← Chapters

အခန်း (၁၆၁-၁၇၀)

Vol. 6 Ch. 161-170

အခန်း (၁၆၁-၁၇၀)

Vol. 6 Ch. 161-170

Vol 6, အခန်း ၁၆၁။ လူထုအမြင်ကို ထိန်းချုပ်ခြင်း

“ဒေါက် ဒေါက်‌ ဒေါက်"

ထိုစည်းချက်ကျကျတံ‌ခါးခေါက်သံ ဖွဖွမှာ ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်၌ ထွက်ပေါ်လာသည်။

ဧကရာဇ်အယ်လ်ဖွန်းဆေး ကန်ဒရာမှာ သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ချ၍ သက်ပြင်းချလိုက်၏။

"ဝင်လာခဲ့"

တံခါးမှာ အသာပွင့်သွားပြီး သာမန်ဆန်သည့် သက်လတ်ပိုင်းလူတစ်ဦး ဝင်လာသည်။

ဧကရာဇ်ကန်ဒရာက သူ့ ဦးညွှတ်အရိုအသေပေးနေသည်ကို ကြည့်ပြီးနောက် သာမန်ကာလျှံကာမေးလိုက်သည်၊ "ရလာဒ်တွေက ဘယ်လိုနေလဲ?"

သက်လတ်ပိုင်းလူမှာ ဧကရာဇ်ရှေ့ရှိ စားပွဲကိုသာ မော့ကြည့်လိုက်ပြီး ဧကရာဇ်ကို မကြည့်ဝံ့ဘဲ ရိုသေလေးစားသည့်အသံဖြင့်ပြောလိုက်သည်၊ "အရှင်မင်းကြီး «အပတ်စဉ်သတင်းအစီအရင်ခံချက်»ကို ထုတ်လွှင့်ပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ ဒီထုတ်လွှင့်မှုကို ကြည့်ပြီးသား လူအယောက်နှစ်ဆယ်နဲ့ စမ်းသပ်ခဲ့ပါတယ်။ သူတို့အားလုံးက «အပတ်စဉ်သတင်းအစီအရင်ခံချက်»က သတင်းတွေကို အရမ်းယုံကြည်ပြီး အရင်ကလို Frestech ကုန်သည်ကြီးများအသင်း တစ်ဦးတည်း လုပ်ခဲ့တာ မဟုတ်ဘူးလို့ ယုံကြည်နေကြပြီလို့ ပြောပါတယ်။"

"အိုး? ဒါဆို ဒီအဓိပ္ပာယ်က... ဒီ «အပတ်စဉ်သတင်းအစီအရင်ခံချက်»က တကယ်ပဲ အတော် အားကောင်းတာပေါ့။ သူတို့က ငါတို့ ကြေငြာခဲ့တဲ့ တရားဝင် စာရွက်စာတမ်းတွေကို ယုံကြည်ဖို့တောင် ဆန္ဒမရှိခဲ့ဘဲ အခုကျတော့ ဘာအခွင့်အာဏာမှတောင်မရထားတဲ့ «အပတ်စဉ်သတင်းအစီအရင်ခံချက်»က သူတို့ကို ဒီလောက်လွယ်လွယ်ယုံကြည်စေတယ်လား?" ဧကရာဇ်ကန်ဒရာမှာ အသံထဲ၌ လှောင်ပြောင်ရိပ်ဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး ကျွန်တော့်အထင် ဒီအတွက် အဓိကအကြောင်းအရင်းက ဒီသတင်းအကြောင်းမပြောခင်မှာ «အပတ်စဉ်သတင်းအစီအရင်ခံချက်»အနေနဲ့ ဒီသတင်းနဲ့ သက်ဆိုင်တဲ့ ပုံတစ်ချို့ကို ပြသခဲ့တာကြောင့်လို့ထင်မိတယ်။ ကျွန်တော်တို့ရဲ့ စုံစမ်းမှုတွေအရဆိုရင် လူပေါင်းများစွာက ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန်ရဲ့ ပုံကိုမြင်တာကြောင့် ယုံဖို့ ရွေးချယ်ခဲ့ကြတာပဲ။" သက်လတ်ပိုင်းလူက ရှင်းပြသည်။

"သူတို့ ဘာကြောင့် ယုံကြည်ဖို့ရွေးချယ်ခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး။" ဧကရာဇ်ကန်ဒရာက လက်ယမ်းလိုက်သည်၊ "အရေးကြီးဆုံးအရာက သူတို့ ယုံဖို့ ရွေးချယ်ခဲ့တယ်ဆိုတာပဲ။"

ပြောရင်းဖြင့် ဧကရာဇ်ကန်ဒရာမှာ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် အလေးအနက်ဆက်ပြောလာသည်၊ "ငါ့ကိုယ်တော်ကို ပြောစမ်းပါ... ဒီ«အပတ်စဉ်သတင်းအစီအရင်ခံချက်»ကသာ ငါကိုယ်တော်ရဲ့ အင်ပါယာ ဒါမှမဟုတ် ငါကိုယ်တော်ကို အကျိုးမဖြစ်ထွန်းစေမယ့် အရာတစ်ခုခု တင်ပြခဲ့ရင်ရော ဒီလူတွေက ယုံကြည်ဖို့ ရွေးချယ်မယ်ထင်လား?"

သက်လတ်ပိုင်းလူမှာ အံ့ဩသွားပြီးနောက် အလေးအနက်ဟန်ဖြင့် ပြောပါ၏၊ "အရှင်မင်းကြီး စိတ်ချပါ! New Moon ကုန်သည်ကြီးများအသင်းက နေ့စဉ် ထုတ်လွှင့်သမျှ ပရိုဂရမ်တိုင်းကို ဒီနိမ့်ကျတဲ့လူက ကြိုတင် ရှင်းပြထားမှာမို့ အရှင်မင်းကြီးကိုဖြစ်စေ အင်ပါယာကို ဖြစ်စေ ထိခိုက်နစ်‌နာစေမယ့် အရာတစ်ခုခုပြသလာမှာ မဟုတ်ပါဘူး!"

"ဒီမှာ ပြသမလားဆိုတာကို မင်း အာမခံနိုင်ပေမယ့် ဒီမှော်ပုံရိပ်ယောင်ပရိုဂျက်တာကို အင်ပါယာရဲ့ တခြားအပိုင်းတွေမှာ ထည့်သွင်းလိုက်ရင် တခြားနေရာ‌တွေမှာရော ပြဿနာမရှိဘူးဆိုတာ မင်း အာမခံနိုင်လား?" ဧကရာဇ်ကန်ဒရာက သူ့အား ကျီစယ်လိုဟန်ဖြင့် ကြည့်လိုက်သည်။

"ဒါက...." သက်လတ်ပိုင်းလူမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အသာခေါင်းယမ်းပါ၏၊ "ဒီသိမ်နုပ်တဲ့လူက ဒါကိုတော့ အာမ မခံဝံ့ပါဘူး၊ ဒါပေမယ့် အရှင်မင်းကြီးအနေနဲ့ ဒီမှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေကို ထည့်သွင်းခွင့်မပြုအောင် အမိန့်ပေးလို့ရသလို ဒီပြဿနာကို ဖြေရှင်းဖို့ New Moon ကုန်သည်ကြီးများအသင်းကို မောင်းထုတ်လို့လည်းရပါတယ်။"

"မဟုတ်ပါဘူး ဒီအ‌တွေးတွေက အမြင်ကျဉ်းနေတာပဲလေ။" ဧကရာဇ်ကန်ဒရာက ခေါင်းခါလိုက်၏၊ "ငါကိုယ်တော် Frestech ကုန်သည်ကြီးများအသင်းဆီကနေ သင်ခန်းစာ တစ်ခုရခဲ့တယ်။ ငါကိုယ်တော်တို့အနေနဲ့ နယ်မြေကြီးမှာ အကြီးမားဆုံးအင်ပါယာဖြစ်နေကတည်းက ပြောင်းလဲမှုတွေကို လက်ခံဖို့ ငြင်းဆန်သင့်တယ်လို့ မတွေးရဘူး။ ငါကိုယ်တော်တို့ရဲ့ တုံ့ပြန်မှုက ပိုပြီး အကောင်းမြင် တက်ကြွနေသင့်တယ်၊ မဟုတ်ရင် ငါကိုယ်တော်တို့ဟာ ရှုယီအရင်ကပြောသလို ခေတ်ကနေ သုတ်သင်ခံလိုက်ရလိမ့်မယ်။"

သက်လတ်ပိုင်းလူမှာ ဧကရာဇ်ကန်ဒရာကို အံ့အားသင့်နေဟန်ဖြင့် မနေနိုင်အောင် ကြည့်လိုက်မိပြီးနောက်မှ အမြန် ခေါင်းကိုငုံ့လိုက်သည်။

သူဟာ အဘယ့်ကြောင့် ဧကရာဇ်က... ကိုယ်ပိုင်အကျိုးအမြတ်ရသကဲ့သို့ ယိမ်းယိုင်နေဟန်ပေါ်နေရသနည်းဟု ရှုပ်ထွေးသွားမိသည်။

Frestech ကုန်သည်ကြီးများအသင်းက ဧကရာဇ်ကို တကယ်ပဲ နည်းနည်းလောက် စိတ်လှုပ်ရှားစေခဲ့တာများလား?

Frestech ကုန်သည်ကြီးများအသင်းအပေါ် «အပတ်စဉ်သတင်းအစီအရင်ခံချက်»ရှိ သတင်းများကို တွေးမိသောအခါ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်းသင်္ဘောစုက ပင်လယ်ပြင်၌ အဆင့်မြင့် မှော်ပညာရှင် အယောက်နှစ်ဆယ်နှင့် မဟာမှော်ပညာရှင်တစ်ဦးကို မည်သို့ အနိုင်ယူတိုက်ခိုက်ခဲ့သည်ကို တွေးမိသောအခါ သက်လတ်ပိုင်းလူမှာ ရုတ်တရတ် ဧကရာဇ်၏ အတွေးများကို အနည်းငယ် နားလည်သွားသည်။

"မာဒိုချ် မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေက အင်ပါယာရဲ့ လူထုရပ်တည်ချက်ကို ထိန်းချုပ်ဖို့အတွက် တာဝန်ရှိပြီး အခု ဒီအရာက လူထုရပ်တည်ချက်ကို ထိန်းချုပ်ဖို့ အားကောင်းတဲ့စွမ်းရည်ရှိနေတော့ ငါကိုယ်တော်အနေနဲ့ တတ်နိုင်သမျှမြန်မြန် မင်းတို့ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ လေ့လာစေချင်တယ်။ မင်းတို့သာ ဒါကို အသုံးပြုနိုင်ရင် ငါကိုယ်တော်အနေနဲ့... ဒါက အနာဂတ်မှာ အားစိုက်ထုတ်မှုကို အတော်လေး သက်သာစေမယ့်လို့ ခံစားမိတယ်။"

မာဒိုချ်အမည်ရ သက်လတ်ပိုင်းလူမှာ တိတ်ဆိတ်စွာ ခဏတွေးနေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

"နားလည်ပါပြီ"

"ကောင်းတယ်၊ ဒါဆို သွားလို့ရပြီ။ မှတ်ထား၊ မင်းအနေနဲ့ ဘယ်နည်းလမ်းကို သုံးသုံး ဒါဟာ အင်ပါယာရဲ့နယ်မြေအားလုံးကို လွှမ်းခြုံဖို့ဖြစ်ပြီး မင်းအနေနဲ့ ဒါကို ထိန်းချုပ်နိုင်နေတာကို လိုချင်တယ်။"

"ဟုတ်ကဲ့ပါ!"

မာဒိုချ်က ပြန်ဖြေလိုက်ပြီးနောက် လှည့်ထွက်သွား၏။

မာဒိုချ်က တံခါးအပြင် ထွက်သွားသည်ကိုကြည့်နေရင်း ဧကရာဇ်ကန်ဒရာမှာ အတန်ငယ်တုံ့ဆိုင်းနေသည်။

သူဟာ ယခင်က New Moon ကုန်သည်ကြီးများအသင်းအား ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ထည့်သွင်းဖို့ ခွင့်ပြုခဲ့စဉ်က ပထမအချက်မှာ စူးစမ်းလိုသောကြောင့်ဖြစ်ပြီး ဒုတိယမှာ New Moon ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ စတေးလ်နှင့် Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌ ရှုတို့အကြား ဆက်ဆံရေးကို တွေးတောလျက် ရှုယီကို မျက်နှာသာ ပေးလိုသောကြောင့်ပင်။

အချိန်တချို့ကြာပြီးနောက် ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာမှာ သူ့ဟာနှင့်သူ ဘာမှ မဟုတ်ပါလျှင်ပင် ၎င်းက ထုတ်လွှင့်သည့် ရှိုးများထံ၌ လူများ မျှော်လင့်မထားသော လွှမ်းမိုးမှုရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။

ကန်ဒရာအင်ပါယာ၏ ဧကရာဇ်အနေဖြင့် ငယ်စဉ်ကတည်းက တင်းတင်းကြပ်ကြပ်သင်ပြခံထားရသော အယ်လ်ဖွန်းဆေး ကန်ဒရာ မှာ ဤအရာ၌ရှိသည့် ကြောက်မက်ဖွယ် လွှမ်းမိုးမှုက လူများ၏ နှလုံးသားထက်၌ ရှိနေသည်ကို သိပေသည်။

သို့သော် ၎င်းကို တားမြစ်လျှင် အင်မတန်ရိုးရှင်းသည်ကို သိသော်လည်း ထိုသို့ပြုလုပ်သည်က မည်သည့်အဓိပ္ပာယ်မှ မရှိပေ။

ထိုသို့သော ဆွဲဆောင်မှုရှိသည့်အရာကို တီထွင်လိုက်ကတည်းက ၎င်းမှာ ကျော်ကြားလာပြီး လုံးဝ တားမြစ်ဖို့ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူဟာ ထိုအရာကို လုံးဝ ထိန်းချုပ်နိုင်ပြီးနောက် အင်ပါယာ၏ မသိနားမလည်သူများကို လွှမ်းမိုးရန် ထိုအရာကို အသုံးပြုဖို့ အာမခံရမည်။

သူသာ ၎င်းကို ကောင်းကောင်း အသုံးပြုခဲ့လျှင် ၎င်းသာမန်ဟုထင်ရသည့် အရာထံ၌ ရှိနိုင်မည့် အသုံးဝင်ပုံများကို ပမာဏသတ်မှတ်ရန်ပင် ခဲယဉ်းသွားလိမ့်မည်။

မှော်ပုံရိပ်ယောင် ပရိုဂျက်တာ၏ လုပ်ဆောင်ချက်အကြောင်းကို ခဏတာ စဉ်းစားပြီးနောက် ဧကရာဇ်ကန်ဒရာမှာ တစ်စုံတရာကို အာရုံစိုက်လိုက်သည်။

ထိုကိစ္စမှာ မှော်ပုံရိပ်ယောင် ပရိုဂျက်တာနှင့်လည်း ဆက်စပ်နေသလို အထူးသဖြင့် ယခုမှပေါ်လာသည့် «အပတ်စဉ်သတင်းအစီအရင်ခံချက်»နှင့် သက်ဆိုင်နေ၏။ ၎င်းမှာ ပင်လယ်ပြင်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုများတိုက်ပွဲ၏ အရေးပါပုံဖြစ်သည်။

«အပတ်စဉ်သတင်းအစီအရင်ခံချက်»၏ အပိုင်းများစွာမှာ မှုန်ဝါးနေပြီး လူများအား အဓိကအချက်များကို သိခွင့်ပေးထားသော်လည်း များများစားစားမဟုတ်ပါချေ။

သို့သော် ဧကရာဇ်ကန်ဒရာမှာ အခြားလမ်းကြောင်းများမှ သတင်းများရရှိခဲ့သဖြင့် ထိုကိစ္စကို သာမန်လူများထက် များစွာပိုသိသည်။

သူ့အနေနှင့် ဂရိုဗန်ဟုခေါ်သော မဟာမှော်ပညာရှင်မှာ ထိုကြောက်မက်ဖွယ် ဧရာမအလင်းတန်းကြီးကြောင့် အသတ်ခံခဲ့ရခြင်းမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းထံမှ ဖုံးကွယ်ခံထားရသော အခြားမဟာမှော်ပညာရှင်ကြောင့် အသတ်ခံရခြင်းဖြစ်ကြောင်းသိပါ၏။

သို့ပေမယ့် ၎င်းက သူ့ကို ပိုပြီး စိတ်အေးလက်အေး မခံစားရစေပါချေ။

ပထမဆုံး၊ Frestech ကုန်သည်ကြီးများအသင်းတွင် လူအများမသိသော မဟာမှော်ပညာရှင်တစ်ဦးရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်စွမ်းအားကို ပို၍ကြောက်စရာကောင်းစေသည်။

ထို့နောက်၊ ထိုမဟာမှော်ပညာရှင်သည် ထိုအဖြူရောင်အလင်းတန်းကြောင့် အသတ်မခံရလျှင်ပင်၊ ထိုအဖြူရောင်အလင်းတန်းတွင် ဝှက်ထားသော စွမ်းအားကို လူတိုင်းသိသောကြောင့် ၎င်းအား ဖော်ပြရန်ပင် မလိုအပ်ပေ။

တိုက်ခိုက်မှုတစ်ခုတည်းက ဧရာမသင်္ဘောကြီးကို ဖျက်ဆီးနိုင်ပြီး ခြေရာတစ်ချက်မကျန်စေခဲ့ရာ၊ ထိုတိုက်ခိုက်မှုသည် ဘယ်လောက်ထိ ကြောက်စရာကောင်းကြောင်း ပြသနိုင်လောက်အောင်ပင်။

ပြဿနာက ထိုသို့ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုမျိုးကို အကြီးစားသယ်ယူပို့ဆောင်ရေး မှော်သင်္ဘောက ဘယ်လို ထုတ်ဖော်နိုင်သနည်း? ထို့အပြင် ဘယ်နှကြိမ် ပစ်ခတ်နိုင်မည်နည်း။

အစီရင်ခံစာကိုအခြေခံရငော် အကြီးစားသယ်ယူပို့ဆောင်ရေး မှော်သင်္ဘောမှတိုက်ခိုက်မှုတစ်ခုသာရှိခဲ့သော်လည်း ဧကရာဇ်ကန်ဒရာသည် တစ်ကြိမ်တည်းသာပစ်ခတ်နိုင်မည်ဟုမယုံကြည်ချေ။

အကယ်၍ သူမမှားခဲ့ပါက၊ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းမှ ဖန်တီးထားသော စစ်ဘက်သုံးမှော်စက်အမျိုးအစားသစ်ဖြစ်လောက်သည်။

၎င်းသည် စစ်တပ်သုံးမှော်စက်ဖြစ်သောကြောင့် အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုမျှကြောက်စရာကောင်းသည့်လက်နက်ကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်မည်ဆိုပါလျှင် ထိုသို့ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုမျိုးဟာ စံနှုန်းတစ်ခုဖြစ်လာမည်ပင်။ ထိုအခါ မည်သို့ ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုးဖြစ်လာမည်နည်း။

ဧကရာဇ် ကန်ဒရာသည် ခေါင်းကို ဖိပွတ်လိုက်ပြီးနောက် ခေါင်းခါလိုက်၏။

ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်သည် ဤကြီးမားသော ခံစစ်အတားအဆီးကို စုဆောင်းရန် အနှစ်တစ်ထောင်နီးပါး အချိန်ယူခဲ့ရသော်လည်း၊ ဤသို့သော တားမြစ် မန္တာန်ကိုပင် မရှုံးခဲ့သည့် ကြောက်မက်ဖွယ် အလင်းတန်းတိုက်ခိုက်မှုက သေချာပေါက် ကြာခဲ့လိမ့်မည်မဟုတ်ပေ။

ထို့အပြင် ဤစစ်တပ်သုံးမှော်စက်ကြီးကို သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောတွင် တပ်ဆင်နိုင်သောကြောင့် မှော်လေသင်္ဘောတွင်လည်း တပ်ဆင်နိုင်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် တော်ဝင်နန်းတော်ကို တိုက်ခိုက်ရန်အတွက် ဤစစ်တပ်သုံးမှော်စက် တပ်ဆင်ထားသည့် မှော်လေသင်္ဘောကို စေလွှတ်ပါက၊ ၎င်းတို့ကို မည်သူက တားဆီးနိုင်မည်နည်း။

ဧကရာဇ် ကန်ဒရာက ခဏလောက်စဉ်းစားပြီး ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးသာ မကူညီဘူးဆိုပါက တခြားနည်းလမ်းမရှိဘူးဆိုတာကို ရှာတွေ့ခဲ့သည်။

၎င်းကိုတွေးရင်း သူဟာ ခါးသက်သက်မပြုံးမိဘဲ မနေနိုင်တော့ပေ။

ကန်ဒရာ အင်ပါယာ၏ ဂုဏ်ထူးဆောင်ဧကရာဇ်အဖြစ်၊ သူရှင်သန်ရန် ခေါင်းဆောင်မှော်ပညာရှင်၏ ကာကွယ်မှုကို အားကိုးခြင်းသည် မနှစ်မြို့ဖွယ်ခံစားမှုတစ်ခုဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။

"ဒေါက် ဒေါက်"

တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြန်၏။

ဧကရာဇ် ကန်ဒရာသည် သူ့အတွေးများကို ဘေးဖယ်ထားပြီး မျက်နှာပေါ်တွင် ငြိမ်သက်မှုကို ပြန်လည်ရရှိရန် အသက်ပြင်းပြင်းရှူလိုက်သည်။

"အထဲဝင်ခဲ့ပါ။"

အစေခံပုံပေါ်သူတစ်ဦး ဝင်လာ၏။

"အရှင်မင်းကြီး မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ ဥက္ကဌ မဟာမှော်ပညာရှင် ဂရစ်ဖင်းဒေါနဲ့ မန်နာမှော်တိုင်းပြည်ရဲ့ ဆရာမဟာမှော်ပညာရှင် နာဒိုတို့ ဧကရာဇ်ကို တွေ့ဖို့ ရောက်လာပါတယ်။"

ဧကရာဇ် ကန်ဒရာက မရယ်နိုင်။

“အဲဒီလူနှစ်ယောက် မြန်မြန်လာခဲ့တာပဲ။ ဒါဆို ဝင်လာခိုင်းလိုက်ပါ။”

အစေခံသည် ဤအမိန့်ကို လက်ခံရရှိပြီးနောက် ထွက်ခွာသွားကာ ခဏအကြာတွင် ၎င်းတို့၏ရင်ဘတ်တွင် မဟာမှော်ပညာရှင်၏ တံဆိပ်ကို တပ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံဝတ် လူအိုနှစ်ဦးသည် သူ့နောက်သို့ လိုက်လာခဲ့သည်။

"အရှင်မင်းမြတ်၊ မှော်စွမ်းအင်က အရှင့်အနားမှာ အမြဲရှိနေမယ်လို့ မျှော်လင့်တယ်။" ဘယ်ဘက်ရှိ ကန်ဒရာအင်ပါယာ၏ မှော်ပညာရှင်များ အဖွဲ့အစည်း ဌာနခွဲမှ ဥက္ကဌ မဟာမှော်ပညာရှင်ဂရစ်ဖင်းဒေါသည် ဧကရာဇ် ကန်ဒရာအား ရိုသေလေးစားစွာ ဦးညွှတ်လာခဲ့သည်။

သံတမန်ဖြစ်သည့် မန်နာမှော်တိုင်းပြည်၏ မဟာမှော်ပညာရှင်နာဒိုကလည်း လေးလေးစားစား ဦးညွှတ်ပေးခဲ့သော်ငြား သူ၏ဦးညွှတ်မှုသည် မဟာမှော်ပညာရှင်ဂရစ်ဖင်း‌ဒေါ ပေးခဲ့သော ဦးညွှတ်မှုနှင့် မတူသည့် ပုံစံတစ်ခုသာဖြစ်သည်။

ဤခြားနားချက်ကိုမြင်လျှင် ဧကရာဇ် ကန်ဒရာသည် မျက်လုံးများ မှေးစင်း၍ အပြုံးဖြင့် မေးလိုက်သည်။ "သံတမန် နာဒို၊ မင်း ဒီတစ်ခါ မန်နာမှော်တိုင်းပြည်ကိုယ်စား ဒီကိုလာခဲ့တာလား။"

မဟာမှော်ပညာရှင် နာဒို က ချက်ချင်း ပြုံးပြီး ပြောသည် ။ “အရှင်မင်းမြတ်က အမှန်ကို ပညာရှိပေတာပဲ။ ဟုတ်ပါတယ်၊ အရှင်မင်းမြတ်ကိုတွေ့ဖို့ မန်နာမှော်တိုင်းပြည်ရဲ့ သံတမန်အဖြစ် လာခဲ့တာပါ။ ကျွန်တော်တို့ နိုင်ငံတွေကြားမှာ အရှင်မင်းမြတ်ကို မေးဖို့ လိုတာရှိပါတယ်။"

ဧကရာဇ် ကန်ဒရာသည် သူ့ကို နက်နက်နဲနဲ စိုက်ကြည့်ကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"Frestech ကုန်သည်ကြီးများအသင်းအကြောင်းဆို မပြောဘဲ နေကြတာပေါ့"

မဟာမှော်ပညာရှင်ဂရစ်ဖင်းဒေါနှင့် မဟာမှော်ပညာရှင်နာဒို နှစ်ယောက်စလုံး အံ့အားသင့်သွားကြကာ သံသယစိတ်တွေအပြည့်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

Frestech ကုန်သည်ကြီးများအသင်းကြောင့် မဟာမှော်ပညာရှင်နာဒိုက ဒီကို ရောက်လာသည်အားဧကရာဇ်က ခန့်မှန်းထားပြီးသားဟူသည်က ထူးဆန်းသည့်အရာမဟုတ်ပါချေ။

သို့သော် မဟာမှော်ပညာရှင်နာဒိုကို ဒီအကြောင်း မပြောဖို့ ဘာကြောင့် တားရသနည်း။

ဖြစ်နိုင်ချေတစ်ခုကို တွေးကြည့်လိုက်တော့ မဟာမှော်ပညာရှင်နာဒို ၏ အမူအရာက ပိုဆိုးလာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၂။ တိုက်ပွဲ စတင်ပြီ

Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်ပညာရှင်များ အဖွဲ့အစည်းတို့မှာ ယခင်က မျက်နှာဖုံးများအားလုံး ခွာချခဲ့ပြီး ပူးပေါင်းရန် မဖြစ်နိုင်သလို အဆင့်နိမ့်မှော်ပညာရှင်များနှင့် ပတ်သက်၍ စတင် ယှဉ်ပြိုင်လာခဲ့ပါလျှင်တောင် ၎င်းက စကားအရသာဖြစ်ပြီး အပြုအမူအရမဟုတ်ဟု ထင်ခဲ့ကြသည်။

အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းအား နယ်မြေကြီးရှိ အကျော်ကြားဆုံးကုမ္ပဏီဟုယူဆနိုင်ပြီး အာဏာကြီးမားသည့် ကန်ဒရာအင်ပါယာနှင့် မာလိုအင်ပါယာတို့သည်ပင် ၎င်းတို့နှင့် ပူးပေါင်းထားကြသည်။ မှော်ပညာရှင်များအဖွဲ့အစည်းကိုမူ နယ်မြေကြီးရှိ အကြီးမားဆုံး အဖွဲ့အစည်းများအနက် တစ်ခုဟု ယူဆနိုင်ပါသော်လည်း ၎င်းတို့ထံ၌ သိက္ခာရှိသေးရာ Frestech ကုန်သည်ကြီးများအသင်းနှင့် စတင် ငြင်းခုံမည်မဟုတ်ပေ။

သို့သော်မည်သူကမှ Frestech ကုန်သည်ကြီးများအသင်းကို ထိုမျှရဲတင်းမည်ဟုမထင်ထားပါချေ။

မှော်ပညာရှင်များအဖွဲ့အစည်းမှာ ကုန်သည်ကြီးများအသင်းကို ဒုက္ခမဖြစ်စေလျှင်ပင် တော်နေသေးသည်။ သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်များအဖွဲ့အစည်းကို ပြဿနာဖြစ်စေခဲ့သည်။

၎င်းမှာတကယ်ကို မယုံကြည်နိုင်ဖွယ်ရာပင်!

၎င်းတို့၏ ပို့ဆောင်ရေးသင်္ဘောစုများကို တိုက်ခိုက်ခံရသည်ဟုကြေညာပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် မန်နာမှော်တိုင်းပြည်ကို မေးခွန်းထုတ်ခဲ့သည်။

သို့သော်လည်းပဲရလဒ်များမှာလူတိုင်းမျှော်လင့်ထားသလိုပါပင်။ မန်နာမှော်တိုင်းပြည်မှ ၎င်းတို့အနေနှင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည်ကိုမှမသိသလို မဟာမှော်ပညာရှင်ဂရုဗန်က Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုကို တိုက်ခိုက်ရန် အဆင့်မြင့်မှော်ပညာရှင်အယောက်၂၀ကို ဦးဆောင်ခဲ့သည်ကို မသိဟု ဖော်ပြခဲ့ပြီး ထိုကိစ္စကိုလုံးဝဘေးချိတ်ထားခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ မဟာမောပညာရှင်ဂရုဗန်နှင့် အဆင့်မြင့်မော်ပညာရှင်များက မန်နာမှော်ဘုရင်နိုင်ငံထံမှအမိန့်များကိုရရှိသည်ကို သက်သေပြရန်အထောက်အထား အလုံအလောက်ရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုများကိုပစ်မှတ်ထားရန်အမိန့်များလက်ခံရရှိခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးလိုင်းများကိုဖျက်ဆီးရန်ရည်ရွယ်ချက်ရှိခဲ့သည်။

ထိုမှတ်ချက်အား ပို့လိုက်ချိန်တွင် ၎င်းကနယ်မြေကြီး၏နိုင်ငံအားလုံး၌ ကသောင်းကနင်းဖြစ်သွားစေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စွပ်စွဲချက်များသာမှန်ကန်နေပါလျှင် ၎င်း၏နောက်ကွယ်ရှိ ဆိုလိုရင်းမှာအင်မတန်ထိတ်လန့်ဖွယ်ရာပင်။

လူတိုင်းက မန်နာမှော်ဘုရင်နိုင်ငံမှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ ထောက်ပံ့မှုနှင့် ဖွဲ့စည်းထားကာ မှော်ပညာရှင်များအဖွဲ့အစည်း၏ နယ်မြေကြီးရှိ အင်အားဟုယူဆနိုင်သည့် နိုင်ငံဖြစ်ကြောင်းသိပေသည်။

Frestech ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်မှာ ၎င်းတို့၏သင်္ဘောများကို တိုက်ခိုက်ရန်မှော်ပညာရှင်များအား ပို့ဆောင်ခဲ့သည်ဟု စွပ်စွဲခြင်းမှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ ညွှန်ကြားမှုဖြစ်ကြောင်းပြောလိုခြင်းဖြစ်သည်။

ထိုသို့ဖြင့်မှော်ပညာရှင်များအဖွဲ့အစည်းနှင့် Frestech ကုန်သည်ကြီးများအသင်းကြား ရန်ညှိုးမှာ ဖြေမရနိုင်သည့်အဆင့်သို့ ရောက်ရှိနေသောကြောင့် ၎င်းတို့မှာFrestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်တိုက်ခိုက်ရန် ထိုနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။

မန်နာမှော်တိုင်းပြည်က သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်း၏ စွပ်စွဲချက်များကို လက်ခံရန်ငြင်းဆန်၍ ၎င်းတို့မှာမန်နာမှော်တိုင်းပြည်ကို အသရေဖျက်၍ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ရှိသည်ဟု ဖော်ပြခဲ့သည်။

ထို့ကြောင့် မန်နာမှော်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းက ရန်သူကုမ္ပဏီဖြစ်ကြောင်း ကြေငြာခဲ့သည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်မှုအားလုံးကို ငြင်းဆို၍ Frestech ကုန်သည်ကြီးများအသင်းဆိုင်ရာ ထုတ်ကုန်များ အားလုံး မန်နာမှော်တိုင်းပြည်သို့ ဝင်ရောက်ခြင်းအား တားဆီးခဲ့သည်။

ကုမ္ပဏီတစ်ခုအတွက် ၎င်းက အင်မတန် ပြင်းထန်သော အပြစ်ပေးမှုပင်။

လူတိုင်းက ထိုကိစ္စမှာ ထိုနေရာ၌ အ‌ဆုံးသတ်ပြီဟု ထင်ခဲ့ကြသည်။

အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ကုမ္ပဏီတစ်ခုမျှသာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံထံ မည်သည်မှ လုပ်နိုင်မည်မဟုတ်ပေ။ နယ်မြေကြီး၏ နံပတ်တစ်အဖွဲ့အစည်း မှော်ပညာရှင်များအဖွဲ့အစည်းရှိသည့် နိုင်ငံတစ်နိုင်ငံဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ တစ်ဖန် မ‌ထင်ထားသည့်အရာကို လုပ်ခဲ့ပြန်၏။

မန်နာမှော်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်ရန် ငြင်းဆိုလိုက်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ တရားဝင်လမ်းကြောင်းများမှတဆင့် မန်နာမှော်တိုင်းပြည်ကို နောက်ဆုံး သတိပေးချက်ပို့ဆောင်ခဲ့သည်။ ၎င်းတို့မှာ မန်နာမှော်တိုင်းပြည်ကသာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ၎င်းတို့၏ ပို့ဆောင်ရေးသင်္ဘောစုများအပေါ် ခြုံခိုတိုက်ခိုက်ခြင်းအား စုံစမ်းရန် မပူးပေါင်းပါလျှင် အရေးယူမည်ဟု ဖော်ပြခဲ့၏။

အတန်ငယ် အံ့အားသင့်စေသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးသတိပေးချက်ကို တရားဝင် လမ်းကြောင်းမှ ပို့ခဲ့ခြင်းသာမက သတင်းစာမျိုးစုံနှင့် မြို့တော်အစုံအလင်တို့၌ ထားရှိသော မှော်ပုံရိပ်ယောင်ပရိုဂျက်တာမျိုးစုံမှတဆင့်လည်း တင်ပြခဲ့ခြင်းဖြစ်သည်။

၎င်းက သဘာဝကျကျပင် လူတိုင်းကို ရယ်မောစေခဲ့၏။

လူတိုင်းမှာ မကြာခင်က Frestech ကုန်သည်ကြီးများအသင်းအတွက် အရာအားလုံးက ချောမွေ့နေခဲ့သဖြင့် ၎င်းတို့၏ အတ္တကိုကြီးမားစေခဲ့ပြီး ကိုယ့်နေရာကိုယ်မသိဟု အထင်ရောက်ခဲ့ကြသည်။

နောက်‌ဆုံးသတိပေးချက်တစ်ခုအား ကုမ္ပဏီအမည်ဖြင့် နိုင်ငံတစ်နိုင်ငံအား ပို့ခဲ့သည်လား?

ဟာသပဲ!

သို့သော်.... လူတိုင်း Frestech ကုန်သည်ကြီးများအသင်းက စကားပြောရန်စီစဉ်နေခြင်းဟုထင်နေစဉ်တွင် ၎င်းတို့မှာ တကယ် အရေးယူခဲ့သည်။

….

သက္ကရာဇ် ၃၇၉၃၏ မေလတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစု၏ ပထမနှင့် ဒုတိယ သင်္ဘောစုတို့မှာ ဝင်းနက်စ်နယ်မြေ၏ တောင်ပိုင်းဆိပ်ကမ်းကို ရောက်ရှိခဲ့သည်။

ထိုသင်္ဘောစုနှစ်ခု ရောက်ရှိပြီးသည့်နောက် Frestech ကုန်သည်ကြီးများအသင်း၏ ပထမ၊ ဒုတိယနှင့် တတိယအစောင့်တပ်ရင်းတို့လည်း ရောက်လာကာ စုစုပေါင်း အစောင့်ဦးရေ ခြောက်ထောင်ရှိသည်။

တပ်ရင်းသုံးခုမှာ မြောက်ဘက်ရှိ ဝင်းနက်စ်နယ်မြေနှင့် အဘ်ရာနယ်မြေတို့ကို ဖြတ်၍ မန်နာမှော်တိုင်းပြည်နယ်စပ်ကို ရောက်ရန် ငါးနာရီကုန်ဆုံးခဲ့ပြီး မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်မှုတစ်ခု တရားဝင်လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းမှာ စတုတ္ထတပ်ရင်းရှိသည့် မှော်လေသင်္ဘောအစင်းသုံးဆယ်နှင့် အထူးတပ်သားအဖွဲ့တို့မှာ မန်နာမှော်တိုင်းပြည်နယ်စပ်ရှိနေပြီး အခြားတပ်ရင်းသုံးခုကဲ့သို့ တစ်ချိန်တည်းတိုက်ခိုက်နေကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အားကောင်းသော တိုက်ခိုက်မှုကြောင့် မန်နာမှော်တိုင်းပြည်၏ နယ်စပ် အစောင့်များမှာ နာရီဝက်ပင်မခံဘဲ လဲပြိုခဲ့ရသည်။

…..

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ ရှေ့ဆက်တိုး၍ နိုင်ငံကို တည့်တည့်ဖြတ်ဝင်ရန် နှစ်ရက်အောက်သာ အသုံးပြုကာ မှော်မြို့တော် Sorceryမြို့တော် အမည်ရ မန်နာမှော်တိုင်းပြည်မြိုတော်သို့ ရောက်လာခဲ့သည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအနေနှင့် စစ်မှန်သော ခုခံမှု ပထမအပိုင်းကို ကြုံတွေ့ရသောနေရာပင်။

၎င်းတို့မှာ မှော်ပညာရှင်များနှင့်သာ ဖွဲ့စည်းထားသော စစ်တပ်ဖြစ်သည့် Sorceryမြို့တော်ကို စောင့်ကြပ်သော ဂုဏ်သရေတပ်ရင်းကို တိုက်ခိုက်ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင် ဟာ့ထ် သည် အဝေးမှ ကောင်းကင်တွင် ပျံသန်းနေသော မှော်စွမ်းအင်များကို ကြည့်ရှုလိုက်သည်။ခဏမျှစဉ်းစားပြီးနောက် သူဟာ သူ၏ လက်ထောက်ဘက်သို့ လှည့်၍ မေးလိုက်၏၊ "မိုင်ကန် တပ်ရင်းမျိုးစုံရဲ့ လက်နက်တပ်ဆင်မှုကို ပြောပြဦး၊ အထူးသဖြင့် မှော်ဒိုင်းကာတွေနဲ့ ပတ်သက်ပြီး"

မိုင်ကန်က ခေါင်းငြိမ့်၏။ သူဟာ ရှေ့ရှိ မှော်လေသင်္ဘော ထိန်းချုပ်ဘောင်ကို အကြိမ်အနည်းငယ် ဖိလိုက်ရာ ၎င်းတို့ရှေ့၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။

ပုံရိပ်ယောင်ရှိ မရေတွက်နိုင်သော အလင်းများကို မြင်သော် မိုင်ကန်က အပြုံးဖြင့် ဖြေလေသည်၊ "ခေါင်းဆောင်ကို အစီရင်ခံပါတယ် ဒါကို အခြေခံရရင် တပ်ရင်းအားလုံး ကောင်းကောင်းလုပ်ဆောင်နေကြပါတယ်။ မှော်ဒိုင်းကာ ကျိုးပျက်သွားတဲ့ မှော်လေသင်္ဘောရော သံချပ်ကာ မှော်ယာဉ်ရော တစ်စီးမှ မရှိသေးပါဘူး။ ပြီးတော့ စွမ်းအင် တင်ပြချက်အရ တစ်ဘက်က တူညီတဲ့ ပြင်းပြမှုနဲ့ ဆက်တိုက်ခိုက်နေရင် နောက်ထပ် အနည်းဆုံး တစ်နာရီ ခံနိုင်သေးတယ်။"

"ကောင်းတယ်" ဟာ့ထ်က ခေါင်းငြိမ့်လိုက်ပြီးနောက် တခြား ထိန်းချုပ်ဘောင်၌ ထပ်နေသော လူကာရီကိုကြည့်လိုက်သည်၊ "တပ်မှူးတွေဆီ အမိန့်ချလိုက် လိုသလို ပစ်လို့ရတယ်လို့။ ငါ့အတွက် လေထဲက အဲ့ယင်ကောင်တချို့ကို အလဲ သိပ်ပေးစေချင်တယ်။"

"ကောင်းပါပြီ"

လူကာရီက အမြန်ပင် ဟာ့ထ်၏ အမိန့်ကို ချပေးလိုက်သည်။

တအောင့်ကြာပြီးနောက် မြေပြင်ရှိ သံချပ်ကာမှော်ယာဉ် အစီးနှစ်ရာနှင့် မှော်လေသင်္ဘောနှစ်ဆယ်တို့မှာ တစ်ပြိုင်နက်တည်း မှော်အလင်းများကို ထုတ်လွှတ်လိုက်ကြ၏။ များပြလှသော မှော်ကျည်များက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ လတ်တလော ရင်ဆိုင်နေသည့် ဂုဏ်သရေ တပ်ရင်းထံ ပျံထွက်သွားကြသည်။

ဂုဏ်သရေ တပ်ရင်းအား မှော်ပညာရှင်များနှင့် ဖွဲ့စည်းထားသောကြောင့် သဘာဝကျကျပင် အင်မတန်တောက်ပနေသော မန္တာန်များဖြင့် တိုက်ခိုက်ကြသည်ပင်။

သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းက ပြန်လည်တိုက်ခိုက်ချိန်၌ ဂုဏ်သရေ တပ်ရင်း၏ မှော်ပညာရှင်များမှာ ၎င်းတို့ထံ အဆပေါင်း မရေတွက်နိုင်အောင် ပို၍များပြား တိုက်ခိုက်မှုများကို ပို့လွှတ်လာသည်အား မြင်၍ ထိတ်လန့်သွားသည်။

လေထဲကိုဖြတ်၍ ပျံလာသော မှော်အလင်းလူံးများစွာကို မြင်သော် ဂုဏ်သရေ တပ်ရင်း၏ မှော်ပညာရှင်များမှ ၎င်းတို့ထံမှ လာသည့် မှော်စွမ်းအင်အတက်အကျများကို အလွယ်လေးခံစားနိုင်နေသည်။

ထိုသို့သော ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို ရင်ဆိုင်ရသောအခါ စွမ်းအားကြီး အဆင့်မြင့် မှော်ပညာရှင်များသည်ပင် ရင်မဆိုင်ဝံ့ဘဲ ရှောင်တိမ်းဖို့ ရွေးချယ်ကြသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ တိုက်ခိုက်မှုများက အင်မတန်သိပ်သည်း၍ လျင်မြန်လှသဖြင့် ကောင်းကင်မှလည်း ပျံ‌သန်းနေရာ ၎င်းတို့ မရှောင်တိမ်းနိုင်ပေ။

"ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း"

များပြလှသော မှော်ကျည်များက ဂုဏ်သရေ တပ်ရင်း၏ မှော်ပညာရှင်များ၏ မှော်အကာအရံများပေါ် ကျလာပြီး လေထဲ၌ ပေါက်ကွဲမှု အကြီးအသေးများ ပြည့်နှက်သွားစေသည်။

ဤသည်မှာ ပထမလှိုင်းတိုက်ခိုက်မှုမျှသာဖြစ်ပြီး ဂုဏ်သရေ တပ်ရင်း၏ မှော်ပညာရှင်များ ထက်ဝက်သည် ၎င်းတို့၏ မှော်ပညာ၏ အစိတ်အပိုင်းများစွာ ဆုံးရှုံးသွားသည်ကို တွေ့ရှိလိုက်ရသည့်အတွက် ထိတ်လန့်သွားကြသည်။

မရေမတွက်နိုင်သော မှော်ကျည်ဆန်များ ပျံထွက်နေရင်း Frestech ကုန်သည်များ၏ အစောင့်များသည် ၎င်းတို့၏တိုက်ခိုက်မှုများကို မရပ်တန့်ခဲ့ပေ။

ဂုဏ်သရေ တပ်ရင်းကို ထူထောင်ပြီးကတည်းက၊ မည်သည့်ရန်သူနှင့် ရင်ဆိုင်ခဲ့ရပါစေ၊ ၎င်းတို့သည် ယခင်က ရှုံးနိမ့်မှုကို မမြည်းစမ်းခဲ့ဖူးဘဲ ရန်သူထက် မှော်ပညာရှင်များ ပိုမိုရှိခြင်း၏ အကြွင်းမဲ့ အားသာချက်ကို အားကိုးခဲ့ကြသည်။

သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းကဲ့သို့သော ကုမ္ပဏီတစ်ခုမှ စေလွှတ်ထားသော အစောင့်များနှင့် ရင်ဆိုင်ရသောအခါ ဂုဏ်သရေ တပ်ရင်း၏ မှော်ပညာရှင်များစွာသည် ၎င်းတို့၏ နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုတစ်မျိုး ခံစားခဲ့ရသည်။

လျင်မြန်ပြီး သိပ်သည်းသည့် အလင်းတန်းများ မိမိတို့ဆီ ပျံသန်းလာနေသည်ကို မြင်လိုက်ရသော် ၎င်းတို့၏မှော်စွမ်းအားက ရိုက်ခတ်မှုနှစ်ခုကို မခံနိုင်ဟု ခံစားရသော် မှော်ပညာရှင်များမှာ တုံ့ဆိုင်းမှုမရှိ လှည့်ပြေးကြတော့သည်။

ပုံသဏ္ဍာန်ကွက်ဖော်ပြီးသည့် မှော်ပညာရှင်များမှာမူ ထွက်ပြေးသွားသည့် မှော်ပညာရှင်များကြောင့် အပေါက်များစွာ ဖြစ်လာပြီး ပုံသဏ္ဍာန်ကွက်တစ်ခုလုံး ပြိုလဲသွားရသည်။

ဟာ့ထ်က ၎င်းကိုမြင်သော် အတန်ငယ် အံ့ဩသွားပြီးနောက် အထင်မြင်သေး‌မှုအပြည့်ဖြင့် အေးစက်စက်နှာမှုတ်လိုက်၏။

"အိုင်း ဒီဂုဏ်သတင်းကြီးမှော်ပညာရှင်တွေ၊ သူတို့က အမြဲ ပိုအရေးပါတယ်ထင်ကြပြီး စစ်သည်အစစ်အမှန်တွေလို စစ်မြေပြင်မှာ ထွက်ပြေးဖို့ ဆန္ဒမရှိလောက်ဘူးလို့ ခံစားခဲ့မိတာ။"

ဟာ့ထ်၏ နံဘေးမှ လှောင်ပြောင်လိုဟန်အပြည့်ဖြင့် အသံတစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းက သူနှင့်အတူ သင်္ဘောကို ကွပ်ကပ်ရန် လွှတ်လိုက်သည့် လူပုလေးခေါင်းဆောင် အိုမာဖြစ်သည်။

ဟာ့ထ်က သူ့ကိုကြည့်လိုက်ပြီးနောက် ထိန်းချုပ်ဘောင်တစ်ခု၌ ရပ်ကာ တိုက်ပွဲအခြေနေကို ကြည့်နေသည့် နတ်သူငယ်ခေါင်းဆောင် ဖူရီယိုဘက်လှည့်လိုက်သည်။ သူဟာ ဖူရီယိုက မဟာမှော်ပညာရှင်ဖြစ်လာရန် နီးနေသည့် စွမ်းအားကြီး မှော်ပညာရှင်ဖြစ်လေရာ အိုမာ၏ စကားများက သူ့ကိုလည်း ဆူဆဲရာ ကျမနေဘူးလား?

နတ်သူငယ်ဖူရီယို၏ ချွန်ထက်သောနားများက တွန့်သွားပြီး အိုမာ၏ စကားများကိုကြားသော်လည်း သူ့အား လျစ်လျူရှုဖို့ ရွေးချယ်၍ ဟာ့ထ်ဘက်လှည့်ကာအလေးအနက်ပြောလိုက်သည်။ "တကယ့်တိုက်ပွဲက စတော့မယ်"

ဟာ့ထ်နှင့် အိုမာက အချင်းချင်းကြည့်လိုက်ပြီးနောက် အမူအရာများလည်းလေးနက်လာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၃။ အစောင့်များ vs မဟာမှော်ပညာရှင်များ

အခြားလူများအတွက် Frestech ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်အနေနှင့် ၎င်းတို့၏ နောက်ဆုံးသတိပေးချက်ကို လျစ်လျူရှုပြီးနောက်၌ အလျင်အမြန် တရားဝင်တိုက်ခိုက်မှုကို ချပြလာခြင်းအား အင်မတန်ပြတ်သားသော်လည်း အတန်ငယ် အမြင်မရှိဟု ထင်စေသည်။

သို့သော် လက်တွေ့တွင် မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ခြင်းအား Frestech ကုန်သည်ကြီးများအသင်းအကြား အလွယ်လေး ခွင့်ပြုပေးခဲ့ခြင်းမဟုတ်ပေ။

သို့မဟုတ် လက်တွေ့တွင် ထိုအကြံကို အခိုင်အမာဆန့်ကျင်ခဲ့သော Frestech ကုန်သည်ကြီးများအသင်း အဆင့်မြင့်အဖွဲ့ဝင် များစွာရှိသည်။

၎င်းက မထူးဆန်းပေ၊ အဘယ့်ကြောင့်ဆိုသော် မည်သို့ကြည့်ကြည့်ကုမ္ပဏီတစ်ခုအတွက် နိုင်ငံတစ်နိုင်ငံကို စစ်ပွဲအစပျိုး‌ဖို့ ခဲယဉ်းသည်။

ထိုမန်နာမှော်တိုင်းပြည် မဆိုထားနှင့်။

လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့ကဲ့သို့ သာမန်နိုင်ငံများနှင့်စာလျှင် မန်နာမှော်တိုင်းပြည်မှာ ၎င်းတို့နောက်ကွယ်၌ မှော်ပညာများ အဖွဲ့အစည်းရှိပေသည်။ ၎င်းတို့ထံ၌ နယ်မြေကြီး၏ အခြားမည်သည့်နိုင်ငံထက်မဆို မှော်စွမ်းအင်ရင်းမြစ်များ ပိုရှိသဖြင့် မန်နာမှော်တိုင်းပြည်၏ စစ်တပ်မှာ လမ်ပူရီတိုင်းပြည်ကဲ့သို့ သာမန်နိုင်ငံတစ်နိုင်ငံထက် များစွာပိုမို အားကောင်းသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့် အဖွဲ့ဝင်အများစုမှာ မန်နာမှော်တိုင်းပြည်နှင့် စစ်ပွဲဖြစ်ဖို့ ရွေးချယ်ခြင်းက သေခြင်းကို တောင်းဆိုခြင်းဖြစ်သည်ဟု ထင်ကြသည်။

မှော်ပညာရှင်များအဖွဲ့ပစည်းမှာ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ဖို့ မန်နာမှော်တိုင်းပြည်ကို တကယ်ပဲ အမိန့်ပေးခဲ့ပါလျှင်တောင် အသင့်တော်ဆုံး တုံ့ပြန်မှုက ခုခံဖို့ဖြစ်ပြီး ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန်ပင်။ ဤနေရာသို့ လာ၍ မန်နာမှော်တိုင်းပြည်ကို စစ်ကြေငြာရမည်မဟုတ်။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းက ထောင်ချောက်တစ်ခု ပြင်ဆင်ထားပြီးနောက် ၎င်းက ထိုပြဿနာကို ဖြေရှင်းလိုက်သည်။

မန်နာမှော်တိုင်းပြည်ထံ၌ မှော်ပညာရှင်များစွာ ရှိပါလျှင်တောင် ၎င်းတို့မှာ အဆင့်မြင့်မှော်ပညာရှင် နှစ်ဆယ့်သုံးဦးနှင့် မဟာမှော်ပညာရှင်တစ်ဦးတို့၏ ဆုံးရှုံးမှုကို မေ့လျော့ထားခြင်း မပြုနိုင်ပါချေ။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ အကာအကွယ်များကို ပြင်ဆင်ထားသရွေ့ မန်နာမှော်တိုင်းပြည်မှာ မည်သည့်မှ ပြုလုပ်နိုင်မည်မဟုတ်ပေ။

မှန်ပါ၏ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်များထံရှိ အဓိကအကြောင်းအရင်းက ၎င်းမဟုတ်ချေ။ ၎င်းတို့အနေနှင့် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက တည်ငြိမ်၍ မြန်ဆန်သော နှုန်း၌ ဖွံ့ဖြိုးတိုးတက်နေခြင်းဖြစ်ရာ ဦးစားပေးရမည့်အရာက ဤသို့သော တည်မြဲသည့် တိုးတက်ရေးကို ထိန်းသိမ်းကာ နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းကဲ့သို့သော စွန့်စားမှုများကို မပြုလုပ်လိုခြင်းဖြစ်၏။

သို့သော်... အဆင့်မြင့် အဖွဲ့ဝင်များက ၎င်းကို ဆန့်ကျင်ပါလျှင်လည်း ကုမ္ပဏီရှိ လူနှစ်ဦးက အမြဲ ထောက်ခံနေသောကြောင့် ကိစ္စမရှိပေ။

ပထမမှာ သဘာဝကျကျပင် ရှုယီဖြစ်၏။

မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ခြင်းကဲ့သို့သော ရူးသွပ်သည့် အကြံမှာ ထိုအကြံကို ပြောလာ၍ အရူးဟု လူတိုင်း ခေါ်သည့် ရှုယီဖြစ်သလို သူဟာ ၎င်းကို အထောက်ခံဆုံးလူဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သလို မယှဉ်နိုင်လောက်ဖွယ် အကြီးဆုံး ရှယ်ယာရှင် အဖြစ် သူ၏ ကုမ္ပဏီ၌ ဩဇာသက်ရောက်မှုတို့ကြောင့် ရှုယီက ထိုအဆိုပြုချက်ကို ချပြချိန်တွင် အခြားအဆင့်မြင့်အဖွဲ့ဝင်များက ဆန့်ကျင်ကြလျှင်တောင် သူဟာ ထိုဆုံးဖြတ်ချက်ကို အတင်းချခဲ့၏။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအား ရှုယီက သူတစ်‌ဦးတည်း၏ အမိန့်များကိုသာ တင်းကြပ်စွာ လိုက်နာရန် ထိန်းချုပ်ထားသည်။ သူတင်းခံနေရသရွေ့ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ တုံ့ဆိုင်းမှု မရှိဘဲ လှုပ်ရှားမည်ဖြစ်၏။

သို့သော် အခြားအဆင့်မြင့်အဖွဲ့ဝင်များအား ထိုဆုံးဖြတ်ချက်ကို သဘောတူစေခဲ့သည်မှာ အခြားပုဂ္ဂိုလ်၏ ထောက်ခံမှုကြောင့်ပင်။

ထိုပုဂ္ဂိုလ်မှာ... ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာဖြစ်သည်။

လူတိုင်းမှာ ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီ၏ အကြံကို ထောက်ခံခြင်းအား အံ့ဩခဲ့ကြသည်။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာမှာ စွမ်းအားအကြီးဆုံးခေါင်းဆောင်မှော်ပညာရှင်ဖြစ်ပြီး ရာစုနှစ်များစွာကြာအောင် မဟာမှော်ပညာရှင်ဖြစ်ခဲ့သဖြင့် မှော်ပညာရှင်များအဖွဲ့အစည်းက အမြဲ သူ့အတွက် အရေးပါနေခဲ့သောကြောင့်ပင်။

သူ၏ ရှုယီနှင့် ဆက်ဆံရေးနှင့်ပင် မှော်ပညာရှင်များအဖွဲ့အစည်းအား မထောက်ခံသည်ကပင် အဆင်ပြေနေပြီဖြစ်သော်လည်း သူဟာ မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်စေချင်သည်က မြင်ရ အံ့အားသင့်စရာဖြစ်ပါ၏။

ထို့အပြင် သူဟာ မှော်ပညာရှင်များအဖွဲ့အစည်းနှင့် မန်နာမှော်တိုင်းပြည်တို့၏ အင်အားကို နားအလည်ဆုံးလူတစ်ဦးလည်း ဖြစ်သောကြောင့် ရှုယီအား ဤအကြံကို လက်လျှော့ဖို့ ဖျောင်းဖျသင့်ပေသည်။

သို့သော် သူဟာ ရှုယီကို ထောက်ခံခဲ့ပြီး အဆင့်မြင့် အဖွဲ့ဝင်အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက်၍ အဆင့်မြင့်အဖွဲ့ဝင်များထံ သူ၏ ရပ်တည်ချက်ကို သေချာပြသခဲ့သည်။

ထို့ကြောင့် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၏ ထောက်ခံမှုဖြင့် အခြားအဆင့်မြင့်‌အဖွဲ့ဝင်များမှာ ရှုယီ၏ အကြံကို လက်ခံဖို့ ရွေးချယ်ခဲ့ကြပြီး Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို မန်နာမှော်တိုင်းပြည်အား တိုက်ခိုက်ဖို့ စေလွှတ်ခဲ့ကြ၏။

ထိုတိုက်ပွဲမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ မန်နာမှော်တိုင်းပြည်၏ အင်အားကို အသေးစိတ်သုံးသပ်ချက်ပြုလုပ်ခဲ့သည်။

ထိုအစီရင်ခံစာ၌ အစောင့်များမှာ မန်နာမှော်တိုင်းပြည်၏ သာမန် စစ်တပ်ကို လုံးဝ ဂရုမစိုက်ခဲ့ပါချေ။

Frestech ကုန်သည်ကြီးများအသင်းအစောင့်များအနေဖြင့် ၎င်းတို့အား နောက်ဆုံးပေါ် စစ်ဘက်သုံးမှော်စက်များဖြင့် တပ်ဆင်ပေးထားသည်။

လေ့ကျင့်ရေးပေါင်းများစွာနှင့် လူများ အာရုံမစိုက်ခဲ့ကြသည့် ရေကြောင်းဆိုင်ရာ ထိုးစစ်ဆင်ခြင်းတို့ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ တစ်ခုတော့သေချာခဲ့သည်၊ ဤ စစ်ဘက်သုံးမှော်စက်များနှင့် တိုက်ခိုက်ခြင်း နည်းလမ်းသစ် ပေါ်ထွက်လာမှုကြောင့် ဓားများ လေးများကို အသုံးပြုခဲ့သော ပုံမှန်နည်းလမ်းက မခုခံနိုင်တော့ပေ။ ၎င်းမှာ လူကြီးတစ်ဦးက ကလေးကို အနိုင်ကျင့်သကဲ့သို့ပင် လွယ်ကူပါ၏။

မန်နာမှော်တိုင်းပြည်ထံ၌ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များ မရထားသဖြင့် ၎င်းတို့၏ ထုံးစံ စစ်တပ်အင်အားမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအပေါ် မည်သည့်ခြိမ်းခြောက်မှုမှ မရှိပါချေ။

၎င်းတို့အနေနှင့် ဂရုတစိုက် သတိထားရမည့်တစ်ခုတည်း‌သောအရာမှာ သဘာဝကျကျပင် အခြားနိုင်ငံများ၏ စစ်တပ်များထက် သာလွန်သော မှော်ပညာရှင်စစ်တပ်ပင်။

အေးစက်နေသော လက်နက်များထံမှ သာမန်တိုက်ခိုက်မှုမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအပေါ် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်သော်လည်း မှော်ပညာရှင်များ အသုံးပြုသည့် မှော်စွမ်းအင်က ၎င်းတို့ကို ခြိမ်းခြောက်နိုင်ဆဲဖြစ်သည်။

မှန်ပါ၏၊ ယခင်ကသာဆိုလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအတွက် ၎င်းက ပြဿနာကြီး တစ်ရပ်ဖြစ်ပေလိမ့်မည်။ သို့ရာတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနမှာ စစ်ဘက်သုံးမှော်သံချပ်ကာကို ဖန်တီးဖို့ စစ်ဘက်သုံးမှော်စက်ဖွံ့ဖြိုးရေးဌာနနှင့် အလုပ်တွဲလုပ်ခဲ့ကတည်းက ထိုပြဿနာကို ဖြေရှင်းပြီးဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ စတုတ္ထသင်္ဘောစုက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့်အတူ မဟာမှော်ပညာရှင် ဂရိုဗန်နှင့် သူဦးဆောင်သည့် အဆင့်မြင့်မှော်ပညာရှင် 23ဦးတို့ကို တိုက်ခိုက်ရန် အလုပ်တွဲလုပ်ချိန်တွင် ၎င်းက စစ်ဘက်သုံးမှော်သံချပ်ကာ၏ ပထမဆုံးစမ်းသပ်မှုဖြစ်ခဲ့၏။

အချက်အလက်များက အကြီးစားပို့ဆောင်ရေး မှော်သင်္ဘောနှစ်စင်းနှင့် အစောင့်သင်္ဘောရှစ်စင်းတို့မှာ နဝမအဆင့် ပင်လယ်ပြာအကာအရံအစီအရင်ကို အသုံးပြုထားပြီး ထိုမှော်ပညာရှင်အားလုံးတို့၏ တိုက်ခိုက်မှု အားလုံးကို ပြည့်စုံစွာ စောင်ကြည့်နိုင်ကြောင်း သက်သေပြနေသည်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်း‌ အစောင့်များလက်အောက်ရှိ မှော်လေသင်္ဘောနှင့် သံချပ်ကာ မှော်ယာဉ်အားလုံးတို့ကို ထိုစစ်ဘက်သုံးမှော်သံချပ်ကာဖြင့် လက်နက် တပ်ဆင်ထားသည်။

ဤတစ်ကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ မန်နာမှော်တိုင်းပြည်ကို မှော်လေသင်္ဘောအစင်းသုံးဆယ် သံချပ်ကာ မှော်ယာဉ် အစီးရေနှစ်ရာတို့ဖြင့် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အားလုံး၌ ထိုအကာအရံကို တပ်ဆင်ထားသည်။

ထို့ကြောင့် ဂုဏ်သရေ တပ်ရင်း၏ မှော်ပညာရှင်များက အရိုင်းဆန်သော တိုက်ခိုက်မှုများကို ပို့လွှတ်လာပါလျှင်တောင် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို လုံးဝ မထိခိုက်စေနိုင်ဘဲ လူအချို့ကသာ ပေါက်ကွဲမှုများကြောင့် မူးမေ့ခြင်းဖြစ်နိုင်သည်။

သို့သော် ၎င်းက ဟာ့ထ်၏ အဖွဲ့အား သတိမလျော့စေပေ။

၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း ရင်ဆိုင်ဖို့လိုအပ်သည့် တိုက်ပွဲအစစ်အမှန်က ယခုတွင် စတင်ပြီဖြစ်ကြောင်း သိပေသည်။

ထို့အပြင် ၎င်းတို့ ရင်ဆိုင်နေရသည့် လူများမှာ တကယ်တမ်း ထိုအဆင့်မြင့်မှော်ပညာရှင်များထက် သာလွန်နေသော မဟာမှော်ပညာရှင်များဖြစ်ပေသည်။

၎င်းတို့အား “မှော်ပညာရှင်များ”ဟု ခေါ်ရခြင်း အဓိက အကြောင်းအရင်းမှာ မန်နာမှော်တိုင်းပြည်ရှိ မဟာမှော်ပညာရှင်များမှာ သုံးဆယ့်ရှစ်ဦးရှိပြီး ၎င်းတို့မှာ ၎င်းတို့ထဲမှ နှစ်ဆယ့်တစ်ဦးဖြစ်သောကြောင့်ပင်။

၎င်းမဟာမှော်ပညာရှင်များက မတိုင်ခင်က လှုပ်ရှားမှုမပြုရခြင်းမှာ ၎င်းတို့၏ အဆင့်အတန်းကို ဂရုစိုက်သောကြောင့် ဖြစ်သော်လည်း ယခုတွင် ထိုသာမန်မှော်ပညာရှင်များအနေနှင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ တိုက်ခိုက်မှုကို မခုခံနိုင်သဖြင့် ထိုမဟာမှော်ပညာရှင်များလည်း မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

မျှော်လင့်ထားသလိုပင် ဖူရီယို၏ အသံရပ်သွားချိန်၌ ဂုဏ်သရေတပ်ရင်း၏ စခန်းမှာ ပျံထွက်လာသော ပုံရိပ်ငါးခု ရှိနေ၏။ ပုံရိပ်တစ်ခုစီထံ၌ အာကာပြင်အပြောင်းအလဲများ ဝိုင်းရံလျက်ရှိရာ ၎င်းတို့မှာ မဟာမှော်ပညာရှင်ဖြစ်သည်က သေချာသည်။

၎င်းတို့ကိုမြင်သော် ဟာ့ထ်က အမိန့်ပေးလိုက်၏၊ "အစီစဉ်ကို ချက်ချင်းလိုက်လုပ်။ အားလုံး သူတို့ရဲ့ ပစ်မှတ်တွေကို ရွယ်ထားပြီး ပြန်တိုက်ခိုက်ခွင့်ကို လုံးဝမပေးကြနဲ့!"

ထိုအမိန့်အားပေးလိုက်သည်နှင့် မကြာမီ ထွက်ပြေးသွားခဲ့သည့် ဂုဏ်သရေတပ်ရင်း၏ မှော်ပညာရှင်များမှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ တိုက်ခိုက်မှုရပ်တန့်သွားခြင်းကို အခွင့်ကောင်းယူ၍ စတင်ပြန်လည်တိုက်ခိုက်ကြတော့သည်။

ပထမဆုံး သံချပ်ကာ မှော်ယာဉ် အစီးနှစ်ရာရှိ မှော်အမြောက်ကြီးများအား လေထဲသို့ စတင် ပစ်လွှတ်ကြတော့သည်။ လေထု၌ မှော်အမြောက်ကြီးများမှ လေထဲ ပစ်လွှတ်လိုက်သော မှော်ကျည်ဆန်အရောင်များဖြင့် ပြည့်နှက်သွား၏။

ဂုဏ်သရေတပ်ရင်း၏ မဟာမှော်ပညာရှင်ငါးဦးမှာ အနည်းငယ် အံ့ဩသွားသော်လည်း ၎င်းတို့မှာ မဟာမှော်ပညာရှင်များဖြစ်လေရာ မတိုင်ခင်က ထိုမှော်ပညာရှငခများကဲ့သို့ ထွက်မပြေးချေ။ ၎င်းတို့၏ လက်တစ်ချက်အဝှေ့ဖြင့် စွမ်းအားကြီးမှော်အကာရံတစ်ခု ပေါ်လာသည်။

မှော်ကျည်မြောက်များစွာက ၎င်းတို့ဘေးပတ်လည်ရှိ မှော်အကာအရံပေါ်ကျသွားကာ အားကောင်းသော ပေါက်ကွဲမှုများကို ဖန်တီးလိုက်သည်။

ပေါက်ကွဲသံများ ထွက်လာပြီး အလင်းရောင်များ ထွက်ပေါ်လာပါသော်လည်း မဟာမှော်ပညာရှင်ငါးဦးတို့်မှာ လုံးတမလှုပ်ရှားသည်က ၎င်းတို့အနေနှင့် သက်ရောက်မှုကို မခံနေရသလိုပါပင်။

မဟာမှော်ပညာရှင်ငါးဦးက မီးတောက်များထဲ ရပ်နေကြသည်ကို မြင်သော် ဂုဏ်သရေတပ်ရင်း၏ မှော်ပညာရှင်များက ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်သွား၍ မနေနိုင်အောင် ဩဘာပေးလာကြလေသည်။

သို့သော်လည်း ထိန်းချုပ်သင်္ဘောပေါ်ရှိ ဟာ့ထ်က မနေနိုင်အောင် အေးစက်စက်ရယ်လိုက်၏။

"ဒီ မှော်ပညာရှင်တွေက တကယ်ပဲ အမြဲ တုံးအပြီး မာနထောင်လွှားနေတာပဲ။ သူတို့က ဒီတိုက်ခိုက်မှုကို ရှောင်ပြီး သူတို့စွမ်းအား ဆုံးရှုံးမှု ဖြုန်းတီးတာကို ရှောင်တိမ်းနိုင်ပေမယ့် ရှောင်ဖို့ ငြင်းဆန်နေကြတယ်။ သူတို့က တကယ်ပဲ ဒီမှော်အမြောက်ကြီးတွေကနေ ကာကွယ်ဖို့ မှော်စွမ်းအင်မသုံးရဘူးထင်နေတာလား? အိုင်း မိုင်ကန် ငါတို့ရှေ့က မဟာမှော်ပညာရှင်ငါးဦးရဲ့ အခြေနေကဘယ်လိုရှိလဲ?"

မိုင်ကန်မှာ သူ့ရှေ့ရှိ ထိန်းချုပ်ဘောင်မှ လာသော ပုံရိပ်ယောင်ကို ကြည့်လိုက်ပြီး ရယ်မောလျက် ဆိုလေ၏၊ "မတိုင်ခင်ကနဲ့ယှဉ်ရင် ဒီမဟာမှော်ပညာရှင်တွေရဲ့ ပတ်လည်က မှော်စွမ်းအင်အပြောင်းအလဲတွေ အားနည်းသွားတယ်။ အနိမ့်ဆုံး ကျဆင်းမှုက ၉%ဖြစ်ပြီး အကြီးမားဆုံးက ၁၇%ရှိတယ်။ မှော်စွမ်းအင်အပြောင်းအလဲ တွက်ချက်ခြင်း ဖော်မြူလာအရဆိုရင် သူတို့ရဲ့ မှော်စွမ်းအင်က ၅%ကနေ ၂၀%ကို ကျသွားတယ်။"

"ဒီကောင်တွေက မဟာမှော်ပညာရှင်တွေဆိုပေမယ့်လည်း မဟာမှော်ပညာရှင်ဂျူနာထက်တော့ အား‌နည်းနေပါသေးတယ်။" လူပုလေး ခေါင်းဆောင် အိုမာက ခေါင်းခါ၏၊ "မဟာမှော်ပညာရှင် ဂျူနာသာ ဒီလိုတိုက်ခိုက်မှုမျိုး ကြုံရမယ်ဆို မှော်စွမ်းအား ၃%လောက်ပဲ အများဆုံး ဆုံးရှုံးမှာ"

"မတူဘူးလေ။ မဟာမှော်ပညာရှင်ဂျူနာက ပဉ္စမအဆင့် မဟာမှော်ပညာရှင်ဖြစ်ပြီးတော့ ခေါင်းဆောင် မှော်ပညာရှင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ သူ့ရဲ့ အင်အားက သူတို့ထက် အများကြီးသာတာပေါ့။ ပြီးတော့လည်း သူက မကြာခဏ ငါတို့နဲ့အတူ ဒီလိုတိုက်ခိုက်ရေးလေ့ကျင့်မှုတွေလုပ်ထားတော့ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိတာပေါ့။" နတ်သူငယ်ခေါင်းတောင် ဖူရီယိုက တည်ငြိမ်စွာဆိုသည်၊ "ဒီမဟာမှော်ပညာရှင်တွေကတော့ တူညီတဲ့ အတွေ့အကြုံမရှိလို့ နာကျင်ခံစားရလိမ့်မယ်"

"သူတို့မှာ အတွေ့အကြုံမရှိမှတော့ ငါတို့တွေ အဖိုးတန်တဲ့ အတွေ့အကြုံလေးတချို့ ပေးရတာပေါ့!" ဟာ့ထ်က လက်ယမ်း၍ ရယ်မောလိုက်သည်၊ "ဟုတ်တာပေါ့ နာကျင်စရာကောင်းတဲ့ သင်ခန်းစာလေးလေ"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၄။ မှော်အချက်အလက် စိစစ်ရေးသင်ရိုး

မဟာမှော်ပညာရှင်များအကြား တိုက်ပွဲမှာ သာမန်မှော်ပညာရှင်များအကြား တိုက်ပွဲမျိုးနှင့် မတူပေ။

သာမန်မှော်ပညာရှင်များအနေနှင့် တိုက်ခိုက်ရန် ဒြပ်စင်မှော်စွမ်းအင် အလုံးစုံကို ပစ်လွှတ်နိုင်သော်လည်း မှော်လေသင်္ဘောများနှင့် သံချပ်ကာ မှော်ယာဉ်များ၏ အကာအရံများကို ရိုက်ခတ်မိချိန်တွင် ၎င်းတို့မှည မည်သည်ကိုမှ မလုပ်နိုင်တော့ပေ။ ထိုအစား စစ်ဘက်သုံး‌မှော်စက်များ၏ တိုက်ခိုက်မှုကို အပြည့်အဝ လမ်းကြောင်းပေးလိမ့်မည်။

သို့သော်လည်း မဟာမှော်ပညာရှင်များနှင့် ၎င်းတို့အကြား အကြီးမားဆုံးခြားနားချက်မှာ မဟာမှော်ပညာရှင်များက အာကာပြင်‌မှော်စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းပင်။

ထို့ကြောင့် မဟာမှော်ပညာရှင်များအနေနှင့် ထိုသာမန် မှော်ပညာရှင်များကဲ့သို့ ကောင်းကင်၌ မိုက်မဲစွာ ပျံသန်း၍ Frestech ကုန်သည်ကြီးများအသင်း အစောင့်များထံ မှော်စွမ်းအင်များ ပစ်လွှတ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေနှင့် ထိုသာမန်တိုက်ခိုက်မှုများကို အလွယ်လေးရှောင်တိမ်းရန် အာကာပြင် မှော်စွမ်းအင်နှင့်အတူ ၎င်းတို့၏ အားသာချက်ကို အသုံးပြုနိုင်ကာ တိုက်ရိုက် တိုက်ခိုက်ဖို့ပင် စွမ်းအားကြီး အာကာပြင်မှော်စွမ်းအင်ကို အသုံးပြု၍ရသည်။

မဟာမှော်ပညာရှင်ငါးဦး စတင်တိုက်ခိုက်ချိန်တွင် အရွယ်အစားမတူညီသည့် အာကာပြင် အပြောင်းအလဲများက စစ်မြေပြင်တလျှောက် ပေါ်ထွက်လာ၏။

၎င်းမှာ အာကာပြင် မှော်ပညာ၏ ပုံမှန်လက္ခဏာဖြစ်သည်။ ၎င်းက အာကာပြင်ကို လွှမ်းမိုးရန် ဒြပ်စင်မှော်စွမ်းအင်ကို အသုံးမပြုထားသော်လည်း မှော်စွမ်းအင်သီးသန့်ကို တိုက်ရိုက်အသုံးပြု၍ ရန်သူများကို တိုက်ခိုက်ရန် ရစ်ပတ်ထားသည်။

အာကာပြင်မှော်စွမ်းအင်မှာ အခြေခံအားဖြင့် သာမန် ဒြပ်စင်မှော်စွမ်းအင်မှလာသည်။ အာကာပြင်မှော်စွမ်းအင်နှင့် မဟာမှော်ပညာရှင်များမှာ သာမန် မှော်ပညာရှင်များကို ရင်ဆိုင်ရချိန်တွင် ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပင်မရှိသော သာမန် မှော်ပညာရှင်များကို အပြည့်အဝ ဖိနှိပ်နိုင်သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ဂုဏ်သရေတပ်ရင်း၏ မှော်ပညာရှင်များကို အံ့ဩဖွယ် အလွယ်လေး အနိုင်ယူခဲ့ပါလျှင်တောင် မဟာမှော်ပညာရှင်ငါးဦးမှာ အင်မတန် ယုံကြည်ချက် ရှိနေဆဲပါပင်။

ယခင်က မဟာမှော်ပညာရှင် ဂရိုဗန်၏ သေဆုံးခြင်းကြောင့် မဟာမှော်ပညာရှင်ငါးဦးအား Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် ရင်ဆိုင်ဖို့ စေလွှတ်ခြင်းက ၎င်းတို့ကို အလေးအနက်ထား ဆက်ဆံနေခြင်းဟု ဆိုသင့်သည်။

သို့သော်လည်း... တိုက်ခိုက်မှု အစစ်အမှန် စတင်ချိန်၌ ဂုဏ်သရေတပ်ရင်း၏ မဟာမှော်ပညာရှင်ငါးဦးမှာ ၎င်းတို့၏ ယခင်က ချောချောမွေ့မွေ့ ရှိခဲ့‌သော အာကာပြင်မှော်စွမ်းအင်မှာ တကယ်တမ်း မှော်လေသင်္ဘောများနှင့် သံချပ်ကာ မှော်ယာဉ်များထက်တွင် ၎င်းတို့မျှော်လင့်ထားသည့် သက်ရောက်မှု မရှိကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရသည်။

သာမန်လူများအတွက် ကြောက်မက်ဖွယ် အာကာပြင်မှော်စွမ်းအင်မှာ မှော်လေသင်္ဘောများ သို့မဟုတ် သံချပ်ကာ မှော်ယာဉ်များဖြစ်စေ ထိုထူးဆန်းသည့် မှော်စွမ်းအင်၏ အရောင်အသွေးဖြင့် တောက်ပစွာ ဖုံးအုပ်ထားသည်။ ၎င်းတို့ကို ထိုအထဲ၌ သိမ်းထုပ်လိုက်ချိန်တွင် ၎င်းမှာ အာကာပြင်မှော်စွမ်းအင်၏ တုန်ခါမှုများကိုပင် ခုခံနိုင်ပေ၏။

၎င်း မှော်လေသင်္ဘောများနှင့် သံချပ်ကာ မှော်ယာဉ်များကို အာကာပြင်မှော်စွမ်းအင်များဖြင့် ဝါးမြိုခံလိုက်ရပုံရသော်လည်း ထူးဆန်းသည့် မှော်အလင်းကာကွယ်ပေးမှုကြောင့် ၎င်းတို့မှာ ယခင်ကအတိုင်း ထိခိုက်ပျက်စီးသည့် မည်သို့သော လက္ခဏာကိုမှပြမလာချေ။

ဂုဏ်သရေတပ်ရင်း၏ မဟာမှော်ပညာရှင်ငါးဦးမှ ထွက်ပြေးသွားသည့် သာမန်မှော်ပညာရှင်များအထိ အားလုံးမှာ စစ်မြေပြင်၏ ထူးဆန်းသော အပြောင်းအလဲများကို ကြည့်ရင်း အံ့ဩနေကြသည်။

၎င်းက ထိုမှော်ပညာရှင်များ၏ ယေဘုယျအမြင်ကို ကျော်လွန်နေပြီဖြစ်၏!

အာကာပြင်မှော်စွမ်းအင်ကို ရင်ဆိုင်နေရချိန်တွင် သာမန် မှော်ပညာရှင်များအတွက် လွတ်မြောက်ဖို့ ၎င်းတို့တတ်နိုင်သမျှကို ကြိုးစားကြည့်သင့်သည်။ တူညီသော အဆင့်ရှိ မဟာမှော်ပညာရှင်တစ်ဦးဆိုလျှင် ၎င်းတို့၏ ကိုယ်ပိုင်အာကာပြင်မှော်စွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်နိုင်လိမ့်မည်။

သို့သော် မည်သို့ဖြစ်စေ ၎င်းတို့မှာ အာကာပြင်မှော်စွမ်းအင်က ခုခံနေရပြီး မည်သည့် သက်ရောက်မှုမှ လုံးဝမရှိသည်ကို မကြားခဲ့ဖူးပါချေ။

၎င်းက တကယ်ကို မယုံနိုင်ဖွယ်ဖြစ်သည်။

"အိုင်း ဒီငတုံးတွေကတော့ မှော်အာကာပြင်တည်ငြိမ်ကိရိယာရဲ့ နက်နဲမှုကို မသိကြဘူးလား?" လူပုခေါင်းဆောင် အိုမာက ၎င်းတို့၏ အထက်ကောင်းကင်ယံမှ အံ့ဩနေသော မဟာမှော်ပညာရှင်ငါးဦးကို ညွှတ်ပြ၍ လှောင်ရိပ်အပြည့်ဖြင့် အေးစက်စက် ရယ်မောလိုက်သည်။

ဟာ့ထ်ကလည်း ကြည့်၍ အေးစက်စက်နှာမှုတ်လိုက်၏။

"ဒီမှော်ပညာရှင်တွေက အမြဲ သူတို့ မှော်ပညာ ဘယ်လောက်ဆန်းကြယ်တယ်ဆိုတာရယ် ပါရမီပါလာတဲ့ လူအနည်းစုလောက်ကပဲ နားလည်တယ်ဆိုတာရယ်ကို ကြွားဝါနေတော့ အမြဲ ဘဝင်မြင့်နေကြတယ်လေ။ ဥက္ကဌရဲ့ မှော်သုတေသနစိစစ်ချက် အရှေ့မှာ ဒါက လုံးဝမဆန်းကြယ်နေတာကို တွေးမိမှာကိုမဟုတ်ဘူး။ မှော်ပညာအားလုံးက... အချက်အလက် တစ်စုပါပဲ"

နတ်သူငယ်ခေါင်းဆောင် ဖူရီယိုက ထိုနှစ်ဦးကို ကူရာမဲ့စွာကြည့်၍ ခေါင်းခါကာ သက်ပြင်းချလျက် ဆိုလာသည်၊ "ခင်ဗျားတို့ နှစ်ဦးက စစ်သည်တွေဖြစ်ပြီး မှော်ပညာရှင်တွေက ခင်ဗျားတို့အပေါ် အထင်သေးတာကို မခံနိုင်မှန်းသိပေမယ့် မှော်အချက်အလက်‌စိစစ်ရေးကို မဟာမှော်ပညာရှင်ဖြစ်တဲ့ ဥက္ကဌက အဆိုပြုခဲ့တာလေ။ သုတေသနကိုကျတော့ မှော်သုတေသနဌာနရဲ့ မှော်ပညာရှင်တွေက အဓိက လုပ်ထားတာမို့ ခင်ဗျားတို့အနေနဲ့ အဲ့သလို သူများဒုက္ခရောက်မှာကို ပျော်နေသလိုပုံရှိလို့ မရနိုင်ဘူး။"

အိုမာနှင့် ဟာ့ထ်တို့က အချင်းချင်းကြည့်ကာ ရယ်မောမိလိုက်ကြသည်။

ဟာ့ထ်က ဖူရီယိုအား ပခုံးပုတ်၍ အပြုံးကြီးကြီးဖြင့် ပြောလိုက်သည်၊ "ဒါကို ဥက္ကဌနဲ့ ကျုပ်တို့ ကုမ္ပဏီရဲ့ မှော်ပညာရှင်တွေ ဖန်တီးထားမှန်း သိပါတယ်၊ ဒါပေမယ့် ဒါက ဒီလူတွေအပေါ် ရယ်ချင်စိတ်ကို တားလို့မရနိုင်ဘူး။ ဖူရီယို ရိုးသားရရင် ခင်ဗျားက မဟာမှော်ပညာရှင်ဖြစ်ဖို့ နီးနေတာဆိုတော့ ဥက္ကဌ အကြံရလာတဲ့ မှော်အချက်အလက်စိစစ်ရေးအပေါ် ဘယ်လိုထင်လဲ?"

ဖူရီယိုမှာ မျက်နှာထက်ရှိ လေးစားနေဟန်ကို မကွယ်ဝှက်နိုင်တော့ဘဲ ခံစားချက်အပြည့်ဖြင့် ပြောလာ၏၊ "သေချာ ပြောရရင် မှော်သုတေသန သမိုင်းမှာ ဒါက ဆန်းသစ်ပြီး ထူးခြားမှုအရှိဆုံးအကြံပဲ။ ဥက္ကဌ ဒီအကြံကို အဆိုမပြုခင်က ကျုပ်တို့အနေနဲ့ မှော်ပညာကို တိုင်းတာဖို့ တိကျတဲ့ အချက်အလက်တွေကို သုံးနိုင်မယ်ဆိုပြီး တွေးမိတဲ့ မှော်ပညာရှင် တစ်ယောက်မှ မရှိခဲ့ဖူးဘူး။"

"မှော်ပညာရှင်အားလုံးက မှော်ပညာဆိုတာ အရမ်းကို ဆန်းကြယ်ပြီး ထူးကဲတဲ့အရာဖြစ်ပြီး ဆက်တိုက် လေ့ကျင့်မှုတွေနဲ့ နားလည်မှုကို အခြေခံပြီးပဲ မှော်ပညာကို ဖမ်းဆုပ်နိုင်မယ်လို့ ထင်ကြတယ်။ ဒါကို ဖမ်းဆုပ်နိုင်ရင် အလုံအလောက် ပါရမီကောင်းတယ်လို့ ဆိုနိုင်ပြီး မဖမ်းဆုပ်နိုင်ရင်တော့ မင်းမှာ ပါရမီမပါတဲ့အဓိပ္ပာယ်ပဲ။"

"ဒါပေမယ့် အခု... ဥက္ကဌ အဆိုပြုခဲ့တဲ့ အကြံတွေက ဒီထုံးတမ်းကို ချိုးဖျက်ခဲ့တယ်။ ဆန်းကြယ်တဲ့ မှော်ပညာကို အချက်အလက်တွေနဲ့ စိစစ်နိုင်တာမို့လို့ ဆန်းကြယ်မနေတော့ဘူး။ ကျုပ်အနေနဲ့.... အခြေနေလုံလောက်ရင် ဒီမှော်ပညာအချက်အလက် စိစစ်ရေးနဲ့ မှော်ပညာရှင်တွေကို အစုအဝေးလိုက် မွေးထုတ်ပေးနိုင်မှာပဲ။"

"ဥက္ကဌက အဲ့လိုပြောခဲ့ပေမယ့် ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာကလည်း ဒီလိုမျိုး မှော်ပညာကို လေ့ကျင့်ပေးထားတဲ့ မှော်ပညာရှင်တွေက နားလည်မှုတစ်ခုရဖို့ အရမ်းခက်မှာမို့ ကောင်းမွန်တဲ့ ကိုယ်ခံစွမ်းအားမရှိလောက်ဘူးလို့ပြောထားတယ်။" ဟာ့ထ်က ပခုံးတွန့်၍ ဆိုသည်။

"ခင်ဗျားက ဘာ ကိုယ်ခံစွမ်းအားမျိုးကို လိုအပ်နေလို့လဲ?" အိုမာက လက်ကိုယမ်းလိုက်သည်၊ "ကျုပ်တို့ဆီမှာ ရှိတဲ့ လူတွေကို ကြည့်လိုက်၊ ဖူရီယိုကလွဲပြီး မှော်ပညာရှင်တွေ မရှိသလောက်ဆိုပေမယ့် ကျုပ်တို့အနေနဲ့ ကျုပ်တို့ရှေ့က အဲဒီ့မှော်ပညာရှင်တွေကို တိုက်ခိုက်နိုင်တုန်းပဲလေ။ ဒါကို ပြောရရင် ဥက္ကဌ လုပ်နေတာက အဲ့သောက်မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ အုတ်မြစ်တွေကို ဆွဲထုတ်နေတာပဲ။ စဉ်းစားကြည့် ကျုပ်တို့ ကုမ္ပဏီက အဆင့်နိမ့်မှော်ပညာရှင်တွေကိုတောင် အစုအဝေးလိုက် မွေးထုတ်နိုင်တာကို ဘယ်သူက မှော်ပညာရှင်များအဖွဲ့အစည်းကို ဂရုစိုက်နေတော့မှာလဲ?"

ဖူရီယိုနှင့် ဟာ့ထ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်လိုက်၏။

ထိုအမြင်ကို သုံးသပ်ရသော် ဥက္ကဌ ၎င်းကို အဆိုပြုခဲ့စဉ်က ၎င်းကို တွေးမိပြီးသား ဖြစ်ရမည်။

မဟုတ်ပါက အဘယ့်ကြောင့် သူဟာ မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ဖို့ အတင်းအကြပ်ဖြစ်နေမည်နည်း?

"ကောင်းပြီလေ၊ ကျုပ်တို့အနေနဲ့ ဒီမေးခွန်းတွေကို စဉ်းစားဖို့မလိုသေးသလို အခုက အဲ့လိုလုပ်ရမယ့် အချိန်လည်းမဟုတ်ဘူး။ အခုအရေးအကြီးဆုံးအရာက ဒီကောင်တွေကို ရှင်းပစ်ဖို့ပဲ။" ဟာ့ထ်က လက်ခုပ်တစ်ချက်ကြီး၍ ၎င်းတို့၏ အာရုံများကို ပြန်ဆွဲခေါ်လိုက်ပြီးနောက် မိုင်ကန်ကို လှည့်အော်လိုက်သည်၊ "မိုင်ကန်, မဟာမှော်ပညာရှင်ငါးယောက်ရဲ့ အချက်အလက် စိစစ်မှုကနေ တင်ပြစရာရှိသေးလား?"

"ခဏစောင့်ပါ!" မိုင်ကန်က အော်လိုက်ပြီး သူ့ရှေ့ရှိ ထိန်းချုပ်ဘောင်ထံမှ လာသော ပုံရိပ်ယောက်ကို ဆက်လက်စိုက်ကြည့်နေလိုက်သည်။

ဟာ့ထ်က မစောင့်နေဘဲ တိုက်ရိုက်ပင် ဆက်သွယ်ရေးဘောင်ထံသို့ လာလိုက်ကာ ခလုတ်ကို နှိပ်လိုက်သည်။

"အဖွဲ့အားလုံး အာရုံစိုက် တိုက်ခိုက်ဖို့ ပြင်ထားကြတော့! မင်းတို့အားလုံး မဟာ‌မှော်ပညာရှင်ဂျူနာနဲ့ ပုံမှန်လေ့ကျင့်ရေးမှာ ဘာလုပ်ခဲ့တယ်ဆိုတာကို စဉ်းစားထား အမှားတစ်ခုမှ မလုပ်မိစေနဲ့!"

"နားလည်ပါပြီ!"

"လက်ခံရရှိပါတယ်!"

"ခေါင်းဆောင် ဟာ့ထ်, စိတ်ချပါ။ ဒီကောင်တွေက မဟာမှော်ပညာရှင် ဂျူနာနဲ့ မယှဉ်နိုင်ပါဘူး ကျုပ်တို့ အလွယ်လေးရှင်းလိုက်နိုင်ပါတယ်"

.....

ယုံကြည်ချက်‌ပြည့်နေသည့် အဖြေများက သူ့ဆီ ပြန်ရောက်လာ၏။

ဟာ့ထ်လည်း စိတ်တိုင်းကျစွာ ခေါင်းငြိမ့်လိုက်၏။ သူက မိုင်ကန်ဘက်လှည့်လိုက်ရာ ၎င်းမှာ သူ့ရှေ့ရှိ စခရင်ကို ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရပြီး ထိုအချက်အလက် စိစစ်ရေး ပြီးဆုံးဖို့ အချိန်အနည်းငယ်ကြာမည်ကို သိလိုက်သည်။ စဉ်းစားလိုက်ပြီးနောက် သူဟာ အမိန့်ပေးလိုက်ပါ၏၊ "မှော်လေသင်္ဘောအားလုံး ပထမဆုံး တိုက်ခိုက်တာကိုရပ်ပြီး ရှောင်တိမ်းဖို့ လုပ်ကြပါ၊ ပြင်းပြင်း ထန်ထန်ခုခံမှုတွေကို မသုံးပါနဲ့။ ကျုပ်တို့ရဲ့ စွမ်းအင်သိုလှောင်ရေးက ဒီတိုက်ပွဲမှာ အရေးအပါဆုံးမို့ အခုက အချိန်မကျသေးဘူး။"

ဆက်သွယ်ရေးကိရိယာနှင့် လေထဲရှိ မှော်လေသင်္ဘော အစင်းသုဲးဆယ်တို့ထံမှ စတင်လှုပ်ရှားဖို့ တုံ့ပြန်ချက်များရလာပြီး ကောင်းကင်၌ မြန်မြန် ပတ်၍ ပျံသန်းကြတော့သည်။

မှော်အင်ဂျင်၌ တိုးတက်မှုတစ်ခုရှိသွသောကြောင့် မှော်လေသင်္ဘော၏ အမြန်နှုန်းပြည့်မှာ တစ်နာရီလျှင် တစ်ရာ့ငါးဆယ် ကီလိုမီတာအထိ ချိုးဖျက်နိုင်သွားပြီဖြစ်သည်ပင်။

မြန်နှုန်းအပြည့်၌ ပျံသန်းခြင်းမှာ မြေပြင်မှ မော့ကြည့်လိုက်လျှင် ၎င်းတို့အနေနှင့် ကောင်းကင်၌ ကခုန်နေသော အနက်ရောင်အရိပ်များကိုသာ မြင်ရပြီး အတော်လေးအထင်ကြီးစရာပင်။

မှန်ပါ၏၊ မြန်နှုန်းအမြင့်၌ပင် ၎င်းတို့အနေနှင့် မှော်ပညာရှင်များ၏ တိုက်ခိုက်မှုအားလုံးကို မရှောင်နိုင်ပါချေ။ မှော်လေသင်္ဘောများကို လာရောက်ထိမှန်သည့် မန္တာန် အချို့ရှိနေသေးပြီး အကာအရံများကြောင့် ပိတ်ဆို့ခံထားရလိမ့်မည်သာ။

ထိုသို့ ခဏကြာ ပျံသန်းနေပြီးနောက် ထိုအမိန့်ပေးမှော်လေသင်္ဘောထက်ရှိ ရိက္ခာများကို ကြီးကြပ်ရသူမှာ ဟာ့ထ်ကို ထူးထူးဆန်းဆန်းကြည့်လာသည်။

"ခေါင်းဆောင် ဟာ့ထ်... ကျုပ်အထင်... ကျုပ်တို့ အဲ့မှာ နေပြီး အရိုက်ခံနေရသလိုခံစားနေရတယ်။"

ဟာ့ထ်မှာ အံ့ဩသွား၏၊ "ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့... လက်ရှိ ဒီအခြေအနေနဲ့ဆို ကျုပ်တို့ရဲ့ မှော်စွမ်းအင် အသုံးပြုနှုန်းက အရင်ကထက် ၂၀%ပိုမြင့်နေတာကို တွေ့ခဲ့ရတယ်...."

ထိုအဖြေကိုကြားသော် ဟာ့ထ်တင်မက အိုမာနှင့် ဖူရီယိုတို့ နှစ်ဦးစလုံးသည်ပင် အံ့ဩသွားကြသည်။

"ဘာလို့လဲ? ကျုပ်တို့ ဒီလိုရှောင်ရင်းနဲ့ မန္တာန်တွေအများကြီးကို ရှောင်တိမ်းလို့မရနိုင်ဘူးလား? ဘာလိုလုပ် ပိုပြီး စွမ်းအင်ကုန်တာလဲ?"

ရိက္ခာကြီးကြပ်က ခါးသက်သက်ဖြင့် ကူရာမဲ့စွာပြုံးကာ ဖြေလိုက်သည်၊ "ရိုးရိုးသားသားပြောရရင်... ကျုပ်တို့ မှော်လေသင်္ဘောရဲ့ စွမ်းအင်စားသုံးခြင်းနဲ့ ပတ်သက်လာနဲ့အခါ အမြင့်ဆုံး ကုန်ဆုံးတာက တစ်မိနစ်ကို ငါးရာ့ခုနစ်ဆယ် Evs (570Evs) ပျံသန်းလို့ပဲ။ ဒီလို အမြန်နှုန်းမြင့်ကို သုံးတဲ့အခါ တစ်မိနစ်ကို 1000Evs စားသုံးတယ်လေ။ ကျုပ်တို့အနေနဲ့ မှော်အကာရံတွေကိုပဲ ထိန်းထားရင် တစ်မိနစ်ကို 240Evsပဲ ကုန်မှာ...."

ဟာ့ထ်၊ အိုမာနှင့် ဖူရီယိုတို့က အချင်းချင်းကြည့်လိုက်ကြ၏။

ဟာ့ထ်မှာ သူ၏ မျက်နှာပူနွေးလာသလိုခံစားလိုက်ရသည်။

သူဟာ အမိန့်ပေးသူဖြစ်ပြီး ထိုအမှားမျိုးလုပ်မိမည်ဟု မထင်ခဲ့ချေ။

သို့သော် ၎င်းက မမှန်ဟုထင်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်၊ "ဒါက မဟုတ်ဘူး။ ကျုပ်တို့ မဟာမှော်ပညာရှင် ဂျူနာ နဲ့ လေ့ကျင့်တုန်းက ကျုပ်တို့လည်း မြန်နှုန်းမြင့် ရှောင်တိမ်းနည်းကိုသုဲးတာပဲ ပိုမြင့်တဲ့ သုံးစွဲခြင်းရှိတယ်လို့ တင်ပြတာမျိုး မရှိခဲ့ဘူး..."

ရိက္ခာကြီးကြပ်က လက်ဖြန့်၍ ပို၍ ကူရာမဲ့ဟန်ပြလာသည်။

"ဒါက မဟာမှော်ပညာရှင် ဂျူနာက ပဉ္စမအဆင့်မဟာမှော်ပညာရှင် ဖြစ်တာကြောင့်ပဲ။ ကျုပ်တို့သာ သူ့တိုက်ခိုက်မှုကို ခုခံရင် လိုအပ်တဲ့ သုံးစွဲမှုကို တိုးမြှင့်လိုက်မယ့် မှော်အာကာပြင်ထိန်းညှိကိရိယာနဲ့ ချိတ်ဆက်ဖို့လိုတယ်။ ဒါပေမယ့် ဒီမဟာမှော်ပညာရှင်ငါးယောက်ရဲ့ ခြိမ်းခြောက်မှုက.. သူတို့ရဲ့ အာကာပြင်မှော်စွမ်းအင်ဟာ မဟာမှော်ပညာရှင် ဂျူနာရဲ့ စွမ်းအင်လောက် အားမကောင်းတော့ ကျုပ်တို့အနေနဲ့ မှော်အာကာပြင်ထိန်းညှိကိရိယာကို သုံးဖို့ မလိုတော့ ဒါက သုံးစွဲမှုကို လျော့ကျစေတယ်။"

ဟာ့ထ်၏ အဖွဲ့က ပြောစရာမဲ့သွားသည်။

အဆုံး၌ ၎င်းတို့ ရင်ဆိုင်နေရသော မဟာမှော်ပညာရှင်များမှာ အလွန်ကို အားနည်းနေသည်သာ...

"ဟုတ်ပြီလေ ဒါကို တကယ့် တိုက်ပွဲအတွေ့အကြုံရတယ်လို့ ယူဆနိုင်ပါတယ်..." ဟာ့ထ်က နေရခက်နေဟန်ဖြင့် ဆက်သွယ်ရေးကိရိယာထံ ဆန္ဒမရှိစွာ အမိန့်ပေးလိုက်သည်၊ "ကောင်းပြီ အားလုံးပဲ ရပ်တော့။ မင်းတို့အနေနဲ့ တစ်ဘက်က အာကာပြင်မှော်ပညာကို ရှောင်ဖို့ပဲ လိုပြီး ဆက်တိုက်လုပ်စရာမလိုဘူး...."

ထိုအမိန့်ပေးလိုက်သည်နှင့် မိုင်ကန်က ရုတ်တရတ် လှည့်လာသည်။

"ခေါင်းဆောင် အချက်အလက်စုစည်းမှု ပြီးပါပြီ!"

ဟာ့ထ်၏ မျက်လုံးများတောက်ပသွား၏၊ "ကောင်းတယ်! ချက်ချင်း တခြားအဖွဲ့တွေဆီ အချက်အလက်တွေပို့လိုက်။ ညီအစ်ကိုတို့! အဲ့ကောင် ငါးယောက်ကို ရှင်းလိုက်ကြတော့!"

***

မှော်စက်မှုအင်ပါယာ

Vol 6,အခန်း ၁၆၅။ ကြောက်မက်ဖွယ် Frestech ကုန်သည်ကြီးများအသင်း

သက္ကရာဇ် ၃၇၉၃၏ မေလ နှောင်းပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် မန်နာမှော်တိုင်းပြည်တို့ထံမှသတင်းမှာ လူများ အာရုံစိုက်လာသော အရာဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ မေလလယ်၌ မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ခြင်းဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းက ရှုံးနိမ့်မည်ဟု ထင်ခဲ့ကြ၏။

သို့သော် မေလကုန်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ လမ်းကြောင်းအသီးသီးမှတဆင့် မန်နာမှော်တိုင်းပြည်ရှိ ၎င်းတို့၏ စစ်ဆင်ရေးမှ ကျေနပ်ဖွယ် ရလာဒ်များ ရရှိခဲ့ကြောင်းကြေငြာခဲ့သည်။

ထို စစ်ရေးအပြုအမှုမှာ မန်နာမှော်တိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်းထံ ရန်လိုသူနေများဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုကို တိုက်ခိုက်ခဲ့‌သော မှော်ပညာရှင်များ ဆီ ရည်ရွယ်ထားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား ပစ်မှတ်ထားနေသည့် မှော်ပညာရှင်များအတွက် ပြင်းထန်သော သတိပေးချက်သောကြောင့် ၎င်းက အနာဂတ်၌ ထပ်ဖြစ်မည်မဟုတ်ဟု ယုံကြည်ခဲ့၏။

တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ မန်နာမှော်တိုင်းပြည်ကို သတိပေးရင်း ၎င်းတို့အား ၎င်းတို့၏ မှော်ပညာရှင်များကို ထိန်းချုပ်နိုင်စေဖို့ မျှော်‌လင့်နေသည်။ ထိုသို့တစ်ဖန်ထပ်ဖြစ်ပါက Frestech ကုန်သည်ကြီးများအသင်းမှာ သံသယပင်မလိုအောင် ထပ်မံလက်တုံ့ပြန်မည်သာ။

ထိုထုတ်ပြန်ချက်ကို အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်းမှာ သံသယပင်မရှိဘဲ မန်နာမှော်တိုင်းပြည်ရှိ စစ်ဆင်ရေးများ၌ အောင်မြင်မှုရခဲ့ပြီး ထိုနည်းဖြင့် မန်နာမှော်တိုင်းပြည်ကို သတိပေးရန် လုံလောက်စွာ ယုံကြည်မှု ရှိနေမည်ဖြစ်သည်။

သို့ရာတွင် လူများစွာမှာ Frestech ကုန်သည်ကြီးများအသင်း၏ တရားဝင်ထုတ်ပြန်ချက်အား သံသယဝင်နေ၏။

အဆုံး၌ မန်နာမှော်တိုင်းပြည်မှာ နယ်မြေကြီးရှိ အခြားမည်သည့်နိုင်ငံနှင့်မဆို ကွဲပြားသည်။ ၎င်းတို့ထံရှိ များစွာသော မှော်ပညာရှင် အရေအတွက်ကြောင့် မန်နာမှော်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို ရင်ဆိုင်ရန် အကောင်း‌ဆုံးနိုင်ငံဖြစ်ကာ မာလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့ထက်ပင် ပိုကောင်းသေးသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသာ မန်နာမှော်တိုင်းပြည်ကို အလွယ်လေးအနိုင်ယူနိုင်ခဲ့ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များက နယ်မြေကြီး၌ ပြိုင်ဘက်ကင်းဖြစ်နေသည်ဟု ဆိုလိုနေခြင်းမဟုတ်ပေဘူးလား?

လူပေါင်းများစွာက ၎င်းတို့၏ သံသယကို ဖော်ပြနေစဉ်တွင် မန်နာမှော်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းထံ ထုတ်ပြန်ချက်တစ်ခု ပေးပို့လာခဲ့၏။

မန်နာမှော်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက မန်နာမှော်တိုင်းပြည်ကို ရဲတင်းစွာ ကျူးကျော်လာခဲ့ကာ မန်နာမှော်တိုင်းပြည်၏ စစ်တပ်ကို တိုက်ခိုက်ခြင်းက သိသိသာသာ ကျူးကျော်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းက နယ်မြေကြီးရှိ အခြေခံအကျဆုံး ဥပဒေများကို နင်းချေခြင်းဖြစ်၍ မန်နာမှော်တိုင်းပြည်မှာ ၎င်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပြီး မည်သည့်အချိန်၌မဆို ပြန်တိုက်ခိုက်ခွင့်ရှိ‌ကြောင်း ဆိုထားသည်။

တစ်ချိန်တည်း၌ မန်နာမှော်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ မဟာမှော်ပညာရှင် ဂရိုဗန်အကြောင်း စွပ်စွဲချက်များကိုလည်း ခိုင်မာစွာ ငြင်းပယ်ထားသည်။

မန်နာမှော်တိုင်းပြည်က ၎င်းအား Frestech ကုန်သည်ကြီးများအသင်းထံမှ စွပ်စွဲချက်အဖြစ် ဖော်ပြထားကာ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်အား တိုက်ခိုက်ရန် အရှက်မဲ့သည့် ဆင်ခြေတစ်ခု ရှာခြင်းဖြစ်သည်ဟုပင်။

Frestech ကုန်သည်ကြီးများအသင်း၏ အရှက်မဲ့လုပ်ရပ်ကြောင့် မန်နာမှော်တိုင်းပြည်မှာ ၎င်းတို့၏ ခွန်အားကို စုစည်းပြီးသည်နှင့် Frestech ကုန်သည်ကြီးများအသင်းအား သွေးလွှမ်းသည့် သင်ခန်းစာတစ်ခု သင်ကြားပေးမည်ဟု ဖော်ပြခဲ့သည်။

မန်နာမှော်တိုင်းပြည်က ထိုဖော်ပြချက်ကို ပြုလုပ်လာချိန်တွင် မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ကလည်း ကြေငြာချက်တစ်ခုပြုလုပ်လာသည်။

မှော်ပညာရှင်များအဖွဲ့အစည်းမှာ မန်နာမှော်တိုင်းပြည်သည် မှော်ပညာရှင်များအဖွဲ့အစည်း၏ ကာလရှည်ပါတနာဖြစ်ခဲ့ပြီး မှော်ပညာရှင်များအဖွဲ့အစည်းမှ မှော်ပညာရှင်များအတွက် အထူးဆက်ဆံရေးရရန် ဒီဇိုင်းဆွဲထားသည့် အထူးနိုင်ငံဖြစ်သည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မန်နာမှော်တိုင်းပြည်အား အကြောင်းအရင်းမရှိ ကျူးကျော်ခဲ့လေရာ ၎င်းမှာ မှော်ပညာရှင်များအဖွဲ့အစည်းကို နှိုးဆွခြင်းနှင့် ညီမျှပြီး နယ်မြေကြီးရှိ မှော်ပညာရှင်များအားလုံးကို စိန်ခေါ်ကာ စော်ကားခြင်းဖြစ်သည်။

မှော်ပညာရှင်များအဖွဲ့အစည်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ လွန်ကျူးသော လုပ်ရပ်များအတွက် Frestech ကုန်သည်ကြီးများအသင်းအပေါ် ခွင့်ပြုမိန့်များအပြည့် လျှောက်ထားမည်ဟုပင် ဖော်ပြခဲ့၏။

ကြေငြာချက်ထုတ်ပြန်သည့် နေ့မှစ၍ မှော်ပညာရှင်များအဖွဲ့အစည်းမှာ မှော်ပညာရှင်များအားလုံးကို Frestech ကုန်သည်ကြီးများအသင်းအား ဆက်သွယ်ခြင်းမှ တားမြစ်ထား၏။ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခွင့်မပြုချေ၊ မဟုတ်ပါက ၎င်းတို့အား မှော်ပညာရှင်များအဖွဲ့အစည်း၏ ရန်သူအဖြစ်နှင့် နယ်မြေကြီးရှိ မှော်ပညာရှင် အားလုံးတို့၏ ရန်သူအဖြစ် သတ်မှတ်မည်ပင်။

၎င်းအပြင် မှော်ပညာရှင်များအဖွဲ့အစည်းမှာ မန်နာမှော်တိုင်းပြည်ထံ ထောက်ပံ့မှု အပြည့်ပေး၍ စိုင်စ်နယ်မြေကြီး၏ အခြားနိုင်ငံများထံမှ အကူအညီတောင်းကာ Frestech ကုန်သည်ကြီးများအသင်းကို ခုခံမည်ဖြစ်သည်။

ပြောရလျှင် မှော်ပညာရှင်များအဖွဲ့အစည်း၏ ထုတ်ပြန်ချက်မှာ အင်မတန် ပြင်းထန်ပြီး ၎င်းတို့၏ တိုင်းတာချက်များက အင်မတန် ပြတ်သား၍ အကြင်နာကင်းမဲ့၏။

မှော်ပညာရှင်များအဖွဲ့အစည်းထံရှိ နယ်မြေကြီး၏ မှော်ပညာရှင်များ စိတ်ထဲမှ အခွင့်အာဏာကြောင့် ၎င်းတို့သာ မှော်ပညာရှင်အားလုံးကို Frestech ကုန်သည်ကြီးများအသင်းအား ဆက်သွယ်ခြင်းနှင့် မကူညီရန် တားမြစ်လိုက်လျှင် မှော်ပညာရှင်အများစုမှာ ထိုကိစ္စကြောင့် သိက္ခာစောင့်စည်းမှုများစွာကို ခံစားရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ မဏ္ဍိုင်မှာ မှော်စက်များဖြစ်သောကြောင့် ၎င်းတို့ထံရှိ အရေးအပါဆုံး ဝန်ထမ်းများမှာ မှော်ပညာရှင်များဖြစ်၏။

ထိုမှော်ပညာရှင်များကသာ မှော်ပညာရှင်များအဖွဲ့အစည်းကို နားထောင်၍ Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာလာလျှင် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအပေါ် ရိုက်ခတ်မှုကြီးတစ်ခုဖြစ်လာမည်ဖြစ်ရုံသာမက ၎င်းတို့ကို ရပ်တန့်၍ပင် သွားစေနိုင်သည်။

ထိုသို့ဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ ပြိုလဲသွားနိုင်ပါ၏။

လူများမှာ အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်များအဖွဲ့အစည်းကို ဆန့်ကျင်၍ မျက်နှာပျက်စရာများပင် လုပ်ခဲ့သည်ကို နားမလည်ကြပေ။

သို့သော် တစ်ချိန်တည်း၌ လူများစွာမှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ပိတ်ပင်မှုက မည်သည့် သက်ရောက်မှုမှ မရှိမည်ကို သိကြသည်။

အချက်အလက်များက ၎င်းကို သက်သေပြနေပါ၏။

မှော်ပညာရှင်များအဖွဲ့အစည်းက ၎င်းတို့၏ ကြေငြာချက်ကို ပြုလုပ်ပြီးနောက်၌ Frestech ကုန်သည်ကြီးများအသင်းမှ လုံးဝလွှမ်းမိုးမခံခဲ့ရပါပေ။ ထိုအစား နယ်ပယ်အသီးသီးရှိ စွမ်းအားကြီးမှော်ပညာရှင်များစွာမှာ မှော်ပညာရှင်များအဖွဲ့အစည်းက နယ်မြေကြီး၏ မှော်ပညာရှင်များကို စောင့်ရှောက်ရသော အဖွဲ့အစည်းတစ်ခုဖြစ်ရာ မှော်ပညာရှင်များအတွက် တစ်စုံတရာကို အတင်းအကြပ်တားမြစ်ပိုင်ခွင့်မရှိကြောင်း ဖော်ပြခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တားမြစ်ခြင်းက မှော်ပညာရှင်များအဖွဲ့အစည်း၏ တည်ထောင်ခြင်းရည်ရွယ်ချက်ကို ဆန့်ကျင်နေရုံသာမက မှော်ပညာရှင်များ၏ ဂုဏ်သတင်းကိုပါ နစ်နာစေသည်။

မှော်ပညာရှင်များအဖွဲ့အစည်းအား ထိုတားမြစ်မှုကို ရုတ်သိမ်းဖို့ တောင်းဆိုလာသည့် စွမ်းအားကြီးကာ နာမည်ကျော်သော မဟာမှော်ပညာရှင်များစွာရှိသည်။

ရုတ်တရတ်ဆိုသလို မှော်ပညာရှင်များအဖွဲ့အစည်းမှာ နိုင်ငံတစ်နိုင်ငံစီတိုင်း၏ မှော်ပညာရှင်များအဖွဲ့အစည်းရုံးခွဲများ၏ ဆန့်ကျင်မှုကြောင့် ဖရိဖရဲဖြစ်ကုန်တော့သည်။

သာမန်လူများအတွက် မှော်ပညာရှင်များအကြား ပြဿနာများက ၎င်းတို့နှင့် မသက်ဆိုင်ပေ။ ၎င်းတို့ ဂရုအစိုက်ဆုံးအရာမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် မန်နာမှော်တိုင်းပြည်အကြား စစ်ပွဲဖြစ်သည်။

နှစ်ဘက်စလုံး၏ ထုတ်ပြန်ချက်များအပေါ် အခြေခံရသော် မန်နာမှော်တိုင်းပြည်က ၎င်းတို့၏ ထုတ်ပြန်ချက်နှင့်အတူ အားကောင်းပုံပေါက်ပါလျှင်တောင် ၎င်းတို့မှာ သန်မာယောင်ဆောင်နေကြောင်း သိသာ၏။

အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းကြေငြာခဲ့သည့် ရလာဒ်တချို့အရ မန်နာမှော်တိုင်းပြည်မှာ လုံးဝပင် ပြန်မတိုက်ခိုက်နိုင်ခဲ့ပေ။ ထိုအစား ၎င်းတို့ ထုတ်ပြန်ခဲ့သည့် ဖော်ပြချက်မှာ မာနကြီးသလို ပုံပေါက်နေသည်။

၎င်းက ၎င်းတို့အနေနှင့် နှစ်ဘက်အကြား စစ်ပွဲ၌ သိသိသာသာ ရှုံးနိမ့်နေသော အဓိပ္ပာယ်မဟုတ်ပေဘူးလား?

ထို့ကြောင့် လူတိုင်းမှာ မန်နာမှော်တိုင်းပြည်ထံ၌ မှော်ပညာရှင်များစွာ ရှိကာ မဟာမှော်ပညာရှင်အယောက်နှစ်ဆယ်ပင် ရှိနေသော်လည်း Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ၎င်းတို့ကို အနိုင်ယူနိုင်ခြင်းမှာ တကယ်ကိုမယုံကြည်နိုင်ဖြစ်နေသည်။

မည်သို့များ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက အနိုင်ရခဲ့သနည်း? ရလာဒ် အခိုင်အမာက မည်သည်များဖြစ်သနည်း?

၎င်းမှာ လူတိုင်း ဂရုစိုက်နေသည့် အရာပင်။

ထိုမေးခွန်းနှစ်ခုအား Frestech ကုန်သည်ကြီးများအသင်း၊ မန်နာမှော်တိုင်းပြည်နှင့် မှော်ပညာရှင်များအဖွဲ့အစည်းတို့မှ ကြေငြာချက်များထုတ်ပြန်ပြီး ရက်များစွာ အကြာမှသာ ဖြည်းဖြည်းချင်းရှင်းလင်းခဲ့သည်။

သတင်းအသီးသီးအရ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ချိန်တွင် မန်နာမှော်တိုင်းပြည်၏ သာမန်စစ်တပ်ကို ရင်ဆိုင်ခဲ့ရသည့်အခါ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက မည်သည့် ခုခံမှုမှတောင် မပြုဘဲ တိုက်ရိုက်ထိုးဖောက်နိုင်ခဲ့သောကြောင့် ပြောစရာများများစားစားမရှိချေ။

နှစ်ဘက်အကြား တိုက်ပွဲအစစ်အမှန်အား မန်နာမှော်တိုင်းပြည်၏မြို့တော်အပြင်ဘက်ရှိ တစ်ခုတည်းသော တိုက်ပွဲဟုပင် ယူဆနိုင်သည်။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက နယ်မြေကြီး၌ ကျော်ကြားသော ဂုဏ်သရေတပ်ရင်းကို ဆန့်ကျင်တိုက်ခိုက်စဉ်၌ ဖြစ်သည်။

ထိုတိုက်ပွဲ၏ ရလာဒ်များမှာ အတန်ငယ် မယုံကြည်နိုင်ဖွယ်ပင်။

ဂုဏ်သရေတပ်ရင်းမှာ အပြည့်အဝရှုံးနိမ့်၍ ပဉ္စမအဆင့်နှင့် အထက် မှော်ပညာရှင် အယောက် နှစ်ရာ့ဆယ့်ရှစ်ယောက်ကို ဆုံးရှုံးခဲ့ကြသည်။

ထိုရလာဒ်ကပင် အံ့ဩဖို့ လုံလောက်နေပြီဖြစ်သည်။

သို့သော်လည်း ထိတ်လန့်စရာအကောင်းဆုံးမှာ ဂုဏ်သရေတပ်ရင်းမှာ မဟာမှော်ပညာရှင်လေးဦးကိုပါ ဆုံးရှုံးခဲ့ခြင်းပင်!

ဘုရားသခင်!

သာမန်လူများ၏ စိတ်ထဲ၌ မဟာမှော်ပညာရှင်များမှာ နတ်ဘုရားများကဲ့သို့ ပုဂ္ဂိုလ်ကြီးများဖြစ်နေပြီးသားဖြစ်ကာ လူများအနေနှင့် ၎င်းတို့ကို ကိုးကွယ်ရန်ပင် ဦးညွှတ်လိုက်နိုင်သည်။

မည်သည့် မဟာမှော်ပညာရှင်မဆို ကျဆုံးသွားလျှင် ၎င်းက ထိတ်လန့်ဖွယ် ဖြစ်ရပ်ပင်။

သို့သော် ဤအကြိမ်၌ မဟာမှော်ပညာရှင်လေးဦး ကျဆုံးခဲ့သည်!

နောက်ဆုံးအကြိမ် မဟာမှော်ပညာရှင်တစ်ဦး ကျဆုံးခဲ့သည်မှာ ကန်ဒရာအင်ပါယာနှင့် မာလိုအင်ပါယာတို့ စစ်မက်ဖြစ်ပွားခဲ့ချိန် လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၀အကြာကဖြစ်၏။

သို့ရာတွင် ထိုတိုက်ပွဲတစ်ခုလုံး၌ တိုက်ပွဲတစ်ခုတွင် မဟာမှော်ပညာရှင်တစ်ဦးထက်ပို၍ ဆုံးရှုံးခဲ့သော အခြေအနေဟူ၍ မရှိခဲ့ဖူးပေ။

ပြောရလျှင် မဟာမှော်ပညာရှင်များမှာ အာကာပြင်မှော်ပညာကို အသုံးပြုနိုင်သော စွမ်းအားကြီး ပုဂ္ဂိုလ်များဖြစ်ကြသောကြောင့် တိုက်ပွဲက အခြေနေမကောင်းလျှင်တောင် ထွက်ပြေးချင်လျှင် ပြဿနာမရှိဘဲ ထွက်ပြေးနိုင်သည်။

ထို့ကြောင့် လူတိုင်းမှာ ပထမအကြိမ် ၎င်းကို ကြားခဲ့စဉ်က ဟာသဟုပင် ထင်ခဲ့ကြ၏။

သို့သော် ထိုရလာဒ်ကို အတည်ပြုလိုက်ချိန်၌ လူတိုင်း ဆွံ့အသွားခဲ့ကြသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ဘာလို့လဲ? ဘာလို့ ဒီစွမ်းအားကြီး မဟာမှော်ပညာရှင်လေးယောက်စလုံးက တိုက်ပွဲတစ်ပွဲတည်းမှာ ကျဆုံးသွားခဲ့ရတာများလဲ?

သူတို့က ထွက်တောင် မပြေးနိုင်လို့လား?

နယ်မြေကြီး၌ မဟာမှော်ပညာရှင်တစ်ဦးကို သေသည်အထိ တိုက်ခိုက်ရန် တောင်းဆိုသည့် နိုင်ငံတစ်နိုင်ငံပင် မရှိဟု သိထားရမည်။

ထိုရလာဒ်ကို အတည်ပြုပြီးနောက် လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အမည်က ၎င်းတို့ နှလုံးသားထဲ၌ “ကြောက်မက်ဖွယ်” ဖြစ်လာသည်ကို တွေ့လိုက်ရသည်။

၎င်းမှာ ကုမ္ပဏီတစ်ခုသာဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံကို အသာစီးကနေ တိုက်ခိုက်ရန် အင်အားရှိသည်။

ထို့အပြင် ထိုနိုင်ငံမှာ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ရုံးထံမှ ကီလိုမီတာ သုံးထောင်ကျော် ဝေးကွာပြီး မှော်ပညာရှင်များဖြင့် ပြည့်နှက်နေကာ မာလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့ ပြီးနောက် တတိယမြောက်အသန်မာဆုံးနိုင်ငံဟု အခေါ်ခံခဲ့ရသော နိုင်ငံပင်။

ပို၍ ကြောက်မက်ဖွယ်အကောင်းဆုံးမှာ တိုက်ပွဲတစ်ပွဲတည်း၌ အသတ်ခံခဲ့ရသည့် မဟာမှော်ပညာရှင် လေးယောက်ရှ်ိခဲ့ခြင်းပင်!

၎င်းက လူများအနေနှင့် လက်လှမ်းမမှီနိုင်သလို မည်သည့် နိုင်ငံအသေးစားလေး၌ မဆို အရေးပါသည့်ဇာတ်ကောင်ဖြစ်သော မဟာမှော်ပညာရှင်မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလွယ်လေး သတ်ဖြတ်၍ ရနိုင်သည့် အဓိပ္ပာယ်ဖြစ်သည်။

ထို့နောက်... မဟာမှော်ပညာရှင်များအပြင် Frestech ကုန်သည်ကြီးများအသင်းအား ခြိမ်းခြောက်နိုင်မည့် တစ်ခုတည်းသော အရာမှာ မှော်ပညာရှင်အားလုံး၏ အထွဋ်အထိပ်ရှိ ခေါင်းဆောင်မှော်ပညာရှင်များသာဖြစ်နေမည်လား?

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၆။ တင်းမာ၍ သိပ္ပံနည်းလမ်းကျသော မှော်သုတေသန

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာမှာ ကောင်းကင်မှ ဆင်းသက်လာသည့် မှော်လေသင်္ဘော အစင်းသုံးဆယ်ကို ကြည့်၍ မျက်လုံးမှေးစင်းကာ ရှုပ်ထွေးနေဟန်ပြလာသည်။

ရှုယီက သူ့ဘေး၌ ရပ်၍ ထူးခြားစွာ တိတ်ဆိတ်နေ၏။ သူဟာ လှည့်ကြည့်လာရာ မျက်နှာထက်ရှိ ထူးဆန်းနေဟန်ကို တွေ့ရသည်။ ခဏတာ စဉ်းစားပြီးနောက် မေးလိုက်လေသည်၊ "အဘိုး မန်နာမှော်တိုင်းပြည်အပေါ် ဒီစစ်ဘက်အရေးယူခြင်းက မှားတယ်လို့ထင်လား?"

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာက သက်ပြင်းချ၍ ခေါင်းခါသည်၊ "ဟင့်အင်း ဒီတစ်ကြိမ်ကတော့ ငါမင်းကို အထောက်ခံဆုံးပဲ၊ ဘာမှ မမှားဘူး။ တစ်ခုပဲ... မဟာမှော်ပညာရှင်ငါးယောက်က ငါတို့ကုမ္ပဏီရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်လိုကျဆုံးခဲ့တာကို တွေးပြီး တကယ်ကို အံ့ဩစရာကောင်းတယ်... ငါ့အတွက် လက်ခံဖို့ ခက်ခဲတာပေါ့"

"လက်ခံဖို့ ခက်ခဲတယ်?" ရှုယီက ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများထဲရှိ ဝမ်းနည်းနေဟန်ကို ကြည့်၍ အတွေးတစ်ခုရသွားသည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူဟာ မေးလိုက်ပါ၏၊ "အဘိုး၊ အဲ့လိုမျိုး... မဟာမှော်ပညာရှင်လိုလူတွေက အဲ့လောက်‌လွယ်လွယ်လေး ကျရှုံးမှာ မဟုတ်လောက်ဘူးလို့ ထင်လား?"

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာမှာ ခါးသက်သက်ရယ်မောလိုက်ပါ၏၊ "ကျဆုံးတဲ့ဆိုတဲ့ အသုံးအနှုန်းကို သာမန်လူတစ်ယောက်ရဲ့ သေဆုံးခြင်းအတွက် ဖော်ပြ‌ဖို့ မသုံးဘူးလေ။" နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီးနောက် သူက ပြောလေသည်၊ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါက မဟာမှော်ပညာရှင်တစ်ယောက်ပဲ ဖြစ်ခဲ့သေးတာ။"

ရှုယီမှာ မနေနိုင်အောင် တစ်ချက်ပြုံးလိုက်၏၊ "အဘိုး အဘိုးက သူတို့ရဲ့ ကံကြမ္မာကို စာနာနေတာလား? စိတ်ချအါ ကုမ္ပဏီရဲ့ အစောင့်တွေက အဘိုးကို ဆန့်ကျင်ဖို့ ဆိုတာ မဖြစ်လာနိုင်ပါဘူး၊ အဘိုးကအခု ခေါင်းဆောင် မှော်ပညာရှင်ဖြစ်နေတာမို့ သာမန်မဟာမှော်ပညာရှင်တစ်ယောက်ထက် ပိုသန်မာတာကို မပြောနဲ့ဦး။ ပြီးတော့လည်း မဟာမှော်ပညာရှင်တစ်ယောက်က အဲ့လောက် ကြီးမြတ်တယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါဘူး။ ကြည့်လေ ကျွန်တော်ကလည်း မဟာမှော်ပညာရှင်တစ်ယောက်ပဲ မဟုတ်ဘူးလား?"

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာက မျက်လုံးများလှိမ့်လျက် အေးစက်စက်နှာမှုတ်လိုက်သည်၊ "ကောင်လေး မင်းက မင်းကိုယ်မင်း ဘယ်တုန်းကမှ မှော်ပညာရှင်တစ်ယောက်လို့ မသတ်မှတ်ထားတော့ မင်းက မဟာမှော်ပညာရှင်ဖြစ်နေတော့ရော ဘာထူးလဲ? ပြောရရင် နယ်မြေကြီးရဲ့ တခြား မှော်ပညာရှင်တွေအတွက် တန်ဖိုးမရှိ‌သလို ခံစားရတယ်။ ကောင်လေး မင်းက မှော်ပညာရှင်တွေကို ဂရုမစိုက်ဘူးဆိုပေမယ့် မှော်ပညာရဲ့ ဆန်းကြယ်‌မှုနောက်ကို လိုက်ရင်း ဘဝတစ်ခုလုံးကို မှော်ပညာအပေါ်မှာ သုံးပြီး မဟာမှော်ပညာရှင်တစ်ယောက်တောင် ဖြစ်မလာနိုင်သေးတဲ့ မှော်ပညာရှင်တွေ မရေတွက်နိုင်အောင်ရှိတယ်။ ဒါက တကယ်ကို လူတစ်ယောက်ရဲ့ ကံကြမ္မာက မမျှတဘူးလို့ ခံစားရစေတာပဲ။"

ရှုယီက ပခုံးတွန့်လိုက်ကာ၊ "ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ။ ပါရမီလို အရာတွေက အစတည်းကကို မမျှတနေတာပါ။ ပြီးတော့လည်း ပါရမီနဲ့ယှဉ်ရင် စိုင်စ်နယ်မြေကြီးရဲ့ မှော်ပညာရှင်တွေက မှော်ပညာအပေါ် နားလည်မှုလွဲနေတာလို့ အမြဲ ခံစားမိတယ်။ ဒီလောက,က အရာရာတိုင်းကို ခိုင်မာတဲ့ နည်းလမ်းတစ်ခုနဲ့ သုံးသပ်လိုက်ရင် ‘ဆန်းကြယ်’ပြီး ‘နက်နဲ’တယ်လို့ ဖော်ပြသင့်နဲ့ အရာမျိုး မရှိဘူးလို့ အမြဲ ခံစားရတယ်။ မှော်ပညာက တကယ်ကို အံ့ဩဖို့ကောင်းပေမယ့် သေချာလေ့လာနေသရွေ့ ကျွန်တော့် မျက်လုံးထဲမှာတော့ အသုံးဝင်တဲ့ကိရိယာထက် မပိုဘူး။"

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာမှာ တိတ်ဆိတ်သွားပါ၏။

အသက် ဆယ်နှစ်အရွယ်မတိုင်ခင်ကတည်းက မှော်ပညာကို လေ့လာခဲ့ပြီး မှော်ပညာလောက၌ နှစ်ငါးဆယ်ကြာ ကျင်လည်လာကာ အဆုံး၌ စွမ်းအားကြီး ခေါင်းဆောင် မှော်ပညာရှင်တစ်ဦးဖြစ်လာပြီး မှော်သုတေသန၌ အမှားအချို့ လုပ်မိနေဆဲ လူတစ်ဦး အနေဖြင့် ဆိုရလျှင်။

သူဟာလည်း မှော်ပညာက လူတစ်ယောက်အနေဖြင့် အချက်အလက်များကို အလွယ်လေး စိစစ်နိုင်သည့် အရာဖြစ်ကြောင်း ဝန်ခံဖို့ ဆန္ဒမရှိပါချေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ သူပြောသမျှ မှော်ပညာ၏ ဆန်းကြယ်မှုနှင့် နက်နဲမှုတို့မှာ အသုံးမဝင်ဟု ဝန်ခံခြင်းနှင့် ညီမျှပါ၏။

သို့သော်လည်း သူဟာ ရှုယီ၏ စကားများက အတန်ငယ် မှန်ကန်သည်ဟု ဝန်ခံရပေမည်။

ရှုယီက မှော်ပညာအားလုံးအား အချက်အလက်များဖြင့် သုံးသပ်နိုင်သည်ဟု အဆိုပြုခဲ့စဉ်က သူနှင့် ကုမ္ပဏီရှိ မှော်ပညာရှင်အားလုံးမှာ ရှုယီ ဟာသလုပ်နေသည်ဟု တွေးခဲ့မိကြသည်။

သို့သော် ရှုယီသည် ပထမမှ တတိယအဆင့်မန္တာန်အများစုကို ရှင်းပြရန် အချက်အလက်စိစစ်ရေးနည်းလမ်းကို အသုံးပြုလာသောအချိန်၌ ကုမ္ပဏီ၏ မှော်ပညာရှင်အားလုံးမှာ ရှုယီ၏ အကြံကို အသိအမှတ်ပြုလိုက်ရတော့သည်။

၎င်းတို့ အသိအမှတ်ပြုလိုက်သည်နှင့် ရှုယီ လွှမ်းမိုးမှုအောက် ရောက်ပြီးသား Frestech ကုန်သည်ကြီးများအသင်းမှာ မှော်သုတေသနအချက်အလက် ပမာဏကြီးတစ်ခုကို စတင်စုဆောင်းတော့သည်။ ထိုမှော်ပညာရှင်များထံ၌ ကမ္ဘာမြေကြီးရှိ သိပ္ပံပညာရှင်များကဲ့သို့ တူညီသည့် ပြင်းထန်သော စိတ်ဓာတ်မျိုးရှိရာ ၎င်းက ၎င်းတို့သိထားသည့် မှော်ပညာထံသို့ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပေတော့သည်။

သို့ရာတွင် ၎င်းတို့မှာ ရှုယီ၏ နည်းလမ်းနှင့် အယူအဆက တကယ်ကို အသုံးပြုရလွယ်လွန်းလှကြောင်း တွေ့ရှိသွားကြတော့သည်!

ထိုသို့ အသေးစိတ်ကျသော အချက်အလက်ကြောင့် မည်သည့်‌ မှော်ပညာမျိုးမဆို အချက်အလက်ပုံတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ယခင်ကလို ဆန်းကြယ်မနေတော့ပေ။

အရိုးရှင်းဆုံး ပထမအဆင့် မီးမန္တာန်ဖြစ်သည့် မှော်မီးလုံးသည်ပင် နယ်မြေကြီးပေါ်ရှိ အခြေခံအကျဆုံးမန္တာန်အဖြစ် ယူဆထားခြင်းခံခဲ့ရသည်။

၎င်းမတိုင်ခင်က မှော်ပညာရှင်များမှာ မှော်ပညာနှင့် ထိတွေ့ပြီး ဤမီးလုံးမန္တာန်ကို လေ့လာရချိန်တွင် ၎င်းတို့၏ ဆရာများက ၎င်းတို့ဘေးပတ်လည်ရှိ မီးမှော်ဒြပ်စင်စွမ်းအင်ကို ထုတ်လုပ်ရန် ၎င်းတို့၏ မှော်စွမ်းအားကို အသုံးပြုဖို့ ပြောရုံသာ ပြောခဲ့၏။ ထို့နောက် ၎င်းတို့မှာ မီးမှော်ဒြပ်စင်စွမ်းအင်ကို ဖွဲ့စည်းပြီး စက်လုံးတစ်ခုအဖြစ် စုစည်းရမည်ဖြစ်သည်။

သင့်အနေဖြင့် လုံလောက်သည့် မီးမှော်ဒြပ်စင်စွမ်းအင်ကို စုစည်းပြီး လုံလောက်သော ဒြပ်ပါဝင်မှုရှိပါလျှင် မီးလုံးမန္တာန်ဖြစ်ပေါ်လာပေလိမ့်မည်။

မှန်ပါ၏၊ ၎င်းကို မပြုလုပ်နိုင်ခဲ့လျှင် သင့်အနေနှင့် ပါရမီမလုံလောက်သလို မှော်ပညာရှင်တစ်ဦး ဖြစ်ရန် မသင့်တော်ဟု အဓိပ္ပာယ်ရသည်။

သို့မဟုတ် အတိအကျပြောရသော် သင့်အနေနှင့် မီးစွမ်းအားမှော်ပညာ၌ ပါရမီမပါသလို မီးအထောက်အပံ့မှော်ပညာရှင်ဖြစ်လာရန် မသင့်တော်ပေ။ လုံခြုံဖို့ရန် သင့်အနေနှင့် အခြားမှော်ပညာမျိုးကို ကြိုးစားကြည့်နိုင်သည်။

၎င်းသို့သော လေ့လာရေးနည်းလမ်းကြောင်း အချိန်အများစုတွင် လူတစ်ဦးမှာ ကိစ္စများကို နားလည်ရန် ၎င်းတို့ကိုယ်တိုင်ကိုသာ အားကိုးရပေသည်။

ဆရာမှာ သင့်အား သင်၏ မှော်စွမ်းအားကို မည်သို့ ရွေ့လျားရမည်ကိုသာ ပြောပြမည်ဖြစ်သော်လည်း မီးမှော်ဒြပ်စင်စွမ်းအင်ကို မည်သို့ စုစည်းရမည်အား ပြောပြမည်မဟုတ်သလို ၎င်း မီးမှော်ဒြပ်စင်စွမ်းကို စက်လုံးအဖြစ် မည်သို့ ဖွဲ့စည်းရမည်၊ ၎င်းစက်လုံးမှာ မည်သည့် အမျိုးအစားဖြစ်သင့်သည်၊ သို့မဟုတ် မီးမှော်ဒြပ်စင်စွမ်းအင်၏ အတွင်းပိုင်းသိပ်သည်းဆက် မည်သည်ဖြစ်သည်တို့ကိုလည်း ပြောပြမည်မဟုတ်ပေ...

အတိုချုံးဆိုရလျှင် လူတစ်ဦးအတွက် မှော်ပညာလေ့လာရန် ပါရမီရှိဖို့ အင်မတန်အရေးပါ၏။

ပို၍ကြီးမားသည့် ပါရမီနှင့် မှော်ပညာရှင်များမှာ ၎င်းကို နားလည်ရန် အင်မတန် ရိုးရှင်းသည်ကို တွေ့ရှိတတ်ကြပြီး ပါရမီမပါသည့် မှော်ပညာရှင်များကမူ ၎င်းမှော်စွမ်းအင်ကို နားလည်ဖို့ မျှော်လင့်ချက်ဖြင့် အချိန်များစွာကို ကုန်ဆုံးရသည်။

ထိုသို့ဆိုပါလျှင်တောင် အရိုးရှင်းဆုံး မီးလုံးမန္တာန်နှင့် ပတ်သက်လာလျှင် သက်ရောက်မှုများက မည်သည့် မှော်ပညာရှင်က အသုံးပြုနေသည်ကို လိုက်၍လည်း ကွဲပြားသွားတတ်သည်။

ရှုယီက ၎င်းကိုတွေ့ရှိသွားချိန်တွင် ၎င်းက သူ့အား စိုင်စ်နယ်မြေကြီးရှိ မှော်ပညာလေ့လာမှုမှာ အသေးစိတ်မကျသလို သိပ္ပံနည်းလည်းမကျသည့်အပေါ် ဆန်းစစ်မိစေခဲ့သည်။

ရှုယီမှာ ထိုသို့ မှော်ပညာလေ့လာခြင်း၏ မရေမရာနည်းလမ်းက မှော်ပညာထံ၌ ရှိသော အံ့ဖွယ်အသုံးဝင်မှုကို ယူဆောင်လာမည်မဟုတ်ဟု ခံစားမိခဲ့၏။

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာနှင့် ကုမ္ပဏီ၏ အခြားမှော်ပညာရှင်များမှာ ရှုယီအနေဖြင့် ‘သိပ္ပံနည်းမကျ’ဟု ဆိုလိုလာသည်ကို နားမလည်ခဲ့ကြသော်လည်း ရှုယီ၏ ‘အသေးစိတ်မကျ’ဟု ဆိုခြင်းအပေါ် သဘောတူကြသည်။

အစကတည်းက Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်များအပေါ် အာရုံစိုက်ထားသောကြောင့် တိုးတက်နေစဉ်ကာလနှစ်များအတွင်းတွင် အနှီ‌မှော်ပညာရှင်များမှာ မှော်သုတေသန၏ အသေးစိတ်မကျမှုကို အတော်လေး ခံစားခဲ့ရပြီးဖြစ်သည်။

ဥပမာ ၎င်းတို့ မှော်လေသင်္ဘောများ တည်ဆောက်နေစဉ်ကဖြစ်သည်။ လူတိုင်းမှာ မှော်လေသင်္ဘောထပ်၌ ပျံသန်းအစီအရင်ထားခြင်းဖြင့် ၎င်းက ဧရာမမှော်လေသင်္ဘောကြီးကို ကောင်းကင်ယံ၌ ပျံသန်းစေနိုင်မည်ဟု သိခဲ့ကြပါသော်လည်း...

၎င်းတို့၏ သုတေသနအတွင်း မည်သို့သော ပျံသန်းအစီအရင်ကို အသုံးပြုပြီး အစီအရင်အရွယ်အစားမည်မျှရှိရမည်ကို မည်သူမှ မသိခဲ့ကြပေ။ ၎င်းတို့အနေနှင့် မည်သို့လုပ်ရမည်ကိုလည်း မသိသဖြင့် ပျံသန်းအစီအရင်ထံ၌ မျောလွင့်ခြင်းသက်ရောက်မှုသာ ရှိလိမ့်မည်...

လိုရင်းပြောရသော် ၎င်းတို့ထံ၌ ပျံသန်းရေးအစီအရင်နှင့်ပတ်သက်သည့် တိကျသော အချက်အလက်မရှိသောကြောင့် မှော်လေသင်္ဘောတီထွင်နေစဉ်တွင် မည်သည့် ပျံသန်းအစီအရင်သုံးရမည်ကို ဆုံးဖြတ်ရုံနှင့် မှော်သုတေသနဌာန၏ မှော်ပညာရှင်များမှာ အားစိုက်ထုတ်မှုများစွာကို ကုန်ဆုံးခဲ့ရသည်။

ထို့အပြင် ၎င်းက မှော်လေသင်္ဘောကို တီထွင်နေစဉ်တွင်သာမကပေ။ အခြားမှော်စက်များအတွက် မည်သည့် မှော်အစီအရင်အသုံးပြုရမည်ကို ဆုံးဖြတ်ရာ၌လည်း တူညီသည့် ပြဿနာများစွာကို ရင်ဆိုင်ခဲ့ကြရသည်။

ရှုယီက မှော်ပညာလေ့လာရန် ပထမဆုံး အချက်အလက်စိစစ်ရေးကို အဆိုပြုချိန်၌ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်များမှာ ပထမတွင် နားမလည်ခဲ့သော်လည်း ရှင်းပြလိုက်ချိန်တွင် လူတိုင်းထက် ပို၍ မြန်ဆန်စွာ လက်ခံသလို ထောက်လည်းထောက်ခံခဲ့ကြ၏။

သင်သာ ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနသို့ သွားခဲ့လျှင် မှော်ပညာရှင်များ စိတ်အားအထက်သန်နေဆုံးအရာမှာ မှော်သုတေသနမဟုတ်သည်ကို တွေ့ရပေမည်။ ထိုအစား ၎င်းတို့အားလုံးမှာ ရှုယီကိုယ်တိုင် ရေးသားခဲ့သည့် အလယ်အလတ်အဆင့်သင်္ချာကို လေ့လာနေကြသည်။

၎င်းမှာ ၎င်းတို့၏မှော်သုတေသန၌ အခြေပြုသည့် အုတ်မြစ်အချက်အလက်များကို တိုးတက်စေရန်ဖြစ်သည်။ ရှုယီ အပြောအရ ၎င်းတို့အနေနှင့် အဆင့်တစ်ခုကို ရောက်သွားသည်နှင့် သူဟာ ၎င်းတို့အား ပိုအဆင့်မြင့်သည့် ကျွမ်းကျင်အဆင့်သင်္ချာကို သင်ကြားပေးမည်ဖြစ်သည်။

ထိုအသိပညာနှင့် ၎င်းတို့မှာ မှော်သုတေသနအခြေပြု အချက်အလက်များ၏ အချက်အချာများကို နားလည် ဖမ်းဆုပ်နိုင်မည်ပင်။

သို့သော် ၎င်းတို့အနေဖြင့် ၎င်းအချက်အချာများကို မဖမ်းဆုပ်နိုင်သေးလျှင်ပင် အချက်အလက်များဖြင့် အဆင့်နိမ့်မန္တာန်များကို စိစစ်ရာ၌ ထိုနည်းလမ်းကို အသုံးပြုခြင်းမှ ယူဆောင်လာမည့် အကျိုးရလာဒ်များကို နားလည်မည်ဖြစ်သည်။

မီးလုံးမန္တာန်ကို ဥပမာယူကြည့်ပါ။

မီးလုံးမန္တာန်အား ခွဲခြမ်းစိတ်ဖြာစိစစ်ပြီးနောက်တွင် ရှုယီမှာ မီးလုံးမန္တာန်အတွက် ပုံစံတစ်ခု ဖန်တီးခဲ့သည်။ ၎င်းက မီးလုံး၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားအတွက် အကောင်းဆုံးအချိုးမှာ စုစည်းထားသည့် မီးမှော်ဒြပ်စင်စွမ်းပင်ပမာဏ၌ အခြေခံကြောင်း သက်သေပြနေသည်။

အကောင်းဆုံးအချိုးရှိနေသရွေ့ မီးလုံးမန္တာန်မှာ အတည်ငြိမ်ဆုံး ပေါက်ကွဲအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

၎င်းက ဖြစ်နိုင်သမျှထဲ အားအကောင်းဆုံးတော့ မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် အားအကောင်းဆုံးဖြစ်ရန် လူတစ်ယောက်အနေနှင့် အချိုးကို တိုးရမည်ဖြစ်သော်လည်း ၎င်းက မီးလုံးမန္တာန်၏ တည်မြဲမှုကို အထောက်အကူမဖြစ်စေဘဲ အသုံးပြုရန် အလွယ်လေး ကျရှုံးစေနိုင်၏။

သို့မဟုတ် မီးလုံးမန္တာန်ထက် တစ်ဆင့်မြင့်သည့်နေရာကို သွားလိုက်လျှင် ဒုတိယအဆင့်မီးတောက်မန္တာန်ဖြစ်သော မီးတောက်ပြင်းမန္တာန်ရှိသည်။

၎င်းအပြင် သူ၏ကိုယ်ပိုင်သုတေသနမှတဆင့် ရှုယီမှာ ပထမအဆင့်မီးလုံးမန္တာန်အတွက် အကောင်းဆုံးပုံသဏ္ဍာန်ကို ဆုံးဖြတ်ထားပြီးဖြစ်၏။

၎င်းပုံသဏ္ဍာန်မှာ မှော်ပညာရှင်များ တွေးထားသလို စက်ဝိုင်းသဏ္ဍာန်မဟုတ်ဘဲ ဘဲဥပုံသဏ္ဍာန်မျိုးဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုသို့ဆိုလျှင် ၎င်းက မီးလုံးမန္တာန်အတွင်းရှိ မီးမှော်ဒြပ်စင်စွမ်းအင်မှာ အတည်မြဲဆုံးအခြေအနေ၌ အားအကောင်းဆုံးစွမ်းအားကို ဖန်တီးနိုင်မည်မှာ သေချာလိမ့်မည်။

သူ၏ သုတေသနကို သက်သေပြရန်အလို့ငှာ ရှုယီမှာ Frestech ကျောင်းတော်မှ ပထမအဆင့်မှော်ပညာရှင်တစ်ရာကို ရှာဖွေပြီး ရှုယီ၏ သီအိုရီကို အခြေခံ၍ မီးလုံးမန္တာန်ကို သင်ကြားခွင့်ပြုစေခဲ့သည်။

တစ်ပါတ်တာအတွင်း၌ ပထမအဆင့်မှော်ပညာရှင်များမှာ ၎င်းမီးလုံးမန္တာန်ကို အပြည့်အဝကျွမ်းကျင်သွားကြ၏။

၎င်းတို့၏ မီးလုံးမန္တာန်များတွင် ကွဲပြားသည့် စွမ်းအားများ ရှိနေသေးသော်လည်း ကွာခြားချက်က အင်မတန်သေးငယ်လှသည်သာ။

၎င်းတို့ အသုံးပြုထားသည့် အားအနည်းဆုံး မီးလုံးမန္တာန်မှာ ၎င်းတို့ ယခင်က အသုံးပြုဖူးသော မီးလုံးမန္တာန်များထက် များစွာ ပိုမိုအားကောင်းပေသည်။

အဆင့်နိမ့်မှော်ပညာရှင်များ အသုံးပြုကြသည့် စာအုပ်များရှိ မီးလုံးမန္တာန် မိတ်ဆက်နှင့်ယှဉ်လျှင် ၎င်းတို့၏ မီးလုံးမန္တာန်မှာ အဆများစွာ ပိုအားကောင်း၏။

၎င်းက ရှုယီ၏ သုတေသနမှာ အောင်မြင်မှုကြီးတစ်ခု ဖြစ်ကြောင်း သက်သေပြနေပေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၇။ သာမန်လူများကိုလည်း မှော်ပညာအား သင်ကြားခွင့်ပေးခြင်း

လွန်ခဲ့သည့် တစ်နှစ်ခွဲက Frestech ကုန်သည်ကြီးများအသင်းမှာ သံသယဝင်နေခဲ့ရာမှ ရှုယီ အဆိုပြုထားသည့် မှော်အချက်အလက်စိစစ်ရေးနည်းလမ်းကို နားလည်ထောက်ခံလာပြီးနောက် မှော်ပညာရှင်အားလုံး ထိုဖြစ်စဉ်တွင် အရူးအမူး ရင်းနှီးမြှုပ်နှံလာကြပုံကို စဉ်းစားရင်း ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာမှာ မနေနိုင်အောင် ခံစားချက်တို့ ပြွတ်သိပ်လာရသည်။

ထိုကောင်လေးရှုယီကို ဆုံခဲ့စဉ်က သူပြုလုပ်ခဲ့သော ထူးထူးဆန်းဆန်း စန္ဒယားပုံစံကြောင့်သာ ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာ၏ အာရုံကို ဖမ်းစားခဲ့သည်။

ယခုတွင် ဆယ်နှစ်ကြာပြီးနောက် ထိုကောင်လေးမှာ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့ရုံသာမက နယ်မြေကြီးတစ်ခုလုံးအား လွှမ်းမိုးရန်ပင် လုံလောက်အောင် သန်မာနေပြီဖြစ်သည်။ ယခုတွင် သူဟာ နယ်မြေကြီး၌ နှစ်ပေါင်းသောင်းချီကြာ တည်ရှိနေခဲ့သော မှော်သုတေသနနည်းလမ်းကို ဦးတည်ရာ အသစ်သို့ သွားစေမည့် မှော်အချက်အလက်စိစစ်ရေးနည်းလမ်းကိုပင် ဖန်တီးခဲ့၏။

၎င်းသီအိုရီမှာ ကနဦးအဆင့်၌သာ ရှိပါသေးသော်လည်း ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာအနေနှင့် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဤမှော်သုတေသနနည်းလမ်းသစ်မှာ သေချာပေါက် မှော်ပညာရှင်အသိုင်းအတိုင်းတွင် လှိုင်းများ ဖန်တီးပြီးနောက် စနစ်သစ်ကို ဖန်တီးနိုင်မည်ဟု မျှော်မှန်းထားသည်။

ယခင်က လူများ၏ စိတ်ထဲ၌ ကြာညောင်းစွာ ဆန်းကြယ်၍ ထူးကဲခဲ့သောမှော်ပညာရှင်များမှာ ထပ်၍ ဆန်းကြယ် ထူးကဲနေတော့မည်မဟုတ်ပေ။

အခြားတစ်မျိုးပြောရလျှင် မှော်ပညာမှာ ပို၍ ကျော်ကြားကာ သာမန်လူများလည်း နားလည်တော့မည်ဖြစ်သောကြောင့် လူများပိုမို၍ပင် ဖမ်းဆုပ်နိုင်တော့မည် အရာဖြစ်လာလိမ့်မည်သာ။

အဘယ့်ကြောင့် ဆိုသော် ဟိုးယခင်က ထိုသို့ပြောခဲ့သော ခေါင်းဆောင် မှော်ပညာရှင်တစ်ဦးရှိခဲ့ဖူး၏။

ဤလောကကြီး၌ မှော်ပညာအတွက် ပါရမီကဲ့သို့သော အရာမျိုး ရှိတော့မည်မဟုတ်ပေ။ လူတိုင်းမှာ မှော်ပညာကို နားလည်ပြီး မှော်ပညာ၏ နက်ရှိုင်းမှုတွင် တစ်ခုတည်းသော ကွာခြားချက်က နားလည်မှုသာ ဖြစ်လာလိမ့်မည်။

အလွန်နည်းပါးလှသော မှော်ပညာရှင်များရှိရခြင်းအကြောင်း အရင်းမှာ မှော်သုတေသနက အလုံအလောက် မဖွံ့ဖြိုးသေးသောကြောင့်ပင်။ မှော်ပညာနှင့် ပတ်သက်၍ ပါရမီများများစားစားမရှိသော လူများမှာ မှော်ပညာကို အမှန်တကယ် ဆုပ်ကိုင်နိုင်မည်မဟုတ်ပေ။

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာမှာ ယခင်က ထိုအမြင်ကို အထင်သေးခဲ့သော်လည်း ရှုယီ၏ စမ်းသပ်မှုများနှင့် ပထမအဆင့်မှော်ပညာရှင် အယောက်တစ်ရာက လောက၏ အားအကောင်းဆုံးဟု ယူဆနိုင်သော မီးလုံးမန္တာန်ကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းအား မြင်ပြီးနောက်တွင် သူလည်း တူညီသည့် အမြင်ရှိနေပြီဖြစ်၏။

၎င်းသာ မှန်ကန်ပါလျှင် နယ်မြေကြီးရှိ လူတိုင်းထံ၌ မှော်ပညာရှင်ဖြစ်လာမည့် အခွင့်အရေးရှိလာမည်မဟုတ်ပါလား?

ထိုနည်းဖြင့် မှော်ပညာရှင်များမှာ ထိုသို့သော ရှားပါးသည့် မျိုးစိတ် ဖြစ်တော့မည်မဟုတ်ပေ။

၎င်းကို စဉ်းစားရင်း ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာမှာ ရှုယီကို ထပ်ကြည့်လိုက်မိ၏။

ထိုကောင်လေး ရှုယီမှာ အမြဲလိုလို မှော်ပညာအား သာမန်လူများနှင့် ပိုနီးကပ်ဖို့ကြိုးစားပြီး ၎င်းကို သာမန်လူများ၏ ဘဝထဲသို့ သွပ်သွင်းချင်နေ၏။

သူယခင်က တီထွင်ခဲ့သော မှော်စက်များက မှော်ပညာကို လူများ၏ ဘဝကို ပိုမိုကောင်းမွန်စေသည့် ကိရိယာ ဖြစ်လာစေသည်ဟု ဆိုရလျှင် ဤမှော်အချက်အလက်စိစစ်ရေးနည်းလမ်းမှာ နောက်ခြေတစ်လှမ်းကို ထပ်လှမ်းကာ မှော်ပညာကို သာမန်လူများပင် နားလည်စေနိုင်သည့် အရာတစ်ခု ဖြစ်လာစေလိမ့်မည်။

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာအနေနှင့် အမြဲလိုလို လူများစွာ ပို၍ မှော်ပညာကို လေ့လာနိုင်ရန် မျှော်လင့်ခဲ့ပါသော်လည်း ရှုယီလုပ်နေသည့် အရာများကို ခေါင်းဆောင် မှော်ပညာရှင်တစ်ဦးအနေနှင့် သူ မလုပ်နိုင်မည်မဟုတ်ဟု မစဉ်းစားဖူးချေ။

၎င်းအား အပြီးသတ်ပြီးသည်နှင့် ရှုယီမှာ သေချာပေါက် နယ်မြေကြီးတွင် မှော်ပညာရှင်များကို ကိုယ်စားအပြုနိုင်ဆုံးသူတစ်ဦး ဖြစ်လာလိမ့်မည်။

သို့သော်လည်း... ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာကို ရယ်ရမည်လား ငိုရမည်လား မသေချာစေသည်မှာ ထိုကောင်လေး ရှုယီကို သူနားလည်ထားပုံအရ မှော်စက်များဖြစ်စေ မှော်အချက်အလက်စိစစ်ရေးဖြစ်စေ သူ့ထံ၌ ထိုအတွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါချေ။

ထိုကောင်လေး၏ အမြင်တွင် မှော်ပညာမှာ အလွယ်လေး အသုံးပြုနိုင်သည့် ကိရိယာတစ်ခုသာဖြစ်သည်။

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာ အတွေးထဲ နစ်မျောနေချိန်တွင် မှော်လေသင်္ဘောအစင်းသုံးဆယ်မှာ သက်ဆင်းနေပြီဖြစ်၏။ မန်နာ‌မှော်တိုင်းပြည်အပေါ် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သော ဟာ့ထ်, အိုမာနှင့် ဖူရီယိုတို့နှင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များ ပထမအသုတ်မှာ ထွက်လာလေသည်။

ရှုယီမှာလည်း Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေဖြင့် ၎င်းတို့နှင့် တွေ့ရန် ရှေ့ထွက်လာသည်။

ခဏကြာစကားပြောပြီးနောက်၌ ရှုယီမှာ မိုင်ကန် နှင့် အချက်အလက်များစုဆောင်းရန် တာဝန်ယူထားသော အခြားလူများထံမှ သတင်းများ စုဆောင်းပြီးနောက် ၎င်းတို့နှင့် ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာတို့နှင့်အတူ မှော်သုတေသနဌာနထံ ပြန်လာလိုက်သည်။

"ဥက္ကဌ ဒါက ကျွန်တော်တို့နဲ့ မဟာမှော်ပညာရှင်ငါးဦးအကြားက တိုက်ပွဲ အချက်အလက်တွေပါ ကြည့်ပါဦး"

မှော်သုတေသနဌာန၌ ဖန်တီးထားကာစ အချက်အလက်စိစစ်ရေးဌာနခွဲသို့ ဝင်ရောက်ပြီးနောက် မိုင်ကန်၏ အဖွဲ့က ရှုယီထံ ထူထဲလှသော အချက်အလက်တင်ပြချက်များနှင့် မှော်ပုံရိပ်ယောင်အခွေ(disc)တချို့ကို ပေးလာသည်။

ရှုယီလည်း ၎င်းတို့ကို ချလိုက်ရန် လက်ဝှေ့ယမ်းပြလိုက်၏။

"ဒီအချက်အလက်တွေကို တခြားလူတွေ လေ့လာဖို့ ထားခဲ့လိုက်။ အရင်ဆုံးပြောပါဦး၊ မဟာမှော်ပညာရှင်ငါးယောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်ဖို့ ဖိအားအများကြီးရှိခဲ့လား?'

မိုင်ကန်၏ အဖွဲ့က အချင်းချင်းကြည့်လိုက်ပြီးနောက် အေးဆေးစွာ ပြုံးလာကြသည်။

"ဖိအားတော့ ရှိပေမယ့် ကျွန်တော်တို့ ထင်ထားသလောက်တော့ အန္တရာယ်မများပါဘူး။" မိုင်ကန်က ဆိုသည် "အဲဒီ့ မဟာမှော်ပညာရှင်ငါးယောက်က မဟာမှော်ပညာရှင်ဂျူနာထက် ပိုအားနည်းပြီး ကျွန်တော်တို့လည်း မဟာမှော်ပညာရှင်ဂျူနာနဲ့ လေ့ကျင့်ရေးတွေဆင်းထားပြီးသားဆိုတော့ သူတို့ကို ရင်ဆိုင်တဲ့နေရာမှာ ဖိအားများများစားစားမရှိခဲ့ပါဘူး"

ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာဘက် လှည့်လိုက်သည်။

ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာက သူ၏ မေးထက်ရှိ မုတ်ဆိတ်ရေးရေးကို သပ်လိုက်ပြီးနောက် ခါးသက်သက်ပြုံး၍ ခေါင်းခါသည်။

သူဟာ ခေါင်းဆောင် မှော်ပညာရှင်အနေဖြင့် မဟာမှော်ပညာရှင်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရလျှင်တောင် ဖိအားအချို့ခံစားရမည်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းအစောင့်များကမူ ဖိအားများများစားစားမရှိဟု ဆိုကြသည်...

၎င်းကိုသာ သိကြလျှင် နယ်မြေကြီးရှိ အခြားမှော်ပညာရှင်များမှာ ယုံရန်ပင် ခက်ကြလိမ့်မည်။

ကောလဟာလများတွင် မန်နာမှော်တိုင်းပြည်၏ ဂုဏ်သရေတပ်ရင်းနှင့် Frestech ကုန်သည်ကြီးများအသင်းအကြားတိုက်ပွဲ၌ မဟာမှော်ပညာရှင်လေးဦးကျဆုံးခဲ့သည်ဟု ဆိုကြသော်လည်း လက်တွေ့တွင် မဟာမှော်ပညာရှင် ငါးဦးစလုံး ကျဆုံးခဲ့သည်သာ။ လေးယောက်ဖြစ်နေရသည့် အကြောင်းရင်းမှာ ရှုယီက သတင်းအမှားဖြန့်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော်လည်း လေးယောက်ဖြစ်ဖြစ် ငါးယောက်ဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းအစောင့်များက မဟာမှော်ပညာရှင်တစ်ဦးကို အနိုင်ယူနိုင်သည်ဟုသော အချက်ကပင် အံ့အားသင့်စေရန် လုံလောက်နေပြီဖြစ်သည်။

၎င်းက နယ်မြေကြီးရှိ မှော်ပညာရှင်များအားလုံးကို စိုးရိမ်လာစေ၏။

မဟာမှော်ပညာရှင်များသည်ပင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များထံမှ မလွတ်မြောက်ဘဲ အသတ်ခံခဲ့ရလျှင် သာမန်မှော်ပညာရှင်များမှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို တိုက်ခိုက်ဖို့ပင် လုံလောက်မည်မဟုတ်ပေ။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာမှာ အသန်မာဆုံး ခေါင်းဆောင်မှော်ပညာရှင်များအနက် တစ်ဦးဖြစ်ပြီး မှော်ပညာရှင်အသိုင်းအဝိုင်း၌ ဆယ်စုနှစ်များနှင့်ချီ၍ နေထိုင်လာခဲ့သော်လည်း မှော်ပညာရှင်များမှာ ၎င်းတို့၏ အသက်များကိုသာ ဂရုစိုက်ပြီး မိမိတို့ကိုယ်ကို သေဆုံးခြင်းသို့ အလွယ်လေး ရောက်စေမည်မဟုတ်သည်ကို နားလည်၏။

ထို့ကြောင့် မန်နာမှော်တိုင်းပြည်နှင့် တိုက်ပွဲမှတဆင့် Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံးကို ထိတ်လန့်စေပြီး Frestech ကုန်သည်ကြီးများအသင်းအား မှော်ပညာရှင်များအဖွဲ့အစည်းကိုဆန့်ကျင်၍ အကာအကွယ်တချို့ကို ရစေသည်။

ထို့အပြင် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား အနာဂတ်တွင် မှော်စက်များနှင့် မှော်အချက်အလက်စိစစ်ရေးနည်းလမ်းတို့အား ကျော်ကြားဖို့ အကူအညီဖြစ်စေမည်ဖြစ်သဖြင့် ၎င်းအား ဗျူဟာမြောက်‌လှုပ်ရှားမှုဟု ဆိုနိုင်သည်။

၎င်းမှာ ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီ၏ မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ရန် အကြံပြုချက်အား ထောက်ခံခြင်းဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သောကြောင့်ဖြစ်သည်။

မှန်ပါ၏၊ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ မန်နာမှော်တိုင်းပြည်ကို အနိုင်ယူနိုင်ရန် လုံလောက်အောင်သန်မာသည်ဟူသော အချက်ကို သေချာနားလည်၏။

"ဟုတ်ပြီ အချက်အလက်တွေကို ချပြီး ဒီကောင်လေး ရှုယီကို ကိုင်တွယ်ခိုင်းလိုက်တော့။ မင်းတို့ ငါနဲ့လိုက်ခဲ့၊ ငါဒီနေ့အားတော့ ဒီနေ့ မင်းတို့ အစောင့်လေးတွေနဲ့ က‌စားပေးမယ်။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရုတ်တရတ် ဆိုသည်။

မိုင်ကန်၏ အဖွဲ့မှာ အံ့ဩသွားပြီးနောက် ခါးသီးဟန်များ ထုတ်ပြလာကြသည်။

"အရှင် ကမ်မီလာ ကျွန်တော်တို့ အခုမှ စစ်မြေပြင်က ပြန်လာတာလေ ၊ ခဏနောက် အနားပေးလို့မရဘူးလား?"

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ၎င်းတို့ကို စိုက်ကြည့်လိုက်သည်၊ "မင်းတို့ အခုမှ ပြန်လာတာမို့လို့ လေ့ကျင့်ရေးသက်ရောက်မှုက ပိုကောင်းလိမ့်မယ်! စကားတွေ ဖြုန်းတီးနေတာရပ်ပြီး လိုက်လာခဲ့ကြ"

မိုင်ကန်၏ အဖွဲ့က ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာနောက်သို့ စိတ်ဓာတ်ကျနေဟန်ဖြင့် လိုက်သွားသည်ကို ကြည့်ရင်း ရှုယီမှာ မနေနိုင်အောင် ပြုံးလိုက်မိသည်။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာမှာ ထိုအစောင့်ကောင်လေးများနှင့် ဟန်ရေးပြချင်သိမှာ သိသာ၏။

၎င်းက ယခင်ကလည်း အကြိမ်များစွာ ဖြစ်ပွားခဲ့ဖူးပြီး ထိုအစောင့်လေးများမှာ အကြိမ်တိုင်း ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာထံမှ အသိပ်ခံရပြီး မိုင်ကန်၏ အဖွဲ့စိတ်ထဲ၌ ကြောက်ရွံ့မှုကို ချန်ရစ်ခဲ့သည်။

သို့သော် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာမှာ တစ်ဖန် ဟန်ရေးပြချင်နေရာ မိုင်ကန်၏ အဖွဲ့မှာ အပြင်ပန်း၌ စိတ်ဓာတ်ကျနေဟန်ပေါ်သော်လည်း စိတ်ထဲ၌ စိတ်လှုပ်ရှားနေကြပါ၏။

ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးနှင့် လေ့ကျင့်နိုင်ခြင်းမှာ နယ်မြေကြီးရှိ မည်သည့်စစ်တပ်မှ မရနိုင်သော အဆင့်မြင့် ဆက်ဆံမှုပင်။

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှလွဲ၍ ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးကို ခုခံနိုင်မည့် အခြားအဖွဲ့လည်း မရှိပါချေ။

တကယ်တမ်း ရှုယီက ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာအား Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို လေ့ကျင့်ပေးဖို့ တောင်းဆိုခဲ့စဉ်က သူဟာ ၎င်းကို ငြင်းပယ်ခဲ့သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ သန်မာလာသည်နှင့် မဟာမှော်ပညာရှင်ဂျူနာမှာ ၎င်းတို့ကို ဆန့်ကျင်နိုင်သည့် မည်သို့သော အားသာချက်မှ မရှိတော့သဖြင့် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာမှာ ရုတ်တရတ် ၎င်းတို့ကို လေ့ကျင့်ပေးဖို့ သဘောတူလိုက်သည်။

ရှုယီအနေနှင့် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ ထိုသို့ ပြုလုပ်သည်မှာ သူ၏ မှော်ပညာရှင်တစ်ဦးအနေနှင့် သိက္ခာကို ထိန်းနေသည်ဟု ခန့်မှန်းမိသည်။

သို့သော် ယနေ့ ထိုသို့ လေ့ကျင့်ပေးလိုသည့် အကြောင်းရင်းမှာ အခြားအကြောင်းရင်းရှိပုံရ၏...

ထို အကြောင်းရင်းကို စဉ်းစားရင်း ရှုယီ မျက်နှာထက်ရှိ အပြုံးက ဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။

ခဏတာ စဉ်းစားပြီးနောက် သူဟာ မှော်သုတေသနဌာနခေါင်းဆောင် ရုံးခန်းသို့ သွားလိုက်သည်။

"ဟေး အီဗီတာ ပြင်ဆင်မှုတွေက ဘယ်လိုနေလဲ?"

အီဗီတာမှာ တစ်စုံတစ်ခုအပေါ် အာရုံစိုက်နေရာ ရှုယီ၏ မေးခွန်းကိုကြားသော် မည်သည့် စကားအပိုမှမဆိုဘဲ နံရံကို ညွှန်ပြလာ၏။

နံရံထက်၌ ဧရာမမြေပုံကြီးတစ်ခုကို ချိတ်ဆွဲထားလေသည်။

သေချာကြည့်လိုက်သော် ထိုမြေပုံမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစိတ်အပိုင်းတိုင်း၌ ရှာတွေ့နိုင်သော နယ်မြေကြီး၏ မြေပုံမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးပတ်ဝန်းကျင်ရှိ မြေကွက်များ မြေပုံဖြစ်သည်ကို တွေ့နိုင်သည်။

စိုင်စ်နယ်မြေကြီး၏ မြေပုံနှင့်စာလျှင် ဤမြေပုံက များစွာပို၍ တိကျကာ အဆောက်အဦတစ်ခုစီ၏ အညွှန်းများကို မြင်နိုင်သည်။

ဤအသေးစိတ်မြင့်မားခြင်း၏ အကြောင်းအရင်းမှာ ၎င်းတို့အနေနှင့် လေထဲမှနေ၍ မှော်လေသင်္ဘောဖြင့် အနည်းငယ်စီ စစ်တမ်းယူထားသောကြောင့်ဖြစ်သည်။

၎င်းမတိုင်ခင်က နယ်မြေကြီး၏ မြေပုံကို ပြုလုပ်ခဲ့သူများမှာ ၎င်းတို့၏ အလုပ်ကို ထောက်ပံ့ရန် ထိုသို့သော အရာမရှိခဲ့ပေ။

"ဥက္ကဌ ကြည့်လိုက်ပါ၊ ကျွန်မတို့အနေနဲ့ *နုတ်ဒ် ၈၀%ကို အပြီးသတ်ပြီးပြီမို့ ဒီနေရာနဲ့ ... ဒီနေရာကို ပေါင်းထည့်ဖို့ပဲလိုတော့တယ်... သူတို့ အချင်းချင်းကို မဆက်သွယ်ခင် နုတ်ဒ် စုစုပေါင်း ဆယ့်သုံးခုတော့ ရှိသေးတယ်။" အီဗီတာက မြေပုံကို အကြိမ်ရေအနည်းငယ်မျှ ညွှန်ပြလာသည်၊ "အားလုံးကို ချိတ်ဆက်ပြီးတာနဲ့ နုတ်ဒ်အားလုံးမှာ ရှိတဲ့ အဆီအနှစ်မြင့် မှော်သလင်းကျောက်တွေအားလုံးမှာ သိုလှောင်ထားသမျှ စွမ်းအားတွေကို နုတ်ဒ်တစ်ခုတည်းဆီ ပို့ဆောင်လို့ရပြီ။ ငါးမိနစ်အတွင်း စုဆောင်းနိုင်တဲ့ စွမ်းအားက Evs ငါးသိန်းကျော်အထိ ရှိလိမ့်မယ်။"

(*နုတ်ဒ် - ဓာတ်ခဲတွေလို ဘတ်ထရီတွေလိုမှာပါတဲ့ အဖိုတိုင် အမတိုင်လိုမျိုးအရာဖြစ်ပါတယ်)

"Evs ငါးသိန်း?" ရှုယီက မျက်လုံးများကို မှေးကျဉ်း၍ မြေပုံကိုကြည့်ကာ မေးလာသည်၊ "ဒါဆို အီဗီတာ မင်းတို့ မှော်သုတေသနဌာနက အရင်က စမ်းသပ်မှုတွေ လုပ်ခဲ့တာလား? အဲဒီ့ Evs ငါးသိန်းက‌ ဖောက်ခွဲအား ဘယ်လောက် အားကောင်းနိုင်လဲ?"

အီဗီတာမှာ မျက်လုံးများထဲ အံ့ဩရိပ် စွန်းထင်းသွား၏။

Evs ငါးသိန်းက ဘာများလဲတဲ့လား?

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက တားမြစ်မန္တာန်တစ်ခုကို အသုံးပြုချိန်တွင် အချက်အလက်က ပြထားသည့် ၎င်းအတွင်း‌ မှော်စွမ်းအင်ပါဝင်မှုမှာ အများဆုံး ခြောက်ထောင်မှ ရှစ်ထောင် Evs ရှိသည်ဟု သိရသည်။

ငါးသိန်း Evs မှာ တားမြစ်မန္တာန် အခုခြောက်ဆယ် အသုံးပြုခြင်းနှင့် ညီမျှ၏!

၎င်းကို စဉ်းစားရင်း အီဗီတာမှာ အသာတံတွေးမြိုချပြီးနောက် ခက်ခက်ခဲခဲဖြေလိုက်ရသည်၊ "ကျွန်‌မတို့အနေနဲ့ Evs ငါးသိန်းကို ချက်ချင်း ဖောက်ခွဲလိုက်ရင် အခြေခံအကျဆုံး ဖောက်ခွဲနည်းနဲ့ ဆိုရင်တောင် အဲဒါက... အခြေစိုက်ဌာနကြီးတစ်ခုလုံးကိုတောင် အပြတ်ရှင်းပြီးသား ဖြစ်သွားလိမ့်မယ်...."

ထိုအဖြေကိုကြားသော် ရှုယီက အသာပြုံးလိုက်၏။

"ငါတို့ ဒါကို ဘယ်တော့မှ သုံးဖြစ်မှာတော့ မဟုတ်ပေမယ့်၊ ဒါပေမယ့်လည်းပေါ့... ဒါက အရမ်းကောင်းတာပဲ"

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၈။ မှော်ပညာရှင်များ စုဆောင်းရေးလှိုင်း

ကျရောက်လာသည့်နေရောင်က လူများကို နွေးထွေးစေချိန်တွင် နွေလယ်သို့ ရောက်နေပြီဖြစ်သည်။

နှစ်စဉ် ဤအချိန်၌ Frestech ကုန်သည်ကြီးများအသင်းမှာ ထိုအပူရှိန်ကြောင့် အလုပ်အများဆုံးအချိန်၌ ရောက်ရှိနေပြီး နွေဆိုင်ရာ အိမ်သုံးမှော်စက်များအတွက် ပြည်နယ်တစ်ခုစီ၏ ဝယ်လိုအားမှာ ထိုးတက်လာသည်။

အခြေခံအကျဆုံး မှော်ပန်ကာဖြစ်စေ သို့မဟုတ် မှော်လေပေးစက်ဖြစ်စေ လူများအနေနှင့် ဤနွေအပူ၌ အေးမြစေနိုင်မည့် အရာဖြစ်သရွေ့ အားလုံးကို ကြိုဆိုကြမည်သာ။

နွေရာသီအတွင်း လူများအား အအေးစာများသာမက လက်ဆတ်သည့် ဖျော်ရည်အေးများပင် ရစေနိုင်သည့် မှော်ရေခဲသေတ္တာနှင့် မှော်ရေခဲစက်ကဲ့သို့သော အရာများအတွက် ၎င်းတို့ကို ပို၍ပင် ကြိုဆိုကြသည်။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် နယ်မြေကြီး၌ ပို၍ ကျော်ကြားလာကာ နိုင်ငံများစွာကလည်း ၎င်းတို့နှင့် ပူးပေါင်းလာသည်နှင့်အမျှ Frestech ကုန်သည်ကြီးများအသင်းဦးဆောင်သည့် မှော်စက်မှုနယ်ပယ်မှာ ပို၍ပင် လူသိများလာသည်။ အမျိုးမျိုးသော အသုံးဝင်သည့် အိမ်သုံးမှော်စက်မျိုးစုံမှာ နယ်မြေကြီး၏ နိုင်ငံအသီးသီးသို့ စတင်ဝင်ရောက်လာ၏။

၎င်းတို့အကြားတွင် အကျော်ကြားဆုံးအမျိုးအစားမှာ နွေရာသီ အိမ်သုံးမှော်စက်များဖြစ်ကြသည်။

ဇူလိုင်လရောက်သည်နှင့် နှစ်တစ်နှစ်၏ အပူဆုံးအချိန်မတိုင်ခင်တွင် Frestech ကုန်သည်ကြီးများအသင်း၏ စာရင်းများအရ ၎င်းတို့မှာ မှော်ပန်ကာ အလုံးရေ ၂သန်း ၇သိန်း၊ မှော်လေပေးစက် ၄သန်း ၃သိန်း၊ မှော်ရေခဲသေတ္တာနှင့် ရေခဲစက် နှစ်ခုပေါင်း ၂သန်း ခြောက်သိန်းတို့ကို ဤနှစ်၌ ရောင်းရခဲ့သည်။

၎င်းအိမ်သုံးမှော်စက် လေးမျိုးနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး၉သန်းကျော်တန်ဖိုးရှိ ထုတ်ကုန်များကို ရောင်းရခဲ့သည်။

အခြားကုမ္ပဏီများထံမှ ပြိုင်ပွဲများနှင့် ရောင်းအားပမာဏကြီးမှ အရောင်းကုန်ကျစရိတ်များနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ အမြဲလိုလို အမြတ်စွန်းမြင့်မြင့်ရခဲ့သည်သာ။

၎င်းရောင်းအား ရွှေဒင်္ဂါး၉သန်းမှ Frestech ကုန်သည်ကြီးများအသင်းမှာ ၅၀% ဘေးထွက်အမြတ်အစွန်းအဖြစ် အမြတ် လေးသန်းကျော်ရခဲ့၏။

၎င်းမှာ နွေလယ်သို့ ဝင်ရောက်ပြီးနောက် ရောင်းအားသာဖြစ်သည်။ နွေရာသီဆက်ရှိနေသရွေ့ ၎င်းအိမ်သုံးမှော်စက်ရောင်းအားများမှာ ဆက်လက်တိုးပွားနေလိမ့်မည်။

ယခင်လမ်းကြောင်းများကို အခြေပြုရလျှင် နောက်တုံး ရောင်းအားမှာ ၎င်းတို့ ယခု ရောက်နေသည်ထက် အဆပေါင်း တစ်ဝက်ခွဲသာ ပိုများပြီး ရောင်းအား သန်း၂၀နှင့် အမြတ်အစွန်း အနည်းဆုံး ၁၀သန်း ရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၌ ကိစ္စများစွာ ဖြစ်ပွားခဲ့ပြီး မှော်ပညာရှင်များအဖွဲ့အစည်းထံမှ လက်တွဲဖြုတ်ခံရခြင်းနှင့် မန်နာမှော်တိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ စစ်ဘက်လှုပ်ရှားမှုတို့ကြောင့် ရောင်းအားကို ထိခိုက်စေလိမ့်မည်ဟု ထင်ခဲ့သော လူများလည်း ရှိလေသည်။

သို့သော် လက်တွေ့တွင် ၎င်းက ၎င်းတို့၏ ရောင်းအားကို များများစားစား သက်ရောက်မှုမရှိခဲ့ပေ။ ထိုအစား Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင်များအဖွဲ့အစည်းကို ရင်ဆိုင်နေခဲ့သောကြောင့် ၎င်းတို့၏ နယ်မြေကြီးရှိ ကျော်ကြားမှုက တိုးလာပြီး ၎င်းတို့၏ ထုတ်ကုန်များလည်း အမည်ရလာသည်။

မှန်ပါ၏ ရောင်းအား တိုးလာသည်နှင့် သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်းအတွက် ထုတ်လုပ်ရေးလိုအပ်ချက်ကလည်း တိုးလာသည်ပင်။

Frestech ကုန်သည်ကြီးများအသင်းမှာ နှစ်တိုင်း ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို ဆက်တိုက် တိုးမြှင့်နေခဲ့ပါလျှင်တောင် မှော်အစီအရင်ဆွဲနိုင်သည့် မှော်ပညာရှင်အရေအတွက်က အကန့်အသတ်ရှိသဖြင့် ထုတ်လုပ်နိုင်စွမ်းကို အမြန်တိုးမြှင့်ဖို့ ခက်ခဲပေသည်။

၎င်းမှာ ရှုယီအနေနှင့် မှော်ပညာရှင်များအဖွဲ့အစည်းကို ဆန့်ကျင်ရန် မကြောက်ရွံ့ရသည့် အရေးပါသော အကြောင်းအရင်းဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အဆင့်နိမ့် မှော်ပညာရှင်များ၏ ထောက်ပံ့မှုကို လိုအပ်ရာ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က Frestech ကုန်သည်ကြီးများအသင်းကို ထိုရင်းမြစ်အတွက် ယှဉ်ပြိုင်လိုလာသည့်အခါ ၎င်းက ရှုယီ သည်းမခံနိုင်သော အရာဖြစ်လေသည်။

မှော်ပညာရှင်များအဖွဲ့အစည်းကို ဆန့်ကျင်ခြင်းက နယ်မြေကြီးကို အထိတ်တလန့်ဖြစ်စေခဲ့သော်လည်း ရလာဒ်များကို သုံးသပ်ရသော် ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အင်မတန်ကောင်းမွန်သည့် ရွေးချယ်မှုပါပင်။

ရှုယီ တွက်ချက်ထားသည့်အတိုင်း အဆင့်နိမ့် မှော်ပညာရှင် အများစုအတွက် အဆင့်မြင့်မှော်ပညာရှင်တစ်ဦး၊ မဟာမှော်ပညာရှင် သို့မဟုတ် ခေါင်းဆောင်မှော်ပညာရှင် ဖြစ်လာရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့ ဂရုတကယ်စိုက်သည်မှာ ရှင်သန်နေထိုင်နိုင်ဖို့သာ ဖြစ်၏။

မှော်ပညာရှင်များအဖွဲ့အစည်းမှာ ၎င်းတို့ကို မကူညီနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ကူညီနိုင်သဖြင့် ၎င်းက ဆုံးဖြတ်ချက်ကို လွယ်ကူစေသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်ပညာရှင်များအဖွဲ့အစည်းတို့ လက်တွဲဖြုတ်ပြီးနောက် မှော်ပညာရှင်များအဖွဲ့အစည်းမှာ မှော်ပညာရှင်အားလုံးကို Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ပြီး အလုပ်လုပ်ပေးခြင်းမှ တားမြစ်ခဲ့သော်လည်း ထိုတားမြစ်မှုကို ဂရုစိုက်သည့် အဆင့်နိမ့်မှော်ပညာရှင် အနည်းငယ်သာ ရှိသည်။

၎င်းရှုပ်ထွေးမှုကြီး ပြီးသည့်နောက် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ခြင်းက လစာမြင့်မြင့်နှင့် အကျိုးခံစားခွင့်ကောင်းများ ယူဆောင်လာသည်ကို ပို၍ နားလည်လာသူများရှိလာ၏။ ထို့ကြောင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် စိုင်စ်နယ်မြေကြီးတဝှမ်းမှ စတက်တိန်းနယ်မြေကို နေ့စဉ် လာရောက်ကြသည့် မှော်ပညာရှင်များစွာရှိပြီး Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးရန် မျှော်လင့်နေကြသည်။

အဆင့်မြင့်မှော်ပညာရှင်အချို့သည်ပင် အဆုံး၌ မှော်သုတေသနဌာန၌ အလုပ်လာလုပ်ကြသည်။

အဆင့်နိမ့်သည့် တတိယမှ ပဉ္စမအဆင့် မှော်ပညာရှင်များအတွက်မူ ၎င်းတို့မှာ လေ့ကျင့်ရေးတချို့ပြီးသည့်နောက် မှော်အစီအရင်များကို စတင်ခင်းကျင်းပေးရတော့သည်။

ပို၍နိမ့်သည့် ပထမနှင့် ဒုတိယအဆင့် မှော်ပညာရှင်များအတွက်မူ အများစုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့၏။ ၎င်းတို့မှာ ကုမ္ပဏီအတွက် အလုပ်မလုပ်ခင်၌ ပထမဆုံး Frestech ကျောင်းတော်၌ တစ်နှစ် သို့မဟုတ် ၂နှစ်ကြာအောင် လေ့လာကာ ဘွဲ့ယူရမည်ဖြစ်သည်။

ထို့ကြောင့် လဝက်တာလေးအတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင် ၂ထောင်အောက်မှ လေးထောင်ကျော်အထိ မှော်ပညာရှင်များကို လက်ခံခဲ့ရသည်။

မှော်ပညာရှင်များအဖွဲ့အစည်းကျတော့ရော?

ဘယ်သူက သူတို့ကို ဂရုစိုက်နေမှာလဲ.....

…..

ယနေ့မှာ ဇူလိုင်လရှိ သာမန် ပူပြင်းသော နေ့တစ်နေ့ဖြစ်ပြီး နေက ကောင်းကင်၌ ပေါ်လာချိန်တွင် လမ်း၏ ဘိလပ်မြေများမှာ ဆူပွက်၍ သာမန်မျက်စိနှင့်တင် မြေပြင်၌ ပေါ်လာသော အငွေ့တချို့ကို မြင်နိုင်သည်။ အကြီးစားခရီးသည်တင် မှော်ကားတစ်စီးက Frestech မြို့တော် အရှေ့မြောက်ဘက်ရှိ အသစ်တည်ဆောက်ထားသော Frestech မှော်ကားရုံထဲသို့ ဖြည်းဖြည်းချင်းဝင်လာသည်။

ကားရပ်သွားကာ တံခါးပွင့်သွားချိန်၌ လူတစ်စုထွက်လာ၏။

သေချာကြည့်လိုက်လျှင် ၎င်းခရီးသည်ဒါဇင်ချီ၌ အဝတ်တိုများဝတ်ထားပြီး သာမန်လူပုံပေါ်သည့် ဆယ်ယောက်မှလွဲ၍ ရင်ဘတ်ပေါ်၌ တံဆိပ်များတပ်ထားသည့် မတူညီသည့် အရောင်များဖြင့် အဝတ်ကို ဝတ်ထားသည်!

၎င်းက နယ်မြေကြီး၏ အခြားနေရာဆိုပါလျှင် ထိုမတူညီသည့် အဆင့်ရှိ မှော်ပညာရှင်များ ပေါ်လာခြင်းက ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အာရုံကို ဆွဲဆောင်မိလိမ့်မည်။

သို့သော် ဤမှော်ပညာရှင်အုပ်စု ကားထဲမှ ထွက်လာပြီးနောက် လူအချို့က တစ်ချက်လောက်ကြည့်လာခြင်းမှလွဲ မည်သည့် စူးစမ်းလိုသော အကြည့်ဖြင့်ကြည့်လာသူဟူ၍ မရှိပါချေ။

အကြောင်းအရင်းက အင်မတန်ရိုးစင်းပါ၏၊ ၎င်းက ပုံမှန်ဖြစ်သောကြောင့်ပင်...

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရောက်ရှိလာသည့် မှော်ပညာရှင်အဖွဲ့များရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရန်ဖြစ်သည်။

မှော်ကားဂိတ်မှာ ၎င်းကိုကျင့်သားရနေပြီဖြစ်သည်ကို မ‌ဆိုထားနှင့် ထိုနေရာမှ အသွားအပြန်လုပ်နေသူများပင် ကျင့်သားရနေသည်။

မှော်ကားမှဆင်းပြီးနောက် သိသိသာသာပင် အသစ်ကလေးများဖြစ်သည့် ထိုမှော်ပညာရှင်အဖွဲ့မှာ ၎င်းတို့ဘာသာ သိလိုစိတ်များဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။

ဤမှော်ကားဂိတ်က မည်မျှ ကြီးမားသည်ကိုမြင်သော် မနေနိုင်အောင် အံ့အားသင့်ဟန်များပေါ်လာကြ၏။

ဆယ်မီတာ နီးနီးမြင့်မားသည့် မှော်ကားဂိတ်မှာ စတုရန်း ၂၀၀၀မီတာ နေရာယူထားပြီး အတွင်း၌ တိုင်အချို့ဖြင့် ထောက်ခံထားသော နေရာကျယ်ကြီးရှိရာ ယခင်ကမြင်ဖူးဖို့မ‌ဆိုနှင့် ကြားပင်မကြားဖူးကြပါချေ။

ထိုသို့သော အံ့ဖွယ်အဆောက်အဦကို မည်သို့ ပြုလုပ်ထားသနည်း?

ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်သည်ပင် ထိုမျှ မခမ်းနားနိုင်ပေ....

ထိုမှော်ပညာရှင်များ အံ့ဩနေစဉ်တွင် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ကေတကို ၎င်းတို့၏ လက်မောင်းများ၌ ထိုးထားသည့် အမျိုးသားနှင့် အမျိုးသမီးရောက်လာသည်။

"မှော်ပညာရှင်အားလုံးပဲ မင်္ဂလာပါ" လူငယ်က ထိုအဖွဲ့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်၊ "ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ၊ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဧည့်ကြိုဝန်ထမ်းပါ။ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို လိုဂန်လို့ ခေါ်နိုင်ပါတယ် သူကတော့ ကျုပ်လုပ်ဖော်ကိုင်ဖက် ဆာရာပါ"

လူငယ်အမျိုးသမီးကလည်း အားလုံးကို ပြုံးပြလာသည်။

"ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ပထမဆုံးအနေနဲ့ ကျုပ်တို့အတွက် အလုပ်လုပ်ပေးဖို့ လာတဲ့ မှော်ပညာရှင်တွေကို ကြိုဆိုဖို့ ဝန်ထမ်းတွေလွှတ်လိုက်ပါတယ်။ မေးခွန်းမေးချင်တာရှိရင် မေးလို့ရပါတယ်။"

မှော်ပညာရှင်များက အချင်းချင်းကြည့်လိုက်ပြီးနောက် အသက်သုံးဆယ်ပတ်လည်လောက်ရှိမည့် မှော်ပညာရှင်တစ်ဦးမှာ အမေးရှိလာသည်၊ "မင်းတို့က Frestech ကုန်သည်ကြီးများအသင်းက မို့လား? ပြောပြပါဦး ကျုပ်သာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးချင်ရင် ဘယ်သူ့ကို ရှာရမှာလဲ?"

လိုဂန်က အသာပြုံး၏၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဘယ်မှော်ပညာရှင်ကိုမဆို နွေးထွေးစွာ ကြိုဆိုပါတယ်။ ခင်ဗျားတို့သာ ကျုပ်တို့ ကုမ္ပဏီကို ဝင်ဖို့လာတာဆိုရင် ကျုပ်တို့လည်း ကုမ္ပဏီကို လိုက်လာဖို့ ကားပြင်ပေးထားပါတယ်။ ကျုပ်တို့နဲ့ ကားအတူစီးပြီး ကျုပ်နဲ့ ဆာရာက ခင်ဗျားတို့ကို ကုမ္ပဏီဌာနချုပ်ဆီခေါ်သွားပေးမယ်။"

"ဒီဆိုလိုရင်းက မင်းတို့နောက်လိုက်ခဲ့ဖို့ပဲလိုတာပေါ့?"

"ဟုတ်ပါတယ်"

ထိုလူက လိုဂန်နှင့် ဆာရာကို ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြီးနောက် မည်သည့် သံသယမှ မထားတော့ပေ။

အတူလာကြသည့် အခြားမှော်ပညာရှင်များမှာလည်း အသံတိုးတိုးဖြင့် တီးတိုးဆိုနေကြပြီးနောက် တတိယအဆင့်တံဆိပ်ပြားရှိကာ ဆံပင်တစ်ဝက်ဖြူနေသော ခေါင်းနှင့် အသက်၅၀ဝန်းကျင် မှော်ပညာရှင်တစ်ဦးက အသံကျယ်ဖြင့်မေးလာသည်၊ "ဟေး ကောင်လေး မေးဦးမယ်၊ မင်းတို့ ကုမ္ပဏီက ငါတို့ အသက်လောက် မှော်ပညာရှင်တွေကိုရော လိုချင်လား?"

လိုဂန်က သူ့ကိုကြည့်လိုက်ရာ သူ၏ အဖော်များကိုလည်းကြည့်ပြီးနောက် ၎င်းတို့အားလုံးမှာ အသက်ငါးဆယ်အရွယ်လောက်ရှိပြီး ၎င်းတို့ရင်ဘတ်ပေါ်ရှိ တံဆိပ်ပြားများက အဆင့်မြင့်မဟုတ်ကြောင်း ပြသနေသည်ကို တွေ့ရသည်။ သူ၏ အပြုံးက ပို၍ နွေးထွေးသွားလျက် ဖြေလိုက်၏၊ "ကျုပ်တို့ ကုမ္ပဏီက မှော်ပညာရှင်အားလုံးကိုကြိုဆိုပါတယ်။ ခင်ဗျားတို့ မှော်ပညာအဆင့်က လုံလောက်နေသရွေ့ အသက်က အရေးမကြီးပါဘူး။"

သက်လတ်ပိုင်း မှော်ပညာရှင်မှာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီးနောက် မေးလေသည်၊ "မင်းတို့ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေသရွေ့ အနည်းဆုံး တစ်လ ရွှေဒင်္ဂါးနှစ်ဆယ်ရတယ်လို့ ကြားတယ်။ အမှန်ပဲလား?"

၎င်းတို့၏ မျှော်လင့်နေဟန် အကြည့်များကိုမြင်သော် လိုဂန်က အပြုံးဖြင့် ခေါင်းခါလိုက်၏၊ "ဒီလိုမဟုတ်ပါဘူး...."

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၆၉။ လစာနှင့် အကျိုးအမြတ် ပြဿနာ

ထိုအဖြေကို ကြားသော် မှော်ပညာရှင်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

အသက်ငါးဆယ်အရွယ်လောက်ရှိသည့် လူက အသံကျယ်ကျယ်ဖြင့် အမြန်ပြောလာလေသည်။ "တခြားလူတွေက တစ်လကို ရွှေဒင်္ဂါးနှစ်‌ဆယ်လောက် အနည်းဆုံးရတယ်လို့ ပြောတာ ကြားခဲ့ပါတယ်။ အခုကျ ဒီလိုမဟုတ်ဘူး ပြောနေတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက လူတွေကို လိမ်ညာနေတာလား?"

"ဟုတ်တယ်! တစ်လ ရွှေဒင်္ဂါးနှစ်ဆယ်ကြောင့်သာ မဟုတ်ရင် ကျုပ်က ဒီလောက် အဝေးကြီးကို ဘာလို့ လာရမှာလဲ?"

……

"ကျုပ်ပြောမယ်... တစ်လကို ရွှေဒင်္ဂါးနှစ်တယ် မဟုတ်ရင်လည်း အနည်းဆုံး ၁၅ပြားလောက်တော့ ဖြစ်သင့်တယ်မဟုတ်လား? ဒီနေရာက ကုန်ကျစရိတ်တွေက အတော်ကို မြင့်တယ်လို့ ကြားထားတော့ လစာကသာ မမြင့်ရင် ကျုပ်လည်း ဒီမှာ ရှင်သန်နိုင်မှာကို မဟုတ်ဘူး...."

လိုဂန်က တူညီစွာသာ ပြုံးနေရင်း တိတ်တဆိတ်ပင် ၎င်းတို့၏ ညည်းတွားသံများကို နားထောင်နေသည်။ ၎င်းတို့ ငြိမ်ကျသွားသည်နှင့် သူက ကြည်လင်သော အသံဖြင့် ဆိုလာ၏၊ "အားလုံးပဲ ခင်ဗျားတို့ အထင်လွဲနေပြီထင်တယ်၊ ကျုပ် ဒီလိုလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး၊ လစာက တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ် မဖြစ်နိုင်ဘူးလို့ အခုနကပဲ ပြောခဲ့တာ။ အဲ့အစား ခင်ဗျားတို့သာ ကျုပ်တို့ ကုမ္ပဏီအတွက် အလုပ်လုပ်ပြီး လတိုင်းမှာ ကောင်းကောင်း လုပ်ရင် ရွှေဒင်္ဂါးနှစ်ဆယ်ကျော်ထက်ပိုရဖို့က အလွယ်လေးဖြစ်လိမ့်မယ်။ ဒါပေါ့ အလုပ်လုပ်တာ မကောင်းရင်... ကျုပ်လည်း အရမ်းကို အားနာပါတယ် အခြေခံအကျဆုံး လစာ ရွှေဒင်္ဂါးဆယ်ပြားပဲ ရနိုင်မှာပါ"

"ဒီလိုကိုး...."

မှော်ပညာရှင်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

"အိုင်း အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားရနေတာပဲဆိုတော့ စိတ်ပူဖို့ မလိုတော့ပါဘူး"

"ဟုတ်တယ် ရွှေဒင်္ဂါးဆယ်ပြား။ အိမ်မှာတုန်းက တစ်နှစ်မှာ အဲ့လောက်များများ ငွေဝင်နိုင်မယ်ဆိုရင်တောင် အဆင်ပြေနေပြီ...."

"ဟေး အဲ့ဒါက အရမ်းအဆိုးကြီးဖြစ်နေတာမဟုတ်ဘူးလား? အိမ်မှာတုန်းက ကျုပ်ဆိုရင် တစ်နှစ်ကို အနည်းဆုံး ရွှေဒင်္ဂါး နှစ်ဆယ် သုံးဆယ်တော့ရတယ်...."

...

လိုဂန်နံဘေး၌ ရပ်နေသည့် စကားမပြောခဲ့သော ဆာရာမှာ မ‌ရယ်ဘဲ မနေနိုင်တော့ပေ။

ဤအလုပ်ကို မလုပ်ခင်က သူမမှာ မှော်ပညာကို လေ့လာကြသည့် မှော်ပညာရှင်များမှာ ဆန်းကြယ်၍ စွမ်းအားကြီးသူများဟု အမြဲ ခံစားခဲ့ရသည်။ ယခုတွင် သူမှာ ထိုသို့ ရက်အနည်းငယ်ကြာ လုပ်ဆောင်ခဲ့ပြီး မှော်ပညာရှင်များနှင့် ပိုတွေ့လေ ၎င်းတို့မှာ သာမန်လူများနှင့် မခြားကြောင်း သိခဲ့ရသည်။ မှော်ပညာအချို့ကိုသိရုံမှလွဲ၍ ၎င်းတို့မှာ ၎င်းတို့၏ စားဝတ်နေရေးကို ဂရုစိုက်ကြသည်။

ထိုမှော်ပညာရှင်များက အိမ်၌ ရွှေဒင်္ဂါးဒါဇင်ချီမျှသာ ဝင်ငွေရခဲ့ကြကြောင်း ပြောနေကြပြီး ဘဝကမည်သို့ခက်ခဲခဲ့ကြသည်ကို မြင်သော် သူမဟာ ၎င်းကို ဘယ်တုန်းကမှ စိတ်ပင်မကူးခဲ့ဖူးချေ။ ယခုတွင် သူမဟာ ဤအတောအတွင်း ၎င်းကို အကြိမ်များစွာ မြင်ခဲ့ရပြီးဖြစ်ကာ သူမစိတ်ထဲရှိ ရှည်ကြာစွာရှိနေခဲ့သော မှော်ပညာရှင်များ၏ ပုံရိပ်က ပြိုကွဲသွားပြီဖြစ်သည်။

သို့ရာတွင် ၎င်းကို မြင်ချိန်တိုင်း အနည်းငယ် ရယ်ရသည်ကို တွေ့ရဆဲပင်။

ဆာရာ၏ ရယ်သံကိုကြားသော် လိုဂန်မှာ သူမအား အမြန်စိုက်ကြည့်လိုက်ပြီးနောက် ထိုမှော်ပညာရှင်များထံ တူညီသည့်အပြုံးဖြင့် ပြန်၍ ကြည့်လိုက်သည်။

"အခြေခံလစာတွေအပြင် ကျုပ်တို့ ကုမ္ပဏီက ကျုပ်တို့ ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့် အချို့ကိုလည်း ထောက်ပံ့ပေးမှာပါ။ မှော်ပညာရှင်တွေအတွက် ဆက်ဆံမှုက သာမန်‌လူတွေထက်ပိုကောင်းပါတယ်။ ဥပမာပြောရရင် အဝေးကလာတဲ့ မှော်ပညာရှင်တွေဆို သူတို့အတွက် ပြင်ဆင်ပေးထားတဲ့ နေရာမှာ နေထိုင်နိုင်သလို နေ့စဉ်သုံးပစ္စည်းတွေအတွက်လည်း အာမခံပေးထားပါတယ်။ ကျုပ်တို့အနေနဲ့ ကျုပ်တို့ ကုမ္ပဏီကို ဝင်လာတဲ့ ဘယ် မှော်ပညာရှင်ကိုမဆို တည်ငြိမ်တဲ့ဘဝမှာ နေထိုင်‌နိုင်အောင် လုပ်ပေးမှာပါ"

"ခင်ဗျားတို့က တကယ်ပဲ နေထိုင်ရေးလိုအပ်ချက်တွေကိုတောင် ဂရုစိုက်ပေးမှာပေါ့?"

"တကယ်ကြီးလား? အဲ့လောက် ကောင်းတယ်လား?"

"ဝါး ဒီ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို ကောင်းတာပဲ။ အဲ့လူက ကျုပ်တို့ရှေ့မှာ အမြဲကြွားဝါနေတာ မထူးဆန်းတော့ပါဘူး..."

......

လိုဂန်မှာ ခဏကြာအောင် တိတ်တဆိတ် နားထောင်နေလိုက်၏။ လူတိုင်း တစ်ဖန်ငြိမ်ကျသွားချိန်တွင် အသံကျယ်ကျယ်ဖြင့် မေးလိုက်လေသည်၊ "ဒါဆို အားလုံးပဲ..... ကျုပ်တို့ကုမ္ပဏီအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကျေးဇူးပြုပြီး ကျုပ်တို့ ပြင်ဆင်ပေးထားတဲ့ ကားဆီ ဆာရာနဲ့ လိုက်သွားပေးပါ။ ကားပြည့်သွားရင် ချက်ချင်းပဲ ဌာနချုပ်ဆီ သွားမှာပါ"

မှော်ပညာရှင်များမှာ အချင်းချင်းကြည့်လိုက်ကြပြီးနောက် မတိုင်ခင်က အသက်ငါးဆယ်အရွယ် မှော်ပညာရှင်အိုကြီးမှာ အဖော်အပေါင်းများစွာကို ဦးဆောင်၍ ဆာရာရှိသည့်နေရာကို ရောက်လာသည်။

အခြားမှော်ပညာရှင်များမှာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ၎င်းတို့လည်း လိုက်လာကြပါ၏။

ထိုမှော်ပညာရှင်များက တလျှောက်လုံး ဤသို့ အရောက်လာခဲ့ကြရာ သဘာဝကျကျပင် အပန်းဖြေခရီးထွက်လာခြင်းမဟုတ်ပါချေ။ ထိုအစား ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်ကို ပေးသည့် အဆင့်အတန်းမြင့် ဆက်ဆံမှုကို ကြားပြီး Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ရန် ရောက်လာခြင်းသာဖြစ်သည်။

ယခုတွင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်နေသည့် လိုဂန်ထံမှ ပို၍ အသေးစိတ်ကျသည့် အချက်များကို သိရရာ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်ပင်။

မှန်ပါ၏ မှော်ပညာရှင်အားလုံးကတော့ လိုဂန်ကိုနားထောင်၍ လိုက်လာသည်မဟုတ်ပေ။

အကြီးစားခရီးသည်တင် မှော်ကားထဲမှ ထွက်လာသည့် မှော်ပညာရှင် စုစုပေါင်း ၂၇ယောက်ရှိ၏။ ၎င်းတို့ထဲမှ ၁၉ဦးမှာ ဆာရာရှိနေသည့် နေရာသို့ လျှောက်သွားကာ မလှုပ်ရှားဘဲ ရပ်နေသည်က ၈ဦးရှိ၏။

လိုဂန်မှာ ၎င်းကြောင့် လုံးဝ မအံ့ဩပေ၊ အဘယ့်ကြောင့်ဆိုသော မှော်ပညာရှင်များအားလုံးကတော့ သူပြောသည်ကို ယုံကြည်နေသည်မဟုတ်ဘဲ မှော်ပညာရှင်များစွာကို အခြားမှော်ပညာရှင်များက ကုမ္ပဏီအတွက် အလုပ်လုပ်ရန် မိတ်ဆက်ပေးခဲ့သဖြင့် ၎င်းတို့အနေနှင့် ၎င်းတို့၏ မိတ်ဆွေများကို ဦးဆုံးရှာပေးမည်သာ။

လိုဂန်မှာ တစ်ခေါက်ထပ်မေးလိုက်ပြီး ထိုမှော်ပညာရှင် ၈ဦးက မလှုပ်မယှက်ရှိနေသည်ကိုမြင်သော် လှည့်သွားပြီး ဆာရာထံ မှော်ပညာရှင် ၁၉ဦးအား ဧည့်ကြိုနေရာသို့ ခေါ်သွားဖို့ အမိန့်ပေးလိုက်၏။

ထိုအချိန်၌ ကျန်ရှိနေသည့် မှော်ပညာရှင် ၈ဦးအနက် တစ်ဦးက ရုတ်တရတ်မေးလာသည်၊ "လူငယ်လေး မင်း အခုနက ပြောတဲ့ လစဉ် လုပ်အားခက Frestech ကုန်သည်ကြီးများအသင်းကို ဝင်ပြီးတဲ့ နောက်မှာ အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားဖြစ်ပြီး ရွှေဒင်္ဂါး နှစ်ဆယ်လောက်အထိ တက်သွားမယ်လို့ ပြောခဲ့တယ်နော်၊ ဒါပေမယ့် အဲ့ဒါက အမှန်မဟုတ်ဘူး မဟုတ်လား?"

လိုဂန်က အံ့ဩသွားကာ၊ "ဘာလို့ အမှန်မဟုတ်မှာလဲဗျ?"

အတော်လေး အသက်ကြီးပုံရသည့် ထိုမှော်ပညာရှင်က ခေါင်းခါလိုက်သည်၊ "အဲ့ဒါက အခြေခံအလုပ်လုပ်တဲ့ မှော်ပညာရှင်တွေအတွက် လစာပဲ ဖြစ်မှာ မဟုတ်လား? ဒါပေမယ့် မှော်သုတေသနဌာနက မှော်ပညာရှင်တွေအတွက် လစာအကြောင်းကို မပြောရသေးဘူးလေ"

"မှော်သုတေသနဌာနလား?" လိုဂန်မှာ တစ်ဖန် အံ့အားသင့်သွားရင်း နောက်ဆုံး၌ ထိုမှော်ပညာရှင်ကို အလေးအနက်ကြည့်လိုက်သည်။

သူဟာ အစောတုန်းက များများစားစား အာရုံမစိုက်ခဲ့သော်လည်း ယခု အလေးအနက်ကြည့်လိုက်သော် ထိုမှော်ပညာရှင်ထံ၌ ရင်ဘတ်ပေါ်တွင် တံဆိပ်ပြားမရှိပါသော်လည်း သူ၏ အရောင်အဝါမှာ အခြားမှော်ပညာရှင်များနှင့် ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် သူ့အနီး၌ ရပ်နေကာ သူ၏ မိတ်‌ဆွေဖြစ်ပုံရသော အခြား‌မှော်ပညာရှင်မှာလည်း တူညီသည့် အရှိန်အဝါရှိနေသည်။ သူဟာ အကြည့်တစ်ချက်နှင့်တင် ၎င်းတို့က သာမန်မဟုတ်ဟု ဆိုနိုင်ပါ၏။

သူ့အနေနှင့် တစ်ယောက်ယောက်က သူ့အား မှော်သုတေသနဌာနအတွက် လစာအကြောင်း မေးလာမည်ဟု ထင်မထားခဲ့ပါချေ။ လိုဂန်မှာ အတွေးတစ်ခုရသွားကာ သူ့အနေနှင့် ယနေ့၌ အဆင့်မြင့် မှော်ပညာရှင်နှစ်ဦးနှင့် ရှားရှားပါးပါး တွေ့လိုက်ရသည်ကို နားလည်သွားသည်။

ဤနေရာသို့ အပြေးရောက်လာတတ်ကြသည့် အဆင့်နိမ့်မှော်ပညာရှင်ရာချီနှင့် ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်းမှာ အဆင့်မြင့်မှော်ပညာရှင်များကို ပို၍ ဂရုစိုက်ပါ၏။

အဘယ့်ကြောင့်ဆိုသော် မှော်ပညာအဆင့်ပိုမြင့်သည့် မှော်ပညာရှင်များမှာ ရှားပါးလှသဖြင့် တစ်ယောက်ကို ဝင်ရောက်ရန် ဆွဲဆောင်နိုင်လျှင် ၎င်းတို့အတွက် တစ်ယောက်ရမည်သာ။

လိုဂန်မှာ ပို၍ပင် ဖော်ရွေသည့် အပြုံးကိုပြုံးပြလိုက်ရင်း ထိုမှော်ပညာရှင်ကို အလေးအနက်ရှင်းပြလိုက်သည်၊ "ကုမ္ပဏီရဲ့ မှော်သုတေသနဌာနက သဘာဝကျကျပဲ စွမ်းအားကြီး မှော်ပညာရှင်တွေကို ကြိုဆိုပါတယ်။ ဒါပေမယ့် မှော်သုတေသနဌာနအတွက် လူစုဆောင်းရေးကို အကြီးအကဲ အီဗီတာက ကိုင်တွယ်တာမို့လို့ ခင်ဗျားနဲ့.... ခင်ဗျားရဲ့မိတ်ဆွေတို့ စိတ်ဝင်စားရင် ကျုပ်တို့နဲ့ အတူ ဌာနချုပ်ဆီလိုက်လာပြီးတော့မှ ကျုပ်အနေနဲ့ အကြီးအကဲ အီဗီတာကို တွေ့ဖို့ ခေါ်လာပေးမယ်ဆို ဘယ်လိုနေလဲဗျ။ ဘယ်လိုထင်လဲ?"

"မှော်သုတေသနဌာနက မှော်ပညာရှင်တစ်ယောက်အတွက် လစာကို မပြောရသေးဘူးလေ" ထိုမှော်ပညာရှင်က ပြောသည်။

"ဒါက..." လိုဂန်က ခြောက်ကပ်ကပ်ရယ်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက ဖြေ၏၊ "မှော်သုတေသနဌာနရဲ့ မှော်ပညာရှင်တွေက သဘာဝကျကျပဲ ပိုပြီး ရပေမယ့် ကျုပ်လည်း အတိအကျကို မသိဘူး။ အကြီးအကဲအီဗီတာရဲ့ အပြောအရဆိုရင်တော့ မှော်သုတေသနဌာနရဲ့ အဖွဲ့ဝင်တွေက တစ်လကို ရွှေဒင်္ဂါးသုံးဆယ်အောက် မနည်းတော့ရတယ်။ သုတေသနပရောဂျက်တွေအတွက်ရမယ့် ဘောနပ်စ်တွေပါ ထည့်ပေါင်းရင် နှစ်စဉ်ပုံမှန်အကျိုးအမြတ် ငါးရာကျော်ဖြစ်လောက်တယ်။ ရွှေဒင်္ဂါးတစ်ထောင်လောက် ရဖို့တောင် မခက်ပါဘူး။"

ထိုအဖြေကိုကြားသော် ဆာရာနံဘေးရှိ မှော်ပညာရှင် ဆယ့်ကိုးဦးဖြစ်စေ ရပ်နေဆဲဖြစ်သော မှော်ပညာရှင် ရှစ်ဦးဖြစ်စေ အားလုံး အံ့အားသင့်သွားကြသည်။

တစ်နှစ်ကို ရွှေဒင်္ဂါးငါးရာလေ!

၎င်းမှာ လူပေါင်းများစွာ စိတ်ကူးယဉ်နေသည့် ဝင်ငွေမြင့်မြင့်ဖြစ်သည်။

၎င်းတို့သာ ရွှေဒင်္ဂါးတစ်ထောင်ရနိုင်လျှင် ချမ်းသာသည့် ဘဝ၌ပင် နေနိုင်သွားမည်သာ!

ပြောရလျှင် မှော်ပညာရှင်များအဖွဲ့အစည်းက ကြယ်တစ်ပွင့် မဟာမှော်ပညာရှင်များကိုပင် တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်ရာမျှသာ ပေး၏!

၎င်းကို မေးခဲ့သည့် မှော်ပညာရှင်နှင့် သူ၏ အပေါင်းအပါကလည်း ၎င်းကြောင့် အတော် အံ့ဩသွားသည်။ အံ့ဩသွားပြီးနောက် ထိုမှော်ပညာရှင်မှာ မနေနိုင်အောင် ခေါင်းငြိမ့်၍ သက်ပြင်းချကာ ပြောလိုက်သည်၊ "Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်များစွာကို ဝင်ရောက်နိုင်အောင် ဆွဲဆောင်နိုင်ပြီး သူတို့အနေနဲ့ မှော်ပညာရှင်များ အဖွဲ့အစည်းကိုတောင် ဂရုမစိုက်ကြတော့တာ မထူးဆန်းတော့ပါဘူး။"

မနီးမဝေး၌ ရပ်နေသည့် စတုတ္ထအဆင့်မှော်ပညာရှင်တံဆိပ်ကို ဝတ်ဆင်ထားသော မှော်ပညာရှင်တစ်ဦးက သူ့အားကြည့်၍ အေးစက်စက်နှာမှုတ်ကာ ဆိုလာသည်၊ "အဓိပ္ပာယ်မရှိတာ။ မှော်ပညာရှင်များ အဖွဲ့အစည်းကသာ ကျုပ်ကို တစ်လ ရွှေဒင်္ဂါး တစ်ရာပေးနိုင်ရင် ကျုပ်လည်း သူတို့ကို နားထောင်မှာပဲလေ။"

"ဒီလိုလား?" ထိုမှော်ပညာရှင်က တစ်ချက်ပြုံးလိုက်ပြီး မငြင်းဆန်ပေ။ သူက လိုဂန်ထံသွား၍ အပြုံးဖြင့် ပြောလာ၏၊ "ကျုပ်မိတ်ဆွေနဲ့ ကျုပ်က ခင်ဗျားတို့ မှော်သုတေသနဌာနကို စိတ်ဝင်စားတယ်။ စိတ်မရှိရင် ကျုပ်တို့ကို ကြည့်ရအောင် ခေါ်သွားပေးနိုင်မလား?"

လိုဂန်မှာ ပျော်ရွှင်မှုတို့ ပြည့်နှက်သွားပြီး အမြန်ခေါင်းငြိမ့်လိုက်၏၊ "ဒါပေါ့ ဒါပေါ့! လာပါ!"

ထိုမှော်ပညာရှင်များက ဆာရာနောက်ကို လိုက်၍ မှော်ကားဘူတာအပြင်ဘက်၌ စောင့်ဆိုင်းနေသည့် Frestech ကုန်သည်ကြီးများအသင်း၏ ကားထဲဝင်သွားသည်ကို ကြည့်ရင်း လိုဂန်က ကျန်ရှိနေသော မှော်ပညာရှင် ၆ဦးကို ကြည့်လိုက်သည်။ သူဟာ ၎င်းတို့အားလုံးထံ၌ ကိုယ်ပိုင် အစီစဉ်များရှိနေသည်ကို တွေ့ရ၍ တွန်းအားမပေးတော့ချေ။

ထိုမှော်ပညာရှင် ၆ဦးကို Frestech ကုန်သည်ကြီးများအသင်း၏ လက်ကမ်းစာစောင်ပေးလိုက်ပြီးနောက်၌ လိုဂန်မှာ စဉ်းစား၍ စုဆောင်းရေးအမှတ်နေရာသို့ ပြန်သွားလိုက်သည်။ သူဟာ သူ၏ လက်အောက်ငယ်သားနှစ်ဦးက ကားယူရန် သွားနေသည်ကို တွေ့လိုက်ရ၏။

သူလာနေသည်ကိုမြင်သော် Frestech ကုန်သည်ကြီးများအသင်းအကြောင်းအား မှော်ပညာရှင်များထံ မိတ်ဆက်ပေးနေသည့် ဆာရာမှာ အံ့ဩသွား၏။

"ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ?"

လိုဂန်က ကားထဲရှိ မှော်ပညာရှင်များထံ အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အသံတိုးတိုးဖြင့် ဖြေလိုက်၏၊ "နောက်ကားတစ်စီးက အချိန်နည်းနည်း ယူဦးမှာမို့ ကျုပ်ကိုယ်တိုင် သူတို့ကို ဦးဆောင်လိုက်တာက ကောင်းမယ်လို့ထင်တယ်။"

ထိုသို့ဆိုပြီးနောက် သူဟာ ယာဉ်မောင်းထံ ပြောလိုက်သည်၊ "စ‌ထွက်ပါတော့။ ကားက ဘာပဲဖြစ်ဖြစ် ပြည့်နေပြီပဲ နောက်တစ်သုတ်ကို စောင့်စရာမလိုတော့ဘူး"

ယာဉ်မောင်းက ဆာရာကိုကြည့်လာကာ သူမက မည်သည့်မှ မပြောလာသည်ကိုမြင်သော် မှော်ပညာရှင်များအား လက်ခံရန် သုံးသည့် ဤပို့ဆောင်ရေးမှော်ကားကြီးအား စက်နှိုး၍ အမြန်ပင် Frestech မြို့တော် အနောက်ဘက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာနထံ ဦးတည်လိုက်တော့သည်။

ထိုမှော်ပညာရှင်များမှာ Fersen ကုန်သည်ကြီးများအသင်း၏ မှော်ကားများဖြင့် လာခဲ့ကြသော်လည်း ဤပို့ဆောင်ရေးမှော်ကားကြီးအား လိုက်စီးခြင်းက ၎င်းတို့အတွက် အင်မတန်ဆန်းကြယ်သည့် အတွေ့အကြုံဖြစ်နေဆဲပင်။ Frestech ကုန်သည်ကြီးများအသင်းရှိ ပြတင်းမှ ဖြတ်မြင်ရသော မြင်ကွင်းအသစ်အဆန်းများကို အင်မတန်စိတ်ဝင်စားသောကြောင့် လမ်းတလျှောက်လုံး ပြတင်းအပြင်ကို ကြည့်လာရသည်ကို မဆိုထားနှင့် တစ်ခေါက်ပြီးတစ်ခေါက် မေးခွန်းများလည်း မေးနေကြသေးသည်။

ထို အဆင့်မြင့်မှော်ပညာရှင်နှစ်ဦးကလည်း မနေနိုင်အောင် ပြတင်းအပြင်ကို ငေးကြည့်နေကြပါသ်ောလည်း အမြဲတမ်း တိတ်ဆိတ်နေခဲ့ကြသည်သာ။

အကြီးစားပို့ဆောင်ရေးမှော်ကားကြီးက Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံးကို ရောက်လာချိန်တွင် စက်ရုံမျိုးစုံက ကားတစ်ဝိုက်၌ ပေါ်လာရာ ထိုအဆင့်မြင့်မှော်ပညာရှင်နှစ်ဦးက စိတ်ဝင်စားဟန်ပြလာကြ၏။

***

မှော်စက်မှုအင်ပါယာ

Vol 6, အခန်း ၁၇၀။ လူဆိုးက ခေါင်းဆောင် မှော်ပညာရှင်တွေဖြစ်နေတယ်

ခဏကြာ ကြည့်ရှုပြီးနောက်၊ မတိုင်ခင်က ပြောခဲ့သည့် အဆင့်မြင့် မှော်ပညာရှင်က ရုတ်တရတ် လိုဂန်အား အနီးဝန်းကျင် စက်ရုံများအကြောင်း မေးလာသည်၊ " ဒါတွေက ခင်ဗျား မိတ်ဆက်ပေးခဲ့တဲ့ သာမန်အိမ်သုံးမှော်စက် စက်ရုံတွေလား? စစ်ဘက်သုံးမှော်စက် စက်ရုံတွေကရော?"

လိုဂန်နှင့် ဆာရာမှာ အံ့ဩသွားပြီး ကားထဲရှိ အခြားမှော်ပညာရှင်များသည်ပင် သူ့အား တအံ့တဩကြည့်လာကြသည်။

စစ်ဘက်သုံးမှော်စက်များကဲ့သို့ အရေးကြီးသည့် အရာမှာ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်းအတွက် လျို့ဝှက်ချက်ဖြစ်ရာ မည်သို့များ ထိုသို့သော သိသာသည့် နေရာရှိပါမည်နည်း?

ထို့အပြင် ထိုလူက ရုတ်တရတ် ၎င်းကို မည်သည့်အတွက် မေးလာရသနည်း?

လိုဂန်မှာ အသာမျက်မှောင်ကုပ်လိုက်သည်။ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူဟာ ဖျစ်ညှစ်ပြုံး၍ ဆိုလိုက်၏၊ "စစ်ဘက်သုံးမှော်စက် စက်ရုံတွေက တခြား နေရာမှာပါ ဒီမှာ မရှိပါဘူး"

"အိုး? အဲ့လိုလား?" ထိုမှော်ပညာရှင်က ထို့နောက် မေးလာ၏၊ "သူတို့ကို ကြည့်ဖို့ ခေါ်သွားလို့ရနိုင်မလား?"

လိုဂန်က မျက်မှောင်ပို၍ပင် တင်းသွားကာ ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်ပါ၏၊ "အားနာပါတယ်။ စစ်ဘက်သုံးမှော်စက် စက်ရုံတွေက ကျုပ်တို့ ကုမ္ပဏီရဲ့ လျှို့ဝှက်နေရာမှာ ရှိတာမို့လို့ ခွင့်ပြုချက်မရှိရင် အဲ့နေရာကို သွားလို့မရပါဘူး"

"ဟုတ်ပါပြီ နားလည်ပြီ" ထိုမှော်ပညာရှင်က ဆက်မမေးတော့ဘဲ မှန်၏ အပြင်ကို လှည့်ကြည့်လိုက်သည်။ သူက အဝေးရှိ မီးခိုးများထုတ်လွှတ်နေသော တောက်‌ပနေသည့် ဆလင်ဒါတစ်ခုကို ညွှန်ပြ၍ မေးလာသည်၊ "အဲ့နေရာက ဘာများလဲ?"

လိုဂန်က သူညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်၊ "အိုး အဲ့ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ သံမဏိစက်ရုံတွေထဲပတစ်ခုပါ။ သံမဏီစက်ရုံတွေကို သုံးတာက..."

လိုဂန်မှာ သံမဏိစက်ရုံ၏ အသုံးပြုပုံကို ရှင်းပြတော့မည်ပြုလိုက်သော်လည်း ထိုမှော်ပညာရှင်၏ လက်ချောင်းက ထိုသံမဏိစက်ရုံရှိရာဘက်ကို ညွှန်ပြရင်း ရုတ်တရတ် အလင်းတစ်ခု တောက်ပလာသည်။

ထိုနေရာရှိ အခြားမှော်ပညာရှင်များက ထိတ်လန့်သွားကာ သူ၏‌လက်ချောင်းကို ထိတ်လန့်စွာကြည့်လာ၏။

တစ်အောင့်ကြာပြီးနောက် အဝေးရှိ ထိုသံမဏိစက်ရုံ အထက်ကောင်းကင်ယံ၌ မီးပင်လယ်ကြီးတစ်ခု ပြည့်သွားသည်။ မီးခိုးထဲတွင် တုနှိုင်းမဲ့ကြီးမားလှသည့် မီးလုံးကြီးတစ်လုံး ပေါ်လာကာ ဥက္ကာပျံကြီးတစ်ခုကဲ့သို့ ကျဆင်းလာပြီး သံမဏိစက်ရုံထံ ပြုတ်ကျသွား၏။

မီတာ ဒါဇင်များစွာ မြင့်မားသည့် သံမဏိစက်ရုံမှာ မီးလုံးကြီး၏ ရိုက်ခတ်မှုကို ခံရ၍ ပေါက်ကွဲသွားကာ ဦးတည်ဘက်တိုင်း၌ ကြောက်မက်ဖွယ် အပူလှိုင်းများ ပျံ့နှံ့သွားသည်။

"ဟုန်း!"

ကြီးမားလှသည့် အသံနှင့် စွမ်းအားကြီး အပူလှိုင်းများက လိုဂန်တို့အဖွဲ့ရှိနေသည့် အကြီးစားခရီးသည်တင် မှော်ကားရှိရာဘက်သို့ဦးတည်လာသော်လည်း မမြင်နိုင်သည့် အကာအရံကြီးက ပိုင်းဖြတ်လိုက်သည်။

မီးခိုးလုံးများပျောက်ကွယ်သွားပြီးနောက် လိုဂန်မှာ သံမဏိစက်ရုံရှိသည့်နေရာကိုကြည့်လိုက်ရာ ထိုနေရာမှာ မြေပြင်သာရှိတော့သည်အား မြင်လိုက်ရသည်။ သံမဏိစက်ရုံ၏ ခြေရာလက်ရာလေးတစ်ခုပင် မကျန်တော့ပါချေ။

လိုဂန်လည်း ထိုမှော်ပညာရှင်၏ တောက်ပနေသော လက်ချောင်းထိပ်ကို လည်ပြန်ငေးကြည့်လိုက်မိသော်လည်း မည်သည်ကိုမှ မဆိုနိုင်ဘဲ အင်မတန် ထိတ်လန့်နေတော့သည်။

ကားထဲရှိ အခြားမှော်ပညာရှင်များမှာလည်း ထိုမှော်ပညာရှင်ကို အထိတ်တလန့်ကြည့်ရင်း မျက်လုံးများထဲ အကြောက်တရားတို့ပြည့်နေ၏။

၎င်းတို့မှာ အဆင့်နိမ့်မှော်ပညာရှင်များသာဖြစ်သော်လည်း မှော်ပညာ၏ အခြေခံနားလည်မှုတော့ ရှိပေသည်။

ခမ်းနားလှသည့် သံမဏိစက်ရုံကို ဖျက်စီးလိုက်သည့် ထိုကမ္ဘာမြေတုန်ဟီးဖွယ် မန္တာန်မှာ သာမန်မန္တာန်မဟုတ်ဘဲ တားမြစ်မီးမန္တာန်ဖြစ်ပေသည်။

တားမြစ်မန္တာန်တစ်ခုကို အသုံးပြုနိုင်ရန် လူတစ်ဦးမှာ နဝမအဆင့်အထွဋ်အထိပ် မှော်ပညာရှင် သို့မဟုတ် မဟာမှော်ပညာရှင်ဖြစ်ဖို့လိုအပ်သည်။

ထို့အပြင် ဤမှော်ပညာရှင်မှာ ထိုမန္တာန်ကို ထုတ်ဖော်ရာ၌ အင်မတန် အေးဆေးနေပြီး အသက်ရှူပင် တစ်ချက်မျှ မပျက်သလို မည်သည့် အားစိုက်ထုတ်မှုမှလည်း မဖြုန်းတီးခဲ့ပေ။ သူဟာ သာမန်မဟာမှော်ပညာရှင်တစ်ဦးထက်ပင် ပို၍ သန်မာလောက်ပြီး... ခေါင်းဆောင် မှော်ပညာရှင်ပင် ဖြစ်နိုင်၏!

ထိုမှော်ပညာရှင်များ၏ စိတ်တွင်း၌ ခေါင်းဆောင် မှော်ပညာရှင်ဟူသည့် စကားလုံး ပေါ်ပေါက်လာချိန်၌ ထိုလူများမှာ မနေနိုင်အောင် အသက်ရှူပင် ရပ်သွားကြသည်။

ခေါင်းဆောင် မှော်ပညာရှင်? ၎င်းမှာ နယ်မြေကြီးရှိ မှော်ပညာရှင်များအားလုံး၏ အထွဋ်အထိပ်ရှိ ဆရာကြီးဖြစ်ပေသည်။

အဘယ့်ကြောင့် ရုတ်တရတ် ခေါင်းဆောင် မှော်ပညာရှင်တစ်ဦးက ဤနေရာ၌ ပေါ်လာရသနည်း?

အဘယ့်ကြောင့် သူဟာ ရုတ်တရတ် Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံကို ဖျက်စီးဖို့ တားမြစ်မန္တာန်ကို အသုံးပြုခဲ့ရသနည်း?

လူတိုင်း၌ သံသယအကြည့်များရှိနေစဉ်တွင် ရုတ်တရတ် ကားထဲ၌ စူးစူးရှရှအော်သံထွက်လာလေသည်။

လူတိုင်းက ကြမ်းပြင်သို့ ရောက်နေပြီး ခေါင်းကိုကာထားသော ဆာရာထံ လှည့်ကြည့်လိုက်သည်။ သူမမှာ ရှိုက်ငို၍ တုန်ရီနေသည်မှာ စိုးရိမ်ပူပန်နေသလိုပါပင်။

လိုဂန်လည်း ဆာရာ၏ အော်သံကြောင့် နိုးကြားသွား၏။ ဆာရာကို ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာက အမြန်ပင် ယခင်က တည်ငြိမ်မှုကို ပြန်ရသွားကာ မတိုင်ခင်က ထိုမှော်ပညာရှင်ထံ လှည့်၍ မေးလိုက်၏၊ "ဒီက လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးခင်ဗျ၊ ခင်ဗျားက ဘယ်သူပါလဲ?"

ထိုမှော်ပညာရှင် လိုဂန်ကိုကြည့်၍ မျက်လုံးများထဲ ချီးကျူးလိုရိပ်ပေါ်လာကာ ခေါင်းငြိမ့်လေသည်၊ "မဆိုးဘူး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ လက်အောက်ငယ်သားမှာ ဒီလို သတ္တိနဲ့ ဉာဏ်ကောင်းမှုရှိနေတော့ မင်း‌တို့အနေနဲ့ လွန်ခဲ့တဲ့ နှစ်တွေမှာ ကောင်းကောင်း တိုးတက်နေတာ အံ့ဩစရာမဟုတ်ဘူးပဲ။ ဒါပေမယ့် မင်းတို့ရဲ့ ဥက္ကဌက ကောင်းကင်ဘုံနဲ့ ငရဲရဲ့ အတိမ်အနက်ကို မသိတာ နှမျောစရာကောင်းတာပဲ။"

ထိုသို့ပြောပြီးနောက် သူဟာ သူ၏မိတ်ဆွေ ပခုံးကိုပုတ်လိုက်ပြီး နှစ်ဦးသား ထရပ်လိုက်ပြီးနောက် လိုဂန်ကို လက်ဝေ့ယမ်းပြလာသည်၊ "လူငယ်လေး မင်းက မဆိုးတာကို မြင်ရတယ်ဆိုတော့ မင်းအနေနဲ့ အခွင့်အရေးရှိတုန်း မြန်မြန် ထွက်သွားသင့်တယ်။ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ မြေမြှုပ်မခံရစေနဲ့"

၎င်းကိုဆိုပြီးနောက်တွင် သူဟာ တုံ့ပြန်ချက်များကို ဂရုမစိုက်တော့ဘဲ နှစ်ဦးသား အတူခုန်ထွက်သွားတော့သည်။ ၎င်းတို့ ပေါ်လာချိန်၌ ကောင်းကင်ယံတွင် ပျံသန်းနေကြပြီဖြစ်၏။

"ကမ်မီလာ ထွက်လာပြီး ဧည့်လာကြိုစမ်းပါ။ ဒီလောက်ကျယ်လောင်တဲ့ လှုပ်ရှားမှုကြီးကို မင်းမကြားဘူးဆိုတာ ငါတော့ မယုံဘူး"

ကြည်လင်သည့် အသံတစ်သံက ကောင်းကင်၌ ပြည့်သွားသည်မှာ ယခုနကမှ လှုပ်ရှားလိုက်သည့် မှော်ပညာရှင်ကြောင့်ဖြစ်သည်။

သူ၏ အသံထွက်လာသည်နှင့် တပြိုင်နက် လေထဲ၌ အာကာပြင် အတွန့်အရှုံများစွာ ပေါ်လာပြီး ပုံရိပ်များစွာ ထွက်လာ၏။

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက မီးပင်လယ်ထဲရှိ သံမဏိစက်ရုံကိုကြည့်၍ ထိုမှော်ပညာရှင်ထံကြည့်ကာ ဒေါသတကြီးမေးလိုက်သည်၊ "မင်းက ဘယ်သူလဲ? ဘာလို့ ရုတ်တရတ် ဒီလိုလုပ်ရတာလဲ?"

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနံဘေးရှိ ရှုယီထံ၌ ပို၍ တည်ငြိမ်ဟန်ရှိနေ၏။ သူဟာ ထိုသံမဏိစက်ရုံကို ကြည့်ရုံကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သက်ဆင်းလိုက်ကာ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများ တင်ပြနေသည်ကို နားထောင်လိုက်သည်။

ထိုမှော်ပညာရှင်က မြေပြင်၌ ကိစ္စများကို စီစဉ်နေသည့် ရှုယီကို ငုံ့ကြည့်၍ စိတ်ဝင်စားသည့်အသံဖြင့် မေးလိုက်သည်၊ "အဲ့ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီလား? သူက တကယ်ပဲ ငယ်သေးတာပဲ။ သူက ဒီအရွယ်မှာ မဟာမှော်ပညာရှင်ဖြစ်လာနိုင်တယ်ဆိုတော့ မှော်ပညာနဲ့ ပတ်သက်ပြီး သူက တကယ် ပါရမီပါတယ်လို့ ပြောရမယ်။ ငါ့အထင်... သူ့မှာ အချိန်အလုံအလောက်ရှိသရွေ့ ခေါင်းဆောင် မှော်ပညာရှင်ဖြစ်လာနိုင်လောက်လား? သူ့မှာ နယ်နိမိတ်စည်းကိုတောင် စိန်ခေါ်ပြီး နှစ်ထောင်ချီအတွင်း ဘယ်သူမှ မရောက်သေးတဲ့ မဟာခေါင်းဆောင် မှော်ပညာရှင်ဖြစ်လာမယ့် အခွင့်အရေးတောင် ရှိနိုင်လောက်တယ်။"

သူ၏ နံဘေးရှိ အပေါင်းအပါက အေးစက်စက် နှာမှုတ်လေသည်၊ "သူက ဒီနေ့သေတော့မှာဆိုတော့ မဟာခေါင်းဆောင် မှော်ပညာရှင်ဖြစ်ဖို့ အခွင့်အရေးမ‌ရှိတော့မှာ နှမျောစရာပဲ။"

"ဟုတ်တယ် သူ ဒီနေ့ သေတော့မှာကတော့ နှမျောစရာပဲ။" ထိုခေါင်းဆောင် မှော်ပညာရှင်က သက်ပြင်းရှည်ကြီးချလိုက်သည်၊ "အိုင်း ဖြစ်နိုင်ရင် ငါလည်း ဒီလို ပါရမီပါတဲ့ မှော်ပညာရှင်မျိုးကို မှော်ပညာလမ်းကြောင်းပေါ် ဆက်လျှောက်ပြီး သူ အဆုံးသတ်ရောက်မယ့် နေရာကို ကြည့်ချင်တာပေါ့။ ဒါပေမယ့်... ဘယ်သူက သူ့ကို သေလမ်းရွေးဖို့ ပြောလို့လဲ?"

ထိုသို့ပြောလိုက်ရင်း သူဟာ မြေပြင်ရှိ ရှုယီကို လက်ညှိုးညွှန်လိုက်၏။

သူ၏လက်ချောင်းထံမှ ပါးလွှသည့် အနက်ရောင်မျဉ်းလေးတစ်ခုပေါ်လာပြီး ရှုယီ၏ ကျောဘက်သို့ ရောက်သွားသည်။

ထိုအနက်ရောင်မျဉ်းလေးက ရှုယီ၏ နောက်ကျောထံ ရောက်လုရောက်ခင်တွင် ထူးဆန်းသည့် အာကာပြင်အပြောင်းအလဲများပေါ်လာ၏။ ၎င်းက အနက်ရောင်တွင်းကြီး(black hole)တစ်ခုကို ဖန်တီးကာ ထိုအနက်ရောင်မျဉ်းကို ဝါးမြိုပြီးနောက် ပျောက်ကွယ်သွား၏။

ထိုဖြစ်စဉ်က တစ်စက္ကန့်ပင် မကြာလိုက်ရာ ရှုယီနံဘေး၌ ရပ်နေသည့် ဝန်ထမ်းများပင် သတိမထားမိလိုက်ပေ။ ရှုယီက ၎င်းကို သတိမထားမိသယောင်ပြု၍ လုံးဝ လှည့်မကြည့်ဘဲ သူ၏ ဝန်ထမ်းများကိုသာ စကားပြောနေဆဲပင်။

ထိုမှော်ပညာရှင်နှင့် သူ၏ အပေါင်းအပါက အချင်းချင်းကြည့်လိုက်ပြီးနောက် အံ့ဩဟန်များပြလာသည်။

သူပစ်လွှတ်ခဲ့သည့် ထိုပါးလွှသော အနက်ရောင်မျဉ်းမှာ သာမန်ပုံ‌ပေါက်သော်လည်း ၎င်းမှာ သူကိုယ်တိုင် ဖန်တီးထားပြီး ဂုဏ်ယူရသည့် အာကာပြင်တွန့်ရှုံခြင်း မှော်ပညာဖြစ်ကာ သူထိန်းချုပ်နိုင်သည့် အားအကောင်းဆုံး မှော်စွမ်းအင်ဖြစ်သည်။

သို့သော် ထိုသာမန်ပေါ်သည့်ပုံကို ဆန့်ကျင်ကာ ၎င်းက ကြောက်မက်ဖွယ် မှော်စွမ်းအင်ဖြစ်သော်ငြား ရှုယီမှာ ၎င်းက တည်ရှိမနေသလို ပြုမှုနေသည်က သူ့အား တကယ်ကို အံ့အားသင့်စေ၏။

"ကြည့်ရတာ ဥက္ကဌရှုရဲ့ မှော်ပညာအဆင့်က ကြွားထားတာ ဟုတ်ပုံမရဘူးပဲ။" ထိုမှော်ပညာရှင်က ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို လှည့်ကြည့်လိုက်ပြီး အမူအရာကလည်း လေးနက်‌လာသည်။

သူ့အနေနှင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ လှုပ်ရှားခဲ့ခြင်းမဟုတ်ကြောင်း အတပ်ပြောနိုင်သည်။

၎င်းမှာ ရှုယီက ထိုအာကာပြင်တွန့်ရှုံ့အလင်းတန်းကို သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ချေဖျက်လိုက်သည့် အဓိပ္ပာယ်ပင်။

သူ၏ မှော်စွမ်းအင်ကို ထိုသို့ အပြည့်အဝ ခုခံနိုင်ရန် ရှုယီမှာ အာကာပြင်မှော်ပညာကို အသေအချာနားလည်ထားသည့်အဓိပ္ပာယ်ရ၏။ ၎င်းမှာ မဟာမှော်ပညာရှင်တစ်ဦးအနေဖြင့် သူဟာ လူတိုင်း ချီးကျူးနေကြသည့် မဟာမှော်ပညာရှင် အတုလိုမျိုး မဟုတ်ဟု ဆိုလိုသည်။

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ ၎င်းတို့အား ကြည့်လိုက်ပြီး မျက်လူံးများ ပို၍ပင် မှေးကျဉ်းသွားပါ၏။

ထိုမှော်ပညာရှင် လှုပ်ရှားလိုက်ချိန်တွင် သူရင်ဆိုင်နေရသူမှာ နဝမအဆင့် မှော်ပညာရှင်မဟုတ်သလို မဟာမှော်ပညာရှင်တစ်ဦးပင် မဟုတ်သည်ကို သေချာသွားသည်။ သူဟာ သံသယပင် ဝင်စရာမလိုအောင် သူနှင့် အဆင့်တူ ခေါင်းဆောင် မှော်ပညာရှင်ဖြစ်ပေ၏။

သို့သော် စဉ်းစားပြီးနောက် ၎င်းက မှန်သည်ဟု ခံစားမိသွားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက မဟာမှော်ပညာရှင်များကို သတ်နိုင်ကြောင်း သက်သေပြထားသလို ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာလည်း ဤနေရာ၌ ရှိနေသည်ကို ဖော်ပြရန်ပင်မလိုပေ။ မဟာမှော်ပညာရှင်သာဆိုလျှင် ဤနေရာသို့ ပြဿနာလာရှာခြင်းက ၎င်းတို့၏ ကိုယ်ပိုင်သေလမ်းကိုရှာသလိုသာဖြစ်နေမည်သာ။

ထို့ကြောင့် တစ်ဖက်က လာရောက် လှုပ်ရှားရဲနေရာ ထိုသည်မှာ ခေါင်းဆောင် မှော်ပညာရှင်အဆင့်ရှိ စွမ်းအားကြီး မှော်ပညာရှင်တစ်ဦးဖြစ်သော အဓိပ္ပာယ်ပင်။

ပြဿနာမှာ ဤခေါင်းဆောင် မှော်ပညာရှင်အပြင် သူ့နံဘေးရှိ အပေါင်းအပါက မလှုပ်ရှားခဲ့ပေ။ သူကလည်း ခေါင်းဆောင် မှော်ပညာရှင်ဖြစ်နေမလား?

ခေါင်းဆောင် မှော်ပညာရှင်တစ်ဦးတည်းသာဆို အဆင်ပြေသော်လည်း နှစ်ယောက်ဆိုလျှင်တကယ်ကို ခက်ခဲလှပေမည်။

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ စိတ်ထဲရှိ သံသယကို မြင်နိုင်နေသကဲ့သို့ ထိုမှော်ပညာရှင်က အပြုံးဖျော့ဖျော့ဖြင့် ဆိုလာ၏၊ "ဟုတ်သား ငါ့ကိုယ်ငါ မိတ်ဆက်မေ့သွားတယ်။ ဟယ်လို ကမ်မီလာ ပထမဆုံးတွေ့ဆုံခြင်းပါ။ ငါက လီဗင်ဟက်စကို၊ ငါ့ဘေးက တစ်ယောက်ကတော့ ငါ့ရဲ့ မိတ်ဆွေ ဆာရန်ဒါလ်ကလေး(Saranda Clay)ပဲ။ ငါ့အထင်... မင်းလည်း ငါတို့နာမည်တွေကို အရင်က ကြားဖူးလောက်မှာပါ။"

ထိုအမည်နှစ်ခုကိုကြားသော် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများက ရုတ်တရတ် ပြူးကျယ်သွားတော့သည်။

***

All Chapters