← Chapters

ရှားမြို့တော်၏ မြစ်များ‌၊တောင်များသည် မထိမခိုက် ကျန်ရှိနေဆဲ၊ အသက်ပင် ပေးရဲသူများကို ကျွန်ုပ်တို့ ဘယ်လိုများ အဆုံးရှုံးခံနိုင်ပါ့မလဲ?

Vol. 2 Ch. 28

ရှားမြို့တော်၏ မြစ်များ‌၊တောင်များသည် မထိမခိုက် ကျန်ရှိနေဆဲ၊ အသက်ပင် ပေးရဲသူများကို ကျွန်ုပ်တို့ ဘယ်လိုများ အဆုံးရှုံးခံနိုင်ပါ့မလဲ?

Vol. 2 Ch. 28

သူက ရှားမြို့စစ်တပ်၏ အရာရှိတစ်ဦးနဲ့ တွေ့ခဲ့တယ်တဲ့!

စုရှင်းသည် စိတ်လှုပ်ရှားသွားသည်။ယခင်က သရုပ်ပြခြင်းတွင် ဧရာမ သားရဲကြီးတစ်ကောင်သည် ရှားမြို့ကို တိုက်ခိုက်မည့်အကြောင်း သူသည် အထက်အဆင့် အရာရှိများကို အကြောင်းကြားခဲ့သော်လည်း သူ၏ သတိပေးချက်သည် ပယ်ချခံခဲ့ရသည်။

ထိုစဉ်အချိန်က သူသည် ဘီလီယံချီ ချမ်းသာသည့် စွမ်းအား အနည်းငယ်သာရှိသော သာမန်လူတစ်ယောက် ဖြစ်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

စုရှင်းသည် သက်ပြင်းချကာ သရုပ်ပြခြင်းကို ဆက်လက်လုပ်ဆောင်သည်။

[သင်တွေ့ခဲ့သည့် အရာရှိသည် အဘိုးအိုတစ်ဦးဖြစ်ပြီး ယခင်က သူ့အား သတင်းစာများတွင် မြင်ခဲ့ဖူးသည့်အတွက် သင် အံ့ဩသွားသည်။လုယွမ်ဝူဟု ခေါ်သော ခေါင်းဆောင်သည် သိုင်းဧကရာဇ်အဆင့် တန်ခိုးရှင် တစ်ဦး ဖြစ်သည်။]

[ခေါင်းဆောင်သည် သင့်အား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး တစ်နေ့တွင် အဆာခံဆေး မည်မျှ ထုတ်လုပ်နိုင်ကြောင်း သင့်အား မေးခဲ့သည်။]

[နှစ်များစွာ ကြာပြီးနောက် သင်၏ အဂ္ဂိရတ် ကျွမ်းကျင်မှုသည် တိုးတက်လာခဲ့သည်။ထို့ပြင် ယင်းတို့သည် အဆင့်နိမ့်ဆုံး ဆေးပြားများ ဖြစ်သည့်အတွက် တစ်နေ့လျှင် ဆေးပြား၅၀ ထုတ်လုပ်နိုင်လိမ့်မည်ဟု သင် ယုံကြည်သည်။]

[ထိုနံပါတ်ကို မြင်သည့်အခါ ခေါင်းဆောင်သည် ပမာဏ အရမ်းနည်းသေးသည်ဟု ပြောကာ မျက်မှောင်ကြုတ်လေသည်။သူသည် အဆာခံဆေး ဖော်စပ်နည်းကို သင့်အား မေးချင်နေသည်။သင်သာ ဖော်မြူလာကို မျှဝေပေးလိုလျှင် သင် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးနိုင်ကြောင်း ပြောခဲ့သည်။]

[ယင်းတို့ကို သင်တစ်ယောက်တည်းသာ ဖော်စပ်နိုင်မှန်း သိသည့်အတွက် သင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖော်မြူလာကို ပေးလိုက်သည်။ဝိဉာဉ်ဆန်သည် သေမျိုးလောကတွင် ရှားပါးကြောင်းကိုတော့ မပြောပြခဲ့ပါ။အကယ်၍ ဝိဉာဉ်ဆန်များကို သင် ပေးခဲ့လျှင်တောင် လီမီးတောက် နည်းပညာ မရှိသည့် သာမန်လူများသည် ယင်းကို ထုတ်လုပ်နိုင်မည် မဟုတ်ပါ။]

[မျှော်လင့်ထားသည့် အတိုင်းပင် ရက်အနည်းငယ် အကြာတွင် လုယွမ်ဝူက သင့်ကို လာတွေ့ခဲ့သည်။သူ၏လူများသည် ထိုကဲ့သို့သော ဆေးမျိုးကို မဖော်စပ်နိုင်သည့်အတွက် သင့်အား လိုသလောက် အချိန်ယူပြီး ဆေးထုတ်လုပ်ခွင့် ပေးခဲ့သည်။]

[သင်၏ တောင်းဆိုချက်ကို ပြောပြခဲ့သည်; သင်သည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်း အတွင်းသို့ သွားချင်ခဲ့သည်။]

[ထိုစကား ကြားသည့်အခါ လုယွမ်ဝူသည် တုံ့ဆိုင်းသွားသည်။နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းသည် အလွန် အန္တရာယ်များသည့်အတွက် အထဲတွင် သင် သေချာပေါက် သေမည့်အကြောင်း ပြောခဲ့သည်။]

[သို့သော် သင်က ခေါင်းမာနေသည့်အတွက် လုယွမ်ဝူက သဘောတူလိုက်သည်။ရှေ့တန်းကနေ သွားခွင့်မရသည့် အခြေအနေတစ်ရပ်တော့ ရှိသည်။သင်သည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း မြို့၏ လုံခြုံသော နေရာတွင်သာ ဆေးများကို ထုတ်လုပ်ရန် ခွင့်ပြုထားသည်။ထို့နောက် သူသည် ကျွမ်းကျင် မာစတာ စွမ်းအားရှင် သုံးဦးနှင့် ကောင်းကင်ဘုံဘုရင်အဆင့် တစ်ဦးတို့အား သင့်ကို ကာကွယ်ရန် စေလွှတ်ထားသည်။]

[နောက်တစ်ရက်တွင် သင်သည် ကျွမ်းကျင်ပညာရှင် အဖွဲ့များ ခြံရံလျက် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းသို့ ဝင်ရောက်ခဲ့သည်။]

[သင့်ပတ်လည်ရှိ ပညာရှင်များကို ကြည့်လိုက်သည့်အခါ သူတို့သည် အကျွမ်းတဝင် ရှိနေပုံပေါ်သည်။သေချာကြည့်လိုက်သည့်အခါ သူတို့ထဲက အများစုသည် ကျိုတို ပရော်ဖက်ရှင်နယ် တက္ကသိုလ်မှ ဘွဲ့ရသည့် ကျောင်းသားများနှင့် ဆရာမများ ဖြစ်နေသည့်အတွက် အံ့ဩသွားရသည်။]

ထိုအခါ စုရှင်းသည် ခေါင်းငြိမ့်နေခဲ့သည်။သရုပ်ပြခြင်းအရ သူ၏အနာဂတ်တွင် ကျိုတို ပရော်ဖက်ရှင်နယ် တက္ကသိုလ်၌ ငါးနှစ်၊ခြောက်နှစ်ခန့် နေရလိမ့်မည်။စုစုပေါင်း ဆယ်နှစ်နီးပါး တက်ရောက်ရပေလိမ့်မည်။

ထိုနှစ်များအတွင်း သူသည် ကျောင်းသားအသစ်များနှင့် ထိတွေ့ဆက်ဆံရပေလိမ့်မည်။

ဆယ့်သုံးနှစ်ကြာပြီးနောက်တွင် ထိုဂျူနီယာများသည် မာစတာအဆင့်၊ ကျွမ်းကျင်မာစတာအဆင့်နှင့် ပိုမြင့်သည့်အဆင့်များတွင် ပညာရှင်များ ဖြစ်လာကြလိမ့်မည်။

[စုံစမ်းမေးမြန်းပြီးနောက် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း၏ အခြေအနေသည် မကြာသေးမီ နှစ်များအတွင်း ဆိုးရွားလာကြောင်း သင် သိခဲ့သည်။ကျွမ်းကျင်မာစတာအဆင့် ပညာရှင်များ သာမက မာစတာအဆင့်များပင် အကျဉ်းခန်းသို့ သွားကာ တာဝန်ထမ်းဆောင်ကြရသည်။]

[သင်သည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း နယ်မြေထဲသို့ ခြေချလိုက်သည်။အရာရာတိုင်းသည် လက်တွေ့ကမ္ဘာနှင့် များစွာ ကွာခြားမနေပါ။]

[တစ်ခုတည်းသော ခြွင်းချက်မှာ ကောင်းကင်ကို ဖောက်ထွင်းမြင်နေရသည့် ကြီးမားသော အမိုးခုံးပင်။ယင်းသည် အကျဉ်းခန်း တစ်ခုလုံးကို ဖုံးအုပ်ထားသည်။]

[ထိုအကျဉ်းခန်းထဲတွင် သာမန်လူများ မရှိမှန်း သင် သတိပြုမိလိုက်သည်။အားနည်းဆုံးဖြစ်သည့် သင်မှလွဲ၍ ကျန်လူများသည် မာစတာအဆင့်ထပ် မြင့်သည့် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။]

[သင့်ကို အကျဉ်းခန်း နောက်ဘက်ရှိ ခြံဝင်းလေးထဲတွင် တာဝန်ပေးထားပြီး သင်၏ညာဘက်ခြမ်းတွင် လုယွမ်ဝူနှင့် သင့်ကို ကာကွယ်ရန် တာဝန်ပေးထားသည့် ကောင်းကင်ဘုံ ဘုရင်အဆင့် စစ်သားတစ်ဦး နေသည်။]

[သင်သည် ရှေ့တန်းသို့ သွားခွင့်မရှိပါ။နေ့စဉ်နေ့တိုင်း ခြံဝင်းထဲတွင် ဆေးပြားများ ဖော်စပ်ရသည်။သင်၏ တောင်းဆိုချက် အများစုကိုလည်း ဖြည့်ဆည်းပေးကြပါသည်။]

[သင်သည် ဆေးပြား ထုတ်လုပ်ရာတွင် အာရုံစိုက်ထားပြီး ‌တစ်နေ့လျှင် ဆေးပြား ၅၀ ထုတ်လုပ်သည်။]

[နှစ်တစ်ဝက်တာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သင်၏ မဆုတ်မနစ်သော ကြိုးစားမှုနှင့် တိုးတက်မှုများကြောင့် သင်သည် အဆာခံဆေးပြား ထုတ်လုပ်မှုကို အရှိန် ပိုမြှင့်လာနိုင်ပြီး တစ်နေ့လျှင် ဆေးပြား၆၀ထိ ထုတ်လုပ်နိုင်လာသည်။]

[သင် နေ့စဉ် ထုတ်လုပ်သည့် ဆေးပြားအားလုံးကို ရှေ့တန်းသို့ ပို့သည်။သို့သော် ထိုပမာဏသည် ရှေ့တန်းက စစ်သားများအတွက် ရေပုံးထဲက ရေစက်တစ်ခုမျှသာ ရှိသည်ဟု လုယွမ်ဝူက ပြောသည်။]

[သင်သည် နှလုံးသား မရှိသော အဂ္ဂိရတ်စက်ကဲ့သို့ သင် အတတ်နိုင်ဆုံး အဆာခံဆေးပြားများကို ထုတ်လုပ်ခဲ့သော်လည်း စစ်တပ်၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သည်ဟု ခံစားရသည့်အတွက် ဝမ်းနည်းသွားခဲ့သည်။]

[တစ်ညတွင် မည်သူမျှ မသိလိုက်ခင် အချိန်တွင် သင်သည် နတ်ဆိုး လက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်း ရှိရာသို့ တိတ်တဆိတ် သွားခဲ့သည်။]

[သင်ရောက်နေသည့် မြို့မှာ ကြမ္မာဆိုးမြို့ ဖြစ်ပြီး ကျိုတိုမြို့နီးပါး ကြီးမားသည်။မြို့၏ မြောက်ဘက်တွင် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းရှိပြီး သင်သည် မြို့၏ တောင်ဘက်ခြမ်းတွင် လက်ရှိနေရသည်။]

[ထို့ကြောင့် ထိုညတွင် အခွင့်ကောင်းယူကာ သင်သည် မြို့မြောက်ဘက်သို့ အလျင်အမြန် သွားခဲ့သည်။မြောက်ဘက်သို့ ရောက်လာသည်နှင့်အမျှ လမ်းသွားလမ်းလာများ ပိုမို နည်းလာခဲ့သည်။ရံဖန်ရံခါတွင် ဖြတ်သွားဖြတ်လာများ ရှိသော်လည်း အများစုမှာ သံချပ်ကာ ၀တ်ထားပြီး လက်နက်များ ကိုင်ဆောင်ကာ အပြေးအလွှား သွားလာနေကြခြင်း ဖြစ်သည်။]

[သင်သည် အလျင်အမြန် သွားသည်။နာရီဝက်ခန့် ကြာပြီးနောက် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်း၏ ဝင်ပေါက်သို့ ရောက်ရှိခဲ့သည်။သင့် မျက်စိရှေ့ရှိ မြင်ကွင်းကို ပထမဆုံးအကြိမ် အံ့ဩသွားခဲ့ရသည်။]

[ဤသည်မှာ သမားရိုးကျ မြို့တစ်မြို့တော့ မဟုတ်ပါ။မြို့ရိုးများသည် ကျန်းတစ်ထောင်နီးပါး မြင့်ကာ မြို့ရိုးအောက်ခြေမှ မော့ကြည့်လျှင်တောင် အပေါ်ကို လုံးဝမမြင်ရပါ။]

[သင်သည် မြို့ရိုးပေါ် တက်သည့် ကျွမ်းကျင်ပညာရှင် အဖွဲ့များနှင့် ရောနှောကာ မြို့ရိုးပေါ် တက်သွားခဲ့သည်။]

[လမ်းတစ်လျှောက်တွင် သေဆုံးနေသည့် ကျွမ်းကျင်ပညာရှင်များနှင့် ဒဏ်ရာ အပြင်းအထန်ရနေသည့် ပညာရှင် အများအပြားကို တွေ့ခဲ့ရသည်။ပရောဟိတ်များနှင့် ကုသသူများက ‌ကုစားခြင်း‌ ဆေးရည်များကို ထိုသူများ၏ ပါးစပ်ထဲ ဆက်တိုက် လောင်းထည့်နေသော်လည်း ပညာရှင် အများစုကိုတော့ မကယ်တင်နိုင်သေးပါ။]

[သင်သည် မြို့ရိုးပေါ် တဖြည်းဖြည်း တက်လာပြီးနောက် သင် မျှော်မှန်းထားသည်ထပ် ပိုမို ကျယ်ဝန်းကြောင်း တွေ့လိုက်ရသည်။ကျန်းတစ်ရာခန့် ကျယ်ဝန်းပြီး ကြီးမားသော ပလာဇာတစ်ခုနီးပါး ရှိသည်။]

[မြို့ရိုးပေါ်တွင် ပညာရှင်များ အလုပ်ရှုပ်နေကြသည်။အော်ဟစ် အကူအညီတောင်းသံများ၊ အမြောက်သံများသည် သင့်နားထဲ ဝင်ရောက်လာသည်။]

[အကျဉ်းခန်းအကျော်ရှိ သားရဲများစီ မီးရှုးမီးပန်းများကဲ့သို့ တောက်ပြောင်နေသော မီးများကို ပစ်လွှတ်နေသည့် မန္တန်များကို သင် မြင်ခဲ့သည်။ခေတ်သစ် ဒုံးကျည်လက်နက် အများအပြားကို အရူးတစ်ပိုင်း ပစ်ခတ်နေကြသည်ကိုလည်း မြင်ရသည်။]

[သင်သည် စိတ်ကို တည်ငြိမ်အောင်ထိန်းကာ မြို့ရိုးအစွန်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။]

[မေ့မရနိုင်သည့် မြင်ကွင်းတစ်ခုကို ထိတ်လန့်ဖွယ် သင် မြင်တွေ့လိုက်ရသည်။မလှမ်းကမ်းရှိ အကန့်အသတ်မဲ့ တောစပ်၏ နေရာတိုင်းတွင် ပုရွက်ဆိတ်များကဲ့သို့ အစက်အပျောက်လေးများကို တွေ့ရသည်။ယင်းတို့မှာ လူသားမျိုးနွယ် ကျွမ်းကျင်ပညာရှင်များ၏ ခန္ဓာကိုယ်များပင် ဖြစ်သည်။]

[ထိုတောတွင် မနေရမတွက်နိုင်သည့် သားရဲတိရစ္ဆာန်များနှင့် မကောင်းဆိုးဝါးများ ရှိသည်။အချို့မှာ ကီလိုမီတာများစွာ မြင့်မားပြီး သေးငယ်သော အကောင်များတောင် ဆယ်မီတာခန့် မြင့်သည်။]

[ထို သားရဲတိရစ္ဆာန်များ ရှိနေသည်ကို မြင်လိုက်သည့်အခါ သင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။]

[ထိုအချိန်တွင် အသက်ပိုကြီးသော ပညာရှင်၏ အော်သံနှင့်အတူ ဒါဇင်ချီသော ပညာရှင်များသည် မြို့ရိုးပေါ်မှ ခုန်ချသွားသည်။]

[သူတို့သည် ထိုသားရဲတိရစ္ဆာန်များ ဤအကျဉ်းခန်းမှ မထွက်နိုင်စေရန် သူတို့၏ အသက်ကိုစွန့်ကာ တိုက်ပွဲဝင်နေကြောင်း သင် နားလည်သည်။]

[ဝမ်းနည်းစရာ‌ ကောင်းသည်မှာ ဒါဇင်နှင့်ချီသော ကျွမ်းကျင်မာစတာအဆင့် ပညာရှင်များပင်လျှင် ဤ ကြောက်စရာ သားရဲတိရစ္ဆာန်များကို ရပ်တန့်နိုင်စွမ်း မရှိခြင်းပင်။]

[သို့သော် ပို၍ ပို၍ များသော ပညာရှင်များသည် သူတို့၏ အသက်ကို စတေးကာ ခုန်ချသွားကြသည်။ကျွမ်းကျင်မာစတာအဆင့်နှင့် ကောင်းကင်ဘုံဘုရင်အဆင့်များပင် ပါဝင်သည်…ရာနှင့်ချီသော ပညာရှင်များ၏ အသက်များကို စတေးပြီးနောက် သားရဲများ၏ တိုက်ခိုက်မှုသည် ယာယီ ရပ်တန့်သွားသည်။]

[သင်သည် အလွန် ထိတ်လန့်သွားခဲ့သည်။ပြီးခဲ့သည့် နှစ်ဝက်လုံးလုံး အဂ္ဂိရတ်ပညာတွင်သာ အာရုံစိုက်ထားခဲ့ပြီး ယခုမှသာ နတ်ဆိုးလက်အောင် ဖြတ်ကျော်ခြင်း အကျဉ်းခန်း၏ အခြေအနေ အမှန်ကို သေချာသိတော့သည်။]

[ထို့နောက် ပုံရိပ်တစ်ခုသည် သင့်နောက်တွင် ပေါ်လာသည်—ယင်းမှာ လုယွမ်ဝူပင်။သူသည် သက်ပြင်းလေးကို ချလိုက်ပြီး သင်၏ပခုံးကို ပုတ်ကာ သင် တစ်သက် မမေ့နိုင်တော့မည့် စကားတစ်ခွန်းကို ပြောခဲ့သည်။]

[“ရှားမြို့တော်ကြီး တည်ရှိနေသ၍ ငါတို့က အသက်မစွန့်နိုင်စရာ အကြောင်း ရှိပါ့မလားကွာ?”]

…

All Chapters