← Chapters

ချင်းယန် ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်းသို့ ဝင်ရောက်ခြင်း။ လျှို့ဝှက်ဆန်းကြယ်သော လူအို!

Vol. 1 Ch. 11

ချင်းယန် ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်းသို့ ဝင်ရောက်ခြင်း။ လျှို့ဝှက်ဆန်းကြယ်သော လူအို!

Vol. 1 Ch. 11

[ထို့ကြောင့် သင်သည် ကျင်းချုံးရွှယ်နောက်သို့ လိုက်ရန် စိတ်ကို ပြင်ဆင်ထားလိုက်သည်။သူမနောက်ကို လိုက်လျှင် ယာယီအကျဉ်းခန်း၏ ဝင်ပေါက်ကို ရောက်နိုင်မှန်း သင်သိသည်။]

[ကျင်းချုံးရွှယ်သည် သင့်ကို သတိပြုမိသော်လည်း သင့်စွမ်းအားသည် သူမကို မယှဉ်နိုင်မှန်း သေချာသွားသည့်အခါတွင် သင့်ကို အာရုံမစိုက်တော့ပါ။]

[သင်သည် သူမနောက် တစ်လမ်းလုံး လိုက်လာပြီးနောက် သူမသည် ကျင်းလင်မြို့သို့ ပြန်ရန် စီစဉ်နေကြောင်း တွေ့ခဲ့သည်။]

[ကျင်းချုံးရွှယ်သည် မြို့ကိုပြန်ရန် အတွက် လမ်းငယ်ကို ရွေးချယ်ခဲ့သည်။ဤလမ်းပေါ်တွင် အကျဉ်းခန်း၏ ဝင်ပေါက်ကို သူမ ရှာတွေ့ပါ‌စေဟု သင်သည် မျှော်လင့်နေခဲ့သည်။]

[တစ်ချက် လှည့်လိုက်သော ခဏတွင် သူမသည် မြင်ကွင်းမှ ပျောက်သွားခဲ့သည်။သူမသည် အကျဉ်းခန်းထဲသို့ ဝင်ရောက်သွားပြီလားဟု တွေးရင်း သင်သည် ထိတ်လန့်သွားသည်။]

[ထိုအချိန်တွင် သူ့နောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ “မင်း ဘယ်သူလဲ? ဘာလိုချင်လို့ ငါ့နောက် လိုက်လာရတာလဲ?”]

[စိတ်အနှောက်အယှက်ဖြစ်စေသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် ဗုဒ္ဓဘာသာကို အလွန်နှစ်သက်ကြောင်းနှင့် ကျင်းချုံးရွှယ်သည် ၎င်းအကြောင်းကို အတော်လေး တတ်ကျွမ်းသည်ဟု ကြားသိရသောကြောင့် သူမ၏ လမ်းညွှန်မှုကို တောင်းခံလိုကြောင်း ပြောသည်။]

[ကျင်းချုံးရွှယ်သည် မကျေနပ်သော အမူအရာဖြင့် ဗုဒ္ဓနှင့် ပတ်သက်သည့် အခြေခံ မေးခွန်းများကို သင့်အား မေးသည်။]

[ကံကောင်းသည်မှာ သင်သည် ဗုဒ္ဓဘာသာ လမ်းညွှန်ချက်အချို့ကို ကြိုတင်လေ့လာခဲ့ပြီး ဖြစ်သည့်အတွက် သင်၏ အဖြေများသည် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသော်ငြား သူမကို အနည်းအကျဉ်း ဆွဲဆောင်နိုင်ခဲ့သည်။]

[ကျင်းချုံးရွှယ်က သူမကို မေးစရာ မေးခွန်းရှိလားဟု မေးသည်။ထိုအခါ သင်က သူမ မဖြေနိုင်သည့် လိုင်းပေါ် မှာ တွေ့ခဲ့‌သော “ဗုဒ္ဓဆိုင်ရာ အခန်းငယ် ၁၀ခု ခက်ခဲမှု”ကို မေးခဲ့သည်။]

[ကျင်းချုံးရွှယ်သည် ရက်အနည်းငယ် အကြာတွင် အကြောင်းပြန်မည့် အကြောင်း ပြောသည်။သင်သည် အခွင့်ကောင်းရပြီး သူမနှင့်အတူ မြို့ထဲသို့ ပြန်လိုက်လိုကြောင်း ပြောလိုက်သည်။]

[ကျင်းချုံးရွှယ်သည် အလွယ်တကူပင် သဘောတူပါသည်။သင်တို့နှစ်ယောက်သည် မြို့ပြင်၏ လမ်း‌လေးပေါ်တွင် အတူ လျှောက်လာခဲ့ကြသည်။]

[သိပ်မကြာခင်အချိန်တွင် မဝေးလှတဲ့ မိုးမခပင်တစ်ပင်မှ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာသည်ကို သင် သတိထားမိလိုက်သည်။]

[ကျင်းချုံးရွှယ်သည် ထိတ်လန့်ခြင်းနှင့်အတူ ကျေနပ်နေမိသည်။ယင်းသည် ယာယီ အကျဉ်းခန်းဖြစ်ပြီး သူမသည် သွားရောက် စူးစမ်းလိမ့်မည် ဖြစ်သည်။]

[သင်သည် သင်လည်း စူးစမ်းလိုကြောင်း အလျင်အမြန် ပြောလိုက်သော်လည်း ကျင်းချုံးရွှယ်သည် သင်၏ခွန်အားမှာ အလွန်နည်းသည့်အပြင် သူမကလည်း မကာကွယ်နိုင်သဖြင့် မလိုက်စေလိုကြောင်း ပြောသည်။]

[သင်သည် ဝင်ဖို့ကိုသာ အတင်း တောင်းဆိုခဲ့သည်။သင် သေမှာကို သေချာပေါက် သိနေသော်လည်း သူမသည် မငြင်းတော့ပါ။]

[သင်သည် “တိမ်တိုက်စိမ်း ဝိဉာဉ်စိုက်ခင်း” အကျဉ်းခန်းသို့ ဝင်ရောက်ခဲ့သည်။]

စုရှင်းသည် ထိုအရာကို မြင်သည့်အခါ အူမြူးနေတော့သည်။သူ အောင်မြင်သွားခဲ့ပြီ!

တိမ်တိုက်စိမ်း ဝိဉာဉ်စိုက်ခင်းသည် ကျင့်ကြံခြင်းကို ဦးတည်သည့် အကျဉ်းခန်းဖြစ်မှန်း ထင်ရှားသည်။စုရှင်းသည် ၎င်း၏ လျှို့ဝှက်ချက်ကို မသိသေးသော်လည်း သူ့အတွက် အလွန် အသုံးဝင်မည်မှာတော့ သေချာသည်။

စိတ်လှုပ်ရှားစွာဖြင့် စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[သင်သည် မရင်းနှီးသော ပတ်ဝန်းကျင်သစ် တစ်ခုသို့ ရောက်လာခဲ့သည်။တောင်ထိပ်မှ ကြည်လင် အေးမြသော ရေများ စီးဆင်းနေကာ စိမ်းလန်းစိုပြေနေသည်။ခပ်လှမ်းလှမ်းတွင် သက်ကယ်အိမ် တစ်လုံး ရှိသည်။]

[ပတ်ဝန်းကျင်တွင် ဝိဉာဉ်စွမ်းအင်များ ပေါများနေသည်ကို ခံစားမိသည့်အတွက် သင်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။ဤနေအိမ်သည် ကျင့်ကြံသူတစ်ဦး၏ နေအိမ်ဖြစ်မှန်း ထင်ရှားပါသည်။]

[ကျင်းချုံးရွှယ်သည် သက်ကယ်အိမ်စီသို့ ဦးတည်ပြီး လျှောက်သွားရာ သင်သည်လည်း နောက်မှ လိုက်ခဲ့သည်။]

[သင်သည် သက်ကယ်အိမ်၏ တံခါးကို ခေါက်လိုက်ရာ ငယ်ရွယ်သော ရုပ်သွင်နှင့် ဆံပင်များ ဖြူနေသည့် အဘိုးအိုတစ်ဦး ထွက်လာသည်။]

[အဘိုးအိုသည် သင်ရောက်လာခြင်းကို အံ့အားသင့်နေသည်။ဤနေရာသည် မသေမျိုးများ အတွက် လျှို့ဝှက် ဝိဉာဉ်နယ်မြေဖြစ်ပြီး ရေစက်အထုံ ပါသူများသာ ဝင်ရောက်နိုင်ကြောင်း ပြောသည်။]

[အဘိုးအိုက သင့်ကို ကံကောင်းတယ်ဟု ပြောပြီး သူတာဝန်များကို ထမ်းဆောင်ဖို့ ဆန္ဒရှိလျှင် အခွင့်အရေး ပေးမည့်အကြောင်းပါ ပြောသည်။]

[သင်သည် ဝိဉာဉ်စိုက်ခင်းကို တစ်ပါတ်တာ စီမံရမည့် တာဝန်ကို လက်ခံခဲ့သည်။]

[သင်နှင့် ကျင်းချုံးရွှယ်တို့သည် ဝိဉာဉ် စပါးစေ့များ စိုက်ပျိုးထားသည့် ဝိဉာဉ်စိုက်ခင်း တစ်ဧကစီ ရရှိခဲ့သည်။သင်၏ တာဝန်မှာ ဝိဉာဉ်စပါးစေ့များကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေးရန် ဖြစ်သည်။]

[သင်နှင့် ကျင်းချုံးရွှယ်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကြည့်လိုက်ပြီး ဤအရာမှာ သေချာပေါက် အခွင့်အရေးကောင်း ဖြစ်မှန်း သိရှိလိုက်သည်။ထို့ကြောင့် သင်တို့ နှစ်ဦးစလုံးသည် ဝီရိယရှိရှိဖြင့် စိုက်ခင်းများကို စတင် စီမံခန့်ခွဲသည်။]

[သင်သည် ကျေးလက်တွင် ကြီးပြင်းခဲ့ရသူ ဖြစ်သောကြောင့် စိုက်ပျိုးခြင်း အကြောင်းကို အနည်းငယ် နားလည်ပြီး အလျင်အမြန် ကိုင်တွယ်နိုင်ခဲ့သည်။]

[ကျင်းချုံးရွှယ်ကတော့ အရင်က မစိုက်ပျိုးဖူးသောကြောင့် ကို့ရို့ကားယားဖြစ်ကာ သီးနှံများ ပျက်စီးခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။]

[ကျင်းချုံးရွှယ်သည် သင်ကို လမ်းညွှန်ပေးဖို့ ပြောသည်။သင်ကလည်း ဝမ်းမြောက်စွာ သဘောတူပြီး သူမကို စိုက်ပျိုးနည်းများ သင်ပေးခဲ့သည်။]

[ကျင်းချုံးရွှယ်၏ နှစ်သက်မှုသည် ပိုမို တိုးပွားလာကာ သင်တို့သည် မိတ်ဆွေများ ဖြစ်သွားခဲ့ကြသည်။]

[ဝိဉာဉ်စိုက်ခင်းကို စီမံနေရင်း ဝိဉာဉ်စွမ်းအင်သည် ဝိဉာဉ်စိုက်ခင်း၏ ကြီးထွားမှုကို တိုးမြင့်ပေးနိုင်ကြောင်း သင် ရှာတွေ့ခဲ့သည်။အထူးသဖြင့် သင်၏ သစ်သားဒြပ်စင် စိုက်ပျိုး နည်းစနစ် ဖြစ်သည့် ချန်ချွန်းနည်းလမ်းသည် အံ့ဩဖွယ် ကောင်းလောက်အောင်ပင် သီးနှံများကို အထွက်တိုးစေသည်။]

[သင်သည် ဤတာဝန်ကို ရရှိသည့် အခွင့်အရေးကို နှစ်သက်ခဲ့သည်။ထို့ကြောင့် ဝိဉာဉ်စွမ်းအင်များဖြင့် ပေါင်းစည်းကာ ဝိဉာဉ်စိုက်ခင်းမှာပင် တစ်ရက်ကို ရှစ်နာရီကြာသည်အထိ ကုန်ဆုံးခဲ့သည်။]

[သင်၏ စိတ်ဝင်တစား ဂရုစိုက်မှုကြောင့် ဝိဉာဉ်စပါးစေ့များ၏ အထွက်တိုးမှုသည် အလွန် ကျေနပ်စရာ ကောင်းလာသည်။]

[ခုနစ်ရက်တာ အချိန်သည် လျင်မြန်စွာ ကုန်သွားခဲ့သည်။သင်သည် ဝိဉာဉ်စိုက်ခင်းကို စီမံခန့်ခွဲခြင်းအပြင် အားလပ်ချိန်များ အားလုံးတွင် ကျင့်ကြံခြင်းကိုပါ လုပ်ဆောင်ခဲ့သည်။ထို့ကြောင့် ချီသန့်စင်ခြင်းနယ်ပယ်၏ ပဉ္စမအဆင့်သို့ပင် ရောက်ရှိခဲ့သည်။]

[တာဝန် ပြီးဆုံးသည့်နေ့တွင် အဘိုးအိုသည် သင့်စိုက်ခင်း၏ ရလဒ်ကို စစ်ဆေးရန်အတွက် သက်ကယ်အိမ်ထဲမှ ထွက်လာခဲ့သည်။]

[အဘိုးအိုသည် ကျင်းချုံးရွှယ်၏ စိုက်ခင်းစီသို့ ဦးစွာ သွားရောက် စစ်ဆေးခဲ့သည်။စိုက်ခင်းပတ်လည်ကို လျှောက်ကြည့်ပြီးနောက် သူ၏ အမူအရာသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။]

[မကြာမီ သူသည် သင်၏စိုက်ခင်းစီ ရောက်လာခဲ့သည်။သင်၏ ဝိဉာဉ် စပါးစေ့များ ကြီးထွားနေသည်ကို မြင်သည့်အခါ အဘိုးအိုသည် အံ့ဩသွားသည်။]

[ဝိဉာဉ်စိုက်ခင်းများကို စစ်ဆေးပြီးနောက် အဘိုးအိုသည် တာဝန် ဆုလာဘ်များကို ယူရန် သင့်အား ဘေးသို့ ခေါ်သည်။]

[အဘိုးအိုသည် ကျင်းချုံးရွှယ်ကို ဝိဉာဉ်ကျောက်တုံး ဆယ်ခုနှင့် ဝိဉာဉ်ဆန်အိတ်သေး တစ်အိတ်ကို ပေးခဲ့သည်။]

စုရှင်းသည် အံ့အားသင့်စွာ ငေးကြည့်နေသည်။

သူ မှတ်မိတဲ့အတိုင်းဆို ကျင်းချုံးရွှယ်၏ ယခင်ဆုလာဘ်က ဝိဉာဉ်ကျောက်တုံး ၃ခုနှင့် ဝိဉာဉ်ဆန်အိတ်သေး တစ်အိတ် ဖြစ်သည်။

ယခုအခါမှာတော့ သူမ၏ ဆုလာဘ်သည် ဝိဉာဉ်ကျောက်တုံး ၇ခုတောင် တိုးလာခဲ့သည်။အကြောင်းပြချက် တစ်ခုဘဲ ရှိရမယ်…

စုရှင်း၏ အကူအညီဖြင့် ဝိဉာဉ်စိုက်ခင်းရှိ ဝိညာဉ်စပါးစေ့များ၏ ကြီးထွားမှုသည် တိုးတက်ခဲ့သည်!

စုရှင်း၏ ဝိဉာဉ်စပါးစေ့များ၏ ကြီးထွားမှုသည် ကျင်းချုံးရွှယ်ထပ် များစွာ သာလွန်သည်ဖြစ်ရာ သူ့အတွက် ဆုလာဘ်က ဘာများ ဖြစ်လောက်မလဲ?

စုရှင်းသည် မျှော်လင့်နေမိသည်။

[ကျင်းချုံးရွှယ်ကို ဆုလာဘ် ပေးပြီးနောက် အဘိုးအိုသည် လက်ကိုဝေ့ယမ်းကာ သူမအား အကျဉ်းခန်း အပြင်သို့ တယ်လီပို့လိုက်သည်။]

[ထို့နောက် အဘိုးအိုသည် ခရစ်စတယ် ကျောက်တုံးတစ်ခုကို ထုတ်ကာ သင့်လက်ဖဝါးပေါ် တင်ထားခိုင်းသည်။]

[သင်သည် ၎င်းကို သင့်လက်ပေါ်တွင် တင်လိုက်ပါသည်။မကြာမီတွင် ‌၅ရောင်သော ရောင်စဉ် အလင်းတန်းများ ကျောက်တုံးတစ်ပြင်လုံးတွင် လင်းလက်လာသည်။]

[အဘိုးအိုသည် သင့်တွင် ဝိဉာဉ်‌ရင်းမြစ် အရောရှိသည်ဟု ပြောကာ သက်ပြင်းချသည်။သင့်တွင် ကျင့်ကြံခြင်းအတွက် စွမ်းရည် ပိုင်ဆိုင်ထားသော်လည်း ထာဝရ အသက်ရှင်ဖို့ မျှော်လင့်ချက်တော့ မရှိပါ။]

[စုရှင်းသည် ထိုအရာကို အံ့ဩမသွားပါ။သူ၏ ဝိဉာဉ်ရင်းမြစ် စွမ်းရည်သည် အဖြူရောင်အဆင့် ဖြစ်သည့်အတွက် ဝိဉာဉ်ရင်းမြစ် အရော ရှိခြင်းသည် ပုံမှန်ပါပင်။]

[အဘိုးအိုသည် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။သို့သော် သင့်အတွက် ဝိဉာဉ်ကျောက်တုံး အိတ်သေး တစ်အိတ်နှင့် ဝိဉာဉ် ဆန်အိတ်ကြီး တစ်အိတ် ထုတ်ပေးခဲ့သည်။ဝိဉာဉ်ကျောက်တုံး ၃၀နှင့် ဝိဉာဉ်ဆန် ၃၀ဂျင် နီးပါး ပါဝင်သည်။]

[အဘိုးအိုသည် လက်ကို ဝေ့ယမ်းကာ သင့်ကို အကျဉ်းခန်း အပြင်သို့ ထုတ်လိုက်သည်။]

[ယင်းမှ ထွက်လာပြီးနောက် သင်သည် ကျင်းချုံးရွှယ်နှင့် တွေ့ခဲ့သည်။သူမက သင်၏ ဆုလာဘ်ကို မေးမြန်းခဲ့သည်။]

[သင်သည် ဝိဉာဉ်ကျောက်တုံးအချို့နှင့် ဆန်အချို့ကို ထုတ်ပြကာ သင့်ဆုလာဘ်သည်လည်း သူမနှင့် တန်းတူပင် ဖြစ်ကြောင်း ပြောခဲ့သည်။]

[ကျင်းချုံးရွှယ်သည် ခေါင်းကို အသာငြိမ့်ရင်း သင့်ကို ပြသာနာ မရှာတော့ပါ။]

[သင်သည် ကျင်းလင်မြို့တွင် နောက်ထပ် ရက်အနည်းငယ် ထပ်နေခဲ့ပြီး ကျင်းချုံးရွှယ်နှင့် ပနံသင့်လာခဲ့ပြီးနောက် ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းသို့ ပြန်လာခဲ့သည်။]

[ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းသို့ ပြန်ရောက်သည့်အခါ သင်သည် ယခင်ကလိုပင် ပစ္စည်းများကို ရောင်းချပြီးနောက် ရှေ့ဖြစ်ဟော အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့သည်။]

[သင်၏ ကံဇာတာသည် ရှုပ်ထွေးသည်။ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာခဲ့သည်။သင်သည် သဲလွန်စယူပြီး အရင်က တစ်ခါမှ မကြိုးစားခဲ့ဖူးသည့် အသစ်များကို စမ်းသပ်ကြည့်ခဲ့သည်။]

[ထို့နောက် ဝမ့်ချင်းရွှမ်သည် တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီး သင်သည်လည်း သင်၏ စီးပွားရေးကို ဆက်လက် လုပ်‌ကိုင်ခဲ့သည်။]

[သင်သည် ယာယီအကျဉ်းခန်းမှ ရသည့် ဝိဉာဉ်‌ကျောက်တုံးများကို အသုံးမပြုခဲ့ပါ။သို့ရာတွင် ရက်အနည်းငယ် ကြာတိုင်း သင့်ရဲ့တပ်မက်မှုကို ဖြည့်ဆည်းရန်အတွက် သင်သည် ဝိညာဉ်ထမင်း တစ်ပန်းကန် ချက်ပြုတ်လေ့ရှိသည်။]

[ဝိဉာဉ်ဆန်သည် အရသာရှိပြီး ကျေနပ်စရာ ကောင်းသည်။ယင်း တစ်ပန်းကန်ကို စားခြင်းသည် နောက်သုံးရက်ထိ ဘာမှ မစားဘဲ နေနိုင်စေသည်။သင်၏ ခန္ဓာကို အာဟာရ ဖြည့်တင်းပေးသည်။]

[တစ်နှစ်တာ ကုန်သွားပြီးနောက် သင်၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် မသိလိုက်ခင်မှာပင် အရိုး မာကြောခြင်းအဆင့်သို့ မြင့်တက်သွားကြောင်း သိလိုက်သည်။]

[ယင်းမှာ ဝိဉာဉ်ဆန်နှင့် ပုံမှန် လေ့ကျင့်ခန်းများ၏ ပေါင်းစပ်‌မှုကြောင့် ဆိုသည်ကို သင် နားလည်လိုက်သည်။]

[ငါးနှစ်အကြာတွင် သင်သည် မျှော်လင့်ထားသည့်အတိုင်း ကျောင်းမှ ထုတ်ပယ်ခံလိုက်ရသည်။သင်သည် သင်၏ လုပ်ငန်းဟောင်းဖြစ်သည့် တစ်ပတ်ရစ် ပစ္စည်းများကို ရောင်းချသည့် လုပ်ငန်းကိုပင် ဆက်လက် လုပ်ကိုင်ခဲ့သည်။]

[ထို ငါးနှစ်အတွင်း သင်၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် တဖြည်းဖြည်း မြင့်တက်လာကာ အရိုး မာကျောခြင်း ပဉ္စမအလွှာသို့ပင် ရောက်ရှိလာခဲ့သည်။]

…

All Chapters