← Chapters

ငါက အင်တာဗျူးမေးမဲ့သူပါ…

Vol. 8 Ch. 104

ငါက အင်တာဗျူးမေးမဲ့သူပါ…

Vol. 8 Ch. 104

“လုံးဝလူပင်လယ်ကြီးပါလား”

မိုးကြိုးနည်းပညာအခန်း၏ အပြင်ဘက်တွင် နားနေခန်းရှိသည်။ တင်ပြပြောဆိုမှုပြီးသောအခါ ထိုအခန်းထဲမှာပင် အင်တာဗျူးကြသည်။ လူတိုင်းနီးပါးက သူတို့၏ ကိုယ်ရေးအကျဉ်းဖိုင်များကို ကိုင်ထားပြီး

ဟိုဟိုဒီဒီသွားနေကြသည်။

တချို့က ကိုယ့်အကြောင်းကိုမိတ်ဆက်ခြင်းအား ခပ်တိုးတိုးရေရွတ်နေကြသည်။ တချို့ကတော့ သူတို့၏ ပရော်ဖက်ရှင်နယ်ဗဟုသုတအကြောင်း တီတိုးပြောဆိုနေကြသည်။ တချို့ကတော့ မိုးကြိုးကုမ္ပဏီ၏ ဂိမ်းနှင့် ထုတ်ကုန်များ အကြောင်းကို အချိန်တိုလေးအတွင်း ရှာဖွေကာ မှတ်သားနေကြသည်။

ဖန့်ကြွယ်ယွီက သူ့ကိုယ်သူ ရုပ်ဖျက်ပြီးတိုင်းခန်းလှည့်လည်သူ ဘုရင်တစ်ပါးအလား ထင်မြင်မိသည်။ သူ့အနားမှာရှိသော လူများက သူ့ကိုမမှတ်မိကြပေ။

သူက လူအုပ်ကြီးထဲသွားကာ ဟိုဟိုဒီဒီကြည့်နေသည်။ လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကိုကြည့်ရင်း အံ့အားသင့်နေသည်။ ကျောင်းကောင်းကောင်းမှ မဟုတ်သော ကျောင်းသားများတောင်မှ အနိမ့်ဆုံး မဟာဘွဲ့ရရှိထားကြသည်။

နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲပထမဆု!

နိုင်ငံအဆင့်xxxဖိတ်ခေါ်ဖလား ရွှေတံဆိပ်ဆု!

ကမ္ဘာ့ချန်ပီယံxxx

သူ၏ အရည်အချင်းနှင့် ဤလူအုပ်ကြီးထဲမှာ တိုးဝှေ့ယှဉ်ပြိုင်ပြီး အလုပ်လျှောက်ပါက ကျန်းနန်တက္ကသိုလ်ကျောင်းသားဖြစ်နေသည့်တိုင် အလုပ်ရဖို့မလွယ်ကူပေ။ တခြားကျောင်းများမှ ကျောင်းသားများအဖို့ ပိုပြီး အခြေအနေဆိုးပေလိမ့်မည်။

ဒါက လူ့လောက၏ ပကတိအခြေအနေပဲဖြစ်သည်။

“ဒါပေမဲ့ ဘာအရေးလဲ။ နောက်ဆုံးတော့ သူတို့ဘယ်လောက်တော်တော် ငါ့ကုမ္ပဏီမှာပဲ အလုပ်လုပ်ရမှာ” ပိုက်ဆံ၏ ပါဝါက အလွန်အစွမ်းထက်လှပါလားဟု သူတွေးမိသည်။

“ဟျောင့်..မင်းမိုက်လှချည်လား”

ခေတ်ပေါ်အဝတ်အစားများဝတ်ထားသော လူတစ်ဦးက သူ့ကိုစကားလာပြောသည်။ ထိုလူက လူအုပ်ကြီးထဲမှာ ထင်းထွက်နေသည်။ သူ၏ဝတ်စားထားပုံက “ဟွားရှားဟစ်ဟော့” ကဲ့သို့ အကပြိုင်ပွဲတစ်ခုခုမှာ ပါဝင်ယှဉ်ပြိုင်မည့်ပုံစံဖြစ်နေသည်။

“ဟေ့..မင်းကိုငါ တွေ့ဖူးနေသလိုပဲ” သူက ဖန့်ကြွယ်ယွီကို မှတ်မိနေပုံရသည်။

“ငါက ဥက္ကဌဖန့်နဲ့ တူတာလား” ဟု ဖန့်ကြွယ်ယွီက ပြန်မေးသည်။

“အာ ဟုတ်တယ် ဥက္ကဌဖန့်”

“ဒါပေမဲ့ သူက သူဌေးလေ။ အလုပ်ရှာဖို့မလိုပါဘူး။ မင်းက liveလွှင့်ဖို့ ကြိုးပမ်းသင့်တယ်။ ဒီမျက်နှာလေးနဲ့ live လွှင့်လျှင် ပိုက်ဆံရဖို့အသာလေးပဲ”

ဖန့်ကြွယ်ယွီအားပါးတရရယ်မိသည်။ ထိုသူက ဖန့်ကြွယ်ယွီကို ဥက္ကဌဖန့်ကဲ့သို့ဟန်ဆောင်ရန်ပြောနေသည်။ ဒါ့အပြင် ရုပ်ကလေးဗန်းပြပြီး စီးပွါးရှာဖို့ပါအကြံပေးနေသည်။

သူက ထိုလူ၏ လျှောက်လွှာကိုတစ်ချက်လှမ်းကြည့်သည်။

သူ၏ နာမည်က ကျင်းကျန့်မင်းဖြစ်သည်။ကျန်းနန်တက္ကသိုလ်၊ e-sports အထူးပြုမေဂျာဟုလည်း ရေးထားသည်။

“မင်းက e-sports လေ့လာတာလား”ဖန့်ကြွယ်ယွီ အံ့အားသင့်မိသည်။ ဟွာရှားမှာ e-sports မေဂျာပေါ်လာသည်မှာ မကြာသေးပေ။ သို့သော် ကျန်းနန်တက္ကသိုလ်ကတော့ e-sportsကို မိတ်ဆက်ပေးခဲ့သည်မှာ ကြာနေပြီဖြစ်သည်။

သို့သော်ငြား ထိုမေဂျာမှာ ကျောင်းသားများများစားစားမရှိပေ။ ထို့ပြင် မိဘများ၏အတွေးထဲမှာ e-sportsသည် အကျိုးမရှိသော ဂိမ်းကစားခြင်းဟု မှတ်ယူကြသည်။

“ဟုတ်တယ်” ကျင်းကျန့်မင်းက ခေါင်းညိမ့်ပြသည်။

“ဒါဆို မင်းဘာလို့ e-sports ကလပ်ထဲမဝင်တာလဲ။ မင်းနဲ့ဆို အံကိုက်ပဲမဟုတ်လား” ဟု ဖန့်ကြွယ်ယွီက ပြန်မေးသည်။

“အဲ့လောက်မလွယ်ဘူးလေ။ ဒီမေဂျာကိုငါရွေးတုန်းကတောင် ငါ့အဖေက ခြေထောက်ကျိုးအောင်ရိုက်ခဲ့တာ။ ငါသာ ကလပ်ထဲဝင်ကြည့်ပါ့လား။ ငါ့အဖေက ဓားနဲ့လိုက်မှာကွ”

“ဟား ဟား ဟား အဲ့တာလည်းဟုတ်တာပဲ”

“ဒါနဲ့ e-sportsမှာ မင်းဘယ်လောက်တော်လဲ”

“နိုင်ငံအဆင့်ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ပထမဆုMVP၊ နိုင်ငံတကာကောလိပ်ကျောင်းသားများဖိတ်ခေါ်ပြိုင်ပွဲမှာတော့ ဒုတိယနေရာMVP၊ ကျန်တဲ့ မြို့နယ်အဆင့် ဆုတွေကိုတော့ မပြောပြတော့ပါဘူး”

“မဆိုးပါဘူး။ ဒါပေမဲ့ မင်းအရည်အချင်းကြီးနဲ့ ပရော်ဖက်ရှင်နယ်ဖြစ်အောင်မလုပ်တော့ဘဲ ဂိမ်းကုမ္ပဏီမှာ ဘာလို့ အလုပ်လာရှာတာလဲ”

“ဒီလိုပြောတာ ကြားဖူးပါတယ်”

ဖန့်ကြွယ်ယွီတစ်ယောက်ရုတ်တရက်အတွေးပေါ်လာပြန်သည်။ သိပ်မကြာသေးခင်တုန်းက ဟွာရှား e-sportsအဖွဲ့၏ ရလဒ်များက မကောင်းပေ။ ထိပ်သီးရှစ်သင်းထဲကို တစ်ခါမှ မဝင်ဖူးပေ။ ပထမလေးသင်းအဆင့်ထဲဝင်ဖို့ဆိုတာ မှန်းတောင်မမှန်းရဲပေ။ ပြည်သူများကလည်း

အတိုင်းအဆမဲ့ ဝေဖန်ထောက်ပြကြသည်။

လူဦးရေ တစ်ဘီလီယံကျော်ရှိသော နိုင်ငံ၏ မည်သည့်အသင်းကမှ ချန်ပီယံတစ်ကြိမ်မှမဖြစ်ဘူးတာ ဖြစ်သင့်ပါရဲ့လား။

ထိုလမ်းကြောင်းထဲကိုအရဲစွန့်ပြီးဝင်သူ အနည်းငယ်သာရှိသည်။ ပရိုကစားသမားဘဝကတိုတောင်းသော်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရသည်။ ရလဒ်ကောင်းကောင်းမပြနိုင်လျှင် စပွန်ဆာမရပေ။စပွန်ဆာပေးမည့်သူမရှိပါက ဝင်ငွေမရပေ။

“ငါ့ကုမ္ပဏီမှာပဲ အမြဲတမ်းဝန်ထမ်းရာထူးပေးထားပြီး အသင်းတစ်သင်းတည်ထောင်ဆိုရင်ရော။ မင်းကိုအခွင့်အရေးပေးမယ်ဆို ပရော်ဖက်ရှင်နယ်ကစားသမားလုပ်ချင်လား”

“ဒါပေါ့ အရံနေရာက ပါရမယ်ဆိုရင်တောင်ရတယ်”

“မင်းကအဲ့လိုပြောလာတော့လည်း ကူညီရမှာပေါ့လေ”

“ဟမ်” ကျင်းကျန့်မင်းက သူ၏ဆိုလိုရင်းကို သဘောမပေါက်ပေ။

“မင်းက အလုပ်လာလျှောက်တာမဟုတ်ဘူးလား”ဖန့်ကြွယ်ယွီက ပခုံးတွန့်ပြရင်း “ငါဘယ်တုန်းက အလုပ်လာလျှောက်တာလို့ ပြောဖူးလို့လဲ” ဟု ဆိုသည်။

“ကြည့် ငါ့မှာ ဘာလျှောက်လွှာမှမပါဘူးလေ။ငါက အလုပ်ရှာနေတဲ့ပုံပေါက်နေလား”

“ဒါဆို မင်းက “

“ငါက ဒီကုမ္ပဏီပိုင်ရှင်ပါ။ ငါက ဒီနေ့ဘာမှလုပ်စရာမရှိတာနဲ့ အင်တာဗျူးမေးဖို့ရောက်လာတာ” ဟုဆိုပြီး ဖန့်ကြွယ်ယွီက ဦးထုပ်ချွတ်ပြသည်။

“မင်းက တကယ့် ဥက္ကဌဖန့်ပါလား” ကျင်းကျန့်မင်းက အံ့ဩနေသည်။

သူကြားထားသော ဥက္ကဌဖန့်၏ ပိုင်ဆိုင်မှုအနေအထားအရဆို သူ့နာမည်နှင့် ဂိမ်းကုမ္ပဏီပိုင်ခြင်းက အထူးအဆန်းမဟုတ်နေပေ။

“ဟုတ်တယ် ငါပါ။ ငါက ကုမ္ပဏီမှာ e-sports ဌာနတစ်ခု တည်ထောင်ဖို့စိတ်ကူးနေတာ။ ဒီနေ့ကစပြီး တည်ထောင်မယ်။ မင်းစိတ်ဝင်စားလား”

“လစာကရောဘယ်လိုလဲ” ဟု ကျင်းကျန့်မင်းကမေးသည်။

“အခြေခံလစာက ဒေါ်လာနှစ်သောင်း၊ အာမခံ၇ခု၊ ရန်ပုံငွေ နှစ်ခု၊ ကုမ္ပဏီဝန်ထမ်းလိုပဲ ခံစားခွင့်ရှိမယ်။ ပြိုင်ပွဲဝင်ရမဲ့ အခွင့်အလမ်းရှိလာခဲ့ရင် လစာကို သပ်သပ်တွက်ချက်ပြီးပေးမယ်။ ဘယ်လိုလဲ”

“ငါ…။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း အသက် ၂၈၊ ၂၉ဆိုလက်စွမ်းကျလာမှာလေ။ အဲ့ခါကျရင် ငါတို့ဘာလုပ်ရမလဲ”

“နည်းပြလုပ်ရမှာပေါ့။ e-sportsက ထွန်းကားလာတော့မှာ။ ပြီးတော့ အဲ့လို အရည်အချင်းကလည်း ရှားပါးနေပြီ။ စိတ်ချပါ။ မင်းကို အလုပ်မဖြုတ်ပါဘူးကွာ”

“ငါ့မှာ အတန်းဖော်တွေရှိသေးတယ်။ သူတို့ရော အတူတူဝင်လို့ရမလား”

“ရတာပေါ့။ ငါလည်း ထိပ်သီးကစားသမားလိုအပ်နေတာ။ အပျော်ဆော့ချင်ရုံနဲ့တော့ ပရော်ဖက်ရှင်နယ် ကစားသမားလုပ်လို့မရဘူး”

“စိတ်ချပါ။ ငါ့သူငယ်ချင်းတွေက တကယ်တော်တာပါ။ မင်း မယုံရင်ငါတို့ကိုတခြားလူတွေနဲ့ ဆော့ခိုင်းကြည့်။ ဘယ်လောက်ပဲ မေးမေးမကြောက်ပါဘူး”

“ဟုတ်ပြီ ငါမင်းကို ဒီမှာစောင့်နေမယ်” ဟုဆိုကာ အင်တာဗျူးအခန်းထဲဝင်သွားသည်။

“ဟေးသူဌေးကြီးဖန့်ရောက်လာပြီ” ဖန့်ကြွယ်ယွီရောက်လာသောအခါ ချန်ခိုင်တို့လည်း ချက်ချင်းမတ်တပ်ထရပ်ကြသည်။

“ဘယ်လိုလဲ အဆင်ပြေလား”

“မဆိုးပါဘူး။ အင်တာဗျူးမေးရတာလွယ်တယ်ထင်နေတာ။ အဲ့လောက်မလွယ်ဘူး။ မင်း မေးကြည့်မလား” ဟု ချန်ခိုင်ကမေးသည်။

“ကောင်းပြီလေ မေးကြည့်မယ်”

“မင်္ဂလာပါ ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်ကြည့်ပါဦး”

အင်တာဗျူးလာဖြေသူလည်း ကြောင်အမ်းအမ်းဖြစ်ရသည်။ အင်တာဗျူးမေးတဲ့သူ ဘယ်လိုပြောင်းပစ်တာလဲ။ သို့သော်သူက ဘာတစ်ခွန်းမှပြန်မပြောဘဲ ကိုယ့်ကိုကိုယ်မိတ်ဆက်သည်။

ဖန့်ကြွယ်ယွီလည်း သတိရသွားပြီး ပိုက်ဆံပမာဏကိုစစ်ကြည့်သောအခါ ဒေါလာ နှစ်ဘီလီယံကျန်နေသေးသည်။ ပရောဂျက်တစ်ခုမစရသေးခင် ထိုပိုက်ဆံကိုသုံးလို့မရပေ။

“ကျောင်းသား မင်းကို ဒေါ်လာ ၅၀၀ ဘီလီယံပေးမယ်။ ပရဟိတအဖွဲ့ကို လှူဒါန်းတာ၊

သုတေသနလုပ်တာအပြင် မင်းဘယ်လိုသုံးစွဲမလဲ”

အင်တာဗျူးမေးမည့်သူက ထိုကဲ့သို့မေးလိမ့်မည်ဆိုတာ မစဉ်းစားခဲ့ပေ။ထိုအရာက သူ၏ ဖြတ်ထိုးဥာဏ်ကို ဆန်းစစ်တာလား။

“အင်း ဘောလုံးအသင်းထောင်မယ်”

“ခစ်ခစ်” သူ့ဘေးနားက HR မန်နေဂျာက အသံထွက်ပြီးရယ်မိသည်။

ဟတ်စကီးခွေးအုပ်စုလိုက်ကြီး မွေးဖို့ အကြံပြုသင့်လား!

“ပစိဖိတ်ထဲမှာ ကျွန်းတွေဝယ်မယ်ဆိုလျှင်ရော”

ဖန့်ကြွယ်ယွီ၏ မျက်လုံးလက်ခနဲဖြစ်သွားသည်။ ထိုအကြံကမဆိုးပေ။

All Chapters