အခန်း (၁၇၁-၁၇၆)
Vol. 6 Ch. 171-176
Vol 6, အခန်း ၁၇၁။ တစ်ယောက်ချင်း တိုက်ခိုက်ခြင်း
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ သေချာပေါက် ယခင်က ထိုနာမည်များကို ကြားခဲ့ဖူးပါ၏။
နယ်မြေကြီးရှိ မှော်ပညာကို နားလည်သူအချို့ရှိသရွေ့ ၎င်းတို့မှာ ယခင်က ထိုနာမည်နှစ်ခုကို ကြားဖူးလောက်သည်ဟု ဆိုနိုင်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်မျှကပင် ထိုအမည်များမှာ ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာအတွက် စံပြများကို ကိုယ်စားပြုပေသည်။
အကြောင်းအရင်းက အင်မတန် ရိုးရှင်းပါ၏၊ ၎င်းတို့နှစ်ဦးက ခေါင်းဆောင်မှော်ပညာရှင်များ ဖြစ်သောကြောင့်ပင်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ထဲရှိ လှိုင်းများကို ဖိနှိပ်၍ လီဗင်ဟက်စကို,ကို မေးလိုက်လေသည်၊ "ခင်ဗျားတို့ ဒီကို လာတာက မန်နာမှော်တိုင်းပြည်ရဲ့ ကိစ္စကြောင့်လား?"
မန်နာမှော်တိုင်းပြည်အား ကန်ဒရာတိုင်းပြည်နှင့် မာလိုအင်ပါယာ ပြီးနောက် တတိယအားအကောင်းဆုံးနိုင်ငံဟူခေါ်ဆိုသည်မှာ နယ်မြေကြီးတွင် စွမ်းအားအကြီးဆုံးမှော်ပညာရှင်စစ်တပ်ရှိခြင်းအပြင် ခေါင်းဆောင်မှော်ပညာရှင် ငါးဦးလည်း ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့မှာ ကန်ဒရာအင်ပါယာနှင့် မာလိုအင်ပါယာတို့၏ ဒုတိယမှ နဝမအထိ ခေါင်းဆောင်မှော်ပညာရှင်များဖြစ်သော်လည်း နယ်မြေကြီး၏ အခြားမည်သည့်နိုင်ငံထက် မဆိုသာလွန်နေပါ၏။
ပြောရလျှင် နယ်မြေကြီးတစ်ခုလုံး၌ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ အပါအဝင် ခေါင်းဆောင်မှော်ပညာရှင် စုစုပေါင်း နှစ်ဆယ့်ရှစ်ဦးသာ ရှိသည်။
ကန်ဒရာအင်ပါယာနှင့် မာလိုအင်ပါယာရှိ ဆယ့်ရှစ်ဦးကို ဘေးဖယ်ထားလိုက်လျှင် ကျန်သည့် ဆယ်ဦး၏ တစ်ဝက်မှာ မန်နာမှော်တိုင်းပြည်၌ ရှိ၏။
ထို့နောက် စွမ်းအားကြီး မှော်ပညာရှင်စစ်တပ်ကြောင့် မန်နာမှော်တိုင်းပြည်မှာ အင်ပါယာကြီးနှစ်ခုပြီးလျှင် အားအကောင်းဆုံး နိုင်ငံဖြစ်သည်ဟု ဆိုလိုသည်။
ထို့အပြင် မန်နာမှော်တိုင်းပြည်၏ ခေါင်းဆောင်မှော်ပညာရှင်ငါးဦးတွင် လီဗင်ဟက်စကိုနှင့် ဆာရန်ဒါလ်ကလေးဟူသည့် အမည်များပါဝင်သည်။
ထို့ကြောင့် ထိုအမည်နှစ်ခုကို ကြားချိန်တွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ ပထမဆုံး တုံ့ပြန်ချက်မှာ မန်နာမှော်တိုင်းပြည်အရေးနှင့် ဆက်စပ်မိလိုက်ခြင်းဖြစ်၏။
"ဒီလို ယူဆလို့လည်းရသလို မယူဆလို့လည်းရတယ်။" လီဗင်ဟက်စကိုက အသာပြုံး၍ ဆိုသည်၊ "နယ်မြေကြီးရဲ့ မှော်ပညာရှင်တွေဆီမှာ စည်းကမ်းတစ်ခု အမြဲရှိပြီး ခေါင်းဆောင်မှော်ပညာရှင်တွေအနေနဲ့ နိုင်ငံတွေကြားက စစ်ပွဲတွေမှာ ဝင်ပါလို့မရဘူး။ ဒါကြောင့် ငါတို့ ဒီတစ်ကြိမ်ရောက်လာတာဟာ မန်နာမှော်တိုင်းပြည်ကို Frestech ကုန်သည်ကြီးများအသင်းက တိုက်ခိုက်ခဲ့တာကြောင့် မဟုတ်ဘဲ ဒီကိစ္စနဲ့ ဆိုင်နေတယ်။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ မနေနိုင်အောင် အေးစက်စက်ပြုံးလိုက်၏၊ "မန်နာမှော်တိုင်းပြည်က ပြန်တိုက်ခိုက်ဖို့ စစ်တပ်တစ်ခု မပို့နိုင်တော့ ခင်ဗျားတို့လို ခေါင်းဆောင်မှော်ပညာရှင်တွေအပေါ် မှီခိုပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်တော့မှာပေါ့?"
"မဟုတ်ဘူး မဟုတ်ဘူးလေ ငါမင်းကို ပြောပြီးသား၊ ငါတို့ လာခဲ့တာ မန်နာမှော်တိုင်းပြည်ရဲ့ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအကြောင်းအရင်းအတွက် လာခဲ့တာပဲ၊ အဲဒီ့အကြောင်းအရင်းက....." လီဗင်ဟက်စကို၏ အသံက အေးစက်သွားကာ၊ "မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်ရဲ့ ဂုဏ်သရေတပ်ရင်းကို တိုက်ခိုက်တော့ ငါ့ရဲ့ တပည့်နှစ်ယောက်နဲ့ မြေးတပည့် ဆယ့်ခုနစ်ယောက်က မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လက်ထဲမှာ သေခဲ့ရတယ်။ ဒီအကြောင်းအရင်းကြောင့်နဲ့တင် ငါ့အနေနဲ့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို လက်စားချေဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား?"
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာမှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် လီဗင်ဟက်စကိုနံဘေးရှိ စကားမပြောခဲ့သော ဆာရန်ဒါလ် ကလေးကို ညွှန်ပြလာ၏၊ "ဒီတော့ သူကလည်း တူညီတဲ့ အကြောင်းအရင်းနဲ့ ရောက်လာတဲ့ အဓိပ္ပာယ်ပေါ့?"
"အမှန်ပဲ အဲဒီ့ တိုက်ပွဲမှာ သေသွားတဲ့ ငါ့ရဲ့တူလည်းရှိတယ်။ ဒါ့အပြင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းလက်ထဲမှာ သေခဲ့ရတဲ့ တပည့်ပေါင်းများစွာ ရှိသေးတယ်။ ငါ ဒီတစ်ခေါက်လာတာက ခေါင်းဆောင် မှော်ပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လက်စားချေဖို့ သီးသန့်လာခဲ့တာ။" ဆာရန်ဒါလ် ကလေးက ပြော၏။
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာမှာ ထိုနှစ်ဦးကိုကြည့်လိုက်ပြီးနောက် ပြက်ရယ်ပြုဟန်ပြလာသည်။
"မှော်ပညာရှင်များအဖွဲ့အစည်းနဲ့အတူရှိနေတဲ့ လူတွေက သူတို့အတိုင်း အတုအယောင်တွေ ဖြစ်လာကြတာပဲ။ ဟုတ်ပြီလေ ခင်ဗျားတို့ အကြောင်းအရင်းက ဘာပဲဖြစ်နေနေ ခင်ဗျားတို့လည်း ရောက်နေပြီဆိုမှတော့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ချင်လို့ပေါ့။ ဒါဆို ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ထင်လဲ? ခင်ဗျားတို့သာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတစ်ခုလုံးကို ဖျက်ဆီးချင်ရင် ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေအားလုံးကို နယ်မြေကြီးမှာရှိတဲ့ မှော်ပညာရှင်တွေအားလုံးသိသွားကြမှာပဲ။"
"ဒါပေါ့ ကျုပ်တို့ ဒီလိုလုပ်မှာမဟုတ်ဘူး။ အခုနက အဲဒီ့ သံမဏိစက်ရုံဆိုလား အဲဒါကို ဖျက်ဆီးပစ်လိုက်တာဟာ သတိပေးချက်တစ်ခုလေးပဲ။" လီဗင်ဟက်စကိုက အပြုံးဖြင့် ဆိုလေသည်၊ "ကျုပ်တို့ ဘာလုပ်မယ်ဆိုတာကတော့ .....အရမ်းကိုရှင်းပါတယ်။ Frestech ကုန်သည်ကြီးများအသင်းက ရှုယီရဲ့ အမိန့်ကြောင့် မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ခဲ့တာမို့လို့ သူ့ကိုပဲ ကျုပ်တို့ဆီ လက်လွှဲလိုက်ပြီး Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ကို လျှော်ကြေးပေးလိုက်ရုံပဲလေ။ ဒါက အရမ်းကို ကျိုးကြောင်းဆီလျော်တယ်လို့မထင်ဘူးလား?"
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာ၏ နှုတ်ခမ်းများက နှစ်ကြိမ်ခန့်တွန့်ရှုံ့သွားပြီးနောက် အေးစက်စက်ပြုံးလာ၏။
"အိုင်း ကျိုးကြောင်းဆီလျော်တယ်တဲ့လား? ဒီလိုတကယ်ကြီး ပြောနိုင်တယ်ပေါ့!"
ရှုယီက အရာအားလုံးကို ဖြေရှင်းပြီးကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီးဖြစ်သည်။ ခေါင်းဆောင် မှော်ပညာရှင်နှစ်ယောက်ကိုကြည့်လိုက်ပြီးနောက် သူဟာ အသာမျက်မှောင်ကုပ်လိုက်၏၊ "ခေါင်းဆောင်မှော်ပညာရှင်ကြီးနှစ်ယောက် ကျုပ်အနေနဲ့ ခင်ဗျားတို့တွေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို လက်စားချေချင်သလို ကျုပ်ကိုလည်း ကိုင်တွယ်ဖို့ လိုချင်တာ နားလည်ပေမယ့် ခင်ဗျားတို့ သံမဏိစက်ရုံကို ဖျက်ဆီးလိုက်တော့ အသေအဆုံး အနည်းဆုံး အယောက် ၃၀၀ရှိတယ်၊ အယောက်တစ်ထောင်က ဒဏ်ရာအပြင်းအထန်ရပြီး နှစ်ထောင်က ဒဏ်ရာ နည်းနည်းရသွားတယ်။ ဒါကတင် ရက်စက်ရာကျလွန်းနေပြီ မဟုတ်ဘူးလား?"
လီဗင်ဟက်စကိုက အဝေးရှိ မီးပင်လယ်ကြီးကို မထူးခြားနားအမူအရာဖြင့်ကြည့်လိုက်လေသည်။
"ဒါက သာမန်လူလေး နည်းနည်းပဲလေ၊ သေရင်လည်း အဆင်ပြေတယ်။ ပြီးတော့ ဥက္ကဌရှု ဒါက မင်းလုပ်ခဲ့တဲ့ အမှားဆိုတော့ မင်းကိုယ်တိုင်ကိုပဲ အပြစ်တင်လိုက်ပါတော့"
"ဒီလိုလား?" ရှုယီက သက်ပြင်းချလိုက်သည်၊ "ဟုတ်ပြီလေ ခင်ဗျားတို့ရဲ့ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို ကျုပ်နားလည်တယ်၊ ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ဖို့ပဲလေ။ ခင်ဗျားတို့ နှစ်ယောက်အတူ လာမှတော့ ဒီမှာရှိနေတဲ့ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်တဲ့ အဘိုးနဲ့ပတ်သက်ပြီး ခေါင်းကိုက်စရာလေးတွေရှိနေမှာပေါ့၊ ဒီတော့ သူ့ကို ရှင်းဖို့ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက် လွှတ်ဖို့လိုတယ်လေ။"
"မင်းက အရမ်းထက်မြတ်တာပဲ" လီဗင်ဟက်စကိုက အသာပြုံး၍ ခေါင်းငြိမ့်လိုက်သည်၊ "မှန်တယ် ဒီလိုဆိုပေမယ့်လည်း ဘာလုပ်ဖို့ စီစဉ်ထားလဲ?"
"ကျုပ်တို့ ကုမ္ပဏီမှာက ခေါင်းဆောင်မှော်ပညာရှင် နှစ်ယောက်မရှိတော့ ဘာကိုမှ လုပ်လို့မရဘူး။" ရှုယီက ခေါင်းခါ၍ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည်၊ "ဒီလိုဆိုရင်ရော ခေါင်းဆောင် မှော်ပညာရှင်ဟက်စကို ဒါကို ဝန်ခံချက်သည်ဖြစ်စေ ဝန်မခံချင်သည်ဖြစ်စေ ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားတို့နောက်ကွယ်က Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားနေတဲ့လူတွေကို စိတ်ဝင်စားနေတော့ ခင်ဗျားနဲ့ သူတို့ကို လုံးဝဖျက်ဆီးပစ်လိုက်ရင်လည်း ဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူး။ ဒီတော့ ကျုပ်တို့တွေ အရှုပ်ထုပ်မဖြစ်မယ့် နေရာတစ်ခုကို ပြောင်းရင် ဘယ်လိုလဲ? အနည်းဆုံးတော့ အပြစ်ကင်းတဲ့လူတွေကို ဒဏ်ရာမရစေမယ့်နေရာပေါ့?"
"မင်းက ဒီလို ဂရုစိုက်တတ်တဲ့လူလို့ မထင်ထားခဲ့ဘူး။" လီဗင်ဟက်စကိုက အသာပြုံးလိုက်သည်၊ "ဒါပေမယ့် အဆင်ပြေပါတယ်။ ဒီသာမန်လူတွေသေမှာကို ငါ့အနေနဲ့ ဂရုမစိုက်ပေမယ့်လည်း ပြဿနာနည်းလေ ပိုကောင်းလေပေါ့။ ပြော၊ ဘယ်နေရာမှာ တိုက်ခိုက်ချင်တာလဲ?"
"ကျုပ်တို့အနေနဲ့ တခြားလူတွေကို ထိခိုက်တာကနေ တားဆီးဖို့ ကျုပ်တို့တွေ နှစ်ဦးချင်းပြိုင် တိုက်ခိုက်ဖို့ အကြံပေးတယ်။" ရှုယီက ပြောသည်၊ "ခင်ဗျားတို့ထဲက တစ်ယောက်က ကျုပ်နဲ့ တိုက်ခိုက်ပြီး နောက်တစ်ယောက်က အဘိုးနဲ့တိုက်လေ၊ ဘယ်လိုထင်လဲ?"
လီဗင်ဟက်စကိုမှာ မနေနိုင်အောင် အသာ မျက်မှောင်ကုပ်လိုက်မိသည်၊ "မင်းက တကယ်ပဲ ဒီလိုလုပ်ချင်တာလား? မင်းသာ ကမ်မီလာနဲ့အတူဆိုရင် သူက မင်းကို ကူညီလို့ရမယ် ဆိုပေမယ့် တစ်ယောက်တည်း စိန်ခေါ်မယ်ဆိုရင်တော့ အနိုင်ရဖို့ အခွင့်အရေးရှိမယ်ထင်လို့လား?"
"မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ဖို့က ကျုပ်ရဲ့ အမိန့်ဆိုတော့ အကျိုးဆက်ကို ကျုပ် ခံယူသင့်တာပေါ့။" ရှုယီက အလေးအနက်ဟန်ဖြင့် ပြောသည်၊ "ခေါင်းဆောင် မှော်ပညာရှင် ဟက်စကိုက မလုပ်ချင်တာလား ဒါမှ မဟုတ် ကြောက်လို့လား?"
လီဗင်ဟက်စကိုက အေးစက်စက်ရယ်လိုက်သည်၊ "ကောင်လေး မင်းက ငါ့ကို ဒီလို အကြမ်းဆန်တဲ့ နည်းလမ်းနဲ့ ဒေါသထွက်စေချင်နေတာလား? ဟုတ်ပြီလေ မင်းက ဒီလိုလုပ်ဖို့ အတိုက်အခံဖြစ်နေမှတော့ ဒီလိုပဲလုပ်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ဒါက မင်းမသေခင် နောက်ဆုံး တောင်းဆိုမှုဆိုတော့ သဘောတူရင်လည်း ဘာမှ မထိခိုက်သွားပါဘူး"
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။" ရှုယီက အသာပြုံး၍ ပြော၏၊ "ဒါဆို ခင်ဗျားတို့ထဲက ဘယ်သူက ကျုပ်နဲ့ ယှဉ်တိုက်မှာလဲ?"
လီဗင်ဟက်စကိုက ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာကို ကြည့်လိုက်သည်၊ "ဒီနှစ်တွေတလျှောက်လုံး ငါ့အနေနဲ့ ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာက ဘယ်လိုမျိုးများ မဟာမှော်ပညာရှင်အဆင့်ကို ကျော်ဖြတ်ခဲ့တယ်ဆိုတာ မြင်ချင်ပေမယ့်လည်း မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံလိုက်မယ်။ ဆာရန်ဒါလ် မင်း ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာနဲ့ ကစားရင် ဘယ်လိုလဲ?"
ဆာရန်ဒါလ်က ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့နောက်ရှိ ပင်လယ်ကို လက်မဖြင့် ညွှန်ပြလာ၏။
"လာ အဲ့မှာ သွားတိုက်မယ်။ ဘယ်သူကမှ အဲ့နေရာမှာဆို မထိခိုက်တော့ဘူး။"
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာက ရှုယီကိုကြည့်လိုက်ရာ ရှုယီ၏ မျက်နှာထက်ရှိ အပြုံးက သူ့အား စိတ်ချစေသည်။
"ဂရုစိုက်" ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာက ရှုယီ ပခုံးကို ပုတ်လိုက်ပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားသည်။
ခေါင်းဆောင် မှော်ပညာရှင်အဆင့်တွင် မှော်ပညာရှင်တစ်ယောက်မှာ သာမန် မှော်ပညာရှင်များထက် မှော်စွမ်းအင်အပြောင်းအလဲကို များစွာပိုမိုခံစားနိုင်သည်။ တစ်ဘက်က တစ်ဘက်၏ မှော်စွမ်းအင်အပြောင်းအလဲ အသေးအမွှားကိုပင် အာရုံခံနိုင်ပါ၏။
ဆာရန်ဒါလ် ကလေးက ၎င်းကို ခံစားမိပြီး ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာနောက်ကို လိုက်၍ ပျောက်ကွယ်သွားသည်။
"အရမ်းကောင်းတယ် အခုတော့ ငါတို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ ဥက္ကဌရှု ငါတို့ ဘယ်နေရာမှာ သွားတိုက်ခိုက်သင့်တယ်လို့ထင်လဲ? ပင်လယ်ကိုပဲ သွားမယ်ဆိုရင်ရော?" လီဗင်ဟက်စကိုက အပြုံးဖြင့် မေးလိုက်သည်။ ရှုယီက မြောက်ဘက်ကို ညွှန်ပြလိုက်၏၊ "အဘိုးနဲ့ ခေါင်းဆောင်မှော်ပညာရှင် ဆာရန်ဒါလ်ကို မနှောင့်ယှက်ရအောင်ပါ၊ အဲ့နေရာမှာ အကာအရံတောင်ကုန်းရှိတယ်။"
လီဗင်ဟက်စကို၏ နှုတ်ခမ်းများက အသာတွန့်ကွေးသွားသည်။ သူဟာ ရှုယီကို ကြွက်တစ်ကောင်အား ဖမ်းမိထားသည့် ကြောင်နှယ်ကြည့်၍ စနောက်ချင်နေမိ၏။
"ကောင်းပြီလေ လမ်းပြပါဦး"
ရှုယီ၏ မှော်စွမ်းအင် ထွက်လာကာ တစ်ချက်လောက်ခုန်လိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးမြောက်ဘက်ရှိ တစ်ဆယ်ကီလိုမီတာ အကွာမှ အကာအရံတောင်ကုန်းသို့ ရောက်သွားသည်။
လေထဲ၌ ပေါ်လာချိန်တွင် လီဗင်ဟက်စကိုမှာ သူ့နောက်မှ ကပ်၍ လိုက်သွား၏။
အကွာအဝေးဖြစ်စေ အနေအထားဖြစ်စေ နှစ်ဦးစလုံးမှာ မတိုင်ခင်ကနှင့် ထပ်တူဖြစ်သည်။
၎င်းကို အခြေပြုရုံနှင့် လီဗင်ဟက်စကိုမှာ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ရန် ထိုက်တန်သည်ကို မြင်နိုင်၏။ သူ၏ အာကာပြင်မှော်ပညာကို နားလည်နိုင်စွမ်းက ထိုသို့သော မြင့်မားသည့် အဆင့်တစ်ခုကို ရောက်နေပြီဖြစ်သည်။
"ဒီနေရာလား?" လီဗင်ဟက်စကိုက ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် စိတ်တိုင်းကျဟန် ခေါင်းငြိမ့်လိုက်၏၊ "အင်း မြင်ကွင်းကတော့ မဆိုးဘူး၊ မင်းရဲ့ အရိုးတွေကို မြှုပ်ဖို့ နေရာကောင်းပဲ။"
ရှုယီက ပြုံး၍ တုန်လှုပ်သွားဟန်မပေါ်ပေ။ သူက အနည်းငယ်ဝေးရာသို့သာ ရွှေ့၍ ညာဘက်လက်ကို မြှောက်လိုက်လေ၏။
"ဒါဆို စီနီယာ ကျုပ်တို့ စကြတော့မလား?"
လီဗင်ဟက်စကိုက တစ်ချက်သမ်းဝေ၍ လက်ယမ်းလိုက်သည်၊ "ဒါက ကိုယ်ရေးကိုယ်တာ လက်စားချေမှုပဲ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘူး။ မင်း လုပ်ချင်တာ လုပ်လို့ရတယ် ပြောစရာမလိုနေဘူး။ ဒါပေမယ့် မင်းက ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဘယ်လိုများ မဟာမှော်ပညာရှင်ဖြစ်လာလဲဆိုတာ စိတ်ဝင်စားနေတယ်လို့ပြောလို့ရတယ်၊ မင်းရဲ့ မှော်ပညာက ဘယ်အဆင့်ရောက်နေပြီလဲဆိုတော့ မြင်ချင်တော့ ကြည့်ရအောင် ငါ့ကို တိုက်ခိုက်ဖို့ အချိန်နည်းနည်းပေးမယ်။ အချိန်ကတော့... စဉ်းစားကြည့်ရအောင်.... ငါးမိနစ်ပဲ ထားလိုက်"
ထိုသို့ ပြောပြီးနောက် လီဗင်ဟက်စကိုက မှောင်မိုက်စွာပြုံး၍ ဆက်ပြော၏၊ "ရှုယီ မင်းရဲ့ နောက်ဆုံးလက်ကျန် ငါးမိနစ်ကို ဆုပ်ကိုင်ထားချေ! တစ်စက္ကန့် ကုန်သွားပြီ...."
ရှုယီက မနေနိုင်အောင် ခေါင်းခါလိုက်မိသည်။
၎င်း လီဗင်ဟက်စကိုမှာ လေးစားဖွယ် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးဖြစ်ရာ အဘယ့်ကြောင့် ရက်စက်သည့် လူသတ်သမားလိုဖြစ်နေရသနည်း?
လီဗင်ဟက်စကို၏ အကြမ်းဖက်လိုဟန်အပြည့်ဖြင့် အကြည့်ကို ကြည့်ပြီးနောက် ရှုယီမှာ အသက်ပြင်းပြင်းရှူ၍ ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ထက်ရှိ မှော်ဆက်သွယ်ရေးကိရိယာကိုပြောလိုက်သည်၊ "စတော့!'
ထိုသို့ပြောပြီးနောက် ရှုယီမှာ အရိုင်းဆန်စွာဖြင့် သူ၏ မှော်စွမ်းအင်ကို ထုတ်ဖော်လိုက်ကာ ပျောက်ကွယ်သွားပြီး သုံးကီလိုမီတာအဝေးသို့ ရွှေ့သွားသည်။
ရုတ်တရတ် မီးလုံးများနှင့် အလင်းတန်းများစွာ ပျံထွက်လာပြီး သုံးကီလိုမီတာအဝေးရှိ လီဗင်ဟက်စကိုထံ ဦးတည်သွားကြ၏။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၇၂။ ရှုယီ၏ တားမြစ် မန္တာန်
မီးလုံးများနှင့် အလင်းတန်းများစွာက အံ့ဩစရာမလိုအောင် လီဗင်ဟက်စ်ကို၏ မှော်အကာအရံပေါ် ကျလာပြီး ကောင်းကင်တစ်ခွင်လုံးကို လင်းထိန်စေလုနီးပါးအထိ ပေါက်ကွဲမှုများအဖြစ် ပြောင်းလဲသွား၏။
မီးတောက်များအတွင်းတွင် အေးစက်စက်အသံတစ်သံရှိ၏။
"ဥက္ကဌရှု မင်းတစ်ယောက်တည်း ငါ့ကို စိန်ခေါ်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? မင်းက ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ မဟာမှော်ပညာရှင် ဖြစ်လာနိုင်ကတည်းက မင်းမှာ အရည်အချင်းနည်းနည်းရှိမယ်လို့ထင်ခဲ့ပေမယ့် မင်းက ငါ့ကိုစိန်ခေါ်ဖို့ အပြင်စွမ်းအားကို အားကိုးမယ့် အမှိုက်လို့မထင်ထားဘူး! မင်းက ငါ့ကို တကယ်စိတ်ပျက်စေတာပဲ!"
မှော်ကျည်ဆန်များနှင့် မှော်အလင်းတန်းများက လီဗင်ဟက်စ်ကိုထံ ရပ်နားခြင်းမရှိ ဆက်တိုက် ပစ်ခတ်နေပြီး ပေါက်ကွဲမှုများက လေထဲ၌ ပြည့်နေပါသော်လည်း သူ၏ အသံမှာ ပေါက်ကွဲသံများကို ဖောက်ထွင်းနိုင်ပြီး ၎င်းတို့ကြောင့် လုံးဝ ထိခိုက်ခြင်းမရှ်ိပေ။
ရှုယီမှာ တောက်ပနေသည့် ကောင်းကိုကြည့်၍ အသာ မျက်မှောင်ကုပ်လိုက်၏။ သူဟာ ဘယ်လက်ရှိ မှော်ဆက်သွယ်ရေးကိရိယာကို မြှောက်၍ တစ်ဖန် ပြောလိုက်ပြန်၏၊ "သူ့ရဲ့ မှော်စွမ်းအင်အပြောင်းအလဲတွေကို ဆက်တိုက် စောင့်ကြည့်နေ။ ပြောင်းလဲမှု တစ်ခုခုရှိရင် အာကာပြင် အနှောင့်အယှက်ကို သုံးဖို့ပြင်ထား။ အာရုံစိုက်ထားတော့၊ တစ်ဘက်က မှော်စွမ်းအင် အပြောင်းအလဲကို အရမ်းခံစားလွယ်တာမို့ တမုဟုတ်ချင်း လေး မီတာကနေ ငါးမီတာကို လွယ်လွယ်ရွေ့လျားနိုင်တယ်။"
"နားလည်ပါပြီ" တစ်ဘက်၌ တချိန်လုံး တိတ်နေခဲ့သည့် အသံထွက်လာ၏၊ "ဥက္ကဌ ဂရုစိုက်ဖို့လိုတယ်နော်။ ကျွန်တော်တို့အနေနဲ့ သူ့ဆီကနေ အချက်အလက်တွေ စုဆောင်းဖို့ အချိန်နည်းနည်း လိုဦးမယ်။"
"ပြဿနာမရှိပါဘူး" ရှုယီက သူ၏ လက်ကောက်ဝတ်ကို အောက်နှိမ့်ပြီး အသက်ပြင်းပြင်းရှူလိုက်ပါ၏။ သူဟာ သူ၏ မှော်စွမ်းအားအပေါ် အာရုံစိုက်၍ အာကာပြင်မှော်စွမ်းအင်နှင့်အတူ မှော်လမ်းကြောင်းတစ်ခု ဖန်တီးလိုက်သည်က သူ့အား အသံကိုရှင်းလင်းစွာ ပို့ခွင့်ပေးသည်။
"စီနီယာ ဟက်စ်ကို ခင်ဗျား အခုနကပဲ ကျုပ်ရဲ့ မှော်စွမ်းအင်အဆင့်ကို အရမ်းစိတ်ဝင်စားတယ်လို့ပြောခဲ့တယ်နော်၊ ဒါပေမယ့် ကျုပ်က သာမန်မှော်ပညာရှင်တွေလို မှော်ပညာကို လေ့လာဖို့ စိတ်မဝင်စားဘဲ မှော်စက်တွေကို လေ့လာဖို့ပဲ အာရုံစိုက်ခဲ့တာ။ ခင်ဗျား အရင်ကလည်း ဒါကိုကြားဖူးမယ်လို့ ယုံတယ်၊ ဟုတ်တယ်မလား?"
"ဟမ့် အဲဒီ့တော့ ဘာဖြစ်လဲ?"
"ကြည့်လိုက်ပါဦး သာမန်မှော်စက်တွေက ကျုပ် သုတေသနလုပ်ထားတဲ့ မှော်စက်တွေရဲ့ စွမ်းအားကို မဖော်ပြနိုင်တာကြောင့် ကျုပ်က ကျုပ်တို့ ကုမ္ပဏီရဲ့ အားအကောင်းဆုံး စစ်ဘက်သုံးမှော်စက်တွေကို သုံးပြမယ်ဆိုရင်ရော။ ဘယ်လိုသဘောရလဲ?"
ပေါက်ကွဲမှုများအကြားရှိ လီဗင်ဟက်စ်ကိုမှာ ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် အသာသက်ပြင်းချလေသည်။
"မင်းတို့ တီထွင်ထားတဲ့ စစ်ဘက်သုံးမှော်စက်တွေက အရမ်းကို စိတ်ဝင်စားစရာကောင်းတာတော့ ငါဝန်ခံရမယ်။ ငါ့ကို ပြောပြဖို့လောက်တော့ မထိုက်တန်ပေမယ့် တိုက်ခိုက်မှုတစ်ခုစီက ဆဌမ ဒါမှမဟုတ် သတ္တမအဆင့် မှော်ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားနဲ့ညီမျှတော့ ဆဌမနဲ့ သတ္တမအဆင့် မှော်ပညာရှင်တွေက ကူညီနေတာနဲ့ ညီမျှတယ်။ ဒါက သာမန်လူတွေ သာမန်စစ်တပ်တွေဆိုရင်တော့ ထိရောက်ပေမယ့် ရှုယီ မင်း တစ်ခုကို မေ့နေတာလား...."
"ဘုန်း!"
အသံကျယ်ကြီးတစ်ခုဖြင့် လီဗင်ဟက်စ်ကိုဘေးပတ်လည်ရှိ ပေါက်ကွဲများမှာ ရုတ်တရတ် မျက်လုံးဖြင့် မြင်ရနိုင်လောက်သော အပြာရောင်အလင်းကြောင့် ရပ်တန့်သွားကြသည်။
မှော်ကျည်ဆံများနှင့် မှော်အလင်းတန်းများမှာ မတိုင်ခင်က လီဗင်ဟက်စ်ကိုထံသို့ ရောက်နိုင်ခဲ့သည်။ သို့သော် ယခုတွင် သူဟာ မှော်အကာအရံကိုဖွင့်လိုက်ရာ မှော်ကျည်ဆန်များနှင့် မှော်အလင်းတန်းများက သူနှင့် တစ်ရာမီတာ အပြည့်ဝေးသွားသည်။
ပေါက်ကွဲမှုများရှိနေသေးပါသော်လည်း မတိုင်ခင်ကလို ခြောက်ခြားစရာကောင်းမနေတော့ဘဲ ပို၍ပင် လှပရာရောက်နေသည်။
လီဗင်ဟက်စ်ကို၏ အေးစက်စက်ရယ်မောသံက မှော်အကာအရံအတွင်းမှ ထွက်ပေါ်လာ၏။
"ရှုယီ မင်းရဲ့ လှည့်ကွက်အသေးစားလေးတွေက အဆင့်နိမ့်မှော်ပညာရှင်တွေ မဟာမှော်ပညာရှင်တွေကို ဆန့်ကျင်ပြီး သုံးလို့က အသုံးဝင်တာကို ဝန်ခံပေမယ့် မမေ့နဲ့ဦး၊ ငါက ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်ကွ! ရိုးရိုးသားသားပြောရရင် မင်းက ငါ့ရဲ့ မှော်အကာအရံကို ဒီလိုအဆင့်တိုက်ခိုက်မှုလေးတွေနဲ့ ချိုးဖျက်ချင်တယ်ပေါ့? ဒါက လုံလောက်ဖို့တောင် ဝေးလွန်းနေသေးတယ်ကွ!"
ရှုယီမှာ အရာမယွင်းသွားသည့် မှော်အကာအရံကိုကြည့်လိုက်သည်။ လီဗင်ဟက်စ်ကိုမှာ ထိုမှော်ကျည်ဆံများနှင့် မှော်အလင်းတန်းများကို သူ၏ စွမ်းအားကြီးမှော်စွမ်းအင်နှင့်တင် ပိတ်ဆို့ထားနိုင်သည်။ သူလည်း မနေနိုင်စွာ ခေါင်းယမ်းမိ၏။
သူ့အနေနှင့် ခေါင်းဆောင်မှောပညာရှင်တစ်ဦး၏ မှော်အကာအရံကို ထိုတိုက်ခိုက်မှုမျိုးလေးလောက်နှင့် ချိုးဖျက်ရန် မဖြစ်နိုင်ကြောင်း သိပါ၏၊
သို့သော်လည်း ၎င်းက အစတည်းက သူ၏ ရည်ရွယ်ချက်မဟုတ်ပေ။ ထိုအစား သူပြုလုပ်လိုသည်မှာ အချက်အလက်စုဆောင်းရန်သာဖြစ်သည်။
"ရှုယီ ၂မိနစ်ကုန်သွားပြီနော်၊ မင်းမှာ ၃မိနစ်ကျန်သေးတယ်။" လီဗင်ဟက်စ်ကို၏အသံက တစ်ဖန်ထွက်လာပြန်၏။
သို့သော် ဤတစ်ကြိမ်တွင် သူ၏ အသံက ယခင်ကကဲ့သို့ ခနဲ့တဲ့တဲ့မဖြစ်မနေတော့ဘဲ အနည်းငယ် လုံးထွေးနေပြီး မတိုင်ခင်ကလို ကြည်လင်မနေပေ။
ရှုယီလည်း အဝေးရှိ လီဗင်ဟက်စ်ကို,ကို ကြည့်၍ ခဏတာ စဉ်းစားပြီးနောက် ညာလက်ကိုမြှောက်၍ မှော်စွမ်းအားအလုံးစုံကို စုစည်းလိုက်သည်။
ကြည်လင်သည့် ကောင်းကင်မှာ ရုတ်တရတ် တိမ်ထူထူများပြည့်သွားကာ လျှပ်စီးကြောင်းက ၎င်းတို့အကြားပေါ်လာပြီး အင်မတန် အားကောင်းလှပုံပေါ်နေသည်။
လီဗင်ဟက်စ်ကိုလည်း မော့ကြည့်၍ စိတ်ဝင်စားဟန် ပြုံးလိုက်လေသည်။
"မိုးကြိုးမြွေရိုင်းအက? ဟ ဒီလိုမှပေါ့။ မင်းက နယ်မြေကြီးရဲ့ သမိုင်းမှာ ဘယ်လိုပဲ အငယ်ဆုံး မဟာမှော်ပညာရှင်ဖြစ်နေနေ မင်းအနေနဲ့ တားမြစ်မန္တာန်တစ်ခုလေးတောင် မထုတ်ဖော်နိုင်ရင် အရမ်းလွန်သွားလိမ့်မယ်။ ဒီမိုးကြိုးမြွေအက,က အခြေခံတားမြစ်လေစွမ်းအင်မန္တာန်လေးပဲ ဆိုပေမယ့်လည်း ဒီလို အချိန်တိုလေးအတွင်းမှာ ပုံသဏ္ဍာန်ဖော်နိုင်တာကတော့ မင်းရဲ့ နားလည်မှုက မဆိုးဘူးလို့ပြောရမယ်။ မင်းက မဟာမှော်ပညာရှင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုက်တန်သားပဲ။"
ရှုယီက မည်သည်မှ မဆိုဘဲ မန္တာန်အပေါ်၌သာ အာရုံစိုက်ထားသလိုပူံစံဖြင့် လက်ကောက်ဝတ်ပေါ်ရှိ မှော်ဆက်သွယ်ရေးကိရိယာထံ ပြောနေလိုက်သည်၊ "မှော်စွမ်းအင်ကျလာရင် အာကာပြင်ဖြတ်တောက်ခြင်းကို ဖွင့်လိုက်"
"ဥက္ကဌ ကျွန်မတို့ အာကာပြင်ဖြတ်တောက်ခြင်းကို ထုတ်ဖော်ဖို့ စက္ကန့်လေးဆယ် လိုအပ်သေးတာမို့ ဒီအချိန်အတွင်းမှာ ထိန်းထားပေးပါဦး" အီဗီတာ၏ အသံက မှော်ဆက်သွယ်ရေးကိရိယာမှ ထွက်လာသည်။
သူမ၏ အသံကိုသုံးသပ်ရလျှင် အီဗီတာမှာ စိတ်ပူနေသည်ဟု သေချာပြောနိုင်သည်။
"စက္ကန့်လေးဆယ်လား?" ရှုယီက ကောင်းကင်ယံရှိ တိမ်များကိုကြည့်၍ ခေါင်းငြိမ့်လိုက်၏၊ "ကောင်းပြီလေ ကျုပ် အချိန်ဆွဲထားလိုက်ပါမယ်"
ထိုသို့ပြောပြီးနောက် ရှုယီမှာ အဝေးရှိ လီဗင်ဟက်စ်ကို,ကိုကြည့်၍ ကြည်လင်စွာပြောလိုက်သည်၊ "စီနီယာ ဟက်စ်ကို၊ ဒါက ကျုပ်အနေနဲ့ ကျုပ်သိတဲ့ တားမြစ်မန္တာန်သုံးခုထဲကမှ ယုံကြည်မှုအရှိဆုံး တားမြစ်မန္တာန်ပါပဲ၊ ကြည့်လိုက်ပါဦး"
သူ၏ အသံရပ်သွားသည်နှင့် ရှုယီမှာ မှော်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ယံရှိ တိမ်ထုများမှာ တလိပ်လိပ်တက်လာပြီး ထိုတိမ်ထုများထံမှ ထူထဲလှသည့် မိုးကြိုးလျှပ်စီးတန်းကြီးတစ်ခု တိုးထွက်လာကာ လီဗင်ဟက်စ်ကို၏ မှော်အကာအရံပေါ် ကျရောက်လာသည်။
"ဂျုန်း! ဖုန်း!"
မိုးကြိုးက အကာအရံကိုထိမှန်ပြီးနောက် မရေတွက်နိုင်သော မြွေများအဖြစ်ပြောင်းလဲသွားကာ အကာအရံပေါ် မိုးကြိုးထိမှန်သံအား ကြားလိုက်ရသည်။
ထိုသိူ့သော ကြောက်မက်ဖွယ်မိုးကြိုး၊ ထိုသို့သော ကြောက်မက်ဖွယ်အသံမှာ မိုးကြိုးမုန်တိုင်းများအတွင်း ပုံမှန် မိုးကြိုးများထက်ပင် ကြောက်မက်ဖွယ်ဖြစ်သည်။
သို့သော်လည်း လီဗင်ဟက်စ်ကို၏ မှော်အကာအရံမှ အပြာရောင် အလင်းတစ်ချက်သာလက်သွားပြီး မည်သည်မှ မဖြစ်ခဲ့ပါချေ။
သို့ရာတွင် မှော်အကာအရံအတွင်းရှိ လီဗင်ဟက်စ်ကိုမှာ ပထမဆုံးအကြိမ်အဖြစ် လေးနက်နေဟန်ပြလာတော့သည်။
သူဟာ ကောင်းကင်ရှိ တိမ်များကိုကြည့်၍ မျက်လုံးမျာ မှေးကျဉ်းလျက် မိမိဘာသာရေရွတ်လိုက်၏၊ "အိုင်း ဒီကောင်လေးက တကယ်ပဲ မိုးကြိုးမြွေရိုင်းအကကို ကောင်းကောင်း သုံးနိုင်တာပဲ၊ ဒီလိုအရွယ်လေးမှာ မဟာမှော်ပညာရှင်ဖြစ်လာတာ မဆန်းတော့ပါဘူး။ သူ့ရဲ့ မှော်ပညာ ပါရမီက တကယ်ကို အံ့ဩစရာပဲ။ ဒါကို သုံးသပ်ကြည့်ရင် ၁၀နှစ်လောက်နဲ့ ခေါင်းဆောင် မှော်ပညာရှင်ဖြစ်လာနိုင်တယ်။"
၎င်းကို တွေးမိပြီး လီဗင်ဟက်စ်ကို၏ မျက်လုံးများထဲ၌ လူသတ်ငွေ့ပေါ်လာ၏။
သူဟာ ယနေ့ဘာဖြစ်ဖြစ် ရှုယီကို သတ်ကို သတ်ရပေမည်။ သူသာ ထွက်ပြေးလွတ်မြောက်ပြီး ပုန်း၍ လေ့ကျင့်နေလျှင် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာပါက မိမိဟာ ၎င်း၏ ပြိုင်ဘက်မဟုတ်လောက်တော့ပေ။
အဝေး၌ မိုးကြိုးမြွေရိုင်းအကကို ထုတ်ဖော်ရန် အာရုံစိုက်နေသည့် ရှုယီကို လှည့်ကြည့်လိုက်ရင်း လီဗင်ဟက်စ်ကိုမှာ ဆုံးဖြတ်လိုက်၏။
သူပြောခဲ့သည့် ငါးမိနစ်ပြည့်သည်နှင့် သူဟာ ချက်ချင်း လှုပ်ရှား၍ ထိုကောင်ကို သတ်ရမည်။
သူဟာ ထိုသို့သော အလားအလာမျိုးနှင့် မဟာမှော်ပညာရှင်တစ်ဦးအား ကျဆုံးစေဖို့ရန် အနည်းငယ် နှမျောမိပါသောိလည်း..
မည်သူက ထိုကောင်အား စိုင်စ်နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံး၏ တိတ်ဆိတ်နေမှုကို စိန်ခေါ်ခဲ့သနည်း?
ပါရမီရှင်မှော်ပညာရှင်တစ်ဦးက ကြောက်မက်ဖွယ်မကောင်းဘဲ နယ်မြေကြီး၏ မှော်ပညာရှင်များ နှစ်ထောင်ချီကြာ လိုက်နာခဲ့သော အမိန့်က ကြောက်မက်ဖွယ်ဖြစ်သည်။
"ဂျိမ်း ဂျိမ်း ဂျိမ်း"
ပထမ မိုးကြိုးပြီးသည့်နောက် ကောင်းကင်ရှိ တိမ်တိုက်များမှာ တစ်ဖန် စုစည်းလာပြီး မိုးကြိုးများအား မိုးရွာသကဲ့သို့ အမြောက်အများ ပစ်လွှတ်လိုက်ပြန်သည်။ ၎င်းတို့မှာ ကောင်းကင်၌ အလင်းတန်းများကဲ့သို့ ပြည့်လျှံနေသည်မှာ ကောင်းကင်ကို အဖြူရောင်အတိခြယ်ထားသလိုပင်။
မိုးကြိုးတစ်ခုချင်းစီက လီဗင်ဟက်စ်ကို၏ မှော်အကာအရံကို တစ်ချက်မှ မလွဲကျဆင်းသွားကာ အပြာရောင်အလင်းများ တစ်ဖျပ်ဖျပ်ဖြစ်နေသည်။
လီဗင်ဟက်စ်ကိုမှာ ရုတ်တရတ် မီတာရာချီသည့် မှော်အကာအရံတစ်ခုအား ဖွင့်လှစ်လိုက်ခြင်းက အနည်းငယ် အလျင်လိုသွားကြောင်း တွေ့လိုက်ရသည်။
၎င်းက သု့အား မိုးကြိုးမြွေရိုင်းအက၏ တိုက်ခိုက်မှုအားလုံးကို ရင်ဆိုင်ဖို့ တွန်းအားပေးလိမ့်မည်။
သို့ရာတွင် မိုးကြိုးမြွေရိုင်းအကမှာ အဆုံး၌ တားမြစ်အစီအရင်ဖြစ်သည်။ သူ့အနေနှင့် ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်အနေဖြင့် တားမြစ်မန္တာန်တစ်ခုကို မျက်လုံးထဲမထည့်ပါလျှင်တောင် ၎င်းအား အတင်းအကြပ်ခံယူခြင်းက အနည်းငယ် ခက်ခဲသည်။
သို့သော မည်သို့ဖြစ်ဖြစ် သူဟာ သူ၏ မှော်အကာအရံကို ရှုယီရှေ့မှောက်၌ ပြန်သိမ်းဖို့ ဆန္ဒမရှိပေ၊ ၎င်းမှာ ရှက်ရွံဖွယ်ဖြစ်သောကြောင့်ပင်။
ဤမှော်အကာအရံကို ထိန်းသိမ်းရန် မှော်စွမ်းအင် မည်မျှကုန်မည်ကို သေချာ တွက်ချက်လိုက်ပြီးနောက်၌ လီဗင်ဟက်စ်ကိုမှာ စိတ်ချသွား၏။
ရှုယီ ထုတ်ဖော်ခဲ့သည့် မိုးကြိုးမြွေရိုင်းအကမှာ သူစိတ်ကူးထားသည်ထက် ပို၍ အားကောင်းပါသော်လည်း သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်ခဲ့ပေ။
"ငါ တကယ်ပဲ ဒီကောင်လေးကို အထင်သေးလို့မရဘူးပဲ။" လီဗင်ဟက်စ်ကိုမှာ စိတ်ထဲ ရေရွတ်၍ လေးနက်လာတော့၏။ သူဟာ ရှုယီထံ အာရုံစိုက်ထားမှုကို ပြန်ရုတ်သိမ်း၍ မှော်အကာအရံကို ထိန်းသိမ်းဖို့ အာရုံစိုက်လိုက်သည်။
ရှုယီကို ကတိပေးထားသည့် အချိန်မှာ ၅မိနစ်မှ ၂မိနစ်ကျန်ဆဲဖြစ်၏။
ဤကောင်လေး၏ ပါရမီက မည်မျှ အံ့ဖွယ်ကောင်းသည်ဖြစ်စေ သူ့အတွက် ဤမိုးကြိုးမြွေရိုင်းအကကို ၂မိနစ်လုံးထိန်းထားဖို့ မဖြစ်နိုင်ပေ။
၎င်းမှာ သူ၏ မန္တာန်ရပ်သွားသည်နှင့် လီဗင်ဟက်စ်ကိုလည်း အလွယ်လေး သတ်နိုင်သည့် အဓိပ္ပာယ်ပင်။
သို့သော် လီဗင်ဟက်စ်ကိုမှာ မရေတွက်နိုင်သော မိုးကြိုးများ၏ ပေါက်ကွဲမှုများကို စောင့်ကြည့်ရင်း ရုတ်တရတ် အဝေးမှ အားကောင်းကာ ထူးဆန်းသော မှော်အပြောင်းအလဲများကို ခံစားလိုက်ရသည်။
ထိုမှော်အပြောင်းအလဲက အားကောင်းလှသောကြောင့် သူ့လို ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးသည်ပင် မအံ့ဩဘဲ မနေနိုင်ပေ။
ထိုမှော်အပြောင်းအလဲ၏ ဦးတည်ဘက်ကိုကြည့်လိုက်ချိန်၌ သူဟာ ထို ရှုယီက တကယ်ကြီး....ထွက်သွားသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်...!
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၇၃။ ဖရိုဖရဲ မှော်အာကာပြင်အတားအဆီး
လီဗင်ဟက်စကို၏ အမူအရာပျက်သွား၏။
သူဟာ ရှုယီ ထုတ်လွှတ်လိုက်သည့် လျှပ်စီးမြွေရိုငးအကအပေါ် အာရုံစိုက်ထားခဲ့သော်လည်း ရှုယီက ၎င်းကို အခွင့်ကောင်းယူ ထွက်ပြေးမည်ဟု ထင်မထားခဲ့ပေ!
"ဒီကောင်က မှော်ပညာရှင်တွေကို အရှက်ရစေတာပဲ!" လီဗင်ဟက်စကိုမှာ ဒေါသထွက်သွားသည်။ လက်တစ်ချက်အဝှေ့ဖြင့် ကောင်းကင်ရှိ တိမ်ထူထူကို ရိုက်ခတ်ရန် အပြာရောင်စွမ်းအင်တိုင်ကြီးတစ်ခုကို ယူဆောင်လာသည့် စွမ်းအားကြီး မှော်စွမ်းအင်အပြောင်းအလဲများပေါ်လာ၏။
လျှပ်စီးများပြည့်နေသော တိမ်တိုက်များထံ၌ ကမ္ဘာမြေ အဆုံးသတ်ကို ယူဆောင်လာသကဲ့သို့သော စွမ်းအားရှိသည်။
သို့သော် တစ်အောင့်ကြာပြီးနောက်တွင် တိမ်များမှာ ပြန့်ကျဲသွားပြီး ကောင်းကင်က တစ်ဖန်ပြန်၍ ကြည်လင်လာသည်။
၎င်းတားမြစ်မန္တာန်မှာ သာမန်မှော်ပညာရှင်များအတွက် ကြောက်ရွံ့ဖွယ်ရာဖြစ်ပါသော်လည်း လီဗင်ဟက်စ်ကိုကဲ့သို့ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်အတွက်မူ ၎င်းက လက်တစ်ချက်ယမ်းရုံနှင့် အလွယ်လေး ဖျက်ပစ်နိုင်သော အထူး မန္တာန်လေးတစ်ခုမျှသာဖြစ်သည်။
ရှုယီ ပျောက်ကွယ်သွားချိန်၌ လီဗင်ဟက်စ်ကို,ကို ရပ်တန့်ခြင်းမရှိဘဲ တိုက်ခိုက်နေခဲ့သော မှော်ကျည်ဆန်များနှင့် မှော်အလင်းတန်းများမှာလည်း ပျောက်ကွယ်သွားသဖြင့် သူဟာ မှော်အကာအရံကို ဖျက်သိမ်းလိုက်၏။ ရှုယီ ဝင်ရောက်ပျောက်ကွယ်သွားသော ဦးတည်ဘက်ကိုကြည့်လိုက်ရင်း ရှုယီ ထွက်ပြေးလွတ်မြောက်ရာနေရာကို အာရုံခံရန် သူ၏ မှော်ပညာကို သုံးလိုက်သည်။
သူဟာ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်အနေနှင့် သူ၏နည်းလမ်းများနှင့်ဆိုလျှင် ရှုယီ ထွက်ပြေးသွားသည့်နေရာကို ရှာဖို့ ရှုယီချန်ထားခဲ့သည့် မှော်စွမ်းအားကို အလွယ်လေးရှာဖွေနိုင်မည်ဟု ထင်ခဲ့ပါသော်လည်း သူ၏ မှော်စွမ်းအင်ဖြင့် ရှာဖွေချိန်တွင် လေထဲရှိ ဒြပ်စင်မှော်စွမ်းအင်က လုံးဝ ကမောက်ကမဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လေထဲရှိ ဖရိုဖရဲဒြပ်စင်မှော်စွမ်းအင်က အင်မတန် အားကောင်းလှရာ သူ၏ မှော်စွမ်းအား ဖြတ်သန်းသွားချိန်တွင် ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။
ရှုယီထွက်ပြေးစဉ် ချန်ခဲ့သည့် မှော်စွမ်းအား အရိပ်အယောင်ဖြင့် ရှာဖွေရန်မဆိုထားနှင့် သူဟာ လေထဲ၌ ပြောင်းလဲနေသော ဒြပ်စင်မှော်စွမ်းအင်ကိုပင် မထိန်းချုပ်နိုင်နေချေ။
လီဗင်ဟက်စ်ကိုမှာ မနေနိုင်အောင် မျက်မှောင်ကုပ်မိရတော့သည်။
ဤအခြေအနေမှာ သူ့လို ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်အတွက် အင်မတန်ရှားပါးလွန်းလှသည်။ ရှုယီမှာ မထွက်ပြေးခင်က တစ်ခုခုကို ပြင်ဆင်ထားပြီး သူ၏မှော်စွမ်းအားအရိပ်အယောင်ကို ရှာမတွေ့နိုင်ရန် ပြင်ဆင်ထားသည်ကို မြင်နိုင်ပါ၏။
"ဟမ့် ဒီကောင်လေးက နည်းနည်းတော့ ကျွမ်းကျင်သားပဲ။" လီဗင်ဟက်စ်ကိုမှာ အဝေးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဆောက်အဦကြီးများကိုလှည့်ကြည့်၍ အေးစက်စက်ရယ်မောလိုက်သည်၊ " မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက ငါ့လက်ထဲမှာ ဖြည်းဖြည်းချင်း ပျက်စီးသွားတာကိုရော ကြည့်နေနိုင်မလားဆိုတာ ကြည့်ဦးမယ်။"
ထိုအတွေးဖြင့် လီဗင်ဟက်စ်ကိုမှာ လေအလယ်တွင် ပျောက်ကွယ်သွားလေသည်။
တစ်အောင့်ကြာပြီးနောက် သူဟာ လေထဲရှိ လေးကီလိုမီတာအကွာ၌ ပေါ်ထွက်လာ၏။
"ဟင်?" လီဗင်ဟက်စ်ကိုမှ သူ့ရှေ့ရှိ အာကာပြင်ကို သံသယနှင့် အံ့ဩမှုတို့အပြည့်ဖြင့် ကြည့်လိုက်သည်။
စွမ်းအားကြီး ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးအနေနှင့် သူဟာ အာကာပြင်မှော်ပညာ၌ အင်မတန် ကျွမ်းကျင်ပါ၏။
သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံးသို့ တိုက်ရိုက်သွားပြီးနောက် ရှုယီ ထွက်လာရန် ၎င်းကို ဖျက်စီးဖို့ စီစဉ်ထားသော်လည်း သူ နီးကပ်လာချိန်၌ အာကာပြင်တွင် ဒြပ်စင်မှော်စွမ်းအင်မှာ ပြင်းထန်စွာဖြင့် ပြောင်းလဲတော့မည်ဖြစ်ပြီး ဖရိုဖရဲ ဖြစ်နေသည်ဟုပင် ဆိုနိုင်သည်ကို တွေ့လိုက်ရသည်။
အာကာပြင်မှော်စွမ်းအင်မှာ မှော်ပညာရှင်များအား တစ်နေရာမှ တစ်နေရာသို့ တိုက်ရိုက်သွားစေနိုင်ပုံပေါ်သော်လည်း လက်တွေ့တွင် ၎င်းက အမြန်နှုန်းမြင့်မြင့်၌ ရွေ့လျားနိုင်ရန် ဒြပ်စင်မှော်စွမ်းအင်ကို အသုံးပြုရခြင်းဖြစ်ပြီး တခြားနေရာ၌ တိုက်ရိုက်ပေါ်လာခြင်းမဟုတ်ပေ။
ထို့ကြောင့် ဒြပ်စင်မှော်စွမ်းအင် မတည်ငြိမ်ချိန်၌ အာကာပြင်မှော်စွမ်းအင်က မည်သည့် သက်ရောက်မှုမှ မရှိတော့ပေ။
သို့သော် ထိုသို့ မတည်ငြိမ်သည့် ဒြပ်စင်မှော်စွမ်းအင်က အာကာပြင်မှော်စွမ်းအင်ကို သက်ရောက်စေနိုင်သော နေရာအချို့တော့ရှိပါ၏။ လီဗင်ဟက်စ်ကိုကမူ ထိုသို့သော နေရာ သုံးမျိုးကိုသာသိပြီး ၎င်းတို့မှာ သေချာပေါက် ဤနေရာနှင့် မနီးပေ။
မျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် သူဟာ ထိုပြဿနာကို ဘေးဖယ်ကာ သူ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအင်ကို နှိုးဖို့ ဆုံးဖြတ်လိုက်ပြီးနောက် သူဟာ ပျောက်ကွယ်သွားပြန်သည်။
သို့သော်လည်း မျက်တောင်တစ်ခတ်စာအတွင်းတွင် သူဟာ လေထဲ မီတာရာချီအဝေး၌သာ ပြန်ပေါ်လာပါ၏။
"ဒါက ဘာလဲ?"
လီဗင်ဟက်စ်ကိုမှာ သူ့ရှေ့ရှိ အာကာပြင်ကို တအံ့တဩဖြင့်ကြည့်လိုက်သည်။
သူဟာ မီတာရာချီကိုသာ ရွှေ့ရသေးသော်လည်း သူ့ရှေ့ရှိ အာကာပြင်မှာ လုံးဝကို မတည်မငြိမ်ဖြစ်နေပြီး သူ့အား အာကာပြင်မှော်စွမ်းအင်နှင့်အတူ ရှေ့သို့ မရွှေ့နိုင်အောင် ဖြစ်စေသည်။
မျက်မှောင်ကုပ်ကာ စဉ်းစားပြီးနောက် လီဗင်ဟက်စ်ကိုမှာ မျက်လုံးများမှိတ်၍ မှော်စွမ်းအားအလုံးစုံကို ထုတ်ဖော်၍ ဘေးပတ်လည် ဧရိယာကို စစ်ဆေးလိုက်၏။
ငါးမိနစ်ခန့်အကြာတွင် သူ၏မျက်လုံးများအား ပြန်ဖွင့်လိုက်သော်လည်း သူ့ထံရှိ ထိတ်လန့်နေဟန်ကို ဖုံးကွယ်ဖို့ ခက်ခဲလေသည်။
သူ၏ မှော်စွမ်းအင်ဖြင့် စစ်ဆေးခြင်းမှတဆင့် သူဟာ ဖရိဖရဲ ဒြပ်စင်မှော်စွမ်းအင်က တစ်နေရာတည်း၌ ရှိနေရုံသာမက သူ့ဘေးပတ်လည်၌ စက်ကွင်းပုံသဏ္ဍာန် ချိတ်ဆက်နေကြသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်!
၎င်းဖရိဖရဲအာကာပြင်၌ သူ့အထက်ရှိလေထု'သာမက သူ့အောက်ရှိ မြေပြင်လည်း ပါဝင်ပြီး အက်ရာတစ်ခုပင် ရှိမနေပေ။
၎င်းက သူ့အတွက် ဤအာကာပြင်ကို ချန်ခဲ့ရန် အာကာပြင်မှော်စွမ်းအင်သုံးဖို့ မဖြစ်နိုင်သည့် အဓိပ္ပာယ်ပင်။
လီဗင်ဟက်စ်ကိုသည် သူ၏ မှော်ပညာဖြင့် စူးစမ်းလေ့လာပြီးနောက်တွင်၊ သူ့ပတ်ဝန်းကျင်ရှိ ဖရိုဖရဲဒြပ်စင် မှော်စွမ်းအင်များတွင် အက်ကွဲကြောင်းတစ်ခုမျှမရှိသည်ကို သေချာသွားသောကြောင့် မနေနိုင်အောင် မျက်မှောင်ကုပ်မိသွား၏။
ခေါင်းဆောင်မှော်ပညာရှင်အနေဖြင့်၊ သူသည် အာကာပြင်မှော်ပညာ၏ ကျွမ်းကျင်သူဖြစ်ခဲ့သည်။ အာကာပြင်အတွင်း ဒြပ်စင်မှော်စွမ်းအင်ဖြင့် ဖရိုဖရဲဖြစ်ဖို့ ဖန်တီးရန် လွယ်ကူသည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိပြီး ဖရိုဖရဲဒြပ်စင် မှော်စွမ်းအင်၏ ကြီးမားသော ဧရိယာကို ဖန်တီးရန်မှာ မဖြစ်နိုင်လောက်သည့် အရာတစ်ခုဖြစ်သည်။
သူ့လို ခေါင်းဆောင်မှော်ပညာရှင်သည်ပင် ၎င်းကို မလုပ်နိုင်ပေ။
သူ့အား ပို၍ အံ့ဩပြီး ရှုပ်ထွေးစေသည်မှာ သူနှင့် ရှုယီသည် ဤနေရာသို့လာရန် အာကာပြင်မှော်စွမ်းအင်ကိုအသုံးပြုခဲ့စဉ်က ၎င်း၏ သက်ရောက်မှုမရှိခဲ့ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်းဆိုလျှင် ဤထူးဆန်းသောနေရာကို ရှုယီက စီစဉ်ထားခြင်းဖြစ်နိုင်သည်။
သို့ပေမယ့် ၎င်းက သူ့အတွက် နည်းနည်းတောါ မယုံနိုင်စရာပါပင်။
လီဗင်ဟက်စ်ကိုကဲ့သို့သော ခေါင်းဆောင်မှော်ပညာရှင်အတွက်ပင် ထိုမျှကျယ်ဝန်းသော နေရာကို မလုပ်နိုင်ပေ။ အချိန်တိုအတွင်း အပြီးသတ်ရန်ဆိုလျှင် ပြောဖို့ပင်မလိုချေ။
အာကာပြင်သည် တည်ငြိမ်မှုဖြင့် လှုပ်ရှားရမည်ဖြစ်ပြီး၊ ထို့ကြောင့် ဤအာကာပြင်ကို ထိန်းထားနိုင်ရန် လွှမ်းမိုးဖို့ မှော်စွမ်းအင်ကို ဆက်လက်အသုံးပြုရမည်ဖြစ်သည်။
ဤကဲ့သို့သော ဧရိယာကျယ်ဝန်းသော နယ်မြေကို ထိန်းသိမ်းရန်အတွက် မှော်စွမ်းအားပမာဏလိုအပ်မှုကို မှန်းဆရန်ပင် ခက်ခဲသည်။
ခေါင်းဆောင်မှော်ပညာရှင်အဖြစ် လီဗင်ဟက်စ်ကိုပင်လျှင် သူ၏ အစွမ်းအစဖြင့် အပြည့်အဝ မလုပ်ဆောင်နိုင်ပါချေ။
"Frestech ကုန်သည်ကြီးများအသင်းမှာ သူတို့ကိုကူညီတဲ့ တခြား ခေါင်းဆောင်မှော်ပညာရှင် ရှိနေတာများလား။" သူ့စိတ်ထဲမှာ ဒီလိုအတွေးပေါ်လာသည့်အခါ လီဗင်ဟက်စ်ကိုက ချက်ချင်းပင် လန့်သွားသည်။
လျှို့ဝှက် ခေါင်းဆောင်မှော်ပညာရှင်များရှိသည် ဟူသော ကောလဟာလများရှိသော်လည်း ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာသည့် မှော်ပညာရှင်များက ၎င်းမှာ မဖြစ်နိုင်သည်ကို သေချာသိပါ၏။
အဆင့်တက်သွားသော ခေါင်းဆောင်မှော်ပညာရှင်သည် ဖုံးကွယ်၍မရနိုင်သော ကွဲလွဲချက်တစ်ခုကို ဖန်တီးလိမ့်မည်။
ထို့ကြောင့် နယ်မြေကြီးရှိ ခေါင်းဆောင်မှော်ပညာရှင်အားလုံးကို တွေ့ရှိနိုင်ရာ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။
ထို့အပြင်၊ ၎င်းတို့သည် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာပြီးဖြစ်သောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်းကို လျှို့ဝှက်ကူညီနေသည့် အခြားသော Aခေါင်းဆောင်မှော်ပညာရှင် ရှိနေသည်လား။
သို့ပေမယ့် ၎င်းက အဓိပ္ပါယ်မရှိပါချေ။
Frestech ကုန်သည်ကြီးများအသင်းင် အခြားသော ခေါင်းဆောင်မှော်ပညာရှင်၏ ပံ့ပိုးကူညီမှု ရှိပါက သူနှင့် ဆာရန်ဒါလ်ကလေးတို့သည် မဆိုင်းမတွဘဲ ထွက်ခွာသွားကြမည်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ဖျက်ဆီးမည့် စွန့်စားမှုကိုခံယူရန် မလိုအပ်ပေ။
ထို့ကြောင့် တစ်ခုတည်းသော ရှင်းလင်းချက်မှာ ဤအရာသည် ၎င်းတို့နှစ်ဦးကို ကိုင်တွယ်ရန် ဂရုတစိုက်စီစဉ်ထားသော ထောင်ချောက်တစ်ခုဖြစ်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ ယနေ့ သူတို့ လာမည်ကို မည်သို့ သိနိုင်မည်နည်း။ထို့အပြင် ၎င်းတို့ ထောင်ချောက်ကို မည်သို့ ချက်ချင်းချနိုင်မည်နည်း?
လီဗင်ဟက်စ်ကိုသည် ထိုအတွေးများကို သူ့ရင်ထဲမှ မဖယ်ထုတ်မီ ၎င်းအကြောင်းကိုများစွာ စဉ်းစားခဲ့သည်။
ထိုမေးခွန်းတွေက အရေးမကြီးပါချေ၊ အရေးကြီးသည်မှ ဒီထောင်ချောက်မှ ဘယ်လိုထွက်ရမည်ဆိုသည်ပင်။
သူ့အနေနှင့် ၎င်းကို စမ်းသပ်ပြီးဖြစ်သည်၊ ၎င်းဖရိုဖရဲမှော်အာကာပြင်ကို ဝင်ရောက်ပြီးနောက် သူဟာ လေထဲရှိ ဖရိုဖရဲဒြပ်စင်မှော်စွမ်းအင်ကို မထိန်းချုပ်နိုင်တော့ရာ သူဟာ အာကာပြင်မှော်ပညာကို မသုံးနိုင်တော့သလို ပျံသန်းခြင်းမှော်ပညာကိုပင် မသုံးနိုင်တော့သည့် အဓိပ္ပာယ်ဖြစ်သည်။
ထို့ကြောင့် ဤနေရာကနေ ထွက်သွားဖို့ သူ့မှာ ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။
လီဗင်ဟက်စ်ကိုသည် ကီလိုမီတာများစွာကွာဝေးသော Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို ကြည့်ရှုလိုက်သည်။ စဉ်းစားပြီးသည်နှင့် သူဟာ မြေပြင်ပေါ် ဆင်းသက်ပြီး ထူးဆန်းသည့် ဖရိုဖရဲမှော်အာကာပြင်ထဲကို လျှောက်သွားလိုက်၏။
သူဝင်လာချိန်တွင် မနေနိုင်အောင် တုန်လှုပ်သွားသည်။
ဤဖရိုဖရဲ မှော်အာကာပြင်သည် သာမန်အာကာပြင် နှင့် အလွန် ကွာခြားပုံ မပေါ်သော်လည်း၊ လေထဲတွင် ဒြပ်စင် မှော်စွမ်းအင် ကို ပိုမို အာရုံခံနိုင်သော ခေါင်းဆောင်မှော်ပညာရှင်အနေဖြင့် သူ၏အာရုံခံနိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသည် ။
ထို့ကြောင့် ဖရိုဖရဲဒြပ်စင် မှော်စွမ်းအင်သည် သူ့အာရုံများနှင့် ဆုံစည်းသွားသောအခါတွင် အနည်းငယ် ထိခိုက်မှုမဖြစ်ဘဲမနေပေ။
ခက်ခက်ခဲခဲ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်၊ လီဗင်ဟက်စ်ကိုသည် သူ့ဘေးပတ်လည်ရှိ အတားအဆီးကို ရုတ်သိမ်းလိုက်ရာ သူ့ပတ်ဝန်းကျင်တွင် ဖရိုဖရဲဒြပ်စင် မှော်စွမ်းအင်များကို အရိုင်းဆန်သွားစေခဲ့သည်။
သူသည် သူ့ဘေးပတ်လည်ရှိ အကာအရံကို ရုတ်သိမ်းလိုက်သောကြောင့် မှော်စွမ်းအင်မှ သက်ရောက်မှုမရှိတော့ရာ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသော သာမန်လူနှင့် မခြားတော့ပေ။
သို့သော် မီတာနှစ်ဆယ်ကျော်သွားသောအခါ၊ လီဗင်ဟက်စ်ကိုသည် သူ့အထက်ရှိ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူဟာ တွေးတောနေရန် အချိန်မရှိတော့ဘဲ ချက်ချင်းပင် မှော်စွမ်းအင်ကို ထုတ်ဖော်၍ အကာအရံကို ပုံဖော်လိုက်သည်။
အဝေးတွင် မီးတောက်များ ပေါ်လာပြီး အခန်းထဲက လီဗင်ဟက်စ်ကိုရှေ့၌ ချက်ချင်းပေါ်လာ၏။
"ဟုန်း!"
အားပြင်းသော ပေါက်ကွဲသံနှင့်အတူ လီဗင်ဟက်စ်ကိုသည် အားပြင်းသော လှိုင်းလုံးများဖြင့် လေထဲသို့ လွင့်ပျံသွားကာ မီတာများစွာ နောက်ပြန်ပျံသန်းပြီး မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လှိမ့်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
သူဟာ အာကာပြင်မှ ထွက်သွားသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင်များ ပြန်လည်တည်ငြိမ်လာကာ လီဗင်ဟက်စ်ကိုသည် သူ့ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင်များကို ချက်ချင်းထိန်းချုပ်လိုက်နိုင်ပြီး ခိုင်မာသော မှော်အကာအရံတစ်ခုကို ဖန်တီးလိုက်နိုင်သဖြင့် ထိုလှိုင်းလုံးကြီးကြောင့် သူ့ကိုယ်သူ ဒဏ်ရာကြီးကြီးမားမား မရအောင် တားနိုင်ခဲ့သည်။
သို့သော် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးနောက် ပါးစပ်ထဲတွင် ချိုမြိန်သော အရသာတစ်ခု ထွက်ပေါ်လာပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်မိသည်။
***
Vol 6, အခန်း ၁၇၄။ ခေါင်းဆောင်မှော်ပညာရှင်၏ နောက်ဆုံးသော ရုန်းကန်မှု
လီဗင်ဟက်စကိုမှာ မြေပြင်ရှိ အနီရောင်ရဲရဲအကွက်ကိုကြည့်၍ မနေနိုင်အောင် အံ့ဩသွားသည်။
သူဟာ ဤမျှအတိုင်းအတာအထိ ဒဏ်ရာရခဲ့ပါသနည်း?
သူမှတ်မိသည်မှာ မှန်ပါလျှင် သူဟာ ကြယ်နှစ်ပွင့် မဟာမှော်ပညာရှင်ဖြစ်လာကတည်းက တစ်ကြိမ်မှ ဒဏ်ရာမရခဲ့ချေ။
ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာပြီးနောက်တွင် သူ့အား စိန်ခေါ်ဝံ့သူပင် တစ်ဦးမှ မရှိတော့ပါချေ။
ဒဏ်ရာတွေရ၍ သွေးများ ရွှဲထွက်တဲ့အထိတောင် ထွက်ခဲ့သည်ကပင် ဆယ်စုနှစ်ပေါင်းများစွာ အကြာက ဖြစ်ပျက်ခဲ့ခြင်း မဟုတ်သည့်အတွက် ၎င်းက ဘယ်လိုခံစားချက်မျိုးလဲဆိုတာကိုပင် မေ့နေပြီဖြစ်သည်။
ယခု ဒီတစ်ကြိမ် ဖြစ်ပျက်ခဲ့သည်က သူ့အတွက် အလွန်ထူးဆန်းပြီး အနည်းငယ် ထိတ်လန့်စေသည် ။
သို့သော် သူခံစားရဆုံးအရာမှာ ဒေါသဖြစ်သည်။
"ဒီလူဆိုးကောင်လေး၊ မင်းငါ့ကို ထောင်ချောက်နဲ့ ဒဏ်ခတ်ဖို့ သတ္တိရှိနေတယ်ပေါ့!"
လီဗင်ဟက်စ်ကိုသည် ဖြည်းညှင်းစွာထရပ်လိုက်ပြီး ခပ်လှမ်းလှမ်းမှ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ဒေါသအပြည့်ဖြစ်နေသော်လည်း သူ့မျက်နှာမှာ အလွန်တည်ငြိမ်နေသည်။
သူ့စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်းစစ်ဆေးမှုအပြီး ယခုမှပင် သူသည် အလွန်အဆင်မပြေဖြစ်နေကြောင်း သူသိလိုက်ရသည်။
သူ့ပတ်ဝန်းကျင်တစ်ခုလုံး၊ သူ့ပတ်၀န်းကျင်ရှိ လမ်းကြောင်းအားလုံးကို အပြည့်အဝ ဖုံးအုပ်ထားခဲ့သည်မှာ ဖရိုဖရဲဒြပ်စင် မှော်စွမ်းအင်များမှ ဖြစ်ပေါ်လာသော အာကာပြင်တစ်ခုဖြစ်သည်။
အကယ်၍ သူသည် ခေါင်းဆောင်မှော်ပညာရှင်အနေဖြင့် သူ၏ စွမ်းအားဖြင့်ပင် ဤဖရိုဖရဲ အာကာပြင်ထဲသို့ ဝင်ခဲ့မည်ဆိုလျှင်၊ သူသည် ဒြပ်စင်မှော်စွမ်းအားကို ထိန်းသိမ်းထားနိုင်မည်မဟုတ်သလို မန္တာန်များကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤအတားအဆီးကို ဖြတ်ကျော်လိုပါက မှော်ပညာကို အားကိုးရုံသာမက ကိုယ်ခံအားကိုလည်း အားကိုးရမည်ဖြစ်သည်။
သို့ပေမယ့် သူ့ကို စိတ်ထိခိုက်စေခဲ့သည့် ဤတိုက်ခိုက်မှုက ရှုယီဟာ ၎င်းထောင်ချောက်ကို အသေအချာ ချမှတ်ထားသည်ဆိုတာကို နားလည်စေလိုက်ရာ ရှုယီအနေနှင့် သူ့ကို လွယ်လွယ်နှင့် ထားခဲ့မည်မဟုတ်သည်ကို သေချာသွားသည်။
ဖရိုဖရဲ မှော်အာကာပြင်ထဲသို့ သူဝင်လိုက်သည်နှင့် သူ၏ မှော်ပညာကို အသုံးမပြုနိုင်သောအခါတွင် တစ်ဖက်က သူ့ကို တိုက်ခိုက်လိမ့်မည် ။
သူ၏တုံ့ပြန်မှုက ယခုလေးတွင်ပင် သူ၏ အကာအရံကို ဖျက်စီးသွားနိုင်သည်အထိ အဆင်မပြေနေပေ။ ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုနှင့်တင် သူ့အား အပိုင်းပိုင်းပြတ်တောက်သွားလောက်အောင် ဖြစ်ပေလိမ့်မည်။
အဆုံးတွင် ခေါင်းဆောင်မှော်ပညာရှင်အနေနှင့် သူ၏ မှော်အစွမ်းများသည် အစွမ်းထက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်ကဲ့သို့ပင် ရှိနေသေးသည်။
ဤဖရိုဖရဲအာကာပြင်ရှိ ဒြပ်စင်မှော်စွမ်းအင်က နည်းနည်း ပိုအားကောင်းပါလျှင် အကယ်၍ သူသာ အခြားတိုက်ခိုက်မှုတစ်ခုနှင့် ထိမှန်ပါက ဤနေရာရှိ ဒြပ်စင်မှော်စွမ်းအင်က သူ့ကို အပိုင်းပိုင်းပိုင်းဖြတ်ရန် လုံလောက်ပေလိမ့်မည်။
ထို့ကြောင့် သူဟာ ထိုအာကာပြင်ကို ထပ်မဝင်ရဲတော့ပါချေ။
"ဒီကောင်က ဒီထူးဆန်းတဲ့အာကာပြင်ကို ရှင်းရှင်းလင်းလင်း ချနိုင်စွမ်းရှိတာ သေချာတယ်၊ ဒါဆို သူက ဘာလို့ ငါ့ကို ဒီအာကာပြင် ဝိုင်းထားပြီး ဖရိုဖရဲ မှော်အာကာပြင်ကြောင့် မထိခိုက်နိုင်တဲါ တိုက်ခိုက်မှုတွေနဲ့ ဘာလို့ ငါ့ကို မတိုက်ခိုက်ရတာလဲ"
လီဗင်ဟက်စ်ကိုက ထိုသို့တွေးပြီး အဖြေရသွားသည်။
ရှုယီဟာ လီဗင်ဟက်စ်ကို၏ ခေါင်းဆောင်မှော်ပညာရှင် စွမ်းရည်ကြောင့် သိသိသာသာ ရှောင်နေခြင်းဖြစ်ပြီး သူ့ပတ်ဝန်းကျင်က မှော်စွမ်းအင်တွေ၏ တည်ငြိမ်မှုကို တွန်းအားပေးပြောင်းလဲလိုက်မည်ဆိုလျှင် လီဗင်ဟက်စ်ကိုမှည ချက်ခြင်း သတိပြုမိပြီး တုံ့ပြန်ပါလိမ့်မည်။
သို့ပေမယ့် ဤဖရိုဖရဲ မှော်အာကာပြင်ဟာ သူ၏ မှော်အာရုံခံစားမှု အကွာအဝေး၏ ငါးကီလိုမီတာအကွာကနေ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
၎င်းက လီဗင်ဟက်စ်ကို,ကို သံသယဖြစ်စေခဲ့ပါ၏။
ရှုယီက သူ့၏ မှော်အာရုံခံမှု ကန့်သတ်ချက်က ၎င်းအပိုင်းဖြစ်သည်ကို မည်သို့သိသနည်း။
ရှုယီသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို အကိုးအကားအဖြစ် အသုံးပြုခဲ့လျှင်တောင် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးစီ၏ မှော်အာရုံခံနိုင်စွမ်း အတိုင်းအတာသည် မတူညီသည့်အပြင် ၎င်းတို့သည် မှော်ပညာကို နားလည်မှု ကွဲပြားသောကြောင့် အချို့မှာ ပိုမိုကျယ်ပြန့်သော မှော်အာရုံခံနိုင်စွမ်းများ ရှိကြသည်။
လီဗင်ဟက်စ်ကိုသည် အာကာပြင်မှော်ပညာတွင် ထူးချွန်ပြီး အခြားသော ခေါင်းဆောင်မှော်ပညာရှင်များထက် မှော်အာရုံခံနိုင်စွမ်းများတွင် အမြဲတမ်း ထူးချွန်သူဖြစ်သည်။
ရှုယီသည် လွန်ခဲ့သောနှစ်အနည်းငယ်ကမှ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာသည့် ကမ်မီလာ ထံမှ ၎င်း၏ခွန်အားကို တွက်ချက်လိုပါက မဖြစ်နိုင်ပေ။
မျက်မှောင်ကုပ်၍ ခဏလောက်စဉ်းစားပြီးနောက် လီဗင်ဟက်စ်ကိုက ခေါင်းယမ်းလိုက်သည်။ သူဟာ ၎င်းကို မစဉ်းစားတော့ဘဲ သာမာန်နေရာနှင့် မတူသည့် ဖရိုဖရဲ မှော်အာကာပြင်ကို အာရုံခံဖို့ မျက်လုံးကို မှိတ်ထားချင်သော်လည်း ၎င်းက ပိုအန္တရာယ်များသဖြင့် အေးစက်စွာ ရယ်မောလိုက်မိသည် ။
"မင်း ငါ့ကို ဒီမှာထားဖို့ ဒီထောင်ချောက်သေးသေးလေးကို သုံးချင်တာလား။ ရှုယီ၊ မင်းက ခေါင်းဆောင်မှော်ပညာရှင် တစ်ယောက်ကို အရမ်းလျှော့တွက်နေတာပဲ!"
လီဗင်ဟက်စ်ကိုဟာ သူ၏ မှော်စွမ်းအင် အားလုံးကို ထုတ်လွှတ်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ အာကာပြင်က ရုတ်တရက် ပြိုကျသွားပြီး ဘေးပတ်လည်ရှိ အာကာပြင်အားလုံး တွန့်ရှုံ့သွားကာ သူ့ပတ်ဝန်းကျင်တွင် အလွန်ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူသည် ဗဟိုတစ်ခုအနေဖြင့်၊ ဘေးပတ်လည်မှ စွမ်းအား အားလုံးကို စုစည်းလိုက်သည်။
၎င်းမှာ လီဗင်ဟက်စ်ကို အကျွမ်းကျင်ဆုံး အာကာပြင်ဖြိုခွဲခြင်း ဟူသည့် အာကာပြင်မှော်ပညာဖြစ်သည်။
ဤ အာကာပြင်မန္တာန်၏ စွမ်းအားကို ဆွေးနွေးရန်ပင် မလိုအပ်ပေ။ ၎င်းကိုအသက်သွင်းပြီးသည်နှင့် လီဗင်ဟက်စ်ကို၏ ကိုယ်အတွင်းရှိ ဒြပ်စင်မှော်စွမ်းအင်အားလုံးသည်သူနှင့်အတူ လှည့်ပတ်ပြီး အမြုတေအဖြစ်ပြောင်းလဲသွားလိမ့်မည်။
အစွမ်းထက်သော မှော်စွမ်းအားနှင့် ခေါင်းဆောင်မှော်ပညာရှင်အဖြစ် သူ့တွင်ရှိသော ဒြပ်စင်မှော်စွမ်းအင်ကို အားကိုး၍ ဤ အာကာပြင်ဖြိုခွဲခြင်း၏ အကွာအဝေးကို ဆက်လက်တိုးမြှင့်နေသရွေ့၊ လီဗင်ဟက်စ်ကိုသည် ဖရိုဖရဲအာကာပြင် ဒြပ်စင်မှော်စွမ်းအင်များသည် သူ့ထိန်းချုပ်မှုအောက်တွင် ကျရောက်လာပြီး ၎င်းဖန်တီးထားသည့် အတားအဆီးကို ရှင်းလင်းနိုင်မည်ဟု လီဗင်ဟက်စ်ကိုက ယုံကြည်ထားသည်။
ဤနည်းလမ်းသည် မှော်စွမ်းအင်း အတော်များများကို သုံးစွဲထားသော်လည်း၊ ဤနည်းလမ်းသည် အလုံခြုံဆုံးနည်းလမ်းဖြစ်သည်မှာ သေချာပါသည်။
အဘယ့်ကြောင့်ဆိုသော် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့သည် သူ့ကို တည်ငြိမ်ရန် အခွင့်အရေးမပေးဘဲ ဆက်လက်တိုက်ခိုက်နေသောကြောင့်ဖြစ်သည်။
ဤ အာကာပြင်ဖြိုခွဲခြင်းသည် သူ့ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင်များကို သူ့ထိန်းချုပ်မှုအောက်ရောက်စေပြီး ၎င်းမှာ ပြင်းထန်သောတိုက်ခိုက်မှုအားလုံးကို ခုခံနိုင်သည့် အခြားမှော်အတားအဆီးတစ်ခု ဖန်တီးခြင်းနှင့် ညီမျှသည်။
မျှော်လင့်ထားသည့်အတိုင်း၊ လီဗင်ဟက်စ်ကို၏ ဘေးပတ်လည်ရှိ အာကာပြင်များ ပြိုကျလာသောအခါတွင် မီးများ တောက်လောင်လာသည်။ ၎င်းသည် မီတာတစ်ထောင်ကျော်သွားကာ ဖရိုဖရဲ မှော်အာကာပြင်ကို ဖြတ်ကျော်၍ သူ့ဆီသို့ ပျံသန်းလာခဲ့သည်။
"ဟမ့်! ကလေး ကစားစရာတွေ!"
လီဗင်ဟက်စ်ကိုသည် အေးစက်စွာ နှာခမှုတ်လိုက်ပြီး ဂရုမစိုက်နေပေ။
ဒါဇင်ပေါင်းများစွာသော မီးတောက်များသည် သူ၏ Spatial ပြိုကျမှုထဲသို့ ဝင်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်ခုပြီးတစ်ခုပေါက်ကွဲ၍ ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့အား တစ်စုံတစ်ရာ ခြိမ်းခြောက်မှုတစ်ခုမျှ မဖြစ်စေခဲ့ပေ။
"အိုင်း အိုင်း... ရှုယီ၊ ငါ ဒီကနေ ထွက်သွားတဲ့အခါ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်း ကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်မယ်။ မင်းရဲ့အဖိုးတန်ကုမ္ပဏီဖြည်းဖြည်းချင်း ပျက်စီးတာကို မင်းမြင်အောင်ပြပြီး အနက်ရှိုင်းဆုံး နာကျင်မှုကို ခံစားခွင့်ပေးမယ်။"
လီဗင်ဟက်စ်ကိုသည် အာကာပြင်ဖြိုခွဲခြင်းစ ပျံ့နှံ့မှုကို အရှိန်မြှင့်ကာ ညစ်ကျယ်ကျယ် ရယ်မောလျက် မှော်စွမ်းအားကို ဆက်လက်ထုတ်လိုက်သည်။
ထိုအချိန်တွင်၊ သူ့ပတ်ဝန်းကျင်မှ ထူးဆန်းသော မှော်စွမ်းအင်ပြောင်းလဲမှုများ ဒါဇင်ချီ၍ ရှိလာခဲ့သည်။
လီဗင်ဟက်စ်ကို အံ့အားသင့်သွား၏။
သူ့အား ဖရိုဖရဲမှော်အာကာပြင်က သိသိသာသာပင် ဝိုင်းရံထားသောကြောင့် ထိုးဖောက်ဝင်ရောက်နိုင်သည့် မှော်အပြောင်းအလဲများ မရှိသင့်ပေ။
ထို့အပြင် ဤနေရာသည် ငါးကီလိုမီတာကျယ်ဝန်းပြီး သူသည် အစွန်းဘက်တွင်ရှိနေသောကြောင့် ၎င်းတို့ကြားတွင် ဆယ်ကီလိုမီတာအကွာအဝေးရှိသင့်သည်။
သို့သော် ဤမျှရှည်လျားသောအကွာအဝေးဖြင့်ပင် သူသည် မှော်စွမ်းအင်အတက်အကျများကို ခံစားရဆဲဖြစ်ပြီး ရှင်းရှင်းလင်းလင်ပင် ခံစားမိနေသေးသည်။
သူ၏ မှော်အာရုံခံစားမှုတွေက ထိုမျှမကောင်းသည်မို့ ရှင်းပြချက်တစ်ခုပဲ ရှိပါစ။ ဖရိုဖရဲ မှော်အာကာပြင်သည်ပင် ၎င်းကို မတားဆီးနိုင်ခဲ့ဘဲ မိမိ၏ အကန့်အသတ်ထက် ကျော်လွန် နေသော်လည်း ၎င်းကို လီဗင်ဟက်စ်ကိုအနေဖြင့် သိရှိနိုင်နေသေးသည်။
သို့သော် ဤအားကောင်းသည့် မှော်စွမ်းအင်အတက်အကျဟာ သာမာန် တားမြစ်မန္တာန်နှင့်ပင် ယှဉ်ပ်ြိုင်နိုင်သည့် အရာမဟုတ်ပါချေ။
ထိုသို့ ကြောက်စရာကောင်းသည့် မှော်စွမ်းအင် အပြောင်းအလဲကို ထုတ်လွှန်ရန် ထိန်းချုပ်နိုင်သည့် မှော်ပညာရှင်တစ်ယောက်မှ မရှိခဲ့ဖူးသလို ခေါင်းဆောင်မှော်ပညာရှင်များပင် မလုပ်နိုင်ပါချေ။ သဘာဝစွမ်းအားကသာ ဤမျှအစွမ်းထက်နိုင်သည်။
သို့သော်၊ သူ့ပတ်ဝန်းကျင်တွင် ရောက်လာသည်က များပြားလှရာ ၎င်းက ထူးဆန်းလွန်းလှသည်။
"ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းက သုံးနေတဲ့ လှည့်ကွက်တစ်ခုများလား။"
လီဗင်ဟက်စ်ကိုက ထိုသို့တွေးလိုက်သော်လည်း ချက်ချင်းဆိုသလို ငြင်းဆိုလိုက်မိသည်။
မဖြစ်နိုင်ဘူး!
ဤကြောက်စရာကောင်းသော မှော်စွမ်းအင်အတက်အကျမျိုးသည် လူသားတို့ ထိန်းချုပ်နိုင်သော အရာမဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်း၏ အားအကောင်းဆုံး မှော်ပညာရှင်မှာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဖြစ်ပြီး သူ၏ စွမ်းအား,အားလုံးကို အသုံးပြုထားပါလျှင်ပင်၊ ဒါဇင်ပေါင်းများစွာကို မပြောနှင့် ဒဤသို့သော ကြောက်စရာကောင်းလှသည့် မှော်စွမ်းအင်အတက်အကျမျိုးကို လွှတ်ပေးဖို့ မဖြစ်နိုင်ပါ။
၎င်းကိုတွေးမိပြီး လီဗင်ဟက်စ်ကိုက ဂရုမစိုက်တော့ဘဲ သူ့ဘေးပတ်လည်ရှိ အာကာပြင်ကို အရှိန်မြှင့်၍ မန္တာန်များကို ဆက်ပြီး အာရုံစိုက်လိုက်သည်။
အာကာပြင်ဖြိုခွဲခြင်းသည် ဖရိုဖရဲ မှော်အာကာပြင်နှင့် ဆုံတော့မည်ကို မြင်လိုက်ရသဖြင့်၊ လီဗင်ဟက်စ်ကိုသည် သူ့ပတ်ဝန်းကျင်ရှိ ဒါဇင်ချီသည့် မှော်စွမ်းအင်အတက်အကျများ အားကောင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
"ဒီကောင် ရှုယီက ဘာဖြစ်နေတာလဲ" ထိုမှော်စွမ်းအင်အတက်အကျများအတွင်း ဆုပ်ကိုင်ထားသည့် ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရသဖြင့် လီဗင်ဟက်စ်ကိုပင် အတော်လေး အံ့သြ၍မဆုံးနိုင်တော့ပေ။
အကယ်၍ ဤမှော်စွမ်းအင်အတက်အကျများ ဆက်လက်ဖြစ်ပေါ်နေပါက ၎င်းသည် ပတ်ဝန်းကျင်မှ ကီလိုမီတာများစွာရှိ မှော်စွမ်းအင်အားလုံးကို တစ်ချိန်တည်းတွင် ပေါက်ကွဲစေနိုင်သည်။ ၎င်းက ခန့်မှန်းရခက်သော အကျိုးသက်ရောက်မှုကို ဖန်တီးပေးမည့် မှော်စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် အနှိုင်းမဲ့ ကြီးမားသော အာကာပြင်ကြီးကို ပြိုကျစေသလိုပါပင်။
အကောင်းမြင် ခန့်မှန်းချက်များအရ၊ ပတ်ဝန်းကျင်ကီလိုမီတာများစွာရှိ ဖရိုဖရဲဒြပ်စင်စွမ်းအင်များသည် ဤနေရာအား ဘာမှမရှိအရာအဖြစ်သို့ ပြောင်းလဲစေကာ လူသားများ သို့မဟုတ် သက်ရှိသတ္တဝါများလည်း ဤအာကာပြင်၌ တည်ရှိနိုင်တော့မည်မဟုတ်ပေ။
၎င်းနှင့် နှိုင်းယှဉ်ပါက သူအသုံးပြုနေသော အာကာပြင်ဖြိုခွဲခြင်းသည် ကလေးကစားစရာနှင့်ပင် တူသည်။
"ဒီကောင် ရူးနေတာလား" လီဗင်ဟက်စ်ကို စိတ်တို၍ ပူပန်လာသည်၊ “ငါ့ကိုသတ်ဖို့ ဒီကောင်လေးက Frestech ကုန်သည်ကြီးများအသင်းကို ငါနဲ့အတူ ပျက်သုဉ်းစေမှာလား။"
၎င်းကိုတွေးနေရင်း လီဗင်ဟက်စ်ကိုဟာ သူ၏ မှော်စွမ်းအင်ကို စုဆောင်းဖို့ အပြည့်အဝ အာရုံစိုက်လိုက်သည်။
သူ၏ အာကာပြင်ဖြိုခွဲခြင်းသည် ဖရိုဖရဲ မှော်အာကာပြင်နှင့် ချိတ်ဆက်နိုင်ခဲ့ပြီး သူမျှော်လင့်ထားသည့်အတိုင်း၊ ဖရိုဖရဲ မှော်အာကာပြင်၏ ဒြပ်စင် မှော်စွမ်းအင်သည် သူ၏ အစွမ်းထက်သော မှော်စွမ်းအားထံမှသက်ရောက်မှုကို ခံရ၍ စတင်လည်ပတ်လာခဲ့သည်။
၎င်းကိုအခြေခံ၍ အချိန်ပိုရပါက၊ အာကာပြင်ဖြိုခွဲခြင်းဖြင့် ဤအတားအဆီးကို အလွယ်တကူဖြတ်၍ ဤနေရာမှ လွတ်မြောက်နိုင်သည်။
သို့ပေမယ့် လီဗင်ဟက်စ်ကို၏ နှလုံးသားထဲတွင် ကြည်နူးစရာကောင်းသည့် စိတ်ကူးလေးများ ရှိနေစဉ်၌ သူ့ဘေးပတ်လည်သို့ တောက်ပနေသည့် အဖြူရောင်အလင်းတန်း များ ဒါဇင်ချီ ပျံသန်းလာသည်။
အလင်းတန်းများ၏ အရှိန်သည် လီဗင်ဟက်စ်ကိုအား တုံ့ပြန်ရန် အချိန်ကို မပေးဘဲ ၎င်းတို့ ပေါ်လာသည်နှင့် တပြိုင်နက် အားလုံးသည် Levin Hasko ရှိရာသို့ ဦးတည်လာကြသည်။
လီဗင်ဟက်စ်ကိုသည် အလင်းတန်းများ မည်မျှ ကြောက်စရာကောင်းသည်ကို ခံစားရလိုက်ပြီး ခုခံရန် အချိန်ပင် မရှိခဲ့ပေ။ သူ့ပတ်ဝန်းကျင်ရှိ အာကာပြင်ဖြိုခွဲခြင်းသည် အဖြူရောင် အလင်းတန်းများ၏ စွမ်းအားကြောင့် ချက်ချင်း လောင်ကျွမ်းသွားသည်။
ထို့နောက်တွင် မီးလောင်သွားသည့်အရာမှာ သူ၏ အလောင်းဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၇၅။ ဒီလောကကြီးကို မှော်ပညာရှင်တွေ မပိုင်တော့ဘူး
"ဟုန်း!"
အနှိုင်းမဲ့စွာ တောက်ပလှသည့် အလင်းရောင်များ ပေါက်ကွဲသွားပြီးနောက်တွင် မှိုပုံသဏ္ဍာန်တိမ်ထုကြီး ပေါ်လာသည်။ တစ်ဆယ်ကီလိုမီတာ အဝေး၌ရှိနေပါလျှင်တောင် ရှုယီနှင့် သူ့နံဘေးရှိ လူတိုင်းမှာ လေထဲရှိ သိသိသာသာတုန်ခါမှုကို ခံစားနိုင်၏။
တစ်အောင့်ကြာပြီးနောက် ဧရာမပေါက်ကွဲသံက ၎င်းတို့ထံ ရောက်လာသည်။
တစ်ဆယ်ကီလိုမီတာ ဝေးကွာလျှင်သော်မှ ထိုအသံက နားပင်းလောက်ဖွယ်ဖြစ်ဆဲပင်။
ရှုယီက သူ့နှာခေါင်းအထက် တင်ထားသည့် မှန်ဘီလူးကို ချပြီး ဘေးနားရှိ အာကာလီ ကို ခဏလောက်စောင့်ပြီး ပြောလိုက်၏၊ "ဖရိုဖရဲ မှော်အာကာပြင် အကွာအဝေးကို တိုးချဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာမှာရှိတဲ့ ရှင်သန်မှုနဲ့ မှော်ပညာ လက္ခဏာတွေကို ရှာဖွေပြီး လီဗင်ဟက်စ်ကိုသေဆုံးခြင်း ရှိ၊ မရှိ ဆုံးဖြတ်လိုက်။"
အဝေးရှိ မှိုသဏ္ဍာန်တိမ်တိုက်ကို လူတိုင်းက ကြောင်တက်တက်နှင့် ကြည့်နေသော်လည်း ရှုယီ ထပ်ပြောပြီးသည့်အခါ အာကာလီ က ရှုယီကို ကြည့်ပြီး ကြောင်အသွားသည်။
"ဥက္ကဌ၊ ရှင်က ခေါင်းဆောင်.....မှော်ပညာရှင်ကို သေ.....သွားပြီလို့ ပြောနေတာလား။"
ထိုမေးခွန်းကိုကြားသော် အားလုံးက ရှုယီကို အံ့အားသင့်၍ တူညီသည့် အမူအရာနှင့် ကြည့်လိုက်ကြသည်။
၎င်းတို့၏ တုံ့ပြန်မှုကို မြင်သော် ရှုယီက ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
ခေါင်းဆောင်မှော်ပညာရှင် သေဆုံးနိုင်သည်ဆိုသည်ကို ဒီလူတွေဟာ မယုံချင်ကြသေးပေ။
သို့ပေမယ့် သူစဉ်းစားလိုက်လျှင် မှန်ပါ၏။ ခေါင်းဆောင်မှော်ပညာရှင်များသည် နယ်မြေကြီးတွင် နတ်ဘုရားများကဲ့သို့ ပညာရှင်များဖြစ်ကြပြီး သာမန်လူတို့၏ စိတ်တွင် အမြဲရှိနေသော အသက်ကြီး၍ သေခြင်းမှတပါး အခြားသော အကြောင်းကြောင့် သေခြင်းသို့ မရောက်ဟု ထင်ကြသည်။
"ရှင်သန်မှုနဲ့ မှော်စွမ်းအင် လက္ခဏာတွေကို စစ်ဆေးရမယ်ဆိုတာ မသိဘူးလား။" ရှုယီက မပျော်ရွှင်စွာပြောလိုက်သည်။
"အာ? အိုး……”
အာကာလီ ဟာ ပုံမှန်အတိုင်း တက်ကြွနေသည်ဆိုလျှင်သော်မှ ဤအချိန်တွင် အံ့အားသင့်နေခဲ့ပါ၏။
ရှုယီထံမှ ထိုအမိန့်ကို ထပ်ပြီးကြားတော့ သူမရှေ့ရှိ ထိန်းချုပ်ဘောင်ဘက်ကို လှည့်လိုက်ပြီး ခလုတ်နှစ်ခုကို နှိပ်လိုက်၏။
ဤဘောင်မှ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့သည် မတိုင်ခင်က ၎င်းတို့၏ ရန်ပွဲအတွက် ရှုယီမှ လီဗင်ဟက်စ်ကို,ကို ခေါ်ဆောင်လာခဲ့သည့် နေရာကို ပြသနေသည်။
ထိုအခါ အားလုံးက ဝိုင်းကြည့်လာပြီး အားလုံးက ဤပုံရိပ်ယောင်ကို အာရုံစိုက်နေကြ၏။
Frestech ကုန်သည်ကြီးများအသင်း၏ အသက်စစ်တမ်းအစီအရင်နှင့် မှော်စွမ်းအင်အပြောင်းအလဲစစ်တမ်း အစီအရင်တို့ အလုပ်လုပ်နေကြောင်း ပြသသော လှိုင်းအတက်အဆင်းနှစ်ခုသည် ဘယ်မှညာသို့ ရွေ့လျားသွားသည် ။
လူတိုင်းသည် ထိုလှိုင်းနှစ်ခု လှုပ်ရှားမှုကို ဖန်သားပြင်၏ ဘယ်ဘက်စွန်းမှ ညာဘက်အစွန်အထိ လိုက်ကြည့်နေကြသည်။
အသက်ရှာဖွေမှုကို ကိုယ်စားပြုသည့် ပထမဆုံးလှိုင်းလုံး ဖြတ်ကျော်သွားပြီးနောက်၊ ရှင်သန်ခြင်း၏ လက္ခဏာများကို ကိုယ်စားပြုသည့် အစက်များမှာ မှန်သားပြင်ထက်၌ မရှိတော့ချေ။
မှော်စွမ်းအင် အပြောင်းအလဲရှာဖွေမှုကို ကိုယ်စားပြုသည့် ဒုတိယလှိုင်းလုံးစ ဖြတ်သွားပြီးနောက်၊ ဖန်သားပြင်ပေါ်ရှိ ရှုပ်ထွေးသောမျဉ်းကြောင်းအချို့မှလွဲ၍ အစက်တစ်စက်မျှ ပေါ်မလာပေ။
ဤစစ်ဆေးချက်နှစ်ခုကိုအခြေခံ၍ ဤနေရာတွင် သက်ရှိလူသားတစ်ယောက်မျှ မကျန်တော့ကြောင်း သူတို့သေချာသိရှိလိုက်ရသည်။
ကြောက်စရာကောင်းသည့် ပေါက်ကွဲမှုဖြစ်ရာနေရာကို ဘယ်သူကမှ ဖြတ်ကျော်မသွားနိုင်ဘူးဆိုသည်မှာ သေချာပါ၏။
သို့သော်လည်း လူတိုင်းက မယုံချင်ကြသေးဘဲ အာကာလီကို နောက်ထပ် နှစ်ကြိမ်ရှာဖွေရန် တိုက်တွန်းခဲ့သော်လည်း အပြောင်းအလဲမရှိခဲ့ပေ။
အာကာလီ သည် မယုံကြည်နိုင်လောက်သော အကြည့်ဖြင့် ရှုယီကို ကြည့်လိုက်သည်။
"က္ကဌ ……ဖြစ်နိုင်လို့လား …… တကယ်ကြီး ခေါင်းဆောင်မှော်ပညာရှင်က …… တကယ်သေသွားပြီလား ”
"ဘာလဲ? ခေါင်းဆောင်မှော်ပညာရှင် သေဆုံးနိုင်တယ်ဆိုတာ မင်းလက်မခံနိုင်ဘူးလား" ရှုယီက ပြုံးပြီး မေးသည်။
လူတိုင်းက ခေါင်းညိတ်၏။
“ဒါက လက်မခံနိုင်စရာ မရှိဘူး။” ရှုယီက စိတ်အေးလက်အေး ဟန်ဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်၊ "ခေါင်းဆောင်မှော်ပညာရှင်တွေကလည်း လူတွေပဲ၊ သူတို့က နတ်ဘုရားတွေမဟုတ်ဘူး။ သူလုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ တိုက်ခိုက်မှုကို လက်ခံလိုက်တဲ့အခါ သူသေသွားတာ မထူးဆန်းပါဘူး။”
“ဒါပေမယ့်……” အာကာလီ သည် တံတွေးတစ်လုပ်ကို မျိုချလိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
သူမသည် ခေါင်းဆောင်မှော်ပညာရှင်ကို ဆန့်ကျင်တိုက်ခိုက်သည့် အစီအစဉ်တွင် တစ်ချိန်လုံးပါဝင်ခဲ့ပြီး အရာအားလုံးကို မည်ကဲ့သို့လုပ်ဆောင်ရမည်အား သူမကိုယ်တိုင် ထိန်းချုပ်ခဲ့သည်။ လီဗင်ဟက်စ်ကိုကို နောက်ဆုံးတိုက်ခိုက်ရန် ခလုတ်ကို နှိပ်လိုက်ရုံဖြင့် ယခုတိုင် တစ်ဖက်သား အမှန်တကယ် သေဆုံးမည်ကို သူမလက်မခံနိုင်သေးပါချေ။
၎င်းက ခေါင်းဆောင်မှော်ပညာရှင်ပင်။
ဘုရားရေ၊ ခေါင်းဆောင်မှော်ပညာရှင်တွေက ဘယ်လိုလူမျိုးတွေမို့လို့လဲ။ သူတို့က မှော်ပညာရှင်အားလုံးရဲ့ အထွတ်အထိပ်တွေလေ။ နတ်ဘုရားတွေလို အနီးဆုံးလူတွေပဲကို။
ကျဆုံးခဲ့သော ခေါင်းဆောင်မှော်ပညာရှင်ဟူ၍ မရှိသည်တော့ မဟုတ်သော်လည်း၊ ခေါင်းဆောင်မှော်ပညာရှင်တစ်ဦး ကျဆုံးခဲ့သည့် နောက်ဆုံးအကြိမ်က လွန်ခဲ့သည့် နှစ်တစ်ထောင်နီးပါးကပင်။
မဟာခေါင်းဆောင်မှော်ပညာရှင်များ နယ်မြေကြီးမှ ပျောက်ကွယ်သွားသောအခါ ခေါင်းဆောင်မှော်ပညာရှင်များသည် ထိပ်ဆုံးတွင် ရှိနေသည်။ ၎င်းတို့ ကျဆုံးသည်ကို မပြောနှင့်၊ ၎င်းတို့ကို တိုက်ခိုက်ချင်သည်မှာ ခေါင်းဆောင်မှော်ပညာရှင်များမှလွဲ၍ အခြားဘယ်သူမှ ရှိမည် မဟုတ်ချေ။
သို့သော်၊ ယခုတစ်ကြိမ်တွင် ရှုယီမှလွဲ၍ ၎င်းတို့ထဲရှိ တစ်ဦးတစ်ယောက်ကမျှ မဟာမှော်ပညာရှင်မဟုတ်ပေ။ ရှုယီသည်ပင် အမှန်တကယ်မလှုပ်ရှားခဲ့သော်လည်း ခေါင်းဆောင်မှော်ပညာရှင်ကို သတ်နိုင်ခဲ့သည်လား။
ဒါက မယုံနိုင်စရာကောင်းလွန်းတယ်။
သူ့ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာပေါ်မှ မယုံကြည်နိုင်ဟန် အကြည့်တွေကို မြင်လိုက်ရသော် ရှုယီက ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။
သူသည် ကမ္ဘာမြေကြီးမှ ရွှေ့ပြောင်းလာသူဖြစ်သောကြောင့် ခေါင်းဆောင်မှော်ပညာရှင်များသည် မည်သူမျှ အနိုင်ကျင့်၍မရနိုင်သော လူများဟု ထင်နေကြသည့် စိုင်စ်နယ်မြေကြီးရှိ ဒေသခံများနှင့် မတူချေ။
နောက်ဆုံးထိုးနှက်မှုက တကယ်ကို ပြင်းထန်သော်လည်း ရှုယီကမူ ကမ္ဘာမြေကြီး၏ အဆုံးစွန်သော လက်နက်ဖြစ်သည့် နျူကလီးယားဗုံးတွေနှင့် ယှဉ်လျှင် ၎င်းဟာ များစွာ အလှမ်းဝေးနေဆဲလို့ ခံစားမိပါ၏။
လီဗင်ဟက်စ်ကိုသည် အစွမ်းထက်သော ခေါင်းဆောင်မှော်ပညာရှင်ဖြစ်သော်လည်း ရှုယီအား အနည်းငယ် စိတ်ပျက်သွားစေသည်မှာ ဤတိုက်ခိုက်မှုမျိုးကိုပင် သူ မခံနိုင်ခြင်းပင်။
ဟုတ်ပါ၏၊ ဤရလဒ်ကို မရေမတွက်နိုင်အောင် စမ်းသပ်မှုများဖြင့် အတည်ပြုထားပြီးဖြစ်သဖြင့် အံ့သြစရာမရှိပါချေ။
အာကာလီ နှင့် အခြားသူများသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့်အတူ ဤစမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသော်လည်း ၎င်းတို့၏ သာမန်အတွေးများကို အလွန်အမင်း စိန်ခေါ်ခံခဲ့ရသောကြောင့် ဤအချက်ကို လက်ခံရန် ဆန္ဒမရှိခဲ့ကြပေ။
အဝေးက ပျောက်ကွယ်နေပြီဖြစ်သည့် မှိုသဏ္ဍာန်တိမ်တိုက်ကို လှည့်ကြည့်လိုက်ရင်း ရှုယီ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ဤတစ်ကြိမ်တွင် သူသည် ဤ ခေါင်းဆောင်မှော်ပညာရှင်လီဗင်ဟက်စ်ကို,ကို သတ်နိုင်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်စခန်းကို ဖျက်ဆီးခြင်းမှ ရိုးရှင်းစွာ တားဆီးနိုင်ခဲ့ရုံသာမက၊ ၎င်းသည် ပိုမိုအရေးပါသညခ့ အရာတစ်ခုကို ကိုယ်စားပြုပါ၏။
စိုင်စ်နယ်မြေကြီးရှိ လူတိုင်းအတွက်၊ ခေါင်းဆောင်မှော်ပညာရှင်များသည် စိန်ခေါ်၍မရနိုင်သော ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သည်။ နိုင်ငံတစ်ခုတွင် ခေါင်းဆောင်မှော်ပညာရှင်ရှိပါက၊ ၎င်းသည် နျူကလိယရှိသောနိုင်ငံနှင့် ညီမျှသည်။
သို့သော်လည်း ယခု ရှုယီသည် ထိုဒဏ္ဍာရီကို ဖြစ်ရပ်မှန်များဖြင့် ချေမှုန်းခဲ့ပြီး ခေါင်းဆောင်မှော်ပညာရှင်များသည် ထိုမျှကြောက်စရာမဟုတ်ကြောင်း လူတိုင်းကိုပြသလိုက်ရာ၊ ၎င်းသည် လူတို့၏စိတ်ထဲတွင် ခိုင်မြဲနေသော အတွေးများကို လုံးလုံးလျားလျား ဖျက်ပစ်လိုက်ခြင်းနှင့် ညီမျှသည်။
ရှုယီသည် ဤသတင်းပျံ့နှံ့သွားသည်နှင့် မည်သို့သော ရုတ်ရုတ်သဲသဲဖြစ်မည်ကို စိတ်ကူး၍ပင်ကြည့်နိုင်သည်။
ဥပမာအားဖြင့်၊ သူ့ရှေ့ရှိ လူများက ဤအချက်အလက်ကို လက်ခံဖို့ အချိန်အကြာကြီး ယူရလိမ့်မည်။
ဤသြဇာလွှမ်းမိုးမှုနှင့် ၎င်းကိုမည်သို့ကိုင်တွယ်ရမည်ကို သူစဉ်းစားမိစဉ်တွင်၊ ရှုယီသည် သူ့အနားမှ မှော်စွမ်းအင်အတက်အကျများကို ခံစားလိုက်ရသည်။
ရှုယီ၊ အာကာလီနှင့် မှင်သက်နေကြသော အုပ်စုသည် တစ်ချိန်တည်းတွင် အာရုံစိုက်နေကြပြီးမှ စိတ်အေးသွားကြသည်။
မှော်စွမ်းအင်အတက်အကျများကို ထုတ်လွှတ်နေသည့် တွင်းနက်ရှေ့မှ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ ပေါ်လာသည်။
လူတိုင်း၏ လေးနက်သောအမူအရာကိုမြင်လိုက်ရသော် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက လက်ဝှေ့ယမ်းလျက် ရှုယီကို မေးလိုက်သည်၊ "အခြေအနေဘယ်လိုရှိလဲ"
ရှုယီက ပြန်မေးလိုက်၏၊ "အဘိုး၊ ဘာလို့ပြန်လာတာလဲ။ တခြား ခေါင်းဆောင်မှော်ပညာရှင်ရော ဘယ်မှာလဲ။ အဘိုး သူနဲ့ အဲဒါ့ကို ဆုံးဖြတ်ခဲ့တာလား။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်လိုက်သည်၊ "ငါတို့ တိုက်ပွဲတွေကြားမှာ သူက ရုတ်တရက် ပြေးသွားတာ ငါလည်း သူ့ကို မတားနိုင်ခဲ့ဘူး။ ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့တာလား။ မင်းတို့အားလုံးက ဘာလို့ဒီလိုကြည့်နေရတာလဲ"
ရှုယီက အာကာလီ နှင့် မတုံ့ပြန်သေးသော အခြားသူများကို လှည့်ကြည့်၍ ပခုံးတွန့်ကာ ပြောလိုက်သည်၊ "ဘာမှမဖြစ်ပါဘူး၊ ခေါင်းဆောင်မှော်ပညာရှင် သေဆုံးသွားတာကို ဒီလူတွေက လက်ခံဖို့ နည်းနည်းခက်နေတာပဲ"
"သေပြီလား?" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် သူ့အသက်အရွယ်နှင့် မလိုက်ဖက်သော အရှိန်ဖြင့် ရှုယီ၏ အနားသို့ ရောက်ရှိလာပြီး သူ၏ ကော်လာကို ဆွဲကာ ပြော၏ "သူသေပြီလို့ မင်းပြောနေတာလား"
ရှုယီသည် အံ့သြသော ဟန်ဖြင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို ကြည့်လိုက်သည်။ သူ၏တုံ့ပြန်မှုက အာကာလီ ၏အဖွဲ့ထက်ပင် ကြီးသည်ဟု သူထင်မိသည်။ သူသည် ခေါင်းဆောင်မှော်ပညာရှင်လည်း ဖြစ်သောကြောင့် သူ့အတွက် စာနာစိတ်အနည်းငယ်ရှိသောကြောင့်လည်း ဖြစ်နိုင်သည်။
"အင်း၊ သူသေလောက်ပြီ"
"သူ တကယ်သေသွားပြီလား? မင်းနောက်နေတာလား။ အလောင်းဘယ်မှာလဲ" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ဆက်မေး၏။
“ကောင်းပြီ၊ သူသေသွားပြီဆိုတာ 90% ပဲသေချာတယ်။ အလောင်းကိစ္စကတော့……” ရှုယီက သူ့လက်ကို ဖြန့်ပြီး ဖြေ၏၊ “အစိတ်စိတ်အမွှာမွှာ လွင့်သွားတော့ အလောင်းတစ်စမှ မကျန်ဘူး။”
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ပေါက်ကွဲသည့်နေရာကို မျှော်ကြည့်ကာ အတွေးတစ်ခုဖြင့် သူသည် ဤနေရာမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ခဏကြာတော့ သူပြန်ပေါ်လာပြီး သူ့လက်ထဲတွင် ထူးဆန်းသည့်လက်စွပ်တစ်ခု ပါလာ၏။
"ဒါကဘာလဲ" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ရှုပ်ထွေးနေသည်ကိုမြင်သော် ရှုယီလည်း သိလိုသော အသံဖြင့် မေးလိုက်သည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက သက်ပြင်းချ၏ "၎င်းဟာ လီဗင်ဟက်စ်ကိုမှာ ရှိတယ်လို့ ပြောကြတဲ့ နတ်သူငယ် တော်ဝင်မိသားစုရဲ့ ရတနာတွေထဲက တစ်ခုလို့ ပြောလို့ရတဲ့ Doomsday နတ်သူငယ်လက်စွပ်ဖြစ်လောက်တယ်။ ဒီလိုရတနာမျိုးကို လီဗင်ဟက်စ်ကိုက စွန့်ပစ်မှာမဟုတ်တာ သေချာတယ်၊ ဒါကြောင့် …… သူတကယ်သေလောက်ပြီ……”
“အိုး……” ရှုယီသည် သူ့စိတ်ထဲရှိ နောက်ဆုံးစိုးရိမ်မှု အနည်းငယ် ပျောက်ကွယ်သွား၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အဆုံးတွင် သူသည် ခေါင်းဆောင်မှော်ပညာရှင် မဟုတ်သောကြောင့် ၎င်းတို့တွင် မည်သည့် အထူးအသက်ကယ်နည်းလမ်းများ ရှိမည်ကို မသိပေ။ သို့သော် ယခုအချိန်တွင်တော့ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် လီဗင်ဟက်စ်ကိုကွယ်လွန်သွားပြီဟုပင် ပြောခဲ့ရာ စိတ်ချနိုင်ပြီဖြစ်သည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ရှုယီအား သူ့လက်ထဲရှိ Doomsday နတ်သူငယ်လက်စွပ်ကို သက်ပြင်းတစ်ချက်ချ၍ ပေးလိုက်သည်။
"မင်း ဒီလက်စွပ်ကို ယူသွားလို့ရတယ်။ Doomsday နတ်သူငယ် လက်စွပ်မှာ နတ်သူငယ်တွေရဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ပါ၀င်ပြီး အရမ်းကိုအစွမ်းထက်တဲ့ မှော်ပစ္စည်းတစ်ခုဖြစ်တာမို့ဒါကို ထိန်းသိမ်းထားမယ်ဆိုရင် မင်းရဲ့ မှော်ပညာအဆင့်ကို တိုးမြှင့်နိုင်တယ်။ ဒါ့ထက်၊ လီဗင်ဟက်စ်ကို ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ဖြန့်တဲ့အခါ ဒီလက်စွပ်တည်ရှိမှုကြောင့် ပိုပြီးတော့ ယုံကြည်ကြမှာ။”
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ နောက်ဆုံးစကားကြားသော် ရှုယီအနည်းငယ်အံ့သြသွားသည်။
"ဒီလို မကြည့်နဲ့ ကောင်လေး၊ မင်း ဘာတွေတွေးနေလဲ ငါသိတယ်" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် သူ့မျက်လုံးများတွင် ဝမ်းနည်းမှုအနည်းငယ်ဖြင့် အဝေးရှိ ပေါက်ကွဲထားသော နေရာကို လှည့်ကြည့်လိုက်သည်။ “ဒီနေ့ကစပြီး မှော်ပညာရှင်တွေရဲ့ အနေအထားဟာ ကမ္ဘာမြေကြီး လှုပ်ခါလောက်စရာအတွေ့အကြုံနဲ့ တွေ့ကြုံရလိမ့်မယ်။ ဒီကမ္ဘာကြီးကို မှော်ပညာရှင်တွေ ပိုင်တော့မှာ မဟုတ်တော့ဘူး…”
"ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား?" ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ “မှော်ပညာတွေက ထူးခြားနေတုန်းဘဲ၊ ဒါပေမယ့် လူတွေအနေနဲ့ အံ့သြဖို့ မလိုတော့ဘူး၊ လေးစားမှုပဲ ရှိတော့မယ်။ မှော်ပညာရှင်တွေအပေါ် ထားတဲ့ တန်ဖိုးနဲ့ အဆင့်အတန်းက ပြောင်းလဲမှာမဟုတ်ပါဘူး။"
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို လေးလေးနက်နက် ကြည့်လိုက်ပြီး “ငါ မျှော်လင့်ပါတယ်” ဟုဆိုကာ အသာ ခေါင်းညိတ်ပြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၇၆။ အသစ် မွေးဖွားလာသော အင်ပါယာ
သက္ကရာဇ် ၃၇၉၃မှာ ငြိမ်းချမ်းဖို့ ကံမပါလာသည့် နှစ်တစ်နှစ်ပင်။
ပထမဆုံးအနေဖြင့် နှစ်အစပိုင်း၌ မှော်ပညာရှင်များအဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့ ကြိုဆိုမည်မဟုတ်သည့် ကုမ္ပဏီဖြစ်ပြီး နယ်မြေကြီးပေါ်ရှိ မှော်ပညာရှင်အားလုံး ရှောင်ရှားသင့်သည့် ကုမ္ပဏီများအနက်တစ်ခုဟု ကြေငြာခဲ့၏။
၎င်းမှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ နှစ်ထောင်ချီသမိုင်း၌ လေးကြိမ်သာ ဖြစ်ခဲ့ဖူးပြီး ကုမ္ပဏီတစ်ခုစီတိုင်းမှာ မကောင်းဆိုးဝါးများဖြစ်ခဲ့ကြပြီး နယ်မြေကြီးတစ်ခုလုံးတွင် ညစ်ပတ်ကြသော ကုမ္ပဏီများဖြစ်လာသဖြင့် မှော်ပညာရှင်များအဖွဲ့အစည်း၏ လုပ်ရပ်များမှာ မျှတခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် မှော်ပညာရှင်များအဖွဲ့အစည်းည် နိုင်ငံများစွာနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော ကုမ္ပဏီတစ်ခုဖြစ်ကာ လူတိုင်းချီးကျူးကြသည့် Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားသောကြောင့် နယ်မြေကြီးပေါ်ရှိ မရေမတွက်နိုင်သောလူများက ဤအရာကို သဘာဝအတိုင်း မေးခွန်းထုတ်ခဲ့ကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏ နောက်ပိုင်းလုပ်ဆောင်ချက်များသည် လူတိုင်းကို အမှန်တကယ် ထိတ်လန့်စေသည့်အရာဖြစ်သည်။
သာမာန်အားဖြင့်ပြောရလျှင် ကုမ္ပဏီတစ်ခုသည် မှော်ပညာရှင်များအဖွဲ့အစည်းကဲ့သို့အဖွဲ့အစည်းထံမှ ပစ်မှတ်ထားခံရပါက၊ ၎င်းတို့၏ ပထမရွေးချယ်မှုမှာ မှော်ပညာရှင်များအဖွဲ့အစည်း၏ သြဇာလွှမ်းမိုးမှု အလွန်ကြီးမားသောကြောင့် ပြန်လည်ပေါင်းစည်းရန် နည်းလမ်းကို တွေးတောရမည်ဖြစ်ပြီး ၎င်းတို့အား ဆန့်ကျင်ခြင်းတွင် မည်သည့် အကျိုးကျေးဇူးမျှ မရှိပေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များအဖွဲ့အစည်းကိုမျက်နှာသာမပေးခဲ့ပေ။ ၎င်းတို့သည် မှော်ပညာရှင်များအဖွဲ့အစည်းထံမှခွဲထွက်ပြီး မှော်ပညာရှင်များအဖွဲ့အစည်း၏ ကျောထောက်နောက်ခံရှိသော အထူးနိုင်ငံဖြစ်သည့် မန်နာမှော်တိုင်းပြည်ကိုပင်ကျူးကျော်ခဲ့သည်။
ဒါ့အပြင်....၎င်းတို့ အနိုင်ခဲ့၏!
လူတွေက ထိုသို့ ထိတ်လန့်စရာကောင်းသည့်သတင်းတွေကို အားလုံး နားမလည်နိုင် ဖြစ်နေစဉ်တွင်ပင်၊ နယ်မြေကြီးရှိ လူတိုင်းဟာ ထိတ်လန့်တကြားအော်ဟစ်သံတွေကြောင့် အသံများကိုပင် ဆုံးရှုံးစေနိုင်သည့် နောက်သတင်းတစ်ခုရှိလာ၏။
လီဗင်ဟက်စ်ကို နှင့် ဆာရန်ဒါလ်ကလေးတို့သည် နယ်မြေကြီးပေါ်တွင် အချိန်အတော်ကြာ ကျော်ကြားခဲ့သော ခေါင်းဆောင်မှော်ပညာရှင်နှစ်ဦးဖြစ်ပြီး ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို တိုက်ခိုက်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသော်လည်း အဆုံး၌ တွန်းလှန်ခြင်းခံခဲ့ရသည်။
ခေါင်းဆောင်မှော်ပညာရှင် ဆာရန်ဒါလ်ကလေးသည် မန်နာမှော်တိုင်းပြည်သို့ပြန်လာပြီးနောက်တွင် သူ့မှော်မျှော်စင်ထဲတွင်သာ ပုန်းအောင်းနေခဲ့ပြီး သူ့ကိုယ်သူ တစ်ချိန်လုံး ကုသနေခဲ့သည်။
၎င်းနှင့် အတူ လိုက်သွားခဲ့သည့် လီဗင်ဟက်စ်ကိုကတော့ သေသွားပြီဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်း၏ ကြေငြာချက်အရ၊ ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုသည် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို တိုက်ခိုက်စဉ်က Frestech ကုန်သည်ကြီးများအသင်း၏ တန်ပြန်တိုက်ခိုက်မှု ကိုခံရပြီးနောက်ဆုံးတွင် သေဆုံးခဲ့သည်။
ထိုသတင်းက မှော်ပညာရှင်တွေတင်မကဘဲ နယ်မြေကြီးထဲရှိ သာမန်လူတွေအားလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
သူက ခေါင်းဆောင်မှော်ပညာရှင်လေ။ သူက ဘယ်လိုသေနိုင်မှာလဲ။
Frestech ကုန်သည်ကြီးများအသင်းမှ ခေါင်းဆောင်မှော်ပညာရှင်လီဗင်ဟက်စ်ကိုနှင့် ခေါင်းဆောင်မှော်ပညာရှင်ဆာရန်ဒါလ်ကလေးတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို တိုက်ခိုက်ပုံနှင့် ခေါင်းဆောင်မှော်ပညာရှင်လီဗင်ဟက်စ်ကို အမြဲသိမ်းဆည်းထားခဲ့သော Doomsday နတ်သူငယ်လက်စွပ်ကို ပြသခြင်းကြောင့် လူအများစု၏ စိတ်ထဲရှိ သံသယများသည် အတည်ပြုခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုသည် အမှန်ပင် သေဆုံးသွားခဲ့သည်၊ မဟုတ်ပါက ခေါင်းဆောင်မှော်ပညာရှင်အဖြစ် သူ၏ စွမ်းအားဖြင့် Doomsday နတ်သူငယ်လက်စွပ်ကို မည်သူက ခိုးယူနိုင်မည်နည်း။
သို့သော် Doomsday နတ်သူငယ်လက်စွပ် နှင့် နှိုင်းယှဉ်ပါက လူတိုင်းသည် အခြားပြဿနာကို ဂရုစိုက်ကြသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်သော အသံသွင်းမှုတွင် ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုသည် မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများဖြင့် အမှန်တကယ် အသတ်ခံခဲ့ရသည်လား။
အသံသွင်းမှုကို အခြေခံရလျှင် မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများသည် ကြီးမားသောစွမ်းအားရှိသော်လည်း လီဗင်ဟက်စ်ကိုသည် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်သည်။ ထိုကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို သူ မခုခံနိုင်လျှင်ပင် အနည်းဆုံးတော့ ရှောင်လွှဲနိုင်မည်ဖြစ်၏၊ ဒါဆို ဘာကြောင့် သူ့ကို သေစေခဲ့တာလဲ။
၎င်းက အဓိပ္ပါယ်ရှိပုံမပေါ်ပေ။
သို့ပေမယ့် Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ကြေငြာသည့်အခါ၊ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းသို့ လီဗင်ဟက်စ်ကိုနှင့်အတူ သွားခဲ့သော ခေါင်းဆောင်မှော်ပညာရှင်ဆာရန်ဒါလ်ကလေးဖြစ်စေ၊ မန်နာမှော်တိုင်းပြည်မှဖြစ်စေ ၎င်းတို့နှစ်ဘက်စလုံးက တုံ့ပြန်ပြောဆိုခြင်းမရှိပေ။
ထို့ကြောင့် ဤအချက်အလက်သည် အမှန်တကယ်ဖြစ်နိုင်ချေရှိသည်ကို လူအများစုက နားလည်ကြသည်။
သို့သော်၊ ၎င်းကို လူတွေက အတည်ပြုပြီးသည်နှင့် စိုင်စ်နယ်မြေကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
ခေါင်းဆောင်မှော်ပညာရှင်တစ်ဦး ကျဆုံးခဲ့သည့် နောက်ဆုံးအကြိမ်က လွန်ခဲ့သည့် နှစ်တစ်ထောင်လောက်ကတည်းကပင်။
အနှစ်တစ်ထောင်ကြာသောအခါတွင် နောက်ထပ် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦး ကျဆုံးမည်ဟု မထင်ခဲ့ကြပေ။
လူတွေကို ပိုထိတ်လန့်စေသည်ကတော့ ၎င်းကို အနိုင်ယူခဲ့သည်က ဒဏ္ဍာရီလာ မဟာခေါင်းဆောင်မှော်ပညာရှင်မဟုတ်သလို အခြား ခေါင်းဆောင်မှော်ပညာရှင်လည်းမဟုတ်ဘဲ၊ မဟာမှော်ပညာရှင်နှင့် ၎င်း၏ လက်အောက်ငယ်သားအဖွဲ့ ဖြစ်နေခြင်းပါပင်။
မှော်ပညာရှင်များအကြားတွင် အဆင့်အတန်း ကွာခြားလေလေ ကွာဟမှု ကြီးလေလေဟု သိရသည်။
မဟာမှော်ပညာရှင်နှင့် သာမန်မှော်ပညာရှင်များကြားက ဖြတ်ကျော်၍မရနိုင်သော ကွာဟချက်ရှိပြီး ခေါင်းဆောင်မှော်ပညာရှင်သည် မဟာမှော်ပညာရှင်နှင့် နှိုင်းယှဉ်လျှင်ပင် ပိုမိုမြင့်မားသောအတိုင်းအတာတစ်ခုရှိသည်။
သီအိုရီအရ၊ မဟာမှော်ပညာရှင်သည် လက်အောက်ငယ်သားများကို ဦးဆောင်နေပြီး ၎င်း မဟာမှော်ပညာရှင်ဆယ်ယောက်ရှိပင်လျှင် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ပေ။
မဟာမှော်ပညာရှင် အယောက်တစ်ရာဖြစ်လျှင် ခေါင်းဆောင်မှော်ပညာရှင်ကို အနိုင်ရယူနိုင်သော်လည်း အခြေခံအားဖြင့် တစ်ဦးကိုသတ်ရန် မဖြစ်နိုင်ပေ။
ထိုမှမဟုတ် ပိုရိုးရှင်းစွာပြောရမည်ဆိုလျှင် နယ်မြေကြီးတွင် မဟာခေါင်းဆောင်မှော်ပညာရှင်မရှိဘူးဆိုသည့်အချက်ကြောင့် ခေါင်းဆောင်မှော်ပညာရှင်က သူ့ကိုယ်သူသတ်သေချင်မှမဟုတ်လျှင် သတ်နိုင်မည့်သူမရှိဘူးဟု ဆိုနိုင်ပါ၏။
ထို့ကြောင့် ခေါင်းဆောင်မှော်ပညာရှင်များသည် နယ်မြေကြီးပေါ်ရှိ နိုင်ငံတိုင်း ရယူလိုသည့်အရာဖြစ်ပြီး အခြားနိုင်ငံများကို ဟန့်တားရန် နိုင်ငံများတွင် အသုံးပြုသည့် အင်အားအကောင်းဆုံးလက်နက်များဖြစ်သည်။
ခေါင်းဆောင်မှော်ပညာရှင်သည် ကျူးကျော်စစ်ပွဲများတွင် မပါဝင်နိုင်သော်လည်း၊ ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ လှုပ်ရှားရန် ကန့်သတ်ထားခြင်းမရှိပါ။
ဤအချိန်၌ လီဗင်ဟက်စ်ကိုင့် ဆာရန်ဒါလ်ကလေးတို့သည် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကိုတိုက်ခိုက်နိုင်သည်မှာ ၎င်းကြောင့်ဖြစ်သည်။
၎င်းတို့သည် မန်နာမှော်တိုင်းပြည်၏ ခေါင်းဆောင်မှော်ပညာရှင်နှစ်ဦးဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ တိုက်ခိုက်ခြင်းခံခဲ့ရသော မန်နာမှော်တိုင်းပြည်ကြောင့်သာ မဟုတ်ပါက၊ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို မည်သို့လာရောက်တိုက်ခိုက်နိုင်ပြီး ဥက္ကဌ ရှုယီကို အကြောင်းပြချက်မရှိဘဲ သတ်ပစ်ရန် မည်သို့ကြိုးစားနိုင်ပါမည်နည်း။
မန်နာမှော်တိုင်းပြည်က ကြိုးစကို ဆွဲထုတ်လိုက်ခြင်း ဒါမှမဟုတ်လျှင် မန်နာမှော်တိုင်းပြည် နောက်ကွယ်က မှော်ပညာရှင်များအဖွဲ့အစည်းကြောင့်ဆိုသည်မှာ ရှင်းပါ၏။
သို့သော်…… ဆာရန်ဒါလ်ကလေးသည် တွန်းလှန်ခံခဲ့ရပြီး လီဗင်ဟက်စ်ကိုကမူ အသတ်ခံခဲ့ရသည်။
လီဗင်ဟက်စ်ကိုသည် သူ့ကိုယ်သူသတ်သေမည်ဟု မည်သူမျှ မယုံကြည်ကြသောကြောင့် တစ်ခုတည်းသောရှင်းပြချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ခြင်းဖြစ်သည်။
ဤအချက်သည် မည်သူမျှ မယုံကြည်နိုင်သော အရာဖြစ်သည် ။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို မည်သို့လုပ်ဆောင်ခဲ့သနည်း။
၎င်းကအမှန်ဆိုရင် Frestech ကုန်သည်ကြီးများအသင်းက တခြား ခေါင်းဆောင်မှော်ပညာရှင်တွေကိုရော သတ်နိုင်မယ်လို့ ဆိုလိုရာမကျဘူးလား?
Frestech ကုန်သည်ကြီးများအသင်းသာ အခြား ခေါင်းဆောင်မှော်ပညာရှင်များကို အမှန်တကယ်သတ်နိုင်ပါလျှင်၊ ၎င်း၏ နောက်ကွယ်က အဓိပ္ပါယ်မှာ အင်မတန်ကြောက်စရာကောင်းလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်အား ရုတ်တရက် တိုက်ခိုက်ခဲ့သည်ကို သတိရသူများ ရှိပါ၏။
Frestech ကုန်သည်ကြီးများအသင်းသည် ဤအကျိုးဆက်များကို လုံးဝထည့်သွင်းမစဉ်းစားဘဲ မိုက်မဲလွန်းသည်ဟု လူအများက ထင်ခဲ့ကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် မန်နာမှော်တိုင်းပြည်၏ စွမ်းအားကြီးမားသော ဂုဏ်သရေတပ်ရင်းကို အနိုင်ယူခဲ့လျှင်ပင် မန်နာမှော်တိုင်းပြည်တွင် ခေါင်းဆောင်မှော်ပညာရှင်ငါးဦးရှိသည်။
ဤ ခေါင်းဆောင်မှော်ပညာရှင်ငါးဦးသည် အခြားနိုင်ငံများကို ကျူးကျော်ရန် မန်နာမှော်တိုင်းပြည်၏ တပ်များနောက်သို့ လိုက်မည်မဟုတ်ပါချေ။ သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းအား လက်တုံ့ပြန်ရန် လျှို့ဝှက်လုပ်ဆောင်နိုင်ပြီး ယင်းနှင့်ပတ်သက်၍ မည်သူမျှ ဘာမှမပြောနိုင်ပေ။
သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းမှ ခေါင်းဆောင်မှော်ပညာရှင်လီဗင်ဟက်စ်ကို,ကို သတ်လိုက်သည့်သတင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ မန်နာမှော်တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ခဲ့သည့်ပုံကို လူတိုင်းသတိပြုမိကြသည်။
Frestech ကုန်သည်ကြီးများအသင်းသည် ခေါင်းဆောင်မှော်ပညာရှင်ကို သတ်ရန် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့်၊ မန်နာမှော်တိုင်းပြည်မှ လက်တုံ့ပြန်သည့်အနေဖြင့် ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုအား လွှတ်လိုက်သည့်အခါ ကျဆုံးသွားခဲ့သည်။
ယခုတော့ ပြဿနာမှာ၊ Frestech ကုန်သည်ကြီးများအသင်းက ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို,ကိုသတ်ဖို့ မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သနည်း ဟူသည်ပင်။ ၎င်းတို့က ခေါင်းဆောင်မှော်ပညာရှင်တစ်ဦး သတ်နိုင်သည်ဆိုသည်မှာ၊ အခြား ခေါင်းဆောင်မှော်ပညာရှင်များကိုလည်း သတ်နိုင်မည်ဟု ဆိုလိုသည် မဟုတ်ပါလား။
ထိုမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းထံတွင် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးကိုသာ သတ်နိုင်စွမ်းရှိပြီး နောက်တစ်ဦးကို ခံနိုင်ရည်မရှိနိုင်ဘူးလား?
သို့ပေမယ့် ၎င်းကို ဘယ်သူမှ အတည်ပြုဖို့ ဆန္ဒမရှိခဲ့ပါချေ။
၎င်းကို အတည်ပြုဖို့ အရည်အချင်းပြည့်မီသည့် ခေါင်းဆောင်မှော်ပညာရှင်များမှာ နယ်မြေကြီးတွင် နှစ်ဆယ့်ရှစ်ယောက်သာ ရှိသည်။ ယခု ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို ကျဆုံးပြီး ၎င်းတို့အနက် နှစ်ဆယ့်ခုနစ်ဦးသာ ကျန်ရှိတော့သလို ၎င်းတို့ထဲမှ တစ်ဦးမှာ Frestech ကုန်သည်ကြီးများအသင်းတွင် ရပ်တည်မည့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဖြစ်သည်။
ကျန်သည့် နှစ်ဆယ့်ခြောက်ယောက်ထဲက ခေါင်းဆောင်မှော်ပညာရှင်များတွင် မည်သူက ၎င်းကို အတည်ပြုဖို့ မိမိတို့၏ အသက်ကို စွန့်မည်နည်း။ ၎င်းကို အတည်ပြုဖို့အတွက် ခေါင်းဆောင်မှော်ပညာရှင်ကို အသက်စွန့်ရန် ဘယ်သူက တွန်းအားပေးနိုင်မည်နည်း?
ဤမေးခွန်း၏အဖြေကို မည်သူမျှမသိခဲ့ကြဘဲ၊ Frestech ကုန်သည်ကြီးများအသင်းမှ ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို အသတ်ခံရသည့်သတင်း ပြန့်နှံ့သွားပြီးနောက်မှသာ သိရှိခဲ့ကြပါသည်။ ကန်ဒရာ အင်ပါယာနှင့် မာလို အင်ပါယာတို့သည် Frestech ကုန်သည်ကြီးများအသင်းနှင့် သဘောတူညီချက်အသစ်များ၌ လက်မှတ်ရေးထိုးခဲ့သည်။
အသေးစိတ်အချက်အလက်များကို မည်သူမျှမသိကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် အင်ပါယာနှစ်နိုင်ငံအကြား ချုပ်ဆိုထားသော သဘောတူညီချက်နှစ်ခုတွင် Frestech ကုန်သည်ကြီးများအသင်းအား အခွင့်ကောင်းများစွာပေးခဲ့ကြောင်း ရှင်းရှင်းလင်းလင်းသိရသည်။
အကြောင်းမှာ ယင်းနောက်ပိုင်းတွင် မရေမတွက်နိုင်သော Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းများနှင့် မှော်စက်များမှာ အင်ပါယာနှစ်ခုထဲသို့ လှိုင်းလုံးများနှယ် ဝင်ရောက်လာသောကြောင့် ဖြစ်သည်။
အင်ပါယာနှစ်ခုပြီးနောက်၊ နယ်မြေကြီးရှိ နိုင်ငံအားလုံးသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လျှောက်လွှာတင်သွင်းခဲ့ကြသည်။
ယခုတစ်ကြိမ်၌၊ Frestech ကုန်သည်ကြီးများအသင်းသည် ဤနိုင်ငံများနှင့် စည်းကမ်းချက်များကို ဆွေးနွေးနေခြင်းမဟုတ်ပေ။ Frestech ကုန်သည်ကြီးများအသင်းသည် အဆိုပါနိုင်ငံတစ်ခုစီကို စစ်ဆေးနေပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိမရှိအပြင် မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကို ဆုံးဖြတ်ခြင်းပင်ဖြစ်သည်။
(*မဆွေးနွေးဘဲ ကုမ္ပဏီဘက်က အကုန်ဆုံးဖြတ်တာဖြစ်ပါတယ်။)
ထိုနိုင်ငံများအပြင် သာမန်လူတွေက ပိုမြန်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ရောင်းချမှုသည် တစ်နှစ်ထက်တစ်နှစ် တိုးလာသော်လည်း၊ ဤသတင်းပျံ့နှံ့သွားသည်နှင့်အမျှ နယ်မြေကြီးတစ်ခွင်မှ အမှာစာများသည် Frestech ကုန်သည်ကြီးများအသင်းသို့ ရောက်လာသည်။
ဤအမှာစာများအားလုံးဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ မူရင်းထုတ်လုပ်မှုနှုန်းကို ထိန်းသိမ်းထားသောကြောင့် အဆိုပါအမှာစာများသည် ၎င်းတို့ကို သုံးနှစ်ကြာ ဆက်လက်ထုတ်လုပ်ခိုင်းရန် လုံလောက်သည်။
Frestech ကုန်သည်ကြီးများအသင်းအပြင် မှော်စက်လုပ်ငန်းကို စတင်လာသော နိုင်ငံများတွင် ၎င်းတို့နှင့် ပါလာသော အခြားကုမ္ပဏီများ၏ ထုတ်ကုန်များသည်လည်း အလွန်ရေပန်းစားသည်။ သို့သော်၊ ဤသတင်းပျံ့နှံ့ပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များသည် လူကြိုက်အများဆုံးဖြစ်လာခဲ့သည်။
လူတိုင်းအတွက် Frestech ကုန်သည်ကြီးများအသင်းထံမှ တစ်စုံတစ်ခုကို ဝယ်ယူနိုင်ခြင်းသည် ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ဂုဏ်ယူစရာတစ်ခုဖြစ်လာသည်။
ခေါင်းဆောင်မှော်ပညာရှင်ကို သတ်နိုင်သည့် ကုမ္ပဏီတစ်ခုက မှော်စက်များတွင် ကျွမ်းကျင်မှုမှာ အခြားကုမ္ပဏီတွေကို ကျော်လွန်သွားသည်။
၎င်းနောက်ကွယ်မှာ ယုတ္တိအများကြီးမရှိဘဲ၊ ၎င်းမှာ သာမာန်လူတော်တော်များများ၏ အတွေးတွေချည်းပါပင်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ခေါင်းဆောင်မှော်ပညာရှင်လီဗင်ဟက်စ်ကို,ကို သတ်သည့်သတင်း ပြန့်နှံ့သွားပြီးနောက် သက္ကရာဇ်၃၇၉၃ခု၏ နှစ်ဝက်လောက်တွင်၊ Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးတစ်ခုလုံးကို လျင်မြန်စွာပျံ့နှံ့သွားသော ရပ်တန့်မရနိုင်သောလှိုင်းတစ်ခုလို ဖြစ်လာခဲ့သည်။
ထို့အတွက် တစ်ချို့လူတွေက ပျော်ကြသော်လည်း၊ တစ်ချို့က စိုးရိမ်ကြကာ၊ အများစုကတော့ အကူအညီမဲ့ ဖြစ်ကြသည်။
လူများစွာအတွက် Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီတစ်ခုသာဖြစ်သော်လည်း ၎င်းတို့သည် ရပ်တန့်၍မရနိုင်သော အင်ပါယာအသစ်တစ်ခုကဲ့သို့ ဖြစ်နေပြီပင်။
၎င်းတို့သည် စစ်မှန်သော အင်ပါယာဖြစ်လာပြီး နယ်မြေကြီးအား အုပ်စိုးမည့် နေ့တစ်နေ့ပင် ရှိလာလိမ့်မည်။
***
{Volume 6 ပြီးပါပြီ}