← Chapters

အခန်း (၁၅၁-၁၆၀)

Vol. 6 Ch. 151-160

အခန်း (၁၅၁-၁၆၀)

Vol. 6 Ch. 151-160

Vol 6, အခန်း ၁၅၁။ ပင်လယ်ပြင်ထက်၌ တိုက်ခိုက်ခြင်း

ကွင်စီ ရာဖာအဲက မျက်မှောင်ကုပ်၍ မြေပုံကိုကြည့်လိုက်သည်။

"ဆာမာရန့်ထ်နယ်မြေက သံသတ္တုတွင်းတွေကြောင့်လား?"

"အမှန်ပဲ" ဂါန်ဆောရွန်က အပြုံးဖြင့် ခေါင်းငြိမ့်လိုက်သည်၊ "ကျုပ်အမြင်မှာ ဒီနယ်စားဝင်းနက်စ်က တကယ်ပဲ အမြင်ရှိပြီး ပြတ်သားတယ်။ သူက ဒီလိုအချိန်တိုလေးအတွင်းမှာပဲ မှော်စက်မှုနယ်ပယ်မှာ အရေးအပါဆုံးသတ္တုဟာ သံမဏိဖြစ်မှာကို နားလည်နိုင်ပြီး ဆာမာရန့်ထ်နယ်မြေကို တိုက်ခိုက်ဖို့ ကျုပ်တို့ပေးထားတဲ့ စစ်ဘက်သုံးမှော်စက်တွေကို ပြတ်ပြတ်သားသားအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာက တကယ်ကို လေးစားစရာပဲ။"

ကွင်စီ ရာဖာအဲမှာ မြေပုံကို ခဏကြာ သေချာကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်သည်။

"ခင်ဗျားမှန်တယ်။ ဝင်းနက်စ်နယ်မြေမှာ သံသတ္တုတွင်းတွေက မရှိသလောက်နီးပါးဖြစ်ပြီး သူတို့မှာ မှော်သလင်းကျောက်တွင်း နည်းနည်းပဲရှိတာ။ သူတို့သာ မှော်စက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေချင်ရင် ဒီလိုသဘာဝအခြေနေတွေကြောင့် အကန့်သတ်ဖြစ်လာနိုင်တယ်။ ဆာမာရန့်ထ်နယ်မြေက ဒီလိုရင်းမြစ်တွေကြွယ်ဝတော့ ဝင်းနက်စ်နယ်မြေက ဆာမာရန့်ထ်နယ်မြေကို စွန့်စားတိုက်ခိုက်ခဲ့တာမို့ နယ်စားဝင်းနက်စ်က ပြတ်သားတယ်လို့ ပြောလို့ရတယ်။"

"ဒါတင်မကသေးဘူး သူက ဒီအခွင့်ရေးကို ယူပြီး ဥက္ကဌကို သူ့ရဲ့ ပြတ်သားပုံအကြောင်းပြသရင်းနဲ့ သူရဲ့ ရပ်တည်ချက်ကိုတောင်.... ဥက္ကဌကို ဖော်ပြနေတာလို့ သံသယရှိတယ်...." ဂါန်ဆောရွန်က အလေးအနက်ဆိုသည်။

“အန်? ဘာလို့ ဒီလိုထင်တာလဲ။" ကွင်စီ ရာဖာအဲ က ချက်ချင်း အံ့သြသွား၏။

Garn Saurojn သည် မြေပုံပေါ်ရှိ ဝင်းနက်စ်နယ်မြေကို ထိကာ တွေးဆဆ အသံဖြင့် ပြောသည် ။ " Quincy၊ မင်းလည်း နယ်စားဝင်းနက်စ်နဲ့ တွေ့ဖူးတယ်၊ သူက စိတ်မြန်တဲ့လူလို့ မင်းထင်လား"

"ဟင့်အင်း သူ့ကို ဘယ်လိုကြည့်ကြည့် အရမ်း အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်ရမယ်။" ကွင်စီ ရာဖာအဲ က ခေါင်းခါလိုက်သည် "ဟုတ်တယ်၊ ဒါက နယ်စားကြီးအဖြစ် သူ့မှာ ရှိသင့်တဲ့အရာပဲ"

"မှန်တယ်။" ဂါန်ဆောရွန် က ခေါင်းညိတ်လိုက်ပြီး “မှော်စက်လုပ်ငန်းရဲ့ အဓိကအချက်ဖြစ်တဲ့ အရင်းအမြစ်မျိုးစုံကို သိမ်းပိုက်ပြီး ဒီလို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ စိတ်ဆန္ဒရှိနေတဲ့ သူ့ကို တွေ့မြင်ရတာ ကျေးဇူးတင်မိပေမယ့်၊ ဆာမာရန့်ထ်နယ်မြေကို သူဘယ်လိုတိုက်ခိုက်ခဲ့တယ်ဆိုတာ သေချာစဉ်းစားထားရင် ဝင်းနက်စ်နယ်မြေရဲ့ လက်ရှိအခြေအနေနဲ့ ဒီလိုလုပ်ဖို့ ရွေးချယ်မှာမဟုတ်ဘူး။”

“ပိုလုံခြုံတဲ့နည်းလမ်းက ကျုပ်တို့ကုမ္ပဏီနဲ့ ဆက်အလုပ်လုပ်နေပြီး သူတို့ မှော်စက်လုပ်ငန်းအဆင့်ကို တိုးမြှင့်ရင်းနဲ့ ကျုပ်တို့ ကုမ္ပဏီဆီက ပိုကောင်းမွန်တဲ့ စစ်ဘက်ဆိုင်ရာမှော်စက်များကို ရယူဖို့ပဲ။ ခွန်အားတွေ ဖြည့်ပြီးတာနဲ့ လှုပ်ရှားသင့်တယ်။ နောက်ဆုံးကျ‌တော့လည်း ဝင်းနက်စ်နယ်မြေရဲ့ အခြေအနေအရ အရင်းအမြစ်တွေကို ခိုးယူဖို့ စစ်တိုက်ရမယ့် အခြေနေကို မရောက်သေးဘူး မဟုတ်လား။"

ကွင်စီ ရာဖာအဲ သည် ခေါင်းညိတ်မပြမီ အနည်းငယ် ငြိမ်သက်နေခဲ့သည်။

"မှန်တယ်၊ ဒါပေမယ့် Garn... ဥက္ကဌကို သူ့ရပ်တည်ချက်ကို ထုတ်ပြဖို့ ကြိုးစားတယ်လို့ ဘာကြောင့် ပြောတာလဲ။"

“ဝင်းနက်စ်နယ်မြေက ငါတို့ ကြေညာခဲ့တဲ့ ပထမဆုံးမိတ်ဖက်တွေထဲမှတစ်ဦးဖြစ်ပြီး ဒုတိယအဆင့် မှော်စက်လုပ်ငန်းအဆင့်ကိုရောက်ရှိတဲ့ ပထမဆုံးနိုင်ငံလည်းဖြစ်တယ်လေ။ ဥက္ကဋ္ဌရဲ့ အစီအစဉ်နဲ့ ပတ်သက်ရင် သူတို့က အရမ်းကောင်းတဲ့ ကိုယ်စားလှယ် နိုင်ငံတစ်ခုပဲ။ ကြည့်လေ၊ ဥက္ကဌက သူတို့ကို အားပေးတဲ့အနေနဲ့ အဆင့်မြင့် စစ်ဘက်သုံးမှော်စက်တချို့နဲ့ ချီးမြှင့်လိုက်တာကတင် သူ့အတွက် ရှုမြင်ပုံချင်း မတူတာကို ပြသနေတယ်။ ဒါ့ကြောင့် နယ်စားဝင်းနက်စ်က ဒီလို သတ္တိရှိရှိ စွန့်စားဖို့ ကြံရွယ်ထားတာဟာ ကျုပ်တို့ ကုမ္ပဏီရဲ့ အစီအစဉ်အတွက် ကိုယ်စားလှယ်နိုင်ငံအနေနဲ့ ဥက္ကဌကလည်း သူတို့အပေါ် ဘက်လိုက်အောင်လို့ပဲ”

"ဒါဆို ခင်ဗျားပြောချင်တာက... ဥက္ကဌက သူ့ကို ထောက်ပံ့မယ်ပေါ့?" ကွင်စီ ရာဖာအဲက မျက်မှောင်ကုပ်၍ မေးသည်၊ "ဥက္ကဌရဲ့ ပုံမှန်ဒေါသနဲ့ဆို ဒီအနားမရတဲ့လူကို သူ ဘယ်တော့မှ မမေ့လောက်မယ့် သင်ခန်းစာတစ်ခု ပေးလောက်တယ်။"

"ဟင့်အင်း အဲ့လိုမထင်ဘူး။ ကျုပ်အထင်တော့... ဥက္ကဌက ဒါကို မျှော်လင့်ထားပြီးသားဖြစ်လောက်မှာ၊ ဒီ‌တော့ တမင်သက်သက် ဝင်းနက်စ်နယ်မြေကို ဆုအဖြစ် အဆင့်မြင့်စစ်ဘက်သုံးမှော်စက်တွေ တမင်ပေးခဲ့တာ ဖြစ်မယ်။ ဒါက နယ်စားဝင်းနက်စ် ဒီလိုလုပ်တာကို ထောက်ပံ့ဖို့ပဲ။"

"မဟုတ်လောက်ပါဘူး?" ကွင်စီ ရာဖာအဲက အံ့ဩသွားသည်၊ "ဥက္ကဌက အမြဲတမ်း ငြိမ်းချမ်းရေးကို ထောက်ပံ့တဲ့သူမဟုတ်ဘူးလား? ဘယ်လိုလုပ် သူက...."

"ဥက္ကဌက ငြိမ်းချမ်းရေးထောက်ခံသူလို့ ဘယ်သူပြောတာလဲ?" ဂါန်ဆောရွန်က သူ့ထံ စိုက်ကြည့်လိုက်သည်၊ "ငြိမ်းချမ်းရေးကို ထောက်ပံ့သူတစ်ယောက်က မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကို သွားဆွမယ်ထင်လို့လား?"

"ဒါက..." ကွင်စီ ရာဖာအဲ၏ မျက်နှာက တွန့်ရှုံသွားကာ၊ "ဒါက ဥက္ကဌ သူတို့ကို သွားဆွတယ်လို့ ပြောလို့မရဘူးလေ ဟုတ်တယ်မို့လား? မှော်ပညာရှင်များအဖွဲ့အစည်းက ကျုပ်တို့ ကုမ္ပဏီကို သိသိသာသာကြီး တွန်းအားပေးနေတာမို့ ဥက္ကဌက ရွေးစရာမရှိဘဲ ပြန်တိုက်ခိုက်ရ‌တာလေ။"

"ဒါပေမယ့် ဥက္ကဌကသာ လုံလုံလောက်လောက် ငြိမ်းငြိမ်းချမ်းချမ်း ပြုမူခဲ့ရင် ဒီကိစ္စက ဒီလောက်ကြီးသွားမှာမဟုတ်ဘူးလေ ဟုတ်ပြီလား?" ဂါန်ဆောရွန်က လက်ကိုဖြန့်လိုက်သည်၊ "ကြည့်လေ မှော်ပညာရှင်များအဖွဲ့အစည်းက ကျုပ်တို့ ကုမ္ပဏီနဲ့ ပါဝင်နေတဲ့ နိုင်ငံအ‌တော်များများကို သူတို့ရဲ့ မကြိုဆိုတဲ့စာရင်းထဲမှာ ထည့်ပြီး မျက်နှာသာတောင် မပေးတော့ဘူး။ တကယ်တော့ ကျုပ်အနေနဲ့ နားမလည်ဘူးလို့ ခံစားရတဲ့ အချိန်တွေရှိတယ်၊ ဥက္ကဌက ဒီလိုလုပ်ခြင်းရဲ့ အကျိုးဆက်ကို နားမလည်မှာတော့ မဖြစ်နိုင်ဘူးဆိုတော့ ဘာလို့ ဒီလိုလုပ်ဖို့ ပြတ်သားနေရတာလဲ?"

ကွင်စီ ရာဖာအဲမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချ၍ ခေါင်းခါသည်၊ "ကျုပ်တို့အနေနဲ့ ဥက္ကဌ တွေးနေတဲ့အရာကို ခန့်မှန်းဖို့ ကြိုးစားနေလို့ မဖြစ်သင့်ဘူး။ လက်အောက်ငယ်သားတွေအနေနဲ့ ကျုပ်တို့ ကိုယ့်အလုပ်ပဲ လုပ်သင့်တယ်။"

ဂါန်ဆောရွန်မှာ လက်တစ်ချောင်းထောင်လိုက်ပြီး ကွင်စီ ရာဖာအဲရှေ့၌ ၎င်းကို ခါပြလိုက်၍ ရယ်လျက် ပြောသည်၊ "ကျုပ်က ဥက္က‌ဌနောက်ကွယ်မှာ အပြစ်တင်နေတယ်လို့ မယူဆလိုက်နဲ့။ တကယ်တော့ ကျုပ်လည်း ဥက္ကဌရဲ့ နည်းလမ်းတွေကို အရမ်း သဘောကျတယ်။ ကျုပ်တို့သာ မှော်ပညာရှင်များအဖွဲ့အစည်းနဲ့ ရင်မဆိုင်နိုင်ရင် ဘယ်လိုလုပ် ကျုပ်တို့ ကုမ္ပဏီက မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်က အရေးပါတဲ့ မှော်ပညာရှင်တွေကို လုယူနိုင်မှာလဲ? အဲ့လိုမထင်ဘူးလား?"

ကွင်စီ ရာဖာအဲက ဂါန်ဆောရွန်ကို မျက်လုံးလှိမ့်ပြလေသည်၊ "ကောင်းပြီ ခင်ဗျား ရူးမသွားခင် ကျုပ်အနေနဲ့ အရင်ဆုံး ကျုပ်တို့လမ်းကြောင်းရဲ့ လုံခြုံမှုကို လေ့လာဖို့ တိုက်တွန်းရဦးမယ်။ ကုမ္ပဏီဌာနချုပ်က နောက်ဆုံး သတိပေးချက်ပေးလာတယ်၊ နောက်ဆုံးရသတင်းအရ မှော်ပညာရှင်များအဖွဲ့အစည်းက နိုင်ငံတချို့ အဖွဲ့အစည်းတချို့နဲ့ အတူ ကျုပ်တို့ ကုမ္ပဏီကို ပြဿနာဖြစ်စေဖို့ အလုပ်လုပ်နေတယ်တဲ့။ ကျုပ်တို့လို အပြင်ထွက်ပြီး သွားလာနေရတဲ့ လူတွေအတွက် ပိုပြီး နိုးကြားနေဖို့လိုတယ်။"

ဂါန်ဆောရွန်က နှုတ်ခမ်းများကို အထင်အမြင်သေးစွာ ကွေးညွတ်လိုက်သည်၊ "မှော်ပညာရှင်များအဖွဲ့အစည်းက ဘယ်လောက်ပဲ အင်အားကောင်းကောင်း ဒီလိုကျယ်ပြောတဲ့ ပင်လယ်ပြင်မှာ သူတို့က ကျုပ်တို့ကို ကိုင်တွယ်နိုင်မှာတဲ့လား? ဒီလောကရဲ့ ဒီလိုကျယ်ပြောတဲ့ပင်လယ်ပြင်မှာ ကျုပ်တို့ အစောင့်သင်္ဘောစုရဲ့ အားကောင်းတဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ့် သင်္ဘောစုရှိတယ်ဆိုတာ မယုံဘူး။"

ကွင်စီ ရာဖာအဲက သူ့အား ငြင်းဆန်လိုက်ချင်သော်လည်း သူလည်း မှန်တယ်ဟု ခံစားရသည်၊ အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှာ ပင်လယ်ပြင်၌ ပြိုင်ဘက်ကင်းသဖြင့် ဘာမှ စိုးရိမ်နေဖို့မလိုပေ။

ထို့ကြောင့် သူဟာ ခေါင်းခါ၍ မည်သည်ကိုမှ မဆိုတော့ပါချေ။

ဝင်းနက်စ်နယ်မြေမှာ တည့်တည့်သွားလျှင် စတက်တိန်းနယ်မြေမှ ကီလိုမီတာ သုံးထောင် အနည်းဆုံး ဝေးကွာကာ ပင်လယ်လမ်းကြောင်းမှာ ကီလိုမီတာ လေးထောင်ကျော်လောက်ရှိမည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်သင်္ဘောများမှာ မြန်ဆန်ပါသော်လည်း ခရီးတစ်ထောက်က တစ်ပတ်ကြာလိမ့်မည်။

ဝင်းနက်စ်နယ်မြေဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် သင်္ဘောစုမှာ ပင်လယ်အနက်ပိုင်းထဲဝင်ရောက်၍ ကမ်းခြေမှ ခုနစ်ဆယ်ကီလိုမီတာ ပတ်လည်ဝေးသည့်အချိန်တွင် အနောက်ဘက်သို့ ဦးတည်သွားသည်။

Frestech ကုန်သည်ကြီးများအသင်း ကန်ဒရာအင်ပါယာရေတပ်နှင့်အတူ ဖောက်ထားသည့် ပင်လယ်လမ်းကြောင်းမှာ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းပင်လယ်ပြင်၌ ကန့်သတ်ထားပြီး ပင်လယ်အနက်ပိုင်းအထိ မဖွံ့ဖြိုးသေးသောကြောင့် သင်္ဘောစုများမှာ Frestech ကုန်သည်ကြီးများအသင်း ထိန်းချုပ်ထားသည့် အချက်ပြနေရာဖြစ်သော Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများနှင့် ကန်ဒရာအင်ပါယာရေတပ်တို့ကို ဆက်သွယ်နိုင်သည့်နေရာသို့ ရောက်ရှိရန် တစ်ထောင်ကီလိုမီတာပတ်လည်လောက် ရွက်လွှင့်ဖို့ လိုအပ်သည်။

၎င်းမတိုင်ခင်တွင် ၎င်းတို့မှာ သာမန်သင်္ဘောများနှင့် ထိုမျှ မကွဲပြားပေ။ အဆုံးမဲ့ပင်လယ်ပြင်၌ ၎င်းတို့မှာ မျက်ကန်းတစ်ယောက်ကဲ့သို့ အနောက်ဘက်သို့ ဦးတည်၍သာ ရွက်လွှင့်နိုင်သည်။

၎င်းမှာ နှစ်ရက်လောက်ကြာညောင်းပြီး အမြဲတစေ Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပို့ဆောင်ရေးဌာနခွဲမှ အန္တရာယ်နယ်မြေဟု သတ်မှတ်ထားသော နေရာဖြစ်သည်။ ၎င်းတို့အနေနှင့် ၎င်းတို့၏ သင်္ဘောများကို ဤအတောအတွင်း သတိကြီးကြီးထားဖို့လိုအပ်သည်။

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများ၏ အင်အားကို မူတည်၍ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများမှာ ပင်လယ်ဓားပြများကို ကြုံရလျှင်တောင် တစ်ဘက်ကို မည်သည့်အန္တရာယ်မှမရှိဘဲ အလွယ်လေးကိုင်တွယ်နိုင်သည်။

ယခုတွင် ကွင်စီ ရာဖာအဲမှာ ဂါန်ဆောရွန်ကို ဂရုစိုက်ဖို့ သတိပေးခြင်းက အကျင့်အရသာဖြစ်ပြီး သူလည်း ထိုမျှ သတိထားမနေပေ။

အမှန်မှာ သူဟာ Frestech ကုန်သည်ကြီးများအသင်းအပေါ် မှော်ပညာရှင်များအဖွဲ့အစည်း၏ ခြိမ်းခြောက်မှာကို ဂရုမစိုက်ချေ။

ပြောကလျှင် ဤသည်မှာ အဆုံးမဲ့ပင်လယ်ပြင်ဖြစ်သည်။ မှော်ပညာရှင်များအဖွဲ့အစည်းက သူတို့ကိုတိုက်ခိုက်ဖို့ မှော်ပညာရှင် အများကြီး လွှတ်လိုက်နိုင်လို့လား?

သို့ရာတွင် နောက်နေ့မနက်အစောတွင် အချက်အလက်များက ဤလောက၌ အရာရာတိုင်းဖြစ်နိုင်ချေရှိကြောင်း သက်သေပြနေသည်....

"သောက်ကျိုးနည်း! ဘာလို့ အဲ့လောက်များတဲ့ မှော်ပညာရှင်တွေ ဦးတည်လာနေရတာလဲ? ပြီးတော့ အားလုံးက အဆင့်မြင့်မှော်ပညာရှင်တွေချည်းပဲ!"

၎င်းတို့ရှေ့၌ အင်မတန်အားကောင်းလှသည့် မတူညီသော မှော်စွမ်းအင်အရောင်များ တောက်ပနေသော ထူးဆန်းသည့် ဧရာမသစ်သားသင်္ဘောများကို မြင်သော် ဂါန်ဆောရွန်၏ နဖူးထက် သွေးကြောများထောင်ထလာသည်။

"ဒီကောင်တွေက သာမန် ပင်လယ်ဓားပြတွေမဟုတ်ဘူးဟ!"

"ဟုန်း...."

သူ၏ အသံတိတ်သွားပြီးမကြာခင်မှာပင် သင်္ဘောကိုယ်ထည်သို့ မန္တာန်အများအပြားလာရိုက်ခတ်ကာ နားပင်းလောက်သည့် ပေါက်ကွဲသံများထွက်လာ၏။

၎င်းတို့အား များစွာသော အခန်းများဖြင့် ခွဲထားသော်လည်း ဂါန်ဆောရွန်အနေနှင့် ထိုမန္တာန်များ၏ စွမ်းအားကို ခံစားနိုင်ရာ ပို၍ပင် စိတ်ရှုပ်မ‌လာဘဲ မနေနိုင်တော့ပေ။

သူ့အနေနှင့် မျက်ကန်းပင်လယ်ဓားပြများဟု ထင်ခဲ့သော်လည်း တစ်ဘက်က အဆင့်မြင့်မန္တာန်များအားလုံးကို ပစ်လွှတ်လာမည်ဟု မည်သို့ ထင်ထားခဲ့မည်နည်း။

တစ်ဘက်တွင် အဆင့်မြင့်မှော်ပညာရှင်များရှိသည်မှာ သေချာပြီး တစ်ဦးတည်းမဟုတ်ဘဲ ဆယ်ဦးသို့မဟုတ် ဒါဇင်နှင့် ချီလောက်သည်!

မှော်ပညာရှင်များမှာ စိုင်စ်နယ်မြေကြီး၌ ထိုမျှ မရှားပါးလှသော်လည်း အဆင့်မြင့်မန္တာန်များအသုံးပြုနိုင်သည့် အဆင့်မြင့်မှော်ပညာရှင်များမှာ ရှားပါးလှ၏။

ပုံမှန်အားဖြင့် ပင်လယ်ဓားပြအဖွဲ့၌ အဆင့်နိမ့်‌မှော်ပညာရှင်များစွာရှိလျှင်ပင် တော်သေးသည်၊ ဒါဇင်ချီမဆိုထားနှင့် အဆင့်မြင့်မှော်ပညာရှင် တစ်ဦးရှိဖို့မပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဂါန်ဆောရွန်မှာ ၎င်းတို့က ပင်လယ်ဓားပြများမဟုတ်ပါဘဲ နိုင်ငံအချို့၏ စစ်တပ်ဖြစ်ကြောင်းသေချာသွားသည်။

နံဘေးရှိ ကွင်စီ ရာဖာအဲထံ၌ လေးနက်နေဟန်ရှိကာ အလေးအနက်ပြောလေ၏၊ "Garn မင်းထင်လား... သူတို့က မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ပို့လိုက်တဲ့ လူတွေလို့?"

ဂါန်ဆောရွန်က အံ့ဩသွားကာ၊ "မဖြစ်လောက်ပါဘူး? မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ဒီလောက်တော့ အရှက်မမဲ့လောက်ပါဘူးနော်? သူတို့က တကယ်ပဲ ငါတို့လိုကုန်သည်လေးတွေကို တိုက်ခိုက်ဖို့လား? ဒါကိုသိသွားကြရင် မှော်ပညာရှင်များအဖွဲ့အစည်းက မျက်နှာပျက်မှာ မဟုတ်ဘူးလား?"

"ကျုပ်တို့ အားလုံးဒီမှာသေရင် ဘယ်သူက ဒါကို သိမှာလဲ?" ကွင်စီ ရာဖာအဲက အလေးအနက်ဟန်ဖြင့် ဆို၏။

"ဖီ! ဘယ်သူက ဒီမှာသေမှာလဲ!" ဂါန်ဆောရွန်က တံထွေးထွေးလိုက်သည်၊ "ဒါက အဆင့်မြင့်မှော်ပညာရှင်လေးနည်းနည်းပါပဲကွာ။ ကျုပ်တို့ သင်္ဘောစုက မဟာမှော်ပညာရှင်တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်ဖို့အထိ ထူးခြားနေတာတော့မဟုတ်ပေမယ့် အဆင့်မြင့်မှော်ပညာရှင်လေးနည်းနည်းကို ကိုင်တွယ်နိုင်ပါတယ်။ အိုင်း အိုင်း ဒီမှော်ပညာရှင်များအဖွဲ့အစည်းက ကောင်လေးတွေက ကောင်းကင်ဘုံနဲ့ ငရဲရဲ့ အတိမ်အနက်ကို မသိကြဘူးပဲ၊ သူတို့က တကယ်ကြီး အရာရာတိုင်းကို မှော်ပညာနဲ့ ဖြေရှင်းနိုင်မယ်ထင်နေတာလား? ဒီတစ်ကြိမ်မှာ ကျုပ်တို့အားလုံး သူတို့ကို အပြတ်ရှင်းပစ်မယ်!"

ကွင်စီ ရာဖာအဲမှာ ၎င်းကို စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ရင်း အမူအရာက ပြေလျော့သွားသည်။

"အင်း ကျုပ်တို့ သင်္ဘောစုရဲ့ အမြန်နှုန်းနဲ့ဆို သူတို့ ကျုပ်တို့ကို မှီနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့မှာရှိတဲ့ မီးစွမ်းအားနဲ့ မှော်ပညာရှင်နည်းနည်းကို တိုက်ခိုက်ဖို့ လွှတ်လိုက်တာဆိုရင်တော့ စိုးရိမ်ဖို့မလိုပါဘူး။ ပြီးတော့ ကျုပ်တို့သင်္ဘောကိုယ်ထည်က သူတို့ စိတ်ကူးနိုင်တာထက် ပိုပြီး မာကြောတော့ မဟာမှော်ပညာရှင်တစ်ယောက် မရှိသရွေ့ ကျုပ်တို့ ဘာမှ....."

ကွင်စီ ရာဖာအဲ၏ အသံမှာ ရုတ်တရတ် ရပ်တန့်၍ မျက်လုံးများပြူးကျယ်လျက် အဝေးသို့ ကြောက်ရွံ့နေဟန်ဖြင့် ကြည့်လိုက်သည်။

ဂါန်ဆောရွန်မှာ အံ့အားသင့်၍ အဝေးသို့ ကြည့်လိုက်ရာ ပုံရိပ်တစ်ခုက ထိုသင်္ဘောမှ ဖြည်းဖြည်းချင်း အပေါ်သို့ မြင့်တက်လာနေသည်ကို မြင်လိုက်ရသည်။

ထိုပုံရိပ်၏ ပတ်လည်၌ အာကာပြင်တွန့်ကြောင်းများရှိနေရာ ကြည့်လျှင် မူးဝေစေသော်လည်း ၎င်းတို့မှာ မနေနိုင်အောင် ဆွဲဆောင်ခံရကာ အကြည့်လွှဲဖို့ ဆန္ဒမရှိပေ။

ဤထူးဆန်းသည့် ဖြစ်စဉ်မှာ အာကာပြင်မှော်ပညာဖြစ်သည်!

ထိုနှစ်ဦးမှာ ခဏကြာ ရပ်တန့်နေပြီးနောက် အချင်းချင်းကြည့်၍ တစ်ချိန်တည်းပြောလိုက်ကြ၏။

"မဖြစ်နိုင်တာ...."

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၂။ ဒေါသ

ရှုယီ၏ မျက်နှာမှာ မည်းမှောင်သွားရင်း သူ့ရှေ့ရှိ စားပွဲမှ စာရွက်စာတမ်းများကို ကြည့်ကာ မျက်လုံးများထဲရှိ ဒေါသကို မဖုံးကွယ်နိုင်တော့ပေ။

ထိုစာရွက်စာတမ်းများမှာ လွန်ခဲ့သည့်လက Frestech ကုန်သည်ကြီးများအသင်း၏ ရုံးခွဲများထံမှ အစီရင်ခံစာများဖြစ်ပါ၏။ ၎င်းတို့မှာ ၁၃စောင်ရှိနေပြီး Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်ငယ်သားများထံ၌ ဖြစ်ပွားခဲ့သည့် မတော်တဆဖြစ်ရပ်များကို တင်ပြထားသည်။

ထိုမတော်တဆဖြစ်ရပ်များ၌ ကုန်သည်စုအလုယက်ခံရခြင်း၊ ရုံးခန်းများ ရှာဖွေခံရခြင်းနှင့် လူများ မတော်တဆသေဆုံးခြင်းတို့ဖြစ်၏.......

ထိုအရာများကြားတွင် ရှုယီအား စိတ်အပူပန်စေဆုံးအရာနှင့် ဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့သည်မှာ ပင်လယ်ပြင်၌ ပို့ဆောင်ရေးသင်္ဘောများ သုံးကြိမ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်၏။

သေချာပြောရသော် Frestech ကုန်သည်ကြီးများအသင်းမှာ စိုင်စ်နယ်မြေကြီးရှိ မရေတွက်နိုင်သော နိုင်ငံများထံရှိ ကုမ္ပဏီကြီးတစ်ခုဖြစ်သဖြင့် လတိုင်း မတော်တဆဖြစ်နေခြင်းဖြစ်ရာ မတော်တဆများက မထူးဆန်း‌လှပေ။

ပြောရလျှင် ဤနယ်မြေကြီးမှာ ကမ္ဘာမြေကြီး၏ မြေရှင်ပဒေသရာဇ်စနစ်နှင့် ညီမျှပါ၏။ ဆက်သွယ်ရေး၊ လူထုလုံခြုံရေး ဖြစ်စေ လူမှုရေးအစီစဉ်ဖြစ်စေ ၎င်းတို့မှာ ကမ္ဘာမြေကြီးကဲ့သို့ ခေတ်သစ်မြို့ပြ‌လူနေမှုကို မယှဉ်နိုင်ချေ။

သို့ပေမယ့် ဒီမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းဟာ တစ်လမှာ မတော်တဆမှု ဆယ်ကြိမ်ထက် ပိုမဖြစ်ခဲ့ခြင်းကြောင့် ၎င်းက ပြင်းထန်လွန်းသည်။

အကယ်၍ Frestech ကုန်သည်ကြီးများအသင်း နယ်မြေကြီးတွင်နာမည်ကြီးခြင်းမရှိသေးစဉ်အချိန်ကဆိုလျှင် ၎င်းတို့၏ ကုန်သည်စုများ တိုက်ခိုက်ခံရပြီး ၎င်းတို့၏လက်အောက်ငယ်သားများထံ မတော်တဆမှုအချို့ဖြစ်မည်ဆိုပါက ထူးဆန်းမည်မဟုတ်ပေ။ သို့သော် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးတွင် ကြီးမားလာကာ နာမည်ကြီးသည့် ကုမ္ပဏီဖြစ်ခြင်းကြောင့် မည်သူက ၎င်းတို့ကို လာဆွဝံ့သနည်း။

ထို့အပြင်၊ ရှုယီ၏အာရုံကို အမှန်တကယ်ဖမ်းစားပြီး သတိထားစေသည့်အရာမှာ ၎င်းတို့က သယ်ယူပို့ဆောင်ရေးသင်္ဘောများကို သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

အဆုံးမဲ့ပင်လယ်ပြင်ရှိ ပင်လယ်ဓားပြအများစုကို Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများနှင့် ကန်ဒရာအင်ပါယာ၏ရေတပ်မှ ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း အဆုံးမဲ့ပင်လယ်များသည် အကန့်အသတ်မရှိပေ။ အဆိုပါ မတော်တဆမှုများကို ကာကွယ်ရန်အတွက် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ အစောင့်သင်္ဘောစုများကို ကာကွယ်ရေး ပမာဏအချို့ ပံ့ပိုးပေးရန် ပင်လယ်ပြင်တွင် ကင်းလှည့်ဖို့ စေလွှတ်ခဲ့သည်။ အကြီးစား သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောများပင်လျှင် ၎င်းတို့ကိုယ်၎င်းတို့ ခုခံကာကွယ်နိုင်ရန် စစ်ဘက်မှော်စက်အချို့ တပ်ဆင်ထားမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ စွမ်းအားအပြင် မှော်သင်္ဘောများ၏ သံမဏိကိုယ်ထည်တို့ကြောင့် ပုံမှန်သင်္ဘောများသည် Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောများနှင့် လုံးဝ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ဤအစီရင်ခံစာသုံးခုမှ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများသည် ဤတိုက်ခိုက်မှုသုံးကြိမ်တွင် ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ ဤတိုက်ခိုက်မှုများကြောင့် နစ်မြုပ်ခဲ့သော အကြီးစား သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောနှစ်စင်းနှင့် အစောင့်သင်္ဘောငါးစင်းပင် ရှိခဲ့သည်။

ဤအချက်အလက်သည် ခဲယဉ်းစွာ လွတ်မြောက်လာသော သင်္ဘောသားများထံမှ ရလာခြင်းဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများသည် တစ်ဖက်မှ လှည့်ဖြားမှုအား တားဆီးနိုင်ခြင်း မရှိသည်မှာ ၎င်းတို့တွင် အဆင့်မြင့် မှော်ပညာရှင်များ အများအပြားရှိရုံသာမက မဟာမှော်ပညာရှင်များပင် ရှိသေးနေသေးသောကြောင့်ဖြစ်သည်။

“မဟာမှော်ပညာရှင်တွေ……” ရှုယီက ဒေါသများပြည့်လာပြီး အံကြိတ်ရင်း ဆိုသည်၊ "ကောင်းတယ်! အရမ်းကောင်းတယ်! အဲဒီကောင်တွေ၊ သူတို့ ခေါင်းကိုက်နေလောက်မယ်လို့ ကျွန်တော်ထင်ခဲ့ပေမယ့် သူတို့ကို လျှော့တွက်မိမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒီကောင်တွေက ကျွန်တော်ထင်ထားတာထက် ဆယ်ဆ ပိုအရှက်မဲ့တာပဲ!”

စတေးလ်နှင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ရှုယီ ရှေ့၌ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှုယီကို ဘယ်လိုနှစ်သိမ့်ရမလဲမသိတော့ပေ။

ခဏကြာတော့ စတေးလ်က ချီတုံချတုံနှင့် ပြောလာသည်၊ "ရှုယီ..... ရှင် ကောက်ချက်ဆွဲဖို့ အလျင်စလို မလုပ်သင့်ဘူး။ ဒါက မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ရဲ့လုပ်ရပ် မဟုတ်နိုင်ပါဘူး၊ သူတို့က ဒီလိုအရှက်မရှိတာမျိုး မဖြစ်သင့်ဘူးမဟုတ်လား"

“အဲဒါတော့ မသေချာဘူး။” ၎င်းကို ငြင်းဆိုခဲ့သည်မှာ ရှုယီ မဟုတ်ဘဲ စတေးလ် နံဘေးရှိ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဖြစ်သည်။

သူသည် ရှုယိကို စူးစူးစိုက်စိုက်ကြည့်၍ စတေးလ်ဆီသို့ လှည့်လာကာ လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“စတေးလ် မင်းက ငယ်သေးတယ်၊ ဒါကြောင့် အဲဒီလူတွေဟာ ကိုယ့်လောဘကို ဂရုစိုက်တဲ့ အရှက်မဲ့သူတွေ အစုအဝေးမို့လို့ အရှက်မရှိတဲ့အရာကို လုပ်နိုင်တယ်ဆိုတာကို မသိတာ။ ဒီတစ်ကြိမ်မှာ ရှုယီက သူတို့ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါလိုက်တာကြောင့် ပြန်တိုက်ခိုက်တာက မထူးဆန်းပါဘူး။ ဒါ့ထက်၊ ဒါက ရှုယီကို သတိပေးရုံပဲလို့ ငါထင်တယ်"

"သတိပေးရုံပဲလား" စတေးလ်က စားပွဲပေါ်ရှိ စာရွက်စာတမ်းထူထူများကို ညွှန်ပြရင်း အံ့အားသင့်စွာဖြင့် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်မိသည်။ ဤ အစီရင်ခံစာ၁၃ခုတွင် Frestech ကုန်သည်ကြီးများအသင်းအတွက် ရွှေဒင်္ဂါးခုနစ်သိန်းတန်သော အသေအပျောက်နှင့် ဆုံးရှုံးမှု လေးရာကျော်ရှိခဲ့သည်။

၎င်းကသတိပေးချက်တစ်ခုသာဆိုလျှင် တကယ့်တိုက်ခိုက်မှုက ဘယ်လိုမျိုးဖြစ်လိမ့်မည်နည်း။

၎င်းကို တွေးကြည့်ရင်း စတေးလ်ဟာ အနည်းငယ် စိတ်ပူမလာဘဲမနေနိုင်တော့ပေ။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူမက ရှုယီဘက်သို့ လှည့်ကာ ပြောပါ၏၊ “ရှုယီ……တကယ်တော့ ကျွန်မ ခံစားမိတာ .... မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်နဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်တာဟာ ရှင်က...."

ရှုယီ ၏ အမူအရာကိုမြင်တော့ စတေးလ်က သူမပါးစပ်ကို ချက်ချင်းပိတ်လိုက်သည် ။

ရှုယီက စတေးလ်ကို ခဏလောက် တိတ်တဆိတ်ကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်သည်။

"စတေးလ် အခုထိ နားမလည်သေးတာလား၊ ဒါက ကိုယ်နဲ့ မှော်ပညာရှင်များအဖွဲ့အစည်းကြားက သီးသန့် အာဃာတ မဟုတ်ဘူး၊ အကျိုးစီးပွားချင်း ပဋိပက္ခတောင် မဟုတ်ဘူး၊ စံနှုန်းတွေရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ တိုက်ပွဲဖြစ်လို့ ညှိနှိုင်းဖို့ လုံးဝ နေရာ မရှိဘူး။”

"မဖြစ်နိုင်ဘူး မဟုတ်လား? ရှင်က နယ်မြေကြီးမှာရှိတဲ့ မှော်ပညာရှင်အားလုံးကို မှော်စက်လုပ်ငန်းတွင် ပါဝင်စေချင်‌ရင်တောင် မှော်ပညာရှင်များအဖွဲ့အစည်းက ရှင်တို့နဲ့အတူ အလုပ်လုပ်ရတဲ့အတွက် ပျော်ရွှင်နေမှာပဲ။ ဒါဆို ဘာလို့ အချင်းချင်း ရန်ဖြစ်ရတာလဲ” စတေးလ်က ဆက်ပြော၏၊ “နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသရွေ့ လူတိုင်းအတွက် အကျိုးရှိမယ်လို့ ကျွန်မထင်တယ်”

ရှုယီက သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဆီကို လှည့်လိုက်၏။

“အဘိုး၊ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ထင်လား”

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် မဆိုင်းမတွ ခေါင်းယမ်းလိုက်သည်။

" Frestech ကုန်သည်ကြီးများအသင်းကို သူတို့ဆီမပေးဘူးဆိုရင်မဖြစ်နိုင်ဘူး"

ရှုယီက သူ့လက်ကို ဖြန့်လိုက်၏ " Frestech ကုန်သည်ကြီးများအသင်းကို သူတို့ဆီ ပေးဖို့ ကျွန်တော့်အတွက် မဖြစ်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ အဲဒါကို ကျွန်တော် မကျေမနပ်ဖြစ်လို့ မဟုတ်ပဘူး၊ ဒါပေမယ့် သူတို့ကို ပေးဖို့အတွက် ကျွန်တော် မသေချာဘူး။ သူတို့က လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ လက်ရှိမှော်စက်လုပ်ငန်းကို ကောင်းစွာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ်လို့ မထင်ထားဘူး၊ ဒါကြောင့် အဘိုးနားလည်မှာပါ……”

ရှုယီက စတေးလ်ဘက်ကို ပြန်လှည့်ပြီး "ဒါက ညှိနှိုင်းလို့မရတဲ့ ခြားနားချက်မို့ ပူးပေါင်းဆောင်ရွက်ဖို့ တကယ်ပဲ ဖြစ်နိုင်ခြေ မရှိဘူး။"

"ဒါပေမယ့် နှစ်ဖက်စလုံးက နောက်ပြန်ဆုတ်ဖို့ ဆန္ဒရှိနေသရွေ့ မျှော်လင့်ချက်ရှိနေတုန်းပဲလို့ ကျွန်မခံစားရတယ်......"

“သူတို့ကို ကိုယ်အခွင့်အရေးပေးပြီးပြီ၊ ဒါပေမယ့် မင်း မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ တုံ့ပြန်မှုကို မြင်ပြီးပါပြီ။ သူတို့က နယ်မြေကြီးရဲ့ မှော်ပညာရှင်တွေအပေါ် သူတို့ရဲ့ နှစ်ထောင်ချီကြာ ထိန်းချုပ်မှုကို လုံးဝ အားမနည်းစေချင်တော့ သူတို့အနေနဲ့ မှော်ပညာရှင်တွေအားလုံးကို သူတို့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားတာကြောင့် ပူးပေါင်းဖို့က လုံးဝကို ဖြစ်နိုင်ချေမရှိတာ။"

ထိုသို့ပြောပြီးနောက် ရှုယီမှာ စားပွဲထက်ရှိ စာရွက်စာတမ်းများကို ငုံ့ကြည့်လိုက်ပြီး မျက်နှာမှာ မှောင်မိုက်လာပါ၏။

"အရင်က ကိုယ့်မှာ သူတို့နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် နည်းနည်းရှိသေးတယ်လို့ ပြောရမယ်ဆိုရင် အခုတော့... ဒီကောင်တွေကို နားလည်လိုက်ပြီ၊ သူတို့ရဲ့ ပါးစပ်က အရိုးကို ငြိမ်းငြိမ်းချမ်းချမ်းလုဖို့ဆိုတာ မဖြစ်နိုင်ဘူးပဲ။ အခု သူတို့က ကိုယ်တို့တွေကို အသက်သွေးနဲ့ ပေးဆပ်ခိုင်းနေပြီဆိုတော့... ကိုယ်လည်းသူတို့ကို သွေးအရသာ မြည်းခိုင်းရမှာပေါ့!"

စတေးလ်၏ မျက်လုံးများက ပြူးကျယ်သွားကာ မနေနိုင်ဘဲ အော်ပြောလာ၏၊ "ရှုယီ၊ မဖြစ်နိုင်ပါဘူး... ရှင် မှော်ပညာရှင်များအဖွဲ့အစည်းကို စစ်ကြေငြာချင်တာတော့ မဟုတ်ဘူးမလား? ဒါက... ဒါက အရမ်း အန္တရာယ်များတယ်လေ! အရင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထားပြီးမှ စဉ်းစားရင်ရော?"

ဤအကြိမ်တွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို မထောက်ခံဘဲ မျက်မှောင်ကုပ်လိုက်သည်၊ "ရှုယီ ငါ မင်းရဲ့ ခံစားချက်နဲ့ အမြင်တွေကို နားလည်ပါတယ်၊ ဒါပေမယ့်... မင်း ဒီလိုလုပ်ချင်တာ သေချာလား? မင်းက မကြာသေးခင်ကပဲ ငါသတိပေးထားတာကို မေ့သွားတာလား?"

ရှုယီက ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဘက်လှည့်လာကာ အပြုံးက အတန်ငယ် စိမ်းသက်နေသည်။

"အဘိုး ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ပစ္စည်းတစ်ခုကို လိုက်ကြည့်ပါဦး။ ဒါကို မြင်ပြီးရင် အဲ့လောက် အဘိုးလည်း စိတ်မပူလောက်တော့ဘူး။"

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို တအံ့တဩကြည့်လိုက်ကာ ထိုကောင်လေးက ခေါင်းဆောင်မှော်ပညာရှင်များ၏ ခြိမ်းခြောက်မှုကို တကယ်နားလည်သည်ဟု တွေးမိသည်။

သို့သော် ယခုတွင် သူဟာ မိမိကို‌ ခေါ်ပြချင်သော တစ်စုံတစ်ရာရှိနေပြီဖြစ်သည်လား?

ဘာကများ အဲဒီ့ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မှာလဲ?

ရှုယီနှင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာတို့က အတူထွက်သွားကာ Frestech ကုန်သည်ကြီးများအသင်း အဓိက အခြေစိုက်ရုံး၏ အနောက်မြောက်ထောင့်ရှိ လေ့ကျင့်ရေး အခြေစိုက်ရုံးထံ ဦးတည်သွားသည်ကိုမြင်သော် စတေးလ်မှာ မျက်မှောင်တင်းတင်းကုပ်လိုက်မိသည်။

သူမဟာ ရှုယီကို နှစ်ပေါင်း တစ်ဆယ်ကျော်ကြာအောင်သိခဲ့ပါသော်လည်း ဤသည်က ရှုယီ ဒေါသထွက်သည်ကို မြင်ဖူးသည့် ပထမဆုံးအကြိမ်ပါပင်။

"ဘာ ကြောက်စရာကောင်းတဲ့အရာမှ ဖြစ်မလာဖို့ မျှော်လင့်တယ်......"

…..

နေဝင်တောင်တန်းများမှာ ကန်ဒရာအင်ပါယာ၏ အရှေ့မြောက်ဘက် တဂ်နာခရိုင်တွင် မီတာပေါင်း ရာချီရှည်သော တောင်တန်းဖြစ်ပြီး မြောက်ဘက်ရှိ ခရိုင်နှစ်ခုအကြား နယ်စပ်လည်းဖြစ်သည်။

ဤတောင်တန်းနယ်နိမိတ်မှာ တဂ်နာခရိုင်မှာ အရှေ့မြောက်ခရိုင်သို့ ဦးတည်သွားသည့် လမ်းကြောင်းတစ်ခုသာ ရှိသဖြင့် တောင်တန်းနယ်နိမိတ်၏ နှစ်ဘက်နှစ်ချက်တွင် လူသားမြို့တော်နှစ်မြို့ရှိပေသည်။

လာရူလ်မြို့မှာ တဂ်နာခရိုင်၌ တည်ရှိသည်။ ၎င်းက မြို့လေးတစ်မြို့သာ ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း၌ ရှိနေကတည်းက ဤနေရာသို့ ဖြတ်သွားသည့် ကုန်သည်များနှင့် ခရီးသွားများစွာရှိသဖြင့် နှစ်စဉ် ဤနေရာကို ဖြတ်သွားသူ များစွာရှိ၏။

ဤနေရာကို ဖြတ်သွားသည့် ကုန်သည်စုများစွာ ရှိသောကြောင့် နေဝင်တောင်တန်းရှိ လာရူလ်မြို့ အပြင်ဘက်တွင် စုစည်းနေသော ဓားပြများစွာရှိကာ ထိုကုန်သွယ်ရေးလမ်းကြောင်းများ၌ မကြာခဏ တိုက်ခိုက်တတ်ကြသည်။

ကန်ဒရာအင်ပါယာ၏ အစိုးရဖြစ်သော တဂ်နာခရိုင်၏ ဘုရင်ခံအိမ်တော်နှင့် လာရူလ်မြို့တော် လှည့်ကင်းများမှာ ထိုဓားပြများကို မကြာခဏ တိုက်ခိုက်သော်လည်း နေဝင်တောင်တန်းများ၏ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးသဖြင့် ထိုဓားပြများမှာ တောင်တန်းများ၌ အလွယ်လေးပုန်းအောင်းနေနိုင်ကာ လုံးဝ လိုက်ဖမ်းဖို့ မဖြစ်နိုင်သောကြောင့် အချိန်တိုင်း အလွတ်ပေးဖို့သာ တတ်နိုင်ကြသည်။

အချိန်များကုန်လွန်သွားသည်နှင့်အမျှ ကန်ဒရာအင်ပါယာအစိုးရမှာ ထိုဓားပြများကို မျက်ကွယ်သာ ပြုထားနိုင်ပေသည်။ ကုန်သည်စုများအား ဂရုစိုက်ဖို့ သတိပေးခြင်းအပြင် ၎င်းတို့လည်း မည်သည်ကိုမှ မလုပ်နိုင်ပေ။

လွန်ခဲ့သည့် လဝက်အကြာက ကုန်သည်စုတစ်ခု နေဝင်တောင်ကြားကို ဝင်ရောက်လာချိန်တွင် ၎င်းတို့မှာ ဓားပြများထံမှ တိုက်ခိုက်ခံခဲ့ရပြီး ရှင်သန်သူ တစ်ဦးပင် မရှိခဲ့ချေ။

၎င်းမှာ လာရူလ်မြို့တော်သားများအတွက် ပုံမှန်အရာဖြစ်ပြီး ၎င်းကို စားသောက်ချိန်၌ ပြောကြခြင်းမှလွဲ များများစားစားဂရုမစိုက်ကြပေ။

သို့သော် ဤအကြိမ်တွင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

အကြောင်းအရင်းမှာတစ်ခုသာရှိ၏၊ ထိုကုန်သည်စုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် သက်ဆိုင်ပါ၏။

ထိုFrestech ကုန်သည်ကြီးများအသင်းကုန်သည်စုက အရှေ့မြောက်ခရိုင်သို့ မှော်စက်များ ပို့ဆောင်ချိန်တွင် နေဝင်တောင်တန်းများသို့ မဝင်ရောက်နိုင်ခင်၌ပင် ၎င်းတို့ကို တိုက်ခိုက်လာသော ဓားပြများစွာ ရှိနေ၏။

Frestech ကုန်သည်ကြီးများအသင်းကုန်သည်စုထံ၌ သန်မာသော အစောင့်များစွာ ရှိသော်လည်း ဓားပြများက အတော်ကို များပြားလှရာ အဆုံး၌ အားလုံး ရှုံးနိမ့်ခဲ့ရသည်။

ဤတစ်ကြိမ်တိုက်ခိုက်မှုက အင်မတန် ရှုပ်ထွေးဖွယ်ရာပင်။

ဓားပြများအတွက် ၎င်းတို့မှာ အကျိုးအမြတ်အနေဖြင့် ကုန်သည်စုများကို လုယက်ကြသည်။ ၎င်းမှာ ထိုကုန်သည်စုများထံရှိသည့် နေ့စဉ်သုံးပစ္စည်းများအတွက် မဟုတ်ပါလျှင်တောင် ၎င်းတို့ထံရှိ ထုတ်ကုန်များကို ငွေရရန် ရောင်းချနိုင်၏။

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များက ဈေးကြီးလှသည်ကို ပြောဖို့ပင်မလိုပေ၊ သို့သော်လည်း ၎င်းတို့မှာ အရှေ့အရှေ့မြောက်ခရိုင်သို့ စိုက်ပျိုးရေးသုံးမှော်စက်များကိုသာ ပို့ဆောင်ခြင်းဖြစ်ရာ ဓားပြများအတွက် အသုံးမဝင်ပေ။ ထုတ်ကုန်များမှာ ထူးခြားလှသဖြင့် ၎င်းတို့ကို ရောင်းချဖို့ နည်းလမ်းမရှိရာ လုယက်ခြင်းက အဓိပ္ပာယ်လုံးဝမရှိခဲ့ချေ။

ဓားပြများက သွေးဆာနေကြသော လူသတ်သမားများမဟုတ်သည်ကို မဆိုထားနှင့်၊ ထို့ကြောင့် ၎င်းတို့မှာ ထူးကဲသော အခြေနေမရှိလျှင် လူမသတ်ပေ။

သို့သော်လည်း ဤတစ်ကြိမ်၌ ထိုဓားပြများမှာ Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စုရှိ လူတိုင်းကို သတ်ဖြတ်ခဲ့ပြီး မြှောက်ပင့်လာသည့် လူတစ်ယောက်ကိုပင် မချန်ပေ။

အတိုချုံးဆိုရသော် ထိုဓားပြများ၏ ဤတစ်ကြိမ် လုပ်ရပ်များက သံသယဝင်စရာများစွာရှိသဖြင့် လဝက်ကုန်သွားပြီးသည့်နောက်တွင်ပင် လာရူလ်မြို့၏ စားသောက်ဆိုင်များ၌ လူပြောများသော ခေါင်းစဉ်ဖြစ်နေဆဲပင်။

ထို့အပြင် ထိုလုယက်မှုပြီးနောက် ဖြစ်ခဲ့သည့်အရာကြောင့် လူများ၏ အာရုံစိုက်မှုက ပိုလို့ပင် ပြင်းထန်လာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၃။ ဓားပြများအပေါ် သဘောထား

ပုံမှန်အားဖြင့် ဆိုရသော် ကုန်သည်စုတစ်ခုမှာ ကန်ဒရာအင်ပါယာ၌ အလုယက်ခံရပြီး လုံးဝသုတ်သင်ခံလိုက်ရပါလျှင် ပုံမှန်ထုံးစံအရ ကိစ္စရပ်များကို ကန်ဒရာအင်ပါယာ၏ အစိုးရထံသို့ တင်ပြရမည်ဖြစ်သည်။

ဤကုန်သည်စုမှာ ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီတစ်ခုဖြစ်ခဲ့လျှင် လုပ်ရမည့်အရာက အင်မတန်ရိုးရှင်းသည်။ ပထမဦးစွာ ၎င်းတို့အနေနှင့် တင်ပြပြီး‌ နောက်တွင် ကန်ဒရာအင်ပါယာအစိုးရက ထိုကိစ္စကို အရေးယူချင်မည်ဖြစ်သည်လား မည်မျှ ပြင်းထန်မည်လား ဆိုသည်ကို ကြည့်ရသည်။

ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီမဟုတ်လျှင် လုပ်ရမည်က ပို၍ ရှုပ်‌ထွေး၏။

ထိုမျှ အားကောင်းမနေသည့် နိုင်ငံနှင့် သက်ဆိုင်ပြီး မကျော်ကြားသည့်နိုင်ငံဖြစ်နေလျှင် နောက်ဆုံးရလာဒ်မှာ ထိုကုန်သည်စုအနေနှင့် အမေ့ခံလိုက်ရနိုင်ပြီး ထိုသက်ဆိုင်ရာကုမ္ပဏီက ကံဆိုးသည်ကို လက်ခံရပေသည်။

ကုမ္ပဏီက အတန်ငယ် အားကောင်းလျှင် ကန်ဒရာအင်ပါယာအစိုးရမှာ ဤကိစ္စကို မတူညီစွာ ဆက်ဆံမည်ဖြစ်၏။ ဖြစ်စဉ်ကို ဆုံးဖြတ်ဖို့က ၎င်းကုန်သည်စုနောက်ကွယ်ရှိ ကုမ္ပဏီ သို့မဟုတ် နိုင်ငံက မည်မျှ အားကောင်းသည့်အပေါ်ကို မူတည်သည်။

ဥပမာ ကုန်သည်စုမှာ မားလိုအင်ပါယာ သို့မဟုတ် မားလိုအင်ပါယာ၏ ထောက်ပံ့မှုနှင့် ကုမ္ပဏီကြီး သုံးခုအနက်တစ်ခုဖြစိပါက ထိုကိစ္စ ကန်ဒရာအင်ပါယာ၌ ဖြစ်ပွားသည်နှင့် မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့မှာ ဘယ်တုန်းကမှ လိုက်လျောညီထွေမဖြစ်ခဲ့ပါလျှင်တောင် သံတမန်ရေးအရ ကန်ဒရာအင်ပါယာမှာ ထိုကိစ္စကို အပြည့်အဝစူးစမ်းမည်ဖြစ်ပြီး မားလိုအင်ပါယာကို ရှင်းပြချက်ပေးရမည်ပင်။

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်း ကုန်သည်စု၏ အခြေနေက အနည်းငယ် ထူးခြားပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေမှလာပြီး စတက်တိန်းနယ်မြေမှာ နယ်မြေကြီးတစ်ခုလုံးတွင် အသေးဆုံးနိုင်ငံဖြစ်သောကြောင့် သဘာဝကျကျပင် နိုင်ငံနောက်ခံအရ ကန်ဒရာအင်ပါယာ အပေါ် မည်သည့် ဖိအားမှမရှိပေ။

သို့သော်လည်း ထိုကုန်သည်စုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆိုင်နေသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ စိုင်စ်နယ်မြေကြီး၌ အင်မတန် ထူးခြားသော ကုမ္ပဏီဖြစ်ပါ၏။ ထူးကဲသော မှော်စက်များ သို့မဟုတ် စစ်ဘက်သုံးမှော်စက်များကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ နိုင်ငံအများစုမှ မြင့်မားစွာ အသိအမှတ်ပြုခံထားရသော ကုမ္ပဏီပင်။

ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးက အပြင်ပန်း၌ မကောင်းပါလျှင်တောင် ပြုလုပ်လာခဲ့သော သီးသန့်သဘောတူညီမှုက များစွာရှိသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာအစိုးရအဖို့ အတော်လေး အရေးပါပြီး ၎င်းတို့မှာ ကန်ဒရာအင်ပါယာရှိ Frestech ကုန်သည်ကြီးများအသင်း၏ လှုပ်ရှားမှုများကို ဂရုစိုက်ကြသည်။

ဤတစ်ကြိမ်တွင် ဓားပြများထံမှ လုံးဝသုတ်သင်ခံခဲ့ရသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စုဖြစ်ပြီး ၎င်းက သာမန်ကိစ္စလေးတစ်ခု မဟုတ်ပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စု ပို့ဆောင်လာသည့် ကုန်စည်များမှာ အရှေ့မြောက်ပိုင်းခရိုင်မှ မှာယူထားသော စိုက်ပျိုးရေးသုံးမှော်စက်များဖြစ်သဖြင့် အင်မတန်အရေးကြီးသည်။

ယခုတွင် ကုန်သည်စုမှာ တိုက်ခိုက်ခံလိုက်ရသလို အဖွဲ့ဝင်အားလုံးလည်း အသတ်ခံလိုက်ရပြီး ရွှေဒင်္ဂါးနှစ်သိန်းတန်သော စိုက်ပျိုးရေးသုံးမှော်စက်များလည်း ပျောက်ကွယ်သွားသဖြင့် ၎င်းက သဘာဝကျကျပင် ကသောင်းကနင်းဖြစ်စေခဲ့သည်။

ထိုကိစ္စပြီးသည့်နောက် Frestech ကုန်သည်ကြီးများအသင်းမှာ ပထမဆုံး ထိုကိစ္စကို ကန်ဒရာအင်ပါယာအစိုးရထံ တင်ပြခဲ့ပြီး တရားခံများ ရှာပေးရန် အခိုင်အမာတောင်းဆိုခဲ့သည်။ ထိုစိုက်ပျိုးရေးသုံးမှော်စက်များကို ခြေရာခံရုံသာမကဘဲ အနှီဘဝင်မြင့်နေသော ဓားပြများကိုပါ အပြစ်ပေးဖို့ဖြစ်၏။

ကန်ဒရာအင်ပါယာအစိုးရကလည်း ထိုကိစ္စကို အလေးအနက်ထားကာ ချက်ချင်းပင် တဂ်နာခရိုင်ဘုရင်ခံအိမ်တော်နှင့် လာရူလ်မြို့ လှည့်ကင်းများအား စုံစမ်းစေသည်။

သို့သော်လည်း လာရူလ်မြို့က အစောင့်နှစ်ရာကျော်လွှတ်၍ နေဝင်တောင်တန်းများကို ဝင်ရောက်ရှာဖွေရန် ကြေးစားတစ်ဖွဲ့ကိုပါ လွှတ်ခဲ့သော်လည်း တစ်ပတ်တာ စုံစမ်းမှုပြီးသည့်နောက် မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် ဓားပြများက နေဝင်ဆောင်တန်းထဲသို့ ဝင်ရောက်သွားကြပြီဖြစ်သဖြင့် ကန်ဒရာအင်ပါယာအစိုးရအား ရှာဖွေခြင်းကို လက်လျှော့ဖို့ တွန်းအားပေးလိုက်ပြီးသားပင်။

အရူးမဟုတ်လျှင် ၎င်းမှာ ကန်ဒရာအင်ပါယာအစိုးရက ရှာဖွေရန် လက်လျှော့လိုက်ခြင်းဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ကံဆိုးမှုဟုသာ လက်ခံရမည်ဟု ဆိုလိုသည်ကို သိပေလိမ့်မည်။

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ လက်လျှော့ဖို့ ဆန္ဒမရှိပေသည်။ ထိုအစား ၎င်းတို့မှာ ကန်ဒရာအင်ပါယာ၏ အစိုးရများဖြစ်သော တဂ်နာခရိုင်၏ ဘုရင်ခံအိမ်တော်နှင့် လာရူလ်မြို့တော်ဝန်တို့ထံ စုံစမ်းရေးကို ဆက်လက်လုပ်ဆောင်စေရန် လမ်းကြောင်းအမျိုးမျိုးမှ တဆင့် ဖော်ပြခံပြီး ဒီတိုင်းထားခွင့်မပြုဟု ဆိုခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းက ၎င်းတို့အား မကျေမနပ်ဖြစ်စေခဲ့ပြီး ၎င်းတို့အနေနှင့် ဆက်လက်စုံစမ်းမည်ဟု ဖော်ပြခဲ့သော်လည်း ထိုကိစ္စကို လက်လျှော့လိုက်ကြပြီးသားဖြစ်သည်။

၎င်းကို ဆွေးနွေးနေခဲ့ကြသည့် လာရူလ်မြို့နေပြည်သူများနှင့် ဖြတ်သန်းသွားလာကြသော ကုန်သည်တို့မှာ Frestech ကုန်သည်ကြီးများအသင်းကို မနေနိုင်အောင် လှောင်ရယ်ခဲ့ကြသည်။

နယ်မြေကြီး၌ ဓားပြများဖြင့် ပြည့်နှက်နေပြီး အင်အားကြီးသော ကန်ဒရာအင်ပါယာကပင် လုယက်မှုတိုင်းကို မစုံစမ်းနိုင်ပေ။

ကန်ဒရာအင်ပါယာအစိုးရက Frestech ကုန်သည်ကြီးများအသင်းကို တရားဝင်တုံ့ပြန်မှုပေးသည်ကပင် ၎င်းကို အလေးအနက် ဆက်ဆံခြင်းဖြစ်နေပြီ ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို လက်မခံပေ။ ၎င်းတို့မှာ အဆိုးထဲက အကောင်းကိုပင် နားမလည်ကြချေ။

"အိုင်း Frestech ကုန်သည်ကြီးများအသင်းက သူတို့ကိုယ်သူတို့ အရေးပါလွန်းနေသလို ဆက်ဆံနေတယ် မထင်ဘူးလား? သူတို့က ငွေလေးနည်းနည်းလောက်ရဖို့ အဲဒီ့မှော်စက်အသစ်လေးတွေမှာ မှီခိုနေရုံပဲကို တကယ်ပဲ သူတို့က ငါတို့ ကန်ဒရာအင်ပါယာနဲ့ အဆင့်တူတယ်ထင်နေတာလား?" လာရူလ်မြို့တော်ရှိ အကြီးဆုံးစားသောက်ဆိုင်တွင် စစ်သည်များနှင့် ကုန်သည်များအကြား ရယ်လျက် အရက်သောက်နေသော ကြေးစားတစ်ယောက်ရှိနေလေသည်။

ထိုစကားများကိုကြားသော် အခြားဖောက်သည်များကလည်း ရယ်မောလာကြ၏။

လူအများစုမှာ ၎င်းကုန်သွယ်ရေးလမ်းကြောင်းကို တွေ့ကြုံဖူးသဖြင့် ဓားပြများကဲ့သို့သော အရာနှင့် ရင်းနှီးနေပြီးသားဖြစ်ရာ ၎င်းမှာ ထိုမျှကိစ္စကြီးမဟုတ်နေပေ။

ကန်ဒရာအင်ပါယာမဆိုထားနှင့် အခြားနေရာများ၌ပင် ဓားပြတစ်ဦး တိုက်ခိုက်ချိန်တွင် ဦးစားပေးနှင့် အရေးကြီးဆုံးအရာမှာ ၎င်းတို့ အသက်ကို မြဲစေရန်ဖြစ်သည်။ ထိုဓားပြများကို ခြေရာခံရန် ဒေသတွင်းနိုင်ငံကို တောင်းဆိုရန်နှင့် အလုခံရသော ကုန်စည်များကို ရှာဖွေဖို့ကမူ ကံကောင်းသူထံ၌သာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ဤနေရာရှိ လူအများစုက Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကို ကံဆိုးသည်ဟုသာ မှတ်ယူ၍ ကန်ဒရာအင်ပါယာအစိုးရ၏ အကြီးအကဲများအား အနိုင်ကျင့်ခြင်းကို ရပ်တန့်သင့်သည်ဟု ယုံကြည်နေကြသည်။

မဟုတ်ပါက ၎င်းတို့သာ မပျော်မရွှင်ဖြစ်သွားလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စုအနေနှင့် ကန်ဒရာအင်ပါယာကို လုံခြုံစွာ ဖြတ်သန်းနိုင်ဖို့ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

"ကျစ် သူတို့က စတက်တိန်းနယ်မြေလို နေရာလေးတစ်ခုက အခုမှချမ်းသာဖူးတဲ့ လူတစ်စုဆိုတော့ တကယ်ပဲ အမြင်မရှိကြဘူးလေ။" အခြား ကြေးစားတစ်ဦးက စတင်ရယ်မောလေသည်။ သူဟာ အာရုံစိုက်ရာဗဟိုဖြစ်နေသည်ကို တွေ့လိုက်ချိန်တွင် ရုတ်တရတ် ဆန်းကြယ်ဟန်ကို ထုတ်ပြလာ၏၊ "Frestech ကုန်သည်ကြီးများအသင်းက ဒီကုန်သည်စုကိုပဲ ရှုံးတာ မဟုတ်ဘူးလို့ကြားတယ်။ ဒီနေရာအပြင် သူတို့က ငါတို့ ကန်ဒရာအင်ပါယာမှာ တခြားကုန်သည်သုံးစုကိုလည်း ရှုံးခဲ့သေးတယ်တဲ့။ လူတွေအကုန်အသတ်ခံလိုက်ရပြီး ပစ္စည်းတစ်ခုမှတောင် မကျန်ခဲ့ဘူး။"

စားသောက်ဆိုင်ထဲရှိ အခြားအသံအများစုက တိတ်ကျသွားပြီး လူတိုင်းက အချင်းချင်းကြည့်လိုက်ရင်း အခြားလူများစွာကလည်း ထိုကြေးစား၏ ကောလဟာလကို အတည်ပြုဖို့ စတင်ကြိုးစားကြတော့သည်။

"ဟုတ်တယ် ငါလည်း မကြာသေးခင်က အခြားနိုင်ငံတွေမှာ ဒီကိစ္စမျိုးဖြစ်တယ်လို့ ကြားခဲ့တယ်။"

"အင်း ငါလည်း Frestech ကုန်သည်ကြီးများအသင်းရဲ့ ရုံးနှစ်ရုံး တိုက်ခိုက်ခံရပြီး အတော်လေး ပြင်းထန်ခဲ့တယ်လို့ ကြားတယ်။"

"ဒါတင်မကသေးဘူးကွ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစုတွေ တိုက်ခိုက်ခံရပြီး အဆုံးအရှုံးများခဲ့တယ်လို့ သိထားတယ်။"

"မဖြစ်လောက်ပါဘူး မဟုတ်ဘူးလား? ငါတို့ ကန်ဒရာအင်ပါယာရေတပ်ကတောင် Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစုကို အနိုင်မယူနိုင်တော့ သူတို့ကို ပင်လယ်ပြင်မှာ ဘယ်သူက အနိုင်ယူနိုင်မှာလဲ?"

"မသေချာဘူး၊ ဒါပေမယ့် အရမ်းကိုစွမ်းအားကြီးတဲ့ မဟာမှော်ပညာရှင်တစ်ယောက်က ကိုယ်တိုင် လှုပ်ရှားခဲ့တာလို့ ကြားထားတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစုက ဘယ်လောက် အားကောင်းကောင်း မဟာမှော်ပညာရှင်တစ်ယောက်နဲ့ ကြုံရင်တော့.... အိုး မဟာမှော်ပညာရှင်တောင်မဟုတ်ဘူး အဆင့်မြင့်မှော်ပညာရှင် နည်းနည်းလောက်နဲ့ ကြုံရင်တောင် အသုံးမကျဖြစ်မှာပဲ မဟုတ်ဘူးလား?"

"အင်း အမှန်ပဲ...."

......

ထိုစားသောက်ဆိုင်၌ ရုတ်တရတ် ဆွေး‌နွေးပွဲများ ပြည့်သွားသည်။

Frestech ကုန်သည်ကြီးများအသင်းအား နယ်မြေကြီး၏ ကုမ္ပဏီများအနက် ဆန်းကြယ်ဖြစ်ရပ်ဟု ယူဆနိုင်ပါ၏။

၎င်းမတိုင်ခင်က ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်ရှိ ကုမ္ပဏီငယ်လေးတစ်ခုသာ ဖြစ်ခဲ့ပြီး ဆယ်နှစ်တာလေးအတွင်း၌ စိုင်စ်နယ်မြေကြီးတွင် ကျော်ကြားသော ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းတို့မှာ နိုင်ငံအားလုံးလိုချက်သည့် စစ်ဘက်သုံးမှော်စက်များကို ဆုပ်ကိုင်ထားပြီး နယ်မြေကြီး၏ အချက်အချာဖြစ်လာသည်။

ဤဖြစ်စဉ်အတွင်း ၎င်းတို့မှာ မည်သည့်ပြဿနာကိုမှ မကြုံခဲ့ရဘဲ တစ်ချိန်လုံး အင်မတန် ချောချောမွေ့‌မွေ့ တိုးတက်နေခဲ့သည်။

ဤသည်မှာ အခြားကုမ္ပဏီများ အင်မတန် မနာလိုရသော အရာဖြစ်သည်။

၎င်းတို့ထံ၌ Frestech ကုန်သည်ကြီးများအသင်းထံသို့ တစ်ခုခုလုပ်ရန် အစွမ်းအစမရှိသော်လည်း ၎င်းတို့တစ်ခုခုဖြစ်သည်ဟူသည်အား ကြားရခြင်းက ဝမ်းမြောက်ခြင်းကို မနေနိုင်အောင် ခံစားမိစေသည်။

"အိုင်း... ဒါက တကယ်ကို မကောင်းဘူးပဲ ဟုတ်တယ်မို့လား?" သက်လတ်ပိုင်းလူတစ်ဦး၏ တည်ငြိမ်သော အသံတစ်သံထွက်လာသည်၊ "Frestech ကုန်သည်ကြီးများအသင်းလိုမျိုး နာမည်ကျော် ကုမ္ပဏီတစ်ခုတောင် အလုယက်ခံနေရတာကို အဲဒီ့အကြီးအကဲတွေက ဒါတောင် သတိမထားကြရင်တော့ ငါတို့လို ကုန်သည်လေးတွေ အလုခံရရင် ဘယ်သူကမှ သေသေရှင်ရှင် ဂရုစိုက်မှာ မဟုတ်ဘူးပဲ"

ထိုအသံကိုကြားသော် ဆိုင်မှာ တမုဟုတ်ချင်း တိတ်ကျသွားပါ၏။

ဆိုင်ထဲရှိ လူများမှာ ကုန်သည်လေးများဖြစ်ပြီး အများစုက ကြေးစားများဖြစ်သဖြင့် လမ်းတွင် ဓားပြများကို ကြုံရနိုင်ချေရှိသည်။

ကြေးစားများမှာ ထိုဓားပြများကို ဆုံလျှင် အပိုဝင်ငွေအချို့ရနိုင်သော်လည်း ကုန်သည်များကမူ ထိုဓားပြများကို လုံးဝ မ‌ဆုံချင်ကြပေ။

Frestech ကုန်သည်ကြီးများအသင်းအပေါ် တစ်ခုခုဖြစ်ပွားခြင်းက ၎င်းတို့အား ဝမ်းမြောက်စေသော်လည်း အင်ပါယာအစိုးရ၏ ထိုဓားပြများအတွက် သဘောထားကို စဉ်းစားမိရင်း မနေနိုင်စွာ မျက်လုံးများထဲ ကြောက်လန့်ရိပ်များ ထင်ဟပ်လာသည်။

ဟုတ်ပါ၏ Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ကုမ္ပဏီကြီးတစ်ခုကပင် လျစ်လျူရှုခံရလျှင် ၎င်းတို့ကဲ့သို့ ကုန်သည်ငယ်လေးများကို မည်သူက ဂရုစိုက်ပါမည်နည်း?

စားသောက်ဆိုင်က တိတ်ကျသွားစဉ်တွင် အပြင်ဘက်မှ အရိပ်တစ်ခုမှာ ဆိုင်တံခါးဝ၌ ပေါ်လာပြီး အမှောင်ကျသွားစေသည်။

လူတိုင်း အံ့ဩ၍ ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပေ၏။

ဆိုင် အပေါ်ဘက် ကောင်းကင်ယံတွင် ဖြည်းညင်းစွာ ရွေ့လျားနေသော တိမ်ဆိုင်ကြီးများရှိပေသည်။ ၎င်းတို့မှာ သိသာစွာ မြေပြင်နှင့် နီးကပ်၍ အင်မတန် အားကောင်းလှပုံပေါ်သည်။

အမြင်ကောင်းသည့် ကြေးစားများမှာ ကောင်းကင်ရှိ ထိုအရာများက တိမ်တိုက်များမဟုတ်ဘဲ ကြီးမားသည့် သံမဏိမကောင်းဆိုးဝါးများဖြစ်သည်ကို တွေ့လိုက်ရပြီး မနေနိုင်ဘဲ အထိတ်တလန့်ဖြင့် ပါးစပ်များ ဟလိုက်ကြသည်။

"ဘုရားရေ! အဲဒါဘာတွေလဲ?"

ကြေးစားတစ်ဦးက ကောင်းကင်ကို ကြည့်၍ ရုတ်တရတ် အော်လိုက်၏။

"ငါသိတယ်! အဲဒါတွေက မှော်လေသင်္ဘောတွေပဲ! Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်လေ‌သင်္ဘောတွေ!"

လူတိုင်း မင်သက်သွားကြ၏။

Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်လေသင်္ဘောတွေ? Frestech ကုန်သည်ကြီးများအသင်းက ဒီကို လူတွေလွှတ်လိုက်တာများလား?"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၄။ ကန်ဒရာအင်ပါယာသို့ ကျူးကျော်ခြင်း

ခဏတာ ငေးကြောင်နေကြပြီးနောက် မည်သူက ဦးဆုံး ခေါ်လိုက်မှန်းမသိသော်လည်း လူတိုင်း အပြင်သို့ ပြေးထွက်သွားကြ၏။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောအား လူတိုင်း ယခင်က ကြားဖူးသော်လည်း မြင်ဖူးသူက အနည်းငယ်သာ ရှိသည်။

ယခုတွင် ကောင်းကင်၏ ဒဏ္ဍာရီလာ သခင်ကြီးက ကန်ဒရာအင်ပါယာ၏ ဤမြို့ငယ်လေး၌ ပေါ်လာရာ ၎င်းတို့ကို စူးစမ်းလိုစေသည်။

ဆိုင်ထဲတွင် လူများမှာ ကောင်းကင်၌ ဖြတ်သွားသော တိမ်တိုက်ကြီးများကိုသာ မြင်နိုင်ပြီး သွားရောက်မော့ကြည့်ချိန်၌ ဒဏ္ဍာရီလာမှော်လေသင်္ဘောများ ပိုင်ဆိုင်သော စွမ်းအားကို အားလုံး မြင်လိုက်ကြ၏။

မှော်လေသင်္ဘောများ ၎င်းတို့၏ ခေါင်းပေါ်မှ ထိုမျှမမြင့်လှသလို နိမ့်လည်း မနိမ့်လှသည့် မီတာရာချီအကွာမှ ဖြတ်သန်းသွားသည်။ ၎င်းမှာ သာမန်လူများ မမှီနိုင်သော အမြင့်ဖြစ်သော်လည်း မှော်လေသင်္ဘောများကို သေချာမြင်ရနိုင်ပြီး အချို့ အမြင်အာရုံကောင်းသူများဆိုလျှင် ၎င်းမှာ မည်သို့ ပုံစံရှိသည်ကိုပင် မြင်နိုင်၏။

ဤသို့သော ဧရာမကြီးက ၎င်းတို့ခေါင်းပေါ်မှ ဖြတ်ပျံသွားခြင်းမှာ မြေပြင်ရှိ လူများအပေါ် သဘာဝကျကျပင် ဖိအားကို ခံစားရစေပြီး လူများအား ကောင်းကင်ကြီး ပိုနီးလာသည်ဟုပင် အယူမှားစေသည်။

"ဘုရားရေ! ဒီအရာကို တကယ်ပဲ Frestech ကုန်သည်ကြီးများအသင်းက လုပ်ထားတာလား?" ထိတ်လန့်နေသည့် အော်သံတစ်ခုက ကောင်းကင်ကို မော့ကြည့်နေသော လူအုပ်ထဲမှ ထွက်လာသည်။

"ဟုတ်တယ် ဒီလိုကြောက်စရာကောင်းတဲ့ဟာကို နတ်ဘုရားတွေပဲ စီးနိုင်မှာ မဟုတ်ဘူးလား? အဲ့မှာ တကယ်ပဲ လူတွေ ရှိနေတာလား?"

"Frestech ကုန်သည်ကြီးများအသင်းက ဒီလို အံ့ဩစရာကောင်းတာကို လုပ်ခဲ့တာ အရမ်းကို ကြောက်စရာပဲ!"

"မဟုတ်ဘူး Frestech ကုန်သည်ကြီးများအသင်းမှာ နတ်ဆိုးတွေရဲ့ အမွေအ‌နှစ်တွေ လက်ခံရထားတာ ဖြစ်နိုင်တယ်! ဒါက လူသားတွေပိုင်ဆိုင်တဲ့ အရာမျိုးမဟုတ်ဘူး!"

မှော်လေသင်္ဘောမှာ အမြန်ပျံသန်းနေပုံမရသော်လည်း တကယ်တမ်း အင်မတန် မြန်ဆန်စွာ ရွေ့လျားနေခဲ့သည်။ လာရူလ်မြို့ အပေါ်၌ ပေါ်ထွက်လာပြီးနောက် ပျံသန်းသွားရန် သိပ်မကြာလိုက်ပေ။

လူများက မှော်လေသင်္ဘောများ ဖြတ်ပျံသွားခြင်းလားဟု စဉ်းစားနေချိန်တွင် မှော်လေသင်္ဘောဆယ်စင်းမှာ ရုတ်တရတ် ရပ်တန့်၍ ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းသက်‌လာသည်။

၎င်းကိုမြင်သော် လူတိုင်း အံ့အားသင့်သွား၏။

ဒါက ကန်ဒရာအင်ပါယာလေ၊ ဗဟိုနယ်မြေရဲ့ တစိတ်တပိုင်းဟာကို ဘာလို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလို ထိတ်လန့်စရာမှော်လေသင်္ဘောတွေကို ဘာလို့ လွှတ်လိုက်ရတာများလဲ?

၎င်းတို့နောက်မှ မြင်းခွာများ ဒုန်းစိုင်းလာသည့် အသံများကို ကြားနေရသည်။ လူတိုင်းမှာ အနောက်ဘက်မှ အရှေ့ဘက်လမ်းကြောင်းတစ်လျှောက် အပြေးနှင်လာကာ ယခုမှ ဆင်းသက်လာသည့် မှော်လေသင်္ဘောများဘက် ဦးတည်လာသည့် မြင်းတပ်ကို မြင်သော် အံ့ဩသွားသည်။

ဤမြင်းတပ်အဖွဲ့အား လာရူလ်မြို့ကင်း ခြေမြန်မြင်းတပ်က ပိုင်ဆိုင်ပြီး ၎င်းတို့ကို ဦးဆောင်သူမှာ ဝန်ကြီး ဗစ်ကောင့်ထ် ဆော့စ်၏ တူတော်မောင် မိုရေးပါပင်။

မိုရေးဦးဆောင်သည့် မြင်းတပ်အဖွဲ့ ပျောက်ကွယ်သွားသည့်နောက် မှော်လေသင်္ဘောများ ဆင်းသက်လာသည့်ဘက်သို့ ဦးတည်၍ အနောက်ဘက်မှ‌လာသော ဇိမ်ခံမြင်းလှည်းတစ်စီးကို ဝိုင်းရံထားသည့် လက်နက်အပြည့်တပ်ဆင်ထားသော အစောင့်ရာချီရှိနေသည်။

ထိုမြင်းလှည်းထံ၌ ဆော့စ်မိသားစု၏ အမှတ်အသားရှိနေသဖြင့် ၎င်းမှာ ဗစ်ကောင့်ထ်ဆော့စ်၏ ကိုယ်ပိုင်ယာဉ်ဖြစ်ကြောင်း သိသာသည်။

တစ်အောင့်ကြာသည့်နောက် ဖုန်မှုန့်များ ပါးသွားပြီး မိုရေးဦးဆောင်သည့် ခြေမြန်မြင်းတပ်အဖွဲ့နှင့် ဗစ်ကောင့်ထ်ဆော့၏ သည်းထန်စွာ ဝိုင်းရံထားသော မြင်းလှည်းက အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး အပျော်လာကြသည့် ကုန်သည်များနှင့် ကြေးစားများအား တစ်ဦးကိုတစ်ဦး ငေးကြောင်ကြောင်ကြည့်ရန် ချန်ထားခဲ့သည်။

၎င်းက အင်မတန်စပ်စုချင်စရာပင်။

မိုရေး၏ ခြေမြန်မြင်းတပ်က မည်မျှ အားကောင်းပြီး ဗစ်ကောင့်ထ်ဆော့၏ လက်နက်အပြည့်တပ်ဆင်ထားသော စစ်သည်များကိုအခြေခံရသော် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ ပြင်ဆင်လာခဲ့သည်လည်း မရှိဖြင့် အင်မတန် ပူပန်နေကြသည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်းမှ ထို‌လူများမှာ လာရူလ်မြို့အစိုးရကိုပင် သတင်းပေးခြင်းမရှိဘဲ ရောက်လာကြသော အဓိပ္ပာယ်ဖြစ်၏။

ဤသည်မှာ အင်မတန် အံ့အားသင့်ဖွယ်ရာပင်။

ကန်ဒရာအင်ပါယာ၏ စိတ်ထဲတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာကုမ္ပဏီမဟုတ်သည်ကို သိထားရပေမည်။ ၎င်းတို့အတွက် ဤနေရာသို့ လူတစ်စုအား ရုတ်တရတ် ခေါ်ဆောင်လာခြင်းက ကန်ဒရာအင်ပါယာကို ကျူးကျော်ခြင်းဟု အလွယ်လေး ယူဆနိုင်၏!

ဗစ်ကောင့်ထ်ဆော့မှာ ထိုမျှ စိုးရိမ်နေသည်က အံဩစရာမဟုတ်ပေ။ ဤနေရာ၏ အမြင့်ဆုံး မျိုးရိုးမြင့်အနေဖြင့် မည်သည်ကိုမှပင် မပြုလုပ်ဘဲ ဤနေရာသို့ ကျူးကျော်ရန် လက်နက်မတပ်ဆင်ထားဟု မည်သူကမှ မယုံကြသည့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောကို သူသာ ခွင့်ပြုလိုက်လျှင် ခေါင်းဖြတ်ခံရသည်ကို စောင့်နေရလိမ့်မည်။

ဗစ်ကောင့်ထ်ဆော့၏တုံ့ပြန်မှုက အင်မတန်အားကောင်းလှကာ သူဟာ လာရူလ်မြို့၏ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ခေါ်ဆောင်လာသည်မှာ ၎င်းက သူ့ထံရှိ အမြင့်မားဆုံးတုံ့ပြန်မှုဖြစ်ကြောင်းပြသနေသည်။

ခြေမြန်မြင်းတပ်နှင့် စစ်သည်များ ပျောက်ကွယ်သွားကာ လူအုပ်ကြီးကလည်း တစ်ဦးကို တစ်ဦးကြည့်လျက် ထိုနေရာမှ ထွက်ခွာသွား၏။‌ ကြေးစားများစွာက ရုတ်တရတ် ၎င်းတို့၏ မြင်းများပေါ်တက်၍ ထိုဦးတည်ဘက်သို့ ဦးတည်လိုက်ကြသည်။

မျှော်လင့်ထားသလိုပင် ကြီးမားသည့် တစ်စုံတရာက ယနေ့ဖြစ်ပွားနေရာ မကြည့်လျှင် နောင်တရနေရမည်။

လူအချို့က ထိုလမ်းကြောင်းကို ဦးတည်နေသဖြင့် မြို့၏ ကြေးစားအားလုံးနီးပါး လိုက်ပါသွားကြသည်။

ကုန်သည်များက စဉ်းစားပြီးသည့်နောက် ၎င်းတို့လည်း လိုက်သွားကြသည်။

ကုန်သည်များအနေနှင့် ၎င်းတို့မှာ နယ်မြေကြီး၌ ဖြစ်ပွားသည့် အရာရာတိုင်းနှင့် ရှိနိုင်သလောက် ဖုံးကွယ်ထားသော အခွင့်အလမ်းများကို ဂရုစိုက်သည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာအကြား တည့်တိုးဆန်သည့် ပဋိပက္ခဖြစ်နိုင်သဖြင့် ပို၍ အဖိုးတန်သည်ကို မဆိုထားနှင့်။

ထို့ကြောင့် တအောင့်ကြာပြီးနောက်တွင် လာရူလ်မြို့ရှိ လူအများစုမှာ နေဝင်တောင်တန်းများရှိသည့် အရှေ့မြောက်ဘက်သို့ ဦးတည်၍ သွားရာ လေထဲတွင် ဖုန်မှုန့်လုံးကြီးကို မြင့်တက်လာစေခဲ့သည်။

ထိုလူများအကြားတွင် ပထမဆုံး ရောက်သွားသည်မှာ မိုရေးဦးဆောင်သည့် ခြေမြန်မြင်းတပ်ဖြစ်၏။

နေဝင်တောင်တန်းများကို လှမ်းမျှော်ကြည့်ရင်း မိုရေးမှာ မှော်လေသင်္ဘောများ ဆင်းသက်ရာ နေရာကို ရှာတွေ့သွားသည်။

မှော်လေသင်္ဘောဆယ်စင်း၏ တံခါးများက ပွင့်လျက်သားရှိနေပြီး Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဝတ်ထားသူများက ပစ္စည်းများကို ထုတ်နေကြ၏။

မှော်လေသင်္ဘောထံမှ သယ်နေသည့် အားကောင်းလှဟန်ရှိသော စက်နှင့် ထိုလူများထံရှိ သူမသိသော ထူးထူးဆန်းဆန်း ပစ္စည်းများကို မြင်သော် မိုရေးမှာ စိတ်ထဲ မနေနိုင်အောင် တုန်လှုပ်လာသည်။

သူနှင့် သူ၏ ဦးလေး ဗစ်ကောင့်ထ်ဆော့တို့မှာ ယခင်က ခန့်မှန်းရုံ ခန့်မှန်းခဲ့သော်လည်း ယခုတွင် ထိုထူးဆန်းသည့် စက်များကို မြင်နေရသော် တစ်ခုတော့ သေချာသွားသည်။

ထိုလူများမှာ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များဖြစ်ပြီး ၎င်းတို့နှင့် အတူပါလာသော ပစ္စည်းများမှာ သေချာပေါက် အားကောင်းသည့် စစ်ဘက်သုံးမှော်စက်များဖြစ်သည်။

ကွင်းပြင်ရှိ သံမဏိပိုက်နှင့်တူသောအရာမှာ ကျော်ကြားသည့် မှော်အမြောက်ဖြစ်လောက်သည်။

သို့သော် ပြဿနာမှာ အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များက ရုတ်တရတ် ဤနေရာသို့ ရောက်လာရသနည်း? အဘယ့်ကြောင့် ၎င်းတို့မှာ ဤအနှိုင်းမဲ့အားကောင်းလှသည့် မှော်အမြောက်ကြီးကို မည်သည့်အတွက် ယူဆောင်လာရသနည်း?

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မိုရေးက မိမိကိုယ်ကို တည်ငြိမ်စေလိုက်ပြီး မြင်းကို နှင်လိုက်သည်။

သို့ရာတွင် သူ ခြေနှစ်လှမ်း,လှမ်းလိုက်ချိန်၌ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ရုတ်တရတ် လှည့်လာကာ ၎င်းတို့ လက်ထဲရှိ ဆလင်ဒါများကို မိုရေးထံ ညွှန်၍ အသံနိမ့်နိမ့်ဖြင့် ဆိုပါ၏၊ "Frestech ကုန်သည်ကြီးများအသင်းအစောင့်တွေက ဒီနေရာမှာ တရားဝင် စီးပွားရေး လုပ်ငန်းကို ထမ်းဆောင်နေတာပဲ၊ မသက်ဆိုင်သူတွေကို ချဉ်းကပ်ခွင့်မပြုဘူး"

မိုရေးမှာ အံ့ဩသွားပြီးနောက် စိတ်တိုသွားသည်။

ဤသည်မှာ ကန်ဒရာအင်ပါယာ၏ မြေဖြစ်ရာ အခြားနေရာများမှ လူများက ဤနေရာသို့လာပြီး “မသက်ဆိုင်သူတွေကို ချဉ်းကပ်ခွင့်မပြုဘူး”ဟု ပြောလာသည်!

ထိုလူများကို ကြည့်လိုက်ပြီးနောက် မိုရေးမှာ မိမိ၏ ဒေါသကို ဖိနှိပ်လိုက်ပြီး လည်ချောင်းရှင်း၍ ထိုFrestech ကုန်သည်ကြီးများအသင်း အစောင့်နှစ်ဦးကို အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်၊ "ကျုပ်က ကန်ဒရာအင်ပါယာ တဂ်နာခရိုင်ရဲ့ လာရူလ်မြို့ ကင်းတပ်မှူးမိုရေးဆော့ပါ၊ ဒီက အဆင့်အမြင့်ဆုံးစစ်ဘက်အရာရှိပေါ့။ ခင်ဗျားတို့က Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေမဟုတ်လား? ဘာလို့ ရုတ်တရတ် ဒီနေရာကို ရောက်လာတာများလဲ? ခင်ဗျားတို့မှာ ကျုပ်တို့ အင်ပါယာက ခွင့်ပြုချက်ရှိလား?"

ထိုအစောင့်နှစ်ဦးမှာ ၎င်းတို့လက်ထဲရှိ လက်နက်များကို မိုရေးထံ ချိန်ထားဆဲဖြစ်ပြီး စကားတစ်ခွန်းမှ မဆိုပေ။

မိုရေးမှာ ပို၍ပင် စိတ်တိုသွားကာ ထိုနှစ်ဦးကို လက်ညှိုးထိုး၍ အော်လိုက်၏၊ "ကျုပ် သတိပေးနေတာ! ဒါက အင်ပါယာရဲ့ ပိုင်နက်ဖြစ်ပြီး ခင်ဗျားတို့ လက်နက်ကိုင်ရင်း ဘာခွင့်ပြုချက်မှမရှိဘဲ ဝင်လာရင် အင်ပါယာရဲ့ ဥပဒေအောက်မှာ ကျုပ်က ခင်ဗျားတို့ကို ကျူးကျော်သူအဖြစ် သတ်မှတ်ပြီး နေရာမှာတင် သုတ်သင်လိုက်လို့ရတယ်!"

ထို Frestech ကုန်သည်ကြီးများအသင်းအစောင့်နှစ်ဦးမှာ မလှုပ်မရှား‌ရှိနေဆဲဖြစ်ကာ သူ၏ စကားများကို လုံးဝမကြားသလိုပါပင်။

မိုရေးက မျက်မှောင်တင်းတင်းကုပ်ပြီး ညာလက်ကို ထောင်၍ တိုက်ခိုက်ရန် အမိန့်ပေးဖို့ ပြင်လိုက်သည်။

သူ့အနေနှင့် ၎င်းကို အင်ပါယာ၏ အမိန့်အရ လုပ်ဆောင်ရမည်ဖြစ်သော်လည်း ၎င်းတို့ထံရှိ စစ်ဘက်သုံးမှော်စက်များနှင့် ကွင်းပြင်ရှိ ကြောက်မက်ဖွယ် မှော်အမြောက်ကြီးကို မြင်သော် မနေနိုင်အောင် တွန့်ဆုတ်သွားရသည်။

ထိုလူများသာ တကယ်ကို Frestech ကုန်သည်ကြီးများအသင်းအစောင့်များဖြစ်ပြီး တိုက်ပွဲအင်အားက အခြားမျိုးရိုးမြင့်များထံမှ သူကြားထားသလို ကြောက်မက်ဖွယ်ဖြစ်နေလျှင် သူခေါ်ဆောင်လာသည့် ခြေမြန်မြင်းတပ်ရာချီလေးနှင့် ဇွတ်တိုးခြင်းက သူ၏ ဘဝကို စွန့်လွှတ်ရာကျသည်။

သို့သော် သူသာ ဘာမှ မလုပ်လျှင် အဆင့်မြင့်ဆုံး ဒေသတွင်း စစ်ဘက်အရာရှိ အနေနှင့် သူဟာ စစ်ဌာနချုပ်ထံမှ ကွပ်မျက်ခြင်းကို ခံရပေလိမ့်မည်။

"သောက်ကျိုးနည်း ဒီFrestech ကုန်သည်ကြီးများအသင်းကကောင်တွေက ငါတို့ပိုင်နက်ထဲမှာ အင်ပါယာရဲ့ စစ်တပ်ကို တိုက်ခိုက်ရဲမယ်ဆိုတာ မယုံဘူး!" မိုရေးမှာ အချိန်ကြာ တုံ့ဆိုင်းနေပြီးနောက် အံကိုကြိတ်၍ တိုက်ခိုက်ရန် အမိန့်ပေးဖို့ လက်ကို နှိမ့်ရန်ပြင်ထားသော်လည်း သူ၏ နောက်မှ အလျင်စလိုခြေသံများကိုကြားလိုက်ရသည်။

မိုရေး၏ အမူအရာက ရုတ်တရတ် ပြေလျော့သွား၏။ သူလှည့်ကြည့်လိုက်သော် ဗစ်ကောင့်ထ်ဆော့မှာ သူခေါ်လာသည့် အစောင့်များနှင့်အတူ အမြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။

ဗစ်ကောင့်ထ်ဆော့၏ ဇိမ်ခံမြင်းလှည်းက မိုရေးနံဘေးကို ရောက်လာပြီး တံခါးပွင့်လာရာ ဗစ်ကောင့်ထ်ဆော့၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်က မြင်းလှည်းထဲမှ ခုန်ထွက်လာပြီး မြေပြင်မှ ဖုန်ထသွားစေသည်။

သူ၏ ရှေ့ကို ကြည့်လိုက်ပြီး မိုရေးကို မြင်သော် သူဟာ ခေါင်းငြိမ့်၍ အမူအရာကို ပြင်လိုက်သည်။ ခပ်ရေးရေးအပြုံးဖြင့် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံ လျှောက်သွား၏။

လက်နက်ကိုင်ထားသော အစောင့်နှစ်ဦးက ဗစ်ကောင့်ထ်ဆော့ လာသည်ကိုမြင်သော် လက်နက်များကို တစ်ဖန်မြှောက်လိုက်ပြန်သည်။

ဗစ်ကောင့်ထ်ဆော့လည်း ရပ်တန့်၍ ဘေးဘီကိုကြည့်လိုက်ပြီးနောက် အပြုံးဖြင့်မေးသည်၊ "ကျုပ်က လာရူလ်မြို့ရဲ့ ဝန်ကြီးပါ၊ ဒီတစ်ခေါက်မှာ ဘယ်သူက တာဝန်ခံလဲ မေးလို့ရမလား?"

Frestech ကုန်သည်ကြီးများအသင်းအစောင့်နှစ်ဦးမှာ အမူအရာမဲ့ဆဲဖြစ်သော်လည်း ၎င်းတို့ နောက်ရှိ မှော်လေသင်္ဘောထဲမှ လူတစ်ဦးထွက်လာပါ၏။

ထိုတုံ့ပြန်မှုကိုမြင်သော် ဗစ်ကောင့်ထ်ဆော့၏ စိတ်မှာ သက်သာသွားသည်။

တစ်ဘက်က ညှိနှိုင်းဖို့ ဆန္ဒရှိနေသရွေ့ အရာရာတိုင်း ကိုင်တွယ်ဖို့ လွယ်ကူပါ၏။

သို့ရာတွင် ထွက်လာသည့်လူကို မြင်ပြီးနောက် သူ၏ အမူအရာမှာ မနေနိုင်အောင် ပြောင်းသွားပြီး အတော်လေးအရုပ်ဆိုးလာတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၅။ ဓားပြများကို ဖျက်ဆီးခြင်း

ဗစ်ကောင့်ထ်ဆော့မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ ရုတ်တရတ် ပေါ်လာသည်ဟူသော သတင်းရခဲ့စဉ်က Frestech ကုန်သည်ကြီးများအသင်းမှာ ဤနေရာ၌ ပြဿနာလာရှာမှန်းသိပေသည်။

သာမန်ပြည်သူများက ၎င်းကို မသိသော်လာ်း သူဟာ လာရူလ်မြို့တော်ဝန်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းက နေဝင်တောင်တန်းများတွင် ၎င်းတို့၏ ကုန်သည်စု အပြတ်သုတ်သင်ခံရခြင်းအတွက် ကန်ဒရာအင်ပါယာအပေါ် ဖိအားမည်မျှပေးထားကြောင်း သိသည်။

တကယ်တမ်း ၎င်းက သာမန် ကုမ္ပဏီ သို့မဟုတ် ကန်ဒရာအင်ပါယာ၌ မတော်တဆရှိခဲ့သည့် အခြားနိုင်ငံများ၏ ကုမ္ပဏီများဆိုလျှင်ပင် ကန်ဒရာအင်ပါယာ၏ အရာရှိများမှာ ၎င်းတို့အား သတိပေးစာသာပေး၍ ဂရုစိုက်နေမည်မဟုတ်ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ သာမန်ကုမ္ပဏီလေးဟုတ်မနေပေ။

ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးက အမြဲ နေရခက်သလိုဖြစ်နေခဲ့ပြီး အတန်ငယ် ရန်လိုနေပါလျှင်တောင် လွန်ခဲ့သည့် ၂နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များက ပို၍ အားကောင်းသည်ကို ပြသလာခဲ့ကြသည်ပင်။ ကန်ဒရာအင်ပါယာထံ၌ ရွေးချယ်စရာမရှိဘဲ Frestech ကုန်သည်ကြီးများအသင်းကို ရင်ဆိုင်ပြီး ၎င်းတို့နှင့်အတူ တက်ကြွစွာ အလုပ်လုပ်ရမည်သာ။

စတင်ပူးပေါင်းခဲ့ပြီးနောက် ကန်ဒရာအင်ပါယာမှာ စစ်ဘက်သုံးမှော်စက်များကသာ အရေးပါခြင်းမဟုတ်ကြောင်း သိခဲ့ရသည်။ ဆောက်လုပ်ရေးသုံးမှော်စက်များမှာ စစ်ဘက်သုံးမှော်စက်များနှင့် ကွာပြီး Frestech ကုန်သည်ကြီးများအသင်းတီထွင်ခဲ့သည့် မှော်စက်မျိုးစုံမှာ ကန်ဒရာအင်ပါယာအား အရေးကြီးပြဿနာများစွာကို ဖြေရှင်းရာ၌ ကူညီသည့် အသုံးဝင်မှုများစွာ ရှိနေသည်။

ထို့ကြောင့် အချိန်ကုန်လာသည်နှင့်အမျှ Frestech ကုန်သည်ကြီးများအသင်းကို အဆန့်ကျင်ဆုံး လူဖြစ်သည့် တောင်ပိုင်းခရိုင်ဘုရင်ခံ နယ်စားဝင်းဒ်ဆာသည်ပင် မိမိမျက်နှာကိုဘေးချိတ်၍ Frestech ကုန်သည်ကြီးများအသင်းနှင့် တိတ်တဆိတ် စတင်ပူးပေါင်းခဲ့သည်။

ကန်ဒရာအင်ပါယာရှိ လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်း ကန်ဒရာအင်ပါယာသို့ ယူဆောင်လာသည့် အကျိုးအမြတ်များကို နားလည်ကြသဖြင့် အင်ပါယာ၌ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် ပို၍ပို၍ လိုအပ်လာကြသည်။

ဤတစ်ကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စုက နေဝင်တောင်တန်းများ၌ မတော်တဆဖြစ်ပွားခဲ့ရာ Frestech ကုန်သည်ကြီးများအသင်းမှာ ချက်ချင်းပင် ကန်ဒရာအင်ပါယာကို ဖိအားပေးခဲ့၏။ ၎င်းဖိအားအများစုမှာ ဗစ်ကောင့်ထ်ဆော့ထံ ကျရောက်လာခဲ့သည်။

သို့ရာတွင် နေဝင်တောင်တန်းများ၏ ဓားပြများနှင့် ပတ်သက်လာချိန်၌ ဗစ်ကောင့်ထ်ဆော့မှာ များများစားစားမလုပ်နိုင်ခဲ့ပေ။ ဤတစ်ကြိမ်တွင် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စုအား တိုက်ခိုက်မှုအတွက် သဲလွန်စလေးတစ်ခုပင် မရခဲ့သဖြင့် သူ့အား အချိန်တိုလေးအတွင်း၌ အဖြေတစ်ခု ရစေလိုသည်မှာ စိတ်ကူးယဉ်မျှသာဖြစ်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အင်ပါယာ၏ အဆင့်မြင့်သူများမှာ ထိုအခြေနေကို သိရှိပြီး ဗစ်ကောင့်ထ်ဆော့စ်ကို တွန်းအားမပေးခဲ့ဘဲ Frestech ကုန်သည်ကြီးများအသင်းကို သင့်တော်သော အဖြေပေးခဲ့၏။

Frestech ကုန်သည်ကြီးများအသင်းကို စိတ်ကျေနပ်စေရန် အထက်လူများမှာ သဘောကျဖွယ် ကမ်းလှမ်းချက်များပင် ပေးခဲ့သည်ဟု ပြောရမည်။

၎င်းကို ကြည့်ရုံနှင့်တင် Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာအတွက် မည်မျှ အရေးပါသည်ကို မြင်နိုင်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ ညှိနှိုင်းဖို့ ဆန္ဒမရှိခဲ့ဘဲ ကန်ဒရာအင်ပါယာအား ရလာဒ်များပေးဖို့ တောင်းဆိုနေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ခိုင်မာသော ရပ်တည်ချက်က အဆင့်မြင့်ပုဂ္ဂိုလ်များကို ဒေါသဖြစ်စေခဲ့ပြီး နှစ်ဘက်စလုံးမှာ အဆုံး၌ အဆိုးဘက်ကို ဦးတည်သွားတော့သည်။

ဗစ်ကောင့်ထ်ဆော့စ်မှာ ဤကိစ္စက ထိုနေရာ၌သာ အဆုံးသတ်မည်ဟုထင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းဖြစ်စေ အချင်းချင်း ပူးပေါင်းလိုသည်မှာ သိသာသဖြင့် ဤကိစ္စလေးက ၎င်းတို့၏ ပူးပေါင်းရေးကို နှောင့်နှေးစေမည်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ဤတစ်ကြိမ်၌ ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့မှာ ကန်ဒရာအင်ပါယာက အင်ပါယာနှစ်ခုအနက် တစ်ခုဖြစ်သဖြင့် အဆုံး၌ လက်ခံနိုင်ရုံသာရှိသည်။ ကုမ္ပဏီတစ်ခုအတွက် ထိုဈေးကွက်ကို လက်လျှော့ရန် ဆန္ဒရှိမည်မဟုတ်။

သို့ရာတွင် ဗစ်ကောင့်ထ်ဆော့စ်မှာ သူ့အနေနှင့် နောက်ဆုံးတွင် ဤအခြေအနေမှ ထွက်ခဲ့ပြီး ရက်အနည်းငယ်ကြာ သက်သာခဲ့သည်ဟု ထင်ခဲ့မိချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ ပျံသန်းလာနေသည်ဟူသော ထိတ်လန့်ဖွယ်သတင်းကို ကြားလိုက်ရသည်!

ဗစ်ကောင့်ထ်ဆော့စ်မှာ သူ့အနေနှင့် မည်သည့် သတိပေးချက်မှ ကြိုမရထားသည်ကို သေချာလေရာ Frestech ကုန်သည်ကြီးများအသင်းက ဤကိစ္စကို ကန်ဒရာအင်ပါယာ အရာရှိများထံ မတင်ပြခဲ့ဘဲ တစ်ဦးတည်းလုပ်ဆောင်နေသော အဓိပ္ပာယ်ပင်!

သို့သော် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ အခြားနိုင်ငံမှ ကုမ္ပဏီတစ်ခုအတွက် ကန်ဒရာအင်ပါယာ၏ မြေပေါ်သို့ ၎င်းတို့ လူများကို စေလွှတ်ခြင်းမှာ ကန်ဒရာအင်ပါယာမှ လက်ခံမည်မဟုတ်သည့် ကြီးမားသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

သို့သော် ဗစ်ကောင့်ထ်ဆော့စ်မှာ ဤကိစ္စအား ပို၍ ကြီးမားအောင်မလုပ်နိုင်သည်ကို သေချာသိပါ၏၊ မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာအကြား အားနည်းသည့် ဆက်ဆံရေးမှာ ပြိုလဲသွားရုံသာရှိသည်။

၎င်းအ‌နေနှင့် ကန်ဒရာအင်ပါယာထံ၌ ရှိမည့် လွှမ်းမိုးမှုကို စိတ်ကူးပင်ယဉ်ကြည့်နိုင်သည်၊ ၎င်းမှာ သူ့ကဲ့သို့ မြို့ငယ်လေးတစ်မြို့၏ ဝန်ကြီးက တောင့်ခံနိုင်မည်မဟုတ်သော အရာပင်။

ထို့ကြောင့် သတင်းရသည်နှင့် အစောင့်များကို စေလွှတ်ခဲ့ပါလျှင်တောင် တကယ်တမ်း တိုက်ခိုက်မည့် မည်သည့်အစီစဉ်မှမရှိပေ။

ပထမဆုံး ၎င်းမှာ သူ့အနေနှင့် ဤတိုက်ခိုက်မှုကို စတင်ခြင်းအတွက် တာဝန်ကို လက်မခံရဲသောကြောင့်ဖြစ်၏။ ဒုတိယမှာ သူ့အနေနှင့် သေချာပေါက် အနိုင်ရနိုင်မည် မဟုတ်သောကြောင့်ဖြစ်၏။

အစောင့်တပ်သားတစ်ရာလောက်လေးနှင့် Frestech ကုန်သည်ကြီးများအသင်း၏ စွမ်းအားအကြီးဆုံး စစ်ဘက်သုံးမှော်စက်များတပ်ဆင်ထားသော အစောင့်များကို သေချာပေါက် မတိုက်ခိုက်နိုင်ရာ ၎င်းက ဗစ်ကောင့်ထ်ဆော့စ် သတိထားနေရသည့် အရာဖြစ်သည်။

သူဟာ ကွင်းပြင်ထဲရှိ ကြောက်မက်ဖွယ် မှော်အမြောက်ကြီးများကို တွေ့ချိန်တွင် ၎င်းကို ပို၍ သေချာလာပါ၏။

ထို့ကြောင့် သူ၏ ပန်းတိုင်းမှာ ထိုကိစ္စကို သေချာ‌ဆွေးနွေးရန်ဖြစ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းထံမှ လူ ထွက်လာချိန်တွင် သူ၏ အတွေးများအားလုံး ပျောက်ကွယ်သွားရသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းလူမှာ... လူသား မဟုတ်ပါဘဲ နတ်သူငယ်တစ်ဦးဖြစ်နေခြင်းပင်။

စိုင်စ်နယ်မြေကြီး၏ လူသားအားလုံး သို့မဟုတ် မျိုးနွယ်စုအားလုံးမှာ နတ်သူငယ်များက နယ်မြေကြီး၌ ခေါင်းအမာဆုံးမျိုးနွယ်ဖြစ်ပြီး မည်သူကမှ မယှဉ်နိုင်သည်ကို သိထားကြသည်။

Frestech ကုန်သည်ကြီးများအသင်းက ဤရုတ်တရတ် တာဝန်၌ လူသားတပ်မှူးတစ်ဦးကို စေလွှတ်ခဲ့ပါလျှင် ဗစ်ကောင့်ထ်ဆော့စ်မှာ ၎င်းတို့နှင့် ညှိနှိုင်းရန် နည်းလမ်းတစ်ရာလောက်ရှိသော်လည်း တပ်မှူးက နတ်သူငယ်ဖြစ်နေသဖြင့် သူ၏ နည်းလမ်းတစ်ရာကိုလည်း မသုံးနိုင်တော့ဖွယ်ရာရှိသည်။

ဗစ်ကောင့်ထ်ဆော့စ်မှာ အားတင်းပြုံး၍ Frestech ကုန်သည်ကြီးများအသင်းအစောင့်ယူနီဖောင်းနှင့် နတ်သူငယ်အမျိုးသားကို ကြည့်လိုက်သည်။ ချောင်းဟန့်လိုက်ပြီးနောက် သူဟာ မိမိကိုယ်ကို ကြည်ကြည်လင်လင်အသံဖြင့် ပြောဖို့ တွန်းအားပေးလိုက်၏၊ "ခင်ဗျားတို့က Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တပ်လား? ဒီကို ဘယ်လိုလုပ် ရုတ်တရတ် ရောက်လာတာများလဲ?"

သူဟာ “တရားမဝင် ဝင်ရောက်လာခြင်း” သို့မဟုတ် “လက်နက်များ သီးသန့်သယ်ဆောင်လာခြင်း”ဟူသော ပြဿနာကို ထုတ်မပြောပေ။

နတ်သူငယ်အမျိုးသားမှာ ဆော့စ်ကို ကြည့်လာပြီး ပြန်ဖြေဖို့ လုံးဝမစီစဉ်ထားဘဲ အေးစက်စက်ဆိုလေသည်၊ "လူသား ဒီကိစ္စက မင်းတို့နဲ့ မဆိုင်ဘူး။ မင်းတို့ လက်အောက်ငယ်သားတွေနဲ့ ချက်ချင်း ဒီနေရာကနေ ထွက်သွားဖို့ မျှော်လင့်တယ်"

ဗစ်ကောင့်ထ်ဆော့စ်မှာ အသက်ပြင်းပြင်းရှူ၍ ဤနတ်သူငယ်မှာ သူကြားထားသည့် နတ်သူငယ်များကဲ့သို့ပင် ပုံမှန်အတိုင်း သူနှင့် စကားပြောဖို့ အခွင့်ရေးမရှိဟု တွေးမိသည်။

ခဏရပ်တန့်ပြီးနောက် ဗစ်ကောင့်ထ်ဆော့စ်မှာ အလေးအနက်ဟန်ဖြင့် မေးလိုက်၏၊ "ဥက္ကဌရှုက ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုကို အသိအမှတ်ပြုထားရဲ့လား?"

ထိုနတ်သူငယ်မှာ မျက်နှာထက်၌ တူညီသည့် အမူအရာမဲ့ဟန်ရှိနေကာ၊ "ဒါက မင်းတို့နဲ့ မဆိုင်ပါဘူး။ လူသား မြန်မြန် ဒီနေရာကနေသွားတော့ ဒါက နောက်ဆုံး သတိပေးချက်ပဲ"

ဗစ်ကောင့်ထ်ဆော့စ်၏ အမူအရာက ရှုံ့တွသွားသည်။ အသက်အနည်းငယ် ရှိုက်လိုက်ပြီးနောက် အမြန်ပြောလိုက်၏၊ "ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ကန်‌ဒရာအင်ပါယာရဲ့ ပိုင်နက်ထဲမှာ ဆိုတာ သတိပေးရမယ်။ ခင်ဗျားတို့သာ အလျင်စလိုလှုပ်ရှားရင် အင်ပါယာရဲ့ အရာရှိတစ်ဦးအနေနှင့် ကျုပ် ဒါကို ကိုင်တွယ်ရမှာပဲ။ ကျုပ် လက်အောက်ငယ်သားတွေက ခင်ဗျားတို့ရဲ့ ပြိုင်ဘက် မဟုတ်နိုင်ပေမယ့်လည်း ဒါက ကျုပ် တာဝန်ပဲ။ ပြီးတော့ ခင်ဗျားတို့ အပြုအမူတွေအားလုံးကို အင်ပါယာဆီ အစီရင်ခံမှာဆိုတော့ ဒါကို သေချာစဉ်းစားပါ။"

ထိုနတ်သူငယ်က ဗစ်ကောင့်ထ်ဆော့စ်ကို ခဏကြာ အေးစက်စက်ကြည့်လိုက်ပြီးနောက် စကားပြောလာ၏။

"ကျုပ်တို့ ဒီနေရာက ဓားပြတွေကို သုတ်သင်ဖို့ ဥက္ကဌရဲ့ အမိန့် ရထားပြီးသား ခင်ဗျားတို့နဲ့ မဆိုင်ဘူး"

သူဟာ နောက်ဆုံး၌ ပြောလာရန် ဆန္ဒရှိသွားသည်ကို မြင်သော် ဗစ်ကောင့်ထ်ဆော့စ်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါ၏။

"ခင်ဗျားတို့က ဒီနေရာမှာ အရင်က ခင်ဗျားတို့ ကုမ္ပဏီ ကုန်သည်စု အလုခံရတဲ့ ကိစ္စကို စုံစမ်းဖို့လား?"

"ဟုတ်တယ်" နတ်သူငယ်အမျိုးသားက ခေါင်းငြိမ့်လိုက်၏၊ "ဥက္ကဌက ခင်ဗျားတို့ ကန်ဒရာအင်ပါယာအနေနဲ့ ကျုပ်တို့ကို ရှင်းပြချက် ပေးဖို့ ဆန္ဒမရှိနေတော့ ကျုပ်တို့ ကုမ္ပဏီလည်း ဒီပြဿနာကို ကိုယ့်ဘာသာ ဖြေရှင်းရုံ‌ပဲပေါ့လို့ ပြောတယ်လေ။"

ဗစ်ကောင့်ထ်ဆော့စ်က စိတ်ထဲ ခါးသက်သက်ရယ်လိုက်ပါ၏။ အင်ပါယာက ၎င်းကို မဖြေရှင်းလိုခြင်းမဟုတ်ဘဲ အင်ပါယာက မတတ်နိုင်ခြင်းသာ ဖြစ်ပါ၏....

နေဝင်တောင်တန်းများ၌ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေး၍ ဓားပြများကလည်း များပြားလှသဖြင့် ၎င်းတို့အနေဖြင့် အချက်အလက်များ လုံလုံလောက်လောက်ရဖို့ မဖြစ်နိုင်ပေ။

တစ်ခုတည်းသော အသုံးဝင်သည့် သတင်းမှာ စိုက်ပျိုးရေးသုံးမှော်စက်များကို ဓားပြများ လုယက်သွားခဲ့သည်ဟူသော သတင်းပင်။

သို့သော် စိုက်ပျိုးရေးသုံးမှော်စက်များမှာ ပျောက်ကွယ်သွားကဲ့သို့ပင် အခြားသဲလွန်စများလည်း မရှိသည်က မမျှော်လင့်ထားသောအရာဖြစ်၏။

၎င်းကို စဉ်းစားရင်း ဗစ်ကောင့်ထ်ဆော့စ်မှာ အံ့ဩသွားသည်။

အဘယ့်ကြောင့်ဆိုသော် ထို နတ်သူငယ်အမျိုးသားက “ဓားပြများကို သုတ်သင်မည်”ဟု ပြောခဲ့ပြီး “လိုက်ဖမ်းမည်”ဟု ပြောခဲ့ခြင်းမဟုတ်သည်ကို ရုတ်တရတ် သတိရမိသွားသောကြောင့်ပင်။

ဗစ်ကောင့်ထ်ဆော့စ်မှာ အနည်းငယ် စဉ်းစားပြီးနောက် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်၊ "ခင်ဗျားတို့က ဓားပြတွေ ဘယ်မှာရှိလဲဆိုတာ သိနေနှင့်ပြီးသားလား?"

နတ်သူငယ်အမျိုးသားမှာ ဗစ်ကောင့်ထ်ဆော့စ်ကို ခဏကြာ သေချာကြည့်နေသည်မှာ သတင်းပိုပေးရမည် မပေးရမည်ကို ဆုံးဖြတ်နေသိလိုပင်။

တစ်အောင့်ကြာပြီးနောက် သူက ခေါင်းတစ်ချက်ငြိမ့်၏၊ "ဟုတ်တယ်။ ကျုပ်တို့ ဒီဓားပြတွေရဲ့ တည်နေရာ အတိအကျကို ရှာတွေ့ထားပြီး ဒီတစ်ခေါက်က သူတို့ကို သုတ်သင်ဖို့ လာတာပဲ"

"မဖြစ်နိုင်တာ!" ဗစ်ကောင့်ထ်ဆော့စ်မှာ မအော်ဟစ်မိဘဲ မနေနိုင်တော့ပေ။

ဤနတ်သူငယ်အမျိုးသားက ထိုဓားပြများ၏ ယေဘုယျတည်နေရာကို သိနေပြီဟု ပြောလျှင်ပင် သူ ခက်ခဲစွာ ယုံနိုင်သေးသော်လည်း သူက တည်နေရာအတိအကျကိုသိနေပြီဖြစ်ကြောင်း ပြောလာခြင်းက မယုံနိုင်စရာကောင်းလွန်းလှသည်။

ထိုဓားပြများမှာ နေဝင်တောင်တန်းများ၌ ရှိနေဆဲဖြစ်သည်မှာ သံသယပင် ရှိစရာမလိုသော်လည်း နေဝင်တောင်တန်းများမှာ ထိုမျှကြီးမားပြီး မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးလှသည်။ ဘုရင်ခံအိမ်တော်၏ လက်ရွေးစင်စစ်သည်များကို စေလွှတ်ခဲ့စဉ်ကပင် ၎င်းတို့မှာ သဲလွန်စတစ်ခုမှ ရှာမတွေ့ခဲ့သဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက မည်သို့များ တည်နေရာအတိအကျကို ရှာဖွေနိုင်မည်နည်း?

မှန်ပါ၏ ၎င်းက Frestech ကုန်သည်ကြီးများအသင်းနှင့် စိုက်ပျိုးရေးသုံးမှော်စက်များပေါ်ရှိ ထူးကဲသော မှော်အမှတ်များ ထားခဲ့ခြင်းကဲ့သို့သော အထူးနည်းလမ်းအချို့ကို သုံးထားပါလျှင်တော့ ဖြစ်နိုင်သည်။

သို့ရာတွင် ၎င်းက ပိုလို့ပင် အံ့အားသင့်ဖွယ်ရာဖြစ်ပေမည်။

အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ထိုသို့ပြုလုပ်ထားရသနည်း? စိုက်ပျိုးရေးသုံးမှော်စက်များမှာ အရှေ့မြောက်ခရိုင်အတွက် ထုတ်ကုန်များဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းက ထိုသို့ပြုလုပ်ခြင်းမှ ဘာရနိုင်သနည်း?

ဖုံးကွယ်နေသည့် အရှုပ်အထွေးများကို စဉ်းစားရင်း ဗစ်ကောင့်ထ်ဆော့စ်မှာ မနေနိုင်အောင် တိတ်ဆိတ်သွားရတော့သည်။

ထိုအချိန်၌ နတ်သူငယ်အမျိုးသားထံမှ မြည်သံတစ်ခု ထွက်လာသည်။

ဗစ်ကောင့်ထ်ဆော့စ်က သူ့အား တအံ့တဩကြည့်လိုက်ရာ သူဟာ ညာလက်ကို မြှောက်၍ သတ္တုသေတ္တာလေးတစ်ခုကို ပါးစပ်နား၌ထားလျက် ကိုင်ထားသည်။

"နံပါတ် 3 တစ်ခုခုဖြစ်လို့လား?"

"နံပါတ် ,3 သတင်းပို့နေပါတယ်၊ ပစ်မှတ်က ကျွန်တော်တို့ စုံစမ်းထားခဲ့တဲ့ အရင် တောင်နယ်နိမိတ်ထဲမှာ ရှိနေတုန်းပါပဲ၊ မရွှေ့ပြောင်းကြသေးပါဘူး"

"အရမ်းကောင်းတယ် အနီးဝန်းကျင်အခြေနေကရော?"

"ကျွန်တော်တို့ လေ့လာမှုအရ အနီးဝန်းကျင် တောင်တန်းတွေမှာ တခြားလူ‌မရှိပါဘူး"

"ကောင်းတယ် ငါ့ကို အကွာအဝေးနဲ့ ကိုဩဒိနိတ်ပေး"

"စစ်တမ်းအရ ပစ်မှတ်က ဆယ်နာရီဦးတည်ဘက်မှာရှိပြီး မြောက်ပိုင်း ၆ဒီဂရီနဲ့ ၃.၇ကနေ ၃.၉ ကီလိုမီတာ အဝေးမှာ ရှိပါတယ်။"

"လက်ခံရရှိပြီး။ ဆက်စောင့်ကြည့်နေ၊ တစ်ခုခု အပြောင်းအလဲရှိလာရင် ချက်ချင်း အစီရင်ခံ"

"နားလည်ပါပြီ"

ဗစ်ကောင့်ထ်ဆော့စ်မှာ ထိုနတ်သူငယ်အမျိုးသားကို ကြောင်ငေးကြည့်နေပြီး သူဟာ အမိန့်ပေးဖို့ လှည့်သွားသော်လည်း မှော်အမြောက်ဆယ်စင်းက လှည့်လာ၍ အနောက်မြောက်ဘက်ကို ချိန်ထားသည်အား မြင်သော် ရပ်တန့်လိုက်သည်။

"ခင်ဗျားတို့.... ဓားပြတွေကို သုတ်သင်ဖို့ စီစဉ်ထားတာလား?"

နတ်သူငယ်အမျိုးသားမှာ ဗစ်ကောင့်ထ်ဆော့စ်ကို လျစ်လျူရှုထားကာ ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရတ် ညာလက်ကိုမြှောက်၍ အော်လိုက်၏၊ "ပစ်တော့"

မှော်အမြောက်ကြီးဆယ်စင်းမှာ တစ်ချိန်တည်း၌ တောက်ပနေသည့် မှော်ရောင်များကို ထုတ်လွှတ်လာပြီးနောက် မှော်အမြောက်ကြီးများ၏ ပြောင်းဝများမှ တောက်လဲ့နေသော မီးလုံးများ ထွက်လာကာ အနောက်မြောက်ဘက် မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်သွားသည်။

ဗစ်ကောင့်ထ်ဆော့စ်မှာ ငေးမောနေရင်း ထိုအလင်းရောင်များက တောင်တန်းထဲ ဆင်းသက်သွားသည်ကိုကြည့်လျက် တစ်အောင့်ကြာသည့်နောက် နေဝင်တောင်တန်းများထံမှ ဧရာမနေလုံးကြီးနှယ် အားကောင်းလှသော အလင်းရောင်များလင်းလက်လာသည်။

တစ်ခဏကြာသည့်နောက် ၎င်းတို့ကို ဝိုင်းရံထားသော မိုးကြိုးသဖွယ် အော်သံကြီးထွက်လာကာ ၎င်းတို့ ခြေအောက်ရှိ မြေပြင်သည်ပင် တုန်ခါသွားပါ၏။

ဗစ်ကောင့်ထ်ဆော့စ်၊ မိုရေးနှင့် ၎င်းတို့ လက်အောက်ငယ်သားများအားလုံး အဝေးရှိ နေဝင်တောင်တန်းကို ငေးမောနေမိကြသည်။ ၎င်းတို့အားလုံးမှာ ထိုအလင်းက ရုတ်တရတ် တောင်ထိပ်များစွာကို ဖုံးအုပ်၍ လုံးဝ‌ပျောက်ကွယ်သွားကြောင်းကို ထိတ်လန့်‌ဖွယ် တွေ့ရှိလိုက်ရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၆။ ကိုင်တွယ်ဖြေရှင်းဖို့ မတတ်နိုင်

Frestech ကုန်သည်ကြီးများအသင်း၏ လာရူလ်မြို့ရှိ လုပ်ရပ်များအား ကုန်သည်များနှင့် ကြေးစားများစွာတို့က နယ်မြေကြီး၏ နိုင်ငံများထံ ဖြန့်လိုက်ကြသည်။

လူအများစု၏ ထိုသတင်းအပေါ် ပထမဆုံးတုံ့ပြန်ချက်မှာ Frestech ကုန်သည်ကြီးများအသင်းက ရူးနေပြီဟုပင်!

လာရူလ်မြို့က ဘယ်မှာရှိတာလဲ? အဲဒါက ကန်ဒရာအင်ပါယာရဲ့ ပိုင်နက်လေ!

ဘုရားရေ! ကန်ဒရာအင်ပါယာက အားအကောင်းဆုံး အင်ပါယာ နှစ်ခုထဲက တစ်ခုဖြစ်ပြီး တိတိကျကျပြောရရင် မားလိုအင်ပါယာကတောင် ကန်ဒရာအင်ပါယာထက် နည်းနည်းလောက် ပိုအားနည်း‌တယ်လေ။ ၎င်းမှာ အဘယ့်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာက စိုင်စ်နယ်မြေကြီး၏ အခြားနိုင်ငံများနှင့် ရင်ဆိုင်ရာတွင် အမြဲ တစ်သီးတသန့်ဆန်နေခဲ့သည်။ အခြားနိုင်ငံများ၌ မုန်တိုင်းများဖန်တီးခဲ့သည်မှာ အမြဲ ၎င်းတို့သာဖြစ်ပြီး မည်သည့်အချိန်က အခြားလူများအနေနှင့် ကန်ဒရာအင်ပါယာ၏ ပိုင်နက်ကိုသွားကာ ပြဿနာရှာကြပါသနည်း?

ထို ပြဿနာကို ဖြစ်စေသည်မှာ ကုမ္ပဏီလေးတစ်ခုက ဖြစ်သည်ကိုပင် မဆိုထားနှင့်!

Frestech ကုန်သည်ကြီးများအသင်းမှာ မကြာသေးမီက နယ်မြေကြီး၏ အာရုံစိုက်မှုကို ရခဲ့ပြီး နိုင်ငံအားလုံးအတွက် အရေးပါနေပါလျှင်တောင် ၎င်းတို့ အစောင့်များကို ကန်ဒရာအင်ပါယာ အစိုးရ၏ ခွင့်ပြုချက်ကိုပင် မရထားဘဲ ကန်ဒရာအင်ပါယာသို့ တိုက်ခိုက်ရန် စေလွှတ်ခြင်းက ကန်ဒရာအင်ပါယာကို မျက်လုံးထဲထည့်မထားခြင်းပါပင်!

အားအကောင်းဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ခဲ့ပြီး နှစ်ပေါင်းတစ်ထောင် နီးနီး တည်ရှိခဲ့သော ကန်ဒရာအင်ပါယာအတွက် ၎င်းမှာ သံသယပင်မလိုအောင် ၎င်းတို့အား အရှက်ခွဲခြင်းဖြစ်ရာ သေချာပေါက် ၎င်းတို့အား သည်းမခံနိုင်စေသောအရာပင်။

မှန်ပါ၏၊ ကန်ဒရာအင်ပါယာက ၎င်းကို မည်သို့ တုံ့ပြန်မည်အား အာရုံစိုက်ခြင်းအပြင် လူအများစု ပိုဂရုစိုက်ကြသည်မှာ ထိုအခြေနေ၏ အသေးစိတ်ဖြစ်သည်။

ကောလဟာလများအရ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ဤတစ်ကြိမ် လှုပ်ရှားခဲ့သည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ကုန်သည်စုကို တိုက်ခိုက်ခဲ့သော ဓားပြများကို သုတ်သင်ဖို့ ဖြစ်သည်။

ဤသည်မှာ အငြင်းပွား၍ မရနိုင်သော အမှန်တရားဖြစ်၏။ သို့သော်လည်း သတင်းများအရ Frestech ကုန်သည်ကြီးများအသင်းမှ ဓားပြများကို သုတ်သင်ခဲ့စဉ်တွင် နေဝင်တောင်းတန်းများ၏ အလွှာတစ်ထပ်ကိုပါ အားကောင်းကောင်းဖြင့် ပြိုလဲသွားသည်အထိ ကြောက်မက်ဖွယ်အင်အားဖြင့် တိုက်ခိုက်ခဲ့သည်ဟူသည်က ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်၏။

ယခက်က စစ်ဘက်သုံးမှော်စက်များနှင့် တိုက်ပွဲတို့ကို သုံးသပ်ခြင်းမှ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များအကြောင်း ကောလဟာလများ ရှိနေ‌ပြီးသားဖြစ်သော်လည်း ဤမျှအထိ ရူးသွပ်လောက်စရာ မဖြစ်ဖူးပေ။

လမ်ပူရီတိုင်းပြည်၌ ထိုစဉ်က ဤမျှ ကြောက်မက်ဖွယ် စစ်ဘက်သုံးမှော်စက်များရှိပါလျှင် စခ်တိုင်းပြည်ထံ၌ လမ်ပူရီတိုင်းပြည်ကို ခုခံရန် မည်သည့်အခွင့်အရေးမှပင် ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့သာ စစ်ကြေငြာလိုက်လျှင် လမ်ပူရီတိုင်းပြည်ထံမှ အမြစ်ပြတ်သုတ်သင်ခံရနိုင်ပေသည်လား?

Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များက ထိုမျှ စွမ်းအားကြီးမားလှသောကြောင့် ထိုကောလဟာလများကို သံသယဖြစ်နေသူ များစွာလည်းရှိသည်။

ထိုလူများအကြားတွင် အမှန်တရားကိုသိသည့် ကန်ဒရာအင်ပါယာ၏ အထက်ပုဂ္ဂိုလ်များ မပါရှိပေ။

ကန်ဒရာအင်ပါယာ၏ ဂုဏ်သရေကြီးမြတ်သော ဧကရာဇ်မှာ သူ့လက်ထဲရှိ အသေးစိတ်ဖြစ်ရပ် အစီရင်ခံစာကို ကြည့်နေသည်၊ ၎င်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ လှုပ်ရှားသွားပုံများကို အသေးစိတ်တစ်ချက်ပင် မလွတ်ဘဲ ဖော်ပြဖားသည်။ ၎င်းတို့လည်း တိုက်ခိုက်မှုအပြီးတွင် နေဝင်တောင်တန်း မြေမျက်နှာသွင်ပြင်ကို စုံစမ်းမှုလုပ်ခဲ့သဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ အသုံးပြုခဲ့သော မှော်အမြောက်ကြီးများ၏ ကြောက်မက်ဖွယ် စွမ်းအားကို ဧကရာဇ်အယ်လ်ဖွန်းဆေး ကန်ဒရာ’၏ ရှေ့မှောက်၌ ချပြခဲ့သည်။

“ငါကိုယ်တော့်ဆီမှာ မေးစရာရှိတယ်” ဧကရာဇ် ကန်ဒရာက အစီရင်ခံစာမှနေ၍ သူ့ရှေ့ရှိ လူများကို မော့ကြည့်ကာ မေးလာသည်၊ "လာရူလ်မြို့ကို လာခဲ့တဲ့ မှော်လေသင်္ဘောတွေက ဘယ်ကနေလာခဲ့တာလဲ?"

လူတိုင်း တစ်‌ဦးကိုတစ်ဦး ကြောင်ငေးကြည့်လိုက်ကြသည်။

ထိုကိစ္စပြီးနောက် လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ မှော်အမြောက်ကြီးများထံမှ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံစိုက်နေခဲ့ရာ မှော်လေသင်္ဘောများအား လုံးဝ လျစ်လျူရှုခဲ့မိကြသည်။

အရှင်မင်းမြတ်၏ သတိပေးချက်ကြောင့် လူတိုင်းမှာ ၎င်းက တကယ်ကို အရေးပါသည့်ကိစ္စဖြစ်ကြောင်း နားလည်သွားကြ၏။

လာရူလ်မြို့မှာ တဂ်နာခရိုင်နှင့် အရှေ့မြောက်ခရိုင်တို့၏ နယ်စပ်၌ ရှိသဖြင့် အင်ပါယာ၏ ဗဟိုချက်ဟု ယူဆနိုင်သည်။ ၎င်းမှာ အင်ပါယာ၏ အနီးဆုံးနယ်စပ်မှ မီတာ တစ်ထောင်ကျော် ဝေးကွာ၍ အင်ပါယာနှင့် နယ်နိမိတ်ထိစပ်နေသော တောင်ပိုင်းနိုင်ငံများထံမှ ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာသည်။

၎င်းကသာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးရှိရာ စတက်တိန်းနယ်မြေမှ လာသည် ဆိုပါလျှင် အကွာအဝေးက ကီလိုမီတာ သုံးထောင်ကျော်သည်။

Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ ဤတစ်ကြိမ် လုပ်ရပ်များမှာ သေချာပေါက် အင်ပါယာ၏ လူများနှင့် စုစည်းထားခြင်းမရှိသဖြင့် မှော်လေသင်္ဘောများမှာ အခြားနေရာများမှ လာသည်ဟု ဆိုနိုင်သည်။

၎င်းနှင့် ပတ်သက်၍ မည်သည့်သံသယမှ မရှိသော်လည်း... မှော်လေသင်္ဘောများမှာ အင်ပါယာထဲသို့ ပျံသန်းဝင်ရောက်လာနိုင်ပြီး လာရူလ်မြို့အနီးသို့ ဆင်းသက်လာချိန်မှသာ ၎င်းတို့ကို ရှာတွေ့နိုင်ခဲ့သည်ဆိုလျှင် မည်သို့ ဖြစ်မည်နည်း?

လူတိုင်း၏ မျက်နှာထက်ရှိ ငေးကြောင်နေဟန်များကိုမြင်သော် ဧကရာဇ်ကန်ဒရာက အေးစက်စက်နှာမှုတ်လေသည်၊ "ဘယ်သူမှ မသိဘူးလား? ဒီတော့ Frestech ကုန်သည်ကြီးများအသင်းသာ အလိုရှိရင် ငါကိုယ်တော်ရဲ့ တော်ဝင်နန်းတော်အထိ မှော်လေသင်္ဘောကိုသုံးလာနိုင်ပြီး တော်ဝင်နန်းတော်ကိုပါ တိုက်ခိုက်နိုင်တဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား?"

လူတိုင်း အံ့ဩသွားရင်း မနေနိုင်အောင် ချွေးစေးများထွက်လာကြတော့သည်။

ဧကရာဇ်ဖော်ပြခဲ့သော အခြေနေမှာ အတန်ငယ်ပြင်းထန်သော်လည်း Frestech ကုန်သည်ကြီးများအသင်းသာ တကယ်ပဲ ရဲတင်းနေပါလျှင် ထိုသို့သော ကြောက်မက်ဖွယ်အရာကို လုပ်ဆောင်နိုင်ပေသည်။

"အရှင်မင်းကြီး စိုးရိမ်ဖို့မလိုပါဘူး" ကန်ဒရာအင်ပါယာ၏ မှော်ပညာရှင်များအသင်းဥက္ကဌလည်းဖြစ်သလို အင်ပါယာ၏ မှော်သုတေသနဌာန အကြီးအကဲလည်း ဖြစ်သူ မဟာမှော်ပညာရှင် မေဗီး ဝစ်စကွန်တင်က လေးနက်စွာ ဆိုလာသည်၊ "တော်ဝင်နန်းတော်မှာ နှစ်ပေါင်းရာနဲ့ချီကြာအောင် မှော်သုတေသနဌာနက တည်ခင်းပေးထားတဲ့ အကာကွယ် အစီရင်ရှိတာမို့လို့ ဖြစ်နိုင်သမျှ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ပါတယ်။ Frestech ကုန်သည်ကြီးများအသင်းက တော်ဝင်နန်းတော်ကို တိုက်ခိုက်ဖို့ မှော်လေသင်္ဘော လွှတ်လိုက်ရင်တောင် လုံးဝ ခြိမ်းခြောက်စရာဖြစ်မှာမဟုတ်ပါဘူး။"

"သူ.... အကာအကွယ်အစီအရင်?" ဧကရာဇ်ကန်ဒရာက ခပ်တိုးတိုးရယ်မောလိုက်သည်၊ "အရမ်းကောင်းတယ် တော်ဝင်နန်းတော်မှာက အကာကွယ်အစီအရင်ရှိပေမယ့် တော်ဝင်နန်းတော်အပြင် တခြားနေရာတွေကျတော့ရော? အင်ပါယာရဲ့ မြေတစ်လက်မစီတိုင်းကို အကာကွယ်အစီရင်နဲ့ ကာကွယ်ပေးနိုင်မယ်လို့ အာမခံလား?"

"ဒါက...." မဟာမှော်ပညာရှင် မေဗီး ဝစ်စကွန်တင်က ခါးသက်သက်အမူအရာထုတ်ပြလာပြီးနောက် ခေါင်းခါသည်၊ "အရှင်မင်းကြီး ဒါတော့ မဖြစ်နိုင်ပါဘူး....."

"ဒီတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်လေသင်္ဘောတွေသာ ငါကိုယ်တော်တို့ကို ကောင်းကင်ကနေ တိုက်ခိုက်လာရင် ကာကွယ်ဖို့ နည်းလမ်းမရှိဘူးပေါ့?" ဧကရာဇ်ကန်ဒရာက အေးစက်စက်ဟန်ဖြင့် ဆို၏။

အားလုံး အချင်းချင်းကြည့်လိုက်ကြရင်း အရုပ်ဆိုးဆိုးအမူအရာများကို ထုတ်ပြလာသည်။

အရှင်မင်းကြီးမှာ မှန်ပါ၏။ ကောင်းကင်မှာ အမြဲလိုလို မှော်ပညာရှင်များ၏ ပိုင်နက်ဖြစ်ခဲ့ရာ Frestech ကုန်သည်ကြီးများအသင်းသာ တကယ်ပဲ တိုက်ခိုက်ဖို့ မှော်လေသင်္ဘောများကို သုံးလျှင် ခုခံနိုင်စရာမရှိနိုင်ပေ။

"ကောင်းကင်မှာ သူတို့ကို တိုက်ရိုက်တိုက်ခိုက်ဖို့ မှော်ပညာရှင်တွေ စီစဉ်ထားလို့ရပါတယ်။" ဝန်ကြီးတစ်ဦးက အကြံပြုသည်။

"ဒါပေမယ့် မှော်ပညာရှင် ဘယ်လောက်များများကို ငါကိုယ်တော်တို့ ရနိုင်မှာလဲ?"

"ဒါက...." ထိုဝန်ကြီးမှာ အံ့ဩသွားပြီး ပြန်မဖြေနိုင်တော့ပေ။

ကန်ဒရာ အင်ပါယာသည် မှော်ပညာရှင်အများဆုံးရှိသည့်နိုင်ငံဖြစ်သော်လည်း ၎င်းတို့၏ စာရင်းဇယားများကိုအခြေခံရလျှင် ဦးရေ ငါးသောင်းထက်မပိုပေ။

ထိုအထဲတွင် ကောင်းကင်၌ ပျံသန်းနိုင်သည်က ငါးထောင်အောက်သာရှိသည်။

အင်ပါယာ၏ ဧရာမနယ်မြေကို ကာကွယ်ရန် ထိုမှော်ပညာရှင်ငါးထောင်ကို အားကိုးရမယ်တဲ့လား။ ဒါက အရူးတစ်ယောက်ရဲ့ အိပ်မက်ထက် ဘာမှ မပိုပါချေ။

ထိုမှော်ပညာရှင်ငါးထောင်တွင် အင်ပါယာ၏အမိန့်ကို နာခံလိုသောဆန္ဒရှိသူ သုံးထောင်အောက်သာ ရှိသည်ကိုပင် မဆိုထားနှင့်…။

အခြားနည်းလမ်းမရှိပေ၊ မှော်ပညာရှင်များသည် စိုင်စ်နယ်မြေကြီးတွင် အရှားပါးဆုံးသော အလုပ်အကိုင်ဖြစ်ပြီး အဆင့်မြင့်မှော်ပညာရှင်များသည် ပို၍ပင်ရှားပါးသည်။ ကန်ဒရာ အင်ပါယာသည် နယ်မြေကြီးတွင် အသန်မာဆုံးနိုင်ငံဖြစ်ခဲ့လျှင်ပင် မှော်ပညာရှင်များ၏ စွမ်းအားသည် အကြီးကျယ်ဆုံးဖြစ်ပြီး မှော်ပညာရှင်အမြောက်အမြားရှိရန် မဖြစ်နိုင်ပေ။

၎င်းကိုတွေးပြီး ခန်းမထဲရှိ လူတွေအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြ၏။

၎င်းတို့သည် ဧကရာဇ်မင်းမြတ်၏ အမေးပုစ္ဆာတွင် ဖုံးကွယ်ထားသော အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သိထားသော်လည်း မည်သည့်အဖြေကိုမျှ မစဉ်းစားနိုင်ကြပေ။

“အရှင်မင်းကြီး ကျွန်တော်ထင်တာ……” ခဏကြာတော့ ဝန်ကြီးတစ်ယောက်က ချီတုံချတုံ ပြောလာသည်။ "ကျွန်တော်တို့ရဲ့ အင်ပါယာကို စစ်ကြေငြာဖို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလောက်ရဲတင်းမှာ မဟုတ်လောက်ဘူးလို့ ကျွန်တော်ထင်တယ် မဟုတ်ဘူးလား။"

ကျန်လူများ အားလုံးက ထိုဝန်ကြီးကို ထူးဆန်းသော အကြည့်ဖြင့် လှည့်ကြည့်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ဤကဲ့သို့ ရဲတင်းခြင်းမရှိပါက၊ ၎င်းတို့သည် ဤတစ်ကြိမ်တွင် ၎င်းတို့၏ အစောင့်များကို စေလွှတ်ခဲ့မည်လား။

ဤ Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ရှုယီသည် ရူးသွပ်သူတစ်ဦးဖြစ်ပြီး သူမလုပ်ဝံ့သည့်အရာမရှိကြောင်း သက်သေပြခဲ့သည်။

၎င်းတို့၏ ကန်ဒရာအင်ပါယာကို မပြောနှင့်၊ သူဟာ အခြားသူကို ဂရုစိုက်နေမည်လား။

"အရှင်မြတ်၊ အရှင့်ရဲ့ စိုးရိမ်ပူပန်မှုတွေက ကျိုးကြောင်းဆီလျော်ပြီး အဲဒါတွေကို ကျွန်တော်တို့ အလေးထားသင့်တယ်လို့ ထင်ပါတယ်" ကန်ဒရာ အင်ပါယာ၏တပ်မှူး၊ စစ်ဗိုလ်ချုပ်ကြီး ကမ်ဘယ် ဆူမန် က လေးနက်သောအသံဖြင့်ပြောလာသည်။ “ဒီလျှို့ဝှက်အန္တရာယ်ရှိနေတာကို ကျွန်တော်တို့ သေချာပေါက် လျစ်လျူမရှုနိုင်ပါဘူး၊ ဒါကြောင့် နယ်နိမိတ်ရဲ့ ကောင်းကင်မှာ ထောက်လှမ်းမှုကို အားကောင်းအောင်လုပ်ဖို့ အကြံပြုချင်ပါတယ်။Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်လေသင်္ဘောတွေကို ဒီအချိန်မှာ ကြိုက်သလို လာလည်ဖို့ ခွင့်မပြုနိုင်တာ သေချာအောင်လုပ်ရပါမယ်။”

"အပြောကောင်းတယ်၊ ဒါပေမယ့် အဓိပ္ပါယ်မရှိဘူး။" ဧကရာဇ် ကန်ဒရာသည် သူ့မျက်နှာတွင် လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသော အပြုံးဖြင့် ဆိုလာ၏၊ “နယ်နိမိတ်အတွင်း ကောင်းကင်ယံကို ထောက်လှမ်းမှုအားကောင်းအောင် ဘယ်လိုစီစဉ်ရမှာလဲ။ သာမာန်စစ်သားတွေအတွက် ကောင်းကင်ယံမှာ မီတာတစ်ထောင်ကျော်ရှိတဲ့ မှော်လေသင်္ဘောတွေကို ရှာဖွေဖို့ မဖြစ်နိုင်သလို မှော်ပညာရှင်တွေကျတော့ မှော်ပညာရှင်တွေအားလုံးက ကောင်းကင်မှာ ပျံနိုင်မှာလား။”

စစ်ဗိုလ်ချုပ် ဆူမန်က ပြောစရာမဲ့သွားသည်။

၎င်းက အစပိုင်းပြဿနာကို ပြန်ရောက်သွား၏။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများရှေ့တွင် ကန်ဒရာအင်ပါယာသည် ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။

ကောင်းကင်သည် သာမန်လူများရောက်ရှိနိုင်သည့်နေရာမဟုတ်သော်လည်း ယခုအခါ Frestech ကုန်သည်ကြီးများအသင်းသည် အဆိုပါ မှော်လေသင်္ဘောများဖြင့် ၎င်းကိုရောက်ရှိနေပြီဖြစ်သည်။ အခြားလူတွေလည်း ထိုသို့ လုပ်၍မရပေ။

မှော်ပညာရှင်များသည်လည်း ကောင်းကင်တွင် ပျံသန်းနိုင်သော်ငြား မှော်လေသင်္ဘောများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ပြီး အဆင့်မြင့်မှော်ပညာရှင်များ မဆိုထားနှင့် မှော်ပညာရှင်များကို အစုလိုက်အပြုံလိုက်မွေးထုတ်ရန် မဖြစ်နိုင်ပေ။

ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိတာများလား။

လူတိုင်းက ၎င်းကိုဖြေရှင်းဖို့ နည်းလမ်းမစဉ်းစားနိုင်ဘဲ ယလေးနက်နေကြ၏။

ခဏအကြာတွင် သက်ပြင်းရှည်ကြီး ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး၊ ကျွန်တော်တို့ရဲ့ ဒီအသိတရားမဲ့ချုပ်နှောင်မှုကို စွန့်လွှတ်ပြီး Frestech ကုန်သည်ကြီးများအသင်းနဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ခံစားရပါတယ်။"

၎င်းမှာ အသက်အကြီးဆုံး ၀န်ကြီးဖြစ်သလို ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဟု ပြော၍ရသော လွှတ်တော်၏ အယုံကြည်ရဆုံး ဥက္ကဋ္ဌဖြစ်သလို အင်ပါယာ၏ အိမ်ရှေ့မင်းသား ခရူဇယ်ကန်ဒရာ က ပြောလာခြင်းဖြစ်သည်။

သူသည် ဧကရာဇ်မင်းမြတ်၏ သွေးရင်းဦးရီးတော် ဖြစ်ပြီး ဧကရာဇ်မင်းမြတ်အား ထီးနန်းရယူရန် ကူညီဆောင်ရွက်ပေးသည့်အချိန်မှစ၍ အင်ပါယာ၏ပြည်တွင်းရေးကိစ္စနှင့်ပတ်သက်၍ ထင်မြင်ချက်တစ်စုံတစ်ရာ ပြသခဲ့ခြင်းမရှိခဲ့ပေ။ ဒီအကြိမ်တွင်တော့ သူ့ထံမှ မထင်မှတ်ဘဲ စကားတွေ ထွက်လာသည်။

ဧကရာဇ် ကန်ဒရာ အပါအဝင် လူတိုင်းက သူ့ကို သံသယ အကြည့်တွေဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသော် အိမ်ရှေ့မင်းသား ကန်ဒရာက ခါးသီးသည့် အပြုံးနှင့် လက်ကို ဖြန့်လိုက်ပါ၏။ "အရှင်မင်းကြီး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထိတ်လန့်စရာကောင်းတဲ့ မှော်စက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးဆိုတာ ရှင်းပါတယ်။ ဒါ့အပြင်၊ ကျွန်တော်တို့အနေနဲ့ ဒီ Frestech ကုန်သည်ကြီးများအသင်းကို ဖယ်ရှားပစ်ဖို့ အရည်အချင်းမရှိတာကလဲ သိသာနေတော့ ကျွန်တော်တို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ကျန်တော့တယ်။"

အားလုံးက မျက်မှောင်ကုပ်လိုက်ကြသည်။

အိမ်ရှေ့မင်းသား ကန်ဒရာက အဖြစ်မှန်တွေကို ပြောနေသော်လည်း နားထောင်နေသည့်လူတွေအတွက် သိပ်အဆင်မပြေပေ။

ကန်ဒရာ အင်ပါယာသည် နယ်မြေကြီး၏ အင်ပါယာများထဲမှ တစ်ခုဖြစ်နေရင်း ကုမ္ပဏီတစ်ခုသို့ ဦးညွှတ်နေရမည်လား။

“ကျွန်တော် အရင်က ပြောဖူးပါတယ်၊ ဒီအသိတရားမဲ့ ချုပ်နှောင်မှုနဲ့ မာနကို ဖယ်ထားဖို့ လိုတယ်။ ကျွန်တော်တို့က အဓိပ္ပါယ်မဲ့အရာတွေကို အားကိုးခြင်းမရှိတဲ့အတွက် အင်ပါယာကလည်း ဒီနှစ်တွေအတွင်း ပြိုလဲခြင်းမရှိခဲ့ဘဲ နယ်မြေကြီးပေါ်မှာ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမယ့် အကျိုးအမြတ်ကို လိုက်စားဖို့ ရွေးချယ်ခဲ့ကြတာပဲ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြဿနာကို ကျွန်တော်တို့ မဖြေရှင်းနိုင်တဲ့အတွက် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်တယ်။. မှော်လေသင်္ဘောကို ဥပမာယူကြည့်ပါ၊ သူတို့နဲ့ ပူးပေါင်းရုံနဲ့ မှော်လေသင်္ဘောအလုံအလောက်ရနိုင်သရွေ့ Frestech ကုန်သည်ကြီးများအသင်းကို စိတ်ပူစရာ မလိုတော့ဘူး။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းကို မပြောနဲ့ဦး... မှားယွင်းတဲ့ရွေးချယ်မှုလုပ်မိရင်၊ ကျွန်တော်တို့ရဲ့ အကြီးဆုံးရန်သူဖြစ်တဲ့ မားလို အင်ပါယာရဲ့နောက်ကိုပါ ရောက်သွားလိမ့်မယ်။ အဲ့အချိန်ရောက်တဲ့အခါ အင်ပါယာလည်း စစ်မှန်သောအကြပ်အတည်းကို ရင်ဆိုင်ရမှာပဲ။”

"မားလိုအင်ပါယာ" ဟူသော စကားကိုကြားတော့ လူတိုင်း၏ မျက်လုံးများ အေးခဲသွားခဲ့သည်။

ကန်ဒရာ အင်ပါယာနှင့်မတူဘဲ Frestech ကုန်သည်ကြီးများအသင်းမှာ မားလို အင်ပါယာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အမြဲတမ်းချောမွေ့ခဲ့သည်။

သတင်းများအရ မားလို အင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်လေသင်္ဘောများတစ်သုတ်ကိုပင် မှာယူခဲ့သည်။

မားလို အင်ပါယာ၌ အနာဂတ်တွင် မှော်လေသင်္ဘော အလုံအလောက်ရှိလာခဲ့ပါက စစ်ဘက်သုံးမှော်စက်အမြောက်အမြားနှင့် မားလို အင်ပါယာသာ ကန်ဒရာ အင်ပါယာကို စစ်ကြေညာပါလျှင် ကန်ဒရာအင်ပါယာ ရင်ဆိုင်ရမည့် အန္တရာယ်က သေးငယ်သွားလိမ့်မည်မဟုတ်ပေ။

ခဏလောက် ငြိမ်သက်သွားပြီးနောက် ဧကရာဇ် ကန်ဒရာသည် သက်ပြင်းချလိုက်သည်။ ပြတ်ပြတ်သားသား အသံဖြင့် မပြောမီတွင် သူက ခေတ္တရပ်လိုက်၏၊ “ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါ။ တဂ်နာခရိုင်မှာရှိတဲ့ ဓားပြတွေကို အောင်မြင်စွာ နှိမ်နင်းနိုင်သည့်အတွက် Frestech ကုန်သည်ကြီးများအသင်းအား ချီးကျူးဂုဏ်ပြုပါတယ်လို့။ ဒါဟာ စစ်ဘက်သုံးမှော်စက်တွေနဲ့ ပတ်သက်ပြီး Frestech ကုန်သည်ကြီးများအသင်းနဲ့ ငါကိုယ်တော်တို့ရဲ့ အင်ပါယာတို့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး သဘောတူညီချက်တစ်ရပ်ကို စတင်လိုက်ပါပြီဆိုတဲ့အချက်ကို ကိုယ်စားပြုတယ်……”

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၇။ ဒေါသဖြစ်ဖို့ တွန်းအားပေးခြင်း

"ကန်ဒရာအင်ပါယာ... သူတို့က တကယ်ပဲ ထင်မထားတာကို လုပ်ခဲ့တာပဲ...."

ရှုယီမှာ သူ့လက်ထဲရှိ ကန်ဒရာအင်ပါယာလွှတ်တော်ထံမှ တရားဝင်စာရွက်စာတမ်းကို ကြည့်၍ မျက်လုံးများထဲ မကွယ်ဝှက်နိုင်သည့် အံ့အားသင့်မှု ပေါ်ထွက်လာသည်။

ဤတရားဝင်စာရွက်စာတမ်းမှာ ကန်ဒရာအင်ပါယာ၏ တရားဝင်လမ်းကြောင်းမှ လာခြင်းမဟုတ်သော်လည်း ထို တရားဝင်စာရွက်စာတမ်းထက်ရှိ အမှတ်အသားအားလုံးက ကန်ဒရာအင်ပါယာနှင့် ဆက်စပ်နေသဖြင့် အတုဖြစ်ဖို့ မ‌ဖြစ်နိုင်ချေ။

ဤသည်မှာ ဤတရားဝင်စာရွက်စာတမ်းက ကန်ဒရာအင်ပါယာ၏ ဆန္ဒကို ကိုယ်စားပြုပြီး ထွင်လုံးမဟုတ်ဟု ဆိုလိုသည်။

သို့သော်လည်း တရားဝင်စာရွက်စာတမ်းပါ အကြောင်းအရာများက ရှုယီကို အတန်ငယ် အံ့အားသင့်စေသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတွင် မိမိတို့ ပူးပေါင်းနိုင်ပါလျှင် ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်းသို့ ပထမဆုံးတရားဝင်တောင်းဆိုချက်ရှိနေသည်။

၎င်းက ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ယခင် မရေမရာသဘောထားနှင့် ယှဉ်လျှင် အင်မတန်ကြီးမားသော အပြောင်းအလဲဖြစ်ပေသည်။

၎င်းတို့အနေနှင့် မားလိုအင်ပါယာကဲ့သို့ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပွင့်လင်းစွာ ပူးပေါင်းခြင်း မရှိခဲ့ပါသော်လည်း ဤတရားဝင်စာရွက်စာတမ်း၌ စိတ်ရင်းတို့ဖြင့် ပြည့်နေသည်။

Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာရှိ လာရူလ်မြို့သို့ ဓားပြများကို နှိမ်နင်းရန် ၎င်းတို့ အစောင့်စစ်သည်များကို လွှတ်လိုက်စဉ်တွင် ရှုယီမှာ ကန်ဒရာအင်ပါယာထံ ရှိလာနိုင်မည့် တုံ့ပြန်မှုအားလုံးအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူ့အနေနှင့် ကန်ဒရာအင်ပါယာက သူ လုံးဝ မျှော်လင့်မထားခဲ့သော နည်းလမ်းဖြင့် တုံ့ပြန်လာလိမ့်မည်ဟု မ‌ထင်ခဲ့ပါချေ။

လွန်ခဲ့သည့် ရက်အနည်းငယ် အကြာက ကန်ဒရာအင်ပါယာ၏ အစိုးရမှာ လာရူလ်မြို့၌ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက စစ်ဘက်လှုပ်ရှားမှု ပြုခဲ့သည်မှာ ကန်ဒရာအင်ပါယာအစိုးရနှင့် ပူးပေါင်းခြင်းဖြစ်သည်ဟု အစပျိုး၍ ကြေငြာခဲ့သည်။

ထို ဖြစ်ရပ်မှာ Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာထံသို့ ဓားပြများကို တိုက်ခိုက်ခြင်းဖြင့် စစ်ဘက်သုံးမှော်စက်များ၏အသုံးဝင်ပုံကို ပြသခြင်းဖြစ်သည်ဟုဆိုသည်။ ကန်ဒရာအင်ပါယာမှာ အင်မတန်စိတ်တိုင်းကျသလို Frestech ကုန်သည်ကြီးများအသင်းအစောင့်များထံမှ စစ်ဘက်သုံးမှော်စက်အသုံးဝင်မှု၏ အံ့ဖွယ်ပြသခြင်းအတွက် ချီးကျူးလိုသည်။

ကန်ဒရာအင်ပါယာအစိုးရမှာလည်း ဤတာဝန်မှတဆင့် ကန်ဒရာအင်ပါယာ၏ စစ်တပ်နှင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ အချင်းချင်း ပိုမိုနက်ရှိုင်းသော နားလည်မှုတစ်ခု ရှိထားကြောင်းကိုပါ ဖော်ပြခဲ့၏။ နှစ်ဘက်စလုံးမှာ စစ်ဘက်သုံးမှော်စက်များဖြင့် တိုက်ခိုက်ခြင်းနည်းလမ်းအသစ်နှင့် ပတ်သက်လာလျှင် နောက်ထပ်ပင် ပူးပေါင်းကြမည်ဟု ဆိုထားသည်။ ကန်ဒရာအင်ပါယာစစ်တပ်ကလည်း စစ်ဘက်သုံးမှော်စက်များကို များစွာပိုမို စိတ်ဝင်စားနေသည်.....

လိုရင်းပြောရသော် ကန်ဒရာအင်ပါယာမှာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ဘာသာ လှုပ်ရှားခဲ့သည်ဟူသောအချက်ကို ဖယ်ရှားလိုက်ကြသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအား ကန်ဒရာအင်ပါယာသို့ လွတ်လပ်စွာ ဝင်ရောက်ခြင်းကြောင့် အပြစ်မတင်ခဲ့ကြသလို ကန်ဒရာအင်ပါယာ၌ စစ်ဘက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့်လည်း အပြစ်မတင်ပေ။ ထိုအစား ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် တမင် ဖုံးပေးထားပြီး နှစ်ဘက်စလုံးက ဆက်ဆံရေးကောင်းကြောင်း ပြသခဲ့သည်။

ဤလုပ်ရပ်က တကယ်ကို အင်မတန် အံ့အားသင့်ဖွယ်ပါပင်။

ရှုယီမှာ ကန်ဒရာအင်ပါယာက နယ်မြေကြီး၏ ကြီးမားလှသော အင်ပါယာအနေနှင့် အမြဲ ဘဝင်မြင့်နေမည်ဟု ထင်ခဲ့သည်။ ဤတစ်ကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ၎င်းတို့ပိုင်နက်ထဲသို့ ဝင်ရောက်ကာ ပြဿနာဖြစ်စေခဲ့သည် သေချာပေါက် ၎င်းတို့ကို ဒေါသဖြစ်စေမည်ပင်။

ကန်ဒရာအင်ပါယာမှာ Frestech ကုန်သည်ကြီးများအသင်းကို စစ်မကြေငြာသည်ကပင် အံ့အားသင့်ဖွယ်ဖြစ်နေပြီ ဖြစ်သော်လည်း ယခုတွင် ၎င်းတို့မှာ ပူးပေါင်းဖို့ လုပ်နေသည်။ ၎င်းက ရှုယီအား မိမိက အခြားလောက၌ ရောက်နေသည်ဟု ခံစားမိသွားစေ၏။

"ဒါက မထူးဆန်းပါဘူး။ ကန်ဒရာအင်ပါယာက နယ်မြေကြီးမှာ ဒီလောက်ကြာကြာ တည်မြဲနေနိုင်ပြီး အသန်မာဆုံးအင်ပါယာထဲက တစ်ခုဖြစ်နေတာဆိုတော့ မတူညီတဲ့ အခြေနေကို ဘယ်လို လိုက်လျောညီထွေ ပြုမူရမယ်ဆိုတာကို သိပြီး သူတို့ကိုယ်ပိုင် ထူးခြားမှု ရှိနေတာပဲလေ။" ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာက ရှုယီကို အထင်အမြင် မသေးပေ၊ "ကန်ဒရာအင်ပါယာသားတွေ အားလုံး ငတုံးဆိုရင် တခြားနိုင်ငံတွေဆီက အကြိမ်များစွာ ဖျက်ဆီး‌ခံနေရပြီးပြီ။"

"ဒါပေမယ့် ဒါက သူတို့အတွက် အရှက်ရစရာမကောင်းဘူးလား? သူတို့ တကယ်ပဲ ဒီဒေါသကို မြိုသိပ်ထားနိုင်လို့လား?" ရှုယီက မယုံကြည်ဝံ့ဆဲဖြစ်နေသေးသည်။

"သူတို့သာ အဲ့လိုမလုပ်ရင် ဘာတတ်နိုင်မှာလဲ?" ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာမှာ ရှုယီကို မျက်လုံးလှန်ပြလိုက်သည်၊ "ငါတို့ ကုမ္ပဏီကို စစ်ကြေငြာဖို့ စစ်တပ်တွေ လွှတ်လိုက်နိုင်မှာလား? သူတို့ မရူးနေရင် ဒီစစ်တပ်နှစ်ခုကြားက တိုက်ပွဲအင်အား ကွာခြားမှုကို ဘယ်လိုလုပ် မမြင်နိုင်ဘဲ နေမှာလဲ? ကောင်လေး ငါ မမြင်ဘူးလို့မထင်နဲ့၊ မင်း ဒီတစ်ခေါက် ကန်ဒရာအင်ပါယာကို သွားဆွတော့ ဘာမှ ကြောက်မနေဘူး မဟုတ်လား?"

"ဟားးး...." ရှုယီက ရယ်မောပစ်လိုက်သည်၊ "ကျွန်တော်က ကျွန်တော်တို့ ကုမ္ပဏီကို ဆန့်ကျင်လှုပ်ရှားနေတဲ့ကောင်တွေကို သတိပေးချက်ပေးတဲ့အနေနဲ့ ဒီတာဝန်ကို တိတ်တဆိတ်လုပ်ခိုင်းလိုက်ရုံပါပဲ။ သူတို့သာ ကျွန်တော်တို့ကို ဆန့်ကျင်လှုပ်ရှားချင်ရင် သူတို့ လုံလောက်အောင် တော်နေပြီလား‌ဆိုတာကို မြင်ဖို့လိုတယ်။"

"ဒီတော့ အဓိပ္ပာယ်က..." ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရတ် လက်ခုပ်တီးလိုက်သည်၊ "ဒါကို ကန်ဒရာအင်ပါယာက *လဲကျနေချိန်မှာ အပစ်ခံရတယ်လို့ ဖော်ပြရမယ်ထင်တယ်နော်?"

[* ကူရာမဲ့သည်၏ Chinese Idiom]

ရှုယီမှာ မနေနိုင်အောင် မျက်လုံးများလှိမ့်လိုက်သည်။

"လဲကျနေချိန်မှာ အပစ်ခံရတယ်" ဟူသည့် စကားစုကို သူ့ အနေနှင့် စတေးလ်ကို စကားပြောချိန်တွင် အနည်းငယ်သာ အသုံးပြုဖူးရာ ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာက ၎င်းကို တတ်နေမည်ဟု ထင်မထားပေ။

"ကျွန်တော်က ဒီတစ်ခေါက်မှာ ကန်ဒရာအင်ပါယာ အတွင်းထဲ လှုပ်ရှားဖို့ ရွေးချယ်ခဲ့တာကြောင့် ဒီလိုခေါ်လို့တော့ မရဘူး၊ ကျွန်တော်က ကန်ဒရာအင်ပါယာကို သတိပေးခဲ့ပေးချင်ခဲ့တာပါပဲ။" ရှုယီက တစ်ချက် ရယ်မောလိုက်၏၊ "ကျွန်တော်က သူတို့အနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စစ်ဘက်သုံးမှော်စက်တွေဆိုတာ ဒီလောက်ထိ အားကောင်းတာကို သိစေချင်တယ်လေ၊ သူတို့သာ ဒါကို မမြင်နိုင်ရင်တော့ ကျွန်တော့်ကို အပြစ်တင်လို့မရဘူး။"

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို တအံ့တဩကြည့်လိုက်သည်၊ "ဟေး ကောင်လေး မင်း အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းဖွံ့ဖြိုးရေးအကြောင်းနဲ့ လူတိုင်း မှော်စက်တွေက ယူလာပေးတဲ့ အပြောင်းအလဲကို တဖြည်းဖြည်းလက်ခံလာအောင် လုပ်ဖို့ အကြောင်း ပြောနေခဲ့တာမဟုတ်ဘူးလား? ဘာလို့ ရုတ်တရတ်ကြီး အရမ်းအစွန်းရောက်လာတာလဲ?"

ရှုယီက သူ့ရှေ့ရှိ စားပွဲထက်မှ ကုမ္ပဏီ၏ အစီရင်ခံစာအပုံကြီးကို ထိလိုက်ပြီး အမူအရာက အေးစက်သွားလေသည်။

"လူတွေသာ ကျွန်တော့်ကို မတိုက်ခိုက်ရင် ကျွန်တော်လည်း သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ အမြဲခံစားရတယ်။ လူတိုင်း မှော်စက်တွေက ယူဆောင်လာတဲ့ အကျိုးအမြတ်ကို မြင်နိုင်သလို ကျွန်တော်လည်း ဘာကိုမှ လုက်စရာမလိုဘဲ နယ်မြေကြီးမှာ သူတို့အနေနဲ့ ဖြည်းဖြည်းချင်းစီ ဖွံ့ဖြိုးရုံပဲလေ။ ဒါပေမယ့် အခု ကျွန်တော်မြင်တာက... လူအချို့အတွက် သူတို့နဲ့အတူ ငြိမ်းချမ်းရေးအကြောင်းပြောရင် ကိုယ်က အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်သွားကြလိမ့်မယ်။ ဟမ့်! သူတို့က ကျွန်တော့်ကို ဒေါသထွက်အောင်လုပ်လာရင် ကျွန်တော်လည်း သူတို့ ကောင်းကောင်းနားလည်အောင် သင်ခန်းစာ ကောင်းကောင်းပေးရတာပေါ့"

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက သက်ပြင်းတစ်ချက်ချ၍ ခေါင်းခါသည်၊ "ဒါဆို ပြီးရင် မင်းဘာလုပ်ချင်လဲ? တကယ်တော့ ငါတို့ ကုမ္ပဏီနဲ့ ရင်ဆိုင်ချင်တာက လူတစ်ယောက်လေး အဖွဲ့အစည်းတစ်ခုလေးပဲ မဟုတ်နေဘူး။"

"ကျွန်တော် နားလည်ပါတယ်" ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် အလေးအနက်ပြောလိုက်၏၊ "ကန်ဒရာအင်ပါယာက နားလည်ပြီဆိုတော့ သူတို့နဲ့ ပတ်သက်ပြီး အားစိုက်စရာမလိုတော့ဘူး။ နားမလည်သေးတဲ့ လူတွေအတွက်တော့... ကန်ဒရာအင်ပါယာမှာ လှုပ်ရှားခဲ့တာတွေက ပထမဆုံးမဟုတ်သလို သူတို့ကလည်း နောက်ဆုံးဟုတ်မှာမဟုတ်ဘူး"

ရှုယီ၏ မျက်လုံးများထဲရှိ စူးရှနေပုံကိုမြင်သော် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ခါးသက်သက်ပြုံးလိုက်၏။

သူ့အနေနှင့် ဤကောင်လေးထံ၌ ကြမ်းတမ်းရန် ဖိအားပေးခံရမည့် နေ့ရက်ရှိလာမည်ဟု မထင်ခဲ့ပါချေ။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း အကြောင်း မသိသည့် ထိုလူများမှာ ဤတစ်ကြိမ်၌ ကြောက်ရွံ့မှုကို အမှန်တကယ် ခံစားရလိမ့်မည်။

….

ဖင်လန်ကျွန်းမှာ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းကမ်းရိုးတန်းမှ နှစ်ဆယ်ကီလိုမီတာခန့်အကွာရှိ ကျွန်းတစ်ကျွန်းဖြစ်ကာ စုစုပေါင်း ဧရိယာမှာ တစ်ဆယ်ဟက်တာ ပတ်လည်ရှိသည်။ ၎င်းအား အနီးဝန်းကျင် ပင်လယ်တဝိုက်တွင် ကြီးမားသည့် ကျွန်းတစ်ကျွန်းဟု ယူဆနိုင်ပါ၏။

ကျွန်းပေါ်၌ သ‌ဘာဝပေါက်ပင်များ ပေါများ၍ အခြားရင်းမြစ် များများစားစားမရှိသဖြင့် ၎င်းမှာ ကမ်းရိုးတန်းနှင့် နီးကပ်သော်လည်း အင်မတန်ခေါင်သည့်နေရာပင်။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်လမ်းကြောင်းနှင့်လမ်း သွေဖယ်နေသဖြင့် အမြဲတမ်း အင်မတန် လူသူအရောက်ပေါက်‌နည်းသည်။

သို့သော် မုတ်ဆိတ်ပြာပင်လယ်ဓားပြများအတွက် ဖင်လန်ကျွန်းမှာ အင်မတန်ကောင်းမွန်‌သော ပုန်းအောင်းရာအရပ်ဖြစ်သည်။

သောက်ကျိုးနည်း Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းပင်လယ်ပြင်ကို ရှင်းလင်းရန် ကန်ဒရာအင်ပါယာရေတပ်နှင့် အလုပ်တွဲလုပ်ပြီး အနီးဝန်းကျင်ရှိ ပင်လယ်ဓားပြများကို သုတ်သင်ပြီးကတည်းက ပင်လယ်ပြင်ရှိ ပင်လယ်ဓားပြမှုများမှာ ရပ်တန့်သွားခဲ့သည်။ ၎င်းတို့မှာ အင်မတန် ပျံ့ကျဲနေကြပြီး ပင်လယ်ဓားပြများများစားစားလည်း မကျန်ရှိတော့ပေ။

မုတ်ဆိတ်ပြာပင်လယ်ဓားပြများအနေနှင့် အကောင်းအတိုင်းကျန်ရှိနေခြင်းမှာ ကပ္ပတိန်မုတ်ဆိတ်ပြာက ၎င်းကို ခန့်မှန်းထားပြီး ဖြစ်သောကြောင့်ပင်။ သူဟာ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်း ပင်လယ်ပြင်မှာ ထွက်ခွာလာခဲ့ပြီး မည်သည့် ထူးကဲသော ရင်းမြစ်များမှ မရှိသည့် ခေါင်သောကျွန်းသို့ ရောက်လာခဲ့ရသည်။

ငါးများဖမ်းခြင်း၊ ကျွန်းပေါ်ရှိ သစ်သီးဝလံများနှင့် သားကောင်များကို မှီခိုရင်းဖြင့် မုတ်ဆိတ်ပြာပင်လယ်ဓားပြများမှာ ဤနေရာ၌ အချိန်ကြာနေထိုင်နိုင်ခဲ့ကြသည်ပင်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာရေတပ်တို့ ၎င်းတို့၏ အမဲလိုက်ခြင်းကို လျှော့ချလိုက်ချိန်တွင် မုတ်ဆိန်ပြာမှာ ကမ်းရိုးတန်းသို့ လူအချို့ကို ဦးဆောင်လာပြီး လုယက်သူ(ဓားပြ)များ ဖြစ်လာကြသည်။

မုတ်ဆိတ်ပြာပင်လယ်ဓားပြများအနေနှင့် ရေပြင်မှ‌ ရွှေ့ပြောင်းလာနိုင်ရန် သုံးရက်လောက် ကြာခဲ့ခြင်းကို အဆင်ပြေသည်ဟု မယူဆနိုင်သော်လည်း ၎င်းတို့မှာ ရှင်သန်နေနိုင်ကြဆဲပင်။

သို့ရာတွင် ဤပင်လယ်ဓားပြများ၏ ငြိမ်းချမ်းသော ဘဝများမှာ မုတ်ဆိတ်ပြာက ၎င်း၏ လက်အောက်ငယ်သားများကို ကမ်းရိုးတန်းသို့ ဦးဆောင်လာသည့် တစ်ကြိမ်၌ ရုတ်တရတ် ရပ်တန့်သွားရတော့သည်။

ဤတစ်ကြိမ်တွင် မုတ်ဆိတ်ပြာနှင့် သူ၏ လက်အောက်ငယ်သားများမှာ မှော်ပညာရှင်များနှင့် ထိပ်တိုက်ဆုံမိ၏။

အနှီစွမ်းအားကြီးမှော်ပညာရှင်များ၏ ရှေ့မှောက်တွင် သဘာဝကျကျပင် ၎င်းတို့မှာ လုံးဝ မခုခံနိုင်ခဲ့ပေ။

သို့သော် ၎င်းတို့ကို အံ့အားသင့်စေခဲ့သည်မှာ ၎င်းမှော်ပညာရှင်များက မိမိတို့ကို မသတ်ခဲ့ဘဲ ၎င်းတို့တစ်ဦးချင်းစီ၏ ကိုယ်ပေါ်၌ မှော်အမှတ်တစ်ခုမှတ်သား၍ သစ္စာဆိုခိုင်းခဲ့သည်။

ထို့ကြောင့် မုတ်ဆိတ်ပြာနှင့် သူ၏ လက်ကျန် လက်အောက်ငယ်သား နှစ်ရာတို့မှာ ထူးဆန်းစွာဖြင့် ထိုမှော်ပညာရှင်များ၏ လက်အောက်ငယ်သားများဖြစ်လာကြတော့၏။

ပို၍ပင် ထူးဆန်းသည်မှာ အနှီမှော်ပညာရှင်များက ၎င်းတို့ကို ဖြေရှင်းပြီးသွားချိန်တွင် ၎င်းတို့က အချိန်ကြာညောင်းစွာ ပျောက်ကွယ်သွားခဲ့သည်မှာ ၎င်းတို့ကို မေ့လျော့သွားသလိုပင်။

မုတ်ဆိတ်ပြာက ထိုအကြောင်းကို မေ့သလောက်ရှိလာချိန်တွင် အခြားမှော်ပညာရှင်များက ၎င်းတို့ကို လာရှာပြီး ပင်လယ်ပြင်သို့ ဦးတည်ရန် ပြင်ဆင်ထားဖို့ အမိန့်ပေးလာသည်။

မုတ်ဆိတ်ပြာနှင့် သူ၏ လက်အောက်ငယ်သားအားလုံးမှာ အင်မတန် ရှုပ်ထွေးသွားရ၏။

ထိုမှော်ပညာရှင်များထံ၌ မျိုးရိုးမြင့်အဆင့်အတန်းရှိရာ အဘယ့်ကြောင့် ရုတ်တရတ် ဤနေရာသို့ ပင်လယ်ဓားပြလာလုပ်ကြသနည်း?

သို့သော်လည်း ၎င်းတို့အနေနှင့် အနှီမှော်ပညာရှင်များ၏ အမိန့်များကို မဆန့်ကျင်နိုင်သဖြင့် ၎င်းတို့ မေ့လျော့လုနီးပါးဖြစ်နေခဲ့သော အလုပ်အကိုင်ဟောင်းဖြစ်သည့် ပင်လယ်ပြင်သို့ ထွက်ရန် ထိုမှော်ပညာရှင်များကို လိုက်နာရုံသာတတ်နိုင်၏။

သို့သော် ၎င်းတို့ တိုက်ခိုက်နေသည့်သူများကို မြင်ချိန်၌ မုတ်ဆိတ်ပြာမှာ ကြောက်ရွံ့လွန်း၍ ဆီးထွက်ကျလုနီးပါးပင် ဖြစ်သွားရသည်။

ဘုရားရေ! သူ့အနေနှင့် သေလုမျောပါး အရိုက်ခံရလျှင်ပင် Frestech ကုန်သည်ကြီးများအသင်း၏ ထိုထူးကဲသောအလံကို မေ့မည်မဟုတ်ပေ!

မုတ်ဆိတ်ပြာမှာ သူ့ကဲ့သို့ ပင်လယ်ဓားပြများက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုအတွက် ပြိုင်ဘက်မဟုတ်ကြောင်း သေချာပေါက် သိသည်။

သို့သော် သူဟာ မှော်ပညာရှင်များကို နောက်ဆုတ်ရန် တိုက်တွန်းချိန်၌ ၎င်းတို့က သူ့အား လျစ်လျူရှု၍ ကိုယ်တိုင် လှုပ်ရှားဖို့ ရွေးချယ်ခဲ့ကြသည်။

အဆုံးသတ်နှင့် ပတ်သက်၍ မဝေခွဲနိုင်စရာမရှိပေ။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများမှာ ကြောက်မက်ဖွယ်ကောင်းပါသော်လည်း မဟာမှော်ပညာရှင်တစ်ဦး ဦးဆောင်သည့် အဆင့်မြင့်မှော်ပညာရှင် အယောက်နှစ်ဆယ်တို့ကြောင့် ၎င်းတို့မှာ အဆုံး၌ သုတ်သင်ခံခဲ့ရသည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများကို အနှီစွမ်းအားကြီးမှော်ပညာရှင်များနှင့်အတူ သုံးကြိမ်တိုက်ခိုက်ပြီးနောက် မုတ်ဆိတ်ပြာထံတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအပေါ် အကြောက်တရားဟူ၍ မကျန်တော့ပေ။

သူ့အနေနှင့် ၎င်းစွမ်းအားကြီးမဟာမှော်ပညာရှင်၏ ဦးဆောင်မှုအပြင် အဆင့်မြင့်မှော်ပညာရှင်အယောက်နှစ်ဆယ်တို့အတူတွဲလုပ်ဆောင်ခြင်းကြောင့် ၎င်းတို့ကို ယှဉ်နိုင်မည့်လူမရှိဟု ယုံကြည်သည်။

သူ့ထံ၌ ကျန်ရှိသည့် တစ်ခုတည်းသော အကြောက်တရားမှာ သူ့အနေနှင့် ၎င်းဆန်းကြယ်၍ အားကောင်းသော မှော်ပညာရှင်တို့၏ ပန်းတိုင်ကို မသိသေးခြင်းပင်။

အဘယ့်ကြောင့် ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများကို ပစ်မှတ်ထားနေကြသနည်း?

သူတို့မှာ Frestech ကုန်သည်ကြီးများအသင်းနဲ့ အငြိုးရှိလို့လား?

သူ့ထံ၌ သံသယမည်မျှရှိနေပါစေ မုတ်ဆိတ်ပြာမှာ ထိုမှော်ပညာရှင်များကို မမေးမြန်းရန် ရွေးချယ်လိုက်ဆဲဖြစ်သည်က နှမြောဖွယ်ပင်။

သူသာ ပိုသိလေ မြန်မြန်သေလေဖြစ်မည်ကို နားလည်ပါ၏။

မှန်ပါ၏၊ သူဟာ မည်သည်ကိုမှ မသိပါလျှင်တောင် အဆုံး၌ ထိုမှော်ပညာရှင်များ၏ နှုတ်ပိတ်ခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။

သူ့အနေနှင့် ထိုမှော်ပညာရှင်များက ဖွင့်ချပြ၍ မရနိုင်သော အရာတစ်ခုကို လုပ်နေပြီး သူဟာ ၎င်းစွမ်းအားကြီးမှော်ပညာရှင်များ၏ အမြင်တွင် ပုရွက်ဆိတ်ငယ်တစ်ကောင်နှင့် မခြားသော အသေးအဖွဲပင်လယ်ဓားပြလေးတစ်ဦးသာ ဖြစ်နေမည်အား ယုံကြည်ပါ၏။

၎င်းတို့၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အလို့ငှာ သူ့အနေဖြင့် အဆုံး၌ သေလမ်းသာရှိသည်။

ဤသို့သော အတွေးဖြင့် မုတ်ဆိတ်ပြာမှာ မှော်ပညာရှင်များနှင့်အတူ လုယက်ဖို့ ထွက်လာချိန်တွင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

အခွင့်အရေးတစ်ခုရှိသရွေ့ သူဟာ ချက်ချင်း ထိုမှော်ပညာရှင်များကို ချန်ထားခဲ့မည်ဖြစ်၏။

သူ့အနေနှင့် ပင်လယ်ပြင်သို့ ထွက်ပြေးနိုင်သရွေ့ ပင်လယ်ပြင်ရှိ သူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံဖြင့် ရှင်သန်နိုင်ခွင့် ၄၀%ရှိသည်။

၎င်းမှာ တစ်ဝက်အောက်နည်းသော်လည်း အနှီဆန်းကြယ်သော မှော်ပညာရှင်များ၏ ဘက်၌ သေဆုံးရခြင်းထက် ပို၍ ကောင်းနေသေးသည်။

ထိုလျှို့ဝှက်အစီစဉ်ရလာသည့် မုတ်ဆိတ်ပြာက သူ၏ လက်အောက်ငယ်သားများကို ပျက်စီးနေသော သစ်သားသင်္ဘောဒါဇင်ချီနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ၎င်းတို့ လုယူလာခဲ့သည့် သံမဏိသင်္ဘောများစွာကို ရွက်လွှင့်ဖို့ အမိန့်ပေးထားခဲ့သည်။ ၎င်းအဆုံးမဲ့ပင်လယ်ပြင်၌ ၎င်းတို့အနေနှင့် အခြားသင်္ဘောစုကို ဆုံရန် သိပ်မကြာခဲ့ပါပေ။

ဤသင်္ဘောစုကို ဧရာမသံမဏိသင်္ဘောကြီးများစွာဖြင့် အတိဖွဲ့စည်းထားပြီး သင်္ဘောကုန်းပတ်ပေါ်၌ တောင်ပံတစ်ဝက်စွင့်ကားနေသည့် အလံတစ်လံရှိနေပေသည်။

၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းသင်္ဘောစုဖြစ်ကြောင်း သံသယဝင်ရန်ပင်မလိုပေ။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၈။ ရေကြောင်းတိုက်ပွဲ

၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုကိုမြင်ချိန်တွင် မုတ်ဆိတ်ပြာက ချက်ချင်း မိမိ၏ လက်အောက်ငယ်သားများကို ဘေးသို့ တိတ်တဆိတ်‌ရွှေ့ရန် အချက်ပေးလိုက်သည်။

သူ့အနေနှင့် သူ၏ လက်အောက်ငယ်သားများထံရှိ ကျိုးပဲ့အိုဟောင်းနေသော သင်္ဘောလေးများဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားကြီးသံမဏိသားရဲကြီးများကို တိုက်ခိုက်ဖို့ အခွင့်အရေးမရှိကြောင်း သိပေသည်။

တစ်ချိန်တည်းမှာပင် ထိုဆန်းကြယ်သည့် မှော်ပညာရှင်များကလည်း ၎င်းကို နားလည်၏။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများနှင့် သုံးကြိမ်တိုက်ခိုက်မှုတွင် မုတ်ဆိတ်ပြာနှင့် သူ၏ လက်အောက်ငယ်သားများမှာ သင်္ဘောများကို ရွက်လွှင့်ဖို့သာ တာဝန်ရှိပြီး တိုက်ခိုက်ခြင်းနှင့်ပတ်သက်လျှင် စွမ်းအားကြီး ဆန်းကြယ်‌သော မှော်ပညာရှင်များကို လွှဲထားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုထံ၌ အားကောင်းသော အပစ်စွမ်းအားရှိသော်လည်း အဆင့်မြင့်မှော်ပညာရှင် အယောက် နှစ်ဆယ်နှင့် မဟာမှော်ပညာရှင်တစ်ဦးကို ရင်ဆိုင်ရချိန်တွင် ၎င်းတို့မှာ မခုခံနိုင်ကြတော့ပေ။

ဤအကြိမ်တွင်လည်း တူညီပါ၏။

မုတ်ဆိတ်ပြာနှင့် သူ၏ လက်အောက်ငယ်သားများ ဆုတ်ခွာသွားသည်ကိုမြင်သော် သင်္ဘောများပေါ်ရှိ အဆင့်မြင့် မှော်ပညာရှင် နှစ်ဆယ့်သုံးဦးမှာ အတူတကွ လှုပ်ရှားလိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းတွင် သင်္ဘောများထံမှ လေထုကိုဖြတ်၍ ပျံသန်းလာကြသော မီးလုံးကြီးများစွာ ရှိနေပြီး အဝေးရှိ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများရှိရာထံ ဦးတည်နေကြသည်။

ဆဌမအဆင့်မီးကျည်မှာ ဆင်တစ်ကောင်ကိုပင် သတ်ဖို့အထိ လုံလောက်အောင် အားကောင်းသည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုထံ၌ သံမဏိသင်္ဘောကြီးများရှိပါလျှင်တောင် ၎င်းတို့မှာ ဤသို့သော အားကောင်းလှသည့် မန္တာန်မျိုးကို မတောင့်ခံနိုင်ပေ။

"ဟုန်း ဟုန်း ဟုန်း ဟုန်း!"

ပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စင်းနှင့် ဤ Frestech ကုန်သည်ကြီးများအသင်းနှင့် ၎င်းကို ဝိုင်းရံထားသော အစောင့်သင်္ဘောလေး ရှစ်စင်းတို့မှာ ရုတ်တရတ် ၎င်း မီးကျည်များဖြင့် ရိုက်ခတ်သွားတော့သည်။ အသေးစားအစောင့်သင်္ဘောရှစ်စင်းကို ချိန်ထားခဲ့သည့် အချို့ကမူ ရှောင်ဖို့လွယ်ပြီး ကျန်သည့် မီးကျည်များအားလုံးမှာ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စင်းပေါ် ကျရောက်၍ ချက်ချင်းပင် ပေါက်ကွဲသံကြီးများစွာကို ဖန်တီးလိုက်ပါ၏။

ဘေးသို့ ရွေ့သွားသည့် မုတ်ဆိတ်ပြာမှာ ပေါက်ကွဲမှုများကို မြင်ပြီး စိတ်ထဲ ကျေနပ်သွားမိသည်။

Frestech ကုန်သည်ကြီးများအသင်းထံမှ ထို*လိပ်များမှာ ပင်လယ်ဓားပြများကို တိုက်ခိုက်ခဲ့စဉ်က အင်မတန်သန်မာသလို ပြုမူခဲ့သော်လည်း ယခုတွင် အနှီစွမ်းအားကြီးမှော်ပညာရှင်များရှေ့မှောက်၌ ၎င်းတို့ ဖြစ်ခဲ့သလို အရိုက်ခံနေရရုံသာတတ်နိုင်တော့သည်။

(*လိပ်ဆိုတာ Chinese တွေ ဆဲရေးတဲ့နေရာမှာသုံးတဲ့ ဗန်းစကားလို့ ကြားဖူးပါတယ်)

အိုင်း အဲဒီ့ ဆန်းကြယ်တဲ့ မှော်ပညာရှင်တွေ ဘယ်ကပဲလာလာ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစုတွေကို ဘာလို့ပဲ တိုက်တိုက် သူတို့သာ ဒီလိုလုပ်ဖို့ ဆန္ဒရှိပြီး အဲဒီ့ သောက်Frestech ကုန်သည်ကြီးများအသင်း သင်္ဘောစုတွေကို ပင်လယ်ပြင်ကနေ မောင်းထုတ်နိုင်ခဲ့ရင် သူနဲ့ သူ့လက်အောက်‌ငယ်သားတွေလည်း အရင်က ပျော်ရွှင်စရာဘဝကို ပြန်သွားနိုင်မှာပဲ!

မုတ်ဆိတ်ပြာမှာ သူ့ရှေ့ရှိ ပင်လယ်ကို မျက်လုံးပြူးရင်း ကြည့်လျက် အနှီအကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီးများမှာ ထိခိုက်ပျက်စီးကာ ပင်လယ်ထဲ မြုပ်သွားရန် စောင့်ဆိုင်းနေပေသည်။

ယခင် တိုက်ခိုက်မှု သုံးကြိမ်တွင် သူဟာ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောရှစ်စီးနှင့် အစောင့်သင်္ဘော ဆယ်စင်းကျော်တို့ နစ်မြုပ်ခဲ့သည်ကို မြင်တွေ့ခဲ့သည်။

အကြိမ်တိုင်း သူ၏စိတ်ထဲ ဝမ်းသာမှုတို့ ပြည့်နေခဲ့ပါ၏။

မီးတောက်များ ပျောက်ကွယ်သွားသည့်နောက် မုတ်ဆိတ်ပြာသည် ဤတစ်ကြိမ်တွင် အနည်းငယ် လွဲချော်သွားကြောင်းတွေ့လိုက်ရသည်....

အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စီးလုံးမှာ သင်္ဘောကိုယ်ထည်ကြီးကို ဖုံးလွှမ်းနေသော အပြာရောင်ဖျော့ဖျော့အလင်းတောက်ပနေပြီး အပြာဖျော့ရောင်အပေါ်ဝတ် ဝတ်ဆင်ထားသလိုပါပင်။

ထိုမီးကျည်များ ရိုက်ခတ်သွားချိန်တွင် အားကောင်းသော ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ၎င်းတို့မှာ ထိုအပြာရောင်အလင်းကို လုံးဝ မချိုးဖျက်နိုင်‌ခဲ့ပေ။

အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီး နှစ်စင်းမှာ ထိုအပြာရောင်အလင်းဖြင့် ဖုံးကွယ်ခံထားရပြီး လုံးဝမထိခိုကိဘဲ လှုပ်ယမ်းသွားပုံပင်မရကာ ပင်လယ်ပြင်၌ တည်တည်မြဲမြဲ ရပ်တည်နေသည်။

"ဘုရားသခင်! ဒါက ပင်လယ်ပြာအကာအရံအစီအရင်ပဲ!"

မုတ်ဆိတ်ပြာ၏ ရှေ့၌ ရပ်နေသည့် အဆင့်မြင့်မှော်ပညာရှင်က အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောများ၏ ထူးဆန်းသောမြင်ကွင်းကို အံ့အားသင့်နေဟန်ဖြင့် ကြည့်နေကာ မနေနိုင်အောင် အော်ဟစ်လာ၏။

"တကယ်ကြီး ပင်လယ်ပြာ အကာအရံအစီအရင်ပဲ! အဲဒီ့ Frestech ကုန်သည်ကြီးများအသင်းကကောင်တွေ ရူးနေကြတာလား?" တူညီသည့် သင်္ဘောပေါ်မှ နောက်ထပ် အဆင့်မြင့်မှော်ပညာရှင်ကပါ တအံ့တဩအော်လာသည်။

မုတ်ဆိတ်ပြာမှာ သဘာဝကျစွာပင် ပင်လယ်ပြာအကာအရံအစီအရင်က မည်သည်ကို ဆိုလိုကြောင်း မသိသော်လည်း ၎င်းမှာ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောနှစ်စင်း၏ ပတ်လည်ရှိ အပြာရောင်အကာအရံနှင့် ဆက်စပ်နေသလိုပါပင်။

သူဟာ အဝေးရှိ သင်္ဘောနှစ်စင်းကို ကြည့်လိုက်ပါသော်လည်း ထိုမျှ မအံ့‌ဩနေပေ။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများမှာ သုံးကြိမ်တိုင် တိုက်ခိုက်ခံခဲ့ရရာ ၎င်းတို့သာ ၎င်းတို့ကိုယ်ကို ကာကွယ်ရန် နည်းလမ်းမစဉ်းစားထားလျှင် တုံးအလွန်းရာကျသည်။

သူ့အနေနှင့် အဘယ့်ကြောင့် အမြဲ မြင့်မြတ်ကာစွမ်းအားကြီးသလို ပြုမူတတ်သော ဤအဆင့်မြင့်မှော်ပညာရှင်နှစ်ဦးက အရမ်းအံ့ဩနေသည်ကို နားမလည်ပါချေ။

သူ့အနေနှင့် ထိုပင်လယ်ပြာအကာအရံအစီအရင်မှာ နဝမအဆင့်မှော်အစီအရင်ဖြစ်ပြီး တားမြစ်အစီအရင်များမှလွဲ၍ အသန်မာဆုံး အကာအကွယ်အစီအရင်ဖြစ်သည်ဟု အပြောများသော မှော်အစီအရင်ဖြစ်သည်ကိုလည်း မသိပါချေ။

ပင်လယ်ပြာအကာအရံအစီအရင်ရှေ့မှောက်တွင် သတ္တမအဆင့်မီးကျည်က အဆင့်နှစ်ဆင့် ပိုနိမ့်သည်ကို မဆိုထားနှင့် ပင်ကိုအရည်အချင်း၌လည်း ပို၍ပင်နိမ့်ကျသဖြင့် အကာအရံ၏ အကာအကွယ်ကို ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ပေ။

သို့သော် အားအကောင်းဆုံး နဝမအဆင့်မှော်အစီအရင်များအနက်တစ်ခုဟု ယူဆ‌ရသော ပင်လယ်ပြာအကာအရံအစီအရင်ကို ခင်းကျင်းရန် သာမန် နဝမအဆင့်မှော်ပညာရှင်တစ်ဦးအတွက်ပင် ခဲယဉ်းပေသည်။

ဤမျှကြီးမားသည့် အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောပေါ်တွင် ပင်လယ်ပြာအကာအရံအစီအရင်ကြီးတစ်ခုကို ခင်းကျင်းရန် မှော်စွမ်းအင် ပမာဏကြီးတစ်ခုလိုအပ်၏။ ၎င်းက သာမန် နဝမအဆင့်မှော်ပညာရှင်တစ်ဦး သည်းခံနိုင်သော အရာမဟုတ်ဘဲ ထိုသို့ပြုလုပ်နိုင်သူမှာ မဟာမှော်ပညာရှင်ဖြစ်လာသူသာ ဖြစ်နိုင်သည်။

ထို့အပြင် အားလုံးရှေ့၌ ရှိနေသည်မှာ ပင်လယ်ပြာအကာအရံအစီအရင်များရှိနေသည့် အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီးနှစ်စင်းဖြစ်သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း သင်္ဘောစုကို ရင်ဆိုင်ရခြင်းတွင် ပုန်းအောင်နေသော မဟာမှော်ပညာရှင်နှစ်ဦးရှိနေနိုင်သည့် အဓိပ္ပာယ်ပင်!

မုတ်ဆိတ်ပြာမှာ သူ၏ နောက်မှ နူးညံ့၍ အင်မတန်မြန်ဆန်သော ခြေသံများကို ကြားလိုက်ရသည်။

မုတ်ဆိတ်ပြာသာ အမြဲ နိုးကြားမနေခဲ့သလို အကြားအာရုံမကောင်းပါလျှင် ထိုခြေသံများကို လွဲချော်သွားခဲ့နိုင်သည်။

ထိုခြေသံများကို ကြားသော် မုတ်ဆိတ်ပြာမှာ ၎င်းဆန်းကြယ်သော မှော်ပညာရှင်များ၏ ခေါင်းဆောင် ပေါ်လာပြီဖြစ်သည်ကို သိလိုက်သည်။

လှည့်လိုက်သော် မုတ်ဆိတ်ပြာမှာ ရင်ဘတ်ပေါ်ရှိ မဟာမှော်ပညာရှင်အဆင့်အတန်းအား ကိုယ်စားပြုသည့် တံဆိပ်ပြားကို မဖုံးကွယ်ထားသည့် အနက်ရောင်ဝတ်ရုံဝတ် လူတစ်ဦး လှမ်းလာသည်ကို တွေ့လိုက်ရသည်။ သူဟာ ရွက်တိုင်ထံ လျှောက်သွား၍ မျက်နှာချင်းဆိုင်မှ ပို့ဆောင်ရေးသင်္ဘောကြီးနှစ်စင်းကို အလေးအနက်ကြည့်လိုက်ပါ၏။

အဆင့်မြင့်မှော်ပညာရှင်နှစ်ဦးစလုံးမှာ သူ့အား သံသယအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

မဟာမှော်ပညာရှင် ဂရိုဗန်က နှာမှုတ်၍၊ "Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီသင်္ဘောစုလေးတစ်ခုကို စောင့်ကြပ်ဖို့ မဟာမှော်ပညာရှင်နှစ်ယောက် လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါက သူတို့ အသစ်လုပ်ထားတဲ့အရာပဲဖြစ်ရမယ်။ တိုက်ခိုက်မှုကို တိုးမြှင့်လိုက် သူတို့ သေချာပေါက် ကြာကြာမခံပါဘူး။"

အဆင့်မြင့်မှော်ပညာရှင်နှစ်ဦးက တစ်ဦးကို တစ်ဦး မျက်ဝန်းများထဲ အတန်ငယ် စိုးရိမ်နေဟန်ဖြင့် ကြည့်လိုက်သော်လည်း ၎င်းတို့မှာ တိုက်ခိုက်ရန် အချက်ပေးလိုက်ဆဲဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများထံ တစ်ဖန် တိုက်ခိုက်မှုများ စေလွှတ်လိုက်ပြန်၏။

သို့ရာတွင် ၎င်းတို့ လက်မြှောက်လိုက်ချိန်၌ ပင်လယ်အထက်တွင် ဧရာမမီးလုံးကြီး များစွာ အဖြစ်ပြောင်းလဲသွားသည့် အနီရောင်အလင်းများကို တွေ့လိုက်ရသည်။

အဆင့်မြင့်မှော်ပညာရှင်နှစ်ဦး၏ အမူအရာများက ပြောင်းလဲသွားရင်း ၎င်းတို့၏ မှော်စွမ်းအားကို အမြန်ထုတ်ဖော်လိုက်ပြီး သင်္ဘောအောက်ရှိ စိမ်းရောင်ခြယ်လေအကာအရံကို ဖန်တီးလိုက်သည်။

"ဖုန်း ဖုန်း ဖုန်း ဖုန်း"

မရေတွက်နိုင်သော မီးလုံးများက ထိုအကာအရံကို ရိုက်ခတ်လာပြီး အကာအရံပေါ်တွင် ဂယက်ကလေးများထသွားသော်လည်း မီးလုံးတစ်လုံးကမှ ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ အားလုံး ပိတ်ဆို့ခံထားရသည်။

မဟာမှော်ပညာရှင် ဂရိုဗန်က အထင်အမြင်သေးစွာပြုံးလျက် အေးစက်စက်နှာမှုတ်၍ ဆိုလေ၏၊ "အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးတဲ့နောက်ကျရင် အဲဒီ့ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေက နာခံတတ်သွားမယ်လို့ ထင်ခဲ့ပေမယ့် သူတို့က ပဉ္စမအဆင့်မန္တာန်ကိုတောင် မရှိနိုင်တဲ့ မီးလုံးလေးတွေ သုံးနေတုန်းဖြစ်မယ်လို့ ထင်မထားခဲ့ဘူး"

သူဂာ သူ၏ နောက်ကျောရှိ လက်နှစ်ဘက်ကို ကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်၍ သိုး‌ကျောင်းနေသလို ဂရုမထားဟန်ပေါ်နေသော‌ငြား သူ့ရှေ့၌ အကာအရံအတွက် တာဝန်ယူထားရသော အဆင့်မြင့်မှော်ပညာရှင်နှစ်ဦးကမူ ရင်ထဲ၌ ညည်းတွားနေကြပါ၏။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများထံမှ တိုက်ခိုက်မှုများမှာ ပဉ္စမအဆင့်မီးမန္တာန်ကို မယှဉ်နိုင်သော်လည်း များလွန်းလှသည်....

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုက မည်သို့သော ဆေးဝါးများကို စားထားသည်အား မသိရပေ။ ၎င်းတို့ တန်ပြန်တိုက်ခိုက်ခြင်းမပြုခဲ့လျှင် အဆင်ပြေသော်လည်း ၎င်းတို့ လုပ်ဘိုက်သည်နှင့် ရပ်တန့်တော့မည့် ဟန်မပေါ်သော ဤသိပ်သည်းလှသည့် တိုက်ခိုက်မှုကို ထုတ်လွှတ်နေပေသည်။

မီးလုံးများစတင်လာသည်နှင့် ၎င်းတို့မှာ ပစ်လွှတ်ခြင်းကို မရပ်တန့်တော့ပေ။ ၎င်းမှာ ပင်လယ်ပြင်ပေါ်သို့ ရွာချနေသော မီးမိုးကဲ့သို့ပင်။

မီးလုံးများက ထိုမျှ အားမကောင်းပါလျှင်တောင် ကြောက်မက်ဖွယ် တိုက်ခိုက်နိုင်စွမ်းရှိ၏။ ၎င်းတို့အတွင်းရှိ မှော်စွမ်းအင်က ဆက်တိုက်ကျဆင်းနေပြီး အသက်ရှိုက်စာအနည်းငယ်အတွင်း ၎င်းတို့သိုလှောင်ထားသော မှော်စွမ်းအင်တစ်ဝက်လောက်ကို အသုံးပြုခဲ့သည်။

မဟာမှော်ပညာရှင် ဂရိုဗန်မှာ ၎င်းတို့၏အခြေအနေကို နားလည်၍ ခေါင်းငြိမ့်ပြလိုက်သည်၊ "တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားတော့။"

ထိုသို့ပြောပြီးနောက် မဟာမှော်ပညာရှင် ဂရိုဗန်မှာ သူ၏ မှော်မန္တာန်ကို ရွတ်ဆို၍ လက်မြှောက်လိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများထံမှ တိုက်ခိုက်မှုများတွင် ၎င်းတို့၏ စွမ်းအားကြီးတိုက်ခိုက်မှုများကြောင့် မဟာမှော်ပညာရှင် ဂရိုဗန်မှာ မဟာမှော်ပညာရှင်တစ်ဦးအနေနှင့် ၎င်းတို့ကို ကိုင်တွယ်ရန် လှာပ်ရှားရမည်ဖြစ်ပြီး ဤတစ်ကြိမ်ကလည်း ချွင်းချက်မဟုတ်ပေ။

အဆုံးမဲ့ဒြပ်စင်မှော်စွမ်းအင်က မဟာမှော်ပညာရှင် ဂရိုဗန်၏ လက်ထဲ စုဝေးလာကာသူ၏ ခေါင်းထက် ရောက်လာသည်။ တစ်အောင့်ကြာပြီးနောက် သူ၏ ခေါင်းအပေါ်ဘက်တွင် အနက်ရောင်ဝဲကြီးပေါ်လာပါ၏။

၎င်းက မဟာမှော်ပညာရှင် ဂရိုဗန်ထံရှိ အားအကောင်းဆုံး တားမြစ်အစီအရင်ဖြစ်ပြီး အနက်ရောင်ပေါက်ကွဲမှုဟုခေါ်သည့် အင်မတန်ထူးခြားသော အာကာပြင်မှော်စွမ်းအင်ကို အသုံးပြုထားသည်။ ၎င်း၏စွမ်းအားမှာ သာမန်နဝမအဆင့်မှော်ပညာရှင်တစ်ဦး ယှဉ်နိုင်သည့်အရာမဟုတ်ပေ။

တစ်ယောက်ယောက်သာ ဤမန္တာန်ဖြင့် တိုက်ခိုက်ခံလိုက်ရလျှင် ၎င်းတို့ထံ၌ ပင်လယ်ပြာအကာအရံအစီအရင်၏ ကာကွယ်မှုရှိပါလျှင်တောင် အသုံးမဝင်ပေ။

မဟာမှော်ပညာရှင် ဂရိုဗန်ထံရှိ စွမ်းအားနှင့်ပင် ထိုမန္တာန်ကို ဖွဲ့စည်းရန် အချိန်အတော်ယူခဲ့ရသည်။

သို့သော်လည်း သူဖွဲ့စည်း၍ ပြီးခါနီးတွင် အဝေးရှိ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီးတစ်စီးပေါ်၌ တုနှိုင်းမဲ့ဧရာမ အဖြူရောင်အလုံးကြီးတစ်လုံးအဖြစ် ပြောင်းသွားသော အဖြူရောင်အလင်းတစ်ချက် ပေါ်လာသည်။

ထိုအလုံးမှာ ထူးဆန်းစွာ တောက်ပနေပြီး နှစ်ထောင်မီတာ ဝေးကွာနေလျှင်သော်မှ လူများမှာ ၎င်းက တောက်ပသည်ဟု တွေးမိကြသည်။ သို့ရာတွင် ထူးဆန်းသည့်အရာမှာ ၎င်းက တလက်လက်တဖျပ်ဖျပ်ဖြစ်မနေပေ။

ထိုအလင်းလုံးကြီးကို မြင်သော် မဟာမှော်ပညာရှင် ဂရိုဗန်၏ လက်များမှာ မနေနိုင်အောင် တုန်ယင်လာပြီး သူ၏မှော်စွမ်းအင်ကို ထိန်းချုပ်မှု ဆုံးရှုံးလုနီးပါးပင်။

သူဟာ ထိတ်လန့်နေရင်း ထို အလင်းလုံးကြီးကိုကြည့်ကာ ရင်ထဲ အန္တရာယ်အသိပြင်းပြင်းက ပြည့်သွားရသည်။

ထို့နောက် အလင်းလုံးမှာ ရုတ်တရတ် ပေါက်ကွဲသွားကာ မီတာပေါင်းများစွာကျယ်ဝန်းသည့် ဧရာမအလင်းတန်းကြီးက ထိုအကြီးစားပို့ဆောင်ရေးမှော်သင်္ဘောထံမှ ပစ်လွှတ်ခံလိုက်ရသည်။ ၎င်းက တမုဟုတ်ချင်းပင် မီတာ နှစ်ထောင်အကွာအဝေးကို ဖြတ်၍ မဟာမှော်ပညာရှင် ဂရိုဗန်ရှိနေသည့် သင်္ဘောနံဘေးရှိ သစ်သားသင်္ဘောထံ တည့်တည့်ရောက်ရှိသွားသည်။

အလင်းပျောက်ကွယ်သွားချိန်၌ ပင်လယ်ပြင်မှာ ထွန်ယက်ပြီးကာစ လယ်မြေကဲ့သို့ နှစ်ဆယ်မီတာကျယ်၍ မီတာပေါင်းများစွာနက်သော ရေချိုင့်ဝှမ်းကြီးတစ်ခု ပေါ်ထွက်လာပါ၏။

ထိုနေရာ၌ရှိခဲ့သော သင်္ဘောမှာ ခြေရာလက်ရာပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၅၉။ ဥက္ကဌ အရမ်းဒေါသထွက်နေတယ်

မုတ်ဆိတ်ပြာပင်လယ်ဓားပြများ၏ အဖွဲ့ဝင်တိုင်းနှင့် မှော်ပညာရှင်အားလုံးမှာ ထိုတိုက်ခိုက်မှုတစ်ခုကြောင့် ကြက်သေ,သေသွားကြသည်။ ၎င်းတို့ ဆွံအနေကြချိန်၌ ထိုတိုက်ခိုက်မှုကို ပစ်လွှတ်ခဲ့သော နှစ်ထောင်မီတာအဝေးမှ ပို့ဆောင်ရေးမှော်သင်္ဘောကြီးထက်တွင်လည်း တူညီသည့် တိတ်ဆိတ်မှုရှိနေသည်။

တစ်ခဏကြာပြီးနောက် ထိုတိတ်ဆိတ်နေသည့် ကုန်းပတ်မှ ဂလုဟူသော အသံတစ်ခုထွက်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။

"ဘုရားရေ... ငါတို့တကယ်ကြီး အဲဒီတိုက်ခိုက်မှုကို ပစ်လွှတ်မိတာလား?"

Frestech ကုန်သည်ကြီးများအသင်း၏ ကုန်းပတ်‌ပေါ်ရှိ အဆင့်မြင့်ဟန် စစ်ဘက်အရာရှိနှင့် အဖွဲ့ဝင်များစွာတို့က ထူးဆန်းသည့်အကြည့်များဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

တစ်ခဏကြာပြီးသည့်နောက် အဆင့်မြင့် အစောင့်ယူနီဖောင်းဝတ်ထားသည့် ဂါန်ဆောရွန်နှင့် ထိုစစ်ဆင်ရေး၏ တပ်မှူးမှာ ချောင်းတစ်ချက်ဟန့်၍ အလေးအနက်ပြောလိုက်သည်၊ "ဟုတ်တယ် ကျုပ်တို့ လေ့ကျင့်ရေးမှာတုန်ူက ဒီအ‌မြောက်ကြီးရဲ့ စွမ်းအားကို မြင်ပြီးပြီ၊ စပ်စုစရာ ဘာရှိလို့လဲ? အဲ့နေရာမှာ ငေးကြောင်နေကြတာကို ရပ်ပြီး အဖွဲ့ထဲဝင်ကြတော့! တိုက်ခိုက်မှုအတွက်ပြင်ဆင်ထား၊ ငါတို့ ရန်သူတွေက မပျောက်သွားသေးဘူး!"

"ဟုတ်ကဲ့!"

"နားလည်ပါပြီ!"

.....

ထိုတုံ့ပြန်မှုများနှင့်အတူ စစ်ဘက်ယူနီဖောင်းများ ဝတ်ဆင်ထားသူများအားလုံး အလုပ်များသွားကြတော့သည်။

ဂါန်ဆောရွန်က ချောင်းတစ်ချက်ဟန့်၍ တစ်ခုခုပြောမည်အပြုတွင် သူ့နံဘေးရှိ ဝတ်ရုံဖြူဝတ် သက်လတ်ပိုင်းလူတစ်ဦးက မျက်မှောင်ကုပ်၍ ဆိုလာ၏၊ "ဗိုလ်ကြီး ဆောရွန်, ဒီအကာအရံကို ထိန်းသိမ်းဖို့ တစ်မိနစ်ကို မှော်စွမ်းအင် သုံးရာ့နဲ့ သုံးဆယ် Evs *(330Evs) ကုန်တာကို သတိပေးရမယ်။ ဒါကို ထုတ်ဖော်လိုက်ကတည်းက ဆယ်မိနစ်ကျော်နေပြီမို့ မှော်စွမ်းအင် လေးထောင် Evs (4000Evs) နီးနီးကို သုံးပြီးနေပြီ။ ခင်ဗျားတို့ အခုပစ်လွှတ်လိုက်တဲ့အမြောက်ကြီးက‌လည်း မှော်စွမ်းအင် တစ်ထောင့်ရှစ်ရာ Evs (1800Evs) ကိုသုံးရတယ်။ အခုဆို သင်္ဘောရဲ့ မှော်သလင်းကျောက်ထောက်ပံ့မှု အပြည့်က မှော်စွမ်းအင် တစ်သောင်းခြောက်ထောင် Evs (16,000Evs) ပဲ ကျန်တော့တာ၊ သုံးစွဲမှုကို အာရုံစိုက်ပေးပါ"

(*Evs -အီဗီတာ (Evita)က သူ့ရဲ့ နာမည်ကို အစွဲပြုပြီး သုံးထားတဲ့ မှော်စွမ်းအင် ယူနစ်ဖြစ်ပါတယ်)

"မှော်သလင်းကျောက်တွေရဲ့ မှော်စွမ်းအင်က တစ်သောင်းခြောက်ထောင် Evs (16,000Evs) ကျန်သေးတယ်လား?" ဂါန်ဆောရွန်မှာ မေးကိုသပ်၍ စိတ်ထဲ တွက်ချက်လိုက်ပြီးနောက် ရယ်မောလိုက်၏၊ "အများကြီး ကျန်နေသေးတာပဲ မဟုတ်ဘူးလား? ဟုတ်ပါတယ် ဒါက လုံလောက်တယ်။ အမိန့်ချလိုက် မှော်သင်္ဘောကြီးနှစ်စီးလုံး အကာအရံတွေကို ထိန်းသိမ်းထားဦးမယ်ဆိုပေမယ့် အမြောက်ကြီးတွေကို ထပ်မသုံးတော့ဘူး။ တခြား အစောင့်သင်္ဘောရှစ်စီးက တိုက်ခိုက်မှုကို တာဝန်ယူရမယ်။ ညီအစ်ကိုတို့! ဒီနေ့က ငါတို့တွေ အဲ့အရူးကောင်တွေကို ငါးစာကျွေးရမယ့် နေ့ပဲ! နားလည်ရဲ့လား?"

တံတားရှေ့ရှိ ဆက်သွယ်ရေးတာဝါထံမှ ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာ၏။

သို့သော်လည်း ဝတ်ရုံဖြူဝတ် သက်လတ်ပိုင်းလူကြီးက အေးစက်စက်ပြောလာသည်၊ "ဗိုလ်ကြီး ဆောရွန်, ဥက္ကဌက ဒီတစ်ခေါက် သက်ရှိ သက်သေကို ပြန်ခေါ်လာရမယ်လို့ တောင်းဆိုထားတာကို သတိပေးရမယ်"

ဂါန်ဆောရွန်မှာ ကူရာမဲ့စွာ မျက်လုံးလှိမ့်၍ ကုလားထိုင်၌ မျက်လုံးများ‌မှိတ်လျက် မှီထိုင်နေသည့် ဝတ်ရုံနက်ဝတ် အခြားလူတစ်ဦးဘက်လှည့်လိုက်သည်။

"မဟာမှော်ပညာရှင် ဂျူနာ, ကြည့်ရတာ ကျုပ်တို့တွေ ခင်ဗျားကို လှုပ်ရှားခိုင်းဖို့ လိုအပ်နေတုန်းပဲ ထင်တယ်။"

မဟာမှော်ပညာရှင် ဂျူနာက မျက်လုံးများဖွင့်၍ ရုတ်တရတ် အန္တရာယ်အပြည့်ဖြင့် ပြုံးလိုက်၏။

"ဟဲဟဲ ကောင်းပြီလေ။ ငါ လေ့ကျင့်ခန်းမလုပ်ရတာ ကြာပြီ။ ဒီနေ့ အချက်အလက် အလုံအလောက် စုဆောင်းပြီးနေမှတော့ အခု ပျော်စရာလေးတွေရတော့မှာပေါ့"

သူဟာ ထိုသို့ပြောပြီးနောက် လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ့အား အမှောင်စွမ်းအင်တစ်ခု ဝိုင်းရံလာပြီးနောက် ပျောက်ကွယ်သွားတော့သည်။

….

မဟာမှော်ပညာရှင်ဂရိုဗန်မှာ အဆင့်မြင့်မှော်ပညာရှင်ဆယ်ဦးနှင့်အတူ လေထဲ၌ ပျံဝဲနေကြသည်။

လူတိုင်းက အခုထိ မတည်ငြိမ်သေးသော ပင်လယ်ပြင်ကို ငုံ့ကြည့်၍ ထိတ်လန့်ဟန်များ ပြသနေကြ၏။

အခုနက အဖြူရောင်အလင်းက ဘာကြီးလဲ?

ထိုအလင်းဖြတ်သွားပြီးနောက် ဧရာမသင်္ဘောကြီးမှာ အရိပ်အယောင်ပင်မချန်ဘဲ ပျောက်ကွယ်သွားရသည်လား?

ထိုသို့ကြောက်မက်ဖွယ်စွမ်းအင်မှာ တားမြစ်အစီအရင်နှင့် ပတ်သက်နေရမည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောမှာ တားမြစ်အစီအရင်နှင့် အဆင့်တူသည့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို လိုသလို ထုတ်လွှတ်နိုင်သည်မှာ အင်မတန်ကြောက်မက်ဖွယ်ပင်။

ထိုတိုက်ခိုက်မှုမျိုးအား ကျိုးကြောင်းမသင့်ဟုပင် ယူဆနိုင်သည်။ ထိုသစ်သားသင်္ဘောလေးများမပြောနှင့် အဆင့်မြင့်မှော်ပညာရှင်များသည်ပင် မခုခံနိုင်ပေ။

မဟာမှော်ပညာရှင်ဂရိုဗန်သည်ပင် တားမြစ်အစီအရင်တစ်ခုရှေ့၌ အနည်းငယ် ကူရာမဲ့နေသည်။

သူဟာ ဤတားမြစ်အစီအရင်မှ အလွယ်လေးလွတ်မြောက်ကောင်း လွတ်မြောက်နိုင်သော်လည်း ၎င်းကို တည့်တည့်ရင်ဆိုင်ရလျှင် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

"မဟာမှော်ပညာရှင်ကြီး ကျွန်တော်တို့.... ဆက်ပြီး တိုက်ခိုက်သင့်လား?" အဆင့်မြင့်မှော်ပညာရှင်တစ်ဦးက တုံ့ဆိုင်းစွာ မေးလာသည်။

အခြားအဆင့်မြင့်မှော်ပညာရှင်များထံရှိ အံ့အားသင့်နေဟန်များကို အာရုံခံမိ‌သော မဟာမှော်ပညာရှင်ဂရိုဗန်မှာ အဝေးရှိ Frestech ကုန်သည်ကြီးများအသင်းသင်္ဘောစုကို လှည့်ကြည့်လိုက်၏။

ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုကြီးကို ထုတ်လွှတ်ခဲ့သော အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောမှာ ဆက်မတိုက်ခိုက်တော့ဘဲ အခြားမှော်သင်္ဘောကြီးတစ်စင်းကလည်း နေရာ၌သာ ရပ်တန့်နေသည်။ အခြားအစောင့်သင်္ဘောရှစ်စင်းကသာ ပင်လယ်ပြင်၌ အမြန် ရွေ့လျားနေကြပြီး မုတ်ဆိတ်ပြာပင်လယ်ဓားပြများသင်္ဘောထံ တိုက်ခိုက်မှုများ ပို့လွှတ်နေကြ၏။

ထိုမှော်ပညာရှင်များ၏ အထောက်အပံ့မရှိလျှင် ပင်လယ်ဓားပြများမှာ မည်သည်မှ လုပ်နိုင်မည်မဟုတ်ပေ။ အသက်တစ်ရှိုက်စာအတွင်း၌ ကြီးမားသော ပင်လယ်ဓားပြသင်္ဘောများစွာမှာ မီးလုံးကြီးများအပစ်ခံရသလို တိုက်ရိုက်မြုပ်သွားသည်များလည်းရှိသည်။

မဟာမှော်ပညာရှင်ဂရိုဗန်မှာ ထိုတိုက်ခိုက်မှုလုပ်ခဲ့ပြီး မလှုပ်ရှားတော့သည့် အကြီးစားမှော်သင်္ဘောကိုသာ အာရုံစိုက်၍ စိတ်သက်သာရာရစွာသက်ပြင်းချလေသည်။

"ဆက်တိုက်! တစ်ဘက်က သေချာပေါက် တူညီတဲ့ တိုက်ခိုက်မှုကို ဆက်မထုတ်နိုင်တော့သလို တိုက်ခိုက်မှုက အဲ့လောက်လည်း ကြောက်ဖို့မကောင်းပါဘူး။ ငါတို့ လွယ်လွယ်ရှောင်လို့ရတယ် အာရုံစိုက်ဖို့ပဲလိုတာ။"

မဟာမှော်ပညာရှင်ဂရိုဗန်က သူ၏ လက်အောက်ငယ်သားများကို ဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်ချိန်တွင် သူ၏ ဘေးပတ်လည်၌ အားကောင်းသော မှော်စွမ်းအင်အပြောင်းအလဲဖြစ်ပေါ်လာရာ သူ့အား အံ့ဩသွားစေသည်။ သူ၏ ပုံရိပ်က ချက်ချင်းပင် မီတာတစ်ရာကျော်အဝေးသို့ ရွေ့သွား၏။

မဟာမှော်ပညာရှင်ဂရိုဗန်နှင့် ယှဉ်လျှင် အာရုံခံမှု ပို အားနည်းသော အခြား အဆင့်မြင့်မှော်ပညာရှင်များက ၎င်းကို အာရုံခံမိချိန်တွင် လေထဲ၌ ပေါ်လာသည့် အနက်ရောင်မှော်ဝဲဂယက်ကြီးတစ်ခုရှိနေပြီဖြစ်သည်။

၎င်းနှင့် အနီးဆုံးဖြစ်နေသည့် အဆင့်မြင့်မှော်ပညာရှင်နှစ်ဦးထံ၌ တအံ့တဩဖြင့် အော်လိုက်ရန်ပင် အချိန်မရှိဘဲ မှော်ဝဲဂယက်၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ လုံးဝပျောက်ကွယ်သွား၏။

ကျန်ရှိသော အဆင့်မြင့်မှော်ပညာရှင်အားလုံးက အမြန် ပျံပြေးဖို့ ၎င်းတို့၏ မှော်ပညာများကို အသုံးပြုလိုက်သည်။

တစ်ခဏကြာပြီးနောက် ပုဂ္ဂိုလ်တစ်ဦးက မြေပြင်၌ လမ်းလျှောက်နေသကဲ့သို့ အနက်ရောင်မှော်ဝဲဂယက်ထဲမှ ထွက်လာသည်။

သူ၏နံဘေးတွင် ထိုအနက်ရောင်မှော်ဝဲဂယက်၏ ဝါးမြိုခြင်းကို ခံခဲ့ရသော မလှုပ်မယှက် ကိုယ်ထည်နှစ်ခုရှိနေ၏။ ၎င်းတို့ သေသလား ရှင်သလားလည်း မသိရပေ။

မဟာမှော်ပညာရှင် ဂျူနာက သူ့ရှေ့ရှိ မှော်ပညာရှင်များ၏ တုန်လှုပ်နေဟန်များကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် မဟာမှော်ပညာရှင်ဂရိုဗန် ဘက်လှည့်၍ တစ်ချက်ရယ်လိုက်သည်၊ "ခင်ဗျားက ကျုပ်တို့ ကုမ္ပဏီရဲ့ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောရှစ်စင်းနဲ့ အစောင့်သင်္ဘောဆယ့်သုံးစီးကို မြှုပ်ခဲ့တဲ့ မဟာမှော်ပညာရှင်လား?"

မဟာမှော်ပညာရှင်ဂရိုဗန်မှာ ရုတ်တရတ် ပေါ်လာသည့် ထိုမှော်ပညာရှင်ထံမှ ပြင်းစွာသော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

၎င်းအနက်ရောင်ဝဲဂယက်မှာ သူအရင်းနှီးဆုံး တားမြစ်အစီအရင် ‘အမှောင်ဖောက်ကွဲမှု’နှင့် ဆင်တူသော်လည်း တစ်ဘက်၏ အာကာပြင်နိယာမများကို နားလည်ထားမှုက သူ့ထက် ပို၍ မြင့်မားသည်မှာ သေချာသည်။ အနည်းဆုံး သူဟာ မှော်ဝဲဂယက်ကြီးကို လိုသလို ထိန်းချုပ်နိုင်ပေ၏။

အမှားမရှိခဲ့လျှင် တစ်ဘက်မှာ အနည်းဆုံး မဟာမှော်ပညာရှင်တစ်ဦးဖြစ်ပြီး သူ့ထက်လည်း များစွာ ပိုမိုသန်မာ၏။

၎င်းကို စဉ်းစားရင်း မဟာမှော်ပညာရှင်ဂရိုဗန်က ချက်ချင်း နားလည်သွားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုကို ယနေ့ တိုက်ခိုက်ခြင်းမှာ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်း၏ သေချာစီစဉ်ထားသော ထောင်ချောက်ဖြစ်၏။

မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောစုများအတွက် ပင်လယ်ပြာအကာအရံအစီအရင်ရှိရန်မဖြစ်နိုင်သလို ဤသို့ ကြောက်မက်ဖွယ်လက်နက်လည်း ရှိရန် မဖြစ်နိုင်ပေ။

အရေးကြီးဆုံးအရာမှာ ၎င်းတို့ထံ၌ သင်္ဘောစုနောက်လိုက်ပါလာမည့် ဤသို့ ကြောက်မက်ဖွယ် မဟာမှော်ပညာရှင်တစ်ဦးလည်း ရှိနေလိမ့်မည်မဟုတ်ပေ။

မဟာမှော်ပညာရှင် ဂျူနာနှင့် အကြည့်ချင်းဆုံနေရင်း မဟာမှော်ပညာရှင်ဂရိုဗန်မှာ တစ်ဘက်လူ၏ မျက်လုံးများထဲရှိ လူ‌သတ်ငွေ့ကို ခံစားမိလိုက်သည်။ သူ၏ နှလုံးခုန်သံကလည်း တစ်ချက်ချော်သွားကာ ရုတ်တရတ် အသက်ပြင်းပြင်းရှူ၍ မှော်စွမ်းအင်အားလုံးကို နိုးထစေလိုက်ပြီး ဘေးပတ်လည်ကို တုန်ယင်သွားစေသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်က လေအလယ်မှ ပျောက်ကွယ်သွား၏။

အခြား အဆင့်မြင့် မှော်ပညာရှင်များ အားလုံး ထိတ်လန့်သွားမိသည်။

မဟာမှော်ပညာရှင်ဂရိုဗန်မှာ တကယ်ကြီး ပျောက်ကွယ်သွားသည်!

မဟာမှော်ပညာရှင် ဂျူနာထံ၌ ကစားလို‌သည့် အပြုံးရှိနေပြီး သူဟာ မှော်ပညာကိုမသုံးပေ။ လက်ကိုမြှောက်၍သာ သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ထက်ရှိ အသေးစားမှော်ဆက်သွယ်ရေးကိရိယာကို ယူ၍ ပြောလိုက်၏၊ "အဲ့ကောင်က ပြေးချင်နေတာ ငါ့အတွက် တားပေးစမ်းပါ"

သူဟာ အသံကို မနှိမ့်ထားဘဲ ရည်ရွယ်ချက်ရှိရှိပင် မြှင့်ထားလေသည်။

ထိုစကားလုံးများက အနီးဝန်းကျင်ရှိ အဆင့်မြင့်မှော်ပညာရှင်များ၏ နားတွင်းသို့ကျရောက်သွားချိန်တွင် ၎င်းတို့မှာ အံ့ဩသွားကြသည်။

မဟာမှော်ပညာရှင်ဂရိုဗန်က တိုက်ခိုက်ဖို့ အာကာပြင်မှော်ပညာကို သုံးဖို့ စီစဉ်နေတာ မဟုတ်ဘဲ ပြေးဖို့ လုပ်နေတာလား?

၎င်းတို့ရှေ့ရှိ ဆန်းကျယ်၍ အားကောင်းသော မှော်ပညာရှင်ကမူ “သူ့အတွက် တားပေးစမ်းပါ”ဟူသည်က မည်သည်ကို ဆိုလိုသနည်း?

ထိုသံသယက လူတိုင်း၏ စိတ်ထဲပေါ်လာချိန်၌ ပင်လယ်ပြင်ရှိ အစောင့်သင်္ဘောများမှာ ရုတ်တရတ် များပြားလှသော ထူးထူးဆန်းဆန်းအပြာရင့်ရောင် အလင်းလုံးများကို ထုတ်လွှတ်လာသည်။

ထိုအလင်းလုံးများက လေထဲသို့ ပျံတက်လာပြီးနောက် လေထဲ၌ ပျောက်ကွယ်သွားကြ၏။

လေထဲရှိ အာကာပြင်မှာ ရုတ်တရတ် စတင်လှုပ်ယမ်းလာပြီး ထိုအဆင့်မြင့်မှော်ပညာရှင်များမှာ မှော်စွမ်းအင်ကြောင့် အမြှောက်များဖြင့် အပစ်ခံခဲ့ရသော အာကာပြင်၏ အရိုင်းဆန်ဆန် လှုပ်ခါနေခြင်းကို ခံစားမိပြီး ၎င်းမှာ အာကာပြင်တစ်ခုလုံးကို အင်မတန် မငြိမ်မသက်ဖြစ်စေသည်။

မဟာမှော်ပညာရှင်ဂရိုဗန်၏ ပုံရိပ်က ထိတ်လန့်၍ အတန်ငယ် စိတ်ဖိစီးနေဟန်ဖြင့် ထိုအာကာပြင်ထဲမှ ထွက်လာသည်။

မဟာမှော်ပညာရှင် ဂျူနာက သူ့အား ကစားလိုဟန်ဖြင့် ကြည့်လိုက်သည်၊ "ဟဲဟဲ ဒီအာကာပြင်က အာကာပြင်မှော်ဆန်းစစ်ကိရိယာရဲ့ နယ်နိမိတ်အတွင်းမှာ ရှိနေတော့ မင်းလို အမှိုက်ကောင်လေးမပြောနဲ့ ငါတောင် အာကာပြင်မှော်ပညာနဲ့ ဒီနေရာကနေ လွတ်မြောက်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။"

"အာကာပြင်မှော်ဆန်းစစ်ကိရိယာ?" မဟာမှော်ပညာရှင်ဂရိုဗန်က မဟာမှော်ပညာရှင် ဂျူနာကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

သူဟာ သူ့အနေနှင့် သူ့ရှေ့ရှိ မဟာမှော်ပညာရှင်၏ ပြိုင်ဘက်မဟုတ်ကြောင်း ပြောနိုင်သဖြင့် ချက်ချင်းပင် ထွက်ပြေးဖို့ အာကာပြင်မှော်ပညာကို သုံးရန် ဆုံးဖြတ်ခဲ့သည်။

တစ်ဘက်က မဟာမှော်ပညာရှင်ဖြစ်နေလျှင်ပင် ခေါင်းဆောင် မှော်ပညာရှင် မဖြစ်လာသရွေ့ အာကာပြင်မှော်ပညာ၌ သူ့အား သာလွန်ရန် မဖြစ်နိုင်သဖြင့် ထွက်ပြေးလွတ်မြောက်ရန် အခွင့်ရေးကြီးတစ်ခုရှိသည်သာ။

သို့သော် ယခုတွင် တစ်ဘက်က မည်သည့်လှုပ်ရှားမှုမှ မလုပ်ခဲ့ရာ အဘယ့်ကြောင့် သူ၏ဘေးပတ်လည်ရှိ အာကာပြင်က ပြင်းပြင်းထန်ထန်တုန်ရီလျက် သူ့အား ထွက်လာဖို့တွန်းအားပေးနေသလို ခံစားနေခဲ့ရသနည်း?

"ကောင်းပြီ ဒါဘာကြောင့် ဖြစ်တယ်ဆိုတာကို တွေးဖို့ အချိန်မဖြုန်းနဲ့တော့။" မဟာမှော်ပညာရှင် ဂျူနာက သူ့အား ဟာသနှယ်ကြည့်၍ ခေါင်းခါလိုက်ပြီးနောက် မျက်လုံးများက တဖြည်းဖြည်း အေးစက်လာသည်၊ "မင်းနဲ့ မင်းလုပ်ခဲ့တဲ့ အရှုပ်တွေက ငါတို့ ကုမ္ပဏီကို ရွှေဒင်္ဂါးသန်းနှစ်ဆယ်ကျော် ဆုံးရှုံးမှုကြီးကို ခံစားစေခဲ့တယ်။ ဥက္ကဌက အရမ်းဒေါသဖြစ်နေတော့..... မင်းသေလို့ရပြီ"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၀။ အရူးတသိုက်

ကန်‌ဒရာအင်ပါယာ၏ မြို့တော်အနေနှင့် ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာ စိုင်စ်နယ်မြေကြီး၏ အကြီးဆုံးမြို့တော်အဖြစ် အမြဲ အသိအမှတ်ပြုခံခဲ့ရသဖြင့် သဘာဝကျကျပင် အခြားနေရာများထက် သာလွန်သော လူဦးရေကြီးတစ်ခု ရှိသည်။

အကြမ်းဖျင်း စာရင်းများအရ ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ လူဦးရေ သန်းပေါင်း နှစ်သန်းနှင့် သုံးသိန်းကျော်ရှိပြီး ဖြတ်သွားဖြတ်လာဦးရေက သုံးသန်းကျော်ကာ အားလုံးပေါင်းလိုက်သော် အံ့အားသင့်ဖွယ် ငါးသန်းဖြစ်သည်။

ဤသို့ များပြားလှသည့် လူဦးရေနှင့် လမ်ပူရီတိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးကို ယှဉ်ကြည့်လျှင် ထိုတစ်နိုင်ငံလုံး၏ လူဦးရေနှင့် ညီမျှနေလိမ့်မည်။

ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ ထိုမျှ လူများစွာရှိနေသောကြောင့် အမြဲ စည်ကားသိုက်မြိုက်ပုံပေါ်ကာ နေရာအနှံ့လူများဖြင့် ပြည့်နေသည်။ ၎င်းက နယ်မြေကြီး၏ အခြား ငြိမ်သက်၍ အေးချမ်းသော မြို့များနှင့် အင်မတန် ခြားနားနေသည်။

ဝင်မ်ဘယ်လ်ဒန်မြို့တော်အတွက် အစည်ကားဆုံးနေရာမှာ သဘာဝကျကျပင် မြို့တော်ဗဟိုတည့်တည့်ရှိ ကန်ဒရာတော်ဝင်ရင်ပြင်ဖြစ်၏။

ထိုနေရာ၌ ဈေးဆိုင်များ၊ နာမည်ကြီး စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများရှိ၏။ ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ မျိုးရိုးမြင့် အကြီးအငယ်များကို အပြင်ထွက်ကာ ဆော့ကစားရန် ဆွဲဆောင်နေခြင်းအပြင် ထိုနေရာသို့ သင့်တင့်သော ဘဏ္ဍာငွေရှိသူ ပြည်သူများစွာကလည်း လာကြကာ သီးသန့်ဆန်သော မျိုးရိုးမြင့်အချို့နှင့် ဆုံနိုင်ဖို့ မျှော်လင့်နေကြပေသည်။

ဟုတ်ပါ၏၊ လူဦးရေနှင့် ပြောမယ်ဆိုရင်လျှင် ကန်ဒရာတော်ဝင်ရင်ပြင်က အများဆုံးပင်။

ဤရင်ပြင်သည် ကန်‌ဒရာ အင်ပါယာကို စတင်တည်ထောင်ကတည်းက ဤနေရာတွင်ရှိခဲ့သည်။ ၎င်းကို အကြိမ်များစွာ ပြန်လည်တည်ဆောက်ခဲ့ပြီး ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ အစိတ်အပိုင်းအများအပြားကို တည်ထောင်ခဲ့စဉ်ကကဲ့သို့ ဧရာမဧရိယာတွင် ရှိနေဆဲဖြစ်သည်။

နောက်ဆုံး ပြန်လည်တည်ဆောက်မှုမှာ ပြီးခဲ့သည့် ဆောင်းဦးပေါက် လမ်ပူရီတိုင်းပြည်၏ အမ်ရစ်ကုန်သည်ကြီးများအသင်းကို လုံးဝပြန်လည်တည်ဆောက်ရန် ဖိတ်ကြားခဲ့စဉ်က ဖြစ်သည်။

ဆောက်လုပ်ပြီး တစ်နှစ်ခွဲကြာပြီးနောက်၊ ရင်ပြင်တစ်ခုလုံးကို စကျင်ကျောက်ချောဖြင့် ပြန်လည်တည်ဆောက်ထားပြီး ပန်းမျိုးစုံနှင့် အပင်မျိုးစုံကို ခင်းကျင်းထားသောကြောင့် ပိုမိုလှပလာစေသည်။ လူများ တစ်ခါမှ မကြားဖူးသည် အရာများစွာရှိခဲ့ပြီး ၎င်းဟာ နတ်သူငယ်တွေ၏ လက်ဆောင်ဟုဆိုကြပါ၏။

ရင်ပြင်တစ်ခုလုံးတွင် အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ ရင်ပြင်တစ်ဝိုက်တွင်ရှိသော မှော်မီးအိမ်များဖြစ်သည်ကို သံသယရှိစရာပင် မလိုပေ။

ညရောက်သောအခါ၊ မှော်မီးအိမ်များသည် တောက်ပလွန်းမနေဘဲ လင်းလက်နေပြီး ရင်ပြင်ကို နေ့အချိန်ကဲ့သို့ လင်းထိန်နေစေသည် ။

Frestech ကုန်သည်ကြီးများအသင်းမှ ဒီဇိုင်းထုတ်ထားသော ဤ မှော်မီးအိမ်များကို လူတိုင်းက ကြိုဆိုခဲ့ကြသည်။

ဒီဇိုင်းပြောင်းလဲမှုများမှလွဲ၍ အစပိုင်းတွင် သိသာထင်ရှားခြင်းမရှိသော ပြောင်းလဲမှုအနည်းငယ်ရှိခဲ့သည်။ သို့သော် ၎င်းက ရင်ပြင်ကို ရောက်လာသည့် လူတွေအတွက် အကြိုက်ဆုံးအရာဖြစ်လာ၏။ ၎င်းသည် New Moon ကုန်သည်ကြီးများအသင်းမှ အခမဲ့တပ်ဆင်ပေးခဲ့သော မှော်ပုံရိပ်ယောင် ပရိုဂျက်တာကြီး ဖြစ်သည်။

New Moon ကုန်သည်ကြီးများအသင်းသည် စက်ပစ္စည်းများကို ထောက်ပံ့ပေးရုံသာမက ဖျော်ဖြေရေးအစီအစဉ်များစွာကိုလည်း ပံ့ပိုးပေးခဲ့သည်။

၎င်းတို့အနက်မှ လမ်ပူရီတိုင်းပြည်နှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် အလွန်ရေပန်းစားခဲ့သည့် ဒရာမာများကို ဝင်မ်ဘယ်လ်ဒန်မြို့တော်မှလူ များကလည်း လျင်မြန်စွာကြိုဆိုခဲ့ကြသည်။

ရက်အနည်းငယ်အတွင်းမှာပင် ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာရှိသည့် မရေမတွက်နိုင်သောလူတွေဟာ အလေ့အထတစ်ခုရလာခဲ့ပါ၏။ အမှောင်ကျသွားသည်နှင့် New Moon ကုန်သည်ကြီးများအသင်း၏ပြဇာတ် စတင်မည့်အချိန်ကို စောင့်မျှော်ရင်း ဤရင်ပြင်ကို လာကြမည်ဖြစ်သည်။

ဒီညလည်း အတူတူပါပင်။ မမှောင်ခင်တွင် ဤရင်ပြင်ကြီး၌ လူတွေနှင့် ပြည့်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မှော်ပုံ‌ရိပ်ယောင် ပရိုဂျက်တာကြီး၏ ရှေ့တွင် လူပေါင်း နှစ်သောင်းကျော်လောက် မတ်တပ်ရပ်နေသည်ကို ခန့်မှန်းနိုင်သည်။

လူတိုင်းသည် မျှော်လင့်ထားသည့်ဟန်ပန်ဖြင့် မှော်ပုံ‌ရိပ်ယောင် ပရိုဂျက်တာကြီး၏အထက်ရှိ နေရာကို စိုက်ကြည့်နေကြသည်။

အထက်မှ မှော်နာရီကြီးမြင့်တက်လာသော ညအချိန်သို့ ရောက်သောအခါ၊ မှော်ပုံ‌ရိပ်ယောင် ပရိုဂျက်တာကြီးသည် ရုတ်တရက် အပြာနုရောင် တောက်ပလာသည်။ ထို့နောက် “အပတ်စဉ်သတင်းအစီရင်ခံချက်” ဟူသော စကားလုံးအဖြစ်သို့ မပြောင်းမီ New Moon ကုန်သည်များအသင်း၏ သင်္ကေတ ပေါ်လာသည်။

၎င်းကိုမြင်တော့ ရင်ပြင်ကလူတွေအားလုံး အံ့အားသင့်သွားကြသော်လည်း တစ်ခုခုတော့ သိလိုက်ရ၏။

မှန်ပါသည်၊ ၎င်းသည် တနင်္ဂနွေဖြစ်ပြီး New Moonကုန်သည်များအသင်းမှ «အပတ်စဉ်သတင်းအစီရင်ခံချက်» ထုတ်လွှင့်သည့် သီတင်းပတ်၏ တစ်ရက်ဖြစ်သည်။

ပထမအကြိမ် ထုတ်လွှင့်ချိန်တုန်းက ဤ «အပတ်စဉ် သတင်းအစီရင်ခံချက်» နှင့်ပတ်သက်၍ လူများက မပျော်ရွှင်ကြဘဲ ၎င်းတို့၏ ဒရာမာကြည့်ရှုချိန်ကို ဖြတ်သွားသည်ဟု ခံစားရသည်။ သို့ပေမယ့် «အပတ်စဉ် သတင်းအစီရင်ခံချက်» ကိုများများထုတ်လွှင့်လေ၊ အစီအစဉ်ကို လူအများနှစ်သက်လေလေပါပင်။

နောက်ဆုံးတွင် «အပတ်စဉ်သတင်းအစီရင်ခံချက်» သည် နယ်မြေကြီး၏အရေးကြီးအရာအားလုံးကို ပြောပြနေသည်ပင်၊ ထို့ကြောင့် ဤသာမန်လူတွေနှင့် ဘာမှမဆိုင်ဘူးပါလျှင်တောင် အတင်းအဖျင်းပြောလိုတာကို ကျေနပ်သည့်အတွက်စိတ်ဝင်စားနေကြတုန်းပါပင်။

ဤသီတင်းပတ်၏ “အပတ်စဉ်သတင်းအစီရင်ခံချက်” သည် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကနှင့် အတူတူပင်ဖြစ်သည်။ ပထမဆုံး ထွက်ပေါ်လာသည်ကတော့ ကန်‌ဒရာ အင်ပါယာနှင့် ပတ်သက်သည့် သတင်းတွေပါပင်။

၎င်းတို့ထဲရှိတစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ တဂ်နာခရိုင်ရှိ လာရူလ်မြို့၌ ပြုလုပ်ခဲ့သော လုပ်ရပ်များအကြောင်းဖြစ်သည်။

ယင်းမတိုင်မီက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကောလာဟလများသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် တစ်ဦးတည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ကန်‌ဒရာအင်ပါယာ၏ သဘောတူညီချက်ကို မရရှိခဲ့သောကြောင့် ယင်းကို ကျူးကျော်မှုဟု ယူဆနိုင်သည်။

ကန်‌ဒရာအင်ပါယာ၏လွှတ်တော်က ၎င်းသည် ကန်‌ဒရာ အင်ပါယာမှ အတည်ပြုထားသော ပူးတွဲစစ်ဆင်ရေးဖြစ်ပြီးကြောင်း ကျူးကျော်မှုမဟုတ်ကြေညာခဲ့လျှင်ပင် ၎င်းကို သံသယရှိသူများစွာရှိပါသေးသည်။

ဤစစ်ဆင်ရေးအတွက် သက်သေများစွာရှိ၍ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် လုပ်ဆောင်နေသည့် ကန်‌ဒရာအင်ပါယာမှ အရာရှိများကို မတွေ့ခဲ့ရသောကြောင့် သဘာဝအားဖြင့် သံသယများစွာရှိခဲ့သည်။

သို့သော်လည်း ဤ «အပတ်စဉ် သတင်းအစီရင်ခံချက်» တွင် ယခုကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အစီရင်ခံစာတစ်ခု ရှိခဲ့သည်။ ကန်‌ဒရာ အင်ပါယာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့သည် ကန်‌ဒရာအင်ပါယာရှိ ဓားပြများကို တိုက်ခိုက်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြောင်း အလေးပေးထားရုံသာမက ကန်‌ဒရာအင်ပါယာကို ပိုမိုဘေးကင်းစေရန်နှင့် ကုမ္ပဏီကြီးများ၏ ကုန်သည်စုများ၏ ဘေးကင်းမှုကို အာမခံရန်အတွက်၊ ၎င်းတို့သည် ခိုင်မာသော အချက်အလက်အချို့ကိုပင် ပေးစွမ်းခဲ့သည်။

ဤပုံတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်မှူးသည် ၎င်း၏တပ်များကို ဝင်မ်ဘယ်လ်ဒန်မြို့တော်သို့ ကိုယ်တိုင်ပို့ဆောင်ကာ ကန်‌ဒရာအင်ပါယာစစ်တပ်၏ စစ်ဗိုလ်ချုပ်များစွာနှင့် တွေ့ဆုံနေသည်ကို ပြသထားသည်။ ၎င်းတို့က တစ်ယောက်နှင့်တစ်ယောက် အရမ်းဖော်ရွေပြီး ပတ်ဝန်းကျင်က အရမ်းကောင်းကာ တစ်ယောက်နဲ့တစ်ယောက် ရန်လိုနေကြပုံလည်းမပေါ်ပေ။

“ကန်‌ဒရာ အင်ပါယာစစ်တပ်ရဲ့ အမြင့်ဆုံး ဗိုလ်ချုပ်ကြီး ကမ်ဘယ် ဆူမန် က ဒီပူးတွဲစစ်ဆင်ရေးကတဆင့်၊ ကန်‌ဒရာ အင်ပါယာစစ်တပ်ဟာ စစ်တပ်သုံးမှော်စက်တွေပါဝင်နိုင်တဲ့ အရေးကြီးသော စွမ်းအားနဲ့ အခန်းကဏ္ဍကို သဘောပေါက်ထားပြီး ဒါသည် စစ်တပ်အဆင့်မြင့်အဖွဲ့ဝင်များရဲ့ အမြင်တွေကို ကျယ်ပြန့်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အနာဂတ်မှာ စစ်တပ်က သူတို့ လက်နက်အားလုံးကို စစ်ဘက်ဆိုင်ရာမှော်စက်တွေအဖြစ် ပြောင်းလဲပြီး ဤတိုက်ပွဲနည်းလမ်းသစ်မှာ ရင်းနှီးမြှုပ်နှံသွားမှာပါ။ ကန်‌ဒရာ အင်ပါယာစစ်တပ်အနေနဲ့ Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေနဲ့ နှစ်ဖက်စလုံးအကြား အပြန်အလှန်ဖလှယ်မှုအပြင် ဆွေးနွေးမှုတွေကို မြှင့်တင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗိုလ်ချုပ်ကြီး ဆူမန် က ပြောကြားခဲ့ပါတယ်။"

«အပတ်စဉ်သတင်းအစီရင်ခံချက်» ၏ တင်ဆက်သူသည် ဤကိစ္စကိုအကျဉ်းချုပ်ရန် စကားလုံးအနည်းငယ်ကို အသုံးပြုခဲ့သည်။

ထိုသတင်းကိုကြားပြီး ရင်ပြင်ရှိ နားထောင်နေသည့် လူများ၏ စိတ်ထဲတွင် သံသယများ ပျောက်သွားခဲ့သည်။

ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သက်သေပြရန် ကြီးကျယ်ခမ်းနားသော စစ်ဗိုလ်ချုပ်ကြီးပင် ထွက်လာခဲ့ရာ၊ ၎င်းသည် မှားယွင်းနေသေးမည်တဲ့လား။

ကန်‌ဒရာ အင်ပါယာ၏ သတင်းကိုထုတ်လွှင့်ပြီးနောက်၊ "အပတ်စဉ်သတင်းအစီရင်ခံစာ" သည်နိုင်ငံခြားသတင်းများကိုထုတ်လွှင့်ခဲ့သည်။

ပထမဆုံးသတင်းမှာ လူတိုင်း၏ အာရုံကို ချက်ချင်းဖမ်းစားသွား၏။

"လွန်ခဲ့သည့်နှစ်ရက်က၊ အကြီးစားသယ်ယူပို့ဆောင်ရေး မှော်သင်္ဘောနှစ်စင်းနှင့် မှော်အစောင့်သင်္ဘောရှစ်စင်းတို့က Frestech ကုန်သည်ကြီးများအသင်းရဲ့ ပဉ္စမမြောက်သယ်ယူပို့ဆောင်ရေးသင်္ဘောစုတွေအဖြစ် ဝင်းနက်စ်နယ်မြေကနေ စတက်တိန်းနယ်မြေကိုပြန်လာတဲ့အချိန်မှာ ချုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်။ ပဉ္စမမြောက် သယ်ယူပို့ဆောင်ရေးသင်္ဘောစုကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ပင်လယ်ဓားပြတွေက Frestech ကုန်သည်ကြီးများအသင်းရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောတွေကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တဲ့ ပင်လယ်ဓားပြတွေဖြစ်ကြောင်း အစီရင်ခံစာများက ဖော်ပြထားပါတယ်။"

အလင်းတစ်ချက်ဖြင့် ပုံရိပ်သည် အဆုံးမဲ့ပင်လယ်များဆီသို့ ပြောင်းသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော် အားလုံးက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်အထက်တွင် မရေမတွက်နိုင်သော အလင်းလုံးများ ပျံဝဲနေသောကြောင့်ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် မှော်ပညာရှင်များစွာ တိုက်ခိုက်နေကြသည်မှာ သိသာထင်ရှားပါ၏။

" Frestech ကုန်သည်ကြီးများအသင်းရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ ပင်လယ်ဓားပြတွေထဲမှာ အဆင့်မြင့်မှော်ပညာရှင်နှစ်ဆယ်နှင့် မဟာမှော်ပညာရှင်တစ်ဦးတို့ပါဝင်ပါတယ်......"

အသံရပ်သွားသည်နှင့် ပုံရိပ်သည် ပိုမိုနီးကပ်လာပြီး လေထဲတွင် စိမ့်ဝင်နေသော အနက်ရောင် ဝဲဂယ်ကို ဦးတည်ပြလိုက်သည်။

လူတိုင်း အံ့ဩသွားကြ၏။

ပင်လယ်ဓားပြအဖွဲ့တွင် အဆင့်မြင့် မှော်ပညာရှင် အယောက်နှစ်ဆယ်ကျော်ရှိတယ်တဲလား။ မဟာ မှော်ပညာရှင်တဲ့လား? ဒါက ဘယ်လိုဟာသမျိုးလဲ။

သို့သော်၊ ရုပ်ပုံရှိ ကြောက်မက်ဖွယ်ကောင်းသော စာလုံးများသည် ဤအစီရင်ခံစာအားလုံး အမှန်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

" Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစုဟာ ပင်လယ်ပြင်မှာ ပင်လယ်ဓားပြများတွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်မှုရရှိခဲ့သလို မဟာမှော်ပညာရှင်နဲ့ အဆင့်မြင့်မှော်ပညာရှင် ဆယ်ယောက်ကျော်ကိုအတူ သုတ်သင်ခဲ့ပါတယ်။ ဒါ့အပြင် Frestech ကုန်သည်ကြီးများအသင်းက အဆင့်မြင့် မှော်ပညာရှင်သုံးဦးနဲ့ ပင်လယ်ဓားပြ ဒါဇင်များစွာကိုလည်း ဖမ်းမိခဲ့ပါတယ်။"

“အဆင့်မြင့်မှော်ပညာရှင်သုံးယောက်နဲ့ ဒါဇင်များစွာသော ပင်လယ်ဓားပြတွေရဲ့ သက်သေတွေအရ၊ ဒီထူးဆန်းတဲ့ပင်လယ်ဓားပြအုပ်စုဟာ မန်နာမှော်တိုင်းပြည်ကနေဆင်းသက်လာပြီး ဂရိုဗန် လို့ခေါ်တဲ့ အသတ်ခံလိုက်ရပြီဖြစ်တဲ့ မဟာမှော်ပညာရှင်ကလည်း မန်နာမှော်တိုင်းပြည်မှာ စာရင်းသွင်းထားတဲ့ မဟာမှော်ပညာရှင်များထဲမှ တစ်ဉီးဖြစ်ပါတယ်။"

၎င်းကိုကြားသော် လူတိုင်းက လုံးဝကို ထိတ်လန့်တုန်လှုပ်နေသည့် အသွင်အပြင်ကို မနေနိုင်အောင် ထုတ်ပြလာကြသည်။။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောများကို တိုက်ခိုက်ရန်အထိ သေခြင်းတရားကို နားမလည်သော ပင်လယ်ဓားပြအချို့ရှိသည်ကပင် အံ့ဩလောက်အောင် ဖြစ်နေပြီဖြစ်ရာ၊ ဤအဖွဲ့တွင် ဤအစွမ်းထက်သော မှော်ပညာရှင်များ ရှိသည်ဆိုသောအချက်မှာ သာမန်အသိပညာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

အံ့သြစရာအကောင်းဆုံးမှာ Frestech ကုန်သည်ကြီးများအသင်းက အနိုင်ရပြီး မဟာမှော်ပညာရှင်ကိုတောင် သတ်ပစ်ခဲ့တာပါပင်။

ဘုရားရေ! အဲဒါက မဟာမှော်ပညာရှင်လေ!

ထို့နောက် «အပတ်စဉ်သတင်းအစီရင်ခံချက်» သည် ၎င်းတို့၏သံသယအားလုံးကို လုံးလုံးလျားလျားဖယ်ရှားပစ်သည့် မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။

၎င်းသည် ရန်သူများနှင့် Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးသင်္ဘောစုတို့၏ တိုက်ပွဲကို ပြသခဲ့သည်။ နှစ်ဖက်စလုံးက မသေမချာဖြစ်နေပြီး နှစ်ဘက်လုံး တိုက်ခိုက်လိုက် ကာကွယ်လိုက်လုပ်နေချိန်တွင် အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောမှာ ရုတ်တရတ် ထူးဆန်းစွာ တောက်ပနေသော အလင်းတစ်ခုကို ထုတ်လွှတ်၍ လေထဲမှတဆင့် အလင်းတန်းထူကြီးကို ပစ်လွှတ်လိုက်ရာ ပင်လယ်ဓားပြများ၏ သင်္ဘောတစ်စီးအား အလင်းတန်းတို့ဖြင့် ထိမှန်လွှမ်းခြုံသွား၏။

ထို ဧရာမအလင်းတန်းကြီးက လူများကြည့်ရ မူးနောက်နေလောက်သည့် လောကကိုဖြတ်သန်းသွားသည်ကိုမြင်သော် လူတိုင်း ဘာပြောရမှန်းမသိတော့ပေ။

ထိုသို့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုမျိုးကြောင့် မဟာ‌မှော်ပညာရှင်တစ်ဦးပင် သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ....

"Frestech ကုန်သည်ကြီးများအသင်းရဲ့ စီအီးအို ခမ်နက်ဒ် က အဆင့်မြင့်မှော်ပညာရှင် အယောက်နှစ်ဆယ်နဲ့ ဂရိုဗန် အမည်ရ မဟုမှော်ပညာရှင်တို့က

မန်နာမှော်တိုင်းပြည်ကနေ လာတယ်ဆိုကတည်းက Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီကိစ္စကို မန်နာမှော်တိုင်းပြည်ဆီ တင်ပြပြီး စုံစမ်းဖို့ အခွင့်အရေးကို ကိုင်ဆောင်ထားပါမယ်လို့ ဖော်ပြခဲ့ပါတယ်။"

၎င်းကို ကြားသော် လူတိုင်းတစ်ဖန် အံ့ဩသွားကြပြန်သည်။

မန်နာမှော်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာတို့ မားလိုအင်ပါယာတို့လို အင်အားကြီးအင်ပါယာတစ်ခု မဟုတ်ပါသော်လည်း ၎င်းမှာ မှော်ပညာရှင်အများဆုံး နိုင်ငံဖြစ်သောကြောင့် နယ်မြေကြီးတွင် အင်မတန်ထူးခြားသော နေရာဖြစ်သည်။

ဤနိုင်ငံ၌ အဘယ့်ကြောင့် မှော်ပညာရှင်အများဆုံး ရှိနေသည်ကတော့...

မန်နာမှော်တိုင်းပြည်မှာ မှော်ပညာရှင်များအဖွဲ့အစည်းက တိတ်တဆိတ်ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မှော်ပညာရှင်များအဖွဲ့အစည်း၏ ထောက်ပံ့မှုကြောင့် မန်နာမှော်တိုင်းပြည်၌ ထိုမျှ ကြောက်မက်ဖွယ် မှော်ပညာရှင်များ ရှိနေရခြင်းပင်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်ကို ဒုက္ခပေးချင်နေရာ ၎င်းက မှော်ပညာရှင်များအဖွဲ့အစည်းကို စိန်ခေါ်ခြင်းပင်။

၎င်းကိုပြုလုပ်ခြင်းက ရူးသွပ်နေခြင်းဖြစ်သည်မှာ သံသယပင်မလိုပေ။

သို့သော် လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းမှာ ယခင်ကလည်း မှော်ပညာရှင်များအဖွဲ့အစည်းကို မည်သို့ ဂရုမစိုက်ကြောင်း စဉ်းစားမိသောအခါ ၎င်းက မထူးဆန်းဟု ခံစားမိ၏။

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှာ အရူးဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၌ အရူးများဖြင့်ပြည့်နေသည်ပင်။

All Chapters