အထူးဆု....
Vol. 8 Ch. 106
စက်တင်ဘာလရောက်လာသည်နှင့် ကျောင်းများ၏ အလုပ်ရှုပ်သည့်ကာလဖြစ်လာသည်။ ဖန့်ကြွယ်ယွီသည် စီနီယာကျောင်းသားဖြစ်လာခဲ့သည်။ စတုတ္ထနှစ်မှာ အတန်းတက်ဖို့မလိုဘဲ ကျောင်းသားများက အလုပ်သင်ဆင်းခွင့်ရရန် ကြိုးပမ်းခြင်း သို့ ဘွဲ့ရဖို့အတွက်စာမေးပွဲများကိုကြိုးစားပမ်းစား ဖြေဆိုခြင်းများသာပြုလုပ်ကြသည်။
ဖန့်ကြွယ်ယွီလည်း ကျောင်းမှာသိပ်မနေပေ။ ထို့ကြောင့် ကျောင်းသွားမတက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ နောက်လာမည့်ပညာသင်နှစ်တွင် သူဘွဲ့ယူဖို့ ပရောဂျက်သို့ စာတမ်းပြုစုမှသာ ကျောင်းပြန်သွားတော့မည်။
လတစ်ဝက်လောက်ပြင်ဆင်ပြီးသည့်နောက် ဝမ်ချုံးစီစဉ်သည့်အဆိုပြိုင်ပွဲလည်း အဆင့်သင့်ဖြစ်လုနီးပါးဖြစ်သည်။ မထင်မရှားအဆိုတော်များတောင်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
ကျန်းနန်မြို့တွင် ရွက်ပုန်းသီးအနုပညာရှင်များပေါများသည်။ ပရော်ဖက်ရှင်နယ်ဆရာနှင့် လေ့ကျင့်သင်ကြားထားခြင်းမရှိသော်ငြား လူအများစုသည် အဆိုတော်လောက်နီးနီး သီချင်းဆိုတော်ကြသည်။ သူတို့အတွက် လိုအပ်နေသည်မှာ အရင်းအနှီးနှင့် စင်မြင်တစ်ခုသာဖြစ်သည်။
ကောရှင်းယွီ၏ အရည်အချင်းကို သူ ယုံကြည်သည်။ ဆရာ၏ တစ်လကြာ သွန်သင်ပြသမှုအောက်တွင် ရှင်းယွီ၏ သီချင်းဆိုသည့်အရည်အချင်းက သိသိသာသာတိုးတက်လာသည်။
ထို့ပြင် ယုံကြည်ချက်ရှိမှုသည် အလုပ်မှလာသည်။ ရှောင်းရီဖန်တီးသော တေးဂီတနှင့်စာသားက နားဆင်သူတို့အဖို့ အသစ်အဆန်းတစ်ခုဖြစ်နေလိမ့်မည်။
များပြားလှစွာသော ပရိုမိုးရှင်းဗီဒီယိုများနှင့် ကြော်ငြာများက အင်တာနက်တစ်ခွင် ပလူပျံနေသည်။
ဖန့်ကြွယ်ယွီက ပိုက်ဆံကို ပေါပေါများများသုံးစွဲထားသည်။ အစီအစဉ်လူပိုသိစေရန် လုပ်သော ပရိုမိုးရှင်းအဆင့်က “Huaxia The Voice”နီးပါးရှိသည်။ လူရွေးပွဲအတွက် တစ်နိုင်ငံလုံးစာစီစဉ်ပေးထားပြီး လာရောက်လျှောက်ထားသူအရေအတွက်မှာ အလွန်များပြားသည်။
လွန်ခဲ့သောလက ဆန်ယာမှာကျင်းပခဲ့သောပွဲတွင် ဖန့်ကြွယ်ယွီက အဆိုတော်တစ်ချို့နှင့်ဆုံခဲ့ရပြီး လူတိုင်းနီးပါး လိပ်စာကတ်ပေးသွားကြသည်။ သူက အဆိုတော်များကို ဆက်သွယ်ပြီး ဖိုင်နယ်ပွဲစဉ်အတွက် ဒိုင်လုပ်ပေးရန် မြင့််မားသော အနုပညာကြေးဖြင့် ကမ်းလှမ်းသည်။
လွန်ခဲ့သောရက်တွေကတည်းက ဝမ်ချုံးနှင့် ဖန့်ကြွယ်ယွီတို့၏ ဝီဘိုအကောင့်တွင် ပရိုမိုးရှင်းဆင်းကြသည်။ သို့သော် ပရိတ်သတ်များက သူတို့နှစ်ဦးပူးတွဲလုပ်သည့် သီချင်းဆိုပြိုင်ပွဲမှ ပေးမည့် ဆုကိုသာ စိတ်ဝင်တစားစောင့်ဆိုင်းနေကြသည်။
“ဖန့်..မင်း ဒီလိုပုံအတိုင်းသာပိုက်ဆံဆက်သုံးနေမယ်ဆို ငါတို့အရင်းတောင်ပြန်ရမှာမဟုတ်ဘူး” အရင်းအနှီးအားလုံးကို ဖန့်ကြွယ်ယွီကထုတ်ပေးသော်လည်း ဝမ်ချုံးက စိုးရိမ်နေမိသည်။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုသည် ကြော်ငြာများနှင့် သုံးစွဲသူများက ဆုချခြင်းများမှအမြတ်ရသည်။ ပရိုဂရမ်က ကြည့်ရှုသူသန်းပေါင်းများစွာဆွဲဆောင်နိုင်လျှင်တောင်မှ လူအနည်းစုကသာ ပိုက်ဆံသုံးလိုသည်။ အရင်းအနှီးကို ထိခိုက်သည်အထိတော့ မလုပ်ကြပေ။
“ငါက ပိုက်ဆံလိုတယ်လို့ ဘယ်သူပြောလဲ” သူ့စကားလုံးများက ဝမ်ချုံးကို ဆွံ့အသွားစေသည်။ သူက ထိုအဆိုပြိုင်ပွဲမှ ပိုက်ဆံမရှာလိုပေ။ သူ၏ရည်ရွယ်ချက်မှာ ကောရှင်းယွီ၏ သီချင်းကိုလူသိများပြီး
နာမည်ကြီးစေချင်ရုံသပ်သပ်သာဖြစ်သည်။
ဖန့်ကြွယ်ယွီ၏ ပိုက်ဆံချမ်းသာမှုနှင့်ဆို ထိုဂီတပလက်ဖောင်းများမှာနေရာရရန်လွယ်ကူသည်။ ထိုအထဲမှ အချို့ ဂီတပလက်ဖောင်းများကို ဖန့်ကြွယ်ယွီပိုင်ဆိုင်သည်။ သို့သော် လူမသိသူမသိတေးရေးဆရာက ရေးထားပြီး အင်တာနက်တခွင် နာမည်ကြီးသောလူ၏ သီချင်းကို မည်သူက နားထောင်ချင်မည်နည်း။
အဆိုပြိုင်ပွဲကျင်းပပါက ကောရှင်းယွီကို လူပိုသိလာပြီး သူမသီဆိုသော သီချင်းသစ်လည်း
နာမည်ကြီးသီချင်းဖြစ်လာတော့မည်။ လူသီတင်းလူချင်းဆောင်ဟူသောစကားပုံနှင့်အညီ သူမ၏ သီချင်းကိုလည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တဖြည်းဖြည်း နာမည်ကြီးလာပေမည်။
“မင်းက ပိုက်ဆံရဖို့မမျှော်လင့်ဘူး။ ဒါဆို ဒီအဆိုပြိုင်ပွဲလုပ်တာက ကောရှင်းယွီကို နာမည်ရစေချင်လို့ပေါ့ ဟုတ်လား”
“မင်းဘယ်လိုထင်လဲ။ ငါက ပိုက်ဆံကိုအာရုံစိုက်နေမယ်ထင်တာလား။ ဒါပေမဲ့ ငါက ပိုက်ဆံကို အကြောင်းမဲ့ မသုံးဖြုန်းပါဘူး။ ဒီပြိုင်ပွဲက ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတရမယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်လို့ ငါဝင်မပါပါဘူး”
“ဒီပိုက်ဆံတွေက…”
ဒိုင်လူကြီးလေးဦးငှါးရမ်းသည့် ကုန်ကျစရိတ်က ဆယ်သန်းကျော်ရှိသည့်အပြင် ကြော်ငြာခ၊ ပစ္စည်းဖိုးနှင့် အခြားကုန်ကျစရိတ်များစွာရှိသေးသည်။
သန်းပေါင်းရာနှင့်ချီပြီးသုံးတာတောင်မှ သိပ်မသုံးဘူးဟု ထင်နေလေရော့လား။
“ထားလိုက်ပါ။ ငါက မင်းပိုက်ဆံသုံးပြီး ပြင်ပေးနေရတာပဲလေ” ဝမ်ချုံးက ပလက်ဖောင်း၏ ကုန်ကျစရိတ်ကိုတွက်ချက်ပြီး အမြတ်ငွေ၏သုံးဆယ်ရာခိုင်နှုန်းကိုပြန်ယူမည်။
“ဒါနဲ့ ချန်ပီယံဆုရှင်ကို ပေးမဲ့ဆုစဉ်းစားပြီးပြီလား”
ဟု ဝမ်ချုံးကမေးသည်။
“ရှိတယ်လေ။ ငွေသားပိုက်ဆံအပြင် တခြားပရောဂျက်တွေနဲ့ ထောက်ပံ့ပေးဦးမှာ။ ဒါ့ပြင် ငါတွေးမိတာတစ်ခုကလေ ကံကောင်းတဲ့ပရိတ်သက်ကို ကံးစမ်းမဲဖောက်ပေးဦးမယ်”
“ဝိုး” ဝမ်ချုံး၏ မျက်လုံးလည်းလက်ခနဲဖြစ်သွားသည်။
ဒါက သာမန်ပြိုင်ပွဲတစ်ပွဲဖြစ်တာမို့ ကြည့်ရှုသူမများပေ။ သို့သော်ကံစမ်းမဲဖောက်ပေးပါက လူအုပ်ကြီးတဖြည်းဖြည်းများလာလိမ့်မည်။
“ဒါပေါ့ သတ်မှတ်ထားတဲ့အချိန်ပြည့်အောင်ကြည့်တဲ့သူ နဲ့ live လွှင့်တုန်းကကြည့်တဲ့ ပရိတ်သက်တွေလည်း ဝင်ပြီးကံစမ်းနိုင်တယ်”
“မင်းက ပေးမဲ့ဆုကြီးကို သေချာလေးပြင်ဆင်ထားတာပဲ။ “ သူ၏
ဘမ်ဘူးပလက်ဖောင်းတွင်ကြည့်ရှုသူများ များပြားလာတော့မည်ကိုလည်း တွေးမိသည်
“ဒါဆို မင်းက ဘာဆုပေးမှာလဲ” ဆုတွေကမကောင်းပါက ထိရောက်မှုမရှိပေ။ သို့သော် ဖန့်ကြွယ်ယွီ၏ ရက်ရောပုံနှင့်ဆို ကံကောင်းသည့်ပရိတ်သက်များရသည့်လက်ဆောင်က ချန်ပီယံထက် ပိုပြီးများပြားနေလောက်မည်။
“ဟဲဟဲ တစ်ခုလောက်ကူညီပေးဦးလေ။ ဒီအကြောင်း ဝီဘိုမှာတင်ပေး” “ငါတို့အရင်တစ်ခါလောင်းထားတဲ့ လောင်းကြေးကိုဖျက်ကြရအောင်”
“ကောင်းပြီလေ ကတိပေးတယ်” ထိုကိစ္စကြောင့်သူသည် စိတ်ဖြောင့်ဖြောင့်နှင့်မအိပ်စက်နိုင်ခဲ့ပေ။
နောက်ထပ်နာရီဝက်အကြာတွင် ကြော်ငြာပို့စ်များ သူတို့၏ ဝီဘိုအကောင့်တွင် တစ်ပြိုင်တည်းပေါ်လာကြသည်။
“ဘမ်ဘူးသီချင်းဆိုပြိုင်ပွဲ”က အထူးဆုတွေစီစဉ်ထားတယ်။ ရှုံးထွက်အဆင့်ပြီးသည့်နောက် တစ်နာရီကျော်ကြာကြည့်ရှုသူများက ကံစမ်းမဲကို ဝင်ရောက်ကံစမ်းနိုင်သည်။
ကံကောင်းသောကြည့်ရှုသူဆယ်ဦးနှင့် အထူးဆုရရှိသူတစ်ဦးအား အဆင့်တစ်ဆင့်စီတိုင်းမှာ ရွေးချယ်မည်။
ပထမအဆင့်ဆုလာဘ်- အင်ပရီယမ် ၁၁ ဖုန်းဆယ်လုံး၊ လူနှစ်ယောက်စာအတွက် ဥရောပခရီးစဉ်”
ဒုတိယအဆင့်ဆုလာဘ်- Alienware laptop ဆယ်လုံး၊ BMW I 8 တစ်စီး
ဆီမီးဖိုင်နယ်ဆုလာဘ်- လမ်ဘော်ဂနီတစ်သန်းလျှော့စျေးရမည့် ဘောက်ချာဆယ်ရွက်၊ ကျန်းနန်မြို့မှာအဆင်မြင့်အိမ်ရာတစ်ခု
ဖိုင်တယ်ဆုလာဘ်- ကိုယ်ပိုင်လေယာဉ်ကူပွန်ဆယ်စောင်၊ အန်ဂျာမန်ပင်လယ်နားက ကျွန်း နံပါတ် ၈၉၇၅၇ မှာ နှစ် ၂၀အသုံးပြုခွင့် ပေးမည်။
ထိုဆုများကိုကြားသောအခါ ပရိတ်သက်များလည်းမှင်သက်ကုန်ကြသည်။ ပရိတ်သက်များက ဖုန်းကံစမ်းမဲနှင့် ကားကံစမ်းမဲများကိုသာမြင်ဖူးသည်။ အိမ် သို့ ကိုယ်ပိုင်ကျွန်းကို ပေးသည့် ကံစမ်းမဲဖောက်ခြင်းကို တစ်ခါမှ မတွေ့ဖူးပေ။ လမ်ဘော်ဂနီတစ်သိန်းတန် က ဘယ်လိုမျိုးလဲ။
“အို ဘုရားရေ ဥက္ကဌဖန့်က ဘယ်လောက်တောင်ချမ်းသာတာလဲ ပြောပြကြပါဦး” “ငါ့ကိုလမ်ဘော်ဂနီဝယ်ဖို့ တစ်သန်းရလာလျှင်တောင်မှ ကားဝယ်ရန် သန်းပေါင်းများစွာလိုအပ်သည်။
“ရှင်တို့က တခြားလူတွေရဲ့ live streaming ကိုပါ စီးပွါးမဖြစ်အောင်လုပ်လိုသည်။ ထိုဆုများနှင့်ဆို မည်သူကများတခြား liveကို ကြည့်ဦးမည်နည်း။
“ခုချိန်ကစပြီး နေ့နေ့ညည သက်သက်လွတ်စားပြီး ဆုတောင်းရမယ်”
“ ကိုယ်ပိုင်လေယာဉ်ကူပွန်က ဘယ်လိုများလဲ”
တခြားဆုများကို နားလည်နိုင်သော်ငြား ကိုယ်ပိုင်လေယာဉ်ကို ဆုပေးမည့်အစီအစဉ်ကြောင့် အံ့အားသင့်နေကြသည်
ဖန့်ကြွယ်ယွီက သူပိုင်သော ကိုယ်ပိုင်လေယာဉ်အကြောင်းကို ပုံနှင့်တကွရှင်းပြသည်။
“ဒီကူပွန်ပါမယ်ဆို ကမ္ဘာပေါ်က ကြိုက်တဲ့နေရာဆီသွားပါ။ ဒါပေမဲ့ တစ်လအတွင်းသုံးရမယ်”
“ခရီးသွားနေချိန် လက်မှတ်ဖိုးတွေ အားလုံးငါပေးမယ်။ သုံးယောက်ခေါ်ခွင့်ပြုတယ်”
ထိုသတင်းက ဝီဘိုမှာ တမဟုတ်ချင်းပျံ့နှံ့သွားသည်။