← Chapters

စွမ်းရည်၊ သင့်ဝိဉာဉ်ရင်းမြစ်က သာမန်လူများနှင့် ကွဲပြားသည်။

Vol. 1 Ch. 2

စွမ်းရည်၊ သင့်ဝိဉာဉ်ရင်းမြစ်က သာမန်လူများနှင့် ကွဲပြားသည်။

Vol. 1 Ch. 2

ထိုစာ မြင်သည့်အခါ စုရှင်းသည် ကြက်သေ သေသွားသည်။

စုနင်နန်သာ် သူ့ညီမ ဖြစ်သည်။သူတို့သည် ပဲတောင့်ထဲရှိ ပဲစေ့နှစ်စေ့ပမာ တပူးတတွဲ နေခဲ့ကြသည်။သူမက ဘာကြောင့် ရုတ်တရက် ဆုံးသွားရတာလဲ?

စိတ်ရှုပ်ထွေးစွာဖြင့် စုရှင်းသည် ဆက်ဖတ်သည်။

[စုနင်နန်သည် မြေအောက်အကျဉ်းခန်း အဆင့်မြင့် ကာလအတွင်း ဆုံးခဲ့ကြောင်း သင့်မိဘတွေက ပြောခဲ့သည်။]

[သင်သည် ပူဆွေးသောက ရောက်ကာ သင်၏ ဝမ်းနည်းခြင်းများကို နေ့နေ့၊ ညည အရက်သောက်ရင်းဖြင့်ပင် ဖြေသိမ့်နေခဲ့သည်။]

[သင်၏ အစ်ကိုကောင်း ဖြစ်သည့် ယုယန်သည် သင့်ကို တွေ့သွားသည်။သူသည် သင့်ညီမ သေဆုံးမှု အတွက် နောင်တရသလို ခံစားနေရသည်။]

[သူသည် သင့်ကို နှစ်သိမ့်ပေးခဲ့ပြီး သင်သည်လည်း နက်နဲသော ဝမ်းနည်းခြင်းမှ လွတ်မြောက်သွားသည်။]

[သူသည် သင့်ကို ငွေကြေး အမြောက်အမြား ထောက်ပံ့ပေးသဖြင့် သင်သည် ထိုငွေများအား ကျွမ်းကျင် ပစ္စည်းဆိုင်တွင် ရင်းနှီးမြှုပ်နှံလိုက်သည်။]

[သင်သည် လျင်မြန်စွာ ချမ်းသာကြွယ်ဝလာပြီး ကျိုတိုတွင် အတန်ငယ် နာမည်ကြီးသည့် တစ်ပတ်ရစ်ပစ္စည်း အရောင်းကိုယ်စားလှယ် ဖြစ်လာခဲ့သည်။]

[သုံးနှစ် ကြာပြီးနောက် နောက်ထပ် ကြောက်မက်ဖွယ် သတင်း အပိုင်းအစသည် ရောက်လာပြန်သည်။သင်၏ အစ်ကိုကောင်း တစ်ယောက် ဖြစ်သည့် ယုယန်သည်လည်း ဆုံးသွားခဲ့သည်။]

ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် တိတ်ဆိတ်သွားသည်။

ယုယန်သည် သူ၏ ကောလိပ် အတန်းဖော် ဖြစ်သည့်အပြင် ကောလိပ်တွင် သူ့အပေါ် အကောင်းဆုံး အစ်ကိုလည်း ဖြစ်သည်။

ဒါ့အပြင် ယုယန်သည် လျှို့ဝှက် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။ကျိုတိုတက္ကသိုလ် တစ်ခုလုံးကပင် သူ့အား ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူခဲ့ကြသည်—ဘယ်လိုဖြစ်ပြီး ခုလိုမျိုး အဆုံးသတ် သွားရတာလဲ?

[သင်သည် ယုယန်၏ ဈာပနသို့ တက်ရောက်ခဲ့သည်။]

[ဈာပနတွင် ယုယန်သည် မြေအောက်အကျဉ်းခန်းထဲတွင် ဆုံးသွားကြောင်း သင် သိခဲ့သည်။]

[သင်၏ အတန်းဖော်များ မှတစ်ဆင့် သင့် လုပ်ဖော်ကိုင်ဖက် အတော်များများလည်း မြေအောက် အကျဉ်းခန်းထဲတွင် ဆုံးခဲ့ကြောင်း သိလိုက်ရသည်။]

[သင် ရှောခ့်ရသွားသည်။ဘယ်လို မြေအောက်အကျဉ်းခန်းမျိုးမို့ ရာချီသော ကျွမ်းကျင်ပညာရှင်များသည် ထိုအထဲတွင် ဆုံးသွားရပါသလဲ?]

[သို့သော် သူတို့သည် သင့်အား နောက်ထပ် ထပ် မပြောချင်တော့ပါ။]

[သင့်နှလုံးသားထဲတွင် တစ်ခါမှ မခံစားခဲ့ဖူးသည့် တင်းကြပ်မှုတစ်ခု ခံစားလိုက်ရပြီး သင်သည် သင့်ကိုယ်သင် လေ့ကျင့်ရေးတွင် မြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။]

[တစ်နှစ်တာ အချိန်ယူပြီးနောက် သင်သည် အဆင့်ကိုး ခန္ဓာသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိလာသည်။]

[သင်သည် ဆက်လက် လေ့ကျင့်သည်။သို့သော် သင်၏ ကျင့်ကြံခြင်းအဆင့်သည် နောက်ထပ် မြင့်တက် မလာတော့ပါ။]

[ကူကယ်ရာမဲ့စွာ သင်သည် သင့်အလုပ်ကိုပင် ပြန်လည် အာရုံစိုက်လိုက်သည်။]

အနာဂတ်မှ ကြားဖြတ်ကြော်ငြာ

[မမျှော်လင့်ထားသော ဈေးကွက် အတက်အကျအတွင်း ကုစားခြင်း ဆေးရည်ကဲ့သို့သော ပစ္စည်းများ၏ ဈေးနှုန်းသည် တဟုန်ထိုး မြင့်တက်သွားသော်ငြား သင့်ပစ္စည်းများကတော့ လစ်လျူရှု ခံထားရသည်။]

[သင်သည် ဒေဝါလီ ခံလိုက်ရသည်။ထို့နောက် သင်သည် အသက် သုံးဆယ့်နှစ်နှစ် ရှိပြီဖြစ်၍ သင့်ငယ်ဘဝတုန်းက ကြီးကျယ်သော ရည်မှန်းချက်များလည်း ပျောက်ကွယ်သွားသည်။]

[သင်သည် သင် စုဆောင်းထားသည့် သန်းသုံးဆယ် ပိုင်ဆိုင်မှုများကို ယူကာ မြို့စွန်တွင် အနားယူရန် ပြင်ဆင်သည်။]

[လေးနှစ်ကြာပြီးနောက် သင်သည် ရွာထဲတွင် ချမ်းသာသူအဖြစ် နာမည်ကြီးလာသည်။]

[သင် တစ်ကိုယ်တည်းမှန်း သိသည့်အခါ ရွာ၏ မြားနတ်မောင်များသည် ရွာ၏ ခေါင်းကြီးပိုင်း မိသားစုရဲ့ သမီးဖြစ်သူ ရူဟွာနှင့် မိတ်ဆက်ပေးသည်။]

[သင်သည် ရူဟွာကို ကြည့်ပြီးနောက် ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။]

[ဘဝကို ဤကဲ့သို့ပင် အေးဆေးစွာ ဖြတ်သန်းမည်ဟု သင် တွေးလိုက်သည်။]

[တစ်နေ့တွင် သင်သည် ခြံဝင်းထဲတွင် တစ်ဦးတည်း ဇိမ်ကျနေစဉ် ကောင်းကင်ကို ပိတ်ကာထားသည့် ဧရာမ အကောင်ကြီး တစ်ကောင်ကို မြင်လိုက်သည်။]

[မြင်ကွင်းတွင်ပင်‌ ရွှေရောင်ပုံရိပ် များစွာသည် ကောင်းကင်ယံတွင် ပျံဝဲကာ ထို ဧရာမ သားရဲကြီးကို တိုက်ခိုက်နေသည်ကို မြင်ရသည်။]

[သားရဲကြီးသည် သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ ကြီးမြတ်သော ရှားမြို့တော် တစ်ခုလုံးကို မျိုချလိုက်သည်။]

[သင်သည် အသက် သုံးဆယ့်ခြောက်နှစ်တွင် သေသွားသည်။]

[ဒီ စမ်းသပ်ရေးသည်လည်း အဆုံးသတ်သွားပါပြီ။]

[သင်၏ ပထမအကြိမ် စမ်းသပ်ရေး ဆုလာဘ်များအား ရယူနိုင်ပါပြီ။သင်သည် အောက်ပါ ဆုလာဘ်များထဲမှ တစ်ခုအား ရွေးချယ်နိုင်သည်: ဝိဉာဉ်စွမ်းအင် ရင်းမြစ် ကိုင်ဆောင်သူ (စွမ်းရည်)၊ ခန္ဓာသန့်စင်ခြင်း အဆင့်ကိုး (ကျင့်ကြံခြင်း အဆင့်)]

သူ့ရှေ့ရှိ စမ်းသပ်ခြင်း ဆုလာဘ်များကို ကြည့်ရင်း စုရှင်းသည် အလေးအနက် တွေးလေသည်။

ဆယ့်ငါးနှစ်ကြာပြီးနောက်၊ ကြောက်မက်ဖွယ် အားကောင်းသည့် နတ်ဆိုး သားရဲများသည် တကယ့် ကမ္ဘာကြီးပေါ်သို့ ဆင်းသက်လာပြီး ကြီးမြတ်သော ရှားမြို့တော် တစ်ခုလုံးကို တိုက်ရိုက် မျိုချသွားခဲ့သည်။

ထိုသို့သော စွမ်းအားကြီးသည့် နတ်ဆိုးသားရဲများကို စုရှင်း မကြားခဲ့ဖူးပါ။

လက်ရှိကာလတွင် လူသားမျိုးနွယ် တစ်ခုလုံးတွင် သူတို့ကို ခုခံနိုင်သည့် ကျွမ်းကျင်ပညာရှင် မရှိသေးတာ ဖြစ်ကောင်း ဖြစ်လိမ့်မည်။

ထိုသို့တွေးပြီး စုရှင်းသည် လှောင်ပြုံး ပြုံးလိုက်သည်။

“ဒါဆို ဒီ ကမ္ဘာပျက်ကပ်ကြီးက နောက် ဆယ့်ငါးနှစ်နေရင် ‌ဖြစ်လာမှာပေါ့…ဟူး၊ အနှစ်တစ်ထောင် ကျော်တောင် ခုခံခဲ့ပြီးမှ လူသားမျိုးနွယ်ကို နတ်ဆိုးမျိုးနွယ်က သုတ်သင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။”

စုရှင်းသည် သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။

“ဆယ့်ငါးနှစ်အတွင်း ဘာတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ…အရေးကြီးတဲ့ အရာတွေ လက်ထဲမှာ ရှိနေတုန်းဘဲ!”

စုရှင်းသည် သူ ရွေးချယ်ရမည့် ဆုလာဘ်နှစ်ခုကို ကြည့်လိုက်သည်။

ဝိဉာဉ်စွမ်းအင် ရင်းမြစ် ကိုင်ဆောင်သူ စွမ်းရည် ဒါမှမဟုတ် ခန္ဓာသန့်စင်ခြင်း အဆင့်ကိုး ကျင့်ကြံခြင်းအဆင့်လား—ဘယ်တစ်ခုကို သူ ရွေးချယ်သင့်လဲ?

ခဏတာ တုံ့ဆိုင်းပြီးနောက် စုရှင်းသည် စိတ်ကို ပြင်ဆင်ကာ ပြောလေသည်:

“ဝိဉာဉ်စွမ်းအင် ရင်းမြစ် ကိုင်ဆောင်သူ စွမ်းရည်ကို ရွေးချယ်တယ်”

အနာဂတ်မှ ကြားဖြတ်ကြော်ငြာ

တစ်ချိန်တည်းမှာပင် စုရှင်း၏ ခန္ဓာကိုယ်ထဲတွင် မမြင်နိုင်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာကာ သူ၏အာရုံများ ကြည်လင်လာသည်။

“ဆိုတော့ ဒါက ဝိဉာဉ်စွမ်းအင် ရင်းမြစ် ပိုင်ဆိုင်လို့ ခံစားမိတာလား?”

ရုတ်တရက် စုရှင်းသည် တစ်စုံတစ်ခုကို သတိပြုမိကာ တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။

သူ့ရဲ့~

“`

ခြားနားခြင်းက ထိုသို့သော ကံကောင်းခြင်းမျိုးကို ယူဆောင်လာလိမ့်မည်ဟု မည်သူက ထင်မှာတဲ့လဲ?

စုရှင်းသည် အတော်လေး ပျော်ရွင်လာသည်။

ဝိညာဥ်စွမ်းအင် အရင်းမြစ်ကို သူရွေးချယ်ရခြင်း အကြောင်းမှာ သဘာဝအားဖြင့် ဤပါရမီကို ကျပန်းရယူထားခြင်းကြောင့် ဖြစ်ပြီး သူသည် ကျင့်ကြံခြင်း လမ်းကြောင်းတွင် ချို့တဲ့နေသေးသောကြောင့် ယင်းလက်ဆောင်ကို သူလက်မလွှတ်နိုင်သည်မှာ သေချာပါသည်။

ခန္ဓာသန့်စင်ခြင်း အဆင့်ကိုးကတော့ စုရှင်း၏ လက်ရှိ အခြေအနေအတွက် မဆိုးလှသော်ငြား သူသာ စမ်းသပ်ရေးနှင့် ဆက်လက် လေ့ကျင့်နေလျှင် ခန္ဓာသန့်စင်ခြင်း အဆင့်ကိုးသို့ ရောက်ရှိရန် ခက်ခဲမည် မဟုတ်။

သူ့စွမ်းရည်ကို ရွေးချယ်ပြီးနောက် စုရှင်းသည် သူ၏ စမ်းသပ်ရေးကို ဆက်လက် လုပ်ဆောင်ချင်ပါသော်လည်း စနစ်မှ အချက်ပြမှုကို လက်ခံရရှိလာသည်။

[ဒင်၊ ဤ စမ်းသပ်ရေးအတွက် စွမ်းအင် ပွိုင့်၂၀၀ ကုန်ကျပါမည်။လက်ရှိ စမ်းသပ်ရေး စွမ်းအင်မှာ ၀ ဖြစ်သည်။စမ်းသပ်ရေးအတွက် ကူးဒေါင်းသည် လုပ်ဆောင်နေဆဲ ဖြစ်သည်။ကျေးဇူးပြု၍ စွမ်းအင်ကို ဖြည့်သွင်းကာ တစ်ပါတ်အတွင်း နောက်တစ်ကြိမ် စမ်းသပ်လိုက်ပါ။]

ထို့နောက် စမ်းသပ်ရေး တစ်ခုချင်းစီအတွက် စွမ်းအင် လိုအပ်ကြောင်း စုရှင်း သတိရသွားကာ ဤသည်မှာ တစ်ပါတ် ကူးဒေါင်းဖြစ်လေသည်။

cooldown ကာလသည် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူပါသည်။တစ်ပတ်ပဲ စောင့်ရုံသာ ဖြစ်သည်။

သို့သော် စွမ်းအင်ကို မည်ကဲ့သို့ ရရှိမည်နည်း?

[ဒင် ဤ စမ်းသပ်ရေးစက်သည် စွမ်းအင် ပိုင်ဆိုင်သည့် အရာအားလုံးကို စုပ်ယူကာ ၎င်းကို စမ်းသပ်ရေး စွမ်းအင် အဖြစ် ပြောင်းနိုင်သည်!]

ထိုစကား ကြားသည့်အခါ စုရှင်းသည် တစ်စုံတစ်ခုကို တွေးမိသွားသည်။သူသည် အဖြူထည်ပစ္စည်း တစ်ဒါဇင်ကျော်ကို အလျင်အမြန် ထုတ်လိုက်သည်။

“စုပ်ယူ!”

[ရှာဖွေ တွေ့ရှိထားသော အဖြူထည် ပစ္စည်း: ဓားမြှောင်။စုပ်ယူမှု အောင်မြင်ပြီး ရရှိသော စွမ်းအင် ၅ မှတ်။]

[ရှာဖွေ တွေ့ရှိထားသော အဖြူထည်ပစ္စည်း: မင်းသမီးငယ်၏ သံလက်အိတ်။ ။စုပ်ယူမှု အောင်မြင်ပြီး ရရှိသော စွမ်းအင် ၈ မှတ်။]

[ရှာဖွေ တွေ့ရှိထားသော အဖြူထည် ပစ္စည်း…]

[...]

[ကျန်ရှိသော စမ်းသပ်ရေး စွမ်းအင်: ၁၀၃ မှတ်]

ထို အချက်ကို ကြားသည့်အခါ စုရှင်း၏ မျက်နှာ မည်းမှောင်သွားသည်။

အဖြူထည်ပစ္စည်း ဒါဇင်ကျော်တွင် အချို့‌သည် စွမ်းအင် ၉မှတ် ပေးနိုင်သော်လည်း တစ်ချို့ဆို စွမ်းအင် ၂မှတ်သာ ပေးနိုင်သည်။

စမ်းသပ်ရေး စွမ်းအင် ၁၀၃မှတ်သာ စုဆောင်းနိုင်သည်။လိုအပ်သည့် ၂၀၀ရဲ့ တစ်ဝက်သာသာ ရှိသေးသည်။

“သေလေ။ အဖြူထည် ပစ္စည်း တစ်ခုကတောင် အနည်းဆုံး ကြီးမြတ်သောရှားဒင်္ဂါး တစ်ထောင်လောက် ရှိတယ်။ခုလိုမျိုး ငါ သောင်းချီပြီး သုံးနေရမှာလား?”

စုရှင်းသည် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသော်လည်း အပိုပစ္စည်း တစ်ဒါဇင်ကျော်ကို ထပ်၍ ထုတ်ကာ စွမ်းအင်ကို 205 မှတ်အထိ ပြန်လည်အားသွင်းခဲ့သည်။

“ဟူး၊ သုံးနှစ်တာ စုဆောင်းခဲ့သမျှ ပစ္စည်းအကုန် သုံးလိုက်တာဘဲ။နောက်တစ်ခါ ထပ်ဖြည့်ရင် ငါ ပိုက်ဆံအစစ်ကိုဘဲ သုံးရတော့မယ်!”

စုရှင်းက သက်ပြင်းချသည်။ကံကောင်းသည်မှာ သူသည် လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်း ငွေရှာရန် မကြာခဏ မြေအောက် အကျဉ်းခန်းထဲသို့ ‌သွားလေ့ရှိသဖြင့် ပိုင်ဆိုင်မှု တစ်သန်းကျော် ရှိသည်။

“ ပိုကောင်းတဲ့ အဖြူထည် ပစ္စည်းတွေကို သုံးပြီး စွမ်းအင်အဖြစ် ပြောင်းရမယ်!”

စုရှင်းသည် ဖုန်းကို ထုတ်ကာ နာရီပေါင်းများစွာ ကြည့်နေခဲ့သည်။

သူသည် ပရော်ဖက်ရှင်နယ် ကုန်သည်များ၏ အွန်လိုင်းပလပ်ဖောင်းပေါ်တွင် အဖြူထည် ပစ္စည်း ရာပေါင်းများစွာကို ဝယ်ယူခဲ့ပြီး ၎င်းတို့အားလုံးကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

[ကျန်ရှိသော စမ်းသပ်ရေး စွမ်းအင်': ၇၁၃ မှတ်]

စမ်းသပ်ရေးစက် ပြသသည့် စွမ်းအင် ပမာဏကို ကြည့်ရင်း စုရှင်းသည် စိတ်ကျေနပ်သွားသည်။

“ခု တစ်ပတ် စောင့်ဖို့ဘဲ ကျန်တော့တယ်!”

ဒေါက်၊ ဒေါက်၊ ဒေါက်။

ထို့နောက် ဝဝတုတ်တုတ် ပုံရိပ်တစ်ခုသည် အဆောင်တွင်းသို့ ဝင်လာသည်။

“ဟျောင့် စု။ပထမနှစ်က ကောင်မလေး ခြောက်ယောက်က အဆောက်အပြင်ဘက်မှာ မင်းကို စောင့်နေတယ်…သူတို့ထဲက တစ်ယောက်က တကယ့်ကို ချောတာနော်! ဟဲဟဲ အကွက် နဲနဲ ရွှေ့သင့်တယ်နော် ကလေး!”

ထိုသူမှာ ယုယန်မှလွဲ အခြားသူ မဟုတ်ပါ။သူ့ကို ဖက်တီးယုလို့လည်း ခေါ်ကြသည်။လျှို့ဝှက် အလုပ်အကိုင်မှာ မီးနတ်ဆရာ ဖြစ်သည်။မီးတောက် နတ်ဆရာ။

စုရှင်းက သူ့ကို မြေအောက် အကျဉ်းခန်းထဲမှာ ကူညီခိုင်းဖို့ လာရှာတဲ့ အဆင့်နိမ့် လူတန်းစားတွေပဲ ဆိုတာ သိလိုက်ရသောအခါ ဖက်တီးယုကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“သိပြီ။သူတို့က မြေအောက် အကျဉ်းခန်းထဲမှာ သူတို့ကို ဦးဆောင်ပေးဖို့ ငါ့ကို လာခေါ်တာ။ညနေကျ ပြန်လာခဲ့မယ်။အစားအစာတွေ သိမ်းထားဖို့လည်း မမေ့နဲ့အုံး!”

စုရှင်းသည် ဖတ်တီးယု၏ ပခုံးကို ပုတ်ကာ အဆောင်မှ ထွက်သွားသည်။

အဆောင် ဝင်ပေါက်တွင် လူသစ် မိန်းကလေး ခြောက်‌ယောက်ကို တွေ့လိုက်သည်။

စုရှင်းသည် ဒဲ့တိုး ပြောလိုက်သည်:

“စည်းမျဉ်းတွေ သိတယ်မလား? လာမယ့် မြေအောက် အကျဉ်းခန်းမှာ ပြေးဖို့ မင်းတို့ တစ်ယောက်ချင်းစီက ရှားဒင်္ဂါး နှစ်ထောင် ကျမယ်။ငါတို့ ရရှိတဲ့ပစ္စည်းကလည်း ငါ့ပစ္စည်းဘဲ!”

ကောင်မလေးများသည် ခေါင်းငြိမ့်ကြသည်။သို့သော် နူးညံ့သည့် သွင်ပြင်နှင့် ရိုးရှင်းစွာ ဝတ်ဆင်ထားသော မိန်းကလေးသည် တုံ့ဆိုင်းနေပုံ ရသည်။

ယင်းကို သတိပြုမိသည့်အခါ စုရှင်းသည် စိတ်ဝင်စားသွားသော်ငြား ထိုအရာကို ဖိအား ပေးမည့်အစား ပြောလိုက်သည်။

“ဒါဆို့ ငါ့နောက် လိုက်ခဲ့!”

မကြာမီတွင် သူတို့အုပ်စုသည် မြို့ပြင်ရှိ “ဆယ်မိုင် ဆင်ခြေလျှော”ဟု ခေါ်သော မြေအောက် အကျဉ်းခန်းသို့ ရောက်ရှိလာသည်။

အဆိုပါ မြေအောက် အကျဉ်းခန်းသည် "တောဝက်ရိုင်းဝိညာဉ်" ဟုခေါ်သော နတ်ဆိုးသားရဲ အမျိုးအစားကို စဉ်ဆက်မပြတ် မွေးမြူခြင်းကြောင့် နာမည်ကြီးခဲ့သည်။

ကြေးအဆင့် ၅မှ ၁၀အတွင်း အဆင့်အတွက်၊ ၎င်းသည် အခက်အခဲမရှိသော်လည်း အသစ် အတန်း ပြောင်းလာသည့် ကျွမ်းကျင်ပညာရှင်များ အတွက်တော့ သင့်လျော်သော အတွေ့အကြုံကို ပေးဆောင်ပါသည်။

စုရှင်းကဲ့သို့ ခန္ဓာသန့်စင်ခြင်း အဆင့်၆ ကျင့်ကြံသူအတွက် ကလေးစီက ချိုချဉ်လုရုံလောက်သာ ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက် ကောင်မလေး အားလုံး အဆင့်တက်လာကြသည်။

စုရှင်းသည် ရှားဒင်္ဂါး တစ်သောင်းကို ပျော်ရွှင်စွာ ရရှိခဲ့သည်။ထို့နောက် ငွေပေးရန် တုံ့ဆိုင်းနေသည့် မိန်းကလေးဘက်သို့ လှည့်လိုက်သည်။

“အမ်၊စီနီယာ…ညီမ ခု လောလောဆယ် ပိုက်ဆံ နည်းနည်း ကျပ်နေသေးလို့ ဖြစ်နိုင်ရင်လေ…”

All Chapters