ဝိဉာဉ်ကျောက်တုံး၏ သဲလွန်စ၊ ကျင့်ကြံခြင်း လမ်းကြောင်းက သင့်မျက်စိရှေ့တင်ပါ!
Vol. 1 Ch. 7
[တားရော့ အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက သူ့အား ကျန်းလင်မြို့၊ ကျန်းနင် ပြည်နယ်တွင် ဝိဉာဉ်ကျောက်တုံးဟု ခေါ်သော အဆင့်မြင့် မာစတာအဆင့် ရှားပါးပစ္စည်း ရှိကြောင်း ပြောပြခဲ့သည်။]
[သင်သည် အပျော်လွန်ပြီး ကျန်းလင်မြို့သို့ တစ်ညလုံး အပြေးသွားခဲ့သည်။]
[ထို ဝိဉာဉ်ကျောက်တုံးအတွက် သင်သည် ရှားဒင်္ဂါး ၁မီလီယံကို ပေးဆောင်ခဲ့သည်။]
[အဆင့်မြင့် မာစတာ စွမ်းအင်ပစ္စည်းကို လက်ခံရရှိပါသည်။]
[သို့သော် ထိုအရောင်းအဝယ်တွင် လျှို့ဝှက်ဆန်းကြယ်သော လူသည် သင့်အား ရှာတွေ့ခဲ့သည်။]
[သင်သည် အသက် သုံးဆယ့်သုံးနှစ်တွင် သေဆုံးသွားခဲ့သည်။]
[သင်သည် မျက်လုံးဖွင့်၍ သေဆုံးခြင်း စွမ်းရည်ကို နိုးထစေခဲ့သည်။]
[သင်သည် လျှို့ဝှက်ဆန်းကြယ်သော လူအား စူးစိုက် ကြည့်နေခဲ့သည်။]
[လျှို့ဝှက် ဆန်းကြယ်သော လူသည် စိတ်မဝင်စားသလိုပင် သင့်ခေါင်းကို နင်းချေကာ ချေမွပစ်လိုက်သည်။]
[သင်သည် မျက်လုံးများကို ဆုံးရှုံးသွားပြီး မျက်လုံးဖွင့်၍ သေဆုံးခြင်း စွမ်းရည်လည်း အဆုံးသတ်သွားသည်။]
[ဤ သရုပ်သကန် ဖန်တီးခြင်းသည် ပြီးဆုံးသွားပါပြီ!]
[အောက်ပါ ဆုလာဘ်များထဲမှ တစ်ခုအား ရွေးချယ်ပါ: ငြိမ်သက်သော ပင်လယ်များနှင့် နူးညံ့သော လေပြေများ (စွမ်းရည်)၊ ချန်ချွန်းနည်းလမ်း တစ်ဝက် (ကျင့်ကြံခြင်း နည်းလမ်း)]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် အပျော်လွန်သွားခဲ့သည်။
[နောက်ဆုံးတော့…ငါ ဝိဉာဉ်စွမ်းအင် သဲလွန်စကို ငါ တွေ့ခဲ့ပြီ!ဝိညာဉ်ကျောက်တုံး…အဲ့ဒါက ဝိဉာဉ်စွမ်းအင်နဲ့ သေချာပေါက် ဆက်နွယ်မှု ရှိရမယ်!”
စုရှင်းသည် သူ့ကိုယ်သူ စိတ်ထိန်းကာ သရုပ်သကန် ဖန်တီးခြင်း ဆုလာဘ်ကို မဆိုင်းမတွ ရွေးချယ်လိုက်သည်။
ငြိမ်သက်သော ပင်လယ်များနှင့် နူးညံ့သော လေပြေများသည် သာမန်မျှသာ ဖြစ်သည်။စုရှင်းသည် အနည်းငယ် တိုးတက်လာပြီး ပိုမို ဂုဏ်သိက္ခာရှိသည့်ပုံ ပေါက်လိမ့်မည်။
သို့သော် ချန်ချွန်းနည်းလမ်း၊ယခုအခါ ယင်းသည် သူ၏ ကျင့်ကြံမှုကို အမှန်တကယ် မြင့်တင်နိုင်သည့် အရာ ဖြစ်သည်။!
ဒါ့အပြင် ယခုအခါ သူသည် ဝိဉာဉ်ကျောက်တုံး၏ သဲလွန်စကို ရှာတွေ့ပြီ ဖြစ်သည်။နောက်တစ်ကြိမ်တွင် သူသည် ကျောက်တုံးကို အရယူကာ ကျင့်ကြံခြင်းကို အမှန်အကန် စတင်နိုင်ကောင်း စတင်နိုင်လိမ့်မည်!
ထို့ကြောင့်…
“ချန်ချွန်းနည်းလမ်းကို ရွေးချယ်မယ်!”
[ဒင်၊သင်သည် သရုပ်သကန် ဖန်တီးခြင်းမှ ချန်ချွန်းနည်းလမ်းကို ရွေးချယ်ခဲ့ပါသည်။စွမ်းအင် ၃၀၀၀မှတ်ကို အသုံးပြုပြီးဖြစ်ကာ စွမ်းအင် ၁၈၂မှတ် ကျန်ရှိပါသည်။]
တစ်ချိန်တည်းမှာပင် ရှေးဟောင်း ကျင့်ကြံခြင်း နည်းလမ်းသည် စုရှင်း၏အရှေ့တွင် ပေါ်လာခဲ့သည်။
စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ချန်ချွန်းနည်းလမ်းကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
[ချန်ချွန်းနည်းလမ်း တစ်ဝက်]: ချင်းယွင်နယ်ပယ်ရှိ ချန်ချွန်းဂိုဏ်း၏ အခြေခံအကျဆုံး ကျင့်ကြံခြင်း နည်းလမ်း ဖြစ်သည်။အဆင့်ခြောက်ဆင့် ပါရှိပြီး အမြင့်ဆုံးအဆင့် ရောက်လျှင် ဗလာအဆင့်သို့ ပြန်လည် ရောက်ရှိသွားလိမ့်မည်။သို့သော် ဤနည်းလမ်းသည် ပြီးပြည့်စုံသော စာကြောင်း၏ တစ်ပိုင်းတစ်စသာ ဖြစ်သဖြင့် အဖြုတေ ဖွဲ့စည်းခြင်းအဆင့်ထိသာ ကျင့်ကြံနိုင်သည်။ချန်ချွန်းနည်းလမ်းသည် သဘာဝ ဝိဉာဉ်စွမ်းအင်ကို စုပ်ယူကာ အသက်ရှည်ခြင်းနှင့် ထာဝရနုပျိုခြင်းကို ရရှိစေနိုင်သည်။
ကျင့်ကြံခြင်းအဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်: “ ပထမအဆင့်: အရာခပ်သိမ်း ကြီးပွားတိုးတက်မည်။ညတွင် အနားယူကာ နေ့ဘက် အစောနိုးထမည်။ဝိဉာဉ်အားသစ် တိုးစေရန် သင့် အဝင်းအဝိုင်းကို ကျော်လွန်သွားမည်…ဒုတိယအဆင့်: ကောင်းကင်နှင့် မြေကြီး ဆုံမှတ်…”
ချန်ချွန်းနည်းလမ်း၏ နိဒါန်းကို ဖတ်ပြီးနောက် စုရှင်းသည် ကျေနပ်နေခဲ့သည်။
ဤ ချန်ချွန်းနည်းလမ်းသည် ယခင်က သူ ဝယ်ခဲ့သည့် ‘ကျင့်ကြံခြင်းမှ သုံးနှစ်အတွင်း မြှုပ်နှံခြင်း’ထပ် ပို၍ အားကိုးရမည့်ပုံ ပေါ်သည်။
ချန်ချွန်းနည်းလမ်း ပထမတစ်ဝက်အား နာရီဝက်ပင် မကြာသေးခင် အချိန်တွင် စုရှင်းသည် မှတ်မိသွားသည်။
သူ့လက်ထဲရှိ နည်းလမ်းကို ကြည့်ပြီး စုရှင်းသည် သက်ပြင်းယေးယေး ချလိုက်သည်။
“ဒီနည်းလမ်းက အသက်ရှည်ခြင်းနဲ့ နုပျိုခြင်းကို အမှန်တကယ် ပေးနိုင်တယ်…နောက် ဆယ့်ငါးနှစ်ကြာရင် ကမ္ဘာပျက်တော့မှာဆိုတော့ ထာဝရနုပျိုခြင်းက အသုံးမဝင်တော့ဘူး နှမျောစရာဘဲ!”
ချန်ချွန်းနည်းလမ်းကို မှတ်သားပြီးနောက် စုရှင်းသည် သူ၏ နောက်သရုပ်သကန် ဖန်တီးခြင်းအတွက် အစီအစဉ်ဆွဲသည်။
အရေးကြီးသည်မှာ သူသည် တစ်ပတ်ကို တစ်ကြိမ်သာ သရုပ်သကန် ဖန်တီးနိုင်သည်။သရုပ်သကန် ဖန်တီးခြင်း တစ်ခုစီသည်လည်း စွမ်းအင်ပမာဏ အမြောက်အမြား ကုန်ကျမည်။ထို့ကြောင့် အခွင့်အရေးသည် လုံးဝအဖိုးတန်သည်။
ထို့ပြင် စုရှင်းသည် စွမ်းအားကို အလျင်အမြန် စုဆောင်းမှ ရမည်။ထိုမှသာ သရုပ်သကန် ဖန်တီးခြင်း တစ်ခုစီအတွက် တိကျရှင်းလင်းသော ပန်းတိုင် သေချာပေါက် ရှိလာမည် ဖြစ်သည်။
“အရေးကြီးတာက ကျင့်ကြံခြင်းအဆင့် မြှင့်ဖို့ဘဲ။ဒါမှ လာမယ့် သရုပ်သကန် ဖန်တီးခြင်းမှာ ဝိဉာဉ်ကျောက်တုံးရဖို့ အခွင့်အရေး ပိုရှိမှာ…”
အနည်းငယ် တွေးပြီးနောက် စုရှင်းသည် နောက် သရုပ်သကန် ဖန်တီးခြင်းတွင် အလွန်အဖိုးတန်သော စွမ်းရည် မပါခဲ့ပါက ဝိဉာဉ်ကျောက်တုံးကိုသာ သေချာပေါက် ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
“ဒါပေမယ့် ဝိဉာဉ်ကျောက်တုံးရဲ့ တန်ဖိုးအမှန်မှ ငါ မသိတာ။စွမ်းအင် ဘယ်လောက် လိုလောက်လဲ? နောက် သရုပ်သကန် ဖန်တီးခြင်း မတိုင်ခင် စွမ်းအင် အလုံအလောက် စုဆောင်းဖို့ လိုတယ်!”
စုရှင်း၏ ကတ်တွင် အများဆုံး စွမ်းအင် ၄၀၀၀မှတ် အောက်သာ ပြောင်းနိုင်တော့မည့် ရှားဒင်္ဂါး ၈၀၀ကျော်သာ ကျန်ရှိသည်။
စွမ်းအင် ၄၀၀၀မှတ်လောက်နှင့် စွမ်းအင်ကျောက်တုံးကို ယူဖို့ လုံလောက်ပါ့မလား မသိနိုင်ပါ။
စုရှင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ရှေးဆိုရိုးစကားသည် မှန်သည်:ငွေမရှိခြင်းသည် သူရဲကောင်းများကို ပို၍ပင် ရဲရင့်စေသည်။
ဒုန်း!
ထိုစဉ် အိပ်ဆောင်တံခါးကို ခြေထောက်ဖြင့် ကန်ပြီး ဖွင့်သံကို ကြားလိုက်ရသည်။
ဝဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခုသည် အခန်းတွင်းသို့ ဝင်လာသည်။ယုယန်မှလွဲ အခြားသူ မဟုတ်ပါ။
စုရှင်းသည် မျက်လုံးလှန်ကြည့်ပြီး အပြစ်တင်ကာ ရယ်သည်။
“ဖက်တီးယု ပိုပြီး ငြင်သာလို့ မရဘူးလား? တစ်ရက်ရက်ကျရင် မင်း ဒီတံခါးကို ဖျက်စီးမိတော့မှာဘဲ!”
ဖက်တီးယုသည် ပြုံးဖြဲဖြဲဖြင့်ပင် ပြန်ပြောသည်။
“ဟဟ နောက်တစ်ခါကျ မှတ်ထားပါ့မယ်ကွာ”
ခဏ တွေဝေပြီးနောက် ဖက်တီးယုသည် သူ့အား အခြားကိစ္စတစ်ခုကို ပြောလေသည်။ “ဒါနဲ့၊ ဆရာလျှိုက မင်းကို ရှာနေသလိုဘဲ…ကြည့်ရတာ မင်းရဲ့ သက်မွေးဝမ်းကြောင်းကိစ္စ ထင်တယ်…”
ထိုစကား ကြားသည့်အခါ စုရှင်းသည် အံ့ဩခြင်း မပြုဘဲ ခေါင်းသာ ငြိမ့်လေသည်။
နိုင်ငံ၏ ထိပ်တန်းအဆင့်ရှိ အဖွဲ့အစည်းဖြစ်သည့် ကျိုတို သိပ္ပံနှင့် နည်းပညာတွင် သုံးနှစ်ကြာ နစ်မြုပ်နေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခံထားရသည့် ဆရာလျှိုသည် စုရှင်းကို ဆန္ဒအလျောက် နှုတ်ထွက်စေလိုသောကြောင့် သူ့ကို ဆင့်ခေါ်ခြင်း ဖြစ်နိုင်သည်။
ပြောရလျှင် ကြီးမြတ်သော ရှားတစ်မြို့လုံးတွင် ကျော်ကြားသော ကျောင်းသည် “ကျရှုံးခြင်း” ဆိုသည်ကိုသာ ကြုံတွေ့လာလျှင် အပျက်သဘောဆောင်သော ဂုဏ်သတင်းသည် အမှန်တကယ် ပေါ်ပေါက်လာလိမ့်မည်။
ဖက်တီးယုသည်လည်း အတော်အသင့် မှန်းဆမိသည့်အတွက် စုရှင်းကို ပခုံးပုတ်ပေးကာ ပြောသည်။
“အစ်ကိုစုရာ အရမ်း စိတ်မညစ်ပါနဲ့။ငါတို့ရဲ့ ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းမှာ ကျောင်းသားတွေကို ကျောင်းထုတ်တယ်ဆိုတဲ့ မှတ်တမ်းမှ မရှိဖူးတာ…ပြီးတော့ မင်းအလုပ်က မင်းတစ်ယောက်တည်း ဆုံးဖြတ်ထားတာလည်း မဟုတ်ဘူး။မင်းမှာ ဘာအမှားမှ ရှိတာမှ မဟုတ်တာ။ယုံကြည်မှုရှိရှိသာ သွားတွေ့လိုက်!”
“ဘာဖြစ်ဖြစ် မင်းက အမြဲ ငါ့အစ်ကိုဘဲ!”
စုရှင်းသည် သူ့ကို အကြွင်းမဲ့ ယုံကြည်ပါသည်။ဖက်တီးယုသည် မသေခင်အချိန်ထိ သူ့ကို ဘယ်သောအခါမှ အဆက်အသွယ် မဖြတ်ခဲ့ပါ။
ခဏတာ တွေဝေပြီးနောက် စုရှင်းက ပြောသည်။
“ဖက်တီး ငါ အခုရက်ပိုင်း ငွေနည်းနည်းကြပ်နေလို့ မင်း ငါ့ကို ပိုက်ဆံချေးပါလား?”
စုရှင်း၏ ပုံစံကို သိနေသည့်အတွက် ယုယန်သည် မျက်ခုံးပင့်လိုက်သည်။ကောလိပ်သက်တမ်း သုံးနှစ်အတွင်း အရင်က ပိုက်ဆံ တစ်ခါမှ မချေးခဲ့ဖူးပါ။သူ အခု တကာ် အခက်တွေ့နေလို့သာ ဖြစ်ရမည်။
ထို့ကြောင့် ယုယန်သည် ခေါင်းငြိမ့်ကာ ပြောသည်။
“ဘယ်လောက် လိုတာလဲ? ပမာဏ ပြောလေ”
စုရှင်းသည် အံကြိတ်ကာ ပြောသည်။
“၅မီလီယံလောက် မင်းမှာ ရှိလား?”
ယုယန်သည် ခေါင်းငြိမ့်ကာ သူ၏ ဘဏ်ကတ်ကို ပိုက်ဆံအိတ်ထဲမှ ထုတ်ကာ စုရှင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒီကတ်ထဲမှာ ၅မီလီယံ ရှိတယ်…လျှို့ဝှက်နံပါတ်က ငါ့မွေးနေ့!”
စုရှင်းသည် ဘဏ်ကတ်ကို လက်ခံခဲ့ပြီး ပြောစရာ ပျောက်နေခဲ့သည်။
“ဖက်တီး…”
ယုယန်သည် လက်ယမ်းကာ ပြောသည်။
“အစ်ကိုစုရာ ကျေးဇူးတင်စကားတွေ မလိုပါဘူး။၅မီလီယံဆိုတာ ဘာမှ မဟုတ်တာကို။ညီအစ်ကိုချင်းတွေဘဲဟာ ဘာဖြစ်လဲ?”
“အာ အမှန်က ငါ မေးချင်တာက…မင်း မွေးနေ့က ဘယ်ရက်လဲ ဆိုတာ?”
ယုယန်: “...”
ယုယန်သည် အံကြိတ်ကာ ပြောတော့သည်။ “ငါ့ပိုက်ဆံ ပြန်ပေးတော့ မိမစစ်ဖမစစ်ကောင်!”
ဘေးဘက်သို့ တိမ်းရင်း စုရှင်းသည် တခစ်ခစ် ရယ်လေတော့သည်။
“စတာပါကွာ! ဆရာလျှိုကို ခု သွားရှာလိုက်အုံးမယ်!”
ထိုသို့ပြောကာ စုရှင်းသည် ကျောင်းရုံးခန်းသို့ ဦးတည်ကာ သွားလေသည်။
ဆရာလျှို၏ နာမည်မှာ လျှိုရှောင်သုန်း ဖြစ်ပြီး ဘဝအတိုင်ပင်ခံ ဖြစ်သလို စုရှင်းတို့ ဌာန၏ အတန်းပိုင်လည်း ဖြစ်သည်။
အခြေခံအားဖြင့် ကျောင်းတွင် ကျောင်းသားများ၏ ဘဝနှင့်ပတ်သက်သည့် ပြဿနာမှန်သမျှကို သူ့ထံ တင်ပြလေ့ရှိသည်။
အစကတော့ လျှိုရှောင်သုန်းသည် စုရှင်းကို ကျိုတို သိပ္ပံနှင့်နည်းပညာကျောင်းသို့ ခေါ်ယူခဲ့သည်။
ဒေါက်၊ ဒေါက်!
စုရှင်းသည် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
“ဝင်ခဲ့ပါ!”
ရုံးခန်းထဲသို့ ဝင်လိုက်သည့်အခါ ထိုင်ခုံကို မှီကာ ထိုင်ကာ လက်ဖက်ရည် သောက်နေသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို စုရှင်း တွေ့လိုက်သည်။သူသည် ခေါင်းဆောင် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ဆရာလျှို၊ ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့ ဘာကိစ္စများ ရှိလို့လဲဗျ?” စုရှင်းက တန်းမေးလိုက်သည်။
မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းရင်း ဆရာလျှိုက ပြန်ပြောခဲ့သည်။
“စုရှင်း! လက်ရှိ မင်း ကျင့်ကြံခြင်း အခြေအနေ ဘယ်လိုရှိလဲ? အဆင့်ရော ဘယ်လောက်ထိ မြင့်လာပြီလဲ?”
မျှော်လင့်သလိုပင် သူ ထင်ထားသည့် အကြောင်းပင် ဖြစ်သည်။
စုရှင်းသည် ကြိုတင်မျှော်မှန်းထားပြီး ဖြစ်သဖြင့် ခေါင်းကို ယမ်းလိုက်သည်။
“ဟင့်အင်း အရင်လိုဘဲ!ဒါပေမယ့် လုံ့လရှိရှိ အားထုတ်ပြီး ငွေအဆင့်ကို မြန်မြန်ရောက်ဖို့တော့ ရည်မှန်းထားတယ်!”
လျှိုရှောင်သုန်းသည် ပြုံးနေရင်းဖြင့် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ပြောသည်။
“စုရှင်း တကယ်တော့ ဒီတစ်ကြိမ်က မင်းနဲ့ အခြားအကြောင်းကို ဆွေးနွေးချင်တာ…”
“မင်း သိပါတယ်။မင်းတို့က စီနီယာနှစ်ကလေ။ဘွဲ့ယူဖို့လည်း တစ်နှစ်တောင် မလိုတော့ဘူး။ငါတို့ဌာနမှာက အကဲဖြတ်မှု နှုန်းထားနဲ့ အလုပ်အကိုင် နှုန်းထားတွေအတွက် သတ်မှတ်ချက်တွေ ရှိတယ်”
ထိုစကား ကြားသည့်အခါ စုရှင်းသည် စိတ်ထဲမှ လှောင်နေခဲ့သည်။လျှိုရှောင်သုန်း ပြောချင်သည့် စကား၏ ဆယ်ပုံ ပုံ ရှစ်ပုံကို သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း မသိဟန်ဆောင်ကာ မေးလိုက်သည်။
“ဒါဆို ဆရာလျှိုက ဘာကို ဆိုလိုချင်တာလဲဗျ?ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောပြပေးရင် ကျေးဇူးတင်မိမှာဘဲ!”
စုရှင်း၏ တိုက်ရိုက်ပြောပေးရန် တောင်းဆိုချက်ကို ကြာသည့်အခါ လျှိုရှောင်သုန်းသည် ဟန်ဆောင်မနေတော့ဘဲ ပြတ်ပြတ်သားသားပင် ပြောတော့သည်။
“စုရှင်း၊ ဆန္ဒအလျောက် ကျောင်းကနေ နုတ်ထွက်စေချင်တယ်။ဒါက မင်းအတွက်ရော ကျောင်းရဲ့ ဂုဏ်သတင်းအတွက်ပါ ပိုကောင်းမှာပါ!”
…