ထိပ်တောင် ပြောင်တော့မယ် ခုထိ ပိုသန်မာ မလာသေးဘူးလား?
Vol. 1 Ch. 8
ဆန္ဒအလျောက် နှုတ်ထွက်ရမယ်? အားလုံးအတွက် ကောင်းဖို့?
စုရှင်းသည် စိတ်ထဲမှ လှောင်ပြောင်နေခဲ့သည်။အတန်း အကြံပေး အနေနဲ့ သင့်လုပ်ဆောင်ချက်တွေ ကောင်းချင်လို့ဘဲလေ၊ မဟုတ်ဘူးလား?
စုရှင်း၏ အတန်းအကြံပေးဖြစ်သော လျှိုရှောင်သုန်းသည် ကျောင်းသားများ၏ အကဲဖြတ်မှုစံနှုန်းများနှင့် ဘွဲ့လွန်အလုပ်အကိုင် စံနှုန်းများအတွက် တာဝန်ယူရမည်မှာ ပုံမှန်ပင် ဖြစ်သည်။
ယခုအချိန်တွင် စုရှင်းသည် ရွှေအဆင့် စံနှုန်းများနှင့် ကိုက်ညီ မနေသည့်အတွက် လျှိုရှောင်သုန်းသည် စုရှင်းကို ကျောင်းမှ ထုတ်ပစ်ရန် ရည်ရွယ်ထားပုံ ရသည်။
တကယ်တမ်းဆိုလျှင် ကျောင်းမှ နှင်ထုတ်ခံရခြင်းသည် ကြောက်စရာ ကောင်းသည်။
သို့သော် ကျောင်းသားများက ကိုယ့်စိတ်သဘောနှင့် ကျောင်းထွက်သည် ဆိုလျှင်တော့ မတူညီသည့် ကိစ္စဖြစ်သည်။
စုရှင်းက သူ့ဆန္ဒကို လိုက်လျောပေးမှာလား? သေချာပေါက် လိုက်လျောပေးမည် မဟုတ်ပါ!
စုရှင်းသည် ခေါင်းယမ်းကာ ပြောသည်။
“ဆရာလျှို၊ ကျွန်တော် ကျောင်းထွက်ဖို့ စိတ်ကူးမရှိဘူးဗျ။ပြီးတော့ ကျောင်းပတ်ဝန်းကျင်ကလည်း ကျွန်တော့်အတွက် အတော်လေး အဆင်ပြေတယ်!”
ထိုစကား ကြားသည့်အခါ လျှိုရှောင်သုန်းသည် အမူအရာ ပျက်သွားပေမယ့်လည်း သူသည် ဆက်ပြောသည်။
“စုရှင်း၊ အခုအချိန်မှာ မင်းအတွက် ဘာတစ်ခုမှ လွယ်ကူမနေမှန်း ဆရာသိတယ်။မင်းသာ ကိုယ့်ဆန္ဒနဲ့ ကျောင်းထွက်မယ်ဆို ကျောင်းကိုယ်စား လျော်ကြေးငွေ တစ်ဝက် ပြန်ပေးဖို့ ဆရာ ပြင်ဆင်ထားတယ်: ရှားဒင်္ဂါး ငါးသိန်း။ ဘယ်လိုလဲ?”
“ဒါ့အပြင် မင်းကို အလုပ်ရဖို့လည်း ကူညီပေးမယ်!ဆရာအဆောင်မှာ လုံခြုံရေးအစောင့် တစ်ဦး လစ်လပ်နေရာ ရှိတယ်။ လုပ်ကြည့်ချင်ရင် ရတယ်!”
ထိုစကား ကြားသည့်အခါ စုရှင်း၏မျက်နှာသည်လည်း မည်းမှောင်သွားသည်။
ငွေလေး ငါးသိန်းနဲ့ သူ့ကို ထုတ်ချင်တာလား?
ကြင်နာစွာနဲ့ သူ့ကို ရှာပေးတဲ့အလုပ်ကလည်း လုံခြုံရေးတဲ့လား? သူ့ကို စော်ကားတယ်ဆိုတာ အသိသာကြီးပင်!
စုရှင်းသည် သူ့ရှေ့ရှိ လျှိုရှောင်သုန်းကို စေ့စေ့ကြည့်ရင်း လွန်ခဲ့သည့် သုံးနှစ်က စုရှင်းကို သူ့ကျောင်းသား ဖြစ်လာပေးဖို့ ခခယယ တောင်းဆိုခဲ့သည်ကို ပြန်သတိရနေမိသည်။
ဒါ့အပြင် ထိုလူသည် နှစ်စဉ် ပညာသင်ဆု ၃မီလီယံ ထောက်ပံ့ပေးမည်ဟုလည်း ကတိပေးခဲ့သည်။
တကယ်တမ်းကျ ခုချိန်ထိ တပြားတချပ်မှ သူ မပေးခဲ့ပါဘူး။
စုရှင်းသည် သက်ပြင်းချကာ လေးလေးနက်နက် ပြောလိုက်သည်။
“ဆရာလျှို ကျောင်းထွက်ဖို့ ကျွန်တော့်မှာ အစီအစဉ် မရှိဘူး။ကျိုတို အသက်မွေးကြောင်းရဲ့ လေထုက အဆင်ပြေပြီး ကျင့်ကြံခြင်းအတွက်လည်း ကောင်းတယ်!”
စုရှင်း၏ စကားကို ကြားသည့်အခါ လျှိုရှောင်သုန်းသည် ဟန်ဆောင်မှုများကို ခဝါချကာ လှောင်ရယ်လေတော့သည်။
“စုရှင်း! အခြေအနေကို မင်း နားမလည်ဘူးလား?မင်းက လွန်ခဲ့တဲ့ သုံးနှစ်ကလို လူတော် မဟုတ်တော့ဘူး!”
“ခု ငါတို့ကျောင်းမှာ မင်းက အောက်ခြေအဆင့်ဘဲ ရှိတာ။ နားလည်လား!”
“ကျိုတို အသက်မွေးကျောင်းက နှစ်ပေါင်း ရာချီတိုင် သိက္ခာရှိခဲ့တဲ့ ကျောင်း။မင်းလိုမျိုး ကပ်ပါးကောင်လို လူကြောင့် ကျောင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းခံရမှာလား?မင်းရဲ့ အသိစိတ်ကရော လက်ခံတယ်ပေါ့?”
လျှိုရှောင်သုန်းသည် စားပွဲကို ဆောင့်ကန်လိုက်ရာ ကျယ်လောင်သော အသံထွက်ပေါ်လာသည်။ပြီးနောက် သူသည် လှောင်ရယ်လေသည်။
“မင်း အခု ကျောင်းထွက်ရင် သိက္ခာဆယ်လို့ ရပါသေးတယ်။ကျောင်းက ထုတ်တာခံရရင်တော့ မင်းကို တစ်ကျောင်းလုံးက ဝိုင်းပြိး လှောင်ရယ်ကြမှာဘဲ!”
လျှိုရှောင်သုန်း၏ စကားကို ကြားသည့်အခါ စုရှင်းသည် ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။
ကျိုတို အသက်မွေးကျောင်းသည် ထိပ်တန်း ပညာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် သူ ဘွဲ့ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ ဂရုစိုက်မည် မဟုတ်ပါ။သူ ဘွဲ့မရခဲ့လျှင်တောင် ကျောင်း၏ ဂုဏ်သတင်းကို ထိခိုက်မည် မဟုတ်ပါ။
လျှိုရှောင်သုန်းကတော့ တစ်နေ့၊တစ်နေ့ သူနာမည်ရပြီး သူ့ဂုဏ်သတင်း ပိုမွှေးဖို့သာ အာရုံစိုက်လေ့ ရှိသည်။
ထို့ကြောင့် စုရှင်းသည် သူ့ကို ဂရုစိုက်မနေတော့ဘဲ ထပြောလိုက်သည်။
“ပြောစရာ ရှိသေးလား ဆရာလျှို? မရှိတော့ရင် ကျွန်တော် သွားတော့မယ်!”
သူ့ကို ဘာနှုတ်ဆက်မှုမှ မပြုဘဲ စုရှင်းသည် လှည့်ထွက်လာခဲ့သည်။
လျှိုရှောင်သုန်းသည်သာ သူ တစ်ဦးတည်း ရုံးခန်းထဲတွင် ခုန်ပေါက်ရင်း ကျန်နေခဲ့တော့သည်။
စုရှင်းသည် အနာဂတ်ကို သရုပ်သကန် ဖန်တီးထားပြီးသား ဖြစ်သည့်အတွက် ယခုအချိန်တွင် ကျိုတို အသက်မွေးကျောင်းက သူ့ကို ထုတ်မပစ်သေးမှန်း သူ သိသည်။
နှုတ်ထွက်ရမယ် ဆိုလျှင်တောင် နောက်ငါးနှစ်ကြာမှ ဖြစ်မည့်ကိစ္စပါ။
ယခုအချိန်တွင်တော့ သူသည် ကျောင်းတွင်နေရန်သာ ရွေးချယ်ပါမည်။
ဒါ့အပြင် အပြင်လောကသည်လည်း အလွန် အန္တရာယ် ရှိသည်။ကျိုတို အသက်မွေးကျောင်းတွင် မိစ္ဆာများဖြင့် ပြည့်နေသော်ငြား စုရှင်းအတွက်တော့ ပို၍ လုံခြုံပါသည်။
ထို့အပြင် ကျောင်းမှ ထောက်ပံ့ထားသည့် ရင်းမြစ်များသည် သူ၏ သရုပ်သကန် ဖန်တီးခြင်းအတွက် လိုအပ်သည့် စွမ်းအင်များကို အလျင်အမြန် ဖြည့်တင်းပေးနိုင်သည်။
ထိုပိုက်ဆံဖြင့် စုရှင်းသည် အဖြူထည်ပစ္စည်း လေးထောင်နီးပါး ဝယ်နိုင်သည်။
ထို့နောက် သူသည် ထိုပစ္စည်းများအားလုံးကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။
ရလဒ်အနေနှင့် စုရှင်း၏ စွမ်းအင်သည် ၂၂၀၄၀မှတ်သို့ ချက်ချင်း ရောက်ရှိလာသည်။
စွမ်းအင် နှစ်သိန်းမှတ်ဟူသော ပမာဏသည် စုရှင်းအတွက် အလွန်များပြားသည့် ပမာဏပင်။
နောက်တစ်ပါတ်တွင် စုရှင်းသည် အရင်လိုပင် အကျဉ်းခန်းများတွင် အခြားသူများကို လေ့ကျင့်ပေးခဲ့သည်။
ဒါ့အပြင် သူ့ဂျူနီယာ ဝမ့်ချင်းရွှမ်ကိုလည်း ကြည့်ရှု စောင့်ရှောက်ပေးခဲ့သည်။
နောက်ဆုံးတွင် သရုပ်သကန် ဖန်တီးခြင်း အသုံးပြုခွင့် ပြန်ရသည့်နေ့သို့ ရောက်ရှိလာခဲ့သည်။
စုရှင်းသည် သူ၏ အဆောင်ခန်းထဲတွင် တုံ့ဆိုင်းခြင်း မရှိဘဲ သရုပ်သကန် ဖန်တီးခြင်းကို ရွေးချယ်လိုက်သည်။
“ကျင့်ကြံခြင်း လမ်းကြောင်းပေါ် ငါ ခြေချနိုင်မလားဆိုတာ ခုချိန်ပေါ် မူတည်တာဘဲ!”
“သရုပ်သကန် ဖန်တီးခြင်းကို စတင်ပါ!”
[စွမ်းအင် ၅၀၀မှတ် ကုန်ကျပါသည်။စွမ်းအင် ၂၁၅၄၀မှတ် ကျန်ရှိပါသည်။သရုပ်သကန် ဖန်တီးခြင်း အခွင့်အရေး မကျန်ရှိတော့ပါ။]
[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]
[အဖြူစွမ်းရည် မဲနှိုက်ခြင်း စွမ်းအင် ၁၀၀မှတ်၊ အစိမ်းရောင်စွမ်းရည် မဲနှိုက်ခြင်း စွမ်းအင် ၁၀၀၀မှတ်၊
မည်သည်ကို မဲနှိုက်လိုပါသလဲ?]
“အဖြူရောင် စွမ်းရည်ကို မဲနှိုက်မယ်!”
ယခု စုရှင်းတွင် အစိမ်းရောင် စွမ်းရည်ကို မဲနှိုက်ရန် လုံလောက်သည့် စွမ်းအင်များ ရှိပြီ ဖြစ်သော်ငြား ဤအကြိမ်တွင် သူသည် အဖြူရောင် စွမ်းရည်ကိုသာ လိုပါသေးသည်။သူ၏ ပန်းတိုင်သည် ဝိဉာဉ်ကျောက်တုံး ဖြစ်သောကြောင့် ဖြစ်သည်။
[ဒင်၊ ထိပ်ပြောင်သွားသော်ငြား ပိုမသန်မာလာသေးပါ ဟူသည့် အဖြူရောင်စွမ်းရည်ကျု ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။]
[ထိပ်ပြောင်သွားသော်ငြား ပိုသန်မာမလာပါ]: အဖြူရောင် စွမ်းရည်၊ သင့်ဆံပင်များသည် သင်နှင့်ရွယ်တူများထက် စောပြီး ဆံပင်ကျွတ်တတ်သော်လည်း သင်၏ ကတုံးပြောင်နေသော အသွင်အပြင်သည် ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးနှင့် ဆင်တူသဖြင့် အခြားသူများ၏ ယုံကြည်မှုနှင့် မျက်နှာသာရရှိရန် သင့်အတွက် ပိုမိုလွယ်ကူစေသည်။]
စုရှင်း: ???
ဘယ်လို ရယ်ချင်စရာ စွမ်းရည်ကြီးလဲဟ!
စုရှင်းသည် သူ၏ဆံပင်ကို စမ်းကြည့်လိုက်ရာ အခုထိ ထူနေဆဲ ဖြစ်ကြောင်း သိလိုက်သည်။
[သင့်လက်နှင့် ဆံပင်များကို ပွတ်သပ်လိုက်သည့်အခါတိုင်း ဒါဇင်ချီသော ဆံပင်များ ကျွတ်လာမည်။]
[တစ်ခုခု လွဲချော်နေသည်ကို ခံစားမိသဖြင့် သင်သည် ရတနာဝဘ်ဆိုက်တစ်ခုမှ ဆံပင်ပေါက်ဆေးနှင့် ဆံပင်သန်ဆေးများကို ရှာဖွေဝယ်ယူခဲ့သည်။ဆံပင်ကျွတ်ခြင်း သက်သာစေနိုင်မည်ဟု သင် မျှော်လင့်ခဲ့သည်။]
[ပုံမှန်အတိုင်း သင်သည် လူသစ်များကို အဆင့်မြင့်ဖို့ ဆက်လက် လမ်းညွှန်ခဲ့သည်။ကဏ္ဍတိုင်း အတော်လေး အကျိုးဖြစ်ထွန်းခဲ့ပါသည်။]
[နှစ်တစ်ဝက် ကုန်လွန်ပြီးနောက် သင့်ဆံပင်သည် ပိုပို ပါးလာသော်လည်း သင်၏ ပိုက်ဆံအိတ်ကတော့ ပိုပို ဖောင်းလာခဲ့သည်။]
[ဆံပင်ပါးခြင်းသည် သင့်ရုပ်ရည်ကို ထိခိုက်စေသည့်အတွက် အမျိုးသမီး ကျောင်းသားအသစ်များနှင့် နက်နက်ရှိုင်းရှိုင်း အပြန်အလှန်ဆက်ဆံရန် အခွင့်အရေးများစွာကို သင် လက်လွတ်သွားခဲ့သည်။]
[သို့သော် ဝမ့်ချင်းရွှမ်သည် ယင်းကို လုံးဝမမှုဘဲ သင့်အပေါ် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။]
[နောက်ထပ် နှစ်တစ်ဝက် ကုန်ဆုံးပြီးနောက် သင်၏ ဆံပင်များသည် ပို၍ ပို၍ ပါးလာခဲ့သည်။ထို့ကြောင့် သင်သည် ကတုံးဖြစ်သည်အထိ အကုန်လုံးကို ရိတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။]
[အကြောင်းပြချက် အချို့ကြောင့် ထိပ်ပြောင်လာပြီးနောက် သင်သည် အကျဉ်းခန်းထဲတွင် လက်သီးဖြင့် မိစ္ဆာများကို ထိုးနှက်ရသည်ကို ပို၍ နှစ်သက်လာခဲ့သည်။ထို့အပြင် သင်၏ ရုပ်ခန္ဓာသည်လည်း ပိုသန်မာလာသည် ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် တစ်ချက်တည်းနှင့်ပင် မိစ္ဆာများကို ချေမှုန်းလာနိုင်ခဲ့သည်။]
[သင်၏ ပုံပန်းသွင်ပြင်ကြောင့် လေ့ကျင့်ရေးအတွက် သင့်ကို လာရှာသည့် ကျောင်းသူသစ်များ ပိုမို များပြားလာခဲ့သည်။တစ်နှစ်အတွင်း သင်သည် ၃၀မီလီယံ စုဆောင်းနိုင်ခဲ့သည်။]
[ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းတွင် သင်သည် နာမည်ရလာခဲ့ပြီး လက်သီးတစ်ချက် လူသားအဖြစ် လူသိများလာခဲ့သည်။]
[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာပြီး လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းအကြောင်း ပြောပြခဲ့သည်။]
စုရှင်းသည် ထိုစာကို ဖတ်ပြီးနောက် မသိစိတ်ဖြင့် သူ၏ဆံပင်ကို စမ်းကြည့်လိုက်မိပြီး အတွေးလွန်သွားသည်။
ရိုးရိုးသားသားပြောရလျှင် သူသည် ချန်ချွန်းနည်းပညာ၏ ပထမတစ်ဝက်ကို ရယူထားပြီး ဖြစ်သောကြောင့် ထိုအဖွဲ့အစည်းနှင့် ထပ်မံပတ်သက်ရန် စိတ်အားထက်သန်ခြင်းမရှိပါ။
သို့သော် ပြသာနာမှာ သူ့တွင် ချန်ချွန်းနည်းလမ်း ပထမတစ်ဝက်သာ ရှိခြင်းပင် ဖြစ်သည်။စုရှင်းသည် အနာဂတ်အတွက် လမ်းခင်းရမည် ဖြစ်သည်။
ဒါ့အပြင် ချန်ချွန်းနည်းလမ်း၏ မူလအစသည် ထို လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းပင် ဖြစ်သည်။သူတို့တွင် ဒုတိယတစ်ဝက်လည်း ရှိကောင်းရှိနေနိုင်သည်!
စုရှင်းသည် သက်ပြင်းချကာ သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[သင်သည် ဝမ့်ချင်းရွှမ်က လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းနှင့် ပူးပေါင်းမည်ဆိုလျှင် သင့်အတွက် ပိုမို အကျိုးရှိနိုင်မည်ကို ခံစားမိသည်။ထို့ကြောင့် သင်သည် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ပြီး သူမကို မပါဝင်ရန် ဆွဲဆောင်သည်။]
[နောက်မနက်တွင် ဟိုတယ်အိပ်ယာပေါ်၌ သင်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ဝမ့်ချင်းရွှမ်သည် နောက်ထပ် ထွက်သွားခဲ့ပြန်ပါသည်။]
[ဝမ့်ချင်းရွှမ်သည် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတွင် နောက်တစ်ကြိမ် ပူးပေါင်းသွားမှန်း သိသဖြင့် စိတ်မပူပါ။]
ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အကြံတစ်ခုသည်လည်း တဖြည်းဖြည်း ပေါ်လာသည်။
“လက်တွေ့ကမ္ဘာက ငါ့ရဲ့အတွေးက သရုပ်သကန်ဖန်တီးခြင်းပေါ်မှာ ချက်ချင်း သက်ရောက်မှု ရှိနိုင်လောက်လား?”
…