← Chapters

ဝိဉာဉ်ရင်းမြစ် အောင်မြင်မှု၊သစ်သားနှင့် မီး ဒြပ်စင်နှစ်မျိုး ဝိဉာဉ်ရင်းမြစ်!

Vol. 2 Ch. 15

ဝိဉာဉ်ရင်းမြစ် အောင်မြင်မှု၊သစ်သားနှင့် မီး ဒြပ်စင်နှစ်မျိုး ဝိဉာဉ်ရင်းမြစ်!

Vol. 2 Ch. 15

[အကျဉ်းခန်းထဲတွင် အဘိုးအိုသည် သင့်အား ကံကြမ္မာဆိုးရှိသူ ဟူ၍ ခန့်မှန်းခဲ့ပြီး တာဝန်တစ်ခု ပေးခဲ့သည်။သင့်ကို ပို၍ စောင့်ကြည့်ခဲ့သည်။]

[တစ်ပါတ်အတွင်း သင်သည် ဝိဉာဉ်စွမ်းအင်များကို ဆက်တိုက် အသုံးပြုကာ ဝိဉာဉ်စေ့ဆန်များကို ရင့်မှည့်စေခဲ့သည်။အားလပ်ချိန်များတွင် ကျင်းချုံးရွှယ်ကို ကူညီပေးခဲ့သည်။]

[ကျင်းချုံးရွှယ်သည် သင့်အပေါ်တွင် လုံးဝ ကျရှုံးသွားခဲ့သည်။]

[တစ်ပါတ် ကြာပြီးနောက် အဘိုးအိုသည် သင့်အတွက် ဆုလာဘ်ကို ပေးခဲ့သည်။]

[အဘိုးအိုသည် သင်၏ ချောမောသော သွင်ပြင်ကို အသိအမှတ်ပြုသည့် အနေနှင့် ဝိဉာဉ်ကျောက်တုံး ဆယ်တုံးကို ပိုပေးခဲ့သည်။သင်သည် ဝိဉာဉ်ကျောက်တုံး ၅၀နှင့် ဝိဉာဉ်ဆန် ၄၀ကျင်းကို ရခဲ့သည်။]

[သင်သည် ဝိဉာဉ်ဆန်များကို ဝိဉာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲပေးရန် အဘိုးအိုကို တောင်းဆိုခဲ့သည်။အဘိုးအိုသည် သဘောတူခဲ့သည်။သင်သည် ဝိဉာဉ်ကျောက်တုံး ၉၀ ရရှိခဲ့သည်။‌]

စုရှင်းသည် ထိုအရာကို မြင်ပြီးနောက် နဖူးတွင် အရေးကြောင်းများ ပေါ်လာသည်အထိ မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်သား ဒါက အရေးကြီးတဲ့ ကမ္ဘာတစ်ခုဘဲ။ကျင်းချုံးရွှယ်လို သန်မာတဲ့ သက်ရှိတွေတောင် ရုပ်ရည်သွင်ပြင်ကို အကဲဖြတ်ကြတာ…ကျင့်ကြံခြင်းကမ္ဘာက လူတွေက ချောကြပါတယ်”

စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[ခဏ တွေးပြီးနောက် သင်သည် အဘိုးအိုကို သင့်အား တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့သည်။သို့သော် အဘိုးအိုသည် ခေါင်းကို ဖြည်းညင်းစွာ ယမ်းရင်း သင်၏စွမ်းရည်သည် အရမ်းနိမ့်သည့်အတွက် တောင်းဆိုမှုကို ငြင်းပယ်ကြောင်း ပြောခဲ့သည်။]

[သင်သည် မျှော်လင့်ချက်မဲ့စွာ အကျန်းခန်းထဲမှ ထွက်လာခဲ့သည်။ကျင်းချုံးရွှယ်က သင့်အား မြို့ပြင်မှ စောင့်နေခဲ့သည်။သူမသည် သူမ၏ခံစားချက်များကို သင့်အား ထုတ်ပြောခဲ့သည်။သူမသည် အရင်က ရည်းစားတစ်ခါမှ မထားခဲ့ဖူးပေမယ့် သင့်ကို မြင်မြင်ချင်း ချစ်ခင်နှစ်သက်မိသွားကြောင်း ပြောခဲ့သည်။]

[ခဏတာ တွေးလိုက်ပြီးနောက် သင်သည် ကျင်းချုံးရွှယ်၏ ခံစားချက်ကို လက်ခံခဲ့သည်။သင်တို့နှစ်ဦးသည် ကျင်းလင်မြို့တွင် ခဏကြာ အတူနေခဲ့သည်။]

[သင်သည် ကျိုတိုမြို့သို့ ပြန်လာခဲ့သည်။ကျင်းချုံးရွှာ်က သင့်ကို လာရှာမည့်အကြောင်းနှင့် သူမ၏ ဝိဉာဉ်ကျောက်တုံး ၁၅တုံးကို သင့်အား ပေးမည့်အကြောင်း ပြောလိုက်သည်။]

[ကျိုတိုသို့ ပြန်ရောက်သည့်အခါ သင်သည် လုံ့လရှိရှိ ကျင့်ကြံပြီး ရံဖန်ရံခါတွင် ဂျူနီယာများကို အကျဉ်းခန်းစီသို့ ဦးဆောင်ခေါ်သွားလေ့ရှိသည်။]

[တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာပြီး လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းအကြောင်း ပြောခဲ့သည်။]

[တစ်ည ကြာပြီးနောက် ဝမ့်ချင်းရွှမ်သည် ကျောင်းမှ ထွက်ခွာသွားသည်။]

[ဒုတိယနှစ်တွင် သင်သည် ဝီရိယရှိရှိ ဆက်လက်ကျင့်ကြံခဲ့ရာ သင်၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်လာခဲ့သည်။သင်သည် ချီသန့်စင်ခြင်း အဌမအဆင့်သို့ပင် ရောက်ရှိခဲ့သည်။]

[သုံးနှစ်ကြာပြီးနောက် သင်သည် ကျင့်ကြံမှုကို စဉ်ဆက်မပြတ် လေ့ကျင့်ခဲ့ပြီး အမျိုးသမီး လူသစ်များကို အကျဉ်းခန်းများသို့ ဦးဆောင်ကု အဆင့်မြှင့်ပေးလေ့ရှိသည်။သင်၏ ဝန်ဆောင်မှုသည် များစွာ အသိအမှတ်ပြုခံရပြီး သင်၏ အော်ဒါဈေးနှုန်းသည်လည်း မြင့်တက်လာခဲ့သည်။]

[လေးနှစ် အကြာတွင်၊ သင်၏စီးပွားရေးသည် ပိုမို ကြီးပွားလာပြီး တူညီသောစက်ရုံမှ အချို့ အမျိုးသမီး သူဌေးများကပင် သင့်အား ထောက်ပံ့ချင်လာကြသည်။]

[ထိုနှစ်မှာပင် သင်၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်းနယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံမှုသို့ ရောက်ရှိလာခဲ့သည်။]

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာပြီး သင်ကလည်း လမ်းစဉ်အဟောင်းကိုသာ ကျင့်သုံးခဲ့သည်။သူမအား ချန်ချွန်းနည်းလမ်း ဒုတိယတစ်ဝက်ကို ကူညီရှာဖွေပေးရန် တောင်းဆိုခဲ့သည်။]

[ခုနစ်နှစ်အကြာတွင် သင်၏ ညီမ ဆုံးပါးသွားပြီး သူမ၏ဈာပနသို့ တက်ရောက်ခဲ့ရသည်။]

[ဆယ်နှစ်မြောက်တွင်တော့ သင့် မိတ်ဆွေကောင်း ယုယန် သေဆုံးခဲ့ပြီး သူ၏ ဈာပနသို့ တက်ရောက်ရပြန်သည်။]

[ဆယ့်တစ်နှစ်မြောက်တွင် သင်သည် အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။]

[ဆယ့်ငါးနှစ် မြောက်တွင်မူ ဧရာမ သားရဲကြီး ဆင်းသက်လာခဲ့သည်။]

[သင်သည် ၎င်းအား လက်ခလယ် ထောင်ပြခဲ့သည်။]

[ဧရာမသားရဲကြီးသည် ရှားမြို့တစ်မြို့လုံးကို တစ်ကြိမ်တည်းနှင့် ဝါးမျိုလိုက်ပြီး သင်သည် အသက် ၃၆နှစ်တွင် သေဆုံးသွားခဲ့သည်။]

[သင်၏ “လက်မလျှော့သော မျက်လုံးများ”စွမ်းရည်သည် နိုးထလာခဲ့သည်။]

[ဒင်၊ သရုပ်သကန် ဖန်တီးခြင်း ပြီးဆုံးသွားပါပြီ!]

[သင်သည် အောက်ပါ ဆုလာဘ်များ အနက်မှ တစ်ခုအား ရွေးချယ်နိုင်သည်: နတ်သားတစ်ပါးကဲ့သို့ ချောမောခြင်း (စွမ်းရည်), အုတ်မြစ် တည်ဆောက်ခြင်း ဒုတိယအလွှာ (ကျင့်ကြံခြင်းအဆင့်), ဝိဉာဉ်ကျောက်တုံး ၁၀၅တုံး (ပစ္စည်း)]

[နတ်သားတစ်ပါးကဲ့သို့ ချောမောခြင်း]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။

[အုတ်မြစ် အခြေတည် ဒုတိယအလွှာ]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင် ၁၅၀၀မှတ်။

[ဝိဉာဉ်ကျောက်တုံး ၁၀၅တုံး]: ပစ္စည်း၊ တန်ဖိုး - စွမ်းအင် ၁၀ .၅k မှတ်။

ဤ အနာဂတ် ဖန်တီးခြင်း၏ဆုလာ်များကို ကြည့်ပြီး စုရှင်းသည် ကသိကအောက် ဖြစ်လာခဲ့သည်။

“သေလေ၊ ဒီကမ္ဘာက ရုပ်ရည်ကို တကယ်ကြီး ဂရုစိုက်လို့လား? ရုပ်ချောတဲ့သူတွေက သူတို့ လုပ်ချင်ဝာာ အကုန်လုပ်ရတယ်ပေါ့၊ ဟက်!”

စုရှင်းသည် “ နတ်သားတစ်ယောက်ကဲ့သို့ ချောမောခြင်း” စွမ်းရည်ကို ယူချင်သော်လည်း တတိယ ဆုလာဘ်ဖြစ်သည့် ဝိဉာဉ်ကျောက်တုံး ၁၀၅တုံးကိုဘဲ ရွေးချယ်ခဲ့သည်။

စုရှင်းလက်ထဲတွင် ဝိဉာဉ်ကျောက်တုံး တစ်အိတ် ပေါ်လာခဲ့သည်။

ယခုအခါတွင် စုရှင်း၌ ဝိဉာဉ်ကျောက်တုံး စုစုပေါင်း ၁၉၅တုံး ရှိပြီဖြစ်သည်!

သို့သော်လည်း စုရှင်း၏ စွမ်းအင်အမှတ်များသည် ၁၅၀၀၀လောက်သာ ကျန်တော့သည်။

“ဟူး၊ ဒီစွမ်းအင်တွေက မလုံလောက်ဘူး!”

စုရှင်းသည် ခေါင်းကို ယမ်းခါလိုက်သည်။အသုံးစရိတ်များသည့် အရင်းအမြစ်ဖြစ်သော ဝိဉာဉ်ကျောက်တုံးများကို သူ ဆက်ပြီး လဲလှယ်လို့မရတော့သည်မှာ ထင်ရှားပါသည်။

“နောက်ဆုံးတော့ စွမ်းအင်တွေ ကုန်သွားပြီဘဲ!”

စုရှင်းသည် ဝမ်းနည်းနေခဲ့သည်။

ထို့ကြောင့် နောက်တစ်ပါတ်တွင် စုရှင်းသည် သူ၏ ဆင်းရဲမှုကို စိတ်ဓာတ်ခွန်အားယူရင်း အားအဖြစ် ပြောင်းလဲခဲ့သည်။

နေ့ဘက်တွင် စုရှင်းသည် ပိုက်ဆံရရန်အတွက် အဆင့်မြှင့်သည့် အော်ဒါများကို ဝီရိယရှိရှိ လုပ်ခဲ့ပြီး ကြိုတင်ပြင်ဆင်မှုအတွက် စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။

ညဘက်တွင်တော့ စုရှင်းသည် သူ၏အိပ်ခန်းအတောင်တွင် လေ့ကျင့်လေ့ရှိသည်။

ထိုသို့ဖြင့် စုရှင်းသည် တစ်နေ့တွင် လေးနာရီလောက်သာ အိပ်ပြီး တစ်ပါတ်အတွင်း ချီသန့်စင်ခြင်း တတိယအလွှာသို့ ရောက်ရှိလာခဲ့သည်။ရှားဒင်္ဂါး ၇သိန်းကိုလည်း ရှာနိုင်ခဲ့သည်။

စုရှင်းသည် သူရရှိခဲ့သည့် ပိုက်ဆံအားလုံးကို ကိရိယာများ ဝယ်ယူရန် အသုံးပြုခဲ့ပြီး အဆုံးတွင် စွမ်းအင် ၂၀၀၀၀မှတ် စုဆောင်းနိုင်ခဲ့သည်။

၂၀၂၃ခုနှစ် နိုဝင်ဘာ၁၁ရက်နေ့တွင် စုရှင်းသည် သူ၏အိပ်ခန်းဆောင်တွင် တောင်းဆုပြုနေခဲ့သည်။

“ဆန်းကြယ်လှသော အဝါရောင် ကောင်းကင်ယံမှ ကောင်းချီးပေးပါစေ၊ ကျေးဇူးပြု၍ ‌ကျွန်ုပ်အား အစိမ်းရောင်အဆင့် ဝိဉာဉ်ရင်းမြစ် ရရှိရန် စောင်မပေးတော်‌မူပါ”

စုရှင်းသည် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ဆက်တိုက် ဆုတောင်းနေခဲ့သည်။အကျဉ်းခန်း ပွင့်မလာခင် အခွင့်အရေး နှစ်ခုသာ သူ့မှာ ကျန်တော့သည်။

မိနစ်လက်တံနှင့် စက္ကန့်လက်တံ နှစ်ခုစလုံး နံပါတ်၈သို့ ရောက်သွားသည့်အခါတွင် စုရှင်းသည် ဖြူစင်သော စိတ်နှလုံးဖြင့် တိုးတိတ်စွာ ဂါထာရွတ်နေခဲ့သည်။

“သရုပ်သကန် ဖန်တီးခြင်း စတင်မယ်!”

[စွမ်းအင် ၁၀၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး သင့်တွင် စွမ်းအင် ၁၉၀၄၀မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်သကန် ဖန်တီးခြင်းအခွင့်များ ကျန်ရှိပါသည်။]

[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည် ရယူခြင်းအတွက် စွမ်းအင် ၁၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး အစိမ်းရောင်အဆင့် စွမ်းရည် ရယူရန်အတွက် စွမ်းအင် ၁၀၀၀မှတ် ကျပါမည်။ရယူဖို့ရန် ဆန္ဒရှိပါသလား?]

“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်”

စုရှင်းသည် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

ဆန်းကြယ်သော အဝါရောင် ကောင်းကင်‌ဘုံက ယင်း၏ အံ့ချီးဖွယ်ရာကို ပြသပေလိမ့်မည်။စုရှင်း၏ လောကုတ္တရာပညာသည် အဆုံးတွင် အသက်ဝင်လာခဲ့မည် ဆိုလျှင်ပေါ့။

စုရှင်း၏ နားထဲသို့ သာယာသော အသံတစ်ခု ဝင်ရောက်လာသည်။

[သင်သည် အစိမ်းရောင်အဆင့် စွမ်းရည်ဖြစ်သည့် သစ်သား-မီး နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်။]

[သစ်သား-မီး နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်]: အစိမ်းရောင်အဆင့် စွမ်းရည်၊ သင်၏ ကျင့်ကြံခြင်းစွမ်းရည်သည် အခြား သာမန်လူများထပ် များစွာ သာလွန်သည်။အနိမ့်ဆုံးသော ဒြပ်စင်ငါးခု ပေါင်းစပ်ထားသည့် ဝိဉာဉ်ရင်းမြစ် မဟုတ်တော့ဘဲ သင်သည် သစ်သား-မီး နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ပြီ ဖြစ်သည့်အတွက် သစ်သားနှင့် မီးအမျိုးအစား ကျင့်ကြံနည်းများကို လေ့ကျင့်နိုင်စွမ်းရှိသည်။

သူ ရရှိသည့် စွမ်းရည်အသစ်ကို ကြည့်ပြီးနောက် စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ထားကာ အသံများပင် ထွက်လာခဲ့သည်။

“ဒါဘဲလေ၊ နောက်ဆုံးတော့ ရခဲ့ပြီ! အစိမ်းရောင်အဆင့် ဝိဉာဉ်ရင်းမြစ် စွမ်းရည်!”

စုရှင်းသည် သက်ပြင်းချလိုက်သည်။စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။

[အိပ်ဆောင်ထဲတွင် သင်၏ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး တစ်ခုခု မူမမှန်သည်ကို သင် သတိထားမိသွားသည်။နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်သည် သင်၏အာရုံကို ပိုပြီးအားကောင်းစေသည်။]

[သင်သည် ဝိဉာဉ်ကျောက်တုံးတစ်ခုကို ထုတ်ကာ စတင် လေ့ကျင့်သည်။တစ်ရက်ထဲနှင့်ပင် သင်၏ ချီသန့်စင်ခြင်း နယ်ပယ်သည် စတုတ္ထအလွှာသို့ မြင့်တက်သွားသည်။သင်၏ လေ့ကျင့်ရေးအရှိန်သည် ယခင်ကထပ် ဆယ်ဆ ပိုမြန်ဆန်လာခဲ့ပြီ ဖြစ်သည်။]

ထိုအရာကို မြင်သည့်အခါ စုရှင်းသည် သက်ပြင်းချပါတော့သည်:

“ကျင့်ကြံခြင်းက တကယ်တော့ စွမ်းရည်ပေါ် မူတည်တာဘဲ!အနိမ့်ဆုံးအဆင့် ဒြပ်စင်ငါးခုအရောနဲ့ဆို အခြေတည်ခြင်း နယ်ပယ် ရောက်ဖို့တောင် ဆယ်နှစ်ကြာတယ်…ဒီ နှစ်ခုပေါင်း ဝိဉာဉ်ရင်းမြစ်နဲ့သာဆိုရင်တော့ တစ်နှစ်နဲ့တင် လုံလောက်မှာဘဲ!”

စုရှင်း မသိသည့်အရာမှာ ဒြပ်စင်ငါးခုအရော၏ အထက်တွင် ဒြပ်စင်လေးခု အရော၊ ၎င်း၏အထက်တွင် ဒြပ်စင်သုံးခုအရော။ ထိုသို့ ရှိသည်ဆိုတာပင်။

ကျင့်ကြံခြင်းလောကတွင် စုရှင်းရရှိလိုက်သည့် သစ်သား-မီး နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်သည် ဉာဏ်ကြီးရှင် အသေးစား ကျင့်ကြံသူအဆင့် ဖြစ်သည့်အတွက် သူ၏ ကျင့်ကြံခြင်းနှုန်းသည် အံ့ဩစရာကောင်းလောက်အောင် အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။

စုရှင်းသည် ဆက်ဖတ်ခဲ့သည်။

[သင်၏ ကျင့်ကြံခြင်းကို ချီသန့်စင်ခြင်းနယ်ပယ် ပဉ္စမအလွှာသို့ မြှင့်တင်ရန်အတွက် တစ်ပတ်ကြာခဲ့သည်။ထို့ပြင် သင့်ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအင်များလည်း ပိုမို ပေါများလာခဲ့သည်။]

[နိုဝင်ဘာ၁၈ရက်နေ့တွင် သင်သည် ကျင်းလင်မြို့သို့ သွားခဲ့ပြီး ကျင်းချုံးရွှယ်ကို မြို့ပြင်တစ်နေရာမှ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။]

[နောက်တစ်ရက်တွင် ကျင်းလင်မြို့ပြင်၌ ကျင်းချုံးရွှယ်ကို ရှာတွေ့ခဲ့သည်။သူမကို သင့်အား ဗုဒ္ဓ‌အကြောင်း သင်ကြားပေးရန် တောင်းဆိုခဲ့ပြီး သူမနှင့်အတူ သွားရန် အခွင့်အရေး ရလာခဲ့သည်။]

[သူမသည် ကျင်းလင်မြို့သို့ ဖြတ်လမ်းမှ ပြန်ခဲ့သည်။လမ်း‌ခုလတ်တွင် “တိမ်တိုက်စိမ်း ဝိဉာဉ်စိုက်ခင်း”လေ့ကျင့်ရေးကွင်း၏ ဝင်ပေါက်ကို သင် ရှာတွေ့ခဲ့သည်။]

[သင်သည် တိမ်တိုက်စိမ်း ဝိဉာဉ်စိုက်ခင်း လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်ခဲ့သည်။]

…

All Chapters