← Chapters

၈၂ခုနှစ်ထုတ် sprite

Vol. 8 Ch. 102

၈၂ခုနှစ်ထုတ် sprite

Vol. 8 Ch. 102

“ဟေ့ ဥက္ကဌဝမ်..မြေပြသနာကို ငါရှင်းပြီးပြီ။ မင်းစိတ်ပူဖို့မလိုတော့ဘူး” ဟု ဖန့်ကြွယ်ယွီက အိမ်ပြန်ရောက်ရောက်ချင်း ထိုသတင်းကို ဝမ်ချုံ့ထံသို့ ပို့ပေးသည်။

“မြန်လှချည်လား။ ဘယ်လောက်အကျယ်အဝန်းလဲ။ ဘယ်မှာရတာလဲ”

“တက်လာမခန် သဲကန္တာရမှာရတာ။ အကြမ်းဖျဉ်း ငါးဆယ်ကီလိုမီတာပတ်လည်ကျယ်ဝန်းတယ်။ အဲ့လောက်ပမာဏဆို ငါတို့ပရောဂျက်ရဲ့ ပထမအဆင့်ကို တည်ဆောက်ဖို့အတွက် လုံလောက်တာထက်ပိုတယ်မဟုတ်လား”

“ဘယ်လို သဲကန္တာရဟုတ်လား။ မင်းရူးနေလား။ အဲ့နေရာမှာ ရုပ်ရှင်မြို့တော်တည်လို့ရပါ့မလား” ဝမ်ချုံးက ဖန့်ကြွယ်ယွီတစ်ယောက်ရူးနေပြီဟုတောင် ထင်မြင်မိသည်။

“ငါ မရူးပါဘူး။ စိတ်မပူနဲ့။ နောက်ထပ်တစ်နှစ်ခွဲလောက်ဆို ငါတို့ဆောက်လုပ်ရေးလုပ်လို့ရမဲ့ မြေရပြီ။ အဲ့အတွက်ကို တွေးပူမနေနဲ့တော့။ နောက်နှစ်မှလုပ်ရမဲ့ကိစ္စတွေကို နောက်နှစ်မှတွေး”

“ကောင်းပြီလေ” ဝမ်ချုံးက တစ်စုံတစ်ရာပြောချင်သော်လည်း ဖန့်ကြွယ်ယွီ၏ လုပ်ဆောင်ချက်များကို စဉ်းစားမိပြီးအသံတိတ်နေလိုက်တော့သည်။

“ဟုတ်ပြီ။ မင်းက ငါ့သူဌေးဆိုတော့ မင်းပြောသလိုပဲပေါ့”

“ဒါနဲ့ မင်းနဲ့ မဆုံရတာကြာပြီ။ မင်း အိမ်ကို မနက်ဖြန်လာလည်မယ်”

“လာခဲ့ပါ။ မင်းအကြံကိုငါမသိဘူးများထင်နေလား။ မင်းက ငါ့စာဖိုမှူးလက်ရာကိုမျက်စိကျနေတာမဟုတ်လား”

“ဟဲဟဲ..မင်းက သိသားပဲ..မနက်ဖြန်ဆူရှီစားချင်လို့လေ..စီစဉ်ပေးနိုင်မလား” ဟု ဝမ်ချုံးက မေးသည်။

“ရတာပေါ့..မင်းက လာခဲတဲ့ဧည့်သည်ဆိုတော့ သေချာလေးဧည့်ခံရမယ်။ ပြီးတော့ မင်းက မီဒီယာကုမ္ပဏီတည်ထောင်နိုင်ဖို့ ကူညီပေးထားတာဆိုတော့ သေချာလေးဆုချရမယ်”

“အဲ့လိုမျိုးစကားလေးကြားရတာနဲ့တင် ဝမ်းသာနေပါပြီ” ဟု ဝမ်ချုံးကပြောသည်။

ဖန့်ကြွယ်ယွီက ဖုန်းပြောနေရင်း မိန်းမတစ်ဦး၏အသံကိုကြားလိုက်ရသဖြင့် ချက်ချင်းသဘောပေါက်သွားသည်။

“ဟုတ်ပြီ..လုပ်စရာရှိတာလုပ်လေ..မနက်ဖြန်ကျရင် မျက်ကွင်းညိုကြီးနဲ့ ကပိုကရိုမလာခဲ့နဲ့နော်”

စာစောင်ထုတ်ဝေနိုင်ရေးနှင့် ပတ်သက်ပြီး ကျန်းနန်တက္ကသိုလ်၏ ပါမောက္ခများက အားသွန်ခွန်စိုက်ကြိုးပမ်းနေကြပြီး မြေကိစ္စကိုတော့ ကျွမ်းရီကိုသာ လွှဲထားလိုက်သည်။

“ဘယ်လိုနေသေးလဲ သက်သာလား” ဖန့်ကြွယ်ယွီက ကောရှင်းယွီ၏ ဘေးနားကိုလျှောက်လှမ်းလာသည်။ သူမက နားကြပ်တပ်ထားပြီး ဖန့်ကြွယ်ယွီပေးသောသီချင်းကို ဆိုညဉ်းနေသည်။

ဖန့်ကြွယ်ယွီက သူမ၏နားကြပ်ကို ဆွဲချွတ်လိုက်ပြီး “ဒီနေ့လေးတော့ နားလိုက်လေကွာ” ဟုဆိုသည်။

“မရဘူး။ ဂီတဆိုတာ နေ့တိုင်းပုံမှန်လေ့ကျင့်ရတာ။ တစ်နေ့လေးတောင်နားလို့မရပါဘူး”

“ကျွန်မက ဒီသီချင်းကိုသွင်းတော့မှာ။ အဲ့တာကြောင့်လေ့ကျင့်မှရမယ်လေ”

“အိုးဟိုး..ငါတိုရဲ့ အဆိုတော်လေးက ပွဲဦးထွက်သီချင်းဆိုတော့မှာပေါ့” ဟု ဖန့်ကြွယ်ယွီက စနောက်ပြီးပြောသည်။

“အဲ့လောက်မလွယ်ပါဘူးရှင်။တရုတ်ပြည်မှာ အသံကောင်းတဲ့လူတွေမှ အများကြီး။ အဲ့ထဲက လူနည်းနည်းလေးကပဲ နာမည်ကြီးတာ။ တစ်ခါတလေကျတော့ အခွင့်အရေးတို့ စန်းတို့ ကံတို့ကလည်း အရေးကြီးသေးတယ်”

“ဒါက သာမန်လူတွေအတွက်ပါကွာ။ မင်းက ဖန့်ကြွယ်ယွီရဲ့ကောင်မလေးလေ မင်းအတွက်ဆို ကောင်းကင်ပေါ်က ကြယ်ကိုတောင် ဆွတ်ခူးနိုင်တာမို့ အဆိုတော်ဖြစ်အောင် လုပ်ပေးဖို့ဆိုတာ လွယ်လွယ်လေးပါ”

သီချင်းကိုလူသိများရန်နှင့် ဂီတစာရင်းများတွင် ထိပ်တန်းနေရာဝင်နိုင်ရန် ကဲ့သို့သော ပိုက်ဆံနှင့်ပြုလုပ်နိုင်သောကိစ္စများက မခဲယဉ်းလှပေ။

“မဟုတ်ဘူးလေ။ ကျွန်မကိုယ်ပိုင်ကအရည်အချင်းနဲ့ပဲ နာမည်ကြီးချင်တာ။ ပိုက်ဆံနဲ့ဝယ်ပြီး နာမည်ကြီးအောင်လုပ်တော့ရော ဘာများကောင်းလို့လဲ”

“ဟုတ်ပြီ ငါအကြံရပြီ။ ငါတို့ သီချင်းဆိုပြိုင်ပွဲလုပ်ရင်ရော ဘယ်လိုလဲ” ဖန့်ကြွယ်ယွီ၏ အတွေးထဲမှာ “Huaxia’s Got Talent” လိုမျိုး ပြိုင်ပွဲတစ်ခုကို သူသေချာပေါက် စီစဉ်သင့်ကြောင်း အကြံရသည်။

“အဲ့လိုလုပ်ဖို့လိုလို့လား” ကောရှင်းယွီက နောက်ထပ်ထိတ်လန့်စရာအဖြစ်အပျက်မျိုးဖန်တီးမည်ကို လွန်စွာမှ စိုးရိမ်သည်။

“ဒါနဲ့ ဘမ်ဘူးပလက်ဖောင်းမှာ မင်းရဲ့ဖော်လိုဝါတွေများလာတယ်မဟုတ်လား။ မင်းရဲ့သီချင်းကို အဲ့နေရာမှာ စပြီး ကြော်ငြာမယ်ဆိုရင်ရော”

ဖန့်ကြွယ်ယွီ၏ အတွေးထဲမှာထိုအကြံများပေါ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်းများခေတ်စားလာမှုနှင့်အတူ ပွဲအများစုကို တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများမှတစ်ဆင့် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ကြသည်။

ဝမ်ချုံးနှင့် ရင်းနှီးသဖြင့် ထိုသီချင်းဆိုပြိုင်ပွဲကို ဘမ်ဘူးပလက်ဖောင်းမှတစ်ဆင့် လွယ်လွယ်ကူကူစီစဉ်နိုင်သည်။ ကောရှင်းယွီ၏ ဂီတစွမ်းရည်၊ သီချင်းဆိုနိုင်သည့် အနေအထား နှင့် ထိုသီချင်း၏ အထောက်အပံ့နှင့်သာဆို သူမက သေချာပေါက်အဆင့်ကောင်းကောင်းရလိမ့်မည်။

ထို့နောက် တဖြည်းဖြည်းနှင့် ထိုသီချင်းကနာမည်ကြီးလာသည်နှင့်အတူ ကောရှင်းယွီ၏ စိတ်ကူးအိမ်မက်များပြည့်ဝလာပေတော့မည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ချုံးက မနက်ဖြန်တွင် သူ၏အိမ်ကိုလာလည်ဖို့ရှိသဖြင့် ထိုအကြောင်းဆွေးနွေးရန် အချိန်ကိုက်ပဲဖြစ်သည်။

“မမေ့နဲ့နော်။ မင်းက ငါ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်။ ဒါကြောင့်မို့လို့ မင်းသူဌေးရဲ့စကားကို နားထောင်ရမယ်” ဟု ဖန့်ကြွယ်ယွီက ပြောသည်။

“ဘာတုန်း ရှင်က ကျွန်မကိုချုပ်ချယ်ဖို့ကြိုးစားနေတာပေါ့လေ ဟုတ်လား”

သူမ၏ စွပ်စွဲချက်များကမှန်နေသဖြင့် ဖန့်ကြွယ်ယွီ ဘာမှပြန်မပြောနိုင်တော့ပေ။

“ခစ်ခစ်ခစ်” အခန်းထဲမှ ရယ်သံများထွက်လာသည်။

ဒီတစ်ကြိမ်က ဝမ်ချုံး၏ ဒုတိယအကြိမ်မြောက် ဖန့်ကြွယ်ယွီအိမ်သို့ လာလည်ခြင်းဖြစ်သည်။ ထို့ကြောင့် သူက လမ်းတွေကိုမှတ်မိနေသည်။

တစ်နေကုန်အနားယူပြီးနောက် ကောရှင်းယွီလည်း အိပ်ယာထဲမှ ထလာသည်။

“မင်း မင်းတို့” ကောရှင်းယွီကို ထိုနေရာမှာမြင်လိုက်ရသည့်အပေါ် ဝမ်ချုံးက အံ့အားသင့်သွားသည်။

“ ဟျောင့် ဖန့်..မင်းက ကိစ္စတွေကိုမြန်မြန်ပြီးအောင် စီစဉ်နေတာ ဒါကြောင့်ကိုး”

သူရောက်သွားသည့် အချိန်ကိုကြည့်ပြီး ကောရှင်းယွီက ဤအိမ်မှာတစ်ညလုံးနေနေပုံရသည်။ ထို့အပြင် သူမ၏ လမ်းလျှောက်ပုံကလည်း သာမန်အနေအထားနှင့် တူအောင် ကြိုးစားနေရသည့်ပုံပေါ်သည်။

“မဟုတ်တာလျှောက်မပြောနဲ့” ဝမ်ချုံးဆက်ပြောမှကို ဖန့်ကြွယ်ယွီတစ်ယောက် ဟန့်တားလိုက်ရသည်။

“ဟဲဟဲ မတွေ့ရတာကြာပြီနော် ရှင်းယွီ”

“ဟုတ်ကဲ့ ဥက္ကဌ မတွေ့ရတာကြာခဲ့ပြီ”

“ရှင်တို့နှစ်ယောက် စကားပြောနှင့်နေဦး။ ကျွန်မ ရှင်တို့အတွက် အအေးယူလာခဲ့ပေးမယ်။ ဘာများသောက်ချင်ကြသလဲ” ဟု ကောရှင်းယွီကထိုအိမ်၏ အိမ်ရှင်မတစ်ဦးအလား မေးနေသည်။

“နို့အေးတစ်ခွက်ပဲပေးပါ” ဟု ဖန့်ကြွယ်ယွီကဖြေသည်။

“ဥက္ကဌကရော ဘာသောက်ချင်လဲ”

“ ၁၉၈၂ ခုနှစ်ထုတ် sprite”

ကောရှင်းယွီ ဘာမှ မပြောနိုင်မှာပင် ဖန့်ကြွယ်ယွီက အားပါးတရရယ်မောသည်။

“ဟာသမလုပ်နဲ့နော်။ ငါ တကယ်တိုက်မှာဗျ”

လွန်ခဲ့သောအချိန်အခါက ဖန့်ကြွယ်ယွီက အိမ်အတွင်းပစ္စည်းများကို စီနေချိန်တွင် စာကြည့်ခန်းမှာ သေတ္တာတစ်လုံးရှာတွေ့ခဲ့သည်။ ထိုသေတ္တာထဲမှာ ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများ ပါမည်အထင်နှင့် ဖွင့်ကြည့်လိုက်သောအခါ အအေးသေတ္တာကြီးဖြစ်နေသည်။

၁၉၆၅မှ ၁၉၉၅ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော sprite, coke, fanta စသည်ဖြင့် အအေးမျိုးစုံရှိနေသည်။

“ဟား စတာပါကွာ။ သရက်သီးဖျော်ရည်ပဲသောက်တော့မယ်”

ဖန့်ကြွယ်ယွီက ၁၉၈၂ခုနှစ်ထုတ် sprite ကို ရအောင်ရှာပေးနိုင်တယ်ဆိုတာ ဝမ်ချုံးတစ်ယောက် သံသယမရှိပေ။

“ဒါနဲ့ အကိုဝမ်နဲ့ ဆွေးနွေးစရာလေးတစ်ခုရှိတယ်။ ရှင်းယွီက အဆိုတော်ဖြစ်ချင်တာလေ။ ဒါကြောင့်မို့ မင်းရဲ့ ဘမ်ဘူးပလက်ဖောင်းကိုသုံးပြီး သီချင်းဆိုပြိုင်ပွဲလေးတစ်ခု စီစဉ်ပေးချင်တယ်”

“မင်း နောက်နေတာလား ငါ့ညီ။ မင်းအနေအထားကြီးနဲ့ဆို ဝက်ကိုတောင် နာမည်ကြီးအောင်လုပ်ပေးနိုင်တယ်”

“မတူဘူးလေ။ရှင်းယွီက ငွေသုံးပြီး နာမည်ကြီးအောင်မလုပ်ချင်ဘူး။ သူ့ကိုယ်ပိုင်အရည်အချင်းပေါ်ကိုပဲ အားကိုးချင်တာ”

“သူမဆိုတဲ့သီချင်းတွေကို လူတွေပိုပိုပြီး နားထောင်လာစေဖို့ အွန်လိုင်းပရိတ်သက်အရင်ရှာတဲ့သဘောပေါ့ကွာ”

“အကြံကောင်းပဲလေ” သူ၏ ဘမ်ဘူးပလက်ဖောင်းကိုလည်း ကြည့်ရှုနှုန်းတက်လာနိုင်သည်။

“ကုန်ကျစရိတ်အကုန်လုံး ငါခံမယ်။ မင်းက သီချင်းဆို ပြိုင်ပွဲကို ဦးဆောင်ပေးဖို့ပဲလိုတာ။ အရာအားလုံးကို ပွင့်ပွင့်လင်းလင်းနဲ့ မျှမျှတတရှိအောင်တော့လုပ်ပေးပါ”

“စိတ်မပူနဲ့။ နှစ်ပတ်အတွင်းဖြစ်စေရမယ်”

ဝမ်ချုံးအတွက် ထိုကိစ္စက ဘာမှမပြောပလောက်ပေ။

“ကျေးဇူးတင်ပါတယ်”

“ဘာအတွက် ကျေးဇူးတင်တာလဲ။ ဒါပေမဲ့ ငါတို့နောက်ဆုံးလောင်းကြေး”

ဝမ်ချုံးက အမျိုးသမီးဝတ်စုံဝတ်ပြီး “ အောင်နိုင်ခြင်း” သီချင်းကိုဆိုပြမည်ဆိုသော ကတိကို အခုထိမဖြည့်ပေးသေးပေ။

“အဲ့ကိစ္စက သပ်သပ်လေ”

“ဟျောင့်”

All Chapters