← Chapters

ဘဝတစ်ခုလုံးစာလောင်းကြေးထပ်ရဲတယ်။

Vol. 8 Ch. 97

ဘဝတစ်ခုလုံးစာလောင်းကြေးထပ်ရဲတယ်။

Vol. 8 Ch. 97

ညနေခင်းမှာ ကောကျွင်းယွီက သတိပြန်လည်လာသည်။ သူက သတိမေ့မြောသည်အထ အရိုက်ခံရပြီး ကားပေါ်ကိုဆွဲခေါ်ခံလိုက်ရသည်။ သူနိုးလာသောအခါ သူ့မိသားစုက ဘေးနားမှာရှိနေသဖြင့် သူ့ကိုဘယ်သူမှ အန္တရာယ်မပြုနိုင်ခဲ့ပေ။ ယခုလို သတိပြန်လည်လာခြင်းက အဆိုးထဲက အကောင်းဖြစ်ပေသည်။

နေ့လည်ခင်းမှာ တခြားကလေးများ၏ မိဘများက လက်ဆောင်ပစ္စည်းများယူလာပြီး သူတို့ကလေးများကို ကယ်တင်ပေးသော ဖန့်ကြွယ်ယွီကို ကျေးဇူးတင်ကြောင်း တဖွဖွပြောကြသည်။ သတင်းထောက်များကလည်း ထိုသတင်းကိုအပြိုင်အဆိုင်ယူကြသဖြင့် မိဘများအကြားမှာထိုသတင်းက ဟိုးလေးတကျော်ဖြစ်နေသည်။

တချို့မိဘများက ဖန့်ကြွယ်ယွီကိုကျေးဇူးတင်ကြသည်။ မီဒီယာကျေးဇူးကြောင့် သူ၏

သူရဲကောင်းဆန်ဆန်လုပ်ရပ်များကတမဟုတ်ချင်း ပျံ့နှံ့သွားသည်။

သတင်းများက ပိုပိုသာသာရေးကြသော်လည်း ပျောက်ဆုံးနေသော ကလေးများကို သူကယ်တင်ပေးနိုင်ခဲ့တာက အမှန်တရားဖြစ်သည်။

သူ၏ လုပ်ရပ်များကို လူအများစုက ချီးကျူးဩဘာပြုကြသည်။ ယခင်နေ့က သူတင်ထားခဲ့သော ကံစမ်းမဲပို့စ်အောက်တွင် လူအများအပြားက ချီးကျူးသည့်မှတ်ချက်များပေးကြသည်။

သူ့ကို ငကြွားကြီးဟု ခေါ်ခဲ့ကြသော လူများတောင်မှ သူ့ပရိတ်သက်ဖြစ်လာကြသည်။

“ဥက္ကဌက မိုက်လိုက်တာ”

“ဥက္ကဌ..ဒါကို မင်းရဲ့ သက်တောင်စောင့်အဖွဲ့နဲ့ လုပ်ခဲ့တာလား”

“ဥက္ကဌက ချမ်းသာရုံတင်မကဘူး စိတ်ထားလေးကလည်းကောင်းသေးတာ။ သူ့ဆီက သင်ယူရမယ်”

“ရှောင်းရီ ငါ့ရဲ့ ရပိုင်ခွင့်လုပ်ငန်းတွေက ၁၀% လောက်ကြီး ရုတ်တရက် မြင့်လာတာ ဘကြောင့်လဲ”

“ဒါပေါ့ ပိုင်ရှင်ရဲ့ လုပ်ရပ်တွေကို လူအများအပြားက ချီးကျူးထောပနာပြုကြတာမို့ ဂုဏ်သတင်းတက်လာတာမို့ တိုးတက်မှုက အရမ်းမြန်ဆန်ခဲ့တာ”

“ဟာ..မင်း ငါ့ကို စောစောက ဘာကြောင့်မပြောတာလဲ”

ဖန့်ကြွယ်ယွီက ဖုန်းကိုကောက်ကိုင်ပြီး ကျွမ်းရီကိုခေါ်သည်။

“ဟဲလို အမရီ..ကူညီပါဦး။ တရုတ်က ပရဟိတအဖွဲ့တွေ၊ ကလေးတွေနဲ့သက်ဆိုင်တဲ့ ဖောင်ဒေးရှင်းတွေနဲ့ တခြား ပရဟိတအဖွဲ့တွေကို ငါ့အတွက် ပိုက်ဆံလှူပေးပါဦး”

“ဟမ် ဘယ်လောက်လဲ” “တစ်ခါလှူရင် ဆယ်ဘီလီယံ”

“ဘယ်လို အဖွဲ့ပေါင်း ၂၀၀ကျော်ရှိတာလေ”

“လှူသာလှူလိုက်ပါ။ ငါ့မှာပိုက်ဆံရှိပါတယ်”

ကောကျွင်းယွီ၏ ကိစ္စက ယခုအချိန်မှာ ဖြေရှင်းပြီးဖြစ်သည်။ ကောရှုက အလုပ်မှခွင့်ယူပြီး ကောကျွင်းယွီဘေးနားတွင် နွေရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး နေပေးမည်။ ယောင်ရီဖန်းက အလုပ်မှထွက်ပြီး အိမ်မှာပဲ အချိန်ပြည့်နေတော့သည်။ ဤဖြစ်ရပ်ကြောင့် သူတို့မိသားစု စိတ်ဒဏ်ရာရခဲ့သည်။

ဆေးရုံရှိအထူးခန်းသည် တိုက်ခန်းအသေးလေးတစ်ခုနီးပါးတူသည်။ ယောင်ရီဖန်းနှင့် ကောရှုက ဆေးရုံမှာ ညအိပ်စောင့်ပြီး ကျွင်းယွီကို စောင့်ရှောက်သည်။ ဆေးရုံက ဖန့်ကြွယ်ယွီ၏ အိမ်နှင့်နီးသဖြင့် ကောရှင်းယွီက ဖန့်ကြွယ်ယွီ၏အိမ်မှာညအိပ်ဖို့ စီစဉ်သည်။

အရင်တစ်ခါလည်း နေဖူးသဖြင့် သူမက ထိုအိမ်မှာနေသားကျပြီး မရှက်တော့ပေ။

ထို့ပြင် သူတို့၏ အနေအထားကိုမိဘများကလည်း သိပြီးသားဖြစ်သည်။ ဖန့်ကြွယ်ယွီက ရှင်းယွီကို အိမ်ပြန်လိုက်ပို့ပေးနိုင်သည်။ သို့သော် ဖန့်ကြွယ်ယွီက ဒီနားမှာရှိသည်ဆိုသော သတင်းကို ယောင်ရီဖန်းကြားပြီးနောက် သူမကိုယ်တိုင်ပင် သူ့အိမ်မှာနေဖို့တိုက်တွန်းသည်။

“မစ္စကော၊ ရောက်လာပြန်ပြီပေါ့” ကျွမ်းရီက သူမနေဖို့အခန်းနှင့် အကျီအဝတ်အစားများပြင်ထားပေးသည်။

“သခင်လေး ဒီညမှာတော့ ကံကောင်းပါစေနော်” ဟု ကျွမ်းရီက တိုးတိုးလေးကပ်ပြောသည်။ ထိုစကားကို ရှင်းယွီကြားလိုက်ရသောအခါ ရှက်သွေးဖြာလာသည်။

“ဒါနဲ့ အမရီ ရဲတွေကိစ္စကရောဘယ်လိုလဲ။ ငါဆိုတာသိကုန်ကြပြီလား”

“ကျန်းနန် ရဲစခန်းက ဒါရိုက်တာက ကျွန်မတို့ကျွမ်းမိသားစုကပါ။ ဒါကြောင့်မို့ စည်းမျဉ်းစည်းကမ်းအကြီးကြီး မဖောက်သေးသရွေ့ညှိပေးလို့ရတယ်”

“အဲ့ဂိုဏ်းက ကလေးတွေကိုပြန်ပေးဆွဲနေတာကြာပြီ။ ခုတော့ တစ်ချက်တည်းနဲ့ တစ်ဖွဲ့လုံးကိုအမြစ်ဖြုတ်နိုင်ခဲ့ပြီ”

“အင်း အဲ့တာဆို ကုန်းလမ်းပို့ဆောင်ရေးဌာနကရော..”

“ကျွန်မတို့ မိသားစုထဲကပါပဲ”

“အင်း မိုက်တာပေါ့” ဖန့်ကြွယ်ယွီက ဆက်မမေးလိုတော့ပေ။ ရာထူးကြီးတော်တော်များများတောင်မှ သူတို့မိသားစုနှင့် ဆက်စပ်နေပုံရသည်။

“ဒါနဲ့ သခင်လေး..အံဆွဲထဲမှာသခင်လေးလိုမဲ့ဟာလေးထည့်ပေးထားတယ်။ ဒါကြောင့်မို့ ညရောက်ရင်

စိတ်ကြိုက်သုံးပါ။ အရင်တစ်ခါလို မလေလွင့်စေနဲ့နော်”ဟုဆိုကာ ကျွမ်းရီက ပြောင်စပ်စပ်လုပ်ပြသည်။

“ကိုယ့်သူဌေးကို လက်ထောက်က ဒီလိုပြောတာတစ်ခါမှမကြားဖူးဘူး”

ဖန့်ကြွယ်ယွီမျက်နှာပျက်လာသည်။

ကျွမ်းရီ၏ ကားမောင်းသည့်ပုံစံက ယောကျာ်းလေးအများစုထက် ပိုပြီးကြောက်ဖို့ကောင်းသည်။

ဖန့်ကြွယ်ယွီက စိတ်ဆိုးချင်ယောင်ဆောင်နေတာကို ကျွမ်းရီသိနေသည်။ “ဟား ဟား ဟုတ်ပါပြီ ကျွန်မသွားပြီ”

“မင်းသာ တခြားသူဌေးနဲ့ဆို အလုပ်ထုတ်ခံရတာကြာနေပြီ သိလား”ဟု ဖန့်ကြွယ်ယွီက အော်ပြောသည်။

“ကျွန်မ..ရေသွားချိုးလိုက်ဦးမယ်” ကောရှင်းယွီက ကျွမ်းရီပြင်ပေးသော အဝတ်များကိုယူသည်။ ဖန့်ကြွယ်ယွီက ကျန်းနန်မြို့မှာရှိသော နာမည်ကြီးအထည်ဆိုင်များစွာပိုင်ဆိုင်တာမို့ ထိုဆိုင်များက ကောရှင်းယွီအတွက် အကျီပြင်ဆင်ပေးသည်။

“ဟူး…နောက်တစ်ညထပ်ပြီး ချုပ်တည်းထားရဦးမှာပါလား” ဖန့်ကြွယ်ယွီက စန္ဒရားဘက်ကို လျှောက်လာသည်။ သူ အိမ်ပြောင်းကတည်းက တစ်ခါမှ စန္ဒရားမတီးတော့သဖြင့် သူ၏လက်ချောင်းများက မသွက်လက်တော့ပေ။

လွန်ခဲ့သောလတွင် သူ့မိဘများ ထွက်သွားပြီး ရှောင်းယွီပေါ်လာကတည်းက သူ့ဘဝသည် တစ်ဆစ်ချိုးပြောင်းလဲခဲ့ရသည်။ သူ၏ ပြောဆိုပြုမူပုံနှင့် စိတ်နေစိတ်ထားများက ပြောင်းလဲလာသည့်အပေါ် သူထိုင်ပြီး ဆင်ခြင်သုံးသပ်လိုသည်။

သူ၏လက်ချောင်းလေးများက စန္ဒရားကိုတီးခတ်နေသဖြင့် အိမ်ဝန်းတစ်ခုလုံး ဂီတသံများလွှမ်းခြုံနေသည်။

ထိုဂီတသံကိုကြားသော ကောရှင်းယွီက ရေပန်းကိုပိတ်ပြီး ထိုအသံကိုနားထောင်နေမိသည်။ ဖန့်ကြွယ်ယွီ၏ စန္ဒရားစွမ်းရည်က သူမထက်မနိမ့်ပေ။

သို့သော် ထိုဂီတသံစဉ်တွင် ရှုပ်ထွေးသောခံစားချက်များရောပြွန်းနေသည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက် ဖန့်ကြွယ်ယွီက စန္ဒရားတီးနေရာမှ ထကာ အသက်ရှုထုတ်သည်။

“လူတစ်ယောက်ကဘယ်လောက်ပဲ ချမ်းသာချမ်းသာ အစွမ်းဘယ်လောက်ပဲထက်ထက် နှလုံးသားကိုတော့ မျက်ကွယ်ပြုလို့မရဘူး” ဟု တိတ်တဆိတ်ရေရွတ်ကာ အပေါ်ထပ်ရှိ သူ့အခန်းပေါ် တက်သွားသည်။

ကောရှင်းယွီက ရှေ့မှာရှိသောမှန်ကိုကြည့်ပြီး အဆင့်မြင့်ပိုးသားဖြင့် ဖန်တီးထားသော ညအိပ်ဝတ်စုံကိုလဲသည်။ ထိုဝတ်စုံက သက်တောင့်သက်သာဖြစ်ပြီး ပေါ့ပါးသည်။

သူမက ကော်လံကိုကြည့်သောအခါ တံဆိပ်ကိုမတွေ့ပေ။

“ ဒါကလည်း သူ့ကိုယ်ပိုင်ဆိုင်ကများလား”

သူမက အရင်တစ်ခေါက်တုန်းကလို ဖန့်ကြွယ်ယွီ၏ အခန်းထဲဝင်ဖို့ ကြိုးစားသည်။ ထိုအချိန်မှာ တစုံတရာကိုတွေးမိပြီး သူမ၏လက်က လေထဲမှာ ရပ်တန့်သွားသည်။ ထိုသို့တွေးမိပြီး ရှက်လာသဖြင့် ပါးနှစ်ဖက်များနီရဲလာသည်။

သူမကေ ခြေဗလာဖြင့် လမ်းလျှောက်သွားကာ ဧည့်ခန်းအတွင်းရှိ စန္ဒရားရှေ့တွင်ထိုင်သည်။ သူမက “အဖြူရောင်သံယောဇဉ်” ဟူသော သူမသဘောကျရသည့် စန္ဒရားပညာရှင်တစ်ဦး၏ သံစဉ်ကိုတီးခတ်မည်။

“ဟမ်” စန္ဒရား သံစဉ်သည် တီဗီကြည့်နေသော ဖန့်ကြွယ်ယွီ၏ အာရုံကိုဆွဲဆောင်နိုင်သည်။ သူက tvကိုပိတ်ပြီး အခန်းထဲမှထွက်လာသည်။ မှိန်ပျပျအလင်းအောက်တွင် စန္ဒရားတီးခတ်နေသော ရှင်းယွီကိုမြင်ရသည်။

သူကလည်း အားကျမခံ ပါဂဲ့နီနီပေးထားသော တယောကိုထုတ်သည်။

ထို တယောထိုးသံနှင့် စန္ဒရားသံများက သေသပ်လှပစွာပေါင်းစည်းနိုင်မှုအပေါ်ရှင်းယွီ မယုံနိုင်အောင်ဖြစ်ရသည်။ ဖန့်ကြွယ်ယွီက ဒီသီချင်းကိုသိလိမ့်မည်ဟု မတွေးထားပေ။

စန္ဒရားသံနှင့် တယောသံပေါင်းစပ်လိုက်သောအခါ အလွန်ပင် သာယာနာပျော်ဖွယ်ရှိလှပေသည်။

စန္ဒရားဘေးနားတွင် ရပ်နေပြီး တစ်ဦးကိုတစ်ဦးကို ချစ်ရည်ရွှန်းလဲ့သောအကြည့်များနှင့် စူးစူးစိုက်စိုက်ကြည့်နေကြသည်။

တီးခတ်မှုပြီးသည့်နောက် ဖန့်ကြွယ်ယွီက တ​ယောကို နေရာတကျပြန်ထားသောအခါ ဖြူလျလျလက်တစ်စုံက သူ့လည်ပင်းနားကို သိုင်းဖက်လိုက်သည်။

“ဒီည ကျွန်မကို ခေါ်သွားပါ” ဟု ရှင်းယွီကတိုးတိုးလေးကပ်ပြောသည်။

သူမက အမှန်တော့ အဆင်သင့်မဖြစ်သေးပေ။ သို့သ်ော ဖန့်ကြွယ်ယွီ၏ လုပ်ရပ်က သူမ၏စိတ်ကိုပြောင်းလဲစေသည်။ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာကြိုမသိနိုင်ပေ။ ထို့ကြောင့် သေချာနေသောအရာများကို အချိန်မီမလုပ်ခဲ့ပါက နောင်တကြီးစွာရပေလိမ့်မည်။

ထိုစကားကိုကြားပြီး ဖန့်ကြွယ်ယွီလည်း ကြက်သီးမွေးညင်းထလာသည်။

“မင်းသေချာပြီလား” ဟု သူပြန်မေးသည်။

“အင်း သေချာပြီ။ ဘဝတစ်ခုလုံးပုံအောပြီး လောင်းရဲတယ်”

“မင်းရဲ့ဆုံးဖြတ်ချက်က မှန်တယ်ဆိုတာ ငါသက်သေပြမယ်” ဟုဆိုကာ ကောရှင်းယွီကိုပွေ့ချီလိုက်ပြီး အိမ်ပေါ်တက်သွားသည်။

ညမှောင်မှောင်မှာ ရှက်ရွံ့နေသောလမင်းကြီးက တိမ်တွေနောက်မှာပုန်းကွယ်နေပြီး တိတ်ဆိတ်မှုက လွှမ်းခြုံထားသည်။

All Chapters