← Chapters

လူရွေးပွဲ

Vol. 8 Ch. 107

လူရွေးပွဲ

Vol. 8 Ch. 107

“ဘမ်ဘူးနောက်ဆုံးတေးသွား” ၏ လူရွေးပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပကြသည်။ ကောရှင်းယွီက သူမ၏ သီချင်းဆိုစွမ်းရည်ပေါ်ကိုသာ မှီခိုပြီး လူရွေးပွဲများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်လာနိုင်သည်။ လူရွေးပွဲအဆင့်များကို တိုက်ရိုက်ထုတ်လွှင့်တာမို့ သူမ၏ အရည်အချင်းကို ကြည့်ရှုသူများက အသိအမှတ်ပြုကြသည်။

ထိုအဆင့်များမှာ ထူးထူးခြားခြားရွက်ပုန်းသီးလေးများ ပေါ်ထွက်ခဲ့သလို တချို့၏ သီဆိုဖျော်ဖြေမှုများကလည်း အဆင်မပြေလှပေ။ လူရွေးပွဲအဆင့်မှ ဗီဒီယိုဖိုင်များကလည်း လူအများကြားမှာ ပြောစမှတ်တွင်လာသည်။

ထိုကာလများမှာ ဖန့်ကြွယ်ယွီက ကောရှင်းယွီအား သူ့အိမ်ကို ခေါ်ထားသည်။ ကောကျွင်းယွီက ဆေးရုံကဆင်းလာခဲ့ပြီးဖြစ်သည်။ သူ သတိမေ့မြောနေချိန်မှာ ပြန်ပေးဆွဲခံရသဖြင့် သူ့မှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ကြီးကြီးမားမားမကျန်ခဲ့ပဲ ထူထူထောင်ထောင်ဖြစ်လာသည်။

ကောကျွင်းယွီ ဆေးရုံတက်နေသည့် နောက်ဆုံးနှစ်ရက်တွင် ကောရှင်းယွီက ဆေးရုံမလာခဲ့ပေ။ ယောင်ရီဖန်းက အခြေအနေကို ကောင်းမွန်စွာနားလည်သဘောပေါက်သည်။ သူတို့ နှစ်ဦးလုံးက ဖန့်ကြွယ်ယွီကို သားမက်အဖြစ် ကြည်ကြည်ဖြူဖြူလက်ခံထားသည်။

ကောကျွင်းယွီဆေးရုံဆင်းပြီးနောက်မှာ ရှင်းယွီက မော့တူရှိ ပြိုင်ပွဲကျင်းပရာခန်းမဆီ အပြေးလာခဲ့သည်။ မကြာမီအချိန်တွင် ဖိုင်နယ်ပွဲ ကျင်းပတော့မည်။ ဖန့်ကြွယ်ယွီက ကောရှင်းယွီမျက်နှာလေးကို မမြင်ရသဖြင့် လွမ်းနေပြီဖြစ်သည်။ သူ့မှာ ဘာအလုပ်မှာလုပ်ဖို့မရှိတာမို့ မော့တူမှာ ခဏနေဖို့ ဆုံးဖြတ်လိုက်သည်။

“ဟူး ကားကကောင်းသေးတယ်။ ပွန်းပဲပွန်းသွားတာ။ ပြင်ဖို့ဆင်ဖို့ သွားထားလိုက် ပြန်ယူလာလိုက်နဲ့ အချိန်ပုပ်တယ်”

ဖန့်ကြွယ်ယွီ၏ ကားကိုပြန်ပြင်ပြီးဖြစ်သည်။ သူက ကားကိုစိုက်ကြည့်ရင်း “ ရှောင်းရီ ငါ့ကားပိုပြီး သန်မာအောင် လုပ်ဖို့လမ်းရှိမလား”

“ရှိတာပေါ့” ဟု ရှောင်းရီက ပြန်ဖြေသည်။ “ပိုင်ရှင်တို့ ဒီကမ္ဘာမှာ သုံးတဲ့ နည်းပညာကလည်း ခေတ်မမှီတော့ဘူး။ ထုတ်တဲ့ ပစ္စည်းတွေကလည်း မာကြောမှုရော စွမ်းအင်ရောမှာ ငါတို့ကမ္ဘာထက်အများကြီး နိမ့်ကျတယ်။ ငါတို့ဘက်က ထုတ်ပေးတဲ့လေယာဉ်တွေအတွက်ဆို တစ်ခုခုက သူ့ထံပြေးဝင်လာလျှင် ဖျက်စီးပစ်လိုက်မယ်”

“မိုက်လှချည်လား။ ကားကိုရောဒီလိုပုံစံမျိုးပြင်ပေးလို့မရဘူးလား။ ဒီကမ္ဘာမှာ အသုံးတည့်ရင်ရပြီ”

“ဒါက သိပ်မခက်ပါဘူး။ အနည်းဆုံးတော့ ဒုံးကျည်မဖောက်နိုင်အောင် လုပ်ကြမယ်လေ”

“ဟုတ်ပြီ လုပ်နိုင်ရဲ့လား”

“စိတ်မပူနဲ့ သတ္ထုတွေအရည်ကျိုနိုင်တဲ့ စက်ရုံရှိရတယ်။ မင်းအတွက် တစ်စီးအချိန်မီလုပ်ပေးမယ်။ မင်းက လက်နက်တွေတပ်ဆင်ချင်တယ်ဆိုရင်တောင် ငါလုပ်ပေးနိုင်တယ်။ ဒီကမ္ဘာပေါ်က ပစ္စည်းတွေသုံးရင်ရပါတယ်”

“ဟုတ်ပြီ အာ့ဆို မင်းကိုလွှဲထားလိုက်ပြီ”ဟု ပြောပြီး မော့တူဘက်ကို ကားဖြင့်ထွက်လာသည်။

လူရွေးပွဲအဆင့်က လုံးဝပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံးက ပြိုင်ပွဲဝင်သုံးဆယ်က နောက်ဆုံးစကာတင်ပြိုင်ပွဲဝင်များဖြစ်လာကြသည်။

ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်တာမို့ ဖြတ်တောက်ခြင်းမရှိပေ။ ထို့ကြောင့် ပွင့်လင်းမြင်သာမှုရှိသည်ဟု နာမည်ကောင်းရနေသည်။

ထိုအခြေအနေတွင် ဆန်ကာတင်အယောက်သုံးဆယ်၏ အရည်အချင်းကို သိနေပြီဖြစ်သည်။ အွန်လိုင်းနာမည်ကြီးအဆင့်သတ်မှတ်ချက်တောင် ထွက်ပေါ်လာသည်။ ကောရှင်းယွီက ထိပ်သီးငါးယောက်ထဲပဲဝင်ခဲ့သည်။

ကောရှင်းယွီက သူ့အရည်အချင်းစစ်စစ်နှင့်သာ ကြိုးစားလိုပြီး သူ၏ပါဝါ၊ အဆက်အသွယ်များကို မသုံးလိုကြောင်း ထပ်တလဲလဲပြောသည်။ သူမက မော့တူမှာပဲဆက်နေပြီး နောက်ပိုင်းရှုံးထွက်အဆင့်များအတွက် သူမ၏စွမ်းရည်ကို မြှင့်တင်ရန် အပီအပြင်ကြိုးပမ်းသည်။

ဖန့်ကြွယ်ယွီ၏ ညွှန်ကြားမှုဖြင့် ဝမ်ချုံးက ကုမ္ပဏီတွင် သူမအတွက် လိုအပ်သမျှဖြည့်တင်းပေးထားသည့် အထူးသီးသန့်လေ့ကျင့်ခန်းတစ်ခန်းကို ပြင်ထားပေးသည်။

ကြိုးစားပမ်းစားလေ့ကျင့်နေသော ရှင်းယွီကို မှန်ထဲမှ လှမ်းကြည့်ရင်း သူတို့နှစ်ဦးလုံး စိတ်ဖိစီးလာခဲ့သည်။

“သူက စားတဲ့အချိန်ကလွဲပြီး အဲ့အခန်းထဲမှာပဲနေတာ။ သူမအသံထိသွားမှာတောင် စိုးရိမ်တယ်” ဟု ဝမ်ချုံးက စိုးရိမ်တကြီးပြောသည်။

သူ့ကို တာဝန်ပေးထားတာမို့ ကောရှင်းယွီကို နည်းမျိုးစုံဖြောင်းဖြသော်လည်း သူမက လက်မခံပေ။

“စိတ်မပူပါနဲ့။ သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲလေ။ သူ့အခြေအနေသူသိမှာပါ”

ဟု ဖန့်ကြွယ်ယွီက ပြောသည်။

အဆိုးဝါးဆုံး အခြေအနေဖြစ်ခဲ့ပါက အတွင်းအားသုံးပြီး သူမ၏ အသံအိုးကိုကုပေးမည်။ ဘယ်လောက်ပဲကုန်ကျနေပါစေ သူမကို အစွမ်းကုန် ပံ့ပိုးကူညီရန် ဖန့်ကြွယ်ယွီ စိတ်ပိုင်းဖြတ်ထားသည်။

“ဒါနဲ့ အဆင့်တွေကရော”ဟု ဖန့်ကြွယ်ယွီမေးသည်။

“အင်း..နာမည်အကြီးဆုံးပြိုင်ပွဲဝင်က ကျောက်ဖန်ပါ။ သူက ရက်ဘစ်လိုက်ဖ်မှာလည်း နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးပါ။ ပြီးတော့ သူ့ရဲ့ မိသားစုနောက်ခံကလည်း မဆိုးဘူးပြောရမယ်။ သူက သီချင်းလေးတွေ ထွက်ထားပြီး တိုက်ရိုက်ထုတ်လွင့်သူတွေကြားမှာ နာမည်ကြီးတယ်ပေါ့။ ဒါပေမဲ့ တကယ့် အဆိုတော်တွေနဲ့ ယှဉ်လျှင်တော့ သာမန်ပါပဲ” ဟု ဝမ်ချုံးက ပြန်ဖြေသည်။

“ဒုတိယအဆင့်ကနေ ပဥ္ကမအဆင့်ကြားထဲက ကွာခြားချက်က နည်းနည်းလေး။ ဒုတိယအဆင့်မှာ အကြိတ်အနယ်ပြိုင်ဆိုင်ရမှာ”

“အခြေအနေက အရမ်းကြီး မဆိုးသေးပါဘူး။ ကျောက်ဖန်ကရော

တော်ရဲ့လား”

“အဲ့လောက်မဟုတ်ပါဘူး။ အဆင့် ၁၀ အတွင်းက လူတစ်ဝက်လောက်က သူ့ထက် အသံစွမ်းရည် သာလွန်တယ်။ ဒါပေမဲ့ ဒီကောင်က ချောလည်းချောတယ်။ သူ့အတွက် ပိုက်ဆံဘယ်လောက်ကုန်ကုန်သုံးပေမဲ့ မိန်းကလေးပရိတ်သက်တွေလည်းရှိတယ်။ ဒါကြောင့်မို့ သူကနာမည်ကြီးတာ”

“ဒါကို ချောတယ် ထင်ကြတာလား။ ငါနဲ့ ယှဉ်မယ်ဆို သူ့ကို အသာလေးနိုင်တယ်” ဟု ဖန့်ကြွယ်ယွိက ဆိုပြန်သည်။

“မင်းက လေကြီးလိုက်တာ” ဟု ပြောရင်း ဖန့်ကြွယ်ယွီကို ခြေဆုံးခေါင်းဆုံးကြည့်နေမိသည်။ သူ၏ ပုံစံက တည်တည်ငြိမ်ငြိမ်နှင့် နှစ်လိုဖွယ်ကောင်းလှပေသည်။

“အဲ့ကောင်က ချမ်းသာတဲ့ မိန်းမကြီးတွေနဲ့ ပတ်သက်မယ်ထင်တယ်” ဖန့်ကြွယ်ယွီက ပြိုင်ပွဲဝင်များကိုပို့ပေးသော လက်ဆောင်စာရင်းနှင့် အဆင့်စာရင်းကိုကြည့်သောအခါ မိန်းကလေးပရိတ်သက်တစ်ဦးက သူ့ကို သန်းနှင့်ချီသော လက်ဆောင်များပို့ပေးတာကို တွေ့ရသည်။

“ကြည့်ရတာ ဒီကောင်က သူဌေးမကြီးတွေအကြိုက်ပေါ့ကွာ”

ဟုပြောရင်း သူတို့နှစ်ဦးလုံးအားပါးတရရယ်မောကြသည်။

“ဟမ် ဘာသံလဲ”

ဖန့်ကြွယ်ယွီတို့က ထူးဆန်းသောအသံကို ကြားလိုက်ရသောအခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့၏ အကြည့်တွေက အရှေ့ညာဘက်ထောင့်မှာရှိသော အခန်းကိုရောက်သွားသည်။

“ဒါက ဘယ်နေရာလဲ” ဟု ဖန့်ကြွယ်ယွီကမေးသည်။

“ဒါက ကျောက်ဖန်ရဲ့ လေ့ကျင့်ခန်းပေါ့။ ဒီအခန်းကို ပိုက်ဆံပုံအောပြီး ငှါးထားတာ။ ဒါပေမဲ့ သူသီချင်းလေ့ကျင့်တာ မြင်ရခဲတယ်။ အခန်းက အမြဲလိုလို အမှောင်ချထားတာ”

ဟု ဝမ်ချုံးက ပြန်ဖြေသည်။

“ငါတို့မှန်းတာမှန်နေပုံပဲဟေ့.” ဖန့်ကြွယ်ယွီက မျက်ခုံးပင့်ပြရင်း “သွားကြည့်ကြမလား” ဟု မေးသည်။

“မင်းကြည့်ချင်ရင် သွားလေ။ငါကတော့ မမြင်သင့်မမြင်အပ်တဲ့ မမြင်အပ်တာတွေ မတွေ့ချင်တော့ဘူး

“ထားလိုက်ပါ။ ငါလည်း သွားမကြည့်တော့ပါဘူး။ ဒီခေတ်ကလေးတွေကကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တော့ဘူးပဲ” ဟုဆိုကာ ဖန့်ကြွယ်ယွီလည်း လက်နောက်ပစ်ရင်း ဝမ်ချုံးနှင့် အတူ လှည့်ပြန်လာသည်။

အခန်းထဲမှာ အရပ်ရှည်ရှည် ခပ်ချောချော အမျိုးသားတစ်ဦးက မိတ်ကပ်အများကြီးလိမ်းခြယ်ထားသော မိန်းမကြီးတစ်ဦးနှင့်အတူရှိနေသည်။

“အမကျောက်..ဒီပြိုင်ပွဲက အမပေါ်မူတည်တယ်။ ဒါက ငါ့အတွက် အကောင်းဆုံးအခွင့်အရေးပဲ”

ဤပြိုင်ပွဲ ကိုအားပေးသူများစွာရှိတာမို့ သူသာချန်ပီယံဖြစ်ပါက အခွင့်အလမ်းများစွာရလာမည်။

“စိတ်မပူပါနဲ့ ငါ့နောက်ကပဲ လိုက်ပေး။ မင်းကို အနိုင်ရသူဖြစ်အောင်လုပ်ပေးမယ်” ကျောက်ရင်သည် လေးဆယ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ကာ သူမက ကောင်လေးငယ်ငယ်လေးများနှင့် ဇာတ်လမ်းများရှိခဲ့သည်။

“မင်း ဒီလောက်နာမည်ကြီးနေတာ ဖိုင်နယ်ပွဲက အဆင်ပြေမှာပါ။ မင်းရဲ့ ဂုဏ်သတင်း နာမည်ကြီးအောင် အွန်လိုင်းမှာလုပ်ပေးမယ်။ မင်းပြိုင်ဘက်တွေရဲ့ ဂုဏ်သိက္ခာကိုနင်းခြေမယ်ဆို ချန်ပီယံဆုရဖို့ အသာလေးပဲ”

“ထိပ်သီးဆယ်ယောက်ကိုကြည့်မိတာ တစ်ယောက်က ငါ့အတွက်လန့်စရာပဲ။ ကောရှင်းယွီဆိုတဲ့ ကောင်မလေးက အသံလည်းကောင်းတယ်။ သူမကြည့်ရတာ ပရော်ဖက်ရှင်နယ်နဲ့ လေ့ကျင့်ထားသလိုပဲ။ သူမရည်းစားကလည်း အရမ်းချမ်းသာတဲ့ ဖန့်ကြွယ်ယွီလေ”

“ သူက ငါ့ထက် ချမ်းသာလို့လား” ဟု ကျောက်ရင်ကမေးသည်။ သူမ၏ ကြွယ်ဝချမ်းသာမှုကို သူမတစ်မြို့လုံးသိကြတယ်။

“ဥက္ကဌဝမ်က သူ့ထက်ဖန့်ကြွယ်ယွီက ပိုချမ်းသာတယ်လို့ပြောဖူးလို့နေမှာ”

“ဟမ် ဝမ်ချုံးက ကလေးပဲရှိသေးတာ။ သူ့မှာ တစ်ဘီလီယံလောက်ပဲပိုင်တာ။ သူ့ထက်ချမ်းသာတယ်ဆိုလျှင်တောင် ချမ်းသာမှုအရ သူမကို မယှဉ်နိုင်လောက်ပေ။

“လွယ်ပါတယ်။ အနုပညာလောကထဲမှာ နာမည်ကြီး ပါပါရာဇီသမားတွေနဲ့ ငါသိတယ်။ ဒါကြောင့် စိတ်မပူပါနဲ့ ပြိုင်ပွဲကိုပဲ အာရုံစိုက်ပါ”ဟု ပြောကာ ကျောက်ရင်က သူမ၏ အိတ်ကိုယူပြီး ပြန်ထွက်သွားတော့သည်။

“အား” ကျောက်ဖန်က သူ၏ ကျိုးမတတ်နီးပါးဖြစ်နေသော ခါးကိုပွတ်သပ်ချိန်တွင် သူ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့ဖြစ်ပြီး ရွံရှာစက်ဆုပ်သည့်ပုံက အတိုင်းသားပေါ်နေသည်။

All Chapters