ထပ်ခါတလဲလဲ သရုပ်သကန် ဖန်တီး၍ ဝိဉာဉ်ကျောက်တုံးများ စုဆောင်းခြင်း!
Vol. 1 Ch. 13
[ရာစုနှစ်တစ်ခုတိုင် အသက်ရှည်ခြင်း]: အစိမ်းရောင်အဆင့် စွမ်းရည်။သင်သည် မအိုမနာဘဲနှင့် အသက်တစ်ရာတိုင် အသက်ရှင်လိမ့်မည်။
စုရှင်း: “...”
သူ ရရှိခဲ့သည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ကြည့်ပြီးနောက် စုရှင်းသည် ချက်ချင်းပင် လွဲချော်သွားသလို ခံစားလိုက်ရသည်။
ဘုရားရေ၊ သေလိုက်ပါတော့ကွာ။ အသက်တစ်ရာထိ အသက်ရှင်ရမှာလား?
သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။အသက် တစ်ရာမှ သေရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေတော့ဘူးပေါ့?
ဒါ့အပြင် ကမ္ဘာပျက်ကပ်ကြီးကလည်း ဆယ့်ငါးနှစ်ကြာရင် လာတော့မှာ။အသက်ရှည်ရှည်နေပြီးတော့ရော ဘာလုပ်ရမှာတုန်း?
စုရှင်းသည် သက်ပြင်းချလိုက်သည်။
သူ၏ မူလပန်းတိုင်မှာ အစိမ်းရောင်အဆင့် စွမ်းရည်ကို မဲလှည့်ပြီးနောက် ဝိဉာဉ်ရင်းမြစ်များ ရရှိနိုင်မလားဟူ၍ သူ၏ ကံတရားကို စမ်းသပ်ကြည့်ရန် ဖြစ်သည်။
ဒါ့အပြင် နောက်ဆုံး သရုပ်သကန် ဖန်တီးခြင်းတုန်းက အဘိုးအိုသည် သူ့တွင် ရောယှက်သော ဝိဉာဉ်ရင်းမြစ် ရှိနေသည့်အတွက် သူ၏စွမ်းရည်သည် မသင့်တော်ကြောင်း ပြောခဲ့သေးသည်။
စုရှင်း၏ စွမ်းရည်သာ ပိုမို မြင့်တက်လာနိုင်လျှင် သူသည် ပိုကောင်းသော ဆုလာဘ်ကို ရနိုင်ပေလိမ့်မည်။
“ချီး၊ စိတ်ပျက်စရာဘဲ။ စွမ်းအင် ၁၀၀၀မှတ်က အလကား ဖြစ်သွားပြီ…”
စုရှင်းသည် စိတ်ပျက်သွားသော်လည်း သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆာင်လိုက်သည်။
[သင်သည် ခုမှ စတင်မည့် ဂျူနီယာ ညီမငယ်ထံမှ အော်ဒါတစ်ခု ရခဲ့သည်။အခြားသူများကို စွမ်းအင် မြင့်တင်ပေးရန်ဖြစ်သည်။]
[တစ်လအကြာထိ သင်သည် နေ့စဉ် ဝီရိယရှိရှိ စွမ်းအင် မြင့်တင်ပြီး အားလပ်ချိန်များတွင် ကျင့်ကြံခြင်းကို လေ့ကျင့်လေးရှိသည်။]
[သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း နယ်ပယ် စတုတ္ထအဆင့်သို့ မြင့်တက်လာခဲ့သည်။]
[၂၀၂၃ခုနှစ် နိုဝင်ဘာ၁၈ရက် နေ့တွင် သင်သည် ကျင်းလင်မြို့သို့ ထွက်ခွာခဲ့သည်။]
[နောက်တစ်ရက်တွင် သင်သည် မြို့ပြင်၌ ကျင်းချုံးရွှယ်နှင့် အမှတ်မထင် တွေ့ဆုံခဲ့သည်။]
[သင်သည် သင်၏ နည်းလမ်းဟောင်းအတိုင်းပင် ကျင်းချုံးရွှယ်အား ဗုဒ္ဓ၏ အဆုံးအမ အကြောင်းကို မေးခဲ့ပြီးနောက် သူမနှင့်အတူ ခရီးသွားဖို့ အခွင့်အရေး ရလာခဲ့သည်။]
[သင်သည် လမ်းကျဉ်းလေးအတိုင်း မြို့စီသို့ ပြန်သွားခဲ့ပြီးနောက် “ချင်းယန် ဝိဉာဉ်စိုက်ခင်း” လေ့ကျင့်ရေးကွင်းကို မတော်တဆ ရှာတွေ့ခဲ့သည်။]
[သင်သည် “ချင်းယန် ဝိဉာဉ်စိုက်ခင်း” လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်ခဲ့သည်။]
[သင်သည် လေ့ကျင့်ရေးကွင်းထဲရှိ အဘိုးအို ပေးသည့်တာဝန်ကို လက်ခံခဲ့ပြီးနောက် စတင် စိုက်ပျိုးလေတော့သည်။]
[သင်သည် လယ်ယာလုပ်ငန်းဆိုင်ရာ အသိပညာအချို့ကို နားလည်ထားသဖြင့် သင်၏ ဝိညာဉ်စိုက်ခင်းရှိ ဝိညာဉ်အစေ့အဆန်များသည် ယခင်ကထက် ပိုကောင်းလာခဲ့သည်။]
[အားလပ်ချိန်တွင် သင်သည် သင်၏ ကျင့်ကြံမှုကို အဆင့်မြင့်တင်ရန် ကြိုးစားရင်း ကျင်းချုံးရွှယ်ကို လယ်ယာလုပ်ငန်း အသိအညာများ သင်ကြားပေးသည်။ကျင်းချုံးရွှယ်၏ စိုက်ခင်းကို ကူညီပေးရန်အတွက် သစ်သားဒြပ်စင် ဝိဉာဉ်စွမ်းအင်ပိုလည်း ထုတ်လွှင့်ပေးသည်။]
[သင့်အပေါ်ရှိသည့် ကျင်းချုံးရွှယ်၏ သဘောကျမှုသည်လည်း တိုးပွားလာခဲ့ပြီး မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။]
[တာဝန် ပြီးဆုံးသည့် နေ့သို့ ရောက်သည့်အခါ အဘိုးအိုသည် ကျင်းချုံးရွှယ်ကို ဝိဉာဉ်ကျောက်တုံး ၁၅ခုနှင့် ဝိဉာဉ်ဆန် ၁၀ကျင်း ပေးခဲ့သည်။]
[အဘိုးအိုသည် သင့်လက်ပေါ်တွင် ခရစ်စတယ် ကျောက်တုံးလေးတစ်ခုကို တင်ထားပေးရန် တောင်းဆိုခဲ့သည်။စစ်ဆေးပြီးနောက် သင်၏စွမ်းရည်သည် ဝိဉာဉ်ရင်းမြစ်အရော ဖြစ်နေဆဲပင် ဖြစ်သည်။]
[အဘိုးအိုသည် သက်ပြင်းချကာ သင့်အား ဝိဉာဉ်ကျောက်တုံး ၃၅ခုနှင့် ဝိဉာဉ်ဆန် ၃၀ကျင်း ပေးခဲ့သည်။]
[သင်သည် စိတ်မပျက်ဘဲ အဘိုးအိုကို သင်၏ ဆရာအဖြစ် လက်ခံစေလိုကြောင်း ပြောခဲ့သည်။]
[အဘိုးအိုသည် ခေါင်းကို ငြင်သာစွာ ယမ်းရင်း သင်၏ အရည်အချင်းသည် ညံ့ဖျင်းလွန်းသဖြင့် အသက်ရှည်ရှည် နေရန် မျှော်လင့်ချက်မရှိကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ပြီးနောက် သင့်ကို လေ့ကျင်းရေးကွင်းမှ ထွက်သွားရန် ပြောခဲ့သည်။]
[သင်သည် ကျင်းလင်မြို့တွင် ဆယ်ရက်ကျော် နေခဲ့ပြီးနောက် ကွမ်၊ ပေါင်၊ ကျင်းချုံးရွှယ်တို့နှင့် ပိုမို ရင်းနှီးလာခဲ့သည်။]
[သင်သည် ကျိုတိုသို့ ပြန်ကာ ကိရိယာများ ရောင်းချခြင်းကို ပြန်လည် စတင်ခဲ့သည်။]
[လပေါင်းများစွာ ကြာပြီးနောက် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာခဲ့ပြီး သင်သည်လည်း သင်၏ လမ်းစဉ်ဟောင်းအတိုင်းပင် လိုက်ခဲ့သည်။]
[နောက် ငါးနှစ်ကြာပြီးနောက် သင်၏ စီးပွားရေး လုပ်ငန်းသည် ပိုမို ကျယ်ပြန့်လာခဲ့ပြီး ၁၀ဘီလီယံထိ စုဆောင်းနိုင်ခဲ့သည်။]
[သင်သည် အသစ်ရထားသည့် ဝိဉာဉ်ကျောက်တုံး၃၅ခုနှင့် ဝိဉာဉ်ဆန် ၁၀ကျင်းကို သိမ်းထားခဲ့သည်။]
[ငါးနှစ်အတွင်း သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် ကြီးမြတ်သော ပြည့်စုံမှုသို့ ရောက်ရှိခဲ့ပြီး သင်၏ ခန္ဓာအဆင့် သန့်စင်ခြင်းသည် အရိုးမာကျောခြင်း နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိခဲ့သည်။]
[ဝမ့်ချင်းရွှမ်သည် သင့်ကို နောက်တစ်ကြိမ် ထပ်လာရှာကာ ချန်ချွန်းနည်းလမ်း ပထမတစ်ဝက်ကို သင့်အတွက် ယူလာခဲ့သည်။သင်သည် လက်ခံရန် ငြင်းဆိုပြီး ဒုတိယအခြမ်းကို ရှာပေးရန် အကူအညီ တောင်းခဲ့သည်။]
[ခုနစ်နှစ်အကြာ သင့်ညီမ စုနင်နန်သည် သေဆုံးသွားပြီး သူမ၏ ဈာပနသို့ သင် တက်ရောက်ခဲ့သည်။]
[ဆယ်နှစ်ကြာပြီးနောက် သင်၏ သူငယ်ချင်းကောင်း ယုယန် သေဆုံးသွားပြီး သူ၏ဈာပနသို့ တက်ရောက်ခဲ့ရပြန်သည်။]
[ဆယ့်တစ်နှစ်အကြာတွင်တော့ ဈေးကွက်အတက်အကျ ဖြစ်ပေါ်ခဲ့ပြီး သင်၏ ပျမ်းမျှဝင်ငွေသည်လည်း ဆယ်ဆ မြင့်တက်လာခဲ့သည်။]
[သင်သည် ကျင်းချုံးရွှယ်ကို လိုက်ရှာခဲ့သည်။နှစ်ပေါင်းများစွာ သူမနှင့် အဆက်အသွယ် ပြတ်နေခဲ့ပြီးနောက် သင်သည် သူမစီသို့ သွားကာ ဝိဉာဉ်ကျောက်တုံး ၁၅ခုကို ဝယ်ယူခဲ့သည်။သူမသည် ပိုက်ဆံမယူဘဲ သင့်ကို အလကား ပေးခဲ့သည်။]
[ဆယ့်ငါးနှစ် ကြာပြီးနောက် ဧရာမ သားရဲကြီး ဆင်းသက်လာသည်။]
[သင်သည် ဧရာမသားရဲကြီးကို လက်ခလယ် ထောင်ပြခဲ့သည်။]
[ဧရာမ သားရဲကြီးသည် ရှားမြို့တစ်မြို့လုံးကို တစ်ကိုက်တည်းဖြင့် မျိုချလိုက်ရာ သင်သည်လည်း အသက် ၃၆နှစ် အရွယ်တွင် သေဆုံးခဲ့သည်။]
“`
[သင်သည် “မျက်လုံးဖွင့်၍ သေဆုံးခြင်း”စွမ်းရည်ကို အသက်သွင်းခဲ့သည်…]
[ဒင်၊ သရုပ်သကန် ဖန်တီးခြင်း အဆုံးသတ်သွားပါပြီ!]
[အောက်ပါ ဆုလာဘ်များအနက်မှ တစ်ခုအား ရွေးချယ်ပါ: အသက်ရှည်ခြင်း(စွမ်းရည်), အရိုးမာကျောခြင်း ဒုတိယအလွှာ (ကျင့်ကြံခြင်းအဆင့်), ချီ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု (ကျင့်ကြံခြင်း အဆင့်), ဝိဉာဉ်ကျောက်တုံး ၅၀ (ပစ္စည်း), ဝိဉာဉ်ဆန် ၁၀ကျင်း (ပစ္စည်း)]
စုရှင်းသည် သက်ပြင်းချပြီး သူ၏ဆုလာဘ်များကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
[အသက်ရှည်ခြင်း]: ကျင့်ကြံခြင်း အဆင့်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။
[အရိုးမာကျောခြင်း ဒုတိယအလွှာ]: ကျင့်ကြံခြင်း အဆင့်၊ တန်ဖိုး - စွမ်းအင် ၂၀၀၀မှတ်။
[ချီ သန့်စင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု]: ကျင့်ကြံခြင်း အဆင့်၊ တန်ဖိုး - စွမ်းအင် ၉၀၀မှတ်။
[ဝိဉာဉ်ကျောက်တုံး ၅၀]: ပစ္စည်း၊ တန်ဖိုး - စွမ်းအင် ၅၀၀၀၀မှတ်။
[ဝိဉာဉ်ဆန် ၁၀ကျင်း]: ပစ္စည်း၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။
စုရှင်းသည် ဝိဉာဉ်ကျောက်တုံး ၅၀ကို ရွေးချယ်ရန် တုံ့ဆိုင်းနေခဲ့သည်။စွမ်းအင် ၅၀၀၀၀မှတ်ကို အသုံးပြုရခြင်းသည် သူ့အတွက် အလွန် နာကျင်ရသည် ဖြစ်သော်လည်း ဝိဉာဉ်ကျောက်တုံးများသည် မရှိမဖြစ် လိုအပ်သည်ဟု သူ ယူဆသည်။
ထို့နောက် စုရှင်း၏ အာရုံသည် ဝိဉာဉ်ဆန်၏ ဖော်ပြချက်ဘက်သို့ ပြောင်းသွားသည်။
[ဝိဉာဉ်ဆန်]: ဆန်စေ့များသည် ဝိဉာဉ်စွမ်းအင်နှင့် ဝိဉာဉ်စိတ်ကို မြင့်တင်ပေးကာ ချိုမြပြီး အရသာရှိသည်။ရေရှည်စားသုံးလျှင် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို မြင့်တင်ပေးပြီး ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို တိုးပွားလာစေကာ အသက်ရှည်စေသည်။]
ဝိဉာဉ်ဆန်၏ ဖော်ပြချက်ကို မြင်သည့်အခါ စုရှင်း၏ မျက်နှာတွင် “ငါ သိသားဘဲ”ဟူသည့် အမူအရာမျိုး ပေါ်လာသည်။
သူ အရိုးမာကျောခြင်း နယ်ပယ်သို့ ရောက်ရှိလာရခြင်း၏ မူလရင်းမြစ်သည် ဝိဉာဉ်ဆန်သာ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ် သရုပ်သကန် ဖန်တီးခြင်းတွင် ကြံ့ခိုင်ရေး ကျွမ်းကျင်သူ စွမ်းရည်ကို ဆုံးရှုံးလိုက်ရသဖြင့် သူ ဖန်တီးထားသော နယ်ပယ်သည် ယခင်ကဲ့သို့ ကောင်းမွန်ခြင်းမရှိပါ။
“အစီအစဉ် ပြောင်းမှရတော့မယ်။ဝိဉာဉ်ကျောက်တုံးတင် မဟုတ်ဘဲ ဝိဉာဉ်ဆန်ကိုပါ စုဆောင်းဖို့ လိုတယ်…”စုရှင်းသည် မျက်လုံးများကို မှေးကျဉ်းကာ တွေးတောနေခဲ့သည်။
“တူ တူ တူ~”
ထို့နောက် စုရှင်း၏ ဖုန်းသံ မြည်လာခဲ့သည်။
“ဟဲလို၊ စီနီယာစု ဒီညနေ ချိန်းထားတာ ရှိလား? မရှိရင် ကျွန်တော်တို့ကို အဆင့်မြှင့်ဖို့ ခေါ်သွားပေးပါလား!”
ထိုစကား ကြားသည့်အခါ စုရှင်းသည် ခေါင်းငြိမ့်ကာ ပြောလေသည်။
“ရပါတယ်။ ဝမ့်ချင်းရွှမ်ကိုရော ခေါ်ခဲ့ပါအုံး။ သူ့ကိုလည်း အဆင့်မြှင့်ပေးမလို့!”
“အိုကေ စီနီယာ!”
စုရှင်းသည် ဖုန်းချကာ အပြင်ထွက်ခဲ့သည်။
မကြာခင် ချိန်းဆိုထားသည့် နေရာသို့ ရောက်သောအခါ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် ဂျူနီယာ ခြောက်ယောက်၊ ခုနစ်ယောက်လောက်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် လူအုပ်၏ နောက်မှာ ပုန်းကွယ်နေသည့် ဝမ့်ချင်းရွှမ်လည်း ရှိသည်။
ဝမ့်ချင်းရွှမ်သည် အဝေးရှိ အစွန်းတွင် ရပ်နေခဲ့ပြီး သူ့ကို ရံဖန်ရံခါ ခိုးကြည့်နေခဲ့သည်။သူမ၏ လှပသော မျက်နှာလေးတွင် ရှက်သွေးများ ဖြာနေခဲ့သည်။
စုရှင်းသည် မသိချင်ယောင်ဆောင်ကာ ယခင်ကလိုပင် နတ်ဆိုးများကို နှိမ်နင်းခဲ့သည်။
စုရှင်းသည် တစ်ခါတစ်ရံတွင် ဝမ့်ချင်းရွှမ်ကို ဖုန်းဆက်ပြီး အခြားသူများကို သူ အဆင့်မြှင့်ပေးမည့် အကျဉ်းခန်းနောက်သို့ လိုက်ခဲ့ရန် ခေါ်လေ့ရှိသည်။အကြွေးမှတ်ထားပြီး နောက်မှဆပ်ရန်လည်း ခွင့်ပြုခဲ့သည်။
သူ၏ ရည်ရွယ်ချက်မှာ ဝမ့်ချင်းရွှမ်နှင့် ဆက်ဆံရေး ကောင်းမွန်ရန်သာ ဖြစ်သည်။စုရှင်းသည် ယခုအချိန်တွင် မကိုင်တွယ်နိုင်သေးသော်လည်း ချန်ချွန်းနည်းလမ်း နောက်တစ်ဝက်နှင့် ဆက်နွယ်နေသည့် လျှို့ဝှက် ဆန်းကြယ် အဖွဲ့အစည်းနှင့် ပတ်သက်သော သူမ၏သဲလွန်စသည် သော့ချက်ဖြစ်သည်။
စုရှင်း၏ တွေ့ရှိချက်များအရ ဝမ့်ချင်းရွှမ်သည် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းနှင့် မပတ်သက်သေးပါ။သူမ ထိုအဖွဲ့အစည်းနှင့် ဆယ်သွယ်မည်မှာ နောက် ဆယ်လအကြာမှ ဖြစ်သည်။
သို့သော် ထိုအချက်သည် စုရှင်း၏ သဘောကျ နှစ်သက်မှုကို မလျော့ကျစေပါ။မဟုတ်လည်း တစ်ရက်ရက်တွင် အဆင်ပြေသွားပါလိမ့်မည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်ခဲ့ပြီး တစ်ပတ်တာအချိန်သည် အလျင်အမြန် ကုန်ဆုံးသွားသည်။
ဤတစ်ပါတ်အတွက် စုရှင်း၏ ဝင်ငွေသည် မီလီယံတစ်ဝက်သာ ရှိသေးပြီး စုရှင်းသည် ယင်းတို့ အားလုံးကို သရုပ်သကန် ဖန်တီးခြင်း စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာ၂၈ရက်၊ စုရှင်းသည် သူ၏ အိပ်ဆောင်အခန်းတွင်း၌ သရုပ်သကန် ဖန်တီးရန် ပြင်ဆင်နေခဲ့သည်။
“သရုပ်သကန် ဖန်တီးခြင်းကို စတင်ပါ!”
[သင်သည် စွမ်းအင် ၈၀၀မှတ်ကို အသုံးပြုလိုက်ပြီး စွမ်းအင် ၂၀၈၇၀၀မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်သကန် ဖန်တီးခြင်းများ ကျန်ရှိပါသည်။]
[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]
[အဖြူရောင်အဆင့် စွမ်းရည်ကို ရယူခြင်းသည် စွမ်းအင် ၁၀၀မှတ် ကုန်ကျမည်ဖြစ်ပြီး အစိမ်းရောင်အဆင့် စွမ်းရည် ရယူခြင်းသည် စွမ်းအင် ၁၀၀၀မှတ် ကုန်ကျမည် ဖြစ်ပါသည်။ရယူလိုပါသလား?]
“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်”
စုရှင်းသည် သူ၏ကံကြမ္မာကို ဆက်လက် မျှော်လင့်နေခဲ့သည်။အစိမ်းရောင်အဆင့် ဝိဉာဉ်ရင်းမြစ် စွမ်းရည်သည် သူ့အတွက် အလွန် အရေးကြီးသည်။
[ဒင်၊ ဓားတာအို ဉာဏ်ကြီးရှင် ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]
(စာကြွင်း: ရှင်းလင်းချက်။ ချင်းယန် ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်း၊ ဇာတ်ကောင်၏ အချက်အလက်များအရ ၎င်းသည် တစ်လအကြာတွင် ပျောက်ကွယ်သွားမည့် အချိန် အကန့်အသတ်ရှိသော အကျဉ်းခန်း ဖြစ်သည်… ဇာတ်ကောင်၏ ရှုထောင့်မှကြည့်လျှင် အကျဉ်းခန်း ပျောက်ကွယ်သွားသည်နှင့် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆန်ကို ရရှိရန် အခြားအရင်းအမြစ်များ ရှိတော့မည်မဟုတ်ပါ။ထို့ကြောင့် ၎င်းသည် ထိပ်တန်းဦးစားပေး ဖြစ်လာသည်~)
…