← Chapters

အစိမ်းရောင်အဆင့် စွမ်းရည်၊ ကွမ်ရှီနှင့် တူသော မျက်နှာ!

Vol. 1 Ch. 14

အစိမ်းရောင်အဆင့် စွမ်းရည်၊ ကွမ်ရှီနှင့် တူသော မျက်နှာ!

Vol. 1 Ch. 14

“`

[ဓားတာအို ဉာဏ်ကြီးရှင်]: အစိမ်းရောင်အဆင့် စွမ်းရည်—သင်သည် အခြား သာမန်လူများထပ် ဓားပညာကို သ‌ဘာဝအလျောက် ပိုမို နားလည်နိုင်စွမ်း ရှိသည်။ဓားရေး လေ့ကျင့်ရာတွင် အတော်လေး အရည်အချင်း ရှိသည်။

“`

“`

ထိုစွမ်းရည်ကို မြင့်သည့်အခါ မျက်မှောင်ကုတ်လိုက်ပြီး သက်ပြင်းဖွဖွ ချလေသည်။

“ဟူးး ဓားတာအို စွမ်းရည်က ကောင်းပါတယ်…ဒါပေမယ့် လက်ရှိငါ့အတွက်ကျ အသုံးမှ မဝင်တာ။”

“`

“`

သူ၏ဝိညာဉ် အရင်းအမြစ် စွမ်းရည်ကို မြှင့်တင်ခြင်း သို့မဟုတ် ကျင့်ကြံမှု အရင်းအမြစ်များကို ပိုမိုစုဆောင်းခြင်းသည် စုရှင်းအတွက် အရေးကြီးသည့်ကိစ္စ ဖြစ်သည်။

“`

“`

[အိပ်ဆောင်ထဲတွင် သင်သည် ဝိဉာဉ်ကျောက်တုံးကို ထုတ်ကာ သင်၏ ကျင့်ကြံခြင်းကို စတင်သည်။]

“`

“`

[ချင်းယန်ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်း မပွင့်ခင် ရက်၂၀သာ လိုတော့ကြောင်း သင်သိသည်။ထို့ကြောင့် သင်သည် ကျင့်ကြံခြင်းတွင်သာ အချိန်ကုန်လေ့ရှိပြီး လယ်ယာလုပ်ငန်းကို ပိုမိုလေ့လာခဲ့သည်။]

“`

“`

[ရက်၂၀ကြာပြီးနောက် သင်၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်း နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သည်။]

“`

“`

[နိုဝင်ဘာ၁၈ရက်တွင် သင်သည် ကျင်းလင်မြို့သို့ ထွက်ခွာခဲ့သည်။]

“`

“`

[နောက်တစ်ရက်တွင် သင်သည် ကျင်းချုံးရွှယ်နှင့် တွေ့ခဲ့ကာ သင်၏ စွမ်းဆောင်ရည်များကို ပြသခဲ့သည်။ချင်းယန်ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်းသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ခဲ့သည်။]

“`

“`

[သင်သည် ချင်းယန် ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်းသို့ ဝင်ရောက်ခဲ့သည်။]

“`

“`

[သင်သည် စိုက်ပျိုးခြင်း တာဝန်ကို လက်ခံခဲ့သည်; သင်သည် ယခင်ကလိုပင် စိုက်ခင်းထဲတွင် ဝီရိယရှိစွာ ကြိုးစားခဲ့သည်။အားလပ်ချိန်များတွင် သင်သည် ကျင်းချုံးရွှယ်ကို လယ်ယာလုပ်ငန်းတွင် ကူညီပေးခဲ့သည်။]

“`

“`

[တစ်ပတ်ကြာပြီးနောက် အဘိုးအိုသည် သင်၏ တာဝန်ဆုလာဘ်ကို ပေးခဲ့သည်။]

“`

“`

[သင်သည် ဝိဉာဉ်ကျောက်တုံး ၄၀နှင့် ဝိဉာဉ်ဆန် ၄၀ကျင်း ရရှိခဲ့သည်။]

“`

“`

[သင်သည် ဝိဉာဉ်ကျောက်တုံးများကို ဝိဉာဉ်ဆဲနှင့် လဲပေးရန် တောင်းဆိုခဲ့သည်။]

“`

“`

[အဘိုးအိုသည် သဘောတူလိုက်သည်။သင်သည် ဝိဉာဉ်ဆန် ၈၀ကျင်း ရရှိခဲ့သည်။]

[အကျဉ်းခန်းမှ ထွက်ခွာပြီးနောက် သင်သည် ကျင်းလင်မြို့တွင် ရက် အနည်းငယ် ထပ်နေခဲ့ပြီးမှ ကျိုတိုမြို့သို့ ပြန်လာခဲ့သည်။]

[သင်သည် သင်၏လုပ်ငန်း ဖြစ်သည့် ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းကိုပင် ပြန်လည် စတင်ခဲ့သည်။]

[သင်သည် သင်၏ချီသန့်စင်ခြင်း ကျင့်ကြံမှုကို မြှင့်တင်ရန်သာ အာရုံစိုက်ထားသည်။ဝိဉာဉ်ဆန် ၈၀ကျင်းကိုတော့ လုံးဝ အသုံးမပြုခဲ့ပါ။]

[ငါးနှစ်ကြာပြီးနောက် သင်သည် ကျောင်းမှ ထုတ်ပယ်ခံလိုက်ရသည်။သို့သော် ထိုအချိန်တွင် သင်သည် သန်းတစ်ရာကျော် တန်ဖိုးရှိသည့် ဝိညာဉ်ကျောက်တုံးများ၏ အထောက်အပံ့ ရှိသည့်အတွက သင်၏ ကျင့်ကြံခြင်း အဆင့်သည် ချီသန့်စင်မှု နယ်ပယ်တွင် ကြီးမြတ်သော ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသည်။]

[ခုနစ်နှစ် အကြာတွင် သင့်ညီမ ဆုံးပါးသွားပြီး သူမ၏ဈာပနသို့ တက်ရောက်ခဲ့သည်။]

[ဆယ်နှစ်အကြာတွင် ဖက်တီးယု ကွယ်လွန်ကာ သူ၏ ဈာပနသို့ တက်ရောက်ခဲ့ရပြန်သည်။]

[ဆယ့်တစ်နှစ် ကြာပြီးနောက် ဈေးကွက် အတက်အကျ ဖြစ်ပေါ်ခဲ့ပြီး သင်၏ဝင်ငွေသည် ဆယ်ဆမြင့်တက်လာသည်။]

[ဆယ့်ငါးနှစ် ကြာပြီးနောက် ဧရာမ သားရဲကြီး ထွက်ပေါ်မလာခင် တစ်လအလိုတွင် သင်၏ ကျင့်ကြံခြင်းသည် မြင့်တက်သွားသည်။]

[သင်သည် နှစ် နှစ်ရာ သက်တမ်းရှိသည့် အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူအဖြစ် အောင်မြင့်စွာ တိုးမြင့်ခဲ့သည်။]

[တစ်လကြာပြီးနောက် ဧရာမသားရဲကြီး လာရောက် တိုက်ခိုက်ခဲ့သည်။]

[သင်သည် ထိုသားရဲကြီးကို လက်ခလယ် ထောင်ပြခဲ့သည်…]

[အသက် ၃၆နှစ်တွင် ‌သင် ဆုံးပါးခဲ့သည်။]

[သင်သည် “လက်မလျှော့သော မျက်လုံးများ”ကို အသက်သွင်းလိုက်သည်…]

[ဒင်၊ သရုပ်သကန် ဖန်တီးခြင်း ပြီးဆုံးပါပြီ!]

[အောက်ပါ ဆုလာဘ်များအနက်မှ တစ်ခုအား ရွေးချယ်ပါ: ဓားတာအို ဉာဏ်ကြီးရှင်(စွမ်းရည်), အုတ်မြစ် တည်ထောင်ခြင်း အဆင့်တစ်(ကျင့်ကြံခြင်း အဆင့်),ဝိဉာဉ်ဆန် ၈၀ကျင်း(ပစ္စည်း)]

[ဓားတာအို ဉာဏ်ကြီးရှင်]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။

[အုတ်မြစ် တည်ထောင်ခြင်း အဆင့်တစ်]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀မှတ်။

[ဝိဉာဉ်ဆန် ၈၀ကျင်း]: ပစ္စည်း၊ တန်ဖိုး - စွမ်းအင် ၈၀၀၀၀မှတ်။

အများကြီး တွေးတောမနေတော့ဘဲ စုရှင်းသည် ဝိဉာဉ်ဆန်ကို ရွေးလိုက်သည်။

စုရှင်း၏ သရုပ်သကန် ဖန်တီးခြင်း စွမ်းအင်များ တရှိန်ထိုး လျော့ကျသွားသည်။၁၂၀၀၀၀စွန်းစွန်းသာ ကျန်တော့သည်။

သို့သော် တစ်ချိန်တည်းမှာပင် ဝိဉာဉ်ဆန် တစ်အိတ် စုရှင်း၏လက်ထဲ ပေါ်‌လာသည်။

ဝိညာဉ်ဆန်သည် ကြည်လင်ပြီး လွန်စွာ ကောင်းမွန်သည်။စပါးတစ်စေ့စီသည် ဖြူစင်သော ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး ပြည့်ဖြိုးသည်။

စုရှင်းသည် ဝိဉာဉ်ဆန် တစ်စေ့ကို ကောက်ကိုင်ကာ အစိမ်းအတိုင်း မြည်းစမ်းပြီး စားကြည့်သည်။

သူ စိတ်ကူးထားသလို ခါးမနေပါ။တကယ်တော့ ၎င်းသည် လက်ရှိ လောကီကမ္ဘာက ချက်ပြီးသားထပ်ပင် ပို၍ အရသာ ရှိနေသေးသည်။

တစ်ချိန်တည်းမှာပင် ဝိဉာဉ်စွမ်းအင် တစ်မျှင်သည် စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ဖွဲ့စည်းပုံ တိုးတက်လာခဲ့သည်။

စပါးတစ်စေ့သာ မြည်းစမ်းပြီး စုရှင်းသည် ဝိဉာဉ်ဆန်အိတ်ကို တွန့်ဆုတ်စွာပင် ပြန်သိမ်းထားလိုက်သည်။

အရသာ ရှိလှသော ဝိဉာဉ်ဆန်ကို အခု စားလိုက်လျှင် အဆိပ်ဖြင့် ရေငတ်ဖြေသလို ဖြစ်ကာ သူ၏ အနာဂတ် အလားအလာများကို ဖျက်စီးလိုက်သလို ဖြစ်လိမ့်မည်။

သရုပ်သကန် ဖန်တီးခြင်းတွင်သာ စားသုံးပြီး ကျင့်ကြံခြင်းအဆင့်များကို ဈေးနည်းနည်းဖြင့် ဝယ်ယူခြင်းသည် သူတို့ကို အကျိုးရှိဆုံး အသုံးချခြင်းပင် ဖြစ်သည်။

“တကယ်တမ်း ဒြပ်စင်ငါးပါး ရောနှောတဲ့ ဝိညာဉ်ရင်းမြစ်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့တင်ကို ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိသရွေ့တော့ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို ငါ ရောက်ရှိနိုင်တယ်။”

အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို ရောက်ရှိခြင်းသည် သူ၏ စွမ်းအားကို တမဟုန်ချင်း မြင့်တက်သွားစေနိုင်မှန်း သိသည့်အတွက် စုရှင်းသည် စိတ်လှုပ်ရှားနေခဲ့သည်။

သို့သော် လက်ရှိမှာတော့ စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းမှ ကျင့်ကြံမှုအဆင့်များကို မရယူသေးပါ။သူသည် ဝိဉာဉ်ကျောက်တုံး အများအပြားကို စုဆောင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဒါ့အပြင် လုံလောက်သော ဝိဉာဉ်ကျောက်တုံးများသည် သရုပ်သကန် ဖန်တီးခြင်းတွင် ကြီးမားသော အောင်မြင်ခြင်းကို ရရှိစေလိမ့်မည်။

စုရှင်း အနည်းငယ် စိတ်မကောင်းဖြစ်မိသည့် တစ်ခုတည်းသောအရာမှာ ဓားတာအို ဉာဏ်ကြီးရှင်ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ခဏတာ လက်လွှတ်လိုက်ရခြင်းပင် ဖြစ်သည်။

“နောက်တစ်ကြိမ် မဲလှည့်တဲ့အခါကျ ပြန်ရဖို့ မျှော်လင့်ရဝာာဘဲ…”

စုရှင်းသည် ဝိဉာဉ်ကျောက်တုံး တစ်တုံးကိုယူကာ ကျင့်ကြံလေသည်။

ယခုအခါ သူ့တွင် ဝိဉာဉ်ကျောက်တုံး ၉၂တုံးနှင့် တစ်တုံးခွဲ ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် တစ်တုံး၊ နှစ်တုံးလောက် သုံးလိုက်ခြင်းသည် ပြသာနာမရှိပါ။

ပိုအရေးကြီးသည်မှာ သူသာ ခုကတည်းက မကျင့်ကြံလျှင် “ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်း”ထဲသို့ ဝင်သည့်အချိန်တွင် သူ၏ ချီသန့်စင်ခြင်းမှာ ပထမအဆင့်တွင်ပင် ရှိနေသေးမည် ဖြစ်ကြောင်း သူ သတိပြုမိသည်။

ချီသန့်စင်ခြင်း ပထမအဆင့်တွင် စိုက်ပျိုးရခြင်းသည် အရမ်းပင် နှေးသည်။ထို့ကြောင့် အနည်းဆုံးတော့ ချီသန့်စင်ခြင်း စတုတ္ထအဆင့်သို့ မြင့်တင်ထားရန် လိုအပ်သည်။

နောက်တစ်ပါတ်လုံး စုရှင်းသည် သူ၏စွမ်းအင် အများစုကို ကျင့်ကြံခြင်းအဆင့် မြှင့်တင်ရာတွင် အသုံးပြုခဲ့ပြီး လယ်ယာလုပ်ငန်း အကြောင်းကို လေ့လာခဲ့သည်။

တကယ်တော့ သူသည် ရံဖန်ရံခါတွင် လူသစ်များကို အကျဉ်းခန်းများသို့ ခေါ်သွားရင်း အဆင့်မြှင့်ပေးလေ့ ရှိသည်။

တစ်ပါတ်အတွင်း စုရှင်းသည် ဝိဉာဉ်ကျောက်တုံးတစ်ဝက်ကို အသုံးပြုခဲ့ပြီး ချီသန့်စင်ခြင်း ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာ၄ရက်။

ထိုနေ့တွင် စုရှင်းသည် သူ၏ ကိုးကြိမ်မြောက် သရုပ်သကန် ဖန်တီးခြင်းကို စတင်ခဲ့သည်။

“သရုပ်သကန် ဖန်တီးခြင်းကို စတင်ပါ!”

[စွမ်းအင် ၉၀၀မှတ် ကုန်ဆုံးသွားပါသည်။သင့်တွင် စွမ်းအင် ၁၂၀၀၀၀နှင့် အကန့်အသတ်မဲ့ သရုပ်သကန် ဖန်တီးခြင်းများ ကျန်ရှိပါသည်။]

[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည်ကို ရယူခြင်းသည် စွမ်းအင် ၁၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး အစိမ်းရောင်အဆင့် စွမ်းအင် ရယူခြင်းသည် စွမ်းအင် ၁၀၀၀မှတ် ကုန်ကျမည် ဖြစ်ပါသည်။ရယူလိုပါသလား?]

“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်”

စုရှင်းသည် သက်ပြင်းချလိုက်သည်။ဝိဉာဥ်စိုက်ခင်း အကျဉ်းခန်း မပွင့်မီ အစိမ်းရောင်အဆင့် ဝိဉာဉ်ရင်းမြစ် စွမ်းရည်ကို ရရှိရန်အတွက် ဒီအကြိမ် အပါမှ သူ့တွင် အခွင့်အရေး သုံးကြိမ်သာ ရှိတော့သည်။

[ဒင်၊ နတ်သားနှင့်တူသော ရုပ်သွင်ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။]

[နတ်သားနှင့်တူသော ရုပ်သွင်]: သင်၏သွင်ပြင်သည် အလွန်ပင် ခန့်ညားကာ ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်မှုသည်လည်း အတော်ပင် မြင့်မားလာမည်။သင်၏ ဓာတ်ပုံပညာ အရည်အချင်းသည် သိသိသာသာပင် တိုးတက်လာမည်။]

စုရှင်း: “...”

သေစမ်း၊ ဒီစွမ်းရည်ကို ငါက ဘယ်မှာသုံးရမှာတုန်းဟ!

ဒါက ကျင့်ကြံခြင်းလောကလေ! မြို့တွေကို သိမ်းပိုက်တဲ့ဂိမ်းမှ မဟုတ်တာ!

စုရှင်းသည် ချက်ချင်းပင် ကွန်ပလိန်း တက်တော့သည်။

[သင်၏ အိပ်ခန်းအဆောင်တွင် သင်သည် သင်ကိုယ်တိုင် မသိလိုက်ခင်မှာပင် ကိုယ့်ဘာသာ မှန်ကြည့်နေခဲ့ပြီး သင်၏ ခန့်ညားလှသော သွင်ပြင်ကို တွေ့မြင်ပြီးနောက် ကြောင်အမ်းသွားသည်။]

[ထိုညနေတွင် သင်သည် သင်၏ဂျူနီယာ ညီမလေးများကို ခေါ်ဆောင်ပြီး အဆင့်မြှင့်ရန် အကျဉ်းခန်းထဲသို့ သွားခဲ့သည်။သူတို့သည် စိတ်များထွေပြားနေပြီး သင့်ကိုသာ ခိုးကြည့်နေခဲ့ကြသည်။]

[သူတို့အနက်မှ ဝမ့်ချင်းရွှမ်သည် ထိုတစ်ညနေထဲမှာပင် သင့်ကို ၂၇၈ကြိမ်ခန့် ခိုးကြည့်ခဲ့သည်။]

[သင်သည် ဂျူနီယာ ညီမငယ်များ၏ အကျဉ်းခန်းသို့ လိုက်ပို့ပေးရန် ဖိတ်ကြားချက်များကို တစ်ချိန်လုံး ရရှိနေခဲ့သည်။ဒုတိယနှစ် ကျောင်းသူများကပင် သင့်အား သူတို့ကို ဦးဆောင်ပြီး အကျဉ်းခန်းသို့ လိုက်ပို့ပေးစေချင်ကြသည်။]

[စိတ်ရှုပ်လာသည့်အခါ သင်သည် သူတို့၏ တောင်းဆိုချက်များ အားလုံးကို ငြင်းဆိုခဲ့သည်။]

[သင်သည် ထမင်းစားဖို့ ‌ကော်ဖီဆိုင်ကို သွားချိန်တွင် အမျိုးသမီးတစ်ယောက်က သင်၏ WeChat အကောင့်ကို တောင်းခဲ့သည်။]

[သင်၏ ခန့်ညားသည့် ရုပ်သွင်ကို နှစ်သက်သဖြင့် ရုပ်သံအစီအစဉ်တွင် ပါဝင်ရန် ကမ်းလှမ်းသူများပင် ရှိခဲ့သည်။]

[သင်သည် ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားပြီး ဆယ်ရက်ကျော်အတွင်း ချီသန့်စင်ခြင်း စတုတ္ထအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။]

[၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင်၊ သင်သည် ကျင်းလင်မြို့သို့ ခရီးထွက်ခဲ့သည်။]

[လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းတစ်ဦးက သင်၏ WeChat ကို တောင်းဆိုခဲ့ပြီး လိမ္မော်ရည်တစ်ခွက် လက်ဆောင်ပေးခဲ့သည်။]

[ကျင်းလင်မြို့သို့ ရောက်ပြီး နောက်တစ်ရက်တွင် သင်သည် မြို့ပြင်‌၌ ကျင်းချုံးရွှယ်ကို တွေ့ခဲ့သည်။]

[ကျင်းချုံးရွှယ်သည် သင့်ကို တွေ့တွေ့ချင်း မူးမေ့မလို ဖြစ်သွားကာ သူမ၏ လှပသော မျက်နှာလေးသည် ရှက်သွေးဖြာလာခဲ့သည်။သူမ၏ မသိစိတ်က သင့်ကို လှည့်ကြည့်ချင်နေမိသော်လည်း သင့်ကို မကြည့်ရဲဘဲ ဖြစ်နေခဲ့သည်။]

[သင်သည် ကျင်းချုံးရွှယ်ကို လမ်းမေးကာ အခွင့်အရေးကို အရယူခဲ့သည်။သူမသည် သင့်ကို ဝိဉာဉ်နိဗ္ဗာန် အကျဉ်းခန်းသို့ ရောက်မည့် ဖြတ်လမ်းမှ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။]

[သင်သည် ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်းတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။]

…

All Chapters