ကျင့်ကြံခြင်းဖြစ်စဉ်၊ ခန္ဓာ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု
Vol. 1 Ch. 4
ထိုအရာ မြင်သည့်အခါ စုရှင်း၏ ပုံစံသည် လုံးဝ ပြောင်းလဲသွားသည်။နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းက တကယ်ဘဲ ဘာများလဲ?
သူ့ထဲမှာ ဘာလို့ ကျွမ်းကျင်ပညာရှင်တွေ အများအပြား သေကုန်ကြတာလဲ?
ထို ကျွမ်းကျင်ပညာရှင်များ အားလုံးသည် ငြင်းပယ်၍ မရသည့် အကြောင်းပြချက်ကြောင့် ထိုအကျဉ်းခန်းထဲသို့ ဝင်ရသည့်ပုံ ပေါ်သည်!
စုရှင်းသည် စမ်းသပ်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။
“သင်သည် သင်၏ စုံစမ်းစစ်ဆေးရေးကို လက်မလျှော့ခဲ့ပါ။သင့်စီးပွားရေးကို စီမံခန့်ခွဲရင်း သင်၏ ကျင့်ကြံရေးကိုလည်း ဆက်လက် လုပ်ဆောင်သည်။”
“တစ်နှစ်တာ ကုန်လွန်သွားပြီး သင့် စီးပွားရေးသည်လည်း ကျိုတို၏ အဆင့်နိမ့် ပရော်ဖက်ရှင်နယ်ဈေးကွက် တစ်ဝက်ကို အုပ်စိုးနိုင်ပြီ ဖြစ်သည်။သို့သော် သင်၏ ကျင့်ကြံခြင်းအဆင့်မှာတော့ ခန္ဓာ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု အဆင့်မှာတင် တစ်နေခဲ့သည်။”
“ထိုနှစ်တွင် သင်၏ ဉာဏ်အမြော်အမြင်ဖြင့် သင်သည် အဆင့်နိမ့် ပစ္စည်း အမြောက်အမြားကို ရောင်းချကာ ပြန်လည်ထူထောင်ရေး ဆေးရည်များကို ဝယ်ယူခဲ့သည်!”
“ဈေးကွက် အတက်အကျတွင် သင်သည် ကံကောင်းခဲ့ပါသည်။”
“သင်သည် ကျိုတို၏ အဆင့်နိမ့် ပရော်ဖက်ရှင်နယ် စျေးကွက်၏ စီးပွားရှင် သူဌေးကြီး ဖြစ်လာခဲ့သည်။”
“သို့သော် သင်သည် သင်၏ သက်တော်စောင့်များကို မပစ်ပယ်ခဲ့ပါ။လေးနှစ်အတွင်း တိုက်ကြီးအနှံ့ ဆိုးရွားသော ဘေးအန္တရာယ်တစ်ခု ဖြစ်ပေါ်လာမည်ကို သင် ကြိုတင်သိနေ၍ ဖြစ်သည်။”
“သင်သည် ထိုဘေးအန္တရာယ်အတွက် စတင် ပြင်ဆင်သည်။ဤသတင်းစကားကို အဓိကကျသော ပုဂ္ဂိုလ်အချို့ထံ အသိပေးရန်အတွက် သင်သည် သင်၏ ကြွယ်ဝမှုနှင့် သြဇာအာဏာကို အသုံးချပါသည်။”
“သင် ကျရှုံးခဲ့သည်။မည်သူမှ သင့် သတင်းစကားကို မယုံကြည်ပါ။”
“ရွေးချယ်စရာ မရှိသည့်အခါ သင်သည် တစ်ကိုယ်ရည် ရှင်သန်ဖို့ကိုသာ လုပ်ရတော့သည်။”
“သင်သည် သင်၏ပိုင်ဆိုင်မှု အကုန်လုံးကို တစ်စုတစ်စည်းတည်း ရောင်းချပြီး နိုင်ငံခြား စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည်။”
“သုံးနှစ်ကြာပြီးနောက် သင်သည် သင့်မိဘများ နှင့်အတူ အမေရိကန်သို့ ပြောင်းလာခဲ့သည်။သင့်တွင် ငွေ ဘီလီယံရာချီ ရှိသည်။”
“အမေရိကန်သည်လည်း မရေမတွက်နိုင်သော အဆင့်မြင့် ပရော်ဖက်ရှင်နယ် များစွာရှိသည့် အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည်။သမုဒ္ဒရာကို ဖြတ်ကာ မိုင် သောင်းချီအကွာတွင် တည်ရှိသည်။”
“ဤနေရာရှိ အသက်မွေးဝမ်းကြောင်းသည် သင့်ယခင်နိုင်ငံနှင့် ကွာခြားသည်။သွေးစုပ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ ကောင်းဘွိုင်နှင့် အခြားအရာများကဲ့သို့ ထူးဆန်းသည့်အရာများ ပါဝင်သည်။”
“နောက်ထပ် တစ်နှစ် ကုန်လွန်သွားခဲ့သည်။အဆုံးမှာတော့ ဧရာမ သားရဲကြီး တိုက်ခိုက်သည့်နှစ်သို့ ရောက်လာခဲ့သည်။”
“သင်သည် စိတ်မအေးနိုင်ပါ။အမေရိကတွင် ဧရာမ သားရဲကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် အတွက် သင် မျှော်လင့်နေသည်။”
“ထိုနေ့တွင် နေ၏ အလင်းရောင်ကို ဖုံးကွယ်စေသည့် နတ်ဆိုးတစ်ကောင်သည် အမေရိက၏ ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။”
နတ်ဆိုးတစ်ကောင်?!
စုရှင်းသည် ထိုနေရာတွင် ကြောင်သွားသည်။လက်တွေ့ကမ္ဘာကို တိုက်ခိုက်နေသည့် မိစ္ဆာက တစ်ကောင်ထပ် ပိုရှိနိုင်ပါ့မလား?
“မရေမတွက်နိုင်သော ပရော်ဖက်ရှင်နယ်များသည် ကောင်းကင်သို့ ပျံတက်ကာ နတ်ဆိုးကို နှိမ်နင်းရန် ကြိုးစားခဲ့ကြသော်လည်း အားထုတ်မှုသည် အချည်းနှီး ဖြစ်ခဲ့သည်။”
“လမ်းများပေါ်တွင် အရပ်သားများနှင့် ပရော်ဖက်ရှင်နယ်များသည် မငြိမ်မသက်ဖြစ်မှုကို အခွင့်ကောင်းယူကာ တစ်ကျပ်မှ မကုန်သည့် ဝယ်ယူမှုများအတွက် အရူးအမူး ပြေးလွှားနေကြသည်။”
“သေချာပေါက် သေတော့မည်ကို သိ၍ သင်သည် သက်ပြင်းချလိုက်သည်။ထို့နောက် မသေခင် သင်သည် စီးကရက်ကို ခပ်ပြင်းပြင်း ဖွာလိုက်သည်။”
“နတ်ဆိုးသည် အဆုံးမရှိသော ကျိန်စာကို ထုတ်လွှတ်လိုက်ရာ အမေရိကရှိ လူသားအားလုံး သေဆုံးသွားခဲ့သည်။”
“သင်သည် အသက် ၃၆နှစ် အရွယ်တွင် သေဆုံးခဲ့သည်။”
“စမ်းသပ်ခြင်း ပြီးဆုံးပါပြီ!”
“သင်သည် အောက်ပါ ဆုလာဘ်များ အနက်မှ တစ်ခုအား ရွေးချယ်နိုင်သည်: အထက်တန်းစား စီးပွားရေး (စွမ်းရည်)၊ ခန္ဓာသန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု (ကျင့်ကြံခြင်းအဆင့်)”
“အထက်တန်းစား စီးပွားရေး ( ငွေအဆင့် စွမ်းရည်) : စွမ်းအင် ၁၀၀၀မှတ် တန်ဖိုးရှိသည်။”
“ခန္ဓာ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု (ကျင့်ကြံခြင်း အဆင့်): စွမ်းအင် ၅၀၀မှတ် တန်ဖိုးရှိသည်။
စုရှင်းသည် သူ့ရှေ့ရှိ ဆုလာဘ်နှစ်ခုကို ခဏအကြာ စိုက်ကြည့်ပြီး တိတ်တဆိတ် တွေးနေလိုက်သည်:
“ကျင့်ကြံခြင်း အဆင့်ကို ရွေးချယ်တယ်!”
“ဒင်၊ သင်သည် စမ်းသပ်ခြင်းမှ ခန္ဓာသန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု ( ကျင့်ကြံခြင်း အဆင့်)ကို ရွေးချယ်လိုက်ပါပြီ။ စွမ်းအင် ၅၀၀မှတ် ကုန်ဆုံးသွားပြီး ကျန်ရှိသည့် စွမ်းအင်မှာ ၄၈၂မှတ် ဖြစ်ပါသည်။”
ဘုန်း!
တစ်ချိန်တည်းမှာပင် စုရှင်း၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်သည် မြင့်တက်လာသည်။
ဆယ်စက္ကန့်အတွင်း သူ၏ ခန္ဓာကျင့်ကြံခြင်းသည် အဆင့်ခြောက်မှ အဆင့်ခုနစ်သို့ ရောက်လာသည်။
ထို့နောက်၊ အဆင့်ရှစ်…အဆင့်ကိုး…မှ ခန္ဓာ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှုအထိ!
စုရှင်းသည် သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအားကို သေသေချာချာ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူ၏ ခွန်အားသည် ပေါင်တစ်သောင်းထက်ပင် ကျော်လွန်နေပေလိမ့်မည်။
သူ၏ ခွန်အားသည် မူလကထပ် အစပေါင်းများစွာ သာလွန်သွားသည်။
“သူ…ကျွန်တော့် လက်ရှိ ခွန်အားက ငွေအဆင့် ပရော်ဖက်ရှင်နယ် တွေနဲ့တောင် နှိုင်းယှဉ်နိုင်ပြီမလား၊ ဟုတ်တယ်မလား?”
စုရှင်းသည် မှားယွင်းသော စွမ်းရည်ကို မရွေးချယ်မိသည့်အတွက် စိတ်သက်သာရာ ရသွားသည်။
အထက်တန်းစား စီးပွားရေး စွမ်းရည်သည် စမ်းသပ်ခြင်းတွင် သူ့အတွက် ကြီးမားသော ကံကြမ္မာကို ယူဆောင်လာပေးနိုင်သော်လည်း ယခု လက်တွေ့ကမ္ဘာတွင်တော့ သူ့အတွက် အကူအညီ မဖြစ်နိုင်ပါ။
သို့သော် ကျင့်ကြံခြင်းအဆင့် ဖြစ်သည့် ခန္ဓာသန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှုသည် မြင်သာထင်သာ ရှိပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း တဟုန်ထိုး မြင့်တက်လာသည်။ထိုအခါ လူများကို အဆင့်တက်ရန် ဦးဆောင်ရာနှင့် ရွှေများ စုဆောင်းရာတွင် သူ၏ စွမ်းဆောင်ရည်သည် များစွာ တိုးတက်လာမည်ဖြစ်သည်။
ထိုအခါ သူသည် ပစ္စည်းများ ပိုမို ရရှိလာကာ ၎င်းတို့ကို စွမ်းအင်အဖြစ် ပြောင်းလဲပြီး ပိုမို ကောင်းမွန်သော စမ်းသပ်ခြင်းကို လုပ်ဆောင်နိုင်မည်။
ခွန်အား တိုးလာခြင်း အပြင် စုရှင်း၏ စိတ်သည်လည်း ဗျူဟာများကို ဆက်တိုက် တွေးတောနေသည်။
“နောက် ဆယ့်ငါးနှစ်အကြာမှာ ရုတ်တရက် ဖြစ်ပွားလာမယ့် ကပ်ဘေးကို ရှောင်ရှားဖို့ တကယ်ဘဲ နည်းမရှိတော့ဘူးလား?”
စုရှင်းသည် ခေါင်းကို အသာယမ်းလိုက်သည်။ဒီဘဝတွင် သူသည် စမ်းသပ်ရေးစက် မှတစ်ဆင့် ဘီလီယံနာ ဖြစ်ခဲ့ပြီးပြီ။
သူသည် အဆင့်မြင့် ပရော်ဖက်ရှင်နယ်များ၏ မျက်စိထဲတွင် အရေးမပါသေးသော်လည်း ပိုပြီး လွှမ်းမိုး လာနိုင်ခဲ့သည်။
သို့သော် လူသားမျိုးနွယ်ထဲတွင် မည်သူကမှ သူ့သတင်းစကားကို မယုံကြည်ကြပါ။
မယုံနိုင်စရာ ဖြစ်နေလို့လား?
စုရှင်း၏ နှလုံးသားသည် တုန်လှုပ်သွားပြီး သူသည် ညည်းညူလိုက်သည်:
“ဖြစ်နိုင်တာက…လူသားမျိုးနွယ်ရဲ့ အထက်အဆင့်တွေက ဒီသတင်းကို ကြားပြီးသား ပေမယ့် အာ့တာကို ရှောင်ရှားလို့ မရတာများလား?”
“ဒါကြောင့် သာမန်လူတွေကြား အထိတ်တလန့်ဖြစ်မှုတွေကို ကာကွယ်ဖို့ ဒီသတင်းကို ဖုံးလိုက်တာလား?”
စုရှင်းသည် သက်ပြင်းချလိုက်သည်။အကြောင်းပြချက်က ဒီလို ဖြစ်မယ်ဆိုတာ သူ သေချာသိနေပါသည်။
တကယ် အမှန်တရား ဟုတ်၊မဟုတ် စုရှင်းသည် ဆက်လက် စုံစမ်းရန် လိုအပ်သည်။
စမ်းသပ်ရေး ပြီးဆုံးသွားပြီးနောက် စုရှင်းသည် သူ၏ ပရော်ဖက်ရှင်နယ် အကန့်ကို စစ်ဆေးခဲ့သည်။
ပရော်ဖက်ရှင်နယ် အကန့်ဟူသည် ကျွမ်းကျင်ပညာရှင်တိုင်း ပိုင်ဆိုင်ထားသည့် စွမ်းရည်တစ်ခု ဖြစ်ကာ ၎င်းတို့၏ အရည်အချင်းများကို မြင်နိုင်ပါသည်။
[အမည်: စုရှင်း]
[အလုပ်အကိုင်: ကျင့်ကြံသူ (ထူးခြားသော လျှို့ဝှက်အလုပ်)]
[ကျင့်ကြံခြင်း အဆင့်: ချီ သန့်စင်ခြင်း ပထမအဆင့်၊ ခန္ဓာ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု အဆင့်]
[ကျင့်ကြံခြင်း နည်းလမ်း: မရှိ]
[စွမ်းရည်: ဝိဉာဉ်စွမ်းအင် ရင်းမြစ် ကိုင်ဆောင်သူ]
[ကျွမ်းကျင်မှု: မရှိ]
[ပိုင်ဆိုင်သည့် ပစ္စည်း: သွေးစိမ်း ဓားရှည်(အစိမ်းရောင်)၊ ဆူးချိန်းကြိုး (အစိမ်းရောင်)၊ မိုးပြာတိမ်တိုက် လည်ရှည်ဖိနပ်( အစိမ်းရောင်)]
သူ၏ ထူးခြားသော အသက်မွေးဝမ်းကြောင်း ကြောင့် စုရှင်း၏ ပရော်ဖက်ရှင်နယ် အကန့်သည် အခြား သာမန် ကျွမ်းကျင်ပညာရှင်များနှင့် ကွဲပြားသည်။
ဥပမာအားဖြင့် အခြား ကျွမ်းကျင် ပညာရှင်များ၏ “ကျင့်ကြံခြင်း အဆင့်”ကို အဆင့်ဖြင့် ပြသလေ့ရှိသည်။
ကြေးအဆင့် ၃၀၊ ငွေအဆင့် ၁၅ အစရှိသည်ကဲ့သို့…
သို့သော် စုရှင်းသည် ချီ သန့်စင်ခြင်းနှင့် ခန္ဓာ သန့်စင်ခြင်း နှစ်ခုလုံး ပိုင်ဆိုင်ထားပြီး ကျင့်ကြံခြင်းအဆင့်ကိုပင် ပြသည်။
ယင်းကြောင့် စုရှင်းသည် ပညာရှင်နှစ်ဦးနှင့် ညီမျှသော ဘောနပ်စ်နှစ်မျိုးကို ခံစားနိုင်ခဲ့ပြီး သူ၏ခွန်အားသည် သာမန်ပညာရှင်များထက် များစွာသာလွန်သည်။
ထို့အပြင် စုရှင်း၏အကန့်တွင် သာမန်ပညာရှင်များ မရှိသော "ကျင့်ကြံခြင်း နည်းလမ်း" ဟူသည့် နောက်ထပ် အမျိုးအစားတစ်ခု ရှိသေးသည်။
တစ်ခုတည်းသော သနားစရာမှာ စုရှင်းသည် သာမန် ပညာများကို မသင်ယူနိုင်ဘဲ ကျင့်ကြံသူများနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများကိုသာ သင်ယူနိုင်ပုံ ရသည်။
ဤအရာကပင် စုရှင်းအား မည်သည့် အတတ်ပညာတွင်မှ မကျွမ်းကျင်ရန် ပိတ်ပင်တားဆီးထားသည်။
ကံကောင်းစွာပင် စုရှင်းသည် တန်ဆာမျိုးစုံကို တပ်ဆင်နိုင်သေးသည်။
ပရော်ဖက်ရှင်နယ် ပစ္သည်းများကို အောက်ပါအတိုင်း အနိမ့်မှ အမြင့်ထိ အဆင့်ခွဲထားသည်:
သာမန် အဖြူရောင်၊ စိမ်းနု၊ အပြာရင့်၊ ရှားပါး လိမ္မော်၊ အနီရောင် ရတနာ၊ ခရမ်းရောင် ဗဟို၊ ရွှေ ဒဏ္ဍာရီ၊ မသေမျိုး ရွှေနက်၊ ရောင်စုံ ဒဏ္ဍာရီ၊ အမြင့်မြတ်ဆုံး အနက်ရောင်…
စုရှင်း မကြာခဏ အသုံးပြုခဲ့သည့် ပစ္စည်းသုံးမျိုးသည် စိမ်းနုရောင် အဆင့် ဖြစ်သည်။ပို၍ အကြမ်းခံရုံ သာမက ပျမ်းမျှအားဖြင့် ကြေးအဆင့် မိစ္ဆာများကို စက္ကန့်ပိုင်းအတွင် သေစေနိုင်သည်။
“ကျွတ်၊ ကျွတ် ခန္ဓာ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု၊ အနည်းဆုံးတော့ ငါ့ ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ရေးကတော့ အရင်ကထပ် များစွာ တိုးတက်လာတာဘဲလေ!!”
ယခင်က စုရှင်း၏ ကိုယ်လုံးကိုယ်ပေါက်သည် အတော်လး ကြောက်စရာကောင်းသည်။သာမန်လူထပ် ဆယ်ဆ ပိုသန်မာကာ ပုံမှန် စူပါမန်း အဆင့်လောက် ရှိသည်။
ယခုအခါ စုရှင်း၏ ခန္ဓာသန့်စင်ခြင်း ကျင်ကြံမှုအဆင့်သည် ကြီးမြတ်သော ပြည့်စုံခြင်းအဆင့်ကို ရောက်ရှိပြီဖြစ်ရာ သာမန်လူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားထပ် အဆပေါင်း ဒါဇင်မကအောင် သာလွန်သည်။
သူသည် ပျမ်းမျှ ငွေအဆင့် ပရော်ဖက်ရှင်နယ်များထပ်ပင် ပို၍ သန်မာလောက်သည်။
“ဒါပေမယ့်လည်း အတော်လေး လိုနေသေးတယ်…နောက် ဆယ့်ငါးနှစ်နေရင် ဖြစ်ပေါ်လာမယ့် ကပ်ဆိုးကို ရင်ဆိုင်ဖို့ဆိုရင် ငါ့ခွန်အားကို ဆက်လက် မြှင့်တင်မှရမယ်!”
စုရှင်းသည် ရေရွတ်သည်။
ထို့ကြောင့် လာမည့် တစ်ပါတ်အတွင်း စုရှင်းသည် ငွေရဖို့အတွက် အပက်တကုတ် ကြိုးစားသည်။
ခွန်အား တိုးလာခြင်းကြောင့် စုရှင်း၏ ပိုက်ဆံရှာသည့် စွမ်းရည်သည် အတော်လေး တိုးတက်လာသည်။တစ်ပါတ်အတွင်း လေးသိန်းကျော် ရှာနိုင်ခဲ့သည်။
စုရှင်းသည် ငွေတစ်သန်းခန့်ကြိ ရင်းနှီးမြှုပ်နှံမှုအဖြစ် သိမ်းဆည်းထားလိုက်ပြီး ကျန်ငွေ လေးသိန်းနီးပါးကို အဖြူထည် ပစ္စည်းများ ဝယ်ယူဖို့အတွက် အသုံးပြုလိုက်သည်။
စုရှင်းသည် စွမ်းအင်အဖြစ် ပြောင်းလဲရန် အတွက် အခြား ပစ္စည်းများနှင့် အိုက်တမ်များကိုလည်း ဝယ်ယူရန် ကြိုးစားသည်။
သို့ရာတွင် စမ်းသပ်ပြီးသောအခါ အစိမ်းရောင်နှင့် အပြာရောင် ပစ္စည်းများ၏ စွမ်းအင်ဖလှယ်မှုအချိုးသည် အဖြူထည် ပစ္စည်းများကဲ့သို့ ကောင်းမွန်ခြင်း မရှိပါ။
ဥပမာအားဖြင့် အဖြူထည်ပစ္စည်းထပ် အဆပေါင်း ဒါဇင်နှင့်ချီ ပိုတန်ကြေးရှိသော အစိမ်းရောင်ပစ္စည်းသည် အဖြူရောင်ပစ္စည်းထပ် စွမ်းအင် ဆယ်ဆလောက်သာ ပိုပါသည်။
ကုန်ကျစရိတ် အကျိုးသက်ရောက်မှုသည် နည်းပါးလွန်းသည်!
ပြန်လည်ကုသခြင်း ဆေးရည်၊ ကျွမ်းကျင်မှု ပေလိပ် ကဲ့သို့သော အခြားအရာများသည်လည်း အလားတူပင် ဖြစ်ကာ ဈေးကြီးလှသည်။
စုရှင်းသည် ယခုအချိန်တွင် ထိုအရာများကို စွမ်းအင်အဖြစ် ပြောင်းရန် မတတ်နိုင်ပါ။
ထို့ကြောင့် နှိုင်းယှဉ်ပြီးသောအခါ စုရှင်းသည် အဖြူထည်ပစ္စည်းကိုသာ ပြတ်ပြတ်သားသား ရင်းနှီးမြှုပ်နှံခဲ့သည်။
ထိုအပါတ်တွင် သူသည် စွမ်းအင် စုစုပေါင်း ၁၆၀၀မှတ်ကို စုဆောင်းနိုင်ခဲ့သည်။
ယခုဆိုလျှင် စုရှင်း၏စွမ်းအင်သည် ၂၀၈၂မှတ်သို့ပင် ရောက်ရှိပြီ ဖြစ်သည်။
ဇီဝစမ်းသပ်ရေးစက် ပြန်လည်စတင်သည့် အခိုက်အတန့်တွင် စုရှင်းသည် စမ်းသပ်ဖို့ရန်အတွက် မစောင့်နိုင် ဖြစ်နေတော့သည်။
“စမ်းသပ်ခြင်းကို စတင်ပါ!”
[စွမ်းအင် ၃၀၀မှတ် ကုန်ကျပါမည်။စွမ်းအင် ၁၇၈၂မှတ်နှင့် အကန့်အသတ်မဲ့ စမ်းသပ်ခြင်း အခွင့်အရေး ကျန်ရှိပါသည်။]
[စမ်းသပ်ခြင်း စတင်ပါပြီ!]
[အဖြူရောင် စွမ်းရည်ကို မဲနှိုက်ခြင်းအတွက် စွမ်းအင် ၁၀ဝမှတ် ကုန်ကျမည် ဖြစ်ကာ အစိမ်းရောင်စွမ်းရည်အတွက် စွမ်းအင် ၁၀၀၀မှတ် ကုန်ကျပါမည်။မဲနှိုက်ရန် ဆန္ဒ ရှိပါသလား?]
“အဖြူရောင်စွမ်းရည် မဲနှိုက်မယ်!”
တုံ့ဆိုင်းခြင်းမရှိဘဲ စုရှင်းသည် ရွေးချယ်လိုက်သည်။အဖြူရောင် စွမ်းရည်သာ စွမ်းအင် ၁၀၀ဝမှတ် ကျန်ကျမည်ဆိုလျှင် အစိမ်းရောင် စွမ်းရည်အတွက်သာဆို ပို၍ ကုန်ကျဖို့သာ ရှိတော့မည်။
စုရှင်း၏ လက်ရှိ ငွေကြေးအရဆိုလျှင် သူသည် အဖြူရောင်စွမ်းရည်ကိုသာ တတ်နိုင်သည်။
[ဒင် “သေခြင်းကို အံတုခြင်း” ဟူသော အဖြူရောင်စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။]
…