← Chapters

မွေးရာပါ စွမ်းရည်၊ မျက်လုံးပြူး၍ သေဆုံးခြင်း!

Vol. 1 Ch. 6

မွေးရာပါ စွမ်းရည်၊ မျက်လုံးပြူး၍ သေဆုံးခြင်း!

Vol. 1 Ch. 6

“သူက သင့်ခန္ဓာကိုယ်ကို ရှာဖွေပြီး “ချန်ချွန်း နည်းလမ်း”တစ်ဝက်ကို ယူသွားသည်။သူသည် မထွက်ခွာခင် သင်၏ ခေါင်းကို ခြေထောက်ဖြင့် တက်ကြိတ်ကာ ချေမွသွားခဲ့သည်။”

“သင်၏မျက်လုံးများ ပျောက်သွားကာ မျက်လုံးဖွင့်ကာ သေဆုံးသည့် သင်၏စွမ်းရည်သည်လည်း ပျောက်ဆုံးသွားခဲ့သည်။”

“ဤ သရုပ်သကန် ပုံဖော်ခြင်းသည် အဆုံးသတ်သွားပါပြီ!”

“သင်သည် အောက်ပါဆုလာဘ်များထဲမှ တစ်ခုအား ရွေးချယ်နိုင်သည်: မျက်လုံးဖွင့်၍ သေဆုံးခြင်း (စွမ်းရည်)၊ ချန်ချွန်း ကျင့်ကြံခြင်း နည်းလမ်းတစ်ဝက် (ကျင့်ကြံခြင်း နည်းလမ်း)”

“မျက်လုံးဖွင့်၍ သေဆုံးခြင်း (အဖြူရောင် စွမ်းရည်): တန်ကြေး စွမ်းအင် ၁၀၀၀မှတ်။”

“ချန်ချွမ်း ကျင့်ကြံခြင်း နည်းလမ်းတစ်ဝက် (ကျင့်ကြံခြင်း နည်းလမ်း): တန်ကြေး စွမ်းအင် ၃၀၀၀မှတ်။မသေမျိုး ကျင့်ကြံခြင်းအတွက် အသုံးအများဆုံး ကျင့်ကြံခြင်း နည်းလမ်း။ယင်းသည် လူတစ်ဦး၏ သက်တမ်းကို တိုးစေပြီး ဝိဉာဉ်စွမ်းအင် စုပ်ယူမှုကိုလည်း တိုးမြှင့်ပေးနိုင်သည်။

“ကမ္ဘာပျက်သွားတဲ့အထိ ငါ အသက်ရှင်နိုင်ပါ့မလား?လျှို့ဝှက် ဆန်းကြယ်တဲ့လူက လာသတ်သွားမှာလား?”

စုရှင်း၏ အမူအရာသည် အလေးအနက် ဖြစ်လာသည်။

“အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ဝမ့်ချင်းရွှမ် ငါ့ကို ပေးခဲ့တဲ့ ချန်ချွန်းနည်းလမ်းကို ယူသွားတယ်…သူကလည်း လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းက လူ ဖြစ်လောက်မလား?”

စုရှင်းသည် မျက်မှောင်ကု့တ်လိုက်ပြီးနောက် ဤ သရုပ်သကန် ဖန်တီးခြင်းအတွက် ဆုလာဘ်ကို သတိပြုမိသွားသည်။

“ဒါက ကျင့်ကြံခြင်း နည်းလမ်း အစစ်အမှန်ဘဲ!”

“ချန်ချွန်း နည်းလမ်းက တကယ်ဘဲ စွမ်းအင် ၃၀၀၀မှတ် တန်လို့လား?”

စုရှင်းသည် စဉ်းစားရခက်စွာဖြင့် သူ့ဘာသာ တွေးတောနေသည်:

“ဒါဆို ငါက မျက်လုံးဖွင့်လျက် သေဆုံးခြင်း စွမ်းရည်ကို ရွေးရမှာလား? ချန်ချွန်းနည်းလမ်းကို ရွေးရမှာလား?”

စုရှင်းတွင် စွမ်းအင်အမှတ် များများစားစား မရှိသော်လည်း သူသည် ငွေ သိန်းအချို့ကို သုံးစွဲကာ အဖြူထည်ပစ္စည်းများကို ဝယ်ယူပြီး စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။သူ ဒီလောက်တော့ တတ်နိုင်ပါသည်။

သို့သော်…မျက်လုံးဖွင့်လျက် သေဆုံးခြင်း စွမ်းရည်သည် ဤ သရုပ်သကန် ဖန်တီးခြင်းတွင် နတ်စွမ်းရည် ဖြစ်မှန်း အထင်အရှားပင်။

အနည်းဆုံးတော့ စုရှင်းသည် သူ သေဆုံးရသည့် အကြောင်းအရင်းကို ရှာဖွေနိုင်ပြီး ကမ္ဘာကြီစ အဆုံးသတ်သည့် နေ့တွင် ဖြစ်ပျက်ခဲ့သည်များကို အတိအကျ သိနိုင်သည်။

“ဟူး…”

သူသည် မေးစေ့ကို ပွတ်ရင်း ရေရွတ်နေသည်:

“ချန်ချွန်းနည်းလမ်းက နောက်သရုပ်သကန် ဖန်တီးခြင်းကျရင် ရဖို့ အခွင့်အရေး ထပ်ရှိအုံးမှာဘဲ။မျက်လုံးဖွင့်ပြီး သေတဲ့ စွမ်းရည်က ဘယ်လောက်ကြာမှ ပြန်ရနိုင်မလဲဆိုတာ ဘယ်သူ သိမှာလဲ…”

စုရှင်းသည် အံကြိတ်ကာ မျက်လုံးဖွင့်၍ သေဆုံးခြင်း စွမ်းရည်ကို ရွေးချယ်လိုက်သည်။

“ဒင်၊ သင်သည် သရုပ်သကန် ဖန်တီးခြင်းမှ မျက်လုံးဖွင့်၍ သေဆုံးခြင်း စွမ်းရည်ကို ရွေးချယ်လိုက်ပါသည်။စွမ်းအင် ၁၀၀၀မှတ် ကုန်ကျပါမည်။ကျန်ရှိသည့် စွမ်းအင် ၇၈၂မှတ်။”

စွမ်းအင် ၇၈၂မှတ်ဘဲ ကျန်တော့တယ်။

စုရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။လာမည့် သရုပ်သကန် ဖန်တီးခြင်းအတွက် သူ အစီအစဉ် ဆွဲပြီးသား ဖြစ်သည်။

ယင်းမှာ ချန်ချွန်းနည်းလမ်းကို ပြန်လည်ရယူရန် ဖြစ်သည်။

သို့သော် ချန်ချွန်းနည်းလမ်းကို လဲလှယ်ခြင်း အတွက် စွမ်းအင် ၃၀၀၀မှတ် လိုအပ်သည်။

သရုပ်သကန် ဖန်တီးခြင်း တစ်ခုချင်းစီ၏ စွမ်းအင် ကုန်ကျစရိတ်သည် 100မှတ် တိုးလာမည် ဖြစ်သည်။ထို့ကြောင့် နောက်လာမည့် သရုပ်သကန် ဖန်တီးချင်း ကုန်ကျစရိတ်သည် 400မှတ်နှင့် မဲလှည့်ခြင်းအတွက် ကုန်ကျစရိတ် နောက်ထပ် 100မှတ် လိုအပ်လိမ့်မည်။

ချန်ချွန်းနည်းလမ်းကို ပြန်လည် ရယူရန်အတွက် သူသည် အနည်းဆုံး စွမ်းအင် 3500မှတ် စုဆောင်းရန် လိုအပ်သည်။

စွမ်းအင် ကွာဟချက်သည် 3000မှတ် နီးပါး ရှိနေသည်။

ပျမ်းမျှအားဖြင့် အဖြူရောင်ပစ္စည်း တစ်ခုချင်းစီသည် စွမ်းအင် 5မှတ်အဖြစ် ပြောင်းလဲနိုင်လျှင် သူသည် အဖြူရောင် ပစ္စည်း အနည်းဆုံး ၆၀၀ခန့် ဝယ်ယူရန် လိုသည်။

ဈေးအပေါဆုံး အဖြူရောင် ပစ္စည်းတောင် အနည်းဆုံး ရှားဒင်္ဂါး ၁၀၀၀မှ ၂၀၀၀ကြား တန်သည်။

ဆိုလိုသည်မှာ သူသည် စွမ်းအင်အမှတ် များစွာ ရရှိရန်အတွက် အနည်းဆုံး ရှားဒင်္ဂါး ၆သိန်း သုံးရလိမ့်မည်။

“အာ ခေါင်းကိုက်လိုက်တာ…ဒါပေမယ့် ချန်ချွန်းနည်းကလည်း ရှိကို ရှိသင့်တာ!”

“အဖြေကတော့ ပိုက်ဆံရှာရမှာဘဲ!”

ထို့ကြောင့် လာမည့် ရက်သတ္တပတ်အတွင်း စုရှင်းသည် နေ့နေ့၊ညည အလုပ် လုပ်သည်။အပိုဝင်ငွေအဖြစ် အကျဉ်းထောင်များသို့ သွားသည်။ဝမ့်ချင်းရွှမ်ကိုလည်း ရံဖန်ရံခါ ဂရုစိုက် ကြည့်ရှုပေးသေးသည်။

တစ်ပါတ်အတွင်း စုရှင်သည် အကျဉ်းခန်းများသို့ အကြိမ် ၅၀ အရူးအမူး ပြေးလွှားရင်း စုစုပေါင်း ရှားဒင်္ဂါး ၅သိန်း‌ကျော် ရရှိခဲ့သည်။

ယခင်က သူ စုဆောင်းခဲ့သည့် ၁မီလီယံနှင့် ပေါင်းလိုက်လျှင် စုရှင်း၏ လက်ထဲတွင် စုစုပေါင်း ၁.၅မီလီယံအထက် ရှိသည်။

သို့သော် အဖြူရောင် ပစ္စည်း ၆၀၀ကျော် ဝယ်ယူပြီးနောက် စုရှင်း လက်ထဲတွင် ရှားဒင်္ဂါး ၇သိန်းကျော်သာ ကျန်တော့သည်။

“သရုပ်သကန် ဖန်တီးခြင်းကို စတင်ပါ!”

“စွမ်းအင် ၄၀၀မှတ် ကုန်ကျပါမည်။စွမ်းအင် ၃၂၈၂မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်သကန် ဖန်တီးခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။”

“အဖြူရောင် စွမ်းရည်ကို မဲနှိုက်မယ်!”

“ဒင် ငြိမ်သက်သော ပင်လယ်များ ဟူသည့် အဖြူရောင် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါတယ်။”

ထိုစွမ်းရည်ကို မြင်သည့်အခါ စုရှင်း၏ မျက်နှာပေါ်တွင် ထူးခြားသည့် အမူအရာတစ်ခု ပေါ်လာသည်။

ပိုကာရုပ်ကို စွမ်းရည်လို့ သတ်မှတ်လား?တကယ်ကြီး ဥပေက္ခာ ဧကရာဇ်၊ သူခိုးဟောင်း စီမာရဲ့ အကြောင်းကို ပြောနေကြတာလား?

စုရှင်းသည် ခေါင်းရမ်းကာ တစ်ကိုယ်တည်း ညည်းတွားနေသည်။

“ခုချိန်မှာ ဒါအတွက်နဲ့ ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ၊သရုပ်သကန် ဖန်တီးခြင်းကို စလိုက်တော့!”

[သင့်ရဲ့ ဂျူနီယာ ညီမများကို အကျဉ်းထောင်ထဲတွင် အဆင့်တက်ပေးဖို့ရန်အတွက် ကြိုတင် စီစဉ်ထားသည့်အတိုင်း သင် အိမ်မှ ထွက်လာခဲ့သည်။]

[ဂျူနီယာ ညီမများ၏ သွယ်လျသော ပေါင်တံနှင့် လှပသော ရုပ်သွင်ကို မြင်သည့်အခါ သင့်စိတ်ထဲတွင် ပျော်ရွှင်လာသည်။သို့သော် သင်သည် လူကြီးလူကောင်းပုံ ဖမ်းကာ တည်ငြိမ်ဟန် ဆောင်နေသည်။]

[နောက်နှစ်တွင် သင်သည် ဂျူနီယာ ညီမများအား အဆင့်တက်ရန်နှင့် မိစ္ဆာများကို သတ်ရန် အကျဉ်းထောင်ထဲသို့ နေ့တိုင်း ဦးဆောင် ခေါ်သွားခဲ့သည်။သူတို့က သင့်ကို မျက်နှာပေးသော်လည်း သင်သည် အတွင်းစိတ်ထဲမှာ ထိန်းချုပ်ကာ မထုံတတ်တေး ပုံစံမျိုးပင် ဖြစ်နေခဲ့သည်။]

[တစ်နှစ်အတွင်း သင်သည် ‌ရှားဒင်္ဂါး ၂၅ မီလီယံ ရရှိခဲ့သည်။]

[တစ်ချိန်တည်းမှာပင် သင်သည် ဝမ့်ချင်းရွှမ်ကို ဂရုစိုက်ဖို့ကိုလည်း မမေ့လျော့ခဲ့ပါ။]

[သို့သော် ယင်းသည် ယခင် သရုပ်သကန် ဖန်တီးခြင်းမှ လုပ်ငန်းစဉ်ကို နှောင့်ယှက်မိမည် စိုးရိမ်သဖြင့် သူသည် ရည်ရွယ်ချက်ရှိရှိပင် သူမနှင့် ခပ်ခွာခွာ နေခဲ့သည်။]

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်စီ ရောက်လာပြီး လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းအကြောင်း ပြောပြခဲ့သည်။]

[သင်သည် အရင်က ပြောခဲ့သလိုပင် သူမအား ထို အဖွဲ့အစည်းနှင့် မပူးပေါင်းရန် ပြောခဲ့သည်။]

[ထိုညက သင်သည် နေရာအသစ်ကို ကြိုးစားခဲ့သည်။]

[နောက်တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် ကျောင်းမှ ထွက်သွားပြီး သူမ ဘယ်ရောက်နေမှန်းလည်း မည်သူမျှ မသိကြပါ။]

[သင်သည် ဝမ့်ချင်းရွှမ်က လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းနှင့် ပူးပေါင်းသွားမှန်း သိသည့်အတွက် စိတ်မပူပါ။]

[ထိုနှစ်တွင် သင်သည် စွမ်းအား မလုံလောက်သောကြောင့် ဘွဲ့မရခဲ့ပါ။]

[နောက်လေးနှစ်အတွင်း သင်သည် အကျဉ်းထောင်များတွင် မမောမပန်း ရွှေများကို ရှာဖွေကာ သန်းရာနှင့်ချီသော စည်းစိမ်ဥစ္စာများကို စုဆောင်းနိုင်ခဲ့သည်။]

[မျှော်လင့်ထားသည့်အတိုင်း သင်သည် ကျောင်းမှ အထုတ်ခံရသည်။]

[သင်သည် ကျောင်းမှထွက်ပြီး တားရော့အဖွဲ့အစည်းကို တည်ထောင်ပြီး ကျိုတိုတွင် တစ်ပတ်ရစ် ပစ္စည်း အရောင်းအဝယ်လုပ်ငန်းကို စတင်ခဲ့သည်။]

[သင်သည် ဝမ့်ချင်းရွှမ် သင့်ကို လာရှာမည်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။]

[တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို အမှန်တကယ်ပင် လာရှာခဲ့သည်။]

[တစ်ညကြာပြီးနောက် သူမသည် ချန်ချွန်းနည်းလမ်း တစ်ဝက်ကို သူ့ဘေးတွင် ချန်ခဲ့ကာ ထွက်သွားခဲ့သည်။]

[သင်သည် ချန်ချွန်းနည်းလမ်း တစ်ခုလုံးကို မှတ်မိခဲ့ပြီး အကြိမ် အနည်းငယ် လေ့ကျင့်ခွင့် ရခဲ့သည်။]

စုရှင်းသည် ထိုအရာကို ကြည့်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

“သေချာတယ်။အရင်က သရုပ်သကန် ဖန်တီးခြင်း ဖြစ်စဉ်ကို လိုက်နေသ၍တော့ ချန်ချွန်း နည်းလမ်းကို ငါ ရနိုင်တယ်!”

စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[သင်သည် စွမ်းအင် ကျင့်ကြံခြင်းကို မလုပ်ဆောင်နိုင်သဖြင့် ၎င်းကို လစ်လျူရှုကာ ဝိဉာဉ်စွမ်းအင်ကို ရှာဖွေဖို့သာ ရွေးချယ်လိုက်သည်။]

[သင်သည် သင့်အတွက် ဝိဉာဉ်စွမ်းအင် လမ်းကြောင်းကို ရှာဖွေရာတွင် ကူညီရန်အတွက် ကြီးမြတ်သော ရှားနိုင်ငံ တစ်ဝှမ်းရှိ တားရော့ အဖွဲ့အစည်းမှ အဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။]

[နှစ်နှစ်တာ ကုန်လွန်ပြီးသည်အထိ သင်သည် ဝိဉာဉ်စွမ်းအင် သဲလွန်စ တစိုးတစိမှ ရှာမတွေ့ခဲ့ပါ။]

[သို့သော် သင်၏ လုပ်ငန်းသည် ပိုမိုကြီးထွားလာပြီး ပိုင်ဆိုင်မှု ဘီလီယံ ဆယ်နှင့်ချီ စုဆောင်းနိုင်ခဲ့သည်။]

[ထိုနှစ်တွင် သင်သည် သင့်ညီမ သေဆုံးပြီး သူမကို မကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရှိခဲ့သည်။]

[ထို့ကြောင့် သင်သည် သင့်ညီမ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် အဆင့်မြင့် မာစတာအဆင့် ပစ္စည်းကို ဝယ်ယူရန် ငွေ အမြောက်အမြား သုံးစွဲခဲ့သည်။]

[စုနင်နန်သည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းသို့ မသွားခင် သင်သည် အိမ်သို့ ပြန်ခဲ့သည်။သူမကို ထို အဆင့်မြင့် မာစတာပစ္စည်းပေးပြီး စကား အကြာကြီး ပြောခဲ့သည်။]

[တစ်လ ကြာပြီးနောက် သင့်ညီမ သေဆုံးသည့်သတင်း ရောက်လာခဲ့သည်။]

[သင်သည် စိတ်ထဲတွင် ဝမ်းနည်းသွားသော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပါ။]

[သုံးနှစ်ကြာပြီးနောက် ကံကောင်းကာ သင်၏ စီးပွားရေးလုပ်ငန်းသည် ပိုမို ကျယ်ပြန့်လာခဲ့သည်။တားရော့ အဖွဲ့အစည်း၏ အဖွဲ့ဝင်များသည်လည်း ရှားတစ်နိုင်ငံလုံး ပျံ့နှံ့သွားသည်။]

[သေဆုံးသူ နောက်တစ်ယောက်မှာ ဖက်တီးယု ဖြစ်မယ်မှန်း သင် သိခဲ့သည်။]

[ထို့ကြောင့် ဖက်တီးယု နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းသို့ မသွားခင် သင်သည် သူနှင့်အတူ သောက်ခဲ့သည်။]

[ထိုညတွင် သင်သည် အလွန်အကျွံ သောက်လိုက်သဖြင့် ဖက်တီးယုက သင့်ကို အိမ်ပြန် ပို့ပေးခဲ့သည်။]

[များ မကြာမီ သင်သည် ယုယန်၏ ဈာပနသို့ တက်ရောက်ခဲ့သည်။]

[ထိုနှစ်တွင် သင်၏ ရန်ပုံငွေ အားလုံးကို သင်သည် ဆေးရည် စက်ရုံသို့ မြှုပ်နှံခဲ့သည်။သင်၏ ပိုင်ဆိုင်မှုသည်လည်း ဘီလီယံ ရာနှင့်ချီ တိုးပွားလာခဲ့သည်။]

[ထို့ကြောင့် သင်သည် အခြားနိုင်ငံသို့ ထွက်ပြေးရန် ပြင်ဆင်သည်။မထွက်ခွာခင် သင်သည် သင်၏ ပိုင်ဆိုင်မှု အများစုကို ရောင်းချခဲ့သည်။]

[သို့ရာတွင် မတော်တဆမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။]

[ကံတရားက သင့်ဘက်တွင် ရှိပါသည်။သင် အမေရိကသို့ မထွက်ခွာခင် ရက်အနည်းငယ် အလိုတွင် ဝိဉာဉ်စွမ်းအင်နှင့် ပတ်သက်သည့် မက်ဆေ့ဂ်ျတစ်စောင်ကို သင် ရရှိခဲ့သည်။]

….

All Chapters