၊ "ဘာပဲဖြစ်ဖြစ် ဒါကိုပြောတာ ပထမဆုံးမဟုတ်ပါဘူး။"
"ဟုတ်ပါတယ် ရှင် ကျင့်သားရနေပြီ" ဆယ်ဗီနီက မျက်လုံးလှန်လိုက်ပြီး "ဒါပေမယ့် ကျွန်မ နားမလည်နိုင်သေးဘူး၊ ရှင်ဘာကြောင့် ဒီဆုံးဖြတ်ချက်ကို ချရတာလဲ"
"အရမ်းနားလည်ရခက်လို့လား"
"ဟုတ်ပါတယ် နားလည်ရခက်တယ်!" ရှုယီက မည်မျှ စိတ်အေးလက်အေး ဖြစ်နေသည်ကို ကြည့်ရင်း ဆယ်ဗီနီ အနည်းငယ် စိတ်တိုသွားသည်၊ “စစ်တပ်သုံးမှော်စက်တွေက အရမ်းအရေးကြီးပေမယ့် တခြားနိုင်ငံတွေကို ထုတ်လုပ်တဲ့နည်းလမ်းကို ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ဒါကို ဘယ်လိုနားလည်နိုင်မှာလဲ။ ရှင် အရေးကြီးတယ်ပြောခဲ့တဲ့အရာတွေကို တခြားသူတွေဆီ ပေးကမ်းရတာ ကြိုက်တာလား။ ဒီတခေါက် စစ်တပ်မှော်စက်တွေမို့ ဘိလပ်မြေနဲ့ အိမ်သုံး မှော်စက်အမျိုးမျိုးကိုဆို ပြောစရာ မလိုတော့ဘူး…
ရှုယီသည် ဆယ်ဗီနီ၏ ရုတ်တရက် တုန်လှုပ်ဖွယ် တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့သြသွားရာ သူမကို အံ့သြသော ဟန်ဖြင့် ကြည့်၍ ပြောလိုက်၏၊ "အရင်က ဒါကြောင့် အမြတ်အစွန်း အများဆုံးရတာက ဆယ်ဗီနီ.. ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ပဲ..."
"ဒါကြောင့် ရှင့်ရဲ့အရင်ဆုံးဖြတ်ချက်တွေအတွက် ကျွန်မအရမ်းပျော်တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မ မပျော်ဘူး။" ဆယ်ဗီနီက လေးလေးနက်နက်ဟန်နှင့် ပြောသည်၊ "ဒါ့အပြင် ဒီတစ်ခါတော့ ရှင်ဟာ စစ်ဘက်ဆိုင်ရာ မှော်စက်တွေကို ပေးဖို့ စီစဉ်နေတယ်။ ဒီလိုမလုပ်ခင်မှာ လမ်ပူရီတိုင်းပြည်ရဲ့ရှုထောင့်ကို ရှင်စဉ်းစားပြီးပြီလား၊ ကျွန်မအတွေးတွေကို ရှင်စဉ်းစားပြီးပြီလား။”
ရှုယီက လုံးဝစိတ်ရှုပ်နေသဖြင့် မနေနိုင်စွာ ခေါင်းကို ကုတ်လိုက်မိသည်။
ဆယ်ဗီနီ ပြောပုံက နည်းနည်းတော့ ထူးဆန်းသည်...။
“ဒါက… ဆယ်ဗီနီ၊ ကျုပ်က တခြားနိုင်ငံတွေကို စစ်တပ်မှော်စက်ထုတ်လုပ်ရေးနည်းလမ်းတွေကို ပေးမယ်လို့ ဆုံးဖြတ်ထားပေမယ့် တခြားအခြေအနေတွေကိုလည်း ပေးခဲ့တယ်။ အရင်ဆုံး စက်မှုစနစ်ရှိရမယ်။ ဒီစက်မှုစနစ်ကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အဆင့်သတ်မှတ်မှာပါ။ အဆင့်တစ်ခုစီအလိုက် နည်းပညာနည်းနည်းစီကိုပဲ ပေးသွားမှာ၊ ဒါကို ခင်ဗျားနားလည်လောက်တယ်မဟုတ်လား"
“ဟုတ်ပါတယ် ကျွန်မနားလည်ပါတယ်၊ ဒါပေမယ့် ဒီနည်းက တခြားနိုင်ငံတွေက စစ်ဘက်သုံး မှော်စက်နည်းပညာတွေကို နောက်ဆုံးမှာ ဆုပ်ကိုင်ထားနိုင်ဦးမှာပဲ မဟုတ်လား။ နိုင်ငံငယ်လေးအတွက် ကောင်းပါတယ်၊ ဒါပေမယ့် မားလို အင်ပါယာ ဒါမှမဟုတ် ကန်ဒရာ အင်ပါယာလို အင်ပါယာကြီးတစ်ခုကသာ ဒီနည်းပညာကို ဆုပ်ကိုင်ထားရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ။” ဆယ်ဗီနီက ပြန်မေး၏။
“ဘာမှ သိပ်မရှိပါဘူး။” ရှုယီက ခေါင်းခါလိုက်ပြီး “ဒီစက်မှုစနစ်ကို ထူထောင်ဖို့က သိပ်မလွယ်ပါဘူး၊ ဘယ်သူမဆို သိလောက်မှာပါ။ ဆိုလိုတာက တခြားနိုင်ငံတွေအနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်မယ်ဆိုရင်တောင် စစ်ဘက်သုံးမှော်စက်တွေနဲ့ လမ်ပူရီတိုင်းပြည်ကို ကျော်လွန်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ သူတို့ ခင်ဗျားတို့ကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ဘူး”
"ဟုတ်လား?" ဆယ်ဗီနီက သက်ပြင်းတစ်ချက်ချလိုက်သည်။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူမသည် ခပ်ဖျော့ဖျော့ ပြုံးပြကာ ရှုယီကို ခေါင်းညိတ်ပြသည် ။ "ကောင်းပြီ၊ ရှင့်ရဲ့ရည်မှန်းချက်က မှော်စက်တွေနဲ့ လူတိုင်းရဲ့ဘဝကို တိုးတက်ကောင်းမွန်လာစေပြီး မှော်စက်လုပ်ငန်းနဲ့ နယ်မြေကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ဆိုတာ ကျွန်မသိပါတယ်။ အခုရှင့်ရဲ့နည်းလမ်းက မမှားပါဘူး၊ ဒါပေမယ့် ရှုယီ ဒါက သိပ်ထိရောက်မှုမရှိဘူးဆိုတာ ရှငစဉ်းစားမိလား"
"မထိရောက်ဘူးလား?" ရှုယီ အံ့သြသွားပြီး "ဒါက ဘာကိုဆိုလိုတာလဲ"
“နိုင်ငံတိုင်းက စစ်ဘက်ဆိုင်ရာ မှော်စက်တွေကို အရမ်းစိတ်ဝင်စားကြပြီး နိုင်ငံတော်တော်များများက သူတို့နိုင်ငံတွေမှာ မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးပေးကြပေမယ့်၊ နောက်ဆုံးမှာတော့ နိုင်ငံတစ်ဝက်လောက်က လူအင်အားနဲ့ ရန်ပုံငွေ အလုံအလောက် ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေရင်တောင် တော်ကာကျနေပြီ"
“သူတို့ကို ရွေးချယ်ခွင့် ပေးခဲ့တယ်၊ သူတို့ မလိုလားရင် ဘာမှ မလုပ်လို့ရတယ်” ရှုယီက ပခုံးတွန့်ပြီး လက်ကိုဖြန့်လိုက်သည်၊ "ဒါပေမယ့် သူတို့က နောက် ကျသွားတဲ့အတွက် ကမ္ဘာက ဖယ်ထုတ်လိုက်တာ၊ ကျုပ်ကို အပြစ်တင်လို့်မရဘူး။"
“ဒီလိုဆိုမှတော့ တစ်နိုင်ငံတည်းကို အပြည့်အဝထောက်ခံပြီး နယ်မြေကြီးတစ်ခုလုံးကို စစ်တပ်မှော်စက်တွေရဲ့ စွမ်းအားတွေနဲ့ ဘာကြောင့် မပေါင်းစည်းလိုက်တာလဲ။ ဒါဆို ရှင် မှော်စက်မှုနယ်ပယ်ကို တည်ထောင်နိုင်မှာမဟုတ်ဘူးလား"
ရှုယီက အံ့သြသောအကြည့်ဖြင့် ဆယ်ဗီနီကိုကြည့်ကာ "ခင်ဗျားက ကိုယ့်ကိုကိုယ် ဆိုလိုတာလား?"
ဆယ်ဗီနီက မနေနိုင်စွာ ခေါင်းငြိမ့်လိုက်၏။
"ဟုတ်တယ် ရှုယီ... ကျွန်မတို့ လမ်ပူရီတိုင်းပြည်မှာ ကောင်းမွန်တဲ့ မှော်စက်မှုစနစ်တစ်ခုရှိတော့ ရှင် ကျွန်မတို့ကို အကူအညီတစ်ခုခုပေးဖို့ ဆန္ဒရှိနေသရွေ့ ကျွန်မတို့အနေနဲ့ ပြီးပြည့်စုံတဲ့ မှော်စက်မှုစနစ်ကို တည်ဆောက်နိုင်မှာပဲ။ စစ်ဘက်ဆိုင်ရာ မှော်စက်တွေ များများနဲ့ ပံ့ပိုးပေးမယ်ဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေကို အလွယ်တကူ အနိုင်ယူပြီး အဲဒီနိုင်ငံတွေမှာ မှော်စက်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ အချိန်အလုံအလောက်ရှိရင် နယ်ေမြကြီးတစ်ခုလုံးကို အပြည့်အဝစုစည်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”
ရှုယီသည် ဆယ်ဗီနီကို အနည်းငယ်လေးလေးနက်နက်ကြည့်ကာ မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသည်။
"ဆယ်ဗီနီ၊ ခင်ဗျားက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မပဲ၊ ဒီရာထူးကနေ ဒီအကြံဥာဏ်ရနေတာက သာမာန်ပါပဲ။ ဒါပေမယ့် ဒါကို တကယ်လုပ်ဖို့ စိတ်ကူးထားရင် မားလို အင်ပါယာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မှာ မဟုတ်ဘူးလား။"
"ဒါပေမယ့် ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ မားလို အင်ပါယာရဲ့ ဆက်ဆံရေးက ကျွန်မတို့လောက် မနက်နဲပါဘူး။" ဆယ်ဗီနီက ပြုံးပြီး ပြောလိုက်၏။
"မဟုတ်ဘူး၊ ဆက်ဆံရေးဆိုတာ တည်ဆောက်နိုင်တာမို့ မားလို အင်ပါယာက ကျုပ်တို့နဲ့ဆက်ဆံရေးတည်ဆောက်ဖို့အရမ်းဆန္ဒရှိတယ်ဆိုတာ ကျုပ်ယုံကြည်တယ်။" ရှုယီက ခေါင်းခါလိုက်သည်။
ဆယ်ဗီနီက တစ်ခုခု ပြောချင်နေသေးသည်ကို မြင်သော် ရှုယီက လက်ကို မြှောက်လိုက်ပြီး ဖြတ်ပြောလေသည်၊ "ဆယ်ဗီနီ ၊ ခင်ဗျားရဲ့ စိတ်ကူးတွေကို ကျုပ်နားလည်ပါတယ်၊ ကျုပ်မှာ အရင်က ဒီအကြံရှိခဲ့တယ်......"
"ဒါဆို ရှင်ဘာလို့ လုပ်ချင်စိတ်မရှိတာလဲ" ဆယ်ဗီနီက မနေနိုင်ဘဲ မေးသည်။
"ဘာလို့လဲဆိုတော့ ......ဒါကို အလေးအနက်ထားကြည့်တော့ ဒီနည်းလမ်းရဲ့ စွမ်းဆောင်ရည်က အရမ်းနိမ့်ကျနေတာကိုတွေ့လိုက်ရတယ်။" ရှုယီက လေးနက်စွာဖြင့် ပြောသည်။
"ဘာလို့လဲ?" ဆယ်ဗီနီက ရှုပ်ထွေးနေသည့်အကြည့်ဖြင့် မေးသည်၊ "စစ်ဘက်သုံးမှော်စက်တွေရဲ့ စွမ်းအားနဲ့ ကျွန်မတို့ကို အပြည့်အဝထောက်ခံဖို့ ဆန္ဒရှိနေသရွေ့ စစ်မြေပြင်မှာ ကျွန်မတို့ကို အနိုင်ယူနိုင်တဲ့ နိုင်ငံတစ်ခုမှ မရှိဘူးလေ။"
"ခင်ဗျား အရမ်းအတွေးလွန်နေပြီ......" ရှုယီက ခေါင်းခါသည်၊ "ဆယ်ဗီနီ၊ ခင်ဗျားဟာ လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မပဲ၊ ဒီအကြောင်းကို ဘယ်သူထက်မဆို ပိုရှင်းရှင်းသိသင့်တယ်။ စခ်တိုင်းပြည်ကိုတိုက်တဲ့စစ်ပွဲမှာ ခင်ဗျားတို့ ငွေဘယ်လောက်သုံးခဲ့ရလဲ?"
ဆယ်ဗီနီ အံ့သြသွားသည်။ “ဘဏ္ဍာရေးဌာနရဲ့ အရေအတွက်တွေအရတော့ ရွှေဒင်္ဂါး လေးသန်းနဲ့ခုနစ်သိန်းဝန်းကျင်လောက်"
“ကြည့်လေ၊ တစ်လမပြည့်ဘဲ တိုက်ပွဲကလည်း ချောချောမွေ့မွေ့ဖြစ်သွားတယ်၊ ဒါပေမယ့် ခင်ဗျားတို့ ရွှေဒင်္ဂါး လေးသန်းခုနစ်သိန်းကုန်သွားတယ်။ ပိုကြီးတဲ့အတိုင်းအတာနဲ့ အချိန်ပိုကြာရင် ငွေဘယ်လောက်တောင် သုံးရမှာလဲ" ရှုယီက ဆက်မေး၏။
ဆယ်ဗီနီသည် မျက်မှောင်ကုပ်ပြီး အရှုံးမပေးဘဲ ဆက်ပြောသည်၊ “ဒါပေမယ့် စခ်တိုင်းပြည်ဆီက လုံလောက်တဲ့ လျော်ကြေးငွေတွေ ရတဲ့အပြင် တခြားခံစားခွင့်တွေလည်း ရခဲ့တယ်၊ နောက်ဆုံးမှာ ရွှေဒင်္ဂါး လေးသန်းခုနစ်သိန်းကျော်ထက်ပိုများတာတွေလည်း ပေါင်းထည့်ခဲ့တယ်။ စုစုပေါင်းရင် ကျွန်မတို့က ဒီကနေ ရခဲ့တယ်ဆိုတော့ ဒါက ဘာမကောင်းတာရှိလို့လဲ”
“စခ်တိုင်းပြည် မြို့ခုနစ်မြို့ကို ရတာက ကောင်းတယ်လား။ ရင်းနှီးမြုပ်နှံမှုတွေ ထပ်ထည့်ပြီးရင် အမြတ်ရတယ်လို့ ပြောရဲဦးမှာလား”
ဆယ်ဗီနီက နှုတ်ဆိတ်နေပြီး ခဏအကြာတွင် မေးလေသည်၊ "ရှုယီ ဒီဟာက အခုနက ကျွန်တို့ပြောခဲ့တဲ့ ကိစ္စနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ နားမလည်ဘူး"
"အရမ်းကို သက်ဆိုင်နေတယ်လေ" ရှုယီက လေးနက်သောဟန်ဖြင့် ဆိုသည်၊ “လမ်ပူရီတိုင်းပြည်ရဲ့ လက်ရှိအင်အားနဲ့ စခ်တိုင်းပြည်ကို သိမ်းပိုက်ဖို့ကတောင် ခက်ခဲနေပြီ။ နယ်မြေကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်ရင် …… ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ?"
ဆယ်ဗီနီသည် တစ်ဖန်တိတ်ဆိတ်သွားသည်။
ရှုယီ၏စကားများသည် အလွန်ကျိုးကြောင်းဆီလျော်ကြောင်း သူမ ရှင်းနေပါ၏။
သမိုင်းတွင် စစ်အင်အားဖြင့် သိမ်းပိုက်ခဲ့သော နိုင်ငံများ မရှိခဲ့ခြင်းမဟုတ်သော်လည်း ထိုနိုင်ငံများသည် အမြဲတိုတောင်းပြီး ကြာရှည် မရပ်တည်နိုင်ပေ။
ထို့အပြင် ထိုနိုင်ငံများသည် ထိုကဲ့သို့သော စွမ်းအားမျိုးရရှိရန် မျိုးဆက်များစွာကို နှစ်ရာပေါင်းများစွာ စုဆောင်းခဲ့ရသော်လည်း တစ်ကြိမ်တည်းနှင့် အကုန် မရနိုင်ပေ။
လမ်ပူရီတိုင်းပြည်ကို နှစ်ရာပေါင်းများစွာ တည်ထောင်ထားသော်လည်း ၎င်းတို့သည် အမြဲတမ်းဆင်းရဲပြီး သေးငယ်သောနိုင်ငံဖြစ်သောကြောင့် ၎င်းတို့တွင် ကျောထောက်နောက်ခံ လုံးဝမရှိပေ။
၎င်းတို့တွင် Frestech ကုန်သည်ကြီးများအသင်း၏ အစွမ်းထက်သော စစ်ဘက်ဆိုင်ရာ မှော်စက်များရှိပြီး ၎င်းတို့အား စစ်မြေပြင်တွင် လုံးဝအသာစီးရစေသည့်တိုင် စစ်ပွဲများကို တိုက်ပွဲသက်သက်ဖြင့် ဆုံးဖြတ်ခြင်းမျိုး ဘယ်သောအခါမှ မရနိုင်ပါ။ အရေးအကြီးဆုံးက စစ်မြေပြင်မှာ ဖြစ်ပျက်ခဲ့သည့်အရာတွေပင်။
ဥပမာအားဖြင့်၊ ထောက်ပံ့ပို့ဆောင်ရေး၊ နိုင်ငံရေးဆိုင်ရာ ပတ်ဝန်းကျင် သို့မဟုတ် ......
စစ်ပွဲတစ်ပွဲ သို့မဟုတ် နှစ်ကြိမ်အနိုင်ရရန်က ပြဿနာမဟုတ်သော်လည်း နောက်ထပ်တိုက်ပွဲများကို အနိုင်ရကာ အခြားနိုင်ငံများကို အနိုင်ယူရန်၊ စစ်ရေးမှော်စက်များဖြင့် ဖြေရှင်းရုံနှင့် မရပါချေ။
"ကျွန်မသိပါတယ်…… ကျွန်မတို့ရဲ့ လမ်ပူရီတိုင်းပြည်က တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် သေးငယ်ပြီး အားနည်းတယ်၊ ကျွန်မတို့က ရှင့်ကို မားလို အင်ပါယာလို ထောက်ပံ့မှုမပေးနိုင်ဘူး၊ ဒါပေမယ့် ရှုယီ ရှင်တကယ်မစောင့်နိုင်ဘူးလား" ဆယ်ဗီနီက သက်ပြင်းချကာ ပြောသည်။
ရှုယီသည် ခါးသီးသော အပြုံးကို ထုတ်ပြပြီး စဉ်းစားရန် ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူက ဆယ်ဗီနီရှေ့သို့ ခြေလှမ်းနှစ်လှမ်းလှမ်းပြီး ပခုံးပေါ် လက်တင်ကာ သူပြောသည့်စကားအတိုင်း သူမ၏မျက်လုံးများကို ညာဖက်သို့ကြည့်ကာ ပြောလေသည် “ဆယ်ဗီနီ၊ နယ်မြေကြီးပေါ်မှာ အပြည့်အဝ ထောက်ခံအားပေးမယ့် နိုင်ငံကို ရွေးရမယ်ဆိုရင်တော့ လမ်ပူရီတိုင်းပြည်ကို ကျုပ် သေချာပေါက် ရွေးချယ်မှာပါ။ တခြားဘာမှ မဟုတ်ပါဘူး၊ မင်းက လမ်ပူရီအိမ်တော်ရဲ့ ဘုရင်မမို့လို့ပဲ”
ဆယ်ဗီနီ ၏ မျက်လုံးများသည် မြူအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။
"ဒါဆို ရှင်ဘာလို့ မလုပ်နိုင်တာလဲ....."
"ဒါပေမယ့် ကျုပ်ပြောခဲ့တာက လမ်ပူရီတိုင်းပြည်တစ်ခုတည်းနဲ့ ကျုပ်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာ အရမ်းကြာပြီး ကျုပ်မစောင့်နိုင်တော့ဘူး။ ကျုပ် ခေါင်းဆောင်မှော်ပညာရှင် ဖြစ်သွားရင်တောင်မှ အနှစ်တစ်ရာလောက်ပဲ အသက်ရှင်နိုင်ပြီး အဲဒီထဲက သုံးပုံတစ်ပုံဟာ ကုန်လွန်သွားခဲ့ပြီ။ ကျန်သုံးပုံနှစ်ပုံမှာ၊ ကျုပ်ရဲ့ပန်းတိုင်တွေကို အမြန်ဆုံးရောက်ဖို့ အရာအားလုံးကို ဆုပ်ကိုင်ထားရမယ်။ နားလည်ရဲ့လား…”
ရှုယီ၏မျက်လုံးများ၌ လေးနက်သောအကြည့်နှင့် ရှုယီထံမှ ထွက်ပေါ်လာသော နွေးထွေးသောအသက်ရှုသံကိုမြင်လိုက်ရသောအခါ ဆယ်ဗီနီ၏ မျက်လုံးများသည် မှုန်ဝါးလာသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ ဆယ်ဗီနီက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်။
"ကောင်းပြီ ဒါက ရှင့်ရဲ့ ဆုံးဖြတ်ချက်မို့ ကျွန်မဘာမှ မပြောတော့ဘူး"
“ဒါဆို ဒီနေ့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ ဒီနေ့ ခင်ဗျားရဲ့ စိတ်နေစိတ်ထားက အဆင်မပြေဘူးဆိုတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ကျုပ်အရင်သွားမယ်။" ရှုယီက သူ့လက်ကိုပြန်ဆွဲပြီး ဆယ်ဗီနီကို နှုတ်ဆက်လိုက်၏။
ဆယ်ဗီနီက သူ့ကို မတားဘဲ နောက်ကျောကို ခပ်ကြာကြာကြည့်လိုက်သည်။ သူ ဝေးကွာသွားချိန်၌ အသံတိုးတိုးဖြင့် ရေရွတ်မိ၏။
"အရူး၊ ရှင်မသိဘူးလား? လမ်ပူရီတိုင်းပြည်က ဘယ်လောက် ခိုင်မာတယ်ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး၊ ဒါက ရှင့်အတွက်ရော ကလေးအတွက်ရောပဲ ဟုတ်ပြီလား"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၇။ ဗျူဟာကျကျ ပူးပေါင်းခြင်း
ရှုယီမှ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ပြုလုပ်ခဲ့သော ကြေညာချက်မှာ နယ်မြေကြီးရှိ နိုင်ငံတိုင်းကို မြန်နိုင်သမျှ မြန်မြန် ပျံ့နှံ့သွားပါ၏။
တစ်လအတွင်း လမ်းကြောင်းမျိုးစုံမှ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုကြောင်း ဖော်ပြလာသည့် ကုမ္ပဏီအကြီးအသေး သုံးဆယ့်ငါးခုရှိပြီး Frestech ကုန်သည်ကြီးများအသင်းလိုချင်သည့် စံပြု မှော်စက်မှုစနစ်ကို တည်ထောင်ချင်ကြလေသည်။
အဆိုပါနိုင်ငံများအတွက် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးကျေးဇူးများသာရှိခဲ့ပါသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ထိုနိုင်ငံများတွင် ဤစနစ်ကို ချမှတ်ရာတွင် ထိုနိုင်ငံများ၌ အခြေခံအကျဆုံး စက်မှုပြုပြင်ပြောင်းလဲမှုများကို ပြီးမြောက်အောင် ကူညီမည်ဟု ကတိပြုထားသောကြောင့်ဖြစ်သည်။ ယင်းတို့အနက် အရေးကြီးဆုံးမှာ စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် စံတစ်ခုပေးထားပြီး ယင်းမှာ ၎င်းတို့သည် စိုက်ပျိုးရေးထွက်ကုန်များ ပြန်လည်ရယူရန်၊ ရိတ်သိမ်းရန်နှင့် စီမံဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးမှော်စက်များကို အသုံးပြုမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ လရိပ်ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ထားသော အဆိုပါနိုင်ငံများတွင် ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ရန်အတွက် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ဤသည်မှာ စိုင်စ်နယ်မြေကြီးရှိ မည်သည့်နိုင်ငံမှ မခုခံနိုင်သော ဆွဲဆောင်မှုဖြစ်သည်။
နယ်မြေကြီးပေါ်တွင် စပါးအထွက်နှုန်းနည်းခြင်းကြောင့် နိုင်ငံသူနိုင်ငံသားအားလုံး၏ ဝမ်းစာကို ဖြည့်တင်းနိုင်စေခြင်းကပင် အံ့ဩဖွယ်နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို သိရှိထားရမည်ဖြစ်သည်။
ယခုခေတ်လို တည်ငြိမ်သည့် နယ်မြေကြီးတွင်တောင်မှ နိုင်ငံ ထက်ဝက်ကျော်တွင် နှစ်စဉ် လူများ ငတ်ပြတ်နေကြသေးသည်။
ယခု Frestech ကုန်သည်ကြီးများအသင်းသည် လူတိုင်းကို ကျွေးမွေးနိုင်သည့် စွမ်းရည်ရှိသောကြောင့် နိုင်ငံအားလုံးက ကြိုဆိုကြသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ယင်းကိုအခြေခံ၍ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများစွာရှိခဲ့သည်။
ဟုတ်ပါ၏၊ နိုင်ငံတိုင်းက ဤအခြေခံအခြေအနေတွေကို ဖြည့်ဆည်းပေးနိုင်သည်တော့ မဟုတ်ပါချေ။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် Frestech ကုန်သည်ကြီးများအသင်းက ၎င်းနိုင်ငံများအပြင် အခြားနိုင်ငံတွေအတွက် အစီအစဉ်တွေ ချထားသေးသည်။
ဥပမာအားဖြင့်၊ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုသော ပထမအသုတ်တွင် ဝင်းနက်စ်နယ်မြေဟုခေါ်သော ပင်လယ်အနီးရှိ ကန်ဒရာအင်ပါယာ၏ အရှေ့တောင်ဘက်မှ နိုင်ငံငယ်တစ်ခုရှိသည်။
ဤနိုင်ငံသည် အမျိုးမျိုးသော အပူပိုင်းမိုးသစ်တောများနှင့် မြစ်များ ပြည့်နှက်နေသောကြောင့် ဝင်းနက်စ်နယ်မြေတွင် စိုက်ပျိုးနိုင်သောမြေ များများစားစားမရှိပေ။
တောထဲရှိ ကြွယ်ဝသော အသီးအရွက်များနှင့် သားကောင်များအပြင် ရေကန်အတွင်းရှိ ငါးများကို သာ မှီခိုနေရသော်လည်း ဝင်းနက်စ်နယ်မြေမှလူများသည် မိမိတို့ကိုယ်မိမိ ကျွေးထားနိုင်ရန် စိတ်ပူစရာမလိုပေ။ ၎င်းတို့၏လူနေမှုဘ၀ကို တိုးတက်အောင်လုပ်ဖို့ နည်းလမ်းမရှိသောကြောင့်သာ Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီကို ရှာခဲ့ကြ၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များဖြင့် ပြောင်းလဲမည်ဟု မျှော်လင့်ခဲ့ကြသည်။
ဤအခြေအနေတွင်၊ Frestech ကုန်သည်ကြီးများအသင်းမှ ဝင်းနက်စ်နယ်မြေအား ကနဦးအစီအစဉ်ကို ပေးခဲ့သည်။ ၎င်းတို့သည် မိုးသစ်တောထဲတွင် လမ်းကြောင်းတစ်ခုကိုဖြတ်ရန် မှော်သစ်တုံးဖြတ်စက်များကို ပထမဆုံးအသုံးပြုပြီး လမ်းငါးလမ်းကိုလည်း ဖောက်လုပ်ထားမည်ဖြစ်သည်။၎င်းတို့သည် ဝင်းနက်စ်ဪ၏သစ်ခွဲသားနှင့် ရေအရင်းအမြစ်များကို တောင်ပိုင်းပင်လယ်တွင် ဆိပ်ကမ်းတစ်ခုဖန်တီးကာ ပင်လယ်ပြင်ရှိ သယံဇာတများကို အခြားနိုင်ငံများသို့ သယ်ယူရောင်းချနိုင်စေမည်ဖြစ်သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် သစ်ခုတ်သည့်နေရာ သုံးခု၊ မြစ်ဆိပ်ကမ်း ခြောက်ခုနှင့် ပင်လယ် ဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် မြစ်ငယ် မှော်သင်္ဘောနှစ်ဆယ်နှင့် သယ်ယူပို့ဆောင်ရေး မှော်ကားအစီးငါးဆယ်ကို ထောက်ပံ့ပေးကာ ကုန်းကြောင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ပေါင်းစည်း၍ ဝင်းနက်စ်နယ်မြေတွင် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ပေးမည်ဖြစ်သည်။
ဤသည်မှာ စိုက်ပျိုးရေးစက်မှုလုပ်ငန်းမှခြားနား၍ ဝင်းနက်စ်နယ်မြေအား အဆိုပြုခဲ့သော အခြေခံစက်မှုတည်ဆောက်ပုံအစီအစဉ်ဖြစ်သည်။
ဝင်းနက်စ်နယ်မြေသည် ဤအစီအစဥ်အား အလွန်သဘောတူပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် ၎င်းတို့၏ ပထမဆုံး ညှိနှိုင်းမှုအပြီးတွင် Frestech ကုန်သည်ကြီးများအသင်းဝန်ထမ်းများကို ချက်ချင်းလာရောက်ရန် ဖိတ်ကြားခဲ့သည်။
ဝင်းနက်စ်နယ်မြေသည် စတက်တိန်းနယ်မြေထက် အနည်းငယ်ပိုကြီးသောကြောင့် ၎င်းတို့၏ အပြုသဘောဆောင်သောသဘောထားမှာ မမျှော်လင့်ထားသည့်အရာပင်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ပထမဆုံးနိုင်ငံဖြစ်လာနိုင်ဖွယ်ရှိသည်။
ဟုတ်ပါ၏၊ နိုင်ငံတိုင်းက ထိုသို့ အပြုသဘောမဆောင်ကြပါချေ။
ဆက်သွယ်မှု အကန့်အသတ်ရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် စစ်ဘက်မှော်စက်များအကြောင်း မသိခဲ့ကြသော နိုင်ငံများအပြင် နယ်မြေကြီး၏ အကြီးဆုံးအင်ပါယာဖြစ်ကြသည့် မားလို အင်ပါယာနှင့် ကန်ဒရာ အင်ပါယာတို့ကလည်း ဤအစီအစဥ်နှင့်ပတ်သက်၍ အပြုသဘောမဆောင်ကြပေ။
Frestech ကုန်သည်ကြီးများအသင်းမှ ဤအစီအစဥ်ကို အဆိုပြုသောအခါ၊ ၎င်းကို Frestech ကုန်သည်ကြီးများအသင်းမှ အဓိက ဦးဆောင်ပြီး အခြားနိုင်ငံများမှ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရုံဖြစ်သည်။ ဤသည်မှာ အင်ပါယာနှစ်ခု၏ လက်မခံနိုင်သောအရာဖြစ်သည်။
နယ်မြေကြီးရှိ အကြီးဆုံးအင်ပါယာကြီးနှစ်ခုအနေဖြင့် ကုမ္ပဏီငယ်တစ်ခုကို ၎င်းတို့အတွက် အစီအစဉ်များ မည်သို့ပြုလုပ်ခွင့်ပြုနိုင်မည်နည်း။ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မည်ဆိုပါလျှင်တောင် ၎င်းတို့မှာ ဦးဆောင်မည့် အာဏာရှိသင့်ပါ၏။
သို့သော် ၎င်းတို့က စစ်တပ်သုံးမှော်စက်တွေကို စိတ်မဝင်စားဘူးလို့ မဆိုလိုပါချေ။ Frestech ကုန်သည်ကြီးများအသင်းမှ ဤအစီအစဉ်ကိုကြေညာပြီးနောက်တွင် အင်ပါယာနှစ်ခုသည် Frestech ကုန်သည်ကြီးများအသင်းကို လျှို့ဝှက်ဆက်သွယ်ရန်လူများကိုစေလွှတ်ခဲ့သည်။
ဤပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်ခံရန် မစီစဉ်ထားသော်လည်း အင်ပါယာနှစ်ခုက Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်မှော်စက်များကို မြင့်မားသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း ဖော်ပြခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် စစ်ဘက်သုံးမှော်စက်များအပြင် အခြားသော မှော်စက်များအပေါ် အခွန်လျှော့ချကာ အခြားအကျိုးခံစားခွင့်များကိုလည်း ပေးဆောင်မည်ဖြစ်သည်။
ထိုမှတစ်ပါး အင်ပါယာနှစ်ခုသည် စစ်ဘက်သုံးမှော်စက်များထုတ်လုပ်ရန် အလွန်စိတ်ဝင်စားခဲ့ကြရာ ယင်းနည်းပညာကို Frestech ကုန်သည်ကြီးများအသင်းမှ ဤနည်းပညာကို ၎င်းတို့ထံလွှဲပြောင်းပေးလျှင် အခကြေးငွေပေးနိုင်သည်ဟု ဆိုကြသည်။
Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့အား တိုက်ရိုက် ငြင်းပယ်ခြင်း မရှိသော်လည်း အချိန်ဆွဲသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ ၎င်းတို့သည် အင်ပါယာနှစ်ခုအား စစ်မှော်စက်များကို ရောင်းချနိုင်သော်လည်း ၎င်းတို့၏ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည့် ထုတ်လုပ်နိုင်စွမ်း မလုံလောက်ကြောင်း ညွှန်ပြခဲ့သည်။
အင်ပါယာနှစ်ခုသည် ဤကိစ္စအတွက် အားကိုးရာမဲ့ဖြစ်နေပြီး လက်ခံရန် အတင်းအကြပ်လုပ်ခဲ့သည်။
သို့ပေမယ့် ဤအဖြစ်အပျက်၏ လွှမ်းမိုးမှုကြောင့် အင်ပါယာနှစ်ခုက ၎င်းတို့၏ ပြည်တွင်းစျေးကွက်ကို Frestech ကုန်သည်ကြီးများအသင်းထံ ပိုမိုဖွင့်လှစ်ပြီး ပိုမိုအကျိုးရှိသည့် အခြေအနေတွေကို ပေးခဲ့ပါ၏။
မားလိုအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်သောကြောင့် ယခု ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့နိုင်ငံ၌ မှော်စက် စက်ရုံများ ရင်းနှီးမြှုပ်နှံရန် ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ဖို့ရာ ဤအချက်ကို အခွင့်ကောင်းယူခဲ့သည်။
၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွင် ၎င်းတို့ မပါဝင်ခဲ့သော်လည်း၊ မားလို အင်ပါယာ၏ ကြီးမားသော စွမ်းအားဖြင့် ဤဖွံ့ဖြိုးတိုးတက်မှုမျိုးသည် မှော်စက်မှုစနစ်ကို တည်ဆောက်နေဆဲသာဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် အဆင်မပြေသောဆက်ဆံရေးရှိသည့် ကန်ဒရာ အင်ပါယာအတွက်မူ ၎င်းတို့သည် မားလို အင်ပါယာကဲ့သို့ တိုက်ရိုက်မဟုတ်ပေ။
သို့သော် ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း မဖိတ်ကြားဘူးဆိုပါလျှင်တောင် ကန့်သတ်ချက်တချို့ကို လျှို့ဝှက်ဖော်ပြထားဆဲပင်။
အထင်ရှားဆုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ ဆောင်မှုများနှင့် ကန်ဒရာအင်ပါယာအတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ စစ်ဆေးခံရခြင်းမှာ အားနည်းသွားခြင်း ဖြစ်သည်။ ၎င်းတို့မှာ အရင်ကလောက် မတင်းကျပ်တော့ပေ။
Frestech ကုန်သည်ကြီးများအသင်းသည် ဤအပြောင်းအလဲကို သဘာဝအတိုင်း ကြိုဆိုပါ၏၊ ထို့ကြောင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အပြင်းအထန် မြှင့်တင်ကာ အင်ပါယာနှစ်ခုကို တတ်နိုင်သမျှ ဆက်သွယ်ကာ အင်ပါယာနှစ်ခုထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့အကြား စစ်ပွဲ၏ လွှမ်းမိုးမှုကို အသုံးပြုပြီး နယ်မြေကြီးအပေါ် ၎င်းတို့၏ကိုယ်ပိုင်သြဇာကို ချဲ့ထွင်ဖို့ စီစဉ်နေချိန်တွင် မှော်ပညာရှင်များအဖွဲ့အစည်းက ရုတ်တရက်ပေါ်ထွက်လာ၏။
အောက်တိုဘာလသို့ ရောက်သောအခါ၊ နိုင်ငံတစ်ခုစီရှိ မှော်ပညာရှင်များအဖွဲ့အစည်းသို့ ပေးပို့လာသော မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်မှ ကြေညာချက်တစ်ခုရှိသည်။
ဤကြေညာချက်သည် ယခင်က ၎င်းတို့ထုတ်ပြန်ခဲ့သော ကြေညာချက်များနှင့် မတူဘဲ၊ ၎င်းတို့သည် လူတိုင်းသိစေလိုသော မှော်ပညာရှင်များအဖွဲ့အစည်းထံမှ ရှင်းလင်းသည့်အမိန့်များဖြစ်သည်။
ဤကြေညာချက်၏ အကြောင်းအရာသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင်များအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဖုံးကွယ်ထားသောအချက်အလက်များရှိကြောင်း ကြေညာထားသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မှော်ပညာရှင်များအဖွဲ့အစည်းက လိုချင်သည့်အရာကို မကူညီချင်ဟု ဆိုလိုခြင်းဖြစ်သည်။
၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများအရ Frestech ကုန်သည်ကြီးများအသင်း၏ Frestech ကျောင်းတော်မှ သင်ရိုးညွှန်းတမ်းသည် မှော်ပညာနှင့် မသက်ဆိုင်သောကြောင့် အဆင့်နိမ့်မှော်ပညာရှင်များအား မှော်ပညာ ဘာသာရပ်ကို ပိုမိုလေ့လာရန် မကူညီနိုင်ပေ။ ယင်းအစား ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ လမ်းညွှန်မှုအောက်တွင် မှော်ပညာနှင့် မသက်ဆိုင်သော အရာတစ်ခုကို လေ့လာရန် အတင်းအကျပ် ခိုင်းစေခြင်းခံခဲ့ရသည်။
၎င်းသည် Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်ပညာရှင်များအဖွဲ့အစည်းမှ ချုပ်ဆိုထားသောသဘောတူညီချက်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သောကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းမှ Frestech ကုန်သည်ကြီးများအသင်းကို ရုတ်သိမ်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ မှော်ပညာရှင်များအဖွဲ့အစည်းထံ အချက်အလက်များကို ဖုံးကွယ်ထားပြီး အဆင့်နိမ့်မှော်ပညာရှင်များ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် Frestech ကုန်သည်ကြီးများအသင်းအား စောင့်ကြည့်ခံ ကုမ္ပဏီတစ်ခုအဖြစ် စာရင်းသွင်းမည်ဖြစ်ပြီး မှော်ပညာရှင်အားလုံးကိုလည်း သတိထားရန် သတိပေးထားသည်။
ထိုကြေညာချက်ထွက်လာပြီးသည်နှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့၏။
မကြာသေးမီက မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ၎င်းသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်းသည် စိုင်စ်နယ်မြေကြီးတွင် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့ပြီး နှစ်ထောင်ပေါင်းများစွာကြာအောင် ဆင်းသက်လာခြင်းဖြစ်သောကြောင့် ၎င်းသည် အမြဲတစေ ဂုဏ်သိက္ခာမြင့်မားသောအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့သည်။
ယခုတော့ မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်က ရုတ်တရက် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်နှင့် မသိသူများက မှော်ပညာရှင်များအဖွဲ့အစည်းကို ယုံကြည်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ရှုံ့ချကြလိမ့်မည်။
နောက်ဆုံးတွင်၊ လူအများစု၏စိတ်ထဲ၌ ကုန်သည်များသည် မိုက်မဲသူများဖြစ်သည်။
သို့သော် အဖြစ်မှန်ကို သိသောသူများ၏အမြင်တွင်၊ Frestech ကုန်သည်ကြီးများအသင်းကို ရှုတ်ချသည့် မှော်ပညာရှင်များအဖွဲ့အစည်း၏ ကြေညာချက်သည် ၎င်းတို့ကို အေးစက်စက်ရယ်မောစေသည့် အရာဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်း၏ကြေညာချက်သည် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည် နှင့် စတက်တိန်းနယ်မြေတို့သို့လည်း ရောက်ရှိသွားသော်ငြား ထိုနိုင်ငံများရှိ မှော်ပညာရှင်များအဖွဲ့အစည်းဌာနခွဲများသည် အခြားမည်သည့်လုပ်ဆောင်ချက်ကိုမျှ လုပ်ဆောင်ခြင်းမရှိပေ။
စတက်တိန်းနယ်မြေ မှော်ပညာရှင်များအဖွဲ့အစည်းဌာနခွဲကိုမူ ဖော်ပြရန်ပင် မလိုအပ်ချေ။ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းကမူ "အန်ဗီမာတိုင်းမ်စ်" နှင့် "လမ်ပူရီအပတ်စဉ်" တို့တွင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် နှစ်ပေါင်းများစွာ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြကာ၊ လမ်ပူရီဘုရင့်နိုင်င့၏ အဆင့်နိမ့်မှော်ပညာရှင်များအတွက် ငွေများစွာ ရင်းနှီးမြုပ်နှံခဲ့ပြီး ၎င်းတို့ကို အများအပြားကို အကျိုးပြုခဲ့ကြောင်း ကြေညာလိုက်သည်။
လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအတွက် Frestech ကုန်သည်ကြီးများအသင်းသည် အတိုင်းအတာတစ်ခုအထိ ပံ့ပိုးကူညီမှုတစ်ခုရှိထားသည်။
အခြားသူများအတွက်မူ ဤကြေညာချက်သည် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ကို သိသာစွာ ဆန့်ကျင်နေပုံရသည်။
သို့သော်၊ အမှန်တကယ်ဆုံးဖြတ်ချက်ချခဲ့သည့်အရာမှာ လမ်ပူရီတိုင်းပြည်၏ ဌာနခွဲအပါအဝင် မှော်ပညာရှင်များအဖွဲ့အစည်းဌာနခွဲများ၏ ပံ့ပိုးမှုမဟုတ်ပေ။ ယင်းအစား ၎င်းသည် ဤဖြစ်ရပ်တွင် အဓိကကျသော လူများဖြစ်သည့် အဆင့်နိမ့်မှော်ပညာရှင်များပေါ်တွင် မူတည်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၈။ Frestech ကုန်သည်ကြီးများအသင်း အလုပ်သမားများ
အဆင့်မြင့်မှော်ပညာရှင်များမှာ မှော်သုတေသနဌာန၏ မဏ္ဍိုင်ဖြစ်ကြကာ Frestech ကုန်သည်ကြီးများအသင်းအတွက် မှော်ပညာတိုးတက်ရေး၏ အဓိကတာဝန်ကို ကိုင်ဆောင်ထားကြသော်လည်း ဤကုမ္ပဏီကြီး၏ မဏ္ဍိုင်အစစ်အမှန်မှာ တကယ်တမ်း အဆင့်နိမ့် မှော်ပညာရှင်များဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်သမားအပိုင်းမှာ အတော်ရှင်းလင်းသည်။ အဆင့်မြင့်မှော်ပညာရှင်များက မှော်သုတေသနဌာနကိုဝင်ရောက်ကာ အဆင့်တက်ရန်ခက်နေသည့် သို့မဟုတ် အဆင့်တက်ရန်ပြင်နေဆဲ အဆင့်နိမ့်မှော်ပညာရှင်များက အဆင့်နိမ့်တာဝန်များကို ထမ်းရသည်။ ၎င်းတို့သာ မှော်စက်များကို စွမ်းအားပေးသည့် မဏ္ဍိုင်ကို မှော်အစီအရင်များကို ဆွဲသားရသည်။
ဤအလုပ်၌ ၎င်းတို့မရှိလျှင် မှော်စက်များ လုံးဝရွေ့လျားနိုင်မည် မဟုတ်ပါ။
ထို့အပြင် ဤအပိုင်းသည် ရိုးရှင်းပုံပေါက်သော်လည်း လူတိုင်းကို လိုအပ်ပါသည်။
Frestech ကုန်သည်ကြီးများအသင်းတွင် မှော်ပညာရှင် ငါးထောင်ကျော်ရှိပြီး ၎င်းတို့အနက် ခုနစ်ရာခန့်သာ မှော်သုတေသနဌာနတွင် အလုပ်လုပ်ကြသည်။ ကျန်သည့် အလုပ်သမား လေးထောင်ကျော်မှာ မှော်အစီအရင်ရေးဆွဲရာ၌ ပါဝင်ပါ၏။
အကယ်၍ ၎င်းတို့သာ ဤမှော်ပညာရှင်များကို ဆုံးရှုံးခဲ့ရပါက Frestech ကုန်သည်ကြီးများအသင်းသည် လေဖြတ်သွားသည်ဟု ယူဆနိုင်ပြီး ဆက်လက်လည်ပတ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် သာမန်အလုပ်သမားများကို ခေါ်ယူအစားထိုးနိုင်သော်လည်း မှော်ပညာရှင်များကမူ ရှားပါးသောကြောင့် ၎င်းတို့အား အစားထိုးရန် အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် ဤမှော်ပညာရှင်များကို မှော်သုတေသနဌာန၏ မှော်ပညာရှင်များလောက် အရေးမကြီးသလို မဆက်ဆံခဲ့ပေ။
မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်သည် Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်နိမ့်မှော်ပညာရှင်များကို ပစ်မှတ်ထားပြီး Frestech ကုန်သည်ကြီးများအသင်း၏ မဟာဗျူဟာမြောက်သော အစိတ်အပိုင်းကို ရည်မှန်းထားသောကြောင့် အတော်လေး ရိုင်းစိုင်းလှသည်။
မှော်ပညာရှင်များအဖွဲ့အစည်း ပြောပြီးကတည်းက Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်နိမ့်မှော်ပညာရှင်များမှာ အဆင်မပြေဖြစ်ကြပြီး အများစုက Frestech ကုန်သည်ကြီးများအသင်းမှ ထွက်သွားလိမ့်မည်လို့ လူတော်တော်များများက မျှော်လင့်ခဲ့ကြပါ၏။
မမျှော်လင့်ထားသည့်အရာ ဘာမှမဖြစ်ခဲ့ပါလျှင် Frestech ကုန်သည်ကြီးများအသင်းဟာ အကြီးအကျယ် ပရမ်းပတာ ဖြစ်သွားလိမ့်မည်။
သို့သော် အဖြစ်မှန်က လူတိုင်းကို အံ့သြသွားစေ၏။
မှော်ပညာရှင်များအဖွဲ့အစည်းမှ ဤကြေညာချက်ကိုထုတ်ပြန်ပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းသည်၎င်းတို့ကို လုံးဝထိခိုက်မှုမရှိသကဲ့သို့ပြုမူခဲ့ပြီး အရာအားလုံးပုံမှန်ဖြစ်နေသည်။
အဆင့်နိမ့်မှော်ပညာရှင်များ နုတ်မထွက်သည့်အကြောင်းကို ပြောရန်ပင်မလိုပေ။
ဤအခြေအနေသည် မရေမတွက်နိုင်သော လူများကို သံသယဖြစ်စေခဲ့သည်။
စိုင်စ်နယ်မြေကြီးရှိ မှော်ပညာရှင်များအဖွဲ့အစည်း မြင့်မြတ်သော ရာထူးကြောင့် ၎င်းတို့အထဲမှ မှော်ပညာရှင်များ၏ ဂုဏ်ဒြပ်ဖြင့် စကားပြောဆိုသောအခါတွင် ဂုဏ်အရှိဆုံး ခေါင်းဆောင်မှော်ပညာရှင်များကပင် ၎င်းတို့ကို လေးစားကြမည်ဖြစ်သည်။ အဆင့်နိမ့်မှော်ပညာရှင်များဆိုလျှင် ပြောရန်ပင် မလိုပေ။
လူတိုင်း မျှော်လင့်ထားသည့်အရာကို အခြေခံရသော် မှော်ပညာရှင်များအဖွဲ့အစည်းမှ ၎င်းတို့၏အမိန့်ချမှတ်ပြီးနောက်၊ အဆင့်နိမ့်မှော်ပညာရှင်များအားလုံးကို Frestech ကုန်သည်ကြီးများအသင်းမှထွက်ခွာခဲ့ပြီး၊ သုတေသနဌာနမှ အဆင့်မြင့်မှော်ပညာရှင်များသည်ပင် နုတ်ထွက်ကြမည်ဟု ထင်ထားကြသည်။
မဟုတ်ပါက ၎င်းတို့မှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ အမိန့်ကို ဆန့်ကျင်ရာကျသည်။
ထိုသို့သော သံသယများဖြင့် လူအချို့သည် စတက်တိန်းနယ်မြေထံ တိတ်တဆိတ် ရောက်လာကြသည်။
…..
Frestech ကုန်သည်ကြီးများအသင်း၏ မကြာသေးမီက လျင်မြန်စွာ တိုးတက်မှုနှင့်အတူ၊ ၎င်းတို့၏ အဓိက အခြေစိုက်စခန်းအား ဆက်လက် တိုးချဲ့လာခဲ့သည်။
ရှုယီ၏ ယခင်ပုဂ္ဂလိကပိုင်နက်ကို အဓိကအားဖြင့် စက်မှုခရိုင်မှ လွှမ်းခြုံထားပြီး လူနေနယ်မြေအပိုင်းကို လွန်ခဲ့သော ၂ နှစ်ကပင် ပြောင်းရွှေ့ခဲ့သည်။ ကြွယ်ဝခြင်းမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ဆောက်ထားသော ပိုမိုကြီးမားသည့် လူနေမှုနယ်မြေအသစ်တစ်ခုရှိပြီး ရှုယီ၏ ယခင်ပုဂ္ဂလိကပိုင်နက်ကို အဓိကအားဖြင့် ဖုံးအုပ်ထားသော စက်မှုဖြန့်ဖြူးရေးမှခွဲထုတ်ထားသည်။
ဤလူနေနယ်မြေတွင် Frestech ကုန်သည်ကြီးများအသင်း၏ ၀န်ထမ်းတစ်သိန်းကျော်နေထိုင်သည်။ စုစုပေါင်း ဧရိယာသည် ဟက်တာ နှစ်သောင်းကျော် ရှိပြီး ၎င်းသည် မရေမတွက်နိုင်သော ကြီးမားသည့် မြို့ကြီးများကိုပင် ကျော်လွန်နေသည်။
မြောက်ဘက်ပိုကျသော Frestech မြို့တော်နှင့် နှိုင်းယှဉ်ပါက ဤနေရာတွင် နေထိုင်သူ ပိုများသော်လည်း မှော်စက်များ မနည်းပေ။ အမျိုးမျိုးသော အခြေခံအဆောက်အဦများကို စုံလင်စွာတည်ဆောက်ထားသလို နေ့စဉ်သုံးပစ္စည်းများလည်း လုံလောက်ကာ ဈေးချိုသဖြသ့် ပြဿနာမရှိပါပေ။
ဤနေရာ၌နေရသည်က အတော်အဆင်ပြေသည်ဟု ယူဆလို့ရပါ၏။
ဤနေရာတွင်နေထိုင်သောလူများသည် Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများဖြစ်သောကြောင့်၊ ၎င်းတို့သည် မတူညီသောရာထူးများကို ထမ်းဆောင်ကြပြီး နေထိုင်သောနေရာမှာ အသီးသီး ခွဲခြားထားသည်။
ကြွယ်ဝခြင်းမြစ်အနီး အနောက်မြောက်ပိုင်းတွင် အဓိကနေထိုင်ကြသော လူများသည် မှော်အစီအရင်များဆွဲရန် တာဝန်ရှိသော အဆင့်နိမ့်မှော်ပညာရှင်များဖြစ်သည်။
မှော်သုတေသနဌာနတွင် အချိန်အများစုကို အချိန်ဖြုန်းနေကြသော မှော်သုတေသနဌာန၏ လူရာပေါင်းများစွာနှင့် နှိုင်းယှဉ်ပါက ၊ ဤလူများထဲ အမြင့်ဆုံးမှာ တတိယအဆင့် မှော်ပညာရှင်များဖြစ်ရာ ထိုမျှလောက် မသန်မာသည့်အတွက် ၎င်းတို့က သာမာန်လူများနှင့် မခြားပေ။ ယင်းအစား၊ ၎င်းတို့သည် ဤရပ်ကွက်တွင် နေထိုင်ခြင်းကို အလွန်နှစ်သက်ကြသည်။
နေ့တိုင်း အလုပ်ဆင်းပြီးနောက် အဆင့်နိမ့်မှော်ပညာရှင်များသည် ၎င်းတို့၏ အိမ်သို့ ပြန်ခဲ့ကြသည်။ ဣတို့ထဲက တစ်စိတ်တစ်ပိုင်းကသာ မှော်ပညာကို လေ့လာဖို့ အာရုံစိုက်ထားသေးသော်လည်း အများစုဟာ အသက်အရွယ်ကြီးရင့်ပြီး ရည်မှန်းချက်မရှိခြင်း သို့မဟုတ် ၎င်းတို့၏ ပါရမီကိုနားလည်သောကြောင့် တိုးတက်နိုင်မည်မဟုတ်မှန်းသိသဖြင့် အနားယူဖို့သာ စဉ်းစားကြသည်။
ထိုအချိန်တွင်၊ ဤနေထိုင်သောရပ်ကွက်ရှိ စားသောက်ဆိုင်ငယ်များသည် ၎င်းတို့အများဆုံးသွားရာ နေရာဖြစ်သည်။
နေ့စဥ် ညရောက်သောအခါ၊ အဆင့်နိမ့် မှော်ပညာရှင်များသည် ဤစားသောက်ဆိုင်များသို့ နှစ်ယောက် သို့မဟုတ် သုံးယောက် အုပ်စုဖွဲ့ သွားတတ်ကြသည် ။လူပုလေးများထံမှရလာသော ဝိုင်သောက်ရင်း ဟင်းပွဲအချို့ကို မှာယူ၍ ရယ်မောကာ စကားစမြည်ပြောကြသည်။
Rolling Stone စားသောက်ဆိုင်သည် ဤရပ်ကွက်တွင် အကြီးဆုံးစားသောက်ဆိုင်မဟုတ်သော်လည်း၊ ၎င်းသည် အမြဲတမ်းလူအများဆုံးရှိသည့်နေရာဖြစ်သည်။ အခြားဘာကြောင့်မှ မဟုတ်ဘဲ၊ ဤ စားသောက်ဆိုင်၏ သူဌေးက လူပုလေးဖြစ်သောကြောင့်ဖြစ်၏။
နောက်တစ်ညရောက်ဘာပြီးနောက် Rolling Stone စားသောက်တွင် ပုံမှန်အတိုင်း လူများဖြင့် ပြည့်နေပြီး ဆူညံနေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားပြိုင်ပွဲကို နှစ်နှစ်ကြာ စမ်းသပ်ကျင်းပပြီးနောက် ယနေ့ညတွင် စားသောက်ဆိုင်၏အငွေ့အသက်သည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး နောက်ဆုံးတွင် ၎င်းကို မှော်ဆလွန်းပြိုင်ပွဲအဖြစ် တရားဝင် နာမည်ပြောင်းလိုက်သည်။ ပထမဆုံး စည်းမျဉ်းပြိုင်ပွဲကို Frestech မြို့တော် အပြင်ဘက်တွင် ယမန်နေ့က ကျင်းပခဲ့သည်။
မှော်ကားပြိုင်ပွဲသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး လူအများက ၎င်းတို့ကို လျှို့ဝှက်စွာ လောင်းကြေးများ ပေးခဲ့ကြသော်လည်း ယခုအခါတွင် တရားဝင် ပြိုင်ပွဲတစ်ခု ဖြစ်လာသောကြောင့် ၎င်းကို ပို၍ပင် အာရုံစိုက်လာခဲ့ကြသည်။
ပြိုင်ပွဲမစခင်တွင် အလောင်းအစားလုပ်သည့်သူ ပိုများလာခဲ့၏။
စားသောက်ဆိုင်ရှိ အဆင့်နိမ့်မှော်ပညာရှင်များအနက် အနည်းစုငသာ ဤပြိုင်ပွဲတွင် အလောင်းအစား တစ်မျိုးထပ်လေ့ရှိသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ဝန်ထမ်းများအား လောင်းကစားသို့ မဝင်ရောက်ရန် မှာထားသဖြင့်၊ များများစားစား မလောင်းဝံ့ကြပေ။ သို့သော်လည်း ဤပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှု အများအပြား ရှိနေဆဲပင်။ ထို့ကြောင့် ဤပြိုင်ပွဲပြီးသည်နှင့် အနိုင်ရသည့်လူများက ပျော်ရွှင်ကြပြီး ရှုံးသည့်လူတွေကတော့ အကြိမ်အနည်းငယ် မနေနိုင်စွာ ဆဲရေးတတ်ကြ၏။
ဤကိစ္စနှင့် ပတ်သက်၍ မှော်ပညာရှင်များသည် သာမန်လူများနှင့် မခြားပေ။
စင်နာသည် Rolling Stone စားသောက်ဆိုင်သို့ ရောက်သောအခါ၊ လေထဲရှိ ဝိုင်ရနံ့ကို ရှူရှိုက်မိပြီး မထိန်းနိုင်စွာ နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်မိသည်။
သူသည် စားသောက်ဆိုင်သို့ လှမ်းဝင်လိုက်သောအခါတွင် လေထဲတွင် ဝိုင်ရနံ့က သူ့နှာခေါင်းကို မထိခိုက်စေတော့ဘဲ မွှေးကြိုင်နေမှန်း သိလိုက်ရ၏။
လှည့်ပတ်ကြည့်လိုက်ရင်း သူက ဘားကိုရောက်လာပြီး အဖျော်ဆရာကို လက်ပြလိုက်သည်။
"ဟေ့ ဒီမှာ ဘာဝိုင်ကောင်းလဲ"
အဖျော်ဆရာသည် အံ့သြသောဟန်ဖြင့် သူ့ကိုကြည့်လာကာ "ဒါက ခင်ဗျားရဲ့ဒီကိုရောက်တဲ့ ပထမဆုံးအကြိမ်လား။ ကျုပ်တို့ Rolling Stone စားသောက်ဆိုင်မှာ ဝိုင်အမျိုးအစားသုံးမျိုးပဲရှိတာမို့ ခင်ဗျားနှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။”
စင်နာက သူ့ကို စူးစူးဝါးဝါးကြည့်ကာ “မင်းငါ့ကို မပြောရင် အမျိုးအစားသုံးမျိုးကို ငါဘယ်လိုသိနိုင်မလဲ”
အရက်စပ်သူက သူ့နောက်ကိုသာ ညွှန်ပြပြီး အကြောင်းမပြန်လာပေ။
စင်နာသည် ထိုပြသရာကို လှမ်းကြည့်လိုက်ရာ နံရံပေါ်တွင် အရောင်မျိုးစုံရှိသော ဝိုင်သုံးခွက်ပုံထားသည့် ပုံသုံးပုံကို တွေ့လိုက်ရသည်။
တစ်မျိုးက သာမာန်အနီရောင်ဖြစ်ပြီး အလွန်ပြင်းပုံပေါက်သည်။ တစ်မျိုးက စိမ်းဖျော့ဖျော့ရောင်ရှိကာ အရသာ အချို့ရှိပုံပင်။
နောက်ဆုံးတစ်ခုကတော့ ကြည်လင်လှရာ သာမာန်ရေနှင့်ပင်မခြားချေ။
စင်နာသည် ခဏတာ ကြည့်ရှုနေပြီးနောက် ရှုပ်ထွေးနေသည့်အသံကို ပြုလိုက်သည်။
၎င်းက နံရံမှာ ပုံဖော်ထားသည့် ဝိုင်ကြောင့်မဟုတ်ဘဲ ပုံတွေကြောင့်ပင်။
သူသည် အနုပညာကို ကာလရှည်ကြာ လေ့လာသင်ကြားမှု၏ လွှမ်းမိုးမှုကို ခံခဲ့ရသဖြင့် ဤပုံသုံးပုံအားလုံးကို အလွန်ကောင်းမွန်သော စုတ်တံဖြင့် ရေးဆွဲထားကြောင်း အလွယ်တကူ ပြောပြနိုင်ခဲ့သည်။ ၎င်းတို့အားလုံးဟာ ရှားပါးပုံတွေဖြစ်ပြီး ပညာရှင်များ၏ ပုံထက်ပင် မဆိုးလှပေ။
သေးငယ်ပြီး သာမာန် စားသောက်ဆိုင်တစ်ခုလို ထင်ပုံရသည့် ဤစားသောက်ဆိုင်သည် ဤနေရာတွင် ဤအဆင့် ပုံသုံးပုံပါရှိရာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။
"ဟေ့ ဒီပုံသုံးပုံကို ဘယ်သူဆွဲတာလဲ ပြောပြလို့ရမလား" စင်နာသည် ဤနေရာကို လာရခြင်း၏ အကြောင်းရင်းကို မထိန်းနိုင်အောင် မေ့လျော့၍ သိလိုစိတ်ဖြင့် ပုံသုံးပုံကို ညွှန်ပြပြီး ဤသို့မေးသည်။
အဖျော်ဆရာက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်၏။
“မသိပါဘူး၊ အဲဒါ နတ်သူငယ်ရောင်းရင်းတွေထဲက တစ်ယောက်က သူနဲ့အတူ ပိုက်ဆံယူလာဖို့ မေ့သွားတော့ သူက ဒီပန်းချီကားသုံးချပ်ကို အခကြေးငွေအနေနဲ့ သုံးသွားတာ။ သူ သူဌေးကို ဘယ်လိုသဘောတူအောင်လုပ်သွားလဲတော့မသိဘူး..."
"အရူး! ဒါက နတ်သူငယ်တွေရဲ့ သခင်တွေထဲက တစ်ယောက်ဖြစ်ရမယ်!" စင်နာသည် သူ့စိတ်ထဲတွင် အော်လိုက်သော်လည်း သူ့မျက်နှာအမူအရာကို အတတ်နိုင်ဆုံး ထိန်းထားလိုက်သည်။ သူဟာ နောင်တနည်းနည်းဖြင့် ခေါင်းယမ်းကာ ပြောသည်၊ "နတ်သူငယ်သခင်တစ်ဦးနဲ့ သိခွင့်ရဖို့ အခွင့်အရေးကောင်းကို လွတ်သွားတဲ့ပုံပံ။ နှမျောစရာကောင်းလိုက်တာ"
အဖျော်ဆရာက သူ့ကို အံ့အားသင့်စွာကြည့်ကာ "နတ်သူငယ် သခင်က? ရှားလို့လား?။ ကျုပ်တို့နေရာအနှံ့မှာ ဝံပုလွေလူမျိုးတွေရှိတယ်၊ သူတို့ထဲက တစ်ယောက်ယောက်က ပိုဆိုးမှာမဟုတ်ဘူးလား။”
“အဲဒါ ဘယ်လိုလုပ်ဖြစ်……” စင်နာက ပြန်လည်ချေပချင်သော်လည်း၊ ဤနေရာသည် အခြားနေရာမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ နယ်မြေဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
ဤနေရာတွင် နတ်သူငယ်များကို အခြားနေရာတွေကဲ့သို့ တွေ့ရခဲမည်တော့ မဟုတ်ပါချေ...။
၎င်းကိုတွေးကြည့်ရင်း စင်နာက မပြောနိုင်သဖြင့် ပါးစပ်ပိတ်လိုက်သည်။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်ကာ “ထားလိုက်ပါ၊ ကျုပ် တစ်မျိုးစီပဲ ပေးတော့” ဟုဆိုသည်။
"တစ်မျိုးစီ?" သူ့ဘေးမှာထိုင်နေတဲ့ သက်လတ်ပိုင်း လူက ဝိုင်တစ်ခွက်သောက်ရင်း ရုတ်တရက် လှည့်ကြည့်လိုက်ကာ စင်နာ၏ ပခုံးကို ရိုက်လိုက်ပြီး ရိုးသားသည့် အသံနှင့်ပြောလာ၏၊ “ညီကို ဒီလိုမလုပ်ပါနဲ့လို့ တိုက်တွန်းတယ်။ ကျုပ်လည်း အရင်က ဒီလိုမျိုး သုံးခုလုံး သောက်လိုက်တာ တစ်နေကုန် မူးသွားတယ်။ အဲဒီ့ကြောင့် အလုပ်က တစ်ရက် ပျက်ခဲ့ရပြီး လုပ်အားခ ရွှေဒင်္ဂါးတစ်ပြား နုတ်ခံခဲ့ရတယ်။
“ရွှေဒင်္ဂါးတစ်ပြား?" စင်နာ၏ မျက်လုံးများ တောက်ပလာပြီး မေးလိုက်၏၊ “ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်တာလား”
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၃၉။ ၎င်းတို့ ထိန်းချုပ်ဖို့ရန် မဟုတ်
သက်လတ်ပိုင်းလူမှာ အံ့ဩနေပြီးနောက် စင်နာ ထံကြည့်ကာ နားလည်ဟန်ပြလာသည်။
"အိုး ဟုတ်ပြီ ဒါက မင်းရဲ့ပထမဆုံးအကြိမ်ပဲ၊ မင်းအနေနဲ့ ဒီလိုဝိုင်သုံးမျိုးက ဘယ်လောက်ပြင်းလဲ မသိတာ မအံ့ဩတော့ဘူး။" သူဟာ ထို့နောက် ခေါင်းငြိမ့်၍ ဆက်ပြောသည်၊ "ဟုတ်ပြီ ငါက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေမယ့် မှော်သုတေသနဌာနရဲ့ အရေးကြီးသုတေသီထဲက တစ်ယောက်ဟုတ်မနေဘူး၊ ငါက နေ့တိုင်း မှော်အစီရင်တွေ ရေးဆွဲနေရတဲ့ ဒုတိယအဆင့်မှော်ပညာရှင်လေးပါပဲ။"
စင်နာသည် ပို၍ပင် စိတ်ဝင်စားဖွယ်အသွင်ကို ပြသလာခဲ့သည်။ သက်လတ်ပိုင်းမှော်ပညာရှင်၏ ခွက်အောက်ခြေရှိ ကုန်ခါနီး လက်ကျန်ဝိုင်နီကိုကြည့်ပြီး အဖျော်ဆရာထံ တူညီသည့်ဝိုင်ကို နောက်ထပ် နှစ်ခွက်ကို မှာလိုက်သည်။
"မင်းဘာလုပ်နေတာလဲ?" သက်လတ်ပိုင်း မှော်ပညာရှင်က သူ့ကို အံ့အားသင့်စွာ ကြည့်ကာ “မင်း ငါ့ကို အရက်ဝယ်တိုက်နေတာလား”
"အင်း၊ ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးချင်လို့" စင်နာက အပြုံးမပျက် ခေါင်းညိတ်သည်။
"နည်းနည်းမေးမယ်?" သက်လတ်ပိုင်းက နည်းနည်းရီဝေနေသော်လည်း သူ့မျက်လုံးတွေက ကြည်လင်နေဆဲပင်။ သူက စင်နာ ပေးလာသည့် ဝိုင်ခွက်ကိုကြည့်ကာ ရယ်မောလိုက်၏ “ကျုပ်က အဆင့်နိမ့်ဆုံးမှော်ပညာရှင်လေးတစ်ယောက်ပါပဲ၊ ဘာများသိမှာမို့လို့လဲ?"
စင်နာက အနားတိုးလာပြီး ရင်ဘတ်ထဲမှ တံဆိပ်ငယ်လေးတစ်ခုကို ထုတ်ပြလာသည်။
"ဒုတိယအဆင့် မှော်ပညာရှင်?" သက်လတ်ပိုင်းမှော်ပညာရှင်သည် ဤတံဆိပ်၏အဓိပ္ပာယ်ကို မှတ်မိပြီး စင်နာအား အံ့သြစွာကြည့်လာသည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ဝိုင်ခွက်ထဲမှ တစ်ခွက်ကိုယူကာ ပြော၏၊ “ကောင်းပြီ၊ ဘာမေးချင်တာလဲ။ အခုပြောပြမယ် ပြင်ပလူတွေကို ပြောလို့မရတဲ့ အရာတွေရှိတယ်။”
"ဟုတ်ပြီ။" စင်နာက အမြန်ပြုံးလိုက်ကာ ပြောသည်၊ “ကျွန်တော်လည်း မမေးရသေးပါဘူး……”
"ငါ့ကို လူသာလို့ပဲ ခေါ်ပါ"
"ကောင်းပါပြီ၊ လူသာ၊ ကျွန်တော်က ခင်ဗျားနဲ့အတူတူပဲ၊ ကျွန်တော်တို့နှစ်ယောက်လုံးက ဒုတိယအဆင့်မှော်ပညာရှင်တွေဆိုတာ မြင်ရပြီ။ ဒါ့ပြင်၊ ကျွန်တော်က အခု ကောင်းကောင်း မနေနိုင်ဘူးဆိုတာ ခင်ဗျားမြင်နိုင်ပါတယ်……” စင်နာက သူ့လက်ကို ဖြန့်လိုက်သည်။
လူသာမှာ စင်နာဝတ်ထားသည့်အဝတ်အစားကိုကြည့်လိုက်တော့ ပစ္စည်းကသိပ်မကောင်းတာကိုတွေ့တော့ သူခေါင်းညိတ်လိုက်၏။
"ပြီးတော့ရော? မင်းက ငါတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ချင်တာလား။
“ကျွန်တော် မေးချင်တာက...."
"ဘာများလဲ?"
စင်နာ သည် အနီးနားသို့ တိုးလာပြီး ပတ်ပတ်လည်ကို လှည့်ကြည့်ကာ အသံကိုတိုးလိုက်သည်၊ " မှော်ပညာရှင်များအဖွဲ့အစည်း ရုံးချုပ်က Frestech ကုန်သည်ကြီးများအသင်းဟာ.. အဟမ်း... လူလိမ် ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ကို ခင်ဗျားကြားမယ်ထင်တယ်။ သူတို့က အဆင့်နိမ့်မှော်ပညာရှင်တွေ အတွက် လုံးဝမကောင်းဘူးလို့ပြောတော့ ဒါကြောင့် ကျွန်တော်......"
"ငလူး!" လူသာသည် သူ့ရှေ့က စားပွဲကို ရုတ်တရက် ရိုက်လိုက်ရာ အသံ ကျယ်သွားသဖြင့် စားသောက်ဆိုင်ရှိ လူတိုင်း ရုတ်တရက် ကြည့်လာကြသည်။
စင်နာက လန့်ဖျပ်သွားကာ လူသာကို အမြန်ဆွဲချပြီး စားသောက်ဆိုင်ရှိ လူအားလုံးကို ပြုံးပြလိုက်၏။
အခြားလူတွေက မည်သည်မှမဖြစ်သည်ကို မြင်တဲ့အတွက် ဂရုမစိုက်ကြတောပေ့။
စင်နာ သက်ပြင်းတစ်ချက်ချကာ လူသာကိုမေးသည်၊ “ဘာလို့ ဒီလောက် ဒေါသဖြစ်နေတာလဲ။ ရုံးချုပ်မှားနေလို့လား"
"အဓိပ္ပာယ်မရှိဘူး! ဌာနချုပ်က ကောင်တွေ အကုန်လုံး အဓိပ္ပာယ်မရှိနေတာပဲ၊ ဘယ်လိုလုပ် မှန်နိုင်မှာလဲ!" လူသာသည် အလွန်စိတ်ဆိုးနေပုံရသော်လည်း သူ့အသံမှာ မတိုင်ခင်ကထက် တိုးသွားသောကြောင့် အာရုံစိုက်သူ မရှိလာပေ။
"ဟုတ်လား?" စင်နာက လူသာကို သံသယအနည်းငယ်ဖြင့်ကြည့်ကာ ပြော၏၊ "ဆိုလိုတာက Frestech ကုန်သည်ကြီးများအသင်းက အဆင့်နိမ့်မှော်ပညာရှင်တွေအတွက် အရမ်းကောင်းတယ်ပေါ့။"
"ဟုတ်တာပေါ့။" လူသာက ခိုင်မာနေသည့်အသံဖြင့်ဆိုသည်၊ “ Frestech ကုန်သည်ကြီးများအသင်းကလွဲပြီး အဆင့်နိမ့်မှော်ပညာရှင်တွေကို တစ်လလုပ်အားခ ရွှေဒင်္ဂါးနှစ်ဆယ်ပေးမယ့် တခြားကုမ္ပဏီရှိလား?"
“တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်? အဲဒါက တကယ့်ကို သေးငယ်တဲ့ ပမာဏ မဟုတ်ဘူးပဲ။” စင်နာက မမေးခင် ခဏလောက် နှုတ်ဆိတ်သွား၏၊ “ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းက အဆင့်နိမ့်မှော်ပညာရှင်တွေကို အဓိပ္ပါယ်မရှိတဲ့အရာတွေလုပ်ဖို့ အတင်းအကြပ်လုပ်ခိုင်းနေပြီး မှော်အစီအရင်တွေကို နေ့တိုင်းဆွဲနေရတာကြောင့် သူတို့ကို တိုးတက်အောင်မကူညီပေးနိုင်ဘူးလို့ ဌာနချုပ်က ပြောထားတယ်။"
"မင်းမေ!" လူသာက ဒေါသတကြီး ထပ်အော်လိုက်သော်လည်း ဤတစ်ကြိမ်တွင် လူများများစားစား ကြည့်မလာကြပါချေ၊ “ငါတို့ကို လစဉ်လုပ်အားခ မြင့်မြင့်ပေးတဲ့အပြင် Frestech ကုန်သည်ကြီးများအသင်းက ငါတို့ကို အကျိုးခံစားခွင့်တွေအများကြီးပေးတယ်။ ငါတို့လို အဆင့်နိမ့် မှော်ပညာရှင်တွေအတွက်၊ ငါတို့ ဆန္ဒရှိသရွေ့ မှော်ပညာကို လေ့လာဖို့ လစဉ် မှော်ပစ္စည်း အစုံလိုက်အတွက် လျှောက်ထားနိုင်တယ်။ ဒါက မလုံလောက်ဘူးလား?"
“အဲဒါတော့ မဆိုးပါဘူး……”
“နောက်ပြီး၊ ကုမ္ပဏီက ငါတို့ရဲ့ မှော်ပညာအဆင့်ကို မြှင့်တင်တဲ့နေရာမှာ အကူညီဖြစ်ဖို့အတွက် အဆင့်မြင့်မှော်ပညာရှင် ဒါမှမဟုတ် မဟာမှော်ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ပေးလေ့ရှိတယ်။ ငါတို့လို အဆင့်နိမ့် မှော်ပညာရှင်တွေအတွက် ဒီနေရာကလွဲလို့ မဟာမှော်ပညာရှင်တွေရဲ့ လမ်းညွှန်မှုကို ဘယ်မှာရနိုင်မလဲ။"
“ဒါက……” စင်နာက နှုတ်ဆိတ်နေပြန်သည်၊ သို့သော် ထိုအကြောင်းအရာကို ပြောင်းလိုက်ပြီး “ဒါပေမယ့်….. Frestech ကုန်သည်ကြီးများအသင်းရဲ့ Frestech ကျောင်းတော်က မှော်ပညာနဲ့ပတ်သက်ပြီး အဆင့်နိမ့်မှော်ပညာရှင်တွေကို လုံးဝသင်ပေးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကြားထားတယ်။"
“-ျီးပဲ! -ျီးပဲ! -ျီးပဲေ!"
လူသာသည် ဒေါသတကြီးဖြင့် သုံးကြိမ်တိုင်တိုင်ဆဲရေး၍ မတ်တပ်ထရပ်ကာ ထောင့်ကို လှမ်းကြည့်သည်။ ထို့နောက် သူသည် စင်နာ ၏လက်ကိုဆွဲကာ ထောင့်တစ်နေရာရှိ စားပွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ထို စားပွဲရှိလူများသည် အံ့အားသင့်စွာ ရုတ်တရက်ရောက်လာသော လူသာနှင့် စင်နာ ကို ကြည့်နေကြသည်။ လူသာနှင့် အသက်အရွယ်တူပြီး ရင်ဘတ်တွင် ဒုတိယအဆင့်မှော်ပညာရှင် တံဆိပ်တပ်ထားသော တစ်ယောက်က လူသာကို ကြည့်ကာ မေးလာသည်၊ “ဟေး လူသာ၊ အဲဒါ ဘာလဲ။ ဒါက မင်းသူငယ်ချင်းလား?"
"မဟုတ်ဘူး၊ ငါတို့ အခုမှတွေ့တာ။" လူသာသည် စင်နာအား ၎င်းတို့ရှေ့သို့ တွန်းထုတ်ကာ လက်ညှိုးထိုးပြပြီး သာမန်ကာလျှံကာပြောလိုက်သည်၊ “ဒီကျောင်းသားတွေက ငါနဲ့အတူတူပဲ၊ သူတို့က မနှစ်က ငါနဲ့အတူ Frestech ကျောင်းတော်ကနေ ဘွဲ့ရခဲ့တယ်။ ကျောင်းတော်က မင်းပြောတဲ့အတိုင်း ဟုတ်လားဆိုတာ သူတို့ကို မေးလို့ရတယ်။"
"အဲဒါဘာလဲ?" သက်လတ်ပိုင်း မှော်ပညာရှင်က ပိုလို့တောင် ရှုပ်သွားသည် "ဟေး လူသာ၊ ဒီကောင်လေးက ကျောင်းတော်အကြောင်း ဘာပြောလို့လဲ"
"ဒီငတုံးက မှော်ပညာရှင်များအဖွဲ့အစည်းက ကောင်တွေရဲ့ လိမ်ညာမှုကို တကယ်ယုံတယ်၊ ငါတို့အားလုံး Frestech ကျောင်းတော်ဆီကနေ လှည့်စားခံရတဲ့ အရူးတွေဖြစ်ပြီး မှော်ပညာကို လုံးဝ မသင်ပေးဘူးလို့ ပြောနေလို့"
"ဟာ?" ထိုလူတွေအားလုံးက လူသာကို အံ့သြသည့်အကြည့်နှင့် ကြည့်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်မောကြလေသည်။
“ဟားဟား၊ အဲဒီလို ရယ်စရာကောင်းတဲ့ အရာတွေကို ယုံတဲ့သူတွေ ရှိတယ်လား?”
"ဟုတ်တယ်၊ သေချာမြင်နေရတာကို မုသားကိုမှ ယုံတဲ့အထိ တုံးတဲ့သူမရှိလောက်လို့ထင်ခဲ့မိတာ"
"ငါပြောမယ် မင်းနောက်နေတာလား။ Frestech ကျောင်းတော်က ငါတို့လို အဆင့်နိမ့်မှော်ပညာရှင်တွေကို ကောင်းကောင်းဆက်ဆံတဲ့အကြောင်း လမ်ပူရီတိုင်းပြည်ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းဌာနခွဲက အထူးရှင်းပြထားတာကို မင်းမသိတာလား။ သူတို့က ငါတို့ကို ဘယ်လိုလုပ် မှော်ပညာကို သင်ခွင့်မပေးဘဲနေမှာလဲ?"
“မှန်တယ်။ ကျောင်းတော်မှာ မှော်ပညာကို မလေ့လာနိုင်ရင် ဘွဲ့ရပြီး ကုမ္ပဏီအတွက် ဘယ်လိုအလုပ်လုပ်နိုင်မလဲ။ ဒီလို ရိုးရှင်းတဲ့ သဘောတရားကို တွေးကြည့်လို့တောင် မတတ်ဘူးလား။”
“ဟားဟား…မင်းတကယ်တုံးတာပဲ……”
……
ထိုလူများက သူ့အား လှောင်ရယ်နေသည်ကို ကြားလိုက်သောအခါ စင်နာ၏ မျက်နှာ ဖြူတလှည့် ပြာတလှည့်ဖြစ်သွားသည်။ အတော်ကြာပြီးနောက် သူဟာ အားတင်းကာ မေးလိုက်၏၊ "ဒါဆို ခင်ဗျားတို့ အပြောကိုသုံးသပ်ရရင် Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ကို အရမ်းကောင်းကောင်း ဆက်ဆံတယ်ပေါ့? မှော်ပညာလည်း သင်ပေးတယ်ပေါ့?"
"အဓိပ္ပာယ်မရှိတာ! ကုမ္ပဏီက ဒီကျောင်းတော်ကို တည်ထောင်ခဲ့တာဂာ ငါတို့ အဆင့်နိမ့်မှော်ပညာရှင်တွေကို မှော်စက်တွေရဲ့ အခြေခံအသိပညာတချို့ကို နားလည်ပြီး ရွေးချယ်ချင်တဲ့ ဦးတည်ရာကို အာရုံစိုက်ပြီး ဘွဲ့ရတာနဲ့ အသုံးပြုနိုင်တဲ့အရာဖြစ်လာအောင်လို့ပဲ။ ငါတို့ကို မှော်ပညာမသင်ပေးရင် အခု ငါတို့က ဘာလုပ်နေနိုင်မှာလဲ?"
"ဟုတ်တယ်၊ ငါတို့ ကုမ္ပဏီမှာ ငွေအများကြီးရှိပေမယ့်လည်း ဒီတိုင်းဖြုန်းလိုက်လို့တော့မရဘူးမို့လား? ပြီးတော့ ဥက္ကဌက ဒီလောက်ထက်မြတ်တဲ့လူဆိုတော့ ဘယ်လိုလုပ် အဓိပ္ပာယ်မရှိတဲ့အရာကိုလုပ်မှာလဲ။ မင်းတို့အားလုံးရော အဲ့လိုမထင်ဘူးလား?"
"ဒါပေါ့"
"အမှန်ပဲ"
……
"ဒါပေမယ့် …… ခင်ဗျားတို့ သင်ယူခဲ့တဲ့အရာတွေက Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့အတွက်ပဲ သုံးလို့ရတာမဟုတ်ဘူးလား။ ခင်ဗျားတို့ရဲ့ မှော်ပညာအဆင့်ကို မြှင့်တင်ဖို့ လုံးဝအကူညီမဖြစ်ဘူးလေ……” စင်နာက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဟေး မင်းက ဘယ်လိုလုပ် ဒီလောက် တုံးအရတာလဲ"
ရင်ဘတ်ပေါ်တွင် တတိယအဆင့်မှော်ပညာရှင် တံဆိပ်တပ်ထားသော အသက်သုံးဆယ်ဝန်းကျင်ရှိ မှော်ပညာရှင်ငယ်တစ်ဦးသည် စင်နာအား အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
“စဉ်းစားကြည့်၊ ငါတို့က အသက်ကြီးနေပြီ၊ ဒါပေမယ့် ငါတို့က ဒီအဆင့်မှာ ရှိနေတုန်းပဲ။ မင်းရဲ့ မှော်ပညာအဆင့်ကို တိုးမြှင့်ပြီး မဟာမှော်ပညာရှင်ဖြစ်ဖို့ အိပ်မက်မက်နေသေးတာလား။ အိပ်မက်ကို ရပ်လိုက်။ ပြောဦးမယ်၊ ငါတို့ခေတ်တုန်းက ငါတို့ရဲ့ အသက်မွေးဝမ်းကြောင်းက အရာအားလုံးထက် ပိုအရေးကြီးတယ်။ ငါတို့အနေနဲ့ ငါတို့ရဲ့ မှော်ပညာတွေနဲ့ တခြားနေရာတွေမှာ ဘာမှလုပ်လို့မရပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်းမှာဆို တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်ကျော် လစာရတယ်။ ဒါက ငါတို့ တစ်ခါမှ မတွေးဝံ့ခဲ့တဲ့အရာဖြစ်ပြီး ဒါနဲ့တင် ဘဝမှာ ရှင်သန်ဖို့ လုံလောက်တယ်။ မင်းသာဆိုရင်ရော အဲဒီလို အသုံးမကျတဲ့အရာတွေအားလုံးကို လုပ်ချင်တာလား။"
"မှန်ပါတယ်၊ မင်းရဲ့ မှော်ပညာအဆင့်ကို မြှင့်တင်လိုက်ရင်တောင် အရာအားလုံးဟာ အချည်းနှီးပဲ။ မင်းမှာ စားစရာတွေရှိရင် မင်းအသက်ရှင်နိုင်တယ် ဒါအမှန်တရားပဲ"
“အရင်ကတော့ ဒီလိုပါပဲ။ ငါတို့ မှော်ပညာကိုလေ့လာဖို့ ပစ္စည်းတွေဝယ်ရအောင်လည်း မျိုးရိုးမြင့်မိသားစုတွေက လာတဲ့လူတွေမဟုတ်ဘူး၊ ငါတို့အနေနဲ့ အရင်ဆုံး အသက်ရှင်နေထိုင်ဖို့ နည်းလမ်းကို စဉ်းစားရတာက ပုံမှန်ပဲ။ ငါတို့အနေနဲ့ ကုမ္ပဏီကို ဘယ်လောက်ကျေးဇူးတင်လဲသိလား။ ဒီလောက်ကောင်းတဲ့အလုပ်မရှိရင် ငါ ငတ်သေနေလောက်ပြီ၊ မှော်ပညာကို ဘယ်လိုလေ့လာနိုင်မှာလဲ"
"ဒါပေမယ့် …… ဒါပေမယ့် အဖွဲ့အစည်းက ရှင်းရှင်းလင်းလင်းသတိပေးထားပြီဆိုတော့ Frestech ကုန်သည်ကြီးများအသင်းမှာ ဆက်အလုပ်လုပ်နေတယ်ဆိုရင် အဖွဲ့အစည်းကို ဒေါသထွက်သွားစေနိုင်တယ်။ ဒါဆို ကျွန်တော်တို့အားလုံးက မှော်ပညာရှင်တွေမို့ အနာဂတ်မှာ မဆင်မပြေနိုင်တော့ဘူး……"
"ဖီ!" ထိုငယ်ရွယ်သည့် အဆင့်နိမ့် မှော်ပညာရှင်က တံတွေးထွေးကာ ဆိုသည် “အဖွဲ့အစည်းမှာ ရှိတဲ့သူတွေက ဒီစကားကောင်းတွေကျ ပြောတတ်တယ်။ ငါတို့လို အဆင့်နိမ့် မှော်ပညာရှင်တွေကို သူတို့နဲ့ ဝေးဝေးနေဖို့ အကြံပေးတယ်၊ ဖီ! အကယ်၍ ငါတို့သာ Frestech ကုန်သည်ကြီးများအသင်းက ထွက်သွားရင်၊ ဌာနချုပ်က ငါတို့ကို တစ်လလုပ်အားခ ရွှေဒင်္ဂါးနှစ်ဆယ်ကို ပေးနိုင်မှာလား။ သူတို့အနေနဲ့ အခု ငါတို့နေထိုင်နေသလို တူညီ ကောင်းမွန်တဲ့ ဘဝတွေကို ပေးနိုင်မှာလား? မတတ်နိုင်ရင် အဓိပ္ပာယ်မရှိဘူးလေ။"
"ဟုတ်တယ်၊ နောက်ဆုံးတော့ ငါတို့က ကုမ္ပဏီကို အားကိုးပြီး ကောင်းတဲ့ဘဝကို ဖြတ်သန်းနေပြီကို ဌာနချုပ်က ငါတို့ကို အေးချမ်းတဲ့ဘဝနဲ့ မနေစေချင်ဘူး၊ သူတို့ဘာတွေတွေးနေတာလဲ"
"ဟမ့်၊ အဲဒီလူတွေဟာ နယ်မြေကြီးမှာရှိတဲ့ အဆင့်နိမ့်မှော်ပညာရှင်တွေ အားလုံးရဲ့အကျိုးအတွက်ဆိုပြီး၊ သူတို့ကိုယ်သူတို့ အကြောင်းပဲတွေးနေတာလို့ ငါထင်တယ်! မသိဘူးများထင်လား? မူပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အဲဒီကောင်တွေက ဥက္ကဋ္ဌကို ပြတ်ပြတ်သားသား အနိုင်မယူနိုင်လို့ ကုမ္ပဏီကို လက်တုံ့ပြန်တာဖြစ်မယ်။”
"သောက်ကျိုးနည်း၊ ဒီလူဆိုး အတုအယောင်ကောင်တွေ!"
……
၎င်းတို့၏ တုန်လှုပ်ချောက်ချားဖွယ် အသွင်အပြင်ကို မြင်သော် စင်နာသည် စကားမဆိုနိုင်တော့ပေ။
ခဏအကြာတွင် ၎င်းတို့သည် အနည်းငယ် ငြိမ်သက်သွားရာ စင်နာ ကမေးလိုက်၏၊ “ဒါပေမယ့် အားလုံးက မှော်ပညာရှင်တွေပဲ ဆိုတော့ အဖွဲ့အစည်းမှာ စာရင်းသွင်းထားတဲ့ မှော်ပညာရှင်တွေမို့လို့ အဖွဲ့အစည်းကို နားမထောင်ရင် အနာဂတ်မှာပိုခက်သွားမှာ စိုးမိတယ်…။"
"ပိုခက်ခဲတယိ?" တတိယအဆင့် မှော်ပညာရှင်က အေးစက်စွာ ရယ်မောကာ ရင်ဘတ်ပေါ်ရှိ တံဆိပ်ကို ငုံ့ကြည့်လိုက်သည်။ သူဟာ ၎င်းကို ရုတ်တရက်ဆွဲဖြုတ်ပြီး စားပွဲပပေါ်ပစ်ချလိုက်ကာ "ဒီကောင်တွေက ငါ့ကို လုံးဝဂရုမစိုက်တာ ဘာလို့ကြောက်ရမှာလဲ။ အဆိုးဆုံးရှိ ငါ့အနေနဲ့ မှော်ပညာရှင်များအဖွဲ့အစည်းက ထွက်ပြီး ငါ့ကို စီမံခန့်ခွဲခွင့်ကို မပေးတော့ရုံပေါ့!"
စင်နာမှာ အံ့ဩသွားသည်။ သူတစ်ခုခုပြောချင်သော်လည်း လူသာအပါအဝင် သူ့ပတ်ဝန်းကျင်က လူတွေအားလုံးက ရင်ဘတ်ပေါ်ရှိ တံဆိပ်တွေကို အိတ်ကပ်ထဲထည့်သူကထည့် တံဆိပ်ပေါ် ပစ်ချသူက ပစ်ချ လုပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် အရောင်အသွေးစုံလင်စွာ တောက်ပနေသည့် တံဆိပ်ခုနစ်ခုရှိနေသည်။
စင်နာသည် စားပွဲပေါ်တွင် လည်နေသော ထိုတံဆိပ်များကို ကြည့်ကာ အံ့အားသင့်နေဟန်ရှိသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၄၀။ မှော်ပညာရှင်များ ရှင်သန်ခွင့်လုံခြုံရေးသမဂ္ဂ
စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် မှော်ပညာရှင်များအဖွဲ့စည်း၏ အင်အားကြောင့် ခီမဲရာကုန်သည်ကြီးများအသင်း အပါအဝင် မှော်ပညာရှင်များအဖွဲ့အစည်း၏ ပူးပေါင်းရေးကုမ္ပဏီဖြစ်လိုသော ကုမ္ပဏီအားလုံးမှာ ထိုနည်းဖြင့် အကန့်အသတ်မဲ့ အကျိုးအမြတ်များ ရလိုသောကြောင့်ဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်းမှ လူလိမ်ကုမ္ပဏီဟုသတ်မှတ်သည့် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ရဲတင်းသော ကုမ္ပဏီမျိုး ရှိခဲ့ပါလျှင် ထိုကုမ္ပဏီမှာ ကျဆုံးခြင်းကံကြမ္မာကို စောင့်ဆိုင်းရုံသာရှိသည်။
နောက်ဆုံးတွင်၊ မှော်ပညာရှင်များအဖွဲ့အစည်းသည် နယ်မြေကြီးရှိ နိုင်ငံသားအများစု၏စိတ်တွင် အလွန်မြင့်မားသောရာထူးတစ်ခုရှိသည်။ မှော်ပညာရှင်များအဖွဲ့အစည်း၏ စီရင်ချက်ကို လူတိုင်းက ယုံကြည်ကြသည်။
မှော်ပညာရှင်များအဖွဲ့အစည်းက ဤကုမ္ပဏီဟာ လူလိမ်သမားတွေနှင့် ပြည့်နှက်နေသည့် ကုမ္ပဏီဖြစ်သည်ဟု ပြောသောအတွက်ကြောင့် လူအများစု၏ စိတ်ထဲရှိ ယုံကြည်မှုများ များစွာ ဆုံးရှုံးသွားရလိမ့်မည်။
ကုမ္ပဏီတစ်ခုအတွက်၊ ယုံကြည်မှုသည် အခြေခံအကျဆုံးအရာဖြစ်ပြီး ၎င်းတို့သာ ယုံကြည်မှုကို ဆုံးရှုံးလျှင် သေမိန့်ချသည့်နှယ် ဖြစ်ပေသည်။
သို့သော် ဤတစ်ခါတွင် ကိစ္စက ယခင်တုန်းကနှင့် မတူတော့ချေ။
မှော်ပညာရှင်များအဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းကို လူလိမ်ဟု နာမည်ပေးပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းတွင် အလုပ်လုပ်သော မှော်ပညာရှင်များသာမက ၎င်းတို့၏ ထုတ်ကုန်များရောင်းချမှုကိုလည်း ထိခိုက်ခြင်းမရှိခဲ့ပေ။
မှော်ပညာရှင်များအဖွဲ့အစည်း၏ ကြေညာချက်သည် Frestech ကုန်သည်ကြီးများအသင်းအတွက် ကြမ်းပိုးကိုက်ခြင်းနှင့်တူသည်၊ ၎င်းမှာ ယားယံသော်လည်း ဘာထိခိုက်မှုမှမရှိခဲ့ပေ။
နှိုင်းယှဉ်ကြည့်လျှင်၊ လမ်ပူရီတိုင်းပြည်နှင့် အနောက်တောင်နိုင်ငံများ၏ မှော်ပညာရှင်များအဖွဲ့အစည်းဌာနခွဲများသည် Frestech ကုန်သည်ကြီးများအသင်း အတွက် ၎င်းတို့၏ ထောက်ခံမှုကို အမှန်တကယ်ပြသခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးခဲ့ပြီး အဆိုပါနိုင်ငံများ၏ အဆင့်နိမ့်မှော်ပညာရှင်များကိုလည်း အလွန်ကူညီပေးကြောင်း ကြေညာခဲ့သည်။
ဤဌာနခွဲများ၏ လုပ်ရပ်များသည် လူအများမျှော်လင့်ထားသည့်အတိုင်း ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ၎င်းတို့သည် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေခြင်းသာဖြစ်သည်။
စိုင်စ်နယ်မြေကြီး၏သမိုင်းတွင်၊ အချို့သောနိုင်ငံများရှိ ဌာနခွဲများသည် ဌာနချုပ်၏ဆုံးဖြတ်ချက်များကို ဆန့်ကျင်သည့်အခြေအနေများရှိခဲ့သော်လည်း အများစုမှာ ထိုဌာနခွဲများနှင့် အဖွဲ့အစည်းကြောင့်သာဖြစ်သည်။ ကုမ္ပဏီနှင့် ပတ်သက်သည့်အချိန်၌ ဤကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးချေ။
ထို့အပြင် ဌာနချုပ်ကို ဆန့်ကျင်သည်မှာ ဌာနခွဲတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံများစွာရှိ ဌာနခွဲများဖြစ်သည်။
ဤအခြေအနေက တကယ်ကို တွေးတောစရာပါပင်။
သို့ပေမယ့် ၎င်းက အာရုံစိုက်မှု အခံရဆုံးအရာတော့ မဟုတ်ပါချေ။
Frestech ကုန်သည်ကြီးများအသင်းအပေါ် ဌာနချုပ်၏ တရားစီရင်ခြင်းကိုဆန့်ကျင်သော မှော်ပညာရှင်များအဖွဲ့အစည်းရုံးခွဲများအပြင် မှော်ပညာရှင်များအဖွဲ့အစည်းမှ နုတ်ထွက်လိုသည့် စတက်တိန်းနယ်မြေဌာနခွဲ၏ မှော်ပညာရှင် နှစ်ရာ့သုံးဆယ်ခုနစ်(၂၃၇)ယောက်ရှိသည်။
ထိုကိစ္စကို သတင်းပို့ပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
မှော်ပညာရှင်များအဖွဲ့အစည်း၏သမိုင်းတွင်၊ နုတ်ထွက်ရန် ရွေးချယ်ခဲ့ဖူးသော မှော်ပညာရှင်တစ်ဉီးမှမရှိခဲ့ဖူးပေ။ များသောအားဖြင့် တစ်ယောက်တည်းနေချင်သူတွေ သို့မဟုတ် မှော်ပညာရှင်များအဖွဲ့အစည်းက "မကောင်းဆိုးဝါး" ဟု ခေါ်သည့် သူများသာဖြစ်ပြီး ၎င်းတို့က တစ်ခါသာဖြစ်ပွားဖူးသည့် ဖြစ်ရပ်ပင်။
သို့သော် ဤတစ်ကြိမ်တွင် မှော်ပညာရှင် နှစ်ရာသုံးဆယ့်ခုနစ်(၂၃၇)ဦး ဆုတ်ခွာသွားခဲ့ရာ ၎င်းက တုန်လှုပ်ချောက်ချားစရာကြီးတစ်ခု ဖြစ်လာခဲ့သည်။
မှော်ပညာရှင်များအဖွဲ့အစည်းသည် စိုင်စ်နယ်မြေကြီးတွင် ဂုဏ်သိက္ခာမြင့်မားပြီး နယ်မြေကြီးရှိ မှော်ပညာရှင်များ စုရုံးရာနေရာဖြစ်သောကြောင့် ၎င်းတို့သည် နယ်မြေကြီးရှိ မှော်ပညာအားလုံးကို လက်ဝါးကြီးအုပ်ထားသည်။
မှော်ပညာရှင်များ သို့မဟုတ် မှော်ပညာရှင်များနှင့် ပတ်သက်သည့် စွမ်းအားများဖြစ်စေ မှော်ပညာရှင်များအဖွဲ့အစည်းကို လှည့်ပတ်၍မရချေ။
ဤအရာ၏ အထင်ရှားဆုံး ဥပမာမှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ အဆင့်သတ်မှတ်ချက် စာမေးပွဲဖြစ်သည်။
ဤသည်မှာ စိုင်စ်နယ်မြေကြီးရှိ တစ်ခုတည်းသော တရားဝင်စာမေးပွဲဖြစ်ပြီး လူတိုင်းအသိအမှတ်ပြုထားသည့် စာမေးပွဲဖြစ်သည်။
မှော်ပညာရှင်များအတွက်၊ မှော်ပညာကို ပြင်းပြင်းထန်ထန်လေ့လာပြီး အရည်ချင်းစစ်စာမေးပွဲတွင် အဆင့်မြင့်အဆင့်တစ်ခုရရန်မှာ ၎င်းတို့အလိုချင်ဆုံးအရာဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည်စာမေးပွဲကို တွေ့ကြုံခဲ့ရသည်။
မှော်ပညာရှင်များအဖွဲ့အစည်းမှ နုတ်ထွက်ပါက ဤစနစ်မှ နုတ်ထွက်မည်ဖြစ်သည်။ ၎င်းတို့မသေပါသော်လည်း မှော်ပညာရှင်ဘဝမှာ သေဆုံးဖို့လုံလောက်ပါ၏။
ထို့ကြောင့် ၎င်းတို့တွင် အခြားရွေးချယ်စရာများမရှိပါက၊ အကျိုးအမြတ်လုံးဝမရှိသောကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းမှ နှုတ်ထွက်ရန်ရွေးချယ်မည့် မှော်ပညာရှင်တစ်ဦးတစ်ယောက်မျှမရှိပေ။
ထို့ကြောင့် စတက်တိန်းနယ်မြေမှ မှော်ပညာရှင် နှစ်ရာကျော်သည် တစ်ချိန်တည်းတွင် နုတ်ထွက်သွားသည့်အတွက်ကြောင့် လူများသည် သဘာဝကျကျပင် တုန်လှုပ်ခြောက်ခြားသွားကြသည်။
ဒီမှော်ပညာရှင်တွေအားလုံး တစ်ချိန်တည်းမှာ နုတ်ထွက်ရအောင် ဘာအကြောင်းအရင်းများ ရှိခဲ့တာလဲ?
စတက်တိန်းနယ်မြေ၏ မှော်ပညာရှင်များအဖွဲ့အစည်းဌာနခွဲသည် ဤကိစ္စကို ဖုံးကွယ်ထားခြင်းမရှိပေ။ ပြည်တွင်းရှိ စတက်တိန်းနယ်မြေ သတင်းစာ ၃ စောင်နှင့် ပတ်ဝန်းကျင်နိုင်ငံများ၏ သတင်းစာများတွင် ၎င်းတို့သည် ဤကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သတင်းများကို ရေးသားခဲ့သည်။
ထိုသတင်းတွေကနေတဆင့် လူတွေက နောက်ဆုံးတော့ အကြောင်းပြချက်ကို နားလည်လာကြပါ၏။
မှော်ပညာရှင် နှစ်ရာ့သုံးဆယ့်ခုနစ်(၂၃၇)ယောက်သည် မှော်ပညာရှင်များအဖွဲ့အစည်း၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် စီရင်ချက် ကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းမှ ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်းမှ Frestech ကုန်သည်ကြီးများအသင်းသည် လိမ်လည်လှည့်ဖြားသူများနှင့် ပြည့်နှက်နေသော မယုံကြည်နိုင်လောက်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ Frestech ကုန်သည်ကြီးများအသင်းကို ပိုမိုသတိရှိကြရန်လိုကကြောင်း မှော်ပညာရှင်အားလုံးထံ ကြေညာခဲ့သည်။ ၎င်းတို့သည် စကားလုံးများဖြင့် မရပ်တန့်ဘဲ အမှန်တကယ် လုပ်ဆောင်ခဲ့သည်။
ယခုနှစ်တွင် စတင်တော့မည့် အရည်အချင်းစစ် စာမေးပွဲအတွက် Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများသည် ပုံမှန်အတိုင်း ပါဝင်သွားမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ စာမေးပွဲအတွက် စာရင်းသွင်းချိန်တွင် ၎င်းတို့မှာ မှော်ပညာရှင်များအဖွဲ့အစည်းက သတိပေးထားသည့် ကုမ္ပဏီဖြစ်သော Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရန် ရွေးချယ်ထားသောကြောင့် ၎င်းတို့မှာ ဤနှစ်စာမေးပွဲကို ဖြေရန် အရည်အချင်းမမှီဟု ပြောခံခဲ့ရသည်။
စာမေးပွဲတွင်ပါဝင်လိုပါက Frestech ကုန်သည်ကြီးများအသင်းမှ ဦးစွာထွက်ခွာရမည်ဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်း၏ လုပ်ဆောင်ချက်များသည် Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များကို ဒေါသထွက်စေခဲ့သည်။ ၎င်းကို ဆွေးနွေးပြီးနောက်တွင် မှော်ပညာရှင် နှစ်ရာ့သုံးဆယ့်ခုနစ်(၂၃၇)ယောက်က မှော်ပညာရှင်များအဖွဲ့အစည်းကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့ပြီး မှော်ပညာရှင်များအဖွဲ့အစည်း၌ စစ်ဆေးဖို့ မလိုအပ်တော့ဘူးဟု ဆိုကြလေ၏။
ထို့အပြင် သတင်းစာအသီးသီး၏ အင်တာဗျူးတောင်းဆိုမှုများကို လက်ခံပြီးနောက် မှော်ပညာရှင် နှစ်ရာကျော်၏ ကိုယ်စားလှယ်က မှော်ပညာရှင်များအဖွဲ့အစည်းကို ပြင်းပြင်းထန်ထန် ဒေါသတကြီး စွပ်စွဲပြောဆိုခဲ့သည်။
မှော်ပညာရှင်များအဖွဲ့အစည်းကို တည်ထောင်ပြီးကတည်းက ၎င်း၏ ရည်မှန်းချက်မှာ နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံးကို စုစည်းပြီး ကူညီပေးသည့် အဖွဲ့အစည်းဖြစ်ရန်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ရည်ရွယ်ချက်မှာ အားလုံးအကျိုးရှိအောင် ကူညီဖို့ပင်ဖြစ်သည်။
သို့သော် လက်ရှိ မှော်ပညာရှင်များအဖွဲ့အစည်းသည် မတူညီသော အဖွဲ့ခွဲများနှင့် ကိုယ်ကျိုးစီးပွားများ ပြည့်နှက်နေသော အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်မှ အကြီးအကဲများသည် အခြားမှော်ပညာရှင်များ၏ အကျိုးစီးပွားကို ဂရုမစိုက်ဘဲ ၎င်းတို့ကိုယ်ကိုသု ဂရုစိုက်ကြ၏။
၎င်းတို့၏ ကနဦးရည်မှန်းချက်ကို ဆန့်ကျင်သော ဤအဖွဲ့အစည်းမျိုးသည် လုံးဝတည်ရှိနေရန် မလိုအပ်ချေ။
ထိုသတင်းကို ဖတ်သည့်လူများဟာ ထိုကိုယ်စားလှယ်၏စွပ်စွဲချက်အပေါ် အမျိုးမျိုးသော တုံ့ပြန်မှုတွေ ရှိခဲ့ပါ၏။
လူအများစုသည် ဤမှော်ပညာရှင်များနှင့် ပတ်သက်၍ ထောက်ခံကြပြီး မှော်ပညာရှင်များအဖွဲ့အစည်းအပေါ် ၎င်းတို့၏ကိုယ်စားလှယ်ထံမှ စွပ်စွဲချက်များကို သဘောတူညီခဲ့ကြသော်လည်း ဤမှော်ပညာရှင်အယောက်နှစ်ရာသည် Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များဖြစ်ကြောင်း ညွှန်ပြသော သေးငယ်သောအစိတ်အပိုင်းတစ်ခုကလည်း ရှိသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့၏လုပ်ဆောင်မှုများမှာ Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကိုဆန့်ကျင်သည့်အစီအစဉ်ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့ကိုအမိန့်ပေးခြင်း ဖြစ်နိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကို မတုံ့ပြန်သော်လည်း နောက်တွင် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဖြစ်စေသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။
မှော်ပညာရှင်များအဖွဲ့အစည်းမှ ထွက်ခွာသွားသော မှော်ပညာရှင် နှစ်ရာကျော်သည် မှော်ပညာရှင်များ ရှင်သန်မှုအလုပ်ဖူလုံရေးသမဂ္ဂဟု ခေါ်သည့် ရိုးရိုးရှင်းရှင်းပြောရလျှင် မှော်ပညာရှင်များအသင်းကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ရုတ်တရက်ကြေညာခဲ့သည်။
ဤမှော်ပညာရှင်များအသင်းသည် နာမည်တွင်ဖော်ပြထားသည့်အတိုင်း ဖြစ်ကာ မှော်ပညာရှင်များ အသက်ရှင်နေထိုင်ခြင်း၏ အခြေခံပြဿနာကို ကူညီဖြေရှင်းပေးရန်အတွက် အာရုံစိုက်မည်ဖြစ်ပြီး၊ မှော်ပညာရှင်များအားလုံး အခြေခံပြဿနာအတွက် စိတ်ပူစရာမလိုကြောင်း သေချာစေမည်ဖြစ်သည်။
ဤမှော်ပညာရှင်များအသင်း ကို တည်ထောင်ချိန်တွင် ၎င်းတို့သည် မှော်ပညာရှင်များအဖွဲ့အစည်းမှ နုတ်ထွက်ခဲ့သော မေ့ဇ်လူသာက မှော်ပညာရှင် နှစ်ရာကျော်ကို ကိုယ်စားပြုမည့် ပထမဆုံးဥက္ကဋ္ဌအဖြစ် ကြေညာခဲ့သည်။ မှော်ပညာရှင်များအသင်း ကို တည်ထောင်သော ၎င်းတို့၏ရည်ရွယ်ချက်မှာ မှော်ပညာရှင်များအားလုံး အလုပ်လုပ်ပိုင်ခွင့်ရရှိပြီး ၎င်းတို့၏ အခြေခံရှင်သန်မှုအတွက် စိတ်ပူစရာမလိုကြောင်း သေချာစေရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် မှော်ပညာရှင်များအသင်းသည် Frestech ကုန်သည်ကြီးများအသင်း အပါအဝင် ကုမ္ပဏီအမျိုးမျိုးနှင့် နီးနီးကပ်ကပ် အလုပ်လုပ်မည်ဖြစ်သည်။ ၎င်းတို့သည် မှော်ပညာရှင်တိုင်း၊ အထူးသဖြင့် အဆင့်နိမ့် မှော်ပညာရှင်တိုင်းအတွက် အလုပ်အကိုင်ကောင်းများ နှင့် သင့်လျော်သော လေ့ကျင့်မှု များရရှိစေမည်ဖြစ်ပြီး ထိုသို့ဖြင့် မှော်ပညာကိုသုံးက အလုပ် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဤနည်းအားဖြင့်၊ မှော်ပညာရှင်များသည် ၎င်းတို့၏ သုတေသနပြုမှုတွင် ကုန်ဆုံးခဲ့သော အချိန်များကို ဖြုန်းတီးသွားမည်ဖြစ်ပြီး ၎င်းတို့သည် ဤလေ့ကျင့်မှုကို အသုံးချနိုင်သည့်အပြင် ၎င်းတို့နှစ်သက်သော မှော်ပညာကို ဆက်လက်လုပ်ဆောင်နိုင်ကာ ၎င်းတို့၏ အဆင့်အတန်းကို တိုးမြင့်လာစေမည်ဖြစ်သည်။
မှော်ပညာရှင်များအဖွဲ့အစည်း၏ ပျော့ပျောင်းစွာ ဖွဲ့စည်းထားသော ဖြည်းဖြည်းချင်း စီမံခန့်ခွဲမှုနည်းလမ်းနှင့် နှိုင်းယှဉ်ပါက မှော်ပညာရှင်များအသင်း သည် အဆင့်နိမ့်မှော်ပညာရှင်များ၏ အကျိုးကျေးဇူးများကို အထူးအာရုံစိုက်ထားမည်ဖြစ်သည်။
ထို့ကြောင့် မှော်ပညာရှင်များအသင်း စတင်တည်ထောင်ပြီး တစ်လမပြည့်မီတွင် မှော်ပညာရှင်အသင်းတွင် ပါဝင်လိုသည့် မှော်ပညာရှင်များမှာ အံ့ဩဖွယ်ရာ တစ်သောင်းအထိရှိခဲ့သည်။
ဤအရေအတွက်သည် မှော်ပညာရှင်များအသင်းအား Frestech ကုန်သည်ကြီးများအသင်းမှ ထိန်းချုပ်ထားသည်ဟူသော ကောလာဟလများကို ချက်ချင်းဆိုသလို ကွဲကြေသွားစေသည်။
Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များအသင်းသို့ ဝင်ရောက်သူမှာ သုံးထောင်ရှိပြီး ကျန်ခုနစ်ထောင်မှာ Frestech ကုန်သည်ကြီးများအသင်း ပြင်ပရှိ အခြားအဖွဲ့အစည်းများနှင့် နိုင်ငံများမှ လာသူများဖြစ်သည်။
ဤမှော်ပညာရှင်များအသင်း သည် Frestech ကုန်သည်ကြီးများအသင်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကို မည်သူမျှ ယုံမည်မဟုတ်ပေ အဘယ့်ကြောင့်ဆိုသော် ၎င်းကိုတည်ထောင်ပြီး ဒုတိယနေ့၌ မှော်ပညာရှင်များအသင်းမှ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့သောကြောင့်ဖြစ်သည်။ မှော်ပညာရှင်များအသင်းတွင် ပါဝင်လာသူများအား အခမဲ့ မှော်စက်ထုတ်လုပ်ရေး သင်ကြားချက်များရရှိမည်ဖြစ်သလို မှော်စက်နှင့်ပတ်သက်သည့် အလုပ်များအတွက် အကြံပြုချက်နေရာပေါင်း သုံးထောင်ကျော်ကိုလည်း ပေးဆောင်မည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်နိုင်ရုံနှင့်တင် အဆင့်နိမ့် မှော်ပညာရှင်များအတွက် အင်မတန်ဆွဲဆောင်ရာကျနေပြီဖြစ်သည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်မလုပ်နိုင်ပါလျှင်တောင် အခြားမှော်စက်ကုမ္ပဏီများအတွက် အလုပ်လုပ်ရလျှင်လည်း အဆင်ပြေပါ၏။
ဒါကြောင့် ဒီကြေညာချက်ထွက်လာပြီးတာနဲ့ ပါ၀င်တဲ့ အဆင့်နိမ့် မှော်ဆရာတွေ ဝိုင်းအုံလာတာကြောင့် တစ်လမပြည့်ခင်မှာပဲ အဖွဲ့ဝင်ပေါင်း တစ်သောင်းကျော်အထိ ရှိလာခဲ့ပါတယ်။
သို့သော် မသက်ဆိုင်သူများမှာ ၎င်းကို ရယ်မောပျော်ရွှင်ရသည့် စိတ်ဖြင့် ကြည့်နေကြသူများစွာ ရှိသည်။
မှော်ပညာရှင်များအသင်း သည် မှော်ပညာရှင်များအဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကို ရိုးရှင်းစွာတူးဖော်ခဲ့သည်။ ဤမှော်ပညာရှင်များကို အနှစ်,နှစ်ထောင်ကျော် ဆုပ်ကိုင်ထားခဲ့သည့် မှော်ပညာရှင်များအဖွဲ့အစည်းမှာ မည်သို့များ ဒီတိုင်း ထိုင်ကြည့်နေနိုင်ပါမည်နည်း?
***