ကျင့်ကြံခြင်း နည်းလမ်း ၅ မျိုး၊ ချန်ချွန်းနည်းလမ်း
Vol. 1 Ch. 5
[အလျှော့မပေးသောမျက်လုံးများ]- သေပြီးနောက် သင်သည် အပိုရက်ကို တွက်ချက်နိုင်သည်။ (သေစမ်း ငါ့ကို ဘယ်သူ သတ်တာလဲဆိုတာ ကြည့်ရအောင်!)
စုရှင်းသည် ထိုစွမ်းရည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။ထို့နောက် သူ့ အမူအရာသည် နူးညံ့သွားခဲ့သည်။
ထိုစွမ်းရည်သည် သရုပ်သကန် ဖန်တီးခြင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကောင်း ပါဝင်လိမ့်မည်။
ဥပမာ သူ သေပြီးနောက် ကမ္ဘာကြီးတွေ ဖြစ်ပျက်သည်များကို သူ အတိအကျ မြင်နိုင်သည်။
[သင့်ဖုန်း လာနေသဖြင့် ကိုင်လိုက်သည်။ဂျူနီယာ တစ်ယောက်သည် သင့်အား အဆင့်တက်ဖို့ရန်အတွက် အကျဉ်းခန်းသို့ ဦးဆောင်ပေးရန် ပြောခဲ့သည်။]
[သင်သည် အိပ်ယာမှ ထကာ အလုပ် လုပ်ဖို့ရန် ပြင်ဆင်သည်။]
[သင်၏ စွမ်းအားများ တိုးပွားလာပြီ ဖြစ်သဖြင့် ကြေးအဆင့် အကျဉ်းခန်းများကို သင်သည် အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့ပြီး တစ်ရက်ထဲနှင့် ဒေါ်လာ ငါးသောင်း ရှာနိုင်ခဲ့သည်။]
[တစ်နှစ်တာကာလအတွင်း သင်သည် ကြေးအဆင့် ထောင်များကို မမောမပန်း ဝင်ရောက်ပြီး အခြားသူများကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် သန်းနှစ်ဆယ် ရရှိခဲ့သည်။]
[သင်သည် အထူးသဖြင့် ဆယ်မိုင် ဆင်ခြေလျှော အကျဉ်းထောင်ကို နှစ်သက်ပြီး ကြေးအဆင့် ဘီလူးများကို တစ်ချက်တည်းဖြင့် သတ်နိုင်သောကြောင့် လူအများက သင့်အား ‘ဆယ်မိုင်တောင်စောင်း၏ ဓားနတ်ဘုရား'ဟု အမည်ပေးကြသည်။]
[ထိုနှစ်အတွင်း သင်သည် သင် တွေ့ခဲ့ရသော ဝမ့်ချင်းရွှမ်အမည်ရှိ ဂျူနီယာကို မေ့မရခဲ့ပါ။]
[အလုပ် လုပ်ရင်း သင်သည် အဆင့်မြှင့်တင်ပေးရန် သူမကိုပါ မကြာခဏ ခေါ်လေ့ရှိသည်။သူမ စိတ်သက်သာရာ ရစေရန်အတွက် ကြက်စွပ်ပြုတ်လည်း တိုက်လေ့ရှိသည်။]
[ဝမ့်ချင်းရွှမ်သည် တဖြည်းဖြည်း သင့်အပေါ် မေတ္တာသက်ဝင်လာသည်။]
ထိုစာကို မြင်သည့်အခါ စုရှင်းသည် ခနဲ့ပြုံး ပြုံးလိုက်သည်။နောက်ဆုံး သရုပ်သကန် ဖန်တီးခြင်းတုန်းက ဝမ့်ချင်းရွှမ်သည် အရမ်းမဆိုးမှန်း သူ သိခဲ့သည်။]
သူမသည် နောက်ပိုင်းတွင် သူ့ကို ကယ်တင်ရန်အတွက် သူမ၏ အသက်ကိုပင် စတေးခဲ့သည်။ထို့ကြောင့် ယခုတစ်ခေါက် သရုပ်သကန် ဖန်တီးခြင်းတွင် သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးလိုသည်မှာ သဘာဝကျပါသည်။
စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် စိုးရိမ်တကြီးနှင့် သင့်အနား ချဉ်းကပ်လာခဲ့သည်။]
[သူမသည် သင့်အား လျှို့ဝှက်ချက်တစ်ခု ပြောခဲ့သည်။ယင်းမှာ လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတစ်ခုက သူမကို လာဆက်သွယ်သည်ဟူသော သတင်းပင်။]
[လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတွင် မပါဝင်ရန်အတွက် သင်သည် သူမကို အရေးတကြီး တားခဲ့သည်။]
[ဝမ့်ချင်းရွှမ်၏ မျက်နှာသည် အနည်းငယ် တုံ့ဆိုင်းသွားသည့်ပုံ ပေါက်သော်လည်း နောက်ဆုံးမှာတော့ သူမသည် ခေါင်းငြိမ့်လိုက်သည်။]
[ထိုညတွင် သင်တို့ အပြန်အလှန် ရင်းနှီးခဲ့ကြသည်။]
[နောက်တစ်ရက်တွင် ဝမ့်ချင်းရွှမ် ကျောင်းထွက်သွားသည် ဟူသောသတင်းကို သင်ကြားလိုက်ရသည်။သူမ ဘယ်ရောက်နေမှန်းလည်း မည်သူမှ မသိကြပါ။]
စုရှင်းသည် ဤ ထုတ်ဖော်ချက်တွင် လန့်သွားသည်။
ဝမ့်ချင်းရွှမ်သည် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတွင် အါဝင်ခဲ့သလား?ဒါမှမဟုတ် သူမသည် ပါဝင်ဖို့ ငြင်းဆန်ခဲ့သဖြင့် အဖွဲ့အစည်းက နှုတ်ပိတ်လိုက်ခြင်းလား?
စုရှင်းသည် သံသယများစွာဖြင့် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[သင်သည် ဝမ့်ချင်းရွှမ်ကို စိတ်ပူသွားပြီး သူမကို လိုက်လံ ရှာဖွေခဲ့သည်။သို့သော် ဘာ သတင်း အစအနမှ မရခဲ့ပါ။]
[ထိုနှစ်တွင် သင်သည် ခွန်အား မလုံလောက်သဖြင့် ဘွဲ့မရခဲ့ပါ။]
[သို့သော် သင်သည် စိတ်မညစ်ပါ။ကျောင်းတွင် အဆင့်မြှင့်တင်ပေးသည့် အလုပ်ကို ဆက်လက် လုပ်ဆောင်သည်။]
[နှစ်နှစ် ကုန်လွန်ပြီးနောက် သင်သည် တဖြည်းဖြည်းနှင့် ကြွယ်ဝချမ်းသာလာသည်။]
[သင်သည် ကျိုတိုတွင် ပစ္စည်းဆျုင် တစ်ခုဖွင့်ကာ အဆင့်နိမ့် တန်ဆာများကို ရောင်းချသည်။]
[နောက်ထပ် နှစ်နှစ်ကုန်ပြီးနောက် သင့်တွင် စီးပွားရေးဆိုင်ရာ ထိုးထွင်းဉာဏ် မရှိသဖြင့် သင့်လုပ်ငန်းသည် အတက်အကျ ဖြစ်နေခဲ့သည်။သို့သော်လည်း ယေဘူယျအားဖြင့် မီလီယံ ရာနှင့်ချီ ချမ်းသာပါသေးသည်။]
[ထိုနှစ်တွင် သင်သည် ကျောင်းမှ ထုတ်ပယ်ခံရသည်။]
[သို့သော် သင်သည် ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်သည်။သင်သည် သင့်လုပ်ငန်းကို စတင် အာရုံစိုက်ကာ ‘တားရော့ အဖွဲ့’ကို ထူထောင်ပြီး လုပ်ငန်းကို တိုးချဲ့လိုက်သည်။]
[တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို ရှာတွေ့သွားသည်။သူမသည် စိုးရိမ်စိတ်များဖြင့် စိုးထိတ်နေပုံ ရသည်။]
[သို့သော် သင်သည် စိတ်သက်သာရာ ရသလို ခံစားရပြီး ဒီနှစ်တွေမှာ သူမ ဘယ်ကို ရောက်နေခဲ့ကြောင်း မေးလိုက်သည်။]
[သူမသည် တိတ်ဆိတ်နေမြဲသာ ဖြစ်သည်။လျှို့ဝှက် ဆန်းကြယ် အဖွဲ့အစည်းနှင့် ဆက်နွယ်နေသည်ဟု ထင်သဖြင့် သင်သည် ဆက်မမေးတော့ပါ။]
[တစ်ညလုံး ချစ်ကြိုက်ကြပြီးနောက် သူမသည် သူ့အိပ်ယာဘေးတွင် တစ်စုံတစ်ခုကို ချန်ကာ တိတ်တဆိတ် ထွက်သွားသည်။]
[၎င်းသည် ရှေးကျသော စာအုပ်ထူတစ်အုပ် ဖြစ်သည်။ဖွင့်ကြည့်လိုက်သောအခါ “ချန်ချွန်း နည်းလမ်း”ဟု ခေါ်သည့် ကျင့်ကြံခြင်းနည်းလမ်း ဖြစ်နေခဲ့သည်။]
[၎င်းသည် စစ်မှန်သော ကျင့်ကြံခြင်းနည်းလမ်း ဖြစ်မည်ဟု သင် ခံစားမိသည်! ကံဆိုးသည်မှာ ယင်းသည် တစ်ဝက်သာ ပါသည်။]
စုရှင်းသည် ထိုရှာဖွေ တွေ့ရှိမှုကို အလွန်ပျော်နေခဲ့သည်။ကျင့်ကြံခြင်း နည်းလမ်းက တကယ် ရှိနေတာဘဲ!
ယင်းသည် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကို မျှော်လင့်ချက် ပေးခဲ့သည်။
ထိုသို့ဖြင့် စုရှင်းသည် ကြောက်လန့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ရောယှက်လျက် ဆက်ဖတ်လေသည်။
[မည်သို့ပင် ဆိုစေ သင်သည် ပီတိဖြစ်ကာ နေ့နေ့ ညည ကျင့်ကြံလေတော့သည်။]
[တစ်လ ကုန်ဆုံးပြီးနောက် သင်၏ ကျင့်ကြံခြင်းအဆင့်သည် ချီ သန့်စင်ခြင်း ပထမအဆင့်မှာသာ ရှိသေးသည်။]
[သင်သည် စဉ်းစားမရ ဖြစ်နေသည်။ဤသည်မှာ စစ်မှန်သော ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည့်အပြင် သင့်တွင်လည်း ဝိဉာဉ်စွမ်းအင် ရင်းမြစ် ပိုင်ဆိုင်ထားသည်။ဒါတောင်မှ သင်သည် ခုထိ မကျင့်ကြံနိုင်သေးပါ!]
“သင်သည် ဇွဲမလျှော့ခဲ့ပါ။လိုအပ်သည့်အခါမှသာ အလုပ် လုပ်လေ့ရှိပြီး ဤ ကျင့်ကြံခြင်း နည်းလမ်းတွင်သာ သင့်စိတ် အလုံးစုံကို မြှုပ်နှံထားသည်။”
“နှစ်နှစ် ကြာပြီးနောက်တွင် သင်သည် အကြောင်းအရင်းကို ရှာဖွေတွေ့ရှိခဲ့သည်။သင် မကျင့်ကြံနိုင်သည့် အကြောင်းရင်းမှာ ဤကမ္ဘာတွင် ကျင့်ကြံခြင်း လုပ်ဆောင်ရန်အတွက် လိုအပ်သော ဝိဉာဉ်စွမ်းအင် မရှိသောကြောင့် ဖြစ်သည်။”
[မျှော်လင့်ချက် မရှိတော့သောအခါ သင့်တွင် လက်လျှော့ရုံ မှတစ်ပါး အခြားရွေးစရာ မရှိတော့ပါ။သင့်ညီမသည် ဒီနှစ်တွင် နတ်ဆိုးလက်အောင် ဖြတ်ကျော်ခြင်း အကျဉ်းခန်းတွင် သေဆုံးခဲ့ကြောင်း သင်သိ၍ ဖြစ်သည်။”
“သင်သည် သင့်ညီမကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့သည်။ထို့ကြောင့် သင်သည် မွေးရပ်မြေကို ပြန်လာပြီး သင့်ညီမ စုနင်နန်ကို တွေ့ခဲ့သည်။”
“သင်သည် သင်၏လုပ်ငန်းကို ‘’တားရောအဖွဲ့'သို့ လက်လွှဲပေးခဲ့ပြီး သင်ကိုယ်တိုင်ကတော့ အိမ်တွင်သာ သင့်ညီမနှင့် နေတော့သည်။”
“သင် ရောက်လာသဖြင့် သင့်ညီမသည် အရမ်း ပျော်ရွှင်နေခဲ့သည်။သူမနဲ့ အတူကစားဖို့ သင့်ကို နေ့တိုင်း နှောင့်ယှက်နေခဲ့သည်။”
“အချိန်ကြာလာသည်နှင့်အမျှ စုနင်နန်သည် သင့်အပေါ် ပိုပိုဆိုးလာခဲ့သည်။သူမသည် သင်၏ အာလူးကြော်နှင့် စပိုင်စီ မုန့်ချောင်းများကိုပင် မကြာခဏ လုယူလာသည်။”
ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် သက်ပြင်းချလိုက်သည်။သူ့ ညီမငယ်သည် တကယ့်ကို ထိုအတိုင်းပင်။သူတို့နှစ်ယောက်၏ ဆက်ဆံရေးအစတွင် သူမသည် အရမ်း တွယ်ကပ်ခဲ့သည်။
ခဏကြာတော့ ဒေါသက ပျောက်သွားပြန်ရော။ပုံမှနဲ့ တူရဲ့လား?
သို့သော် သူ ဘာကြောင့် ကျင့်ကြံမရမှန်း အဖြေရှာတွေ့ သွားသည့် အချိန်သည် စုရှင်းအတွက် အံ့ဩစရာ အကောင်းဆုံး ဖြစ်သည်။
ဝိဉာဉ်စွမ်းအင် ရင်းမြစ်၊ ကျင့်ကြံခြင်း နည်းလမ်း၊ ဝိဉာဉ်စွမ်းအင်—သုံးခုလုံးသည် မရှိမဖြစ် အရေးကြီးသည်!
ယခုအခါမှာတော့ သူမသည် ပထမနှစ်ချက်ကို သံသယဝင်လာသည်။သူသည် နောက်ဆုံးအချက်ဖြစ်သည့် ဝိဉာဉ်စွမ်းအင် တစ်ခုတည်းသာ လိုအပ်သည်။
ထို့နောက် စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။
“တစ်ရက်တွင် တရားဝင်ဌာနမှ ပုဂ္ဂိုလ်ဟု ဆိုသော လူတစ်ဦးသည် သင့်အိမ်သို့ ရောက်လာသည်။သူသည် သင့်ညီမ စုနင်နန်ကို နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းသို့ ဖိတ်ခေါ်သည်။”
“သင်သည် သူမက ထို နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းသို့ မသွားနိုင်ဟာ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။”
“သို့သော် သင့်ညီမက လက်ခံခဲ့သည်။”
“သင့်ညီမသည် လေးနှစ်အတွင်း မဟာမာစတာ ပရော်ဖက်ရှင်နယ် အဆင့်သို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသဖြင့် သင်သည် ရှောခ့်ရသွားသည်။”
“သင့်ညီမသည် တိုင်းပြည်ရဲ့ အဆင့်ဝင် ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ကြောင်း သင့်ကို တိုးတိုးတိတ်တိတ် ပြောပြခဲ့သည်။မည်သူ့ကိုမျှ ပြန်မပြောရန်လည်း တောင်းဆိုခဲ့သည်။”
“သင်သည် ကြောင်သွားသော်လည်း သူမကို နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းသို့ ခုထိ မသွားစေချင်သေးပါ”
“ရွေးချယ်စရာ မရှိတော့သည့်အခါ သင်သည် ထို နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းမှာ မဟာမာစတာ အဆင့်ရှိ ပါရမီရှင်တိုင်း သွားသည့် အကျဉ်းထောင် ဖြစ်ကြောင်း ပြောခဲ့သည်။ထို့ပြင် နှစ်တိုင်း အနည်းဆုံး တစ်လကြာကြောင်း ပြောလိုက်သည်။”
“သူမသည် သေချာပေါက် အသက်ရှင်ဖို့ရန် အတွက် အပြင်းအထန် ကြိုးစားပြီး ပြန်လာခဲ့မည် ဖြစ်ကြောင်း ပြောခဲ့သည်။”
“သင်သည် သူမကို ထိုသို့ လွှတ်ရန်အတွက် အရမ်း တွန့်ဆုတ်နေခဲ့ပါသော်လည်း တားမရသည့်အဆုံး ဂရုစိုက်ရန်သာ မှာကြားရတော့သည်။”
“တစ်လကြာပြီးနောက် သင့်ညီမ ဆုံးသွားပြီဟူသော သတင်းကို ကြားလိုက်ရသည်။”
စုရှင်းသည် ထိုစာကို ဖတ်ပြီး စိတ်တိုသွားသလို ခံစားလိုက်ရသည်။
ခုနစ်နှစ် အကြာတွင် ဖြစ်လာမည့် သူ့ညီမ၏ သေဆုံးမှုကို မည်သည့်အရာကမှ ပြောင်းလဲနိုင်ခြင်း မရှိတာလား?
မဟုတ်ဘူး!
သူ သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်ပြီး ပိုမို သန်မာလာလျှင် စုနင်နန်ကို သေခြင်းတရားမှ ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည်!
ထို့ကြောင့် စုရှင်းသည် ဆက်လက် သရုပ်သကန် ဖန်တီးလေသည်။
“သင်သည် သင့်ညီမ သေဆုံးမှုကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။သင်သည် တိုကျိုသို့ တစ်ဦးတည်း မပြန်ခင် သင်၏ မိဘများကို နှစ်သိမ့်ပေးခဲ့သည်။”
“လုပ်ငန်းများကို စီမံခန့်ခွဲနေစဉ် သင်သည် ဝိဉာဉ်စွမ်းအင်ဆိုင်ရာ သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။”
“သင့်လုပ်ငန်းသည် တိုးတက် အောင်မြင်လာသော်လည်း သင်သည် ဝိဉာဉ်စွမ်းအင်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမှ မသိသေးပါ။”
“သုံးနှစ်ကြာပြီးနောက် သင်သည် ဖက်တီးယုနှင့် တွေ့ခဲ့သည်။သူသည် မကြာခင် သေတော့မည် ဖြစ်ကြောင်း သင် သိနေသည်။”
“သင်သည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းထောင်သို့ မသွားရန် ဖက်တီးယုအား အကြံပေးခဲ့သည်။”
“သင်သည် ထိုအကျဉ်းထောင် အကြောင်း သိနေသည့်အတွက် သူသည် အံ့ဩသွားသည်။သို့သော် သူ သွားမှ ဖြစ်မည်ဆိုသည့် သဘောဖြင့် ခေါင်းယမ်းပြလေသည်။”
“မျှော်လင့်ချက် မရှိတော့သောအခါ သင်သည် လက်လျှော့လိုက်သည်။သို့သော် မထွက်သွားခင် သင်သည် ဖက်တီးယုထံမှ ပိုက်ဆံ အမြောက်အမြား ချေးခဲ့သည်။”
“ထိုနှစ်တွင် သင်သည် အမျိုးမျိုးသော ပစ္စည်းများကို အရူးတစ်ယောက်လို လွှင့်ပစ်ကာ ပြန်လည်ကုသခြင်း ဆေးရည် အမြောက်အမြားကို ဝယ်ယူခဲ့သည်။”
“နောက်တစ်နှစ် ကုန်ဆုံးပြီးနောက် ဈေးကွက် အတက်အကျ ဖြစ်ပေါ်လာသည်။သင်သည် ပြန်လည်ကုသခြင်း ဆေးရည်များကို မြင့်မားသည့် ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချသောကြောင့် အမြတ်အစွန်း များစွာ ရရှိခဲ့သည်။ရှားဒင်္ဂါး ဆယ်ဘီလီယံပင် ရရှိခဲ့သည်။”
“သင့်တွင် လေးနှစ်သာ အချိန်ရှိတော့သည်ကို သိသဖြင့် သင်သည် ပိုင်ဆိုင်မှု အားလုံးကို ရောင်းချလိုက်သည်။ထို့နောက် ရှိသမျှ ပိုက်ဆံအားလုံးကို ရင်းနှီးမြှုပ်နှံကာ ဝိဉာဉ်စွမ်းအင်ကို အားစိုက်ပြီး ရှာဖွေခဲ့သည်။”
“သင်သည် တစ်နှစ်တာ ရှာဖွေပြီးသည့်တိုင် လက်ဆုပ်လက်ကိုင် ဘာတစ်ခုမှ မပြနိုင်သေးပါ။”
“တစ်နေ့တွင် လျှို့ဝှက်ဆန်းကြယ်သော သူစိမ်းတစ်ဦးသည် သင့်ထံ ချဉ်းကပ်လာသည်။”
“သင်က သူ ဘယ်သူလဲဟု မေးလိုက်သောအခါ သူသည် သင့်အား ပုရွက်ဆိတ်တစ်ကောင်ထပ် ဘာမှ မပိုတဲ့ကောင်ဟု ပြောပြီး လှောင်ပြောင်ခဲ့သည်။”
“သူသည် သင့်လည်ပင်းကို ချိုးလိုက်ရာ သင်သည် မျက်လုံးများ ပြူးကျယ်လျက်ပင် သေဆုံးသွားသည်!”
“သင်သည် သေပြီးနောက် မျက်လုံးမမှိတ်သည့် သင်၏စွမ်းရည်ကို အသက်သွင်းလိုက်သည်။”
….