စမ်းသပ်ခြင်း နှစ်ခု၊ ပြန်ကောင်းမလာနိုင်သည့် နိဂုံး
Vol. 1 Ch. 3
ထိုညတွင် စုရှင်းသည် ပျော်ရွှင်ကာ သူ့အဆောင်သို့ ပြန်လာခဲ့သည်။
အတွေးမမှားပါနဲ့။စုရှင်း ဘာမှ မလုပ်ခဲ့ပါ။
သူသည် စေ့စေ့စပ်စပ် ကြည့်ရန် သူ့ဂျူနီယာအား အနက်ရောင် အခန်းငယ်ထဲသို့ ဖိတ်ခေါ်ခဲ့ပါသည်။သို့သော် အူလှိုက်သည်းလှိုက် ဆွဲဆောင်မှု မရှိပါ။
အသူရာ ချောက်နက်ထဲသို့ ခုန်ဝင်တော့မည့် ဂျူနီယာအတွက် စုရှင်း၏ အဓိကဗျူဟာမှာ ဝိညာဉ်ရေးရာ ကယ်တင်ခြင်းပင်ဖြစ်သည်။
တစ်ပတ်အကြာ စုရှင်းသည် နေ့တိုင်း လူသစ်များကို အဆင့်တက်ရန် ဦးဆောင်ပြီး ပစ္စည်းများကို အရူးအမူး မှာလေသည်။ထို့နောက် ယင်းပစ္စည်းများကို စွမ်းအင်အဖြစ် ပြောင်းလဲသည်။
တစ်ပါတ်ထဲနှင့် စုရှင်းသည် ရှားဒင်္ဂါး နှစ်သိန်းကို စုဆောင်းနိုင်ခဲ့သည်။
ထြိအချိန်တွင် စုရှင်းသည် ပို၍ အဆင့်မြင့်သော ပစ္စည်းများနှင့် ဆေးရည်များကို စွမ်းအင် အဖြစ် ပြောင်းလဲဖို့အတွက် မှာယူရန် ကြိုးစားသည်။
သို့သော် ဝမ်းနည်းစရာမှာ အရည်အသွေး ကောင်းမွန်သော ပစ္စည်းများကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲခြင်းသည် ကုန်ကျစရိတ် အများဆုံး ရွေးချယ်မှု ဖြစ်နေဆဲ ဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။
ထိုနေ့က ဇီဝစမ်းသပ်ရေးစက်၏ cooldown တစ်ပါတ်ပြည့် သွားသည်။
စိတ်လှုပ်ရှားစွာဖြင့် အိပ်ယာပေါ် လဲလျောင်းရင်း စုရှင်းသည် စမ်းသပ်ရေး လုပ်ရန် ရွေးချယ်လိုက်သည်။
“စမ်းသပ်ခြင်း စတင်ပါ!”
[သင်သည် စွမ်းအင် ၂၀ဝမှတ်ကို အသုံးပြုလိုက်ပါသည်။စွမ်းအင် ၁၀၈၂မှတ်နှင့် အကန့်အသတ်မဲ့ စပ်းသပ်ခြင်းများ ကျန်ရှိပါသည်။]
[စမ်းသပ်ခြင်း စတင်ပါပြီ!]
[အဖြူရောင် စွမ်းရည် မဲနှိုက်ခြင်းသည် စွမ်းအင်၁၀၀ ကုန်ကျမည် ဖြစ်ပြီး အစိမ်းရောင် စွမ်းရည် မဲနှိုက်ခြင်းသည် စွမ်းအင် ၁၀၀၀ ကုန်ကျပါမည်။စွမ်းရည်တစ်ခုကို မဲနှိုက်လိုပါသလား?]
စုရှင်းသည် ခဏ တုံ့ဆိုင်းပြီးနောက် အဖြူရောင် စွမ်းရည်ကို ရွေးချယ်လိုက်သည်။
[သင်သည် စွမ်းအင် ၁၀ဝမှတ်ကို အသုံးပြုလိုက်ပါသည်။စွမ်းအင် ၉၈၂မှတ် ကျန်ရှိပါသည်။ကျပန်း စွမ်းရည် မဲနှိုက်ခြင်း လုပ်ဆောင်နေပါပြီ…]
[ဒင်၊ “အထက်တန်းစား စီးပွားရေး”ဟူသော အဖြူရောင် စွမ်းရည်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
[အထက်တန်းစား စီးပွားရေး]: သင်၏ လုပ်ငန်းအတွက် ထက်မြက်မှုသည် သာမန်လူများထက် ကျော်လွန်ပြီး ကုန်သွယ်မှုတွင် ငွေရှာရန် သင့်အတွက် ပိုမိုလွယ်ကူစေသည်။
အနာဂတ် ကြားဖြတ်ကြော်ငြာ
စုရှင်းသည် အသာ ခေါင်းငြိမ့်လိုက်သည်။
အထက်တန်းစား စီးပွားရေးသည် သူ့စွမ်းအင်ကို တိုက်ရိုက် မမြှင့်တင် နိုင်သော်လည်း ယင်းသည် စမ်းသပ်ခြင်းတွင် ကြွယ်ဝချမ်းသာခြင်းကို ပိုမို ရရှိနိုင်လိမ့်မည်။ဆိုးရွားလိမ့်မည် မဟုတ်။
[အဆောင်အတွင်း၊ သင်၏ ထူးခြားသော စီးပွားရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုဖြင့်၊ သင်သည် ငွေရှာရန် အတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။]
[သင်သည် သင်၏ စုဆောင်းငွေ အားလုံးကို သုံးစွဲပြီး အဆင့်နိမ့် စွမ်းရည် စာလိပ်များနှင့် ပစ္စည်း အများအပြားကို ဝယ်ယူခဲ့သည်။]
[အပိုဝင်ငွေ အတွက် သင်သည် လူသစ်များကို အဆင့်တက်ရန် ဆက်လက် ဦးဆောင်ပေးသည်။]
[အဆင့်တက်စဉ်တွင် သင်သည် ပစ္စည်းများနှင့် စွမ်းရည်များကို လူသစ်များအား မိတ်ဆက်ပေးသည်။]
[လူသစ်များသည် မင်းရဲ့စကားကို သဘောကျကာ ပိုက်ဆံထုတ်ပြီး ဝယ်ယူကြလိမ့်မည်။]
[ဈေးနိမ့်ဖြင့် ဝယ်ကာ ဈေးတင် ရောင်းခြင်းကြောင့် သင်သည် တစ်နှစ်အတွက် ၃၀မီလီယံ စုဆောင်းနိုင်လာသည်။]
[သင်သည် ဘွဲ့ရတော့မည် ဖြစ်သော်ငြား အဆင့်ခြောက် ခန္ဓာသန့်စင်သူ တစ်ဦးအနေဖြင့် နောက်တစ်နှစ် ထပ်တက်ရခြင်းသည် အံ့ဩစရာပင်။]
[သို့သော် သင်သည် စိတ်ဓာတ်မကျဘဲ တစ်ပတ်ရစ် ရောင်းဝယ်ရေး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။]
[သင်သည် ကျောင်းဝင်းအတွင်းရှိ တစ်ပတ်ရစ်စျေးကွက်ကို လက်ဝါးကြီးအုပ်ကာ ပစ္စည်းများ၊ စွမ်းအင် စာလိပ်များမှ ပြန်လည် ထူထောင်ရေး ဆေးရည်များထိ အရာအားလုံးကို ကိုင်တွယ်ခဲ့သည်။]
နှစ်နှစ်အတွင်း သင်သည် သန်းရာချီ ချမ်းသာသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။]
[ထိုအရာဖြင့်ပင် မတင်းတိမ်နိုင်ဘဲ သင်သည် ကိုယ်ပိုင် ကွန်ရက်တစ်ခုကို စတင် ဖန်တီးသည်။]
[သင်သည် 'တားရော့ အဖွဲ့’ ဟုခေါ်သော ကုန်သွယ်မှု အဖွဲ့အစည်းတစ်ခုကို တည်ထောင်ကာ ကျိုတိုတွင် ဆိုင်များစွာ ဖွင့်လှစ်ခဲ့သည်။]
[နောက်ထပ် နှစ်နှစ် ကုန်လွန်ပြီးနောက် သင်သည် ကျောင်းမှ ထုတ်ပယ်ခံလိုက်ရသည်။]
[သို့သော် သင် ဂရုမစိုက်ပါ။သင့် စီးပွားရေးသည် ပို၍ ပို၍ ကြီးမားလာသည်။တစ်စုံတစ်ယောက်၏ စိတ်ဝင်စားမှုကို မရခင် အချိန်ထိပေါ့။]
[ဝမ့်ချင်းရွှမ်ဟု ခေါ်သော အမျိုးသမီးသည် သင့်အား တွေ့ခဲ့သည်။သူမသည် တစ်ချိန်က သင် ဝိဉာဉ် ကယ်တင်ခြင်း လုပ်ပေးခဲ့သည့် ဂျူနီယာ ဖြစ်နေသည့်အတွက် သင် အံ့ဩသွားသည်။]
[သူမသည် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်ခဲ့ကြောင်း၊ သူမ၏ ယခု တာဝန်မှာ သင့်အား အဖွဲ့အစည်းထဲသို့ ခေါ်ယူရန် ဖြစ်ကြောင်း ပြောပြခဲ့သည်။]
[သင်သည် ဘာ အဖွဲ့အစည်း ဖြစ်ကြောင်း သူမအား မေးခဲ့သော်လည်း သူမသည် ပြန်မဖြေခဲ့ပါ။]
[သင်သည် ထို လျှို့ဝှက် ဆန်းကြယ်သော အဖွဲ့အစည်းတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။]
[သင်သာ ထိုအဖွဲ့အစည်းနှင့် မပူးပေါင်းလျှင် သင်၏ တစ်ခုတည်းသော လမ်းမှာ သေခြင်းတရား ဖြစ်သည်ဟု သူမ ပြောခဲ့သည်။]
[သင်ဟာ မထီမဲ့မြင် ပြုပြီး အဆင့်မြင့် ကျွမ်းကျင် သက်တော်စောင့် များစွာကို ခေါ်ယူခဲ့သည်။]
အနာဂတ် ကြားဖြတ်ကြော်ငြာ
[သူမသည် သင့် သက်တော်စောင့်များကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။]
[သူမကို နှစ်များစွာ မတွေ့ရတာ ကြာပြီးနောက် သူမသည် အမှန်တကယ်ပင် အဆင့်မြင့်ဆုံး ကျွမ်းကျင်တစ်ယောက် ဖြစ်လာသဖြင့် သင် အံ့ဩသွားသည်။]
ထို ထုတ်ဖော်ချက်ကို မြင်သည့်အခါ စုရှင်းသည် မှင်သက်သွားသည်။
ဒီကမ္ဘာရှိ ကျွမ်းကျင်ပညာရှင်များ၏ အဆင့်များကို အနိမ့်မှ အမြင့်ထိ သင် သိထားသင့်သည်။
“`
ကြေးအဆင့်၊ ငွေအဆင့်၊ ရွှေအဆင့်၊ မာစတာ အဆင့်၊ မဟာ မာစတာ အဆင့်၊ ကောင်းကင်ဘုရင် အဆင့်၊ သိုင်းပညာ ဧကရာဇ် အဆင့်၊ ဒဏ္ဍာရီ အဆင့်၊ ကြီးမြတ်သော ဧကရာဇ် အဆင့်၊ အထွတ်မြတ်ဆုံး အဆင့်၊ နတ်ဘုရား အဆင့်။
အဆင့် တစ်ခုချင်းစီကြားတွင် အဆင့်ခွဲ ၃၀ ရှိသည်။
ဥပမာအားဖြင့်၊ ကြေးအဆင့် အဆင့် 30 မှ လေ့ကျင့်သူသည် ၎င်းတို့၏ အဆင့်ကို ဆက်မြှင့်နိုင်တော့မည် မဟုတ်ပါ။ ဆက်လက် အဆင့်မြှင့်တင်ရန်အတွက် "တိုးမြှင့်ရေး မြေအောက်အကျဉ်းခန်း" တွင် တိုးတက်မှု ပုစ္ဆာတစ်ခုကို ပြီးမြောက်ရမည် ဖြစ်သည်။
ကျိုတို သက်မွေးဝမ်းကြောင်း ကောလိပ် ကဲ့သို့သော ထိပ်တန်း အဖွဲ့အစည်းများတွင်မူ လေးနှစ်အတွင်း ရွှေအဆင့်သို့ ရောက်ရှိကာ ဘွဲ့ရရန် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။
ဖက်တီးယု ကဲ့သို့သော ထူးချွန်သူများသာ မာစတာအဆင့်သို့ ရောက်ရှိရန် အလားအလာ ရှိသည်။
သို့ရာတွင် ဝမ့်ချင်းရွှမ်သည် ငါးနှစ်အတွင်း ကြေးအဆင့်မှ မဟာ မာစတာအဆင့်သို့ အမှန်တကယ်ပင် ရောက်ရှိခဲ့တာလား?
“သူ~ဒီ လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကိုရှိရမယ်!”
စုရှင်းသည် အသက်ပြင်းပြင်းရှုကာ ဆက်ဖတ်သည်။
[သင်သည် အမှန်တကယ် သေရတော့မည်ဟု ထင်ခဲ့သော်လည်း ဝမ့်ချင်းရွှမ်သည် သင့်အား မသတ်ခဲ့ပါ။]
[အတိတ်က သင်သည် သူမအား ကြင်နာမှုကို ပြသခဲ့သည့်အတွက် သူမကလည်း ပြန်ဆပ်ခြင်းကြောင်း သူမသည် သင့်အား ပြောခဲ့သည်။]
[ထိုညက သင် အချစ်ကို ရှာတွေ့ခဲ့သည်။]
[နောက်တစ်ရက်တွင် သူမသည် ထွက်ခွာသွားသည်။ထိုအပြင် အိပ်ယာပေါ်တွင် သွေးစက်များ စွန်းထင်းနေခဲ့သည်။]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် အံ့ဩသွားသည်။ဝမ့်ချင်းရွှမ်သည် အပျိုစင်ဖြစ်မယ်မှန်း သူ တကယ် မမျှော်လင့်မိခဲ့ပါ။]
စမ်းသပ်ခြင်းက ဘာလို့ ဒီလမ်းကြောင်းကို ပြောင်းသွားရတာလဲ။တကယ်ဘဲ ဘာလို့လဲ?
[သူမ ထွက်သွားပြီးနောက် သူမကို တစ်လျှောက်လုံး အထင်လွဲ ခဲ့မိသည့်အတွက် သင်သည် အပြစ်ရှိစိတ် ခံစားနေရသည်။]
[သင်သည် သူမ ဘယ်မှာရှိလဲ လိုက်လံ စုံစမ်းခဲ့သော်လည်း သူမ သေသွားပြီဆိုသည့် သတင်းကိုသာ ကြားလိုက်ရသည်။]
[ရင်နှင့်အပြည့် ရှောခ့်ရသွားသည်။သူမကဲ့သာိ့ မဟာမာစတာ အဆင့်တစ်ယောက်က လွယ်လွယ်ကူကူ သေသွားသည်တဲ့လား!]
[ဝမ့်ချင်းရွှမ်သည် မစ်ရှင်တစ်ခုကို အောင်မြင်စွာ မလုပ်ဆောင်နိုင်သဖြင့် လျှို့ဝှက် ဆန်းကြယ် အဖွဲ့အစည်းမှ တိတ်တဆိတ် ကိုင်တွယ်ဖြေရှင်းလိုက်သည်ဟု သင် သံသယဝင်မိသည်။]
[သင်သည် ဝမ့်ချင်းရွှမ်နောက်ရှိ လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်း အကြောင်းကို စတင် စုံစမ်းခဲ့သည်။သို့သေည် ဘာသတင်း အစအနမှ မရခဲ့ပါ။]
[သင်သည် စုံစမ်းမှုကို လစ်လျူရှုပြီး သင့်ကိုယ်ပိုင် စွမ်းအားကို မြင့်တင်ဖို့သာ စတင်တော့သည်။]
[သင်၏စီးပွားရေးကို လုပ်ကိုင်နေရင်းမှ သင်သည် ကိုယ်ကာယကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည့် မြေအောက်ပစ္စည်း အများအပြားကိုလည်း ဝယ်ယူခဲ့သည်။]
[တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းနည်းလမ်းကို ရှာဖွေဖို့ရန်လည်း သင်သည် လက်မလျှော့ခဲ့ပါ။]
[နှစ်နှစ်ကြာပြီးနောက်တွင် ကျင့်ကြံခြင်း နည်းစနစ်ကို ရှာမတွေ့ခဲ့သော်လည်း သင်၏ ခန္ဓာ သန့်စင်ခြင်းအဆင့်သည် သိသိသာသာ တိုးတက်လာပြီး ကြီးကျယ်သော ပြီးပြည့်စုံမှုသို့ ရောက်ရှိခဲ့သည်။
[သင့်ညီမ စုနင်နန်သည်လည်း ထိုနှစ်မှာပင် ရုတ်တရက် ဆုံးပါးသွားမှန်း သင် သတိရသွားသည်။]
[သင်သည် အိမ်သို့ တစ်ခေါက် ပြန်သွားပြီး သူ့ညီမအား မြေအောက်အကျဉ်းခန်းသို့ မသွားရန် စိတ်ရှည်ရှည် ဖျောင်းဖျခဲ့သည်။]
[စုနင်နန်သည် နားမလည်နိုင် ဖြစ်နေသော်လည်း နာခံစွာပင် သဘောတူလိုက်ပါသည်။]
[ထိုနှစ်တွင် သင့်ညီမသည် လုံခြုံသွားခဲ့ပါသည်။]
ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်သည်။နောက်ဆုံးတော့ သူသည် သူ့ညီမကို ကယ်တင်နိုင်ခဲ့ပြီ။
ထို့နောက် စုရှင်း၏ မျက်နှာသည် ပြောင်းလဲသွားသည်။
[နောက်နှစ်တွင် သင့်ညီမသည် မြေအောက် အကျဉ်းခန်း တာဝန်များကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး သေဆုံးသွားသည်။]
[သင်သည် သင့်ညီမ၏ သေဆုံးမှုကို လိုက်လံ စုံစမ်းသော်ငြား ဘာသတင်းမှ မရခဲ့ပြန်ပါ။]
[သင်သည် လက်မလျှော့ဘဲ ပိုင်ဆိုင်မှုများနှင့် နည်းလမ်းမျိုးစုံကို သုံးကာ ဆက်လက် စုံစမ်းခဲ့သည်။]
[တဖြည်းဖြည်းနှင့် သင်သည် တစ်စုံတစ်ဦးထံမှ လမ်းစရလာခဲ့သည်။သင့်ညီမသည် “နတ်ဆိုးလက်အောက်မှ ဖြတ်ကျော်ခြင်း”ဟူသည့် အကျဉ်းထောင်တွင် သေခဲ့ကြောင်း သိလိုက်ရသည်။]
[ရွေးချယ်စရာ မရှိသဖြင့် သင်သည် လက်လျှော့ကာ ဒေါသထွက်နေပါသော်လည်း သင်၏ စီးပွားရေးကို ဆက်လက် စီမံခန့်ခွဲသည်။]
[သုံးနှစ်ကုန်လွန်ပြီးနောက် သင့်စွမ်းအားသည် ခန္ဓာသန့်စင်ခြင်း ပြည့်စုံသောအဆင့်မှာတင် ရပ်တန့်နေကာ ဆက်လက် တိုးတက်မလာပါ။]
[ဤနှစ်တွင် သင့် အစ်ကိုကောင်း ယုယန် ဆုံးသွားမှန်း သင် ရုတ်တရက် သတိရသွားသည်။]
[ထို့ကြောင့် သင်သည် ယုယန်ကို ရှာကာ ဒီနှစ်အတွင်း မြေအောက်အကျဉ်းခန်းသို့ မသွားရန် ပြောခဲ့သည်။]
[ယုယန်သည် တုံ့ဆိုင်းနေသော်ငြား သဘောတူစွာ ခေါင်းငြိမ့်ပါသည်။]
[တစ်လကြာပြီးနောက် ယုယန် ဆုံးသွားပြီ ဟူသော ကြောက်မက်ဖွယ်သတင်းကို သင် ကြားလိုက်ရသည်။]
[တစ်စုံတစ်ခု မှားယွင်းနေမှန်း သင် ခံစားမိလိုက်သည်။သင်သည် ယုယန် သေဆုံးရခြင်း အကြောင်းအရင်းကို စတင် ရှာဖွေလေသည်။]
[သင့် သံသယများ မှန်ကန်ခဲ့သည်။ယုယန်သည်လည်း နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းတွင် ဆုံးခဲ့ကြောင်း သင် သိလိုက်ရသည်။]
[ဒါ့အပြင် သူတင်မဟုတ်ပါ။ထိုနှစ်က သင့်အတန်းဖော် များစွာသည်လည်း ထိုမြေအောက် အကျဉ်းခန်းထဲတွင်ပင် ဆုံးခဲ့သည်။]
[သင်သည် ထိတ်လန့်သွားသည်။ထို နတ်ဆိုးလက်အောက် ဖြတ်ကျော် အကျဉ်းထောင်ကို အသားကြိတ်စက်နှင့်ပင် ခိုင်းနှိုင်းရတော့မည်။ယင်းသည် သင့်ပတ်ဝန်းကျင်ရှိ လူများ၏ အသက်ကို အဆက်မပြတ် စားသုံးနေသည်။]